← Chapters

အခန်း ၁၅၈

Vol. 12 Ch. 158

အခန်း ၁၅၈

Vol. 12 Ch. 158

New Yorkက ဒုတိယနေ့မှာ လင်းယွီက စုချန်ယန်ကို ဓာတ်ပုံရိုက်ဖို့အတွက် စတူဒီယိုဆီ ခေါ်သွားခဲ့သည်။

ဓာတ်ပုံဆရာက စုချန်ယန် အတွက် အပြင်အဆင်သုံးစုံ၊ တစ်ဦးချင်း အစုံနှစ်စုံနဲ့ ရိုမန့်စတိုင် စုံတွဲတစ်စုံကို ရွေးထားသည်။

စုချန်ယန်ရဲ့ တစ်ဦးချင်း အပြင်အဆင်ကို ရိုက်ကူးပြီးတဲ့နောက်မှာ ဓာတ်ပုံဆရာက လင်းယွီကို ခေါ်လိုက်သည်။ သူက မိတ်ကပ်လိမ်းထားကာ အလယ်ခေတ်ပန်းချီကားတစ်ချပ်မှ မင်းသားတစ်ပါးနဲ့ တူလှပြီး နက်မှောင်တဲ့မျက်ခုံးတွေနဲ့ ကြီးမားကျယ်ပြန့်တဲ့ကြယ်တွေလို မျက်လုံးတွေရှိသည်။ စုချန်ယန်ကို သူကြည့်တဲ့အခါ ကြယ်တွေအားလုံး လင်းလက်ာသလိုပင်။

ရိုက်ကူးရေးလုပ်ငန်းစဉ်မှာ သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက ဓာတ်ပုံဆရာကို သဘောကျသွား‌စေသည်။ ရိုက်ကူးပြီးတဲ့နောက်၊ ကွန်ပျူတာပေါ်က ဓာတ်ပုံတွေကို ကြည့်နေရင်း ဓာတ်ပုံဆရာက သူတို့ရဲ့ အဖွဲ့ဓာတ်ပုံကို လက်ညှိုးထိုးပြကာ ပြုံးနေတာ မရပ်နိုင်တော့ပေ။

“မင်းတို့နှစ်ယောက်မှာ အရမ်းကောင်းတဲ့ ဓာတ်သဘောတွေရှိတယ်။ ဒီဓာတ်ပုံ‌တွေအားလုံးကို မဂ္ဂဇင်းကာဗာအတွက် သုံးလို့ရတယ်။ လင်းယွီ၊ လွန်ခဲ့တဲ့သုံးနှစ်ကနဲ့ ယှဉ်ရင် မင်းတကယ်ပြောင်းလဲသွားပြီ"

လင်းယွီက စုချန်ယန်ကို ရေနွေးနွေးတစ်ခွက် ပေးလိုက်ပြီး ပြုံးလိုက်ကာ ပြောလိုက်သည်။ “တကယ်လား?"

ဓာတ်ပုံဆရာက သူမယုံမှာစိုးသလို ခေါင်းညိတ်ပြလာသည်။ သူက ဓာတ်ပုံအယ်လ်ဘမ်တစ်ပုံတစ်ခေါင်းကို ယူလာပြီး အဲ့ဒီထဲက တစ်ခုကို ဆွဲထုတ်လိုက်ကာ မှတ်ထားတဲ့စာမျက်နှာတစ်ခုကိုဖွင့်လိုက်ပြီး စခရင်ပေါ်က ဓာတ်ပုံနဲ့ ယှဉ်ပြလိုက်သည်။ “ငါ့ကိုမယုံရင် ကိုယ့်ဘာသာလာကြည့်"

စုချန်ယန် အယ်လ်ဘမ်ကို တစ်ချက်ကြည့်လိုက်ရာ လွန်ခဲ့တဲ့ သုံးနှစ်က Mary နဲ့ ရိုက်ထားတဲ့ လင်းယွီရဲ့ ဓာတ်ပုံကို ပြထားပေမယ့် ကွာခြားချက်ကိုတော့ သူမသတိမပြုမိပါချေ။

လင်းယွီက မနေနိုင်ဘဲ ရယ်လိုက်သည်။ "ဘာကွာလို့လဲ?"

စုချန်ယန်ကလည်း ဓာတ်ပုံဆရာကို သိချင်စိတ်နဲ့လိုက်သည်။

ဓာတ်ပုံဆရာက ပြောလာသည်။ “ဒါပေါ့! လွန်ခဲ့တဲ့ သုံးနှစ်လောက်က မင်းနဲ့ Mary မဂ္ဂဇင်းပုံရိုက်တုန်းက စုံတွဲပုံပေါက်ပေမယ့် မင်းကတော့ စုံတွဲပုံမပေါက်ဘူး။ မင်းက စိတ်ဝိညာဉ်မပါတဲ့ သစ်သားတစ်တုံးလိုဘဲ တောင့်တင်းနေတာ။ ဒီဓာတ်ပုံအစုံမှာ မတူညီတဲ့ ခံစားမှုတစ်ခုရှိတယ်။ မင်း ချန်ယန်နဲ့ ရပ်နေတဲ့အခါမှာတော့ မင်းမျက်နှာက အမူအရာကင်းမဲ့နေပေမယ့် မျက်လုံးတွေကတော့ အတောမသတ်နိုင်အောင်ပြုံးနေတာ။ သူနဲ့ အတူရှိတဲ့အခါဆို မင်းမှာ ခံစားချက်တွေရှိတယ်"

လင်းယွီက အတည်မပြုသလို ငြင်းလည်းမငြင်းဘဲ ခေါင်းညိတ်လိုက်သည်။ "အဲ့ဒီလိုဘဲထင်တယ်"

ဓာတ်ပုံဆရာက သူရဲ့လက်ရာကို အရမ်းကျေနပ်နေပြီးကွန်ပျူတာထဲ ခုန်ဝင်ချင်လုမတတ် အနီးကပ်ကြည့်နေသည်။

“အခုမှ နားလည် တော့တယ်။ အခုချိန်ကစပြီး ဒီလိုစုံတွဲ theme တွေကို ရိုက်တဲ့အခါဆို အဲ့ဒီလိုချစ်နေတယ်ဆိုတဲ့ ခံစားချက်ကို ဖမ်းယူဖို့ တကယ့်စုံတွဲတွေကို ငါ ခေါ်ရမယ်ထင်တယ်"

ရုတ်တရက် ဓါတ်ပုံဆရာက တစ်ခုခုကို သတိရသွားပြီး လင်းယွီဘက်လှည့်ကာ ပြောလိုက်သည်။ "အနာဂတ်မှာ မင်းတို့နှစ်ယောက် လက်ထပ်ရင် မင်းတို့ရဲ့မင်္ဂလာပွဲမှာ ငါကူပေးလို့ရမလား? အလကားနော်!"

အလကားနဲ့ ပရော်ဖက်ရှင်နယ် အရည်အချင်းတွေနဲ့ သူရဲ့ကမ်းလှမ်းမှုကို လင်းယွီကလည်း သဘာဝအတိုင်း ငြင်းမည်မဟုတ်ပေ။

"ဒါပေါ့၊ ဒါဆို မင်္ဂလာဆောင်ဓာတ်ပုံနဲ့ ပတ်သက်ပြီးတော့ ငါတို့ မင်းကို ဒုက္ခပေးရတော့မယ်"

ဓာတ်ပုံဆရာ - "ကိစ္စမရှိပါဘူး!"

ရိုက်ကူးရေး လုပ်ငန်းစဉ်ကို သူအမှန်တကယ် သဘောကျကြောင်း ထင်ရှားသည်။

စတူဒီယိုက‌နေ ထွက်လာတဲ့အခါ ဓာတ်ပုံဆရာက သူ့အလုပ်ကို စိတ်ကျေနပ်စွာနဲ့ ကွန်ပြူတာရှေ့မှာ ထိုင်နေသည်။ စတူဒီယိုထဲကလူတိုင်း ဒါကိုလာကြည့်ပြီး သဘောကျလိမ့်မယ်လို့ သူမျှော်လင့်သည်။ ထုတ်ဝေပြီးတဲ့နောက်မှာ မဂ္ဂဇင်းကို အားရပါးရချီးကျူးမှုတွေကို သူစိတ်ကူးကြည့်လို့တောင်ရသည်။

တစ်နေ့တာရိုက်ကူးမှုက မျှော်လင့်ထားတာထက် ပိုအဆင်ချောသွားပေမယ့် စတူဒီယိုကနေ ထွက်လာချိန်မှာတော့ အပြင်မှာ မှောင်နေပြီဖြစ်သည်။

ရုပ်ရှင်ရိုက်ကူးနေတုန်းမှာ ပုံမှန်မဟုတ်တဲ့ အိပ်စက်မှုပုံစံတွေကြောင့် စုချန်ယန် ကတော့ jet lag ဖြစ်တာကိုမခံစားခဲ့ရပေ။

လင်းယွီက တက္ကစီစီးကာ စုချန်ယန် ယကို Times Square ဆီခေါ်သွားပြီး အနီးနားက အနောက်တိုင်း စားသောက်ဆိုင်မှာ ညစာစားကြသည်။

စားသောက်ပြီးတာနဲ့ လမ်းလျှောက်ထွက်လာတော့ ရင်ပြင်မှာ ပိုပိုပြီး စည်ကားလာသည်။

လမ်းဘေး အနုပညာရှင်တစ်စုကို ဖြတ်သွားတော့ စုချန်ယန်က အိတ်ထဲကနေ ဆယ်ဒေါ်လာကို ထုတ်ကာ သူတို့ရှေ့က သေတ္တာထဲ ထည့်လိုက်သည်။ ရုတ်တရက် ပန်းပုရုပ်လို အဖြူရောင်ဆေးခြယ်ထားသည့် ပန်းချီဆရာက စုချန်ယန် သူနဲ့ ဓာတ်ပုံရိုက်ချင်လို့ ထင်လိုက်ပြီး လှုပ်ရှားလာသည်။ စုချန်ယန်ကလည်း မငြင်းဘဲ သူမဖုန်းကို လင်းယွီဆီ ပေးကာ ဓာတ်ပုံနှစ်ပုံရိုက်ခိုင်းလိုက်သည်။

သူတို့မသွားခင် အနုပညာရှင်က စုချန်ယန်နဲ့ လင်းယွီတို့ကို ချီးမွမ်းနေပြီး ဖြတ်သွားဖြတ်လာအများအပြားရဲ့ အာရုံတွေကို ဆွဲဆောင်နိုင်လိုက်သည်။ စုချန်ယန်က ကျေးဇူးတင်စကား အမြန်ပြောပြီး လင်းယွီကို ဆွဲလိုက်သည်။

"ကိုယ်တို့ အဲဒီဘက်ကို သွားကြမလား?" လင်းယွီက တစ်ဘက်ကို ညွှန်ပြလိုက်သည်။

“အင်း” စုချန်ယန်က ခေါင်းညိတ်လိုက်သည်။ "ကျွန်မတို့ဒီကိုရောက်ပြီဆိုမှတော့ ကြည့်ကြတာပေါ့"

လူစည်ကားတဲ့လမ်းတွေတစ်လျှောက် လျှောက်တုန်းမှာ စုချန်ယန်နဲ့ လင်းယွီတို့က အချင်းချင်း တီးတိုးတီးတိုးပြောနေကြသည်။ တစ်ယောက်နဲ့တစ်ယောက် မရင်းနှီးမကျွမ်းဝင်တဲ့ နေရာမှာ သူတို့ စိတ်မသက်မသာဖြစ်သလို မခံစားရဘဲ သူတို့ပတ်ဝန်းကျင်က လူတွေဆီက ရံဖန်ရံခါ စပ်စုတဲ့ အကြည့်တွေကိုလည်း စိတ်ထဲမထားမိပေ။

လမ်းဘေးကနေ ဖြတ်သွားတုန်းမှာ ဒီနေ့ည ရင်ပြင်မှာမီးရှူးမီးပန်းတွေ ပြမယ်ဆိုတာကို လမ်းဘေးက မိန်းကလေး နှစ်‌ယောက် ပြောနေတာကြားလိုက်ရသည်။ စုချန်ယန်နဲ့ လင်းယွီတို့လည်း ပြန်မသွားခင် မီးရှူးမီးပန်းတွေကိုကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

"မင်္ဂလာပါ! မင်းနှစ်ယောက် အချိန်ရှိလား? ကျွန်တော်တို့က street အင်တာဗျူးတစ်ခုအတွက် ဖိတ်ခေါ်ချင်လို့ပါ”

စုချန်ယန်က လင်းယွီနဲ့အတူ လမ်းပေါ်က အနုပညာရှင်အကြောင်း ဆွေးနွေးနေတုန်းမှာ ရုတ်တရက် လူတချို့က သူတို့လမ်းကို ပိတ်ရပ်လိုက်သည်။

မိုက်ခရိုဖုန်းနဲ့ကင်မရာတွေကို ကိုင်ဆောင်ထားပြီး အမေရိကန် အင်္ဂလိပ်လို ပြောကာ သူတို့ကို မေးခွန်း မေးလာသည်။

စုချန်ယန်နဲ့ လင်းယွီ အကြည့်ချင်းဖလှယ်လိုက်ကြပြီး တစ်ယောက်ကိုတစ်ယောက် ခေါင်းညိတ်ပြလိုက်ကာ ပြောလိုက်သည်။ “ရပါတယ်"

စုချန်ယန်က တစ်ဖက်လူရဲ့ကင်မရာကို ကြည့်လိုက်ပြီး အွန်လိုင်းပေါ် တင်လိုက်တဲ့အခါ သူမတို့ကိုသေချာပေါက် မှတ်မိသွားကြလိမ့်မယ်လို့ တွေးလိုက်သည်။ စျေးကွက်ရှာဖွေရေး အကောင့်တွေ အသုံးပြုမယ့် clickbait ခေါင်းစဉ်ကိုတောင် သူမ သိလိုက်ပြီဖြစ်သည်။

"မင်းတို့နှစ်ယောက်က အမေရိကန်တွေ မဟုတ်ဘူးမလား?"

လင်းယွီက ပြုံးလိုက်ပြီး ပြောလိုက်သည်။ “ငါတို့က တရုတ်တွေပါ”

"မင်းတို့ရဲ့ဆက်ဆံရေးက ဘာလဲဆိုတာ မေးလို့ရမလား?"

လင်းယွီက စုချန်ယန်လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပြီး ကင်မရာကိုကြည့်ကာ ပြောလိုက်သည်။ "သူက ငါ့ကောင်မလေး"

"ဝိုး! မင်းတို့နှစ်ယောက်က တကယ်လိုက်ဖက်တာဘဲ"

"ကျေးဇူးပါ"

“ငါမေးမယ့် နောက်မေးခွန်းက မင်းတို့ကို စိတ်မသက်မသာဖြစ်စေနိုင်ပေမယ့် ကျေးဇူးပြုပြီး ငါ့ကိုယုံပါ၊ ငါမှာမင်းတို့အပေါ် ဆိုးရွားတဲ့ရည်ရွယ်ချက်မရှိပါဘူး၊ ဒါက streetအင်တာဗျူးတစ်ခုပါဘဲ"

စုချန်ယန်က အဲ့ဒီလူကို ပြုံးပြလိုက်ပြီး လင်းယွီကထပ်ပြောလိုက်သည်။ "မေးခွန်းက ကိုယ်ရေးကိုယ်တာကိစ္စ ဒါမှမဟုတ် ဖြေဖို့ အဆင်မပြေရင် ငါတို့မဖြေပါဘူး"

"ဒါပေါ့!"

“တစ်နေ့မှာ တစ်ဖက်လူက အရမ်းပြင်းပြင်းထန်ထန် ဖျားနာပြီး ကုသဖို့လည်း အလားအလာမရှိဘူးလို့ ကျေးဇူးပြုပြီး တွေးကြည့်ပါ။ မင်းက သူနဲ့ အတူရှိပြီးနောက်ဆုံးအခိုက်အတန့်အထိ သူ့ကို ဂရုစိုက်မှာလား?"

လင်းယွီက တစ်နေ့မှာ အပြင်းဖျားသွားလိမ့်မယ်ဆိုတဲ့ အတွေးကြောင့် စုချန်ယန်ရင်ထဲမှာ တင်းကြပ်သွားသည်။ နှစ်သစ်ကူးအကြိုကတည်းက ပေါ်မလာသေးတဲ့ လုံခြုံရေးအစောင့်အဖိုးကို သူမ ရုတ်တရက် တွေးမိသွားပြီး သူမရဲ့စိတ်ကလည်း ချက်ချင်းဘဲ အောက်ကို ကျဆင်းသွားသည်။

သူမက လင်းယွီကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူမ မကိုင်ထားရင် လင်းယွီက ကမ္ဘာက‌နေပျောက်ကွယ်သွားတော့မလိုမျိုး စိုးရိမ်နေသလိုပင်။

စုချန်ယန်အ‌နေနဲ့ လင်းယွီ နာမကျန်းဖြစ်ပြီး တစ်နေ့နေ့မှာ သူ့ဘဝဆုံးခန်းတိုင်လိမ့်မယ်ဆိုတာကို သူမစိတ်မကူးကြည့်နိုင်ပေ။

“ကျေးဇူးပြုပြီး နှစ်ယောက်လုံး စိတ်မပူပါနဲ့၊ ဒါက အကြမ်းဖျင်း စိတ်ကူးသပ်သပ်ပါ မင်းတို့ကျန်းမာဖို့ကို ငါဆုတောင်းပေးပါတယ်"

စုချန်ယန်ရဲ့ ထိတ်လန့်မှုနဲ့ စိတ်မသက်မသာဖြစ်မှုကို ခံစားလိုက်ရတဲ့ လင်းယွီက သူမရဲ့လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ ပြုံးလိုက်သည်။ “ဒါ‌ပေါ့”

ဒါပေမယ့် စုချန်ယန်ကတော့ နည်းနည်း စိတ်လွင့်နေပြီး ဘာမှ မပြောလိုက်ပေ။

လမ်းပေါ်၌ အင်တာဗျူးတဲ့ လူ‌တွေနဲ့ ခွဲလာပြီးတဲ့နောက်မှာ၊ စုချန်ယန် အသိပြန်မဝင်လာသေးပေ။

လင်းယွီက သူမနောက်ကျောကို ပွတ်လိုက်ပြီး တိုးတိုးလေးမေးလိုက်သည်။ "ဘာဖြစ်လို့လဲ?"

စုချန်ယန်က ခေါင်းခါပြီး ပြောလိုက်သည်။ “ဘာမှ မဖြစ်ပါဘူး”

လင်းယွီက ပြုံးလိုက်ပြီး ပြောလိုက်သည်။ “မင်း သူ့စကားတွေကို အလေးအနက်ထားနေတာလား? စိတ်မပူပါနဲ့၊ ကိုယ်က ကိုယ့်ကိုယ်ကိုရော မင်းကိုပါ ဂရုစိုက်ပြီး စောင့်ရှောက်ပေးမယ်"

စုချန်ယန်အနေနဲ့ သူမတွေ့ကြုံခံစားနိုင်တဲ့ လှပလွန်းတဲ့ အရာများစွာရှိတာ‌ကြောင့် သူမကိုယ်သူမ စိတ်ကူးယဉ်ဆန်တဲ့လူတစ်ယောက်လို့ မယူဆပါချေ။ တစ်နေ့နေ့မှာ ပျောက်ကွယ်သွားမှာကို သူမ အမြဲစိုးရိမ်နေမိသည်။

"ဒါပေမယ့် ကျွန်မတို့အားလုံး အသက်ကြီးလာမယ်၊ ကျွန်မတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်တွေ တဖြည်းဖြည်း ကျဆင်းလာမယ်၊ တစ်နေ့ကျရင် ကျွန်မတို့ သေရလိမ့်မယ်"

ဒီစကားတွေကို ပြောပြီးတဲ့နောက်မှာ စုချန်ယန်လည်း သူမကိုယ်သူမ အံ့သြသွားသည်။ တစ်ယောက်ယောက်ဆီက စကားနည်းနည်းလေးက သူမကို လေးလေးနက်နက် စဉ်းစားမိသွားစေမယ်လို့ မမျှော်လင့်ထားပါချေ။

ဒါကိုကြားတော့ လင်းယွီက မထိန်းနိုင်ဘဲ ရယ်လိုက်ကာ စနောက်သလိုပြောလာသည်။ “ကိုယ်တို့ အတူတူ အသက်ကြီးလာမယ်ဆိုတာ မင်းအခိုင်အမာယုံကြည်ထားတာလား?"

စုချန်ယန်က ရှုံးသွားသလို ခံစားလိုက်ရပြီး သက်ပြင်းချလိုက်ပြီး "ဒါဆို အဲ့ဒီအကြောင်း မေ့လိုက်ကြရအောင်။ ကျွန်မထက်အရင် ရှင်သေသွားရင် ကျွန်မသည်းမခံနိုင်လောက်ဘူး။ လမ်းခွဲကြရအောင် ဒါဆို ရှင်နောက်ကျ ဆုံးသွားရင်တောင် ကျွန်မမှာ တုံ့ပြန်မှု သိပ်ကြီးကြီးမားမား မရှိလောက်တော့ဘူး"

လင်းယွီရဲ့တစ်ကိုယ်လုံးက အေးစက်လာပြီး သူ့မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်ကာ မေးလိုက်သည်။ “ထပ်ပြောပါဦး?"

စုချန်ယန်က ချက်ချင်းဘဲ သူမရဲ့ ပြုံးနေတဲ့ မျက်လုံး‌ေတွကို မော့လိုက်ပြီး သူ့လက်မှာ မှီတွယ်လိုက်ကာ အသနားခံလိုက်သည်။ "ဒေါသမထွက်ပါနဲ့။ ကျွန်မက ရှင်နဲ့ ဟာသလေး နည်းနည်းလောက်ပြောရုံကို"

လင်းယွီက သူမလက်ကို တင်းတင်းဆုပ်ထားပြီး တစ်ဝက်တစ်ပျက် ရယ်မောကာ ပြောလိုက်သည်။ “မင်းမှာ ဒီလိုမျိုး အတွေးတွေ တကယ်ရှိနေရင် မင်းကို အီတလီကအိမ်ကြီးထဲ ပြန်ခေါ်သွားပြီး အထဲမှာ သော့ခတ်ထားလိုက်မယ်။ အဲ့ဒါဆို ကိုယ်တစ်ယောက်ဘဲ မင်းကိုနေ့တိုင်းတွေ့လို့ရမှာ"

သူနောက်ပြောင်နေမှန်းသိလိုက်ရတော့ စုချန်ယန်က ချဲ့ကားကာ အံ့အားသင့်သလို ပြောလာသည်။ "ဝိုး! ရှင်က သိပ်ရက်စက်တာပဲ! ကျွန်မကို ဟော့ပေါ့နဲ့ ကျွေးမှာလား?"

လင်းယွီက ပြုံးပြီး ပြန်ဖြေလိုက်သည်။ "ဒါက မင်းရဲ့ စွမ်းဆောင်ရည်ပေါ်မှာ မူတည်တယ်"

"ကျွန်မသိတယ်! ရှင့်ကိုပျော် အောင်လုပ်နိုင်ရင် ကျွန်မစားလို့ ရမယ်မဟုတ်လား?"

“အင်း"

စုချန်ယန်က ဘယ်ညာ လှည့်ပတ်ကြည့်လိုက်ကာ သူမတို့ကို ဘယ်သူမှ သတိမထားမိတာကို တွေ့လိုက်ရတဲ့အခါ သူမကရုတ်တရက် ခြေဖျားထောက်လိုက်ပြီး လင်းယွီရဲ့ပါးကို အမြန်နမ်းလိုက်သည်။ နောက်တော့ သူမကနောက်ပြောင်တာ အောင်မြင်သွားတဲ့ ကလေးဆိုးလေးလိုမျိုး လင်းယွီကို ပြုံးပြုံးလေးကြည့်ကာ ပြောလိုက်သည်။ "ဒီလိုမျိုးဆို နည်းနည်းလေး ပိုပျော်သွားလား?"

လင်းယွီကအံ့ဩသွားပြီး သူ့ပါးပေါ်က နူးညံ့တဲ့ အထိအတွေ့ကို ခံစားလိုက်ရသည်။ အဖြူရောင် တိမ်တိုက်တစ်ခု ဖြတ်သွားသလိုမျိုး မယုံနိုင်လောက်အောင်ကို အစစ်အမှန်လို့ ခံစားရသည်။

သို့ပေမယ့် စုချန်ယန် မထင်မှတ်ထားတဲ့အရာမှာ လမ်းပေါ်က လူငယ်တစ်စုက သူမရဲ့ လျှို့ဝှက်တဲ့ လုပ်ရပ်ကို သတိပြုမိသွားတာပင်။ သူတို့က လေချွန်ကာ စနောက်ကြတော့သည်။ ဒီတစ်ခေါက် အံ့ဩသွားရတဲ့သူက စုချန်ယန်ပင်။

စုချန်ယန်အနေနဲ့ ရှောင်လုအရှေ့မှာ လင်းယွီကို အရှက်မရှိ ချစ်ခင်ပြနိုင်ပေမယ့် အခြားသူတွေရှေ့မှာတော့ အဲ့ဒီလိုပြုမူခြင်းမျိုး လုံးဝမရှိခဲ့ဘဲ ဒီတစ်ခေါက်ကတော့လုံးလုံးလျားလျားပင် သူမကိုယ်တိုင် အရင်စခဲ့တာဖြစ်သည်။ သူမမျက်နှာက ရှက်ရွံ့မှုကြောင့် နီရဲလာပြီး ထွက်သွားချင်သလိုမျိုး လင်းယွီကို ဆွဲလိုက်သည်။

သူမ သူ့ကို လှမ်းဆွဲလိုက်တာနဲ့လင်းယွီက ရုတ်တရက် ငုံ့လာပြီး လူတိုင်းရဲ့ အရှေ့မှာ သူမ နှုတ်ခမ်းတွေကို နမ်းလိုက်သည်။

စုချန်ယန် မှာ လုံးဝ အံ့ဩသွားကာ ဘေးနားက လူအုပ်ကြီးရဲ့ အားပေးသံကို ကြားလိုက်ရသည်။

အနမ်းက တိုတိုလေးပဲဖြစ်ပြီး လင်းယွီက နောက်ပြန်ဆုတ်သွားသည်။

သူက စုချန်ယန်ရဲ့ အံ့အားသင့်နေတဲ့ အကြည့်ကို တည်တည်ငြိမ်ငြိမ်နဲ့ရင်ဆိုင်လိုက်ပြီး ပြောလိုက်သည်။ "ဒါက မင်းကို နည်းနည်း ပိုပျော်သွားစေမှာ"

စုချန်ယန် - ...

စုချန်ယန်က သူမမှားတာကို သိပြီး အများကြီး မပြောရဲပေ။ သူမက လင်းယွီကို လူအုပ်ကြားကနေ အမြန်ဆွဲလိုက်သည်။

သိပ်မကြာခင်မှာဘဲ သူတို့နှစ်ယောက်က မီးရှူးမီးပန်းတွေ ပစ်လွှတ်မယ့် လေဟာပြင်နေရာကို ရောက်လာကြသည်။ မီးရှူးမီးပန်းမပစ်လွှတ်ခင် အချိန်ဆယ်မိနစ်သာကျန်တော့ပြီး လူတချို့က စုဝေးနေကြပြီဖြစ်သည်။

စုချန်ယန် အံ့အားသင့်စွာနဲ့ ပြောခဲ့သည်။ "လူတွေအများကြီးဘဲ"

လင်းယွီက ပြုံးပြီး ပြောလိုက်သည်။ “စောစောက ကိုယ်တို့ ဖြတ်သွားတော့ ဒီည ဒီမှာ တစ်ယောက်ယောက်က လက်ထပ်ခွင့်တောင်းမယ်လို့ သူတို့ပြောတာ ကြားလိုက်တယ်”

စုချန်ယန်က ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။ "ဒါကြောင့် မီးရှူးမီးပန်းတွေ လွှတ်မှာကိုး။ ကျွန်မတို့ တကယ် ကံကောင်းတယ်။ အရင်က လက်ထပ်ခွင့်တောင်းတာတခါမှ မတွေ့ဖူးဘူး"

လင်းယွီ - “ကိုယ်ရောဘဲ မတွေ့ဖူးဘူး။ ဒါက သင်ယူဖို့ အခွင့်ကောင်းဘဲ"

စုချန်ယန်က နည်းနည်းရှက်ရွံ့သွားပြီး သူ့ကို ရွှတ်နောက်နောက်နဲ့ ရိုက်လိုက်ကာ ပြောလိုက်သည်။ "ရှင်ကျွန်မကို ဝက်ကျောက်ကပ်တစ်တွဲပေးရင် ရှင့်ကိုလက်ထပ်ဖို့ သဘောတူမယ်"

လင်းယွီ - “…”

လင်းယွီက သူမရဲ့ ရွှတ်နောက်နောက်အပြုအမူကြောင့် အံ့အားသင့်သွားပေမယ့် မတတ်နိုင်ဘဲ ပြုံးလိုက်သည်။ သူကမေးလိုက်သည်။ “ဘာလို့ ဝက်ကျောက်ကပ်တွေလဲ?"

စုချန်ယန် - "အခုချက်ချင်း စားချင်သလို ခံစားရလို့"

ဒါကိုကြားတော့ လင်းယွီက သက်ပြင်းချလိုက်ပြီးပြောလိုက်သည်။ “ကံမကောင်းစွာနဲ့ပဲ၊ အဲ့ဒါတွေက ဒီမှာ မရဘူး။ မဟုတ်လို့ရှိရင် ဒါကိုအခွင့်ကောင်းယူပြီး မင်းကို လက်ထပ်ခွင့်တောင်းလိုက်မှာ"

စုချန်ယန်က နှစ်ခါလောက် ရယ်လိုက်ပြီး "လုပ်လို့မရဘူး။ ဒီနေ့ညက တခြားတစ်ယောက်ရဲ့ လက်ထပ်ခွင့်တောင်းမှာလေ သူတို့ပြင်ဆင်ထားတာကို ကျွန်မတို့ယူလိုက်လို့မရဘူး"

လင်းယွီက ခေါင်းညိတ်လိုက်သည်။ "မင်းပြောတာ မှန်တယ်"

အချိန်နီးကပ်လာသည်နှင့်အမျှ နေရာလွတ်တွေမှာ လူတွေတဖြည်းဖြည်းစုဝေးလာသည်။

မီးရှူးမီးပန်းလွှတ်တင်ဖို့အတွက် တာဝန်ရှိသူတွေက ကွင်းပြင်မှာ ပြင်ဆင်နေကြပြီဖြစ်သည်။ စုချန်ယန်က စိတ်လှုပ်ရှားစွာနဲ့ ခြေဆောင့်လိုက်သည်။ "စနေပြီ၊ စနေပြီ!"

ဘယ်စုံတွဲက ဒီညမှာ အဓိက အာရုံစိုက်ခံရမလဲဆိုတာ ခန့်မှန်းရင်း သူမက ထူထပ်တဲ့ လူအုပ်ကြီးထဲ လိုက်ကြည့်နေသည်။

အဲဒီ့စုံတွဲက တစ်ဖက်မှာများလား? သူတို့ကြည့်ရတာ တော်တော်တူတယ်။

ဒါမှမဟုတ် သူတို့ဘေးနားက စုံတွဲပဲလား?

Times Square တွင် မီးရှူးမီးပန်း‌ တွေလွှတ်ပြီး လက်ထပ်ခွင့်တောင်းနိုင်တဲ့သူက ချမ်းသာတဲ့သူဘဲဖြစ်ရမယ် မဟုတ်လား! ဇိမ်ခံကားထဲကနေ ထွက်လာတဲ့ နှစ်ယောက် များလား? ဒါပေမယ့် သူတို့နှစ်ယောက်က အဖေနဲ့သမီးနဲ့ နည်းနည်းတူတယ်၊ ဒါကြောင့် သူတို့တော့ မဟုတ်လောက်ဘူး။

စုချန်ယန်က အမှတ်တမဲ့ ခန့်မှန်းနေတုန်းမှာ မီးရှူးမီးပန်းတွေက ပေါက်ကွဲသံနဲ့အတူ ကောင်းကင်ပေါ် တက်သွားသည်။

စုချန်ယန် အံ့အားသင့်သွားပြီး သူမအာရုံကို ချက်ချင်းပြောင်းလိုက်သည်။ သူမမျက်လုံးတွေက ညကောင်းကင်မှာ ပွင့်လန်းနေတဲ့ မီးရှူးမီးပန်းတွေကို ကြည့်လိုက်သည်။

ပတ်ဝန်းကျင်မှာ ချီးမွမ်းသံတွေအဆက်မပြတ်ထွက်ပေါ်လာပြီး စုချန်ယန်လည်း လူအုပ်ကြားထဲ ရောထွေးသွားသည်။ မီးရှူးမီးပန်းတွေကောင်းကင်ဆီတက်လာတဲ့အခါ သူမလည်း သူတို့နဲ့အတူ သက်ပြင်းချလိုက်သည်။

မီးရှူးမီးပန်းတွေက အထူးတလည် ရှားပါးတဲ့အရာမဟုတ်ပေမယ့် သူတို့တွေမှာက အခမ်းအနားခံစားမှုတစ်ခုရှိသည်။ သူမမှာ လူများစွာနဲ့ မီးရှူးမီးပန်းလွှတ်တင်တာကို အရင်က တစ်ခါမှ မကြည့်ဖူးတဲ့အတွက် လင်းယွီနဲ့အတူ သူ့ဘေးနားမှာရှိနေရတဲ့ စက္ကန့်တိုင်းကို ပျော်ရွှင်မှုလို သူမ ခံစားရသည်။

ကောင်းကင်မှာ မီးရှူးမီးပန်းတွေ ထွက်လာတဲ့အချိန်မှာလူအုပ်ဆီကနေ တေးသံတိုးတိုး ရုတ်တရက် ထွက်ပေါ်လာသည်။

"ဝိုး!"

"Love Story!"

သီချင်း တီးလုံးစလာတဲ့အခါမှာတော့ ပတ်ပတ်လည်က လူတွေအားလုံး စိတ်လှုပ်ရှားလာကြသည်။

စုချန်ယန် တစ်ခဏလောက် ရပ်သွားသည်။ အထူးသဖြင့် အင်္ဂလိပ်သီချင်းများစွာကို သူမနားမထောင်ဖူးပေမယ့် ဒီ "Love Story"ဆိုတဲ့ သီချင်းကတော့ သူမကို လေးလေးနက်နက် စွဲလမ်းစေသည်။

လျှို့ဝှက်ပြီး မရေရာတဲ့ KTV ခန်းထဲမှာ လင်းယွီက သူမရဲ့ လက်ကို ကိုင်ထားပြီး သီချင်းစာသားတိုင်းကို သူမနားနားမှာ ဘာသာပြန်ပေးပြီး နောက်တော့ သူမကို နမ်းခဲ့သည်။

"We were both young when I first saw you"

သီချင်းစလာတာနဲ့ တခဏတွင်းမှာဘဲ ယ၊ လေဟာပြင်တစ်ဝိုက်မှာရှိတဲ့ လူတိုင်းက စပြီး အတူဆိုလာကြသည်။

မရေမတွက်နိုင်တဲ့ အသံတွေ ရောနှောနေကာ အားလုံးက ဒီနေရာမှာ လက်ထပ်ခွင့်တောင်းမယ့် စုံတွဲရဲ့ အခမ်းအနားကို စောင့်နေကြသည်။

မီးရှူးမီးပန်းတွေနဲ့ နောက်ခံသီချင်းသံက တဖြည်းဖြည်း တိုးသွားသည်။

လူတွေက လက်တွေကိုဝှေ့ယမ်းကာ စည်းချက်အတိုင်း သီဆိုနေကြတာကို ကြည့်ရင် စုချန်ယန် ရုတ်တရက် တက်ကြွလာသလို ခံစားလိုက်ရကာ သူမရဲ့ ရင်ဘတ်ထဲမှာ ပြည့်လျှံသွားသည်။ ဒီလိုမြင်ကွင်းမျိုးကို သူမ ပထမဆုံးအကြိမ်မြင်ဖူးတာဖြစ်ပြီး မထင်မှတ်ပဲ သူမမျက်လုံးထဲကနေ မျက်ရည်တွေ စီးကျနေတာကို ခံစားလိုက်ရသည်။

ဒီနေရာမှာ၊ လူတိုင်းရဲ့မျက်မှောက်မှာ လက်ထပ်ခွင့်တောင်းခံရတဲ့မိန်းကလေးက သေချာပေါက်ပျော်ရွှင်ရလိမ့်မည်။

"And I said"

လူအုပ်ကြီးရဲ့ လွှမ်းမိုးမှုကြောင့် စုချန်ယန်လည်းလိုက်ကာ တိုးတိုးလေး ဆိုလိုက်သည်။

"Romeo, take me somewhere we can be alone"

"အား!!!"

"ဘုရားရေ!"

ရုတ်တရက် လူအုပ်ထဲကနေ အော်ဟစ်သံတွေ ထွက်ပေါ်လာသည်။ စုချန်ယန်က နားမလည်သလို လှည့်ကြည့်လိုက်တော့ လူတိုင်းရဲ့အကြည့်တွေက သူမဆီ အာရုံစိုက်နေကြောင်း သဘောပေါက်လိုက်သည်။

သူမ အေးခဲသွားပြီး သူမအနားက လင်းယွီကို အလိုလို လှမ်းခေါ်လိုက်ပေမယ့် သူရှိမနေပါ‌ချေ။ သူမတစ်ဘက်ကို လှမ်းကြည့်လိုက်တော့ လက်ထဲမှာ ဘူးလေးတစ်ဘူးကို ကိုင်ကာ ဒူးထောက်ထားတဲ့ လင်းယွီကို တွေ့လိုက်ရသည်။ သူ့မျက်လုံးတွေက သူမကို ညင်သာစွာ ငေးကြည့်ရင်း သူမနဲ့ မျက်လုံးချင်းဆုံမယ့်အချိန်ကို စောင့်နေသည်။ သူဒီအချိန်ကို သူ ဘယ်လောက်ကြာကြာ စောင့်နေခဲ့ရလဲ?

သီချင်းကို ဆက်ဖွင့်ထားပေမယ့် ရုတ်တရက် သူမနားထဲမှာ ဟာလာဟင်းလင်းဖြစ်သွားသလို ခံစားလိုက်ရသည်။

သူမဘေးနားက လင်းယွီကို ကြည့်လိုက်တဲ့ ခဏအတွင်းမှာဘဲ အခြားအသံတွေ လွင့်စင်သွားတဲ့ပုံပင်။

ရုပ်ရှင်ထဲမှာ လက်ထပ်ခွင့်တောင်းခံရတဲ့ မရေမတွက်နိုင်တဲ့ မိန်းကလေးတွေလိုမျိုး သူမလည်း ပါးစပ်ကို လက်ဖြင့်အုပ်ကာ မယုံနိုင်သလို ဖြစ်သွားသည်။ သူမက ဒီနေရာ ထောင်ပေါင်းများစွာတဲ့လူတွေရှေ့မှာ လက်ထပ်ခွင့်တောင်းခံရပြီး လူတိုင်းရဲ့ကောင်းချီးတွေကို လက်ခံရရှိတဲ့သူဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပါချေ။

“ဒီနေ့ မင်းကြိုက်တဲ့ အစားအစာကို ကိုယ်မပြင်ဆင်ရသေးဘူး။ ကိုယ့်ကိုလက်ထပ်ခွင့်ပြုပါ? မင်းရဲ့အနာဂတ်ကို ကိုယ့်ဆီအပ်နှံပြီး မင်းဘဝရဲ့ အစိတ်အပိုင်းတိုင်းကို သိမ်းပိုက်ခွင့်ပေးပါ"

သီချင်းဆိုနေကြတဲ့ ဆူညံသံတွေကြားမှာ လင်းယွီရဲ့အသံက သူမနားထဲ အထိအကျဝင်လာခဲ့သည်။

"ကိုယ့်ကိုလက်ထပ်ပါ"

“အဲဒီတုန်းက မင်းအတွက် ဒီစာကြောင်းကို ကိုယ်ဘာသာမပြန်ပေးခဲ့ဘူး။ အခု ဒါကဘာကိုဆိုလိုလဲဆိုတာ မင်းသိသင့်ပြီ"

"စုချန်ယန်၊ ကိုယ့်ကို လက်ထပ်ပါ။ ဒီစကားကို ကိုယ်ပထမဆုံးစပြောပြီးကတည်းက စိတ်ရင်းမှန်နဲ့ပြောခဲ့တာပါ” လင်းယွီက ထုတ်ပြောလာသည်။

စုချန်ယန်မှာ ပါးပြင်ပေါ် မျက်ရည် တွေစီးကျနေရင်းသူ့ကို အံ့အားသင့်စွာ စိုက်ကြည့်နေသည်။ သူမ ခံစားချက်တွေကို မထိန်းနိုင် တော့ပေ။ လင်းယွီက ဒီနေရာမှာ သူမကို လက်ထပ်ခွင့်တောင်းလိမ့်မယ်လို့ သူမ မထင်ထားခဲ့ပါချေ။

"I love you and that's all I really know"

"ကိုယ်မင်းကိုချစ်တယ်၊ ဒါကိုဘဲ ကိုယ်တကယ်သိတယ်"

သူမကိုယ်သူမ မျက်ရည် ထိန်းချုပ်နိုင်စွမ်းရှိတဲ့ မင်းသမီးတစ်ယောက်လို့ ထင်ထားတဲ့ စုချန်ယန်မှာ ဒီလိုမဟုတ်မှန်း သဘောပေါက်သွားသည်။ သူမရဲ့နှလုံးသားဟာ ညကောင်းကင်ပေါ် မီးရှူးမီးပန်း တွေလိုမျိုး ပွင့်လန်းနေကာ သူမရဲ့ မျက်ရည် တွေကို မထိန်းနိုင်ပါချေ။ လင်းယွီရဲ့ နူးညံ့တဲ့အကြည့်အောက်မှာ သူမအားတင်းကာ ခေါင်းညိတ်လိုက်ကာ ပြောလိုက်သည်။

"ကျွန်မ ဆန္ဒရှိပါတယ်"

လင်းယွီရဲ့ ပါးစပ်ထောင့်ကနေ အပြုံးတစ်ခု ပေါ်လာပြီး ညလေပြေညင်းက သူ့အပြုံးကို ပိုလို့ နူးညံ့သွားစေသည်။ သူက ဘူးထဲက လက်စွပ်ကို ထုတ်လိုက်ပြီး စုချန်ယန်ရဲ့ ညာလက်ကို ညင်သာစွာ ကိုင်လိုက်ကာ လက်စွပ်ကို သူမရဲ့လက်ချောင်းထဲ စွပ်ပေးလိုက်သည်။

"နောင်လာမယ့်နေ့ရက်တွေမှာ ဒါက မင်းကို ကိုယ်ငိုအောင်လုပ်ခဲ့တဲ့ နောက်ဆုံးအကြိမ်ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"

စုချန်ယန်က နှုတ်ခမ်းကို ကိုက်ပြီး သူမကိုယ်သူမ ထိန်းဖို့ အတတ်နိုင်ဆုံး ကြိုးစားပေမယ့် အချည်းအနှီးပင်။

လရောင်အောက်မှာ လင်းယွီက ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။

စုချန်ယန်က ညင်ညင်သာသာ ခွန်အားနဲ့ သူ့လက်တွေကို တင်းတင်းကျပ်ကျပ် ကိုင်ထားခဲ့သည်။

"ကျေးဇူးတင်ပါတယ်"

“ကိုယ့်ရဲ့ စုဆောင်းမှုဖြစ်လာဖို့ ဆန္ဒရှိတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကိုယ်မင်းကို အမြဲတမ်း မြတ်နိုးပြီး ကာကွယ်ပေးသွားပါ့မယ်"

...End...

All Chapters