အခန်း ၁၅၇
Vol. 12 Ch. 157
လင်းယွီက အံ့အားသင့်သွားပြီး မေးလိုက်သည်။ "သူတို့ ပြန်တွဲကြပြီလား? ဘယ်တုန်းက တွဲလိုက်တာလဲ?"
“လွန်ခဲ့တဲ့ နှစ်ရက်ကပေါ့။ ရှောင်လုက တစ်ခုခုဝယ်ဖို့ အပြငါထွက်သွားတော့ လမ်းပေါ်မှာ သူခိုးတစ်ယောက်နဲ့ တွေ့တယ်လေ။ သူက သူခိုးကို နည်းနည်းလေးလှုပ်ရှားလိုက်တာနဲ့ အမြန်ဖမ်းမိသွားတော့ ရဲစခန်းက သူ့ကိုဂုဏ်ပြု အထိမ်းအမှတ်အလံကိုတောင် ပေးခဲ့တယ်"
လင်းယွီက ရယ်လိုက်ကာ သူမအနား ကပ်လာပြီးမေးလိုက်သည်။ "ဘယ်လိုကစားရတာလဲ? ကိုယ့်ကိုသင်ပေး"
စုချန်ယန်က ရုတ်တရက် စိတ်ဝင်စားလာပြီး ပြောပြသည်။ “ကျွန်မတို့ ဒီမှာ တိုက်နိုင်ရင် ကောင်းမယ်။ ရန်သူတွေရောက်လာရင် ကာကွယ်ရေး မျှော်စင်အောက်မှာ ပုန်းနေရုံနဲ့ သူတို့က ကိုယ့်အနားကိုမရောက်နိုင်ဘူး"
"တကယ်လား? ကိုယ် စမ်းကြည့်မယ်"
ဟန်စုန့်ရွယ်နဲ့ ကျန်းရှစ်ချီတို့က အလယ်လမ်းမှာ အပြင်းအထန် တိုက်နေကြတုန်း၊ ဘေးလမ်းက သူတို့ရဲ့အသင်းဖော်တွေ လှုပ်ရှားမှုမရှိတာကို သတိပြုမိလိုက်သည်။ သူတို့က စုချန်ယန်ကို အလယ်လမ်းလာဖို့ ပြောလိုက်သည်။ သူမက ဘာမှ မလုပ်ရင်တောင် အထောက်အကူတစ်ခု အနေနဲ့ အကူအညီရနိုင်သည်။
ဒါပေမယ့် သူတို့ လှမ်းကြည့်လိုက်တဲ့အခါ စုချန်ယန်နဲ့ မတွေ့ရတာ နှစ်ပတ်ကြာနေပြီဖြစ်တဲ့ သူမကောင်လေးက အရမ်းနီးနီးကပ်ကပ် ရှိနေတာကို တွေ့လိုက်ရသည်။ သူတို့နှစ်ယောက်က ဖုန်းတစ်လုံးတည်းကို အတူကြည့်ရင်း တစ်ယောက်ကိုတစ်ယောက် ချစ်ခင်စွာနဲ့ တီးတိုးတီးတိုးပြောနေကြကာ အလယ်လမ်းကြားက အခြေအနေကို လုံးဝ သတိမထားမိကြပေ။
"အိုး! အချစ်ရဲ့ ချဉ်စူးတဲ့အနံ့တွေ"
"နောက်ဆုံးမှာ သူတို့ လက်မထပ်ရင် ငါအချစ်ကို ဘယ်တော့မှ မယုံတော့ဘူး"
ဒီဒရာမာရိုက်ကူးပြီးတဲ့နောက်မှာ စုချန်ယန်က ဖျော်ဖြေရေးနယ်ပယ်ကို ခဏလောက်နှုတ်ဆက်ပြီး ကျောင်းပြန်တက်မှာဖြစ်သည်။ အဲ့ဒါကြောင့် နှုတ်ဆက်ပွဲအပြီးမှာ သူတို့နဲ့ရင်းနှီးတဲ့လူတချို့နဲ့ အတူညဉ့်နက်တဲ့အထိ ပျော်ပျော်ပါးပါးနေခဲ့သည်။ နောက်တော့ စုချန်ယန် မူးလာတဲ့အခါ လင်းယွီကနေ အိမ်ပြန်ခေါ်သွားလိုက်သည်။
အဲ့ဒီညမှာ လင်းယွီက သူမ အိပ်ယာမဝင်ခင် သူမကို ကူကာဆေးကြောပေးပြီး အဝတ်အစားတွေ လဲပေးပြီးမှ အိပ်ယာပေါ် တင်ပေးလိုက်သည်။ သူတို့နှစ်ယောက် တစ်ညလုံး ကုတင်တစ်ခုတည်းမှာ အိပ်ခဲ့ကြပေမယ့် အံ့သြစရာကောင်းတာက သူတို့နှစ်ယောက်ကြားမှာ ဘာမှမဖြစ်ခဲ့ပေ။
နောက်တစ်နေ့ ရှောင်လု သိသွားတဲ့အခါ စုချန်ယန် ရှေ့မှာ သူမဝမ်းကွဲအစ်ကိုရဲ့ အရည်အချင်းကို လေးလေးနက်နက် မေးမြန်းခဲ့သည်။ ရှောင်လုက ဒီအတောအတွင်းမှာ သူမနားထဲဒီလိုစကားေတွ ပြောပြောနေဝာာကြောင့် စုချန်ယန်တောင် လင်းယွီက မစွမ်းဆောင်နိုင်ဘူးလားဆိုတာ သံသယဝင်လာသည်။
သို့ပေမယ့် ဒါက လင်းယွီရဲ့ ကိုယ့်ကိုယ်ကို အထင်ကြီးလေးစားမှုကို ထိခိုက်စေမှာ ဒါမှမဟုတ် သူမက သူနဲ့ဒီလိုမျိုးမလုပ်ချင်တာလားလို့ သူထင်သွားမှာ စိုးတဲ့အတွက် တိုက်ရိုက်မမေးခဲ့ပေ။
ဒီလိုသံသယတွေနဲ့အတူ စုချန်ယန်ရဲ့ ကောလိပ်ဝင်ခွင့်စာမေးပွဲရလဒ် ထွက်မယ့်နေ့ရောက်လာသည်။
လင်းယွီက တစ်လျှောက်လုံး ငြိမ်သက်နေခဲ့တာကြောင့် စုချန်ယန်သည်လည်း လုံးဝငြိမ်သက်နေသည်။ သူမရဲ့ရလဒ်တွေကို စစ်ဆေးပြီးတဲ့နောက်မှာ သူမမျှော်လင့်ထားတာနဲ့ ကိုက်ညီတဲ့ခံစားချက်ပင် - သူမရဲ့ရမှတ်ဟာဒုတိယအဆင့်တက္ကသိုလ်တွေရဲ့ ဝင်ခွင့်အမှတ်ဖြတ်တာကို 17 မှတ်ဖြင့်ကျော်သွားသည်။
ကောလိပ်လျှောက်လွှာတွေ ဖြည့်ရသည့်နေ့မှာ စုချန်ယန်ကမြို့တော်မှာရှိတဲ့ တက္ကသိုလ်နှစ်ခုနဲ့ သူမရဲ့မွေးရပ်မြေမှာရှိတဲ့ တက္ကသိုလ်တစ်ခုကို လျှောက်လိုက်သည်။ အဲဒီနောက်မှာတော့ သူမက ဒီကိစ္စကို ဘေးဖယ်ထားလိုက်ပြီး လင်းယွီနဲ့အတူ မဂ္ဂဇင်းကာဗာရိုက်ကူးဖို့ ပြင်ဆင်လိုက်သည်။
သူတို့က USကနေ အီတလီကို တိုက်ရိုက်ပျံသန်းကာ လင်းယွီရဲ့ အမေနဲ့ တွေ့ဆုံမှာဖြစ်ပြီး လင်းယွီကဘဲ သူနဲ့အတူလိုက်မှာဖြစ်ကာ ရှောင်လုကတော့ US ကို မလိုက်ပေ။ အဲဒီအစား အီတလီကို တစ်ယောက်တည်း ပြန်သွားသည်။
New York ရဲ့ ပထမဆုံးနေ့မှာ သူတို့နှစ်ယောက်က ကြိုတင်စီစဉ်ထားတဲ့ ဟိုတယ်ကို ရောက်တော့ခရီးဆောင်အိတ်တွေကို ထားလိုက်ပြီး ဓာတ်ပုံဆရာနဲ့ ညစာစားဖို့ စားသောက်ဆိုင်ဆီ သွားခဲ့ကြသည်။
မထင်မှတ်ပဲ ဓာတ်ပုံဆရာက တရုတ်လူမျိုးဖြစ်ပြီး လင်းယွီရဲ့ အသိအကျွမ်းဟောင်းဖြစ်သည်။
အပြန်အလှန် နှုတ်ဆက်ကြပြီးတော့ အားလုံးက နေရာယူကြကာ စားသောက်ကြသည်။
စုချန်ယန်က အနားမှာ ငြိမ်သက်စွာထိုင်နေပြီး သူတို့ရဲ့ သူငယ်ချင်းတွေ ပြန်လည်ဆုံဆည်းတာကို မနှောင့်ယှက်လိုတဲ့အတွက် စကားနည်းနည်းဘဲ ပြောကာ ထိုင်နေသည်။ သို့ပေမယ့် သူတို့ရဲ့စကားဝိုင်းကနေ အရင်က လင်းယွီနဲ့ Mary တို့ကို စုံတွဲစတိုင်ရိုက်ပေးခဲ့တဲ့ ဓာတ်ပုံတွေက တကယ်ကိုဘဲ ဒီဓာတ်ပုံဆရာရဲ့လက်ရာဖြစ်ကြောင်းသိလိုက်ရသည်။
စားသောက်ပြီးတဲ့အခါ သူတို့က ဓာတ်ပုံဆရာ သူငယ်ချင်းကို နှုတ်ဆက်လိုက်ပြီး တိုင်းတစ်ပါးက လမ်းတွေပေါ်မှာ လက်တွဲပြီး လမ်းလျှောက်ကြတယ်။
လမ်းတွေအပေါ်မှာ လူအသွားအလာ စည်ကားနေပေမယ့် သူတို့ရဲ့ အားလပ်တဲ့ပုံရိပ်တွေက အလုပ်များတဲ့ကမ္ဘာမှာ တစ်ခုတည်းသော ရှင်းလင်းပြတ်သားတဲ့ ပုံရိပ်တွေဖြစ်သည်။ ရောင်စုံရှုခင်းတွေကြားမှာ သူတို့ဟာရုပ်ရှင်ထဲက လှပတဲ့ မြင်ကွင်းတစ်ခုနဲ့တောင် ဆင်တူလှသည်။
"ကိုယ်တို့အလုပ်ပြီးရင် Times Square သွားကြည့်ကြရအောင်" လင်းယွီက သူမဘက်လှည့်ကာ ပြောလိုက်သည်။
စုချန်ယန်က လမ်းတစ်လျှောက်ရှိ အထပ်မြင့်တိုက်ကြီးတွေပေါ်က ကြော်ငြာဘုတ်ကြီးကို ကြည့်ကာ ခေါင်းညိတ်လိုက်ပြီး ပြန်ဖြေလိုက်သည်။ "အင်း၊ ကျွန်မတစ်ခါမှ မရောက်ဖူးဘူး"
လင်းယွီက သူမလက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး ပြုံးကာ မေးလိုက်သည်။ “တရုတ်ကို ပိုကြိုက်လား ဒါမှမဟုတ် နိုင်ငံခြားကို ပိုကြိုက်လား?”
စုချန်ယန်က မဆိုင်းမတွပြန်ဖြေလာသည်။ "တရုတ်"
လင်းယွီက မျက်ခုံးပင့်လိုက်ကာ မေးလိုက်သည်။ “အရမ်းပြတ်သားပါလား?"
“ဟုတ်တယ်” စုချန်ယန်က သဘာဝအလျောက် ခေါင်းညိတ်ပြပြီး “ကျွန်မက တရုတ်မှာဘဲ နှစ်အတော်ကြာ နေလာတာဆိုတော့ အဲ့ဒါကိုဘဲ အရမ်းရင်းနှီးတယ်။ အဲ့ဒီက မြင်ကွင်းတွေနဲ့ သက်ဆိုင်တယ်လို့ ခံစားရတယ်။ နိုင်ငံခြားမှာ ရောက်နေတဲ့အချိန်က ကိုယ့်အိမ်မဟုတ်သလို ခံစားရတယ်။ နောက်ဆုံးမှာ ပြန်ရမှာဘဲလေ"
လင်းယွီက ပြုံးပြီး ပြောလိုက်သည်။ "ကောင်းပြီ၊ အနာဂတ်မှာ ကိုယ်တို့ တရုတ်မှာဘဲ အခြေချကြမယ်။ ဘယ်မြို့ကို အကြိုက်ဆုံးလဲ?"
စုချန်ယန်က သူ့ရဲ့အကြည့်အောက်မှာ နည်းနည်းရှက်သလို ခံစားလိုက်ရပြီး ခေါင်းငုံ့လိုက်သည်။ "ကျွန်မတို့ အီတလီကိုပြန်ပြီး ရှင့်အမေနဲ့လည်း အတူနေပေးလို့ရပါတယ်"
“အဲဒါကောင်းတယ်” လင်းယွီက ပြောလိုက်သည်။
စုချန်ယန်က နားမလည်သလို သူ့ကိုကြည့်လိုက်ကာ မေးလိုက်သည်။ "ဘာကိုဆိုလိုတာလဲ?"
လင်းယွီရဲ့ နှုတ်ခမ်းတွေက ပူနွေးတဲ့ညလေပြေမှာ ညင်သာစွာရွေ့လျားနေတဲ့ သူ့ဆံပင်တွေကို ကွေးညွှတ်သွားပြီး ထူးထူးခြားခြား နူးညံ့ကာစွဲမက်ဖွယ်ကောင်းလှသည်။ သူက ပြောလာသည်။
" ကလေးတစ်ယောက် ယူကြမယ်၊ ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ကလေးကို ကိုယ့်အမေနဲ့အတူနေခိုင်းမယ်။ ပြီးရင်တော့ ကိုယ်တို့ရဲ့နှစ်ယောက်တည်း ကမ္ဘာကို ရပြီ၊ အဲဒါဆိုရင် ရောဘယ်လိုလဲ?"
စုချန်ယန်က တခစ်ခစ်ရယ်ပြီး သူ့လက်ကို ပေါ့ပေါ့ပါးပါး ကိုင်ကာ သူ့ပုခုံးကို မှီလိုက်သည်။ သူမက ပြုံးလိုက်ပြီးပြောလိုက်သည်။ “ဒါပေမယ့် ကလေးက ငယ်ငယ်ကတည်းက မိဘတွေနဲ့ မနေရတော့ဘူးလေ။ ဘယ်လောက် သနားစရာကောင်းလိုက်လဲ"
"ဒါဆို ကလေးမယူကြရအောင်"
လင်းယွီရဲ့ မှတ်ချက်က စုချန်ယန်ကို ရယ်သွားစေပြီး သူမက အော်ရယ်လာသည်။ "ကျွန်မတို့ ကလေးမယူရင် ရှင့်မိဘတွေက ကျွန်မတို့ကို ဖိအားမပေးဘူးလား?"
လင်းယွီက သူ့လက်မောင်းကို သူမပခုံးတစ်ဝိုက်မှာစိတ်ချလက်ချ ဖက်လိုက်ပြီး ပြောလိုက်သည်။ “သူတို့ ကိုယ်တို့ကို ဖိအားပေးရင်ရော ဘာဖြစ်လဲ? ကိုယ်တို့အတွက် သူတို့ မွေးပေးနိုင်မှာမဟုတ်ဘူး"
"ရှင်ဘာလို့ ဒီလောက် ပုန်ကန်နေရတာလဲ?"
“အားလုံးက မင်းကြောင့်ပဲလေ"
စုချန်ယန်က ရယ်လိုက်တော့ မျက်လုံးတွေ မှေးကျဉ်းသွားသည်။ လင်းယွီနဲ့ အတူ ကုန်ဆုံးရတဲ့ စက္ကန့်တိုင်းကကြည်နူးစရာပင်။ ဘဝမှာ အကြီးကျယ်ဆုံး ပျော်ရွှင်မှုဆိုတာက ငွေအလုံအလောက်ရှိတာ၊ ကိုယ်ပိုင်စာအုပ်ဆိုင်လေးဖွင့်ပြီး ရိုးရှင်းပြီး သာမာန်ဘဝမှာ နေတာလို့ သူမအရင်က ယုံကြည်ခဲ့သည်။ ဒါပေမယ့် လင်းယွီကတော့ အဲ့ဒါက ဒီလိုမဟုတ်ဘူးလို့ သူမကိုပြောခဲ့သည်။
တစ်ယောက်နဲ့တစ်ယောက် ချစ်ရတာ၊ ချစ်ရတဲ့သူနဲ့ အတူရှိရတာ၊ အနာဂတ်ကို အတူတူစီစဉ်တာ၊ ဒီလိုပျော်ရွှင်မှုမျိုးဟာ ဘဝရဲ့ရှားပါးပြီး အဖိုးတန်တဲ့အရာတစ်ခုပင်။
"မင်း လက်ထောက်ရှုကို ဆိုင်တစ်ဆိုင်ရှာခိုင်းထားတယ်လို့ သူ့ဆီကကြားတယ်။ ဘာလုပ်ချင်လို့လဲ?" လင်းယွီက သတိမပေးဘဲ ရုတ်တရက် ပြောလာသည်။
စုချန်ယန်မှာ အံ့အားသင့်သွားသည်။ "ဘယ်လိုသိသွားတာလဲ? ရှင့်ကို မပြောပြဖို့ သူ့ကိုအတိအကျ မှာထားတာကို"
လင်းယွီက ရယ်လိုက်ပြီး သူမရဲ့ပါးကို ကိုက်လိုက်ကာ ပြောလာသည်။ “ကိုယ်က သူ့သူဌေးဖြစ်သလို မင်းရဲ့ချစ်သူ ကောင်လေးပါ၊ မင်းကိုယ့်ကို ဖုံးကွယ်ထားနိုင်မယ် ထင်နေတာလား?"
စုချန်ယန်က သူမှန်တယ်လို့တွေးလိုက်ပြီး ခေါင်းညိတ်လိုက်သည်။ လင်းယွီဆီကနေ သူမ ဖုံးကွယ်နိုင်တဲ့ အရာဘာမှမရှိပေ။ သူ့မှာ သူမအတွက် အာရုံစိတ်စားမှုတွေရှိနေသလိုပင်။
“မြို့တော်မှာ စာအုပ်ဆိုင်တစ်ဆိုင်ဖွင့်ချင်လို့။ ရုံးစာလုပ်ငန်းတွေလည်း ပြီးခါနီးပြီ”
ဒါကိုကြားတော့ လင်းယွီက သူမကို လေးလေးနက်နက်နဲ့ အဓိပ္ပါယ်ရှိစွာ ကြည့်လိုက်ပြီး တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတဲ့ လက်ကို လွှတ်လိုက်သည်။
စုချန်ယန်က သူ့အမူအရာက တစ်ခုခုလွဲနေတာကို သတိထားမိသွားပြီး သူ့အင်္ကျီလက်ကို ဆွဲလိုက်ကာ မေးလိုက်သည်။ "ဘာဖြစ်လို့လဲ?"
လင်းယွီက စိတ်ခံစားမှုကင်းတဲ့ မျက်နှာနဲ့ ခေါင်းကိုမော့ကာ လူစည်ကားတဲ့ လမ်းကို ကြည့်လိုက်သည်။ သူပေါ့ပေါ့ပါးပါးပြောလာသည်။
"မင်းမှာ ဆိုင်မျက်နှာစာရှာဖို့ ကူရှာပေးတဲ့ လက်ထာက်ရှုရှိတယ်၊ မင်းရဲ့ခွင့်ပြုချက်လုပ်ငန်းစဉ်အတွက် လုယင်းက ကူညီပေးပြီး၊ ကျန်းရှစ်ချီက မင်းအတွက် ထုတ်ဝေရေးဌာနကို ဆက်သွယ်ပေးတယ်"
သူပြောလို့ပြီးသွားတော့ စုချန်ယန်ကို ကြည့်ဖို့ လှည့်လာသည်။ သူ့မျက်လုံးတွေက မည်းမှောင်နေပြီး ခံစားချက် အရိပ်အယောင်တွေကို ဖတ်လို့မရပေ။
"ကိုယ်ကရော? မင်းကောင်လေးကို နောက်ဆုံးမှသိခွင့်ပေးဖို့ စီစဉ်ထားလား?" စုချန်ယန်မှာ သူမ လုပ်သမျှအားလုံး သူသိမယ်လို့ မမျှော်လင့်ထားပါချေ။ လျှို့ဝှက်ချက်မထိန်းထားနိုင်တဲ့ရှောင်လုတစ်ယောက် လင်းယွီကို ပြောပြခဲ့တာဖြစ်မည်။
သူမက ခေါင်းငုံ့လိုက်ပြီး အထစ်ထစ်အငေါ့ငေါ့ ပြောလာသည်။ “ဒါက အသေးအမွှား အကူအညီတစ်ခုပါ…”
လင်းယွီက ခြေလှမ်းနေတာကို ခဏရပ်လိုက်ပြီး ပြောလိုက်သည်။ “အသေးအမွှား အကူအညီတစ်ခု? မင်းကဘာလို့ ကိုယ့်ဆီ အကူအညီ မတောင်းတာလဲ? ကိုယ် မင်းကို မကူညီပေးနိုင်ဘူးလို့ မင်းထင်နေတာလား?"
“မဟုတ်ဘူး” စုချန်ယန်က သတ္တိတွေစုကာ သူနဲ့ အကြည့်ချင်းစုံလိုက်ပြီး ရှင်းပြလိုက်သည်။ “ရှင့် မနှောင့်ယှက်ချင်လို့ပါ။ အဲဒီတုန်းက ရှင်က အလုပ်များနေပြီး ကျွန်မတို့မှာ နေ့တိုင်းစကားပြောဖို့ အချိန်တောင်မရှိဘူးလေ"
စုချန်ယန်ရဲ့ အပြစ်ရှိသလို ရှောင်တိမ်းနေတဲ့ မျက်လုံးတွေက်ု ကြည့်ပြီး လင်းယွီ သက်ပြင်းချလိုက်သည်။ “ကိုယ် အလုပ်မရှုပ်ပါဘူး"
သူကစုချန်ယန် ပခုံးပေါ်လက်တင်လိုက်ပြီး ပြောလာသည်။ "ချန်ယန်၊ မင်းနဲ့ပတ်သက်တဲ့ကိစ္စ ဘယ်ကိစ္စတွေကိုမဆို ကိုယ် အချိန်ပေးနိုင်တယ်။ ဘယ်တော့မှ အလုပ်မရှုပ်ဘူး"
စုချန်ယန်က သူ့ကို မော့ကြည့်လာပြီးပြောလိုက်သည်။ “စိတ်မဆိုးပါနဲ့၊ စာအုပ်ဆိုင်ဖွင့်တဲ့အခါကျရင် ရှင့်ကို ဖဲကြိုးဖြတ်ခွင့်ပေးမယ်လို့ ကတိပေးတယ်။ ရှင်က စာအုပ်ဆိုင်ပိုင်ရှင် ဖြစ်လိမ့်မယ်!”
လင်းယွီမှာ သူမရဲ့စကားကြောငါ မထိန်းနိုင်ဘဲ ရယ်လိုက်သည်။ "ကိုယ်က ပိုင်ရှင်ဆိုရင် မင်းကဘာဖြစ်မှာလဲ?"
စုချန်ယန် က တစ်ယောက်ထဲ ရူးကြောင်ကြောင်နဲ့ ရယ်လိုက်ပြီး "ကျွန်မက သူဌေးပေါ့။ စာအုပ်ဆိုင်က ကျွန်မရဲ့ ခန်းဝင်ပစ္စည်းဘဲ”
"ဒါဆို မင်းရောဘယ်လို ခန်းဝင်ပစ္စည်းမျိုးလိုချင်လဲ?"
စုချန်ယန်က ခေါင်းခါပြီး ပြောလိုက်သည်။ "ကျွန်မှာ ဘာမှ မချို့တဲ့နေဘူး။ ရှင် ကျွန်မကို ဘာပေးပေး လိုချင်တယ်"
လင်းယွီက သူမကို စိုက်ကြည့်နေရင်း ရုတ်တရက် ပြုံးပြီး ပြောလိုက်သည်။ "ကောင်းပြီ၊ နောင်တမရနဲ့နော်"
စုချန်ယန်က သူ့လက်ကို ကိုင်လိုက်သည်။ "နောင်တမရဘူး"
လင်းယွီနဲ့ တွဲဖို့ ဆုံးဖြတ်ပြီးကတည်းက စုချန်ယန်ဟာ သူနဲ့ အတူရှိခွင့်ရဖို့အတွက် သူမ ရှိရှိသမျှ အရာအားလုံးကို လဲလှယ်ဖို့ ပြင်ဆင်ထားသည်။
သူတို့နှစ်ယောက်ကို ဘယ်သူမှမသိတဲ့ တိုင်းတစ်ပါးမှာ နှစ်ယောက်သား လမ်းရှည်ကြီးတစ်လျှောက် အချိန်အတော်ကြာ လျှောက်ခဲ့ကြသည်။
မရေမတွက်နိုင်တဲ့ audition တွေထဲမှာမှ စုချန်ယန်ကို တိတိကျကျ တွေ့ခဲ့ရတဲ့အတွက် လင်းယွီတစ်ကြိမ်ထက်မက စိတ်ကျေနပ်မိသည်။ သူ ဒီတစ်သက်မှာ စုချန်ယန် နဲ့သာ တွေ့ခွင့်မရခဲ့ဘူးဆိုရင် သူ့ဘဝဟာ မှုန်ဝါးနေလိမ့်မည်။
စုချန်ယန်ရှိလာတဲ့အခါ သူကအမြဲတမ်း အကာအကွယ်လွန်ကဲလာသည်။
စုချန်ယန် သူငယ်ချင်းအသစ်တွေဖွဲ့တဲ့အခါ မကြိုက်ကြောင်း၊ သူ့အစား အခြားသူတွေဆီကနေ အကူအညီတောင်းတဲ့အခါ မကြိုက်ကြောင်း၊ ဂိမ်းတစ်ခုကို သူမစိတ်ဝင်စားတဲ့အခါမှာပင် သူ စိတ်မသက်မသာဖြစ်ခဲ့ရသည်။ စုချန်ယန်ကို ဆွဲထားရင်း တဖြည်းဖြည်း ဆုံးရှုံးသွားရမှာကို သူကြောက်ပြီး စုချန်ယန်ကို အသစ်အဆန်းတွေနဲ့ မိတ်ဆက်ပေးတဲ့အခါ သူတို့ရဲ့ ဆက်ဆံရေးဟာ အချိန်နဲ့အမျှ ပြောင်းလဲသွားလိမ့်မည်။
လင်းယွီအနေနဲ့ ဒီလိုမျိုး အတွေးတွေက အရမ်းမသင့်လျော်ကြောင်း သေသေချာချာသိပေမယ့် သူ့ကိုယ်သူ မထိန်းချုပ်နိုင်ပေ။ စုချန်ယန် အထိခိုက်မခံရအောင် သူ အစွမ်းကုန်ကြိုးစားပြီး သူမလွတ်လွတ်လပ်လပ် ပေါင်းသင်းဆက်ဆံနိုင်ဖို့ အချိန်ရောနေရာပါပေးခဲ့သည်။
သူစုချန်ယန်ကို အရမ်းသဘောကျမိသွားတယ်လို့ ထင်သည်။
စုချန်ယန်က သူ့ကို ဒီလောက် ကြိုက်မှန်း သူသိပေမယ့် သူ ကြောက်ရွံ့နေဆဲပင်။ သူမကို သူမတွေ့ရတဲ့အခါ တစ်စုံတစ်ယောက်က သူမကို သကြားလုံးတစ်ထုပ်နဲ့ အလွယ်တကူ လှည့်ဖြားသွားမှာကို သူစိုးရိမ်သည်။ အဲ့ဒါဆို သူဘာလုပ်သင့်လဲ? စုချန်ယန် စိတ်ပြောင်းပြီး သူ့ဆီပြန်လာဖို့ သူဘာလုပ်သင့်လဲ?
သူစိတ်အပူဆုံး အခိုက်အတန့်မှာ စုချန်ယန်က တစ်နေ့နေ့မှာ သူမသဘောကျတဲ့ လူရှိလာပြီလို့ သူ့ကိုပြောလာတဲ့အခါ အရင်က သူကတိပေးခဲ့သလိုမျိုး သူမကို မလွှတ်ပေးနိုင်လောက်ပေ။ သူမကို အီတလီ ပြန်ခေါ်လာပြီး သူ့ပိုင်နက်အဖြစ် သိမ်းထားဖို့ စုချန်ယန်ကို သူ့ဘေးမှာ ထားဖို့ သူတတ်နိုင်သမျှလုပ်မိလိမ့်မည်။
ဒီစိတ်ကူးရဲ့ ဖြစ်နိုင်ခြေကို သူတကယ်ပဲ အဲဒီအချိန်တုန်းက စဉ်းစားခဲ့တာဖြစ်သည်။
အခုပြန်တွေးကြည့်တော့ သူ့ကျောရိုးကိုပါ တုန်လှုပ်သွားစေသည်။ တစ်နေ့မှာ အဲ့ဒီလိုမျိုး ကြောက်စရာကောင်းတဲ့ အတွေးတွေ သူ့မှာ ရှိလာလိမ့်မယ်လို့ သူ မမျှော်လင့်ထားပါချေ။ စိတ်ခံစားမှုတွေက လူတစ်ယောက်ရဲ့ ထိန်းချုပ်မှုကို ဆုံးရှုံးသွားအောင် အလွယ်တကူ ပြုလုပ်နိုင်တဲ့ အရာတစ်ခုပင်ဖြစ်သည်။