အခန်း ၁-၁၀
Vol. 1 Ch. 1-10
အခန်း ၀၁၁ ။ ကျွန်တစ်ယောက်ဝယ်ယူခဲ့
မြေနေရာ တစ်ဟတ်တာက အရမ်းမကြီးပါဘူး။ ရှုယီက တစ်နာရီနီးပါးကြာအောင် စစ်ဆေးနေခဲ့သည်။
အိမ်တော်ထိန်း ဘရူနိုင်းဆီပြန်သွားခဲ့ပြီး ရှုယီကအိတ်ထဲမှ စာရွက်စာတမ်းအချို့ကိုထုတ်ယူလိုက်သည်။
“အိမ်တော်ထိန်း ဘရူနိုင်း၊ ဒါက ပထမနှစ်မှာ ကျွန်တော်တို့ ဒီမြေကို အသုံးပြုမဲ့အစီအစဉ်ပါ၊ ခင်ဗျာအနေနဲ့ အရှင်သခင်မြို့စားကြီးကို ပြန်ပြီးပြလိုက်ပါ။ တကယ်လို့ အရှင်သခင်မြို့စားကြီးက သဘောမကျခဲ့ရင် သူကျွန်တော်တို့ကိုပြောပြလို့ရပြီး အရှင်မြို့စားကြီး စိတ်ကြိုက်ဖြစ်အောင် ကျွန်တော်တို့ ပြန်လည်ပြောင်းလဲပေးပါ့မယ်။”
ရှုယီက အပေါ်ယံမှာတော့ အရမ်းကိုရိုသေနေဆဲပါပဲ။
သူရှင်းရှင်းလင်းလင်းနားလည်ထားသည်က ကမ္ဘာဂြိုလ်ရဲ့လူအဖွဲ့အစည်းနှင့်ခြားနားနေပြီး စိုင်စ်နယ်မြေမှာ တစ်ဝက်ခန့်က မြေရှင်ယာရှင်စနစ်ကျင့်သုံးနေဆဲပဲဖြစ်သည်။ ဒီနယ်မြေတွင် အောင်မြင်ရန်အတွက် သူ့အနေဖြင့် အချို့လုပ်ထုံးလုပ်နည်းကို လိုက်နာရပေမည်။
ထင်ထားသည့်အတိုင်း ရှုယီ၏ရိုသေလေးစားသည့်အသွင်အပြင်ကြောင့် အိမ်တော်ထိန်း ဘရူနိုင်း၏စိတ်ခံစားချက်တွေက ပိုပြီးသက်တောင့်သက်သာရှိလာခဲ့သည်။ သူသည် ရှုယီ၏အစီစဉ်စာရွက်ကိုယူလိုက်ပြီး ခေါင်းငြိမ့်လိုက်သည်။ “ကောင်းပါပြီဗျာ၊ ကျွန်တော်ပြန်သွားတဲ့အချိန်ကျရင် အရှင်သခင်မြို့စားကြီးကြည့်ဖြစ်အောင် ပြလိုက်ပါ့မယ်။ တကယ်တော့ လူကြီးမင်းအနေနဲ့ စိတ်ပူနေဖို့မလိုပါဘူး၊ အရှင်သခင်မြို့စားကြီးက အရမ်းကိုရက်ရောတဲ့သူတစ်ယောက်ပါ။ လူကြီးမင်းသူ့ကို စိတ်တိုအောင်မလုပ်သရွေ့တော့ အရှင်သခင်မြို့စားကြီးက ဝင်နှောင့်ယှက်မှာမဟုတ်ပါဘူး။”
“ဒီလိုဆိုမှတော့ မင်းရဲ့ကြင်နာမှုရှိတဲ့စကားတွေအတွက် အိမ်တော်ထိန်း ဘရူနိုင်းကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။”
အခြေအနေပိုကောင်းလာသည်နှင့်အမျှ ကိစ္စများလည်း ပို၍အဆင်ပြေချောမွေ့လာခဲ့သည်။ အိမ်တော်ထိန်းဘရူနိုင်းက ရှုယီ သဘောတူလက်မှတ်ထိုးရန် ငှားရမ်းစာချုပ် မထုတ်ခင်မှာ တိုးတက်မှုအစီအစဉ်ကို အကြောင်းအရာလောက်သာ ကြည့်ရှုခဲ့သည်။
ရှုယီ သူ့အမည်ကိုလက်မှတ်ထိုးပြီးတဲ့နောက်မှာ အိမ်တော်ထိန်းဘရူနိုင်းက ပြုံးပြခဲ့သည်။ သူ့လက်ကို ရှုယီထံသို့ဆန့်ထုတ်လိုက်ပြီး “အရမ်းကိုကောင်းပါတယ်၊ မစ္စတာ ရှုယီ ဒီနယ်မြေကို သင်တစ်နှစ်တာ ပိုင်ဆိုင်သွားပါပြီ။ အရှင်သခင်မြို့စားကြီးပေးတဲ့ ဒီအခွင့်အရေးကို လူကြီးမင်းအနေဖြင့် အကျိုးရှိအောင်အသုံးချနိုင်ဖို့ ကျွန်တော်မျှော်လင့်ပါတယ်ခင်ဗျာ။”
“သေချာတာပေါ့ဗျာ။”
သူတို့ (၃)ယောက် စကားအနည်းငယ်ပြောခဲ့ကြပြီး ရှုယီနှင့် ဟိန့်ဇ်တို့ပြန်ရန်အလုပ်မှာတော့ စူးစူဝါးဝါးငိုသံကြီးကို အဝေးတစ်နေရာမှကြားလိုက်ရသည်။
သူတို့ (၃)ယောက်စလုံး တွေဝေသွားပြီး အသံလာရာ အနောက်မြောက်ဘက်သို့ ကြည့်လိုက်ကြသည်။
ငိုသံထပ်ပြီးမကြားရသေးခင်မှာ နောက်ထပ်သနားစရာကောင်းစွာဆွဲငင်ငိုကြွေးနေသည့်အသံနှင့် ကြာပွတ်ရိုက်သံတို့ကိုပါကြားလိုက်ရသည်။
“သွားပြီးကြည့်ရအောင်။” ရှုယီမှာစဉ်းစားချိန်မရတော့ပဲ အသံလာရာလမ်းကြောင်းဆီသို့ အလောတကြီးသွားခဲ့သည်။
ဟိန့်ဇ်ကဘေးမှာရှိနေသည့် အိမ်တော်ထိန်းဘရူနိုင်းကိုကြည့်နေရင်း ခဏလောက် ချီတုံချတုံဖြစ်နေခဲ့သည်။ “အိမ်တော်ထိန်းဘရူနိုင်း၊ ကြည့်ရတာ အသံလာတဲ့နေရာက အရှင်သခင်မြို့စားကြီး နယ်မြေဆီကမို့လား။”
အိမ်တော်ထိန်းဘရူနိုင်းက မျက်မှောင်ကြုတ်ကာ အသံလာရာအရပ်ကိုကြည့်ပြီး သူလက်ကိုဝှေ့ယမ်းကာ “ငါတို့တစ်ချက်လောက်တော့သွားကြည့်ရအောင်။”
သူတို့ ခပ်နီးနီးရောက်သည့်အချိန်မှာတော့ အသံကပိုကျယ်လာခဲ့သည်။ ကြာပွတ်ရိုက်သံတွေက လူတွေရဲ့ နှလုံးသားကိုကြောက်စိတ်ဝင်သွားအောင် လုပ်နိုင်စွမ်းရှိပြီး သနားစရာကောင်းသည့်ငိုကြွေးသံ ထွက်ပေါ်လာသည်ကိုကြားရပြီးနောက် သနားမိလာသည်။
ရှုယီသည် အိမ်တော်ထိန်း ဘရူနိုင်းနှင့် ဟိန့်ဇ်တို့ထက်ပိုငယ်ပြီး သူအရင်ပြေးထွက်လာသည်ပါထည့်တွက်လျှင် အသံကြားရပြီးခြင်းမကြာခင်မှာပင် သူသည် အနားသို့ရောက်နေခဲ့သည်။ သူ့ကြည့်လိုက်သောအခါ ချက်ချင်းဆိုသလိုပဲ သူ့မျက်လုံးများထဲတွင် ဒေါသတွေအပြည့်နှင့်ဖြစ်နေသည်။
ဒီဖုန်းဆိုးနယ်မြေတစ်နေရာမှာ လူကောင်ကြီးကြီး (၃) ယောက်က အသက်(၁၄)နှစ် (၁၅)နှစ် အရွယ်ခန့်ရှိမည့် ကလေးတစ်ယောက်ကို ပတ်ပတ်လည်ဝိုင်းထားသည်။ ထိုလူကြီးများသည် သူတို့၏လက်ထဲတွင် ကြာပွတ်ကိုယ်စီကိုင်ထားကာ ကလေးအား တဖြန်းဖြန်းမြည်နေအောင် ရိုက်နေကြသည်။
ထိုကလေးရဲ့ကိုယ်ပေါ်တွင် ကြာပွတ်ကြောင့် မရေတွက်နိုင်အောင် အရှိုးရာအရှရာထင်နေပြီး ခန္ဓာကိုယ်ရဲ့ အချို့နေရာတွေပါ စုတ်ပြတ်ပေါက်ပြဲနေကာ ကြည့်ရသည်မှာ ပြောပြလို့မရလောက်အောင်ထိ သနားဖွယ်ရာအတိ ဖြစ်နေလေသည်။
အစတွင် သူသည် ငိုကြွေးနေသော်လည်း အခုတော့ ဆက်လက်အော်ငြီးခြင်းမရှိတော့ပေ။ လှုပ်ရှားဖို့ပင်အင်အားမရှိတော့သဖြင့် တောင့်ခံနေတော့သည်။ သူ့အပေါ် ကြာပွတ်ရိုက်မှသာ တွန့်ရုံလောက်တွန့်သွားတော့သည်။
“ရပ်လိုက်စမ်း။” ရှုယီကဒေါသတကြီးအော်ဟစ်လိုက်သည်၊ ဘာမျှကိုတွေးမနေတော့ဘဲ “မင်းတို့ သူ့ကိုအသေသတ်နေကြတာလားကွ။”
ထိုလူကောင်ကြီးကြီး (၃)ယောက်သည် တစ်ယောက်ယောက်က ဝင်တားမည်ဟုမထင်ထားသဖြင့် ရှုယီကို ကြောင်ကြည့်နေသည်။ ရှုယီ ဝတ်ထားသည့်မှော်ဝတ်ရုံသည် သူ့တို့ကိုရပ်တန့်စေခဲ့သည်။
ရှုယီက ကလေးကိုကြည့်လိုက်ချိန် လူကောင်ကြီးကြီးတစ်ယောက်သည် သူ့ကိုဟန့်တားလိုက်သည်။
“ဟေ့ ဘာဝင်လုပ်တာလဲကွ။ ငါတို့က ဒီကျွန်ကို ဆုံးမနေတာကွ၊ မင်းကဘယ်သူပဲဖြစ်ဖြစ် ဒီကိစ္စကို မင်းဝင်ရှုပ်လို့မရဘူးကွ။” လူကောင်ကြီးကြီးက အော်ပြောခဲ့သည်။
“ကျွန်ဟုတ်လား။” ရှုယီ တွေဝေသွားပြီး မြေပြင်ကကလေးကိုကြည့်လိုက်ချိန်တွင် သူအမှတ်ရသွားသည်က ဒီနယ်မြေသည် မြို့စားကြီး လက်စ်လိုင်း အပိုင်ဖြစ်ကာ ဒီကလေးသည်မဟုတ်မှလွဲရော......
“ဒါက မြို့စားကြီးလက်စ်လိုင်းရဲ့ကျွန်လား။”
လူကောင်ကြီးကြီးက ရှုယီကို အံ့ဩသလိုကြည့်လိုက်ရင်း “မင်း အရှင်သခင်မြို့စားကြီးကိုသိနေရင် အခြားသူရဲ့အလုပ်ကို မင်းဝင်ရှုပ်မနေနဲ့။ ငါမင်းကိုပြောရဦးမယ်၊ ဒီမျိုးမစစ်လေးက မြို့စားကြီးရဲ့ နွားကိုပျောက်အောင်လုပ်ခဲ့တာကွ၊ သူသေလောက်အောင်အရိုက်ခံရမှ ဒီကိစ္စကအေးအေးဆေးဆေးပြီးသွားမှာကွ။”
“နွားတစ်ကောင်လား။” ရှုယီက မျက်မှောင်ကြုတ်လိုက်ပြီး “ဒါက နွားတစ်ကောင်ပျောက်သွားတာပဲလေ၊ ဒီအတွက်နဲ့များ မင်းကသူ့အသက်ကို အစားလိုချင်နေတာလား။ “ဟုဒေါသတကြီးပြောလိုက်သည်။
“မင်းဘာမှကိုမသိသေးပါဘူးကွာ။” လူကောင်ကြီးကြီးက လှောင်ရယ်လိုက်ပြီး “နောက်(၂)လလောက်ကျရင် ဆောင်းဦးရာသီရိတ်သိမ်းပွဲရောက်တော့မှာ။ ဒါပေမဲ့ ဒီမျိုးမစစ်လေးက ဒီအချိန်ကြီးကို နွားပျောက်အောင်လုပ်လိုက်တယ်။ အဲ့ဒါက ရိတ်သိမ်းပွဲကို ထိခိုက်သွားစေနိုင်တယ်ကွ၊ နောက်ထပ်ပြောရရင် မင်းသိလို့လား နွားတစ်ကောင်တန်ဖိုးကို ၊ ရွှေဒင်္ဂါး (၄၀)ကွ။ ဒီမျိုးမစစ်လေးကို ရောင်းပစ်လိုက်ရင်တောင် အဲ့တာရဲ့ တစ်ဝက်လောက်ပဲပြန်ရမှာ။ အဲ့ဒီတော့ ဒီကိစ္စအတွက် သူ့ကို လွယ်လွယ်လေးအလျော့ပေးလို့ရမယ်လို့ မင်းထင်နေလား။”
“ဒီအကြောင်းကြောင့်ပဲ မင်းသူကို သေလောက်အောင်ရိုက်နေစရာမလိုဘူးလေ။ မင်းသူ့ကိုသတ်လိုက်ရင်တောင် နွားကပြန်ရမှာမဟုတ်တော့ဘူး။”
“အဓိပ္ပါယ်မရှိတာ၊ ဒါကို ငါတို့သိတာပေါ့ကွ။ ဒါကအပြစ်ပေးတာပဲ။ အပြစ်ပေးတယ်ဆိုတာကို မင်းနားလည်ရဲ့လား။ တကယ်လို့ ဒီကောင်ကိုငါတို့အပြစ်မပေးဘူးဆိုရင် ကျန်တဲ့သူတွေကပါ သူ့လိုဖြစ်လာပြီး အရှင်သခင်မြို့စားကြီးရဲ့ လယ်ကွင်းတွေမှာ စိုက်ပျိုးတော့မှာမဟုတ်တော့ဘူးကွ။”
ရှုယီကမျက်မှောင်ကြုတ်လိုက်သည်။ သူ့အနေဖြင့် သူတို့ကို ဆက်ပြီးနားချလို့မရတော့မှန်းနားလည်သွားခဲ့ပြီး စိုင်စ်နယ်မြေမှာတော့ ကျွန်တွေကိုအကာအကွယ်ပေးတာမျိုးလုံးဝမရှိသောကြောင့် အခြားတစ်ဖက်မှာ ဒီလိုဖြစ်ပျက်နေတာတွေကို သူ့အနေဖြင့်ဝင်ရောက်တားနိုင်စွမ်းမရှိပေ။
ထိုအကြောင်းကိုစဉ်းစားပြီး ရှုယီတစ်ယောက်သူနှင့်မလှမ်းမကမ်းမှာရှိနေသည့် အိမ်တော်ထိန်းဘရူနိုင်းနှင့် ဟိန့်ဇ်တို့ကိုကြည့်ပြီး စိတ်လျော့လိုက်ရသည်။
လူကောင်ကြီးကြီး(၃)ယောက်က ရှုယီကိုကြည့်နေရင်း အိမ်တော်ထိန်းဘရူနိုင်းကိုပါမြင်သွားခဲ့သည်။
သူတို့သည် မြို့စားကြီးလက်စ်လိုင်းအိမ်တော်၏အစောင့်များဖြစ်သဖြင့် မြို့စားကြီးလက်စ်လိုင်း၏လူယုံ အိမ်တော်ထိန်းဘရူနိုင်းကိုသိပြီးသားဖြစ်သည်။ ခဏအကြာတွေဝေသွားပြီးနောက်တွင် သူတို့သည် မြန်ဆန်စွာပဲ သွားရောက်ကြိုဆိုခဲ့ကြသည်။
ခဏအကြာမှာတော့ အိမ်တော်ထိန်းဘရူနိုင်းနှင့် ဟိန့်ဇ်တို့ရောက်ရှိလာခဲ့ကြသည်။ အဖြစ်အပျက်များကိုသူတို့ မြင်တွေ့ပြီးချိန်မှာတော့ ဘာဖြစ်နေသည်လဲဆိုတာကို သဘောပေါက်သွားကြသည်။
“မစ္စတာရှုယီ ဒါကကျွန်တော်တို့ အိမ်တော်ရဲ့ အရေးကိစ္စပါ၊ လူကြီးမင်းဝင်မပါပါနဲ့။” အိမ်တော်ထိန်းဘရူနိုင်း၏အသံအနေအထားက အရမ်းကိုပြောင်းလဲသွားခဲ့သည်။ သို့သော် သူ့အသံတွင် အခြေအတင်ပြောဆိုချင်သည်ကိုတွေ့ရသည်။
ရှုယီကစူးစိုက်စွာ မျက်မှောင်ကြုတ်လိုက်သည်။ အကယ်၍သူတို့က စိုင်စ်နယ်မြေရဲ့ ထုံးတမ်းကို လိုက်နာသူများဖြစ်ပါက သူ့အနေဖြင့် ကြားဝင်ဖြေရှင်းရန် အရည်အချင်းမရှိကြောင်း သူသဘောပေါက်ခဲ့သည်။
သို့သော် ယခုလို ကလေးတစ်ယောက်ကို သေသည်အထိရိုက်နှက်နေသည်ကို မြင်တွေ့ရသည့်အခါ သူ့အနေဖြင့်လက်မခံနိုင်ပဲရှိနေခဲ့သည်။
ရှုယီက ဟိန့်ဇ်အားအကူအညီတောင်းသည့်အနေဖြင့် ကြည့်လိုက်သော်လည်း ဟိန့်ဇ်ကသူ့ကို ခေါင်းရမ်းပြနေသည်ကိုသာတွေ့လိုက်ရသည်။ သူ့လုပ်ရပ်ကို သဘောမတူသည်မှာ အရှင်းအလင်းကြီးပင်ဖြစ်သည်။
လူကောင်ကြီးကြီး(၃)ယောက်က သူတို့၏သားရေကြာပွတ်ကို ဆွဲလိုက်ချိန်တွင် ရှုယီ တစ်ယောက်စိုးရိမ်သွားသည်။ သူက ရုတ်တရက်ဆိုသလို အကြံတစ်ခုရလာပြီး “ခဏလောက်စောင့်ပါဦးဗျာ၊ အိမ်တော်ထိန်းဘရူနိုင်း ခင်ဗျားဆီကနေသူ့ကို ကျွန်တော် ဝယ်လို့ရသလား။”
“ဝယ်ယူမယ်ဟုတ်လား။” အိမ်တော်ထိန်းဘရူနိုင်းကကြောင်သွားသည်။ သို့သော် မျက်မှောင်ကြုတ်ပြီး “ရှုယီ ခင်ဗျားကိုကျွန်တော်ပြောပြီးပြီလေ။ ဒါက ကျွန်တော်တို့အိမ်ကိစ္စပါ၊ မင်းတကယ်ကြီးကို ဝင်ရှုပ်ချင်နေတာလား။”
“မ.. မဟုတ်ဘူး ကျွန်တော်ပြောချင်တာအဲ့လိုမဟုတ်ဘူး။” ရှုယီကမြန်မြန်ဆန်ဆန်ပဲ လက်ကိုခါလိုက်ပြီး “ကျွန်တော်ရုတ်တရက်ကြီး သတိရသွားတာက ကျွန်တော်တစ်ယောက်တည်းနေရတာ သိပ်အဆင်မပြေဘူးလေ။ အဲ့ဒါကြောင့်အလုပ်ကျွေးပြုဖို့ အစေခံတစ်ယောက်လိုချင်နေခဲ့တာ၊ ဒါပေမဲ့ သင့်တော်တဲ့တစ်ယောက်ကိုရှာမတွေ့ခဲ့ဘူး။ ဒီအစေခံက အရှင်သခင်မြို့စားကြီးအပိုင်ဖြစ်တာကြောင့် အခွင့်အရေးတစ်ခုအနေဖြင့် တောင်းဆိုချင်ပါတယ်၊ အရှင်သခင်မြို့စားကြီး ကျွန်တော့်ကိုရောင်းပေးမယ်လို့လည်း မျှော်လင့်ပါတယ်ခင်ဗျာ။ ဘယ်လိုသဘောရလဲ။ အရှင်သခင်မြို့စားကြီးရဲ့ လူယုံဖြစ်တဲ့ အိမ်တော်ထိန်းတစ်ယောက်အနေနဲ့ ဒီအရေးမပါတဲ့အစေခံကိုရောင်းချဖို့ကို ဆုံးဖြတ်ခွင့်ရှိတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်၊ ဟုတ်တယ်မလားဗျ။”
အိမ်တော်ထိန်းဘရူနိုင်း မျက်နှာရှုံ့သွားပြီး ရှုယီကရှေသို့တိုးလာကာ သူ့ပုခုံးပေါ်လက်တင်ဖို့အလုပ်မှာတော့ သူငြင်းဆန်လိုခဲ့သည်။
ထိုကဲ့သို့ ရုတ်တရက်လုပ်လိုက်သည့်အပြုအမူသည် အိမ်တော်ထိန်းဘရူနိုင်းကိုမျက်မှောင်ကြုတ်စေခဲ့ပြီး သူ့ကိုဒေါသထွက်အောင် ဆွပေးသလိုဖြစ်နေခဲ့သည်။ ထိုသို့လုပ်ပြီး ရှုယီက သူ့နားကိုကပ်ပြီးတိုးတိုးလေးပြောခဲ့သည်မှာ “(၁၀) ရာခိုင်နှုန်းရှယ်ယာပေးမယ်၊ အိမ်တော်ထိန်းကြီး၊ သူ့ကျွန်ကို ကျွန်တော့်ဆီရောင်းချဖို့ သဘောတူနေသရွေ့ အသစ်ဆောက်လုပ်မဲ့မှော်ပန်ကာစက်ရုံရဲ့ ရှယ်ယာ(၁၀)ရာခိုင်နှုန်းကို အရှင်မြို့စားကြီးကိုပေးမယ်၊ ဘယ်လိုသဘောရလဲ။”
အိမ်တော်ထိန်း ဘရူနိုင်းက ရှုယီကိုငေးကြည့်လိုက်ပြီး ရှုယီကအတည်ပေါက်ပြောနေသည်ကို တွေ့လိုက်ရသည်။ ကြည့်ရသည်မှာ သူကအပြောင်အပျက်ပြောနေခြင်းလုံးဝမဟုတ်။ ဘာမှမတတ်နိုင်ဘဲ စပ်စုချင်သည့််လေသံမျိုးဖြင့် “မစ္စတာရှုယီ၊ ခင်ဗျားတကယ်ပဲ စတော့(၁၀)ရာခိုင်နှုန်းကျွန်တော့်ကိုပေးမှာလား။ ဒီအရေးမပါတဲ့ကျွန်တစ်ယောက်အတွက်လား။ စတော့(၁၀)ရာခိုင်နှုန်းရဲ့ တန်ဖိုးကို ကျွန်တော်မသိပေမဲ့ ဘန်တာမြို့မှာ မှော်ပန်ကာရောင်းချမှုက တန်ဖိုးနည်းနည်းလေးတော့မဖြစ်နိုင်ဘူး။”
ရှုယီကခပ်ရေးရေးသာပြုံးလိုက်ပြီး “ကျွန်တော့်ကိုတဇွတ်ထိုးဆန်တဲ့သူတစ်ယောက်လို့ထင်ချင်ထင်ပေါ့။”
အိမ်တော်ထိန်း ဘရူနိုင်းက ရှုယီကို လေးနက်သည့်အကြည့်ဖြင့်ကြည့်လိုက်ပြီး “မင်းပြေတာ သေချာရဲ့လား။”
ရှုယီ ကခေါင်းကိုသေချာစွာငြိမ့်လိုက်ပြီး “သေချာတာပေါ့ဗျာ။”
အိမ်တောထိန်း ဘရူနိုင်းလည်းခေါင်းငြိမ့်လိုက်သည်။ သူက ရှုယီ၏လက်မောင်းတွေကို ဖယ်မနေတော့ဘဲ လူကောင်ကြီးကြီး(၃)ယောက်ထံ လက်ရမ်းပြကာ “သူ့ကိုသွားခွင့်ပြုလိုက်တော့။”
လူကောင်ကြီးကြီး(၃)ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကာ အမိန့်ကိုနာခံပြီး အဝေးသို့လျှောက်သွားခဲ့သည်။
ရှုယီကိုပြန်မကြည့်ခင် အိမ်တော်ထိန်းဘရူနိုင်းသည် မြေကြီးပေါ်က ကျွန်ကိုကြည့်လိုက်သည်။ “ မစ္စတာရှုယီ မင်းသူ့ကို ပိုင်ဆိုင်သွားပါပြီ။”
ရှုယီကရယ်လိုက်ပြီး လက်ကို အိတ်ကပ်ထဲထည့်လိုက်ကာ “အများကြီး အများကြီးကျေးဇူးတင်ပါတယ်ဗျာ၊ ဒီကျွန်အတွက် ဘယ်လောက်ပေးရမလဲ။”
အိမ်တော်ထိန်း ဘရူနိုင်းက နှုတ်ခမ်းတွေကိုလိမ်ပြီး ထူးဆန်းသည့်အပြုံးပြုံးလိုက်သည်။ သူကခေါင်းကိုခါပြီး “မစ္စတာရှုယီ ဒါကတော့ သာမန်အားဖြင့်ကျွန်တော်က အရှင်မြို့စားကြီးရဲ့ကိုယ်စားလုပ်ခွင့်ရှိတယ်မဟုတ်လား။ ဒီကျွန်ကို မင်းကို နှုတ်ဆက်လက်ဆောင်အဖြစ်ပေးလိုက်မယ်။”
“အဲ့လိုလား။ ဒါဆို ကျွန်တော့်အစား အရှင်မြို့စားကြီးကို ကျေးဇူးတင်ရှိကြောင်းပြောပြပေးပါ။”
အိမ်တော်ထိန်းဘရူနိုင်းနှင့် လူကောင်ကြီးကြီး (၃)ယောက်ထွက်သွားပြီးနောက် ရှုယီနှင့် ဟိန့်ဇ်က ကျွန်ကိုမြင်းလှည်းဆီ အတူခေါ်ဆောင်လာခဲ့ကြသည်။
ကျွန်ကိုကယ်ရန် ရှုယီ ပေးဝယ်သည့်ဈေးကို သူသိပြီးနောက် ဟိန့်ဇ်က မြင်းလှည်းအပြင်ဘက်ခုန်ထွက်မိလုနီးပါး ဖြစ်သွားခဲ့သည်။
“မင်းရူးနေတာလား။” ဟိန့်ဇ်က ရှုယီကိုလက်ညှိုးထိုးကာ ဒေါသထွက်ပြီး အော်လိုက်သည်။ “ ရှုယီရေ ငါတို့ရဲ့တွက်ချက်မှုအရ တကယ်လို့အရာအားလုံး အဆင်ပြေချောမွေ့သွားခဲ့ရင် မှော်ပန်ကာစက်ရုံရဲ့ အသားတင်အမြတ်ငွေက တစ်နှစ်ကို အနည်းဆုံး ရွှေဒင်္ဂါး (၅၀၀၀) လောက်ရှိမှာမဟုတ်လား။ ရှယ်ရာ (၁၀)ရာခိုင်နှုန်းကို လက်စ်လိုင်းကို ပေးမယ်ဆိုတာက ရွှေဒင်္ဂါး (၅၀၀) ရှိမှာမဟုတ်လား။ မင်းသိပြီးသားပါ ငါတို့ တစ်ဟတ်တာအကျယ်အဝန်းရှိတဲ့မြေကို သူ့ဆီကနေတစ်နှစ်စာငှားခတောင် ရွှေဒင်္ဂါး (၁၀၀)မဟုတ်လား။”
ရှုယီက ဟိန့်ဇ်ကို ထိုင်နေဖို့ အချက်ပြသည့်သဘောဖြင့် လက်ကိုရမ်းလိုက်သည်။ သူကအပြုံးနှင့်ပြောခဲ့သည်။ “အမှန်တော့ ဒါကအဓိကမဟုတ်ပါဘူး။ ငါက အရှင်မြို့စားကြီးကို ဘယ်လိုပဲဖြစ်ဖြစ် ရှယ်ယာ (၁၀) ရာခိုင်နှုန်းပေးဖို့ အကြောင်းရှာနေတာ။ ငါက ဒီအခွင့်အရေးကိုအသုံးချပြီး သူ့ကိုပေးလိုက်တာ၊ ဒါကြောင့် ငါ့ရဲအကြံအစည်တိုင်းအကုန်လုံးက ဖြစ်နေခဲ့ပြီးသားလို့ပြောလို့ရတယ်။”
ရှုယီ အေးဆေးဖြစ်နေတာကိုကြည့်ပြီး ဟိန့်ဇ် လည်း အတော်စိတ်ပေါ့သွားသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူအတော်ကို ခေါင်းရှုပ်နေဆဲဖြစ်သည်။
“ဘာကြောင့်လဲ။”
“ဘာကြောင့်လဲ ဟုတ်လား။” ရှုယီကရယ်လိုက်ပြီး ပြတင်းပေါက်အပြင်ဘက်က ဖုန်းဆိုးနယ်မြေကို လက်ညှိုးထိုးပြခဲ့သည်။ “ ဟိန့်ဇ် မင်းသိပြီးသားပါ ဒီနယ်မြေတစ်ခုလုံးက မြို့စားကြီးလက်စ်လိုင်းရဲ့အပိုင်နယ်မြေလေ။ အပိုင်နယ်မြေဆိုတဲ့ သဘောကိုမင်းသိပါတယ် ဟုတ်တယ်ဟုတ်? ဆိုလိုတာက မြို့စားကြီးလက်စ်လိုင်း စိတ်ပြောင်းသွားတာနဲ့ ငါတို့ကို ဒီနယ်မြေကနေ ခဏလေးအတွင်းမောင်းထုတ်နိုင်တယ်။ ငါတို့မှာ စာချုပ်ရှိနေတာတောင်မှ အသုံးမဝင်ဘူးလေ။ အကြောင်းကတော့ သူက ဆွေကြီးမျိုးကြီးတစ်ယောက်မဟုတ်လား။”
“ငါဒါကို အရင်ကတည်းက စိတ်ဆုံးဖြတ်ချက်ချသွား၊ ဒါကြောင့် ငါတို့ ဒီမှာအချိန်ကြာကြာလုပ်ချင်တယ်ဆိုရင် ငါတို့ မြို့စားကြီးလက်စ်လိုင်းရဲ့ အပြည့်အဝထောက်ခံပေးမှုကိုလိုအပ်တယ်။ ဒါပေမဲ့ ဒီဆွေကြီးမျိုးကြီးမြို့စားလက်စ်လိုင်းဆီကနေ အပြည့်အဝထောက်ခံမှုရအောင် ငါတို့ဘာလုပ်ရမလဲ။ ဒီအတွက်တစ်ခုတည်းသောအဖြေကတော့ ငါတို့အဖွဲ့ထဲထားလိုက်ဖို့ပဲ။ အနည်းဆုံး သူက ငါတို့ကိုအောက် ဆွဲချသွားမှာတော့မဟုတ်ဘူး။ တကယ်တော့ (၁၀) ရာခိုင်နှုန်းက အရမ်းနည်းတယ်။ ဖြစ်နိုင်ခဲ့ရင်ငါသူ့ကို (၂၀) ရာခိုင်နှုန်းပေးချင်တာ။ ဒါပေမဲ့ ဒါက အရမ်းကိုသိသာနေမယ် မဟုတ်ဘူးလား။ ငါတို့ဆက်ဆံရေးက အခုမှအစရှိသေးတယ်။ ဒါကြောင့် ဒီကိစ္စကိုအတင်းလောနေစရာမလိုဘူး။”
ဟိန့်ဇ်က ရှုယီကို အချိန်ခဏလောက်ငေးကြည့်နေခဲ့ပြီး သူခေါင်းကိုခါလိုက်ကာ သက်ပြင်းအရှည်ကြီးချလိုက်သည် “ ရှုယီ ငါမင်းအပေါ်အထင်မှားသွားတယ်။”
“အိုး ဟုတ်လား။”
“အစတုန်းကတော့ ငါ မင်းကို ထူးချွန်တဲ့မှော်ပညာရှင်တစ်ယောက်လို့ ငါထင်ထားတာ။ ဒါပေမဲ့ အခုတော့ ကြည့်ရတာမင်းက ငါ့ထက်တောင်ပိုပြီး အကျိုးမြတ်ကိုကြည့်တတ်နေသေး။”
“ဟား ၊ မင်းရဲ့ ချီးမွမ်းမှုအတွက် အရမ်းကိုကျေးဇူးတင်ပါတယ်ဗျာ။”
***
မှော်စက်မှုအင်ပါယာ
အခန်း ၀၁၂ ။ အမြန်နှုန်းပြောင်းလဲနိုင်မည့် မှော်ပန်ကာ
ကျွန်ငယ်လေးတွင် ရှရာပြတ်ရာ ထိခိုက်ဒဏ်ရာများဖြင့်ပြည့်နှက်နေခဲ့သည်။ သူ့ရဲ့ ဒဏ်ရာများကိုကြည့်ရသည်မှာ ထိတ်လန့်ဖွယ်ရာကောင်းလှသည်။ သို့သော် အရေပြားဒဏ်ရာများသာဖြစ်ပြီး ကြီးကြီးမားမားထိခိုက်သည်မျိုးမရှိပေ။
ရှုယီသည် သူ့ကို ဘန်တာမြို့တော်၏အကောင်းဆုံးဆေးရုံသို့ပို့ပေးခဲ့သည်။ အသက်အန္တရာယ်မရှိသည်ကိုအတည်ပြုပြီးနောက် သူ့ကို ဆရာဝန်နှင့်ထားခဲ့လိုက်ပြီး ကမ်မီလာ မှော်မျှော်စင်ဆီသို့ပြန်လာခဲ့လိုက်သည်။
ဓာတ်ခွဲခန်းထဲသို့ ပြန်သွားခဲ့ရာတွင် သူ့ရဲ့ အလုပ်ဖော်များက ရုတ်တရက်ဝင်ရောက်လာသည်ကိုကြည့်ပြီး အတော်ကိုအံ့ဩသွားခဲ့သည်။
“ဟေ့ ရှုယီ မင်းခွင့်ယူထားတာမဟုတ်ဘူးလား၊ ဘာလို့ပြန်လာနေသေးလဲ။” ရမ်က အော်မေးလိုက်သည်။
“ငါ့ကိစ္စတွေအကုန်ပြီးသွားပြီလေ။ ငါ့မှာလုပ်စရာမရှိတော့ဘူး။ အဲ့ဒီတော့ ဒီမှာ ဘာအလုပ်များရှိမလဲဆိုပြီးပြန်လာခဲ့တာ။” ဟု ရှုယီကအပြုံးဖြင့်ပြန်ဖြေလိုက်သည်။
“အို ဟုတ်လား၊ ငါက ဒီတစ်ခါ မင်းလုံးဝကိုပြန်မလာတော့ဘူးလို့ထင်နေတာ။”
“ရမ် မင်းမသိသေးဘူးလား။ အခုချိန်မှာမှော်ပန်ကာတွေကရောင်းကောင်းနေတာလေ၊ ရှုယီက အဆင်ပြေနေပြီ။ သူပြန်မလာရင်တောင်မှဘာမှမဖြစ်ဘူး။ သူကမှော်ပန်ကာတွေရောင်းချပြီး ချမ်းသာနေပြီ၊ ဘာကြောင့်မျှော်စင်အိုကြီးမှာ ညစ်ညစ်ပတ်ပတ်အလုပ်တွေပြန်လာလုပ်ဖို့လိုမှာလဲ။”
လေးနက်စွာပြောလိုက်သည်ကိုကြားပြီး ရှုယီက မျက်မှောင်ကြုတ်လိုက်သည်။ သူကပြုံးပြီး ခေါင်းခါလိုက်ကာ လျစ်လျူရှူလိုက်သည်။
အကြောင်းကတော့ သူသည် စက်ရုံကို စီစဉ်ဆောင်ရွက်ရန်နှင့် အခြားအရာတွေကို လုပ်ကိုင်ရန် ခွင့်အများကြီးယူခဲ့သောကြောင့်ဖြစ်သည်။
မဟာမှော်ပညာရှင်ကမ်မီလာက ထိုအကြောင်းနှင့်ပတ်သက်ပြီး ဘာမှမပြောခဲ့သော်လည်း ဓာတ်ခွဲခန်းမှ သူ့ရဲ့အလုပ်ဖော်တွေက တီးတိုးဝေဖန်ပြောဆိုခဲ့သည်။
ရှုယီကတော့သူတို့ပြောသမျှကိုဂရုမစိုက်။ ထိုအရာများသည် သူ့ကိုမထိခိုက်စေနိုင်ပေ။
“ဝယ်လာ မှော်အစီအရင် သုတေသနလေ့လာမှုက အခြေအနေဘယ်လိုဖြစ်နေလဲ။” ရှုယီက ဝယ်လာ၏အလုပ်စားပွဲဆီတန်းသွားခဲ့ပြီး အသံတိုးတိုလေးနှင့်မေးခဲ့သည်။
“အဲ့ဒါ အတော်ကို ပြီးစီးနေပြီ။” ဝယ်လာက မှော်အစီအရင်ပုံကြမ်းကိုထုတ်လိုက်ပြီး စားပွဲပေါ်ဖြန့်ခင်းလိုက်သည်။ “ဒါကိုကြည့်စမ်း၊ ငါမင်းပြောထားသလိုပဲ လီဒီရယ်အမှတ်ကိုသုံးပြီး မှော်အစီအရင်ကို ကွဲလွဲအောင်လုပ်လိုက်တယ်။ ငါအရင်ရက်အနည်းငယ်လောက်ကတည်းက စမ်းသပ်မှုပေါင်းများစွာလုပ်ခဲ့ပြီး ပိုပြီးအသင့်လျော်ဆုံး ပုံစံကိုရှာဖွေတွေ့ရှိခဲ့ပြီးပြီ။ ဒါကိုမင်းအဆင်ပြေတယ်လို့ထင်လား။”
“မင်းက အသင့်တော်ဆုံးလို့ပြောနေမှတော့ အဲ့ဒါမှာ လုံးဝကိုပြဿနာမရှိလောက်ဘူးပေါ့ မဟုတ်ဘူးလား။”
စကားပြောရင်း ရှုယီသည် မှော်အစီအရင်ပုံကြမ်းကို သေသေချာချာကြည့်နေခဲ့သည်။ နောက်ဆုံးမှာတော့ ဝယ်လာရဲ့ ဖြေရှင်းချက်က အရမ်းကို သင့်လျော်ကောင်းမွန်သည်ကို သူအတည်ပြုခဲ့သည်။
“သိပ်ကောင်းတယ် ဝယ်လာ ကူညီပေးတဲ့အတွက်ကျေးဇူးပါ။” ထိုကဲ့သို့ပြောပြီးနောက် ရှုယီ ချောင်းဟန့်လိုက်သည်။ “တစ်ဖက်ကကူညီပေးတော့ နောက်တစ်ဖက်က ဆုချီးမြှင့်ရမှာပေါ့။ နောက်ထပ် ရွှေဒင်္ဂါး (၁၀) ပြား၊ မင်းဘယ်လိုသဘောရလဲ။”
ဝယ်လာ မျက်နှာမှာ အနည်းငယ်ရှက်သွေးဖြာသွားခဲ့ပြီး အားနာစွာဖြင့် “ဒါကအရမ်းကိုများနေတယ်မို့လား၊ ငါတစ်ညတည်းပဲ အချိန်ပေးခဲ့ရတာလေ။”
“ဟ ဟ၊ အဲ့ဒါကတော့ မင်းက ပါရမီရှင်မို့လို့။ ဗဟုသုတဆိုတာ အဖိုးဖြတ်လို့မရပါဘူး။ ရွှေဒင်္ဂါး(၁၀)ပြားကို ငါက နည်းနေတယ်ထင်နေတာ။”ဟု ရှုယီ ပြောလိုက်သည်။
ဝယ်လာ ခဏလောက်တွေးလိုက်ပြီး ကြာကြာငှဲ့ကွက်မနေတော့ဘဲ သဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်လိုက်သည်။
ရှုယီက ဝယ်လာထံမှ လျှောက်ထွက်လာချိန်၌ ရမ်က မျက်မှောင်ကြုတ်ပြီးရောက်လာခဲ့သည်။
“ဝယ်လာ၊ မင်း ရှုယီနဲ့ဘာအကြောင်းတွေပြောနေတာလဲ၊ ကြည့်ရတာခိုးကြောင်ခိုးဝှက်နဲ့။”
ဝယ်လာက သူ့ကိုအကြည့်စိမ်းတွေနှင့်ကြည့်လိုက်ပြီး “နင်ဘယ်သူ့ကို ခိုးကြောင်ခိုးဝှက်လုပ်နေတယ်လို့ပြောတာလဲ။ ခိုးကြောင်ခိုးဝှက်လုပ်တယ်ဆိုတာ ဘာစကားလဲ။”
ရမ် တုန်လှုပ်သွာပြီး တောင်းပန်သည့်လေသံဖြင့် “မ.. မဟုတ်ဘူး ငါပြောချင်တာကကွာ ထူးဆန်းနေလို့ ဟုတ်တယ်မို့လား။ ထူးခြားနေတယ်၊ နင်တို့ဘာအကြောင်းတွေပြောနေတာလဲ။”
“ဘာမှမဟုတ်ပါဘူး၊ ရှုယီက မှော်အစီအရင်လေ့လာတဲ့နေရာမှာ ငါ့ဆီက အကူအညီတောင်းနေတာ၊ နောက်ပြီး သူက အဖိုးအခအဖြစ် ရွှေဒင်္ဂါး (၁၀) ပြားကိုပေးခဲ့တယ်။” ဝယ်လာက ထိန်ချန်ထားစရာအကြောင်းမရှိဟု တွေးပြီး အကြောင်းစုံပြောပြလိုက်သည်။
“ရွှေဒင်္ဂါး (၁၀) ပြား ဟုတ်လား။” ရမ် ထိတ်လန့်တကြားအော်လိုက်သဖြင့် ဓာတ်ခွဲခန်းထဲက လူအာလုံး၏အာရုံစိုက်မှုကို ရရှိသွားသည်။ ထို့ကြောင့် သူသည်အသံကိုနှိမ့်လိုက်ကာ “သူက နင့်ကို ရွှေဒင်္ဂါး (၁၀) ပြားကို မှော်အစီအရင်တစ်ခုတည်းလေ့လာဖို့အတွက်ပေးလိုက်တာဟုတ်လား၊ သူကနင့်ကို လိမ်နေတာမဟုတ်လား။”
“သူကဘာအကြောင်းနဲ့ ငါ့ကို လိမ်ရမှာလဲ။” ဝယ်လာက ရမ်ကိုစိုက်ကြည့်လိုက်ပြီး “ဒါက ပထမဆုံးအကြိမ်မဟုတ်ဘူး။ အရင်တုန်းကလည်း ငါ့ကိုသူမြန်မြန်ပေးချေခဲ့တာပဲ။ ဘာအကြောင်းနဲ့များ သူ့ကို့ငါကမယုံရမှာလဲ။”
“ပထမဆုံးအကြိမ်မဟုတ်ဘူးတဲ့လား။” ရမ်က ပို၍တောင်ထိတ်လန့်သွားခဲ့သည်။ “ဝယ်လာ မင်းဘာလို့ ငါမသိအောင် ဖုံးကွယ်ထားရတာ…”
ဝယ်လာက ချက်ခြင်းဆိုသလို ဒေါသထွက်သွားပြီး “နင်ဘာတွေပြောနေတာလဲ။ ဘာကိုနင်မသိအောင်ဖုံးကွယ်ထားရမှာလဲ။ နင်နဲ့ငါကဘာတွေမို့လို့လဲ။ ငါဘာလုပ်လုပ်နင့်ကို သံတော်ဦးတင်နေရဦးမှာလား။”
ဝယ်လာရဲ့အသံသည် ပို၍တောင်ကျယ်လာကာ ဓာတ်ခွဲခန်းထဲက လူအကုန်လုံးကြားသွားခဲ့သည်။ လူအားလုံး ဝယ်လာနှင့် ရမ်ကိုကြည့်လိုက်ပြီး ချစ်သူတွေရန်ဖြစ်နေကြသလိုမျိုး သဘောထားလိုက်ကြသည်။
ထို့နောက်မှာတော့ အားလုံးက ရှုယီကိုကြည့်လိုက်သည်။ သူတို့နားမလည်နိုင်သည်က ရှုယီက ဝယ်လာကို စကားခဏလောက်ပြောလိုက်သည်နှင့် သူမနှင့်ရမ်တို့ ဘာကြောင့်အချင်းများစေခဲ့တာလဲ။ ရမ်သည် ပုံမှန်အားဖြင့် သဝန်တိုမည့်လူမျိုးမဟုတ်......
ရှုယီကတော့ ရမ်နှင့် ဝယ်လာတို့အား ဂရုမစိုက်နိုင်။ သူသည် မှော်အစီအရင်ပုံကြမ်းကို ဝယ်လာဆီမှလက်ခံရရှိပြီးနောက် သူ့ရဲ့စားပွဲဆီပြန်လာကာ အလုပ်လုပ်နေခဲ့သည်။
ထိုမှော်အစီအရင်သည် မှော်ပန်ကာအတွက် အဆင့်တိုးမြှင့်ထားသည့် လေပွေမှော်အစီအရင်တစ်ခုပင်ဖြစ်သည်။
မှော်ပန်ကာအတွက် ပထမဒီဇိုင်းသည် အလောတကြီးလုပ်ခဲ့ခြင်းဖြစ်ပြီး အပိုင်းအတော်များများမှာ ပြည့်စုံနေခြင်းမရှိခဲ့ပေ။ အခုတော့ ရှုယီသည် မှော်ပန်ကာတိုးချဲ့ထုတ်လုပ်ရန် ပြင်ဆင်နေခဲ့ခြင်းဖြစ်ပြီး ပြောရမည်ဆိုလျှင် သူသည် မှော်ပန်ကာအသစ်တစ်ခုကို ထုတ်လုပ်ရန် ပြင်ဆင်နေခဲ့ခြင်းဖြစ်သည်။
ဥပမာအားဖြင့် အကယ်၍ သူ့လက်ထဲက မှော်အစီအရင်ကို သူသာသုတေသနလေ့လာမှုပြီးစီးသွားခဲ့လျှင် မှော်ပန်ကာ၏အမြန်နှုန်းကို ပြောင်းလဲအောင် လုပ်နိုင်မည်ဖြစ်သည်။ ထိုအရာသည် ပထမမျိုးဆက်မှော်ပန်ကာကဲ့သို့ တစ်သတ်မတ်တည်းလည်နေမည်မဟုတ်တော့ပေ။
သို့သော် ယခုလိုပြောင်းလဲလိုက်ခြင်းသည် ရိုးရှင်းသည်ဟုထင်ရသော်လည်း အမှန်မှာ အဆင့်မြင့်သည့်မှော်အစီအရင် လိုအပ်မှုရှိနေလေသည်။ ရှုယီသည် သူကိုယ်တိုင်လေ့လာနိုင်မည်ဟု အကြွင်းမဲ့ယုံကြည်ထားသော်လည်း အချိန်အတော်ပေးရမည်ဖြစ်သည်။ ထို့ကြောင့် ဝယ်လာအားအကူအညီတောင်းကာ သူမသည် သူအလိုရှိသည့်အတိုင်း မှော်အစီအရင်ကိုပြောင်းလဲပေးနိုင်ရန် မျှော်လင့်ခဲ့သည်။
ဝယ်လာသည် ရှုယီ၏ပထမဆုံးမျိုးဆက်မှော်ပန်ကာကတည်းကပင် စိတ်ဝင်တစားရှိနေပြီး ရှုယီကမှော်အစီအရင်ကို ပြောင်းလဲပေးရန် တောင်းဆိုသည့်အခါ သူမသည် ချက်ခြင်းလက်ခံခဲ့သည်။
ဓာတ်ခွဲခန်းထဲတွင် ထိပ်ဆုံးအဆင့် မှော်ပညာရှင်တစ်ယောက်အနေဖြင့် ဝယ်လာ၏မှော်အစီအရင်သုတေသနလေ့လာခြင်း အရည်အသွေးမှာ ရှုယီထက်ပိုကောင်းနေလေသည်။ ရှုယီ အလိုရှိသည့်အတိုင်း မှော်အစီအရင်ကိုပြောင်းလဲပေးရန် သူမအတွက်အချိန်သိပ်မကုန်ခဲ့ရပေ။
ရှုယီသည် ထိုရလဒ်နှင့်ပတ်သက်ပြီး အရမ်းကိုပျော်ရွှင်သွားခဲ့သည်။ လူတစ်ဦးချင်းစီ၏အစွမ်းသည် အကန့်အသတ်ရှိပြီး အတတ်ပညာရှင်တိုင်းတွင် အထူးကျွမ်းကျင်မှုရှိသည်ကို သူနားလည်သည်။ မှော်ပညာအဆင့်အရဆိုလျှင် ဝယ်လာသည် သူ့ထက်ပို၍ကောင်းသဖြင့် ဤကဲ့သို့မှော်ပညာပုစ္ဆာမျိုးကို ဝယ်လာလိုအထူးကျွမ်းကျင်သူကို ဖြေရှင်းခိုင်းသည်က မှားယွင်းသည်မဟုတ်ပေ။
ဝယ်လာကသူ့ကိုကူညီပြီး ပြဿနာတိုင်းကိုဖြေရှင်းပေးခဲ့သဖြင့် ရှုယီသည် သူမအား ဉာဏ်ပူဇော်ခအနေဖြင့် ရွှေဒင်္ဂါး(၁၀)ပြားပေးလေသည်။
ဝယ်လာက အမြဲတမ်းအရမ်းများသည်ဟုပြောခဲ့သော်လည်း ရှုယီကတော့အဲ့လိုမတွေးခဲ့။
ကမ္ဘာပေါ်တွင်မူ ပြဿနာများကိုဖြေရှင်းရန် အထူးကျွမ်းကျင်သူကို ရှာဖွေသည့်အခါမျိုးတွင် သူ့တို့အား ဉာဏ်ပူဇော်ခ ကောင်းစွာမပေးလျှင် အထူးကျွမ်းကျင်ပညာရှင်တွေက သေချာပေါက်ငြင်းဆိုကြပါလိမ့်မည်။
ပို၍အရေးကြီးသည့်အချက်မှာ ထိုသို့လုပ်ခြင်းအားဖြင့် ရှုယီအနေဖြင့် ဒီဇိုင်းပိုင်းနှင့်မှော်ပညာကို အတူပေါင်းစပ်ဖို့လုပ်ရာတွင် အချိန်ပိုရစေခဲ့သည်။
အဆိုပါပြောင်းလဲထားသည့်မှော်အစီအရင်နှင့် ကိုက်ညီမှုရှိစေရန် မှော်ပန်ကာ၏တည်ဆောက်ပုံကို သေချာပေါက်ပြောင်းလဲရန် လိုအပ်ပေသည်။ စိုင်စ်နယ်မြေတွင် ဒါကိုနားလည်သည့်သူသည် ရှုယီတစ်ယောက်တည်းပင်ဖြစ်သည်။ ဘယ်သူမျှသူ့ကို ကူညီမပေးနိုင်ပေ။
အခုချိန်မှာတော့ ဇူလိုင်လကုန်ပိုင်းရောက်နေပြီး နောက်နှစ်လလောက်မှစ၍ ပူပြင်းသည့်ရာသီဥတုရှိတော့မည်မဟုတ်ပေ။ အကယ်၍သူသည် မှော်ပန်ကာဒုတိယအသုတ်ကို နွေရာသီအတွင်း ထပ်မံရောင်းချလိုလျှင် ရှုယီအနေဖြင့် သူ့ရဲ့အချိန်ကို ကောင်းကောင်းအသုံးချရန် လိုအပ်လေသည်။
ရှုယီတစ်ယောက်သုတေသနလေ့လာသည်ကို လုံးဝအာရုံစူးစိုက်ထားချိန် အချိန်တွေလျင်မြန်စွာကုန်လွန်သွားခဲ့သည်။ နောက်ဆုံးတွင် ရှုယီသည် မှော်ပန်ကာ၏အရှိန်အမျိုးမျိုးပြောင်းလဲလို့ရသည့် ဒီဇိုင်းကို ပထမခြေလှမ်းအနေဖြင့် ဆုံးဖြတ်ပြီးချိန်မှာတော့ ဓာတ်ခွဲခန်းတစ်ခုလုံးတိတ်ဆိတ်နေသည်ကို တွေ့လိုက်ရသည်။ သူ့ရဲ့အလုပ်ဖော်များသည် အလုပ်ပြီးသွားသောကြောင့် ပြန်နှင့်သွားကြပြီဖြစ်သည်။
ရှုယီ အကြောဆန့်လိုက်ကာ သူ့ပစ္စည်းများကိုသိမ်းပြီး ပြန်ရန်ပြင်ဆင်နေတုန်းမှာပင် ဓာတ်ခွဲခန်းတံခါးရုတ်တရက်ပွင့်လာပြီး စတေးလ်ရဲ့ခေါင်းလေးထွက်လာလေသည်။
“ဟေ့ ရှုယီ၊ နင်တကယ်ကို မပြန်သေးဘူးပေါ့။” စတေးလ်ကလက်ရမ်းပြလိုက်ပြီး ရှုယီကိုတောက်ပစွာပြုံးပြလိုက်သည်။
“ဘာကိစ္စလဲမသိဘူး၊ ဘာများလိုအပ်လို့လဲ။ မဟာမှော်ပညာရှင်ကြီးကမ်မီလာက ထပ်ပြီး အခေါ်လွှတ်လိုက်လို့လား။” ရှုယီက ပြုံးပြကာမေးလိုက်သည်။
သူသည် စတေးလ်နှင့်သိပ်မဆုံဖြစ်သော်လည်း သူမက မှော်မျှော်စင်၌အလုပ်ရအောင် ကူညီပေးခဲ့သောကြောင့် သူမကို အမြဲလိုလိုကျေးဇူးတင်နေမိသည်။ အခြားအလုပ်ဖော်တွေထက် သူမကို ပိုပြီးရင်းနှီးနေခဲ့သည်။
စတေးလ်က သူမရဲ့မျက်လုံးတွေကိုပင့်တင်လိုက်ပြီး ဟွန့် ခနဲ့လုပ်လိုက်ကာ “ဘာလဲ၊ နင့်ကိုငါကကိစ္စတစ်ခုခုရှိမှ လာတွေ့လို့ရတာလား။”
ရှုယီသည် ပြုံးပြီးခေါင်းခါလိုက်သည်။ စတေးလ်ကအကြောင်းမရှိဘဲ သူ့ကိုလာရှာသည်ကို မယုံနိုင်ဖြစ်နေခဲ့သည်။ သို့သော် အသက် (၁၉) နှစ်အရွယ်မမလေး၏အလိမ်အညာလေးကို ထုတ်ပြဖို့လောက်အထိ သူတုံးအ,မနေပေ။
“အကြောင်းမရှိဘဲငါ့ကိုလာရှာတာဟုတ်လား။ မဟုတ်မှလွဲရော ငါကအရမ်းကိုချောမောနေလို့ ကြွေသွားတာမဟုတ်လား။” ဟုပြောကာ ရှုယီ သူမကို စနောက်လိုက်သည်။
စတေးလ်ရဲ့မျက်နှာလေးနီရဲလာပြီး သူ့ကိုစိုက်ကြည့်နေသည်။ သူမက စိတ်ဆိုးစွာဖြင့် “ဘာလို့နင်တို့ ယောက်ျားလေးတွေက ဒီဟာတွေနဲ့ပဲ ပြည့်နေရတာလဲ။ ကောင်းပြီးလေ၊ အချိန်ဖြုန်းမနေနဲ့ ငါနဲလိုက်ခဲ့။ ငါတို့ မုန့်သွားစားကြမယ်လေ၊ ငါဝယ်ကျွေးမယ်။”
“ငါ့ကို မုန့်လိုက်ကျွေးမယ်ဟုတ်လား။” ရှုယီ ကြောင်သွားသည်၊ သူတွေးခဲ့သည်က “နင်ကငါ့ကို အကြောင်းမရှိဘဲလာရှာတာနဲ့တင်ကို ငါ့အတွက်ထူးဆန်းနေပြီ မဟုတ်လား။”
“ဘာလဲ၊ နင်ကငါ့ကိုမယုံတာလား။” စတေးလ်က သူ့ကိုစိုက်ကြည့်လိုက်သည်။ သူမသည် ရှုယီ၏လက်မောင်းကိုဆွဲပြီး အပြင်ထွက်လာခဲ့သည်။
“ဟေ့ ဟေ့ ဟေ့ လူတွေအထင်လွဲကုန်မယ်၊ ငါနင့်ဘေးကနေလမ်းလျှောက်လိုက်ခဲ့မယ် ဟုတ်ပြီလား။”
မှော်မျှော်စင်နှင့်သိပ်မဝေးသည့် စားသောက်ဆိုင်တစ်ခုတွင် စတေးလ်က ရှုယီကိုထမင်းလိုက်ကျွေးခဲ့သည်။
စားသောက်ဆိုင်သည် ဈေးကြီးပုံမပေါ်သော်လည်း အတော်ကိုတိတ်ဆိတ်မှုရှိသည်။ လူလည်းသိပ်မများဘဲ ဟင်းလျာတွေက အတော်ကိုထူးခြားပြီး အရသာကလည်းအတော်ကိုကောင်းမွန်သည်။ ကြည့်ရသည်မှာ စတေးလ်က သူ့ကိုထမင်းကျွေးပြီး အတွေးအချို့ကိုထည့်ပေးချင်နေပုံရသည်။
သူတို့စားနေတုန်းမှာပင် စတေးလ်သည် တစ်ချက်တစ်ချက်တွန့်ဆုတ်နေခဲ့သည်။ သို့သော် သူမသည် ဘာမှမပြောခဲ့ပေ။ ရှုယီကတော့ ဟာသတစ်ခုလို့ခံစားရပြီး ဘာမျှမပြောဘဲ ခေါင်းငုံ့ကာစားနေလိုက်သည်။
ဟင်းလျာတွေစားသောက်ပြီးစီးချိန်တွင် စတေးလ်တစ်ယောက် ဆက်ပြီးထိန်းမထားနိုင်တော့ဘဲ အသံတိုးတိုးလေးဖြင့် “အဲ့တာလေ.... ရှုယီ နင့်ကိုအကူအညီတစ်ခုတောင်းလို့ရမလား။”
ရှုယီက ခပ်ရေးရေးပြုံးလိုက်ပြီး စတေးလ်ကအတော်ကိုစိတ်ရှည်တာပဲလို့ တွေးလိုက်သည်။ သူကပြန်ပြီး “ဘာများလဲ။ ပြောလေ။ ထမင်းဝယ်ကျွေးတဲ့မျက်နှာနဲ့ ငါကူညီနိုင်တာရှိရင်ကူညီပေးပါ့မယ်။”
စတေးလ် စိတ်ရှုပ်သွားလေသည်။ သူမသည် လှပသဖြင့် အကယ်၍များ သူမသာ အခြားယောကျာ်းတစ်ယောက်ယောက်ထံမှ အကူအညီတောင်းခဲ့လျှင် အခုလိုကျွေးမွေးနေစရာမလိုဘဲ ကူညီပေးလိမ့်မည်ဖြစ်သည်။
ရှုယီကတော့ ထမင်းကျွေးလို့သာ ကူညီမယ်ပြောခဲ့တာဖြစ်ပြီး သူ့ကိုကြည့်ရတာ စိတ်မပါသည့်ပုံဖြစ်နေသည်။
သို့သော် သူမသည် အကူအညီတောင်းသူဖြစ်သဖြင့် သူမဘက်မှ စ၍စိတ်လျော့ရပေမည်။ သူမသည် အတင်းပြုံးလိုက်ပြီး “အာ.. ဒါကဒီလိုကွာ။ နင်မှတ်မိလား၊ ပထမဆုံးနေ့မှာ မှော်မျှော်စင်မှာလာပြီး အင်တာဗျူးတုန်းက စန္ဒယားပုံစံငယ်လေးယူလာခဲ့တယ်လေ။”
“အင်း ငါယူခဲ့တယ်လေ၊ အဲ့တာဘာဖြစ်လို့လဲ။”
“အဲ့တာအခုနင့်မှာပါလား။”
“မပါဘူး။ အဲ့ဒါက သေးသေးလေးမှမဟုတ်တာ၊ ငါကဘာကိစ္စမှမရှိဘဲ ဘာလို့သွားလေရာယူသွားရမှာတုန်း။” ရှုယီကခေါင်းခါလိုက်သည်။
“အင်း ဟုတ်တာပေါ့။” စတေးလ်က ခဏလောက်စဉ်းစားလိုက်ပြီး ရုတ်တရက်ပြောလိုက်သည် “အဲ့တော့ အခုနင့်အိမ်ကိုသွားကြမယ်ဆိုရင်ရောဘယ်လိုလဲ။”
***
မှော်စက်မှုအင်ပါယာ
အခန်း ၀၁၃ ။ ထုတ်လုပ်ရာတွင် ရှောင်လွှဲမရနိုင်သည့်ပြဿနာများ
ရှုယီ တစ်ယောက်ပါးစပ်ထဲ ထမင်းအပြည့်ဖြင့် သီးသွားလေသည်။
“အဟွတ်... အဟွတ်.... စတေးလ် နင်ဘာပြောလိုက်တာ။”
“နင့်အိမ်ကိုသွားကြမယ်လေ။” စတေးလ် အနည်းငယ်စိတ်ရှုပ်ထွေးသွားသည်။ သို့သော် ရှုယီ၏ထူးဆန်းသည့်မျက်နှာပုံစံကိုကြည့်ရင်း သူမစိတ်ပြန်လည်လာပြီး သူဘာကိုဆိုလိုသည်ကို ချက်ချင်းဆိုသလို သဘောပေါက်သွားခဲ့သည်။ သူမအနည်းငယ်ရှက်သွေးဖြာသွားပြီး လက်သီးရှေ့ထုတ်လိုက်ကာ “နင်ဘာတွေတွေးနေတာလဲ။”
ရှုယီက မြန်ဆန်စွာ သူလက်ကို ခါလိုက်ပြီး “ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ နင်ဘာကိုဆိုလိုတာမှန်းငါသိပါပြီ။ နင်ကငါ့အိမ်ကိုသွားပြီး စန္ဒယားပုံစံငယ်ကိုကြည့်ချင်တာ ဟုတ်တယ်ဟုတ်။ ဒါပေမဲ့ ငါနားမလည်တာက နင်ဘာလို့အခုလိုလောနေရတာလဲ။”
စတေးလ်က လက်ကိုပြန်ထိန်းလိုက်ပြီး ခဏလောက်တုံ့ဆိုင်းသွားသည်။ သူမသည် မသေချာမရေရာသည့်လေသံဖြင့် “ ရှုယီ အဲ့ဒါကို …ငါ့ကို အဲ့စန္ဒယားပုံစံငယ်လေးရောင်းပေးနိုင်မလား။”
“နင့်ကိုရောင်းပေးရမယ်လား။” ရှုယီက စတေးလ်ကိုဇဝေဇဝါအကြည့်ဖြင့် ငေးကြည့်လိုက်သည် “နင်ကဘာလို့အဲ့တာကိုလိုအပ်တာလဲ။”
“ငါ့မှာသုံးစရာရှိတယ်။” စတေးလ်ကမပြတ်မသား ပြန်ဖြေလိုက်သည်။
ရှုယီ တစ်ယောက်အများကြီးမတွေးတော့ဘဲ သူခေါင်းကိုခါလိုက်ပြီး “စိတ်တော့မကောင်းပါဘူး၊ အဲ့အရာလေးက ငါ့အတွက်အရမ်းကိုအရေးကြီးတယ်၊ ငါနင့်ကိုမရောင်းနိုင်ဘူး။”
ရှုယီသည် ရည်ရွယ်ချက်ရှိရှိ ငြင်းဆန်ခဲ့ခြင်းမဟုတ်ပေ။ ထိုစန္ဒယားပုံစံငယ်သည် စန်ခိုင်ဆာကျောင်း၌ ပညာသင်ကြားနေချိန်အတွင်း သူပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုအရာသည် လက်ရှိကမ္ဘာပေါ်တွင် သူပြုလုပ်ခဲ့သည့် ပထမဆုံးမှော်စက်မှုထုတ်ကုန်တစ်ခုဖြစ်သောကြောင့် သူ့အတွက်အောက်မေ့တသဖြစ်ရသည့် အရာဖြစ်ပြီး သူအနေဖြင့် ဘယ်သူ့ကိုမျှရောင်းချရန် စိတ်ကူးမရှိပေ။
“ငါသိပါပြီ....“ စတေးလ် တစ်ယောက်စိတ်ပျက်စွာဖြင့်မေးလိုက်သည် “အဲ့ဒီတော့..အဲ့ဒါကိုဘယ်လိုလုပ်ရတာလဲဆိုတာ ငါ့ကိုသင်ပေးလို့ရမလားဟင်။ ငါကအစကတည်းက နင့်ဆီက အဲ့ဒါလုပ်နည်းသင်ချင်နေခဲ့တာ။ ကိုယ်တိုင်ပြုလုပ်လိုက်ရတာက ဝယ်လိုက်တာထက် အများကြီး တန်ဖိုးရှိတယ်လေ။”
ရှုယီသည် စတေးလ် အားထူးဆန်သည့်အကြည့်များဖြင့်ငေးကြည့်နေသည်။ “စတေးလ် ငါတစ်ခုတော့မေးချင်တယ်။ နင်အဲ့ဒါကို တစ်ယောက်ယောက်ကိုပေးဖို့မလား။”
“အင်း ဟုတ်တယ်၊ အခု တစ်ယောက်ယောက်ကို မွေးနေ့လက်ဆောင်ပေးဖို့လိုအပ်နေတာ။ နင့်စန္ဒယားပုံစံငယ်ကိုနောက်အဆုံးအခေါက်မှာ မြင်လိုက်ရတုန်းက အဲ့ဒါက အတော်ကိုဆန်းသစ်ပြီး မွေးနေ့လက်ဆောင်အဖြစ်ပေးလိုက်ရရင် အတော်ကိုကောင်းမှာပဲလို့ ငါခံစားမိလို့။ နင်ဘယ်လိုသဘောရလဲ။ ငါ့ကို သင်ပေးနိုင်မလား။ ငါ့ကိုဘယ်လိုလုပ်ရမလဲဆိုပဲသင်ပေး ဟုတ်ပြီလား။ ငါကတိပေးပါတယ် နင့်ကိုမတော်မတရားမလုပ်ပါဘူး။ နင်ငါ့ကိုကူညီနေသရွေ့တော့ အခုချိန်ကစပြီး အဖိုး နင့်ကိုကောင်းကောင်းဆက်ဆံစေရပါမယ်။”
ရှုယီကမေးစေ့ကိုပွတ်လိုက်သည်။ မဟာမှော်ပညာရှင်ကြီးကမ်မီလာနှင့် အဆင့်တိုးရင်းနှီးခွင့်ရမည့် အခွင့်အရေးကို မေ့ထားလိုက်ပြီး စတေးလ်၏လှပမှုတစ်ခုတည်းဖြင့်ပင် သူမကို ကူညီပေးသင့်နေပြီဖြစ်သည်။
“ကောင်းပြီလေ၊ ငါနောက်တစ်ခုလောက်ထပ်မေးချင်တယ်။ နင်ဒီလက်ဆောင်ကို ယောကျာ်းတစ်ယောက်ကိုပေးမှာမဟုတ်လား။”
စတေးလ်၏မျက်နှာပေါ်တွင် အနည်းငယ်ရှက်သွေးဖြာသွားသည်ကိုတွေ့လိုက်ရပြီးနောက် သူမက စိတ်ဆိုးစွာဖြင့် “နင်ဘာလို့ ဂရုစိုက်နေတာလဲ။”
ရှုယီကရယ်မောလိုက်ပြီး သူထင်ထားသလိုဖြစ်နေခဲ့သည်။
စတေးလ်သည် အသက် (၁၉) နှစ်သာရှိသေးပြီး ဘဝ၏ငယ်ရွယ်သည့်အချိန်မှာသာရှိသေးသည်။ သူမအနေဖြင့် တစ်ယောက်ယောက်ကို စိတ်ဝင်စားနေသည်မှာ အထူးအဆန်းမဟုတ်ပေ။
“ကောင်းပါပြီ၊ အဲ့ဒါကို ဘယ်လိုလုပ်ရမယ်ဆိုတာကို သင်ပေးဖို့က ပြဿနာမရှိပါဘူး။ ဒါပေမဲ့ ငါ့အိမ်ကို သွားနေစရာတောင်မလိုဘူး။ အခုကအတော်ကိုနောက်ကျနေပြီ၊ နင့်လိုမိန်းမငယ်လေးကို ငါ့အိမ်ခေါ်ရမှာအဆင်ပြေမနေတော့ဘူးလေ။ မနက်ဖြန်ကစပြီး အလုပ်ပြီးတာနဲ့ ငါ့ကို ဓာတ်ခွဲခန်းမှာလာရှာလိုက်ပါ၊ ငါအဲ့ဒီနေရာမှာ သင်ပေးမယ်လေ။”
စတေးလ်က ရှုယီကိုအံ့ဩစွာဖြင့်ကြည့်လိုက်သည် “ရှုယီ၊ နင်ဒီလို ရိုးသားမယ်လို့ ငါဘယ်တော့မှ မထင်ထားခဲ့ဘူး။”
“အဟွတ်… ငါက မရိုးသားတဲ့လူပုံစံပေါက်နေလို့လား။” ရှုယီက ဒေါသတကြီးဖြင့် စတေးလ်ကိုကြည့်လိုက်ပြီး လေသံပြတ်ပြတ်ဖြင့် မေးလိုက်သည် “ကောင်းပြီ၊ နင်က လက်ဆောင်ကို ဘယ်အချိန်ကြလိုချင်တာလဲ။ ငါ့နင့်ကို အမြန်နှုန်းနဲ့သင်ပေးမယ်။”
“လတစ်ဝက်လောက်လိုပါသေးတယ်၊ အဲ့ဒါက ပြဿနာမရှိလောက်သေးဘူးမလား။”
“အွန်း အချိန်လုံလောက်ပါတယ်။ ဒီစန္ဒယားပုံစံငယ်လေးရဲ့ တည်ဆောက်တဲ့နည်းလမ်းက မခက်ပါဘူး၊ အချို့အသေးစိတ်သိဖို့လိုအပ်တာလေးရှိနေရုံပဲ။”
သူတို့နှစ်ယောက် သဘောတူညီမှုလုပ်ပြီးနောက် ရှုယီက နှုတ်ဆက်ပြီးထွက်ခွာလာခဲ့သည်။ သူသည် ခါတိုင်းလို အိမ်ကို ဦးတည်မပြန်ဘဲ ဆေးရုံကိုသာ အရင်သွားလိုက်သည်။
ပတ်တီးအပြည့်ပတ်ထားရသည့် ကျွန်ငယ်လေးကိုကြည့်ရသည်မှာ ကိုမာဝင်ရာကနေ ထလာနိုင်ခဲ့သည့် မမ်မီပုံစံနှင့်မခြားနားဖြစ်နေသည်။ ဆေးရုံကုတင်ပေါ်မှာ လဲလျောင်းနေရင်း မျက်လုံးများက ကြောက်ရွံ့မှုများဖြင့် မျက်နှာကျက်ကိုကြည့်နေလေသည်။
ရှုယီက ဆရာဝန်နှင့် စကားပြောနေသည်ကို နားထောင်ရင်း နောက်ဆုံးတော့ သူတုံ့ပြန်လာခဲ့သည်။ သူသည် ရှုယီကိုလှည့်ကြည့်ပြီး သူ့မျက်လုံးထဲတွင် နက်ရှိုင်းစွာသိချင်စိတ်များပေါ်လာခဲ့သည်။။
“မင်းဘယ်လိုနေသေးလဲ။” ကျွန်ငယ်လေး သတိပြုမိကာကြည့်လိုက်သည်၊ ရှုယီက ဆရာဝန်နှင့် စကားပြောနေတာကိုရပ်လိုက်ပြီး ငြင်သာသောလေသံဖြင့်မေးလိုက်သည်။
ကျွန်ငယ်လေးသည် အခြားသောသူများနှင့် စကားပြောရာတွင် အခက်အခဲဖြစ်နေပုံရသည်။ ထို့ကြောင့် သူသည် ခဏလောက်တုံ့ဆိုင်းနေပြီးမှ ခေါင်းလေးသာငြိမ့်ပြခဲ့သည်။
ရှုယီက ပြန်ပြုံးပြလိုက်ပြီး သူ့ကိုဖိအားပေးမနေတော့ပေ။ ဆရာဝန်အား အချို့အကြောင်းအရာများကို မေးမြန်းခဲ့ပြီး အခြေအနေကောင်းသွားပြီဆိုတာကို အတည်ပြုပြီးနောက် ကျွန်ငယ်လေးကို “အခြေအနေကောင်းပါတယ် ဘာမှမဖြစ်တော့ပါဘူး။ မင်းရဲ့ဒဏ်ရာတွေက အနာကျက်ဦးမှာမဟုတ်သေးဘူး။ အဲ့တော့ ဒီမှာ ရက်အနည်းငယ်လောက်နားလိုက်တော့။ မင်းသက်သာလာတဲ့အခါ ငါပြန်လာခဲ့မယ်။”
ရှုယီ လှည့်ထွက်ဖို့ အလုပ်တွင် သူ၏အင်္ကျီထောင့်စွန်းကို ဆွဲထားသလိုခံစားလိုက်ရသဖြင့် လှည့်ကြည့်လိုက်သည်။ ကျွန်ငယ်လေးသည် သူ၏လက်ကိုဆန်ထုတ်ကာ အင်္ကျီစကို တင်းတင်းဆုပ်ကိုင်ထားသည်။
ရှုယီက စိတ်ရှုပ်စွာဖြင့် ကြည့်လိုက်ပြီး ကြောက်လန့်နေသည့်ကျွန်ငယ်လေး ဘာကိုဆိုလိုသည်ကို ချက်ချင်းဆိုသလို သဘောပေါက်သွားခဲ့သည်။
“ဘာလဲ မင်းဘေးနားမှာအဖော်အဖြစ်ရှိစေချင်လို့လား။ စိတ်မကောင်းပါဘူး၊ ငါအရမ်းကိုအလုပ်များနေတာ၊ မင်းနဲ့အတူနေပေးဖို့ ငါ့မှာအချိန်မရှိဘူး။ စိတ်အေးလက်အေးနေပါ၊ မင်းကိုငါဝယ်ပြီးသွားပြီလေ၊ မင်းကို အဝေးကို နှင်မထုတ်ပါဘူး။ မင်းဒီမှာ သက်တောင့်သက်သာ နေလိုက်။ ဆရာဝန်ကပြောတယ် မင်း ရက်အနည်းငယ်လောက် ဒီမှာနေပြီးရင်ကောင်းသွားမှာပါတဲ့။”
ဘေးမှာရှိနေသည့် ဆရာဝန်က ရှုယီကို ထူးဆန်းသည့်အကြည့်များဖြင့် ငေးကြည့်နေခဲ့သည်။
ဝယ်ခဲ့တာလား။ ဆိုလိုတာက ကုတင်ပေါ်က မိတ်ဆွေငယ်လေးက ကျွန်တစ်ယောက်ပေါ့။
ရှုယီသည် လူထူးဆန်းတစ်ယောက်ဖြစ်ပြီး ကျွန်တစ်ယောက်အပေါ်တော်တော်ကောင်းပေးနေလေသည်။
သိရသလောက် ထိုဆေးရုံသည် ဘန်တာမြို့၌အကောင်းဆုံးဆေးရုံဖြစ်ပြီး ဝန်ဆောင်ခကနည်းမှာတော့မဟုတ်။
ကျွန်ငယ်လေးသည် ရှုယီ အင်္ကျီစကို တင်းကြပ်စွာဆုပ်ကိုင်ထားပြီး သူ့မျက်နှာပေါ်က အကြောက်တရားများသည် ပို၍အားကောင်းလာလေသည်။ ကြည့်ရသည်မှာ ရှုယီ သူ့ကို အဝေးသို့ နှင်ထုတ်လိုက်မည်ကိုကြောက်ရွံ့နေခြင်းဖြစ်သည်။
ထိုအခြင်းအရာကိုမြင်နေရသည့် ရှုယီကတော့ အကူအညီမဲ့စွာ သက်ပြင်းသာချနိုင်တော့သည်။ သူက ဆရာဝန်ဘက်လှည့်ပြီး “တကယ်လို့ ကျွန်တော်သူ့ကိုအိမ်ခေါ်သွားလိုက်ရင် အဆင်ပြေပါ့မလား။ သူအတွက်အန္တရာယ်ရှိနိုင်လား။”
“ဒါကတော့ သူက ပြင်ပထိခိုက်ဒဏ်ရာလောက်ပဲရခဲ့တာဆိုတော့ စိုးရိမ်စရာတော့မရှိပါဘူး။ အခုသူ့ကို ပြန်ခေါ်သွားရင်ဘာပြဿနာမရှိပါဘူး။ ဆေးကို အချိန်မှန်မှန်သောက်ပြီး (၃) ရက်တစ်ခါ ဒီကိုလာပြီး ဆေးကိုပြောင်းပေးမယ်ဆိုရင်တော့ သူကောင်းသွားမှာပါ။”
“ကောင်းပြီလေ၊ ပထမဆုံးသူ့ကို ကျွန်တော်အိမ်ပဲပြန်ခေါ်သွားလိုက်တော့မယ်။ ဒီကုတင်ကိုသူ့အတွက်သီးသန့်ထားပေးထားပါ၊ ဆေးရုံစရိတ်ကို ကျွန်တော်ပေးမယ်။”
ဆရာဝန်ကတော့ ကုတင်ပေါ်က ကျွန်ငယ်လေးကိုကြည့်ပြီး ဘာမှမတတ်နိုင်ခဲ့ပေ။
ထိုကဲ့သို့ကုသမှုသည် ကျွန်တစ်ယောက်ပင်မဆိုထားနှင့်။ အချို့သာမန်မိသားစုကလေးငယ်တွေမှာတောင် တူညီသည့်အဖြစ်မျိုး တွေ့ရဖို့အလွန်ခဲယဉ်းလေသည်။
တစ်ကိုယ်လုံးပတ်တီးအပြည့်စည်းထားရသည့် ကျွန်လေးကို ရှုယီ အိမ်ပြန်သယ်သွားရန်အတွက် မရွှေ့နိုင်ပဲဖြစ်နေသည်။ သူ့ကို နေရာချထားပေးကာ ဆေးတိုက်ပြီးနောက်မှာတော့ ရှုယီ တစ်ကိုယ်လုံး ချွေးတွေရွှဲနစ်နေခဲ့သည်။
ကျွန်ငယ်လေး ဆေးသောက်ပြီးအိပ်ပျော်သွားသည်ကိုကြည့်ရင်း ရှုယီ သက်ပြင်းအရှည်ကြီးချလိုက်သည် “ဟူး…. ငါအိမ်တော်ထိန်းဘရူနိုင်းကို ပြောခဲ့တာက ငါ့ကိုပြုစုပေးဖို့ သူ့ကိုဝယ်ခဲ့တာ၊ ဒါပေမဲ့ အခုတော့ ပြုစုနေရတဲ့သူက ငါဖြစ်နေတယ်။”
အိပ်နေရင်းတောင်မှ ကျွန်ငယ်လေး၏မျက်နှာတွင် အချိန်နှင့်အမျှနာကျင်နေသည်ကို တွေ့နေရသည်။ ထိုအခြင်းအရာကိုကြည့်ခြင်းဖြင့် သူ့ဘဝသည် ဘယ်လောက်တောင်ခက်ခဲကြမ်းတမ်းခဲ့သလဲဆိုတာကို သိမြင်နိုင်သည်။
မျက်နှာပိန်ပိန်လေးကိုကြည့်ရင်း ရှုယီ သက်ပြင်းချလိုက်ကာ ခေါင်းကိုခါလိုက်သည်။ မှော်အစီအရင်ကို ပြန်မလေ့လာခင် ရှုယီ ရေချိုးလိုက်သည်။
ဝယ်လာ ကူညီဆွဲပေးခဲ့သည့် အမှော်အစီအရင် ရရှိပြီးသည့်နောက်တွင် အရှိန်ပြောင်းလဲနိုင်သည့် မှော်ပန်ကာ လေ့လာခြင်းအခြေအနေသည် ပို၍မြန်ဆန်လာခဲ့သည်။ လက်ရှိတွင် လုပ်ရန်လိုအပ်နေသည်က မှော်အစီအရင်နှင့်သင့်တော်သည့် ကိုယ်ထည်ရှာဖွေရန်ဖြစ်သည်။
ရှုယီသည် မှော်ပန်ကာဒုတိယမျိုးဆက်ကို မှော်ပန်ကာ၏အစွမ်းကြီးမားစွာတိုးမြှင့်လုပ်ဆောင်ရန် အလိုရှိခဲ့သော်လည်း သုတေသနပြုပြီးနောက် ရှောင်လွှဲလို့မရသည့် ပြဿနာ (၂) ခုကိုတွေ့ခဲ့သည်။
ပထမပြဿနာမှာ ကုန်ကြမ်းဖြစ်သည်။
စိုင်စ်နယ်မြေ၏စက်မှုစနစ်သည် သုညနီးပါးဖြစ်နေခဲ့သည်။ လူလုပ်ထုတ်ကုန်အချို့ ရှိကြသော်လည်း အများစုအသုံးပြုထားသည်က သဘာဝကုန်ကြမ်းများသာဖြစ်သည်။ အကယ်၍ အဲ့ဒါကစနစ်တကျဖြစ်ခဲ့လျှင်တောင် ကုန်ကြမ်းစနစ်ပဲဖြစ်နေဦးမည်။ ကုန်ကြမ်းထည်အမျိုးမျိုးကို ကမ္ဘာဂြိုလ်၏ စူပါအဆင့်မြင့်ကုန်ကြမ်းများနှင့် နှိုင်းယှဉ်ဖို့ရာမှာ အတော်ကို ကွာခြားလွန်းနေခဲ့သည်။
မှော်ပန်ကာကို ဥပမာထားပြောရလျှင် ပင်မအရင်းအမြစ်သည် သံသယရှိဖွယ်မရှိ လျှပ်စစ်မော်တာဖြစ်နေသော်လည်း ရှုယီသည် လေပွေမှော်အစီအရင်နှင့်အစားထိုးခဲ့သည်။
အလယ်ဝင်ရိုးသည် လျှပ်စစ်မော်တာကဲ့သို့ အရေးပါသည်။ လက်တလောမှာတော့ ရှုယီတစ်ယောက်သင့်လျော်သည့်အစားထိုးစရာကို ရှာမတွေ့သေးပေ။
ကမ္ဘာဂြိုလ်ပေါ်တွင် ထိုအရာများကို သိပ်သည်းဆမြင့်မားပြီး ဒဏ်ခံနိုင်မှုမြင့်မားသည့် သတ္တုစပ်အထည်များဖြင့်ပြုလုပ်နိုင်သော်လည်း စိုင်စ်နယ်မြေမှာတော့ သာမန်သံသတ္တုလောက်သာ အသုံးပြုကြသေးသည်။
လက်ရှိကမ္ဘာ၏သံထည်ပြုလုပ်ခြင်းအတတ်ပညာသည် အရင်ကမ္ဘာနှင့် နှိုင်းယှဉ်လို့ကိုမရပေ။ သံသတ္တုအရည်ကြိုသည့် အရည်အသွေးလည်း မမြှင့်မားပေ။ သူတို့ကို တူဖြင့်ထုရိုက်နေလျှင်တောင်မှ အရည်အသွေးသည် ပြောလောက်အောင် တိုးတက်မလာနိုင်ပေ။
ရှုယီ ပထမမျိုးဆက်မှော်ပန်ကာ ပြုလုပ်ခဲ့ချိန်၌ ထိုအရည်အသွေးများကို သိပ်ဂရုမစိုက်ခဲ့ပါ။
ကမ္ဘာဂြိုလ်ပေါ်က လျှပ်စစ်ပန်ကာတစ်လုံးသည် နာရီပေါင်း (၁၀၀၀၀) မှ (၄၀၀၀၀) အထိ ကြာရှည်ခံသော်လည်း ရှုယီ၏ပျမ်းမျှတွက်ချက်မှုအရ ပထမမျိုးဆက်မှော်ပန်ကာများသည် နာရီ (၃၀၀၀) လောက်တောင်ခံနိုင်ရည်မရှိသည်ကိုတွေ့ရသည်။
အကယ်၍ နှစ်တစ်နှစ်၏အပူဆုံး (၃)လ တွင် မှော်ပန်ကာကို တစ်နေ့ (၈) နာရီအသုံးပြုမည်ဆိုပါက ပထမမျိုးဆက်မှော်ကာသည် (၄) နှစ်လောက်သာ ခံနိုင်ရည်ရှိလိမ့်မည်။
အကယ်၍ ဟိန့်ဇ် လုပ်သကဲ့သို့ တစ်နေကုန်အသုံးပြုမည်ဆိုပါက နောက်နှစ် နွေရာသီအရောက်မှာတင် မှော်ပန်ကာ (၂)လုံး ပျက်စီးသွားနိုင်သည်။
ထိုအရာကိုကြည့်ခြင်းဖြင့် ကုန်ကြမ်းထည်၏ပြဿနာသည် မှော်ပန်ကာအတွက် အရေးကြီးဆုံးပြဿနာဖြစ်နေပြီး ရှုယီ လုံးဝကို မဖြေရှင်းနိုင်သည့် အရာတစ်ခုဖြစ်နေခဲ့သည်။
ကုန်ကြမ်းထည်သည် တစ်ခုတည်းသောအခြေခံကျသည့်ပစ္စည်းဖြစ်ပြီး စက်မှုနည်းစနစ်၏ ရှုပ်ထွေးသောအစိတ်အပိုင်းတစ်ခုဖြစ်နေသည်။ ထိုအရာတွင် စနစ်၏အစိတ်အပိုင်းများစွာပါနေလေသည်။ စက်မှုနည်းစနစ်လုံးဝမရှိသည့် စိုင်စ် နယ်မြေတွင်ပြုလုပ်ရန်မဆိုထားနှင့်၊ ကမ္ဘာဂြိုလ်ပေါ်မှာတောင် ကုန်ကြမ်းထည် အရည်အသွေး မြှင့်တင်ရန်မှာခက်ခဲ့လှသည်။
ဒုတိယပြဿနာကတော့ လက်မှုနည်းပညာပင်ဖြစ်သည်။
စိုင်စ်နယ်မြေတွင် ကမ္ဘာဂြိုလ်ပေါ်ကဲ့သို့ စံနှုန်းမှီကရိယာတန်ဆာပလာများမရှိ။ ရှုယီ ပထမမျိုးဆက်မှော်ပန်ကာ ပြုလုပ်စဉ်က ပန်းပဲဖိုသာအသုံးပြုတတ်သည့် ပန်းသမားများသာတွေ့ခဲ့ရပြီး သူတို့အား သူ့ရဲ့ ဒီဇိုင်းကိုအခြေခံပြီး ဖန်တီးပြုလုပ်စေခဲ့ခြင်းဖြစ်သည်။
ထိုပန်းပဲဖိုများသည် ဘန်တာမြို့၏အကောင်းဆုံး နည်းပညာတစ်ခုဟုပြောနိုင်သော်လည်း လူသားတွေလက်ဖြင့် မည်မျှပင်အနုစိတ်ပြုလုပ်ထားသည်ဖြစ်စေ ကမ္ဘာဂြိုလ်ရှိစက်ယန္တာရားများ၏ အနုစိတ်ကျမှုနှင့် နှိုင်းယှဉ်လို့မရပေ။ မှော်ပန်ကာအပေါ်ယံလွှာ တည်ဆောက်သည့် အပိုင်းမှာတင် အနည်းငယ်ကွာခြားနေခဲ့သည်။
ကြည့်ရသည်မှာ ပြဿနာကြီးမဟုတ်သော်လည်း ရှုယီ ရှင်းရှင်းလင်းလင်းသိထားသည်မှာ မှော်ပန်ကာအလုံးရေများများထုတ်လုပ်နိုင်ရန်အတွက် အလုံးအရင်းဖြင့်ထုတ်လုပ်နိုင်ရန် လိုအပ်လေသည်။ ဆိုလိုသည့်သဘောမှာ မှော်ပန်ကာ၏အစိတ်အပိုင်းတစ်ခုစီတိုင်းသည် ပြည့်စုံကောင်းမွန်နေရန်လိုအပ်ပြီး ဒါမှမဟုတ် အနည်ဆုံးတော့ အဆင့်တူညီစွာ ထွက်ရှိလာရန်လိုအပ်သည်။
“ဖြတ်စက်၊ တွဲဆက်စက်၊ အပေါက်ဖောက်စက်၊ ဒရေဖောက်စက်.... စက်တွေအများကြီး အား …. အား … ငါသေသာသေလိုက်ချင်တော့တယ်။”
အလုံးအရင်းထုတ်လုပ်နိုင်ရန် သူမဖြစ်မနေရင်ဆိုင်ရမည့် ပြဿနာများကိုတွေးရင်း ရှုယီ နာကျင်စွာအော်ငြီးလိုက်လေသည်။
***
မှော်စက်မှုအင်ပါယာ
အခန်း ၀၁၄ ။ မူလီအခုတစ်သိန်းထုတ်လုပ်ပေးပါ
‘မီးတောင်’ ပန်းပဲဖိုရှေ့ မတ်တပ်ရပ်နေရင်း အရင်ညက နာကျင်မှုများကို အဝေးသို့ရှင်းထုတ်ကာ စိတ်တွေတစ်ဖန်ပြန်စုစည်းလိုက်သည်။
“တစ်ခုလောက်မေးချင်လို့ပါ၊ မာစတာလန့်စ် များအထဲမှာရှိလားမသိ။” ရှုယီသည် ပန်းပဲဖိုရှေ့တံခါးကနေ ဝင်လာခဲ့ပြီး အပူဟက်သွားသဖြင့် သူ့စကားလုံးတွေ ပါးစပ်ထဲပြန်ရောက်သွားသလိုပင်ခံစားလိုက်ရသည်။
“ထမ်း …”
ကျယ်လောင်သောသတ္တုပွတ်တိုက်သံကြီး ပန်းပဲဖိုမှ ထွက်ပေါ်လာခဲ့သည်ကား ထိုနေရာ၏ ပြန်လည်တုံ့ပြန်သည့်ပုံစံပင်ဖြစ်နေသည်။
ရှုယီအထဲသို့ဝင်ခဲ့ပြီး ပန်းပဲဖို၏မီးဖိုထဲမှ မီးလျှံမီးပွားများထွက်နေသည်ကို မြင်လိုက်သည်။ မီးဖိုကြီးဘေး၌ လူပုတစ်ယောက်ရှိနေပြီး သူ၏ခေါင်းသည် ရှုယီ၏ရင်အုပ်လောက်သာရှိသော်လည်း ကိုယ်ခန္ဓာသည် ရှုယီထက် အဆများစွာပိုကြီးလေသည်။ ထိုလူပုသည် ရဲရဲတောက်နေသည့် သံအပိုင်းအစတစ်ခုကို သူ၏ဘယ်ဘက်လက်တွင်ကိုင်ထားပြီး ညာဘက်လက်တွင်မူ ရှုယီ ဦးခေါင်းထက် (၂) ဆပိုကြီးသည့် တူကြီးကို ကိုင်ကာ အရှိန်ပြင်းပြင်းဖြင့် ထုရိုက်နေတော့သည်။
“ထမ်း….”
“ထမ်း…”
တူက အောက်သို့ ထပ်ခါထပ်ခါ ရိုက်ချလိုက်သည့်အကြိမ်တိုင်း သတ္တုပွတ်သံများက ပန်းပဲဖိုတစ်ခုလုံးပြန့်နှံ့သွားသည်။ ထိုအခြင်းအရာသည်မှာလည်း ပန်းပဲဖို၏ဆွဲဆောင်မှုတစ်ခုပင်ဖြစ်သည်။
ရှုယီသည် လူပုလေး၏ ကျွမ်းကျင်ပြီးစီးချက်ကျသော တူထုသည့်အရည်အချင်းကို အချိန်ခဏလောက်ကြည့်နေမိသည်။
ဟိန့်ဇ်၏စကားသည် အမှန်ပင်ဖြစ်သည်။ ပန်းပဲဖိုပညာနှင့်ပတ်သက်လာလျှင် လူပုများသည် နယ်မြေတစ်ခုလုံးတွင် အတော်ဆုံးဖြစ်လေသည်။
ယနေ့ ဟိန့်ဇ်နှင့်တွေ့ခဲ့ချိန်တွင် ရှုယီသည် သူရင်ဆိုင်နေရသည့်အကြောင်းအရာများကို ဟိန့်ဇ်နှင့်ဆွေးနွေးတိုင်ပင်ခဲ့သည်။ ဟိန့်ဇ်တွင်ကုန်ကြမ်းထည်ပြဿနာအတွက် နည်းလမ်းမရှိသော်လည်း လက်မှုပညာရပ်နှင့်သက်ဆိုင်သည့် အကြံတစ်ခုကိုတော့ပေးခဲ့သည်။ ထိုအရာကတော့ ရှုယီအနေဖြင့် ဘန်တာမြို့၏အထင်ရှားဆုံး ပန်ပဲဆရာကို ရှာဖွေရန်ပြောခဲ့ခြင်းဖြစ်ပြီး ထိုသူမှာ ရှုယီရှေ့က လူပုလေး လန့်စ် ပင်ဖြစ်သည်။
ဟိန့်ဇ်ထံမှ သတိပေးခံရပြီးနောက် စိုင်စ်နယ်မြေသည် ကမ္ဘာဂြိုလ်နှင့် ကွဲပြားခြားနားပြီး လူသားတွေပဲရှိသည်မဟုတ်ကြောင်းကို ရှုယီ တစ်ယောက်အမှတ်ရသွားခဲ့သည်။ ဤနယ်မြေတွင် လူသားတွေအပြင် အခြားမျိုးနွယ်များပါရှိကြသည်။
လူပုမျိုးနွယ်စုသည် ပန်းပဲဖိုဆရာကြီးများအဖြစ် နယ်မြေတစ်ခုလုံးတွင် ထင်ရှားကျော်ကြားကြပြီး သူတို့မျိုးနွယ်၏ ပန်းပဲပညာကျွမ်းကျင်မှုကို အကုန်လုံးက အသိအမှတ်ပြုကြသည်။
သို့သော် သာမန်အားဖြင့် လူပုများသည် သူတို့၏ကိုယ်ပိုင်မျိုးနွယ်စုအတွင်းမှာသာ နေထိုင်ကြပြီး အပြင်ထွက်နေထိုင်သည်မှာ အလွန်ရှားပါးသည်။ ထို့ကြောင့် ဘန်တာမြို့တစ်ခွင်လုံးတွင် လန့်စ်တစ်ယောက်သာ လူပုပန်းပဲဆရာအဖြစ်ရှိလေသည်။ အရင်ကတော့ ရှုယီသည် ထိုအကြောင်းကို လုံးဝမတွေးမိခဲ့ပေ။
ရှုယီတစ်ယောက်အချိန်ခဏလောက် စိတ်ရှည်စွာစောင့်နေခဲ့ပြီး နောက်ဆုံးတော့ လန့်စ် လက်ရှိသွန်းလုပ်နေသည်မှာလည်း ပြီးစီးသွားခဲ့သည်။ သူ့လက်ထဲက တူဖြင့်ပုံသွန်းထားသည့် အနီရောင်အပိုင်းအစကို ရေထဲနှစ်လိုက်ပြီး ရှုယီကိုကြည့်လိုက်သည်။
“ဟေ့ ပြောလေ မင်းဘာပြောချင်နေတာလဲ၊ ငါ ဝေ့လည်ကြောင်ပတ်လုပ်နေတာမလိုချင်ဘူး။” စကားပြောနေစဉ်မှာပင် လန့်စ်သည် စားပွဲပေါ်က ရေဘူးကိုယူလိုက်ပြီး ဖွင့်လိုက်သည်။ ထိုဘူးထဲမှ အပြင်းစားဝိုင်အနံ့ထွက်လာခဲ့သည်။
လူပုများသည် ဝိုင်ကိုအရမ်းကြိုက်နှစ်သက်ကြသည်။ ပိုပြင်းလေ ပိုကြိုက်လေဖြစ်သည်။
“မာစတာလန့်စ်၊ ကျွန်တော်ဒီကိုလာရတဲ့အကြောင်းအရင်းကတော့ ပစ္စည်းတစ်ခုကိုပြုလုပ်ဖို့ အကူအညီတောင်းချင်လို့ပါ။” ရှုယီက သူ့ရင်အုပ်ထဲမှာ ထည့်လာသည့် အသေးစိတ်ဆွဲထားသည့်ပုံကို ထုတ်လိုက်သည်။
“ဒါကဘာလဲ။” လန့်စ်က အသေးစိတ်ဆွဲထားသည့်ပုံကို ယူနေရင်း ခေါင်းကိုနောက်လှန်လိုက်ပြီး ဝိုင်ကို ပါးစပ်အပြည့်မော့ချလိုက်သည်။ ရုတ်တရက် အသေးစိတ်ဆွဲထားသည့်ပုံကို အဝေးသို့လွှင့်ပစ်လိုက်ကာ ဒေါသကြီးစွာဖြင့် “မင်းကိုဘယ်သူပြောလဲ၊ ငါ လန့်စ်က ဒီလို သံချွန်အကျိုးအပဲ့တွေကို လူတွေကို လုပ်ပေးတယ်လို့။”
ရှုယီကရယ်မောပြီး မြေပြင်ပေါ်ကျနေသည့် အသေးစိတ်ပုံကို ကောက်ယူလိုက်ကာ “မာစတာလန့်စ်၊ ဒါက သံချွန်လို့ခေါ်ရပေမဲ့လည်း ဒါလေးကို ဝက်အူမူလီတွေလို့ ခေါ်တာပိုသင့်တော်ပါတယ်ခင်ဗျာ။”
“ငါဂရုမစိုက်ဘူး၊ မူလီနေနေဘာနေနေ ငါ လန့်စ်က ဒီလိုမျိုးအသေးအမွှားလေးတွေကို ဘယ်တော့မှမလုပ်ဘူးကွ။ မင်းပြန်လို့ရပြီ။” လန့်စ်က သူရဲ့ လက်မောင်းတုတ်ကြီးများကို ရမ်းလိုက်ပြီး လှည့်ထွက်လာသည်။ သူ့ကိုကြည့်ရသည်မှာ ရှုယီအားလုံးဝကိုအသိအမှတ်ပြုဟန်မတူပေ။
“ခင်ဗျားက ဒါကိုမလုပ်ချင်တာလား ဒါမှမဟုတ် မလုပ်နိုင်တာလား။”
ရှုယီ၏ပြောသံကို ကြားလိုက်သောအခါ လန့်စ်က မြန်ဆန်စွာပြန်လှည့်လာပြီး ရှုယီကို လက်ညှိုးထိုးကာ “ဒီမှာ လူသား၊ မင်းကိုငါပြောမယ် လန့်စ်ကိုများငတုံးလို့ထင်နေတာလား။ မင်းကလုပ်ဖြစ်အောင် စိတ်ဆွနေတာမဟုတ်လား၊ ငါကမလုပ်ဘူးလို့ပြောထားရင် လုံးဝကိုမလုပ်ဘူး။“ ဟု အော်ပြောလိုက်သည်။
“အို… ခင်ဗျားက မူလီကို မလုပ်ပေးချင်ဘူးဆိုတော့ ဒါကိုရောလုပ်ပေးမှာလား။ ဒါက သေးသေးလေးမဟုတ်ဘူးနော်။“ ရှုယီက နောက်ထပ် အသေးစိတ်ပုံကို ထုတ်လိုက်သည်။
လန့်စ်က အသေးစိတ်ပုံကိုမယူခင် ရှုယီအားစိမ်းစိမ်းဝါးဝါးကြည့်လိုက်သည်။
ဒီတစ်ခေါက်တော့ အသေးစိတ်ပုံကို အဝေးသို့လွှင့်မပစ်တော့ဘဲ အသေအချာကြည့်ရှုနေသည်။
ခဏအကြာမှာတော့ လန့်စ်က ရှုယီကို သိချင်စိတ်အပြည့်ဖြင့် ကြည့်လိုက်သည်။ “ဟေ့ လူသားလေး၊ မင်း ဒီပုံကို ဘယ်ကနေရလာတာလဲ။ ငါဘာလို့ဒီဟာကိုအရင်က လုံးဝမတွေ့ဖူးရတာလဲ။”
“ဒါကိုကျွန်တော်ကိုယ်တိုင်ပဲဆွဲခဲ့တာ။ ဘယ်လိုသဘောရလဲ။ မာစတာလန့်စ် ဒါကိုလုပ်ပေးနိုင်ရဲ့လား။”
လန့်စ်က ပုံကိုအသေးစိတ်ကြည့်လိုက်ပြီး သေသေချာချာ စဉ်းစားလိုက်သည်။ သူ့မျက်နှာသည် ချက်ခြင်းဆိုသလို နီရဲလာသည် “ဒါက မင်းပေါက်ကရတွေးပြီး ဆွဲထားတာလား၊ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ငါပြောမယ်ကောင်လေး၊ မင်းက တမင်သက်သက်လာပြီးကစားနေတာလား။ အဲ့လိုဆိုရင်တော့ အခုချက်ချင်း ငါ့အနားကနေထွက်သွားစမ်း။”
ရှုယီကရယ်လိုက်သည်။ အသေးစိတ်ပုံမှာ အရွယ်အစားကြီးမားသည့် တူးဖောက်စက်ဖြစ်နေသည်။ ထိုအရာကို ကမ္ဘာဂြိုလ်ပေါ်တွင်တောင် ပြုလုပ်ရန်ခက်ခဲပြီး လူသားလုပ်သားအားဖြင့် ပြုလုပ်ရန် ကြိုးစားကြည့်မည်ဆိုလျှင် အရူးတစ်ယောက်အိပ်မက်ကို အကောင်အထည်ဖော်နေသလိုသာဖြစ်နေတော့မည်။
သေချာသည်မှာ ရှုယီတစ်ယောက် လန့်စ်နှင့် လာကစားနေခြင်းမဟုတ်ပေ။ လန့်စ် ဒေါသထွက်နေသည်ကို သိသော်လည်း သူသည် အသေးစိတ်ပုံကို ငုံ့ကြည့်လိုက်ပြီး ရုပ်တည်ကြီးဖြင့် “ မာစတာလန့်စ် ခင်ဗျားက ပန်းပဲဖိုဆရာတစ်ယောက်မဟုတ်လား။ ဒီအရာကို လက်ရှိအချိန်မှာ မလုပ်နိုင်သေးပေမဲ့ ဒါကို ကျွန်တော်က ပေါက်ကရဆွဲထားတာဖြစ်နိုင်ပါ့မလား။ ခင်ဗျားကိုလာရှာရတဲ့အဓိကအကြောင်းကတော့ ဒီအရာကြောင့်ပဲ။”
လန့်စ် စိတ်ပေါ့ပေါ့ပါးပါးဖြစ်သွားသည်။
ရှုယီ လိမ်ညာနေတာမဟုတ်မှန်း သူသိသွားခဲ့သောကြောင့်ဖြစ်သည်။
အသေးစိတ်ပုံကို ကြည့်ရသည်မှာ စိတ်ကူးယဉ်ဆန်နေသော်လည်း အသေးစိတ်ပုံ၏အပိုင်းတိုင်းကို ပြည့်စုံစေ့စပ်စွာ အသေးစိတ်ရေးဆွဲထားခဲ့ခြင်းဖြစ်ပြီး ရှင်းလင်းတိကျသည့် သတ်မှတ်ချက်များတောင်ရှိနေသည်။ ကြည့်ရသည်မှာ ရုတ်တရက်ပေါ်လာသည်ကို ဆွဲထားသည်မဟုတ်ကြောင်းသိနိုင်သည်။
သူ့ရဲ့ ယူဆချက်ပေါ်အခြေခံပြီး သူပြောနိုင်တာက ထိုအရာကို ပြုလုပ်ရန်လုံးဝမဖြစ်နိုင်တာမဟုတ်ဘဲ စိုင်စ်နယ်မြေ၏ လက်ရှိပန်းပဲပညာအဆင့်အတန်းကြောင့်သာလျှင် မလုပ်ဆောင်နိုင်ခြင်းဖြစ်သည်။
“ကောင်းပြီလေ ကောင်လေး၊ မင်းငါ့ကို ဘာလုပ်ပေးစေချင်လဲသာပြောပါ။” လန့်စ် မကူညီဘဲမနေနိုင်တော့ပေ။
ရှုယီက ပထမအသေးစိတ်ပုံကို ထုတ်လိုက်သည်။
“ကျွန်တော်ခင်ဗျားကို စနောက်နေတာမဟုတ်ဘူး၊ ဒီအချိန်မှာတော့ ဒီမူလီတွေပြုလုပ်ရာမှာ ကျွန်တော့်ကိုကူညီပေးဖို့ တကယ့်ကို မျှော်လင့်မိပါတယ်။”
ဒီတစ်ခါတော့ လန့်စ်က ဒေါသမထွက်တော့ဘဲ အသေးစိတ်ပုံကို ဂရုတစိုက်ကြည့်လိုက်သည်။
သူအကုန်ခြုံကြည့်လိုက်ချိန်မှာတော့ သူမြင်ခဲ့သည်က အသေးစိတ်ပုံပေါ်တွင် အရုပ်သေးသေးလေးဆွဲထားခြင်းဖြစ်သဖြင့် အဝေးသို့လွှင့်ပစ်ခဲ့ခြင်းဖြစ်သည်။ ယခုအကြိမ်မှာတော့ သူက ဂရုတစိုက်ကြည့်လိုက်ပြီး အရုပ်သေးသေးလို့သူခေါ်ခဲ့သည်က သေးငယ်သည့်မူလီဖြစ်နေပြီး ရိုးရိုးရှင်းရှင်းလေးမဟုတ်ပေ။
ခြုံကြည့်လိုက်သည့်အချိန်မှာ ထိုအရာလေးသည် သာမန်သံချွန်တစ်ခုနှင့်တူနေသော်လည်း သေသေချာချာကြည့်လိုက်ချိန်မှာတော့ ထိုမူလီဟုခေါ်သည့်အရာလေးဘေးပတ်လည်တွင် မျဉ်းကြောင်းများပါနေသည်ကို တွေ့ရသည်။ မျဉ်းကြောင်းတွေကြားက အကွာအဝေးသည် ကွာခြားမနေဘဲ အောက်သို့လိမ်ဆင်းသွားသည့်ပုံဖြစ်နေသည်။ ထိုအရာက အလွန်ကို အနုစိတ်ပြီး ရှုပ်ထွေးလှပြီး သာမန်သံချွန်ကဲ့သို့မဟုတ်ပေ။
လန့်စ်က ခဏအကြာကြည့်လိုက်ပြီး အတော်ကိုစိတ်ရှုပ်သွားသည် “ဟေ့ ကောင်လေး မင်းကဘာဖြစ်လို့ ရှုပ်ထွေးတဲ့ပုံစံတွေပါတဲ့ သံချွန်ကို လုပ်စေချင်ရတာလဲ။ ပိုပြီးကြည့်ကောင်းအောင်လို့လား။”
“အမှန်တော့ အဲ့လိုကြောင့်မဟုတ်ပါဘူး။” ရှုယီက နောက်ထပ်အသေးစိတ်ပုံကို ထုတ်လိုက်ပြီး လန့်စ် ကိုပြုံးပြလိုက်သည်။
ထိုအသေးစိတ်ပုံသည် ဒုတိယမျိုးဆက် အရှိန်အမျိုးမျိုးပြောင်းလဲနိုင်သည့် မှော်ပန်ကာပုံဖြစ်သည်။ သို့သော် ထိုအရာသည် မှော်ပန်ကာ၏ အပြင်ပိုင်းအခြမ်းသာဖြစ်သည်။ ပုံတွင် မူလီတွေနှင့် မူလီခေါင်းတွေက အပြင်ဘက်ကိုယ်ထည်နှင့် ဆက်သွယ်ထားသည်။
လန့်စ်က ထိုအသေးစိတ်ပုံကိုယူကြည့်ပြီး ချက်ခြင်းဆိုသလို ထူးဆန်းသည့်အရာများပါဝင်နေသည်ကို သဘောပေါက်သွားခဲ့သည်။
“အဲ့ဒီတော့ ဒါကဒီလိုမျိုးပေါ့၊ အရမ်းကိုကောင်းတယ်။ ဒီအပေါက်တွေမှာ မူလီတွေက ခိုင်မြဲစွာလိမ်ထားပြီး တပ်ထားမှာမဟုတ်လား။ ပြန်ပြီး ထုတ်လိုက်ရင်တောင် အေးအေးဆေးဆေးထုတ်လို့ရတယ်၊ ဟေ့ ကောင်လေး ဒီလိုတွေးမိတဲ့သူက ပါရမီရှင်ပဲဖြစ်ရမယ်။”
ပန်းပဲဆရာတစ်ယောက်အနေဖြင့် လန့်စ်က တစ်ချက်လေးသာကြည့်လိုက်ရုံဖြင့် မူလီများသည် ပန်းပဲဖိုလုပ်ငန်းများစွာတွင် အကျိုးရှိမည်ဆိုတာကို ပြောနိုင်လေသည်။
သူသည် ပထမဆုံးအနေဖြင့် မူလီအသေးလေးကို ကြည့်လိုက်ပြီး မူလီခေါင်းနှင့် မူလီအပေါက်တို့ကိုကြည့်ရင်း သူ၏မူလီအပေါ်အမြင်က ကြီးမားစွာပြောင်းလဲသွားသည်။
ရှုယီ ခပ်ရေးရေးပြုံးနေသည်ကို မော့ကြည့်လိုက်ပြီး လန့်စ် တွေဝေသွားခဲ့သည် “ဒါက ငါတွေးနေသလိုများလား”
“အဲ့ဒီသူက ကျွန်တော်ပါပဲ။” ရှုယီကရိုသေမနေတော့ဘဲ ဝန်ခံလိုက်ပြီး “ဘယ်လိုသဘောရလဲ၊ မာစတာလန့်စ် ခင်ဗျားဒီမူလီတွေကို လုပ်ပေးချင်ပြီလား။”
လန့်စ်က အသေးစိတ်ပုံကိုကြည့်လိုက်ပြီး ခေါင်းငြိမ့်လိုက်သည် “မင်းရဲ့တီထွင်ကြံဆနိုင်တဲ့အရည်အချင်းကြောင့် ခြွင်းချက်အနေနဲ့ မင်းကို ငါကူညီပေးမယ်။ ဒီမူလီအရေအတွက်ဘယ်လောက်များလိုအပ်သလဲ ငါ့ကိုပြောပါ။”
ရှုယီကလက်တစ်ချောင်းထောင်လိုက်ပြီး သူ့ကိုပြုံးကာကြည့်လိုက်သည်။
“အဲ့ဒါက တစ်ခုလို့တော့ ပြောချင်တာမဟုတ်ဘူးမလား။ (၁၀)ခုလား။ အင်း … ငါအရင်ဆုံး ပုံသွင်းရမဲ့မို လုပ်ရဦးမယ်၊ တစ်ပတ်လောက်တော့ကြာမယ်။” လန့်စ် စကားမပြောခင်မှာ စဉ်းစားလိုက်သည်။
“(၁၀) ခုတည်းတင်မဟုတ်ဘူး။” ရှုယီကခေါင်းခါလိုက်ပြီး ပြုံးလိုက်သည်။
“အဲ့ဒီတော့ အခု (၁၀၀) လား ၊ ဒါကအတော်ကိုကွာခြားတဲ့ပမာဏပဲနော်။ မိုတစ်ခု ပြုလုပ်ပြီးရင်တော့ အခု (၁၀၀) ဆိုတာကလည်း (၁၀) ခုစာနဲ့ကွာခြားမှာမဟုတ်တော့ဘူး။ (၁၀) ရက်ဝန်းကျင်လောက်တော့ ကြာလိမ့်မယ်။”
“မာစတာလန့်စ် ခင်ဗျားမှားနေပြီ။ အခု(၁၀၀) လည်းမဟုတ်ဘူး။ အခုရေ (၁၀၀၀၀၀) ပါ။”
“အခုရေ (၁)သိန်း ဟုတ်လား။” မာစတာလန့်စ်၏မျက်လုံးများ အတော်ကိုပြူးကျယ်သွားပြီး ရှုယီကို ကြည့်လိုက်ကာ ရှုယီ၏မျက်နှာကိုတံတွေးဖြင့် ထွေးချင်စိတ်များပေါ်လာပါတော့သည်။ “မင်းငါ့ကိုအတည်ကြီး အကူညီလာတောင်းတယ်ထင်နေတာ၊ ငါ့ကို ကစားနေတယ်လို့မထင်ခဲ့ဘူး။ အခုရေ (၁) သိန်းဟုတ်လား။ မင်းကငါ့ကို ဘဝတစ်လျှောက်လုံး ဒီမူလီတွေလုပ်ပြီး ကုန်ဆုံးစေချင်နေတာလား။”
ရှုယီက ပြုံးလိုက်ကာ ထုံးစံအတိုင်း နောက်ထပ် အသေးစိတ်ပုံတစ်ခုကို ထုတ်လိုက်သည်။
“ခင်ဗျားလို ပန်းပဲပညာရှင်တွေအတွက် ကျန်တဲ့ဘဝတစ်လျှောက်လုံး မူလီလုပ်နေတာက အလဟဿအချိန်ကုန်စေတာပဲ။ အမှန်တကယ်တော့ ကျွန်တော်ခင်ဗျားကို ဒီတစ်ခါလာရှာရတဲ့အကြောင်းက ဒီ မှော်(မူလီ)အရစ်ဖော်စက် ပြုလုပ်ပေးဖို့ လာပြီးအကူအညီတောင်းတာပါ။“
“မှော်အရစ်ဖော်စက် ဟုတ်လား၊ အဲ့တာက ဘာသောက်ပစ္စည်းကြီးလဲဟ။”
လန့်စ်က သိချင်စိတ်ပြင်းပြစွာဖြင့် အသေးစိတ်ပုံကို ယူလိုက်ကာ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူမျက်နှာ ချက်ချင်းရုပ်တည်သွားခဲ့တော့သည်။
“ဒါက …. ဒါကြီးကဒီလိုမျိုးလား။”
“ဘယ်လိုသဘောရလဲ၊ ဒါကိုလုပ်ဖို့ ခင်ဗျားမှာ ယုံကြည်ချက်ရှိရဲ့လား။”
လန့်စ်တစ်ယောက်ဒီတစ်ကြိမ်မှာတော့ ချက်ခြင်းတုံ့ပြန်တာမျိုးမလုပ်တော့ဘဲ အသေးစိတ်ပုံကို ခဏလောက်ကြည့်လိုက်သည်။ အတော်ကြာတွေးတောပြီးသည့်နောက်မှာတော့ သူဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည် “ငါဒါကို သုတေသနပြုလေ့လာဖို့လိုမယ်၊ မြန်မြန်တော့မလုပ်နိုင်ဘူး။ ဟုတ်တယ်မို့လား ကောင်လေး၊ ဒါကို ဘာအတွက် အသုံးချမှာတုန်း။”
ရှုယီက မူလီအသေးစိတ်ပုံကို ညွှန်ပြလိုက်ပြီး “အဲ့ဒါက မူလီလုပ်ဖို့အတွက်ပါ။”
“အိုး … ဒါကို အံ့ဩနေစရာမလိုတော့ပါဘူး။” လန့်စ်က နားလည်သည့်သဘောဖြင့် ခေါင်းငြိမ့်လိုက်သည်။
“မာစတာလန့်စ် တကယ်လို့ဖြစ်နိုင်ရင် ဒီစက်ကို မြန်နိုင်သလောက်မြန်မြန်လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။ ခင်ဗျားစိတ်ကျေနပ်လောက်တဲ့ အဖိုးအခကို ကျွန်တော်သေချာပေါက်ပေးမှာပါ။”
လန့်စ်က သူ့လက်မောင်းကို ရမ်းလိုက်ပြီး “ကောင်းပါပြီး အဖိုးအခအကြောင်းနောက်မှ ပြောကြတာပေါ့၊ ပထမဆုံး ဒါကိုပြောပါ၊ ဒီအရုပ်က ဘာအတွက်လဲ။ ဒီလောက်ရှုပ်ထွေးတဲ့ဟာ၊ မင်းဆွဲထားတဲ့ အသေးစိတ်ပုံမှာ ငါမရှင်းလင်းတာတွေအများကြီးပဲ။ ဒါကို မင်းကဘယ်လိုမျိုးလုပ်စေချင်တာလဲ။”
ရှုယီက မနေနိုင်တော့ဘဲ တိုးတိတ်စွာပြုံးလိုက်သည်။ သူ့စိတ်ထဲတွင် ပြောနေသည်က စိုင်စ် နယ်မြေ၏ အနေအထားဖြင့် သူပြုလုပ်ခဲ့သည့် မှော်အရစ်ဖော်စက် သည် အရေးကြီးသည့်အရာတစ်ခုဖြစ်နေခဲ့သည်။ အကယ်၍ သူသာ ကမ္ဘာဂြိုလ်ပေါ်က (မူလီ)အရစ်ဖော်စက် ကို တစ်စုံတစ်ရာမပြောင်းလဲဘဲ ရေးဆွဲခဲ့လျှင် လူပုတွေ၏ပန်းပဲနည်းပညာထက်တောင် သာလွန်နေမှာဖြစ်ပြီး ကြည့်လိုက်ရုံဖြင့် သေချာပေါက် ကြောင်ငေးသွားစေမှာအမှန်ပင်ဖြစ်သည်။
***
မှော်စက်မှုအင်ပါယာ
အခန်း ၀၁၅ ။ လူတိုင်းမှာရည်ရွယ်ချက်တွေရှိကြတယ်
“ကြည့်လိုက်ပါဦး၊ ဒီမှော်အစီအရင်(၂)ခုက ဝေးကွာနေလို့မရဘူး။ ဒီနည်းလမ်းကသာ မှော်အစီအရင်(၂)ခုက ဒီအဖုငယ်လေးမှာ အတူတူအလုပ်လုပ်နိုင်ပြီး တစ်ခုနှင့်တစ်ခုမထိခိုက်တော့မှာလေ။”
“နင်ဒီဟာကို အာရုံစိုက်သင့်တယ်၊ ဆော့ကတ်ပေါက်တိုင်းကို နင်သေချာကြည့်သင့်တယ်။ ဒီနေရာမှာ အမှားတစ်ခုလေးတောင်လုပ်လို့မရဘူး။ တစ်နည်းအားဖြင့်ပြောရရင် ဒီစပလိန်လေးက ညှပ်သွားပြီး စန္ဒယားကိုစဖွင့်လိုက်ချိန်မှာ အဲ့ဒါက အလုပ်ဖြစ်တော့မှာမဟုတ်ဘူး။”
“ဒါနဲ့ မင်းဘာ သီချင်းထည့်ဖို့ ဆုံးဖြတ်ထားလဲ။ မတူညီတဲ့သီချင်းတွေမှာ ကွဲပြားတဲ့သံစဉ်ကီးတွေရှိနေတယ်လေ၊ ဒါကြောင့် မှော်အစီအရင်တွေကလည်း ကွဲပြားနေမှာ၊ အဲ့ဒါကို ကြိုတင်ပြီး တပ်ဆင်ထားဖို့လိုတယ်။”
“မဟုတ်၊ မဟုတ်ဘူး နင်ဒီလိုလုပ်လို့မရဘူး။ ဒီပုံစံငယ်တစ်ခုလုံးကို ဖျက်ဆီးသွားမိလိမ့်မယ်....”
ကမ်မီလာမှော်မျှော်စင်မှာ အလုပ်တွေပြီးစီးသွားပြီးနောက် တိတ်ဆိတ်နေလေသည်။ သို့သော် ရှုယီ၏အသံသည် သူအလုပ်လုပ်ရာဓာတ်ခွဲခန်းထဲမှ ထွက်လာနေဆဲပင်။
သူ့ရဲ့ သဘောတူညီမှုအတိုင်း လုပ်ဆောင်ပေးနေတာဖြစ်ပြီး အလုပ်ပြီးသည့်အချိန်မှာ စတေးလ်ကို စန္ဒယားပုံစံငယ်ပြုလုပ်နည်း သင်ပြပေးနေခြင်းဖြစ်သည်။
စတေးလ်၏မှော်ပညာအရည်အချင်းသည် ကောလဟာလတွေပြောသလို တော်နေသည်ကိုတွေ့ရသည်။ ရှုယီအနေဖြင့် လေမှော်အစီအရင် (၂) ခု၏လုပ်ဆောင်နိုင်မှု နိယာမသဘောတရားတွေကိုသာ သင်ပေးရန်လိုအပ်ပြီး သူမအနေဖြင့် လွယ်ကူစွာ ကော်ပီလုပ်သွားလေသည်။
သို့သော် ပုံစံငယ်၏ဒီဇိုင်းပိုင်းဆိုင်ရာနှင့် ပုံစံငယ်တည်ဆောက်ပုံတို့နှင့်ပတ်သက်လာလျှင် စတေးလ်အနေဖြင့် ရှုယီ၏အညွှန်းအတိုင်းသာလုပ်ဆောင်လေသည်။
စတေးလ်သည် ဝီရိယရှိပြီး ပင်ကိုယ်ထက်မြတ်သည့်ဉာဏ်ရည်ရှိသူ ဖြစ်သောကြောင့် ရှုယီအနေဖြင့် အချိန်အများကြီး လဟဿကုန်ခြင်းမရှိတော့ပေ။
တစ်ပတ်ခန့်အကြာသင်ကြားပြီးနောက် စတေးလ်၏စန္ဒယားပုံစံငယ်သည် အခြေခံတည်ဆောက်မှု ပြီးစီးခဲ့ပြီဖြစ်သည်။ အခုချိန်မှာတော့ သူတို့အနေဖြင့် ရှင်းလင်းတိကျသည့် ပြင်ဆင်ချက်နည်းငယ်ကိုသာ ပြုလုပ်ရန်လိုတော့သည်။
လက်ရှိနှုန်းထားဖြင့်ဆိုလျှင် ပြီးစီးရန် အချိန် (၃) ရက်တောင်မကြာနိုင်တော့ပေ။ စတေးလ်၏သူငယ်ချင်း မွေးနေ့မတိုင်ခင်မှာပင် သူတို့သေချာပေါက် အပြီးသတ်နိုင်မည်ဖြစ်သည်။
“က…”
စတေးလ်သည် ညင်သာစွာခလုတ်ကိုနှိပ်လိုက်ပြီး ပုံစံငယ်မှ အသံထွက်ပေါ်လာသည်။ စန္ဒယားအဖုံးက သူ့ရဲ့အောက်ခြေနှင့် ပြည့်စုံကောင်းမွန်စွာ အံ့ဝင်ခွင်ကျဖြစ်နေလေသည်။
“ဟူး….” စတေးလ် စိတ်သက်သာသည့်သဘောဖြင့် သက်ပြင်းချလိုက်ပြီး သူမမျက်နှာပေါ်က ချွေးတွေကိုသုတ်ပစ်လိုက်သည် “အဆင်ပြေတယ်မို့လား။”
“အင်း… မဆိုးပါဘူး။” ရှုယီက ခေါင်းငြိမ့်ပြလိုက်သည် “နင်က ပုံစံငယ်ရဲ့ အဓိကအချက်ကို နားလည်သဘောပေါက်ပြီးသားပါ၊ ကျန်တဲ့အပိုင်းတွေကို နင်ကိုယ်တိုင်လုပ်လို့ရပြီ။ တကယ်လို့ မင်းနားမလည်တဲ့အခြားပြင်ဆင်စရာတွေရှိနေရင် ငါ့ကိုလာမေးလို့ရတယ်။”
“အင်း” စတေးလ် ပြန်ဖြေလိုက်သည်၊ ရှုယီ ဘက်လှည့်ပြီး ပြုံးပြလိုက်ကာ “ရှုယီ၊ ငါ့ကို စိတ်ရှည်ရှည်နဲ့သင်ပေးလို့ ကျေးဇူးတင်ပါတယ်။ ညနေစောင်းကျ နင့်ကိုနောက်တစ်ခါထပ်ပြီး ထမင်းလိုက်ကျွေးမယ်။”
ရှုယီက အပြင်ဘက်ကောင်းကင်ကြီးကို ကြည့်ပြီး သူခေါင်းကိုခါလိုက်ကာ “အားနာစရာကောင်းလိုက်တာ ဒီနေ့တော့ အဆင်မပြေသေးဘူး၊ ဒီညမှာ တစ်ယောက်ယောက်နဲ့ အစည်းဝေးလုပ်စရာရှိနေလို့။ ငါ့မှာ အခြားလုပ်စရာတွေရှိနေတယ်။”
“အိုး…“ စတေးလ် ကြည့်ရသည်မှာ အတော်စိတ်ပျက်သွားပုံရသည်။ သူမက မပြောခင်အရင်စဉ်းစားလိုက်ပြီး “ကောင်းပါပြီ၊ ရှုယီ ငါနင့်ကိုအမြဲမေးချင်နေခဲ့တာ၊ နင်ဘာလို့ အဖိုးရဲ့ကမ်းလှမ်းချက်ကို ငြင်းလိုက်ရတာလဲ။ အဖိုးရဲ့လက်ထောက်ဖြစ်ချင်နေကြတဲ့ မှော်ဆရာငယ်လေးတွေအများကြီးရှိနေတယ်ဆိုတာကိုတော့ နင်သိထားသင့်တယ်။ ဒါ့အပြင် အဖိုးက ငါ့ရှေ့မှာတင်နင့်ကို အကြိမ်ကြိမ်ချီးမွမ်းနေတာ၊ နင်က မှော်ပညာမှာအရည်အချင်းရှိတဲ့အကြောင်းပေါ့။ နင်မှော်ပညာကို အာရုံစိုက်လေ့လာနေသရွေ့ နင်က အနာဂတ်မှာ မဟာမှော်ပညာရှင်တစ်ယောက်ဖြစ်လာနိုင်တယ်။”
ရှုယီကခပ်ရေးရေးသာပြုံးပြလိုက်ပြီး “မဟာမှော်ပညာရှင်ကြီးရဲ့ ချီးကျူးမှုအတွက် အရမ်းကို အထူးကျေးဇူးတင်မိပါတယ်။ ဒါပေမဲ့ သူ့ကိုပြောပြပေးပါ၊ အကြောင်းက သူ့ရဲ့ လက်ထောက်မဖြစ်ချင်လို့မဟုတ်ပါဘူး။ ငါ့မှာ အခြားလုပ်စရာတွေအများကြီးရှိနေတယ်။ သူနှင့်အတူ မှော်ပညာလေ့လာဖို့ရာ အချိန်မလောက်မှာကို ငါအားနာမိတယ်၊ ဒါကြောင့်သူ့ရဲ့ စိတ်ထားကောင်းမှုကို မသိကျိုးကျွံပြုနေဖို့ပဲ တတ်နိုင်တော့တယ်။”
“ဘာကြောင့်လဲ။” စတေးလ်က မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ရှုပ်နေသည့်လေသံဖြင့် မေးလိုက်သည် ”ငါ့အဖိုးတောင်မှ နင့်ကို မှော်ပညာအရည်အချင်းမြင့်တယ်လို့ ချီးမွမ်းနေတာပဲ၊ ပြီးတော့ ဒီရက်ပိုင်းတွေမှာ နင့်ရဲ့ မှော်ပညာအရည်အချင်းက တကယ်ကို မြင့်မားတာငါမြင်ပြီးပြီ၊ ငါ့ထက်တောင်သာနေသေးတယ်။ နင်ကဘာကြောင့်များ မှော်ပညာကိုသင့်လျော်သလောက်တောင် မလေ့လာချင်ရတာလဲ။ မှော်ပန်ကာကြောင့်လား။ ဒီအတောအတွင်း နင်အဲ့ဒါကိုပဲ အာရုံထားလေ့လာနေတယ်ဆိုတာငါကြားမိပါတယ်။”
ရှုယီက ထိုအကြောင်းကိုပြန်စဉ်းစားပြီး မေးခွန်းတစ်ခု ပြန်မေးလိုက်သည်”စတေးလ် နင် မှော်ပန်ကာကို ဘယ်လိုတွေးမိလဲ။”
“ငါလား။” စတေးလ်က သူ့ကိုယ်သူလက်ညှိုးထိုးကာ ထိုအကြောင်းကို သေသေချာချာစဉ်းစားလိုက်ပြီး နှေးကွေးစွာဖြေလိုက်သည် “အဲ့ဒါက အရမ်းကိုစိတ်ဝင်စားစရာကောင်းတယ်လို့ငါခံစားမိတယ်။ အကြောင်းကတော့ နေ့စဉ်ဘဝမှာ မှော်ပညာကိုထည့်သွင်းအသုံးပြုတာတွေက အရမ်းကိုရှားတယ်လေ၊ ပြီးတော့ ဒီဇိုင်းကလည်းအရမ်းကိုကောင်းတယ်။ အမှန်တိုင်းပြောရရင် ငါနင့်ကိုအတော်လေးစားမိသွားတယ်။ ဒါပေမဲ့ ရှုယီ နင်သိထားသင့်တာက စိုင်စ် နယ်မြေကမှော်ပညာရှင်ရဲ့ အနေအထားက သူ့ရဲ့ သန်မာမှုအပေါ်မှာ မူတည်နေတယ်ဆိုတာကိုပဲ။ တကယ်လို့ နင်က မှော်ပန်ကာရာချီဒီဇိုင်းဆွဲခဲ့တောင်မှ နင့်ရဲ့မှော်အစွမ်းက ကောင်းမွန်လာမှာမဟုတ်သလို နင့်အနေနဲ့ ဘာအခြေအနေမှဖြစ်လာမှာမဟုတ်ဘူး။ နင့်ရဲ့မှော်ပညာအရည်အချင်းက ဒီလောက်တောင်ကောင်းတာကို၊ ငါနင့်ကို မှော်ပညာလေ့လာရာမှာပိုပြီးအာရုံစိုက်ဖို့ တိုက်တွန်းချင်တယ်။ နင်မဟာမှော်ပညာရှင်ဖြစ်လာသရွေ့ လူတိုင်းက နင့်ရဲ့မှော်ပန်ကာဒီဇိုင်းကို ချီးကျူးအားပေးကြမယ်လို့ ငါပြောရဲတယ်။”
“နင်ပြောချင်တာက အာလုံးက မှော်ပန်ကာကိုမကောင်းတဲ့အရာလို့ ထင်နေတယ်ဟုတ်....“ ရှုယီ မတတ်နိုင်တော့ဘဲ အသံတိုးတိုးလေးဖြင့်သာရေရွတ်နေတော့သည်။ စတေးလ်၏ရိုးရိုးသားသားထင်မြင်ချက်ကို နားထောင်ရင်း သူက ချောင်းဟန့်လိုက်ပြီး အတည်ပေါက်ဖြင့် “စတေးလ် နင်ပြောချင်တာကို ငါနားလည်ပါတယ်၊ ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက်ရဲ့ အတွေးနှင့်အားထုတ်မှုတို့က မတူညီကြဘူးလေ။ မှော်ပညာရှင်အားလုံးက သူတို့ရဲ့ မှော်အစွမ်းကသာ အရေးအကြီးဆုံးလို့ ခံစားမိကြပေမဲ့ ငါကတော့ အဲ့လိုမဟုတ်ဘူး။ ငါကမှော်ပညာကို အသုံးပြုစရာတစ်ခုလို့သဘောထားတယ်။ မှော်ပညာရှင်တွေက မှော်အစွမ်းကို ဖျက်ဆီးဖို့အသုံးချနိုင်တယ်။ အဲ့ဒီတော့ သူတို့ဘာကြောင့်တည်ဆောက်ဖို့ အသုံးမချတာလဲ။ ငါတို့နေ့စဉ်ဘဝတွေမှာ မှော်အစွမ်းကို အမျိုးအမျိုးအသုံးချစရာတွေအများကြီးရှိပြီး မှော်အစွမ်းက တစ်ယောက်ယောက်ရဲ့ဘဝကို တိုးမြှင့်ပေးနိုင်ခဲ့ရင် အဲ့တာကောင်းတဲ့ကိစ္စပဲမဟုတ်လား။”
“အဲ့ဒါကတော့ … “ စတေးလ် တွန့်ဆုတ်နေခဲ့သည်၊ “နင်ပြောတာမှန်ပါတယ်၊ ဒါပေမဲ့… ဒါပေမဲ့ တကယ်လို့ မှော်ပညာရှင်တစ်ယောက်က သန်မာသင့်သလောက်မသန်မာခဲ့ဘူးဆိုရင် တော်တော်များများကိုလွဲချော်နေမှာ။”
“ဘယ်သူပြောလဲ မှော်ပညာစက်ပစ္စည်းပိုင်းကိုလေ့လာရတာက ငါ့ရဲ့သန်မာမှုကို မတိုးနိုင်ဘူးလို့။” ရှုယီကရုတ်တရက်ကြီး ထူးဆန်းသည့်အပြုံးပြုံးပြလိုက်သည်။ သူက ညာလက်ကိုမြှောက်ပြီး သူ့ရဲ့ မှော်အစွမ်းကိုထုတ်လိုက်ကာ သူရဲ့လက်ပေါ်တွင် သာမန်မျက်စိဖြင့်မြင်နိုင်သည့် ခရင်(မ်)အရောင်လေပွေလေးကို ဖန်တီးလိုက်သည်။
“လေပွေအငယ်စားမန္တန်။” စတေးလ် တုန်လှုပ်သွားခဲ့သည်။ “ အဲ့ဒါက တတိယအဆင့်မှော်မန္တန်မို့လား၊ တတိယအဆင့်မှော်ပညာရှင်ပဲလုပ်နိုင်တဲ့ မန္တန်အမျိုးအစားမျိုး မဟုတ်လား။ ရှုယီ အင်တာဗျူးတုန်းက နင်က မှော်ပညာရှင်အဖွဲ့အစည်းရဲ့အသိအမှတ်ပြုစားမေးပွဲမအောင်သေးဘူးဆိုတာ ငါမှတ်မိသေးတယ်။”
“မအောင်သေးဘူးဆိုတာ ငါမအောင်မြင်နိုင်ဘူးလို့ ဆိုလိုတာမဟုတ်ဘူးလေ။” ရှုယီကပြုံးပြုံးလေးပြောလိုက်သည်။ “အမှန်တော့ အင်တာဗျူးတုန်းက ငါ့ရဲ့ မှော်အစွမ်းနဲ့ အခုငါ့ရဲ့မှော်အစွမ်းက မတူတော့ဘူး။ အဲ့တုန်းက ငါက ပထမအဆင့်နဲ့ဒုတိယအဆင့်ကြားက အခြေအနေမှာရှိနေတုန်းပဲ။”
“နင် ဆိုလိုချင်တာက…. (၂)လအတွင်းမှာတင် နင်က တတိယအဆင့်မှော်ပညာရှင်ဖြစ်လာတာလား။” စတေးလ် တစ်ယောက်ပိုပြီးတော့တောင် ထိတ်လန့်သွားခဲ့သည်။ “ဒါကအရမ်းကိုချဲ့ကားပြောနေတာမဟုတ်လား။ နင်… နင့်ရဲ့ မှော်ပညာအရည်အချင်းက ဒီလောက်တောင်မြင့်နေတာလား။ ပုံမှန်ဆိုရင် မှော်ပညာကိုလေ့လာဖို့နင့်မှာ အချိန်သိပ်မရှိဘူးမဟုတ်လား။”
ရှုယီက ခပ်ရေးရေးသာပြုံးလိုက်ပြီး “မှော်ပညာကို အာရုံစိုက်လေ့လာတာတစ်ခုတည်းနဲ့တင် နင့်ရဲ့မှော်အစွမ်းကို မြှင့်တင်နိုင်တယ်ဆိုတာမဟုတ်ဘူးလေ။ မှော်စက်ယန္တရားပညာကို လေ့လာနေစဉ်အတွင်းမှာပဲ ငါက မှော်အစီအရင်ကိုလည်းပဲ အာရုံစိုက်လေ့လာခဲ့တာ။ မှော်အစီအရင်ကိုလေ့လာတာက မှော်ပညာကို လေ့လာသလိုမျိုးပဲလေ။ အဲ့ဒီတော့ ငါ့ရဲ့ မှော်အစွမ်းကို အဆင့်မြှင့်တင်နိုင်တာ ထူးဆန်းတဲ့ကိစ္စမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ရက်အတောအတွင်းမှာ စတေးလ် နင် ဒီစန္ဒယားပုံစံငယ်တည်ဆောက်ပုံကို အာရုံစိုက်လေ့လာနေချိန်မှာ နင့်ရဲ့မှော်အစွမ်းတိုးလာကို နင်သတိမထားမိဘူးလား။”
စတေးလ်ကခေါင်းကိုစောင်းလိုက်ပြီး ခေါင်းမငြိမ့်ခင်စဉ်းစားလိုက်သည်။ “အင်း … လေအစွမ်းအမှော်အစီအရင်ကို တော်တော်လေးနားလည်လာတယ်လို့တော့ ငါခံစားမိတယ်။ ဒါပေမဲ့ နင့်လောက်ကြီး များမလာဘူးလေ မဟုတ်လား။”
“အဲ့ဒါကတော့ ငါကပါရမီရှင်ဖြစ်နေလို့လေ။” ရှုယီက ပုခုံးတွန့်လိုက်ကာ ဝင့်ကြွားစွာပြောလိုက်သည်။
စတေးလ်က သူမရဲ့မျက်လုံးတွေကိုပင့်တင်လိုက်ပြီး သူ့ကိုကြည့်လိုက်ကာ မနေနိုင်တော့ဘဲပြောလိုက်သည်။ “အေးလေ နင်ကပါရမီရှင်ဖြစ်နေလို့ပဲ ဘာကြောင့် မှော်ပညာကိုအာရုံစိုက်မလေ့လာရတာလဲ။ နင့်ရဲ့အရည်အချင်းနဲ့ မဟာမှော်ပညာရှင်ဖြစ်လာဖို့ တအားကိုအခွင့်အရေးတွေရှိနေတာကို။”
“ငါပြောပြီးပြီပဲ၊ လူတိုင်းကိုယ်စီမှာ ရည်ရွယ်ချက်တွေရှိနေတာကို။” ရှုယီက စိတ်သက်သာစွာဖြင့်ပြောလိုက်သည်။ သူ့ကို တိုက်တွန်းပြောဆိုနေသည်ကို စကားစဖြတ်လိုက်ပြီး အပြင်ဘက်ကောင်းကင်ကိုမော့ကြည့်ကာ “ကောင်းပါပြီ၊ စတေးလ် ငါတို့ဒီနေ့တော့ ဒီလောက်နဲ့တော်လိုက်ရအောင်၊ နင် ထမင်းကျွေးမယ်ပြောတာကို ငါအမှတ်ရနေပါမယ်။ နောက်ကျ ငါက ကျွေးဖို့ပြောလာခဲ့ရင် နင်မသိချင်ဟန်ဆောင်နေလို့မရဘူးနော်။”
“ဟင့် အထင်သေးလိုက်တာလူကိုများ။” စတေးလ်ကနှုတ်ခမ်းစူပြီးပြောလိုက်သည်။
ရှုယီ သူ့ပစ္စည်းတွေကိုအဝေးမထားမှီ ရယ်လိုက်ပြီး လျှောက်ထွက်လာခဲ့သည်။
မှော်မျှော်စင်က ထွက်လာသည့်အချိန်မှာတော့ တစ်ယောက်ယောက်က သူနှင့်မလှမ်းမကမ်းအနေထားကနေ အမြန်လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။
ပုံစံကိုကြည့်ရသည်မှာ ရှုယီ ရင်းနှီးနေသလိုလိုပင်။ ထိုသူကတော့ ဟိန့်ဇ် ပဲဖြစ်သည်။
ဟိန့်ဇ် ရဲ့အလောတကြီးဖြစ်နေပုံကိုကြည့်ရင်း ရှုယီ မပြုံးဘဲမနေနိုင်တော့ပေ။
ရှုယီ ကသူ့ကို စတော့(၂၀)ရာခိုင်နှုန်းပေးမည်ဆိုသည့်အချိန်ကစ ဟိန့်ဇ်သည် မြင်းကောင်ရေပိုတိုးလာသည့် ကားတစ်စီးလိုဖြစ်နေကာ အင်တိုက်အားတိုက်လုပ်ဆောင်နေတော့သည်။ စက်ရုံမှာ ကြီးကြပ်သည့်တာဝန်ကို လုပ်နေရုံသာမက သူက မှော်ပန်ကာအတွက် ထုတ်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် အရောင်းပိုင်းကိစ္စများကိုပါ အပြီးအစီးတာဝန်ယူလုပ်ဆောင်လာခဲ့သည်။ သူသည် လုံးဝကိုဉာဏ်ကောင်းပြီး ကျွမ်းကျင်သည့်မန်နေဂျာတစ်ယောက်လိုပင်ဖြစ်နေလေသည်။
သူ၏ကုန်စုံဆိုင်အငယ်လေးကိုမူ သူ၏တူဖြစ်သူ အဲလက်စ်အား လုံးဝလက်လွှဲပေးခဲ့သည်။
ဟိန့်ဇ်တွင်အတွေ့အကြုံနှင့်တီထွင်နိုင်ခြင်းမရှိသော်လည်း သူသည် လူကောင်းတစ်ယောက်ဖြစ်ကာ အလုပ်ကိုမဆုတ်မနစ်ကြိုးစားတတ်သူဖြစ်သည်။ သူသည် ကိစ္စတော်တော်များများကို ဂရုစိုက်ရာတွင် အရမ်းကို စနစ်ကျသူဖြစ်သောကြောင့် ဒီလိုအလုပ်မျိုးက သူနှင့်အရမ်းကို သင့်တော်နေတော့သည်။
အစုရှယ်ယာ (၂၀) ရာခိုင်နှုန်းပေးလိုက်ခြင်းကသာ ထိုကဲ့သို့အားစိုက်ခြင်းပြုရန် တွန်းအားပေးနိုင်ခဲ့ခြင်းဖြစ်သည်။
“ဟေ့ ဟိန့်ဇ် မင်းဘာကြောင့်မို့ ဒီနေ့ငါ့ကိုလာရှာရတာလဲ။ မင်းက စိတ်အလောတကြီးတောင်ဖြစ်နေလိုက်သေး။” ရှုယီက လက်ကိုမြှောက်ပြီး သူကို့နှုတ်ဆက်လိုက်ချိန် ရုတ်တရက်မှင်သတ်သွားသည်။
ရှုယီသည် သူအတည်ပေါက်ကြီးဖြစ်နေတာကိုကြည့်ပြီး အံ့ဩသွားသည်။ ကြည့်ရသည်မှာ အရမ်းရုပ်တည်ကြီးဖြစ်နေလေသည်။
ရှုယီသည်လည်း နှလုံးတစ်ချက်ခုန်သွားသည်။
သူတို့သည် ဘာရွန်ရစ်တိုမှော်အကယ်ဒမီကျောင်းမှ ကျောင်းသားအယောက် (၃၀) ကို မှော်အစီအရင်ရေးဆွဲရန် ငှားခဲ့သည့်အချိန်မှစ၍ ပထမမျိုးဆက်မှော်ပန်ကာထုတ်လုပ်မှုသည် ရပ်တန့်နေခြင်းမရှိတော့ပေ။ အရောင်းမှာလည်း အရင်ကထက် မြင့်သထက်မြင့်လာနေခဲ့ပြီး ရက်သတ္တပတ်အတွင်း မှော်ပန်ကာအလုံးရေ (၁၀၀၀) ကျော်ကိုရောင်းချနိုင်ခဲ့ပြီဖြစ်သည်။
ထို့အတွက်ကြောင့် ရှုယီတွင် ရွှေဒင်္ဂါး (၇၀၀) ပြားအထိအသားတင်အမြတ်ရှိလာပြီး ဟိန့်ဇ်အတွက်လည်း ရွှေဒင်္ဂါး (၂၀၀) ကိုအစုရှယ်ယာအဖြစ်ရရှိခဲ့သည်။ ဟိန့်ဇ်၏စိတ်အခြေအနေသည် ဒီတစ်ချိန်လုံး ပျားရည်သောက်နေရသလိုပင် ချိုမြိန်နေကာ ကောင်းမွန်နေခဲ့သည်။
အခုတော့ သူရဲ့ရုပ်ပျက်ဆင်းပျက်အနေထားကို ပထမဦးဆုံးတွေ့မြင်ရခြင်းပင်ဖြစ်သည်။
“မဟုတ်မှလွဲရော တစ်ခုခုများဖြစ်လာလို့လား။”
ထိုအကြောင်းကို ရှုယီက စဉ်းစားရင် လမ်းအမြန်လျှောက်သွားလိုက်သည်။
ရှုယီ သူ့ကိုဘာမှတောင်မမေးရသေးခင် ဟိန့်ဇ်ကလေသံတိုးတိုးလေးဖြင့် “ရှုယီ မကောင်းတော့ဘူး၊ တစ်ခုခုဖြစ်နေပြီကွာ။”
ဟိန့်ဇ် စိုးရိမ်နေတာကိုကြည့်ရင်း ရှုယီကသူရဲ့နောက်ကျောကို ပွတ်ပေးကာ စိတ်အေးအေးထားဖို့ပြောလိုက်သည်။
“စိုးရိမ်မနေပါနဲ့၊ ဘာတွေဖြစ်နေလို့လဲ။ ငါ့ကို ဖြည်းဖြည်းပြောပါ။”
ဟိန့်ဇ်က အသက်ခပ်ပြင်းပြင်းရှုလိုက်ပြီး ခဏလောက် စိတ်ငြိမ်အောင်နေလိုက်ကာ ရှုယီ အနားမရောက်ခင် ဘေးပတ်လည်ကိုကြည့်လိုက်သည်။ ထို့နောက် လေးနက်သောအသံဖြင့် တီးတိုးပြောလိုက်သည် “မှော်ပန်ကာ အတု ရှိနေပြီ။”
***
မှော်စက်မှုအင်ပါယာ
အခန်း ၀၁၆ ။ အမှတ်တံဆိပ်
ရှုယီကမှော်ပန်ကာကိုကြည့်လိုက်ပြီး ထိုအရာသည် စားပွဲခုံပေါ်ကအရာနှင့် တစ်ပုံစံတည်းဖြစ်နေသည်။ ခဏလောက် သေချာကြည့်ရှုပြီးချိန်မှာတော့ သူသည် လက်ကိုဆန့်လိုက်ပြီး ခလုတ်ကိုနှိပ်လိုက်သည်။
ပန်ကာဒလက်များ ဖြည်းဖြည်းချင်း စတင်လည်ပတ်ချိန်မတိုင်ခင် မှော်ပန်ကာသည် စက္ကန့်အနည်းငယ်လောက် ရပ်နေသည်။ ခဏအကြာမှာတော့ အေးမြသည့်လေပြည်လေးထွက်လာလေသည်။
ရှုယီသည် ပန်ကာရှေ့ရပ်နေလိုက်ပြီး အေးမြသည့်လေပြည်လေးကို ခံစားနေလိုက်ကာ ခေါင်းနည်းနည်းငြိမ့်လိုက်သည်။ “အင်း မဆိုးပါဘူး၊ အတော်ကိုအေးမြတာပဲ။”
ဘေးမှာရှိနေသည့် ဟိန့်ဇ်က စိတ်ရှုပ်လာပြီး ရှေ့သို့ထွက်လာကာ မှော်ပန်ကာကိုပိတ်လိုက်သည်။ သူက စိုးရိမ်စွာဖြင့် အမောတကော စတင်ပြောလိုက်သည်။ “ဒါကဒီလိုတစ်ပုံစံတည်းပဲလေ၊ မင်းက ချီးမွမ်းလိုက်သေးတယ်။ နည်းလမ်းမြန်မြန်စဉ်းစားရမယ်။ မင်းကိုပြောရဦးမယ် ဒီတစ်လုံးတည်းရှိတာမဟုတ်ဘူး။ ဒါကိုစုံစမ်းဖို့ ငါ့မှာလူတွေရှိပြီးသား။ ပြီးတော့ ဒါကဘန်တာမြို့တော်မှာ အများကြီးမရှိလောက်ဘူး။ ဒါပေမဲ့ မြို့အပြင်မှာတော့ အတုတွေအများကြီးရှိနေတယ်။”
“အတုတွေက ဘယ်ကထွက်လာတာလဲဆိုတာ မင်းစုံစမ်းပြီးပြီလား။”
“မစုံစမ်းရသေးဘူး။” ဟိန့်ဇ်တစ်ယောက်ချက်ချင်းကြီးဆိုသလိုပင် စိတ်အားငယ်သွားသည်။
“စုံစမ်းနေစရာမလိုတော့ဘူး။” ရှုယီက လက်ကိုရမ်းလိုက်ကာ “မင်းတကယ်လို့ရှာတွေ့ခဲ့ရင်တောင် ဘာမှအသုံးဝင်မှာမဟုတ်ဘူး။”
“အသုံးမဝင်ဘူးဆိုတာ ဘာကိုဆိုလိုချင်တာလဲ။” ထိုသို့ပြောပြီးနောက် ဟိန့်ဇ်ဆွံအသွားသည်။
သူ ချက်ခြင်းကြီး သတိရသွားသည်က ထုတ်ကုန်ပစ္စည်းတွေအတွက် လမ်ပူရီဘုရင့်နိုင်ငံမဆိုထားဘိ စိုင်စ်နယ်မြေတစ်ခုလုံး၌ အတုအပရန်မှ ကာကွယ်ပေးရန် ဥပဒေမရှိသေးသောကြောင့်ဖြစ်သည်။ အကယ်၍ သူသာ ပစ္စည်းတုလုပ်နေသည်ကို ရှာတွေ့သွားခဲ့လျှင်တောင်မှ ဘုရင့်နိုင်ငံဥပဒေဖြင့် ထိုသူအား အပြစ်ပေးလို့မရနိုင်ချေ။ ဘုရင့်နိုင်ငံက သူ့ကိုတောင် ဆူညံမှုအတွက် အပြစ်တင်နေပေဦးမည်။
“မင်းနားလည်ပြီမို့လား။” ဟိန့်ဇ်ဖြစ်နေပုံကိုကြည့်ရင်း သူအဓိကအချက်အား သဘောပေါက်သွားသည်ကို ရှုယီ သိသွားသည်။ “အမှန်တကယ်တော့ မှော်ပန်ကာကို ဒီဇိုင်းပြုလုပ်နေစဉ်ကတည်းက ဒီအကြောင်းကိုတွေးပြီးသားပါ။”
သူမှော်ပန်ကာ ဒီဇိုင်းရေးဆွဲနေစဥ်၌ စိုင်စ်နယ်မြေတွင် ထုတ်ကုန်ကာကွယ်ပိုင်ခွင့်ဆိုတာမဆိုထားနှင့် မူပိုင်ခွင့်မရှိသည့်အချက်ကို သူတွေးထားမိသည်။
ထို့ကြောင့် သူသည် ပြီးခဲ့သောအချိန်များကတည်းက မှော်ပန်ကာ အတုပေါ်လာမည်ကို အသေအချာသိနေပြီး အကြောင်းမှာ ထိုပစ္စည်းအတွင်းထည့်သွင်းထားသည့် နည်းပညာသည် အဆင့်မြင့်မဟုတ်ခဲ့သောကြောင့် လိုက်ပြီး အတုထုတ်လုပ်ရန် မခက်ခဲလှပေ။
“မင်းအဲ့လိုမျိုးတွေတွေးထားတယ်ဆိုတော့ ဒါကို ကာကွယ်ဖို့နည်းလမ်း မင်းမှာရှိတယ်မဟုတ်လား။ ငါတို့ အဲ့လိုခိုးကြောင်ခိုးဝှက်နဲ့ လိုက်ပြီးအတုထုတ်နေတဲ့ကောင်တွေကို စောင့်ကြည့်နေရမှာလား။ ရှုယီ မင်းဒါကို ရှင်းရှင်းလင်းလင်းဖြစ်အောင်လုပ်ထားသင့်တယ်နော်၊ သူတို့တစ်ခုရောင်းရတိုင်း ငါတို့တစ်ခုမရောင်းရတာပဲလေ။ ဒီအဓိပ္ပါယ်က ငါတို့ ရွှေဒင်္ဂါးတွေရလာတာ နည်းနည်းလာတဲ့သဘောမဟုတ်လား။”
“ဟုတ်ပါပြီ၊ စိတ်လှုပ်ရှားနေဖို့ မလိုပါဘူး။“ ရှုယီကလက်ကိုမြှောက်လိုက်ပြီး သူ့ကိုပုတ်လိုက်ကာ ဟိန့်ဇ်ကိုစိတ်အေးအေးနေရန် အချက်ပြလိုက်သည်။ “စိတ်အေးအေးထားပါကွာ၊ ငါဒီအကြောင်းကို တွေးထားတာဖြစ်လို့ ငါ့မှာရပ်တန့်နိုင်မဲ့နည်းလမ်းရှိပါတယ်။ လာပါ တစ်ချက်ကြည့်လိုက်ပါဦး။”
ရှုယီက ပုံမှန်အတိုင်း မှော်ပန်ကာတစ်ခုကိုယူလိုက်ပြီး ပန်ကာ၏အောက်ခြေအား ဟိန့်ဇ်ကို လက်ညှိုးထိုးပြလိုက်သည်။
“ဘာလေးလဲ။” ဟိန့်ဇ် ထူးဆန်းသလိုဖြစ်သွားခဲ့သည်။
“မင်း ဒီသင်္ကေတလေးကိုတွေ့လား။” ရှုယီသည် ပန်ကာ၏အောက်ခြေ ခလုတ်အပေါ်က စက်ဝိုင်းပုံလေးကို ညွှန်ပြလိုက်ကာ “ဒီမှာ ဒါက ငါတို့ ကုန်အမှတ်တံဆိပ်အတွက် လိုဂို။ အဲ့ဒါကို မှော်ပန်ကာအတွက် ငါဒီဇိုင်းဆွဲထားတာ။”
ဟိန့်ဇ်ကမျက်မှောင်ကြုတ်လိုက်ကာ စက်ဝိုင်းအတွင်းကတောင်ပံတစ်ဖက်ကိုကြည့်လိုက်ပြီး စိတ်ရှုပ်နေသည့်လေသံဖြင့် “ဒါကို ဘာအတွက်အသုံးပြုမှာလဲ၊ ဒီကုန်အမှတ်တံဆိတ်လိုဂိုလို့ မင်းပြောတာက ဘာကိုဆိုလိုတာလဲကွ။”
“ဒါကို … မင်း ဒါကို အမှတ်သင်္ကေတတစ်ခုလို့သတ်မှတ်လို့ရတယ်၊ ဒါက အတုမရှိတဲ့ တစ်ခုတည်းသောအရာဖြစ်ပြီး ငါတို့ထုတ်လုပ်တဲ့မှော်ပန်ကာတွေမှာပဲပါရှိမှာ။ ငါက ဒါကို ဘုရင့်နိုင်ငံတော်ရဲ့ တော်ဝင်ပါလီမန်ကို အမှတ်သင်္ကေတတစ်ခုအဖြစ် သတ်မှတ်ပေးဖို့ လျှောက်တင်လွှာပို့ဆောင်ခဲ့ပြီးပြီ။ ငါတို့ ခွင့်ပြုချက်မပါဘဲ ဒီတံဆိပ်ကိုသုံးတဲ့ ဘယ်သူကိုမဆို တော်ဝင်ပါလီမန်က ပြင်းပြင်းထန်ထန်ဒဏ်ခတ်ကြလိမ့်မယ်။“ဟု ရှုယီ က ရှင်းပြလိုက်သည်။
“တော်ဝင်ပါလီမန်ကနေ အမှတ်တံဆိပ်အသုံးပြုခွင့်တဲ့လား။” ဟိန့်ဇ် မျက်လုံးများပြူးထွက်လာပြီး ရှုယီကိုထိတ်လန့်တကြားကြည့်လိုက်ကာ “ဘုရားသခင်၊ မင်းတကယ်ကြီးကို အမှတ်တံဆိပ်အတွက် တော်ဝင်ပါလီမန်က အသုံးပြုခွင့်ရအောင်လုပ်ခဲ့တာလား။ မင်း… နေပါဦး ၊ အမှတ်တံဆိပ်အတွက် ဘယ်ဘတ်ဂျက်အဆင့်ကို မင်းလျှောက်ထားခဲ့တာလဲ။”
ရှုယီက ပြုံးလိုက်ကာ လက်(၃)ချောင်းထောင်ပြလိုက်သည်။
“ဖတ်..” ဟိန့်ဇ်က သူ့ခေါင်းကိုသူ လက်ဖြင့်ရိုက်လိုက်ပြီး “လက်ရှိမှာ တော်ဝင်ပါလီမန်က လျှောက်လွှာအတွက် တောင်းတာနည်းတယ်ဆိုပေမဲ့ တတိယအဆင့်အမှတ်တံဆိပ်အတွက်…. ဒါလေးအတွက်ကြောင့်နဲ့ ငါတို့ က ရွှေဒင်္ဂါး (၃၀၀) ကို နှစ်စဉ် တော်ဝင်ပါလီမန်ကိုပေးဆောင်ရမှာမဟုတ်လား။”
“အင်း … အဲ့လောက်တော့များတယ်။ အမှန်တကယ်တော့ တော်ဝင်ပါလီမန်မှာ ဝင်ဆံ့ဖို့ မလုံလောက်သေးဘူး။ သူတို့ကငါ့ကို တံဆိပ်အဆင့်ကိုသာ တိုးမြှင့်ဖို့ ခွင့်ပြုထားသေးတာ၊ တကယ်လို့ ငါသာတစ်နှစ်စာအတွက် အလုံအလောက်မပေးနိုင်ခဲ့ရင် တစ်နည်းအားဖြင့် ငါက ဒါကို ပလက်တီနမ်အဆင့်အထိ တိုက်ရိုက်တိုးမြှင့်ရဦးမှာ။”
“ပလက်တီနမ်တံဆိပ်ဟုတ်လား။” ဟိန့်ဇ်က ရုတ်တရက် အသံမြှင့်သွားပြီး အော်လိုက်သည် “အဲ့ဒါအတွက် ကုန်ကျမှာက နှစ်တိုင်း ရွှေဒင်္ဂါး (၁၀၀၀) လေ၊ မင်းရူးများနေတာလားကွာ။”
“မဟုတ်ဘူး ငါအတော်ကို ရူးနှမ်းနေတာ။” ရှုယီက ဟိန့်ဇ်ကို ထိုင်စေပြီး လက်ဖက်ရည်ခွက်ပေးနေစဉ်တွင် “ဒီတံဆိပ်က အခုချိန်မှာ စဉ်းစားရသလောက် ငါတို့ကို ကာကွယ်ပေးနိုင်တဲ့တစ်ခုတည်းသော ပစ္စည်းပဲ။ ဒီတံဆိပ်ရဲ့ အကာအကွယ်နဲ့ ငါတို့ထုတ်လုပ်တဲ့ မှော်ပန်ကာတွေပေါ်မှာ ရိုက်နှိပ်လိုက်လို့ရတယ်။ အခြားသူတွေအတွက်ကတော့ မှော်ပန်ကာကိုလိုက်တုပပြီး ထုတ်နိုင်ပေမဲ့ တော်ဝင်ပါလီမန်ဥပဒေကို ကြောက်ရွံနေတာကြောင့် ငါတို့ထုတ်ထားတဲ့မှော်ပန်ကာက တံဆိပ်ကို လိုက်တုပြီး လုပ်ရဲ့မှာမဟုတ်ဘူး။”
ဟိန့်ဇ်က လက်ဖက်ရည်ကို ပါးစပ်အပြည့်မော့ချလိုက်ပြီး ခေါင်းကိုခါလိုက်ကာ “ငါ မင်းဆိုလိုတာကို နားမလည်သေးဘူး။ တကယ်လို့ငါတို့မှာ တံဆိပ်အပိုရှိခဲ့ရင်တောင်မှ ဘယ်လိုမျိုးအသုံးချနိုင်မှာလဲ။”
“သုံးစရာတွေမှ အများကြီးပါကွာ။” ရှုယီက ယုံကြည်ချက်ရှိရှိပြောလိုက်သည် “ဒီအမှတ်တံဆိပ်က ငါတို့ထုတ်ထားတဲ့မှော်ပန်ကာတွေနဲ့ အတုတွေကြားကို ခွဲခြားပြသပေးမှာ၊ အဲ့တာက ငါတို့ ကုန်ပစ္စည်းတံဆိပ်ဖြစ်လာမှာလေ။”
ဟိန့်ဇ်ကတော့ အံ့အားသင့်နေဆဲပါပဲ “ဘာတုန်းဟ ကုန်အမှတ်တံဆိပ်ဆိုတာ၊ အဲ့တာကစားလို့ရတာလား။”
ရှုယီကသူ့ခေါင်းကိုခါလိုက်သည်။ လက်ရှိကမ္ဘာကလူတွေကို ကုန်အမှတ်တံဆိပ်၏တန်ဖိုးအကြောင်း ရှင်းပြဖို့ရာအတွက် အတော်ကိုအဆင့်မြင့်နေသေးသည်။
ထို့အပြင် ဒီအရာက ဘာဖြစ်သည်ဆိုတာကို အဆိုပါလူတွေအတွက် နားလည်သဘောပေါက်ရန် အရမ်းကိုခက်ခဲနေပါသေးသည်။ ထိုလူတွေ တစ်ခုတည်းသောနားလည်သည့်အရာက မျက်မြင်တွေ့ရသည့် လက်ဆုပ်လက်ကိုင်ပြနိုင်သည့် ဥပမာများသာဖြစ်နေသည်။
ထိုအကြောင်းကိုစဉ်းစားရင်း ရှုယီက ဟိန့်ဇ်ကိုလက်ရမ်းပြကာ
“ဟေး ဟိန့်ဇ် ဘန်တာမြို့မှာကွာ တစ်ခုခု အာ… သတင်းစာလိုမျိုးရှိလား။”
အဖိုးကြီးဖရေလီယာ အရမ်းကိုဒေါသထွက်နေသည်။
အမဲလိုက်ခြင်းကိုသာ မှီခိုအားထားနေရသည့် မုဆိုးကြီးတစ်ယောက်အနေဖြင့် ရွှေဒင်္ဂါး (၂) ပြားသည် တောင်ပေါ်မှာ လဝက်ခန့် အမဲလိုက်မှ ရရှိသောပမာဏသာဖြစ်သည်။ ပုံမှန်အားဖြင့် ဒီလောက်ပမာဏအများကြီးကို တစ်ခါတည်းအကုန်အသုံးပြုချင်စိတ်မရှိပေ။
အကယ်၍ လွန်ခဲ့သည့် (၂) ရက်ခန့်က သူချစ်ရသည့်မြေးလေးသာ အပူကြောင့် သတိလစ်မသွားခဲ့ဘူးဆိုလျှင် သူ့အနေဖြင့် ဈေးကြီးသည့်မှော်ပန်ကာကို ဝယ်ယူရန် စိတ်ဆုံးဖြတ်မှာမဟုတ်ပေ။
ထိုမှော်ပန်ကာသည် တကယ်ကိုကောင်းမွန်လေသည်။ အစမှာ အေးမြသည့်လေညင်းလေးထွက်ပေါ်လာသည်က သူ့ရဲ့မြေးလေးကို နားရွက်ပါးစပ်တက်ချိတ်သည်အထိ ပြုံးစေသည်။ ဒါပေမယ့် … သေစမ်းကွာ။ ဒီသောက်မှော်ပန်ကာက (၂) ရက်လောက်ပဲ သုံးရသေး ပျက်သွားပြီတဲ့လား။
အဖိုးကြီးဖရေလီယာသည် ထိုအရာအတွက် မှော်ကျောက်တုံးအပိုင်းအစများစွာကို ဝယ်ယူခဲ့ပြီးဖြစ်သည်။ သို့သော် သူတို့ မှော်ကျောက်တုံး ဘယ်လောက်သုံးသုံး မှော်ပန်ကာက လုံးဝကိုမလည်တော့ပေ။
သူ့ရဲ့မြေးငယ်လေး၏မျက်နှာမှာ အပူကြောင့် နီမြန်းလာသည်ကိုကြည့်ရင်း အဖိုးကြီး ဖရေလီယာ သည်းမခံနိုင်တော့ပေ။ သူသည် မှော်ပန်ကာကို လက်တစ်ဖက်တွင်ကိုင်ပြီး ဘန်တာမြို့ထဲဝင်ရောက်လာသည်။
သူ့အား မှော်ပန်ကာရောင်းလိုက်သူက ထိုမှော်ပန်ကာကို ဘန်တာမြို့တော်က ဟိန့်ဇ်လို့အမည်ရသည့်ကုန်စုံဆိုင်မှ ဝယ်လာခဲ့တာဖြစ်ကြောင်းပြောခဲ့သည်။ အခုတော့ မှော်ပန်ကာက ပြဿနာတက်လာခဲ့ပြီး သူ့အနေဖြင့် ထိုကုန်သည်ကို ရှာမရနိုင်ဖြစ်နေခဲ့သည်။ ထို့ကြောင့် ဟိန့်ဇ် ကုန်စုံဆိုင်ကိုသာ တွေ့အောင်ရှာနေတော့သည်။
အဖိုးကြီးဖရေလီယာသည် ဘန်တာမြို့တော်ကို တစ်ခါတစ်ရံမှသာ လာလေ့ရှိသည်။ ဟိန့်ဇ် ကုန်စုံဆိုင်ကို ရှာမတွေ့ခင် သူသည် ဘန်တာမြို့တွင် အချိန်အတော်ကုန်သွားသည်။ သူ ဟိန့်ဇ်ကုန်စုံဆိုင်ကိုရောက်သည့်အချိန်မှာတော့ ကြောင်သွားလေသည်။
အကြောင်းကတော့ ကုန်စုံဆိုင်အပေါက်ဝတွင် လူအပြည့်ဖြစ်နေသောကြောင့်ဖြစ်သည်။ ကြည့်လိုက်မည်ဆိုလျှင် လူအယောက်တစ်ရာထက်မနည်းရှိနေခဲ့သည်။
အဖိုးကြီးဖရေလီယာကို ပိုပြီးသိချင်စိတ်ပြင်းပြစေသည်က သူတို့အားလုံး၏လက်ထဲတွင် မှော်ပန်ကာများကိုကိုင်ထားသောကြောင့်ဖြစ်သည်။
“ဟေ့ လူငယ်လေး ၊ ဘာတွေဖြစ်နေတာလဲကွ။ ဒီမှာ လူတွေဘာလို့အဲ့သလောက်တောင်များနေရတာလဲ။” ဖရေလီယာရဲ့သိချင်စိတ်ပြင်းပြလာပြီး လူငယ်လေးကို လူအုပ်ထဲကနေ ခေါ်ထုတ်မေးမြန်းလိုက်သည်။
လူငယ်လေးက ဖရေလီယာ ကိုကြည့်ပြီး သူ့လက်ထဲမှာမှော်ပန်ကာကို ကိုင်ထားသည်ကိုကြည့်ရင်း ချက်ခြင်းဆိုသလို နားလည်သဘောပေါက်ဟန်ပြလိုက်သည်။
“လူအိုကြီး ၊ အဖိုးရဲ့ မှော်ပန်ကာကလည်းပျက်နေတာမဟုတ်လား။”
“အင်း ဟုတ်တယ်လေ၊ အဲဒီတော့ အကုန်လုံးကငါ့လိုဖြစ်နေကြတာလား။”
“ဟုတ်တယ် ဒီသောက်အမြတ်ကြီးစားကောင်ကတော့” လူငယ်လေး မြေပြင်ပေါ်သို့ တံတွေးထွေးလိုက်သည် “ကျွန်တော်ဒီပန်ကာဝယ်ဖို့ နှလုံသားထဲကနေ ဆုံးဖြတ်ချက်ချခဲ့ရတာ။ ဒါပေမဲ့ တစ်ညလေးပဲသုံးရတယ်ရှိသေး ဒါက မလည်တော့ဘူး၊ ငါ့ကို တစ်ညလုံး ချွေးပြန်စေခဲ့တယ်၊ နောက်ပြီး ငါအိပ်လို့ လုံးဝကိုမရတော့ဘူး။”
လူငယ်လေးအသံက အရမ်းကိုကျယ်လောင်သွားခဲ့ပြီး ဘေးကလူတွေလည်း သူပြောသည်ကို ရှင်းလင်းစွာကြားလိုက်ရကာ သူတို့အားလုံးသဘောတူခဲ့ကြသည်။
“အဲ့ဒါတော့မှန်တယ်၊ ငါ့ရဲ့မှော်ပန်ကာလည်းအဲ့လိုမျိုးပဲ။ တစ်ညတည်းပဲသုံးရသေးတယ်၊ အဲ့ဒါက ဆက်မလည်တော့ဘူး။ မှော်ကျောက်တုံးကို ငါလဲလိုက်ပေမဲ့လည်း ဆက်ပြီးအလုပ်မလုပ်တော့ဘူး။”
“ငါ့ဟာကတော့ မင်းထက်နည်းနည်းလေးပိုကောင်းတယ်။ ဒါကို (၂) ရက်လောက်သုံးလိုက်ရပေမဲ့ နေ့ခင်းမှာ ထုတ်သုံးလိုက်ချိန်မှာတော့ ဒါက အလုပ်မလုပ်တော့ဘူး။”
“ကြည့်ရတာ ငါက ကံအဆိုးဆုံးထင်တယ်။ ငါဒါက အနည်းဆုံး (၂)နာရီ လောက်ပဲသုံးလိုက်ရတယ်၊ ပြီးတော့ ခံစားလို့ကောင်းတုန်းရှိသေးတယ်။ အဲ့ဒါက ရုတ်တရက်ရပ်သွားတာ။ သေစမ်းကွာ ငါဒါကို ရွှေဒင်္ဂါး (၃)ပြားတောင်ပေးခဲ့ရတာကွ။”
“အာ့ချ် မင်းက ရွှေဒင်္ဂါး (၃) ပြားပေးပြီးဝယ်ထားတာလား။ ဒါက ရွှေဒင်္ဂါး (၂)ပြားပဲရှိတာလေ။”
“(၂) ပြားတင်ပဲဟုတ်လား။ ဘာကြောင့်ဒီအမြတ်ကြီးစားတဲ့ကောင်က ငါ့ဆီကနေ (၃) ပြားလိုချင်တာလဲ။”
“မင်းအလိမ်ခံရတာ။”
သူ့ဘေးပတ်ပတ်လည်က လူတွေဆွေးနွေးပြောနေကြသည်ကို ကြားပြီး ဖရေလီယာ တစ်ယောက်နည်းနည်းလောက်စိတ်သက်သာရာရသွားခဲ့သည်။
အကယ်၍ သူ့မှော်ပန်ကာတစ်ခုတည်းသာ ပြဿနာဖြစ်နေခဲ့လျှင် ထိုအမြတ်ကြီးစားသူသည် လုံးဝဝန်ခံမှာမဟုတ်ဘဲ သူ့ပြဿနာကလည်း ဖြေရှင်းဖို့မလွယ်ကူပေ။
အခုချိန်မှာတော့ ထိုလူတွေအားလုံး ပြဿနာတက်နေကြတာဖြစ်ပြီး အကယ်၍ ထိုသောက်အမြတ်ကြီးစားကောင်က ဒါကို မဖြေရှင်းခဲလျှင် အဆိုပါလူအုပ်ကြီးကို ဒေါသူပုန်ထစေလိမ့်မည်။
သူတို့တွေးနေတုန်းမှာပဲ ဟိန့်ဇ်ကုန်စုံဆိုင်တံခါး ဖြည်းဖြည်းချင်းပွင့်လာသည်။
လူအားလုံးချက်ခြင်းဆိုသလို ရှေ့ထွက်လာကြသည်။
“ဟေ့ ငါ့ရဲ့မှော်ပန်ကာ ပျက်စီးသွားပြီ။ မင်းပြင်ပေးနိုင်မလား။”
“ငါ့ဟာလည်း ပျက်စီးနေပြီ။ နောက်တစ်လုံးနဲ့လဲပေးစေချင်တယ်။”
“ဟုတ်တယ်။ နောက်တစ်လုံးလဲပေး။”
“အမြတ်ကြီးစားကောင်။ အဖေက ရွှေဒင်္ဂါး(၂)ပြားလုံးကို သုံးပြီးဝယ်ခဲ့တာကွ၊ ပြီးတော့ အဲ့ဒါက တစ်ရက်တည်းနဲ့တင်ပျက်စီးသွားခဲ့ပြီ၊ သတိထားနေ အဖေက ဒီအတွက် မင်းကို တိုင်ကြားတော့မှာ။”
ကုန်စုံဆိုင်ဖွင့်သည့်အခါတွင် ဟိန့်ဇ်ကထူးဆန်းသည့်ပုံဖြင့် ထွက်လာခဲ့သည်။
စိတ်လှုပ်ရှားနေသည့်လူအုပ်ကြီးကို ကြည့်ရင်း ဟိန့်ဇ် အတော်ကို ထိတ်လန့်သွားခဲ့သည်။
“ဒါက ရှုယီက ဒီနေ့မှာ ဒီလိုဖြစ်လာမယ်လို့ သူဘယ်လိုသိနေခဲ့တာလဲ။”
မနေ့ညက သူ ရှုယီနှင့် ဆွေးနွေးခဲ့သည်များကို သူစိတ်ထဲတွင် တစ်ဖန်ပြန်ပေါ်လာခဲ့သည်။ ဟိန့်ဇ် အောက်ကိုရိုက်မချခင်မှာ သူ့လက်ကိုမြှောက်လိုက်ပြီး ကျယ်လောင်သောအသံဖြင့် “အား စိတ်အေးအေးထားကြပါ၊ အဲ့ဒါမှာ ပြဿနာရှိတယ်ဆိုရင် ဒါကို ဖြည်းဖြည်းချင်း ညှိနှိုင်းရကြအောင်။ ငါက ဒီ စတိုးဆိုင်ပိုင်ရှင် ဟိန့်ဇ် ပါ။ ငါ့ဆိုင်နဲ့ပြဿနာတစ်ခုခုရှိတယ်ဆိုရင် ငါအားလုံးရဲ့ပြဿနာကို သေချာပေါက်ဖြေရှင်းပေးပါမယ်။”
“မင်းပြောတာနော် ဖြေရှင်းပေးမယ်လို့၊ ကောင်းပြီ အဲ့တော့ ငါမင်းကိုပြောရဦးမယ်၊ ဒီမှော်ပန်ကာကို မင်းဆိုင်ကနေရဝယ်ခဲ့တာ၊ တစ်ရက်လောက်ပဲသုံးရသေးတယ် ပျက်သွားပြီ။ မင်းဘာလုပ်ပေးမှာလဲ။” လူကောင်ကြီးကြီးက အသံကျယ်ကျယ်ဖြင့်ပြောလိုက်သည်။
“မင်းဘာလုပ်ပေးနိုင်လဲ။ ငါတို့ကို အလျော်ပေး။ ရွှေဒင်္ဂါး (၂) ပြားတန်က ဘယ်လိုလုပ် လွယ်လွယ်ပျက်စီးရတာလဲ။” နောက်လူတစ်ယောက်က အော်ပြောလိုက်သည်။
“ဟုတ်တယ်၊ အလျော်ပေး။”
“တကယ်လို့ မင်း ငါတို့ကိုမလျော်ပေးနိုင်ရင်တောင်မှ ဒါကိုပြန်ပြင်ပေး။”
“အားလုံးပဲ စိတ်အေးအေးထားကြပါ။” ဟိန့်ဇ် နောက်တစ်ခါထပ်အော်လိုက်ပြီး အာလုံး၏အသံကို တိတ်စေလိုက်သည်။ ဘေးပတ်ပတ်လည်ကို ကြည့်ရင်း အသံအကျယ်ဆုံးလူအကြီးကြီးကို လက်ညှိုးထိုးလိုက်ပြီး “မင်းရဲ့ပန်ကာကို ကြည့်ပေးပါရစေ။” ဟုပြောလိုက်သည်။
လူကောင်အကြီးကြီးက မှော်ပန်ကာကို ဟိန့်ဇ်ဆီပေးလိုက်သည်။ လူအားလုံးက စောင့်ကြည့်နေကြသဖြင့် ဟိန့်ဇ်က သူ့ကိုလိမ်ညာမည်ကို လုံးဝစိတ်ပူပုံမရပေ။
ဟိန့်ဇ်က အချိန်ခဏလောက်ကြည့်ရှုပြီးချိန်မှာတော့ သူကခေါင်းကိုခါလိုက်ပြီး “ကျွန်တော်စိတ်မကောင်ပါဘူး၊ ဒီမှော်ပန်ကာကို ကျွန်တော်တို့ရောင်းခဲ့တာမဟုတ်ပါဘူး။ မင်းရဲ့ ပြဿနာကိုမဖြေရှင်းပေးနိုင်ဘူး။”
“ဟာ၊ ဒါက ဘယ်လိုဟာသမျိုးလဲကွ။” ဟိန့်ဇ်ကတကယ်ကြီးသူ့ကို ငြင်းလိုက်သည်ကို ကြည့်ရင်း လူကောင်ကြီးကြီးက ချက်ခြင်းကြီး ဒေါသူပုန်ထသွားခဲ့သည်။ “ငါအားလုံးကို မေးကြည့်ပြီးပြီ၊ ဘန်တာမြို့မှာ မင်းရဲ့ဆိုင်ကသာ မှော်ပန်ကာကိုရောင်းချတာ။ တကယ်လို့မင်းရောင်းခဲ့တာမဟုတ်ရင် ဒါက ကောင်းကင်ပေါ်ကကျလာတာလား။”
“မှန်တယ်၊ အခြားဘယ်စတိုးဆိုင်မှ မင်းတို့လိုရောင်းနိုင်တာမဟုတ်ဘူးကွ၊ ဒါကို မင်းကဝန်မခံရဲဘူးလား။”
“ဒီမျိုးမစစ်ကောင်က ငါတို့ကို လိမ်ညာနေတာ။”
“အမြတ်ကြီးစားကောင် သူ့ကိုသေတဲ့အထိရိုက်သတ်ကြ။”
လူအုပ်ကြီး အုံကြွလာသည်ကိုကြည့်ရင်း ဟိန့်ဇ်အနေဖြင့် အတော်လေး ကြောက်ရွံ့လာခဲ့သည်။ လေခပ်ပြင်းပြင်းရှုရှိုက်ပြီးနောက် သူကိုယ်သူတည်ငြိမ်အောင်လုပ်လိုက်ကာ အော်လိုက်သည် “ဒီမှော်ပန်ကာတွေကို ငါတို့တကယ်မရောင်းလိုက်ဘူးဆိုတာက အဲ့ဒါမှာ ငါတို့ရဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်ပါမလားဘူးကွ။”
***
မှော်စက်မှုအင်ပါယာ
အခန်း ၀၁၇ ။ အခမဲ့ပြင်ပေးခြင်း
ချက်ခြင်းဆိုသလိုပင် လူအားလုံး ငြိမ်ကျသွားခဲ့ပြီး တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ရင်း ဗလာကျင်းဖြစ်ကာ တုန်လှုပ်သွားကြသည်။
“ကုန်ပစ္စည်းအမှတ်တံဆိပ်တဲ့လား အဲ့တာကဘာကြီးလဲ။”
“အင်း ဟုတ်တယ်၊ အဲ့တာကဘာအရာကြီးလဲ။ မင်းတို့ရော အရင်ကအဲ့တာကြီးကိုကြားဖူးကြလား။”
“ဘယ်သူကြားဖူးလဲ......”
“သူက အဓိပ္ပါယ်မရှိတာတွေပြောပြီး ငါတို့ကို အရူးလုပ်ချင်နေတာလားမသိ၊ ဟုတ်တယ်မို့လား။”
ထိုအကြောင်းကို လူအားလုံး ဆွေးနွေးခဲ့ကြပြီး ခဏအကြာမှာတော့ လူကောင်အကြီးကြီးက သည်းမခံနိုင်တော့ဘဲ ဟိန့်ဇ်ကိုအော်လိုက်ကာ “ဟေ့ အမြတ်ကြီးစားကောင်၊ မင်းပြောလိုက်တဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်ဆိုတာကြီးကဘာလဲ။ ဘာကြောင့်မင်းရောင်းလိုက်တာမဟုတ်ဘူးလို့ ပြောနိုင်ရတာလဲ။ ဒီမှာကုန်ပစ္စည်းအမှတ်တံဆိပ်မပါတာကြောင့်လား။ ငါမင်းကိုပြောမယ်၊ တကယ်လို့ ငါတို့ကို လှည့်စားမယ်ဆိုရင် မင်းအတွက်အဆုံးသတ်လှမှာတော့မဟုတ်ဘူးနော်။”
ဟိန့်ဇ်ကရယ်လိုက်ပြီး သူ့ရဲ့လက်ကို ရမ်းလိုက်ကာ “မဟုတ်ဘူး..... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ငါ့နေရာက တရားဝင်ခွင့်ပြုမိန့်ရထားတဲ့စီးပွားရေးလုပ်ငန်းလေကွာ၊ ဘယ်လိုလုပ်လူတွေကို လှည့်စားနေရမှာလဲ။ အမှန်တကယ်တော့ အဲ့ဒါတွေက ငါတို့ရောင်းလိုက်တဲ့ပစ္စည်းတွေမဟုတ်ဘူး။ အဲ့ဒီတော့ ငါတို့နဲ့ဘယ်လိုလုပ်သက်ဆိုင်မှာလဲ၊ အားလုံးလာပြီး တစ်ချက်လောက်ကြည့်လိုက်ပါဦး။”
ဟိန့်ဇ်က အဲလက်စ် ပြင်ဆင်ထားပြီးသားဖြစ်သည့် မှော်ပန်ကာကိုယူလိုက်ပြီး အားလုံးမြင်နိုင်အောင် အပေါ်မြှောက်လိုက်သည်။ သူက မှော်ပန်ကာအောက်ခြေက ခလုတ်ပေါ်တွင်ရှိသည့် အမှတ်တံဆိပ်ကို လက်ညှိုးထိုးပြလိုက်သည်။
“အကုန်လုံးမြင်ကြတယ်မို့လား၊ အဲ့ဒီမှာ တောင်ပံတစ်ဝက်ပါတဲ့ဒီဇိုင်းလေ။ အဲ့တာက ငါတို့လုပ်ထားတဲ့မှော်ပန်ကာရဲ့ အမှတ်တံဆိပ်ပဲ။ အဲ့တာကို Frestech Brand လို့ခေါ်တယ်။ ဒီသင်္ကေတပါတဲ့ မှော်ပန်ကာသည်သာ ငါတို့ရောင်းလိုက်တဲ့ ကုန်ပစ္စည်းပဲ။ တကယ်လို့အဲ့ဒါလေးမပါရင်တော့ အဲ့ပစ္စည်းက အခြားတစ်ယောက်ယောက်ကရောင်းလိုက်တဲ့ အတုကြီးပဲနေမှာ။”
(ဘာသာပြန်ရဲ့မှတ်ချက် ။ Frestec က အပြင်လောကမှတကယ်ရှိသည့် ရေခဲသေတ္တာရောင်းချသည့် တရုတ်ကုမ္ပဏီတစ်ခုဖြစ်သည်။)
ထိုသို့ပြောလိုက်သဖြင့် လူအားလုံးက သူတို့လက်ထဲတွင်ကိုင်ထားသည့် မှော်ပန်ကာများကို မကြည့်ဘဲမနေနိုင်ဖြစ်သွားသည်။
“ဒီမှာ တကယ်မပါဘူးဟ။“
“ဟုတ်တယ် ငါ့ဟာမှာလည်းမပါဘူး။”
“ဒါတွေက အမှန်အတိုင်းပြောနေတာဟုတ်ရောဟုတ်ရဲ့လား။ ဒီမှော်ပန်ကာတွေက သူတို့ရောင်းလိုက်တာမဟုတ်ဘူးလား။”
“မဖြစ်နိုင်ဘူး။ ငါအကုန်လိုက်မေးပြီးသွားပြီ။ ဘန်တာမြို့မှာ ဒီတစ်နေရာတည်းကသာ မှော်ပန်ကာတွေရောင်းချနိုင်တာ။”
“အဲ့လိုတော့လည်းမဟုတ်ဘူး။ ငါ့ရဲ့မှော်ပန်ကာကို ဒီစတိုးဆိုင်ကနေဝယ်ခဲ့တာမဟုတ်ဘူး။ ငါ့ရွာကို ဒါကိုရောင်းဖို့ အပြေးရောက်လာတဲ့ လူကြီးတစ်ယောက်ဆီကနေဝယ်ခဲ့တာ။ ငါကြားခဲ့တာက သူတို့က ဒီပစ္စည်းတွေပြန်လည်ရောင်းချဖို့ ငါတို့ရွာကို အထူးတလည် လာရောက်ခဲ့တယ်လို့ပြောကြတာပဲ။”
“အိုး… ငါအဖြစ်လည်း အဲ့လိုတစ်ပုံစံတည်းပဲ။ မင်ကိုမှော်ပန်ကာရောင်းလိုက်တဲ့ လူကြီးပုံစံကဘယ်လိုပုံမျိုးလဲ။”
“ငါစဉ်းစားလိုက်ဦးမယ်… အဲ့ဒီသူက သိပ်အသက်မကြီးသေးဘူး။ ဒါပေမဲ့ သူ့အသားအရည်ကအရမ်းကိုမည်းနက်နေတာပဲ။ ဟုတ်သား သူ့နှာခေါင်းက သိသိသာသာကြီးကိုကြီးနေတာ။”
“အိုး အဲ့ဒါတော့ မတူတော့ဘူး။ ငါတို့ရွာကို မှော်ပန်ကာလာရောင်းတဲ့သူကတော့ အသက်ခပ်လတ်ပိုင်းအရွယ်အမျိုးသားပဲ။”
လူအုပ်ကြီးဆွေးနွေးနေကြသည်ကို ကြားမိရင်း ဟိန့်ဇ်က ခေါင်းအနည်းငယ်ငြိမ့်လိုက်သည်။ ကြည့်ရသည်မှာ မှော်ပန်ကာအတုထုတ်လုပ်ရောင်းချသူများသည် အဖွဲ့လိုက်လုပ်နေသည်ဟုထင်ရသည်။ သူတို့က မှော်ပန်ကာ အတုပြုလုပ်ပြီးချိန်တွင် လူစုခွဲကာ ရွာအသီးသီးကို လိုက်လံရောင်းချခဲ့ဟန်တူသည်။
အဆိုပါအကြောင်းကို အားလုံးဆွေးနွေးပြီးနောက် သူတို့အားလုံးအတူတူ စိတ်သောကရသွားကြသည်။
“ဟေ့ ဒီက မိတ်ဆွေကြီး ပြောတဲ့ပုံအရ ဒီမှော်ပန်ကာကို သူတို့က ရောင်းခဲ့မဟုတ်ဘူးဆိုတော့ အခုငါတို့ဘာဆက်လုပ်ကြမလဲ။ ဒီမှော်ပန်ကာကို ဝယ်ဖို့ ငါရွှေဒင်္ဂါး (၂)ပြားကုန်ခဲ့ရတယ်။ အခုတော့ ပျက်သွားပြီ၊ အဲ့တော့ ငါတို့ ဘယ်သူ့ကို တာဝန်ယူခိုင်းရမလဲ။”
“ဟုတ်တယ်။ ငါ ရွှေဒင်္ဂါး (၂)ပြားကို အလဟဿဖြုန်းလိုက်မိပြီ မဟုတ်လား။”
“အိုက်… ငါ့အမှားပဲ အပျင်းကြီးပြီး အသုံးမကျလို့ဖြစ်ရတာ။ ငါဘေးပတ်ဝန်းကျင်ကို အရင်မေးထားပြီးပြီ၊ ဒီစတိုးဆိုင်ကနေ မှော်ပန်ကာတစ်ခုအတွက် ရွှေဒင်္ဂါး (၂) ပြားကုန်ကျတာကို။ အဲ့ဒီအကြောင်းပြန်စဉ်းစားလိုက်ရင် ဒီလူကြီးတွေက မှော်ပန်ကာတွေကို တစ်ဆင့်ပြန်ရောင်းကြတဲ့သူတွေလေ။ ဘယ်လိုလုပ် ရွှေဒင်္ဂါး (၂) ပြားလောက်ပဲ ပြန်ရောင်းပါ့မလဲ။ သူတို့မှာ ခရီးစားရိတ်ရှိသေးတယ်၊ သူတို့အတွက် ရောင်းရငွေဘယ်ကျန်ပါ့မလဲ။”
“အင်း အဲ့တာမှန်တယ်။”
“အခြေအနေကတော့မကောင်းတော့ဘူး။ မင်းပြောပုံအရဆိုရင် ငါတို့အလိမ်ခံလိုက်ရတာလား။ ငါတို့ အဲ့ဒီရွှေဒင်္ဂါး(၂)ပြား ပလုံသွားပြီပေါ့။”
“တစ်နည်းပြောရရင် ပြဿနာဖြစ်စေတဲ့ ဘောစိကောင်ကို ငါတို့ဆက်ရှာကြမလား။ ငါတို့ မှော်ပန်ကာက သူပြောတဲ့ တံဆိပ်မဟုတ်ဘူး၊ အဲ့သဘောက သူရောင်းလိုက်တာမဟုတ်ဘူး။”
“ဒါပေမဲ့....”
အားလုံးစိုးရိမ်နေကြသည်ကိုကြည့်ရင်း ဟိန့်ဇ်ကထိုအခွင့်အရေးကို အမိအရဖမ်းလိုက်ပြီး “အားလုံး ကျေးဇူးပြုပြီး စိတ်အေးအေးထားကြပါ။ ကျွန်တော် ကြေညာစရာတစ်ခုကျန်ပါသေးတယ်။” ဟုအော်ပြောလိုက်သည်။
အကုန်လုံး စကားပြောနေရာကနေ ရပ်လိုက်ပြီး သူဘာပြောမလဲဆိုတာကို နားထောင်လိုက်ကြသည်။
“ဒီလူတွေအားလုံးက ရိုက်စားကောင်တွေဆီက အလိမ်ခံလိုက်ရတယ်ဆိုတာ ကျွန်တော်သိပါတယ်။ နောက်ပြီး အားလုံးတွေးနေတာကို နားလည်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်အခုချိန်မှာ ကိစ္စတစ်ခုခုကို ရှင်းရှင်းလင်းဖြစ်အောင်လုပ်ပါ့မယ်။ ဒီ Frestech မှော်ပန်ကာတွေက လက်ရှိချိန်မှာ ကျွန်တော့်ရဲ့ဆိုင်မှာသာ ရောင်းချနေတာပါ၊ အခြားနေရာကနေရောင်းခဲ့သမျှတွေအားလုံးက အတုတွေချည်းပါပဲ။ အားလုံး ဂရုတစိုက်နဲ့နားထောင်ကြဖို့ ကျွန်တော်ပြောချင်ပါတယ်။”
“….အခုချိန်မှာပြောလို့ဘာထူးမှာလဲ။ ငါတို့အားလုံးအလိမ်ခံလိုက်ရပြီ။”
“ဟုတ်တယ်ဟေ့၊ ဒါစကားသက်သက်ပဲ။ အဲ့ဒီ လူကြီးက ငါတို့ရွှေဒင်္ဂါးတွေကို ပြန်လျော်ပေးမှာမဟုတ်ဘူးဟ။”
“ဟင်.... ဒီလူကြီးကလည်း နောက်ဆုံးကျတော့ အမြတ်ကြီးစားသူကြီးပါပဲကွာ၊ စေတနာနည်းနည်းလေးများကောင်းမပေးနိုင်ဘူးလား။”
ဟိန့်ဇ်က ခပ်ရေးရေးပြုံးလိုက်ပြီး သူက ကျယ်လောင်သောအသံဖြင့် စကားဆက်ပြောလိုက်သည် “ဒါပေမဲ့ နောက်ဆုံးကျ မှော်ပန်ကာနှင့်ဆိုင်တဲ့ကိစ္စဖြစ်တာမဟုတ်လား။ ငါတို့ရဲ့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဠက ပြောခဲ့တာက ဒီအချိန်မှာ အားလုံးက ဆုံးရှုံးမှုတွေ ဒုက္ခတွေနဲ့ကြုံနေရပြီး ငါတို့က အားလုံးကို အလျော်မပေးနိုင်ပေမဲ့ အနည်းဆုံးတော့ အားလုံးရဲ့ ပြဿနာအချို့ကိုတော့ ကူညီနိုင်ပါသေးတယ်။ အမှတ်တံဆိပ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ပျက်စီးနေပြီဆိုရင် အဲ့တာတွေကို အလကားပြင်ပေးမယ်။ သေချာနားထောင်ပါ ပစ္စည်းတစ်ခုခုအစားထိုးတာမျိုးမရှိသရွှေ့တော့ အလကားပြင်ပေးပါ့မယ်။”
ဟိန့်ဇ်က ကြေညာပြီးအချိန်မှာပင် အားလုံးကြည်နူးပျော်ရွှင်သွားကြသည်။
“တကယ်ကြီး မင်းအမှန်ပြောနေတာလား။”
“အလကားတဲ့လား၊ သူတကယ်ကြီးပြောတာဟ အလကားပြင်ပေးမယ်တဲ့ဟေ့။”
“မဖြစ်နိုင်ဘူးမို့လား၊ သူပြောခဲ့တယ်လေ ငါတို့ပန်ကာတွေကို ဒီကနေရောင်းလိုက်တာမဟုတ်ဘူးလို့။ ဘာကြောင့်သူက အလကားပြင်ပေးမှာလဲ။”
“မင်းရူးများရူးနေတာလား၊ သူဘာပြောခဲ့တယ်ဆိုတာမင်းမကြားဘူးလား။ သူတို့ရဲ့ ဥက္ကဌက ငါတို့ရဲ့ပြဿနာတွေကို ကူညီပေးမယ်ဆိုတာလေ။”
“ဝါး… အဲ့ဒီ ဥက္ကဌက တစ်ကယ်ကိုလူကောင်းတစ်ယောက်ဖြစ်မယ်။ ဟုတ်တယ် မင်းကုမ္ပဏီနာမည်ကဘယ်လိုခေါ်လဲ။ အဲ့တာက Frestech ကုန်သည်ကြီးများအသင်းဟုတ်လား။”
“ဟုတ်တယ် Frestech ကုန်သည်ကြီးများအသင်းတဲ့။ ဒီစတိုးဆိုင်ပိုင်ရှင် ပြောခဲ့တာက မှော်ပန်ကာတွေမှာပါတဲ့ Frestech တံဆိပ်တဲ့၊ အဲ့တာကိုကြည့်ရတာ နာမည်က ကုမ္ပဏီနာမည်ကို အစွဲပြုခေါ်လိုက်တာနေမယ်။”
“ဟုတ်ပြီလေ ငါအဲ့တာကို သတိရသွားပြီ။ Frestech ၊ Frestech နောက်တစ်ခါ မှော်ပန်ကာဝယ်ရင် အဲ့တာကို အရင်ရှာပြီးဝယ်ရမယ်။ အခြား ထုတ်ကုန်အတုကို မြေမြုပ်ပစ်လိုက်တော့မယ်။”
“အင်း ငါရောပဲ၊ ငါ့မှော်ပန်ကာကို ပြင်ပေးနေသရွေ့ မှော်ပန်ကာတွေတင်မဟုတ်ဘူး အခြားပစ္စည်းတွေဝယ်ရင်တောင်မှ ငါကတော့ Frestech ကုန်သည်ကြီးများအသင်းကနေရောင်းချတာပဲ ဝယ်ယူအားပေးမှာ။”
အားလုံးက “Frestech” အကြောင်းပြောဆိုနေသည်ကို နားထောင်းရင်း ဟိန့်ဇ် ၏စိတ်ခံစားချက်များ ထူးဆန်းလာလေသည်။
“ဒါက ရှုယီပြောတဲ့ တံဆိပ်အသိအမှတ်ပြုခံရခြင်းဆိုတာလား။”
အဆိုပါစကားလုံးတွေကို သူနားမလည်ခဲ့သော်လည်း လူတွေ၏တုံ့ပြန်မှုကိုအခြေခံပြီး သူနှင့် ရှုယီ အခုချိန်မှာ ဆုံးရှုံးမှုကြီးကြီးမားမားမရှိဘဲ လက်ရှိချိန်မှာမဖြစ်လာသေးသည့် အကျိုးအမြတ်များကိုပါ သူတို့ရလိုက်သေးသည်။
“တံဆိပ်တစ်ခုကို စီမံရတာ အရမ်းကိုခက်ခဲပြီး ရေရှည် ထိန်းသိမ်းထားဖို့လိုအပ်တယ်။ တကယ်လို့ ငါတို့နည်းနည်းလေးပေါ့ဆလိုက်တာနဲ့ အချိန်မရွေးပျက်စီးသွားနိုင်တယ်။ ဒါကြောင့် ဟိန့်ဇ် နောက်ကျရင် မင်းသတိရနေရမှာက ဘယ်လိုအရေးပဲဖြစ်ဖြစ် အခွင့်ရေးတစ်ခုလောက်ရှိနေသရွေ့ ငါတို့က အဲ့ဒါကိုအသုံးချပြီး ငါတို့ တံဆိပ်ကို ကြေငြာရမယ်။” မှော်ပန်ကာတစ်လုံးကိုပြင်ပြီးနောက် ရှုယီက ဟိန့်ဇ်ဘက်သို့လှည့်ပြီး စကားပြောလိုက်သည်။
“အင်း ငါသိပါပြီ။” ဟိန့်ဇ်က ခေါင်းငြိမ့်ပြီးပြန်ပြောလိုက်သည်။
အပြုံးပန်းတွေဝေနေပြီး မှော်ပန်ကာပြင်ပေးသည့်အတွက် ကျေးဇူးတင်စကားတွေရွှန်းရွှန်းဝေအောင်ပြောနေသည့် လူတွေကိုကြည့်ရင်း ဟိန့်ဇ်၏နှလုံးသားမှာ တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားခဲ့သည်။
ထိုကိစ္စပြီးနောက် ထိုလူတွေသည် ‘Frestech Brand’ အပေါ် အတော်လေးကို နက်နက်ရှိုင်းရှိုင်းအထင်ကြီး သွားကြသည်။ ဆိုလိုသည်မှာ သူတို့၏နှလုံးသားထဲတွင် တံဆိပ်အပေါ် စိတ်ဝင်စားမှု ရှိသွားခဲ့ပြီဖြစ်သည်။
အတွေးတွေထဲနစ်နေသည့် ဟိန့်ဇ်ကိုကြည့်ရင်း ရှုယီကပြန်လှည့်လိုက်ပြီး ပြုံးလိုက်သည်။ သူအကြောဆန့်လိုက်ပြီးနောက် သူ့ရှေ့မှာစောင့်နေသည့် လူအားခေါင်းငြိမ့်ပြကာ “ကောင်းပါပြီး မင်းရဲ့ မှော်ပန်ကာယူလိုက်ပါဦး။”
အဖိုးကြီးဖရေလီယာက သူယူလာသည့် မှော်ပန်ကာကို ရှုယီ ရှေ့က စားပွဲပေါ်သို့ ဂရုတစိုက်တင်ထားလိုက်သည်။ ထိုင်ပြီးသည့်နောက် သူက ရှုယီ မှော်ပန်ကာပြင်ပေးနေသည်ကိုမကြည့်ဘဲ ရှုယီကို သိချင်စိတ်ပြင်းပြနေသည့်အကြည့်နှင့် ကြည့်နေသည်။
အဖိုးကြီးဖရေလီယာ ငေးကြည့်နေသည်ကို ခံစားသိရှိမိပြီး ရှုယီ အတော်ကိုကသိကအောက်ဖြစ်သွားသည်။ သူက မှော်ပန်ကာအပေါ်ကနေကြည့်ရင်း အပြုံးဖြင့် “အဘိုးအိုကြီး ဘာကြောင့်ကျွန်တော်ကိုကြည့်နေရတာလဲ။ ကျွန်တော့်မျက်နှာပေါ်မှာ တစ်ခုခုပေနေလို့လား။”
“အာ့.. အာ့ ဘာမှမဟုတ်ပါဘူး။” အဖိုးကြီးဖရေလီယာက လက်ကိုအမြန်ယမ်းလိုက်ပြီး ရယ်မောကာ “ငါအတော်လေးစိတ်ဝင်စားမိလို့ပါ။ ဟေ့ ကောင်လေး ငါ့ကိုပြောပါဦး မင်းတို့ရဲ့ သူဌေးဘယ်လိုတွေများတွေးနေတာလဲကွ။” ဟုပြောလိုက်သည်။
“ဘာကိုဆိုလိုချင်တာလဲမသိ။“ ရှုယီက အံ့ဩသည့်လေသံဖြင့် ပြန်မေးလိုက်သည်။
“ငါပြောချင်တာကွာ ဒီလူတွေ လိမ်ရောင်းခံရတဲ့မှော်ပန်ကာတွေက မင်းတို့နဲ့မဆိုင်ဘူးဆိုတာ ရှင်းနေတာပဲကို၊ အဲ့ဒီတော့ မင်းတို့သူဌေးက ဘာကြောင့် ဒါတွေကို အလကားပြင်ပေးရတာလဲ။”
“အို.. အဖိုးက အဲ့ဒီအကြောင်းပြောနေတာကို။ အဲ့တာက ရှင်းရှင်းလေးပါ၊ ကျွန်တော်တို့ရဲ့ ဥက္ကဌပြောခဲ့တာက ကုမ္ပဏီတစ်ခုက ငွေပဲရှာနေလို့မရဘူး၊ သူတို့က လူမှုရေးတာဝန်ယူမှု တာဝန်ခံအပြည့်ရှိရမယ်။ ဒီမှော်ပန်ကာအတုတွေကို လိမ်ခံရပြီး ဝယ်မိသွားတာက အဖို့တို့ကိစ္စဆိုပေမဲ့လည်း ကျွန်တော်တို့က ကြိုတင်ပြီး အသိမပေးခဲ့ရဘူးလေ။ ဒါကြောင့် အဲ့ဒီသဘောက ကျွန်တော်တို့မှာလည်း တာဝန်နည်းနည်းရှိနေတယ်။ ဒီအလကားပြင်ပေးတာတွေကို ကျွန်တော်တို့ပြန်လျော်ပေးတယ်လို့မှတ်ယူလိုက်ပါ။”
အဖိုးကြီးဖရေလီယာကမျက်မှောင်ကြုတ်လိုက်ပြီး ခဏအကြာ စဉ်းစားနေလိုက်ကာ သူ့ရဲခေါင်းကို ရမ်းလိုက်သည် “ငါနားမလည်သေးဘူး။ တကယ်လို့မင်းတို့က ဒီမှော်ပန်ကာတွေရောင်းချခဲ့တာ မဟုတ်ဘူးဆိုရင် အဆင်ပြေနေပြီလေ။ ငါတို့က မင်းတို့ကို ပြဿနာရှာချင်တယ်ဆိုရင်တောင်ရှာလို့မရဘူး။”
“ဟီ ဟီ ကျွန်တော်ပြောပြီးသားလေ၊ ဒါက ကျွန်တော်တို့ရဲ့ လူမူရေးအရတာဝန်ခံမှုပါဆို။”
“ဘာလဲဟ လူမူရေးအရတာဝန်ခံမှုဆိုတာ၊ ငါနားကိုမလည်တော့ဘူး။” အဖိုးကြီး ဖရေလီယာက လက်ကိုရမ်းလိုက်သည်။
ရှုယီကရယ်လိုက်ပြီး “အဖိုးက အသက်ကြီးနေပါပြီ၊ နားလည်ထားဖို့မလိုပါဘူး။ အဖိုးသိထားဖို့က ဒါကဒီလိုမျိုးဖြစ်လာတယ်ဆိုတာပဲ။” ထိုသို့ပြောပြီးနောက် သူလက်ထဲကမှော်ပန်ကာကို အဖိုးကြီး ဖရေလီယာ ဆီသို့ပေးလိုက်သည် “ဒီမှာပြင်ပြီးသွားပြီ အဘကြည့်လိုက်ပါဦး။”
“အာ ကောင်းသွားပြီလား။” အဖိုးကြီးဖရေလီယာက မှော်ပန်ကာကိုယူလိုက်ပြီး ငေးမောသွားသည်။ ခလုတ်ကိုမနှိပ်ခင်မှာ သူက အကုန်ခြုံကြည့်လိုက်သည်။
စက္ကန့်အနည်းငယ်အကြာမှာတော့ ပန်ကာဒလက်တွေက စတင်လည်လာပြီး ခဏအကြာမှာ အေးမြသည့်လေပြည်လေးများထွက်လာခဲ့သည်။
အဖိုးကြီးဖရေလီယာက ချက်ခြင်းဆိုသလို ပြုံးပန်းဝေသွားပြီး “ဒါကအရမ်းကိုကောင်းတာပဲ။ အရမ်းကိုကောင်းတယ်ဟ ဒီပန်ကာကသုံးလို့ရပြီဆိုတော့ ငါ့ရဲ့မြေးငယ်လေး ဘာဒုက္ခမှမရောက်တော့ဘူး။ ကျေးဇူးပါ လူလေးရယ်။”
“မလိုပါဘူးဗျာ ကျွန်တော်လုပ်သင့်တာကိုလုပ်ခဲ့တာပဲ။” ရှုယီကပြုံးလိုက်ပြီး သူက ရိုသေသောအသံဖြင့် ထပ်မပြောခင်မှာ “ကောင်းပါပြီဗျာ၊ မှော်ပန်ကာအတွင်းထဲက မှော်အစီအရင်နဲ့ မှော်ပန်ကာကိုယ်ထည်မှာ ပြဿနာတွေရှိနေတာကြောင့် ဒါကို ကြာကြာသုံးလို့မရဘူး။ အဖိုးအနေနဲ့ အချိန်တစ်ခုလောက်တော့ အနားပေးဖို့လိုတယ်၊ ဒါမှမဟုတ်ရင် မကောင်းတာတစ်ခုခုဖြစ်လိမ့်မယ်။ ကျွန်တော့်ရဲ့ခန့်မှန်းချက်အရ အဘအနေနဲ့ ဒါကိုအနားမပေးဘဲ (၂)နာရီထက်ကျော်ပြီး သုံးလို့ရဘူး။”
“ငါ ဒါကိုသုံးလို့မရနိုင်တော့ဘူးပေါ့။” အဖိုးကြီး ဖရေလီယာ ၏ပျော်နေတာလေးတွေ ချက်ခြင်းကြီး တိမ်မြှုပ်သွားကာ “ဒါက ဘယ်လိုသုံးစားမရတာလဲကွ။ ငါဒီအတွက်ရွှေဒင်္ဂါး (၂)ပြားတောင်ကုန်ထားရတာ။”
ခဏလောက် ငြီးတွားပြီးနောက် အဖိုးကြီး ဖရေလီယာက ရှုယီကို “အဲ့ဒီတော့ မင်းတို့ရောင်းတဲ့ Frestech မှော်ပန်ကာဆိုတာကရော ဘယ်လိုလဲ။ ဒီပစ္စည်းလိုမျိုး နားနာပြီးသုံးရတာပဲလား။” ဟုမေးလိုက်သည်။
“ဘယ်ဟုတ်ပါ့မလဲ။” ရှုယီက ခေါင်းကိုခါလိုက်ပြီး ပြုံးလိုက်ကာ “ကျွန်တော်တို့ရဲ့ မှော်ပန်ကာကအရည်အသွေးနဲ့ပတ်သက်ပြီး လုံးဝကို ပြဿနာမရှိပါဘူး၊ အဲ့ဒါက (၃) ရက်ဆက်တိုက် ဘာပြဿနာမှမရှိ ဆက်တိုက်အသုံးပြုလို့ရတယ်။ ဘန်တာတစ်မြို့လုံးကို ပတ်ပြီး မေးကြည့်နိုင်ပါတယ် အဘ၊ ကျွန်တော်တို့ Frestech မှော်ပန်ကာကို ဝယ်ယူအသုံးပြုသူတိုင်း တစ်ယောက်မှပြဿနာဖြစ်တာမရှိပါဘူး။ အမှန်တကယ်တော့ အဖိုးပန်ကာက အချိန်ကြာကြာလည်လို့မရနိုင်ဘူး။ တစ်နည်းပြောရရင် အဲ့ဒါကဘာကြောင့်ပဲဖြစ်ဖြစ် ကြာကြာကိုအသုံးပြုလို့မရတာ။”
“ငါဒါကိုနားလည်ပါပြီ။ ဒါပေမဲ့ ဒါက အပျက်ကြီးထက်ပိုပြီးတော့တောင်ကောင်းနေပါ့လား။” အဖိုးကြီး ဖရေလီယာကသူ့ခေါင်းကို စိတ်ပျက်စွာရိုက်လိုက်ပြီး “တကယ်လို့ ငါစောစောကသာသိခဲ့ရင် အပြင်လူဆီကနေ အကျိုးအကြောင်းသေချာမသိဘဲ ဝယ်ခဲ့မိမှာမဟုတ်ဘူး။ ငါ မြို့ကိုတက်လာပြီး ဒီမှာပဲ ဝယ်ခဲ့သင့်တာ။”
ရှုယီကရယ်လိုက်ပြီး “ဒီအကြောင်းကိုသိရတာ နောက်မကျသေးပါဘူးဗျာ၊ အဖိုးနောက်ကျရင်သာ ကျွန်တော်တို့ တံဆိပ်ကို မှတ်မိနေဖို့ပဲလိုပါတယ်။”
အဖိုးကြီးဖရေလီယာက ခေါင်းကိုသေချာငြိမ့်ပြလိုက်ကာ “Frestech Brand ဟုတ်တယ်မို့လား။ ငါအမှတ်ရနေပါမယ်။”
***
မှော်စက်မှုအင်ပါယာ
အခန်း ၀၁၈ ။ မူလီရရှိ
အလိမ်ခံရသည့် နောက်ဆုံးကျန်သူကို ပြန်လွှတ်ပြီးနောက် ရှုယီသည် သက်ပြင်းအရှည်ကြီးချလိုက်ပြီး အကျောဆန့်လိုက်သည်။
“ဟူး…. နောက်ဆုံးတော့ပြီးသွားခဲ့ပြီ။ အရမ်းကိုပင်ပန်းတာပဲကွာ။”
ဟိန့်ဇ်က သူ့ဆီကို အချိန်ကိုက်ရောက်လာကာ ရှုယီအတွက် လက်ဖက်ရည်နွေးနွေးလေးပေးလိုက်သည်။ သူက ပြုံပြီး “ဒီနေ့မှာဒီလိုဖြစ်လာမှာကို မင်းကြိုတင်သိနေတာကို ဘာလို့ကျောင်းသားတွေကို ခေါ်မခိုင်းတာလဲ။ တကယ်လို့သူတို့ တစ်ယောက်ချင်းစီသာ အားကိုးလိုက်ရင် မင်းပင်ပန်းတော့မှာမဟုတ်ဘူး။”
ရှုယီကခေါင်းကိုရမ်းလိုက်ပြီး “အဲ့လိုလုပ်လို့မဖြစ်ဘူး၊ ကျောင်းမှာလေ့လာရတာတွေက သူတို့အတွက်အရေးကြီးတယ်။ ငါ့ကြောင့် သူတို့နောက်ကျကျန်ခဲ့လို့မဖြစ်ဘူး။ နောက်ထပ်ပြောရရင် သူတို့ရဲ့ အတန်းချိန်ကို ထိခိုက်မှုမရှိစေရဆိုပြီး စာချုပ်ထဲမှာ ပါပြီးသားလေ။ သူတို့က မှော်ပန်ကာထုတ်လုပ်တဲ့နေရာနဲ့သာ သက်ဆိုင်တယ်၊ အဲ့ဒီတော့ တကယ်လို့သူတို့ပင်ပန်းသွားခဲ့ရင် အခြေအနေမကောင်းတော့ဘဲ ငါတို့ရဲ့ထုတ်လုပ်ရေးမှာ ထိခိုက်မှုတွေရှိလာနိုင်တယ်။”
ဟိန့်ဇ်က ရှုယီကိုမျက်လုံးပင့်ကြည့်လိုက်ပြီး “မင်းလည်း ပင်ပန်းနေလို့မရဘူးလေကွာ။”
“ဟိန့်ဇ်ရာ အရင်ကနဲ့ယှဉ်ရင် ပြောလောက်အောင်ကြီးလဲမဟုတ်ပါဘူးကွာ။“ ရှုယီ ရုတ်တရက် စကားစဖြတ်လိုက်သည်။
သူပြောချင်သည်က သုတေသနစင်တာတွင် သူလုပ်ခဲ့တုန်းက (၄) နာရီလောက်သာအိပ်ပြီး (၃) ရက်ဆက်တိုက်အလုပ်လုပ်ခဲ့ရသည်ကိုပင်။ ယခုနှင့်ယှဉ်လိုက်လျှင် ဘာမှကိုမပြောပလောက်ပေ။
သို့သော် သူမပြောခင် အမူအရာပျက်နေသည်။ သူက ထိုလောကနှင့် ဘယ်တော့မှသက်ဆိုင်တော့မည်မဟုတ်၊ သူ့အနေဖြင့် ကြမ်းတမ်းသည့်သုတေသနလုပ်ရာနေရာသို့ ပြန်သွားတော့မည်မဟုတ်ပေ။
ထိုအကြောင်းတွေကို စဉ်းစားရင်း ရှုယီ ထိန်းမရတော့ဘဲ သူ့နှလုံးသားထဲတွင် ဝမ်းနည်းစပြုလာသည်။
ရှုယီ ရုတ်တရက်ငြိမ်ကျသွားပြီး ငေးငိုင်သွားသည်ကိုကြည့်ရင်း ဟိန့်ဇ် အတော်ကိုခေါင်းရှုပ်သွားသည်။ မေးလို့မကောင်းသည့်အခြေအနေဆိုတာကို သူသိသဖြင့် တိတ်တိတ်လေးသာနေလိုက်တော့သည်။
ထိုအခန်းထဲတွင် ပစ္စည်းတွေနေရာချနေသည့် အဲလက်စ် အသံသာကြားရတော့သည်။
ခဏအကြာမှာတော့ ရှုယီကခေါင်းခါလိုက်ပြီး ဟိန့်ဇ်ကိုပြုံးပြုံးကြီးကြည့်လိုက်သည်။
“တောင်းပန်ပါတယ် ငါစိတ်ရှုပ်သွားတယ်။ ကောင်းပြီလေ အခု ငါတို့ ဘာကိုပြောနေကြတာလဲ။”
“မင်းပြောခဲ့တာက မင်းအနေနဲ့ ဒီကျောင်းသားတွေကို မပင်ပန်းစေချင်ဘူးဆိုတာရယ်နဲ့ ထုတ်လုပ်ရေးကိုထိခိုက်နိုင်တဲ့အကြောင်း။“
“အိုး ဟုတ်ပြီလေ ဒီအကြောင်းတွေကပြောရရင် ဟိန့်ဇ် မင်းအချိန်ရရင် ဘာရွန်ရစ်တို မှော်အကယ်ဒမီကျောင်းကိုသွားပြီး နောက်ထပ်ကျောင်းသားတွေ ကြိုးစားပြီးရှာပေးပါ့လား။ ငါတို့ ခန့်ထားပြီးသားကျောင်းသားတွေ အဆင်ပြေကြောင်းပြောပြီး နောက်ထပ်ကျောင်းသားတွေရှာလို့ရနိုင်တယ်၊ အဲ့ဒါက ပိုပြီးတော့တောင် အလုပ်ဖြစ်ဦးမှာ။ ဒုတိယမျိုးဆက်မှော်ပန်ကာအကြောင်း သုတေသနလေ့လာနေတာ ငါပြီးခါနီးနေပြီ။ ဒါကြောင့် လအကုန်မှာ စတင်ထုတ်လုပ်နိုင်အောင် ငါတို့ကြိုးစားရမယ်။ အဲ့ဒီချိန်မှာ ငါတို့ လူအင်အားများများလိုအပ်တယ်။”
“အင်း ငါသိပါပြီ။” ဟိန့်ဇ်က ထုံးစံအတိုင်း ရှုယီ ပြောသည်များကို သူနှင့်အတူဆောင်ထားသည့် စာအုပ်လေးပေါ်တွင် ချရေးလိုက်သည်။
သူ့ရဲ့ လုပ်ကိုင်နေမှုကိုကြည့်ရင်း ရှုယီ မတတ်နိုင်တော့ဘဲ ပြုံးလိုက်မိသည်။ အကြောင်းမှာ ဟိန့်ဇ်၏အပြုအမူများသည် အတွေ့အကြုံရှိအတွင်းရေးမှူးတစ်ယောက်နဲ့တူနေသောကြောင့်ဖြစ်သည်။
ရှုယီ အပြုံးကို ဟိန့်ဇ် အတော်ခေါင်းရှုပ်သွားခဲ့သည်။ သို့သော် သူက စာအုပ်ကိုဖွင့်လိုက်ပြီး တစ်ခုခုကို သတိရသွားသည်။
“ကောင်းပါပြီ ရှုယီ ငါပတ်ဝန်းကျင်ကိုမေးပြီးသွားပြီ၊ မင်းပြောတဲ့ သတင်းစာလိုမျိုးကို ဘန်တာမြို့မှာ တူတာကိုမရှိသေးဘူး။ အနီးစပ်ဆုံးတူတာက မြို့တော်ဝန်သခင်ကြီးရဲ့ တစ်ခါက တင်ပြချက်တစ်ခုပဲရှိသေးတယ်။ ဒါပေမဲ့ အဲ့တာကလည်း မြင့်မြတ်တဲ့မိသားစုတွေရဲ့ သခင်ကြီးတွေပဲသိခွင့်ရတာ သာမန်ပြည်သူတွေ ကြည့်လို့မရဘူး။”
“အဲ့လိုမျိုးက... အဲ့တာကိုမေ့ထားလိုက်ပါ။ ငါနောက်တစ်နည်းကြောငြာလို့ရမဲ့ နည်းလမ်းစဉ်းစားလိုက်ဦးမယ်။” ရှုယီကလက်ကိုရမ်းပြပြီး လက်ရှိအနေအထားကိုမေ့လိုက်ဖို့ ပြောလိုက်သည် “လူအင်အားအကြောင်းပြောရရင်၊ ဟိန့်ဇ် ငါတို့ ပန်းပဲပညာရှင် အဖွဲ့လိုက်ငှားရမ်းမှဖြစ်မယ်။”
“အာ” ဟိန့်ဇ်သည် ရှုယီ၏ရုတ်တရက်အတွေးကြောင့် တွေဝေသွားခဲ့သည် “ပန်းပဲပညာရှင်တွေငှားရမယ်၊ ဘာကြောင့်လဲ။ ပန်ကာလုပ်ဖို့အတွက်လား၊ မြို့ထဲက ပန်းပဲဖိုတွေမှာပဲ လုပ်လိုက်လို့မရဘူးလား။”
“အခြားသူတွေကို ဒီလိုမျိုး ထိန်းချုပ်ထားနိုင်မှတော်ကာကျမှာနော်။ တကယ်လို့ ပန်းပဲဖိုတွေမှာ တစ်ခုခုဖြစ်သွားခဲ့ရင် ငါတို့ စောင့်ရှောက်ဖို့အတွက်က အတော်ကိုခက်ခဲမှာ။” ရှုယီက ခေါင်းကိုရမ်းလိုက်ပြီး “အမှန်တော့ အဓိကအချက်က ငါတို့ အထူးကျွမ်းကျင်တဲ့သူတွေကိုလိုအပ်တာ။ ပန်းပဲဖိုတွေကလုပ်ပေးလိုက်တဲ့ ပန်ကာအပြင်ကိုယ်ထည်ကို ငါဘယ်တော့မှ စိတ်တိုင်းမကျခဲ့ဘူး၊ သူတို့ရဲ့အရည်အသွေးက ငါ့လိုအပ်ချက်နဲ့ မကိုက်ညီကြဘူး။ ဒါပေမဲ့ ငါတို့ အစားထိုးဖို့ကို သင့်လျော်တာ ရှာမတွေ့သေးဘူး၊ တစ်ချိန်လုံးသူတို့ လုပ်ပေးတာကိုပဲ သုံးနေရတာ။ ဒီနေ့လိုအဖြစ်အပျက်မျိုးဖြစ်ပြီးနောက်မှာ မင်းသတိထားမိရဲ့လား။ ငါတို့ သူတို့ကို လွယ်ကူစွာဖျောင်းဖြနိုင်ခဲ့တာက သူတို့ဝယ်ခဲ့တဲ့ မှော်ပန်ကာက ငါတို့ဆီကမဟုတ်ပေမဲ့ ငါတို့ မှော်ပန်ကာရဲ့ အရည်အသွေးက အများကြီးကိုပိုကောင်းနေခဲ့လို့လေ။ ဒါကြောင့် တကယ်လို့ငါတို့ရဲ့ အမှတ်တံဆိပ်တန်ဖိုးကို ထိန်းသိမ်းချင်ရင် ငါတို့ အရည်အသွေးကို ထိန်းသိမ်းထားနိုင်ဖို့လိုတယ်။”
ဟိန့်ဇ်က ဒီနေ့ဖြစ်ခဲ့သည်များကို ပြန်ပြောင်းတွေးခဲ့ပြီး ရှုယီ မှန်သည်ဆိုတာကို သိသွားသည်။
အကယ်၍ အရည်အသွေးပိုင်းသာ ကွာခြားမနေခဲ့ဘူးဆိုလျှင် ထိုလူတွေကို သူတို့ဝယ်ခဲ့သည့်မှော်ပန်ကာနှင့် Frestech Brand မှော်ပန်ကာတို့ လုံးဝမတူကြောင်း လက်ခံနိုင်အောင်ပြောဆိုရမည်ဖြစ်ပြီး ထိုကိစ္စသည် လွယ်လွယ်လေးပြီးသွားမည်မဟုတ်။
“ဒါပေမဲ့ ငါတို့ သင့်တော်တဲ့ ပန်းပဲပညာရှင်အများကြီးရှာဖွေရမှာလေ။” ဟိန့်ဇ်က မျက်မှောင်ကြုတ်လိုက်သည်။
“အမှန်တော့ ငါတို့ အရမ်းတော်တဲ့သူတွေရှာစရာမလိုပါဘူး၊ ဒီအတွက် သီးသန်ကျွမ်းကျွင်တဲ့ ပန်းပဲပညာရှင်တွေကိုပဲ ရှာဖို့လိုတာပါ။ ငါဆိုလိုတာကို မင်းနားလည်တယ်မဟုတ်လား။”
“မင်းပြောနေတာ… ငါတို့ အလုပ်ခန့်ဖို့လိုအပ်တာက မှော်ပန်ကာအပြင်ကိုယ်ထည်ကို အထူးကျွမ်းကျင်စွာသွန်းလုပ်နိုင်တဲ့ ပန်းပဲပညာရှင်တွေပဲမဟုတ်လား။”
“မှန်တယ် ဒါက ငါပြောချင်နေတာနဲ့ကွက်တိပဲ။ နောက်ကျမှဆိုရင်တောင်.....“ ရှုယီက ခပ်ရေးရေးပြုံးလိုက်ပြီး သူ့မျက်လုံးများက ဖျတ်ကနဲထူးဆန်းသွားကာ “ငါတို့ အခြေအနေတစ်ခုအထိ တိုးမြှင့်လိုက်ရင် ငါတို့ အခုလို အထူးကျွမ်းကျင်တဲ့သူတွေကို လိုအပ်တော့မှာမဟုတ်တော့ဘူး”
သူ ဟိန့်ဇ် စတိုးဆိုင်ကနေထွက်လာချိန်တွင် နေ့လယ်ခင်းတောင်ရောက်နေပြီဖြစ်သည်။ ရှုယီသည် ကောင်းကင်ကိုမော့ကြည့်လိုက်ပြီး နောက်တစ်ရက်လောက် ခွင့်ယူရဦးမည်ဟုတွေးလိုက်သည်။ သူသည် ယခုအပတ်မှာတင် ခွင့် (၃) ရက်ယူထားပြီးဖြစ်သည်။
“ဓာတ်ခွဲခန်းထဲက အလုပ်ဖော်တွေကတော့ ငါဆက်မလုပ်ချင်တော့ဘူးလို့ ထင်နေကြလိမ့်မလား။ အဲ့ဒီအစား မဟာမှော်ပညာရှင်ကြီးကမ်မီလာနဲ့အတူတွဲဖက်ပြီး မှော်သုတေသနလေ့လာခွင့်ကို အဆုံးရှုံးခံရအောင် တုံးအတဲ့သူလို့ပဲထင်ကြမလား။” ရှုယီက ကိုယ့်ကိုယ်ကိုလှောင်ပြောင်သည့်အပြုံး ပြုံးလိုက်ကာ “ဒါပေမဲ့ ဒီအကြောင်းကိုပြောရရင် မဟာမှော်ပညာရှင်ကြီးကမ်မီလာကဒါနဲ့ပတ်သက်ပြီး ဘာမှကို ထုတ်ဖော်မပြောသေးဘူး။ တကယ်လို့ တစ်ယောက်ကသာ အခုလိုခွင့်ယူခဲ့ရင် သူက မှော်မျှော်စင်ကနေ ကန်ထုတ်ပြီးသားပဲ။”
မဟာမှော်ပညာရှင်ကြီးကမ်မီလာ အမှန်တကယ်စဉ်းစားနေသည်ကို ကြိုးစားခန့်မှန်းကြည့်နေစဉ်ပင် လမ်းအကွေ့များကိုဖြတ်လာပြီး ‘မီးတောင်’ ပန်းပဲဖိုရှေ့သို့ ရောက်လာခဲ့သည်။
ထုံးစံအတိုင်း သူ ပန်းပဲဖိုအတွင်းဝင်လိုက်သည်နှင့် အပူလှိုင်းများသည် သူ့အား ဆီးကြိုနေတော့သည်။
“ဟေ့ မာစတာလန့်စ် ဒီမှာ။” ရှုယီက လက်ထဲက ဝိုင်ပုလင်းအား ကြည့်တောင်မကြည့်ဘဲ ပစ်ပေးလိုက်သည်။
တုတ်ခိုင်သောလက်ကြီးများက အပူငွေ့တွေကြားမှထွက်လာပြီး ဝိုင်ပုလင်းကို မြဲမြံစွာဆုပ်ကိုင်လိုက်သည်။
“ကောင်လေးရာ၊ ငါအလုပ်လုပ်နေတာကို မမြင်ဘူးလား။ တကယ်လို့များ .....ဟ ဝိုင်ကောင်းပဲ။”
မာစတာလန့်စ်က ကျိန်ဆဲမည့်ဆဲဆဲအချိန်တွင် ဝိုင်ပုလင်းထဲကထွက်လာသည့် အားပြင်းသည့် ဝိုင်အနံ့၏ ဆွဲဆောင်ခြင်းကို ခံလိုက်ရသည်။ ဘာတစ်ခွန်းမှမဆိုတော့ဘဲ သူ့ပါးစပ်အတွင်းသို့လောင်းထည့်လိုက်ကာ အားရပါးရကိုမော့ချနေတော့သည်။
“ဟူး…. အတော်ကိုကောင်းတဲ့ ဝိုင်ပဲကွ။” မာစတာလန့်စ်က အရက်နံ့မွန်ထူနေသည့် လေများမှုတ်ထုတ်လိုက်ပြီး လေချဉ်တက်လိုက်သည်။ ထိုအရာများလုပ်ပြီးသည်နှင့် ရှုယီကိုကြည့်လိုက်ပြီး “ဟေ့ ကောင်လေး၊ ဒါက ဆာချီမာနာရဲ့ နှစ် (၃၀)သက်တမ်းရှိဝိုင်မလား။ တစ်ပုလင်းကို ရွှေဒင်္ဂါး (၅)ပြားလောက်ကုန်မယ်နဲ့တူတယ်။ မင်းလိုကောင်လေးက အခုလိုမျိုးသဘောကောင်းနေပါ့လား၊ အဲ့ဒီတော့ ငါ့ကို ဘာများထူးဆန်းတာတွေ တောင်းဆိုချင်လို့လဲ။”
“ထူးဆန်းတဲ့တောင်းဆိုမှုတဲ့လား။” ရှုယီက ရန်လိုသောအသံဖြင့် “မာစတာလန့်စ် ကျွန်တော်တစ်ချိန်လုံးတောင်းဆိုနေတာကိုများ မကျေမနပ်ဖြစ်နေလို့လား။ ခင်ဗျားက အဲ့ဒါတွေကို ကိုယ်တိုင်သဘောတူထားတဲ့သူဆိုတာ မမေ့ပါနဲ့။”
“ဟမ် ငါအဲ့လိုပြောလိုက်မိတာလား။ ဒါပေမဲ့ ကောင်လေး မင်းကငါ့ကိုတောင်းဆိုပြီး နောက်လည်း ဆက်တိုက်ကို တပူပူတဆာဆာလုပ်နေတော့တာပဲ။”
ရှုယီက ရယ်လိုက်သည်။ သူက ဘေးကို ကြည့်လိုက်ပြီး ပန်းပဲဖိုထောင့်မှာရှိနေသည့် စက်နှစ်လုံးဆီသို့ အကြည့်ရောက်သွားခဲ့သည်။
“ဝါး.... မာစတာလန့်စ် ကျွန်တော်က နှစ်ရက်အထက်ပိုကြာမယ်ထင်ထားတာ၊ ခင်ဗျားက ပြီးတောင်ပြီးနေပြီပေါ့။”
ရှုယီ စိတ်လှုပ်ရှားတက်ကြွသွားသည်။ သူသည် စက်နှစ်လုံးဆီသို့သွားခဲ့ပြီး အချိန်အနည်းငယ်လောက် ရတနာတစ်ပါးကဲ့သို့ ကြည့်နေတော့သည်။
“ဟင်.... ငါ့ကို ဘယ်လိုလူများထင်နေလဲ။ ငါက လန့်စ် ပါကွ၊ စက်နှစ်လုံးလောက်ပဲကို၊ ဘယ်လိုကြောင့်များငါ့အတွက်ခက်ခဲမှာလဲ။“ မာစတာလန့်စ်က နောက်ထပ်ဝိုင်မသောက်ခင်မှာပဲ နှာတစ်ချက်မှုတ်လိုက်ကာ ပြောလိုက်သည်။
ရှုယီကတော့ ထိုစက်နှစ်လုံးကို အစကနေအဆုံးအထိ ကြည့်ရှုနေလေသည်။
ထိုစက်တွေထဲက တစ်ခုသည် မှော်အရစ်ဖော်စက် ဖြစ်ပြီး အရင်နေ့တုန်းက မာစတာလန့်စ် ကိုပြုလုပ်ခိုင်းခဲ့ခြင်းဖြစ်သည်။ နောက်တစ်ခုကတော့ မှော်မူလီခေါင်းဖော်စက် ဖြစ်ပြီး သူ့နောက်မှာ ထပ်ပေါင်းခဲ့သောပစ္စည်းဖြစ်သည်။
ထိုစက်နှစ်ခုလုံးသည် မူလီလုပ်ရာတွင် အရေးပါသောပစ္စည်းများဖြစ်သည်။ သူတို့နှစ်ခုလုံး သင့်တင့်လျောက်ပတ်အောင် အလုပ်လုပ်နေသမျှ ရှုယီ မျှော်မှန်းထားသည့် မူလီပမာဏအမြောက်အမြား ထုတ်လုပ်နိုင်မှုသည် ဖြစ်နိုင်ချေရှိလာမည်ဖြစ်သည်။
မူလီများကို လုံးဝအထင်မသေးသင့်ပေ။ ထိုပစ္စည်းသည် ကြည့်ရာတွင် သာမန်ဟုထင်ရသော်လည်း စက်မှုနည်းစနစ်တိုင်းတွင် တွေ့ရှိရပြီး မရှိမဖြစ်လိုအပ်သော ပစ္စည်းတစ်ခုဖြစ်သည်။
ထိုပစ္စည်းသည် ကြီးကြီးသေးသေး ကမ္ဘာပေါ်က စက်ပစ္စည်းတိုင်းနှင့် စက်မှုထုတ်ကုန်တိုင်းလိုလိုတွင် မူလီများပါဝင်နေလေသည်။
မူလီအမြောက်အမြားထုတ်လုပ်နိုင်ခြင်းသည် ရှုယီ၏ စိုင်စ်နယ်မြေပေါ်တွင် စက်မှုဇုံလုပ်ငန်းကြီးများတည်ထောင်ရန် ပထမခြေလှမ်း လှမ်းလိုက်နိုင်ပြီဖြစ်သည့် သဘောဖြစ်သည်။
“မာစတာလန့်စ် ဒီစက်နှစ်ခုစလုံး အခုအသုံးပြုလို့ရပြီလား။” ရှုယီ ခေါင်းကိုလှည့်လိုက်ပြီး မေးလိုက်သည်။
“အဓိပ္ပါယ်မရှိတာ၊ မင်းကိုငါ ပြီးသွားပြီးလို့ ပြောထားပြီပဲ၊ အခုထိသုံးမရသေးဘူးဆိုတာဖြစ်နိုင်ပါ့မလား။”
“အရမ်းကောင်းတယ်။” ရှုယီက စတိုးဆိုင်ကနေယူလာသည့် သေးငယ်သည့်သံချောင်းကို မူလီခေါင်းဖော်စက် ၏မိုခွက်ထဲသို့ထည့်လိုက်ကာ ခလုတ်နှိပ်လိုက်သည်။
ဘာလှုပ်ရှားမှုကိုမှမတွေ့ရ။
“အရူးကောင် မင်း မှော်ကျောက်တုံးကို မထည့်ရသေးဘဲနဲ့ အဲ့တာဘယ်လိုလုပ်ရွေ့မှာတုန်း။” မာစတာလန့်စ်က နောက်ကနေ ဒေါသတကြီး အော်ဟစ်လိုက်သည်။
ရှုယီ သူ့ခေါင်းကိုပြန်ရိုက်လိုက်သည်။ အရမ်းစိတ်လှုပ်ရှားသွားပြီး အရေးကြီးသည့်အပိုင်းလုပ်ရမည်ကို မေ့သွားသည်ကို သဘောပေါက်နားလည်လိုက်သည်။
ရှုယီက အဆင့်သင့်ယူလာသည့် အဆင့်မြင့်မှော်ကျောက်တုံးကို အမြန်ထုတ်လိုက်ကာ မူလီခေါင်းဖော်စက်၏စွမ်းအင်အရင်းအမြစ်နေရာသို့ထည့်လိုက်ပြီး ခလုတ်ကိုထပ်နှိပ်လိုက်သည်။
ရုတ်တရက် “ဘန်း” ဆိုသည့်အသံ မူလီခေါင်းဖော်စက် ကနေထွက်ပေါ်လာခဲ့ပြီး မိုခွက်ထဲမှာရှိနေသည့် သံချောင်းထိပ်ကို အရှိန်ပြင်းစွာရိုက်နှက်နေတော့သည်။
“ကမ်း…”
မူလီခေါင်းဖော်စက် ဆီမှ ထူးဆန်းသည့်အသံကြီး ရှင်းရှင်းလင်းလင်း ထွက်လာသည်။ စက်ကြီးကလည်း အလွန့်အလွန်ကို တုန်လှုပ်နေတော့သည်။ ပန်းပဲဖိုတစ်ခုလုံး အကြိမ်ကြိမ် တုန်ခါနေပြီး ကြီးမားသည့်အသံထွက်ပေါ်လာကာ တကယ့်ကို ထိတ်လန့်စရာအတိဖြစ်နေခဲ့သည်။
ရှုယီလည်းမတတ်နိုင်သည့်အဆုံး တွေဝေနေတော့သည်။
မူလီခေါင်းကို ထုရိုက်နေသည်ကိုပင် ဘာကြောင့် ကောင်းကင်ဘုံက လှုပ်ခတ်သံမျိုးဖြစ်နေရသနည်း။
နောက်ဆုံးတော့ အာရုံတွေကိုပြန်စုစည်းလိုက်ကာ ခလုတ်ကိုနောက်တစ်ခါထပ်နှိပ်လိုက်ပြီး ပုံသွင်းခေါင်းကို ပြီးစီးအောင်ဆက်လက်လုပ်ဆောင်စေခဲ့သည်။
ရှုယီက မိုထဲက သံချောင်းကိုယူလိုက်သည်။ ပုံသွင်းခေါင်းအစွမ်းအောက်မှာ သံချောင်းထိပ်က တကယ့်ကို စက်ဝိုင်းပုံစံပြောင်းသွားခဲ့သည်ကိုတွေ့ပြီး ကျေနပ်သွားသည်။ ထိပ်ပိုင်းမှာ ကန့်လန့်ဖြတ်ချိုင့်လေးပါနေပြီး မူလီတစ်ခုအတွက်သာမန်ကိစ္စပင်ဖြစ်သည်။
“မဆိုးပါဘူး။“ ရှုယီက ကျေနပ်မှုအပြည့်ဖြင့် ခေါင်းငြိမ့်ကာ “အရစ်ဖော်စက်ကိုစမ်းကြည့်ရအောင်။”
ရိုးရှင်းပြီးကြမ်းတမ်းသည့် မူလီခေါင်းဖော်စက်နှင့်ယှဉ်ကြည့်လိုက်သောအခါ အရစ်ဖော်စက်သည် ပို၍ရှုပ်ထွေးနေလေသည်။
ရှုယီက အတော်လေးကို ရိုးရှင်းအောင်လုပ်ခဲ့တာတောင်မှ ထိုအရစ်ဖော်စက်မှာ မှော်အစီအရင် (၄) ခုပါရှိနေသည်။ မှော်အစီအရင်တွေကို စက်ကိုယ်ထည်နှင့် ပြည့်စုံစွာပေါင်းစပ်ထည့်သွင်းရသည့် အပိုင်းကို ထည့်မတွက်ဘဲ မှော်အစီအရင် ရေးဆွဲသည့်နေရာမှာသာ ရှုယီအနေဖြင့် အတော်လေးကို စိတ်နှစ်ထားခဲ့ရသည်။
သို့သော် ဖြတ်သည့်ကိရိယာသည် မူလီတွင် အရမ်းကိုမြန်ဆန်စွာ ပုံထွင်းနေပုံကိုကြည့်ရင်း စက်ကိုလေ့လာတုန်းကကြုံရသည့် အခက်အခဲများကိုမေ့ပျောက်နိုင်သွားခဲ့ပြီး အလုပ်တစ်ခုပြီးစီးအောင်မြင်အောင် လုပ်နိုင်သွားသလို ခံစားရသည်။
ဒီကမ္ဘာတွင် မူလီ ဖန်တီးနိုင်ခြင်းသည်ပင် ကြီးမားသော ပြီးစီးအောင်မြင်မှုတစ်ခုပင်ဖြစ်သည်။
ထိုကြီးမားသည့်ပရောဂျက်တွင် အရေးကြီးဆုံး ပါဝင်ပစ္စည်းတစ်ခုဖြစ်သောကြောင့် ရှုယီအနေဖြင့် ဂုဏ်ယူမိသည်မှာ အမှန်ပင်။
ဘေးတွင်ရှိနေသည့် လန့်စ်သည် ထိုစက်နှစ်ခုက သံချောင်းကို သပ်ရပ်ကောင်းမွန်သောမူလီအဖြစ် ပြောင်းပေးလိုက်သည်ကို မြင်ခဲ့ပြီး သူ ထိတ်လန်မှုတွေနှင့်ပြည့်နှက်သွားသည်။
ပထမမှာတော့ ဒီကောင်လေး၏စက်နှစ်ခုကို ထူးဆန်းသည့်အရာဟုတွေးထင်ခဲ့ပြီး ထို့အတွက်ကြောင့်ပင် စိန်ခေါ်မှုတစ်ခုအနေဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
သို့သော် အခုမှာတော့ ထိုစက်နှစ်ခု၏အံ့ဩလောက်ဖွယ်ရာလုပ်ဆောင်မှုများကို မြင်တွေ့ပြီးပြီဖြစ်သောကြောင့် ထိုစက်နှစ်ခုမှာ သူအရင်က လုပ်ခဲ့တာတွေထက် ပိုအရေးကြီးသည်ဆိုတာကို ရုတ်တရက်ကြီး သူ ခံစားမိသွားသည်။
“ဘယ်လိုများ ဒီကောင်လေး ဒီစက်နှစ်လုံးကို စဉ်းစားမိသွားတာပါလိမ့်။” လန့်စ်က ရှုယီအားစပ်စုချင်စိတ်ပြည့်နှက်နေသည့် မျက်လုံးများဖြင့်ကြည့်လိုက်သည်။
***
မှော်စက်မှုအင်ပါယာ
အခန်း ၀၁၉ ။ ဖိတ်ကြားခြင်း
ဘန်တာမြို့ရဲ့ အနောက်မြောက်ဘက်နှင့် မဝေးသောနေရာတွင် တောအုပ်စိမ်းလေးနှင့် ဆက်သွယ်ထားသည့် လမ်းငယ်လေးတစ်ခုရှိနေသည်။ ထိုလမ်းကြောင်းရဲ့ (၂) ကီလိုမီတာ အကွာခန့်တွင် အလွန်အမင်းမြောက်မြားစွာသော မြေနေရာပိုင်ဆိုင်ထားသည့် အိမ်ကြီးအိမ်ကောင်းရှိပါသည်။
အဆိုပါအိမ်ကြီးမှာ သစ်ပင်ပန်းမန်တွေ ဝန်းရံပေါက်ရောက်နေသာကြောင့် လုံးဝင်ကိုပင် စိမ်းစိုနေတော့သည်။ အိမ်ကြီးထဲမှာ အခန်း (၁၀) ခန်းထည့်သွင်းတည်ဆောင်ထားပြီး ရှုပ်ပွပေရေနေမှုမရှိပဲ သပ်သပ်ရပ်ရပ်ရှိနေပါသည်။
အချိန်တိုင်းလိုလို ငှက်ကလေးရဲ့ အော်မြည်သံတွေကြားနေရပြီး အိမ်းကြီးကို ပိုမို ငြိမ်သက်အေးချမ်းနေလို့ထင်ရစေပါသည်။
အိမ်ကြီးရဲ့အနောက်ဘက်မှာ တောင်လေးတစ်လုံးရှိနေကာ ကြည်လင်ရှင်းသန့်သည့် စိမ့်စမ်းရေများ တောင်ပေါ်ကနေ တသွင်သွင်စီးဆင်းနေတော့သည်။ အေးမြသည့်မြူခိုးမြူမှုန်တွေက အိမ်ကြီးကို ဝန်းရံထားပြီး တောင်ခြေမှာလည်း ရေကန်လေးကန်ဖြစ်ပေါ်နေတော့သည်။
တသွင်သွင်စီးဆင်းနေသရွေ့ ရေက ကြည်လင်သန့်ရှင်းနေပြီး ဘာဝကျကျ အေးမြသည့် မြူမှုန်တွေကိုဖြစ်ပေါ်စေလျက်ရှိသည်။
စမ်းချောင်းဘေးတွင် သစ်သားအိမ်လေးတစ်လုံးရှိနေပြီး လက်ရှိချိန်မှာတော့ မြို့စားကြီးလက်စ်လိုင်းက သစ်လုံးအိမ်မှာရောက်နေပြီး စမ်းချောင်းလေးကိုကြည့်နေခဲ့သည်။ သူက ဖိနပ်ကိုချွတ်လိုက်ပြီး စမ်းချောင်းထဲသို့ ခြေသလုံးကိုပါနှစ်ပြီး ရေစိမ်လိုက်သည်။ စမ်းရေရဲ့အေးမြမှုကိုခံစားရင်း အချိန်နှင့်အမျှ ငြိမ်းချမ်းမှုရဲ့အရသာ ခံစားနေလေသည်။
အဲ့ဒီအပြင် သူရဲ့ဘေးမှာလည်း မှော်ပန်ကာဖွင့်ထားပါသေးသည်။
မှော်ပန်ကာက ထွက်လာသည့် လေအေးလေးတွေကြောင့် သူရဲ့ဆံပင်တွေလည်း လေလွင့်နေခဲ့သည်။
ခဏအကြာ မျက်စိမှိတ်ပြီး သာယာမှုကိုင်ခံစားနေပြီးနောက် မြို့စားကြီးလက်စ်လိုင်းက သူ့ခေါင်းကိုခါလိုက်သည် “ ဒီပစ္စည်းက ပြောလောက်အောင်ကြီးကောင်းတာတော့မဟုတ်ဘူး၊ ရေခဲမှော်အစီအရင်ကိုတော့ မယှဉ်နိုင်သေးဘူး။”
သူရဲ့ဘေးမှာ တစ်ချိန်လုံးမတ်တပ်ရပ်ဦးခေါင်းညွှတ်နေသည့် အိမ်တော်ထိန်း ဘရူနိုင်း ပြန်ဖြေလိုက်သည် “ ဟုတ်ပါတယ်၊ မြို့စားကြီး လက်စ်လိုင်း။ ဘန်တာမြို့က မြင့်မြတ်သည့်မိသားစု တစ်စုကမှ ဒီမှော်ပန်ကာကို ဝယ်ယူခြင်းမရှိပါဘူး၊ ဒီပစ္စည်းက သာမန်လူတန်းစားတွေအတွက်ဆိုတာ အားလုံးသိရှိကြတာပါ။ အရှင့်အနေဖြင့် ဒီပစ္စည်းကို ဆက်လက်အသုံးမပြုဖို့ ကျွန်တော်မျိုးအကြံပေးလိုပါတယ်။ မဟုတ်ရင် ကောလဟလတွေ ပြန့်နှံ့သွားပါလိမ့်မယ်။
“အိုး… အဲ့ဒီအရူးကောင်တွေက ဒီလိုမျိုးတွေးတောနေကြတာလား” မြို့စားကြီးလက်စ်လိုင်းက အိမ်တော်ထိန်းဘရူနိုင်းကို လှောင်သလိုအပြုံးဖြင့် ကြည့်လိုက်သည်။
မြို့စားကြီးလက်စ်လိုင်းရဲ့ မထိတထိအပြုံးကို ကြည့်ရင်း အိမ်တော်ထိန်းဘရူနိုင်းက လေးနက်စွာသက်ပြင်းချလိုက်သည်။
အရှင်မြို့စားကြီးက အသက် (၃၀) ထဲသို့ဝင်နေပြီး ဘဝမှာအကောင်းဆုံးအသက်အရွယ်သို့ရောက်ရှိနေတာဖြစ်သည်။ သူရဲ့ညို့ဓာတ်နှင့် သင့်လျော်သည့်အမူအကျင်ကောင်းတွေပါ ပေါင်းထည့်လိုက်ရင်ဖြင့် ဘန်တာမြို့ကလူကုံထံမိန်းမပျိုတွေကို သူ့ကို ဘဝလက်တွဲဖော်အဖြစ် ဝမ်းပန်းတသာကြိုဆိုကြမည်ဖြစ်ပေမယ့် သူကိုယ်တိုင်က လက်ထပ်ချင်စိတ်ကိုမရှိသေးပေ။ ဒါက အန်ဗီမာမြို့စားကြီးကို စိုးရိမ်ပူပန်စရာတစ်ခုအဖြစ် ဖြစနေသည်မှာ အချိန်တော်ကြာခဲ့ပြီဖြစ်သည်။
“အရှင်မြို့စားကြီး ဘာကိုဆိုလိုချင်ပါသလဲ” အမှန်တကယ်တော့ အိမ်တော်ထိန်းဘရူနိုင်းက သူတွေးနေသည့်ကို ထုတ်ဖော်မပြောရဲဖြစ်နေတာဖြစ်ပြီး အချိန်ကောင်းကို စောင့်နေတာဖြစ်သည်။
“ ဘာလဲ မင်း နားမလည်ဘူးလား” မြို့စားကြီးလက်စ်လိုင်းက မှော်ပန်ကာကို လက်ညှိုးထိုးပြီး “ဒီပစ္စည်းက ရေခဲမှော်အစီအရင်ကို ယှဉ်နိုင်စွမ်းမရှိသော်လည်း သူ့အတွက်ကုန်ကျငွေက ရေခဲမှော်အစီအရင်ထက် အများကြီးနည်းနေတာကိုတော့ မင်း မေ့ထားလို့မရဘူးလေ။ အဲ့ဒီ ဘန်တာမြို့က သာမန်မိသားစုတွေက ရေခဲမှော်အစီအရင်ကို အသုံးမပြုနိုင်ကြဘူးလေ။ ဒါပေမယ့် အဲ့ဒီသဘောက သူတို့ မှော်ပန်ကာကိုမဝယ်နိုင်ဘူးလို့ဆိုလိုတာမဟုတ်ဘူးလေ။ သူတို့က လေအေးလေးရဖို့ အတွက် ရွှေဒင်္ဂါး (၂) ပြားပဲကုန်ကျမှာပဲလေ၊ ဘာလဲ အဲ့တာနဲ့ပတ်သတ်ပြီး လက်မခံနိုင်စရာလား”
အိမ်တော်ထိန်းဘရူနိုင်းက ခေါင်းကိုအသာညိတ်လိုက်ပြီး “ အဲ့ဒါက သိပ်ကိုမှန်တာပေါ့ဗျာ။ သည်ကာလအတွင်းမှာပဲ ဘန်တာမြို့မှာ မှော်ပန်ကာတွေရောင်းအားကောင်းနေကြတာ၊ မြို့အပြင်က ရွာမှာရှိတဲ့သူတွေအများကြီးကတောင် မှော်ပန်ကာကိုဝယ်ယူနေကြတာ”
“ဘရူနိုင်းရေ အဲ့ဒီပစ္စည်းကို ထုတ်လုပ်ဖို့ ဘယ်လောက်ကုန်ကြနိုင်မယ်လို့ မင်းထင်သလဲ” မြို့စားကြီးလက်စ်လိုင်း ရုတ်တရက်ကြီးမေးလိုက်သည်။
ဘရူနိုင်းက တုံ့ဆိုင်းနေခြင်းမရှိ ချက်ခြင်းဆိုသလို ဖြေလိုက်သည် “ယေဘုယျအားဖြင့် ခန့်မှန်းကြည့်ရင် မှော်ပန်ကာတစ်ခုကို ရွှေဒင်္ဂါး (၁)ပြားလောက်တောင် ကုန်ကြမယ်မထင်ဘူးခင်ဗျာ”
“ဟီဟီ ရွှေဒင်္ဂါး (၁)ပြားလောက်တောင်မကုန်ကျပဲ။ အဲ့ဒါကို ရွှေဒင်္ဂါး (၂) ပြားနဲ့ရောင်းချနေတာပေါ့။ ဒီအတိုင်းဆိုရင် တစ်ခုကိုရောင်းရတိုင်း ရှုယီက ရွှေဒင်္ဂါး (၁) ပြားရနေတဲ့သဘောပေါ့။ အဲတော့ သူဘယ်လောက်လောက်များရောင်းနေရပြီလဲ မင်းသိလား”
“အဲ့တာတော့ ကျွန်တော်လဲ သေချာမပြောတတ်ဘူး။ ဒါပေမယ့် ကျွန်တော်ခန့်မှန်းကြည့်ရင် အခုရေ (၂၀၀၀)ကျော်လောက်ရှိမယ်ထင်တယ်” အိမ်တော်ထိန်းဘရူနိုင်းက မသေချာသည့်လေသံဖြင့်ပြောလိုက်သည်။
“အဲ့တော့ အခုရေ (၂၀၀၀) ပဲထားပါတော့၊ အဲ့တာက ရွှေဒင်္ဂါး (၂၀၀၀) ဖြစ်နေပြီ။ အဲ့မိတ်ဆွေလေးက တစ်လအတွင်းမှာပင် ရွှေဒင်္ဂါး (၂၀၀၀) ရအောင်ရှာနိုင်ခဲ့တာပေါ့ သူကအတော်လေးကိုအရည်အချင်းရှိတဲ့သူပဲ” မြို့စားကြီးလက်စ်လိုင်းရဲ့လေသံထဲမှာ ချီးမွမ်းပြောဆိုသည့်အရိပ်အယောင်များရှိနေခဲ့သည်။
အိမ်တော်ထိန်းဘရူနိုင်းက အတော် သိချင်စိတ်ပြင်းပြသွားပြီး မျက်မှောက်ကြုတ်ကာမေးလိုက်သည်။ “ အရှင်မြို့စားကြီး ကျွန်တော်ဝန်ခံပါတယ် သူ့မှာ အချို့အရည်အချင်းကောင်းတွေပေမဲ့လည်း ဒါက အထင်အမြင်ပဲရှိပါသေးတယ်။ မှော်ပန်ကာက နွေရာသီအတွင်းမှာပဲရောင်းလို့ရမှာ၊ အလွန်ဆုံးသူရောင်းရရင် နှစ်တိုင်း (၃)လပဲရောင်းအားရှိမှာပါ။ နောက်ထပ်ပြောရင် မိသားစုတိုင်းက ဒီလောက်အများကြီး လိုအပ်မှာမဟုတ်ဘူးလေ။ သူက မိသားစုတိုင်းကို လိုအပ်သလောက်ရောင်းချပြီးသွားရင်၊ သူအနေဖြင့် နောက်ထပ် ရွှေဒင်္ဂါးတွေထပ်မရှာနိုင်တော့ဘူး။”
“ဘရူနိုင်း ပြောရရင် မင်းက အိုနေပြီ” မြို့စားကြီးလက်စ်လိုင်းကခေါင်းကိုခါပြီး သက်ပြင်းချလိုက်သည် “ မင်းနားမလည်သေးပါဘူး၊ ဘန်တာမြို့ကနေ တစ်ယောက်မှကိုရောင်းမရခဲ့ဘူးဆိုရင်တောင် သူအနေဖြင့် အခြားမြို့တွေနဲ့ အခြားနိုင်ငံတွေကိုပါ ရောင်းချလို့ရသေးတယ်။ စိုင်စ်နယ်မြေကြီးကအတော်ကို ကြီးမားကျယ်ပြန့်တာ မှော်ပန်ကာဝယ်ချင်တဲ့သူတွေ ရေတွက်လို့တောင်ရမှာမဟုတ်ဘူး။ သူက ဒီပစ္စည်းတွေကို အခြားနေရာတွေကို ပို့ဆောင်ပေးနိုင်သရွှေ့ သူအနေဖြင့် သေချာပေါက်ရောင်းချနိုင်မှာ။ ငါ ယုံကြည်ချက်ရှိရှိပြောလိုက်မယ်၊ ဒီမိတ်ဆွေက ဒီအကြံဉာဏ်က စလုပ်ကတည်းကရှိထားပြီးသား။ တစ်နည်းပြောရရင် ဘာလို့ ငါ့ဆီကနေ မြေ တစ်ဟတ်တာလောက်ရုတ်တရက်ကြီး ငှားရမ်းခဲ့တာလဲ။ တကယ်လို့သူသာ လက်ရှိပမဏလောက်ပဲရောင်းချဖို့ စိတ်ကူးရှိရင် ဒီလောက်ကျယ်ပြောတဲ့မြေကိုမလိုအပ်ဘူးလေ၊ ဘန်တာမြို့တာက အလုပ်ခန်းအသေးလေးကို ရှာလိုက်ရုံပဲလေ”
အိမ်တော်ထိန်းဘရူနိုင်းက အံ့ဩသွားသည့်လေသံဖြင့် “သူက တကယ်ကြီးကို ကြီးမားရည်ရွယ်ချက်ရှိနေတာပါလား”
“ဟဲဟဲ ရည်ရွယ်ချက်ရှိတာက ကောင်းပါတယ်။ တစ်နည်းဆိုရရင် ကုန်သည်ငယ်လေးသာဆို မင်းနဲ့အတူ ဆွေးနွေးပြောဆိုနေမယ်လို့ မင်းထင်သလား” မြို့စားကြီးလက်စ်လိုင်းက ခပ်ရေးရေးပြုံးပြီး ပြောခဲ့သည်။ “အမှန်တကယ်တော့ ဘာကငါ့ကို သတိထားမိစေသလဲဆိုတာက အရင်တစ်ခါသူ့ရဲ့ဆိုင်မှာ လူအုပ်စုကြီး ဝိုင်းနေတဲ့ အချိန်တုန်းကပဲ”
“အိုး.. ကျွန်တော်လည်း အဲ့ဒီဖြစ်ရပ်ကြောင့် အံ့အားသင့်သွားခဲ့ရတယ်။ ကျွန်တော်ထင်တာက ပြဿနာအကြီးကြီး ဖြစ်သွားပြီထင်ခဲ့တာ၊ ဒါပေမယ့် သူတို့က အေးအေးဆေးဆေး ကိုင်တွယ်ဖြေရှင်းနိုင်မယ်လို့ကိုမထင်ခဲ့ဘူး။ အဆုံးမှာတော့ အဲ့ဒီလူတွေ ပျော်ရွှင်ပြီးကို ပြန်သွားကြတာဗျာ” အိမ်တော်ထိန်း ဘရူနိုင်း လည်းထိန်းမရတော့ပဲ လေးစားမှုအပြည့်ပါနေသည့်လေသံဖြင့်ပြောခဲ့သည် “ကျွန်တော် ဟိန့်ဇ်ကိုအရင်ကတည်းကသိလာတာပါ သူက အဲ့လောက်တော်တဲ့သူမဟုတ်ဘူး။ ဒါကြောင်း ဖြစ်ပျက်နေသမျှအားလုံးက ရှုယီကြောင့်ပဲနေမှာ”
“ဒီလောက်လေးပဲ ဆုံးဖြတ်ရုံနဲ့မလောက်သေးဘူး။ ဒါပေမယ့် သူပြောခဲ့တာတွေထဲက ငါဘာကိုရေးမှတ်ထားလဲသိလား ….ဟုတ်တာပေါ့ အမှတ်တံဆိပ်လေ ဘရူနိုင်း ၊ အဲ့တာဘာကိုဆိုလိုတာလဲဆိုတာ မင်းနားလည်လား”
အိမ်တော်ထိန်းဘရူနိုင်းကတွေဝေစွာခေါင်းရမ်းလိုက်သည်။
“ရိုးသားသားပြောရရင် ကျွန်တော်ဘာမှကိုနားမလည်ပါဘူး။ ဒါပေမယ့် အဲ့ဒါကသေချာပေါက်ကို အရေးကြီးမယ်လို့တော့ ခံစားမိတယ်။ ဘန်တာမြို့က အခြားကုန်သည်တွေလည်း အဲ့ဒီရဲ့ အဓိပ္ပါယ်ကို နားမလည်ကြသေးဘူး။ ဒါပေမယ့် သူတို့နောက်တစ်ချိန်ကျရင်တော့ သေချာပေါက် နားလည်သွားမယ်လို့ထင်တယ်။” မြို့စားကြီးလက်စ်လိုင်းရဲ့ လေသံက ထူးထူးခြားခြားကို တပ်အပ်ပြောနေသည်၊ ကြည့်ရသည်မှာ သူရဲ့ကောက်နုတ်ချက်ကို အလွန်အမင်းကို ယုံကြည်နေသည့်သဘောဖြစ်သည်။
အိမ်တော်ထိန်းဘရူနိုင်း မျက်မှောင်ကြုတ်ကာစဉ်းစားနေပြီး မနေနိုင်တော့ဘဲမေးလိုက်သည် “အရှင်မြို့စားကြီး ဘာအကြောင်းတွေကိုများစဉ်းစားနေတာလဲ၊ အဲ့ဒီအကြောင်းတွေပြောပြီးတော့။ ရှုယီ ဘာကိုလုပ်ချင်နေတာပဲဖြစ်ဖြစ် အရှင်နဲ့မသက်ဆိုင်ဘူးမလား ဟုတ်တယ်မလား။ သူကအရှင့်ကို (၁၀)ရာခိုင်နှုန်းရှယ်ယာပေးထားပေမဲ့လည်းပဲ ကျွန်တော်ရဲ့ခန့်မှန်းချက်အရ တစ်နှစ်ကို ရွှေဒင်္ဂါး (၁၀၀) ပဲရှိမှာလေ၊ အဲ့လောက်ပမဏကို အရှင်အနေနဲ့ ဂရုစိုက်စရာမလိုပါဘူး၊ ဟုတ်တယ်မလား”
မြို့စားကြီးလက်စ်လိုင်းက ရယ်လိုက်ပြီး “ဘရူနိုင်း ငါပြောပါတယ် မင်းအိုနေပါပြီလို့ ပြီးတော့ မင်းနားမလည်သေးပါဘူးကွာ။ ငါ့အတွက်က ခရီးတစ်ခုသွားပြီး ရှုယီကိုဖိတ်စာပို့လိုက်ပါ။ ငါကသူ့ကို ဒီနေရာမှာ ဧည့်သည်တော်အဖြစ် ဖတ်ကြားပါတယ်လို့ပြောလိုက်”
အိမ်တော်ထိန်းဘရူနိုင်းက လန့်ဖြတ်ကာ မျက်လုံးများပြူးကျယ်သွားတော့သည်။
သူများ နားကြားလွဲနေတာများလား။ သူ့ကိုစိတ်ရှုပ်စေလို့ ဧည့်သည်တွေကိုသဘောမကျသည့် အရှင်မြို့စားကြီးလိုလူက တကယ်ကြီး တစ်ယောက်ယောက်ကို ပုဂ္ဂိုလ်ရေးအရ ဧည့်သည်အဖြစ်ဖိတ်ကြားသည်တဲ့လား။
ရှုယီက အခုချိန်မှာတော့ လုံးဝကိုစိတ်တိုင်းမကျနိုင်သေးပါ။ မာစတာလန့်စ်ရဲ့ ဆိုင်မှာ မူလီခေါင်းဖော်စက်နှင့် အရစ်ဖော်စက်ကိုအကြိမ်ပေါင်းရာချီအောင်စမ်းသပ်ပြီးနောက် သူက မာစတာလန့်စ်ကို ပြင်ဆင်ချက်အများကြီးကို ပြောပြအကြုံပြုနေခဲ့သည်။
တစ်ချိန်တည်းမှာပင် မာစတာလန့်စ်ဆီက များစွာသောစောဒကတက်ခြင်းကို ခံလိုက်ရပေမယ့် (၃) ရက်အတွင်းပြီးစီးမည့်ဆိုသည့် သတင်းကောင်းကိုပါရရှိခဲ့သည်။
ထိုဖြစ်စဉ်ကြောင့် ရှုယီကိုစိတ်ရောလူပါပင်ပန်းသွားစေခဲ့သည်။ သူရဲ့တဲအိမ်လေးဆီ အားတင်းပြီး အရောက်ပြန်ခဲ့ချိန်မှာတော့ သူကအိပ်ရာပေါ်ဗုံးဗုံးလဲသွားကာ အိမ်မောကျသွားပါတော့သည်။
ဘယ်ယောက်ကြာကြာအိပ်ပျော်သွားသည်ကို သူမသိတောပေမယ့် နိုးလာသည့်အချိန်မှာတော့ အသားများချက်ပြုတ်နေသည့် ဟင်းရနံ့က သူ့နှာခေါင်းကို နှိပ်စက်နေလေတော့သည်။
အားစိုက်ကာနားထောင်သည့်အချိန်မှာတော့ မီးဖိုချောင်ထဲကအသံများကို ကြားခဲ့ရသည်။
ထိုအသံက အမှန်တကယ်တော့ မိန်းကလေးတစ်ယောက်အသံဖြစ်နေသည်။
ရှုယီက ထိတ်လန့်သွားခဲ့သည်။ သူအိပ်နေစဉ်အတွင်း တစ်ယောက်ယောက်က သူ့အိမ်ကိုခိုးဝင်လာတာများလား။
မတ်တပ်ရပ်လာကာ ရှုယီက မီးဖိုချောင်အတွင်းသို့ ကြည့်လိုက်သည်။ မီးဖိုရှေ့မှာချက်ပြုတ်နေသည့် သူကိုကျောပေးထားသော အသေးလေးတစ်ယောက်နှင့် အကြီးတစ်ယောက်ကို သူတွေ့ခဲ့လိုက်သည်။
လူကောင်သေးသေးလေးဖြစ်ဖြစ် အကြီးကြီးဖြစ်ဖြစ် သူတို့နှစ်ယောက်စလုံးကို ရင်းနှီးနေသည်။
“စတေးလ် နင်ဘာလို့ဒီရောက်နေတာလဲ” ရှုယီလည်းတွေဝေသွားကာ မေးလိုက်သည်။
ယောင်းမကိုင်ပြီးမွေနေသည့် စတေးလ်က သူ့ဘက်ကိုလှည့်လာကာ ရှုယီကိုပြုံးပြလိုက်ပြီး “နင် နိုးလားပြီပဲ။ မျက်နှာအရင်သွားသစ်ချေ ပြီးရင်းစားဖို့ ပြင်တော့လေ။”
ရှုယီက သူ(မ)ဘေးနားမှာရှိနေသည့် အစေခံငယ်လေးကိုကြည့်ရင်း စတေးလ်အား ထူးဆန်းသည့်အကြည့်ဖြင့် ငေးကြည့်နေလိုက်ကာ သူဘာမှမတတ်နိုင်ပဲ မျက်မှောင်သာကြုတ်နေလိုက်တော့သည်။
“ဟေ မင်းဒဏ်ရာတွေကမပျောက်သေးဘူးမို့လား၊ ဘာလို့အပြင်ထွက်လာတာလဲ”
ထိုအစေခံငယ်လေးက ရှုယီရဲ့အိမ်သို့ရောက်နေသည်မှာ ရက်အတော်ကြာနေပြီဖြစ်ပေမယ့် သူကအရမ်းကို မဝံ့မရဲဖြစ်နေသည်။ သူလည်ပင်းတွေတိုဝင်သွားကာ ခေါင်းကိုငုံချလိုက်ပြီး မီးဖိုချောင်ထဲကာထွက်လာကာ ရှုယီ ပြင်ပေးထားသည့်အခန်းထဲသို့ဦးတည်သွားပါတော့သည်။
“ရှုယီ နင်ဘာဖြစ်လို့ သူ(မ)ကို ခတ်ခတ်ထန်ထန်ဆက်ဆံနေရတာလဲ။ ငါသူ့ကို အကူညီတောင်းမို့ခေါ်ထားတာလေ။” ရှုယီကသူရဲ့အစေခံငယ်လေးကို မောင်းထုတ်နေသည်ကိုကြည့်ရင်း စတေးလ် မနေနိုင်ဖြစ်ကာ မကျေချမ်းဖြစ်သည့်လေသံဖြင့်ပြောဆိုလိုက်သည်။
“သူ့မှာဒဏ်ရာရနေတာ နင်မမြင်ဘူးလား၊ နင်ကတကယ်ကြီးသူ့ကို ကူညီနေတာတဲ့လား။ သူ့ရဲ့ဒဏ်ရာတွေပွင့်ထွက်လာရင် အတော်ကိုဒုက္ခများမှာနော်”
“စိတ်အေးအေးထားပါ၊ သူ(မ)ရဲ့ ကိုယ်တစ်ခုလုံးကို ငါကြည့်ပြီးပါပြီ၊ အနာကလုံးဝကိုပျောက်ကင်းသွားပြီ။ ထပ်ပြီးဖြစ်လာမှာမဟုတ်တော့ဘူး” စတေးလ်က ထမင်းဟင်းချက်ပြုတ်ပြီးစီးသွားပြီဖြစ်သည်။ သူ(မ)က ပါးစပ်အမူအရာကိုအသုံးပြုပြီး ရှုယီကိုစွပ်ပြုတ်နှင့်အရံဟင်းကို ယူစားဖို့အချက်ပြလိုက်သည်။
ပန်းကန်ခွက်ယောက်များကို နေရာချထားပြီးချိန်တွင် စတေးလ်က ရှုယီကိုအသံတိုးတိုးလေးဖြင့် “ဟေ့ ရှုယီ ဒီကလေးမလေးက ဘယ်သူလဲ”။
“ကလေးမလေးဟုတ်လား? ဘယ်သူလဲ” ရှုယီက တွေဝေမှင်သက်သွားသောအသံဖြင့် ပြန်မေးလိုက်သည်။
“ငါကသူ(မ)ကိုပြောတာ” စတေးလ်က အခန်းငယ်ထဲမှာရှိနေသည့် အစေခံငယ်လေးကို လက်ညှိုးထိုးပြီးပြလိုက်သည်။
“အိုး… အဲ့ဒါလား ငါက အစေခံငယ်လေးကို ဝယ်ခဲ့လိုက်တာ။ ဒီကိစ္စက ရှင်းပြဖို့တော့အတော်ခက်လိမ့်မယ် ငါနောက်ကျရင်ပြောပြမယ်လေ… ဒါနဲ့နေပါအုံး၊ နင်က ကလေးမလေးလို့ပြောလိုက်တာလား။” ရှုယီရဲ့မျက်လုံး ချက်ချင်းကြီး ပြူးကျယ်သွားခဲ့သည်။
“အင်းဟုတ်တယ်လေ၊ ဘာလို့လဲ” ရှုယီ အံ့ဩသွားသည့် အမူအရာကိုကြည့်ရင်း စတေးလ် တွေဝေသွားသည်။
“သူက ကောင်လေးမဟုတ်ဘူးလား” ရှုယီက ထိတ်လန့်သည့်အသံဖြင့်မေးလိုက်သည်။
“ဘာကိုကောင်လေးလဲ? သူ(မ)က ကလေးမလေးဆိုတာအသိသာကြီးကို၊ နင့်မျက်လုံးတွေဘာဖြစ်နေတာလဲ?” စတေးလ်က လုံးဝကိုယဉ်ကျေးမနေတော့ပဲ သူ့ကို အပြစ်တင်ခဲ့လိုက်သည်။
ရှုယီကတော့ တွေဝေမိန်းမောသွားခဲ့သည်။
ပထမဆုံးအကြိမ် သူက အစေခံငယ်လေးကိုတွေခဲ့တဲ့အချိန်မှာ သူ(မ)က ယောက်ျားကြီး (၃) ယောက်ရဲ့ ကြာပွတ်ဖြင့် သေလောက်အောင် ရိုက်နှက်ခြင်းကိုခံနေရပြီး ရှုယီကို ကောင်လေးတစ်ယောက်ဆိုပြီး အထင်မှားစေခဲ့သည်။ သည်လိုဖြစ်ရသည့်အကြောင်းကတော့ သည်ကမ္ဘာမှာ လူကောင်ကြီးကြီး (၃)ယောက်က မိန်းမငယ်လေးတစ်ယောက်ကို အကြင်နာကင်းမဲ့စွာ ရိုက်နှက်ကြလိမ့်မည်ဟုတ် သူထင်မထားခဲ့သောကြောင့်ဖြစ်သည်။
အိမ်တော်ထိန်း ဘရူနိုင်းဆီက သူ(မ)ကို ဝယ်ယူလာပြီးနောက်မှာလည်း သူမက ဒဏ်ရာရရှိနေသည်ဖြစ်သောကြောင့် သူ(မ)တစ်ကိုယ်လုံးကို ပတ်တီးများဖြင့် တစ်ချိန်လုံးပတ်ထားခဲ့သည်။ ဘယ်လိုပဲဖြစ်ဖြစ် ရှုယီအနေဖြင့် သူ(မ)နှင့် ထိတွေ့ဆက်ဆံမှု သိပ်မရှိခဲ့ပါ၊ ဒါကြောင့် သာမန်အားဖြင့် သူက ထိုကိစ္စကို အာရုံမထားခဲ့ခြင်းဖြစ်သည်။
သူ ကောင်လေးလို့ ထင်ထားသည့်လူက မိန်းမငယ်လေးဖြစ်နေမည်ကိုသူလုံးဝထင်မထားခဲ့ပါ။
***
မှော်စက်မှုအင်ပါယာ
အခန်း ၀၂၀ ။ ဗီဗီယန်
“ဒါက ….” ရှုယီ မတတ်နိုင်တော့ပဲ ခေါင်းသာကုပ်နေပြီး သူ တကယ်ကို နမော်နမဲ့နိုင်သွားခဲ့သည်။
နောက်တစ်ခါထပ်ပြောရင် ရှုယီကို သည်အတွက်ကြောင့် အပြစ်ဆိုလို့မရပေ။ သူက အရင်ကမ္ဘာမှာလဲ မိန်းကလေးများနှင့်် ထိတွေ့ဆက်ဆံမှုနည်းပါးခဲ့ပြီး သည်အချက်တွေပါထည့်တွက်သည့်အခါ သူက သူရဲ့အချိန်အများစုကို ရေခဲစက်များနှင့်အချက်အလက်တွေနှင့်သာကုန်ဆုံးစေခဲ့ပြီး သူက သည်အပိုင်းအတော်ကို ထုံအတဲ့သူပါ။
ဘယ်လိုပဲဖြစ်ဖြစ် ထိုအစေခံငယ်လေးက ပိန်ပါးသည့် အသွင်သဏ္ဌာန်ရှိပြီး သူ(မ)က ကောင်းကောင်းကြီးပြင်းလာခဲ့ရသည်မဟုတ်သောကြောင့် မိန်းကလေးတစ်ယောက်အသွင်အပြင်မျိုး လုံးဝကိုရှိမနေခဲ့ပါ။
အကယ်၍သာ ထူးခြားသည့်အခြေအနမျိုးမရှိခဲ့ပါက ရှုယီအနေဖြင့် ဒါကို ဘယ်တော့မှတွေးမိမှာ မဟုတ်ပေ။
ကသိကအောက်ဖြစ်နေသည့် ရှုယီ မျက်နှာကိုကြည့်ရင်း စတေးလ် ပြုံးလိုက်သည်။
“ရှုယီ ဒီကောင်မလေးကို နင်အိမ်ထဲမှာတွေ့လိုက်ရတုန်းက ငါထင်တာက နင်လည်း ထူးထူးခြားအထိအတွေ့မျိုးကို နှစ်သက်သည့် အချို့မင်းမျိုးနွယ်တွေနဲ့အတူတူပဲလို့။ ဒါပေမယ့် အခုကြည့်လိုက်တော့လဲ၊ ငါနင့်ကို အထင်မှတ်မှားသွားတာပဲ”
ရှုယီ မနေနိုင်တော့ပဲ သူ့မျက်လုံးတွေကို ပင့်တင်လိုက်သည်။
ဘာလဲ၊ ထူးထူးခြားခြားဝါသနာက? ဟုတ်ပါပြီ သူက ဒါမျိုးကိုစိတ်ဝင်စားအုံးတော့ ဒီကလေးက သူ့ကိုစိတ်ဝင်စားလာစေပါ့မလား ပဲပေါက်လောက်ပဲရှိတာလေးကို။
“ငါအကြောင်းပဲပြောမနေပါနဲ့တော့၊ မင်းအကြောင်းကိုပြောရအောင် အရင်ဆုံးနင်ဘာလို့ငါအိမ်ကိုလာခဲ့တာလဲဆိုတာ ပြောပါဦး” ရှုယီ ရုတ်တရက်ပြန်မေးလိုက်သည် “ငါနေတဲ့နေရာကို နင်ဘယ်လိုလုပ်သိတာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် ငါ့ကိုနှာဘူးကောင်လို့ ခံစားမိရင် နင်ဘာလို့ဒီမှာဆက်နေနေသေးတာလဲ။ အဲ့ဒီအပြင် ဘာလို့ငါ့အတွက် ထမင်းဟင်းချက်ပေးနေတာလဲ”
“နင်ကတကယ်ကြီးကို အမေးအမြန်းထူတာပဲ” စတေးလ် မပွင့်တပွင့်ပြောလိုက်သည် “နင့်ရဲ့ကျေးဇူးကြောင့် ငါ့ စန္ဒားယားအသေးစားလေးလုပ်နေတာ ပြီးခါနီးနေပြီ။ ငါနင့်ကို ညစာဝယ်ကျွေးမလို့ လာခဲ့တာ။ ဒါပေမယ့် နင်အိပ်နေမယ်လို့ ထင်မထားဘူး။ နင်အရမ်းပင်ပန်းနေတာကိုကြည့်ပြီး ငါနင့်ကို မနိုးချင်ဘူးလေ။ အဲ့ဒီအကြောင်းစဉ်းစားပြီး နင့်ကို ညစာချက်ကျွေးမယ်လို့ ရွေးချယ်လိုက်တယ်။ ဘယ်လိုသဘောရလဲ။ နင့်နေရာတစ်ခုလုံး ရှုပ်ပွနေတာကိုကြည့်ရရင် အရင်ကနင့်ကို ဘယ်သူမှ ညစာချက်မကျွေးဖူးဘူးထင်တယ်၊ ဟုတ်တယ်မို့လား။ နင်ငါ့ကို ကျေးဇူးတောင်တင်သင့်တယ်။”
စတေးလ်က ပန်းပွင်တစ်ပွင့်လို လှပနေသလို ညိုဓာတ်နှင့်ချစ်စရာကောင်းသည့်အပြုံးလေးပါထပ်ပေါင်းသွားတော့ ရှုယီရဲ့မျက်လုံးတွေကိုလင်းလက်လာစေပြီး ငေးမကြည့်ပဲမနေနိုင်တော့ပါ။
“အာ့… ငါပြောတာက နင်က ငါ့ကို ထမင်းကျွေးချင်နေတာမလား။ ဒါပေမယ့် နင့်က ငါရဲ့ဟင်းချက်စရာတွေနဲ့ ပစ္စည်းတွေကို ယူသုံးတာက အတော်လေး ချွေတာနေရာမရောက်ဘူးလား”
“ချီး…… ငါက နင့်အတွက်သီးသန့်ချက်ပေးတာနော်၊ ဒါမျိုးက ငါ့အဖိုးတောင် စားရခဲတယ်။ အဲ့လောက်ဆို နင်ကျေနပ်ပြီလား” စတေးလ်က နှာတစ်ချက်မှုတ်လိုက်ပြီး အခန်းငယ်လေးကိုညွှန်ပြကာ “သွားပြီး ကလေးမလေးကိုထမင်းစားဖို့ ခေါ်လိုက်အုံး။ သူ(မ)က ကျွန်တစ်ယောက်ဖြစ်နေလို့ အခြေခံအားဖြင့် ငါတို့နှင့်အတူစားခွင့်မရှိပေမယ့်လည်း နင်က သူ(မ)ကို ကျွန်လိုမဆက်ဆံဘူးဆိုတာ ငါသိပါတယ်။”
“အမှန်တကယ်ဖြစ်ရမှာက ဒီကမ္ဘာမှာ ကျွန်ဆိုတာတွေမျိုးတွေ ဘယ်လိုနည်းနဲ့မှ ရှိကိုမရှိသင့်ဘူး” ရှုယီက သက်ပြင်းချလိုက်ကာ အခန်းသို့မသွားခင် ခေါင်းခါလိုက်သည်။
ရုတ်တရက် ရှုယီ သက်ပြင်းချသံကို ကြားလိုက်ရင်း စတေးလ် အတော်ကို တွေဝေသွားသည်။ သူ(မ) မျက်လုံးတွေမော့လိုက်ပြီး ရှုယီ လမ်းလျှောက်ထွက်သွားသည့်ကို ကြည့်နေခဲ့သည်။
“အင်း ဟုတ်တယ် ရှုယီ ငါဒီကိုလာပြီး နင့်ကထမင်းချက်ကျွေးတာ ကျေးဇူးတင်ကြောင်းလာပြောတာအပြင် နင့်ကို ပြောစရာရှိလို့ငါလာခဲ့တာ။” သူတို့စားသောက်နေကြစဉ်မှာပင် စတေးလ်ကရုတ်တရက်ကြီးပြောချလိုက်သည်။
“အင်း ဘာအကြောင်းလဲ။ မဟုတ်မှလွဲရေ ဒီကာလအတွင်းမှာ ငါခွင့်ရက်တွေယူတာများနေတဲ့အကြောင်းလား။ ပြီးတော့ မဟာမှော်ပညာရှင်ကြီး ကမ်မီလာက မကျေနပ်ဖြစ်နေတာ ၊အဲ့တော့သူက ငါ့ကိုအလုပ်ထုတ်တော့မယ်ပေါ့ ဟုတ်တယ်မလား။” ရှုယီက ဂရုမစိုက်သည့်လေသံဖြင့်မေးလိုက်သည်။
“ဟူး… ဘယ်သူက နင့်ကိုအလုပ်ဖြုတ်ချင်တာလဲ။” စတေးလ်ကသူ့ကို ငေးကြည့်ပြီး ရှုယီအားလက်ညှိုးထိုးကာ ပြောလိုက်သည် “နင့်ကိုငါပြောရအုံးမယ် အဖိုးက နင့်ကိုအတော်လေးသဘောကျနေတာ။ နင်ကသူ့ရဲ့လက်ထောက်လုပ်ဖို့ကို ငြင်းခဲ့ပေမဲ့လည်း သူက နင့်ရဲ့ မှော်အရည်အချင်းက အတော်ကိုမြင့်မားပြီး နင့်မှာ အမြဲလိုလို အတွေးသစ်အမြင်သစ်တွေရှိတယ်ဆိုပြီး ပြောနေတာ။ နင့်ကို မှော်မျှော်စင်ဆက်ထားတာက သူ့ကို အတွေးသစ်အမြင်သစ်တွေရစေတယ်၊ အဲ့ဒီတော့ သူက နင့်ကိုဘယ်လိုလုပ်လက်လွှတ်နိုင်ပါ့မလဲ။”
“ အဲ့တော့ ကောင်းတာပေါ့။ တကယ်လို့ ငါ့ကို အလုပ်မထုတ်ဘူးဆိုရင် နင့်ကို ဘာပြောခိုင်းလိုက်တာတုန်း”
“သေချာနားထောင်။ ရှုယီ နင်ရဲ့မှော်ပညာကို ဘာကြောင့်အများကြီးမတိုးမြှင့်ချင်တာလဲဆိုတာ ငါမသိပေမဲ့ နင့်ကိုငါ အတည်ပြောချင်တာက နင်က မှော်ပညာရှင်တစ်ယောက်ဖြစ်နေတာကြောင့် နင့်ရဲ့ အဆင့်က စိုင်စ်နယ်မြေမှာတော့ အရာရာအရေးပါနေတာလေ” စတေးလ်ရဲ့မျက်နှာက အရမ်းကိုအတည်ကြီးနေပြီး၊ ကြည့်ရသည်မှာ ထိုကိစ္စနှင့်ပတ်သတ်ပြီး သူ(မ) အသည်းအသန်ဖြစ်နေပုံရသည် “ နောက် (၃) လအတွင်းမှာပဲ မှော်ပညာရှင်များအဖွဲ့အစည်းရဲ့ နှစ်ပတ်လည် အသိအမှတ်ပြုစာမေးပွဲဖြေရတော့မှာ။ အဖိုးက မှော်ပညာရှင်အဖွဲ့အစည်းရဲ့ အသိအမှတ်ပြု ကြယ်သုံးပွင့်ရထားတဲ့ မှော်ပညာရှင်တစ်ယောက်အနေနဲ့ သူက (၃) နေရာစထောက်ခံပေးလို့ရတယ်။ ပြီးတော့ သူကနင့်က တစ်နေရာစာပေးဖို့ ဆုံးဖြတ်ခဲ့တာ။ သူက နင့်ကို အသိအမှတ်ပြု စာမေးပွဲဝင်ဖြေဖို့ အကြံပေးလိမ့်မယ်။ ဒီအဓိပ္ပါယ်ကိုနင်နားလည်ရဲ့လား။”
ရှုယီက ရိုးသားစွာခေါင်းရမ်းလိုက်ပြီး “ ငါနားမလည်းဘူး”
စတေးလ်ကဆက်ပြီး ရုပ်တည်ကြီးဖြစ်နေပြီး ဒေါသထွက်လွန်းလို့ အသက်မရှုနိုင်ဖြစ်ကာ သူ(မ)က “နင် အရူးကောင်လား၊ ဒါလေးတောင်နားမလည်ဘူးလား။ တကယ်လို့ မဟာမှော်ပညာရှင်တစ်ယောက်ဆီက ထောက်ခံမှုကို ရခဲ့တဲ့သူက မှော်ပညာရှင်အဖွဲ့အစည်းရဲ့ စာမေးပွဲကို ပိုပြီး စိတ်ချလက်ချဖြေလို့ရတယ်။ ဒီသဘောက အဲ့ဒီထောက်ခံချက်နဲ့တင် အခြားသာမန်မှော်ပညာရှင်တွေထက် စာမေးပွဲကအေးအေးဆေးဆေးဖြစ်သွားလိမ့်မယ်။”
“နောက်တော့ရော အဆင့်နှင့်ခွန်အားတွေပါ မယှဉ်နိုင်တဲ့ မှော်ပညာရှင်ဖြစ်လာမှာလား” ဆိုပြီး ရှုယီကပြန်မေးလိုက်သည်။
စတေးလ်မှာ တွေဝေသွားပြီး ခဏလောက် စကားမပြောနိုင်ပဲဖြစ်သွားခဲ့သည်။
အကြောင်းကတော့ သူ(မ)ရုတ်တရက် သိသွားတာက သူ(မ)အနေဖြင့် ရှုယီရဲ့မေးခွန်းရဲ့ အဓိပ္ပါယ်ကို ပြန်လည်ချေပနိုင်ခြင်းမရှိသောကြောင့်ဖြစ်သည်။
ထုံထိုင်းသွားသည့် စတေးလ်ရဲ့အမူအရာကိုကြည့်ရင်း ရှုယီ ခပ်ရေးရေးပြုံးပြလိုက်တော့သည်။သူ စတေးလ်ဆီသို့ လက်ကမ်းလှမ်းပြီး “ငါ့ကိုပေးလိုက်ပါ။”
“နင့်ကို ဘာပေးရမယ်” စတေးလ် ကြောင်သွားကာမေးလိုက်သည်။
“အဲ့တာလေ ထောက်ခံချက်မို့လား။ ငါလက်ဗလာအတိုင်း မှော်ပညာရှင်အဖွဲ့အစည်းကိုမသွားနိုင်ဘူးလေ။
မဟာမှော်ပညာရှင်ကြီးကမ်မီလာက ငါ့ကို ထောက်ခံပေးထားတယ်လို့ပဲပြောလိုက်ရင် သူတို့က ငါ့ကို ယုံကြည်ပေးပါ့မလား၊ ဟုတ်တယ်မလား။”
စတေးလ်က ငေးငိုင်စွာမေးလိုက်သည် “ နင်က ဒီထောက်ခံချက်ကိုမလိုချင်ဘူးမို့လား”
“ ဘယ်သူပြောလဲ ငါမလိုချင်ဘူးဆိုလို့”
“ ဒါပေမယ့် နင်ပြောခဲ့တာလေ”
“ငါပြောခဲ့တာဆိုပေမယ့်လည်း ဒီစာမေးပွဲရဲ့အဓိပ္ပါယ်ကို ငါရှင်းရှင်းလင်းလင်းမသိဘူးလို့ ဆိုလိုတာမဟုတ်ဘူး” ရှုယီကပြုံးပြုံးလေးပြောလိုက်ပြီး “ ငါဒီနေ့မှာ အသက် (၂၇)နှစ်ပြည့်ပြီ၊ ကလေးတစ်ယောက်မဟုတ်တော့ဘူး။ ငါဘာအတွက်ကြောင့်များ ဒီလိုသက်တောင့်သက်သာရနိုင်မယ့်အရာတွေကို လက်လွှတ်ခံမှာလဲ။ ပြီးတော့ အဲ့တာတွေကို ငါမသုံးတတ်ဘူးတဲ့လား။ နောက်ထပ်ပြောရရင် ဒါက မဟာမှော်ပညာရှင်ကြီးကမ်မီလာရဲ့ထောက်ခံချက် ပြီးတော့ နင့်ရဲ့ စေတနာတွေ။ တကယ်လို့ ငါငြင်းခဲ့လိုက်ရင် နင့်ရင်စိတ်ကောင်းစေတနာတွေ အလဟဿဖြစ်သွားမှာပေါ့။”
စတေးလ်က ရှုယီကိုခဏအကြာငေးကြည့်ပြီး ခုံကိုရိုက်ချလိုက်ကာ မတ်တပ်ရပ်လိုက်သည်။ သူ(မ)က စိတ်ဆိုးစွာဖြင့် သူကိုပြန်ပြောလိုက်သည် “ နင်က ကလေးပဲ”
ထိုစကားများကိုပြောပြီးနောက် သူ(မ)က ပြန်မကြည့်ပဲထွက်သွားခဲ့သည်။
စတေးလ် ထွက်သွားတာကိုကြည့်ရင်း ရှုယီ ခေါင်းခါလိုက်ကာ အပြုံးများပျောက်ဆုံးသွားတော့သည်။
“ကြည့်ရတာ သူ(မ)ကို အဲ့လိုစကားတွေမပြောသင့်ဘူးထင်တယ်၊ ငါနောက်ကျရင် သူ့ရှေ့မှာ စကားကိုပြောနိုင်မှာမဟုတ်တော့ဘူး”
သူ့ကိုငေးကြည့်နေသည့် ဘေးက အကူအညီမဲ့နေသည့်မျက်နှာလေးဖြင့် ကျွန်ငယ်လေးဘက်သို့ ပြန်လည့်ပြီးကြည့်နေလိုက်သည်။ ရှုယီကခပ်ရေးရေးပြုံးလိုက်ပြီး သူ(မ)ကို “ တောင်းပန်ပါတယ် ငါဒီရက်ပိုင်းတွေ အလုပ်များနေခဲ့တာ။ ပြီးတော့ မင်းနဲ့အတူ စကားပြောဖို့ အချိန်တောင်မရခဲ့ဘူး။ နေရတာဘယ်လိုရှိလဲ။ မင်းဒီမှာဆက်နေအုံးမှာလား”
ထိုကျွန်ငယ်လေးက ခေါင်းကို အရင်ခါရမ်းလိုက်ပေမယ့် ထိုအကြောင်းကိုစဉ်းစားပြီးနောက်မှာတော့ သူ(မ)က ခပ်ပြင်းပြင်းခေါင်းညိတ်လိုက်သည်။
ရှုယီကမျက်မှော်အသာကြုတ်လိုက်ပြီး “မင်း စကားမပြောတတ်ဘူးလား”
ကျွန်ငယ်လေးက ခေါင်းငုံလိုက်သည်။
“ဘာကိုပြောချင်တာလဲ၊ မင်းစကားပြောနိုင်လား မပြောနိုင်ဘူးလား”
ကျွန်ငယ်လေးက သူ(မ)ရဲ့ပါးစပ်ကို ဖြည်းဖြည်းချင်းဟလိုက်ပြီး ခဏအကြာမှာတော့ သူ(မ)က စကာလုံးအနည်းငယ်ပြောခဲ့သည်။
“ စကား ပြောနိုင်ပါတယ်”
သူ(မ)ရဲ့ ကွဲအက်အက်ဖြစ်နေသည့် အသံကနေ စကားလုံးများကို ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေသည်ကိုအခြေခံပြီး ကြည့်ရသည်မှာ သူ(မ) ကအတော်အကြာစကားမပြောပဲနေခဲ့ရပုံပေါ်သည်။ အနည်းဆုံး အခုချိန်မှာ သူ(မ)က စကားပုံမှန်အနေအထားဖြင့်ပြောနိုင်ခြင်းမရှိသေးပါ။
ရှုယီကထိုအကြောင်းတွေကိုစဉ်းစားပြီး အသားဟင်းအချို့ကိုခပ်ပြီး သူ(မ)ရဲ့ ပန်းကန်လုံးထဲသို့ထည့်လိုက်သည်။
“မင်း ငါ့နေရာမှာ ဘာကိုမှကြောက်စရာမလိုဘူး။ ငါမင်းကို ဝယ်ခဲ့တာပေမယ့်လည်း ကျွန်တစ်ယောက်လို ဆက်ဆံတာမျိုးငါလုပ်ဖို့ စိတ်မပါဘူး။ ပြီးတော့ ရိုက်လဲမရိုက်ဘူး။ ဒါကြောင့် မင်း စိတ်ချလက်ချနေလို့ရပါတယ်”
ကျွန်ငယ်လေးက အသားဟင်းထည့်ထားသည့် ပန်ကန်းလုံးကိုကြည့်ပြီး ခေါင်းအသာညိတ်လိုက်သည်။
“ကျွန်… ကျွန်မ သိပါတယ်၊ အစ်ကိုက လူကောင်းတစ်ယောက်ဆိုတာကို”
“ဟ၊ ငါ့ကို လူကောင်းတစ်ယောက်လိုပြောလိုက်တယ်ပေါ့လေဟုတ်လား” ရှုယီက ငြင်သာစွာပြုံးလိုက်ပြီး “ဟုတ်ပါပြီ၊ မင်းနာမည်ဘယ်လိုခေါ်လဲ၊ ငါမေးမကြည့်ရသေးဘူး”။
“ဗီ… ဗီဗီယန်… ပါ”
“ ဗီဗီယန်တဲ့လား၊ နာမည်ကောင်းလေးတစ်ခုပဲ။” ဆိုပြီး ရှုယီကချီးကျူးလိုက်သည်။
ထိုကျွန်ငယ်လေးရဲ့မျက်နှာပေါ်မှာ နာကျင်သွားသည့်အရိပ်အယောင်ဖြတ်ကနဲပေါ်လာသည်ကို ကြည့်ရင်း သူ(မ)အတွက်တော့ ထိုနာမည်မှာ နာကြင်စရာအမှတ်တရများရှိနေသည်ကို သူသိရှိသွားခဲ့သည်။ သူက ခေါင်းကိုခါလိုက်ပြီး ဘာမှထပ်မမေးတော့ပါ။
ထိုကျွန်ငယ်လေးရဲ့ ဘဝက အရင်တုန်းက ခက်ခဲကြမ်းတမ်းပြီး သူ(မ)ကိုအကြီးအကျယ်စိတ်ဒဏ်ရာရသွားစေခဲ့တယ်ဆိုတာ သူသိခဲ့လိုက်ရသည်။ အကယ်၍သူသာ သူ(မ)ကို ပွင့်ပွင့်လင်းပြောစေချင်လျှင် ဖြည်းဖြည်းချင်းလုပ်ယူရမည်ဖြစ်ပြီး အလောတကြီးလုပ်လို့မရပေ။
သူတို့စားသောက်ပြီးနောက် ကျွန်ငယ်လေးက အရင်ဆုံးပန်းကန်တွေကိုသိမ်းဆည်းလိုက်သည်။ ရှုယီက ထိုအကြောင်းတွေကိုတွေးပြီး သူ(မ)ကိုမတားပဲနေလိုက်သည်။
လက်ရှိအချိန်မှာ သူ(မ)ကို အချို့ကိစ္စလေးတွေလုပ်စေတာက သူ(မ)ရဲ့ဘဝသစ်နှင်သဟဇတဖြစ်စေဖို့ ပိုပြီးလွယ်ကူစွာ စေပါသည်။ ဒါက သူ(မ)အတွက်အမှန်တကယ်ကို ကောင်းသည့်အရာများဖြစ်သည်။
လေ့ကျင့်ခန်းအနည်းငယ်လုပ်ပြီးသည့်နောက် ရှုယီက အလုပ်ခန်းဆီသို့ ဦးတည်ထွက်လာခဲ့သည်။
မှော်မူလီခေါင်းဖော်စက်နှင့် မှော်အရစ်ဖော်စက်တို့အားပြုလုပ်ပြီးစီးပြီဖြစ်သည်၊ ဆိုလိုသည်က သူတို့ အနေဖြင့် ဒုတိယမျိုးဆက်မှော်ပန်ကာထုတ်လုပ်မှု တရားဝင်စတင်နိုင်ပြီးဖြစ်သည်။ ဒါပေမယ့်အခုချိန်မှာတော့ ရှုယီအနေဖြင့် အရင်ဆုံးအခြားပြဿာနာများကိုဖြေရှင်းဖို့ကျန်နေသေးသည်။
ပထမမျိုးဆက်မှော်ပန်ကာနှင့် နှိုင်းယှဉ်ကြည့်လျှင် အရှိန်(၃)မျိုးပြောင်းနိုင်သော်လည်း မှော်အစီအရင်နှင့်မှော်ပန်ကာ ကိုယ်ထည်အတွက် ရှုပ်ထွေးသည့်ပြောင်းလဲမှုများ လိုအပ်နေသေးသည်၊ ဒါကြောင့် အချက်အလက်အတော်များများ တွက်ချက်ဖို့ကျန်နေသေးသည်။
လက်ရှိအချိန်မှာ သူအနေဖြင့် အခြားသူကိုလက်လွှဲခိုင်းစေဖို့ မတတ်နိုင်သည့်အနေအထားဖြစ်နေသည် သူတစ်ယောက်သာလျှင် မှော်ပညာအစီအရင်နှင့် စက်မှုအင်ဂျင်နီယာ နှစ်မျိုးလုံးတတ်ကျွမ်းနားလည်သူဖြစ်နေသည်။ ထိုပညာနှစ်ခုလုံးကို ပြည့်စုံစွာပေါင်းစပ်အသုံးပြုနိုင်သည့် သူတစ်ယောက်ဆိုသည်ကို ထည့်ပြောစရာပင်မလိုချေ။
“အရည်အချင်းရှိတဲ့သူတွေ ရဖို့ကခက်ခဲတယ်။” သူဖြေရှင်းရမည့် ပြဿနာပင်လယ်ကြီးတွေးတောပြီး ရှုယီ ဘာမှမတတ်နိုင်ပဲ သက်ပြင်အရှည်ကြီးသာချနေလိုက်တော့သည်။
အကယ်၍သည်ကမ္ဘာမှာသာ မြင့်မားသည့်ပညာအရည်အချင်းနှင့် ကမ္ဘာဂြိုလ်ကဲ့သို့ ပြည့်စုံသည့်ဗဟုသုတစနစ်မျိုးရှိသည့် တတ်ကျွမ်းထားသည့်သူများသာများများရှိခဲ့လျှင် သူအလုပ်က သည်လောက်ခက်ခဲမှာမဟုတ်။
“အဲဒီတော့ ဘယ်သူမှ ငါးနဲ့ ဝက်ဝံလက်သည်း တခါတည်းရနိုင်မှာမဟုတ်ဘူး”
ရှုယီကခေါင်းခါလိုက်ပြီး ခါးသက်သက်ပြုံးလိုက်သည်။ သူရဲ့သုတေသနကို အာရုံစိုက် ပြင်ဆင်နေတုန်းမှာပဲ လင်ဗန်းတစ်ချပ် သူ့ဘေးနားပေါ်လာခဲ့သည်။
လင်ဗန်းပေါ်က အငွေ့တထောင်းထောင်းထနေသည့် လက်ဘက်ရည်ကိုကြည့်ရင်း ရှုယီ ခပ်ရေးရေးပြုံးလိုက်ကာ “ ဗီဗီယန် ငါ့ကို ဂရုစိုက်နေဖို့မလိုပါဘူး။ သွားပြီးအိပ်ချေတော့” ဆိုပြီး ပြောလိုက်သည်။
ဗီဗီယန်က ရှုယီ ဘေးနားမှာ လက်ဘက်ရည်ခွက်ကိုချလိုက်ရင်း ခေါင်ငုံပြီး ညင်သာစွာပြောလိုက်သည် “ သခင်ကို အလုပ်အကြွေးပြုရမှာ ကျွန်မရဲ့တာဝန်ပါ”
ရှုယီက ပြုံးလိုက်ပြီး သူ(မ)ကို ထပ်ပြီးဖျောင်းဖျပြောဆိုမနေတော့ပဲ အလုပ်ကို ဆက်လက်လုပ်နေလိုက်သည်။
ဗီဗီယန်က ပထမမှာတော့ ရှုယီ ဘေးနားနေပြီး သတိကြီးကြီးထားကာ သူ(မ)ရဲခေါင်းကိုငုံနေခဲ့ပေမယ့် ခဏအကြာမှာတော့ ရှုယီ အလုပ်လုပ်နေသည်ကိုမော့ကြည့်လိုက်ပြီး သူ(မ)ရဲ့ မျက်နှာပေါ်မှာ သိချင်စိတ်တွေပြည့်နှက်သွားသည်။
ဤသခင်အသစ်က တကယ့်ကိုပဲ အရင်သူ(မ)ရဲ့ သခင်နှင့်နှိုင်းယှဉ်လိုက်ရင် အရမ်းကိုပိုပြီးကောင်းနေခဲ့သည်။
ဘာကြောင့်များ သူ အလုပ်ကို အပြင်းအထန်ကြိုးစားလုပ်နေတာပါလိမ့်။