← Chapters

အခန်း ၁၄၃

Vol. 11 Ch. 143

အခန်း ၁၄၃

Vol. 11 Ch. 143

မနက်ခင်းမှာ စုချန်ယန်နဲ့ ရှောင်လုတို့က Gym မှာ အချိန်ကုန်ကြသည်။ နေ့လယ်စာစားပြီး တစ်နာရီလောက် အနားယူပြီးတဲ့နောက်မှာ နှစ်ယောက်သား ကုမ္ပဏီကို ကားနဲ့ ထွက်လာလိုက်သည်။

လမ်းမှာ၊ စုချန်ယန်ရဲ့ အစက တည်ငြိမ်နေတဲ့စိတ်မှာလည်း ဂနာမငြိမ် ဖြစ်လာသည်။

သူမမှာ အရမ်းအတွေးလွန်ပြီး ကြောက်စိတ်မပေါ်လာချင်တဲ့အတွက် ဖုန်းကိုထုတ်ကာ Weibo ကိုကြည့်လိုက်သည်။

မနေ့က စုန့်မင်ကန်ရဲ့ဖျော်ဖြေမှုက အရမ်းအောင်မြင်ခဲ့သည်။ သူ့ရဲ့ ၀တ်စားဆင်ယင်မှုပုံစံက လေးလေးနက်နက် စွဲမှတ်ကျန်ရစ်ခဲ့ပြီး အွန်လိုင်းမှာ ရေပန်းစားလာသည်။ ပြဇာတ်ရုံမှာ<Travel>ရဲ့ သရုပ်ဆောင်တွေ ပေါ်လာတဲ့ သတင်းတွေဟာလည်း ပြန့်နေပြီး လမ်းဘေးမှာ လမ်းလျှောက်နေတဲ့ စုချန်ယန်နဲ့ လင်းယွီတို့ ပုံကိုပင် ရိုက်ထားသည်။

နောက်ဆုံးတော့ ကုမ္ပဏီဝင်ပေါက်ကို ရောက်လာတဲ့အခါ သူတို့နှစ်ယောက် အပေါ်ထပ်ကို ဓာတ်လှေကားစီးသွားလိုက်သည်။ သူတို့သွားချင်တဲ့နေရာ ရောက်တဲ့အခါ လက်ထောက်ရှုက သူတို့ကို သီးခြားစားပွဲတစ်ခုဆီ ခေါ်သွားပြီး သိပ်မကြာခင်မှာ သူတို့အရင်က ဆုံဖူးတဲ့ ဥက္ကဌလု ဝင်လာသည်။

“ထောက်ခံချက်အကြောင်းပြောဖို့ ဒီနေ့ မင်းကို ဒီခေါ်လိုက်တာ"

အဲ့ဒီလူကိုတွေ့တဲ့အခါ စုချန်ယန်က ကြောင်သွားသည်။ "မစ္စတာလင်းက ဘယ်မှာလဲ?"

ဒီကာလအတွင်း ဘာပဲဖြစ်ဖြစ် လင်းယွီပဲ သူမနဲ့ အမြဲတမ်း စကားပြောဖြစ်သည်။ ရုတ်တရက် ဘယ်လိုလုပ် ဥက္ကဌလုဖြစ်လာတာလဲ?

ဥက္ကဌလုက ပြောလာသည်။ “မစ္စတာလင်းက ကုမ္ပဏီမှာ မရှိဘူး။ သူ့မှာ တခြားကိစ္စတွေ ရှိလို့၊ မင်းနဲ့စကားပြောရတာ လုံလောက်ပါပြီ"

"ကုမ္ပဏီမှာ မဟုတ်ဘူးလား?"

ရှောင်လုက စုချန်ယန်ကို တစ်ချက်ကြည့်လိုက်ပြီး သူမဘာသာတွေးလိုက်သည်။ 'ငါ့ဝမ်းကွဲအစ်ကိုရဲ့ စရိုက်နဲ့ဆို နှစ်ရက်ကြာအောင် အစီအစဉ်ရိုက်ကူးရင်တောင် ချန်ယန်အနောက်ကို သူသေချာပေါက် လိုက်မှာကို။ ဒီလိုကိစ္စမျိုးကို ဘယ်လိုလုပ် ဥက္ကဌလုနဲ့ လွှဲထားနိုင်မှာလဲ? ဒါကငါးမျှားနေတာဖြစ်မယ်'

"ဥက္ကဌလု၊ ချန်ယန် နင်တို့တွေ ပြောနေကြဦးနော်။ ငါအပြင်မှာစောင့်နေမယ်" ရှောင်လုက ပြောလိုက်သည်။

စုချန်ယန်က ခေါင်းညိတ်လိုက်ပြီး "ကောင်းပြီ"

လင်းယွီမှာ အခြားကိစ္စတွေ တကယ် ရှိမရှိကို စုချန်ယန်မသိပေမယ့် သူမကတော့ ကိုယ်ပိုင်ခံစားချက်တွေကို သူမရဲ့အလုပ်အပေါ် မထိခိုက်စေလိုပါ။ ဒါကြောင့် သူမက ဒီအကြောင်းကို သိပ်မစဉ်းစားတော့ဘဲ ထောက်ခံတဲ့ကိစ္စနဲ့ပတ်သတ်ပြီး ဥက္ကဌလုနဲ့စပြောလိုက်သည်။

ရှောင်လုရုံးခန်းကနေ ထွက်လာပြီးတဲ့နောက် သူမက လင်းယွီရဲ့ရုံးခန်းဆီဘက်ဆီ လှည့်ထွက်လာသည်။ အဝေးကနေ တံခါးပိတ်ထားတာကို သူမတွေ့လိုက်ရသည်။ သူမက အနီးနားက ဝန်ထမ်းတစ်ယောက်ကို ဆွဲလိုက်ပြီးမေးလိုက်သည်။ "ဘော့စ်လင်း ဒီနေ့ ကုမ္ပဏီမှာ မရှိဘူးလား?"

ဝန်ထမ်းက ဇဝေဇဝါဖြစ်သွားပြီး ပြောလိုက်သည်။ “ဒီနေ့ အထွေထွေမန်နေဂျာလင်း လာတာလား? သူ့ရုံးခန်းတံခါးကို ဘယ်တုန်းမှ မဖွင့်ဖူးဘူး”

မဖွင့်ဖူးဘူးလား? မနေ့ညက ဝမ်းကွဲအစ်ကိုကုမ္ပဏီမှာ နေခဲ့တာမဟုတ်ဘူးလား?

ရှောင်လုက ဝန်ထမ်းကို ကျေးဇူးတင်ကြောင်းပြောပြီး ရုံးခန်းဆီ အမြန်လျှောက်လာလိုက်သည်။

တံခါးဝဆီ ရောက်တဲ့အခါ သူမသည် ပေါ့ပေါ့ပါးပါး တံခါးခေါက်လိုက်သည်။ "ဘော့စ်လင်း?"

ခဏလောက် ဘာတုံ့ပြန်မှုမှ မရှိပေ။ ရှောင်လုက တံခါးကိုတွန်းဖွင့်လိုက်ပြီး ခေါင်းတိုးဝင်လိုက်သည်။ "ဘော့စ်လင်း၊ ငါတို့ရောက်ပြီ။ နင်ဘယ်မှာလဲ?"

ရုံးခန်းထဲမှာ အနားယူစရာ နေရာတစ်ခုရှိတယ်ဆိုတာ သူမ သတိရသွားသည်။ အရက်နာကျပြီး လင်းယွီ အိပ်ပျော်နေတုန်းလား?

ရှောင်လုက အနားယူတဲ့အခန်းနား ခပ်မြန်မြန် လျှောက်သွားပြီး နှစ်ကြိမ်လောက် ခပ်ဖွဖွခေါက်လိုက်သည်။ “ဝမ်းကွဲအစ်ကို၊ ရှိနေတာလား? ချန်ယန် ရောက်နေပြီ"

အထဲမှာ ဘာသံမှ မကြားရပေ။

ရှောင်လုက သူမမျက်နှာကို တံခါးမှာ ဖိပြီး ဂရုတစိုက် နားထောင်ပေမယ့် ဘာလှုပ်ရှားမှုမှမရှိပေ။

"ဝင်လို့ရမလား?" ရှောင်လုက မဝံ့မရဲနဲ့မေးလိုက်သည်။

ခဏလောက်ကြာတဲ့အထိ ဘယ်သူမှ ပြန်မတုံ့ပြန်လာပေ။ ရှောင်လုက တံခါးလက်ကိုင်ကို လှည့်ကာ ဝင်လိုက်သည်။

အနားယူတဲ့နေရာက လွတ်နေပြီး ကုတင်ပေါ်ကအိပ်ယာမှာ သိပ်မကြာသေးတုန်းက တစ်စုံတစ်ယောက် အိပ်ထားသလိုမျိုး ရှုပ်ထွေးနေသည်။ ဗီရိုဘေးက ကြမ်းပြင်မှာလည်း အနက်ရောင် လည်စည်းက မတော်တဆ ပြုတ်ကျထားတဲ့ပုံပင်။

"အစ်ကို?" ရှောင်လုက ရှေ့ကို ဖြည်းဖြည်းချင်းလျှောက်သွားပြီး ကြမ်းပြင်ပေါ်က ကြိုးကို ကောက်လိုက်ပြီး ဗီရိုထဲ ထည့်ဖို့လုပ်လိုက်သည်။ ဗီရိုတစ်ဖက်က တံခါးကို သူဖွင့်လိုက်တော့ အထဲမှာ ပင်ပန်းနွမ်းနယ်နေပုံရတဲ့ လူတစ်ယောက်က အထဲမှာထိုင်နေပြီး မျက်လုံးကို လက်နဲ့ ကာထားတာကို တွေ့လိုက်ရသည်။

“အစ်ကို…” ရှောင်လုက အံ့အားသင့်သွားပြီး သူမရှေ့က မြင်ကွင်းကို ကြည့်နေမိသည်။

လင်းယွီက မနေ့တုန်းက အင်္ကျီကိုဘဲ ၀တ်ထားပြီး သူ့ရဲ့နှစ်မီတာနီးပါးရှိတဲ့ ကိုယ်နဲ့ ဗီရိုထဲခွေခေါက်ပြီး ထိုင်နေသည်။ သူ မျက်လုံးဖွင့်လိုက်ပြီး ရှောင်လုအနောက်ကို တစ်ချက်ကြည့်လိုက်ကာ အခြားတစ်ယောက် မရှိတာကို တွေ့လိုက်ရတော့ စိတ်သက်သာရာ ရသွားသည်။

မျက်နှာပေါ်က လက်ကို သူအောက်ချလိုက်ပြီး ဆန့်လိုက်ချင်ပေမယ့် အပေါ်က သစ်သားပြားနဲ့ တိုက်မိသွားသည်။

"အရင်ထွက်လိုက်ဦး" ရှောင်လုက လင်းယုကို ဗီရိုထဲက ကူထုတ်ပေးရင်း ရယ်ချင်ပေမယ့် ရပ်လိုက်သည်။

"ချန်ယန် ဘယ်မှာလဲ?" လင်းယွီက မေးလိုက်သည်။

ရှောင်လု - "သူ ထောက်ခံချက်အကြောင်း ဥက္ကဌလုနဲ့ စကားပြောနေတယ်"

လင်းယွီက သက်ပြင်းတစ်ချက်ချလိုက်သည်။

ရှောင်လုက ဗီရိုကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။ "အစ်ကိုတို့ နှစ်ယောက်ကြား ဘာတွေဖြစ်ခဲ့တာလဲ? သူ့ကို ရှောင်ဖို့ ဒီဗီရိုထဲမှာ ပုန်းနေတာလား?"

သူမဝမ်းကွဲအစ်ကိုကို ဒီလိုမျိုးစိတ်ပျက်လက်ပျက်ပုံစံနဲ့ မြင်ရခဲတဲ့အတွက် ရှောင်လုမျက်နှာပေါ်မှာ ဘဝင်ခိုက်တဲ့အပြုံးတစ်ခုပေါ်လာသည်။

လင်းယွီက မတုံ့ပြန်ဘဲ သူမလက်ထဲကလည်စည်းကို ဆွဲယူလိုက်သည်။ အချိန်အတော်ကြာပြီးတဲ့နောက်မှာ သူပြောလာသည်။ “ငါ သူ့ကို ရှောင်နေတာမဟုတ်ဘူး"

"ဒါဆိုဘာဖြစ်လို့လဲ?" ရှောင်လုက စိတ်ဝင်တစား မေးလိုက်သည်။

လင်းယွီ ခဏရပ်လိုက်သည်။ သူ့လျှာပေါ်က ဒဏ်ရာမှာ အပြည့်အဝ မပျောက်သေးဘဲ နာကျင်နေသည်။

သူ ခဏ‌လောက်တိတ်သွားပြီးမှ ပြောလာသည်။ “သူ့ကိုတွေ့ရမှာကြောက်လို့"

ရှောက်လုက ပိုလို့တောင် သိချင်လာသည်။ "ဒါဆို ဘာလဲ? အစ်ကို သူ့ကို နာကျင်အောင် တစ်ခုခုလုပ်ခဲ့လို့လား?"

လင်းယွီက ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်”

"ဒါဆို သူ့ကို တောင်းပန်လိုက်လေ။ သူ့ကို ဒီလို ရှောင်နေတာက ဖြေရှင်းတာမဟုတ်ဘူး။ ချန်ယန် ဝမ်းနည်းနေလိမ့်မယ်" ရှောင်လုက ရှားရှားပါးပါး လင်းယွီကို သင်ပေးရတဲ့အခွင့်အရေးကို အရယူလိုက်သည်။

လင်းယွီက ဗီရိုထဲက အဝတ်အစားအသစ်တစ်ထည်ကိုထုတ်လိုက်ကာ ခဏလောက်တုံ့ဆိုင်းနေပြီးမှ မေးလာသည်။ "သူ...ငါ့ကိုစိတ်ဆိုးနေလား?"

ရှောင်လု - "နည်းနည်း‌ပေါ့၊ မနေ့ညက ပြန်လာတော့ သူတော်တော်စိတ်မကောင်းဖြစ်နေတဲ့ပုံပဲ"

လင်းယွီက လှုပ်ရှားနေတာကို ခဏရပ်လိုက်ပြီး "သူဘာပြောလဲ?

ရှောင်လုက သူ့ကို တမင်တကာ စိတ်ဒုက္ခပေး လိုက်ပြီး သက်ပြင်းချလိုက်ကာ "ဒါက ကိုင်တွယ်ရတာ မလွယ်လောက်ဘူး"

"ဘာကိုဆိုလိုတာလဲ?"

“မနေ့ညက အစ်ကို ဘာလို့ သူနဲ့အတူ ပြဇာတ်ကြည့်ဖို့ လိုက်လာတာလဲလို့ ညီမကိုမေးတယ်။ အစ်ကိုက သူ့ကို သဘောကျနေတာကြောင့်လို့ ညီမပြောလိုက်တော့ မှန်းကြည့် သူဘာပြောလာတယ်ထင်လဲ?"

စုချန်ယန် အပေါ် သူ့ရဲ့ ခံစားချက်ကို သူဘယ်လို ထုတ်ပြောလိုက်လဲတိုတာ လင်းယွီ မစုံစမ်းနိုင်သေးပေ။ သူက ရပ်လိုက်ပြီး မေးလိုက်သည်။ "သူဘာပြောလဲ?"

“သူပြောတာက…” ရှောင်လုရဲ့ စနောက်ချင်တဲ့အမူအရာက တဖြည်းဖြည်း လေးနက်လာကာ“…သူပြောတာကို သိချင်ရင် သူ့ကို တိုက်ရိုက်သွားမေးသင့်တယ်မဟုတ်လား? ဒါပေမယ့် ညီမပြောနိုင်တာက ချန်ယန် မနေ့ညက စိတ်ဆိုး‌‌တာက အစ်ကို သူ့ကို လုပ်ခဲ့တာကြောင့်မဟုတ်ဘဲ အစ်ကို ရုတ်တရက်ထွက်သွားလို့ပဲ"

လင်းယွီက တိတ်ဆိတ်နေသည်။ မနေ့က သူရခဲ့တဲ့ သင်ခန်းစာက စုချန်ယန်ဆန္ဒကို ဆန့်ကျင်ပြီး သူမကို ဒီလိုမျိုး လွန်လွန်ကဲကဲ ပြုမူဖို့ စိတ်ကူး‌တောင် မယဉ်ရဲတော့ပေ။ အဲ့ဒီအချိန်တုန်းက သူ့ခံစားချက်တွေကို မထိန်းနိုင်ဘဲ အသိပြန်ဝင်လာတော့ ရှက်တာကလွဲပြီး ဘာမှ မခံစားရတော့ပေ။

သူ စုချန်ယန်ကို မကြည့်ရဲပေ။

သူ တုံ့ဆိုင်းနေတာကိုမြင်တော့ ရှောင်လုက တခစ်ခစ်ရယ်လိုက်ပြီး ပြောလာသည်။ "အစ်ကို၊ အစ်ကိုဒီလောက်တောင် သူရဲဘောကြောင်လိမ့်မယ်လို့ ညီမဘယ်တုန်းကမှ မမျှော်လင့်ထားဘူး"

လင်းယွီ သူမကို စောင်းကြည့်လာတော့ ရှောင်လုက ချက်ချင်း ပါးစပ်ပိတ်လိုက်ပြီး နှုတ်ခမ်းကို ဇစ်ဆွဲတဲ့ လုပ်ပုံစံလုပ်လိုက်သည်။

"ထွက်တော့"

"သိပြီ" ရှောင်လုက ပခုံးတွန့်ပြီး ပြန်ဖြေလိုက်သည်။

ရှောင်လုက ရယ်ချင်တာကို အောင့်ထားရင်း အပြင်ထွက်သွားလိုက်သည်။ သူမရဲ့ဝမ်းကွဲအစ်ကိုက မဟုတ်တာ တစ်ခုခုလုပ်မိခဲ့ပြီး ဘယ်သူ့ကိုမှ မျက်နှာမပြနိုင်လို့ ဗီရိုထဲမှာ ပုန်းနေတယ်ဆိုတဲ့အကြောင်း အန်တီကို ပြောပြရရင် သူတို့ ယုံမှာမဟုတ်သလို သူမညမဟုတ်တာတွေပြောနေတယ်လို့ ထင်ကြမှာ သေချာပေါက်ပင်။

သူမတောင် မျက်စိနဲ့ တပ်အပ်မမြင်ခဲ့ရင် ယုံမှာ မဟုတ်ဘူး။

ပုံမှန်ဆို အမြဲတမ်း စိတ်ထိန်းနိုင်ပြီး ထူးချွန်တဲ့ သူမရဲ့ဝမ်းကွဲအစ်ကိုမှာ ဒီလောက်ထိ သနားစရာကောင်းတဲ့ နေ့တစ်နေ့ရှိလာမယ်လို့ မထင်ထားခဲ့ဘူး။

နိုင်ငံတကာအမှတ်တံဆိပ်တစ်ခုနဲ့ ထောက်ခံမှုကိစ္စကို ဆွေးနွေးပြီးတဲ့နောက် ဥက္ကဌလုမှာ စုချန်ယန်ရဲ့ ပုံရိပ်နဲ့ပတ်သတ်ပြီး အရမ်းကျေနပ်နေသည်။ အခုအချိန်အထိ ဒီအမှတ်တံဆိပ်မှာ အာရှတိုက်သား သုံးယောက်ကိုသာ ငှားရမ်းထားပြီး သူတို့ထဲက တစ်ယောက်မှာ တရုတ်လူမျိုးဖြစ်သည်။

အမှတ်တံဆိပ်ရဲ့ အခြေအနေတွေက ဘက်ပေါင်းစုံမှာ အဆင်ပြေနေပြီး အထူးသဖြင့် ကုမ္ပဏီအတွက် အကျိုးအမြတ်တွေ ဆောင်ကြဉ်းပေးလာနိုင်တာကြောင့် စုချန်ယန်မှာငြင်းစရာအကြောင်းမရှိပေ။ သူမက ဥက္ကဌလုကို ဆုံးဖြတ်ပေးဖို့ပြောလိုက်ပြီး သူမက‌တော့ အချိန်မရွေး စာချုပ်ချုပ်နိုင်သည်။

ရုံးခန်းကနေထွက်လာတော့ ရှောင်လုက တံခါးအပြင်ဘက်မှာ စောင့်နေသည်။

"ပြောပြီးပြီလား?"

"အင်း" စုချန်ယန်က ခေါင်းညိတ်ပြီး မေးလိုက်သည်။ "မန်နေဂျာလင်း တကယ်ဘဲ ဒီမှာမရှိဘူးလား?"

ရှောက်လုက ယောင်ဝါးဝါးနဲ့ ခေါင်းညိတ်လိုက်ပြီး "နင် နေ့လည်ခင်းမှာ ပွဲရှိတယ်လေ။ အရင်ပြန်သွားပြီး အဝတ်အစားလဲရအောင်။ သူလည်း နောက်မှလာလိမ့်မယ်"

စုချန်ယန်က မကျေမနပ်နဲ့ ခေါင်းညိတ်လိုက်သည်။ "ဒါဆို သွားကြရအောင်"

ကုမ္ပဏီကနေ ထွက်လာတော့ ရှောင်လုက သူမအိမ်ကို မောင်းလိုက်သည်။ မိတ်ကပ်လိမ်းပြီးတာနဲ့ ပွဲကျင်းပမယ့်နေရာကို သွားကြမည်။ ဒါက ဆုပေးပွဲတစ်ခုဖြစ်ပေမယ့် စုချန်ယန် နဲ့တော့ သိပ်မဆိုင်ပါချေ။ <Sludge> ဒရာမာဟာ ဒီလလယ်မှာ ရုံတင်ပြသတော့မည်ဖြစ်ပြီး သူမမှာ ဘာအလုပ်မှ မရသေးပေ။ သူမက ဒီမှာ မျက်နှာပြရုံဘဲ ရှိပြီး သူမရဲ့ အနေအထားက အရမ်းကြီးထင်ရှားနေမှာမဟုတ်ပေ။

လက်ထောက်ရှုက အဖြူရောင်ဝတ်စုံကို ငှားလိုက်ပြီး စုချန်ယန်ရဲ့အိမ်ဆီ ဖက်ရှင်တချို့နဲ့ မိတ်ကပ်ပညာရှင်တွေကို ဖိတ်လိုက်သည်။

အရာအားလုံးကို စနစ်တကျစီစဉ်ပြီးတဲ့နောက် ရှောင်လုက လင်းယွီရဲ့ ကားဂိုဒေါင်ကနေ Rolls-Royce Phantom ကိုထုတ်လာသည်။ အမိုက်စားနဲ့ အထင်ကြီးစရာပင်။ စုချန်ယန်မှာ အရင်တုန်းပွဲတုန်းက ဒီလိုမျိုး တစ်ခါမှ အဆက်ဆံ မခံရဖူးပါချေ။ သူဆက်ဆံခံခဲ့ရမယ်ဆိုရင်တောင် ကုမ္ပဏီက ယာယီငှားတာဘဲ ဖြစ်လိမ့်မည်။

လက်ထောက်ရှုက ရှေ့ခုံမှာ ထိုင်ပြီး စုချန်ယန်နဲ့ ရှောင်လုက အနောက်မှာ ထိုင်သည်။ သူမက အဖြူရောင်ညနေခင်း ပွဲတက်ဂါဝန်ကို ဝတ်ထားပြီး ကျင်းပမယ့်နေရာမှာ ချွတ်မယ့် ကုတ်အင်္ကျီကို ၀တ်ထားသည်။

ရာသီဥတုက တဖြည်းဖြည်း အေးလာတာနဲ့အမျှ စုချန်ယန်က သူမရဲ့ ပေါ်နေတဲ့ ခြေထောက်ဖြူဖြူလေးတွေကို စောင်ခြုံထားလိုက်ကာ ရှောင်လုနဲ့ ပေါ့ပေါ့ပါးပါး စကားစမြည်ပြော နေလိုက်သည်။

"မန်နေဂျာလင်းက ဘယ်တော့လာမှာလဲ?"

ရှောင်လုက ခေါင်းခါလိုက်ပြီး “မသေချာဘူး။ ဘာပဲဖြစ်ဖြစ် ပွဲပြီးရင်နင် ညစာစားမယ်။ သူစောစောရောက်လာရင်လည်း အသုံးမဝင်ဘူး။ နင် သူ့ကို အရမ်းတွေ့ချင်နေတာလား?"

စုချန်ယန်က စကားတစ်ခွန်းမှ မပြောဘဲ အနောက်မှာရှုပ်ပွနေတဲ့ ဆံပင်တွေကို သပ်ရပ်အောင်လုပ်လိုက်သည်။

All Chapters