← Chapters

အခန်း (၇၁-၈၀)

Vol. 1 Ch. 71-80

အခန်း (၇၁-၈၀)

Vol. 1 Ch. 71-80

အခန်း ၀၇၁ ။ ပုန်ကန်ချင်တာလား?

ထိုအကြောင်းကိုစဉ်းစားပြီးနောက်၊ လူပုလေး မူရူက ထိုသံဘောလုံးပြုလုပ်ရာမှာ သူအသုံးပြုသည့် နည်းစနစ်ကို ပြောပြောနေခဲ့သည်။

သူပြောပြခဲ့သည့် နည်းစနစ်ကို ရှုယီက ရှင်းရှင်းလင်းလင်းသိအောင်ထပ်မေးနေခဲ့သည်၊ ထိုအရာကို သွန်းလုပ်နေစဉ်အတွင်း မီးအပူချိန်ဘယ်လောက်ထားသည်ဆိုတာက အစမေးခဲ့သည်။

“အဲ့ဒီ… အပူချိန်တဲ့လား” မူရူက သူရဲ့ရှုပ်ပွနေသည့်ဆံပင်မျာကို ကုတ်ခြစ်လိုက်ပြီး အတော်ကို စိတ်ရှုပ်ထွေးသွားရသည် “ဥက္ကဌကြီးရှု ခင်ဗျားပြောချင်တာက မီးတောက်အများကြီးကိုဆိုလိုချင်တာလား။ အဲ့ဒါကိုတော့ ကျွန်တော်လဲမသိဘူး၊ ကျွန်တော်ပြောနိုင်တာတစ်ခုကတော့ အဲ့ဒါကို သန့်စင်နေတုန်းက မီးတောက်တွေကတောပုံမှန်အနေထားပါပဲ အားအရမ်းမပြင်းပါဘူး။”

ရှုယီ အကူအညီမဲ့သွားသလိုခံစားလိုက်ရသည်။ စိုင်စ်နယ်မြေက ကမ္ဘာဂြိုလ်မှာလို အချက်အလက်မြောက်မြားစွာမရှိပါ။ သည်အချက်က စက်မှုစနစ်တိုးတက်လုပ်ဆောင်ရာမှာ အဓိကချို့ယွင်းချက်တစ်ခု ဖြစ်လာနိုင်သည်။ ဒါကြောင့် ကြည့်ရသည်မှာ သူအနေဖြင့် ထိုပြဿနာကို ဖြေရှင်းဖို့နည်းလမ်းရှာကိုရှာရမည်ဖြစ်သည်။

အမှန်တကယ်တော့ ထိုပြဿနာကိုနောက်မှဖြေရှင်းလို့ရပြီး အရေးကြီးဆုံးက သူ့လက်ထဲမှာရှိနေသည့် သံဘောလုံးပင်ဖြစ်သည်။

မူရူကိုအကြိမ်များစွာမေးမြန်းပြီးနောက် ရှုယီအနေဖြင့် ကျေနပ်လောက်သည့်အဖြေမျိုးမရခဲ့ပေ။ နောက်ဆုံးမှာတော့ သူက မူရူကို ထိုနေ့က သန့်စင်မှုခြင်းပြုလုပ်ခဲ့ပုံကိုသာ ထပ်ခါထပ်ခါမေးမြန်းခဲ့သည်။

Frestech ကုန်သည်ကြီးများအသင်းရဲ့ဥက္ကဌဖြစ်သူ ရှုယီက မူရူ သန့်စင်ထားသည့် သံဘောလုံးကို စိတ်ဝင်တစားရှိနေကြောင်း ကြားသိရသောအခါ အခြားစမ်းသပ်လုပ်ဆောင်နေကြသည့်လူပုများက ရောက်လာကြကုန်သည်။

အာလုံးနှင့် မျက်နှာချင်းဆိုင်ပြီးသောအခါ မူရူက ထိုအကြောင်းကိုခဏလောက်စဉ်းစားလိုက်ပြီး မီးဖိုမှာမီးမွှေးလိုက်သည်။

ပထမဆုံးတစ်ပိုင်းလောက်က သာမန်သွန်းလုပ်ခြင်းနည်းစနစ်သာဖြစ်ပြီး ရှုယီကတော့ ထူးခြားသည့်တစ်ခုကိုမှမမြင်ခဲ့ပေ။ ပန်းပဲဖိုထဲက သံရည်ပူတွေစတင်ပြီး ပူပေါင်းလေးတွေဖြစ်သောအခါ မူရူက တလဲ့လဲ့တောက်ပနေသည့်ငွေမှုန်အပြည့်ပါသည် ဗူးကိုယူပြီး ထိုအထဲသို့လောင်းထည့်လိုက်သည် ပန်းပဲဖိုအတွင်းအခြေအနေက ချက်ခြင်းဆိုသလို ပြောင်းလဲသွားခဲ့သည်။

ငွေရောင်အရွက်ပါသည့်ဗူး အထဲသို့လောင်းထည့်လိုက်သောအခါ ပန်းပဲဖိုထဲက သံရည်ပူများနှင့်ချက်ခြင်းကြီး ပေါင်းစပ်သွားခဲ့သည်။ ခဏအကြာမှာတော့ ပူပေါင်းတွေထနေသည့် သံရည်ပူက အပူချိန်မြင့်မားလာတာကြောင့် စတင်ကာ ရိုက်ခတ်လှုပ်ရှားလာပြီး ပိုပြီးတောင် အားကောင်းလာခဲ့သည် ငွေရောင်အမှုန်တွေက နီရဲနေသည့်သံရည်ပူထဲသို့ အကုန်ထည့်လိုက်သောကြောင့်ဖြစ်သည်။

သွန်းလုပ်ခြင်းနည်းလမ်းစဉ်က အတော်လေးကို ပျင်းစရာကောင်းပြီး စီလူကာက ရှုယီလည်း ဒါကိုကြည့်ရသည်မှာ ငြီးငွေ့ဖွယ်ကောင်းနေမှာကို စိုးရိမ်နေမိသည်။ ဒါပေမဲ့ သူတွေ့လိုက်ရတာက ပန်းပဲဖိုထဲက သံရည်ပူများကို မျက်တောင်တစ်ချက်လေးမှကိုမခတ်ပဲ အစကနေ ငေးကြည့်နေခဲ့သည်။ သူမျက်နှာပေါ်မှာ အတော်လေးကို အာရုံစူးစိုက်နေသည်ကိုတွေရပြီး သူရဲ့စိတ်မှာလည်း သိချင်စိတ်ပြင်းပြနေခဲ့ပုံပေါ်နေသည်။

ဒီဥက္ကဌ ရှုယီက ဘာကြောင့်များ ဒါကို တအားဂရုစိုက်နေရတာလဲ? အရမ်းကိုထူးဆန်းသည့် သတ္တုစပ်လို့ခေါ်သည့်အရာကိုလေ။

ရှုယီက လူပုမျိုးနွယ်ဆီသို့ နေ့လည်ခင်းကရောက်ရှိလာခဲ့တာဖြစ်ပြီး ပန်းပဲဖိုထဲက သံရည်ပူများကို သန့်စင်ပြီစီးသည့်အချိန်တွင် ညတောင်‌ရောက်နေခဲ့ပြီဖြစ်သည်။

ထိုအချိန်အတွင်းမှာ ရှုယီက ပန်းပဲဖိုနားမှာတစ်ချိန်လုံးရှိနေခဲ့သည်။ သူက အပေါ့အလေးသွားခြင်းကို မရှိပဲ တကယ်ကြီး မလှုပ်မရှားပဲကိုရှိနေခဲ့တာပါ။

အဲ့ထာအပြင် သူက မှတ်စုစာအုပ်မှာထဲမှာတောင်ရေးမှတ်နေခဲ့သည်။ လုပ်ငန်းစဉ်အတောအတွင်းမှာပင် သူက လုပ်ငန်းစဉ်များနှင့် မူရူ ထည့်လိုက်သည့် သတ္တုပမဏကိုပါ တစ်ခုခြင်း မှတ်တမ်းယူထားခဲ့သည်။

သံရည်ပူများ အေးသွားသောအခါ မိုအတွင်းမှာ တဖြည်းဖြည်း စက်လုံးပုံဖြစ်လာခဲ့သည်။ ရှုယီက ထိုသံဘောလုံးကို ဂရုတစိုက်ကြည့်လိုက်ပြီး သံဘောလုံးက အရင်အလုံးထက် ဘာမှကို မကွာခြားနေခဲ့တာကို တွေ့ခဲ့သည်။ အတည်ပြုလို့ရသည်က မူရူက သူရဲ့အရင်နည်းစနစ်အတိုင်းတကယ်ကို လိုက်လုပ်ခဲ့တာဖြစ်သည်။

အချိန်နောက်ကျသွားသည်ကိုကြည့်ရင်း စီလူကာက ရှုယီကိုမျိုးနွယ်စုထံသိုခေါ်ဆောင်ပြီး ညစာကျွေးဖို့ ဖိတ်ခေါ်ခြင်ပေမယ့်လည်း ရှုယီက တည့်တိုး ငြင်းခဲ့လိုက်သည်။

သူတို့က အခက်အခဲကြီးကြီးမားမားကိုကျော်ဖြတ်ပြီး သတ္တုစပ်အသစ်တစ်ခုရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်၊ လက်ရှိအချိန်မှာတော့ ရှုယီမှာ စိတ်လှုပ်ရှားမှုတွေနှင့်ပြည့်နှက်သွားခဲ့သည်။ စက်မှုအင်ဂျင်နီယာတစ်ယောက်အနေဖြင့် သူရဲ့ စိတ်အားထက်သန်မှုများလဲပေါက်ကွဲထွက်သားခဲ့ပြီး ပုံမှန်အားဖြင့် ဒီလိုအချိန်မှာတော့ သူက ထွက်သွားလိုစိတ်မရှိပေ။

ဒါကြောင့် စီလူကာကသူရဲ့ မျိုးနွယ်စုကလူတစ်ယောက်ကို ညစာဒီကိုယူလာပေးဖို့ ခေါ်ခဲ့လိုက်သည်။ လူပုများက ရှုယီနှင့်အတူစားသောက်နေရင်း ရှုယီရဲ့တောင်းဆိုချက်ကိုအခြေခံပြီး သံဘောလုံးကို အမျိုးမျိုးသောစမ်းသပ်နည်းများဖြင့်လေ့လာစူးစမ်းနေခဲ့ကြသည်။

အမျိုးမျိုးစမ်းသပ်ပြီးနောက်မှာ ရှုယီက နောက်ဆုံးအတည်ပြုလိုက်သည်က အဆိုပါထူးဆန်းသည့်သတ္တုစပ်က ငွေရွက်လေးတွေ ထည့်လိုက်ခြင်းကြောင့် ဖြစ်ပေါ်လာပြီး ခိုင်မာမှုမှာတော့ သိပ်မကောင်းပေမယ့် လိုသလိုပုံဖော်နိုင်ခြင်းနှင့် ပုံသွင်းပြုပြင်နိုင်ခြင်းတို့မှာ ကမ္ဘာဂြိုလ်ပေါ်က သာမန်သတ္တုစပ်ကဲ့သို့ပင်ဖြစ်သည်။ ယေဘုယျအားဖြင့် ထိုသတ္တုစပ်က စိုင်စ်နယ်မြေရဲ့ သံကြွပ်ကိုသန့်စင်ထားသည်ထက်ပိုမို ခိုင်ခံ့နေခဲ့သည်။

ပိုပြီးအရေးကြီးသည့်အချက်က ထိုငွေရွက်များပါသည့်သတ္တုစပ်ကို ထောင့်မှာပစ်ထားသည်မှာ အနီးစပ်ဆုံးဆိုရလျှင် (၂)လနီးပါခန့်ရှိပြီးဖြစ်ပေမယ့် သံချေးတက်သည့်အရိပ်အယောက်တစ်ခုကိုမှ မတွေ့ခဲ့ရပါ။

သံကြေးချွတ်ခြင်းနည်းစနစ်ကို အသုံးမပြုရသေးလျှင်တောင်မှပဲ ထိုသတ္တုစပ်က အစွန်းအထင်းမရှိသည့်သံမဏိ၏ သဘာဝဂုဏ်သတ္တိရှိနေခဲ့သည်။

ရှုယီ၏စမ်းသပ်ချက်ကြောင့်ပုံပျက်သွားသည့် သံဘောလုံးကိုကိုင်ထားရင်း သူ့ရဲ့စိတ်မှာ စိတ်လှုပ်ရှားမှုတွေနှင့် ပြည့်နှက်သွားတော့သည်။

ဒီတခေါက် လူပုမျိုးနွယ်စုကို သူလာရသည့်အကြောင်းအရင်းက အမှန်တကယ်တော့ အခြားလူပုများကို စီလူကာကနေတစ်ဆင့် အလုပ်စာချုပ်ချုပ်ဖို့လာခဲ့တာဖြစ်ပြီး ပိုပြီးတော့တောင်လူပုအများကို သူ့ရဲ့မှော်စက်ပစ္စည်းအလုပ်ရုံမှာ ခန့်အပ်နိုင်ခဲ့သည်။ ထိုလူပုတွေက မမျှော်လင့်ထားသည့် သတ္တုစပ်အသစ်မျိုးကို ပြုလုပ်နိုင်မယ်လို့ သူဘယ်တုန်းကမှ မထင်ထားခဲ့ပါ။

အရင်ဆုံး ထိုသတ္တုစပ်ကို တန်ဖိုးမဖြတ်ခင်တောင်မှ ရှုယီက ထိုသတ္တုစပ်အသစ်ကို ယာယီအားဖြင့် ငွေရွက်သတ္တုစပ်လို့အမည်ပေးခဲ့ပြီး သူ့ရဲ့ ခံနိုင်ရည်အားကြောင့် မှော်စက်ပစ္စည်းအကြီးစားတွေမှာ ထည့်သွင်းအသုံးမပြုပေမယ့်လည်း အိမ်သုံးမှော်စက်ပစ္စည်းများ ထုတ်လုပ်ရာတွင်အရမ်းကို အသုံးဝင်လာပါလိမ့်မည်။

ဥပမာအားဖြင့် သူတို့အာရုံစိုက်ပြုလုပ်နေသည့် မှော်ထမင်းပေါင်းအိုးအသစ်အတွက် အကယ်၍သာ ထိုသတ္တုစပ်ကိုသူတို့သုံးခဲ့လျှင် မှော်ထမင်းပေါင်းအိုးမှာ ပိုပြီးပေါ့ပါးလာနိုင်သည်။

သည်အရာကိုအခြေခံပြီး မှော်ထမင်းပေါင်းအိုးမှာ ပိုပြီးတော့ နာမည်ကျော်ကြားလာနိုင်ပါသည်။

ငွေရွက်သတ္တုစပ်ကို စမ်းသပ်ခြင်းပြီးစီးသွားပြီးနောက် ရှုယီက စီလူကာကို တစ်ခုတောင်းဆိုခဲ့လိုက်သည်။ သူက မျှော်လင့်သည်က သူနှင့် သူတို့မျိုးနွယ်စုက အခြားလူပုတွေ ငွေရွက်သတ္တုစပ်ကို ပိုပြီးစမ်းသပ်ကြဖို့ပဲ။

ဥပမာအားဖြင့် ငွေရွက်မှုန်တွေ ပိုပြီးလောင်းထည့်ခြင်း၊ မီးတောက်အပူအချိန်ကိုပြောင်းလဲခြင်းနှင့် ဒါမှမဟုတ် အခြားသတ္တုများကိုပါ ပေါင်းထည့်လုပ်ကြည့်ကြဖို့ပဲဖြစ်ပါသည်။

တစ်ချိန်တည်းမှာပဲ သူက Frestech ကုန်သည်ကြီးများအသင်း၏နာမည်ကိုသုံးပြီး မူရူကို ရွှေဒင်္ဂါး (၂၀) ဆုအဖြင့်ချီးမြှင့်ခဲ့လိုက်သည် ထိုသတ္တုစပ်အသစ်ကို ဖန်တီးလိုက်သည့်အတွက်အထိမ်းအမှတ်အဖြစ်ပေးခဲ့ခြင်းဖြစ်သည်။

ကမ္ဘာပေါ်က သတ္တုစမ်းသပ်ခြင်းကိုနားလည်ထားသည့် ရှုယီအနေဖြင့် အသေးစားပြောင်းလဲမှုတောင်မှာပဲ သတ္တုစပ်ရဲ့နောက်ဆုံးဂုဏ်သတ္တိကိုပြောင်းလဲနိုင်သည်လို့ သူက ယုံကြည်ထားခဲ့သည်။

ထိုငွေရွက်သတ္တုစပ်က မတော်တဆကနေ ဖြစ်လာခဲ့တာဖြစ်သည်။ အကယ်၍ ဒီလိုမျိုးမတော်မဆဖြစ်ရပ် များပိုမိုဖြစ်လာဖို့က သူအနေဖြင့် သူတို့က များများထောက်ပံ့ပေးရလိမ့်မည်။

ငွေရွက်သတ္တုစပ်အပြင် ရှုယီက သံတိုင်အပုံကြီးကို ကြည့်ရှုနေလိုက်ပြီး အခြားထူးခြားသည့် သံဘောလုံးရှာတွေ့ခဲ့သည်။

ထိုသံဘောလုံးက ငွေရွက်သတ္တုစပ်လိုမျိုး မျက်စိကျစရာဖြစ်မနေခဲ့ပြီး သူ့ရဲ့ဂုဏ်သတ္တိများက ထင်ရှားမနေခဲ့သော်လည်း စမ်းသပ်ပြီးနောက်မှာတော့ ရှုယီမှာ အံဩသွားခဲ့ရပြီး ထိုသံလုံးက ခိုင်မာမှုနှင့်ခံနိုင်ရည်ရှိမှုမှာ သံကြွပ်ထက်ပိုပြီး သာလွန်နေခဲ့တာကို တွေ့ရှိခဲ့သည်။

စက်အကြီးစားများအတွက် အထူးသဖြင့် ကြီးမားသည့်ထုတ်ကုန်စက်များအတွက် ထိုသတ္တုစပ်မျိုးက အရမ်းကို လိုအပ်ဆုံးဖြစ်သည်။

ရှုယီက စီလူကာကိုနောက်ထပ်တောင်းဆိုလိုက်သည်။ လူပုမျိုးနွယ်စုတစ်ခုလုံး ထိုသတ္တုစပ်စမ်းသပ်မှုကိုပါဝင်လုပ်ဆောင်ပေးဖို့ပဲဖြစ်သည်။

ဒီအချိန်မှာတော့ စီလူကာကအရင်ကလို မြန်ဆန်စွာလက်ခံခြင်းမပြုတော့ပဲ သူက အခက်တွေ့နေသည့်အကြည့်မျိုး ဖော်ပြခဲ့သည်။

“ဥက္ကဌရှု အခုကာလမှာ ကျွန်တော်တို့မျိုးနွယ်စုမှာ ယောက်ျားသားအလုံအလောက်မရှိပါဘူး။ တကယ်လို့ မင်းက ကမ်ဘီနဲ့အခြားသူတွေကို အဝေးကိုခေါ်မသွားခဲ့ရင် တစ်ကြိမ်တည်းမှာ အရာနှစ်ခုကိုသုတေသနလုပ်ဖို့က မခက်ခဲပါဘူး။ မင်းမြင်တဲ့အတိုင်းပဲ ဒါတွေလုပ်နိုင်တဲ့ ယောက်ျားသားတွေကဒီမှာရှိနေကြပြီလေ၊ လူ (၁၀)ယောက်လေးပဲရှိတာကြောင့် မင်းရဲ့ တောင်းဆိုချက်ကို မဖြည့်ဆည်းပေးနိုင်ဘူးလေ။”

ရှုယီကဘေးပတ်ပတ်လည်ကိုကြည့်လိုက်ပြီး စီလူကာက စကားတွေက အပိုပြောနေတာမဟုတ်မှန်း သိသွားခဲ့သည်။

သူက ကမ်ဘီ ဦးဆောင်သည့် လူပုရာကျော်ကို မျိုးနွယ်စုထဲကနေထုတ်ယူခေါ်ဆောင် စဉ်ကတည်းက မျိုးနွယ်စုရွာကျန်ခဲ့သူအများစုက အသက်ကြီးသူများ၊ အမျိုးသမီးများနှင့် ကလေးငယ်များသာဖြစ်သည်။ ရွာမှာကျန်ခဲ့ပြီး ဤကဲ့သို့ ပန်းပဲသွန်းလုပ်နိုင်သူက လူပု (၁၀)ယောက်သာရှိတော့သည်။

“ဒါကိုလုပ်ကြရအောင် စီလူကာ မနက်ဖြန်ကျရင် အန်ဂိုလာမျိုးနွယ်စုက သူတွေကို ကျွန်တော်နဲ့စကားပြေဖို့ ခေါ်လို့ရနိုင်မလား။ အဲ့အချိန်ကျရင် ဒီအကြောင်းကို ကျွန်တော်က အဓိကထားပြီးပြောမယ်။ သူတို့မျိုးနွယ်စုက သတ္တုစပ်စမ်းသပ်ချက်ထဲကကို တစ်ခုကို သုတေသနလုပ်ဖို့ လက်ခံခဲ့ရင်တော့ အကောင်းဆုံးပေါ့ဗျာ။ တကယ်တော့ ခင်ဗျားကနေတဆင့် အခြား လူပုညီနောင်တွေကို ကျွန်တော်နှင့်ချိတ်ဆက်ပေးဖို့ကအကောင်းဆုံးဖြစ်လိမ့်မယ်။ အခုကျွန်တော့်မှာ အတော်ကို လူအင်အားလိုအပ်မှုများနေတယ်။ ပြီးတော့ အဓိကလိုအပ်နေတာက သင့်လျော်တဲ့လူပုလက်မှုပညာရှင်တွေပဲ။ ခင်ဗျား ဘယ်လောက်ရှာပေးပေး ကျွန်တော်လိုအပ်တယ်။” ရှုယီက စဉ်းစားကာပြောလိုက်သည်။

စီလူကာက ချက်ခြင်းသဘောမတူခဲ့ပါ။ အဲ့တာထက်သူက ရှုယီကိုမျက်မှောင်ကြုတ်ပြီးကြည့်လိုက်သည်။

“ဥက္ကဌရှု ခင်ဗျာရဲ့ စက်ရုံတစ်ခုလုံးကို လူပုတွေပဲ အလုပ်ခန့်ချင်နေတာများလား”

ရှုယီမှာတွေဝသွားကာ “အဲ့လိုကြီးတော့ဘယ်ဟုတ်ပါ့မလဲ။ ဒါပေမယ့် လက်ရှိချိန်မှာတော့ ကျွန်တော်စက်ရုံမှာ လူပုတွေပိုပြီးလိုအပ်နေသေးတယ်ဗျ”

စီလူကာကခေါင်းကိုခါလိုက်ပြီး “ဥက္ကဌရှု ငါမင်းကိုသတိပေးရအုံးမှာ တကယ်လို့မင်းရဲ့စက်ရုံမှာ ငါတို့လို လူပူတွေအများကြီးရှိလာရင် ပြဿနာတွေအများကြီးဖြစ်လာမှာနော်”

ရှုယီ အတော်ကိုခေါင်းရှုပ်သွားခဲ့သည် “ပြဿနာတွေဟုတ်လား၊ ဘာပြဿနာတွေများလဲ၊ ကျွန်တော်က လူပုညီနောင်တွေကို အလုပ်ပေးရုံပဲလေ။ ဘာပြဿနာတွေဖြစ်လာမှာမို့လဲ”

စီလူကာက သက်ပြင်းချလိုက်ကာ “ဥက္ကဌရှု မင်းက စိတ်ကောင်းရှိတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် အခြားလူသားတွေက မင်းလိုမျိုးမဟုတ်ဘူးလေ။ ပိုပြီးအရေးကြီးသည့်အချက်က မင်းတို့ရဲ့ လူသားခေါင်းဆောင်က ဒီလိုမျိုးတွေးမှာမဟုတ်ဘူး။ လူသားအသိုင်းအဝိုင်းမှာ လူပုအနည်းငယ်ရှိနေတာက ပြဿနာမဟုတ်ပေမယ့် တကယ်လို့ လူပုအများကြီးရှိလာခဲ့ရင် မင်းနဲ့ အခြားလူပုတွေအတွက် ဒုက္ခတွေဖြစ်ပေါ်လာမှာကို စိုးရိမ်မိတယ်”

ရှုယီက မတတ်နိုင်တော့ပဲ မျက်မှောင်ကြုတ်ထားရင်း “မျိုးနွယ်စုစစ်ပွဲတွေက လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်ကတည်းကဖြစ်ပွားခဲ့တာပဲ။ မဟုတ်မှလွဲရော စီလူကာက အဲ့ဒါကို စိတ်ပူနေတာများလား”

စီလူကာက လက်ကိုရမ်းလိုက်ပြီး “မျိုးနွယ်စုစစ်ပွဲတွေ ထပ်ပြီး မဖြစ်လာနိုင်ဘူးလို့ အတပ်ပြောလို့မရဘူးလေ။ ငါစိုးရိမ်နေသလိုမျိုး လူသားခေါင်းဆောင်ကလည်း စိုးရိမ်ပူပန်နေမှာပဲလေ။ အဲ့ဒီအချိန်ကျလာခဲ့ရင် ငါတို့ လူပုညီနောင်တွေက မင်းအတွက်အကျိုးရှိမှာမဟုတ်တော့ဘူး။ အဲ့ထာထက်မင်းကို ငါတို့က ပိုပြီးဒုက္ခရောက်စေမှာ။”

ရှုယီကထိုအကြောင်းတွေးမိပြီး စီလူကာ မှန်နေသည်ကို မလေးစားပဲမနေနိုင်ခဲ့ပါ။

စိုင်စ်နယ်မြေကို လူသားတွေအပြည့်အုပ်ချုပ်တာဖြစ်သော်လည်း အခြားမျိုးနွယ်စုတွေက လူသားတွေကိုမယှဉ်နိုင်ခဲ့ပါ။ လူမျိုးရေးခွဲခြားဆက်ဆံမှုတွေရှိနေဆဲဖြစ်သည်။

ရှုယီက လူပုရာကျော်ကို သူအတွက်အလုပ်လုပ်ပေးဖို့ စုဆောင်းခဲ့သည်က ပြဿနာမဟုတ်။ ဒါပေမယ့် အကယ်၍သူက ထောင်းပေါင်များစွာကို စုဆောင်းခဲ့လျှင် လမ်ပူရီတိုင်းပြည်ရဲ့ စိတ်ဝင်တစားစောင့်ကြည့်ခြင်းကို ဆွဲဆောင်နေသလိုပင်ဖြစ်နေတော့မည်။

ထိုလူမျိုးခြားအများကြီးက သူလက်အောက်မှာရှိနေခြင်းက သူက ပုန်ကန်ခြင်သည့်သဘောကိုဆောင်နေသည်မဟုတ်ပါလော။

“အိုင်းယား၊ ဒါကိုကြည့်လိုက်ရင် ဘယ်ကမ္ဘာမှာပဲဖြစ်ဖြစ် စီးပွားရေးလုပ်မယ်ဆိုရင် နိုင်ငံရေးကို ရှောင်လွှဲလို့မရဘူးပဲ” ရှုယီက စိတ်ထဲပဲသက်ပြင်းချလိုက်သည်။ သူက ထိုအကြောင်းများကို တွေးပြီး စီလူကာကိုခေါင်းညိတ်ပြလိုက်သည် “သတိပေးတဲ့အများကြီး ကျေးဇူးတင်ပါတယ်၊ ကျွန်တော်ဒီကိစ္စကို အာရုံစိုက်လုပ်ကိုင်ပါ့မယ်။ ဒါပေမယ့် ကျွန်တော်အထင် ပြဿနာဖြစ်လာနိုင်မယ်မထင်ဘူးဗျ။ ပြီးတော့ ကျွန်တော့်ကုမ္ပဏီမှာ လူအင်အားအများကြီးကိုပြတ်လပ်နေတာလေ။ ဒါကြောင့် ဒီကိစ္စကိုပိုပြီးအလေးထားဖို့ ကျွန်တော် တောင်းဆိုချင်တယ်။ တကယ်လို့ တစ်ခုခုအမှားအယွင်းဖြစ်သွားရင် ကျွန်တော်မှာပြင်ဆင်ထားတာတစ်ခုမှမရှိမှာမျိုးတော့မဟုတ်ဘူး”

စီလူကာက သူရဲ့ခေါင်းအကြီးအဖြင့် ခေါင်းအသာညိတ်လိုက်ပြီး “ကောင်းပါပြီ၊ ဥက္ကဌရှုက ဉာဏ်ကောင်းတဲ့လူသားတစ်ယောက်ပဲ။ မင်းမှာ ဖြေရှင်းချက်တစ်ခုရှိမယ်လို့ ယုံကြည်ပါတယ်။ အခြားမျိုးနွယ်စုက လူပုညီနောင်တွေအတွကဆိုရင်….” ထိုသို့ပြောပြီးနောက် စီလူကာက ခါးသက်သက်ပြုံးပြီး ကြည့်ရသည်မှာ အကူညီမဲ့နေပုံပေါ်ပြီး “သူတို့ရဲ့လက်ရှိဘဝတွေက အရင်တုန်းက ငါတို့မျိုးနွယ်စုထက်တောင် ပိုပြီးသာယာကောင်းမွန်နေတာ မဟုတ်ဘူး”

***

မှော်စက်မှုအင်ပါယာ

အခန်း ၀၇၂ ။ အန်ဂိုလာမျိုးနွယ်စု

အန်ဂိုလာလူပုမျိုးနွယ်စုက ရွာသူကြီးစီလူကာ ဦးဆောင်သည့် နော်မာမျိုးနွယ်စုနှင့် (၁၀၀) ကီလိုမီတာခန့်အဝေးမှာတည်ရှိပါသည်။ ရှုယီစီကလက်ခံရရှိပြီးနောက်နေ့မနက်မှာပဲ အန်ဂိုလာမျိုးနွယ်စုကိုယ်စားလှယ်တွေက ရောက်လာခဲ့ကြသည်။

ရှုယီ အံ့ဩသွားရသည့်တစ်ချက်တစ်ခုမှာ ကိုယ်စားလှယ်အဖွဲ့ကိုဦးဆောင်သည့်သူက သူတို့ရဲ့ ရွာသူကြီး မွန်တို ကိုယ်တိုင်ဖြစ်နေသည်။ ရွာသူကြီး မွန်တို ဘေးကလိုက်ပါလာကြသည့် ကိုယ်စားလှယ်နှစ်ဦးကလည်း အမြင့်ပိုင်းရာထူးနေရာက ဥက္ကဌအများပင်ဖြစ်ကြသည်။

ထိုအဖွဲ့အစည်းကိုကြည့်ရင်း ရှုယီ နားလည်သွားသည်မှာ အန်ဂိုလာမျိုးနွယ်စုအတွက် အဆိုပါညှိနှိုင်းမှုက အလွန်ကိုရေးကြီးသည့်အရာဖြစ်နေခဲ့သည်။ ထိုကြောင့် သူလည်း ရုပ်တည်ကြီးဖြစ်လာခဲ့သည်။

ဘယ်လိုပဲဖြစ်ဖြစ် ညှိနှိုင်းမှုဖြစ်စဉ်သည်လည်း သူ့ကို အံ့အားသင့်သွားစေခဲ့သည်။

လုပ်ငန်းစဉ်တစ်ခုလုံးဝကို ရိုးရှင်းစွာဖြစ်နေခဲ့သည်။ ရှုယီက သူပြင်ဆင်ထားပြီးဖြစ်သည့် အခြေအနေကို ရွာသူကြီးမွန်တိုနှင့်ဥက္ကဌ (၂)ယောက်ကိုပေးလိုက်ပြီး သူတို့(၃)ယောက်စလုံး ထိမ်ချန်ထားသည့်ပုံစံမတွေ့ရပဲ သူတို့ကိုကြည့်ရသည်မှာ စိတ်လှုပ်ရှားနေသည့်ဟန်ပေါ်နေသည်။ သူတို့က နောက်တစ်ကြိမ်တောင်ပြန်မစဉ်းစားပဲ သဘောတူခဲ့လိုက်သည်။ သူ့ကို အစကောင်းတစ်ခုလုပ်နိုင်ခဲ့ပြီလို့ ခံစားစေနိုင်ခဲ့သည်။

ဒါပေမယ့် အဆိုပါအခြေအနေတွေက အရင်က ရှုယီ စီလူကာကိုကမ်းလှမ်းခဲ့သည်ကိုအခြေခံထားခြင်းဖြစ်သည်။ ဒါ့အပြင် အပိုအကျိုးအမြတ်အခြေအနေတစ်ခုဖြစ်သည့် ဒီကနေ အန်ဂိုလာမျိုးနွယ်စုရွာအထိ လမ်းဖောက်လုပ်ခြင်းနှင့်သက်ဆိုင်သည့်တစ်ခုကိုမှ ထပ်ထည့်ထားခြင်းမရှိပါ။

ဤသို့ဖြစ်ရသည်က ရှုယီက လူသားစိတ်ဓာတ်ဖြင့် လူပုတွေရဲ့အတွေးကို နားလည်ဖို့ကြိုးစားခြင်းဖြစ်သည်။ လူပုတွေကို ကြမ်းတမ်းသည့်သူများ ဒါမှမဟုတ် တည့်တိုးသမားများလို့ မှတ်ယူရနိုင်ပေမယ့် သူတို့ ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ လူသားတွေနှင့်ကွဲပြားခြားနားနေသည်။

ရှုယီက လူသားတွေလိုညှိနှိုင်းခြင်းပုံစံကို အကိုးအကားပြုဖို့အတွက်အသုံးပြုထားသောကြောင့် သူက နှစ်ဖက်စလုံးနောက်တစ်ဆင့်ပြန်ဆုတ်ပြီး ငွေအကြေပေးဆပ်ခြင်းမလုပ်မီ ရွာသူကြီးမွန်တိုက ဈေးအတိုးအလျော့လုပ်လိမ့်မည်လို့ တွေးထားခဲ့သည်။

ရွာသူကြီးမွန်တိုနှင့် ဥက္ကဌနှစ်ဦးစလုံးက ထိုအခြေအနေမျိုးကို လက်ခံကြမယ်လို့ဘယ်သူကထင်မိမှာလဲ၊ ဈေးအတိုးအလျော့တောင်မှ မလုပ်ဘဲနဲ့လေ။

အမှန်တကယ်တော့ ရွာသူကြီးမွန်တိုနှင့် ဥက္ကဌ (၂)ဦး အလျင်အမြန်သဘောတူလိုက်သည်မှာ အကြောင်းအရင်းတစ်ခုရှိနေခဲ့သောကြောင့်ဖြစ်သည်။

အန်ဂိုလာမျိုးနွယ်စုက ဤနေရာကနေ မကွာဝေးသည့်နေရာမှာရှိနေပြီး လူပုညီနောင်တွေအချင်းချင်း နှစ်ဘက်စလုံးက တစ်ဘက်နှင်တစ်ဘက် အကြိမ်ကြိမ်အဆက်အသွယ်လုပ်နိုင်သောကြောင့် နော်မာမျိုးနွယ်စုရဲ့အခြေအနေကို ရှင်းရှင်းလင်းလင်းနားလည်သိရှိနိုင်သည်။

နော်မာမျိုးနွယ်စုနှင့် အန်ဂိုလာမျိုးနွယ်စုတို့က အတူတူဆင်းရဲဒုက္ခခံနေကြရသည့်သူများဖြစ်ကြပြီး နှစ်ဘက်စလုံးရဲ့ ဘဝအခြေအနေတွေက ကောင်းမွန်နေခဲ့ခြင်းမရှိပါ။

ဒါပေမယ့် လွန်ခဲ့တဲ့ (၂)လခန့် အချိန်တုန်းက လူသားတစ်ယောက်က ဒီကိုလာရောက်ပြီးနောက် အန်ဂိုလာမျိုးနွယ်စုကလူပုတွေ သိရှိလိုက်တာက နော်မာမျိုးနွယ်စု လူပုတွေရဲ့ဘဝက ရုတ်ချည်းဆိုသလို အများကြီးကောင်းမွန်လာခဲ့သည်။

နော်မာမျိုးနွယ်စုက အရွယ်ရောက်ပြီးလူပုရာကျော်ခန့်ကို ရှုယီက ခေါ်ဆောင်သွားခဲ့သောအခါ အန်ဂိုလာမျိုးနွယ်စုက နော်မာမျိုးနွယ်စုက သူတို့ကိုထပ်ပြီးထောက်ပံ့မပေးနိုင်တော့သည့်အတွက် သူတို့ရဲ့မျိုးနွယ်စုက လူတွေကို ထိုလူသားတစ်ယောက်ထံ အလုပ်ကြမ်းသမားအဖြစ်ရောင်းချနေတယ်လို့ တွေးနေခဲ့ကြတာပါ။ ဒါပေမယ့် သူတို့ သိရှိသွားသည် အဆိုပါကိစ္စများမဟုတ်ပေ။

အပြင်ထွက်ပြီးလူသားမျိုးနွယ်ရဲ့စက်ရုံမှာလုပ်ကိုင်နေသည့် လူပုတစ်ယောက်ကိုမေးမြန်းခဲ့ရာမှာ သူတို့နားလည်သွားတော့သည်။ သူတို့က အစားအသောက်အလုံအလောက်ရပြီး အိပ်စရာနေရာပါရသည့်အပြင် အမြင့်မားဆုံးလစာဖြစ်သည့် တစ်လကို ရွှေဒင်္ဂါး (၈) ပြားပါ ရရှိကြသေးသည်။

ပိုပြီးအရေးကြီးဆုံးအချက်က သူတို့ စက်ရုံမှာ ဝိုင်အရက်ကောင်များကို သောက်လို့ရသေးသည်။ ထိုဝိုင်အရက်ကောင်းသည်က နာမည်ကျော်ကြားသည့် ဆာချီမာနာဝိုင်တောင်ဖြစ်နေနိုင်သည်။

တစ်နယ်သားခြင်းဖြစ်သည့် နော်မာမျိုးနွယ်စုရဲ့ ဘဝတွေကောင်းမွန်လာတာကို သူတို့ကတိတ်တဆိတ်စောင့်ကြည့်နေခဲ့ကြသည်။ သူတို့စားသောက်ဖို့ အလုံအလောက်ရရှိနေရုံသာမက သူတို့က အဝတ်အစားသစ်များပါ ရရှိနေကြပြီး သူတို့ရဲ့အိမ်တွေကိုကောင် ပြင်ဆင်နေနိုင်ပါသေးသည်။ အန်ဂိုလာမျိုးနွယ်စုက လူပုများက ထူထူထောင်ထောင်ကိုမဖြစ်ကြသေးပေ။

ထိုအကြောင်းများကိုလေ့လာပြီးနောက် အပြောင်းအလဲများက ရှုယီလို့အမည်ရသည့် လူသားတစ်ယောက်ကြောင့်ဖြစ်ပြီး ရွာသူကြီးမွန်တိုက ရှုယီနှင့်တွေ့ဆုံဖို့ အကြံဉာဏ်ထုတ်နေခဲ့တာဖြစ်သည်။

အကယ်၍ ရှုယီလို့အမည်ရသည့် လူသားက အန်ဂိုလာမျိုးနွယ်စုကို သူကူညီခဲ့သည့် နော်မာမျိုးနွယ်စုကို ကူညီသလိုမျိုးသာလုပ်နိုင်ခဲ့ရင် သူတို့မျိုးနွယ်စုကလူတွေရဲ့ဘဝက ပြောင်းလဲလာနိုင်ပြီး သူတာဝန်ထားသည့် ရွာသူကြီး တာဝန်ကို အပြည့်ထမ်းရွက်နိုင်ခဲ့မည်ဖြစ်သည်။

ရွာသူကြီးမွန်တိုက ထိုကဲ့သိုစိတ်ပြင်ဆင်ထားပြီး စီလူကာက သူ့ကိုလာရှာကာ ရှုယီရဲ့တောင်းဆိုချက်ကို သူ့အား တည့်တိုးပြောခဲ့လိမ့်မည်ဟု ဘယ်သူကများထင်မိမှာလဲ။

ရှုယီက လူပုလက်မှုပညာရှင်များကို စုဆောင်းနေသည်ဟုကြားလိုက်ရသောအခါ ရွာသူကြီးမွန်တိုက စဉ်းတောင်မစဉ်းစားပဲ ချက်ခြင်းကိုသဘောတူခဲ့သည်။

နော်မာမျိုးနွယ်စုနှင့် နှိုင်းယှဉ်ကြည့်လျှင် အန်ဂိုလာမျိုးနွယ်စုက အတော်ပိုကြီးမားပြီး လူဦးရေ (၂) ဆခန့်ပိုရှိနေသည်။

နော်မာမျိုးနွယ်စုက လူပုလက်မှုပညာရှင် တစ်ရာခန့်သာထုတ်ပေးနိုင်ပေမယ့် အန်ဂိုလာမျိုးနွယ်စုကတော့ အယောက်နှစ်ရာခန့် ထုတ်ပေးနိုင်ပါသည်။

ရွာသူကြီးမွန်တိုက အံ့ကြိတ်ပြီးတောင် သူအနေဖြင့် အရွယ်ရောက်ပြီးသားလူပု (၃၀၀) ကို Frestech ကုန်သည်ကြီးများအသင်း အတွက်အလုပ်လုပ်ပေးနိုင်ကြောင်း တည့်ပဲပြောချလိုက်သည်။

ဘေးမှာရှိနေသည့် ရွာသူကြီးစီလူကာက အထိတ်တလန့်ဖြစ်သွားခဲ့ကာ “မွန်တို မင်းရူးများနေသလား။ မင်းရဲ့မျိုးနွယ်စုမှ အရွယ်ရောက်ပြီးတဲ့သူဘယ်နှစ်ယောက်ရှိတာလဲ။ တကယ်လို့ မင်းက အယောက် (၃၀၀)လောက် မျိုးနွယ်စု ထွက်ခွာခွင့်ပြုလိုက်ရင် ကျန်ခဲ့တဲ့သူတွေက ဘယ်လိုမျိုးနွယ်စုကိုဆက်ပြီး ထိန်းသိမ်းကြမလဲ။”

ရွာသူကြီးမွန်တိုနှင့်ဥက္ကဌနှစ်ယောက်က တစ်ဦးကိုတစ်ဦးကြည့်ကာ ရယ်လိုက်ကြပြီး “အဲ့ဒါက ပြဿနာမဟုတ်ပါဘူး။ အဲ့ဒါက မျိုးနွယ်စုမှာ တစ်ယောက်တည်းတော့ကျန်ခဲ့ပြီး အကုန်ထွက်သွားကြမှာမဟုတ်ဘူးလေ။ အဆိုးအဆုံးတော့ သူတို့အတော်လေးတော့ ခံစားကြရမှာပေါ့။ နောက်ထပ်ပြောရရင် ဥက္ကဌကြီးရှုက ငါတို့မျိုးနွယ်စုကသူတွေ စက်ရုံမှာလုပ်ကြဖို့အတွက် လစာငွေကို ငါတို့နဲ့သဘောတူညှိနှိုင်းတဲ့အထိရောက်ရှိသွားပြီလေ။ သူတို့က အချိန်ခဏစာလောက်ဒဏ်ခံပြီး ငါတို့မျိုးနွယ်စုကလူတွေရဲ့လစာရတဲ့အချိန်ကိုစောင့်နေလိုက်တာက ထုံးစံအတိုင်း ပိုပြီးလွယ်ကူမသွားပေဘူးလား။ မင်းရောအဲ့လိုထင်မိရဲ့လား ဥက္ကဌကြီးရှု။”

ရှုယီကခပ်ရေးရေးပြုံးပြကာ ခေါင်းညိတ်လိုက်ပြီး “ရွာသူကြီးမွန်တို စိတ်ချထားလို့ရတာက ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းက လူပုတွေနဲ့ ပျော်ရွှင်တဲ့အတူပူးပေါင်းလုပ်ဆောင်မှုကို လိုလားပါတယ်။ ဒါကြောင့် ကျွန်တော်တို့က လုံးဝကို လစာပေးဖို့ကို တွန့်တိုနေမှာမဟုတ်ပါဘူး။ ဒါပေမယ့် ရွာသူကြီးစီလူကာ ပြောတာအတော်ကို ယုတ္တိရှိပါတယ်။ ရွာသူကြီးမွန်တို၊ တကယ်လို့ ခင်ဗျားသာ ရုတ်တရက်ကြီး လူအယောက် (၃၀၀)ကို စေလွှတ်ခဲ့ရင် မျိုးနွယ်စုမှာ ကျန်ခဲ့တဲ့သူတွေရဲ့ဘဝတွေမှာ အတော်လေးကို ကြီးမားတဲ့ ထိခိုက်မှုတွေရှိလာနိုင်တယ်ပါတယ်။”

ရှုယီက သူ့ကိုငြင်းဆန်ချင်နေသည်ကို ကြည့်ရင်း ရွာသူကြီးမွန်တိုက လက်ကိုအမြန်ရမ်းပြလိုက်ပြီး “မ..မ…မဟုတ်ပါဘူး အဲ့လိုမျိုးမဖြစ်ဘူး၊ အဲ့ဒါနဲ့ပတ်သတ်ပြီး ပြဿနာကိုမရှိဘူး။ တကယ်ကြီးကိုပဲ အဲ့ဒါကပြဿနာမဟုတ်ဘူး။ ကျုပ်က ဥက္ကဌကြီးရှုထက် မျိုးနွယ်စုအတွင်းကအခြေအနေကို ပိုပြီးရှင်းရှင်းလင်းလင်းသိပါတယ်။ တကယ်လို့ လူ(၃၀၀) လွှတ်ဖို့က လုံးဝကိုပြဿနာမရှိတာပါ။”

စိတ်ဆန္ဒစောနေတဲ့ ရွာသူကြီးမွန်တိုအဖြစ်ကိုကြည့်ရင်း ဥက္ကဌနှစ်ဦးနှင့် ရှုယီတို့မှမတတ်နိုင်ပဲ စိတ်ထဲကနေ သက်ပြင်းချနေလိုက်ကြသည်။

ရွာသူကြီးစီလူကာနှင့် ညှိနှိုင်းမှုပြုလုပ်ရန် မာစတာလန့်စ်နှင့်အတူ နော်မာမျိုးနွယ်စုကို လာခဲ့တုန်းက လူပုတွေရဲ့ ဘဝအခြေအနေက အတော်လေးကို စုတ်ပြတ်နွမ်းပါးနေခဲ့သည်ကို သူတွေ့ခဲ့ရသည်။ သူက ရွှေဒင်္ဂါး (၅၀၀)ပေးမည့်ကတိတစ်ခုလေးနှင်တောင် ရွာသူကြီးစီလူကာကိုလွယ်ကူစွာ သဘောထားပြောင်းနိုင်ခဲ့သည်။ အခုတော့ အန်ဂိုလာရွာသူကြီးနှင့်ဥက္ကဌနှစ်ဦးတို့၏အမူအရာကိုကြည့်ပြီး နော်မာမျိုးနွယ်စုရဲ့ အခက်အခဲတွေက လူပုမျိုးနွယ်တိုင်း ဖြစ်နေကြအခက်အခဲပြဿနာတွေလိုဖြစ်နေခဲ့သည်။

“ရွာသူကြီးမွန်တို ဆန္ဒစောမနေပါနဲ့၊ ကျွန်တော်ပြောတာကိုအရင်နားထောင်ပါ” ရှုယီက ဖြေးညင်းစွာပြောလိုက်သည် “တကယ်တော့ ကျွန်တော်မှာအခြားဆုံးဖြတ်ရမယ့်အပိုင်းတွေရှိသေးတယ်။ ကျွန်တော်တို့ ကုမ္ပဏီက ထူးချွန်တဲ့လူပုလက်မှုပညာရှင်အမြောက်အမြားကို ကျွန်တော်တို့အလုပ်မှာ ကူညီလုပ်ကိုင်ဖို့အတွက် လိုအပ်နေပေမဲ့ တကယ်လို့ လူပုအယောက် (၃၀၀)ကို တစ်ကြိမ်တည်းခန့်ထားခဲ့ရင် ကျွန်တော်တို့ကုမ္ပဏီအတွက် သူတို့ကို နေရာချထားပေးဖို့ အတော်ကိုခက်ခဲ့ပါလိမ့်မယ်။ လတ်တလောမှာတော့ ကျွန်တော်တို့ အယောက် (၁၀၀)လောက်ကိုပဲ ခန့်နိုင်သေးတယ်။”

“အယောက်၁၀၀တည်းပဲလား။ ဒါက အတော်ကိုနည်းတာပဲ” ရွာသူကြီးမွန်တို နှင့်ဥက္ကဌနှစ်ဦးတို့မှာ စိတ်ပျက်သွားဟန်တူသည်။

“ကျွန်တော်ပြီးအောင်ပြောပါရစေ” ရှုယီကပြုံးလိုက်ကာ ဆက်ပြောလိုက်သည် “လက်မှုပညာရှင် လူပုအယောက်တစ်ရာကို ကျွန်တော်တို့ ကုမ္ပဏီစက်ရုံမှာ လုပ်ကိုင်ဖို့ လိုအပ်နေတဲ့အပြင် ကျွန်တော်က အတွေ့အကြုံရှိတဲ့လူပုလက်မှုပညာရှင်တွေကို သတ္တုပစ္စည်းတွေကို စမ်းသပ်လေ့လာဖို့အတွက်ပါ လိုအပ်နေပါသေးတယ်။ အဲ့ဒါကိုရော ရွာသူကြီးမွန်တို စိတ်ဝင်းစားခဲ့ရင် ကျွန်တော်ဝမ်းသားမိပါပဲဗျာ”

“သတ္တုပစ္စည်းများစမ်သပ်လေ့လာခြင်းတဲ့လား။ အဲ့ဒါကဘာလဲ” ရွာသူကြီးမွန်တိုနှင့် ဥက္ကဌနှစ်ဦးစလုံး တွေဝေသွားခဲ့ကြသည်။

ရှုယီက ရွာသူကြီးစီလူကာကိုကြည့်လိုက်ပြီး သူက ချက်ခြင်းဆိုသလို သဘောပေါက်သွားခဲ့သည်။ ချောင်းဟန့်လိုက်ပြီး သူက ထိုအကြောင်းကို သူတို့သုံးယောက်အား စတင်ရှင်းပြလိုက်သည်။

နာရီဝက်ခန့်ကြာပြီးနောက် ရွာသူကြီးမွန်တိုနှင့် ဥက္ကဌနှစ်ဦးတို့က နားလည်သဘောပေါက်သွားခဲ့ပုံရသည်။

“အဲဒီသဘောက …. သတ္တုတွေကိုသုတေသနလေ့လာခြင်းလိုက်ပြောလို့ရပြီး သံရည်ကြိုသွန်းလုပ်ခြင်းနည်းလမ်းတွေကို စမ်းသပ်ရုံပဲပေါ့ဟုတ်လား “ ရွာသူကြီးမွန်တိုကမေးလိုက်သည်။

“ဒါကက ယေဘူယျသဘောတရားပါ။ ဒါပေမယ့် အဲ့ဒါမှာ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့အချက်အလက်တိကျမှု ရှိဖို့ပိုပြီးလိုအပ်တယ်” ရှုယီကခေါင်းတစ်ချက်ညိတ်လိုက်ပြီးပြောလိုက်သည်။

ရွာသူကြီးမွန်တိုက ထိုအကြောင်းကိုစဉ်းစားပြီး “ဥက္ကဌကြီးရှု၊ မင်းဆိုလိုချင်တဲ့သဘောက ငါတို့ မျိုးနွယ်စုကလူတွေနှင့် လူပုညီနောက်တွေက သတ္တုသုတေသနလေ့လာတာတွေလုပ်ပြီး Frestech ကုန်သည်ကြီးများအသင်းကို ဒီကနေအကူညီပေးနေရမှာပေါ့ဟုတ်လား”

“ဟုတ်ပါတယ်။ သတ္တုသုတေသနလုပ်ဖို့ရာက အတွေ့အကြုံအများကြီးရှိဖို့လိုအပ်ပါတယ်။ ပြီးတော့ ရွာသူကြီးစီလူကာဆီမှာလူတချို့ရှိပေမဲ့ မလုံလောက်သေးဘူးလို့ ကျွန်တော်ခံစားရတယ်၊ ဒါကြောင့် ဒီသုတေသနမှာ သူနဲ့အတူတူကူညီပေးဖို့ လူပုညီနောင်တွေကို ပိုပြီးရှာဖွေချင်နေတာပဲ။ တကယ်လို့ ရွာသူကြီးမွန်တိုသာစိတ်ဝင်စားခဲ့ရင်ပေါ့”

ရွာသူကြီးမွန်တိုကမျက်မှောင်ကြုတ်ပြီးမေးလိုက်သည် “ဒါပေမယ့် အဲ့ဒါမှာ ကျုပ်တို့မျိုးနွယ်စုအတွက် ဘယ်လိုအကျိုးအမြတ်ခံစားခွင့်တွေရှိနေလဲ”

ရှုယီကခပ်ရေးရေးပြုံးလိုက်ပြီး။ အဆိုပါသုတေသနက စိုင်စ်နယ်မြေမှာဘယ်လောက်တောင် အရေးကြီးသည်ဆိုတာကို သူတို့အားရှင်းပြဖို့ရာက လဟဿလေကုန်မည်ကိုသူသိနေခဲ့တာကြောင့် သူကတည်လက်ဝါးကိုရိုက်လိုက်ပြီး

“ကျွန်တော်ကအသိအမှတ်ပြုလိုက်တဲ့ မည်သည့်ရလဒ်မဆို ရွှေဒင်္ဂါး (၅၀၀) ဆုအဖြစ်ရရှိမယ်”

“ရွှေဒင်္ဂါး (၅၀၀)ပြား ဟုတ်လား” ရွာသူကြီးမွန်တိုနှင့်ဥက္ကဌနှစ်ဦးတို့မျက်လုံးများကြုံသွားကာ သူတို့မျက်နှာပေါ်မှာတုန်လှုပ်သွားသည်။

သူတို့မျိုးနွယ်စုလူတွေကို Frestech ကုန်သည်ကြီးများအသင်းမှာအလုပ်

လစာကြောင်းဆွေးနွေးပြီးသွားသောအခါ သူတို့က တစ်လလျှင် ရွှေဒင်္ဂါး (၈) ပြားသာရရှိကြမည်ဖြစ်သည်။ လူအများကြီးရှိနေခြင်းကြောင့် အလွန်များသည့် ပမာဏမဟုတ်သောကြောင့် အထူးတလည်ပုံစံမျိုးဖြစ်မနေခဲ့ပါ။

အခုချိန်မှာတော့ ရှုယီက ချက်ခြင်းကြီး ရွှေဒင်္ဂါး (၅၀၀) ကိုပြောလိုက်သည်ကြောင့် လူပုသုံးယောက်စလုံးကိုတွေဝေမိန်းမောသွားစေခဲ့သည်။

ရွာသူကြီးမွန်တိုကဘေးမှာရှိနေသည့် ရွာသူကြီးစီလူကာကို မနေနိုင်တော့ပဲ ကြည့်နေလိုက်သည်။ သူမျက်လုံးများက မြင့်မားသည့်စွမ်းရည်များရှိသည့်လူသားစက်ချုပ်ဆရာက ချုပ်လုပ်ထားသည့် ဇိမ်ခံအဝတ်အစားများပေါ်သို့ ကြွေဆင်းသွားခဲ့ပြီး မနာလိုသည့်အကြည့် သူမျက်လုံးမှာပေါ်လာခဲ့သည်။

ဒီစီလူကာက လွန်ခဲ့သည့် (၃)လလောက်တုန်းကဆုတ်ပြဲနေသည့်အဝတ်ညံ့များကိုသာ ဝတ်ဆင်နေတုန်းပဲဖြစ်ပေမဲ့ အခုအချိန်မှာတော့ သူက လှပသောအဝတ်အစားများကို ပြောင်းလဲနိုင်နေပြီဖြစ်သည်။ သည်လိုပြောင်းလဲသွားရသည့်အကြောင်းက ရှင်းပါသည်။ လူသားကုန်သည်နှင့်အတူတွဲလုပ်ကိုင်ခဲ့လိုပဲဖြစ်သည်။

ထို့နောက် နော်မာမျိုးနွယ်စုတွေကြားလမ်းလျှောက်လာခဲ့ချိန်တုန်းက သူမြင်ခဲ့သည် အံ့ဩစရာကောင်းလောက်သည့်ပြောင်းလဲမှုအကြောင်းကိုတွေးပြီး ရွာသူကြီးမွန်တိုက ချက်ခြင်းကြီးဆိုသလို စိတ်ကိုခိုင်ခိုင်ထားလိုက်ကာ ရှုယီကို မာန်ပါပါခေါင်းညိတ်ပြလိုက်တော့သည်။

“ကောင်းပြီလေ၊ ငါတို့ဒါကို သဘောတူပါတယ်”

ရှုယီက ချက်ခြင်းကြီး အလေးအနက်ပြုံးလိုက်ပြီး ရွာသူကြီးမွန်တိုရဲ့လက်ကို တင်းကြပ်စွာဆုပ်ကိုင်ထားလိုက်သည်။

အမှန်တကယ်တော့ အဖိုးအခအများကြီး ရှုယီက ကတိပြုလိုက်သည့်အချိန်တည်းက ရွာသူကြီးမွန်တိုကစိတ်လှုပ်ရှားနေတာဖြစ်သလို ရှုယီသည်လည်းပဲ အရမ်းကို စိတ်လှုပ်ရှားနေခဲ့သည်။

ဒီတခေါက်သူရဲ့ခရီးကနေ အကျိုးကျေးဇူးမျိုးစွာ ရရှိလာခဲ့သည်။ လူအင်အားမလုံလောက်မှုပြဿနာကိုဖြေရှင်း နိုင်ခဲ့ရုံသာမက သတ္တုသုတေသနလေ့လာမှုတွင်ပါ တိုက်တိုက်ဆိုင်ဆိုင်ပင် ကြီးမားသည့် အကျိုးရလဒ်များရရှိခဲ့သည်။

အကယ်၍ အန်ဂိုလာမျိုးနွယ်စုလူပုတွေက မူရူနှင့်အခြားသူတွေလိုမျိုး သတ္တုစပ်အနည်းငယ်လောက်ကို သုတေသနပြုလေ့လာနိုင်ခဲ့လျှင်ပင် ရှုယီရဲ့ စိုင်စ်နယ်မြေမှာ စက်မှုဇုံနည်းစနစ်တည်ဆောက်ခြင်းအစီအစဉ်အတွက်များစွာသော အထောက်အကူပြုစေမှာဖြစ်သည်။

ထိုအပြင် အဆိုပါ လူပုမျိုးနွယ်စုနှစ်စုနှင့် ထိတွေ့ဆက်ဆံနိုင်ခဲ့သည်အတွက် သူ့အနေဖြင့် အခြားလူပုမျိုးနွယ်စုများနှင့််ပါ ကောင်းမွန်သည့် ဆက်ဆံရေးဖော်ဆောင်နိုင်မည်ဖြစ်သည်။

ဒီအတွက်ကြောင့် အခြားလူသားမျိုးနွယ်တွေအပေါ် အကျိုးသက်ရောက်မှုမရှိပေမယ့် ရှုယီအတွက်တော့ အတော်ကို ကြီးမားသည့် ချမ်းသာကြွယ်ဝမှုပင်ဖြစ်သည်။

အကယ်၍များသူက ထိုချမ်းသာကြွယ်ဝမှုကို သူရဲ့လက်မှာ ဆုပ်ကိုင်ထားနိုင်ပါက ရှုယီရဲ့နှလုံးသားထဲက ယုံကြည်မှုသည် သဘာဝအရ ပိုပြီးခိုင်မာလာမှာဖြစ်သည်။

***

မှော်စက်မှုအင်ပါယာ

အခန်း ၀၇၃ ။ သတ္ထုကြောရှာဖွေခြင်း

အဲ့ဒီအပြင် ထိုသို့ဖြစ်ရသည့်အကြောင်းက သူတို့က နော်မာမျိုးနွယ်စု ပြောင်းလဲသွားသည်ကို မျက်မြင်ကိုယ်တွေ့ခဲ့သောကြောင့်ဖြစ်သည်၊ ရွာသူကြီးမွန်တိုနှင့်ဥက္ကဌနှစ်ဦးတို့က ရှုယီနှင့်ပူးပေါင်းလုပ်ဆောင်မှုကို ယုံကြည်ချက်ရှိရှိဖြင့် လက်ခံခဲ့ခြင်းဖြစ်သည်။ ဒါကြောင့် အဆိုပါညှိနှိုင်းမှုတွေက… အိုး မဖြစ်ဘူး၊ သူတို့က စီးပွားရေးဆိုင်ရာ ဆွေးနွေးမှုတွေကို အရမ်းကိုချောချောမွေ့မွေ့ပြီးစေချင်တာနဲ့တူတယ်။

ရက်အနည်းအတွင်းမှာပဲ ရှုယီက ရွာသူကြီးမွန်တိုနှင့်အတူ အသေးစိတ်အချက်အလက်များကို ပြင်ဆင်ဆောင်ရွက်နေခဲ့သည်။

အန်ဂိုလာမျိုးနွယ်စုက လူပုလက်မှုပညာရှင်အ‌ယောက်တစ်ရာကို ကမ်ဘီနှင့်အခြားလူပုတွေပေးသလိုပင် သူတို့အား တစ်လလျှင် ရွှေဒင်္ဂါး (၈)ပြားကို လစအဖြစ်ပေးအပ်ခဲ့သည်။

ဒါပေမယ့် အခြားသောအကျိုးခံစားခွင့်များကိုမှု၊ အတော်များများကို ချန်လှပ်ထားခဲ့လိုက်သည်။

ထိုသို့ဖြစ်ရသည့်အကြောင်းရင်းက ကမ်ဘီရဲ့အဖွဲ့က Frestech ကုန်သည်ကြီးများအသင်း မှာ (၂)လအကြာလုပ်ကိုင်ခဲ့ပြီးဖြစ်သောကြောင့် လေ့ကျင့်ပေးထားသည့်ကျွမ်းကျင်အလုပ်သမားဖြစ်သွားသောကြောင့်ဖြစ်သည်။ အန်ဂိုလာမျိုးနွယ်စုက လူပုများက အသစ်ခန့်အပ်ထားသူဖြစ်သောကြောင့် ထုံးစံအတိုင်း သူတို့အား အကျိုးခံစားများကို တူညီစွာပေးဖို့ မဖြစ်နိုင်ချေ။

ရွာသူကြီးမွန်တိုနှင့်ဥက္ကဌ (၂)ဦးက ထိုကိစ္စနဲ့ပတ်သတ်ပြီး ဘာမှပြောဆိုခြင်းမရှိကြဘဲ သူတို့ မျိုးနွယ်စုကလူတွေအတွက် တစ်လ ရွှေဒင်္ဂါး (၈)ပြားရရှိနေသည်မှာ သူတို့အတွက် ကျေနပ်လောက်စရာဖြစ်နေခဲ့သည်။

ရှုယီက အန်ဂိုလာမျိုးနွယ်စုမှာ သတ္တုသုတေသနဓာတ်ခွဲခန်း ဖန်တီးပေးမည်ဆိုသည့် ကတိပေးထားသည်ကို ထည့်မတွက်နှင့်။ သူက တစ်လလျှင် သုတေသနရန်ပုံငွေ ရွှေဒင်္ဂါး (၁၀၀) ကို ပေးနေရုံသာမက Frestech ကုန်သည်ကြီးများအသင်းအတွက်အသုံးဝင်ပြီး အောင်မြင်သည့် ပရောဂျက်လုပ်ဆောင်နေသည်ရွေ့သူတို့က ရွှေဒင်္ဂါး (၅၀၀) ကိုပါအပိုဆုအဖြစ်ရရှိနေအုံးမှာပါ။

အန်ဂိုလာမျိုးနွယ်စုအနေဖြင့် ဆင်းရဲမွဲတေနေခဲ့သည်မှာ အတော်ကြာခဲ့ပြီးဖြစ်ပြီး သူတို့မျိုးနွယ်စုက လူတွေ Frestech ကုန်သည်ကြီးများအသင်းမှာ လစာငွေ တစ်လလျှင် ရွှေဒင်္ဂါး (၈)ပြားရရှိနေမှာဖြစ်ပြီး ထို့အပြင် မည်သည်အောင်မြင်မှုမျိုးမဆို အပိုဆုကြေး ရွှေဒင်္ဂါး (၅၀၀)ပြားရရှိနေမည်က မိုးခေါင်းခြင်းတွေကုန်ဆုံးသွားပြီး မိုးစတင်ရွာလာခြင်းကဲ့သို့ပင်တူနေတော့သည်။ သူတို့က ထိုကိစ္စနှင့်ပတ်သတ်ပြီး စိတ်ကျေနပ်မှုရှိနေသောကြောင့် ဒီလိုအချိန်မျိုးမှာ သူတို့က ဘယ်လိုအကြောင်းကြောင့် နောက်ထပ်တောင်းဆိုစရာရှိမှာမဟုတ်ပါ။

လူပုများက ရိုးသားပြီးဖြောင့်မတ်ကျပြီး အခု ရှုယီက အဆိုပါအခြေအနေမျိုး ပေးခဲ့တာကြောင့် သူတို့က ကယ်တင်လိုက်သလိုပင်ဖြစ်နေတော့သည်။

ဒါကြောင့် ရွာသူကြီးမွန်တိုနှင့်ဥက္ကဌနှစ်ဦးတို့က ရှုယီကို အန်ဂိုလာမျိုးနွယ်စုဆီသို့ ဧည့်သည်တော်အဖြစ် ပြန်ခေါ်ဆောင်လိုပြီး ဘယ်လိုနည်းနည်းနှင့်ပဲဖြစ်ဖြစ် ကျေးဇူးတင်ကြောင်းကိုပြသချင် နေခဲ့ကြသည်။

ရှုယီကသူတို့ရဲ့ စိတ်ရင်းသဘောကောင်းမှုကို မငြင်းဆိုနိုင်ခဲ့ဘဲ အဆုံးမှာတော့ သူတို့နောက်ကိုလိုက်ခဲ့သည်။ ရွာသူကြီး စီလူကာနှင့် ကမ်ဘီတို့နှင့်အတူ အန်ဂိုလာမျိုးနွယ်စုဆီသို့ ဦးတည်ထွက်ခွာလာခဲ့သည်။

ထိုသို့ဖြစ်ရသည့်အကြောင်းက သူတို့ရဲ့လူဦးရေပမဏက နော်မာမျိုးနွယ်စုထက်ပိုမိုများပြားသောကြောင့် အရင်က နော်မာမျိုးနွယ်စုတွေထက် အန်ဂိုလာမျိုးနွယ်စုတွေရဲ့ ဘဝက နည်းနည်းလောက်ကောင်းမွန်နေဖို့ဖြစ်ကောင်းဖြစ်နိုင်သည်။ ဒါပေမယ့် အကန့်အသတ်တစ်ခုကရှိနေခဲ့ပြီး သူတို့တွေက မငတ်ရုံမတမယ်နေထိုင်ကြတာဖြစ်သည်။

ဒါပေမယ့် လက်ရှိ နော်မာမျိုးနွယ်စုနှင့် ယှဉ်ကြည့်လိုက်လျှင် ကောင်းကင်နှင့်မြေကြီးလိုကွာခြားနေတော့သည်။

အန်ဂိုလာမျိုးနွယ်စုကိုလှည့်ပတ်ကြည့်ရှုပြီးနောက် ရှုယီက သူယူလာသည့် သကြားလုံးကို လူပုကလေးငယ်လေးတစ်ယောက်က ပျော်ရွှင်စွာစားနေသည်ကိုမြင်ခဲ့ပြီး သူကမနေနိုင်တော့ပဲ ရွာသူကြီးစီလူကာကို “ဘာကြောင့်များ လူပုတွေရဲ့ဘဝက အရမ်းကိုခက်ခဲနေတာလဲဆိုတာ ကျွန်တော်အရမ်းကိုသိချင်နေတာ။ လူပုတွေက အရမ်းကိုအလုပ်ကြိုးစားတယ်၊ နာကျင်မှုဒဏ်ကိုခံနိုင်ရည်ရှိကြတယ်။ ပြီးတော့ ကောင်းမွန်တဲ့ပန်းပဲနည်းပညာကိုလည်းပိုင်ဆိုင်ထားကြတယ်၊ သူတို့က သာမန်ဘဝတစ်ခုက ရရှိပိုင်ဆိုင်သင့် တယ်မဟုတ်ဘူးလား”

ရွာသူကြီးစီလူကာနှင့် ရွာသူကြီးမွန်တိုတို့က တစ်ဦးကိုတစ်ဦးကြည့်လိုက်ပြီး ခါးသက်သက်ပြုံးလိုက်သည်။

ခဏအကြာမှာတော့ ရွာသူကြီးစီလူကာက သက်ပြင်းချလိုက်ကာ “ ဥက္ကဌရှု ဒီပြဿနာကို မင်းအနေနဲ့ အမှန်တကယ်မေးသင့်တာက မင်းရဲလူသားမျိုးနွယ်က မိတ်ဆွေတွေကိုပဲ။” ဆိုပြီးပြောလိုက်သည်။

“အိုး..” ရှုယီက ရွာသူကြီးစီလူကာကိုကြည့်လိုက်ကာ သိချင်စိတ်ပြင်းပြသည့်စူးစိုက်ကြည့်လိုက်ပြီး “ဘာကြောင့်လဲ”

“အဲ့ဒါက ရှင်းရှင်းလေးပါ။ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက မျိုးနွယ်စုတိုက်ပွဲမှာ ကတည်းက လူသားတွေက လုံးဝကိုအနိုင်ရရှိခဲ့ပြီး စိုင်စ်နယ်မြေရဲ့ နေရာကောင်းတွေကို သိမ်းယူခဲ့ကြတယ်။ ငါတို့ လူပုတွေ၊ သားရဲတစ်ပိုင်းလူသားတွေနှင့် မတွေ့ရတာတောင်ကြာပြီဖြစ်တဲ့ ဟက်ဖင် ( Halfings- လူသားတွေရဲ့တစ်ဝက်လောက်သာရှိသောသူများ-တစ်နည်း Lords of the Rings ထဲက Hobbit များ) ငါတို့က ကျတ်တီးမြေ(စိုက်ပျိုး၍မရသောမြေ)မှာသာ နေထိုင်ခဲ့ကြရပြီး စားဖို့တောင်အနိုင်နိုင်ဖြစ်ခဲ့ရတာ။ တကယ်လို့ ငါတို့က လူသားလက်ထဲကနေ အစားအစာရရှိဖို့အတွက် ငါတို့ကအဖိုးအခအများကြီးပေးဝယ်ဖို့လိုတယ်။ ဥက္ကဌရှု မင်းက ဘန်တာမြို့ကနေလာတဲ့သူနော်။ မင်းကိုမေးရအုံးမယ်၊ ဘန်တာမြို့မှာ ဂျုံတစ်ပေါင်စာအတွက် ဘယ်လောက်ကုန်ကြပါသလဲ”

ရှုယီမှာ အံ့ဩသွားခဲ့သည်။ သူက ပြန်မပြောခင် စဉ်းစားလိုက်ပြီး “ကျွန်တော်မှတ်မိရသလောက် ဈေးနှုန်းက တစ်ပေါင်ကို ငွေဒင်္ဂါး (၁၄) ပြားလောက်ပဲရှိမယ်ထင်တယ်”

“တွေ့တယ်မို့လား။ အဲ့ဒါက တစ်ပေါင်ကို ငွေဒင်္ဂါး (၁၄) ပြားပဲရှိတာ” ရွာသူကြီးစီလူကာက နှာတစ်ချက်မှုတ်လိုက်ပြီး သူ့ရဲလေသံထဲမှာ မကျေနပ်ချက်တွေဆက်ပြီးဖုံးကွယ်မထားတော့ပဲ “မင်းတို့ လူသားတွေ ဂျုံတစ်ပေါင်ကို ငါတို့ကို ဈေးနှုန်းဘယ်လောက်ရောင်းတယ်ဆိုတာမင်းသိလား”

ရှုယီကမျက်မှောင်ကြုတ်လိုက်သည်။ မေးနေစရာပင်မလိုတော့ အတော်များသည့်ဈေးဖြစ်မည်ဆိုတာက သူသိနေခဲ့ပြီးဖြစ်သည်။

မျှော်လင့်ထားသကဲ့သို့ ရွာသူကြီးစီလူကာက သူရဲ့လက်ချောင်းတုတ်ကြီးကိုမြှောက်လိုက်သည်။

“ရွှေဒင်္ဂါး (၁)ပြားပဲ၊အဲ့ဒါနဲ့ ဂျုံတစ်ပေါင်ပဲ ဝယ်လို့ရနိုင်တယ်၊ ဥက္ကဌရှု မင်းသိရဲ့လား။ ငါတို့ လူပုတွေက မင်းတို့လိုလူသားများနွယ်တွေထက် အစားစာပိုစားဖို့လိုပြီး ငါတို့တစ်ယောက်စီတိုင်းက တစ်နပ်ကို ဂျုံပေါင်ဝက်လောက် စားနိုင်ကြတယ်။ အဲ့ဒီသဘောက ရွှေဒင်္ဂါး (၁)ပြားကငါတို့ လူပုတွေအတွက် တစ်ရက်စာပဲရှိတယ်။” ထိုသို့ပြောပြီးနောက် ရွာသူကြီးစီလူကာရဲ့အသံမှာ ဒေါသတွေပြည့်လာခဲ့သည်။ အဲ့ဒါက ရှင်းပါတယ်၊ လူသားတွေက အစားစာတွေကို အချိန်အတော်ကြာကတည်းက မတန်တဈေးနှင့်ရောင်းချနေသည့်အပေါ်သူရဲ့ ဒေါသတွေကို ချိုးနှိမ်ထားခဲ့တာကြောင့်ပင်။ “ငါတို့ လူပုတွေက ဝိုင်ကောင်းကောင်းသောက်ချင်ကြတဲ့ အကျင့်လည်းရှိတယ်။ ဒါပေမယ့် ဝိုင်ကောင်းကောင်းသောက်ရဖို့က ဂျုံတွေအများကြီးလိုတယ်လေ။ လူသားတွေဆီက ခက်ခက်ခဲခဲနဲ့ရလာတဲ့ ဂျုံတွေကို သိမ်းဆည်းထားနိုင်ဖို့ ငါတို့ နော်မာမျိုးနွယ်စုတွေမှာ ဝိုင်သောက်ဖို့ကို တားမြစ်ထားရတယ်၊ မင်းသိရဲ့လား၊ နောက်ဆုံးအကြိမ် မင်းငါတို့ မျိုးနွယ်စုလာတုန်းက (၂)နှစ်အတွင်းမှာ ငါတို့ ပထမဆုံးဝိုင်သောက်ရတာပဲ။”

ရှုယီလည်းမနေသာတော့ပဲ ခါးသက်စွာပြုံးလိုက်သည်။ ဝိုင်ကိုနှစ်သက်ကြသည့် ထိုလူပုများအတွက် (၂)နှစ်အကြာမသောက်ရပဲ နေရသည်မှာ အတော်နာကြင်စရာကောင်းသည့်ကိစ္စဖြစ်သည်။

ရှုယီက ကမ်ဘီရဲ့လက်အောက်က လူပုများကို ဆုအဖြစ် ဆာချီမာနာကနေဝိုင် တိုက်မည်ကတိပေးခဲ့သောအခါမှာ လူပုတွေရဲ့ စိတ်အားထက်သန်မှုက လှိုင်းလုံးကြီးသဖွယ်ကြွတက်လာသည်က အံ့ဩလောက်စရာမဟုတ်ခဲ့ပါ။

ထိုအကြောင်းများကိုစဉ်းစားပြီး ရှုယီမှာ နေမထိမထိုင်သာဖြစ်နေတော့သည်။

“အဲ့လိုတော့မဖြစ်သေးဘူးလေ ရွာသူကြီးစီလူကာ ခင်ဗျားပြောပုံအရ ရွှေဒင်္ဂါးပြားအစားအခြားလဲလှယ်ရတာမျိုးမရှိဘူးလား ဘဝရဲ့လိုအပ်ချက်ဂျုံတွေအတွက်ပေါ့။”

“အဲဒါကတော့ ရှင်းပါတယ်။ ငါတို့ သတ္တုရိုင်းတွေကိုအသုံးပြုတယ်” ရွာသူကြီးစီလူကာက အန်ဂိုလာမျိုးနွယ်စုအပြင်ဘက် တောင်ကို လက်ညှိုးထိုးပြလိုက်သည်။ “အဲ့ဒီတောင်ထဲမှာ သတ္တုရိုင်းတွေအများကြီးရှိတယ်။ မှော်ကျောက်တုံးရိုင်းတွေလည်းရှိတာပေါ့။ လူသားတွေက ဒီနေရာက ဝေးလံခေါင်းပါးပြီး မိုင်းတွင်းတူးဖို့ ကုန်ကြစားရိတ်များတယ်လို့ ခံစားမိတာကြောင့် သူတို့က ဒီနေရာကို ပစ်ထားခဲ့ကြတယ်။ ဒါကြောင့် ငါတို့ လူပုတွေက ဒီသံသတ္တုရိုင်းတွေကို မှီခိုပြီး တူးဖော်ကာ မှော်ကျောက်တုံးတွေကို လူသားတွေဆီက အစာနဲ့ အလဲအလှယ်ကြတာလေ”

“တကယ်လို့ ကျွန်တော်ခန့်မှန်းတာမမှားဘူးဆိုရင် သူတို့က ဒီသံသတ္တုရိုင်းတွေနဲ့ မှော်ကျောက်တုံးတွေကို ဈေးနှိမ်ပြီးဝယ်ကြတယ်မဟုတ်လား”လို့ ရှုယီက အတွေးအပြည့်နှင့်မေးလိုက်သည်။

“အတော်ကို ဈေးနှိမ်ထားတာ။ ဒါပေမယ့် ရွေးချယ်စရာရှိမနေခဲ့ဘူးလေ” ရွာသူကြီးစီလူကာက ပြောလိုက်ပြီး သက်ပြင်းချလိုက်သည် “ ဒီလိုတွေဖြစ်ရတာက လူသားတွေက ဒီသတ္တုရိုင်းတွေတူးဖော်တာ အရမ်းကိုအကုန်အကျများတယ်ဆိုတာ လုံးဝကိုအရေးမစိုက်တာကြောင့်ပဲ။ တကယ်လို့ တစ်နေ့နေမှာလူသားတွေက ဒီမိုင်းတွင်းတွေကို မျက်စိကျလာပြီး သူတို့ရဲ့စစ်သားတွေလွှတ်ပြီး ငါတို့ကိုမောင်းထုတ်ခဲ့မယ်ဆိုရင် ဘာကိုမှီခိုပြီးနေရမလဲဆိုတာကို ငါတို့တကယ်ကိုမသိတော့ဘူး။ ငါတို့ကို လူသားတွေက အသက်ရှင်ဖို့လမ်းကြောင်းတစ်ခုပေးထားတာပဲ ကျေးဇူးတင်နေရသေးတာ” ထိုသိုပြောပြီးနောက် ရွာသူကြီး စီလူကာက ကိုယ့်ကိုယ်ကို အပြစ်တင်သလိုအပြုံး ပြုံးလိုက်တော့သည်။

ရှုယီက ဘေးမှာရှိနေသည့် အကူအညီမဲ့နေသည့် ရွာသူကြီးမွန်တိုကိုကြည့်လိုက်ပြီး ရွာသူကြီးမွန်တိုသည်လည်း ခါးသက်သက်ပြုံးနေခဲ့သည်။ သူက ရှုယီကိုခေါင်းညိတ်ပြလိုက်ပြီး “ငါတို့မျိုးနွယ်စုရဲ့ အခြေအနေက နော်မာမျိုးနွယ်စုထက်နည်းနည်းလေးပိုကောင်းသော်လည်း အဲ့ဒါက သိပ်ပြီးမထူးပါဘူး။ အဆုံးမှာတော့ ငါတို့က လူသားမျိုးနွယ်မဟုတ်ဘူး။ ပြီးတော့ လူသားတွေကသာ စိုင်စ်နယ်မြေရဲ့ အုပ်ချုပ်ကြသူတွေပဲ။”

ရွာသူကြီးနှစ်ဦးရဲ့ အမူအရာတွေကိုကြည့်ရင်း ရှုယီမှာ မထိန်းထားနိုင်တော့ပဲ အတော်ကို ကသိကအောက်ဖြစ်သွားသည်။

လူသားတစ်ယောက်အနေဖြင့် ဒီနေရာမှာ ထိုလူပုနှစ်ယောက်ရဲ့ လူသားတွေကလူပုတွေကို ဖိနှိပ်သည့်ကြောင်း ဆွေးနွေးပြောဆိုနေသည်ကို နားထောင်နေရသည်မှာ သူနဲ့မသက်ဆိုင်သလို ခံစားခဲ့ရသည်။

ဒါပေမယ့် အခုလေးတင် ရွာသူကြီးစီလူကာ ပြောလိုက်သည့် သတင်းအချက်အလက်ကို သူစိတ်ဝင်စားသွားခဲ့သည်။ သူက တောင်အမြင့်ကြီးကိုမော့ကြည့်လိုက်ပြီး ရှုယီက ရုတ်တရက်မေးလိုက်သည် “စီလူကာ ခင်ဗျားတို့ လူပုတွေက ပန်းပဲပညာမှာတင်ထူးချွန်တာမဟုတ်ပဲ သတ္တုတူးဖော်ရာမှာလည်း တော်ကြတယ်မို့လား”

“အင်းဟုတ်တယ်လေ။ ငါတို့ လူပုတွေမှာ အခြားကျွမ်းကျင်မှုတွေမရှိပေမယ့် ငါတို့က စွန့်ပစ်နယ်မြေကို တူးဆွတဲ့နေရာမှာနဲ့ သတ္တုရိုင်းတွေကို သန့်စင်တာတွေမှာတော့ အရည်အချင်းရှိကြတယ်။ ဒီသတ္တုရိုင်းတွေကို လူသားတွေ တစ်ရက်လောက်အချိန်ကုန်ခံတူးဖော်ရသလောက်က ငါတို့လူပုတွေအတွက် တစ်နပ်စာစားချိန်လောက်နဲ့ပဲရှိတယ်”လို့ ရွာသူကြီးစီလူကာကပြန်ဖြေလိုက်သည်။

“ဒါကအတော်ကိုများတာပဲ။ ဒီလိုမျိုး လူပုတွေက လုပ်နိုင်စွမ်းရှိနေတာကို လူသားမျိုးနွယ်ကုမ္ပဏီတွေက လူပုတွေကို ငှားရမ်းပြီး သတ္တုမတူးဖော်ကြတာလဲ”လို့ ရှုယီက မေးလိုက်သည်။

“သူတို့အရင်ကအဲ့လိုလုပ်ပြီးပြီ။ ဒါပေမယ့် အဲ့ဒီလူသားကုမ္ပဏီတွေက ငါတို့ လူပုညီနောင်တွေကို ပေးတဲ့လစာကအရမ်းကိုနည်းတယ်။ တကယ်တော့ အဓိကအချက်က လူသားတွေ ငါတို့ကို အထင်သေးကြပြီး အဲ့ဒီသတ္တုတွေပဲ နိုင်ထက်စီးနင်းပြုလုပ်ဖို့ရာလွယ်တယ်လေ၊ ဒါကြောင့် ပြန်လာလိုက်တာက ပိုကောင်းပြီး နောက်ထပ်ဘာမှကိုမလုပ်တော့ဘူး။ အချိန်တွေအတော်ကြာပြီးနောက်မှာတော့ ဘယ်လူပုညီနောင်တွေကမှာ လူသားတွေအတွက် အလုပ်လုပ်ပေးဖို့ ဆန္ဒမရှိကြတော့ဘူး” ရွာသူကြီးစီလူကာက ရှုယီကိုကြည့်လိုက်ကာ စကားဆက်ပြောနေခဲ့သည် “အရိုးသားဆုံးပြောရရင် ဥက္ကဌရှုက တကယ်လို့ အခုလိုအတိုင်းမဟုတ်ခဲ့ဘူးဆိုရင် ငါ့မှာရွေးချယ်စရာမရှိတော့ရင်တောင် လန့်စ်သဘောအတိုင်း ငါတို့ရဲ့ လူပုညီနောင် (၁၀၀)ကို အဝေးသို့ခေါ်သွားခွင့်ပြုမှာမဟုတ်ဘူး”

ရှုယီက ခေါင်းညိတ်ခဲ့သည်။ ဒီအချက်ကိုလည်း မာစတာလန့်စ်က ချီးမွမ်းခဲ့ပြီးပြီဖြစ်သည်။

“တကယ်တော့ ကမ်ဘီက ငါတို့ကို ပြောထားခဲ့တာက ငါတို့ရဲ့လူပုညီနောင်တွေက မင်းရဲ့ Frestech ကုန်သည်ကြီးများအသင်းမှာအေးအေးဆေးဆေးလုပ်ကိုင်နေကြောင်း။ ဥက္ကဌရှုက အစားအစာနှင့် အိပ်ဖို့နေရာပါပေးသည့်အပြင် မင်းက ဝိုင်ပါတိုက်တယ်ဆိုတာကြောင့် ငါတို့ တဖြည်းဖြည်း စိတ်ချလက်ချဖြစ်လာခဲ့တာ” ရွာသူကြီးစီလူကာက ချီးမွမ်းသည့်လေသံပြောင်းသွားကာ “အဲ့ဒါကိုကြည့်ပြီး ပြောလို့ရတာက ဥက္ကဌရှုက အခြားလူသားမျိုးနွယ်တွေနဲ့ မတူဘူးဆိုတာပါပဲ။ မင်းက ငါတို့ လူပုတွေအပေါ် ဘက်လိုက်မှုမရှိတဲ့သူပဲ။”

ရှုယီက ပုံခုံးတွန့်လိုက်ပြီး “ကျွန်တော့်မှာ ပြောစရာတစ်ခုရှိနေတယ်။ ခင်ဗျားတော့ သဘောကျလောက်မှမဟုတ်ဘူး။ ကျွန်တော်က လူသားစစ်စစ်ကုန်သည်တစ်ယောက်ပါ ၊ ကျွန်တော်က အခြားတစ်ဖက်က အကျိုးရှိလားမရှိဘူးလားဆိုတာကိုပဲ ဂရုစိုက်တယ်၊ ကျွန်တော်က ခင်ဗျားတို့မျိုးနွယ်ကို လုံးဝကို ဂရုမစိုက်ပါဘူး။”

ရွာသူကြီးစီလူကာနှင့် ရွာသူကြီးမွန်တို ပြိုင်တူရယ်မော ကြတော့သည်။ ရွာသူကြီးစီလူကာက သူရဲ့ လက်ဖျားထိပ်လေးဖြင့် ရှုယီ ပုခုံးကိုတောင်မှ တစ်ချက်ရိုက်လိုက်ပြီး “တကယ်လို့ လူသားမျိုးနွယ်အားလုံးသာ ဥက္ကဌရှုလိုရိုးသားဖြောင့်မတ်ရင် ငါတို့ လူပုမျိုးနွယ်တွေအတွက် နေ့ရက်ကောင်းတွေ ပိုင်ဆိုင်လာမှာပဲ။”

ရှုယီက မတတ်နိုင်တော့ပဲ သူ့ရဲ့မျက်လုံးများပင့်ကြည့်လိုက်သည်။ သူထိုသို့ပြောလိုက်သော်လည်း ရိုးစင်းသည့်သုံးသပ်ချက်ဖြစ်သွားသည်ကို သူထင်မထားခဲ့ပေ။

သူက တောင်အမြင့်ကြီးကို ပြန်ကြည့်လိုက်ပြီး “စီလူကာ လူပုမျိုးနွယ်တွေက သတ္တုတူးဖော်ရာမှာ ကျွမ်းကျင်တယ်ဆိုတော့ သတ္တုကြောရှာဖွေရာမှာလည်း တော်ကြတယ်မဟုတ်လား”

“အင်း၊ တကယ်လို့ သတ္တုကြောရှာဖွေဖို့ဆိုရင် တကယ်လို့ ငါတို့လူပုမျိုးနွယ်တွေက ဒုတိယလို့ပြောမယ်ဆိုရင် စိုင်စ်နယ်မြေက ဘယ်မျိုးနွယ်စုမှ ပထမနေရာကို မခံယူရဲဘူး” ရွာသူကြီးစီလူကာရဲ့မျက်နှာမှာ ဂုဏ်ယူဝင့်ကြွားနေသည့်ပုံပေါ်နေသည်။

“အဲ့ဒီတော့ ကောင်းတာပေါ့။ ကျွန်တော်အကြံရှိတယ် နောက်ပြီး ခင်ဗျားရဲ့ သတ္တုကြောရှာဖွေရာအထူးကျွမ်းကျင် သူကို ကျွန်တော်လိုတယ်”

“ပြဿနာမရှိပါဘူး” ရွာသူကြီးမွန်တိုက ရွာသူကြီးစီလူကာထက်အရင် ရင်ဘတ်ကိုပုတ်ပြီး “သတ္တုကြောရှာဖွေရာမှာအထူးကျွမ်းကျင်သူအကြောင်းပြောရမယ်ဆိုရင် ငါတို့ အန်ဂိုလာမျိုးနွယ်စုမှာ အများကြီးပဲ။ အခြားလူကိုရှာနေစရာမလိုပါဘူး၊ ငါက အထူးကျွမ်းကျင်သူတစ်ယောက်ပဲ”

ရှုယီက ခေါင်းခါလိုက်ပြီး ခပ်ရေးရေးပြုံးလိုက်ကာ “ရွာသူကြီးမွန်တို ကိုယ်တိုင်ထွက်ပြီး လုပ်နေဖို့ မလိုပါဘူး။ ကျွန်တော်မျှော်လင့်တာက စီလူကာနဲ့ ရွာသူကြီးမွန်တိုတို့က မျိုးနွယ်စုထဲက လူ (၅)ယောက်စီ ရွေးချယ်ပြီး ကျွန်တော်ရဲ့တောင်းဆိုချက်အတိုင်း လမ်ပူရီတိုင်းပြည်တစ်ဝှမ်းသွားရောက်ပြီး စူးစမ်းရှာဖွေဖို့ပါပဲ။ ပြီးတော့တကယ်လို့များသူတို့တွေက သတ္တုတွင်းအချို့ကို ရှာဖွေနိုင်ခဲ့ရင်တော့ အကောင်းဆုံးပေါ့ဗျာ။ အဲ့ဒါက အလုပ်ဖြစ်မယ်လို့ ခင်ဗျားတို့နှစ်ယောက်စလုံးထင်ကြလား”

“လမ်ပူရီ တိုင်းပြည်တစ်ခွင်လုံးတဲ့လား” ရွာသူကြီးနှစ်ဦးစလုံး တစ်ဦးကိုတစ်ဦးကြည့်လိုက်ကာ မျက်မှောက်ကြုတ်လိုက်ပြီး “အဲဒါ့ကအတော်ကိုခက်ခဲ့လိမ့်မယ်၊ ဒါပေမယ့် မဖြစ်နိုင်ဘူးတယ်မဟုတ်ဘူး။ အချိန်တော်အတော်ပေးရလိမ့်မယ်”။

“အချိန်ဘယ်လောက်ကြာမယ်လို့ ခန့်မှန်းမိလဲ” ရှုယီက မေးလိုက်သည်။

“တကယ်လို့ သတ္တုကြောနှင့် မှော်ကျောက်တုံးတွင်း ရှာဖွေဖို့ရာအတွက် ငါတို့ မျိုးနွယ်စုကသူတွေက အတွေ့အကြုံကြွယ်ဝကြပါတယ်။ တကယ်လို့ လူ (၁၀)ယောက်ထဲနဲ့ဆိုရင် ပြီးစီးဖို့ အနည်းဆုံး နှစ်တစ်ဝက်လောက်ကြမယ်ထင်တယ်” ရွာသူကြီးမွန်တိုကပြောလိုက်သည် “ ဒါပေမယ့် တကယ်လို့ မင်းက အခြားသတ္တုကြောတွေပါအုံးမယ်ဆိုရင်တော့ ပြောရမှာခက်တယ်ကွ”

ရှုယီက ချက်ခြင်းကြီးဆိုသလို အပျော်လွန်သွားခဲ့သည် “ အဲ့ဒါက နှစ်တစ်ဝက်လောက်တောင်မကြာနိုင်ဘူးမို့လား။ အဲ့ဒါအဆင်ပြေတာပေါ့ အရမ်းကိုကောင်းတယ်၊ ကျွန်တာ်တို့ လုပ်ကြရအောင်။ စီလူကာ၊ ရွာသူကြီးမွန်တို ခင်ဗျားတို့တွေ မျိုးနွယ်စုထဲက အတွေ့အကြုံအများဆုံးသူတွေကို ရွေးထုတ်ပေးဖို့ပဲလိုတယ်။ ကျွန်တော် ပြောနိုင်တာက ကျွန်တော်တို့ရဲ့ Frestech ကုန်သည်ကြီးများအသင်းက သူတို့အားလုံးရဲ့အဖိုးအခကိုပေးရုံတင်မကဘူး၊ ကျွန်တော်တို့က တစ်ယောက်ချင်းစီအတွက် ရွှေဒင်္ဂါး (၁၀၀)ပြားကို စူးစမ်းလေ့လာရေးခရီးစဉ်အပြီးသည့်အတွက် ပေးအုံးမှာပါ။”

“ရွှေဒင်္ဂါး (၁၀၀)ပြား ဟုတ်လား။ အဲ့ဒါက အတော်ကိုများတာပဲ” ရှုယီ အသံလျော့သွားသည့်အချိန်မှာ ရွာသူကြီးနှစ်ဦးက သူတို့ရဲ့လက်တွေကို ခါရမ်းလိုက်ပြီး “အဲ့ဒါက ဘာမှမဟုတ်တဲ့ကိစ္စလေးပါ၊ ဆုပေးစရာကိုမလိုပါဘူး၊ ရွှေဒင်္ဂါး (၁၀၀) ကိုထည့်မပြောပါနဲ့ အတော်ကိုများနေပြီ”

“လူပုညီနောင်တွေက အလုပ်ကို ကြိုးကြိုးစားစားလုပ်ကိုင်ကြတယ်လေ။ အမှန်တော့ ဆုချီးမြှင့်သင့်ပါတယ်”

“အဲ့ဒီ ရွှေဒင်္ဂါး (၁၀၀)ပြားက အတော်ကြီးကိုများလွန်းနေတယ်”

ထိုသုံးယောက်စလုံး အဆိုပါအကြောင်းကို ဆွေးနွေးနေချိန်တွင် အန်ဂိုလာမျိုးနွယ်စုကလူပုတစ်ယောက်က ရွာသူကြီးမွန်တိုထံသို့ လျှင်မြန်စွာပြေးလာပြီး “ ရွာသူကြီးရေ အယ်ဗန် (Elf -အနောက်တိုင်းအိပ်ရာဝင်ပုံပြင်များတွင် တောထဲတွင်နေထိုင်သည့်နားရွက်ချွန်မျိုးနွယ်စုများ- နတ်သူငယ်ဟု၍လည်းခေါ်ဆိုနိုင်သည်) က ဧည့်သည်တွေ ဒီကိုရောက်နေကြပြီ။” ဟု ကျယ်လောင်စွာ အော်ပြောခဲ့သည်။

***

မှော်စက်မှုအင်ပါယာ

အခန်း ၀၇၄ ။ နတ်သူငယ်အမျိုးသမီး

သူတို့အားလုံး မှင်သက်သွားကြသည် အထူးသဖြင့် ရှုယီရဲ့မျက်လုံးများပြုးကျယ်သွာသည်။

နတ်သူငယ်တွေလား။

သူတို့က တကယ်ကြီး နတ်သူငယ်တွေပင်။

ရှုယီ စိုင်စ်နယ်မြေကိုရောက်ရှိနေသည်မှာ သုံးနှစ်ကြာမြှင့်ခဲ့ပြီဖြစ်ပြီး အချိန်အနည်းငယ်လို့ ပြောလို့မရတော့ပေ။ သို့သော်လည်း ထိုသုံးနှစ်တွင်းမှာ သူက လူပုမျိုးနွယ်တွေကို မြို့တော်မှာနှင့် သားရဲလူသားများကို ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ တွေ့ဖူးပြီးသားဖြစ်သည်။ သူ့အနေဖြင့် နတ်သူငယ်တစ်ယောက်ကိုမှ မြင်ဖူးချင်းမရှိသေးပါ။

ထိုအကြောင်းဖြစ်ခဲ့သည်က လွန်ခဲ့သည့် နှစ်သုံးထောင်ခန့်က နတ်သူငယ်တွေက စိုင်စ်နယ်မြေရဲ့ အုပ်ချုပ်သူများဖြစ်ခဲ့ကြသည်။ ဘယ်လိုပဲဖြစ်ဖြစ် လူသားတွေက မြန်ဆန်စွာ ဖမ်းဆီးခဲ့ပြီး နောက်ဆုံးမှာတော့ နတ်သူငယ်တွေကို မျိုးနွယ်စုစစ်ပွဲအတွင်း နန်းချခဲ့ပြီး စိုင်စ်နယ်မြေရဲ့ အုပ်ချုပ်သူများဖြစ်လာခဲ့သည်။

ထိုသို့အကြောင်းများကြောင့် နတ်သူငယ်တွေက စိုင်စ်နယ်မြေမှာ ပျောက်ကွယ်လုနီးပါးဖြစ်နေတော့သည်။ အကယ်၍များလူသားတွေက နတ်သူငယ်တွေနေထိုင်သည့် တောအုပ်ထဲသွားရောက်ရှာဖွေလျှင်တောင်မှ နတ်သူငယ်တစ်ယောက်ကို တွေ့ဖို့ မဖြစ်နိုင်ပေ။

အချိန်များစွာကြာပြီးနောက် နတ်သူငယ်တွေက ပါးစပ်ရာဇဝင်အဖြစ်သာရှိနေတော့ပြီး လူအများစုကတော့ နတ်သူငယ်တွေ မျိုးတုံးပျောက်ကွယ်သွားပြီလို့တောင်ထင်နေကြပါသေးသည်။

ဒါပေမယ့် အခုလူပုမျိုးနွယ်စုမှာတော့ ရှုယီက နတ်သူငယ်တွေကို တကယ်ကြီးတွေ့ခွင့်ရခဲ့ပြီဖြစ်သည်။

ရွာသူကြီးမွန်တိုက နတ်သူငယ် ဧည့်သည်များကို ဒီသို့ခေါ်လာရင် လူပုတွေအားမှာကြားကတည်းက ရှုယီကမထိန်းနိုင်တော့ပဲ လည်ပင်းကြီးကိုထောင်ပြီး အန်ဂိုလာမျိုးနွယ်စုရွာရဲ့ ဝင်ပေါက်ဆီသို့ မျက်တောင် တောင်မခတ်ပဲ မျှော်ကြည့်နေခဲ့သည်။

ခဏအကြာမှာတော့ လူပုတွေရဲ့ နှစ်ဆအရပ်မြင့်လောက်ရှိပြီး ရှုယီနှင့်အရပ်နီးပါရှိသည့် ပိန်ရှည်ရှည် နတ်သူငယ်တစ်ယောက်က အခေါ်ခိုင်းလိုက်သည့်လူပုနောက်ကနေ ဖြေးဖြေးချင်းလျှောက်ဝင်လာခဲ့သည်။

ရှုယီရဲ့မျက်လုံးများက ချက်ခြင်းဆိုသလို ထို နတ်သူငယ် အပေါ်သို့သေချာစွာကြည့်နေခဲ့ပြီး သူမနေနိုင်တော့ပဲ သူ(မ)အား တိတ်တဆိတ် ချီးမွမ်းလိုက်သည်။

ချွန်နေသည့် နားရွက်များက သူ(မ)ကို နတ်သူငယ် တစ်ယောက်အဖြစ်ပြသပေးနေသလိုဖြစ်ပြီး ရင်ဘတ်အမို့အမောက်များကလည်း သူ(မ)က အမျိုးသမီးတစ်ယောက်ဆိုတာကိုဖော်ပြပေးနေသလိုပင်။ သူမမှာ နက်ရှိုင်းလှသည့် စမ်းရေလေးပမာ ပြာလဲ့လဲ့ မျက်လုံးတစ်စုံပိုင်ဆိုင်ထားသလို သူမရဲ့ နူးညံ့တဲ့မျက်နှာပေါ်မှာ စိတ်ဓာတ်ခိုင်မာသည့်ဟန်ပေါ်နေသည်မှာ သူမကို နူးညံ့သည့်အသွင်အပြင်နှင့် သူရဲကောင်းဆန်သည့် ခံစားမှုမျိုးရစေသည်။ လွန်စွာအချိုးကျသည့် နှင်းမှုန်လေးလိုဖြူစွတ်နေသော ခြေသလုံးလေးများကို အတိုင်းသားမြင်နေရသည့်ကြောင့် သူမက ချက်ခြင်းဆိုသလို အားလုံးရဲ့ မျက်လုံးများဝင်းလဲ့တောက်သွားစေခဲ့သည်။

ရှုယီက အယ်ဗန်မျိုးနွယ်စုတွေမှာ ချောမောသည့်ကောင်လေးများနှင့် လှပသည့်မိန်းကလေးများရှိကြသည်ကို ကြားဖူးပြီး ဖြစ်ပေမယ့်လည်း အစတုန်းကတော့ သူမယုံကြည်နိုင်ခဲ့ပေ။ အခုတော့ အယ်ဗန်အလှလေးကိုမြင်နေရသည်ဖြစ်သည်ကြောင့် ရွေးချယ်စရာမရှိတော့ပဲ သူယုံကြည်လက်ခံရတော့မည်။

နတ်သူငယ်အမျိုးသမီးကလည်း ဟိုးအဝေးကတည်းကပင် ကြက်များကြားတွင် ကြိုးကြာတစ်ကောင်လိုဖြစ်နေသည့် ရှုယီကို သတိထားမိပြီးပြီဖြစ်သည်။ လမ်းလျှောက်ဝင်လာပြီးနောက် သူမက ထိန်းမထားနိုင်တော့ပဲ ရှုယီကိုသိချင်စိတ်ပြင်းပြစွာကြည့်နေတော့သည်။

ဒါပေမယ့် နတ်သူငယ်တွေက ကျင့်ဝတ်သိက္ခာကိုအလေးထားသူများဖြစ်သည်ကြောင့် သူမ ဘယ်လောက်ပဲ ရှုယီအကြောင်းကို သိချင်စိတ်ပြင်းပြလျှင်တောင်မှ နတ်သူငယ်အမျိုးသမီးက ရွာသူကြီးမွန်တိုကိုအရိုသေပေးလိုက်ပြီး “မင်္ဂလာပါ၊ လေးစားရတဲ့ရွာသူကြီးမွန်တို အီလွန်( Night နတ်သူငယ် တွေကိုးကွယ်သည့် နတ်ဘုရားမ) ရဲ့အလင်းရောင်တွေ ရှင့်အပေါ်အမြဲကျရောက်တောက်ပနေပါစေ။” ဆိုပြီးပြောလိုက်သည်။

ရွာသူကြီးမွန်တိုက ပြန်ပြီး ခေါင်းညိတ်ပြလိုက်ကာ လေးနက်သောအသံဖြင့် “ဟဲလို မင်းရဲ့ခြေထောက်တွေကလည်း မက်ဆိုက်ရာရဲ့ လက်ပေါ်မှအမြဲရှိနေပါစေ”

ထိုသို့ နှုတ်ဆက်ပုံမျိုးကို ရှုယီအနေဖြင့် ပထမဦးဆုံးကြားသိရခြင်းဖြစ်ပြီး သူက ပိုပြီးတောင် မထိန်းထားနိုင်တော့ပဲ နတ်သူငယ်အမျိုးသမီးကို သိချင်စိတ်ပြင်းပြစွာကြည့်နေခဲ့သည်။

ကောလဟလတွေထဲကအတိုင်းပင် နတ်သူငယ်များက လှပရုံသာမက သူတို့ရဲ့ကိုယ်ရောင်ကိုယ်ဝါတွေလ ပေါ်လွင်ထင်ရှားလှသည်။ ထိုနတ်သူငယ်အမျိုးသမီးက ဖြူသောအသားအရည်၊ ရှည်လျားသည့်အရပ်နှင့် ပေါ်လွင်ထင်ရှားသည့် ကိုယ်ရောင်ဝါပါ ရှိထားသည်။ သူမက တည်ငြိမ်နေသည့်ဟန်ပေါ်နေသော်လည်း အေးတိအေးစက်ခံစားချက်မျိုးဖြစ်နေသည်ကြောင့် သူမကို လူတွေချဉ်းကပ်ဖို့ ခက်ခဲနေသလိုပင်။ သူတို့အား ပိုပြီး သူမနှင့်နီးစပ် ချင်စိတ်ဖြစ်ပေါ်စေသည်။

နတ်သူငယ်အမျိုးသမီးနှင့် ရွာသူကြီးမွန်တိုတို့ နှုတ်ဆက်စကားဆိုပြီးနောက် သူက ချက်ခြင်း ပြောလိုက်သည် “လေးစားရတဲ့ ရွာသူကြီးမွန်တို၊ အရင်က ကိစ္စကို ဆုံးဖြတ်ချက်ချပြီးပြီလား။ ကျွန်မတို့ရဲ့ မျိုးနွယ်စုအခြေအနေက အခုချိန်မှာ အရမ်းကိုဆိုးဝါးနေပြီး ကျွန်မရဲ့တောင်းဆိုချက်အတိုင်း ရှင်ကူညီပေးလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်မတို့မျိုးနွယ်စုတစ်စုလုံး ရှင်ကူညီလက်ကမ်းပေးခဲ့တာကို အမြဲအောက်မေ့သတိရနေမှာပါ။”

သူမရဲ့ စကားလုံးများက နှစ်လိုဖွယ်ရာကောင်းပြီး နားဝင်ချိုသာနေသော်လည်း၊ သူမဆိုလိုသည်ကို ဘာမျှနားမလည်သည့် ရှုယီတောင်မှ သူမရဲ့လေသံမှာ မပြတ်မသားဖြစ်နေပုံရသည်။

ဒီလိုမျိုးဖြစ်နေသည်ကို သိရှိခဲ့ပြီးဖြစ်ပြီး သူမက “ကျွန်မတို့ မျိုးနွယ်စုရဲ့အခြေအနေက အရမ်းကိုဆိုးဝါးနေပြီလို့” ပြောသောအခါ အဲ့ဒါက လိမ်ပြောနေသည်မဟုတ်ပေ။

ရွာသူကြီးမွန်တိုက အသိရခက်သည့်အမူအရာဖြင့် “မိန်းမပျိုလေးအက်ဂ်နက်စ်ရေ ကျွန်တော်တို့လူပုမျိုးနွယ်နှင့် နတ်သူငယ်တွေမှာ ရှည်ကြာတဲ့ရင်းနှီးမှုတွေရှိပြီး ငါတို့က ဒီပြဿနာကို မင်းတို့အတွက်ကူညီဖြေရှင်းပေးချင်ပေမဲ့ မင်းမြင်တဲ့အတိုင်းပဲ ငါတို့မျိုးနွယ်စုကလည်း ပြဿနာပေါင်းမြောက်မြားစွာနဲ့ရင်ဆိုင်နေရတာ။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ထဲက အရွယ်ရောက်ပြီးသားလူအများစုက ဒီကနေမကြာခင်ထွက်သွားတော့မှာ ဒါကြောင့် မင်းကိုကူညီဖို့ရာလူအလုံအလောက်မရှိတော့ဘူး။ ဖြစ်နိုင်ရင်အခြား လူပုမျိုးနွယ်တွေစုအကူညီသွားတောင်းလို့ရမလား။”

ရွာသူကြီးမွန်တိုရဲ့ တုံ့ပြန်မှုကိုကြားရပြီး နတ်သူငယ်အမျိုးသမီးအက်ဂ်နက်စ်က စိတ်ပျက်လက်ပျက်ဖြစ်သွားဟန်ပုံပေါ်ပြီး ဒါပေမယ့် သူမက ထင်သာမြင်သာရှိအောင်မလုပ်ခဲ့ပါ။

“ကောင်းပါပြီ၊ ကျွန်မရဲ့တောင်းဆိုချက်ကို လက်ခံနားထောင်ပေးလို့ ကျေးဇူးအများတင်ပါတယ် ရွာသူကြီးမွန်တို။ အီလွန်ရဲ့အလင်းရောင်က သင့်ကျန်းမာရေးကိုအမြဲစောင့်ရှောက်ပေးနိုင်ပါစေ”

ဒီကနေ ထွက်ခွာနေပြီး နတ်သူငယ်အမျိုးသမီးက ကျောခိုင်းလှည့်ထွက်သွားခဲ့သည်။

ဘေးကရှိနေသည့် ရှုယီကတော့ ထိုအတွက်ကြောင့် မှင်သက်သွားခဲ့သည်။

နတ်သူငယ်တွေက အရမ်းကိုမာနကြီးပြီး မည်သည့်စကားပြောဆိုခဲ့ပါစေ သူတို့ရဲ့စိတ်ကို ပြောင်းမှာမဟုတ်ကြောင်း သူကြားပြီးသားဖြစ်တာတောင်မှ၊ ထိုနတ်သူငယ်အမျိုးသမီးက စကားတစ်ခွန်းတည်းကြောင့်နှင့် ပြေးထွက်သွားမည်နှင့် အငြင်းခံရပြီးပြီးချင်း ထွက်သွားလိမ့်မယ်လို့ သူလုံးဝကိုမတွေးခဲ့မိပါ။

ဒီမိတ်ဆွေလေးက ဘယ်လိုစကားပြောရမလဲကိုမသိတာလား။

သူမရဲ့ ထိုသဘောထားမျိုးဖြင့် ဘာမှမဆိုဖြစ်မြောက်အောင်လုပ်ဖို့ဆိုသည်က အရမ်းကိုထူးဆန်းနေပါလိမ့်မည်။

အကယ်၍ နတ်သူငယ်တွေက ဒီပုံစံမျိုးအတိုင်းသာဆိုလျှင် နတ်သူငယ်မျိုးနွယ်တွေ စိုင်စ်နယ်မြေရဲ့ပုလ္လင်ပေါ်ကနေ လူသားတွေရဲ့ ဆွဲချခြင်းခံရသည့်ကိစ္စက အထူးအဆန်းမဟုတ်တော့ပေ။

ရှုယီရဲ့ခေါင်းထဲမှာ အတွေးပေါင်းစုံဖြင်ချာချာလည်နေပြီး ရုတ်တရက်ကြီး အက်ဂ်နက်စ် ရှေ့သို့ ခြေ (၂)လှမ်းတိုးလျှောက်ကာ ပိတ်ရပ်လိုက်သည်။

အက်ဂ်နက်စ်က ရပ်လိုက်ပြီး သူမရှေ့မှရုတ်တရက်ပေါ်လာသည့် ရှုယီကြောင့် အံ့ဩသည့်မျက်နှာဖြစ်သွားပြီး ကြည့်လိုက်သည်။

“လူသား၊ ဘာများအလိုရှိလို့ပါသလဲ”

ရှုယီက ပြုံးလိုက်ကာ သူသတ်မှတ်ထားသည့် အနူးညံဆုံးပုံစံဖြင့် “လှပတဲ့ နတ်သူငယ် မိန်းမပျိုလေး၊ သင့်ရဲ့မျိုးနွယ်စု ဘာတွေများအခက်ကြုံနေရသလဲဆိုတာကို ကျွန်တော်မေးလို့ရမလားခင်ဗျာ။ ကျွန်တော့်အနေနဲ့ အသင်တို့ကို ကူညီကောင်းကူညီပေးနိုင်ပါလိမ့်မယ်။”

အက်ဂ်နက်စ်က သူ(မ)ရဲ့လှပသောမျက်ခုံးလေးများကို အသာကြုတ်လိုက်ပြီး ရိုးသားစွာပင် ရှုယီကိုခဏအကြာကြည့်လိုက်ပြီး ခေါင်းကိုရမ်းလိုက်သည်။

“တောင်းပန်ပါတယ်၊ ကျွန်မ လူသားတွေကိုအယုံအကြည်မရှိဘူး”

ထိုသို့ပြောဆိုပြီးနောက် သူမက နှုတ်တောင်မဆက်တော့ပဲ ရှုယီကိုကျော်ပြီး လျှောက်ထွက်သွားတော့သည်။

ရှုယီက ထိုမိတ်ဆွေလေးက အခုလိုမျိုး တည့်တိုးမလေးမခန့်လုပ်မည်ဟု မထင်ထားခဲ့ပေ။ နောက်ဆုံးသူကထပ်ပြီး အက်ဂ်နက်စ် ရှေ့ပိတ်ရပ်လိုက်သောအခါ သူက သူမဆီကနေအစိမ်းရောင်အလင်းတန်းဖြတ်ခနဲ့မြင်လိုက်ရပြီး သူမက ဂိတ်တံခါးကနေ အန်ဂိုလာရွာအထိတိုက်ရိုက်ပျောက်ကွယ်သွားသည်။

“အဲ့ဒါက အယ်ဗန်မှော်ပညာပဲ ၊အဲ့ဒါကို လျှို့ဝှက်အရိပ်မန္တန်လို့ခေါ်တယ်” ရွာသူကြီးစီလူကာက ရှုယီဘေးနားရောက်လာပြီး အက်ဂ်နက်စ် ပျောက်သွားသည့်နေရာကိုကြည့်ကာပြောလိုက်သည် “မင်းရဲ့ မှော်အစွမ်းက သူလောက်မကောင်းဘူးဆိုရင်တော့ သူ့ကိုရှာလို့မရဘဲ သူ့အနောက်ကိုလိုက်ဖို့တောင်မဖြစ်နိုင်ဘူး”

ရွာသူကြီးမွန်တိုလည်းရောက်လာပြီး ရှုယီကိုအသည်းအသန်ပြောလိုက်သည် “ဥက္ကဌကြီးရှု နတ်သူငယ်တွေကိုချဉ်းကပ်ဖို့က အရမ်းကိုခက်ခဲတယ်နော်။ ငါ အကြံပေးချင်တာက မင်း သူ့ကိုလိုက်ဖို့ လုပ်နေတဲ့စိတ်ကူးကို လက်လျှော့လိုက်ဖို့ပဲ။”

ရွာသူကြီးနှစ်ဦးဆီက ထူးဆန်းသည့်အမူအရာများကိုကြည့်ပြီး သူတို့တွေအထင်မှားနေကြပြီဟု ရှုယီ သိခဲ့လိုက်သည်။ သူကရှင်းပြရမှာ အပျင်းတစ်နေသော်ကြောင့် သူက ရွာသူကြီးမွန်တိုကို “ ရွာသူကြီးမွန်တို သူက ခင်ဗျားဆီကလိုချင်နေတဲ့ အကူအညီဆိုတာနဲ့ သူပြောခဲ့တဲ့ သူတို့မျိုးနွယ်စုအခြေအနေမကောင်းဘူးဆိုတာက… သူတို့ဘာပြဿနာနဲ့ရင်ဆိုင်ကြုံတွေ့နေရတာလဲဆိုတာသိလား”

“အင်း … ဒီတစ်ခါက သူလာတာ သုံးကြိမ်မြောက်ပဲ။ ပထမ (၂) ကြိမ်တုန်းကတော့ ဒါကို ဆုံးဖြတ်ချက်ချထားပြီးပြီ၊ ဒါပေမယ့် အကြောင်းရင်းက အဘက မျိုးနွယ်စုထဲက လူအယောက်တစ်ရာကို မင်းရဲ့ စက်ရုံဆီပို့ပေးဖို့ကို သဘောတူထားပြီးပြီလေ၊ အဘ သူ့ကိုငြင်းလိုက်ဖို့ပဲရှိတော့တယ်။” ဟု ရွာသူကြီး မွန်တိုကပြောလိုက်သည်။ “သူတို့မျိုးနွယ်စုကြုံတွေ့နေရတဲ့ ပြဿနာကိုပြောရမယ်ဆိုရင်… အဲ့ဒါက အတော်ကြီးကိုဆိုးဝါးတယ်။ သူလာတဲ့ နတ်သူငယ်မျိုးနွယ်စုက ဒီကနေ (၂)ကီလိုမီတာအဝေးမှာရှိတဲ့ မိုးကျတောအုပ်မှာနေထိုင်ကြတာ။ သူတို့က မိုးကျတောအုပ်ကို ဖြတ်သန်းစီးဆင်းနေတဲ့ မြစ်တစ်ဆင်းကို အသုံးပြုနေရပြီး သူတို့မျိုးနွယ်စုကို ရေရရှိအောင်ထောက်ပံ့ပေးနေတာလေ။ ဒါပေမယ့် နောက်ပိုင်း မြစ်ကကျဉ်းမြောင်းလာပြီး ရေခမ်းခြောက်တော့မယ့်အနေအထားရောက်နေပြီ။ ဒါက သူတို့တွေရဲ့ဘဝ အခြေအနေကို အရင်းကိုခက်ခဲလာစေတာပဲ”

“အိုး. အဲ့လိုတွေဖြစ်နေတာပေါ့။ ဒီလိုပြောင်းလဲသွားတာဘာအကြောင်းကြောင့်လဲ” ရှုယီကသိချင်စိတ်ပြင်းပြသည့်အသံဖြင့်မေးလိုက်သည်။

“သူတိုမျိုးနွယ်စု စုံစမ်းရှာဖွေထားတာက မြစ်ကြောင်းကျဉ်းမြောင်းလာသည့်အကြောင်းရင်းက မြစ်အောက်ခြေမျာရှိသည့် နုန်းမြေတွေက တိုးပွားလာတာ။ အဲ့ဒါက မြစ်ရေစီးဆင်းမှုကို လမ်းကြောင်းလွဲသွားသောကြောင့် သာမန်အားဖြင့် သူတို့မျိုးနွယ်စုထံ ရေစီးဆင်းမှုက နည်းလာစေခဲ့တယ်”

“အဲ့ဒီတော့ သူတို့ ခင်ဗျားတို့ကိုအကူအညီတောင်းက လူပုတွေက မြစ်အောက်ခြေမှာရှိတဲ့ နုန်းမြေတွေကို ကူညီဖယ်ရှားပေးဖို့လား”

ရွာသူကြီးမွန်တိုက သူခေါင်းကိုရမ်းလိုက်ပြီး ခါးသက်သောအပြုံးဖြင့် “နတ်သူငယ်တွေရဲ့မှော်ပညာက အရမ်းကိုကောင်းမွန်ပေမဲ့ သူတို့ရဲ့ခွန်အားတွေက သာမန်ပဲလေ။ သူတို့လိုအပ်နေတာက ငါတို့ လူပုတွေဆီကနေ အဲ့လိုမျိုးပရောဂျက်အကြီးကြီးကို ကူညီပေးဖို့လေ။ ဒါပေမယ့် ငါတို့မှာ သူတို့ကို ဘယ်လိုကူညီဖို့ ဒီလောက်လူအများကြီးမရှိဘူးလေ။ဒါကြောင့် သူတို့ကိုငြင်းရုံပဲတတ်နိုင်တယ်။”

ဘေးမှာရှိနေသည့် ရွာသူကြီးစီလူကာက အေးစက်စက်နှာတစ်ချက်မှုတ်လိုက်ပြီး “ ဒီ နတ်သူငယ်အဖွဲ့ကို ကူညီရတာမတန်ဘူး။ ငါတို့က သူတို့ပြဿနာကို အင်တိုက်အားတိုက် ကူညီပေးခဲ့ပေမဲ့ သူတို့က ငါတို့ အေးတိအေးစက်ကျေးဇူးတင်စကား အနည်းငယ်ပဲပေးတယ်၊ သူတို့က ဝိုင်အချို့တောင်သောက်ဖို့ မပေးဘူး။ ဘာကြောင့် ငါတို့က သူတို့ကိုကူညီရမှာလဲ”

ရွာသူကြီးမွန်တိုကသက်ပြင်းချလိုက်ပြီး “အဲ့တာတော့ဟုတ်တယ်။ တကယ်လို့ ငါတို့ရဲ့ ကိုယ်ဘဝအခြေအနေက လုံခြုံနေပြီး အရင်ကခင်မင်ခဲ့တာကိုထောက်ရှုကြည့်ရင်တော့ သူတို့ကို ကူညီကောင်းကူညီနိုင်ပါရဲ့။ ဒါပေမယ့်အခုချိန်မှာတော့ ငါတို့ရဲ့မျိုးနွယ်စုလူတွေကိုတောင် ထောက်ပံ့မပေးနိုင်တာ ဘာကြောင့်များ သူတို့ကို ဂရုစိုက်နေရမှာလဲ”

ရှုယီက ထိုရွာသူကြီးနှစ်ဦး နတ်သူငယ်တွေရဲ့အရင်ကလုပ်ရပ်တွေအကြောင်း အပြစ်တင်ပြောဆိုနေသည်ကို လျစ်လျူရှုနေလိုက်ပြီး အက်ဂ်နက်စ် ပျောက်သွားသည့်နေရာကိုကြည့်နေလိုက်ကာ မျက်မှောင်ကြုတ်လိုက်ပြီး အတွေးထဲနစ်ဝင်သွားတော့သည်။

နတ်သူငယ်တွေ ဒုက္ခကြုံတွေ့နေရပြီး အခြားသူတွေနှင့်မသက်ဆိုင်ပေမယ့်လို ရှုယီအတွက်တော့ ထိုသို့မဟုတ်ခဲ့ပါ။

သူက ပြင်းပြစွာခံစားလိုက်မိတာက ဒါက အခွင့်ရေးတစ်ခုဖြစ်ပြီး သူ့ကို နတ်သူငယ်မျိုးနွယ်စုနှင့် အဆက်အသွယ်ပြုလုပ်ဖို့ ကောင်းသည့်အခွင့်အရေးတစ်ခုဖြစ်သည်။

အရင်က ရွာသူကြီးနှစ်ဦးရှေ့တွင် ပြောခဲ့သည့်ပုံမျိုး ရှုယီက လူသားကုန်သည်စင်စစ်တစ်ယောက်ဖြစ်ပြီး ရှုယီရဲ့လူတွေအပေါ်အမြင်က သူတို့က အကျိုးအမြတ်ရှိမရှိကိုသာကြည့်တတ်သည် သူမျိုးဖြစ်ကာ သူတို့ရဲ့မျိုးနွယ်စုနှင့်ပတ်သတ်ပြီး အလေးထားခြင်းမရှိချေ။

အကယ်၍ နတ်သူငယ်တွေက ပြဿနာကို ရင်ဆိုင်ဖြေရှင်းနေသည့်တိုင် ရှုယီက သူတို့တွင် အခြားမျိုးနွယ်တွေမှာမရှိသည့် အကျိုးကျေးဇူးများရှိသည်ကို သိနေခဲ့သောကြောင့် ထုံးစံအတိုင်း သူကတော့ အကျိုးအမြတ်ရဖို့အတွက် လေ့လာစူးစမ်းရှာဖွေအုံးမည်ဖြစ်သည်။

အကယ်၍ သူက နတ်သူငယ်တွေရဲ့ အခက်အခဲကိုအသုံးချပြီး သူတို့ကို ချဉ်းကပ်နိုင်ခဲ့လျှင် ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းအတွက် အနာဂတ်မှာ အကျိုးအမြတ်ရလာမည်ဖြစ်သည်။

ထိုအကြောင်းကိုစဉ်းစားရင်း ရှုယီက သူနှင့်အတူတစ်ပါတည်းယူဆောင်လာသည့် မှတ်စုစာအုပ်ကိုထုတ်လိုက်ပြီး ပုံများစွာဆွဲခဲ့ကာ ဘေးတွင် များပြားသောအသေးစိတ်အချက်များရေးမှတ်နေသည်။ နောက်ဆုံးမှာတော့ သူကထိုစာရွက်ကို စာအုပ်ကနေဆွဲဖြဲလိုက်ပြီး ရွာသူကြီးမွန်တိုကိုပေးလိုက်သည်။

“ရွာသူကြီးမွန်တို၊ ဒီနတ်သူငယ်တွေက ခင်ဗျားဆီသုံးကြိမ်တောင်လာခဲ့တာကြောင့် ကျွန်တော်အထင် သူနဲ့ သူတို့မျိုးနွယ်စုအကြောင်း အတော်လေးသိသင့်တယ်မဟုတ်လား”

“အတော်လေးကိုပေါ့” ရွာသူကြီးမွန်တိုက ရှုယီဆီက စာရွက်ကိုယူလိုက်ပြီး သိလိုက်ရတာက သူဘာမှကိုနားမလည်နိုင်တော့ပါ။ “ အဲ့တာက ဘာကြီးလဲ”

“ဒါက သူတို့အတွက် ကျွန်တော်ဆွဲထားတဲ့အစီစဉ်လေ သူတို့မျိုးနွယ်စုအတွက် မြစ်ရေစီးလမ်းကြောင်းပြောင်းလဲစေဖို့ပေါ့။ တကယ်လို့ ခင်ဗျားက သူ့ကို ဒါမှမဟုတ် သူတို့မျိုးနွယ်စုကိုသာပေးလိုက်ရင်၊ သူတို့နားလည်နိုင်မှာပါ”

“တကယ်ကြီးလား” ရွာသူကြီးမွန်တိုနှင့် ရွာသူကြီးစီလူကာတို့ ရှေ့သို့ထွက်လာကြကာ စာရွက်ပေါ်ကပုံကို ရိုးရိုးသားသားကြည့်လိုက်သည်။ အဆုံးမှာတော့ သူတို့က ထိုပုံကို နားမလည်နိုင်ခဲ့ပြီး လက်လျှော့လိုက်ရသည်။ “ဒါပေမယ့် ရှုယီ ဘာကြောင့် သူတို့ကို ကူညီနိုင်မယ့်နည်းလမ်းကို စဉ်းစားရတာလဲ။ အဲ့ဒီ အက်ဂ်နက်စ်က မင်းအပေါ်ကိုသိပ်ပြီးမကြည်ဖြူဘူးလေ။

ရှုယီက ရယ်လိုက်ပြီး “ကျွန်တော် ယုံကြည်တယ်။ သူသာ ဒါကိုကြည့်ပြီးသွားရင် ကျွန်တော်အပေါ်ထားတဲ့ သူ့ရဲ့ သဘောထားတွေ သေချာပေါက်ပြောင်းလဲသွားလိမ့်မယ်။”

***

မှော်စက်မှုအင်ပါယာ

အခန်း ၀၇၅ ။ စီးပွားရေးအသင်း

အန်ဂိုလာမျိုးနွယ်စုဆီသို့ အလည်ပတ်ရောက်ပြီးနောက် ရှုယီကနောက်ထပ် နေ့တစ်ဝက်ခန့်နေခဲ့ပြီး ရွာသူကြီးစီလူကာနှင့် ရွာသူကြီးမွန်တိုတို့အား မပြန်ခင်မှာ သတ္တုသုတေသနလေ့လာခြင်းဆိုင်ရာအချက်အလက်အချို့ ပေးခဲ့သည်။

ကမ်ဘီကသူနှင့်အတူတပါတည်းမလိုက်ခဲ့ပဲ ကျန်နေခဲ့သည်။

ရွာသူကြီးမွန်တိုက လူပုအယောက်တစ်ရာကိုစီစဉ်ထားပြီးနောက် ကမ်ဘီက သူတို့ကိုဦးဆောင်ပြီးခေါ်ခဲ့လေသည်။

ရှုယီအတွက်ဆိုလျှင် ထုံးစံအတိုင်း ဘန်တာမြို့သို့ပြန်သွားဖို့လိုပြီး အချို့ကိစ္စများပြင်ထားရင်လိုအပ်သည်။

အကြောင်းကတော့ အဓိကလမ်းကြီးကနေ နော်မာမြို့ဆီသို့တိုက်ရိုက်ဆက်သွယ်ထားသည့် လမ်းမကြီးရှိခြင်းကြောင့် ခရီးသွားချိန်မှာ အရင်ချိန်တွေကလို တစ်နေ့လုံးသွားနေစရာမလိုတော့ပေ။ ဘယ်လိုပဲဖြစ်ဖြစ် ရှုယီက နော်မာမျိုးနွယ်စုကနေ နေ့လည်လောက်ကထွက်လာခဲ့ပြီး သူက ဘန်တာမြို့သို့ရောက်သည့်အချိန်မှာတော့ ညနက်နေပြီဖြစ်သည်။

အတော်ကိုနောက်ကျနေသော်လည်း ရှုယီကမြို့ပြင်မှာရှိနေသည့် စက်ရုံဆီသို့ တခါတည်းဦးတည်သွားခဲ့သည်။

ညအမှောင်အောက်မှာရှိနေသော်လည်း စက်ရုံ (၂) ရုံစလုံးက လင်းလက်နေပြီး သူတို့ကအချိန်ပိုဆင်းလုပ်ကိုင်နေသည်မှာ အသေအချာပင်ဖြစ်သည်။

ဒီအချိန်အတွင်း အမြဲလိုလိုအချိန်ပိုဆင်းလုပ်ကိုင်နေခြင်းက စက်ရုံ (၂)ရုံစလုံးမှာ ပုံမှန်အလေ့အထတစ်ခုလိုဖြစ်နေတော့သည်။

မှော်စက်ပစ္စည်းအလုပ်ရုံထဲက လူပုများက မျိုးရိုးမြင့်သူတွေမှာယူထားတဲ့ စိုက်ပျိုးရေးဆိုင်ရာသုံးမှော်စက်ပစ္စည်းတွေကို အားသွန်ခွန်စိုက် ကြိုးစားပမ်းစားလုပ်ကိုင်နေကြသည်။ အိမ်သုံးမှော်စက်ပစ္စည်းအလုပ်ရုံမှာတော့ ဟိန့်ဇ်ကဦးဆောင်လုပ်ကိုင်နေပြီး မှော်ထမင်းပေါင်းအိုးက နာမည်ကြီးနေသောကြောင့် သူတို့အားလုံး ညနက်သည်အထိလုပ်ကိုင်နေကြရသည်။

အမှန်တကယ်တော့ မှော်ထမင်းပေါင်းအိုးအား စိတ်ဝင်တစားရှိလာနေသောကြောင့်ဖြစ်သည်။

ရှုယီက မှော်ထမင်းပေါင်းအိုးကို ဒီဇိုင်းဆွဲပြုလုပ်ခဲ့သည်မှာ သူ့ခေါင်းထဲဖြတ်ကနဲပေါ်လာသော အကြံကြောင့်ဖြစ်ပြီး ထိုအရာနှင့်ပတ်သတ်ပြီး သူကအများကြီးတွေးမနေတော့ပဲ တစ်ချက်လေးမှကိုပြန်မစဉ်းစားခဲ့ပါ။ မှော်ထမင်းပေါင်းအိုး ပြုလုပ်ပြီးသောအခါ သူက အရေးကြီးပြဿနာတစ်ခုကို တွေ့လိုက်ရသည်။ ထိုအရာက ဘန်တာမြို့အဝှမ်းမှာရှိနေသည့် အစားစာရောင်းချသည့်ဆိုင်ကြီးများတွင် ဂျုံစေ့များသာဖြစ်ပြီး ထိုဂျုံစေ့တွေကနေလုပ်သဉ့် ပေါင်မုန့်များက ဘန်တာမြို့၏ အဓိကအစားအစာများဖြစ်နေသည်။

အခုချိန်မှာတော့ မှော်ထမင်းပေါင်းအိုးရဲ့ စွမ်းဆောင်ရည်ကို သိပ်ကိုရိုးရှင်းပြီး ဆန့်များကိုသာ ချက်ပြုတ်နိုင်ပြီး ပေါင်မုန့်ပြုလုပ်ဖို့ရာအတွက် အသုံးပြုလို့မရပေ။ ဒါကြောင့် ရှုယီ မျှော်လင့်ထားသလိုဖြစ်မလာပဲ ဘန်တာမြို့အတွင်းရောင်းအားသိပ်မရှိခဲ့ပါ။

ပြဿနာအကြောင်း သဘောသွားသည့်နောက်မှာတော့ ရှုယီက ချက်ခြင်းဆိုသလိုသူရဲ့ နည်းလမ်းများကိုပြောင်းလဲခဲ့သည်။ သူက မှော်ထမင်းပေါင်းအိုး အနီးအနားရှိမြို့တွေမှာပါ ဈေးကွက်ရှာခဲ့သည်။ အထူးသဖြင့် ခမာမြို့မှာ ပမာဏအတော်များများရောင်းချနေရပြီး ထို့မြို့က စပါးခင်းကြီးများဖြင့် နာမည်ကျော်ကြားသောမြို့တစ်မြို့ဖြစ်သည်။

ထိုအခွင့်အရေးက သူတို့ရဲ့ အစီစဉ်နှင့် အရမ်းကိုအံ့ဝင်ခွင်ကျဖြစ်ခဲ့သည်။ မှော်ထမင်းပေါင်းအိုးနှင့် ထမင်းချက်ရသည်မှာ လွယ်ကူသက်သာသည်ကို တွေ့မြင်ရပြီးနောက် Frestech ကုန်သည်ကြီးများအသင်းမှာ အမှာစာအများကြီး လက်ခံရရှိခဲ့တော့သည်။

ခမာ တစ်မြို့တည်းမှာပင် အရင်မှော်ပန်ကာတုန်းက Frestech ကုန်သည်ကြီးများအသင်း နှင့်အတူတူလုပ်ကိုင်ခဲ့ကြသည့် ကုမ္ပဏီများရဲ့ မှာယူမှုက အခုရေ (၇၀၀၀) ကျော်အထိ တိုးမြှင့်မှာယူခဲ့ကြသည်။

အခြားမြို့များက အမှာစာများကိုပါပေါင်းထည့်ရင်း ဘန်တာမြို့က လိုအပ်ချက်ပါအပါအဝင် ၊ အိမ်သုံးမှော်စက်ပစ္စည်းထုတ်လုပ်ရေး အလုပ်ရုံက လက်ရှိမှာ တစ်လလျှင် မှော်ထမင်းပေါင်းအိုး (၁၆၀၀၀) ခန့်ပြုလုပ်ရမည်ဖြစ်သည်။

မှော်ပန်ကာနှင့်ယှဉ်လိုက်လျှင် မှော်ထမင်းပေါင်းအိုးပြုလုပ်ရသည်မှာ ပိုပြီးမြန်ဆန်နေသော်လည်း ဒါက အလုပ်များသည့် တာဝန်တစ်ခုဖြစ်နေခဲ့သည်။

ဒါပေမဲ့ အလုပ်မရှိမှာကို တွေးပူနေတတ်သည့် ဟိန့်ဇ်လိုမိတ်ဆွေအတွက်ပင်မှု အခုလိုလုပ်ကိုင်နေရသည်က သူ့အတွက် ပျော်ရွှင်စရာပင်ဖြစ်နေခဲ့သည်။

ထိုအချိန်အတွင်း ဟိန့်ဇ်ကနေ့စဉ် အလုပ်ရုံထဲမှာ ကိစ္စအဝဝကို ကြီးကြပ်လုပ်ကိုင်နေပြီး အလုပ်ရုံမှာပင် အိပ်စက်ကာ ဘန်တာမြို့သို့ပြန်တောင်ပြန်ခဲလှသည်။ ဟိန့်ဇ်၏ဇနီးသည်က ခဏခဏသူကိုလာရောက်တွေ့ရပြီး ရှုယီ ရှေ့မှာတင် သူတို့က စကားများကြသေးသည်။

သို့သော်လည်း ဟိန့်ဇ်က စက်ရုံအလုပ်တွေနဲ့ပြည့်လာတိုင်း အမြဲလိုလို စိတ်လှုပ်ရှားနေခဲ့သည်။ ဒါကြောင့် အခြားသူရဲ့ ပြောသည်များကို သူက ဘယ်လိုစိတ်နှင့် နာခံနေပါတော့မလဲ။

ရှုယီက သူ့အား အလုပ်မလုပ်ရန်ပြောမရသည့်အဆုံး သူလုပ်ချင်ရာသာလုပ်ဖို့ ခွင့်ပြုပေးရတော့သည်။

ဟိန့်ဇ်က စက်ရုံမန်နေဂျာအနေဖြင့် အကုန်လုံးကိုလုပ်ကိုင်နေသည့်အတွက် သူ့လက်အောက်ကအလုပ်သမားများလည်း အပျင်းတစ်ကာခို ကပ်နေ၍မရတော့ပေ။

ဗစ်ကောင့်ထ်လက်စ်လိုင်းဆီက ကျွန်လုပ်သား (၁၀၀) ခန့်ကိုပါ ငှားရမ်းခဲ့ပြီး ထိုအယောက်တစ်ရာက အရမ်းကိုကြိုးစားပမ်းစားလုပ်ကုန်ကြသည်။ ဘယ်အချိန်ပဲဖြစ်ဖြစ် တစ်ယောက်ယောက်က အလုပ်ရုံထဲဝင်လာခဲ့ပါမူ ပျားပန်းခတ်မျှလှုပ်ရှား လုပ်ကိုင်နေသည် အမြဲလိုလိုတွေ့မြင်ရမည်ဖြစ်သည်။

အမှန်တကယ်တော့ ထိုအလုပ်သမားတွေ စိတ်အားထက်သန်နေရသည့်အကြောင်းကတော့ ရှုယီက ဟိန့်ဇ်ကနေတစ်ဆင့် အချိန်ပိုဆင်းရသည့်အတွက် အဖိုးအခပေးမည်ဟုတ်ပြောခဲ့သောကြောင့်ဖြစ်သည်။

ထိုကိစ္စက သူတို့ အသစ်အဆန်းဖြစ်နေခဲ့သည်။

အဆိုပါအလုပ်သမားများအနေဖြင့် အရင်က အချိန်ပိုကြေးအကြောင်းကို တစ်ခါမျှကို ကြားဖူးခဲ့ခြင်းမရှိပါ။

သူတို့ရဲ့အသိမှာ သူတို့ဒီကို အလုပ်လုပ်ဖို့ရာလာခဲ့ပြီး သူဌေးကဘာခိုင်းခိုင်း လုပ်ရမည်ဖြစ်ပြီး မလုပ်လျှင်တော့ သူတို့ရဲ့ လစာကို ရရှိမှာမဟုတ်ဘူးလို့သာ သိထားခဲ့ကြသည်။

ဒါပေမယ့် Frestech ကုန်သည်ကြီးများအသင်းမှာလုပ်ကိုင်ရသည့်အခါမှာတော့ မျက်စိပွင့်နားပွင်ဖြစ်လာခဲ့သည်။

မှော်ထမင်းပေါင်းအိုးမရောင်းချသည့် အချိန်တုန်းကတော့ အလုပ်ရုံမှာ အလုပ်တွေများမနေသောကြောင့် သူတို့က အလုပ်အချိန်ဇယားအတိုင်း တစ်နေ့လျှင် (၈) နာရီသာလုပ်ကိုင်ကြရသည်။

ထိုအလုပ်သမားများက အိမ်အပြန်မှာတော့ စိတ်ရှုပ်ပြီးပြန်သွားရသည်။ သူတို့ရှင်းရှင်းလင်းလင်းသိထားသည်က လုပ်စရာကိစ္စများကျန်နေသေးပြီး ဘာကြောင့်များသူတို့ရဲ့ တစ်နေ့တာနားချိန်တွေက အရမ်းကိုရှည်လျားနေရတာလဲ။

အလုပ်သမားအတော်များကတော့ အလုပ်ချိန်နှင့်ပတ်သတ်ပြီး အကျင့်သားရကြသေးပါ။ ဒီလောက် ထူးဆန်းလှသည့် ကုမ္ပဏီမှာ မဟုတ်မှလွဲရော ပြဿနာတစ်ခုခုများနေတာလား။

ရက်အနည်းငယ်လောက်လုပ်ကိုင်ပြီးနောက် မှော်ထမင်းပေါင်းအိုးကို အခြားမြို့များသို့ ရောင်းချပြီး အတော်များသည့် ပမဏ မှာယူမှုတွေရှိလာသောအခါ ဟိန့်ဇ်က သူတို့အား အချိန်ပိုအလုပ်ဆင်းရမည်ဖြစ်ကြောင်း ကြေညာခဲ့လေသည်။ အလုပ်သမားအားလုံးက Frestech ကုန်သည်ကြီးများအသင်း ကုမ္ပဏီသည်လည်း အခြားကုမ္ပဏီများလိုပဲ ပုလင်းတူဗူးစို့များဖြစ်ကြသည်ဟု သတ်မှတ်လိုက်ကြသည်။

သို့ပေမဲ့ ဤတစ်ကြိမ်မှာတော့ ဟိန့်ဇ် ရဲ့ ကြေညာချက်ထဲမှာ သူတို့က အချိန်ပိုကြေးရရှိမည်ဖြစ်ကြောင်းကိုပါ သိလိုက်ရသည့်အတွက် ပိုပြီးတောင်း ခေါင်းရှုပ်သွားခဲ့ရသည်။

အချိန်ပိုကြေးဆိုတာဘာကြီးလဲ။ ငါတို့လစာကိုအရင်ကတည်းက ပေးထားပြီးသားမို့လား။ မဟုတ်မှလွဲရော ငါတို့လုပ်ရမည် အလုပ်ပြီးစီးသွားရင် ကုမ္ပဏီက ငါတို့ကို ပိုက်ဆံပိုပေးမှာလား။

အမှန်တကယ်တော့ ပိုက်ဆံပိုရတာက ကောင်းသည့်အချက်ဖြစ်ပြီး အချိန်ပိုကြေးမှာလည်း မနည်းလှပါ။ တွက်ချက်ကြည့်လိုက်လျှင် ပုံမှန်အလုပ်များထက် အချိန်ပိုအလုပ်ဆင်းရသည်ကို ပိုပြီးတွက်ချေကိုက်သေးသည်။

ဒါကြောင့် အလုပ်သမားများက အချိန်ပိုဆင်းရသည်ကို ငြင်းဆိုခြင်းမရှိပဲ သူတို့က ဒါကိုလုပ်ရဖို့မျှော်လ့င်နေကြသည်။

အခုတော့သူတို့က ညတိုင်း အချိန်ပိုဆင်းနေကြပြီဖြစ်ပြီး ဟိန့်ဇ်အနေဖြင့် ထိုအလုပ်သမားများက နေ့တိုင်း မောပန်းနေပေမယ့် အမှန်တကယ်တော့ သူတို့က အတော်ကိုစိတ်အားထက်သန်စွာ အချိန်ပိုဆင်းလုပ်ကိုင်နေကြသည်ကို တွေ့လိုက်ရသည်။

ထိုအခြေအနေကြောင့် ဟိန့်ဇ်မှာခေါင်းရှုပ်နေပေမယ့်လည်း ရှုယီအတွက်တော့ ပုံမှန်ပဲဖြစ်သည်။

ထိုနည်းစနစ်ကို ကမ္ဘာဂြိုလ်ကနေအတိအကျ ရယူထားတာဖြစ်ပြီး စိုင်စ်နယ်မြေနှင့် ယှဉ်လိုက်လျှင် ကမ္ဘာဂြိုလ်က ပိုပြီးအဆင့်မြင့်နေသေးသည်။

အလုပ်သမားများအကြား စိတ်အားထက်သန်မှုရှိအောင် လုပ်ဆောင်သည်နှင့်ပတ်သတ်ပြီး စိုင်စ်နယ်မြေနှင့် ယှဉ်လိုက်လျှင် သူတို့က အလုပ်သမားများကို တိရစ္ဆာန်အုပ်ကြီး တစ်ခုလိုသာ သဘောထားခိုင်းစေကြတာဖြစ်ပြီး သံသယဖြစ်ဖွယ်မရှိ Frestech ကုန်သည်ကြီးများအသင်းရဲ့နည်းလမ်းက ပိုမိုကောင်းမွန်နေခဲ့သည်။

ပိုပြီး အသိသာဆုံးဥပမာပြရလျှင် အိမ်သုံးမှော်စက်ပ္စည်းအလုပ်ရုံရဲ့ လုပ်နိုင်စွမ်က တကယ်ကို တိုးတက်လာခဲ့ပြီး ပြဿနာဖြစ်ပွားမှုနည်းလာသည်ကို တွေ့ရသည်။ အဲ့ဒါကရှင်းပါသည် အလုပ်သမားများက အလုပ်လုပ်ရာမှာ အာရုံစိုက်ထားပြီး သူတို့ရဲ့ စိတ်ကိုပါနှစ်မြှုပ်လုပ်ကိုင်နေကြသည်ကြောင့် ဖြစ်သည်။

သူတို့ရဲ့လက်ရှိနှုန်းထားဖြင့် မှာယူမှုများကို အချိန်မှီမပြီးစီးမှာကို စိတ်ပူနေစရာမလိုတော့ပေ။

အိမ်သုံးမှော်စက်ပစ္စည်းအလုပ်ရုံသို့ ရှုယီ လျှောက်ဝင်လာသောအခါ ဟိန့်ဇ်က မှော်ထမင်းပေါင်းအိုး နောက်ဆုံးအဆင့်တပ်ဆင်ခြင်းကို အရမ်းကိုအာရုံစိုက်ထားသည့်အမူအရာဖြင့် စစ်ဆေးနေခဲ့သည်။ ရှုယီက လျှောက်ဝင်လာပြီး သူ့ပုံခုံးကို ပုတ်လိုက်သည့်အခါမှပင် သူက ပြန်လည်တုံပြန်လိုက်သည်။

“မင်းပြန်ရောက်လာပြီပဲ” ထိုသို့ဖြစ်ရသည့်အကြောင်းက ဟိန့်ဇ်ကအလုပ်ရုံထဲမှာအရမ်းကို အော်ဟစ်နေသောဖြစ်နေပေမယ့် ဟိန့်ဇ်ရဲ့အသံကို အတော် အသံဝင်နေသည်။ “အခြေအနေကဘယ်လိုလဲ”။

“ပြီးသွားပြီ။ တကယ်လို့ မမျှော်လင့်ထားတာတွေ ဘာမှဖြစ်မလာဘူးဆိုရင် ကမ်ဘီက အခြား လူပုအယောက်တစ်ရာကိုခေါ်လာတော့မှာ။ မင်း…” ရှုယီ ရုတ်တရက်စကားစရပ်လိုက်သည်။

သူက ဟိန့်ဇ်အား လူပုအယောက်တစ်ရာအတွက် နေရာပြင်ပေးထားစေလိုတာဖြစ်ပေမယ့် ဟိန့်ဇ်ရဲ့မျက်လုံနီများကို ကြည့်ရင်း ပြောစရာစကားမရှိဖြစ်သွားရသည်။

“ငါက ဘာဖြစ်နေလို့လဲ” ရှုယီက ရုတ်တရက် အပြောရပ်လိုက်သည်ကိုကြည့်ရင်း ဟိန့်ဇ် ရှုပ်ထွေးနေသည့် လေသံဖြင့် မေးလိုက်သည်။

“ဘာမှမဟုတ်ပါဘူး” ရှုယီ ခေါင်းကို ရမ်းလိုက်သည်။ သူက ဟိန့်ဇ် ပုံခုံးကိုပုတ်လိုက်ပြီး အလုပ်ရုံကိုကြည့်လိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်ကာ “မင်းအတော်ကိုအလုပ်ကြိုးစားတာပဲ၊ မှာယူမှာတွေအများကြီးကြောင့် မင်းအနေနဲ့ ဒီအချိန်အထိ ရက်အတော်များများ ကြိုးစားလုပ်ကိုင်နေရတာပဲ မဟုတ်လား။ ဟိန့်ဇ်ရေ ငါမင်းကို နားယူဖို့ အတင်းပြောရတော့မယ်။ အလုပ်ရုံက အချို့ကိစ္စတွေကို အဲလက်စ်ကိုသာလက်လွှဲပေးလိုက်ပါ။တကယ်လို့ မင်းဒါကြောင့် တကယ်ကြီး မောပန်းပြီးမူးလဲသွားရင် ရီယာက ငါ့ကိုသေလောက်အောင် ကျိန်ဆဲနေလိမ့်မယ်”

၊

ဟိန့်ဇ်ကအေးတိအေးစက်နှာတစ်ချက်မှုတ်လိုက်ကာ “သူက ဘာသိမှာမို့လို့လဲ။ သူက အိမ်နေပြီးကလေးတွေကို ဂရုစိုက်ပေးဖို့ပဲလိုတာလေ၊ ဒီနေရာအထိလိုက်ပြီး ဂရုစိုက်နေဖို့လိုလား”

ရှုယီက ပြုံးပြုလိုက်တော့သည်။ အရင်က ရီယာက ဟိန့်ဇ်ကိုဆက်ဆံပုံအရ သူက သူ့အိမ်မှာအရင်ကလဲ အရာမရောက်သည်ကို တွေ့လိုက်ရသည်။ အခုအချိန်မှာတော့ ဟိန့်ဇ်က Frestech ကုန်သည်ကြီးများအသင်းမှာ ရင်းနှီးမြှုပ်နှံရင်း ငွေများပိုပိုပြီးရှာနိုင်လာသည်၊ သူက ရီယာအား ထိပ်တိုက်မျက်နှာခြင်းဆိုင်နိုင်ပြီဖြစ်သည်။

“ဘာကြောင့်ပဲဖြစ်ဖြစ်ပါ မင်းရဲ့ ကိုယ်ခန္ဒာကိုတော့ စောင့်ရှောက်သင့်တယ်လေ။အခုချိန် ငါတို့ ကုမ္ပဏီမှာ မန်နေဂျာက သိပ်ရှိတာမဟုတ်ဘူး။ တကယ်လို့ မင်းမရှိတော့ရင် စက်ရုံဆက်ပြီးရပ်တည်ဖို့မလွယ်ဘူးလေ”

ဟိန့်ဇ်က ထိုသို့ ကြားရသည်ကို အနှစ်သက်ဆုံးဖြစ်ပြီး သူက ချက်ခြင်း သူ့ရင်ဘတ်ကိုပုတ်လိုက်ကာ။ သူက အားကောင်းသောအသံဖြင့် “အေးဆေးပါကွာ၊ ငါကိုယ်က အလတ်ကြီးရှိပါသေးတယ်။ ဘာပြဿနာမှမရှိပါဘူးကွာ။ ဒါပေမဲ့ မင်းမှန်ပါတယ်၊ အခုချိန် ငါအလုပ်က အရမ်းကိုရေးကြီးနေတယ်။ ဒါကြောင့် ငါ့ ကိုယ်ခန္ဒာကိုယ်လည်း ဂရုစိုက်ရအုံးမယ်”

“ဒီလိုဆိုရင်တော့ ကောင်းတာပေါ့ဗျာ”

စက်ရုံနှင့်ပတ်သတ်သည့်ကိစ္စအချို့ကို ဟိန့်ဇ်နှင့်‌ပြောဆိုပြီးနောက် ရှုယီက ပြန်ဖို့ပြင်ဆင်ခဲ့သည်။ သို့သော်လည်း ဟိန့်ဇ် ကြည့်ရသည်မှာ တစ်ခုခုကို ရုတ်တရက်ကြီး အမှတ်ရသွားသည့်ပုံဖြစ်နေခဲ့သည်။

“ဟုတ်ပြီ ရှုယီ တမြန်နေ့တုန်းက မြို့ရဲ့ စီးပွားရေးအသင်းကနေ မင်းအတွက် ဖိတ်စာလာပို့သွားတယ်။ ကြည့်ရတာ မင်းကို သူတို့က စားသောက်ပွဲကို ဖိတ်ခေါ်ချင်နေတာလားမသိ။”

“စီးပွားရေးအသင်းက ဖိတ်စာတစ်စောင်ဟုတ်လား” ရှုယီက အံ့ဩသွားပြီး ပြုံးလိုက်ကာ “ဟိန့်ဇ်ရေ ဒါကိုကြည့်ရတာ ငါတို့ Frestech ကုန်သည်ကြီးများအသင်းက ဘန်တာမြို့မှာ ကုမ္ပဏီအကြီး ဖြစ်လာပြီးထင်တယ်။”

ဟိန့်ဇ်ကရယ်လိုက်သည် “ ဟုတ်တာပေါ့၊ တကယ်လို အဲ့ဒီမိတ်ဆွေတွေက ဒါက ကုမ္ပဏီအကြီးလို့ မသတ်မှတ်ထားရင် မင်းကိုသေချာပေါက် ဥက္ကဌအနေနဲ့ စားသောက်ပွဲကို ဖိတ်မှာကိုမဟုတ်ဘူး။ အဲ့ဒီတော့ မင်းသွားမှာလား”

“အင်း ငါဘာကြောင့်များမသွားရမှာလဲ” ရှုယီက ခေါင်းညိတ်ကာ ခပ်ရေးရေးပြုံးလိုက်ပြီး “စီးပွားရေးအသင်းက ကုမ္ပဏီအကြီးတစ်ခုလို့ အသိအမှတ်ပြုတာက အတော်ကိုအရေးပါတဲ့ ကိစ္စတစ်ခုလေ။ ငါကဒီလိုမျိုးကောင်းတဲ့ကိစ္စကို လက်လွှတ်လိုက်ဘယ်ဖြစ်ပါ့မလဲ”

ဟိန့်ဇ်လည်းပဲ ပြုံးလိုက်ပြီး ခေါင်းသာညိတ်နေတော့သည် “ဟုတ်တယ်၊ ဟုတ်တယ် ငါတို့ Frestech ကုန်သည်ကြီးများအသင်း တည်ထောင်ခဲ့တာက (၃)လပဲရှိသေးတယ်ပြီးတော့ မြို့ရဲ့စီးပွားရေးအသင်းရဲ့ အသိအမှတ်ပြုတာခံရတယ်။ လမ်ပူရီတိုင်းပြည်တော်မှာပင် မဆိုထားနဲ့ စိုင်စ်နယ်မြေတစ်ခုလုံးမှာတောင် ငါတို့လိုမျိုးက ကြုံတောင်ကြုံခဲကိစ္စပဲကွ။ ဒီအကြောင်းကို အခြားသူတွေက သိသွားရင် မနာလိုတောင်ဖြစ်ကြအုံးမှာ။”

ဟိန့်ဇ်ကထိုသို့ပြောပြီး ဖိတ်စာကိုထုတ်လိုက်သည်။ ရှုယီက ယူကြည့်လိုက်ပြီး ဖိတ်စာက ဘန်တာမြို့ စီးပွားရေးအသင်းကနေ တကယ့်ကြီးပို့ခဲ့တာဖြစ်ပြီး ထိုဖိတ်စာက အမှန်တကယ်ကြီး စီးပွားရေးအသင်းရဲ့ ဥက္ကဌနာမည်ဖြင့် လက်မှတ်ရေးထားခဲ့တာဖြစ်သည်။

ထိုအရာကိုအခြေခံပြီး ကြည့်ရသည်မှာ စီးပွားရေးအသင်းက Frestech ကုန်သည်ကြီးများအသင်းအား အတော်ကိုအရေးပါသည်လို ခံစားမိလို့ပင်ဖြစ်သည်။

ရှုယီက ဟိန့်ဇ်အားလက်ရမ်းပြလိုက်ကာ သူ့အလုပ်ကို ပြန်လုပ်စေလိုက်ပြီး သူက ဖိတ်စာကို တစ်ခါပြန်ကြည့်လိုက်သည်။ ပျော်နေသည့်ပုံတဖြည်းဖြည်းပျောက်သွားပြီး ဒီအချိန်မှာတော့ သူက မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။

“ကြည့်ရတာတော့ ဒီမိတ်ဆွေတွေက အတော်ကိုအကင်းပါကြတဲ့သူတွေပဲ၊ သူတို့က ဒီလောက်မြန်မြန်ကြီး ငါတို့ကို နောက်မလွတ်တမ်းလိုက်ကြည့်နေခဲ့တာလား”

***

မှော်စက်မှုအင်ပါယာ

အခန်း ၀၇၆ ။ မှော်ဖန်တုံးမီးအိမ်

အောက်တိုဘာလအကုန်မှတော့ အတော်လေးကို အေးစပြုလာပြီဖြစ်သည်။ ဘန်တာမြို့ကလူတွေလည်း စတင်ပြီး အဝတ်အစားမျိုးကို လုံခြုံစွာဝတ်ဆင်လာကြသည်၊ အဝတ်အစားများကို သူတို့ကိုယ်ပေါ်မှာ တင်းတင်းကြပ်ကို ထုတ်ပတ်ထားကြတော့သည်။

လမ်းမပေါ်ကနှင့် အခန်းထဲက အပူအချိန်နှင့်ယှဉ်လိုက်လျှင် ထုံးစံအတိုင်း နည်းနည်းပိုပြီးမြှင့်မားနေပေမယ့် တစ်ယောက်မှ စကတ်တိုဝတ်ဆင်နိုင်ခြင်းမရှိတော့ပါ။ စတေးလ်၊ အီဗီတာနှင့် အာကာလီ သူတို့ကအိမ်ထဲမှာ ရှည်လျားပွယောင်းသည့်အဝတ်အစားများ ပြောင်းလဲဝတ်ခဲ့ပြီးပြီးဖြစ်ကာ သူတို့ရဲ့ကိုယ်လုံးကို အပြည့်ဖုံးထားခဲ့ကြသည်။

ရှုယီက သူတို့ သုံးယောက်စလုံးကိုကြည့်ပြီး စိတ်ပျက်စရာကောင်းသည့်ခံစားချက်မျိုးရရှိသွားသည်။

ဒါပေမယ့် ထိုသို့ထူးဆန်းတဲ့ခံစားချက်များကို မြန်မြန်ဆန်ဆန် ဖိနှိပ်ထားလိုက်သည်။ သူက စားပွဲပေါ်မှာရှိနေသည့် ဖန်လုံးကိုသာ အာရုံစိုက်ထားနေလိုက်တော့သည်။

စိုင်စ်နယ်မြေမှာရှိသည့် လက်မှုပညာသည်တိုင်းလိုလို အရည်အချင်းအနိမ့်ပါးကြသည့်မဟုတ်ပါ။ ဖန်ထည် ပြုလုပ်ရာမှာ ထူးချွန်ကြသည့် သူများရှိနေကြသေးသည်။ သူတို့ရှေ့မှာရှိနေသည့် အလုံးကြီးက ဖန်ဖြင့်သာပြလုပ်ထားပြီး လုံးဝကိုအကြည်ဖြစ်နေခဲ့ပြီး မသန့်စင်သည့်အရိပ်ယောင်တစ်ခုမှရှိမနေခဲ့ပါ။ ထိုဖန်လုံးက အတော်ကိုထူထဲနေလျှင်တောင်မှပဲ မျက်နှာပြင်က အရမ်းကိုချောမွေ့နေတော့သည်။ ကမ္ဘာဂြိုလ်ရဲ့ စံနှုန်းထားကို အခြေခံပြီးသတ်မှတ်ရလျှင် ဒါက အတော်ကိုပြောင်မြောက်လှသည့် ဖန်ထည်ပြုလုပ်ခြင်းပင်ဖြစ်သည်။

“အဲ့ဒါက မှော်ဖန်တုံးတုံးမီးအိမ်ဆိုတာလား” ရှုယီက ဖန်လုံးကိုကြည့်ပြီး စတေးလ်ကိုမေးလိုက်သည် “ဒီဟာလေးက ရွှေဒင်္ဂါး (၂၀၀) ပြားတန်ကြေးရှိတယ်ပေါ့”

စတေးလ်က ခေါင်းညိတ်လိုက်ကာ “အင်း ငါဒါကို ရဖို့ အဖိုးဆီကိုသွားမေးရသေးတယ်။ ဒါက ငွေရှိရုံနဲ့ပဲ ဝယ်လို့ရတဲ့ဟာမဟုတ်ဘူး”

ရှုယီခင်မျာ ရုတ်တရက်ကြီး ပြောစရာစကားပျောက်ဆုံးသွားခဲ့သည်။

ထိုပစ္စည်းက ပြောရမယ်ဆိုလျှင် မီးသီးကဲ့သို့ အသုံးပြုရတာဖြစ်ပေမယ့် ရွှေဒင်္ဂါး (၂၀၀) ကျော်ခန့်ဖြင့် ရောင်းချတာဖြစ်ပြီး တစ်ခုလေးကိုဝယ်ချင်တိုင်း ဝယ်လို့မရေပေ။ ထိုအရာနှင့်ပတ်သတ်ပြီး သူအနေဖြင့် တကယ်ကြီးကို နားမလည်နိုင်တော့ပါ။

ရှုယီကသူ့အိမ်မှာ ဖယောင်းတိုင်မီးညှိလိုက်သောအခါတွင် သူ့စိတ်ထဲမှာ အကြံဉာဏ်တစ်ခုပေါ်လာခဲ့သည်။ သူရုတ်တရက် စဉ်းစားမိတာက ဖယောင်းတိုင်မီးကအရမ်းကို ဒုက္ခများသောကြောင့် သူအနေဖြင့် မီးသီးပြုလုပ်ဖို့ ဘာကြောင့် သုတေသနေမလုပ်နိုင်ရမည်ဟု၍ဖြစ်သည်။

အမှန်တော့ သူဒီကိုရောက်သည့်အချိန်ကတည်းက ထိုပစ္စည်ကိုပြုလုပ်ဖို့ စဉ်းစားထားပြီးပြီဖြစ်ပေမယ့် သူကတဖြည်းဖြည်း မေ့ပျောက်သွားခဲ့တာဖြစ်သည်။

အခုချိန်ထိုအကြောင်းများကို စဉ်းစားလိုက်ပြီး ရှုယီအနေဖြင့် စိတ်လှုပ်ရှားသွားသည်ကို မထိန်းနိုင်တော့ပဲ ဒါကို သုတေသနလုပ်ဖို့ ဆုံးဖြတ်ချက်ချခဲ့သည်။

ဒါပေမယ့် သူက ထိုအကြံကို စတေးလ်နှင့်အခြားသူများအားပြောပြသည့်အခါတွင် သူခေါင်းသာအခေါက်ခံလိုက်ရသည်။

စိုင်စ်နယ်မြေမှာ မှော်မီးအိမ်က ရှိနှင့်ပြီးသားဖြစ်နေသည်။

သူတို့သုံးယောက်စလုံးအား ရှုယီက မှော်မီးအိမ်က ရှိပြီးသားဖြစ်သည်ကြောင့် ဘာကြောင့်များလူသုံးနည်းရတာလဲနှင့် ဘာကြောင့်သူအရင်က တစ်ခုတောင် မမြင်ဖူးရတာလဲဟု မေးမြန်းလိုက်သောအခါတွင် သူပြန်ကြားရသည့်အဖြေကြောင့် အံ့သားသင့်သွားခဲ့ရသည်။

မှော်မီးအိမ်က အရမ်းကိုဈေးကြီးတယ်။

ထိုသို့ဖြစ်ရသည်က မှော်မီးအိမ်မှာ ထည့်သွင်းထားသည့် မှော်အစီအရင်က အရမ်းကိုရှုပ်ထွေးလှပြီး သာမန်မှော်ပညာရှင်တွေအနေဖြင့် အကုန်လုံးကိုရေးဆွဲနိုင်ခြင်းမရှိပါ။

ထိုမှော်အစီအရင်က အခြားပစ္စည်းများထက် စွမ်းအင်လုံးဝကိုမရှိလျှင်တောင်မှ အလင်းကိုတော်ရုံလောက်ထုတ်လွှတ်ပေးနိုင်သေးသည်။ ဒါကြောင့် ထိုပစ္စည်းကို တီထွင်ပြီးကတည်းက အခြား မည်သည့်မှော်ပညာရှင် ထပ်ပြီးသုတေသနလုပ်နိုင်ခြင်းမရှိသေးပါ။

ထိုကြောင့် မှော်မီးအိမ်က ဈေးကြီးသည့်ပစ္စည်းတစ်ခုဖြစ်လာခဲ့သည်။ ထိုအပြင် အချို့သူများက သူတို့မှာ ငွေဘယ်လောက်များများပိုင်ဆိုင်ကြောင်း ကြွားဝါလိုသည့်အတွက် ဝယ်ယူကြသည်ဖြစ်ပြီး သာမန်သူများအဖို့တော့ မှော်မီးအိမ်ကို ဝယ်ယူဖို့ မစဉ်းစားရဲကြပါ။

အချိန်အတော်ကြာပြီးနောက်မှာ မှော်မီးအိမ်က တဖြည်းဖြည်းရှားပါးပစ္စည်း ဖြစ်လာခဲ့ပြီး ထုံးစံအတိုင်း ဈေးပိုကြီးရင်း ကြီးလာကာ ပိုပြီးမွမ်းမံလာကြသည်။ ထိုမှော်မီးအိမ်က ရှုယီရဲ့ ကမ္ဘာဂြိုလ်ပေါ်က အသုံးတွင်ကျယ်ပြီး ဈေးပေါသည့်မီးသီးများဖြင့် ယှဉ်လိုက်လျှင် လုံးဝကို ခြားနားနေခဲ့သည်။

ထိုသတင်းအချက်အလက်များကို သိရှိပြီးနောက် ရှုယီက အသုံးချမှော်ပညာကိုအရေးပါသည့် နေရာမှာမထားသည့် စိုင်စ်နယ်မြေက မှော်ပညာရှင်များအား နားမလည်နိုင်ဖြစ်နေသော်လည်းပဲ သူက မှော်မီးအိမ်ကို အထင်မြင်သေးခြင်းမရှိပါ။ ထိုအစား သူက စတေးလ်ကို မှော်မီးအိမ်ဝယ်ယူဖို့ နည်းလမ်းမေးမြန်းခဲ့ပြီး ထိုမှသာ သူက ထိုပစ္စည်းကို သုတေသနပြုလုပ်နိုင်မည်ဖြစ်သည်။

သူက အသေးစားမှော်ထွန်ယက်စက် သုတေသနလုပ်ခဲ့သောအခါ သူက နားလည်သဘောသည့်အဆင့်သို့ရောက် ရှိခဲ့ပြီဖြစ်သည်။ စိုင်စ်နယ်မြေ၏ စက်မှုနည်းပညာက ကမ္ဘာဂြိုလ်နှင် နှိုင်းယှဉ်လိုက်သည့်အခါတွင် အတော်ကိုနိမ့်ပါးနေရင်တောင်မှ ပြိုင်ဘက်ကင်းမှော်ပညာများရှိနေသည့်အတွက် ကမ္ဘာဂြိုလ်ထက် အချို့နေရာတွက် အားသာချက်များရှိနေခဲ့သည်။

အကယ်၍သူက မှော်ဖန်တုံးမီးအိမ်ကနေ စိတ်ကူးဉာဏ်ကွန့်မြူးအချို့တွေ့ခဲ့ရပြီး သူ့အတွက် ထုတ်လုပ်ကုန်ကျစားရိတ် အများကြီးလျှောချနိုင်ခဲ့လျှင် ကမ္ဘာဂြိုလ်က မီးသီးပုံစံအတိုင်းပြုလုပ်မည့် အတွေးကို သူအနေဖြင့် ငြင်းပယ်မည်မဟုတ်ပါ။

“မင်းဒါကို အရင်က လေ့လားဖူးပြီးသားလား” ရှုယီက မှော်ကျောက်တုံးမီးအိမ်ကို ထိုးပြကာ မေးလိုက်သည်။

သူတို့သုံးယောက်က တစ်ဦးကိုတစ်ဦးကြည့်ကာ စတေးလ်က မှော်ကျောက်တုံးမီးအိမ်းကို ထိုးပြပြီး အသိရခက်သော အမူအရာဖြင့် “ ဒီ မှော်ဖန်တုံးမီးအိမ်က တစ်ပေါင်းတစ်စည်းတည်းလေ၊ ဒါကိုအကုန်လုံး ဖွင့်ကြည့်လို့မရဘူး။ တကယ်လို့ နင်က အထဲကမှော်အစီအရင်ကို လေ့လာချင်ရင် အပေါ်ကာကာရံထားတဲ့ ကျောက်တုံးကို နင်ခွဲပစ်မှရလိမ့်မယ်။”

“အဲ့တော့ ဒါကို ငါတို့ ဘယ်လိုခွဲကြမလဲ” ရှုယီက သူ(မ)ကို ထူးဆန်းသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

“အား…၊ ဒါကိုခွဲပစ်မှာ။ အဲ့ဒါက ရွှေဒင်္ဂါး (၂၀၀) တောင်ရှိတာနော်။” အာကာလီက ပုံကြီးချဲ့ပြောသည့်အပြုအမူဖြင့် ပြောလိုက်သည်။ သူ(မ)က မှော်ဖန်တုံးမီးအိမ် အိမ်ကို မယုံကြည်သည့် မျက်နှာဖြင့် လက်ညှိုးထိုးပြခဲ့သည်။

“ငါဒါကို ဝယ်ခဲ့တာ မင်းတို့ကိုလေ့လာစေချင်လို့လေ။ အဲ့ဒါမှာ ဘာကိုသုံးထားလဲ ဘာတွေများရှိနေမလဲ။” ရှုယီကဘေးပတ်ပတ်လည်ကိုကြည့်လိုက်ပြီး စားပွဲပေါ်ကကျောက်တုံးကို ယူလိုက်ကာ မှော်ဖန်တုံးမီးအိမ်ပေါ်သို့ ထုချေနေတော့သည်။

ကြည့်ရသည်မှာ ရှုယီတစ်ယောက် ထိုပစ္စည်းကို တကယ်ကြီး ထုခွဲပစ်ချင်နေပြီး အာကာလီနှင့် အီဗီတာတို့ကတော့ သဘောမကျသည့်အရိပ်အယောင်ကို သူတို့မျက်နှာတွေမှာပေါ်လာသည်။

ထိုမှော်ဖန်တုံးမီးအိမ်ကို အတော်ကိုသပ်ရပ်စွာပြုလုပ်ထားပြီး အပြင်ဘက်ကလည်း အရမ်းကိုလှပနေတော့သည်။ ဒါကြောင့် သူတို့က မြင်မြင်ချင်းကို သဘောကျသွားခဲ့သည်။ အခုတော့ ရှုယီက ထိုသို့လှပသည့်ပစ္စည်းကို သူတို့ရှေ့မှာတင် တကယ်ကြီး ခွဲချင်နေသောကြောင့် သူတို့က ကြည့်ပင်မကြည့်ဝံ့ကြတော့ပါ။

“နေပါအုံး” စတေးလ်က ရုတ်တရက်ကြီးထွက်လာကာ ရှုယီ လက်ကိုဖမ်းဆွဲလိုက်သည်။

“ဘာလို့တုန်းဟ။ စတေးလ်ရာ ဒီရွှေဒင်္ဂါး (၂၀၀) လေးကိုတောင်လက်မလွှတ်နိုင်ဘူးလား၊ မင်းလည်း ငါ့အကြောင်းသိလာတာကြာပြီမဟုတ်လား၊ ဒီသုတေသနက ထွက်လာတဲ့ ရလဒ်က ရွှေဒင်္ဂါး (၂၀၀) အထက်အများကို တန်ဖိုးရှိနေမယ်ဆို နင်သိထားသင့်တယ်” ရှုယီက စတေးလ်ကို မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်ကာ ပြောလိုက်သည်။

“ငါ ဒါကို နားလည်ပါတယ်” စတေးလ်က ရှုယီ လက်ထဲကကျောက်တုံးကို အောက်သို့ချထားလိုက်ပြီး “ဒါကို ခွဲပစ်ဖို့လိုအပ်ပေမယ့် နင်က အဲ့ဒါကို ဒီလိုမျိုးကြီးပဲ ခွဲပစ်ရက်နိုင်တယ်လား။ တကယ်လို့များက အထဲက မှော်အစီအရင်ကိုပါ ဖျက်စီးပစ်မိမယ်ဆိုရင်ရော။ တကယ်လို့ နင်က အထဲက မှော်အစီအရင် ဖျက်မိသွားရင် ငါတို့ ဒါကို ဘယ်လိုလုပ် လေ့လာနိုင်တော့မလဲ။ ငါတို့နောက်ထပ်တစ်ခု ဝယ်ဖို့မလိုဘူးလား”

ရှုယီ ခဏမျှမှင်သက်သွားခဲ့ပြီး “အဲ့ဒါကို ငါမေ့သွားတယ်”

အာကာလီနှင့် အီဗီတာတို့က စတေးလ်က ရှုယီအားတားလိုက်နိုင်သည့်အတွက် ပျော်ရွှင်သွားကြပြီး သူတို့က ထိုလှပသည်ပစ္စည်းလေးကို ပုံမှန်အတိုင်းလေးပဲ ထားချင်သည့်အတွက်အကြောင့်ဖြစ်သည်။ ဒါပေမယ့် သူတို့က စတေးလ်ရဲ့နောက်ထပ်ပြောလာသည့် စကားများကိုကြားလိုက်ရသည့်အခါတွင် သူတို့က တစ်ဦးကိုတစ်ဦးအား လုံးဝကိုစိတ်ပျက်သွားသည့်ပုံဖြစ် ကြည့်နေကြတော့သည်။

ထိုမှော်ဖန်တုံးမီးအိမ်ကို ရှုယီ၏ငွေဖြင့် ဝယ်ယူခဲ့သောကြောင့် သူတို့ကကူကယ်မဲ့ရာဖြစ်သွားသောကြောင့် သူတို့အနေဖြင့် ထိုပစ္စည်းကို ဘယ်ပုံဘယ်နည်းကိုင်တွယ်ရမည်ဆိုသည်ကိုဝင်ရောက်ပြောဆိုခွင့်မရှိပါ။ သူတို့က ရှုယီနှင့် စတေးလ်တို့လုပ်သမျှက ကြည့်ရုံမှတပါးအခြားမရှိပဲ နောက်ဆုံးမှာတော့ ထိုပစ္စည်း၏အားပျော့သောထောင့်ကနေ ရိုက်ခွဲချလိုက်သည်။

“ဟူး…လား”

မှော်ဖန်တုံးမီးအိမ်ရဲ့ အပြင်ပိုင်းကာထားသည့် ဖန်များအပိုင်းအစများဖြစ် ကွဲထွက်သွားကာ နောက်ဆုံး အတွင်းပိုင်းကိုမြင်နိုင်ပြီဖြစ်သည်။

ဖန်သားများက ချက်ခြင်းဆိုသလို ကွဲထွက်သွားခဲ့ပြီး ရှုယီက အားပါပါဖြင့် ရှုရှိုက်လိုက်သည်။ အခြားအရာများထက် ဖုန်မှုန့်အချို့ သူနှာခေါင်းထဲသို့ ဝင်လာပြီး အခြား ထူးဆန်းသည့် အနံ့များလုံးဝကိုမရှိပါ။

နှာချေလိုက်ပြီးနောက် ရှုယီက မှော်ဖန်တုံးမီးအိမ်ရဲ့ အပြင်ပိုင်းဖန်သားက အလင်းရောင်ဖြန့်ပေးပြီး အကာအကွယ် တစ်ခုသာဖြစ်ကြောင်း အတည်ပြုလိုက်သည်။ ထိုအရာက ကမ္ဘာပေါ်က မီးသီးများလို မှန်ဖုံးအုပ်ထားသည်မဟုတ်ဘဲ အကြောင်းကတော့ ဓာတ်မပြုသောဓာတ်ငွေ့များကို ထိန်းထားနိုင်ခြင်းမရှိပါ။

အမှန်တကယ်တော့ ဤကမ္ဘာမှ ဓာတ်မပြုသည့်ဓာတ်ငွေ့ကို အထဲမှာ သိမ်းထားနိုင်ဖို့ အတွက် အလုံပိတ်မှန်များမရှိသောကြောင့်ဖြစ်နိုင်သည်။

စတေးလ်ကမှော်ဖန်တုံး၏အပြင်ဘက် အကာရံပေါ်က ဖန်ကွဲစများကို ဂရုတစိုက်ဖယ်ရှားနေခဲ့သည်။ သူတို့လေးယောက်စလုံး မှော်ဖန်တုံးမီးအိမ်၏ အခြေခံအုတ်မြစ်ကို တစ်ပြိုင်တည်းကြည့်လိုက်ကြသည်။

မျှော်လင့်ထားသည့်အတိုင်း ပြိုင်ဘက်ကင်းရှုပ်ထွေးနေသည့် မှော်အစီအရင်က အခြေခံအုတ်မြစ်မှာရှိနေခဲ့သည်။ မှော်အစီအရင်၏လမ်းကြောင်းများကို အခြေခံပြီး တစ်ခုပြောနိုင်သည်က ထိုအရာက ရှုယီကသူ၏မှော်စက်ပစ္စည်းများတွင် အသုံးပြုသည့် အဆင့်နိမ့်မှော်အစီအရင်ထက်များစွာ ရှုပ်ထွေးနေခဲ့သည်။

အာကာလီက ခဏအကြာ ကြည့်နေခဲ့ပြီး တွန့်ဆုတ်တွန့်ဆုတ်နှင့် “ဥက္ကဌကြီး ဒီမှော်အစီအရင်က ရှုပ်ထွေးနေတာမလား၊ ဒါကို ကျွန်မတို့ မလေ့လာနိုင်မှာတော့ စိုးရိမ်မိတယ်”

စတေးလ်ကခေါင်းညိတ်လိုက်ပြီး “အင်း ဒါကိုကြည့်ရတာ ငါ့အတွက်လည်း အတော်ကိုဒုက္ခရောက်မယ့် ကိစ္စ။ ဒါကို ငါ့အဘိုးဆီသွားပြလိုက်ရင်ရော ဘယ်လိုလဲ၊ သူကတော့ ဒါကို နားလည်လောက်ပါတယ်။

ရှုယီကလည်း ထိုမှော်အစီအရင်ကို ခဏအကြာကြည့်လိုက်ပြီး အာကာလီနှင့် စတေးလ်တို့က အမှန်အတိုင်းပြောနေသည်ကို သိသွားခဲ့သည်။ ထိုမှော်အစီအရင်က အရမ်းကိုရှုပ်ထွေးလွန်းလှပါသည်။ ထိုအရာက သူလက်လှမ်းမမှီနိုင်သည့် မှော်ပညာဗဟုသုအဆင့်သို့ရောက်ရှိနေပြီဖြစ်သည်။

သူကခေါင်းညိတ်ပြီး စတေးလ်၏အကြံကိုသဘောတူခဲ့သောအခါ သူ ရုတ်တရက် တွေ့လိုက်ရတာက အီဗီတာကနှုတ်ဆက်နေခဲ့သည်။ သူက သူမကိုကြည့်လိုက်ပြီး “အီဗီတာ မင်းဘယ်လိုထင်လဲ။ ဒါကို နားလည်နိုင်တယ်လား”

အီဗီတာ ကခဏလောက် အတွေးပင်လယ်ဝေနေပြီး မရဲတရဲလေသံဖြင့် “ငါဒါကို နားမလည်နိုင်ပေမယ့်လည်း ဒီမှော်အစီအရင်ကို အရင်တစ်နေရာရာ တွေ့ဖူးသလိုမျိုး ခံစားမိတယ်။”

“အိုး.. မင်းက ဒါနဲ့ပတ်သတ်ပြီး ယူဆချက်တစ်ခုရှိနေတယ်ပေါ့။ မဟုတ်မှလွဲရော ဒီမှော်အစီအရင်ကို အရင်က ထိတွေ့ဖူးတာလား” ရှုယီက အမြန်မေးလိုက်သည်။

“မဟုတ်ဘူး၊ ငါ ဒီလောက်ရှုပ်ထွေးတဲ့ မှော်အစီအရင်ကို အရင်ကမသင်ခဲ့ရဖူးဘူး။ ငါသိတာ တစ်ခုက ဒီမှော်အစီအရင်ရဲ့ အသွင်အပြင်နဲ့ ပုံစံက ငါအရင်တွေ့ဖူးတဲ့ မှော်အစီအရင်နဲ့ အရမ်းကိုတူတယ်။ ဖြစ်နိုင်တာက ဆက်စပ်နေတာများလား”

“အဲ့တော့ မင်း အဲ့တာကဘာမှော်အစီအရင်လဲဆိုတာ မှတ်မိလား”

အီဗီတာကထိုအကြောင်းကို ခဏအကြာတွေးနေခဲ့ပြီး စာရွက်တစ်ရွက်ကို ယူလိုက်ကာ မှော်အစီအရင် ရေးဆွဲလိုက်သည်။

အခြားသုံးယောက်မှာမူ အီဗီတာ ဆွဲထားသည့်မှော်အစီအရင်ကိုကြည့်လိုက်ပြီး မှော်မီးအိမ်အခြေခံအုတ်မြစ်အတွင်းက မှော်အစီအရင်ကို တဖန်ပြန်ကြည့်လိုက်ကာ တစ်ပြိုင်တည်း ခေါင်းညိတ်လိုက်ကြသည်။

“အဲ့ဒါက အရမ်းကို ဆင်တူတယ်။ မှော်ဖန်တုံးမီးအိမ်ရဲ့ မှော်အစီအရင်က ပိုပြီး ရှုပ်ထွေးပေမယ့်လည်း နှစ်ခုစလုံးအတော်ကို တူကြတယ်ဆိုတာ ငါမြင်ရတယ်”လို့ စတေးလ်ကပြောလိုက်သည်။

ရှုယီက အီဗီတာ ဆွဲထားသည့် မှော်အစီအရင်ကို ခဏလောက်ကြည့်ပြီး ထိုအကြောင်းကိုတွေးလိုက်ကာ အီဗီတာအား “အီဗီတာ နင်ဒီ မှော်အစီအရင် ပြုလုပ်နိုင်လား”

အီဗီတာက ခေါင်းအသာညိတ်ပြလိုက်သည်။

“ကောင်းတယ် အဲ့ဒီတော့ ဒီမှော်အစီအရင်ကို အခုလုပ်လိုက်ပါလား။ ပြီးရင် အဲ့တာက ဘယ်လိုသက်ရောက်မှုရှိသလဲဆိုတာ ငါတို့ ကြည့်လိုက်ကြရအောင်”

အာကာလီက လက်ခုပ်တီးလိုက်ပြီး “ အဲ့ဒါက နည်းလမ်းကောင်းတစ်ခုပဲ အီဗီတာ မြန်မြန်လုပ်လိုက်တော့”

အီဗီတာကခေါင်းညိတ်လိုက်သည်။ သူမက မှော်ပစ္စည်းအချို့ကို ယူလိုက်ပြီး ဧည့်ခန်းကြမ်းပြင်ပေါ်မှာ မှော်အစီအရင်ကို စီရင်ခဲ့သည်။

ထိုမှော်အစီအရင်က မှော်ဖန်တုံးမီးအိမ်၏အခြေခံဖြစ်သည့် မှော်အစီအရင်လောက် ရှုပ်ထွေးနေခြင်းမရှိပဲ အီဗီတာ အနေဖြင့် အပြီးအစီးရေးဆွဲဖို့ အချိန် (၁၀)မိနစ်သာကြာခဲ့သည်။

ရှုယီနှင့် အခြားသုံးယောက်လည်း နောက်သို့ဆုတ်လိုက်ပြီး သူက ထိုမှော်အစီအရင်ထဲသို မှော်အစွမ်းအနည်းငယ်လောက် ထည့်သွင်းလိုက်သည်။ ထိုနောက် မှော်အစီအရင်တစ်လျှောက် အပြာရောင်အလင်းများ မြန်ဆန်စွာ ပြန့်နှံ့ထွက်ပေါ်လာကာ မှော်အစီအရင်ကနေ တောက်ပသည့် အဖြူရောင်အလင်းတန်းများ ထုတ်လွှင့်လိုက်ပြီး အခန်းတစ်ခုလုံးကို အဖြူရောင်အလင်းဖြင့် ပြိုးပြိုးပြက်ပြက်လင်းလက်သွားတော့သည်။

အဖြူရောင်လင်းတန်းများပြိုးပြိုးပြက်ပြက်ပေါ်လာပြီးနောက်၊ ထိုအလင်းများ ပျောက်ကွယ်သွားတော့သည်။

သူတို့လေးယောက်စလုံး ထိုမှော်အစီအရင်အား ငေးကြည့်နေခဲ့သည်။ ခဏအကြာမှာတော့ ဘာမှပြောင်းလဲမှုမရှိ တော့သည့်ကိုတွေ့ပြီး၊ သူတို့တွေ ခေါင်းရှုပ်သွားကြရတော့သည်။

“အဲ့ဒါက ဒီလိုကြီးပြီးသွားတာလား” အာကာလီက ထိုမှော်အစီအရင်ကို လက်ညှိုးထိုးပြီး “တစ်ခုခုများမှားသွားလို့လား။ အဲ့ဒါက ဖြတ်ကနဲအလင်းတန်းပဲ ထုတ်လွတ်နိုင်တာလား၊ အဲ့ဒါကို ဘယ်လိုများသုံးရတာလဲ”

စတေးလ်က အတွေးပါသောလေသံဖြင့် “ဒါက ဖြစ်နိုင်တာက လေမှော်ဂုဏ်သတ္တိသင်ခန်းစာက မိုးကြိုးဂုဏ်သတ္တိမှော်အစီအရင်ဖြစ်မယ်။ ဒါပေမယ့် ဒီမှော်အစီအရင်က အရမ်းကိုထူးဆန်းတယ်၊ အဲ့ဒါက မိုးကြိုးဂုဏ်သတ္တိမှော်အစီအရင်ကနေဖြစ်လာတဲ့ မိုးကြိုးလက်သလောက်ပဲ ထုတ်လွှတ်နိုင်တယ်။ ဒါပေမယ့် အဲ့ဒါနဲ့အတူ မိုးကြိုးကပါမလာဘူးလေ။ ဒါကိုကြည့်ရတာ မအောင်မြင်ခဲ့တဲ့ မှော်အစီအရင်တစ်ခုဖြစ်ပုံရတယ်။ အီဗီတာ နင်ဒီမှော်အစီအရင်ကို ဘယ်ကနေလေ့လာခဲ့တာလဲ။”

“ငါအဲ့ဒါကို စာအုပ်တစ်အုပ်ကနေ တစ်ကြိမ်တည်းပဲ ရုတ်တရက်မြင်လိုက်ရတာ” အီဗီတာ ကြည့်ရသည်မှာ စိတ်ပျက်နေသည်ဟန်ပေါ်နေသည် “ငါထင်တာ အဲ့တာကနည်းနည်းလောက်များအသုံးဝင်မလားလို့။ ဒါပေမယ့် အဲ့ဒါက စိတ်ပျက်စရာကောင်းလိမ့်မယ်လို့ ငါလုံးဝကိုမထင်ထားခဲ့ဘူး”

စိတ်ပျက်သည့်ဟန်ဖြစ်မနေသည့် တစ်ယောက်သောသူမှာ ရှုယီပင်ဖြစ်သည် အဲ့တာထက်သူက သူကြည့်ရသည်မှာ လုံးဝက စိတ်လှုပ်ရှားနေသည့်ပုံပေါ်နေခဲ့သည်။

သူတို့သုံးယောက်ပြောဆိုနေသည်ကို နားထောင်နေရင်း ရှုယီကရယ်မောလိုက်ပြီး မတ်တပ်ထရပ်လိုက်ကာ အီဗီတာ ပုခုံးကိုပုတ်ပြီး “မဟုတ်ဘူး၊ အဲ့လိုမဟုတ်ဘူးလေ အီဗီတာ အဲ့လိုဖြစ်ရတာက အမှော်အစီအရင်ကို မအောင်မြင်တာဖြစ်နေတာပဲလေ။ အဲ့ဒါကလည်း အသုံးဝင်ပါတယ်။ တကယ်တမ်း ဒီမှော်အစီအရင်က ကျရှုံးတဲ့ဟာမဟုတ်ဘူး။ ပြီးတော့ မိုးကြီးဂုဏ်သတ္တိအစီအရင်ရဲ့ ကြီးမားတဲ့အစွမ်းသာထည့်သွင်းထားခဲ့ရင် ငါတို့ ဒါကို မီးအိမ်တစ်လုံးအဖြစ် ဘယ်လိုလုပ်ပြီးသုံးနိုင်မှာလဲ။ ကောင်းပြီလေ ငါက မင်းတို့သုံးယောက် လုပ်ရမယ့် သုတေသနကို ကြော်ငြာပေးရတော့မယ်။ အဲ့ဒါက ဒီမှော်အစီအရင်ကို သင့်တင်လျောက်ပတ်အောင်လေ့လာပြီး နောက်ဆုံးရလဒ်အနေနဲ့ အဲ့ဒါက ထုတ်လွှတ်တဲ့ အလင်းတန်းကို တည်ငြိမ်အောင်လုပ်ဖို့ပဲ၊ နားလည်ကြလား”

စတေးလ်တို့သုံးယောက်အဖွဲ့က တစ်ဦးကိုတစ်ဦးကြည့်လိုက်ကာ ခေါင်းညိတ်လိုက်သည်။

မှော်ဖန်တုံးမီးအိမ်က မှော်အစီအရင်နှင့်ယှဉ်ကြည့်လိုက်လျှင် အီဗီတာ ဆွဲထားသည့်အရာက နားလည်ဖို့ရာ ပိုပြီးလွယ်ကူနေခဲ့သည်။

“တကယ်တော့၊ တကယ်လို့ မင်းတို့တွေက မှော်ဖန်တုံးမီးအိမ်ထဲက မှော်အစီအရင်ကိုပါ လေ့လာလိုက်ဆိုရင်တော့ အကောင်းဆုံးပေါ့။ တကယ်လို့ မင်းတို့ တစ်ခုခုနားမလည်တာများရှိရင် မဟာမှော်ပညာရှင်ကြီးကမ်မီလာကိုမေးလိုက်ပါ။ သူက ငါတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အထူးစပါယ်ရှယ်သုတေသနအတိုင်ပင်ခံပုဂ္ဂိုလ်ပဲ၊ မင်းတို့အနေနဲ့ သူဆီကနေ မှော်ပညာသင်ယူဖို့ အခွင့်အရေးရအောင်လုပ်ကြရမယ်”

စတေးလ်အတွက်မူပြောနေစရာမလိုတော့ပေမယ့် အာကာလီနှင့် အီဗီတာတို့က ရှုယီက ထိုသို့ပြောလိုက်သည်ကိုကြားလိုက်သည်နှင့် စိတ်လှုပ်ရှားသွားခဲ့ကြသည်။

မဟာမှော်ပညာရှင်ကြီးကမ်မီလာဆီကနေ အချိန်မရွေး သင်ယူခွင့်ရနိုင်တာက သူတို့အတွက် အရမ်းကိုအကူအညီဖြစ်စေပြီး သူတို့ရဲ့မှော်အစွမ်းလည်းတိုးမြှင့်လာစေပါသည်။

ရှုယီက စကားအနည်းငယ်ပြောဆိုပြီး ပြန်ဖို့ ပြင်ဆင်တော့သည်။

ကမ်ဘီက အန်ဂိုလာမျိုးနွယ်စုက လူပုများကို စောင့်ပြီးခေါ်ယူနေရသည်ဖြစ်သောကြောင့် သူအနေဖြင့် ဤအချိန်အတွင်း မှော်စက်ပစ္စည်းအလုပ်ရုံကို ပိုပြီးအလေးပေးလုပ်ရန် လိုအပ်သည်။ သူလုပ်ရသည် အလုပ်မျိုးစုံးပါပေါင်းထည့်တွက်လိုက်လျှင် ရှုယီ အတော်ကို အလုပ်ရှုပ်နေအုံးမည် နေ့လည်စာစားဖို့ကိုတောင် သည်နေရာမှာ ဆက်ပြီးနေလိုပင်မရတော့ချေ။

သူတံခါးအပြင်ပဲ လျှောက်ထွက်သွားသောအချိန်တွင် အာကာလီက အခန်းအပြင်ဘက်သို အလျှင်အမြန်ထွက်လာပြီး ရှုယီကိုအော်ခေါ်လိုက်သည်။

“ဥက္ကဌကြီး ၊ ရှင် … ရှင်ကနောက်နှစ်ရက်နေရင် စီးပွားရေးအသင်းရဲ့ မိတ်ဆုံစားပွဲကို သွားမှာမဟုတ်လား”

“အင်း မင်းဒါကိုဘယ်လိုလုပ်သိလဲ။” ရှုယီမှာအတော်လေး အံ့ဩသွားခဲ့သည်။

“စတေးလ်ကပြောပြတာ။” အာကာလီကတံခါးနောက်ကို ထိုးပြပြီး သူမက ရှက်နေသည့်ဟန်ပန်ဖြင့် မဝင့်မရဲ “ဥက္ကဌ၊ ကျွန်မ တစ်ခု တစ်ခုလောက်မေးလို့ရလား” ပြောလိုက်သည်။

ထိုကဲ့သို့ ပုံမျိုးကို အမြဲလိုတက်ကြွကြွရှိနေသည့် မိန်းကလေးက ရှက်နေသည်ကို သူက ပထမဆုံးမြင်ရခြင်းဖြစ်ပြီး သူအနေဖြင့် ဒါကိုကြည့်ပြီး ရယ်ချင်သွားတော့သည်။

“ဘာမို့လို့လဲ။ ငါ့ကိုပြောပါ။ တကယ်လို့ ငါကူညီနိုင်တာမျိုးဆိုရင် လုံးဝကိုစိတ်မပျက်သွားစေရပါဘူး”

ရှုယီက ထိုသို့ မြန်ဆန်စွာ တုံ့ပြန်လိုက်သည်ကိုကြားရသောအခါ အာကာလီရဲ့မျက်လုံးများပင့်တက်လာကာ သူမက အလျှင်အမြန်ပဲ “ကျွန်မကြားထားတာက အဲ့ဒီမိတ်ဆုံစားပွဲတက်ဖို့အတွက် ရှင့်မှာ မိန်းကလေးအဖော်မရှိသေးဘူးဆို..”

ရှုယီကမှင်သင်သွားခဲ့ပြီး အာကာလီကိုစိတ်ရှုပ်သွားသည့်အကြည့်ဖြင့် “အင်းဟုတ်တယ်လေ၊ ဘာလဲ။ နင်ကငါရဲ့ မိန်းကလေးအဖော်ဖြစ် ချင်လို့လား”

အာကာလီကရယ်လိုက်ကာ “ဥက္ကဌကြီးကတကယ်ကိုမျှော်အမြင်ရှိပါတယ်။ ဟုတ်တယ်လေ၊ ကျွန်မက ဒီမိတ်ဆုံစားပွဲမှာ ရှင်ရဲ့ မိန်းကလေးအဖော်ဖြစ်လိုက်ပါချင်တယ်၊ ရှင်ကလိုက်စေချင်ရဲ့လား”

ရှုယီကအတော်ကိုထူးဆန်းသည့်ခံစားချက်မျိုးဖြစ်သွားကာ “ဘာလို့ရုတ်တရက်ကြီး ဘာကြောင့်များ ဒီမိတ်ဆုံစားပွဲကို သွားချင်ရတာလဲ။ အဲ့တာက ပြောလောက်အောင်ကြီး စိတ်ဝင်စားစရာမှမကောင်းတာ”

“အဲ့ဒါကလား ကျွန်မက မြင်ဖူးချင်ရုံပါပဲ။ ဘယ်လိုသဘောရလဲ။ ဥက္ကဌကြီးရေ ရှင်သဘောတူရဲ့လား” အာကာလီ ကြည့်ရသည်မှာ တောင်းဆိုနေသည့်ပုံဖြစ်သည်။

“မင်းကို ခေါ်သွားဖို့က ပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့် အာကာလီ တကယ်လို့ မင်းက ငါရဲ့မိန်းကလေးအဖော်အဖြစ် အဲ့ကိုလိုက်လာခဲ့ရင် လူတွေက မင်းကို ငါ့ရည်းစားအထင်မှားကြလိမ့်မယ်နော်” ရှုယီက သူမကို သွေးတိုးစမ်းလိုက်သည်။

အာကာလီက သူ(မ)ရဲ့ ပြားကပ်နေသည့်ရင်ဘက်ကိုမော့လိုက်ပြီး အပြုံးလေးဖြင့် “ရှင်ကမှ ခွင့်ပြုတယ်ဆိုရင်တော့ ကျွန်မက ရှင့်ရဲ့ ရည်းစားဖြစ်ဖို့ အရမ်းကိုဆန္ဒရှိပါတယ်။ ဒါပေမယ့် ထားလိုက်ပါတော့၊ တကယ်လို့သာ ကျွန်မသာ ရှင့်ရဲ့ ရည်းစားသာတကယ်ကြီးဖြစ်လာခဲ့ရင် တစ်ယောက်ယောက်ကတော့ ဒေါသူပုန်ထနေမှာပဲ၊ ဥက္ကဌကြီး ရှင် တကယ်ပဲ ကျွန်မကို မိတ်ဆုံစားပွဲကိုခေါ်မှာလား။”

ရှုယီကခေါင်းညိတ်လိုက်ကာ “ကောင်းပါပြီ၊ မင်းကလိုက်ချင်နေမှတော့ ငါ ခေါ်ရတော့မှာပေါ့”

“ကောင်းလိုက်တာ၊ ဥက္ကဌကြီးကတကယ့်ကို လူကောင်းတစ်ယောက်ပဲ” အာကာလီက ဝမ်းသာကြည်နူးသွားခဲ့သည်။ သူမက တကယ်ကြီး လက်တွေကိုမြှောက်ကာ ရှုယီကိုဖက်လိုက်ပြီး အခန်းဆီကို ယုန်ငယ်လေးကဲ့သို့ ခုန်ပေါက်ကာပြန်ဝင်သွားခဲ့သည်။

သူမ ပျောက်သွားတာကိုကြည့်ရင်း ရှုယီက မနေနိုင်တော့ပဲ ခေါင်းကိုရမ်းကာ ပြုံးလိုက်သည်။

ထိုကလေးမလေးတွေ ဘာတွေများတွေးနေကြသည်ကို အမှန်တကယ်ကို သူ နားမလည်နိုင်တော့ပေ။

***

မှော်စက်မှုအင်ပါယာ

အခန်း ၀၇၇ ။ ကျွန်များကိုလွှဲပြောင်းပေးခြင်း

“ရှုယီ မင်းတကယ်ကြီးပဲ အဲ့ဒီးပျင်းစရာကောင်းတဲ့မိတ်ဆုံစားပွဲကိုသွားမှာလား” ဗစ်ကောင့်ထ်လက်စ်လိုင်းက ရှုယီကိုမျက်မှောင်ကြုတ်ပြီး စိတ်ရှုပ်နေသည့်ပုံစံဖြင့် “အဲ့ဒီမိတ်ဆွေတွေက စိတ်ကောင်းရှိလို့မင်းကို ဖိတ်လိုက်တယ်ထင်လား။ မင်းရဲ့ Frestech ကုန်သည်ကြီးများအသင်းက ကောင်းကောင်းတိုးတက်လာပေမဲ့ ကုမ္ပဏီကြီးဖြစ်လာဖို့က အတော်ကိုလိုနေသေးတယ်လေ။ အဲ့ဒီလူတွေက မင်းကိုသိမ်းသွင်းဖို့ကြိုးစားနေကြတာ၊ မင်းဆီက နည်းပညာကိုပဲသူတို့က လိုချင်နေကြတာ”

“အရှင်ဗစ်ကောင့်ထ် ၊ အရှင်က Frestech ကုန်သည်ကြီးများအသင်းမှာ ရှယ်ယာ (၃၀)ရာခိုင်နှုန်းပိုင်ဆိုင်ထားတာပါ၊ ဒါကြောင့်မို့ Frestech ကုန်သည်ကြီးများအသင်းက အရှင်ရဲ့ဟာပဲမဟုတ်ဘူးလား အဲ့ထာထက် ကျွန်တော်တို့ရဲ့ Frestech ကုန်သည်ကြီးများအသင်းပဲလေ။” ဟု၍ ရှုယီက ခပ်ရေးရေးပြုံးပြီးပြောလိုက်သည်။

“ကောင်းပါပြီ၊ ဒါက ငါတို့ရဲ့ Frestech ကုန်သည်ကြီးများအသင်း ဖြစ်နေလို့ ငါက ဒီကိစ္စနဲ့ပတ်သတ်ပြီး ပိုပြီးတောင်ပြောခွင့်ရှိတယ်မဟုတ်လား။ ငါမင်းကို ရှင်းရှင်းပဲပြောမယ် မိတ်ဆုံစားပွဲသွားတာကို ငါ ကန့်ကွက်တယ်။ ပြီးတော့ မင်းအဲ့ဒီမြေခွေးအိုကြီးတွေနဲ့ အတူရှိနေမှာကို ငါဆန့်ကျင်မှာပဲ။” ဗစ်ကောင့်ထ်လက်စ်လိုင်းက အတည်ကြီးပြောခဲ့သည် “ငါက ကြွားဝါပြီးမပြောချင်ပေမဲ့လည်း ဒီဘန်တာမြို့မှာ ငါ အရှင်ဗစ်ကောင့်ထ်က အတော်လေးလွှမ်းမိုးမှုရှိတယ်ဆိုတာ မင်းဝန်ခံရလိမ့်မယ်။ မင်းက ကိုယ်သေတွင်းကိုယ်မတူးသရွေ့တော့ ငါကတိပေးတယ်။ Frestech ကုန်သည်ကြီးများအသင်းက ဘေးကင်းကင်းနဲ့တိုးတက်နေလို့ရတယ်။ မင်း အဲ့ဒီလူတွေကို လုံးဝကိုဂရုစိုက်နေစရာမလိုဘူး၊ မင်းလုပ်ဖို့လိုတာက မှော်စက်ပစ္စည်းတွေ ပိုပြီး ဖွံ့ဖြိုးတိုးတက်လာအောင်လုပ်ကိုင်ဖို့ပဲ၊ ဘာကြောင့်များ မင်းက သူတို့ကို ဂရုစိုက်စရာလိုလို့လဲ?”

“အဟုတ်ပေါ့၊ အရှင်ဗစ်ကောင့်ထ်မှာ အဲ့လိုမျိုးစွမ်းဆောင်နိုင်စွမ်းရှိတာ ကျွန်တော်ယုံကြည်ပါတယ်ဗျာ။ ဒါပေမယ့် အရှင်ဗစ်ကောင့်ထ်၊ အရှင်က စီးပွားရေးနဲ့ပတ်သတ်ပြီး နားလည်ထားတာ ရေတိမ်ပိုင်းပဲရှိသေးတယ်” ရှုယီက မယဉ်မကျေးပြောလိုက်သည်။

ဗစ်ကောင့်ထ်လက်လိုင်းက နှာတစ်ချက်မှုတ်လိုက်ပြီး “အိုးဟုတ်ပါပြီ အဲ့တော့ ပြောပါအုံး အဲ့ဒီရေတိမ်ပိုင်းလောက်ပဲ နားလည်ထားတယ်ဆို ဘာနဲ့တူသလဲ။ ငါးသေးသေးလေးလိုလား မင်းက ငါးမန်းတွေပြည့်နေတဲ့ ကန်ထဲကို ခုန်ကူးသွားချင်တာလား၊ ကိုယ့်သေတွင်းကိုယ်တူးဖို့အတွက်လေ ဟုတ်လား”

ရှုယီကခပ်ရေးရေးပြုံးလိုက်ပြီး “ အရှင်ပြောတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်တယ်။ စီးပွားရေးအသင်းက ကုမ္ပဏီကြီးတွေနဲ့ ယှဉ်လိုက်ရင် ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းက ငါးသေးသေးလေးသာသာပဲ ရှိတာပါ။ ဒါပေမယ့် အရှင်ဗစ်ကောင့်ထ် တစ်ကိုယ်တည်းရပ်တည်နိုင်တဲ့ ကုမ္ပဏီတစ်ခုမှမရှိဘူး။ ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ထုတ်ကုန်တွေက ပြိုင်ဘက်ကင်းပြီး ပုံတူပွားလို့မရပါဘူး၊ ဒါပေမယ့် အရှင်နားလည်ထားရမှာက ကျွန်တော်တို့ ကုမ္ပဏီတွေနဲ့ ရင်းနှီးစွာဆက်နွယ်လုပ်ကိုင်နိုင်ရတုန်းပဲလေ။ ဥပမာပေးရမယ်ဆိုရင် မှော်စက်ပစ္စည်းတွေက ပြုလုပ်ရမှာ အရေးကြီးဆုံး သတ္တုဖြစ်တဲ့ သံသတ္တုပါ။ ကျွန်တော်တို့က လက်ရှိအချိန်မှာ ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းကနေဝယ်ယူနေရတုန်းပဲ။ အကြောင်းကတော့ သူတို့က ဘန်တာမြို့ အနီးတဝှက်က သံသတ္တုတွင်းကို သူတို့ကပဲ အကုန်ထိန်းချုပ်ထားတာလေ။ အဲ့ဒီတော့ ကျွန်တော်တို့မှာ အခြားရွေးစရာမရှိဘူး”

အရှင်ဗစ်ကောင့်ထ်က ခေါင်းညိတ်လိုက်ကာ လေးနက်သောအသံဖြင့် “ငါဒါကို ကြားခဲ့တာ တစ်လလောက်ရှိပြီ။ ဖဲလ်ချောင် ကုန်သည်ကြီးများအသင်းက သံသတ္တုရိုင်းတွေရဲ့ တန်ဖိုးကို (၁၀) ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်တယ် မဟုတ်လား”

“ဟုတ်တာပေါ့။ မကြာသေးခင်က ကျွန်တော်တို့ ကုမ္ပဏီမှာ မှာယူမှုတွေအများကြီးရှိလာခဲ့တယ်လေ၊ ဒါကြောင့် ထုံးစံအတိုင်း ကျွန်တော်တို့ သံသတ္တုရိုင်းပမဏတော်တော်များများကို လိုအပ်လာတယ်လေ။ ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းက အဲ့ဒီအခွင့်အရေးကို အမိရအသုံးချဖို့ ဈေးကို တိုးမြှင့်လိုက်တာ၊ အဲ့တာက ပုံမှန်ကိစ္စတစ်ခုပါပဲ။” ရှုယီက ခေါင်းညိတ်ကာ အပြုံးလေးဖြင့်ပြောလိုက်သည်။

“မင်းက ပြုံးနေနိုင်သေးတယ်လား” အရှင်ဗစ်ကောင့်ထ်က ရှုယီ မျက်နှာပေါ်က အပြုံးကိုကြည့်ပြီး အကြောင်းရင်းမရှိ ဒေါသထွက်နေခဲ့သည် “ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းက ဒီတစ်ကြိမ်မှာ (၁၀) ရာခိုင်နှုန်းတောင် တိုးလိုက်တာလေ။ ဒါပေမယ့် တကယ်လို့များ နောက်တစ်ခါကြရင် သူတို့က (၁၀) ရာခိုင်နှုန်းထက်ပြီး တိုးလိုက်မယ်ဆိုရင်ရော။ မင်းက ဒါကို အံ့ကြိတ်ခံတော့မလို့လား”

“ဒါကို အံ့ကြိတ်မခံပဲနေရင်လည်း ကျွန်တော်တို့ဘာတတ်နိုင်တာမို့လို့လဲ။ အရှင်ဗစ်ကောင့်ထ်က ဒါကိုတော့ ပိုပြီး ရှင်းရှင်းလင်းလင်းသိတယ်လို့ကျွန်တော်ထင်တယ် ဒါပေမယ့် ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းရဲ့နောက်ကွယ်က ဆရာကြီးက ဘယ်သူများလဲ” ရှုယီက သူရဲ့ မျက်နှာအနေအထားပြောင်းခြင်းမရှိပဲ ပြောလိုက်သည်။

ဗစ်ကောင့်ထ်လက်စ်လိုင်းက အတော်ကိုအံ့ဩသွားပြီး သူရဲ့ ဒေါသများလည်း လွင့်စင်သွားကာ သူရဲ့လက်ကို စိတ်ညစ်နေသည့်ပုံဖြင့် ရမ်းနေတော့သည်။

အမှန်တကယ်တော့ သူက ရှုယီထက်ပိုပြီး ဒါကိုရှင်းရှင်းလင်းလင်းသိပါသည်။ ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းကအမြင်မှာတော့ ထူးခြားမနေပေမယ့် ကုမ္ပဏီရဲ့နောက်ကွယ်က ရှယ်ယာ (၄၀) ရာခိုင်နှုန်းပိုင်ဆိုင်ထားသူက လမ်ပူရီတိုင်းပြည်၏ သံသတ္တုကုန်သည်က ဆွေကြီးမျိုးကြီးဖြစ်သည့်် ဂျိုဝဲလ်မိသားစုကြီးဖြစ်သည်။

ထို ဂျိုဝဲလ်မိသားစုက လမ်ပူရီတိုင်းပြည်၏ ထိပ်တန်းမိသားစုထဲက တစ်ခုဖြစ်သည်။ ကုမ္ပဏီအသေးလေးဖြစ်သည့် Frestech ကုန်သည်ကြီးများအသင်းကိုမဆိုထားနှင့် ဗစ်ကောင့်ထ်လက်စ်လိုင်းရဲ့နောက်ခံမိသားစုကတောင် သူတို့အား ရန်သွားမစခင် သေချာပြန်စဉ်းစားဖို့လိုသည်။

“အဲ့ဒီတော့ ငါတို့ဘာလုပ်နိုင်သေးလဲ။ သံသတ္တုက မှော်စက်ပစ္စည်းတွေပြုလုပ်ရမှာ အရေးကြီးဆုံး အခြေခံသတ္တုမဟုတ်လား ငါတို့ အတွက်မသုံးမဖြစ်သုံးရမယ့်ဟာလေ။ တကယ်လို့ ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းက ဈေးထက်တိုးနေရင် ငါတို့အဲ့ဒါကို ဘယ်လိုဖြေရှင်းဖို့ အစီစဉ်ရှိလဲ” လို့ ဗစ်ကောင့်ထ်လက်စ်လိုင်းကမတတ်နိုင်တောပဲ မေးလိုက်တော့သည်။

ရှုယီကတော့ စိုးရိမ်ကြောင့်ကြနေခြင်းမရှိပဲ သူက ခွက်ကိုမြှောက်လိုက်ပြီး တစ်ငုံသောက်လိုက်ကာ ဖြေးဖြေးလေး ပြောနေလိုက်သည် “အရှင်ဗစ်ကောင့်ထ်၊ အရှင်အဲ့တာနဲ့ပတ်သတ်ပြီး စိတ်ပူနေစရာမလိုပါဘူး။ သံသတ္တုရိုင်းဈေးတက်လာတာက ထင်ထားသလိုဖြစ်လာခဲ့တာဖြစ်ပြီး အဲ့ဒါက ဈေးမတက်လာဘူးဆိုရင်တောင် ကျွန်တော်အတွက် အထူးအဆန်းဖြစ်နေအုံးမှာ။ ဒါပေမယ့် ဒီလိုမျိုးသာ ဈေးတောက်လျှောက်တက်နေဖို့ကတော့ တစ်ချိန်မှာတော့ရပ်သွားမှာပဲ။ သံသတ္တုရိုင်း လိုအပ်တဲ့နေရာတွေမှ အများကြီးရှိသလို ကုမ္ပဏီအများကြီးကလည်း အဲ့လိုပဲ လိုအပ်နေကြတာပဲ။ ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်း တစ်ခုတည်းမှမဟုတ်တာ။ ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းက ဈေးကို ဘယ်လိုပဲ မတန်တဆရောင်းရာင်း အခြားကုမ္ပဏီတွေနှင့် ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းနဲ့တော့ ဈေးကွာခြားမှာမဟုတ်ဘူးလေ ဟုတ်တယ်မို့လား”

“သူတို့ အဲ့ဒီလိုတော့ မလုပ်ရဲလောက်ပါဘူး။ ဒါပေမယ့် ရှုယီရာ အဲ့ဒါက သူတို့ပြုသမျှ ငြိမ်ခံနေရတယ်လို့ မခံစားမိဘူးလား”

“တကယ်တော့ ကျွန်တော်လည်း အဲ့လိုမျိုးဖြစ်မိပါတယ်၊ ဒါကြောင့် ကျွန်တော်က မိတ်ဆုံစားပွဲကိုသွားဖို့ သဘောတူလိုက်တာ” ရှုယီက ပြုံးပြလိုက်ကာ ပြောလက်စကို ဆက်ပြောနေတော့သည် “အရှင်ဝင်ပါလို့မရတဲ့ အချို့ကိစ္စတွေရှိနေတယ်ဗျ၊ အရှင့်အနေနဲ့ ဘာမှကိုဝင်ပြောခွင့်မရှိတာလေ။ သာမန်အားဖြင့် ကိစ္စတော်တော်များကိုတော့ သည်းခံနေဖို့တော့လိုတယ်”

“ဒါပေမယ့် မင်းဝင်ပါလိုက်လို့ သူတို့ရဲ့ ဝါးမြိုခြင်းခံရမှာကို မင်းမကြောက်ဘူးလား”လို့ အရှင်ဗစ်ကောင့်ထ် က မျက်မှောင်ကြုတ်ကာပြောလိုက်သည်။

ရှုယီက ခပ်ရေးရေးပြုံးလိုက်ကာ “အရှင်ဗစ်ကောင့်ထ်၊ ကျွန်တော်သာ လွယ်လွယ်နဲ့ ဝါးမြိုခြင်းခံလိုက်ရရင် အရှင်အတွက် သတင်းကောင်းပဲမဟုတ်လား။ အဲ့တာက ကျွန်တော်က အရှင်ရဲ့ ရင်းနှီးမြုပ်နှံမှုနဲ့ မထိုက်တန်တဲ့သူဆိုတာ ဖော်ပြနေတာမဟုတ်လား၊ အရှင်ဘယ်လိုထင်သလဲ”

ဗစ်ကောင့်ထ်လက်စ်လိုင်းက နှာတစ်ချက်မှုတ်လိုက်သည်။ သူက ဘေးမှာ တစ်ချိန်လုံး တိတ်ဆိတ်စွာရပ်နေသည့် အိမ်တော်ထိန်းဘရူနိုင်းအား ခေါင်းညိတ်ပြလိုက်ပြီး အိမ်တော်ထိန်းဘရူနိုင်းက စာရွာစာတမ်းတစ်ခုက ကောက်ယူလိုက်သည်။

“ဒါကတော့ ဒီကျွန်တွေ လွှဲပြောင်းခြင်းစာချုပ်ပဲ” ဗစ်ကောင့်ထ်လက်စ်လိုင်းက ရှုယီ ရှေ့သို့ ထိုစာရွက်စာတမ်းများအား ချထားလိုက်သည်။

ရှုယီက ဗစ်ကောင့်ထ်လက်စ်လိုင်းကို အမျိုးမည်မသိသည့်အံ့သားသင့်စွာ ငေးကြည့်လိုက်ပြီး “အရှင်ဗစ်ကောင့်ထ်က တကယ်ကြီး သဘောတူမယ်လို့ ကျွန်တော်ထင်မထားခဲ့ဘူး”

ရက်အနည်းအကြာတွင် စက်ရုံကအလုပ်သမားများကို လစာပေးရမည့်အချိန်ရောက်သောအခါ ရှုယီက အိမ်သုံးစက်ပစ္စည်း စက်ရုံ၏အလုပ်သမားရဲ့ လစာနှင့်ပတ်သတ်ပြီး စိုးရိမ်ပူပန်နေခဲ့သည်။

သူအနေဖြင့် ရွှေဒင်္ဂါးပြားများကို သူတို့အား တိုက်ရိုက်မပေးနိုင်ပဲရှိနေပြီး သူတို့ကို ထိုသို့ အကျိုးခံစားခွင့်များ ပေးထားခြင်းက ပြဿနာတစ်ရပ်ဖြစ်နေတော့သည် ထပ်ပေါင်းပြောရင်လျှင် သူအနေဖြင့် ဗစ်ကောင့်ထ်လက်စ်လိုင်းရဲ့ သဘောတူခွင့်ပြုချက်က ပထမဦးဆုံးတောင်းခံထားရမည်။

ထိုသို့ဖြစ်ပြီးနောက် ရှုယီက ဗစ်ကောင့်ထ်လက်စ်လိုင်းထံသို့ အဆိုပါကျွန်များကို သူအားတိုက်ရိုက်ရောင်းချလိုက်ဖို့ ကြိုးစားနေခဲ့တာဖြစ်ပြီး သူ့ရဲ့ဒုက္ခများကိုလည်း ဖြေရှင်းပြီးသားလည်းဖြစ်သည်။

ဗစ်ကောင့်ထ်လက်စ်လိုင်းက အရင်က သဘောမတူခဲ့ပြီး ရှုယီမှာ မျှော်လင့်ချက်မရှိတော့ပြီဟုထင်နေခဲ့သည်၊ ဒါပေမယ့် မြို့တော်ဝန်က အခုလို လွှဲပြောင်းစာချုပ်ပေးလိုက်မည်ဟုတ် သူလုံးဝကိုမထင်ထားခဲ့ပါ။

“မင်းကိုအရင်ကတည်းက ငါပြောပြီးပြီ၊ ဒါက မင်းဆီမှာ ငါရဲ့ ရင်းနှီးမြုပ်နှံမှုတစ်ခုပဲ။ အဲ့ဒီ ကျွန်အယောက်တစ်ရာက ရင်းနှီးမြုပ်နှံမှုရဲ့ တစ်စိတ်တစ်ပိုင်းပေါ့။ ဒီရင်းနှီးမြုပ်နှံမှုအတွက် ငါ့ကိုပြန်ပြီး ပေးနိုင်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်” ဗစ်ကောင့်ထ်လက်စ်လိုင်းက ရုပ်တည်ကြီးဖြင့်ပြောလိုက်သည်။

ရှုယီက အလျင်အမြန်ပဲ စာချုပ်ကိုကြည့်ရှုလိုက်ပြီး ပြဿနာတစ်စုံတစ်ရာမတွေ့ရသည့်အတွက် သူက ချက်ခြင်းဆိုသလို စာချုပ်အပေါ်မှာ သူ့နာမည်ရေးထိုးလိုက်တော့သည်။

ထိုစာရွက်စာတမ်းများကို တိုင်းပြည်၏ကျွန်ပိုင်ဆိုင်ခွင့်ဥပဒေဖြင့်အတည်ပြုနေသေရွေ့ ထိုအရာက ချက်ခြင်းဆိုသလို သက်ရောက်မှုရှိနေပါသည်။ အခုအချိန်ကစပြီး ထိုကျွန်အယောက်တစ်ရာက ရှုယီကပိုင်ဆိုင်မည်ဖြစ်သည်။

ဗစ်ကောင့်ထ်လက်စ်လိုင်းက ရှုယီ လက်ထဲက စာချုပ်ကို ယူကြည့်လိုက်ပေမယ့် သူက ချက်ခြင်း လက်မှတ်ရေးမထိုးခဲ့ပါ။ သူက ရှုယီကို ကြည့်လိုက်ပြီး ညာဘက်လက်ညှိးကို မြှောက်လိုက်သည်။

“ငါက ဒီကျွန်အယောက်တစ်ရာအား မင်းကိုပေးနိုင်ပါတယ်၊ ဒါပေမယ့် အခြေအနေတစ်ခုတော့ရှိတယ်။ ငါက ဒီစာချုပ်ထဲမှာ ထည့်ရေးမထားရသေဘူး၊ ပြီးတော့ အဲ့ဒါက ငါတို့ကြားက နှုတ်ကတိ တစ်ခုပဲ အဲ့တော့ သေချာနားထောင်ပါ။”

ရှုယီကတော့ အရမ်းအံ့ဩမသွားခဲ့ဘဲ ခေါင်းကို ငြင်သာစွာညိတ်လိုက်သည်။

“တစ်လအတွင်းမှာ ကျွန်အယောက်သုံးရာက စက်ရုံကို ဝင်ရောက်လာလိမ့်မယ်။ မင်းက အဲ့ဒီကျွန်အယောက်သုံးရာကို လက်ရှိမှာ Frestech ကုန်သည်ကြီးများအသင်းကနေထုတ်လုပ်ထားတဲ့ မှော်စက်ပစ္စည်းအကုန်လုံးရဲ့ ထုတ်လုပ်ပုံကို မင်းကသင်ကြားပြသပေးရမယ်။ အိမ်သုံးမှော်စက်ပစ္စည်းတွေဖြစ်တဲ့ မှော်ပန်ကာ၊ မှော်ထမင်းပေါင်းအိုးနဲ့ မှော်လေအေးပေးစက်တွေအပါအဝင် မှော်စက်ပစ္စည်းအကြီးစားများဖြစ်တဲ့ မှော်ကောက်ရိတ်စက်အသေးစားနှင့် မှော်ထယ်ထိုးစက်အသေးစား အဲ့တာတွေလည်းပါတယ်။ ငါဆိုလိုတာကို မင်းနားလည်လား”

ရှုယီက ဗစ်ကောင့်ထ်လက်စ်လိုင်းကို အချိန်ခဏအကြာ မျက်လုံးကျဉ်းလေးများဖြင့် ကြည့်လိုက်ပြီး ဖြည်းငြင်းစွာ “အရှင်ဗစ်ကောင့်ထ် ကျွန်တော်မေးလို့ ရမလား။ အဲ့ဒီ ကျွန်အယောက်သုံးရာ ဘယ်ကနေလာမှာလဲ” ဟုတ်မေးခဲ့သည်။

ဗစ်ကောင့်ထ်လက်စ်လိုင်းရဲ့မျက်နှာကို အေးတိအေးစက်ဖြစ်သွားပြီး “မင်းအများကြီး မမေးတာအကောင်းဆုံးဖြစ်မယ်၊ မင်းအတွက်အကျိုးအမြတ်ရစရာတစ်ခုမှမရှိဘူး။ ငါမင်းကို မေးဒါတာက ဒါကို သဘောတူနိုင်ရဲ့လား”

ရှုယီက လက်ဝါးဖြန့်လိုက်ပြီး ခါးသက်သက်အပြုံးဖြင့် “ကျွန်တော်က သဘောမတူနိုင်ဘူးဆိုရင်ရော။ အရှင်ဗစ်ကောင့်ထ်က အဓိကရှယ်ယာပိုင်ရှင်ဆိုတဲ့ အချက်ထည့်မတွက်ပဲနဲ့ ကျွန်အယောက်တစ်ရာကို အရှင်က ကျွန်တော်ထံလွှဲပြောင်းပေးတဲ့ အချက်ကိုပဲကြည့်ရအောင် ကျွန်တော်က ဒါက သဘောတူထားပြီးပြီ။ ကျွန်တော်က ဟိန့်ဇ်နဲ့ ကမ်ဘီတို့ကို အဲ့ဒီကျွန်အယောက်သုံးရာကို ကောင်းကောင်းလေ့ကျင့်သင်ကြားဖို့ ပြောလိုက်ရုံပဲ၊ ဘာပြဿနာမှမရှိဘူး၊ သူတို့ကဘာကိုမှ ထိမ်ချန်ထားမှမဟုတ်ဘူးအကုန်သင်ပေးကြမှာပါ။ အမှန်တော့ အရှင်ဗစ်ကောင့်ထ် အဲ့ဒီကျွန်အယောက်သုံးရာက အကုန်လုံးကို နားလည်နိုင်မယ်လို့တော့ ကျွန်တော်အာမခံဘူးဗျ။ တစ်ယောက်ချင်းစီက တစ်မျိုးစီလုပ်ကြရတာဆိုတော့လေ”

ဗစ်ကောင့်ထ်လက်စ်လိုင်းကခေါင်းညိတ်လိုက်ပြီး “ငါ အဲ့ဒါကို နားလည်ပါတယ်။ မင်းကသာ သူတို့ကို သင့်လျော်သလို သင်ပေးဖို့ပဲ”

“အဲ့လိုဆိုတောလည်း ကောင်းပါပြီ။ ကျွန်တော်မှာ နောက်ထပ်မေးခွန်းရှိသေးတယ်။ သူတို့က ဘယ်လောက်ကြာကြာနေမှာလဲ။ တကယ်လို့ အချိန်ကအရမ်းတိုနေရင် သူတို့အားလုံးလေ့လာနိုင်မယ်လို့ ကျွန်တော်မထင်ဘူး။ တကယ်လို့ သူတို့က အချိန်ကြာကြာနေမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ တကယ်လို့ အရှင်က ကျွန်တော်ကို ခန့်မှန်းအချိန်ပြောပြရင် ကျွန်တော်အနေနဲ့ ကြိုတင်ပြီး ပြင်ဆင်ထားလို့ရတာပေါ့။ အဲ့ဒီအပြင် သူတို့ထွက်သွားရင် စက်ရုံရဲ့ အလုပ်လုပ်နိုင်သည့်နှုန်းထားအပေါ် သက်ရောက်မှုရှိလာပါမယ်။”

“အဲ့ဒါက ခန့်မှန်းပြီးပြောရရင် နှစ်ဝက်လောက်ကြာမယ်။ အချိန်တစ်နှစ်အတွင်း ဘယ်လိုပြောင်းလဲသွားမလဲဆိုတာငါတို့ကြည့်ကြတာပေါ့။ ပြီးတော့ ငါမင်းကို အချိန်ကြိုပြီပြောပါ့မယ်”

“ကောင်းပါပြီ၊ ကျွန်တော်နားလည်ပါတယ်”

ဗစ်ကောင့်ထ်လက်စ်လိုင်းရဲ့ နာမည်ရေးထိုးထားသည့် စာချုပ်ကိုကြည့်ရင်း ရှုယီက အူထဲအသည်းထဲက ပြုံးနေမိတော့သည်။

ဗစ်ကောင့်ထ်လက်စ်လိုင်းက စက်ရုံသို့ ကျွန်အယောက်သုံးရာကို နေရာချထားပေးချင်သည်ကို ကြားရသောအခါ ရှုယီအနေဖြင့် အတော်ကိုအံ့ဩသွားပေမယ့် သူ့ရဲ့တောင်းဆိုချက်ကို ကြားလိုက်ရသောအခါတော့ ရှုယီကရယ်ချင်သွားတော့သည်။

ဗစ်ကောင့်ထ်လက်စ်လိုင်းက ထိုကျွန်အယောက်သုံးရာကို အလင်းထုတ်လွှတ်ပုံနှင့် စက်ပစ္စည်းအကြီးစား ထုတ်လုပ်ပုံကို သင်ပေးဖို့ သူအားတောင်းဆိုထားပေမယ့် သူက အရမ်းကိုအရေးကြီးသည့် နည်းပညာတစ်ခုကို မေ့နေခဲ့သည်။ ထိုအရာက မှော်စက်ပစ္စည်းထုတ်လုပ်ခြင်းအတွက် ကုန်ထုတ်လုပ်မှုနည်းပညာပင်ဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်းက ထုတ်လုပ်ရေးလမ်းကြောင်းများရှိသည်ကို သိထားသော်လည်း ထုတ်လုပ်ခြင်းကို သေသေချာချာ ခွဲခြားရလျှင် မှော်စက်ပစ္စည်း (၁၀)မျိုးရှိပြီး ထိုအရာများရဲ့ အခြေခံက ရိုးရှင်းသည့် မှော်ပစ္စည်းထုတ်လုပ်ရေးစက်များပင်ဖြစ်ပြီး ပါဝင်သည့်အစိတ်အပိုင်းများကို မရပ်မနားထုတ်လုပ်နေလျက်ရှိပါသည်။

ရှုယီ ခန့်မှန်းချက်အရ ထိုကျွန်အယောက်သုံးရာသည် ဗစ်ကောင့်ထ်လက်စ်လိုင်း၏နောက်ခံမိသားစုကလာသူများဖြစ်မည်။ သူတို့က ထိုကျွန်အယောက်သုံးကို အခြေခံပြီး နောက်ထပ် Frestech ကုန်သည်ကြီးများအသင်းလိုမျိုး ဖန်တီးချင်နေကာ ဗစ်ကောင့်ထ်လက်စ်လိုင်းရဲ့နောက်ခံမိသားစု အကျိုးကျေးဇူးခံစားခွင့် ဖန်တီးနေတာပင်ဖြစ်သည်။

ဗစ်ကောင့်ထ်လက်စ်လိုင်းရဲ့နောက်ခံမိသားစုက အလွန်တရာကြီးစိုးခြယ်လှယ်နိုင်ကြပြီး အကယ်၍ သူတို့သာ ထိုနည်းပညာများကို ပိုင်ဆိုင်ထား ကုမ္ပဏီတစ်ခုမှာ ရင်းနှီးမြုပ်နှံလိုက်ပါက သူတို့ရဲ့အတိုင်းအတာက Frestech ကုန်သည်ကြီးများအသင်းထက် ချက်ခြင်းကို အများကြီး ကျော်လွန်သွားနိုင်သည်။

ဒါပေမယ့် ရှုယီ နားမလည်နိုင်ဖြစ်နေသည်က ဘာကြောင့်များ ဗစ်ကောင့်ထ်လက်စ်လိုင်းက သူ့အား ထိုကျွန်အယောက်သုံးရာကို မှော်ပစ္စည်းထုတ်လုပ်ရေးစက် ဘယ်လိုလုပ်ရမည်ဆိုတာကို သင်ပေးဖို့ မတောင်းဆိုခဲ့သနည်းဟု၍ပင်။

ဗစ်ကောင့်ထ်လက်စ်လိုင်းက ဉာဏ်တုံးသည့်သူမဟုတ်ပါ။ သူကအရမ်းကို Frestech ကုန်သည်ကြီးများအသင်းအကြောင်း ကောင်းကောင်းကြီးသိသောသူဖြစ်သည်။ မှော်ပစ္စည်းထုတ်လုပ်သည့်စက်က အရေးပါသည်ဆိုတာကို သူက မသိဘူးဆိုတာ မဖြစ်နိုင်ပါ။

“မဟုတ်မှလွဲရော အဲ့ဒါနဲ့ပတ်သတ်ပြီး ရည်ရွယ်ချက်တစ်ခုခုများရှိနေလို့လား။” ရှုယီ ကြိုးစားပြီး ခန့်မှန်းကြည့်နေသည် “ ဒါပေမယ့် သူဘာလို့များအဲ့ဒီလိုလုပ်ရတာလဲ”

***

မှော်စက်မှုအင်ပါယာ

အခန်း ၀၇၈ ။ စားသောက်ပွဲ

ဆောင်းဦးလေက အတော်ကိုထိုင်မှိုင်းစေပြီး ဘန်တာမြို့က နေ့အချိန်ထက် ညပိုင်းကပိုပြီးအေးမြလာခဲ့သည်။ လွန်ခဲ့သည့်လကနှင့်ယှဉ်လိုက်လျှင် လမ်းပေါ်တွေလူအနည်းကျဉ်းသာရှိနေကြပြီး မြို့တစ်မြို့လုံးက အထီးကျန်ဆန်နေသလိုပင်။

ဒါပေမယ့် ဘန်တာမြို့ရဲ့ မြောက်ဘက် အိမ်ကြီးအိမ်ကောင်းတစ်ခုမှာတော့ မြင်းလှည်းအစီး သုံးဆယ်ကျော်က ခြံအပြင်ဘက်တွင် ရပ်ထားကြသည်။

ထိုမြင်းလှည်းများက ပုံစံနှင့်အရွယ်အစား မတူညီကြသော်လည်းပဲ လှည်းတစ်လှည်းစီတိုင်းက ဇိမ်ခံစီးဖို့အတွက် ပြုလုပ်ထားကြသည်။

မြင်းလှည်းတစ်လှည်းစီ၏ အလှဆင်ယင်ထားမှုများက ဈေးကြီးသည်သာမကပဲ ထိုမြင်းလှည်းများကိုဆွဲသော မြင်းများကလည်း မျိုးကောင်းမျိုးသန့်များဖြစ်ကြပြီး သာမန်မြင်းများမဟုတ်သည်မှာ အသေအချာပင်ဖြစ်သည်။

ထိုမြင်းလှည်းများကို အခြေခံပြီး ထိုမြင်းလှည်းပိုင်ရှင်များက အရမ်းကိုကြွယ်ဝချမ်းသာသည်ဆိုတာ သိရှိနိုင်ပါသည်။ သူတို့တစ်ဦးစီတိုင်းက ဘန်တာမြို့ရဲ့ အထင်ကရပုဂ္ဂိုလ်များဟုတ်သတ်မှတ်ထားလို့ရသည်။

အိမ်ကြီးဆီကနေ ပျော်ရွှင်စွာစကားပြောနေသံများနှင့် ရယ်မောသံများပျံ့လွှင့်လာသလို တစ်ချက်ချက် တေးသီးကြူး ဂီတသံများပါ ကြားရသည်။ ကြည့်ရသည်မှာ အတွင်းမှာ မိတ်ဆုံစားပွဲကြီး ကျင်းပနေပုံရသည်။

ဘန်တာမြို့ရဲ့ အရေးကြီးပုဂ္ဂိုလ်များ ပါဝင်စုစည်းထားသည့် မိတ်ဆုံးစားပွဲတော်မျိုးက အတော်ကိုရှားပါလှတဲ့သည့် ပွဲတစ်ခုပင်ဖြစ်သည်။

အနက်ရောင်မြင်းလှည်းတစ်စီးက ထောင့်တစ်နေရာကနေ ထွက်ပေါ်လာသည်။

ထိုမြင်းလှည်းကို ကြည့်ရသည်မှာပြောင်ရှင်းနေသည့်အပြင် မီးအိမ်တစ်လုံးကိုလည်း အပြင်ဘက်မှာချိတ်ဆွဲထားသေးသည်။ အခြားမည်သည့် အလှဆင်ထားခြင်းမျိုးမရှိပါ။ လှည်းကိုဆွဲသည့် မြင်းကလည်း ရောင်စုံဖြစ်နေကာ အထူးမျိုးကောင်းမျိုးသန့် ဖြစ်နေသည်ပုံ မထင်ရပေ။

ထိုမြင်းလှည်းကို အခြေခံပြီး အတွင်းမှာထိုင်နေသည့် ပုဂ္ဂိုလ်က အရေးကြီးပါသည့်သူ ဖြစ်မည်မထင်သောကြောင့် သူတို့က အိမ်ကြီးရဲ့ တံခါးဝသို့မရောက်ခင်မှာပင် သူတို့အား ဂိတ်တံခါးအပြင်ဘက် မှာရှိနေသည့် အစောင့်များက ဟန့်တားခဲ့သည်။

အစောင့်များက သူတို့အား ကြိမ်းမောင်းပြောဆိုကာ မြင်းလှည်းကို အခြားတစ်နေရာသို့ မောင်းထွက်သွားရန် ပြောဆိုနေစဉ် မြင်းလှည်းလိုက်ကာစ ရုတ်တရက်ပွင့်လာခဲ့ပြီး လူငယ်လူရွယ်တစ်ယောက်က ခုန်ထွက်လာခဲ့သည်။

ထိုလူငယ်လေး၏ အဝတ်အစားများက ဇိမ်ခံအဝတ်များမဟုတ်၊ သူက အဖိုးကြီးမားသည့် လက်ဝတ်လက်စားတစ်ခုမှ ဝတ်ဆင်ထားခြင်းမရှိသော်လည်း သူရဲ့ဂုဏ်ရှိန်ဝါက အားကောင်းနေခဲ့ပြီး သူရဲ့လှုပ်ရှားမှုတိုင်းက ယုံကြည့်မှုအပြည့်ရှိသောကြောင့် ကြည့်ရသည်မှာ သူက သာမန်သူတစ်ယောက်တော့မဟုတ်ပေ။ အစောင့်များ မှင်သက်သွားပြီးနောက် ပြောမည့်စကားများကိုသာ သူကမြိုသိပ်ထားလိုက်သည်။

ထိုလူငယ်လေးက အစောင့်ကိုကြည့်လိုက်ပြီး မြင်းလှည်းဘက်လှည့်လိုက်ကာ လက်ရမ်းပြလိုက်သည်။

နူးညံ့ဖြူစွတ်နေသည့် လက်တစ်စုံ မြင်းလှည်းကနေထွက်လာပြီး ထိုလူငယ်လေးရဲ့ ကမ်းလင့်ကြိုဆိုမှုဖြင့် ဝိုင်းစက်စက်မျက်နှာလေးဖြင့်ချစ်ရာကောင်းသည့်မိန်းကလေးက တက်ကြွသည့်ဟန်ပန်အပြည့်ဖြင့် မြင်းလှည်းပေါ်ကနေ ဆင်းသက်လာခဲ့သည်။

ထိုမိန်းကလေးကိုကြည့်ရင်း အစောင့်များက စက္ကန့်ပိုင်းလောက် မှင်သက်သွားကြပြီးမှ သူက ထိတ်လန့်နေသောအသံဖြင့် “ ဒီက မမလေးအာကာလီလားခင်ဗျာ”

အာကာလီအနေဖြင့် မြင်းလှည်းကနေထွက်လာချင်း တစ်ယောက်ယောက်က သူမနာမည်ကို ခေါ်လိုက်သည်ကို ရုတ်တရက်ကြားလိုက်ရသောအခါ အံ့ဩတကြီး ကြည့်လိုက်ပြီး ပျော်ရွှင်နေဟန်ရှိသည့် ထိုအစောင့်အား တွေ့ခဲ့ပြီး ချိုသာစွာပြုံးပြလိုက်သည်။

“ရှင် ကျွန်မကို သိတယ်တဲ့လား”

“ဟုတ်တာပေါ့ သိတာပေါ့ဗျာ” ထိုအစောင့်က စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်ပြီး “မမလေးအာကာလီ၊ မမလေး မြို့အပြင်က Frestech ကုန်သည်ကြီးများအသင်းရဲ့ ဘေဘုတ်က အစ်မမို့လား၊ ကျွန်တော်အဲ့တာကို ကြည့်နေတာ အကြိမ်ရေမနည်းဘူး။ အစ်မနဲ့ တကယ်ကြီးတွေ့ဆုံရမယ်လို့ ကျွန်တော်ဘယ်တော့မထင်ထားခဲ့ဘူး၊ ဒါက တကယ် တကယ်ကြီးမို့လား”

ဘေးမှာရှိနေသည့် လူငယ်လေးကတော့ သိထားသည့်အတိုင်း ရှုယီ ပင်ဖြစ်သည်။ ထိုအစောင့်က အာကာလီအား နာမည်ကြီးတစ်ယောက်လို ထင်မြင်နေတာကို ကြည့်ပြီး သူအနေဖြင့် ထိန်းမရတော့ပဲ ပြုံးမိသွားတော့သည်။

“အာကာလီ နင် နာမည်ကြီးလာပြီပဲ။ နင့်မှာ ပရိသတ်တောင်ရှိနေပြီ”

“ဘာလဲဟ ပရိသတ်ဆိုတာ” အာကာလီက ရှုယီအား နားမလည်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

“အာ့ ပရိသတ်ဆိုတာက … တစ်ယောက်ယောက်က နင့်ကိုဂရုတစိုက်ရှိပြီး သဘောကျနေတဲ့သူကိုခေါ်တာမဟုတ်လား။ ဒီအစောင့်အကိုကြီးက နင့်ကိုတွေ့လိုက်တာနဲ့ စိတ်လှုပ်ရှားသွာပြီး ပျော်သွားတယ်မို့လား? အဲ့ဒီသဘောက သူက နင့်ရဲ့ ပရိသတ်ပဲ”

“အတော်ကို စွမ်းအာရှိတယ်လို့တော့ထင်ရတာပဲ” အာကာလီက အစောင့်ကိုကြည့်လိုက်ပြီး နောက်ထက် ချိုချိုသာသာပြုံးပြလိုက်သည်။ “အစောင့်အကိုကြီး၊ ကျွန်မတို့က မိတ်ဆုံစားပွဲကိုလာတာပါ၊ ကျွန်မတို့ ဝင်သွားလို့ရတယ်မဟုတ်လား”

ထိုအစောင့်က မှင်သက်တွေဝေနေပြီးနောက် နောက်ဆုံးတော့ ပြန်လည်တုံ့ပြန်လာခဲ့သည်။ သူက ဘေးမှာရှိနေသည့် ရှုယီကိုကြည့်လိုက်ကာ ရုတ်တရက် နားလည်သွားတော့သည်။

“သူက Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌရှု ဖြစ်ရမယ်၊ ဟုတ်တယ်မို့လား။ ကျေးဇူးပြုပြီး အထဲကိုကြွပါ၊ ဝင်လာပါ”

ထိုအစောင့်ရဲ့ ဦးဆောင်ခေါ်ယူဖြင့် ရှုယီနှင့် အာကာလီတို့က အိမ်ကြီး၏တံခါးမကြီးက နေဝင်ရောက်လာခဲ့ပြီး သူတို့အား မျက်လုံးပေါင်းများစွာက ဝိုင်းကြည့်နေသလို ခံစားခဲ့ရသည်။

အထဲမှာ ရှိနေသည့် သူများက တန်ဖိုးကြီးအဝတ်များနှင့် ခမ်းနားလည်သည် လက်ဝတ်လက်စားများ ဝတ်ဆင်ထားကြကာ သူတို့ရဲ့ ကြွယ်ဝချမ်းသာမှုကို ကြွားလုံးထုတ်နေကြပြီး ထိုသူတိုနှင့် ယှဉ်လိုက်လျှင် ရှုယီနှင့် အာကာလီတို့က ရိုးရိုးရှင်းရှင်းသာ ဝတ်ဆင်ထားကြသည်။

ရှုယီက မသွားခင်မှာ သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ထားသော်လည်း သာမန်အဝတ်အစားများက ဝတ်ဆင်ထားဆဲဖြစ်ပြီး တစ်ခုမှ တန်ဖိုးကြီးသည်ဟု ထင်ရခြင်းမရှိပါ။

ရှုယီနှင့်ယှဉ်လိုက်လျှင် အာကာလီက အတော်လေးဝတ်စားလာသည်ဆိုပေမယ့်လည်း သူမက သာမန်မိသားစုရဲ့ သမီးတစ်ယောက်သာဖြစ်နေသည်။ သူမက သာမန်မိသားစုကနေ ဆင်းသက်လာသူဖြစ်သည်ကြောင့် သာမန်အားဖြင့် သူမအနေနှင့် ခမ်းနားလှသည့်လက်ဝတ်လက်စားများကို ဝတ်ဆင်လာဖို့က လုံးဝကိုမဖြစ်နိုင်ပါ။ သူမက သာမန်ဝတ်စုံလေးသာ ဝတ်ဆင်လာခဲ့ပြီး ရိုးရှင်းလှသည့် ခရမ်းဖျော့တစ်ဘက်စောင်လေးသာ ခြုံလာခဲ့သည်။

အမှန်တော့ အာကာလီက အချို့နေရာလေးတွေမှာတော့ ရှင်းရှင်းလင်းလင်းကြီးကို ပြောင်းလာခဲ့သည်။

ဥပမာအနေဖြင့် သူမရဲ့ ဆံနွယ်လေးများက အတော်ကိုပွလေးဖြစ်နေကာ လည်ပင်းနောက်မှာ စည်းနှောင်ထားပြီး ဖြူစွတ်နေသည့် ကုတ်သားလေးကို ဖော်ထားခဲ့သည်။

သူမရဲ့ ဝိုင်းစက်စက်မျက်နှာလေးဖြင့် လိုက်ဖက်စွာ လက်ဝတ်လက်စားအသေးလေးကို ဆံပင်မှာတပ်ထားကာ သူမအား တက်ကြွဖျတ်လတ်ပြီး မြူးကြွနေသည့် ဟန်ပေါ်စေပါသည်။

လူကုံထံအသိုင်းအဝိုင်းမှာတော့ သူမက ထို ဇနီးသည်များနှင့် မမလေးများကို မယှဉ်နိုင် ဖြစ်နေခဲ့သော်လည်း ထိုမိတ်ဆုံစားပွဲမှာ အမြင်တစ်မျိုးလေးဆန်းနေကာ လူအားလုံးရဲ့ မျက်စိကျစရာဖြစ်လာခဲ့သည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက်မှာ ကျယ်လောင်သော ရယ်သံကြီးနှင့်အတူ အသက်ခတ်လတ်ပိုင်းအရွယ် ပိန်ပိန်ပါးပါး လူကြီးတစ်ယောက်က အရှေ့ကိုထွက်လာခဲ့သည်။

“ဒီယောက်ကတော့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌရှုပဲဖြစ်ရမယ်၊ ဟုတ်တယ်မို့လား။” ထိုအသက်ခပ်လတ်ပိုင်းလူက ရှုယီအနားသို့တိုးလာကာ သူရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး သူက ရယ်မောကာ “ကျွန်တော်အနေဖြင့် ဥက္ကဌရှုကိုကြားဖူးတာအတော်ကြာပါပြီ။ ဒါပေမယ့် ဒါက ငါတို့ရဲ့ ပထမဆုံးတွေ့ဆုံခြင်းပါ။ ဥက္ကဌရှုက တကယ့်ကို ငယ်ရွယ်ပြီး အလားအလာရှိတဲ့သူပဲ။ အဲ့ဒါက ငါ့ကို တကယ်ကြီး အနာဂတ်မှာ စိတ်ချလက်ချဖြစ်သွားအောင် လုပ်နေတာပဲ”

ရှုယီက မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။ဘာကြောင့်များ ဒီသက်လတ်ပိုင်းလူကြီးက သူ့ရဲ့ ငယ်ရွယ်မှုကိုပဲ အသားပေးပြောနေတာလဲ။

အမှန်တကယ်မှာတော့ ရှုယီက သူရဲ့မျက်နှာပေါ်မှာ မည်သည့်ခံစားချက်ကိုမဖော်ပြဘဲ အတော်ကို သိချင်စိတ်ပြင်းပြသည့်ပုံစံဖြင့် “ ဒီကလူကြီးမင်းက ဘယ်သူလဲဆိုတာ သိလိုရမလားခင်ဗျာ” လို့ မေးလိုက်သည်။

ထိုသက်ခပ်လတ်ပိုင်းအမျိုးသားက ပြန်မပြောခင်မှာ ဝဖြိုးသည့် အသက်ခပ်လတ်ပိုင်း က လျှောက်ဝင်လာခဲ့သည်။ သူက ရှုယီ က ပြုံးပြကာ “ ဥက္ကဌ ရှု သူကတော့ ဆာရန့်ခ်ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌ မန်ဟက်တန် ရန့်ခ် ဖြစ်ပြီး သူက လက်ရှိ ဘန်တာမြို့စီးပွားရေးအသင်းရဲ့ ဥက္ကဌလည်းဖြစ်တယ်”

ရှုယီက ထို အသက်ခပ်လတ်ပိုင်းလူအား မှတ်မိသွားသည်။ သူက မွန်းခရုစ်လို့အမည်ရပြီး အမ်ရစ်ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌဖြစ်သည်။

အမ်ရစ်ကုန်သည်ကြီးများအသင်းက ဆောက်လုပ်ရေးပိုင်းတွေကို အဓိကထားလုပ်ကိုင်သောကြောင့် ရှုယီက သူ့ရဲ့ အလုပ်ရုံကို တိုးချဲ့ဖို့ ပြင်ဆင်ရသောအခါ သူအနေဖြင့် သူနဲ့ စာချုပ်အချို့ကိုချုပ်ဆိုခဲ့ခြင်းကြောင့် သူတို့က တစ်ဦးနှင်တစ်ဦး ရင်းနှီးနေခဲ့တာဖြစ်သည်။

သူ၏မိတ်ဆက်စကားကြားရပြီး ရှုယီက အံ့ဩသွားသည့်ဟန် ပြလိုက်သည်။ သူက ဥက္ကဌကြီးရဲ့လက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်ပြီးနောက်သူက အားပါးပါးခါရမ်းလိုက်ကာ “ဒီတော့ သူက ဂုဏ်ကျက်သရေရှိ ဥက္ကဌကြီးရန့်ခ်ပေါ့ဟုတ်လား။ ကျွန်တော်လည်း ခင်ဗျားနာမည်ကိုကြားဖူးနေတာကြာပါပြီ။ ဒါပေမယ့် ဒီနေ့မှာ အခုလို ဆုံကြရမယ်လို့ ကျွန်တော်လုံးဝကို မထင်ထားခဲ့ဘူးဗျ။ ကျွန်တော် တကယ်ကြီးကို စိတ်လှုပ်ရှားမိပါတယ်”

ဥက္ကဌကြီးရန့်ခ်ကတော်တော်ကြာကြာရယ်မောလိုက်ပြီး “ဥက္ကဌရှု ချီးမွမ်းတာများသွားပြီဗျာ။ အခုဘန်တာမြို့တော်မှာ ဘယ်ကုမ္ပဏီကများ ခင်ဗျားရဲ့ Frestech ကုန်သည်ကြီးများအသင်း လောက်နာမည်ကြီးလို့လဲဗျာ။ ဥက္ကဌကြီးရှုက ဒီလောက်တောင်နာမည်ကြီးနေတာ၊ ရွာသားတွေနှင့် မြို့အပြင်ဘက် လယ်သမားတွေတေင် ခင်ဗျားနာမည်ကို သိကြတယ် မဟုတ်လား”

ထိုသို့ပြောသည်ကိုကြားပြီး မိတ်ဆုံစားပွဲတစ်ခုလုံးက မြူးကြွရာကနေ တိတ်ဆိတ်သွားတော့သည်။

အားလုံးရဲ့ မျက်စိက ရှုယီ အပေါ်ကျနေခဲ့ပေမယ့် မနာလိုသည့်အကြည့်များဖြင့် ထိုအကြည့်များထဲတွင် သိချင်စိတ်ပြင်းပြမှုအပြည့်ပါနေခဲ့သည်။

အရင်လက Frestech ကုန်သည်ကြီးများအသင်းရဲ့ တောင်သူထောက်ပံ့ရေးအစီအစဉ်က အတော်ကို မျက်စီကျစရာဖြစ်နေခဲ့သည်။

တောင်သူထောက်ပံ့ရေးအစီစဉ်ကို လက်ခဲ့သူ သာမန်အရပ်သား (၂၃)ယောက်ခန့်ရှိခဲ့သည်။ ထို (၂၃) ယောက်က Frestech ကုန်သည်ကြီးများအသင်းကနေ စိုက်ပျိုးရေးဆိုင်ရာသုံး မှော်စက်ပစ္စည်းများကို တစ်ဝက်ချေးယူပြီး တစ်ဝက်အငှားယူခဲ့ကြပြီး ဆောင်းဦးရာသီစိုက်ပျိုးခြင်းနှင့် ကောက်စိုက်ခြင်းရာသီအတွင်း စိတ်ဝင်စားမှုများစွာဖြစ်ပေါ်စေခဲ့သည်။

သူတို့ရရှိထားကြသည့် စိုက်ပျိုးရေးသုံးလယ်ယာမှော်စက်ပစ္စည်းများကို အမှီပြုပြီး အရင်နှစ်ကထက် ဆောင်းဦးရာသီ ကောက်စိုက်ခြင်းနှင့် ရိတ်သိမ်းခြင်းတွေကို ပိုပြီး ထိထိရောက်ရောက်လုပ်ကိုင်နိုင်ခဲ့ကြသည်။ အိမ်ထောင်စုအတော်များကလည်း နယ်မြေများကိုပိုပြီး ရှင်းလင်းထွန်ယက်ကာ မျိုးစေ့များ ပိုပြီးချနိုင်ခဲ့ကြတော့သည်။

အကယ်၍ ထိုအရာအားလုံး အဆင်ပြေချောမွေဖြစ်သွားပါက ဘန်တာမြို့၏ နောက်နှစ် ကောက်ရိတ်သိမ်းနိုင်မှုက ပိုပြီးကြီးမားစွာ တိုးမြှင့်လာနိုင်သည်။

ထို့ကြောင့် စီယန်ဆာမော့က ဘန်တာသတင်းစာမှာ အထူးထုတ်ပြန်ချက်ဖွင့်လိုက်ကာ မြို့တော်ဝန်တစ်ယောက်အနေနှင့် ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းကို အထူးကျေးဇူးတင်ကြောင်းပြောခဲ့ပြီး သူတို့က Frestech ကုန်သည်ကြီးများအသင်း၏ တောင်သူထောက်ပံ့ရေးအစီအစဉ်ကိုလည်း ထောက်ခံကြောင်း နောက်နှစ်ဘန်တာမြို့၏ ကောက်ရိတ်သိမ်းနိုင်မှုကို တိုးမြှင့်ရန် ကြိုးစားလုပ်ကိုင်ကြဟု၍ ပြောဆိုခဲ့ကြသည်။

ဘန်တာမြို့မှာ ကုမ္ပဏီများစွာရှိပေမယ့် ထိုကုမ္ပဏီကြားမှာ မြို့တော်ဝန်ကိုယ်တိုင်က အခုလိုမျိုးချီးမွမ်းခဲ့သည်မှာ ပထမဆုံးအကြိမ်ပင်ဖြစ်သည်။ ထုံးစံအတိုင်း ထိုအဖြစ်အပျက်က အတော်ကို နိုးကြားတက်ကြွလာစေခဲ့သည်။

နောက်ထပ်ပြီး ဘန်တာသတင်းစာသည်လည်း မြို့မှာအတော်ကို နာမည်ကြီးပြီး မြို့တိုင်းက လူတိုင်းလိုလို နေ့စဉ်ဖတ်ရှုကြသည်ဖြစ်ကာ ကြည့်ရသည်မှာ Frestech ကုန်သည်ကြီးများအသင်းနှင့် အဆက်အသွယ်ရှိနေသလိုပင်။ ထိုကုန်သည်ကြီးများက ရှုယီအား ကြည့်ရင်း ကြည့်ရင်း ပိုပြီး စိတ်ရှုပ်ထွေးစွာ ငေးကြည့်နေခဲ့ကြသည်။

ဒီကောင်လေးက ဘယ်ကနေများရောက်လာတာပါလိမ့်။ သုံးလဆိုသည့် အချိန်အတိုအတွင်းမှာ Frestech ကုန်သည်ကြီးများအသင်းက နေရာတကာမသိသူမရှိဖြစ်နေပြီ။ အခုချိန်မှာတော့ ဘန်တာမြို့ရဲ့ ကိုယ်ပိုင်နေရာရှိသည့် ကုမ္ပဏီအကြီးတစ်ခုဖြစ်နေချေပြီ။

ရှုယီကတော့ ထုံးစံအတိုင်း အားလုံးရဲ့ အကြည့်ကို ဂရုမစိုက်ပဲ သူက ဥက္ကဌကြီးရန့်ခ်ကိုသာ အလေးအနက်ထားကြည့်နေခဲ့သည်။

ဓလေ့ထုံးတမ်းအရ မြို့တိုင်းမှာရှိသည် စီးပွားရေးအသင်းတွေက အဖွဲ့ဝင်တစ်ယောက်ကို ဥက္ကဌအဖြစ်ရွေးချယ်တင်မြောက်ကြရသည်။ စီးပွားရေးအသင်း၏ ဥက္ကဌဖြစ်လာဖို့အတွက် သာမန်အားဖြင့် ထိုသူက ဘန်တာမြို့မှာ ဂုဏ်ရှိန်ဝါကျော်ကြားမှုရှိဖို့လိုသည်။

ထို ဥက္ကဌမန်ဟက်တန်ရန့်ခ်က ပြီးခဲ့သည့် (၆)နှစ်အတွင်း စီးပွားရေးအသင်း၏ ဥက္ကဌအဖြစ် သုံးကြိမ်ဆက်တိုက် ရယူနိုင်ခဲ့သောသူဖြစ်သည်။ သာမန်အားဖြင့် သူ၏အာဏာနှင့်ဩဇာသက်ရောက်မှုက အခြားသာမန်သူများရဲ့အထက်မှာ ရှိနေခဲ့ပြီး Frestech ကုန်သည်ကြီးများအသင်းလိုကုမ္ပဏီအငယ်လေးအဖို့ ယှဉ်ဖို့ရာ အတော်ကို အလှမ်းဝေးလှပါသည်။

ဒီလိုမျိုး အရေးပါအရာရောက်သည့် ပုဂ္ဂိုလ်က သူအားကိုယ်တိုင် ရေးသာဖိတ်ကြားခဲ့သည်က သူ၏သဘောထားအမှန်ကို ပြသတာမျိုးဖြစ်ပေမဲ့ ထုံးစံအတိုင်း အကြောင်းအရင်းတစ်ခုကရှိနေခဲ့သည်။

ရှုယီက ရယ်မောကာ “ ဥက္ကဌကြီးရန့်ခ်က ရက်ရက်ရောရောကို ချီးမွမ်းနေတာပါပဲ။ ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းက လယ်သမားတွေနဲ့ စီးပွားရေးအသေးစားလေးကိုပဲ လုပ်နိုင်ပါသေးတယ်။ ဘယ်လိုပုံနဲ့များ ကျွန်တော်တို့က ခင်ဗျာရဲ့ ဆာရန့်ခ်ကုန်သည်ကြီးများအသင်းနဲ့ယှဉ်နိုင်မှာလဲ။ ဘေးကိုလည်းကြည့်လိုက်ပါအုံး။ အကုန်လုံးက ဆာရန့်ခ်ကုန်သည်ကြီးများအသင်းရဲ့ထုတ်ကုန်ပစ္စည်း တစ်ခုဒါမှမဟုတ်တစ်ခုထက်မက ဝယ်ယူအသုံးပြုနေကြတာလေ”

ဆာရန့်ခ်ကုန်သည်ကြီးများအသင်းရဲ့ သော့ချက်စီးပွားရေးက ဇီမ်ခံပစ္စည်းများဖြစ်ပြီး သူတို့ရဲ့ ဖောက်သည်များက မင်းမျိုးမင်းနွယ်တွေ ဒါမှမဟုတ် ချမ်းသာကြွယ်ဝသည့် ကုန်သည်ကြီးများသာဖြစ်ကြသည်။ သူတို့ရဲ့ တန်ဖိုးမြင့်ဈေးနှုန်းကို မဆိုထားနှင့် အကြောင်းရင်းက သူတိူ့က မင်းမျိုးမင်းနွယ်များနှင့် ကုန်သည်ကြီးများနှင့် ကောင်းမွန်သည့်ဆက်ဆံရေးများရှိကြသည် ဆာရန့်ခ် ကုန်သည်ကြီးများအသင်းက ဘန်တာမြို့တွင်သာမက အနီးပတ်ဝန်းကျင်မြို့များတွင်လည်း နာမည်ကျော်ကြားသည်။

ဥက္ကဌကြီးရန့်ခ်က သူ့ခေါင်းကိုရမ်းလိုက်ကာ ရှုယီအားထိုးပြလိုက်ကာ “ ဥက္ကဌရှု၊ မင်းမှာ ဆာရန့်ခ် ကုန်သည်ကြီးများအသင်းက ထုတ်ကုန်တစ်ခုမှကိုမရှိပါ့လား” ထိုသို့ပြောပြီးနောက် သူက ပြုံးပြလိုက်ကာ လှည့်ပြီး လက်ကိုဝှေ့ယမ်းလိုက်သည်။

သာမန်ပုံစံဖြင့် လူငယ်လေးတစ်ယောက်က သစ်သားသတ္တာလေးကိုယူဆောင်လာပြီး ရှုယီ ရှေ့မှာ ဖွင့်ချလိုက်ပြီး ပြိုးပြိုးပြက်ပြက်အလင်းရောင်များ အထဲကနေထွက်လာသည်။

အာကာလီက ကြည့်လိုက်ပြီး မထိန်းနိုင်ဖြစ်ကာ နူးညံ့စွာပင့်သက်ရှိုက်မိသွားသည်။

သေတ္တာအတွင်းမှာ ပုလဲလည်ဆွဲတစ်ကုံးဖြစ်နေသည်။ ထိုပုလဲလုံးတစ်လုံးစီက လက်မအရွယ်စားခန့်ရှိပြီး အရမ်းကိုချောမွေ့နေကာ အကုန်လုံးက ပုံစံနှင့် အရွယ်အစားတူညီနေကြသည်။

ထိုသို့ ပုလဲလည်ဆွဲမျိုးက သဘာဝအားဖြင့် အတော်ကိုရှားပါးလှသည့် ကုန်ပစ္စည်းများဖြစ်ကြသည်၊ အနည်းဆုံးတန်ဖိုးက ရွှေဒင်္ဂါး (၅၀၀) ကျော်ခန့်ရှိမည်။

ဥက္ကဌကြီးရန့်ခ်က အပြုံးလေးဖြင့် “ဒီနေ့က ဥက္ကဌရှုရဲ့ ပထမဆုံး စီးပွားရေးအသင်း မိတ်ဆုံစားပွဲကို ဝင်ရောက်ဆင်နွဲတဲ့နေ့ပဲ။ အသင်းရဲ့ ဥက္ကဌအနေဖြင့် ထုံးစံအတိုင်း ကျွန်တော်က လက်ဆောင်ကိုပြင်ဆင်းထားသင့်တယ်လေ။ ဥက္ကဌရှုက ဆာရန့်ခ်ကုန်သည်ကြီးများအသင်းရဲ့ ထုတ်ကုန်တွေကို စိတ်ဝင်စားခြင်းမရှိတာမဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဟောဒီက လှပတဲ့မိန်းမပျိုလေးကတော့ သေချာပေါက်ကို သဘောကျမှာပဲ”

ဘယ်ကိုမှကို မေးနေစရာမလိုပါ။ အာကာလီရဲ့တောက်ပနေသည့်မျက်လုံးများကိုကြည့်ပြီး သူမက အမှန်တကယ်ကို ထိုလည်ဆွဲကို သဘောကျနေသည်ကို ရှုယီ သိသွားခဲ့ပြီဖြစ်သည်။

အာကာလီတစ်ယောက် မှင်သက်တွေဝေသွားခဲ့သည်။ သူမ သတိပြန်ဝင်လာသောအခါ လက်များကို အလန့်တကြား ဝှေ့ယမ်းလိုက်သည်။

“မ..မဟုတ်ပါဘူး ၊ ဒီလက်ဆောင်က အတော်ကိုတန်ဖိုးကြီးလွန်းတယ်၊ ကျွန်မ…”

သူမပြောဆိုပြီးနောက် ရှုယီက လည်ဆွဲကို ယူလိုက်ပြီး အာကာလီ လည်ပင်းမှာ ဝတ်ဆင်ပေးနေသည်။

ထိုသို့ ရှုယီက ရုတ်တရက်ကြီး ဆွဲကိုင်လိုက်သည်ကြောင့် သူ့ဆီကနေ ရနံ့တစ်မျိုး အနံ့ခံမိခဲ့ပြီး အာကာလီ ရဲတစ်ကိုယ်လုံး ကြက်သေသေသွားခဲ့သည်။

သူမအသိပြန်လည်သောအခါ ရှုယီက သူ(မ)လည်ပင်းပေါ်မှာ လည်ဆွဲကို ဝတ်ဆင်ထားပေးပြီးပြီဖြစ်သည်။

“အင်း အဲ့ဒါက အရမ်းကို လှပတယ်။ မင်းနဲ့ အရမ်းလိုက်ဖက်တာပဲ” ရှုယီက အာကာလီရဲ့ နီရဲနေသည့်မျက်နှာလေးကိုကြည့်လိုက်ပြီး သူမကို ချီးမွမ်းလိုက်သည်။ သူက ဥက္ကဌရန့်ခ်ဘက်သို့ပြန်လှည်ပြီး “အခုလိုလက်ဆောင်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ဥက္ကဌကြီးရန့်ခ်”

ရှုယီရဲ့အပြုအမူကိုကြည့်ပြီး ဥက္ကဌကြီးရန့်ခ်သည်လည်း ကျေနပ်သွားပုံပေါ်သည်။သူက လက်ကိုရမ်းလိုက်ပြီး “အဲ့ဒါက ပြောလောက်အောင်ကြီးမဟုတ်ပါဘူး။ ဥက္ကဌရှုကအတော်ကိုယဉ်ကျေးတာပဲ။ လာပါအုံး၊ ဥက္ကဌရှု ဒီနေရာကို မင်းက ပထမဆုံးအကြိမ်ရောက်တာဆိုတော့ ငါတို့ စကားပြောဖို့ နေရာကောင်းတစ်ခုကိုရှာကြမယ်လေ ဘယ်လိုလဲ။ ငါ ဥက္ကဌရှုနဲ့ပတ်သတ်ပြီးအတော်ကို စိတ်ဝင်စားနေတာ”

ရှုယီက ခပ်ရေးရေးပြုံးလိုက်ကာ “ စိတ်ရင်းအတိုင်းပြောရမယ်ဆိုရင် ကျွန်တော်ကလည်း အရင်ကတည်းက ဥက္ကကြီးရန့်ခ်ကို လေးစားလာခဲ့တာ အတော်ကြာပါပြီ”

***

မှော်စက်မှုအင်ပါယာ

အခန်း ၀၇၉ ။ ကျွန်တော်တို့ကမိတ်ဆွေတွေလား?

ဥက္ကဌရန့်ခ်နှင့်အတူ ဟောခန်းအသေးလေးအတွင်းသို့ ဝင်သွားခဲ့ပြီး လူ (၅) ထိုင်နေကြသည်ကို ရှုယီ တွေ့လိုက်ရသည်။ ထိုအခြင်းအရာသည်က သူထင်ထားခဲ့သလို သီးသန့်စကားပြောဆိုမှုမဟုတ်တော့ပါ။

အခန်းထဲမှာရှိနေသည့် လူအားလုံးကို ကြည့်လိုက်ပြီး ရှုယီက ခပ်ရေးရေးပြုံးပြလိုက်သည်။ ဥက္ကဌရန့်ခ်က ဝေ့လည်ကြောင်ပတ်လုပ်မနေတော့ပဲ သူ့ကို ထိုလူများဆီသို့ ခေါ်သွားခဲ့ပြီး အခုညမှာ သူရဲ့ ဝှက်ဖဲများကို ထုတ်ပြဖို့ စီစဉ်နေဟန်တူသည်။

ဒါပေမယ့် ထိုအကြောင်းကိုစဉ်းစားကြည့်လျှင် ရှုယီ ဒါမှမဟုတ် Frestech ကုန်သည်ကြီးများအသင်းသည် ဥက္ကဌရန့်ခ်နှင့်အခြားသူများအတွက် အလေးထားစရာများမဟုတ်ခဲ့ချေ။ ဒီနေရာမှာ သူ့ကို လှည့်စားဖို့ရန်အကြောင်း မရှိပဲ တိုက်ရိုက်ပြောဆိုလိုက်သည်က ပို၍ကောင်းမည်။

ထိုအကြောင်းကို စဉ်းစားရင် ရှုယီ ထိန်းမထားနိုင်တော့ပဲ သူရဲ့နှုတ်ခမ်းများက ခပ်ရွဲ့ရွဲ့ပြုံးနေသလိုမျိုး လိမ်ခေါက်နေခဲ့သည်။

“လာပါ ဥက္ကဌ ရှု ထိုင်ပါအုံး” ဥက္ကဌရန့်ခ်က ရှုယီကို ကမ်းလင့်ကြိုဆိုနေပုံပေါ်နေသည် ထိုင်နေသည့် လူများကို ညွှန်ပြကာ “မင်းကို ဒီက လူကြီးမင်းတွေနဲ့ မိတ်ဆက်ပေးရအုံးမယ်၊ သူတို့က..”

ရှုယီက လက်ကိုမြှောက်လိုက်ကာ ဥက္ကဌ ရန့်ခ် ကို တားလိုက်ပြီး အပြုံးလေးဖြင့် “ ဥက္ကဌရန့်ခ် ဒီလူကြီးမင်းတွေက ဘန်တာမြို့ရဲ့ နာမည်ကျော်ကြားတဲ့ ကုန်သည်ကြီးတွေမို့လား၊ တကယ်လို့ ကျွန်တော်က သူတို့ကိုမှ မသိရင် စီးပွားရေးလုပ်ဖို့ ဘယ်လိုလုပ် အရည်အချင်းမှီပါ့မလဲ။ ခင်ဗျားရော ဘယ်လိုထင်ပါသလဲ ဥက္ကဌ မော်ဂန်။”

ရှုယီကသူ့ကို စကားပြောသည်ကို ကြည့်ရင်း ဥက္ကဌမော်ဂန်ရဲ့ မျက်နှာပေါ်မှာ အံ့အားသင့်မှုများရုတ်ခြည်းပေါ်လာခဲ့ကာ အားပါးရပြုံးပြီး “ဥက္ကဌရှုကနောက်နေပါပြီ။ ငါတို့က ကျော်ကြားမှုအကြောင်းပြောကြမယ်ဆိုရင် မင်းရဲ့ Frestech ကုန်သည်ကြီးများအသင်းလောက် ဘယ်သူက နာမည်ပိုကြီးမှမို့လို့လဲ။ ဥက္ကဌရှုရဲ့ နာမည်ကိုလည်း အကြိမ်ကြိမ်ကိုတွေ့နေရတာ ဘန်တာသတင်းစာမှာမဟုတ်လား၊ အဲ့ဒီတော ငါတို့ရဲ့ မိတ်ဆွေတွေ ထည့်မတွက်ပဲ ဘန်တာမြို့မှာရှိတဲ့ သူတိုင်းလိုလိုက မင်းကို မသိတဲ့သူမရှိဘူး ဟုတ်တယ်မို့လား”

ရှုယီက ခပ်ရေးရေးသာပြုံးပြပြီး သူက ပုခုံးတွန့်ကာ “အမှန်တော့ ကျွန်တော်က စီးပွားရေးကို သင့်တင်လျောက်ပတ်အောင်ပဲ လုပ်ချင်ခဲ့တာပါ။ အခြားအရာတွေကို အရေးပေးနေတာမျိုး မလိုချင်ဘူး။ ဒါပေမယ့် ဘာရွန်ဟားနက်စ်က ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းမှာ သတင်းတွေရှိနေတယ်လို့ အမြဲလိုလိုပြောဆိုနေတာ။ သူက ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းကုမ္ပဏီအကြောင်း အမြဲလိုလို သတင်းရေးချင်နေခဲ့တာလေ။ ပြီးတော့ သူနဲ့ ဆွေးနွေးဖို့ကို ကျွန်တော်နည်းလမ်းမရှာနိုင်ခဲ့ဘူး။”

ထိုသိုကြားရပြီး အခြားသူတွေရဲ့ အနေအထားက ဖြည်းဖြည်းချင်း ပြောင်းလဲလာခဲ့သည်။

ဘန်တာသတင်းစာတဲ့လား ၊ ထိုအသစ်အဆန်းတစ်ခု ပေါ်လာသည့်အချိန်မှာ ထိုလူတွေက လုံးဝကို အလေးထားခဲ့ခြင်းမရှိခဲ့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဘန်တာသတင်းစာက မြို့မှာ ခေတ်စားလာပြီး အနီးနားရှိ မြို့ (၂)မြို့ကိုပါ ရောင်းချနေရကြောင်း သိသွားသောအခါမှာသာ ထိုအရာမှာ ကြီးမားတဲ့လွှမ်းမိုးတစ်ခု ပါဝင်နေသည်ကို အားလုံးက သဘောပေါက်နားလည်သွားကြသည်။

Frestech ကုန်သည်ကြီးများအသင်း ကိုဥပမာထားပြောရလျှင် အကြောင်းက ဘန်တာသတင်းစာက Frestech ကုန်သည်ကြီးများအသင်း ရဲ့လုပ်ဆောင်ချက်မှန်သမျှကို ရေးသားတင်ပြနေသည်ကြောင့် ဘန်တာမြို့မှာ Frestech ကုန်သည်ကြီးများအသင်းရဲ့ ဂုဏ်သတင်းကျော်ကြားလာခဲ့သည်။ ဘန်တာမြို့က လူတိုင်း ထိုအကြောင်းကို သိကြရုံမျှမက မြို့ပြင်က သူများပါ တူတူပင်သိရှိနေကြပြီဖြစ်သည်။

ထိုအပြင် Frestech ကုန်သည်ကြီးများအသင်းကနေ ထုတ်ကုန်အသစ်ထွက်ရှိလာတိုင်း ဘန်တာသတင်းစာက ထိုထုတ်ကုန်နှင့် ပတ်သတ်ပြီး အသေးစိတ်ကျကျ ရေးသားဖော်ပြခဲ့သည်။ ထုတ်ကုန်အသစ်၏ အသုံးပြုပုံကို ရှင်းလင်းစွာပြောပြထားရုံမက အတော်လေးကို ချီးမွမ်းပြောဆိုထားပြီး Frestech ကုန်သည်ကြီးများအသင်းသည် လူတွေရဲ့ဘဝကို ပိုမိုလွယ်ကူအောင် ဖန်တီးပေးနေသည်ဆိုတာပါ ထည့်သွင်းဖော်ပြထားသည်။

သည်အချိန်အတွင်းမှာ မင်းမျိုးမင်းနွယ်ဖြစ်ဖြစ် သာမန်ပြည်သူများကပါ ဘန်တာမြို့မှာ Frestech ကုန်သည်ကြီးများအသင်းကို ထောက်ခံမှုနှုန်းမြင့်တက်လာခဲ့သည်။ အမှန်ကိုမသိပဲ မှော်စက်ပစ္စည်းများကို အခြားကုမ္ပဏီများကနေ ဝယ်ယူသူများရှိနေပေမယ့် အခုတော့ သူတို့ကလည်း ထိုကဲ့သိုဝယ်ယူမှုများမလုပ်ကြတော့ပေ။

ထိုသို့ဝယ်ယူမည်အကြံ ကိုတစ်ယောက်ယောက်ကရှိနေခဲ့လျှင် ထိုသူအား အနီးအနားက လူတွေက အရူးဟုတ်ဝိုင်းဝန်း ခေါ်ကြလိမ့်မည်။

“Frestech အမှတ်တံဆိပ် မှော်စက်ပစ္စည်းများကသာ အကောင်းဆုံးပဲ။ တကယ်လို့ မင်းကအဲ့ဒီ မှော်စက်ပစ္စည်းတွေက ဘယ်ကမှန်းမသိပဲဝယ်လာခဲ့ရင် မင်းပဲ သေချာပေါက် အလိမ်ခံရမှာ”

ထိုအကြောင်းကို ဘန်တာမြို့က လူတိုင်းလိုလို သိနေကြပြီးဖြစ်သည်။

ဘယ်လိုပဲဖြစ်ဖြစ် Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်ပစ္စည်းများက ထိုကုန်သည်ကြီးများ၏အိမ်များတွင်လည်း အသုံးပြုနေကြသည်။ သူတို့အနေဖြင့် Frestech အမှတ်တံဆိပ်ပါ စက်ပစ္စည်းများသည် အတုများထက်ပိုကောင်းနေသည်ကိုတော့ ဝန်ခံကြရမည်။

ထိုအချိန်အတွင်းမှာပဲ ဘန်တာသတင်းစာက ဆော်လ်တန်မြို့ရဲ့ သတင်းများကိုပါ ရေးသားဖော်ပြထားသည်။ သတင်းမှာ ဆော်လ်တန်မြို့က လီယိုကုန်သည်ကြီးများအသင်းသည်လည်း Frestech ကုန်သည်ကြီးများအသင်းကဲ့သို မှော်စက်ပစ္စည်းများ ထုတ်လုပ်ရန် ကြိုးစားနေသော်လည်း သူတို့ရဲ့ လီယိုအမှတ်တံဆိပ် မှော်ပန်ကာများတွင် အရေးကြီးသည် အရည်အသွေးပိုင်းဆိုင်ရာပြဿနာရှိနေခဲ့ပြီး အကြောင်းရင်းက မှော်ပန်ကာဒက်လက်များက ကျွတ်ထွက်သွားက လူတွေကို ထိခိုက်စေတာပဲဖြစ်သည်။ မကြားသေးခင်ကပဲ လီယိုအမှတ်တံဆိပ် မှော်ထမင်းပေါင်းအိုးကလည်း ပေါက်ကွဲခဲ့ကာ အကြီးအကျယ်ထိခိုက်ခဲ့ရပြီး တစ်ယောက်သေဆုံးကာ သုံးယောက် ဒဏ်ရာရသွားခဲ့သည်။

လီယိုကုန်သည်ကြီးများအသင်းသည်လည်း ဆော်လ်တန်မြို့၏ကုမ္ပဏီကြီးတစ်ခုဖြစ်နေလျှင်တောင်မှာ အခုလိုမျိုး မတော်ဆမှုများ ဆက်တိုက်ကြုံတွေ့နေရခြင်းကြောင့် ဆော်လ်တန်မြို့မှာ သူတို့ရဲ့ ကျော်ကြားမှုလည်း ကျဆင်းလာကာ ကမောက်ကမာများဖြစ်နေခဲ့သည်။ ထိုအပြင် လူရာကျော်ခန့်က သူတို့ရဲ့ ကုမ္ပဏီကို စီတန်းလည်ပတ်ကာ ဆန္ဒပြမှုများပါ ဖြစ်လာစေခဲ့သည်။

လီယိုကုန်သည်ကြီးများအသင်းနှင့် ယှဉ်ကြည့်သည့်အခါ Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်ပစ္စည်းများသည် မတော်တဆမှု တစ်စုံတစ်ရာမှမရှိခဲ့ပါ။ Frestech အမှတ်တံဆိပ်မှော်စက်ပစ္စည်းများသည် ခံနိုင်ရည်ရှိကြရုံသာမက အရည်အသွေးပိုင်းတွင်လည်း ပြဿနာတစ်စုံတစ်ရာ မရှိသည်က များသည်။

နောက်ထပ်ပြောရလျှင် အရည်အသွေးပိုင်းဆိုင်ရာ ပြဿနာတစ်စုံတစ်ခုရှိနေလျှင်တောင်မှ ဘန်တာမြို့မှာ Frestech ကုန်သည်ကြီးများအသင်းက ဖန်တီးတည်ဆောက်ထားသည့် ရောင်းချပြီးနောက်ပိုင်း ဝန်ဆောင်မှုပေးသည့်စင်တာ ရှိနေခဲ့သည်။ ထိုစင်တာမှာ Frestech အမှတ်တံဆိပ်ပါ မှော်စက်ပစ္စည်းများမှာ ပြဿနာတစ်စုံတစ်ရာ ရှိနေခဲ့ပါက တစ်နှစ်စာအတွက် အခမဲ့ ပြင်ဆင်နိုင်သောကြောင့် Frestech အမှတ်တံဆိပ်ပါ မှော်စက်ပစ္စည်းများကို ဝယ်ယူခဲံ့သူတိုင်း စိတ်ပူနေစရာမလိုတော့ပေ။

ထိုသို့အကြောင်းရင်းများကြောင့် သုံးလဆိုသည် အချိန်တိုအတွင်း ရှင်းလင်းသည့်ကွာခြားမှုများရှိခဲ့ကာ Frestech ကုန်သည်ကြီးများအသင်းနှင့် Frestech အမှတ်တံဆိပ်ပါ မှော်စက်ပစ္စည်းများက မြို့ပတ်ပတ်လည်မှာရှိနေသည့် နိုင်ငံသားတိုင်းရဲ့ ရင်ထဲမှာ စွဲမြဲစွာ အမြစ်တည်နေပြီး အားလုံးရဲ့ အားပေးထောက်ခံမှုကို ရရှိထားသည်။

Frestech ကုန်သည်ကြီးများအသင်းက မှော်ထမင်းပေါင်းအိုး ထုတ်လုပ်လိုက်သည့်အချိန်မှာတင် ဘေးပတ်ဝန်းကျင်ရှိမြို့များသို့ မည့်သည်ကြော်ငြာမှုအကြီးစားတစ်ခုမှ မလုပ်ခဲ့ရပါပဲနှင့် ထိုမြို့က ကုမ္ပဏီများက Frsetech အမှတ်တံဆိပ် ထမင်းပေါင်းအိုး ရောင်းချခွင့်ရရှိရင် ရောက်လာခဲ့တော့သည်။

ထိုမြို့က လူများက မှော်ထမင်းပေါင်းအိုးက Frestech ကုန်သည်ကြီးများအသင်းကထုတ်ထားသည်ကို သိရပြီးသောအခါတွင် သူတို့က သံသယတစ်ခုမှမရှိပဲ အလုအယက်ပြေးဝယ်ကြသည်။

အဓိက အကြောင်းရင်းများကတော့ Frestech ကုန်သည်ကြီးများအသင်း၏‌ မှော်စက်ပစ္စည်းများက သုံးရလွယ်ကူပြီး အရည်အသွေးမြင့်မားသလို ဘန်တာသတင်းစာရဲ့ကြော်ငြာမှုကလည်းပဲ အရမ်းကိုအရေးပါသည်။

ဘန်တာမြို့မှာရှိသည့် ကုန်သည်ကြီးများက ထိုအချက်ကို ဘယ်လိုလုပ် မသိပဲနေမည်နည်း။

မော်ဂန်က ရှုယီကိုကြည့်လိုက်ပြီး ပြုံးလိုက်ကာ သူက “ဥက္ကဌရှု ငါကြားမိတာကတော့ မင်းက ဘန်တာသတင်းစာရဲ့အယ်ဒီတာချုပ် ဘာရွန်ဟားနက်စ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိကြတယ်ဆိုပဲ”

ရှုယီက လက်ကိုယမ်းပြလိုက်ကာ “ ကျွန်တော်တို့ကသာမန်မိတ်ဆွေတွေပါပဲ”

အခြားသူတွေက မနေနိုင်တော့ပဲ ရှုယီကို ကြည့်လိုက်ကြတော့သည်။

သာမန်မိတ်ဆွေတဲ့လား။ အဲ့စကားကို ဘယ်သူကယုံမှာလဲ။

အကယ်၍များသူတို့က သာမန်မိတ်ဆွေပဲဆိုလျှင် ဘန်တာသတင်းစာက Frestech ကုန်သည်ကြီးများအသင်းကို အကြောင်းမရှိပဲ ရေးသားဖော်ပြမနေဘူး။ ဘယ်လိုပဲဖြစ်ဖြစ်ပါ တင်ပြချက်တွေက အကုန်လုံးက အပြုသဘောဆောင်နေတာကြည့်ပဲ ဘယ်တော့မှ မကောင်းကြောင်းမပါဘူးလေ။

ထိုအခြင်းရာကိုကြည့်ရသည်မှာ အဆိုပါ လူတွေရဲ့နောက်ကွယ်က ကုမ္ပဏီများက ဘာရွန်ဟားနက်စ်ကိုချဉ်းကပ်ခဲ့ကာ သူတို့၏ကုမ္ပဏီ ကောင်းကြောင်းကိုရေးသားစေလိုခဲ့ပေမယ့် ဘာရွန်ဟားနက်စ်ကနေ ငြင်းပယ်လိုက်ဟန်တူသည်။

ဘာရွန်ဟားနက်စ်က ဘန်တာသတင်းစာမှာ Frestech ကုန်သည်ကြီးများအသင်းကိုသာအလေးပေး ရေးသားဖော်ပြနေသည့် အကြောင်းရင်းက အခြားကုမ္ပဏီများတွင် ရေးသားဖော်ပြစရာ ထွေထွေထူးထူးမရှိသောကြောင့် လူအများ၏အာရုံကို ဖမ်းစားနိုင်ခြင်းမရှိသည့်အတွက်ကြောင့်ဖြစ်သည်။

အားလုံးကတော့ ထိုအကြောင်းပြချက်ကို အဓိပ္ပါယ်မရှိဘူးဟုသာ ယူဆခဲ့ကြသည်။ သာမန်သူတွေက မသိကြပေမယ့် ထိုသူများသိထားကြသည်က Frestech ကုန်သည်ကြီးများအသင်းနှင့် ကောင်းမွန်သည့်ဆက်ဆံရေး ရှိနေသည်ဟု မထင်ရသော်လည်းပဲ တကယ်အမှန်မှတော့ ရှုယီနှင့်ဘန်တာသတင်းစာ တည်ထောင်သူကြားမှာ ရှုပ်ထွေးသည့် ဆက်ဆံရေးရှိနေကြမည်ဟု ထင်မှတ်နေကြသည်။

အခြားအကြောင်းအရာများကို ထည့်မပြောနှင့် ဘာကြောင့်လဲဆိုသည့် အကြောင်းရင်းက ဘန်တာသတင်းစာက အစောင်ရေ ထောင်ကျော်ကို ရှုယီ တီထွင်ထားသည့် မှော်ပုံနှိပ်စက် အသုံးပြုပြီးထုတ်ဝေခဲ့တာဖြစ်ပြီး သူတို့ရဲ့ ပုံနှိပ်ရိုက်နိုင်မှုကို ကြီးမားစွာ တိုးမြှင့်လာနိုင်ခဲ့သည်။

အကယ်လို့များ ရှုယီက ဘန်တာသတင်းစာမှာ ရင်းနှီးမြုပ်နှံထားပါက ဘယ်သူမှ ယုံကြည်တော့မည်မဟုတ်တော့ချေ။

ဥက္ကဌမော်ဂန်ကမနေနိုင်တော့ပဲ ငြင်သာစွာ နှာတစ်ချက်မှုတ်လိုက်ကာ “ဥက္ကဌရှုက ဒီမှာ အနေရထိုင်ရကြပ်နေတာလား၊ တကယ်လို့မင်းက ဘာရွန်ဟားနက်စ်နဲ့ ဆက်ဆံရေးကောင်းရှိနေကြတယ်ဆိုတာကို ပြောလိုက်ရင်တောင်မှ အဲ့တာက ဘာအရေးကြီးကိစ္စမို့လို့လဲ။ ဘယ်နည်းပဲဖြစ်ဖြစ် ဒီမှာရှိတဲ့သူအားလုံးက စီးပွားရေးအသင်းရဲ့ မိတ်ကောင်းဆွေကောင်းတွေဖြစ်ပြီး မင်းကလည်း အဖွဲ့ဝင်ထားတာဆိုတာ့ အားလုံးက လုပ်ဖော်ကိုင်ဖက်မိတ်ဆွေတွေ ဖြစ်မသွာကြဘူးလား။ ဘာအကြောင်းရှိလို့များ ငါတို့က မပြောပဲ ထိမ်ချန်ထားရတာလဲ”

“မိတ်ဆွေတဲ့လား” ရှုယီက အံ့အားသင့်သွားသည့်အမူအရာဖြစ်သွားကာ ဥက္ကဌမော်ဂန်ကိုကြည့်ပြီး ခေါင်းယမ်းလိုက်ကာ “ဥက္ကဌမော်ဂန်က ကျွန်တော်တို့က မိတ်ဆွေတွေလို့ သဘောထားသေးတယ်ပေါ့လေ။ ကျွန်တော်ကတော့ အဲ့လိုမထင်ဘူးဗျ။ မဟုတ်ရင် ဘာကြောင့်များ ခင်ဗျားက ရုတ်တရက်ကြီး သံသတ္တုရိုင်းတွေရဲ့ တန်ဖိုးကို (၁၀)ရာခိုင်နှုန်းတိုးမြှင့် လိုက်တာလဲ။”

ရှုယီက ထိုသို့မေးမြန်းလိုက်သည်အခါတွင် အခန်းထဲ အေးစက်စက်အနေအထားဖြစ်သွားခဲ့သည်။

ဥက္ကဌမော်ဂန်က မှင်သက်သွားကာ သူက ရှုယီက အံ့အားသင့်စွာကြည့်လိုက်သည်။ ရှုယီကအခြားသူတွေရဲ့ ရှေ့မှာ ထိုကိစ္စကို တကယ်ကြီးပြောချလိမ့်မည်ဟု သူက ဘယ်တော့မှမထင်ထားခဲ့ပြီး သူက ဘာကိုမျှကွယ်ဝှက် နေခြင်းမရှိပဲ အကုန်လုံးကို တည့်တိုးကြီး ပြောချခဲ့သည်။

“အဲ့တာက …” ဥက္ကဌမော်ဂန်က ခြောက်ကပ်ကပ်ရယ်မောလိုက်ပြီး “ဥက္ကဌရှု စီးပွားရေးနဲ့ ကိုယ်ရေးကိုယ်တာကိစ္စက မဆိုင်ဘူးလေ ဟုတ်တယ်မို့လား။ သံသတ္တုရိုင်းရဲ့ တန်ကြေးကို မြှင့်လိုက်တာက ငါတို့ ကုမ္ပဏီက အများရဲ့ဆုံးဖြတ်ချက်ပါ၊ အဲ့ဒါက ငါနဲ့ပဲ ဆိုင်တာမဟုတ်ဘူးလေ။ နောက်ထပ် ပြောရရင် တန်ကြေးက ဥက္ကဌရှုရဲ့ Frestech ကုန်သည်ကြီးများအသင်းကိုပဲ ဈေးတက်တာမဟုတ်ပါဘူး။ အဲ့ဒီတော့ ငါပြောချင်တာက ဥက္ကဌ ရှု အများကြီးတွေးမနေပါနဲ့”

“အဲ့လိုအတိုင်းပဲဆိုရင် ကျွန်တော်နဲ့ ဘာရွန်ဟားနက်စ်တို့ကြားက ပုဂ္ဂိုလ်ရေး ရင်းနှီးမှုက ဘန်တာသတင်းစာက Frestech ကုန်သည်ကြီးများအသင်းအကြောင်းရေးသားနေတာ သဘောတရားအရ ဆက်စပ်မှုမရှိဘူးမို့လား။ အကုန်လုံးကိုပြောရရင် ဘန်တာသတင်းစာက ဘာရွန်ဟားနက်စ် တစ်ယောက်တည်းကပဲ ဆုံးဖြတ်ချက်ချတာ မဟုတ်ဘူးလေ” ဟု ရှုယီက ခပ်ရေးရေးပြုံးပြီး ပြောလိုက်သည်။

ဥက္ကဌမော်ဂန် ရုတ်တရက် နင်သွားခဲ့သည်။ သူက ရှုယီကို မျက်လုံးကျဉ်းကာကြည့်လိုက်ပြီး သူမျက်နှာက ပြုံးထားဆဲဖြစ်သော်လည်း အတော်ကို အေးတိအေးစက်ဖြစ်လာခဲ့သည်။

ဥက္ကဌရန့်ခ်က ရုတ်တရက်ကြီး ထပြီး ချောင်းခြောက်ဟန့်လိုက်ကာ အခန်းထဲက လူအားလုံးရဲ့ အာရုံစိုက်မှုကိုရယူလိုက်သည်။

“ဥက္ကဌရှု ဒီည ခင်ဗျာကို မိတ်ဆုံစားပွဲကို ဘာကြောင့် ဖိတ်ကြားလိုက်သလဲဆိုတာက မင်းအနေနဲ့ အချိန်ကိစ္စတွေကို တော့ ရိပ်မိလောက်မှာပါ။”

ရှုယီကခေါင်းညိတ်လိုက်ပြီး “ တကယ်လို့ ကျွန်တော်ခန့်မှန်းတာမမှားဘူးဆိုရင် ဥက္ကဌကြီးရန့်ခ်က ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းကို စီးပွားရေးအသင်းရဲ့ အဖွဲ့ဝင်အဖြစ် သတ်မှတ်ချင်လို့မို့လား”

ဥက္ကဌရန့်ခ်ကခေါင်းညိတ်ကာ ခပ်ရေးရေးပြုံးလိုက်ပြီ “မှန်ပါတယ် အဲ့ဒီအတိုင်းအတိအကျပါပဲ။ တကယ်တော့ Frestech ကုန်သည်ကြီးများအသင်း ရဲ့လက်ရှိအနေအထားအတိုင်းဆိုရင် မင်းတိုက ငါတို့ရဲ့ စီးပွားရေးအသင်းကို ဝင်လာဖို့ အရည်အချင်း မပြည့်မှီသေးဘူး။ ဒါပေမယ့် ဥက္ကဌ ရှုက သာမန်စီးပွားရေးသမားမဟုတ်ဘူး။ ပြီးတော့ Frestech ကုန်သည်ကြီးများအသင်းကလည်းသာမန် ကုမ္ပဏီတစ်ခုမဟုတ်ဘူးလေ။ ငါတို့က ဒီအကြောင်းဆွေးနွေးပြီးတဲ့နောက်မှာ ငါတို့က Frestech ကုန်သည်ကြီးများအသင်းကို ချွင်းချက်တစ်ခုအနေနဲ့ အဖွဲ့ဝင်ဖြစ်လာဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်။ ဥက္ကဌရှုကရော ဒီကိစ္စနဲ့ပတ်သတ်ပြီး အခြားဘယ်လိုအထင်အမြင်များရှိလဲ”

***

မှော်စက်မှုအင်ပါယာ

အခန်း ၀၈၀ ။ အရှက်မရှိလိုက်တာ

ရှုယီက ချက်ခြင်းဆိုသလို ပြုံးလိုက်ကာ “စီးပွားရေးအသင်းကိုအထူးဝင်ရောက်ခွင့် လက်ခံဖို့ရာအတွက် ကျွန်တော်ကတော့ ထုံးစံအတိုင်း ဝမ်းသာမိပါတယ်။ ဒါပေမဲ့ ဥက္ကဌကြီးရန့်ခ် ကျွန်တော်ကြားမိတာကတော့ စီးပွားရေအသင်းမှာ အသေးစိတ်ကျကျလုပ်ဆောင်မယ့်အချက်တွေရှိတယ်ဆိုတာ ဥပမာပြောရရင် ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းက စီးပွားရေးအသင်းနဲ့ပူးပေါင်လိုက်ရင် ကျွန်တော်တို့ ဘာလုပ်ပိုင်ခွင့်တွေရနိုင်မလဲ။ ကျွန်တော်တို့က ဘာတာဝန်တွေကို ဖြည့်ဆည်းပေးဖို့ လိုအပ်သလဲ။”

ဥက္ကဌရန့်ခ်ကရယ်မောလိုက်ပြီး သူရဲ့လက်ကို ယမ်းလိုက်ကာ “ဥက္ကဌရှု စိတ်လှုပ်ရှားနေဖို့မလိုပါဘူးခင်ဗျာ။ အမှန်တော့ ကျွန်တော်တို့ စီးပွားရေးအသင်းက ကုမ္ပဏီကြီးတွေကို ပူးပေါင်းပါဝင်စေလိုပြီး အတူတကွ တိုးတက်အောင် လုပ်ဆောင်ကြဖို့ပါပဲ။ တစ်ယောက်တည်းလုပ်နေရတာနဲ့ စာရင်အများကြီး ပိုမကောင်းပေဘူးလား၊ မင်းဘယ်လိုထင်သလဲ”

“ကျွန်တော်လည်း ဒါမျိုးတော့ သဘောတူပါတယ်။ ဒါပေမယ့် ဥက္ကဌကြီးရန့်ခ်၊ အတူတကွတိုးတက်အောင်လုပ်ကြမယ်ဆိုတော့ ဘာတွေများ အထူးတလည်ပါဝင်မှာလဲ” လို့ ရှုယီကဆက်ပြီးမေးနေလိုက်သည်။

“အထူးတလည်ဆိုတာမျိုးကို ပြောရရင် စီးပွားရေးအသင်းက ကုမ္ပဏီတွေအချင်းချင်း စီးပွားရေးအရ ရင်းနှီးတဲ့ ဆက်ဆံရေးမျိုးရှိပြီး တစ်ဦးနှင့်တစ်ဦး မသိလိုက်မိပဲ ယှဉ်ပြိုင်တာတွေမလုပ်မိစေဖို့ ဈေးနှုန်းတိုးမြှင့်တာတွေနှင့် သယံဇာတ ခိုးယူတာမျိုးတွေလိုပေါ့ဗျာ။ အဲ့တာတွေထက် ငါတို့က အချင်းချင်း သယံဇာတနှင့် သတင်းအချက်အလက်တွေ မျှဝေကြပြီး အဖွဲ့ဝင်တွေကို ဦးစားပေး အရေးတယူလုပ်လုပ်ဖို့ပါ။ ဥပမာအနေနဲ့ပြောရရင် မင်းရဲ့ Frestech ကုန်သည်ကြီးများအသင်းက စီးပွားရေးအသင်းရဲ့ အဖွဲ့ဝင်ဖြစ်ခဲ့တယ်ဆိုရင် ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းဆီက သံသတ္တုရိုင်းတွေ ဝယ်ယူတဲ့အခါများမှာ ဦးစားပေးဈေးနှုန်း မင်းက ဝယ်ယူရရှိနိုင်ပါလိမ့်မယ်”

ဥက္ကဌမော်ဂန်က ခေါင်းအသာညိတ်ပြလိုက်ပြီး “အဲ့တာတော့ဟုတ်တယ်။ တကယ်လို့ ဥက္ကဌရှုရဲ့ Frestech ကုန်သည်ကြီးများအသင်းသာစီးပွားရေးအသင်းမှာ ပါဝင်ပူးပေါင်းမယ်ဆိုရင် ငါတို့ ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းက သံသတ္တုရိုင်းရောင်းချရာမှာ မင်းတို့အား အထူးဈေးနှုန်းပေးမှာပါ။ ငါ့အနေနဲ့ ဂဏန်းအတိအကျ မပြောနိုင်သေးပေမယ့် (၅)ရာခိုင်နှုန်းလောက် ဈေးချိုမယ်လို့ အာမခံတယ်”

“(၅) ရာခိုင်နှုန်းလား” ရှုယီကမပြုံးပဲမနေနိုင်တော့ပါ။

ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းက ဈေးနှုန်းကို (၁၀) ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့ပြီး အခုချိန်မှာတော့ ဦးစားပေးဈေးနှုန်းအဖြင့် (၅) ရာခိုင်နှုန်းသာ လျှော့ဈေးပေးမည်ဖြစ်သည်။

မူလဈေးနှင့် ယှဉ်လိုက်လျှင် ပိုပြီး ဈေးများနေပါသေးသည်။

ထိုအကြောင်းကို စဉ်းစားပြီး ရှုယီက ထိုမေးခွန်းကို ထပ်မမေးတော့ပဲ ဥက္ကဌကြီးရန့်ခ်ကို မေးလိုက်သည် “ဒါက သယံဇာတ မျှဝေခြင်းဆိုပေမယ့် သတင်းအချက်အလက် မျှဝေတာကရော”

“သတင်းအချက်အလက် မျှဝေခြင်းကြောင်းဆိုရင် အဲ့တာက ပိုပြီး ရှုပ်ထွေးတယ်” လို့ ဥက္ကဌကြီးရန့်ခ်က ခဏကြာမျှစဉ်းစားပြီး ဝဖြိုးပြီး ကမ္ဘာပေါ်က ဗုဒ္ဓအပြုံးကဲ့သို့ တူညီစွာပြုံးနေသည် လူကြီးတစ်ယောက်အား ညွှန်ပြလိုက်ကာ “ဥက္ကဌဗင်းဆင့်ထ်ရဲ့ အာမန်နီကုန်သည်ကြီးများအသင်းနဲ့ ငါတို့ရဲ့ ဆာရန့်ခ်ကုန်သည်ကြီးများအသင်းအကြောင်းကနေ စပြောလိုက်ကြရအောင်။ အာမန်နီကုန်သည်ကြီးများအသင်းရဲ့ အဓိက စီးပွားရေးက ချည်မျှင်တွေရက်လုပ်တာဖြစ်ပြီး အရေးသွေးမြင့် ချည်မျှင်တွေကိုတော့ ငါရဲ့ ဆာရန့်ခ်ကုန်သည်ကြီးများအသင်းရဲ့ ထုတ်ကုန်တွေမှာ အသုံးပြုတယ်။ အဲ့ဒီတော့ အာမန်နီကုန်သည်ကြီးများအသင်းက ငါတို့ ဆာရန့်ခ်ကုန်သည်ကြီးများအသင်းနဲ့အတူ သတင်းအချက်အလက်တွေမျှဝေကြပြီး ငါတို့ကို ဈေးကြီးပစ္စည်းတွေသုံးနိုင်သည့် ဖောက်သည်တွေက အဖိုးတန်အဝတ်အစားများနှင့် အဖိုးမဖြတ်နိုင်သည့် ကျောက်မျက်ရတနာတွေ ဘယ်လောက်လိုအပ်ချက်ရှိနေတယ်ဆိုတာက နားလည်နိုင်ဖို့ ကူညီပေးတယ်လေ။”

ရှုယီက ခေါင်းအသာညိတ်လိုက်ကာ “ ကျွန်တော်အတော်များများ နားလည်ပါပြီ ။ အတိုချုပ်ပြောရရင် ဒါကလည်း သယံဇာတမျှဝေတဲ့ပုံစံမျိုးပဲမို့လား။ ဒါပေမယ့် သယံဇာတဆိုတာ ဖောက်သည်တွေဆိုကနေလာတဲ့ သတင်းအချက်အလက်တွေမို့လား”

ဥက္ကကြီးရန့်ခ်က ပြုံးလိုက်ကာ “ဥက္ကဌရှုက တကယ်ကြီးကို ထက်မြတ်တဲ့ လူတစ်ယောက်ပဲ ၊အခုတော့ မင်းတို့ရဲ့ Frestech ကုန်သည်ကြီးများအသင်းက အချိန်တိုလေးအတွင်း ဒီလောက် တိုးတက်လာတယ်ဆိုတာ အံ့ဩစရာမရှိတော့ပါဘူးဗျာ”

“ဥက္ကဌကြီးရန့်ခ်က အတော်ကို ရက်ရက်ရောချီးမွမ်းတဲ့သူပဲဗျ။ ဒါပေမယ့် ဥက္ကဌကြီးရန့်ခ် ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ထုတ်ကုန်တွေက မှော်စက်ပစ္စည်းတွေ ပြီးတော့ ကျွန်တော်တို့ ဖောက်သည်တွေကလည်း သာမန်သူတွေပဲ၊ ဒီတော့ ကျွန်တော်တို့ မျှဝေစရာ သတင်းအချက်အလက် မရှိဘူးမဟုတ်လား။ အမှန်တော့လေ တကယ်လို့များ လူအားလုံးက ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ထုတ်ကုန်တွေကို ဝယ်ယူဖို့ ဆန္ဒရှိတယ်ဆိုရင် ကျွန်တော်အနေနဲ့ စိတ်ကျေနပ်လောက်တဲ့ အထူးဈေးနှုန်းနဲ့ ရောင်းချပေးပါ့မယ်”

“ဥက္ကဌရှုကတော့ နောက်ပြီ” ဥက္ကဌကြီး ရန့်ခ် က ခေါင်းကို ယမ်းလိုက်ကာ ခပ်ရေးရေးပြုံးပြီး “ မင်းရဲ့ Frestech ကုန်သည်ကြီးများအသင်းရဲ့ တန်ဖိုးအရှိဆုံး သယံဇာတက မင်းရဲ့ စက်ပစ္စည်းတွေမဟုတ်ဘူးလေ။ ဒါပေမယ့် အဲ့တာထက်…” ထိုသို့ပြောဆိုပြီးနောက် ဥက္ကဌကြီးရန့်ခ်က ရုပ်တည်ကြီးဖြင့် “အဲ့ဒီ မှော်စက်ပစ္စည်းတွေလုပ်ဖို့အတွက် နည်းပညာကလိုအပ်တယ်လေလ။ ဥက္ကဌရှု ငါဘာကိုဆိုလိုတာမှန်း သိမှာပါ။”

ရှုယီ ထိန်းမရတော့ပဲ စိတ်ကြိတ်ပြီး လှောင်ပြောင်နေခဲ့သည်။

အမှန်တော့ ဥက္ကဌရန့်ခ် ဘာကိုဆိုလိုမှန်း သူ သိနေခဲ့ပါသည်။

ဥက္ကဌရန့်ခ် ပြောဆိုပုံအရ စီးပွားရေးအသင်းဝင်ကုမ္ပဏီများကသယံဇာတမျှဝေခြင်းကို လိုအပ်ပြီး သူက Frestech ကုန်သည်ကြီးများအသင်းကထုတ်လုပ်သည့် မှော်စက်ပစ္စည်းများကို သယံဇာတအဖြစ် ခွဲခြားပြောဆိုထားသည်ဖြစ်သည်။ ထိုသို့ဆိုလိုသည်က သူက ထိုစက်ပစ္စည်းများ ထုတ်လုပ်ရန်အတွက် နည်းပညာလိုချင်နေသည်မှာ အရှင်မင်းကြီးပင်ဖြစ်သည်။

ဥက္ကဌကြီးရန့်ခ်ရဲ့အကြံကိုကြည့်ပြီး ရှုယီအနေဖြင့် ပြောစရာ စကားတစ်ခွန်းပဲရှိပါတောသည်။

အရှက်မဲ့ခြင်းပါပဲ

ဟုတ်တယ် အဲ့တာမျိုးက အရှက်မရှိတာမျိုး။

အကယ်၍ ကမ္ဘာဂြိုလ်မှာသာဆိုလျှင် ကုမ္ပဏီတစ်ခု၏အရေးကြီးဆုံးအရာက ဘာများပါလဲ။ အချို့သူများက ငွေးကြေး၊ အချို့သူများက အရည်အချင်းရှိတဲ့သူတွေရှိဖို့ လိုအပ်ပြီးတော့ အချို့က စီမံခန့်ခွဲမှုလို့ တွေးကြပေမယ့် ရှုယီက ထိုအချက်ကို ရှင်းရှင်းလင်းလင်းသိထားသည်က ကုမ္ပဏီတစ်ခုအတွက် အရေးကြီးဆုံးအရာသည့် ပင်မနည်းပညာပင်ဖြစ်သည်။

ထိုသဘောက သူတို့မှာ ပင်မနည်းပညာရှိနေသမျှ စီးပွားတစ်ခုအဖြစ်ရပ်တည်ဖို့ မျှော်လင့်ချက်ရှိသေးသည်။ ဘယ်လိုပဲဖြစ်ပါစေ ရင်းနှီးမြှုပ်နှံငွေ ဒါမှမဟုတ် အရည်အချင်းရှိသည့်ဝန်ထမ်းတွေပဲဖြစ်ဖြစ် သူတို့မရှိပဲ လုပ်ကိုင်နေလို့ရသည်။ သူတို့ရဲ့ ပင်မနည်းပညာကို ဆုံးရှုံးခြင်းမရှိသရွေ့ သူတို့ရဲ့ အခြေအုတ်မြစ် စီးပွားရေးကို ဆုံးရှုံးသွားခြင်းမရှိပဲ ပြန်လည်ရုန်းကန်လာနိုင်ဖို့ မျှော်လင့်ချက်ရှိနေပါသေးသည်။

ဥက္ကဌကြီးရန့်ခ်က ချက်ခြင်းဆိုသလို ရှုယီအား Frestech ကုန်သည်ကြီးများအသင်းရဲ့ပင်မနည်းပညာကို တောင်းဆိုခဲ့ခြင်းဖြစ်သည်။ အကယ်၍ အရင်ကမ္ယာမှာသာဆိုလျှင် ထိုသို့မေးမြန်းခြင်းနဲ့ ပတ်သတ်ပြီး ကျိန်ဆဲခြင်း မခံရလျှင် ထူးဆန်း၍သာနေတော့မည်။

အမှန်တကယ်မှာတော့ စိုင်စ်နယ်မြေဖြစ်နေခဲ့သည်။ ရှုယီအနေဖြင့် ဥက္ကဌကြီးရန့်ခ်အား အခုအချိန်မျိုးမှာ ကျိန်ဆဲခွင့် မရှိသေးတာကြောင့် သူက နှုတ်ဆိတ်၍သာနေလိုက်တော့သည်။

သူ့မျက်လုံးများက အခြားသူ (၅)ယောက်အားကြည့်နေလိုက်ပြီး သူတို့မျက်နှာပေါ်မှာ လောဘဇောများ ဖုံးမရဖိမရ ဖြစ်နေသည်ကို ရှုယီ တွေ့သွားခဲ့သည်။

ရှုယီက စိတ်ထဲမှာ နောက်ထက် အေးစက်စက်ရယ်လိုက်တော့သည်။ သူက အခုည မိတ်ဆုံစားပွဲက အခြေအနေကောင်းမနိုင်ပဲ ထိုမိတ်ဆွေများက သူနဲ့ Frestech ကုန်သည်ကြီးများအသင်းကိုစိတ်ရင်းကောင်းများ မရှိကြသည်ကို သိရှိပြီးသားဖြစ်သော်လည်းပဲ ထိုကိစ္စနဲ့ပတ်သတ်ပြီး သူတို့က ဘာကိုမှဖုံးကွယ်မနေပဲ ပွင့်ပွင့် လင်းလင်းကြီး ပြောချမည်ကို သူဘယ်တော့မှမထင်ထားခဲ့ပါ။

စီးပွားရေးအသင်း၏ဥက္ကဌဖြစ်သူ မန်ဟက်တန် ရန့်ခ်က ရှုယီအား ရုတ်တရက်ဆိုသလို သူရဲ့ ပင်မနည်းပညာနဲ့ပတ်သတ်ပြီး မေးခဲ့လိုက်သည်။ အခန်းထဲကသူများလည်း သဘောတူပြီးသားဖြစ်ဟန်တူသည်။

ထိုအကြောင်းကို စဉ်းစားပြီး ရှုယီအနေဖြင့် မအံ့ဩတော့ပါ။

ထိုလူတွေနှင့် ယှဉ်လိုက်လျှင် ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းက ပုဇွန်ဆိတ်လောက်သာ ရှိသည်။ အကယ်၍များသူတို့က သူတို့စိတ်ထဲမှာ သိက္ခာစောင့်စည်းမှု နည်းနည်းမျှမရှိခဲ့ရင် သူတို့က Frestech ကုန်သည်ကြီးများအသင်းကို တိုက်ရိုက်ဝါးမြိုပစ်မှာဖြစ်ပြီး သူအား စကားအကုန်ခံပြီး ပြောနေမှာမဟုတ်ပေ။

အားလုံးရဲ့ မျှော်လင့်စောင့်စားနေပုံနှင့် လောဘဇောတက်နေသည့်မျက်လုံးများအား ကြည့်ရင်း ရှုယီက ဖြေးညင်းစွာ “ ဥက္ကဌကြီးရန့်ခ် ကျွန်တော်တစ်ခုလောက်မေးလို့ရမလား? လူကြီးမင်းက ဘယ်လိုနည်းပညာမျိုးကို ရည်ညွှန်းပြောဆိုတာပါလဲ”

ဥက္ကဌကြီးရန့်ခ်က ရယ်မောလိုက်ပြီး “ဒါကတော့ ဥက္ကဌ ရှု ကိုင်တိုင်ဆုံးဖြတ်ရမယ့်ကိစ္စပဲ။ အမှန်တော့ စီးပွားရေးအသင်းရဲ့ ဥက္ကဌအနေနဲ့ ကျွန်တော်လုပ်ဆောင်ရမယ့် တာဝန်က အဖွဲ့ဝင်တိုင်းက သူတို့မှာရှိတဲ့ သယံဇတတွေကို မျှဝေဖို့ပဲ။ ဒီနည်းလမ်းဖြင့် အားလုံးက အတူတကွ အင်အားကြီးလာကြမှာလေ။ ဥက္ကဌရှုက ကျွန်တော်ပြော သဘောမတူဘူးလား”

ရှုယီက ထိန်းမရတော့ပဲ သူအား အရှက်မဲ့တဲ့ကောင်လို့ ထပ်ပြီးကျိန်ဆဲမိသည်။

ဥက္ကဌကြီးရန့်ခ်ရဲ့စကားလုံးများက ရှုယီအား Frestech ကုန်သည်ကြီးများအသင်းရဲ့နည်းပညာ အားလုံးကို ထုတ်ပြောစေချင်သည့် သဘောဖြစ်နေသည်။

အကယ်၍များသူက ထိုသို့ ပေးအပ်ခဲ့ပါက သူတို့၏ကုမ္ပဏီက ဝန်ထမ်းအင်အားနှင်သာဆိုလျှင် Frestech ကုန်သည်ကြီးများအသင်းထက်ကျော်လွန်သွားမည်ဖြစ်ကာ သူတို့က Frestech ကုန်သည်ကြီးများအသင်းကို အရာတစ်ခုမှမကျန်အောင် လွယ်လွယ်ကူကူပဲ ဖိချေသွားနိုင်သည်။

“ကျွန်တော် ဒီအချက်တွေအားလုံးကို သဘောတူပါတယ်။ ဒါပေမယ့် ဥက္ကဌကြီးရန့်ခ် ကျွန်တော်တို့က ကုန်သည်တွေပဲမဟုတ်လား၊ တကယ်လို့ ကျွန်တော်တို့က တစ်ခုခုကို ထုတ်ယူပြီး ဘာမှကို ပြန်မရခဲ့ရင် အဲ့တာက ကျွန်တော်တို့ကုန်သည် လမ်းစဉ်ကို ဆန့်ကျင်နေတာမဟုတ်လား။ လူကြီးမင်းဘယ်လိုထင်လဲ”

ဥက္ကဌကြီးရန့်ခ်က ချက်ခြင်းကိုပင် ရှုယီ ကသူအား ဈေးညှိနေသည်ကို နားလည်သွားခဲ့သည်။

သူက ထိုအရာနှင့်ပတ်သတ်ပြီး အံ့ဩမသွားခဲ့ပဲ ပျော်တွေနဲ့သာ ပြည့်နေခဲ့သည်။

သူအနေဖြင့် ရှုယီက ဈေးညှိမှာကို ကြောက်မနေပဲ သူက ဈေးမညှိမှာကိုသာ ထိတ်လန့်နေခဲ့တာပါ။

အကယ်၍ ဒီနေ့ ဆွေးနွေးညှိနှိုင်းမှုက ပျက်စီးသွားပြီး ရှုယီက တိုက်ရိုက်ပြန်သွားခဲ့လျှင် သူတို့က Frestech ကုန်သည်ကြီးများအသင်းကို တိုက်ထုတ်ရာမှာ ခြစ်ရာထင်အောင် မလုပ်နိုင်ကြတော့ပါ။ အကြောင်းကတော့ ဗစ်ကောင့်ထ်လက်စ်လိုင်းက Frestech ကုန်သည်ကြီးများအသင်းရဲ့နောက်ခံအဖြစ်ရှိနေခြင်းနှင့် မြို့တော်ဝန်က Frestech ကုန်သည်ကြီးများအသင်းကိုအရေးစိုက်နေခြင်းကြောင့်အပြင် ရှုယီက ဘာရွန်ဟားနက်စ်နှင့် အဆက်အဆံရှိနေသည်ကြောင့်ဖြစ်သည်။

ရှုယီက သူတို့နှင့်အတူ ပူးပေါင်းလိုစိတ်ရှိနေသည်မှာ အကောင်းသည့်အချက်ဖြစ်သည်။ ထိုသူတွေ၏အစွမ်းဖြင့် သူတို့က ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းကို မျှားခေါ်နိုင်သရွေ့ သူတို့က Frestech ကုန်သည်ကြီးများအသင်းကို ရှင်းထုတ်ပစ်ဖို့ရာက ပြဿနာတစ်ခုမဟုတ်တော့ပေ။ သူတို့အနေဖြင့် ဗစ်ကောင့်ထ်လက်စ်လိုင်းနှင့် မြို့တော်ဝန်တို့ ဘာအပြစ်မှရှာမရပဲ ပြောင်ပြောင်တင်းတင်းပင် လုပ်နိုင်တော့မည်ဖြစ်သည်။

“အမှန်တော့ အသင်းရဲ့ ပန်းတိုင်က အတူတကွ တိုးတက်ကြီးပွားဖို့ပါပဲ။ အဖွဲ့ဝင်တွေကြား မျှဝေခြင်ဖြင့် သဘာဝကျကျ သူတို့က အကျိုးခံစားခွင့်တွေရကြမှာပါ။ ဥပမာပြောရရင် တကယ်လို့ ဥက္ကဌ ရှုက သူတို့ရဲ့ Frestech ကုန်သည်ကြီးများအသင်းရဲ့ နည်းပညာတွေကို မျှဝေပေးမယ်ဆိုရင် ဆာရန့်ခ်ကုန်သည်ကြီးများအသင်းရဲ့ကိုယ်စား ကျွန်တော်ပြောနိုင်တာကတော့ ကျွန်တော်တို့ကလည်း ကျောက်မျက်ရတနာကြောနဲ့ ပတ်သတ်တဲ့သတင်းအချက်အလက်တွေကို Frestech ကုန်သည်ကြီးများအသင်းကို မျှဝေပေးသွားမှာပါ။ အဲ့လိုများနဲ့ Frestech ကုန်သည်ကြီးများအသင်းကလည်း ကျောက်မျက်ရတနာစီးပွားရေးလောကထဲမှာ ဝင်ရောက်လုပ်ကိုင်နိုင်မှာပါ။ အဲ့တာနဲ့ပတ်သတ်ပြီး မင်းဘယ်လိုထင်သလဲ”

ရှုယီက ထပ်ပြီး စိတ်ထဲမှာ အေးစက်စက်သာရယ်မောလိုက်တော့သည်။

ကျောက်မျက်ရတနာကြောနဲ့ပတ်သတ်သည့် သတင်းအချက်အလက်ပေးမယ်တဲ့လား။ သူတို့အား ကျောက်မျက်ရတနာလောကထဲ ဝင်ရောက်ကူညီမယ်တဲ့လား။

ဘယ်လို ဟာသလဲကွာ။ Frestech ကုန်သည်ကြီးများအသင်းက ကျောက်မျက်ရတနာစီးပွားရေးလောကမှ တစ်ဝက်တောင်အခြေတည်ထားခြင်းမရှိပါ။ ဒါကြောင့် ငါတို့က ကျောက်မျက်ရတနာကြောသတင်းအချက်အလက်နဲ့ ဘာများလုပ်လို့ရမှာလဲ။ ထိုကျောက်မျက်ရတနာကြောတွေက လမ်ပူရီတိုင်းပြည်ရဲ့ အထက်ပိုင်းမင်းမျိုးမင်းနွယ်များရဲ လက်ဝယ်တွင်ရှိနေသည်ကြောင့် မည်သည့်သွေးသားတော်စပ်ခြင်းမရှိပါက တူးဖော်ခွင့်ပင်ရှိချေ။

သူတို့အား ကျောက်မျက်ရတနာ စီးပွားရေးလောကထဲသို့ ဝင်ရောက်ဖို့ရာ ကူညီပေးမည်ဆိုသည်မှာ လုံးဝကို အဓိပ္ပါယ်မရှိပါ။ Frestech ကုန်သည်ကြီးများအသင်းသည်လည်း ထိုစီးပွားရေး နားလည်ခြင်းမရှိသလို ဖောက်သည်လည်းမရှိပေ။ ဒါကြောင့် သူတို့က လက်ဝက်လက်စားများ ပြုလုပ်နိုင်လျှင်တောင်မှ သူတို့အနေဖြင့် သေချာပေါက် ရောင်းချနိုင်ခြင်းမရှိပါ။

“တကယ်လို့များ ဥက္ကဌရှုက သဘောတူရင်တော့ ငါကလည်း သံသတ္တုရိုင်းများကို Frestech ကုန်သည်ကြီးများအသင်းဆီ တတ်နိုင်သမျှ (၁၀)ရာခိုင်နှုန်း ဈေးလျှော့ပြီး ရောင်းချပေးသွားမှာပါ။ အဲ့ဈေးနှုန်းက အရင်ကထက်ကို ပိုပြီးသက်သာနေအုံးမှာပါ ဘာတွေများတွေးနေမှာလဲ ဥက္ကဌ ရှု ရာ” ဥက္ကဌ မော်ဂန်က ဘေးကနေ ထပ်လောင်းပြောလိုက်သည်။

ထိုနှစ်ယောက် စကားဆိုပြောဆိုခြင်းနှင့် ကျန်လေးယောက်ကလည်း စတင်ပြောဆိုလာနေခဲ့သည်။ သူတို့က ရှုယီအား မက်လောက်စရာအနေအထားပေးခဲ့ပြီး စကားပြောရာမှာလည်း အရမ်းကိုချဲ့ကားပြီး ပြောဆိုနေခဲ့သည်။

ရှုယီက ပုံစံမပျက်ပဲ နားထောင်နေခဲ့သည် သူတို့ ပြောဆိုပြီးသောအခါတွင် သူက ခပ်ရေးပြုံးလိုက်ကာ ခေါင်းအနည်းငယ်ညိတ်လိုက်ပြီး “ကျွန်တော်အားလုံးရဲ့ စိတ်ရင်းကို မြင်တွေ့လိုက်ရပြီ။ ခင်ဗျာတို့က မှော်စက်ပစ္စည်းတွေ ထုတ်လုပ်ဖို့ နည်းပညာကို လိုချင်နေကြတာမို့လား၊ အဲ့ဒါက ပြဿနာမဟုတ်ပါဘူး” အားလုံးရဲ့ မျက်နှာပေါ်က ပျော်ရွှင်နေသည့်ပုံကို ကြည့်ရင်း ရှုယီက ရယ်မောလိုက်ပြီး သူ့ရဲ့လေသံကိုလည်း ပြောင်းလိုက်ကာ “ဒါပေမယ့် ဒီအခြေအနေတွေက သိပ်မကောင်းသေးဘူးလို့ ကျွန်တော်ခံစားရတယ်၊ အဲ့တာတွေကို ကျွန်တော်တို့ ပြောင်းလဲရအောင်လား”

ဥက္ကဌကြီးရန့်ခ်က ရှုယီအား ကမ်းလှမ်းသည့်အနေအထားဖြင့် “တကယ်လို့ ဥက္ကဌရှုမှာအခြား အကြံဉာဏ်များရှိနေရင် ကျေးဇူးပြုပြီး ပြောချလိုက်ပါ။ ငါတို့က စီးပွားရေးအသင်းက မိတ်ဆွေတွေပဲမဟုတ်လား မင်းပြောလိုရာကို ဘယ်လိုပဲဖြစ်ဖြစ် ပြောချလိုက်လို့ရပါတယ်”

“သိပ်ကောင်းတာပေါ့ဗျာ ကျွန်တော်မှာ အစီစဉ်ရှိပြီးသား အားလုံးကြည့်လိုက်ကြပါအုံး” ဟု ရှုယီက သူကြိုတင်ပြင်ဆင်လာသည့် စာရွက်စာတမ်းကို ရင်ဘတ်ထဲကနေ ဆွဲထုတ်လိုက်ပြီး ဥက္ကဌကြီးရန့်ခ်အားပေးလိုက်သည်။

ရှုယီ ယူလာသည့် အစီအစဉ်ကိုကြည့်ပြီး အားလုံးရဲအမူအရာများ အနည်းငယ်ပြောင်းလဲသွားတော့သည်။

ထိုကောင်ဆိုးလေးကို ဒီအတွက် သူက အမှန်တကယ်ကြီး ကြိုတင်ပြင်ဆင်လာခြင်ဖြစ်သည်။

ဥက္ကဌရန့်ခ်ရဲ့မျက်နှာ ရှုံတွသွားသည်။ ဒါပေမယ့် သူက ထိုစာတမ်းအား များများဖတ်လေ ပိုပြီး ထိတ်လန့်လာခဲ့လေဖြစ်သည်။

သူက အတော်ကိုခက်ခက်ခဲခဲဖြင့် ဖတ်ရှုပြီးသောအခါ သူမျက်နှာမှာ ထိတ်လန့်မှုတွေနှင့် ပြည့်နှက်လာခဲ့သည်။ သူလက်ထဲက စာတမ်းကို ယမ်းလိုက်ကာ ရှုယီအား “ဥက္ကဌရှု ဒါတွေက မင်းရဲ့ အမှန်အကန် အတွေးတွေလား၊ အဲ့ဒါက ဒီလောက်တောင် ရိုးရှင်းတယ်ပေါ့”

ရှုယီကပုခုံးကိုတွန့်လိုက်ပြီး “ အဲ့ဒါတာ အဲ့လို ရိုးရိုးရှင်းရှင်းလေးပါ။”

All Chapters