← Chapters

အခန်း ၁၄၅

Vol. 12 Ch. 145

အခန်း ၁၄၅

Vol. 12 Ch. 145

စုချန်ယန်ရဲ့အကြည့်တွေက သူ့နှုတ်ခမ်းဆီ ဖျတ်ခနဲရောက်သွားပြီး သူ့လျှာက နှုတ်ခမ်းအဟတစ်လျှောက်ကို ဖြတ်သွားကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်။

လင်းယွီရဲ့စကားကြောင့် သူမ အံ့အားသင့်သွားကာ စိတ်ထဲမှာ ဗလာဖြစ်သွားသည်။

လင်းယွီရဲ့လောင်မြိုက်နေတဲ့ အကြည့်တွေက မီးတောက်လာကာ သူမရဲ့ပါးတွေလည်း မီးတောက်လောင်ကျွမ်းနေသလိုပင်။

သူ့ဆီကနေ "ကလစ်" ဆိုပြီး ထိုင်ခုံခါးပတ် ပြုတ်သွားတဲ့အသံ ထွက်လာသည်။

လင်းယွီက တဖြည်းဖြည်းငုံ့လာပြီး သူ့ညာဘက်လက်က စုချန်ယန်လက်ကို အုပ်ကိုင်လိုက်ကာ သူမအနားကပ်လာသည်။

သိပ်သည်းတဲ့အရိပ်က သူတို့ခေါင်းပေါ် ကျနေကာ အရင်က ရှိနေတဲ့ အလင်းရောင် ဖျော့ဖျော့ကို ပိတ်ဆို့သွားသည်။

စုချန်ယန်မှာ လင်းယွီရဲ့ တဖြည်းဖြည်း ချဉ်းကပ်လာတဲ့ ကိုယ်ကို ဗလာဖြစ်စွာနဲ့ ငေးကြည့်နေမိသည်။ သူ့ရဲ့ နက်ရှိုင်းတဲ့ သူငယ်အိမ်တွေက မှော်စွမ်းအားတွေ ပိုင်ဆိုင်ထားပုံပေါ်ကာ သူမရဲ့နှလုံးဟာလည်း ခဏ‌ေလာက်ရပ်သွားပြီး အရှိန်မြန်လာသည်။

"ရမလား?" လင်းယွီက သူမရှေ့မှာ ခဏရပ်လိုက်ပြီး သူ့ရဲ့ နက်မှောင်တဲ့ မျက်လုံးတွေနဲ့ သူမကိုလေးလေးနက်နက် စိုက်ကြည့်နေကာ တိုးတိုးလေး မေးလာသည်။

မသိစိတ်ကနေ စုချန်ယန် လက်ချောင်းတွေကို တင်းတင်း ဆုပ်မိလိုက်သည်။ လင်းယွီကို ဘယ်လိုပြန်ဖြေရမှန်း သူမ မသိဘူး။ နှုတ်ခမ်းကို ဟကာ တစ်ခုခုပြောလိုက်ချင်ပေမယ့် သူမရဲ့စကားတွေက အရမ်းကို မထိရောက်လောက်ဘူးလို့ ခံစားလိုက်ရသည်။ ဒါကြောင့် သူမကရှေ့ကိုနည်းနည်း တိုးလိုက်ပြီး လင်းယွီရဲ့ လှပသေသပ်တဲ့ နှုတ်ခမ်းကို သူမနှုတ်ခမ်းနဲ့ထိကာ နမ်းလိုက်သည်။

နူးညံ့တဲ့ အထိအတွေ့ကြောင့် စုချန်ယန်က စိတ်လှုပ်ရှားလာသည်။ သူမရဲ့နှုတ်ခမ်းနဲ့ လင်းယွီရဲ့ နှုတ်ခမ်းပါးတွေကို အတွေ့အကြုံနည်းပါးစွာနဲ့ ကိုးရိုးကားယား ပွတ်တိုက်လိုက်ကာ သူ့ကိုပြောလိုက်သည်။ "ရှင့်ကို နာကျင်စေခဲ့တဲ့အတွက် ကျွန်မတောင်းပန်ပါတယ်"

လင်းယွီမှာ အေးခဲသွားပြီး သူ့အနားက နွေးထွေးတဲ့ အသက်ရှုသံတွေဟာလည်း သူ့ရဲ့ထိန်းချုပ်နိုင်စွမ်းကို စိန်ခေါ်နေသည်။ ဒါပေမယ့်သူ့ရဲ့ ထိန်းချုပ်နိုင်စွမ်းကိုတော့ စုချန်ယန်ရှေ့မှာ ပြောဖို့ မထိုက်ပေ။

သူက စုချန်ယန် ရဲ့လက်ကို တင်းတင်းကြပ်ကြပ် အုပ်ကိုင်လိုက်ပြီး ကျန်လက်တစ်ဖက်က သူမခါးကို ဖိကာ ထိုင်ခုံပေါ် တွန်းလိုက်သည်။ စုချန်ယန်ရဲ့ နူးညံ့သိမ်မွေ့တဲ့ စူးစမ်းမှုနဲ့ ယှဉ်ပါက သူကတော့ သူမနှုတ်ခမ်းတွေကို အတင်းဖိကာ နမ်းလိုက်သည်။ စုချန်ယန်ရဲ့ အသက်ရှုသံတွေဟာလည်း မငြိမ်မသက်ဖြစ်လာပြီး သူမပါးစပ်ကို အလိုလိုဖွင့်လိုက်တဲ့အခါ သူက အဲ့ဒီနူးညံ့တဲ့နယ်မြေထဲ အလွယ်တကူ ကျူးကျော်ဝင်ရောက်လာသည်။

မနေ့ညက မူးနေတာနဲ့မတူဘဲ လက်ရှိ လင်းယွီကတော့ စိတ်ရှည်လက်ရှည် ဖြစ်‌နေသည်။ စုချန်ယန်ရဲ့စည်းချက်နဲ့ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားရင်း သူ့လှုပ်ရှားမှုတွေက နူးညံ့သိမ်မွေ့လာသည်။ ဒါပေမယ့် စုချန်ယန်က မိန်းကလေးတစ်ယောက်ဖြစ်သလို သူ့လောက်လည်း မရဲတင်းပါချေ။ မိုးဖွဲလေးလိုမျိုး ညင်သာတဲ့ နူးညံ့တဲ့ အနမ်းတွေကြားမှာ သူမအနောက်ကို မှီလိုက်သည်။

လင်းယွီက သူမကို လွတ်မြောက်ခွင့် မပေးချေ။ လက်တစ်ဖက်က သူမခါးကို ကိုင်ထားပြီး ကျန်တစ်ဖက်က ခေါင်းနောက်ကို ဖိထားတဲ့အတွက် သူမကို အပြည့်အဝ ထိန်းချုပ်နေနိုင်သည်။ စုချန်ယန် ခြုံထားတဲ့ စောင်ဟာလည်း ပြုတ်ကျနေပြီ။ နည်းနည်း ပိုနေလို့ကောင်းကာ ပြင်းထန်တဲ့ အနမ်းတွေကို ခံနိုင်ရည်ရှိအောင် ရေနစ်နေတဲ့သူလိုမျိုး လက်နှစ်ဖက်နဲ့ လင်းယွီရဲ့လည်ပင်းကို တင်းတင်း ချိတ်သွယ်လိုက်သည်။

စုချန်ယန်က ကြိုးမဲ့ဂါဝန်ကို ၀တ်ထားတာကြောင့် နီးကပ်တဲ့လှုပ်ရှားမှုမှာ သူမရဲ့ရင်ဘတ်က လင်းယွီအပေါ် တစ်ခါတစ်ခါ ပွတ်တိုက်မိ‌နေသည်။ သူတို့သာ ပိုနီးကပ်လာရင် သူမရဲ့အဝတ်အစားတွေ ကျွတ်ကျသွားတော့မယောင် သူမခံစားလိုက်ရသည်။

သူမက မကျေမနပ်ဖြစ်ပြီး သူ့ကို ညင်သာစွာ ကိုက်လိုက်သည်။

လင်းယွီရဲ့ လှုပ်ရှားမှုက နည်းနည်း‌လျော့သွားပြီး သူ့ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း နောက်ကို ရွှေ့လိုက်သည်။ သူ့ရဲ့ပူပြင်းလှတဲ့အကြည့်ကို စုချန်ယန်ဆီ ချန်ခဲ့ပြီး အက်ရှရှအသံနဲ့ မေးလာသည်။ "မင်းလူတွေကို ကိုက်ရတာ တကယ် သဘောကျတာလား?"

စုချန်ယန်ရဲ့မျက်နှာမှာနီရဲလာပြီး ဂျက်ကပ်ကို သူမရဲ့ အင်္ကျီရင်ဘတ်ဆီ ဆွဲတင်လိုက်ပြီး တိုးတိုးလေးပြောလာသည်။ "ရှင်အရမ်းအားသုံးလို့ ကျွန်မအင်္ကျီတောင် ကျွတ်ကျတော့မယ်"

လင်းယွီရဲ့ မျက်လုံးတွေက မည်းမှောင်သွားကာ သူ့ပါးပြင်တွေက တင်းကြပ်သွားပြီး စုချန်ယန်က ဒီလိုမရေမရာ စကားလုံးတွေနဲ့ သူ့ကို တမင်သွေးဆောင်နေတာလားလို့ သံသယဝင်မိသည်။

ကားထဲကလေထုမှာ အလွန်ပူလောင်လာပြီး စုချန်ယန်မှာလည်း အသက်ရှုရခက်သလို ခံစားလိုက်ရသည်။ လင်းယွီရဲ့ အကြည့်တွေက သူမကို နည်းနည်း ကြောက်လန့်သွားစေတဲ့အတွက် နေရာမှာဘဲ ထိုင်ရင်း တိတ်တိတ်လေးနေလိုက်သည်။

အချန်အတော် တိတ်ဆိတ်နေပြီးတော့မှ လင်းယွီကအံကြိတ်ကာပြောလာသည်။ “စုချန်ယန်၊ တစ်နေ့မှာ ကိုယ်ရာဇ၀တ်မှုတစ်ခု ကျူးလွန်မိရင် မင်းက ကြံရာပါဖြစ်မှာဘဲ"

စုချန်ယန် - “…”

လင်းယွီက ဘာမှထပ်မပြောတော့ပေ။ အခုလက်ရှိ ကားထဲမှာ စုချန်ယန်ရဲ့ ရနံ့တွေနဲ့ ပြည့်နေတဲ့အတွက် သူအပြင်ထွက်ပြီး စိတ်ငြိမ်အောင်လုပ်ရမည်။

"မင်းနည်းနည်း သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်လုပ်သင့်တယ်ထင်တယ်"

ပြောလို့ပြီးတဲ့အခါ လင်းယွီက စီးကရက်တစ်လိပ်နဲ့ မီးခြစ်တစ်လုံးကို ထုတ်လိုက်ပြီး ကားပေါ်ကနေဆင်းကာ စုချန်ယန်ကို မြင်နိုင်တဲ့ အနေအထားမှာ ကားရှေ့ကိုမှီပြီး လက်ချောင်းကြားက စီးကရက်ကို မီးညှိဖို့ ခေါင်းငုံ့လိုက်သည်။

စုချန်ယန်က သု့ပုံစံကို ကြည့်နေသည်။ လင်းယွီ အရင်က ဆေးလိပ်သောက်တာကို မမြင်ဖူးတဲ့အတွက် အခုတော့ မနေနိုင်ဘဲ သေချာကြည့်လိုက်သည်။

အသိပြန်ဝင်လာ‌တော့ စုချန်ယန်က သူမရဲ့ဂါဝန်ကို နည်းနည်းပြန်ဆွဲတင်လိုက်ပြီး အနောက်ဘက်က ကြယ်သီးတွေကို ခပ်တင်းတင်းလုပ်လိုက်သည်။ သူမက ဂျပ်ကပ်ကိုပြန်ဝတ်လိုက်ပြီး စောင်ခြုံကာ ထိုင်ခုံပေါ်မှီလိုက်ပြီး လေဝင်လေထွက် ကောင်းစေဖို့ ပြတင်းပေါက်ကိုဖွင့်ကာ လင်းယွီကို အဲ့ဒီအတိုင်း ကြည့်လိုက်သည်။

လင်းယွီရဲ့ ဆေးလိပ်သောက်တဲ့အမူအရာမှာ အရမ်းဆောင်မှုရှိပြီး၊ သူလုပ်သမျှအရာအားလုံးက ကြည့်ကောင်းလှသည်။

စုချန်ယန် စိတ်ထဲမှာ ရှုပ်ထွေးနေသည်။ မနေ့က ကားထဲမှာ လင်းယွီ ပြောခဲ့တာကို သူမ သတိရလိုက်သည်။ တကယ်တော့၊ အဲ့ဒီအချိန်မှာ လင်းယွီလည်း သူမအပေါ် ခံစားချက် ရှိလိမ့်မယ်လို့ စုချန်ယန် မှန်းကြည့်လိုက်သင့်တာ။

ဒီဖြစ်နိုင်ခြေကို တွေးကြည့်လိုက်တော့ သူမနှလုံးသားက ရင်ဘတ်ထဲကနေ ခုန်ထွက်တော့မလိုဘဲ။

သူမက Maryနဲ့ မတူကြောင်း လင်းယွီပြောဖူးသည်။

Maryက ကမ္ဘာကိုပြဖို့ သူရည်စူးထားတဲ့ အနုပညာလက်ရာတစ်ခုဖြစ်ပြီး သူမကတော့ သူ့ရဲ့စုဆောင်းမှုဖြစ်သည်။

လင်းယွီကဘဲ ဒီလိုမျိုး ရိုမန်တစ်ဆန်တဲ့ စကားကို ထုတ်ပြောနိုင်သည်။

တစ်စုံတစ်ယောက်ကို သဘောကျရတာက အရမ်းလှပတဲ့အရာလို့ သူပြောခဲ့တော့ စုချန်ယန်အနေနဲ့ ဒီလိုလှပတဲ့စကားလုံးတွေက သူမနဲ့ မထိုက်တန်သလို ခံစားရသည်။

လင်းယွီ သဘောကျတဲ့သူက ထူးခြားပြောင်မြောက်တဲ့ အမျိုးသမီးဖြစ်သင့်တယ်လို့ သူမ ထင်ထားပေမယ့် သူမဟာလည်း ထူးခြားပြောင်မြောက်တဲ့သူလို့ သူပြောခဲ့ဖူးသည်။

သူမရဲ့ ဘဝသက်တမ်း နှစ်ခုက သူမရဲ့ကံကောင်းခြင်းတွေအားလုံးကို လင်းယွီဆီမှာစုပုံထားသလို ခံစားရသည်။ အချိန်တိုလေးအတွင်းမှာဘဲ သူမရဲ့ စိတ်နှလုံးကနေအကြွင်းမဲ့ လိုလားနေသည်။

တစ်စုံတစ်ယောက်ကို သဘောကျရတာက တကယ်ကို အံ့သြစရာကောင်းသည်။ အထူးသဖြင့် အဲဒီလူက ကိုယ့်ကို ပြန်သဘောကျတဲ့အခါမှာပေါ့။

တစ်ယောက်ယောက်ကို သဘောကျတာက ကိုယ့်ရဲ့အဆင့်အတန်းကို နိမ့်ကျစေတယ်လို့ အားလုံးက ပြောကြသလို စုချန်ယန်လည်း အဲ့ဒီလို ခံစားရသည်။ ဒါပေမယ့် သူမသ‌ဘောကျတဲ့သူကတော့ သူမကို သိမ်ငယ်နိမ့်ကျသလို ခံစားနေစရာမလိုဘူးလို့ တစ်ကြိမ်ထက်ပိုပြီး ပြောခဲ့သည်။ သူမက ထူးချွန်တဲ့သူ တစ်ယောက်ဖြစ်ပြီး တစ်ယောက်ယောက်က သဘောကျခံရဖို့ ထိုက်တန်သည်။

စုချန်ယန်မှာ ဆယ်ရက်ကျော်လောက် ဆာလောင်နေခဲ့ရတဲ့သူက ရုတ်တရက် သူကြိုက်တဲ့အစားအစာကို စားလိုက်ရသလိုမျိုး ဒီနေ့မှာ မယုံနိုင်စရာကောင်းလောက်အောင် ပျော်မြူးနေသည်။

လင်းယွီက ဆေးလိပ်သောက်လို့ပြီးတော့ သူ့ခန္ဓာကိုယ်မှာ မီးခိုးနံ့တွေ ပျောက်သွားမီ ကားပေါ်ပြန်လာသည်။

ဒီည အခြေအနေက သူ့ကို လုံးဝ သတိလက်လွတ်ဖြစ်သွားစေသည်။ သူ့ကိုယ်သူ ဒီလောက်ထိ အရမ်းကို စိတ်မထိန်းနိုင်ဖြစ်သွားမယ်လို့ မမျှော်လင့်ခဲ့ပေ။

"ချန်ယန်၊ ကိုယ် မင်းကို ကြိုက်တယ်ဆိုတာ မင်းလည်းသိလောက်မှာပေါ့?" လင်းယွီကပြောလာသည်။

စုချန်ယန်က သူ့ကို မော့ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။ သူမ သူ့ကိုလည်း သဘောကျတယ်လို့ ပြောချင်ပေမယ့် လင်းယွီက တားလိုက်သည်။

“ဒါက ဝန်ခံဖို့ သင့်တော်တဲ့နေရာမဟုတ်ဘူး၊ ဒါကြောင့် မင်းကိုယ့်ကို ပြန်ဖြေပေးစရာ မလိုဘူး။ ချန်ယန်၊ မင်းက ငယ်သေးတယ်၊ အချစ်ဆိုတာ ဘာလဲဆိုတာ မင်းနားမလည်နိုင်သေးဘူး။ ကိုယ် မင်းကို စဉ်းစားဖို့ အချိန်ပိုပေးမယ်။ အဲဒီနေ့ရောက်ရင် ကိုယ် မင်းကို အဖြေတောင်းမယ်။ ကိုယ် မင်းကို ဒါတွေ အကုန်ပြောပြနေတာက မင်းကို ကိုယ်လုပ်ပေးတာတွေ အားလုံးက မင်းကိုသဘောကျလို့ဆိုတာကို မင်းကို သိစေချင်လို့။ သံသယမဖြစ်ပါနဲ့။ မင်း လုပ်ရမှာက အဲဒါကို သေချာစဉ်းစားပါ။ မင်းအဖြေပေးပြီးသွားရင် ကိုယ်...တစ်သက်လုံးနောင်တရဖို့ အခွင့်အရေး မပေးတော့ဘူး နားလည်လား?"

လင်းယွီက အရမ်းစိတ်အားထက်သန်တဲ့သူဖြစ်သည်။ သူလုပ်ချင်တာတွေ အားလုံးကို တတ်နိုင်သမျှ အစွမ်းကုန်လုပ်သည်။ လမ်းတစ်ဝက်မှာ ဘယ်တော့မှ အရှုံးမပေးချေ။ အဆုံးစွန်ထိ မအောင်မြင်နိုင်ရင်တောင် အဆုံးတိုင်အောင် သူဆက်လုပ်မည်။

စုချန်ယန်က သူမမှာ အဖြေရှိပြီးသားဖြစ်ပြီး နောင်တရမှာမဟုတ်ကြောင်း သူ့ကိုပြောပြချင်ပေမယ့် လင်းယွီရဲ့ လေးနက်တဲ့ အမူအရာကိုကြည့်ပြီး အဆုံးမှာတော့ သူမပြန်ထိန်းထားလိုက်သည်။

လင်းယွီကတော့ သူမကို သူ့လိုမျိုး စိတ်မြန်လက်မြန် ဆုံးဖြတ်ချက်မချစေဖို့မျှော်လင့်သည်။

"ကျွန်မ နားလည်ပါတယ်"

အဲ့ဒီညမှာ လင်းယွီက စုချန်ယန် အိမ်ကို လိုက်သွားပြီး ထုံးစံအတိုင်း နှုတ်ဆက်လိုက်ကြသည်။

အိမ်ပြန်ရောက်တဲ့အခါ ရှောင်လုက ဘာဖြစ်ခဲ့လဲဆိုတာ မေးချင်စိတ်နဲ့ စုချန်ယန်နား စိတ်အားထက်သန်စွာ ကပ်လာသည်။ ဒါပေမယ့် စုချန်ယန်ရဲ့ နည်းနည်းရောင်ရမ်းနေတဲ့ နှုတ်ခမ်းတွေကို မြင်လိုက်ရတဲ့အခါမှာတော့ သူမက ချက်ချင်းဘဲ မျက်လုံးတွေပြူးကျယ်လာပြီး ဆူပူလာသည်။ "ငါ့ဝမ်းကွဲအစ်ကိုက ခွေးလို လုပ်ခဲ့တာလား? ဘယ်လိုလုပ် ဒီလိုအကိုက်ခံရတာနဲ့ အဆုံးသတ်သွားတာလဲ?

စုချန်ယန် - “…”

စုချန်ယန် နည်းနည်းရှက်သွားသလို ခံစားလိုက်ရသည်။ သူမကဘဲ လင်းယွီကို နှစ်ကြိမ်ကိုက်ခဲ့တဲ့သူလို့ ရှောင်လု ကိုပြောဖို့ကိုတော့ စိတ်ထဲမရှိပါချေ။

"ဒါဆို ဝမ်းကွဲအစ်ကိုနဲ့ ပြန်အဆင်‌ပြေသွားပြီလား?"

စုချန်ယန်က လိမ်လိမ်မာမာနဲ့ ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ်၊ ငါတို့ ပြန်အဆင်ပြေသွားပြီ"

ရှောင်လုက သူမကို ဆိုဖာပေါ်ထိုင်ဖို့ အလျင်အမြန်ဆွဲလိုက်ကာ “ဒါဆို? အခု တွဲနေကြပြီလား?"

စုချန်ယန်က ခေါင်းခါလိုက်ပြီးပြန်ဖြေလိုက်သည်။ "ဟင့်အင်း၊ မတွဲရသေးဘူး"

ရှောင်လုမှာ မတတ်နိုင်ဘဲ စိတ်ပျက်လက်ပျက်နဲ့နဖူးကို ရိုက်လိုက်ကာ "နင်က အရူးလား? မတွဲရသေးတာကို သူ့ကို ဘာလို့ နမ်းခွင့်ပေးလိုက်တာလဲ?"

စုချန်ယန် က မျက်မှောင်ကြုတ်ပြီး ချီတုံချတုံနဲ့ ပြန်ပြောလာသည်။ "အဲ့ဒါက တွန်းအားပေးသလိုဖြစ်မှာကြောက်လို့ မန်နေဂျာလင်းက ငါ့ကို နောက်ထပ်စဉ်းစားစေချင်တယ်တဲ့"

ခဏလောက် စဉ်းစားပြီးတဲ့နောက် ရှောင်လုက သူမဝမ်းကွဲအစ်ကိုရဲ့စိုးရိမ်ပူပန်မှုတွေဟာ အဓိပ္ပါယ်ရှိတယ်လို့တွေးလိုက်မိသည်။ “အင်း နင်က ငယ်လည်းငယ်သေးသလို အရင်တုန်းကလည်း ရည်းစားမထားဖူးဘူး။ အတွေ့အကြုံတွေ အမျိုးမျိုးကို ဖြတ်သန်းဖူးတဲ့ ငါ့ဝမ်းကွဲအစ်ကိုနဲ့ မတူဘူး။ နင်ကတော့ သေချာစဉ်းစားသင့်တယ်”

အဲ့ဒီလိုပြောပြီးတော့ ရှောင်လုက ဒီနေ့ညအကြောင်းအသေးစိတ် မေးချင်ပေမယ့် စုချန်ယန်က သူမကို ပြောပြဖို့အရမ်းရှက်နေသည်။ အကြောင်းပြချက်တစ်ခုပေးပြီး သူမအခန်းထဲ ဝင်သွားလိုက်သည်။

သို့ပေမယ့် စုချန်ယန်အနေနဲ့ နောက်လာမယ့် အချိန်ကာလအတွင်းမှာ လင်းယွီနဲ့ သိပ်မတွေ့ရတော့မှန်း မမျှော်လင့်ထားခဲ့ပါချေ။

ရှိုးရဲ့ ပဉ္စမမြောက် အပိုင်းကို ရိုက်ကူးပြီးတဲ့နောက်မှာတော့ လင်းယွီအမေရဲ့ မွေးနေ့ဖြစ်ပြီး ရှောင်လုနဲ့အတူ အီတလီကို ထွက်သွားသည်။ သူတို့က တစ်ပတ်ကြာမှာ ပြန်လာခဲ့ပြီး အဲ့ဒီအချိန်မှာ ဥက္ကဌလုက သူမရဲ့ ကိစ္စတွေကို ကိုင်တွယ်ခဲ့သည်။ သူမနဲ့လင်းယွီမှာ တစ်နေ့ကို စကားလုံးနည်းနည်းထက်ကို ပိုပြီး မဖလှယ်နိုင်ကြပေ။

သူတို့ပြန်လာပြီးတဲ့နောက် စုချန်ယန်မှာ အမျိုးမျိုးတဲ့ လှုပ်ရှားမှုတွေကို ဖမ်းဆုပ်ထားသည်။ ဟန်စုန့်ရွယ်နဲ့ အခြားသူတွေဟာလည်း အရမ်းအလုပ်များနေကြသည်။ တခါတရံ ပွဲကြီးတွေမှာ အချင်းချင်း ဆုံကြပေမယ့် ကိုယ့်ကိစ္စနဲ့ကိုယ် အလုပ်မရှုပ်ခင် ခပ်မြန်မြန် စကားစမြည်ပြောဖို့ လောက်ဘဲ အချိန်ရှိသည်။

လက်တွေ့ဘဝမှာ တွေ့ခဲပေမယ့် အွန်လိုင်းမှာ ခေတ်စားနေတဲ့ တစ်ယောက်နဲ့တစ်ယောက် နာမည်တွေကို မကြာခဏ တွေ့ကြသည်။ သူတို့အားတဲ့အချိန်မှာ "ငါ့အဆင့်သတ်မှတ်ချက်က နင့်ထက်မြင့်တယ်" ဒါမှမဟုတ် "နင့်ရဲ့ပရိသတ်တွေက ရေတပ်နဲ့တူတယ်" ဆိုပြီး group chat မှာတော့ အချင်းချင်း နောက်ပြောင်ကြသည်။

လူတိုင်းမှာ ကိုယ်ပိုင်တိုးတက်မှုတွေ ရှိလာကြတယ်။ စုချန်ယန်ဟာလည်း လှုပ်ရှားမှုတွေ ထောက်ခံအားပေးမှုတွေနဲ့ ဇာတ်ညွှန်းများစွာကို လက်ခံရထားသဖြင့် မအားလပ်လှပေ။

ကျန်းရှစ်ချီက သူမရဲ့ကိုယ်ပိုင်စတူဒီယိုကို တည်ထောင်ခဲ့ပြီး ဇာတ်ညွှန်းများစွာကို ရယူခဲ့သည်။ သတင်းတွေ ထွက်လာတာနဲ့ ပြန့်သွားတော့သည်။

All Chapters