← Chapters

အခန်း ၁၄၈

Vol. 12 Ch. 148

အခန်း ၁၄၈

Vol. 12 Ch. 148

“နောက်ဆုံးမှာ လမ်းခွဲရမှာဘဲဆိုတဲ့ အတွေးကို ဆုပ်ကိုင်ထားပြီး ရှင်နဲ့အတူ ရှိနေမှာ မဟုတ်ဘူး။ ရှင် ကျွန်မကို သဘောမကျတဲ့နေ့အထိ ကျွန်မရှင့်ကို လုံးလုံးယုံကြည်နေမှာပါ"

လင်းယွီမျက်လုံးထဲက အပြုံးမှာ နက်ရှိုင်းလာကာ "ဒါကို မင်းစဉ်းစားပြီးပြီလား?"

"အင်း၊ ကျွန်မစဉ်းစားပြီးပြီ"

"မင်္ဂလာပွဲကို တရုတ်စတိုင်နဲ့ကြိုက်လား အနောက်တိုင်းစတိုင်နဲ့ ကြိုက်လားလို့ ကိုယ်မေးရင် ရုတ်တရက် နိုင်တယ်လို့ မင်းထင်မှာလား?"

စုချန်ယန် အံ့အားသင့်သွားပြီး လည်ပင်းကနေ နားရွက်အထိ သူမတစ်မျက်နှာလုံး နီရဲလာသည်။ သူမက ခေါင်းငုံ့ကာ တိုးတိုးလေးပြောလိုက်သည်။ "အ-အင်း နည်းနည်း"

လင်းယွီမှာ မတတ်နိုင်ဘဲ သူမရဲ့ နီရဲနေတဲ့ နားရွက်ကို လက်လှမ်းကာထိလိုက်သည်။ "စိတ်မပူပါနဲ့ မင်းတရားဝင်လက်ထပ်လို့ရတဲ့ အရွယ်ရောက်တဲ့အထိ ကိုယ်စောင့်နေမယ်"

စုချန်ယန် နှုတ်ခမ်းကိုက်လိုက်ပြီး သူ့စကားကြောင့် ရှက်ရွံ့စွာ ငိုလုမတတ်ပင်။

“ဒီကိုလာ” လင်းယွီက ရုတ်တရက် ပြောလိုက်သည်။

စုချန်ယန်က အရည်ကြည်လဲ့နေတဲ့ မျက်လုံးတွေနဲ့ မော့ကြည့်လာပြီး လင်းယွီရဲ့ လမ်းညွှန်မှုအောက်မှာ ထိုင်ခုံကနေ ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ သူက သူမကို သူ့အရှေ့ဆီ ဖြည်းဖြည်းချင်း ဆွဲလိုက်ပြီး သူမရဲ့ခါးကို ကိုင်ကာ သူ့ပေါင်ပေါ်မှာ ထိုင်စေလိုက်သည်။

“အစ်ကိုလင်း…” စုချန်ယန်ရဲ့ မျက်နှာမှာ ပိုလို့တောင်နီရဲလာပြီး သူမက ဘေးဘီကို စိုးရိမ်တကြီး ကြည့်လိုက်သည်။

လင်းယွီ - "အခု ဒီမှာကိုယ်တို့ကလွဲလို့ ဘယ်သူမှမရှိဘူး"

စုချန်ယန်မှာ ခါးတစ်ဝိုက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ခံထားရပြီး သူ့အပေါ်မှာ ထိုင်နေသည်။

စုချန်ယန်က သူ့ကို မကြည့်ရဲဘဲ တိုးတိုးလေးပြောလာသည်။ “ကျွန်မတို့ လိုသေး…”

“ချန်ယန်၊ ကိုယ်အခု အရမ်းပျော်နေတယ်။ ကျေးဇူးပြုပြီး ကိုယ့်ကို ခဏလောက် အလိုလိုက်ပေးပါ" လင်းယွီက ပြောလိုက်သည်။

သူ့အသံက နည်းနည်းအက်ရှလာပြီး စုချန်ယန်လည်း သူ့ရင်ဘတ်မှာ မှီလိုက်သည်။ သူမလည်း အရမ်းပျော်နေပြီး ခဏလောက် နေချင်နေတာကြောင့် ညင်သာစွာနဲ့ခေါင်းညိတ်ပြလိုက်သည်။

လင်းယွီက သူမကို သူ့ပေါင်နဲ့ ခွထားပြီး သူမလည်ပင်းကို လက်မောင်းနဲ့ ဖက်ထားကာ ခေါင်းကို ငုံ့လိုက်သည်။

ဒီတစ်ကြိမ်မှာတော့ လင်းယွီရဲ့ လုပ်ဆောင်ချက်တွေက ယခင်ကထက် နှစ်ဆလောက် နူးညံ့သိမ်မွေ့လာသည်။ သူက စုချန်ယန် အသက်ရှူဖို့ တမင်တကာ နေရာ ချန်ထားပေးပြီး နမ်းနေတုန်း သူမအသက်ရှူတတ်ဖို့ သင်ခွင့်ပေးလိုက်သည်။

ကိုယ်ချစ်ရတဲ့သူတစ်ယောက်နဲ့ ရင်းရင်းနှီးနှီးနေရတာက တကယ်ကို အံ့သြစရာကောင်းတဲ့အရာပင်။

နှုတ်ခမ်းနဲ့ သွားတွေ တွဲစပ်နေတာက အရမ်း စွဲမက်စရာကောင်းမယ်ဆိုတာကို စုချန်ယန် စိတ်မကူးကြည့်ဘဲ မနေနိုင်ပေ။

နောက်ဆုံးတော့ သူမ နှုတ်ခမ်းနဲ့ သွားတွေ ထုံကျင်လာသလို ခံစားလိုက်ရပြီး ဘာကိုမှ မခံစားနိုင်တော့ပေ။ လင်းယွီက ဖြည်းဖြည်းချင်း နောက်ပြန်ဆုတ်သွားကာ စုချန်ယန်ကတော့ သူ့ပခုံးပေါ် မှီရင်း ပြင်းပြင်းထန်ထန် မောဟိုက်နေသည်။

လင်းယွီက သူမရဲ့ခါးကိုကိုင်ကာ နားထဲကို တိုးတိုးလေးပြောလိုက်သည်။ "မင်းရဲ့ အချိုပွဲအချိန်ကို နောက်ကျသွား စေတဲ့အတွက် ကိုယ် တောင်းပန်တယ်။ မင်းကို ချောကလက်နဲ့ လုပ်တာ မှာပေးရမလား?"

သူ သူမကို တမင်တကာ နောက်ပြောင်နေမှန်း စုချန်ယန်သိသလို သူမရဲ့အားနည်းချက်ကို မပြချင်ပါ‌ချေ။ သူမက သူ့ရဲ့ ပူနွေးနေတဲ့ နားသီးကို တမင်တကာ ပွတ်လိုက်ပြီး ပြောလိုက်သည်။ "မလိုပါဘူး၊ ကျွန်မ အချိုပွဲစားပြီးသွားပြီ"

လင်းယွီရဲ့ ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး စုချန်ယန်ရဲ့ခါးကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူက တိုးတိုးလေး ပြောလိုက်သည်။ “မင်း ရုပ်ရှင်သွားကြည့်ချင်သေးလား?”

စုချန်ယန်က အောင်ပွဲခံသလို ပြုံးလိုက်ပြီး ပြန်ဖြေလိုက်သည်။ "အင်း"

နှစ်ယောက်သား သန့်စင်ခန်းသွားလိုက်ပြီး မျက်နှာသစ် ဆေးကြောလိုက်သည်။

သန့်စင်ခန်းက ထွက်လာတော့ စားသောက်ဆိုင် ဝန်ထမ်းတွေ ပြန်‌ရောက်လာကြသည်။ သူတို့အားလုံးက တည်ငြိမ်နေပုံရပေမယ့် စုချန်ယန်ကတော့ သူတို့နဲ့အကြည့်ချင်းဆုံဖို့ ခေါင်းတောင် မမော့ရဲတော့ပေ။

လင်းယွီ သူမကို ကားဆီ ဆွဲခေါ်လာတဲ့အထိ သူမခေါင်းငုံ့ထားသည်။ လင်းယွီက ကားထဲကနေ ဦးထုပ်နဲ့ မက်စ်ကို ထုတ်လိုက်ပြီး စုချန်ယန်ကို တပ်ပေးလိုက်ကာ သူမရဲ့ မျက်နှာကို လုံးလုံး ကာလိုက်သည်။

စုချန်ယန်က ရုတ်တရက် မေးလိုက်သည်။ "အစ်ကိုလင်း၊ ကျွန်မတို့ကို ပါပါရာဇီတွေ မိသွားရင် ဘယ်လိုလုပ်မလဲ?"

" အဲ့ဒါက အရေးကြီးလို့လား?"

စုချန်ယန် ရှက်ရွံ့စွာနဲ့ ပြုံးလိုက်ပြီး ပြောလိုက်သည်။ “ကျွန်မက ဆယ့်ရှစ်နှစ်ပဲ ရှိသေးတာ။ ရှင်ကအာဏာကိုသုံးပြီး ကျွန်မကို အခွင့်ကောင်းယူတယ်လို့ သူတို့တွေ သေချာပေါက် ပြောကြမှာ"

လင်းယွီက ရယ်လိုက်ပြီး သူ့အိတ်ကပ်ထဲကနေ ချောကလက်ကို ထုတ်လိုက်သည်။ အခွံဖောက်လို့ပြီးသွားတော့ သူက စုချန်ယန်နှုတ်ခမ်းနားယူလာပြီး အပြုံးနဲ့ပြောလိုက်သည်။ "မဟုတ်လို့လား"

စုချန်ယန်က ချောကလက်ကို သူမရဲ့လျှာပေါ်မှာ လှိမ့်လိုက်ပြီး ရေရွတ်လိုက်သည်။ "ရှင် ဘာကိုဆိုလိုတာလဲ?"

“ကိုယ့်ရဲ့ အနေအထားကို သုံးအခွင့်ကောင်းယူပြီး နေ့တိုင်း မင်းသိအောင်လုပ်တယ်‌လေ”

စုချန်ယန်က အံ့အားသင့်စွာနဲ့ မျက်တောင်ခတ်လိုက်ပြီး "ဒါဆို ရှင်ရှိနေတာကိုပြဖို့ ကျွန်မကို ဒီရှိုးမှာ ပါခိုင်းခဲ့တာလား?"

လင်းယွီက ပုခုံးတွန့်လိုက်ပြီး အတည်မပြုသလို ငြင်းလည်းမငြင်းပေ။

စုချန်ယန်က မပျော်မရွှင်ဖြစ်သွားသည်။ သူမက လင်းယွီရှေ့ကို ကိုင်းလိုက်ပြီး မှီကာ မရမကမေးသည်။ “ဟုတ်လား? ဟုတ်လား?"

လင်းယွီက ရိုးရိုးရှင်းရှင်းဘဲ ပြန်ဖြေဖို့ ငြင်းလိုက်သည်။

စုချန်ယန် က သူ့အင်္ကျီလက်ကို ဆွဲလိုက်ပြီး "မြန်မြန်ပြော ဟုတ်လား မဟုတ်ဘူးလား?"

လင်းယွီက သူမကို သူ့အနားဆွဲလိုက်ကာ သူမပခုံးပေါ် လက်တင်လိုက်ပြီး “ဟုတ်လည်းဟုတ်သလို မဟုတ်လည်း မဟုတ်ဘူး"

"ကျွန်မ မသိနားမလည်တာကို အနိုင်မကျင့်နဲ့၊ ဟုတ်တာလား၊ မဟုတ်ဘူးလား?"

လင်းယွီက မဖြေပေ။ အဲဒီအစား သူက စုချန်ယန် ရဲ့ပါးစပ်ကို ကာဖို့ကြိုးစားသည်။

ရုပ်ရှင်ရုံက စားသောက်ဆိုင်နဲ့ မဝေးတာကြောင့် အတူတူ လမ်းလျှောက်ဖို့ ဆုံးဖြတ်လိုက်သည်။

အတူတူရပ်နေရင် အထူးသဖြင့် လင်းယွီရဲ့အရပ်မြင့်မြင့်၊ ချောမောတဲ့အသွင်အပြင်နဲ့ ကြည့်ကောင်းတဲ့ရုပ်ရည်က ကောင်းမွန်လှတဲ့ မြင်ကွင်းဖြစ်နေစေသည်။ ဖြတ်သွားတဲ့သူတိုင်းက မနေနိုင်ဘဲ သူတို့ဘက်ကို လှည့်လှည့်ကြည့်ကြသည်။

"အိုး၊ အစ်ကိုလင်း၊ အခု ကျွန်မတို့အကြောင်း ရှောင်လု ကို မပြောပြနဲ့ဦး။ ပြန်သွားတဲ့အခါကျရင်သူ့ကို စ ရမယ်"

"ဟင်?" လင်းယွီက ခေါင်းလှည့်လာသည်။ "မင်း သူ့ကို ဘယ်လို စ ဖို့စီစဉ်ထားလို့လဲ?"

“အဲဒါကို စိတ်မပူနဲ့”

လင်းယွီက ရယ်လိုက်ပြီး “အခုကိုယ်က မင်းရဲ့ကောင်လေးလေ။ မင်းကိစ္စတွေကို ကိုယ်က ဘယ်လိုလုပ် စိတ်မပူဘဲနေရမှာလဲ?"

"ဘာပဲဖြစ်ဖြစ် ကျွန်မသူ့ကို စချင်တယ်၊ ဒါကြောင့် မမေးနဲ့"

"ကောင်းပြီ မင်းပြောတာ နားထောင်မယ်"

လူနှစ်ယောက်သား ရုပ်ရှင်ရုံဆီ ရောက်လာခဲ့သည်။ လင်းယွီ လက်မှတ်သွားဝယ်‌နေတုန်း စုချန်ယန်က သူ့ကို လော်ဘီမှာထိုင်စောင့်နေသည်။

စနေ၊ တနင်္ဂနွေနေ့တွေမှာ ရုပ်ရှင်ကြည့်ဖို့ စုံတွဲအများအပြား လာကြပြီး ဦးထုပ်နဲ့ မက်စ်တပ်ထားတဲ့ စုချန်ယန်ကို ဘယ်သူမှ သတိမထားမိကြပေ။

လင်းယွီ လက်မှတ်တွေ ရပြီးသွားတော့ ပေါက်ပေါက်နဲ့ ကိုလာကိုလည်း ဝယ်လိုက်သည်။

စုချန်ယန်မှာ ကာဗွန်နိတ်အချိုရည် မသောက်ရတာ ကြာပြီဖြစ်တဲ့အတွက် လင်းယွီ သူမဆီပေးလာတဲ့အခါ မအောင့်နိုင်ဘဲ တိတ်တိတ်လေး သောက်ဖို့ မက်စ်ကို ချွတ်လိုက်သည်။ သူမက သူခိုးတစ်ယောက်လိုသရုပ်ဆောင် နေတာကိုမြင်တော့ လင်းယွီက ရယ်လိုက်ပြီး ပြောလိုက်သည်။ "ရုပ်ရှင်ရုံထဲရောက်ရင် မင်းမက်စ်ချွတ်လို့ရပါတယ်"

"အရသာကို မြည်းကြည့်ဖို့ တစ်ငုံအရင်သောက်လိုက်မယ်"

ရုပ်ရှင်မစခင် နာရီဝက်လောက်လိုသေးတော့ အပြင်မှာထိုင်စောင့်နေလိုက်သည်။ အကြောင်းပြချက်တချို့ကြောင့် စုချန်ယန်ရဲ့ အင်္ဂလိပ်စကားပြောကို လင်းယွီက ရုတ်တရက် စမ်းသပ်လာသည်။ စုချန်ယန်က ပြောရတာ အခက်အခဲတချို့ရှိပေမယ့် ကျော်ဖြတ်နိုင်လိုက်သည်။

"ရှင့်ကို မေးမယ် ကျွန်မက ချောလား၊ ယွင်‌ရှောင်ရီကချောလား?"

သူတို့အနောက်ခုံကစုံတွဲက ပိုစတာပေါ်က စုချန်ယန်ရဲ့မျက်နှာကို လက်ညှိုးထိုးပြပြီး မေးလာသည်။

ကောင်လေးက ချက်ချင်းပြန်မဖြေပေ။ အဲဒီအစား သူက ရှုဟောက်ရဲ့မျက်နှာကို လက်ညှိုးထိုးပြပြီး မေးလိုက်သည်။ "ကိုယ်ချောလား ဒါမှမဟုတ် ရှုဟောက်ကချောလား?"

မိန်းကလေးက မယုံနိုင်ဘဲပြောလိုက်သည်။ “ကိုယ့်ကိုယ်ကို တခြားသူနဲ့ ယှဉ်ဖို့ ဘယ်လိုတောင် သတ္တိရှိနေတာလဲ?"

ကောင်လေးက သူမကိုသံယောင်လိုက်ကာ ပြောလာသည်။ “ ကိုယ့်ကိုယ်ကို တခြားသူနဲ့ ယှဉ်ဖို့ ဘယ်လိုတောင် သတ္တိရှိနေတာလ?"

ကောင်မလေး - “…”

“ငါ့ကိုလိုက် မတုနဲ့"

"ငါ့ကိုလိုက် မတုနဲ့"

"ငါ့လိုအတု‌ခိုးခွင့်မပေးဘူး!"

"ငါ့လိုအတု‌ခိုးခွင့်မပေးဘူး!"

စုချန်ယန်မှာ မထိန်းနိုင်ဘဲ နည်းနည်း ရယ်ချင်သွားသည်။ သူမက လင်းယွီနား ကပ်ပြီး ချစ်စရာလေးလို့ ပြောချင်ပေမယ့် သူမ မပြောခင် လင်းယွီက သူမနားထဲပြောလာတာကို ကြားလိုက်ရသည်။ “မင်းက ချောတာ"

စုချန်ယန် - “…”

သူမရ့ ပါးတွေ နည်းနည်း ပူလာပြီး ခန္ဓာကိုယ်ကို ပြန်ရွှေ့လိုက်ကာ ပြောလိုက်သည်။ “ဒါကျွန်မ ရှင့်ကိုမေးချင်တာမဟုတ်ဘူး"

"ဘယ်သူက ပိုချောလဲ၊ ကိုယ်လား ရှုဟောက်လား?"

စုချန်ယန်က တိတ်တိတ်လေး ခေါင်းငုံ့လိုက်ပြီး ပြောလိုက်သည်။ "ရှင်က ပိုချောတယ်"

လင်းယွီက ပြုံးလိုက်ပြီး လက်မှတ်တွေ စစ်ရမယ်လို့ ပြောလိုက်သည်။

သူတို့နှစ်ယောက် လက်မှတ်စစ်ပြီးတာနဲ့ ဇာတ်ရုံထဲကို ဝင်သွားလိုက်သည်။ လင်းယွီက မတူညီတဲ့ နေရာငါးခုမှာ စုစုပေါင်း ထိုင်ခုံဆယ်နေရာ ခွဲထားတဲ့ စုံတွဲသီးသန့်ရုပ်ရှင်ရုံလက်မှတ်တွေကို ဝယ်ခဲ့သည်။

စုချန်ယန်က ထိုင်ခုံတွေကို မြင်တဲ့အခါ အံ့အားသင့်သွားပေမယ့် လင်းယွီက အလယ်ထိုင်ခုံနှစ်ခုံဆီ သူမကို ဆွဲခေါ်သွားသည်။ သူတို့ရှေ့က ထိုင်ခုံတွေ အများကြီးနဲ့ ဒီထိုင်ခုံတွေက ထူးဆန်းသည်။

"အစ်ကိုလင်း၊ ဘာလို့ ဒီထိုင်ခုံတွေဝယ်လိုက်တာလဲ?" စုချန်ယန်က တိုးတိုးလေးပြောလိုက်သည်။

လင်းယွီ -"ဒီမှာဆို ကိုယ်တို့အတွက် အနှောင့်အယှက်မဖြစ်ဘူးပေါ့"

"ဒါပေမယ့် ဒါက အိမ်မှာကြည့်တာနဲ့ မတူဘူးလား?"

“မတူဘူး။ ဒါက ဒိတ်လေ"

စုချန်ယန်က သဘောကျသွားပြီး မက်စ်ချွတ်ကာ ထိုင်ခုံမှာဝင်ထိုင်လိုက်သည်။

ရုပ်ရှင်စတော့ စုချန်ယန်က မတ်မတ်ထိုင်လိုက်သည်။

ရုပ်ရှင်ကြည့်နေတုန်းမှာ လင်းယွီက သူမရဲ့ဘယ်ဘက်လက်ကို တစ်ချိန်လုံး ဆုပ်ကိုင်ထားပြီး လုံးဝမလွှတ်ပေးချေ။

စုချန်ယန်က ဒါကို အာရုံစိုက်နေမိပြီး အလေးအနက်ထားမိပေမယ့် လင်းယွီရဲ့ တည်ရှိမှုက ပြင်းထန်လွန်းလှတယ်။ သူမက လင်းယွီနဲ့အတူ အမှန်တကယ်ရှိနေကြောင်း သိလိုက်ရတဲ့အခါ ရုပ်ရှင်ကို လုံးဝအာရုံမစူးစိုက်နိုင်တော့ပေ။

လင်းယွီလည်း ထိုနည်းလည်းကောင်းပင် ခံစားရပေမည်။ ဇာတ်ကားက ယွင်ရှောင်ရီ ကွယ်လွန်သွားတဲ့ ဇာတ်ဝင်ခန်းကို ပြလာတဲ့အခါ ပြဇာတ်ရုံမှာ ငိုသံတွေ ကြားလိုက်ရသည်။ နောက်တော့ စုချန်ယန်နဲ့ လင်းယွီတို့လည်း သစ်သားတွေလိုမျိုး တိတ်ဆိတ်သွားကြသည်။

စုချန်ယန် တစ်ဖက်လှည့်ကြည့်လိုက်တော့ လင်းယွီက သူမကို တလျှောက်လုံး စိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။ မျက်လုံးချင်းဆုံသွားတဲ့ အခိုက်အတန့်မှာ အကြည့်မခွာနိုင်တော့ပေ။

မှောင်ကာ တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်က တစ်စုံတစ်ခုဖြစ်ဖို့ အသင့်တော်ဆုံးဖြစ်သည်။

အဆုံးမှာ ဘယ်သူက အရင်ဆုံးလှုပ်ရှားလာလဲမသိလိုက်ပေမယ့် စုချန်ယန်ရဲ့ နှုတ်ခမ်းတွေက လင်းယွီရဲ့ နှုတ်ခမ်းတွေနဲ့ ထိသွားသည်။

သူတို့ သိပ်အကြာကြီး နီးနီးကပ်ကပ် မနေခဲ့ပေ။ လူချင်းခွာလို့ပြီးတော့ လင်းယွီက သူမရဲ့လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ သူမနားထဲ တိုးတိုးလေး ပြောလာသည်။ “ကိုယ်နောင်တရတယ်။ တကယ်တော့ ကိုယ်တို့မင်္ဂလာဆောင်ကို အရင်လုပ်လို့ရတာဘဲ"

စုချန်ယန်က ခဏလောက် စဉ်းစားလိုက်ပြီး သူ့နား နားကပ်ကာ ပြောလိုက်သည်။ "လက်မထပ်ခင် အတူနေတာကိုသဘောတူတယ်"

အမှောင်ထဲက လင်းယွီရဲ့ အသက်ရှူသံတွေက စူးရှလာခဲ့သည်။

All Chapters