ဆရာနှင့်တပည့်
Vol. 015 Ch. 1484
ကောင်းကင်နတ်တံခါးမှ တန်ခိုးရှင်အားလုံးသည် ရီဖူရှင်းကို ကြည့်လိုက်ကြပြီး သူတို့နှလုံးသားထဲ၌ ရှုပ်ထွေးနေကြသည်။ ဂူတုံးလျှိုကို ကောင်းကင်နတ်တံခါးသို့ ပြန်ခေါ်လာခဲ့ပြီး ခေါင်းဆောင်ဖြစ်လာရန် ပျိုးထောင်နေကြသည်။ အဓိကကလန်နှစ်ခုက ရည်မှန်းချက်တစ်ခုကို ဦးတည်ကာ တူညီသည့် အချက်များကို သဘောတူခဲ့ကြပေမယ့် လူတိုင်းသည် ကျန်းကလန်ခေါင်းဆောင်က သူတို့အတွက် ကိုယ်ပိုင်အကျိုးအမြတ် မရှိဘဲနှင့် ထိုသို့ လုပ်ဆောင်ခြင်းမှာ မဖြစ်နိုင်ဟု တွေးထင်ခဲ့ကြသည်။
ဂူတုံးလျှို၏ အပြုအမူက စိတ်ပျက်စရာ ဖြစ်နေခဲ့လျှင် ကောင်းကင်နတ်တံခါးဂိုဏ်းသည် သူ့အပေါ်၌ အရာအားလုံးကို အလောင်းအစား လုပ်လိမ့်မည် မဟုတ်ပေ။ နောက်ဆုံးအခေါက်၌ ဂူတုံးလျှိုနှင့် ရီထျန်းယွိတို့ တိုက်ခိုက်သည့်အခါတွင် သရေအနေအထားဖြင့် အဆုံးသတ်ခဲ့သည်။ ကောင်းကင်နတ်တံခါး၏ လူများသည် ထိုတိုက်ခိုက်မှုကို တွေ့ရှိပြီးနောက်တွင် ဂူတုံးလျှိုအပေါ် အထင်ကြီးမှုများ တိုးမြင့်လာခဲ့သည်။
သို့သော် သူတို့သည် ယနေ့တွင် မမျှော်လင့်စွာနှင့် ဂူတုံးလျှို၏ ဂျူနီယာညီလေး ရီဖူရှင်းက ခေတ်တစ်ခေတ်ကို အုပ်စိုးနိုင်သည့် တစ်စုံတစ်ယောက် ဖြစ်လာနိုင်ပေသည်။
မမျှော်လင့်စွာနှင့် သူက ကောင်းကင်အာဏာစက် ပြည်ထောင်၏ အိမ်ရှေ့စံ ရီထျန်းယွိကိုပင် ဖိနှိပ်နိုင်ခဲ့သည်။
နောင်နှစ်အနည်းငယ် ကြာသည့်အခါတွင် ဤညီအစ်ကိုနှစ်ယောက်က မည်သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်လာသနည်း။
ကောင်းကင်အာဏာစက်ဘုံ၏ အနာဂတ်၌ မည်သို့သော အဖြစ်အပျက်မျိုး ဖြစ်လာနိုင်သနည်း။
ထို့အပြင် နတ်နဂါးကလန်၌ သွားရောက်ကျင့်ကြံနေသည့် ယူချင်းဟူသော ပုဂ္ဂိုလ်တစ်ဦး ရှိနေသေးပေသည်။ ကောလာဟလများအရ ယူချင်းကို နတ်နဂါးကလန်၏ တပည့်အဖြစ် လက်ခံခဲ့ပြီး ထိပ်သီးပုဂ္ဂိုလ်များ၏ ကျင့်ကြံပေးခြင်းကို ခံရသည်ဟု ပြောခဲ့သည်။
ကောင်းကင်အာဏာစက် ပြည်ထောင်မှ တန်ခိုးရှင်များနှင့် ရှန့်ရှောင်းနန်းတော်မှ တန်ခိုးရှင်များသည် ကျောရိုးထဲမှပင် တုန်လှုပ်နေကာ သူတို့၏ မျက်လုံးများက ထက်ရှလာခဲ့သည်။
သူတို့၏ စီနီယာအစ်ကိုက အမှန်တကယ် ရှုံးနိမ့်သွားပြီး မြေပေါ်သို့ ရိုက်ခတ်မိခဲ့သည်။
တစ်ဖက်လူက နတ်လက်နက်ပစ္စည်း၏ အကူအညီကို အသုံးပြုလျှင်ပင် သူ၏ ခွန်အားကလည်း ကြောက်မက်ဖွယ်ပင် ဖြစ်သည်။ ထိုတိုက်ခိုက်မှုကို ကြောက်မက်ဖွယ် ကောင်းသည်ဟု ဆုံးဖြတ်နိုင်သည်။ ကြည့်ရသည်မှာ သူတို့သည် ဘုံအတွင်းမှ ထိပ်သီးပုဂ္ဂိုလ်များကို အထင်သေး၍ မရနိုင်ပေ။ အသေအချာပင် ရီဖူရှင်းသည် ထိပ်တန်းပါရမီရှင်တစ်ဦး ဖြစ်သည်။ ရီထျန်းယွိနှင့် ယှဉ်နိုင်သူမှာ အနည်းငယ်သာ ရှိပေသည်။
အားလုံးသော တန်ခိုးရှင်များသည် သူတို့၏ နှလုံးသားထဲ၌ ရှုပ်ထွေးနေကြပြီး အတွေးပေါင်းစုံ ကြီးစိုးနေသည်။ ရွှမ်ထျန်းနတ်မိမယ်နှင့် ဗြဟ္မာ့သန့်စင်ကောင်းကင်၏ တန်ခိုးရှင်များသည်လည်း တိုက်ပွဲကို စောင့်ကြည့်ရင်း ရီဖူရှင်းကို စိုက်ကြည့်နေကြသည်။
ထိုအချိန်တွင် အသံတစ်ခုကို ကြားလိုက်ရပြီး ပျက်စီးနေသည့် မြေပြင်မှ ရီထျန်းယွိ ထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်ပေါ်မှ နတ်အလင်းသည် တောက်ပနေဆဲ ဖြစ်သည်က လူအများကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။ ထိုသို့သော တိုက်ခိုက်မှုသည်ပင် သူ့အား ပြင်းထန်စွာ ဒဏ်ရာမရစေဘဲ ရီထျန်းယွိသည် နတ်ဘုရားခန္ဓာ ဖွဲ့စည်းထားဆဲ အခြေအနေပင် ဖြစ်သည်။ သူက တကယ့်ကို ထိတ်လန့်တုန်လှုပ်ဖွယ်ရာပင် ဖြစ်သည်။
ရီဖူရှင်းက ရန်ဟောင်အဆင့်အောက်တွင် အထူးချွန်ဆုံး ပြန်လည်မွေးဖွားခြင်း တန်ခိုးရှင်ဟု ကျော်ကြားခဲ့ပြီး တစ်နေ့တွင် ကောင်းကင်အာဏာစက် ပြည်ထောင်၏ ဘုရင် ဖြစ်လာမည့် ရီထျန်းယွိကို ငုံ့ကြည့်သည်။ ရီထျန်းယွိသည် အထွတ်အထိပ်တွင် ရပ်တည်ရန် မွေးဖွားလာသည်ဟု ဆိုကြရာ အလွန် အားကောင်းလှပေသည်။ ရီဖူရှင်း၏ တိုက်ခိုက်မှုက ပြန်လည်မွေးဖွားခြင်း အထွတ်အထိပ်အဆင့် ဖြစ်နေလျှင်ပင် သူက ရီထျန်းယွိအား အနည်းငယ်မျှသာ ဒဏ်ရာ ရစေခဲ့သည်။ သူက တစ်ဖက်လူကို ဖိနှိပ်နိုင်ခဲ့သော်လည်း ပြင်းပြင်းထန်ထန် ထိခိုက်စေရန် မစွမ်းဆောင်နိုင်ခဲ့ပေ။
ရီထျန်းယွိက မော့ကြည့်ကာ လေထဲမှ ရီဖူရှင်းအား စူးစိုက်ကြည့်သည်။ သူသည် အမူအရာမဲ့နေပြီး မည်သည့် စိတ်အနှောက်အယှက်မှ မဖြစ်ဟု ထင်မှတ်ရသည်။ ယခုတွင် သူက မည်သို့ ခံစားနေရသည် မည်သို့ တွေးတောနေသည်ကို မည်သူမှ မရှိပေ။
လေထုက အနည်းငယ် ဖိနှိပ်ခံရသလို ဖြစ်လာသည်။ ရီထျန်းယွိ၏ မျက်လုံးများက ရီဖူရှင်းထံမှ မခွာခဲ့ဘဲ သူက သူ၏ လက်ဝါးကို ဆန့်ထုတ်သည်။ ချက်ချင်းပင် နတ်အလင်းများက တောက်ပလာသည်။ နတ်စေတီတစ်ဆူက ရီထျန်းယွိရှေ့မှာ ပေါ်ပေါက်လာပြီး အဆက်မပြတ် ကြီးမားလာသည်။
“ရန်ဟောင်လက်နက်” လူတိုင်း၏ မျက်လုံးများက ထက်ရှလာသည်။ ယခုတွင် ရီထျန်းယွိသည် ရန်ဟောင်လက်နက်ကို ထုတ်ယူလိုက်ပြီ ဖြစ်သည်။
ထို့အပြင် ဤရန်ဟောင်လက်နက်၏ စွမ်းအားက အလွန် စွမ်းအားပြင်းထန်ပြီး ကောင်းကင်သို့ ပျံသန်းသွားကာ အဆုံးမဲ့ ကြီးမားသည့် စေတီအဖြစ်သို့ ပြောင်းလဲသွားလေသည်။ အဆုံးမဲ့ မဟာလမ်းစဉ် နတ်အလင်းများက ယင်းစေတီအတွင်း စီးဆင်းနေပြီး စေတီ၏ အလင်းများက ရီဖူရှင်းဆီသို့ ဦးတည်လာသည်။
ရီဖူရှင်းက စေတီကို မော့ကြည့်လိုက်ကာ လေထဲသို့ ခြေချသည်။ နတ်ဆင်များက အော်မြည်ကာ စေတီဆီသို့ ဦးတည်သွားခဲ့သည်။ သို့သော် စေတီ၏ ရောင်ဝါအောက်တွင် နတ်ဆင်တစ်ကောင်ချင်းစီသည် မည်သည်မှ မကျန်တော့သည်အထိ ပျက်စီးသွားခဲ့ပေသည်။ နတ်အလင်းက ကောင်းကင်ကို ထိုးဖောက်ကာ ဖျက်ဆီးခြင်းနှင့် သတ်ဖြတ်ခြင်း မုန်တိုင်းအဖြစ် ပြောင်းလဲသွားသည်။
ဘုန်း! ရီဖူရှင်း၏ နတ်ဝိညာဉ်စွမ်းအားက ထိန်းချုပ်ခံထားရသလို ဖြစ်လာသည်။ ဤစေတီတွင် နတ်ဝိညာဉ်ကို ဖိနှိပ်နိုင်သော ရန်ဟောင် စွမ်းအားများ ပါဝင်နေသည်။
ရီဖူရှင်း၏ အတွင်း၌ ကျယ်လောင်စွာ အော်မြည်နေပြီး အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာ၏ အရိုး စွမ်းအားက အလွန် အားကောင်းလာသည်။ အလွန် အစွမ်းထက်သည့် နတ်ဆင်တစ်ကောင် ပေါ်ပေါက်လာပြီး ကောင်းကင်သို့ ခြေချလာသည်။ သူ၏ လက်ထဲမှ နှင်တံရှည်သည် စေတီဆီသို့ ဦးတည်သွားခဲ့သည်။
ရီထျန်းယွိ၏ ခန္ဓာကိုယ်က လှစ်ခနဲ လှုပ်ရှားသွားကာ စေတီ၏ ထိပ်တွင် ပေါ်ပေါက်လာသည်။ သူ့ခန္ဓာကိုယ်က ကြီးမားလာပြီး အစစ်အမှန် နတ်ဘုရားအဖြစ် ပြောင်းလဲသွားသည်။ သူက စေတီကြီးအား လက်ထဲတွင် ကိုင်ကာ အောက်သို့ ပစ်သည်။
စေတီက ရစ်ဝဲနေကာ ပုံရိပ်ယောင်များ ကျဆင်းလာသည်။ ယင်းသည် နတ်ဆိုးများနှင့် ရှန့်ထိုများကိုပင် ဖျက်ဆီးပစ်နိုင်လေသည်။ တောက်ပသည့် စေတီ၏ ရောင်ဝါအောက်တွင် ရီထျန်းယွိသည် ရှေးဟောင်းအင်ပါယာအဖြစ်သို့ ပြောင်းလဲသွားသည်။ ကောင်းကင်အာဏာစက် ပြည်ထောင်၏ ရှေးဟောင်းအင်ပါယာတစ်ပါး လောကသို့ ဆင်းသက်လာသည်ဟု ထင်မှတ်ရကာ ပြင်းထန်သည့် မဟာလမ်းစဉ် စွမ်းအားများကို ထုတ်လွှတ်ထားသည်။
“ဒီလက်နက်က.....” ကောင်းကင်နတ်တံခါးမှ တန်ခိုးရှင်များ၏ အကြည့်တို့က မည်းမှောင်သွားသည်။ ဤလက်နက်မှ ရန်ဟောင်စွမ်းအားများသည် အလွန် ချောက်ချားဖွယ်ကောင်းနေသည်။ ရီထျန်းယွိ၏ လက်ရှိ အခြေအနေသည် ယင်းလက်နက်စွမ်းအားကို အပြည့်အဝ မထုတ်လွှတ်နိုင်သော်လည်း ယင်းစွမ်းအား တစ်စိတ်တစ်ပိုင်းသည်ပင် လူတိုင်း၏ နှလုံးသားကို တုန်လှုပ်သွားစေရန် လုံလောက်နေပြီ ဖြစ်သည်။
ရီထျန်းယွိသည် ဤအရာကို ဘိုးဘေးနယ်မြေမှ ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုလက်နက်သည် ဘိုးဘေးတစ်ယောက် ချန်ရစ်ခဲ့သော အရာဖြစ်ကာ ယင်းစွမ်းအားသည် ယခုထုတ်ဖော်ထားသည်ထက် အများကြီးပို၍ အားကောင်းပေသည်။
ရီဖူရှင်းက သူ့ကို တိုက်ခိုက်ရန် နတ်ဆိုးအင်ပါယာအရှင်၏ စီးတော် အရပ်ဆယ်မျက်နှာ နတ်ဆင်အင်ပါယာ၏ အရိုးကို အသုံးပြုခဲ့သည့်အတွက် သူကလည်း ရီဖူရှင်းအား ဖိနှိပ်နိုင်ရန် သူ့ဘိုးဘေးများ၏ လက်နက်ကို အသုံးပြုရမည် ဖြစ်သည်။
ဘုန်း...
ကောင်းကင်ထက်တွင် ထိတ်လန့်ဖွယ် ထိပ်တိုက်တွေ့ဆုံသည့် အသံတစ်ခု ဖြစ်ပေါ်လာသည်။ ယင်းသည် အလွန် ကြောက်မက်ဖွယ် ကောင်းလှကာ ရီဖူရှင်း၏ နှင်တံနည်းစနစ်က ၎င်းကြောင့် ဖိနှိပ်ခံရပေသည်။ စေတီ၏ အလင်းများက သူ့ခန္ဓာဆီသို့ တစ်ဟုန်ထိုး ပြေးဝင်လာသည်။ ထိုသည်မှာ စေတီအရိပ်များက သူ့ခန္ဓာကိုယ်ကို တိုက်ရိုက် ဖြတ်သန်းသွားသကဲ့သို့ ဖြစ်ကာ ကြီးမားသည့် အဆုံးမဲ့ နတ်ဆင်များနှင့် သူ၏ နတ်ဝိညာဉ်ကိုပင် လွှမ်းခြုံသွားကာ ဖိနှိပ်ပင် ခံလာရသည်။
“ဘယ်လောက် အစွမ်းထက်လိုက်တဲ့ လက်နက်လဲ”
အနီးမှ တန်ခိုးရှင်များ အားလုံးက တုန်ယင်နေကြသည်။ ရီထျန်းယွိသည် ရီဖူရှင်း၏ ဖိနှိပ်မှုကို ခံရသဖြင့် ဒေါသထွက်ကာ အစွမ်းထက် နတ်လက်နက်ကို ထုတ်သုံး၍ အခြေအနေကို ပြောင်းပြန်လှန်ရန် ဆုံးဖြတ်လိုက်ပြီး သူ၏ အရှက်ရမှုကို ဆေးကြောလိုပုံပေါ်သည်။
စေတီအလင်းသည် ရီဖူရှင်း၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။ နတ်အလင်းတန်းတစ်ခုချင်းစီသည် အလွန် ကြောက်မက်ဖွယ် ကောင်းလှကာ ရီဖူရှင်း၏ ခန္ဓာကိုယ်ကို သန့်စင်ပစ်ချင်နေပုံရသည်။
ဘုန်း....
ရွှေရောင်ချပ်ဝတ် နတ်ဆင်သည် ကောင်းကင်တွင် လျှောက်လာပြီး ရီဖူရှင်းသည် ခုခံနေရဆဲ ဖြစ်သည်။ သူ၏ မျက်လုံးများက ကောင်းကင်ဆီသို့ ကြည့်လိုက်ကာ အလွန် ကြောက်မက်ဖွယ် ကောင်းလာသည်။ သူတို့နှစ်ယောက်က တစ်ဖန်ထပ်ကာ တိုက်ခိုက်ကြပြန်ပြီ ဖြစ်၏။
“သွား”
ရီထျန်းယွိက သူ၏ လက်ကို မြှောက်ကာ ဝှေ့ယမ်းသည်။ ရုတ်ခြည်းပင် ပြင်းထန်သည့် စေတီ အရှိန်အဝါက အောက်သို့ ကျဆင်းလာပြီး ရီဖူရှင်း၏ အထက် ကောင်းကင်သို့ ရောက်ရှိလာသည်။ စေတီ၏ နတ်အလင်းတန်းများက အရူးအမူး ဆင်းသက်လာကာ ရီဖူရှင်းအား ချုပ်နှောင်ထားရန် ကြိုးစားနေ၏။
ကြောက်မက်ဖွယ် အင်အားစုနှစ်ခုက လေထဲတွင် ထိပ်တိုက်တွေ့ဆုံခဲ့ကြသော်လည်း ရီဖူရှင်းက ကြောက်မက်ဖွယ်ဖိအားအောက်တွင် ရှိနေကာ ဖိနှိပ်ခံထားရသကဲ့သို့ ဖြစ်သည်။
“ရီထျန်းယွိ.. မင်းက ပြိုင်ဘက်ထက် အဆင့်တစ်ဆင့်လုံး မြင့်နေတာတောင် ရှုံးပြီးတဲ့နောက် ဒီလို အစွမ်းထက်လက်နက်ကို သုံးပြီး ပြန်တိုက်ခိုက်နေတယ်လား။ အဲဒါက ကောင်းကင်အာဏာစက်ပြည်ထောင်ရဲ့ ထိပ်သီးတစ်ယောက် ကျင့်သုံးတဲ့ နည်းလမ်းလား” ဟွားချင်းယွင်က ထေ့ငေါ့ပြောဆိုသည်။
ရှန့်ထိုအဆင့်တွင် အဆင့်တစ်ခုလုံးကွာခြားခြင်း၌ စွမ်းအားကွာခြားမှုလည်း ကြီးမားကာ ထိုကွာခြားချက်သည် ဆယ်ဆ မဟုတ်လျှင် ထို့ထက်ပိုသည်လည်း ဖြစ်နိုင်သည်။ ထို့ကြောင့် အဆင့်မတူသည့် လူများကြား၌ တိုက်ခိုက်ရန်မှာ မည်မျှ ခက်ခဲသည်ကို သိနိုင်သည်။ ထိုကဲ့သို့သော အခြေအနေအောက်တွင် အထွတ်အထိပ်၌ ရပ်တည်ရန် မွေးဖွားလာသည်ဟု ဆိုသော ပုဂ္ဂိုလ်က ရန်ဟောင်လက်နက်နှင့် တိုက်ခိုက်နေသည်။ ဤတိုက်ခိုက်မှုက မည်သို့ တရားမျှတမှု ရှိပါမည်နည်း။
ပို၍ အရေးကြီးသည်က ရီထျန်းယွိ၏ အဆင့်သည်လည်း ပြန်လည်မွေးဖွားခြင်း အထွတ်အထိပ် အဆင့်တွင် ရှိနေခြင်း ဖြစ်သည်။
ရီထျန်းယွိက ဟွားချင်းယွင်ကို လျစ်လျူရှုလိုက်ကာ သူ့ခန္ဓာမှ နတ်အလင်းတို့က စေတီပေါ်သို့ ကျဆင်းလာသည်။ ယင်းသည် ရီဖူရှင်းကို သတ်ဖြတ်ရန် ဆက်လက် လုပ်ဆောင်နေသည်။ နက်ရှိုင်းသော မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော ရည်ရွယ်ချက်များ ရှိနေခဲ့သည်။
“ဒါက မမျှတတဲ့ တိုက်ပွဲပဲ။ တော်လောက်ပြီ” ကောင်းကင်နတ်တံခါး၏ တန်ခိုးရှင်များက ပြောသည်။ ရန်ဟောင်စွမ်းအားများ ပေါက်ကွဲထွက်ကာ ထုတ်လွှတ်လာသည်။
သို့သော် တစ်ချိန်တည်းမှာပင် ကောင်းကင်အာဏာစက် ပြည်ထောင်ဘက်မှ ရန်ဟောင်များ၏ အဆုံးမဲ့ စွမ်းအားများသည်လည်း ပေါက်ကွဲထွက်လာသည်။ ချက်ချင်းပင် နေရာတစ်ခွင်လုံးကို ရန်ဟောင်စွမ်းအားများက ဖုံးလွှမ်းသွားခဲ့သည်။
ကောင်းကင်နတ်တံခါးမှ တန်ခိုးရှင်များက လှုပ်ရှားရန် ရည်ရွယ်နေသည့် အတွက် ကောင်းကင်အာဏာစက် ပြည်ထောင်ကလည်း တွေဝေနှောင့်နှေးနေမည် မဟုတ်ပေ။
“ကောင်းကင်အာဏာစက် ပြည်ထောင် တန်ခိုးရှင်တွေက သတ်ဖြတ်မယ့် စိတ်ကူးတွေကို ထုတ်ဖော်လိုက်တာပဲ”
ကျယ်ပြောလှသော နေရာအတွင်းရှိ တန်ခိုးရှင်များက မှတ်ချက်ချသည်။
ဤအချိန်အတွင်း ရီဖူရှင်းသည် ရီထျန်းယွိနှင့် ချင်းဟယ်တို့ ကြားမှ မဟာမိတ်လက်ထပ်မှုအား ဖျက်ဆီးခဲ့သည်။ ထို့အပြင် ယခု သူက အလွန် ထူးချွန်ပြောင်မြောက်လှသည့် အရည်အချင်းပါရမီတို့အား ထုတ်ဖော်ပြသခဲ့သည်။ ထို့ကြောင့် ယခုတွင် ကောင်းကင်အာဏာစက် ပြည်ထောင်မှ တန်ခိုးရှင်များသည် သူ့အား သတ်ဖြတ်လိုသည့် ဆန္ဒရှိနေကြသည်။
ဘုန်း...
ကောင်းကင်ထက်တွင် စေတီ၏ ရောင်ဝါက ပို၍ ပို၍ ကြောက်မက်ဖွယ် ကောင်းလာသည်။ ရီဖူရှင်း၏ ကိုယ်ပေါ်မှ နတ်ဆင်ရောင်ဝါသည် တဖြည်းဖြည်း မှေးမှိန်လာကာ ကြောက်မက်ဖွယ် စွမ်းအားများက သူ၏ ခန္ဓာကိုယ်အတွင်းသို့ တရကြမ်းတိုးဝင်လာနေပြီး သူ၏ မျက်နှာကို ဖြူဖျော့လာစေသည်။
ကောင်းကင်မှ စေဆီသည် နတ်ဝိညာဉ်ဆွဲဆောင်ခြင်းကို ဖိနှိပ်နိုင်ပေသည်။
ထိုအချိန်တွင် ကောင်းကင်၌ ပုံရိပ်တစ်ခု လျှောက်လာသည်ကို မြင်လိုက်ရကာ ထိုသည်ကို မြင်လိုက်သည့် လူအများထံ၌ ထူးဆန်းသည့် အကြည့်တို့ ပေါ်ပေါက်လာသည်။
သို့သော် ကောင်းကင်အာဏာစက် ပြည်ထောင်မှ လူများက သူ့အား မရပ်တန့်ခဲ့ပေ။ ရှန့်ထိုအဆင့်မှ တစ်စုံတစ်ယောက်သာ ဖြစ်သည်။ အခုချိန်၌ မည်သူက ရီထျန်းယွိအား ယှဉ်ပြိုင်နိုင်မည်နည်း။
ဝင်စွက်ဖက်ချင်သည့် မည်သူမဆို အလွယ်တကူ ဖိနှိပ်ခံရပေလိမ့်မည်။
ထိုသူက ရှေ့သို့ ဆက်လက် ရွေ့လျားလာပြီး စေတီဆီသို့ လျှောက်လာခဲ့သည်။ လူတိုင်းက ထိုသည်ကို မြင်သည့်အခါ သူတို့အားလုံးထံ၌ ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်လာသည်။ ဤသူက သေချင်နေသည်လား။
ကောင်းကင်အာဏာစက်ပြည်ထောင်မှ တန်ခိုးရှင်များ၏ မျက်နှာထက်မှာပင် သရော်သည့် အကြည့်တို့ ပေါ်ပေါက်လာသည်။
မည်သည့်အတွက် ထိုမျှ နမော်နမဲ့နိုင်ရသနည်း။
ရှေ့သို့ လျှောက်လာသော ထိုသူမှာ ချင်ရွှမ်ကန်းဖြစ်ကာ သူ့ထံတွင် မဟာလမ်းစဉ် ရှေးဟောင်းသင်္ကေတများ ပေါ်ထွက်လာသည်။ ပညာရှိကျမ်း၏ စွမ်းအားက ပေါက်ကွဲထွက်လာကာ ‘ကောင်းကင်’ နှင့် ‘မြေကြီး’ ဟု ရည်ညွှန်းနိုင်သည့် စာလုံးများက အထက်နှင့် အောက်တွင် ပေါ်ပေါက်လာ၏။ မဟာလမ်းစဉ် နတ်ပန်းချီတစ်ချပ်က သူ့အနီးတွင် ပေါ်ပေါက်လာပြီး ချင်ရွှမ်ကန်းသည် စေတီ၏ ရောင်ဝါအောက်သို့ လျှောက်လာခဲ့ရင်း စေတီ၏ စွမ်းအားများ ရီဖူရှင်းထံ မကျရောက်စေရန် ကာဆီးသည်။
“သူက ရူးနေတာလား” လူအများ၏ နှလုံးသားများက အပြင်းအထန် တုန်ယင်လာပြီး ကောင်းကင်နတ်တံခါးမှ လူများ၏ မျက်လုံးများထဲ၌ ထူးဆန်းသည့် အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။ သူတို့ သိသလောက်မှာ ဤလူက ရီဖူရှင်း၏ ဆရာဖြစ်သည်။ သူ၏ အရှိန်အဝါက အလွန် ထူးခြားသော်လည်း အကြောင်းရင်းတစ်စုံတစ်ရာ မရှိဘဲနှင့် သူ၏ စွမ်းအားကို ပြသလိမ့်မည်မဟုတ်ပေ။
သို့သော် စေတီ၏ ရောင်ဝါက အလွန် အားကောင်းလှသည်။ ရှန့်ထိုအဆင့်မှ တစ်စုံတစ်ယောက်အတွက် သူ၏ သွေးသားခန္ဓာနှင့် စေတီအား ယှဉ်ပြိုင်ရန် ကြိုးစားခြင်းမှာ သေချာပေါက် ရူးမိုက်ခြင်းပင် ဖြစ်၏။
လူအများသည် ချင်ရွှမ်ကန်းက စေတီ၏ ဖိနှိပ်ခံရမည့် အချိန်ကို စောင့်ကြည့်နေကြသည်။
သို့သော် ချင်ရွှမ်ကန်းက အလင်းများအတွင်း ဝင်ရောက်သွားကာ စေတီ၏ ခမ်းနားသော အလင်းတန်းများအား ဖြတ်တောက်သည်။ ထိုအလင်းများက ရီဖူရှင်းထံသို့ ကျရောက်ရမည့်အစား သူ၏ ခန္ဓာကိုယ်နှင့် သီးခြားဖြစ်သွားကာ ချင်ရွှမ်ကန်းအပေါ်ကိုသာ ကျဆင်းလာသည်။
ချင်ရွှမ်ကန်းက အထဲတွင် ရပ်နေသည်ကို တွေ့ရှိလိုက်ရသည့် လူအုပ်ကြီးမှာ အလွန်ထိတ်လန့်သွားကြသည်။ မဟာလမ်းစဉ် ဝင်္ကပါတစ်ခုက သူ့ခန္ဓာတစ်ခုလုံးကို ဖုံးလွှမ်းထားကာ စေတီမှ ထွက်ပေါ်နေသည့် သတ်ဖြတ်ခြင်း စွမ်းအားများမှာ မည်သည့်အရာမှ မရှိတော့သည်အထိ တိုက်စားခံလိုက်ရကာ သူ့အား ဖျက်ဆီးနိုင်ခြင်းမရှိခဲ့ပေ။
“ဒါက.....”
သူတို့ ရှေ့မှ မြင်ကွင်းသည် လူအများအား အံ့အားသင့်ကာ ကြက်သေသေသွားစေခဲ့သည်။ ထိုသည်က မည်သို့ ဖြစ်နိုင်ပါမည်နည်း။ ရီထျန်းယွိ၏ ခွန်အားက ပြန်လည်မွေးဖွားခြင်း အထွတ်အထိပ်အဆင့်သို့ ရောက်နေပြီးဖြစ်သည်။ သူ၏ တိုက်ပွဲစွမ်းရည်ကလည်း ထိပ်တန်းပင် ဖြစ်ကာ ယခု သူ့လက်ထဲ၌ ရန်ဟောင်အဆင့် နတ်လက်နက် ရှိနေသေးပေသည်။ ရှန့်ထိုအဆင့်မှ တစ်စုံတစ်ယောက်သည် မည်မျှ အားကောင်းသန်မာသည် ဖြစ်စေ ဤသို့သော အခြေအနေအောက်တွင် ဖျက်ဆီးခံရမည်သာ ဖြစ်သည်။
သို့သော် ချင်ရွှမ်ကန်းသည်တော့ ရီထျန်းယွိ၏ တိုက်ခိုက်မှုများကို ချေဖျက်နိုင်ခဲ့သည်။
ချင်ရွှမ်ကန်းထံမှ သန့်စင်သည့် အလင်းတန်းများ ထုတ်လွှတ်နေပြီး များပြားလှသော ရန်ဟောင်တန်ခိုးရှင်များ၏ မျက်နှာထက်တွင် ဇဝေဇဝါအကြည့်များ ပေါ်ပေါက်လာစေသည်။
“ရန်ဟောင်စွမ်းအား”
သူတို့၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားကြသည်။ ချင်ရွှမ်ကန်း၏ ခန္ဓာမှ သူတို့သည် ရန်ဟောင်စွမ်းအားကို ခံစားမိလိုက်ကြသည်။ ဤကား အသေအချာပင် ရှန့်ထိုအဆင့်မဟုတ်သည့် ရန်ဟောင်သာလျှင် ဖြစ်၏။
ဤလူသည် မဟာလမ်းစဉ် စွမ်းအားများကို ချိုးဖျက်ကာ အဆင့်တက်နိုင်ရန် ခြေတစ်လှမ်းသာ လိုပြီး အချိန်မရွေး အဆင့်တက်နိုင်သည့် အခြေအနေ ဖြစ်ပေလိမ့်မည်။
“ဆရာ” ရီဖူရှင်းက ခေါ်သည်။ ချင်ရွှမ်ကန်း၏ ခန္ဓာကိုယ်ပေါ်မှ မဟာလမ်းစဉ် နတ်အလင်းများက အပေါ်သို့ ထိုးတက်သွားကာ စေတီကို လွှမ်းခြုံသွားသည်။ ရုတ်တရက် ရီဖူရှင်း၏ ကိုယ်ပေါ်မှ ဖိနှိပ်နိုင်သော စွမ်းအားများက အပြီးတိုင်ပျောက်ကွယ်သွားခဲ့သည်။
သူက လေဟာနယ်ကို ဖြတ်လျှောက်ကာ သူ့ဆရာ ချင်ရွှမ်ကန်းနှင့် စေတီကို ဖြတ်ကျော်သွားသည်။ နှင်တံရိုက်ချက်တစ်ချက်ကို သူက ရိုက်ချလိုက်လျှင် ကောင်းကင်က အရောင်ပြောင်းသွားပြီး စေတီကို ထိန်းချုပ်နေသည့် ရီထျန်းယွိ၏ အြည့်တို့ကလည်း ပြောင်းလဲသွားခဲ့သည်။ လျင်မြန်စွာနှင့် သူက လက်ဝါးရိုက်ချက်တစ်ချက် ထုတ်ဖော်လိုက်သော်လည်း ယင်းက ပျက်စီးပျောက်ကွယ်သွားခဲ့သည်။ ရီဖူရှင်း၏ နှင်တံက သူ့ပေါ်သို့ တိုက်ရိုက်ကျဆင်းလာပြီး ဤတစ်ကြိမ်၌ ယခင် ရိုက်ချက်ထက် ပို၍ ပြင်းထန်၍ အားကောင်းလှသည်။ ထိုရိုက်ချက်ကြောင့် ရီထျန်းယွိ သွေးအန်လိုက်ရသည်။ သူက လွင့်စဉ်သွားခဲ့ပြီး အရိုးများ ကျိုးကြေသံကိုပင် ကြားလိုက်ကြရပေသည်။
***