← Chapters

အခန်း (၁၃၁-၁၄၀)

Vol. 1 Ch. 131-140

အခန်း (၁၃၁-၁၄၀)

Vol. 1 Ch. 131-140

Vol 1, အခန်း ၁၃၁။ ရူးသွပ်သူ

ပွဲခန်းမ တစ်ခုလုံး သေလောက်အောင် တိတ်ဆိတ်သွားသည်။

စင်မြင့်အောက်၌ တီးတိုးပြောနေသူများရှိနေသော်လည်း မန်နေဂျာရိုဇယ်ပေးလာသည့် နောက်ဆုံးအရေအတွက်ကို ကြားသိလိုက်ရချိန်တွင် မည်သည်ကိုမှမဆိုနိုင်ကြတော့ဘဲ ထိတ်လန့်အံ့အားသင့်သွားကြ၏။ ပွဲခန်းမကျယ်ကြီး အင်မတန်တိတ်ဆိတ်နေသည်မှာ အပ်ကျသံကိုပင် ကြားရလောက်သည်။

ဤ သေလုအောင်တိတ်ဆိတ်မှုမှာ မကြာလိုက်ဘဲ ခဏအကြာ၌ ခန်းမတွင် ပွက်ပွက်ညံသွားသည်။

"ရွှေဒင်္ဂါး ငါးသန်း? ဘုရားရေ တကယ်ကြီးလား?"

"မဖြစ်နိုင်ဘူးမို့လား? Frestech ကုန်သည်ကြီးများအသင်းကို ဘယ်လိုလုပ် ဒီလောက် အများကြီး ချေး‌ခွင့်ပြုနိုင်မှာလဲ?"

"အဟုတ်ပဲ၊ Frestech ကုန်သည်ကြီးများအသင်းတစ်ခုလုံးကို ရောင်းလိုက်ရင်တောင် ဒီတန်ဖိုးကို ရမှာမဟုတ်လောက်ဘူးလေ? ရွေဒင်္ဂါး ငါးသိန်းလောက်ဆိုရင် လုံလောက်နေပြီ”

"ခီမဲရာ ကုန်သည်ကြီးများအသင်းက ဘယ်အချိန်ကများ ဒီလောက် ပြောရဆိုရလွယ်သွားတာလဲ? အရင်တစ်ခေါက်က ငါတို့ ရွှေဒင်္ဂါး‌ရှစ်သိန်းလောက်လေးချေးတာကိုတောင် ငြင်းခဲ့ပြီး ဘယ်လိုများ Frestech ကုန်သည်ကြီးများအသင်းက ငါးသန်းချေးခွင့်ရသွားတာလဲ?"

…...

အားလုံး၏ မျက်လုံးများ၌ မယုံနိုင်မှုနှင့်ပြည့်နေသည်။

ပို၍မယုံကြည်နိုင်ဆုံးလူမှာ သေချာပေါက် ဥက္ကဌမော်ဂန်ပါပင်။

သူက မန်နေဂျာရိုဇယ်အား စိုက်ကြည့်မြဲစိုက်ကြည့်နေ၏။ နံဘေးတွင် စောင့်ကြည့်နေသူများရှိနေခြင်းကြောင့်မဟုတ်လျှင် သူဟာ စင်မြင့်ဆီတက်ကာ မန်နေဂျာရိုဇယ်၏အရေကိုဆွဲခွာ၍ တစ်ဦးဦးက သူ့အယောင်ဆောင် ဝတ်ဆင်ထားသည်လားကို ကြည့်မည်ဖြစ်၏။

သို့သော် သူ၏ဆင်ခြင်မှုက ၎င်းမှာ အန်ဗီမာမြို့တော်၌ အကြိမ်ပေါင်းများစွာ အဆက်သွယ်ရှိခဲ့သည့် မန်နေဂျာရိုဇယ်ဖြစ်ကြောင်းကိုပြောကြားနေပါ၏၊ သူ့နှယ်အယောင်ဆောင်ဝတ်ဆင်ထားသည့် တစ်စုံတစ်ဦး သေချာပေါက်မဟုတ်နေချေ။

ရှုယီသည် သူ့နှယ်ဟန်ဆောင်ဝတ်ဆင်မည့် တစ်စုံတစ်ဦးကို ရှာဖွေရာတွင် အဘယ်အကျိုးရှိမည်နည်း? ထိုကိစ္စ၌ ခီမဲရာကုန်သည်ကြီးများအသင်း၏ ခွင့်ပြုမှုမရှိပါလျှင် ရှုယီက ထိုသို့ လုပ်ဝံ့မည်မဟုတ်ပေ?

တစ်ခဏအကြာ၌ ဥက္ကဌမော်ဂန်က တဖြည်းဖြည်း အသိစိတ်ပြန်ဝင်လာသည်။ သူက ရှုယီကို လေးလေးနက်နက်တစ်ချက်ကြည့်ပြီးမှ မန်နေဂျာရိုဇယ်ဘက်လှည့်ကာ မေးသည်၊ “ မန်နေဂျာ ရိုဇယ်, ကျုပ် တစ်ခုလောက်မေးလို့ရမလား?"

မန်နေဂျာ ရိုဇယ်က ခေါင်းအသာငြိမ့်ကာ၊ "မေးပါ။"

"ကျုပ်မေးချင်တာက၊ ခင်ဗျားတို့ ခီမဲရာကုန်သည်ကြီးများအသင်းက ဘာကိုသုံးသပ်ပြီးတော့ Frestech ကုန်သည်ကြီးများအသင်းကို ရွှေဒင်္ဂါးငါးသန်း ချေးငွေရဖို့ ခွင့်ပြုပေးလိုက်တာလဲ?" ဥက္ကဌမော်ဂန်က မေးလေသည်။

ထို‌မေးခွန်းကို လူတိုင်းကလည်း သိချင်နေကြသည်ပင်။ ဥက္ကဌမော်ဂန်မေးလာသည်၌ လူတိုင်းမှာ မန်နေဂျာရိုဇယ်ကိုကြည့်လိုက်ကြတော့သည်။

မန်နေဂျာရိုဇယ်က ဥက္ကဌမော်ဂန်ကိုကြည့်ရုံသာကြည့်ကာ မည်သည့်အမူအရာမှမရှိဘဲ ဖြေလာမည်ဟု မည်သူက ထင်ပါမည်နည်း၊ ကျုပ် အားတော့နာပါတယ်၊ ဒီကိစ္စအကြောင်း ဘာကိုမှ ပြောလို့မရလို့ပါ။"

"အိုင်း"

သက်ပြင်းချသံများထွက်ပေါ်လာကြသည်။

စိတ်ပျက်သွားကြသော်လည်း အားလုံးမှာ မန်နေဂျာရိုဇယ်ထံမှ ယင်းအဖြေက ငြင်းချက်ထုတ်မရမှန်းသိနေကြပါ၏။

၎င်းချေးငွေကို ခွင့်ပြုလိုက်သည်မှာ ခီမဲရာကုန်သည်ကြီးများအသင်း၏ လျှို့ဝှက်ချက်ဖြစ်ရာ မန်နေဂျာရိုဇယ်ဖြေလိမ့်မည်မဟုတ်ဟု မျှော်မှန်းထားကြပြီးသားဖြစ်သည်။

ဥက္ကဌမော်ဂန်၏မျက်နှာမှာအကြိမ်ရေအချို့ ရှုံ့တွသွားပြီး ခေါင်းငြိမ့်ကာ မည်သည်ကိုမှ မမေးလာတော့ချေ။

မည်သူကမှ မေးခွန်းမရှိလောက်တော့သည်အား မြင်သော် မြို့တော်ဝန်စီယန်လည်း ထရပ်၍ လေလံပွဲဆက်လုပ်မည်ဖြစ်ကြောင်းကြေငြာလိုက်သည်။

သို့သော် လေလံပွဲကို ဆက်လုပ်ခြင်းက ဥက္ကဌမော်ဂန်အနေနှင့် ရှုယီပေးခဲ့သည့် ကောင်းကင်တမျှမြင့်မားသော တစ်သန်းနှင့်ရှစ်သိန်းဈေးနှုန်းကို ရင်ဆိုင်ရမည်ဟု ဆိုလိုသည်။

ဤလေလံပွဲမတိုင်ခင်က ဂျိုးလ်မိသားစုမှ ဥက္ကဌမော်ဂန်ထံ ဤသံသတ္တုမိုင်းတွင်းနှစ်ခုအား ရရှိရမည်ဟူသည့် ညွှန်ကြားချက်များပေးခဲ့ပါသော်လည်း ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းက ထိုမိုင်းတွင်းလေးကို (၈)သိန်းတန်ဖိုးသတ်မှတ်ခဲ့ရာမှာ (၁၂)သိန်းဖြစ်သွားခဲ့သည်။ ဥက္ကဌမော်ဂန်မှ ၎င်းအား ဆယ့်ခြောက်သိန်းခြောက်သောင်းဟု လေလံဆွဲလိုက်ချိန်တွင် သူ၏ ငွေပမာဏကိုကျော်လွန်နေပြီးဖြစ်၏။

သူသာ ရှုယီ၏လေလံ (၁၈)သိန်းအား ဖိနှိပ်ထားချင်ပါလျှင်၊

စင်မြင့်ထက်ရှိ ကြေငြာသူက တစ်ဖန် ဥက္ကဌမော်ဂန်အနေနှင့် မည်သည့်ကိုမှ ဆိုလာသည်ကိုမမြင်သောကြောင့် မထိန်းနိုင်ဘဲ အသာချောင်းဟန့်လိုက်သည်။ သူက သတိပေးလာ၏၊ "Frestech ကုန်သည်ကြီးများအသင်းက တစ်သန်းနဲ့ရှစ်သိန်းလေလံဆွဲထားပါတယ်၊ ထပ်မြှင့်ချင်တဲ့လူများရှိသေးလား? မရှိတော့ရင် ဒီသံသတ္တုမိုင်းတွင်းက Frestech ကုန်သည်ကြီးများအသင်း အပိုင်ဖြစ်သွားပါပြီ။"

အားလုံးက ဥက္ကဌမော်ဂန်ကိုကြည့်လာကြသည်။

ဥက္ကဌမော်ဂန်၏ခေါင်းထက်၌ ချွေးအေးများထွက်နေသည်မှာ ဥက္ကဌဘရူနိုထက်တောင် အကြိမ်များစွာ ပိုစောနေသေးသည်။ သူက ရှုယီထံကြည့်လိုက်ပြီးမှ ကြေငြာသူထံပြန်ကြည့်လိုက်၏။ အနည်းငယ်တုံ့ဆိုင်းနေပြီးမှ တဖြည်းဖြည်းလက်ကိုထောင်လိုက်ရာ ကြေငြာသူက သစ်သားတူကို မကာ ခေါ်လာ၏၊

“၁၈၅၀၀၀၀”

“၂သန်း”

“ဥက္ကဌမော်ဂန်က နောက်ဆုံးစကားကိုပြောလိုက်စဉ်တွင် ရှုယီကလည်း နောက်ပမာဏတစ်ခုကို အော်လာသည်။

ခန်းမထဲရှိ လူတိုင်းမှာ တစ်ချိန်တည်း၌ လေအေးများကို ရှူရှိုက်လိုက်မိသည်။

ရွှေဒင်္ဂါးနှစ်သန်း!

အားလုံးက သိပ်ကြီးတယ်လို့တောင်သတ်မှတ်လို့မရတဲ့ သံသတ္တုတွင်းလေးတစ်ခုအတွက်လေ!

ထို့အပြင် ရှုယီက တစ်ခါတည်း (၁၈၅၀၀၀၀)မှ နှစ်သန်းဆီသွားလိုက်ရာ ၎င်းက ယခင် ဥက္ကဌမော်ဂန်ထက်ပင်ပိုမိုပြင်းထန်နေသေး၏!

လူတိုင်းက ရှုယီကို ရူးသွပ်နေသူတစ်ဦးနှယ်ကြည့်လိုက်ကြသည်။

ရှုယီက သူဘာလုပ်နေသည်လဲကို သူသိပါရဲ့လား?

သူက ထိုရွှေဒင်္ဂါးနှစ်သန်းအား ကောင်းကင်ကကျဆင်းလာသည်ဟုထင်နေရော့လား?

Frestech ကုန်သည်ကြီးများအသင်းက ခီမဲရာကုန်သည်ကြီးများအသင်းဆီကနေ အကြောင်းရင်းမသိရဘဲ ငါးသန်း ချေးငွေရထားရင်တောင် ဦးနှောက်နည်းတဲ့ သူဌေးဖြစ်ကာစလူတချို့လို့ လွတ်လွတ်လပ်လပ်ကြီးသုံးလို့မရဘူးလေ?

ရုတ်တရတ် အားလုံးမှာ ချမ်းသာသည့်နောက်ခံနှင့် ရာဇဝင်များရှိသည့် လုပ်ငန်းစုကြီးများနှင့်ယှဉ်ပါလျှင် ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းအား သူဌေးဖြစ်ကာစဟု သတ်မှတ်၍ရကြောင်း သတိရသွားသည်။

သို့သော် ထိုသို့ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ရှုယီအနေနှင့် ဈေးခေါ်ပြီးဖြစ်ရာ ဥက္ကဌမော်ဂန်က လိုက်မည်လား မလိုက်မည်လားသာ ရှိတော့သည်။

ဥက္ကဌမော်ဂန်က သူ၏ လက်ကိုင်ပဝါကိုထုတ်ကာ ခေါင်းကို ကြမ်းကြမ်းသုတ်ပစ်လိုက်သည်။ ထို့နောက် သူ၏ခြောက်သွေ့နေခဲ့သော လက်ကိုင်ပဝါက စိုစွတ်လာသည်ကိုခံစားလိုက်ရပြီး ကိုင်ထားသောလက်မှာ မထိန်းနိုင်ဘဲ တုန်ယင်နေသည်။

"ဒီသောက်ကောင်ကတော့!" ဥက္ကဌမော်ဂန်က အဝေးမှ အေးဆေးစွာပြုံးနေသော ရှုယီကိုကြည့်ကာ စိတ်ထဲ၌ ဆဲရေးလိုက်သည်။

ထိုလူက ရုတ်တရတ်ကြီး ဝင်ရှုပ်လာခြင်းကြောင့်မဟုတ်ပါလျှင် ဤမိုင်းတွင်းကိုရယူရန် ရွှေဒင်္ဂါးတစ်သန်းခြောက်သိန်းခြောက်သိန်းကို သုံးနိုင်ပါ၏။

ထိုဈေးနှုန်းက အတော်လေးမြင့်သော်လည်း ၎င်းက သူ၏လက်ခံနိုင်သော အတိုင်းတာ၌ ရှိနေဆဲဖြစ်သည်။

သို့သော် ယခုတွင် ရှုယီက ရွှေဒင်္ဂါးနှစ်သန်းဈေးခေါ်လိုက်ရာ ဥက္ကဌမော်ဂန်လက်ခံနိုင်သည့် အတိုင်းအတာကိုကျော်သွားပြီဖြစ်၏။

ဥက္ကဌမော်ဂန်က တုံ့ဆိုင်းစွာချွေးသုတ်နေသည်။ ကြေငြာသူက တတိယအကြိမ်ရေတွက်ပြီးနောက် သစ်သားတူကိုထုလိုက်သည့်အချိန်ထိ သူဟာ အသံတစ်သံမှ မပြုလိုက်ပေ။

"ရွှေဒင်္ဂါးနှစ်သန်း! အနိုင်ရသွားတဲ့အတွက် Frestech ကုန်သည်ကြီးများအသင်းကို ဂုဏ်ပြုပါတယ်၊ ဒီမိုင်းတွင်းကို နှစ်ငါးဆယ်စာအသုံးပြုခွင့်ရသွားပါပြီ!"

ကြေငြာသူ၏အသံက ပွဲခန်းမ၌ ပဲ့တင်ထပ်သွားသော်လည်း မည်သည့်တုံ့ပြန်မှုမှမရပါချေ။ ယဉ်ကျေးသမှုဖြင့် လက်ခံတီးလာသည့်အသံပင်မရှိချေ။

လူတိုင်းက ရှုယီနှင့် အင်မတန်ထူးဆန်းနေသည့်မျက်နှာထားရှိသည့် ဥက္ကဌမော်ဂန်တို့ကို ကြည့်လာကြသည်။

ဥက္ကဌမော်ဂန်က အဆုံး၌ လေလံဆွဲခြင်းကိုလက်လျှော့လိုက်သည်က အားလုံးကိုစိတ်ပျက်သွားစေသော်လည်း ၎င်းက မျှော်မှန်းသည့်အတိုင်းပင်။ ကုန်ကုန်ပြောရလျှင် နှစ်သန်းဟူသည့်ဈေးနှုန်းက အင်မတန်မြင့်မားလှကာ လူတိုင်း၏ တွက်ချက်မှုကို ကျော်လွန်နေ၏။

ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းထံ၌ ရင်းမြစ်များစွာရှိကာ အာဏာကြီးမားပါလျှင်တောင် ၎င်းကို သာမန်ကာလျှံကာ မသုံးနိုင်ချေ။ ထိုသည်က ဥက္ကဌမော်ဂန်လက်လျှော့ရသည့် အကြောင်းရင်းဖြစ်သည်။

ရှုယီ ရယူရန် ကောင်းကင်တမျှမြင့်မားလှသည့် ဈေးနှုန်းကိုသုံးခဲ့ရသည့် သံသတ္တုတွင်းအတွက် မည်သူကမှ သူ့အတွက် ဝမ်းမသာပေးပါချေ။

ထိုသို့သော ကြီးမားသည့်ရင်းနှီးမြှုပ်နှံမှုဖြင့် Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ၎င်းကို အရူးအမူးတူးဖော်လျှင်တောင် အချိန်တိုအတွင်း ပမာဏကြီးကြီးမားမား ပြန်ရနိုင်မည်မဟုတ်ပေ။

ထိုပမာဏမှာ Frestech ကုန်သည်ကြီးများအသင်းက ခီမဲရာကုန်သည်ကြီးများအသင်းထံမှာ ချေးငှားထားသည်ကိုပင် မဆိုထားနှင့်။ ခီမဲရာကုန်သည်ကြီးများသင်းက မကြင်နာလှရာ ထိုချေးငွေတွင် အတိုးရှိလိမ့်မည်။ Frestech ကုန်သည်ကြီးများအသင်းသာ ကောင်းစွာမစီစဉ်ထားလျှင် ထိုအတိုးကို ပြန်ပေးနိုင်မည်မဟုတ်ချေ။ အဆုံး၌ ၎င်းကြောင့်ပင် ပြိုလဲသွားနိုင်သည်။

လူများစွာ၏ အမြင်တွင် ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းက အင်မတန်မိုက်မဲသော ရွေးချယ်မှုကို ပြုလုပ်ခဲ့သည်။

ထို့ကြောင့် ပထမလေလံပွဲက ထိုထူးဆန်းသည့် တိတ်ဆိတ်မှုနှင့် အဆုံးသတ်သွားသည်။ Frestech ကုန်သည်ကြီးများအသင်းမှာ အတော်သေးသောမိုင်းတွင်း၏ မိုင်းတူးခွင့်ကို ရယူရန် ထိတ်လန့်ဖွယ်ဈေးနှုန်း နှစ်သန်းကို အသုံးပြုခဲ့သည်။

သို့သော် ထိုတိတ်ဆိတ်မှုမှာ ဒုတိယလေလံပွဲအစချီသံဖြင့် တမုဟုတ်ချင်းဖြိုခွဲခံလိုက်ရသည်။

ဒုတိယမိုင်းတွင်းမှာ ပထမတစ်ခုထက် များစွာပိုမိုကြီးမားရာ ပါဝင်သည့်တန်ဖိုးကလည်း မနည်းမနောပင်။ ဈေးနှုန်းအစခေါ်သည်ကပင် ရွှေဒင်္ဂါးခုနစ်သိန်းရှိ၏။

ဖြစ်နိုင်သည်မှာ ပထမလေလံပွဲက အရိုင်းဆန်ခြင်းကြောင့် သို့မဟုတ် လူများစွာက ထိုပိုမိုကြီးမားသည့်မိုင်းတွင်းကို စိတ်ရောက်နေခြင်းကြောင့်ဖြစ်နိုင်ရာ လေလံပွဲစတင်သည်နှင့် လူတိုင်း ဈေးနှုန်းကြောင့် ထခုန်မိကြသည်။

အစခေါ်ဈေးနှုန်း(၇)သိန်းက တမုဟုတ်ချင်း(၁)သန်းဖြစ်သွားကာ အလျင်အမြန်ပင် တစ်သန်း ငါးသိန်းနီးနီးရောက်ရှိလာသည်။

သို့သော် လုပ်ငန်းစုတစ်ခု၏ ကိုယ်စားလှယ်က (၁၅)သိန်းဖြင့် လေလံခေါ်လိုက်ချိန်တွင် တစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့သည့် ဥက္ကဌမော်ဂန်က ရုတ်တရတ် ထပြောလေသည်။

သူ ပါးစပ်မဖွင့်လိုက်လျှင် အဆင်ပြေဦးမည်၊ သို့သော် ဖွင့်လိုက်ချိန်၌ လူတိုင်းကို ထိတ်လန့်သွားစေ၏။

"နှစ်သန်း!"

သူက ဈေးနှုန်းကို ငါးသိန်းထပ်မြှင့်လိုက်သည်!

ခန်းမက တိတ်ကျသွားပြီး အားလုံးက ဥက္ကဌမော်ဂန်ကိုကြည့်လာ၏။ ၎င်းတို့မှာ သူ၏မျက်နှာထားက ဤတစ်ခေါက်တွင် အတော်လေး ပြင်းထန်နေသည်ကို တွေ့လိုက်ကြသည်။

ဤအချိန်၌ လူတိုင်းနားလည်သွားသည် ဥက္ကဌမော်ဂန်က ဤမိုင်းတွင်းကို ဘာပဲဖြစ်ဖြစ် လက်လျှော့လိမ့်မည်မဟုတ်။

မဟုတ်ပါက၊ ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းမှာ လက်ဗလာဖြင့် ပြန်သွားရလိမ့်မည်။

ခဏမျှ ရပ်တန့်ပြီးနောက် အန်ဗီမာမြို့တော်မှ လုပ်ငန်းစုကိုယ်စားလှယ်တစ်ဦးမှာ “၂၀၅၀၀၀၀” ဟု ထပ်ခေါ်လာသည်။

သူပြီးသွားချိန်တွင် ဥက္ကဌမော်ဂန်က၊ “၂၃၀၀၀၀၀”

သူက ငါးသိန်းထိထပ်မမြှင့်ခဲ့ပါသော်လည်း ရုတ်တရတ် နှစ်သိန်းငါးသောင်းထပ်မြှင့်လိုက်သည်ကပင် အတော်လေး အံ့ဩဖွယ်‌ဖြစ်နေသည်။

ပို၍ထိတ်လန့်အံ့ဩစရာကောင်းသည်မှာ ထိုလေ‌လံခေါ်ပြီးနောက် ဥက္ကဌမော်ဂန်ပြောလာသောအရာဖြစ်သည်။

"ဒီမိုင်းတွင်းကို၊ ကျုပ်တို့ ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းက ရမှဖြစ်မယ်။ ဒါကို လုယူမယ့်ဘယ်သူမဆို ကျုပ်တို့ ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းရဲ့ရန်သူပဲ! ပြီးတော့ ခင်ဗျားတို့ ဒီမိုင်းတွင်းကိုရသွားရင်တောင် နားလည်ပါ့မလား၊ ဒါကို တူးဖော်ဖို့ အစွမ်းအစရှိမယ်လို့လေ?"

ထိုသည်က ဗြောင်ကျကျ ခြိမ်းခြောက်ခြင်းပင်။

မြို့တော်ဝန်စီယန်က မျက်မှောင်ကုပ်လိုက်သည်။ သူက မကျေနပ်ပါသော်လည်း မျက်ခုံးများကို ဖြေလျှော့ကာ မည်သည်ကိုမှမဆိုလိုက်ချေ။

မည်သူကမှ အသံမထွက်လာသည်ကိုမြင်သော် ဥက္ကဌမော်ဂန်က ရှုယီကိုကြည့်၍ နှာခေါင်းရှုံ့ကာပြော၏၊ "ဥက္ကဌရှု၊ ဘယ်လိုလဲ? ခင်ဗျားလေလံဆက်ဆွဲချင်သေးလား? ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက ခီမဲရာကုန်သည်ကြီးများအသင်းဆီကနေ ရုတ်တရတ်ကြီး ငါးသန်းချေးလိုက်ပြီး သုံးသန်းပဲ ကျန်သေးတော့ ကျုပ်တို့ ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းကို ဆန့်ကျင်နေဦးမှာလား?"

ရှုယီက ဥက္ကဌမော်ဂန်ကို တအံ့တဩကြည့်လျက် အပြစ်ကင်းဟန်ဖြင့်ဆိုလိုက်သည်၊ "ဥက္ကဌမော်ဂန် ဒါဘာစကားလဲဗျ? ခင်ဗျားပဲ ကျုပ်တို့အားလုံးက စီးပွားရေးအသင်းမှာ မိတ်ဆွေတွေဖြစ်ကြောင်းနဲ့ အားလုံးအချင်းချင်းကူညီသင့်တယ်လို့ ပြောခဲ့တာမေ့သွားပြီလား? ကျုပ်က ဘယ်လိုလုပ်ခင်ဗျားကို တိုက်ခိုက်နိုင်မှာလဲ? ပြီးတော့ ကျုပ်ချေးထားတဲ့ ငါးသန်းအားလုံးကိုလည်း သုံးလိုက်လို့မရဘူးလေ ဟုတ်လား? တကယ်တော့ မိုင်းတွင်းဝယ်ဖို့ နှစ်သန်းသုံးလိုက်တာကတင် ကျုပ်ကို ခေါင်းကိုက်စေနေပြီ။ ကျုပ်တို့လုပ်ငန်းစုက ထုတ်လုပ်တဲ့မှော်စက်တွေက သံထည်ပမာဏများ‌တာကြောင့်သာမဟုတ်ရင် ကျုပ်လည်း သံသတ္တု‌တွင်းကိုစိတ်ဝင်စားမှာမဟုတ်လောက်ဘူးလေ၊ ဘယ်လိုထင်လဲဗျ?"

ဥက္ကဌမော်ဂန်က ရှုယီကို ကြည့်လိုက်ပြီး စကားတစ်ခွန်းကိုပင် မယုံကြည်ပါချေ။

သို့သော် ရှုယီမှာ လိုက်လျောမည့်ဟန်ပေါ်နေရာ သူလည်း မည်သည်ကိုမှမဆိုလိုက်ချေ။ သူက ရှုယီကိုကြည့်မြဲကြည့်နေပြီး နောက်ဆုံးစက္ကန့်၌ဈေးခေါ်လိုက်ပြီး မတိုင်ခင်ကအတိုင်းပြုမူမည်လားကို ကြည့်နေသည်။

သို့သော် ကြေငြာသူက ရေတွက်ပြီးကာ သစ်သားတူထုလိုက်ချိန်တွင် ရှုယီက တူညီစွာပြုံးနေဆဲဖြစ်ပြီး ပါးစပ်ပိတ်လျက် မည်သည်ကိုမှ မပြောချေ။

ကြေငြာသူက ဖဲလ်ချောင်ကုန်သည်ကြီးများအနေနှင့် ထိုမိုင်းတွင်းများတူးဖော်ရန် အခွင့်အရေးရပြီဟုပြောသည်ကို ကြားပြီးနောက် ဥက္ကဌမော်ဂန်မှာ သက်ပြင်းရှည်ကြီးပင်ချလိုက်မိသည်။ ထိုတိုက်ပွဲကိုတိုက်ခိုက်ပြီးနောက် သူ၏ကိုယ်က အေးဆေးသွား၏။

ရှုယီမှာ ထိုအချိန်၌ တကယ်ရောက်လာပြီး ဥက္ကဌမော်ဂန်ဆီ အပြုံးဖြင့်ပြော‌လေသည်၊ "ဂုဏ်ပြုပါတယ် ဂုဏ်ပြုပါတယ်၊ နောက်ဆုံးတော့ ဒီမိုင်းတွင်းက ခင်ဗျားတို့ ဖဲလ်ချောင် ကုန်သည်ကြီးများအသင်းဆီရောက်လာပြီ။ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက လုံလောက်အောင်သန်မာမနေတာ နှမျောစရာပဲ၊ မဟုတ်ရင် ကျုပ်တကယ်နည်းနည်းလောက်ရုန်းကန်ချင်မိတယ်။"

ဥက္ကဌမော်ဂန်က နှာမှုတ်လိုက်၏။ ထိုလူက ပြဿနာရှာခဲ့ခြင်းကြောင့်မဟုတ်လျှင် ထိုမိုင်းတွင်းနှစ်ခုစလုံး ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းထံသို့ အလွယ်လေးရောက်လာလိမ့်မည်ဟုတ် တွေးလိုက်မိသည်။

မိုင်းတွင်းတစ်တွင်းဆုံးရှုံးခြင်းကြောင့် ဂျိုးလ်မိသားစုက သေချာပေါက် စိတ်မကျေနပ်ဖြစ်သွားလိမ့်မည်။ ဥက္ကဌမော်ဂန်အနေနှင့်၎င်းက မည်သို့အပြစ်ပေးနည်းမျိုးကိုယူဆောင်လာမည်မှန်းမသိချေ။

ရှုယီက ရုတ်တရတ် ခြေနှစ်လှမ်းတိုးကာဥက္ကဌမော်ဂန်ကို အသံနိမ့်နိမ့်ဖြင့်ပြောလေ၏၊ "အဟုတ်ပဲ ဥက္ကဌမော်ဂန်။ အခု ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက မိုင်းတွင်းတစ်တွင်းရပြီဆိုတော့ ကျုပ်လည်း မှော်မိုင်းတွင်းတူးစက်ကိုဖန်တီးဖို့ ပြင်ဆင်ရမယ်၊ ကျုပ်စဉ်းစားမိတာက ခင်ဗျားတို့ ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းရော စိတ်ဝင်စားလား?"

ဥက္ကဌမော်ဂန်က ရှုယီကိုကြည့်သည်။ သူ၏အမူအရာက လေးနက်နေကာ လိမ်ညာနေဟန်နှင့်မတူဘဲ စိတ်တွင်း၌ နက်နက်နဲနဲ မနေနိုင်မထိုင်နိုင် စဉ်းစားနေခဲ့သည်။

ဥက္ကဌမော်ဂန်အနေနှင့် Frestech ကုန်သည်ကြီးများအသင်းလို လုပ်ငန်းစုလေးကို အထင်သေးသော်လည်း Frestech ကုန်သည်ကြီးများအသင်းထုတ်လုပ်ခဲ့သည့် မှော်စက်အားလုံးမှာ အံ့အားသင့်ဖွယ်သုံးရလွယ်နေသည်ပင်။ ၎င်း၏ အသိသာဆုံးဥပမာမှာ စိုက်ပျိုးရေးသုံးမှော်စက်များဖြစ်သည်။

ရှုယီသာ မှော်မိုင်းတူးစက်များကိုတီထွင်လိုက်လျှင် ဖြစ်နိုင်သည်မှာ ၎င်းက ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းကို အမှန်တကယ်အကူညီဖြစ်စေလိမ့်မည်။

၎င်းကိုစဉ်းစားရင်း ဥက္ကဌမော်ဂန်၏အမူအရာက အကြိမ်များစွာပြောင်းလဲနေသည်မှာ ရှုယီကို ခံစားချက်များဖြင့် သက်ပြင်းချစေသည်။ သူလည်း နောက်ဆုံး၌ နွေးထွေးစွာ‌ပြုံးကာ ရှုယီထံပြောလာသည်၊ "ဒါပေါ့ စိတ်ဝင်စားမိပါတယ်။ ဥက္ကဌရှု ဒါကို ကျုပ်နဲ့အတူ အသေးစိတ်ဆွေးနွေးမယ်ဆိုရင်ရော ဘယ်လိုလဲ?"

***

မှော်စက်မှုအင်ပါယာ

Vol 1, အခန်း ၁၃၂။ နှစ်ကုန်ဘောနပ်စ်

ဘန်တာမြို့ရှိ ဤလူထုလေလံပွဲမှာ တကယ်တမ်းတွင် ရှုယီက တော်ဝင်မိသားစုနှင့်ပူးပေါင်းကာ ကျင်းပထားသည့် လမ်ပူရီဘုရင့်နိုင်ငံ၏ လူများစွာထံမှ အာရုံနှင့် လုပ်ငန်းစုအကြီးအသေး များစွာတို့ကို ဆွဲဆောင်ထားသော အရာဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်းမှာ ပမာဏကြီးစွာသော နှစ်သန်းကိုမထုတ်နိုင်သလို အားလုံးထင်ထားသည့်အတိုင်း ခီမဲရာကုန်သည်ကြီးများအသင်းထံမှ ရွှေဒင်္ဂါးငါးသန်းချေးငွေရယူရန် လျှောက်ထားနိုင်သည့် အရည်အချင်းမရှိပါချေ။

ထိုရွှေဒင်္ဂါးငါးသန်းချေးငွေအား တကယ်တမ်း ဘုရင်ကြီးယူခြင်းဖြစ်ကာ လျှောက်လွှာထက်၌ Frestech ကုန်သည်ကြီးများအသင်း၏ အမည်သုံးထားခြင်းဖြစ်ပါ၏။

ပထမမိုင်းတွင်းကို ဝယ်ယူရန်သုံးထားသည့် ရွှေဒင်္ဂါးနှစ်သန်းကိုလည်း ဘုရင်ကြီးထံပြန်ပေးရမည်ဖြစ်သည်။ သုံးသန်းကိုမူ မသုံးဘဲ ခီမဲရာကုန်သည်ကြီးများအသင်းထံ တိုက်ရိုက်ပြန်ပေးမည်ပင်။

ဤလေလံပွဲ၌ စာရင်းချသည့်နေရာတွင် ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းက တစ်ပြားကိုတောင် မသုံးထားချေ။ ၎င်း ငါးသန်းချေးငွေအတွက် ဘုရင်ကြီးပြန်ပေးရမည့် အတိုးမှာ ပြောဖို့ပင်မလိုသည့် နှစ်သောင်းမျှသာဖြစ်သည်။

ဒုတိယမိုင်းတွင်းကို ရောင်းချလိုက်ရသည့် ရွှေဒင်္ဂါး(၂၃၀၀၀၀၀)၏ ဝင်ငွေနှင့်ယှဉ်ပါလျှင် ၎င်းကိုပြောဖို့ပင်မလိုချေ။

မှန်ပါ၏၊ ရှုယီ၏ ဘုရင်ကြီးနှင့် သဘောတူညီမှုအရ Frestech ကုန်သည်ကြီးများအသင်းမှာ သံသတ္တုမိုင်းတွင်းနှစ်တွင်းရမည်ဖြစ်သည်။ ယခုတွင် တစ်ခုက Frestech ကုန်သည်ကြီးများအသင်းထံ၌ ရှိသော်လည်း အခြားတစ်ခုက ဖဲလ်ချောင်ကုန်သည်ကြီးများအသင်း၏လက်ထဲတွင်ဖြစ်သည်။

သို့သော် ဆယ်ဗီနီနှင့် ရှုယီတို့၏ အစီစဉ်များ၌ ၎င်းကိုစဉ်းစားထားပြီးသားပင်။

ရှုယီသာ ဒုတိယမိုင်းတွင်းကို သင့်လျော်သောနှုန်းထားဖြင့် ဝယ်ယူနိုင်လျှင် အဆင်ပြေလိမ့်မည်။ သို့သော် ဥက္ကဌမော်ဂန်ကလေလံပွဲ၌ ထိုစကားလုံးများကြွေးကြော်ခဲ့ရာ ရှုယီလည်း အသေအချာစဉ်းစား၍ လက်လျှော့ခဲ့ရသည်။ ဆယ်ဗီနီက ထိုအခြေအနေ၌ ရှုယီကို ရွေးချယ်မှုနှစ်ခုပေးခဲ့သည်။

တစ်ခု စာချုပ်ရှိ ရွှေဒင်္ဂါး(၁၃၀၀၀၀၀)အရဖြစ်၏။ ဘုရင်ကြီးက Frestech ကုန်သည်ကြီးများအသင်းထံ စိုက်ပျိုးရေးသုံးမှော်စက်များ မှာယူမှုအတွက် ပေးချေသည့် အနေနှင့် ရွှေဒင်္ဂါး(၁၃၀၀၀၀၀)ပေးလိမ့်မည်ဖြစ်သည်။

ဒုတိယမှာ ရှုယီကိုပေးရန် နိုင်ငံ၌ သင့်လျော်သည့် သံသတ္တုမိုင်းတွင်းရှာရန်ဖြစ်၏။ ထိုနည်းလမ်းဖြင့် ယခင်က စာချုပ်နှင့် ကွာခြားတော့မည်မဟုတ်ပေ။

သို့သော် ရှုယီက ဆယ်ဗီနီထံ နောက်ထပ် ရွေးစရာပေးခဲ့၏။ ၎င်းမှာ Frestech ကုန်သည်ကြီးများအသင်းအား တော်ဝင်မိသားစုမှ မြေကွက်အချို့ငှားရမ်းခွင့်ပြုပြီး ပေးချေမှုကို မြေကွက်ငှားရမ်းခအတွက် သုံးရန်ဖြစ်သည်။

မြေကွက်အရွယ်အစားမှာမူ ရှုယီ၏ပထမတောင်းဆိုချက်မှာ ဘန်တာမြို့အရွယ်အစား၏ ဆယ်ဆနီးပါးဖြစ်ပေ၏။

သို့ရာ၌ ဆယ်ဗီနီ၏ ၎င်းအပေါ်တုံ့ပြန်မှုမှာ...

"ဥက္ကဌရှု၊ ရှင် ရူးနေလား?" ဒါပေါ့၊ ရှုယီမှာ ရူးသွားရုံမဟုတ်ဘဲ တကယ်တွင် အင်မတန်ရူးသွပ်နေခြင်းဖြစ်သည်။

သူက အင်မတန်ရူးသွပ်နေခြင်းကြောင့် တော်ဝင်မိသားစုထံမှ မြေကွက်ငှားရမ်းမည့်အစီစဉ်ကို အဆိုပြုခြင်းဖြစ်၏။ သူဟာ ယခင်ကလို နယ်မြေထပ်မလိုချင်တော့ချေ။

၎င်းမှာ ရှုယီက လမ်ပူရီဘုရင့်နိုင်ငံ၏ သမိုင်းကို လေ့လာခဲ့ခြင်းကြောင့်ပင်။ နိုင်ငံအား တည်ဆောက်လိုက်တည်းက လမ်ပူရီတိုင်းပြည်တော်ဝင်မိသားစုထံ၌ မျိုးရိုးမြင့်ဂုဏ်ထူးဘွဲ့သစ်များပေးအပ်ခဲ့ပါသော်လည်း မြေကွက်တစ်လက်မလေးကိုပင် ပေးမလာခဲ့ချေ။

၎င်းမှ လမ်ပူရီဘုရင့်နိုင်ငံ၏တော်ဝင်မိသားစုအတွက် မြေကွက်မှာ အတော်လေးအရေးပါသည်ဟု မြင်နိုင်သည်။

ရှုယီမှာ သူက တော်ဝင်မိသားစုထံမှ မြေကွက်ပေးခံရလောက်သည်အထိ အရည်အချင်းမရှိဟု မထင်ရာ စဉ်းစားပြီးနောက်တွင် နောက်ထပ်အကောင်းဆုံးရွေးချယ်မှုကို တော်ဝင်မိသားစုထံမှ မြေကွက်ငှားရမ်းခြင်းအဖြစ်ရွေးလိုက်၏။

၎င်းက ငှားရမ်းခြင်းဖြစ်သော်လည်း မျိုးရိုးမြင့်များထံမှ မြေကွက်များငှားရမ်းခြင်းနှင့် မတူချေ။

ပထမဆုံး တော်ဝင်မိသားစုက လမ်ပူရီဘုရင့်နိုင်ငံကို အုပ်ချုပ်သည်။ မျိုးရိုးမြင့်များ၏လက်ထဲရှိ မြေကွက်များမှလွဲ နိုင်ငံမှ ပိုင်ဆိုင်သည့်မြေကွက်မှာ ၇၀% ကျော်ပေသည်။

တော်ဝင်မိသားစုထံမှသာ ငှားရမ်းပါလျှင် ပိုမိုရနိုင်ပြီး နယ်မြေအပိုင်းကြီးကြီးကိုပါ တောင်းဆိုနိုင်သည်။

သူသာ မျိုးရိုးမြင့်များထံမှ ငှားရမ်းလျှင် မြေကွက်အများဆုံးရှိသည့် စတက်ဂျ်မိသားစုဆိုလျှင်တောင် ရှုယီမှာ သူစိတ်တိုင်းကျမည့်နေရာကို ရှာနိုင်မည်ဟုတ်ချေ။

မျိုးရိုးမြင့်များထံမှ ငှားရမ်းလျှင် ၎င်းတို့၏ အတွေးတစ်ခုတည်းနှင့် Frestech ကုန်သည်ကြီးများအသင်းကို ဆန့်ကျင်မည့် အပြောင်းအလဲများစွာ ရှိနိုင်သည်။

နိုင်ငံကိုအုပ်ချုပ်နေသည့် တော်ဝင်မိသားစုဆိုလျှင် ၎င်းတို့က ဂုဏ်သိက္ခာနှင့် အခြေနေအရပ်ရပ်ကို ပိုမိုဂရုစိုက်ပေ၏။ သာမန်အခြေနေတွင် ၎င်းတို့ မူဝါဒများကို လွယ်လွယ်ကူကူပြောင်းလဲလိမ့်မည်မဟုတ်တန်ရာ။

ရှုယီအ‌နေနှင့် သူပိုင်ဆိုင်သည့် နယ်မြေလိုချင်ရသည့် အဓိကအကြောင်းရင်းမှာ အဓိကအားဖြင့် နောက်ထပ် အကြောင်းပြချက်ရှိသေးသည်။

ယခုတွင် Frestech ကုန်သည်ကြီးများအသင်းက ဗစ်ကောင့်ထ်လက်စ်လိုင်းထံမှ မြေကွက်ငှားရမ်းထားသည်။ ရှုယီနှင့် ဗစ်ကောင့်ထ်လက်စ်လိုင်းတို့၏ ဆက်ဆံရေးမှာကောင်းမွန်ပြီး ဗစ်ကောင့်ထ်လက်စ်လိုင်းက Frestech ကုန်သည်ကြီးများအသင်း၏ အဓိကရှယ်ယာရှင်တစ်ဦးဖြစ်ရာ မည်သည့်ပြဿနာမှ ရှိမည်မဟုတ်၊ ရှုယီကလည်း ထိုဆက်ဆံရေးအတွက် မျှော်လင့်ချက် များများစားစားမရှိချေ။

ဤအချက်အား ဗစ်ကောင့်ထ်လက်စ်လိုင်းမှ အိမ်သုံးမှော်စက်အလုပ်ရုံသို့ ပို့လာခဲ့သည့် အစေခံသုံးရာကိုကြည့်နိုင်သည်။

ထိုအစေခံသုံးရာက ဗစ်ကောင့်ထ်လက်စ်လိုင်းနှင့်မဆိုင်သည်မှာ သေချာပြီး ဗစ်ကောင့်ထ်လက်စ်လိုင်းကိုယ်၌ကလည်း အစေခံသုံးရာအစီအစဉ်နှင့်ပတ်သက်၍ စိတ်တိုင်းမကျဖြစ်နေခဲ့သည်။ သူက ရှုယီအား ထိုအစေခံသုံးရာကို အလုပ်သမားအစစ်အဖြစ်မဆက်ဆံရန်နှင့် အလုပ်ရုံရှိ နည်းပညာအားလုံးကို သိခွင့်မပေးရန်ပင် တိတ်တဆိတ်သတိပေးခဲ့သည်။

သို့သော် ဗစ်ကောင့်ထ်လက်စ်လိုင်းက ဆန္ဒမရှိပါလျှင်တောင် ထိုအစေခံသုံးရာ အလုပ်ရုံထဲတင်လာပြီး တစ်လလောက်လေ့လာပြီးသည်နှင့် ထိုအစေခံများ၏ အပိုင်းကြီးကြီးမားမားက နည်းပညာလိုအပ်ချက်တွင် ကျွမ်းကျင်နေလောက်ပြီဖြစ်သည်။

ရှုယီမှာ ထိုအစေခံသုံးရာက ဗစ်ကောင့်ထ်လက်စ်လိုင်းနောက်ရှိ စတက်ဂျ်မိသားစုထံမှ ဖြစ်လောက်သည်ကို သေချာသိပေသည်။

ထို့အပြင် ၎င်းအချက်မှ ဗစ်ကောင့်ထ်လက်စ်လိုင်းမှာ မိသားစု၏ လွှမ်းမိုးခြင်းခံနေရသည်ကို သိလိုက်သည်။

ထို့ကြောင့် ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းတို့နှင့် မည်မျှဆက်ဆံရေးကောင်းကောင်း ၎င်းက အရာရာတိုင်းကို ဆုံးဖြတ်မည်မဟုတ်ချေ။

ထို့ကြောင့် ရှုယီလည်း သူမထိန်းချုပ်နိုင်သည့် အခြေအနေများကို ရှောင်ရှားလိုကာ ကိုယ်ပိုင်နယ်မြေလိုချင်ခြင်းဖြစ်၏။

ထို့ကြောင့် တော်ဝင်မိသားစုထံမှ ငှားရမ်းရန် ကန့်သတ်ချက်များရှိပါလျှင်တောင် မည်သို့ဖြစ်ဖြစ် သူ၏လက်ရှိအနေထားထက်တော့ ပိုကောင်းသေးသည်။

ထိုသို့ဖြင့် ဆယ်ဗီနီမှာ ရှုယီအား မနေနိုင်ဘဲ အရူးဟုဆိုလာသည့်အခါတွင်တောင် ရှုယီက ထိုတောင်းဆိုမှုကို ခိုင်ခိုင်မာမာပြုလုပ်နေဆဲပင်။

ရှုယီ၏ခိုင်မာနေမှုအောက်တွင် ဆယ်ဗီနီလည်း အဆုံး၌ ဘုရင်ကြီးထံ ရှုယီ၏အစီစဉ်ကိုတင်ပြဖို့ ဆုံးဖြတ်လိုက်သည်။ ရှုယီ၏အဆိုပြုချက် လက်ခံရနိုင်မလားဆိုသည်ကိုမူ ဆယ်ဗီနီအနေနှင့် ကတိမပြုဝံ့ချေ။

လေလံပွဲပြီးနောက် ရှုယီလည်းရှင်းလင်းရန်အတွက် အချိန်အတော်ယူလိုက်ရသည်။ အရာအားလုံးပြီးဆုံး၍ Frestech ကုန်သည်ကြီးများအသင်း၏အမည်ဖြင့် သံသတ္တုတွင်းများကို စာရင်းသွင်းလိုက်နိုင်ပြီးချိန်တွင် ဒီဇင်ဘာကုန်ခါနီးပင်ဖြစ်နေပြီဖြစ်၏။

စိုင်စ်နယ်မြေသည်လည်း နှစ်သစ်ကူးကျင်းပသည်ဖြစ်ရာ နှစ်သစ်ကူးအားလပ်ရက်များလည်း ရှိမည်ပင်။

Frestech ကုန်သည်ကြီးများအသင်းမှာ အမှာစာအများစုကို အပြီးမသတ်ရသေးပါလျှင်တောင် မည်သို့ဖြစ်ဖြစ် ရှုယီက အလုပ်သမားများကို နှစ်သစ်ကူးကာလအတွင်း အချိန်ပိုဆက်လုပ်ခိုင်းမည်မဟုတ်ချေ။

၎င်းအား ဟိန့်ဇ်, ကမ်ဘီတို့နှင့်ဆွေးနွေးပြီးနောက် Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့၏အားလပ်ရက်ကို နှစ်ဆယ့်ငါးရက်နေ့၌ စတင်ရန်ဆုံးဖြတ်လိုက်ပြီး ဇန်နဝါရီလ ခုနစ်ရက်နေ့မတိုင်ခင်တစ်လျှောက်လုံးအထိဖြစ်မည်ပင်။

နှစ်ဆယ်ရက်နေ့၌ Frestech ကုန်သည်ကြီးများအသင်း၏ အလုပ်ရုံများ၌ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေတော့သည်။

၎င်းမှာ ရှုယီကြေငြာခဲ့သည့် အားလပ်ရက်က ဘန်တာမြို့အခြားလုပ်ငန်းစုများစွာထက် ပိုမိုရှည်ကြာသောကြောင့်ပင်။ ၎င်းအား ကြေငြာလိုက်သည်နှင့် သဘာဝကျကျပင် အလုပ်သမားအားလုံး၏ထောက်ခံမှုကို ရခဲ့၏။

အလုပ်သမားများကို ပိုမိုပျော်ရွှင်စေသည်မှာ ရှုယီက Frestech ကုန်သည်ကြီးများအသင်းအနေနှင့် နှစ်သစ်ကူးပိတ်ရက်လစာများကိုပေးမည့်အပြင် တစ်ဦးစီမှာ နှစ်တစ်နှစ်ကုန်လွန်သည့် အပိုဆုကြေးအဖြစ် တစ်လ,လစာကိုလည်း ရမည်ဟု ကြေငြာခဲ့ခြင်းပင်!

ယင်းမတိုင်ခင်က မည်သူကမှ နှစ်ကုန်အပိုဆုကြေးအကြောင်းကို မကြားခဲ့‌ဖူးချေ!

ရှုယီကိုယ်တိုင်က ကြေငြာလာသည်ကိုကြားပြီးနောက် အလုပ်သမားအားလုံးမှာ ပျော်ရွှင်မှုကြောင့် အရိုင်းဆန်သွားလုဆဲဆဲဖြစ်နေကြသည်!

၎င်းမှာ ရှုယီ၏ ကြေငြာချက်အရ အလုပ်သမားများအနေဖြင့် နောက်ဆုံးလ,လစာတင်မက ပထမလဝက်စာအပြင် တစ်လ,လစာအပိုဆုကြေးပါရမည်ဖြစ်သောကြောင့်ဖြစ်၏!

၎င်းတို့အားလုံးကိုတွက်ကြည့်ပါက သာမန်အလုပ်သမားတစ်ဦးသည်ပင် နှစ်သစ်ကူးမတိုင်ခင် ရွှေဒင်္ဂါးသုံးဆယ်ကျော်လစာရမည်ဖြစ်ပေသည်!

လစာပိုမြင့်ပြီး အချိန်ပိုဆင်းရသောအလုပ်သမားတို့အတွက်ဆိုလျှင် ၎င်းတို့၏လစာမှာ ရွှေဒင်္ဂါးလေးဆယ် သို့မဟုတ် ငါးဆယ်ပင်ကျော်သွားနိုင်လောက်သည်!

Frestech ကုန်သည်ကြီးများအသင်းဆီမလာခင်က အများဆုံး တစ်လလျှင် ရွှေဒင်္ဂါး သုံးလေးပြားသာ‌ရသော အလုပ်သမားများအတွက် ၎င်းက ဧရာမ ပမာဏဖြစ်သည်!

ထိုငွေနှင့်ဆိုလျှင် အတော်လေး ဆင်းရဲသောအလုပ်သမားများပင် ဤနှစ် နှစ်သစ်ကူးရောက်လာလျှင် မိသားစု၏ နေထိုင်ရေးအတွက် စိုးရိမ်ဖို့မလိုတော့ချေ။

၎င်းတို့အနေနှင့် အိမ်သို့ ရွှေဒင်္ဂါးပမာဏအမြောက်အများယူသွားကာ မိဘများ ဇနီးများနှင့် နှစ်သစ်ကူးကို ကြွယ်ဝစွာကျင်းပနိုင်သည်ကို စိတ်ကူးကြည့်ရင်း အလုပ်သမားအားလုံးမှာ ရှုယီကို ကျေးဇူးတင်စွာ ကြည့်လိုက်ကြသည်။

ထိုအခိုက် ၎င်းတို့စိတ်ထဲရှိ ရှုယီ၏ပုံရိပ်မှာ တုနှိုင်းမဲ့ကြီးမားလှသည်။

သို့သော် အလုပ်သမားအားလုံးသာ တူညီသည့် စိတ်လှုပ်ရှားမှုကို ပြသသည်မဟုတ်။ အကြီးမားဆုံးချွင်းချက်မှာ ဗစ်ကောင့်ထ်လက်စ်လိုင်းခေါ်လာသော အစေခံအယောက်သုံးရာပင်။

၎င်းတို့မှာ ရှုယီအမည်အောက်ရှိ အစေခံရာချီထက် ကွဲပြားနေသည်။ ဗစ်ကောင့်ထ်လက်စ်လိုင်း အထူးတလည်ပြောထားသည်မှာ ထိုအစေခံသုံးရာက မည်သည့်အထူးဆက်ဆံမှုမှမခံခဲ့ရသဖြင့် ရှုယီအနေနှင့် ၎င်းတို့အတွက် စိတ်မကောင်းပါလျှင်တောင် ၎င်းတို့ထံ လစာမပေးနိုင်ဆဲဖြစ်နေသည်။

၎င်းတို့အတွက် ပစ္စည်းတချို့ဝယ်ပေးနေသည်ကပင် အတော်လေး လွန်နေပြီဖြစ်သည်။ အဆုံးတွင် ရှုယီမှာ ၎င်းတို့အား ကူရာမဲ့စွာပင် နှစ်သစ်ကူးအတွက် ၎င်းတို့၏အလုပ်အားအသိအမှတ်ပြုသည့်သင်္ကေတအနေဖြင့် ပစ္စည်းတချို့သာ ဝယ်ပေးလိုက်နိုင်သည်။

၎င်းတို့က ရွှေဒင်္ဂါးပင်မသုံးရသည့် ပစ္စည်းလေးများဖြစ်ပါသော်လည်း ထိုအစေခံများက ထိုပစ္စည်းများကို လက်များလောင်ကျွမ်းစေနိုင်သည့် ပစ္စည်းများနှယ်ပြုမူနေကြသည်။ ရှုယီက ၎င်းတို့အား ယူရန် အမိန့်ပေးထားခြင်းကြောင့်သာမဟုတ်လျှင် မည်သူကမှ ယူဝံ့မည်မဟုတ်ချေ။

ထိုအစေခံအယောက်သုံးရာအပြင် မှော်အစီအရင်များရေးဆွဲသည့် တာဝန်ခံမှော်ပညာရှင်ကိုးဦးမှာလည်း တခြားလူများကဲ့သို့ စိတ်လှုပ်ရှားမနေပေ။

တစ်ချက်မှာ ထိုမှော်ပညာရှင်များ Frestech ကုန်သည်ကြီးများအသင်း၌ရှိနေခဲ့သည်က တစ်လပင်မပြည့်သေးရာ ထိုနေရာအတွက် မည်သည့်ခံစားချက်များမရှိခြင်းကြောင့် တခြားအလုပ်သမားများကဲ့သို့ စိတ်မလှုပ်ရှားခြင်းပင်။

ဒုတိယမှာ ထိုမှော်ပညာရှင်များထံ၌ ၎င်းအလုပ်သမားများထက် အတွေ့အကြုံပိုရှိသဖြင့် မည်သို့များ ခပ်လွယ်လွယ်စိတ်လှုပ်ရှားလာမည်နည်း။

သို့သော် ၎င်းတို့ လုံးဝမပျော်ရွှင်ဟုဆိုလျှင်တော့ မှားသွားပေမည်။

၎င်းတို့က Frestech ကုန်သည်ကြီးများအသင်းအတွက် အလုပ်လုပ်လာသည်မှ တစ်လသာရှိပါသေးလျှင်တောင် ထိုကျောင်းသားများထက် ပိုမို ထိရောက်မှုရှိခြင်းကြောင့် ၎င်းတို့၏ လစာမှာ တစ်လမပြည့်လျှင်တောင် အားလုံးကို ရေတွက်ကြည့်ပါလျှင် ရွှေဒင်္ဂါးနှစ်ဆယ်ကျော်ရှိ၏!

၎င်းတို့သာ လအပြည့်အလုပ်လုပ်ထားခဲ့လျှင် ၎င်းတို့၏ လစာက ရွှေဒင်္ဂါးသုံးဆယ်ထက်ပင် ပိုများလောက်သည်။

အများဆုံးဒုတိယအဆင့်ရှိသည့် မှော်ပညာရှင်များအတွက် ၎င်းက ပျော်ရွှင်မှုပြည့်စေသည့် လစာမြင့်မြင့်ပါပင်။

Frestech ကုန်သည်ကြီးများအသင်းက ယနေ့တွင် သာမန်အလုပ်ဆင်းရက်မဖြစ်ခဲ့ချေ။ ၎င်းတို့မှာ မနက်ခင်းအဆုံး၌ အလုပ်ကိုလက်စသတ်ကာ အလုပ်ရုံနှစ်ရုံကို ပြင်ဆင်ခဲ့ကြသည်။

နေ့လည်ခင်း တစ်နပ်စာအတူလာကြပြီး စား‌ပြီးနောက်တွင် လစာများရကြ၏။

ထိုကိစ္စအဝဝပြီးနောက် တစ်နေ့တာက ထိုသို့ အဆုံးသတ်သွားသည်။

အလုပ်သမားများ၏ နှစ်ဆုံးအစီအစဉ်များကို အခက်အခဲများနှင့် ဂရုစိုက်ပြီးနောက် ရှုယီမှာ ဟိန့်ဇ်, ကမ်ဘီတို့နှင့်အတူ ဘန်တာမြို့တော်သို့ အတူတကွပြန်ခဲ့ကြသည်။ သူက ဦးဆုံး ၎င်းတို့အတွက် စားသောက်ဆိုင်တစ်ဆိုင်တွင် နေရာတချို့ရှာပေးပြီးနောက် အီဗီတာနှင့် အာကာလီတို့ရှိနေသည့် သုတေသနဓာတ်ခွဲခန်းဆီ ဦးတည်လိုက်တော့၏။

***

မှော်စက်မှုအင်ပါယာ

Vol 1, အခန်း ၁၃၃။ နှစ်သစ်ကူးကို ကျွန်မနဲ့အတူလာပြီး ကုန်ဆုံးပါ

သုတေသနဌာနရုံးခန်းတံခါးမှာ ရှားပါးစွာပွင့်သွားပြီး ရှုယီဝင်လာခဲ့သည်။ အာကာလီက ဧည့်ခန်းထဲ၌ တင်ပလ္လင်ခွေထိုင်ကာ သူမနံဘေးရှိ အဝတ်များအား ခရီးဆောင်အိတ်ထဲထည့်နေသည်ကို မြင်လိုက်ရသည်။

ကြည့်ရသည်မှာ သူမ၏ပစ္စည်းပစ္စယများကို ထုတ်ပိုးနေဟန်ပင်။

တစ်ယောက်ယောက်ဝင်လာသည်ဟု ခံစားလိုက်ရသော အာကာလီမှာ ရှုယီကိုမော့ကြည့်လာပြီး ချက်ချင်း လက်ကိုဆန့်ထုတ်လိုက်သည်။

"ဥက္ကဌ၊ ကျွန်မကို ပိုက်ဆံမြန်မြန်ပေး။ အိမ်ပြန်ဖို့ ပိုက်ဆံကိုစောင့်နေတာ။"

ရှုယီကပြုံး၍ ရင်ဘတ်ထဲ၌ ပြင်ထားပြီးသားပိုက်ဆံအိတ်ကို ထုတ်ယူကာ သူမထံပစ်ပေးလိုက်သည်။

အာကာလီ ပိုက်ဆံအိတ်ကိုယူကာ ဖွင့်လိုက်ချိန်တွင် ကြမ်းပေါ်သို့ ငွေများသွန်ကျလာသည်။ သူမသေချာရေတွက်ကြည့်လိုက်ပြီး မထိန်းနိုင်ဘဲ တအံ့တဩပြောလာ၏၊

“ရွှေဒင်္ဂါး၇၆ပြား? ဒီလောက်အများကြီး?၊ ကျွန်မပြောရဦးမယ်၊ ဥက္ကဌ အမှားလုပ်မိတာများလား?”

အသံဗလံများကြားလိုက်ရသည့် အီဗီတာက လှေကားမှဆင်းလာပြီး သူမဘေးတွင် လိုက်ပို့ပေးမည့် စတေးလ်လည်း ရှိနေသည်။

အာကာလီပြောလိုက်သည့် အရေအတွက်ကိုကြားသော် ပုံမှန်ဆိုတိတ်ဆိတ်နေတတ်သည့် အီဗီတာက အံ့ဩသွားကာ၊ “ဥက္ကဌ၊ ဘာလို့ ဒီလောက်အများကြီးလဲ?"

စတေးလ်ကတော့ဖြင့် ထိုမျှ အံ့ဩမသွားဘဲ အီဗီတာနှင့် အာကာလီတို့အား အပြုံးဖြင့်ကြည့်လိုက်သည်။

"အရင်လနဲ့ ဒီလက ရွှေဒင်္ဂါးနှစ်ဆယ့်ခြောက်ပြားအပြင် ခင်ဗျားတို့အတွက် နှစ်ကုန်အပိုဆုကြေး ငါးဆယ်ပြားလည်း ပါသေးတယ်။” ရှုယီရှင်းပြလာ၏။

"နှစ်ကုန် အပိုဆုကြေး?" အီဗီတာနှင့် အာကာလီတို့မှာ တစ်ဦးနှင့် တစ်ဦးကြည့်လျက် မျက်နှာထားများက ထူးဆန်းလာပြီး၊ “အဲဒါက ဘာအဓိပ္ပာယ်လဲ?"

"အဲဒီ့စကားလုံးတွေအတိုင်းပဲ။ နှစ်အဆုံးမှာ ဒီနှစ်အတွက် ခင်ဗျားတို့ရဲ့ အလုပ်ကြိုးစားမှုကို ဆုချတဲ့အနေနဲ့ အပိုဆုကြေးတချို့ပေးတာပေါ့။ ရှုယီက ရှင်းပြရင်း၊ “မင်းတို့နှစ်ယောက်က ထူးချွန်ပြီး သုတေသနပညာရှင်တွေ အလုပ်လုပ်ခဲ့တာက ဘယ်လောက်အရေးပါသလဲဆိုတာပြသဖို့ ကုမ္ပဏီကနေပြီး မင်းတို့ကို သာမာန်အလုပ်သမားတွေနဲ့ယှဉ်ရင် ပိုမြင့်တဲ့ နှစ်ကုန်ဆုကြေးပေးဖို့ ဆုံးဖြတ်လိုက်တာ။ နောက်ဆုံးထားလိုက်တဲ့ ပမာဏက ရွှေဒင်္ဂါး ၅၀ ပြားပဲ။ ဘယ်လိုလဲ? မင်းတို့ စိတ်တိုင်းကျရဲ့လား?”

"ဒါပေါ့။” အာကာလီက ကြမ်းပြင်မှ ခုန်ထကာ ရှုယီ၏လက်မောင်းကို ဖက်ရင်း ပြောလေ၏၊ “ဥက္ကဌ၊ ကျွန်မတကယ် ရှင့်ကို သေလုအောင်ချစ်တာပဲ! ရှင်က ရုတ်တရက် ဒီလောက်ပိုက်ဆံအများကြီးကို အိမ်ပြန်ပြီး နှစ်သစ်ကူးကျင်းပဖို့ ပေးလိုက်တော့ အမေနဲ့အဖေလည်း ဒါကိုသိရင် အတော်ဝမ်းသာကြမှာပဲ!"

"ပြီးတော့ သူတို့တွေ မင်းတို့အတွက် ဂုဏ်ယူနေမှာပေါ့။" ရှုယီက အမူအရာမပြောင်းမလဲနှင့် သူ၏လက်ကိုပြန်ဆွဲလိုက်ပြီး အီဗီတာနှင့် စတေးလ်ထံ ပိုက်ဆံအိတ်နှစ်အိတ်ထုတ်ပေးလိုက်သည်။

အီဗီတာလည်း အိတ်ကိုယူကာ အသံတိုးတိုးဖြင့် ကျေးဇူးတင်လိုက်သော်လည်း ဖွင့်မကြည့်ပါချေ။

စတေးလ်ကတော့ ထိုပိုက်ဆံအိတ်ကို သူမ၏အိတ်လေးထဲသာထည့်ပြီး မည်သည့်ထူးခြားသောအမူအရာကိုမှ မပြပေ။

အာကာလီက ကြမ်းပေါ်သို့ကျနေသော ရွှေဒင်္ဂါးများကို ကောက်သိမ်းနေသည်အားကြည့်ရင်း ရှုယီ ရုတ်တရတ်ပြောလိုက်၏၊ "ဟုတ်သားပဲ၊ ငါ မင်းတို့ကို ပြောစရာရှိသေးတယ်။ နောက်နှစ်ကနေစပြီး မင်းတို့သုံးယောက်ကို လစာ‌တိုးပေးတော့မှာ။ မင်းတို့တွေ ရွှေဒင်္ဂါး ဆယ့်ငါးပြားကနေ နှစ်ဆယ့်ငါးပြားကိုရတော့မှာပါ။"

"အာ?" သုံးဦးသားက ရှုယီကို တအံ့တဩကြည့်လာကြ၏။

အာကာလီကမူ မထိန်းနိုင်ဘဲ ပြောလိုက်သည်၊ "တကယ်ကြီး ဒီလောက်တိုးသွားမှာပေါ့? ဥက္ကဌရှု ရှင်ရုတ်တရက်ကြီး ချမ်းသာလာတာလား?"

"ကျုပ် အရင်နှစ်တစ်ဝက်က ချမ်းမသာလာဘူးလား?" ရှုယီက မျက်လုံးများလှိမ့်လျက်၊ "ဘာလဲ? မင်းလစာ တိုးပေးမှာကို မလိုချင်လို့လား? မလိုချင်ရင်လည်း အီဗီတာနဲ့ စတေးလ်တို့ရဲ့လစာကိုပဲတိုးပေးပြီး မင်းကိုတော့ အခုအတိုင်းပဲဆက်ပေးမယ်လေ၊ ဘယ်လိုလဲ?"

"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ကျွန်မ အရမ်းလိုချင်ပါတယ်!" အာကာလီက အလျင်အမြန်ပင် လက်ဝေ့ယမ်းလျက် တောင်းပန်ဟန်ဖြင့်၊ "ဥက္ကဌ၊ ကျွန်မက ဒီတိုင်းပဲပြောလိုက်တာပါ၊ ရှင်ဒါကို အတည်ယူလိုက်လို့မရဘူးလေ။"

ရှုယီက နှာမှုတ်လိုက်၏။ ထို့နောက် ဘေးဘီကိုကြည့်လျက် မေးလာသည်၊ "ခင်ဗျားတို့ထုပ်ပိုးလို့မပြီးကြသေးဘူးလား? အတော်လေးနောက်ကျနေပြီကို မြန်မြန်မလုပ်ရင် မြင်းလှည်းဆီရောက်ဖို့ အချိန်မီမှာမဟုတ်ဘူး။"

အီဗီတာက သက်ပြင်းချကာ အာကာလီကိုကြည့်လိုက်သည်၊ "အာကာလီကြောင့်သာ မဟုတ်ရင် ကျွန်မတို့ထုပ်ပိုးတာပြီးနေလောက်ပါပြီ။"

"ပစ္စည်းတွေကိုရှာရတာ အတော်ဒုက္ခများတယ်လေ။" အာကာလီက ရေရွတ်လျက် မြန်မြန်လှုပ်ရှားလိုက်၏။

မိန်းကလေးများ ပစ္စည်းများကို ထုပ်ပိုးနေစဉ်တွင် ရှုယီဆက်နေဖို့ မသင့်ချေ။ ၎င်းတို့အား လမ်းခရီးဖြောင့်ဖြူးရန် ဆုတောင်းပေးပြီးနောက် ထွက်သွားရန်ပြင်လိုက်သည်။

သူ မထွက်သွားခင်၌ စတေးလ်က သူ့အားခေါ်လာ၏။

"ရှုယီ၊ ရှင် ဒီအားလပ်ရက်တွေမှာ အိမ်ပြန်မှာလား?"

"အိမ်ပြန်တယ်?" ရှုယီက ကြောင်အသွားကာ၊ "ဘယ်အိမ်လဲ?"

"ရှင့်အိမ်လေ။" စတေးလ်က ပုံမှန်သာမေးလိုက်သည်၊ "ရှင့်အိမ်က ဘန်တာမြို့က မဟုတ်တာကို ကျွန်မမှတ်မိတယ်။ အခုက နှစ်သစ်ကူး‌ဆိုတော့ ရှင့်ရဲ့ဇာတိနေအိမ်ကိုပြန်သင့်တယ်လေ။ ပြောရရင် ရှင်အရင်က ဇာတိအကြောင်းပြောတာမကြားဖူးဘူးပဲ။ ရှင့်ဇာတိက ဘယ်နေရာများလဲ?"

စတေးလ်က ၎င်းကိုမေးလာသည်အားကြားသော် အီဗီတာနှင့် အာကာလီတို့ လှုပ်ရှားမှုများရပ်တန့်ကာ သိချင်ဇောဖြင့် ကြည့်လာကြသည်။

"ဇာတိ?" ရှုယီက ၎င်းကို တိတ်တဆိတ်တွေးလိုက်ပြီးမှ မနေနိုင်ဘဲ ခါးသီးစွာ ပြုံးလိုက်မိသည်။

သူ၏ဇာတိမှာ ဤလောက၌ပင်မရှိရာ မည်သို့များပြန်နိုင်မည်နည်း?

ထိုသုံးဦး၏ သိလိုသောအကြည့်များကိုမြင်သော် ရှုယီလည်းခေါင်းခါကာ ဆိုလာသည်၊ "ငါ့ဇာတိကို ပြန်လို့မရတော့ဘူး၊ ဒါကြောင့် ဒီနှစ်ဒီမှာပဲနေမှာ။"

"ပြန်လို့မရဘူး?" သုံးဦးသားမှာ ပိုလို့ပင်သိချင်လာကြ၏။ အာကာလီကမေးသည်၊ "ဥက္ကဌ၊ ရှင်ဘာကိုပြောချင်တာလဲ? ရှင့်ရဲ့ဇာတိက ပျက်စီးသွားလို့လား? ဒါမှမဟုတ် ရှင်မောင်းထုတ်ခံလိုက်ရလို့လား?"

"အာကာလီ!" အီဗီတာက ရှားပါးလှသည့် အသံစူးစူးဖြင့် ပြောရင်း အာကာလီကိုကြည့်လိုက်သည်။

အာကာလီလည်း အံ့ဩာကာ လျှာကိုကိုက်ရင်းအသံတိုးတိုးဖြင့် ဆိုလေ၏၊ "ဥက္ကဌ၊ ကျွန်မက သိချင်ရုံပါ။ ဘာအဓိပ္ပာယ်မှမပါ,ပါဘူး၊ အထင်မလွဲပါနဲ့နော်။"

ရှုယီလည်း အပြုံးဖျော့ဖျော့ဖြင့် ခေါင်းခါလျက်၊ "ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် ငါ့ဇာတိဘယ်နေရာမှာ ရှိကြောင်းကို မင်းတို့မမေးသင့်ဘူး၊ ဒီအကြောင်း ပြန် အစမဖော်ချင်လို့ပါ။"

အာကာလီက နာခံစွာ ခေါင်းငြိမ့်လိုက်သည်။

ရှုယီက အပြုံးတစ်ခုချိတ်ဆွဲထားသေးသော်လည်း အီဗီတာမှာ ၎င်းနောက်မှ ဖုံးကွယ်ထားသည့် ဝမ်းနည်းမှုကို ကောင်းစွာမြင်နိုင်နေသည်။ ရှုယီ၏မျက်လုံးများထဲမှ နာကျင်မှုကိုမြင်သော် အီဗီတာလည်း မနေနိုင်ဘဲ နှလုံးသားထဲ၌ နာကျင်မှုဖြင့် ပြည့်နှက်သွား၏။

အမြဲတစေ ယုံကြည်မှုများဖြင့်ပြည့်နေပြီး မည်သည့်အခက်ခဲကြောင့်မှ လဲကျမည့်ပုံမပေါ်သည့် ဤဥက္ကဌထံ၌ နူးညံ့သည့်အပိုင်းရှိနေသည်။

တစ်ခဏအတွင်း အီဗီတာမှာ ရှုယီအား ထွေးပွေ့ပြီး နှစ်သိမ့်ချင်စိတ်ပေါ်လာသည်။

အီဗီတာထံ၌ စိတ်သာရှိသော်လည်း စတေးလ်က တိုက်ရိုက်ပင် ထိုသို့ပြုလုပ်လိုက်တော့သည်။

အီဗီတာနှင့် အာကာလီတို့၏ အံ့ဩနေဟန်ရှေ့တွင် စတေးလ်က ရှေ့သို့လျှောက်လာကာ ရှုယီကို နူးညံ့စွာပွေ့ဖက်လိုက်၏။ သူမက ငြင်သာသောအသံဖြင့်ဆိုလာသည်၊ "ရှင်မပြောချင်ရင် မပြောလို့ရပါတယ်၊ ကျွန်မတို့လည်း ရှေ့လျှောက်မမေးတော့ပါဘူး။"

ရှုယီမှာ စတေးလ်၏ ရုတ်တရတ်ပွေ့ဖက်မှုကြောင့် ကြောက်လန့်သွားသည်။

စတေးလ်ထံမှလာသော ရနံ့ကိုရှူရှိုက်ရင်း သူ၏ကိုယ်က ဦးဆုံးအေးခဲသွားပြီးမှ ဖြေလျော့သွားသည်။ သူက အပြုံးဖြင့်‌ဆို၏၊ "ဒီလောက်ကြီးလည်း မပြင်းထန်ပါဘူး၊ စိတ်မပူပါနဲ့။"

စတေးလ်က သူ့ကို တစ်စက္ကန့်မျှသာ ဖက်ပြီး လွှတ်ပေးလိုက်သည်။ သူမ၏ တောင့်တင်းနေသော အပြုအမူနှင့် နီရဲနေသည့်မျက်နှာကို သုံးသပ်ကြည့်ကာ သူမက တကယ်တမ်းအတော်လေးစိတ်လှုပ်ရှားနေသည်ပင်။

အခန်းက ထူးဆန်းစွာတိတ်ဆိတ်သွားပြီး တစ်အောင့်အကြာတွင် စတေးလ်က မျက်နှာထက်ရှိ အမူအရာကို တည်ငြိမ်စေလိုက်ပြီး မေးလေသည်၊ "ရှင် နှစ်သစ်ကူးကို ဒီမှာနေမယ်ဆိုတော့ ပိုကောင်းတာပေါ့။ ရှင်သွားစရာ ဘယ်နေရာမှမရှိရင် နှစ်သစ်ကူးကျ ကျွန်မအိမ်လာရင်ရော? ကျွန်မ အဖေနဲ့အမေလည်း နှစ်သစ်ကူးကျရင် အိမ်ကိုလာမှာဆိုတော့ အဘိုးနဲ့ကျွန်မပါဆိုရင် အိမ်က အတော်လေး အသက်ဝင်နေလိမ့်မယ်။ ရှင်လည်းလာမယ်ဆိုရင် ပိုလို့တောင် အသက်ဝင်သွားမှာပဲ။ အဘိုးက ရှင့်ကို အမြဲသဘောကျနေတော့ ရှင့်ကိုဧည့်သည်အနေနဲ့ ဖိတ်ဖို့တောင် ပြင်ထားပြီးသားလေ။ ပြီးတော့ အဖေနဲ့ အမေလည်း ရှင့်ကိုမြင်ပြီးတဲ့အခါ သဘောကျလိမ့်မယ်လို့ ကျွန်မယုံတယ်။ ရှင်လာချင်လား?"

စတေးလ်၏မျှော်လင့်နေဟန်ကိုကြည့်ရင်း ရှုယီလည်းစဉ်းစားပြီးကာမှ ခေါင်းခါလေသည်၊ "ငါ မင်းရဲ့ ရည်ရွယ်ချက်ကောင်းကို ဖျက်စီးမိမှာ စိုးရိမ်မိပါတယ်။ နှစ်သစ်ကူးအတွင်း ဒီမှာနေမယ်ဆိုပေမယ့် လုပ်စရာလေးတွေရှိနေသေးတယ်။ အက်ဂ်နက်စ်ကိုလည်း ကတိပေးထားတော့ ဒီနှစ် သူ့နေရာကိုသွားရဦးမှာ။ ဒီခရီးက အချိန်အတော်ကြာမှာဆိုတော့ ပြန်လာရင် အားလပ်ရက်တောင် ပြီးသွားလောက်ပြီလေ။"

"အက်ဂ်နက်စ်?" စတေးလ်က စိတ်ပျက်သွားဟန်ပေါ်လာသည်။ သူမစကားမဆိုနိုင်ခင်တွင် အာကာလီက ဦးစွာပြောလာ၏၊ "ဥက္ကဌ၊ ဒီအက်ဂ်နက်စ်ဆိုတာက... သူမနာမည်အတိုင်း မိန်းကလေးတစ်ယောက်များလား ဟင်?"

"အန်း၊ မိန်းကလေးတစ်ယောက်ပါ။ ဘာဖြစ်လို့လဲ?" ရှုယီက ခေါင်းငြိမ့်ကာ ပြန်မေးလေသည်။

"ဘာလို့ရမှာလဲ? ရှင်က ဆက်မေးနေသေးတယ်!" အာကာလီ၏ အသံက ကျယ်လာပြီး မျက်နှာတွင် ဒေါသဖြင့်ပြည့်နေကာ၊ "စတေးလ်က ရှင့်ကို နှစ်သစ်ကူးအတွက် ဖိတ်ပြီး သူ့အမေနဲ့ အဖေကို ရှင်နဲ့မိတ်ဆက်ပေးချင်နေတာဆိုပေမယ့် ရှင်က သူမကို တခြားမိန်းကလေးအတွက် ငြင်းလိုက်တယ်လေ! ဥက္ကဌ၊ ရှင်က တကယ်ကို အတော်လေး သစ္စာမဲ့တာပဲ!"

ရှုယီက အတန်ငယ် အံ့အားသင့်သွားသည်၊ "သစ္စာမရှိဘူး? ဘယ်လိုများသစ္စာမရှိတာလဲဗျ?"

"ဟုတ်ပြီ၊ ဥက္ကဌ၊ ကျွန်မ ရှင်နဲ့ပတ်သက်ပြီးတကယ်ကို မှားသွားပြီးပဲ။ ရှင့်ကို လူကောင်းတစ်ယောက်လို့ ကျွန်မထင်ခဲ့ပြီး အရင်က အတော်လေးသဘောကျခဲ့ပေမယ့် ရှင်က ဒီလိုလူလို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ ကျွန်မ..."

အာကာလီ စကားကိုလတ်စမသတ်ရသေးခင်တွင် အီဗီတာနှင့် စတေးလ်တို့က သူမပါးစပ်ကို အုပ်လိုက်၏။

စတေးလ်၏မျက်နှာက အာကာလီ၏ဒေါသထွက်နေဟန်ကို မြင်သော် နီရဲသွားသည်။ ရှုယီက မည်မျှ နှေးကွေးနေပါစေ၊ ဘာမှားသွားလဲဆိုသည်ကို သတိပြုမိကာ ရယ်လျက် ဆိုလေသည်၊ "အာကာလီ, မင်းအထင်လွဲနေပြီ။

ငါ အက်ဂ်နက်စ်ဆီကိုသွားမှာ အလုပ်ကိစ္စကြောင့်ပါ၊ စတေးလ်က ဒီအကြောင်းကို နားလည်ပါတယ်။ ဟုတ်တယ်မို့လား စတေးလ်?"

စတေးလ်က ခေါင်းငြိမ့်ကာ 'အမ်း'ဟု အသံပြုလိုက်သော်လည်း စိတ်ပျက်ဟန်က‌ရှိနေဆဲပင်။

အာကာလီလည်း ရုန်းနေခြင်းကိုရပ်လျက် စတေးလ်ကို သံသယအပြည့်ဖြင့် ကြည့်လိုက်ပြီး သူမ ဘာကြောင့် ထိုသို့ တုံ့ပြန်သည်ကို နားမလည်ပါချေ။

ရှုယီက ခေါင်းခါလျက် ထိုမိန်းကလေးများက တကယ်ကို ထိလွယ်ရှလွယ်သည်ဟု တွေး‌လိုက်သည်၊ ၎င်းတို့မှာ ပတ်သက်ဖို့ တကယ်ကို ခဲယဉ်းပါ၏။

ထိုသို့စဉ်းစားပြီး ရှုယီက စတေးလ်ကို ပြောလေသည်၊ "ငါအလုပ်ပြီးလို့ စောစောပြန်ရောက်ရင် မင်းတို့ မိသားစုဆီ လာလည်ပါ့မယ်။ အနည်းဆုံးတော့ မင်းရဲ့ အဘိုးကို နှစ်သစ်ကူးဆုတောင်းပေးလို့ရတာပေါ့၊ ဟုတ်တယ်ဟုတ်? တကယ်တော့ မင်းမိဘတွေကိုပါ တွေ့နိုင်ရင် ပိုတောင်ကောင်းလိမ့်မယ်။ ငါအရမ်းသိချင်နေခဲ့တာ၊ ဘယ်လိုမိဘမျိုးကများ ဒီလို မိန်းမလှလေးတစ်ယောက်ကို မွေးပေးခဲ့သလဲလို့လေ။"

စတေးလ်၏ကျော့ရှင်းသော မျက်နှာလေးက ပိုလို့ပင် နီရဲလာသည်။ အီဗီတာနှင့် အာကာလီတို့က ရှုယီကို တအံ့တဩကြည့်ရင်း ထိုစကားလုံးများကိုပြောလိုက်သည့်အချက်ကြောင့် အင်မတန် အံ့အားသင့်သွားသည်မှာ သေချာနေ၏။

အာကာလီက သူမ ပါးစပ်ကိုအုပ်ထားသည့် လက်နှစ်ဘက်ကို တွန်းဖယ်ကာ မနေနိုင်ဘဲ ပြောလိုက်သည်၊ "ဥက္ကဌ ကျွန်မထင်ထားတာ ရှင်က မိန်းကလေးတွေကို ဘယ်လိုချီးကျူးရမလဲဆိုတာ လုံးဝမသိတဲ့ ထုံထိုင်းနေသူကြီးဆိုပြီးလေ။"

ရှုယီက ရယ်လျက်၊ "ဒါက ချီးကျူးတာမဟုတ်ဘူး၊ အမှန်တရားလေ။ ကြည့်ပါဦး၊ ဘယ်လိုမိဘမျိုးက မင်းလို တက်ကြပြီး စူးစမ်းတတ်တဲ့မိန်းကလေးမျိုးကို မွေးပေးခဲ့မှန်းလည်း သိချင်နေတာ၊ အာကာလီ။"

"ဒါက ချီးကျူးတာမဟုတ်ဘူး..." အာကာလီက ရှုယီကို စိုက်ကြည့်လိုက်သည်။

ရှုယီက ရယ်လျက် လက်ခုပ်တီးကာ ဆိုလေသည်၊ "ဟုတ်ပြီ၊ ငါနဲ့ဆက်ပြီး ငြင်းခုံမနေကြပါနဲ့တော့။ အချိန်အများကြီးမရှိဘူး မင်းတို့ မြန်မြန်ထုပ်ပိုးတော့လေ။ ဟုတ်သား၊ မင်းတို့မိဘတွေအတွက် ငါ့ကို နှစ်သစ်ကူးဆုတောင်းတာကူပေးကြပါဦး။ သူတို့ သမီးလေးတွေရဲ့ Frestech ကုန်သည်ကြီးများအသင်းမှာ ထူးထူးချွန်ချွန်လုပ်ဆောင်နိုင်ကို ကျေးဇူးတင်ကြောင်းသာပြောလိုက်ပါ။"

အီဗီတာနှင့် အာကာလီတို့က သဘောတူကာ အာကာလီ၏အထုတ်အပိုးများကို အပြီးသတ်ရန် လှည့်လိုက်၏။

စတေးလ်မှာ ရှုယီက ထွက်သွားလိုနေသည်ကိုမြင်သော် ရုတ်တရတ် အော်ပြောလိုက်သည်၊ "ရှုယီ၊ ကျွန်မလည်းလိုက်မယ်!"

"အာ?" ရှုယီက ပြန်လှည့်ကြည့်၍၊ "ခင်ဗျားက ဘယ်ကိုသွားချင်တာလဲ?"

"အက်ဂ်နက်စ်ရဲ့ နေရာ!"

အီဗီတာနှင့် အာကာလီတို့မှာ မနေနိုင်ဘဲ တစ်ဖန်ရပ်တန့်သွားကာ စတေးလ်ကို ထိတ်လန့်စွာကြည့်လိုက်ကြ၏။

ရှုယီက စတေးလ်၏အတည်ပေါက်မျက်နှာကို ကြည့်ရင်း ခေါင်းကိုက်ကိုက်ဖြင့်သာ ဦးခေါင်းကို ဖိပွတ်လိုက်တော့သည်။

ထိုမိန်းမငယ်လေးများမှာ မည်သည်ကိုတွေးတောနေကြသနည်း?

***

မှော်စက်မှုအင်ပါယာ

Vol 1, အခန်း ၁၃၄။ အလှလေးသုံးဦး အတူတကွခရီးထွက်ခြင်း

နှစ်ရက်ကြာပြီးနောက် ဘန်တာမြို့တော်၏မြောက်ဘက်ရှိ လမ်းမထက်မှ မြင်းလှည်းတစ်စီးမှာ တောင်တက်လမ်းတစ်ခုကို ဦးတည်လိုက်သည်။

လက်သွယ်သွယ်တစ်ဖက်က လိုက်ကာကို ဆွဲဖွင့်လိုက်ရာ ဗီဗီယန်၏ မျက်နှာလေးပေါ်လာ၏။ အပြင်ဘက်ရှိ ရှုခင်းကိုကြည့်ပြီးနောက် မနေနိုင်ဘဲ ခံစားချက်အပြည့်ဖြင့် ဆိုလာသည်၊ "ဒါဆို လူပုလေးတွေက ဒီလိုဝေးလံတဲ့တောင်တန်းတွေမှာ နေတာကြောင့် သူတို့ကိုတွေ့ရဖို့ ခက်ခဲနေတာ အံ့ဩဖို့မလိုတော့ပါဘူး။"

"အဲဒါအရင်ကပါ၊ အခုသူတို့ကိုတွေ့ဖို့က အများကြီးပိုလွယ်နေပြီ။" စတေးလ်၏အသံက မြင်းလှည်းထဲမှ ထွက်လာသည်၊ "ဗီဗီယန်, ကုမ္ပဏီအလုပ်ပြန်စလာတဲ့အချိန် နင် လူပုလေးတွေကိုမြင်ချင်ရင် မှော်စက်အလုပ်ရုံကိုသာသွားလိုက်။ ပုံမှန်ဆို လူပုလေးရာနဲ့ချီပြီးကို ရှိတယ်။"

"အန်း" ဗီဗီယန်က ခေါင်းငြိမ့်ကာ၊ "ဘန်တာမြို့တော်က လူတွက လူပုလေးတွေအကြောင်း အဲ့လောက်မသိချင်ကြတော့ဘူးမို့လား?"

"ဒါပေမယ့် သူတို့က နတ်သူငယ်တွေအကြောင်းကို အတော်သိချင်နေကြလောက်တယ်‌လို့၊ မထင်ဘူးလား မိန်းမပျိုအက်ဂ်နက်စ်?" စတေးလ်၏နောက်ဆုံး စကားလုံးများက မြင်းလှည်းတစ်ဘက်ရှိ အက်ဂ်နက်စ်ဆီကို ဦးတည်နေသည်။

အက်ဂ်နက်စ်က ၎င်းကို ရိုးသားစွာတွေးလျက် ခေါင်းငြိမ့်ကာပြောလေသည်၊ "ဟုတ်လောက်မယ်။ ကျွန်မတို့ နတ်သူငယ်တွေက လူပုလေးတွေထက်ကို လူသားတွေနဲ့ အဆက်အဆံလုပ်ရမှာ မုန်းတော့ လူတွေရှေ့ မပေါ်လာတာ နှစ်ပေါင်းရာနဲ့ချီနေပြီလေ။ သူတို့တွေ ကျွန်မတို့ အကြောင်းသိချင်တာက သာမန်ပါပဲ။"

"ဒါပေမယ့် ရှင်တို့မျိုးနွယ်စုက အခု လူသားတွေရှေ့ထွက်ပြတော့မယ်လေ။ သခင်မလေး အက်ဂ်နက်စ်, ရှင် မစိုးရိမ်နေဘူးလား?" စတေးလ်က ထပ်မေး၏။

အက်ဂ်နက်စ်၏အသံအနေအထားတွင် ကူကယ်ရာမဲ့ဟန်များပါဝင်နေလျက်၊ "တခြားနည်း‌လမ်းမရှိဘူးလေ၊ ကျွန်မတို့မျိုးနွယ်စုက ဒါကိုဖြေရှင်းဖို့ အခက်အခဲကြုံနေတော့ ရှင်တို့လူသားတွေမှာပဲ နည်းလမ်းရှိပုံပေါ်နေတာ။ ရှင်သန်ဖို့အတွက် ကျွန်မတို့ ကိုယ်ကို လူသားတွေရှေ့တစ်ဖန် ထပ်ထွက်ပြဖို့ဆိုရင်တောင် တခြားရွေးချယ်စရာကမရှိဘူး။ ပြီးတော့လည်း ဥက္ကဌရှုပြောတာ မှန်တယ်လို့ထင်တယ်၊ လူတိုင်းက မဆိုးပါဘူး။ ရိုးရိုးသားသနဲ့ ကျွန်မတို့ရဲ့ ပြဿနာကိုလိုလိုလားလားဖြေရှင်းဖို့ ကူညီချင်တဲ့ ဥက္ကဌရှုလိုလူကောင်းတစ်ယောက်အပြင် ဗီဗီယန်လို နတ်သူငယ်တစ်ယောက်လို အပြစ်ကင်းတဲ့လူလည်းရှိတယ်။ ကျွန်မလည်း အရမ်းသဘောကျရတဲ့ သခင်မလေးစတေးလ်လို မြင့်မြတ်ပြီး လှပတဲ့လူတွေလည်းရှိတယ်လေ။"

စတေးလ်၏မျက်နှာက အတန်ငယ်နီရဲလာကာ၊ "ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ရှင့်ရဲ့ကံကအရမ်းကောင်းနေတာကြောင့်သာ ရှင်တို့ပထမဆုံး ဆုံခဲ့တဲ့လူက ရှုယီဖြစ်နေတာလို့ ကျွန်မထင်တယ်။ ဒီလူက အကျိုးအမြတ်ကြည့်သူတစ်ယောက်ဆိုပေမယ့်လည်း အကျင့်စရိုက်ကမဆိုးပါဘူး။ သူက ရှင်တို့ကိုကူညီမယ်လို့ ကတိပေးပြီးရင် သေချာပေါက်ကို ကူညီမှာပဲ။"

အက်ဂ်နက်စ်လည်း ခေါင်းငြိမ့်ကာ၊ "အဟုတ်ပဲ။ ဥက္ကဌရှုနဲ့ အကြိမ်နည်းနည်းလောက် ပေါင်းသင်းကြည့်ပြီးနောက်မှာ ကျွန်မရဲ့သူ့နောက်လိုက်ကြည့်ထားတဲ့ သုံးသပ်မှုလည်းပါတာပေါ့နော်၊ သူက ယုံကြည်ရတဲ့လူတစ်ယောက်လို့ခံစားရတယ်။"

စတေးလ်မှာ ၎င်းကိုစဉ်းစားကြည့်ပြီးနောက် ရုတ်တရတ်ပြောလိုက်၏၊ "အမှန်ပဲ၊ အက်ဂ်နက်စ်။ ရှင်ပြောတဲ့ ဒီအချိန်အတွင်းသူ့နောက်လိုက်တယ်ဆိုတာက ရှင် သူ့နောက်ကို တလျှောက်လုံးလိုက်နေတယ်လို့ ဆိုလိုချင်တာလား? ရှုယီ အိပ်နေချိန်၊ ရေချိုးနေချိန် ပြီးတော့ ရေအိမ်သုံးနေတဲ့ အချိန်တွေမှာရော သူ့နောက်ကို လိုက်တာများလား?"

အက်ဂ်နက်စ်ထံ၌ ပုံမှန်အမူအရာသာရှိနေပြီး ခေါင်းငြိမ့်လာသည်၊ "ဟုတ်တယ်"

စတေးလ်က မျက်လုံးများကို အထိတ်တလန့်ဖွင့်ကာ၊ "ရှင်က သူရေချိုးနေတဲ့အချိန်မှာလည်း သူ့ဘေးမှာရှိတယ်ပေါ့? ရှင် သူ့ရဲ့အရာအားလုံးကို မြင်ခဲ့တာများလား?"

အက်ဂ်နက်စ်မှာ စတေးလ်ပြောသည့် အဓိပ္ပာယ်ကိုနားမလည်ဘဲ ရှုပ်ထွေးစွာမေးလိုက်သည်၊ "ကျွန်မသူ့ရဲ့အရာအားလုံးကိုမြင်ဖူးပါတယ်၊ တစ်ခုခုများမှားနေလို့လား?"

လှည်းရှေ့ရှိ ရှုယီက ရုတ်တရတ် ချောင်းထိဆိုးကာ ရှက်ရွံ့ဒေါသဖြစ်သွား၏။

"အဟွတ်...ဟွတ်၊ အဟမ်း ... ကျုပ်ပြောမယ် အက်ဂ်နက်စ်၊ ကျုပ်ရေချိုးနေတဲ့အချိန် ကျုပ်နဲ့အတူရှိတယ်ဆိုတာကို ဘာကြောင့် မပြောပြခဲ့ရတာလဲ?"

အက်ဂ်နက်စ်က လိုက်ကာကိုဆွဲဖွင့်ကာ မောင်းသူထိုင်ခုံမှ ရှုယီကိုကြည့်ကာ၊ "ကျွန်မထင်တာက ဘာပြဿနာမရှိဘူးလားလို့လေ။ ဘာလို့ ရှင်နဲ့ သခင်မလေး စတေးလ်တို့အားလုံးက ဒါတွေကို ဂရုစိုက်နေရတာလဲ?"

ရှုယီက လှည်းကို အရှိန်လျှော့ကာ အက်ဂ်နက်စ်ကိုလှည့်ကြည့်လာသည်။ သူမ၏ အပြစ်ကင်းဟန်ကိုမြင်သော် ကူရာမဲ့စွာသာသက်ပြင်းချလျက် စတေးလ်ထံ ထူးဆန်းသည့်အမူအရာဖြင့်ကြည့်လိုက်၏။

ထို့နောက် ရှက်ရွံ့မှုဖြင့် ဒေါဖြစ်နေသံနှင့် ပြောလေသည်၊ "မင်းက ပြုံးနေတုန်းပဲ! ကျုပ်က မသိလိုက်ဘဲ သူမအကြည့်ခံလိုက်ရတာလေ, ကျုပ်ကသာနစ်နာသူ မဟုတ်ဘူးလား?"

စတေးလ်က နှာခေါင်းရှုံ့လျက်၊ "ရှင်က ယောက်ျားပဲလေ၊ ဘာဆုံးရှုံးမှာလဲ။ အက်ဂ်နက်စ်က နတ်သူငယ်မလှလှလေးပဲကို၊ ဆုံးရှုံးတာက သူမပါ။"

ရှုယီက ခေါင်းခါရင်း ထိုကိစ္စကို စတေးလ်နှင့် ထပ်မပြောတော့ရန် ဆုံးဖြတ်လိုက်သည်။

သို့သော် စတေးလ်နှင့် အက်ဂ်နက်စ်တို့စကားပြော‌နေသည်ကိုမြင်ပြီးနောက် ၎င်းတို့ကြားက ဆက်ဆံရေးမှာ ပိုမိုနွေးထွေးလာရာ သူလည်း ပိုမိုစိတ်ချသွားတော့သည်။

ယနေ့ သူ့အစီအစဉ်တွင် အက်ဂ်နက်စ်နှင့် သူကိုယ်တိုင်သာ ပါဝင်သော်လည်း ၎င်းတို့ထွက်ခွာချိန်တွင် အီဗီတာနှင့် အာကာလီတို့က အိမ်ကိုသွားပြီဖြစ်ရာ မည်သူကမှ ဗီဗီယန်ကို ဂရုစိုက်ပေးမည်မဟုတ်ချေ။ ထို့ကြောင့် သူမကို ခေါ်လာရုံသာ။

ထို့အပြင် စတေးလ်က သူ့နှင့်လိုက်လာမည်ဖြစ်ကြောင်း အခိုင်အမာပြောနေသည်ကို နားမလည်ပါချေ။

ရှုယီ၏စကားလုံးများကမထိရောက်ရာ အဆုံးတွင် သဘောတူရန် တွန်းအားပေးခံခဲ့ရသည်။

ထို့ကြောင့် ရှုယီ၏ခရီးသွားအစီအစဉ်မှာ မိန်းကလေးနှစ်ဦးအပိုပါလာကာ အတော်ရိုးရှင်းနေပါ၏။

သို့သော် ၎င်းက အားသာချက်တော့ရှိနေပါသေးသည်။ ခရီးက များစွာပိုမိုအသက်ဝင်ပြီး ပျင်းရိဖွယ်မကောင်းနေပေ။

ရှုယီမှာ လူပုလေးမျိုးနွယ်စုထံ လမ်းပြုလုပ်ရာ၌ ရင်းနှီးမြှုပ်နှံထားသောကြောင့် နောက်ဆုံး ကီလိုမီတာနှစ်တယ်မှာ ယခင်ကလို တောင်တက်လမ်းချည်းပဲမဟုတ်တော့ပေ။ ယမ်းခါနေသည့် မြင်းလှည်းက တောက်လျှောက်သွားနေပြီး တစ်နာရီမပြည့်ခင်တွင် ကောင်းကင်ယံ၌ ပြည့်‌နေသည့်မီးခိုးငွေ့များကို မြင်နိုင်နေပြီဖြစ်သည်။

"ဒီနေရာမှာ မီးလောင်နေတာများလား?" မီးခိုးထုကြီးကိုကြည့်ရင်း စတေးလ်က မနေနိုင်ဘဲ အံ့ဩနေဟန်ဖြင့် မေးလာ၏။

"မဟုတ်ဘူး၊ ဒါက သံမဏိနဲ့ကွန်ကရစ်စက်ရုံတွေက မီးခိုးတွေဖြစ်လောက်တယ်။" ရှုယီက ကောင်းကင်၌ ပြည့်နေသော မီးခိုးထုကိုကြည့်ကာ အသာ မျက်မှောင်ကုပ်လေည်။

ယင်းမြင်ကွင်းက ကမ္ဘာမြေပေါ်ရှိ စက်ရုံများကိုသတိရစေကာ နွေးထွေးသည့် ခံစားချက်ပေးပါသော်လည်း ၎င်းကိုမြင်သည်က ညစ်ညမ်းမှုပြဿနာကြီးများကိုယူလာတတ်သည်ကိုပါ သတိရစေသည်။

နော်မာမျိုးနွယ်စုနှင့် အန်ဂိုလာမျိုးနွယ်စုတို့က လှပသောရှုမြင်ကွင်းနှင့် ပတ်ဝန်းကျင်တို့ဖြင့် ဖြည့်ထားခဲ့သော်လည်း ရှုယီက ဤနေရာ၌ သံမဏိနှင့် ကွန်ကရစ်စက်ရုံများ တည်ထောင်လိုက်ကတည်းက ၎င်းစက်ရုံများထံမှ မီးခိုးများမှာ ပတ်ဝန်းကျင်ကို ဖျက်စီးနေသည်။

ရွာခေါင်းဆောင် စီလူကာနှင့် ရွာခေါင်းဆောင် မွန်တိုတို့က ၎င်းတို့မျိုးနွယ်စုများကို တည်ငြိမ်သည့် ဝင်ငွေရစေသည့် စက်ရုံနှစ်ရုံရှိခြင်းကြောင့် ဝမ်းသာကာ ဂရုမစိုက်ပါသော်လည်း ရှုယီအနေနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု၏ အကျိုးဆက်များကို အသေအချာသိနေရာ သဘာဝကျစွာပင် စိုးရိမ်နေမိ၏။

သို့သော် ကမ္ဘာမြေပေါ်ရှိ စက်မှုနယ်ပယ်မှာ ညစ်ညမ်းမှုကြီးနှင့် ကြုံနေရပြီး ၎င်းထံရှိ မည်သည့်ဖွံ့ဖြိုးပြီးနိုင်ငံကမှ ၎င်းကို မရှောင်ရှားနိုင်ချေ။ စိုင်စ်အမိနယ်မြေအား ရှုယီလိုချင်သလို စက်မှုပြုပါလျှင် ထိုလမ်းကြောင်းကိုတဖြည်းဖြည်းရောက်သွားပေလိမ့်မည်။

စဉ်းစားကြည့်လိုက်သော် ရှုယီမှာ ပြဿနာတစ်ခုကိုတွေးမိ၏။ သူတည်ထောင်နေသည်မှာ မှော်စက်မှုနယ်ပယ်ဖြစ်နေသည်ပင်။

ကမ္ဘာမြေပေါ်ရှိစက်မှုနယ်ပယ်နှင့်ယှဉ်လျှင် မှော်စက်မှုနယ်ပယ်၏ အကြီးမားဆုံး အားသာချက်မှာ စွမ်းအားအရင်းမြစ်က မှော်စွမ်းအားဖြစ်နေပြီး ညစ်ညမ်းမှုများများစားစားရှိမည်မဟုတ်ပေ။

ရှုယီ ယခင်လုပ်ဆောင်ခဲ့သော မှော်စက်မှုနယ်ပယ်၌ ညစ်ညမ်းမှုပြဿနာမရှိကတည်းက သံမဏိနှင့် ကွန်ကရစ်အလုပ်ရုံသည်လည်း ဤပြဿနာကို ဖြေရှင်းနိုင်သည်ဟု ဆိုလိုပါ၏။

ရှုယီမှာ မြင်းလှည်းကို ဆက်မောင်းနေရင်း စက်ရုံများ၏ထုတ်လုပ်ရေးလိုင်းများကို မည်သို့ အဆင့်မြင့်သင့်ကြောင်းကို စဉ်းစားနေသည်။ သိပ်မကြာခင်တွင် နော်မာမျိုးနွယ်စုထံ ရောက်ရှိလာသည်။

ကမ်ဘီနှင့် အခြားလူများမှ အားလပ်ရက်ရထားသောကြောင့် ပြန်ရောက်နေကြပြီဖြစ်ရာ ယနေ့ ရှုယီလာမည်ကိုလည်း သိပြီးသားပင်။ မြင်းလှည်းအား မြင်လိုက်ချိန်၌ လူပုလေးများအားလုံးမှာ ခေါင်းဆောင်စီလူကာနှင့်အတူ ကြိုဆိုရန် ထွက်လာကြ၏။

၎င်းတို့မှာ ရှုယီမောင်းလာသည်ကို မြင်လိုက်ရသည်။ လှည်းရပ်သွားပြီးနောက် ပုံရိပ်သုံးခုထွက်လာ၏။ လူပုလေးများ၏ စိတ်နှလုံးထဲ၌ အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားစေသည့် အလှလေးများဖြစ်နေသည်ပင်။

"ဥက္ကဌရှု၊ ကြိုဆိုပါတယ်၊ ကြိုဆိုပါတယ်။" ခေါင်းဆောင်စီလူကာ၏ အကြည့်များက အလှလေးသုံးယောက်ကို ဖြတ်သန်းကာ အက်ဂ်နက်စ်ထံအရောက် အနည်းငယ်ရပ်တန့်သွားပြီး ရှုယီကို အပြုံးဖြင့် လက်ဆွဲနှုတ်ဆက်လေသည်။

ရှုယီလည်း ခေါင်းခါလျက် နှုတ်ဆက်စကား အနည်းအကျဉ်းဆိုပြီးနောက် ဦးဆုံး ခေါင်းဆောင်စီလူကာကို သံမဏိစက်ရုံထံဦးဆောင်ကာ ခေါ်သွားစေသည်။

၎င်းသံမဏိစက်ရုံကို ရှုယီ အန်ဗီမာ မြို့တော်ကို မသွားခင် လူပုလေးများက ၎င်းတို့၏ သတ္တုလေ့လာရေး၌ အောင်မြင်မှုတစ်ခုပြုခဲ့၍ တည်ဆောက်ခဲ့ခြင်းဖြစ်၏။

၎င်းမှာ ရှုယီမှာ ငွေသစ်ရွက်သတ္တုစပ်ဟုခေါ်သောအရာအား လူပုလေးများက သုတေသနလုပ်လိုက်သောကြောင့် ထိုသတ္တုစပ်၏စရိုက်လက္ခဏာများကို နားလည်သွားကြပြီဖြစ်သည်။ လူပုလေးများမှာ ယခုတွင် ငွေသစ်ရွက်သတ္တုစပ် အမျိုးကွဲသုံးခုလောက်ကိုပင် ကျွမ်းကျင်စွာ သန့်စင်နိုင်နေပြီပင်။

ထို့ကြောင့် ရှုယီက ၎င်းထံတွင် ပမာဏကြီးကြီးမားမားမြှုပ်နှံလိုက်သည်။ သူဟာ နော်မာမျိုးနွယ်စုရှိ သံမဏိစက်ရုံကို တည်ဆောက်ခဲ့ပြီး ထိုလူပုလေးများအား ငွေသစရွက်သတ္တုစပ်ကို သန့်စင်ရာ၌ အာရုံစိုက်ခိုင်းထားသည်။

ရှုယီ၏သုံးသပ်ချက်အရ ထိုငွေသစ်ရွက်သတ္တုစပ်ထံ၌ အသုံးပြုမှုများစွာရှိသည်။ ယခုတွင်ပင် ၎င်းအား Frestech ကုန်သည်ကြီးများအသင်းထုတ် မှော်ပန်ကာ၊ မှော်လေအေးပေးစက်၊ မှော်ထမင်းပေါင်းအိုးများနှင့် အခြားအိမ်သုံးမှော်စက်များရှိ သာမန်ဝက်အူများအစားထိုးသုံးနိုင်နေပြီဖြစ်သည်။

၎င်းမှာထူးထူးခြားခြား မာကျောမှုနှင့် ပျော့ပျောင်းမှုအပြင် Stainless Steel ဂုဏ်သတ္တိအဖြစ် ပြောင်းလဲသွားပါက၊ ထိုအိမ်သုံး မှော်စက်များသည် ကောင်းကင်အလှည့်အပြောင်းကို သေချာပေါက် ကြုံတွေ့ရပေလိမ့်မည်။

မှော်စက်ကြီးများနှင့် ထုပ်လုပ်ရေးမှော်စက်အသစ်များအတွက်မူ အင်မတန်‌သန်မာသည့် သတ္တုစပ်ကို လိုအပ်သောကြောင့် ၎င်းငွေသစ်ရွက်သတ္တုစပ်ကို အသုံးပြုရန် မသင့်တော်ချေ။

ဤအချက်တွင် ရှုယီက လူပုလေးများရှာတွေ့သည့် အခြားသတ္တုများထံ၌ မျှော်လင့်ထားလိုက်သည်။ သို့သော် ၎င်းတို့အနေနှင့် ကောင်းစွာ မလေ့လာရ‌သေးသောကြောင့် လတ်တလော သုံး၍မရနိုင်ချေ။

သံမဏိစက်ရုံမှာ လက်ရှိတွင် သေးငယ်သည်ဟု ယူဆနိုင်သော ငွေသစ်ရွက်သတ္တုစပ်ကို ထုတ်လုပ်ရေး၌ အာရုံစိုက်ထား၏။ ၎င်းတို့မှာ နှစ်လနီးနီး ထုတ်လုပ်ခဲ့ပြီး ငွေသစ်ရွက်သတ္တုစပ်ဆယ်တန်လောက်သာ ထုတ်လုပ်ရ‌သေးသည်။

၎င်းအား ကမ္ဘာမြေထံမှ စံနှုန်းနှင့် ယှဉ်ကြည့်လျှင် အသေးဆုံးသံမဏိစက်ရုံနှင့်ပင် နှိုင်းယှဉ်၍ မရနိုင်သေးချေ။

သို့သော် ရှုယီမှာ ၎င်းနှင့်ပင် အတော်လေး စိတ်တိုင်းကျနေပြီဖြစ်သည်။

ပြောရလျှင် စိုင်စ်နယ်မြေ၌ သံမဏိစက်ရုံက ဖွံ့ဖြိုးနေဆဲသာဖြစ်ရာ ထိုသံမဏိစက်ရုံလေး၏အထွက်နှုန်းက ဆက်လက်တိုးလာနေသည်။ ပထမလတွင် ၎င်းတို့ထုတ်လုပ်ခဲ့သည့်က တန်သုံးထောင်မပြည့်သော်လည်း ဒုတိယလတွင်တော့ ငါးထောင်ကျော်သည်အထိပင် ထုတ်လုပ်နိုင်ခဲ့၏။

ထိုအမြန်နှုန်းအရ လူပုလေးများမှာ ထိုအလုပ်နှင့် ပိုမိုရင်းနှီးလာကာ ဆက်လက်ချဲ့ထွင်နေသည်နှင့် ကမ္ဘာမြေမှ သံမဏိစက်ရုံများ၏ စံနှုန်းကို မီနိုင်ရုံတင်မက Frestech ကုန်သည်ကြီးများအသင်း၏ လိုအပ်မှုများကိုပင် ထောက်ပံ့ရန် မှီနိုင်လောက်ပေသည်။

သံမဏိစက်ရုံကို ပထမဆုံးအကြိမ်မြင်ဖူးကြသည့် စတေးလ်, ဗီဗီယန်နှင့် အက်ဂ်နက်စ်တို့သည်ပင် အံ့အားသင့်ဟန်များရှိနေကြ၏။

လက်ရှိအခြေအနေမှာ ၎င်းတို့စိတ်ကူးထားသည်ထက်ပင် ကျော်လွန်နေလေသည်။

စတေးလ်နှင့် ဗီဗီယန်တို့အတွက် သံသတ္တုသန့်စင်ခြင်းဆိုသည်မှာ ဘန်တာမြို့၌ မြင်တွေ့ရသည့် ပန်းပဲဆရာများကဲ့သို့ပင် ၎င်းတို့အားအရည်ကျိုရန် မီးဖိုကြီးတစ်ခုထဲသို့ ထားခြင်းဖြစ်သည်။

သို့သော် ၎င်းတို့ရှေ့ရှိမြင်ကွင်းက ၎င်းနှင့် လုံးဝကွဲပြားနေပါ၏။

သံသတ္တုရိုင်းအပိုင်းအစများကို ဧရာမမီးဖိုထဲသို့ ထည့်လိုက်သည်နှင့် သံသတ္တုရည်ကဲ့သို့ သွန်းပြီးသားသံများသည် အခြားတစ်ဖက်သို့ စီးဆင်းသွား၏။နောက်ဆုံးတွင် ၎င်းသည် မှိုထဲသို့ စီးဆင်းသွားပြီး ငွေရောင်တောက်ပသော သံမဏိအဖြစ်သို့ တဖြည်းဖြည်း အေးခဲလာသည်။

၎င်းတို့၏ ထိရောက်မှုနှင့် အံ့အားသင့်ဖွယ်များက ပန်းပဲဆရာများထက်ပဲ အဆများစွာ ကျော်လွန်နေသည်။

စတေးလ်က အသစ်ဖြစ်လာသော ငွေသစ်ရွက်သတ္တုစပ်ကိုကြည့်ကာ ရှုယီကို မေးလိုက်သည်၊ "ရှင်ပြောထားတဲ့ မှော်ပန်ကာတွေမှာသုံးမယ့် သတ္တုအသစ်က ဒါတွေကိုပြောတာလား?"

ရှုယီက အပြုံးဖြင့်ခေါင်းငြိမ့်ကာ၊ "နောက်နှစ်နွေ မှော်ပန်ကာတွေကို စတင်ထုတ်လုပ်တဲ့အခါ အားလုံး အံ့ဩသွားလိမ့်မယ်။"

နံဘေးရှိ အက်ဂ်နက်စ်က ၎င်းတို့၏စကားများကို ကြားပြီး စည်ကားနေသော သန့်စင်ခြင်းကိုကြည့်ကာ သူမစိတ်ထဲရှိ ရှုယီကို ယုံကြည်မှုကလည်း တစ်ဖန် တိုးလာသည်။

ထိုလူသားက ဤသို့သော အံ့ဩဖွယ်မြင်ကွင်းမျိုးကိုပြုလုပ်နိုင်နေလျှင် သူမတို့မျိုးနွယ်စုပြဿနာကို ဖြေရှင်းရန်လည်း သူ့အတွက် လွယ်ကူလောက်မည်မဟုတ်ပေဘူးလား?

***

မှော်စက်မှုအင်ပါယာ

Vol 1, အခန်း ၁၃၅။ မျိုးနွယ်စုအသစ်တစ်ခု တည်ထောင်လိုခြင်း

သံမဏိစက်ရုံနှင့်ယှဉ်လျှင် ဘိလပ်မြေစက်ရုံက အံ့ဩဖွယ်မကောင်းချေ။ အကြောင်းမှာ လေထဲ ဖုန်မှုန့်များနှင့် အတော်လေးရှုပ်ထွေးနေဟန်ကြောင့် စတေးလ်မှာ ၎င်းအားမြင်ပြီး မျက်မှောင်ကုန်လိုက်ခြင်းမှ မရပ်တန့်နိုင်ချေ။

ဗီဗီယန်မှာ ထိုပတ်ဝန်းကျင်နှင့်ပတ်သက်၍ မည်သည့် ရွံရှာမှုမှမပြချေ။ ဗစ်ကောင့်ထ်လက်စ်လိုင်းလက်အောက်က အစေခံတစ်ဦးဖြစ်ခဲ့စဉ်က သူမနေထိုင်ခဲ့သည့် ပတ်ဝန်းကျင်မှာ ထိုထက်ပင် များစွာဆိုးရွာနေသေးသည်။

ရှုယီမှာ ဤဝန်းကျင်ကို အငြင်းဆန်လိုဆုံးလူက အက်ဂ်နက်စ်ဖြစ်လောက်သည်ဟု ထင်ခဲ့သော်လည်း အက်ဂ်နက်စ်မှ မည်သည့်အကြံမှ ပေးမလာဘဲ အေးဆေးသာကြည့်နေမည်ဟု ထင်ထားခဲ့ခြင်းမရှိချေ။

"အက်ဂ်နက်စ်, ခင်ဗျား ဒီပတ်ဝန်းကျင်ကို ဆိုးဝါးတယ်လို့မထင်ဘူးလား?" ရှုယီက မနေနိုင်ဘဲ မေးလိုက်သည်။

အက်ဂ်နက်စ်က ခေါင်းခါရင်း၊ " အရမ်းဆိုးတယ်လို့ ခံစားရပါတယ်၊ ဒါပေမယ့် ကျွန်မတို့ နတ်သူငယ်တွေက ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမှုမှာ အရမ်းအားကောင်းတယ်လေ။ ဒီလိုပတ်ဝန်းကျင်က ကျွန်မကို လုံးဝမထိခိုက်စေပါဘူး။"

"ကျုပ်ထင်ခဲ့တာက ခင်ဗျားတို့ နတ်သူငယ်တွေအနေနဲ့ ကောလဟာလတွေလိုမျိုး ပတ်ဝန်းကျင်ကောင်းကိုပဲ တောင်းဆိုမယ်လို့ပေါ့။” ရှုယီရေရွတ်လိုက်သည်။

"ဟုတ်တယ်။ ကျွန်မတို့ နတ်သူငယ်တွေက ပြီးပြည့်စုံမှုကို ကိုယ်စားပြုတဲ့ မျိုးရိုးပဲ။ ကျွန်မတို့မှာ ပတ်ဝန်းကျင်တွေနဲ့ လိုက်လျောညီထွေဖြစ်နိုင်မှု မြင့်မားပေမယ့်လည်း ကိုယ်ပိုင်နေထိုင်မယ့် ဝန်းကျင်အတွက်တော့ အတော်လေးမြင့်မားတဲ့ လိုအပ်ချက်တွေရှိတယ်လေ။ ရှင် ကျွန်မတို့မျိုးနွယ်စုကို ရောက်တာနဲ့ ကျွန်မတို့နေတဲ့ နေရာက အတော်လေးလှပတာကို တွေ့ရလိမ့်မယ်။"

"ကျုပ်ယုံပါတယ်။"ရှုယီက ချက်‌ချင်းခေါင်းငြိမ့်လိုက်သည်။ ၎င်းကိုစဉ်းစားကြည့်‌ပြီးနောက် ညစ်ပတ်နေသောဘိလပ်မြေစက်ရုံကို ညွှန်ပြကာ မေးလေ၏၊ " ဒါဆို ဒီကပတ်ဝန်းကျင်ကို ပြောင်းလဲမယ့်နည်းလမ်းတစ်ခုခု ရှိမယ်လို့များထင်လား?"

"ကျောက်တုံးတွေကို ဖုန်မှုန့်အဖြစ်ပြောင်းတာကနေပဲ ရပ်ခိုင်းလိုက်လေ။ "အက်ဂ်နက်စ်က အင်မတန်သဘာဝကျစွာပင် တုံ့ပြန်လာ၏။

ရှုယီမှာ စိတ်ဓာတ်မကျဘဲ မနေနိုင်စွာဖြင့် ခါးသက်သက်ပြုံးကာ ပြောလိုက်လေသည်၊ "ကျုပ် ပြောချင်တာက ဒီစက်ရုံက ဒီလိုအလုပ်ဆက်လုပ်ရမယ်ဆိုရင်ရော နည်းလမ်းရှိလားလို့ပါ?"

အက်ဂ်နက်စ်က မျက်မှောင်အသာကုပ်လျက် အနည်းငယ်စဉ်းစားပြီးမှ ခေါင်းအသာငြိမ့်ကာ၊ "နည်းလမ်းတစ်ခုတော့ရှိလောက်မယ်။ ကျွန်မတို့ မျိုးနွယ်စုနားမှာ လေထုထဲက ဖုန်မှုန့်တွေကို စုပ်ယူနိုင်ပြီး ပတ်ဝန်းကျင်သန့်ရှင်းမှုကို ထိန်းထားနိုင်တဲ့ အသံတိတ်အဝတ်မြက်‌ ပေါက်တယ်။ ဒါပေမယ့် ဒီမှာက ဖုန်တွေအရမ်းများတော့ အလုပ်ဖြစ်မလားကို ကျွန်မ, မသိဘူး။"

"ကြိုးစားကြည့်တာကကောင်းပါတယ်။" ရှုယီက စိတ်ကျေနပ်စရာအဖြေရလိုက်ရာ ချက်ချင်းပြုံးမိသွား၏၊ "ကျုပ်တို့ ခင်ဗျားတို့ရဲ့မျိုးနွယ်စုဆီရောက်ရင် အကြီးအကဲတွေကို အသံတိတ်အဝတ်မြက်တချို့ ပြောင်းစိုက်ရာမှာ ကူညီဖို့ ခွင့်တောင်းရမယ်။"

အက်ဂ်နက်စ်က သဘောတူသည်ကိုမြင်သော် ရှုယီက နံဘေးရှိ ရွာခေါင်းဆောင်စီလူကာကို လှည့်ပြောလိုက်၏၊ "ခေါင်းဆောင်စီလူကာ, သူတို့တွေ ဖုန်မှုန့်တွေကြောင့်ထိခိုက်တာကနေ ရှောင်ရှားဖို့ နေရာနည်းနည်းလောက်ရွေ့ဖို့အတွက် ကျုပ် ခင်ဗျားကိုအကြံပေးထားတယ်လေ။ ဘာလို့ ခင်ဗျားတို့ လုံးဝရွှေ့ထားတာကို မတွေ့တာလဲ?"

ခေါင်းဆောင်စီလူကာက ရယ်ရင်း သူ၏ရင်ဘတ်ထူထူကြီးကို ပုတ်ကာ ပြောလေသည်၊ "ဥက္ကဌရှု၊ ခင်ဗျားက ကျုပ်တို့ လူပုလေးတွေကို အတော်အထင်သေးနေတာပဲ။ ဒါက ဖုန်မှုန့်လေးနည်းနည်းပါပဲ၊ ကျုပ်တို့ လူပုလေးတွေက သန်မာတော့ ဒါကို လုံးဝမမှုပါလူး။ ခင်ဗျားသိရမှာက ကျုပ်တို့လူပုလေးတွေဟာ ဟိုးအရင်က မြေအောက်ဂူနေထဲမှာနေခဲ့တယ်လေ။ ကျုပ်တို့ လူပုလေးတွေအနေနဲ့ အရင်က ပန်းပဲလုပ်ရတာကြိုက်တော့ တစ်နေကုန် မီးခိုးတွေပြည့်နေလည်း ဘာမှမဖြစ်ကြပါဘူး။"

ရှုယီက မျက်မှောင်ကုပ်ကာ၊ "ခေါင်းဆောင်စီလူကာ, ခင်ဗျားတို့ လူပုလေးတွေမှာ သန်မာတဲ့ခန္ဓာကိုယ်တွေရှိရင်တောင် ဒီလောက်များတဲ့ဖုန်တွေက ခင်ဗျားတို့ကိုယ်ကို ထိခိုက်စေနိုင်တုန်းပဲ။ ဒီညစ်ညမ်းမှုကနေ ဝေးဝေးသွားနေတာက အကြံကောင်းပဲကို ဘာလို့ မထွက်သွားချင်ရတာလဲ"

ရှုယီ၏အတည်ပေါက်အမူအရာကိုကြည့်ရင်း ခေါင်း‌ဆောင် စီလူကာလည်း ခေါင်းပွတ်ကာ နေရခက်ခက်ဖြင့် ပြောလိုက်၏။ "မျိုးနွယ်စုဝင်တွေအားလုံးကို ရွှေ့ဖို့က ငွေအတော်ကုန်လိမ့်မယ်လေ။"

ရှုယီ၏မျက်နှာက မှုန်မှိုင်းသွားကာ၊ "ခေါင်းဆောင်စီလူကာ, ခင်ဗျားကို မျိုးနွယ်စုဝင်တွေကို အမှန်ကန် ဂရုစိုက်ပေးတဲ့ ခေါင်းဆောင်ကောင်းလို့ ကျုပ်ထင်ခဲ့မိတာ။ ငွေနည်းနည်းလေးအတွက်နဲ့ မျိုးနွယ်စုဝင်တွေရဲ့ကိုယ်ကို အန္တရာယ်ကြုံခွင့်ပြုမယ်လို့ မထင်ခဲ့မိဘူး။ ခင်ဗျားက တကယ်ပဲ ကျုပ်ကို စိတ်ပျက်စေတာပဲ!"

ခေါင်းဆောင်စီလူကာမှာ တိတ်ဆိတ်သွားသော်လည်း၊ နံဘေးရှိ ကမ်ဘီက ၎င်းတို့ကိုကြည့်နေရင်း မနေနိုင်ဘဲ အလျင်အမြန်ပြောလာသည်၊ "ဥက္ကဌ၊ ခင်ဗျား ခေါင်းဆောင်ကို အထင်လွဲနေပြီ!"

"ကျုပ်က ဘယ်လိုလုပ် အထင်လွဲရမှာလဲ?" ရှုယီက ဤနေရာရှိ ထိတ်လန့်ဖွယ်ညစ်ညမ်းမှုကြောင့် စိတ်ဓာတ်ကျနေပြီး ခေါင်းဆောင်စီလူကာ၏အဖြေကိုကြားလိုက်ရာ စိတ်ထဲ၌ ဒေါသအချို့ပြည့်လာသည်။ ကမ်ဘီက သူ့အတွက် ငြင်းခုံချင်လာသည်ကို ကြားသော် တုံ့ဆိုင်းမှုမရှိဘဲ မေးလိုက်မိ၏၊ "ကမ်ဘီ, မင်းနဲ့ မင်းရဲ့လူပုလေးညီနောင်တွေက စက်ရုံမှာ အလုပ်လုပ်ပြီးနေထိုင်တာကြောင့် ဒီနေရာအတွက်နဲ့ ထိခိုက်မှာမဟုတ်ဘူး။ ဒီလိုနေရာမျိုးမှာ နေတာကနေ ဘယ်လိုထိခိုက်မှုမျိုးတွေဖြစ်နိုင်လဲဆိုတာ မင်းသိလောက်မှာမဟုတ်ဘူး။ မင်းဒီမှာသာဆက်နေရင် မင်းတို့လူပုလေးတွေရဲ့ ဘဝသက်တမ်းကိုပါ ထိခိုက်လာနိုင်တာကို သိရဲ့လား?"

ကမ်ဘီမှာ ရှုယီအတွက် အချိန်တစ်ခုလောက် အလုပ်လုပ်ခဲ့ပြီး ရှုယီကို တဖြည်းဖြည်းကြောက်ရွံ့လာခဲ့သည်ပင်။ ဆူခံရပြီးနောက်၌ သူဟာ မငြင်းဝံ့တော့သော်လည်း စဉ်းစားကြည့်လိုက်သော် ခေါင်းဆောင်စီလူကာအတွက် ဖြေရှင်းပေးရန် ကြိုးစားမိဆဲပင်၊ "ဥက္ကဌ၊ ခင်ဗျား ခေါင်းဆောင်အကြောင်းကိုလည်း နည်းနည်းလောက်စဉ်းစားပေးရမယ်လေ။ ကျုပ်တို့လူပုလေးတွေရဲ့နေ့ရက်တွေက နည်းနည်းလောက်ပိုကောင်းလာပြီဆိုပေမယ့် ငွေချို့တဲ့နေသေးတယ်။ ခေါင်းဆောင်က မျိုးနွယ်စုဝင်တွေအတွက်စဉ်းစားပြီး သူတို့တွေ အစားအသောက်ဝယ်ရာမှာသုံးမယ့် ငွေတွေအားလုံးကို သုံးလိုက်ဖို့ ဆန္ဒမရှိလို့ပါ။"

ရှုယီက ရပ်တန့်သွားကာ၊ "ခင်ဗျားတို့ အစားအစာဝယ်ဖို့ ငွေမလုံလောက်ဖြစ်နေတုန်းပဲလား?"

ခေါင်းဆောင် စီလူကာက ခါးသက်သက်အပြုံးဖြင့်ခေါင်းခါလျက်၊ "ကျုပ်တို့မှာ အစားအစာဝယ်ဖို့ လုံလောက်‌ပါတယ်၊ ဒါပေမယ့် ငွေတချို့စုထားချင်လို့ပါ။ ဆောင်းရာသီရောက်ရင် ကျုပ်တို့မျိုးနွယ်စုဝင်တွေအတွက် အိမ်တွေပြင်ပေးချင်လို့၊ ဒါကြောင့်... ဥက္ကဌရှု၊ ခင်ဗျားမှန်ပါတယ်၊ မျိုးနွယ်စုဝင်တွေရဲ့ခန္ဓာကိုယ်အဆင့်ကျသွားရင်‌လည်း ငွေစုတာက ဘာအဓိပ္ပာယ်မှမရှိတော့ဘူး။ ကျုပ်ချက်ချင်းပဲ မျိုးနွယ်စု‌ဝင်တွေကို ပြောင်းရွှေ့လိုက်ပါ့မယ်!"

ရှုယီမှာ ၎င်းကိုစဉ်းစားကာ ရုတ်တရတ်မေးလေသည်၊ "ခေါင်းဆောင် စီလူကာ, ခင်ဗျားရဲ့ ခန့်မှန်းချေအရ အားလုံးကို ပတ်ဝန်းကျင်ကောင်းဆီ ရွေ့ပြောင်းပေးဖို့ ငွေဘယ်လောက်ကုန်ကျနိုင်လဲ?"

"တကယ်တော့ ရွှေ့မယ်ဆိုရင် ကြေးတစ်ပြားတောင် မကုန်ပါဘူး။ ကျုပ်တို့လူပုလေးတွေက အိမ်တွေကို ကိုယ်တိုင်ဆောက်တော့ အချိန်မီပါတယ်။ ဒါပေမယ့်..." ခေါင်းဆောင် စီလူကာကနေရခက်ဟန်ဖြင့်၊ "ကျုပ်အနေနဲ့ ဒီအပိုဝင်ငွေနဲ့ အားလုံးကို ပိုကောင်းတဲ့ အိမ်လေးပေးချင်တာကြောင့် လူသားတွေဆီကနေ ပစ္စည်းတွေဝယ်ချင်တာပါ။ ဖြစ်နိုင်ရင် လူသားတွေက အိမ်ဆောက်တဲ့နေရာမှာ ကျုပ်တို့ထက်ပိုကောင်းပြီး ပိုလှတော့ အိမ်ဆောက်ပေးဖို့ လူတွေကိုတောင် ဖိတ်ချင်တာ။ ကျုပ်တွက်ကြည့်တာတော့ မျိုးနွယ်စုဝင်တစ်ယောက်စီကို အိမ်ကောင်းကောင်းပေးဖို့က ရွှေဒင်္ဂါးနှစ်ထောင်ကျော်လောက် ကျလိမ့်မယ်။"

ရှုယီက ခေါင်းငြိမ့်ကာ အတည်ပြောလိုက်သည်၊ "ကောင်းတယ်၊ ခေါင်းဆောင်စီလူကာ, ကျုပ်က Frestech ကုန်သည်ကြီးများအသင်းကိုယ်စား ခင်ဗျားတို့ မျိုးနွယ်စု အိမ်အသစ်ဆောက်ရာမှာ ကူညီဖို့ ရွှေဒင်္ဂါးသုံးထောင်ပေးလိုက်မယ်။"

ခေါင်းဆောင်စီလူကာနှင့် ကမ်ဘီတို့ နှစ်ဦးစလုံးမှာ အံ့ဩကာ အလျင်အမြန်လက်ယမ်းလိုက်ကြ၏။

"ဘယ်လိုလုပ်ဖြစ်မှာလဲ! ဟင့်အင်း၊ ဥက္ကဌရှု၊ ကျုပ်တို့မျိုးနွယ်စုမှာ ဒီလိုကောင်းမွန်တဲ့နေ့တွေရှိလာတာက ခင်ဗျားနဲ့ Frestech ကုန်သည်ကြီးများအသင်းကြောင့်ပါ။ ကျုပ်တို့က ခင်ဗျားဆီကနေ အကူအညီတွေတော်တော်ရပြီးနေပြီကို ဘယ်လိုလုပ် ခင်ဗျားရဲ့ငွေကို လိုချင်နေသေးရမှာလဲ? အခု ကျုပ်ဒီငွေကို မယူနိုင်ဘူး!"

ရှုယီက ပြတ်သားစွာပြောလိုက်သည်၊ "ခင်ဗျားတို့မလိုချင်ရင်တောင် ယူရမယ်။ ဒါပေမယ့် ခေါင်းဆောင်စီလူကာ ကျုပ်တွေးပြီးပြီ။ ခင်ဗျားက လူပုလေးဆိုတော့ ခင်ဗျားကို ငွေတိုက်ရိုက်ပေးတာက မကောင်းဘူး၊ မဟုတ်ရင် ခင်ဗျားတို့အိမ်ဆောက်ကူဖို့ လူသားလုပ်ငန်းစုတစ်ခုဆီ သွားရင် ငွေအလိမ်ခံရနိုင်တယ်။ ဒီလိုဆိုရင်ရော၊ ကျုပ်က အခု အမ်ရစ်ကုန်သည်ကြီးများအသင်းနဲ့ ဆက်ဆံရေးကောင်းတော့ ကျုပ်ပဲ အမ်ရစ်ကုန်သည်ကြီးများအသင်းဆီမှာ ခင်ဗျားတို့ကို အိမ်ဆောက်ကူဖို့ သွားပြောလိုက်မယ်။ အိမ်ပုံစံနဲ့ တည်နေရာကိုတော့ ခင်ဗျားပဲ ဆုံးဖြတ်ပေါ့။ ဒီအစီစဉ်ကို ဘယ်လိုထင်လဲ?"

ခေါင်းဆောင်စီလူကာနှင့် ကမ်ဘီတို့၏ မျက်လုံးများတောက်ပသွားသည်။

"ဒီနည်းလမ်းက ကောင်းပါတယ်၊ ဒါပေမယ့် ဥက္ကဌရှု၊ ဒါက...ဒါက ခင်ဗျားအတွက် ဒုက္ခများတယ်။ ပြီးတော့၊ ဒါက ငွေအများကြီးကုန်မှာမဟုတ်လား? ကျုပ်ထင်တာ ရွှေဒင်္ဂါးနှစ်ထောင်နဲ့တောင် မလောက်မှာစိုးရတယ်..."

ရှုယီက လက်ယမ်းလျက်၊ "ငွေအကြောင်းစိုးရိမ်ဖို့ မလိုပါဘူး။ အမ်ရစ်ကုန်သည်ကြီးများအသင်းကို ဒီအိမ်တွေဆောက်ခိုင်းဖို့ စဉ်းစားရင် ကျုပ်အကြံသစ်တွေရုတ်တရတ် ရလာတယ်။ ခေါင်းဆောင်စီလူကာ, လမ်ပူရီတိုင်းပြည်မှာ ခင်ဗျားတို့ လူပုလေးညီနောင်တွေ ခန့်မှန်းချေဘယ်လောက်ရှိသလဲကို သိလား?"

"ဒါက..." ခေါင်းဆောင် စီလူကာက စဉ်းစားကာ မသေချာသည့်အသံဖြင့် တုံ့ပြန်လာသည်၊ "နှစ်သောင်း...သုံးသောင်းပတ်လည်လောက်? ကျုပ်လည်း မသေချာဘူး။"

"အန်း၊ ဒါဆို ခင်ဗျားဆက်သွယ်နိုင်တာကရော ဘယ်လောက်လောက်ရှိလဲ?" ရှုယီကမေးသည်။

"ကျုပ်တို့မျိုးနွယ်စုနဲ့ဆက်သွယ်နိုင်တာကတော့ မျိုးနွယ်စုနှစ်ဆယ်လောက်ရှိတော့ ငါးထောင်နီးပါးပေါ့။" ခေါင်းဆောင် စီလူကာက ဖြေဆိုသည်။

"အရမ်းကောင်းတယ်။ ကျုပ်အကြံသစ်က ကျုပ်အနေနဲ့ အိမ်အသစ်ဆောက်တော့မှာဆိုတော့ နည်းနည်းလောက် ပိုဆောက်ရမလားလို့လေ။ ကျုပ် ဒီကနေ သိပ်မဝေးတဲ့နေရာက ဟင်းလင်းပြင်တစ်ခုကို ရွေးပြီး လူပုလေး ထောင်ချီအတွက် အိမ်ပမာဏများများဆောက်ပေးဖို့ စီစဉ်ထားတယ်။ ခင်ဗျားတို့ နော်မာမျိုးနွယ်စုကအပြင် တခြားမျိုးနွယ်စုက လူပုလေးတွေကိုလည်း အဲ့မှာနေဖို့ ဖိတ်ချင်တယ်။ ဥပမာ၊ ကျုပ်ထင်တာ အန်ဂိုလာမျိုးနွယ်စုနဲ့ ခေါင်းဆောင်မွန်တိုတို့လည်း ကျုပ်ရဲ့ အကြံကို သဘောတူဖို့ ဆန္ဒရှိလောက်မယ်။"

ရှုယီ၏အကြံကိုကြားသော် ခေါင်းဆောင်စီလူကာနှင့် တခြားလူပုလေးများ အံ့ဩသွားရုံမက စတေးလ်သည်ပင် ရှုယီကို တအံ့တဩကြည့်လိုက်သည်။

"ဟေး၊ ရှုယီ၊ ရှင်ဘာတွေစီစဉ်ထားတာလဲ? လူပုလေးအားလုံးကို စုဆောင်းလိုက်တော့ နိုင်ငံရဲ့အမှုထမ်းတွေရဲ့ သတိထားမှုကို ဆွဲဆောင်လိုက်မိမှာကို မစိုးရိမ်ဘူးလား?"

ရှုယီက ကြောင်အသွားကာ၊ "ဒါက တကယ်ကို ပြဿနာပဲ..."

ခေါင်းဆောင်စီလူကာက အလျင်အမြန်ပြောလာသည်၊ "သခင်မလေး စတေးလ်ပြောတာမှန်တယ်။ ကျုပ်တို့ လူပုလေးအများကြီးကိုသာ စုဆောင်းလိုက်ရင် ခင်ဗျားတို့လူသားဘုရင်က အထင်လွဲသွားမှာကို စိုးရိမ်တယ်။ ဥက္ကဌရှု၊ ကျုပ်တို့ကို အိမ်အသစ်ဆောက်ဖို့ ကူညီတာကို လက်ခံပေမယ့် အားလုံးကို မေ့ထားလိုက်ကြရအောင်ပါ။"

"မဟုတ်ဘူး၊ ကျုပ်က ဒါကို အကြံကောင်းလို့ထင်တယ်၊ ဘုရင်ကြီးလည်း ဒါကိုမဆန့်ကျင်လောက်ဘူး။" ရှုယီက စဉ်းစားကာ ဆက်ပြော၏၊ "ဒီလိုဆိုရင်ရော၊ အစက အစီစဉ်ကို သုံးကြရအောင်။ ခေါင်းဆောင် စီလူကာက အနီးနားက နေရာတစ်နေရာကို ရွေးလိုက်၊ ကျုပ်က အမ်ရစ်ကုန်သည်ကြီးများအသင်းကို ခင်ဗျားတို့အတွက် အိမ်အသစ်‌တွေဆောက်ခိုင်းလိုက်မယ်။ ဒါပေမယ့် ခေါင်းဆောင်စီလူကာ, ခင်ဗျားဒီနေရာအသစ်ကို ရွေးတဲ့အချိန်မှာ အိမ်များများရနိုင်မယ့်နေရာကို ရှာရင်တော့ အကောင်းဆုံးပဲ။ ကျုပ်အစီစဉ်ကသာ ဘုရင်ကြီးဆီက ခွင့်ပြုချက်ရတဲ့အခါ ဖြည့်ဖို့ နေရာရှိရင်တော့အကောင်းဆုံးပေါ့။"

ရှုယီက အခိုင်အမာပြောနေသည်ကိုမြင်သော် ခေါင်းဆောင် စီလူကာက တုံ့ပြန်သည့်အနေဖြင့် ခေါင်းသာ ငြိမ့်လိုက်နိုင်သည်။

သို့သော် လုံခြုံမှုအတွက် ခေါင်းဆောင်စီလူကာမှာ ရှုယီကို တစ်ဖန်သတိပေးလိုက်သည်။

"ဥက္ကဌရှု၊ မျိုးနွယ်စုစစ်ပွဲက နှစ်ထောင်ချီကြာပြီဆိုပေမယ့်လည်း ခင်ဗျားတို့လူသားတွေက တခြားမျိုးနွယ်တွေကို သတိထားနေတုန်းပဲ။ ခင်ဗျားဆီမှာ အလုပ်လုပ်ဖို့ လူပုလေးညီနောင်နည်းနည်းလောက်ရှိတာက အဆင်ပြေပါတယ် ဒါပေမယ့် အားလုံးကို အတူစုဖို့ကတော့ ခင်ဗျားတို့ဘုရင်ရဲ့ သံသယကို ဆွဲဆောင်မိလိမ့်မယ်။ ကျုပ်စိုးရိမ်တာက ဒီကိစ္စကနေ ခင်ဗျားနဲ့ Frestech ကုန်သည်ကြီးများအသင်းဆီ ဒုက္ခတွေယူဆောင်လာနိုင်တာကြောင့် သတိနည်းနည်းပိုထားရင်တော့ အကောင်းဆုံးပဲ။"

စတေးလ်လည်း မျက်မှောင်ကုပ်ကာ စိုးရိမ်နေသံဖြင့်ဆိုလာသည်၊ "အမှန်ပဲ၊ ရှုယီ ခေါင်းဆောင်စီလူကာပြောတာမှန်တယ်။ ကျွန်မမှာ လူပုလေးနဲ့ တခြားမျိုးနွယ်စုတွေကို ဆန့်ကျင်စရာအကြောင်းမရှိပေမယ့်လည်း တခြားလူတွေ သံသယဝင်တာက ရပ်တန့်ဖို့ ခက်ခဲတယ်။ ရှင့်ကို လူတချို့ကသာ မနာလိုဖြစ်ရင် ရှင်နဲ့ လူပုလေးတွေရဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကိုင်တွယ်မှုကို ဖမ်းထားကြနိုင်တယ်။"

"ခင်ဗျား စိုးရိမ်ပေးတာကိုနားလည်ပါတယ်။" ရှုယီက ပြုံးလျက်၊ "ဒါပေမယ့် ကျုပ်ပြောနိုင်တာက ဒီလိုဖြစ်တာဟာ သူ‌တို့အနေနဲ့ တခြားမျိုးနွယ်စုတွေမှာရှိတဲ့ တန်ဖိုးကို မသိကြလို့ပဲ။ သူတို့နားလည်တဲ့တစ်နေ့ကျရင် ကျုပ်ဘာကိုမှ လုပ်ဖို့မလိုဘဲ သူတို့ကပဲ ဒါကိုပြောင်းလဲဖို့ ကြိုးစားလိမ့်မယ်။ အဲ့အချိန်ရောက်လာရင် ကျုပ်က နိမိတ်ဖတ်သူဖြစ်လာလိမ့်မယ်!"

စတေးလ်က မျက်လုံးများကိုလှိမ့်ကာ၊ "ကျွန်မစိုးရိမ်တာက ရှင် နိမိတ်ဖတ်သူဖြစ်မလာခင် အသက်စွန့်သူဖြစ်လာမှာကိုပဲ။"

***

(နာမ်စားကို အမျိုးမျိုးသုံးတာက ဖတ်ရရှုပ်လို့ နည်းနည်းလေးပြောင်းထားပါတယ်နော် ဖတ်ရအဆင်မပြေရင်ပြောပေးပါ)

မှော်စက်မှုအင်ပါယာ

Vol 1, အခန်း ၁၃၆။ နတ်သူငယ်မျိုးနွယ်စု

ရှုယီနှင့်ကျန်သုံးဦးမှာ နော်မာမျိုးနွယ်စု၌ တစ်ညအနားယူပြီး နောက်နေ့မနက်စောစောတွင် အန်ဂိုလာမျိုးနွယ်စုထံ သွားလိုက်သည်။ ခေါင်းဆောင်မွန်တိုနှင့် ကိစ္စတချို့ဆွေးနွေးကာ မျိုးနွယ်စုအသစ်တည်ထောင်ရန် အစီစဉ်တချို့ချပြီးနောက် အက်ဂ်နက်စ်၏ဦးဆောင်မှုဖြင့် မိုးကျသစ်တောဆီ ဦးတည်လိုက်ကြသည်။

မိုးကျသစ်တောကိုဖြတ်ရန် လမ်းမရှိရာ လေးဦးသားမှာ မြင်းလှည်းကိုစွန့်လျက် အက်ဂ်နက်စ်နှင့်အတူ တောင်ပေါ်တောကို ခြေကျင်သာ ဖြတ်သွား‌ရသည်။

မိုးကျသစ်တောက နှစ်ဆယ်ကီလိုမီတာခန့်သာ ဝေးသည်မှာ ကိစ္စကောင်းပင်၊ ထို့ကြောင့် အားအနည်းဆုံးဗီဗီယန်ပင် ဆက်သွားနိုင်၏။

နောက်နေ့ညနေတွင် လေးဦးသားမှာ မိုးကျသစ်တောစပ်သို့ ရောက်လာကြသည်။

မိုးကျသစ်တောအပြင်ဘက်ရှိ ကောင်းကင်က လင်းထိန်နေဆဲဖြစ်သော်လည်း တောထဲသို့ဝင်လိုက်သည်နှင့် ခေါင်းအထက်ရှိ သစ်ကိုင်းထူထူအုပ်အုပ်ကြီးများက အလင်းရောင်ကို ပိတ်ဆို့လိုက်ပြီး အလင်းတစ်စပင် တိုးဝင်ခွင့်မပြုချေ။

သို့သော် မိုးကျသစ်တောက လုံးဝကြီးမှောင်သွားခြင်းတော့ မဟုတ်။ ဘေးဘီကြည့်လိုက်လျှင် ၎င်းတို့နံဘေး၌ တလက်လက်တောက်ပနေသည့် အစိမ်း၊ ခရမ်းနှင့် အပြာရောင်အလင်းတချို့ရှိနေသည်။ ၎င်းက တောအုပ်ကို ထူးဆန်းသည့်အရောင်ဖြင့် ခြုံလွှမ်းထားပြီး ပိုမို ဆန်းကြယ်နေစေ၏။

၎င်းက အက်ဂ်နက်စ်အတွက် ပုံမှန်မြင်ကွင်းဖြစ်သော်လည်း ရှုယီ၊ စတေးလ်နှင့် ဗီဗီယန်တို့လို ပထမဆုံးရောက်ဖူးသူများကမူ မအံ့ဩမိဘဲ မနေနိုင်ချေ။

အထူးသဖြင့် မိန်းကလေးနှစ်ဦးဖြစ်သည့် ဗီဗီယန်နှင့် စတေးလ်တို့မှာ ရှေ့ရှိ ဆန်းကြယ်သော မြင်ကွင်းကြောင့် သိလိုစိတ်နှင့် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နေကြသည်။

စတေးလ်က ရှုယီ၏လက်မောင်းကိုပင်ဆွဲကာ စိတ်လှုပ်တရှားထအော်လာသည်၊ "ရှုယီ၊ ကျွန်မတို့ ဒီမှာသာနေ့တိုင်းရှိနေရမယ်ဆို ဘယ်လောက်ကောင်းလိုက်မလဲ! ဒီနေရာက အရမ်းလှတာပဲ!"

ရှုယီက ခံစားချက်မဲ့စွာဖြင့် သူမခြေထောက်နံဘေးက မြေပြင်ကို ညွှန်ပြလာသည်၊ "သတိထား၊ အဲဒီမြွေကို မနင်းမိစေနဲ့။"

စတေးလ်က ကြောက်လန့်တကြားထခုန်ကာ ရှုယီညွှန်ပြသည့်နေရာကိုငုံ့ကြည့်လိုက်သော် သူမရှေ့၌ တွားသွားနေသော ဧရာမအစိမ်းရောင်ဖျော့ဖျော့မြွေတစ်ကောင်ကိုမြင်လိုက်ရသည်။

ထို‌ဧရာမမြွေကြီးမှာ လူများကို ခြောက်လှန့်လိုပုံမရဘဲ လုံးဝလျစ်လျူရှုထားပေ၏။ ၎င်းက သူတို့လေးဦးရှေ့မှ ဘေးရှိ အမှောင်ထဲသို့ တရွေ့ရွေ့နှင့် ဝင်ရောက်ပျောက်ကွယ်သွားသည်။

"အဲဒါက သစ်ရွက်စိမ်းမြွေပါ၊ လူတွေကိုမကိုက်ဘူးရယ်။" အက်ဂ်နက်စ်က မြွေပျောက်သွားသည့်နေရာကို ညွှန်ပြရင်း ထိုသို့ရှင်းပြလာသည်။ ထို့နောက် သုံးယောက်သားကို လက်ယမ်းပြကာ၊ "ကျွန်မနောက်ကနေလိုက်လာခဲ့ မဟုတ်ရင်တော့ ပျောက်သွားဖို့ အရမ်းလွယ်တယ်။"

သုံးယောက်သားမှာ အလျင်အမြန်ပင် ခေါင်းငြိမ့်ကာ အက်ဂ်နက်စ်နောက်သို့ အသာတကြည်လိုက်၍ မိုးကျသစ်တောထဲသို့ နက်သထက်နက်အောင် ဦးတည်လာကြသည်။

မိုးကျသစ်တောထဲသို့ မဝင်ခင်က ရှုယီမှာ အဘယ့်ကြောင့် လူများစွာက တောထဲ၌ နတ်သူငယ်များနေမှန်းသိနေကြသော်လည်း မည်သူကမှ နတ်သူငယ်တစ်ဦးကိုပင် မမြင်ဖူးသည်ကို နားမလည်ခဲ့ပေ။

မိုးကျသစ်တောထဲသို့ ဝင်ပြီးနောက်တွင်မူ ရှုယီကနားလည်လိုက်သည်။

မိုးကျသစ်တောအား အင်မတန်ကျယ်ပြောသည်ဟု သတ်မှတ်၍မရပေ၊ သို့သော် တစ်ခါဝင်လိုက်သည်နှင့် ပတ်ဝန်းကျင်က လူများကို အလွယ်တကူ ပျောက်စေနိုင်၏။

ထို့အပြင် တောထဲ၌ပေါက်ရောက်နေသည့် အပင်ထူထူကြီးများလည်းရှိကာ လူများဖြတ်သွားရန် ခက်ခဲစေသည်။

အက်ဂ်နက်စ်က ဦးဆောင်နေခြင်းကြောင့်မဟုတ်ပါဘဲ သုံးယောက်သားသီးသန့်လာသည်ဆိုလျှင် လမ်းမြန်မြန်ပျောက်ကာ ဘယ်နေရာ၌ ရောက်နေမှန်းပင် သိကြမည်မဟုတ်ပေ။

ထိုသို့သော ရှုပ်ထွေးလှသည့် ပတ်ဝန်းကျင်၌ နေထိုင်သည့် နတ်သူငယ်များကို ရှာလိုသည်မှာ မဖြစ်နိုင်လုနီးပါးပင်။

အက်ဂ်နက်စ်က သန်မာသည်ကိုမဆိုထားနှင့် အင်မတန်လည်း မြန်လှသည်။ သူမ မိုးကျသစ်တောအုပ်ထဲဝင်လိုက်သည်နှင့် သူမကိုယ်က အလေးချိန်အားလုံးပျောက်ဆုံးသွားပုံပေါ်ကာ တောအုပ်ကို ဖြတ်သွားသည့်ပုံကလည်း မည်သည့်အားစိုက်မှုမှ မထုတ်လိုက်ရသလိုပါပင်။

ပထမဆုံး ၎င်းတို့သုံးဦးမှာ လိုက်မီနေသေးသော်လည်း တစ်နာရီနီးနီးလောက်အကြာတွင် ရှုယီမှာ ဆက်မသွားနိုင်တော့ပေ။

သူဟာ ဗီဗီယန်ကဲ့သို့ မိန်းမငယ်လေးထက်ပို၍ အားနည်းနေရသည်မှာ ရှုယီကျောထက်၌ သစ်သားသေတ္တာကြီးတစ်လုံးရှိနေ၍ပင်။ ၎င်း၌ နတ်သူငယ်မျိုးနွယ်စုထံသွားသည့် ဤခရီးအတွက် လိုအပ်သည့် အရေးကြီး ကိရိယာများပါဝင်သည်။

သေတ္တာမှာ ပေါင်ဒါဇင်နှင့်ချီလေးရာ ရှုယီက လူငယ်လေးတစ်ဦးဖြစ်ပါလျှင်တောင် ကျောပေါ်၌ အချိန်ကြာကြာ သယ်မထားနိုင်ပေ။

အက်ဂ်နက်စ်က ၎င်းမြင်ကွင်းကိုမြင်သော် ရှုယီကျောထက်မှသေတ္တာကို တိုက်ရိုက်ယူကာ သူမကျောထက်၌ အလွယ်လေးတင်ဆောင်လိုက်သည်။ သူမ၏ နောက်လက်တစ်ဘက်က မောဟိုက်နေသည့် ဗီဗီယန်ကို တွဲကူလျက် မည်သည့်အားမှစိုက်မထုတ်ထားသည့်နှယ် ခရီးဆက်လိုက်သည်။

စတေးလ်က ရှုယီကို သနားစဖွယ်ကြည့်လာရာ ရှုယီက ကူရာမဲ့စွာခါးသက်သက်ရယ်လိုက်သည်။ ထို့နောက် နှစ်ဦးသားက ရယ်လျက် ရှေ့ဆက်သွားလေသည်။

၎င်းတို့မှာ နှစ်နာရီ‌နီးပါးထိုသို့ဆက်သွားရင်း အလယ်တွင် နှစ်ကြိမ်နားခဲ့သေးသည်။

အက်ဂ်နက်စ်က ရုတ်တရတ် ၎င်းတို့သုံးဦးကို ရပ်တန့်ရန် အချက်ပြကာ ကျောပေါ်မှသေတ္တာကိုချ၍ ဗီဗီယန်ကို လွှတ်ကာ ရှုယီကိုပြောလေသည်၊ "ခဏစောင့်ဦး" သူမက ထိုသို့ပြောပြီးနောက် ခုန်ကာ သစ်ပင်ကြီးတစ်ပင်ထက်သို့ တက်လိုက်၏။

နှစ်ခါမျှ ခုန်ပြီးနောက်တွင် တောထဲမှပျောက်ကွယ်သွားသည်။

စတေးလ်မှာ ၎င်းကြောင့် အံ့ဩသွားကာ မနေနိုင်တော့ဘဲ စိုးရိမ်နေသံဖြင့်ပြောလေသည်၊ "ရှုယီ၊ သူမက ကျွန်မတို့က ဒီနေရာမှာပဲ ထားခဲ့မှာတော့ မဟုတ်ဘူးမို့လား?"

ရှုယီက ထိုင်ချကာ သူ့နံဘေးမှ မြေပြင်ကိုပုတ်လျက်၊ "အေးဆေးပေါ့၊ အက်ဂ်နက်စ်က ကျုပ်တို့ကို သူမတို့မျိုးနွယ်စုပြဿနာကို ဖြေရှင်းပေးနိုင်မယ်လို့ မျှော်လင့်နေတုန်းပါပဲ။ လာပြီး အရင်ဆုံးနားလိုက်ပါဦး။"

စတေးလ်မှာ အက်ဂ်နက်စ်ပျောက်သွားသည့်ဘက်ကိုကြည့်နေသည်။ စဉ်းစားကြည့်ပြီးနောက် ပူပန်နေသည်က အသုံးမဝင်ဟု တွေးတောကာ ရှုယီ‌နံဘေးထိုင်ချလိုက်သည်။

သုံးဦးသားမှာ ဆယ်မိနစ်လောက်အနားယူပြီး အသက်ဝဝရှူပြီးနောက်တွင် ၎င်းတို့အပေါ်ရှိ သစ်ပင်များထံမှ အသံထွက်လာပြီး ပုံရိပ်ဆယ်ခုကျော်ခန့် ခုန်ဆင်းလာသည်။

ရှုယီလည်း ၎င်းတို့ကိုကြည့်လိုက်ရာ ပထမဆုံးခုန်ဆင်းလာသူက အက်ဂ်နက်စ်ဖြစ်ကြောင်းတွေ့လိုက်ရသည်။ အက်ဂ်နက်စ်အတူခုန်ဆင်းလာသည့်သူများတွင် ယောက်ျားနှင့်မိန်းမများပါဝင်ပြီး အားလုံး၌ နားရွက်ရှည်များရှိ၏။ ကြည့်ရသည်မှာ ၎င်းတို့ကလည်း အက်ဂ်နက်စ်ကဲ့သို့ နတ်သူငယ်များဖြစ်လောက်သည်။

"အက်ဂ်နက်စ်, ခင်ဗျားတို့မျိုးနွယ်စုဝင်တွေ ကျုပ်တို့ကိုလာခေါ်တာလား?" ရှုယီက ထရပ်ကာ အက်ဂ်နက်စ်ကို လက်ယမ်းပြလိုက်သည်။ အက်ဂ်နက်စ်နောက်မှ နတ်သူငယ်ယောက်ျားတစ်‌ဦးက ရှေ့သို့ တစ်လှမ်းလှမ်းလာကာ သူမရှေ့ရောက်လာမည်ဟု မည်သူကထင်ထားမည်နည်း။ သူက လက်ထဲရှိ လေးကိုမြှောက်လျက် ရှုယီထံချိန်ရွယ်လိုက်သည်။

"လူသား၊ မင်းလက်ကို ချလိုက်။"

ထိုနတ်သူငယ်အထီး၏ သတိထားနေဟန်ကိုမြင်သော် ရှုယီမှာ အက်ဂ်နက်စ်ကို မျက်မှောင်ကုပ်လျက် ပြောလာသည်၊ "ဘာလဲ? အက်ဂ်နက်စ်, ခင်ဗျားက သူတို့ကို ကျုပ်တို့လာမယ့် အကြောင်းမပြောထားတာလား?"

"ကျွန်မပြောခဲ့ပါတယ်၊ ဒါပေမယ့်..." အက်ဂ်နက်စ်၏မျက်နှာထားက အတန်ငယ်နေရခက်လာသည်။ ခဏရပ်တန့်ပြီးနောက်တွင် ရှုယီကို တောင်းပန်ဟန်ဖြင့်၊ "ဥက္ကဌရှု၊ သူ‌တို့ပြောသလိုသာလုပ်လိုက်ပါ၊ ဟုတ်ပြီလား? ရှင်စိတ်ချပါ၊ ရှင်တို့ကို နာကျင်အောင်တော့မလုပ်ပါဘူး။"

ရှုယီ နှာမှုတ်ကာ လက်ချလိုက်၏။

ရှုယီထံဆက်ဆံမှုနှင့်ယှဉ်လျှင် နတ်သူငယ်များမှာ စတေးလ်နှင့် ဗီဗီယန်ကို ပိုကောင်းကောင်းဆက်ဆံ၏။ ၎င်းတို့အား ထိုနတ်သူငယ်ယောက်ျားလို လေးနှင့်မချိန်ထားသလို ၎င်းတို့အနီးက နတ်သူငယ်အမျိုးသမီးများကပင် သလိုစိတ်ဖြင့်ကြည့်လာကာ မည်သည့်မယဉ်ကျေးမှုမပြပါချေ။

ကြည့်ရသည်မှာ လူသားများကသာ နတ်သူငယ်များကို မြင်ရရှားခြင်းမဟုတ်ဘဲ နတ်သူငယ်များသည်လည်း လူသားများကို မြင်ရန်ရှားပါးနေပုံပင်။ ၎င်းတို့၌လည်း လူသားတို့ကို သိလိုစိတ်ဖြင့်ပြည့်နေ၏။

ရှုယီ လက်ချလိုက်သည်ကို မြင်သော် နတ်သူငယ်ယောက်ျား၏ မယဉ်ကျေးမှုက ပျောက်ကွယ်သွားသော်ငြား သတိထားမှုကိုတော့ လုံးဝမလျှော့ချပါချေ။ သူက တခြားနတ်သူငယ်များကို လက်ပုံစံတစ်ခုလုပ်ပြလိုက်ရာ တခြားနတ်သူငယ်များက အဝတ်ထူထူတစ်ခု ထုတ်လာ၏။

"ဥက္ကဌရှု၊ သခင်မလေး စတေးလ်, သခင်မလေးဗီဗီယန်တို့ ကျေးဇူးပြုပြီး မျက်လုံးကို ကာထားလိုက်ပါ။" အက်ဂ်နက်စ်က နေရခက်စွာပြောလာသည်၊ "ဒါက အကြီးအကဲရဲ့တောင်းဆိုမှုမို့လို့ နားလည်ပေးပါဦးနော်။"

ရှုယှက ပခုံးကိုတွန့်ကာ မည်သည်ကိုမှဆိုမလာဘဲ မျက်လုံးကိုသာညွှန်ပြလိုက်သည်။

အဝတ်က ထူပြီး ချည်လိုက်သည်နှင့် ရှုယီမှာ အမှောင်ထုထဲကျရောက်သွားပြီး မည်သည်ကိုမှ လုံးဝမမြင်ရတော့ချေ။

ထိုအချိန်၌ သွယ်လျလျလက်တစ်ဘက် ထွက်လာကာ ရှုယီလက်ကိုကိုင်လာသည်။ အက်ဂ်နက်စ်၏အသံက ရှုယီ နားထဲ၌ ငြင်သာစွာထွက်ပေါ်လာကာ၊ "ဥက္ကဌရှု၊ ကျွန်မနောက်လိုက်ခဲ့ပါ။"

ရှုယီအား အက်ဂ်နက်စ်က ဆွဲလာသည်။ မည်သည်ကိုမျှမသိရသည့် တောထဲ၌ လှည့်ပတ်လျှောက်နေပြီးနောက် သူကိုယ်က အရာတော်တော်များများနှင့် ပွတ်တိုက်သွားသည်ကို ခံစားလိုက်ရပြီး သူ့နံဘေးရှိ အက်ဂ်နက်စ်က ရပ်တန့်လိုက်သည်။

"ဥက္ကဌရှု၊ ကျွန်မတို့ရောက်ပြီ။" အက်ဂ်နက်စ်က ရှုယီ၏မျက်လုံးများကို ကာထားသည့်အဝတ်အားဖြည်လိုက်ရာ နွေးထွေးကာတောက်ပသည့် အစိမ်းရောင်အလင်းက မျက်လုံးများထဲဝင်ရောက်လာသည်။

ရှုယီက မျက်လုံးမဖွင့်ခင် မျက်တောင်ခတ်ကာ သူတို့အုပ်စုက တကယ်တမ်း ဘာမျှမရှိသည့်နေရာကို ရောက်နေကြောင်းတွေ့လိုက်ရသည်။

မိုးကျသစ်တောအား သစ်ပင်များဖြင့်ဖုံးအုပ်ထားသည်။ ရှုယီတို့အဖွဲ့မှာ မည်သည်ကိုမှမမြင်ရဘဲ နေ့တစ်ဝက်လောက်လျှောက်လာခဲ့သော်လည်း ယခုတွင် စတုရန်းမီတာငါးရာ‌ပတ်လည်လောက်ရှိသည့် နေရာလွတ်ကိုရောက်လာသည်က ရှုယီကို အံ့ဩသွားစေသည်။

ဘေးဘီကိုကြည့်လိုက်သော် ကောင်းကင်ယံသို့ မီတာနှစ်ဆယ်လောက်ထိုးထွက်နေသည့် သစ်ပင်ကြီးများစွာကို တွေ့လိုက်ရသည်။

ထိုဧရာမအပင်ကြီးများကိုကြည့်ရင်း ထိုသစ်ပင်များ၏သစ်ကိုင်းထူထူများထက်တွင် လှပသော သစ်လုံးအိမ်လေးများကိုမြင်ရသည်။

ထို သစ်လုံးအိမ်လေးများက သစ်ကိုင်းများထက်၌ ရှိနေပါသော်လည်း လုံးဝကွဲထွက်နေဘဲ ထိုဧရာမသစ်ပင်ကြီး၏ အစိတ်အပိုင်းတစ်ခုဖြစ်နေပုံပေါ်နေသည်။ ထိုဒီဇိုင်းက လှပပြီး နတ်သူငယ်များ၏ လှပခြင်းကိုမြတ်နိုးသည့်စရိုက်ကို အပြည့်အဝပြသထားသည်။

ထပ်မော့ကြည့်လိုက်ရာ ရှုယီမှာ ထိုဧရာမသစ်ပင်ကြီးများ၏သစ်ရွက်များက ကောင်းကင်ကိုအပြည့်ဖုံးအုပ်လျက် မည်သည့်အဟကိုမှပင် မပြနေသည်ကို မြင်လိုက်ရ၏။

သို့သော် သစ်ပင်များ၏ထိပ်ဖျား၌ အစိမ်းရောင်ဖျော့ဖျော့အလင်းက နေရာတစ်ခုလုံးကို ထွန်းညှိပေးထားသည်။

ထို့နောက် လှည့်ကြည့်လိုက်ရာ စတေးလ်နှင့် ဗီဗီယန်တို့လည်း မျက်လုံးအကာများကိုဖယ်ပြီးကာ လက်ရှိ‌တွင် ဘေးဘီကိုသိလိုစွာကြည့်နေပုံကို မြင်လိုက်ရသည်က ရှုယီကို စိတ်အေးသွားစေ၏။

သူဟာ အက်ဂ်နက်စ်ကို မေးခွန်းထုတ်ရန်ပြင်လိုက်ချိန်တွင် သူ၏အပေါ်၌ အရိပ်များပေါ်လာသည်။

မော့ကြည့်လိုက်ရာ နတ်သူငယ်အမျိုးသမီးတစ်ဦးက ကောင်းကင်ယံမှ တဖြည်းဖြည်းဆင်းလာသည်။

ရှုယီ၏နှလုံးကတုန်ယင်လာသည်။

ထိုနတ်သူငယ်အမျိုးသမီးက မြေပြင်ကိုဖြေးညင်းစွာဆင်းလာသည်မှာ သူမဟာ လေစွမ်းအားမှော်ပညာတွင် မဟာမှော်ပညာရှင်အဆင့်ရောက်နေပြီဟုဆိုလိုသည်။

သူဟာ ထိုသို့သော နတ်သူငယ်စုလေး၌ မဟာမှော်ပညာရှင်တစ်ဦးရှိနေလိမ့်မည်ဟုထင်မထားခဲ့ချေ။

သို့သော် စဉ်းစားကြည့်လိုက်ရာ မထူးဆန်းနေချေ။

လူသားများ၌ ရှိသည့် သဘာဝမှော်ပညာက ပထမနေရာရှိ နတ်သူငယ်များထံမှ လာသည်။ ထိုသို့ပင် အသက်တိုသောလူသားများနှင့်ယှဉ်ပါက နတ်သူငယ်များထံတွင် လေ့လာဖို့အချိန်ပိုများများရှိသည်။ ၎င်းကြောင့် အသက်ကြီးသည့် နတ်သူငယ်အားလုံးမှာ စွမ်းအားကြီးမှော်ပညာရှင်များဖြစ်သည်ဟု ဆိုနိုင်သည်။

ထိုနတ်သူငယ်အမျိုးသမီးက အက်ဂ်နက်စ်ထက် ပိုအသက်ကြီးပုံမပေါ်သော်ငြား နတ်သူငယ်များမှာ အရွယ်ရောက်လာလျှင်တောင် များများစားစားမပြောင်းလဲပေ။ ထို့ကြောင့် လက်ရှိ သူမအသက်ဘယ်လောက်ရှိကြောင်းကို ရှုယီလည်း လုံးဝမခန့်မှန်းချေ။

"လူသား၊ ရှင်ကရှုယီလား?" နတ်သူငယ်အမျိုးသမီးမှာ ရှုယီကိုကြည့်ကာ ထိုသို့မေးလာသည်။

သူမ၏ လှပကာ ဆန်းကြယ်သည့်အသွင်ကို လျစ်လျူရှုထားပြီး သူမ၏ သိမ်မွေ့သည့်အသံလေးနှင့်ပင် လူများကို သူမအတွက် နှစ်လိုစိတ်များ မရပ်တန့်နိုင်ဘဲ ပေါက်ဖွားလာစေသည်။

ရှုယီက အပြုံးဖျော့ဖျော့ဖြင့် ခေါင်းငြိမ့်လျက်၊ "ဟုတ်ပါတယ်၊ ကျုပ်က ရှုယီပါ။ ခင်ဗျားက အက်ဂ်နက်စ်ပြော,ပြောနေတဲ့ အကြီးအကဲအီလူရှာဖြစ်ရမယ်၊ ဟုတ်တယ်မလား?"

ထိုနတ်သူငယ်အမျိုးသမီးက နံဘေးရှိ အက်ဂ်နက်စ်ကိုကြည့်ကာ နှုတ်ခမ်းများ၌ အပြုံးဖျော့ဖျော့ပေါ်လာပြီး၊ "အက်ဂ်နက်စ်က ရှင့်ကို ကျွန်မအကြောင်း ခဏခဏပြောနေတာလား?"

အက်ဂ်နက်စ်၏အမူအရာက အနည်းငယ်နေရခက်လာသော်လည်း ခေါင်းငုံ့ကာ စကားမဆိုဝံ့ချေ။

"ဟုတ်ပါတယ်။ အက်ဂ်နက်စ် ခင်ဗျားအကြောင်းပြောတဲ့အချိန်တိုင်း အမြဲတမ်း ရိုသေသမှုနဲ့ပဲ။ ကျုပ်ဒီကိုမလာခင်က ခင်ဗျားအကြောင်းသိချင်နေခဲ့တာပါ။" ရှုယီက ပြောသည်။

အကြီးအကဲအီလူရှာက ခပ်ဖျော့ဖျော့ပြုံးကာ၊ "လူသား၊ အဓိပ္ပာယ်မရှိတဲ့ ချီးကျူးမှုတွေက ကျွန်မအတွက်အသုံးမဝင်ဘူး။ ရှင့်ကိုခေါ်လာဖို့ အက်ဂ်နက်စ်ကိုခွင့်ပြုပြီးတည်းက ကျွန်မက ရှင့်ရဲ့အကူအညီကို လက်ခံဖို့ ဆန္ဒရှိပါတယ်။ ဒါပေမယ့် လူသားတွေက ဘာအဓိပ္ပာယ်မှမရှိဘဲ လုပ်မှာမဟုတ်တာကို အက်ဂ်နက်စ်ထက် ကျွန်မက ပိုရှင်းရှင်းလင်းလင်းသိပါတယ်။ ရှင်က ကျွန်မတို့ကိုကူညီဖို့ ဆန္ဒရှိမှတော့ ရှင့်အနေနဲ့ ကျွန်မတို့ဆီက အကျိုးအမြတ်ရမှာမို့ပဲ။ ဒါပေမယ့် လူသား၊ အခု ရှင်ကျွန်မတို့နေရာကိုတွေ့ပြီးပြီ၊ ဒီမှာ ကျွန်မတို့ကို ကူညီဖို့အထိ ထိုက်တန်မယ့် တစ်ခုခုရှိတယ်ထင်လို့လား?"

ရှုယီက အပြုံးဖြင့်ဆိုသည်၊ "ဒါပေါ့ရှိပါတယ်။ ကျုပ်မြင်သမျှကို သုံးသပ်ကြည့်ရရင် ကျုပ်စိတ်ကိုလှုပ်ရှားစေနိုင်တဲ့ အရာတွေအတော်များများကိုရှိတယ်။ ဥပမာ၊ အကြီးအကဲအီလူရှာက အဲ့ထဲက တစ်ခုပဲ။"

ထိုသို့ပြောလိုက်ချိန်တွင် နံဘေးရှိ နတ်သူငယ်များ၏အမူအရာများ ပြောင်းလဲသွားကြသည်။

***

မှော်စက်မှုအင်ပါယာ

Vol 1, အခန်း ၁၃၇။ တွင်းထဲသို့ဝင်ခြင်း

အစောတုန်းက ရှုယီကို ထိန်းသိမ်းခဲ့သည့် နတ်သူငယ်ယောက်ျားမှာ ရှုယီကိုတစ်ဖန် လေးဖြင့်ချိန်ကာ အေးစက်စက် ဟိန်းဟောက်လိုက်သည်၊ "လူသား၊ အခုချက်ချင်း မင်းရဲ့ အရိုအသေတန်မှုကို တောင်းပန် မဟုတ်ရင် မယဉ်ကျေးဘူးလို့ ငါ့ကိုအပြစ်မတင်နဲ့!"

နံဘေးရှိ နတ်သူငယ်များအားလုံးထံလည်း မလွယ်ကူဟန်ရှိနေရကာ ရှုယီကို အေးစက်စက်စိုက်ကြည့်နေကြသည်။

အက်ဂ်နက်စ်ကမူ အံ့ဩသွား၏။ သူမက ရှုယီနံဘေးသို့ မြန်မြန်သွားလိုက်ကာ အသံတိုးတိုးဖြင့်ဆိုလာသည်၊ "ဥက္ကဌရှု၊ ရှင်... ရှင်ဘာလို့ အကြီးအကဲကို ဒီလိုကိစ္စမျိုးပြောရတာလဲ?"

ရှုယီက သူမကိုပြုံးပြကာ၊ "အေးဆေးပေါ့၊ ကျုပ်က အမှန်ကို ပြောလိုက်တာကြောင့် အကြီးအကဲက ဒေါသမဖြစ်ပါဘူး။"

အားလုံးက အကြီးအကဲ အီလူရှာကိုလှည့်ကြည့်လိုက်ရာ သူမမျက်နှာထက်၌ မကျေနပ်ပုံကို မတွေ့ရပါချေ။ ထိုအစား သူမက ရှုယီ၏စကားများကြောင့် အတော်လေးဝမ်းမြောက်ပုံပေါ်နေကာ အပြုံးဖြင့်ပြောလေသည်၊ "လူသား၊ ကျွန်မ အခုနလေးကမှ ပြောလိုက်သလို အဓိပ္ပာယ်မရှိတဲ့ ချီးကျူးမှုတွေက အရာမရောက်ပါဘူးလို့။ ကျွန်မက ရှင့်လောက်များများစားစား အသက်မကြီးပုံပေါ်နေပေမယ့်၊ အသက်က သုံးရာကျော်နေပါပြီ။ ရှင့်ရဲ့ဘိုးဘေးဖြစ်ဖို့လောက်တောင် အသက်ကြီးနေပြီမို့လို့ ကျွန်မကို ချီးကျူးတာ အဓိပ္ပာယ်ရှိမယ်လို့ ထင်နေတာလား?"

ရှုယီက ခေါင်းခါလျက်၊ "မဟုတ်ပါဘူး၊ အကြီးအကဲအထင်လွဲနေပြီထင်တယ်။ ခင်ဗျားရဲ့ အလှတရားနဲ့ အရှိန်အဝါက ကျုပ်စိတ်ကို လှုပ်ရှားစေပေမယ့်လည်း ကျုပ် တန်ဖိုးအထားမိဆုံးအရာက ခင်ဗျားရဲ့ ဉာဏ်ထက်မှုနဲ့ အသိကြွယ်မှုကြောင့်ပါ။ ကျုပ်သာ ခင်ဗျားဆီက ကိစ္စတချို့ကို လေ့လာနိုင်ရင် ဒီခရီးက ကျုပ်အတွက် တန်ဖိုးလာလိမ့်မယ်။ နတ်သူငယ်တွေဆီမှာ ခင်ဗျားတောင် သတိမထားမိသေးတဲ့ တန်ဖိုးရှိတာကို မပြောနဲ့ဦး၊ ဥပမာ၊ သူမ..." ရှုယီက အက်ဂ်နက်စ်ကို လက်ညှိုးထိုးပြ၏။

နတ်သူငယ်များမှာ သူမကိုယ်သူမ လက်ညှိုးညွှန်ပြလျက် ရှုပ်ထွေးဟန်ရှိနေသည့် အက်ဂ်နက်စ်ကိုကြည့်လိုက်ကြသည်။

"အရင်က အက်ဂ်နက်စ်ပြောခဲ့တာကို သုံးသပ်ကြည့်ရရင် ရှင်က သူမကို ကျွန်မတို့မျိုးနွယ်စုကို ကူညီပေးတဲ့ ဆုအနေနဲ့ တောင်းဆိုချင်တယ်ဆို?" အကြီးအကဲအီလူရှာကို ထိုသို့ပြောလိုက်ရာ ရှုယီ၊ စတေးလ်နှင့် ဗီဗီယန်တို့အနီးရှိ အပူချိန်မှာ ကျဆင်းသွားတော့သည်။ နံဘေးရှိ နတ်သူငယ်များအားလုံးက လူသတ်ငွေ့ ထုတ်လွှတ်လိုက်ကြခြင်းပင်၊ "လူသား၊ မင်းကို တစ်ခုတော့ သေချာသတိပေးရမယ်။ မင်းတို့ လူသားတွေအရင်က ငါတို့နတ်သူငယ်တွေကို ကျွန်အဖြစ်ဖမ်းယူခဲ့ပြီး ငါတို့နတ်သူငယ်တွေက ဒီကိစ္စကို မမေ့ဘူး။ မင်းက ဒီလိုမျိုးတောင်းဆိုလာရင် ချက်ချင်းထွက်သွားဖို့ အကြံပေးလိုက်မယ်။ ငါတို့မျိုးနွယ်စုက ဒီပြဿနာကြောင့် ဒီလောက,ကနေ ပျောက်ကွယ်သွားရမယ်ဆိုရင်တောင် ငါသေချာပေါက် မင်းရဲ့တောင်းဆိုမှုကို သဘောမတူဘူး။"

နံဘေးရှိ နတ်သူငယ်များ၏ ရန်လိုသည့်အကြည့်များကိုမြင်သော် ရှုယီမှာ တစ်ခုခုပြောလိုက်ချင်ကာ ခါးသက်သက်ပြုံးမိသွားသည်၊ သို့သော် အက်ဂ်နက်စ်က အရင် လက်များယမ်းကာ ပြောလာသည်၊ "အကြီးအကဲ၊ ရှင်အထင်လွဲနေပြီ။ ဥက္ကဌရှုက ကျွန်မကို သူ့ရဲ့ကျွန်လုပ်ခိုင်းချင်လို့မဟုတ်ပါဘူး၊ သူကဒီတိုင်း...သူ့အတွက် အလုပ်လုပ်ပေးစေချင်ရုံပါ။"

"အလုပ်?" အကြီးအကဲ အီလူရှာက ရှုယီကို တအံ့တဩကြည့်ကာ၊ "အက်ဂ်နက်စ်က ရှင့်အတွက် ဘယ်လိုအလုပ်မျိုးလုပ်ပေးနိုင်မှာတဲ့လဲ? သူမက ကလေးပဲရှိသေးတယ်လေ။"

ရှုယီက အပြုံးဖြင့်ဆိုလိုက်သည်၊ "ဂုဏ်ယူစရာ အကြီးအကဲအီလူရှာ, ကျုပ်အခုနကပြောသလို အက်ဂ်နက်စ်ဆီမှာ ခင်ဗျားတောင်ရှာမတွေ့သေးတဲ့ တန်ဖိုးရှိတယ်။ ခင်ဗျားကို ဥပမာပေးပါ့မယ်၊ အက်ဂ်နက်စ် ကျုပ်နောက်လိုက်နေခဲ့တဲ့ လဝက်အတွင်းမှာ သူမက ကျုပ်တို့လုပ်ငန်းစုအတွက် ထုတ်ကုန်သစ် တစ်ခုကို ဒီဇိုင်းဆွဲရာမှာ ကူညီပေးခဲ့တယ်လေ။ ဒီထုတ်ကုန်သစ်ကို အခု လဝက်ကြာပြီးနောက်မှာ ရောင်းနေပြီး ကျုပ်တို့လုပ်ငန်းစုအတွက် ရွှေဒင်္ဂါးတစ်သိန်းကျော်လောက် ဝင်နေပြီ။"

"ရွှေဒင်္ဂါးတစ်သိန်း?" အနီးအနားရှိ နတ်သူငယ်များသာမက အကြီးအကဲအီလူရှာ၏ မျက်လုံးများပင် ပြူးလျက် တအံ့တဩမေးလာသည်၊ "ရှင်ပြောတာက အက်ဂ်နက်စ်က ရှင်တို့လုပ်ငန်းစုကို ရွှေဒင်္ဂါးတစ်သိန်းကျော်ဝင်ဖို့ ကူညီပေးခဲ့တာလား?"

"ဒါက အတိအကျတော့ မဟုတ်ဘူး။" ရှုယီက ခေါင်းခါလျက်၊ "ဒီထုတ်ကုန်သစ်က လူများစွာရဲ့ စုပေါင်းအလုပ်ဖြစ်ပြီး အက်ဂ်နက်စ်ပဲလုပ်ထားတာတော့မဟုတ်ဘူး။ ဒီပေမယ့် ကျုပ်ကိုယ်ပိုင်အမြင်အရ အက်ဂ်နက်စ်က အကြီးမားဆုံးအပိုင်းမှာ ပါဝင်ထားခဲ့တယ်။ ကျုပ်တို့သာ ဒါကို ရွှေဒင်္ဂါးတစ်သိန်းအဖြစ်ခွဲလိုက်ရင် အက်ဂ်နက်စ်ရဲ့တန်ဖိုးက အနည်းဆုံး နှစ်သောင်းလောက်ရှိမှာပေါ့။"

ရှုယီက သူမကို ထိုသို့မြင့်မြင့်မားမားချီးကျူးနေရာ အက်ဂ်နက်စ်လည်း မနေနိုင်ဘဲ ပျော်ရွှင်သွားသည်။ သူမက ပြုံးလျက် ရှုယီကို ကြည့်လာ၏။

"ရွှေဒင်္ဂါးနှစ်သောင်း..." အကြီးအကဲ အီလူရှာက ခေါင်းအသာငြိမ့်လာကာ၊ "လူသား၊ ကျွန်မက တန်ဖိုးကိုတိုင်းတာဖို့ ရွှေဒင်္ဂါးတွေကိုအသုံးပြုတဲ့ ရှင့်ကို သဘောမကျပေမယ့်လည်း ဒီပုံစံက အတော်လေးနားလည်လွယ်လောက်မယ်လို့ ကျွန်မဝန်ခံပါတယ်။ ဒါပေမယ့် အက်ဂ်နက်စ်က ဒီလိုကြီးမားတဲ့တန်ဖိုးကို ဖုံးကွယ်ထားရင်တောင် သူမကို ရှင့်ဆီလွှဲပေးဖို့ သဘောမတူဘူး။ ရှင်တို့လူသားတွေက ကျွန်မတို့ နတ်သူငယ်တွေအပေါ် အရင်းကို မကြင်မနာပြုမှုခဲ့တော့ အက်ဂ်နက်စ်လည်း ရှင်တို့ လူသားလောကကြီးမှာ လုံလုံခြုံခြုံနေနိုင်မယ်လို့ မထင်ပါဘူး။"

အကြီးအကဲအီလူရှာ၏မျက်နှာထက်ရှိ တည်ကြည်နေပုံကိုကြည့်ရင်း ရှုယီမှာ စိတ်ထဲ၌ ခါးသီးစွာ အော်ဟစ်လိုက်သည်။

လူသားနှင့် နတ်သူငယ်ကြားရှိ ကွာခြားချက်က နက်ရှိုင်းလှရာ ၎င်းတို့၏ လူသားများအပေါ် မုန်းတီးမှုက အားကောင်းလေသည်။ သူသာ လူသားများအပေါ်ထားသည့် ခေါင်းမာလှသော နတ်သူငယ်များ၏အမြင်ကို အချိန်တိုအတွင်း ပြောင်းလဲချင်ရသည်က အခြေခံအရ မဖြစ်နိုင်ချေ။

စဉ်းစားကြည့်ပြီးနောက် ရှုယီက ထိုအပေါ်၌ လက်လျှော့ကာ ထပ်ပြုံးလိုက်၏။ ထို့နောက် အခြားနတ်သူငယ်အမျိုးသားတစ်ဦးသယ်ဆောင်ထားသည့် သေတ္တာကို ညွှန်ပြကာ ပြောလိုက်၏၊ "ဟုတ်ပါပြီ၊ အကြီးအကဲ အီလူရှာ ကျုပ်တို့ အလုပ်မပြီးသေးခင် ဆု'အကြောင်းပြောဖို့က အဓိပ္ပာယ်မရှိဘူးလေ။ အရင်ဆုံး ခင်ဗျားတို့ကို ဘယ်လိုကူညီသင့်သလဲဆိုတာကို ကြည့်ရအောင်။"

အကြီးအကဲအီလူရှာက ခပ်ဖျော့ဖျော့ပြုံးကာ ခေါင်းငြိမ့်၏၊ "ကြည့်ရတာ ရှင်က အပိုတွေပြောရတာမကြိုက်တဲ့ လူသားတစ်ယောက်ဖြစ်ပုံပဲ၊ ဒါကိုတော့ အတော်သဘောကျတယ်။ ကျွန်မနဲ့လိုက်ခဲ့။"

အကြီးအကဲအီလူရှာက ဦးဆောင်ပြီး ၎င်းတို့အုပ်စုမှာ သစ်ပင်ကြီးနှစ်ပင်အကြားရှိ အဟတစ်ခုထဲသို့ ဝင်သွားကြသည်။ ခြေလှမ်းအတော်များများလှမ်းပြီးနောက်တွင် ၎င်းတို့ရှေ့ရှိ ခပ်ဟဟပွင့်နေသည့် တွင်းကြီးတစ်ခုဆီရောက်လာသည်။

"ကျွန်မတို့က မြေအောက်ရေကို သုံးဖို့ကြိုးစားပေမယ့်လည်း ဆယ်မီတာလောက် တူးပြီးနောက်ကျတော့ ဒီလိုအတော်ထူတဲ့ ကျောက်ဆောင်အလွှာကို တွေ့လိုက်ရတာပဲ။ ဒီကျောက်ဆောင်က အတော်လေးခိုင်မာပြီး ကျွန်မတောင်တူးလို့မရတော့ နောက်ဆုံးမှု အလျှော့ပေးလိုက်ရ‌တယ်လေ။" အကြီးအကဲ အီလူရှာက ထိုသို့ပြောကာ ၎င်းတွင်းကြီးကို ညွှန်ပြလာသည်။

ရှုယီက တွင်းနှင့်နီးနီးကိုသွားကာ ငုံ့ကြည့်လိုက်၏။ ထို့နောက် သူ၏အထက်မှ တောက်ပသောအလင်းနှင့်ပင် ထိုတွင်းက မည်သည်နှင့်တူမှန်းကို လုံးဝမမြင်နိုင်မှန်း သိလိုက်ရ၏။

"အကြီးအကဲ အီလူရှာ၊ ခင်ဗျားဆီမှာ ကြိုးရှည်ရှည်တစ်ချောင်းလောက်များရှိလား? ကျုပ် အောက်ဆင်းပြီးကြည့်ချင်လို့ပါ။" ရှုယီက ပြောသည်။

နံဘေးရှိ စတေးလ်က ရှုယီ၏အင်္ကျီကိုဆွဲလာကာ ခေါင်းခါပြသည်။

သူမ၏စိုးရိမ်နေပုံလေးကို မြင်သော် ရှုယီက အပြုံးဖြင့်ဆိုလိုက်၏၊ "အေးဆေးပေါ့၊ ဒီမှာ ကျွမ်းကျင်တဲ့နတ်သူငယ်အတော်များများရှိပါတယ်၊ ကျုပ်ဘာမှမဖြစ်ပါဘူး။"

အကြီးအကဲအီလူရှာက ခပ်ဖျော့ဖျော့ ပြုံးကာ၊ "လူသား၊ ရှင် ကျွန်မတို့ကို တိုက်တွန်းအားပေးဖို့ စကားလုံးတွေသုံးဖို့ မလိုပါဘူး၊ ကျွန်မတို့ နတ်သူငယ်တွေဆီမှာ ကိုယ်ပိုင်နိယာမရှိပါတယ်။" နတ်သူငယ်ယောက်ျားတစ်ဦးဆီပြောလိုက်ရာ ထိုသူအမြန်ထွက်သွားပြီး သိပ်မကြာခင်မှာပင်ကြိုးရှည်ရှည်နှင့် ပြန်လာခဲ့သည်။

ရှုယီက ကြိုးကိုယူကာ ခပ်တင်းတင်းဆွဲလိုက်ရာ ထိုကြိုးက ပြိုင်ဘက်ကင်းခိုင်မာသည်ကို တွေ့လိုက်ရသည်။ ၎င်းက အထူတူသည့် နိုင်လွန်ကြိုးထက်ပင် ပိုမိုသန်မာနိုင်ချေရှိ၏။

ခါးတစ်ခွင်၌ ကြိုးကိုချည်ပြီး ရှုယီမှာ တစ်ချက်ကြည့်ရန် တွင်းထဲဝင်လိုက်သည်။

ရှုယီက ဆင်းချင်နေသည်ကို ကြည့်ရင်း အက်ဂ်နက်စ်က ရုတ်တရတ် ထွက်လာသည်။

"အကြီးအကဲ၊ ကျွန်မသူနဲ့အတူဆင်းသွားရင်ရော? တစ်ခုခုဖြစ်လာရင် သူ့ကိုကျွန်မကယ်လို့ရတယ်လေ။"

အကြီးအကဲအီလူရှာက အက်ဂ်နက်စ်ကို အံ့ဩစွာကြည့်လာ၏။ စဉ်းစားပြီးနောက် သူမက ခေါင်းငြိမ့်ကာ‌ပြောသည်၊ "ဟုတ်ပြီ၊ ငါတို့တွေ လူသားဧည့်သည်တစ်ယောက်ကို သူ့ဘာသာ စွန့်စားခွင့်ပြုလို့မဖြစ်ဘူး။"

စတေးလ်က တွဲချည်ခံထားရသည့် ရှုယီနှင့်အက်ဂ်နက်စ်ကို ထူးဆန်းစွာကြည့်နေ၏။ သူမပါးစပ်ကို ဖွင့်လိုက်သော်လည်း အဆုံး၌ မည်သည်ကိုမှ မပြောလိုက်ပါချေ။

နံဘေးရှိ ဗီဗီယန်က စိတ်ညစ်ညူးစွာပြောလာ၏၊ "ကျွန်မသာ အစ်မအက်ဂ်နက်စ်လို ကျွမ်းကျင်ရင် ကောင်းမယ်။"

စတေးလ်က သူမကိုကြည့်ကာ တူညီစွာတွေးတောလိုက်သော်လည်း ၎င်းတို့၏သဘာဝအရည်အချင်းအပြင် နတ်သူငယ်များက တောထဲ၌ နေထိုင်လာပြီး ငယ်ကတည်းက နည်းနည်းစီ လေ့ကျင့်ပေးခံခဲ့ရရာ ၎င်းတို့၏ ကျွမ်းကျင်မှုက လူသားများယှဉ်နိုင်သည့် အရာတော့ ဟုတ်မနေချေ။

နှစ်ဦးသားမှာ ရှုယီနှင့်အက်ဂ်နက်စ်တို့ တွင်းထဲသို့ တစ်ယောက်မျက်နှာ တစ်ယောက်ထိလျက်ဝင်သွားသည်ကိုသာ ကူကယ်ရာမဲ့စွာ ကြည့်နေနိုင်သည်။

အက်ဂ်နက်စ်က သူနှင့်အတူ ဆင်းသွားလိုကြောင်းကြားချိန်တွင် ရှုယီထံ၌ မည်သည့် ထွေထွေထူးထူးအတွေးမှရှိမနေပေ။ သို့သော် နက်သထက်နက်လာသည်နှင့်အမျှ မှောင်သထက် မှောင်လာပြီး သူ့နံဘေးက အရာရာတိုင်း ပြောင်းလဲနေသည်ကို ခံစားမိ၏။

သူ၏ကိုယ်က အက်ဂ်နက်စ်ကို ပိုမိုတင်းကြပ်စွာဖိထားပြီး သူမ၏အသက်ရှူငွေ့က သူ့မျက်နှာထက် လာရိုက်သည်ကိုပင် ခံစားနေရသည်။ ရှုယီမှာ ထုံထိုင်းသူတစ်ဦးဖြစ်နေပါလျှင်တောင် သူ၏နှလုံးသား မြန်မြန်ခုန်နေသည်ကို မရပ်တန့်နိုင်ချေ။

ဤမှောင်မိုက်သော ဝန်းကျင်၌ လူတစ်ယောက်၏ နှလုံးခုန်သံကိုပင် ရှင်းရှင်းလင်းလင်းကြားနိုင်ပေ၏။

"ဥက္ကဌရှု၊ ရှင်ကြောက်နေလား?" အက်ဂ်နက်စ်က ရုတ်တရတ် မေးလာသည်။

သူမ စကားမပြောလိုက်လျှင် အဆင်ပြေဦးမည်၊ သို့သော် ပြောလိုက်သည်နှင့် အသက်ရှူငွေ့များပိုထွက်လာသည်။

၎င်းက အနံ့မဆိုးရွားပါချေ။ ထိုအစား သူမလေငွေ့ထဲ၌ နူးညံ့သောအပင်ငယ်အနံ့လေးရှိနေသည်က ရှုယီ ရှူရှိုက်မိပြီးနောက် စိတ်ကိုပင် တုန်ရီလာစေသည်။

ထိုသည်က ရှုယီကို ပို၍ပင် နေရခက်လာစေ၏။ သူ၏ နှလုံးပင်အခုန်မြန်နေသည်မဟုတ်ဘဲ အစိတ်အပိုင်းတစ်နေရာကပင် မတုံ့ပြန်ဘဲ မနေနိုင်တော့ချေ။

ဤတွင်းက ဆယ်မီတာသာ နက်၍တော်သေးသည်။ ရှုယီမှာ သူ၏ခြေထောက်က ကြမ်းပြင်ကိုထိသည်ကို ခံစားလိုက်ရချိန်တွင် နှလုံးက ပြန်ငြိမ်သွားသည်။

အက်ဂ်နက်စ်က လက်တစ်ချောင်းထောင်လိုက်ရာ သူမလက်ချောင်းလေးထက်၌ အစိမ်းရောင်အလင်းတစ်ပြပေါ်ထွက်လာပြီး ဤတွင်းနက်နက်ကို အလင်းပေးလာသည်။

နတ်သူငယ်များတူးထားသည့် တွင်းက အတော်လေးနေရာကျယ်၏။ အောက်ဘက်၌ စတုရန်းတစ်ဆယ်မီတာပတ်လည်ရှိပြီး ၎င်းတို့နှစ်ဦး လှုပ်ရှားရန် လုံလောက်သည်။

အက်ဂ်နက်စ်လက်ရှိ အလင်းနှင့်အတူ ရှုယီက ၎င်းတို့နံဘေးကို သေချာကြည့်ရှုလိုက်သည်။ ထို့နောက် ခါးကိုင်းကာ ကြမ်းပြင်ရှိ ဖုန်မှုန်ကို့ လက်ဖြင့်သုံးကာထိလိုက်ချိန်၌ ပုန်းအောင်းနေသည့် ကျောက်ဆောင်အလွှာထွက်ပေါ်လာသည်။

ရှုယီမှာ ၎င်းကို လက်ဖြင့် အရင်ထိကြည့်ကာ ခံစားချက်ကို သုံးသပ်ရသော ထိုကျောက်အလွှာက များစွာမသိပ်သည်းဘဲ အတော်ပွယောင်းနေရာ စိတ်ကျေနပ်စွာဖြင့် မနေနိုင်ဘဲ ခေါင်းငြိမ့်မိရသည်။

ထိုကျောက်ဆောင်အလွှာမျိုးမှာ မည်မျှ နက်နေပါစေ သူယူလာသည့် ကိရိယာနှင့်ပင် ၎င်းကို တူး၍ရသည်။

တကယ်တမ်း ပုံမှန်အခြေနေတွင် မိုးသွန်းတောအုပ်လိုတောထဲ၌ မြေပြင်အောက် ဆယ်မီတာတွင် ကျောက်ဆောင်အလွှာမရှိသင့်ပေ။ အပြင်ဘက်၌လည်း ထိုကျောက်အလွှာဖြစ်လာစေနိုင်သည်က တားဆီးနိုင်သည့် အမြစ်များရှိသော ဧရာမအပင်များလည်း ရှိနေသည်ပင်။ ထို့ကြောင့် ၎င်းအခြေနေက ရှုယီ၏ယေဘုယျအသိပညာနှင့် လုံးဝကွဲပြားနေသည်။

သို့သော် ဤသည်က ကမ္ဘာမြေမဟုတ်ကြောင်း စဉ်းစားမိပြီး ဤနေရာတွင် ကမ္ဘာမြေနှင့် တူညီသော အမြင်မထားသင့်ကြောင်း သတိရကာ ရှုယီလည်း စိတ်အေးသွားပြီး ထိုပြဿနာကို မစဉ်းစားတော့ပါချေ။

စူးစမ်းကြည့်ပြီးနောက် ရှုယီက အပေါ်ရှိနတ်သူငယ်များကို သူနှင့် အက်ဂ်နက်စ်အား ပြန်ဆွဲတင်စေလိုကြောင်းပြောသည့် အလို့ငှာ ကြိုးကိုဆွဲလိုက်၏။

နတ်သူငယ်များနှင့် အကြီးအကဲ အီလူရှာတို့၏မျှော်လင့်နေဟန်များကို တွေ့ချိန်တွင် ရှုယီက ခေါင်းငြိမ့်လျက်၊ "ပြဿနာမရှိပါဘူး။"

နတ်သူငယ်များက သက်ပြင်းချမိရကာ အကြီးအကဲ အီလူရှာသည်ပင် မျက်နှာထက်၌ ပျော်ရွှင်နေဟန်ပေါ်လာသည်။

ရှုယီက ထိုမျှ ဂရုစိုက်မနေဘဲ သူယူလာသည့်သေတ္တာကိုဖွင့်ကာ သူ၏လက်မောင်းနှယ်ထူထဲသည့် တူးစက်ကို ထုတ်ပြလိုက်၏။

***

မှော်စက်မှုအင်ပါယာ

Vol 1, အခန်း ၁၃၈။ ငါ့ရဲ့ အစေခံဖြစ်လာပါ

"ဝုန်း၊ ဝုန်း၊ ဝုန်း၊ ဝုန်း——"

နက်ရှိုင်းကာစည်းချက်ကျနေသည့် အသံက တွင်းဆီမှ မရပ်မနားထွက်ပေါ်နေကာ နတ်သူငယ်မျိုးနွယ်စုကို လုံးဝ မအေးမချမ်းဖြစ်လာစေလောက်သည်။

ပုံမှန်ဆိုလျှင် အေးချမ်းသည့် ပတ်ဝန်းကျင်ကို မြတ်နိုးသော နတ်သူငယ်များမှာ အင်မတန် မကျေမနပ်ဖြစ်မည်ဆိုသော်လည်း ထိုနတ်သူငယ်များအနေနှင့် မကျေနပ်မှုတစ်စကိုပင် မပြလာကြချေ။ ထိုအစား ၎င်းတို့ထံ၌ ဝမ်းသာမျှော်လင့်နေသည့် အကြည့်များရှိပြီး အသံလာရာကိုသာ ဆက်ကြည့်နေကြသည်။

ထိုလူသားပြောခဲ့သလိုပင် သိပ်မကြာလိုက်ဘဲ မှော်တူးစက်လေးက ကျောက်‌အလွှာကို ထိုးဖောက်သွားနိုင်ရာ အားလုံး မြေအောက်ရေကိုအသုံးပြုလာနိုင်တော့မည်။

"ဥက္ကဌရှု၊ ကြည့်ရတာ နတ်သူငယ်တွေက တကယ်ကို လောကနဲ့အဆက်အသွယ်ပြတ်နေပုံပဲ။" အကြီးအကဲအီလူရှာက အသံဆက်ထွက်နေသည့် တွင်းကိုကြည့်‌ကာ သက်ပြင်းချလျက် ခေါင်းခါ၏၊ "ရှင်တို့လူသားတွေက ဒီလိုအားကောင်းတဲ့ကိရိယာတွေကို တီထွင်နိုင်လာပြီး ကျွန်မတို့ နတ်သူငယ်တွေကတော့ အတိတ်မှာရှိနေတုန်းပဲ။ ဒီလိုဆိုရင် ကျွန်မတို့နဲ့ လူသားတွေကြားက ခြားနားချက်က ပိုပိုကြီးလာလောက်တယ်။"

ရှုယီက တွင်းကိုကြည့်ကာ ခပ်ဖျော့ဖျော့ပြုံးလျက် မေးလေသည်၊ "အကြီးအကဲအီလူရှာ, ကျုပ် မယဉ်ကျေးမယ့် တစ်ခုခုကို မေးချင်တယ်၊ ခင်ဗျားတို့ နတ်သူငယ်တွေအနေနဲ့ လူသားတွေဆီကနေ အာဏာပြန်ရယူဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးဘူးလား?"

"ကျွန်မတို့စဉ်းစားဖူးပေမယ့်၊ ဖြစ်နိုင်မှာ မဟုတ်တာကို သိတယ်လေ။" အကြီးအကဲအီလူရှာက ပြော၏၊ "ရှင်တို့လူသားတွေက မျိုးနွယ်စုတွေအားလုံးကြားမှာ‌ လေ့လာနိုင်မှု အမြန်ဆုံးနဲ့ တီထွင်ဆန်းသစ်တတ်ဆုံးမျိုးနွယ်တွေပဲ၊ ဒီအချက်ကပဲ အရင်နှစ်ပေါင်းထောင်ချီအကြာက မျိုးနွယ်စု စစ်ပွဲအတွင်းမှာ တခြားမျိုးနွယ်စုတွေကို ရှင်းလင်းအောင်လုပ်ခဲ့တာ။ နယ်မြေကြီးတစ်ခုလုံးကိုလည်း ရှင်တို့လူသားတွေက ထိန်းချုပ်နေပြီဆိုတော့ ကျွန်မတို့လို တခြားမျိုးနွယ်တွေအနေနဲ့ ပြန်ရယူဖို့ မဖြစ်နိုင်တော့ဘူး။ ဒါပေါ့၊ ရှင်တို့လူသားတွေက တစ်ယောက်‌နဲ့ တစ်ယောက်သတ်ရတာကိုကြိုက်တဲ့ မျိုးနွယ်စုလည်းဖြစ်တယ်။ တစ်နေ့ ရှင်တို့လူသားတွေ အချင်းချင်းပျက်စီးစေခဲ့ရင်တော့ တခြားမျိုးနွယ်စုတွေအနေနဲ့ နယ်မြေကြီးကို ပြန်ယူနိုင်လောက်မယ်။"

ရှုယီက အကြီးအကဲအီလူရှာပြောသည်က လုံးဝမမှားဟု တွေးတောကာ နေရခက်စွာပြုံးပြလိုက်သည်။

အချင်းချင်းသတ်ဖြတ်ကြခြင်းမှာ လူသားများ၏အရည်‌အသွေးဖြစ်ပြီး ပြောင်းလဲဖို့နည်းလမ်းမရှိချေ။

စိုင်စ်နယ်မြေရှိ လူသားများမှာ အဆင်ပြေကြသေးသော်လည်း ကမ္ဘာမြေရှိလူသားများမှာမူ ကမ္ဘာ‌ကိုပင် ဖျက်ဆီးနိုင်လောက်သည့် လက်နက်ကိုပင် ဖန်တီးထားသေးသည်။ နျူကလိယ စစ်ပွဲသာဖြစ်ပွားခဲ့ပါလျှင် လူသားမျိုးနွယ်မှာ အမှန်ကို ပျက်စီးနိုင်၏။

"ဒီလို လေးပင်တဲ့အကြောင်း မဆွေးနွေးကြရအောင်ပါ။" ရှုယီက အားတင်းပြုံးကာ ဆိုလိုက်သည်၊ "ခင်ဗျားတို့ မျိုးနွယ်စုကြုံနေတဲ့ ပြဿနာကိုပဲ ဆွေးနွေးကြတာပေါ့။ အကြီးအကဲအီလူရှာ, မြေအောက်ရေပြဿနာကိုဖြေရှင်းပြီးသွားပြီဆိုတော့ ယာယီအနေနဲ့ ခင်ဗျားတို့မျိုးနွယ်စု ပြဿနာကို ဖြေရှင်းလိုက်နိုင်ပြီ။ ဒါပေမယ့် ရေရှည်စဉ်းစားကြည့်ရက်တော့ မြစ်အနေအထားမပြောင်းရင် မြေအောက်ရေက ခဏနဲ့ ခြောက်ခမ်းသွားနိုင်တယ်။ ဒါကြောင့် အဆုံးကြရင်လည်း ကျုပ်တို့အနေနဲ့ မြစ်ပြောင်းလဲခြင်းပြဿနာကို ဖြေရှင်းဖို့ လိုနေဦးမှာပဲ။"

"အင်း၊ ကျွန်မ ဒါကိုနားလည်ပါတယ်။" အကြီးအကဲအီလူရှာက ခါးသီးစွာပြုံးကာ၊ "ဒါပေမယ့် ကျွန်မတို့မျိုးနွယ်စုရဲ့ စွမ်းရည်နဲ့ဆိုရင် မြေအောက်ရေသုံးမယ့်ပြဿနာကိုတောင် ဖြေရှင်းနိုင်မှာမဟုတ်တာ ဘယ်လိုလုပ် မြစ်ပြဿနာကိုဖြေရှင်းရပါ့မလဲ? ဥက္ကဌရှု၊ ကျွန်မထင်တာတော့ လူသားတွေရဲ့ အရည်အချင်းနဲ့တောင် ဒီပြဿနာကို ဖြေရှင်းဖို့ ဖြစ်နိုင်မှာမဟုတ်ဘူးလို့ကျွန်မထင်တယ်။"

"တကယ်ပဲ မဖြစ်နိုင်ဘူးဆိုရင် ကျုပ်လည်းလာမှာမဟုတ်ဘူးလေ။" ရှုယီက ခပ်ဖျော့ဖျော့ပြုံးကာ၊ "အကြီးအကဲအီလူရှာ, ခင်ဗျားလည်း အခုနလေးတင်ပြောလိုက်တယ်၊ လက်ရှိမှာ ကျုပ်တို့လူသားမျိုးနွယ်စုက တီထွင်ဆန်းသစ်နိုင်ဆုံးမျိုးနွယ်စုပဲ။ ဖြစ်နိုင်တာက အရင်ကဆိုရင်‌ ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းမရှိလောက်ပေမယ့် အခုတော့ ကျုပ်မှာ ဖြေရှင်းဖို့ ယုံကြည်ချက်ရှိပါတယ်။

"ရှင်သေချာလား?" အကြီးအကဲ အီလူရှာက ရိုးသားစွာမေးလာသည်။

"ကျုပ်သေချာတယ်။" ရှုယီက ယုံကြည်ချက်ရှိရှိ ပြန်ဖြေ၏။

အကြီးအကဲအီလူရှာက တိတ်ဆိတ်သွားကာ တွင်းကို တစ်ခဏကြည့်လိုက်သည်။ သူမစကားပြောရန်ပြင်လိုက်ချိန်တွင်၊ တုန်ခါမှုကို ခံစားလိုက်ရကာ တွင်းထံမှ အသံကျယ်ကြီး ပေါ်ထွက်လာပါ၏။

"ဟုန်း——"

ဧရာမရေလုံးကြီးမှာ တွင်းမှထွက်လာကာ ဆယ်မီတာအမြင့်ကို ရောက်သွား၏။ ၎င်းက တွင်းတဝိုက်တွင် မိုးရွာသလိုဖြစ်သွားစေရာ တွင်းအနားရှိ လူတိုင်း၏အဝတ်များ စိုကုန်ကြသည်။

နတ်သူငယ်များအားလုံးမှင်တက်ကုန်ကာ ကောင်းကင်ယံသို့ လျှံတက်နေသည့် ရေလုံးကြီးကိုကြည့်နေကြသည်။ ခဏအကြာ၌ ဩဘာပေးသံတစ်သံထွက်လာကာက ထိုရေလုံးကြီးပတ်လည်၌ ပျော်ရွှင်စွာ ကခုန်နေကြသည်။

ထိုနေရာ၌ ရပ်နေခဲ့သော အမြဲတည်ငြိမ်သည့် အကြီးအကဲအီလူရှာသည်ပင် သူမအပေါ် ရေများကျခွင့်ပြုကာ မျက်နှာထက်ရှိ စိတ်လှုပ်ရှားဟန်ကို ပြန်မရုတ်သိမ်းပါချေ။

ရှုယီသာလျှင် ရေထွက်လာချိန်၌ မှော်ဖောက်စက်သေးလေးကို ထိန်းချုပ်ရန် တွင်းထဲသို့ စေလွှတ်ခံခဲ့ရသည့် နတ်သူငယ်ယောက်ျားနှစ်ယောက်မှာ ပျံထွက်သွားသည်ကိုမြင်လိုက်ရသည်ပင်။

သို့သော် ထိုနတ်သူငယ်နှစ်ဦးက အင်မတန်သန်မာလှရာ လွင့်ထွက်သွားပြီးနောက်၌ လေထဲတွင်လည်၍ အမြန်ပြုတ်ကျလာ‌ကာ ဒဏ်ရာတစ်ခုပင် မရပါချေ။

ရှုယီက ၎င်းကြောင့် စိတ်သက်သာသွား၏။ သူဟာ မှင်တက်နေကြသည့် ဗီဗီယန်နှင့်စတေးလ်တို့၏နံဘေးကို အမြန်သွားကာ ထိုနှစ်ဦးအား နံဘေးသို့ အမြန်ဆွဲခေါ်လိုက်သည်။

နတ်သူငယ်များ၌ သန်မာသည့် ကိုယ်ခန္ဓာများရှိရာ ၎င်းတို့အနေနှင့် ဆောင်းတွင်းတွင် ရေစိုသည်ကို သဘာဝကျကျပင် စိုးရိမ်ခြင်းမရှိသော်လည်း သူတို့အနေနှင့်တော့ မကိုင်တွယ်နိုင်ချေ။

နတ်သူငယ်များက နှစ်နာရီ‌လောက်ထပ်ပြီး အောင်ပွဲခံကြပြီးမှ ရပ်တန့်လိုက်သည်။ ထိုအချိန်မှ ရှုယီ၏သုံးယောက်အဖွဲ့လေးကို အကြီးအကဲအီလူရှာက အနားယူရန် သစ်လုံးအိမ်ကြီးတစ်ခုဆီ ခေါ်သွားသည်။

"ဥက္ကဌရှု၊ ကျွန်မတို့မျိုးနွယ်စုရဲ့အလောတကြီးပြဿနာကို ဖြေရှင်းပေးခဲ့တဲ့အတွက် ရိုးရိုးသားသားကျေးဇူးတင်ပါတယ်။" အကြီးအကဲအီလူရှာက ရိုးသားသည့်သဘောထားဖြင့် ရှုယီကို ကျေးဇူးတင်လာသည်၊ "ကျေးဇူးတင်တာလေးက ဘာအဓိပ္ပာယ်မှတော့ အခု ရှင့်ရဲ့ တောင်းဆိုမှုကို ပြောပါ။"

ရှုယီက မျက်မှောင်ကုပ်ကာ စဉ်းစား၍ ခေါင်းခါလျက် ပြောလိုက်သည်၊ "အကြီးအကဲ အီလူရှာ, တကယ်တော့ ဒီပြဿနာကို ဒုက္ခများတယ်လို့ ယူဆလို့မရသလို ကျုပ်လည်း များများစားစားမကူလိုက်ရတော့ များများစားစားတောင်းဆိုဖို့ အရည်အချင်းမမီဘူးလေ။ ရိုးရိုးသားသားပြောရရင် ကျုပ်အနေနဲ့ ခင်ဗျားတို့ မျိုးနွယ်စုရဲ့နားလည်မှုကို ရလာရင်တောင် ဘယ်လိုသင့်တော်တဲ့ တောင်းဆိုမှုလုပ်ရမလဲကို မသိဘူး။ လတ်တလောအနေနဲ့ကတော့ ခင်ဗျားက အက်ဂ်နက်စ်ကို ကျုပ်တို့လုပ်ငန်းမှာ ထုတ်ကုန်ဒီဇိုင်းတွေရေးဆွဲဖို့ အလုပ်လုပ်ခွင့်ပြုဖို့ကိုပဲ မျှော်လင့်တာပါ။ ခင်ဗျားတို့ကို ဒီတစ်ခေါက်ကူညီတာက သူမနဲ့ဆိုရင်ပဲ လုံလောက်နေပါပြီ။"

"ကျွန်မအနေနဲ့ ဥက္ကဌရှုက အက်ဂ်နက်စ်အပေါ် ကြင်နာမယ်ဆိုတာကိုသိပေမယ့်လည်း တခြားလူသားတွေကျတော့ အက်ဂ်နက်စ်အပေါ်ကို တူညီတဲ့ကြင်ကြင်နာနာရည်ရွယ်ချက်တွေပဲရှိမယ်လို့ မယုံတော့ အရမ်းကို အားနာမိပါတယ်။ အက်ဂ်နက်စ်သာ ရှင်တို့လုပ်ငန်းစုမှာ အလုပ်လုပ်ရင် သူမက လူ့အသိုင်းအဝိုင်းထဲဝင်ရမှာကို ရှောင်လွှဲလို့မရဘူးလေ။ ရှင့်အနေနဲ့ တခြားလူသားတွေ သူမကို မထိခိုက်စေဖို့ ကတိပေးနိုင်မလား?" အကြီးအကဲအီလူရှာက မေးသည်။

ရှုယီက စဉ်းစားကာ ပြောလေ၏၊ "ဒါဆို ကျုပ်အနေနဲ့ အက်ဂ်နက်စ်ရဲ့လုံခြုံမှုကို အာမခံနိုင်သရွေ့ အက်ဂ်နက်စ်ကို ကျုပ်တို့လုပ်ငန်းစုဆီမှာ အလုပ်လုပ်ဖို့ ခွင့်ပြုတယ်လို့ ဆိုလိုတာပေါ့?"

"တခြား အခြေအနေလည်းရှိသေးတယ်၊ အက်ဂ်နက်စ်ကိုယ်တိုင်ရော ဆန္ဒရှိမှာလားပေါ့။" အကြီးအကဲအီလူရှာက ထပ်ပေါင်းပြောသည်။

"ကျုပ်ကတော့ အက်ဂ်နက်စ်အနေနဲ့ ဒါကို သဘောမတူမှာ မဟုတ်ဘူးလို့ထင်တယ်။" ရှုယီက အပြုံးဖြင့်ပြောလာသည်၊ "အက်ဂ်နက်စ်ကို ဘယ်လိုကာကွယ်ရမလဲဆိုတာကိုတော့ ကျုပ်မှာ လျှောက်လှဲချက်တစ်ခုရှိတယ်။ ဒါက အက်ဂ်နက်စ်ကို ကျုပ်ရဲ့အစေခံအဖြစ်ထားဖို့ပဲ။"

အကြီးအကဲအီလူရှာက မျက်မှောင်ခပ်တင်းတင်းကုပ်လိုက်သည်။ ဒေါသက သူမမျက်လုံးထဲဖြတ်ပြေးသွားကာ အသံအနေအထားကလည်း တမုဟုတ်ချင်း အေးစက်သွား၏။

"ဥက္ကဌရှု၊ ဒါတွေက ရှင့်ရဲ့အတွေးအစစ်တွေပေါ့လေ?"

ရှုယီက အကြီးအကဲအီလူရှာကိုကြည့်ကာ အပြုံးဖြင့် လက်ယမ်းလိုက်သည်၊ "အကြီးအကဲအီလူရှာ, ခင်ဗျား အထင်မှားနေပြီ။ ကျုပ်ပြောတဲ့ အစေခံဆိုတာက အမည်အရပါပဲ၊ ကျုပ်က အက်ဂ်နက်စ်ကို တကယ်ကြီး ကျုပ်ရဲ့အစေခံဖြစ်လာစေချင်တာမဟုတ်ပါဘူး။"

"အဲဒါက မတူလို့လား?" အကြီးအကဲအီလူရှာက အေးစက်စက်နှာ‌မှုတ်ကာ မေးလာသည်။

"ဒါပေါ့။ အက်ဂ်နက်စ်သာ ကျုပ်ရဲ့ အမည်အရအစေခံဖြစ်လာရင် နိုင်ငံရဲ့ဥပေဒေအရ သူမက ကျုပ်ရဲ့အပိုင်လို့ပြောလို့ရသွားပြီ၊ ဒီလိုဆို ဘယ်သူကမှ သူမကိုကျုပ်ရဲ့ခွင့်ပြုချက်မပါဘဲ ထိခိုက်အောင်လုပ်လို့မရဘူး။ ဒီလိုနဲ့ အနည်းဆုံးအပြင်ပန်းမှာ တခြားလူတွေက သူမကို ဘယ်နည်းနဲ့မှ ထိခိုက်စေလို့မရဘူးလေ။ မဟုတ်ရင် နိုင်ငံရဲ့ ဥပဒေအရ သူတို့ကို အပြစ်ပေးလို့ရလိမ့်မယ်။"

"ဒါဆို ဘယ်သူကမှ သူမကို တိတ်တိတ်လေး အခွင့်အရေးမယူဘူးဆိုတာ ဘယ်လိုစိတ်ချရမှာလဲ?" အကြီးအကဲ အီလူရှာက မည်သည့်ယဉ်ကျေးမှုမှ မပါဘဲ မေး၏။

"နည်းနည်းလောက် ဝင့်ကြွားပြရရင် Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌအနေနဲ့ ကျုပ်ကို လူသားလောကမှာ အနေအထားတချို့ရှိတယ်လို့ သတ်မှတ်လို့ရတယ်။ သာမန်လူတွေကသာ ကျုပ်ရဲ့အစေခံတွေကို တစ်ခုခုလုပ်ချင်ရင် ကျုပ်ကို ဥပေက္ခာပြုထားဖို့က ခဲယဉ်းလိမ့်မယ်။ ပြီးတော့လည်း အက်ဂ်နက်စ်ရဲ့ခွန်အားက အရမ်းထူးခြားပြီး သူမမှာ စွမ်းအားကြီးတဲ့ လျှို့ဝှက်အရိပ်မန္တန်လည်းရှိတယ်လေ။ တစ်ယောက်ယောက်ကသာ သူမကို အခွင့်အရေးယူချင်ရင် သူမအနေနဲ့ သူတို့ကိုမရိုက်နိုင်ရင်တောင် အနည်းဆုံးတော့ ပြေးနိုင်မှာပဲ မဟုတ်လား?"

"ဒါဆို သူမက ရှင့်ရဲ့အစေခံဖြစ်လာပြီးရင် ရှင်သူမကို ကန့်သတ်ဖို့ ကြိုးစားမှာမဟုတ်ဘူးလား?" အကြီးအကဲအီလူရှာက ထပ်မေးပြန်သည်။

"သေချာပေါက် မဟုတ်ဘူးပေါ့။ ဒါကိုကျုပ်ပြောပြီးပြီလေ၊ အမည်ခံပါပဲ။ တကယ်တော့ အက်ဂ်နက်စ်က ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ တရားဝင်အဖွဲ့သားဖြစ်လာမှာဖြစ်ပြီး ကျုပ်က သူမကို သင့်တော်တဲ့အလုပ်ကိုပဲပေးမှာပါ၊ ဒါပေမယ့် သေချာပေါက် ကန့်သတ်ချုပ်ချယ်မှာတော့မဟုတ်ဘူး။ မလိုအပ်သရွေ့ သူမက ကျုပ်အစေခံဆိုပြီး တခြားလူတွေကို မပြောပါဘူး။"

အကြီးအကဲအီလူရှာက ၎င်းကိုစဉ်းစားကာ အသာခေါင်းငြိမ့်လိုက်ပြီး၊ "ဒီနည်းလမ်းက ကောင်းပေမယ့်လည်း ကျွန်မကို နည်းနည်းလောက် စဉ်းစားခွင့်ပေးပါဦး။ ပြီးတော့လည်း အက်ဂ်နက်စ်ရဲ့ အမြင်ကို မေးဖို့ လိုနေသေးတော့ ချက်ချင်း အဖြေမပေးနိုင်ဘူး။"

"ဒါက ဖြစ်သင့်ပါတယ်။"

ထိုစကားဝိုင်းတိုလေးကို အဆုံးသတ်ပြီးနောက်တွင် အကြီးအကဲအီလူရှာက သူမလက်အောက်မှ နတ်သူငယ်များအား ရှုယီအတွက် အခြားနားနေခန်းသို့ခေါ်ဆောင်သွားစေသည်။

ရှုယီ၏အခန်းက ဗီဗီယန်နှင့်စတေးလ်၏ အခန်းနံဘေး၌ရှိသည်။ သူဝင်လာချိန်တွင် စတေးလ်နှင့် ဗီဗီယန်တို့က သူနှင့် အထဲသို့လိုက်ဝင်လာသည်။

"ရှုယီ၊ ဒီနတ်သူငယ်‌တွေက ရှင့်ကိုခက်ခဲအောင်လုပ်သေးလား?" စတေးလ်က ရှုယီကို စိုးရိမ်နေဟန်ဖြင့်ကြည့်လိုက်သည်မှာ အကြီးအကဲအီလူရှာက ရှုယီအား အခွင့်ကောင်းယူမည်ကို ကြောက်ရွံ့နေပုံပင်။

ရှုယီက မနေနိုင်ဘဲ ရယ်လိုက်၏, "ကျုပ်ပြောမယ် စတေးလ်, ကျုပ်တို့က ကူညီဖို့ရောက်လာတာကို ကျေးဇူးမတင်ရင်တောင် တစ်ခုခုလုပ်မှာတဲ့လား?"

"ဒါပေမယ့် နတ်သူငယ်တွေက လူသားတွေကို အမြဲမုန်းနေတယ်လို့ ကြားခဲ့တော့ သူတို့သာ ရုတ်တရတ်ကြီး အရူးထရင်ဘယ်လိုလုပ်မလဲ..."စတေးလ်က စိတ်ပူနေဆဲပင်။

ရှုယီက မနေနိုင်ဘဲ မျက်လုံးလှိမ့်လျက်၊ "ခင်ဗျား အက်ဂ်နက်စ်ကို တစ်ချိန်လုံး တွေ့လာတာပဲ၊ သူမရူးသွားတာ မြင်ဖူးလို့လား?" ထိုသို့ပြောပြီးနောက် သူက ဗီဗီယန်ကို လှည့်မေးလေသည်၊ "ဗီဗီယန်, မင်းဘယ်လိုနေလဲ? ပင်ပန်းနေလား?"

ဗီဗီယန်က အပြုံးဖြင့်ခေါင်းခါလိုက်သည်၊ "မပင်ပန်းပါဘူး၊ ဒီနေရာက အတော်လေးပျော်စရာကောင်းတယ်။ ကြည့်ပါဦး၊ ကျွန်မကို နတ်သူငယ်လေးတစ်ယောက်က လက်ဆောင်ပေးခဲ့သေးတယ်။"

ဗီဗီယန်က လက်ဆောင်ထုတ်ပြလာသည်ကိုမြင်သော် ရှုယီမျက်လုံးများတောက်ပသွားသည်။ ၎င်းကို အသေအချာကြည့်ကာ အကြိမ်အနည်းငယ်ထိကြည့်ပြီးနောက်၌ သူဟာ စိတ်မလှုပ်ရှားဘဲ မနေနိုင်တော့ချေ။

ထိုအစိမ်းရောင်လင်းနေသည့်သလင်းအရုပ်လေး၌ ကျားရဲတစ်ကောင်အသွင်ကာ မျက်နှာပြင်ကချောမွေ့၏။ ၎င်းကို မည်မျှ ဖိကြည့်ကြည့် ပုံစံမပြယ်သွားချေ။ သူဟာ ၎င်းကို မည်သို့ကြည့်ကြည့် ထင်းရှူးစေးဖြင့်ပြုလုပ်ထားသလိုပါပင်။

နားလည်လွယ်အောင် ပြောရလျှင် ထိုအရာမှာ တကယ်တမ်းတွင် ပလက်စတစ်ထုတ်ကုန်တစ်ခုဖြစ်ပါ၏။

***

မှော်စက်မှုအင်ပါယာ

Vol 1, အခန်း ၁၃၉။ နောက်ဆုံးအခွင့်အရေး

ဗီဗီယန်မှာ ၎င်းကို အကြီးအကဲနတ်သူငယ်မတစ်ဦးထံမှ ရခဲ့သည်ကို သိပြီးနောက် ရှုယီမှာ ချက်ချင်းဗီဗီယန်ကို ခေါ်ကာ ထိုနတ်သူငယ်မကို ရှာတော့သည်။

ရှုယီ ထိုနတ်သူငယ်မထံမှရခဲ့သည့်အဖြေက သူ့ကို အင်မတန်ပျော်ရွှင်စေပါ၏။

နတ်သူငယ်များက အပင်များနှင့် ဆက်ဆံရေးကောင်းသောကြောင့် ထိုအပင်များ၏စရိုက်လက္ခဏာကို မည်သို့သုံးရမည်မှန်း ကောင်းစွာနားလည်ကြသည်။ ထင်းရှူးစေးဖြင့်ပြုလုပ်ထားသည့် အရုပ်က နတ်သူငယ်များပျင်းသည့်အချိန်တွင် ဖျော်ဖြေပေးရန်ဖြစ်ပြီး ရှားပါးနေသည့်အရာမျိုးမဟုတ်ပါချေ။

ထိုအဖြေက ရှုယီကို ချက်ချင်း ဖြစ်နိုင်ချေပေါင်းများစွာကို တွေးမိစေရာ တုံ့ဆိုင်းမှုမရှိဘဲ အကြီးအကဲအီလူရှာကို ထပ်သွားတွေ့လိုက်သည်။

ရှုယီက ထိုထင်းရှူးစေးကိုသန့်စင်ရန်အတွက် နတ်သူငယ်များ၏နည်းလမ်းကိုလေ့လာရန် မေးလိုသော်လည်း ၎င်းတို့သုံးသည့်နည်းလမ်းမှာ နတ်သူငယ်များသာ သုံးနိုင်သည့် မှော်ပညာဖြစ်ပြီး လူသားများအနေနှင့် လုံးဝသင်ယူ၍မရဟု ဆိုလာသည်။

ရှုယီကြိုးစားပြီးနောက် နတ်သူငယ်မျိုးနွယ်၏ထူးကဲမှုများကို လူသားများလုံးဝမလေ့လာနိုင်သည့် မှော်ပညာဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်းသိလိုက်ရရာ သူလည်း လက်သာလျှော့လိုက်ရသည်။

စဉ်းစားပြီးနောက် ရှုယီက ပြန်ဆုတ်ရန် ဆုံးဖြတ်လိုက်သည်။ သူဟာ အကြီးအကဲအီလူရှာ ကြီးမှူးသည့် ညတေးသံနတ်သူငယ်မျိုးနွယ်စုအနေနှင့် ထင်းရှူးစေးကိုသန့်စင်ရန်သုံးနိုင်မည့် မှော်စက်များကို ပြုလုပ်ရန် Frestech ကုန်သည်ကြီးများအသင်းကို ကူညီနိုင်ဖို့ရာ မျှော်လင့်မိသည်။

မှော်စက်များ၏အပြင်ဘက်အလွှာမှာ ပြုလုပ်ရန် မခက်ခဲသော်လည်း အရေးကြီးဆုံးအမြုတေမှာ ထင်းရှူးစေးသန့်စင်ရန် အသုံးပြုရသည့် မှော်အစီအရင်ဖြစ်ပြီး ၎င်းကို နတ်သူငယ်များကသာ ပြုလုပ်နိုင်သောကြောင့် ထိုနတ်သူငယ်များထံမှ အကူအညီလိုနေသည်။

တကယ်တမ်းတွင် ရှုယီထံ၌ ကမ္ဘာမြေပေါ်မှ နည်းလမ်းကိုလိုက်နာရန် နည်းလမ်းရှိသည်ဟု ပြောလို့ရပြီး ၎င်းမှာ ဓာတုအစေးတစ်ခုဖန်တီးဖို့ရာ ဖြည့်စွက်ပစ္စည်းများ နှင့် coagulants(T/N: အရည်မှ အခဲသို့ပြောင်းလဲရန်ထည့်သည့် ဓာတ်ကူပစ္စည်း) များထည့်ခြင်းဖြစ်သည်။

သို့သော် ရှုယီမှာ ပလက်စတစ်ပြုလုပ်ခြင်းနှင့် မရင်းနှီးရာ ဖြည့်စွက်ပစ္စည်းများကို လုပ်ရမည့်နည်းအားမသိသလို မည်သို့ထည့်ရမည်ကိုလည်းမသိချေ။ ဒုတိယအနေနှင့် ထိုနည်းလမ်းက ရှုယီသဘောမကျသည့် ညစ်ညမ်းမှုဖြစ်နိုင်ချေအားကောင်းသည်။ ထို့အပြင် နတ်သူငယ်များ၏မှော်ပညာကို အသုံးပြုခြင်းဖြင့် အပူချိန်မြှင့်ရန် သို့မဟုတ် ရှုပ်ထွေးသည့်နည်းလမ်းများကိုသုံးရန်မလိုတော့ရာ သူ့အနေနှင့် မှော်ပညာကို ပေါငါးထည့်ရန်သာလိုသည်။ ထိုနှင့် ထင်းရှူးစေးက အရည်အဖြစ်ပျော်ဝင်သွားပြီး လွတ်လပ်စွာ ဖွဲ့စည်းသွားမည်ပင်။

ပို၍အရေးပါသည့်အရာမှာ နတ်သူငယ်များ၎င်းကို လက်ရှိတွင် အရုပ်လေးများအဖြစ်ပြောင်းရန်သုံးနေရာ ရှုယီအနေနှင့် ထိုသည်မှာနတ်သူငယ်များက ထင်းရှူးစေးကို မတူညီသည့်အသွင်သဏ္ဍာန်အမျိုးမျိုးအဖြစ်ပြောင်းလဲရန် မှော်ပညာအသစ်ကိုသုတေသနလုပ်သည်ဟု ဆိုလိုမှန်း မြင်နိုင်သည်။

ထို့ကြောင့် ရှုယီမှာ ညတေးသံမျိုးနွယ်စုက Frestech ကုန်သည်ကြီးများအသင်းကို မှော်ပညာဖြင့် ထင်းရှူးစေးများအား သုတေသနပြုရာ၌ ကူညီရန် မျှော်လင့်နေမိသည်။ အသွင်သဏ္ဍာန်အတွက် မတူညီသောလိုအပ်ချက်များအပေါ် အခြေခံ၍ မတူညီသော မှော်အစီအရင်များကို ဖန်တီးနိုင်လျှင် အကောင်းဆုံးဖြစ်သည်။

ရှုယီ၏တောင်းဆိုချက်အတွက်၊ အကြီးအကဲအီလူရှာက သဘောမတူမီ စဉ်းစားခဲ့သည်။

တောအုပ်ထဲ၌နေထိုင်သည့် နတ်သူငယ်များမှာ နေ့စဉ် အစားအစာအတွက် အမဲလိုက်နေရခြင်းကို အတော်လေးပျင်းရိနေကြသည်။ ရှုယီအား ထိုသုတေသနလုပ်ရန်ကူညီသည်က ၎င်းတို့မျိုးနွယ်စုအတွက် တစ်စုံတစ်ခု လုပ်ရန် ရှိလာစေရာ ရှုယီထံ ပြန်ပေးခြင်းဟုလည်း သတ်မှတ်၍ ရနိုင်၏။

"အကြီးအကဲအီလူရှာ, ဒီလောက်လေးပဲဆိုရင် မလုံလောက်ဘူး။" အကြီးအကဲအီလူရှာက ၎င်းကို ပြန်ပေးခြင်းဟု သတ်မှတ်၍ရကြောင်း ပြောသည်ကိုကြားသော် ရှုယီက ခေါင်းခါကာ ရယ်၏၊ "လူသား ကုန်သည်တစ်ယောက်အနေနဲ့ ကျုပ်က ပြန်ပေးတယ်ဆိုတဲ့စကားကို စိတ်မဝင်စားဘူး။ ကျုပ်မှာသာ ရွေးချယ်စရာရှိရင် ပူးပေါင်းခြင်းဆိုတာကို ပိုသဘောကျတယ်။"

"ပူးပေါင်းခြင်း?" အကြီးအကဲအီလူရှာက ရှုယီကို ရှုပ်ထွေးစွာကြည့်လျက်၊ "ကျွန်မတို့ နတ်သူငယ်တွေအနေနဲ့ ရှင်တို့လူသားတွေနဲ့ ဘယ်လိုများပူးပေါင်းရမှာလဲ?"

"နည်းလမ်းရှိတာပေါ့။ ပူးပေါင်းခြင်းဆိုတာက နှစ်ဘက်စလုံးအနေနဲ့ သူတို့ရဲ့အစွမ်းအစနဲ့ လိုအပ်ချက်တွေကိုသုံးပြီးအလုပ်လုပ်တာပဲ။ ကြည့်ပါဦး၊ ခင်ဗျားတို့ ညတေးသံမျိုးနွယ်စုက ခင်ဗျားတို့ရဲ့ မြစ်ကိုပြောင်းလဲပြီး ရေပြဿနာဖြေရှင်းဖို့ ကျုပ်တို့ရဲ့ စွမ်းအားကိုလိုအပ်သလို ကျုပ်ကလည်း ခင်ဗျားတို့ဆီက တစ်ခုခုကို လိုချင်နေတယ်။ ခင်ဗျားတို့ဆီမှာ လက်ရှိ,ရှိနေတဲ့အထဲမှာ အက်ဂ်နက်စ်ဆီက တန်ဖိုးအပြင် ဒီထင်းရှူးအစေးမှာလည်း တန်ဖိုးရှိတယ်။ ခင်ဗျားတို့အတွက် ဒီထင်းရှူးစေးက ပုံမှန်မြင်နေကျအရာဖြစ်ပြီး တန်ဖိုးမရှိတာဖြစ်နိုင်ပေမယ့်၊ ကျုပ်အတွက်တော့ ဒီထင်းရှူးစေးမှာ အတော်လေးမြင့်တဲ့တန်ဖိုးရှိတယ်။ ခင်ဗျားတို့ မျိုးနွယ်စုရဲ့စွမ်းအားကြောင့်သာ မဟုတ်ရင် ကျုပ်အတွက် ဒီတန်ဖိုးကို ပြသဖို့က အရမ်းခက်မှာ။ ဒါ‌ကြောင့် ကျုပ်တို့ ပူးပေါင်းကြတာပေါ့။" ရှုယီက ခဏရပ်တန့်ကာ လေးနက်ဟန်ဖြင့်ဆိုလိုက်သည်၊ "အကြီးအကဲအီလူရှာ, ကျုပ်ရိုးရိုးသားသားနဲ့ပဲ ခင်ဗျားတို့နဲ့ ပူးတွဲဆက်ဆံရေးကို ရေရှည်ထိန်းသိမ်းနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျုပ်ရဲ့ပန်းတိုင်က ကျုပ်တို့နှစ်ဘက်စလုံး အကျိုးအမြတ်ရဖို့ပဲ၊ ဒီလိုဆိုရင် ကျုပ်ပဲဖြစ်ဖြစ် ခင်ဗျားတို့ ညတေးသံမျိုးနွယ်စုဖြစ်ဖြစ် နှစ်ဘက်စလုံး ဒီပူးပေါင်းမှုကနေ အကျိုးအမြတ်ရလိမ့်မယ်။"

"ရေရှည်?" အကြီးအကဲအီလူရှာက ရှုယီကို အတန်ငယ်စိတ်ဝင်စားစွာကြည့်လာသည်၊ "ဥက္ကဌရှု၊ ကျွန်မတို့နတ်သူငယ်တွေအတွက် ရေရှည်ဆိုတာ ဘာကိုဆိုလိုမှန်းသိရဲ့လား? ကျွန်မတို့က သက်တမ်းရှည်ပြီး ရှင်တို့ လူသားတွေရဲ့ ဘဝသက်တမ်းတစ်ခုလို့တောင် ယူဆလို့ရတယ်။"

"ဒါဆို ကျုပ်သေတဲ့နေ့အထိ ပူးပေါင်းဖို့ကြိုးစားပါ့မယ်၊ ဘယ်လိုလဲ?" ရှုယီကပြောသည်။

"ပြဿနာက ကျွန်မတို့မျိုးနွယ်စုအနေနဲ့ ရေအရင်းအမြစ်ပြဿနာကို ဖြေရှင်းဖို့ပဲလိုတာ။" အကြီးအကဲအီလူရှာက အပြုံးဖျော့ဖျော့ဖြင့်ပြောသည်၊ "ကျွန်မတို့က မြေအောက်ရေနဲ့ ဆက်သွယ်ပြီးသွားတော့ ဒီပြဿနာကိုဖြေရှင်းဖို့လဲ အလျင်မလိုတော့ဘူးလေ။ ဒါက ပိုပြင်းထန်လာရင်လည်း မိုးကျသစ်တောကနေထွက်ခွာပြီး တခြားနေရာမှာ နေဖို့ရှာလို့ရတာပဲ။ စိုင်စ်နယ်မြေကြီးက အတော်ကြီးပါတယ်၊ ကျွန်မတို့နေဖို့ နေရာအသစ်ကိုလွယ်လွယ်လေးရှာလို့ရ‌တယ်လေ။"

"ဒါဆို ခင်ဗျားတို့ ရေပြဿနာ ဒါမှမဟုတ် တခြားပြဿာနာနဲ့ကြုံရင်ရော ထပ်ပြောင်းဦးမှာပဲလား?" ရှုယီက ယဉ်ကျေးမှုမရှိစွာ ပြန်မေးလိုက်သည်၊ "စိုင်စ်နယ်မြေက အတော်လေးကြီးမားပေမယ့်လည်း အကြီးအကဲ၊ ကျုပ်ပြောပါရစေ၊ ခင်ဗျားတို့နတ်သူငယ်တွေနေနိုင်တဲ့နေရာ နည်းသထက်နည်းလာနေပြီလေ။ ခင်ဗျားက ဒီလိုပဲဆက်သွားဖို့ စီစဉ်ထားတာလား?"

အကြီးအကဲအီလူရှာမှာ တိတ်ဆိတ်သွားကာ ရှုယီကို တည်တည်ငြိမ်ငြိမ်ကြည့်လာ၏။

ရှုယီက မည်သည့်အားနည်းချက်ကိုမှ မပြဘဲ သူမနှင့် အကြည့်ချင်းဆုံကာ အဝေးကို လုံးဝမကြည့်ပါချေ။

တစ်ခဏကြာပြီးနောက် အကြီးအကဲအီလူရှာက နေရခက်စွာပြုံးလိုက်သည်မှာ အပြည့်အဝဖူးပွင့်လာသည့် ပန်းလေးတစ်ပွင့်လိုပါပင်။

"ဥက္ကဌရှု၊ ကျွန်မ ဘာကြောင့် ရှင့်ကိုရှာဖို့ အက်ဂ်နက်စ်ကို သဘောတူလိုက်တာလဲကိုသိလား?"

ရှုယီက မှင်တက်သွားကာ၊ "ဖြစ်နိုင်တာက ခင်ဗျားတို့ရဲ့ပြဿနာကို ဖြေရှင်းပေးခဲ့တဲ့ နည်း‌လမ်းကြောင့်မဟုတ်လား?"

"ဒါက အပေါ်ယံအကြောင်းပြချက်ပါ၊ ဒါပေမယ့် ပိုနက်နဲတဲ့အကြောင်းအရင်းက ရှင် အက်ဂ်နက်စ်ကိုပေးခဲ့တဲ့ မူ‌ကြမ်းကြောင့်ပဲ၊ ကျွန်မ ဖြစ်နိုင်ချေကို တွေ့ခဲ့တယ်။ ကျွန်မအနေနဲ့ ဒီဖြစ်နိုင်ချေကို ဖမ်းဆုပ်ထားပြီး လက်တွေ့အဖြစ်ပြောင်းလဲဖို့ မျှော်လင့်ထားတယ်။"

"ဘယ်ဖြစ်‌နိုင်ချေများလဲ?" ရှုယီက သိလိုစွာ မေးမြန်းလိုက်သည်။

"နတ်သူငယ်တွေနဲ့ လူတွေက ငြိမ်းချမ်းမှုနဲ့ အတူတကွနေထိုင်ကျတဲ့ ဖြစ်နိုင်ချေပါ။" အကြီးအကဲအီလူရှာက ပြောသည်၊ "ရှင်ပြောသလိုပေါ့၊ ကျွန်မတို့ နတ်သူငယ်တွေနေရမယ့်နေရာက နည်းသထက်‌နည်းလာနေပြီလေ။ ဒီနှစ်ပေါင်းရာချီအတွင်းမှာ ကျွန်မသိထားတဲ့ နတ်သူငယ်‌မျိုးနွယ်စုတွေက တစ်စုပြီးတစ်စု ပျောက်ကွယ်သွားကြတယ်။ ကျွန်မ ငယ်ငယ်ကနဲ့ယှဉ်ရင် နတ်သူငယ်တစ်ဝက်စာလောက်ပဲကျန်တော့တယ်။ နောက်ထပ် နှစ်ရာပေါင်းနည်းနည်းလောက် ကုန်လွန်သွားရင် နယ်မြေကြီးပေါ်က နတ်သူငယ်တွေအားလုံး ပျောက်ကွယ်သွားလိမ့်မယ်။"

"ညတေးသံမျိုးနွယ်စု အကြီးအကဲအနေနဲ့ ကျွန်မမှာ နတ်သူငယ်တွေအားလုံးရဲ့ကံကြမ္မာကို ပြောင်းလဲဖို့ နည်းလမ်းမရှိဘူး၊ ဒါပေမယ့် ကျွန်မတို့မျိုးနွယ်စုရဲ့ ကံကြမ္မာကိုပြောင်းလဲဖို့ ကြိုးစားကြည့်ချင်တယ်။ နယ်မြေကြီးကို အခု ရှင်တို့လူသားတွေက ထိန်းချုပ်ထားတော့ ကျွန်မတို့အနေနဲ့ ဒီအချက်ကို သတိထားပြီး နှစ်ထောင်ပေါင်းချီအကြာက စည်းမျဉ်းတွေကိုဘေးဖယ်ဖို့ကြိုးစားရင်း ရှင်တို့လူသားတွေနဲ့ အတူ‌တကွနေထိုင်နိုင်အောင် ကြိုးစားရမယ့်အချိန်ပဲ။ မျိုးနွယ်စုစစ်ပွဲတွေပြီးတာလည်း နှစ်ပေါင်းထောင်နဲ့ချီနေပြီး လူသားတွေနဲ့ နတ်သူငယ်တွေကြားက အမုန်းတရားကလည်း ပျောက်ကွယ်သွားတာ ကြာနေပါပြီ။ ဒါက ကျွန်မတို့နတ်သူငယ်တွေအတွက် အခွင့်ကောင်းဖြစ်သလို နောက်ဆုံးအခွင့်အရေးလည်းဖြစ်လို့ ကျွန်မလည်း အရမ်းကိုမှ ဖမ်းဆုပ်ထားချင်တာကြောင့် အက်ဂ်နက်စ်ကို ရှင်နဲ့ ဆက်သွယ်ခိုင်းလိုက်တာပါ။"

"ဒါဆို ခင်ဗျားက အက်ဂ်နက်စ် ကျုပ်တို့လုပ်ငန်းစုမှာ အလုပ်လုပ်မှာကို မဆန့်ကျင်ဘူးပေါ့?" ရှုယီကမေးသည်။

"ဟုတ်ပါတယ်။ ကျွန်မက အက်ဂ်နက်စ်ကို မျိုးနွယ်စုရဲ့ ပထမခြေလှမ်းဖြစ်စေချင်တာပါ။ သူမသာ ရှင်တို့ရဲ့ လူသားလောကကြီးမှာ သာမန်ဘဝနဲ့နေနိုင်ရင် တခြားနတ်သူငယ်တွေလည်း တူညီတဲ့ဘဝတွေ ရနိုင်တယ်လို့ ဆိုလိုတာပဲလေ။" အကြီးအကဲအီလူရှာက ခါးသီးစွာပြုံးကာ အသာသက်ပြင်းချလျက် ဆိုလာ၏၊ "ဒီရွေးချယ်မှုက မှန်ရဲ့လားတော့မသိပေမယ့် ဒါက ကျွန်မတို့ရဲ့ နောက်ဆုံးအခွင့်အရေးပဲ။ ကျွန်မတို့နတ်သူငယ်တွေက ပြောင်းလဲမှုတွေကို သဘောမကျခဲ့ပေမယ့်လည်း ဘာပြောင်းလဲမှုမှ မလုပ်ရင် ဖျက်ဆီးခြင်းကံတရားကပဲ ကျွန်မတို့ကို စောင့်ကြိုနေလိမ့်မယ်။"

ရှုယီက အကြီးအကဲအီလူရှာကို ငေးကြည့်လိုက်သည်။ သူမ၏အသက်နှစ်ဆယ်လောက်သာရှိသည့် မိန်းမငယ်လေးမျက်နှာထံမှ စိတ်ပူပန်မှုနှင့် မောပန်းမှုမျိုးစုံကို မြင်နိုင်နေသည်။

ကြည့်ရသည်မှာ နတ်သူငယ်များ၏ရှင်သန်နေထိုင်မှုက သူမကို အချိန်ကြာ အနှောင့်အယှက်ပြုခဲ့ပုံရပြီး ထိုကျော့ရှင်းသည့် နတ်သူငယ်တို့၏အကြီးအကဲသည်ပင် ဤ ဝန်ကြီးကို မထမ်းနိုင်ဖြစ်နေရသည်။

"အကြီးအကဲအီလူရှာ, ခင်ဗျား ဒီလိုထင်ရင်၊ မတိုင်ခင်က ကျုပ်ရဲ့ လျှောက်လှဲချက်ကို ပြောင်းသင့်တယ်ထင်တယ်၊ အက်ဂ်နက်စ်ကို ကျုပ်အစေခံဖြစ်ခွင့်မပြုတော့ဘူး။" ရှုယီက ပြောသည်။

"အိုး? ဘာလို့လဲ?"

"ခင်ဗျားက လူသားတွေနဲ့ နတ်သူငယ်တွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အတူနေဖို့ ဆန္ဒရှိနေတာဆိုတော့၊ သူ‌တို့အရှေ့ကို နတ်သူငယ်တွေပြန်ပေါ်လာတဲ့အချိန်တည်းက လူသားတွေထက် အဆင့်နှိမ့်ပစ်လိုက်လို့မရဘူးလေ။ အက်ဂ်နက်စ်သာ လူတွေရှေ့မှာ ကျုပ်ရဲ့အစေခံအဖြစ်ပေါ်လာရင် တခြားလူတွေကလည်း နတ်သူငယ်တွေက လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်က အနိုင်ယူပြီးနောက်မှာ အစေခံအဖြစ်ပြောင်းခဲ့တဲ့အတိုင်း ဆက်ဆံကြလိမ့်မယ်။ ဒါက သူတို့ရဲ့ နတ်သူငယ်တွေအပေါ်အမြင်ကို လုံးဝပြောင်းလဲပေးမှာမဟုတ်လောက်ဘူး။" ရှုယီက ပြန်ဖြေသည်။

အကြီးအကဲအီလူရှာက အနည်းငယ်စဉ်းစားပြီးမှ မေးလေ၏၊ "ဒါဆို ရှင်က အက်ဂ်နက်စ်ကို အစေခံအဖြစ်မခေါ်သွားရင်ရော ဘာခြားနားမှုရှိမှာလဲ?"

"အတော်လေးကြီးတဲ့ခြားနားမှုပေါ့။" ရှုယီက သေချာနေသည့်အသံဖြင့်ဆိုလာသည်၊ "အက်ဂ်နက်စ်က ကျုပ်တို့လုပ်ငန်းစုအတွက် သူမရဲ့ အနုပညာပါရမီကြောင့် လုပ်ငန်းရဲ့ ဒီဇိုင်းရေးဆွဲသူအဖြစ်လုပ်နိုင်ဖို့ မျှော်လင့်မိတယ်။ သူမက ကျုပ်ရဲ့အစေခံမဟုတ်ဘဲ သာမန်နတ်သူငယ်လေးအဖြစ်ပဲပေါ်လာရင် တခြားလူတွေက သူမရဲ့ ဒီဇိုင်းရေးဆွဲသူဆိုတဲ့ အချက်ကို ပိုအာရုံစိုက်လာပြီး သူမတန်ဖိုးကို လွယ်လွယ်နဲ့ အသိအမှတ်ပြုလာကြလိမ့်မယ်။ ကျုပ်တို့လူသားတွေက အချက်အလက်တွေကို ဂရုစိုက်တဲ့မျိုးနွယ်စုဆိုတော့ ခင်ဗျားမှာ တန်ဖိုးရှိနေသရွေ့ ခင်ဗျားကို ပိုအရေးပေးပြီး အလေးအနက်ထားပြီး ခေါ်သွားမှာပါ။"

အကြီးအကဲအီလူရှာက အတန်ကြာ တွေးတောပြီးမှ တဖြည်းဖြည်းပြောလေသည်၊ "ဥက္ကဌရှု၊ ကျွန်မထင်တာတော့ ရှင်ဒီတစ်ခေါက် ကျွန်မကို သင်ခန်းစာကောင်းကောင်းပေးခဲ့တာပဲ။ ဟုတ်တယ်၊ လူသားတွေက နယ်‌မြေကြီးရဲ့ မျိုးနွယ်စုပေါင်းစုံထဲမှာမှ အချက်အလက်တွေကို ဂရုစိုက်တဲ့မျိုးနွယ်စုဆိုတော့ နောက်ဆုံးမှာ အချက်အလက်တွေကိုမြင်ရဖို့ ဝင့်ကြွားဂုဏ်ယူတတ်လွန်းတဲ့ ကျွန်မတို့ နတ်သူငယ်တွေဆီက ထိန်းချုပ်ခံရပြီပေါ့။ လတ်တလော အသက်ရှင်နေထိုင်ဖို့ကို ဆက်သွားချင်ရင် လူသားတွေလိုဖြစ်လာမှပဲရမယ်။ ကျွန်မတို့ရဲ့ အလှအပထက် တန်ဖိုးကိုပြဖို့က ကျွန်မတို့လုပ်သင့်တဲ့အရာပဲ။"

ထိုသို့‌ဆိုပြီးနောက် အကြီးအကဲအီလူရှာက ရုတ်တရတ်ထရပ်ကာ ရှုယီကို အလေးအနက် ဦးညွှတ်လိုက်သည်။

"ဥက္ကဌရှု၊ ကျေးဇူးတင်ပါတယ်။ ရှင်က ကျွန်မကို အမှန်တရားကို နားလည်အောင်လုပ်ပေးခဲ့တယ်။"

***

မှော်စက်မှုအင်ပါယာ

Vol 1, အခန်း ၁၄၀။ အညွှန့်လေးနှစ်ညွှန့် (Vol 1 အဆုံးသတ်)

လောက၌ နှစ်သုံးရာကျော်နေထိုင်လာသည့် နတ်သူငယ်အကြီးအကဲတစ်ဦးအနေနှင့် အီလူရှာမှာ ဉာဏ်ပညာနှင့် အမြင်တွင် သံသယဝင်စရာမလိုဘဲ ထူးချွန်သလို လောကကိုလည်း ကောင်းစွာ နားလည်ပါ၏။

တကယ်တမ်း ရှုယီနှင့် စကားမပြောလျှင်တောင် သူမဟာ နတ်သူငယ်များ ကြုံတွေ့နေရသည့် ပြဿနာများကို သတိပြုမိနေပြီးသားပင်။

ရှုယီ၏ထွက်ပေါ်လာ‌မှုကြောင့်သာ သူမစဉ်းစားထားသည့် အခွင့်လမ်းကောင်းကို ဖော်ဆောင်ရန် အခွင့်အရေးတစ်ခုရခြင်းဖြစ်သည်။

ထို့ကြောင့် အကြီးအကဲ အီလူရှာနှင့် ရှုယီတို့ အချိန်ကြာစကားဆိုပြီးနောက်တွင် ပူးပေါင်းမှုသဘောတူညီချက်ကို အလွယ်လေးချမှတ်လိုက်ကြသည်။

၎င်းတို့နှစ်ဦးအကြား ပူးပေါင်းမှုအစတွင် ရှုယီအနေနှင့် ညတေးသံမျိုးနွယ်စု၏ ရေအရင်းမြစ်ပြဿနာကို ဖြေရှင်းရန် ကူညီရမည်ဖြစ်၏။

ထို့ကြောင့် ရှုယီ၏ပဏာမအစီအစဉ်မှာ မြစ်ညာဘက်၌ မိုးကျသစ်တောထဲ စီးဝင်ရန် ဆည်ကြီးတစ်ခုဆောက်ကာ ဘောင်တူး၍တစ်ဖန် ချိတ်ဆက်မည်ဖြစ်သည်။

၎င်းက စီမံကိန်းကြီးဖြစ်ကာ နည်းပညာပိုင်းတိုးတက်ပြီးသား ကမ္ဘာမြေပေါ်၌ပင် အချိန်အတော်ယူရသည်ဖြစ်ရာ စိုင်စ်နယ်မြေတွင်လည်း ထိုမျှ လွယ်ကူနေမည်မဟုတ်ချေ။

ထို့အပြင် မြစ်ကို ကောင်းကောင်းထိန်းချုပ်ရန် ရှုယီက အမ်ရစ်ကုန်သည်ကြီးများအသင်းကို ပိုမိုခိုင်ခံ့သောဆည်တစ်ခုတည်ဆောက်ရန် သူ့ထံမှ အားဖြည့်ကွန်ကရစ်နည်းပညာကို သင်ယူ‌ဖို့ရာ တောင်းဆိုခဲ့၏။ ထို့အပြင် မြစ်ကမ်း၌လည်း ၎င်းတို့ကို အထောက်ကူ ဖန်တီးစေခဲ့သည်။

သူ၏တွက်ချက်မှုကို အခြေခံကာ ထိုစီမံကိန်းအောင်မြင်နေသရွေ့ ထိုမြစ်အတွက် အနည်းဆုံးနှစ်တစ်ရာလောက် စိုးရိမ်ရန် မလိုတော့ချေ။

ထိုစီမံကိန်းနှင့် စပ်လျဉ်း၍ ကုန်ကျမှုကြီးကြီးမားမားလည်းရှိပြီး ညတေးသံမျိုးနွယ်စုအနေဖြင့် ထိုများပြားလှသည့်ငွေကို မထုတ်ပေးနိုင်ချေ။

ထို့ကြောင့် ၎င်းကိုတုံ့ပြန်သည့်အနေနှင့် ညတေးသံမျိုးနွယ်စုမှာ ရှုယီ၏တောင်းဆိုမှုကိုလိုက်နာ၍ ထင်းရှူးစေးဆက်စပ်စီမံကိန်းကို စတင်လေ့လာရင်း ထင်း‌ရှူးစေးပမာဏအမြောက်အများကိုပါ စုဆောင်းနေကြသည်။ ရှုယီမှ ညတေးသံမျိုးနွယ်စုနှင့်အတူ ထင်းရှူးစေးသန့်စင်စက်ကို ထုတ်လုပ်ပြီးသည့် အချိန်တွင် Frestech ကုန်သည်ကြီးများအသင်းအသုံးပြုရန် ပစ္စည်းပမာဏများစွာကို စတင်သန့်စင်နေကြပြီဖြစ်၏။

အက်ဂ်နက်စ်အား Frestech ကုန်သည်ကြီးများအသင်းအတွက် အလုပ်လုပ်ပေးရန် တောင်းဆိုမှုအတွက်ကိုမူ ရှုယီအကြံပြုချက်ကြောင့် အက်ဂ်နက်စ်က ရှုယီ၏အစေခံဖြစ်လာတော့မည်မဟုတ်ချေ။ ထို့ကြောင့် အကြီးအကဲအီလူရှာက ထိုတောင်းဆိုမှုကို ပြန်လည်ပေးချေမှုအဖြစ် မသတ်မှတ်နိုင်ချေ။

အပြင်ပန်းတွင် သောင်တူးရန်နှင့် မြစ်ကိုပြင်ရန် အတော်များများကုန်ကျပေလိမ့်မည်။ ရှုယီ၏ကနဦးခန့်မှန်းချက်များအရ ထိုမြစ်ကသိပ်မကြီးပါလျှင်တောင် အနိမ့်ဆုံးကုန်ကျစရိတ်မှာ ရွှေဒင်္ဂါးတစ်သိန်းကျော်လောက်သည်။ ညတေးသံမျိုးနွယ်စု၏ပေးချေမှုက ထိုမျှ များပြားမနေပေ။

သို့သော် ရေရှည်တွင် ထိုထင်းရှူးစေးနည်းပညာကိုဖမ်းဆုပ်ထားခြင်းက Frestech ကုန်သည်ကြီးများအသင်း၏ဖွံ့ဖြိုးမှုကို ကြီးမားပုံပေါ်စေသည်။ တစ်ချိန်တည်းတွင် ၎င်းတို့မှာ အကျိုးအမြတ်သစ်တချို့ကို ဖန်တီးနိုင်ရာ ၎င်းကြောင့်ပင် ညတေးသံမျိုးနွယ်စုနှင့်လည်း ဆက်ဆံရေးကောင်းဖန်တီးနိုင်သည်။

လိုရင်းဆိုရလျှင် အကျိုးရသူမှာ Frestech ကုန်သည်ကြီးများအသင်းဖြစ်ဆဲပင်။

ရှုယီ၊ စတေးလ်နှင့် ဗီဗီယန်တို့မှာ ညတေးသံမျိုးနွယ်စု၌ သုံးရက်လောက်နေခဲ့ကြသည်။ ရှုယီက ထင်းရှူးစေးသုတေသနတွင် သူ့ထံ၌ရှိသော တောင်းဆိုချက်အားလုံးကို နတ်သူငယ်များထံရှင်းပြပြီးနောက်မှ ထွက်သွားကြတော့၏။

အက်ဂ်နက်စ်က နှစ်သစ်ကူးတွင် မျိုးနွယ်စုထံ၌သာ နေလိုသောကြောင့် ၎င်းတို့ထွက်ခွာသောအခါ အက်ဂ်နက်စ်လည်း မိုးကျသစ်တောအပြင်မှ အန်ဂိုလာမျိုးနွယ်စုဆီ ပြန်လည်ပို့ဆောင်ပေးကာ လှည့်ထွက်သွားတော့သည်။

နှစ်တစ်နှစ်၏နောက်ဆုံး ဒီဇင်ဘာ သုံးဆယ်ရက်သို့ ရောက်နေ့ပြီးဖြစ်သောကြောင့် ထိုသုံးဦးမှာလည်း အန်ဂိုလာမျိုးနွယ်စု၌ လုံးဝမနေချေ။ ၎င်းတို့က ရွာခေါင်းတောင်မွန်တိုကို ခေါင်းဆောင်စီလူကာနှင့် လူပုလေးတို့အား နှုတ်ဆက်ခဲ့ကြောင်း အမြန်ပြောခဲ့ပြီး မြင်းလှည်းဖြင့် ဘန်တာမြို့ဆီသို့ အမြန်ပြန်သွားကြသည်။

၎င်းတို့ရောက်ရှိချိန်၌ မှောင်နေပြီဖြစ်ကာ ဘန်တာမြို့တော်သို့ ဝင်လာပြီးနောက် အင်မတန် သက်ဝင်လှုပ်ရှားနေသည်ကို တွေ့လိုက်ရသည်။ အိမ်တိုင်း အိမ်တိုင်း၏ ပြတင်းများမှလာသော အလင်းရောင်တောက်တောက်များနှင့် ထွက်ပေါ်လာသော အသံမျိုးစုံတို့မှာ အင်မတန်သက်ဝင်နေသည်။

ကြည့်ရသည်မှာ ကမ္ဘာမြေ၌ဖြစ်စေ စိုင်စ်နယ်မြေ၌ ဖြစ်စေ မည်သည့်လောကပဲဖြစ်ဖြစ် နှစ်သစ်ကူးများမှာ မိသားစုဆုံဆည်းဖို့ရန် အင်မတန်ရေးကြီးပြီး အချိန်ကောင်းလည်း ဖြစ်ပုံရသည်။

ရှုယီက လမ်းမများထက်ကို ကြည့်နေသည်အား မြင်သော် စတေးလ်က မနေနိုင်ဘဲမေးလာသည်၊ "ရှုယီ, ရှင်နဲ့ ဗီဗီယန်တို့ နှစ်သစ်ကူးအတွက် ကျွန်မတို့ဆီလာရင်ရော? အဘိုးနဲ့ အဖေ၊အမေတို့ကလည်း ရှင်တို့ကို သေချာပေါက်ကြိုဆိုမှာ ပြောစရာတောင်မလိုဘူး။ ရှင်သွားရင် အရမ်းပျော်ရမှာ။ ရှင်နဲ့ ဗီဗီယန်တို့ပဲ ရှိနေတာထက်တော့ ပိုကောင်းတာပေါ့၊ မဟုတ်ဘူးလား?"

ရှုယီက စတေးလ်ထံ အပြုံးဖြင့်လှည့်ကြည့်ကာ ခေါင်းခါ၍ပြောလိုက်သည်၊ "မလိုတော့ပါဘူး။ စတေးလ်, ကျုပ်က ခင်ဗျားရဲ့ ရည်ရွယ်ချက်ကောင်းတွေနဲ့တင် ကျေးဇူးတင်နေပါပြီ၊ ဒါပေမယ့် နှစ်သစ်ကူးဆိုတာက အရမ်းအရေးကြီးတဲ့အရာလေ။ ကျုပ်ဇာတိရဲ့စည်းမျဉ်းတွေအရ နှစ်သစ်ကူးကို ကျုပ်တို့မိသားစုတွေနဲ့ပဲ ကုန်ဆုံးသင့်တာကြောင့် ခင်ဗျားတို့မိသားစုကို မနှောင့်ယှက်တော့ပါဘူး။ ပြီးတော့လည်း နှစ်သစ်ကူးအတွက် မနက်ဖြန် မနက်ကျရင် ခင်ဗျားရဲ့အဘိုးဆီ လာနှုတ်ဆက်မှာပါ၊ တစ်ညလောက်လေးပဲ မတွေ့တော့ရုံပါပဲ။"

စတေးလ်၏မျက်နှာက အနည်းငယ်နီရဲသွားကာ ရေရွတ်လာ၏၊ "ကျွန်မရှင့်ကို မြင်ချင်တာကြောင့် ရှင့်ကိုသွားစေချင်တာမျိုးမဟုတ်ပါဘူး..."

မြင်းလှည်းက စတေးလ်၏အိမ်သို့အလျင်အမြန် ရောက်ရှိလာ၏။ စတေးလ်ခုန်ဆင်းလိုက်ချိန်တွင် ရှုယီက ဝင်သွားဖို့ရန်လည်းရည်ရွယ်ချက်ရှိမနေချေ။ သူက စတေးလ်ထံ လက်ယမ်းပြကာ ဗီဗီယန်အား သူ၏အိမ်သို့ပြန်ခေါ်သွားလိုက်သည်။

သူငှားရမ်းထားသည့်အိမ်ကို နှစ်ဝက်လောက် အမြဲလိုလို မေ့လျော့နေမိသည်အားတွေးပြီး ရှုယီမှာ မနေနိုင်ဘဲ ပြုံးမိရသည်။

ကြည့်ရသည်မှာ ဤလောက၌ လေးနှစ်တာကို ဤသေးငယ်ပျက်စီးနေသည့် အခန်းထဲ၌သာ ကုန်ဆုံးရသည့်ပုံပင်။

ဗီဗီယန်နှင့်သာအတူရှိသော်လည်း ရှုယီမှာ အရသာရှိသည့်ဟင်းပွဲများပြင်ဆင်ရန် ဆုံးဖြတ်လိုက်သည်။

ဗီဗီယန် တာဝန်ယူထားသည့်ဟင်းပွဲများမှလွဲ ရှုယီက သူ၏မှတ်ဉာဏ်ကိုသုံးလျက် ကမ္ဘာမြေရှိနှစ်သစ်ကူးတွင် လုပ်နေကျ ဟင်းပွဲအချို့အား ပြင်ဆင်လေသည်။

ရှုယီဟာ ကမ္ဘာမြေပေါ်၌ ဘယ်တုန်းကမှ မချက်ပြုတ်ဖူးရာ ထိုဟင်းပွဲများအား အရသာနှင့်ကြည့်ရဆိုးစေသော်လည်း ရှုယီနှင့် ဗီဗီယန်တို့မှာ စားရပျော်ကြသည်။

အသက်ဝင်မှုက အခြားအိမ်များနှင့်စာလျှင် အနည်းအကျဉ်းမျှသာရှိသော်လည်း ရှုယီ၏အားစိုက်မှုကြောင့် လေထုကတော့ လုံးဝကျဆင်းမနေပါချေ။

ရှိမနေသည့်အရာမှာ ဤလောက၌ ရုပ်မြင်သံကြားမရှိသဖြင့် ရှုယီ သိပ်မကြည့်ဖြစ်သည့် နှစ်သစ်ကူးပွဲတော်များပင်။

ရှုယီ၏စိတ်ပျက်မှုနှင့်ယှဉ်ပါက ဗီဗီယန်မှာမူ ဤအခိုက်အတန့်၌ အမှန်ပင် ပျော်ရွှင်နေပါသည်။

အကြောင်းမှာ သူမအားမွေးဖွားပြီး သိပ်မကြာခင်မှာပင် အစေခံများပင်ဖြစ်ကြသည့် သူမ၏မိဘများက လွန်ခဲ့သည့်ဆယ်နှစ်ကျော် လမ်ပူရီတိုင်းပြည်၏အငတ်ဘေးတွင် ဆုံးပါးသွားခဲ့သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဗီဗီယန်မှာ ငယ်ကတည်းက မိသားစုအပေါ်၌ မည်သည့်အမြင်မှမရှိသလို နှစ်သစ်ကူးကိုအတူကျင်းပမည့် မိသားစုဝင်များလည်း မရှိခဲ့ချေ။

သူမ၏ဆယ့်ငါးနှစ်တာသက်တမ်းတွင် ဆယ့်လေးနှစ်ကို ရှင်သန်နေထိုင်ရန် ကြိုးစားကုန်ဆုံးခဲ့ရသည်။

ရှုယီနှင့်တွေ့ကာ ခေါ်ဆောင်ခံလာရခြင်းကြောင့်သာ မဟုတ်လျှင် အရသာရှိသော အစားအစာ၊ အဝတ်နွေးနွေးများနှင့် ကျောင်းသွားရန်အခွင့်အရေးရမည်ကို မဆိုထားနှင့် သေပင် သေသွားပြီးဖြစ်လောက်၏။

ထို့ကြောင့် သူမ၏ သခင်‌လေး, ရှုယီနှင့်အတူ ဤနှစ်သစ်ကူးညစာကို စားနိုင်ခြင်း၊ ပျော်ပျော်ရွှင်ရွှင်ဆော့ကစားနိုင်ခြင်းက သူမအတွက် အကြီးမားဆုံးပျော်ရွှင်မှုပါပင်။

ညစာစားပြီးနောက် ရှုယီက ကြယ်ပေါင်းများစွာဖြင့်ပြည့်နှက်နေသော ညကောင်းကင်ယံကိုကြည့်ကာ အကြံတစ်ခု ရုတ်တရတ်ရသွားသည်။ သူက ဗီဗီယန်ကို လမ်းလျှောက်ထွက်ချင်သလားဟုလည်း မေးလေသည်။

ဗီဗီယန်ကလည်း ထိုအကြံကို ဆန့်ကျင်မည်မဟုတ်ရာ သူမက မူးနေပြီးသားရှုယီအတွက် အပေါ်ထပ်အင်္ကျီတစ်ထည်ထပ်ပေးလိုက်သည်။ သူမက စားပွဲကိုရှင်းလိုက်ချင်ပါသော်လည်း ရှုယီက သူမကိုတားလာ၏၊ "ဒီနေ့ အဲ့လောက်မစိုးရိမ်နဲ့၊‌ အေးဆေး ပျော်ပျော်နေ။"

ထို့ကြောင့် ဗီဗီယန်ကပြုံးလျက် ရှုယီလက်ကိုဖက်လိုက်ပြီးမှ နှစ်‌ဦးသား အခန်းမှထွက်လာကာ ညအချိန် ဘန်တာမြို့ကို ပုံမှန်လို လှည့်ပတ်လိုက်ကြသည်။

အနည်းငယ် မူးနေ၍လည်း ဖြစ်နိုင်၏၊ ရှုယီက လမ်း၌ ပြေးလွှားနေကြသော ကလေးအချို့ကိုညွှန်ပြကာ ဗီဗီယန်ထံ ပြောလာသည်၊ သူ ငယ်စဉ်အခါက နှစ်သစ်ကူးအကြိုနေ့ဆိုလျှင် သေချာပေါက် မီးရှူးမီးပန်းလေးများနှင့်အတူ ပြေးလွှားနေမည်ဖြစ်ကြောင်း။ တစ်ချိန်က သူဟာ မီးရှူးမီးပန်းလေးများနှင့်အတူ ပြေးလွှားနေစဉ်တွင် ကောက်ရိုးပုံပေါ်သို့ မီးရှို့မိခဲ့သဖြင့် ၎င်းကြောင့် အရိုက်ခံခဲ့ရကြောင်း။

တစ်ခဏအကြာ ညကောင်းကင်ယံကို မော့ကြည့်နေရင်း သူကလက်ညှိုးထိုးကာ ဗီဗီယန်ကို ပြောလာသည်၊ သူ၏ဇာတိ၌ ဆောင်းရာသီတွင် မှတ်မိရန်လွယ်သော အိုရီယွန်ဟုခေါ်သည့် ကြယ်အစုအဝေးတစ်ခုရှိကြောင်း။ ထိုကြယ်စု၌ ကြယ်သုံးပွင့်က မျဉ်းကြောင်းတစ်ခုသဖွယ်ဖြစ်နေပြီး ၎င်းကို အိုရီယွန်၏ ခါးပတ်ဟုခေါ်ကြောင်း။

အတန်ကြာပြီးနောက် သူ၏မျက်နှာက မှေးမှိန်သွားကာ မျက်ရည်အချို့ပင်ထွက်လာသည်။ ဤသည်က သူ၏မိသားစုထံမှ ဝေးကွာနေသည့် လေးကြိမ်မြောက်နှစ်သစ်ကူးပါပင်။ သူဟာ ယခုအချိန်တွင် သူ၏မိဘများကို အမှန်ပင် မြင်တွေ့ချင်လှသည်၊ ၎င်းတို့ မည်သည်များပြုလုပ်နေကြမည်ကို အမှန်ပင် သိချင်လှ၏။

တစ်ခဏကြာသော်...

……

ဗီဗီယန်က ရှုယီ၏ပါးစပ်မှထွက်လာသည့် သူမ,မသိသောစကားလုံးများကို တိတ်တဆိတ်နားထောင်ရင်း သူမစိတ်ထဲရှိ သံသယက ပိုလို့ပင် ခိုင်မာလာရသည်။

မီးရှူးမီးပန်းဆိုတာကဘာပါလိမ့်? ပျော်စရာကောင်းတာလား?

ဘာလို့ သခင်လေးက သူ့ဇာတိမြို့ရဲ့ ညကောင်းကင်မှာ အိုရီယွန်ရှိတယ်လို့ပြောတာလဲ? သူ့ဇာတိက ညကောင်းကင်က ဘန်တာမြို့ကနဲ့ မတူလို့များလား?

သခင်လေးက သူ့မိဘတွေကို အောက်မေ့နေရင် ဘာလို့ ပြန်မသွားရတာလဲ?

…...

ဗီဗီယန်၏ ခေါင်းထဲ၌ မေးခွန်းများဆက်လက်ထွက်ပေါ်လာသော်လည်း လက်ရှိတွင် သခင်လေးက ဖုံးကွယ်ထားလိုသည်ကို သိသဖြင့် ထုတ်မမေးလိုက်ပါချေ။

၎င်းတို့စကားတပြောပြောဖြင့် လျှောက်သွားနေရင်း မသိလိုက်ပါဘဲ နှစ်ဦးသားက ဘန်တာမြို့မှ ထွက်လာပြီးဖြစ်နေကာ မြို့၏အနောက်ဘက် Frestech ကုန်သည်ကြီးများအသင်း၏ အလုပ်ရုံဆီသို့ ရောက်လာကြသည်။

နှစ်သစ်ကူးအကြိုညဖြစ်ရာ အလုပ်ရုံနှစ်ခုမှာ တိတ်ဆိတ်နေ၏။ မှော်မီးအိမ်အလင်းအောက်မှ မှော်စက်အလုပ်ရုံအတွက် လုံခြုံရေးအဖြစ်ခန့်အပ်ထားသည့် လူနှစ်ဦးမှလွဲလျှင် တခြားနေရာများက မှောင်မိုက်နေသည်။

ရှုယီက လုံခြုံရေးများကို နှောင့်ယှက်လိုသည့်စိတ်မရှိဘဲ အလုပ်ရုံများ၏အရှေ့ရှိ နေရာလွတ်၌သာ ရပ်နေသည်။ အမှောင်ထဲ၌ အလုပ်ရုံအသေးလေးများကိုကြည့်ရင်း သူ၏စိတ်နှလုံးက ခံစားချက်များဖြင့် ပြည့်နှက်လာ၏။

အလုပ်ရုံနှစ်ရုံမှာ အင်မတန်သေးနုပ်လှပါသော်လည်း ၎င်းက သူ၏စိတ်ထဲက အိပ်မက်အညွှန့်လေးကို ကိုယ်စားပြုပါ၏။

လက်ရှိ၎င်းတို့မှာ အညွှန့်လေးနှစ်ညွှန့်မျှသာဖြစ်သော်လည်း Frestech ကုန်သည်ကြီးများအသင်းတိုးတက်လာကာ စိုင်စ်နယ်မြေရှိလူများက မှော်စက်မှုနယ်ပယ်ကို အာရုံပိုစိုက်လာသည်နှင့် တစ်နေ့တွင် ထိုအညွှန်လေးနှစ်ညွှန့်မှာ ဧရာမသစ်ပင်ကြီးများဖြစ်လာလိမ့်မည်။

အိမ်သုံးမှော်စက်အလုပ်ရုံမှ ထွက်လာသော ပုံရိပ်တစ်ခုက သူ၏မျက်လုံးထောင့်သို့ဝင်လာရာ ရှုယီက အံ့ဩသွားသည်။ သူအော်ခေါ်ရန်ပြင်လိုက်စဉ် ထိုပုံရိပ်က အင်မတန်ရင်းနှီးနေသည်ကို မြင်လိုက်ရသည်။

သေချာကြည့်ပြီးနောက်တွင် ရှုယီက မနေနိုင်ဘဲ ပြုံးလိုက်မိ၏။

"ဟေး၊ ဟိန့်ဇ် ခင်ဗျားဘာလို့ ဒီနေ့ မရီးနဲ့အတူ မရှိနေရတာလဲ၊ ဘာလို့ဒီကိုရောက်လာတာလဲ?" ရှုယီက ထိုလူကို အသံနိမ့်နိမ့်ဖြင့် နှုတ်ဆက်‌လေသည်။

ထိုလူက အံ့ဩကာ ကြည့်လာ၏။ အလုပ်ရုံမှ ထွက်လာသည့် အလင်းဖျော့ဖျော့ကြောင့် ၎င်းက ရှုယီနှင့် ဗီဗီယန်တို့ဖြစ်သည်ကို တွေ့လိုက်ပြီးနောက်တွင် သူလည်း စိတ်အေးသွားသည်။

ထိုပုံရိပ်လျှောက်လာသော် ၎င်းက တကယ်ကို ဟိန့်ဇ်ဖြစ်နေ၏။

သူက ၎င်းတို့နှစ်ဦးကိုကြည့်လာကာ အသံနှိမ့်လျက်မေးလေသည်၊ "ငါ စိတ်မအေးနိုင်လို့ ဒီကိုတစ်ချက်လာကြည့်တာပါ။ ဒါနဲ့ ရှုယီ ဘာလို့ မင်းနဲ့ ဗီဗီယန်တို့ သူ့ဆီမှာ နှစ်သစ်ကိုမကုန်ဆုံးဘဲ ဒီကိုလာရတာလဲ?"

"ဘာမှမဟုတ်ပါဘူး၊ ကျုပ်က ဒီတိုင်းအပြင်ကိုလမ်းလျှောက်ထွက်ရင်း ဒီကိုရောက်လာတာပဲ။" ရှုယီက ပခုံးတွန့်လျက် အလုပ်ရုံနှစ်ရုံကို လှည့်ကြည့်သည်၊ "ဖြစ်နိုင်တာ ဒီနေရာက ကျုပ်ရင်ထဲမှာ အတော်လေးအရေးကြီးတဲ့နေရာဖြစ်တာကြောင့် လာမကြည့်ချင်ဘဲ မနေနိုင်ဖြစ်သွားတာနေမယ်။"

ဟိန့်ဇ်က အသာခေါင်းငြိမ့်ကာ၊ "ငါလည်း အတူတူပဲ။ ရိုးရိုးသားသားပြောရရင် ရှုယီ၊ ငါက လွန်ခဲ့တဲ့နှစ်တစ်ဝက်ကဆိုရင် အထွေထွေကုန်စုံဆိုင်လေးရဲ့ ပိုင်ရှင်လေးပဲဖြစ်ခဲ့တာလေ၊ ဘယ်တုန်းကမှ ဒီလိုလုပ်ငန်းစုကြီးတစ်ခုမှာ အဓိကရှယ်ယာရှင်တစ်ယောက်ဖြစ်လာမယ်လို့ စိတ်မကူးဖူးဘူး။ ငါအိပ်ဖို့ပြင်လိုက်တဲ့ အချိန်အတော်များများမှာလည်း ငါကြုံခဲ့တဲ့အရာတွေအားလုံးက မှားယွင်းနေပြီး ပုံရိပ်ယောင်လေးပဲဖြစ်နေမှာကို သံသယဝင်နေမိတယ်။ ဒါကြောင့် နေ့တိုင်း အစောကြီး ဒီအလုပ်ရုံကိုကြည့်ရဖို့လာတယ်။ ငါသူတို့ကို မြင်နေသရွေ့ အိပ်မက်ထဲမှာမဟုတ်ဘဲ ငါကြုံခဲ့သမျှကလည်း အစစ်အမှန်ဆိုတာကို ခံစားမိတယ်။"

ဟိန့်ဇ်က ရှားရှားပါးပါး ခံစားချက်ပြည့်နေသည်ကို ကြည့်ရင်း ရှုယီလည်း မနေနိုင်ဘဲ ပြုံးကာပြောလေ၏၊ "ခင်ဗျားက နေ့တိုင်း အလုပ်ဆင်းချိန်ဆိုရင် ထွက်မသွားချင်ပုံပေါ်နေတာ မဆန်းတော့ပါဘူး၊ ခင်ဗျားထွက်သွားတဲ့အချိန် အားလုံးပျောက်ကွယ်သွားမှာကို စိုးရိမ်နေတာလား?"

ဟိန့်ဇ်က အသာခေါင်းငြိမ့်ရင်း၊ "ရှုယီ၊ ငါက ဆန္ဒပြင်းပြတဲ့လူမျိုးမဟုတ်တာကို မင်းသိပါတယ်။ ငါ့အတွက် ငါ့ရဲ့လက်ရှိဘဝနဲ့တင် အရမ်းကိုစိတ်တိုင်းကျတာကြောင့် ငါ့မှာရှိနေတဲ့အရာတွေကို တန်ဖိုးထားတယ်။ ဒီအလုပ်ရုံနှစ်ရုံကလည်း တစ်နေ့မှာ ပျောက်ကွယ်သွားမှာကို တကယ်စိုးရိမ်မိတယ်။ ဒီလိုသာတကယ်ဖြစ်လာရင် ငါအသည်းကွဲပြီး သေလောက်တယ်။"

"အေးဆေးပေါ့၊ ဒီလိုမဖြစ်ပါဘူး။" ရှုယီက ဟိန့်ဇ်ကို ပခုံးပုတ်ပေးကာ ပြောသည်၊ "ဒီအလုပ်ရုံနှစ်ရုံက အ‌ရမ်းသေးလွန်းပြီး ကျုပ်တို့လုပ်ငန်းစုရဲ့ တောင်းဆိုချက်တွေကိုမလုပ်နိုင်လို့သာ ပျောက်ကွယ်သွားမယ်။ ကျုပ်တို့လုပ်ဖို့လိုတာက အလုပ်ရုံအသစ်အတွက် နေရာကျယ်ကျယ်တစ်နေရာပဲ။ ဒါပေမယ့် သူတို့ပျောက်ကွယ်သွားရင်တောင် သူတို့နေရာကို ယူဖို့ထွက်ပေါ်လာမယ့် အလုပ်ရုံတွေ‌ပိုပေါ်လာလိမ့်မယ်။ ခင်ဗျားအနေနဲ့ ကျုပ်တို့လုပ်ငန်းစုကြီးတိုးတက်လာပြီး နယ်မြေတဝှမ်းမှာ မီးလျှံလို တဟုန်ထိုးပျံ့နှံ့တဲ့မှော်စက်မူနယ်ပယ်ကြီးအနေနဲ့ ထွန်းလင်းလာဖို့ကိုပဲ ယုံကြည်ဖို့လိုတယ်။ အချိန်ကျလာရင် နယ်‌မြေတဝှမ်းလုံးမှာ ကျုပ်တို့လုပ်ငန်းစုရဲ့အလုပ်ရုံနဲ့ စက်ရုံတွေပဲပြည့်လာလိမ့်မယ်။ ဟိန့်ဇ်၊ ဒါဆို ခင်ဗျား အလုပ်ရုံတစ်ခုစီတိုင်းကို တွေ့ရလား?"

ဟိန့်ဇ်က ညအမှောင်ထုထဲကြည့်လိုက်သော်လည်း သူ၏မျက်လုံးများက ရှုယီဖော်ပြနေသည်ကို မြင်နိုင်နေ၏။

တစ်ခဏကြာပြီးနောက်တွင် ရေရွတ်လိုက်သည်၊ "ရှုယီ၊ မင်းပြောတဲ့အရာအားလုံး လက်တွေ့ဖြစ်လာနိုင်လား?"

ရှုယီက အင်မတန်ယုံကြည်ချက်ရှိစွာ ခေါင်းငြိမ့်လာပြီး၊ "ဒါပေါ့၊ မှော်စက်မှုနယ်ပယ်က နယ်မြေကြီးပေါ်မှာ အညွှန့်စထွက်လာပြီဖြစ်တာကြောင့် ကြီးထွားမှုကို ရပ်တန့်ဖို့က အရမ်းခက်ခဲတယ်။ တစ်နေ့ကျရင် ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက နယ်မြေကြီးပေါ်မှာ ဧရာမ မှော်စက်မှုအင်ပါယာကြီးတစ်ခုကို ဖန်တီးလိမ့်မယ်!"

All Chapters