← Chapters

အခန်း ၁၅၆

Vol. 12 Ch. 156

အခန်း ၁၅၆

Vol. 12 Ch. 156

ကံကောင်းထောက်မစွာနဲ့၊ လူတိုင်းက စုချန်ယန်ကို တွေ့ရတာ ပျော်ကြပေမယ့် သူတို့စိတ်တွေတော့ မလွတ်သွားပါချေ။ သူတို့က လမ်းလုပ်ပေးဖို့ နည်းနည်း ဘေးဖယ်ပေးကြသည်။

ဒါပေမယ့် အလယ်က အဟတွေဟာတော့ အကန့်အသတ်ရှိသည်။ လင်းယွီ စာသင်ခန်းထဲ တိုးဝင်သွားတဲ့အခါ သပ်ရပ်နေတဲ့ သူ့အဝတ်အစားတွေက နည်းနည်းကြေသွားသည်။ သူ့လက်နဲ့ နည်းနည်းပုံပျက်သွားတဲ့ အနက်ရောင် ဆံပင်တွေကို သပ်လိုက်ကာ နောက်ဆုံးမှာ စုချန်ယန်ရှေ့ ရောက်လာသည်။

စုချန်ယန်က လက်ထဲမှာ ဘောပင်ကိုကိုင်ထားပြီး ထိုင်ခုံမှာထိုင်နေသည်။ တစ်ယောက်ယောက် အနားကပ်လာတာကို သူမမြင်ပေမယ့် ခေါင်းမော့မလာဘဲ မေးလိုက်သည်။ “ မက်ဆေ့ချ် လိုချင်လား?”

"နေကြာပန်း‌တွေရဲ့ပန်းပွင့်ဘာသာစကား"

ရင်းနှီးတဲ့အသံကို ကြားလိုက်ရတဲ့အခါ စုချန်ယန် တခဏလောက် အံ့ဩသွားသည်။ နောက်တော့ သူမက ဝမ်းသာအားရနဲ့ ခေါင်းကို မော့လိုက်ကာ အံ့အားသင့်စွာနဲ့ပြောလာသည်။ "လင်းယွီ၊ ဘာလို့ ဒီကို ရောက်နေတာလဲ?"

သူမရဲ့ ချောမောလှပတဲ့ မျက်နှာပေါ်မှာ ကြည်လင်တဲ့ မှင်အစွန်းအထင်းတစ်ခု ရှိနေသည်။ လင်းယွီက နွေးထွေးစွာနဲ့ ပြုံးလိုက်ပြီး မှင်ပေနေတာကို သူ့လက်နဲ့သုတ်လိုက်ကာ ဘေးကိုလှမ်းလိုက်ပြီး ပြောလိုက်သည်။ "မင်းနဲ့အတူ ရှိပေးဖို့လာတာ"

စုချန်ယန်က သူ့ကို ပြုံးပြုံးရွှင်ရွှင်နဲ့ ကြည့်ပြီး ပြောလိုက်သည်။ " မုန့်တွေ ယူလာလား? ကျွန်မ နည်းနည်းဗိုက်ဆာနေပြီ"

လင်းယွီက ရယ်လိုက်ကာ “နည်းနည်း ယူလာပေးတယ်”

“အာ…”

“အချစ်ရဲ့ ချဉ်စူးတဲ့အနံ့တွေ!"

"အဆာပြေလေးတွေကြောင့်နဲ့ မန်နေဂျာက ချန်ယန်ကို အနိုင်ယူနိုင်ခဲ့တယ်လို့ သံသယဖြစ်မိတယ်!"

" ဒါက သေချာပေါက် ဆိုးရွားတာပဲ!"

ကောလိပ်ဝင်ခွင့် စာမေးပွဲ ကျင်းပရာနေရာတွင် စုချန်ယန်ပေါ်လာတယ်ဆိုတဲ့ သတင်းက တစ်နာရီအတွင်း hot search မှာပေါ်လာခဲ့သည်။

စုချန်ယန်က Starlight Entertainment နဲ့ စာချုပ်ဖျက်သိမ်းပြီး ကျောင်းပြန်တက်တော့မယ်ဆိုတာကို Weibo မှာ လင်းယွီက ဖော်ပြခဲ့တဲ့အတွက် အင်တာနက်အသုံးပြုသူအများစုက ဒီကိစ္စကို ထောက်ခံတဲ့ သဘောထားရှိပြီး စိတ်လှုပ်ရှားစရာ သိပ်မဖြစ်စေတဲ့ ကြုံရာမှတ်ချက်နည်းနည်းသာ ရှိခဲ့သည်။

နောက်ဆုံး ကောလိပ်ဝင်ခွင့်စာမေးပွဲကြောင့် ကျောင်းသားတွေမှာ အပန်းဖြေဖို့ ရှားပါးလာတဲ့အတွက် ကျောင်းနဲ့မိဘတွေက ကျောင်းသားတွေရဲ့ အပြုအမူကို ၈ နာရီကျော်သည်အထိ တားဆီးခြင်းမပြုဘဲ နောက်ဆုံးမှကျောင်းသားတွေ တဖြည်းဖြည်း လူစုခွဲသွားကြသည်။

နောက်ဆုံးကျောင်းသားလေး စာသင်ခန်းကနေထွက်သွားပြီးတဲ့နောက်မှာ စုချန်ယန်က သက်ပြင်းတစ်ချက်ချလိုက်သည်။ လင်းယွီက ထကာ စာသင်ခန်းရဲ့ အရှေ့နဲ့ နောက်တံခါးတွေကို ပိတ်လိုက်ပြီး အပြင်က မြင်ကွင်းကို ပိတ်ဆို့ဖို့ လိုက်ကာတွေကို ဆွဲလိုက်ကာ စုချန်ယန်ဘက် ပြန်လျှောက်လာသည်။

"ဘယ်လိုဖြစ်တာလဲ?" လင်းယွီက ထိုင်ခုံတစ်လုံးဆွဲကာ စုချန်ယန် ဘေးမှာ ဝင်ထိုင်လိုက်သည်။

စုချန်ယန်က စားပွဲပေါ်မှာ လဲလျောင်းနေပြီး သူ့ကို အားနည်းစွာနဲ့ကြည့်ကာ သူ့လက်တွေကို လှုပ်ပြလိုက်ပြီး ပြောလိုက်သည်။ "လက်နာတယ်"

နာရီအတော်ကြာလောက် စာရေးခဲ့ရတာကြောင့် ဘယ်လိုလုပ် မနာဘဲနေပါ့မလဲ?

လင်းယွီ ဘာမှပြန်မပြောဘဲ သူမလက်ကိုဆွဲကာ သူ့လက်ဖဝါးပေါ်တင်လိုက်ပြီး လက်ဖမိုးကို ညင်ညင်သာသာ ဆုပ်နယ်ပေးလိုက်သည်။ "သက်သာရဲ့လား?"

စုချန်ယန်က လှည့်လာပြီး လင်းယွီရဲ့ လေးနက်တဲ့ အမူအရာကို ကြည့်လိုက်သည်။ သူမရဲ့ ပါးစပ်ထောင့်ကနေ အပြုံးတစ်ခု ဖျတ်ခနဲပေါ်လာခဲ့သည်။ "အင်း"

လင်းယွီက သူမကို လှမ်းကြည့်ကာ မေးလိုက်သည်။ "ပျော်လား?"

"အင်း နောက်ဆုံးတော့ စာမေးပွဲပြီးသွားပြီလေ"

"ဟုတ်တယ်၊ ဒီအတောတွင်းမှာ မင်းကြိုးစားခဲ့တယ်"

စုချန်ယန်မှာ ဒီတလော အပန်းဖြေဖို့ အချိန်မရှိပဲ တစ်နေ့တာလုံး ရုပ်ရှင်ရိုက်တာ၊ စာကျက်ရတာတွေကြောင့် အရမ်းအလုပ်များနေသည်။

စုချန်ယန်က ခေါင်းခါပြီး ပြောလိုက်သည်။ "ရုပ်ရှင်ရိုက်ပြီး‌လို့ ကျောင်းမဖွင့်ခင်စပ်ကြားမှာ အပြင်ထွက်လည်ဖို့ အခွင့်အရေးရှာရအောင်"

ဒါကိုကြားတော့ လင်းယွီက ခဏရပ်သွားပြီး ပြောလိုက်သည်။ “မင်းအတွက် ဓာတ်ပုံဆရာကို ကိုယ် ချိန်းထားတယ်။ ဇူလိုင်လ အစောပိုင်းမှာ မဂ္ဂဇင်းကာဗာ နည်းနည်းလောက် ရိုက်ဖို့ USကို သွားရမယ်။ မဂ္ဂဇင်းကာဗာတွေရိုက် ပြီးတဲ့အခါကျရင် မင်းမှာ ဘာအလုပ်မှ မရှိတော့လို့ ကျောင်းအေးအေးဆေးဆေး စတက်ဖို့ စောင့်နေလို့ရပြီ။ ပြီးတော့ မင်းကို ကိုယ့်အမေနဲ့တွေ့ပေးဖို့ US ကနေ အီတလီကို တိုက်ရိုက်သွားမယ်"

စုချန်ယန် အံ့အားသင့်သွားကာ သိသိသာသာကိုဘဲထိတ်လန့်သွားသည်။ သူမက မတ်မတ်ထိုင်ပြီး “ရှင့်အမေနဲ့တွေ့ရမှာလား? ဒါပေမယ့် ကျွန်မ အီတလီစကား အခုထိ မသင်ရသေးဘူး… ရှင်တို့ရဲ့ ဓလေ့ထုံးစံတွေကိုလည်း ကျွန်မ မရင်းနှီးဘူး…”

လင်းယွီက သူမလက်ကို နှစ်သိမ့်သလို ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်သည်။ “အဆင်ပြေပါတယ်။ ကိုယ့်အမေက ဒါတွေ စိတ်မ၀င်စားဘူး။ သူက မင်းကိုဘဲ တကယ်တွေ့ချင်နေတာ"

စုချန်ယန်က နည်းနည်း တုန်လှုပ်သွားပြီး မေးလိုက်သည်။ “ရှင့်အမေက ကျွန်မကို သဘောမကျရင် ဘယ်လိုလုပ်မလဲ?"

လင်းယွီက သူမကို ပြုံးပြလိုက်ပြီး ရုတ်တရက် သူ့လက်ကို သူမလည်ပင်းပေါ် တင်လိုက်ကာ သူမကို ပိုနီးနီးကပ်ကပ်ဆွဲလိုက်ပြီး နှုတ်ခမ်းကို အသာအယာ နမ်းလိုက်သည်။ နောက်တော့ သူကနည်းနည်း ပြန်ဆုတ်လိုက်ပြီး ပြောလိုက်သည်။

"စိတ်မပူပါနဲ့၊ ကိုယ်တစ်ယောက်ယောက်ကို သဘောကျရင် ကိုယ့်အမေလည်း သေချာပေါက် သ‌ဘောကျလိမ့်မယ်"

စုချန်ယန်က သူမနဲ့ အရမ်းနီးကပ်နေတဲ့ သူ့မျက်နှာကို ကြည့်လိုက်သည် လအတော်ကြာအောက် တွဲခဲ့ပြီးတာတောင်မှ သူ ရုတ်တရက် ချဉ်းကပ်လာတဲ့အခါ သူမရြဲ နှလုံးခုန်သံကို ခံစားရသည်။

“ဂွီ—”

စုချန်ယန် စကားမပြောခင် သူမရဲ့ဗိုက်ကနေ အော်သံထွက်လာသည်။

စုချန်ယန်က ရှက်ရွံ့စွာနဲ့ ခေါင်းငုံ့လိုက်ပြီး ညည်းတွားလိုက်သည်။ "ဗိုက်နည်းနည်းဆာနေပြီ"

လင်းယွီက သူမနဖူးမှာ မှီလိုက်ပြီး ရယ်လိုက်ကာ "နည်းနည်းဘဲလား?"

"ဗိုက်အရမ်းဆာတယ်"

"ဗိုက်ဖြည့်ဖို့ တစ်ခုခုစားကြမလား?"

"အားလုံး ခွဲ‌ပေးလိုက်ပြီ မဟုတ်ဘူးလား?"

အခုလေးတင် သူမစားနေတုန်း လင်းယွီက သူမအတွက် ပြင်ဆင်ထားတဲ့ အဆာပြေမုန့် အားလုံးကို အနားက ကျောင်းသားတွေကြားထဲ ရက်ရက်ရောရော ခွဲပေးခဲ့သည်။

လင်းယွီက သူမရဲ့ ပါးပြင်ကို ညာလက်နဲ့ ပွတ်လိုက်ပြီး သူ့ရဲ့ သူငယ်အိမ်တွေကလည်း နက်မှောင်လာခဲ့သည်။

နှစ်ယောက်သားက တစ်ယောက်နဲ့တစ်ယောက် အရမ်းနီးကပ်နေကြသည်။ သူ့ရုတ်တရက် တိတ်ဆိတ်သွားတာနဲ့ ရင်ဆိုင်လိုက်ရတော့ စုချန်ယန်မှာ ဖြည်းဖြည်းချင်း စိတ်မသက်မသာ ဖြစ်သွားသည်။ သူမရဲ့ မျက်လုံးကြီးနှစ်လုံးက ကြောက်ရွံ့ထိတ်လန့်ကာ ရှက်ကိုးရှက်ကန်းနဲ့ အကြည့်ချင်းဆုံသွားပေမယ့် ပူလောင်နေသလိုမျိုး အမြန်အကြည့်လွှဲလိုက်သည်။

“မင်း ပါးစပ်ကို ဟလိုက်” လင်းယွီက တိုးတိုးလေးပြောလိုက်သည်။

သူ့ရဲ့ဆွဲဆောင်မှုရှိတဲ့ လေသံကို နားထောင်ရင်း စုချန်ယန်က ရှင်းပြမတတ်လောက်အောင် သူမရဲ့နှုတ်ခမ်းတွေကို ဟလိုက်ပြီး လုံးဝ မပြင်ဆင်ထားရသလို သူ့ကိုကြိုဆိုလိုက်သည်။

လွတ်နေတဲ့ စာသင်ခန်းထဲ ရှာ်ကြာလှတဲ့ ပန်းခင်းကြီးထဲမှာ နှစ်ယောက်သား အကြာကြီး လွှတ်ဖို့ ငြင်းဆန်နေကာ စိတ်အားထက်သန်မှုနဲ့ ပူလောင်တဲ့ အသက်ရှုသံတွေက ရောယှက်နေသည်။

နောက်ပိုင်းမှာ လင်းယွီရဲ့ တောင်းဆိုချက်တွေက ပိုလို့တောင် များပြားလာသည်။ အကြိမ်တိုင်းမှာ အရင်ကထက် ပိုလိုချင်လာသည်။ အကြိမ်တိုင်း အခန်းလွတ်တွေထဲမှာ သူက အဆုံးထိသွားလိမ့်မယ်လို့ စုချန်ယန် အကြိမ်ကြိမ်ထင်ခဲ့ပေမယ့် အံ့အားသင့်စရာကောင်းစွာ လင်းယွီမှာ ထူးခြားတဲ့ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းရှိသည်။ အချိန်တိုင်း သူမ ထိန်းချုပ်မှုကနေ လွတ်ခါနီးဆိုရင် သူလွှတ်ပေးသည်။

ဒီတစ်ခါလည်း ခြွင်းချက်မရှိပေ။

စုချန်ယန်က အသက်ရှုမဝတဲ့အတွက် သူ့ထိန်းချုပ်မှုကနေ လွတ်သွားတဲ့အခါ သူက သူမကိုရင်ခွင်ထဲမှာ ဖက်ထားပြီး သူမနားထဲ တီးတိုးပြောလိုက်သည်။ "ကိုယ်အသက်ရှူပါရစေဦး"

စုချန်ယန်က သူမရဲ့ ပူနွေးတဲ့ ပါးပြင်ကို သူ့လည်ပင်းနဲ့ ဖိကာသူ စိတ်ငြိမ်သွားစေဖို့ စိတ်ရှည်စွာနဲ့ စောင့်လိုက်သည်။

အချိန်ကြာလာသည်နှင့်အမျှ အပြင်ဘက်ကောင်းကင်က ပိုမှောင်လာသည်။ လင်းယွီက သူမကို ဖက်ထားရင်း ရုတ်တရတ် ပြောလာသည်။ "စုချန်ယန်၊ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားတော့၊ ကိုယ် သိပ်အကြာကြီး မထိန်းနိုင်တော့ဘူး"

သူ့အသံက အက်ရှနေပြီး စုချန်ယန်ရဲ့ နားထဲမှာ မီးလောင်ကျွမ်းနေသလို ခံစားရသည်။

စုချန်ယန် - "ပထမဆုံးနေရာမှာ ထိန်းထားစရာ မလိုပါဘူး"

လင်းယွီရဲ့အသက်ရှုသံတွေက တင်းကျပ်လာခဲ့သည်။ "စုချန်ယန်၊ ကိုယ့်ကို ဖြားယောင်းနေတာ ရပ်လိုက်"

စုချန်ယန်က မျက်မှောင်ကြုတ်ပြီး ခွေးကလေး သွားကြိတ်သလိုမျိုး သူ့လည်ပင်းပေါ်က အရေပြားကို သွားနဲ့ကိုက်လိုက်သည်။ “ရှင့်ကို ဘယ်တုန်းက ဖြားယောင်းလို့လဲ? အမှန်အတိုင်း ပြောနေတာကို"

လင်းယွီက သူမရဲ့ပါးပြင်ကို ကိုက်လိုက်ပြီး သူ့ကိုယ်ပေါ် သူမကို မတင်လိုက်ကာ စုချန်ယန်ကို မျက်လုံးမှေးကြည့်လိုက်ပြီး ပြောလိုက်သည်။ "စားချင်သေးလား?"

စုချန်ယန်က နာခံစွာနဲ့ပြုံးလိုက်သည်။ "အင်း!"

လင်းယွီက မနေနိုင်ဘဲ ရယ်လိုက်ကာ သူမနဖူးကိုနမ်းလိုက်သည်။ "သွားစားကြစို့"

"စားမယ်!"

မီးတွေကို ပိတ်လိုက်ပြီး စာသင်ခန်းထဲကနေ သူတို့ ထွက်လာလိုက်သည်။

မှောင်မည်းနေတဲ့ ကျောင်းဝင်းထဲမှာ လမ်းမီးတိုင်တွေ ရံဖန်ရံခါ ထွန်းညှိထားသည်။

ဘာကိုမှ မစိုးရိမ်ဘဲ လင်းယွီက စုချန်ယန် လက်ကို ကိုင်ကာ ဘာမှမရှိတဲ့ ကျောင်းဝင်းထဲကနေ ဖြည်းညှင်းစွာ လျှောက်လာသည်။

"ရှောင်လုရော ဘယ်မှာလဲ?" စုချန်ယန်မှာ ရှောင်လုကို မတွေ့ခဲ့ကြောင်း ရုတ်တရက် သတိရသွားသည်။

"ကိုယ်လည်းမသိဘူး၊ ကိုယ်ကျောင်းထဲ မဝင်ခင် သူ့ကိုကားအရင်ယူခိုင်းခဲ့သေးတယ်" လင်းယွီက ပြန်ဖြေလိုက်သည်။

စုချန်ယန်က သူ့လက်ကို လွှတ်လိုက်ပြီး ကျောပိုးအိတ်ထဲက ဖုန်းကို ထုတ်လိုက်သည်။ သင်ကြားရေးအဆောက်အအုံရဲ့ ခပ်လှမ်းလှမ်းကို လျှောက်လာပြီး ဖုန်းဖွင့်ကြည့်လိုက်တော့ ရှောင်လုဆီက ဒါဇင်နဲ့ချီတဲ့ missed call တွေကို တွေ့လိုက်ရသည်။

လင်းယွီလည်း ဖုန်းကိုထုတ်ကာ တစ်ချက်ကြည့်လိုက်သည်။

"ရှောင်လုတစ်ယောက်ထဲ အပြင်မှာ စိုးရိမ်ပြီး စောင့်နေတာဖြစ်မယ်" စုချန်ယန်က စိုးရိမ်တကြီးနဲ့ သူမကို ပြန်ခေါ်ဖို့ ရည်ရွယ်ထားတဲ့ ဖုန်းကိုခေါ်လိုက်ပေမယ့် တစ်ဖက်သူရဲ့ ဖုန်းကို ပိတ်ထားလိုက်ပြီဆိုပြီး ပြနေသည်။

သူတို့နှစ်ယောက် ကျောင်းတံခါးကို ရောက်လာခဲ့သည်။ အပြင်ဘက်မှာ အထီးကျန်‌ နေတဲ့လမ်းမီးနှစ်တိုင်သာ လင်းနေပြီး သာမာန် Volkswagen ကားတစ်စီးကို လမ်းမီးအောက်မှာ ရပ်ထားသည်။

ရှောင်လုက ဘယ်ကရှာတွေ့ခဲ့လဲမသိတဲ့ ခွေးခြေခုံလေးတစ်ခုံနဲ့ ကားဘေးက လှေကားထစ်ပေါ်မှာ ထိုင်နေခဲ့သည်။ သူမ ခေါက်ဆွဲထမင်းကြော် တစ်ပန်းကန်ကို ကိုင်ကာ ပျော်ပျော်ရွှင်စွာနဲ့ စားသောက်နေသည်။

သူမရဲ့မျက်လုံးထောင့်ကနေ လင်းယွီနဲ့ စုချန်ယန်တို့ ထွက်လာတာကိုမြင်ပေမယ့် သူမက သူတို့ကိုကြည့်ဖို့ စိတ်မ၀င်စားဘဲ သူမရဲ့ ခေါက်ဆွဲထမင်းကြော်ကိုဘဲ အာရုံစိုက်ထားသည်။

စုချန်ယန်မှာ သူမလက်ထဲက ပူပူနွေးနွေးခေါက်ဆွဲထမင်းကြော်ပန်းကန်ကို မြင်တဲ့အခါ သူမရဲ့မျက်လုံးတွေက ချက်ချင်းဘဲ တောက်ပလာသည်။ သူမက ကျောပိုးအိတ်ကို လင်းယွီဆီ ပစ်ပေးလိုက်ပြီး ခြေလှမ်းသုံးလှမ်းနဲ့အမြန်လှမ်းကာ ရှောင်လုရဲ့ဘေးမှာ ရပ်လိုက်ပြီး သူမစိတ်ကျေနပ်အောင် ကြိုးစားလိုက်သည်။ "ညီအစ်မ ရှောင်လု..."

"ငါ့ကို တစ်လုတ်ကျွေးလို့ ရမလားဟင်? တစ်လုတ်လေးဘဲ"

“အာ--”

"အနံ့လေးက အရမ်းကောင်းတာဘဲ"

လမ်းမီးတိုင်အောက်မှာ ခေါက်ဆွဲထမင်းကြော်ကို စားရင်း ပျော်ရွှင်နေပုံရတဲ့ စုချန်ယန်ကို လှမ်းကြည့်ရင်း လင်းယွီ လမ်းလျှောက်နေရာကနေ တဖြည်းဖြည်း ရပ်လိုက်ကာ ကြည့်နေလိုက်သည်။

အကြောင်းတစ်ခုခုကြောင့် လုယင်းရဲ့လက်ထဲက ထမင်းကြော်ပန်းကန်က အရမ်း အရသာရှိလိမ့်မယ်လို့ သူခံစားလိုက်ရသည်။

. . . . .

ကောလိပ်ဝင်ခွင့်စာမေးပွဲအပြီးမှာ၊ စုချန်ယန်က ရုပ်ရှင်ဆက်လက်ရိုက်ကူးဖို့ အလျင်အမြန်ပြန်လာခဲ့သည်။ သူမရဲ့ ဇာတ်ဝင်ခန်းတွေ ပြီးဖို့ဆို နောက်ထပ် နှစ်ပတ်လောက် ကြာဦးမည်ဖြစ်သည်။

အဲ့ဒီကာလအတွင်းမှာ ဇူလိုင်လအတွက် ကြိုတင်စီစဉ်ဖို့ လင်းယွီက သူ့အလုပ်တွေကို ပြီးအောင်လုပ်သည်။ နှစ်ယောက်စလုံးက သူတို့ရဲ့ကိုယ်ပိုင်ဘဝမှာနှစ်မြှုပ်နေခဲ့သည်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ သူတို့တွေအတွက် တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ် မရှိသလောက် နည်းပါးခဲ့သည်။

စုချန်ယန် ရိုက်ကူးရေးပြီးသွားတဲ့အခါ အလုပ်များနေပေမယ့် လင်းယွီက သူမနဲ့အတူ ကျင်းပပေးဖို့အတွက် မအားလပ်တဲ့ အချိန်ဇယားကြားကနေ အလျင်စလိုလုပ်ခဲ့ပေးသေးသည်။

ပါတီကို နောက်ဆုံး scene ရိုက်ခဲ့တဲ့ နေရာနားက နေရာမှာ ကျင်းပခဲ့သည်။ လင်းယွီ ရောက်လာတဲ့အချိန် စုချန်ယန်က ဟန်စုန့်ရွှယ်ရယ် အခြားသူတွေနဲ့ အတူ ကစားနေသည်။

ဒီထုတ်လုပ်ရေးမှာ ဟန်စုန့်ရွယ်နဲ့ ကျန်းရှစ်ချီအပါအဝင် စုချန်ယန်ရင်းနှီးတဲ့ သရုပ်ဆောင်တွေများစွာ ပါဝင်ခဲ့သည်။ သူတို့ သုံးယောက် အတူတူရိုက်ရတဲ့ ဇာတ်ဝင်ခန်းတွေ အများကြီးရှိပြီး သူတို့ ပြီးတဲ့အချိန်တွေကလည်း အတူတူပင်။

ဒီတလော သူတို့က မျှော်စင်ကာကွယ်ရေးဂိမ်းကို စွဲလမ်းနေကြပြီး လူတိုင်းစုံဖို့ စောင့်နေတုန်းမှာ အတူတူကစားကြသည်။ လင်းယွီ‌ ရောက်လာတဲ့အခါ စုချန်ယန်က ဟန်စုန့်ရွယ်ရဲ့ ဖုန်းစခရင်ကို ကြည့်ရင်း အော်ဟစ်အကူအညီတောင်းနေသည်။

"ပြေး! ဆက်ပြေး!” ဟန်စုန့်ရွယ်က ကြောက်လန့်တကြားနဲ့ အော်လိုက်သည်။

“ထိုးလိုက်"

"မပြေးနဲ့! ပြန်တိုက်လိုက်!"

အမျိုးသား သရုပ်ဆောင် နှစ်ယောက်က သူတို့ပြန်လာဖို့ ကျယ်ကျယ်လောင်လောင် အော်နေပေမယ့် သူတို့သုံးယောက်ကတော့ ပိုပြီးတော့ မြန်မြန်ပြေးကြသည်။ သူတို့ ရောက်လာတဲဲ့ချိန်မှာ သူတို့ သုံးယောက်ကို ဘယ်နေရာမှာမှ မတွေ့ ရတော့ဘဲ သူတို့နှစ်ယောက်ကို ချက်ချင်းသတ်ပစ်လိုက်တဲ့ လူငါးယောက်နဲ့ ချန်ထားခဲ့သည်။

"ဟင်? နင်တို့တွေဘယ်လိုသေသွားတာလဲ?" ဟန်စုန့်ရွယ်က အမျိုးသား သရုပ်ဆောင် နှစ်ယောက်ကို နားမလည်သလို ကြည့်လိုက်သည်။

နှစ်ယောက်စလုံးမှာ မျက်နှာတွေ ဖြူဖျော့ပြီးနေပြီး ပါးစပ်တွေ ရောင်ရမ်းနေကာ စကားမပြောနိုင်တော့ပေ။

စုချန်ယန်က ဘေးလမ်းသွားဟီးရိုးကို ထိန်းချုပ်ထားပြီး ဂိမ်းထဲမှာ ဝီရိယရှိရှိ စိုက်ပျိုးမွေးမြူနေသည်။ ရုတ်တရက် စခရင်ပေါ်ကနေ အရိပ်တစ်ခု ပေါ်လာပြီး ရင်းနှီးတဲ့ရနံ့ကို ရှူရှိုက်မိလိုက်သည်။ သူမရဲ့အလုပ်များနေတဲ့ ကစားနည်းတွေကြားကနေ သူမမော့ကြည့်လိုက်တော့ နှစ်ပတ်လောက် သူမ မတွေ့ခဲ့ရတဲ့ လင်းယွီကို တွေ့လိုက်ရသည်။ သူမက ပြုံးကာသူ့ကိုနှုတ်ဆက်လိုက်သည်။ "ရောက်လာပြီလား? ထိုင်လေ"

အဲ့ဒီလိုပြောလို့ပြီးတော့ နှစ်ပတ်လောက် မတွေ့မမြင်ရတဲ့ သူမရဲ့ ချစ်သူကို ထားလိုက်ပြီး ခေါင်းငုံ့ကာ အာရုံစိုက်ပြီး ဂိမ်းဆက်ကစားနေသည်။

လင်းယွီက ကူကယ်ရာမဲ့စွာ ရယ်လိုက်ပြီး သူမဘေးမှာ ဝင်ထိုင်လိုက်သည်။

"အဲ့ဒါက တကယ်ပျော်ဖို့ကောင်းလား?" လင်းယွီက မျက်ခုံးပင့်ကာ မေးလိုက်သည်။

"အင်း!" စုချန်ယန်က ခေါင်းညိတ်လိုက်သည်။

လင်းယွီက သူ့နှုတ်ခမ်းကို ပွတ်လိုက်ပြီး လှည့်ပတ်ကြည့်လိုက်ရာ ရှောင်လုကို မတွေ့တဲ့အတွက် မေးလိုက်သည်။ "လုယင်းရော ဘယ်မှာလဲ?"

စုချန်ယန်ရဲ့ မျက်လုံးတွေက စခရင်ပေါ်ကိုဘဲ စိုက်ကြည့်နေပြီး ခေါင်းထောင်မလာဘဲ ပြောလိုက်သည်။ “သူ ဒီနေ့ တစ်ရက်နားပြီး သူ့ကောင်လေးနဲ့ သွားချိန်းတွေ့တယ်"

All Chapters