အခန်း (၆၁-၇၀)
Vol. 1 Ch. 61-70
အခန်း ၀၆၁ ။ သတင်းထောက်ဓါတ်ပုံဆရာ
“လဲ့ဝစ်ကမိတ်ဆက်ပေးတဲ့လူလား” ဗစ်ကောင့်ထ် လက်စ်လိုင်း ခေါ်ခဲ့သောလူကို ကြည့်လိုက်ပြီး မေးလိုက်သည်။ သူမကြားတာကြာခဲ့သောနာမည်ကို ပြန်ကြားလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ဘာရွန်ဟားနက်စ်ကခေါင်းညိမ့်ပြသည်။ “ဟုတ်ပါတယ်။ ကျွန်တော်ဒီမြို့ကိုလာမယ်ကြားတော့ ဦးလေးလဲ့ဝစ်က ဒီကုမ္ပဏီကိုဆက်သွယ်ရမယ်လို့ပြောပါတယ်။ ပြီးတော့ သူ့အနေနဲ့ အရင်က မှော်ပန်ကာနဲ့ပတ်သက်ပြီး ပူးပေါင်းခွင့်မရခဲ့တာကို ဝမ်းနည်းမဆုံးဖြစ်နေတာပါ။ ခုတော့ထုတ်ကုန်အသစ်ထွက်လာပြီဆိုတော့ သူ့အနေနဲ့အခွင့်အရေးသာရမယ်ဆို သေချာပေါက်ပူးပေါင်းမှာပါ”
လဲ့ဝစ် မျက်နှာသည် သူ့စိတ်ထဲပေါ်လာသည်။ ချက်ချင်းပဲ မှော်ပန်ကာ တစ်ထောင်ကိုမှာလိုက်သော ထိုဖောက်သည်ကို သူအထင်ကြီးခဲ့သည်။
ကုမ္ပဏီထောင်ကာစ မှော်ပန်ကာကိုသုတေသနလုပ်ကာစတွင် ဘန်တာမြို့တွင် နာမည်မရခဲ့ပေ။
ထိုအချိန်ကတည်းကပင် လဲ့ဝစ်သည်ချက်ချင်းအော်ဒါမှာခဲ့လေသည်။ သူအမြင်ကျယ်သည်ဟုပြောနိုင်၍ ရဲရင့်သည်ဟုလည်းပြောနိုင်သည်။
ခုတော့ သူတို့လိုကုမ္ပဏီသေးသေးလေးကို လပေါင်းများစွာမမေ့သေးပဲ ဆက်သွယ်ခိုင်းလိုက်ပြန်သည်။
ဘာရွန်ဟားနက်စ်ကိုသေချာကြည့်လိုက်သော် ငယ်ရွယ်သော်လည်း အရည်အချင်းရှိသည့်ပုံပင်။ ထို့ပြင်သူ့ကိုတွေ့ဖို့ ဗစ်ကောင့်ထ်လက်စ်လိုင်းကတဆင့်ဆက်သွယ်ပုံကိုကြည့်သော် အန်ဗီမာမြို့တွင် အဆင့်အတန်းရှိပုံရသည်။
သူ့ဦးလေးလဲ့ဝစ်သည်လည်း အရေးကြီးပုဂ္ဂိုလ်ဖြစ်နိုင်လေသည်။
“ လဲ့ဝစ်က... ငါတို့မှာထုတ်ကုန်သစ်ရှိလိမ့်မယ်လို့ သူဘာလို့သေချာပေါက်ပြောနိုင်ရတာလဲ”
ထိုလူငယ်ကပြုံး၍ “ကျွန်တော်လည်းသူ့ကိုမေးပါတယ် သူပြောတာတော့ ဥက္ကဌကြီးကို တခါပဲတွေ့ဖူးပေမယ့် လုံးဝလက်လျော့မယ့်လူမျိုးမဟုတ်ဘူးလို့ပြောနိုင်တယ်တဲ့။ အဲဒါကြောင့် ထုတ်ကုန်တခုတည်းနဲ့တော့ ကျေနပ်မှာမဟုတ်ဘူးတဲ့”
ရှုယီ တယောက်မနေတတ်မထိုင်တတ်ဖြစ်သွားသည်။
“ကျွန်တော်ကအဲလောက် ခန့်မှန်းရလွယ်တယ်လား”
ဗစ်ကောင့်ထ် လက်စ်လိုင်းကဟက်ဟက်ပက်ပက်ရယ်၍ “အင်း မင်းဆီမှာအဲလိုစိတ်မျိုးမမြင်ရရင် ငါ့အနေနဲ့ပူးပေါင်းလုပ်ဆောင်ပါ့မလား”
ရှုယီကလက်ကာပြ၍ “အဲဒီလိုမျိုးများ ကျွန်တော့်မျက်နှာမှာရေးထားလို့လား”
ဘာရွန်ဟားနက်စ်ကလည်း ဝါးလုံးကွဲရယ်ချလိုက်၍ “ဥက္ကဌရှုက အင်မတန်စိတ်ဝင်စားစရာကောင်းတဲ့လူပဲ။ ရည်မှန်းချက်ကြီးတာ ကောင်းတဲ့အရာမဟုတ်ဘူးလား။ ခုလိုတမူထူးခြားတဲ့ကုမ္ပဏီထောင်တယ်ဆိုကတည်းက ရည်မှန်းချက်မကြီးရင် အင်း… ဦးလေးစကားတိုင်းပြောရရင် စိတ်ထက်သန်မှုမရှိရင် ဒီလိုကုမ္ပဏီကြာကြာခံပါ့မလား”
“ကောင်းပြီ ဟုတ်ပါပြီ ကျွန်တော်ကရည်မှန်းချက်ကြီးတယ် စိတ်အားထက်သန်မှုပြင်းပြတယ် ထားပါတော့ ဒီစကားတော့ကြိုက်သား။ ခုဒီကုမ္ပဏီကထောင်ကာစပဲရှိသေးတယ် ဒါပေမယ့် ဒီတိုင်းပြည်မှာသာမက ဒီတိုက်ကြီးတခုလုံးမှာပါ နံပါတ်တစ်အကောင်းဆုံးဖြစ်အောင်ကြိုးစားပြမယ်” ယုံကြည်ချက်အပြည့်ဖြင့်ပြောလေသည်။
“ယုံပါတယ်။ ဒါပေမယ့် သိချင်တာလေးရှိတယ်။ ဥက္ကဌက မှော်ဆရာဆိုတော့ ပြီးတော့ မှော်ထွင်စက်ကိုကြည့်ပြီးပြောရရင် မြေမှော်အစီအရင်ကတော့ အရမ်းမြင့်တာပဲဗျာ။
ဘာလို့များမှော်ကိုပဲလေ့လာပြီး မှော်ဆရာဖြစ်ဖို့မလုပ်တာပါလဲ။ ဘာလို့ခုလို မှော်စက်တွေကိုလေ့လာနေတာလဲဗျ။ ဒီကုမ္ပဏီက တိုက်ကြီးတတိုက်လုံးမှာ နံပါတ်တစ်ဖြစ်သွားရင်တောင် ကုန်သည်အနေနဲ့က စွမ်းအားကြီး မှော်ဆရာလောက်အားကျစရာမရှိပါဘူး”
“ဒီလိုမေးတာ ခုမှမဟုတ်ပါဘူး” ထို့နောက် ဗစ်ကောင့်ထ် လက်စ်လိုင်းကိုကြည့်လိုက်သည်။ လွန်ခဲ့သောတစ်လကပင် သူလည်းထိုသို့မေးခဲ့သေးသည်။
“အဲဒါကဖြေဖို့တော့အခက်သားပဲ။ ကိုယ်ရေးကိုယ်တာစိတ်ဝင်စားမှုလို့ပဲမှတ်ထားတာပိုကောင်းလိမ့်မယ်”
ထိုလူငယ်သည်မျက်မှောင်ကြီးကြုတ်၍ မကျေနပ်သေးပေ။
“ဥက္ကဌ ဒီလိုနဲ့ပဲ မှော်ဆရာဆိုတဲ့ဂုဏ်ထူးကိုစွန့်လွှတ်တော့မှာလား”
ဒီတိုက်ကြီးတခုလုံး၏ စက်မှုစနစ်ကို တော်လှန်ဖို့ဆိုသောစိတ်ကူးကို သူ့ကိုမပြောနိုင်ပေ။
ဗစ်ကောင့်ထ် လက်စ်လိုင်းကိုပင် မှော်စက်တွေကိုပို၍ စိတ်ဝင်စားလို့ဟုဖြေထားသည်။ ကိုယ်ရေးကိုယ်တာစိတ်ဝင်စားမှုဟုပြောလျှင် လူအတော်များများနားမလည်ကြပေ။
ယခုထိတော့ သူ့အတွေးများကို ဆရာကြီးကမ်မီလာနှင့် စတေးလ်တို့ကိုသာ ပြောပြထားသည်။
ယခုလူငယ်နဲ့ကား သိပ်မရင်းနှီးပေ။
“ဘာရွန်ဟားနက်စ်ရေ ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းရဲ့ဦးလေးလဲ့ဝစ်ကိုသာမေးကြည့်ပါ သူနားလည်ပါလိမ့်မယ်။ သူကငါတို့ကုမ္ပဏီနဲ့ ပူးပေါင်းချင်တယ်ပြောတယ် ပူးပေါင်းခြင်းနဲ့ ဝိသေသလက္ခဏာတွေကဘာများလဲ”
စကားလမ်းကြောင်းလွှဲလိုက်လေသည်။
“ဘာမှတော့မရှိပါဘူး။ ဦးလေးက ဥက္ကဌကိုတွေ့ဖို့လွှတ်လိုက်ပြီး ဒီအကြံကိုပြောခိုင်းရုံပါ။ ကျန်တာတော့မသိပါဘူး။ ဥက္ကဌမှာရော ပူးပေါင်းရမယ့် မူတွေများရှိလား”
မျက်မှောင်ကြုတ်လိုက်ပြီး “ငါလား လဲ့ဝစ်အကြောင်းလည်းမသိပဲ ဘယ်လိုလုပ်ငါ့မှာရှိမှာလဲ”
ဘာရွန်ဟားနက်စ် မျက်လုံးများ အံ့သြစွာဖြင့် ပြူးထွက်လာပြီး “ဦးလေးဘယ်လူလဲမသိဘူးပေါ့။ အရင်ကမပြောပြဖူးဘူးလားဗျ”
“ငါ့ကိုကဒ်ကလေးပဲပေးဖူးတာ။ အဲဒီပေါ်မှာ နာမည်နဲ့လိပ်စာပဲပါတာလေ။ ကျန်တာဘာမှမသိရဘူး”
“လိပ်စာကရောဘာတဲ့လဲ”
“အန်ဗီမာမြို့ နံပါတ်နှစ်ဆယ့်သုံးလမ်းလား လေးလမ်းလားမသိပါဘူး။ ခုတော့ကဒ်ကပါမလာလို့ ဝမ်းနည်းပါတယ်။ သေချာလည်းမမှတ်မိတော့ဘူး”
သူပြောပြီးသည်နဲ့ ဗစ်ကောင့်ထ် လက်စ်လိုင်းနှင့် ဘာရွန်ဟားနက်စ်တို့နှစ်ယောက်စလုံး မျက်နှာပျက်သွားသည်ကို တွေ့လိုက်ရသည်။
“ဦးလေးကသူ့ရဲ့တကယ့်နာမည်အစစ်ကိုပေးလိုက်တာပဲ။ ဥက္ကဌကိုဒီလောက်အလေးအနက်ထားဆက်ဆံလို့ ကျွန်တော့်ကိုလွှတ်လိုက်တာ မထူးဆန်းပါဘူးလေ”
ရှုယီ အံ့သြသွားသည်။ သူ့ကိုပေးတဲ့လိပ်စာကဒ်ကို တော်ရုံလူမရနိုင်ပါလား။
ထိုဟာသည်ထူးဆန်းလှသည်။ သူနဲ့တခုသာတွေ့ဖူးသော်လည်း လေးလေးစားစားဆက်ဆံလေသည်။
သူသည်မှော်စက်များကိုတခုပြီးတခုဖန်တီး၍ တိုက်ကြီးတခုလုံးကိုပြောင်းလဲပစ်မည်လူဟု အတပ်သိနေသော ဟောကိန်းထုတ်တဲ့လူလား။
“ဥက္ကဌနဲ့ပတ်သက်ပြီး ကျွန်တော်ပိုသိသင့်တယ်လို့ထင်တယ်။ ဦးလေးကတော့ ကောက်ချက်ချတဲ့နေရာမှ အရမ်းနာမည်ကြီးတယ် ခုလိုဆရာ့ကိုအလေးသမှုပြုတယ်ဆိုတော့ ဆရာ့မှာတန်ဖိုးထားစရာတခုခုရှိလို့နေမှာပေါ့။
အာ.. ဒီလိုလုပ်ရင်ရော။ ဒီမြို့မှာ ကျွန်တော် လဝက်လောက်နေလိုက်မယ် ပြီးတော့ ခင်ဗျားအကြောင်းနဲ့ကုမ္ပဏီအကြောင်းကိုသေချာသိခွင့်ရသွားမှာပေါ့”
ရှုယီ ကအံ့သြစွာဖြင့် “မင်းကဘယ်လိုစုံစမ်းချင်တာလဲ”
“ဥပမာ တရက်လုံးဆရာ့ဘေးမှာနေပြီး လိုက်ကြည့်လို့ရတာပေါ့။ စက်ရုံကိုသွားပြီးလည်း ဘယ်လိုလုပ်ငန်းလည်ပတ်လည်း လိုက်ကြည့်လို့ရတာပေါ့။ ပြီးတော့ ဒီမြို့ကလူတွေက ကုမ္ပဏီအပေါ် ဘယ်လိုသဘောထားလဲ လိုက်တီးခေါက်ကြည့်လို့ရတာပေါ့”
ရှုယီ ကြက်သီးမွှေးညှင်းပင်ထသွားမိသည်။ ဒီလူငယ်အတွေးတွေက ဘာလို့များ ကမ္ဘာမြေပေါ်က ကိုယ်ရေးသီးသန့်ပုဂ္ဂိုလ်မျိုးနဲ့ တူနေရတာလဲ။
“အားနာပါတယ်....” ငြင်းချင်သော်လည်း ဗစ်ကောင့်ထ် လက်စ်လိုင်း ခေါင်းညိမ့်ပြသည်ကို မြင်၍ မပြောလိုက်ရ။
“ဘာကိုအားနာတာလဲဗျာ” ထိုလူငယ်ကမျှော်လင့်တကြီးမေးသည်။
“ခင်ဗျားအချိန်တွေအလကားဖြစ်သွားမှာစိုးရိမ်မိတာပါ”
“နိုးနိုးနိုး ဒီကုမ္ပဏီအကြောင်းကိုကျွန်တော်အရမ်းစိတ်ဝင်စားလို့ပါ။ ခင်ဗျားအကြောင်းကိုလည်း ဂဃနဏ သိသွားတာပေါ့။ ဦးလေးမေးရင် အကုန်လုံးအသေးစိတ်ကအစရှင်းပြနိုင်မှာပေါ့”
“ဒီလိုဆိုလည်း ကောင်းပါပြီ။ ဒီကုမ္ပဏီအစား ကျွန်တော်ကပဲ လှိုက်လှဲစွာကြိုဆိုပါတယ်”
***
မှော်စက်မှုအင်ပါယာ
အခန်း ၀၆၂ ။ ဘန်တာသတင်းစာ
“သူ့ကိုကျွန်တော်မကြိုဆိုပါဘူး"ဟိန့်ဇ်ကခံစားချက်အတိုင်းပြောချလိုက်သည်။ “ရှုယီ ဘာလို့များ ကျွန်တော့်ကိုအရင်မပြောတာလဲ။ ခုဆို မှော်ထမင်းအိုးကိုအင်တိုက်အားတိုက်ထုတ်နေတာ ကျွန်တော်ဆိုအားလုံးနစ်မြှုပ်လုပ်နေတာ ခုလိုဖြူဖတ်ဖြူရော် လူငယ်ပေါ်ကျော့ကိုခေါ်လာတော့ ထုတ်လုပ်မှုကိုမထိခိုက်ပေဘူးလား”
ရှုယီလည်းအံ့ဩစွာဖြင့်ကြည့်၍ “မဟုတ်ပါဘူး။ သူ့ကိုဘာမှလုပ်ပေးစရာမလိုဘူး။ သူ့ကိုအထက်တန်းလွှာလိုလည်း သဘောမထားဘဲ ဒီအတိုင်းမရှိသလိုပဲ ထားလိုက်ပါ။”
“လွယ်လွယ်လေးပြောလို့ဘယ်ရမလဲ။ ဘာပဲဖြစ်ဖြစ် သူက အထက်တန်းလွှာကလူလေ၊ သူသာတစ်ခုခုဖြစ်သွားရင် ဒီစက်ရုံကိုမထိခိုက်ပေဘူးလား။ ဘာမှမဖြစ်ရင်တောင် ဒီစက်ရုံထဲမှာ ကိုးရိုးကားယားကြီး ဖြစ်မနေဘူးလား။ ကြည့်ပါဦး၊ ကျွန်တော်တို့ အလုပ်သမားတွေကိုလည်း ဝင်တားနေတယ်။ မှော်အရစ်ဖော်စက်ကို ထိန်းချုပ်ချင်နေတာပဲ”
စက်ကိုစမ်းသပ်ကြည့်ဖို့ လုပ်နေသော ထိုလူငယ်ဆီ နှစ်ယောက်သားမောကြီးပန်းကြီးပြေးလာပြီး ဝင်တားရသည်။
“ဘာရွန်ဟားနက်စ် ဒီစက်ရုံထဲမှာ လျှောက်ပတ်ကြည့်လို့ရပါတယ်. ဒါပေမဲ့ စက်တွေကို မောင်းကြည့်လို့တော့မရဘူး။ ဟုတ်ပြီလား။”
ထိုလူငယ်၏ကျောထောက်နောက်ခံက မသေးကြောင်းကို ဗစ်ကောင့်ထ်လက်စ်လိုင်းက ပြောပြထား၍ တတ်နိုင်သမျှ လိုက်လျောညီထွေပေါင်းဖို့ ဆုံးဖြတ်ထားသည်။
“ဒီစက်တွေက အရမ်းအန္တရာယ်များတာ၊ သင်မထားဘဲ သုံးရင် ထိခိုက်ဒဏ်ရာရသွားနိုင်တယ်။”
ဘာရွန်ဟားနက်စ်က သိချင်ဇောဖြင့်၊ “မဖြစ်နိုင်ပါဘူး။ ဒီအလုပ်သမားတွေ လုပ်နေကြတာတော့ လွယ်လွယ်လေးပဲကို။”
ဒါက ဘာလို့ဆို သူတို့က ကျွမ်းကျင်နေပြီးသားလေ။ သူတို့လည်း စလုပ်တုန်းကဆို လက်မောင်းကျိုးသွားတဲ့လူတောင် ရှိသေးတယ်။” ထို့သို့ပြော၍ အလုပ်သမားထုကြီးကို လှမ်းကြည့်လိုက်သည်။
ထိုအလုပ်သမားထုကြီးကလည်း နားလည်လွယ်ကြပြီး သူပြောသည့်အတိုင်း လိုက်ယောင်ဝါးကြသည်။
“ဟုတ်တယ်၊ ဟုတ်တယ်၊ ဟိုကလေး တူချီရဲ့လက်မောင်းဆို အခုထိမပျောက်သေးဘူး။”
“အင်း.. အန္တရာယ်များလိုက်တာ၊ အရင်တစ်ပတ်တုန်းကဆို ကျွန်တော်လည်း မတော်တဆဖြစ်လုနီးပါးပဲ။ တော်သေးတာပေါ့ မြန်မြန်ရှောင်လိုက်လို့။ မဟုတ်ရင် လက်မောင်းတစ်ခုလုံးပါသွားနိုင်တယ်။”
“ဟုတ်တယ်၊ ဒီစက်တွေကို သွားအထင်သေးလို့မရဘူး။ မကျွမ်းကျင်တဲ့သူဆို ထိခိုက်ဒဏ်ရာရနိုင်တယ်။”
အလုပ်သမားအများစုဆီက သတိပေးစကားကိုကြားသော်၊ “အင်း ကောင်းပါပြီ၊ နောက်တခါဘာမှမလုပ်တော့ဘူး၊ ဒီအတိုင်းပဲကြည့်ပါတော့မယ်။”
ထိုအခါမှ နှစ်ယောက်သား သက်ပြင်းချနိုင်တော့သည်။ ဘာရွန်ဟားနက်စ်သည်တော့ စာအုပ်နဲ့ဘောပင်ယူ၍ တစ်ခုခုကို လိုက်မှတ်နေလေသည်။ ‘စက်တို့သည်အန္တရာယ်များကာ အလုပ်သမားများပင် ထိခိုက်ဒဏ်ရာရနိုင်သည်။’
ရှုယီတစ်ယောက် ထိုစာကိုဖတ်ကြည့်ပြီး မျက်နှာပျက်သွားသည်။
သူအမှတ်တမဲ့ပြောလိုက်သောစကားကို ဤမျှအလေးအနက်ချရေးလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ ဒီနယ်မြေတွင် အလုပ်သမားသမဂ္ဂမရှိ၍တော်သေးသည်။ မဟုတ်လျှင် သူ့စက်ရုံအပိတ်ခံရနိုင်သည်။
သူသည် အလုပ်သမားများကို ကုသပေးဖို့စီစဉ်ထားသော်လည်း လုံခြုံရေးနဲ့ပတ်သက်၍ အားနည်းနေသည်ကို တွေ့လိုက်ရသည်။
လောလာဆယ်ထိ ဘာအထိအခိုက်မျှ မရှိသေး၍ ဖုံးကွယ်ထားနိုင်လေသည်။ သို့သော် ဖြစ်လာသည်နဲ့ သင့်တော်သောလုပ်ဆောင်မှုမရှိလျှင် ဒုက္ခရောက်သွားနိုင်လေသည်။
ထိုအလုပ်သမားတို့သည် အရင်က ဗစ်ကောင့်ထ် လက်စ်လိုင်း၏ အစေခံများဖြစ်သည်။ သို့သော် ယခုတော့ အလုပ်သမားရာကျော်ရှိလာ၍ ဒီကိစ္စနဲ့ပတ်သက်၍ အလေးအနက်ထားပြင်ဆင်ရတော့မည်။
ထိုသို့စဉ်းစားမိ၍ အစီအစဉ်ချလေသည်။
သူပြောသမျှကို ထိုလူငယ်က စာအုပ်ထဲတွင်ချရေးနေ၍ ပြုံးလိုက်မိသည်။
ထိုစာများသည် လဲ့ဝစ်ဆီအစီရင်ခံဖို့ဖြစ်သည်။ ထိုအရာများသည် လဲ့ဝစ်အတွက်သာအရေးပါလာလျှင် သူ့အတွက်လည်း နောက်ပိုင်းတွင် အထောက်အကူဖြစ်သွားနိုင်လေသည်။
အိမ်သုံးမှော်စက်ရုံပြီးနောက် မှော်စက်ရုံသို့ ဘာရွန်ဟားနက်စ်ကိုခေါ်လာသည်။ ထိုစက်ရုံတွင် လူပုလေးများဖြင့်ပြည့်နှက်နေသည်ကို တွေ့သော် သူတော်တော်အံ့အားသင့်သွားသည်။
လွန်ခဲ့သောထောင်ချီက လူမျိုးစုစစ်ပွဲတွေပြီးကတည်းက လူသားမျိုးနွယ်စုကြား တခြားမျိုးနွယ်စုတွေ သိပ်ပေါ်မလာကြပေ။
လမ်ပူရီတိုင်းပြည်၏မြို့တော် အန်ဗီမာတွင်ပင် လူပုလေးများကို အများကြီး သိပ်မတွေ့ရပေ။ တရာလောက်ကိုတော့ ထားလိုက်ပေအုံးတော့။ ဘာရွန်ဟားနက်စ်သည် စိတ်ဝင်စားစွာဖြင့် မန်နေဂျာကမ်ဘီကိုမေးခွန်းများစွာ ဆက်တိုက်မေးတော့သည်။ သူ့မေးခွန်းတို့သည် စက်ရုံနဲ့မဆိုင် လူပုလေးများ၏နေ့စဉ်ဘဝနဲ့ သာသက်ဆိုင်လေသည်။
ထိုသိုသောမေးခွန်းများ မေးနေသည်ကို တွေ့သော် ရှုယီကခေါင်းခါလိုက်၍
ဒီလူငယ်ကိုသာ ကမ္ဘာမြေပေါ်ပို့လိုက်လျှင် ကိုယ်ရေးကိုယ်တာလက်ထောက်ဖြစ်လာဖို့ပဲ သင့်တော်လေသည်။
ရုတ်တရက်သူ့ခေါင်းထဲ အတွေးတခုဝင်လာသည်။ လွန်ခဲ့သောလက ဘန်တာမြို့မှာ သတင်းစာရှိလား ဟိန့်ဇ်ကိုမေးခဲ့ဖူးသည်။ မြို့တော်ဝင်၏ အခါအားလျော်စွာသတိပေးခြင်းမှ လွဲ၍ တရားဝင်သတင်းစာမရှိကြောင်း သိခဲ့ရသည်။
ခုတော့ ဒီလူငယ်၏သတင်းထောက်ပမာအပြုအမူကြောင့်ကမ္ဘာမြေပေါ်က သတင်းစာများကိုသတိရသွားသည်။ ဒီလိုသတင်းစာမရှိလျှင် သူဘာလို့ တခုလောက် စမ်းမထုတ်ရမှာလဲ။
ကမ္ဘာမြေပေါ်တွင် အင်တာနက်မပေါ်ခင်က ပြည်သူလူထုဆွေးနွေးသမျှ ပြောသမျှကို သတင်းစာက ထိန်းချုပ်ထားသည်။ သတင်းစာကိုထိန်းချုပ်ထားနိုင်လျှင် ပြည်သူ့အမြင်ကိုထိန်းချုပ်နိုင်ပြီး အတိုင်းအတာတခုထိလည်း လမ်းညွှန်ပေးနိုင်လေသည်။
သတင်းစာသာအောင်မြင်သွားလျှင် သူ့ကိုယ်သူလည်း မြှင့်တင်ပြီးသားဖြစ်သွားနိုင်သည်။
စိုင်စ်နယ်မြေကြီးတွင် လူမျိုးအတန်းအစားသည် အရေးကြီးလေသည်။ ထို့ကြောင့် ပြည်သူလူထုအမြင်ကို ထိန်းချုပ်ဖို့ကြိုးစားလျှင် သေလမ်းကိုလျှောက်သည်နဲ့တူလှသည်။ သို့သော် သတင်းစာ၏အခြားအကျိုးကျေးဇူးများလည်းရှိသေးသည်။ ထိုဟာသည် ကြော်ငြာပင်ဖြစ်သည်။
ထိုသို့တွေး၍ ဘာရွန်ဟားနက်စ်ကိုစိတ်ပျက်စွာကြည့်နေသော သူ့အကြည့်များ ချက်ချင်းပြောင်းသွားသည်။
ဆယ်ရက်ကုန်သွားသည်။ အောက်တိုဘာဆောင်းဦးသို့ရောက်လေပြီ။
ရွက်ဟောင်းတို့ဝါရင့်လာသည်။ လမ်းပေါ်ကလူများ အဝတ်အစားထူထူဝတ်ဆင်လာသည်။ လေအေးတို့တိုက်ခတ်လာပြီး နွေရာသီအရိပ်အငွေ့တို့ပျောက်ကွယ်ကုန်လေပြီ။
ယနေ့သည် ကားထူးခြားသောနေ့မဟုတ်။ သာမာန်လိုပင် လည်ပတ်နေသည်။ သို့သော် မနက်စောစောပိုင်းက မြို့နေလူထုအတွက် ထူးခြားမှုတခုဖြစ်ပျက်ခဲ့သည်။
“ဘန်တာ သတင်းစာ အခုမှစထုတ်တာနော်။ မြို့တွင်းမြို့ပြင် ဖြစ်သမျှသတင်းမှန်သမျှ ဒီထဲမှာပါတယ်။”
ဆယ်ကျော်သက်အရွယ်ကောင်လေးတယောက်သည် လမ်းပေါ်တွင်ပြေးလွှား၍ အော်ဟစ်နေသည်။
လမ်းပေါ်ကလူအားလုံး သိချင်စိတ်ဖြင့် ရပ်ကြည့်လိုက်ကြသည်။
“ဟေး ကောင်လေး၊ ဘန်တာသတင်းစာဟုတ်လား။ ဘာသတင်းတွေလဲ။ ဘာအတွက်လဲ?” ဦးလေးတစ်ယောက်က လှမ်းမေးလိုက်သည်။
ကောင်လေးသည် ယုံကြည်မှုအပြည့်ဖြင့် တွန်းလှည်းပေါ်မှ သတင်းစာတစ်စောင်ကိုယူ၍ “ဒါက ဘန်တာသတင်းစာ ကြည့်ပါဦး။ မြို့တွင်းမြို့ပြင်ဖြစ်သမျှ သတင်းအကုန်ပါတယ်။ ဝယ်ဖတ်ကြည့်မလား။ ဈေးချိုပါတယ်။ တစ်ခုမှငွေဒင်္ဂါးတစ်ပြားထဲပါ”
ထိုလူကြီးက “အရင်ဆုံးကြည့်ဦးမယ်” ဆိုကာ သတင်းစာကိုလက်လှမ်းလိုက်စဉ် ကောင်လေးက လျင်မြန်စွာရှောင်လိုက်လေသည်။
“ဦးလေး ဒီသတင်းစာထဲမှ အရေးကြီးသတင်းတွေပါတယ်။ ဖတ်ကြည့်မှတော့ ကျွန်တော်ကဘယ်လိုရောင်းရတော့မှာလဲ တစ်ပြားပဲ၊ ပြီးရင် ဖတ်ချင်သလောက်သာဖတ်ပေတော့”
ထိုလူကြီးသည် ကောင်လေးကိုစိုက်ကြည့်နေသည်။ သို့သော် ဘေးကလူအုပ်ကြီးက ဝိုင်းကြည့်နေ၍ ငွေဒင်္ဂါးတပြားလှမ်းပေးလိုက်ရသည်။ ထို့နောက် ဟန်ကြီးပန်ကြီးဖြင့် သတင်းစာဖတ်နေလိုက်သည်။
မြို့ပြင်ကလူများသည်ပညာမတတ်သူများ၍ မြို့ထဲကလူများသည် ပညာတတ်အသိုင်းအဝိုင်းများလေသည်။ ထိုဦးလေးသည် ပညာမတတ်သော်လည်း စာဖတ်တတ်လေသည်။ သတင်းစာကိုဖွင့်၍ အကျယ်ကြီးဖတ်လေသည်။
“လွန်ခဲ့သောရက်က ခေါင်းကြီးပိုင်းသတင်း၊ ‘တောင်သူထောက်ပံ့ရေးအစီအစဉ်’ Frestech ကုန်သည်ကြီးများအသင်းသည် သူတို့ထွင်လိုက်သော မှော်ကောက်ရိတ်စက်နှင့် မှော်လယ်ထွန်စက်တို့ကို တောင်သူများသို့ ထောက်ပံ့ပေးရန် စီစဉ်ထားသည်။ တစ်လလောက်စမ်းသပ်ပြီးနောက်မှာတော့ အဆင်ပြေချောမွေ့စွာ လည်ပတ်နေပြီဖြစ်သည်။
ဘန်တာမြို့ပြင်က အိုင်ရီလန်ရွာအပါအဝင် ရွာတော်တော်များများသည် ထိုစီမံကိန်းကြောင့် အကျိုးကျေးဇူးများစွာ ခံစားရလေသည်။ မြို့တော်ဝန် စီယန်ဆာမော့က ထိုအစီအစဉ်သည် သာမာန်အောက်ခြေလူတန်းစားများအတွက် အထောက်အကူဖြစ်၍ ၎င်းကုမ္ပဏီအား အကြီးအကျယ်ချီးကျူးထားလေသည်တဲ့”
သူ၏စာဖတ်သံကိုကြားသော် ဘေးကလူများသည် ထင်မြင်ချက်အမျိုးမျိူးပေးကြတော့သည်။ “ဒီစီမံကိန်းကို အရင်ကတော့ ကြားဖူးသား။ အိုင်ရီလန်ရွာမျာနေတဲ့ ဆွေမျိုးတစ်ယောက်ရှိတယ်။ သူတို့ရွာသားတစ်ယောက်က မှော်ထွန်စက်တစ်ခုကို အဲဒီကုမ္ပဏီက ငှားထားတယ်ပြောတယ်။ တစ်ရွာလုံးက ကွင်းတွေကို သုံးရက်နဲ့အပြီးရိတ်ပြီး ရွှေဒင်္ဂါးလေးပြားတောင် မြတ်သွားတယ်ပြောတယ်။”
“အဲ့လောက်အများကြီး ဘယ်လိုလုပ်မြတ်တာလဲ?”
“ဘာမှမခက်ဘူး။ အဲဒီစက်ကို အငှားလိုက်တာလေ။ တစ်ကွကို ငွေဒင်္ဂါးနှစ်ပြားနဲ့ပေါ့။ အဲဒီရွာမှာက အကွက်နှစ်ရာလောက်ရှိတဲ့ဟာကို သူပဲအကုန်သိမ်းကျုံးရိတ်သွားတာလေ။”
“ဒီလိုဆို ရွာသားတွေအားလုံးက သူ့ဆီပဲအကုန်ခိုင်းကြတာပေါ့?”
“ဟုတ်တာပေါ့၊ ကိုယ်တိုင်သာ ထွန်မယ်ဆို ဘယ်လောက်ကြာမယ်ထင်လဲ။ ပင်ပန်းလို့တောင် သေနိုင်တယ်။ ငှားလိုက်တော့ တစ်ကွက်ကို ဆယ်မိနစ်တောင်မကြာတဲ့အပြင် ငွေဒင်္ဂါးနှစ်ပြားပဲ ပေးရတယ်လေ။ ဒီတော့ ကိုယ်တိုင်အပင်ပန်းမခံတော့ဘဲ တခြားအလုပ်တွေပဲ လုပ်ကြတော့တာပေါ့။”
“ပြီးတော့ မြို့တော်ဝန်က လမ်းတွေပြင်နေတယ်ကြားတယ်။ ပြီးတော့ Frestech ကုန်သည်ကြီးများအသင်းမှာလဲ အလုပ်တွေရှိသေးတယ်။ အလုပ်တွေက အချိန်တိုင်း နေရာတိုင်းရှိနေတာ ဒီတော့ လယ်မထွန်ဘဲ အဲဒီမှာသွားလုပ် ငွေဒင်္ဂါးနှစ်ပြားမကပြန်ရကြတာပေါ့။”
“အင်း ဟန်ကျတာပဲ”
ဘေးကလူတွေပြောစကားကြားသော် ပို၍စိတ်ဝင်စားသွားပြီး ပိုကျယ်ကျယ်ဖတ်ပြလေသည်။ သို့သော် သူဖတ်ပြသည်ကို လူအုပ်ကြီးကစိတ်မရှည်တော့ပဲ ကောင်လေးဆီတိုက်ရိုက်သွား၍ ဝယ်ကြလေသည်။
ခဏကြာသော် ကောင်လေးဆီပါသမျှသတင်းစာအားလုံး ပြောင်သလင်းခါသွားလေပြီ။ မရလိုက်တဲ့လူများလည်း ဒုနဲ့ဒေး ကျန်ခဲ့လေသည်။
အားလုံးစိတ်ပျက်နေကြသည်ကိုတွေ့သော် ကောင်လေးကပြုံး၍၊ “အခုချိန်ကစပြီး ဘန်တာသတင်းစာထွက်ပြီ။ ဝယ်ချင်တဲ့လူတွေအားလုံး ဒီကိုစောစောသာလာခဲ့ကြတော့”
***
မှော်စက်မှုအင်ပါယာ
အခန်း ၀၆၃ ။ မြို့တော်ဝန်၏ညစာစားပွဲ
ဗစ်ကောင့်ထ် လက်စ်လိုင်း၏ အိမ်ကြီးမြိုင်ကြီးမှ မြင်းလှည့်တစီးထွက်လာပြီး ဖြောင့်ဖြူးသောလမ်းမကြီးအတိုင်း ဘန်တာမြို့သို့ ထွက်ခွာသွားတော့သည်။
ထိုမြင်းလှည်းထဲတွင် ဗစ်ကောင့်ထ်လက်စ်လိုင်းသည် ဘန်တာသတင်းစာကို ဖတ်၍လိုက်ပါလာသည်။
ခဏကြည့်ပြီးနောက် “မဆိုးပါဘူး။ နောက်ဆိုကျော်ကြားလာအုံးမှာပဲ။ ရှုယီ မင်းအတွက်တော့ ကြော်ငြာရတာ ပိုလွယ်ကူသွားတာပေါ့”
ရှေ့မှာထိုင်နေသော ရှုယီသည်စာရွက်များကိုဟိုလှန်ဒီလှန်လုပ်ပြီး “ အရှင်ဗစ်ကောင့်ထ်၊ ဒီဟာကိုကြော်ငြာအတွက် တမင်ထုတ်တာမှန်ပေမယ့် ဘာရွန်ဟားနက်စ် ရှေ့မှာတော့ သွားမပြောနဲ့ဦး။ သူ သေချာပေါက် စိတ်ဆိုးလိမ့်မယ်”
ဗစ်ကောင့်ထ်လက်စ်လိုင်းလည်း ဟက်ဟက်ပက်ပက်ရယ်၍
"ဟုတ်သားပဲ၊ လူကအများကြီးရင်းနှီးထားရတာဒီ သူ့ဆီမှာကြော်ငြာထည့်ဖို့သွားပြောရင်တောင် သူကဒီသတင်းစာကို တည်ထောင်ထားတဲ့လူလို ပြန်ပြောမှာ မဟုတ်လား“
ရှုယီကပုခုံးလှုပ်ပြ၍ “ ကိစ္စမရှိပါဘူး ဒီသတင်းစာထောင်တာက သူလုပ်စရာတခုခုရသွားအောင်လို့ပါ။ ကျွန်တော့်နောက်လိုက်နေတာရပ်သွားအောင်လို့ပေါ့။ ဟိန့်ဇ်လည်း ခုဆိုလုံးဝမညည်းညူတော့ဘူး”
ဗစ်ကောင့်ထ် လက်စ်လိုင်း ရယ်သံက ပိုကျယ်လာပြီး “ရှုယီရေ ဟားနက်စ်သာ ဒီလိုပြောတာကိုကြားမယ်ဆို သေမတတ်ဒေါသထွက်မှာပဲ။ သူကအဲလောက်ပဲဒုက္ခပေးတာလား”
“နိုးနိုးနိုး အဲ့လိုလည်းပြောလို့မရဘူး။ ဘာရွန်ဟားနက်စက ဘာလို့အဲလောက်ဒုက္ခပေးရမှာလဲ။ သူက ကျွန်တော်တို့ကိုရော Frestechကုန်သည်ကြီးများအသင်းကိုရော နည်းနည်းအလွန်အကျွံဂရုစိုက်နေတာပါ၊ ဒီတော့ ကျွန်တော်တို့အလုပ်လုပ်တဲ့နေရာမှာ သက်ရောက်မှုရှိသွားတယ်လေ။ အခု ကျွန်တော်က မှော်ပရင်တာကို လေ့လာနေတာရော၊ ရင်းနှီးငွေအတွက်လုံးပန်းနေတာရော သူ့အတွက် အချိန်ပေးရတာရောဖြစ်သွားတယ်မလား? ပြီးတော့ ဘန်တာသတင်းစာ။ ဘာရွန်ဟားနက်စ်က ကျွန်တော့်ကို အရမ်းကျေးဇူးတင်နေတာ။ အရှင်ဗစ်ကောင့်ထ်ရဲ့ အထင်လွဲစရာ စကားအသွားအာကို သူကြားသွားရင် ကျွန်တော် ဒုက္ခရောက်လိမ့်မယ်။”
ဗစ်ကောင့်ထ်လက်စ်လိုင်းက ခေါင်းခါ၍ “သူက အရမ်းငယ်သေးတယ်၊ ပြီးတော့ မင်းဆွဲဆောင်တာခံလိုက်ရတာပဲ။ အချိန်ဇယားအတိုင်းဆို အန်ဗီမာမြို့ကိုပြန်သင့်နေပြီ။ အခုတော့ မင်းက ဘန်တာသတင်းစာလုပ်ခိုင်းထားတာကိုး။ သူလည်းအရမ်းပျော်ပြီး ပြန်ဖို့တောင် သတိမရတော့ဘူး၊ မနေ့ကတွေ့တော့ပြောတယ်၊ ဒီမှာပဲတသက်လုံးနေပြီး သတင်းစာကိုပိုကောင်းအောင်ကြိုးစားမယ်တဲ့။ သူ့ကိုငါလည်း နားမလည်တော့ဘူး။”
ရှုယီကပြုံးသာနေလိုက်သည်။ ဘန်တာ သတင်းစာသည် စိုင်စ်နယ်မြေတွင် အထူးအဆန်းဖြစ်ရုံမက ဘာရွန်ဟားနက်စ်လိုစကားများသူအတွက်သင့်တော်၍ လူငယ်ဘဝစိတ်တက်ကြွမှုနဲ့လည်း သင့်မြတ်ပေသည်။ ထိုသတင်းစာကိုသုံး အများကြီး ထိန်းချုပ်နိုင်လေသည်။ ထို့ကြောင့် သူအရမ်းစိတ်အားထက်သန်နေသည်။
သတင်းစာမှတဆင့် ဧရာမအကျိုးတရားများရလာနိုင်ပေတော့မည်။
သူ၏လက်ရှိအဆင့်အတန်းအရ ထိုသတင်းစာကိုကိုင်တွယ်ဖို့မသင့်တော်သေးပေ။ ထို့ကြောင့် နောက်ကွယ်ကနေ လိုအပ်တဲ့အကြံဉာဏ် ရန်ပုံငွေနေရာ လိုသမျှစီစဉ်ပေးထားလေသည်။ သတင်းစာပိုင်ရှင်ကိုလည်း ဗစ်ကောင့်ထ် လက်စ်လိုင်း နာမည်နဲ့ဖြန့်ဝေ၍ ဘာရွန်ဟားနက်စ်ကိုအယ်ဒီတာချုပ်ခန့်ထားလိုက်သည်။
အပြင်ပန်းကြည့်လျှင် သူနဲ့မဆိုင်သော်လည်း နောက်ကွယ်ကသူသာချုပ်ကိုင်ထားသည်။
“တကယ်တော့ သူပြန်သွားရင်လည်း အယ်ဒီတာချုပ်ဆက်ခန့်လို့ရပါသေးတယ်။ အနည်းဆုံးတေ အန်ဗီမာ သတင်းစာထုတ်လို့ရတာပေါ့” ရှုယီကပြုံး၍ပြောသည်။
ဗစ်ကောင့်ထ် လက်စ်လိုင်း ကလေးလေးနက်နက်ကြီးခေါင်းခါ၍ “အန်ဗီမာကဒီနေရာနဲ့အတူတူပဲလို့ထင်တာလား။ အဲဒီမှာ ခုလိုလုပ်ဖို့မလွယ်ဘူး။ သတင်းစာသာအဲမှာပေါ်လာရင် ဒီမြို့လိုလွယ်မယ်မထင်ဘူး”
"ကျွန်တော်ကတော့ ယုံကြည်တယ်။ "
ဗစ်ကောင့်ထ်လက်စ်လိုင်းက ပြတင်းပေါက်နေ မြောက်ဘက်သို့ငေးကြည့်ရင်း စဉ်းစားခန်းဝင်နေသည်။ ထို့နောက် တည်ငြိမ်သောမျက်နှာထားဖြင့်လှည့်လာ၍ “ဒီကိစ္စထားလိုက်ပါ၊ ဒါနဲ့ အရင်ကောင့်ထ်ကို ဘာပြောဖို့စဉ်းစားထားလဲ?”
ရှုယီက စာရွက်ကိုပုတ်ပြပြီး သူ့ခေါင်းကိုညွှန်ပြလိုက်ကာ၊ “အားလုံးအဆင်သင့်ပဲ။”
“ဒီလိုဆိုလည်း ဟုတ်ပါပြီ။ အခုက သူနဲ့တွေ့တာ ပထမဆုံးအကြိမ်မဟုတ်လား။ သူအထင်ကြီးသွားအောင်လုပ်ပြမှဖြစ်မယ်။ သူ့အထောက်အပံ့သာရမယ်ဆိုရင် အကြီးအကျယ်တိုးတက်သွားနိုင်တယ်။”
"ဟုတ် ကျွန်တော်နားလည်ပါတယ်"
မြင်းလှည်းသည် ဘန်တာမြို့ကိုဖြတ်၍ မြောက်ဘက်သို့ချီတက်လာသည်။ နောက်ဆုံးတွင် မြို့တော်ဝန်အိမ်သို့ရောက်လာသည်။
နှစ်ယောက်သားမြင်းလှည်းပေါ်က ဆင်းသောအခါ လူလတ်ပိုင်းလူတယောက်ကလာကြိုဆိုလေသည်။
“အရှင် ဗစ်ကောင့်ထ်လက်စ်လိုင်း မြို့တော်ဝန်ကစောင့်နေတာကြာပါပြီ”
ထိုလူက ကြိုဆိုရင်းနှုတ်ဆက်လေသည်။ ထို့နောက် ရှုယီဘက်သို့လှည့်၍ “ဒီဘက်က ဥက္ကဌရှုယီဖြစ်ရမယ်။ ကျေးဇူးပြု၍ ကျွန်တော့်နောက်လိုက်ခဲ့ကြပါ။”
သူနှုတ်ဆက်မှုတွင် သိသိသာသာခြားနားမှုကိုခံစားရလေသည်။ ဗစ်ကောင့်ထ်လက်စ်လိုင်းကိုတလေးတစားဆက်ဆံ၍ ရှုယီကိုကျ အေးစက်စက်နိုင်လှ၍ ဖြတ်သွားဖြတ်လာလူတယောက်ကိုနှုတ်ဆက်သည့်အသွင်ဆောင်နေသည်။
ရှုယီ စိတ်ပျက်သွားနိုင်လောက်သည်။ ယခုမြို့တော်ဝန်ကိုတွေ့ဖို့အရေးသည်လည်း ဗစ်ကောင့်ထ်လက်စ်လိုင်း၏မျက်နှာကြောင့်သာဖြစ်သည်။ ဗစ်ကောင့်ထ် လက်စ်လိုင်းကတော့သူ့ကိုတလေးတစားဆက်ဆံ၍ “ရှုယီ ဒါက မြို့တော်ဝန်ရဲ့ အိမ်တော်ထိန်းပဲ ဟိန့်ဒ် လို့ခေါ်တယ်။ နောက်ဆိုခဏခဏတွေ့ကြရမှာ မှတ်သာထားပေတော့”
ရှုယီကမပြုံးတပြုံး နှုတ်ဆက်လေသည်။ အိမ်တော်ထိန်းဟိန့်ဒ်သည် ဗစ်ကောင့်ထ်လက်စ်လိုင်းကိုအံ့သြစွာဖြင့် ငေးကြည့်နေသည်။ ထို့နောက် ရှုယီကိုခပ်မဲ့မဲ့ပြုံးပြီး အရင်ကထက် နွေးထွေးစွာနှုတ်ဆက်လေသည်။
နှုတ်ဆက်ကြပြီးနောက် ရှုယီသည် ဗစ်ကောင့်ထ်လက်စ်လိုင်း နောက်ကနေ၍ မြို့တော်ဝန်ဆီ သွားတွေ့ကြလေသည်။ မြို့တော်ဝန်အိမ်သည် သူထင်ထားသလောက်မကြီးကျယ်ပေ။ ခဏလမ်းလျှောက်လိုက်သည်နဲ့ ဧည့်တွေ့ခန်းသို့ရောက်လာသည်။
သို့သော် အိမ်တော်ထိန်းဟိန့်ဒ်သည်သူတို့ကိုထိုထဲသို့ ခေါ်မသွားပဲ ဘေးဆီသို့ခေါ်သွားသည်။
“မြို့တော်ဝန်က ညစာပြင်ဆင်ထားပြီးပြီလေ၊ ဒီတော့ အဲဒီကိုလိုက်ခဲ့ကြပါ။”
သူ့စကားကြားသော် ရှုယီသည် ဗစ်ကောင့်ထ်လက်စ်လိုင်းကို လှည့်ကြည့်လိုက်သည်။ ဗစ်ကောင့်ထ် လက်စ်လိုင်းနှင့် မြို့တော်ဝန်တို့ရင်းနှီးမှန်းသူသိသော်လည်း ထိုသို့ညစာစားပွဲသို့တန်းဖိတ်ရလောက်အောင် ရင်းနှီးမည်ဟုထင်မထားပေ။
ကြည့်ရသည်မှာ ဗစ်ကောင့်ထ်လက်စ်လိုင်း၏ကျောထောက်နောက်ခံသည်လည်းမသေးပေ။ ထိုသို့မဟုတ်လျှင် ဗစ်ကောင့်ထ်ပေါက်စတစ်ယောက်အနေဖြင့် ထိုသို့တလေးတစားဆက်ဆံခံရမည်မဟုတ်ပေ။
မကြာလိုက်ပါ ညစာစားပွဲသို့ရောက်လာ၍ အခန်းထဲတွင်အခန့်သားထိုင်နေသော မြို့တော်ဝန်စီယန်ဆာမော့ကိုတွေ့ရလေသည်။
သူတို့နှစ်ယောက်ကိုမြင်သော် ပြုံးပြ၍ ဝင်ခဲ့ဖို့ အချက်ပြလေသည်။ ရှုယီ တယောက်ထိုင်လိုက်သည်နဲ့ အေးမြမှုကို ခံစားရလေသည်။ အံ့သြစွာလှည့်ကြည့်လိုက်ရာ နံရံပေါ်က မှော်လေအေးပေးစက်ကိုတွေ့လေသည်။ အပြာရောင်ဖျော့ဖျော့တောက်နေ၍ လေအေးတို့ကိုထုတ်လွှတ်ပေးနေသည်။
ရှုယီ၏လှုပ်ရှားမှုကိုသတိထားမိသော မြို့တော်ဝန်က ဟက်ဟက်ပက်ပက်ရယ်၍
“ဥက္ကဌရှုရေ ပထမတွေ့တုန်းကမှတ်မိသေးလား။ ဗစ်ကောင့်ထ်လက်စ်လိုင်းရဲ့ညစာစားပွဲမှာလေ။ ဒီကလေးကညစာစားပွဲကျင်းပခဲ့တယ်လို့ထင်တယ် ဘာလို့ဆို မှော်လေအေးပေးစက်ကိုမြှင့်တင်ချင်နေတာကိုး။ မဟုတ်ရင် ဘာအကြောင်းပြချက်မှမရှိပဲ ဘာလို့လူအများကြီးကိုဖိတ်ပြီးဒုက္ခပေးမှာလဲ"
ရှုယီနှင့် ဗစ်ကောင့်ထ်လက်စ်လိုင်းတို့တယောက်ကိုတယောက်ကြည့်လိုက်ကြသည်။
“ဟုတ်ပါတယ်၊ ကျွန်တော်တောင်းဆိုလို့ ကျင်းပခဲ့ရတာပါ။ မြို့တော်ဝန်က သိပ်ပါးနပ်တာပဲ။ အဓိကရည်ရွယ်ချက်ကလည်း မှော်လေအေးပေးစက်ကို ကြော်ညာဖို့ပါ။ ရည်ရွယ်ချက်ပြည့်တယ်ဆိုရမှာပေါ့”
“အင်းကောင်းသားပဲ၊ အဲဒီတုန်းကငါလည်း ဆွဲဆောင်တာမခံနိုင်လို့ အများကြီးဝယ်ခဲ့ရသေးတာပေါ့။ အဲဒီတုန်းကတည်းကစ ဒီကလေး အတော်ဉာဏ်သွက်တာပဲလို့ အောက်မေ့ခဲ့တာ။ ထင်တဲ့အတိုင်းပဲ နှစ်လအတွင်း အများကြီးထွင်လာခဲ့တာ ငါ့အသိဉာဏ်ကို အများကြီးဖွင့်ပေးနိုင်ခဲ့တယ်။”
“မြို့တော်ဝန်က အရမ်းချီးကျူးနေတာပဲ။ ဒီဟာလေးတွေက ဘာမှမဟုတ်ပါဘူ။ အားတဲ့အချိန်လေ့လာဖြစ်တဲ့အရာတွေပါ၊ မပြောပလောက်ပါဘူး။” ရှုယီက နှိမ့်ချစွာပြန်ပြောလေသည်။
ထို့နောက် မြို့တော်ဝန်က ပြုံး၍ပြန်မေးလိုက်သည်။ “ဘာမှမဟုတ်ဘူးဟုတ်လား?” ထို့နောက် အိမ်တော်ထိန်းဟိန့်ဒ်ဘက်လှည့်၍ ခေါင်းညိမ့်ပြလိုက်သည်။ အိမ်တော်ထိန်းဟိန့်ဒ်က လက်ခုပ်တီးလိုက်သော် အစေခံလေးငါးယောက်လောက် ထွက်လာ၍ ဟင်းပွဲများသယ်လာလေသည်။
နောက်ကလိုက်လာသောအစေခံသည် တခြားလူများနဲ့မတူပေ။
သူမသယ်လာသော ဗန်းပေါ်တွင် တခြားမဟုတ် မှော်ထမင်းပေါင်းအိုး ပါလာသည်။
မြို့တော်ဝန်က အံ့သြဆွံ့အသွားသော ရှုယီနှင့် ဗစ်ကောင့်ထ်လက်စ်လိုင်းတို့ကိုကြည့်၍ ဟက်ဟက်ပက်ပက်ရယ်ပြီး “ဘာလဲ ထမင်းမစားချင်လို့လား?”
ဗစ်ကောင့်ထ်လက်စ်လိုင်းက ပုခုံးတွန့်လိုက်၍ “အစားအသောက်နဲ့ပတ်သတ်ပြီး ချီးမများတတ်တာ မြို့တော်ဝန်အသိဆုံးပါ။”
ရှုယီကားခန့်မှန်းရခက်သော မျက်နှာထားဖြင့် ကြည့်နေလေသည်။
ထို့နောက် မြို့တော်ဝန်သည် Frestech ကုန်သည်ကြီးများအသင်း စတည်ထောင်ကတည်းကစ သိခဲ့ရသမျှကို ပြန်၍စမြုံ့ပြန်လေသည်။ သဘောကျ၍လား သတိပေးနေတာလား မည်သူမျှ မသိနိုင်ပေ။
***
မှော်စက်မှုအင်ပါယာ
အခန်း ၀၆၄ ။ ညှိနှိုင်းခြင်း
သုံးယောက်သာစားသော်လည်း တစ်နာရီလောက်ကြာသွားလေသည်။ ထို့နောက် ဟောခန်းသို့သွားကြလေသည်။ စကားစမြည်ပြောကြပြီးနောက် မြို့တော်ဝန်ကစကားလမ်းကြောင်းလွှဲလိုက်လေသည်။
“ဥက္ကဌရှု ခုလို လက်စ်လိုင်းကိုအကြောင်းထောက်ပြီး လာတွေ့ရလို့ ညစာစားတုန်းကလို တိတ်ဆိတ်နေဖို့မလိုပါဘူး”
ရှုယီခေါင်းညိမ့်ပြ၍ “မြို့တော်ဝန်၊ ကျွန်တော်က အခုမှဒီလိုခမ်းခမ်းနားနားကြိုဆိုခံရဖူးတာဆိုတော့ နည်းနည်းရှိန်နေလို့ပါ။ စကားမပြောချင်လို့မဟုတ်ပါဘူး။”
မြို့တော်ဝန်က လက်ကာပြ၍ “လက်စ်လိုင်း ပြောတုန်းကတော့ အရမ်းသွက်လက်ချက်ချာတယ်လို့ပြောပါတယ်။ Frestech ကုန်သည်ကြီးများအသင်းကိုထောက်ထားပြီးပြောရရင် ဟုတ်လည်းဟုတ်ပေသားပဲ။ ငါ့ကိုတွေ့ရတာ နည်းနည်းကြောက်ရွံ့နေတယ်လို့သာဆိုတာ ငါကတော့အဲလိုမထင်ပါဘူး”
ရှုယီကရယ်၍ “ဟုတ်ကဲ့ ကြောက်တာမကြောက်တာ အသာထားပြီး အခုကတော့ မကြောက်တော့ပါ့ဘူး။ ဒီလိုတွေ့ဆုံဖို့ အရှင်ဗစ်ကောင့်ထ်ကတဆင့် ကျွန်တော်စီစဉ်လိုက်ရတာ အရှင့်ရဲ့အကူအညီလိုနေလို့ပါ။”
“အင်း ကောင်းပြီ။ ငါ့အကူအညီမလိုဘဲ ဘယ်သူကများ ငါ့လိုအဖိုးကြီးကို လာတွေ့ပါ့မလဲ။ ငါကလည်း အချောအလှလေးမှမဟုတ်တာ။ ဒီတော့ ဘာများကူညီပေးရမလဲ ပြောစမ်းပါအုံး။ ကုမ္ပဏီထုတ်ကုန်ကြော်ငြာခိုင်းဖို့ဆိုရင်တော့ ငါလည်းမတတ်နိုင်ဘူးပေါ့။ ဒီမြို့မှာကုမ္ပဏီတွေက အများကြီးပဲ။ မိတ်ဆက်ပေးဖို့ဆိုရင်တော့ ရပါတယ်။”
ရှုယီကရယ်၍ “ဟုတ်ကဲ့ ကြောကတာမကြောက်တာအသာထားပြီး ခုတော့မကြောက်တော့ပါဘူး။ ဒီလိုတွေ့ဆုံဖို့ အရှင်ဗစ်ကောင့်ထ် တဆင့် ကျွန်တော်စီစဥ်လိုက်ရတာ အရှင့်ရဲ့အကူအညီလိုနေလို့ပါ”
ရှုယီသည်မြို့တော်ဝန်၏စကားပြောပုံဆွဲဆောင်မှုရှိသည်ကို သဘောကျ၍ ပြုံးမိလေသည်။ ထိုဟာသည်လည်းကောင်းသည်။ သူသာခေါင်းမာသူဖြစ်ခဲ့လျှင် သူတင်ပြသောအချက်ကို တော်တော်နဲ့လက်ခံမည်မဟုတ်ပေ။
“မဟုတ်ပါဘူးဗျာ၊ မြို့တော်ဝန်တစ်ယောက်ကို ကြော်ငြာခိုင်းမိရင် အချိန်ဖြုန်းမိသလိုဖြစ်သွားမှာပေါ့။”
“အိုး.. ဒီလိုဆို ငါကဒါ့ထက်ပိုပြီး စွမ်းဆောင်နိုင်တယ်ဆိုတဲ့သဘောလား?”
“ကျွန်တော်တို့ကုမ္ပဏီက မိတ်ဆက်ပေးလိုက်တဲ့ တောင်သူအကျိုးပြု ထောက်ပံ့ရေးစီမံကိန်းကို မြို့တော်ဝန် အနည်းအကျဉ်းတော့ကြားထားပြီးပြီထင်ပါတယ်။”
မြို့တော်ဝန်က ခေါင်းညိမ့်ပြ၍ “ကြားရုံတင်မကဘူး။ စုံစမ်းပြီးသားတောင်ဖြစ်နေပြီ။ အဲဒီအစီအစဉ်သိပ်ကောင်းတာပဲ။ ဒီအစီအစဉ်သာအောင်မြင်သွားရင် ငါတို့မြို့က တောင်သူတွေဘဝအများကြီးတိုးတက်သွားနိုင်တယ်။”
“ဟုတ်ကဲ့ အဲဒီလိုဖြစ်ဖို့လုပ်နေပါတယ်။ တောင်သူတွေရဲ့စိုက်ပျိုးရေးကို မြှင့်တင်ပြီး သီးနှံအထွက်နှုန်းတိုးအောင် ကူညီဖို့ပါပဲ။ ဒီလယ်ယာအလုပ်ကလွတ်မြောက်ပြီး ကျန်တဲ့လုပ်ငန်းတွေမှာလည်း ပါဝင်နိုင်လာစေဖို့ပေါ့။”
မြို့တော်ဝန်က မျက်ခုံးလေးချီ၍ “ပြောရရင် မင်းတို့စက်ရုံမှာလာလုပ်တာမျိုးပေါ့?”
ရှုယီရယ်လိုက်ကာ၊ “ဟုတ်ကဲ့၊ ကျွန်တော်တို့ကုမ္ပဏီမှာလာလုပ်တာလည်း ကောင်းပါတယ်။ သူတို့မှာအခွင့်အရေးရှိမယ်ဆိုရင် သူတို့လက်ခံမှာပါပဲ။”
မြို့တော်ဝန်ခေါင်းညိမ့်လိုက်ကာ “ငါလည်းအနည်းအကျဉ်းတော့သိထားပါတယ်။ မင်းတို့စက်ရုံမှာ အခြေခံအလုပ်သမားတောင် တစ်လကို အနည်းဆုံး ရွှေဒင်္ဂါးခြောက်ပြားရတယ်ဆို။ ငါတို့မြို့နဲ့ယှဉ်ရင် နည်းနည်းပိုများတယ်။”
“တကယ်တော့ လစာကနည်းပါတယ်။ သူတို့ကြာကြာနေအောင် လစာတိုးပေးရတယ်။ ဒါပေမဲ့ မြို့တော်ဝန်သိမှာမဟုတ်ဘူး။ ဆော်လ်တန်မြို့က လီယိုကုန်သည်ကြီးများအသင်းကုမ္ပဏီက ကျွန်တော်တို့လုပ်သားတွေကို လစာမြင့်မြင့်ပေးပြီး ခိုးယူသွားလို့ လုပ်သားပြန်စုဆောင်းပြီး သင်ကြားနေရတော့ ထုတ်လုပ်ရေးမှာ နှောင့်နှေးသွားတာတွေ ရှိပါတယ်။”
“ဆော်လ်တန်မြို့ကကုမ္ပဏီ ဟုတ်လား။ အင်း ဒီမြို့ကလုပ်သားတွေကိုလာပြီး အချောင်ယူသွားတဲ့ကုမ္ပဏီတွေ အများကြီးတော့ ရှိသား၊ မင်းဒီအတိုင်းပဲ ထိုင်ကြည့်နေတော့မှာလား?”
ရှုယီလည်း စိတ်ပျက်လက်ပျက်ဖြင့် “တခြားနည်းလမ်းမရှိဘူးဗျ၊ တစ်လကို ရွှေဒင်္ဂါးဆယ်ပြားပေးနိုင်တယ်လေ။ လုပ်သားအများစုက သူတို့နဲ့ပါသွားကြတာများတယ်။”
မြို့တော်ဝန်လည်း သက်ပြင်းတစ်ချက်ချ၍ “ဆယ်ပြားတောင်လား။ သူတို့က တကယ်ကို ပိုက်ဆံကိုဖောဖောသီသီသုံးနေတာပဲ။ ဒါနဲ့လီယိုကုန်သည်ကြီးများအသင်းကုမ္ပဏီက ဘာလို့ မင်းတို့စက်ရုံကလုပ်သားတွေကို အတင်းဆွဲဆောင်နေရတာလဲ?”
“ဘာလို့ဆို လီယိုကုန်သည်ကြီးများအသင်းကလည်း ကျွန်တော်တို့လို မှော်စက်တွေထုတ်နေတာလေ။”
“အော်ဒီလိုလား။ ဒါဆို အခုဘယ်လိုလုပ်ဖို့စဉ်းစားထားလဲ? လစာတိုးဖို့ စိတ်မကူးဘူးလား?”
“အင်း ဒါက ရည်ရှည်ကျအဆင်မပြေဘူး။ ကျွန်တော်တို့စီမံကိန်းတွေကိုလည်း ထိခိုက်နိုင်ပြီး နှေးကွေးသွားစေနိုင်တယ်။ ဒီတော့ အလုပ်သမားတွေကို ထောက်ပံ့ရေးပစ္စည်းပိုပေးတဲ့ တခြားနည်းကိုသုံးရတာပေါ့။ ထွက်ချင်တဲ့လူကနည်းပါတယ်။ အများစုက ဆက်နေဖို့ဆုံးဖြတ်ထားပြီးသားပါ။”
“အင်း ဘာနည်းလမ်းပဲသုံးသုံးပါ။ ဒီကိစ္စကောင်းကောင်းပြီးစီးသွားဖို့ပဲ မျှော်လင့်ပါတယ်။ ဘာလို့ဆို မင်းတို့ကုမ္ပဏီက ငါတို့မြို့မှာ အဖွံ့ဖြိုးဆုံးနဲ့အလားအလာအရှိဆုံးကုမ္ပဏီ ဖြစ်နေလို့ပဲ။ လွယ်လွယ်တော့လက်မလျော့ဖို့ အရေးကြီးတယ်။” မြို့တော်ဝန်က လက်မြှောက်၍ အားပေးစကားဆိုလေသည်။
ရှုယီ မျက်လုံးများ စိတ်အားထက်သန်မှုများဖြင့်ပြည့်နှက်လာသည်။
မြို့တော်ဝန်စကားအရ သူသည် ကုမ္ပဏီကိုအများကြီးအားကိုးကြောင်းပေါ်လွင်နေသည်။ သူ့အတွက်တော့ အားရစရာပင်ဖြစ်သည်။ မြို့တော်ဝန်အထောက်အပံ့နဲ့သာဆိုလျှင် ဘန်တာမြို့တွင် နည်းနည်းအနေချောင်သွားနိုင်လေသည်။
“စိတ်ချပါ မြို့တော်ဝန်၊ သူတို့ကုမ္ပဏီက ကျွန်တော်တို့ထက်အဆများစွာကြီးပေမဲ့ မှော်စက်နဲ့ပတ်သတ်လာရင် ကျွန်တော်တို့ကုမ္၌ဏီနဲ့မယှဉ်နိုင်ဘူးလို့ ရဲရဲကြီးပြောရဲတယ်။” ရှုယီက ယုံကြည်မှုအပြည့်ဖြင့် အာမခံလိုက်သည်။
မြို့တော်ဝန်လည်း ကျေနပ်အားရစွာဖြင့် ခေါင်းညိမ့်ပြလေသည်။
“အင်း ကောင်းတယ်။ ဒီလိုဆို အရင်စကားစကိုပြန်သွားရအောင်။ အဓိကရည်မှန်းချက်က ဟိုတောင်သူအကျိုးပြုစီမံကိန်း၊ တောင်သူတွေကို လယ်တောထဲကလွတ်မြောက်စေပြီး တခြားအလုပ်တွေလည်း လုပ်နိုင်ဖို့ပေါ့။ အဲဒီအကြံကိုကြိုက်ပါတယ်၊ ဒါပေမဲ့ ဒီမြို့မှာတင်မကဘူး။ နယ်မြေတစ်ခုလုံးမှာပါ တောင်သူတွေဘယ်လောက်အရေးကြီးလဲသိဖို့လိုသေးတယ်။ အစာသာလုံလောက်အောင် မထုတ်နိုင်ရင် ကျန်တာတွေအလကားပဲ။ အစာမစားရဘဲ ဘယ်လူမှအလုပ်လုပ်နိုင်တော့မှာမဟုတ်ဘူး။”
မြို့တော်ဝန်၏လေးနက်သောအသွင်အပြင်ကိုမြင်သော သူလည်းလေးနက်တည်ကြည်စွာဖြင့် “မြို့တော်ဝန်ရဲ့စိုးရိမ်မှုကို နားလည်ပါတယ်။ ဒါပေမဲ့ စိုက်ပျိုးရေးစက်ပစ္စည်းတွေအကြောင်း သေချာနားမလည်သေးလို့ စိုးရိမ်နေတာပါ။ ကျွန်တော်ပြောရင်မယုံမှာမို့ အရှင်ဗစ်ကောင့်ထ်ကပဲ ရှင်းပြပါလိမ့်မယ်။”
မြို့တော်ဝန်သည် ဗစ်ကောင့်ထ်လက်စ်လိုင်းဘက်သို့ လှည့်လိုက်သည်။ ဗစ်ကောင့်ထ်လက်စ်လိုင်းကလည်း ပြင်ဆင်ထားပြီးသားပင်။ “ဟုတ်ကဲ့၊ ဒီကိစ္စနဲ့ပတ်သတ်ပြီးပြောရရင် ရှုယီကိုစိတ်သာချပါ။ ကျွန်တော့်နယ်မြေကိုသာကြည့်၊ ဂျုံခင်း၇ဧကရှိပါတယ်။ မနှစ်ကဆို အစေခံတွေအစောင့်တွေအားလုံးလွှတ်ပြီး ရိတ်သိမ်းခဲ့ရတာပါ။ ဒီနှစ်တော့ မှော်ရိတ်သိမ်းစက်နဲ့ဆိုတော့ အစေခံနှစ်ဆယ်တောင်မပြည့်ဘူး။ နှစ်ရက်ပဲကြာလိုက်တယ်။”
မြို့တော်ဝန်စီယန်လည်း မျက်ခုံးပင့်လိုက်၍ “အဲဒါအမှန်ပဲလား။ နှစ်ရက်ထဲနဲ့? ပြီးတော့ အစေခံနှစ်ဆယ်တောင် မသုံးရဘူးပေါ့?”
“ကျွန်တော်က လိမ်ပါ့မလား။ ကျွန်တော်တင်မကဘူး ဘန်တာမြို့ထဲက မြို့မျက်နှာဖုံးတွေအားလုံးကိုလည်း မေးကြည့်။ သူတို့မှာသာ ရိတ်သိမ်းစရာရှိရင် မှော်ကောက်ရိတ်စက်ကို ဝယ်ကြမှာပဲ။ အချိန်ကုန်လူပင်ပန်းသက်သာစေတယ်လေ။ အရှင့်မြေက ဒီမှာမဟုတ်လို့၊ ဒီမှာသာရှိရင် စက်နှစ်လုံးဝယ်ဖို့ အတင်းတိုက်တင်းမိမှာ။ သုံးရတာလည်း လွယ်ကူတယ်လေ။”
မြို့တော်ဝန်လည်း ခေါင်းတွင်တွင်ညိမ့်၍ “အင်း အရင်က ဒီအကြောင်းတွေကြားပါတယ်။ ဒါပေမဲ့ ဒီလောက်အစွမ်းထက်မယ်မထင်ခဲ့ဘူး။ ရှုယီရေ ကျန်တာတွေအသာထား ဒီမှော်ကောက်ရိတ်စက်တစ်ခုတည်းနဲ့တင် မင်းတို့ကုမ္ပဏီက အကြီးအကျယ်အထင်ကြီးစရာလုပ်ပြလိုက်တာပဲ။”
ဗစ်ကောင့်ထ်လက်စ်လိုင်းကရယ်၍ “မြို့တော်ဝန်ရေ သိပ်စိတ်မလှုပ်နဲ့အုံး၊ ဒါတင်မကသေးဘူး၊ အခုဆို မှော်ထွန်စက်ကိုပါ ထုတ်နေပြီ။ အဲဒီစက်ကိုသုံးပြီး ကျွန်တော်ဆို နောက်ထပ်ဧကတွေထပ်တိုးလုပ်နေပြီ။ အစီအစဉ်အတိုင်းသာဆို နောက်နှစ် ဆထက်ထမ်းပိုးသီးနှံအထွက်တိုးမှာ အသေအချာပဲ။”
မြို့တော်ဝန်က ကျေနပ်သောအပြုံးမပြပဲ မျက်မှောင်သာကြုတ်နေသည်။
“လက်စ်လိုင်း သီးနှံစိုက်ပျိုးတာအဲလောက်လွယ်လို့လား။ အဲဒီစက်တွေရှိရင်တောင် တောင်သူကထွန်ယက်ရုံရိတ်သိမ်းရုံပဲမဟုတ်ဘူးလေ။ မျိုးစေ့ကိုထိန်းသိမ်းရအုံးမယ် လိုက်ချရအုံးမယ် ပေါင်းသတ်ရအုံးမယ်။ ရေလောင်းရအုံးမယ်။ အများကြီးပဲ လုပ်စရာတွေက။ လယ်တွေအကုန်လုံးလုပ်မယ်ဆို လူအင်အားလုံလောက်ပါ့မလား”
ဗစ်ကောင့်ထ်လက်စ်လိုင်းကဘာမှပြန်မပြောပဲ ပြုံးနေပြီး ရှုယီကိုကြည့်လိုက်သည်။
“မြို့တော်ဝန် စိုက်ပျိုးရေးစက်တွေဆိုတာ အဲဒီစက်တွေပဲမဟုတ်ပါဘူး။ အခုဆို မှော်တူးဖော်စက်၊ အသေးစားရေစုပ်စက်၊ အသေးစားမြေတူးစက် နှင့် အသေးစားမှော်လမ်းကြိတ်စက် တခြားအများကြီးရှိပါသေးတယ်။
ကျွန်တော်တို့ရည်မှန်းချက်က လူအစားစက်တွေကိုသုံးနိုင်ဖို့ပါ။ မနေ့ကပဲ ဗစ်ကောင့်ထ်လက်စ်လိုင်းနဲ့ဆွေးနွေးတဲ့ထဲမှာ ကွင်းပုံစံပါပြောင်းလဲဖို့စီစဉ်ထားပါတယ်။ ကွင်းတွေကိုစပါးခင်းအဖြစ်ပြောင်းလဲပစ်လိုက်ရင် မှော်စက်တွေကိုသုံးရတာပိုလွယ်သွားတာပေါ့”
“ဘယ်လို စပါးခင်းတွေကပိုလွယ်တာလား? ဘန်တာမြို့မှာကများသောအားဖြင့် ဂျုံစိုက်ကြတာလေ။ ဘာလို့စကားခင်းပြောင်းမှာလဲ? ခမာမြို့လို ရေလည်းမပေါဘူးလေ။ ကုန်ကျစရိတ်များပြီး အကျိုးကြီးမှာမဟုတ်ဘူး”
ဗစ်ကောင့်ထ်လက်စ်လိုင်းကရယ်၍ “မြို့တော်ဝန်၊ ဒီမြို့မှာရေမရှားပါဘူး။ အသုံးပြုဖို့ခက်ရုံပါ။ ခုဒီမှော်စက်တွေနဲ့သာဆိုသုံးရလွယ်ကူသွားမှာပါ။ ပြီးတော့ ပေါင်မုန့်ပဲစားရတာမငြီးငွေ့ဘူးလား? ဒီတော့ ပြောင်းစားဖို့ကောင်းတာပေါ့”
မြို့တော်ဝန်လည်း “အင်း သိပြီ၊ အခုအသစ်ထုတ်ထားတာက မှော်ထမင်းအိုးဆိုတော့ ဆန်စားမယ့်လူတွေလိုတာပေါ့၊ ဒီတော့ လက်စ်လိုင်းကို စပါးခင်းတွေ ပြောင်းခိုင်းတာမဆန်းပါဘူး။ ဘန်တာမြို့တစ်ခုလုံးကိုပါ စပါးခင်းပြောင်းဖို့ ကြိုးစားနေတာလား?”
ရှုယီသည်ဘာမှမပြောပဲ ပြုံး၍သာနေလိုက်သည်။
***
မှော်စက်မှုအင်ပါယာ
အခန်း ၀၆၅ ။ ဗီဗီယန်၏အစွမ်းအစ
ကောင့်ထ်စီယန်နဲ့ညှိနှိုင်းရင်း အချိန်တွေကုန်သွားသည်။ သူအိမ်ပြန်ရောက်သော် သန်းခေါင်ကျော်သွား၍ လသည်ခေါင်းပေါ်တည့်တည့်ရောက်နေပြီ။အိမ်တံခါးဖွင့်သော် ခါတိုင်းလို ဗီဗီယန်ကိုမတွေ့ရပေ။ အိမ်တခုလုံးသည် မဲမှောင်တိတ်ဆိတ်နေသည်။
“အင်းမစောင့်နိုင်လို့ အိပ်ယာဝင်သွားတာနေမှာပါ”
ဖိနပ်ချွတ်၍အခန်းထဲဝင်လာခဲ့သည်။ သို့သော် ဧည့်ခန်းထဲကစားပွဲပေါ်တွင် တယောက်ယောက်လဲလျောင်းနေသည်ကိုတွေ့သော် အံ့သြသွားသည်။
လရောင်မှတဆင့်ကြည့်သော် ဗီဗီယန် မဟုတ်လျှင်မည်သူနည်း။ စားပွဲပေါ်က ဟင်းပွဲများသည်လည်း နဂိုအတိုင်းပင် လက်ရာမပျက်။ ညစာပြင်ဆင်ထားပြီးစောင့်ရင်းအိပ်ပျော်သွားသည်လား။
သူမ၏မျက်နှာကလေးကိုကြည့်၍ သူ့ရင်ထဲသနားစိတ်ဖြစ်လာမိသည်။ မြို့တော်ဝန်အိမ်သို့သွားရန် ဗစ်ကောင့်ထ်လက်စ်လိုင်းကရုတ်တရက်ပြောလာ၍ သူမကိုအကြောင်းမကြားမိပဲ ထွက်လာခဲ့ရ၍ ထိုသို့ တညလုံးစောင့်စားနေခဲ့ရသည်။
“ထုတ်ကုန်ရှင်းလင်းဖို့ကိစ္စ သူတို့နဲ့ဆွေးနွေးရင်း သူ(မ)ကို ငါမေ့သွားတယ်။” ခေါင်းသာတွင်တွင်ခါရင်း သူမကိုပွေ့ချီဖို့ ခါးကုန်းလိုက်လေသည်။
သူခေါ်ခဲ့တုန်းကပိန်သလောက် ခုလည်းအနည်းငယ်ပိန်သော်လည်း အတော်လေး လေးလာသည်။
အဘယ်ကြောင့်ဆိုသော် ဖွံ့ဖြိုးရမည်အရွယ်ဖြစ်၍လည်းကောင်း ဗစ်ကောင့်ထ်လက်စ်လိုင်း လက်အောက်မှာနေရသည်ထက် ပိုလွတ်လပ်သောကြောင်းလည်းကောင်း ထိုသို့ လျင်မြန်စွာပြည့်ဝလာခဲ့ခြင်းပင်။
ခန္ဓာကိုယ်အပြင် အခြားအစိပ်အပိုင်းများလည်း ဖွံ့ဖြိုးလာသည်။ သူမကိုပွေ့ချီစဉ် တချို့သော အစိပ်အပိုင်းများကြောင့် စိတ်ဂနာမငြိမ်ဖြစ်ရသည်။
သူသည်ဆယ်ကျော်သက်အရွယ်မဟုတ်သောကြောင့်သာတော်သေးသည်။ သူတောင်းဆိုလျှင် သူမငြင်းပယ်မည်မဟုတ်သည်ကိုသိသော်လည်း အခန်းထဲတွင်အိပ်စက်အနားယူစေခဲ့သည်။ ထို့နောက် ဧည့်ခန်းသို့ရောက်သော် ဖယောင်းတိုင်ကိုထွန်းလိုက်သည်။
ဖယောင်းတိုင်လင်းလာမှ သူ့ခေါင်းနဲ့တခုခုဆောင့်မိသလိုခံစားလိုက်ရသည်။
“ငါ တီထွင်ရမယ့်မှော်စက်တစ်ခုရှိသေးတယ်။ ဘာလို့များပစ်ပယ်ထားမိပါလိမ့်။ မိုက်တာပဲ၊ ငါသာတီထွင်လိုက်ရင် ဟိန့်ဇ်လည်းလုံးဝကြွေသွားမှာ။”
မှော်စက်စတင်လေ့လာကတည်းကစ သူ့ခေါင်းထဲအကြံဉာဏ်အမျိုးမျိုးဝင်ရောက်လာသည်။ သို့သော် ယခုတော့ စိုင်စ် နယ်မြေကြီး၏စက်မှုစနစ်အားနည်းခြင်းကြောင့် တချို့အရာများသာခေါင်းထဲကျန်ခဲ့ပြီး ပြန်ပေါ်စေရန် ချမှတ်ထားရလေသည်။
ယခုရုတ်တရက်ပေါ်လာ၍ စာအုပ်ကိုဆွဲထုတ်ပြီးရေးဖို့လုပ်လေသည်။ စားပွဲတွင်ထိုင်မိလျှင်ပင် ဗီဗီယန် အိပ်ခဲ့သောနေရာတွင် ပုံကြမ်းများစွာရှိသည်ကိုတွေ့ရသည်။ ကြမ်းပေါ်တွင်လည်း စာရွက်များပြန့်ကျဲနေသည်။
စာရွက်များကိုလိုက်ကောက်ကြည့်သော် မှော်စက်အမျိုးမျိုးတို့၏ပုံကြမ်းများဖြစ်နေသည်ကိုတွေ့ရသည်။ သူအခါအားလျော်စွာဆွဲခဲ့သောအရာများဖြစ်သည်။ ဗီဗီယန်၏မှတ်ဉာဏ် ဤမျှကောင်းလိမ့်မည်ဟုသူထင်မထားပေ။ ခုတော့ ဘေးကကြည့်ရုံဖြင့် အကုန်ပြည့်စုံအောင်ပြန်ဆွဲနိုင်လေသည်။
ထိုဒီဇိုင်းများသည် သာမာန်လိုထင်ရသော်လည်း ကုမ္ပဏီ၏လျို့ဝှက်ချက်ဟုပင်ပြောနိုင်သည်။ ထိုအရာများသာ လီယိုကုန်သည်ကြီးများအသင်း လက်ထဲရောက်သွားလျှင် မှော်စက်ရာချီရောင်းရသည်ထက် အရှုံးပေါ်သွားနိုင်လေသည်။
သူခဏစဉ်းစားလိုက်ပြီး ဗီဗီယန်ကားစီးပွားရေးသူလျိုလားဟု ထင်လာမိသည်။ သူ့ကိုခေါ်လာကတည်းက စတေးလ်မှလွဲ၍ မည်သူနဲ့မျှ မဆက်သွယ်ခဲ့ပေ။
စတေးလ်ကားသူလျိုမဖြစ်နိုင်။ ထို့ကြောင့် ဗီဗီယန် လုပ်ချင်လျှင်တောင် အခြေအနေပေးမည်မဟုတ်ပေ။ ထို့ပြင် သူမသည်သူ၏အစေခံဖြစ်သည်။ လမ်ပူရီတိုင်းပြည်စည်းမျဉ်းအရ သူမကိုဘယ်လိုဆက်ဆံသည်ဖြစ်စေ နောက်ဆုံးပိတ်သတ်ပစ်လျှင်တောင် ဘာပြဿနာမျှဖြစ်မည်မဟုတ်ပေ။
သူမတွင်ထိုသို့လုပ်ရဲဖို့သတ္တိရှိမည်မဟုတ်။ ထိုသို့တွေး၍ စိတ်သက်သာရာရပြီး သူ့လက်ထဲကပုံတို့ကိုကြည့်လိုက်သည်။
သူမသည်စာမဖတ်တတ်သော်လည်း ပုံဆွဲတော်လေသည်။ သူဆွဲထားသည်နဲ့တပုံစံတည်းဖြစ်သည်။
သူဆွဲထားသောဒီဇိုင်းများကိုကြည့်၍ ပြည့်စုံသောမှော်စက်ကိုဆွဲထားပုံရသည်။ သူတို့ထုတ်လုပ်သောစက်များနဲ့အနည်းငယ်ကွာခြားသော်လည်း နောက်ဆုံးခြုံကြည့်လျှင် သိပ်မကွဲပြားသည်ကိုတွေ့ရသည်။
ပုံစံအရပြောရလျှင် သူမဆွဲထားသည်များက ပို၍ကြည့်ကောင်းနေသေးသည်။
“ပုံဆွဲတော်သားပဲ။ ပါရမီရှင်များလား။”
ကမ္ဘာမြေပေါ်က စက်မှုကျွမ်းကျင်သူတစ်ယောက်အနေဖြင့် အစွမ်းအစရှိသူတော်တော်များများကို တွေ့ဖူးလေသည်။ လူအများကိုဆွံ့အသွားအောင်ပင်လုပ်နိုင်သော ပညာရှင်များကိုပင် သူတွေ့ဖူးလေသည်။
သို့သော် သူမကိုထိုသို့တော်လိမ့်မည်ဟု တခါမျှမတွေးတောခဲ့မိပေ။ စိုင်စ်နယ်မြေကြီးတွင် အရင်ကဤကဲ့သို့ မှော်စက်ပစ္စည်းများမရှိခဲ့၍ သူမဘယ်လိုတတ်လာသည်လည်း မပြောတတ်ပေ။
သူနားမလည်နိုင်သောအရာတွေကိုဘေးဖယ်ထားလျက်ရှိလေသည်။ ခေါင်းသာခါ၍ သူ့ခေါင်းထဲရောက်လာသော်စိတ်ကူးတို့ကိုချရေးလိုက်သည်။ ထို့နောက် မျက်နှာသစ်ရမှာပျင်းလှသည်ဖြစ်၍ အိပ်ယာသို့ချက်ချင်းဝင်လိုက်သည်။
နောက်နေ့နိုးသောအချိန်တွင် ဗီဗီယန်၏မနက်စာပြင်ဆင်နေသောအသံကိုကြားရသည်။ သူ့အတွေးထဲဝင်လာသည်က အိမ်ကိုပြောင်းရမည်။ မဟုတ်လျှင် သူမမနက်စာပြင်တိုင်းနိုးနေလျှင် သူအိပ်ချင်တိုင်းအိပ်၍ရမည်မဟုတ်ပေ။
နောက်ပေါ်လာသည်က ညကသူကြည့်ခဲ့သောပုံများပင်။ ခဏတွေနေပြီးထ၍ မျက်နှာသစ်လိုက်သည်။
သူမျက်နှာသစ်ပြီးချိန်တွင် စားပွဲပေါ်တွင် မနက်စာအသင့်ပင်။ ထိုအိမ်တွင်နှစ်လမျှကြာပြီဖြစ်၍ ရှုယီအကြောင်းနောကြေသွားသည်။
ပေါင်မုန့်တခုကောက်၍ သူစားဖို့စောင့်နေသော ဗီဗီယန်ကိုကြည့်လိုက်သည်။ ခဏစဉ်းစားပြီးနောက် “ဗီဗီယန် မနေ့ညကညစာမစားဘူးလား”
သူမက ခေါင်းညိမ့်ပြ၍ “သခင်လေးပြန်အလာကို တချိန်လုံးစောင့်နေရင်းအိပ်ပျော်သွားတာ၊ ဘယ်အချိန်ပြန်လာမှန်းတောင် မသိလိုက်ဘူး။ သခင်လေးတောင် အိပ်ယာထဲပို့ပေးရတဲ့ထိ ဒုက္ခပေးမိသွားတယ်။”
“မှတ်ထားနော်၊ နောက်ခါ ညစာစားချိန်ရောက်မလာခဲ့ရင် စောင့်မနေနဲ့။ အခုတလော အလုပ်တွေအရမ်းရှုပ်နေတာ အပြင်မှာပဲစားရတာများတယ်။ နောက်တခါစောင့်နေမယ်ဆိုရင် ဗိုက်ဆာရုံပဲရှိမယ်၊ နားလည်လား။”
“ဒါပေမဲ့ သခင်လေးမှမစားသေးဘဲ ကျွန်မက ဘယ်လိုလုပ်စားဝင်မှာလဲ?”
သူမမျက်လုံးကအပြူးသားဖြစ်၍ နားမလည်စွာဖြင့် သူ့ကိုငေးကြည့်နေသည်။
“ဒါအမိန့်ပဲ ငါပြောတဲ့အတိုင်းလုပ်စမ်းပါ။”
“အိုး…”
“ပြီးတော့” မနေ့ကစုယူခဲ့သောပုံတို့ကို ထုတ်၍ ရမ်းပြပြီး “ဒါတွေ မင်းဆွဲထားတာလား?”
သူမမျက်နှာတွင် ရှက်သွေးဖြာသွားလေသည်။ “သခင်လေး ခွင့်ပြုချက်မပါဘဲ ဆွဲမိလို့ တောင်းပန်ပါတယ်။ သခင်လေးရဲ့ဘောပင်နဲ့စာရွက်ကို ယူမသုံးသင့်ပါဘူး”
“ဒါကအရေးမကြီးပါဘူး။ ခေါင်းကိုမော့ပြီး မေးတာဖြေပါအုံး။” သူမမျက်နှာကို သေချာကြည့်လိုက်သည်။ သူမမျက်နှာတွင် စိတ်အနှောက်အယှက်ဖြစ်သွားရုံကလွဲ၍ ကျန်တာမတွေ့ရပေ။ ထိုအခါမှ စိတ်အေးချမ်းသွားတော့သည်။
သူမတွင်ဤမျှအစွမ်းရှိလိမ့်မည်ဟုထင်မထားပေ။
“ဗီဗီယန် ဒီပုံတွေကိုအပျင်းပြေဆွဲတာလား”
ပုံတခုကိုထုတ်ကြည့်လိုက်ရာ သူ့ပုံဆွဲထားသည်ကို တွေ့ရသည်။ စတေးလ် ပုံလည်းပါ၍ ရှုခင်းပုံတွေအများကြီးပါလေသည်။ ထိုပုံတို့ကိုတွေ့သော် သူစိတ်ချလက်ချဖြစ်သွားသည်။
“မင်းရဲ့အစွမ်းကမဆိုးဘူးပဲ။ ကြည့်ပါဦး ငါ့ပုံဆွဲထားတာ ဓါတ်ပုံကျနေရောပဲ။”
“အဲဒါကဘာများလဲ” ဗီဗီယန်က အံ့ဩတကြီးမော့ကြည့်လာ၍ “ဓါတ်ပုံဟုတ်လား?”
“စာရွက်ပေါ်မှာပုံထုတ်ထားတာကိုပြောတာပေါ့.. အရင်က တခါမှမတွေ့ဖူးဘူးလား။ အင်း… ထားလိုက်ပါ။ အခုမေးတာ သေချာဖြေနော်။ ဒီမှာတစ်ရက်လုံးနေရတာ ငြီးငွေ့လား?”
ဗီဗီယန်က လက်ကာပြင်၍ တတ်နိုင်သလောက် ငြင်းပယ်ဖို့ကြိုးစားလေသည် “မပျင်းပါဘူး၊ မပျင်းပါဘူး။ ဒီမှာနေရတာ တကယ်ပျော်ပါတယ်။”
“အမှန်အတိုင်းပြောပါ” ရှုယီက အလေးအနက်ထပ်မေးလိုက်သည်။
သူမကြောက်လန့်သွားကာ ခဏကြာမှ ချီတုံချတုံဖြင့် “ဟုတ်.. နည်းနည်းတော့ပျင်းတယ်။ ဒီမှာလုပ်စရာလည်းမရှိတော့ မနေတတ်မထိုင်တတ်ဖြစ်မိတယ်။”
“အင်း ဒီလိုပါပဲ။ ပျင်းတယ်ဆိုလည်း အစကတည်းကပြောပါတော့လား။ နှစ်လကြီးတောင် လိမ်ထားတယ်ပေါ့။ ငါဘယ်လိုလူလည်းမသိလို့လား။”
“သခင်က လူကောင်းပါ။ ကျွန်မကသာ အစေခံတစ်ယောက်ပါ။ ကျွန်မအတွက် ထည့်စဉ်းစားပေးစရာမလိုပါဘူး။” သူမခေါင်းအသာငုံ့၍ တိုးညှင်းစွာပြောလေသည်။
“အစေခံဆိုပေမဲ့ ငါ့အစေခံလေ။ ကဲ ဒီလိုလုပ်ရအောင်။ လုပ်စရာမရှိဘူးဆိုတော့ အလုပ်နည်းနည်းပေးထားမယ်။ ဒီလိုဆို မပျင်းတော့ဘူးပေါ့။”
သူမကနားမလည်စွာဖြင့်မော့ကြည့်သည်။ ရှုယီ၏ မချိတင်ကဲ အပြုံးကိုတွေ့ရလေသည်။ သူ့ကိုကလေးတယောက်လိုဆက်ဆံနေသည်။ ထို့နောက် တိုးတိုးလေးပြောသည်။
“ ဗီဗီယန် ကျောင်းတက်မလား”
***
မှော်စက်မှုအင်ပါယာ
အခန်း ၀၆၆ ။ ပထမဆုံးအတန်း
ဘာရွန်ရစ်တိုမှော်အကယ်ဒမီကကျောင်းသားများနည်းနည်းအံ့သြသွားသည်။ အတန်းအချိန်ဇယားများကိုသတ်မှတ်ထားပြီးသော်လည်း အကြောင်းပြချက်တခုကြောင့် အချိန်ပိုပါလေသည်။ အတန်းနာမည်ကအင်မတန်ထူးဆန်းသည်။ ထိုအတန်းကို မှော်စက်နဲ့ပတ်သက်၍သီအိုရီအခြေခံ အတန်းတဲ့။
ထိုအတန်းသည်အများနဲ့ဆိုင်သောအတန်းဖြစ်သည်။ ကျောင်းသားအားလုံးတက်ရောက်နိုင်လေသည်။ သူတို့အားလုံးသိချင်စိတ်ပြင်းပြနေသည်။ ထို့ကြောင့် မတက်မနေရမဟုတ်သော်လည်း အတန်းစသောအခါ အခန်းတခုလုံးပြည့်သွားသည်။
ကျောင်းအုပ်ကြီးသည် ကျောင်းသားဤမျှများလိမ့်မည်ဟု ထင်မထားပေ။ အကြီးဆုံးဟောခန်းကိုသုံးထားသော်လည်း ထိုင်ခံမလောက်၍ မတ်တတ်ပင်ရပ်ကြရသူများရှိလေသည်။
ထိုအထဲတွင် အိုရင်းဇက်တ်မန်း တယောက်အပါအဝင်ဖြစ်သည်။ သူသည်ရှေ့ဆုံးကထိုင်၍ ဘေးကကျောင်းသားများနဲ့ ဆူညံစွာစကားပြောနေသည်။
“အီဗန် ဆရာက ဥက္ကဌ ရှုယီ ဖြစ်မှာကျိန်းသေတယ်။ ငါနဲ့လောင်းရဲလား" အိုရင်းကစိန်ခေါ်လေသည်။
အီဗန်ကလည်း “အဓိပ္ပါယ်မရှိတာ၊ သူကလွဲပြီး ဘယ်သူဖြစ်အုံးမှာလဲ? တခြားတစ်ယောက်ကို မင်းတွေ့ထားလို့လား။ မင်းနဲ့လောင်းရအောင် ငါကမိုက်မဲမယ်ထင်နေလား?”
“ဟုတ်တယ် မင်းလောင်းတာက အရမ်းသေးသိမ်လွန်းတယ်။ ဒီနေ့သူဘာသင်မလဲလောင်းတာကမှ တော်အုံးမယ်။” ကျောင်းသားတစ်ယောက်ကပါ ဝင်ပြောလေသည်။
“နာမည်အတိုင်း.. မှော်စက်နဲ့ပတ်သတ်တဲ့သီအိုရီပေါ့။ ပထမဆုံးနေ့မှာ တခြားဘာများ မိတ်ဆက်အုံးမှာမို့လို့လဲ။ ဒါ့ထက်ပိုနက်နဲမယ်ဆိုရင် ကျောင်းသားတွေနားလည်မှာ မဟုတ်ဘူးလေ။” ရွှေရောင်ဆံပင်နဲ့ကောင်မလေးက ဝင်ပြောလိုက်သည်။
“ဟုတ်တယ် ငါတို့ကလွဲပြီး ဘယ်ကျောင်းသားကမှော်စက်ဆိုတာကိုနားလည်မှာလဲ” အိုရင်းကယုံကြည်ချက်အပြည့်ဖြင့်ဝင်ပြောလေသည်။ ရှုယီသာရောက်လာလျှင် အိုရင်းနဲ့အပေါင်းအဖော်များသည် လွန်ခဲ့သောလအနည်းကမှ သူ့စက်ရုံတွင် မှော်အစီအရင်ဆွဲသောအလုပ် လုပ်သွားသည်ကို သိပေလိမ့်မည်။
အခြားကျောင်းသားများနဲ့စာသော် သူတို့သည်ပို၍ အရည်အချင်းရှိသည်ဟုပြောနိုင်သည်။ သို့သော် သူ့လေသံနည်းနည်းကျယ်သွား၍ အခြားကျောင်းသားများကြားသွားပြီး စိတ်ဆိုးသွားကြသည်။
“ဟေး.. အိုရင်း မာနထောင်လွှားလှချေလား။ စက်ရုံမှာခဏတဖြုတ်လုပ်တာနဲ့ပဲ မှော်စက်ကို တော်တော်နားလည်သွားပြီထင်နေလား? မင်းတို့ဆွဲတာ အခြေခံလောက်ပဲရှိသေးတာ။ ဘာကိုနားလည်လို့လဲ။ ဖင်ချေးကပ်လောက်နားလည်တာကိုများ လေကြီးလေကျယ်လုပ်နေတယ်။” ကျောင်းသားတစ်ယောက်က မခံချင်စိတ်ဖြင့်ပြောလေသည်။
အိုရင်းကလှည့်လာ၍ “ဘာလဲ၊ မကျေနပ်ဘူးလား? အေး ဒါပေမဲ့ မင်းထက်တော့သာတယ်ကွ။”
ထိုကျောင်းသားက ဒေါသထွက်၍ လက်ညှိုးထိုးကာ၊ “အေး ကောင်းပြီ။ ကျောင်းဆင်းမှ ထွက်မပြေးနဲ့။”
“ဘယ်သူကငကြောက်လဲ ကြည့်ရသေးတာပေါ့။”
သူတို့ရန်ပွဲအရှိန်မြင့်လာစဉ် ဆရာသည်အတန်းထဲဝင်လာသည်။ ဝင်လာသောဆရာသည် အရိုက်ကြမ်းသောကျောင်းအုပ်ကြီးရှီရာ မှန်းသိ၍ အားလုံးငြိမ်သွားကြသည်။
ရန်ဖြစ်သောနှစ်ယောက်သည် တယောက်ကိုတယောက်စိုက်ကြည့်၍ ရှေ့ကိုအာရုံပြောင်းလိုက်ကြသည်။ ကျောင်းအုပ်ကြီးသည် ဟောခန်းတခုလုံးကိုလှည့်ကြည့်လိုက်ပြီးသော် ကျေနပ်စွာဖြင့်ခေါင်းညိမ့်လိုက်သည်။
ထို့နောက် “ကဲကျောင်းသားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌကြီးရှုယီကို နွေးနွေးထွေးထွေး ကြိုဆိုလိုက်ကြရအောင်”
အိုရင်းနှင့်သူ့အဖော်ကျောင်းသားများသည် သူတို့ထင်သည့်အတိုင်းဖြစ်၍ သဘောတကျဖြင့် လက်ခုပ်လက်ဝါးတီးလိုက်ကြသည်။ ရှုယီ ဝင်လာသော် ရှေ့တွင်ထိုင်နေသော အိုရင်းတို့ကိုမြင်၍ ပြုံးပြီးနှုတ်ဆက်လိုက်သည်။ ထို့နောက် ညာလက်ကိုမြှောက်လိုက်သော ကျောင်းသားအားလုံးတိတ်ဆိတ်သွားသည်။
ထိုအချိန်တွင် သူတို့ကုမ္ပဏီကထုတ်သော ထုတ်ကုန်များသည် ဘန်တာမြို့တွင် ဟိုးလေးတကျော်ဖြစ်နေပေပြီ။
ထိုစက်များနဲ့ပတ်သက်၍ ရှေးရိုးစွဲများက အရှုပ်ထုပ်ဟုသတ်မှတ်၍ မှော်ပညာကိုအရှက်ရစေသည်ဟုသတ်မှတ်သော်လည်း ဘာရွန်ရစ်တိုမှော်အကယ်ဒမီမှကျောင်းသားများကား အင်မတန်စိတ်ဝင်စားနေကြလေသည်။ ထိုစက်တို့ကိုတီထွင်သော ရှုယီကိုလည်း အရမ်းသိချင်နေကြသည်။
အိုရင်းတို့အုပ်စုထံမှ သူ့အသက်နှစ်ဆယ်ကျော်သာရှိသေးသည်ဟုကြားထားသော်လည်း တကယ်တွေ့ရသော် ငယ်ရွယ်နုပျိုနေသည်ကိုတွေ့၍ အလွန်အံ့သြမိကြသည်။
ထိုကျောင်းသားများအမြင်ကား မှော်ပညာလေ့လာခြင်းသည် အင်မတန်ခက်ခဲလေသည်။ မှော်အစီအရင်နဲ့ ရေခဲလိုအေးစက်သောစက်တို့ကိုပေါင်းစပ်ရသည်ကပင် မဖြစ်နိုင်လောက်အောင်ခက်ခဲသည်ဟုထင်လေသည်။
ရှုယီသည်သူတို့ထက်သိပ်ကြီးပုံမရသော်လည်း မှော်ပညာကိုတဖက်ကမ်းခတ်နားလည်လေသည်။ အားလုံးကိုအံ့သြသွားစေလောက်အောင် ထူးဆန်းသောစိတ်ကူးများရှိလေသည်။
ကျောင်းသားများစိတ်ဝင်စားမှုရှိသည်ကိုသိသော် စ၍စကားပြောလေသည်။
“ကဲ အားလုံးပဲ၊ ပျင်းစရာကောင်းတဲ့စကားတွေကြားချင်ကြမှာမဟုတ်ပါဘူး။ ဒီတော့က လိုရင်းပဲ ပြောလိုက်ကြစို့။ အခုလိုစီစဉ်လိုက်ရတာက သင်ကြားဖို့ထက် ဆွေးနွေးဖို့ဆို ပိုမှန်ပါလိမ့်မယ်။ ကဲ ဘာတွေဆွေးနွေးကြမလဲဆိုတော့ မှော်စက်ပဲပေါ့။ ဒီအတန်းကိုက မှော်စက်နဲ့ပတ်သတ်ပြီး သီအိုရီအခြေခံလို့ခေါ်ထားတော့ အခြေခံကစပြီး ပြောကြတာပေါ့။”
“အားလုံးပဲ ကျွန်တော်တို့ကုမ္ပဏီကထုတ်ကုန်တွေကို နည်းနည်းတော့ နားလည်မယ်ထင်ပါတယ်။ ဒီတော့ မှော်စက်တွေအကြောင်း အကျဉ်းချုပ်တော့ သိမှာပေါ့။ ဘာရွန်ရစ်တိုမှော်အကယ်ဒမီက ကျောင်းသားများအနေနဲ့ မှော်ကိုတော့ နားလည်မှာပါ။ ဒါပေမဲ့ စက်ဆိုတဲ့စကားလုံးနဲ့တော့ ရင်းနှီးမယ်မထင်ဘူး။ ဒီတော့ ဒီနေ့စက်အကြောင်းကို လေ့လာလိုက်ကြရအောင်”
“စက်ဆိုတာ ပစ္စည်းတစ်မျိုးပါပဲ။ ဒီကိရိယာကိုအသုံးပြုပြီး လုပ်အားကိုချွေတာနိုင်မယ်။ အလုပ်တွင်ကျယ်အောင်လုပ်နိုင်မယ်။ ဥပမာ မြေကြီးတူးမယ်ဆိုကြပါဆို လက်ကိုမသုံးဘဲ ဂေါ်ပြားကိုသုံးတာမျိုးပေါ့။ ဘာလို့ဆို ပိုပြီး လွယ်ကူသက်သာစေတာကိုး။ ဒီဂေါ်ပြားကိုလည်း စက်လို့သတ်မှတ်လို့ရသွားပဲ။”
“အင်း ဒီဂေါ်ပြားကတော့ သိပ်ကိုရိုးရှင်းလွန်းတာပေါ့။ အခုပြောမယ့် စက်တွေကတော့ တော်တော်ရှုပ်လိမ့်မယ်ထင်တယ်။ အားလုံးပဲ ငါတို့ကုမ္ပဏီက မှော်ထမင်းပေါင်းအိုးထုတ်လိုက်တာ သိကြမယ်ထင်တယ်။ ဒါကတော့ အိမ်သုံးမှော်စက်။ အတိအကျပြောရရင်တော့ ထမင်းချက်ဖို့ပေါ့။
ဒီမှော်ထမင်းပေါင်းအိုးကို မသုံးဘူးဆိုရင် ထင်းမီးကိုသုံးပြီးချက်ရမယ်။ ဒီဟာနဲ့ဆိုရင် ဆန်နဲ့ရေရောပြီး တည်လိုက်ရုံပဲ။ ခလုပ်နှိပ်ပြီး ခဏစောင့်ရုံနဲ့ ထမင်းအဆင်သင့်ပေါ့။ ကဲ ပိုပြီး အဆင်မပြေသွားဘူးလား။”
“မှော်စက်တွေကို မှော်စွမ်းအားသုံးစက်လို့လည်း ခေါ်သေးတယ်။ ဘာလို့ဆို မှော်အစီအရင်ကို သုံးထားရတာကိုး။ ဒီမှာ မှော်အစီအရင်ကိုသင်မယ်ထင်ပါတယ်။ ဒီတော့ မှော်က အရမ်းစွမ်းကြောင်းပြောစရာမလိုတော့ပါဘူး။ ပြီးတော့ မှော်ကိုလူသတ်ဖို့ကလွဲရင် ကျန်တဲ့နေရာတွေအများကြီးသုံးတယ်ဆိုတာ အားလုံးစဉ်းစားမိကြမယ်ထင်ပါတယ်။ ဒါကြောင့် ဒီမှော်စွမ်းအားကိုသုံးစက်တွေကို တီထွင်လိုက်တာပဲ။
ဒါပေမဲ့ ဒီကိုလာတာ မှော်ကိုဘယ်နေရာမှာ သုံးသင့်လဲ လာဆွေးနွေးတာမဟုတ်ပါဘူး။ မှော်စက်တွေကို ဘာကြောင့်သုံးလဲဆိုတာပြောပြဖို့ပါ။ မှော်ထမင်းအိုးကိုထမင်းချက်ဖို့သုံးမယ်။ မှော်ကောက်ရိတ်စက်ကို သီးနှံရိတ်သိမ်းဖို့သုံးမယ်။ မှော်ပန်ကာကို လေအေးရဖို့သုံးမယ်။ နေရာမျိုးစုံမှာသုံးနိုင်ပတယ်။
နောက်ဆိုမှော်စက်တွေအများကြီးတွေ့လာရမှာပါ။ လူတိုင်းရဲ့ဘဝကိုလည်း အများကြီးပြောင်းလဲပေးသွားမယ်လို့ ယုံကြည်ပါတယ်။”
“ဒီတော့ မှော်စက်တွေကဘာတွေသယ်ဆောင်လာနိုင်လဲ? ဒီနေ့အဲဒီအကြောင်းကို အဓိကထားပြီးလေ့လာလိုက်ကြရအောင်။ မှော်စွမ်းအားကိုသုံးပြီး စက်တွေကို အလုပ်လုပ်စေမယ်။ လူတွေအတွက်ခက်တဲ့အလုပ်တွေကို အစားထိုးမယ်။ ဒါကအခြေခံပေါ့။”
အစပိုင်းတွင်ကျောင်းသားများသည်သိပ်စိတ်မဝင်စားကြ။ သို့သော် ပို၍လေးနက်လာလေလေ ပိုအာရုံစိုက်လာလေပင်။
ရှုယီ ဆွေးနွေးသောအရာများကို သူတို့အရင်ကတခါမျှမကြားဖူးပေ။ သူတို့အတွက်မျက်လုံးပွင့်စေ၍ ဧရာမစိတ်ဝင်စားမှုကြီးဖြစ်နေသည်။
ထို့ကြောင့် စိတ်အားထက်သန်စွာဖြင့် နားထောင်ကြသည်။ ကျောင်းအုပ်ကြီးရှီရာက တတိယအကြိမ်သတိပေးတော့မှ တော်တော်အချိန်တွေကုန်သွား၍ ညနေစောင်းနေမှန်း ရှုယီ သိလိုက်ရသည်။
ထို့ကြောင့် အတန်းလွှတ်ပေးလိုက်ရတော့သည်။ သို့သော် ကျောင်းသားများအားလုံးက ဆက်သင်ဖို့မေတ္တာရပ်ခံကြလေသည်။
သူလည်းမတတ်နိုင် ဤမျှနဲ့သာ အဆုံးသတ်လိုက်ရသည်။ သူတို့စိတ်ဝင်စားလျှင် နောက်တကြိမ်လာ၍ ပို့ချအုံးမည်ဖြစ်ကြောင်း ပြောကြားရသည်။
သူထွက်သွားသော ခန်းမတခုလုံးဆူညံသွားအောင် တယောက်နဲ့တယောက် မိုးမွှန်အောင်ဆွေးနွေးကြလေတော့သည်။
ကျောင်းသားများအားလုံး စိတ်အားထက်သန်စွာဆွေးနွေးနေကြသည်ကိုတွေ့သော် ကျောင်းအုပ်ကြီးက သက်ပြင်းချခေါင်းခါ၍၊ “ဥက္ကဌရှု၊ နောက်တခါလာမယ်လို့ မပြောသင့်ဘူး။ အခုတော့ သူတို့မင်းရဲ့သင်ခန်းစာမှာမျောသွားပြီး နောက်အတန်းတွေကို သိပ်စိတ်ဝင်စားတော့မယ်မထင်ဘူး။”
ရှုယီကရယ်၍ “မဖြစ်နိုင်ပါဘူး။ ကျွန်တော်သင်တာက မှော်နဲ့ပတ်သတ်တာပါ။ နောက်ဆို မှော်အကြောင်းတွေ ပိုပြီးတောင်လေ့လာချင်လာမယ်။ အဲဒါ ဝမ်းသာစရာမဟုတ်ဘူးလား။”
“မှော်ကိုပဲ စိတ်ဝင်စားပြီး မှော်စက်တွေအကြောင်းကို စိတ်မဝင်စားဘူးဆိုတာ သေချာလို့လား?”
ရှုယီကရယ်လိုက်ပြန်သည်။ ဗီဗီယန် ကျောင်းတက်ဖို့နဲ့ သူပို့ချနိုင်ဖို့ ထိုကျောင်းကို ရွှေဒင်္ဂါးငါးရာလှူခဲ့လေသည်။ ကျောင်းသားများအားလုံး မှော်စက်ပေါ်မှာစိတ်ဝင်စားလာအောင်မလုပ်နိုင်လျှင် ထိုငွေအားလုံးအချည်းနှီးဖြစ်ပေတော့မည်။
ကုန်သည်တယောက်အနေဖြင့် ဤမျှအရှုံးခံလုပ်ဆောင်ပါ့မလား။
***
မှော်စက်မှုအင်ပါယာ
အခန်း ၀၆၇ ။ မျိုးစေ့ချခြင်း
ဆရာကြီးကမ်မီလာနဲ့သဘောတူညီမှုရပြီးကတည်းက မှော်တာဝါဆီသို့မကြာခဏသွားဖြစ်လေသည်။ အထူးသဖြင့် စိုက်ပျိုးရေးသုံးမှော်စက်တိုးမြှင့်ဖို့ မြို့တော်ဝန်နဲ့ဆွေးနွေးပြီးကတည်းက အသွားအလာစိပ်လာလေသည်။
စိုက်ပျိုးရေးသုံးမှော်စက်တို့သည် ပို၍အစွမ်းလိုလေသည်။ ကမ်မီလာကလွဲ၍ မည်သူမျှမတတ်နိုင်ပေ။
ရှုယီ သုတေသနဌာနကို နှစ်ပိုင်းခွဲထားလေသည်။ တစ်ခုကို စတေးလ်တို့သုံးယောက်ကိုလွဲထား၍ အိမ်သုံးမှော်စက်တွင်သုံးသော မှော်အစီအရင်ကိုအဓိကထားလေ့လာလေသည်။ နောက်တစ်ခုကို ကမ်မီလာ တစ်ယောက်ထဲသာကိုင်၍ စွမ်းအားပိုလိုသောမှော်စက်ကြီးတွေကို လေ့လာရလေသည်။
မှော်နှင့်စက်မှုကိုနားလည်သူက ရှုယီ တစ်ယောက်သာရှိ၍ နှစ်ဖက်လုံးတွင် သူမပါ၍မဖြစ်ပေ။ ကောင်းတော့မကောင်းပေ။
စက်မှုသုတေသနကိုလည်း သူတယောက်တည်းမပြီးနိုင်ပေ။ သူ့လိုမှော်ပညာရှင်တွေပေါလာလေလေ သုတေသနကပို၍ အားကြီးလာလေဖြစ်နိုင်သည်။
ထို့ကြောင့် နှစ်ဌာနလုံးတွင် မသိမသာဖြင့် သင်ကြားပေးလျက်ရှိသည်။
လေးယောက်လုံးသည် ခေသူများမဟုတ်၍ အလွယ်တကူနားလည်ကြသည်။
ယခုတော့ မှော်စက်အသစ်လုပ်မည်ဆိုလျှင် သူတို့အကြံဉာဏ်သုံးရလေသည်။ သူတို့လေးယောက်ရှိခြင်းသည် သူ့အတွက်နှိုင်းယှဉ်၍မရအောင်အကျိုးကျေးဇူးများပေသည်။
ထိုကြောင့်လည်း ဘာရွန်ရစ်တိုမှော်အကယ်ဒမီကို အပြေးလာ၍ ယခုလိုသင်ကြားပို့ချခြင်းပင်ဖြစ်သည်။ ကျောင်းသားများရင်ထဲတွင်မှော်စက်နဲ့ပတ်သက်၍ မျိုးစေ့ချပေးခြင်းဖြစ်သည်။
နောက်ပိုင်းတွင် ဆက်၍သင်ကြားပို့ချဖို့ စီစဉ်ထားလေသည်။ ဖြစ်နိုင်လျှင် အချိန်ဇယားဆွဲ၍ ပုံမှန်သင်ကြားပို့ချချင်လေသည်။
ကျောင်းသားဆယ်ရာနှုန်းလောက်က မှော်စက်ကိုစိတ်ဝင်စားပြီးလေ့လာမည်ဆိုလျှင်လည်း အထင်သေး၍မဖြစ်ပေ။
“ဟေး ဥက္ကဌကြီးပေါ်လာပြန်ပြီလား”
မှော်တာဝါသို့ရောက်သော် မှော်ပညာရှင်တယောက်က ထွက်၍ နှုတ်ဆက်လေသည်။
"ဟေး မင်္ဂလာပါ။ ဆရာကြီးရှိလား"
မှော်အသိုင်းအဝိုင်းသည်သိပ်မကျယ်ပြန့်လှ။ ထို့ကြောင့် သူနဲ့ဆရာကြီးပူးပေါင်းသတင်းသည် ချက်ချင်းပြန့်နှံ့သွားသည်။
အားလုံးသည် သူတို့ပူးပေါင်းသည်ကိုသိ၍ ဆရာကြီးသည် တစ်နှစ်ကို ရွှေဒင်္ဂါးတထောင်ရသည်ကိုလည်းသိလေသည်။ မှော်တာဝါသည် ထိုငွေပေါ်တွင်သာ မှီခိုနေရလေသည်။
အတိအကျပြောရလျှင် မှော်တာဝါတွင်ရှိသော မှော်ပညာရှင်အားလုံးကို ရှုယီကပေးနေသည်ဟုပြောနိုင်လေသည်။ ထို့ကြောင့် သူ့ကိုအရင်ကမတည့်ခဲ့သူများပင် ကျေးဇူးတင်စွာဖြင့် နှုတ်ဆက်ဖော်ရလာသည်။
“ခါတိုင်းလိုပဲ အပေါ်ထပ်မှာ မှော်စမ်းသပ်မှုလုပ်နေတယ်။ သူလည်းမျှော်နေမှာပါ။”
“အင်း ကောင်းပြီ။ ကျေးဇူးပါ။”ထို့နောက် အပေါ်ထပ်သို့မသွားသေးဘဲ သူ့အခန်းသို့အရင်သွားလေသည်။
အခန်းတံခါးဖွင့်လိုက်သော် အားလုံးသည် အသည်းအသန်လေ့လာနေသည်ကိုတွေ့ရလေသည်။ သို့သော် ခါတိုင်းလို မှော်သုတေသနလုပ်နေသည်မဟုတ်၊ မှော်အစီအရင် အားလုံးကိုလေ့လာနေခြင်းဖြစ်သည်။
နံရံပေါ်တွင် ထူးဆန်းသောစက်တလုံး၏ပုံကို ရေးဆွဲထားလေသည်။ တံခါးဖွင့်သံကြားသော် လော့တီကမော့ကြည့်လေသည်။
“ဟာ၊ ရှုယီရောက်လာပြီပေါ့။”
ထိုအသံကြားမှ အားလုံးလည်းအလန့်တကြားဖြင့်မော့ကြည့်၍ နှုတ်ဆက်ကြလေတော့သည်။ သူကလည်းပြုံး၍ တယောက်ချင်းစီကို လိုက်နှုတ်ဆက်လေသည်။
“သုတေသနာအခြေအနေ ဘယ်လိုနေလဲ?”
လော့တီမျက်နှာတချက်ပျက်သွားလေသည်။ “သိပ်တော့မဟန်သေးဘူး။ မှော်တူးဖော်စက်အတွက်လိုအပ်တဲ့ မှော်အစီအရင်တွေ အကုန်လုံးကို သုတေသနလုပ်ပြီးပြီ။ ဒါပေမဲ့ ပေါင်းစပ်လို့မရဘူးဖြစ်နေတယ်။ ဆရာဖြစ်ချင်သလို ပေါင်းစပ်ဖို့မဖြစ်နိုင်ဘူး ဖြစ်နေတယ်။”
“အင်း ပြပါအုံး၊ အရင်ကြည့်ရအောင်။”
“ဒီမှာပါ။”
ယူ၍ကြည့်လိုက်သော်။
မှော်ဆရာကြီး ကမ်မီလာနဲ့ပူးပေါင်းဆောင်ရွက်သော်လည်း သူတယောက်ထဲပြီးစီးအောင်လုပ်မည်ဟုသတ်မှတ်၍မရပေ။ မှော်တာဝါ ကမှော်ပညာရှင်အားလုံးသည် သူ၏လက်ထောက်များဖြစ်လေသည်။ လုပ်စရာရှိသည်များကို ခွဲဝေတာဝန်ချပေးလေသည်။
ရှုယီသည်လည်းအရင်ကသူတို့နဲ့ပူးပေါင်းလုပ်ဖူးလေသည်။ ထို့ကြောင့်လည်း ဆရာကြီးသည် သူတို့ကိုသာခွဲဝေပေးလျက်ရှိသည်။
စီမံကိန်းပြီးသွားတိုင်း ဆရာကြီးကို ကန်တော့လျက်ရှိသည်။ သူတို့ကိုလည်းဆုချလျက်ရှိသည်။ ထိုအခါ မရသူများသည် မနာလိုဖြစ်ကြရသည်။
လော့တီ ပြသောစာရွက်ကိုကြည့်ပြီးသော် ပြဿနာကိုသွားတွေ့လေသည်။
ထိုအုပ်စုသည် စတေးလ်တို့သုံးယောက်ထက်ပိုအစွမ်းကြီးလေသည်။ သို့သော် မှော်နဲ့ပတ်သက်ရင်တော့ သိပ်ရှေ့မရောက်ပေ။ မှော်အစီအရင်ကိုသုတေသနလုပ်သောအခါ ရှေးရိုးထုံးစံအတိုင်းသာ လိုက်လုပ်ကြသည်။
သူတို့ကိုပေးသော မှော်တူးဖော်စက်သည် အရှုပ်ထွေးဆုံးဖြစ်လေသည်။ ထိုကြောင့် သမရိုးကျနည်းအတိုင်းသာလုပ်လျှင် ပြဿနာပေါင်းစုံတွေ့နိုင်လေသည်။
သူတို့ကိုအထင်ကြီးလွန်းတာမှားသွားလေပြီ။ ဆရာကြီးနဲ့သော်လည်းကောင်း စတေးလ် တို့နဲ့သော်လည်းကောင်း သူကဘေးကအမြဲနေ၍ အကြံပေးနေသောကြောင့် ဘာမျှပြဿနာမရှိပေ။ ဓါတ်ခွဲခန်းထဲကပညာရှင်များကိုတော့ သူတို့ကိုယ်ပိုင်လွတ်လပ်ခွင့်ဖြင့် ပြုလုပ်ခွင့်ပေးထားလေသည်။ ထို့ကြောင့်လည်း မှားယွင်းသွားနိုင်လေသည်။
သူတို့ပေးသောပုံကြမ်းကိုနည်းနည်းလောက်ပြင်လိုက်လျှင် ပြဿနာလျော့သွားနိုင်လေသည်။ ထို့နောက် အားလုံးကိုခေါ်၍ အသေးစိတ်ရှင်းပြလေသည်။
သူတို့ကို မှော်စက်မှုနဲ့ပတ်သက်၍နားလည်လာစေချင်သည်။ နောင်ခါသုတေသနပြုသောအခါ ပို၍လွယ်ကူသွားစေချင်သည်။
သူတို့ကိုသင်ပေးပြီးသော် နောက်ထပ်မြို့ထဲကပညာရှင်တွေအလှည့်ဖြစ်လာသည်။ ပြီးနောက် စိုင်စ်နယ်မြေကြီးတခုလုံးကိုပြောင်းလဲဖို့လိုလေသည်။
ထိုအချိန်တွင် မည်သူမျှထိုသို့မတွေးပေ။ မှော်တူးဖော်စက်နဲ့ပတ်သက်၍ အားလုံးကိုရှင်းပြဖို့မလွယ်ပေ။ အခက်ခဲဆုံးသည် မှော်စက်၏နောက်ကွယ်က စက်မှုသီအိုရီဖြစ်လေသည်။
အခြေခံ ရူပဗေဒနှင့် ပထဝီတို့ကို နောက်ထပ်ရှင်းပြဖို့ လိုလေသည်။ ကမ္ဘာမြေပေါ်တွင်သာမာန်လူတယောက်သိသောအရာကိုပင် ထိုလူများအံ့သြဘနန်းဖြစ်ကြရသည်။
သုံးနာရီလောက်ကြအောင်ရှင်းပြလေသည်။ အားလုံးနားလည်ပုံပေါက်သည်ကိုတွေ့သောအခါမှ သက်ပြင်းချနိုင်တော့သည်။
သူတို့သည်အသက်ကြီးသူများမဟုတ်ကြ ထို့ကြောင့် နားလည်ဖို့လွယ်ကူသင့်လေသည်။ သို့သော် ဆရာကြီး ကမ်မီလာကိုရှင်းပြရသည်ထက်ပင် ခက်ခဲသည်ကိုတော့ တွေ့ရလေသည်။
ဆရာကြီးကိုရှင်းပြရသောအခါတွင် တချို့အစိတ်အပိုင်းများကို ရှင်းပြဖို့ပင်မလိုပေ။
ဆရာကြီးသည် ဆရာကြီးသည် အသက်ခြောက်ဆယ်နားကပ်နေပြီဖြစ်တာကြောင့် အရိပ်ပြလျှင် အကောင်မြင်လေသည်။
ရှင်းပြပြီးသော် ဓါတ်ခွဲခန်းထဲကထွက်လာခဲ့၍ အပေါ်ထပ်သို့တက်လာခဲ့တော့သည်။
ဆရာကြီးသည် အခန်းထဲတွင်အသင့်ရှိနေကာ မှော်သုတေသနလုပ်နေသည်။ သူဝင်လာသည်ကိုမြင်သော် မော့ကြည့်၍
“သတင်းကောင်းရော သတင်းဆိုးရောရှိတယ်။ ဘယ်ဟာအရင်သိချင်လဲ?”
***
မှော်စက်မှုအင်ပါယာ
အခန်း ၀၆၈ ။ မင်းသာ အဆင့်မြင့်ဘုန်းတော်ကြီးတစ်ယောက်ဆိုရင်
ရှုယီ အနည်းငယ်အံ့သြသွားသည်။ ဆရာကြီးကသူ့ဆီကရွှေဒင်္ဂါးဆုရသည်မှစ၍ သူ့စိတ်ကအရင်ကထက်ပိုကောင်းလာသည်။ တခါတလေစနောက်သည်ပင်ရှိလာသည်။
“သတင်းဆိုးပဲ အရင်နားထောင်ပါမယ်။ အကောင်းတွေကို နောက်မှာချန်ထားတာကြိုက်တယ်။”
“ဒါကောင်းတဲ့အကျင့်မဟုတ်ဘူး။ ကောင်းတာတွေသာကြာနေမယ်ဆိုရင် တခြားလူဦးသွားမှာပေါ့။ ဒါပေမဲ့ ကြားချင်သပဆိုရင်လည်း ပြောရတာပေါ့။ ကဲ.. သေချာနားထောင်။ မှော်ပညာရှင်များအဖွဲ့က မင်းတင်ပြတဲ့ မှော်အစီအရင်မူပိုင်ခွင့်ကို ပယ်ချလိုက်တယ်။”
ရှုယီလည်းသက်ပြင်းချ၍ မည်သို့မျှမခံစားရပေ။
“သူတို့က ဘာပြောလဲ?”
“သူတို့ပြောတာတော့ မှော်ပညာရှင်များအဖွဲ့ဆိုတာ မှော်ပညာရှင်တွေစုဖွဲ့ရာတဲ့။ ဒီတော့ မှော်ပညာရှင်တွေအချင်းချင်း လက်တွဲလုပ်ဆောင်တာကိုကြိုက်တယ်တဲ့။ ခုလည်း မှော်အစီအရင်ကိုအတူလုပ်ဆောင်ပြီး မှော်ပညာတိုးတက်မှုကိုလုပ်ချင်တယ်တဲ့။ ဒီတော့ မင်းတင်သွင်းတဲ့အဆိုက သူတို့စံချိန်နဲ့မကိုက်ဘူးဖြစ်နေတယ်။” ဆရာကြီးကစိတ်ရှည်စွာရှင်းပြလေသည်။
“အတူလေ့လာပြီးလုပ်မယ် ဟုတ်လား? ယုံချင်စရာပဲ။ ဒီနယ်မြေကြီးတစ်ခုလုံးမှာ ဘယ်သူကများသီးသန့်မလေ့လာနေတဲ့လူရှိလို့လဲ? သူတို့အောင်မြင်ရင် အတုခိုးလို့မရအောင် ဖုံးကွယ်ထားမယ်။ အခုမှပူးပေါင်းဆောင်ရွက်ရမယ်တဲ့လား။”
ဆရာကြီးသည်စားပွဲကိုလက်ဖြင့်ပုတ်၍ “ရှုယီ အာရုံစိုက်စမ်း မင်းဘာပဲတွေးတွေး သူတို့အဖွဲ့ရဲ့ရည်မှန်းချက်ကတော့အဲဒီတိုင်းပဲ။ ဒီအဆိုကိုငါကတင်သွင်းခဲ့တာ ငြင်းပယ်ခံရတယ် ဒီတော့နောက်ဆက်တွဲလည်းမရှိတော့ဘူး။ မင်းသားတင်သွင်းမယ်ဆိုရင် ငြင်းပယ်ခံရတဲ့အပြင် စာမေးပွဲတောင်ဝင်ခွင့်ရမှာမဟုတ်တော့ဘူး။ အဲဒီအခြေအနေကိုနားလည်လား”
ရှုယီလည်းအံ့ဩသွားကာ “ဆရာကြီးကို ဒီလိုပဲတင်ခိုင်းရုံပါ။ နာမည်ကိုအသုံးချတာမဟုတ်ပါဘူး။”
“ရွှေဒင်္ဂါးတစ်ထောင်အတွက် အလုပ်လုပ်တယ်ပဲအောက်မေ့လိုက်ပါ။ ထားလိုက်တော့.. ကဲ.. သတင်းဆိုးကြားရပြီးပြီဆိုတော့ သတင်းကောင်းပြောရတော့မှာပေါ့။ အဆိုတင်သွင်းတာ မအောင်မြင်ပေမယ့် မင်းနောက်လစာမေးပွဲဝင်ခွင့်ရတယ်။ မှော်ဆရာကြီးရဲ့ထောက်ခံချက်နဲ့ဝင်ပြီး ကောင်းကောင်းသာဖြေခဲ့၊ သေချာပေါက် သာမာန်မှော်ပညာရှင်တွေထက် ပိုတန်ဖိုးမြင့်မှဖြစ်မယ်။”
ရှုယီက ခါးခါးသီးသီးရယ်၍ “သတင်းဆိုးနဲ့ယှဉ်ရင် ပိုတောင်ဆိုးနေပါလား။ ကျွန်တော် အဆင်မြင့်မှော်ပညာရှင်ဖြစ်ဖို့ စိတ်မဝင်စားတာ ဆရာကြီးသိသင့်တယ်။ အဆင့်မြင့်သည်ဖြစ်စေ မမြင့်သည်ဖြစ်စေ ကျွန်တော့်အတွက်တော့ ဘာမှမထူးပါဘူး။”
ဆရာကြီးကသူ့ကိုစိုက်ကြည့်၍ “ကောင်လေး မင်းကိုပြောရအုံးမယ်။ မှော်စက်တွေကြောင့် ငွေအတော်ရပြီး မှော်ပညာမှာစိတ်မဝင်စားတော့တာ ငါသိပပါတယ်။ ဒါပေမဲ့ ဒီစိုင်စ်နယ်မြေမှာတော့ မှော်ပညာရှင်ဖြစ်ရတာ အရမ်းအရေးပါတယ်။
မင်းသာငါ့လိုဖြစ်ရင် အရာရာတိုင်း လွယ်ကူသွားလိမ့်မယ်။ အခုလိုအဆိုတင်သွင်းတော့ ငါကိုကျ ပယ်ချရုံပဲဆိုပေမဲ့ မင်းသာဆိုရင် စာမေးပွဲဖြေခွင့်ပါပိတ်သွားလိမ့်မယ်။
ပြီးတော့ ငါ့ထက်ပိုဩဇာကြီးတဲ့ အဆင့်မြင့်ဘုန်းတော်ကြီးလိုလူမျိုးသာ တင်သွင်းခဲ့မယ်ဆိုရင် တခါတည်းမပယ်ချင်ဘဲ စဉ်းစားပေးနိုင်ချေတောင်ရှိတယ်။ သူသာတင်သွင်းခဲ့ရင် ဘယ်လိုအခြေအနေမျိုးဖြစ်လာမယ်ထင်လဲ?”
ရှုယီ တအံ့တဩဖြင့် “ဘယ်လိုဖြစ်သွားမှာလဲ?”
ဆရာကြီးကမ်မီလာက နှာခေါင်းရှုံ့လိုက်ကာ “ကောင်လေး အဆင့်မြင့်ဘုန်းတော်ကြီးဆိုတာ ဘာကိုဆိုလိုမှန်းမသိဘူးမလား။ လွန်ခဲ့တဲ့နှစ်တစ်ထောင်အတွင်း ဒီနယ်မြေမှာ အဆင့်မြင့်ဘုန်းတော်ကြီး ဆယ်ယောက်တောင်မရှိခဲ့ဘူး။ အားလုံးက ဘယ်လောက်တောင်မှ ဩဇာကြီးမားကြလဲဆိုရင် ဖနောင့်တစ်ချက်ပေါက်ရုံနဲ့ ဖြစ်လိုရာဖြစ်နိုင်တဲ့အထိပဲ။
သူသာ တင်သွင်းခဲ့ရင် ဘာပြဿနာမှမရှိဘဲ အားလုံးကလိုလိုလားလားနဲ့လေ့လာကြမှာ။ နောက်ဆုံး အဆုံးအဖြတ်ကတော့ မတွေးတတ်အောင်ပဲ။”
ရှုယီသည်အံ့သြစွာဖြင့်နားထောင်ရင်း အဆင့်မြင့်ဘုန်းတော်ကြီး ကိုအထင်ကြီးမိသွားသည်။
ထိုပြောပုံအရဆိုလျှင် ထိုပုဂ္ဂိုလ်များသည် ကမ္ဘာ့ခေါင်းဆောင်များထက်ပင် ပိုသြဇာကြီးနေသည်။
သူ့ပုံစံကိုမြင်သော် ကမ်မီလာကရယ်၍ “ဘယ်လိုလဲ ကောင်လေး၊ အခုတော့ မှော်ဆရာဖြစ်ရတာ ဘယ်လောက်ဂုဏ်ယူစရာကောင်းလည်း သိပြီမလား။ မဖြစ်နိုင်တဲ့ အဆင့်မြင့်ဘုန်းတော်ကြီးကိုပဲ သေချာပေါက်ဖြစ်အောင်လုပ်ခိုင်းတာမဟုတ်ဘူး။ ကျွမ်းကျင်ဘုန်းတော်ကြီးလောက်ဖြစ်ရင်ကို ဒီလမ်ပူရီတိုင်းပြည်ကိုအုပ်ချုပ်တဲ့ဘုရင်ထက်တောင် ပိုပြီးဩဇာကြီးအုံးမယ်သိလား။
မှော်ပညာရှင်များအဖွဲ့က လက်မခံရင်တောင် တော်ဝင်မိသားစုက တတ်နိုင်သလောက်ထောက်ပံ့ကြေးပေးကြမှာ သေချာတယ်။ ဘယ်လိုလဲ စိတ်ဝင်စားသွားပြီလား? စွမ်းအားကြီးတဲ့မှော်ဆရာဖြစ်ချင်ပြီလား?”
သူ့ပုံစံကိုမြင်သော် ဆရာကြီးကမ်မီလာကရယ်၍ “ဘယ်လိုလဲ ကောင်လေး၊ အခုတော့ မှော်ဆရာဖြစ်ရတာ ဘယ်လောက်ဂုဏ်ယူစရာကောင်းလဲ သိပြီမလား။ အဆင့်မြင့်ဘုန်းတော်ကြီးဖြစ်အောင် လုပ်ခိုင်းတာမဟုတ်ပါဘူး။ ကျွမ်းကျင်ဘုန်းတော်ကြီးလောက်ဖြစ်ရင်ကို ဒီလမ်ပူရီတိုင်းပြည်ကိုအုပ်ချုပ်တဲ့ဘုရင်ထက်တောင် ပိုဩဇာကြီးအုံးမယ်သိလား ကောင်လေး။
မှော်ပညာရှင်များအဖွဲ့ကလက်မခံရင်တောင် တော်ဝင်မိသားစုက တတ်နိုင်သလောက်ထောက်ပံ့ပေးကြမှာသေချာတယ်။ ဘယ်လိုလဲ စိတ်ဝင်စားသွားပြီလား။ စွမ်းအားကြီးတဲ့မှော်ဆရာဖြစ်ချင်သွားပြီလား။”
ရှုယီခဏတွေဝေသွားပြီးနောက် ဆရာကြီးရှေ့မှာလက်ရမ်းပြလိုက်သော် အနီရောင်မီးလုံးလေးတစ်လုံးက သူ့လက်ဝါးထဲမှ ပေါ်လာခဲ့သည်။
ဆရာကြီးလည်း အံ့ဩသွားသည်။ ထို့နောက် သူ့ရှေ့တွင် အပြာရောင်အတားအဆီးလေးတစ်ခုပေါ်လာသည်။ မီးလုံးလေးက တိုက်မိသော် အတားအဆီးသည်တုန်ခါသွား၍ လှိုင်းကြပ်ခွပ်တို့ထသွားသည်။ ‘ဖူ’ ဟူသောအသံထွက်လာပြီး နောက်ဆုံးပျောက်ကွယ်သွားလေသည်။
ဆရာကြီးက အတားအဆီးကိုပြန်ရုတ်သိမ်းလိုက်၍ ရှုယီကို အံ့အားသင့်စွာဖြင့် ကြည့်ကာ၊ “ဒါ ”
ဆရာကြီးသည် အတားအဆီးကိုပြန်ရုတ်သိမ်းလိုက်၍ ရှုယီ ကိအံ့သြစွာဖြင့်ငေးကြည့်နေသည်။
“ပေါက်ကွဲမီးတောက်မန္တာန်ပဲ။ ဘယ်ချိန်ကဒါကိုရခဲ့တာလဲ”
ရှုယီကရယ်ကာ “ဆရာကြီး ဘယ်လိုလဲဗျ၊ ပေါက်ကွဲမီးတောက်မန္တာန်အစွမ်းရှိနေတာ။”
ဆရာကြီးကမ်မီလာက ခဏကြည့်နေပြီးနောက်၊ “ပေါက်ကွဲမီးတောက်မန္တာန်”
ရှုယီ ကရယ် “ဘယ်လိုလဲဗျ။ ဆရာကြီး ပေါက်ကွဲမီးတောက်မန္တာန် အစွမ်းဘယ်လိုရှိလဲ”
ဆရာကြီးက ခဏကြည့်နေပြီး “ကောင်းသားပဲ။ ပေါက်ကွဲမီးမန္တာန်က ထိန်းချုပ်ဖို့ခက်ခဲတဲ့ အဆင့်လေးမီးမန္တာန်ပဲ။ မင်းဒီလောက်မြန်မြန်ထုတ်နိုင်လိမ့်မယ်လို့ ထင်မထားဘူး။ ထိန်းချုပ်တာ အရမ်းကောင်းတယ်။” ထိုသို့ပြောပြီးနောက် ကမ်မီလာ သက်ပြင်းချကာ ခေါင်းခါလိုက်ပြီး “ရှုယီရေ၊ မင်းမှာ ဒီလောက်မှော်အစွမ်းရှိနေတာ ဘာလို့မှော်ပညာကို မလေ့လာချင်ရတာလဲ? ဒီအတိုင်းသာဆက်ကျင့်သွားမယ်ဆို နောက်ပိုင်း ကျွမ်းကျင်ဘုန်းတော်ကြီးလိုမျိုးဖြစ်သွားမှာ သေချာတယ်. အဲဒီအခါကျ မင်းလုပ်ချင်တာတွေ ပိုမလွယ်သွားပေဘူးလား။ နောက်မှ မှော်စက်ကိုလေ့လာလည်း နောက်မကျသေးပါဘူး။”
ရှုယီ ပုခုံးတွန့်လိုက်ကာ၊ “ကျွန်တော်အရင်ပြောထားတဲ့အတိုင်းပဲပေါ့။ လူတိုင်းမှာ အတွေးကိုယ်စီရှိကြတယ်။ ဆရာကြီးကတော့ မှော်ပညာရှင်တိုင်းက အစွမ်းကြီးဖို့လိုတယ်လို့ ထင်ချင်ထင်မယ်၊ ကျွန်တော်ကတော့ မှော်ကိုသုံးပြီး လူသားတွေရဲ့ဘဝမြှင့်တင်ဖို့က အရေးအကြီးဆုံးလို့ထင်တယ်။
ဆရာကြီးပြောသလိုပဲ ကျွမ်းကျင်ဘုန်းတော်ကြီးဖြစ်သွားရင် ပိုလွယ်ချင်လွယ်သွားမှာပေါ့။ ဒါပေမဲ့ ဆရာကြီးက အချိန်ရဲ့အရေးပါပုံကိုမေ့နေတာပဲ။ ကျွန်တော်သာ ကျွမ်းကျင်ဘု်နးတော်ကြီးဖြစ်အောင် ကြိုးစားနေမယ်ဆိုရင် အချိန်ဘယ်လောက်တောင် ပေးရမလဲ?”
“ဒါကတော့…ပြောဖို့ခက်တယ်။ အချိန်ကြာရုံတင်မကဘူး၊ ကံကောင်းဖို့လည်း လိုသေးတယ်။ အင်း.. မင်းလိုအရည်အချင်းနဲ့ဆိုရင်တော့ နှစ်၃၀လောက်ဖြစ်မှာပါ။ အတိုဆုံးအချိန်ပေါ့။”
“နှစ်၃၀ဟုတ်လား? ကျွန်တော့် အသက်၆၀နားကပ်သွားမှာပေါ့။ ဆရာကြီး ကျွန်တော်အသက်ဘယ်လောက်ထိနေရမယ်ထင်လဲ? အဲဒီအခါမှ မှော်စက်တွေကိုစလေ့လာမယ်ဆို ကျွန်တော်ဘယ်လောက်များ လေ့လာခွင့်ရအုံးမှာလဲ?”
ဆရာကြီးက ဘာမှပြန်မပြောတော့။
“လူတစ်ယောက်ရဲ့အချိန်နဲ့လုပ်အားက အကန့်အသတ်ရှိတယ်။ ဆရာကြီး ကျွန်တော်ကတော့ မှော်စက်ကိုပဲလေ့လာဖို့ဆုံးဖြတ်ပြီးပြီ။ အဲဒီဟာလေ့လာရင်း မှော်အစွမ်းလည်းတိုးလာတမဟုတ်လား။”
ခဏကြာသော် ဆရာကြီးကမဲ့ပြုံးပြုံး၍ “အေး.. ငါပြောတာ ဒါနောက်ဆုံးပါ။ မင်းက စတေးလ်လို ကလေးမှမဟုတ်တော့တာ။ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိပါတယ်။ တားလို့ဘယ်ရမလဲ။ ဒါပေမဲ့ မင်းထက်ဝါရင့်တဲ့လူတစ်ယောက်အနေနဲ့ပြောခဲ့မယ်။ စွမ်းအားကြီးတဲ့မှော်ဆရာဖြစ်ရတာ ဘယ်လောက်အရေးပါလဲ မင်းသိလာလိမ့်မယ်။ မှော်စက်တွေလေ့လာတာလဲကောင်းတယ်။ ငါလည်း တတ်နိုင်သလောက်ကူညီနေမှာပါ။”
“ဟုတ်ပါပြီ ဆရာကြီး။ ဒါနဲ့ စတေးလ်ကပြောတယ်၊ သူလဲ ကလေးမဟုတ်တော့ဘူးတဲ့။ သူ့ကိုသာ အဲလိုမျိုးသွားပြောရင် ဆရာကြီးကိုစိတ်ဆိုးမှာသေချာတယ်။”
ဆရာကြီးကမ်မီလာက သူ့ကိုစိမ်းစိမ်းကြည့်လိုက်ပြီး “စတေးလ်က ကလေးမဟုတ်တော့ဘူးလို့ မင်းရောထင်တာလား?”
သူလည်းအံ့ဩသွားကာ၊ “ကျွန်တော်နဲ့စာရင်တော့ ကလေးလို့ပြောနိုင်ပါတယ်။ ဒါပေမဲ့ သူ့ဟာသူတော့ ကလေးလို့သတ်မှတ်လို့မရတော့ဘူးပေါ့။ ဒါနဲ့တနေ့ကပဲ သူတွေ့ကြုံလိုက်ရတာကိုကြည့်ပြီး သူအရင်ထက်ပိုရင့်ကျက်လာပြီလို့ထင်မိတယ်။”
ဆရာကြီးက မျက်မှောင်ကြုတ်၍ကြည့်လိုက်ကာ၊ “ရင့်ကျက်လာပြီဟုတ်လား?”
“အခု ငါပြောတာမှတ်ထား။ ကောင်လေး၊ ကောင်းတာတွေကို လက်ဦးမှုရအောင်ယူ မဟုတ်ရင် သူများယူသွားလိမ့်မယ်။”
ရှုယီ နားမလည်နိုင်စွာဖြင့် ကြောင်တောင်တောင်ကြည့်နေမိသည်။
‘ဆရာကြီး ကမ်မီလာ ဒီနေ့ဘာဖြစ်နေပါလိမ့်? သူ့စကားတွေက ထူးဆန်းလိုက်တာ။’
***
မှော်စက်မှုအင်ပါယာ
အခန်း ၀၆၉ ။ အခွန်လျော့ချခြင်း
အောက်တိုဘာလလယ်သို့ရောက်လေပြီ။ ဆောင်းသီးနှံစိုက်ပျိုးဖို့နီးကပ်လာပြီဖြစ်သည်။ ဗစ်ကောင့်ထ်လက်စ်လိုင်း၏ကွင်းထဲတွင်ကား ဘာအရိပ်အယောင်မျှမတွေ့ရ အသံရှည်ကြီးကိုသာအဆက်မပြတ်ကြားနေရသည်။ ကွင်းပြင်တခုလုံးတွင် စက်အကြီးအသေးများဖြင့်သာပြည့်နှက်နေသည်။
သူ၏ယုံကြည်မှုကား ရှုယီဆီကစက်ပစ္စည်းများကိုသုံး၍ မြေဧကများစွာကိုလုပ်ကိုင်ရန်ဖြစ်သည်။
အရင်ကဆိုလျှင် လက်နဲ့လုပ်ရသည်ဖြစ်၍ မြေဧကဖွဲ့စည်းမှုကို သတိကြီးစွာထားခဲ့ရသည်။ ယခုတော့ ကွင်းအားလုံးကိုဆက်သွယ်၍ စနစ်တကျပြန်လည်ဖွဲ့စည်းလေသည်။ လယ်အတွက်လည်း ရေမြောင်းများတူးရသေးသည်။
မြေအားလုံးကို တသားတည်းဖြစ်အောင်လည်းလုပ်ဖို့လိုလေသည်။ ထို့အခါမှ နောက်ပိုင်းစက်နဲ့မောင်းသောအခါ ပို၍လွယ်ကူအဆင်ပြေနိုင်သည်။
သို့သော် ဗစ်ကောင့်ထ်လက်စ်လိုင်းတွင် လူအင်အားမလုံလောက်၍သာအရင်က လုပ်နိုင်စွမ်းမရှိခဲ့ပေ။ စိတ်ကူးထဲတွင်တော့ တေးထားခဲ့သည်။
အစေခံသုံးရာ အစောင့်တစ်ရာကျော်ဖြင့် တစ်နှစ်ပတ်လုံးလုံးပန်းကြိုးစားသော်လည်း ခုနှစ်ဧကထက်ပို၍မရနိုင်ခဲ့ပေ။
ယခုသော်ကား စိုက်ပျိုးရေးစက်များရှိပြီဖြစ်၍ အိပ်မက်တွေအကောင်အထည်ပေါ်လာလေပြီ။ ပထမဆုံး မှော်ထွန်စက်ဖြင့် မြေကြီးကိုဆွ၍ နိမ့်ရာသို့ တွန်းပို့ဖို့လေသည်။
ကြိမ်ဖန်များစွာကြိုးစားလုပ်ဆောင်လိုက်သော် ကွင်းပြင်တခုလုံး မြေပြင်ညီဖြစ်သွားသည်။ယခုတော့ မှော်တူးဖော်စက် အလှည့်ရောက်လာပြီ။
တဖြည်းဖြည်းချင်း မှော်တူးဖော်စက်နဲ့မြေကြီးကို တူးပေးလေသည်။ နောက်ဆုံးတွင် အနက်မီတာဝက်အကျယ်မီတာဝက်ရှိသောတွင်းကြီးတစ်တွင်းဖြစ်လာသည်။
မှော်တူးဖော်စက်ကိုရှေ့တိုးနောက်ဆုတ်ဖြင့်လုပ်လိုက်ရာနောက်ဆုံးတွင် ကွင်းပြင်ထဲတွင် ကြီးမားကျယ်ပြန့်သောမြောင်းကြီးတခုပေါ်လာလေသည်။
“မဆိုးပါဘူး ဒီတိုင်းဆို တစ်ရက်ထဲနဲ့ အားလုံးပြီးသွားမှာပေါ့။" သူတို့နှစ်ယောက်နဲ့အတူ မြို့တော်ဝန်ပါလိုက်လာသည်။ မချီးကျူးပဲမနေနိုင် “လက်နဲ့သာဆို တပတ်နဲ့တောင်ပြီးမယ်မထင်ဘူး”
“မြို့တော်ဝန်ရေ ကျွန်တော်ကတော့ဒီလောက်မြန်တာကိုမကျေနပ်နိုင်သေးဘူး။ အဲဒါအရမ်းနှေးနေသေးတယ်။ ကျွန်တော့်ဒီဇိုင်းအရဆိုရင် မှော်လယ်ထွန်စက် မလိုပဲတောင် သူ့ဟာသူတူးနိုင်ရမှာ။ နောက်ဆုံးကျောက်သားကိုတောင်တူးနိုင်ဖို့ထိ စီစဉ်ထားပါတယ်။ ခုမြင်နေရတဲ့စက်နဲ့တော့ မတူနိုင်တော့ဘူးပေါ့”
"အိုး ကျောက်သားကိုတူးနိုင်မယ်ဟုတ်လား။ နောက်နေတာလား”
"မဟုတ်ပါဘူး။ တကယ်ပါ။ ပစ္စည်းသာပြည့်စုံရင် ပိုအားကြီးတဲ့ မှော်အစီအရင်ကိုရနိုင်မယ်။ အဲဒီအခါကျ မှော်တူးဖော်စက်ဟာပိုပြီး အစွမ်းထက်လာပြီး ကျောက်သားကိုပါတူးနိုင်လာလိမ့်မယ်” ရှုယီကယုံကြည်မှုအပြည့်ဖြင့်ပြန်ပြောလေသည်။
ထိုစကားသည်ပေါလောရှောလောပြောခြင်းမဟုတ်ပေ။ ဆရာကြီးကမ်မီလာနဲ့အချိန်အတော်ကြာလေ့လာပြီးသော် မှော်ပညာမည်မျှစွမ်းကြောင်းသိလာရလေသည်။ တားမြစ်ထားသော မန္တာန်များသည်ပင် ကမ္ဘာမြေပေါ်က နူးကလီးယားဗုန်းနဲ့ယှဉ်င်လေသည်။
မှန်ကန်သောမှော်အစွမ်းကိုသာ မှော်စက်မှာသုံးနိုင်လျှင် ကမ္ဘာမြေပေါ်ကစက်များနဲ့ပင်နှိုင်းယှဉ်နိုင်လေသည်။ စိုင်စ်နယ်မြေက သံညံ့ဖျင်းသည်ကဝမ်းနည်းစရာကောင်းလှသည်။ မှော်စက်သည် မှော်အစွမ်းထုတ်လုပ်သောအားကိုခံနိုင်ရည်မရှိသေးပေ။ ထို့ကြောင့်သာ သူ့စိတ်ကူးများကို မြိုသိပ်ထားရသည်။
“ဒီလိုရည်မှန်းချက်တွေရှိတာ လူငယ်တွေအတွက်ကောင်းပါတယ်။ ဒါပေမယ့် ပေါင်မုန့်ကိုတော့ တကိုက်ပြီးတကိုက်စားရမှာပဲ။ အဲလောက်ကြီးလည်းအလျင်စလိုမလိုပါနဲ့” မြို့တော်ဝန်ကပြောလေသည်။ “မင်းထုတ်လိုက်တဲ့စက်တွေအားလုံးငါသဘောကျပါတယ်။ ဒီလောက်ကွင်းပြင်ကြီးကိုဒီလောက်မြန်မြန်ပြီးစီးလိမ့်မယ်လို့ငါမထင်မထားခဲ့ဘူး။ လက်စ်လိုင်းကသူ့မြေအားလုံးကိုစိုက်ပျိုးမယ်လိုပြောခဲ့တာအဲဒါကြောင့်ကိုး။ ခုတော့မြင်သာသွားပါပြီ”
ရှုယီကရယ်၍ “ မြို့တော်ဝန် သူကကျွန်တော့်စမ်းသပ်မှုမှာ သူ့မြေတွေအားလုံးအသုံးပြုခွင့်ပေးထားတာ။ ကျွန်တော့်တို့ကုမ္ပဏီကစက်တွေအများကြီးထုတ်ပေမယ့် ရလဒ်မကောင်းခဲ့ရင်အလကားပါပဲ”
“အင်း ကုမ္ပဏီမှာရှိသင့်တဲ့သဘောထားပါပဲ။ သူကလည်းဒီလိုစမ်းသပ်စေချင်နေတာလေ။ တခြားလူတွေတောင်သူ့ကိုမနာလိုဖြစ်နေကြပြီ” မြို့တော်ဝန်ကပြုံး၍ပြောသည်။
ရှုယီသည်ဟက်ဟက်ပက်ပက်ရယ်လေသည်။ သူကိုယ်တိုင်လည်းကြုံဖူးလေသည်။ ထိုသို့တိုးတက်လာသည်နဲ့အမျှ အခြားဂုဏ်သရေရှိလူကြီးများကလည်းသူ့ကိုတောင်းဆိုလာကြလေသည်။ သို့သော် သူ့ကုမ္ပဏီကသေး၍သူတို့တောင်းဆိုမှုကိုမလိုက်လျောနိုင်ပေ။
ထို့ပြင် စက်ပစ္စည်းများကိုလုံလောက်အောင်ထုတ်လုပ်နိုင်လျှင်တောင် သူတို့ကိုအလွယ်တကူသဘောတူလိမ့်မည်မဟုတ်ပေ။ ဗစ်ကောင့်ထ်လက်စ်လိုင်းကို မှော်ကောက်ရိတ်စက် စမိတ်ဆက်ပေးပြီးကတည်းက သူသည်သူ့ဘက်ကအမြဲရပ်တည်ခဲ့သည်။ ထို့ကြောင့်သူတို့ဆက်ဆံရေးသည်သာမာန်ထက်ထူးခြားနေလေသည်။ ထို့ကြောင့်အခြားလူများတောင်းဆိုချက်ကိုလက်ခံလိုက်လျှင် သူသည်ထိုလူများကိုရန်ရှာနိုင်လေသည်။
ရှုယီသည်အရူးမဟုတ်ပေ။ ဘယ်သောအခါမျှ ကျေးဇူးကန်းမည်မဟုတ်ပေ။ သို့သော် ထိုသူတို့ကို ကတိကဝတ်တော့ပေးထားလေသည်။ နောက်နွေဦးရာသီတွင် သူတို့အတွက်လည်းစက်ပစ္စည်းလုံလောက်စေမည်ဟုကတိပေးထားသည်။
ထိုအချိန်ရောက်ဖို့အချိန်တွေလိုသေးသော်လည်း ရွှေဒင်္ဂါးတစ်ထောင်ဖိုးလောက် အော်ဒါရထားလေသည်။ ထိုအော်ဒါတွင် စက်ပစ္စည်းအမျိုးမျိုးပါလေသည်။ ကမ်ဘီ ဦးဆောင်သောလူပုလေးများကား နေ့မအားညမအားလုပ်ကြရပေတော့မည်။
ရှုယီကိုလည်းစိတ်ရှုပ်ထွေးစေလေသည်။ မှော်စက်ရုံသည် စိုက်ပျိုးရေးမှော်စက်များကိုသာထုတ်ရုံမက မှော်စက်လေ့လာမှုကိုလည်းအားထားလေသည်။
စက်မှုလုပ်ငန်းကိုတိုးတက်ဖို့အတွက် စက်များထုတ်လုပ်ခြင်းသည်အခြေခံဖြစ်လေသည်။ မှော်စက်ထုတ်လုပ်ခြင်းနဲ့မယှဉ်ပေ။မှော်စက်ထုတ်လုပ်ရေးကိုသာမတိုးမြှင့်နိုင်လျှင် စက်မှုတိုးတက်မှုသည်နှေးကွေးသွားနိုင်သည်။ ရှုယီ မမြင်ချင်ဆုံးသောအရာဖြစ်လေသည်။
သို့သော် တဖက်က ထိုအော်ဒါများကို ငြင်းပယ်၍မဖြစ်ပေ။ ထို့ကြောင့် ဆုံးဖြတ်ရခက်နေသည်။ စက်မှုလုပ်ငန်းကိုတိုးတက်စေချင်လျှင် ရနိုင်သလောက်ငွေရှာမှရမည်။ ထိုအခါမှ မှော်စက်ကိုသေချာလေ့လာနိုင်မည်။ စီမံကိန်းတိုင်းသည် ငွေပိုလျှံမှအလုပ်ဖြစ်နိုင်သည်။
ပိုက်ဆံပိုလိုချင်လျှင် မှော်စက်သုတေသနကိုလျှော့ချရမည်။ ဆက်လုပ်နေလျှင် နွားရှေ့ထွန်ကြူးသလိုဖြစ်ပေမည်။
“နောက်ဆုံးတော့ လူလည်းသိပ်မလိုတော့ပါဘူး” မြို့တော်ဝန်ဘက်လှည့်၍ “မြို့တော်ဝန် အရင်တခါကကျွန်တော်တောင်းဆိုထားတာလေး ဘယ်လိုလဲဗျ”
မြို့တော်ဝန်ကအံ့သြတကြီးဖြင့် “လက်မှုသည်တွေစုဖို့ဟာလား။ အဲဒါနည်းနည်းတော့ခက်မယ်။ လိုနေတဲ့ဦးရေကများနေတယ်။ ဒီမြို့မှာဒီလောက်မရှိနိုင်ဘူး။ မင်းတို့စက်ရုံနဲ့ကိုက်ညီတဲ့လူက တော်တော်ရှားပါးတယ်။ ပြီးတော့ ဒီမြို့ကိုလည်းမလာချင်ကြဘူး။ ဒီတော့ပိုခက်သွားတာပေါ့”
ရှုယီ သက်ပြင်းတချက်ချလိုက်သည်။ မှန်သည် ဤမျှလွယ်ကူနေမည်ဆိုလျှင် သူစိုးရိမ်နေမည်မဟုတ်။ ခုတော့ လူပုလေးများကိုသာအားကိုးရတော့မည်။
ကမ်ဘီကိုပြောကြည့်သော် အခြားမျိုးနွယ်စုက လူပုလေးများကိုဆက်သွယ်ကြည့်မည်ဟုပြောသည်။ တတ်နိုင်သလောက်လူစုပေးမည်ဟုပြောလေသည်။
“ရှုယီ စိတ်မပျက်ပါနဲ့။ လူမရှာပေးနိုင်ပေမယ့် တခြားကိစ္စမှာတော့ကူညီပေးနိုင်ပါတယ်”
“ဘယ်လိုများလဲ?” အံ့သြစွာဖြင့်မြို့တော်ဝန်ကို ကြည့်လိုက်သည်။
မြို့တော်ဝန်က လယ်ကွင်းထဲတွင်အလုပ်လုပ်နေသောစက်များကိုကြည့်၍ “ဒီစက်တွေနဲ့ပတ်သက်ပြီး တိုင်းပြည်စိုက်ပျိုးရေးဌာနကိုသတင်းပို့ပြီးပြီ။ ခုတော့ပြန်စာကိုစောင့်နေတာ။
သူတို့ကဒီကိစ္စကိုအရမ်းချီးကျူးနေတာ။ အခွန်လျော့ချပေးဖို့စီစဉ်နေကြတယ်။ ပြီးတော့တနိုင်ငံလုံးဖြန့်ချီဖို့ကူညီပေးမယ်ပြောတယ်။ အံ့သြစရာက အရှင်မင်းကြီးက ဆင့်ခေါ်ဖို့လုပ်နေတယ်ကြားတယ်။ ဒီတော့ပြင်ဆင်ထားပေတော့။”
သူ့မျက်လုံးများတောက်လာသည်။ အခွန်လျော့ချမယ်တဲ့လား။ တိုင်းပြည်အခွန်သည်အင်မတန်များလေသည်။ ထို့ကြောင့် သူအရမ်းပျော်သွားသည်။ သူ့လိုကုမ္ပဏီအသေးလေးအတွက်ပင် အခွန်က လေးဆယ်ရာနှုန်းရှိလေသည်။
တန်ကြေးခုနှစ်ဆယ်ရှိသော မှော်ကောက်ရိတ်စက်အတွက်တော့ ရွှေဒင်္ဂါးနှစ်ဆယ်သည် သူတို့အတွက်အမြတ်ဖြစ်လာမည်။
စိုက်ပျိုးရေးဌာနက သူတို့ကို ငွေအမြောက်အများချီးမြှင့်သည်နဲ့ တူလှသည်။ အခွန်ကင်းလွတ်ခွင့်တော့မဖြစ်နိုင်ပေ။ ဤသို့လုပ်လျှင် ကျန်သောကုမ္ပဏီများကမကျေမနပ်ဖြစ်၍ ဘုရင်လည်းအရူးဟုခေါ်ခံရမည်။
ယခုလိုလျော့ချသည်ကပင် ကုမ္ပဏီအတွက်အကျိုးကျေးဇူးအများကြီးရစေသည်။ အရေးကြီးဆုံးသည် ဘုရင်နှင့်စိုက်ပျိုးရေးဌာနက တတိုင်းပြည်လုံးချီ၍ စိုက်ပျိုးရေးမှော်စက်များဖြန့်ကျက်မည်ဟု ပြောခြင်းပင်။
ထိုဟာကိုတရားဝင်ကြေညာထားလေသည်။ ထိုအထောက်အပံ့နဲ့ဆိုလျှင်သူတို့ထုတ်သောမှော်စက်များကို လှည်းနေလှေအောင်းမြင်းစောင်းမကျန် ဖြန့်ကျက်နိုင်ပေလိမ့်မည်။
ဤမျှရောင်းရလျှင်ကားသူတို့ကုမ္ပဏီသည် တိုင်းပြည်တွင်ထိပ်ဆုံးသို့ တမဟုတ်ချင်းခုန်တက်သွားပေတော့မည်။
***
မှော်စက်မှုအင်ပါယာ
အခန်း ၀၇၀ ။ သတ္ထုစပ်အသစ်
“အမှန်တကယ်တော့ ရှုယီ သူက မင်းမျိုးမင်းနွယ်လေ၊ သူတို့က အခွန်ပေးဆောင်ရမှုကို သူတို့ထောက်ပံ့ပြီးကတည်းက စိုက်ပျိုးရေးဌာနကို မျှော်လင့်ချက်ထားတာ၊ မင်းရဲ့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ စိုက်ပျိုးဆိုင်ရာသုံးမှော်စက်ပစ္စည်းများကို သင့်တင့်ဈေးအထိလျှော့ချပေးနိုင်မလား။ အနိမ့်ဆုံးအနေထားအထိပေါ့။ အဲ့ဒါမှာ တိုင်းပြည်မှာရှိသည့် အထက်တန်းလွှာကလူတွေက ဝယ်နိုင်မှာပေါ့။” ဆိုပြီး မြို့တော်ဝန် စီယန်ကထပ်လောင်းပြောခဲ့လိုက်သည်။
“ဒါက ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်း လုပ်ပေးသည့်တဲ့ကိစ္စတစ်ခုဖြစ်ကြောင်း အရှင်မင်းကြီးကိုပြောပေးဖို့ မြို့တော်ဝန်ကိုပဲ တောင်းဆိုရတော့မယ်။။ အရှင်မင်းကြီးကို ကျွန်တော်တို့ကုမ္ပဏီက တောင်သူထောက်ပံ့ဖို့အစီအစဉ်ရှိတယ်ဆိုတာကို ပြောဖြစ်အောင်ပြောပေးပါ။ အဲ့ဒါမှ ကျွန်တော်တို့ကုမ္ပဏီက ဘယ်လောက်များများတာဝန်ယူပေးနိုင်တယ်ဆိုတာကို သူသိရှိနားလည်သွားနိုင်မှာ။” ရှုယီက ပြုံးပြုံးလေးပြန်ပြောလိုက်သည်။
“ဘာလဲ လူမှုရေးတာဝန်ယူမှုဆိုတာ။ ဘာကြောင့်များ အမြဲတမ်းလိုလိုမင်းရဲ့ပါးစပ်ကနေ ထူးဆန်းတဲ့စကားလုံးတွေ ထွက်လာနေရတာလဲ။” မြို့တော်ဝန်စီယန်က ရှုယီကို သိချင်စိတ်ပြင်းပြသည့်အကြည့်ဖြင့်ကြည့်လိုက်ကာ “တကယ်တော့ ငါလည်း အရှင်မင်းကြီးကို မင်းရဲ့ တောင်သူထောက်ပံ့ရေးအစီအစဉ်ကို လျှောက်တင်ခဲ့ပြီးပါပြီး။ သူက အဲ့ဒါနဲ့ပတ်သတ်ပြီးကောင်းကောင်းကြီးကို ချီးမွမ်းနေတယ်။ မင်းကိုယ်တိုင် နောက်ထပ်ပိုပြီးရှင်းပြပေးတာကိုတောင် လိုချင်နေသေးတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီး မင်းကိုယ်မင်းပြင်ထားထားသင့်တယ်”
“ကောင်းပါပြီဗျာ ကျွန်တော် အရှင်မင်းကြီးဆီကနေ ဒီနေရာကိုခွင့်ပြုပေးဖို့ သေချာပေါက်ရအောင်လုပ်ပါ့မယ်။ အကောင်းဆုံးဖြစ်လာနိုင်ဖို့ကတော့ တကယ်လို့သူသာ ဒီအစီအစဉ်ကို တိုင်းပြည်တစ်လျှောက် အကောင်အထည်ဖော်လိုက်ဖို့ပါပဲ” ဆိုပြီး ရှုယီကခေါင်းတစ်ချက်ညိတ်လိုက်ကာပြောခဲ့သည်။
“ဒီကိစ္စကို အရှင်နဲ့တွေ့တဲ့အခါမင်း ပိုပိုသာသာပြောလို့ရပါတယ်။ ဒါပေမယ့် စကားကိုတော့ ကြုံသလိုပြောနေလို့မရဘူးနော်။ တကယ်လို့မင်းက ငါနဲ့ လက်စ်လိုင်းတို့ ရှေ့မှာလို ဒီကိစ္စကို ပေါ့ပျက်ပျက်ရှင်းပြလို့တော့မရဘူး။ ပြဿနာတက်လာမှ ငါက သတိမပေးဘူးလို့လာပြီး အပြစ်ပြောနေနဲ့အုံး။” မြို့တော်ဝန်စီယန်က ရိုးသားစွာပြောပြီး “ ရှုယီ မင်းနဲ့ မင်းရဲ့ Frestech ကုန်သည်ကြီးများအသင်းက လူတွေအာရုံစိုက်နေတဲ့ ကုမ္ပဏီတစ်ခုပဲ။ အနည်းဆုံးတော့ ငါ့တို့ ဘန်တာမြို့တော်မှာပေါ့၊ ဒါကြောင့်မို့ ဘာကြောင့်ပဲဖြစ်ဖြစ် မင်း ဂရုတစိုက်ရှိဖို့တော့လိုအပ်တယ်နော်။”
ရှုယီက မြို့တော်ဝန်စီယန်ကိုအံ့ဩသင့်အကြည့်ဖြင့်ကြည့်လိုက်သည်။ မြို့တော်အရှင်က ပုံမှန်ဆိုလျှင် ဒီလိုစကားမျိုးပြောလေ့မရှိပဲ အခုဟာက ရင်းနှီးမှုဖြင့် သတိပေးခြင်းဖြစ်သည်။
“ဟုတ်ပြီ၊ မင်းကလည်း မှော်ပညာရှင်တစ်ယောက်ဆိုတာကို ငါမေ့သွားခဲ့တယ်။ မှော်ပညာရှင်များအဖွဲ့ရဲ့ စာမေးပွဲက နောက်လ အန်ဗီမာမှာကျင်းပမှာတော့မှာမဟုတ်လား၊ မင်းဝင်ဖြေသင့်တယ်မဟုတ်ဘူးလား” မြို့တော်ဝန်စီယန်ကမေးလိုက်သည်။
“အင်း ၊ အဲ့အကြောင်းနဲ့ပတ်သတ်လို့ ကျွန်တော် မဟာမှော်ပညာရှင်ကြီးကမ်မီလာနဲ့ ဆွေးနွေးပြီးသွားပြီ၊ အချိန်ကျလာရင် ကျွန်တော်ဝင်ဖြေမှာပါ။”
“ကောင်းတယ်၊ နောက်လကျရင် မင်းက အန်ဗီမာမှာရောက်နေပြီးသားဖြစ်မှာဆိုတော့ မင်းအနေနဲ့နောက်ထပ် အပိုခရီးထွက်စရာမလိုတော့ဘူးပေါ့။ ငါအိမ်ပြန်ရောက်တဲ့အခါ အရှင်မင်းကြီးဆီကို ဒီအကြောင်းတွေနဲ့ပတ်သတ်တာကို စာတစ်စောင်ရေးပြီး ပို့လိုက်ပါမယ်။ မင်းမှော်ပညာရှင်များမှာ အဖွဲ့စာမေးပွဲ ဖြေပြီးသွားတဲ့အချိန်လောက်ကျရင် အရှင်မင်းကြီးက မင်းကိုဆင့်ခေါ်လိမ့်မယ်။”
ရှုယီကခပ်ရေးရးပြုံးပြကာ မြန်မြန်ဆန်ဆန် ကျေးဇူးတင်စကားဆိုခဲ့သည်။ “ ကျွန်တော့်ကို ဒီလောက်အများကြီး ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးအများကြီးကိုတင်ပါတယ် အရှင်”
မြို့တော်ဝန်စီယန်က အေးစက်စက်နှာတစ်ချက်မှုတ်လိုက်ပြီး “ငါမင်းကို ဂရုစိုက်ရတဲ့အကြောင်းက မင်းက စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းတွေ တီထွင်ခဲ့တာကြောင့်ပဲ။ တကယ်လို့ နောက်နှစ်ကျရင် လက်စ်လိုင်းရဲ့ခြံနဲ့ပတ်သတ်ပြီး ရလဒ်မကောင်းခဲ့ရင်တော့ အဲ့ဒီအချိန်ကျ မင်းထင်ထားသလို ငါက မင်းကို ကောင်းကောင်းမွန်မွန်ဆက်ဆံတော့မှာမဟုတ်ဘူး။”
ရှုယီကရယ်လိုက်ပြီး “အရှင် စိတ်ချထားလို့ရပါတယ်။ တကယ်လို့ကျွန်တော်မရှိဘူးဆိုရင်တောင် ကျွန်တော်က အရှင်ဗစ်ကောင့်ထ်ကို အများကြီးရိတ်သိမ်းလို့ရအောင်လုပ်ပေးမှာပါဗျာ”
(၂) ရက်ကြာပြီးသည့်နောက် ရှုယီက မာစတာလန့်စ်ရဲ့ လူပုမျိုးနွယ်ဆီသို့ တစ်ဖန်ပြန်သွားခဲ့သည်။
မာစတာလန့်စ်နှင့်အတူလာရောက်ခဲ့သည့် နောက်ဆုံးအကြိမ်ကနဲ့ ကွဲပြားနေခဲ့နေသည်။ အကြောင်းကတော့ ရှုယီက ရန်ပုံငွေ ထောက်ပံ့ခဲ့လို့ပါပဲ၊ လူပူတွေက လုပ်အားပေးခဲ့ပြီး လူပုရွာကနေ အပြင်ကို ဆက်ထားသည့်လမ်းကို ချောမွေ့သွားအောင်လုပ်ခဲ့သည်။ ရှုယီက မြင်းလှည်းကိုကိုယ်တိုင်မောင်းနှင်ပြီး လူပုမျိုးနွယ်လေးသို့ ဦးတည်သွားရောက်နိုင်ခဲ့သည်။
လူပုကလေးငယ်အများကြီးက မြင်းလှည်းကို ပထမအဆုံးအကြိမ်မြင်ဖူးသည်ဖြစ်သည့်ကြောင့် အထူးအဆန်းဖြစ်ကာ လှည်းနားပတ်ပတ်လည်ဝန်းရံထားလျက်ရှိနေသည်။
ရှုယီက သူကြိုတင်ပြင်ဆင်လာသည့် သကြားလုံးများကို ထုတ်ပေးခဲ့ပြီး လူပုကလေးငယ်များလည်း ပျော်ရွှင်မြူးတူးသွားကြတော့သည်။
လူပုမျိုးနွယ်စခေါင်းဆောင် စီလူကာက သူ့ကို ဝမ်းသာအားရထွက်ကြိုဆိုခဲ့ပြီး “ ဥက္ကဌကြီးရှု မလာတာအတော်ကြာပြီပဲ။ ငါတော့ လူပုမိတ်ဆွေတွေကိုမေ့သွားပြီလို့ကိုထင်နေတာ”
ရှုယီက ကိုယ့်ကိုကိုင်းညွှတ်လိုက်ပြီး ဝမ်းပန်းတသာ အားအပြည့်ဖြင့် စီလူကာကိုပွေ့ဖတ်နှုတ်ဆက်လိုက်ကာ သူနှင့်အတူပါလာသည့် ကမ်ဘီအားလက်ညှိုးထိုးပြပြီး “ ဘယ်လိုလုပ်မေ့ရမှာလဲဗျာ၊ ဒီ ကမ်ဘီနဲ့ လူပုညီနောင်တွေနဲ့ ကျွန်တော်က နေ့တိုင်းအလုပ်အတူအတူလုပ်နေကြတာကို။ ဒီမှာရှိတဲ့ လူပုမိတ်ဆွေတွေကို အမြဲတွေးဖြစ်ပါတယ်။ အခြေအနေဘယ်လိုရှိကြလဲ။ အားလုံးရော ကျန်းကျန်းမာမာရှိကြတယ်မို့လား”
“ကျေးဇူးအများကြီးကိုတင်ပါတယ်။ ဥက္ကဌရှု မင်းရဲ့အပိုဆုကြေးကြောင့် ငါတို့မျိုးနွယ်စုတွေရဲ့ဘဝက အရင်ထက်ပိုကောင်းလာခဲ့တယ်။ ကလေးတွေက နေ့တိုင်းဆာလောင်နေစရာမလိုတော့ပဲ အဝတ်အစားအသစ်တွေအများကြီးတောင် ဝတ်နိုင်နေကြပြီ” စီလူကာကအားရပါးရပြုံးပြီးပြောလိုက်သည်။
“မ…မ..မဟုတ်ပါဘူး ခေါင်းဆောင်စီလူကာ၊ အဲ့ဒီငွေတွေက အပိုဆုပေးတာဆိုတာထက် အဲ့တာက သုတေသနရန်ပုံငွေသဘောမျိုးပါ။ ခင်ဗျား နားလည်တယ်မို့လား? သုတေသနရန်ပုံငွေလေ” ရှုယီက တမင်တကာကို ထပ်ခါထပ်ခါပြောခဲ့သည်။
စီလူကာရဲ့ရိုးသားသည့်မျက်နှာပေါမှာ ကသိကအောင်ဖြစ်နေသည့်ပုံပေါ်လာကာ သူကခေါင်းကိုပွတ်ပြီး အခက်တွေ့နေသည့်အမူအရာဖြစ်နေခဲ့သည်။ သူက အသံကိုနိမ့်ပြီး “ အဲ့ဒါက ဥက္ကဌရှု မင်းကိုငါမကွယ်ဝှက်တမ်းပြောရရင် မင်းပြောတဲ့နည်းလမ်းကိုအခြေခံပြီး ကြိုးစားစမ်းသပ်ခဲ့ကြတယ်။ ဒါပေမယ့် မင်းပြောတဲ့ သတ္တုစပ်ကို တခါလေးတောင်မှ အောင်မြင်အောင် သန့်စင်မပေးနိုင်ခဲ့ဘူး … ကြည့်အုံး…”။
ရှုယီကခပ်ရေးရေးပြုံးလိုက်သည်။ အကယ်၍သည်သုတေသနသာ လွယ်လွယ်လေးဖြင့်အောင်မြင်ခဲ့လျှင် ထိုကိစ္စအတွက် သူခေါင်းကိုက်နေမှာမဟုတ်။
သူက စီလူကာရဲ့ ပုခုံးကိုပုတ်လိုက်ပြီး နှစ်သိမ့်ပေးလိုက်သည် “အဆင်ပြေပါတယ်ဗျာ သုတေသနဆိုတာ အချိန်တော့်ယူရမှာပဲ။ ဒီ (၂)လဆိုတဲ့အချိန်တိုလေးမှာ ရလဒ်အမှန်ရရှိဖို့ မျှော်မှန်းမထားပါဘူး။ ခင်ဗျားတို့ ဆက်ပြီးတော့ သုတေသနပြုနေပါ ၊ လောနေစရာမလိုပါဘူး”
စီလူကာမှာတော့ ရှက်စိတ်ကြောင့် မျက်နှာကြီးထူပူသွားခဲ့သည်။
လူပုတွေရဲ့ ရိုးရှင်းတဲ့ အကျင့်စရိုက်ကြောင့် ရှုယီက ပိုပြီးအလေးမထားလေလေ သူတို့က ပိုပြီး စိတ်အဆင်မပြေ ခံစားရလေပါပဲ။
ထိုသို့ဖြစ်ပျက်နေသည်ကို ကြည့်ရင်း ကမ်ဘီကစိုးရိမ်သောကရောက်ပေမယ့်လည်း လူမျိုးစုခေါင်းဆောင်အတွက် တစ်ခုခုကို ပြောဆိုပေးသည်မှာ မှန်ကန်သောလုပ်ရပ်မဟုတ်ဟုသူသိနေခဲ့သည်။ သူက ခေါင်းကိုသာ ကုတ်နေခဲ့ပြီး သက်ပြင်းအရှည်ကြီးချလိုက်သည်။
လူပုနှစ်ယောက်ရဲ့ တုံ့ပြန်ပုံကို ကြည့်ရင်း ရှုယီက မအောင့်နိုင်တော့ပဲ ပြုံးမိခဲ့လေသည်။ အကယ်၍သာကမ္ဘာဂြိုလ်မှာဆိုလျှင် သုတေသနအဖွဲ့အစည်းခေါင်းဆောင်က တာဝန်ခံရမည်ကို နည်းပေါင်းစုံသုံးပြီး ကြိုတင်ရှောင်ရှားမှာဖြစ်ပြီး အခက်အခဲတွေကြောင့်နှင့် ရင်းနှီးမြုပ်နှံမှုကို ထပ်လိုကြောင်းကိုသာ ပြောဆိုနေမည်သာဖြစ်သည်။
ဒါပေမယ့် လူပုတွေမှာတော့ ရွှေဒင်္ဂါး (၅၀၀) လောက် အသေးအဖွဲ့ ငွေလေးအတွက်နှင့် သူတို့အား ဒီလိုမျိုး စိတ်မသက်မသာဖြစ်စေခဲ့သည်။
အမှန်တော့ ရှုယီက ထိုရွှေဒင်္ဂါ (၅၀၀)ပြားကို လတိုင်းအသုံးချရသည်က လူပုလက်မှုပညာရှင်ကိုခေါ်ယူဖို့အတွက်ဖြစ်ပြီး အခုကြတော့ ကမ်ဘီ ဦးဆောင်သည့် လူပူရာကျော်က လတိုင်း ရွှေဒင်္ဂါး (၅၀၀) ထက်ပိုပြီးကြိုးစားလုပ်ကိုင်နေကြသည်။
ကမ်ဘီကသူ့ကို အခြားကုမ္ပဏီတွေ တိတ်တဆိတ်လာရောက် စာချုပ်ချုပ်ဆိုဖို့ကမ်းလှမ်းလာတာမျိုးတောင်ရှိတယ်လို့ ရှုယီကိုပြောပြခဲ့ဖူးသည်။ သူတို့က ကမ်ဘီနှင့်သူ၏လက်အောက်ခံ လူပုတွေကို သူတို့ဆီမှာသာလာရောက်လုပ်ကိုင်ခဲ့လျှင် တစ်လလျှင် ရွှေဒင်္ဂါး (၂၀) ပြားပေးဖို့ဆန္ဒရှိကြောင်းပါပြောဆိုခဲ့ပေမယ့် ကမ်ဘီကတော့ သူတို့နှင့်မလုပ်ကိုင်လိုကြောင်းပြတ်ပြတ်သားသားခဲ့သည်။
စီလူကာနှင့် ကမ်ဘီတို့ အကျပ်ရိုက်နေသည့်ပုံကိုကြည့်ရင်း ရှုယီက ထိုအကြောင်းကိုစဉ်းစားနေလိုက်ကာ လက်ကိုဝှေ့ယမ်းလိုက်သည်။ “ဒီလိုမျိုးဆိုရင်ရော စီလူကာ ခင်ဗျား ရဲ့သုတေသနရလဒ်ကို ကျွန်တော့်ကိုပြပါအုံး။ အဲ့လိုဆိုရင် ကျွန်တော် အကြံအချို့ပေးနိုင်လို့ထင်တယ်”
စီလူကာကခေါင်းညိတ်လိုက်ပြီး “ ကောင်း… ကောင်းပါပြီဗျာ ဥက္ကဌရှု ဒီအကြောင်းကိုနားလည်တာက အကောင်းဆုံးပေါ့ဗျာ။ တကယ်လို့ မင်းဒါကိုကြည့်ပြီးရင် ကျေနပ်လောက်တဲ့အံ့ဩမှုမျိုး ရကောင်းရနိုင်ပါတယ်။”
ရှုယီနှင့် ကမ်ဘီတို့က စီလူကာ ဦးဆောင်ရာ ကြီးမားသည့်ဂူကြီးဝင်သွားကြပြီး ချက်ခြင်းဆိုသလို အပူလှိုင်းရိုက်ခတ်မှုကို ခံလိုက်ရသည်။
ဂရုစိုက်ပြီးကြည့်ရင်း ထိုဂူကြီးက (၁၀) မီတာအမြင့်ရှိပြီး ဘောလုံးကွင်းတစ်ကွင်းစာလောက်ကျယ်ပြန့်ကာ အရွယ်အစားသေးအကြီး ကျောက်မီးဖိုကြီးများလည်းရှိနေသည်။ သည်အချိန်မှာတော့ မီးဖိုအများစုက မီးတောက်များ ပြည့်လျှံနေပြီး ဘေးကရှိနေသည့် လူပူများက မီးဖိုထဲသို့ ပစ္စည်းများထည့်နေလျက်ရှိသည်။
“ဥက္ကဌရှု ဒါကိုကြည့်လိုက်ပါအုံး၊ မင်းရဲ့နည်းလမ်းအတိုင်းငါတို့စပြီး စမ်းသပ်ပြုလုပ်ခဲ့ကြပေမယ့် တစ်ခုမှဖြစ်ဖြစ်မြောက်မြောက်မရှိသေးဘူး။ နောက်ကြတော့ ငါတို့မျိုးနွယ်စုကလူတွေက သံရည်ထဲကို အခြားမတူညီတဲ့အရာတွေ ထည့်လိုက်တော့မှ မင်းပြောတဲ့ သတ္တုစပ်လိုမျိုးလို့ သတ်မှတ်လို့ရတဲ့အထိ ပေါင်းစပ်ဖန်တီးခြင်း ဖြစ်လာခဲ့တယ်။ ဒါပေမယ့် အရင်ကတည်းကမင်းပြောထားတဲ့ သံမဏိသတ္တုစပ်လိုမျိုးတော့ တစ်ခုမှ ကိုက်ညီခြင်းတော့မရှိဘူး” စီလူကာက စတင်ပြောဆိုသည့်အချိန်မှာ စိတ်မလုံလဲဖြစ်နေသည်ကိုတွေ့ရသည်။
“အိုး … မတူညီတဲ့မျိုးကွဲတွေအများကြီးပါတဲ့ သတ္တုစပ်တဲ့လား။ အဲ့ဒါတွေက ဘယ်မှာလဲ။ ကျွန်တော့်ကိုပြကြည့်အုံး” ရှုယီက စိတ်ဝင်တစားဖြစ်နေသည့်အသံဖြစ်မေးလိုက်သည်။
“ဒီမှာ အဲဒါတွေအကုန်လုံးက ဒီမှာလေ” စီလူကာက ရှုယီကိုဂူရဲ့ထောင့်တစ်နေရာသိုခေါ်သွားခဲ့ကာ သူတို့ရှေ့မှာရှိနေသည့် သံချောင်းတိုင်အပုံကြီး လက်ညှိုးထိုးပြကာပြောလိုက်သည်။
ရှုယီက သံတောင်ကြီးကို မော့ကြည့်လိုက်ပြီး ထိုအရာက သူထက် (၂)ဆလောက်ကြီးနေပြီး သံလုံးတစ်လုံးကနေတစ်ဆင့် ရောင်ပြန်ဟပ်နေသည်ကို မထိန်းထားနိုင်တော့ပဲ ငေးကြည့်နေခဲ့သည်။
သူက သံတောင်ကြီးပေါ်တက်ပြီး ထိုသံလုံးကို ယူခဲ့လိုက်သည်။ ရှုယီက အခြားမသန့်စင်ရသေးသည့်အပိုင်းတွေ တွေ့ရသည်ထက် အံ့ဩဘနန်းဖြစ်သွားခဲ့သည်၊ သံလုံးရဲ့ အပြင်ဘက်မျက်နှာပြင်က အရမ်းကိုချောမွေ့နေတော့သည်။ မျက်နှာပြင်ပေါ်မှာ ငွေရောင်တောက်ပမှုများရှိပြီး အခြားသံထည်ပစ္စည်းတွေမှာ ရှိတတ်သည့် သံချေးတက်နေတာမျိုးလည်းမရှိပါ။
ရှုယီက သံဘောလုံးကို ကြည့်နေခဲ့ပြီး တွေ့လိုက်ရတာက ထိုအလုံးက အရမ်းကိုပေါ့ပါးနေခဲ့ပါသည်။ လွှင့်ပစ်လိုက်သည့်အခါတွင်လည်း အတွင်းဟောင်းလောင်းပေါက်ကြီးဖြစ်မနေတာကြောင့် ပဲ့တင်သံထွက်လာမျိုးမရှိပဲ အတွင်းမှာလည်း အစိုင်အခဲအတိဖြစ်နေသည်။
“ဒါက သံလား” ရှုယီမှာအတော်ကို စိတ်ရှုပ်သွားရသည်။
စီလူကာက သံတူကိုယူပြီး ထိုသံလုံးကို အားပါပါ နဲ့ထုရိုက်ချလိုက်သည်။ သံလုံးမှာ ပုံအနည်းငယ်ပဲပြောင်းသွားခဲ့ပြီး ကွဲရာတစ်ခုမှပေါ်မလာချေ၊ ဒါကြောင့် ထိုအခြားအရာကိုကြည့်ရသည်မှာ အတော်ကိုမာကြောသည့် သံဘောလုံးဖြစ်သည်။
“သေစမ်းကွာ ဒါက ဘယ်လိုသတ္တုစပ်မျိုးလဲကွ။ဒါက တကယ်ကြီး သန်မာနေတား” ရှုယီ မနေနိုင်တော့ပဲ စိတ်လှုပ်ရှားလာခဲ့သည်။ သူက စီလူကာကို “စီလူကာ ဒီသံဘောလုံးကို ဘယ်လိုလုပ်ခဲ့တာလဲ”
စီလူကာက ရှုယီလက်ထဲက သံဘောလုံးကိုယူလိုက်ပြီး ဘောလုံးအောက်ခြေက အမှတ်အသားတစ်ခုကိုတွေ့သွားခဲ့သည်။ သူက လက်ကိုမြှောက်ပြီး မုတ်ဆိတ်မွေးအရှည်ကြီးရှိသည့် လူပုတစ်ယောက်အား လှမ်းခေါ်လိုက်သည်။
“မူရူ ဒီသံဘောလုံးက မင်းလုပ်ထားတာလား။ ဥက္ကဌရှုက ဒါကို အရမ်းကိုစိတ်ဝင်စားနေတာ ငါတို့ကိုပြောပါအုံး ဒါကိုမင်းဘယ်လိုလုပ်ခဲ့တာလဲ။”
မူရူလို့ခေါ်သည့် လူပူကမျက်လုံးကိုပင့်တက်သွားကာ ရှုယီကိုမျှော်လင့်တကြီးကြည့်လိုက်ကာ “ ဥက္ကဌရှု ဒါလေးက အသုံးဝင်တယ်တဲ့လား”
ရှုယီကခေါင်းညိတ်ခဲ့လိုက်ပြီး “ကျွန်တော်တို့ ဒီကောင်ရဲ့စွမ်းဆောင်ရည်ကို အခုချိန်မှာ မစမ်းသပ်ရသေးပေမဲ့ မြင်ရသလောက်ကို အခြေခံပြောရရင် အသုံးဝင်လောက်မယ်”
မူရူကစိတ်လှုပ်ရှားစွာဖြင့် “ အဲဒါဆိုကောင်းတာပေါ့။ ငါတို့တော်တော်များကိုကြိုးစားကြည့်ပြီး နည်းလမ်းထောင်းပေါင်းများစွာကိုလည်း အကြိမ်ကြိမ်စမ်းသပ်ခဲ့ပြီးပြီ။ ဒါပေမယ့် မင်းပြောထားတဲ့ သံမဏိသတ္တုစပ်လိုမျိုးကို မလုပ်နိုင်ကြသေးဘူး။ ငါလည်း ဒါကို ဘယ်တော့မှအသုံးမဝင်လောက်ဘူးဆိုပြီး ထင်ထားခဲ့တာလေ”
စီလူကာကသူ့ကိုစိန်းစိန်းဝါးဝါးကြည့်လိုက်ပြီး “အပိုစကားတွေပြောမနေနဲ့။ ဥက္ကဌရှုက မင်းကိုဘယ်လိုလုပ်ခဲ့တာလဲဆိုပြီးမေးနေတာ သေသေချာချော ဖြေပေးလိုက်လေကွာ”
မူရူက စိတ်လှုပ်ရှားပြီးရင်ခုန်နေသည်ကို ထိန်းချုပ်ခဲ့လိုက်သည်။ သူက သံဘောလုံးကို ကြည့်လိုက်ကာ သူ့ခေါင်းကိုစောင်းပြီး စဉ်းစားလိုက်ပြီး ဖြည်းဖြည်းချင်း ပြောခဲ့သည် “ဒီပစ္စည်းက တကယ်တော့ ငါ မတော်တဆ ငွေရောင်အရည်တစ်ခု လောင်းထည့်မိသွားရာကနေ ဖြစ်လာခဲ့တာ”
*