အခန်း ၁၅၂
Vol. 12 Ch. 152
မြင်ကွင်းက အနည်းဆုံး ဆယ်စက္ကန့်ကြာအောင် ငြိမ်သက်နေခဲ့သည်။
ပါးပါးလုက ရှက်ရွံ့စွာနဲ့ ရယ်ပြီး ပြောလိုင်သည်။ "အိုး၊ ငါသိပြီ"
စုချန်ယန်က ခေါင်းညိတ်ပြီး ဖြေခဲ့သည်။ "အမ်! အခုတော့ ကျွန်မ ကျောင်းပြန်တက်ချင်သေးတယ်။ အခု ကိုယ့်ဘာသာကိုယ် စာလေ့လာနေပြီး နောက်နှစ်ကျရင် ကောလိပ်ဝင်ခွင့် စာမေးပွဲဖြေမလို့လေ"
“ဒါဆို… မင်း တော်တော်ကြိုးစားရမှာပဲ” ပါးပါးလုက တင်းမာတဲ့ အမူအရာရှိတဲ့ လင်းစုန့်ကို ကြည့်လိုက်ပြီး စုချန်ယန်ကို မေးလိုက်သည်။ “နှစ်သစ်ကူးမှာရော ဘယ်လိုလဲ...."
စုချန်ယန် - “နှစ်ကူးကို ကျွန်မဘာသာကျွန်မ လုပ်ပါတယ်၊ အဲ့ဒါက ကျွန်မအတွက် ဘာမှ မကွာပါဘူး"
"အိုး" ပါးပါးလုက လည်ချောင်း ရှင်းလိုက်ပြီး ခေါင်းကို မသိမသာလေးငုံ့ကာ မျက်လုံးထောင့်က မျက်ရည်တစ်စက်ကို သုတ်လိုက်ပြီး ဖြည်းဖြည်းချင်း ထရပ်လိုက်ကာ စုချန်ယန်ဘေးက ဆိုဖာပေါ် မဝံ့မရဲ ထိုင်ချလိုက်ပြီး တစ်ဖက်က အမူအရာမဲ့နေတဲ့ လင်းစုန့်ကို အတူတူ ကြည့်လိုက်ကြသည်။
“ လောင်လင်း၊ ဒါက နှစ်သစ်ကူးလေ။ ဒီလောက်အလေးအနက်ထားမနေပါနဲ့။ ချန်ယန်က နောက်ဆုံးမှာနှစ်သစ်ကူးကို ကျင်းပရပြီလေ။ ဒီအခါသမယမှာ ပျော်ရွှင်စရာတွေ ယူလာပေးလို့ မရဘူးလား?"
လင်းစုန့် - “…”
ရှောင်လုက တခစ်ခစ်ရယ်ပြီး စုချန်ယန်ကို တိုးတိုးလေးပြောလိုက်သည်။ “ဂုဏ်ယူပါတယ် နင် ငါ့အဖေကို အနိုင်ယူလိုက် နိုင်ပြီ”
စုချန်ယန်က ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။ “အဆင်ပြေပါတယ်။ ဦးလေး မေးချင်တာမေးလို့ရပါတယ်။ ကျွန်မကို မတွေ့ချင်ရင်လည်း ကျွန်မဘာသာပြန်လိုက်လို့ရပါတယ်"
"ပြန်သွားမယ်? ဘယ်ကိုသွားမှာလဲ?" ရှောင်လုက စုချန်ယန်ပခုံးကိုဆွဲလိုက် ထပ်ပြောလိုက်သည်။ "နင့်မှာနေစရာနေရာတောင်မရှိတာကို"
“ လောင်လင်း! မင်းအသက်အရွယ်နဲ့ မသင့်လျော်သလို လုပ်နေတာဘဲ! တခြားသူတွေရဲ့ သားသမီးတွေအကြောင်း မင်းနဲ့ဘာဆိုင်လဲ? မျိုးဆက်သစ်လူငယ်တွေမှာ သူတို့အနာဂတ် ကိုယ်စီရှိပါစေပေါ့" ပါးပါးလုက စိုက်ကြည့်ရင်း ပြောလိုက်သည်။
လင်းစုန့်ရဲ့မျက်နှာက မည်းမှောင်သွားပြီး ဘေးကနေ စောင့်ကြည့်နေပုံရတဲ့ လင်းယွီကို လှည့်ကြည့်လာသည်။
“မင်းရဲ့ အကြောင်းက တကယ်ကို သနားစရာ ကောင်းတာဘဲ၊ ဒါပေမယ့် အဲဒါက မင်းရဲ့ ဈေးပေါတဲ့ချစ်ပ်ပြားမဖြစ်နိုင်ဘူး" လင်းစုန့်က ပြောလိုက်သည်။
သို့ပေမယ့် စုချန်ယန်က မျက်ခုံးတွန့်ချိုးလိုက်ပြီး ပြောလိုက်သည်။ “ဦးလေး၊ ကျွန််မရဲ့အကြောင်းက သနားစရာကောင်းတယ်လို့ ကျွန်မ မထင်ပါဘူး။ ကျွန်မမှာ လူအများစုလိုမျိုး သမရိုးကျ ပြီးပြည့်စုံတဲ့ မိသားစုမျိုး မရှိပေမယ့် သာမာန် မိသားစုက လူတိုင်းမှာလည်း ကျွန်မလိုမျိုး တွေ့ကြုံဖူးကြလိမ့်မှာ မဟုတ်ဘူး။ ကျွန်မ ကြီးပြင်းလာမှုက ကျွန်မကို လူ့အဖွဲ့အစည်းအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေခဲ့မယ်ဆိုရင် ဒါကတော့ သနားဖို့ကောင်းပါလိမ့်မယ်"
လင်းစုန့်မှာ တစ်ခဏလောက် အံ့အားသင့်သွားပြီး ဒါက နားလည်ဖို့ခက်တယ်ဆိုတာ သိလိုက်ရသည်။
စုချန်ယန်က ထပ်ပြီးပြောခဲ့သည်။ “ဦးလေး၊ အစ်ကိုလင်းနဲ့ ကျွန်မက ဒီနေ့ နှစ်သစ်ကူးပွဲလုပ်ဖို့ ပြန်လာတာပါ။ ဒါက သူနဲ့ ကျွန်မရဲ့ အနာဂတ်အကြောင်းနဲ့ ဘာမှမဆိုင်ပါဘူး ဒါကြောင့် အခုလောလောဆယ် ဦးလေးစိတ်ပူနေစရာ မလိုပါဘူး"
စုချန်ယန်က သူ့မျက်နှာကို ကယ်တင်ဖို့ အခွင့်အရေး ပေးခဲ့ပြီး သူ့အမူအရာက နည်းနည်း ပြေလျော့သွားကာ အေးစက်စွာနဲ့ ပြောလိုက်သည်။ “သူကလား? သူ ဒီနိုင်ငံကို ပြန်ရောက်လာကတည်းက တစ်နှစ်လုံးမှာမှ အကြိမ်နည်းနည်းလောက်တောင် ဒီအိမ်ထဲ ခြေချခဲ့တာမဟုတ်ဘူး"
လင်းယွီက ပြုံးပြီး ပြောလိုက်သည်။ “အိမ်ဟောင်းက ကုမ္ပဏီနဲ့ ဝေးလို့ပါ။ အဖေ ကျွန်တော်တောင်းပန်ပါတယ်"
လင်းစုန့်ရဲ့အသားအရောင်က သိသိသာသာ တိုးတက်လာသည်။ သူက နောက်ထပ်မေးခွန်းတွေ မမေးတော့ဘဲ သူတို့ကို ထမင်းစားခွင့်မပေးခင် လင်းယွီနဲ့ ခဏလောက် စကားစမြည်ပြောလိုက်သည်။
ထမင်းစားပြီးတဲ့နောက်မှာ လင်းစုန့်က စုချန်ယန်နားရအောင် ရှောင်လုကို ခေါ်သွားခိုင်းလိုက်ပြီး အစကတော့ လင်းယွီလည်း လိုက်သွားချင်ပေမယ့် သူ့အဖေဆီကနေ အကြည့်တစ်ချက်နဲ့ အတားခံလိုက်ရသည်။
“ငါနဲ့ စာကြည့်ခန်းထဲလိုက်ခဲ့" လင်းစုန့်က ပြောလိုက်သည်။
စုချန်ယန်က သူတို့ကို စိုးရိမ်တကြီး ကြည့်လိုက်တော့ လင်းယွီက သူ့ကို ပြုံးပြပြီး စိတ်ပူစရာ မလိုကြောင်းပြလိုက်သည်။
လင်းစုန့်နဲ့ စာကြည့်ခန်းထဲဝင်လာတော့ လင်းစုန့်က လင်းယွီရဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်တော့ သူက ရင်းနှီးနေတဲ့ စားပွဲခုံအပုလေးဆီသွားလိုက်ပြီး ရေနွေးကြမ်းလုပ်လိုက်သည်။
ပွက်ပွက်ဆူနေတဲ့ ရေသံသာထွက်နေကာ အတော်ကြာတိတ်ဆိတ်နေသည်။
လင်းယွီက လင်းစုန့်နဲ့ယှဉ်ရင် သိသိသာသာကိုဘဲ ပိုပြီးတော့ထိန်းချုပ်နိုင်ပြီး စကားပြောမယ့်အရိပ်အယောင်မရှိပေ။
နောက်ဆုံးမှာ လင်းစုန့်က သည်းမခံနိုင်တော့ဘဲ မေးလိုက်သည်။ “မင်း ငါ့ကို ရှင်းပြချင်တာ တစ်ခုခုမရှိဘူးလား?"
လင်းယွီက ခေါင်းမမော့ဘဲ လက်ဖက်ခြောက်နှပ်နေပြီး ပြန်ဖြေလိုက်သည်။ “ဘာကိုဆိုလိုချင်တာလဲ?"
"စုချန်ယန်"
"ချန်ယန် ပြောပြီးပြီမဟုတ်လား? အဖေနဲ့အတူ နှစ်သစ်ကူးဖို့ ဒီကို ပြန်လာခဲ့တာလေ။ အဖေ တခြားအကြောင်းတွေ မပြောချင်ဘူးဆိုရင် ကျွန်တော်လည်း မပြောဘူး” လင်းယွီရဲ့အမူအရာမှာ တင်းမာမှုမရှိဘဲ တည်ငြိမ်နေသည်။
လင်းစုန့်က သူ့ကို စောင်းကြည့်လိုက်ပြီး သူ့သားရဲ့ စိတ်ကို ရှင်းရှင်းလင်းလင်း နားလည်သည်။ ခဏအကြာ သူက မေးလာသည်။ "သူပြောသမျှအကုန်လုံးက အမှန်တွေဘဲလား?"
“ဟုတ်တယ်"
လင်းစုန့်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ “ဒါဆို မင်းဘာလို့ ငါ့ကို ကြိုမပြောတာလဲ? ငါတို့ပထမဆုံးစတွေ့တာနဲ့ သူ့ကိုဒီအကြောင်းအရာတွေ ပြောမိသွားတယ်"
လင်းယွီက ခေါင်းမော့လာပြီး ပြောလာသည်။ "ကျွန်တော် အဖေ့ကို ဒီကိုမလာခင် ပြောခဲ့တယ်လေ။ ချန်ယန်ကို ကျွန်တော်တို့ ကိစ္စတွေထဲ မပါစေချင်ဘူးလို့။ သူ့အပေါ် ဖိအားတွေ မပေးချင်ဘူး"
လင်းစုန့်က အနည်းငယ် မကျေမနပ်ဖြစ်သွားပြီး "ငါ သူ့ကို မေးခွန်းနည်းနည်းလောက် မေးတာ ဘာဖြစ်သွားလဲ? ငါက မင်းအဖေဘဲ"
"အဖေ သူ့ကို မေးလို့ရပါတယ်။ ချန်ယန်က သူ့အတွက် စာနာမှုတွေမလိုဘူးလို့ တွေးထားသလို အဖေ့ရဲ့မေးခွန်းတွေက သူ့ကို စော်ကားတယ်လို့ သူ မတွေးဘူး။ အဲဒါကို စိတ်မပူပါနဲ့။ အဖေအပြစ်ရှိတယ်လို့ ခံစားရရင် အခုချိန်ကစပြီး သူ့ကို ပိုကောင်းအောင် ဆက်ဆံပေးပါ"
လင်းစုန့်က ခဏလောက် ငြိမ်သက်သွားပြီး “ဒါကို မင်းအလုံးစုံတွေးပြီးပြီလား? မင်းစိတ်ပြောင်းလို့မရတော့ဘူးလား?"
လင်းယွီက ခေါင်းညိတ်လိုက်ပြီး “အင်း။ ချန်ယန် က မလုပ်ချင်ဘူးဆိုရင်တော့ ယာယီပြောင်းလို့ရတယ်။ ဒါပေမယ့် ကျေးဇူးပြုပြီး သူ့ကို ကျွန်တော်နဲ့ လမ်းခွဲဖို့မိုက်မဲတဲ့ နည်းလမ်းတွေသုံးဖို့ မစဉ်းစားပါနဲ့”
လင်းစုန့်က မယုံနိုင်စွာနဲ့ မျက်လုံးပြူးသွားသည်။ "မင်းရဲ့စိတ်ထဲမှာ ငါက ခံစားချက်ကင်းမဲ့ပြီး နှလုံးသားမရှိတဲ့သူလား?"
“မဟုတ်ပါဘူး၊ ဒီတိုင်း ကြိုတင်ကာကွယ်တာပါ” လင်းယွီက တည်ငြိမ်စွာနဲ့ပြန်ဖြေလိုက်သည်။
လင်းစုန့်က သူ့ကို ခက်ခက်ထန်ထန်နဲ့ ကြည့်လိုက်ပြီး “မင်းက မင်းအမေနဲ့ အတူတူဘဲဆိုတာ ငါသိတယ်။ မင်းစိတ်မပြောင်းချင်ရင် ဘယ်သူမှ မင်းစိတ်ကိုပြောင်းလို့မရဘူး။ ဘာလို့ စုချန်ယန်ဖြစ်ရလဲဆိုတာ ငါနားမလည်ရုံဘဲ။ မင်းအရင်က မြေတောင်မြှောက်ပေးခဲ့တဲ့ Mary လိုပဲ သူက ဘာမှ မထူးခြားဘူး"
“သူက Mary နဲ့ မတူဘူး၊ သူက လူတိုင်းနဲ့ကို မတူတာ။ Maryက အနုပညာလက်ရာတစ်ခုဖြစ်ပြီး ချန်ယန်ကတော့ ကျွန်တော့်ရဲ့ စုဆောင်းမှုဘဲ"
“တစ်ခါတစ်လေတော့… သူ့ကို ကမ္ဘာက မြင်အောင် ကျွန်တော်လုပ်နိုင်တယ်”
လင်းယွီမှာ အီတလီ မျိုးရိုးဗီဇအချို့ရှိနေဆဲဖြစ်ပြီး အရာအားလုံးကို နည်းနည်း ရိုမန်တစ်ဆန်အောင်လုပ်ရတာ သဘောကျသည်။
လင်းစုန့်က အချိန်အတော်ကြာအောင် နှုတ်ဆိတ်နေပြီး ပြောလာသည်။ "မင်းအမေသိလား?"
"သူသိတယ်"
"သူ ဘာပြောလဲ?"
"သူကချန်ယန်ကို အရမ်းသဘောကျတယ်။ နောက်နှစ် ကောလိပ်ဝင်ခွင့်စာမေးပွဲပြီးရင် သူ့ကိုတွေ့ဖို့ ချန်ယန်ကို အီတလီခေါ်သွားမယ်”
လင်းယွီ စာကြည့်ခန်းကနေ ထွက်လာတဲ့အချိန်မှာ တစ်နာရီလောက်တောင် ရှိနေပြီဖြစ်သည်။ လင်းစုန့်ကတော့ video call မှာ သူ့အမေနဲ့ငြင်းခုန်နေသည်။
သူ့ရဲ့ နူးညံ့သိမ်မွေ့တဲ့ အမေက တစ်ခါတစ်လေ လင်းစုန့်နဲ့စကားပြောရင် ဘာလို့ ဒေါသထွက်လဲဆိုတာ သူနားမလည်ပေ။
စုချန်ယန် ရှိတဲ့ အခန်းတံခါးနားကို သူရောက်တော့ လုယင်းက သူနဲ့ စကားပြောနေတာကို သူကြားလိုက်ရသည်။
"ချန်ယန်၊ ငါ့ဝမ်းကွဲအစ်ကိုက နင့်အပေါ် စိတ်လိုလက်ရ အရှုံးမပေးလောက်တဲ့ပုံဘဲ။ သူ့ကို လက်လွှတ်ဖို့ ဦးလေးက နင့်ကိုဖိအားပေးလာရင် ဘယ်လိုလုပ်မလဲ?"
"ငါ့ကို ဖိအားပေးလာရင်လား?" စုချန်ယန်က နားမလည်ပေ။
ရှောင်လု - "ဥပမာ နင့်ကို ခြိမ်းခြောက်တာပေါ့"
စုချန်ယန် က ခေါင်းခါလိုက်သည်။ "ငါ့မှာ သူ့အတွက် ခြိမ်းခြောက်စရာ ဘာမှမရှိဘူး"
"အခု နင့်မှာ အကုန်ရှိတယ်လေ"
“အခု ငါ့မှာ အရာအားလုံးမရှိရင်တောင် အနာဂတ်မှာ ဖြည်းဖြည်းချင်း ပြန်ရနိုင်တယ်လေ။ ဒါပေမယ့် လင်းယွီကို ဆုံးရှုံးလိုက်ရရင်တော့ ဘယ်တော့မှ ပြန်မရနိုင်တော့ဘူး။ ဒါကြောင့် သူ ငါ့ကို မလွှတ်ပေးသရွေ့ ငါလည်း သူ့ကိုလက်လွှတ်မှာမဟုတ်ဘူး"
"အစ်ကို!! ကြားလိုက်လား!?" ရှောင်လု ရုတ်တရက်အော်လိုက်တော့ စုချန်ယန်လည်း တံခါးဘက်ကို ကြည့်လိုက်တဲ့အချိန် လင်းယွီက လျှောက်ဝင်လာသည်။
စုချန်ယန်ရဲ့ မျက်နှာမှာခေါင်းထိပ်ကနေ လည်ပင်းအထိ ချက်ချင်းဘဲ နီရဲလာပြီး သူနဲ့မျက်လုံးချင်း ဆုံတော့ သူမက ခေါင်းကို ငုံ့ထားလိုက်သည်။
လင်းယွီက သူမကို တစ်ချက်ကြည့်လိုက်ပြီး စကားများများမပြောဘဲ လုယင်းကို မေးလိုက်သည်။ "ငါ အပြင်မှာ ရှိနေတာ မင်းဘယ်လိုသိတာလဲ?"
ရှောင်လုက ဂုဏ်ယူစွာနဲ့ ပြောလိုက်သည်။ "ခြေသံနဲ့ အသက်ရှုသံကို ကြားတာ"
စုချန်ယန်က သူမကို ဒေါသတကြီးနဲ့ ထိုးလိုက်သည်။
လင်းယွီက သူမကို ကြည့်လိုက်ပြီးနောက်တော့ တံခါးကို လှမ်းကြည့်လိုက်သည်။ ရှောင်လုက သူ့အဓိပ္ပါယ်ကို ချက်ခြင်းနားလည်လိုက်ပြီး "OK" အမူအရာလုပ်ကာ ကုတင်ပေါ်ကနေ ခုန်ဆင်းပြီး အခန်းထဲကနေ ထွက်သွားကာ တံခါးကိုပိတ်လိုက်သည်။
ရှောင်လုထွက်သွားတာနဲ့ အခန်းထဲမှာ လူနှစ်ယောက်ပဲ ကျန်တော့သည်။ စုချန်ယန်က အရမ်းစိတ်လှုပ်ရှားနေပြီး သူမရဲ့ပါးပြင်တွေဟာလည်း နီမြန်းနေကာ သူ့ကို ဆူလိုက်သည်။ "ရှင်ဘာလို့ ခိုးနားထောင်နေတာလဲ?"
“ကိုယ် ခိုးနားထောင်နေတာ မဟုတ်ပါဘူး။ ကိုယ်ဘာမှ မကြားလိုက်ဘူး”
စုချန်ယန်က ဝမ်းသာအားရနဲ့ မော့ကြည့်လိုက်သည်။ "တကယ် ဘာမှ မကြားလိုက်ဘူးလား?"
လင်းယွီက သူမလက်ကို ဆုပ်ကိုင်လိုက်ပြီး ကုတင်စွန်းဆီ အတူတူ လျှောက်သွားကာ ထိုင်ချလိုက်သည်။ "အင်း ဒါကြောင့် ထပ်ပြောပါဦး"
စုချန်ယန်က သူ့ကို အားနည်းနည်းနဲ့ တွန်းထုတ်ပြီး ပြောလိုက်သည်။ "မပြောဘူး"
လင်းယွီက ပြုံးလိုက်ပြီး “မင်း မပြောဘူးလား? ဒါဆို ကိုယ့်ဘာသာ နားထောင်မယ်"
အဲ့ဒီလိုပြောပြီးတော့ ရုတ်တရက် စုချန်ယန်ကို နောက်ပြန်တွန်းကာ နူးညံ့တဲ့ စောင်ထဲမှာ လှဲစေလိုက်သည်။ စုချန်ယန် မတုံ့ပြန်နိုင်သေးခင် နွေးထွေးတဲ့ ခန္ဓာကိုယ်တစ်ခုက သူမကို အုပ်မိုးလိုက်သည်။
"...လင်းယွီ! ဒါ ရှင့်အိမ်နော်!"
"ကိုယ်သိတယ်"
ကျန်တဲ့စကားလုံးတွေ အားလုံး သူ့နှုတ်ခမ်းနဲ့ အပိတ်ခံလိုက်ရသည်။
ဒီတစ်လော လင်းယွီရဲ့အနမ်းတွေက ပိုပြင်းထန်လာပြီး ရှည်ကြာလာကာ တစ်ခါတစ်လေ စုချန်ယန် တစ်ကိုယ်လုံးကို ဝါးမြိုချင်နေတယ်လို့တောင် ထင်ရသည်။
. . . . .
နှစ်သစ်ကူးအကြိုညမှာ ညစာစားလို့ပြီးတော့ မိသားစုက နွေဦး Gala ပွဲတော် ကိုကြည့်ဖို့ ဧည့်ခန်းမှာစုဝေးကြသည်။
စုချန်ယန်က ဒီအငွေ့အသက်ကို ပထမဆုံး ခံစားဖူးတာဖြစ်ပြီးနည်းနည်း တုန်လှုပ်ကာ စိတ်လှုပ်ရှားနေသည်။ Gala ကို လူတိုင်းစိတ်မဝင်စားကြတော့တဲ့အခါ ကတ်ပြားတွေကို ထုတ်လာကြသည်။ လင်းစုန့်၊ ပါးပါးလု နဲ့ လင်းယွီက ဖဲချပ်တွေနဲ့ အတူတူကစားနေတုန်းမှာ ရှောင်လုနဲ့ စုချန်ယန်က သူတို့နားမှာ ထိုင်ကာ အဆာပြေစားနေကြသည်။ လေထုက အရမ်းကိုသဟဇာတဖြစ်နေသည်။
လင်းယွီက မယုံနိုင်စရာကောင်းတဲ့ စကေးနဲ့ ဖဲချပ်တွေကို ကစားပြတော့ လူဟောင်း နှစ်ယောက်တောင်မှ သူ့ကို မရိုက်နှက်နိုင်ဘဲ ဝမ်းနည်းစွာနဲ့ ရှုံးနိမ့်သွားရသည်။
လင်းယွီကို နောက်တစ်ကြိမ် ရှုံးပြီးတဲ့နောက်မှာ ပါးပါးလုက တိုက်ရိုက်ဘဲ ပြောလိုက်သည်။ "ချန်ယန်နဲ့ အတူရှိတာက မင်းအတွက် အားနည်းချက်တစ်ခု ဖြစ်လာလိမ့်မယ်လို့ အစက ငါထင်ခဲ့တာ။ ဒါပေမယ့် မင်းက ဉာဏ်များတဲ့ မြေခွေးတစ်ကောင်လိုဘဲ၊ ဘယ်သူနဲ့ ယှဉ်ကစားနေပါစေ မင်းမှာ အားနည်းချက်ကိုမရှိဘူး"
ရှောင်လုက ပြုံးကာပြောလိုက်သည်။ "ပါးတို့ မသိဘူး သမီးရဲ့ဝမ်းကွဲအစ်ကိုက ချန်ယန်နဲ့ ဆက်ဆံရတဲ့ အထူးနည်းလမ်းရှိတယ်။ သူက ဘယ်လောက်တွန်းရ ဆွဲရမလဲဆိုတာသိတယ်၊ အံ့သြစရာဘဲ! မြင်တဲ့သူတိုင်းက စုချန်ယန်ကို မသနားဘဲ မနေနိုင်ဘူး"
ပါးပါးလုက လင်းယွီအနားက ရှက်ရွံ့နေတဲ့စုချန်ယန် ကိုကြည့်ပြီး ပြောလိုက်သည်။"ဒါဆို မင်းဘာလို့ထွက်မပြေးတာလဲ? ဘယ်သူသိမှာလဲ၊ မင်း မသိခင် သူမင်းကိုရောင်းစားလိုက်မလားဆိုတာ"
လင်းယွီက ဂိမ်းမှာအနိုင်ရနေတုန်း စုချန်ယန်ကို ကြည့်ကာ ရယ်လိုက်သည်။ “သူ ပြေးလို့မရဘူး။ သူလုပ်နိုင်ရင်တောင်မှ သူ့ကိုဖမ်းပြီး ပြန်ခေါ်လာလို့ရတယ်"
အားလုံးက ရယ်မောလိုက်ကြသည်၊ လင်းစုန့်တောင်မှမျက်နှာမှာ အပြုံးရိပ်တွေရှိနေပေမယ့် စုချန်ယန်ကတော့မျက်နှာကို လည်ပင်းမှာ မြှုပ်ထားလိုက်ချင်သည်။
ရှောင်လုက ကြားဖြတ်ပြောလာသည်။ "ဟုတ်တယ်! ငါ့ဝမ်းကွဲအစ်ကိုက တော်တော်ဉာဏ်နီဉာဏ်နက်များတာ။ audition ကတည်းကသူ့မှာ ဒီအကြံအစည်ရှိနေတယ်လို့တောင် သံသယဖြစ်မိတယ်"
လင်းယွီက မရေမရာနဲ့ ဝန်လည်းမခံသလို ငြင်းလည်းမငြင်းဘဲ ပြုံးနေသည်။
အဲ့ဒီညမှာ နွေဦးGalaပွဲတော် ပြီးသွားတော့ လင်းစုန့်နဲ့ ပါးပါးလုတို့က အနားယူဖို့ အခန်းဆီ ပြန်သွားကြသည်။ ရှောင်လုက သူတို့ကို ဘေးဖယ်ထားပြီး ဆင်နွှဲဖို့ ပြောသည်။
စုချန်ယန်က အချိန်မှန်အိပ်လေ့ရှိပြီး သိပ်မကြာခင်မှာဘဲ ဆိုဖာပေါ်မှာ အိပ်ပျော်သွားသည်။
ဒါကိုမြင်တော့လင်းယွီက အိပ်ငိုက်နေတဲ့ ရှောင်လုကို သာသာလေးတွန်းလိုက်ပြီးအသံတိုးတိုးနဲ့ ပြောလိုက်သည်။ "အနားယူဖို့ အခန်းထဲပြန်သွားတော့။ ချန်ယန်ကို ငါနဲ့အတူခေါ်သွားလိုက်မယ်"
ရှောင်လုက ကြောင်တက်တက်နဲ့ မျက်လုံးတွေကို ပွတ်လိုက်ပြီး မေးလိုက်သည်။ "ဟင်? ချန်ယန်က ညီမနဲ့အိမ်မှာ မဟုတ်ဘူးလား?"
လင်းယွီက နှုတ်ခမ်းကိုကိုက်ကာ သူမကိုစိုက်နေပြီး နောက်မှသူမ ချက်ချင်း သဘောပေါက်သွားသည်။ “ကျေးဇူးပြုပြီး၊ ကျေးဇူးပြုပြီး ခေါ်သွားပါ"
လင်းယွီက ကုန်းလိုက်ပြီး စုချန်ယန်ကို ဆိုဖာပေါ်ကနေ ချီလိုက်ပြီး လုယင်းကိုဘပြောလိုက်သည်။ "မင်းအဖေကို မပြောနဲ့"
လုယင်းက မျက်လုံးလှိမ့်လိုက်ပြီး ပြန်ဖြေလိုက်သည်။ “သိပြီ”
ပြောပြီးတဲ့နောက်မှာ လင်းယွီက စုချန်ယန်ကို ဧည့်ခန်းကနေချီထုတ်သွားပြီး သူ့အခန်းဆီ ပြန်သွားသည်။
သူကစုချန်ယန်ကို ကုတင်ပေါ် ညင်ညင်သာသာနဲ့ ချလိုက်ပြီး ခဏနေတော့ စုချန်ယန်က ဖြည်းဖြည်းချင်းနိုးလာသည်။
"လုယင်းလား?" စုချန်ယန်ရဲ့ အသံက နည်းနည်းအက်ရှနေသည်။
“ကိုယ်ပါ” လင်းယွီက တုံ့ပြန်လိုက်ပြီး ကုတင်ဘေးက မီးအိမ်ကို ပေါ့ပေါ့ပါးပါး ဖွင့်လိုက်သည်။
"လုယင်းက ဘယ်မှာလဲ?" စုချန်ယန်က ထထိုင်ရင်းနဲ့ နားမလည်သလို မေးလိုက်သည်။
လင်းယွီ - "အနားယူဖို့ သူ့အခန်းသူပြန်သွားတယ်"
စုချန်ယန် ရဲ့စိတ်က နည်းနည်း ဝေဝါးနေပြီး တခဏလောက်တော့ သူမဘေးပတ်ဝန်းကျင်ကို သတိမထားမိပေ။ သူမက သမ်းလိုက်ပြီး ပြောလိုက်သည်။ "ဒါဆို ကျွန်လည်း ပြန်သွားလိုက်မယ်"
သူမထကာ ထွက်သွားဖို့လုပ်နေတုန်း လင်းယွီက လက်တစ်ဖက်နဲ့ သူမကို နောက်ပြန်ဆွဲကာဖက်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။ “ဒီည မင်း ကိုယ်နဲ့ အိပ်ရမယ်”
စုချန်ယန် အံ့သြသွားပြီး သူမရဲ့ပါးပြင်တွေလည်းနီရဲလာသည်။
လင်းယွီက ခေါင်းငုံ့လိုက်ပြီး သူမရဲ့လည်ပင်းနောက်ကို နမ်းလိုက်ရာ စုချန်ယန်မှာ တောင့်တင်းသွားသည်။ သူက တိုးတိုးလေး ရယ်လိုက်သည်။ "စိတ်မပူပါနဲ့ ကိုယ် ဒီညဘာမှ မလုပ်ပါဘူး"
သူ့အသံမှာ ခပ်တိုးတိုးနဲ့ စွဲမက်ဖွယ်ကောင်းတဲ့ စွမ်းအားတစ်ခု ရှိသည်။ စောင်အောက်မှာ ငိုက်မျဥ်းစွာနဲ့ လှဲလိုက်ပြီးနောက် သူမ သူ့ကို မခုခံနိုင်တော့ကြောင်း စုချန်ယန်သဘောပေါက်လိုက်သည်။
လင်းယွီက သူမကို ရိုးရိုးသားသား ဖက်ထားပြီး အရမ်းညင်သာတဲ့ အသံတိုးတိုးနဲ့ သူမနဲ့အတူ စကားပြောနေသည်။ သူ့ရဲ့ နူးညံ့ပြီး ချစ်ခင်ကြင်နာတဲ့ အသံကို နားထောင်ရင်း စုချန်ယန်လည်း တဖြည်းဖြည်းနဲ့ သတိထားနေတာကို ဖြေလျော့လိုက်သည်။
သူမရဲ့ အသိစိတ်တွေ မှုန်ဝါးလာတာကို ခံစားလိုက်ရတဲ့အချိန် လင်းယွီက စကာပြောတာရပ်လိုက်ပြီး သူ့ရဲ့နွေးထွေးတဲ့ နှုတ်ခမ်းတွေကို သုံးကာ သူမရဲ့လည်ပင်းကို ညင်သာစွာ နမ်းလိုက်သည်။ သူ့နှုတ်ခမ်းတွေက အောက်ကနေ အပေါ်ကိုရွေ့သွားပြီး နောက်ဆုံးမှာ စုချန်ယန်ရဲ့ နှုတ်ခမ်းတွေနဲ့ ဆုံသွားသည်။
စုချန်ယန်က အရမ်းအိပ်ငိုက်နေပြီး လင်းယွီရဲ့ အပြုအမူကို အလိုလို တုံ့ပြန်လိုက်သည်။ သူတို့ရဲ့ ခန္ဓာကိုယ်တွေက နီးကပ်သွားပြီး အပူတွေဖြာထွက်လာသည်။ လင်းယွီရဲ့ အနမ်းတွေက နှုတ်ခမ်းမှာဘဲ အကြာကြီး မရှိနေဘဲ အခြားနေရာတွေကို တဖြည်းဖြည်း စူးစမ်းနေသည်။ စုချန်ယန်လည်း သူ့ကို ရိုးရိုးသားသားတုံ့ပြန်လာသည်။
လင်းယွီ သူမကိုနမ်းနေတဲ့ပုံက သူမ အိပ်ပျော်သွားသည့်တိုင်အောင် စိတ်ထဲမှာ စွဲကျန်နေခဲ့သည်။