← Chapters

အခန်း ၁၄၉

Vol. 12 Ch. 149

အခန်း ၁၄၉

Vol. 12 Ch. 149

လင်းယွီရဲ့အသက်ရှူသံ မြန်လာပြီး စုချန်ယန် ရဲ့လက်ချောင်းတွေကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။

"စုချန်ယန်" လင်းယွီ သွားကြားထဲကနေ စကားလုံးတွေကို ညှစ်ထုတ် ပြောလာသည်။ "ဒါက ကိုယ်တို့ပထမဆုံးချိန်းတွေ့တဲ့နေ့ပဲ"

စုချန်ယန်ရဲ့ပါးပြင်တွေ နီမြန်းလာပြီး ရုံထဲက မှိန်ပျပျအလင်းရောင်ကို အခွင့်ကောင်းယူကာ ဖုံးကွယ်ထားလိုက်သည်။ သူမက မျက်လွှာချပြီး တိုးတိုးလေး ပြောလိုက်သည်။ "သိပါတယ်၊ ဒါပေမယ့် ဒါက ရှင့်ကို ကျွန်မသဘောကျတဲ့ ပထမဆုံးနေ့တော့ မဟုတ်ဘူး"

မှုန်ဝါးတဲ့ ပတ်ဝန်းကျင်မှာ လင်းယွီရဲ့အသက်ရှုသံတွေက သိသိသာသာကို ရပ်တန့်သွားသည်။

စုချန်ယန်က သူမရဲ့ ပူလောင်နေတဲ့ ပါးပြင်တွေကို အေးမြသွားစေဖို့ မျှော်လင့်ရင်း ခေါင်းငုံ့လိုက်သည်။

"ရုပ်ရှင်ကြည့်ချင်သေးလား?" လင်းယွီက အသံနက်နက်နဲ့ မေးလိုက်သည်။

စုချန်ယန်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။ "အင်း"

"ဒါဆို စကားမပြောနဲ့"

“အိုး”

ရုပ်ရှင်ပြီးတဲ့အထိ နှစ်ယောက်လုံး စကားမပြောဖြစ်ကြပေမယ့် လင်းယွီရဲ့လက်က သူမလက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။

ရုပ်ရှင်ပြီးသွားတော့ ရုံထဲမှာ မီးတွေပွင့်လာပြီး လူတွေလည်း တဖြည်းဖြည်း ထွက်သွားကြသည်။ စုချန်ယန်လည်း မက်စ်တပ်လိုက်ပြီး လင်းယွီ‌နောက်ကနေ ရုပ်ရှင်ရုံထဲက လိုက်ထွက်လိုက်သည်။

လင်းယွီနောက်ကနေ လျှောက်လာရင်း အကြောင်းပြချက်မရှိ နီရဲနေတဲ့ သူ့နားရွက်တွေကို သူမ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သူမရဲ့ နှလုံးခုန်သံက နောက်ဆုံးမှာ ငြိမ်သက်သွားပြီးတော့ နောက်တစ်ခါ ထပ်တုန်ခါလာပြန်သည်။

သူမအတွက်ကတော့ ဒီညက အိပ်မက်တစ်ခုလို လှပလှသည်။ ညင်ညင်ဟာသာ ပုတ်ခံလိုက်ရခြင်းက ဒီအိပ်မက်ကို ဖြိုခွဲလိုက်သလို ခံစားလိုက်ရပြီး သူမဟာ လက်တွေ့ကမ္ဘာကို ပြန်သွားရလိမ့်မည်။

သူတို့က ရုပ်ရှင်ရုံကနေ တိတ်တဆိတ် ထွက်သွားကြပြီး လင်းယွီက စကားမပြောဘဲ ရှေ့ကိုဘဲ လျှောက်သွားသည်။

အေးစက်တဲ့လေက သူတို့ရဲ့မျက်နှာတွေဆီ တိုက်ခတ်လာပြီး အိပ်မက်လိုညကနေ လက်တွေ့ဘဝကို ပြန်ရောက်လာစေသည်။

"အိမ်ပြန်တော့မလား?" အချိန်အတော်ကြာ ရပ်နေပြီးမှ လင်းယွီကနေ အက်ရှရှအသံနဲ့ မေးလာသည်။

“အမ်း" စုချန်ယန်က ပြန်ဖြေလိုက်သည်။

လင်းယွီက စုချန်ယန်လက်ကို ဆုပ်ကိုင်လိုက်ပြီး သူ့အင်္ကျီအိတ်ကပ်ထဲ ထည့်လိုက်ကာ စုချန်ယန်နဲ့ ဘေးချင်းယှဉ်လျှောက်ဖို့ ခြေနှစ်လှမ်း နောက်ဆုတ်လိုက်သည်။

အေးစက်တဲ့လေက ညင်သာစွာ တိုက်ခတ်လာတဲ့အတွက်စုချန်ယန်ရဲ့ ခုန်နေတဲ့နှလုံးသားကို အေးမြစေသည်။

လင်းယွီက ညကောင်းကင်ကို မော့ကြည့်လိုက်ပြီး ခံစားချက်နဲ့ပြောလာသည်။ “နှင်းကျလို့ရှိရင်တော့"

စုချန်ယန်က သိချင်စိတ်နဲ့ မေးလိုက်သည်။ "နှင်းကြည့်ရတာ ကြိုက်တာလား?"

“တကယ်တော့ မဟုတ်ဘူး” လင်းယွီက သူမကို လှည့်ကြည့်လာပြီး သူ့မျက်လုံးတွေကတော့ အပြုံးမပျက်ပေ။ “နှင်းတွေကျရင် နှင်းပွင့်တွေက မင်းအပေါ်ကို ကျလာလိမ့်မယ်။ အဲ့ဒီအခါကျရင် ကိုယ်က လူကြီးလူကောင်းဟန်ဆောင်ပြီး နှင်းတွေဖယ်ပေးရင် မင်းရဲ့ ဆံပင်နဲ့ ပါးတွေကိ ထိဖို့ အခွင့်အရေးရတာပေါ့"

စုချန်ယန်နှလုံးမှာ ရုတ်တရက် မြန်လာခဲ့သည်။ "ရှင်အရင်ကရော တခြားသူတွေကို စကားချိုချိုလေးတွေ ပြောဖူးလား?"

လင်းယွီက သူမကိုနားမလည်သလို ကြည့်လိုက်သည်။ "ဒါက စကားချိုချိုလေးလား? ကိုယ်က ကိုယ့်ရဲ့ တကယ့်အတွေးကို ဖော်ပြနေတာလေ။ ကိုယ့်မှာ မင်းနဲ့ပတ်သက်တဲ့ ဒီအတွေးတွေဘဲရှိတယ် နှင်းတွေထဲမှာ မင်းကို ဖက်ထားလို့ရရင် ပိုကောင်းမှာ"

"ဒါဆို ရှင်က စကားချိုချိုပြောတဲ့နေရာမှာ သဘာဝကျကျ ကျွမ်းကျင်နေတာဖြစ်မယ်"

လင်းယွီက ပြုံးပြီး ဖြေလိုက်သည်။ “ဖြစ်နိုင်တယ်။ အီတလီလူမျိုးတွေက အချစ်ဇာတ်လမ်းကို သဘောကျကြတယ်လို့ ပြောကြတယ်။ မင်းကောလိပ်ဝင်ခွင့်စာမေးပွဲပြီးရင် ကိုယ်နဲ့အတူ အီတလီမှာ နှင်းတွေသွားကြည့်မယ် ပြီးတော့.... ကိုယ့်အမေနဲ့ တွေ့ကြမယ်"

သူက လူကြီးတွေကိုပါပြောလာတော့ စုချန်ယန်ရဲ့ရင်ထဲမှာနည်းနည်းစိုးရိမ်သွားသည်။

ဒါက သူတို့နှစ်ယောက်ရဲ့ ပထမဆုံးချိန်းတွေ့တဲ့နေ့ဖြစ်ပြီး အနာဂတ်မှာလည်း မရေရာမသေချာမှုတွေရှိနေမှန်း သူမသိပေမယ့် သူမ လင်းယွီရဲ့ လွှမ်းမိုးမှုကို ခံနေရ ပုံ‌ပေါ်ပြီး သူနဲ့အတူ အနာဂတ်ကို အခိုင်အမာယုံကြည်နေမိပြန်သည်။

လင်းယွီက ပြဿနာအားလုံးကို ကိုင်တွယ်ဖြေရှင်းမှာဖြစ်ပြီး စုချန်ယန် လုပ်ရမှာကတော့ သူ့ဘေးမှာ အခိုင်အမာ ရပ်တည်ပေးဖို့ဘဲဖြစ်သည်။

စုချန်ယန် ခေါင်းမော့ပြီး စိတ်ပိုင်းဖြတ်ထားတဲ့ မျက်လုံးတွေနဲ့ ပြောလာသည်။ "အခုကစပြီး ကျွန်မ အီတလီစကားသင်သင့်လားဟင်?"

"မလိုပါဘူး အမေက တရုတ်စကားနားလည်တယ်"

သို့ပေမယ့်လည်း စုချန်ယန်အနေနဲ့ အီတလီကို သင်ယူနေသင့်တယ်လို့ သူမ ခံစားရသည်...

စုချန်ယန် အတွေးထဲ နစ်မြောနေတာကို မြင်တော့ လင်းယွီက သူမကို ကြည့်ပြီး မေးလိုက်သည်။ "ဘာတွေတွေးနေတာလဲ?"

ညရဲ့လေထုက လှပလွန်းတဲ့အတွက် စုချန်ယန်မှာ သူမကိုယ်သူမ မေ့သွားကာ သူမအတွေးတွေကို ထုတ်ပြောမိလိုက်သည်။ "အနာဂတ်မှာ ကျွန်မ အီတလီစကားကို သင်ထားသင့်တယ်လို့ တွေးနေတာ။ နောင်ကျ သားသမီးတွေရှိလာရင် သူတို့က တရုတ်စာကိုဘဲ သင်ပြီး အီတလီစကားကို ကောင်းကောင်းမသင်ရင် ဘယ်လိုလုပ်မလဲ?"

လင်းယွီရဲ့ မျက်ခုံးတွေက ခဏလောက် တွန့်ကွေးသွားပြီး နောက်တော့ ခပ်တိုးတိုးလေး ရယ်လိုက်သည်။

စုချန်ယန်က လေးလေးနက်နက် တွေးနေပေမယ့် လင်းယွီက ရယ်နေသည်။ သူမက သူ့ကို မကျေမနပ်နဲ့ ကြည့်လိုက်ပြီး ပြောလိုက်သည်။ “ကျွန်မ အကောင်းပြောနေတာ"

လင်းယွီ - “Missစု၊ ဒါက ကိုယ်တို့တွဲတဲ့ ပထမဆုံးနေ့ဆိုတာ မင်းကို သတိပေးဖို့လိုသေးလား?"

စုချန်ယန် - “…”

နောက်အခိုက်အတန့်မှာ စုချန်ယန်တစ်ယောက် နေရာမှာဘဲ အေးခဲသွားပြီး သူမရဲ့ပါးပြင်တွေဟာလည်း သွေးထွက်လုမတတ် ကြောက်မက်ဖွယ်အရှိန်နဲ့ နီရဲလာသည်။

သူမ ဘာပြောနေတာလဲ?

သူမ ဘာလုပ်နေတာလဲ!

သူမ ရူးသွားတာလား?

"ကျွန် ကျွန်မက ဒီတိုင်း လိုက်ပြောရုံပဲ! ရှင် ရှင်...."

လင်းယွီ မထိန်းနိုင်တော့ပေ။ ရှက်ရွံ့မှုကြောင့် မော့တောင် မကြည့်ရဲတော့တဲ့ မျက်လုံးတွေကို သူငုံ့ကာ ဖွဖွလေးနမ်းလိုက်သည်။

"ကိုယ့်အတွက်တော့ မင်းအချစ်တွေကို ယူသွားမယ့် ကလေးတစ်ယောက် မလိုချင်ပေမယ့် မင်းလိုချင်ရင်တော့ ကိုယ်လက်ခံနိုင်ပါတယ်"

"တော်တော့!” စုချန်ယန်က ရုတ်တရက် သူမမျက်နှာကို လက်တွေနဲ့ အုပ်လိုက်ပြီး သူ့စကားတွေကြောင့် ရှက်သွားသည်။

လင်းယွီက တဖြည်းဖြည်း ရယ်နေပြီး သူမလက်ကို ကိုင်ကာ လူစည်ကားတဲ့ လမ်းမပေါ်မှာ လျှောက်လာကြသည်။

မြို့တော်ရဲ့ နီယွန်မီးရောက်တွေက ၎င်းတို့အပေါ် ဖြာကျနေပြီး အလုပ်များလှတဲ့ ကမ္ဘာကြီးကလည်း နောက်ခံကားလိပ်ဖြစ်လာသည်။

စုချန်ယန်အနေနဲ့ သူမရဲ့ တစ်သက်တာမှာ ဒီထက်ပို လှပတဲ့ အခိုက်အတန့်တစ်ခု ရှိလာလိမ့်ဦးမယ်လို့ စိတ်မကူးထားပါချေ။

ရှိလာလိမ့်ဦးမယ်လို့ လင်းယွီက သူမကို အာမခံထားသည်။

စုချန်ယန်ရဲ့ အနာဂတ်က လက်ရှိအခိုက်အတန့်ထက်ပင် ပိုပြီးကောင်းမွန်နေပေလိမ့်မည်။

အိမ်တံခါးဝဆီ ကားရောက်လာတဲ့အခါ ဆယ့်တစ်နာရီ ထိုးခါနီးပြီ ဖြစ်သည်။

စုချန်ယန်က ထိုင်ခုံခါးပတ်ကို ချွတ်လိုက်ပြီး ဒါရိုင်ဘာထိုင်ခုံက လင်းယွီကို လှမ်းကြည့်ကာ ပြောလိုက်သည်။ "ကျွန်မ အရင်ဝင်ရမလား?"

လင်းယွီက သူမကို ခဏလောက် စိုက်ကြည့်လိုက်ပြီး နောက်ဆုံးမှာ ပြောလာသည်။ "ရှင်းရှို့ ဆီက စာအတွက် မင်းမှာဘာအစီအစဉ်ရှိလဲ?"

ဒီမေးခွန်းအတွက် စုချန်ယန် စဉ်းစားထားပြီးသားပင်။

သူ့ခံစားချက်တွေကို ဖော်ပြရာမှာ ရှင်းရှို့ရဲ့ ရဲစွမ်းသတ္တိကို သူမ သဘောကျပေမယ့် တကယ်တော့ သူ့ကို သူမ မကြိုက်ပါချေ။ စာကို မဖွင့်ရသေးတဲ့ အကြောင်းရင်းမှာ နှစ်ခွဖြစ်တာ‌ကြောင့်ပင်။

တစ်ဖက်တွင်မှာ သူမနဲ့ ရှင်းရှို့တို့ ပြန်တွေ့ရမယ့် အခွင့်အရေးမရှိတော့တာကြောင့် စာကိုဖတ်ပြီးတဲ့အခါ သူမကိုယ်သူမ ဘယ်လိုကိုင်တွယ်ရမလဲဆိုတာနဲ့ ပတ်သတ်ပြီး သူမ အရမ်းစိုးရိမ်နေသည်။

တစ်ဖက်မှာ‌တော့၊ သူမသာ လအနည်းငယ်အတွင်း ကုမ္ပဏီနဲ့ စာချုပ်ချုပ်ပြီး ရှင်းရှို့ကလည်း သူမကို သဘောကျနေသေးမယ်ဆိုရင်၊ သူမက သူ့ကို ကြိုက်ဖို့ အခွင့်အရေးပေးကာ သူ့ကိုကြိုက်ဖို့ သူမကြိုးစားနိုင်တာကြောင့် တစ်နှစ်ကြာလောက်မှ စာကိုဖတ်ရန် သူမစီစဉ်ထားသည်။

ဒါပေမယ့် သူမရဲ့ နှလုံးသားက လမ်းကြောင်းလွဲသွားပြီး လင်းယွီကို ချစ်မိသွားလိမ့်မယ်လို့ သူမ မမျှော်လင့်ထားခဲ့ပေ။

စုချန်ယန် - "ရှောင်ရှို့ရဲ့ ရဲရင့်တဲ့ ချစ်ခြင်းမေတ္တာက သူ့ရဲ့ပွင့်လင်းတဲ့ စိတ်သဘောထားကို ရောင်ပြန်ဟပ်နေရလိမ့်မယ်။ ကျွန်မအပေါ်ထားတဲ့ သူ့ရဲ့ချစ်ခင်မှုက သူ့ဘဝရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းတစ်ခုပဲ၊ ဒါကြောင့် ဒီစာကို ဘယ်လိုကိုင်တွယ်ပါစေ အရေးမကြီးဘူး"

စုချန်ယန်ရဲ့အဖြေက ကျေနပ်စရာကောင်းလားမသိပေမယ့် လင်းယွီ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။ "ဝင်တော့။ စောစောအနားယူ၊ မနက်ဖြန် မနက်ကျရင် ကိုယ်မနက်စာယူလာပေးမယ်"

"ကောင်းပြီ ရှင်လည်း စောစောအနားယူသင့်တယ်"

"ဂွတ်ဒ်နိုက်"

"အင်း!"

လင်းယွီ နှုတ်ဆက်လို့ပြီးတော့ စုချန်ယန် ဗီလာထဲ၀င်သွားသည်။

ရှောင်လုက ဆိုဖာပေါ်မှာထိုင်ကာ တိုက်ခိုက်ရေးဂိမ်းကစားနေသည်။ စုချန်ယန် ဝင်လာတာကို သူမမြင်တော့ အံ့သြတဲ့အမူအရာနဲ့ ဂိမ်းကို ရပ်လိုက်ပြီး ဂိမ်းနှိပ်တဲ့ခလုတ်ကို ချလိုက်ကာ မေးလိုက်သည်။ "ဘာလို့ ပြန်လာတာလဲ?"

ရှောင်လုရဲ့ လေသံမှာ အံ့ဩခြင်းတွေနဲ့ ပြည့်နှက်နေသည်။

စုချန်ယန်က နားမလည်စွာနဲ့ မေးလိုက်သည်။ "ဘာလို့ ငါပြန်လို့မရတာလဲ?"

“နင်နဲ့ ငါ့ဝမ်းကွဲအစ်ကိုတို့ … ဒီည နင် သူနဲ့အတူနေမယ်လို့ ငါထင်ထားတာ"

စုချန်ယန် ရဲ့အမူအရာက တည်ငြိမ်နေပြီး "မစ္စတာလင်းနဲ့ ငါက မတွဲနေဘူး၊ ဘာလို့ ငါက သူနဲ့အတူနေရမှာတာလဲ?"

သူမပြောတဲ့အချိန်မှာ သူမရဲ့လေသံက အရမ်းကို မထူးခြားနားဖြစ်နေသည်။

သူမရဲ့ မျက်နှာအမူအရာ တစ်ခုခုဖြစ်နေတာကို သတိထားမိပြီး ရှောင်လုရင်ထဲ နည်းနည်းတင်းကြပ်သွားကာ သိချင်စိတ်နဲ့ မေးလိုက်သည်။ "နင် ငါ့ဝမ်းကွဲအစ်ကိုနဲ့ ရန်ဖြစ်လာတာလား?"

စုချန်ယန်က သူမကို ဖြတ်ခနဲကြည့်လိုက်ပြီး ဆိုဖာပေါ်မှာ ထိုင်လိုက်ကာ မျက်လုံးတွေကို လက်နဲ့အုပ်လိုက်သည်။

“မဟုတ်ဘူး၊ နင်ပြောတာ မှန်တယ်လို့ ငါထင်တယ်။ သူ့မိဘတွေက ငါ့ကိုလက်မခံဘူးဆိုတာ သိနေတာကို ငါကဘာလို့အချိန်ဖြုန်းနေသင့်မှာလဲ? ရှောင်လု၊ ငါစဉ်းစားပြီးပြီ။ လောလောဆယ်တော့ မစ္စတာလင်းကို ငါမတွေ့ချင်သေးဘူး…”

“မလုပ်နဲ့! ဒီလိုမလုပ်နဲ့လေ!" ရှောင်လု စိတ်ပူသွားသည်။ “ငါ့ဝမ်းကွဲအစ်ကို သေချာပေါက် နည်းလမ်းရှာလိမ့်မယ်။ ချက်ချင်းကြီး လက်မလျော့လိုက်ပါနဲ့။ ငါ့ဝမ်းကွဲအစ်ကိုက အဲဒါကို ဖြေရှင်းနိုင်တယ်၊ သူ့ကို ယုံပါ…”

“သူ ဘယ်လို ဖြေရှင်းမှာလဲ? သူ့မိဘတွေနဲ့ အဆက်အသွယ် ဖြတ်ပြီးတော့လား?"

ရှောင်လုရဲ့မျက်နှာက စိုးရိမ်မှုကြောင့် နီရဲလာသည်။ "ငါ့ဝမ်းကွဲအစ်ကိုက အရမ်းထက်မြက်တယ်၊ သူသေချာပေါက် နည်းလမ်းရှာလိမ့်မယ်... အဲဒါ ငါ့အမှားပဲ! စကားအများကြီး မပြောခဲ့သင့်ဘူး။ ငါ့ဝမ်းကွဲအစ်ကိုမှာ နောက်ထပ်အစီအစဉ်တစ်ခုရှိလိမ့်မယ်…”

“ဖွီ…” စုချန်ယန်မှာ အကြာကြီး မအောင့်ထားနိုင်တော့ဘဲ မျက်လုံးကို အုပ်ကာ ရယ်လိုက်သည်။

ရှောင်လုမှာ အံ့ဩသွားသည် - "?"

“ဖူး ဟားဟားဟား…” စုချန်ယန်မှာ ထိန်းမနိုင်တော့ဘဲ ဆိုဖာပေါ် လှဲနေရင်း ခေါင်းအုံးကို လက်နှစ်ဖက်နဲ့ ဖက်လိုက်ကာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

ရှောင်လုက သူမကို အံသြတဲ့အမူအရာနဲ့ ကြည့်နေကာ တုံ့ပြန်ဖို့ အချိန်အတော်ကြာ ယူလိုက်ရသည်။ စုချန်ယန်က သူမကို စနေမှန်း သဘောပေါက်သွားပြီး ရှောင်လုက စုချန်ယန်အပေါ် ခုန်တက်ကာ ပြောလိုက်သည်။ "နင်၊ စုချန်ယန် ဘယ်လိုတောင် ငါ့ကို လှည့်စားရဲတာလဲ!"

ဆိုဖာထဲမှာ အသဲအသန် ပုန်းနေတဲ့ စုချန်ယန်ကို ရှောင်လုက ကလိထိုးဖို့ ကြိုးစားလိုက်သည်။

"လုပ်စမ်းပါ! အမှန်အတိုင်းပြော၊ နင်နဲ့ ငါ့ဝမ်းကွဲအစ်ကိုကြား ဘာဖြစ်ခဲ့လဲ?" ရှောင်လု တိုက်တွန်းလိုက်သည်။

စုချန်ယန်ရဲ့ ပါးတွေဟာ ရယ်နေတာကြောင့် နီရဲလာသည်။ "ဒါက နင်လျှို့ဝှက်ချက်ကို မထိန်းနိုင်ဘဲ ငါ့ကိုတစ်နေ့လုံး အဆင်မပြေဖြစ်အောင်လုပ်လို့"

ရှောင်လုက သူမမှားမှန်းသိတာကြောင့် စုချန်ယန်ကို ဆိုဖာပေါ်ကနေ ဆွဲထလိုက်သည်။ “ဒါက မတော်တဆဖြစ်တာပါ။ ငါ့ကို လှည့်စားတာကို ရပ်ပြီး မြန်မြန်ပြောပြ၊ နင်နဲ့ ငါ့ဝမ်းကွဲအစ်ကိုတို့ကြား ဒီည ဘာဖြစ်ခဲ့လဲ? ငါ့ဝမ်းကွဲအစ်ကိုသာ သိသွားရင် သူ့ရဲ့အချစ်ဦးမစခင် ငါ့ကို အီတလီဆီ ပြန်ကန်ထုတ်လိုက်လိမ့်မယ်"

စုချန်ယန်မှာ အသက်ရှူဖို့ ရုန်းကန်နေရသည်။ "အခုချိန်ကစပြီး ငါက နင့်ရဲ့ယောင်းမတစ်ဝက်ဘဲ"

ရှောင်လုက အံ့အားသင့်သွားပြီး စုချန်ယန်ရဲ့ ပုခုံးတွေကို ချက်ချင်းဖက်လိုက်ကာ စိတ်လှုပ်ရှားစွာနဲ့ မေးလိုက်သည်။ "နင် ငါ့ဝမ်းကွဲအစ်ကိုနဲ့ တွဲနေပြီလား?"

ရှောင်လုရဲ့ ပြင်းထန်တဲ့တုံ့ပြန်မှုကို ကြည့်ပြီး စုချန်ယန် နည်းနည်း ရှက်သွားသည်။ အစက ရှောင်လုကို ချက်ချင်းမပြောဘဲ သူမကို ရက်နည်းနည်းလောက် စိတ်ပူအောင်လုပ်ဖို့ စီစဉ်ထားပေမယ့် သူမ မအောင့်နိုင်တော့ပေ။

"ဟုတ်တယ် ငါတို့တွဲနေပြီ"

"အိုဘုရားရေ! ငါက နင့်ရဲ့ယောင်းမဘဲ!" ရှောင်လုက အော်လိုက်သည်။

ဧည့်ခန်းထဲမှာ ရှောင်လုနဲ့ နာရီဝက်လောက် ကစားပြီးတော့ လန်းဆန်းသွားစေဖို့ စုချန်ယန် ထလိုက်သည်။

အခန်းထဲပြန်ရောက်လာတော့ သိပ်မကြာခင်တုန်းက ညအိပ်ရာမဝင်ခင် ပြတင်းပေါက်‌တွေကို ပိတ်ဖို့ လင်းယွီပို့လာတဲ့မက်ဆေ့ခ်ျကို တွေ့လိုက်ရသည်။

စုချန်ယန်က စာနှစ်ကြောင်းပြန်လိုက်ပြီး အခုထိ စာမပြန်လာသေးတော့ လင်းယွီ နားနေပြီလို့ ခန့်မှန်းလိုက်သည်။

စုချန်ယန်က ဖုန်းကိုချပြီး ဗီရိုဆီ လျှောက်သွားလိုက်ကာ အထဲက သေတ္တာတစ်လုံးကို ထုတ်လိုက်သည်။

သေတ္တာကိုဖွင့်လိုက်တော့ အဲ့ဒီညက သူမနဲ့ လင်းယွီတို့ လက်ဖဝါးကြားမှာ အကြာကြီး ကိုင်ထားခဲ့တဲ့ ချောကလက် အပါအဝင် စုချန်ယန် မြတ်နိုးရတဲ့ ရတနာလေးတွေ အများကြီးရှိသည်။

သူမ ခေါက်ထားတဲ့ စာရွက်လေးတစ်ရွက်ကို ထောင့်စွန်းကနေ ကောက်ကိုင်လိုက်သည်။ စာရွက်ကို ကောင်းကောင်း ကာကွယ်ထားပြီး ပျက်စီးတဲ့လက္ခဏာမပြပေ။

စုချန်ယန် သေတ္တာကို ချလိုက်ပြီး စာရွက်ပေါ်က ရဲရင့်တဲ့ လက်ရေးစာကြောင်း နည်းနည်း ပါတဲ့ စာရွက်ကို လှန်လိုက်သည် -

[စုချန်ယန် ဒီစာကို မင်းဖတ်တဲ့အချိန် လနည်းနည်းလောက်ကြာလောက်ပြီ မဟုတ်လား?

ဒါက နည်းနည်းကြုံရာကျပန်းဖြစ်နိုင်ပေမယ့် ဒီစာကို မင်းချက်ချင်း ဖွင့်လောက်မှာ မဟုတ်ဘူးလို့ ခံစားရတယ်။ ငါ့ခံစားချက်တွေကို ဘယ်လိုငြင်းရမလဲဆိုတာ မင်းမသိတော့ နည်းနည်းတော့ စိတ်ရှုပ်သွားနိုင်လောက်တယ် မဟုတ်လား?

အဲ့ဒါက အဆင်ပြေပါတယ်လို့ ငါပြောချင်တယ်။ တကယ်တော့ မင်း ဝမ့်ကျင့်ရွာကို မရောက်ခင်မင်းရဲ့ ဇာတ်လမ်းကို အွန်လိုင်းမှာ မတော်တဆ တွေ့လိုက်ရတယ်။ ငါ မင်းကို သဘောကျတယ်၊ လေးစားတယ်၊ ဒါပေမယ့် မင်းကို ဒီမှာဘဲထားဖို့ ငါမရည်ရွယ်ထားဘူး၊ ဒါကြောင့် မင်းရဲ့အချိန်တွေကို ငါဖြုန်းမိမှာ မစိုးရိမ်ပါနဲ့။ ဒါပေါ့ မင်းငါ့အတွက် ဝမ့်ကျင့်ရွာကို လာဖို့ ဆန္ဒရှိရင်တော့ ငါအရမ်းပျော်သွားမိလိမ့်မယ်"

နောင်အနာဂတ်မှာ ငါမင်းကို အမြဲအာရုံစိုက်နေမယ်၊ မင်းကိုလေးစားနေမယ်၊ မင်းကို ကောင်းချီးပေးနေမယ်ဆိုတာ မင်းကို အသိပေးဖို့ ဒီစာကိုရေးတာပါ။

နောက်ဆုံးမှာ မင်းရဲ့ချစ်ရသူနဲ့အတူ ရေတွင်းနတ်ဘုရားရဲ့ ကောင်းချီးမင်္ဂလာတွေကို ခံယူလို့ ဝမ့်ကျင့်ရွာကို ပြန်လာမယ်ဆိုရင်လည်း မင်းကို ကြိုဆိုနေမှာပါ]

စာရွက်ပေါ်က ရေးထားတဲ့ စာကြောင်းနည်းနည်းကို ဖတ်ပြီးတော့ စုချန်ယန်မှာ အတော်ကြာတဲ့အထိ အတွေးထဲ နစ်မြုပ်သွားသည်။

ရှောင်ရှို့ရဲ့ စကားတွေက သူကိုယ်တိုင်လိုပဲ ရဲရင့်ပြီး ပွင့်လင်းသည်။

သူမသာ လင်းယွီနဲ့ မဆုံတွေ့ခဲ့ဘဲ ရှောင်ရှို့နဲ့ နှစ်ရက်ထက်ပိုပြီးအချိန် ကုန်ဆုံးခဲ့ရရင် စုချန်ယန်လည်း သူ့အတွက် ဝမ့်ကျင့်ရွာမှာနေဖို့ ဆန္ဒရှိနေပေလိမ့်မည်။

ဒါပေမယ့် လင်းယွီက သူမနှလုံးသားထဲက အရေးကြီးတဲ့နေရာကို ဆုပ်ကိုင်ထားတဲ့အတွက် အဆုံးမှာ သူနဲ့အတူ မရှိနေနိုင်ရင်တောင်မှ လင်းယွီအတွက် သူမရဲ့ ခံစားချက်တွေက ဘယ်တစ်ဦးတစ်ယောက်အတွက် ဘယ်တော့မှ ထပ်ပြီး မရှိနိုင်တော့ဘူးဆိုတာ သူမသေချာသည်။

စုချန်ယန်က စာကို သေသေသပ်သပ် ခေါက်ပြီး အရင်အတိုင်း ပြန်ထည့်ထားလိုက်သည်။

All Chapters