အခန်း ၁၄၄
Vol. 11 Ch. 144
ဒီနေ့ သူမရဲ့အသွင်အပြင်က အနက်ရောင်လှိုင်းတွန့်တွေနဲ့ ကြိုးမဲ့ညနေခင်းဝတ်ဂါဝန်ဖြစ်ပြီး အတော်လေးရိုးရှင်းသည်။ သူမက လက်ဝတ်ရတနာအများကြီး မဝတ်ထားပေ။ သူမက ကိန်းဂဏာန်းတွေက် ပုံဖော်ဖို့ သက်သက်ဘဲ လာတာဖြစ်ပြီး ကျော်ကြားမှုကို မထင်မှတ်ဘဲ ခိုးယူသွားမိပါက ဘေးဥပဒ် ဖြစ်သွားလိမ့်မည်။ ဒါ့အပြင်၊ သူမ ဝတ်ထားသမျှအားလုံးကို ငှားထားတာဖြစ်ပြီး နောက်ပိုင်းမှာ ပြန်ပေးရမည်ဖြစ်သည်။
ခန်းမထဲကို ရောက်တာနဲ့ စုချန်ယန်က အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။ ဝင်ပေါက်မှာ ကော်ဇောနီရှည်နဲ့ အလယ်မှာ လက်မှတ်ထိုးရတဲ့ နံရံတစ်ခုရှိသည်။ အနုပညာရှင်တချို့ကလည်း ဝင်ဖို့ ပြင်ဆင်နေကြသည်။
ဆုပေးပွဲအခမ်းအနားမှာ အနုပညာရှင်ပေါင်း သုံးရာခန့် ဖိတ်ကြားထားပြီး စုချန်ယန်ရဲ့ ဝင်ရမယ့်နံပါတ်မှာ ငါးဆယ့်လေးဖြစ်သည်။ သူမရဲ့အလှည့်မရောက်ခင် အချိန်နည်းနည်းကြာဦးမည်ဖြစ်သည်။
သိပ်မကြာခင်မှာပဲ သူမရှေ့က အနုပညာရှင်တွေက ကော်ဇောနီကို တစ်ယောက်ပြီးတစ်ယောက် လျှောက်သွားကြပြီး နေရာမှာမထိုင်ခင် အမှတ်တရဓာတ်ပုံရိုက်ဖို့ နံရံမှာ ရပ်ကြသည်။
ရာသီဥတုအေးလာတာနဲ့အမျှ လူတိုင်းဟာ ပေါ့ပေါ့ပါးပါး ၀တ်ဆင်ထားကြသည်။ စောစောဝင်ရရင် ပိုကောင်းသည်။ သူမအရှေ့မှာ ဝင်သွားကြတဲ့ အနုပညာရှင်တွေအားလုံးကို စုချန်ယန် ရင်းနှီးပေမယ့် သူတို့ကတော့ သူမကို အရင်က တစ်ခါမှ မမြင်ဖူးကြပေ။
ကားထဲမှာ တစ်နာရီနီးပါးကြာအောင် စောင့်လို့ပြီးတော့စုချန်ယန်ရဲ့ နံပါတ်တစ်ဝိုက်က လေးဆယ်လောက်ရောက်လာသည်။ ရှောင်လုက ဆံပင်နဲ့အဝတ်အစားတွေကို သပ်ရပ်အောင်လုပ်နေချိန်သူမက ကားပေါ်ကဆင်းကာ အနီးနားမှာ ပြင်ဆင်နေလိုက်သည်။ အားလုံးအဆင်ပြေကြောင်း အတည်ပြုပြီးသွားတော့ ဂျာကင်အင်္ကျီကို ပေးထားလိုက်သည်။
“ဒီသတင်းထောက်တွေက တကယ့်ကို ပါးနပ်တယ်။ ပထမဆုံး နာမည်ကြီးဆယ်ယောက်လောက် ဝင်ပြီးရင် ဓာတ်ပုံထပ်ရိုက်ဖို့ စိတ်မ၀င်စားတော့ဘူး။ ရုတ်တရက် အရမ်းမြန်သွားတာ အံ့မအံ့ဩတော့ဘူး"
"ကျေးဇူးပြုပြီး ဧည့်သည်နံပါတ်ငါးဆယ့်သုံးကို ကြိုဆိုကြရအောင်"
အမျိုးသားအနုပညာရှင်တစ်ဦးက ကော်ဇောနီထက် လျှောက်သွားပြီး လက်မှတ်ထိုးတဲ့ နံရံပေါ်မှာ သူ့ရဲ့လက်မှတ်ကို ထိုးလိုက်ပြီး ဓာတ်ပုံရိုက်ကာ ပွဲအတွင်းဝင်သွားသည်။ မကြာခင်မှာပဲ စုချန်ယန် ရဲ့အလှည့်ရောက်လာတော့မည်။
"ချန်ယန်၊ ငါတို့ နင့်ကို ခန်းမထဲမှာ စောင့်နေမယ်"
“ကောင်းပြီ”
"ကျေးဇူးပြုပြီး ဧည့်သည်နံပါတ်ငါးဆယ့်လေးကို ကြိုဆိုကြရအောင်"
စုချန်ယန်က ကြိုးမဲ့ညနေခင်းဂါဝန်နဲ့ ဆယ်စင်တီမီတာရှိတဲ့ အနက်ရောင် ဒေါက်မြင့်ဖိနပ်ကို ဝတ်ထားသည်။ သူမ ကော်ဇောနီပေါ် လှမ်းလိုက်တာနဲ့ ကြည့်ရှုသူ တွေကြားမှာ ဂယက်ရိုက်သွားသည်။
"စုချန်ယန်!"
"ဒီဘက်ကိုကြည့်ပါဦး၊ ငန်းမလေး!"
စုချန်ယန်က ဒီမှာ သူမ ပရိသတ်တွေရှိ နေမယ်လို့ မမျှော်လင့်ထားပါချေ။ သူမ ခေါင်းလှည့်ကာ လက်ကိုဝှေ့ယမ်းလိုက်သည်။ ကင်မရာအများအပြားက သူမကို ဓာတ်ပုံရိုက်ကြသည်။ တည်တည်ငြိမ်ငြိမ်နဲ့ စုချန်ယန်က ကော်ဇောနီအလယ်ကို လျှောက်သွားကာ လောကဝတ်ပြုတဲ့ အမျိုးသမီးဆီကနေ ဘောပင်ကိုယူလိုက်ပြီး လက်မှတ်ထိုးရတဲ့ နံရံအပေါ် သူမနာမည်ကို ထိုးလိုက်သည်။ အစက သူမမှာ ဓာတ်ပုံအမြန်ရိုက်ပြီး အထဲကို အမြန်ဝင်ချင်ပေမယ့် အနီးနားက သတင်းထောက်တွေမှာလည်း အခြားအစီအစဉ်တွေရှိသေးသည်။
"ချန်ယန်၊ ဒီဘက်ကြည့်ပါဦး"
"ဒီကို ကြည့်၊ ဒီကိုကြည့်ပါ"
"မင်းရဲ့ကိုယ်ကို ဒီဘက်လှည့်လိုက်ပါ"
စုချန်ယန်က ပြုံးပြုံးရွှင်ရွှင်နဲ့ ကိုယ်ဟန်အမူအရာတစ်ချို့လုပ်လိုက်ပြီး နောက်ဆုံးမှာတော့ hostရဲ့အကူအညီနဲ့ ကော်ဇောနီပေါ်ကနေ ထွက်လာလိုက်သည်။ သူမနောက်က လိုက်လာတဲ့ နာမည်ကြီး အများစုက ကော်ဇောနီပေါ်မှာ စက္ကန့်အနည်းငယ်လောက်ပဲ နေရသည်။
ခန်းမထဲ လမ်းလျှောက်လာရင်း မထင်မှတ်ဘဲ စုချန်ယန်ရဲ့ထိုင်ခုံကို ဒုတိယတန်းရဲ့ အလယ်မှာ စီစဉ်ပေးထားသည်။ ယေဘူယျအားဖြင့် ဆုပေးပွဲ အခမ်းအနားများတွင် နေရာထိုင်ခင်း အစီအစဉ်များမှာ ကျော်ကြားမှု အဆင့်အပေါ် အခြေခံထားတာကို တွေ့ရလေ့ရှိသည်။ စုချန်ယန်က ပွဲစီစဉ်သူတွေဟာ သူမကို ဒီလောက်အထိ လုပ်ထားပေးမယ်မှန်း မမျှော်လင့်ထားပါချေ။
သူမရဲ့ထိုင်ခုံမှာ ထိုင်လိုက်တော့ ရှောင်လုက သူမရဲ့အင်္ကျီကို စုချန်ယန်ရဲ့ပေါင်ပေါ်တင်ကာ ပင်မခန်းမကနေထွက်လာလိုက်သည်။
စုချန်ယန် လှည့်ပတ်ကြည့်လိုက် ပေမယ့် သူမသိတဲ့လူ ဘယ်သာ့ကိုမှ မတွေ့ပေ။ သူမက အချိန်အတော်ကြာစောင့်ဆိုင်းနေပြီး ဖုန်းကိုဖွင့်ကာ လင်းယွီရဲ့ WeChat ကို ခဏလောက် စိုက်ကြည့်လိုက်သည်။ စာပို့ထားတဲ့မှတ်တမ်းက မနေ့တုန်းကအတိုင်း ရှိနေဆဲဖြစ်ပြီး၊ သူမရဲ့လက်ချောင်းတွေက မက်ဆေ့ချ်ပို့တဲ့ နေရာမှာ ရစ်သီရစ်သီဖြစ်နေသည်။ နောက်ဆုံးမှာတော့ သူမသည်းခံလိုက်ပြီး လူကိုယ်တိုင် ပြောတာက ပိုကောင်းမယ်လို့ ခံစားမိလိုက်သည်။
"ဟိုင်း ဘယ်လိုလဲ?"
သူမဘေးနားက မိန်းကလေးတစ်ယောက်က သူမကို နှုတ်ဆက်လာတဲ့အချိန် စုချန်ယန်မှာ အတွေးပျောက်နေသည်။
စုချန်ယန် စိတ်ရှုပ်ထွေးစွာနဲ့ ခေါင်းကိုမော့လိုက်ပြီး ပြန်ဖြေလိုက်သည်။ "မင်္ဂလာပါ"
"မင်းက ချန်ယန်လား? မင်းရဲ့ variety show တွေကိုငါကြည့်ဖူးတယ်၊ အဲဒါတွေက တကယ် ပျော်စရာကောင်းတယ်။ မင်းနဲ့ပူးပေါင်းဖို့ အခွင့်အလမ်းရှိမယ်ဆိုရင် ဆိုပြီးတော့ မနေ့တုန်းကတောင် group chat မှာငါပြောခဲ့သေးတယ်၊ ဒီနေ့တော့ ငါတို့ဆုံကြပြီ"
စုချန်ယန်က တစ်ဖက်လူနဲ့ အချိန်အတော်ကြာ စကားပြောနေလိုက်ပြီး အဲ့ဒီအချိန် သတင်းထောက်အချို့က သူမကို အင်တာဗျူးဖို့ လာရောက်ကြသည်။ စုချန်ယန်က သွက်သွက်လက်လက်နဲ့ တုံ့ပြန်လိုက်သည်။
အချိန်အတော်ကြာပြီးနောက်မှာ အနုပညာရှင်တွေအားလုံး ရောက်လာကြပြီး ပွဲစီစဉ်သူတွေက ဆုပေးပွဲကို စတင်ကြောင်း ကြေငြာလာသည်။
စုချန်ယန်မှာ ဖြစ်ပျက်နေတာတွေနဲ့ ဘာမှ မဆိုင်ပါချေ။ သူမက ခံစားချက်မဲ့တဲ့ လက်ခုပ်တီးတဲ့ စက်ရုပ်လိုမျိုး လက်ခုပ်တီးရုံကလွဲပြီး ဘာမှမလုပ်ပေ။
နောက်ဆုံးမှာ ပွဲပြီးဆုံးတဲ့အထိ သူမ သည်းခံခဲ့ရသည်။ စားသောက်ဆိုင်မှာ ညစာစားဖို့ စီစဉ်သူတွေက စီစဉ်ပေးသည်။ စုချန်ယန်က သူစိမ်းတွေနဲ့စားပွဲတစ်လုံးမှာ ထိုင်လိုက်သည်။ စားသောက်နေတုန်းမှာ သူတို့ကWeChatက အဆက်အသွယ် အချက်အလက်တွေကို ဖလှယ်ကြသည်။ စုချန်ယန်လည်း သူမ မသိတဲ့လူတချို့ကို addလိုက်သည်။
ညစာစားလို့ပြီးတော့ အပြင်မှာ မှောင်နေပြီ။
ရှောင်လုက စုချန်ယန်ကို ခန်းမအ၀င်ဝမှာ စောင့်နေမယ်လို့ စောစောက မက်ဆေ့ခ်ျပို့လာသည်။ ဒါပေမယ့် စုချန်ယန် ထွက်သွားတဲ့အခါ ရှောင်လုရော လက်ထောက်ရှုကိုရော ဘာအရိပ်အယောင်ကိုမှ မတွေ့ခဲ့ရပေ။ သူမ ပတ်ပတ်လည်ကို လိုက်ကြည့်လိုက်တော့ သူတို့ကို မတွေ့ရပေမယ့် မန်နေဂျာတွေ ဝန်းရံနေကြတဲ့ လင်းယွီကို တွေ့လိုက်ရသည်။
လင်းယွီလည်း စုချန်ယန်ကို သတိထားမိသည်။ သူက သူ့ဘေးက လူတွေကို တစ်ခုခုပြောလိုက်တော့ သူတို့အားလုံးက စုချန်ယန်ကို လှည့်ကြည့်လာကြသည်။ သူတို့ဘာပြော နေလဲဆိုတာ သူမ မသိပေမယ့် လင်းယွီက လူအုပ်ကြားထဲကနေ သူမဆီလျှောက်လာသည်။
စုချန်ယန်ရုတ်တရက် စိတ်လှုပ်ရှားလာသည်။ သူ အနားရောက်လာတာနဲ့ သူမက တိုးတိုးလေး ခေါ်လိုက်သည်။ “မန်နေဂျာ လင်း”
လင်းယွီရဲ့အမူအရာမှာ မပြောင်းလဲဘဲ ပြုံးကာ သူမကိုပြောလိုက်သည်။ “ကားပေါ်သွားရအောင်"
စုချန်ယန်က နာခံစွာနဲ့ ခေါင်းညိတ်လိုက်သည်။ "ရှောင်လုနဲ့ တခြားသူတွေကရော?"
လင်းယွီက ပြန်ဖြေလိုက်သည်။ “သူတို့ကို အရင်ပြန်ခိုင်းလိုက်ပြီ"
“အိုး"
စုချန်ယန်က ကားရပ်ထားတဲ့နေရာကို သူ့အနောက်ကနေလိုက်သွားပြီး တစ်လျှောက်လုံး နှစ်ယောက်သား ဘာစကားမှ မပြောကြပေ။
ကားပေါ်မှာထိုင်လိုက်တော့ လင်းယွီက အနောက်ထိုင်ခုံပေါ်က စောင်ကို စုချန်ယန် ခြုံဖို့ပေးလိုက်ပြီး ကားကိုမောင်းလိုက်သည်။
စုချန်ယန်က လင်းယွီရဲ့အမူအရာကို တိတ်တဆိတ် စောင့်ကြည့်နေသည်။ သူသတိထားမိမလား မသိပေမယ့် သူကတော့ တိတ်ဆိတ်နေသည်။
နောက်ဆုံးတော့ စုချန်ယန်မှာ မနေနိုင်ဘဲ အရင်ပြောလိုက်သည်။
"မန်နေဂျာလင်း၊ မနေ့ညက..."
"မနေ့ညက ဘာဖြစ်လဲ?" လင်းယွီက မေးလိုက်သည်။
စုချန်ယန်က အံ့အားသင့်သွားပြီး မျက်လုံးတွေ ပြူးကျယ်သွားသည်။ "မေ့သွားတာလား?"
သူမရဲ့အသံက မသိလိုက်ဘာသာနဲ့ နည်းနည်းထစ်သွားသည်။
လင်းယွီက သူမကို မျက်စိထောင့်ကနေကြည့်လိုက်တော့ သူမရဲ့ အံ့အားသင့်ပြီး ဒေါသထွက်နေတဲ့ အမူအရာကြောင့် မနေနိုင်ဘဲ ရယ်လိုက်မိသည်။
သူဘယ်လိုလုပ်မေ့နိုင်မှာလဲ? မနေ့ညက သူ တကယ်မူးနေတာမှမဟုတ်ဘဲ၊ သူလုပ်သမျှကို ရှင်းရှင်းလင်းလင်း သူမှတ်မိတယ်။ ရှင်းရှင်းလင်းလင်း မှတ်မိနေလို့ စကားမပြောရဲတာ။
"ကိုယ်မမေ့ပါဘူး"
လင်းယွီက လမ်းပေါ်မှာ ဆက်မမောင်းဘဲ အရိပ်ရတဲ့နေရာကို ကွေ့ကာ လမ်းဘေးမှာကားကို ရပ်လိုက်သည်။ အဝေးမှ မီးရောင်အနည်းငယ်သာရှိတဲ့ ပတ်ဝန်းကျင်ဟာ တိတ်ဆိတ်ငြိမ်သက်နေသည်။
စုချန်ယန်က သူဘာလုပ်ဖို့ လဲဆိုတာကို မသေချာဘဲ သံသယနဲ့ကြည့်နေသည်။
လင်းယွီက စုချန်ယန်ကို လှည့်ကြည့်လာပြီး ပြောလိုက်သည်။ “မနေ့ညက ဖြစ်ပျက်ခဲ့တာကို ကိုယ် ရှင်းရှင်းလင်းလင်း မှတ်မိတယ်။ ကိုယ့်အပြုအမူက မကောင်းမှန်းသိပါတယ်၊ မင်းအပေါ် စိတ်ပိုင်းဆိုင်ရာအရိပ်မဲတွေ ထားခဲ့မိပေမယ့် ဒါက ရည်ရွယ်ချက်ရှိရှိမဟုတ်ဘူးလို့ ကိုယ်မငြင်းနိုင်ဘူး"
စုချန်ယန်မှာ သူ့စကားကို နားထောင်ရင်း နည်းနည်း စိတ်ရှုပ်လာသည်။ စိတ်ပိုင်းဆိုင်ရာအရိပ်မဲလား? ဘယ်လို စိတ်ပိုင်းဆိုင်ရာ အရိပ်မဲမျိုးလဲ?
သူမကြိုက်တဲ့လူက သူမကိုလာနမ်းတာ ဘယ်လိုစိတ်ပိုင်းဆိုင်ရာ အရိပ်မဲဖြစ်နိုင်မှာလဲ?
"ချန်ယန် ကိုယ်တကယ် တောင်းပန်ပါတယ်။ ကိုယ်မင်းကို အတင်းအကြပ် မလုပ်ချင်သလို မင်းစိတ်ဆန္ဒမပါဘဲ မလုပ်ချင်ပါဘူး"
လင်းယွီအမှန်တကယ် နောင်တရနေမှန်း သူမပြောနိုင်သည်။ သူမလည်း မနေနိုင်ဘဲ ပြောလိုက်သည်။ “တကယ်တော့ ကျွန်မ စိတ်မဆိုးပါဘူး”
လင်းယွီ - "ချန်ယန်၊ မင်း စိတ်ထဲထားသင့်တယ်။ မင်းကို ကိုယ်လုပ်ခဲ့တာတွေက မှားနေတယ်၊ မင်းကိုယ့်ကိုမကြိုက်လို့ ဒါက ကိစ္စကြီးမဟုတ်ဘူးလို့ ထင်နေမှာ။ ဒါပေမယ့် ဒီလိုအပြုအမူမျိုးက အမှားတစ်ခုဘဲ"
စုချန်ယန်မှာ အံ့အားသင့်သွားပြီး လင်းယွီမှာ သူမထင်ထားတာထက် ပိုမိုကျယ်ပြန့်တဲ့ ရှုထောင့်တွေရှိနေကြောင်းသိလိုက်ရသည်။
သူမက လင်းယွီကို သဘောကျနေလို့ သူဒီလိုလုပ်တာကို စိတ်မရှိဘူး၊ ဒါပေမယ့် သူမ သူ့ကို သဘောမကျနေရင်ရော?
သူမ သဘောမကျတဲ့သူတစ်ယောက်က သူမကို ဒီလိုမျိုးလုပ်မယ်ဆိုရင်တော့ သူမမှာ စိတ်ပိုင်ဆိုင်ရာ အရိပ်မဲတွေ ကျန်ခဲ့မှာပင်။
ဒီလို အပြုအမူမျိုးက ပင်ကိုယ်အားဖြင့်တော့မှားသည်။
ဒါဆို မနေ့ညက သူဘာလို့ အမြန်ထွက်ပြေးသွားတာလဲ?
စုချန်ယန်ရဲ့ စိတ်အခြေအနေက နည်းနည်း ရှုပ်ထွေးလာသည်။ သူမက လင်းယွီကိုကြည့်လိုက်ပြီး မေးလိုက်သည်။ "ရှင် နာနေသေးလား?"
လင်းယွီက ခဏလောက်ရပ်သွားပြီး မေးလိုက်သည်။ "ဘာကိုလဲ?"
စုချန်ယန်ရဲ့ပါးပြင်တွေ ပူလောင်လာပြီး သူမက တိုးတိုးလေးပြောလိုက်သည်။ “လျှာ”
မနေ့ညက အမှတ်ရစရာတွေက ဒီအချိန်မှာ ပြန်ပေါ်လာသည်။
“နောက်ဆုံးမှာ သွေးထွက်သွားတဲ့ပုံဘဲ…” စုချန်ယန်ရဲ့ အသံက တိုးသွားပြီး သူမခေါင်းက လက်ထဲ မြုပ်လုနီးနီးပင်။
သူမစကားတွေက ဆွဲဆောင်မှုရှိတဲ့ အရသာကို သယ်လာတယ်ဆိုတာ သူမ မသိပေ။
လင်းယွီက သူမရဲ့ ကြက်သွေးရောင်သန်းနေတဲ့ နားရွက်ကို ကြည့်ပြီး အသက်ရှုကြပ်လာသည်။ သူ့မျက်လုံးတွေကို လက်နဲ့အုပ်လိုက်ပြီး တိတ်တဆိတ် ရယ်မောလိုက်သည်။ မိမိကိုယ်မိမိ ချုပ်တည်းနိုင်တယ်လို့ ကြွေးကြော်ထားတာက စုချန်ယန်နဲ့ ယှဉ်ရင်တော့ ဘာမှမဟုတ်တာဝန်ခံရမည်။
သူ စုချန်ယန် တောင်းပန်ပြီး ဒီလိုထပ်တူအမှားမျိုး ထပ်မလုပ်တော့ဘူးလို့ ကတိပေးထားသည်။ ဒါပေမယ့် ဆယ်မိနစ်တောင်မပြည့်ခင် စုချန်ယန်ကို ဒီလိုတွေ့လိုက်ရတော့ သူက အာမမခံနိုင်တော့ဘူး။
တိတ်ဆိတ်နေတဲ့ကားထဲ၊ ဆိတ်ကွယ်ရာထောင့်မှာ စုချန်ယန်ဟာ အကာအကွယ်မဲ့နေပြီး အလွန်စွဲမက်စရာကောင်းနေသည်။
လင်းယွီရဲ့ အာဒမ်ပန်းသီးက လှိမ့်သွားပြီး သူအသံကို တိုးလိုက်ကာ ပြောလာသည်။ "မင်း မကြောက်ဘူးလား?"
စုချန်ယန် ခေါင်းခါလိုက်ပြီး "ဒါက တခြားသူဆိုရင် ကျွန်မကြောက်လိမ့်မယ် ဒါပေမယ့် ရှင်ဖြစ်နေရင်တော့ ကျွန်မ မကြောက်ဘူး"
စုချန်ယန်မှာ သူ့ကို မရှင်းပြရသေးတာ သတိရသွားသည်။ “မနေ့ညက ဘေးမှာတခြားသူတွေရှိနေလို့ ရှင့်ကိုရပ်အောင် ကျွန်မ ကိုက်လိုက်တာ"
ဒီစကားကြောင့် စုချန်ယန်ရဲ့ ဆွဲဆောင်မှုရှိတဲ့ အငွေ့အသက်မှာ ပိုမိုအားကောင်းလာသည်။
သူမက မကြိုက်တာ ဒါမှမဟုတ် ကြောက်တာမဟုတ်ဘဲ ဘေးနားမှာလူတွေရှိနေလို့ပေါ့။
ဒါပေမယ့် အခု သူတို့ရှိနေတဲ့ ပတ်ဝန်းကျင်က တိတ်ဆိတ်ပြီး လူသူကင်းမဲ့နေသည်။
လင်းယွီရဲ့အသံက ဩရှလာသည်။ "ချန်ယန် ကိုယ်တောင်းပန်တာကို လက်ခံမှာလား?"
“အင်း” စုချန်ယန်က ခေါင်းညိတ်လိုက်သည်။
"ဒါဆို မင်းရော ကိုယ့်ကို တောင်းပန်ချင်တာလား?"
စုချန်ယန် ခေါင်းမော့လိုက်တော့ လင်းယွီရဲ့ မှင်လို မျက်လုံးတွေနဲ့ ဆုံသွားသည်။ "ဘာအတွက် တောင်းပန်ရမှာလဲ?"
လင်းယွီက ဘာမှပြန်မပြောပြောပေ။ အလင်းရောင်မှိန်မှိန်အောက်မှာ သူက ဒဏ်ရာရထားတဲ့ သူ့ရဲ့လျှာဖျားကို ဂရုတစိုပ်နဲ့ ထုတ်လာပြီး ထိုင်ခုံခါးပတ်ကို ဖြည်းဖြည်းချင်း ဖြုတ်လိုက်ကာ ပြောလာသည်။
"မင်းရဲ့နှုတ်ခမ်းထဲက သွားတွေနဲ့ ကိုက်ထားတဲ့ ကိုယ့်ဒဏ်ရာကို တောင်းပန်လေ"