အခန်း ၁၅၀
Vol. 12 Ch. 150
နောက်တစ်နေ့မှာ "မင်းသား တွေကို အမိန့်ပေးဖို့ ဧကရာဇ်မင်းမြတ်ရဲ့အာဏာကိုသုံး" ကာ သူမကိုလှည့်စားတဲ့အတွက် စုချန်ယန်ကို သုံးပြီး သူမရဲ့ဝမ်းကွဲအစ်ကိုကို စားပွဲကြီးကြီး ကျွေးခိုင်းသည်။
ရလဒ်အနေနဲ့ သူမက စုချန်ယန်နဲ့ လင်းယွီတို့ထက် ပိုလို့တောင် ပျော်နေသည်။ သူမ အသောက်များသွားပြီး သတိလစ်သွားသည်။ သူမပြန်လာတဲ့အခါ စုချန်ယန်က သူမကို ပြုစုလိုက်ရသည်။
လင်းယွီနဲ့ သူမရဲ့ဆက်ဆံရေးက အရင်ကနဲ့ သိပ်မကွာပါချေ။ အလုပ်ချိန်အတွင်း လင်းယွီက တင်းကြပ်ဆဲဖြစ်ပြီး စုချန်ယန်အစား နည်းနည်းထပ်စားတဲ့အခါ သူမကို ညင်သာစွာနဲ့ ပြစ်တင်ကြိမ်းမောင်းသည်။ ဒါပေမယ့် ဘေးနားမှာ ဘယ်သူမှ မရှိတဲ့အခါဆို စုချန်ယန်ပျော်ရွှင်စေမယ့် နည်းလမ်းကို သူရှာလိမ့်မည်။
ပထမတုန်းက စုချန်ယန်မှာ ဒေါသထွက်ရတာကို မကြိုက်ပေ။ သူမစိတ်ဆိုးနေရင် လင်းယွီနဲ့ ရင်ဆိုင်ရမယ့် နေနေသာသာ မိနစ်နည်းနည်းကြာတာနဲ့ တည်ငြိမ်သွားလိမ့်မည်။ သူ့မျက်နှာကို ကြည့်လိုက်ရုံနဲ့ စုချန်ယန် ဒေါသတွေက ပြေပျောက်သွားလိမ့်မည်။
နှစ်ရက်ကြာ အနားယူပြီးတဲ့နောက်မှာ လင်းယွီက သူမနောက်ကို လိုက်ဖို့ လက်ထောက်တစ်ယောက် ငှားပေးသည်။
လင်းယွီအနေနဲ့ သူမနဲ့အတူ တစ်ချိန်လုံး မနေနိုင်ပါချေ။ တခါတလေ သူက သူမကို တစ်ချက်လာကြည့်ပြီး တခြားသူတွေအတွက် အစားအသောက်နဲ့ နို့လက်ဖက်ရည်အချို့ ယူလာကာ စုချန်ယန်ကို ဂရုစိုက်ပေးဖို့ ပြောသည်။
ဒီဒရာမာရိုက်ကူးရေးက သုံးလကြာမြင့်ခဲ့ပြီး နှစ်သစ်ကူးမတိုင်ခင်မှာပဲ ပြီးဆုံးသွားသည်။ ပြီးသွားတဲ့နေ့မှာ ရိုက်ကူးရေး အဖွဲ့သားအားလုံးက ဟော့ပေါ့ညစာစားဖို့ စုရုံးကြပြီး လင်းယွီလည်း အပြေးအလွှားရောက်လာသည်။
ဟော့ပေါ့အိုးက အငွေ့တွေက လေထဲက အေးမြမှုကို တွန်းလှန်ပေးသည်။ အားလုံးရဲ့ မျက်နှာတွေက ရွှင်မြူးမှုတွေနဲ့ ပြည့်နှက်နေသည်။ သရုပ်ဆောင်တွေနဲ့ ဝန်ထမ်းတွေက အတူတကွ စကားစမြည်ပြောကာ သောက်စားကြပြီး အသက်ဝင်တဲ့လေထုကို ဖန်တီးကြသည်။
"ချန်ယန် မင်းက အံ့သြစရာပဲ! Weibo မှာ ရိုက်ကူးရေးပြီးသွားလို့ ပို့စ်တင်လိုက်တာ ချက်ခြင်းပဲ hot topic ဖြစ်လာတယ်" လက်ထောက်ဒါရိုက်တာက သူ့ဖန်ခွက်ကို မြှောက်လိုက်ပြီး မျက်လုံးတွေ ပိတ်တဲ့အထိ ရယ်လိုက်သည်။
" ငါတို့ ချန်ယန်က ဘယ်သူမို့လို့လဲ? အပြင်ထွက်ပြီး ရုပ်ရှင်သွားကြည့်ရင်တောင် hot topic ဖြစ်နိုင်တာ"
စုချန်ယန်က ရှက်ရွံ့စွာနဲ့ ပြုံးပြီး ပြောလိုက်သည်။ "ဒါကြောင့် ကျွန်မ ပြည်သူ့ အရင်းအမြစ်တွေကို ယူနေတယ်လို့ အမြဲတမ်း ဝေဖန်ခံနေရတာလေ"
လင်းယွီက သူမရဲ့ ညာဘက်ခြမ်းမှာထိုင်ကာ သူမအတွက် အဆီများတဲ့ အမဲသားတစ်ပိုင်းယူလိုက်ပြီး သူမပန်းကန်လုံးထဲ ထည့်လိုက်သည်။
“ဒါက မင်းနာမည်ကြီးကြောင်း သက်သေပြနေတာဘဲ။မင်းအရင်ကသရုပ်ဆောင်ခဲ့တဲ့ <Sludge> ဇာတ်ကားကလည်း Flying Fish Award ကို ရခဲ့သေးတယ်။ မင်းလည်း စကာတင်စာရင်းထဲ ဝင်ခဲ့တယ်မဟုတ်ဘူးလား?
<Sludge> ထွက်ရှိပြီးတဲ့နောက်၊ အဲ့ဒီဇာတ်ကား၏ ယခုနှစ်အတွင်း Box Office မှာ အံ့အားသင့်စရာဖြစ်လာခဲ့သည်။ စုချန်ယန် သရုပ်ဆောင်ထားတဲ့ ယွင်ရှောင်ရှီဇာတ်ကောင်မှာ နိုင်ငံရဲ့ အချစ်ဦးအဖြစ် ချီးကျူးခံခဲ့ရသည်။
Netizens တွေက သူမကို အကောင်းဆုံးသရုပ်ဆောင်ဆုနဲ့ အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆု Flying Fish Award ဆုရခဲ့သူနှစ်ယောက်နဲ့အတူ လူကြိုက်အများဆုံး ထိပ်တန်းဇာတ်ကောင် သုံးဦးထဲမှ တစ်ဦးအဖြစ် Netizens တွေက မဲပေးခဲ့ကြသည်။
"အရင်က မင်းကို မကောင်းကြံခဲ့တဲ့ ထျန်းရုန်ကို မှတ်မိသေးလား? ယွင်ရှောင်ရီ ဇာတ်ရုပ်အတွက် သူက ပိုသင့်လျော်ကြောင်း ဒီတလော သတင်းထုတ်ပြန်ချက်တစ်ခုကိုဝယ်ခဲ့ပြီးတော့ နေရာတိုင်းမှာ ကောလဟာလတွေဖြန့်နေတယ်။ သူ့အနေနဲ့ comeback လုပ်ချင်ပေမယ့် အင်တာနက်သုံးစွဲသူတွေရဲ့ ဝေဖန်တာကို ခံလိုက်ရပြီး ပြန်တွန်းထုတ်ခံလိုက်ရတယ်လေ"
စုချန်ယန်က မသက်ဆိုင်တဲ့လူတွေအကြောင်းပြောတာကို မကြိုက်တာကြောင့် ခေါင်းငုံ့ကာ နှုတ်ဆိတ်နေသည်။
လင်းယွီက သူမကို တစ်ချက်ကြည့်လိုက်ပြီး ခွက်ထဲလက်ဖက် ရေနွေးကြမ်းလောင်းထည့်ကာ မတ်တပ်ရပ်လိုက်တော့ လူတိုင်းက ငြိမ်သက်သွားကာ သူတို့အကြည့်တွေက သူ့ဆီ ရောက်လာကြသည်။
"ဒီရက်ပိုင်း ချန်ယန်ကို ဂရုစိုက်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ဝိုင်အစား ရေနွေးကြမ်းတစ်ခွက်နဲ့ ကျေးဇူးတင်ပါတယ်" လင်းယွီက ခေါင်းကိုမော့ပြီး ရေနွေးကြမ်းကို သောက်လိုက်ကာ စကားစမြည်ပြောနေတာကို အဆုံးသတ်လိုက်သည်။
"မစ္စတာလင်း၊ မင်းမှားနေပြီ။ မင်း ငါတို့ကို ဘာစကားတစ်ခွန်းမှ မပြောဘဲ တိတ်တိတ်လေး ချိန်းတွေ့နေတာကြာပြီ၊ အဲ့ဒါကို ရေနွေးကြမ်းတစ်ခွက်ပြီး ပြီးလိုက်လို့ရမယ် ထင်နေတာလား?"
စုချန်ယန်နဲ့ လင်းယွီတို့ တွဲနေတဲ့ ကိစ္စဟာ သူတို့ပတ်ဝန်းကျင်က လူတွေကို တမင်တကာ ဖုံးကွယ်ထားခြင်းမရှိပေ။ စုချန်ယန်က အစပိုင်းမှာ သိုသိုသိပ်သိပ်နေချင်ပေမယ့် လင်းယွီကတော့ လုံးဝဂရုမစိုက်ပေ။ သူ့ပတ်ဝန်းကျင်မှာ တခြားသူတွေ ရှိလားဆိုတာ မစဉ်းစားဘဲ သူလုပ်ချင်တာကို လုပ်သည်။
အခြားသူတွေက သူတို့ကြား တစ်ခုခုရှိတာကို သတိထားမိပေမယ့် စုချန်ယန်နဲ့ ခေါင်းဆောင် မင်းသားတို့ နီးနီးကပ်ကပ် သရုပ်ဆောင်ရမယ့် scene ကို ထည့်ဖို့ ဇာတ်ညွှန်းရေးဆရာက ပြင်းပြင်းထန်ထန် အကြံပြုတဲ့အခါ စုချန်ယန်က ငြင်းခဲ့တဲ့အထိ သတိမထားမိကြသေးပေ။
ဇာတ်ညွှန်းရေးဆရာက အရှုံးမပေးဘဲ စုချန်ယန်ကို ပရော်ဖက်ရှင်နယ် မဆန်ဘူးလို့ တွေးလိုက်သည်။ ဇာတ်ညွှန်းရေးဆရာက စုချန်ယန်ကို ဆွဲဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ရင်း လင်းယွီကို တိုင်လိုက်သည်။ အဲ့ဒီအခါ လင်းယွီက ပြောလာသည်။
“ကျွန်တော် စာချုပ်မချုပ်ခင် ဒါရိုက်တာနဲ့ စကားပြောခဲ့ပြီးပြီ ခွင့်ပြုချက်မရှိဘဲ ရင်းနှီးတဲ့ ဇာတ်ဝင်ခန်းတွေ ပါမှာ မဟုတ်ဘူးတဲ့။ အဲ့ဒါကြောင့် ကျွန်တော် ချန်ယန်ကို ဒီဇာတ်ကောင်မှာ သရုပ်ဆောင်ခွင့်ပေးလိုက်တာ”
ဇာတ်ညွှန်းရေးသူ - “ဒါပေမယ့် ဇာတ်ညွှန်းအရ လိုအပ်…”
“ဇာတ်ညွှန်းအရ လိုအပ်တယ်ဆိုရင်တော့ အစားထိုးတစ်ယောက် ရှာလို့ရတယ်။ စုချန်ယန်နဲ့ ကျွန်တော်က တွဲနေကြတာဖြစ်လို့ တခြားယောက်ျားတွေကို သူမနဲ့ ရင်းနှီးခွင့်မပေးနိုင်ဘူး"
ဇာတ်ညွှန်းရေးဆရာ - "?"
ဒီလိုပြောလို့ ရတယ်လား?
ဇာတ်ညွှန်းရေးဆရာက ရှောင်လုထက် ပိုကြီးတဲ့ အတင်းအဖျင်း ပြောတတ်တဲ့သူဖြစ်ပြီး နောက်တစ်နေ့မှာတော့ သတင်းက အဖွဲ့တစ်ခုလုံးကို ပျံ့သွားတော့သည်။ စုချန်ယန်ရဲ့ အချစ်ရေးနဲ့ ပတ်သတ်ပြီး အွန်လိုင်းမှာ မရေရာတဲ့ ကောလဟာလတွေ ရှိခဲ့ပေမယ့် သူတို့ဘက်က ဘယ်တော့မှ တုံ့ပြန်ခြင်းမရှိခဲ့ပါချေ။
လင်းယွီက ကူကယ်ရာမဲ့စွာနဲ့ ပြောလိုက်သည်။ "လုယင်းက သူ့ရဲဘော်တွေနဲ့ ညစာစားနေတော့ ရှောင်စုန့်ကို ကျွန်တော်ပြန်ပို့ရမယ်။ ဒီညတော့ ကျွန်တော် ကိုယ်တိုင် ချန်ယန်ကို အိမ်ပြန်ပို့ရမှာမို့ သောက်လို့မရဘူး"
"ဘာလို့ အငှားယာဉ်မောင်းမခေါ်တာလဲ?"
လင်းယွီက ခေါင်းယမ်းပြီး ပြောလိုက်သည်။ "ကျွန်တော် ချန်ယန် နဲ့ မတွေ့တာ ကြာပြီ၊ သူနဲ့ နှစ်ယောက်တည်းရှိမယ့် အချိန်လိုချင်လို့"
" Mr လင်းက ဘာကိုဆိုလိုတာလဲ? ငါတို့အားလုံးက အပို မီးသီးတွေလား?"
သီးသန့်ခန်းက လူတွေက လင်းယွီကို ကမောက်ကမဖြစ်အောင် စနောက်ကြသည်။
စုချန်ယန်ကတော့ ခေါင်းငုံ့ကာ မကြားသလိုပင် ဆက်စားနေသည်။
လအတော်ကြာ အတူရှိပြီးတဲ့နောက်မှာ လင်းယွီက သူ့ပုံစံလိုမျိုး သန့်စင်ပြီး ယဉ်ကျေးတဲ့ပုံစံနဲ့ အတော်ကြီးကိုကွာ မှန်း စုချန်ယန် သိခဲ့ပြီဖြစ်သည်။ တခါတလေ သူ မဖွယ်မရာပြောတဲ့အခါ စုချန်ယန်မှာ အံ့ဩမနေတော့ပေ။
လူအုပ်ကြီးရဲ့ အာရုံက ပြောင်းသွားပြီး ဖျော်ဖြေရေးနယ်ပယ်မှာ ဘယ်သူက ဘယ်သူနဲ့ ချိန်းတွေ့နေကြတယ်၊ ထိပ်တန်းကြယ်ပွင့်က ဘယ်သူနဲ့ လျှို့ဝှက်လက်ထပ်ပြီး ကလေးမွေးထားတယ်ဆိုတာတွေကို စပြီး ပြောကြတော့သည်။
"အမဲသား ကုန်သွားပြီ" စုချန်ယန်က လင်းယွီလက်ကို တိုက်လိုက်ကာ ပန်းကန်လွတ်ကို ညွှန်ပြလိုက်သည်။
လင်းယွီက ရယ်လိုက်ပြီး သူမရဲ့ပါးကို ညှစ်လိုက်ကာ "မင်းဒီလို ဂရုစိုက်ပေးပြီးသွားရင် ကိုယ့်ကို ဘယ်လိုပြန်ဆပ်ဖို့ စီစဉ်ထားလဲ?"
စုချန်ယန်မှာ သူ့ဆီက အရှက်မရှိတဲ့ အသုံးအနှုန်းအချို့ကို သင်ယူထားပြီး သာမာန်ကာလျှံကာ ပြန်ဖြေလိုက်သည်။ "ကျွန်မကိုယ် ကျွန်မနဲ့ ကမ်းလှမ်းတာ မလုံလောက်ဘူးလား?"
အစပိုင်းမှာ သူ့ကိုရင်ဆိုင်ရတဲ့အခါ စုချန်ယန်က စိတ်အေးလက်အေးနဲ့ အလေ့အကျင့် မဖြစ်သေးတာကို လင်းယွီကသိပြီး တမင်တကာ သူမကို အလိုလိုက်ပေးခဲ့သည်။ အခုတော့ သူမက ဒါကို ကျင့်သားရလာတာနဲ့အမျှ သူမမှာ သူ့ကို ထိန်းကျောင်းနိုင်စွမ်း ပိုများလာသည်။
သူမရဲ့ မြူးထားနေတဲ့ပုံစံက လင်းယွီကို နည်းနည်း အသည်းယားသွားစေပြီး သူက စုချန်ယန်ရဲ့လက်ကို ညှစ်ကာ ပြောလာသည်။ "စောင့်ဦး"
နောက်တော့ သူက ထပြီး စားပွဲထိုးကို အမဲသားတစ်ပန်းကန် အပြည့် မှာလိုက်သည်။
တရုတ်နှစ်သစ်ကူးကာလမှာ အလုပ်အများကြီးမရှိတာကြောင့် လင်းယွီက သူမသဘောကျ စားသောက်ခွင့်ပေးထားပေမယ့် လာမယ့်ရိုက်ကူးရေးအတွက် ဝိတ်ချဖို့ လိုအပ်နေသေးသည်။
စုချန်ယန်က လုံးဝ ဂရုမစိုက်ပေ။ သူမရဲ့ ကိုယ်အလေးချိန် လျှော့ချရေး ခရီးရဲ့ အခက်ခဲဆုံးနေ့ရက်တွေကို ကြံ့ကြံ့ခံခဲ့ရတဲ့အတွက် ခံနိုင်ရည်ရှိနေပြီလို့ သူမ ခံစားရပြီး ကိုယ်အလေးချိန် လျှော့ချတာက သူမအတွက် တကယ်ကို လွယ်ကူလာသည်။
စားသောက်ပြီးတာနဲ့ လူတိုင်းကို နှုတ်ဆက်ပြီးတော့ လင်းယွီက စုချန်ယန် ခေါ်သွားပြီး အရင်ထွက်လာလိုက်သည်။
တကယ်တော့ လင်းယွီမမှားပါချေ။ ဒီအတောအတွင်း စုချန်ယန်က ရုပ်ရှင်ရိုက်ဖို့ အလုပ်များနေပြီး လင်းယွီမှာလည်း အခြားကိစ္စ တွေရှိတဲ့အတွက် မတွေ့တာ တစ်လနီးပါးရှိနေပြီဖြစ်သည်။
ဟော့ပေါ့ ဆိုင်ကနေထွက်လာပြီး မီးရောင်မှိန်မှိန်နဲ့လမ်းကြားကိုဖြတ်တော့ လင်းယွီ ခေါ်လာတာကို စုချန်ယန်အခုထိ မတုံ့ပြန်သေးပေ။
“ရှင်ဘာလုပ်နေတာလဲ…” စုချန်ယန်က သူ့ကို ဇဝေဇဝါနဲ့ ကြည့်လိုက်သည်။
လင်းယွီက သူမကို လမ်းကြားအဆုံးထိ ခေါ်သွားပြီး သူမကိုနံရံမှာ မှီစေကာ ပြောခဲ့သည်။ "မင်းကို နမ်းဖို့"
စုချန်ယန် - “…”
နှုတ်ခမ်းချင်း ထိလိုက်တာနဲ့ နှာတံကြားက နွေးထွေးတဲ့ အသက်ရှုသံတွေက ပျံ့နှံ့လာသည်။ လင်းယွီက သူ့ခန္ဓာကိုယ်တစ်ဝက်ကို သူမနဲ့ ဖိကပ်ကာ ပြင်းပြင်းထန်ထန် နမ်းလိုက်သည်။ ရက်အတော်ကြာအောင် ဖုန်းစခရင်ကနေဘဲ တစ်ယောက်ကိုတစ်ယောက် တွေ့ရတာမို့ အခုချိန်မှာတော့ တစ်ယောက်ကိုတစ်ယောက် ထိတွေ့ခွင့်ရတော့ သူတို့တွေ လွယ်လွယ်နဲ့ လက်မလျှော့ကြမှာ မဟုတ်တာ သေချာသလောက်ပင်။
စုချန်ယန်က လက်တွေကို သူ့အင်္ကျီအောက်ထဲ လျောဝင်ပြီး ကိုးရိုးကားရားနဲ့ သူ့ခါးကို တင်းတင်းကြပ်ကြပ် ဖက်ကာ တုံ့ပြန်လိုက်သည်။
မနီးမဝေးမှာ အလျင်အမြန် သွားလာနေကြတဲ့ ခြေသံတွေ ဖျော့ဖျော့တွေ ရှိနေပေမယ့် သူမတို့ကို တွေ့သွားရင်တောင်မှ ကိစ္စမရှိဘူးလို့ စုချန်ယန်ခံစားရသည်။
ခဏအကြာ လင်းယွီက ကျေနပ်အားရစွာနဲ့ သူ့နှုတ်ခမ်းတွေကို ခွာလိုက်ပြီး သူမမေးစေ့ကို ညင်သာစွာနဲ့ကိုက်လိုက်သည်။ စုချန်ယန်က မျက်စောင်းထိုးပြီး လည်ပင်းကို လှုပ်လိုက်ကာ အပြုံးနဲ့ပြောလိုက်သည်။ "ယားတယ်!"
လင်းယွီက သူ့ရဲ့ လှုပ်ရှားမှုတွေကို ရပ်လိုက်ပြီး ခေါင်းကို မော့လိုက်ပေမယ့် စုချန်ယန်ကိုတော့မလွှတ်ပေးသေးချေ။ သူမကိုရင်ခွင်ထဲမှာ ဖက်ထားရင်း သူကမေးလိုက်သည်။ "နှစ်သစ်ကူးကျရင် ဘယ်သွားဖို့ စီစဉ်ထားလဲ?"
စုချန်ယန်က ခေါင်းကို မော့လိုက်ပြီး သူမမေးစေ့ကို ရင်ဘတ်ပေါ် တင်လိုက်သည်။ "ရှင် အီတလီကို ပြန်မှာလား?"
လင်းယွီက ရယ်လိုက်ပြီး “မင်း သေသေချာချာ သုတေသန မလုပ်ရသေးဘူးဘဲ။ အီတလီမှာ တရုတ်နှစ်သစ်ကူး မလုပ်ဘူးလေ"
စုချန်ယန် - “…”
လင်းယွီက ဆက်ပြောလာသည်။ “ဒီနှစ်နိုင်ငံထဲမှာဘဲ နေပြီး ကိုယ့်အဖေနဲ့ အတူလိုက်မယ်"
စုချန်ယန်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။ "ကျွန်မတော့ မိဘတွေရဲ့ သင်္ချိုင်းကို သွားလည်ပြီး မြို့တော်ကို ပြန်ချင်တယ်"
အခု သူမနေနေတဲ့ ကိုယ်ပိုင်ရှင်ရဲ့ မိဘတွေနဲ့ သူမမှာ ပတ်သက်မှု မရှိပေမယ့် သူမက အခြားသူတစ်ယောက်ရဲ့ ကိုယ်ကို သိမ်းပိုက်ထားတာကြောင့် သူမကိုယ်စား ဝတ်ကြီးဝတ်ငယ် လုပ်သင့်သည်။
တကယ်တော့ ဒါက တော်တော်ကောင်းပါတယ်။ အရင်တုန်းကတော့ စုချန်ယန်မှာ နှစ်သစ်ကူးဆို ဘယ်ကိုမှ သွားစရာမရှိသလို ဘယ်သူ့ကိုမှလည်း လွမ်းဆွတ်စရာမရှိခဲ့ပေ။
ဒီကမ္ဘာပေါ် သူမရောက်လာတာက ကောင်းကင်ဘုံက သူမကို ပေးတဲ့ အကောင်းဆုံး ဆုလာဒ်လို့ ခံစားရသည်။
လင်းယွီက ခေါင်းညိတ်လိုက်ပြီး “ကိုယ် မင်းကို လိုက်ပို့ပေးမယ်၊ မင်းရဲ့ မိဘတွေနဲ့ တွေ့ပြီး ကောလိပ်ဝင်ခွင့် စာမေးပွဲအတွက် စာရင်းသွင်းဖို့ ကျောင်းကို သွားကြတာပေါ့။ ကိုယ်ကြိုပြီး ဖုန်းဆက်လိုက်မယ် အုပ်ချုပ်ရေးရုံးက နှစ်သစ်ကူးမတိုင်ခင် သုံးရက်လောက်ဆိုဖွင့်မယ်”
စုချန်ယန် သူ့ကို အံ့အားသင့်စွာနဲ့ကြည့်လိုက်သည်။ "ရှင် ကျွန်မကို လိုက်ပို့မှာလား?"
လင်းယွီက မျက်ခုံးပင့်ပြီး ပြောလိုက်သည်။ "မင်းက ကိုယ့်ကို မသွားစေချင်ဘူးလား?"
"အဲ့ဒီလိုမဟုတ်ပါဘူး ကျွန်မရဲ့မွေးရပ်မြေကို သွားမယ်ဆိုရင် ရှင်အာရုံစိုက်ခံရမှာ အသေအချာဘဲ"
"အဆင်ပြေပါတယ်၊ မင်းမိဘတွေနဲ့တွေ့ဖို့ ကိုယ်လိုက်မယ်။ အပြန်ကျ ကိုယ်တို့ ပြန်ရောက်ရင် ကိုယ်နဲ့အတူ နှစ်သစ်ကူးမှာ အိမ်ပြန်လို့ရတယ်"
စုချန်ယန်က အံ့သြထိတ်လန့်သွားပြီး "ရှင်နဲ့အိမ်ပြန်ရမှာလား? ဒါပေမယ့်…”
“ဒီနှစ်မှာလုယင်းနဲ့ သူ့အဖေက ကိုယ်တို့နဲ့အတူ နှစ်သစ်ကူးကျင်းပမှာ။ မင်း အရမ်းစိုးရိမ်နေဖို့ မလိုပါဘူး"
စုချန်ယန်က စိတ်မသက်မသာဖြစ်သွားသည်။ “ဒါပေမယ့်… ဦးလေး… သူ စိတ်ဆိုးသွားမှာလား?"
လင်းယွီနဲ့ တွဲတာကြာပြီဖြစ်ပေမယ့် သူ့အဖေအကြောင်း စုချန်ယန်ကို သူပြောခဲသည်။ ဒါပေမယ့် သူ့အဖေက သူမတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ဘယ်တုန်းကမှ လက်မခံဘူးဆိုတာကို သူမသိသည်။
သူနဲ့အတူ သူမ အိမ်ပြန်လိုက်သွားရင် လူအိုကြီးအတွက် ပြဿနာဖြစ်လောက်မှာ မဟုတ်ဘူးလား?
လင်းယွီက ပေါ့ပေါ့ပါးပါးနဲ့ ပြောလာသည်။ “အဆင်ပြေပါတယ်။ ဒီတလော သူစိတ်ဓာတ်ကျ နေလို့မင်းကို ပြန်ခေါ်လာပြီး သူ့ကို အားပေးဖို့ အခွင့်အရေးကောင်းဘဲ"
စုချန်ယန် - “…”
သူမအနေနဲ့ အနာဂတ်မှာ လင်းယွီနဲ့ အမှန်တကယ်ရှိနေနိုင်မယ်လို့ မမျှော်လင့်ထားပါချေ။
လင်းယွီက ရယ်ရင်း သူမနဖူးကို နမ်းလိုက်တဲ့အချိန် စုချန်ယန်ရဲ့ မျက်နှာက ဖြူဖျော့သွားသည်။ “ကိုယ်မင်းကို ညာတာ။ စိတ်မပူပါနဲ့ ကိုယ့်အဖေ အကျိုးအကြောင်းမသင့်တဲ့သူ မဟုတ်ဘူး၊ သူအခုထိ မင်းနဲ့ အခုထိမတွေ့ရသေးဘူး။ သူ မင်းကို သဘောကျလိမ့်မယ်လို့ ကိုယ်ယုံကြည်တယ်"
စုချန်ယန် သူ့ကို စိုက်ကြည့်လိုက်ပြီး "ရှင်က ကျွန်မအပေါ် အရမ်းကို ယုံကြည်မှုရှိနေတာဘဲလား?"
“ဟုတ်တယ်၊ နောက်ဆုံးတော့၊ ကိုယ် အသက်ရှင်နေခဲ့ရတာ နှစ်ဆယ့်လေးနှစ်ရှိပြီ၊ ကိုယ့်ကို ဒီလိုပုံစံမျိုး ဖမ်းစားနိုင်တာ မင်းက ပထမဆုံးလူပဲ။ မင်းကိုယ်မင်း ယုံကြည်ရမယ်၊ မင်းရဲ့ချစ်စရာကောင်းမှုက ကိုယ့်အဖေကို အနိုင်ယူဖို့ လုံလောက်တယ်"
စုချန်ယန်က သူ့ကြောင့် ပျော်ရွှင်သွားပြီး နောက်ဆုံးမှာ တရုတ်နှစ်သစ်ကူးအတွက် သူနဲ့အတူ အိမ်ပြန်ဖို့ သဘောတူလိုက်သည်။
လုယင်း သိသွားတဲ့အခါ သူမက ပျော်ရွှင်စွာနဲ့ နှစ်သစ်ကူးအတွက် ပစ္စည်းတွေကို ပြင်ဆင်ဖို့စုချန်ယန်ကို ဆွဲခေါ်သွားသည်။ ထိုအတောအတွင်းတွင်မှာ သူမရဲ့ဖခင်ဖြစ်တဲ့ လင်းယွီရဲဦးလေးက သူမနဲ့ လင်းယွီတို့ တွဲနေခြင်းကို သဘောမတူကြောင်း စုချန်ယန်ကို တိတ်တိတ်လေးပြောပြလိုက်သည်။
အဲ့ဒီအခိုက်အတန့်မှာ စုချန်ယန် အံသြသွားပြီး "နင်ငါ့ကို စိတ်ဓာတ်ကျပြီး အရှုံးပေးသွားအောင် လုပ်နေတာလား?"
ရှောင်လုက ခေါင်းခါပြီး ပြောလိုက်သည်။ "မဟုတ်ပါဘူး၊ ငါက နင့်ကို စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားစေချင်လို့"
"ကျေးဇူးဘဲ၊ နင့်ရဲ့ဝမ်းကွဲအစ်ကိုနဲ့ ငါလမ်းခွဲဖို့ အဆင်သင့်ဖြစ်နေပြီ"
ရှောင်လု - “…”
ရှောင်လုက စုချန်ယန်ကို တံတောင်နဲ့တို့လိုက်တော့ စုချန်ယန် လှမ်းကြည့်လိုက်တဲ့အခါ လင်းယွီက မျက်နှာချင်းတိုင်မှာ ရပ်နေပြီး သူမကိုအဓိပ္ပါယ်ပါတဲ့ အပြုံးနဲ့ ကြည့်နေသည်။
“မ-မဟုတ်ဘူး၊ အဲ့ဒါမဟုတ်ဘူး… ကျွန်မရှင်းပြတာကို နားထောင်ပါဦး…”
လင်းယွီက လေးနက်တဲ့အဓိပ္ပာယ်နဲ့ ပြောလာသည်။ "မင်းက ကိုယ်နဲ့ ဘယ်တော့ လမ်းခွဲဖို့ စီစဉ်နေတာလဲ?”
စုချန်ယန် - “…”
ရှောင်လုက ခေါင်းငုံ့လိုက်ပြီး သူတစ်ပါးဒုက္ခရောက်တာကို အားရစွာနဲ့ တခစ်ခစ်ရယ်လိုက်သည်။
စုချန်ယန်မှာ စကားထစ်လာသည်။ “မဟုတ်ဘူး၊ ကျွန် ကျွန်မက ဒီတိုင်း ပြောလိုက်တာ..."
လင်းယွီက အမူအရာမဲ့စွာနဲ့ သူမ နားကပ်လာပြီး “မင်းမဟုတ်တာတွေ ထပ်ပြောရင် မင်းကို သုံးရက်လောက် အသားငါးစားခွင့်မပြုဘူး"
"တောင်းပန်ပါတယ် ကျွန်မ မှားသွားတယ်! ကျွန်မထပ်မပြောရဲတော့ပါဘူး!"
ရှောင်လုက ဆက်ရယ်နေတုန်း ဝမ်းကွဲအစ်ကိုရဲ့ အကြည့်က သူမဆီ ဖြည်းဖြည်းချင်း ရောက်လာတာကို ရုတ်တရက် ခံစားလိုက်ရသည်။ သူမက ချက်ချင်းဘဲ ကိုယ်ကိုအမတ်လိုက်ပြီး ဖျစ်ညှစ်ပြုံးလိုက်သည်။
“ငါ့ဝမ်းကွဲအစ်ကိုနဲ့ သူ့ဇနီးက အရည်အချင်းရော၊ အလှတရားတွေနဲ့ရော ပြီးပြည့်စုံတဲ့ လိုက်ဖက်ညီသူတွေဘဲ။ ငါ့ဝမ်းကွဲအစ်ကိုနဲ့ လမ်းခွဲမယ့်သူက ခေါင်းထဲမှာ တစ်ခုခုမှားနေတာဖြစ်ရမယ်”
စုချန်ယန် - “…”
လင်းယွီက သူ့အကြည့်ကိုရုတ်လိုက်သည်။ “သွားရအောင်”
နှစ်သစ်ကူးမတိုင်မီ သုံးရက်အလိုမှာ လင်းယွီက စုချန်ယန်နဲ့အတူ ဒုတိယအဆင့်မြို့ကို လိုက်လာခဲ့သည်။
ကျောင်းနဲ့ကြိုတင်စီစဉ်မှု တွေပြုလုပ်ပြီးတဲ့နောက် စုချန်ယန်ရဲ့ကောလိပ်ဝင်ခွင့်စာမေးပွဲကိစ္စရပ်တွေကို သက်ဆိုင်ရာဝန်ထမ်းတွေနဲ့ ဆွေးနွေးလိုက်သည်။ အားလုံးအတည်ပြုပြီးတာနဲ့ ဝန်ထမ်းတွေက စုချန်ယန် ကို စာမေးပွဲဖြေဖို့ နှစ်ရက်စောပြီး ကျောင်းကိုပြန်ခွင့်ပြုလိုက်သည်။
ကျောင်းကနေ ထွက်ပြီးတာနဲ့ သူတို့နှစ်ယောက်က ဘေးနားက လမ်းငယ်တစ်ခုဆီ လျှောက်သွားကြသည်။
လမ်းမပေါ်မှာ ဖြတ်သွားတဲ့ လူတွေနဲ့အနီးနားရှိ အဆောက်အဦးတွေက အချိန်ရဲ့ အရိပ်အယောင်တွေကို ပေါ်လွင်စေသည်။ ကလေးတွေက ပြေးလွှားဆော့ကစားရင်း သူငယ်ချင်းအုပ်စုတွေနဲ့ ဟိုဟိုဒီဒီ စုဝေးနေကြသည်။
အခုလက်ရှိ စုချန်ယန်နဲ့ လင်းယွီတို့ ဒီနေရာမှာ လမ်းလျှောက်နေတာက တကယ်ကိုဘဲ ဒီနေရာနဲ့ စိမ်းသက်နေသည်။