← Chapters

အခန်း ၁၄၂

Vol. 11 Ch. 142

အခန်း ၁၄၂

Vol. 11 Ch. 142

ကျန်တဲ့သူတွေက သီးသန့်အခန်းဆီ ပြန်သွားကြသည်။ ဟန်စုန့်ရွယ်က နည်းနည်း စိတ်ပူသွားပြီး စုချန်ယန်နဲ့ လင်းယွီကြား ရုတ်တရတ် အပြောင်းအလဲဖြစ်စေတဲ့ တစ်ခုခု ဖြစ်သွားတယ်လို့ ခံစားရသည်။

ကျန်းရှစ်ချီ သူမကို သီးသန့်ခန်းဆီ ဆွဲခေါ်သွားသည်။

အခြားသူတွေထွက်သွားပြီးတာနဲ့ စုချန်ယန်က မက်စ်တပ်လိုက်ပြီး လေဝင်လေထွက်ကောင်းတဲ့နေရာကို ရှာလိုက်ကာ လင်းယွီကို သူဘယ်မှာရှိနေလဲမေးလိုက်သည်။

လင်းယွီ အကြောင်းမပြန်တာကြောင့် စုချန်ယန်က စာထပ်ပို့လိုက်သည်။ "ရှင်အိမ်ပြန်ရောက်ရင် ကျွန်မကိုပြောပြပါ"

မိနစ်အနည်းငယ်ကြာပြီးတဲ့နောက်မှာ လင်းယွီက စာပြန်လာသည်။ “ဒီည ရုံးမှာနေလိုက်မယ်”

ဒီတစ်ကြိမ်မှာတော့ သူ့လေသံက ပိုပြီးသာမာန်ဖြစ်သွားတော့ နောက်ဆုံး စုချန်ယန် သက်ပြင်းတစ်ချက်ချလိုက်သည်။

သူမ လင်းယွီကို တကယ် အရမ်းသဘောကျတာလို့ သူမထင်ခဲ့သည်။ နာရီအနည်းငယ်ကြာ‌တာ့ သူ့အတွေးက ရုတ်တရက် သွေဖည်သွားသလို ဖြစ်သွားတာဖြစ်နိုင်ပေမယ့် စုချန်ယန်ကတော့ သူ့ကို အပြစ်မတင်ပါ‌ချေ။ သူမ ကံကောင်းတယ်လို့ ခံစားမိသည်၊ အနည်းဆုံးတော့ သူမ လင်းယွီနဲ့ တစ်ခါလောက် နီးကပ်ဖူးပြီ။

လင်းယွီက ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ဖို့ စီစဉ်ထားတယ်ဆိုရင်လည်း သူမတို့‌တွေ အနာဂတ်မှာ သူငယ်ချင်းအဖြစ် ဆက်ရှိနေနိုင်တယ်လို့ ဆိုလိုတာပင်။

စုချန်ယန်က ဒီလိုမျိုးလည်း အဆင်ပြေတယ်လို့ သူ့ကိုယ်သူ ပြောလိုက်သည်။

ဒါပေမယ့် လူသားတွေက လောဘကြီးသည်။

သူမမှာ တစ်ခုခုကိုမရနိုင်ဘူးလို့ ခံစားရတဲ့အခါ အဲ့ဒီအရာအတွက် သူမ မတောင့်တနေပေ။ ဒါပေမယ့် ခဏလောက် ရသွားပြီးတဲ့နောက်မှာတော့ သူမအတွက် အဲ့ဒါကိုလက်လွှတ်ပေးဖို့ ခက်ခဲသည်။

သူမမှာ အတွေး အတွေးတစ်ခုပင် ရှိ‌သေးသည် - သူမသာ လင်းယွီကို မတွန်းထုတ်ခဲ့ဘဲ အခြားတစ်ယောက်ယောက်ကသာ သိသွားရင် လင်းယွီဒီလိုမျိုး ပြောလာဦးမှာလား?

သူ့လိုကောင်းတဲ့လူက စုချန်ယန်အပေါ် တာဝန်ရှိတယ်လို့ ခံစားရမှာ သေချာသည်။

ဒီလိုတွေးမိတော့ စုချန်ယန် မနေနိုင်ဘဲ ပြုံးလိုက်မိသည်။

ကိစ္စမရှိဘူး သူမ မကြိုက်တဲ့သူနဲ့ နေရတာက ပိုနာကျင်ရသည်။ သူမကို ပြန်မကြိုက်တဲ့သူကို သဘောကျရတာထက်တောင် ပိုနာကျင်ဖို့ကောင်းသည်။

စုချန်ယန်က လင်းယွီရဲ့ လုံခြုံရေးကိုအတည်ပြုပြီးတာနဲ့ သီးသန့်ခန်းဆီပြန်လာသည်။

ပြန်လာပြီးတဲ့နောက် စုချန်ယန်က ဟန်စုန့်ရွယ်၊အခြားသူ‌တွေနဲ့ ပျော်လိုက်ပြီး အရက်နှစ်ခွက်သောက်ကာ ဆယ်နာရီခွဲသည်အထိ ကစားခဲ့သည်။ ရှောင်လုက အမြန်ပြေးပြီး စုချန်ယန်ခေါ်သွားလိုက်သည်။

စုချန်ယန်က နည်းနည်း‌သောက်ထားပြီး နည်းနည်း မူးနေသည်။ သူမက ခရီးသည်ထိုင်ခုံမှာထိုင်ကာ လေကောင်းလေသန့်ရဖို့ ကားပြတင်းပေါက်ကိုဖွင့်လိုက်သည်။

ရှောက်လုက နောက်ထိုင်ခုံကစောင်တစ်ထည်ကို ယူကာ သူမကို ခြုံပေးလိုက်သည်။ "ငါ့ဝမ်းကွဲအစ်ကို ဘာဖြစ်သွားတာလဲ? သူ ငါ့စာတွေကို စာမပြန်ဘူး၊ နင့်ကိုစောစောလာကြိုဖို့ပဲ ပြောနေတာ"

စုချန်ယန်လည်း သူမ မသိကြောင်း ပြရင်း ခေါင်းယမ်းပြလိုက်သည်။

ရှောင်လု ကားမောင်းနေတုန်း သူမကို တစ်ချက်ကြည့်လိုက်ပြီး နှစ်ယောက်စလုံး နည်းနည်းမူး‌နေတာကို မြင်ပြီး မေးလိုက်သည်။ “နင် ငါ့ဝမ်းကွဲအစ်ကိုနဲ့ ရန်ဖြစ်ထားတာလား?"

စုချန်ယန်က ရှောင်လုကို ဖြည်းဖြည်းချင်း ကြည့်လိုက်ပြီး ခေါင်းခါလိုက်သည်။ "ဟင့်အင်း"

ရှောင်လုက နှုတ်ခမ်းစူလိုက်ပြီး ပြုံးလိုက်သည်။ "ဟုတ်တယ်၊ ငါဆိုလိုတာက ငါ့ဝမ်းကွဲအစ်ကိုက နောက်ဆုံးတော့ ဒီအခွင့်အရေးရခဲ့တာကို ဘယ်လိုလုပ် နင်နဲ့ ငြင်းခုန်မှာလဲ?"

စုချန်ယန်ကသူမကို တိတ်တဆိတ် ကြည့်နေသည်။ မူလအနေအထားကို ပြန်ရောက်ရလို့ ကျေနပ်သင့်တယ်လို့ သူမကိုယ်သူမ ပြောခဲ့ပေမယ့် သူမရင်ထဲမှာ လေးလံတဲ့ အရာတစ်ခု အမြဲရှိနေပြီး အသက်ရှုရခက်စေသည်။

ဒီပျော်ရွှင်စရာ အခိုက်အတန့်ဟာ တကယ်ကို ခဏတာပါပဲဆိုတာ သူမသိလိုက်ရသည်။

"လင်းယွီက နင့်အစား ဘာလို့ ပြဇာတ်ကြည့်ဖို့ ငါနဲ့ လိုက်လာတာလဲ?" စုချန်ယန်က အသံနက်ကြီးနဲ့ မေးလိုက်သည်။

ရှောင်လုက သူမကို အံ့သြစွာ ကြည့်လိုက်သည်။ စုချန်ယန်အ‌နေနဲ့ လင်းယွီကို သူ့နာမည်အတိုင်းခေါ်တာ ပထမဆုံးအကြိမ် ဖြစ်ပြီး မယုံနိုင်စရာပင်။ "ဒီနေ့ ငါ့ဝမ်းကွဲအစ်ကိုက တခြားဘာလုပ်ခဲ့‌သေးလို့လဲ? သူက ရိုးရိုးရှင်းရှင်း ပြဇာတ်ကြည့်ဖို့ နင်နဲ့ လိုက်သွားတာမဟုတ်လား?"

စုချန်ယန် သူမကို ကြည့်နေပေမယ့် ထိုမေးခွန်းကို မဖြေခဲ့ပေ။

စုချန်ယန်က အရက်သောက်ထားပြီး နည်းနည်းမူးနေတယ်လို့ ရှောင်လုထင်လိုက်ပြီး တခြားဘာမှထပ်မမေးတော့ပေ။ "နင်နဲ့ ငါ့ဝမ်းကွဲအစ်ကိုကြား တစ်ခုခု ဖြစ်သွားတဲ့ပုံပဲ ဟုတ်တယ်မလား?"

စုချန်ယန်က တိတ်တဆိတ် အတည်ပြုလိုက်သလိုမျိုး နှုတ်ဆိတ်နေသည်။

"သူက နင့်ကို စိတ်ဆိုးသွားအောင် လုပ်လိုက်တာလား?"

စုချန်ယန်က ခေါင်းခါကာ တိတ်ဆိတ်နေသည်။

"သူ ဘာစည်းကျော်တာ လုပ်လိုက်လို့လဲ?"

စုချန်ယန်က တုံ့ဆိုင်းနေပြီး အတည်လည်းမပြုသလို ငြင်းလည်းမငြင်းပေ။

ရှောင်လုက သူမဘာသာ သူမတွေးလိုက်သည်။ 'ငါထင်ထားသလိုဘဲ ငါ့ဝမ်းကွဲအစ်ကိုက တစ်ခုခု စည်းမဲ့ကမ်းမဲ့ လုပ်ခဲ့ပြီး စုချန်ယန်က မကြိုက်တာဖြစ်မယ်'

ရှောင်လုက အတင်းပြုံးလိုက်ပြီး ပြောလာသည်။ "အင်း ငါ့ဝမ်းကွဲအစ်ကို နင့်ကို ကြိုက်နေတယ်ဆိုတာ နင်သိသင့်တယ်၊ နင်လည်း အဲဒီလိုမခံစားရရင် သူ့ကို သာမာန်လုပ်ဖော်ကိုင်ဖက် တစ်ယောက်အနေနဲ့ အေးအေးဆေးဆေး ဆက်ဆံလို့ရပါတယ်။ သူက အမြဲတမ်း ပရော်ဖက်ရှင်နယ်ဆန်တော့ နင့်ကို ဒုက္ခမပေးပါဘူး"

သူမစကားကိုကြားတော့ စုချန်ယန် အေးခဲသွားသည်။

"လင်းယွီက ငါ့ကို ကြိုက်နေတာလား?" စိတ်ရှုပ်ထွေးစွာနဲ့ မေးလိုက်သည်။

ရှောင်လုရဲ့ အမူအရာက တောင့်တင်းသွားသည်။ "ငါ့ဝမ်းကွဲအစ်ကို နင့်ကို မပြောခဲ့ဘူးလား?"

စုချန်ယန်က ခေါင်းခါလိုက်ပြီး "ဟင့်အင်း၊ သူမပြောဘူး"

ရှောင်လု - "..."

"ဘာလဲ! နင့ ငါ့ကို လာ ရှုပ်လိုက်တာလား? ငါ့ဝမ်းကွဲအစ်ကိုသာ သိသွားရင် ငါသွားပြီ! မေ့လိုက်တော့ မြန်မြန်မေ့လိုက်!"

သို့ပေမယ့် စုချန်ယန်ကတော့ သူမစကားကို နားထောင်ဖို့ အချိန်မရှိပေ။ လင်းယွီက သူမကို ကြိုက်တာလား? ဒီနေ့ သူလုပ်ခဲ့သမျှဟာတွေက သူမအပေါ်ထားတဲ့ သူ့ခံစားချက်တွေကြောင့်လား?

သူသဘောကျနေတဲ့လူက သူမလား?

အဲဒီလိုဟုတ်နေတဲ့ပုံဘဲ မဟုတ်ရင် လင်းယွီက ဘာလို့ ဒီလို မရေရာတဲ့ အရာတွေ လုပ်ပြီး နားမလည်နိုင်တဲ့ အရာတွေ အများကြီးကို သူမကို ပြောရမှာလဲ?

သူ သူမကိုသဘောကျနေတာကို စုချန်ယန်ကလည်း သတိမထားမိဘူး။

ဒါပေမယ့် လင်းယွီက နောင်တရသလိုလုပ်နေမှာ သူမ ကြောက်သည်။ သူမ မျှော်လင့်ထားတဲ့အရာက စိတ်ပျက်စရာဖြစ်လာမှာကို သူမ ကြောက်သည်။ ဒါကြောင့် သူမအနေနဲ့ သူများပြောတာတွေကို ယုံကြည်ပြီး အတည်ပြုဖို့ ဆန္ဒမရှိပေ။ အထူးသဖြင့် လင်းယွီရဲ့ ဝမ်းကွဲညီမကိုပေါ့၊ စုချန်ယန်က အဲ့ဒါကို လွယ်လွယ်နဲ့ ယုံမယ့်ပုံမပေါ်ပေ။

လင်းယွီက သူမကို သဘောကျသည်။

သူက ပန်းတွေ၊ ချောကလက်တွေ ပေးတယ်၊ သူမလက်ကို ကိုင်တယ်၊ နမ်းတယ်၊ အားလုံးက သူမကို သဘောကျလို့ဘဲ။

ဒါပေမယ့် သူကဘာလို့ တောင်းပန်တာလဲ? ဘာလို့ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ဖို့ ပြောတာလဲ?

သူက တစ်ဖက်လူရဲ့ အတွေးကို မသေချာလို့ ဒီလိုမျိုး စိတ်မြန်လက်မြန်လုပ်မိပြီး သူမကို တွန်းထုတ်လိုက်တာများလား? အဲ့ဒါကြောင့် သူဒီလို အထိတ်တလန့်နဲ့ ထွက်သွားတာလား?

အရက်ကြောင့်ဖြစ်မည် စုချန်ယန်ရဲ့ အတွေးတွေက ရဲတင်းလာသည်။ မူးဝေနေပြီး စိတ်ထဲမှာ တဒိန်းဒိန်း ခုန်နေပေမယ့် သူမရဲ့ တွေးခေါ်ပုံမှာ အလွန်ရှင်းလင်းနေဆဲပင်။

သူမ မျက်လုံးတွေကို ဖြည်းညှင်းစွာမှိတ်လိုက်ပြီး တိုးတိုးလေး‌ပြောလိုက်သည်။ “ငါလည်း သူ့ကို သဘောကျတယ်”

ရှောင်လုရဲ့လက်မှာ ချော်ထွက်သွားပြီး ကားကို ကွေ့လိုက်မိလုနီးနီးပင်။ သူမက တုန်လှုပ်ခြောက်ခြားစွာနဲ့ မေးလိုက်သည်။ “နင်ဘာပြောလိုက်တာလဲ?"

စုချန်ယန်က အိပ်ယာမဝင်ခင် အိပ်ရာဝင် စကားပြောသလိုမျိုး ပြောလာသည်။ “လင်းယွီကို ကြိုက်တယ်၊ သူ့ကို အရမ်းကြိုက်တယ်”

ကားထဲမှာ စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်သွားပြီး ရှောင်လုမှာ မနေနိုင်ဘဲ စတီယာရင်ဘီးကို ရိုက်လိုက်သည်။ “သေစမ်းဟ! ငါ့ဝမ်းကွဲအစ်ကိုက ဘယ်လိုတောင်ကံကောင်းလိုက်သလဲ!"

"ပထမဆုံးကြိုးသားတာနဲ့ တစ်ယောက်ကို တစ်ယောက် သဘောကျနေမိတဲ့လူနဲ့ဆုံတယ်? အရမ်းရူးချင်စရာဘဲ! စုချန်ယန် နင်အရမ်းမြန်မြန် လက်မခံရဘူး။ သူငါ့လို ကြားဝင်စေ့စပ်ပေးတဲ့လူကို အရင် စိတ်ချမ်းသာအောင်ထားရမှာ နင်သိရဲ့လား?"

စုချန်ယန်ရဲ့ အတွေးတွေက မရေမတွက်နိုင်အောင် ဖြစ်လာသည်။ ရှောင်လု ပြောတဲ့ စကားလုံးတိုင်းကို သူမကြားနိုင်ပေမယ့် ပြီးပြည့်စုံတဲ့ဝါကျအဖြစ် ပေါင်းစည်းနိုင်သလို သူတို့ရဲ့အဓိပ္ပါယ်ကိုတော့ နားမလည်ပါချေ။

ကံကောင်းစွာနဲ့၊ မနက်ဖြန် အလုပ်ရှိသေးသည်။ မနက်ဖြန် နေ့လည် ကုမ္ပဏီကို သွားရမှာ ဖြစ်ပြီး လင်းယွီကို တွေ့နိုင်သည်။ အဲဒီအခါကျရင် သူ့ကို ရှင်းရှင်းလင်းလင်း ရှင်းပြရမည်။ သူမကိုယ်တိုင်က ဒါကိုစိတ်မ၀င်စားသလို သူ့ကို တွန်းထုတ်လိုက်တာကလည်း သူ့ကိုမကြိုက်တဲ့အတွက်ကြောင့် မဟုတ်ဘူးဆိုတာကိုပေါ့။

ဒါပေမယ့် အဲဒီမတိုင်ခင် သူမ ကောင်းကောင်းအိပ်ချင်နေပြီး လင်းယွီ နိုးလာတဲ့အခါကျရင် အဲ့ဒီကိစ္စတွေကို ပြန်တွေးနိုင်လိမ့်မယ်လို့ သူမ မျှော်လင့်သည်။

စုချန်ယန် အိမ်ပြန်ရောက်တော့ အမြန်ရေချိုးပြီး အိပ်ပျော်သွားသည်။

နောက်နေ့မနက် 9:30 မှာ ရှောင်လုက အောက်ထပ်မှာ မနက်စာလုပ်နေတုန်း ဆူညံသံကြားတော့ သူမပြောလိုက်သည်။ "မနေ့က စုန့်မင်ကန်ရဲ့ ပြဇာတ်ကို သွားကြည့်တုန်းက တစ်ယောက်ယောက်က နင့်ကို ဓာတ်ပုံရိုက်လိုက်ပြီး အခုပျံ့နေပြီ"

အဲ့ဒါတွေက ဒီတလော ခေတ်စားနေတာကြောင့် စုချန်ယန်က မအံ့ဩသလို မတုန့်ပြန်လာပေ။

ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် ရှောင်လုက ပြောလာသည်။ “နင်နဲ့ ငါ့ဝမ်းကွဲအစ်ကို…”

စုချန်ယန် က သူမကို တစ်ချက်ကြည့်လိုက်ပြီး သမ်းလိုက်ကာ ပြောလိုက်သည်။ “ငါသေချာမပြောနိုင်ဘူး။ သူလိုချင်တဲ့အပေါ်မူတည်တယ်”

စုချန်ယန်က အမှန်အတိုင်းပြောလိုက်သည်။ အခုထိ မနေ့ညက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကို စိတ်ကူးယဉ်အိပ်မက်တစ်ခု မက်နေသလိုမျိုး နည်းနည်း မယုံနိုင်စရာကောင်းတာကို သူမ သိလိုက်ရသည်။ သူမရဲ့ hoodie အိတ်ထဲက ချောကလက်ကို ထုတ်လိုက်တဲ့အခါမှာ မနေ့ညက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက အိပ်မက်မဟုတ်မှန်း သူမ သိလိုက်ရသည် ။

လင်းယွီက သူမကို သဘောကျကြောင်း ရှောင်လုပြောတာကို ကြားရတဲ့အခါ သူမ ဝမ်းသာသွားသည်။ သူမအခုဘဲ လင်းယွီကို တွေ့ပြီး အကြောင်းအရာတွေကို ရှင်းပြချင်သည်။ လင်းယွီက သူမကို သဘောကျကြောင်း သူမသိလိုက်ရကတည်းက စုချန်ယန်အနေနဲ့ လင်းယွီနဲ့ရှိရတာက ရှုပ်ထွေးတဲ့ကိစ္စတစ်ခုလို့ သူ မယူဆခဲ့ပါ‌ချေ။ သူ့ဘေးမှာ အမြဲရှိဖို့ သူနဲ့ အဆက်မပြတ် လိုက်မှီနေဖို့ လိုပြီး စုချန်ယန် ကတော့ သူမလုံးဝ စိတ်ထဲမထားကြောင်း သိလိုက်ရသည်။

သူမအရင်ကထင်ခဲ့သလိုပဲ လင်းယွီရဲ့အနားမှာ တကယ်ရပ်တည်ခွင့်ရခဲ့ရင် သူမကတော့ သူနဲ့အမီလိုက်နိုင်ဖို့ ကြိုးစားမည်။

"နေ့လည် ကုမ္ပဏီကို သွားမလို့လား?" စုချန်ယန်က မေးလိုက်သည်။

"ဒါပေါ့၊ သွားရမယ်" သူမရဲ့ဝမ်းကွဲအစ်ကိုနဲ့ စုချန်ယန် တို့ကြားက အဖြစ်အပျက်ကို သူမအသေအချာသိချင်သည်။

စုချန်ယန်က ခေါင်းညိတ်ပြပြီး နေ့လည်မှာ ကုမ္ပဏီကိုသွားပြီးလင်းယွီ နဲ့ အကြောင်းအရာတွေကို ရှင်းလင်းဖို့ အခွင့်အရေးရှာရမယ်လို့ ဆုံးဖြတ်လိုက်သည်။

All Chapters