အခန်း ၁၅၅ Exe 1.2
Vol. 12 Ch. 155 Exe 1.2
လင်းယွီ - "ဒီတလော မင်း ရည်းစားဟောင်းနဲ့ စကား ကောင်းကောင်း ပြောဖြစ်နေတယ် မဟုတ်ဘူးလား?"
ရှောင်လုက အံ့ဩသွားပြီး သူ့ကိုထိတ်လန့်တကြားကြည့်လာသည်။ "ဘယ်လိုသိတာလဲ?"
လင်းယွီက စုချန်ယန်ပခုံးပေါ်သူ့လက်ကိုတင်လိုက်ပြီး သူမရဲ့ဆံပင်တွေကို သူ့လက်ချောင်းတွေနဲ့ အသာအယာပုတ်ရင်း ပေါ့ပေါ့ပါးပါးနဲ့ ပြောလိုက်သည်။ "ချန်ယန် ဆီက ကြားတာ"
စုချန်ယန်ရဲ့ ခန္ဓာကိုယ်က တောင့်တင်းလာပြီး သူမက လင်းယွီကို မယုံကြည်နိုင်သလို ကြည့်ကာ တိတ်တိတ်လေး နှုတ်ခမ်းလှုပ်လိုက်သည်။ "ရှင် ကျွန်မကို သစ္စာဖောက်တယ်!"
လင်းယွီရဲ့အမူအရာမှာ မပြောင်းလဲပေ။
"စုချန်ယန်!!" ရှောင်လုက ဒေါသတကြီး အော်လိုက်သည်။ "နင်ဘယ်လိုသိတာလဲ?"
စုချန်ယန်က ရှက်ရွံ့စွာနဲ့ ပြုံးလိုက်ပြီး "လွန်ခဲ့တဲ့ နှစ်ရက်လောက်က နင် သူနဲ့ ဖုန်းပြောနေတာကို ငါကြားခဲ့တာ"
“ကောင်းပြီ၊ သွားစားရအောင်” လင်းယွီက သူတို့နှစ်ယောက်ကို ဖြတ်ပြောလိုက်သည်။
စုချန်ယန်က သူ့ကိုစူးစူးဝါးဝါး အကြည့်တစ်ချက်ပေးလိုက်ပြီး သူ့ခါးကို မသိမသာ လိမ်ဆွဲဖို့ ကြံလိုက်ပေမယ့် လင်းယွီက သူမကို လမ်းတစ်ဝက်မှာ တားလိုက်သည်။
နေ့လည်စာစားပြီးတော့ ဟိုတယ်ကို ပြန်လာပြီး စုချန်ယန်က သင်္ချာပုစ္ဆာပေါင်းများစွာကို ကြိုးစားခဲ့ပေမယ့် အမှားတွေ ဆက်ပြီး လုပ်မိနေဆဲပင်။ သူမက လဲလိုက်ပြီး၊ ကမ္ဘာပေါ်မှာ သင်္ချာထက် ပိုခက်တဲ့ ဘာသာရပ် မရှိဘူးလို့ ခံစားမိလိုက်သည်။ ဒီစာမေးပွဲကို အောင်ဖို့ ခက်လိမ့်မယ်လို့ သူမ ထင်သည်။
မျှော်လင့်ထားတဲ့အတိုင်း နေ့လည်ခင်း သင်္ချာစာမေးပွဲ ပြီးတဲ့အခါ စုချန်ယန်က စိတ်ပျက်လက်ပျက်နဲ့စာမေးပွဲခန်းကနေ ထွက်လာသည်။
ကားတံခါးကိုဖွင့်ပြီး အထဲကိုဝင်ထိုင်လိုက်တော့ လင်းယွီက သူမ မျက်နှာမကောင်းတာကို သတိထားမိလိုက်သည်။ သူက သူမရဲ့ဆံပင်တွေကို ပွတ်လိုက်ပြီး “မင်း အစွမ်းကုန်လုပ်ခဲ့ပါတယ်။ သူတို့က သုံးနှစ်လောက် စာလုပ်ခဲ့ရပေမယ့် မင်းကတော့ စာလုပ်တာ တစ်နှစ်တောင်မရှိသေးဘူး။ မင်းဒီလောက်ထိ ရောက်လာတာကဘဲ အထင်ကြီးစရာကောင်းနေပြီ"
ရှောင်လုက ခေါင်းညိတ်သဘောတူလိုက်သည်။ "ဟုတ်တယ်၊ စာမေးပွဲအတွက် စိတ်မပူနဲ့တော့။ အဲ့ဒါကအရေးမကြီးဘူး။ ဒီည ဘာစားချင်လဲ? ငါ့အစ်ကိုက ငါတို့ကို ဝယ်ကျွေးမယ်တဲ့"
စုချန်ယန်က တောက်ပတဲ့ မျက်လုံးတွေနဲ့ မျက်တောင်ခတ်ကာ လင်းယွီကို မျှော်လင့်တကြီး မော့ကြည့်လိုက်သည်။ "ကျွန်မ KFC မိသားစုစာတစ်ပုံး လိုချင်တယ်"
သူမရဲ့မျှော်လင့်ပြီး စိတ်လှုပ်ရှားနေတဲ့အမူအရာကိုမြင်လိုက်ရတော့ လင်းယွီက မတတ်နိုင်ဘဲ ရယ်လိုက်သည်။ “ကောင်းပြီ”
"အရမ်းကောင်းတယ်!" စုချန်ယန်က တောက်တောက်ပပနဲ့ပြုံးလိုက်သည်။
တောက်ပတဲ့အပြုံးက လူတိုင်းရဲ့နှလုံးသားကို တုန်လှုပ်သွားစေနိုင်လောက်အောင်ပင်။
လင်းယွီ သူ့လက်ဖဝါးကို တိတ်တိတ်လေး ဆွဲဆိတ်လိုက်ပြီး သူ့အလိုဆန္ဒတွေကို ဖိနှိမ့်လိုက်သည်။ အချိန်မကျသေးဘူး။
"လုယင်း သွားရအောင်"
"သွားကြရစို့! ကြက်ကြော်စားချိန်ရောက်ပြီ!"
အဲ့ဒီညမှာ စုချန်ယန်အိပ်တာ အနှောက်အယှက်မဖြစ်စေဖို့ သူတို့သုံးယောက်လုံး အခန်းခွဲအိပ်ကြသည်။ လင်းယွီက သူမအခန်းထဲမှာ အကြာကြီးမနေဘဲ စာလုပ်တာကို မနှောင့်ယှက်ခဲ့ပေ။ သူကည 9:30 နာရီအထိ သူမနဲ့အတူ ရှိနေပေးပြီး သူမကို အိပ်ခိုင်းလိုက်သည်။
စုချန်ယန်က နာနာခံခံနဲ့ခေါင်းညိတ်ကာ သူ့ကို မှီရင်း အိပ်ပျော်သွားသည်။
စုချန်ယန် အိပ်ပျော်သွားကြောင်း အတည်ပြုပြီးတော့လင်းယွီက ကြွက်တစ်ကောင်လိုမျိုး တိတ်ဆိတ်နဲ့ အခန်းကနေ မထွက်ခင် သူမရဲ့နဖူးကို ငုံ့ကာ ညင်သာစွာနဲ့ နမ်းလိုက်သည်။
ကော်ရစ်ဒါမှာ လင်းယွီက silent မုဒ်အကြာကြီးထားထားတဲ့ သူ့ဖုန်းကို ထုတ်လိုက်သည်။ လွတ်သွားတဲ့ ဖုန်းခေါ်ဆိုမှုတွေနဲ့ မက်ဆေ့ဂျ်တွေအများကြီး ရှိနေသည်။ လင်းယွီက ထိပ်ဆုံးနံပါတ်ကို ခေါ်လိုက်သည်။
ခဏအကြာ ဖုန်းပြန်ဖြေလာသည်။
"ဟဲလိုအဖေ"
"ချန်ယန် အိပ်ပျော်နေပြီ"
"ဟုတ်တယ် ဒီနေ့ သူကောင်းကောင်းလုပ်ခဲ့တယ်။ ရလဒ်က အရေးမကြီးပါဘူး”
. . . . .
နောက်တစ်နေ့ နံနက်မှာ စာပေနှင့်အနုပညာ စာမေးပွဲ ပြီးတော့ နေ့လည်ပိုင်းမှာ အင်္ဂလိပ်စာ စာမေးပွဲ ဖြေသည်။
စာမေးပွဲမေးခွန်းတွေကို ဝေတိုင်း၊ ရှေ့တန်းက ကောင်မလေးတွေက လျှို့ဝှက်အေးဂျင့်တွေလိုမျိုး လျှို့ဝှက်ဆန်းကြယ်တဲ့ အကြည့်တွေနဲ့ စုချန်ယန်ကို ကြည့်လာကြသည်။ စာမေးပွဲအခန်းစောင့်တဲ့သူကလည်း သူတို့ကြားမှာ ပြောမပြနိုင်တဲ့ လျှို့ဝှက်ချက်အချို့ရှိနေတာကို သတိပြုမိပြီး စုချန်ယန်ဘက်ကို တစ်ခါတစ်ခါ စိုက်ကြည့်သည်။
တာဝန်ခံက စုချန်ယန်ရဲ့ ဝင်ခွင့်လက်မှတ်ကို တစ်ချက်ကြည့်လိုက်တော့ သူမကို သိလိုက်သည်။ သူမက အများသူငှာအရှေ့မှာ အရှက်ရစရာ တစ်စုံတစ်ရာ မပြုလုပ်နိုင်ဘူးလို့ သူတို့ ထင်လိုက်သည်။ အကျဉ်းချုံးကြည့်ပြီးတော့ သူတို့ အာရုံ တွေပြောင်းသွားကြသည်။
နေ့လည်ပိုင်း အင်္ဂလိပ်စာ စာမေးပွဲ ဖြေဆိုနေတုန်းမှာ စုချန်ယန်က အားလုံး ထိန်းချုပ်နိုင်ခဲ့သည်။ သူမက အရှေ့က မေးခွန်းအားလုံးကို တစ်နာရီအတွင်း ပြီးခဲ့ပြီး နောက်ဆုံး essay ဘဲ ကျန်နေသည်။
ဖြေလို့ပြီးသွားတော့ စာရွက်တွေ မသိမ်းခင် အချိန်အနည်းငယ်ကျန်နေတဲ့အတွက် သူမဖြေထားတာကို နှစ်ခါလောက်စစ်ဆေးလိုက်သည်။
စာမေးပွဲပြီးဆုံးကြောင်း အချက်ပြခေါင်းလောင်းသံ မြည်လာတဲ့အခါ စာမေးပွဲခန်းထဲက ကျောင်းသားအများစုက သက်ပြင်းချလိုက်ကြသည်။ နှစ်ရက်ကြာ ကောလိပ်ဝင်ခွင့် စာမေးပွဲ နောက်ဆုံးတော့ ပြီးဆုံးသွားခဲ့ပြီဖြစ်ကာ သူတို့ရဲ့ အလုပ်များလှတဲ့စာလေ့လာမှုကို သက်သာရာရစွာ တစ်ခဏလောက် နားနိုင်ပြီဖြစ်သည်။
“အား! အား! အား! အား! အား!"
အဖြေစာရွက်တွေ သိမ်းနေတုန်းမှာဘဲ ရှေ့က ကောင်မလေးတစ်ယောက်က ရုတ်တရက် ထအော်ပြီး စာသင်ခန်းထဲက တခြားသူတွေရဲ့ အာရုံကို ဖမ်းစားလိုက်သည်။
စုချန်ယန်မှာ လန့်သွားပြီး ဦးထုပ်ကို ဆောင်းနေရင်း လက်တွေ အေးခဲသွားသည်။
“နင်… ငါ့အတွက် လက်မှတ်ထိုးပေးလို့ရမလား… ငါ့ကောင်လေးက ခဏနေကျရင် ဒီကိုလာလိမ့်မယ်…”
ကောင်မလေးက ဘောပင်နဲ့ ဓာတ်ပုံတစ်ပုံကို အိတ်ထဲက ထုတ်လိုက်သည်။
စိုးရိမ်စွာနဲ့ ထိုင်ရင်းစုချန်ယန်က စာသင်ခန်းရဲ့ အခြားထောင့်ကို တစ်ချက်ကြည့်လိုက်သည်။ အားလုံးက သူတို့ကို စူးစိုက်ကြည့်နေတာ မြင်တော့ စုချန်ယန်က ခေါင်းငုံ့ပြီး ဦးထုပ်အမြန် ဆောင်းလိုက်သည်။ သူမက တိုးတိုးလေး ပြောလိုက်သည်။ “ကောင်းပါပြီ ကျေးဇူးပြုပြီးတိုးတိုးလေးပြော…”
“အား! အား! အား!"
"စုချန်ယန်!"
"အဲ့ဒါက စုချန်ယန် လား?"
စုချန်ယန် စကားမဆုံးခင် စာသင်ခန်းထဲမှာ ရုတ်တရက် အော်သံတွေ ဆက်တိုက်ထွက်လာသည်။
အနီးနားက စာဖြေခန်းတွေမှာလည်း အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့သည်။
"စုချန်ယန်?"
"ဘာ? စုချန်ယန်လား?"
စုချန်ယန် - “…”
“အို ဘုရားရေ! တကယ်ကြီးစုချန်ယန်ဘဲ!"
"စုချန်ယန်က ငါတို့ကျောင်းမှာ ကောလိပ်ဝင်ခွင့် စာမေးပွဲဖြေနေတယ်!!!"
ငါးမိနစ်မပြည့်ခင်မှာပဲ စာမေးပွဲခန်းထဲမှာ စုချန်ယန် ပေါ်လာတဲ့သတင်းက ကျောင်းတစ်ခွင် ပျံ့နှံ့သွားသည်။
လင်းယွီနဲ့ ရှောင်လုတို့က ကျောင်းတံခါးဝမှာ အတော်ကြာအောင် စောင့်နေခဲ့ကြသည်။ စာမေးပွဲ ပြီးသွားပေမယ့် ထွက်လာတဲ့လူ နည်းနည်းဘဲရှိသည်။ အပြင်မှာ စောင့်နေတဲ့ မိဘတွေက သူတို့ ထွက်လာမှာကို စိတ်အားထက်သန်စွာနဲ့ မျှော်လင့်နေကြသည်။
နောက်ဆုံး ပထမဆုံး စာဖြေသူတစ်ယောက်ကကျောင်းတံခါးဝနား ရောက်လာတာကို တွေ့လိုက်ရသည်။
လူအုပ်ကြီးက စိတ်လှုပ်ရှားနေပြီး စာမေးပွဲလာဖြေတဲ့ကျောင်းသားက တံခါးနားလျှောက်လာတာကို ကြည့်နေကြကာ သူတို့ကို ကြိုဖို့ ပြင်နေကြသည်။ ရုတ်တရက် စာမေးပွဲလာဖြေတဲ့ ကျောင်းသားလေးက ခဏ ရပ်သွားသည်။
သူကမျက်လုံးပြူးပြီး ဖုန်းကိုကြည့်ကာ ရုတ်တရက် အံ့အားသင့်စွာနဲ့ ပြောလာသည်။ “အိုဘုရားရေ! စုချန်ယန်က ကျောင်းထဲမှာလား?"
ကျောင်းသားလေးက လမ်းဘေးက စုံတွဲတစ်တွဲကို ကြည့်လိုက်ပြီး ကျောပိုးအိတ်ကို ပစ်ချကာ ပြောလိုက်သည်။ "မား၊ ကျွန်တော့် နတ်ဘုရားမက ဒီမှာတဲ့၊ ကျွန်တော်သွားကြည့်ရမယ်"
အဲ့ဒီလိုပြောပြီးတာနဲ့ ကျောင်းသားလေးက စာသင်တဲ့အဆောက်အဦးဆီ လှည့်ပြေးသွားသည်။
အပြင်မှာ အကြာကြီးစောင့်နေကြတဲ့ မိဘတွေ - “…”
“အဲဒီကလေး အခုပဲပြောလိုက်တာ… စုချန်ယန်က အထဲမှာရှိနေတယ်လို့လား?"
"တကယ်လား? ငါ့သမီးက ဒီ စုချန်ယန် ကို အိမ်မှာ အမြဲပြောနေတာ"
"ငါ့ကလေးရောဘဲ"
“ဒါက စာမေးပွဲပြီးသွားပေမယ့် ဘာလို့ဘယ်သူမှ ထွက်မလာကြလဲဆိုတာ ပြနေတာဘဲ"
. . . . .
ရှောင်လုနဲ့ လင်းယွီမှာ ကူကယ်ရာမဲ့စွာ ရယ်ချင်သွားသည်။
လင်းယွီက ရှောင်လုကိုပြောလိုက်သည်။ "မင်းသွားပြီး ကားမောင်းလာခဲ့"
ဒါက စာမေးပွဲ နောက်ဆုံးနေ့ဖြစ်တဲ့အတွက် သူတို့ကိုမှတ်မိသွားမှာ မစိုးရိမ်တဲ့အတွက် အစက ကားမယူလာခဲ့တာဖြစ်သည်။ စာမေးပွဲခန်းကနေ မထွက်ခင် စုချန်ယန်ကို မှတ်မိသွားကြမယ်လို့ ဘယ်သူက ထင်မှာလဲ? အခြေအနေကို ကြည့်ရရင် တုန်လှုပ်ချောက်ချားစရာပင်။
"ကောင်းပြီ" ရှောင်လုက ပြန်ဖြေကာ ထွက်သွားသည်။
လူအုပ်ကြီးရဲ့ အကြည့်တွေကြားမှာ လင်းယွီက အဝင်ဝရှိ တားထားတဲ့မျဉ်းနားသို့ လျှောက်သွားသည်။ စောင့်ကြပ်နေတဲ့ ရဲအရာရှိတစ်ယောက်က သူ့ကိုသတိထားကြည့်နေသည်။
"ဘယ်သူလဲ?"
လင်းယွီက ရဲအရာရှိကို သူ့ business cardပေးလိုက်ပြီး “ကျွန်တော်က စုချန်ယန်ရဲ့ မန်နေဂျာနဲ့ ချစ်သူကောင်လေးပါ။ သူ့ကိုအိမ်ပြန်ဖို့ လာကြိုတာ။ သူအထဲမှာ ပြသနာတစ်ခုခု ကြုံနေရတယ်"
ရဲအရာရှိက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး အနီးနားက အငယ်တန်း ရဲအရာရှိကို ပြောလိုက်သည်။ "မင်း စုချန်ယန်ကို ကြိုက်တယ်မဟုတ်ဘူးလား? သူ့ကိုအထဲခေါ်သွားလိုက်"
“ဟုတ်ကဲ့”
လင်းယွီက ရဲအရာရှိကို ယဉ်ကျေးစွာနဲ့ ပြုံးပြလိုက်သည်။
အငယ်တန်းရဲအရာရှိက သူ့ကို ကျောင်းထဲခေါ်သွားသည်။ ကျောင်းသားအားလုံးနီးပါးက နေရာတစ်ခုတည်းမှာ စုဝေးနေကြတာကြောင့် စုချန်ယန်ရှိတဲ့နေရာကို အမြန်ရှာတွေ့လိုက်သည်။
အငယ်တန်းရဲအရာရှိက အခြေအနေကြောင့် နားမလည်ဖြစ်နေပြီး မတော်တဆမှုဖြစ်မှာ စိုးတာကြောင့် လူစုလူဝေးကို ထိန်းသိမ်းဖို့ ရေဒီယိုကနေ သူ့လုပ်ဖော်ကိုင်ဖက်ကို အကူအညီတောင်းလိုက်သည်။
ပထမထပ်ရှိ လှေကားထစ်ကို ပိတ်ဆို့နေတဲ့လူအုပ်ကြီးကို မြင်လိုက်ရတဲ့အတွက် လင်းယွီရဲ့ မျက်ခုံးတွေတွန့်ချိုးသွားသည်။ ကံကောင်းထောက်မစွာနဲ့ ချန်ယန်ရဲ့ စာမေးပွဲခန်းက ပထမထပ်မှာရှိနေလို့ပင်။ ဒီထက်ပိုမြင့်ရင် မတော်တဆမှုတွေ ဖြစ်နိုင်ချေ ပိုမြင့်လိမ့်မည်။
"မတွန်းနဲ့၊ မတွန်းနဲ့"
"တစ်ခုခုဖြစ်သွားရင် မကောင်းဘူး!"
"မတွန်းကြနဲ့!"
လူအုပ်ထဲကနေ အော်ဟစ်သံအချို့ထွက်ပေါ်လာသည်။
လင်းယွီက အတော်လေး အရပ်ရှည်တာကြောင့် စာသင်ခန်းထဲက အခြေအနေကို ဝိုးတိုးဝါးတား မြင်ရသည်။ ထိုင်ခုံတဝိုက်မှာ စုရုံးနေတဲ့ လူတွေက သိပ်ပြ ပြင်းထန်တဲ့ တုံ့ပြန်မှုမျိုး မပြပေ။ စာသင်ခန်းအပြင်မှာထက် ပိုပြီး စနစ်ကျလှသည်။ စုချန်ယန်က အဲ့ဒီနေရာမှာ ထိုင်နေပြီး လက်မှတ်ထိုးကာ ဓာတ်ပုံရိုက်ပေးနေတာဖြစ်လိမ့်မည်။
စုချန်ယန်မှာ ကြီးကြီးမားမား အန္တရာယ် တစ်စုံတစ်ရာ မကျရောက်ကြောင်း သိလိုက်ရတော့ လင်းယွီက သက်သာရာရသလို သက်ပြင်းချလိုက်သည်။ သူက ဘေးနားက အငယ်တန်းရဲအရာရှိဘက်ကို လှည့်ကာ ပြောလိုက်သည်။ “Sir ကျေးဇူးပြုပြီး အပေါ်တက် ထိန်းသိမ်းပေးလို့ရမလား? သူတို့ကိုတော့ မလှန့်သွားပါစေနဲ့"
အငယ်တန်းရဲအရာရှိက ခေါင်းညိတ်ပြပြီး လုပ်ဖော်ကိုင်ဖက် အများအပြား ရောက်လာကြကာ လူအုပ်ကြီးနားမှာ ရပ်ပြီး လူအုပ်ကြီး မတော်တဆ ထိခိုက်မှုမဖြစ်အောင် သေချာစနစ်တကျ တန်းစီစေလိုက်သည်။
လင်းယွီက ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်ရာ စာသင်ခန်းရဲ့ ဝင်ပေါက်နှစ်ဘက်စလုံးမှာ လူတွေနဲ့ ပြည့်ကျပ်နေတာ တွေ့လိုက်ရသည်။
အနောက်ဘက်တံခါးမှာ လူတိုင်းက စည်းစနစ်တကျနဲ့ တန်းစီနေပြီး သူကအလယ်ကို ဖြတ်လျှောက်လိုက်ကာပြောလိုက်သည်။ “တဆိတ်လောက်၊ ကျွန်တော်က ချန်ယန်ရဲ့ မန်နေဂျာပါ။ ကျေးဇူးပြုပြီး လမ်းဖယ်ပေးလို့ရမလား?"
ဆူညံနေတဲ့ လူအုပ်ကြီးထဲမှာ ကျောင်းသား အများအပြားက သူ့အသံကိုကြားတော့ တညီတညွတ်တည်း လှည့်ကြည့်လာကြသည်။
"လင်းယွီလား?"
"ဝိုး! အဲ့ဒါတကယ်ဘဲ လင်းယွီလား? သူက ဓာတ်ပုံထဲကထက်အများကြီး ပိုကြည့်ကောင်းတယ်”
"ဆိုတော့ ဒီလူက ငါ့ကောင်မလေးကို ခိုးသွားတာပေါ့?"
" သူက တကယ်ချောတယ် ဆိုတာတော့ ဝန်ခံရမယ်