← Chapters

အခန်း (၁၂၁-၁၃၀)

Vol. 1 Ch. 121-130

အခန်း (၁၂၁-၁၃၀)

Vol. 1 Ch. 121-130

Vol 1, အခန်း ၁၂၁ ။ အလုပ်သမားကဒ်

မန်နေဂျာရီလိုင်းက လှည့်ပြန်ဖို့ရန် အကြောင်းပြချက်ရှာပြီးနောက် ဆယ်ဗီနီက အပိုအဓိပ္ပါယ်များပါသော အပြုံးဖြင့် ရှုယီအား “ ဥက္ကဌရှု ကြည်ရတာတော့ မင်းရဲ့ ဘန်တာမြို့က လုပ်ဖော်ကိုင်ဖက်က မင်းနဲ့အတူရှိနေရတာ မပျော်ဘူးထင်တယ်” ဟုပြောလိုက်သည်။

ရှုယီက ရယ်မောလိုက်ကာ အတော်ကို ထိတ်လန့်သွားသည့်ပုံဖြင့် “ မိန်းမပျိုဆယ်ဗီနီ ဘာတွေများပြောနေတာလဲ။ ဘန်တာမြို့က ကုမ္ပဏီအကြီးတွေက စီးပွားရေးသင်းကနေတစ်ဆင့် အတော်ကိုကောင်းမွန်တဲ့ လက်တွဲဖော်တွေပါ။ မကျေမချမ်းဖြစ်စရာ ဘာအကြောင်းရှိလို့လဲ။ မင်းတစ်ခုခုကို အထင်မှတ်မှားနေပြီးနဲ့တူတယ်”

ဆယ်ဗီနီက ပြုံးလိုက်ကာ ထိုစကားများကို အချိန်ကုန်ခံပြီးဆက်ပြောဆိုတော့ပေ။ သူက မှော်စက်ပစ္စည်း အလုပ်ရုံကို ကြည့်နေခဲ့ကာ သူမက ရှုယီရဲ့လမ်းပြမှုဖြင့် လှည့်လည်ကြည့်ရှုနေခဲ့တာဖြစ်ပြီး ထိုအကြောင်းကို စဉ်းစားကာ “ဥက္ကဌကြီးရှု ရှင်ပြောခဲ့တာက စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းထုတ်လုပ်မှုကို တိုးမြှင့်ဖို့အတွက် ရှင်က အချိန်တစ်လဝန်းကျင်အတွင်းမှာ မှော်စက်ပစ္စည်းထုတ်လုပ်ရေးစက်များကို တိုးတက်လာအောင်လုပ်ဖို့ အစီစဉ်ဆွဲနေတယ်ဆို။ ဒါနဲ့ ရှင်က အဲ့ဒီ မှော်စက်ပစ္စည်းထုတ်လုပ်ရေးစက်များကို သုတေသနလုပ်ဖို့နဲ့ တိုးတက်အောင်လုပ်တဲ့နေရာမှာ ယုံကြည်ချက်ရှိသလား”

“အမှန်တော့” ရှုယီက အရမ်းကိုအခိုင်အမာဖြစ်နေသည့် လေသံဖြင့် “ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းက မှော်စက်ပစ္စည်းထုတ်လုပ်ရေးစက်များ တိုးတက်လာအောင်လုပ်တဲ့နေရာမှာ အတွေအကြုံတွေအများကြီးကိုရှိပြီးသားပါ။ အခုချိန် ငါတို့မှာ စွမ်းအင်ပြည့်ဝနေတဲ့ ကျောထောက်နောက်ခံ မဟာမှော်ပညာရှင်ကြီးကမ်မီလာလိုလူမျိုး ရှိနေတာဖြစ်တဲ့အတွက် ဒီတစ်ခါမှာတော့ သေချာပေါက်အောင်မြင်မယ်လို့ ကျွန်တော်ပြောရဲတယ်”

ဆယ်ဗီနီက သူ(မ)ခေါင်းလေးကို အသာရမ်းလိုက်ကာ “ ဥက္ကဌကြီးရှု ရှင်အမှန်ကိုပြောနေတာမဟုတ်ဘူး။ ဘန်တာမြို့ရဲ့အခြေအနေနဲ့ ပြီးခဲ့တဲ့ ရက်တွေက ကျွန်မစုဆောင်းထားတဲ့ သတင်းအချက်အလက်များအရ Frestech ကုန်သည်ကြီးများအသင်းရဲ့အဓိကသော့ချက်က ရှင်မို့လား ၊ ဒီက ဥက္ကဌကြီးလေ။ မူလအစတုန်းက မှော်ပန်ကာပဲဖြစ်ဖြစ် စိုက်ပျိုးရေးဌာနအတွက် အရေးပါတဲ့ စိုက်ပျိုးရေးသုံးစက်မှော်ပစ္စည်းတွေ အဲ့ဒီစက်ပစ္စည်း အားလုံးကို ရှင့်ကနေစလုပ်ခဲ့တာဖြစ်ပြီး ရှင်က အရမ်းကိုအရေးပါတဲ့ အပိုင်းတွေကို လုပ်ကိုင်ခဲ့တာမို့လား။ ဒါကြောင့် ကျွန်မက ရှင်တို့ရဲ့ Frestech ကုန်သည်ကြီးများအသင်းက ဒါကို လုပ်နိုင်လားမလုပ်နိုင်ဘူးလား ဆိုတာကို မေးမနေချင်တော့ဘူး၊ ကျွန်မ ရှင်ကိုမေးချင်တာက ရှင့်မှာ ယုံကြည်မှုရှိရဲ့လား”

ရှုယီက ဆယ်ဗီနီကိုကြည့်လိုက်ပြီး သူမရဲ့ အနေအထားမှာ ဟန်ဆောင်နေသည့် အရိပ်အယောင်မရှိပဲ အတည်ပေါက်ကြီးဖြစ်နေသည်ကို သတိထားမိသွားသည်။ ထိုအရာသည်က သူမရဲ့ စကားလုံးများကို မယုံကြည်ပဲ မနေနိုင်ဖြစ်စေပါသည်။

“ မိန်းမပျိုဆယ်ဗီနီ တကယ်လို့ ဥက္ကဌတစ်ယောက်အနေနဲ့မှ ယုံကြည်ချက်ရှိမနေဘူးဆိုရင် ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းက ဖျက်သိမ်းသွားပြီးပါပြီ၊ မင်းမတွေးမိဘူးလား”

ဆယ်ဗီနီက ရှုယီရဲ့မျက်နှာပေါ်က အပြုံးကို ခဏကြာလောက်ကြည့်ပြီး ခေါင်းအသာညိတ်လိုက်ကာ “ ဥက္ကဌရှုက အမြဲလိုလို ယုံကြည်မှုတွေပြည့်နေမယ်လို့ ကျွန်မမျှော်လင့်မိပါတယ်။ ကောင်းပါပြီ ကျွန်မအနေနဲ့ ရှင်က မှော်စက်ပစ္စည်းထုတ်လုပ်ရေးစက်အသစ်တွေက တစ်လအတွင်းမှာ တိုးတက်လာအောင်လုပ်နိုင်ပြီး အဲ့ဒီ စိုက်ပျိုးရေးသုံး မှော်စက်ပစ္စည်းတွေ အမြောက်အမြားပေါင်းစပ်ထုတ်လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့် ဥက္ကဌကြီးရှု ကျွန်မအနေနဲ့ ရှင်ပြောထားတဲ့ ပမဏအမြောက်အမြားဆိုတာနဲ့ပတ်သတ်ပြီး မေးစရာရှိသေးတယ်။ ရှင်ပြောထားတဲ့အတိုင်း တကယ်လို့ ရှင်က ထုတ်လုပ်ရေးလမ်းကြောင်းကို ပြောင်းလဲနိုင်ရင် စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်း ထုတ်လုပ်နိုင်မှုနှုန်းထားက ဆယ်ဆမက တိုးမြှင့်လာမှာဆို။ ဒါပေမယ့် အဲ့လိုအတိုင်းသာဆို သူတို့ အရင်လို အရည်အသွေးမျိုး ထိန်းထားနိုင်ပါ့မလား။ ကျွန်မ ခံစားမိတာ ဘယ်ဟာအတွက်မဆို အရည်အသွေးကို ထိန်းထားနိုင်ဖို့က တစ်ခုခုကိုတော့ တင်းကျပ်ထားဖို့လိုတယ်မို့လား”

“တင်းကျပ်ထားမယ်ဆိုတဲ့ အကြံကတော့ ကောင်းပါတယ်။ ဒါပေမယ့် မိန်းမပျိုဆယ်ဗီနီ မင်းတွေးတဲ့ နေရာမှားနေပြီ။ လက်ဖြင့်တည်ဆောက်ရတဲ့ စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းတွေကနေ စက်ပစ္စည်းတွေကို အသုံးပြုပြီး အမြောက်အမြားပြောင်းလဲထုတ်လုပ်တဲ့နေရာက လုံးဝကြီးကိုမတူညီ နည်းလမ်းတွေဖြစ်တယ်။ မင်းပြောသလို အရေအတွက် တိုးမြှင့်လိုက်တာနဲ့ အရည်အသွေးညံ့သွားဆိုတာမဟုတ်ဘူး။ တကယ်လို့ ကျွန်တော်တို့က တင်းကြပ်တဲ့စံနှုန်းထားတွေနဲ့ ညွှန်ပြခဲ့မယ်ဆိုရင် စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းများက လက်နဲ့ပြုလုပ်ထားတာထက် ပိုပြီးတောင် မြင့်မားတဲ့အရည်အသွေးရှိလာပါမယ်။” ဘေးမှားရှိနေသည့် အိမ်သုံးမှော်စက်ပစ္စည်းအလုပ်ရုံအား ညွှန်ပြလိုက်ရင်း “လက်ရှိအဲဒီအလုပ်ရုံမှာ မင်း မှော်ပန်ကာပထမဆုံးအသုတ်နဲ့ နောက်ဆုံး မှော်ပန်ကာတွေ မြင်ခဲ့တယ်မလား၊ ဘယ်ဟာက ပိုပြီး အရည်အသွေးမြင့်တယ်လို မင်းထင်သလဲ”။

“အမှန်တကယ်တော့ နောက်ဆုံး မှော်ပန်ကာတွေက ပိုမြင့်တာပေါ့” ဆယ်ဗီနီက တုံ့ဆိုင်းနေခြင်းမရှိပဲပြန်ဖြေခဲ့သည်။

“မင်းတွေ့ထားခဲ့သလိုပဲ ပထမဆုံးအသုတ် မှော်ပန်ကာတွေကို ဘန်တာမြို့ရဲ့ အတော်ဆုံးလက်မှုပညာရှင်နဲ့ကြည့်ပဲ ပြုလုပ်ထားတာ အဲ့ပစ္စည်းရဲ့အရည်အသွေးက ပြိုင်ဘက်ဖြစ်တဲ့ မှော်စက်ပစ္စည်းထုတ်လုပ်ရေးစက်ကနေ တပ်ဆင်ပြုလုပ်ထားတဲ့ နောက်ဆုံးအသုတ် မှော်ပန်ကာတွေကို ယှဉ်နိုင်ခြင်းမရှိဘူးလေ။ စက်တွေနဲ့စာရင်လူတွေက ပိုပြီး အဆင်ပြေပေမယ့်လည်း အမြောက်အမြားထုတ်လုပ်ဖို့အတွက်ကျ လူတွေရဲ့လုပ်နိုင်အားက စက်တွေကို ယှဉ်နိုင်ဖို့ရာ အတော်ကိုအလှမ်းဝေးလှပါတယ်။ ဒါပေမယ့် ဘုရင်ကြီးက အခုရေ (၃၀၀၀၀) ထက်မက တောင်းဆိုထားတဲ့အတွက် ငါတို့က ဒီစက်ပစ္စည်းတွေရဲ့ လုပ်နိုင်စွမ်းမပါပဲ မပြီးစီးနိုင်ဘူး၊ ရွေးချယ်စရာကိုမရှိတော့ဘူးလေ။”

ဆယ်ဗီနီက ထိုအကြောင်းကိုစဉ်းစားပြီး ခေါင်းအသာညိတ်လိုက်ကာ “ရှင်ပြောတဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒါတာတွေ အရင်ဆုံးထုတ်လုပ်နိုင်တာ မမြင်ရသရွေ့တော့ ကျွန်မ သံသယရှိနေအုံးမှာပဲ။ ဥက္ကဌရှုက ကျွန်မကို စိတ်မပျက်စေဘူးလို့တော့ မျှော်လင့်မိပါတယ်။”

“စိတ်အေးအေးထားပါ၊ မင်းစိတ်မပျက်စေရဘူးလို့ ကျွန်တော်ကတိပေးပါတယ်” ရှုယီက ပြုံးလိုက်ကာ စကားပြောစရပ်နေရာကနေ “ မိန်းမပျိုဆယ်ဗီနီ ငါတို့ကုမ္ပဏီအတွက် အဲ့ဒီစိုက်ပျိုးရေးသုံး မှော်စက်ပစ္စည်းတွေ ပြုလုပ်ပေးနေတဲ့သူတွေက ထိုလူပုတွေပဲ။ အဲတာကိုအခုချိန်မှာ မင်းသိသင့်တယ်လို့ထင်တယ်။ ပြဿနာတစ်ခုကို ငါအတွက် ကူညီဖြေရှင်းပေးနိုင်မလား”

“ဥက္ကဌရှု ဒီလောက်ကြီး ယဉ်ကျေးနေဖို့မလိုပါဘူး။ ကျွန်မရဲ့ အဓိက ဒီကိုလာရောက်ပြီး လုပ်ဆောင်ရမယ် တာဝန်က Frestech ကုန်သည်ကြီးများအသင်းကို ကူညီပြီး အရှင်ဘုရင်ရဲ့ အမိန့်ကို ပြီးစီးအောင်လုပ်ဖို့ပါပဲ။ ရှင်ရဲ့တောင်းဆိုမှုက အဲ့ဒီအမိန့်တွေကို ပြီးပြတ်အောင်ကူညီပေးနိုင်သရွေ့ ရှင်အဲ့တာတွေ အကုန်လုံးကိုပြောပြလို့ရပါတယ်” ဆယ်ဗီနီက ပြုံးလေးဖြင့် ပြောလိုက်သည်။

“ဒါဆို ကောင်းတာပေါ့” ရှုယီက ယဉ်ကျေးစွာပြောမနေတော့ပဲ သူက ဆက်လက်ပြီး “ဒီလူပုတွေက ကုမ္ပဏီမှာ လုပ်ကိုင်နေတာ လတော်တော်ကြာနေပြီဆိုပေမယ့် သူတို့က အဆုံးသတ်ကျ လူပုတွေဖြစ်နေတာကြောင့် သူတို့က ဘုရင့်ဆီကနေ ဘာအသိအမှတ်ပြုမှုမှ လက်ခံရရှိကြမှာမဟုတ်ဘူး။ အဲ့ဒါက သူတို့အတွက် ဒီမှာနေထိုင်ဖို့ရာ အတော်လေးကို အဆင်မပြေဖြစ်စေတယ်။ မိန်းမပျိုဆယ်ဗီနီက ဒီပြဿနာကို ကူညီပြီးဖြေရှင်းပေးနိုင်မလား”

“တိုင်းပြည်ရဲ့ ဥပဒေက ဒါနဲ့ပတ်သတ်ပြီး ထုတ်ပြန်ပြီးသားလေ။ လူသားမျိုးနွယ်တွေထက် အခြားမျိုးနွယ်တွေက ထိုအခြေအနေတွေကို ဖြည့်ဆည်းနိုင်ခဲ့ရင် သူတို့က လမ်ပူရီတိုင်းပြည်ရဲ့ နိုင်ငံသားတွေဖြစ်လာနိုင်ပါတယ်။ ဒါကို ဥက္ကဌရှု သိထားပြီးပြီထင်နေတာ ဟုတ်တယ်မို့လား” ဆယ်ဗီနီကပြန်မေးလိုက်သည်။

“ကျွန်တော် ဒီအကြောင်းတွေကိုတော့သိတာပေါ့။ ဒါပေမယ့် မိန်းမပျိုဆယ်ဗီနီ မင်း ရှင်းရှင်းလင်းလင်း သိထားရမှာက ဒီဥပဒေတွေက အရမ်းကိုတင်းကြပ်တယ်။ တကယ်လို့ ဒီလူပုတွေက တရားဝင်နိုင်ငံသားတွေဖြစ်လာဖို့ တိုင်းပြည်မှာနေထိုင်စဉ် လိုအပ်ချက်ကို ဖြည့်ဆည်းထမ်းရွက်ရုံသာမက သူတို့က အခွန်ကောက်ခံမှုမှာလည်း တင်းကြပ်ထားတာတွေရှိတယ်မို့လား၊ အဲ့တာတွေ အကုန်ပြီးစီးဖို့ (၈)နှစ်ထက်မနည်း အချိန်ကြာတယ်လေ။ ပြီးတော့ ဒီလူပုတွေက (၈) နှစ်လောက် စောင့်နေရမှာ၊ ဒီကြားထဲမှာ ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းကလည်း အဲ့တာတွေကြောင့် ပျောက်ကွယ် သွားနိုင်တယ်လေ”

“ ဥက္ကဌရှု ရှင် နောက်နေတာလား” ဆယ်ဗီနီက ရှုယီကိုကြည့်လိုက်ကာ “ Frestech ကုန်သည်ကြီးများအသင်းက တိုးတက်လာဖို့ ဒီလောက် အလားအလာကောင်းနေတာ ဘယ်လိုလုပ်ပြီး (၈)နှစ်လောက်ပဲ ခံမှာလဲ။ ရှင်ပြောထားတဲ့ တောင်းဆိုချက်နဲ့ ပတ်သတ်ပြီး ကျွန်မ ဘာမှပြန်မလုပ်ပေးနိုင်မှာတော့ စိုးရိမ်မိပါတယ်ရှင်။ တိုင်းပြည်ရဲ့ ဥပဒေတွေက ရှင်းရှင်းလင်း ပြဌာန်း ထားပြီးပြီလေ။ အဲဒါက ကျွန်မက ရှင့်ရဲ့ Frestech ကုန်သည်ကြီးများအသင်းက လူပု အယောက် (၂၀၀) ကျော်အတွက် မပြောင်းလဲပေးနိုင်ဘူး”

“ကျွန်တော် တောင်းဆိုနေတာက မင်းအနေနဲ့ အဲ့ဒီ ဥပဒေတွေကို ပြောင်းလဲပေးဖို့ မဟုတ်ပါဘူး။ ပြီးတော့ တိုင်းပြည်က သူတို့ကို တရားဝင်နိုင်ငံသားအဖြစ် လက်ခံပေးဖို့လည်း မျှော်လင့်နေတာမဟုတ်ပါဘူးဗျာ၊ ကျွန်တော်မျှော်လင့်နေတာက မင်းအနေနဲ့ သူတို့ ဒီမှာ အဆင်ပြေနေနိုင်ဖို့အတွက် အထူးထောက်ခံချက်ပေးလိုက်ဖို့ပါပဲ။ ဥပမာပြောရရင် အလုပ်သမားကဒ်လိုမျိုးပေါ့”

“အလုပ်သမားကဒ် ဟုတ်လား” ဆယ်ဗီနီက ရှုယီအား တအံ့တဩကြည့်ကာ “အဲ့တာ ဘာကိုဆိုလိုတာလဲ”

“ အလုပ်သမားကဒ်ဆိုတာက.. တိုင်းပြည်က နိုင်ငံသားအခြားမျိုးနွယ်တွေကိုပေးလို့ရတဲ့အပြင် အခြားတိုင်းပြည်က လူသားမျိုးနွယ်တွေ ဒီမှာအလုပ်လုပ်ချင်တယ်ဆိုရင်လည်း သူတို့ကို ပေးလိုက်လို့ရတယ်။ အလုပ်သမားကဒ်ရှိထားတဲ့လူတွေကို လမ်ပူရီတိုင်းပြည်က ကုမ္ပဏီတွေမှာ ဝင်ရောက်လုပ်ကိုင်နိုင်တယ်။ သူတို့ရဲ့ အလုပ်သမားကဒ်က အကျုံးဝင်နေသမျှ သူတို့က နေထိုင်အလုပ်လုပ်နိုင်ပြီး လမ်ပူရီတိုင်းပြည်မှာ သာမန်ဘဝလို နေထိုင်သွားလို့ရတယ်။ ရှင်းရှင်းပြောရရင်ကွာ အလုပ်သမားကဒ်နဲ့လူတွေကို လမ်ပူရီတိုင်းပြည်ရဲ့ ယာယီနိုင်ငံသားတွေလို မှတ်ယူထားနိုင်တယ်။ ဒါပေမယ့် သူတို့ကို ကုမ္ပဏီတွေကနေ ကန့်သတ်ချုပ်ခြယ်ထားရမယ်။ ဒီလူတွေမှာ ပြဿာနာတစ်စုံတစ်ရာ ပေါ်လာရင် တိုင်းပြည်အရာရှိတွေအနေနဲ့ သူတို့ကို ခန့်အပ်ထားတဲ့ ကုမ္ပဏီတွေကိုပါ တာဝန်ခံခိုင်းလို့ရတယ်။ သူတို့ရဲ့ အလုပ်သမားကဒ် သက်တမ်းကုန်သွားပြီးရင်တော့ သူတို့က ယာယီနိုင်ငံသားအဖြစ်ကို ဆုံးရှုံးရမယ်။ တကယ်လို့ သူတို့က ဒီမှာ ဆက်နေချင်သေးတယ်ဆိုရင် သူတို့က နောက်တစ်ခါ ထက်လျှောက်တင်နိုင်ပြီး တိုင်းပြည်ရဲ့အရာရှိတွေကို အတည်ပြုမှာကို သူတို့က စောင့်နေကြရမယ်” ရှုယီက စိတ်ရှည်လက်ရှည် ရှင်းပြခဲ့သည်။

ဆယ်ဗီနီက ရှုယီအား အံ့ဩတကြီးကြည့်ကာ “ ဒီအကြံကတော့ မဆိုးပါဘူး။ ဒါပေမယ့် အဲ့လူတွေက တိုင်းပြည်ဥပဒေတွေကို လိုက်နာကြမယ်လို ရှင်အာမခံနိုင်လား”

“ကျွန်တော်ပြောပြီးပြီပဲ။ အဲ့ဒီလူတွေက ကုမ္ပဏီတွေနဲ့ပဲ သက်ဆိုင်ပြီး သူတို့ရဲ့ အလုပ်ခန့်တဲ့အနေအထားက အဲ့ဒီ စစ်ဆေးချက်တွေဖြည့်ဆည်းထားပြီးသား။ ထိုလူတွေကို စောင့်ကြည့်နေဖို့ထက် အရာရှိတွေက ကုမ္ပဏီတွေကိုပဲ စောင့်ကြည့်နေရုံပဲလေ။ ကျွန်တော်အထင်တော့ ငါတို့ရဲ့ လမ်ပူရီနိုင်ငံက ကုမ္ပဏီတွေက ကိုယ့်ကိစ္စကို ဂရုစိုက်ကြလိမ့်မယ် ဟုတ်တယ်မို့လား”

ဆယ်ဗီနီက ထိုအကြောင်းများကို စဉ်းစားလိုက်ပြီး မနေနိုင်တောပဲ ဖြည်းဖြည်းချင်း ခေါင်းညိတ်နေတော့သည်။

“ဒီအကြံက မဆိုးပါဘူး။ ဒါပေမယ့် ဥက္ကဌရှု ရှင် ပြဿနာတစ်ခုကိုတော့ မေ့နေတယ်။ အလုပ်သမားကဒ် ထုတ်ပေးတာဖြစ်ဖြစ် အရည်အချင်းစစ်မေးတာတာကို လုပ်တာပဲဖြစ်ဖြစ်ပါ တိုင်းပြည်မှာ သက်ဆိုင်ရာ ဌာနတစ်ခုတော့ လိုအပ်တယ်၊ လူသားအရင်းအမြစ်လိုအပ်ချက်က သေးသေးလေးမဖြစ်လောက်ဘူး။ လက်ရှိ တိုင်းပြည်ရဲ့ လက်ရှိငွေကြေးအရ ဘုရင်နှင့် တော်ဝင်ပါလီမန်ကလည်း ဒီ ဆွေးနွေးချက်ကို လက်ခံဖို့ ခက်ခဲ့လိမ့်မယ်လို ကျွန်မထင်တယ်”

“ ငွေကြေးမပါဘူးဟုတ်လား၊ အဲ့လောက်‌တော့ မရိုးရှင်းဘူးလေ “ ရှုယီက ရယ်လိုက်ကာ “ မင်းအနေနဲ့ အလုပ်သမားကဒ်ရဖို့ ငွေပေးဖို့လိုတယ် ပြီးတော့ ဒီကဒ်တွေက အကြုံးဝင်နေစဉ်မှာ အဲ့ဒီလူတွေကို အလုပ်ခန့်အပ်ထားတဲ့ ကုမ္ပဏီကတွေလည်း လစဉ်ကြေးပေးဆောင်ရမယ်၊ ပေးရမယ့် ပမာဏကတော့ အခြေအနေအပေါ်မူတည်တာပေါ့။ မိန်းမပျိုဆယ်ဗီနီ တကယ်လို့ အဲ့လိုမျိုးအတိုင်းသာဆိုရင် မင်းအနေနဲ့ ဘုရင်နဲ့ တော်ဝင်ပါလီမန်တွေက ဒီဆွေးနွေးတင်ပြချက်ကို လက်မခံဘူးလို့ ထင်လား”

ဆယ်ဗီနီက ရှုယီအား ထူးဆန်းသည့်အကြည့်ဖြင့် ငေးကြည့်နေပြီး ဖြေးဖြေး ပြောလိုက်သည် “ ဥက္ကဌရှု ကျွန်မရုတ်တရက်ကြီး ခံစားလိုက်မိတာက ရှင် ကုန်သည်တစ်ယောက် မဖြစ်သင့်ဘူး။ အစိုးရအတွက် အလုပ်လုပ်ပေးရမယ်ဆိုရင် ဘယ်လိုသဘောရလဲ”

ရှုယီက လက်ရမ်းပြလိုက်ကာ “ကျွန်တော်က ခေါင်းစခြေအဆုံး ပုပ်သိုးနေတဲ့ ကုန်သည်မှမဟုတ်တာဗျာ၊ အစိုးရအတွက် အလုပ်လုပ်မယ်ဆိုတာ မေ့ထားလိုက်ပါတော့။ မိန်းမပျိုဆယ်ဗီနီ ကျွန်တော့်ရဲ့ ဆွေးနွေးတင်ပြချက်မှာ မျှော်လင့်ချက်တစ်ခုခုရှိနေအုံးမယ်လို့ ထင်သလား”

“အင်း … ရှင်ပြောပြာထားသလို ငွေကြေးပေးဆောင်ရမှာတွေရှိနေရင်တော့ ချောချောမွေ့မွေ့ပြီးသွားမယ်လို့ ကျွန်မထင်တယ်” ဆယ်ဗီနီက ခေါင်းညိတ်ကာပြောလိုက်သည် “ ဒါပေမယ့် ဥက္ကဌရှု ရှင်ပြောခဲ့တဲ့ အတိုင်းဆိုရင် အခုချိန်မှာ လူသားအတော်များများနှင့် အခြားမျိုးနွယ်တွေက လမ်ပူရီတိုင်းပြည်ရဲ့ အရည်အချင်းပြည့်မှီ ကြမယ်လို့ ကျွန်မတော့ မထင်ဘူး။ ရှင်ရဲ့ကုမ္ပဏီမှာ အဲ့ဒီလူပု အယောက်နှစ်ရာအတွက် ခွင့်ပြုချက်တွေရရှိဖို့ ရှင်က ဘယ်လောက်တောင်သုံးစွဲဖို့ စီစဉ်ထားလဲ။ ရှင်တို့ရဲ့ Frestech ကုန်သည်ကြီးများအသင်းအပြင် ဒီတိုင်းပြည်ထဲမှာ အခြား တူညီတဲ့အဖြစ်မျိုး ရှိကြပါ့မလား။ တကယ်လို့ ဒီဥပဒေအောင်မြင်ဖို့ တကယ်လို့များ အခြားကုမ္ပဏီတွေက ငွေကြေးပေးဆောင်လို စိတ်မရှိကြဘူးဆိုရင်ရော”

“အဲ့လောက်ရိုးရှင်းပါ့မလား။ သူတို့က အလုပ်သမားကဒ်အတွက် ငွေကြေးပေးဆောင်ခြင်းမရှိဘူးဆိုရင် ဘာအကျိုးကျေးဇူးမှ ခံစားကြရမှာမဟုတ်ဘူး။ ပြီးတော့ အရာအာလုံးက အရင်အတိုင်းပဲ ရှိနေမှာပါလိမ့်မယ်။ ငါတို့ရဲ့ Frestech ကုန်သည်ကြီးများအသင်းအတွက်ဆိုရင် အခုလေးတင် မန်နေဂျာရီလိုင်း ပြောထားခဲ့သလိုပဲ ဒီဥက္ကဌက အတော်ကိုလက်ဖွာတဲ့သူ အလုပ်သမားကဒ်တွေ ငွေကြေးပေးဖို့ကို လုံလုံလောက် ပေးချေလိမ့်မယ်” ရှုယီက ပုခုံးတွန့်လိုက်ကာ သူပြောနေကြပုံစံအတိုင်း ပြောဆိုခဲ့သည်။

ဆယ်ဗီနီလည်း ဝါးလုံးကွဲအောင် ရယ်ချလိုက်တော့သည်။ ခဏကြာပြီးနောက် သူမ မျက်နှာက ရုပ်တည်ကြီးဖြစ်သွားကာ “ပထမဆုံးမေးခွန်းအတွက် ဘယ်လိုအဖြေပေးမှာလဲ။ ရှင်တို့ရဲ့ Frestech ကုန်သည်ကြီးများအသင်းက ငွေကြေးဘယ်လောက်များများ ပေးဆောင်ဖို့ စီစဉ်ထားလဲ။”

“ကျွန်တော်ကတော့ အရာရှိတွေ ဆုံးဖြတ်ချက်အတိုင်း ပေးဆောင်မှာဆိုပေမယ့်လည်း ကျွန်တော်ကတော့ ခင်ဗျာကို ကုမ္ပဏီရဲ့ အနိမ့်ဆုံးပေးနိုင်တဲ့ နှုန်းထားကိုပြောမယ် “ ရှုယီက လက်မြှောက်လိုက်ကာ “ အလုပ်သမားတစ်ယောက်ကို ရွှေဒင်္ဂါး (၅)ပြား နှုန်း ၊ မင်းဘယ်လိုထင်လဲ”

“ရွှေဒင်္ဂါး (၅) ပြားဟုတ်လား “ ဆယ်ဗီနီရဲ့လှပသောမျက်လုံးများ ပြူးကျယ်သွားကာ သူမက အသက်ခပ်ပြင်းပြင်းရှုလိုက်သည်။ သူမက ရှုယီအား စိတ်ခံစားချက်အပြည့်ဖြင့် ငေးကြည့်လိုက်ကာ “ ဥက္ကဌရှု ရှင်က အလုပ်သမားတွေအပေါ် တကယ်ကိုကောင်းတဲ့သူပဲ”

***

မှော်စက်မှုအင်ပါယာ

Vol 1, အခန်း ၁၂၂ ။ ဘိလပ်မြေ

ဆယ်ဗီနီအနေဖြင့်အလုပ်သမားတစ်ယော်အတွက် အလုပ်သမားကဒ်ကို ရွှေဒင်္ဂါး (၅)ပြားပေးဆောင်ရသည်ကို အရမ်းများသည်ဟုတ် ခံစားမိပေမယ့် ရှုယီကတော့ နည်းနေသေးသည်လို့ ခံစားမိသည်။

ကမ္ဘာဂြိုလ်ပေါ်တွင် ပြင်နိုင်ငံသား အလုပ်လုပ်ခွင့်ပင်မဆိုထားနှင့် တရုတ်နိုင်ငံပြည်မကြီးကသူတွေအတွက် ဟောင်ကောင်နှင့် မကာအိုတွင် အလုပ်လုပ်ခွင့်ရရန် လျှောက်ထားရာတွင် ငွေထောင်ပေါင်းများစွာကုန်ကြလိမ့်မည်။

လက်ရှိကမ္ဘာမြေက ငွေကြေးနှင့်ဆိုလျှင် ရွှေဒင်္ဂါး (၇) ပြားခန့် ပေးဆောင်ရမည်ဖြစ်သည်။

အမှန်တော့ ရှုယီက ထိုအကြောင်းများကို ဆယ်ဗီနီအားပြောပြခြင်းမရှိခဲ့ပေ။

Frestech ကုန်သည်ကြီးများအသင်းတွင် လက်ရှိမှာ လူပုအယောက် (၂၀၀) ခန့်ရှိနေကာ နောက်တွင်လည်း လူပုတွေ ပိုပြီးများလာဖို့ပဲရှိသည်။ Frestech ကုန်သည်ကြီးများအသင်း အနေဖြင့် နောင်အနာဂတ်တွင် နတ်သူငယ်နှင့် သားရဲလူသားတွေကိုတောင်မှ ခေါ်ယူခန့်အပ်ထားဖို့ ရှိသည်။

အခြားမျိုးနွယ်စုများစွာနှင့်အတူ သူအနေဖြင့် အလုပ်သမားကဒ်အတွက် ပို၍တောင် ချွေတာထားသင့်သည်။

အခြားအရာများထက် ရှုယီက ဆယ်ဗီနီဆီကနေ အလုပ်သမားကဒ်နှင့်ပတ်သက်သည့် သတင်းအချို့ကိုလက်ခံရသလို သူမ ဆီကနေ သတင်းကောင်းအချို့ကိုပါ ကြားခဲ့ရသည်။

ဘုရင်၏သဘောတူညီချက်နှင့်အတူ ဘုရင်က စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းတွေရဲ့ အဖိုးအခအဖြစ် သတ္တုတွင်းများကို ပေးအပ်ခဲ့သည်။ ရှုယီအနေဖြင့် စာချုပ်အပြည့်အစုံဖြည့်သွင်းပြီး အချိန်အတော်ကြာမြင့်မည်ဟု ထင်ထားခဲ့ပြီး ထိုသတ္တုတွင်းများက နှုတ်အမိန့်စာများ ဖြစ်နေမည်ကို စိုးရိမ်နေခဲ့သည်။ ဒါပေမယ့် ဆယ်ဗီနီက ရှုယီအား သတ္တုတွင်းဌာနက ဘန်တာမြို့အပြင်ပိုင်းက သတ္တုတွင်းတစ်ခုကို ရှုယီ အချိန်မရွေး အသုံးပြုခွင့်ရှိသည်ဟု ရှင်းလင်းစွာပြောကြားခဲ့ပြီးကြောင်းကို ပြောပြာခဲ့သည်။

ရှုယီနှင့် ဘုရင်တို့နဲ့ သဘောတူညီချက်အရ Frestech ကုန်သည်ကြီးများအသင်း၏ပထမဆုံးအသုတ် ထုတ်လုပ်မပြီးစီးခြင်း စာချုပ်က အကျုံးဝင်နေမှာဖြစ်သည်။ သံသတ္တုတွင်းကလည်း Frestech ကုန်သည်ကြီးများအသင်း အပိုင်ဖြစ်နေမည်ဖြစ်သည်။

အခြားသံသတ္တုတွင်းနှင့် မှော်ကျောက်တုံးတွင်း (၃) ခုအတွက်ကတော့ Frestech ကုန်သည်ကြီးများအသင်း ပြီးစီးဆောင်ရွက်ရမည့် နောက်အနာဂတ်မှာယူမှုများအပေါ် မူတည်သည်။

အနာဂတ်မှာ ဖြစ်နိုင်ချေ အမျိုးမျိုးရှိနေသော်လည်း အနည်းဆုံး သံသတ္တုတွင်းကတာ့ Frestech ကုန်သည်ကြီးများအသင်းရဲ့ သယံဇာတအရင်းအမြစ်တစ်ခုအဖြစ် မှတ်ယူထားနိုင်သည်။

ဘယ်လိုပင်ဖြစ်ပါစေ ဆွေးနွေးညှိနှိုင်းစဉ်အတွင်း သံသတ္တုတုံးများက စိုင်စ်နယ်မြေမှာ တန်ကြေးမရှိသောကြောင့် ဘုရင်နှင့် စိုက်ပျိုးရေးဌာန ကိုယ်စားလှယ်တို့က သံသတ္တုများကို ဈေးနှုန်းအနည်းငယ်သာ ထားရှိခဲ့ကြသည်။

ရှုယီအနေနဲ့ကတော့ အရမ်းကိုရှင်းရှင်းလင်းလင်းသိခဲ့တာက စိုင်စ်နယ်မြေမှာ မှော်စက်ပစ္စည်းစက်ရုံတွေက တစ်ကြိမ်လောက်သာ တိုးတက်လာခဲ့လျှင် သံသတ္တုရိုင်းလိုအပ်ချက်က ပိုပြီးများလာဖို့သာရှိသည်။ ထိုအချိန်ရောက်ခဲ့လျှင် သံသတ္တု၏တန်ကြေးက ထိုးတက်လာလိမ့်မည်။

မှောက်ကျောက်တုံးတွင်းအတွက်ပြောရလျှင် စိုင်စ်နယ်မြေတစ်ခွင်လုံးတွင် မှော်ကျောက်တုံးများက ဘာတန်ကြေးမျှ မရှိဖြစ်နေခဲ့သည်။ မှော်ကျောက်တွင်း (၃)တွင်းစာပေါင်း တန်ဖိုးက သံသတ္တုတွင်းတစ်ခု၏ တန်ဖိုးကိုတောင် ယှဉ်နိုင်ခြင်းမရှိပါ။

ဒါပေမယ့် ရှုယီ အရမ်းကို အသေအချာ သိထားသည်က မှော်စက်ပစ္စည်းစက်မှုလုပ်ငန်းများက တိုးတက်လာပါက မှော်စက်ပစ္စည်းများကို စိုင်စ် နယ်မြေအနှံ့အပြား သုံးစွဲမှုများပြားလာမည်ဖြစ်ကာ မှော်ကျောက်တုံးလိုအပ်ချက်လည်း ကြီးကြီးမားမား တိုးမြှင့်လာမည်ဖြစ်သည်။ မှော်ကျောက်တုံး တန်ဖိုးသည်လည်းပဲ တဟုန်ထိုး တိုးတက်လာမည်ဖြစ်သည်။

လက်ရှိအချိန်မှာတော့ ဘုရင်ကြီးအနေဖြင့် သံသတ္တုတွင်း (၂) တွင်းနှင့် မှော်ကျောက်တုံးတွင်း (၃) တွင်းကိုသာ အသုံးချပြီး ရွှေဒင်္ဂါး (၃) သန်း တန်ကြေးရှိ Frestech ကုန်သည်ကြီးများအသင်းက စိုက်ပျိုးရေးသုံး မှော်စက်ပစ္စည်းများကို ရရှိအောင်လုပ်ဆောင်နေသည်မှာ အတော်ကိုအကျိုးအမြတ်များများရရှိသည့် အပေးအယူတစ်ခုဖြစ်ပေမယ့် ရှုယီအနေဖြင့် အခြားသူများထက် ပိုပြီး ရှင်းရှင်းလင်းသိထားသည်က ထိုအပေးအယူတွင် Frestech ကုန်သည်ကြီးများအသင်းက ပိုများသည့်ပမာဏရရှိမည်ဟု၍ပင်ဖြစ်သည်။

အနာဂတ်က စိတ်ပူပန်စရာများကို ဖြေလျော့သည့်အနေဖြင့် ထိုသတ္တုတွင်းများအပေါ် အားထားနေသည်ကို စဉ်းစားရင်း ရှုယီကတော့ ထုံးစံအတိုင်း စိတ်အခြေအနေကောင်းနေခဲ့သည်။ သူက အမ်ရစ်ကုန်သည်ကြီးများအသင်း၏ဥက္ကဌဖြစ်သူ မွန်းခရုစ်နှင့်ဆုံသည့်အချိန်တွင်တောင်မှ သူ့မျက်နှာပေါ်မှာ အားရပါးရပြုံးနေသည့်ဟန်ပေါ်နေခဲ့ပြီး မန်နေဂျာရီလိုင်းကို ပြောခဲ့သည့်စကားများကိုတောင် မေ့လုနီးပါးဖြစ်ခဲ့ရသည်။

“ဥက္ကဌရှုက ရှားရှားပါးပါး ကျွန်တော်နဲ့တွေဖို့လာခဲ့တာပေါ့၊ တကယ်ကြီးကို ဝမ်းသာပီတိဖြစ်မိပါတယ်ဗျာ။ ဒါပေမယ့် ဘာဖြစ်လို့ ဆောက်လုပ်ရေးနေရာမှာ တွေ့ဖို့ ချိန်းဆိုခဲ့တာလဲ?” ဥက္ကဌ ခရုစ် က နံရံတစ်ခုဆောက်မည့်ဆဲဆဲ မြေလွတ်တစ်ခုက လက်ညှိုးထိုးပြကာ မေးလိုက်သည်။ “ ရာသီဥတုက အရမ်းကိုအေးနေတာပဲ။ ကျွန်တော်တို့ တစ်ခုခုကိုသောက်ပြီး စကားပြောလိုကောင်းမယ့်နေရာကို ရှာကြတာ ပိုမကောင်းဘူးလား”

ဥက္ကဌခရုစ်အတွက်ပိုပြီး အံ့ဩတကြီးဖြစ်ခဲ့ရသည့်အကြောင်းက Frestech ကုန်သည်ကြီးများအသင်းအတွက် အလုပ်ရုံအသစ်တည်ဆောက်ပြီးလုဆဲ ဖြစ်သည့်တိုင် ရှုယီက သူနဲ့ လုံးဝကို တွေ့ဆုံခြင်းမရှိခဲ့သည်ဆိုတာထက် ဘန်တာမြို့အပြင်က ဆောက်လုပ်ရေးလုပ်ငန်းခွင်အငယ်လေးမှာ သူကို တွေ့ဆုံဖို့ချိန်းဆိုခဲ့ခြင်းပင်ဖြစ်သည်။ သူက မန်နေဂျာရီလိုင်းအပြင် အခြားဘယ်သူ့ကိုမှ ခေါ်လာခြင်းမပြုရဟုပါ တောင်းဆိုခဲ့သည်။

“သောက်စားပြီး စကားပြေဖို့ကတော့ အခွင့်အရေးအများကြီးရှိပါတယ်ဗျာ။ ဒါပေမယ့် ဥက္ကဌခရုစ်ရာ မင်းရှေ့မှာ ရှိနေတဲ့ အခွင့်အရေးကို လက်လွတ်ခံလိုက်လို့ ဘယ်ဖြစ်ပါ့မလဲ၊ ဟုတ်တယ်မို့လား” ရှုယီက ဥက္ကဌခရုစ်ကို ဆန်းကြယ်လှသည့်အပြုံးပြုံးပြခဲ့ပြီး သူရဲ့မြင်းလှည်းပေါ်ကနေ လေးလံလှသည့်အဝတ်အိတ်ကြီးကိုယူခဲ့ကာ ဥက္ကဌခရုစ်နှင့် မန်နေဂျာရီလိုင်းတို့ရှေ့ ချထားလိုက်သည်။

“အဲ့တာဘာကြီးလဲ”ဟုဆိုတာ သူတို့နှစ်ယောက်စလုံး အဝတ်အိတ်ကြီးကို ငေးကြည့်နေခဲ့ကြသည်။

ရှုယီက ဘာမျှမပြောခဲ့ပဲ ပြုံးနေလိုက်သည်။ သူက မန်နေဂျာရီလိုင်းအား “မန်နေဂျာရီလိုင်း မင်းရဲ့ အလုပ်သမားတွေက နံရံကိုတည်ဆောက်တဲ့အခါမှာ သူတို့က အုတ်ခဲတွေနဲ့ ဘယ်လိုပုံစံသုံးပြီး တည်ဆောက်တာလဲ?”

မန်နေဂျာရီလိုင်းက အံ့ဩသည်ဟန်ဖြစ်သွားကာ ရှုယီက ဘာကြောင့် ထိုမေးခွန်းများမေးခဲ့သည်ကို နားမလည်နိုင်ဖြစ်နေခဲ့သည်။ ဥက္ကဌခရုစ်အား တွန့်ဆုတ်တွန့်ဆုတ်ကြည့်လိုက်ပြီးနောက် သူ့ဆီကနေ သဘောတူသည့် ခေါင်းညိတ်ပြလိုက်သည့်အခါတွင် “အဲ့တာက ထုံးကျောက်နဲ့ ရွံ့မြေကို ပေါင်းစပ်ထားပဲလေ ဘာမှထူးထူးခြားခြားမဟုတ်ပါဘူး”

ရှုယီက အဝတ်အိတ်ကို ထိုးပြကာ “ အဲ့ဒီတော့ ထုံးကျောက်အစား အဲ့ဒါကို အသုံးပြုကြည့်ပါလား”

မန်နေဂျာရီလိုင်းက ထိုအိတ်ကို ခေါင်းရှုပ်ရှုပ်ဖြင့် ဖွင့်လိုက်ပြီး ခဏအကြာကြည့်ပြီးနောက် သူက အလန့်တကြားဖြင့် ဥက္ကဌရှု “ဒါက ဒါက…”။

“အဲ့ဒါကို ဘိလပ်မြေလို့ခေါ်တယ်။ အဲ့တာက ထုံးကျောက်လိုမျိုး။ တခါလောက်စမ်းသုံးကြည့်ပါ။ ထုံးကျောက်ကိုသုံးရတာထက် ပိုပြီး လွယ်ကူပါလိမ့်မယ်”

မန်နေဂျာရီလိုင်းက ဘိလပ်မြေ လက်တစ်ဆုပ်ခန့်ယူလိုက်ပြီး ဖိချေလိုက်ကာ သူလက်ထဲကနေ အမှုန့်သန့်သန့်များကျလာခဲ့သည်။

သည်နှစ်ပိုင်းများတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ လုပ်ကိုင်နေပြီးနောက် သာမန်အလုပ်သမားအဖြစ်ကနေ မန်နေဂျာဖြစ်လာခဲ့သူ မန်နေဂျာရီလိုင်းက ထိုအရာကို ထိလိုက်ရုံမျှဖြင့် ထိုပစ္စည်းမှာ ထူးခြင်းသည့် ဂုဏ်အရည်အသွေးမှာ ရှိနေကြောင်း သိခဲ့သည်။ အခြားအရာတွေ ဖယ်ထားပြီး ထိုအမှုန့်တွေက သူတို့အသုံးပြုနေကြ ထုံးကျောက်တုံးအမှုန့်များနှင့် ယှဉ်ကြည့်သည့်အခါ ပိုပြီးနူးညံ့ညက်ညောနေသည်

ဖြစ်သည်။

အချိန်အနည်းငယ်လောက် ပွတ်ကြည့်နေပြီးနောက် မန်နေဂျာရီလိုင်း လေကုန်ခံ ပြောမနေတော့ပဲ ရှုယီ အသင့်ယူလာသည့် ဂေါ်ပြားကိုကောက်ယူလိုက်သည်။ သူက ဂေါ်တစ်ပြားစာ ဘိလပ်မြေကို ယူလိုက်ပြီး ဘေးမှာရှိနေသည့် သဲနှင့်ရောမွှေလိုက်ကာ ရေကိုဂရုတစိုက်ထည့်ပြီး သမအောင် မွှေနေလိုက်သည်။

ထိုဘိလပ်မြေကိုကြည့်ရင်း သဲနှင့်ရေက တဖြည်းဖြည်းအတူပေါင်းစည်းသွားက မန်နေဂျာရီလိုင်းသာမက ဥက္ကဌခရုစ်တောင်မှ သူရဲ့မျက်လုံးတွင် ထူးဆန်းသောအကြည့်ဖြစ်ပေါ်လာခဲ့သည်။

အမ်ရစ်ကုန်သည်ကြီးများအသင်း၏ ဥက္ကဌအနေဖြင့် ဥက္ကဌခရုစ်က ဘိလပ်မြေရဲ့ ထူးခြားမှုကို အလိုအလျောက် တွေ့မြင်နိုင်သည်ဖြစ်သည်။

တဖြည်းဖြည်း ရောမွှေပြီးနောက် မန်နေဂျာရီလိုင်းက အုတ်ခဲကိုယူလိုက်ပြီး ထိုမဆလာကို အချိုးအစားကျကျ သုတ်လိမ်းလိုက်ခဲ့ကာ နံရံပေါ်မှာ မြဲမြံစွာ နေရာချထားလိုက်သည်။

သူတို့အနေဖြင့် ဘိလပ်မြေခြောက်သွားသည့်တိုင်အောင် စောင့်နေစရာပင်မလိုခဲ့ပါ။ လက်ရဲ့ အထိအတွေ့ ခံစားချက်ဖြင့်ပင် မန်နေဂျာရီလိုင်းက ဘိလပ်မြေကနေလုပ်ထားသည့် မဆလာက ထုံးကျောက်ကနေလုပ်သည့် မဆလာ ထက်ပို၍ကောင်းနေသည်ကို အတပ်ပြောနိုင်ခဲ့သည်။

မန်နေဂျာရီလိုင်းက ထိုမဆလာများကို အသုံးပြုပြီး အုတ်တန်း (၂) တန်းစာလောက် ဆောက်လုပ်နေသည်ကို ကြည့်ရှုပြီးနောက် ဥက္ကဌခရုစ်က ရှုယီအား မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။

“ ဥက္ကဌရှု ဒါက ဘာသဘောလဲ”

ရှုယီက ခပ်ရေးရေးပြုံးလိုက်ကာ “ဒီနေရာမှာ အခြားဘာအဓိပ္ပါယ်မှမရှိပါဘူးဗျာ။ ကျွန်တော်က ဒီဘိလပ်မြေ ဖော်စပ်ပုံက ရှေးဟောင်းစာအုပ်တစ်အုပ်ကနေ တွေ့ခဲ့ရပြီး ခင်ဗျားတို့လို အထူးကျွမ်းကျင်သူတွေက အဲ့ဒါကို အကဲဖြတ်ကြည့်ပေးဖို့ပါပဲ”

သူတို့က ထုံးစံအတိုင်း ရှုယီရဲ့စကားလုံးများကို ယုံကြည်ခြင်းမရှိခဲ့ပါ။ ဘယ်လိုရှေးဟောင်းစာအုပ်မျိုးကများ အခုလိုအကြောင်းရာများပါနိုင်မှာလဲ။ အကယ်၍ပါခဲ့လျှင်တောင် ဆောက်လုပ်ရေးကိုမှီခို လုပ်ကိုင်နေသည့် သူတို့တွေက ထိုအကြောင်းကို ဘယ်လိုကြောင့်မသိပဲနေခဲ့သနည်း။

ဒါပေမယ့် ဒီအချိန်မှာတော့ ရှုယီအားမြင်သာအောင်ပြောရမည်အချိန်မှာမဟုတ်ပါ။ ဥက္ကဌခရုစ်က ထိုအကြောင်းကို စဉ်းစားပြီး လေးနက်သောအသံဖြင့် “ဥက္ကဌရှု အကုန်လုံးက ဉာဏ်ကောင်းတဲ့သူတွေကြည့်ပဲ ရှည်ရှည်ဝေးဝေး ပြောနေစရာမလိုပါဘူး။ ကျွန်တော်အနေနဲ့ အဲ့ဒီ ဘိလပ်မြေကို စိတ်ဝင်တစားရှိတယ်။ တကယ်လို့ မင်းက သူ့ရဲ့လုပ်နည်းစာရွက်ကိုသာ ထုတ်ပေးခဲ့မယ်ဆိုရင် မင်းလိုချင်တဲ့ အနေအထားကို ငါတို့ဆွေးနွေးလို့နိုင်တယ်လေ”

ရှုယီက ဟန်လုပ်ပြီး ရယ်လိုက်ကာ “ဥက္ကဌခရုစ် ခင်ဗျားမှာ ရိုးသားမှုတွေတစ်ခုမှမရှိတော့ဘူးလား။ ဖော်စပ်နည်းကို ထုတ်ပေးရမယ်ဟုတ်လား။ အဲ့ဖြစ်နိုင်တယ်လို့ ခင်ဗျာက တွေးနေတာလား”

ဥက္ကဌခရုစ် နှုတ်ဆိတ်သွားခဲ့သည်။ အမှန်တော့ သူလည်းပဲ ရှုယီက သူရဲ့ တောင်းဆိုချက်ကို သေချာပေါက် လက်မခံနိုင်သည်ကို သိပြီးပြီဖြစ်ပေမယ့် ထိုဘိလပ်မြေက အတော်ကို ကောင်းလွန်းနေခဲ့တာဖြစ် ပြီး သူစိတ်ကလိုချင်နေသည်ကို ထိန်းမရနိုင်ဖြစ်နေခဲ့သည်။

ခဏအကြာစဉ်းစားပြီးမှာတော့ ဥက္ကဌခရုစ်က “ ဟုတ်ပါပြီဗျာ ဥက္ကဌရှု မင်းရဲ့အခြေအနေသာ ပြောပြပါ။ မင်းက ဒီနေရာမှာ ငါ့ကို အထူးတလည်ကိုတွေ့ဖို့ ခေါ်ခဲ့တာကြောင့် မင်းမှာ ငါနဲ့တွဲလုပ်ဖို့ အကြံရှိပြီးသား ဟုတ်တယ်မဟုတ်လား”

“အမှန်တော့ ကျွန်တောက အဲ့ဒီကြိုးစားအားထုတ်မှုအကုန်လုံးကို အလဟဿမဖြစ်စေချင်ဘူး” ရှုယီက မြေပေါ်က အသုံးမပြရသေးသည့် ဘိလပ်မြေကို ထိုးပြကာ “ရှင်းရှင်းပြောရရင်တော့ ဥက္ကဌခရုစ် အဲ့ဒီဘိလပ်မြေတွေကို မကြာသေးမှီအချိန်ကပဲ ကျွန်တော်တို့ရဲ့ Frestech ကုန်သည်ကြီးများအသင်းက ဖွံ့ဖြိုးအောင်လုပ်ခဲ့ပြီး အရေအတွက်အမြောက်အမြားစတင်ထုတ်လုပ်နေပြီ။ ဒီမှာ ခင်ဗျားကို ကျွန်တော်မေးချင်တာက အဲ့ဒီပစ္စည်းက ပေါ်လာပြီးပြီ မင်းကို ထပ်ပြီးမေးချင်တာက ခင်ဗျာရဲ့ အမ်ရစ်ကုန်သည်ကြီးများအသင်းက အဲ့ဒါကို စိတ်ဝင်စားမှုရှိရဲ့လား”

ဥက္ကဌခရုစ်က အေးစက်စက်ဖြင့်နှာတစ်ချက်မှုတ်လိုက်ကာ “ဥက္ကဌရှု တည့်ကြီးမမေးပါနဲ့။ မင်းအနေနဲ့ အဲ့ဒီ ဘိလပ်မြေတွေကို ဘယ်လိုရောင်းချဖို့ စီစဉ်ထားလဲ။ ကျွန်တော်တို့ အမ်ရစ်ကုန်သည်ကြီးများအသင်းကတော့ မင်းမှာရှိသမျှ အကုန်လိုချင်တယ်။ စီးပွားရေးအသင်းမှာ ငါတို့အကုန်လုံးက မိတ်ဆွေတွေပဲဆိုတော့လေ၊ ဒါကြောင့် မင်းက ဈေးတင်ပြီး မရောင်းဘူးလို့တော့ ငါမျှော်လင့်မိပါတယ်။

ရှုယီကရယ်လိုက်ကာ “ဥက္ကဌခရုစ် ကျွန်တော့်ကို ဘယ်လိုလူစားမှန်းထင်နေလို့လဲ။ ဒီလိုမျိုးဘိလပ်မြေအတွက် တစ်တန်ကို ရွှေဒင်္ဂါ (၆)ပြား အသေသတ်မှတ်ထားပြီးသားပါ၊ အဲ့တာ ဈေးနှုန်းသင့်တင့်တယ်လို ခင်ဗျားထင်လား”

“ရွှေဒင်္ဂါး (၆)ပြား ပဲလား” ဥက္ကဌခရုစ်နှင့် မန်နေဂျာရီလိုင်း ထိန်းမရတော့ပဲ ပြောထွက်သွားကာ “ အဲ့တာ အဲ့တာက အရမ်းကို…”

လူရည်လည်သည့် ထိုနှစ်ယောက်အဖို့တော့ ကောင်းသည့်အချက်ဖြစ်ကာ “ဈေးချိုသည့်” စကားလုံးကို ပြန်မြိုချလိုက်တော့သည်။

ဒါပေမယ့် ထိုလူတွေရဲ့ ထိတ်လန့်သည့် အမူအရာကိုကြည့်ခြင်းအားဖြင့် ထိုဈေးနှုန်းကြောင့် တုန်လှုပ်သွားခဲ့သည်မှာ အသိသာကြီးဖြစ်သည်။

သိထားမိသလောက် ထုံးကျောက်အမှုန့်က လက်ရှိဈေးကွက်မှာ တစ်တန်ကို ရွှေဒင်္ဂါး (၆) ပြားနှုန်း ဖြစ်သည်။ ထိုဘိလပ်မြေက ထုံးကျောက်ထက်အများကြီးပိုကောင်းနေသည်မှာ အသိသာကြီးဖြစ်သောကြာင့် သူတို့အနေဖြင့် ရှုယီက မိုးလောက်မြင့်သည့်ဈေးပေး မည်ကို ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။ ရှုယီက ထုံးကျောက်ဈေးနှုန်းနှင့် တန်းတူ ပေးမည်ကို သူတို့ လုံးဝကိုမထင်ထားခဲ့ပါ။

အမှန်တော့ ထိုဈေးက အရမ်းကို နည်းနေခဲ့တာဖြစ်သည်။

“အဲ့ဒါက … ဥက္ကဌရှု ခင်ဗျား အမှန်အတိုင်းပြောနေတာလား” ခဏအကြာမှာတာ့ ဥက္ကဌခရုစ်က မယုံနိုင်သည့်ဟန်ဖြင့် မေးလိုက်သည်။

“တကယ်ကို အမှန်ပါပဲ ဘာကြောင့်များ ကျွန်တော်က ခင်ဗျားကို လိမ်ပြောရမှာလဲ။” ရှုယီက ခပ်ရေးရေးပြုံးပြီးပြောလိုက်ကာ “အဲ့တာကိုဘယ်လိုသဘောရလဲ ။ ဈေးနှုန်းက သင့်တင်တယ်လို့ ခင်ဗျာထင်သလား”

“သင့်တယ်၊ သင့်တင့်ပါတယ် တကယ်ကြီးကို မျှတတဲ့ဈေးနှုန်းပါ “ဥက္ကဌခရုစ်က ခေါင်းတစ်ဆတ်ဆတ် ညိတ်ရင်း ဈေးချိုသည်နှင့်ပတ်သတ်ပြီး ရှုယီ နောက်တရနေမည်ကို သူက ကြောက်ရွံ့နေဟန်ပေါ်သည်။ ခဏအကြာ ငြိမ်နေပြီးကာမှာ သူက “ဒါပေမယ့် ဥက္ကဌရှု ငါတို့က စီးပွားရေးအသင်းက မိတ်ဆွေတွေဖြစ်နေတာကြောင့် ကျွန်တော် နည်းနည်းလောက်တောင်းဆိုလို့ရမလား ဒါကို မင်းသဘောတူနိုင်ဖို့လည်း မျှော်လင့်မိပါတယ်”

“ ရပါတယ် မေးပါဗျာ”

“ မင်းက ဒီဘိလပ်မြေတွေကို အမြောက်အမြား စတင်ထုတ်နေတုန်းဆိုတော့ မင်းမှာ အများကြီးတော့ မရှိသေးဘူးမဟုတ်ာလား။ အဲ့လိုမျိုးကြောင့် မင်း ကုမ္ပဏီမှာရှိတဲ့ ဘိလပ်မြေအကုန်လုံး အဲ့တာတွေက ဘယ်လောက်ပဲဖြစ်ဖြစ် ငါတို့ အမ်ရစ်ကုန်သည်ကြီးများအသင်းကအကုန်လုံးကိုလိုချင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါအနေနဲ့ ဈေးကို တစ်တန် ဈေးနှုန်း ရွှေဒင်္ဂါး (၆) ပြားတစ်ဝက်အထိ တိုးပေးနိုင်ပါတယ်၊ မင်းဘယ်လိုသဘောရလဲ”

ရှုယီက မနှစ်မြိုသည့်အမူအရာဖြစ်သွားပြီး ခဏအကြာ ဆုံးဖြတ်ပြီးမှ ခေါင်း ဖြေးဖြေးညိတ်ပြီး “ကောင်းပြီလေ ဥက္ကဌကြီးရန့်ခ်က ဒါကို ပြောထားပြီးသားပဲ။ ငါတို့တွေက စီးပွားရေးအသင်းက အဖွဲ့ဝင်တွေပဲ၊ တစ်ဦးနဲ့ တစ်ဦးကူညီသင့်တာပေါ့။ အဲ့ဒါကို အခြေခံပြီး ငါတို့ Frestech ကုန်သည်ကြီးများအသင်းက နောက်(၂)နှစ်အတွင်း ထုတ်လုပ်သမျှ ဘိလပ်မြေတိုင်းကို မင်းတို့ရဲ့ အမ်ရစ်ကုန်သည်ကြီးများအသင်းကိုပဲတင်သွင်းမယ်။ အဲ့တာတွေအပြင် ကျွန်တော်အနေနဲ့ ခင်ဗျားတို့ကို ဘိလပ်မြေနောက်ထပ်သုံးနည်းတွေကိုပါပေးမယ်။ ဘိလိပ်မြေကိုပိုတောင့်တင်းအောင် လုပ်နည်းတွေပေါ့။”

ရှုယီက (၂)နှစ်အတွင်းသာအကုန်ရောင်းချမည်ဆိုသည့် စကားကိုကြားရပြီးနောက် ဥက္ကဌခရုစ်နှင့် မန်နေဂျာရီလိုင်းတို့အတော်ကို စိတ်ပျက်သွားကြပေမယ့် ရှုယီက ဘိလပ်မြေကိုတောင့်တင်းအောင်လုပ်ခြင်းအကြောင်းကို ထည့်သွင်းပြောဆိုသည့် အချိန်မှာတော့ သူတို့နှစ်ယောက်စလုံး မျက်လုံးများပြူးထွက်လာခဲ့သည်။

ရှုယီက အထူးတလည် ရည်ညွှန်းပြောဆိုထားသည်ဖြစ်သည့်ကြောင့် အထိုအရာမှာ သေချာပေါက် အထူးဖြစ်နေမှာဖြစ်သည်။

အမ်ရစ်ကုန်သည်ကြီးများအသင်းက ဘိလပ်မြေအသုံးပြုပုံများကို အခြားသူများထက်ပိုပြီး ဆုပ်ကိုင်ထားနိုင်ပါက အမ်ရစ်ကုန်သည်ကြီးများအသင်းက ဆောက်လုပ်ရေးစီးပွားရေးလောကမှာ တဟုန်ထိုးအောင်မြင်သွားမည်ဖြစ်သည်။ ဒီအတွက်ကြောင့် သူတို့က ဘန်တာမြို့အပြင် အခြားမြို့များမှာပါ လုပ်ကိုင်နိုင်ပြီး လမ်ပူရီတိုင်းပြည်တွင် အကောင်းဆုံးဆောက်လုပ်ရေးကုမ္ပဏီအထိ ဖြစ်လာနိုင်သည်။

***

မှော်စက်မှုအင်ပါယာ

Vol 1, အခန်း ၁၂၃ ။ ကြောငြာတစ်ခုအနေနဲ့ ရှုံးနိမ့်မှု

ဥက္ကဌခရုစ်တို့အား နှုတ်ဆက်စကားဆိုပြီးနောက် ရှုယီကတစ်ကိုယ်တည်း မြင်းလှည်းလေးဖြင့် ဘန်တာမြို့ဆီသို့ ဦးတည်ထွက်သွားခဲ့သည်။

ချောင်ကျသည့်နေရာသို့ သူရောက်သွားသောအခါ ရှုယီဘေးမှာ ပုံပျက်နေသည့် နေရာလပ်တစ်ခုရှိနေသည်။ နူးညံ့လှသည့် အမွှေးရနံနှင့်အတူ လူတစ်ယောက်က သူ့ဘေးနားကခုံမှာ ဝင်ထိုင်နေခြင်းပင်။

“ဥက္ကဌရှု ရှင်သူတို့ နှစ်ယောက်ကို ဘာတွေပြောခဲ့တာလဲ။ အခုချိန်မှာ သူတို့ ကုမ္ပဏီတွေကို လိုချင်နေရတာက ရှင်ပြောထားတဲ့ ကျွန်မတို့မျိုးနွယ်စုရဲ့ မြစ်ပေါ်မှာ ရေကာတာဆောက်မလို့လား” အက်ဂ်နက်စ်က မျှော်လင့်ချက်ပါသည့်အကြည့်ဖြင့် မေးလိုက်သည်။

“အခြားမြစ်တွေမှာသွားပြီး ငါက ရေကာတာဆောက်ဖို့လိုတယ်လို့ မင်းထင်နေလား” ရှုယီက ပြုံးပြီးပြန်မေးလိုက်သည်။

“အာ့ဆို ရှင်ဆိုလိုတဲ့သဘောက ငါတို့ကို ကူညီဖို့ စီစဉ်နေပြီပေါ့ဟုတ်လား” အက်ဂ်နက်စ် ရုတ်တရက်ကြီး စိတ်လှုပ်ရှားလာခဲ့တော့သည်။

ရှုယီက သူ့ခေါင်းက အကူအညီမဲ့သည့်ဟန်ဖြင့် ရမ်းလိုက်ကာ “ မိန်းမပျိုအက်ဂ်နက်စ် ကျွန်တော် မကူညီနိုင်ဘူးလို့ ဘယ်တုန်းကမှ မပြောခဲ့ပါဘူးဗျာ၊ အခုဖြစ်နေပုံက အစကတည်းက ကျွန်တော်ပြောတာ မယုံကြည်ခဲ့တဲ့ပုံပဲ။”

အက်ဂ်နက်စ်က သူမခေါင်းကို အသာအယာငုံလိုက်ကာ စိတ်မသက်သာသည့်ပုံဖြင့် “တောင်းပန်ပါတယ်ရှင် ကျွန်မတို့ မျိုးနွယ်စုက အကြီးတွေက ငယ်ငယ်လေးကတည်းက လူသားတွေကိုမယုံဖို့ သွန်သင်ထားလို့ပါ”

“မင်းတို့လို့ နတ်သူငယ်တွေက လူသားတွေအပေါ်မှာ မနာလိုမုန်းထားမှာကို အတော်ကိုကြီးတာပဲ” ရှုယီက သက်ပြင်းချလိုက်ကာ “ငါဝန်ခံပါတယ် ကလိမ်ကကျစ်ကျတဲ့ ငါတို့ထဲမှာ လူသားတွေ ရှိနေပေမယ့်လည်း ငါ့လိုမျိုး ရိုးသားတဲ့သူတွေလည်း ကျန်ရှိနေပါသေးတယ်။ မင်းတို့ နတ်သူငယ်တွေက လူသားတွေရဲ့ လိမ်လှည့်စားခြင်းကို အကြိမ်ပေါင်းများစွာခံခဲ့ရတာနဲ့ ငါတို့ လူသားအားလုံးကို အတူတူနဲ့အနူနူတွေလို့ သတ်မှတ်ထားတာ အဲ့တာက အရမ်းကိုအစွဲကြီးရာကျတယ်”

အက်ဂ်နက်စ်က သူမရဲ့ခေါင်းကို ရမ်းလိုက်ကာ “အဲ့တာ အကြိမ်ရေရေနည်းနည်းလေးမှ မဟုတ်တာ။ အကြီးအကဲတွေ ပြောစကားအရ ငါတို့ နတ်သူငယ်တွေရဲ့ သမိုင်းမှာ ငါတို့တွေက လူသားတွေရဲ့ လှည့်ဖြားချင်းကို မရေတွက်နိုင်အောင် ခံစားခဲ့ရတာ၊ အဲ့ဒီတော့ ငါတို့နတ်သူငယ်တွေက လူသားတွေပြောသမျှကို တစ်ခုမှ အယုံအကြည်မရှိဘူး” ပြောလက်စရပ်ပြီးနောက်မှာ အက်ဂ်နက်စ်က သံသယအပြည့်ပါသည့် အကြည့်ဖြင့် “ ဥက္ကဌရှု တကယ်တော့ ကျွန်မအရမ်းကိုသိချင်နေမိတာ။ လူသားတွေက မျိုးနွယ်တူချင်း ဖြစ်နေပါလျက်နဲ့ ဘာကြောင့်များ လူသားတိုင်းစီက ကွဲပြားနေရတာလဲ”

ရှုယီကမျက်လုံးကို ပင့်တင်ကြည့်လိုက်ပြီး “နတ်သူငယ် မျိုးနွယ်ကသူတွေရော အကုန်လုံးက အတူတူပဲဆိုတာ ဖြစ်နိုင်ပါ့မလား။ ဥပမာအနေနဲ့ သူတို့အားလုံးက အပြစ်ကင်းစင်တဲ့ မင်းလိုမျိုး ရိုးရိုးသားသားစိတ်ရှိကြတဲ့ သတ္တဝါတွေ ဟုတ်ကြလို့လား။ မင်းတို့ရဲ့ အကြီးအကဲတွေ ဘာတွေတွေးနေကြမှန်းတော့ ငါမသိဘူး၊ အမှန်တော့ အကူညီတောင်းဖို့အတွက် အခြားမျိုးနွယ်တွေဆီ မင်းကို လွှတ်ခဲ့တာမဟုတ်လား။ လူသားတွေက နင့်ကို ရောင်းစားပစ်မှာကို သူတို့ မကြောက်ကြဘူးလား” ဆတ်ခနဲ့ ပြန်မေးလိုက်သည်။

အက်ဂ်နက်စ်က အပြစ်ကင်းသည့်ဟန် မျက်တောင်လေးတစ်ဖျတ်ဖျတ်ခတ်ကာ ဇေဝေဇဝါ ဖြစ်သွားဟန်တူသည်။

“ဥက္ကဌရှု စိတ်တစ်ခုတည်းပဲရှိတဲ့သတ္တဝါဆိုတာ ဘာလဲဟင်။ ကျွန်မက အဲ့လို အပြစ်ကင်းတဲ့သူလို့ ရှင်တကယ်ကြီး ထင်နေတာလား”

ရှုယီက ခေါင်းကိုခါလိုက်ကာ ထိုအကြောင်းများကို နတ်သူငယ်မျိုးနွယ်က မိန်းမပျိုအား ရှင်းပြဖို့ရန် အပျင်းကြီးနေခဲ့သည်။ ထို့နောက်သူက “ကောင်းပါပြီဗျာ အခုလေးတင် မင်းကြားခဲ့တာပဲ။ ငါက အမ်ရစ်ကုန်သည်ကြီးများအသင်းကို မြစ်ထဲရေကာတာဆောက်ဖို့ အကူအညီတောင်းခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘိလပ်မြေကို အသုံးချဖို့ပဲဖြစ်ဖြစ်၊ ဘိလပ်မြေကို ဘယ်လိုပုံစံ အသုံးချဖို့ပဲဖြစ်ဖြစ် ဘိလပ်မြေအရောအနှောကို တိုးတက်စေလိုတာပဲဖြစ်ဖြစ် အဲ့တာတွေအတွက် အချိန်တော့လိုမှာပဲ၊ အဲ့ဒီတော့ လက်ရှိမှာ မင်းတို့မျိုးနွယ်စုရဲ့ ရေအရင်းမြစ်ကိုတော့ ငါတို့ မပြောင်းနိုင်သေးဘူး။ဟုတ်ပြီ အက်ဂ်နက်စ် မြေအောက်ရေကိုအသုံးပြုဖို့ နင် တခါမှမစဉ်းစားဖူးဘူးလား။ မြစ်ရေစီးကြောင်းက ပြောင်းလဲသွားပေမယ့်လည်း မြေအောက်ကရေက အဲ့လိုမျိုး လွယ်လွယ်နဲ့ မပြောင်းလဲဘူးလေ။ မိုးသစ်တောက ဘဘာဝပေါက်ပင်တွေက အတော်ကို ရှင်သန်ကြီးထွားကြတာဆိုတာ့ မြေအောက်ရေကအတော်ကို များပြားရှိသင့်တယ်။”

“မြေအောက်ရေ ဟုတ်လား”။ အက်ဂ်နက်စ်က ထိုအကြောင်းကို စဉ်းစားလိုက်ပြီး “အကြီးအကဲတွေက အဲ့ဒါကိုလည်း ကြိုးစားကြည့်ပြီးပြီ> မြေအောက်ရေကိုအသုံးချဖို့ သူတို့က ရေတွင်းတူးချင်နေခဲ့နေတာ> ဒါပေမယ့် ငါတို့ တူးတာ (၁၀) မီတာအရောက်မှာတော့ ငါတို့ အောက်ခံကျောက်တုံးကိုပဲ တွေ့လိုက်ရပြီး ဆက်တူးလို့မရတော့ဘူး” ဟုပြန်ဖြေလိုက်သည်။

“မင်းတို့က ဖြစ်နိုင်တာက မြေအောက်ကျောက်အလွှာကို ထိသွားတာပဲ။ ငါရဲ့အတွေ့အကြုံရဆိုရင် မင်းတို့ အဲ့ဒီအလွှာကို ထိုးဖောက်နိုင်သမျှ ရေအရင်းမြစ်ဆီ ရောက်နိုင်လေပဲ။ မဟုတ်မှလွဲရော နင်တို့ အဲ့ဆင့်မှာ လက်လျှော့လိုက်ကြတာလား”

အက်ဂ်နက်စ်က စိတ်ဓာတ်ကျနေသည့် အမူအရာဖြင့် “အကြီးအကဲတွေပြောပုံအရ မြေအောက်က အောက်ခံကျောက်တုံးက အရမ်းကို ထူနေတော့ ငါတို့ရဲ့ အစွမ်းနဲ့ ထိုးဖောက်နိုင်ခြင်းမရှိခဲ့ဘူးလေ။ ငါတို့ ချိုးဖျက်ချင်ရင်တောင် ငါတို့က လူသားတွေရဲ့ အဆင့်မြင့်မြေစွမ်းအားမှော်မပါပဲ မလုပ်နိုင်ကြဘူးလေ။ ငါတို့အနေနဲ့က မြေစွမ်းအားမှော်အစွမ်းရှင် ကျွမ်းကျင်ဘုန်းတော်ကြီးတွေ ကိုယ်တိုင်လာပြီး တားမြစ်မန္တာန် အသုံးပြုမှသာ ငါတို့ လုပ်နိုင်ကြမှာ။ ဒါပေမယ့် ကျွမ်းကျင်ဘုန်းတော်ကြီးတွေက နင်တို့ လူသားတွေထဲမှာ အဆင့်မြင့်လူသားတွေ ငါတို့က သူတို့ကို ဖိတ်ခေါ်ဖို့ မပြောနဲ့ သူတို့ကို တွေ့ဖို့တောင်မလွယ်ဘူး”

“အဲ့လိုကြီးတော့ အတပ်ပြောလို့မရပါဘူး” ရှုယီက ခပ်ရေးရေးပြုံးလိုက်ကာ “ မင်းတို့ သူ့ကို အကျိုးခံစားခွင့်အလုံအလောက် ပေးနိုင်နေရင် အဲ့ဒီ ကျွမ်းကျင်ဘုန်းတော်ကြီးက ရောက်လာပါလိမ့်မယ်”

အက်ဂ်နက်စ်က အကူညီမဲ့စွာဖြင့် “ဒါပေမယ့် ငါတို့မျိုးနွယ်စုက ကျွမ်းကျင်ဘုန်းတော်ကြီး ရောက်လာဖို့ ဘာမှလုပ်နိုင်စွမ်းကိုမှမရှိကြတာလေ”

“မင်းက ကိုယ့်တန်ဖို့းကို သတိမထားမိသေးလို့ပါ။ ဥပမာ ပြောရရင် ငါ့အထင်က မင်းက ဒီအတိုင်းလေးပဲကို အတော်ကို တန်ဖိုးရှိနေတာ “ ရှုယီက အက်ဂ်နက်စ်အား အဓိပ္ပါယ်အပြည့်ပါသောမျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်သည်။

အက်ဂ်နက်စ်က သူမကိုယ်ကို လက်ညှိုးထိုးကာ ငေးငိုင်သွားကာ “ကျွန်မကလား၊ ကျွန်မက သာမန်နတ်သူငယ်မျိုးနွယ်ဝင်တစ်ယောက်ပါ၊ ဘာထူးထူးထွေထွေ တန်ဖိုးမှမရှိပါဘူး”

ရှုယီက ရယ်မောလိုက်ကာ “မင်း အခုတော့ မသိသေးဘူးပေါ့။ ဒါပေမယ့် နောက်တစ်ချိန်ကျ နားလည်လာပါလိမ့်မယ်။ မင်းတို့ မျိုးနွယ်စုရဲ့ ရေပြဿနာကို ဖြေရှင်းဖို့အတွက် မင်းပြောခဲ့တာကို အခြေခံပြီး ငါယာယီဖြေရှင်းနိုင်မယ့် နည်းလမ်းကို ငါရုတ်တရက် စဉ်းစားမိသွားတယ်”

အက်ဂ်နက်စ်ရဲ့ မျက်လုံးများ လင်းလက်လာကာ “ တကယ်ကြီးလား၊ ဘာနည်းလမ်းများလဲ”

“ ခဏတော့ စိတ်ရှည်ပါဦး၊ ငါ မင်းကို အဖြေတစ်ခုပေးပါ့မယ်”

အက်ဂ်နက်စ်က ဆက်ပြီးမမေးတော့ပဲ သူမက ရှုယီအား တောက်ပနေသည့် မျက်လုံးများဖြင့် ကြည့်နေကာ အရင်လိုသံသယများ မရှိတော့ပါ။

ဘာအကြောင်းပြမရှိပါပဲနှင့် သူမက သိတာမကြာသေးပဲနှင့် ထိုလူသားလေးကို စပြီး ယုံကြည်နေမိပြီဖြစ်သည်။

မြင်းလှည်းလေးက ဝေးလံပြီးတိတ်ဆိတ်သည့် မြို့က ရပ်ကွက်ငယ်လေးဆီသို့ ရောက်လာခဲ့သည်။

ရှုယီ မြင်းလှည်းထဲကနေ ခုန်ထွက်လာခဲ့ပြီး ခဏအကြာ လမ်းလျှောက်ကာ တံခါးကို တွန်းဖွင့်နေလိုက်သည်။ သူက ခရမ်းဖျော့ဂါဝန်ဝတ်ဆင်ထားသည့် စတေးလ်တစ်ယောက် အနောက်ဘက်က ဥယျဉ်ခြံထဲမှာ မှော်မီးအိမ်ကိုင်ပြီးရပ်နေသည်ကိုတွေ့မြင်ခဲ့ရသည်။ ထိုမီးအိမ်က လန့်စ်၊ ကမ်ဘီနှင့် အခြား လူပုများက ထူးခြားသည့်စွမ်းရည်များ ပြုလုပ်ထားခဲ့သည်ဖြစ်သည်။ သူမက ခေါင်းက အနည်းငယ် အောက်ငုံနေပြီး တည်ငြိမ်နေသည့်အမူအရာနှင့် သူမရဲ့ နှုတ်ခမ်းလေးများက အနည်းငယ် ကွေးညွှတ်နေသည်။

တစ်ချက်ကလေးကြည့်လိုက်ရုံနှင့်ဖြင့် ရှုယီရဲ့ရင်ခုန်သံတွေ ထိန်းမရတော့ချေ။

စတေးလ်က နဂိုကတည်းက လှပြီးသား ဖြစ်ပေမယ့် အခုလိုမျိုး လှလှပပရပ်နေသည့်ပုံစံကြောင့် သူမရဲ့ တက်ကြွရွှင်လန်းနေသည့် ရောင်ဝါတွေက ရုတ်တရက်ကြီး ပြန်လည်သန့်စင်ပြီး နူးညံ့သွားစေသည်။ ထိုသို့ ကွာခြားမှုက ရှုယီအတွက် အတော်ကိုကြီးမားသည့် သက်ရောက်မှုတစ်ခုဖြစ်သည်။

စတေးလ်က တစ်ကြိမ်လောက် တည်ငြိမ်ပြီး ထိုပုံစံက ခရမ်းဖျော့ရောင်ဂါဝန်လေးနှင့် တွဲဖက်လိုက်သည့်အခါမှာတော့ သူမရဲ့ ကိုယ်ရောင်ကိုယ်ဝါများကို ပြောင်းလဲသွားစေခဲ့သည်။

အခုလို သူမ ရပ်နေသည်ကို အခြေခံပြီး “ဘန်တာမြို့နတ်ဘုရားမ” ဟုသည့် ဂုဏ်ပုဒ် ရထားသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

သူမနှင့် မလှမ်းမကမ်းမှာတော့ မာစတာအန်လီယိုးစ်က သူ့ရှေမှာ ပန်းချီဆွဲပတ္တူအကြီးကြီးရှိနေပြီး သူရဲ့ရှေ့က ရွေ့လျားနေသည့် မြင်ကွင်းများကို ရေးဆွဲဖို့ စိတ်နှစ်ထားသည်။

ရှုယီအနေဖြင့် လက်ရှိမှာ မာစတာအန်လီယိုးစ်က ပန်းချီဆွဲခြင်းမှာ ခံစားသက်ဝင်နေသည်ကို သိနေခဲ့သည်ကြောင့် မလှမ်းမကမ်းကနေပဲ ကြည့်လိုက်သည်။ ပန်းချီက ပြီးခါနီးဖြစ်နေသည်ကို သူမြင်ခဲ့သောကြောင့် သူကဘေးကနေပဲ ငြိမ်သက်စွာ ရပ်နေခဲ့ကာ သူတို့အား နှောင့်ယှက်ခြင်းမပြုခဲ့ပေ။

ထိုပန်းချီကို ရေးဆွဲပြီးဖို့ရင် နာရီဝက်ခန့် ကြာမြင်ခဲ့သည်။ ရှုယီအနေဖြင့် စတေးလ် အလှကိုဘယ်တောမှ့ ငြီးငွေ့ခဲ့ခြင်း မရှိသော်လည်းပဲ တစ်ချိန်လုံး မတ်တပ်ရပ်နေရသည်ကြောင့် သူရဲ့ခြေဖဝါးများ အတော်ကို နာကျင်နေခဲ့သည်။ မာစတာအန်လီယိုးစ်က နောက်ဆုံး စုတ်ချက်ကို အဆုံးသတ်ပြီး သူရဲကိရိယာများကို ဝေးမှာချထားလိုက်သည်ကို မြင်လိုက်ရသောအခါ သူက မြန်ဆန်စွာပဲ လမ်းလျှောက်ဝင်သွားခဲ့သည်။

သူက လာပြီး ပန်းချီပုံကို မြင်ပြီးသောအခါ မချီးကျူးပဲကို မနေနိုင်ဖြစ်သွားခဲ့ရသည်။

ထိုဆွဲထားသည့်ပုံက စတေးလ်ရဲ့အလှအပကို ပြည့်စုံစွာ ပုံတူးပွားထားသလား အောက်မေ့ရသည်။ ထိုပုံက လူအစစ်ကဲ့သို့ ရွေ့လျားမနိုင်သော်လည်းပဲ အတော်ကို အသက်ဝင်လှသည်။ ထိုပန်းချီကို မြင်တွေသွားသည့် မည်သူမဆို စတေးလ်ကိုယ်တိုင် အထဲဝင်နေသလားလို့တောင် တင်မြင်မိမည်ဖြစ်သည်။

ဒါပေမယ့် ခဏအကြာကြည့်ပြီးနောက်မှာတော့ ရှုယီအနေဖြင့် ပြဿနာတစ်ခုကိုတွေ့လိုက်ရသည်။

ထိုပန်းချီပုံမှာ စတေးလ်က လှုပ်ရှားသက်ဝင်နေပြီး အတော်ကို မျက်စိကျစရာဖြစ်နေပေမယ့် စတေးလ်ကိုသာ သတိပြုမှုကြီး လူအတော်များများကတော့ စတေးလ်ရဲ့လက်ထဲက မှော်မီးအိမ်ကို သတိပြုမိမှာမဟုတ်ပေ။

သိထားကြသည့်အတိုင်း ရှုယီက မာစတာအန်လီယိုးစ်အား ထိုပုံကို ဆွဲခိုင်းသည့် အကြောင်းမှာ Frestech ကုန်သည်ကြီးများအသင်းရဲ့မှော်မီးအိမ်အား ကြောငြာတစ်ခု ဖန်တီးစေချင်လို့ပဲဖြစ်သည်။ အကယ်၍ ထိုပုံကို သူတို့က ကြောငြာအဖြစ် အသုံးပြုလိုက်ပါက စတေးလ်ကို ကြောငြာပေးသလိုဖြစ်နေပြီး မှော်မီးအိမ်အတွက် ကြောငြာတစ်ခု မဖြစ်လာနိုင်တော့ပေ။

“ဥက္ကဌရှု မိန်းမပျိုစတေးလ်က ဆွဲဆောင်မှု ရှိနေသရွေ့တော့ လူတွေက ထုံးစံအတိုင်း သူမရဲ့ လက်ထဲက မှော်မီးအိမ်ကို သတိပြုမိလာကြမှာပါ။ ကျွန်တော့်အနေနဲ့ ဒါကို ပြဿနာလို့မထင်မိဘူးဗျ ၊ မင်းအရမ်းကို စိတ်ပူလွန်းနေတာဖြစ်မယ်” ရှုယီက ထိုသို့ စိတ်ပူနေလျှင်တောင် မာစတာအန်လီယိုးစ်က လုံးဝကို ဂရုစိုက်နေမှာမဟုတ်ပေ။

စတေးလ်ကရောက်လာပြီး ထိုပုံကိုကြည့်လိုက်သောအခါ သူမကထိုအကြောင်းကို စဉ်းစားလိုက်ပြီး မာစတာအန်လီယိုးစ်အား “မာစတာ ကျွန်မလည်း ရှုယီ ပြောတာမှန်တယ်လိုထင်တယ်။ မှော်မီးအိမ်ကို ပိုပြီး အလေးပေး ရေးဆွဲသင့်တယ်။ တကယ်လို့ ရှင်မလုပ်နိုင်ရင်တော့လည်း ကျွန်မမျက်နှာကို ပိုပြီး ဝါးထားလိုက်လေ”

မာစတာအန်လီယိုးစ်က ခေါင်းကို ရမ်းမြဲရမ်းနေခဲ့ပြီး “အဲ့တာက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ မိန်းမပျိုစတေးလ်က ဒီလောက်လှပနေတာကို တကယ်လို ငါတို့ မင်းမျက်နှာကို ဝါးထားလိုက်ရင် ကောင်းကင်ပေါ်က နေကို ဖယ်ရှားလိုက်တာနဲ့အတူတူပဲလေ ပြီးတော့ ဒီပုံရဲ့ အဓိပ္ပါယ်ပျောက်ဆုံးသွားလိမ့်မယ်။ မဖြစ်နိုင်ဘူး၊ ငါတော့ ဒါမျိုးကို လုံးဝလက်သင့်မခံဘူး”

“အင်း ကျွန်တော်လည်းပဲ အဲ့ဒီလိုမျိုးကိုတော့ သဘောတူပါတယ်။ စတေးလ် တကယ်လို့ နင့်မျက်နှာကို ဝါးဝါးကြီးလုပ်လိုက်မယ်ဆိုရင် နင့်ကို ဒီမှာ မော်ဒယ်ထိုင်ပေးဖို့ တောင်းဆိုစရာ အကြောင်းမရှိတော့ဘူးလေ။ ငါအနေနဲ့ တွေ့ရာလူပဲ ရှာလိုက်တော့မှာပေါ့။” ရှုယီကထိုသို့စဉ်းစားပြီး ပြောလိုက်ကာ “မာစတာအန်လီယိုးစ် ကျွန်တော်ပြောချင်တာက စတေးလ်ပုံကို ဝါးဝါးကြီး ဖြစ်အောင်လုပ်ဖို့မဟုတ်ပေမယ့် အဲ့တာထက် မှော်မီးအိမ်ကို ပိုပြီး အလေးပေး ဆွဲစေချင်တာပါ။ မှော်မီးအိမ် ကြောငြာဖြစ်နေတာကြောင့်လေ။ ဦးစားပေးဆွဲရမှာက အဲ့တာကို အရေးပေးဆွဲပေးဖို့ပါပဲ”

“ဟုတ်တယ်၊ ကျွန်မက အလှဆင်ဖို့ သပ်သပ်ပါပဲ “ စတေးလ်က ပြုံးပြီးပြောလိုက်သည်။

ထိုနှစ်ယောက် အခုလို တူညီစွာပြေဆိုနေကြသည်ကို ကြည့်ရင်း မာစတာအန်လီယိုးစ်က အကူအညီမဲ့စွာ မျက်မှောင်ကြုတ်လိုက်ကာ ခဏအကြာ စဉ်းစားလိုက်ပြီး ပုံပေါ်မှာ စုတ်ချက်အနည်းငယ် ရေးဆွဲလိုက်သည်။

စုတ်ချက်အနည်းငယ်ပဲ ရေးဆွဲလိုက်သော်ငြားလည်း စတေးလ်ရဲ့လက်ထဲက မှော်မီးအိမ်က ချက်ခြင်းကြီးကို ပေါ်လွင်ထင်ရှားလာခဲ့သည်။ ထိုအခြင်းအရာကိုကြည့်ချင်းဖြင့် သူရဲ့အရည်အချင်းက ဆရာကြီးအဆင့်ဟုတ် သတ်မှတ်ပြောဆိုနိုင်သည်။

ရှုယီက ထိုပုံက ခဏအကြာကြည့်လိုက်ပြီး အနည်းငယ် စိတ်မကျေနပ် ဖြစ်မိပေမယ့် သူက ပုံဆွဲခြင်းနှင့်ပတ်သတ်ပြီး ဘာမှမသိသောကြောင့် ဘာနေရာက မလှဖြစ်နေသည်ကို ဝင်ပြောနိုင်ခြင်းမရှိခဲပါ။

ရှုယီက သံသယဖြစ်နေဆဲ ဖြစ်နေသည်ကို ကြည့်ရင်း မာစတာအန်လီယိုးစ်ရဲ့အမူအရာများက အေးတိအေးစက်ဖြစ်လာခဲ့ကာ “ဥက္ကဌရှု ဒီပုံကိုတော့ ထပ်ပြီး ပြောင်းမပေးနိုင်တော့ဘူး။ တကယ်လို့ မင်းစိတ်တိုင်းမကျရင် ငါနောက်ထပ်တစ်ပုံ ထက်ဆွဲပေးမယ်။ ဒါပေမယ့် မင်းအနေနဲ့ အပိုကြေးတော့ ပေးရလိမ့်မယ်”

ရှုယီက သူ့အားကြည့်လိုက်ပြီး အတော်ကို စိတ်မကျေနပ်ဖြစ်မိပေမယ့် မာစတာအန်လီယိုးစ်က ဘန်တာမြို့မှာ နာမည်အကြီးဆုံးပန်းချီဆရာတစ်ယောက်ဖြစ်သည်။ ရှုယီအနေဖြင့် အခြားသင့်လျော်သည့်သူ မရှာနိုင်ပဲ သူတို့က အကြိမ်ရေများစွာ အတူတွဲလုပ်ခဲ့ကြသူများဖြစ်ကာ ရလဒ်ကောင်းများထွက်ခဲ့သည်ကြောင့် ရှုယီက ထိုဆက်ဆံရေးကို သေးမွှားသည့်အမြင်ကွဲပြားမှုကြောင့် အဆုံးအရှုံးမခံလိုသည်ဖြစ်သည်။

“နောက်ထပ်တစ်ပုံထပ်ပြီး ဆွဲနေစရာမလိုပါဘူးဗျာ၊ ဒီတစ်ပုံက အတော်ကို ကောင်းနေပါပြီ။ ဒါကိုပဲ ကျွန်တော်တို့ သုံးမှာပါ။” ရှုယီက ထိုအကြောင်းကိုစဉ်းစားပြီး ပြောနေလိုက်သည်။

မာစတာအန်လီယိုးစ်ရဲ့အမူအရာလည်း တစ်ခါပြန်ပြီး နွေးနွေးထွေးထွေးဖြစ်လာကာ “ကောင်းပြီဗျာ၊ အဲ့ဒီတော့ ဥက္ကဌရှု အလုပ်ကတော့ အခုချိန်မှာ ပြီးစီးသွားပြီပေါ့”

ရှုယီက ပြုံးပြလိုက်ပြီး မာစတာအန်လီယိုးစ်ကိုလက်ဆွဲနှုတ်ဆက်လိုက်ကာ ပြန်လွှတ်လိုက်တော့သည်။

မာစတာအန်လီယိုးစ် ပြန်သွားပြီနောက် စတေးလ်က ရှုယီ မျက်နှာပေါ်က အမူအရာကို ကြည့်လိုက်ပြီး “ရှုယီရေ ခမာမြို့မှာ နာမည်ကြီး ပန်းချီဆရာရှိတယ်လို့ ငါကြားဖူးတယ်။ သူနဲ့ စမ်းကြည့်ရင်ရော ဘယ်လိုသဘောရလဲ”

ရှုယီက ခေါင်းခါလိုက်ပြီး “နင်ပြောနေတာက မာစတာကက်စဒင်ကိုလား။ ငါ အကုန်လုံးကိုမေးကြည့်ပြီးပြီ။ အဲ့ဒီ မာစတာကက်စဒင်က မာစတာအန်လီယိုးစ်ကိုမယှဉ်နိုင်ဘူးတဲ့။ တကယ်လို့ ငါတို့က သူကို့ ရှာလိုက်ရင် ငါတို့နဲ့ မာစတာအန်လီယိုးစ်တို့ကြားက ဆက်ဆံရေးကို ဖျက်စီးလိုက်သလိုဖြစ်သွားမှာ။ အဲ့တော့ အဲ့ဒါက ကောင်းတဲ့ ရွေးချယ်မှုမျိုးမဟုတ်ဘူး”

စတေးလ်ကမျက်မှော်ကြုတ်လိုက်ကာ ထိုအကြောင်းကို စဉ်းစားလိုက်ပြီး သက်ပြင်းချကာ “ဘန်တာမြို့က မြို့အသေးလေးဖြစ်နေတာက အတော်ကိုသနားစရာကောင်းတာပဲ။ အခြားပိုကောင်းတဲ့ရွေးချယ်မှုလုပ်လို့မရဘူး။ တကယ်လို့ ငါတို့က အန်ဗီမာမြို့မှာဆိုရင် မာစတာအန်လီယိုးစ် ထက်သာတဲ့ ပန်းချီဆရာရှိလို့ရနိုင်တယ်”

“အခြား ဘာနည်းလမ်းမှ မရှိဘူးလေ၊ အဲ့တာ အမှန်တရားပဲ “ ရှုယီက မာစတာအန်လီယိုးစ် ဆွဲပြီးသည့် ပန်ချီကားကို ယူလိုက်ပြီး အချိန်ခဏကြည့်လိုက်ကာ သူက စိတ်ကျေနပ်မှုရှိစွာ ခေါင်းညိတ်လိုက်ကာ “အင်း ဒါက အတော်လေးကို ကောင်းတာပဲ။ ဒါက ကြောငြာတစ်ခုအနေနဲ့ ရှုံးနိမ့်မှုတစ်ခုဆိုပေမယ့် ဒါကအတော်က ထူးချွန်ပြောင်မြောက်လှတဲ့ နင့်ရဲ့ တစ်ကိုယ်လုံးပုံ တစ်ခုပဲလေ။ စတေးလ် ကြည့်လိုက်ပါအုံး ဒီမှာ နင့်ရဲ့ အမူအရာတွေအကုန်လုံးကို ဖမ်းယူဆွဲပြထားတာ။ ငါအထင်တော့ တကယ်လို့များ နင့်အကြောင်းကို မသိတဲ့သူက ဒါပန်းချီကို မြင်ပြီး နင့်ကို နူးညံ့ပြီး ကျက်သရေရှိတဲ့ အလှတရား ပိုင်ဆိုင်ထားတဲ့သူလို့ အထင်မှတ်မှားစေနိုင်တယ်”

“အထင်မှတ်မှားတယ် ဟုတ်လား” စတေးလ်က မျက်မှောင်ကြုတ်လိုက်ကာ သူ့ကို လှည့်ကြည့်လိုက်ပြီး “နင်က ဘာသဘောလဲ အဲ့ဒါက”

ရှုယီက ရယ်မောလိုက်ကာ ရှင်းမပြပဲနေလိုက်သည်။ ဒေါသူပုန်ထနေသည့် စတေးလ်က စိတ်မထိန်းနိုင်ပဲ သူအား လက်သီတစ်လုံးပစ်ကျွေးလိုက်သည်။

သူတို့ နှစ်ယောက်ကြားက နေရာလပ်ကနေ စတေးလ် လက်သီးတစ်လုံး ပစ်ဝင်လာမယ်လို့ ဘယ်သူကမှ မထင်ထားခဲ့ပါ။ ထိုအခိုက်လူတစ်ယောက်က ရုတ်တရက်ပေါ်လာပြီး သူမရဲ့လက်ကို ဆန့်ထုတ်လိုက်ကာ စတေးလ်ရဲ့လက်မောင်းကို ဖမ်းဆုပ်လိုက်သည်။

“နင် သူ့ကို ထိခိုက်အောင်လုပ်လို့မရဘူး” အက်ဂ်နက်စ်ရဲ့အသံက ဝတ်ရုံအောက်ကနေ ထွက်လာခဲ့သည်။

ထိုအသံက ငယ်ရွယ်သည့် မိန်းမတစ်ယောက်အသံဖြစ်သည်ကို သိရှိပြီး စတေးလ် အနေဖြင့် မတတ်နိုင်ပဲ မှင်သက်သွားခဲ့သည်။ သူမက ရှုယီကိုမမေးခင် အက်ဂ်နက်စ်ကိုကြည့်လိုက်ပြီး “သူက ဘယ်သူလဲဟင်”

ရှုယီသည်လည်းပဲ အက်ဂ်နက်စ် ရုတ်တရက်ပေါ်လာသည်ကို လန့်ဖြတ်သွားခဲ့ပေမယ့် စတေးလ်ရဲ့မေးခွန်းကို ကြားရပြီးနောက် ဝတ်ရုံထဲက အက်ဂ်နက်စ်ကိုကြည့်ကာ ရုတ်တရက် အကြံတစ်ခုပေါ်လာခဲ့သည်။

“ဟုတ်ပြီကွ”

***

မှော်စက်မှုအင်ပါယာ

Vol 1, အခန်း ၁၂၄ ။ အက်ဂ်နက်စ်၏တန်ဖိုး

ညရဲ့ အမှောင်ရိပ်ကျကျ ခြုံလွှာရုံအောက်မှာ ဘန်တာမြို့လေးကတော့ နေ့ဘက်တွေလို လှုပ်ရှားသက်ဝင်နေမှုတွေ ရှိမနေခဲ့ပါ။ အချို့သော စီးပွားရေးလုပ်ငန်းအချို့သာ ညဘက်အထိ ဆက်လက်ဖွဲ့ထားဆဲဖြစ်ပေမယ့် တဖြည်းဖြည်းနှင့် တစ်မြို့လုံးကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတော့သည်။

အကယ်၍များ အပေါ်ကစီးကနေ ကြည့်လိုက်ပါမူ အမှောင်အတိ ဖုံးလွှမ်းနေသည်ကိုသာ တွေ့မြင်ရနိုင်ပြီး အချိုနေရာများတွင်သာ မှိန်မှိန်ပြပြအလင်းရောင်သာရှိနေတော့သည်။ ထိုအချက်သည်က အရင်ကမ္ဘာနှင့် လုံးဝကို ကွဲပြားနေပြီး အမှောင်အတိဖုံးလွှမ်းနေလျှင်တောင် မီးရောင်များက ပြိုးပြိုးပျက်ပျက် လင်းလက်နေလျက် ရှိကြသည်ဖြစ်သည်။

ထိုသို့သော မှိန်ပြပြလင်းလက်နေသည့်အထဲတွင် ရှုယီ၏အိမ်လည်းအပါအဝင်ပင်ဖြစ်သည်။

ဖယောင်းတိုင်မီး အလင်းနဲ့ကွဲပြားသော မှော်မီးအိမ်တစ်လုံးသည့် ရှုယီ၏ဧည့်ခန်းထဲရှိ စားပွဲပေါ်တွင် ရှိနေခဲ့သည်။

အစိမ်းနုရောင် အလင်းတန်လေးက အခန်းတစ်ခုလုံးကို အစိမ်းနုရောင်ဖြင့် ခြယ်သပေးထားသည့်အတိုင်း ဖြစ်နေရုံမှာက စတေးလ်အားခေါင်းပေါ်လက်တင်ပြီး အတွေးပေါင်းများစွဖြင့် ကြည့်နေစေပြီး ပိုပြီးတောင်လှပနေပါသေးသည်။

မီးရောင်အောက်မှာ အပြစ်အနာအဆာမရှိပဲ ဖြူစွတ်နေသည့် စတေးလ်ရဲ့ အရည်အချင်းများကိုကြည့်ရင်း ရှုယီ တစ်ယောက် ချီးမကျူးရမနေနိုင်ဖြစ်ကာ “စတေးလ်ရေ နင်က Chanel ကို သွားပြီး ကိုယ်စားပြောပေးမယ့်နိုင်တဲ့သူဆိုတာကို ငါအတပ်ပြောနိုင်တယ်။ နင့်ရဲ့ လှပတဲ့အသားရည်နဲ့သာဆို Chanelက မိတ်ကပ်တွေနဲ့ရေမွှေးတွေကို ပိုပြီးတောင် ရောင်းပေးမယ်လို့ ငါရဲရဲကြီး အာမခံတယ်”

စတေးလ်က မလှုပ်မယှက်နှင့် သူ(မ)ရဲ့ မျက်နှာထားက မပြောင်းပေမယ့်လည် ညင်သာစွာဖြင့် တစ်ချက် “ဟွန့်” လိုက်ပြီး သူ(မ)ရဲ့ နှုတ်ခမ်းပါလေး အသာပွင့်လာကာ “ငါ့ကိုလာပြီးမြှောက်ပြောနေစရာမလိုပါဘူး။ တကယ်လို့ နင်သာ အဲ့ဒီ နတ်သူငယ်မလေးက နင့်အနားမှာ ဘာကြောင့်ရှိနေတာကို မပြောရရင် နင့်ကိုငါ ခွင့်မလွှတ်ဘူး”

ရှုယီက စတေးလ်ရဲ့ရှေ့က ရုပ်ပုံကားချက်ကိုလက်မှာကိုင်ထားသည့် အက်ဂ်နက်စ်ကို ကြည့်လိုက်ကာ ရုပ်ပုံကားချက်ကို အာရုံစိုက်လိုက်ပြီး ခါးသက်သက်အပြုံးဖြင့် “ညစာစားတုန်းက နင့်ကိုငါမပြောခဲ့ဘူးလား။ သူ့ရဲ့ မျိုးနွယ်စု ဒုက္ခကိုဖြေရှင်းပေးဖို့ ငါ့ဆီလာပြီး အကူညီတောင်းတယ်ဆိုတာလေ။ သူ ငါ့နောက်ကိုလိုက်နေရတဲ့အကြောင်းက ငါ့ကိစ္စတွေလုပ်ပြီးတဲ့အထိ စောင့်နေပြီး သူ့မျိုးနွယ်စုဆီ ခေါ်ဆောင်သွားဖို့ပဲလေ။ အဲ့လို ဟုတ်တယ်မို့လား အက်ဂ်နက်စ်”

“အမ်..” အက်ဂ်နက်စ်ကလည်း ရုပ်ကားချက်ကိုသာ အာရုံစိုက်နေခဲ့သည်ဖြစ်ရာ ရှုယီက သူမနာမည်ခေါ်လိုက် သည်ကို ရုတ်တရက်ကြားလိုက်သည်အချိန်မှ ရှုယီကို ငေးကြည့်နေခဲ့ပြီး ထုံထုံပေပေပုံစံဖြင့် ခေါင်းညိတ်လိုက်ကာ “ အာ ဟုတ်ပါတယ်”

အက်ဂ်နက်စ်ရဲ့အသွင်အပြင်ကိုကြည့်ပြီး စတေးလ်က နောက်ထပ် တစ်ချက် “ဟွန့်” လိုက်ပြီး “ရှုယီ နင် တကယ်လို့များ သူနဲ့ပတ်သတ်ပြီး ယုံတမ်းပုံပြင်ထွင်ပြောမယ်ဆိုရင် ဒီထက်ပိုပြီး ကြိုးစားလိုက်အုံး။ အဲ့ဒါကို ငါ ယုံမယ်လို့များ နင်ထင်နေလား”

ရှုယီတစ်ယောက် ငိုရခက် ရီရခက်ကြီး ဖြစ်နေတော့သည်။

“ငါတို့ ဘာအမှားမှ လုပ်မထားကြဘူးလေ ဘာတွေကိုများ ငါတို့က ဖုံးကွယ်ထားရမှာလဲ”

ရှုယီက ဆက်ပြီး ရှင်းပြနေချင်ပေမယ့်လည်း ညိုးငယ်သွားသည့် စတေးလ်ရဲ့ မျက်နှာလေးကို မြင်လိုက်ရသည့်အခါတွင်ဝယ် သူရဲ့ နှလုံးခုန်သံများ မှားယွင်းကာ ဘာကိုမှမပြောနိုင်ခဲ့တော့ပေ။

ထိုအခန်းထဲတွင် စိတ်မသက်သာစရာများဖြင့် တိတ်ဆိတ်သာနေတော့သည်။

ရှုယီက စတေးလ်ကို ခဏအကြာကြည့်ပြီး ရုတ်တရက် ပြောနေလိုက်သည် “ စတေးလ် ငါ မဟာမှော်ပညာရှင်ကြီးကမ်မီလာဆီကနေကြားမိခဲ့တာ ငါ အန်ဗီမာမြို့ကနေ ပြန်လာတဲ့ညမှာ နင်က ငါ့အတွက်သီးသန့် ထမင်းဟင်းချက်ပြုတ်ပြီး နင့်အိမ်ကို ညစာလာစားစေချင်ခဲ့တာမဟုတ်လား”

စတေးလ်က အေးတိအေးစက်ဖြစ်လာကာ စိတ်မဝင်းစားသည့် ပုံစံဖြင့် “အဲ့ဒီနေ့က နင်ရောက်မလာခဲ့ဘူးလေ။ အဲ့တော့ ငါ ဟင်းတွေအကုန်သွန်ပစ်လိုက်တာလေ။ အဲ့တာကို နင်က ဘာကိစ္စနဲ့ ရုတ်တရက်ကြီး ထပြောနေရတာလဲ”

“ဘာမှမဟုတ်ပါဘူး။ ငါ ရုတ်တရက်ကြီး အဲ့အကြောင်းစဉ်းစားမိလိုပါ။ ပြီးတော့ ကျေးဇူးတင်ကြောင်းလဲပြောချင်ခဲ့ပါတယ်” ဟု ရှုယီက ပြောလိုက်ကာ “ဒီကမ္ဘာမှာ ဗီဗီယန်အပြင် နင်က ငါ့ကို နောက်ထပ် ထမင်းဟင်းချက်ပေးတဲ့သူပဲ။ အဲ့ဒါကြောင့် ငါအတော်ကို ပျော်ရွှင်မိပါတယ်”

ရှုယီ ဘေးနားမှာထိုင်နေသည့် ဗီဗီယန်က သူမရဲ့ မျက်လုံးများ မှေးဆင်းသွားကာ ထိုမျက်လုံးတွေမှာ ဖော်ပြလို့မရနိုင်တဲ့ ပျော်ရွှင်မှုတွေ ပြည့််နှက်နေခဲ့သည်။

စတေးလ်က ထိုပုံစံကြီးအတိုင်း ဆက်မနေနိုင်တော့ပဲ မော့ကြည့်လိုက်ကာ အံ့ဩသွားသည့်ဟန်ဖြင့် “ပထမဆုံးအကြိမ် ဟုတ်လား။ အရင်ကအဲ့လိုမျိုး မရှိခဲ့ဘူးပေါ့”

“မဟုတ်ဘူး” ရှုယီက သူ့ခေါင်းကို ခါလိုက်သည်။ သူ့အရင်ကမ္ဘာမှာ ထိုသို့ ဖြစ်ပျက်ခဲ့ဖူးသော်လည်းပဲ ဒီကမ္ဘာမှာတော့ ပထမဆုံးအကြိမ် ဆိုတာအမှန်ပင်ဖြစ်သည်။

စတေးလ်က ရှုယီအား ပထမဆုံးအကြိမ်တွေ့ဖူးသလိုမျိုး အချိန်အနည်းငယ်လောက်ကြည့်ရှုနေခဲ့သည်။ ထို့နောက် သူမက ရုတ်တရက်ကြီး ပြုံးလာကာ “ကောင်းပါပြီလေ နင်က ကျေးဇူးတင်ကြောင်း ပြောရမှန်းသိသေးတယ်ဆိုတော့လဲ ဒီတစ်ကြိမ်မှာတော့ ငါ နင့်ကို ခွင့်လွှတ်ပေးလိုက်ပါမယ်။ နင့်ကို အထူးအခွင့်အရေးအနေနဲ့ ငါရဲ့လက်ရာ ဟင်းပွဲတွေကို စားချင်တယ်ဆိုရင် ငါကိုပြောလိုက်။ နင့်အတွက် ချက်ပြုတ်ပေးမယ်။ အမှန်တော့ ဒါကို နင်တစ်ခါပဲ တောင်းဆိုလို့ရမှာ ဆိုတော့ နင်အဲ့တာကို အမြတ်တနိုး တန်ဖိုးထားသင့်တယ်”

ရှုယီ မပြုံးပဲ မနေနိုင်ဖြစ်ကာ “အဲ့လိုဆိုရင်တော့ဖြင့် တကယ်ကြီး ကျေးဇူးတင်ပါတယ်ဗျာ” စတေးလ်ရဲ့ မျက်နှာပေါ်က ပျော်ရွှင်နေသည့်အပြုံးကို ကြည့်ရင်း သူသည်လည်း ထိန်းမရနိုင်တော့ပဲ ခံစားချက်ပါသောလေသံဖြင့် “စတေးလ် နေ့လည်က ငါပြောခဲ့တဲ့ စကားကို ငါပြန်ရုတ်သိမ်းတယ်။ နင်က တည်တည်ငြိမ်ငြိမ်နဲ့ ကျက်သရေရှိတဲ့ မျက်နှာလေးပိုင်ဆိုင်ထားတာ ကောင်းပေမယ့် အတူယှဉ်လိုက်တဲ့အခါမှာ နင်ရဲ့မျက်နှာပေါ်မှာ ပျော်ပျော်ရွှင်ရွှင် ပြုံးနေတာကို ငါပိုပြီး သဘောကျနေတုန်းပဲ။ ဘာအကြောင်းပြချက်မှမရှိပဲ နင့်ရဲ့အပြုံးကိုမြင်လိုက်တိုင်း ငါပိုပြီးတော့ နေလိုကောင်းသွားခဲ့တယ်”

စတေးလ်ရဲ့မျက်နှာလေး ရှက်သွေးဖြာသွားခဲ့ကာ သူမရဲ့ မျက်လုံးကိုမော့ကြည့်လိုက်ပြီး “အရူးကောင်” ဟု ညင်သာစွာ ကြိမ်းမောင်းလိုက်တော့သည်။

ရှုယီနှင့် စတေးလ်တို့အခြေအနေက မဖော်ပြနိုင်လောက်သည့် အနေအထားဖြစ်နေသောအချိန်တွင် အက်ဂ်နက်စ်က ရုတ်တရက်ကြီး လက်ခုပ်ထတီးလိုက်သည်။

“ပြီးသွားပြီး”

“ပြီးသွားပြီးလား၊ အဲ့လောက်တောင်မြန်လား” စတေးလ်က အံ့ဩဟန်ဖြင့် သူမရဲ့ လက်များကို ချထားကာ အက်ဂ်နက်စ် ဘေးနားသို လမ်းလျှောက်သွားခဲ့သည်။ အက်ဂ်နက်စ်ရဲ့လက်ထဲက ရုပ်ပုံကို သူမက ခါးကုန်းကြည့်လိုက်ပြီး မထိန်းနိုင်တော့ပဲ အံ့ဩသွားသည့်ဟန်ဖြင့် “အရမ်းကို လှပနေတာပဲ” ဟု အော်ပြောလိုက်မိသည်။

ရှုယီလည်း မပြုံးပဲမနေနိုင်တော့ကာ “ဟေ့ စတေးလ် ပန်းချီကားပေါ်က နင်ပဲလေ။ အဲ့ဒီတော့ နင်အဲ့သလောက်ကြီး အပိုတွေလုပ်နေစရာမလိုဘူး ဟုတ်တယ်မို့လား”

စတေးလ်က ရှုယီကိုလှည့်ကြည့်လိုက်ပြီး အက်ဂ်နက်စ်ရဲ့လက်ထဲက ပန်းချီကားချပ်ကို ယူလိုက်ကာ ရှုယီကို ပြလိုက်ပြီး “ ဒါက မလှဘူးလို့နင်ထင်နေတာလား”

“အမှန်တော့ ငါခံစားမိတာက …” ရှုယီရဲ့မျက်လုံးများက ပန်းချီကားဆီ မျက်စိကျသွားပြီး သံလိုက်ဖြင့်ဆွဲထားသကဲ့သို့ဖြစ်ကာ ထိုပန်းချီကနေအကြည့်လွဲမရအောင် ဖြစ်နေခဲ့သည်။

ပန်းချီကားမှာ စတေးလ်က ဘယ်လက်ဖြင့် ခုံပေါ်မှာ မေးတင်ထောက်ထားပြီး ကျန်လက်ရဲ့ လက်နှစ်ခေါင်းက ခုံကို ခေါက်နေသလိုဟန်ဖြစ်နေသည်။ သူ(မ)ရဲ့ အနေအထားမှာ အရမ်းကိုစိတ်သက်သာမှုရှိနေသည့်ပုံပေါ်နေပြီး ထိုပုံစံက တစ်ခုခုကို စဉ်းစားတွေးတောနေသည့်ဟန်နှင့် ဘာတစ်ခုကိုမှ လုံးဝကိုမစဉ်းစားနေသည့်ဟန် တူသည်။

စားပွဲပေါ်မှာ မှော်မီးအိမ်က အစိမ်းနုရောင် အလင်းတန်းများဖြာကျနေပြီး စတေးလ်က အစိမ်းနုရောင်အလင်းတန်းများဖြင့် လွှမ်းခြုံထားသကဲ့သို့ ဖြစ်နေရာ သူမကို ပိုပြီး လျှို့ဝှက်ဆန်းကြယ်သည့်ပုံပေါ်စေသည်။ ထိုပုံက ပေါင်းစပ်ဖွဲ့စည်းထားသည့် သို့မဟုတ် စိတ်ကူးဉာဏ်ပဲဖြစ်ပါစေ မာစတာအန်လီယိုးစ်ရဲ့ပုံထက် အစစအရာရာ ပိုပြီးကောင်းနေခဲ့သည်။

ရှုယီကိုဘာကစိတ်ကျေနပ်စေခဲ့သည့်သလဲဆိုရင် ညကို နောက်ခံပုံဖြင့်ရေးဆွဲထားပြီး ရုပ်ပုံကားချပ်၏ အခြေခံအရောင်က မှော်မီးအိမ်ရဲ့အစိမ်းနုရောင်အလင်းများ ဖြစ်သောကြောင့် မှော်မီးအိမ်ကအရေးပါသည့် အပိုင်းဆိုသည်ကို မည်သူကမျှ ငြင်းဆန်နိုင်ခြင်းမရှိတော့ပါ။

ဘယ်လိုပဲဖြစ်ဖြစ် မှော်မီးအိမ်ရဲ့ပုံစံကို အက်ဂ်နက်စ်နှင့် ဗီဗီယန်က အတူလက်တွဲရေးဆွဲထားသည်ကြောင့် အက်ဂ်နက်စ်က အခြားသူများထက် မှော်မီးအိမ်အကြောင်း ပိုပြီးရှင်းရှင်းလင်းလင်းသိနေခဲ့သည်။ ထိုကြောင့် သူမရဲ့ ပန်းချီကားက ပိုပြီး ဂရုတစိုက်ရေးဆွဲထားပြီး သူမက မှော်မီးအိမ်ရဲ့ လှပပြီးသေသပ်သည့်ပုံစံ ကို အခြားသူများထက် ပိုကောင်းအောင် ရေးဆွဲနိုင်ခဲ့သည်။ ထိုအချက်အကြောင့် အကယ်၍များ မည်သူမဆို စတေးလ် ဒါမှမဟုတ် မှော်မီးအိမ်ပေါ်သာ မျက်စိအကြည့်ရောက်သွားခဲ့လျှင် သူတို့အနေဖြင့် ချက်ခြင်းကြီးကို စိတ်ဝင်းစားလာကြမည်ဖြစ်သည်။

ရှုယီက ထိုပန်းချီကားကို မြင်တွေ့ပြီးနောက် သူမအနေဖြင့် မှော်မီးအိမ် ဝယ်ယူချင်စိတ်ထိန်းမရဖြစ်လာခဲ့ကာ ပန်းချီရဲ့အစွမ်းကို ပြသနေသလိုပင်ဖြစ်နေခဲ့သည်။

ထိုပန်းချီကားကို အကြိမ်များကြည့်ပြီးနောက် ရှုယီအနေဖြင့် အက်ဂ်နက်စ်က ချီးကျူးမရမနေနိုင်ဖြစ်ကာ လက်မအကြီးကြီးထောင်ပြလိုက်ပြီး “တကယ်လှတာပဲ။ အက်ဂ်နက်စ် မင်းက တကယ်ကြီးကို အရည်အချင်းရှိတဲ့ ပန်းချီဆရာတစ်ယောက်ပဲ”

အက်ဂ်နက်စ်က သူမခေါင်းကို ခါလိုက်ကာ “တကယ်လို့ ဒါက မိန်းမပျိုစတေးလ်နဲ့ မှော်မီးအိမ်က လှပမနေခဲ့ဘူးဆိုရင် ဒီပန်းချီကလည်း ပြောလောက်အောင်ကြီး ကောင်းမွန်နေမှာမဟုတ်ဘူးလေ”

အက်ဂ်နက်စ်က သူမအား လှအလေးဟု ချီးမွမ်းပြောဆိုလိုက်သည်ကို ကြားပြီး စတေးလ် အနေဖြင့် ရုတ်တရက်ကြီး ခုနတုန်းက သူမရဲ့ အပြုအမူကို ပြန်စဉ်းစားမိကာ အတော်ကိုရယ်စရာကောင်းသည်ဟု ခံစားသိရှိသွားသည်။

စတေးလ်က စိတ်ထားပွင့်လင်းသောမိန်ကလေးတစ်ယောက်ဖြစ်ပြီး ထိုအကြောင်းကို ခဏအကြာစဉ်းစားပြီးနောက် အက်ဂ်နက်စ်က ပြောလောက်အောင်ကြီး သဘောမကျစရာကောင်းသည့် သူ,မဟုတ်ဘူးဟု ခံစားလိုက်မိသည်။ သူမက သူရဲ့ရှည်လျားပြီးနားရွက်ချွန်များကို ပိုပြီးတော့တောင် စိတ်ဝင်စားလာခဲ့သည်။

“အက်ဂ်နက်စ် နင်က အရမ်းကို ရိုးရိုးယဉ်ယဉ်ရှိတာပဲ။ ငါ့အထင် ဒီပန်းချီကားက အနုပညာလက်ရာတစ်ခုလို့တောင် သတ်မှတ်လို့ရတယ်” စတေးလ်က အက်ဂ်နက်စ်ကို ချီးမွမ်းလိုက်သည်။

အက်ဂ်နက်စ်က ရိုးရိုးယဉ်ယဉ်ဆိုသည်က ဘာကိုဆိုလိုမှန်း နားမလည်နိုင်ခဲ့ပါ၊ သူမက အမှန်အတိုင်းတွေးထာသည်ကို ပြောခဲ့ခြင်းဖြစ်သည်။ ဒါပေမယ့် ရှုယီနှင့် စတေးလ်တို့ရဲ့ ချီးမွမ်းသံကို ကြာပြီးနောက် သူမအရမ်းကို ပျော်ရွင်ကြည်နူးသွားခဲ့သည်။

အမှန်တကယ်မှာတော့ ရှုယီက ထိုနှစ်ယောက်ထက် ပိုပြီးတောင် ပျော်ရွှင်နေခဲ့သည်။

အခုချိန်မှာ ထိုအချက်များကိုကြည့်ပြီး အက်ဂ်နက်စ်ရဲ့အရည်အချင်းက မာစတာအန်လီယိုးစ်ထက်သာလွန်နေသည်ကို သက်သေပြပြီးဖြစ်ကာ ရှုယီအနေဖြင့် မာစတာအန်လီယိုးစ်ကို ဆက်ပြီး ခေါ်ထားရန် မလိုအပ်တော့ချေ။

အကယ်၍ မာစတာအန်လီယိုးစ်က နေ့လည်ကလို အခြားသူများ၏ အမြင်ကို ဂရုစိုက်ခြင်းမရှိပါက ရှုယီအနေဖြင့် သူတို့ကြားက ဆက်ဆံရေးကို တုံ့ဆိုင်းနေခြင်းမရှိပဲ ရပ်စဲပစ်လို့ရကာ သူကိုပါ မောင်းထုတ်လိုက်လို့ရသည်။

ဒါပေမယ့် အက်ဂ်နက်စ်ကို ဒီမှာ ဆက်နေစေရန် အကြောင်းပြချက် ရှိနေခဲ့ပြီဖြစ်သည်။

အကယ်၍ထိုအချက်သည် အရင်ပြောပြထားခဲ့သလို အက်ဂ်နက်စ်က နတ်သူငယ် ဖြစ်နေသည့်အတွက် ရှုယီက အထူးခင်မင်ရင်းနှီးရှိခဲ့ပြီး အခုချိန်မှာ ရှုယီအနေဖြင့် အက်ဂ်နက်စ်မှာ သူ့နှလုံးသားကို လှုပ်ရှားစေသည့် ကိုယ်ပိုင်တန်ဖိုးရှိနေခဲ့ပြီ ဖြစ်သည်။

အက်ဂ်နက်စ်မှာ အခုလိုမျိုး စွဲမက်စရာကောင်းသည့် အနုပညာအရည်အချင်းများရှိနေခဲ့သည်ကြောင့် မာစတာအန်လီယိုးစ် အစားထိုးအသုံးချနိုင်ရုံအပြင် သူမက ဗီဗီယန်နဲ့အတူလက်တွဲ လုပ်ကိုင်ပြီး Frestech ကုန်သည်ကြီးများအသင်းအတွက် လှပပြီးဆွဲဆောင်မှုရှိသည့် ပုံစံ ထုတ်ကုန်များ ပြုလုပ်ပေးနိုင်သည်ဖြစ်သည်။

တစ်ယောက်တည်းအားဖြင့် ထုတ်ကုန်ရဲ့ပုံစံကို ကြည့်ရှုနေစရာမလိုတော့ပေ။ နည်းပညာမြှင့် ကမ္ဘာတွင်မူ စက်မှုလုပ်ငန်းအတော်များများ ခွဲခြားထားသည့် နည်းပညာရှိပြီး ဒါကြောင့်လည်း သူတို့ချင်းက အမြဲလိုလို ပုံစံခြင်း ကွာခြားနေခဲ့တာဖြစ်သည်။

ထူးချွန်ပြောင်မြောက်လှသည့် လက်ရာတစ်ခုက ထုတ်ကုန်တစ်ခုကို ဖြစ်ပေါ်လာစေရုံမက ထိုထုတ်ကုန်ရဲ့ တန်ဖိုးကိုလည်း မြှင့်တက်စေပါသည်။

အချို့အချိန်အခါမျိုးတွင် ပုံစံကို အခြေခံကြည့်ပြီး တူညီသည့် ထုတ်ကုန်နှစ်ခုက ဈေးနှုန်းအရ ကြီးမားသည့်ကွာခြားသွားလိမ့်မည်ဖြစ်သည်။

မှော်စက်ပစ္စည်းစက်မှုနယ်ပယ်က စိုင်စ်နယ်မြေမှာ စတင်ဖွံ့ဖြိုးဆဲဖြစ်သော်လည်းပဲ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ထားရန်အတွက် ရှုယီအနေဖြင့် ထူးချွန်သည့် ဒီဇိုင်းနာ သူဆီရောက်လာသည်ကို လက်လွှတ်မခံလိုပေ။

ဒါပေမယ့် အက်ဂ်နက်စ်က နတ်သူငယ်တစ်ယောက်ဖြစ်နေသည့်အတွက် ကြီးမားသည့်အဟန့်အတားတစ်ခုဖြစ်နေတော့သည်။

လူပုတွေနှင့် နှိုင်းယှဉ်ကြည့်အခါ လူသားတွေနှင့် နတ်သူငယ် တွေကြားက အဟန့်အတားက ပိုပြီး ကြီးမားနေခဲ့သည်။

လူပုတွေက လူသားတွေရဲ့မြို့နယ်တွေမှာ ပုံမှန်ဆိုသလို နေထိုင်နေကြဖြစ်ပေမယ့် နတ်သူငယ် တစ်ယောက်မျှထိုသို့ နေထိုင်းခြင်း မရှိခဲ့ပါ။

အက်ဂ်နက်စ်ကို Frestech ကုန်သည်ကြီးများအသင်းမှာ နေထိုင်လုပ်ကိုင်ဖို့အတွက် သိမ်းသွင်းစည်းရုံမှာ အခက်အခဲကြီးတစ်ခု ဖြစ်နေခဲ့သည်။

“အက်ဂ်နက်စ်၊ မင်းရဲ့ မျိုးနွယ်စုပြဿနာကို ဖြေရှင်းပြီးသွားရင် ဘန်တာမြို့မှာ ဆက်ပြီးနေဖို့ ဆန္ဒရှိလား” ရှုယီကမေးလိုက်သည်။

အက်ဂ်နက်စ်က အံ့ဩသည့်ပုံဖြင့် ရှုယီကိုကြည့်ကာ “ကျွန်မကဘာကြောင့် ဘန်တာမြို့မှာနေရမှာလဲ။ အမှန်တော့ ကျွန်မရဲ့မျိုးနွယ်စုနဲ့ပဲ နေထိုင်ချင်ပါတယ်”

“အဲ့ဒါက တကယ်တော့ ဒီလိုမျိုးကွာ…” ရှုယီကတတွတ်တွတ်ပြောနေခဲ့သည်။ သူအနေဖြင့် လက်လျော့လိုက်ဖို့ ဆန္ဒမရှိပဲ “အဲ့ဒီတော့ ဘယ်လိုအခြေအနေမျိုးက မင်းကို ဒီဘန်တာမြို့မှာ ဆက်ပြီးနေစေချင်မှာလဲ။ အင်း ရိုးရိုးသားသားပြောရရင် မင်းကို ငါတို့ Frestech ကုန်သည်ကြီးများအသင်းမှာ အလုပ်လုပ်စေချင်တယ်၊ မင်း လုပ်ချင်စိတ်ရှိရဲ့လား”

စတေးလ်က ရှုယီကို အံ့ဩသည့်ဟန်ဖြင့် ကြည့်ကာ “ရှုယီ တကယ်လို့များ အက်ဂ်နက်စ်က မာစတာအန်လီယိုးစ်ထက်ပိုပြီး ပုံဆွဲကောင်းရင်တောင်မှ အဆုံးမှာတော့ သူက နတ်သူငယ် တစ်ယောက်ဖြစ်နေဆဲပဲလေ”

အက်ဂ်နက်စ်က သူမ ခေါင်းကို အသာအယာခါလိုက်ကာ “ဥက္ကဌရှုရဲ့ ကမ်လှမ်းချက်အတွက် အများကြီးကို ကျေးဇူးတင်ပါတယ်ရှင်။ ဒါပမေယ့် ကျွန်မရဲ့ မျိုးနွယ်စုကလူတွေနဲ့အတူ နေထိုင်သွားဖို့ကို မျှော်လင့်နေဆဲပါပဲ”

ရှုယီက ခဏအကြာစဉ်းစားလိုက်ပြီး ရုတ်တရက်ကြီး “တကယ်လို့ ငါက မင်းတို့မျိုးနွယ်စု ပြဿနာကို ကူညီဖြေရှင်ပေးပြီးနောက် တကယ်လို့များ ငါက အဲ့ဒီအတွက် မင်းကို ဆုကြေးအဖြစ် တောင်းဆိုခဲ့ရင်ရော”

စတေးလ်နှင့် ဗီဗီယန်တို့က တစ်ပြိုင်နက်တည်း ရှုယီအား အထိတ်တလန့်ကြည့်လိုက်ကြသည်။

သူက နောက်ပြောင်နေတာများလား။

ဘယ်လိုပဲဖြစ်ဖြစ် အက်ဂ်နက်စ်ကိုအားလုံးက ငေးကြည့်နေကြပြီး သူမက အလွန်ကိုတည်ငြိမ်စွာဖြင့်..

“တကယ်လို့ ဥက္ကဌရှုရဲ့ တောင်းဆိုချက်သာဆိုရင် ကျွန်မလည်း ဆန္ဒရှိပါတယ်”

***

မှော်စက်မှုအင်ပါယာ

Vol 1, အခန်း ၁၂၅ ။ မှော်မီးအိမ်ရောင်းချမှု

ထို နတ်သူငယ်မိန်းကလေးက ရုတ်တရက်ကြီးပေါ်လာခဲ့တာဖြစ်သည်။ ထိုအကြောင်းကြောင့် စတေးလ်နှင့် ဗီဗီယန်တို့မှာ အထိတ်တလန့်ဖြစ်သွားခဲ့သော်လည်းပဲ သူတို့နှစ်ယောက်အပြင် အခြားဘယ်သူမှမသိရှိသေးသောကြောင့် ရုတ်ရင်းဆန်ခတ်အခြေအနေများ ဖြစ်မသွားခဲ့ခြင်းပင်ဖြစ်သည်။

ဘန်တာမြို့က လူတွေက သူတို့ရဲ့သာမန်ဘဝမှာ သာနေထိုင်ကြတာဖြစ်ပြီး Frestech ကုန်သည်ကြီးများအသင်းကတော့ ရှုယီရဲ့ဦးဆောင်မှုအတိုင်း တဖြည်းဖြည်း တိုးတက်လာပြီပဲဖြစ်သည်။

မှော်စက်ပစ္စည်းထုတ်လုပ်ရေး တိုးတက်လာနှုန်းကလည်း အဆင်ပြေချောမွေ့ နေတော့သည်။

မဟာမှော်ပညာရှင်ကြီးကမ်မီလာရဲ့ အင်တိုက်အားတိုက် ကူညီပေးမှုကြောင့် မှော်ဖိစက်များ - သံပုံသွင်းစက် ၊ စက်သုံးဖိစက် ၊ သံဖောက်စက် (မှော်ဖောက်နှိပ်စက်)၏ အဓိကဖြစ်သည့် မှော်အစီအရင်သည်လည်း မြန်ဆန်စွာ ပြီးစီးသွားခဲ့သည်။ မဟာမှော်ပညာရှင်ကြီးကမ်မီလာအနေဖြင့် လွန်စွာအရေးပါသည့် မှော်အစီအရင်နေရာချထားခြင်းနှင့် အစပိုင်းပြောင်းလဲမှုများအတွက် တာဝန်ယူရပြီး အခြားကျန်ရှိသည့် ပြောင်းလဲမှုအကုန်လုံးက လက်ထောက်များအတွက် သူရဲ့ မှော်မျှော်စင်မှာ ထားရှိခဲ့တာဖြစ်သည်။

အကြောင်းမှာတော့ မဟာမှော်ပညာရှင်ကြီးကမ်မီလာ၏မှော်မျှော်စင်နှင့် Frestech ကုန်သည်ကြီးများအသင်းတို့က အကြိမ်ပေါင်းများစွာ အတူတွဲလုပ်ကိုင်ခဲ့ကြသောကြောင့် အခုအကြိမ်မှာတော့ အလုပ်တာဝန်များက အရမ်းကိုကြီးမားနေခဲ့လျှင်တောင်မှ အရမ်းကို စည်းစနစ်တကျ ရှိနေဆဲဖြစ်ပြီး ရှုယီသည်လည်း သူတို့ရဲ့ လုပ်ဆောင်မှုအဆင့်ဆင့်ကိုအားရကျေနပ်မှုရှိနေခဲ့သည်။

ကမ်ဘီနှင် လူပုအဖွဲ့ရဲ့ မှော်စက်ပစ္စည်းထုတ်လုပ်ရေး ဒီဇိုင်းပိုင်း အဆင့်ဆင့်လုပ်ဆောင်နေဆဲဖြစ်ပြီး အကယ်၍ မမျှော်လင့်ထားသည့် ပြဿနာများ မဖြစ်လာခဲ့လျှင် ရှုယီ ခန့်မှန်းချက်အရ သူတို့ အနေဖြင့် မှော်ဖိစက်(မှော်ဖောက်နှိပ်စက်)အတွဲလိုက်ကို တစ်လအတွင်းမှာပင် ထုတ်လုပ်ပြီးစီးနိုင်မည်ဖြစ်သည်။ ထို့နောက် စက်များအား အသုံးချနိုင်ဖို့ရင် အချိန်အနည်းငယ်ခန့်သာ လိုတော့မည်ဖြစ်သည်။

သူက ဆယ်ဗီနီကိုပြောထားသည့် အချိန်ထက် အနည်းငယ်ထက်ပိုကြာမြှင့်ခဲ့သော်လည်းပဲ ရှုယီရဲ့ မှော်ဖိစက်များ(မှော်ဖောက်နှိပ်စက်) ထုတ်လုပ်နိုင်မှုအရေအတွက် ခန့်မှန်းချက်အရ မှော်ဖိစက်များ(မှော်ဖောက်နှိပ်စက်)က အသုံးချနိုင်မှုရှိလာသရွေ့ ရှုယီအနေဖြင့် စိုက်ပျိုးရေးဆိုင်ရာသုံးမှော်စက်ပစ္စည်း ပထမအသုတ် ထုတ်လုပ်မှုက နောက်ဆုံးရက်မရောက်ခင်အချိန် တစ်လအတွင်းမှာပင် ပြီးစီးသွားမည့်ဟု ခန့်မှန်းခဲ့သည်။ စိုက်ပျိုးရေးဌာနအနေဖြင့်လည်း ထိုစိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းများကို စီစဉ်ဆောင်ရွက်ဖို့ အချိန်အလုံအလောက် ရရှိနိုင်မည်ဖြစ်သည်။

အမှန်တကယ်တော့ ရှုယီရဲ့အထင်မြင်သာဖြစ်ပြီး မှော်ဖိစက်များ(မှော်ဖောက်စက်) များရဲ့ တိုးတက်မှုအချိန်က အရမ်းကို တိုတောင်းနေတာဖြစ်သည်။

သူတို့အနေဖြင့် ရှုယီရဲ့အရင်ကမ္ဘာက စက်မှုအင်ဂျင်နီယာဗဟုသုတများကို အခြေအုတ်မြစ်အဖြစ် ရရှိထားသောကြောင့် မှော်ဖိစက်များ( မှော်ဖောက်စက်) ကို ပြုလုပ်ရသည့်အခါတွင် အခြေခံက စပြီး သုတေသနပြုလေ့လာနေစရာမလိုအပ်ခဲ့ပေ မှော်စက်ပစ္စည်းများထုတ်လုပ်မှုက ယခုလိုမျိုး အချိန်အတိုအတွင်း လေ့လာခဲ့ရာတွင် အပြစ်အနာဆာချို့ရှိနေမည်မှာ အသေအချာပင်ဖြစ်သည်။

ရှုယီက ထိုအကြောင်းကို သတိထားခဲ့ပေမယ့် သူမှာ အခြားရွေးချယ်စရာ မရှိခဲ့ပေ။

ဘုရင်ကြီးနှင့် စိုက်ပျိုးရေးဌာန၏အမိန့်ကို အချိန်မှီ ပြီးစီးအောင် လုပ်ဆောင်ရန်အတွက် ရှုယီအနေဖြင့် ဒါကို လုပ်မှရမည်ဖြစ်သည်။

ရှုယီအနေဖြင့် သုတေသနရန်ပုံငွေ အများစုက အခုလိုမျိုး အလောတကြီးပြုလုပ်ရသည့် သုတေသနကြောင့် လဟဿဆုံးရှုံးခဲ့သည်လို ခံစားနေရသော်လည်းပဲ သူက ထိုအရာကို ဆုပ်ကိုင်ထားနိုင်သရွေ့ လက်သင့်ခံလို့ရသည့် အကြောင်းတစ်စုံတစ်ရာ ရှိနေခဲ့သည်။

သူတို့အနေဖြင့် မှော်စက်ပစ္စည်းထုတ်လုပ်ရေးအတွဲလိုက် တိုးတက်အောင်လုပ်နိုင်သည်ကို ထည့်မတွက်ပဲ မဟာမှော်ပညာရှင်ကြီးကမ်မီလာနှင့် သူ့လက်အောက်ရှိ မှော်ပညာရှင်များ၊ မှော်စက်ပစ္စည်းအလုပ်ရုံမှာ လုပ်ကိုင်နေကြသည့် ကမ်ဘီနှင့် လူပူများအတွက်ဖြစ်ပြီး သူတို့အနေဖြင့် ထို ထုတ်လုပ်မှုကနေ မြောက်မြားစွာသော အတွေ့အကြုံများရှိခဲ့ကြသည် ဖြစ်သည်။

ထိုအချက်က Frestech ကုန်သည်ကြီးများအသင်းအတွက် အနာဂတ်တိုးတက်လာဖို့အတွက် အခြေခံအုတ်မြစ်အဖြစ် ဖန်တီးပေးနေသလိုပင်ဖြစ်သည်။ ရှုယီတစ်ယောက် လူအင်အားနှင့် သယံဇာတများကို ထည့်သွင်းရင်းနှီး ပေးနိုင်သရွေ့ Frestech ကုန်သည်ကြီးများအသင်းသည်လည်း တဖြည်းဖြည်း သူတို့ရဲ့ မှော်စက်ပစ္စည်းထုတ်လုပ်မှုကို တိုးမြှင့်လာနိုင်မည်ဖြစ်သည်။

ရှုယီက ကမ္ဘာမြေကနေ ကူးပြောင်းလာသူဖြစ်သည်အတွက်ကြောင့် အမှန်တကယ်တော့ သူက စက်ရုံတစ်ခုဖြစ်တည်လာဖို့အတွက် အရေးပါသည့် သီအိုရီကျသည့် အခြေခံအုတ်မြစ်ကို သိရှိနေခဲ့တာဖြစ်သည်။

စိုင်စ်နယ်မြေမှာ မှော်စက်ပစ္စည်းစက်မှုလုပ်ငန်း ပေါ်ပေါက်လာခဲ့သည်က olhရဲ့ အဆင့်မြှင့်ထားသည့် လုပ်ဆောင်ချက်တစ်ခုလို့ သတ်မှတ်နိုင်သည်ကြောင့် အခြေခံအုတ်မြစ်များက လုံးဝကိုခိုင်မာနေသည် မဟုတ်ချေ။

အကယ်၍ တစ်နေ့မှာ မှော်စက်ပစ္စည်းများ ပါဝင်ပတ်သတ်နေသည့် ပြဿနာတစ်စုံတစ်ရာ ရှိလာပါက သူကအနေဖြင့် ဖြေရှင်းနိုင်မည်မဟုတ်ပဲ တစ်နည်းအားဖြင့် ဆိုရလျှင် လက်ရှိကမ္ဘာမှာ ထိုပြဿနာကို မည်သူမျှ ဖြေရှင်းနိုင်မည် မဟုတ်ပေ။

ဒါကြောင့် သုတေသနပြုလုပ်လာသည့်အခါ ရှုယီက ထိုလူတွေအား သူရဲ့ကိုယ်ပိုင် စက်မှုအင်ဂျင်နီယာအသိဉာဏ်များကို သိရှိအောင် ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။ သူက ထိုအသိဉာဏ်များနှင့် မှော်ပညာ ပေါင်းစပ်ခြင်းကို မီးမောင်းထိုးပြခဲ့ကာ သူတို့အား ပြည့်စုံစွာ ရှင်းလင်းပြသပေးခဲ့သည်။

သူအနေဖြင့် ထိုသို့ပြုလုပ်ရသည့်အကြောင်းက သူ့အပြင် စိုင်စ်နယ်မြေမှာ မှော်စက်မှုအင်ဂျင်နီယာ အရည်အချင်းရှိသူများ ပေါ်လာဖို့ရန် မျှော်လင့်နေခဲ့သောကြောင့်ဖြစ်သည်။

ထိုအပြင် သုတေသနလေ့လာခြင်းမှာ အလုပ်များနေခဲ့ရာ ဒီအတောအတွင်း အရမ်းကို အလုပ်ရှုပ်နေခဲ့သော်လည်းပဲ အပျော်ရွှင်ဆုံးဖြစ်နေသူမှာ တကယ်ကြီး ဟိန့်ဇ် ပင်ဖြစ်သည်။

အပူချိန်ပြောင်းလဲနိုင်သည့် မှော်လေအေးပေးစက်ကို ဘန်တာမြို့နှင့် အနီးပတ်ဝန်းကျင်မြို့များသို့ အခုရေ (၅၀၀၀) ကျော်ခန့် ရောင်းချရပြီးနောက် သူတို့က မှော်မီးအိမ်ကိုစတင်မိတ်ဆက် လာခဲ့ပြီး နောက်အသုတ်ဝယ်ယူမှုများ ရှိလာခဲ့သည်။

ဈေးနှုန်းမြှင့် ရွှေဒင်္ဂါး (၂၅) ပြားတန်းဖိုးရှိ မှော်လေအေးပေးစက်နှင့် နှိုင်းယှဉ်ကြည့်သည့်အခါ ထိုစက်ပစ္စည်းက ချမ်းသာကြွယ်ဝသည့် မိသားစုများကို အဓိကထားခဲ့တာဖြစ်ပြီး ပိုမိုလှပသည့် မှော်မီးအိမ်ကို လူအတော်များများက အနုပညာမြောက်လက်ရာ တစ်ခုဟု သတ်မှတ်ထားခဲ့ကြပြီး ရွှေဒင်္ဂါး (၁) ပြားဖြင့်သာ ရောင်းချခဲ့ပြီး သာမန်မိသားစုများအတွက် အဓိထားခဲ့တာဖြစ်သည်။

ဈေးနှုန်းက ရွှေဒင်္ဂါး (၁)ပြားထဲသာဖြစ်သည်အတွက်ကြောင့် လူအများစုက မြို့အပြင် ဘေလ်ဘုတ်ပြား (၄) ခုပေါ်က မှော်မီးအိမ်ရဲ့အသွင်အပြင်ကို မြင်တွေ့ပြီးသောအခါ သူတို့အနေဖြင့် ဈေးအရမ်းကို သင့်တင်သည်ဟု ခံစားမိသွားကြသည်။

ထိုဈေးနှုန်းက ဈေးအရမ်းနည်းလွန်းသည်ဟု လူအချို့က ထင်နေကြသေးပြီး အကြောင်းကတော့ အချို့ချမ်းသာကြသည့်သူများက ပုံစံကို အလေးထားသောကြောင့်ဖြစ်သည်။ ထိုမှော်မီးအိမ်အား အနုပညာလက်ရာမြောက် ပစ္စည်းဟုတ် သတ်မှတ်ထားပြီးဖြစ်ရာ ထိုပစ္စည်းက သာမန်ထုတ်ကုန်များနှင့် ဈေးနှုန်းတူဖြစ်နေလို့မရပေ။

စိုင်စ်နယ်မြေမှာ အရင်ကပေါ်ခဲ့သည့် မှော်ဖန်တုံးမီးအိမ်ရဲ့ အတွင်းအသွင်အပြင်ကို မဆိုထားနှင့် အကျိုးသက်ရောက်မှုကလည်း ဆိုးဝါးနေခဲ့သည်။

ထိုမှော်ဖန်တုံးမီးအိမ်က ရွှေဒင်္ဂါးပြားရာကျော်ခန့်တန်ဖိုးရှိနေသည့်အပြင် ထိုမှော်ဖန်မီးအိမ်၏ ဈေးနှုန်းက ချဲ့ကားပြောဆိုထားခြင်းမရှိလျှင်တောင်မှ သူတို့ရဲ့ အဖိုးအခက အနည်းဆုံး ရွှေဒင်္ဂါးမြောက်မြားစွာ တန်ဖိုးရှိသည်မဟုတ်လား။

အမှန်တော့ ထိုလူများက ဈေးနည်းသည်တွေးထားကြပေမယ့် သာမန်အားဖြင့်တော့ ထိုသူတွေကလည်း ဈေးကြီးသည်လို့ တွေးနေကြသူများဖြစ်သည်။

မပြည့်စုံသည့်မိသားစုအချို့အတွက် ရွှေဒင်္ဂါး (၁)ပြားသည်လည်းပဲ အတော်ကို များပြားသည့်ပမာဏပင်။ ထိုမှော်မီးအိမ်က အရမ်းကိုကြည့်လို့လှနေခဲ့ပြီး လူအများကိုဝယ်ယူချင်လာအောင် လုပ်နေသော်လည်း အမှန်တကယ်တော့မှာတော့ သူတို့အနေဖြင့် မီးအိမ်တစ်လုံးအတွက် ရွှေဒင်္ဂါး (၁)ပြား ထုတ်သုံးရမည့်အရေးက သူတို့အား ချီတုံချတုံဖြစ်နေစေခဲ့သည်။

ဒါပေမယ့် နောက်မှာ ဘန်တာသတင်းစာကနေပြီး Frestech ကုန်သည်ကြီးများအသင်းက မှော်မီးအိမ် ထုတ်လုပ်ဖြန့်ချီတော့မည့်အကြောင်း ဆောင်းပါးသစ်တစ်ပုဒ် ရေးသားဖော်ပြခဲ့ပြီးနောက်မှာတော့ ထိုသူတို့ရဲ့ အတွေးများပြောင်းသွားစေခဲ့သည်။

သာမန်အိမ်သုံးဖိုအတွက် သူတို့အနေဖြင့် ဖယောင်းတိုင်များ ဒါမှမဟုတ် ဆီမီးအိမ်များကို ညမှာ သူတို့အိမ်တွင် အလင်းရရှိဖို့ရန် အသုံးပြုကြမည်ဆိုလျှင် ဖယောင်းတိုင် (၁)တိုင် သို့မဟုတ် ဆီမီးအိမ်တစ်ခုအား တစ်ခန်းစာအတွက် အသုံးပြုသည်ကို အခြေခံပြီး တွက်ချက်ကြည့်သည့်အခါ သူတိုနေ့အဖြင့် တစ်ညစာအတွက် ကြေးပြား (၅) ပြားကနေ (၁၀) ပြားအထိ ကုန်ကျမည်ဖြစ်သည်။ သူတို့အနေဖြင့် တစ်လလျှင့် ငွေဒင်္ဂါးပြား (၂) ပြားကနေ (၃) ပြား အထိ သုံးစွဲရမည်ဖြစ်သည်။

ဒါပေမယ့် အကယ်၍သူတို့က မှော်မီးအိမ်ကိုသာ အသုံးပြုခဲ့လျှင် လစဉ် အဆင့်နိမ့်မှော်ကျောက်တုံး တစ်ခုတည်းကိုသာ အသုံးပြုရမည်ဖြစ်ပြီး ကြေးပြား (၆၀) ခန့်ပိုနည်းသည့် ပမာဏသာ ကုန်ကြတော့မည်ဖြစ်သည်။

ထိုကိန်းဂဏန်းများက တစ်လ ဒါမှမဟုတ် (၂) လဆိုသည့် အချိန်ကာလာတွေမှာ မသိသာပေမယ့် နှစ်များအချိန်ဖြင့် သူတို့ တွက်ချက်ကြည့်လိုက်သည့်အခါ ဖယောင်းတိုင်များ ဒါမှမဟုတ် ဆီမီးအိမ်များအစား ထိုမှော်မီးအိမ်ကိုသာ အသုံးပြုခဲ့ကြလျှင် နှစ်စဉ် ငွေဒင်္ဂါး (၂၀) ထက် ပိုပြီးချွေတာနိုင်မည်ဖြစ်သည်။

(၄) နှစ်အတွင်းမှာပင် သူတို့အနေဖြင့် မှော်မီးအိမ်တစ်လုံးစာခန့် ချွေတာထားနိုင်မည်ဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်း၏မှော်မီးအိမ်များက (၃) နှစ်အာမခံပေးထားခဲ့ပြီးဖြစ်သည်။ အကယ်၍သာ မှော်မီးအိမ်မှာ တမင်တကာဖျက်ဆီးခြင်းမရှိပဲ အသုံးပြုမရပါက Frestech ကုန်သည်ကြီးများအသင်းအနေဖြင့် ပြင်လည်ပြင်ဆင်ပေးမည်ကို ကတိပေးခဲ့သည်ဖြစ်သည်။

ဆိုလိုသည့်သဘောက မှော်မီးအိမ်တစ်လုံးဝယ်ယူခဲ့ပါက သုံးနှစ်အတွင်း ပျက်စီးသွားမည်ကို သူတို့အနေဖြင့် စိတ်ပူပန်နေစရာမလိုတော့ပေ။

ထိုသို့အချက်များကြောင့် မှော်မီးအိမ်က ဖယောင်းတိုင်များနှင့် ဆီမီးအိမ်တို့နှင့် ယှဉ်လိုက်သည့် အခါတွင် ပိုပြီး အကျိုးသက်ရောက်မှုရှိနေခဲ့သည်။

ထိုဖယောင်းတိုင်များနှင့် ဆီမီးအိမ်များက ခန္ဓာကိုယ်အား ထိခိုက်စေမည့် အနံ့များနှင့် မီးခိုးငွေ့များ ထုတ်ပေးနေသည်ကို ထည့်သွင်းပြောနေစရာမလိုတော့ပါ။ နောက်ပြီး မှော်မီးအိမ်က မှော်အစီအရင်ကို အသုံးပြုပြီး အလင်းရောင်ထုတ်လွှင့်ပေးတာဖြစ်သည့်အတွက်ကြောင့် မီးခိုးများထွက်လာခြင်းမရှိပဲ ခန္ဓာကိုယ်ကိုလည်း ထိခိုက်မှုမရှိနိုင်တော့ပေ။

မည်သို့ပင်ဖြစ်စေကာမူ မှော်မီးအိမ်၏ အလင်းရောင်က ဖယောင်းတိုင်မီး ဒါမှမဟုတ် ဆီမီးအိမ်ထက်ပိုပြီး အားကောင်းနေခဲ့သည်။ ဖယောင်းတိုင်တစ်တိုင် ဒါမှမဟုတ် ဆီမီးအိမ်က (၃) မီတာပတ်လည်အထက်သာ အလင်းပေးနိုင်ပေမယ့် အကယ်၍ မှော်မီးအိမ်သာအသုံးပြုခဲ့ပါက အလင်းရောင်က အခန်းထောင့်တိုင်းကိုပါ လင်းလင်နေစေမည်ဖြစ်သည်။

ဘန်တာသတင်းစာမှာ ထိုသတင်းကိုဖော်ပြထုတ်ဝေပြီးနောက် မှော်မီးအိမ်ဝယ်ယူဖို့ စိတ်ထဲ ချီတုံချတုံဖြစ်နေသည့် သူများက ချက်ခြင်းကိုပင် သူတို့စိတ်ကို ပြန်လည်ပြင်ဆင်လိုက်ပြီး ဝယ်ယူဖို့ ဆုံးဖြတ်ချက်ချခဲ့တော့သည်။

ဒါကြောင့် တစ်ပတ်အတွင်းရောင်းချမှုပဲ မှော်မီးအိမ်များ ရောင်းအားသွက်ခဲ့ပြီး အခုရေ (၂၀၀၀၀) အထက်ရောင်းချခဲ့ရသည်။

ထိုပမာဏသည် ဘန်တာမြို့လို မြို့ငယ်လေးတစ်မြို့ရဲ့ ရောင်းအားသာရှိသေးသည်။

အကယ်၍များ ခမာမြို့က မှာယူမှုများပါထည့်တွက်ခဲ့မည်ဆိုလျှင် ထိုအရေအတွက်က ကြောက်မက်ဖွယ်‌ ကောင်းလောက်အောင် (၄၀၀၀၀) အထိရောက်ရှိသွားမည်ဖြစ်သည်။

သိထားရသည်မှာ ဘန်တာမြို့အတွင်းနှင့် အနီးနားရှိလူဦးရေမှာ (၅၀၀၀၀) ခန့်ရှိမည်ဖြစ်ပြီး ဒါကြောင့် ဘန်တာမြို့က လူတိုင်းလိုလိုက တစ်ခုစီဝယ်ယူထားကြသည်ဖြစ်သည်။

အမှန်တကယ်တော့မှာတော့ အဓိကအကြောင်းအရင်းက ပိုမိုကြီးမားသောအိမ်များက မှော်မီးအိမ်တစ်ခုတည်းကိုသာ ဝယ်ယူခဲ့ကြတာမဟုတ်ပဲ မတူညီသည့် အခန်များအတွက် မှော်မီးအိမ် အများအပြား ဝယ်ယူခဲ့ကြသည်ကြောင့်ဖြစ်သည်။

ဘန်တာမြို့အပြင် Frestech ကုန်သည်ကြီးများအသင်းနှင့်အချိန်ကြာမြင့်စွာ လက်တွဲလုပ်ကိုင်ကြသည့် အခြားမြို့များက ကုန်သည်များကလည်း အားနည်းချက်ကို မပြသလိုသည့်အတွက်ကြောင့် သူတို့ကလည်း အမြားအပြားမှာယူခဲ့ကြသည်။

အကယ်၍ အခြားမြို့များက မှာယူမှုများကိုပါ ထည့်ပေါင်းလိုက်လျှင် အားလုံးစုစုပေါင်း (၅၀၀၀၀) ကျော်ခန့်ရှိသည်။

အကုန်လုံးကိုထည့်ပေါင်းပြီး တစ်ပတ်အတွင်းမှာပင် မှော်မီးအိမ်လေးရောင်းချရုံနှင့်တင် Frestech ကုန်သည်ကြီးများအသင်းသည် ရွှေဒင်္ဂါး (၁) သိန်းနီးပါးခန့် ပမာဏအမြောက်အမြားဝင်ငွေရရှိနေခဲ့ပြီဖြစ်သည်။

မှော်မီးအိမ်တစ်ခုစီကို ရွှေဒင်္ဂါး (၁)ပြား ဖြင်းရောင်းချရပြီး ထုတ်လုပ်မှုကုန်ကျစားရိတ်မှာ ငွေဒင်္ဂါး (၃၀) ပြားသာ ကုန်ကျခဲ့သည်။

ထိုအချက်များအားလုံးအတူပေါင်းထည့်တွက်ကြည့်သောအခါ Frestech ကုန်သည်ကြီးများအသင်းက မှော်မီးအိမ်ရောင်းချမှုနှင့်ပင် အသားတင်အမြတ်ငွေ ရွှေဒင်္ဂါး(၇၀၀၀၀) နီးပါး ရရှိခဲ့သည်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေကာမူ ထိုရောင်းချမှုသည် တစ်ပတ်အတွင်းသာပင်ဖြစ်သည်။ လက်ရှိမှော်မီးအိမ်ရောင်ချနိုင်မှု နှုန်းထားအတိုင်းဆိုလျှင် ထိုပမာဏကတဖြည်းဖြည်း ကြီးမားလာနိုင်သေးသည်။

ရှုယီပင်လျှင် သူတို့ရဲ့ ရောင်းနိုင်မှုအားကို လုံးဝကို မခန့်မှန်းနိုင်တော့ပေ။ အကြောင်းရင်းက သူအနေဖြင့် မှော်မီးအိမ်သည် ရေပန်းစားလာမည်ကို သူလုံးဝမထင်ထားခဲ့သောကြောင့် ဖြစ်သည်။

ဟိန့်ဇ်က‌ နေ့တိုင်းလိုလို အိုးနင်းခွက်နင်းဖြစ်နေသော်လည်းပဲ သူရဲ့အပြုံးများက ပါးစပ်နားရွက်တက်ချိတ်နေသကဲ့သို့ ပါးစပ်စိမထားနိုင် ဖြစ်နေသည်က အထူးအဆန်းကို မဟုတ်တော့ပေ။

ထိုမတိုင်မီက ဟိန့်ဇ်သည် ရှုယီ တိုးတက်အောင်လုပ်ထားသည့် ထိုမှော်မီးအိမ် ကြည့်ကောင်းပြီး ကောင်းကောင်းရောင်းချနိုင်မည်ဟု သိနေခဲ့သော်လည်းပဲ သူအနေအဖြင့် ထိုမှော်မီးအိမ်က အခုလိုမျိုး ကြောက်ခမန်းလိလိ ကိန်းဂဏန်းများဖြင့် ရောင်းချရလိမ့်မယ် ဘယ်တော့မှ မထင်ထားခဲ့ပါ။

စစ်ပြန်တစ်ယောက်လည်းဖြစ် ဘန်တာမြို့က ကုန်စုံဆိုင်ပိုင်ရှင်တစ်ယောက်အနေဖြင့် သူ့အတွက် ဘာကြောင့်များ လူတွေက အလင်းရရန်သာအသုံးပြုဖို့အတွက် ထိုမှော်မီးအိမ်ကို အရူးအမူးဖြစ်နေကြသည်ကို နားမလည်နိုင်ဖြစ်နေခဲ့သည်။

“အရမ်းကိုရိုးရှင်းပါတယ်၊ အဲ့လိုဖြစ်ရတဲ့အကြောင်းက လူတွေရဲ့ အများဝယ်တိုင်းလိုက်ဝယ်တတ်ကြတဲ့ အကျင့်လေးကြောင့်။ ပစ္စည်းတစ်ခုကို လူတွေက ပိုဝယ်ကြလေ နောက်ထက်လူအများကြီးကလဲ ပိုပြီး ဝယ်ချင်လာလေပဲ။ တစ်နည်းပြောရရင် အဲ့ဒါတွေက သူတို့အတွက် တစ်နည်းတစ်ဖုံ ထူးခြားနေလို့ပဲ” ဆယ်ဗီနီက မှော်မီးအိမ်ကို သူလက်မှာကိုင်ထားကာ ခဏအကြာကြည့်လိုက်ပြီး သူမအနေဖြင့် မချီးကျူးရ မနေနိုင်ဖြစ်ကာ “ပြောရရင် မှော်မီးအိမ်က အရမ်းကိုလှပလွန်းတယ်။ ဘန်တာမြို့တော်ရဲ့ မာစတာတွေက ဒါကို အနုပညာလက်ရာတစ်ခုလို့ ချီးကျူးနေကြတာ မထူးဆန်းတော့ပါဘူး။ မနေ့က မိတ်ဆုံစားသောက်ပွဲတောင်မှ ဘန်တာမြို့ရဲ့ အနုပညာဆရာကြီးတွေက ရှင်နဲ့ Frestech ကုန်သည်ကြီးများအသင်းကို မြို့တော်ဝန်စီယန် ရှေ့မှာတင်ကို ကျိန်ဆဲနေကြတာ”

ရှုယီ မပြုံးပဲမနေနိုင်ဖြစ်ကာ “ကျွန်တော့်ကို ဘာကြောင်းနဲ့များ ကျိန်ဆဲနေကြတာလဲ”

ဆယ်ဗီနီက ခေါင်းစောင်းပြီး စဉ်းစားလိုက်ကာ ခပ်ရေးရေးပြုံးပြီ “အဲ့ဒီဆရာကြီးတွေက ရှင်တို့ရဲ့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ ပြည့်စုံလုနီးပါး အနုပညာအစိတ်အပိုင်းတစ်ခုကို အရေအတွက်အများကြီး ထုတ်လုပ်လိုက်ပြီး ဟော့ဒီကမ္ဘာတစ်ခုလုံးကို အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေကို ဗုန်းပေါလအောဖြစ်စေတယ်လေ၊ အဲ့ဒါက အနုပညာကို စော်ကားလိုက်တယ်လို့ ထင်နေကြာတာ”

ရှုယီက ပုခုံးတစ်ချက်တွန့်လိုက်ကာ “အနုပညာဆိုတာက အရေအတွက်အများကြီးဆိုတာနဲ့ လုံးဝကိုမတူညီပဲ ကွဲထက်နေတာပါ။ အဲ့ဒီဆရာကြီးတော့ အရမ်းကို အစွဲကြီးတာပဲ”

“မဟုတ်ပါဘူး သူတို့က အစွဲမကြီးပါဘူး။ အဲ့တာထက် သူတို့က အနုပညာက တစ်ခုခုထက် တသီးတခြားနဲ့ လူအများရဲ့ အထက်မှာရှိနေပြီး သူတို့ရဲ့ အဖွဲ့ငယ်လေးသာ ခံစားပျော်မွေ့နိုင်တယ်လို့ ထင်နေကြတာ။ ရှင့်ရဲ့ Frestech ကုန်သည်ကြီးများအသင်းက နည်းလေးတွေက သူတို့ရဲ့ အမြှင့်ဆုံးအာရုံခံစားနိုင်မှုကို ဖျက်စီးသလိုဖြစ်နေပြီး သူတို့က အရှက်ရလာကြပြီး ဒေါသူပုန်ထလာတာ အံ့ဩစရာမရှိပါဘူး။” ဟု ပြောဆိုပြီးနောက် ဆယ်ဗီနီက သူမရဲ့ နှုတ်ခမ်းများကို ကွေးကာ ပြုံးဟန်ပြုလိုက်ပြီး “တကယ်လို့ အဲ့လို့အချက်တွေကြောင့် မဟုတ်ခဲ့ရင် မှော်မီးအိမ်က အရမ်းကို လှပပြီး အနုပညာဆန်နေတာကို သူတို့အနေဖြင့် ငြင်းနိုင်စွမ်းမရှိပဲ အဲ့ဒီဆရာကြီးတွေက ထိုမှော်မီးအိမ်ကို အထင်သေးနေကြပေမယ့် သူတို့ စိတ်မှာတော့ လက်ခံမိကြလို့ပဲဖြစ်မှာ”

ဘာအကြောင်းပဲဖြစ်ဖြစ် ဆယ်ဗီနီက အခုလို ဆရာကြီးတွေကို ရိုင်းစိုင်းသည့် သုံးသပ်ချက်မျိုးပြောမည်ဟု ရှုယီ လုံးဝမထင်ထားခဲ့ပါ၊ ဆယ်ဗီနီက စိုက်ပျိုးရေးဌာနာရဲ့ သာမန်အဖွဲ့ဝင်တစ်ယောက် မဟုတ်ပဲ သူ(မ)က အနေအထား သာမန်မဖြစ်နိုင်ပေ။ ထိုဆရာကြီးများကို ပြောလိုက်သည်ကို ကြည့်ရင် သူမက အတက်တန်းလွှာတစ်ယောက် ဖြစ်ရမည်။

“ဟုတ်ပါပြီ ရှုယီ အဲ့ဒီမှော်မီးအိမ်ရဲ့ ဒီဇိုင်းဆွဲပေးခဲ့တဲ့ပုဂ္ဂိုလ်က ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းက မဖြစ်နိုင်ဘူး ဟုတ်တယ်မို့လား။ အခုလို အနုပညာအရာကျွမ်းကျင်လှတဲ့ ဆရာတစ်ယောက်ကို နင်ဘယ်လိုများ ရှာတွေ့ခဲ့တာလဲ။” ဆယ်ဗီနီက ရုတ်တရက်မေးလိုက်ကာ “အဲ့တာအပြင် မြို့ရဲ့ အရပ်လေးမျက်နှာမှာရှိတဲ့ ဘေလ်ဘုတ်က ပုံကို အဲ့ဒီဆရာကြီးကပဲ ဆွဲခဲ့တာ ဟုတ်တယ်မို့လား။ ငါပြောနိုင်တာက မှော်မီးအိမ်ဆွဲထားတဲ့ ပုံစံနဲ့ အဲ့ဒီဇိုင်း တစ်ပုံစံတည်းပဲ အဲ့ဒီတော့ လူတစ်ယောက်တည်းပဲ ရေးဆွဲထားတာမျိုးပဲ ဖြစ်ရမယ်။”

ရှုယီက ခေါင်းညိတ်လိုက်ကာ “ဆွဲထားတာ တကယ်ကိုပဲ တစ်ယောက်တည်းပါပဲ။ ပြီးတော့ သူတို့က Frestech ကုန်သည်ကြီးများအသင်းက မဟုတ်ဘူး။ ဒါပေမယ့် မင်းအနေနဲ့ သူတို့ကဘယ်သူတွေလဲဆိုတာ မေးလာခဲ့ရင် ကျွန်တော်ကတော့ တောင်းပန်ပါတယ်လို့ပဲ ပြောဖို့ရှိတယ်”

“ရှင်မပြောနိုင်ဘူးလား။ တကယ်ကြီးကို သနားစရာကောင်းတာပဲ။ ငါအနေနဲ့ အဲ့လို ဆရာကြီးလို့ခေါ်ကြတဲ့သူ တွေကို သဘောမကျသော်လည်းပဲ သူတို့ရဲ့ တန်ဖိုးကိုအသိအမှတ်ပြုပါတယ်။ ဒီပုံရဲ့ အနုပညာလက်ရာမြောက် တန်ဖိုးက မှော်မီးအိမ်ထက်ကို များစွာမြှင့်မားနိုင်ပါသေးတယ်။ ဒီဆရာကြီးတွေရဲ့ လက်ရာကို အခြေခံပြီး ပုံကိုပဲကြည့်ပြီး ပြောရမယ်ဆိုရင် သူတို့ကို အဆင့်မြင့်ဆရာကြီးလို့တောင် ပြောလို့ရတယ်” ဆယ်ဗီနီက ရုတ်တရပ် ပြုံးလိုက်ကာ “အမှန်တော့ ကျွန်မအမြင်မှာ ဒီပုံက ဘာကြောင့်များ အရမ်းကိုထူးချွန်ပြောင်မြောက်ပြီး ခံစားမှုရသ အရမ်းကိုကောင်းနေတာက မှော်မီးအိမ်ဆိုတာထက် ပုံထဲက ယစ်မူးလောက်သည့် မိန်းကလေးက အမှန်တကယ်ကြီးကို အရေးပါနေတာ။ ကျွန်မသိသလောက်ကတော့ အဲ့ဒီမိန်းကလေးက စတေးလ်လို့ခေါ်ပြီး သူက မဟာမှော်ပညာရှင်ကြီးကမ်မီလာရဲ့ မြေးမလေး မို့လား”

ရှုယီက ဆယ်ဗီနီကို အံ့ဩသည့်ဟန်ဖြင့် ကြည့်လိုက်ကာ “မင်း တကယ်ကြီး ဒါကိုတောင် ရှာတွေ့တယ်ပေါ့”

“အဲ့ဒါ ရှာရတာ မခက်ပါဘူး။ အရင်ချိန်က အမှတ်တမဲ့ ရှာတွေ့သွားတာ ပြီးတော့ စတေးလ်က ဘန်တာမြို့မှာ လူသိများတယ်လေ။ ဒါပေမယ့် အဲ့ဒါက သာမန်ကိစ္စလေးပါ။ သူမက အခုလို အလှပလေးဖြစ်နေပြီး နင်တို့ရဲ့ Frestech ကုန်သည်ကြီးများအသင်းရဲ့ကြောငြာမှာ အမြဲလိုလိုပါနေတာကြောင့် သူ့အတွက် နာမည်ကြီးလာဖို့က မခက်ပါဘူး။ ဒါပေမယ့် အဲ့လိုမျိုး နှိုင်းယှဉ်ကြည့်ရင် ကျွန်မကို ပိုပြီး စိတ်ဝင်စားစေခဲ့တာတစ်ခုရှိတယ်၊ ကျွန်မကြားမိတာက ရှင်နဲ့ စတေးလ်ကြားက ဆက်ဆံရေးက သာမန်မဟုတ်ဘူးဆိုပဲ ဟုတ်တယ်မို့လား”

ရှုယီက အရင်ညက အက်ဂ်နက်စ်ရဲ့အဖြေကိုကြားပြီး ဖြစ်ပျက်သွားသည့် စတေးလ်ရဲ့ ထူးဆန်းသည့်ပုံစံကို ပြန်မြင်ယောင်သွားကာ ခြောက်ကပ်ကပ်ရယ်လိုက်ပြီး “မိန်းမပျိုဆယ်ဗီနီ ဒီနေ့ ကျွန်တော့်ဆီကို အထူးတလည် လာရောက်တွေ့ဆုံတာက ကျွန်တော်နဲ့ အရေးတကြီးဆွေးနွေးကိစ္စ တစ်ခုခုများရှိလို့များလား”

ဆယ်ဗီနီက သူမရဲ့ နှုတ်ခမ်းများ ပြုံးဟန်ပြုလိုက်ပြီး ထိုအကြောင်း ဆက်ပြီး ပြောမနေတော့ပါ။ ခဏအကြာ ရပ်နေပြီးမှာတော့ သူမက ရှုယီအား ရုတ်တည်ကြီးဖြင့် “ဥက္ကဌရှု ဒီနေ့ ရှင့်ကို ကျွန်မလာရှာရတဲ့အကြောင်းက ကျွန်မမှာ ရှင့်အတွက် သတင်းဆိုးတချို့ ရှိနေလို့ပဲ”

***

မှော်စက်မှုအင်ပါယာ

Vol 1, အခန်း ၁၂၆ ။ သတ္ထုတွင်းကိုလိုချင်တယ်တဲ့လား?

ရှုယီကတော့ တည်ငြိမ်စွာဖြင့် “ဘယ်လိုသတင်းဆိုးမျိုးလဲ”ဟုမေးလိုက်သည်။

ဆယ်ဗီနီက ခဏလောက်ပြောဖို့မဝံရဲဖြစ်ပြီးမှ “အဲ့တာက သတ္ထုတွင်း(၂) တွင်းနဲ့ဆက်စပ်နေတာပါ”

ရှုယီကမနေနိုင်ပဲ မျက်မှောင်ကြုတ်လိုက်ကာ “သတ္ထုတွင်း(၂)တွင်းမှာ ဘာပြဿနာတွေများရှိနေလို့လဲ”

ထိုသတ္တုတွင်းများက ရှုယီကဘုရင်ကြီးနှင့် အပေးအယူလုပ်ခဲ့ရာမှာ အရေးကြီးဆုံးအပိုင်းဖြစ်သောကြောင့် ထိုနေရာမှာ ပြဿနာတစ်စုံတစ်ခုဖြစ်နေသည့် သဘောက အခုအကြိမ်အရောင်းအဝယ်ကိစ္စက အရှုံးပေါ်နေပြီဟု ဆိုလိုသည့် သဘောဖြစ်သည်။

“အဲ့တာက သတ္တုတွင်းတွေမှာ ပြဿနာဖြစ်နေတာမဟုတ်ပါဘူး။ ငါတို့က ပြဿနာကိုရှာတွေသွားတာ” စိတ်ပျက်နေသည့်ပုံဖြင့် ဆယ်ဗီနီကပြောလိုက်သည်။

ရှုယီကစိတ်ကိုတည်ငြိမ်အောင်ထားပြီး “အဲ့ဒီတော့ ဘာပြဿနာဖြစ်တာလဲဆိုတာ ကျွန်တော်မေးလို့ရမလားခင်ဗျာ၊ မဟုတ်လွဲရော အရှင်ဘုရင်ကြီးက စိတ်ပြောင်းသွားခဲ့တာလား”

“မဟုတ်ပါဘူး အရှင်ဘုရင်ကြီးက ရှင်နဲ့ စာချုပ်မှာ လက်မှတ်ရေးထိုးထားပြီးပြီလေ။ တကယ်ကြီးငါတို့က သူစိတ်ကို ပြောင်းအောင်မလုပ်နိုင်ပါဘူး” ဆယ်ဗီနီက ခေါင်းကိုရမ်းလိုက်ကာ သက်ပြင်း‌ဖြေးဖြေးချကာ “အဲ့တာက လွန်ခဲ့တဲ့ (၂) ရက်လောက်က တိုင်းပြည်ထဲက တစ်ယောက်ယောက်က ရုတ်တရက်ကြီး ရှင်နဲ့စိုက်ပျိုးရေးဌာန သဘောတူလက်မှတ်ထိုးထားတဲ့ စာချုပ်ကိုလာပြီး အငြင်းအခုံပြုတာပါ”

“အိုး… ဘယ်သူလဲ ဘာပြဿနာရှာတာလဲ” ရှုယီ အတော် ထိတ်လန့်သွားခဲ့သည်။

အရောင်းအဝယ်ကိစ္စက ရှုယီနှင့် စိုက်ပျိုးရေးဌာနာကြားက ဘုရင်ကိုယ်စားပြုထားတာဖြစ်သည်။ ထိုသို့ အငြင်းအခုပြုရန်က ဘုရင်နှင့် အတိုက်အခံ ပြုလုပ်သည့် သ‌ဘောဖြစ်နေသည်။

လမ်ပူရီတိုင်းပြည်မှာ ရှုယီ နေထိုင်ခဲ့စဉ် (၇) နှစ်တာကာလပတ်လုံး သူလေ့လာကြည့်မိသလောက် ဘုရင်က ပြိုင်ဘက်ကင်းဖြစ်နေသောကြောင့် ဘယ်သူကများ ဘုရင်ကိုတိုက်ရင် စိန်ခေါ်ဝံ့ပါသလဲ။

“အဲ့တာက ဟိုးရှေးရှေးတုန်းက အပေးအယူတစ်ခုနဲ့ ဆက်စပ်‌နေတာ။ အတိအကျပြောဆိုထားတာက လမ်ပူရီတိုင်းပြည်တည်ထောင်ခဲ့တဲ့ အချိန်တုန်းက ပထမဦးဆုံးဘုရင်က နိုင်ငံတည်ထောင်ရာမှာ ကူညီခဲ့တဲ့ မိသားစုတွေကို သူကိုထောက်ခံခဲ့တဲ့အတွက် ဆုလာဘ်ချီးမြှင့်ပေးဖို့ အပေးအယူလုပ်ခဲ့တာ။ အဲ့ဒီအပေးအယူက ဂျိုးလ်မိသားစုနဲ့ဖြစ်ပြီး တိုင်းပြည်က သတ္တုတွင်းအားလုံးနဲ့ သက်ဆိုင်နေတာလေ”

ရှုယီ ချက်ခြင်းဆိုသလို သဘောပေါက်သွားကာ “ဆိုလိုတဲ့သဘောက အဲ့ဒီ ဂျိုးလ်မိသားစုကနေ ဘုရင်ကြီးက ငါ့တို့ကုမ္ပဏီကို သတ္တုတွင်းတွေပေးလိုက်တဲ့ ကိစ္စကို မကျေမနပ်ဖြစ်နေတာပေါ့။ ဒါပေမယ့် အဲ့လိုကြီးက မဟုတ်သေးဘူး။ အဲ့ဒီ သတ္တုတွင်း (၂) က ဘယ်မိသားစုကမှ ပိုင်ဆိုင်တာမဟုတ်ဘူးလေ။ တော်ဝင်မိသားစုနဲ့ပဲ သက်ဆိုင်တာလေ။ အဲ့ဒီလိုမျိုးတွေကြောင့် အရှင်ဘုရင်အနေနဲ့ အဲ့ဒီသတ္တုတွင်း(၂) တွင်းနဲ့ပတ်သတ်ပြီး ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်မဟုတ်လား။ ဆိုတော့ဘာကြောင့် အခြားတစ်ယောက်ကလာပြီး အငြင်းပွားရတာလဲ။”

ဆယ်ဗီနီကခါးသက်သက်ပြုံးလိုက်ကာ “ရှင်ပြောတာမမှားပါဘူး။ ဒါပေမယ့် ပြဿနာက ပထမဦးဆုံးဘုရင်နဲ့ ဂျိုးလ်မိသားစုတို့ သဘောတူထားတဲ့ ကိစ္စ။ သူတို့က သတ္တုတွင်းတွေ ပေးခဲ့တာအပြင် တော်ဝင်မိသားစုက သတ္တု‌တွင်းတွေ လွှဲပြောင်းပေးရမှာ။ ဂျိုးလ်မိသားစုက ပထမဦးစားပေးခြင်းခံရမယ်လို့ပါ အာမခံပေးထားတာလေ။”

“ဦးစားပေးရမယ်” ရှုယီအနေဖြင့် ထိတ်လန့်သွားခဲ့ကာ “အဲ့ဒီတော့ ဆိုလိုတဲ့သဘောက တော်ဝင်မိသားစုက သူတို့နာမည်အောက်ကနေ လွှဲပြောင်းပေးရတိုင်း အရင်ဦးဆုံး ဂျိုးလ်မိသားစုကိုပေးရမယ့်ပေါ့ဟုတ်လား။ အခြားသူကအဲ့တာကို ဝင်စွတ်ဖတ်လို့မရဘူးပေါ့ဟုတ်လား။”

“အဲ့လောက်ကြီးတော့လည်းမဟုတ်ပါဘူး။ ဦးစားပေးတဲ့ဆိုတဲ့ သဘောက တန်ဖိုးကတော့အတူတူပါပဲ။ ဂျိုးလ်မိသားစု ဦးစားပေးရတာတာ သံသတ္တုတွင်းကိုပဲရတာပါ”

နောက်ဆုံးတော့ ရှုယီ နားလည်သွားခဲ့သည်။ ထိုအကြောင်းကို စဉ်းစားရင်း လွဲမှားနေသည်ဟု ခံစားမိခဲ့သည် “ဒါပေမယ့် ဒီသတ္တုတွင်းတွေက တော်ဝင်မိသားစုက ငါတို့ကုမ္ပဏီကိုပေးခဲ့တယ်ဆိုတာထက် စိုက်ပျိုးရေးဆိုင်ရာသုံး မှော်စက်ပစ္စည်းတွေရဲ့ အဖိုးအခအဖြစ် ပေးခဲ့တာမို့လား။”

“ပြဿနာက ဒီလိုဂျိုးလ်မိသားစုက သတ္တုတွင်းတွေက လျော်ကြေးအဖြစ် ပေးခဲ့တာဖြစ်ပြီး တော်ဝင်မိသားစု ရောင်းချလိုက်တဲ့ ပုံစံမျိုးဖြစ်နေတာကြောင့် ဂျိုးလ် မိသားစုအနေနဲ့လည်း တန်ရာ‌တန်ကြေးရသင့်တယ်လို့ ထင်နေကြတာ။ လွန်ခဲ့တဲ့ (၃)ရက်လောက်တုန်းက ဒုခ်ဂျိုးလ်က ဘုရင့်ထံ ရှေ့မှောက် အခစားဝင်ခဲ့ပြီး အဲ့ဒီသတ္တုတွင်း (၂) တွင်းကို ဘယ်သူကပိုင်ဆိုင်သင့်ကြောင်းကို ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းကို မျှတတဲ့ တရားခွင်ဝင်ဖို့ လျှောက်တင်ခဲ့တယ်” ဟု ဆယ်ဗီနီက ရှင်းပြခဲ့သည်။

“ဘုရင်ကြီးကလည်း ဒီအတိုင်းပဲ သဘောတူလိုက်တယ်ပေါ့”

“အကုန်လုံးကိုခြုံကြည့်လိုက်ရင် ဒါက ပထမဦးဆုံးဘုရင်နဲ့ ဂျိုးလ်မိသားစုကြားက သဘောတူညီချက်တစ်ခုပဲ။ တကယ်လို့ငါတို့က မစောင့်ထိန်းနိုင်ခဲ့ရင် တော်ဝင်မိသားစုကအနေနဲ့ ပြက်ရယ်ပြုခံရမှာ၊ ဥက္ကဌကြီးရှု ဒီကိစ္စမှာ အရှင်ဘုရင်ကြီးလဲ ကူကယ်ရာမဲ့‌ဖြစ်နေတာ” ပြောဆိုပြီးနောက် ဆယ်ဗီနီအသံက ဖြည်းဖြည်းချင်း တိမ်ဝင်သွားကာ တောင်းပန်သည့်ဟန်ပေါ်နေလေသည်။

ရှုယီက အေးစက်သည့်နှာတစ်ချက်မှုတ်လိုက်ကာ ဆယ်ဗီနီအားကြည့်လိုက်ပြီး “မိန်းမပျိုဆယ်ဗီနီ ကျွန်တော့်အနေနဲ့ Frestech ကုန်သည်ကြီးများအသင်း ကိုယ်စားစွဲချက်တစ်ခုတင်ချင်ပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီက ဘုရင်ကိုယ်စားပြုထားတဲ့စာချုပ်ကို စိုက်ပျိုးရေးဌာနဲ့ လက်မှတ်ရေးထိုးထားပြီးသားပါ ဒါပေမယ့် မင်းတို့ရဲ့ ကိုယ်ပိုင်အကြောင်းပြချက်တွေနဲ့ စာချုပ်ကို ချိုးဖောက်ချင်နေကြတာ။ အခုလိုမျိုး စာချုပ်ကို ချိုဖောက်လိုက်တာကြောင့် ကျွန်တော့်ဘက်က မကျေမနပ်ဖြစ်ခွင့်ရှိတယ်။”

ဆယ်ဗီနီက ခေါင်းကိုအသာညိတ်လိုက်ကာ “ရှင်လည်း မကျေမနပ်ဖြစ်နေတယ်ဆိုတာကို ကျွန်မကောင်းကောင်း နားလည်ပါတယ်။ ဒါပေမယ့် ကျွန်မအနေနဲ့ အရှင်ဘုရင်နဲ့သူရဲ့ စိုက်ပျိုးရေးဌာနက ရှင်နဲ့အတူ ပူးပေါင်းလိုစိတ်ရှိတာကိုတော့ ယုံကြည်ပေးပါလို့ တောင်းဆိုပါတယ်။ အခုအကြိမ်က ကျွန်မတို့ဘက်က အရှည်မတွေးတောမိခဲ့လို့ ရှင်နဲ့ရှင့်ကုမ္ပဏီ ဆုံးရှုံးခဲ့ရတာကြောင်မို့ အဲ့ဒီအတွက် ကျွန်မတို့အနေနဲ့ သေချာပေါက် အစားပြန်လျော်ပေးပါမယ်။”

“အလျော်ပေးမယ်ဟုတ်လား” ရှုယီ ကနှာတစ်ချက်မှုတ်လိုက်ကာ “လက်မှတ်ထိုးထားပြီးသား‌စာချုပ်တောင် ဖောက်ဖျက်ပြီးမှတော့ အလျော်ပေးမယ်ဆိုတာ ငါဘယ်လိုလုပ် ယုံကြည်ရမှာလဲ။”

ဆယ်ဗီနီက စိတ်အေးအေးထားပြီး ရှုယီအားကြည့်နေကာ ခေါင်းကိုရမ်းလိုက်ပြီး “ဥက္ကဌကြီးရှု ရှင့်ကို အချိန်တစ်ခုအထိသိထားပြီးပါပြီ ဆိုတော့ရှင်က ပုဂ္ဂိုလ်‌ရေးစိတ်ခံစားချက်တွေကြား မြုပ်ဝင်သွားမယ်သူမဟုတ်ပါဘူး။ အဲ့ဒီတော့ အဲ့အကြောင်းတွေ ခဏထားလိုက်မယ် ဟုတ်ပြီလား။ သတ္တုတွင်း (၂) တွင်းအကြောင်းဆိုရင် ဘုရင်ကလည်း ဒုခ်ဂျိုးလ်ရဲ့စကားတွေကို ဘယ်နည်းလမ်းနဲ့မှ ငြင်းပယ်လို့မရဘူး။ အဲ့ဒီတော့ ကျွန်မ‌တို့အနေနဲ့ ရှင်တို့ရဲ့ Frestech ကုန်သည်ကြီးများအသင်းက ဂျိုးလ်မိသားစုကိုယ်စားလှယ်နဲ့ မျှမျှတတလေလံဝင်ဆွဲဖို့ မျှော်လင့်မိပါတယ်။ ဒီတရားရင်ဆိုင်တဲ့အချိန်အတွင်း Frestech ကုန်သည်ကြီးများအသင်းရဲ့ဆုံးရှုံးခဲ့ရတာတွေအတွက် ဘုရင်ကြီးက Frestech ကုန်သည်ကြီးများအသင်းကို မှော်ကျောက်တုံး(၁)တွင်းကို လျော်ကြေးအဖြစ် ပေးအပ်မယ်လို ပြောဆိုထားတယ်။ အဲ့တာတွေအပြင် တိုင်းပြည်ဘက်ကနေ ရှင်တို့ရဲ့ Frestech ကုန်သည်ကြီးများအသင်းကို အချို့အထူးအခွင့်ရေးတွေပါ ပေးအပ်အုံးမှာပါ။ ဥပမာအနေနဲ့ ရှင်အရင်ကပြောထားတဲ့ အလုပ်သမားမှတ်ပုံတင်မူပိုင်ခွင့်အကြံလိုမျိုးပေါ့။ အဲ့ဒါကို အရှင်ဘုရင်ကြီးက ဆန်းစစ်လေ့လာကြည့်ရှုပြီး တော်ဝင်ပါလီမန်မှာ တတ်နိုင်သမျှ အဆိုတင်သွင်းပြီး အတည်ပြုစစ်ဆေးသွားမှာပါ။”

“အဲ့ဒီ မှတ်ပုံတင်မူပိုင်ခွင့်ဥပဒေက ငါတို့ Frestech ကုန်သည်ကြီးများအသင်း တစ်ခုတည်းကပဲ ကောင်းကျိုးရတာမဟုတ်ဘူး” ရှုယီက ခေါင်းရမ်းလိုက်ပြီး ဆက်ပြောနေကာ “ဒါပေမယ့် ဘုရင်ကြီးက လျော်ကြေးပေးမှာကို သဘောတူတယ်ဆိုရင်တော့ ငါအဲ့ဒါကို လက်ခံဖို့ ဆန္ဒရှိပါတယ်။ ဒါပေမယ့် မှော်ကျောက်တုံး (၁) တွင်းကိုပဲ လျော်ကြေးပေးမယ်ဆိုရင်တော့ တကယ်ကြီး မလုံလောက်သေးဘူးလို့ ငါထင်တယ်။ မိန်းမပျိုဆယ်ဗီနီ မင်း ရှင်းရှင်းလင်းသိထားရမှာက အဲ့ဒီ သတ္တုတွင်း (၂) တွင်းရဲ့ စာချုပ်ပေါ်က အမြင့်ဆုံးတန်ဖိုးက ရွှေဒင်္ဂါးပြား (၁၈၀၀၀၀၀)ဆိုတာကိုလေ။ အခုချိန်မှာ ဒုခ်ဂျိုးလ်က ကျွန်တော်တို့နဲ့ လေလံအပြိုင်ဆွဲဖို့ လျှောက်ထားခဲ့တာကြောင့် သူအနေနဲ့ အဲ့ဒီတန်ကြေးက သိထားနှင့်ပြီးပါပြီ။ တကယ်လို့များ ဂျိုးလ်မိသားစုက အဲ့ဈေးထက်ပိုပြီး ပေးခဲ့ရင် ငါတို့ကုမ္ပဏီအနေနဲ့ ဘာလုပ်ရမှာလဲ”

ဆယ်ဗီနီကချက်ခြင်းပဲပြန်ဖြေလိုက်ကာ “တကယ်လို့ Frestech ကုန်သည်ကြီးများအသင်းက အဲ့ဒီသတ္တုတွင်း (၂) တွင်းကို လိုချင်ရင်တော့ ရိုးရိုးရှင်းရှင်းလေးပါပဲ။ ရှင့်ဘက်က ဈေးပိုပေးလိုက်ရုံပဲလေ။ မလိုချင်ဘူးဆိုရင်လဲ တော်ဝင်မိသားစုကနေ ဂျိုးလ်မိ‌သားစုကို သတ္တုတွင်း (၂) တွင်းပေးလိုက်ပြီး မှာယူထားတာတွေအတွက်ရွှေဒင်္ဂါးပြားတွေကိုပဲ ယူလိုက်ရုံပဲလေ။”

ရှုယီက အေးစက်စက်ရယ်လိုက်ကာ “မိန်းမပျိုဆယ်ဗီနီ မူရင်းစာချုပ်မှာ ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းက အဲ့ဒီသံသတ္တုတွင်း (၂) တွင်းကို ရွှေဒင်္ဂါး (၁၈၀၀၀၀၀) ပြားနဲ့ အစားရယူခဲ့တာလေ။ အခုတော့ ကျွန်တော် ဈေးနှုန်းကို တိုးမြှင့်ရမလား သံသတ္တုတွင်း (၂) တွင်းကို အဆုံးရှုံးခံမလား၊ အဲ့လိုမျိုးက သင့်တော်တယ်လို့ မင်းထင်နေလား။”

“ဥက္ကဌကြီးရှု သံသတ္တုတွင်း (၂) တွင်းရဲ့ တန်ကြေးက ရွှေဒင်္ဂါး (၁၈၀၀၀၀၀) ပြားတင်ပဲလေ။ ရှင်တို့ကုမ္ပဏီအနေနဲ့ အဲ့တာနဲ့တူညီတဲ့ ပမာဏကို တော်ဝင်မိသားစုဆီကနေ ရမှာပဲလေ ဘာပြဿနာများရှိနေလို့လဲ”

“တကယ်လို့များ ငါက သံသတ္တုတွင်း (၂) တွင်းကိုပဲ လိုချင်တယ်ဆိုရင်ရော” ရှုယီက ဆယ်ဗီနီကိုကြည့်လိုက်ကာ နောက်တစ်လှမ်းမှဆုတ်မပေးတော့ပဲ “မိန်းမပျိုဆယ်ဗီနီ ၊ ဂျိုးလ်မိသားစုရဲ့ ရည်ရွယ်ချက်က သံသတ္တုတွင်း (၂) တွင်းပဲဆိုတာကို မင်းမသိတာလို့တော့ ကျွန်တော်မထင်ဘူး။ ဒါပေမယ့် အဲ့တာထက် သူတို့က တိုင်းပြည်အဝှမ်းက သံသတ္တုတွင်းအကုန်လုံးကို လက်ဝယ်ပိုင်ဆိုင်ထားပြီး ပြိုင်ဘက်တွေကို ရှင်းထုတ်ပစ်ချင်နေတာ။ အဲ့ဒီလိုကနေ သူတို့တွေက ဒီတိုင်းပြည်အတွင်း သံသတ္တုရိုင်းစီးပွားရေး လွှမ်းမိုးချုပ်ကိုင်လာပြီး စိတ်ကြိုက်ဈေးသတ်မှတ်ထားတဲ့အခါ ဘယ်သူမှ သူတို့ကို ယှဉ်နိုင်မှာမဟုတ်တော့ဘူး။” ထိုသို့ပြောဆိုပြီးနောက် ရှုယီက ခေါင်းခါလိုက်ကာ သူမျက်နှာပေါ်မှာ စိတ်ရှုပ်နေသည့်ပုံနေသည်။ “တကယ်တော့လေ မိန်းမပျိုဆယ်ဗီနီ ကျွန်တော် အမြဲလိုလို သိချင်စိတ်ပြင်းပြနေခဲ့တာ။ နိုင်ငံရဲ့အရေးပါဆုံးအရင်းမြစ်ဖြစ်တဲ့ သံသတ္တုရိုင်းတွေကို ဘာကြောင့်များ တော်ဝင်မိသားစုကနေ ထိန်းချုပ်ထားနေမျိုးမဟုတ်တာလဲ? ပြီးတော့ တော်ဝင်မိသားစုထက် အခြားမိသားစုက ဘာလို့ ထိန်းချုပ်ထားရတာလဲ? မဟုတ်မှလွဲရင် တိုင်းပြည်တည်ထောင်ခဲ့စဉ်က မရေရာတဲ့ သဘောတူညီ‌ချက်ကြောင့်လား။”

ဆယ်ဗီနီရဲ့မျက်လုံးများက ရှုယီအား စိန်းစိန်းဝါးဝါးကြည့်လိုက်ပြီး ခဏအကြာငြိမ်နေခဲ့သည်။ ခဏအကြာမှာတော့ သူမက စကားကိုတစ်လုံးချင်း “ဥက္ကဌကြီးရှု ရှင်က သာမန်ကုန်သည်တစ်ယောက်ပဲဆိုတာ သတိရပါအုံး။ အချို့အကြောင်းအရာတွေကို မတွေးပဲနေလိုက်တာ ရှင့်အတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်”

ရှုယီကသူ့ဘာသာကြောင်တောင်တောင်နိုင်သည့် အပြုံးပြုံးလိုက်ကာ “ဟုတ်တာပါ့ မင်းပြောတာမှန်ပါတယ်။ ကျွန်တော်က ကုန်သည်အသေးအမွှားလေးပါဗျာ။ ဘုရင်ကြီးကို မေးခွန်းထုတ်ဖို့ အကြံ ကျွန်တော့်မှာ မရှိပါဘူးခင်ဗျာ။ ကောင်းပါပြီ အဲ့အကြောင်းကိုတေု့ ကျွန်တော်ဂရုမစိုက်အားပါဘူး။ ကျွန်တော်မေးချင်တာကလေ အဲ့ဒီ ကျွန်တော်ပိုင်ပြီးသား သံသတ္တုတွင်း (၂) တွင်းကို ဘယ်လိုမျိုးပြန်ပြီး ယူရမှာလဲခင်ဗျာ။”

“ပထမအချက်အနေနဲ့ ရှင့်ကိုကျွန်မသတိပေးချင်တာက Frestech ကုန်သည်ကြီးများအသင်းက မှာထားတာတွေမပြီးစီးခင်မှာ အဲ့ဒီ သတ္တု‌တွင်းကို ပိုင်ဆိုင်ခြင်းမရှိသေးဘူး” ဆယ်ဗီနီကရုပ်တည်ကြီးဖြင့် “ဒုတိယအချက်အနေနဲ့ ရှင်တို့ Frestech ကုန်သည်ကြီးများအသင်း ပိုင်‌ဆိုင်ခွင့်ရသင့်တဲ့ အဲ့ဒီသံသတ္တုတွင်းရဖို့ နည်းလမ်းတစ်ခုရှိတယ်။ ဒါပေမယ့် ကျွန်မတို့အနေနဲ့ ရှင်တို့ဘက်က ပူးပေါင်းဆောင်ရွက်ပေးဖို့လိုတယ်။ အဲ့လိုအကြောင်းတွေကြောင့် ရှင့်ကို ကျွန်မက လာတွေ့ရတာပါ”

နောက်ဆုံးမှာတော့ ရှုယီလည်းပြုံးနိုင်သွားပြီး ခေါင်းအသာညိတ်လိုက်ကာ “ကြည့်ရတာတော့ မိန်းမပျိုဆယ်ဗီနီမှာ အစီစဉ်ရှိနေတဲ့ပုံပဲ ဘာကြောင့်မို့ အစောကတည်းက မပြောလဲဗျာ။ ကောင်းပါပြီ ကျွန်တော်က ခင်‌ဗျာတို့နဲ့ ဘယ်လိုမျိုးပူးပေါင်းလုပ်ဆောင်သင့်သလဲ။”

“ဒုခ်ဂျိုးလ်ရဲ့ တောင်းဆိုချက်အရ တစ်ပတ်အတွင်းမှာပဲ ဘန်တာမြို့မှာ အဲ့ဒီသံသတ္တုတွင်း (၂) တွင်းအတွက် လေလံပွဲကျင်းပလိမ့်မယ်။ ဥက္ကဌကြီးရှု ရှင့်အနေနဲ့ အဲ့ဒီသံသတ္တုတွင်း (၂) တွင်းကို ရယူပိုင်ဆိုင်ချင်တယ်ဆိုရင် ရှင့်ကို တစ်ခုခုလုပ်ဖို့ ကျွန်မအနေနဲ့ တောင်းဆိုချင်တယ်...” ။

တစ်ပတ်အကြာမှာတော့ ဘန်တာမြိုရဲ့မြိုတော်ဝန်အိမ်ယာဝင်းကြီးထဲတွင် မီးရောင်များပြိုးပြိုးပြက်ပြက် လင်းလက်နေကာ အသံဗလံများလည်း ဆူညံနေလျက်ရှိသည်။ လက်ရှိချိန်မှာ မိတ်ဆုံစားသောက်ပွဲကျင်းပပြုလုပ်နေသည်မှာ အသိသာကြီးဖြစ်သည်။

အထူးသဖြင့် ဒီအချိန်အတွင်းမှာ မြို့တော်ဝန်အိမ်ယာဝင်းကြီးထဲတွင် မိတ်ဆုံစားပွဲကျင်းပနေသည်မှာ အကြောင်းရင်းများစွာရှိနေခဲ့သည်။

ယခုညမှာ ကျင်းပနေသည့် မိတ်ဆုံစားပွဲက အခြားရက်များထက် သိသိသာသာကွဲပြားနေခဲ့သည်။

ထိုသို့ဖြစ်ရသည့်အကြောင်းကတော့ မိတ်ဆုံစားသောက်ပွဲနှင့်အတူ လေလံတင်ပွဲပါ တစ်ချိန်တည်း ကျင်းပပြုလုပ်နေကြသောကြောင့်ဖြစ်သည်။

မြို့တော်ဝန်အိမ်ယာဝင်းအတွင်း လေလံပွဲကျင်းပပြုလုပ်သည်က အရင်ကတည်းက တကယ်ကြီး လုံးဝကို မရှိခဲ့တာမျိုးဖြစ်သည်။ ဘယ်လိုပင်ဖြစ်ဖြစ် ဇာတ်ကြောင်းသိထားသောလူများက ထိုလေလံပွဲကျင်းပဖို့ရာ မြို့တော်ဝန်အိမ်ယာဝင်းမှလွဲ၍ အခြားသင့်တော်သည့် နေရာမရှိကြောင်းကို ရှင်းရှင်းလင်းလင်းသိထားကြပြီဖြစ်သည်။

အကြောင်းကတော့ အဆိုပါလေလံပွဲက တန်ဖိုးကြီး ရတနာအချို့ ရောင်းချသည်ထက် ဘန်တာမြို့က သံသတ္တုတွင်း (၂) တွင်းအတွက်ကျင်းပပြုလုပ်ခဲ့တာဖြစ်သည်။

ရတနာများက ရှားပါပြီး ဈေး‌နှုန်းက မိုးအထိမြှင့်မားကြသော်လည်း ထိုသံသတ္တုတွင်း (၂) တွင်းနှင့် ယှဉ်လိုက်သည့်အခါတွင်ဝယ် မက်လောက်စရာတန်ကြေး ရှိမနေခဲ့ပါ။

လေလံဝင်ဆွဲမည့်သူများက ပုံမှန်အားဖြင့် ချမ်းသာသောများဖြစ်ကြပေမယ့် အဆိုပါလေလံပွဲကို ပါဝင်မည့်သူများအား ချမ်းသာသောသူများဟု ရိုးရိုးလေးထင်လိုက်လို့ မရပေ။

သံသတ္တုတွင်း တစ်တွင်းစာပင် ရွှေဒင်္ဂါး သန်းချီတန်ဖိုးရှိကာ သံသတ္တုတွင်း (၂) တွင်းစာပေါင်းပြီး လေလံဆွဲရမှာဖြစ်ပြီး ထိုမြင့်တက်လာမည့် တန်ကြေးပမာဏက လူအများစုအား ခေါင်းကိုက်သွားစေနိုင်သည်။

ဒါကြောင့် လူအတော်အများက ရှုယီအား ယနေ့ညမိတ်ဆုံစားပွဲတွင် တွေ့လိုက်ရသောအခါ သူတို့အ‌နေဖြင့် ဟန်မဆောင်နိုင်ဖြစ်ကာ အံ့ဩသွားခဲ့ရသည်။

Frestech ကုန်သည်ကြီးများအသင်းက တည်ထောင်ပြီးပြီးချင်းမှာပဲ အလျင်အမြန်တိုးတက်လာသည်ကြောင့် လူအများရဲ့ စိတ်ဝင်စားခြင်းကိုခံခဲ့ရသည်။ နှစ်တစ်ဝက်အချိန်လေးမှာပင် သူတို့က ဘန်တာမြို့မှာ နေရာတစ်နေရာစာ ရယူနိုင်ခဲ့ကြသည်။ သို့ပေမယ့်လည်း Frestech ကုန်သည်ကြီးများအသင်း ပေါ်လာသည်က အချိန်တိုအတွင်းသာရှိ‌သေးပြီး အခြေမခိုင်သေးကာ Frestech ကုန်သည်ကြီးများအသင်းရဲ့ထုတ်ကုန်များက ပမာဏများပြားစွာရောင်းချနိုင်လျှင်တောင်မှ သူတို့အ‌နေဖြင့် နှစ်ဝက်အချိန်လေးမှာ ချမ်းသာကြွယ်ဝမှုအတော်များများ လုံလောက်စွာ စုဆောင်းနိုင်ကြသေးမှာမဟုတ်။

ထို ရှုယီဆိုသူက ရွှေဒင်္ဂါး သန်းချီတန်ကြေးရှိ အမြှင့်မားဆုံးလေလံပွဲမျိုးမှာ ဘယ်လိုအရည်အချင်းမျိုးကြောင့် ပါဝင်ခွင့်ရတာလဲ။

***

မှော်စက်မှုအင်ပါယာ

Vol 1, အခန်း ၁၂၇ ။ Frestech ကုန်သည်ကြီးများအသင်း၏အင်အား

မည်သူကမှ ရှုယီရှေ့တွင် လေလံပွဲမှာရှိနေနိုင်သည့် အရည်အချင်းရှိမရှိကို မေးခွန်းမထုတ်ရဲသော်လည်း လူအချို့ကတော့ ရှေ့သို့ထွက်လာပြီး မေးခွန်းထုတ်ချင်နေကြပါသည်။

ရှုယီကထိုမိတ်ဆုံစားပွဲရောက်ပြီး မကြာခင်မှာပဲ အမ်ရစ်ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌဖြစ်သူမွန်းခရုစ်က ဝိုင်ခွက်ကိုင်ကာ အပြုံးပြီး ရှေ့သို့ထွက်လာခဲ့သည်။

“ဥက္ကဌရှုရေ မင်းက ငါတို့က မိတ်ဆုံစားပွဲကိုလာဖို့ ဖိတ်ကြားတိုင်း အမြဲလိုလို အလုပ်ရှုပ်နေတာကြောင့် မလာနိုင်ဘူးလို့ မင်းပြောခဲ့တယ်။ ဘာအကြောင်းကြောင့်များ မြို့တော်အရှင်က မင်းကိုဖိတ်ကြားတဲ့အခါမှ ရုတ်တရက်ကြီး ရောက်ချလာရတာလဲ။”

ရှုယီနှင့်အတူ ဘိလပ်မြေ သီးသန့်ထောက်ပံ့မှု သဘောတူညီချက်ရပြီး ထိုဘိလပ်မြေကို အကြိမ်အနည်းငယ်စမ်းသပ် အသုံးပြုပြီး အရင်က အမ်ရစ်ကုန်သည်ကြီးများအသင်း အသုံးပြုခဲ့သည်များထက် ပိုကောင်းနေကတည်းက ဥက္ကဌခရုစ်က ရှုယီနှင့်တွေ့သည့်အချိန်တိုင်း အမြဲလိုလိုအပြုံးနေခဲ့သည်။ Frestech ကုန်သည်ကြီးများအသင်း စီးပွားရေးအသင်းထဲမဝင်ခင်ကအခြေအနေလိုမျိုး အထင်မြင်းသေးခြင်းနှင့် မသင်္ကာတာမျိုးတွေ မရှိတော့ပါ။

ရှုယီက ဝိုင်ဖြည့်ထားသောခွက်ကို မြှောက်လိုက်ကာ ပြုံးလိုက်ပြီး ချွင်ခနဲမြည်အောင် ခွက်ချင်းတိုက်လိုက်ကြသည် “ဥက္ကဌကြီးခရုစ် မျှမျှတတပြောပါခင်ဗျာ။ အရင်ကလည်း ကျွန်တော်က မြို့တော်အရှင် ဖိတ်ကြားတာကိုတောင်မှ အကြိမ်ကြိမ်ငြင်းခဲ့သေးတာပဲ ခင်ဗျာတို့ကိုပဲ ငြင်းခဲ့တာမဟုတ်ပါဘူး။ ကျွန်တော်တို့ကုမ္ပဏီမှာ လုပ်စရာတွေအရမ်းများနေတော့ ရွေးချယ်စရာမရှိတော့ဘူးလေ။ အလုပ်တွေအရမ်းများနေတော့ ကျွန်တော်မှာ အိပ်ချိန်ရယ်လို့တောင်မရှိတော့ပါဘူး။ ကျွန်တော်အတွက် ဒီမိတ်ဆုံစားပွဲမှာ ပါဝင်ဆင်နွဲဖို့ ကျွန်တော်တတ်နိုင်သလောက် အကုန်လုံးလုပ်ခဲ့ရတာ။”

“အဲ့လိုမျိုး အလုပ်များနေရတာကလဲ ကောင်းပါတယ်။ Frestech ကုန်သည်ကြီးများအသင်းရဲ့ပစ္စည်းတွေက နာမည်ကြီးတယ်လေ။ အဲ့တော့ ဥက္ကဌဖြစ်တဲ့ မင်းအနေနဲ့က အလုပ်များနေမှာပေါ့” ဥက္ကဌခရုစ်က ရုတ်တရက်အနားကပ်လာကာ ရယ်မောပြီး လေသံနိမ့်နိမ့်ဖြင့် “ဥက္ကဌရှု ကျွန်တော်ကို အချက်အလက်နည်း‌နည်းပြောပြပါအုံး မင်းတို့ မှော်မီးအိမ် ဘယ်နှစ်ခုလောက်ရောင်းလိုက်ရသလဲ။”

ရှုယီကခပ်ရေးရေးပြုံးလိုက်ပြီး လက်မြှောက်လိုက်သည်။

“အခုရေ (၅၀၀၀)လား အဲ့လောက်တော့ မနည်းလောက်ပါဘူး ဆိုတော့ (၅၀၀၀၀) လား “ ရှုယီ ခေါင်းညိတ်နေသည်ကို ကြည့်ရင်း ဥက္ကဌခရုစ် အသက်ရှုမှားသွားကာ မျက်နှာပေါ်မှာ ထိတ်လန့်မှုတွေပြည့်နေပြီး “လတစ်‌ဝက်ပဲရှိသေးတာမဟုတ်လား မင်းအနေနဲ့ အဲ့လောက်အများကြီးရောင်းပြီးသွားပြီပေါ့။ ဥက္ကဌကြီး မင်းတို့ မဟုတ်မှလွဲရော ဘန်တာမြို့ကလူတိုင်းအပေါ် စိတ်ညို့တဲ့မှော်အစွမ်းသုံးထာတားလား။ လူတိုင်းက မင်းပစ္စည်းတွေ ဝယ်ယူချင်လာအောင်လေ”

ရှုယီ ထိန်းမရတော့ပဲ ပြုံးမိသွားခဲ့သည်။ သူအနေဖြင့် စိတ်ညို့မှော်အစွမ်း အသုံးမပြုခဲ့သော်လည်း Frestech ကုန်သည်ကြီးများအသင်းက ထုတ်ကုန်အမျိုးမျိုး၊ Frestech ကုန်သည်ကြီးများအသင်းရဲ့ပုံစံမျိုးစုံ ကြောငြာမှုတွေ၊ ဘန်တာသတင်းစာရဲ့ ဆောင်းပါးများ၊ ဘန်တာမြို့ကလူတွေရဲ့ Frestech ကုန်သည်ကြီးများအသင်းနှင့် Frestech အမှတ်တံဆိပ်ကို ထောက်ခံအားပေးမှုတွေနှင့်အတူ။ Frestech ကုန်သည်ကြီးများအသင်းရဲ့ ဘယ်လိုထုတ်ကုန်မျိုး ထွက်ရှိလာတာပဲဖြစ်ဖြစ် အားလုံးက စိတ်ဝင်တစားရှိကြသည်သာဖြစ်သည်။

ဒီတစ်ကြိမ်မှာတော့ မှော်မီးအိမ်အလှည့်ရောက်လာကာ ပါရမီရှင်အက်ဂ်နက်စ်နှင့် ဗီဗီယန်တို့အတူပူးပေါင်းပြီး ဒီဇိုင်းဆွဲထားသည် ဖြစ်သည်ကြောင့် ဒီဇိုင်းတစ်ခုတည်းဖြင့် အားလုံးရဲ့ စိတ်ဝင်စားမှုကိုရရှိခဲ့သည်။ Frestech ကုန်သည်ကြီးများအသင်း၏အရှိန်အဝါကိုပါ ပေါင်းထည့်လိုက်သည့်အခါတွင် ကြောက်မက်ဖွယ်ရာ ကိန်းဂဏန်းများဖြင့် ရောင်းချနိုင်ခဲ့သည်။

“ဥက္ကဌကြီးခရုစ်ရာ ကျွန်တော်သာ အဲ့လောက်စွမ်းအားကြီးတဲ့ မှော်ပညာကိုသိနေခဲ့ရင် ဘာလို့ ကုမ္ပဏီတည်ထောင်နေတော့မှာလဲ။ လူတွေကို စိတ်ညို့ပြီး သူတို့အိတ်ကပ်ထဲက ရွှေတွေ ထုတ်ပေးအောင် ခိုင်းလိုက်တော့မှာပေါ့၊ မဟုတ်ဘူးလား” ရှုယီကသွေးတိုးစမ်းသည့် လေသံမျိုးဖြင့်ပြောလိုက်ကာ “အခုလိုမျိုး ကောင်းကောင်းရောင်းနိုင်တာက အမှန်တော့ Frestech ကုန်သည်ကြီးများအသင်းရဲ့ထုတ်ကုန်တွေက ကောင်းမွန်နေလို့ပေါ့။ ဘိလပ်မြေလိုပဲ၊ ခင်ဗျားအဲ့ဒါကို သဘောကျတယ်မို့လား”

ရှုယီက ဘိလပ်မြေအကြောင်းပြောလိုက်သည်ကို ကြားပြီး ဥက္ကဌကြီးခရုစ် ပြာယာခတ်သွားကာ ဘေးဘီဝဲယာသို့ ကြည့်လိုက်သည်။ သူက ရှုယီအားကြည့်လိုက်ပြီး အသံတိုးတိုးလေးဖြင့် “ ဥက္ကဌရှု အဲ့ဒီအကြောင်းကိုတော့ အခုချိန်မှာ လျှို့ဝှက်ထားစေချင်တယ်”

ရှုယီက ခေါင်းညိတ်ပြကာ ခပ်ရေးရေးပြုံးလိုက်သည်။

စီးပွားရေးလောကမှာ အကျိုးအမြတ်တစ်ခုရယူပိုင်ဆိုင်ဖို့အတွက် အရေးပါသည့်အသုံးပြုစရာတစ်ခုကို ချုပ်ကိုထားရမည်ဖြစ်သည်။

ယခုအချိန်မှာတော့ အမ်ရစ်ကုန်သည်ကြီးများအသင်းအနေဖြင့် Frestech ကုန်သည်ကြီးများအသင်းကနေ ဘိလပ်မြေအား သီးသန့်အဖြစ် ရရှိနေသည်ဖြစ်ရာ ထိုသဘောက အမ်ရစ်ကုန်သည်ကြီးများအသင်းသည် အခြား ကုမ္ပဏီများထက် ပစ္စည်းပိုင်းမှာ အရေးသာနေခဲ့တာဖြစ်သည်။ ထိုသဘောအရ အမ်ရစ်ကုန်သည်ကြီးများအသင်းသည် အနာဂတ်မှာ အတော်လေးကို တိုးတက်ကြီးပွာလာနိုင်မည်ဖြစ်သည်။

ဥက္ကဌကြီးခရုစ်ကတော့ ထုံးစံအတိုင်း ရှုယီ ထိုလျှို့ဝှက်ချက်ကို မထုတ်ဖော်စေလိုပဲ အမ်ရစ်ကုန်သည်ကြီးများအသင်း၏အစီအစဉ်များကို ထိခိုက်မှုမရှိစေရန်အတွက်ဖြစ်သည်။

ရှုယီကနှုတ်ဆိတ်နေသည်ကို ကြည့်ရင်း ဥက္ကဌကြီးခရုစ်က ခြောက်ကပ်‌ရယ်မောကာ “ဥက္ကဌရှု ခုနက အကြောင်းကို ဆက်ပြောကြရအောင်။ ဒီနေ့မှ ဘာကြောင့်များ မိတ်ဆုံစားပွဲလာဖို့ မင်းမှာ အချိန်တွေရှိနေရတာလဲ။ ကျုပ်တော့ အရမ်းကိုသိချင်မိတယ်”

ရှုယီက သူ့ကိုကြည့်လိုက်ပြီး “ဘာလဲ ကျွန်တော် ဒီ လေလံပွဲကိုလာဖို့ အရည်အချင်းမရှိဘူးလို့ ခင်ဗျားက‌ထင်နေတာလား။”

“ဘယ်လိုဖြစ်နိုင်မှာလဲ” ဥက္ကဌခရုစ်က ခေါင်းခါလိုက်ပြီး ခဏလောက်ငြိမ်နေကာ ပညာသားပါသောလေသံဖြင့် “ဒီတစ်ချိန်လုံးမှာ မင်းတို့ရဲ့ ကုမ္ပဏီက မှော်စက်ပစ္စည်းတွေကိုပဲ တိုးတက်အောင်ပဲလုပ်နေတာမဟုတ်လား။ ဘာကြောင့်များ ရုတ်တရက်ကြီး သံသတ္တုတွင်းကို စိတ်ဝင်စားလာရတာလဲ။”

ခင်ဗျားတို့ အမ်ရစ်ကုန်သည်ကြီးများအသင်းကလဲ ဆောက်လုပ်ရေးပိုင်းပဲ သီးသန်လုပ်ကိုင်တာမဟုတ်လား။ ဆိုတော့ ဘာကြောင့်များ ခင်ဗျားက ဒီကိုရောက်နေရတာလဲ” ရှုယီက ချက်ချင်း ပြန်မေးလိုက်သည်။

“ဟေ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ သံတွေကို အတော်အများအသုံးပြုကြတယ်လေ။ မင်းပြောတဲ့ ပစ္စည်းမရှိခင်ကတည်းက .. “ ဟု ဥက္ကဌ ခရုစ်ကနောက်တစ်ခု လေသံတိုးတိုးဖြင့်ပြောကာ “ကြိုတင်အားဖြင့်ကွန်ကရစ်တွေမှာ သံကိုအတော်လေးအသုံးပြုရတယ်လေ။ တကယ်လို့သာ ငါသာ သံသတ္တုတွင်း (၁) တွင်းလောက်ပဲ ပိုင်ထားခဲ့ရင် အခြားသူတွေဆီက ဝယ်တာထက်ပိုမကောင်းဘူးလား။ ကျွန်တော်အထင် ဥက္ကဌရှုလည်း မိတ်ဆွေကြီး ဖူလာမော်ဂန်က အတော်လေး ယုတ်မာတယ်‌ဆိုတာကို ရှင်းရှင်းလင်းလင်းသိထားသင့်တယ်။”

ရှုယီက လက်ဝါးဖြန့်လိုက်ကာ “အဲ့သလိုဆိုတော့ ခင်ဗျားရော ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့မှော်ပစ္စည်းတွေထုတ်လုပ်ဖို့ သံရိုင်းတွေအများကြီး လိုအပ်မယ်လို့ တွေးမိရဲ့လား။”

ဥက္ကဌကြီးခရုစ်က ရှုယီအားကြည့်လိုက်ပြီး မျက်မှောင်အနည်းငယ်ကြုံလိုက်ကာ “အဲ့သလို‌ဆိုတော့ ဥက္ကဌရှုလဲ တကယ်ကြီး ဒီသံသတ္တုတွင်း (၂) တွင်းကြောင့်လာခဲ့တာပေါ့၊ ဟုတ်လား။”

“တကယ်တော့လေ ဒီနေရာကိုဘာကြောင့်မှန်း မသိ တစ်နည်းမဟုတ်တစ်နည်းနဲ့ ကျွန်တော်ရှိနေရမှာ” ဟု ရှုယီ သဘာဝကျကျ‌ဖြေလိုက်ကာ ခန်းမကြီးအပြည့် လူများအား ညွှန်ပြလိုက်ကာ “ဒါမျိုးက တော်ဝင်မိသားစုကနေကျင်းပတဲ့ ရှားရှာပါးပါး သံသတ္တုတွင်းလေလံပွဲပဲ။ ဘန်တာမြို့က ကုမ္ပဏီတွေသာမက တိုင်းပြည့်အနှံ့က အခြားကုမ္ပဏီတွေပါ ရှိနေကြတာ။ ကျွန်တော်ထင်တယ် အရှင်ဘုရင်ကသာ ခွင့်ပြုရင် အခြားတိုင်းပြည်က ကုမ္ပဏီတွေပါ ရောက်နေကြမှာ။ စကားကုန်ပြောရရင် သံရိုင်းအသုံးပြုမှုက များပြားတယ်လေ။ ဘယ်သူကများ သံသတ္တုတွင်း (၂) တွင်းပိုင်ဆိုင်နိုင်မယ့် အခွင့်အရေးကိုလက်လွတ်ခံချင်ပါ့မလဲ”

ဥက္ကဌခရုစ်က တစ်ဦးနှင့်တစ်ဦးစကားပြောဆိုနေသည့် ခန်းမအပြည့် လူအုပ်ကြီးကြည့် လိုက်ပြီး ခေါင်းတစ်ချက်ညိတ်လိုက်ကာ “အဟုတ်ပေါ့‌ဗျာ ရှားပါးလှတဲ့ အခွင့်အရေးပဲ ဘယ်သူကလက်လွတ်ခံပါ့မလဲ” ဟုပြောဆိုပြီးနောက် ရှုယီဘက်လှည့်လိုက်ကာ တုံ့ဆိုင်းခြင်းမရှိပဲ “ဒါပေမယ့် ဥက္ကဌရှု ကျွန်တော် မြို့တော်အရှင်ဆီက ကြားခဲ့ရတဲ့သတင်းက ဒီ သံသတ္တုတွင်း (၂) တွင်းအတွက် လေလံအဖွင့်ဈေးက (၁) တွင်းစာအတွက် ရွှေဒင်္ဂါး (၅၀၀၀၀၀)ပြားဆို”

ကြည့်ရသည်မှာ ရိုးရှင်းပေမယ့် သူက ရှုယီရဲ့ငွေကြေးတတ်နိုင်မှုအပေါ် သံသယဝင်နေသည့်ပုံဖြစ်နေသည်။

ရှုယီကပြုံးနေလိုက်တောသည်။ ဥက္ကဌကြီးခရုစ်က ခဏလောက်တွေဝနေသလိုရှိပေမယ့် သူ့အနေဖြင့် ထိုအကြောင်းကို မမေးပဲမနေနိုင်ဖြစ်နေခဲ့သည်။ သူက အေးဆေးသည့်လေသံဖြင့် “ အင်း ကျွန်တော်လဲ အဲ့လိုတော့ကြားမိပါတယ်။ လေလံအဖွင့်ဈေးက အတော်ကိုနည်းလွန်းပါတယ်။ ဒါပေမယ့် ကျွန်တော်အထင်‌တော့ အပိတ်ဈေးနဲ့အရမ်းကွာနေမှာကို လူဘယ်လောက်များများကများ သတိထားနေမိမှာလဲ”

ဥက္ကဌခရုစ်က ရှုယီအားအကဲခတ်ကြည့်နေလိုက်သည်။ ကြောက်ခမန်းလိလိ ကိန်းဂဏန်းများဖြစ်သည့် ရွှေဒင်္ဂါး (၅၀၀၀၀၀)ပြားဆိုသည်ကို ကြားခဲ့ရသော်လည်း မျက်နှာပျက်မသွားသည်ကို မြင်တွေ့ရပြီးနောက် သူစိတ်ထဲ သံသယများစွာ ဖြင့်ပြည့်နေခဲ့သည်။

Frestech ကုန်သည်ကြီးများအသင်းသည် ဘန်တာမြို့မှာပင်ရှိရာ သူတို့ရဲ့ထုတ်ကုန်များကိုလည်း အားလုံးရဲ့ရှေ့တွင်သာ ရောင်းချနေခဲ့သည်ဖြစ်သည်။ သူတို့မှာ ဝင်ငွေဘယ်လောက်များရှိရှိ အားလုံးကသိပြီးသားဖြစ်ကြသည်။

နောက်ဆုံးအကြိမ် စီးပွားရေးအသင်းရဲ့ ခန့်မှန်းတွက်ချက်မှုအရ Frestech ကုန်သည်ကြီးများအသင်း၏ထုတ်ကုန်များ အသားတင်အမြတ်ကိုပဲ တွက်လျှင်တောင်မှ သူတို့ရဲ့ နှစ်ဝက် ဝင်ငွေမှာ ရွှေဒင်္ဂါး (၂၀၀၀၀၀) ထက်ပိုပြီး မရှိနိုင်ပါ။ ဘယ်လိုအရာကများ ရှုယီ အနေဖြင့် ထိုသံသတ္တုတွင်း (၂) တွင်းအတွက် လေလံပွဲကို ဝင်ရောက်စွတ်ဖက်နိုင်တယ်လို့ ထင်စေတာလဲ။ Frestech ကုန်သည်ကြီးများအသင်းက ထိုငွေတွေအကုန်လုံးကို ဘယ်ကနေရရှိမှာလဲ။

အမှန်တကယ်တော့ သူအနေဖြင့် ထိုမေးခွန်းအတွက် အဖြေကို ရှုယီဆီကနေ သိရှိနိုင်မှာမဟုတ်ပေ။ ဒါကြောင့် သူက ထွက်မသွားခင် ရှုယီနှင့် အချို့အရာများကိုသာ ပြောဆိုနေခဲ့တော့သည်။

သူပြန်လည်လှည့်လိုက်ပြီး ဥက္ကဌခရုစ်အနေဖြင့် မိတ်ဆုံစားပွဲအခန်းမထဲသို့ ကြည့်လိုက်သည့်အခါတွင် ရုတ်တရက်ကြီး ထိတ်လန့်သွားခဲ့ရသည်။

ထိုဧရိယာအကျယ်အဝန်းမှာ ပတ်ပတ်လည် (၅၀၀) မီတာခန့်ရှိပြီး အမြင့်ဆုံးနေရာမှာ (၄) မီတာ အမြင့်ရှိကာ ဘေးပတ်ချာလည်ကြည့်လိုက်သည့်အခါတွင် ဥက္ကဌခရုစ်တစ်ယောက် ရုတ်တရက်ကြီး Frestech ကုန်သည်ကြီးများအသင်းက ထုတ်ကုန်အများအပြားကို တွေ့မြင်ခဲ့သည်။

နံရံပေါ်က လက်ဝဲဘက်မှာ လက်ယာဘက်၊ တစ်ထောင့်ကနေ အခြားထောင့်တွင် အခုရေ (၂၀) အထိ အပူချိန်ပြောင်းလဲနိုင်သော် မှော်လေအေးပေးစက်များ နံရံမှာတပ်ဆင်ထားသည်။

Frestech ကုန်သည်ကြီးများအသင်းရဲ့ကြော်ငြာအရ အပူချိန်ပြောင်းလဲနိုင်သည့်မှော်လေအေးပေးစက်သည် ပတ်ပတ်လည် (၃၀) မီတာအခန်းကို အထောက်အကူပြောနိုင်သည်ဟု ပြော‌ထားသော်လည်း ယခုမိတ်ဆုံစားပွဲက မြို့တော်အရှင်က ဧည်သည်တော်များအား ပြုစုဖို့ ကျင်းပထားသည်ဖြစ်ရာ သူအနေဖြင့် ထိုအတွက် ကပ်စည်းနည်းနေမည်မဟုတ်ပေ။ ထိုကြောင့် သူက Frestech ကုန်သည်ကြီးများအသင်းကနေ အခုရေ (၂၀) ဝယ်ယူခဲ့သည်။

အဘယ်ကြောင့်ဆိုသော် လက်ရှိမှာ ဆောင်းတွင်းကာလဖြစ်သောကြောင့် ညအချိန်တွေမှာ ရေခဲဖြစ်လောက်အောင် ချမ်းအေးနေခဲ့သောကြောင့် မိတ်ဆုံစားပွဲအခန်းမအတွင်းမှာ အပူချိန်ပြောင်းလဲနိုင်သည့်မှော်လေအေးပေးစက် (၂၀) ဖွင့်ထားရသည်။ မိတ်ဆုံစားပွဲအခန်းမကို နွေဦးရာသီသကဲ့သို့ ဖြစ်အောင် ဖန်တီးထားနိုင်ခဲ့သည်။

မှော်လေအေးပေးစက်များအောက်‌တွင် အတန်းများစီတန်းထားရှိရာ ထိုအတန်းတစ်တန်းစီတွင် Frestech ကုန်သည်ကြီးများအသင်းရဲ့နောက်ဆုံးထုတ် မှော်မီးအိမ်များရှိသည်။ မှော်မီးအိမ်များကနေ အလင်းများထုတ်လွှင့်ရာ အခန်းမကြီးတစ်ခုလုံးအား နေ့အချိန်လိုပင် ထိန်လင်းနေစေတော့သည်။

အရင်တုန်းက မိတ်ဆုံစားပွဲများကျင်းပရာတွေ အခန်းနံရံအပြည့် ဖယောင်းတိုင်များ ထွန်းညှိထားရရုံသာမက အခန်းမတစ်ခွင် လင်းထိန်နေစေဖို့အတွက် စားပွဲတိုင်းမှာပါ ဖယောင်းတိုင်များ ထွန်းညှိထားရသည်။

ဒါပေမယ့် အခုချိန်မှာတော့ သူတို့အနေဖြင့် မှော်မီးအိမ်အချို့ကိုသာ ချိတ်ဆွဲထားဖို့လိုပြီး ထိုအပြင် Frestech ကုန်သည်ကြီးများအသင်း၏အထူးထုတ်လုပ်ထားသည့် မီးဆိုင်းများကို အသုံးပြုပြီး အခန်းတစ်ခုလုံး မှောင်မိုက်ခြင်းတစ်စက်မှမရှိ ထိန်ထိန်လင်းစေနိုင်ခဲ့ပြီဖြစ်သည်။

မှော်အဲယာကွန်းများနှင့် မှော်မီးအိမ်များကို ကြည့်ပြီး ဥက္ကဌခရုစ်အနေဖြင့် သူယုံကြည်ရခက်သည့် ခန့်မှန်းချက်တစ်ခုက မစဉ်းစားရမနေနိုင် ဖြစ်နေတော့သည်။

လူတိုင်းက Frestech ကုန်သည်ကြီးများအသင်းအား အထင်မြင်သေးနေခဲ့တာဖြစ်ကောင်း ဖြစ်နေနိုင်သည်။

ရှုယီအနေဖြင့် ဥက္ကဌခရုစ်က ဒီလိုမျိုးအကုန်တွေးနေခဲ့သည်ကို မသိခဲ့ရဘဲ ထိုသူသည် ထုတ်ကုန်အမျိုးမျိုးကိုတွေ့ရှိရသောကြောင့် Frestech ကုန်သည်ကြီးများအသင်းအပေါ် ထင်မြင်ယူဆချက်လွဲမှား နေတာကိုလည်း သူမသိခဲ့ပေ။

ဒါပေမယ့် ဥက္ကဌခရုစ် စိတ်ထဲတွင် ခန့်မန်းထားသည့် ရွှေဒင်္ဂါး (၂၀၀၀၀၀)ဆိုသည့် အကြောင်း သူသိခဲ့ရပါက သေချာပေါက် အံ့ဩသွားခဲ့မည်သာဖြစ်သည်။

ထိုသို့ဖြစ်ရသည့်အကြောင်းက လဝက်အကြာလောက်ကပြုလုပ်ခဲ့သည့် ဆာဘက်စ်က ငွေကြေးဆိုင်ရာမှတ်တမ်းအရ ထိုနှစ်ဝက်မှာ မှော်မီးအိမ်ကနေရရှိသည့် ဝင်ငွေပါရှိခြင်းမရှိပဲ ၊ Frestech ကုန်သည်ကြီးများအသင်းက သူတို့ရဲ့ ထုတ်ကုန်များရောင်းချရာကနေ ရွှေဒင်္ဂါး (၂၀၀၀၀၀) ပြားရရှိသည့်အကြောင်းသာပါရှိသည်။

ဒါပေမယ့် Frestech ကုန်သည်ကြီးများအသင်း၏ အမှန်တကယ်အမြတ်ငွေအား အပြင်လူအနေဖြင့် တွက်ချက်ကြည့်လို့မရနိုင်တာမျိုး ဖြစ်သည်။

အကြောင်းရင်းကတော့ ရိုးရိုးရှင်းရှင်းလေးပဲ Frestech ကုန်သည်ကြီးများအသင်းရဲ့ထုတ်ကုန် အမြတ်များအလွန်များပြားသည်ဖြစ်ရာ မည်သို့ပင်ဖြစ်စေကာမူ သူတို့က ကြောက်မက်ဖွယ်ရာကောင်းလောက်အောက် အမြတ်ထွက်ကြသည် ဖြစ်သည်။

အနည်းဆုံးအမြတ်ရသည် ထုတ်ကုန်မှာ ပထမဦးဆုံးဖြစ်သည့် မှော်ပန်ကာပင်ဖြစ်သည်။

ထိုသို့ဖြစ်ရသည့်အကြောင်းက ရှုယီ မှော်ပန်ကာထုတ်လုပ်သည့်အခါတွင် သူက မှော်စက်ပစ္စည်းထုတ်လုပ်ရာမှာ အတွေ့အကြုံနည်းသောကြောင့် မှော်ပန်ကာ၏ ကုန်ကျစားရိတ်ကို မလျော့ချနိုင်ခြင်းကြောင့်ဖြစ်သည်။

ဘယ်လိုပင်ဖြစ်ဖြစ် ထိုအချိန်က ရှုယီအနေဖြင့် လူပုမျိုးနွယ်လက်မှုပညာရှင်များ အလုံအလောက်မရှိခဲ့သောကြောင့် မှော်ပန်ကာအမြောက်အမြားထုတ်လုပ်နိုင်ခြင်း မရှိသေးသောကြောင့်ဖြစ်သည်။ ထိုကြောင့် မှော်ပန်ကာ၏အပြင်ဘက်အခြမ်းကို ဘန်တာမြို့ရှိ ပန်းပဲဖိုများတွင်သာ ပြုလုပ်ခဲ့ရသည့်အတွက် ပိုပြီးကုန်ကျစားရိတ်များလာစေခဲ့သည်။

ဒါပေမယ့် ထိုသို့ဖြစ်နေသော်လည်း အမြတ်ငွေပမာဏက (၅၀) ရာခိုင်နှုန်းအထက်ရရှိခဲ့သည်။

ဒုတိယမျိုးဆက်ဖြစ်သည့် အရှိန်ပြောင်းလဲနိုင်သည့်မှော်ပန်ကာ ထုတ်လုပ်ရာတွင် နည်းလမ်းက အတွေ့အကြုံရှိပြီးဖြစ်သောကြောင့် အအေအတွက်အမြောက်အမြား ထုတ်လုပ်နိုင်ခဲ့ပြီး ကုန်ကျစားရိတ်ကိုများစွာ‌ လျော့ချနိုင်ခဲ့သည်။ ပထမမျိုးဆက်မှော်ပန်ကာ ဈေးနှုန်းတူရောင်းချခဲ့သော်လည်း အမြတ်စွန်းက (၇၀) ရာခိုင်နှုန်းအထိ ဖန်တီးထားနိုင်ခဲ့သည်။

စိုက်ပျိုးရေးဆိုင်ရာသုံးမှော်စက်ပစ္စည်းများ၊ မှော်လေအေးပေးစက်၊ မှော်ထမင်းပေါင်းအိုးနှင့် လက်ရှိမှော်မီးအိမ်များကို ဘယ်လိုပင်ဖြစ်ပါစေ အမြတ်ငွေ (၇၀) ရာခိုင်နှုန်းအထက် ရောင်းချနိုင်ခဲ့သည်ဖြစ်သည်။

ထိုသဘောက နှစ်ဝက်ထက်နည်းသည့်အချိန်တွင်းမှာပဲ Frestech ကုန်သည်ကြီးများအသင်း၏ စုစုပေါင်းရောင်းရနှုန်းထားသည် ရွှေဒင်္ဂါး (၂၀၀၀၀၀) ပြားရှိနေပြီး စုစုပေါင်းအမြတ်ငွေမှာ ရွှေဒင်္ဂါး (၁၄၀၀၀၀) ရှိနေခဲ့သည်။

အမှန်တော့ ဤအချိန်တွင်းမှာ Frestech ကုန်သည်ကြီးများအသင်းက အတော်များများ ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ခဲ့သည်။

အများစုကတော့ သုတေသနလေ့လာရာမှာ အသုံးပြုခဲ့တာဖြစ်သည်။

ထုတ်ကုန်အသစ်များ၊ နည်းပညာအသစ်များနှင့် သီအိုရီအသစ်များအတွက် အသုံးပြုခဲ့တာဖြစ်ပြီး ရှုယီ ကလည်း ရင်းနှီးမြုပ်နှံမှုအားလုံးကို လက်မတွန့်မနေပဲ လုပ်ဆောင်ခဲ့သည်။

နှစ်တစ်ဝက်အတွင်းမှာပဲ ရှုယီက ရွှေဒင်္ဂါး (၂၀၀၀၀) ပြားကို ထိုကဏ္ဍအတွက်သီးသန့် ရင်းနှီးမြုပ်နှံခဲ့သည်။

သူတို့က အလုပ်သမားလစာအဖြစ်‌ပေးခဲ့သည့် ရွှေဒင်္ဂါး (၃၀၀၀၀) နီးပါး ပမာဏကို ထည့်ပေါင်းခဲ့သည်အခါ Frestech ကုန်သည်ကြီးများအသင်း၏လက်ရှိ ငွေပမာဏသည် ရွှေဒင်္ဂါး (၈၇၄၆၃) ပြားဖြစ်သည်။

ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းအတွက် ရရှိလာသည့် ထိုပမာဏသည် သံသယဖြစ်ဖွယ်မရှိ ကြီးမားသည့် ပမာဏပင်ဖြစ်နေတော့သည်။

သိုပေမယ့် ထိုပမာဏသည် သံသတ္တုတွင်း (၂) တွင်းဝယ်ယူဖို့ အတော်ကို အလှမ်းဝေးနေသည့် ပမာဏပင်ဖြစ်နေတော့သည်။

ရှုယီက သူ့ခေါင်းထဲမှာ ထိုသို့တွက်ချက်ကြည့်ပြီးနောက် ခေါင်းကိုမော့လိုက်သည့်အခါတွင်ဝယ် သူက မလှမ်းမကမ်းက သိချင်ပြင်းပြစွာဖြင့် ငေးကြည့်နေသည့် ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းဥက္ကဌ ဖူလာမော်ဂန်ကိုတွေ့လိုက်ရသည်။

***

မှော်စက်မှုအင်ပါယာ

Vol 1, အခန်း ၁၂၈ ။ အာမခံစရံငွေ

ဤအချိန်မှာတော့ လမ်ပူရီတိုင်းပြည်က တော်ဝင်မိသားစုကနေပြီး သံသတ္တုတွင်း (၂) တွင်းကို လေလံဆွဲပွဲ ဘန်တာမြို့အနီးတွင် ကျင်းပမည်ဟု ကြောညာလိုက်သည့်အခါတွင် တိုင်းပြည်အတွင်းရှိ အင်အားကြီးကုမ္ပဏီများကြားတွင် ဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့ရသည်။

ထိုကြောညာချက်သည် အမှန်အကန်ဖြစ်ကြောင်း အတည်ပြုပြီးနောက် ကုမ္ပဏီကြီးများက လေလံပွဲအပြိုင်ဝင်ဆွဲရန် ဘန်တာမြို့သို့ အသီးသီးရောက်လာခဲ့ကြသည်။

အခွင့်ရေးကောင်းတစ်ခုဆိုသည်ကို အားလုံးကို ရှင်းလင်းစွာသိထားကြပြီးဖြစ်သည်။

ထိုသို့ဖြစ်ရသည့်အကြောင်းက အရင်ချိန်တုန်းက လမ်ပူရီတိုင်းပြည်တစ်ဝှမ်းရှိ သံသတ္တုတွင်းများကို ဂျိုးလ်မိသားစုကသာ ပိုင်ဆိုင်ထားကြသည်ဖြစ်ရာ အခြားမည်သူမဆို ပိုင်ဆိုင်ခွင့်မရခဲ့ပေ။

သို့ပေမယ့် ယခုအချိန်မှာတော့ ဘုရင်ကြီးက ထိုသံသတ္တုတွင်း (၂) တွင်းအတွက် အများပြည်သူဆိုင်ရာ လေလံပွဲကျင်းပပေးခဲ့ပြီဖြစ်သည်။ ထိုသဘောမှာ တော်ဝင်မိသားစု၏ ဂျိုးလ်မိသားစုအပေါ်ထားရှိသည့် သဘောထား ပြောင်းလဲသွားခဲ့ပြီး အခြားကုမ္ပဏီများကို မသိမသာဖြင့် သံရိုင်းကုန်သွယ်မှု ဆက်သွယ်လုပ်ကိုင်လာရန် လက်ခံနေသည့်ပုံရသည်။

တော်ဝင်မိသားစုအနေဖြင့် ထိုသို့ရုတ်တရက်ပြုလုပ်ရသည့် အကြောင်းကြောင့် အားလုံးကိုယ်စီကိုယ်ငှ အတွေးပင်လယ်ဝေနေလျက်ရှိသည်။

အများအားဖြင့် ခန့်မှန်းထားကြသည်မှာ ဘုရင်ကြီးအနေဖြင့် နိုင်ငံအတွင်း သံရိုင်းကုန်သွယ်ခွင့်ကို ဂျိုးလ်မိသားစုကချုပ်ကိုင်ထားသည်ကို လက်မခံလိုတော့ပဲ ဂျိုးလ်မိသားစုကို ဆန့်ကျင်ဖို့ စီစဉ်နေသည်ဟု၍ပင် ဖြစ်သည်။

အများစုခန့်မှန်းထားကြသည့်အချက်တစ်ခုကို တိုင်းပြည်ဘဏ္ဍာရေးအကြောင်းသိသူများကနေ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

အကြောင်းမှာ တိုင်းပြည်၏ ဘဏ္ဍာရေးအခြေအနေမှာ အရင်နှစ်အချို့မှာ နည်းပါးခဲ့ပြီး ဘုရင်ကိုင်တိုင်တောင် ဘဏ္ဍာရေးအခြေအနေကြောင့် တစ်ခုခုကို လုပ်ကိုင်ဖို့ရာအတွက် အကန့်အသတ်များရှိနေခဲ့ ပြီး ပြီးစီးအောင်မလုပ်နိုင်ဖြစ်ခဲ့ရသည်။

ထို့ကြောင့် ယင်းအခြေအနေများရဲ့တွန်းအားပေးမှုကြောင့် နောက်ဆုံးမှာတော့ ဘုရင်ကြီးလည်း တော်ဝင်မိသားစုပိုင် သံယံဇတများကို ငွေကြေးဖြင့်လဲလှယ်ဖို့အတွက် ထုတ်သုံးခဲ့ရပြီး သူ၏ကိုယ်ပိုင်အစီအစဉ်ဖြင့် ရံပုံငွေရရှိအောက် ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်မည်။

အဆိုပါ ခန့်မှန်းချက်က အဖြစ်မှန်နှင့်အလွန်နီးစပ်ပြီး စီးပွားရေးလောကနယ်ပယ်အတွင်းက ပြောကြားချက်ဟု ခေါ်ဆိုလို့ရသည်။ ဒါက ဘုရင်သည် ဘ‌ဏ္ဍာရေးအခြေအနေကြောင့် အခက်တွေ့နေရကာ နိုင်ငံအတွက်လိုအပ်နေသည့် စိုက်ပျိုးရေးဆိုင်ရာသုံး မှော်စက်ပစ္စည်း အခုရေ (၁၀၀၀၀) အားမဝယ်နိုင်ဖြစ်နေခဲ့သောကြောင့် သူက သတ္တုတွင်းများဖြင့် ပေးချေရန် ဆန္ဒရှိနေခဲ့သည်။

သို့ပေမယ့် ရှုယီနှင့် စိုက်ပျိုးရေးဠာနကြားက စာချုပ်သည် အတော်ကိုစောင့်ကြပ် လျှို့ဝှက်ထားသည်ဖြစ်ရာ ထိုအကြောင်းကိုသိရှိသူ အနည်းငယ်သာရှိသည်။

ဂျိုးလ်မိသားစုအနေဖြင့် ထိုသံသတ္တုတွင်း (၂) တွင်းကို သိရှိခဲ့ခြင်းမှာ သံသတ္တုတွင်း (၂) တွင်းအား ဘုရင်ကြီးက အရေးတယူလုပ်ဆောင်နေကြောင်းကို သူတို့ရဲ့ စိစစ်လေ့လာသူများထံမှဖြစ်သော်ကြောင့် သူတို့က ထိုသံသတ္တုတွင်များအား မျှတသည့်လေလံပွဲကျင်းပပေးဖို့ တောင်းဆိုခဲ့သည်။

Frestech ကုန်သည်ကြီးများအသင်း ပါဝင်နေသည်က ဆယ်ဗီနီက ရှုယီအား ဂျိုးလ်မိသားစုက မည့်သည့်အကြောင်းအရာမှသိရှိခြင်းမရှိဟု ကတိပေးထားခဲ့ပေမယ့်လည်း ရှုယီကတော့ ယုံကြည့်ဖို့ မဝံ့ရဲဖြစ်နေခဲ့သည်။

ဒါပေမယ့် ဥက္ကဌဖူလာမော်ဂန်ရဲ့အမူအရာကြည့်ပြီး ရှုယီ သေချာသွားခဲ့ပြီဖြစ်သည်။ ဂျိုးလ်မိသားစုအနေဖြင့် အချက်အလက်များကို ပြည့်စုံစွာ မသိရှိလျှင်တောင်မှ သူတို့က ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်း ပါဝင်နေမည်ကို သိထားပြီးပြီဖြစ်သည်။

ဂျိုးလ်မိသားစု ဘယ်အထိသိထားပြီးပြီဆိုတာကို ရှုယီလည်း သေသေချာချာမသိသေးပါ။

ထိုအကြောင်းကိုစဉ်းစားပြီး ရှုယီက ဥက္ကဌမော်ဂန်ဆီသို့ဦးတည်သွားလိုက်သည်။

ရှုယီလာနေသည်ကိုတွေ့ရသောအခါ ဥက္ကဌမော်ဂန်၏မျက်နှာပြုံးသွားကာ သူရဲ့ မျက်မှန်ကိုပင်တင်လိုက်ပြီး “ဟေး ရှုယီ၊ မင်းကို ဒီမှာတွေ့လိုက်ရတာ ငါတကယ်ကြီး အံ့ဩသွားမိတယ်”။

“ဥက္ကဌခရုစ်လဲ ခဏကပဲအဲ့လိုမျိုး ပြောနေတာ” ရှုယီက ပုခုံးတွန့်ကာပြောနေလိုက်သည် “ကြည့်ရတာတော့ ဒီမှာရှိတဲ့အကုန်လုံးက အကြံတူအဉာဏ်တွေကြည့်ပဲနဲ့တူတယ်။”

ဥက္ကဌမော်ဂန်က ပြုံးရုံသာပြုံးနေလိုက်ပြီး ငြင်းဆိုခြင်း ထောက်ခံခြင်းမျိုး မရှိခဲ့ပါ။

ရှုယီ ထိုမေးခွန်းဖြင့် သူကို စိတ်ဒုက္ခမပေးချင်သောကြောင့် “ဥက္ကဌမော်ဂန် ၊ မင်းရဲ့ ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းက ဘန်တာမြို့က သံသတ္တုတွင်းတစ်ဝက်နီးပါးလောက် ထိန်းချုပ်ထားနိုင်တာပဲ။ အခုအချိန်တော့ (၂) တွင်းပိုလာခဲ့ပြီ သူတို့ကို ဒီအတိုင်းပဲ လက်လွှတ်လိုက်လို့မရဘူးလား” ဟု တည့်တိုးပြောလိုက်သည်။

ဥက္ကဌမော်ဂန်က တစ်ဝက်ဆံပင်ဖြူနေသည့် သူ့ခေါင်းအားပွတ်လိုက်ပြီး ရယ်ရယ်မောမောဖြင့် “ ဥက္ကဌရှုကလာနောက်နေပြီ။ ငါတို့ ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းက တစ်ဝက်တောင်ပိုင်ထားပြီးမှတော့ ကျန်တာတွေကိုလည်း ပိုင်ဆိုင်ချင်တာပေါ့ဗျ။ ဥက္ကဌရှု ခင်ဗျားရဲ့ Frestech ကုန်သည်ကြီးများအသင်းကပဲ မှော်စက်ပစ္စည်းတွေကို သီးသန့်ရောင်းချပေးနေရတာ အဲ့တာကို အခြားသူက လုယူခဲ့မယ်ဆိုရင်ရော မင်းက သူလက်ထဲ လွှဲပြောင်းပေးချင်ပါ့မလား”

“သိပ်ကို ရတာပေါ့ “ရှုယီက ခေါင်းညိတ်ကာပြောလိုက်ပြီး “ပြိုင်ဘက်ရှိမှသာ တိုးတက်လာမှာလေ။ တကယ်ပြောတာပါ။ Frestech ကုန်သည်ကြီးများအသင်းလိုမျိုး အခြား ကုမ္ပဏီတွေအများကြီးပေါ်ထွန်းလာစေချင်တာပါ။ ကျွန်တော်တို့ ကုမ္ပဏီတစ်ခုတည်းပဲဆိုရင် စက်မှုနယ်ပယ်တိုးတက်မှုနှုန်း နှေးကွေးနေမှာ။”

ဥက္ကဌမော်ဂန်ရဲ့မျက်နှာအနည်းငယ် ရှုံသွားကာ မျက်မှောင်ကြုတ်လိုက်ပြီး “ဥက္ကဌရှု ခင်ဗျား အတည်ကြီးပြောနေတာလား။ မင်းတို့ရဲ့ Frestech ကုန်သည်ကြီးများအသင်း ငွေတွေအများကြီးရနေတာက မှော်စက်ပစ္စည်းတွေကြောင့်ဆိုတာထက် မင်းတို့ကုမ္ပဏီတစ်ခုတည်းကသာ ထုတ်လုပ်ရောင်းချနိုင်တာကြောင့်လေ။ တကယ်လို့ မှော်စက်ပစ္စည်းတွေထုတ်လုပ်ရောင်းချနိုင်တဲ့ ကုမ္ပဏီတွေအများကြီးပေါ်လာခဲ့ရင် မင်းတို့ကုမ္ပဏီက အခုလိုမျိုးဆက်ပြီးရောင်းချနိုင်အုံးမယ်လို့ မင်းထင်နေတာလား။”

“ဒီမှာတောင် အနည်းငယ်ရှိနေကြပြီမဟုတ်လား” ရှုယီက မိတ်ဆုံစားပွဲအခန်းမအစွန်ရှိ လူအုပ်ကြီးအား မေးငေါ့ပြလိုက်သည်။

ဥက္ကဌမော်ဂန်လည်း ရှုယီ ငေးကြည့်နေသည့်ဘက်ကို လိုက်ကြည့်ပြီး အထင်သေးသည့်ပုံဖြင့် “ အဲ့ဒီမိတ်ဆွေတွေက ဆော်လ်တန်မြို့ကလေ။ သူတို့က တကယ်ကြီးငါတို့ ဘန်တာမြို့က စီးပွားရေးကိုခိုးယူ‌ချင်နေကြတာ‌။ သူတို့က တကယ်တမ်းကြ ကိုယ့်သေတွင်းကိုယ်တူးဖို့လောက်ပဲ သိတဲ့သူတွေ။

ထိုလူအုပ်စုက ဆော်လ်တန်မြို့ကိုယ်စားပြု ကုမ္ပဏီများဖြစ်ကြသည်။ သူတို့အထဲတွင် စကားရွှန်းရွှန်း‌ဝေအောင်ပြောနေသူမှာ လီယိုကုန်သည်ကြီးများအသင်း၏ဥက္ကဌ ဘရူနို ပင်ဖြစ်သည်။ လူအုပ်ထဲက သူဘေးကသူမှာ ရှုယီ ကောင်းကောင်းကြီးသိထားသည့် ဖာဆက်ခ်ကုန်သည်ကြီးများအသင်း ဥက္ကဌဆိုသူပင်ဖြစ်သည်။

ရှုယီနှင့် မော်ဂန်တို့ငေးကြည့်နေသည်ကို သူတို့အနေဖြင့် သိကောင်းသိနေတာကြောင့် ဥက္ကဌဘရူနိုက ဘေးကသူတွေကို စကားပြောနေတာရပ်လိုက်ပြီး သူကပြန်ကြည့်လိုက်သည်။

ရှုယီကိုပြန်ကြည့်ပြီးနောက် ဥက္ကဌဘရူနို၏မျက်လုံးများအေးစက်စက်ပုံရှိနေပေမယ့် အပြုံးမပျက်ပဲ သူက ဝိုင်ခွက်‌တောင်မြှောက်ပြလိုက်သေးသည်။

ဘေးကလူများလည်း သူကိုအခုလိုမျိုးတွေ့သွားကြပြီး လိုက်ကြည့်ခဲ့ကြသည်။ ဖာဆက်ခ်ကုန်သည်ကြီးများအသင်း ဥက္ကဌသည်လည်းဟန်ဆောင်မှု မပါသည့်အပြုံးပြုံးပြကာ ရှုယီထံသို့ သူ၏ဝိုင်ခွက်အား မြှောက်ပြလိုက်သည်။

အခြားသူများ အံ့ဩတကြီးဖြစ်သွားကာ ဆော်လ်တန်မြို့မျက်နှာဖုံးများဖြစ်ကြသည့် ဥက္ကဌဘရူနိုနှင့် ဥက္ကဌဖာဆက်ခ်တို့က သာမညလူငယ်လေးအား အရေးတယူကြည့်နေပြီး အထူးတလည်ဂုဏ်ပြုလိုက်သည်ကို သူတို့ နားမလည်နိုင်ဖြစ်နေတော့သည်။

အကယ်၍များ ရှုယီက ထိုသို့ ဆွေကြီးမျိုးကြီးတစ်ယောက်ဖြစ်နေပါက နောက်ခံမိသားစုအသိုင်းအဝိုင်းသည် ထိုသူတို့နှစ်ယောက် လောကဝတ်ပြုလောက်အောင် အာဏာရှိနေမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေကာမှု သူတို့အနေဖြင့် ရှုယီအားကြည့်လိုက်သည့်အခါတွင် သူက ဆွေကြီးမျိုးကြီးတစ်ယောက်၏ ထူးထူးခြားခြားအရှိန်အဝါများ ရှိမနေခဲ့ပါ။

သိုပေမယ့် ဥက္ကဌမော်ဂန်နှင့် ဥက္ကဌဖာဆက်ခ်တို့က ဂုဏ်ပြုခဲ့ကြပြီး ထုံစံအတိုင်း အခြားသူများလည်း ပြုံးပြကာ ရှုယီအားဂုဏ်ပြုလိုက်ကြသည်။

ရှုယီသည်လည်း လက်ထဲက ဝိုင်ခွက်ကို‌မြှောက်လိုက်ကာ ပြုံးပြလိုက်ပြီး သူတို့အားပြန်လည် ဂုဏ်ပြုပေးလိုက်သည်။ သူက ဥက္ကဌမော်ဂန်အား “အခုလို အများပြည်သူဆိုင်ရာ လေလံပွဲကြီးကို ဘန်တာမြို့မှာ ဘုရင်ကြီးနှင့် သတ္တုအဖွဲ့အစည်းကနေ ကျင်းပပြုလုပ်တာဖြစ်လို့ ကျွန်တော်တို့အနေနဲ့ ဆော်လ်တန်မြို့ကလူတွေထက်တော့ ထူးပြီး အခွင့်ရေးပိုမရလောက်ဘူးဗျ”

“ငါတို့ကလား” ဥက္ကဌမော်ဂန်က‌မျက်မှောင်ကြုတ်လိုက်ပြီး မမေးပဲမနေနိုင်ဖြစ်ကာ “ဥက္ကဌရှု မင်းတို့ရဲ့ Frestech ကုန်သည်ကြီးများအသင်းက ဒီလေလံပွဲကို တကယ်ကြီး ဝင်ဆွဲမှာလား”

“အဟုတ်ပေါ့ဗျာ ၊ မဟုတ်ရင်ဘာကြောင့် ကျွန်တော်ဒီကို ရောက်နေရမှာလဲ” ရှုယီက အရမ်းကို သဘာဝကျကျ ပြန်‌ပြောလိုက်သည်။

ဥက္ကဌမော်ဂန်က ခဏငြိမ်နေလိုက်ပြီး ညင်သာစွာ နှာတစ်ချက်ရှုံလိုက်ကာ “ဥက္ကဌရှု စီးပွားရေးအသင်းက မိတ်ဆွေတစ်ယောက်အနေနဲ့ အကြံနည်းနည်းပေးချင်တယ်။ ကိုယ်တတ်နိုင်တာ ထက်ပိုပြီး မလုပ်တာအကောင်းဆုံးပဲ”

ရှုယီက ခေါင်းညိတ်လိုက်ကာ “ ဥက္ကဌမော်ဂန်ရဲ့အကြံဉာဏ်အတွက် အများကြီး ကျေးဇူးတင်ပါတယ်ဗျာ။ ဒါပေမယ့် ဘာလုပ်သင့်လဲဆိုတာ ကျွန်တော်သိပါတယ်”

ဥက္ကဌမော်ဂန်က နှာတစ်ချက်ပြင်းပြင်းမှုတ်လိုက်ပြီး ဝိုင်ခွက်ကို ယူကာ အဝေးသို့ထွက်သွားခဲ့သည်။

သူထွက်သွားတာကိုကြည့်ပြီး ရှုယီက နှာခေါင်းကိုပွတ်ပြီး ခါးသက်သက်ရယ်လိုက်ကာ “ဘာကြောင့်များ ငါ ဒီသံသတ္တုတွင်း (၂) တွင်း ဝယ်နိုင်တာကို ဘယ်သူကမှ မယုံနိုင်ဖြစ်နေကြတာလဲကွာ” ထိုသို့တွေးတောနေပြီး ပုခုံးတွန့်လိုက်ကာ ကြောင်တောင်တောင်ပြုံးလိုက်ပြီး “ကောင်းပါပြီလေ တကယ်တော့လေ ငါတောင်မယုံနိုင် ဖြစ်နေသေးတာပဲ”

မိတ်ဆုံစားပွဲတွင် တစ်ဦးနှင့်တစ်ဦး ဆွေးနွေးပြောဆိုခြင်း တဖြည်းဖြည်းနည်းပါးလာခဲ့သည်။ အားလုံးက ထိုအချိန်ကျရောက်တော့မည်ဟု သိခဲ့ရသောအခါ မြို့တော်ဝန်စီယန်က အခန်းမရဲ့‌အနောက်ဘက်ကနေပေါ်လာကာ အားလုံးရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်လိုက်သည်။

မြို့တော်ဝန်စီယန် ကြွရောက်လာကြသည့် ဧည်ပရိသတ်အပေါင်းအား အာလာပသလ္လာပစကားအနည်းငယ်ပြောကာ ကြိုဆိုခဲ့သည်။ ထို့နောက် မြို့တော်ဝန်စီယန်က ခေါင်းစဉ်ကိုစတင်မိတ်ဆက်ပြီး မိတ်ဆုံစားပွဲ၏ ရေချိန်ကို အမြင့်ဆုံးဆွဲတင်လိုက်ကာ သံသတ္တုတွင်း (၂) တွင်းလေလံပွဲကို စတင်ခဲ့သည်။

“ဘုရင်မင်းမြတ်ဆီကနေ လက်ခံရရှိထားတဲ့ ညွှန်ကြားချက်များမရ ယခု လေလံပွဲက သံသတ္တုတွင်း (၂) တွင်းအတွင်ဖြစ်ပြီး မြို့၏အနောက်ဘက် မိုင် (၅၀) အကွာနှင့် မြို့၏အနောက်တောင်ဘက် မိုင် (၆၀) အကွာ အသီးသီးရှိနေကြပါတယ်။ တိုင်းပြည်ရဲ့ သတ္တုတွင်း ဌာနာရဲ့ ရှာဖွေတွေ့ရှိချက်အရ အဆိုပါ သတ္တုတွင်းများက သံရိုင်းများပေါများစွာရှိသလို အခြားသတ္တုများစွာလဲရှိနေပါတယ်။”

စင်အောက်ရှိလူအများစုအနေဖြင့် ထိုသတ္တုတွင်များအကြောင်းကို သိရှိနားလည်ပြီး ဖြစ်သော်ငြားလည်း မြို့တော်ဝန်စီယန်၏အဖွင့်အမှာစကားကို ကြားနေရသည်က အားလုံးကို အံ့ဩဘနန်းဖြစ်နေဆဲ ပင်ဖြစ်သည်။

သတ္တုတွင်းဌာန၏ရှာဖွေချက်များအရ ထိုသတ္တုတွင်းများကို ပထမအဆင့်သတ္တုတွင်းဟု သတ်မှတ်လို့ရသည်။ အကယ်၍ သူတို့အနေဖြင့် နှစ်စဉ်နှစ်တိုင်း တူးဖော်နိုင်ခဲ့ပါက တွင်း (၁) တွင်းလျှင် အနိမ့်ဆုံးရရှိနိုင်မည့် ပမာဏက ရွှေဒင်္ဂါး (၁၀၀၀၀၀) ပြား ပင်ဖြစ်သည်။

အကယ်၍တစ်ယောက်ယောက်သာ ထို သတ္တုတွင်း (၂) တွင်းလုံး ဝယ်ယူနိုင်ခဲ့ပါက သူတို့နေဖြင့် သတ္တုတူးဖော်ရာမှာ ငွေကြေးအမြောက်အမြား သုံးစွဲခဲ့လျှင်တောင်မှ ပမာဏအမြောက်အမြား ရရှိနိုင်သေးသည်။

“ဘုရင်မင်းမြတ်၏ ညွှန်ကြားချက်များအရ ရောင်းချပြီးသည့် သတ္တုတွင်းများကို ပိုင်ဆိုင်ခွင့်ရမည် မဟုတ်ပဲ အဲ့တာထက် သတ္တုတွင်းဖော်ခွင့် နှစ် (၅၀) သာရရှိမည်ဖြစ်သည်။ ဝယ်ယူချင်သူတိုင်း မည်သူမဆို ဈေးစတင်ခေါ်နိုင်ပါပြီ” ဟု မြို့တော်ဝန်စီယန်က ထပ်လောင်းပြောကြားလိုက်သည်။

လူအားလုံးမသိမသာ ခေါင်းညိတ်လိုက်ကြကာ အံ့ဩသွားခြင်း မရှိခဲ့ပေ။

ထိုသို့ မျှော်လင့်ထားခဲ့ပြီးပြီဖြစ်သည်။ သံသတ္တုတွင်းများကို ဂျိုးလ်မိသားစုအမည်ဖြင့်သာ ထိန်းချုပ်ထားသော်လည်း လမ်ပူရီတိုင်းပြည်သာပိုင်ဆိုင်ထားတာဖြစ်သည်။ သို့ပေမယ့် သတ္တုတွင်းတူးဖော်ခွင့်က ဂျိုးလ်မိသားစု လက်ထဲတွင်သာ ရှိသောကြောင့် သတ္တုတွင်းများကို ဂျိုးလ်မိသားစုကပဲ ချုပ်ကိုင်ထားဆဲဖြစ်သည်။

သံသတ္တုတွင်း (၁) တွင်းကို အနှစ် (၅၀) တူးဖော်ခွင့်သည် အချိန်အားဖြင့် အရမ်းကြီးမကြာသော်လည်း တိုတောင်းလှသည်တော့မဟုတ်ပါ။

အကယ်၍တစ်ယောက်ယောက်သာ ရင်းနှီးမြုပ်နှံဖို့ စိတ်ဝင်စားခဲ့မည်ဆိုလျှင် နှစ် (၅၀) ဆိုသည့်အချိန်ကာလက အရင်းကြေပြီး အမြတ်များစွာရရှိဖို့အတွက် လုံလောက်ပါသည်။

သံသတ္တုတွင်း (၂) တွင်းအတွက် အခြေခံအချက်အလက်များကို ပြောကြားပြီးနောက် မြို့တော်ဝန်စီယန်က လုပ်ဆောင်စရာများကို ဖိတ်ကြားထားသည့် အစီစဉ်မှူးနှင့် လေလံပစ်သူထံ လက်လွှဲခဲ့သည်။

အစီစဉ်မှူးက လေလံပွဲစတင်းကြောင်း ချက်ခြင်း ကြောညာခြင်းမရှိဆိုသည်ထက် ပထမဦးဆုံး သူတို့လုပ်ဆောင်ရမည်က ရောက်ရှိနေသည့် လူများနှင့်ကုမ္ပဏီတိုင်းကို ပထမအာမခံငွေ ပေးချေရမည်ကို လိုက်လံမေးမြန်းရသည်။

ထိုအရာမျိုးက အထူးတလည်ကိစ္စမျိုး မဟုတ်ပေ။

ယခုလို လေလံပွဲကြီးများတွင် ထိုသို့လုပ်ဆောင်ရသည်မှာ သာမန်ကိစ္စတစ်ခုသာဖြစ်သည်။ ထိုကိစ္စက လေလံဝင်ဆွဲမည့်သူများအား လေလံဆွဲခွင့်အား အာမခံပေးထားနိုင်ပြီး ပြဿနာဖြစ်ခြင်းကိုလည်း ကာကွယ်ထားပြီးသားဖြစ်သည်။

ထိုမိတ်ဆုံစားပွဲသို့ တက်ရောက်လာကြသူများသည် ထိုအတွက် ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်သည်။ ထိုကြောင့် မြို့တော်အရှင်အိမ်ကြီးကလူများရဲ့ စီစဉ်ညွှန်ကြားချက်အောက်မှ လူအားလုံးက ပြင်ဆင်ထားသည့် ငွေများအား အာမခံထားခဲ့ကြသည်။

စိုင်စ်နယ်မြေ၏ လုပ်ထုံးလုပ်နည်းများအရ အာမခံထားရမည့် ပမာဏသည် ကြမ်းခင်းဈေး၏ (၄၀) ရာခိုင်နှုန်းထားရှိရမည် ဖြစ်သည်။ ထိုသံသတ္တုတွင်း (၂) တွင်းပေါင်း၏ ကြမ်းခင်းဈေး ပမာဏမှာ ရွှေဒင်္ဂါး (၁၂၀၀၀၀၀) ဖြစ်သောကြောင့် အာမခံထားရမည့် ပမာဏမှာ ရွှေဒင်္ဂါး (၄၈၀၀၀၀)ပြား ထားရမည်ဖြစ်သည်။

ကုန်သည်ကြီးများက တစ်ယောက်ပြီးတစ်ယောက် အာမခံငွေများ ထားရှိနေသည်ကို တွေ့ရသောအခါ ရှုယီ စိတ်ထဲ သံသယစိတ်များပွားလာတော့သည်။

လက်ရှိအခြေအနေရကြည့်လျှင် လမ်ပူရီတိုင်းပြည်မှာ အတော်ကိုအာဏာရှိသည့် စီးပွားရေးသမားအချို့ ရှိနေသည်ကို တွေ့ရသည်။ ကုမ္ပဏီအများစုမှာ ထိုသို့ ရွှေဒင်္ဂါး (၄၈၀၀၀၀) ထုတ်မပေးနိုင်ကြပေ။

နောက်ပြီး လမ်ပူရီတိုင်းပြည်၏ အခွန်ဘဏ္ဍာရမှာ ရယ်စရာကောင်းလောက်အောင် ရွှေဒင်္ဂါး (၁၀၀၀၀၀၀) သာရှိနေခဲ့သည်။ ဒါက တကယ်ကြီးကို ကွာခြားလွန်းသည့် ပမာဏပင်ဖြစ် သည်။

စင်ပေါ်သို့ ခြေလှမ်းနေသည့် ဥက္ကဌ မော်ဂန် အားကြည့်နေလိုက်ပြီး ရှုယီ မျက်လုံးများမှေးနေလိုက်ကာ အတွေးများဖြင့် ပြည့်နှက်သွားခဲ့သည်။

မကြာခင်မှာ ရှုယီ စင်ပေါ်သို့တက်ရမည့် အလှည်ကျရောက်လာခဲ့သည်။ အစီစဉ်မှူးက ရှုယီ အမည်အား ခေါ်လိုက်သည့်အချိန်တွင် စင်အောက်ရှိလူအများစုက လှည့်ကြည့်လိုက်ကြသည်။

အမှန်တကယ်တော့ ဘန်တာမြို့က ကုန်သည်ကြီးများသည် ရှုယီကို Frestech ကုန်သည်ကြီးများအသင်းကြောင့် သိရှိကြပြီး ဘန်တာမြို့အနီး မြို့များက ကုန်သည်ကြီးများကလည်း ရှုယီအကြောင်း ကြားဖူးကြသူများဖြစ်ကြသည်။

အကယ်၍တစ်ယောက်ယောက်က ရှုယီအကြောင်းမသိခဲ့ပါက မိတ်ဆုံစားပွဲအတွင်း ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်း သတင်းများကြားခဲ့ရသည်ကို အခြေခံပြီး တစ်ယောက်ယောက်က Frestech ကုန်သည်ကြီးများအသင်း အကြောင်းချက်ခြင်းကို သိချင်စိတ်ပြင်းပြ လာမည်ဖြစ်သည်။

သိုပေမယ့် အာလုံးရှင်းရှင်းလင်းလင်း သိထားကြသည့်က ဤကုမ္ပဏီအသစ်က ငွေဘယ်လောက်များများ ရှာနိုင်သည်ဖြစ်ပါစေ နှစ်တစ်ဝက်အတွင်း ရွှေဒင်္ဂါး (၅၀၀၀၀၀) ရှာနိုင်ဖို့ မဖြစ်နိုင်ပါ။

ထိုကြောင့် ရှုယီက အားလုံးရှေ့ပေါ်လာပြီး စင်ပေါ်သို့ လမ်းလျှောက်သွားချိန်တွင် မရေတွက်နိုင်သော မျက်လုံးများက သိချင်စိတ်ပြင်းပြနေကာ သံသယများဖြင့် ကြည့်နေခဲ့ကြသည်။

Frestech ကုန်သည်ကြီးများအသင်းက တကယ်ကြီးကိုပဲ ဒီလောက် ငွေအမြောက်အမြားရှာနိုင်ခဲ့တယ်ပေါ့။

ရှုယီကတော့ သေသပ်လှသည့်ခပ်ရေးရေးပြုံးကာ အစီစဉ်မှူးရှေ့သို့ တည်ငြိမ်စွာ လမ်းလျှောက်သွားခဲ့သည်။ သူက ဘေးမှာရှိနေသည့် မြို့တော်ဝန်စီယန်အားပြုံးပြလိုက်ပြီး ရင်ဘက်ထဲကနေ အရမ်းမထူသည့် စာအိတ်တစ်စောင်ကို ဆွဲထုတ်လိုက်သည်။

အစီစဉ်မှူးက စာအိတ်ကိုယူလိုက်ပြီး ဖွင့်ကြည့်လိုက်သည်။ သူက အံ့ဩစွာဖြင့် ရှုယီကိုကြည့်ပြီး ကျယ်လောင်သောအသံဖြင့် “Frestech ကုန်သည်ကြီးများအသင်းက တစ်ခုကို ရွှေဒင်္ဂါး (၁၀၀၀၀၀) တန်ကြေးရှိ ခီမဲရာ ကုန်သည်ကြီးများအသင်း၏ရွှေချက်လက်မှတ် (၅) စောင်ကို ပေးခဲ့ပါပြီ။ စုစုပေါင်းတန်ဖိုး ရွှေဒင်္ဂါး (၅၀၀၀၀၀) ရှိပါတယ်။”

***

မှော်စက်မှုအင်ပါယာ

Vol 1, အခန်း ၁၂၉ ။ လေလံပွဲ

စင်အောက်ကနေ တီတိုးစကားပြောသံများထွက်ပေါ် လာခဲ့သည်။ လူအများစုကို ကြည့်ရသည်မှာ မယုံကြည်နိုင်ဖြစ် နေခဲ့ပြီး သူတို့ ရှုယီအား တုန်လှုပ်ခြောက်ခြားပြီး သိချင်စိတ်အပြည့်ပါ သည့်မျက်လုံးများဖြင့် ကြည့်နေခဲ့ကြသည်။

Frestech ကုန်သည်ကြီးများအသင်းက တကယ်ကြီး အခုလိုမျိုး ရွှေဒင်္ဂါး (၅၀၀၀၀၀) ခန့်ကို တစ်ခါတည်းထုတ်သုံးနိုင်သည်တဲ့လား?

ထိုအားလုံးကို အံ့ဩဘနန်းဖြစ်စေရသည့်အကြောင်းက ရှုယီသည် ခီမဲရာကုန်သည်ကြီးများအသင်းက ရွှေချက်လက်မှတ် အကြီးစားကို တကယ်ကြီး ထုတ်သုံးလိုက်သောကြောင့်ဖြစ်သည်။

သိရှိထားရသည်မှာ ခီမဲရာကုန်သည်ကြီးများအသင်းသည် စိုင်စ်နယ်မြေတစ်ခွင်တွင် အကြီးမားဆုံးကုမ္ပဏီပင်ဖြစ်သည်။ သူတို့၏ထောက်ခံချက်နှင့် ရွှေချက်လက်မှတ် အသုံးပြုခွင့်ရဖို့ရာက လွယ်ကူလှသည့် အရာမဟုတ်ပေ။ အခုလိုမျိုး ခီမဲရာကုန်သည်ကြီးများအသင်း၏ ရွှေချက်လက်မှတ်အကြီးစား အသုံးပြုခွင့်ရဖို့ရန်မှာ အလွန်တရာမှ ခက်ခဲလှသော ကိစ္စပင်ဖြစ်သည်။

ကုန်သည်အများစုက နောက်ခံအင်အား မနည်းလှသော်လည်း လုံခြုံရေးအရ ပေးအပ်ထားသည့် အာမခံငွေများကို လမ်ပူရီတိုင်းပြည်၏ တော်ဝင်မိသားစု လုပ်ကိုင်နေသည့် လမ်ပူရီကုန်သည်ကြီးများအသင်း၏ရွှေချက်လက်မှတ်များ သို့မဟုတ် အချို့စာချုပ်စာတမ်းများကို သူတို့က အာမခံအဖြစ် ပေးအပ်ထားကြခြင်းဖြစ်သည်။ ကုမ္ပဏီအနည်းငယ်ကသာ ခီမဲရာကုန်သည်ကြီးများအသင်းက ရွှေချက်လက်မှတ်များကို အသုံးပြုနိုင်ကြပြီး အခြားနယ်မြေများလာသည်ဟု သတ်မှတ်လို့တောင်ရသည်။

ထိုသူတို့အားလုံး သိရှိထားသည်က ခီမဲရာကုန်သည်ကြီးများအသင်း၏ရွှေချက်လက်မှတ် ကိုင်ဆောင်နိုင်ခြင်းက အဆင့်အတန်းမြှင့်သည်ဟု သက်သေခံချက်တစ်ခုပင်ဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်း၏လက်ရှိငွေကြေးအင်အားအရ သာမန်အားဖြင့် ထို့သို့ ရပိုင်ခွင့် မရှိနိုင်ပေ။

ထိုအကြောင်းရာထက် Frestech ကုန်သည်ကြီးများအသင်းသည် ရွှေဒင်္ဂါး (၅၀၀၀၀၀) အား ချက်ခြင်းဆိုသလို အာမခံငွေအဖြစ် ပေးအပ်ခဲ့သည်။ ထိုအခြင်းရာမှာ ရှုယီကအမှန်တကယ်ကြီး ထိုသံသတ္တုတွင်း (၂) တွင်းကို အပြိုင်လေလံဆွဲမည့် စိတ်ဆန္ဒရှိသည့် သဘောပင်ဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်း၏ဓနအင်အားအရ သံသတ္တုတွင်း (၂) တွင်းစာအတွက်ပင် မဆိုထားနှင့် (၁) တွင်းစာအတွက် ယှဉ်ပြိုင်ဆွဲဖို့ရာတောင် ယုံကြည်ရခက်ခက် ပင်ဖြစ်သည်။

သိုပေမယ့် သူတို့ရှေ့ ကအချက်အလက်များကြောင့် ထိုလူတွေအနေဖြင့် ရွေးချယ်စရာမရှိပဲ ယုံကြည်လက်ခံရတော့မည် ဖြစ်သည်။

ရှုယီ စင်ပေါ်ကနေ ဆင်းလာသည်ကို စောင့်ကြည့်ရင်း ဥက္ကဌမော်ဂန်က မျက်လုံးများအနည်းငယ်ကြုံလိုက်သည်။

ခီမဲရာကုန်သည်ကြီးများအသင်းက ရွှေချက်လက်မှတ်ကြီး (၅) စောင်ကနေတစ်ဆင့် တစ်ခုခုကို ထူးဆန်းနေသည်ကို သူအနံခံရမိခဲ့သည်။

ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းအနေဖြင့် ထိုလေလံပွဲမှာ အနိုင်ရမည်ဟု သေချာသလောက် ရှိနေပေမယ့်လည်း အငြင်းပွားစရာကိစ္စအချို့ ရှိနေခဲ့သည်။

မကြာမှီအချိန်မှာပဲ လေလံဝင်ဆွဲမည့် ကုမ္ပဏီများက အသီးသီး အာမခံငွေပေးအပ်ထားပြီးပြီ ဖြစ်သည်။ အားလုံးက အစီစဉ်မှူးကြေညာမည့် ကိန်းဂဏန်းများကို ရင်ခုန်စိတ်လှုပ်ရှားနေကြပြီး ကုမ္ပဏီ (၃၀) ထက်မနည်း ပါဝင်ကြသည်ဖြစ်သောကြောင့် အခုလေးတင် အစီစဉ်မှူးလက်ထဲတွင် ရွှေဒင်္ဂါး (၁၀) သန်းကျော်ခန့်ရှိနေပြီ ဖြစ်သည်။

အခန်းမတစ်ခုလုံးတွင် လက်နက်ကိုင်စစ်သားများအပြည့် နေရာယူထားပြီး အခြားမည့်သည့် ကလေကချေကိုမျှ အနီးကပ်ခွင့်မရအောင် စောင့်ကြပ်နေလျက်ရှိသည်။

ရွှေဒင်္ဂါ (၁၀) သန်း ဆိုသည့်ပမာဏမှာ လူအတော်များအား စိတ်ဖောက်သွားစေဖို့ရာ အလုံအလောက်ပင်ဖြစ်သည်။

များမကြာမီအချိန်မှာပဲ လူအတော်များက စိတ်လှုပ်ရှား လာပြီး အစီစဉ်မှူးက လေလံပွဲစတင် ဖွင့်လှစ်ပြီဖြစ်ကြောင်း ကြောညာလိုက်သည်။ မြို့တော်ဝန်စီယန် ဖိတ်ကြားထားသည့် လေလံပစ်သူမှာ အန်ဗီမာကဖြစ်ပြီး လေလံပွဲကို ကိုင်တွယ်ဖို့ စင်‌ပေါ်သို့ တက်လာခဲ့လေသည်။

“ပထမသတ္တုတွင်းအတွက် ကြမ်းခင်းဈေးမှာ ရွှေဒင်္ဂါး (၅၀၀၀၀၀) ဖြစ်ပြီး တစ်ခါ ဈေးပေးမည်ဆိုပါက အနိမ့်ဆုံး ရွှေဒင်္ဂါး (၅၀၀၀) တိုးမြှင်လေလံဆွဲရမှာဖြစ်ပါတယ်၊ စတင်ပါပြီခင်ဗျာ”။

လေလံပစ်သူ၏လက်ထဲက သစ်သာတူလေး ထုချလိုက်ပြီး အချို့ကုမ္ပဏီများက စိတ်မရှည်သည့်ဟန်ဖြင့် စတင်ဈေးပေးနေပြီဖြစ်သည်။

မျက်စိတစ်မှတ်အတွင်းမှာပင် ကြမ်းခင်းဈေး ရွှေဒင်္ဂါး (၅၀၀၀၀၀) ကနေ (၆၀၀၀၀၀) ကျော်ခန့်ထိ မြှင့်တက်လာခဲ့ပြီ ဖြစ်သည်။

အခန်းမအတွင်းတွင် စိတ်အားထက်သန်မှုများက တဖြည်းဖြည်း အေးစက်လာကာ လေလံဈေးပေးသည့် အသံများလည်း တိုး၍သာလာတော့သည်။

“ ရွှေဒင်္ဂါး (၇၀၀၀၀၀) ဟု ဈေးပေးလိုက်သည့် အသံ ရုတ်တရက်ထွက်ပေါ်လာပြီး အခန်းမတစ်ခုလုံး တိတ်ဆိတ်သွားစေခဲ့သည်။

အကုန်လုံးက ထိုအသံလာရာဆီသို့ အလန့်တကြား ကြည့်လိုက်ကြသည်။ နောက်ဆုံးပေးထားသည့် ဈေးမှာ ရွှေဒင်္ဂါး (၆၁၀၀၀၀) ပြားသာဖြစ်ပြီး ထိုမိတ်ဆွေက ရွှေဒင်္ဂါး (၇၀၀၀၀၀) အထိ တိုးမြှင့်ခဲ့တာဖြစ်သည် သူ့မှာ ဘာပြဿနာများ ရှိနေလို့လဲမသိ။

အကုန်လုံးက ထိုသို့ဈေးပေးလိုက်သူအား သိသွားသောအခါမှ နားလည်သဘောပေါက်သွားကြသည်။

ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းက ထိုသံသတ္တုတွင်း (၂) တွင်းလုံးကို ရယူဖို့ ဆုံးဖြတ်ထားခဲ့သည်ဖြစ်ရာ ဥက္ကဌမော်ဂန်က ဈေးကို တိုက်ရိုက် တိုးမြှင့်လိုက်သည်မှာ အားလုံးအား ဖဲလ်ချောင်ကုန်သည်ကြီးများအသင်း၏ဆုံးဖြတ်ချက်ကို ပြသလိုက်သည့် သဘောပင်ဖြစ်သည်။

အမှန်‌တော့ ထိုဈေးနှုန်းမှာ မိုးထိမြှင့်မားသော်လည်းပဲ လူတွေအား ခြောက်လှန့်စေဖို့ လုံလောက်သည့် ပမာဏပင်။ အခန်းမကြီး ခဏလောက် တိတ်ဆိတ်သွားပြီနောက် မြန်ဆန်စွာပင် တစ်ယောက်ယောက်က ရွှေဒင်္ဂါး (၇၁၀၀၀၀) ဟု ဈေးပေးခဲ့သည်။

ရွှေဒင်္ဂါး (၇၀၀၀၀၀) ကျော်ခန့်ပမာဏ အချို့ကုမ္ပဏီများကို ချီတုံချတုံ‌ဖြစ်စေခဲ့သည်။

သိုပေမယ့် အချိန်ခဏလောက် တွေဝေသွားပြီနောက် ထိုလူများ မြန်မြန်ဆန်ဆန် ဖြတ်တွေးလိုက်ကြသည်။ လေလံပစ်နေသည့် သတ္တုတွင်းမှာ ပိုသေး‌ငယ်သော တွင်းဖြစ်ပြီး အမှန်တကယ် ဈေးနှုန်းက အတော်သင့် နည်းနေသင့်သည်။

အကယ်၍သူတို့အနေဖြင့် ထိုသတ္တုတွင်းအား မရယူနိုင်ခဲ့ပါက ဒုတိယပိုကြီးသည့် သတ္တုတွင်းအား ရယူဖို့ စဉ်းစားနေစရာတောင် မလိုတော့ပေ။

ထို့ကြောင့် စိတ်အားထက်သန်မှုများက အရင်လောက် မရှိကြတော့ပေမယ့် သူတို့ မရပ်ခဲ့ပါ။

လေလံဈေးက ဆက်လက်မြှင့်တက်နေပြီး အလျှင်အမြန်ပင်ရွှေဒင်္ဂါး (၈၀၀၀၀၀) အထိရောက်ရှိသွားပြီ ဖြစ်သည်။

ရောက်ရှိနေကြသည့် လူအားလုံးအတွက် ရွှေဒင်္ဂါး (၈၀၀၀၀၀) ဆိုသည့် ဈေးနှုန်း ထိုသတ္တုတွင်း သင့်တင့်သော ဈေးနှုန်းဟု ဆုံးဖြတ်ထားကြသည်။

ထိုဈေးနှုန်းထက် ကျော်လွန်သွားပါက ထိုသတ္တုတွင်းကနေ ရရှိမည့် ဝင်ငွေသည် မနည်းလှသော်လည်း သူတို့ထက်ပြီး ရင်းနှီးမြုပ်နှံရမည်ကို အခြေခံပြီး ပြန်ရမည့် အမြတ်ကို တွက်ကြည့်လျှင် အမြတ်အစွန်း ထင်သလောက် ရရှိနိုင်မည်မဟုတ်တော့ပေ။

အမှန်တော့ အကျိုးမြတ်ဆိုသည်ကသာ လူတွေရဲ့ နှလုံးသားကို မောင်းနှင်နိုင်နေဆဲဖြစ်သည်။ ကုမ္ပဏီများ၏ ကိုယ်စားလှယ်များကလည်း သူတို့ စိတ်နှလုံးသားကို ပြင်ဆင်ကာ ဈေးကိုတိုးမြှင့်ဖို့ ပြင်ဆင်နေခဲ့ကြသည်။

ဒါပေမယ့် ထိုအချိန်မှာပဲ ဥက္ကဌမော်ဂန် ထပ်ပြီး ဈေးပေးလိုက်သည်။

“ ရွှေဒင်္ဂါး (၉၀၀၀၀၀)”

အခန်းမကြီးလည်း တဖန်ပြန် တိတ်ဆိတ်သွားတော့သည်။

အားလုံးက ဥက္ကဌမော်ဂန်အား အထိတ်တလန့် ကြည့်လိုက်ပြသည်။

ခင်‌ဗျာရဲ့ ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းက ဒီသတ္တုတွင်းကို အရမ်းလိုချင်နေလျှင်တောင်မှ အခုလိုမျိုး ဈေးပေးစရာမလိုဘူးလို့ထင်တယ် ဟုတ်တယ်မလား။

အဆင်ပြေတယ်လို့တော့မပြောပါဘူး။ အခုလိုမျိုးဈေးကို (၁၀၀၀၀၀) ကို တစ်ကြိမ်တည်း တိုးလိုက်တာကိုကြည့်ခြင်း အားဖြင့် အားလုံးကို ခင်ဗျားကအနိုင်ယူလိုက်ပြီလို့ ပြောနေသလိုပဲ။

ထိုလုပ်ရပ်မျိုးကို ပြောလို့ရသည်က ဥက္ကဌမော်ဂန်၏ လေလံဆွဲခြင်း နည်းစနစ်က ရှားပါးလှသည့်အရာမဟုတ်။

လေလံပွဲတစ်ခုတွင် အဲ့သလိုမျိုးက ရေပန်းစားပြီး နိုင်လိုစိတ်ပြင်းပြသည့် ပုံမျိုးဖြစ်ကာ ထိုပုံမျိုးက ပြဿနာအချို့ဘေးဖယ်ထားပြီး ကံစမ်းချင်ကြသည့် သူများအား ကြောက်လန့်စေနိုင်သည်။

သိုပေမယ့် တစ်ယောက်က အခုလိုမျိုး ဆုံးဖြတ်ချက်ချလိုက်သည်က ဈေးနှုန်းကို ဖြေးသာသာ မြှင့်သည့် သူမျိုးနှင့် ထိပ်တိုက်တွေ့ကြရဖို့များသည်။

ဒီနေရာမှာ ဈေးကို လိုက်ပြီးတိုးခေါ်မလား ဒီအတိုင်းပဲ ရှိနေမလားဆိုတာကိုတော့ ခန့်မှန်းဖို့ ခက်ခဲလှပါသည်။

အခန်းမတစ်ခုလုံး ခဏအကြာတိတ်ဆိတ်သွားပြီးနောက် လေလံပစ်သူက ထိုဈေးနှုန်းကို အတည်ပြုမည့်အချိန်တွင် တစ်စုံတစ်ယောက် ဈေးကိုထက်ပြီး တိုးမြှင့်လိုက်သည်။

“ ရွှေဒင်္ဂါး (၉၅၀၀၀၀) ပြား”

ဥက္ကဌမော်ဂန်က အသံလာဆီသို့ လှည့်ကြည့်လိုက်ပြီး လီယိုကုန်သည်ကြီးများအသင်း၏ ဥက္ကဌဘရူနိုအား ရှုယီနှင့်အတူ တွေ့လိုက်ရသည်။

သူတို့အကြည့်ချင်းဆုံ သွားကြပြီး ဥက္ကဌမော်ဂန်က အေးစက်သည့်နှာတစ်ချက်မှုတ်လိုက်ကာ (၁) သန်း ဟုအော်ပြီး ဈေးပေးလိုက်သည်။

ကိုယ်စားလှယ်များမှာ ဆွံအသွားခဲ့ပြီး ပါးစပ်အဟောင်သား ဖြစ်သွားခဲ့သည်။

အားလုံးက ဥက္ကဌမော်ဂန်နှင့် ဥက္ကဌဘရူနိုတို့အား စိတ်လှုပ်ရှားစွာကြည့်နေခဲ့ကြသည်။

လက်ရှိအခြေအနေကိုကြည့်ခြင်းအားဖြင့် ထိုလေလံပွဲမှာ သူတို့ နှစ်ယောက်ကြားက အကဲစမ်းသည့် အသွင်ဆောင်လာခဲ့သည်။

မျှော်လင့်ထားသည့်အတိုင်း ဥက္ကဌမော်ဂန်၏အပြိုင်ဈေးသည်ကို ကြားရပြီးနောက် ဥက္ကဌဘရူနိုက တုံ့ဆိုင်းနေခြင်းမရှိပဲ “ (၁၀၅၀၀၀၀) “ ဟု ဈေးပေးလိုက်သည်။

ဥက္ကဌမော်ဂန်က နှာတစ်ချက်မှုတ်လိုက်ကာ ချက်ခြင်းပင် “ (၁၁၀၀၀၀၀) “ ဟု ဈေးလိုက်ပေးခဲ့သည်။

“(၁၁၅၀၀၀၀) “

“ (၁၂၀၀၀၀၀) “

ထိုနှစ်ယောက်က ဆက်လက်ပြီး ဈေးပြိုင်ပေးနေကြရာ မျက်စိတစ်မှတ် အတွင်းမှာပဲ (၁၅၀၀၀၀၀) အထိရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

အခန်းမအတွင်းရှိ လူအားလုံးမှာလည်း အသက်တောင်ဖြောင့်ဖြောင့် မရှုရဲကြပဲ စကားတစ်ခွန်းမှ ထွက်မလာကြတော့ပေ။

မည်သူကမျှ ကြမ်းခင်းဈေး ရွှေဒင်္ဂါး (၅၀၀၀၀၀) ရှိသည့် သတ္တုတွင်း (၁) တွင်းက (၁၅၀၀၀၀၀) အထိ ရောက်ရှိလာမည်ဟု မထင်ထားခဲ့ကြပါ။

အကုန်လုံးက အာဏာရှိကုမ္ပကြီးက ဖြစ်နေလျှင်တောင်မှပဲ ရွှေဒင်္ဂါး (၁၅၀၀၀၀၀) ကဲ့သို့ များပြားလှသည့် ပမာဏ ထုတ်သုံးဖို့ရမှာ သတိထားပြီး ဆုံးဖြတ်ချက်ချရမည့် ကိစ္စပင်ဖြစ်သည်။

ဥက္ကဌဘရူနိုတောင်မှ ဥက္ကဌမော်ဂန်က ထိုသို့ ဈေးပေးလိုက်သည်ကို ကြားရပြီး တွေဝေခဲ့ကာ သူက မျက်နှာအနေအထားပြောင်းသွားခြင်းမျိုး မရှိခဲ့ပါ။ ခဏအကြာ တွေဝေနေပြီးနောက် သူက အံ့ကြိတ်လိုက်ပြီး “ (၁၅၁၀၀၀၀)” ဈေးပေးလိုက်သည်။

ထိုကိန်းဂဏန်းများကို ကြားရပြီး အခန်းမအတွင်းရှိ လူအားလုံး သက်ပြင်းကိုယ်စီချခဲ့ ကြသည်။

အရင်က သူတို့နှစ်ယောက်က တစ်ကြိမ်စီမှာ (၅၀၀၀၀) တိုးမြှင့်ခဲ့သည်ဖြစ်ရာ ဒါပေမယ့် အခုချိန်မှာတော့ ဥက္ကဌဘရူနိုက (၁၀၀၀၀) စီသာ တိုးလိုက်သည်။ ကြည့်ရသည်မှာ သူအနေဖြင့် ယုံကြည်ချက်နည်းသွားပြီး ဥက္ကဌ မော်ဂန် ဈေးလိုက်ပေးနိုင်ခြင်းရှိမရှိ အကဲစမ်းလိုက်သည့်ပုံဖြစ်နေသည်။

သို့ပေမယ့် ဥက္ကဌမော်ဂန်က အေးစက်သည့် နှာတစ်ချက်မှုတ်လိုက်ကာ အမှန်တကယ်ကိုပင် (၁၆၀၀၀၀၀) ဟု ဈေးပေးလိုက်သည်။

ဥက္ကဌမော်ဂန်၏ အေးတိအေးစက်အကြည့်များနှင့် ဆုံရသည့်အခါ ဥက္ကဌဘရူနို နဖူးချွေးပြန်‌လာခဲ့သည်။

သူအနေဖြင့် (၁၀၀၀၀) ထပ်တိုးပြီး ကြိုးစားကြည့်ချင်သော်လည်း ဥက္ကဌမော်ဂန် ရုတ်တရက် လက်လျှော့လိုက်မည်ကို ကြောက်ရွံ့နေခဲ့သည်။

ထိုသို့ဖြစ်ခဲ့ပါက လီယိုကုန်သည်ကြီးများအသင်းအနေဖြင့် ထိုသတ္တုတွင်း ဝယ်ယူဖို့အတွက် မိုးထိမြှင့်တက်နေသည့် ဈေးနှုန်းဖြစ်သည့် ရွှေဒင်္ဂါး (၁၆၁၀၀၀၀) ခန့်ကုန်ကျသွားမည်ဖြစ်သည်။

လီယိုကုန်သည်ကြီးများအသင်းသည် ဆောလ်တန်မြို့က အကြီးမားဆုံးကုမ္ပဏီဖြစ်သော်လည်း လမ်ပူရီတိုင်းပြည်ရှိ ထိပ်တန်း အဆင့် (၁၀) ဝင်ထားသည့် ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းနှင့် ယှဉ်နိုင်စွမ်းမရှိပါ။

အကယ်၍သာ အမှန်တကယ်ကြီး ရွှေဒင်္ဂါး (၁၆၁၀၀၀၀) သာ တစ်ခါတည်း ထုတ်သုံးခဲ့ရမည်ဆိုပါက လီယိုကုန်သည်ကြီးများအသင်း၏အသားကို အဖြတ်ထုတ်လိုက် သကဲ့သို့ဖြစ်နေမည်ဖြစ်သည်။

နောက်ပြီး သံသတ္တုတွင်းများတွင် တူးဖော်ရန် လူအင်အားများစွာလိုအပ်ပြီး အတော်ကို ကြီးမားသည့် ရင်းနှီးမြုပ်နှံမှုတစ်ခုပင်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဖဲလ်ချောင်ကုန်သည်ကြီးများအသင်း၏ အဓိကထားလုပ်ကိုင်ရာ နယ်ပယ်တစ်ခု ဖြစ်နေပြီး သူတို့အနေဖြင့် သတ္တုတူးဖော်ရာမှာ အတွေ့အကြုံများစွာရှိထား ပြီးကြပြီ ဖြစ်သည်။ သူတို့အတွက် အခြား သတ္တုတွင်း (၁) တွင်း စတင်တူးဖော်ရသည်မှာ သာမန်ကိစ္စတစ်ခုပင်ဖြစ်သည်။ ဒါပေမယ့် လီယို ကုန်သည်ကြီးများအသင်းအတွက်မှု လုံးဝကွဲပြားသည့် အခြေအနေမျိုးဖြစ်နေသည်။

ထိုအခြင်းအရာကို နှိုင်းယှဉ်ကြည့်သည့်အခါ ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းသည် သတ္တုတွင်းများတူဖော်ရမှာ အခြားကုမ္ပဏီများ ထက်များစွာ အကျိုးအမြတ်ရရှိနိုင်မည် ဖြစ်သောကြောင့် ဥက္ကဌမော်ဂန်က ဈေးနှုန်းတိုးလိုက်သည့်အခါ တိုင်း မျက်တောင် တောင်ခတ်ခြင်းမရှိခဲ့ပါ။

ဥက္ကဌဘရူနို မျက်နှာပေါ်မှာ အကြပ်ရိုက်နေသည်ကို မြင်ရသောအခါ ဥက္ကဌမော်ဂန်က ခြောက်ကပ်ကပ်‌ရယ်မောနေလိုက် သည်။ သူက စင်ပေါ်မှာရှိနေသည့် လေလံပစ်သူ ထံလှည့်ပြီး “ မြန်မြန်လုပ်လို့ မရဘူးလား” ဟု မေးလိုက်သည်။

လေလံပစ်သူက ဥက္ကဌဘရူနိုသို့ကြည့်လိုက်ပြီး မတုန်မလှုပ် ဖြစ်နေသည်ကို မြင်သွားကာ သူက သစ်သားတူလေးကို လက်ဖြင့်ကိုင်ကာ မြှောက်လိုက်ပြီး ရှင်းလင်းသည့်အသံဖြင့် “(၁၆၀၀၀၀၀) တစ်ကြိမ်” ဟု ပြောလိုက်သည်။

“နေပါအုံး” ဥက္ကဌဘရူနိုက ရုတ်တရက် လက်မြှောက်လိုက်ပြီး လေလံပစ်သူအား ဟန့်တားလိုက်သည်။ သူက ဥက္ကဌမော်ဂန်အားကြည့်လိုက်ပြီး အံ့ကြိတ်ကာ “ (၁၆၅၀၀၀၀) “ ဟု ဈေးပေးလိုက်သည်။

လူအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။

အရင်က ဥက္ကဌ ဘရူနို က (၁၀၀၀၀) သာ တိုးမြှင့်ခဲ့သည်ဖြစ်ပေမယ့် အခုချိန်မှာတော့ သူက ရုတ်တရက်ကြီး (၅၀၀၀၀) အထိ တိုးမြှင့်လိုက်သည်ဖြစ်သည်။

သူဘာတွေများ တွေးနေတာလဲ။

မဟုတ်မှလွဲရော လီယိုကုန်သည်ကြီးများအသင်းသည်လည်း ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းလိုမျိုး ထိုသတ္တုတွင်း ပိုင်ဆိုင်ချင်စိတ် ကြီးမားနေတာများလား။

ဥက္ကဌမော်ဂန်က ဥက္ကဌဘရူနိုအားကြည့်လိုက်ပြီး “(၁၆၆၀၀၀၀) “ ဟုဈေးခေါ်လိုက်ရာတွင် အကုန်လုံးအား အံ့ဩဘနန်း ဖြစ်သွားစေခဲ့သည်။

ဥက္ကဌဘရူနိုက ခဏလောက် တွန့်ဆုတ်သွား‌သည်ကို မြင်ရပြီးနောက် ဈေးကိုတိုးမြှင့် ရန်ပြင်ဆင်နေခဲ့ပြီး ဥက္ကဌမော်ဂန်က သူ့အားမျက်နှာသေကြီးဖြင့် ကြည့်ကာ အသံနက်ကြီးဖြင့် “ဥက္ကဌဘရူနို ခင်ဗျားရဲ့ လီယိုကုန်သည်ကြီးများအသင်းက ကျုပ်ရဲ့ ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းနဲ့ အဆုံးထိ တိုက်ခိုက်ဖို့ စီစဉ်နေတာများလား။ အဲ့လိုဆိုရင်တော့ ကျုပ်သတိတစ်ခုတော့ ပေးရလိမ့်မယ်။ တကယ်လို့များ လီယိုကုန်သည်ကြီးများအသင်းရဲ့လက်အောက် သံသတ္တုတွင်း ရောက်သွားခဲ့ရင်တောင် မင်းအနေနဲ့ သံရိုင်းရဲ့တစ်ဝက်တောင် တူးဖော်နိုင်စွမ်း ရှိမှာမဟုတ်ဘူးနော်။” ဟုပြောလိုက်သည်။

ဥက္ကဌဘရူနိုသာမက ကျန်လူများအားမျက်နှာ ပြောင်းလဲသွားခဲ့သည်။

ဥက္ကဌမော်ဂန်က ထိုအချက်ကိုအသုံးချပြီး သူတို့အား ခြိမ်းခြောက်လိုက်သည့် သဘောဖြစ်သည်။

သို့ပေမယ့် သူခြိမ်းခြောက်သည့်ကိစ္စက အတော်ကို မှန်ကန်နေသည်ကိုတော့ အားလုံးအနေဖြင့် ဝန်ခံရမည်ဖြစ်သည်။

ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းသည် လမ်ပူရီတိုင်းပြည်ရှိ သတ္တုတွင်းစီးပွားရေးကို လွှမ်းမိုးချုပ်ကိုင်ထားကြသည်။ သူတို့က စကားအနည်းငယ် ပြောရုံမျှဖြင့် သတ္တုတွင်းလုပ်သားများက လီယိုကုန်သည်ကြီးများအသင်းအတွက် လုပ်ကိုင်ပေးဝံ့ကြမှာ မဟုတ်ပေ။

ထိုသို့ကြောင့် လီယိုကုန်သည်ကြီးများအသင်းအနေဖြင့် ထိုသတ္တုတွင်များအား ရရှိခဲ့ပါက တူးဖော်ဖို့ရန် အစစအရာရာ ခက်ခဲနေမည်ဖြစ်သည်။

အကယ်၍များ သူတို့က သတ္တုတူးဖော်နိုင်ခဲ့လျှင်‌တောင် သံသတ္တုရိုင်းများကို ရောင်းချဖို့ရာတွင် ခက်ခဲနေမည်သာ ဖြစ်သည်။

ဥက္ကဌဘရူနို မျက်နှာအမူအရာ အမျိုးမျိုးဖြစ်နေရာ အ‌ဆုံးမှာတော့ သူက သက်ပြင်းချလိုက်ပြီး သူလက်ကို အောက်ချလိုက်သည်။

ထိုသို့သူ လက်လျော့လိုက်သည်က မြင့်ရသည်အခါတွင် လူအားလုံးအနေဖြင့် သက်ပြင်းသာချနေလိုက်ကြတော့သည်။

ပထမလေလံဆွဲရာတွင် အခုလိုမျိုး အဆုံးသတ်သွားသည့်အတွက် ဒုတိယလေလံပွဲတွင် ဘယ်သူမျှ ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းနှင့် ပြိုင်ပြီး လေလံဆွဲဝံ့ကြမှာ မဟုတ်တော့ပေ။

လေလံပွဲအဆုံးသတ်က ကြိုတင်ဆုံးဖြတ်ချက်ချထားပြီးသလိုတောင် ဖြစ်နေတော့သည်။

ဥက္ကဌမော်ဂန်ကတော့ ဂုဏ်ယူစွာပြုံးနေပြီး လေလံပစ်သူရှိရာ စင်ဘက်သို့ လှည့်လိုက်သည်။

လေလံပစ်သူက မျက်နှာရိပ်မျက်နှာကဲ ဖတ်ရာမှာကျွမ်းကျင်သူဖြစ်ရာ စင်အောက်က အခြေအနေကိုကြည်ပြီး သူက တုံ့ဆိုင်းနေခြင်းမရှိ တစ်ပြိုင်တည်း သစ်သားတူလေးကို လက်ဖြင့် ကိုင်မြှောက်လိုက်သည်။

“ (၁၆၆၀၀၀၀) တစ်ကြိမ် …. (၁၆၆၀၀၀၀) နှစ်ကြိမ် … (၁၆၆၀၀၀၀) သုံး ….” ။

လေလံပစ်သူက အပြီးသတ်တော့မည့်အခါတွင် တစ်ချိန်တည်းမှာပဲ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

“(၁၈၀၀၀၀၀)”

***

မှော်စက်မှုအင်ပါယာ

Vol 1, အခန်း ၁၃၀ ။ မင်းမှာ တကယ်ရောငွေရှိလို့လား?

နောက်ဆုံး အဆုံးဖြတ်ချမည့်အချိန်မှာတော့ အခန်းမတစ်ခုလုံးအတော်ကို တိတ်ဆိတ်နေခဲ့ရာ သို့ပေမယ့် အခန်းမတစ်လျှောက် ပြန့်နှံထွက်ပေါ်လာသည့် ထိုအသံကြောင့် အားလုံးက စိတ်ဝင်တစားကြည့်လိုက်ကြသည်။

အသံပိုင်ရှင်ဘယ်သူဆိုတာကို သိသွားပြီးနောက် အကုန်လုံး လန့်ဖြတ်သွားကြသည်။

ထိုသူက တကယ့်ကိုပင် ရှုယီပင်ဖြစ်နေတော့သည်။

ဒါက တကယ်ကြီး Frestech ကုန်သည်ကြီးများအသင်းပင်ဖြစ်သည်။

ထိတ်လန့်သွားရာကနေ သံသယများဖြစ်ပေါ်လာခဲ့ကြသည်။

ရှုယီက ဘယ်လောက်များများ ဈေးပေးလိုက်တာလဲ။ ရွှေဒင်္ဂါး (၁၈၀၀၀၀၀) ပြားတဲ့လား။

သူ့မှာဘယ်လိုနောက်ခံများရှိလို့ အခုလိုမျိုး မိုးထိမြှင့်‌နေတဲ့ဈေးပေးလိုက်တာလဲ။ Frestech ကုန်သည်ကြီးများအသင်းက အဲ့ဒီငွေတွေကို ဘယ်ကနေများရနိုင်မှာလဲ။

ရှုယီက ခီမဲရာ ကုန်သည်ကြီးများအသင်း၏ (၅၀၀၀၀၀) ချက်လက်မှတ်ကို ထုတ်သုံးပြခဲ့‌ သော်လည်း မည်သူကမျှ Frestech ကုန်သည်ကြီးများအသင်းအနေဖြင့် လေလံပွဲအား ပါဝင်လိမ့်မည်ဟု မထင်ထားခဲ့ကြပါ။ သူတို့က ရှုယီကအပျော်သဘောဖြင့် လာခဲ့သည်ဟု တွေးထင်နေကြသောကြောင့် ဖြစ်သည်။

လီယိုကုန်သည်ကြီးများအသင်းကအရှုံးပေးလိုက်သော အချိန်မှ Frestech ကုန်သည်ကြီးများအသင်းက ခုန်ဝင်လာလိမ့် မည်ဟု ဘယ်သူကမှ မထင်ထားခဲ့ကြပါ။

ဥက္ကဌမော်ဂန်က ရှုယီ အားကြည့်လိုက်ပြီး သူ့နှလုံးသားထဲတွင် နေမထိမထိုင်သာ ခံစားချက်များ ပိုပြီးပြည့်နှက်လာခဲ့သည်။

သာမန် စစ်တမ်းများအရ Frestech ကုန်သည်ကြီးများအသင်းအနေဖြင့် ထိုငွေကြေးပမာဏကို ထုတ်သုံးနိုင်ခြင်း မရှိပါ။

သို့ပေမယ့် ရှုယီက ခီမဲရာကုန်သည်ကြီးများအသင်း၏ရွှေချက်လက်မှတ် (၅) စောင် ထုတ်သုံးလိုက်သည့်အခါတွင် ယခုညကိစ္စများက သူထင်ထားခဲ့သလို မလွယ်ကူတော့မှန်း ရုတ်တရက် ခံစားသိရှိခဲ့မိသည်။

မျှော်လင့်ထားသည့်အတိုင်း လီယိုကုန်သည်ကြီးများအသင်းက အပြိုင်ဝင်ဆွဲခဲ့ပြီး သူ့စိတ်ထဲမှန်းထားသည်ထက် ရွှေဒင်္ဂါး (၃၀၀၀၀၀) ပြားပိုပြီး ဈေးပေးရမည့် အခြေအနေဖြစ်နေခဲ့သည်။ ယခုအချိန်တွင် နောက်ထပ် ရှုယီကပါ အပြိုင်ဝင်ဆွဲခဲ့သည်။

“(၁၈၀၀၀၀၀) တဲ့လား” ဥက္ကဌမော်ဂန်က ရှုယီအားကြည့်ပြီး ပြုံးလိုက်ကာ “ဥက္ကဌရှု ရာ ကျုပ်တော့ ခင်‌ဗျားကို မယုံကြည်နိုင်တော့ဘူး။ ဒါပေမယ့် မင်းတို့ Frestech ကုန်သည်ကြီးများအသင်းက တကယ်ကြီးပဲ အဲ့လောက်ငွေအများကြီးရှိတာလား ။ ငါထင်တာက အဲ့ဒီ (၅၀၀၀၀၀) က အခြားတစ်နေရာရာကနေ ချေးငှားလာတာ မဟုတ်လား။” ဟုပြောလိုက်သည်။

ရှုယီက ထိတ်လန့်သွားသည့် ဟန်ဆောင်ကာ “အဲ့တာတွေကို ကျွန်တော်က ချေးငှားလာတာလို့ ဥက္ကဌ မော်ဂန် က ဘယ်လိုများသိနေရတာလဲ။ ကောင်းပါပြီဗျာ ဟုတ်ပါတယ် ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းမှာ အဲ့လောက်ငွေအများကြီး ထုတ်မသုံးနိုင်ပါဘူး။ အဲ့ကြတော့လည်း ချေးငှားလာရတာပေါ့ဗျာ။ ကျွန်တော်ကို ယုံကြည်ပြီး အခုလိုချေးပေးလိုက်တာ အဆင်ပြေသွားတာပေါ့။ မဟုတ်ရင် အခုလို လေလံပွဲမျိုးကို ကျွန်တော်လာရဲပါ့မလား။”

ဥက္ကဌမော်ဂန်က ခေါင်းကိုခါလိုက်ကာ “ငါကတော့ မင်းတို့ Frestech ကုန်သည်ကြီးများအသင်းကို ရွှေဒင်္ဂါး (၅၀၀၀၀၀) ပြား ငွေတွေချေးပေးလိုက်တယ်ဆိုတာက ယုံရခက်ခက်ပဲ။ ဒါပေမယ့် မင်းကို (၁၈၀၀၀၀၀) ချေးပေးမယ်ဆိုတာ ငါတင်မဟုတ်ဘူး မင်း အခြားသူတွေပါ မေးကြည့်လိုက် သူတို့ကရော အဲ့ဒါကို ယုံမှာတဲ့လား။”

အခန်းမထဲရှိ ဘယ်သူကမှ ဥက္ကဌမော်ဂန်အား‌ထောက်ခံခြင်း ရှိသော်လည်း သူတို့ပုံစံက သံသယများဖြင့် ပြည့်နှက်နေသည်ကို အတိုင်းသားမြင်နေရသည်။

ရှုယီရဲ့တုံ့ပြန်မှုကို မစောင့်နေတော့ပဲ ဥက္ကဌမော်ဂန်က မလှမ်းကမ်းမှာရှိနေသည့် လေလံပွဲအား ဦးဆောင်ကျင်းပသူ မြို့တော်ဝန်စီယန်ဘက်သို့လှည့်လိုက်ကာ သိမ့်မွေ့ရိုကျိူးသော လေသံဖြင့် “မြို့တော်ဝန်အရှင် ခင်ဗျာ ကျွန်တော်အနေဖြင့် Frestech ကုန်သည်ကြီးများအသင်းက အခုလိုငွေပမာဏများကြီး ထုတ်သုံးနိုင်ပါ့မလားဆိုတာက သံသယဖြစ်မိပါတယ်။ ဒါကြောင့် ဥက္ကဌရှုရဲ့ အပြုအမူများက အချင်းပွားစရာ ဖြစ်လာနိုင်စေပါတယ်။ ကျွန်တော်ကတော့ အရှင့်ကို လေလံစည်းမျဉ်းအတိုင်း လိုက်နာဖို့ တောင်းဆိုလိုပြီး သူ့ကိုမောင်းထုတ်စေချင်ပါတယ်”

ဥက္ကဌမော်ဂန်၏ပြောစကားများကိုကြာရပြီးနောက် အခန်းမတစ်ခုလုံး ထပ်ပြီး အုံးအုံးကျက်ကျတ် ဖြစ်သွားကြသည်။

လူအများစုက Frestech ကုန်သည်ကြီးများအသင်းအနေဖြင့် ထိုငွေ ရွှေဒင်္ဂါး (၁၈၀၀၀၀၀) ကို ထုတ်မသုံးနိုင်ဘူးဟု သိထားပြီဖြစ်သော်လည်း ဥက္ကဌမော်ဂန်က အခုချိန်မှာ ရှုယီနှင့် ဆက်ဆံရေးမှန်သမျှ ဖျက်ဆီးပစ်လိုက်ပေသည်။

ထိုအကြောင်းကို စဉ်းစားပြီးနောက် ဥက္ကဌမော်ဂန်၏လုပ်ရပ် မှန်ကန်သည်ဟု သူတို့ ခံစားမိသွားကြသည်။

အကယ်၍ ရှုယီသာ မောင်းထုတ်ခံခဲ့ရပါက ရှုယီ မျက်နှာပျက် အရှက်ကွဲရုံသာမက Frestech ကုန်သည်ကြီးများအသင်းသည်ပါ ဘန်တာမြို့မှာ ရပ်တည်နိုင်ဖို့ ခက်ခဲသွားနိုင်သည်။

ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းရဲ့အင်အားဖြင့် Frestech ကုန်သည်ကြီးများအသင်းအား ရစရာမရှိအောင် ဆုတ်ဖြဲပစ်လိုက်မည်ကို သူတို့က စိုးရိမ်နေတာများလား။

မြို့တော်ဝန်စီယန်က မျက်မှောင်ကြုတ်လိုက်ကာ ရှုယီအားကြည့်ပြီး ဥက္ကဌမော်ဂန်အားလေးနက်သည့် အသံဖြင့် “ ဥက္ကဌမော်ဂန် ဒါကတော့ ခင်‌ဗျားရဲ့ စွပ်စွဲချက်ပဲရှိသေးတယ် ။ ရှုယီကိုမောင်းထုတ်ဖို့ ခိုင်လုံတဲ့အကြောင်းပြချက် မဟုတ်သေးဘူးလေ”

ဥက္ကဌမော်ဂန်က ခေါင်းညိတ်လိုက်ပြီး ရှုယီအားလက်ညှိုးထိုးကာ “အဲ့တော့လဲ မြို့တော်အရှင်ကြီး ကျွန်ကတော့ ရှုယီက ထိုရွှေဒင်္ဂါး (၁၈၀၀၀၀၀) ထုတ်သုံးနိုင်စွမ်းရှိမရှိ ကို သက်သေပြတာကို မြင်ချင်မိပါရဲ့။ အဲ့လိုမဟုတ်ပဲ သူက လေလံပွဲကို အနှောက်ယှက် ပေးရုံသက်သက်ပဲဆိုရင် ကျွန်တော်က အရမ်းကို မကျေမနပ်ဖြစ်မိပြီး ဆန့်ကျင်သွားမှာပါ”

ရှုယီက ဝင်မပြောပဲမနေနိုင်ဖြစ်ကာ “ ဥက္ကဌမော်ဂန် ခင်ဗျားကရော ဘာကြောင့်များ အရင်ဆုံး သက်သေမပြရတာလဲ”

ဥက္ကဌမော်ဂန်ကခြောက်တိုက် ရယ်လိုက်ကာ “ငါတို့ရဲ့ ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းက သက်သ‌ပြဖို့ လိုသေးရဲ့လား။ ငါတို့က မင်းတို့လို ကုမ္ပဏီအသေးလေး မဟုတ်ဘူးလေ။”

ရှုယီက ဥက္ကဌမော်ဂန်အားကြည့်လိုက်ပြီး ထူးဆန်းနေသည်ကို ခံစားမိသွားသည်။

သူ ရုတ်တရက် လေလံဝင်ဆွဲလိုက်ခြင်းအားဖြင့် ဥက္ကဌမော်ဂန်က ပြန်လည်တုံ့ပြန်မည်ဟု သိရှိထားပြီး ဖြစ်သော်လည်း သူ့၏တုံ့ပြန်မှုက အခုလိုမျိုး ခိုင်မာနေလိမ့်မည်ဟု လုံးဝကို မထင်ထားခဲ့ပါ။

ဖြစ်နိုင်တာက ဥက္ကဌမော်ဂန်က သတင်းအချို့ကို လျှို့ဝှက်စွာဖြင့် သိနေခဲ့တာများလား။

ထိုကိစ္စနှင့်ပတ်သတ်၍ စဉ်းစားပြီး သူအကြံဉာဏ်အချို့ ရသွားခဲ့ပေမယ့် ပြုံးထားဆဲပဲဖြစ်သည်။ သူက စကားပြောဆိုဖို့ရင် မြို့တော်ဝန်စီယန် ဘက်သို့လှည့်ပြီး “မြို့တော်အရှင်၊ သာမန်အတိုင်းပဲတွေးကြည့်လိုက်ရင် ဥက္ကဌမော်ဂန်ရဲ့တောင်းဆိုချက်များနှင့် ဆန္ဒပြတာတွေ အကုန်လုံး လုံးဝကို အဓိပ္ပါယ်မရှိပါဘူး။ ဒါတွေက ဂရုစိုက်နေစရာမလိုပါ။ ဒါပေမယ့် ဥက္ကဌမော်ဂန်က‌တစ်ခုတော့ ထောက်ပြနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းက ကုမ္ပဏီငယ်လေးဖြစ်တာကြောင့် ကျွန်‌တော်အ‌နေနဲ့ ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းနဲ့တန်းတူ လုပ်ပိုင်ခွင့်မရရှိပါဘူး။ ဒါကြောင့် ဒီအချိန်မှာတော့ ကျွန်တော်အနေဖြင့် Frestech ကုန်သည်ကြီးများအသင်းက အခုလို လေလံ‌ဈေးပေးနိုင်စွမ်းရှိတာက သက်သေပြမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။”

ဥက္ကဌမော်ဂန် အပါအဝင် အားလုံးလည်း ရှုယီအား သိချင်စိတ်ပြင်းပြသည့် မျက်လုံးများဖြင့် ငေးကြည့်နေကြတော့သည်။

ဒီမိတ်ဆွေက သက်သေပြတော့မည်တဲ့လား။ သူဘယ်လိုလုပ်ပြီး သက်သေပြမှာလဲ။

“မြို့တော်အရှင် ကျွန်တော် အဖော်ခေါ်လိုက်ရမလား” ရှုယီက မြို့တော်ဝန်စီယန် အားမေးလိုက်သည်။

“အဲ့ဒီအဖော်က သက်သေပြနိုင်မှာလား” မြို့တော်ဝန်စီယန်က ပြန်မေးလိုက်သည်။

“ ဟုတ်ပါတယ်” ရှုယီက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“အဲ့လိုဆိုတော့လည်း ကောင်းပြီလေ”

မြို့တော်ဝန်စီယန်က အစီစဉ်မှူးကိုခေါ်လိုက်ပြီး ရှုယီအား အခန်းမအပြင်သို့ ခေါ်သွားဖို့ရန် မိန့်ကြားလိုက်သည်။

ရှုယီ ထွက်သွားသောအခါတွင် ချက်ခြင်းဆိုသလို အခန်းမ တစ်ခွင်လုံး ဆူညံသွားခဲ့ပြီး ထိုအကြောင်း ဆွေးနွေးပြောဆို‌နေ ကြတော့သည်။ သူတို့က ရှုယီ ခေါ်လာမည့် Frestech ကုန်သည်ကြီးများအသင်းကများပြားသည့် ရွှေဒင်္ဂါး (၁၈၀၀၀၀၀) ပြားပေးနိုင်စွမ်းရှိသည်ကို သက်သေပြပေးနိုင်သည့် ထိုသူအကြောင်းကို သိချင်စိတ်ပြင်းပြ နေခဲ့သည်။

“ငါ့အထင်တော့ အဲ့မိတ်ဆွေက ပြေးပေါက်ရှာနေတာ ဟုတ်ဘူးလား” ဥက္ကဌမော်ဂန်က ပြောလိုက်သည်။

ဆာရန့်ခ်ကုန်သည်ကြီးများအသင်း၏ဥက္ကဌ မန်ဟက်တန် ရန့်ခ်နှင့် အာမန်နီကုန်သည်ကြီးများအသင်း၏ ဥက္ကဌဆမ်မျူရယ် ဗင်းဆင့်ထ်တို့က တစ်ဦးကို တစ်ဦးကြည့်ကာ သူတို့နှစ်ဦးစလုံး၏ မျက်လုံးများ ဂဏာမငြိမ်ဖြစ်နေသည်ကို တွေ့ရသည်။

မန်ဟက်တန် ရန့်ခ်က ထိုအကြောင်းကိုစဉ်းစားပြီး “ဥက္ကဌမော်ဂန် ကျွန်တော်ကတော့ ခင်ဗျားတို့ရဲ့ ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းက ဒီ သတ္တုတွင်းတွေ ရရှိမယ်ဆိုတာ ထင်ပြီးသားပါ။ ဒါပေမယ့် Frestech ကုန်သည်ကြီးများအသင်းက ကျွန်တော်တို့ရဲ့ စီးပွားရေးအသင်းဝင်ဖြစ်နေဆဲပဲလေ။ ကျွန်တော်တို့ကြားက ဆက်ဆံရေးကို အခုလိုမျိုး ဖျက်ဆီးလိုက်လို့ မဖြစ်ဘူးလေ ဟုတ်တယ်မို့လား”

“ အဲ့တာတော့ ဟုတ်တယ်၊ ဥက္ကဌမော်ဂန် ရှုယီကို ဝင်ဆွဲခွင့်ပေးလိုက်ပြီး ဈေးအရမ်းများနေတယ်ဆိုရင် ခင်ဗျား ရပ်လိုက်လေ။ ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် Frestech ကုန်သည်ကြီးများအသင်းက ဒီလောက်ငွေအများကြီး မရှိဘူးဆိုတာကို ကျွန်တော်တို့ သိထားပြီးသားပဲ။ သူမဝယ်နိုင်ခဲ့ဘူးဆိုရင် သူနဲ့ သူ့ကုမ္ပဏီက လှောင်ပြောင်ကြလိမ့်မယ်၊ အဲ့ဒီအခါကျ ခင်ဗျားနဲ့ မဆိုင်တော့ဘူးလေ။ နောက်ပြီး လေလံစည်းမျဉ်းအရ ခင်ဗျားရဲ့ ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းက ဒုတိယအမြင့်ဆုံးဈေးပေးနိုင်ခဲ့သူဆိုရင် သတ္တုတွင်းကို ဝယ်နိုင်ပြီလေ။ သူနဲ့ ပြဿနာဖြစ်စရာကိုမလိုပါဘူး။” ဥက္ကဌ ဗင်းဆင့်ထ်က သူ့ကို ထောက်ခံပြောလိုက်ပြီး “အခုချိန်မှာ မြို့အသီးသီးက ကုယ်စားလှယ်တွေပါရောက်နေကြတာ အခုလိုမျိုး ကျွန်တော်တို့ ဘန်တာမြို့က ကုမ္ပဏီကြားက ဆက်ဆံရေးကို သူတို့ မြင်သွားရင် လှောင်ရယ်တာကိုခံရလိမ့်မယ်”

“ဒီမိတ်ဆွေက သူကိုယ်တိုင် ဝင်ပါခဲ့တာလေ။ သူ့ဘာသာ မှော်စက်ပစ္စည်းတွေကိုပဲ ရိုးရိုးသားသား ထုတ်လုပ်နေသင့်တာလေ။ သူက တကယ်ကြီး ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းရဲ့စီးပွားရေးကို ကြားဝင်လာခဲ့ပြီး သူအရင် စည်းဖောက်ခဲ့တာ ၊ ငါ့ကိုလာပြီး အပြစ်နေလို့မရဘူးလေ” ဥက္ကဌ မော်ဂန်က ပြောလိုက်သည်။

ကတကယ်တော့ သူလည်း ဥက္ကဌဗင်းဆင့်ထ် ပြောတာကို သဘောတူပါသည်။ လက်ရှိအခြေအနေ သူ့အနေဖြင့် ရှုယီနဲ့ မျက်နှာပျက်စရာဖြစ်အောင် လုပ်ရမည်မဟုတ်။

သို့ပေမယ့် သူအနေဖြင့် ယခုညက တစ်ခုခုထူးဆန်းနေသည်ဟု ခံစားရမိပြီး သူ့ကို စိတ်မသက်မသာ ဖြစ်စေကာ ရှုယီအားအခုလိုမျိုး သက်သေပြခိုင်းဖို့ ဖြစ်လာစေခဲ့သည်။

Frestech ကုန်သည်ကြီးများအသင်းက ထိုကိစ္စပြီးဆုံးသွားရင် ကျရှုံးသွားမည်ကို သူနှင့် ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းက ဂရုစိုက်နေမှာ မဟုတ်ပေ။

ဥက္ကဌကြီးရန့်ခ်နှင့် ဥက္ကဌ ဗင်းဆင့်ထ်တို့တစ်ဦး နှင့်တစ်ဦးကြည့်ကာ အကူအညီမဲ့သည့် ခါးသပ်သပ်သာ ပြုံးနေလိုက်တော့သည်။

ဒီအချိန်မှာတော့ သူတို့က ရှုယီ တကယ်ကြီး ပြန်မလာနိုင်မှာကို မျှော်လင့်နေခဲ့ကြသည်။

သို့ပေမယ့် သူတို့ ဆုတောင်းထားသကဲ့သိုဖြစ်မလာပေ။ ရှုယီ ထွက်သွားပြီး (၅) မိနစ်တောင်မကြာသည့်အချိန်မှာပင် အစီစဉ်မှူးနှင့်အတူ အခန်းမထဲပြန်ဝင်လာခဲ့ပြီး တစ်ယောက်ယောက်ကိုပါ ခေါ်ဆောင်လာခဲ့သည်။

အခန်းမအတွင်းရှိ လူတွေ၏ သိချင်စိတ်ပြင်းပြ‌နေသည့် အကြည့်များက ထိုပုဂ္ဂိုလ်ထံသို့ ကျရောက်သွားပြီး အံ့ဩသွားခဲ့ကြသည်။

“အဲ့ဒါ သူတကယ်ပဲလား”

ဥက္ကဌမော်ဂန် ထိုပုဂ္ဂိုလ်အားတွေ့သွားသောအခါ သူ၏အ‌နေအထား ဆိုးဆိုးဝါးဝါးကြီး ဖြစ်သွားသည်။

ဥက္ကဌကြီးရန့်ခ်လည်း ထိုပုဂ္ဂိုလ်အားမြင်ပြီး သူက ဥက္ကဌမော်ဂန်အားကြည့်လိုက်ပြီးနောက် သူ့မျက်နှာ ဝင်းလက်သွားတော့သည်။

ဥက္ကဌဗင်းဆင့်ထ် တစ်ယောက်သာလျှင် အတော်စိတ်ရှုပ်နေသည်ကို တွေ့ရသည်။ သူတို့ဖြစ်ပျက်နေသည်ကို ကြည့်ရင်း ထိုပုဂ္ဂိုလ်အား နောက်တစ်ခါ ပြန်ကြည့်နေလိုက်သည်။ ရှုယီနှင့်အတူပါလာသည့်သူက သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားသည့် အချိုးအစားကျကျ အသက်ခပ်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ဖြစ်သည်။ ထိုသူက တည်တည်တံ့တံရှိပြီး ကိုယ်ရှိန်ဝါကောင်းမွန်ကာ တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် သူက အရည်ချင်းရှိပြီး အဆင့်အတန်းရှိသူ ဖြစ်ကြောင်း အတပ်ပြောနိုင်သည်။

သိုပေမယ့် အပြင်ဝတ်စုံကြောင့် ထိုပုဂ္ဂိုလ်က ဥက္ကဌမော်ဂန်နှင့် ဥက္ကဌရန့်ခ်တို့အား ကြီးကြီးမားမား တုံ့ပြန်မှု မဖြစ်စေခဲ့ပါ။

“အဲဒီပုဂ္ဂိုလ်က ဘယ်သူများလဲ”

ဥက္ကဌကြီးရန့်ခ်က ရှုယီ မျက်နှာပေါ်မှာ အေးဆေးစွာပြုံးနေသည်ကိုတွေ့ရပြီးနောက် ခါးသက်သင်ပြုံးလိုက်ကာ “ခဏအကြာမှာတော့ မင်းသိလာပါလိမ့်မယ်” ဟုသာ ပြောလိုက်သည်။

အားလုံး၏ စိတ်ရှုပ်ထွေးနေသည့် အကြည့်များရှေ့တွင် ရှုယီနှင့် ထိုပုဂ္ဂိုလ်အား အစီစဉ်မှူးက စင်ပေါ်သို့ ဦးဆောင်ခေါ်သွားခဲ့သည်။

မြို့တော်ဝန်စီယန်က ထိုပုဂ္ဂိုလ်အားကြည့်လိုက်ကာ ရှုယီအားပြုံးပြီး “ရှုယီ မင်းက တကယ်ကို အတော်လေးမျက်နှာရတဲ့ သူပဲကွ” ဟုပြောလိုက်သည်။

ရှုယီကပြုံးပြပြီး “မြို့တော်အရှင်က အရမ်းကို ချီးမွမ်းနေပြီဗျာ။ ကျွန်တော်သူ့ကို ဥက္ကဌမော်ဂန်ရဲ့မေးခွန်းကိုဖြေဖို့ တောင်းဆိုလိုက်ရတော့မလား”

မြို့တော်ဝန်စီယန်က ခေါင်းညိတ်ပြလိုက်ကာ “ရတာပေါ့”

ရှုယီက အသံတိုးတိုးလေးဖြင့် ထိုပုဂ္ဂိုလ်အား စကားအနည်းငယ်ပြောနေခဲ့ပြီး ထိုသူက ခေါင်းညိတ်ခဲ့သည်။ သူက စင်ပေါ်သို့တက်လာပြီး အားလုံးကိုကြည့်လိုက်ကာ ကျယ်လောင်သော အသံကြီးဖြင့် “အားလုံးပဲ ကျွန်တော်ကို ကျွန်တော် အရင်မိတ်ဆက်ပါရစေ။ ကျွန်တော်က ခီမဲရာကုန်သည်ကြီးများအသင်းရဲ့ လမ်ပူရီတိုင်းပြည် လက်ခွဲကုမ္ပဏီ မန်နေဂျာ ဖေးရီရိုဇယ် ပါ”

သူ့အသံထွက်လာပြီးပြီချင်းမှာ စင်အောက်ရှိလူများ ပိုပြီး ထိတ်လန့်သွားကြကာ ဟာခနဲ့ဟင်ခနဲ့ အသံများ အရင်ကထက်ပိုပြီး အခန်းမအတွင်း ပြည့်နှက်သွားတော့သည်။

ထိုပုဂ္ဂိုလ်က တကယ်ကြီးပဲ ခီမဲရာကုန်သည်ကြီးများအသင်းကလား။

အားလုံးတစ်ပြိုင်နက် နားလည်သွားကြတော့သည်။ ရှုယီက ခီမဲရာကုန်သည်ကြီးများအသင်း၏ ရွှေချက်လက်မှတ်ကိုထုတ်သုံးနိုင်သည်မှာ အံ့ဩစရာမရှိတော့ပေ သူကတကယ်ကြီး ခီမဲရာကုန်သည်ကြီးများအသင်းနှင့် အဆက်အဆံရှိနေခဲ့သည် ဖြစ်သည်။

ပိုပြီးတောင်မှာပဲ အားလုံး၏စိတ်ထဲရှိ သံသယများ ပိုပြီးကြီးထွားလာတော့သည်။

Frestech ကုန်သည်ကြီးများအသင်းလို ကုမ္ပဏီငယ်လေးက ဘယ်လိုလုပ်ပြီး သူတို့က ခီမဲရာကုန်သည်ကြီးများအသင်းနှင့် ဆက်ဆံရေးရှိခဲ့တာလဲ။ မန်နေဂျာဖြစ်သူကို ဘန်တာမြို့သို့ စေလွှတ်ပြီး‌တောင်မှပဲ ရှုယီ၏ပြဿနာများကို ကူညီဖြေရှင်းပေးစေတာလဲ။

ဖေးရီရိုဇယ်က သံသယအကြည့်များကို လျစ်လျူရှုလိုက်ပြီး တည်ငြိမ်စွာပင် ဆက်လက်ပြီး “ Frestech ကုန်သည်ကြီးများအသင်း ဥက္ကဌဖြစ်သူ ရှုယီ တောင်းဆိုချက်ကို ပြန်ပြောရမည်ဆိုရင် ကျွန်တော့်် အားလုံးကိုအထူးတလည် ကြောညာစရာရှိပါတယ်။ တင်းကြပ်သည့် စစ်ဆေးလုပ်ဆောင်ပြီးပြီနောက် Frestech ကုန်သည်ကြီးများအသင်းက ကျွန်တော်တို့ထံ ချေးငွေလျှောက်ထားသည့် စုစုပေါင်းပမာဏ ရွှေဒင်္ဂါး (၅) သန်းကို ကျွန်တော်တို့မှ လက်ခံခွင့်ပြုခဲ့ပါတယ်”

All Chapters