← Chapters

အခန်း (၈၁-၉၀)

Vol. 1 Ch. 81-90

အခန်း (၈၁-၉၀)

Vol. 1 Ch. 81-90

အခန်း ၀၈၁ ။ ရှင့်ကိုကျွန်မလက်ထပ်ရင်ရော

မြင်းလှည်းဘီးသည် ကျောက်လမ်းပေါ်တွင် တလိမ့်လိမ့်ပြေးလွှားနေစဉ် ညနက်သန်းခေါင်ဖြစ်၍ အသံသဲ့သဲ့ကိုအဝေးကပင် အတိုင်းသားကြားရလေသည်။ အားလုံးသည်တိတ်ဆိတ်နေသည်။ အာကာလီသည် မြင်းလှည်းပေါ်တက်ကတည်းက ဘာအကြောင်းမျှမရှိပဲ တိတ်ဆိတ်နေသည်။ ရှုယီကား မောပန်းစွာဖြင့်မျက်လုံးမှိတ်အနားယူနေသည်။

ဥက္ကဌရန့်ခ်အဖွဲ့နဲ့ တွေ့ရသည်က နှစ်ဖက်စလုံးအတွက်ကျေနပ်ဖွယ်ဖြစ်သော်လည်း အကျိုးသက်ရောက်မှုကို ခန့်မှန်းရခက်လေသည်။

ဥက္ကဌရန့်ခ်တို့အဖွဲ့ကြည့်ရသည်မှာ ဆုံးဖြတ်ချက်ပြတ်သားလှသည့်ပုံပင်။ သူတို့သည် Frestech ကုန်သည်ကြီးများအသင်းကိုလက်ဝါးကြီးအုပ်ချင်လေသည်။

သူတို့အမူအယာသည် အင်မတန်ရိုင်းလေသည်။ ရှုယီအနေဖြင့် စီးပွားရေးအသင်းနဲ့ပူး‌ပေါင်းရန်စဉ်းစားဖို့ပင်အချိန်မပေးပဲ Frestech ကုန်သည်ကြီးများအသင်း၏ အဓိကနည်းပညာကို တောင်းလာခဲ့သည်။

ရှုယီမှာသာ အခြားအကြံအစည်မရှိထားလျှင် စားပွဲကိုရိုက်ကာ ချက်ချင်းထွက်လာမိမည်။

နည်းပညာပြောင်းပေးဖို့သဘောတူသောအခါ သူတို့အပြုံးများကိုကြည့်၍ ခါးခါးသီးသီးရယ်လိုက်သည်။

Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ စီးပွားရေးအသင် နဲ့ပူးပေါင်းလျှင် ကုမ္ပဏီအနေနဲ့ အခြားကုမ္ပဏီများနဲ့လည်းပူးပေါင်းနိုင်ပြီး အကျိုးများစွာပေါ်လိမ့်မည်ဟု စကားချိုချိုသုံး၍ လျှာအရိုးမရှိတိုင်းပြောလေသည်။ သို့သော် သေချာကြည့်လျှင် အသူရာနက်သောချောက်ကမ်းပါးထဲသို့ ခုန်ဆင်းသည်နဲ့တူလှသည်။

သူသာမိုက်ရူးရဲ၍ ထိုကုမ္ပဏီကြီးနဲ့ပူးပေါင်းလိုက်လျှင် မကြာမီ သူတို့ကုမ္ပဏီကို ဝါးမြိုသွားမည်မှာ သေချာလေသည်။

ထိုလူတို့သည် ကုမ္ပဏီကြီးများက ဥက္ကဌများဖြစ်၍ ကုမ္ပဏီသေးလေးသာပိုင်ဆိုင်ထားသော သူ့ကို သူရူးလိုသဘောထားသည့်ပုံလား။

ထို့သို့ကားမဟုတ် ငါးစာပြ၍ ငါးမျှားခြင်းသာ။

စီးပွားရေးအသင်းနဲ့ပူးပေါင်းရဖို့အခွင့်အရေး သူတို့လိုကုမ္ပဏီကြီးများနဲ့ပူးပေါင်းခွင့်ရခြင်းသည် အင်မတန်ကံကောင်းခြင်းသာဖြစ်၍ Frestech ကုန်သည်ကြီးများအသင်းလိုတခြားကုမ္ပဏီအသေးလေးများဆိုလျှင် လုံးဝငြင်းပယ်နေမည်မဟုတ်ပေ။

သို့သော် သူတို့မသိသည်က စိုင်စ်နယ်မြေကြီးတခုလုံးတွင် ရှုယီ၏မှော်စက်တီထွင်မှုက နေရာယူထားလေခြင်းပင်။ နယ်မြေတခုလုံးတွင် လုံးဝပြည့်စုံသော စက်မှုစနစ်ကိုဖန်တီးဖို့ ဆုံးဖြတ်ထားပြီးဖြစ်လေသည်။ ထို့ကြောင့် သူတို့မက်လုံးကိုအားကျမည်တဲ့လား။

သူတို့ကသူ့ကိုထောင်ချောင်ဆင်ထားသော်လည်း သူတို့အတွက်ပိုအန္တရာယ်ကြီးသော ထောင်ချောက်ကိုကားသူတို့မမြင်ပေ။

ရှုယီ၏နောက်ဆုံးအစီအစဉ်ကရိုးရှင်းလေသည်။ သူသည် နည်းပညာအထောက်အကူပေးမည်။ မှော်ပန်ကာများ တည်ဆောက်ဖို့အတွက်လည်းကူညီပေးမည်ဖြစ်၍ ထုတ်လုပ်ရေးကိုလည်းကူညီပေးမည်ဖြစ်သည်။

သူတောင်းဆိုသည်က မှော်ပန်ကာ တစ်ခုရောင်းရလျှင် သူ့ကုမ္ပဏီကို ငွေဒင်္ဂါးငါးပြားပေးရမည်ဖြစ်သည်။

မှော်ပန်ကာ၏ရွှေဒင်္ဂါးနှစ်ပြားတွင် ရွှေဒင်္ဂါးတပြားအမြတ်ထွက်သည်ဖြစ်၍ ငွေဒင်္ဂါးငါးပြားသည်ပြောပလောက်သည်မဟုတ်ပေ။ ဥက္ကဌရန့်ခ်ကလည်း သူ့တောင်းဆိုချက်က အရမ်းရိုးရှင်းလွန်းနေသည်ဟု တွေးကာ အံ့ဩသွားခဲ့သည်။

Frestech ကုန်သည်ကြီးများအသင်းကနေပြီး မှော်စက်နည်းပညာကို လွှဲပြောင်းပေးဖို့တောင်းဆိုခြင်းသည် ကိစ္စကြီးတစ်ခုမှန်း ဥက္ကဌရန့်ခ် သိတာကြောင့် အခုလိုမျိုး ရှုယီဘက်က ရိုးရိုးရှင်းရှင်းလေးသာ ပြန်တောင်းဆိုလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

တကယ်တမ်း ဥက္ကဌရန့်ခ်သည် Frestech ကုန်သည်ကြီးများအသင်းက သူတို့ကို စျေးကွက်တခုလုံးပေးသည်ဟုထင်လေသည်။ သူတို့လိုကုမ္ပဏီကြီးသည် Frestech ကုန်သည်ကြီးများအသင်းကိုခဏအတွင်းတွင်ဝါးမျိုသွားလိမ့်မည်ဟု ယူဆထားလေသည်။

ကုမ္ပဏီငါးခုကဥက္ကဌများသည် လိုလားစွာဖြင့်သဘောတူလိုက်ကြသည်။ ထို့ကြောင့် ဥက္ကဌရန့်ခ်က Frestech ကုန်သည်ကြီးများအသင်းသည် စီးပွားရေးအသင်းနဲ့ပူးပေါင်းလိုက်သည်ဟု ကြေညာလေသည်။

ရှုယီသည် မှော်ပန်ကာနဲ့ပတ်သက်၍နည်းပညာကိုပေးသော်လည်း သူဘယ်လောက်တုံးသည်ဖြစ်စေ အခြားမှော်စက်များကိုကားပေးမည်မဟုတ်ပေ။

ထို မှော်ပန်ကာနည်းပညာကိုပေးသည်ကပင် အရေးကြီးသောပထမဆုံးခြေလှမ်းဟုသူတို့ထင်လေသည်။ ထို့ကြောင့် နောက်ထပ် နောက်ထပ်လာလိမ့်မည်ဟု သူတို့အနေဖြင့်တွက်ဆထားပုံရလေသည်။

မည်သို့ဆိုစေ ရှုယီသည် စီးပွားရေးအသင်းနဲ့ပူးပေါင်းလိုက်ပြီဖြစ်၍ Frestech ကုန်သည်ကြီးများအသင်းကနည်းပညာများကို ဖြည်းဖြည်းချင်းဝါးမြိုသွားနိုင်လိမ့်မည်ဟု ယူဆထားလေသည်။

ဝိုင်တခွက်ပြီးတခွက်သောက်၍ အပျော်ကြီးပျော်ကြလေသည်။ ထိုအထဲတွင် ရှုယီကားအပျော်ဆုံးဖြစ်နေသည်။ သူတို့အသည်းအသန်ကြိုးပမ်းခဲ့သမျှ အောင်မြင်လာပြီဟု ထင်သော်လည်း ရှုယီ၏ ထောင်ချောက်ထဲသို့ရောက်မှန်းမသိကြပေ။

တကယ်တော့သူတို့ထက်အရင်ဦးသွားသော ကုမ္ပဏီတခုရှိလေသည်။ ထိုဟာကား ဆော်လ်တန်မြို့က Farsak ကုန်သည်ကြီးများအသင်း ကုမ္ပဏီပင်ဖြစ်သည်။

ယခုဆိုလျှင် Farsak ကုန်သည်ကြီးများအသင်းသည် Frestech ကုန်သည်ကြီးများအသင်း၏အကူအညီဖြင့် ထုတ်လုပ်နေလေပြီ။ မှော်ပန်ကာနဲ့ပတ်သက်၍လည်း နည်းပညာများစွာရထားလေပြီ။ ပြီးခဲ့သည့်နွေရာသီအတွင်း မှော်ပန်ကာပေါင်း ၃ထောင်ကျော်ရောင်းချထားနိုင်ပြီဖြစ်ကာ အမြတ်ငွေ ရွှေဒင်္ဂါး၃ထောင်လောက် ရသွားခဲ့သည်။

ထိုအမြတ်လောက်သာရသည်ကလည်း လီယိုကုန်သည်ကြီးများအသင်း၏နှောက်ယှက်မှုကြောင့်သာဖြစ်သည်။ ယခုတော့ထိုကုမ္ပဏီလည်း အရည်အသွေးညံ့ဖျင်းမှုကြောင့် နောက်ဆုံးသွားရပြီး ယခုနှစ်ရောင်းစျေးတက်လာဖို့ရှိလေသည်။

အပြင်ပန်းကြည့်လျှင် မှော်ပန်ကာ၏နည်းပညာကိုရထားသော Farsak ကုန်သည်ကြီးများအသင်းသည် မှော်ပန်ကာနည်းပညာကနေပြီး ဝင်ငွေတည်ငြိမ်နေသည့်ပုံပင်။ သူတို့ဘက်က စျေးကွက်ကိုလက်ဝါးကြီးအုပ်နေပြီး Frestech ကုန်သည်ကြီးများအသင်းသည် ဆော်လ်တန်မြို့တွင် စျေးကွက်အကြီးအကျယ်ရှုံးနေသည်ဟု ထင်ရသည်။ သို့သော် ရှုယီ အမြင်ကားထိုသို့မဟုတ်ပေ။

သူတို့၏ထုတ်လုပ်မှုသည် Frestech ကုန်သည်ကြီးများအသင်းကပေးသောထုတ်လုပ်ရေးစက်ပေါ်တွင်သာမှီခိုနေ‌ရသည်။ ထိုရောင်းချမှုမှ Frestech ကုန်သည်ကြီးများအသင်းသည် အမြတ်များစွာထွက်လေသည်။ ထို့ပြင် ထိန်းသိမ်းရေး၊ပြင်ဆင်ရေးတို့အတွက်လည်း ရသေးသည်။

ထို့ကြောင့် Farsak ကုန်သည်ကြီးများအသင်းကထုတ်သောကုန်ပစ္စည်းသည် Frestech ကုန်သည်ကြီးများအသင်းကထုတ်သည်နဲ့တူလေသည်။

ဥပမာ ဒုတိယလှိုင်း အရှိန်ပြောင်းနိုင်သည့်မှော်ပန်ကာတွင် ဝက်အူနှစ်မျိုးရှိလေသည်။ တခုသည် သုံးစင်တီမီတာရှိ၍ နောက်တခုသည် ငါးစင်တီမီတာရှိသည်။ Farsak ကုန်သည်ကြီးများအသင်းကထုတ်ရာတွင်လည်း ထိုဟာကိုသာသုံးရသည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ မှော်အရစ်ဖော်စက်သည် Frestech ကုန်သည်ကြီးများအသင်းမှလာသောကြောင့်ဖြစ်သည်။ သူတို့လည်းပြောင်းလဲဖို့မတတ်နိုင်ပေ။

ရှုယီသည် မှော်ပန်ကာကိုသေချာဒီဇိုင်းဆွဲထားခြင်းဖြစ်၍ နည်းနည်းပြောင်းလဲလိုက်သည်နဲ့ ပြဿနာအကြီးအကျယ်ဖြစ်နိုင်လေသည်။ ထို့ကြောင့် သူများနှာခေါင်းပေါက်နဲ့ အသက်ရှူနေရသည်နဲ့ တူလေသည်။

သို့သော် နည်းပညာပိုင်းတွင်ထိုးဖောက်အောင်မြင်ဖို့ကလည်းမလွယ်လှပေ။ ရှုယီသည် ကမ္ဘာမြေပေါ်တွင် စက်မှုအင်ဂျင်နီယာကိုနှစ်ပေါင်းရာချီလေ့လာထား၍သာ ဤသို့လုပ်နိုင်စွမ်းရှိလေသည်။ စိုင်စ်နယ်မြေတွင်ကား ထိုသို့အခြေခံကောင်းမရှိပေ။ ထို့ကြောင့်သူနဲ့ယှဉ်ဖို့မလွယ်ပေ။

ယခု ဥက္ကဌရန့်ခ်တို့အဖွဲ့ကလိုချင်သည်ဟု ဆိုသော် သူလုံးဝမငြင်းတော့ပေ။

မှော်စက်နဲ့ပတ်သက်သော နည်းပညာအားလုံးကို တခါတည်းပေးဖို့တော့မဖြစ်နိုင်ပေ။ ထို့ကြောင့် မှော်ပန်ကာနည်းပညာကို ဆာလောင်ငတ်မွတ်နေသောသူတို့ရှေ့သို့ အရိုးကို ပစ်ချပေးလိုက်သည်။

ထိုအရိုးကိုက်ရသည်ကို သူတို့ကျေနပ်ကြပေလိမ့်မည်။ သို့သော် ပြန်၍အရိုးနဲ့ခွာနိုင်မခွာနိုင်ဘူးလားဆိုတာသည်ကိုတော့ ရှုယီလည်းမပြောနိုင်ပေ။

ထိုအကြောင်းကိုတွေးတွေး၍ ဟက်ဟက်ပက်ပက်ရယ်မိလေသည်။ စဉ်းစားခန်းဝင်နေသော အာကာလီပင် အလန့်တကြားဖြင့်မော့၍ကြည့်လေသည်။ သိချင်‌ဇောဖြင့် မေးလေသည်။

“ဥက္ကဌ ဘာလို့ ခွက်ထိုးခွက်လန်ရယ်နေတာလဲ?"

“အာ.. ဘာမဟုတ်ပါဘူး။ ခေါင်းထဲရုတ်တရက်ရောက်လာလို့ပါ။" အသိစိတ်ပြန်ဝင်လာ၍ မျက်နှာကိုလက်ဖြင့်ပွတ်လိုက်သည်။ သူမကိုကြည့်၍ တလမ်းလုံးတိတ်ဆိတ်နေသည်ကို သတိထားမိမှ “အင်း မင်းရော၊ ဘာစဦးစားခန်းဝင်နေတာလဲ။ တချိန်လုံးတိတ်ဆိတ်လှချေလား။ ပုံမှန်တော့မဟုတ်ဘူးနော်”

“ကျွန်မ...” ပါးစပ်ကိုဖွင့်၍ ပြောဖို့လုပ်ပြီးမှ ခေါင်းငုံ့သွားသည်။ ခဏကြာသော် စိတ်ဓါတ်ကျသောအသံဖြင့် “ဥက္ကဌ ငါ့ဘဝနဲ့ လူချမ်းသာတွေဘဝကအတော်ကွာခြားတာပဲ။ သူတို့ကိုမနာလိုဘူး၊ ငါဘာလုပ်သင့်လဲ?”

ရှုယီ ပြုံးမိသည်။ လက်စသတ်တော့ ညစာစားပွဲကြောင့် အားငယ်သွားရတာကိုး။ သူမသည် သာမာန်အောက်ခြေလူတန်းစားမှလာသူဖြစ်၍ လူချမ်းသာဘဝများကိုမက်မောခဲ့ဖူးလိမ့်မည်။ ယခုညစာစားပွဲက ပြန်နှိုးဆွပေးလိုက်ပုံရသည်။

ထိုသို့တွေး၍ “နည်းလမ်းနှစ်ခုရှိတယ်။ တစ်ခုက မင်းကိုယ်တိုင်ချမ်းသာအောင်လုပ်ဖို့ပဲ။ မဟုတ်ရင် ချမ်းသာတဲ့လူကိုရှာယူပေါ့”

အာကာလီသည် သူ့ကိုငေးမောကြည့်ပြီး “ရှင်ကအရမ်းပွင့်လင်းတာပဲ။ လူချမ်းသာတွေဘဝကလည်းမလွယ်ပါဘူး။ သူတို့မှာလည်း သူတို့ဒုက္ခနဲ့သူလို့ပြောပြီး နှစ်သိမ့်ပေးမယ်ထင်တာ၊ ခုလို အကျည်းတန်တဲ့စကားတွေပြောထွက်လိမ့်မယ်လို့ ထင်တောင်မထားဘူး”

ရှုယီကပုခုံးတချက်တွန့်၍ “စကားချိုချိုဆိုတာ ကောင်လေးတွေကကောင်မလေးတွေကိုပြောနေကျစကားပါ။ အဲလိုပြောတာလည်းမှန်ပေမယ့် စတေးလ်ခေါ်တဲ့အတိုင်း ဦးလေးအရွယ် ငါ့လို အသက်နှစ်ဆယ့်ခုနှစ်နှစ်ရှိပြီဖြစ်တဲ့လူက အဲလိုပြောနေရင် ဘာမှအဓိပ္ပာယ်မရှိ ဘူးလို့ထင်တယ်”

အာကာလီကဟက်ဟက်ပက်ပက်ရယ်၍ မျက်စောင်းထိုးကြည့်ပြီး “ဒီလိုဆို ဦးလေးရေ ဘယ်လိုစကားလုံးတွေက အဓိပ္ပာယ်ရှိတာလဲ ပြောပြပါအုံး”

ရှုယီက လေးနက်သောအသွင်ဖြင့် “ဘာဖြစ်ဖြစ် ချမ်းသာတဲ့လူတွေက သာမာန်လူတွေနဲ့စာရင် ပစ္စည်းဥစ္စာပြည့်စုံကြတော့ မင်းတို့လိုသာမာန်လူတွေကတော့ မနာလိုကြမှာပါပဲ။ ဒါကလူ့သဘာဝလေ။ ဒါပေမယ့် မင်းကချမ်းသာတဲ့မိသားစုမှာမမွေးဖွားခဲ့ရင် ပိုက်ဆံကလည်းမိုးပေါ်ကကျမလာခဲ့ရဲ့ ချမ်းသာတဲ့ဘဝကိုပိုင်ဆိုင်ဖို့ နည်းလမ်းနှစ်ခုပဲရှိတယ်။ ငါပြောတဲ့အတိုင်းပေါ့၊ ကဲ ဘာကိုရွေးမလဲ စဦးစားလိုက်အုံး”

သူမသည် ခေါင်းကိုအသာမော့၍ ရှုယီကို ချိုသာစွာပြုံးပြလိုက်ပြီး

“ဥက္ကဌကိုလက်ထပ်မယ်ဆိုရင်ရော.......”

***

မှော်စက်မှုအင်ပါယာ

အခန်း ၀၈၂ ။ ထူးဆန်းသောမေတ္တာရပ်ခံချက်

နှစ်ရက်ကြာပြီးနောက် ကမ်ဘီသည် အန်ဂိုလာမျိုးနွယ်မှ ရာချီသော လူပုလေးများကို မြို့သို့ခေါ်လာသည်။

ရှုယီသည်ထိုလူများအတွက် နေရာထိုင်ခင်းစီစဉ်ထားပြီးဖြစ်သည်။ ထို့ပြင် ကမ်ဘီကိုလည်းမန်နေဂျာအဖြစ်ဦးဆောင်ဦးစီးလုပ်ဖို့ပြောထားလေသည်။ ထိုလူသစ်များကိုလည်း အလုပ်နဲ့မြန်မြန်ရင်းနှီးမှုရှိပြီး အလျင်မြန်ဆုံးစတင်နိုင်ရန်ညွှန်ကြားဖို့ခိုင်းထားလေသည်။

စက်ရုံအလုပ်သည် အလွန်ပင်ပန်း၍ နောက်ဆိုပို၍ပင်ပန်းဖို့ရှိလေသည်။

“ခင်ဗျားမြင်လား။ ဒီမြစ်ဘေးကနေ ဟိုးအနောက်ဘက် မီတာငါးရာလောက်ထိ စက်ရုံနယ်နမိတ်ဖြစ်ချင်တာ။ ပြီးတော့ စက်ရုံကလေးမီတာမြင့်ရမယ်။ ဖြစ်နိုင်မလား” ရှုယီက လူလတ်ပိုင်းအရွယ်လူကြီးတယောက်ကိုပြောပြနေသည်။

ထိုလူလည်းခဏစဉ်းစားလိုက်ပြီး “ဥက္ကဌကြီး လုပ်ခိုင်းတာကနည်းနည်းများတော့ လုပ်ဖို့တော့အတော်လေးခက်လိမ့်မယ်”

“ခက်တာအသာထားပြီး လုပ်နိုင်လာမလုပ်နိုင်လားပဲပြောပါ။ မလုပ်နိုင်ရင် တခြားလူရှာရုံပေါ့”

ထိုလူလည်း ရင်ကိုကော့၍ “ သေချာပေါက်လုပ်နိုင်ပါတယ်။ ကျွန်တော်တို့ အမ်ရစ်တွေသာမလုပ်နိုင်ရင် ဘယ်သူတွေလုပ်နိုင်အုံးမလဲ”

“အင်း ကောင်းသားပဲ”

ထိုလူကို ဝိန်းရီလိုင်းဟုခေါ်သည်။ သူသည် အမ်ရစ်ကုန်သည်ကြီးများအသင်း၏ဆောက်လုပ်ရေးမန်နေဂျာတစ်ယောက်ဖြစ်သည်။

သာမာန်အခြေအနေတွင် ရှုယီ ပိုင်ဆိုင်သောအလုပ်ရုံလေးမျိုးကို သူကိုယ်တိုင်လာရောက်မည်မဟုတ်ပေ။ သို့သော် အမ်ရစ်ကုန်သည်ကြီးများအသင်း၏ဥက္ကဌကြီးမွန်းခရုစ်ကသူ့ကိုလွှတ်လိုက်ခြင်းဖြစ်ပေသည်။

ထိုဟာကိုထောက်၍ မွန်းခရုစ် က ရှုယီ ကိုဘယ်လောက်အလေးထားကြောင်း ခန့်မှန်းမိ၍ တလေးတစားဆက်ဆံလေသည်။

“မန်နေဂျာရီလိုင်း ဒီအလုပ်ရုံကခိုင်ခန့်မှဖြစ်မှာနော် ဘာလို့ဆို ဒီမှာ အလုပ်သမား လေးရာငါးရာလောက်နေကြမှာ။ ဒီတော့ တခုခုဖြစ်သွားရင် သူတို့အသက်တွေဆုံးရှုံးရမှာ အဲဒီတော့ အာမခံချက်ပေးနိုင်လား။"

ထိုလူသည် မျက်နှာတချက်ပျက်သွား၍ “ကျွန်တော့်ကိုမယုံလို့လား”

ရှုယီကပြုံး၍ သူ့ပုခုံးကိုပုတ်လိုက်ပြီး “အဲလိုမဟုတ်ပါဘူး။ ဒီကိစ္စဘယ်လောက်အရေးကြီးလည်းသိစေချင်လို့ပါ။ သေချာကြီးကြပ်လုပ်စေချင်လို့ပါ။ ပစ္စည်းလိုတာ လူလိုတာတော့ကြိုက်သလောက်ကုန်ပါစေ၊ အားမနာနဲ့ ကဲဒီလောက်ဆိုနားလည်မယ်ထင်ပါတယ်”

ရီလိုင်းကခေါင်းညိမ့်ပြ၍ “စိတ်ချပါ ဆရာ ကျွန်တော့်ဥက္ကဌကြီးကိုယ်တိုင်က သေချာလွှတ်လိုက်တာပါ။ သေချာစေ့စပ်ပြီးစီးအောင်လုပ်မှာပါ”

“အင်း ကောင်းပြီ သူကငါ့သူငယ်ချင်းကောင်းပါ။ သူ့ကိုတော့အပြည့်အဝယုံပါတယ်”

ထို့နောက် ထိုလူတိုင်းတာမှတ်သားနေစဉ် အဝေးကိုတချက်ကြည့်လိုက်သည်။

ထိုမြေကို ဗစ်ကောင့်ထ်လက်စ်လိုင်းဆီကငှားတုန်းက ဟိန့်ဇ်ကအလွန်ကျယ်သည်ဟုထင်ခဲ့သည်။ ထိုအချိန်က သူတို့ကုမ္ပဏီအနေနဲ့ အဲလောက်အကျယ်ကြီးငှားဖို့လည်း မလိုသေးပေ။

ရှုယီကငြင်းပယ်လိုက်သည်။ ကုမ္ပဏီတိုးတက်ကျယ်ပြန့်လာသည်နဲ့အမျှ မြေပို၍လိုလာမည်ကိုသူကြိုတင်တွက်ဆထားမိသည်။

သို့သော် ဤမျှအချိန်လေးနဲ့ တိုးတက်လာလိမ့်မည်ဟုသာ ထင်မထားပေ။ မှော်စက်တွေထုတ်လာသော် တမြို့လုံးက အုတ်အော်သောင်းနင်းကြိုဆိုကြလေသည်။ အော်ဒါတွေတဟုန်ထိုးတက်လာပြီး စက်ရုံတွေတိုးချဲ့လာရသည်။

အရင်ကတဧကနဲ့လောက်သည်ဟုထင်ခဲ့သော်လည်းခုတော့ ဧကများစွာလိုနေသည်။ အိမ်သုံးမှော်စက်ရုံသည်လည်း အလားအလာကောင်းနေလေသည်။ သို့သော် အိမ်သုံးများသည်သေး၍ နေရာမယူပေ။

သို့သော် ကမ်ဘီ ဦးဆောင်သော မှော်စက်အတွက်ကား ထိုသို့မဟုတ်ပေ။ မှော်ကောက်ရိတ်စက် အသေးလေးဟုဆိုသော်လည်းတကယ်တမ်းကျ နေရာများစွာယူလေသည်။ နောက်ထုတ်မည့်စက်ကြီးများအတွက်ကားပြောစရာမလို။

ထို‌ကြောင့်လည်းဤသို့ စက်ရုံတိုးချဲ့ရသည်။ ယခုလက်ရှိထက် ဆယ်ဆတိုးချဲ့ဖို့ရှိလေသည်။

စက်ရုံပြီးစီးသည်နဲ့ အလုပ်သမားများချက်ချင်းသွင်း၍ ထုတ်လုပ်မှုကို ဆယ်ဆထိမြှင့်တင်နိုင်လေပြီ။

ထိုအခါ ဘန်တာ မြို့နဲ့ အနီးနားချင်းမြို့တွေကိုပါမက တခြားဝေးကွာလှသော မြို့တွေဆီထိပါ ဖြန့်ကျက်နိုင်လေပြီ။

ယခု ရှုယီ လိုချင်ဆုံးသည် ဘုရင်နဲ့တွေ့ဆုံဖို့ပင်။ နှစ်ရက်လောက်ကမှ မြို့တော်ဝန်က လူလွှတ်၍ပြောထားသည်။ ဘုရင်သည် သူ့လုပ်ငန်းများကိုစိတ်ဝင်စားပြီး သူ့ကိုဖိတ်ခေါ်မည့်အကြောင်းပါလေသည်။

မှော်ပညာရှင်များအဖွဲ့စာမေးပွဲအတွက် အန်ဗီမာကိုသွားသောအခါဘုရင်ဆင့်ခေါ်မည်ကို စောင့်စားနိုင်လေသည်။ စိုင်စ်နယ်မြေကြီးပေါ်တွင် သုံးနှစ်သုံးမိုး နေလာခဲ့ပြီဖြစ်၍ စိုက်ပျိုးရေးသည် မည်မျှအရေးပါကြောင်း သူသိလာသည်။

ယခုတော့ သူတို့ကုမ္ပဏီက စိုက်ပျိုးရေးမှော်စက်များကို ထုတ်လုပ်သည်ဖြစ်၍ အထက်တန်းလွှာများသည် မည်မျှကျေးဇူးတင်နေမည်ဖြစ်ကြောင်း ခန့်မှန်းနိုင်လေသည်။

ထိုစက်များမှ သယ်ဆောင်လာသော အကျိုးကျေးဇူးများကိုသာ ဘုရင်ကြီးသိလျှင် ထိုစက်များထုတ်လုပ်ရေးကို ကူညီထောက်ပံ့လိမ့်မည်ဟု ယုံကြည်ထားလေသည်။

အချိန်ကျလာလျှင် သူတို့ကုမ္ပဏီသည် မအားမလပ် နေ့မအားညမအား ထုတ်လုပ်ရတော့မည်ဖြစ်သည်။ ကြိုတင်မပြင်ဆင်ထားလျှင် အခွင့်အရေးကောင်းကြီးကို လက်လွှတ်ရပေတော့မည်။

ထိုသို့တွေးရင်း ပြုံးလာသည်။ ဟိန့်ဇ်ကတော့ သူအတွေးလွန်နေသည်ဟု ပြောသည်။ သို့သော် ကြိုတင်မစဉ်းစားပဲ တိုက်ကြီးတခုလုံးတွင် စက်မှုစနစ်တော်လှန်ရေးလုပ်ဖို့ လွယ်ပါ့မလား။

မှော်ပန်ကာနဲ့ပတ်သက်သောနည်းပညာကို စီးပွားရေးအသင်းကိုပေးသည်ကြားသော် ဟိန့်ဇ်တယောက်အကြီးအကျယ်ဒေါသထွက်လေသည်။ ကိုယ့်သေတွင်းကိုယ်တူးနေသည်ဟု ပက်ပက်စက်စက်ပြောလေသည်။

သူ့ကိုဘာမှရှင်းပြမနေ‌တော့။ ရှင်းပြလည်းနားလည်မည်မဟုတ်ပေ။ သူတို့မျှော်လင့်ရမည်က ထိုကုမ္ပဏီကြီးများကို Frestech ကုန်သည်ကြီးများအသင်းကစိုးမိုးသွားမည့်အချိန်ပင်။ နောက်အကြောင်းပြချက်တခုကား ထိုသို့လုပ်မှ သူပုံဖော်ချင်သော စက်မှုစနစ်ကို အများကပူးပေါင်းလာပြီး ပုံဖော်နိုင်ပေလိမ့်မည်။

ဟိန့်ဇ်သာနားမလည်သည်မဟုတ် တတိုက်လုံးတွင်မည်သူမျှ နားလည်မည်မဟုတ်။ ထို့ကြောင့် သူဘာကြောင့်နည်းပညာပေးလည်း ဥက္ကဌရန့်ခ်တို့ကိုပြောချင်သော်လည်း ရင်ထဲတွင်သာသိမ်းထားခဲ့ရသည်။ သူလုပ်စရာရှိသည်က သူတို့ကုမ္ပဏီကြီးများက ဝါးမျိုမသွားအောင် ထိန်းချုပ်ထားဖို့ပင်။

ထို့နောက် ကိုယ့်ပါးကိုရိုက်၍ ဆုံးမလိုက်ပြီး အတွေးများကို လက်စဖြတ်လိုက်သည်။

ပြဿနာအများကြီးရှိသော်လည်း သူ့ရည်မှန်းချက်ကိုတော့ မဖြစ်မနေ တလှမ်းချင်းလှမ်းရပေမည်။ စက်လိုသာခိုင်ခန့်ဖို့မနေတတ်လျှင် သူဘာလို့ စက်မှုအင်ဂျင်နီယာဖြစ်လာမည်နည်း။

ရုတ်တရက်သူ့နောက်က ခြေသံကြား၍ လှည့်ကြည့်လိူက်သော် လက်ထဲတွင် ပုံကြမ်းတခုကိုင်၍ ပြေးလာသော အဲလက်စ်ကိုတွေ့လေသည်။

“ဥက္ကဌကြီး ဧည့်သည်လာပါတယ်” ထို့နောက် ပုံကြမ်းကိုကမ်းပေးလိုက်ပြီး “ဒီဧည့်သည်ကအတော်ထူးဆန်းတာဗျ။မျက်နှာကို ဖုံးကွယ်ထားတယ်။ ဒီဟာကိုဆရာ့ကိုပြရင် ဆရာလာတွေ့မှာပါတဲ့”

ရှုယီကစာရွက်ကိုကြည့်ပြီး ရယ်လိုက်ပြီး “အင်းအဆင်သင့်ပဲကိုး တော်တော်လောနေတဲ့ပုံပဲ။ ခုသူဘယ်မှာလဲ”

“သူကဆရာကလွဲပြီး ဘယ်သူမှမတွေ့ချင်ဘူးဆိုလို့ ရုံးခန်းထဲမှ ပို့ထားခဲ့တယ်ဆရာ”

“အင်းဟုတ်ပြီ ကဲအလုပ်သာသွားလုပ်ပါ၊ ငါ သူ့ကိုသွားတွေ့လိုက်အုံးမယ်”

အဲလက်စ်က မသွားသေးဘဲ ခဏတွေဝေနေပြီး “ဥက္ကဌကြီး ဧည့်သည်ကအရမ်းထူးဆန်းတာနော်။ တယောက်ယောက်ခေါ်သွားပါလား။ တခုခုများဖြစ်သွားရင်....”

ပြုံး၍ “ငါကမှော်ပညာရှင်ဆိုတာ မေ့သွားပြီလားဟ”

“ဒါပေမယ့် ဆရာ့အဆင့်က..” စကားစကို ဤမျှနဲ့ဖြတ်လိုက်သည်။

ရှုယီကလက်ကာပြ၍ “ကောင်းပြီ ထားလိုက်တော့ ကိုယ့်အလုပ်ကိုသာသွားလုပ်ပါ"

ထို့နောက်ရုံးခန်းဆီသို့ ချီတက်လာတော့သည်။ တံခါးဖွင့်လိုက်သည်ဆိုလျှင်ပင် ဝတ်စုံရှည်ကြီးဝတ်ထားသော လူတယောက်ကုလားထိုင်ပေါ်တွင် ထိုင်နေသည်ကို တွေ့ရသည်။

တံခါးဘက်ကိုမျက်နှာမူထားသော်လည်း သူမမျက်နှာကိုသေချာအုပ်ထားသည်ဖြစ်၍ မည်သူလည်းခန့်မှန်းဖို့ ခက်ခဲလေသည်။ ရှုယီကတချက်ကြည့်၍ ပြုံးလိုက်ပြီး “လူတွေကိုမယုံဘူးလို့များ ပြောခဲ့သလားလို့ပါ၊ မိန်းမပျိုလေးအက်ဂ်နက်စ်ရေ”

***

မှော်စက်မှုအင်ပါယာ

အခန်း ၀၈၃ ။ ဟားနက်စ်၏ရည်မှန်းချက်

ဧည့်သည်ကမတ်တတ်ရပ်၍ ခေါင်းကိုခြုံထားသောအစကိုဖွင့်လိုက်ရာ လှပပြေပြစ်ဆွဲဆောင်မှုရှိသောမျက်နှာကလေးပေါ်လာသည်။

အရင်က အန်ဂိုလာမျိုးနွယ်မှာ တွေ့ခဲ့သော မိန်းမပျို အက်ဂ်နက်စ် ဖြစ်လေသည်။

“ဟုတ်တယ် လူတွေကိုတော့မယုံသေးပါဘူး။ ရှင်ပို့လိုက်တဲ့ ပုံကြမ်းကသာကျွန်မတို့ မျိုးနွယ်စုပြဿနာကို မဖြေရှင်းပေးနိုင်ရင် ဒီကိုရောက်လာစရာအကြောင်းမရှိပါဘူး”

ရှုယီကပြုံး၍ စကားကိုမရှည်တော့ပဲ သူမကို ရေအေးတခွပ်ခပ်ပေး၍ သူမကမ်းပေးသော ပုံကြမ်းကိုကြည့်လိုက်လေသည်။

ထိုစာရွက်သည် သူအရင်ကသွားစဉ်က ရွာသူကြီးမွန်တိုဆီတွင်ထားခဲ့သောအရာဖြစ်လေသည်။ ထို့ကြောင့်သာ ထူးဆန်းသောဧည့်သည်ဟုဆိုသော် အက်ဂ်နက်စ်မှန်းချက်ချင်းသိခြင်းပင်သည်။

“ကဲ မင်းပြောပုံအရ ဒီဟာကို မျိုးနွယ်စုအကြီးအကဲတွေကို ပြပြီးတော့ရောပေါ့”

“ဟုတ်ကဲ့ အဲဒါကြောင့်လည်း ကျွန်မကိုလွှတ်လိုက်တာပေါ့။ ဒီနည်းကိုသုံဖို့ ကျွန်မတို့ဘာလုပ်ရမလဲ”

ထိုနည်းကို အမျိုးမျိုးသောအကြောင်းတရားတွေစုဖွဲ့၍ ဖန်တီးထားခြင်းဖြစ်၍ အလုပ်လုပ်မှာသေချာလေသည်။

“ဝမ်းနည်းပါတယ်။ ဘာလုပ်ရမလဲတော့မပြောနိုင်ပါဘူး။ ကျွန်တော့်အတွေ့အကြုံအရ ဖြစ်နိုင်ချေကို တွက်ဆပေးလိုက်ရုံပါ။ အတိအကျတော့မပြောနိုင်ပါဘူး။ နေရာကိုလူကိုယ်တိုင်လာကြည့်မယ်ဆိုရင်တော့ တမျိုးပေါ့”

သူမကခဏစဉ်းစားလိုက်ပြီး “ကျွန်မတို့ဆီကိုလာပြီး ကိုယ်တိုင်လေ့လာချင်တဲ့သဘောလား”

“ဟုတ်တယ်”

သူမသည် ခဏတော့တိတ်ဆိတ်သွားသည်။

“မဖြစ်နိုင်လောက်ဘူးထင်တယ်။ လူသားတွေကျွန်မတို့ဆီကို မလာတာ နှစ်တော်တော်ကြာသွားပြီ ဘယ်လူသားမှလည်းကြိုဆိုမှာမဟုတ်ဘူး”

“ဒီလိုဆို ကူညီချင်ရင်တောင် ဘာမှလုပ်ပေးနိုင်မှာမဟုတ်ဘူး။ ဒီမြစ်နဲ့ပတ်သက်တဲ့ကိစ္စက ပြဿနာအတော်ကြီးတယ်မဟုတ်လား။ ဒီကတိုင်စိတ်ကူးနဲ့ထိုင်ပြီး ဖြေရှင်းလို့မှမရတာ ကိုယ်တိုင်လာပြီးစုံစမ်းလို့မရရင်တော့ ဝမ်းနည်းစွာပဲ ငြင်းပယ်ရတော့မှာပဲ”

သူမလည်းခဏတွေဝေနေပြီး ရုတ်တရက်မတ်တတ်ရပ်လိုက်သည်။ သူမညာလက်က လက်ညှိုးနှင့်လက်ခလယ်ကိုရင်ဘတ်ပေါ်တင်ပြီး ခေါင်းအသာညိမ့် အရိုအသေပေးပြီး

“ဒီလိုဆိုတော့ ကျွန်မသွားပါတော့မယ်၊ အီလွန်ရဲ့ ကောင်းချီးပေးမှုကို ရပါစေ”

ထိုသို့ပြော၍ ထွက်သွားလေသည်။

သူတားချင်သော်လည်း သွားခွင့်ပေးလိုက်လေသည်။

သူတို့မျိုးနွယ်စုသည် လွယ်လွယ်နဲ့ပြောင်းလဲတတ်သူများမဟုတ်။ ထို့ကြောင့် ခေါ်လည်းမထူးပေ။

မည်သို့ဆိုစေ အလျင်စလို လိုအပ်နေသည်က သူမဟုတ်။ ထိုမျိုးနွယ်စုများသာဖြစ်သည်။

ထို့နောက် သူလည်းရုံးခန်းထဲမှ ထွက်လာခဲ့သည်။ မန်နေဂျာရီလိုင်းကိုမှာစရာရှိတာမှာ၍ မြင်းလှည်းပေါ်တက်၍ မြို့မြောက်ဘက်က ခြံဝင်းလေးဆီ ထွက်လာခဲ့တော့သည်။

ခြံဝင်းထဲလမ်းလျှောက်လာစဉ် ဘာရွန်ဟားနက်စ် အသံကို ကြားရသည်။

“မိုင်လထ် မြန်မြန်လုပ်စမ်းပါ။ ညစာအချိန်ရောက်လို့မှမပြီးရင် ဒီညတော့အိပ်ရတော့မယ်မထင်ဘူး”

“မက်ကိုဗီရေ ရပ်ကြည့်မနေနဲ့လေ ဘာလို့ပြီးပြီးသားတွေကို ယူမသွားတာလဲ။ ဒီလိုပဲအရူးတယောက်လို ရပ်ကြည့်နေမှာလား”

“မဂ်ဟန် သတင်းစုဆောင်းဖို့ ဒီလူတွေမှာတာဝန်ရှိတယ်မဟုတ်လား။ ကဲအဆုံးသတ်လိုက်ရအောင်။ မင်းပြန်မလာရင် သူတို့လုပ်အားခရမှာမဟုတ်တော့ဘူး”

ထိုအသံတွေကြားသော် သူစ၍တွေ့စဉ်က ရှက်တတ်သော ဘာရွန်ဟားနက်စ်နဲ့မတူတော့သည်ကို ခန့်မှန်းမိသည်။

အယ်ဒီတာချုပ်ဖြစ်ပြီးမှ သူအတော်ကို ပြောင်းလဲသွားသည်။

အားလုံးသည် အလုပ်ကိုယ်စီဖြင့် အလုပ်ရှုပ်နေကြသည်။ ခုံတွင် ဆယ်ယောက်လောက်သည် မနားတမ်းစာရေးနေကြသည်။ ကျန်တဲ့လူများက စာရွက်တွေလိူက်စုသူစု ခေါက်သွားခေါက်ပြန် ယူလိုက် ပို့လိုက်ဖြင့်....

အလယ်တွင်ရပ်၍ ညွှန်ကြားအော်ပြောနေသူက ဘာရွန်ဟားနက်စ်...

သူအရှုပ်နေလား မရှုပ်လားမသေချာ။ မျက်နှာတခုလုံးတော့ မုတ်ဆိတ်မွှေးတို့ဖြင့်ပြည့်နှက်နေသည်။ မျက်နှာကကြမ်းတမ်း၍ အဝတ်များက ကပိုကယိုဖြစ်နေသည်။ မမှတ်မိတော့လောက်အောင်ကို လုံးဝပြောင်းလဲသွားလေပြီ။

“ဟေး အရှင်ဘာရွန် အလုပ်တွေရှုပ်နေလား” လက်ပြနှုတ်ဆက်လိုက်သည်။

ထိုအသံကြားသော် လှည့်ကြည့်လိုက်သည်။ ရှုယီကိုမြင်သော် အပျော်ကြီးပျော်သွားပုံပင်။

“အိုး ဥက္ကဌရှု ဒီရောက်လာတာနဲ့အတော်ပဲ”

“အင်း.. ကျွန်တော့်ကိုတွေ့ချင်နေပုံပဲ။ ဘာများလိုအပ်လို့လဲ”

“မှော်ပုံနှိပ်စက် တခုခုဖြစ်လို့လား”

“နိုး နိုး နိုး ဘာမှမဖြစ်ပါဘူး။ အဲဒါကကျွန်တော်တို့ရတနာလိုပဲ ဘာလို့ပျက်စီးမှာလဲ။ ဒါပေမယ့် အဲဒါနဲ့တော့ဆိုင်တာပေါ့။ ဒီတခုတည်းနဲ့လုပ်နေရတာ အလျင်မမှီဘူးဖြစ်နေတာ နောက်တခုများမစလို့မရဘူးလား။ နှစ်ခု သုံးခုဆို အကောင်းသား။ သုံးခုလောက်ဆို ဘယ်လိုလဲ အဆင်ပြေမလား”

“သုံးခုလိုချင်တာသေချာလား”

ထိုစက်ကို ကမ္ဘာမြေပေါ်က နည်းပညာအတိုင်းလုပ်ထားခြင်းဖြစ်သည်။ စိုင်စ်နယ်မြေတွင် ဘာသာစကားစနစ်ကိုသုံးသည်ဖြစ်၍ ရှေးဟောင်းတရုတ်ရွှေ့၍ရသောပုံနှိပ်စက်သာလျှင် သင့်တော်ပေလိမ့်မည်။ လေမှော်အစီအရင် ကိုတပ်လိုက်သော် တနာရီကို စာရွက်နှစ်ထောင်ရိုက်နိုင်လေသည်။

ဘန်တာသတင်းစာသည် ဆယ်ရွက်သာရှိသည်။ နှစ်ဖက်လုံးပေါင်းမှ စာမျက်နှာနှစ်ဆယ်သာရှိသည်။

ပြောရလျှင် ထိုစက်နဲ့သာဆိုလျှင် တနာရီကို တရာလောက်ထုတ်နိုင်လေသည်။

စောနက သူမှာနေသောစကားများသည် မနက်ဖြန်အတွက်ထုတ်ခြင်းသာဖြစ်သည်။ ဤသို့ဆိုလျှင် အချိန် ဆယ့်နှစ်နာရီရှိသေးလေသည်။

နားချိန်တို့ မတော်တဆစက်ပျက်ယွင်းတာတို့အသာထားသော်မှ လုံလောက်သောအချိန်ရှိသေးလေသည်။

ယခုတော့ စက်သုံးလုံးမှာသည်တဲ့လား။ ဒီလိုဆို သတင်းစာရောင်းအားက တရက်ကို သုံးထောင်ကျော်နေပြီလား။

မယုံနိုင်စရာကောင်းလှအောင်မြင့်တက်နေသည်။ ဘန်တာမြို့တွင် လူဦးရေ သုံးသောင်းထက်မပိုပေ။ အိမ်ထောင်စုခွဲလိုက်လျှင် ငါးထောင်သာရှိသည်။

ပညာတတ်လူတန်စားအလိုက်ခွဲလိုက်လျှင် အိမ်တိုင်းမဟုတ်။ ဆယ်ပုံတပုံသာရှိသည်။ ထိုလူဦးရေအတွက် ဒီစက်တလုံးတည်းကမလုံလောက်ဘူးလား။

“အင်း ဟုတ်တယ် စက်သုံးလုံးရချင်တာ။ မင်းက ဒီမရောက်တာကြာတော့ သိမှာမဟုတ်ဘူး။ ခု ဒီမြို့မှာကိုပဲ တရက်ကို တစ်ထောင်လောက်ရောင်းနေရတယ်။ ပြီးတော့ ရွာတွေမှာရောင်းဖို့ကိုယ်စားလှယ်ရှာဖို့လည်း လူတွေလွှတ်ထားတယ်။

တစ်ရွာကိုတစ်စောင်နှစ်စောင်ပဲဝယ်တယ်ဆိုရင်တောင် တော်တော်များနေပြီ။ မကြာခင်ရောင်းအားတဟုန်ထိုးတက်လာတော့မယ်ဗျာ။ မြို့ပြင်မှာဝယ်ချင်သူတွေအရမ်းများနေတော့ နောက်ဆို တရက်ကို ထောင်ချီရောင်းလာရနိုင်တယ်”

“ဒီလိုဆို သုံးလုံးတောင်မလုံလောက်သေးဘူးဆိုတဲ့သဘောလား? တိုးတက်မှုမြန်လိုက်တာ”

ဘာရွန်ဟားနက်စ်ကရယ်၍ “ဒါပဲရှိသေးတယ် ဘာအဟန့်အတားမှမရှိရင်တော့ နောက်တပတ်လောက်ဆို ဆော်လ်တန်သတင်းစာရော၊ ခမာသတင်းစာရောထွက်လာလိမ့်မယ်။ ပြီးတော့ တတိုင်းပြည်လုံးကိုဖြန့်ကျက်တော့မယ် နောက်တော့ တတိုက်လုံးကိုခြုံသွားစေရမယ်”

သူ၏စိတ်အားထက်သန်မှုကိုသိရသော် ရှုယီ ရင်ထဲ မချီးကျူးပဲမနေနိုင်ပေ။

သူ့ကိုစတွေ့တုန်းက အဆင့်အတန်းမြင့်သည့်မိသားစုကဆင်းသက်လာ‌သော သာမာန်လူအဖြစ်သာမြင်ခဲ့သည်။ ယခုလို ထွန်းတောက်လာလိမ့်မည်ဟု ထင်မထားပေ။ ယခုတော့သူ့အလုပ်ကိုအင်မတန်မြတ်နိုး၍ ကျော်ကြားသောသတင်းစာဆရာကြီး တယောက်ဖြစ်လာသည်။

ယခုလိုသတင်းစာဘက်ကူးပြောင်းလာစဉ် သူ့ကိုမိသားစုကအသိုင်းအဝန်းကလည်းကြည်ကြည်ဖြူဖြူလက်ခံခဲ့လေသည်။ ထို့ကြောင့် ဤမျှအချိန်တိုအတွင်း တိုးတက်လာခဲ့ရသည်။

“အ တကယ်တော့ သတင်းစာလို့မခေါ်ပဲ ဆော်လ်တန် မနက်ခင်းသတင်း၊ ခမာ မနက်ခင်းသတင်းလို့ ခေါ်ရင်မကောင်းဘူးလား” သူတတ်နိုင်သလောက်အကြံပေးသော် ဘာရွန်ဟားနက်စ် မျက်နှာချက်ချင်းဝင်းလက်လာသည်။ သို့သော် ရုတ်တရက် စကားလမ်းကြောင်းလွှဲလိုက်ပြီး “ဒါပေမဲ့ ပြောရအုံးမယ်၊ အန်ဗီမာကိုမပြန်ပဲ ဒီမှာပဲနေတော့မှာလို့ ဆုံးဖြတ်ပြီးပြီလား”

***

မှော်စက်မှုအင်ပါယာ

အခန်း၀၈၄ ။ အခွင့်အရေး

ထိုအမေးကြားသော် သူ့မျက်နှာချက်ချင်းပြောင်းသွားပြီး အားအင်ကုန်ခန်းသွားသည့်ပမာပင်။

“မင်းဒီကိုလာတာ အားပေးဖို့လို့ထင်တာ။ ဒီလိုပျင်းစရာကောင်းတဲ့စကားတွေမပြောပါနဲ့။ လက်စ်လိုင်းနဲ့ မြို့တော်ဝန်လည်းကျွန်တော့်ကိုမေးဖူးတယ်။ ကျွန်တော့်ကိုပြန်ဖို့တိုက်တွန်းကြတယ်။ အိမ်ကမိသားစုကလည်းပြန်ခိုင်းကြတယ်။ ဒါပေမဲ့ အဲဒီကလူတွေရဲ့စိတ်ပျက်စရာသဘောထားတွေကိုကြည့်ပြီး ပြန်ချင်စိတ်ကိုမရှိပါဘူး”

ထိုသို့ပြောပြီးနောက် ပြတင်းပေါက်မှတဆင့် အပြင်သို့ကြည့်လိုက်သည်။

“ဒီမှာနေရတာက ပိုစိတ်ချမ်းသာစရာကောင်းပါတယ်။ ဒီမှာက အနေဆင်းရဲ အစားဆင်းရဲပေမယ့် စိတ်ခွန်အားရတယ်လေ။ ဒီလောက်စိတ်တက်ကြွစရာမျိုးတခါမှ မတွေ့ဖူးဘူး။ အားလုံးကိုပုံအောပြီးလုပ်နေတာပါ။ နောက်ဆုံးအသက်ပါစတေးဖို့အသင့်ပါပဲ။ သူတော်ကောင်းယောင်ဆောင်နေတဲ့လူတွေထက်တော့ ဒီလိုဘဝနဲ့ပဲ သေပျော်ပါတယ်”

“တနေ့ကပဲ ဒီသတင်းစာထဲမှာပါသွားတာတွေ့လိုက်လား။ သူဌေးသားလေးတယောက် တောသူလေးတယောက်ကိုအဓမ္မကျင့်လိုက်လို့ ရေထဲခုန်ချသေသွားတာလေ။ သာမာန်အချိန်တွေမှာတော့ မဖော်ပြခဲ့ရင် ဘယ်သူမှအရေးတယူလုပ်နေမှာမဟုတ်ဘူးလေ။ သူမသေရတာအလားဖြစ်သွားမှာပေါ့။

ဒါပေမဲ့ ဒီသတင်းစာမှာဖော်ပြလိုက်တော့ မြို့တော်ဝန်လည်းဒေါသပုန်ထသွားပြီး အဲဒီသူဌေးသားကိုဖမ်းဆီးပြီး အများရှေ့မှာ အချက်နှစ်ဆယ်ကြိမ်ဒဏ်ပေးပြီး လျော်ကြေးအနေနဲ့ ရွှေဒင်္ဂါးသုံးဆယ်ပေးခိုင်းတယ်လေ။ ကျွန်‌တော်တို့သတင်းစာကြောင့်သာမဟုတ်ရင် ဒီလိုမတရားမှုက လေထဲပျောက်ကွယ်သွားမှာပဲ”

သူ့မျက်နှာတွင်ကား အမှန်တရားဘက်က ရပ်လိုသော သဘောထားကို မြင်နေရလေသည်။ ရှုယီကခပ်ချဉ်ချဉ်ပြုံးလိုက်သည်။

ကြိမ်ဒဏ်အချက်နှစ်ဆယ်နှင့်ရွှေဒင်္ဂါးပြားသုံးဆယ်က အမှန်တရားအတွက်တဲ့လား။ လူ့အသက်တချောင်းက အဲလောက်စျေးပေါသလား။

သို့သော် ဖြစ်နေကျကိစ္စတွေနဲ့စာသော် တော်သေးသည်ဟုသာ ပြောဖို့ရှိသည်။ လူကုန်ထံအသိုင်းအဝိုင်းသည် သာမာန်လူတို့ထက် အခွင့်ထူးခံများဖြစ်သည်။ ထို့ကြောင့် ဤမျှနဲ့ ကျေနပ်ရပေသည်။

သူတို့သတင်းစာကြောင့်သာမဟုတ်ရင် မည်သူမျှပင် အရေးစိုက်နေမည်မဟုတ်ပေ။

ရှုယီလည်းမတတ်နိုင်၍ အသာနေလိူက်ရသည်။ ဘာရွန်ဟားနက်စ်ကား သူတို့သတင်းစာက လုပ်ခဲ့သမျှကို ပြန်လည်ဖောက်သည်ချလေသည်။

ရှုယီကစိတ်ရှည်စွာနားထောင်၍ “အင်း ခင်ဗျားလုပ်တာမှန်ပါတယ်။ ဒီသတင်းစာက ခင်ဗျားအသက်ထက်တောင် ပိုအရေးကြီးနေပါလား။ ဒါနဲ့ပြောရအုံးမယ် ဒီလုပ်ငန်းက အရမ်းခက်ခဲ‌တယ်။ ဒီတော့ တယောက်ထဲနဲ့တော့ လှော်လို့ရမှာမဟုတ်ဘူး”

“ဘယ်လို ငါ့မိသားစုနဲ့ပူးပေါင်းဖို့ လက်စ်လိုင်းလိုပဲ လာပြောနေတာလား။ သူတို့သာပါလာရင် ဒီသတင်းစာဘယ်လောက်ထိပျက်စီးသွားမလဲ သိရဲ့လား”

“သိပ်သိတာပေါ့။ ဒါပေမယ့် သူတို့မပါလည်း ဒီသတင်းစာက ပျက်စီးနေပြီလေ။ ဘာလို့ဆို ကျွန်တော့်လို ကုန်သည်စုတ်က ဝင်ပါနေရတာကိုး”

ဟားနက်စ် အံ့သြသွားပြီး မချိုမချဉ်ပြုံးပြလိုက်သည်။

“နားလည်မှုမလွဲပါနဲ့၊ မင်းရဲ့အကြောင်းပြောနေတာမဟုတ်ပါဘူး။ အဲဒီ့လူတွေနဲ့စာရင် မင်းကအများကြီးမွန်မြတ်ပါတယ်။ ခုလည်း တောင်သူအထူးပြုစီမံကိန်းတွေလုပ်နေတာပဲ။ တောင်သူနှစ်ဆယ့်သုံးယောက်ကို စက်ပစ္စည်းတွေထောက်ပံ့ပေးလို့ ခုဆိုတောင်သူတွေအများကြီးအဆင်ပြေသွားပြီလေ”

“ငါ့ကိုအထင်မကြီးပါနဲ့။ ဒီလိုလုပ်တာလည်း စီးပွားရေးရှုထောင့်ကကြည့်ရင် ငါလည်းအများကြီးမြတ်လိုက်တယ်လေ။ သူတို့ကခုမပေးရဘူးဆိုပေမယ့် နောက်ပိုင်းပေးရမှာလေ။ သူတို့ကိုသုံးပြီး ငါ့ပစ္စည်းတွေကို ကြော်ငြာရုံပဲ။ သူတို့ကြောင့်လည်း လူကြိုက်များလာရတာ နောက်နှစ်ဆို အင်နဲ့အားနဲ့ရောင်းရ‌တော့မယ်လေ”

“စေတနာကောင်းကပြန်အကျိုးပေးတာပဲလေ။ ငါတောင်ဒီစက်တွေနဲ့ပတ်သက်ပြီး မျှော်တလင့်လင့်ဖြစ်ခဲ့ဖူးတယ်။ ခုဆို အစာရေစာပြတ်လပ်မှာစိတ်ပူစရာမလိုတော့ဘူးလေ”

ဘာရွန်ဟားနက်စ်၏စိတ်ကူးယဉ်ဆန်မှုတွေကို သိမြင်၍

“ကဲပါ အရင်ကိစ္စကိုပြန်သွားကြစို့။ မင်းကသာငါ့ကိုအရင်ကုန်သည်တွေနဲ့မတူဘူးပြောနေတာ တခြားလူတွေကတော့အဲလိုမထင်ဘူး။ ဒီသတင်းစာမှာ ငါတို့ကုမ္ပဏီအကြောင်းပဲပါနေတာကို ဖတ်တဲ့လူတွေသတိထားမိကြတယ်။ ဒီတော့ ငါတို့ကုမ္ပဏီကိုကြော်ငြာချင်လို့ ဒီလိုသတင်းစာထုတ်တာလို့ စွပ်စွဲကြတာပေါ့”

“ဒီလိုများဘယ်သူပြောပါလိမ့်။တခြားကုမ္ပဏီကလူတွေမဟုတ်လား။ သူတို့လုံးဝမသိပါဘူး။ အသုံးမကျတဲ့လူတွေ။ မင်းသာမတားရင် ကုမ္ပဏီနဲ့ပတ်သက်ပြီးပိုလို့တောင် ကြော်ငြာချင်သေးတယ်။ ဘာလို့ဆို ကုမ္ပဏီကထုတ်တဲ့စက်ပစ္စည်းတွေကို လူတွေကို အင်မတန်အကျိုးပြုစေလို့လေ။ သူတို့ကမနာလိုလို့လျှောက်ပြောနေတာပါ။ မျက်လုံးကမကျယ်ပဲ ဖင်ခေါင်းကျယ်နေကြတာ”

ရှုယီက ဘာရွန်ဟားနက်စ်ဒေါသကိုထိန်းလိုက်ပြီး “ ကဲသူတို့ဘာပြောပြောထားလိုက်ပါ။ ဒါပေမယ့် ပြောအုံးမယ် ဒီသတင်းစာကိုတကယ်ကိုအားပေးပေမယ့် ခင်ဗျားတယောက်ထဲနဲ့‌ရှေ့ဆက်လို့မရဘူးဆိုတာ‌တော့ ပြောရအုံးမယ်။”

ဘာရွန်ဟားနက်စ်သည်ဆွေကြီးမျိုးကြီးကလာသည်ဖြစ်၍ ငတုံးငအတယောက်တော့မဟုတ်ပေ။ ခဏတွေဝေသွားပြီး မျက်နှာပျက်သွားသည်။

“မင်းပြောချင်တာကိုနားလည်ပါတယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ အန်ဗီမာကိုပြန်တာနဲ့ဘာဆိုင်လို့လဲဗျ”

ရှုယီကရယ်၍ “သိပ်ဆက်စပ်တာပေါ့။ ခင်ဗျားသာမပြန်ရင် အန်ဗီမာသတင်းစာ ပေါ်လာဖို့ဘယ်လောက်ကြာအုံးမလဲ”

“ဒီလူတွေကတွန့်ဆုတ်တွန့်ဆုတ်လုပ်ပေမယ့် ကျွန်တော်မပြန်ရင်တောင် တနှစ်အတွင်းပေါ်လာပါလိမ့်မယ်”

“ဟုတ်တယ်။ ဒီလိုဆိုတော့ ကိုယ်တိုင်သွားလုပ်ရင်ရော ဦးတဲ့လူဖော်စားရစမြဲမဟုတ်လား။

အန်ဗီမာမြို့ကိုတော့ ထိန်းချုပ်လို့မရဘူးပေါ့။ ဒါပေမယ့် ကြိုးစားလို့ရတာပေါ့။ မင်းရဲ့မိသားစုအပေါ်မမှီခိုချင်ဘူးဆိုပေမယ့် တယောက်ထဲကြိုးစားတာထက်တော့ ပိုအားကြီးတာပေါ့ အန်ဗီမာသတင်းစာကိုတခြားမိသားစုကထုတ်တာထက် မင်းမိသားစုကထုတ်လုပ်တာမကောင်းပေဘူးလား”

“ဒီကိစ္စဘာလို့အဲလောက်ရေးကြီးခွင်ကျယ်လုပ်နေတာလဲဗျ။ ပြီးတော့ မင်းကကုန်သည်လေ ဒီသတင်းစာနဲ့လည်း သိပ်မဆိုင်ပါဘူး”

“ဘာလို့မဆိုင်ရမှာလဲ။ မေ့သွားပြီလား။ မှော်ပုံနှိပ်စက်ကို ကျွန်တော်တို့ကုမ္ပဏီကထုတ်လုပ်တာလေ။ ဒီတော့ ကျွန်တော်တို့ထုတ်ကုန်ကို ပိုရောင်းချင်တာပေါ့။

စဉ်းစားကြည့်လေ၊ အန်ဗီမာမှာသတင်းစာပေါ်လာပြီးရင် တတိုင်းပြည်လုံးပြန့်နှံ့ပြီးနောက် တိုက်ကြီးတတိုက်လုံးပြန့်နှံ့မသွားပေဘူးလား။ အဲဒီအခါ ကျွန်တော်တို့ မှော်ပုံနှိပ်စက်တွေ အင်နဲ့အားနဲ့မရောင်းရပေဘူးလား”

“အင်း ဟုတ်တယ် ငါမှားသွားတယ်။ မင်းကလည်းအဲဒီကုန်သည်တွေနဲ့ဘာမထူးပါဘူး။ ငွေနောက်ကိုလိုက်ကြတာပါပဲ”

ရှုယီကဟက်ဟက်ပက်ပက်ရယ်၍ “ဒီလိုဆို ဘာရွန်ဟားနက်စ်ရေ အဲဒီစိတ်ပျက်စရာ အန်ဗီမာမြို့ကိုသွားပြီး မင်းရဲ့မွန်မြတ်တဲ့သတင်းစာနဲ့ပြောင်းလဲပစ်ဖို့ အဆင်သင့်ဖြစ်ပြီလား”

ဟားနက်စ်ကသက်ပြင်းကြီးချ၍ “ပြန်မယ်ကွာ။ ဒါပေမယ့် ဒီမှာပဲအခြေတည်ခဲ့တာဆိုတော့ ဒီကိုပဲပြန်လာမယ်။ အဲဒီမြို့ကိုသွားတာက ဧည့်သည်အဖြစ်နဲ့ပဲ။ ဒါနဲ့ မင်းလည်း မှော်ပညာရှင်များအဖွဲ့စာမေးပွဲဖြေဖို့ အန်ဗီမာမြို့ကိုသွားမယ်ဆို”

“အင်း”

“ဟုတ်ပြီ အဲဒီအချိန်မှ အတူသွားလို့ရတာပေါ့။ မသွားခင် လိုအပ်တာတွေစီစဉ်လို့ရတာပေါ့”

ရှုယီကပုခုံးတွန့်ပြ၍ ဘာမှပြန်မပြောတော့။

***

မှော်စက်မှုအင်ပါယာ

အခန်း ၀၈၅ ။ မီးလင်းရွက်ပင်

ဘန်တာသတင်းစာရုံးမှတဆင့် မြို့အနောက်ဘက်က သုတေသနဓါတ်ခွဲခန်းဆီ ထွက်လာခဲ့လေသည်။ တံခါးလာဖွင့်သူက ပထမထပ်တွင်နေသော အာကာလီ မဟုတ် အီဗီတာ ဖြစ်နေသည်။

သူ့ကိုမြင်သော် အံ့သြစွာပြုံးပြ၍ ပျော်ရွှင်သောမျက်နှာထားကို မြင်ရသည်။

“ဥက္ကဌကြီး ဘာကိစ္စများလဲ”

ရှုယီကသူ့ဗိုက်ကို လက်ညှိုးထိုးပြ၍ “ဗီဗီယန်ကကျောင်းတက်နေတော့ ငါ့အတွက်ချက်ပေးမယ့်လူမရှိလို့။ စားသောက်ဆိုင်မှာလည်းမစားချင်ဘူး။ အဲဒါကြောင့် မင်းတို့ကိုဒုက္ခပေးရအောင်လာခဲ့တာပဲ။ ဘာလဲမကြိုဆိုဘူးလား”

အီဗီတာကပြုံးပြ၍ “ကြိုဆိုတာပေါ့ ဝင်လာပါ”

ရှုယီကပြုံး၍ခေါင်းခါလိုက်သည်။ အာကာလီသာဆိုလျှင် သူ့ကိုစနေအုံးမည်။ အီဗီတာကားအေးဆေးတည်ငြိမ်လှသည်။

ဟိုဟိုဒီဒီကြည့်၍ အာကာလီကိုမမြင်သော် “အာကာလီ တယောက်ရော”

“သူအပြင်သွားတယ်လေ”

“အပြင်သွားတယ်ဟုတ်လား။ တခုခုလုပ်စရာရှိလို့လား”

အီဗီတာကပြုံး၍ “ဥက္ကဌကြီး မေ့နေပြီလား ဒီနေ့ကတနင်္ဂနွေလေ။ တပတ်တရက်ပိတ်ပေးမယ်ပြောထားတယ်လေ”

“အိုး ဟုတ်သားပဲ။ မေ့နေတာ။ ဒီနေ့ပဲ သုတေသနလုပ်ထားတာကြည့်မယ်ပြောထားတာ” သူ့ခေါင်းကိုပုတ်မိလေသည်။ အလုပ်တွေရှုပ်လွန်း၍ နားရက်ကိုပင်မေ့နေသည်။ အီဗီတာကိုကြည့်သော် အပေါ်ဝတ်ရုံဝတ်ထားသည်ကိုမြင်‌သော် “ဒီနေ့အလုပ်ဆင်းမလို့လား ဘာလို့ဒီဟာကြီးဝတ်ထားတာလဲ”

အလုပ်အကြောင်းပြောမှ သူမမျက်လုံးတို့တောက်လာပြီး “အလုပ်ဆိုမှပဲ မကြာခင်ကတွေ့ရှိထားတာလေးဆွေးနွေးစရာရှိလို့။ ကြည့်လိုက်ပါအုံး”

“အိုး အသစ်တွေးရှိမှုဟုတ်လား။ ဘာများလဲ? မှော်လေအေးပေးစက်လား”

ဆောင်းရာသီရောက်တော့မယ်ဖြစ်၍ သူတို့သုံးယောက်ကို မှော်လေအေးပေးစက်နဲ့ပတ်သက်ပြီး သုတေသနလုပ်ခိုင်းထားလေသည်။

ပထမထုတ်တုန်းက နွေရာသီအတွက်ဖြစ်လေသည်။ ခုတော့ ဆောင်းရာသီအတွက်ဖြစ်၍ အပူလှိုင်းထုတ်နိုင်စွမ်းရှိရပေမည်။

ပထမဆုံးလုပ်ရမည်က အပူလှိုင်းကိုထုတ်ဖို့အတွက် မှော်အစီအရင် ဖြစ်လေသည်။

သို့သော် သူမကခေါင်းခါ၍ “မဟုတ်ပါဘူး ခုကမှော်မီးအိမ်နဲ့ဆိုင်တယ်”

အံ့သြသွား၍ “မြန်လှချေလား။ ဒီလောက်အချိန်လေးနဲ့ မိုးကြိုးမှော်အစီအရင်ကိုဖြေရှင်းလိုက်ပြီပေါ့”

သူမကခေါင်းခါ၍ “တိုးတက်မှုတော့ရှိပါတယ်၊ ဒါပေမယ့် လုံးဝတော့မပြည့်စုံသေးဘူး။ ခုကနောက်တခုတွေ့ရှိချက်ပါ”

“ဘာများလဲ”

“ရှင်းပြလို့မရလို့ အရင်ကြည့်လိုက်ပါအုံး” ထို့နောက်ဒုတိယထပ်သို့ တက်သွားလေသည်။

သူလည်းနောက်ကလိုက်သွားလေသည်။

ဒီနေရာသို့အကြိမ်များစွာလာဖူးသော်လည်းဒုတိယထပ်သို့ တခါမျှမရောက်ဖူးပေ။ ပထမထပ်ထက်ပို၍ သပ်ရပ်မှုရှိလေသည်။ အားလုံးကိုသူ့နေရာနဲ့သူစနစ်တကျထား၍ အလုပ်တွင်းသုံးသောပစ္စည်းများပင် ဖြစ်သလိုမထားကြပေ။

တနေရာတွင် ပန်းအိုးများကိုပင် တွေ့ရလေသည်။ ဆောင်းဝင်ပြီးဖြစ်သော်လည်း စိမ်းလန်းစိုပြေနေသည်ကိုတွေ့ရလေသည်။

ထို့နောက်နံရံပတ်ချာလှည့်ကြည့်လိုက်သော် အစအနများဖြင့် အလှဆင်ထားသည်ကိုတွေ့ရလေသည်။ သေသပ်လှ၍ ကြက်သရေရှိလှသည်။ တကယ်အနုပညာရှင်များလက်ရာနဲ့ပင်နှိုင်းယှဉ်နိုင်ဖွယ်ရှိလေသည်။

“အီဗီတာ ဒါတွေအားလုံးမင်းကိုယ်တိုင်လုပ်တာလား”

သူမရှက်ရမ်းရမ်း၍ ခေါင်းညိမ့်ပြလေသည်။

“လက်ရာတော်တော်မြောက်သားပဲ။ အာကာလီနဲ့ စတေးလ်တို့တော့ အဲလောက်စွံ့မယ်မထင်ဘူး”

သူမမျက်နှာပိုနီသွားပြီး သူတို့အတွက်တခုခုပြောချင်သော်လည်း မပြောတော့ပေ။

သူတို့လည်း ဘာလို့များမလုပ်နိုင်ရမည်နည်း။

သို့သော် ရှုယီကစကားလမ်းကြောင်းလွှဲလိုက်လေသည်။

“ အင်း အသစ်တွေ့ရှိချက်ပြပါအုံး။ တချက်လောက်ကြည့်ရအောင်”

ထိုအခါမှ သူ့ဆီကမ်းပေးလိုက်လေသည်။

သူလည်းတချက်ကြည့်ပြီးနောက် “ဒါက မီးလင်းရွက် (အလင်းထွက်သောအရွက်) မဟုတ်လား။ အသစ်တွေ့ရှိချက်လား။ မှော်မီးအိမ်နဲ့ဘာများဆိုင်လို့လဲ”

သူမကခေါင်းညိမ့်ပြ၍ “ဥက္ကဌကြီး ကျွန်မတို့ကို မှော်ဖန်တုံးမီးအိမ် ပေးတုန်းက တခြားနည်းရှိသေးတယ်လို့မပြောထားဘူးလား။ သတ္တုမျှင်လေးကိုအပူပေးလိုက်ရင် ဒီအမျှင်လေးကနေ အလင်းထွက်လာမယ်ပြောခဲ့သလားလို့ အဲဒီဟာကိုပဲ မှော်မီးအိမ်အတွက်သုံးနိုင်တယ်ဆိုလို့ပါ”

“အ..ပြောခဲ့သားပဲ။ ဒါပေမယ့် ခုလုပ်လို့မရသေးဘူးလို့ပြောခဲ့သားပဲ။ ဒီတော့အဲဒါကိုသုံးလို့မရသေးဘူးလေ” ထို့နောက် မီးလင်းရွက်ကိုကြည့်၍

“ဒီဟာနဲ့အစားထိုးလို့ရမယ်မထင်ဘူး မီးစွဲတာနဲ့ ပြာဖြစ်သွားမှာပဲ”

“ဟုတ်ပါတယ် အစားထိုးဖို့ပါ။ ဒါပေမဲ့ ဥက္ကဌပြောသလို အပူနည်းကိုမသုံးပါဘူး။” သူမကပြုံး၍လုပ်ထားပြီးသား မှော်အစီအရင်ကိုပြ၍ “ဥက္ကဌကြည့်ပါအုံး ကျွန်မတို့ပြောင်းလဲထားတဲ့ မိုးကြိုးမှော်အစီအရင် ပါ။ ဒီဟာနဲ့ဆိုရင် အကြာကြီးမခံပေမယ့် တမိနစ်လောက်တော့ အလင်းရနိုင်ပါသေးတယ်”

ရှုယီကခေါင်းညိမ့်၍ “ကောင်းသားပဲဒီ မှော်အစီအရင်ကိုသုံးသာသုံးမယ်ဆိုလျှင် မှော်မီးအိမ်ကိုပုံဖော်လို့ရပြီပေါ့”

သူမကခဏတွေဝေနေပြီးမှ “ဥက္ကဌကြီး တကယ်တော့ ဒီဟာကိုသုံးမယ်ဆိုရင်တောင် မှော်မီးအိမ်ကိုလုပ်နိုင်အုံးမယ် မထင်ဘူး”

“အိုး ဘာကြောင့်လဲ”

“လာလို့ဆို ထွက်လာတဲ့အလင်းကအရမ်းပြင်းလွန်းတယ်။ အခန်းထဲမှာ ညထွန်းကြည့်တာ တောက်လွန်းလို့ မျက်လုံးတောင်မဖွင့်နိုင်ဘူး။ မှော်အစီအရင်အဖြစ်ပြောင်းမယ်ဆိုရင်လည်း အသုံးဝင်မယ်မထင်ဘူး”

“ဒီလိုလား။ အင်း..နားလည်ပါတယ်။ ဒါပေမယ့် အဖြေရှာဖို့မခက်လောက်ဘူးထင်ပါတယ်။ မှော်အစီအရင် အားပျော့ပြီး အလင်းရောင်ဖျော့လာရင် ပြဿနာအေးသွားမှာပါ”

“လွယ်မယ်မထင်ဘူး။ ဒီပြဿနာကို ဆရာကြီးကမ်မီလာနဲ့ဆွေးနွေးတော့ သူကပြောတယ် မိုးကြိုးမှော်ကအရမ်းမြင့်တော့ အတော်ကြိုးစားရမယ်တဲ့။”

“ဆရာကြီးကအဲလိုပြောလား”

သူ့အနေနဲ့က အဆင့်လေးမှော်လောက်သာနားလည်၍ ဆရာကြီးပြောတာကိုသာနားထောင်ရသည်။

“ဒီလိုဆိုဆရာကြီးပြောတဲ့အတိုင်းသာဆို မှော်အစီအရင် လေ့လာတာအလကားပေါ့”

“အလကားလို့တော့ပြောမရပါဘူး ဒီမှာကြည့်ပါအုံး” သူမက မီးလင်းရွက်ကိုယူ၍ မှော်အစီအရင် အလယ်တွင်ထားလိုက်လေသည်။ ထို့နောက် မှော်အစီအရင် ပေါ်တွင် လက်တင်၍ မှော်အစွမ်းထည့်လိုက်ရာ အပြာရောင်အလင်းလေးထွက်လာ၍ အလုပ် လုပ်လာလေသည်။

ရှုယီသည်ကြည့်နေရင်းဖြင့် မှော်အစွမ်းလေးထွက်လာသည်။ မျက်တောင်တချက်အတွင်းတွင် မှော်အစွမ်းကြီးထွက်လာသည်။

သူမပြောပြချက်အရ အလင်းတန်းကြီးမပေါ်လာခင် အလင်းတခုဖျတ်ခနဲထွက်လာဖို့သင့်လေသည်။

မျက်လုံးမှေးကြည့်၍ အသင့်စောင့်နေလေသည်။ သို့သော် ပေါ်မလာပေ။ မီးလင်းရွက်ထဲသို့ဝင်သွားသည့်ပမာပင်။

“ဒါက...” ပါးစပ်ဖွင့်ရုံရှိသေးသည် မီးလင်းရွက်ထဲမှ အလင်းတန်းတခုဖျတ်ခနဲထွက်လာလေသည်။ အလင်းတန်းသည် နူးညံ့၍တောက်ပလှသည်။ သူမသည် မှော်အစီအရင်မှ လက်ကိုပြန်ဖယ်လိုက်သော် အရောင်ဖျော့တော့သွားပြီး မီးလင်းရွက်ကတော့ တောက်ပမြဲတောက်ပနေလေသည်။

ရှုယီ ဘာမှပြန်မပြောခင်ပင် သူမကအခန်းထဲသို့အလင်းဝင်ရာ အားလုံးကိုပိတ်ချလိုက်လေသည်။ အကုန်ပိတ်လိုက်သော်လည်း မီးလင်းရွက်မှ ထွက်သော အလင်းရောင်ကြောင့် လင်းမြဲလင်းဆဲပင်။

ရှုယီသည်အံ့သြစွာဖြင့် မီးလင်းရွက်ကိုငေးကြည့်နေမိသည်။ ထိုမှထွက်လာသော အလင်းသည် တောက်ပလွန်းသော်လည်း မျက်စိမကျိန်းစေ။ နူးညံ့သိမ်မွေ့လှသည်။

“ဒါတွေ့ရှိချက်အသစ်လား”

သူမကခေါင်းညိမ့်ပြ၍ “စာအုပ်တစ်အုပ်ထဲမှာဖတ်ဖူးတယ်။ ကန်ဒရာအင်ပါယာက ပါမီပရေးရီစ်မှာ မီးလင်းရွက်ကွင်းပြင်ကြီးရှိတယ်တဲ့ အရောင်တွေတောက်ပလွန်းလို့ မြင်တဲ့လူရင်သပ်ရှုမောဖွယ်ဖြစ်စေတယ်တဲ့။

မိုးကြိုးမှော်အစီအရင်လေ့လာနေတုန်းမှာ အဲဒီအကြောင်းခေါင်းထဲပေါ်လာလို့ မီးလင်းရွက်လည်းအသုံးဝင်မှာပဲဆိုပြီး စမ်းသပ်ကြည့်မိတယ်။ ဘယ်လိုထင်လဲ”

ရှုယီကရယ်၍ သူမကိုချီးကျူးဖို့လုပ်သည်တွင် တံခါးမှ ငေါ့သောလေသံတစ်သံက ပေါ်လာခဲ့သည်။

“ဟေး အီဗီတာရေ နေ့ခင်းကြောင်တောင် တံခါးတွေအကုန်ပိတ်ပြီး မှောင်ကြီးမဲကြီးထဲ ဥက္ကဌနဲ့ဘာလုပ်နေတာလဲ”

***

မှော်စက်မှုအင်ပါယာ

အခန်း ၀၈၆ ။ သူယောက်ျားချင်းများကြိုက်နေသလား။

ရှုယီ အံ့သြတုန်လှုပ်သွားသည်။ အာကာလီ ဘယ်ချိန်ကတည်းကရောက်နေသည်မသိ တံခါးကိုမှီ၍ ရပ်နေလေသည်။ သူတို့နှစ်ယောက်သားကို ကြည့်လျင်ပြုံးနေသည်။

“အာကာလီ ဘာတွေပြောနေတာလဲ” ထိုသို့ပြော၍ တံခါးအားလုံးကိုလိုက်ဖွင့်လေသည်။ အီဗီတာတယောက်ရှက်သွေးဖြာနေသည်ကိုကြည့်၍ ရှုယီ ပြုံးနေမိသည်။

အာကာလီကိုပြန်လှည့်ကြည့်သော် သူ့မလည်ပင်းကလည်ဆွဲပေါ်မျက်စိကျသွားသည်။ ဥက္ကဌရန့်ခ် ပေးလိုက်သောတခုနဲ့မတူပေ။

ထိုလည်ဆွဲကိုလက်ညှိုးပြ၍ “လည်ဆွဲတွေဝတ်ရတာကြိုက်သားနဲ့ ဘာလို့ ရန့်ခ် ပေးတာမဝတ်တာလဲ။ အဲဒါနဲ့မှ ပိုလိုက်တာ”

“သြော် ဥက္ကဌရန့်ခ် ပေးလိုက်တဲ့ဟာလား” သူမမျက်နှာတမျိုးပြောင်းသွားပြီး ခါးသီးစွာပြုံးလိုက်သည်။ ထို့နောက်အောက်ထပ်သို့ဆင်းသွားသည်။

သူကမေးရုံမေးသည်ကို ဘာလို့အဲလိုဖြစ်သွားရတာလဲ။

“ခုတလောဘာများဖြစ်ထားလို့လဲ” အီဗီတာကိုလှမ်းမေးလိုက်သည်။

သူမကအံ့သြသောအမူအရာဖြင့်ခေါင်းခါပြ၍ “ဘာမဖြစ်ပါဘူး။ ဒီတော့ အဲ့ဒီလည်ဆွဲက ဥက္ကဌပေးတာမဟုတ်ဘူးပေါ့”

“ငါလား” ခေါင်းခါပြီး “ဆာရန့်ခ် ကုန်သည်ကြီးများအသင်း ဥက္ကဌကြီးရန့်ခ် ပေးတာလေ ငါနဲ့မဆိုင်ပါဘူး”

“သြော် ဒီလိုကိုး အဲဒါကြောင့် ဒီလောက်လှနေတာကိုး။ ဒါနဲ့ ဥက္ကဌရှုမျက်နှာကြောင့်ပေးတာဆိုတော့ ဆရာပေးတဲ့သဘောပဲပေါ့”

“နိုးနိုးနိုး အဲလိုပြောလို့မရဘူးလေ။ သူပေးတာနဲ့ငါပေးတာ ဆိုတဲ့စကားက တော်တော်ကွာပါတယ် စကားကိုအဲလိုလွယ်လွယ်ပြောမရဘူးလေ”

“ဟုတ်ပါတယ် ဆရာကကျွန်မကောင်လေးမှမဟုတ်ပဲ ကျွန်မတောင်းဆိုတာကိုလည်းလက်မခံဘူးလေ။ ဒီတော့ ဆရာပေးတာလို့ ဘယ်ပြောလို့ရမလဲ” တံခါးအပြင်မှ အာကာလီ အသံထွက်လာသည်။

သူလှည့်ကြည့်လိုက်သော် သူမလက်ထဲတွင် သေတ္တာတလုံးသယ်လာသည်ကိုတွေ့ရသည်။

ရှုယီကိုကြည့်၍ သူမက‌ရှေ့တိုး၍ သေတ္တာကိုလှမ်းပေးလေသည်။

“ဥက္ကဌ၊ ဒီဟာကိုဥက္ကဌရန့်ခ်ကိုပြန်ပေးပါရစေ ကျွန်မဝတ်ဖို့မထိုက်တန်ပါဘူး”

ရှုယီကလည်း လက်မခံပေ။ သူမကိုကြည့်ရသည်မှာ အတော်လေးဝမ်းနည်းနေသည့်ပုံပင်။

သူက အီဗီတာကိုတချက်ကြည့်လိုက်သည်။ သူမကခေါင်းခါပြသည်။

ထို့ကြောင့် “အာကာလီ ဒါက ဥက္ကဌရန့်ခ်ကပေးတာလေ။ သူ့ကိုပြန်ပေးရင် ရိုင်းရာကျမှာပေါ့။ သူအထင်လွဲသွားမှာပေါ့။ ငါထင်တာ....”

“ဂရုမစိုက်ပါဘူး။ ဘာဖြစ်ဖြစ် ကျွန်မနဲ့မတန်ပါဘူး” အာကာလီက အသံကျယ်လောင်စွာပြန်ပြောသည်။

သူမကပြတ်သားလှသည်။ ထို့ကြောင့် သူလည်းဘာပြန်ပြောရမှန်းမသိ‌ပေ။ သူမကိုသာငေးကြည့်နေပြီးနောက်ခဏအကြာတွင် လှမ်းယူလိုက်လေသည်။

“ကောင်းပြီ မလိုချင်‌တော့လည်း ပြန်ယူရမှာပေါ့။ ဒါပေမယ့် သူ့ကိုတော့ ပြန်ပေးလို့မရဘူး။ သူအထင်လွဲသွားလိမ့်မယ်”

“ပေးချင်‌ပေးမပေးချင်နေ ကျွန်မကတော့ မလိုချင်ဘူး”

သူမကိုကြည့်၍ ဟက်ဟက်ပက်ပက်ရယ်မိလေသည်။ ဒီမှာပဲဖြစ်ဖြစ် ကမ္ဘာပေါ်မှာပဲ ဖြစ်ဖြစ် ဆယ်ကျော်သက်ကောင်မလေးတွေက ခန့်မှန်းရအတော်ခက်လှသည်။

အစကတော့ မီးလင်းရွက်နှင့် မိုးကြိုးအစီအရင်တို့ပေါင်းစပ်ဖို့ကိစ္စကို ထမင်းမစားခင် အီဗီတာနဲ့ဆွေးနွေးမည်ဟုတွေးထားသည်။ သို့သော် လက်ရှိအနေအထားအရ ဆက်နေလို့မဖြစ်တော့ပေ။

ထိုသို့တွေး၍ အီဗီတာ ကိုပြောလိုက်သည်။ မီးလင်းရွက်ကိုဆက်၍လေ့လာပြီး အဆက်မပြတ်မလင်းထုတ်လုပ်နိုင်ဖို့ထိကြိုးစားဖို့ အားပေးလေသည်။ ထို့နောက်လိုသလိုအလင်းကိုထိန်းချုပ်၍ရသည်ထိပင် ကြိုးစားစေချင်သည်။ သူမကလည်းစိတ်ချဖို့ပြောလေသည်။

သူတို့ပြောနေစဉ် အာကာလီသည်ဘာမှမပြောပဲ ဘေးကနေရပ်နေလေသည်။ သူလည်းနေရထိုင်ရခက်လာ၍ မြန်မြန်နှုတ်ဆက်ပြီး ပြန်ခဲ့လေသည်။

ထို့နောက် နောက်ပြန်လှည့်ကြည့်ပြီး “အာကာလီ မင်းမှာအကြံဉာဏ်ထွက်လာရင် ငါ့ကိုပြောနော် ငါတို့သိတာလနဲ့ချီလာပြီ ငါစကားပြောမတတ်တာလည်း သိရောပေါ့။

ငါ့ကိုတိုက်ရိုက်မပြောချင်ရင် အီဗီတာနဲ့ စတေးလ်တို့ကိုပြောထားပေါ့။ အိမ်ကိုစွန့်ခွာပြီး ငါ့ဆီမှာလာလုပ်တာဆိုတော့ ငါ့တာဝန်ပေါ့”

သူမသည် နှုတ်ခမ်းကိုသာ အတင်းကိုက်ထားပြီးဘာမှပြန်မပြောပေ။ သူလည်း သက်ပြင်းကြီးချပြီး အီဗီတာကိုကြည့်၍ အာကာလီကိုလက်ညှိုးထိုးပြလေသည်။

အီဗီတာကလည်း စိတ်ချပါဆိုသောသဘောဖြင့် ခေါင်းညိမ့်ပြလေသည်။ နောက်ဆုံးပြန်လာခဲ့လေတော့သည်။

သူအောက်ထပ်ဆင်းသွား၍ တံခါးပိတ်သံကြားသည်ဆိုလျှင်ပင် အာကာလီ ဟန်မဆောင်နိုင်တော့ပဲ မျက်ရည်ကျလာလေသည်။ အီဗီတာ အိပ်ယာပေါ်လဲကျ၍ အိပ်ယာကိုထုရင်းငိုယိုလေသည်။

အီဗီတာကခေါင်းခါ၍ အိပ်ယာပေါ်ထိုင်လိုက်လေသည်။ ထို့နောက် “အင်း မဖြစ်နိုင်တာနင်လည်းသိပါတယ်။ ဘာလို့ရှေ့ဆက်တိုးတာလဲ”

ခဏကြာသော် အငိုတိတ်သွားပြီး စောင်ထဲတိုးဝှေ့လေသည်။ ထို့နောက် အီဗီတာကိုမော့ကြည့်ပြီး ဝမ်းပန်းတနည်းပြောလေသည်။

“မပြောပဲနဲ့ဘယ်လိုသိရမလဲ”

“ခုပြောတော့ရော မဖြစ်နိုင်တာသိသွားပြီမဟုတ်လား”

သူမမျက်နှာညိုမဲသွား၍ “မဖြစ်နိုင်ပါဘူးလေ...ဒါနဲ့ ငါက စတေးလ်လောက်တောင် အဖြစ်မရှိဘူးပေါ့”

“အင်းဟုတ်တယ်။ အနည်းဆုံးတော့ စတေးလ်ကအဲလောက်ငိုမှာမဟုတ်ဘူး။ သူကပိုလည်းလှတာ နင်လက်ခံရလိမ့်မယ်”

“ဟမ်း အလှတခုတည်းနဲ့လုံလောက်တာမှမဟုတ်တာ။ ငါ့လေ့လာချက်အရ ဆရာက သူ့ကိုအဲလောက်လည်းအရေးတယူဆက်ဆံမယ်မထင်ဘူး”

အီဗီတာကသူမနဖူးကိုပွတ်သပ်၍ “နင်ရူးနေလား။ စတေးလ်ကနင့်ထက်ပိုလှတယ်။ ပိုပြီးတော့အရည်အချင်းရှိတယ်။ သိကြတာလည်းကြာပြီလေ။ ဒါတောင်မှ သူ့ကိုအဲလောက်မပေါင်းသင်းရင် နင့်ဆိုဝေးရောပေါ့”

“အင်း ဆရာက ငါ့ပုံစံကြိုက်ချင်ကြိုက်မှာပေါ့။” သူမကလက်မလျော့ချင်သေးသောအသွင်ဖြင့် ပြောလေသည်။

“အီဗီတာ ဆရာကနှစ်ဆယ့်ခုနှစ်နှစ်ရောက်ပြီ လက်မထပ်ရသေးဘူး။ ဘယ်မိန်းကလေးနဲ့မှလည်း တရောတဝင်မနေဘူး။ စတေးလ်လိုအလှလေးမျိုးကိုလည်း သဘောမကျဘူးဆိုတော့ သူကခြောက်နေတာလား။ ယောက်ျားချင်းများကြိုက်နေလို့လား”

.....

“ဟက်ချိုး——”

“ဟူး...”

ရှုယီသည်ကောင်းကင်သို့မော့၍ လေတချက်မှုတ်ထုတ်လိုက်သည်။ သူဓါတ်ခွဲခန်းသွားတုန်းကအတော်လေးနောက်ကျသည်ဖြစ်၍ ခုသူပြန်လာတော့ တော်တော်မှောင်နေလေပြီ။

နိုဝင်ဘာပထမပတ်ဖြစ်၍ ဆောင်းရာသီအစဖြစ်လေသည်။

သူတို့သည် အနောက်တောင်အရပ်တွင်ဖြစ်၍ မြောက်ပိုင်းလောက်မအေးပေ။ သို့သော် ညရောက်လျှင်တော့ အအေးလှိုင်းဝင်လေသည်။

ချမ်းလှ၍ အင်္ကျီကိုသေချာပြင်လိုက်သည်။

“အင်းမေ့တော့မလို့ ဗီဗီယန်မှာအနွေးထည်ရှိမှာမဟုတ်ဘူး။ ဒီတော့ ဝယ်ပေးအုံးမှဖြစ်မယ်။ဒါပေမယ့်မိန်းကလေးအဝတ်အစားတွေငါမဝယ်တတ်ဘူး။ စတေးလ်တို့ကိုအကူအညီတောင်းရမှာပဲ”

ထိုသို့တွေး၍ အာကာလီဆီစိတ်ကရောက်သွားသည်။

သူ့ရင်ဘတ်ထဲက သေတ္တာလေးကိုစမ်းကြည့်၍ ခါးသီးစွာပြုံးမိလေသည်။ ကမ္ဘာမြေပေါ်တွင် မိန်းကလေးများနဲ့အချိန်မပေးနိုင်လောက်အောင် အလုပ်များခဲ့လေသည်။ ဒီတိုက်ကြီးသို့ရောက်သောအခါ လည်းအလုပ်များနဲ့သာနပန်းလုံးနေရ၍ မိန်းကလေးများအကြောင်းလုံးဝမသိ ထို့ကြောင့်လည်း အာကာလီ ၏ထူးဆန်းသောအပြုအမူကိုနားမလည်နိုင်ပေ။

သို့သော် အာကာလီလိုခန့်မှန်းရခက်သောမိန်းကလေးမျိုးကို နားမလည်တာကလည်း ထူးဆန်းသည်မဟုတ်ပေ။

သူမလိုလူစားမျိုးအတွက်တော့ စဉ်းစားစရာတွေကများသား။ သူ့အတွက်တော့ အလုပ်ကိုသာအချိန်နဲ့ခွန်အားအများကြီးပေးထားရသည်။

ကုမ္ပဏီကလည်းတိုးတက်လာလေလေရင်ဆိုင်ရသည့်အန္တရာယ်ကလည်းများလာလေသည်။ ထို့ကြောင့်လည်း အရင်ကထက်ပို၍ အချိန်ပေးနေရလေသည်။

သူ့ကိုယ်သူသာကိုယ်ပွားပြီးရှိသမျှအလုပ်အကုန်သိမ်းကြုံးလုပ်ပစ်ချင်သည်။ ထိုအခါမှလည်း အလုပ်ကပြီးစီးနိုင်လိမ့်မည်။

သူ့နေရာကိုလည်းအစားထိုးနိုင်သူကမရှိသေးပေ။ ထို့ကြောင့်လည်းသူကိုယ်တိုင်အသည်းအသန်လုပ်နေရသည်။

ကမ္ဘာမြေပေါ်တွင်တုန်းက သူ့ကိုအလုပ်ကြိုးစားသူအဖြစ်အသိအမှတ်ပြုခံခဲ့ရလေသည်။ စက်မှုအင်ဂျင်နီယာကိုလေ့လာလေလေ ပို၍စိတ်အားထက်သန်လေဖြစ်ခဲ့သည်။

ပြောရရင် ဒီပြဿနာပဲ။ ကျွမ်းကျင်ပညာရှင်တွေက ရဖို့ခက်တယ်လေ။ သူ့ခေါင်းသူသာ ရိုက်မိလေတော့သည်။

စိုင်စ်နယ်မြေကြီးတွင် မှော်အသိပညာသည်အင်မတန်နိမ့်ကျ၍ မှော်ဖန်တုံးမီးအိမ်လိုမျိုးသည်ပင် သာမာန်ထက်ထူးခြားဖြစ်စဉ်ဖြစ်နေလေသည်။

၎င်းတိုက်ကြီး၏စက်မှုလုပ်ငန်းတခုလုံးကို ပြောင်းလဲဖို့ဆိုလျှင် လူတွေ၏နားလည်မှုကိုပြောင်းလဲဖို့လိုလေသည်။ ထိုသို့ပြောင်းလဲလိုလျှင် လက်တွေ့ကျသောမှော်စက်တို့ကိုအသုံးပြုရပေလိမ့်မည်။

ကံကောင်းသည်က ဘန်တာ မြို့ကလူများသည် မှော်စက်နဲ့ပတ်သက်၍ အတော်လေးရင်းနှီးနေလေပြီ။

“မှော်စက်အသုံးဝင်ပုံကိုနားလည်လာတဲ့မှော်ဆရာတွေများလာရင် အကောင်းသား။ ဒီတိုက်တစ်ခုလုံးကမှော်ဆရာတွေသာ အသုံးချမှော်အကြောင်းကိုလေ့လာမယ်ဆိုရင် ငါလည်းဒီလောက်ပင်ပန်းတော့မှာမဟုတ်ဘူး...ခုတော့ သနားစရာပဲ..”

သူ့မျက်လုံးများက လမ်းဘေးသို့ရောက်သွားသည်။ ရင်းနှီးသောလူနှစ်ယောက် စားသောက်ဆိုင်ထဲဝင်သွားသည်ကို တွေ့လိုက်လေသည်။

***

မှော်စက်မှုအင်ပါယာ

အခန်း ၀၈၇ ။ သောကများနဲ့ ဝယ်လာ

ရှုယီသည်ခဏတုံ့ဆိုင်းနေပြီး သူတို့နောက်လိုက်သွားသည်။

ထိုလူနှစ်ယောက်ကို စားပွဲထိုးကနေရာချပေး၍ ဟင်းပွဲများမှာနေစဉ်တွင် သူတို့ရှေ့ရောက်သွားသည်။

“ဟေး ရမ်နဲ့ ဝယ်လာတို့ မင်းတို့က ဆော်လ်တန် မြို့မှာလားလို့”

သူတို့သည် ကြောင်တောင်တောင်ဖြင့် သူ့ကိုငေးကြည့်နေကြလေသည်။ ထို့နောက် ဝယ်လာက “ဘန်တာမြို့ သေးသေးလေးပဲ၊ မိတ်ဆွေဟောင်းတွေကိုအချိန်မရွေးပြန်တွေ့နိုင်တာပဲ။ ဒါပေမယ့် ရှင်တော့မပါပါဘူး”

ရမ်မျက်နှာထားကလည်းမကောင်းပေ။ သူတို့မတွေ့ချင်သလိုလုပ်နေသည်။

“အိုး.ငါ့ကိုဘာလို့မတွေ့ချင်တာလဲ” အနားကထိုင်ခုံတွင်ထိုင်၍ မေးလိုက်သည်။ “ငါမင်းတို့အပေါ်ဘာမှ မမှားခဲ့ပါဘူး”

“မဟုတ်ပါဘူး ကျွန်မတို့ကလုပ်တာပါ။ “ သူမ၏ကိုယ်ရောင်သည်လုံးဝမှေးမှိန်နေသည်။ အရင်ကနဲ့လုံးဝမတူပေ။ သူမှစကားတို့က တဲ့တိုးဆန်လှသည်။

သူခဏတွေဝေသွားပြီး “မင်းတို့တွေ လီယိုကုန်သည်ကြီးများအသင်းမှာသုတေသနလုပ်နေရတယ်ကြားတယ်။ အဲဒါနဲ့ဆိုင်လို့လား”

သူမကခေါင်းညိမ့်ပြသည်။ သူမဆက်ပြောဖို့လုပ်သည်တွင် ရမ်ကတားလိုက်သည်။

“မပြောပါနဲ့တော့ သူ့ကိုအနှောက်အယှက်ပေးသလိုဖြစ်သွားလိမ့်မယ်” သူ့မျက်နှာထားကနာကျင်မှုအရိပ်အယောင်တို့မြင်ရသည်။

သူမက “အင်း ခုတွေ့မှတော့ ပြောရတော့မှာပေါ့။ သူ့ဆီကခွင့်လွှတ်မှုကိုမရရင် တဘဝလုံးနာကျင်ရတော့မှာလေ ဒီတိုင်းပဲနေချင်တာလား”

ရမ်လည်းသက်ပြင်းတချက်သာရှိုက်၍ ထိုင်ခုံကိုမှီနေလိုက်သည်။

ရှုယီ တမျိုးခံစားရသည်။ သူတို့သည် ခီမီရော့နောက်လိုက်သွားပြီး အလေးပေးခံရသည်ဟု ကြားထားလေသည်။ သူတို့ဘာကြောင့်အဲလိုဖြစ်သွားလဲမသိ။

“ရှုယီ ကျွန်မတို့အဲဒီကိုသွားတာသိမှာပေါ့”

“အင်းအနည်းအကျဉ်းတော့သိတာပေါ့။ အဲဒီမှာ မှော်စက်တွေသုတေသနပြုရတာမဟုတ်လား။ ငါကြည့်ရသလောက်တော့ အဲဒီကထုတ်တဲ့ မှော်ပန်ကာကငါတို့နဲ့နီးနီးကိုတူပါတယ်။ ပြီးတော့ အရှိန်ပြောင်းနိုင်သည့် မှော်ပန်ကာ တောင်ထုတ်လိုက်သေး။ ငါတို့ကုမ္ပဏီအကူအညီမပါပဲ ဘယ်သူမှထုတ်မရလောက်ဘူးထင်ထားတာ”

ရမ်ကဝင်၍ “ဘာလို့မလုပ်နိုင်ရမှာလဲ”

ရှုယီ ကပြုံး၍သာနေလိုက်သည်။ ဝယ်လာကဒေါသတကြီးဖြင့် "ရမ် အသာနေစမ်းပါ။"

သူမသည်နှုတ်ခမ်းများကိုတင်းတင်းကိုက်ထားလေသည်။

ထို့နောက် “အစကတော့အဲလောက်ခက်မယ်မထင်လို့ ပြဿနာလို့မထင်ခဲ့ဘူး။ ကျွန်မတို့လည်းအသည်းအသန်လုပ်တာပေါ့ အောင်မြင်သွားတော့ ဆုတောင်ချသေး”

ထို့နောက် သူမမျက်နှာချက်ချင်းညှိုးနွမ်းသွားသည်။

“ရှုယီ ဆော်လ်တန်မြို့ မှော်ပန်ကာ အကြောင်းသိမှာပေါ့..... မှော်ထမင်းပေါင်းအိုးနဲ့ပတ်သက်ပြီး မတော်တဆမှုတွေလေ...”

သူခေါင်းညိမ့်ပြသည်။ ထိုအကြောင်းကိုသတင်းစာထဲတွင်ထည့်သွင်းဖူးလေသည်။

“ကျွန်မတို့ကြောင့်သာမဟုတ်ရင် ဒီလိုဖြစ်စရာအကြောင်းမရှိဘူးပေါ့။ အဲဒီညက မတော်တဆဖြစ်သွားတဲ့လူတွေရဲ့ မျက်နှာတွေ ကျွန်မအိပ်မက်ထဲမှာခြောက်ခြားနေတုန်းပဲ။ သူတို့တွေသာဒီလိုမဖြစ်ခဲ့ရင် ခုချိန်ဆို အေးအေးချမ်းချမ်းအိပ်နေကြရောပေါ့ ကျွန်မတို့အများကြီးမှားခဲ့တယ်”

ခုမှပဲ အခြေအနေကိုရိပ်မိလေတော့သည်။ ထို့ကြောင့် သူတို့တွင် အပြစ်ရှိခံစားစိတ်ဖြစ်နေကြသည်။

သို့သော် သူ့အပေါ်မှားခဲ့သည်က ဘာများလဲ??

“ရှုယီ၊ လီယိုကုန်သည်ကြီးများအသင်း ကထုတ်လုပ်ရေးစက်တွေကိုသိလား”

“အဲဒါတွေက တော်တော်ရှုပ်တာလေ။ ငါတို့ဆီကမဝယ်ပဲ လုပ်မရဘူးလို့ထင်ထားတာ။ ခုတော့သူတို့ကိုယ်တိုင်လုပ်လိုက်တာပေါ့။ ဒါပေမယ့်အရည်အသွေးကစကားပြောတယ်လေ။ အဲဒါကြောင့် ထုတ်ကုန်မကောင်းတာပေါ့။

ဒါနဲ့ လီယို ကုန်သည်ကြီးများအသင်းက ထုတ်လုပ်ရေးစက်နဲ့ပတ်သက်ပြီး နာမည်ပျက်မရှိဘူးလေ။ ဒီတော့ မင်းတို့တင်သုတေသနလုပ်တာမဟုတ်ဘူးလို့ခန့်မှန်းမိတယ်။ ဒီတော့ ငါတို့ဆီကများအတုခိုးလိုက်တာလား”

“ခိုးတယ်လို့တော့မပြောပါနဲ့။ ကျွန်မတို့ကိုယ်ပိုင်လည်းပါပါတယ်။ လုံးဝကြီးကူးချတာတော့ဘယ်ဟုတ်ပါ့မလဲ”

စိုင်စ်နယ်မြေကြီးတွင် မူပိုင်ခွင့်ဆိုတာမရှိပေ။ သူတို့လုံးတခိုးချလျှင်တောင် တရားစွဲ၍မရပေ။

သို့သော် ကိုယ်ကျင့်တရားဘက်ကကြည့်လျှင် တော်တော်အကျည်းတန်လေသည်။ မူပိုင်ခွင့်မရှိသော်လည်း အားလုံးသည် ထိုသို့ခိုးချခြင်းကို လက်မခံကြသည်ဖြစ်၍ အရှက်ရစရာဖြစ်လေသည်။

ထိုကြောင့်လည်း သူ့အပေါ် မှားသည်ဆိုခြင်းမှာ ထိုအကြောင်းကြောင့်ပင်ဖြစ်သည်။

ခိုးမချပဲ လီယိုကုန်သည်ကြီးများအသင်းသည် ထုတ်လုပ်ရေးစက်ကိုထုတ်နိုင်မည်မဟုတ်ပေ။

“မင်းတို့ဒီမြို့ကမသွားခင် ငါတို့ကုမ္ပဏီစက်ရုံကိုလာကြည့်သေးတယ်လေ အဲဒီမှာ ခိုးယူသွားတာလား”

“ဟုတ်ပါတယ်။ အဲဒီတုန်းက ခိုးဖို့စိတ်ကူးမရှိပါဘူး။ မှော်ပန်ကာထက်ရှုပ်ထွေးတဲ့မှော်စက်တွေကိုကြည့်ချင်ရုံပါ။ နောက်ပိုင်းမှ လီယိုကုန်သည်ကြီးများအသင်းကအတင်းဖိအား‌ပေးလို့ ပေးလိုက်ရတာပါ”

သူမမတ်တတ်ရပ်၍ သူ့ကိုအရိုအသေပေးလေသည်။ “တောင်းပန်ပါတယ်”

ရမ်ကတားချင်သော်လည်း တစုံတခုကိုတွေးမိ၍ ဘာမျှမလုပ်တော့ပေ။

ရှုယီလည်းတော်တော်ခံစားသွားမိသည်။ မှော်တာဝါတွင်ရှိစဉ်က သူမမှော်အစွမ်းသည် ထူးခြားပြောင်မြောက်လှသည်ဖြစ်၍ ယခုလိုဦးညွှတ်ဖို့ဆိုတာလုံးဝမတွေးဝံ့စရာပင်။

ယခုတော့သူ့ထက်နိမ့်သူကို ဒူးထောက်၍ တောင်းပန်ရှာသည်။ ခဏကြာသော် “မလိုတော့ပါဘူး။ တောင်းပန်ဖို့မလိုပါဘူး ထားလိုက်ပါ ခုဘာလို့ပြန်လာတာလဲသာပြောပါ”

“ဘာမဟုတ်ပါဘူး။ အဲဒီမတော်တဆဖြစ်တာက ကျွန်မတို့တာဝန်ဆို‌တော့ ကုမ္ပဏီကလည်းပယ်ချခံရတယ်လေ”

ရှုယီကမအံ့သြ ခေါင်းသာညိမ့်ပြသည်။ လီယို ကုန်သည်ကြီးများအသင်း တို့သ‌ဘောထားသည် ကမ္ဘာပေါ်ကကုမ္ပဏီများနဲ့ထူးမခြားနားပေ။

“အင်းပြောချင်တာ ခုအလုပ်မရှိတော့ဘူးပေါ့”

“အဲဒီမြို့မှာဆက်နေလို့မရတော့လို့ ဒီမြို့ကိုလာတာ။ ဒါပေမယ့် ဆရာကြီးကမ်မီလာကို ကိုယ်ကပစ်ထားခဲ့တာဆိုတော့ ပြန်သွားလို့လည်းမရဘူးလေ။ အဲဒီအကြောင်းနှစ်ယောက်သားဆွေးနွေးကြပြီး ခုတော့တခြားမြို့ကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ”

“ဘာလို့သွားနေမှာလား ကိုယ့်အရည်အချင်းနဲ့ဆို ဒီမြို့မှာလုပ်စားလည်းရပါတယ်”

သူမကခေါင်းခါ၍ “မဖြစ်နိုင်ပါဘူး။ ဒီမြို့မှာက ဆရာကြီး သုတေသနအလုပ်ပဲရှိတာလေ။ ဆက်နေလို့လဲအပိုပါ”

“အင်း အဓိပ္ပာယ်မရှိတာမဟုတ်ပါဘူး။ မင်းတို့သာစိတ်ပါရင် ငါ့ကုမ္ပဏီကိုယ်စား မင်းတို့ကိုခေါ်ချင်တယ်။ ဘယ်လိုလဲ လာမလား”

***

မှော်စက်မှုအင်ပါယာ

အခန်း ၀၈၈ ။ လျို့ဝှက်စာချုပ်

“ရှုယီ ဘာတွေများစဉ်းစားနေတာလဲ” စတေးလ် ကမရိုမသေ သူ့ခေါင်းကိုပုတ်လိုက်လေသည်။ ထို့‌နောက် "ဝယ်လာက နည်းပညာခိုးကြောင်းကိုဝန်ခံမှတော့သူ့လိုလူမျိုးကိုခန့်အုံးမှာလား။ ကျန်တဲ့အရေးကြီးတဲ့နည်းပညာတွေပါခိုးမသွားနိုင်ဘူးလား”

“အဲလိုကြောက်နေရင် အစကတည်းက သုတေသနတောင်မလုပ်တော့ဘူး မင်းတို့သုံးယောက်ကိုပဲကြည့်လေ”

“အဓိပ္ပာယ်မရှိတာ။ ကျွန်မတို့ကသူနဲ့မှမတူတာ။ သူနဲ့ကခုမှသိတာလေ ကျွန်မတို့နဲ့ကအသိအကျွမ်းမိတ်ဆွေတွေကိုး”

“မိတ်ဆွေတွေဟုတ်လား” သူပြုံးမိသည်။ မိတ်ဆွေတင်မက ဆွေမျိုးသားချင်းပင်သစ္စာဖောက်နိုင်သည်။

သို့သော် သူ့အနေနဲ့ ဘာလုံခြုံရေးမျှမလုပ်ရသေးကြောင်း သူမကသတိပေးလေသည်။ သူတို့ခိုးသွားလျှင်တောင် သူဘာမျှမတတ်နိုင်ပေ။

သို့သော် ယခုလေ့လာနေသောနည်းပညာသည် အနိမ့်စားမျှသာဖြစ်၍ စိုးရိမ်ဖွယ်မရှိပေ။ အချိန်ကြာလာသော် နည်းပညာလည်းမြင့်လာပြီး ခိုးလာနိုင်ချေရှိလာသော် ကုမ္ပဏီအကြီးအကျယ်နစ်နာနိုင်သည်။

တခြားကုမ္ပဏီများကလည်း ထိုအခွင့်အရေးကိုစောင့်မျှော်နေကြသည်။ အီဗီတာနှင့် အာကာလီတို့နှစ်ယောက်သာ နည်းပညာမြင့်များကိုသိရှိလာသည်ဟုကြားသော် ငွေအမြောက်အများပေး၍ ဆွယ်ကြလိမ့်မည်။

“ဟေး စတေးလ် မင်းနဲ့ငါ လျို့ဝှက်စာချုပ် ချုပ်လိုက်ရင်ရော”

“မှော်စက်နဲ့ပတ်သက်ပြီးတော့လား” သူခေါင်းညိမ့်ပြသော် သူမကပြုံးလိုက်သည်။

“ဘာ ခုမှစဉ်းစားတာလား။ တခြားကုမ္ပဏီတွေက ကျွန်မနဲ့အဖိုးပိုင်ဆိုင်ထားတဲ့နည်းပညာတွေကို ငွေပုံအောပြီးဝယ်ချင်နေကြတာ”

“အိုး ဘယ်လောက်ပေးလို့လဲ။ စျေးသာမြင့်မယ်ဆို ငါလည်းရောင်းချင်လို့” သူကပြုံး၍ပြောသည်။

သူမကမျက်စောင်းထိုးလိုက်၍ “ဦးလေး မစိုးရိမ်ဘူးလား။ ကျွန်မကိုအသာထား အဖိုးသာဒီနည်းပညာတွေက သူတို့ကုမ္ပဏီအတွက်ဘယ်လောက်အရေးပါမှန်းသာသိသွားရင် ရှင်အများကြီးမနစ်နာပေဘူးလား”

“မစိုးရိမ်ပါဘူး။ ဆရာကြီးအဲလိုလူမဟုတ်ပါဘူး။ ဒီလောက်ယုတ်ညံ့တဲ့အလုပ်သူလုပ်ပါ့မလား။ မင်းလိုမြင့်မြတ်ပြီး စိတ်သဘောထားပြည့်ဝတဲ့လူကလည်းလုပ်ပါ့မလား။"

“အင်းအနည်းဆုံးတော့ ရှင်နားလည်သားပဲ။ ဒါပေမယ့် တကယ်ပြောတာ လုံခြုံရေးတော့လုပ်ထား။ အဖိုးဆိုရင် သူ့ဆီကရတဲ့နည်းပညာတွေကိုဘယ်သူ့မှမပြောရဘူးဆိုတဲ့စာချုပ် လုပ်ထားတာ။

သူတို့သာလုပ်မယ်ဆို အလုပ်ထုတ်ရုံမက မှော်ပညာရှင်များအဖွဲ့ကိုလည်းအကြောင်းကြားမယ် အပြစ်ကြီးရင်တော့ မှော်ပညာကိုစွန့်လွှတ်ရတော့မှာပဲ”

“ဒါပေမယ့် မှော်စက်တွေကို မှော်ပညာရှင်များအဖွဲ့ကမှ မကာကွယ်ထားတာ။ အပြစ်ပေးရင်လည်း ရွှေဒင်္ဂါးလောက်ပဲ”

ထိုဟာသည်ပင် လောလောဆယ်ရင်ဆိုင်နေရသောပြဿနာဖြစ်သည်။ မှတ်ပုံတင်ခွင့်မရှိ၍ မူပိုင်ဆိုတာမရှိ။

ဘုရင့်တရားစီရင်ရေးကသာဆုံးဖြတ်သည်။ သို့သော်လည်း ကုမ္ပဏီကိုသာကာကွယ်ပေး၍ နည်းပညာပိုင်းမပါပေ။ ထို့ကြောင့် ထိုအခြေအနေဖြစ်ပေါ်ပါက ကိုယ့်ဟာကိုယ်သာဖြေရှင်းကြရသည်။

သူမခဏစဉ်းစားလိုက်သည်။ သို့သော်အဖြေမတွေ့။ စိတ်ပျက်ဝမ်းနည်းစွာဖြင့် “ဒီလိုဆို နစ်နာကြေးကိုတိုးမြှင့်ပစ်လိုက် သူတို့မှာရှိတာမကုန်ရောင်းတောင်မပေးနိုင်လောက်အောင်ထိတောင်းပစ်လိုက် ဒီလိုဆို သူတို့လုပ်ရဲမှာမဟုတ်ဘူး”

ရှုယီကပုခုံးတွန့်ပြ၍ “အင်း..ခုတော့အဲလိုလုပ်ရမှာပေါ့။ မင်းနဲ့မင်းအဖိုးကိုတော့ယုံကြည်ပြီးသားပါ စာချုပ်တွေမလိုပါဘူး။ ဒါပေမယ့် ဟိုနှစ်ယောက်ကတော့ ငါနဲ့မရင်းနှီးတော့ မယုံကြည်တာလည်းမဟုတ်ဘူး။ လက်မှတ်ထိုးခိုင်းပြန်ရင်လည်း တမျိုးထင်နေမလား”

“စိတ်ချပါ သူတို့ကဘာမပြောပါဘူး။ ကျွန်မသူငယ်ချင်းတွေလေ။ သူတို့ကအဲလောက်တွက်ကပ်မနေပါဘူး။ ရှင်မလုပ်ချင်ရင်ကျွန်မလုပ်လိုက်မယ်လေ”

ရှုယီကခေါင်းညိမ့်ပြ၍ “ကောင်းသားပဲ ခုတော့မင့်အဖိုးကိုသွားတွေ့ရအောင်”

နှစ်ယောက်သားသည် မှော်တာဝါ ထိပ်ဆုံးထပ်တွင်စကားပြောနေခြင်းဖြစ်သည်။ အောက်သို့ဆင်း၍ ဓါတ်ခွဲခန်းထဲသို့ဝင်လာသည်။

သူတို့နှစ်ယောက်ယှဉ်၍လမ်းလျှောက်လာသည်ကို ဆရာကြီးမြင်သော် ပြုံးပြလေသည်။ “လာကြ လာကြ ဒီ မှော်အစီအရင်ကိုကြည့်ပါအုံး”

“အိုး..ဆရာကြီးကအသစ်ထွင်လိုက်တာပဲ။” ရှုယီ ကြည့်၍ ပြောလိုက်လေသည်။ သူနားလည်လားနားမလည်လားဆိုတာ‌တော့မပြောပေ။

သူပြောနိုင်သည်က ထိုဟာသည် ရေခဲမှော်အစီအရင်နှင့် မီးမှော်အစီအရင်တို့ရောနှောထားခြင်းပင်။ ထိုဆန့်ကျင်ဘက်နှစ်ခုပေါင်းလိုက်၍ ဤမျှရှုပ်ထွေးသွားရသည်။

ထိုဟာကို မှော်အစီအရင် တခုတည်းဟု ခေါ်ရမလား သူမသိတော့။

“ဒါ..အလုပ်ဖြစ်လား ဆရာကြီး”

သီအိုရီအရ သူတို့နှစ်ခုကိုပေါင်းစပ်၍မရပေ။

အဘယ်ကြောင့်ဆိုသော မှော်အစီအရင် နှင့် သူ့ဂုဏ်သတ္တိတို့ ပေါင်းစပ်၍ထွက်ပေါ်လာသော မှော်စွမ်းနဲ့ဆက်စပ်နေသောကြောင့်ဖြစ်သည်။ သူတို့ကိုအခြားတခုဖြင့်ပေါင်းစပ်၍မရပေ။

မှော်ပညာတွင်အရမ်းအသေးစိပ်ဆန်လေသည်။ အမှားသေးသေးလေးကြောင့် ရလဒ်တခုလုံးပြောင်းလဲသွားနိုင်သည်။

“စမ်းကြည့်လိုက်ရင်သိလာမှာပေါ့”

ရှုယီနှင့် စတေးလ် တို့နှစ်ယောက်သားတယောက်မျက်နှာတယောက်ကြည့်လိုက်ကြသည်။ ဆရာကြီးဒီနေ့ ဘာဆေးသောက်ထားလို့လဲ သူတို့မသိ။

“ဟုတ် စမ်းကြည့်ပါ့မယ်” စတေးလ် ကလက်ကိုမြှောက်၍ မှော်အစီအရင်ထဲသို့ မှော်စွမ်းအားသွင်းရန် ပြင်လိုက်သည်။

မှော်အစီအရင်ပေါ်တွင် မှိန်ပြပြအလင်းရောင်လေးပေါ်လာသည်။ ထိုဟာမှအေးစက်မှုကို သူတို့ခံစားမိလေသည်။

ဆောင်းရာသီဖြစ်၍ ခိုက်ခိုက်တုန်အောင်ချမ်းသွားလေသည်။ သေချာကြည့်လိုက်သော် မှော်အစီအရင် တဝက်လောက်ကသာထိုအလင်းရောင်ကိုထုတ်လွှတ်လေသည်။ ကျန်တဝက်သည် ဘာမျှတုံ့ပြန်မှုမပြ။

အနီးကပ်ကြည့်လိုက်သော် အလင်းရောင်ထုတ်ပေးသောတဝက်သည် ရေခဲမှော်အစီအရင် ဖြစ်နေသည်ကိုတွေ့ရသည်။

မထုတ်သောတဝက်သည် မီးမှော်အစီအရင် ဖြစ်သည်။

ခုမှပဲ သူကောင်းကောင်းသဘောပေါက်သွားတော့သည်။

“ဆရာကြီး ဒီလိုလုပ်လိုက်တာ ဘာပြဿနာမရှိလောက်ဘူးလား။ တခုကအလုပ်လုပ်ပြီး နောက်တခုအလုပ်လုပ်အောင်ဘယ်လိုလုပ်မလဲဗျ”

ဆရာကြီးကပြန်မဖြေပဲ စတေးလ် လက်ကိုဖယ်ခိုင်းလေသည်။ မှော်အစီအရင်ကို နည်းနည်းလေးရွှေ့၍ ညှိလိုက်ပြီး မှော်စွမ်းအားသွင်းပေးလေသည်။

မီးမှော်အစီအရင်ပေါ်တွင် တစ်စင်တီမီတာလောက်ရှိသောမီးတောက်ကလေးပေါ်လာ၍ မှော်အစီအရင်ကိုလွှမ်းခြုံသွားလေသည်။

ခဏကြာသော် အပူလှိုင်းပျံ့လာသည်ကိုခံစားမိလေသည်။ အအေးဓါတ်တို့လွင့်စင်ကုန်သည်။ ရှုယီ အပျော်ကြီးပျော်သွားလေသည်။

“ဆရာကြီးကမီးတောက်အမြင့်ကိုပါထိန်းချုပ်နိုင်တာပေါ့။ ဟန်ကျလိုက်တာ။ ဒီ မီးမှော်အစီအရင်ကို မှော်လေအေးပေးစက်မှာသုံးနိုင်ပြီပေါ့”

မီးတောက်ကမီတာဝက်လောက်မြင့်သည်ဖြစ်၍ မှော်လေအေးပေးစက်တွင် သုံး၍မရပေ။ ထို့ကြောင့် သူတို့သုံးယောက်ကို သုတေသနလုပ်ခိုင်းလေသည်။ အပူချိန်ကိုလျော့စရာမလို မီးတောက်အမြင့်ကိုသာချိန်ညှိဖို့လိုသည်။

သို့သော် သူတို့သုံးယောက်မှော်အစွမ်းကသိပ်မမြင့်၍ သုတေသနမပြီးမြောက်ပေ။ သို့သော် ယခုတော့ မမျှော်လင့်ပဲ ဆရာကြီးကဖြေရှင်းလိုက်သည်။

“နိုး ဒီဟာကငါတယောက်ထဲလုပ်တာမဟုတ်ဘူး။ သူတို့အကြံဉာဏ်တွေကိုသာ ငါကအကောင်အထည်ဖော်ထားတာ။ တကယ်တော့ မီးမှော်အစီအရင်ကိုနည်းနည်းပဲပြုပြင်လိုက်တာပါ။ ဒီတော့ မီးတောက်က နည်းနည်း သေးသွားတာပေါ့”

ဆရာကြီးကဘာမှမဟုတ်သလိုရိုးရိုးလေးပြောသွားသော်လည်း မီးမှော်အစီအရင်ကိုပြောင်းလဲဖို့က အင်မတန်ခက်ခဲလေသည်။

သူ့လိုမှော်ပညာရှင်ကြီးသာမကူညီခဲ့လျှင် သူတို့သုံးယောက်သည် အချိန်အတော်ကြာကြိုးစားကြရမည်။

မှော်အစီအရင်သည်အလွန်ရိုးရှင်းသောဒီဇိုင်းဖြစ်လေသည်။ ရေခဲမှော်အစီအရင်နှင့် မီးမှော်အစီအရင် နှစ်ခုလုံးကိုပေါင်းစပ်၍ တခုနဲ့တခုတွန်းလှန်မှုမရှိပဲ တချက်နှိပ်လိုက်ရုံဖြင့် တခုမှတခုသို့လည်း ကူးပြောင်းနိုင်စွမ်းရှိလေသည်။

သူသည် အပူချိန်ပြောင်းလဲနိုင်သည့် မှော်လေအေးပေးစက်လုပ်တုန်းက ရေခဲမှော်အစီအရင်နှင့် မီးမှော်အစီအရင်တို့ကိုအတူတပ်ဆင်နိုင်ဖို့ သာမာန်ထက်နှစ်ဆကြီးထားလေသည်။ ထို့ကြောင့် နေရာပိုယူလေသည်။

ယခုတော့ နေရာလည်းကျုံ့သွားလေသည်။ နောက်ဆုံးတွင် အအေးမှော်လေအေးပေးစက်ထက် မဆိုစလောက်လေးသာကြီးလေတော့သည်။

“ဟုတ်တယ်ဆရာကြီး ဒီဟာလေးတွေကဘာမှမဟုတ်တော့ စိတ်မဝင်စားဘူးလို့ပြောခဲ့တယ်လေ။ ခုတော့ဘာလို့များဒုက္ခခံလုပ်ပေးပါလိမ့်”

ဆရာကြီးကသူ့ကိုစိုက်ကြည့်၍ “ကောင်လေး မကြာခင်စာမေးပွဲဖြေတော့မှာမဟုတ်လား ဒီကိစ္စနဲ့ပတ်သက်ပြီးလည်း စိတ်ပူနေတာလို့ စတေးလ်ကပြောတယ်။ အဲဒါကြောင့်လည်းငါကူညီတာ‌ပေါ့။ ခုစိုးရိမ်တာတွေပျောက်သွားပြီမဟုတ်လား။ စာမေးပွဲသာကောင်းကောင်းဖြေခဲ့ နားလည်လားကောင်လေး”

ဆရာကြီးကထိုသို့ပြောသော် သူ့ရင်ထဲအေးမြမှုကို ခံစားရလေသည်။ ဆရာကြီးက သူ့အပေါ်အဲလောက်ကောင်းသည်ကိုး။

သူ့အပေါ်အဲလောက်စိုးရိမ်မှုမရှိလျှင် ဒီကိစ္စဖြေရှင်းဖို့ ထိုမျှ လွယ်ကူပါ့မလား။

***

မှော်စက်မှုအင်ပါယာ

အခန်း ၀၈၉ ။ သခင်လေး ကျွန်မကိုကယ်ပါ

ကျောင်းဆင်းခေါင်းလောင်းတီးလိုက်သော် ကျောင်းသားများသည် သူငယ်ချင်းများနဲ့စကားပြောခြင်းသော်လည်းကောင်းအနားယူခြင်းသော်လည်း လုပ်ကြလေသည်။

ဘာရွန်ရစ်တိုမှော်အကယ်ဒမီ အတန်းသည် တနာရီခွဲသာရှိ၍ နားချိန်ကမိနစ်နှစ်ဆယ်ရှိလေသည်။ ထိုရသောအချိန်ကိုကောင်းကောင်းကြီးအသုံးချ၍ အနားယူကြလေသည်။ ထိုအထဲတွင် မနားသူက ဗီဗီယန် ။

ထိုင်ခုံတွင်သာ ထိုင်နေ၍ စာကြည့်လေသည်။ ခေါင်းထဲတွင်အသေစွဲနေရန် အကြိမ်ကြိမ်အထပ်ထပ်မှတ်သားလေသည်။

သူမမိဘများသည်အစေခံများဖြစ်သောကြောင့် မွေးကတည်းကအစေခံဖြစ်ခဲ့သည်။ ရှုယီ မခေါ်လာခင် ဆယ့်လေးနှစ်အတွင်းတွင် ကျွန်အဖြစ်နဲ့သာနေခဲ့ရသည်။

ဗစ်ကောင့်ထ်လက်စ်လိုင်းကအခြားသူဌေးများထက် ကောင်းကောင်းဆက်ဆံသော်လည်း ကျွန်ဟာကျွန်သာဖြစ်သည်။ ကြင်နာသနားခြင်းသည် မသတ်ရုံတမင်သာဖြစ်သည်။ ထိုကဲ့သို့ပညာသင်ခွင့်ဆိုတာ အိပ်မက်ပင် မက်၍ရမည်မဟုတ်။

ရှုယီဆီရောက်သောအခါမှသာ သူမဘဝအကြီးအကျယ်ပြောင်းလဲသွားသည်။ နေစရာစားစရာပူစရာမလိုသည့်အပြင် အလုပ်သည်လည်းရိုးရှင်းလှသည်။

အရင်သခင်များထက်လည်း အများကြီးသာလေသည်။

သူ့ဆီရောက်လာပြီးကတည်းက စိတ်ထားအားလုံးကိုပြင်ဖို့ ဆုံးဖြတ်ချက်ချထားပြီးဖြစ်လေသည်။ ရှုယီသည် သူမ၏ မဖွံ့ဖြိုးသေးသောကိုယ်ကို နှစ်ခြိုက်သူဟု ယူဆထားမိသည်။

သို့သော် နှစ်လသာကြာသွားသည် သူမကို ထိပင်မထိ။ အနည်းငယ်စိတ်ပျက်သော်လည်း အပျော်ကြီးပျော်မိသည်။

သူလိုသခင်မျိုးကရှားလှသည်။ သို့သော် သူ့ကိုယ်ကိုသဘောမကျလျှင် အချိန်မရွေးရောင်းနိုင်သည်လား။ သေချာလှသည်။ အချိုးအစေခံမများကပြောပြသည်က သူတို့ကိုယ်ကိုရွံ့ရှာစိတ်ဖြစ်ပေါ်လာလျှင် ပို၍ဆိုးသောသခင်များဆီသို့ ရောင်းချလျက်ရှိသည်တဲ့။

ထို့ကြောင့် ယခုလို ကျောင်းထားပေးသည်ကို သူစဉ်းစား၍မရပေ။ တချိန်တုန်းကတောင့်တခဲ့မိသော သူ့အိပ်မက် အကောင်အထည်ပေါ်လာခြင်းသာဖြစ်သည်။

စိုင်စ်နယ်မြေကြီးတွင် သာမာန်လူပင်ပညာသင်ခွင့်မရကြ။ သူမလိုအစေခံအတွက်တော့ အတိုင်းထက်အလွန်ပျော်မိသည်။

ထို့ကြောင့်လည်း သူမကို ကျောင်းတက်ချင်လားမေးသောအခါ သူမဆွံ့အသွားသည်။ အကြိမ်ကြိမ်တိုက်တွန်းမှ လက်ခံလိုက်သည်။ မကြာလိုက်ပါ ကျောင်းအပ်ပြီးသားဖြစ်သွားသည်။ ယခုဆိုလျှင် တစ်လပင်ရှိသွားလေပြီ။

ဘာရွန်ရစ်တိုမှော်အကယ်ဒမီဟုခေါ်သော်လည်း မှော်တခုတည်းကိုမသင်ပေ။ ဘာရွန်ရစ်တို စထောင်တုန်းကတော့ဟုတ်သည်၊ သို့သော် အချိန်ကြာလာသည်နဲ့ ဘန်တာမြို့တွင် မေဂျာစုံသင်သော ကျောင်းကြီးတခုဖြစ်လာသည်။

မှော်ပညာအပြင် ဘာသာစကား သမိုင်း ယဉ်ကျေးမှု နောက်ဆုံးအနုပညာအထိသင်ပေးသည်။

သူမအတွက်ဘာမျှမသင်ခဲ့ရသည်ဖြစ်၍ အခြေခံဘာသာစကားသင်တန်းတွင်အပ်လိုက်သည်။

နောက်ပိုင်း ပန်းချီအတန်းပါ တက်လေသည်။ ကျောင်းမနေခဲ့ရသော်လည်း ဉာဏ်ရည်မနိမ့်ပေ။ သင်ယူချင်စိတ်ပြင်းပြသည်ဖြစ်၍ လပိုင်းအတွင်းတွင် ရေးတတ်ဖတ်တတ်လာသည်။

အကုန်နားမလည်သော်လည်း အခြေခံဖတ်စာအုပ်ကိုဖတ်နိုင်လာသည်။ ပန်းချီအတန်းတွင်တော့ အံ့သြရလောက်အောင်ထူးချွန်လေသည်။

ရှုယီသည် သူမအပျင်းပြေ ဆွဲသောပုံများကို ကြည့်၍ သူမပါရမီကိုသိခဲ့သည်။ ယခု ကျောင်းတက်သော် ပန်းချီဆရာ၏လမ်းညွှန်မှုကြောင့် မီးခဲပြာဖုံးအစွမ်းအစတို့ အုံးခနဲပွင့်လာသည်။

တစ်ပတ်အတွင်းတွင်ပင် ဆရာထက်ပင်လက်စောင်းထက်လာသည်။ သူမသည် ရာစုနှစ်တခုမှ တယောက်သာပေါ်လာသော ပါရမီရှင်ဖြစ်သည်ဟု ချီးကျူးလေသည်။

ကျောင်းတွင် နေ့ချင်းညချင်း နာမည်ကြီးလာသည်။ သို့သော် ထိုသို့နာမည်ကြီးလာသည်က ကောင်းကျိုးမပေးပဲ ဆိုးကျိုးသာသယ်လာသည်။

ဘာသာစကားသင်တန်းပြီး၍ ပန်းချီအခန်းသို့သွားသော် လမ်းတွင် လူသုံးယောက်က တားလေသည်။

“ဟေး ဗီဗီယန်ရေ ဒီည အတူစားရအောင်လား” ယောက်ျားလေးတယောက်က မထီမဲ့မြင်မေးလေသည်။

ထိုလူသည် မှော်အတန်းတွင်တက်နေသော အန်းရစ်ခ်ဖြစ်ကြောင်းသူမသိလေသည်။

“ဝမ်းနည်းပါတယ် ကျွန်မ မအားပါဘူး”

သူမပန်းချီအစွမ်းအစရှိကြောင်းသိကတည်းက စိတ်ဝင်စားလာခြင်းဖြစ်သည်။ ထို့ကြောင့် သူမကို စလိုက်လေတော့သည်။

သို့သော် ပညာသင်ခွင့်သည် သူမအတွက်ရွှေငွေထက်ရှားလေသည်မဟုတ်လား သူနဲ့အချိန်ဖြုန်းနိုင်ပါ့မလား။ ထို့ကြောင့် သူတောင်းဆိုတိုင်း ငြင်းပယ်လေသည်။

“ဒီနေ့မအားလည်း ကိစ္စမရှိပါဘူး နောက်နေ့တော့အားမယ်မဟုတ်လား” လက်မလျော့ချင်သည့်ပုံပင်။

“မနက်ဖြန်လည်းမအားပါဘူး။ လုံးဝလက်လျော့လိုက်ပါ”

ရှုယီဆီရောက်ပြီးကတည်းက သူမသည် အရင်ကလို ကြောက်ကြောက်ရွံ့ရွံ့မဟုတ်တော့။

သူ့ကိုထိုသို့ယတိပြတ်အငြင်းခံရမည်ဟု ထင်မထား၍ အန်းရစ်ခ် မျက်နှာတင်းသွားသည်။ သူ့သူငယ်ချင်းရှေ့တွင် ရှက်လည်းရှက်၍ စကားခပ်မာမာပြောလိုက်သည်။

“ဟေး ကောင်မလေး နင်နဲ့ ညစာစားပြီး စကားပြောချင်ရုံပါ အဲလောက်ရင့်ရင့်သီးသီးပြောဖို့မလိုပါဘူး”

ဗီဗီယန်သည်နားမလည်ပါးမလည်ဖြင့် ကြောင်တောင်တောင်ဖြစ်နေသည်။

မည်သို့ဆိုစေကာမူ သူမသည် ဆယ့်ငါးနှစ်ပင် မပြည့်သေးသော အစေခံတယောက်မဟုတ်လား။ ယောက်ျားလေးများနဲ့ဆက်ဆံရေးကိုသိပ်နားမလည်သေးပေ။ထိုယောက်ျားလေးများ၏ အတ္တစိတ်ကိုနားလည်နိုင်စွမ်းမရှိသေး။

သို့သော် နားလည်ပုံမပေါက်သော သူမအမူအရာကြောင့် အန်းရစ်ခ် တယောက် ပို၍ပင် စိတ်တိုလာသည်။ မျက်နှာတခုလုံးညိုမဲသွားသည်။ သူမလက်ကိုအတင်းဖမ်းဆွဲ၍ ခပ်တင်းတင်းပြောလိုက်ပုံမှာ “ငါပြောမယ် သေချာနားထောင် နင်စိတ်ပါပါ မပါပါ ဒီညအားကိုအားရမယ်၊ မဟုတ်ရင် ငါ့ကိုအဆိုးမဆိုနဲ့”

တခြားနှစ်ယောက်လည်းရှေ့တက်လာသည်ကိုမြင်သော် ဗစ်ကောင့်ထ်လက်စ်လိုင်းဆီမှာနေတုန်းက သူမအမှားလေးတခုကြောင့် သေမတတ်အရိုက်ခံရသည်ကို ပြန်သတိရသွားစေသည်။ ရင်တခုလုံးတုန်သွား၍ ကြောက်စိတ်တို့မိုးမွှန်သွားသည်။

သူမကြောက်သွားသည်ကိုမြင်သော် အန်းရစ်ခ်ကတဟားဟားရယ်၍ တနေရာသို့ဆွဲခေါ်သွားလေသည်။

ခွန်အားချင်းမမျှ၍ မည်သို့ရုန်းသည်ဖြစ်စေ သူဆွဲ၍ပါသွားရတော့သည်။ တခြားမိန်းကလေးသာဆိုလျှင် အော်၍အကူအညီတောင်းပေလိမ့်မည်။ သို့သော် သူမသည် မွေးကတည်းကအစေခံဖြစ်ခဲ့၍ အနိုင်ကျင့်သည့်လောကတွင်နေသားကျနေ၍ နိမ့်ကျစိတ်ဝင်နေလေပြီ။ ကိုယ်စိတ်နှစ်ပါး တွန်းလှန်ဖို့ကြိုးစားသော်လည်း အော်၍အကူအညီမတောင်းမိပေ။

စိတ်ထဲမှာတော့ အော်ခေါ်မိသည်။

“ သခင်လေး ကျွန်မကိုကယ်ပါ”

ရုတ်တရက် ရှေ့တွင်လူတယောက်ပေါ်လာ၍ အန်းရစ်ခ် ရပ်လိုက်သည်။

“ဟေး အဖိုးကြီး ဝေးဝေးရှောင်နေ။ ဝင်မရှုပ်ရင်ကောင်း....”စကားပင်မဆုံးလိုက် မီးလုံးကြီးတခုသူ့ဆီအရှိန်နဲ့ပြေးလာသည်။

အန်းရစ်ခ် တုန်လှုပ်သွား၍ သူမကိုလွှတ်လိုက်ပြီး ရေဒိုင်းဖြင့်တားလိုက်ရသည်။

သူ့မှော်အဆင့်သည်မဆိုးလှ။

သူ့မီးလုံးကသာမာန်ဟုထင်စရာဖြစ်သော်လည်းအစွမ်းကအံ့မခန်းပင်။ ရေဒိုင်းကိုထိုးဖောက်၍ သူ့ရင်ဘတ်ကိုလာမှန်၍ လေထဲမြှောက်တက်သွားသည်။

ပြန်၍မြေပေါ်ကျသည်နဲ့ ရေလုံးကလည်းသူ့ကိုယ်ပေါ်ကျလာသည်။ ထိုအခါမှ ရင်ဘတ်ပေါ်က မီးလုံးငြိမ်းသွားတော့သည်။

ဆောင်းရာသီဖြစ်၍ အေးမြလှသည်။ ယခုလိုရေခဲကြီးနဲ့ထိတွေ့ရသော် မီးလုံးကြောင့် မူးမေ့မလိုဖြစ်သော အခြေအနေမှ နိုးထလာသည်။

သူ့ကိုငုံ့ကြည့်နေသောသူကိုကြည့်လိုက်သော် ကြက်သီးဖြန်းဖြန်းထသွားသည်။ သို့သော် ဟောက်လိုက်သေးသည်။

"ငါ့ကိုလုပ်ရဲတယ်ပေါ့ ငါ့အဖေဘယ်သူလဲ သိလား။ သူသာသိလို့ကတော့ ခင်ဗျားသေပြီသာမှတ်”

ရှုယီသည်ထိုလူငယ်ကိုငုံ့ကြည့်၍ ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။

“အိုး..မင်းအဖေဘယ်သူလဲ ပြောကြည့်ပါအုံး”

“ငါ့..ငါ့အဖေက ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌပဲ။ မှော်ဆရာအဖိုးကြီး၊ ကျွန်တော့်အသိတွေမှာအများကြီး။ ခင်ဗျားသေပြီသာမှတ်” ဖအေအားကိုး၍ မိုက်ကြေးခွဲနေသည်။

“အင်း ဥက္ကဌမော်ဂန်ရဲ့သားကိုး။ ထိန်းရခက်တဲ့ကလေးပဲ..”

သူကြောက်သွားပြီ ထင်၍ အန်းရစ်ခ်ကထလိုက်ပြီ သူ့ကိုလက်ညှိုးထိုး၍ “ဘယ်လိုလဲကြောက်သေးပန်းသွားပြီလား။ ဟမ်း..ကျွန်တော့်ကိုခုလိုလုပ်တာ ခင်ဗျားကိုအလွတ်ပေးမယ်ထင်လား။ အဖေ့ကိုပြောပြီး ဆုံးမခိုင်းအုံးမှာ”

ရှုယီကခေါင်းညိမ့်ပြ၍ “အင်း မဆိုးပါဘူး။ ကိုယ်ပိုင်အစွမ်းမရှိတော့ အဖေကိုတ,တယ်ပေါ့။ မင်းဖေမျက်နှာကြောင့် မင်းကိုဘာမလုပ်ချင်ဘူး။ ဘာလို့ဆို မင်းအဖေက ငါ့သူငယ်ချင်းလေ။ သူ့သားကိုလုပ်လိုက်ရင် အနိုင်ကျင့်ရာရောက်သွားမှာပေါ့”

အန်းရစ်ခ် အံ့သြသွားသည်။ သူ့အဖေသူငယ်ချင်းတဲ့လား။ အမှန်ဆိုလျှင် သူ့အခြေအနေမလှတော့။ အဖေ့သူငယ်ချင်းဆိုလျှင် စီးပွားရေးသမားဖြစ်ရမည်။

သူ့အဖေသည် စီးပွားရေးလွဲလျှင် ကျန်တာဂရုမစိုက်တတ်။ သူ့ဖေကိုသာပြောလျှင် လက်စားချေဖို့အသာထား၍ သူ့ကိုပင် သင်ခန်းစာပေးလိမ့်မည်။

“ခင်ဗျား ဘယ်သူလဲ”

“မဆိုးဘူးပဲ နာမည်လေးဘာလေးမေးဖော်ရသား။” ရှုယီကသွားဖြဲ၍ပြုံးလိုက်ပြီး “သေချာနားထောင် ငါက Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌ ရှုယီ ပဲ”

အန်းရစ်ခ် မျက်နှာသည် ချက်ချင်းပင် သေလူလို ဖြူဖတ်ဖြူရော်ဖြစ်သွားတော့သည်။

***

မှော်စက်မှုအင်ပါယာ

အခန်း ၀၉၀ ။ ကျောင်းသားရန်ပုံငွေ

“ဗီဗီယန် ဒီကောင်လေးနှောက်ယှက်နေတာကြပြီမဟုတ်လား” အန်းရစ်ခ်တို့အဖွဲ့ဖနောင့်နဲ့တင်ပါး တသားတည်းကျအောင်ပြေးသွားသည်ကိုမြင်သော် သူကမေးလေသည်။

သူရောက်လာရသည့်အကြောင်းရင်းက မှော်စက်နဲ့ပတ်သက်၍ သီအိုရီအခြေခံကို သင်ကြားရန်ဖြစ်သည်။

သူထိုသို့သောမြင်ကွင်းကိုတွေ့လိမ့်မည်ဟု မည်သူထင်မည်နည်း။

အစကတော့ သူမသူငယ်ချင်းများဟုထင်သည်။ သူမကိုအားကျ၍ ခင်ချင်မင်ချင်ကြသောကြောင့် မိတ်ဆွေလာဖွဲ့ကြသည်ဟုထင်သည်။ သို့သော် ခဏကြာသော် သူမကိုအတင်းဆွဲခေါ်နေသည်ကိုမြင်ရလေသည်။

သူမလှမ်းအော်၍အကုအညီမတောင်းသော်လည်း သူမအမူအရာကိုကြည့်ခြင်းအားဖြင့် ခုခံနေသည်ကိုတွေ့ရသည်။ သူရပ်ကြည့်နေနိင်ပါအုံးမလား။ သူမနဲ့အနေကြာပြီး မိသားစုဝင်လိုသဘောထားလေသည်။ ချက်ချင်းပြေးလာ၍ ဘာမှမပြောတော့ပဲ မီးလုံးဖြင့် ပေါက်လိုက်လေသည်။

သို့သော် အန်းရစ်ခ်သည် ဖဲလ်ချောင်ကုန်သည်ကြီးများအသင်း ရဲ့ ဥက္ကဌကြီး ဖူလာမော်ဂန်၏သားဖြစ်နေ၍ ထိုသို့တုံ့ပြန်လာလေသည်။

Frestech ကုန်သည်ကြီးများအသင်းသည် စီးပွားရေးအသင်းကိုဝင်ထားပြီးဖြစ်၍ သူတို့၏ဆက်ဆံရေးသည် မဆိုးလှ။ သူ့သားကိုထိုသို့ဆုံးမလိုက်သည်ကို မော်ဂန် သိသော် သူ့ကိုအပြစ်မတင်သော်လည်း ဆက်ဆံရေးတွင်အဖုအထစ်တော့ဖြစ်သွားနိုင်သည်။

သူ့မေးခွန်းကို သူမက တခွန်းသာပြန်ဖြေလေသည်။ “ဟုတ်”

“ဒီလိုဆို အစကဘာလို့မပြောတာလဲ” သူမလက်မောင်းကိုဆွဲ၍ မေးလေသည်။ ထိုအခါမှ လက်မောင်းတွင် ဒဏ်ရာရထားသည်ကို တွေ့လေသည်။ အန်းရစ်ခ် မည်မျှအတင်းအကြပ် ဆွဲရမ်းသည်ကိုခန့်မှန်းကြည့်နိုင်သည်။

“ငါဒီနေ့ရောက်မလာပဲ တခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ”

သူမကခေါင်းကိုသာ အသာငုံ့၍ “ကျွန်မ..ကျွန်မ သခင်လေးကိုအနှောက်အယှက်မပေးချင်လို့ပါ”

သူသက်ပြင်းတချက်ရှိုက်၍ သူမခေါင်းကိုပုတ်လိုက်ပြီး “တော်တော်မိုက်မဲတာပဲ။ တခုခုဖြစ်သွားမှပိုပြီးစိတ်ပူရမှာ။ နောက်ခါဒီလိုကြုံလာရင် ငါ့ကိုပြော၊ နားလည်လား”

သူမခေါင်းညိမ့်ပြသည်။

“အင်း ဒီလိုဆို တိုးတက်လာရောပေါ့”

“ဟင်” သူမသည် သူ့စကားနားမလည်ဟန်ဖြင့်မော့ကြည့်သည်။

“မင်းငါ့ကိုအနှောက်အယှက်ဖြစ်မှာစိုးတယ်၊ အဲဒါကမိသားစုစိတ်ဓါတ်ပဲ။ မဆိုးပါဘူး။ ကျောင်းထားတာမှန်သွားပြီ။ နှစ်လပဲရှိသေးတယ် ဒီလောက်တိုးတက်သွားပြီ”

သူ့အပြုံးကိုမြင်သော် သူမကြောက်ရွံ့မှုတို့ ပျောက်ပယ်သွားလေတော့သည်။ သူ့ကိုပြန်၍ပြုံးပြလေသည်။ သူမမျက်နှာတွင် ရှက်သွေးလေးဖြာနေသည်။

“ဘယ်လိုလဲ။ ဒီလိုဖြစ်လာတော့ တရက်လောက်ခွင့်ယူလိုက်ပါလား။ အိမ်မှာပြန်ပြီးနားလိုက်ပေါ့။ ဒီညငါပြန်လာမယ် ညစာအပြင်ထွက်ပြီးသွားစားကြတာပေါ့။ ဘယ်လိုလဲ”

သူမငြင်းပယ်လိုက်မည်ဟုသူမထင်ထား။

“မဟုတ်တာ ကျွန်မအဆင်ပြေပါတယ်။ ဒီမှာနေပြီးစာသင်လိုက်တာပိုကောင်းမယ်”

“အိုး..တော်တော်လေ့လာချင်နေပြီလား” ထို့နောက်ခဏစဉ်းစားလိုက်ပြီးသဘောတူလိုက်လေသည်။ အန်းရစ်ခ်လည်းသူ့အကြောင်းသိပြီဖြစ်၍ နောက်ခါပြဿနာရှာတော့မည်မဟုတ်။

နောက်ထပ်ဖြစ်လာလျှင် ကျောင်းအုပ်ကြီးရှီရာကိုပြော၍ သေချာစောင့်ကြည့်ခိုင်းထားရမည်။ သူ့ငွေအများစုကို ကျောင်းကိုလှူထားသည်ဖြစ်၍ ဤသို့သော ကိစ္စလေးကိုတော့ ပြန်အလေးပေးသင့်လေသည်။

ကျောင်းစာနဲ့ပတ်သက်၍ နည်းနည်းလောက်မေးမြန်းပြီးသော် အတန်းစတော့မည်ဖြစ်၍ ဗီဗီယန်ကနှုတ်ဆက်၍ထွက်ခွာသွားတော့သည်။ သူလည်း ကျောင်းအုပ်ကြီးနဲ့တွေ့ရန် ရုံးခန်းသို့လာခဲ့တော့သည်။

ကျောင်းကိုလာရခြင်းသည် စာသင်ဖို့အပြင် တခြားအရေးကြီးသောအကြောင်းလည်းရှိသေးသည်။ ကျောင်းနဲ့ နောက်ထပ်စာချုပ် တစ်ခုချုပ်ဖို့ရှိသေးသည်။

အတန်းထဲတွင် အိုရင်းတို့အပေါင်းပါတစုသည် မှော်စက်တို့ကိုလွန်စွာစိတ်ဝင်စား၍ ဘွဲ့ရပြီးလျှင် သူ့ကုမ္ပဏီတွင် အလုပ်လာလုပ်မည့်အကြောင်းပြောကြသည်။

သူကလည်းကြိုဆိုကြောင်းပြန်ပြောထားသည်။ သူ့စာသင်ရသောရည်ရွယ်ချက်သည်လည်း ကျောင်းသားများမှော်စက်ကိုစိတ်ဝင်စားလာစေရန်ဖြစ်သည်။

ကမ္ဘာမြေပေါ်တွင် စက်မှုအင်ဂျင်နီယာနဲ့ပတ်သက်၍ နောကြေခဲ့သော်လည်း ယခုလိုမှော်စက်ဘာသာရပ်သည် သူ့အတွက်အသစ်အဆန်းဖြစ်လေသည်။ သူတယောက်တည်းဖြင့် သီအိုရီထုတ်၍မဖြစ် လူများလာလေလေ ပြည့်စုံကောင်းမွန်သော သီအိုရီထွက်လာလေလေပင်ဖြစ်သည်။

ဆယ်ယောက်ကစိတ်ဝင်စားလာသော်လည်း သူမကျေနပ်သေး။ ထို့ကြောင့် ကျောင်းအုပ်ကြီးနဲ့တိုင်ပင်ပြီးသော် သူတို့ကုမ္ပဏီကကြီးကြပ်၍ ကျောင်းသားရန်ပုံငွေရှာရန် အကြံဉာဏ်ထွက်လာသည်။

ရန်ပုံငွေနှစ်မျိုးရှိလေသည်။ တစ်ခုကဆင်းရဲသားများအတွက်ဖြစ်သည်။ သူတို့လျှောက်လွှာကိုသေချာစစ်ဆေးပြီး အတည်ပြုပြီးသော် ကျောင်းလခနှင့်အသုံးစရိတ်ရကြမည်။

နောက်တစ်ခုက မှော်ဌာနအတွက်ဖြစ်သည်။ ထိုအတွက်လိုသောငွေကားပိုများလေသည်။

ဒုတိယအမျိုးအစားအတွက်ရသောကျောင်းသားများကား ကုန်သလောက်အသုံးစရိတ်အတွက်ရကြမည်။ မှော်သုတေသနလုပ်ဖို့အတွက်ပါ ရကြမည်။

ထို့နောက် ကုမ္ပဏီအတွက် သုံးနှစ်လုပ်ဆောင်ပေးရမည်ဖြစ်သည်။

သုံးနှစ်ပြည့်ပြီးသော် သူတို့သဘောဖြစ်လေသည်။

ထိုအဆိုပြုချက်ကို ကျောင်းအုပ်ကြီးကြားသော် ပျော်လည်းပျော် စိတ်လည်းပူလေသည်။

ပျော်သည်က ဆင်းရဲသောကျောင်းသားများ ပညာသင်ခွင့်ရကြမည်။

စိုးရိမ်သည်က ကျောင်းသားများအနေဖြင့် ကုမ္ပဏီဘက်သို့ ယိမ်းသွားမည်ကိုပင်။

အထူးသဖြင့် သုတေသနအတွက်ထောက်ပံ့ကြေးရသောကျောင်းသားများဖြစ်သည်။ သူတို့မလုပ်ချင်လျှင်တောင် ကုမ္ပအတွက်သုံးနှစ်လုပ်ပေးရမည်ဖြစ်သောကြောင့် ထိုကုမ္ပဏီအတွက် လေ့ကျင့်ပေးသည့်ပမာဖြစ်သည်။

ကျောင်းအုပ်ကြီးသည် ရှေးရိုးစွဲပုဂ္ဂိုလ်ဖြစ်သည်။ မှော်ဆရာသည် မှော်အစွမ်းအားကြီးလာဖို့သာ အမြဲလေ့ကျင့်နေသင့်သည်ဟု သူကယုံထားသည်။

မှော်ကိုသုံးခြင်းသည် မကောင်းသောလမ်းစဉ်ဖြစ်သည်ဟု သူကယူဆသည်။

ကျောင်းအတွက်ထောက်ပံ့သောငွေကြေးကြောင့်သာမဟုတ်လျှင် ရှုယီကို စာသင်ခွင့်ပါပေးမည်မဟုတ်။ သို့သော် ရှုယီအပြောကြောင့် နောက်ဆုံးတွင် စိုးရိမ်မှုတို့ပယ်ပျောက်သွားသည်။

“ဒီရန်ပုံငွေကို သူတို့စိတ်ပါမှလျှောက်လို့ရပါတယ်။ အတင်းလျှောက်ခိုင်းတာမဟုတ်ပါဘူး။ ကျောင်းကိုလည်းအတင်းလက်မခံခိုင်းပါဘူး။ ကျောင်းသားတွေကိုအခွင့်အရေးပေးရုံပါခင်ဗျာ။

ကျွန်တော်တို့အထောက်အပံ့မရရင် သူတို့ဘဝကနောက်ဆုံးမှော်ပညာရှင်မဖြစ်ပဲ လမ်းဘေးရောက်သွားမှာနဲ့စာရင် ခုဟာကိုပိုမကောင်းပေဘူးလားဆရာကြီး”

ထိုစကားများကိုယုံကြည်သွား၍ တခြားအုပ်ချုပ်ရေးအရာရှိများနဲ့ တိုင်ပင်ပြီးသော် စာချုပ်ချုပ်ဖို့ဖြစ်လာရသည်။

ထို့ကြောင့် ဒီနေ့လာခြင်းက စာချုပ်ချုပ်ဖို့ပင်။

ထူးထူးခြားခြားဘာမှမဖြစ်။ တခုတည်းသောထူးခြားမှုကား စာချုပ်ချုပ်နေစဉ်တွင် ရှီရာ၏ ခါးသီးသောအပြုံးပင် ဖြစ်တော့သည်။

“ဥက္ကဌရှု ကျောင်းကသာ ငွေလုံလောက်အောင်ရှိရင် ငါ့ကျောင်းသားတွေကို ဒီလမ်းမလျှောက်ခိုင်းဘူး”

ရှုယီကခပ်သဲ့သဲ့ပြုံး၍ "ဒါရိုက်တာရှီရာအနေနဲ့ မှော်စက်တွေကိုလေ့လာတာ လမ်းမှားမကောင်ဘူးလို့ထင်နေပေမယ့် ကျွန်တော့်အနေနဲ့ကတော့ မှော်နဲ့စက်ပေါင်းလိုက်တာက လူတွေဘဝကိုပိုပြီး မြှင့်တင်ပေးပါလားဆိုတာ မကြာမှီ အကောင်အထည်ပေါ်လာမယ်ဆိုတာ ယုံကြည်တယ်ဗျ”

“အချိန်ကျလာရင် ဒီကျောင်းမှာမှော်သင်ယူပြီး ကျွန်တော်တို့ကုမ္ပဏီမှာမှော်စက်လေ့လာခြင်းက ရှေးရိုးစွဲမှော်ပညာရှင်တွေထက် ပိုပြီးတော့ တန်ဖိုးရှိပါလားဆိုတာ မြင်လာပါလိမ့်မယ်”

ဒါရိုက်တာရှီရာက သူ့ကိုကြည့်၍ သက်ပြင်းတချက်ချလိုက်ပြီး “အင်းအဲလိုဖြစ်လာပါစေလို့ပဲ ဆုတောင်းပါတယ်”

All Chapters