အခန်း (၁-၁၀)
Vol. 2 Ch. 1-10
Vol 2, အခန်း ၁။ စက်မှုလုပ်ငန်းအစည်းအဝေး
နှစ်သစ်ကူးအပြီး ငါးရက်မြောက်နေ့တွင် ရှုယီက အထူးဖိတ်ကြားလွှာတစ်ခု ရခဲ့သည်။
ထိုဖိတ်ကြားလွှာက မြို့စားအိမ်တော်မှ ရောက်လာသည်ပင်။ အကြောင်းအရာမှာ မြို့စားအိမ်တော်၌ နှစ်သစ်ကူးဖလှယ်ပွဲတွင် ရှုယီအား Frestech ကုန်သည်ကြီးများအသင်းကိုယ်စားပြုကာ ပါဝင်ဆင်နွှဲရန် ဖိတ်ကြားထားခြင်းဖြစ်၏။
၎င်းက ယခင် မြို့စားအိမ်တော်မှ ရနေကျ သာမန်ပွဲဖိတ်ကြားလွှာနှင့် ကွဲပြားနေလေသည်။ ဤတစ်ခေါက် ဖိတ်ကြားလွှာကို မြို့တော်ဝန်စီယန်ဆာမော့ကိုယ်တိုင် လက်မှတ်ထိုးထားလေသည်။
ရှုယီအနေနှင့် ယခင်က ဖိတ်ကြားမှုများကို ရှောင်ကွင်းသွားနိုင်သော်လည်း ၎င်းကိုမူ မြို့စားအရှင်ကိုယ်တိုင်က ပို့လာခြင်းဖြစ်ရာ ယခင်ကလို အလွယ်လေး ရှောင်ကွင်းသွားရန်က ခက်ခဲသည်။
ထို့အပြင် ဤဖိတ်ကြားမှု၏ အဓိကအချက်က ၎င်းနှစ်သစ်ကူးဖလှယ်ပွဲ၌ ဘန်တာမြို့တော်လုပ်ငန်းစုများထံမှ ကိုယ်စားလှယ်အပြင် ဘန်တာမြို့တော်နှင့်အနီးဆုံး ခမာမြို့တော်ထံမှ ဥက္ကဌများလည်းပါဝင်သည်။
၎င်းက ရှုယီကို အတန်ငယ်အံ့ဩသွားစေ၏။
ယခုက နှစ်သစ်ကူးပြီး ငါးရက်မြောက်နေ့သာရှိသေးရာ အဘယ့်ကြောင့် ခမာမြို့တော်ကုန်သည်များက ဘန်တာမြို့တော်သို့ ရုတ်တရတ် အပြေးအလွှားလာကြသနည်း?
"တကယ်တော့ ဒါကရှေးထုံးတမ်းတစ်ခုပါ။" အမ်ရစ်ကုန်သည်ကြီးများအသင်း၏ဥက္ကဌ မွန်းခရုစ်က လက်ထဲတွင် ဝိုင်တစ်ခွက်ကိုကိုင်ထားပြီး ရှုယီထံ အပြုံးဖြင့် ရှင်းပြလာသည်၊ "နှစ်သစ်ကူးတိုင်း ခမာမြို့တော်ရဲ့မြို့စား ကောင့်ထ် အန်းနရစ်က သူတို့မြို့က ကုန်သည်တွေကို ဘန်တာမြို့တော်ဆီ အလည်အပတ်ခေါ်လာနေကျပဲ။ ပြီးတော့ ရက်နည်းနည်းကြာရင် မြို့စားအရှင်က ဘန်တာမြို့လုပ်ငန်းစုကိုယ်စားလှယ်တချို့ကို ခမာမြို့တော်ဆီ အလည်အပတ်ခေါ်သွားလိမ့်မယ်။ ဥက္ကဌရှု၊ ခင်ဗျားက အရင်နှစ်ကမှ စီးပွားရေးအသိုင်းဝိုင်းထဲဝင်လာတာဆိုတော့ ဒီထုံးတမ်းအကြောင်းကိုမသိတာ မထူးဆန်းပါဘူး။ ဒါပေမယ့် ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းကို မနှစ်ကမှတည်ထောင်လိုက်ပြီး မြို့စားအရှင်ရဲ့ ဒီပွဲကို အဖိတ်ခံလိုက်ရတာက တကယ်ကို အံ့ဩစရာပဲ။"
ရှုယီက သူ့ကိုကြည့်ကာ၊ "ဘာလဲ? ခင်ဗျားက ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကို အရည်အချင်းမီတယ်လို့ မထင်ဘူးလား?"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလ!" ဥက္ကဌခရုစ်က ချဲ့ကားဟန်ဖြင့်ပြောလာ၏၊ "ဥက္ကဌရှု၊ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းကို တည်ထောင်တာ မကြာသေးပေမယ့်လည်း ဘန်တာမြို့တော်က ဘယ်သူကများ ခင်ဗျားတို့ရဲ့ အရည်အချင်းကို မေးခွန်းထုတ်ရဲဦးမှာလဲ? ပြီးတော့လည်း ကျုပ်တို့က ရင်းနှီးတဲ့လုပ်ဖော်ကိုင်ဖက်တွေဆိုတော့ ကျုပ်ဒီနေက ဘယ်သူ့ကို အရည်အချင်းမမီဘူးလို့ထင်ထင်၊ ခင်ဗျားကိုတော့ ဒီလိုမထင်ဘူးလို့ မတွေးမိဘူးလား?"
ရှုယီက ရယ်လျက်၊ "ကျုပ်က နောက်နေတာပါ၊ ဥက္ကဌခရုစ် ဒီလောက်စိတ်လှုပ်ရှားဖို့မလိုပါဘူးဗျာ။"
ဥက္ကဌခရုစ်က အမ်ရစ်ကုန်သည်ကြီးများအသင်းနှင့် Frestech ကုန်သည်ကြီးများအသင်းတို့က လုပ်ဖော်ကိုင်ဖက်များဟုပြောလာသည်မှာ အနည်းငယ် ချဲ့ကားနေသော်လည်း ထိုမျှတော့ ချဲ့ကားမနေချေ။
အမ်ရစ်ကုန်သည်ကြီးများအသင်းက Frestech ကုန်သည်ကြီးများအသင်းထံမှ ဘိလပ်မြေရနေပြီး ၎င်းကိုသုံးရန်နည်းလမ်းမျိုးစုံကိုပါ ဖမ်းဆုပ်ထားသည်ဖြစ်ရာ အမ်ရစ်ကုန်သည်ကြီးများအသင်းအဆောက်အဦများရှိ အရည်အသွေးက ကောင်းမွန်နေခြင်းပင်။
နှစ်လအတွင်းတွင်ပင် အမ်ရစ်ကုန်သည်ကြီးများအသင်းက ချီးကျူးမှုအတော်အတန်ရရှိခဲ့သည်။ နှစ်သစ်ကူးပြီးနောက်တွင်လည်း ၎င်းတို့၏ဆောက်လုပ်ရေးမှာယူမှုများက မြင့်တက်လာကာ ယခင်နှစ်နှင့်ယှဉ်လျှင် ၃၀%အထိ တိုးလာ၏။
ထို့အပြင် ထို၃၀%တိုးလာမှု၌ Frestech ကုန်သည်ကြီးများအသင်းက အမ်ရစ်ကုန်သည်ကြီးများအသင်းနှင့် ပြုလုပ်ခဲ့သည့် ဆောက်လုပ်ရေးမှာယူမှုတော့ မပါဝင်ချေ။
နှစ်သစ်ကူးအပြီး သုံးရက်မြောက်နေ့တွင် ရှုယီက ဥက္ကဌခရုစ်ကို တကူးတကလာတွေ့သည်။ သူ့အား နှစ်သစ်ကူး၌ပျော်ရွှင်စေရန် ဆုတောင်းပေးသည့်အပြင် ပို၍အရေးကြီးသည့်ရည်ရွယ်ချက်က Frestech ကုန်သည်ကြီးများအသင်း လိုအပ်နေသည့် ဆောက်လုပ်ရေးထုတ်ကုန်သစ်များစွာကို ဖော်ပြရန်ပင်။
ဗစ်ကောင့်ထ်လက်စ်လိုင်း၏မြေကွက်၌ အိမ်သုံးမှော်စက်အလုပ်ရုံအတွက်အသုံးပြုရန် အခြားအလုပ်ရုံအသစ်တည်ဆောက်ခြင်းအပြင် ဥက္ကဌခရုစ်ကို အံ့ဩစေသည့် အခြားစီမံကိန်းကြီးနှစ်ခုလည်း ရှိနေသည်။
၎င်းတို့ထဲမှ တစ်ခုမှာ နော်မာနှင့် အန်ဂိုလာမျိုးနွယ်စုတို့အတွက် အိမ်အသစ်များဆောက်လုပ်ကာ မျိုးနွယ်စုအသစ်အတွက် အိမ်များဆောက်ရန်ပင်။ ကျန်သည်မှာ ညတေးသံမျိုးနွယ်စု၏ ရေပြဿနာကိုဖြေရှင်းပြီး မိုးသွန်းတောအုပ်ရှိ ရွှံ့နွံများဖြင့်ပြည့်နေသည့်မြစ်အားပြောင်းလဲဖို့ဖြစ်သည်။
ရှုယီက ထိုစီမံကိန်းနှစ်ရပ်ပြုလုပ်ချင်ရသည့်အကြောင်းကို ဥက္ကဌခရုစ်အား မပြောသော်လည်း ဥက္ကဌခရုစ်ကလည်း ရှုယီ၏ရည်ရွယ်ချက်ကို စိတ်မဝင်စားချေ။ ထိုမြစ်ကိုပြောင်းလဲရန် မြို့တော်ဝန်စီယန်ထံမှ အတည်ပြုချက် ရလား မရလားဟု ရှုယီကို သံသယအချို့ တိုးလာခြင်းမှလွဲ သူဟာ ထိုစီမံကိန်းနှစ်ခု၏ တန်ဖိုးကိုသာ အများဆုံး အာရုံစိုက်ထား၏။
ရှုယီက ထိုစီမံကိန်းနှစ်ခု၏ အရည်အသွေးကို အင်မတန်မြင့်မားစေလိုရာ အမ်ရစ်ကုန်သည်ကြီးများအသင်းအား ၎င်းတို့၏ အကောင်းဆုံးလူအင်အားနှင့် ပစ္စည်းများသုံးရန် တောင်းဆိုထားသေးသည်။ ၎င်းက အမ်ရစ် ကုန်သည်ကြီးများအသင်းအနေနှင့် ထိုစီမံကိန်းနှစ်ခုထံမှ အကျိုးအမြတ်အများဆုံးရလိမ့်မည်ဟု ဆိုလိုသည်။
ရှုယီ၏ ကနဦးအစီအစဉ်အရ ဥက္ကဌခရုစ်က ထိုစီမံကိန်းနှစ်ခု၏ စုစုပေါင်းဈေးနှုန်းမှာ ရွှေဒင်္ဂါးသုံးသိန်းကုန်ကျမည်ဟု အလွယ်လေး တွက်ချက်လိုက်နိုင်သည်။
ထို့အပြင် အမ်ရစ်ကုန်သည်ကြီးများအသင်းအနေဖြင့် အနည်းဆုံးရသည့် အမြတ်ငွေမှာ ရွှေဒင်္ဂါးငါးသောင်းကျော်သည်။
Frestech ကုန်သည်ကြီးများအသင်းက အမြတ်ငွေမြင့်မြင့်ရသော်လည်း ၎င်းတို့အား တည်ထောင်လာချိန်က သိပ်မကြာသေးရာ ထိုရွှေဒင်္ဂါးသုံးသိန်းကို ချက်ချင်းထုတ်ပေးလာရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် ရှုယီက အမ်ရစ်ကုန်သည်ကြီးများအသင်းအား ဘိလပ်မြေသုံးခြင်းနှင့် ထိုအကြွေးအား ချေရန် တောင်းဆိုထားပြီး ဥက္ကဌခရုစ်ကလည်း ၎င်းကို အင်မတန် သဘောတူလှချေသည်။
အမ်ရစ်ကုန်သည်ကြီးများအသင်းလက်အောက်ရှိ ဆောက်လုပ်ရေးစီမံကိန်းများမှာ ယခုတွင် ဘိလပ်မြေကို ချန်ထား၍ မရနိုင်လုနီးပါးပင်။
ထို့ကြောင့်၊ ဥက္ကဋ္ဌခရုစ်သည် အမ်ရစ်ကုန်သည်ကြီးများအသင်း၏ဘိလပ်မြေအပေါ် လက်ဝါးကြီးအုပ်ပိုင်ခွင့်ကို သက်တမ်းတိုးပေးရန် ရှုယီထံ အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း ရှုယီမှ ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့သည်။
သို့သော် မည်သို့ဆိုစေ Frestech ကုန်သည်ကြီးများအသင်းနှင့် အမ်ရစ်ကုန်သည်ကြီးများအသင်းအား ရင်းနှီးသည်ဟု ယူဆနိုင်ပေ၏။
တကယ်တမ်း ရှုယီက "တချို့လူတွေက Frestech ကုန်သည်ကြီးများအသင်းကို ပါဝင်ဆင်နွှဲဖို့ အရည်အချင်းမရှိဘူးလို့ သံသယဖြစ်နေကြတယ်" ဟု ပြောလာချိန်တွင်၊ သူက လုံးဝ ဟာသလုပ်နေခြင်းသာပင်။
ပွဲရှိလူများအားလုံးမှာ ဘန်တာမြို့တော်ရှိ ကုန်သည်များဖြစ်ကြပြီး နှစ်တစ်ဝက်စာသာ ရပ်တည်လာခဲ့ရသေးသေး Frestech ကုန်သည်ကြီးများအသင်းကိုမူ ဘန်တာမြို့ရှိ လုပ်ငန်းစုတိုင်းကသိကြပေသည်။ အားလုံးက Frestech ကုန်သည်ကြီးများအသင်းမှာ အလားအလာကောင်းလှသည်ကို အင်မတန်သေချာနေကြသည်။
ထို့အပြင် ယခင်တစ်ခေါက်က မိုင်းတွင်းနှစ်တွင်း၏လေလံပွဲပြီးသည့်နောက်တွင် မည်သူကမှ Frestech ကုန်သည်ကြီးများအသင်း၏အင်အားကို သံသယမဝင်ကြတော့ချေ။
ခီမဲရာကုန်သည်ကြီးများအသင်းထံမှ ရံပုံငွေများ ချေးယူကာ ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းဆီမှာ သံသတ္တုတွင်းတစ်တွင်းကို လုယူနိုင်ရန်မှာ ရည်ရွယ်ချက်က မည်သည်ဖြစ်ဖြစ် တခြားလုပ်ငန်းစုများအနေနှင့် Frestech ကုန်သည်ကြီးများအသင်းကို လေးစားမှုမြင့်မြင့်'ထားလာစေရန် လုံလောက်သည်။
ရှုယီနောက်၌ နောက်ခံကြီးကြီးတစ်ခုရှိရမည်ဟု လူတချို့ကပင် ခန့်မှန်းနေကြသေး၏။
ထို့အပြင် ရှုယီ၏ ဗစ်ကောင့်ထ်လက်စ်လိုင်းနှင့်ဆက်ဆံရေးမှ သုံးသပ်ကြည့်ရလျှင် သူ၏နောက်ခံမှာ လမ်ပူရီတိုင်းပြည်ရှိ အားအကောင်းဆုံးမိသားစုထဲမှ တစ်ခုဖြစ်သည့် စတက်ဂျ်မိသားစုနှင့် အင်မတန်တူလောက်သည်။
မှန်ပေ၏၊ မည်သူကမှ ၎င်းကိုမေးခွန်းမထုတ်ပါသော်လည်း အားလုံးကလက်ခံသည်ဟုတော့ မဆိုလိုချေ။
ဥက္ကဌခရုစ်ကဲ့သို့ ရှုယီကို အင်မတန်ရင်းနှီးပုံပြသည့် လူတချို့လည်းရှိသလို သိပ်မပြင်းထန်သော်ငြား အင်မတန်သေချာနေသည့် ရန်လိုမှုကိုပြသသော လူများလည်းရှိသည်။
၎င်းမှာ ဖဲလ်ချောင်ကုန်သည်ကြီးများအသင်း၏ဥက္ကဌ ဖူလာမော်ဂန်ကြောင့်ပင်။
သံသတ္တုတွင်းတစ်တွင်းအား Frestech ကုန်သည်ကြီးများအသင်းက ယူဆောင်သွားသဖြင့် ဖူလာမော်ဂန်မှာ ဂျိုးလ်မိသားစု၏ အရေးကြီးမိသားစုဝင်များကြိမ်းမောင်းခြင်းကိုခံရကာ ဥက္ကဌရာထူးကိုပါ ဆုံးရှုံးလုနီးပါးဖြစ်ခဲ့ရသည်။ ထို့ကြောင့် ဖူလာမော်ဂန်က ရှုယီကို မုန်းတီးနေသည်မှာ မထူးဆန်းချေ။
သဘာဝကျကျပြောရလျှင် တစ်ဘက်က ၎င်းတို့၏ရန်လိုမှုကို အတိအခင်းပြသနေချိန်တွင် လူများအနေနှင့် ၎င်းတို့ထံ ချဉ်းကပ်လိုခြင်းမရှိသော်ငြား ရှုယီက ချွင်းချက်ပင်။
သူဟာ လူအုပ်ထဲရှိ ဖူလာမော်ဂန်ကိုတွေ့သွားပြီးနောက် အပြုံးဖြင့် လျှောက်သွားလိုက်သည်။
"ဥက္ကဌမော်ဂန်, ပျော်ရွှင်ဖွယ်နှစ်သစ်ပါ။" ရှုယီက ဥက္ကဌမော်ဂန်နှင့် တိုက်ရန် ခွက်ကို မြှောက်လိုက်သည်။
ဥက္ကဌမော်ဂန်က အင်မတန်စိတ်မချမ်းမြေ့ဖြစ်သွားသော်ငြား သူဟာ ကိုယ်ကျင့်တရားကောင်းမွန်သောကုန်သည်ကြီးတစ်ဦးပင်။ ရှုယီနှင့် ခွက်များတိုက်လိုက်ပြီးနောက် သူက အရုပ်ဆိုးစွာပြုံးလျက် ပြောသည်၊ "ပျော်ရွှင်ဖွယ်နှစ်သစ်ပါ။"
ရှုယီက ဝိုင်ကိုမော့ချကာ ချီးကျူးစကားအနည်းငယ်ဆိုပြီးနောက်တွင်၊ "ဥက္ကဌမော်ဂန်, ကျုပ် ဒီတလောအလုပ်များနေလို့ ခင်ဗျားကို ပြောဖို့ အခွင့်မသာခဲ့ဘူး။ အခုကျုပ်တို့ဆုံဖို့ အခွင့်ရေးရလာတော့ ခင်ဗျားကိုမေးချင်တယ်၊ ကျုပ်အရင်တစ်ခေါက် ပြောခဲ့တဲ့ မိုင်းတူးစက်တွေအကြောင်းကို စဉ်းစားပြီးပြီလားဗျ?"
ဥက္ကဌမော်ဂန်က ကြောင်အမ်းသွား၏။ သူဟာ လေလံပွဲနှင့် ရှုယီက ထိုအကြောင်းပြောလာဖူးသည်ကို သတိရသွားသော်လည်း ရှုယီကမူ ၎င်းကို သာမန်စီမံကိန်းလိုပြောလာ၍ ဥက္ကဌမော်ဂန်လည်း အင်မတန်ခံစားချက်မကောင်းနေရာ သေချာနားမထောင်ခဲ့ရဘဲ မေ့ပင်နေပြီဖြစ်၏။
အကြောင်းမှာ မိုင်းတွင်းနှင့်စပ်လျဉ်း၍ အလုပ်များနေခဲ့သဖြင့် ဥက္ကဌမော်ဂန်မှာ ၎င်းကို စိတ်ထဲသာထားလိုက်သည်။
ရှုယီက ၎င်းကိုတစ်ဖန်ထုတ်ပြောလာသည်အားကြားသော် ဥက္ကဌမော်ဂန်က စဉ်းစားပြီးမှ ချင့်ချိန်ကာ ဖြေလာ၏၊ "ကျုပ်စဉ်းစားပြီးပါပြီ၊ ဒါပေမယ့် ဥက္ကဌရှု၊ ကျုပ်ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အရည်အချင်းကို ယုံကြည်ပေမယ့်လည်း ပစ္စည်းကို မမြင်ရဘဲ ဘာမှမပါတဲ့စကားလုံးတွေကိုပဲယုံကြည်တာက အဓိပ္ပာယ်ရှိလို့လား?"
"အိုး? ဒါဆို ဥက္ကဌမော်ဂန်က စိတ်ဝင်စားတယ်ပေါ့?" ရှုယီက အပြုံးဖြင့်ပြောသည်၊ "ပစ္စည်းကိုမြင်ဖို့က တကယ်တော့ အရမ်းလွယ်ပါတယ်။ ကျုပ်တို့လုပ်ငန်းစုက သိပ်မကြာခင်ကပဲ မိုင်းတူးခြင်းထိရောက်မှုကို တိုးလာစေနိုင်တဲ့ မှော်တူးစက်အသေးစားလေးတစ်ခု တီထွင်ခဲ့တယ်။ ဥက္ကဌမော်ဂန်အချိန်ရှိရင် လာကြည့်လိုက်မလားဗျ?"
"မှော်တူးစက်အသေးစား? ဒီနာမည်က ကြားရတာတော့ သိပ်မဆိုးဘူးပဲ..." ဥက္ကဌမော်ဂန်မှာ အဆုံး၌ ကုန်သည်တစ်ယောက်ဖြစ်နေရာ ခံစားချက်များဖြင့် အလွယ်လေး လွှမ်းမိုးမခံခဲ့ရချေ။ ရှုယီက ဟာသလုပ်နေပုံမရမှန်းကြားသိပြီးနောက် သူက စဉ်းစားကာ ခေါင်းငြိမ့်၍ ပြောလိုက်သည်၊ "ကောင်းပါပြီ၊ ဥက္ကဌရှုအနေနဲ့ ကျုပ်လေ့လာကြည့်ဖို့ အဲဒီ့ပစ္စည်းကို ပို့ခိုင်းလိုက်လို့ရပါတယ်။ သုံးရလွယ်ရင်တော့ ကျုပ်တို့တခြားကိစ္စတွေကို ဆွေးနွေးလို့ရပြီ။"
ဥက္ကဌမော်ဂန်က သဘောတူလိုက်သည်ကိုမြင်သော် ရှုယီက သူတမင်သက်သက်ချွင်းချန်ထားသယောင်ပြုနေသည့်အချက်ကို ဂရုမထားဘဲ အပြုံးဖြင့် သဘောတူလိုက်၏။
သိပ်မကြာလိုက် မြို့တော်ဝန်စီယန်က ရုတ်တရတ် ပွဲခန်းမအနောက်ဘက်မှ လှမ်းထွက်လာသည်။ သူ၏နံဘေး၌ လူကောင်သေးသော်လည်း ခန္ဓာကိုယ်တောင့်တင်းကာ ကြည်လင်နေသည့် မျက်လုံးများနှင့် သက်လတ်ပိုင်းလူတစ်ယောက်ရှိနေသည်။
ထို သက်လတ်ပိုင်းလူမှာ ခမာမြို့တော်၏မြို့စား ကောင့်ထ်အန်းနရစ်ဖြစ်သည်မှာ သေချာပါသည်။
မြို့စားနှစ်ဦးနောက်လိုက်ပါလာသည်မှာ ခမာမြို့တော်မှ လာသည့် ကုန်သည်များပင်။
ရှုယီ ၎င်းတို့ကိုကြည့်လိုက်ရာ အသိမိတ်ဆွေများစွာကို တွေ့လိုက်ရသည်။ ၎င်းတို့အားလုံးမှာ ဘန်တာမြို့တော်သို့ Frestech ကုန်သည်ကြီးများအသင်းထံမှ မှော်စက်ပမာဏအမြောက်အများမှာယူရန် လာခဲ့ကြသည့် ကုန်သည်များဖြစ်ကြ၏။
မြို့စားနှစ်ဦးက စင်မြင့်ထက်၌ မိန့်ခွန်းနှင့် ဤပွဲ၏အဓိကရည်ရွယ်ချက်ကို ပြောကြားကြသည်။ ၎င်းက မြို့နှစ်မြို့၏ကုန်သည်များအား အချင်းချင်းဆက်သွယ်ရန် အခွင့်အရေးပေးခြင်းဖြစ်ပြီး အားလုံးက ၎င်းကို ဆုပ်ကိုင်ကာ မြို့နှစ်မြို့၏ တိုးတက်မှုကို ကူညီနိုင်မည့် စီးပွားရေးသဘောတူညီချက်အသစ်များ ဖန်တီးရန် မျှော်လင့်ထားခြင်းဖြစ်သည်။
ထိုဖလှယ်မှုက အင်မတန်အဓိပ္ပာယ်ရှိလှသည်ဟု ဆိုနိုင်၏။
စိုင်စ်နယ်မြေ၏ ကန့်သတ်ထားသော နည်းပညာအဆင့်နှင့်ဆိုလျှင် ဆက်သွယ်ရေးနည်းလမ်းများစွာမရှိပါချေ။ ကုန်သည်များက စီးပွားရေးလုပ်လိုလျှင် အချိန်အများစုက မျက်နှာချင်းဆိုင် ဆက်သွယ်ခြင်းအပေါ်မူတည်သည်။
ယခုတွင် မြို့နှစ်မြို့၏မြို့စားများက ထိုပွဲမျိုးကို ကျင်းပရန် အစပျိုးလာရာ ၎င်းက ထိုမြို့များ၏ ကုန်သည်များကို အင်မတန်ကောင်းမွန်သည့် အခွင့်အရေးပေးခြင်းပါပင်။
မှန်ပါ၏၊ အကြောင်းရင်းမှာ မြို့တော်ဝန်စီယန် နှင့် ကောင့်ထ် အန်းနရစ် တို့၌ ကောင်းမွန်သည့် ဆက်ဆံရေးရှိခြင်းကြောင့် ယခုလိုပွဲမျိုးကို လက်ခံကျင်းပခွင့်ရခြင်း ဖြစ်ပေသည်။
မြို့စားနှစ်ဦးမှ ပွဲစတင်ကြောင်းကြေငြာလိုက်ချိန်တွင် အားလုံးက တစ်ဦးနှင့်တစ်ဦး စကားစလာကြတော့၏။ မြို့နှစ်မြို့၏ ကုန်သည်များက ၎င်းတို့နှင့်ရင်းနှီးသည့် မိတ်ဆွေများကို ရှာရန် ထွက်လာကြကာ နှစ်ယောက်၊ သုံးယောက်အုပ်စုငယ်လေးများဖြင့် စတင် စကားဝိုင်းဖွဲ့ကြတော့သည်။
ရှုယီက သူနှင့်စကားပြောရန် ရင်းနှီးသည့် ခမာမြို့ကုန်သည်တချို့ကို ရှာရန် ပြင်လိုက်ချိန်တွင် ရုတ်တရတ် မြို့တော်ဝန်စီယန်က သူ့အား လက်ယပ်ခေါ်လာသည်ကို သတိပြုမိသွား၏။
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၂။ ခမာမြို့တော်မှ ဖိတ်ကြားချက်
မြို့တော်ဝန်စီယန်နှင့် ကောင့်ထ်အန်းနရစ်တို့နောက်ကိုလိုက်ကာ ပွဲခန်းမနံဘေးက ဆိုင်လေးဆီရောက်လာပြီးနောက် ထိုနှစ်ဦးက နေရာယူလိုက်ကာ မြို့တော်ဝန်စီယန်က ရှုယီကိုလက်ညှိုးထိုးလျက် ကောင့်ထ်အန်းနရစ်ကို အပြုံးဖြင့်ပြောလိုက်သည်၊ "ဒီမှာ အန်းနရစ်, ဒါက ကျုပ် ခင်ဗျားကို အရင်တစ်ခေါက်က ပြောပြခဲ့တဲ့ ရှုယီပဲ။"
ကောင့်ထ် အန်းနရစ်က ရှုယီကိုကြည့်လာပြီး အပြုံးဖျော့ဖျော့ဖြင့် ခေါင်းငြိမ့်လိုက်ရင်း၊ "ဥက္ကဌရှုရဲ့ငယ်ရွယ်တတ်ကြွတဲ့အကြောင်းကိုကြားပြီးသားပါ၊ ဒါပေမယ့် ဒီနေ့တွေ့လိုက်ရတော့ ခင်ဗျားက တကယ်ကိုငယ်တာပဲ။ ဒါက လူအိုကြီးတွေရဲ့နှလုံးသားကို မနာလိုမှုနဲ့ပြည့်စေတယ်။"
ရှုယီက ပြုံးလျက်၊ "သခင်ကြီးကောင့်ထ်, ခင်ဗျားက ယောက်ျားတစ်ယောက်ရဲ့ရွှေရောင်အသက်အရွယ်မှာ ရှိနေတာ၊ ကျုပ်ကသာ ခင်ဗျားကို မနာလိုအားကျရမှာပါ။"
"အိုး? ကျုပ်က လူအိုကြီးဖြစ်နေပြီး တစ်ခုခုလုပ်ဖို့လည်း အင်အားတောင်မရှိဘူးလေ။ ဘယ်လိုများ ခင်ဗျားလို လူငယ်တစ်ယောက်လိုမျိုး စွမ်းအင်နဲ့ ပြည့်ဝနိုင်ပါ့မလဲ?" ကောင့်ထ် အန်းနရစ်က အပြုံးဖြင့်ပြန်မေးသည်။
ရှုယီက နံဘေးရှိ ခုံအလွတ်ကို ညွှန်ပြကာ၊ "ခင်ဗျားရဲ့အသက်အရွယ်မှာ အနည်းဆုံးတော့ ထိုင်ဖို့ ခုံရှိရမှာပေါ့ ဟုတ်တယ်မလား?"
မြို့တော်ဝန်စီယန်နှင့် ကောင့်ထ်အန်းနရစ်တို့မှာ ကြောင်အမ်းသွားကြသည်။ ၎င်းတို့က အချင်းချင်းကြည့်လျက် ရယ်မောလိုက်ကြတော့သည်။
ကောင့်ထ်အန်းနရစ်က ကျယ်လောင်စွာရယ်မောရင်း မြို့တော်ဝန်စီယန် ကိုလက်ညှိုးထိုးပြလာသည်။ သူက အသံကျယ်ကျယ်ဖြင့်၊ "Sean, ဒီနေရာမှာ မှားတဲ့လူက ခင်ဗျားပဲ၊ ဟုတ်တယ်မလား? ခင်ဗျားက ထိုင်ဖို့နေရာတောင် မစီစဉ်ဘဲ ဘယ်လိုလုပ် ဧည့်သည်လက်ခံနိုင်ရတာလဲ? ခင်ဗျား ဥက္ကဌရှုဆီက ချင့်ချိန်ပြီး အပြောခံဖို့လိုသေးတယ်။"
မြို့တော်ဝန်စီယန်လည်းရယ်လျက် ရှုယီကိုကြည့်ကာပြောသည်၊ "ကျုပ်တို့မြို့စားအိမ်တော်မှာ ဥက္ကဌရှုအတွက် ခုံတစ်ခုံအမြဲရှိပါတယ်၊ ဒါပေမယ့် ဥက္ကဌရှုက အလုပ်များတော့ ဒီကိုပုံမှန်လာဖို့ ခဲယဉ်းတယ်လေ။ ဒီနေ့ ခင်ဗျားကို မျက်နှာသာပေးဖို့မဟုတ်ရင် ဥက္ကဌရှုက လာမှာတောင်မဟုတ်ဘူး။ ဟုတ်ပြီ ဥက္ကဌရှု၊ ထိုင်ပါ။ ဒီလူ အန်းနရစ်ကို ကျုပ်က ဧည့်သည်တွေကို ဘယ်လိုဆက်ဆံရမလဲ နားမလည်တာကြောင့်နဲ့ ရယ်ခွင့်မပြုထားပါနဲ့။"
ရှုယီက မြို့တော်ဝန်စီယန်နှင့် အတန်ငယ်နီးသည့်နေရာကိုတွေ့သဖြင့် ခပ်ဖျော့ဖျော့ပြုံးကာမေးလိုက်သည်၊ "မြို့စားအရှင်နဲ့ သခင်ကြီး ကောင့်ထ်အန်းနရစ်, ခင်ဗျားတို့နှစ်ယောက် ကျုပ်ကို အထူးတလည်ခေါ်လိုက်တာက ကျုပ်ဆီက တစ်ခုခုများလိုအပ်လို့လား?"
"ကျုပ်တို့လိုတာတော့မဟုတ်ပါဘူး၊ အန်းနရစ်က မင်းရဲ့အကူအညီကိုလိုနေတာ။ ဒါပေမယ့် သူပြောဖို့က အဆင်မပြေတော့ ကျုပ်ကိုကူပြီး ခေါ်ခိုင်းလိုက်တာပေါ့။" မြို့တော်ဝန်စီယန်က ပြန်ဖြေသည်။
ရှုယီက ကောင့်ထ်အန်းနရစ်ထံလှည့်ကာ၊ "သခင်ကြီးကောင့်ထ် ခင်ဗျားက ယဉ်ကျေးလွန်းနေပါပြီ။ ကျုပ်လုပ်နိုင်တာရှိရင် အမိန့်သာပေးလိုက်ပါ။"
"ဒါက အမိန့်မဟုတ်ပါဘူး၊ ကျုပ်က ခင်ဗျားရဲ့အကူအညီကိုရိုးရိုးသားသားတောင်းဆိုတာပါ။" စီးပွားရေးအကြောင်းပြောရင်း ကောင့်ထ်အန်းနရစ်မျက်နှာထက်ရှိ အပြုံးကပျောက်ကွယ်သွားကာ အလေးအနက်ပြောလာ၏၊ "ဥက္ကဌရှု ဒါမတိုင်ခင် အရင်ဆုံး ကျုပ်တို့ခမာမြို့တော်ကလူတွေ ခင်ဗျားအကြောင်း ဆန္ဒပြကြတဲ့အကြောင်းကို ပြောချင်တယ်။"
ရှုယီက ကြောင်အသွားလျက်၊ "ဆန္ဒပြတယ်? ကျုပ်ရဲ့ဘာအကြောင်းကို ဆန္ဒပြတာလဲ?"
"ကျုပ်တို့ ခမာမြို့တော်နဲ့ ဆော်လ်တန်မြို့တော်က ဘန်တာမြို့တော်နဲ့ အနီးဆုံးမြို့နှစ်မြို့ပဲ၊ ဒါကြောင့် ကျုပ်တို့ကို အိမ်နီးချင်းလို့ ယူဆလို့ရတယ်။ ဒါပေမယ့် ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ မှော်စက်ထုတ်လုပ်ရေးကို ဆော်လ်တန်မြို့တော်ရဲ့ ဖာဆက်ခ်ကုန်သည်ကြီးများအသင်းဆီရောင်းချဖို့ကျတော့ သဘောတူပြီး ဘာလို့ ကျုပ်တို့ ခမာမြို့တော်ရဲ့လုပ်ငန်းစုတွေကို သဘောမတူရတာလဲ?" ကောင့်ထ် အန်းနရစ်က မေးလာသည်။
"ဒါက..." ရှုယီက ကောင့်ထ် Anaisကို အံ့ဩစွာကြည့်လိုက်ပြီး ထိုလူက စနောက်နေဟန်မပေါ်သည်ကို မြင်သော် လေးနက်စွာစဉ်းစားပြီးမှာ ခါးသက်သက်ပြုံး၍ ဖြေလေသည်၊ "ဒါဆို ခင်ဗျားကျုပ်ကိုတကယ် အပြစ်တင်လို့မရဘူး။ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက ဖာဆက်ခ်ကုန်သည်ကြီးများအသင်းလို ခမာမြို့တော်က မိတ်ဆွေတွေကို တူညီတဲ့အခြေနေပေးခဲ့တာပဲ၊ ဒါပေမယ့် ဖာဆက်ခ်ကုန်သည်ကြီးများအသင်းက သဘောတူနိုင်တဲ့အချိန်မှာ မျိုးရိုးမြင့်မိတ်ဆွေတွေက သဘောမတူနိုင်ကြဘူးလေ။ ကျုပ်သူတို့အပေါ် မမျှတဘူးလို့ ကျုပ်ကို အပြစ်တင်လို့မရဘူးမလား?"
"အိုး? ကျုပ်မြို့က ကုန်သည်တွေပြောတာတော့ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အခြေအနေတွေက အရမ်းတင်းကြပ်တော့ သူတို့လည်းလက်မခံနိုင်လို့ သဘောမတူခဲ့ကြတာလို့ ကြားတယ်။" ကောင့်ထ် အန်းနရစ်က ဆက်ပြောသည်။
ရှုယီက သူ၏လက်များကို ဆန့်ထုတ်ကာ ကူရာမဲ့စွာဖြင့် ပြောလေ၏၊ "သခင်ကြီးကောင့်ထ်, အခြေအနေတွေက အတူတူပါပဲ၊ ဒါဆိုဘာလို့ ဖာဆက်ခ်ကုန်သည်ကြီးများအသင်းက သဘောတူနိုင်ပြီး ခမာမြို့တော်က မိတ်ဆွေတွေက သဘောမတူနိုင်ရတာလဲ? တကယ်တော့ ကျုပ်လည်း ဒါကို အရမ်းထူးဆန်းတယ်ခံစားနေရတာ။ ကျုပ် သူတို့ကို မှော်စက်ထုတ်လုပ်ရေးကိုဝယ်ပြီး ခမာမြို့တော်မှာ မှော်စက်တွေထုတ်လုပ်ပြီးရောင်းဖို့ အခွင့်အရေးသေချာပေးခဲ့ပေမယ့် သူတို့ကလုံးဝသဘောမတူကြဘူးလေ။ အဲ့အစား တခါတလေ ဘန်တာမြို့တော်ကနေ ခမာမြို့တော်မှာ ရောင်းဖို့ မှော်စက်ထုတ်ကုန်တချို့ကို လာဝယ်ဖို့ ရွေးချယ်လိုက်ကြတယ်။ ဒါက အရမ်းကရိကထများပြီး သိပ်မထိရောက်မှာကို မသိကြတာများလား?"
ကောင့်ထ်အန်းနရစ်က ခေါင်းခါကာ၊ "သူတို့ ဘာတွေတွေးသလဲကို ကျုပ်ဂရုမစိုက်ဘူး။ ခမာမြို့တော်ရဲ့မြို့စားအနေနဲ့ သူတို့ရဲ့ရည်မှန်းချက်ရောက်အောင် ကူညီဖို့ ကျုပ်မှာ တာဝန်ရှိတယ်။ ခင်ဗျားပြောခဲ့လို ကျုပ်တို့မြို့ရဲ့ကုန်သည်တွေအနေနဲ့ အဝေးကနေ ဘန်တာမြို့တော်ဆီ Frestech ကုန်သည်ကြီးများအသင်းရဲ့မှော်စက်တွေ ပြန်ရောင်းဖို့လာဝယ်သလိုပေါ့၊ ဒါက အဓိကအချက်ပဲ။ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ထုတ်ကုန်တွေက ကျုပ်တို့မြို့မှာ ဒီလောက်ရေပန်းစားနေရဲ့သားနဲ့ ဘာလို့ ကျုပ်တို့ခမာ မြို့တော်မှာ အလုပ်ရုံတစ်ရုံဖွင့်ဖို့ မစဉ်းစားတာလဲ? ကျုပ်တို့မြို့မှာသာ မှော်စက်တွေကို တိုက်ရိုက်ထုတ်လုပ်ရင် တိုက်ရိုက်ရောင်းနိုင်မှာပဲ မဟုတ်ဘူးလား?"
ရှုယီမှာ မနေနိုင်လောက်အောင် အံ့ဩသွားပြီး မသေချာသောအသံဖြင့်မေးလာလေသည်၊ "ကောင့်ထ်အန်းနရစ်, ခင်ဗျားဆိုလိုတာက... ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကို ခင်ဗျားတို့ခမာမြို့တော်မှာ အလုပ်ရုံတစ်ရုံတည်ထောင်ဖို့ ရင်းနှီးမြှုပ်နှံချင်တာလား?"
"အလုပ်ရုံမှာ ရင်းနှီးမြှုပ်နှံဖို့? ဒီစကားလုံးကအတော်လေး သစ်လွင်တယ်ဆိုပေမယ့် ဒါကကျုပ်လိုချင်နေတာပါပဲ။" ကောင့်ထ်အန်းနရစ်က ခေါင်းငြိမ့်ကာ ပြုံး၍ပြောသည်။
ကောင်းမွန်သည့်တုံ့ပြန်ချက်ရပြီးနောက် ရှုယီ၏စိတ်တွင် အတွေးများဖြင့်ပြည့်သွားသည်။
ဘန်တာမြို့တော်အပြင်ဘက်တွင် အလုပ်ရုံတစ်ရုံကို ရင်းနှီးမြှုပ်နှံရန် ရှုယီထံ၌ အတွေးရှိပြီးသားပါပင်။
သို့သော် ဤစိုင်စ်နယ်မြေကြီး၌ ဆက်သွယ်ရေးစနစ်က မတိုးတက်သေးရာ မြို့တစ်မြို့စီက ကိုယ်ပိုင်နိုင်ငံတစ်ခုလိုပါပင်။ Frestech ကုန်သည်ကြီးများအသင်း၏ လက်ရှိအင်အားနှင့် တခြားမြို့ရှိ အလုပ်ရုံတွင်ရင်းနှီးမြှုပ်နှံချင်ပါလျှင် ဒုက္ခပေါင်းမျိုးစုံကို ရင်ဆိုင်ကြုံတွေ့ရပေမည်။ ဂရုမစိုက်လျှင် ထိုမြှုပ်နှံမှုကိုပါ ဆုံးရှုံးရနိုင်သည်။
ထို့ကြောင့် ရှုယီမှာ ထိုကိစ္စကို ချင့်ချိန်၍ တစ်လှမ်းချင်းလှမ်းရန် စီစဉ်နေသည်။ သူဟာ Frestech ကုန်သည်ကြီးများအသင်းက လုံလုံလောက်လောက်သန်မာမှသာ ၎င်းကို စဉ်းစားမည်ဖြစ်၏။
သို့သော် ၎င်းက ရှုယီ လက်လျှော့ချင်သည်ဟု မဆိုလိုရာ သူ့ရှေ့၌ အခွင့်ရေးကောင်းရှိနေသည်ကို မည်သို့ လျစ်လျူရှုနိုင်ပါမည်နည်း။
ထိုသို့စဉ်းစားကာ ရှုယီက မေးလေသည်၊ "ဒါဆို... သခင်ကြီး ကောင့်ထ်, ခင်ဗျားအနေနဲ့ ကျုပ်တို့လုပ်ငန်းစုကို ဘယ်လိုအလုပ်ရုံမျိုးဆောက်စေချင်တာလဲဗျ?"
ကောင့်ထ်အန်းနရစ်က လက်ယမ်းပြကာ၊ "ဒါက ခင်ဗျားတို့လုပ်ငန်းရဲ့ကိစ္စပါ၊ ကျုပ်သေချာမသိဘူး။ ဒါပေမယ့် ကျုပ် အရင်ဆုံး တချို့ကိစ္စတွေကို လမ်းဖွင့်ပေးလို့ရတယ်။ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းကို ကျုပ်တို့ ခမာမြို့တော်မှာ ကြိုဆိုဖို့အတွက်...အန်း၊ အလုပ်ရုံတစ်ရုံရင်းနှီးမြှုပ်နှံရာမှာ ဒါကို အလွယ်တကူအောင်မြင်ဖို့ ခင်ဗျားတို့လုပ်ငန်းစုကို မြို့စားအိမ်တော်နာမည်နဲ့ မြေကွက်တချို့ငှားရမ်းပေးပြီး အကူအညီတချို့လည်းထောက်ပံ့ပေးပါ့မယ်။ ဘယ်လိုသဘောရလဲ?"
ရှုယီစိတ်ထဲ ပျော်ရွှင်မှုဖြင့် ပြည့်သွားသည်။
ကောင့်ထ်အန်းနရစ်၏အကြံအရ ၎င်းရင်းနှီးမြှုပ်နှံမှုတွင် ကောင့်ထ်အန်းနရစ်၏ထောက်ပံ့မှုလည်း ရှိမည်ဖြစ်သည်။
ခမာမြို့တော် မြို့စား၏ထောက်ပံ့မှုဖြင့် ထိုမြို့၌ Frestech ကုန်သည်ကြီးများအသင်း၏ အလုပ်ရုံကိုတည်ဆောက်နေစဉ် မည်သည့်မတော်တဆမှဖြစ်မလာပါလျှင် သေချာပေါက် ထိုဈေးကွက်ကို ဖွင့်နိုင်လိမ့်မည်။
သို့သော် စဉ်းစားကြည့်ရာ ရှုယီမှာ ထူးဆန်းနေသလို ခံစားလိုက်ရ၏။
"သခင်ကြီး ကောင့်ထ်, ခင်ဗျားဘာလို့ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကို အထူးတလည်လာတွေ့ရတာလဲ? ကျုပ်ထင်တာတော့ ခင်ဗျားအနေနဲ့ အကူအညီတချို့ကမ်းလှမ်းနေသ၍ ဘယ်လုပ်ငန်းစုမဆို ခင်ဗျားတို့မြို့မှာ ရင်းနှီးမြှုပ်နှံဖို့ အရမ်းဝမ်းသာကြမှာပဲ မဟုတ်လား?"
"ဒါက ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက ထူးခြားလို့ပေါ့။" ကောင့်ထ်အန်းနရစ်က ပြောသည်၊ "ကျုပ်တို့ ခမာမြို့တော်နဲ့ ဘန်တာမြို့တော်က နှစ်ပေါင်းများစွာ စီးပွားရေးသဘောတူညီချက်တွေပြုလုပ်ခဲ့ကြတယ်။ မြို့နှစ်မြို့ရဲ့ လုပ်ငန်းစုဟောင်းတွေက တခြားမြို့မှာ ပမာဏတစ်ခုအထိ ရင်းနှီးမြှုပ်နှံပြီး၊ အလားအလာတွေအားလုံးကိုလည်း တူးထုတ်ပြီးသားဖြစ်တာကြောင့် တိုးတက်ဖို့ ဘာဦးတည်ချက်အသစ်မှ မရှိတော့ဘူးလေ။ ဒါပေမယ့် ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက မတူဘူး။ ခင်ဗျားတို့လုပ်ငန်းစုကို အရင်နှစ်ကမှ တည်ထောင်ခဲ့တာတင်မကဘူး ခင်ဗျားတို့ရဲ့ထုတ်ကုန်တွေအားလုံးကလည်း အမည်မသိမှော်စက်တွေဖြစ်တယ်။ ခမာမြို့တော်မှာ ခင်ဗျားတို့လုပ်ငန်းစုထုတ် မှော်စက်တွေက အရမ်းရေပန်းစားနေပြီး ကျုပ်အိမ်မှာတောင် အတော်များများရှိတယ်။ ဒါကြောင့်ပဲ ကျုပ်အနေနဲ့ ကျုပ်တို့မြို့မှာ ခင်ဗျားတို့လုပ်ငန်းစုကို ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ရတာပါ၊ ဒါအတွက် လိုအပ်ချက်က ကြီးမားတယ်လေ။"
"သခင်ကြီးကောင့်ထ်ရဲ့စကားလုံးတွေက အတော်အကျိုးကြောင်းသင့်ပြီး ကျုပ်လည်း ခမာမြို့တော်မှာ ရင်းနှီးမြှုပ်နှံဖို့ တကယ်ကိုမျှော်လင့်မိနေတာကိုတော့ ဝန်ခံပါတယ်၊ ဒါပေမယ့်..." ရှုယီက အတန်ငယ်တုံ့ဆိုင်းနေပြီး မြို့တော်ဝန်စီယန်ကိုကြည့်လိုက်သည်၊ "ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက ဘာပဲဖြစ်ဖြစ် ဘန်တာမြို့တော်ကလုပ်ငန်းစုဆိုတော့ ဒီကိစ္စအတွက် ကျုပ်တို့မြို့စားရဲ့အမြင်ကိုလည်း မေးသင့်တယ်လို့ထင်တယ်။"
"ဘာလဲ? ဥက္ကဌရှု၊ ခင်ဗျားက ပြဿနာကို ကျုပ်ဆီတွန်းပို့နေတာလား?" မြို့တော်ဝန်စီယန်က အပြုံးဖြင့် စနောက်ပြီးနောက် အလေးအနက်ပြောလာသည်၊ "ကျုပ် ခင်ဗျားကို ကောင့်ထ်အန်းနရစ်နဲ့ပြောဖို့ ဒီခေါ်လိုက်ပြီးကတည်းက ကျုပ်လည်း ဒါကို သဘောတူတယ်လို့ ဆိုလို့ရတယ်လေ။ ခင်ဗျား စိတ်ပူဖို့မလိုပါဘူး၊ ခမာမြို့တော်မှာ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရင်းနှီးမြှုပ်နှံမှာကို ထောက်ပံ့ပြီး ခိုင်ခိုင်မာမာရပ်တည်နိုင်ဖို့နဲ့ တိုးတက်လာဖို့ ရိုးရိုးသားသားမျှော်လင့်နေမှာပါ။"
"ကျုပ်ကိုသတိပေးနေတာလား?" ကောင့်ထ်အန်းနရစ်က အပြုံးဖြင့်ခေါင်းခါကာ ရှုယီကို ပြောလေသည် "ဥက္ကဌရှု စိတ်ချပါ။ ခမာမြို့တော်ကို ကိုယ်စားပြုပြီး ခင်ဗျားကိုဖိတ်ကြားလိုက်မှတော့ ကျုပ်ခင်ဗျားကို ကြီးကြီးမားမားထောက်ပံ့ပြီး ကျုပ်တို့မြို့မှာပါ ခင်ဗျားတို့လုပ်ငန်းစုလုံခြုံစေဖို့ ကတိပေးမှာပါ။"
ရှုယီက မြို့တော်ဝန်စီယန်နှင့် ကောင့်ထ်အန်းနရစ်ကိုကြည့်ကာ အပြုံးဖြင့်ပြောသည်၊ "မြို့စားအရှင်ရဲ့အထောက်အပံ့ရှိနေမှတော့ ကျုပ်အနေနဲ့ သခင်ကြီးကောင့်ထ်ရဲ့ဖိတ်ကြားမှုကို ငြင်းနေရင် တကယ်ကို ဉာဏ်ကောင်းနေတာမဟုတ်လို့ပဲ။ ကောင်းပါပြီ၊ သခင်ကြီးကောင့်ထ် ကျုပ်က Frestech ကုန်သည်ကြီးများအသင်းကိုကိုယ်စားပြုပြီး ခင်ဗျားတို့ ခမာမြို့တော်မှာ လုပ်ငန်းစုတစ်ခု တည်ထောင်ဖို့ သဘောတူပါတယ်!"
"ကောင်းတယ်၊ ကျုပ်တို့ပူးပေါင်းမှုအတွက် တစ်ခွက်လောက်သောက်ကြတာပေါ့!" ကောင့်ထ်အန်းနရစ်က သူ၏ဝိုင်ခွက်ကို ပြုံးလျက် မြှောက်လိုက်သည်။
ရှုယီနှင့် မြို့တော်ဝန်စီယန်တို့လည်း ခွက်များမြှောက်ကာ တိုက်လိုက်ကြပြီးနောက်တွင် ကနဦးသဘောတူညီချက်ဖြစ်မြောက်သွား၏။
ကောင့်ထ်အန်းနရစ်က Frestech ကုန်သည်ကြီးများအသင်းအတွက် တည်နေရာနှင့် ပတ်ဝန်းကျင်ကောင်းနှင့် ငါး'ဟက်တာထက် မလျော့သော နယ်မြေတစ်ခု ငှားရမ်းပြီး အလုပ်ရုံအသစ်ဆောက်ရန် ထောက်ပံ့မည်ဟု ဆိုသည်။
ရှုယီက မှော်ပန်ကာ၊ မှော်ထမင်းပေါင်းအိုး၊ မှော်လေအေးပေးစက်နှင့် မှော်မီးအိမ်တို့အတွက် အိမ်သုံးမှော်စက်ထုတ်လုပ်ရေးလိုင်းများကို ဖွင့်လှစ်မည်ဟု ကောင့်ထ်အန်းနရစ်ထံ Frestech ကုန်သည်ကြီးများအသင်း ကိုယ်စား ကတိပြုခဲ့၏။ တစ်ချိန်တည်းတွင် ခမာမြို့တော်၌ ၎င်းတို့အနေနှင့် အရောင်းဌာနတစ်ခုပါ ဖန်တီးမည်ဖြစ်သည်။
ထို့အပြင် ခမာမြို့တော်၏ စိုက်ပျိုးရေးသုံးစက်များလိုအပ်ချက်ကို ဖြည့်ဆည်းရန် စိုက်ပျိုးရေးသုံး မှော်စက်အတွက် အလုပ်ရုံကိုပါ တည်ဆောက်မည်ပင်။
၎င်းတို့မှာ ကနဦးအစီစဉ်များသာဖြစ်သော်လည်း ထိုသဘောတူညီချက်ပေါ်အခြေခံ၍ Frestech ကုန်သည်ကြီးများအသင်းသာ ခမာမြို့၌ ထုတ်လုပ်ရေး အခြေစိုက်ရုံးတစ်ရုံးတည်ဆောက်နိုင်ပါလျှင် ၎င်းက ဘန်တာမြို့တော်ရှိ ရုံးများထက် ပိုကြီးမားမည်မှာ အသေအချာပင်။
ထို့ကြောင့် ကောင့်ထ်အန်းနရစ်က ရှုယီနှင့် သဘောတူညီကာ စိတ်တိုင်းကျစွာထွက်ခွာသွားပြီးနောက် မြို့တော်ဝန်စီယန်နှင့် အတူကျန်နေခဲ့သော ရှုယီက မေးလာသည်၊ "မြို့စားအရှင်၊ ခင်ဗျားမထင်ဘူးလား... ဒီလိုဆိုရင် ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့အင်အားကို ပျံ့နှံ့သွားစေပြီး ဘန်တာမြို့တော်အတွက် အမြတ်ခွန်လျော့သွားမယ်လို့လေ?"
"ကျုပ်သိတာပေါ့။" မြို့တော်ဝန်စီယန်က အပြုံးဖြင့်ဆိုသည်၊"ဒါပေမယ့် ခင်ဗျားတို့ လုပ်ငန်းစုအတွက် အလားအလာအရမ်းကောင်းပြီး ကျုပ်တို့ဘန်တာမြို့အတွက်လည်း ဘယ်နည်းနဲ့မှ အကန့်အသတ်မဖြစ်မှာကို မြင်နိုင်တယ်လေ။ နည်းနည်းလောက်ပိုစောထွက်ပြီး တခြားမြို့မှာ ရင်းနှီးမြှုပ်နှံရာမှာ ခင်ဗျားတို့ လုပ်ငန်းစုပဲဖြစ်ဖြစ် ကျုပ်တို့ဘန်တာမြို့တော်ပဲဖြစ်ဖြစ် အကျိုးအမြတ်ရှိမှာပဲ။"
"ဒါအတွက်လေးပဲလား?" ရှုယီက အနည်းငယ်သံသယဖြစ်နေ၏။
"ဘာလဲ၊ ဒါက မလုံလောက်ဘူးလား?" မြို့တော်ဝန်စီယန်က ရှုယီကိုကြည့်ကာ ဝိုင်ခွက်ကိုမချခင်စဉ်းစားကြည့်လေ၏။ သူ၏အပြုံး၌ မတူညီသည့်အဓိပ္ပာယ်တစ်ခုလည်း ရှိနေပြီး ပြောလာသည်၊ "ဟုတ်ပြီ၊ ခင်ဗျားက မေးချင်နေမှတော့ ကျုပ်တစ်ခုပြောပြမယ်။ ကျုပ် အန်းနရစ်ကို သဘောတူလိုက်တဲ့အထဲမှာ တချက်က ကျုပ်တို့ ရင်းနှီးမှုကြောင့်ဖြစ်ပြီး နောက်တစ်ချက်က ခမာမြို့အနေနဲ့ခင်ဗျားကိုလိုအပ်နေတာကြောင့်ပဲ။"
"ခမာမြို့က ကျုပ်ကိုလိုအပ်နေတယ်?" ရှုယီမှာ ပိုလို့ပင် ရှုပ်ထွေးသွားရသည်။
မြို့စားကောင့်ထ်အန်းနရစ်အတွက်ပင် ခက်ခဲသည့် ပြဿနာတစ်ခုခုဖြစ်ပွားနေသည်ဆိုပါလျှင် သူ့လိုလုပ်ငန်းစုလေးတစ်ခု၏ဥက္ကဌက မည်သို့ကူညီနိုင်ပါမည်နည်း?
"ဒါက ပြဿနာမဟုတ်ပါဘူး၊ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ အန်းနရစ်အတွက် ပြဿနာတချို့ ဖြေရှင်းနိုင်ရုံတင်ပါ။ ကျုပ်ခင်ဗျားကို ဥပမာတစ်ခုပေးမယ်။ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အလုပ်ရုံက ရုတ်တရတ် လုပ်သားနှစ်ရာကို ခန့်အပ်နိုင်ပြီး အိမ်ထောင်စု နှစ်ရာကို တည်ငြိမ်တဲ့ဝင်ငွေရစေနိုင်ရင် ဒါက ကျုပ်အတွက် ပြဿနာကြီးကြီးကို ဖြေရှင်းပေးတာပဲ။ ဒီအချက်ကြောင့်ပဲ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းမယှဉ်နိုင်ဘဲ ပိုအားကောင်းနေတဲ့ လုပ်ငန်းစုများစွာရှိနေတာပေါ့။"
ရှုယီက တမုဟုတ်ချင်းနားလည်သွား၏။
အဆုံးတွင် မြို့တော်ဝန်စီယန်နှင့် ကောင့်ထ်အန်းနရစ်တို့မှာ ကမ္ဘာမြေပေါ်ရှိ ခေါင်းဆောင်များစွာ ဂရုအစိုက်ဆုံးဖြစ်သည့် ဝန်ထမ်းပြဿနာကို ဂရုစိုက်နေကြခြင်းပင်။
ထို့အပြင် ထိုဝန်ထမ်းပြဿနာကိုဖြေရှင်းရန် အလုပ်သမားများနှင့်ပြည့်နေသည့် ထုတ်လုပ်ရေးနယ်ပယ်ထက် ပိုကောင်းသည့်ဘယ်အရာရှိမည်နည်း?
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၃။ အသေးအဖွဲကိစ္စလေးများ
နှစ်သစ်ကူးပြီးနောက် လဝက်အကြာတွင် ဆူညံနေခဲ့သည့် ဘန်တာမြို့တော်က တဖြည်းဖြည်းချင်း ပုံမှန်အခြေနေသို့ ပြန်ရောက်သွားသည်။
Frestech ကုန်သည်ကြီးများအသင်း၏မြို့အနောက်ဘက်ရှိ အလုပ်ရုံ၌ လွန်ခဲ့သည့် တပတ်အကြာက အလုပ်များစတင်ခဲ့ပြီး သက်ဝင်လှုပ်ရှားနေသည့် အခြေအနေကို ပြန်ရနေပြီပင်။
ဟိန့်ဇ်က ရုံးခန်းတံခါးကိုဖွင့်လိုက်ရာ ရှုယီက နံရံရှေ့၌ ရပ်နေပြီး ၎င်း၌ ချိတ်ဆွဲထားသည့် လမ်ပူရီတိုင်းပြည်၏မြေပုံကို ကြည့်ရင်း လေးနက်စွာတွေးတောနေသည်ကို တွေ့လိုက်ရသည်။
ထိုမြေပုံမှာ မြို့စားအရှင်ထံမှ ရှုယီတောင်းဆိုထားသည့် အရာပင်။ သူဟာ ထိုမြေပုံကိုပေါ်က တစ်ခုခုကို နေ့တိုင်းကြည့်နေပုံရကာ ၎င်းမြေပုံကို အင်မတန်သဘောကျပုံရသည်။ ဟိန့်ဇ်မှာ ယနေ့မြေပုံက ပြောင်းလဲနေသည်ကို တွေ့လိုက်ရ၏။
ထိုမြေပုံအားဖြန့်ထားချိန်တွင် ရှုယီက ဘန်တာမြို့တော်မြောက်ဘက်၌ မီးတောက်အနီရောင်နေရာလေးတစ်ခုကိုချလိုက်သည်။
ဟိန့်ဇ်က အဘယ့်ကြောင့် ထိုသို့ပြုလုပ်ကြောင်းမေးလိုက်ရာ ၎င်းနေရာက Frestech ကုန်သည်ကြီးများအသင်းရှိသည့်နေရာကို ကိုယ်စားပြုပြီး မီးတောက်အနီရောင်ကို သုံးသည်က မှော်စက်မှုနယ်ပယ်၏ မီးတောင်လောင်ကျွန်းသည့် နေရာကို ကိုယ်စားပြုကြောင်း ရှုယီက ဖြေလာ၏။
ဟိန့်ဇ်မှာ ရှုယီက ဘန်တာမြို့တော်၏ညာဘက်နှင့် သိပ်မဝေးသည့် ခမာမြို့တော်၌ မီးနီဝိုင်းလိုက်သည်ကိုတွေ့လိုက်ပြီး ၎င်းက ဘန်တာမြို့တော်ကထက်ပင် ကြီးမားနေသည်။
ဟိန့်ဇ်က မီးတောက်နီအဝိုင်းကိုကြည့်ကာ ရှုယီကို အပြုံးဖြင့်မေးလေ၏၊ "ဘာလဲ? မင်းသဘောတူပြီးပြီပေါ့?"
ရှုယီက ခေါင်းငြိမ့်၏၊ "အန်း၊ ကျုပ် ဒါကို ကောင့်ထ်အန်းနရစ် ကိုယ်စားလှယ်နဲ့ဆွေးနွေးပြီး ခမာမြို့တော်မှာ မြေကွက်တချို့ငှားရမ်းဖို့ပါ သဘောတူပြီးပြီ။ မြေကွက်ကိုစစ်ဆေးပြီး နောက်ဆုံးအတည်ပြုဖို့ ကျုပ်တို့လုပ်ငန်းစုက လူတစ်ယောက်လွှတ်လိုက်ဖို့ပဲလိုတော့တယ်။ ကောင့်ထ်အန်းနရစ်က ဒီကိစ္စကို အတော်ဂရုစိုက်တော့ အတော်လေး ချောချောမွေ့မွေ့ဖြစ်သွားမယ်လို့ ထင်တယ်။ ဟုတ်သားပဲ၊ ကောင့်ထ်အန်းနရစ်ရဲ့ကိုယ်စားလှယ်က ကျုပ်ကို စစ်ဆေးဖို့တတ်နိုင်သမျှ သွားဖို့ တောင်းဆိုထားတော့ ကျုပ်လည်း တစ်ပတ်အတွင်း စီစဉ်မယ်လို့ ပြောထားတယ်။ ခမာမြို့တော်က ဘန်တာမြို့တော်နဲ့ အတော်နီးသလို ခရီးကလည်း အချိန်သိပ်မယူဘူးဆိုပေမယ့် စစ်ဆေးကတော့ အချိန်အတော်ယူလောက်တာကြောင့် ခင်ဗျားနဲ့ ကမ်ဘီတို့ ပြင်ဆင်မှုတွေ လုပ်ထားဖို့လိုတယ်။"
ဟိန့်ဇ်က သဘောတူညီစွာ ခေါင်းငြိမ့်လာသည်ကိုမြင်သော် ရှုယီက သက်ပြင်းချကာ မြေပုံပေါ်ရှိ မီးတောက်နီအဝိုင်းအပိုကို ညွှန်ပြကာ ပြောလေ၏၊ "ဒါပေမယ့် အခု ကျုပ်တို့တွေ အရေးကြီးပြဿနာတစ်ခုနဲ့လည်း ရင်ဆိုင်နေရတယ်။ ခမာမြို့တော်မှာ အလုပ်ရုံတရုံတည်ဆောက်ဖို့ မခက်ခဲဘဲ ကောင့်ထ်အန်းနရစ်ရဲ့အကူအညီနဲ့ ရွှေဒင်္ဂါးအလုံအလောက်ရှိရင် အလုပ်ရုံကို အလွယ်လေးတည်ထောင်လို့ရတယ်။ ဒါပေမယ့် ပြဿနာက ဒါကိုစီစဉ်ဖို့ ကျုပ်တို့အနေနဲ့ ဆက်သွယ်ဖို့လူမပို့နိုင်ဘူးဆိုတာကို တွေ့လိုက်ရတာပဲ။ သဘာဝကျကျပြောရရင် လုပ်ငန်းစုတစ်ခု ဈေးကွက်အသစ်ဖွင့်ချိန်မှာ ကျုပ်က ဥက္ကဌအနေနဲ့ ကွပ်ကဲသင့်တယ်ဆိုပေမယ့် စိုက်ပျိုးရေးဆိုင်ရာဌာနအတွက် စိုက်ပျိုးရေးသုံးမှော်စက် မှာယူမှုကြီးကို အာရုံစိုက်ဖို့လိုသေးတယ်။ ကျုပ် ဂရုစိုက်ရမှာတွေများတော့ ကျုပ်လည်း ကိုယ့်ကိုယ်ကိုဆွဲထားလို့မရဘူး။ ကျုပ်တစ်ယောက်ယောက်ကိုရှာတွေ့ရင် သိပ်တော့မသေချာဘူးလေ ဒါကြောင့် အရမ်းခက်လွန်းတယ်။"
တုံ့ဆိုင်းနေဟန်က ဟိန့်ဇ်၏မျက်နှာ၌ ဖြတ်ပြေးသွားကာ ခဏရပ်တန့်၍ ရုတ်တရတ်ပြောလာ၏၊ "ငါ့ကို သွားခွင့်ပြုပါ။"
ရှုယီက တအံ့တဩကြည့်လာ၏၊ "ခင်ဗျား?"
"အန်း" ဟိန့်ဇ်က ခေါင်းငြိမ့်ကာ၊ "ရှုယီ၊ ငါစဉ်းစားပြီးပြီ။ ဂရုစိုက်ဖို့လိုတဲ့ ကိစ္စတွေများသထက်များလာတော့ ငါတို့လည်း ဥက္ကဌကို ကိုယ်တိုင်သွားခိုင်းလို့မဖြစ်ဘူးလေ၊ မဟုတ်ရင် မင်းအရမ်းကို အလုပ်များနေလိမ့်မယ်။ ဒုဥက္ကဌအနေနဲ့ ငါဒီကိစ္စတချို့ကို မင်းနဲ့မျှလုပ်ရမှာပဲ။ ဒါကြောင့် ဒီတစ်ခေါက် ခမာမြို့တော်မှာ အလုပ်ရုံအသစ်ဆောက်ဖို့ ငါ့ကိုကြီးကြပ်ခိုင်းလိုက်ရင်ရော၊ ဘယ်လိုသဘောရလဲ?"
ရှုယီက တွေးဆဆဖြင့် ဟိန့်ဇ်ကို အတန်ကြာကြည့်နေပြီးမှ အပြုံးဖြင့် ပြောလိုက်လေသည်၊ "ခင်ဗျားက အိမ်သုံးမှော်စက်အလုပ်ရုံကို ဒီလောက်အကြာကြီးဂရုစိုက်လိုက်တာနဲ့တင် အလုပ်အတော်လေးမျှယူတယ်လို့ သတ်မှတ်နိုင်နေပါပြီ။ ဒါပေမယ့် ခင်ဗျားက အလုပ်ပိုလက်ခံဖို့ ဆန္ဒရှိနေမှတော့ ကျုပ်လည်းသဘောတူမှာပါ။ ဒါပေမယ့် ဟိန့်ဇ်၊ ခင်ဗျားပြောတော့ ဘန်တာမြို့တော်မှာပဲ ဘဝကို အေးအေးချမ်းချမ်းနေထိုင်ပြီး ဘယ်မှမသွားချင်ဘူးလို့ ပြောခဲ့တယ်မဟုတ်လား? ဘာလို့ရုတ်တရတ်ကြီး..."
"ဒီအတောအတွင်း နှစ်သစ်ကူးအကြိုညက မင်းပြောခဲ့တာကို ငါစဉ်းစားနေခဲ့တာ။ နယ်မြေကြီးရဲ့ အစိတ်အပိုင်းတိုင်းမှာ အလုပ်ရုံတစ်ရုံဖွင့်ပြီး နေရာတိုင်းမှာ Frestech ကုန်သည်ကြီးများအသင်းရဲ့ အမှတ်အသားရှိနေရမယ်လို့ မင်းပြောခဲ့တဲ့အကြောင်းကို စဉ်းစားလိုက်ချိန်တိုင်း ငါအရမ်းစိတ်လှုပ်ရှားမိတယ်။ ဒါကိုစဉ်းစားရင်းနဲ့ ငါလက်တွေ့ဖြစ်အောင်လုပ်ချင်လာတယ်။ ရှုယီ၊ ငါကမင်းလို အမြင်ကျယ်တဲ့လူတစ်ယောက်မဟုတ်တာကိုငါသိပါတယ်၊ ဒါကြောင့် လုပ်ငန်းစုအတွက် ဆုံးဖြတ်ချက်ချတဲ့အခါ မင်းကိုမကူညီနိုင်ဘူး။ ငါလုပ်နိုင်တာက အသေးအဖွဲကိစ္စလေးတွေကို ဂရုစိုက်တာပဲ။ ဒီတစ်ကြိမ် ကောင့်ထ်အန်းနရစ်ရဲ့ အလုပ်ရုံတည်ဆောက်မှုအပေါ် ထောက်ပံ့မှုရှိတာကြောင့် ဘာပြဿနာမှ မရှိလောက်ဘူးလို့ ငါထင်တယ်။ အဓိက,က အသေးအဖွဲလေးတွေကို ဂရုစိုက်ပေးမယ့်လူလိုနေတာပဲ။ ငါ့ကိုယ်ငါ ဒါအတွက် အရမ်းသင့်တော်တယ်လို့ထင်တယ်၊ မင်းရောဘယ်လိုထင်လဲ ရှုယီ?"
"ကျုပ်လည်း ခင်ဗျားနဲ့အရမ်းသင့်တော်တယ်လို့ထင်ပါတယ်။" ရှုယီမှာ မနေနိုင်ဘဲ ပြုံးကာပြောလိုက်၏၊ "ဒါပေမယ့် ဟိန့်ဇ်၊ ခင်ဗျားတစ်ခုခုကို အထင်လွဲနေပြီ။ ဒီအလုပ်က အသေးအဖွဲလေးဆိုပေမယ့် အရမ်းလည်း အရေးကြီးပါတယ်။ ဒီအသေးအဖွဲလေးတွေကို ဂရုမစိုက်ရင် ကျုပ်တို့လုပ်ငန်းစုရဲ့တိုးတက်မှုက ဘာမှပြောစရာတောင်ရှိမှာမဟုတ်ဘူး။ ကျုပ်ကို ဒီကိစ္စအတွက် ကူညီပေးမယ်ဆိုရင် အရမ်းဝမ်းသာမိမှာပါ၊ ဒါပေမယ့် ဟိန့်ဇ်, ခင်ဗျားသွားတဲ့အခါ အလုပ်ရုံကိုရော ဘယ်လိုလုပ်မလဲ?"
"စိတ်ပူဖို့မလိုပါဘူး။ ငါအရင်တစ်ခေါက်က ပြောဖူးတဲ့ အန်းခေါ့ထ်ဆိုတဲ့ အလုပ်သမားကိုမှတ်မိသေးလား?"
"အန်းခေါ့ထ်?" ရှုယီက စဉ်းစားလိုက်ရာ သတိရသွားပြီး၊ "အရင်တစ်ခေါက် အလုပ်သမားတွေကြားက ငြင်းခုံမှုကို ရှင်းပေးဖို့ အစပျိုးခဲ့တဲ့ အလုပ်သမားလား?"
"ဟုတ်တယ်၊ သူပဲ။" ဟိန့်ဇ်က ခေါင်းငြိမ့်သည်။ သူက ဂုဏ်ယူနေဟန်ဖြင့် ဆက်ပြော၏၊ "ငါ အဲ့တစ်ယောက်ကို အချိန်တချို့လောက်လေ့လာနေခဲ့ရင်း သူ့မှာ တည်ငြိမ်တဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ လိုက်လျောညီထွေတတ်တဲ့စိတ်ရှိတယ်။ သူက အလုပ်သမားတွေကြားမှာ အလေးစားခံရတော့ လွန်ခဲ့တဲ့တစ်လကပဲ ငါသူ့ကို အလုပ်ရုံလည်ပတ်ရမှာ ကူညီဖို့ အဖွဲ့ခေါင်းဆောင်အဖြစ် ရာထူးတိုးပေးလိုက်တယ်။ နည်းနည်းလောက်လေ့လာကြည့်ပြီးတော့ သူကမဆိုးဘူးလို့ခံစားရတယ်လေ။ ငါသွားရင် မင်းသူ့ကို အလုပ်ရုံ လိုင်းကိုဂရုစိုက်ခိုင်းဖို့ ဒုမန်နေဂျာအဖြစ်ရာထူးတိုးပေးလို့ရတယ်၊ သူလည်း လုပ်နိုင်မယ်လို့ ငါထင်တယ်။"
ရှုယီက ခပ်ဖျော့ဖျော့ပြုံးကာ၊ "ကြည့်ရတာ ခင်ဗျားက အန်းခေါ့ထ် ကို အရမ်းစိတ်တိုင်းကျနေပုံပဲ။ ကောင်းတယ်၊ ခင်ဗျားကိုယ်တိုင်ထောက်ခံနေမှတော့ ကျုပ်တို့သူ့ကို ဆုံးဖြတ်ပေးရမှာပေါ့။ ခင်ဗျားပြန်ရောက်ရင် သွားပြောလိုက်ပြီး သူ့ကိုယ်သူ ပြင်ဆင်ခိုင်းထားလိုက်ပါ။"
"အေးဆေးပေါ့၊ ငါလုပ်ရမှာကိုသိပါတယ်။"
ဟိန့်ဇ်က လုပ်အားပေးရမည်ဆိုကတည်းက ရှုယီမှာ အထွက်နှုန်းနှင့် ခမာမြို့စက်ရုံကိစ္စကို ဟိန့်ဇ်အား ဂရုစိုက်ခွင့်ပေးထားသည်။
တကယ်တမ်းရှုယီနှင့်ယှဉ်လျှင် ဟိန့်ဇ်မှာ များစွာအသက်ကြီးပြီး ပိုမို လောကအသိဉာဏ်ပိုကြွယ်သည်။ သူ့အား ထိုကိစ္စကို ကိုင်တွယ်ခွင့်ပြုခြင်းက ရှုယီထက်ပင် ပိုကောင်းကောင်းလုပ်စေနိုင်လောက်သည်။
သို့သော် ထိုကိစ္စမှတစ်ဆင့် ရှုယီမှာ Frestech ကုန်သည်ကြီးများအသင်း၏ အခြားပြဿနာကိုတွေ့ရှိသွားသည်။ ၎င်းမှာ သူတို့ထံ၌ အရည်ချင်းရှိသူများ မရှိခြင်းပင်။
ဟိန့်ဇ်က အန်းခေါ့ထ် လို အလုပ်သမားများကြားမှ စီမံရေးအရည်အချင်းရှိသူကို တွေ့ရှိခဲ့သော်လည်း Frestech ကုန်သည်ကြီးများအသင်း၏ မြန်မြန်တိုးတက်နေပုံနှင့် ၎င်းတို့အတွင်းရှိ အရည်အချင်းကိုရှာရန် ၎င်းတို့၏ လိုအပ်ချက်များနှင့်ဆုံတွေ့ရန်က မလုံလောက်သေးချေ။
ထို့ကြောင့် လုပ်ငန်းစု၏ချဲ့ထွင်မှုအတွက် အလုပ်သမားများပိုမိုစုဆောင်းချိန်တွင် ရှုယီကလည်း မန်နေဂျာတချို့စုဆောင်းဖို့လိုသည်။
အရည်အချင်းရှိသူများမှာ အလွယ်တကူပေါ်မလာနိုင်ရာ ရှုယီက စောင့်ရုံသာတတ်နိုင်၏။
သို့သော် Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်လုပ်ရေးလိုင်းကမူ မစောင့်နိုင်ချေ။
နှစ်သစ်ကူးပြီးနောက် အလုပ်များစသော် အလုပ်ရုံအသစ်အသုံးပြုခြင်းကို တရားဝင်စတင်လိုက်ကြ၏။ မှော်စက်အလုပ်ရုံ၏ လူပုလေးများမှာ ဆယ်ဆကျော်ပိုကြီးကာ များစွာပိုမိုလှပသည့် အလုပ်ရုံအသစ်သို့ဝင်ရောက်လာကာ အလုပ်အတွက် ၎င်းတို့၏ စိတ်ထက်သန်မှုကို မြင့်တက်လာစေသည်။
တစ်ပတ်အတွင်း မှော်စက်အလုပ်ရုံတွင် မှော်ကောက်ရိတ်စက်အသေးငါးရာကျော် ပြီးစီးခဲ့သည်။
၎င်းတို့၏အမြန်နှုန်းနှင့် နှစ်လမပြည့်ခင်တွင် စိုက်ပျိုးရေးဌာနအတွင် စိုက်ပျိုးရေးသုံးမှော်စက် သုံးထောင်စာ ပထမမှာယူမှုကို ပြီးစီးနိုင်ခဲ့သည်။
ထိုကြောက်မက်ဖွယ်အမြန်နှုန်းအတွက် အကြောင်းပြချက်မှာ ကမ်ဘီတို့၏လူပုလေးများအဖွဲ့က ယခင်နှစ်မကုန်ခင်တွင် မှော်စက်လိုင်းဖွင့်လှစ်ပြီးစီးခဲ့၍ပင်။
ယခုတွင် မှောက်ကောက်ရိတ်စက်လေးများအတွက် ထုတ်လုပ်ရေးမှော်စက်လိုင်းတစ်ခုရှိနေပြီး လူပုလေးလုပ်သားများထံတွင် သီးသန့်မှီခိုနေရန်မလိုတော့ရာ ထိရောက်မှုက တိုးလာသည်ပင်။
သံသတ္တုပြားများကို ဖြတ်ခြင်း၊ ပြားခြင်း၊ မှော်ရိုက်စက်များနှင့် ပုံစံဖော်ခြင်းဖြင့် မှော်ကောက်ရိတ်စက်လေးများအဖြစ် ကျွမ်းကျင်စွာ ပြောင်းလဲပစ်လိုက်သည်။ မနက်ခင်းကမှ ဘန်တာမြို့တော်သို့ရောက်လာကာစ ဆယ်ဗီနီမှာ Frestech ကုန်သည်ကြီးများအသင်း၏အလုပ်ရုံထံပြေးသွားပြီး အင်မတန်စိတ်ကျေနပ်နေသည်။ သူမဟာ မနေနိုင်ဘဲ ရှုယီဘက်လှည့်ကာ ချီးကျူးလာ၏၊ "ဥက္ကဌရှု၊ ရိုးရိုးသားသားပြောရရင် အရင်က ရှင့်အပေါ်မှာ ကျွန်မ ယုံကြည်မှုမရှိခဲ့ဘူး။ ဘာလို့လဲဆိုတော့ ကျွန်မဘန်တာမြို့တော်ကိုရောက်လာပြီးနောက်မှာ ရှင်တို့လုပ်ငန်းစုအနေနဲ့ စိုက်ပျိုးရေးသုံးမှော်စက်တွေပြုလုပ်ရာမှာ ထိရောက်မှုမမြင့်တော့ ရှင်တို့လုပ်ငန်းစုအနေနဲ့ မှာယူမှုကို အပြီးသတ်နိုင်မလား မသတ်နိုင်ဘူးလားကို သံသယဖြစ်ခဲ့တယ်။ ရှင်အရင်ကပြောခဲ့တယ်လေ၊ ရှင် မှော်ဖိစက်တွေ ထုတ်လုပ်နေသရွေ့ ထိရောက်မှုကလည်း အတော်လေးတိုးလာမှာပဲလို့၊ ဒါပေမယ့် ကျွန်မအရမ်းသံသယများခဲ့တယ်။ ဒါကလည်း ဒီမှော်ဖိစက်တွေကိုမတွေ့ခင်မှာ ဒီလိုကိရိယာမျိုးက အလုပ်သမားတွေရဲ့ ထိရောက်မှုကို ဆယ်ဆကျော်ကျော်တိုးပေနိုင်မယ့်လို့ စိတ်မကူးနိုင်ခဲ့တာကြောင့်ပဲ။"
"ဒါဆို အခု ခင်ဗျားမြင်ပြီးပြီဆိုတော့ ဘယ်လိုနေလဲ?" ရှုယီ အပြုံးဖြင့်ပြော၏။
"ကျွန်မအရမ်း...အံ့ဩသွားခဲ့တာ။ ဟုတ်တယ်၊ အရမ်းကို အံ့ဩသွားတာပဲ။" ဆယ်ဗီနီက စိတ်ခံစားချက်အပြည့်ဖြင့်ပြောလေ၏၊ "ဒီမှော်ဖိစက်တွေက ဒီလောက်အားကောင်းမယ်လို့ ကျွန်မ,မထင်ထားခဲ့ဘူး။ ကြည့်ပါဦး၊ သံပြားကို ပုံစံတစ်ခုပြောင်းဖို့ အလုပ်သမားကို သီးသန့်သုံးရင်တောင် ပန်းပဲဆရာတစ်ယောက်က တနေ့ခင်းလုံးကို သုံးရလိမ့်မယ်။ ဒါပေမယ့် ဒီမှော်ဖိစက်တွေသုံးလိုက်တော့ မျက်တောင်တစ်ခတ်စာပဲကြာတော့တယ်။ ဒါက ကျွန်မမျက်လုံးတွေကို ဖွင့်ပေးလိုက်တာပဲ။"
ရှုယီက ရယ်သည်။ ထို့နောက် ပုံစံသွင်းပြီးသား သံပြားတစ်ထပ်ရှေ့သို့ ရောက်လာက အစွန်းဘက်ကို လက်ချောင်းဖြင့် ပွတ်ဆွဲကြည့်လိုက်သည်။ သူက ဆယ်ဗီနီကိုပြော၏၊ "မိန်းမပျိုဆယ်ဗီနီ, ထိရောက်မှုက ဒါရဲ့တစ်စိတ်တပိုင်းပါပဲ။ နောက်ထပ်အရေးကြီးတဲ့အပိုင်းက အရာအားလုံးကို စံပြုထားတာပါ။ ကြည့်ပါဦး၊ ဒီသံပြားတစ်ခုစီတိုင်းနီးပါးက ပုံစံတူကြပြီး လုံးဝကွဲပြားမနေဘူး။ ခင်ဗျားသာ ပန်းပဲဆရာတွေကိုလုပ်ခိုင်းရင် ဒီလိုပြီးမြောက်ဖို့ မဖြစ်နိုင်ဘူးလေ။ ဒီလိုခြားနားမှုမျိုးကလိုင်းပမာဏကြီးတစ်ခုအတွက် အကြီးမားဆုံးခြားနားမှုပဲ။"
ဆယ်ဗီနီက အသာမျက်မှောင်ကုပ်သည်။ သူမကရှုယီကိုကြည့်ကာ ရှုပ်ထွေးနေဟန်ဖြင့်ပြော၏၊ "ဥက္ကဌရှု၊ ရှင်ပြောတဲ့အရာတွေကို... တကယ်တော့ ကျွန်မအဲ့လောက်နားမလည်ဘူး၊ ကျွန်မကိုရှင်းပြလို့ရမလား?"
"ရပါတယ် ပြဿနာမရှိပါဘူး။ ဒါပေမယ့် သခင်မလေးဆယ်ဗီနီ, ဒီပညာကို သင်ယူဖို့ ကျူရှင်တချို့ ပေးရမယ်။ ခင်ဗျားကျူရှင်သင်ဖို့ ဘာကိုသုံးမှာလဲ?" ရှုယီက စနောက်နေသံဖြင့်ပြော၏။
"ကျူရှင်?" ဆယ်ဗီနီက ပါးနပ်စွာပြုံးကာ၊ "ဥက္ကဌရှု မြေငှားခနဲ့ပတ်သက်တဲ့ သတင်းကောင်းတစ်ခုက ဒီကျူရှင်အတွက်ပေးဆောင်ဖို့ လုံလောက်ပါ့မလား?"
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၄။ အကူညီမဲ့နေရှာသော ဥက္ကဌမော်ဂန်
၎င်းက အမှန်ကို သတင်းကောင်းပါပင်။
ရှုယီ၏ မြေကွက်အချို့ငှားရမ်းရန် တောင်းဆိုချက်ကို သိရှိပြီး ဘုရင်ကြီးက စဉ်းစားကာ ယခုတွင် သဘောတူညီမှုတချို့ ပြသလိုက်ပြီဖြစ်၏။
အသေးစိတ်ကမူ ရှုယီမှ ကနဦးအစီအစဉ်ပေးလာသည့်အချိန်တွင် မူတည်လိမ့်မည်။ မြေကွက်အတွက် သူ၏ရည်ရွယ်ချက်များကိုပြသပြီးနောက်တွင် ဘုရင်ကြီးက အမှန်စဉ်းစားပေးခဲ့သည်။
ထို့အပြင် ၎င်းက Frestech ကုန်သည်ကြီးများအသင်း စိုက်ပျိုးရေးသုံးမှော်စက်များ ပထမအသုတ်ကို အချိန်မီပြီးစီးခဲ့သည့် အကြောင်းပြချက်ပင်၊ မဟုတ်ပါက မည်သည်ကိုမှ ဖော်ပြရန် မလိုချေ။
ယခုတွင် Frestech ကုန်သည်ကြီးများအသင်းက မှော်ရိုက်စက်စီးရီးအသစ်ကို ပြီးစီးသွားသဖြင့် ၎င်းတွင် လုံးဝပြဿနာမရှိတော့ပေ ။
မှာယူမှုများလုပ်ရသည့် မှော်စက်အလုပ်ရုံထုတ်လုပ်ရေးလိုင်းနှင့်ယှဉ်လျှင် ရှုယီမှာ အမြဲလိုလို သုတေသနနှင့် ဖွံ့ဖြိုးမှုထံ၌ ပို၍အာရုံစိုက်မည်ဖြစ်သည်။
မှော်စက်အလုပ်ရုံလုပ်သားများမှာ ၎င်းတို့၏ အလုပ်ရုံသစ်ဆီပြောင်းသွားပြီဖြစ်ရာ အလုပ်ရုံဟောင်းကို ရှုယီက မှော်စက်ဖွံ့ဖြိုးရေးအလုပ်ရုံတစ်ခုအဖြစ်ပြောင်းလိုက်၏။
ကမ်ဘီ အပါအဝင် ဘော်ဒီယူနှင့် ပန်းပဲပညာ၌ အတွေ့အကြုံအကြွယ်ဝဆုံး အခြားလူပုလေးဆယ့်သုံးဦးတို့မှာ မှော်စက်သုတေသနနှင့် ဖွံ့ဖြိုးရေး၌ အထူးတလည်အလုပ်လုပ်ကြရသည်။
ယခုတွင် မှော်ရိုက်စက်ကို အသုံးပြု၍ရပြီဖြစ်သော်လည်း ကနဦးအောင်မြင်မှုသာဖြစ်နေဆဲပင်။
ရှုယီဖြစ်စေ ကမ်ဘီ၏လူပုလေးများဖြစ်စေ၊ ၎င်းတို့အားလုံးမှာ ထိုမှော်ရိုက်စက်များအား ဆက်လက်အဆင့်မြှင့်ရမည်ဟု ခံစားနေရသေးသည်။
တကယ်တမ်း ဘုရင်ကြီးနှင့် စိုက်ပျိုးရေးဌာနတို့၏ အမိန့်များကသာ အရမ်းတင်းကြပ်မနေလျှင် ကမ်ဘီတို့ လူပုလေးများ၏ အကြံများဖြင့် ထိုထုတ်လုပ်ရေးမှော်စက်များကို ပြီးစီးရန် နောက်သုံးလကြာလိမ့်မည်။
ကမ္ဘာမြေ၌ လူသိများသည့် စက်မှာအင်ဂျင်နီယာဖြစ်ခဲ့သော ရှုယီအနေနှင့် ထိုမှော်စက်လေးများကို ထုတ်လုပ်ရန် သုံးလမဆိုနှင့် တစ်လပင်မကြာမှန်းသေချာသိနေရာ မည်မျှ ကြာညောင်းမည်ကို ကန့်သတ်မထားသင့်ချေ။
စက်မှုဖွံ့ဖြိုးပြီးကမ္ဘာမြေ၌တွင်ပင် နှစ်တိုင်း စက်ပစ္စည်းများ သုတေသနလုပ်ခြင်းကို ရလာဒ်အသစ်များနှင့်အတူ ဘယ်တော့မှ မရပ်တန့်ပါချေ။
ထိုသည်မှာ ကမ္ဘာမြေပေါ်ရှိ ထိုကော်ပိုရေးရှင်းများအတွက်ကြောင့် ၎င်းတို့သာ နည်းပညာကိုအဆင့်မြှင့်နိုင်လျှင် ပြိုင်ဘက်များကိုကျော်တက်၍ ဈေးကွက်နောက်တစ်ပိုင်းကို ရယူနိုင်မည်ပင်။
လက်ရှိ စိုင်စ်နယ်မြေတွင် မှော်စက်ပစ္စည်းထုတ်လုပ်နေသည်က Frestech ကုန်သည်ကြီးများအသင်းသာရှိသေးသော်လည်း ထို့ကြောင့်သာ ၎င်းတို့အနေနှင့် မည်သည့်ဖိအားမှမခံစားရသဖြင့် ရှုယီက စိတ်အေးမနေပေ။
တကယ်တမ်းတွင် ရှုယီက မှော်စက်များကိုပို၍ သုတေသနလုပ်လိုက်သည်နှင့် ကမ္ဘာမြေမှ စက်မှုအင်ဂျင်နီယာအသိပညာကို မမှီခိုနိုင်သည့် အကြိမ်များစွာကို တွေ့ရှိခဲ့ရသည်။ ထိုအစားသူက မှော်ပညာ၏ထူးကဲမှုများ သို့မဟုတ် စိုင်စ်နယ်မြေအပေါ် မူတည်၍ ပြောင်းလဲမှုတချို့ကို လုပ်ရသေးသည်။
ဥပမာ ကမ်ဘီတို့အား သုတေသနလုပ်စေခဲ့သည့် အလတ်စားမှောတူးစက်ဆိုလျှင် ကမ္ဘာမြေမှ တူးစက်များနှင့် အင်မတန်ကွဲပြားသည်။
ကမ္ဘာမြေပေါ်ရှိ တူးစက်များမှာ မြေကြီးထိုသို့ ထိုးဖောက်ရန် လည်နေမည့်ခေါင်းတံကိုသုံးရ၏။ ရှုယီထုတ်လုပ်ခဲ့သည့် တူးစက်ကိုမူ စိုင်စ်နယ်မြေ၏ ထူးကဲသော မှော်ပညာနှင့် ပေါင်းစက်ကာ ခေါင်းတံ၌ အားမနည်းစေရန် အဆင့်ငါး မြေမှော်အစီအရင်ကိုထည့်ထားရသည်။
၎င်းအစီအရင်၏ အကူအညီဖြင့် တူးစက်အား မြေပြင်နှင့် နီးကပ်စေဖို့ရန်သာလိုသည်။ ထိုမှော်အစီအရင်၏ စွမ်းအားပေါ်ထွက်လာလျှင် မြေကြီးနှင့် ကျောက်အလွှာများကိုပင် အက်ရာများအလွယ်တကူဖြစ်လာစေကာ တူးနေစဉ်၌ အချိန်များစွာလည်း သက်သာစေ၏။
ညတေးသံမျိုးနွယ်စု၌ ရေတူးရန် သုံးခဲ့သည့်မှော်တူးစက်လေးမှာ စမ်းသပ်ထုတ်ကုန်သာဖြစ်ပြီး ၎င်းကပင် ကျောက်အလွှာမီတာများစွာကို တူးရန်လုံလောက်သည်။ ယခုထုတ်လုပ်လိုက်သည့် အလတ်စားမှော်တူးစက်က နောက်တစ်ဆင့်တက်လှမ်းသွားခြင်းဖြစ်ရာ တူးနိုင်စွမ်းက ပိုလို့ပင်အားကောင်းလာသည်။
Frestech ကုန်သည်ကြီးများအသင်း၌ သံသတ္တုတွင်းရှိသော်လည်း လက်တလော ဖွင့်ရန် ရံပုံငွေမလုံလောက်သေးသောကြောင့် ထိုပစ္စည်းကို ထုတ်လုပ်ရန် အဘယ့်ကြောင့်လိုအပ်ကြောင်း ရှုယီအား ဟိန့်ဇ်မှမေးလာဖူးသည်။ လက်တလော၌ ၎င်းကိုဖယ်ထားရုံသာတတ်နိုင်ပြီး ထိုပစ္စည်းကိုထုတ်လုပ်ရန်လည်း အသုံးမဝင်နေချေ။
ရှုယီက ဟိန့်ဇ်ထံ၌ အမျှော်အမြင်မရှိဟု စိတ်ထဲ၌သာ ပြောလိုက်နိုင်သည်။
၎င်းကို အသုံးမပြုနိုင်လျှင်တောင် အသုံးပြုနိုင်သူများရှိသည်။
ဥပမာ ဖဲလ်ချောင်ကုန်သည်ကြီးများအသင်း၏ဥက္ကဌဖူလာမော်ဂန်ပင်။
"ဥက္ကဌရှု၊ ဒီပစ္စည်းက တကယ်ကို အားကောင်းတာပဲ!" ဥက္ကဌမော်ဂန်က သူ့ရှေ့ရှိ ဧရာမကျောက်ဆောင်အကွဲကို အထိတ်တလန့်ကြည့်ကာ ၎င်းကွဲရာမှ ထွက်ပေါ်လာသည့် ဖုန်ထုကြီးကို လျစ်လျူရှုလိုက်သည်။ သူ၏ပါးစပ်က အံ့ဩစွာ ပွင့်ဟလာပြီး အတန်ကြာ ပိတ်သွားခြင်းမရှိခဲ့ချေ။
ရှုယီက Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်ကုန်သစ်စမ်းသပ်မှုကို သက်သေပြရန် ဖိတ်ကြားခဲ့စဉ်က ဥက္ကဌမော်ဂန်မှာ အနည်းငယ်တုံ့ဆိုင်းနေပြီး နောက်ဆုံး၌ တစ်ချက်လာကြည့်ရန် ဆုံးဖြတ်ခဲ့သည်။
သို့သော် ရှုယီပြောခဲ့သည့် ထိုမှော်တူးစက်အသေးစားက တကယ်တမ်း ထိုမျှအားကောင်းမည်ဟု ထင်မထားခဲ့ချေ။ သုံးမိနစ်မပြည့်ခင်တွင် ထိုသုံးမီတာရှည်ကာ၊ လေးမီတာကျယ်၍ နှစ်မီတာ ထူသောကျောက်တုံးကြီးက အစအနလေးများအဖြစ်ပြောင်းသွားသည်။
ဖဲလ်ချောင်ကုန်သည်ကြီးများအသင်း၏ဥက္ကဌအနေနှင့် ဥက္ကဌမော်ဂန်မှာ ၎င်းဧရာမကျောက်ဆောင်က မိုင်းတွင်းများ၌ ပုံမှန်တွေ့နေကျ သံသတ္တုရိုင်းများဖြစ်ပြီး အင်မတန် မာကျောသည်ကို မြင်နိုင်သည်။
ထိုအရာကို တူးဖော်ရန် မိုင်းထဲရှိ အလုပ်သမားများက ပေါက်တူးများကိုသုံးပါလျှင် အလုပ်သမားများစွာက တစ်နာရီနှစ်နာရီကြာအောင် တူးလျှင်တောင်မှာ ၎င်းကို အက်စေနိုင်မည်ပင် မဟုတ်ချေ။
ရှုယီမှာ ထိုမှော်တူးစက်အား ထိုမျှမသန်မာသည့် လူရွယ်နှစ်ဦးကို ယူခိုင်းကာ ထိုဧရာမသံသတ္တုရိုင်း၏ ဗဟိုတွင် ချိန်ခိုင်းထားလေသည်။ ထို့နောက် မိုင်းတူးရာတွင် အတွေ့အကြုံကြွယ်ဝသည့် ဥက္ကဌမော်ဂန်အတွက်ပင် ဒုက္ခများရသည့် ထိုသံသတ္တုရိုင်း၏ အလယ်ဗဟို၌ အပေါက်တစ်ပေါက်ပေါ်လာပြီး အစအနလေးများအဖြစ် ကွဲထွက်သွားသည်။
ထို့နောက် ၎င်းတို့နှစ်ဦးမှာ အတော်ကြီးသည့် အပိုင်းများကို မှော်တူးစက်နှင့် ဆက်လက်ချိန်ရွယ်လိုက်ပြီး ကျောက်စရစ်ခဲငယ်လေးများအဖြစ် ထိုးခွဲပစ်လိုက်တော့သည်။
ထိုဖြစ်စဉ်တစ်ခုလုံးမှာ ပေါင်းကြည့်လျှင် ဆယ်မိနစ်ကျော်သာ ကြာမြင့်၏။
ဥက္ကဌမော်ဂန်၏ အံ့ဩနေသံကိုကြားရသော် ရှုယီက ခပ်ဖျော့ဖျော့ပြုံးပြလိုက်သည်၊ "ဘယ်လိုလဲ? ဥက္ကဌမော်ဂန်, ခင်ဗျား ဒီမှော်တူးစက်ကို စိတ်တိုင်းကျရဲ့လား?"
"ဒါပေါ့..." ဥက္ကဌမော်ဂန်က ရုတ်တရတ်ပါးစပ်ကိုပိတ်ကာ ရှုယီကို ကြည့်လာသည်။ သူက မျက်နှာထက်ရှိ အံ့ဩ စိတ်လှုပ်ရှားမှုကို ရုတ်သိမ်း၍ ချောင်းအသာဟန့်ကာ ဖြေးဖြေးချင်းပြောလာသည်၊ "အန်း... ဒီပစ္စည်းက တကယ်ကို အတော်လေး အဆင်ပြေတယ်။ ဒါပေမယ့် ဥက္ကဌရှု၊ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက ဒီပစ္စည်းကို သုံးမယ့်ပုံလည်းမပေါ်ပါဘူး၊ ဟုတ်တယ်မလား? ဘာလို့ ဒီလိုပစ္စည်းမျိုး တီထွင်ရတာလဲ?"
ဥက္ကဌမော်ဂန်၏ ထူးမခြားနား ဟန်ဆောင်နေပုံကိုကြည့်ရင်း ရှုယီမှာ ရယ်စရာလိုခံစားလိုက်ရသည်။ သူက အံ့ဩသွားဟန်ဖြင့် ပြောလေ၏၊ "ကျုပ်တို့မသုံးနိုင်ဘူးလို့ ဘယ်သူပြောလဲ? ဥက္ကဌမော်ဂန်, ကျုပ်တို့ လုပ်ငန်းစု အရင်တစ်ခေါက်ကပဲ လေလံပွဲကနေ သံသတ္တုတွင်းရခဲ့တာကို မေ့သွားတာလား? ကျုပ်တို့က အဲဒီ့မိုင်းတွင်းတူးဖို့အတွက်ပဲ ဒီပစ္စည်းကိုတီတွင်လိုက်တာပါ။ ဥက္ကဌမော်ဂန်, ခင်ဗျားတို့ ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းက မိုင်းတူးရာမှာ ပညာရှင်တွေဆိုတော့ ဒါကိုကြည့်ဖို့ ဖိတ်လိုက်ရတာပါ။ ဒီပစ္စည်းက မိုင်းတွင်းတူးဖို့ အတော်လေး အဆင်ပြေတယ်မလား?"
ဥက္ကဌမော်ဂန်မှာ အမှန်ပင် ခေါင်းခါချင်လိုက်ပါသော်လည်း ရှေ့ရှိ အချက်အလက်များကြောင့် သူသာငြင်းပယ်လိုက်ပါလျှင် မှော်တူးစက်၏စွမ်းအားက သူ့အား ပါးရိုက်သွားမည်ပင်။ ထို့ကြောင့် သူဟာ ခြောက်ကပ်ကပ်သာရယ်လျက် ခေါင်းငြိမ့်လေသည်၊ "အန်း၊ ဒါကအတော်လေးကောင်းပါတယ်။"
ရှုယီက လက်ခုပ်တီးလျက် စိတ်လှုပ်တရှားပြောလေသည်၊ "ဒါဆိုကောင်းတာပေါ့။ ဥက္ကဌမော်ဂန်က ကောင်းတယ်ဆိုရင် ဒီမှော်စက်က တကယ်ကိုမဆိုးဘူးပဲ။ ကျုပ် စိတ်ချရပါပြီ။ ကျုပ်တို့သာ မိုင်းတွင်းကို ပိုစောစောဖွင့်ချင်ရင် ကျုပ်တို့လုပ်ငန်းစုမှာက လူအင်အားမလုံလောက်သလို ရံပုံငွေလည်းမလုံလောက်ဘူး၊ ဒါပေမယ့် အခု ဒီပစ္စည်းရှိနေတော့ အနည်းဆုံးကြိုးစားကြည့်လို့ရတာပေါ့။"
ဥက္ကဌမော်ဂန်က မနေနိုင်ဘဲ အေးစက်စက်ရယ်ကာ ပြောလေ၏၊ "ဥက္ကဌရှု၊ ခင်ဗျားက မိုင်းတွင်းတစ်တွင်းဖွင့်တာကို အရမ်းအထင်သေးနေတာပဲ။ ဒီမှော်တူးစက်နဲ့ဆို သတ္တုရိုင်းတွေစုဖို့ ပိုလွယ်သွားမှာကို ကျုပ်ဝန်ခံပါတယ်၊ ဒါပေမယ့် မိုင်းတွင်းတူးတာက သတ္တုရိုင်းတွေစုဆောင်းရုံပဲမဟုတ်ဘူးလေ။ ပို့ဆောင်ရေး၊ လုပ်ကိုင်ပုံတွေနဲ့ တခြားအရာတွေလည်းရှိသေးတယ်။ လုပ်ဆောင်မှုတစ်ခုစီက အပြီးသတ်ဖို့ လူအင်အားပမာဏများစွာလိုပြီး ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ဆိုရင်တော့..."ဥက္ကဌမော်ဂန်က နှာခေါင်းရှုံ့လျက် အမူအရာက လှောင်ထေ့ဟန်ဖြင့်ပြည့်နေ၏။
ရှုယီက ဥက္ကဌမော်ဂန်၏ အမူအရာကို လုံးဝမြင်ပုံမရဘဲ ပခုံးတွန့်ကာ အေးဆေးစွာပြုံး၍ တုံ့ပြန်လိုက်၏၊ "ဒါက အတော်လွယ်ပါတယ်။ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက လူအင်အားအစားထိုးဖို့ မှော်စက်သုတေသနပြုလုပ်ခြင်းမှာအရမ်းကျွမ်းကျင်တယ်လေ။ ခင်ဗျားမတိုင်ခင်က ပြောခဲ့တဲ့ လုပ်ငန်းကိုတော့ အပြီးသတ်ဖို့ မှော်စက်တချို့တီထွင်တာနဲ့နည်းလမ်းတူတာကို သုံးလို့ရတယ်။ ဒါက ခက်ခဲတဲ့အရာမဟုတ်ဘူးလို့ မထင်ဘူးလား?"
ဥက္ကဌမော်ဂန်က ရှုယီမှာ မိုင်းတွင်းတူးခြင်းကိုအထင်သေးနေသည်ဟု ပြောလိုက်ချင်ပါသော်လည်း သေချာစဉ်းစားလိုက်သည်။ Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ထိုတူးစက်ကို တီထွင်နိုင်လိုက်ကတည်းက အခြားလုပ်ငန်းအားလုံးအတွက် မှော်စက်များတီထွင်ရန် မဖြစ်နိုင်မည်မဟုတ်ကြောင်း စဉ်းစားမိသွား၏။
၎င်းကိုဆင်ခြင်ရင်း ဥက္ကဌမော်ဂန်၏အမူရာက ကူရာမဲ့စွာ ပြောင်းလဲနေတော့သည်။ သူက နံဘေး၌ စက်သတ်ထားသော မှော်တူးစက်ကိုကြည့်ကာ စဉ်းစားပြီးနောက် မနေနိုင်ဘဲ ရှုယီကို မေးလေသည်, "ဥက္ကဌရှု၊ ဒီမှော်တူးစက်...ခင်ဗျား ဒါကိုရောင်းသင့်တယ် မဟုတ်လား?"
ရှုယီက စိတ်တွင်း၌ ရယ်မောလိုက်သော်လည်း အံ့ဩနေဟန်ဖြင့်သာ ပြန်မေးလိုက်သည်၊ "ဘာလဲ? ဥက္ကဌမော်ဂန် ခင်ဗျား စိတ်ဝင်စားလို့လား?"
ဥက္ကဌမော်ဂန်က မျက်မှောင်ကုပ်ကာ ဆိုလာသည်၊ "ဥက္ကဌရှု၊ ခင်ဗျားသာ ဒီပစ္စည်းကို ကျုပ်ဆီရောင်းဖို့ မပြင်ဆင်ထားရင် ဘာလို့ ကျုပ်ကို ခေါ်လိုက်မှာလဲ?"
"ကျုပ်ပြောပြီးပြီလေ၊ ကျုပ်က ခင်ဗျားရဲ့ အမြင်ကို မေးချင်လို့ပါ။" ဥက္ကဌမော်ဂန်၏အမူအရာက လျင်မြန်စွာ အရုပ်ဆိုးသွားသည်ကို ကြည့်ရင်း ရှုယီက ချက်ချင်းလေသံပြောင်းလိုက်သည်၊ "ဒါပေမယ့်လည်း ဥက္ကဌမော်ဂန်က ဒါကို စိတ်ဝင်စားနေတော့ အရမ်းကောင်းတာပဲ။ ရောင်းမယ်လေ! ဒါပေါ့ ကျုပ် ရောင်းမယ်! ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက မှော်စက်တွေကို ရောင်းနေတာပဲ။"
"ကောင်းပြီ။ တစ်ခုကို ဘယ်လောက်ကျမလဲ?" ဥက္ကဌမော်ဂန်က မေးသည်။
"အန်း... ကျုပ်တို့ ဈေးနှုန်းမချိန်ကြည့်ရသေးဘူး။ ဒါပေမယ့် ဥက္ကဌမော်ဂန်က မေးနေမှတော့ ကျုပ် သီးသန့်ဈေးနှုန်းပေးပါ့မယ်။ ဒါက တိကျတဲ့ပုံရိပ်ဖြစ်လာမှာဆိုတော့ တစ်ခုကို ရွှေဒင်္ဂါးတစ်ရာကျတယ်၊ဘယ်လိုသဘောရလဲဗျ?" ရှုယီက ပြောလေသည်။
"တစ်ခုကို ရွှေဒင်္ဂါးတစ်ရာ?" ဥက္ကဌမော်ဂန်ကမျက်လုံးများပြူးကာ ရှုယီကို မယုံကြည်နိုင်စွာကြည့်လိုက်သည်၊ "ဘာလို့ ကျုပ်ငွေတွေကို ဒီတိုင်းပဲ မလုလိုက်တာလဲ?"
ဥက္ကဌမော်ဂန်၏ ဒေါသကြီးနေဟန်ကို ကြည့်ရင်း ရှုယီက အပြစ်ကင်းစင်စွာ မျက်လုံးများ ပေကလပ် ပေကလပ်လုပ်ရင်း စိတ်ဆိုးနေဟန်ဖြင့် ပြောလေသည်၊ "ဥက္ကဌမော်ဂန်, ဒါက အတော်လေးဈေးနှုန်းသင့်ပါတယ်။ ခင်ဗျားစိတ်တိုင်းမကျသေးဘူးလား?"
"သင့်တယ်..." ဥက္ကဌမော်ဂန်က ကျိန်ဆဲခြင်းမှ မိမိကိုယ်ကို ခုခံတားဆီးလိုက်သည်။ သူက အသက်ပြင်းပြင်းရှူ၍ စိတ်လျှော့ကာ ဩရှရှအသံဖြင့်ဆိုလာ၏၊ "ဥက္ကဌရှု၊ မစနောက်နေပါနဲ့။ တကယ့်ဈေးနှုန်းကိုပြောပါ၊ ကျုပ်သာ စိတ်တိုင်းကျရင် နည်းနည်းမှာမယ်။"
ရှုယီက နေရခက်ဟန်ဖြင့် စဉ်းစားပြီးနောက် သက်ပြင်းချကာ ဆိုသည်၊ "ကောင်းပြီ၊ ကျုပ်နည်းနည်းလျှော့ပေးပါ့မယ်။ တစ်ခုကို ရွှေဒင်္ဂါး ကိုးဆယ့်ငါးပြားဆိုရင်ရော?"
ဥက္ကဌမော်ဂန်က ရှုယီကိုကြည့်ကာ ဒေါသထွက်ရန် အင်မတန် ပျင်းရိလျက် အေးစက်စက်ပြောလေသည်၊ "တစ်ခုကို ရွှေဒင်္ဂါးငါးဆယ်ဆိုရင်ရော၊ မြင့်တယ်လို့ မထင်ပါနဲ့။"
ရှုယီက ခေါင်းခါကာ၊ "ဥက္ကဌမော်ဂန်, ကျုပ်ဒီဈေးနှုန်းကို မလက်ခံနိုင်ပါဘူး။ တစ်ခုကို ရွှေဒင်္ဂါးကိုးဆယ်၊ ထပ်လျှော့လို့မရတော့ဘူး။"
"ဟမ့်၊ ဒီစက်က ကျုပ် အမြင်မှာတော့ ရွှေဒင်္ဂါးနှစ်ဆယ်ထက်တောင်မတန်နေဘူး။ ခင်ဗျားက တစ်ခုကို ရွှေဒင်္ဂါးကိုးဆယ်တန်လို့ ပြောရဲမှတော့ ခင်ဗျားက အတော်လောဘကြီးတာပဲ။ ရွှေဒင်္ဂါးငါးဆယ့်ငါးပြား၊ ဒါကဈေးနှုန်းပဲ။"
"ခင်ဗျားအနေနဲ့ ဒါကိုထုတ်လုပ်ဖို့ ကျုပ်တို့လုပ်ငန်းစုက အချိန်နဲ့ လုံ့လဘယ်လောက်စိုက်ထုတ်ခဲ့ရသလဲကိုကြည့်သင့်တယ်။ ဟုတ်ပြီ၊ အနိမ့်ဆုံး ရွှေဒင်္ဂါး ရှစ့်ဆယ့်ရှစ်ပြားပဲ။"
...
ရှေ့တိုးနောက်ငင်ငြင်းခုံနေကြရင်း နောက်ဆုံးဈေးနှုန်းက တစ်ခုလျှင် ရွှေဒင်္ဂါးခုနစ်ဆယ့်ရှစ်ပြားဖြစ်သွား၏။
ဥက္ကဌမော်ဂန်က ထိုဈေးနှုန်းကို စိတ်တိုင်းမကျသော်လည်း ကူရာမဲ့နေသည်။
၎င်းမှော်တူးစက်၏စွမ်းအားကို ကိုယ်တိုင်သက်သေခံပြီးနောက် ထိုစက်က မိုင်းတူးရာတွင်ကူညီနိုင်ကာ ထိရောက်မှုများစွာမြင့်လာစေနိုင်မည်ကို ဝန်ခံရပေမည်။ ၎င်းအခွင့်အရေးကို အဘယ့်ကြောင့် လွဲချော်ခွင့်ပြုမည်နည်း၊ ထို့ကြောင့် သူက သူလိုချင်သည့်ဈေးနှုန်းဆီ အတင်းမဆွဲခေါ်နေတော့ချေ။
ရှုယီက ဆုံးရှုံးသွားခြင်းကြောင့် နာကျင်ဟန်ပေါ်နေသော်လည်း စိတ်ထဲ၌ ပျော်ရွှင်နေ၏။
၎င်း မှော်တူးစက်အတွက် ပစ္စည်းများမှာ ရွှေဒင်္ဂါး ငါးပြားလေးမျှပင်မရှိပေ။
သုတေသနကုန်ကျစရိတ်ကမြင့်သော်လည်း လုံလုံလောက်ရောင်းချနိုင်သရွေ့ ထိုကုန်ကျစရိတ်ကို ပြန်ကာမိမည်ဖြစ်သည်။
ထို့ကြောင့် အတင်းကြပ်ဆုံးအခြေနေဖြင့်တွက်ကြည့်ကာ ၎င်းဈေးနှုန်းဖြင့်ရောင်းပါလျှင် Frestech ကုန်သည်ကြီးများအသင်းအတွက် တစ်ခုကို ရွှေဒင်္ဂါးခြောက်ဆယ်ကျော်ဝင်သည်!
ထို့အပြင် ဥက္ကဌမော်ဂန်က ရှုယီထံမှ အခုတစ်ရာစာသာ မှာယူခဲ့သော်လည်း ထိုအရာသာ သုံးရလွယ်လျှင် ပမာဏများစွာ ဆက်လက်မှာယူမည်ဟု ဆိုခဲ့သေးသည်။
ရှုယီက ၎င်းအတွက် ယုံကြည်မှုရှိပါ၏။
စိုင်စ်နယ်မြေရှိ နည်းပညာနိမ့်နိမ့်နှင့် မိုင်းတူးခြင်းနယ်ပယ်က လူအင်အားပေါ်သာ မှီခိုနေခဲ့ရသည်။ ထိုသို့သောထိရောက်မှုမျိုးက စက်အင်အား၏ထိရောက်မှုကို မည်သို့ ယှဉ်နိုင်ပါမည်နည်း?
ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းက မှော်တူးစက်ကိုဝယ်ယူခြင်းကြောင့် ထိရောက်မှုမြင့်မားလာသည်ကို မြင်သရွေ့ ၎င်းပစ္စည်းများနှင့် ခွဲခြား၍ ရလိမ့်မည်မဟုတ်တော့ချေ။
ကနဦးပူးပေါင်းမှုကိုဆွေးနွေးပြီးနောက် ၎င်းတို့မှာ ပုံမှန်သဘောတူညီချက်များအရ ရင်းနှီးမှုကို တိုးတက်စေရန် တစ်နပ်စာအတူစားဖို့ သွားသင့်သည်။ သို့သော် ဥက္ကဌမော်ဂန်က ရှုယီနှင့်ပတ်သက်၍ ခံစားချက်ကောင်းမရှိရာ ထိုအကြောင်းကို ဘယ်တော့မှမပြောပေ။
အခြားကိစ္စများလုပ်စရာရှိသည့် ရှုယီကလည်း ၎င်းကို လုံးဝမပြောပါချေ။
ထို့ကြောင့် နှစ်ဦးသားမှာ နှုတ်ဆက်ပြီးထွက်ခွာကာ ရှုယီကလည်း မြင်းလှည်းဖြင့် ဘန်တာမြို့တော်သို့ တိုက်ရိုက်ဦးတည်လိုက်သည်။
သူပြုလုပ်ရန် လိုအပ်သည့်အရာမှာ ဤနေရာသို့လာ၍ အထူးဧည့်သည်အဖွဲ့ကို ကြိုဆိုရန်ဖြစ်သည်။
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၅။ အနာဂတ်မရှိတဲ့ အသေးစားလုပ်ငန်းစု
ကမ္ဘာမြေရှိ ပို့ဆောင်ဆက်သွယ်ရေးနည်းလမ်းများစွာနှင့်ယှဉ်လျှင် စိုင်စ်နယ်မြေ၌ မြင်းလှည်များဖြင့် သွားလာနည်းတစ်မျိုးသာရှိသည်။
သို့သော် အခြားမြင်းလှည်းလုပ်ငန်းစုများနှင့်ယှဉ်ပါက လမ်ပူရီတိုင်းပြည်ရှိ အကြီးမားဆုံးမြင်းလှည်းလုပ်ငန်းစုဖြစ်သည့် ဖာဆန်ရထားလုံးလုပ်ငန်းစုမှာ ပုံမှန်အားဖြင့် အတော်တိကျသည်။
ရှုယီမှာ မြင်းလှည်းရောက်လာချိန်ထက် အနည်းငယ်နောက်ကျမှ ရောက်လာကာ အာကာလီမြင်းလှည်းမှ ထွက်လာသည်ကို အချိန်မှီမြင်လိုက်ရ၏။
သူမဆင်းလာပြီး ရှုယီကို မြင်ချိန်တွင် အာကာလီက စိတ်လှုပ်တရှားပြေးလာတော့သည်။
"ဥက္ကဌ၊ ကျွန်မပြန်လာပြီ!"
အာကာလီ၏စိတ်လှုပ်ရှားနေပုံကိုကြည့်ရင်း ရှုယီမှာ မပြုံးဘဲ မနေနိုင်တော့ချေ။
ထိုမိန်းမငယ်လေးက မကြာသေးခင်ကမှ အတော်ဝမ်းနည်းနေခဲ့သော်လည်း နှစ်သစ်ကူးအတွက် အိမ်ပြန်ပြီးနောက်တွင် ပုံမှန်ပြန်ဖြစ်သွားပုံရ၏။
ရှုယီက တက်ကြွပျော်ရွင်နေတတ်သည့် ထိုမိန်းကလေးအာကာလီကို အတော်သဘောကျသော်လည်း သူမစိတ်ဓာတ်ကျသည်နှင့် လူများကို ရှက်ရွံ့သလို ခံစားရစေသည်။
"အမ်၊ ပြန်လည်ကြိုဆိုပါတယ်။" ရှုယီက အပြုံးဖြင့်တုံ့ပြန်လိုက်၏။ သူ၏မျက်လုံးများက အာကာလီနောက်ရှိ မြင်းလှည်းနှစ်လှည်းကိုကြည့်ကာ နောက်မှ ထွက်လာသည့် အီဗီတာကို ခေါင်းငြိမ့်ပြလိုက်၏။ ထို့နောက် သူမနံဘေးမှ အသက်တူလောက်သော အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးသုံးဦးကိုကြည့်လိုက်သည်။
သူ့ခန့်မှန်းချက်သာ မမှားလျှင် ၎င်းတို့ငါးဦးမှာ ယခင်တစ်ခေါက် စာထဲ၌ဖော်ပြခဲ့သော အာကာလီတို့၏အတန်းဖော်ငါးဦးပင်။
မျှော်လင့်ထားသလိုပင် ရှုယီ၏မျက်လုံးများက ထိုငါးဦးထံရောက်နေသည်ကိုမြင်သော် အာကာလီက ရှုယီထံ စိတ်လှုပ်ရှားစွာ မိတ်ဆတ်ပေးလာ၏၊ "ဥက္ကဌ၊ သူတို့က အရင်တစ်ခေါက် ကျွန်မပြောပြဖူးတဲ့ အတန်းဖော်ငါးယြော်ပါ။ ဘယ်လိုထင်လဲဟင်?"
ရှုယီက မနေနိုင်ဘဲ ပြုံးလျက်၊ "အာကာလီ, ကျုပ်က မှော်ပညာရှင်တွေစုဆောင်းနေတာ။ ခင်ဗျားက သူတို့သွင်ပြင်ပေါ်သုံးသပ်ရုံနဲ့ သူတို့ရဲ့မှော်ပညာဘယ်လောက်အားကောင်းတယ်ဆိုတာကို ပြောပြချင်နေတာလား?" သူက ထိုငါးဦးထံ လက်ဆန့်ထုတ်လျက် ပြောလေ၏၊ "ဒီက ကျောင်းသားတို့၊ ဘန်တာမြို့ကနေ ကြိုဆိုပါတယ်။ ကျုပ်က Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌရှုယီပါ။"
လူငယ်ငါးဦးက ရှုယီနှင့် လက်ဆွဲနှုတ်ဆက်ကာ သိလိုစိတ်အပြည့်ဖြင့် ကြည့်လာကြ၏။
အနက်ရောင်ဆံပင်ကောက်ကောက်များနှင့် အတော်အရပ်ရှည်သော မိန်းကလေးတစ်ယောက်အလှည့်ရောက်ချိန်တွင် သူမက ပြုံးကာ ပြောလာသည်၊ "ဥက္ကဌ၊ အာကာလီကတော့ ရှင်က ငယ်ရွယ်ခန့်ညားတယ်လို့ ပြောပြခဲ့ပေမယ့် ကျွန်မတို့တွေက မယုံခဲ့ကြဘူး။ ကျွန်မတို့ထင်ခဲ့တာက လုပ်ငန်းစုတစ်ခုရဲ့ဥက္ကဌဖြစ်ဖို့ဆိုရင် အနည်းဆုံး ဦးလေးကြီးတစ်ယောက်ဖြစ်လောက်မယ်လို့လေ။ ကျွန်မရှင့်ကိုတွေ့လိုက်မှ ရှင်က ကျွန်မထင်ထားတာထက်တောင် ပိုငယ်နေဦးမယ်လို့ မစဉ်းစားခဲ့ဖူးဘူး။ ဥက္ကဌ၊ ရှင်က ကျွန်မတို့ထက် အသက်သိပ်မကြီးလောက်ဘူးမလား?"
ရှုယီက ခပ်ဖျော့ဖျော့ပြုံးလျက်၊ "ခင်ဗျားက ကျုပ်ရဲ့အသက်ကို သိချင်ပြီးသံသယဖြစ်ခဲ့တဲ့ ပထမဆုံးလူတော့မဟုတ်ပါဘူး။ ကျုပ်က ဒီနှစ်ဆို နှစ်ဆယ့်ရှစ်ပြည့်ပါပြီ၊ ဒါပေမယ့် ခင်ဗျားတို့နဲ့ယှဉ်ရင်တော့ ကျုပ်ကို ဦးလေးတစ်ယောက်လို့သတ်မှတ်လို့ရပါတယ်။ အနည်းဆုံး စတေးလ်ကတော့ ကျုပ်ကို ဦးလေးလို့ ခေါ်နေတုန်းပဲ။"
"စတေးလ်?" ထိုမိန်းကလေးသုံးဦးက တစ်ဦးနှင့်တစ်ဦး အံ့ဩစွာကြည့်လိုက်ကြသည်။ အတော်အသင့်အရပ်ပုကာ ပြည့်ဖောင်းဖောင်းနှင့် မိန်းကလေးက ဆန်းကြယ်ဟန်ဖြင့်မေးလာခဲ့သည်, "ဥက္ကဌ၊ အာကာလီပြောခဲ့ဖူးတဲ့စကားအရဆိုရင် ရှင်နဲ့ စတေးလ်ရဲ့ ဆက်ဆံရေးက အတော်ကောင်းတယ်ဆို။ ရှင်တို့က...အဲ့လို ဆက်ဆံရေးများရှိနေနှင့်တာများလား?"
ရှုယီ၏အဖြေကိုမစောင့်ဘဲ လက်ဆွဲနှုတ်ဆက်ကာ စကော့ချ်ဟု မိတ်ဆက်လာခဲ့သည့် အမျိုးသားက ရုတ်တရတ် နှာခေါင်းရှုံ့ကာဆိုသည်၊ "ဘဲလ်လာ ပေါက်ကရမပြောစမ်းနဲ့။ စတေးလ်က ကျောင်းတုန်းကတောင် ဘယ်ယောက်ျားလေးကိုမှ စိတ်မဝင်စားခဲ့တာကို ဘယ်လိုများဥက္ကဌရှုအတွက် ခံစားချက်တွေရုတ်တရတ်ကြီးပေါ်လာမှာလဲ?"
ဘဲလ်လာက မျက်လုံးလှိမ့်ပြလိုက်ကာ မည်သည့်ယဉ်ကျေးမှုမှမပါဘဲ ပြန်ပြောလိုက်၏၊ "ဥက္ကဌရှုက ရှင့်လို ကောင်ငယ်လေးမှမဟုတ်တာ၊ စတေးလ် သူ့ကိုသဘောမကျမှ ထူးဆန်းနေဦးမယ်။ ပြောလိုက်ဦးမယ်၊ ဥက္ကဌရှုက ဒီလောက်ငယ်ရွယ်ခန့်ညားပြီး လုပ်ငန်းစုတစ်ခုရဲ့ဥက္ကဌလည်းဖြစ်နေသေးတယ်။ ငါ သူ့ကို လိုချင်ရင်တောင် ရှင်ဒီလိုပြောလို့မရဘူးမလား၊ ဥက္ကဌ?"
ရှုယီက လက်ယမ်းကာ ရယ်ရမလား ငိုရမလားပင်မသိတော့ပါချေ၊ "မိန်းကလေး ဘဲလ်လာ, ကျုပ်ကို ဟာသမလုပ်ပါနဲ့။ စတေးလ်နဲ့ ကျုပ်က ဒီလိုဆက်ဆံရေးမျိုးမဟုတ်ပါဘူး၊ ကျုပ်က စတေးလ်ရဲ့အဘိုး မဟာမှော်ပညာရှင်ကမ်မီလာနဲ့ပဲ ဆက်ဆံရေးကောင်းရှိတာပါ။ စတေးလ်က ကျုပ်ရဲ့လုပ်ငန်းစုမှာ အလုပ်လုပ်နေပြီး ပုံမှန် မေးထူးခေါ်ပြောလောက်ဆိုတော့ ကျုပ်တို့ ဆက်ဆံရေးက သိပ်မဆိုးရုံပါ။"
"လိမ်နေတာ။" နံဘေးရှိ အာကာလီက ရုတ်တရတ် နှာခေါင်းရှုံ့ကာ ထိုသို့ရေရွတ်လိုက်သည်။
ရှုယီက သူမကိုကြည့်လိုက်ပြီး ထိုကိစ္စကို အထွန့်တက်မနေတော့ဘဲ ပြင်ဆင်ထားပြီးသား မြင်းလှည်းကို လှည့်ခေါ်လိုက်၏။ သူက ဦးဆုံး နေရာနှင့်ရင်းနှီးစေရန် မောင်းသူအား ဘန်တာမြို့တဝိုက်သို့ ဦးတည်စေလိုက်ပြီး ဘန်တာမြို့ရှိ Frestech ကုန်သည်ကြီးများအသင်း၏ ပြုပြင်ရေးဗဟိုဌာနဆီလည်းသွားလိုက်သည်။
၎င်းဌာနရှိ မှော်စက်ပစ္စည်းအားလုံးကိုမြင်တွေ့ပြီးနောက်တွင် ကျောင်းသားများမှာ မနေနိုင်ဘဲ အံ့ဩသွားဟန်များပေါ်လာကြ၏။
အထူးသဖြင့် မှော်မီးအိမ်ကိုတွေ့ချိန်တွင် မိန်းကလေးသုံးဦးက အမှန်ပင်သဘောကျလှရုံမျှမက ယောက်ျားလေးဦးသည်ပင် မနေနိုင်ဘဲ ချီးကျူးဟန်များရှိနေကြသည်။
မြို့ပတ်ပြီးနောက် မြင်းလှည်းမှာ မြို့အပြင်ဘက် အလုပ်ရုံတစ်ခုဆီ ရောက်ရှိလာ၏။
နေရာလွတ်ရှိ အလုပ်ရုံသုံးရုံကိုမြင်ပြီးနောက်တွင် ထိုလူငယ်များက အနည်းငယ်စိတ်ပျက်သွားဟန် ပြလာကြသည်။
ဘဲလ်လာက စကားလုံးများကိုထိန်းသိမ်းတတ်ပုံမရချေ။ အလုပ်ရုံအသစ်အပြင် ခြုံထူထပ်နေသည့်အလုပ်ရုံများကိုကြည့်ပြီးသော် ရှုယီထံ မနေနိုင်ဘဲ ဆိုလာ၏၊ "ဥက္ကဌ၊ ဒီအလုပ်ရုံတွေအားလုံးက Frestech ကုန်သည်ကြီးများအသင်းလက်အောက်ကပဲလား? အရမ်းသေးတာပဲ၊ မတိုင်ခင်ကမှ ကျွန်မတို့မြင်ခဲ့တဲ့ လုပ်ငန်းစုကြီးတွေအောက်ကသာမန်အလုပ်ရုံတစ်ရုံနဲ့တောင် ယှဉ်လို့မရနေဘူး။"
စကော့ချ်ကလည်း စိတ်ပျက်သွားဟန်ဖြင့် နှာခေါင်းရှုံ့ကာ ဆိုလာသည်၊ "အမှန်ပဲ၊ ဒီလိုအလုပ်ရုံအသေးစားလေးနဲ့ဆိုရင် ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက ဘာမှကြီးကြီးမားမားဖြစ်နေပုံလည်းမရပါဘူး။ အာကာလီက ကြွားရတာကိုသဘောကျတာအဆင်ပြေပေမယ့် အီဗီတာက အရင်ကဘယ်တော့မှ မကြွားခဲ့ဘူး။ အာကာလီလုပ်သလို Frestech ကုန်သည်ကြီးများအသင်းဆိုတာ အရမ်းကိုကောင်းမွန်တဲ့လုပ်ငန်းစုဖြစ်ပြီး ဒီမှာအလုပ်လုပ်ဖို့လည်း အရမ်းကိုစိတ်ကျေနပ်ဖို့ကောင်းတယ်ဆိုပြီး မင်းက ကျုပ်တို့ကို ဘယ်လိုများလှည့်စားနိုင်ခဲ့တာလဲ?"
အီဗီတာက သိမ်မွေ့သည့်ကိုယ်ကျင့်စရိုက်ရှိပြီး စကော့ချ်ထံမှ ထိုသို့အဆူခံလိုက်ရကာ သူမမျက်နှာက နီရဲသွားပြီး မည်သို့စကားဆိုရမှန်းပင်မသိတော့ပါချေ။
အာကာလီက မည်သည့်ယဉ်ကျေးမှုမှမပြဘဲ ခွန်းတုံ့ပြန်လိုက်သည်၊ "ရှင်ကဘာသိလို့လဲ? အလုပ်ရုံကမကြီးတဲ့အချက်ကို အထင်မသေးနဲ့၊ ဒါပေမယ့် ရှင်မသိဘူးလား မနှစ်က သုံးခဲ့တဲ့ အကြီးဆုံးအလုပ်ရုံနဲ့ဆိုရင်တောင် ကျွန်မတို့အလုပ်ရုံက မှော်စက်တွေအမျိုးပေါင်းများစွာ ထုတ်လုပ်ခဲ့တယ်ဆိုတာကိုလေ? အခုဘန်တာမြို့ကိုလိုက်ကြည့်လိုက်ရင်၊ အိမ်တိုင်းမှာ ကျွန်မတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ပစ္စည်းတွေကို ရှင်ရှာတွေ့မယ်လို့ ကျွန်မအာမခံနိုင်တယ်! ပြောလိုက်ပါဦးမယ်၊ Frestech ကုန်သည်ကြီးများအသင်းက တည်ထောင်လာတာ နှစ်တစ်ဝက်ပဲရှိသေးတာတောင် ဒီလိုအားကောင်းနေတာကို ရှင်က ဒီမှာအလုပ်လုပ်ဖို့ စိတ်ကျေနပ်စရာမရှိဘူးလို့ ပြောနေသေးတာလား? ဟမ့်! ပြီးတော့ ရှင်ကကျွန်မနဲ့ အီဗီတာအကြောင်းပြောဖို့တောင် မရှက်ဘူးပဲ။ ကျွန်မတို့ မနှစ်ကမှ ဒီမှာအလုပ်လုပ်ခဲ့တာ လနည်းနည်းပဲရှိသေးတာကို ရွှေဒင်္ဂါးတစ်ရာကျော်ဝင်ငွေရပြီးနေပြီ။ ရှင်ကျတော့ရော? ရှင့်အိမ်မှာဘာမှမလုပ်ဘဲ စောင့်နေပြီး ရှင့်အဖေနဲ့အမေပေါ်မှာ မှီခိုဖို့ပဲသိတယ်လေ၊ အတော်ရှက်စရာပဲ!"
အားလုံး မှင်တက်သွားကြသည်။
စကော့ချ်က ရှုယီအရှေ့တွင် Frestech ကုန်သည်ကြီးများအသင်းက အနာဂတ်မရှိဟုပြောကာ လေသံကအတော်ချဉ်နေပါသော်လည်း မည်သူကမှ အာကာလီဟာ ထိုမျှ အင်အားအပြည့်တုံ့ပြန်လာမည်ဟု ထင်မထားခဲ့ချေ။ စကော့ချ်မျက်နှာကိုပင် လုံးဝထောက်ထားခြင်းမရှိ။
စကော့ချ်၏မျက်နှာက ဖြူတလှည့်စိမ်းတလှည့်ဖြစ်သွားသည်။ အကြိမ်များစွာပြောင်းလဲသွားပြီးနောက် နှာခေါင်းရှုံ့လျက် ဒေါသတကြီးပြောလာခဲ့သည်၊ "အာကာလီ, ကျုပ်ဒီကိုလိုက်လာတာက မင်းနဲ့ အီဗီတာကို မျက်နှာသာပေးလို့ပဲ၊ ဒါပေမယ့် မင်းက ကျုပ်ကိုဒီလိုထင်မယ်လို့ မတွေးခဲ့ဖူးဘူး။ ကောင်းပြီလေ၊ မင်းက ဒီလိုစုတ်ပဲ့နေတဲ့လုပ်ငန်းစုကိုသဘောကျမှတော့ ဒီမှာဆက်လုပ်နေလိုက်ပေါ့။ ဒီလို အနာဂတ်မရှိတဲ့လုပ်ငန်းစုလေးက ကျုပ်မျက်လုံးထဲတောင် ဝင်မလာနိုင်ဘူး!
ပြောရဦးမယ်၊ အန်ဗီမာမြို့တော်က လုပ်ငန်းစုကြီးတွေကလည်း ကျုပ်ဆီချဉ်းကပ်ခဲ့ပါတယ်၊ ဒါပေမယ့် ကျုပ်က သူတို့ကို အဖြေပြန်မပေးခဲ့တာ! ကျုပ်လို မှော်ပညာဉာဏ်ကြီးရှင်တစ်ယောက်အတွက် လုပ်ငန်းစုတစ်ခုမှာ အလုပ်လုပ်ဖို့ တွန်းအားပေးခံရရင်တောင် ခီမဲရာ ကုန်သည်ကြီးများအသင်းလို လုပ်ငန်းစုကြီးကိုပဲ ဝင်လိုက်သင့်တာ။ ကျုပ်လည်း လုံးဝအနာဂတ်မဲ့နေတဲ့ ဒီလိုစုတ်ချာချာလုပ်ငန်းစုလေးထဲကို သေချာပေါက်ဝင်မှာမဟုတ်ဘူး!
စကော့ချ်က ဒေါသတကြီးထွက်သွားတော့မည်ကိုမြင်သော် ရှုယီက မျက်မှောင်ကုပ်ကာ သူ့ရှေ့သွားလိုက်သည်။
"ဘာလဲ? ဥက္ကဌရှု၊ ခင်ဗျားက လူတွေကို ထွက်သွားခွင့်မပေးဘူးလား?" စကော့ချ်က ရှုယီကိုဒေါတကြီးကြည့်ကာ ပြောလာသည်။
ရှုယီက ဖျော့တော့စွာပြုံးလျက် ခေါင်းခါကာ၊ "မဟုတ်ပါဘူး၊ ကျုပ်ရဲ့ဒီနေရာက ဓားပြအသိုက်အမြုံမဟုတ်ပါဘူး၊ ခင်ဗျားထွက်သွားချင်ရင်ထွက်သွားလို့ရပါတယ်။ ဒါပေမယ့် အတန်းဖော်စကော့ချ်, ကျုပ်သာ ခင်ဗျားဆိုရင် အခုထွက်သွားဖို့ရွေးချယ်မှာမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ ခင်ဗျားထွက်သွားရင် အာကာလီရဲ့စကားတွေကို ငြင်းဆန်နိုင်မှာမဟုတ်လို့ပဲ။ ဒါဆို သူမရဲ့စကားတွေက မှန်တယ်လို့ သက်သေပြလိုက်သလိုဖြစ်မသွားဘူးလား?"
"ဒီလိုမဟုတ်တာ အသေချာပဲပေါ့!" စကော့ချ်က ဒေါသတကြီးပျံသွားသည်။ သူက အာကာလီကိုကြည့်ကာ ခွန်းတုံ့ပြန်လိုက်ချင်သော်လည်း မိန်းကလေးတစ်ဦးနှင့်ငြင်းခုံရန်မှာ အင်မတန်ရှက်စဖွယ်ဟု ခံစားမိလေသည်။ သူက နှာသာမှုတ်လိုက်ပြီး ခေါင်းလှည့်လိုက်၏။
၎င်းကိုမြင်သော် ရှုယီမှာ လုံးဝစိတ်မလှုပ်ရှားရုံသာမက ရယ်ပင်ရယ်မိသွားသည်။
ထိုလူများမှာ တကယ်ကိုလူငယ်များဖြစ်ကြလေသည်။
"အန်း... အတန်းဖော်စကော့ချ်, ကျုပ်ခင်ဗျားသွားတာကို မဆန့်ကျင်ပါဘူး၊ ဒါပေမယ့် ခုနက ခင်ဗျားရဲ့ Frestech ကုန်သည်ကြီးများအသင်းကို အသရေဖျက်နေတာ သဘောမတူနိုင်ဘူး။ ကျုပ်ဇာတိမှာ ဆိုရိုးတစ်ခုရှိတယ်၊ ခင်ဗျားမသိရင် ဘာကိုမှပြောလို့မရဘူးတဲ့။ ခင်ဗျားက ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းအကြောင်းဘာကိုမှမသိဘဲနဲ့ ကျုပ်တို့လုပ်ငန်းစုက အနာဂတ်မရှိဘူးလို့ ဆုံးဖြတ်လိုက်တယ်ဆိုတော့ ဒီကောက်ချက်က အတော်လေးအလျင်လိုနေတာပဲ။" ရှုယီက ပြောသည်၊ "ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းမှာ ဒီအလုပ်ရုံတွေပဲရှိပေမယ့်လည်း ကျုပ်ခင်ဗျားကို အချက်အလက်တချို့ပေးနိုင်နိုင်တော့ ခင်ဗျားရဲ့အတန်းဖော်တွေနဲ့လည်း နားထောင်လို့ရပါတယ်။"
၎င်းကိုကြားသော် လူငယ်ငါးဦးမှာ ရှုယီထံ အာရုံစိုက်လာကြတော့သည်။
"ပထမဆုံးအချက်က ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အရင်နှစ်တစ်ဝက်က စုစုပေါင်းဝင်ငွေပဲ၊ ရွှေဒင်္ဂါးနှစ်သိန်းလေးရာ့ကိုးဆယ့်လေးပြားရှိတယ်။"
လူငယ်ငါးဦးမှာ တစ်ချိန်တည်း အံ့ဩမိသွားကြသည်။ ထိုသို့သော တိတိကျကျအရေအတွက်ကို အီဗီတာနှင့် အာကာလီတို့သည်ပင် ပထမဆုံးအကြိမ်ကြားဖူးသည်ဖြစ်ရာ မနေနိုင်ဘဲ အံ့ဩသွားကြ၏။
သာမန်မိသားစုများမှ လူငယ်များအတွက် ရွှေဒင်္ဂါးနှစ်သိန်းမှာ ပုံမှန်အားဖြင့် ဘယ်တော့မှမထိနိုင်မည့် အရေအတွက်တစ်ခုပင်။ ၎င်းတို့မှာ ထိုကဲ့သို့သော များပြားလွန်းလှသည့်အရေအတွက်ကို တွေးပင်မတွေးကြည့်နိုင်ချေ။
သို့သော် ထိုလူငယ်ဥက္ကဌရှု တည်ထောင်ထားသည့် Frestech ကုန်သည်ကြီးများအသင်းအတွက်မူ ၎င်းက နှစ်တစ်ဝက်စာ ထုတ်ကုန်များရောင်းခြင်းဖြင့် ထိုများပြားလှသည့်ငွေများကို ပြုလုပ်နိုင်နေသည်။
"ဥက္ကဌ၊ ဒါဆို ရှင်ဒီလောက်များတဲ့ငွေတွေကို ဘယ်လိုလုပ်သလဲဆိုတာ ကျွန်မတို့ကိုပြောပြနိုင်မလား?" တော်ရုံဆိုတိတ်ဆိတ်နေတတ်သည့် ထိုမိန်းကလေးသုံးဦးထဲမှ ဆယ်စီလီယာက မေးလာသည်။
ရှုယီက အပြုံးဖျော့ဖျော့ဖြင့် ခေါင်းငြိမ့်ကာ၊ "ဒီမေးခွန်းကို မေးတာ မှန်တယ်။ ကုန်သည်ကြီးများအသင်းတစ်ခုအတွက် အရေးကြီးတဲ့အရာက ဘယ်လောက်ရောင်းရသလဲမဟုတ်ပေမယ့် ဘယ်လောက်များများဝင်ငွေရသလဲဆိုတာပဲ။ ဒါကတော့ ကျုပ်ပြောပြချင်တဲ့ ဒုတိယအချက်ပေါ့။ အရင်နှစ်ဝက်အတွင်းမှာ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အမြတ်ငွေစုစုပေါင်းက ရွှေဒင်္ဂါးတစ်သိန်းလေးသောင်းကျော်ရှိတယ်။"
အားလုံး အံ့အားသင့်သွားကြသည်။
ရှုယီပြောပုံအရ Frestech ကုန်သည်ကြီးများအသင်း၏ အသားတင်အမြတ်ငွေက အတော်လေးမြင့်နေသည်။
"ဒီအချက်နှစ်ခုကို ပြောတာက ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကို လတ်တလောမှာ လုပ်ငန်းစုကြီးလို့သတ်မှတ်လို့မရသေးပေမယ့်လည်း ကျုပ်တို့က အနာဂတ်မဲ့နေတဲ့လုပ်ငန်းစုတစ်ခုတော့ သေချာပေါက်မဟုတ်ဘူး။ အဲ့အစား ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ တိုးတက်မှာအလားအလာက အရမ်းကောင်းတယ်။ နောက်ကာလတစ်ခုကြာပြီးရင် ကျုပ်တို့ရဲ့ အိမ်နီးချင်းမြို့ဖြစ်တဲ့ခမာမြို့တော်မှာ အလုပ်ရုံတစ်ရုံဖွင့်မှာဖြစ်ပြီး အဲဒီ့နှစ်အတွင်းမှာလည်း ဘန်တာမြို့တော်မှာ နောက်ထပ် ထုတ်လုပ်ရေးအခြေစိုက်ရုံးအသစ်တည်ဆောက်မှာပါ။ အစီစဉ်အရ ထုတ်လုပ်ရေးအခြေစိုက်ရုံးအသစ်ရဲ့နယ်မြေဟာ ဘန်တာမြို့ထက်တောင် ပိုကြီးလိမ့်မယ်။ အနာဂတ်မဲ့နေတဲ့လုပ်ငန်းစုလေးတစ်ခုမှာ ဒီလိုကြီးမားတဲ့ရေရှည်အစီစဉ်ရှိမယ်လို့ခင်ဗျားတို့ထင်လား?"
"ဘန်တာမြို့တော်ကိုတောင်ကျော်လွန်မယ့် နယ်မြေ?" အာကာလီက ရှုယီကိုတအံ့တဩကြည့်ကာ မနေနိုင်ဘဲမေးလာသည်၊ "ဥက္ကဌ၊ ရှင်က ကျွန်မထက်တောင်ပိုအကြွားသန်တယ်လို့ကျွန်မခံစားနေရတယ်။"
ရှုယီက ရယ်မောလျက်နှင့်၊ "သေချာပေါက် ဒါက ကြွားတာမဟုတ်ဘူးပေါ့၊ ခင်ဗျား ရှေ့လျှောက်သိလာမှာပါ။ ဒါပေါ့ ခင်ဗျားတို့အားလုံးအတွက် ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့အစီစဉ်တွေက အဲ့လောက် အရေးပါမနေပါဘူး။ ကျုပ်ထင်တာတော့ ခင်ဗျားတို့ဂရုစိုက်တာက ကိုယ်ပိုင်ဝင်ငွေဖြစ်မယ်။ အာကာလီကို ဥပမာအနေနဲ့သုံးကြတာပေါ့။ သူမနဲ့ အီဗီတာက အရင် ဩဂုတ်လကမှ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းဆီရောက်လာပြီး အလုပ်လုပ်တာ ငါးလတောင်မပြည့်သေးပါဘူး။ ဝင်ငွေအားလုံးကိုပေါင်းကြည့်ရင် အာကာလီပြောခဲ့သလို၊ သူမက ရွှေဒင်္ဂါးတစ်ရာကျော်ရပြီးနေပါပြီ။ ဒါကိုအခြေခံရရင် သူတို့နှစ်ယောက်ရဲ့ မနှစ်ကလစာဟာ အခြေခံလစာ ရွှေဒင်္ဂါးဆယ့်ငါးပြားရှိပါတယ်။ ဒီနှစ်ကနေစပြီး သူတို့နှစ်ယောက်က ကျုပ်တို့လုပ်ငန်းစုရဲ့ ဒုတိယအဆင့်သုတေသနပညာရှင်တွေဖြစ်လာတော့မှာမို့ လစာကိုလည်း ရွှေဒင်္ဂါးဆယ့်ငါးပြားကနေ နှစ်ဆယ့်ငါးပြားကို တိုးပေးတော့မှာပါ။"
"ရွှေဒင်္ဂါးနှစ်ဆယ့်ငါးပြား?" ဘဲလ်လာက တအံ့တဩပြောလေသည်၊ "ဒါက အန်ဗီမာမြို့တော်အတွက်တောင် နည်းမနေဘူး။"
"ဒါက အခြေခံလစာပဲရှိပါသေးတယ်။" ရှုယီက အပြုံးဖြင့်ပြောသည်၊ "ဒါ့အပြင် ခင်ဗျားတို့ မှော်စက်အသစ်တစ်ခုတီထွင်တိုင်း ဒါမှမဟုတ် မှော်စက်တစ်ခုအတွက် တိုးတက်မှုတချို့လုပ်ပေးလိုက်တိုင်း လုပ်ငန်းစုကနေ ခင်ဗျားတို့ကို အပိုဆုကြေးတွေလည်းပေးဦးမှာပါ။ ဆုကြေးပမာဏကိုတော့ မသတ်မှတ်ထားပေမယ့် အနည်းဆုံးပမာဏရွှေဒင်္ဂါးနှစ်ဆယ်ပြားဖြစ်ပြီး အဲ့ကနေစလို့ အကန့်သတ်မရှိပါဘူး။ ကျုပ်တို့လုပ်ငန်းစုရဲ့ ထုတ်ကုန်သစ်တွေအပေါ် အထူးပြုမှုကြောင့်လည်း တစ်ယောက်ကတော့ မကြာခဏ ဒီဆုကြေးတွေရနိုင်ပါတယ်။"
"အွန်း၊ အာကာလီနဲ့ ကျွန်မက မနှစ်က ရွှေဒင်္ဂါးပြားခုနှစ်ဆယ်ကို ဆုကြေးအနေနဲ့ရခဲ့တယ်။" အီဗီတာက အချိန်ကိုက် ဝင်ပြောလာသည်။
အာကာလီက ညည်းညူကာ မကျေနပ်သည့်အသံဖြင့်ပြောလေ၏၊ "ဒါက ငါတို့ သိပ်အားမကောင်းသေးလို့ပဲ၊ မဟုတ်ရင် ဒီ့ထက်တောင်ပိုရဦးမယ်။ မဟာမှော်ပညာရှင်ကမ်မီလာကိုပဲကြည့်လေ၊ သူက ငါတို့လုပ်ငန်းစုနဲ့အတူတူလုပ်နေတာကြောင့် ရွှေဒင်္ဂါးတစ်ထောင်ကျော်တောင်ရတယ်။ သူက ငါတို့ထက် အများကြီးပိုအားကောင်းတာပဲ။"
အားလုံးက မနေနိုင်ဘဲမျက်လုံးများလှိမ့်လိုက်ကြသည်။ မဟာမှော်ပညာရှင်ကမ်မီလာက မဟာမှော်ပညာရှင်ဖြစ်ရာ ၎င်းတို့မှာ မည်သို့များသူနှင့်ယှဉ်နိုင်မည်နည်း?
သို့သော် ရှုယီ၊ အာကာလီနှင့် အီဗီတာတို့ပြောသည်ကို အခြေခံရလျှင် ထိုလူငယ်ငါးဦးမှာ Frestech ကုန်သည်ကြီးများအသင်းအတွက် အလုပ်လုပ်ပါက တကယ်ကို ဝင်ငွေများစွာရနိုင်မည်ဟု ဆိုနိုင်ပါ၏။
ထိုလူငယ်ငါးဦး၏မျက်လုံးများတောက်ပလာကာ စကော့ချ်သည်ပင် အသေအချာစဉ်းစားနေသည်ကိုမြင်သော် ရှုယီက မနေနိုင်အောင်ပြုံးလိုက်မိပါသည်။
၎င်းတို့မလှုပ်ရှားဖြစ်မည်ကိုမစိုးရိမ်သော်လည်း ၎င်းတို့လှုပ်ရှားသည်နှင့် ဂရုစိုက်ရန် ပိုလွယ်သွားပြီပင်။
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၆။ ကျွန်မကိုပေး
ဘွဲ့ရသည်မှာ သိပ်မကြာသေးဘဲ လူမှုဆက်ဆံရေးနယ်ပယ်သို့ ဝင်လာကာစဖြစ်ရာ ထိုလူငယ်ငါးဦးမှာ ၎င်းတို့ကိုယ်ကိုသက်သေပြရန်ပူပန်နေကြသဖြင့် သံသယပင်မလိုဘဲ လစာမြင့်သည့် အလုပ်တချို့ကို ရှာနေကြလောက်သည်။
Frestech ကုန်သည်ကြီးများအသင်းအတွက် မှော်စက်များသုတေသနအလုပ်က သင့်တင့်မျှတရုံသာမက လစာကလည်းမဆိုးချေ။ တစ်ခုတည်းသော အားနည်းချက်မှာ Frestech ကုန်သည်ကြီးများအသင်းက လုပ်ငန်းစုကြီးမဟုတ်၍ မည်သည့်ကျော်ကြားခြင်းမှမရှိခြင်းသာ။
သို့သော် မှော်ပညာဉာဏ်ကြီးရှင်များဟု မဆိုသာသည့် လူငယ်ငါးဦးအတွက် ထိုသည်ကပင် လုံလောက်နေပြီပင်။
ထို့ကြောင့် နှစ်ရက်ကြာစဉ်းစားပြီးနောက်တွင် လူငယ်ငါးဦးစလုံးနှာ Frestech ကုန်သည်ကြီးများအသင်းနှင့် အလုပ်သဘောတူညီချက်လက်မှတ်ရေးထိုးကာ လုပ်ငန်းစု၏ပထမအဆင့်သုတေသနပညာရှင်များဖြစ်လာကြတော့၏။
၎င်းတို့မှာ အီဗီတာနှင့် အာကာလီတို့လုပ်ငန်းစုထံဝင်ကာစကလိုပင်၊ ငါးဦးသားမှာ တစ်လကိုအခြေခံလစာ ရွှေဒင်္ဂါးဆယ့်ငါးပြားရမည်ဖြစ်သည်။
သို့သော် ၎င်းတို့၏စာချုပ်များအရ ဤနေရာ၌ နှစ်တစ်ဝက်ကြာအလုပ်လုပ်ပြီး မည်သည့်ပြဿနာမှမရှိခဲ့ပါလျှင် ဒုတိယအဆင့်သုတေသနပညာရှင်များအဖြစ် ရာထူးတိုးခံရမည်ဖြစ်သည်။ ထိုအချိန်တွင် ရွှေဒင်္ဂါးနှစ်ဆယ့်ငါးပြားလစာရမည်ဖြစ်သည်။
ထိုလူငယ်ငါးဦးအတွက် ၎င်းက ရိုးရှင်းသည့်အလုပ်ရွေးချယ်မှုသာဖြစ်ပြီး ထိုမျှမရှုပ်ထွေးမခက်ခဲနိုင်သော်လည်း ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းအတွက်မူ ထိုလူငယ်ငါးဦးဝင်လာသည်က ကြီးမားသည့်ပြယုဂ်ပါပင်။
၎င်းတို့ငါးဦးရှေ့၌ Frestech ကုန်သည်ကြီးများအသင်း၏ သုတေသနဌာနရှိနေ၏။ လက်ရှိ သုတေသနဝန်ထမ်းမှာ စတေးလ်, အီဗီတာ, ဝယ်လာနှင့် မှော်အစီအရင်ချမှတ်ခြင်းပြဿနာကိုလေ့လာရာ၌ အာရုံစိုက်ထားခဲ့သည့် စန်ချယ်လီတို့သာရှိသည်။ ရှုယီကိုပေါင်းထည့်လိုက်ပါလျှင်တောင် ၎င်းတို့သုတေသနအင်အားကအင်မတန်နည်းလှရာ ရှုယီက ၎င်းတို့၏သုတေသနအလုပ်အများစုကို မဟာမှော်ပညာရှင်ကမ်မီလာ၏မှော်မျှော်စင်ကို အပြီးသတ်ရန် ပို့ပေးနေရသည်။
ဤအခြေအနေက သေချာပေါက် မကောင်းချေ။ ဦးဆုံး သုတေသန၌ ကူညီရန် မဟာမှော်ပညာရှင်ကမ်မီလာ၏မှော်မျှော်စင်ကိုခိုင်းနေရသည့် ရွှေဒင်္ဂါးပမာဏက များပြားလှသည်ကိုမဆိုထားနှင့် ၎င်းတို့ကိုယ်တိုင်လုပ်ခဲ့သည့် မည်သည်ကိုမှ သုတေသနမလုပ်နိုင်သည့်အချက်က Frestech ကုန်သည်ကြီးများအသင်းကို ကျန်းမာသည့်လုပ်ငန်းစုဖြစ်မလာနိုင်စေပေ။
ထို့ကြောင့် ရှုယီက မှော်ပညာရှင်များစွာလိုအပ်နေရခြင်းပင်။
ထိုငါးဦးက ငယ်ရွယ်သေးကာ ၎င်းတို့ထဲရှိ အားကောင်းဆုံးကလည်း အဆင့်လေးမှော်ပညာရှင်သာဖြစ်၏။ သို့သော် ၎င်းတို့က Frestech ကုန်သည်ကြီးများအသင်းမှာ မှော်ပညာရှင်များခေါ်ယူရန် အင်အားလုံလောက်သည်ကို ကိုယ်စားပြုသည့်အစပါပင်။
Frestech ကုန်သည်ကြီးများအသင်း အားကောင်းလာသည်နှင့် မှော်ပညာရှင်များစွာက ပိုမိုဝင်ရောက်လာကြပေလိမ့်မယ်။
မှန်ပါသည်၊ ၎င်းတို့၏ကိုယ်ပိုင်အင်အားကြီးမှော်ပညာရှင်ကိုလေ့ကျင့်ပေးခြင်းကိုလည်း လိုအပ်ပါ၏။
ထို့ကြောင့် ရှုယီက အီဗီတာနှင့် အာကာလီတို့၏ အမှီအခိုကင်းမှော်သုတေသနကိုထောက်ပံ့ရန် ရွှေဒင်္ဂါးငါးရာအားမှော်သုတေသနဌာနသို့လစဉ်ထည့်သွင်းပေးကာ ၎င်းတို့၏မှော်စွမ်းအားကိုတိုးလာစေသည်။
မှော်ပညာရှင်တစ်ယောက်၏စွမ်းအားတိုးတက်မှုမှာ မှော်ပညာတွင် အရည်အချင်းများစွာရှိရန်လိုအပ်သည်၊ သို့သော် ၎င်းက ရွှေဒင်္ဂါးပမာဏများစွာလည်း ကုန်ကျပါ၏။
၎င်းမှာ မှော်ပညာရှင်တစ်ဦးစီ၏မှော်သုတေသနက မှော်စွမ်းအားရင်းမြစ်ပမာဏအမြောက်အများကို လိုအပ်ခြင်းကြောင့်ပင်။ ရံပုံငွေထောက်ပံ့မှုမရှိဘဲ မှော်ပညာရှင်တစ်ဦးက မှော်ပညာအမျိုးစားအသစ်ကိုဆုပ်ကိုင်ရန် သူ၏အရည်အချင်းကိုသာအသုံးပြုချင်ပါလျှင် အခြေခံအားဖြင့် မဖြစ်နိုင်ချေ။
ထို့ကြောင့် စိုင်စ်နယ်မြေရှိ အင်အားကြီးမှော်ပညာရှင်တိုင်းတွင် နောက်ကွယ်၌ ငွေကြေးထောက်ပံ့မှုပမာဏများမြောင်စွာရှိသည်။ မဟာမှော်ပညာရှင်ကမ်မီလာကဲ့သို့ မဟာမှော်ပညာရှင်၌ပင် မှော်ပညာရှင်အဖွဲ့အစည်းနှင့် လမ်ပူရီတိုင်းပြည်၏ထောက်ပံ့မှုရှိသည်။
၎င်းအရ မှော်ပညာရှင်တစ်ယောက်မှာ မှော်သုတေသနလုပ်ရန် ရံပုံငွေအလုံအလောက်ရှိပါက သင့်တင့်သည့်မှော်ပညာအရည်အချင်းလည်းလိုအပ်ပါသေးသည်။ ထိုမှသာ ၎င်းတို့၏အင်အားကြီးထွားလာမည်ဖြစ်၏။
အီဗီတာနှင့် အာကာလီတို့ Frestech ကုန်သည်ကြီးများအသင်းသို့ဝင်လာစဉ်က တတိယနှင့် စတုတ္ထအဆင့်မှော်ပညာရှင်များသာရှိသေးသည်။
ယခု Frestech ကုန်သည်ကြီးများအသင်းအတွက် နှစ်တစ်ဝက်ကြာအလုပ်လုပ်ပြီးနောက်တွင် မှော်စက်ပစ္စည်းများသုတေသနလုပ်ရာ၌ အချိန်အတော်များများသုံးရပါသော်လည်း ရှုယီထံမှ ငွေကြေးထောက်ပံ့မှုဖြင့် နှစ်ဦးသားမှာ မှော်အစီရင်များကိုလေ့လာရင်း အခြားမှော်ပညာကိုလည်းလေ့လာခဲ့ကြသည်။ ၎င်းတို့၏ အင်အားက ခုန်ခုန်တက်လာပြီး ယခုတွင် တစ်ယောက်က စတုတ္ထအဆင့်မှော်ပညာရှင်၏ အကန့်သတ်စည်းကိုပါ ကျော်ဖြတ်လာပြီးဖြစ်၏။
အီဗီတာက ပဉ္စမအဆင့်မှော်ပညာတစ်ပိုင်းတစကိုပင်ဖမ်းဆုပ်နိုင်ပြီဖြစ်ရာ ပဉ္စမအဆင့်မှော်ပညာရှင်ဖြစ်ရန် ခြေတစ်လှမ်းသာလိုတော့သည်။
ထို့အပြင် ၎င်းကလည်း လူငယ်ငါးဦးမှ Frestech ကုန်သည်ကြီးများအသင်းနှင့် စိတ်လှုပ်တရှား စာချုပ်လက်မှတ်ရေးထိုးခဲ့ရသည့် အရေးပါသောအချက်ပါပင်။
အာကာလီနှင့် အီဗီတာတို့နှင့်ယှဉ်ပါက ပါရမီပိုကောင်းကာ မှော်စွမ်းအားပိုများသည့် စတေးလ်ကမူ နှစ်ဝက်အတွင်း များများစားစားမတိုးတက်ခဲ့ပါချေ။
အကြောင်းပြချက်မှာ...သူမက အမြဲလိုလို တစ်စုံတရာနှင့် အလုပ်များနေ၍ဖြစ်သည်။
"ရှုယီ၊ ဆာရန့်ခ်ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌရန့်ချ်က ဒီနေ့ ကျွန်မကို သူတို့လုပ်ငန်းစုကြော်ငြာမှာပါခိုင်းဖို့ လူတစ်ယောက်လွှတ်လိုက်တယ်။ ကျွန်မသွားသင့်လား မသွားသင့်ဘူးလား?" စတေးလ်၏သွယ်တန်းသောမျက်ခုံးလေးများက အသာတွန့်ချိုးနေကာ ရှုယီကို အနည်းငယ်စိုးရိမ်နေဟန်ဖြင့် မေးလာသည်၊ "ကျွန်မသူ့ကို ရှောင်တဲ့အကြိမ်တွေအတော်များနေပြီ၊ ဒါပေမယ့် ကျွန်မကိုရှာဖို့ လူတွေလွှတ်နေတုန်းပဲ၊ တကယ်ကို ဒုက္ခများတယ်။"
ရှုယီက သူမကို အပြုံးဖြင့်ကြည့်ကာ ပြောသည်၊ "ဒါက ခင်ဗျားလုပ်ချင်လား၊ မလုပ်ချင်ဘူးလားအပေါ်မှာ မူတည်တယ်လေ၊ ဘာလို့ကျုပ်ကိုမေးရတာလဲ?"
စတေးလ်က မျက်လုံးလှိမ့်ပြကာ နှာခေါင်းရှုံ့လျက်ပြော၏၊ "ကျွန်မက Frestech ကုန်သည်ကြီးများအသင်းရဲ့ ပြောရေးဆိုခွင့်ရှိသူလေ၊ ကျွန်မတခြားလုပ်ငန်းစုတွေအတွက် ကြော်ငြာပေးရင် ပြဿနာရှိလာမယ်လို့မထင်ဘူးလား?"
"ဘာပြဿနာရှိမှာလဲ?" ရှုယီက ဂရုမစိုက်စွာပခုံးတွန့်လိုက်၏၊ "ဆာရန့်ခ်ကုန်သည်ကြီးများအသင်းက ဇိမ်ခံပစ္စည်းတွေကိုကိုယ်စားပြုတယ်ဆိုတော့ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ထုတ်ကုန်တွေနဲ့ လုံးဝမတူဘူးလေ။ ခင်ဗျားသူတို့လုပ်ငန်းစုအတွက် ကြော်ငြာပေးရင်လည်း Frestech ကုန်သည်ကြီးများအသင်းကို လုံးဝထိခိုက်စေမှာမဟုတ်ဘူး။ ကျုပ်တကယ်ပဲ တစ်ခုခုပြောရမယ်ဆိုရင်တော့ ဥက္ကဌရန့်ခ်က အတော်လေး အမြင်စူးရှတယ်။ စတေးလ်က ဒီလောက်လှပပြီး ကျော့ရှင်းတာ၊ ခင်ဗျားအနေနဲ့ သူတို့ ဆာရန့်ခ်ကုန်သည်ကြီးများအသင်းရဲ့လက်ဝတ်ရတနာတွေအတွက် ကြော်ငြာပေးရင် တကယ်ကို အံကိုက်ပဲ။"
စတေးလ်က ချက်ချင်းပြုံးသွားကာ၊ "တကယ်လား? ရှင်လည်း ကျွန်မက ဒီလက်ဝတ်ရတနာတွေနဲ့ ကောင်းကောင်းလိုက်ဖက်တယ်လို့ ခံစားရတယ်ပေါ့?"
စတေးလ်၏မျက်လုံးများထဲရှိ အလင်းရောင်ကိုမြင်သော် ရှုယီမှာ မနေနိုင်ဘဲ စိတ်ထဲသက်ပြင်းချမိရသည်။
ကြည့်ရသည်မှာ ကမ္ဘာမြေ၌ဖြစ်စေ စိုင်စ်နယ်မြေ၌ဖြစ်စေ၊ မိန်းကလေးများ အထူးသဖြင့် မိန်းမလှလေးများမှာ လက်ဝတ်ရတနာလှလှလေးများကို တောင့်မခံနိုင်ကြပုံပင်။
"ဒါပေါ့!" ရှုယီက အင်မတန်သေချာစွာခေါင်းငြိမ့်ပြလိုက်သည်၊ "ဒါပေမယ့် ကျုပ်ရိုးသားရရင် လက်ဝတ်ရတနာတွေက ဘယ်လောက်လှလှ ခင်ဗျားရဲ့အလှကို မယှဉ်နိုင်ဘူး။ ခင်ဗျားက လက်ဝတ်ရတနာရဲ့ရောင်ပြန်အပိုင်းလေးဖြစ်နေပြီးသားဆိုတော့ ခင်ဗျားရဲ့အလှကို ဖျက်ဆီးဖို့ ဘာကြောင့်များ ဒါတွေကို ဝတ်နေတော့မှာလဲ?"
စတေးလ်က ရယ်မောလိုက်သည်။ ထို့နောက် ရှုယီကို စိတ်ဝင်တစားကြည့်လျက် ပြောလာ၏၊ "ရှုယီ၊ ရှင်ပြောတော့ ရှင်အရင်တုန်းက မိန်းကလေးတွေနဲ့မပတ်သတ်ဖူးဘူးဆို၊ ကျွန်မကတော့မယုံဘူး။"
"ဘာလို့မဟုတ်ရမှာလဲဗျာ? ကျုပ်က ခင်ဗျားကို ဒီအကြောင်းလိမ်ဖို့လိုလို့လား?" ရှုယီက အပြစ်ကင်းဟန်ဖြင့်ဆို၏။
"ဘာလို့လဲဆိုတော့ ရှင့်ရဲ့ဂုဏ်တင်မှုတွေက အရမ်းနားထောင်ကောင်းနေတော့ ဟန်ဆောင်နေတာလို့လုံးဝမထင်ရဘူးပဲ။ ရှင်အရင်က မိန်းကလေးတွေကို ခဏတိုင်းညာဖူးလောက်မယ်။ ရှင်အရင်က ဘယ်လိုလုပ်မိန်းကလေးတွေနဲ့ မပတ်သက်ဖူးဘဲ နေမှာတဲ့လဲ?"
ရှုယီက မျက်လုံးလှိမ့်လျက် ဝမ်းပန်းတနည်းဆိုလိုက်သည်၊ "ကျုပ်တကယ်စိတ်ထဲကနေပြောနေတာပါ။ တကယ်တမ်း ကျုပ်က မိန်းကလေးတွေ ဘာလက်ဝတ်ရတနာ ဝတ်စားတာကိုမှ သဘောမကျဘူးလေ၊ အထူးသဖြင့် လှနေပြီးသားမိန်းကလေးတွေပေါ့။ ဒါက ကျုပ်တကယ်ပဲ မိန်းမလှလေးတစ်ယောက်က ထူးကဲတဲ့မြင်ကွင်းလို့ခံစားရတာကြောင့် လက်ဝတ်ရတနာတွေဝတ်စားတာမျိုးက ဒါကို ဖျက်ဆီးနေသလိုပဲမို့ပါ။ စတေးလ်၊ တကယ်တော့ ခင်ဗျားက နေရောင်အောက်က ပန်းလေးတစ်ပွင့်လိုလှပပေမယ့် ဘာလို့ အဲ့လိုမြင်ကွင်းလှလှလေးကို ဖျက်ဆီးဖို့ လက်ဝတ်ရတနာတွေ ဆင်မှာလဲ?"
စတေးလ်က ဤတစ်ခေါက်၌ မရယ်တော့ဘဲ မျက်နှာကနီရဲလာကာ ငြင်သာသည့်အသံဖြင့်ပြောလေ၏၊ "ကျွန်မ လက်ဝတ်ရတနာတွေဝတ်မယ်လို့ ဘယ်တုန်းကမှမပြောပါဘူး။ တကယ်တော့ ကျွန်မလည်း ဒါတွေဝတ်ရတာသဘောမကျဘူးလေ ဒုက္ခများတယ်။" ခဏရပ်တန့်ပြီးနောက် သူမကရှုယီကိုပြောလေသည်၊ "ရှင်က ကျွန်မကို လက်ဝတ်ရတနာတွေမဝတ်စေချင်မှတော့ ကျမလည်း ဥက္ကဌရန့်ခ်ကို လျစ်လျူရှုထားလိုက်တော့မယ်။
"မလုပ်ပါနဲ့၊ ဒါက ကျုပ်အတွေးသက်သက်ပါ၊ ခင်ဗျားက လွှမ်းမိုးမခံသင့်ဘူးလေ။" ရှုယီက အလျင်အမြန်တားကာ၊ "ပြီးတော့လည်း ဆာရန့်ခ် ကုန်သည်ကြီးများအသင်းရဲ့ကြော်ငြာမှာပါတာက ခင်ဗျားကို ပိုရေပန်းစားစေပြီး ခင်ဗျားရဲ့ကျော်ကြားမှုက ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကို အကျိုးအမြတ်ရစေလိမ့်မယ်။ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းအတွက် ကြော်ငြာတွေလုပ်ရင်လည်း ထိရောက်မှုပိုကောင်းလာလိမ့်မယ်လေ။"
"ဒါဆိုရှင်က ကျွန်မကို သွားစေချင်တာလား မသွားစေချင်တာလား?" စတေးလ်က ရှုယီ၏အဖြေကိုစောင့်နေသည်။
"ဒါက... ခင်ဗျားကို ဥက္ကဌရန့်ခ်က ဘယ်လောက်ပေးဖို့ဆန္ဒရှိသလဲသိလို့ရမလား?"
စတေးလ်က လက်တစ်ချောင်းထောင်ပြသည်။
"ရွှေဒင်္ဂါးတစ်ရာလား? ဒါကသိပ်ဈေးမပေါနေဘူးလား၊ ဟင်း! မသွားနဲ့တော့!" ရှုယီက ချက်ချင်းခေါင်းခါသည်။
စတေးလ်က နှာခေါင်းရှုံ့ကာ ဝံ့ကြွားဟန်လေးဖြင့်ဆိုလာ၏၊ "ရွှေဒင်္ဂါးတစ်ရာမဟုတ်ပါဘူး၊ တစ်ထောင်!"
"အာ? ရွှေဒင်္ဂါးတစ်ထောင်လား?" ရှုယီက ချက်ချင်းပြောစရာမဲ့သွားသည်။ နောက်ဆုံးတွင် မနေနိုင်ဘဲ ခေါင်းခါလိုက်ကာ ခဏအကြာ၌ သက်ပြင်းချ၍ဆိုလာ၏၊ "ဆာရန့်ခ်ကုန်သည်ကြီးများအသင်းက တကယ်ကို ဇိမ်ခံပစ္စည်းတွေမှာ သဘောတူညီဖို့ထိုက်တန်တာပဲ၊ ဒီလို ပြောင်မြောက်တဲ့ လှုပ်ရှားမှုလုပ်ခဲ့တယ်။ စတေးလ်, ခင်ဗျားရဲ့ အဘိုးသာ ခင်ဗျားက ဆာရန့်ခ်ကုန်သည်ကြီးများအသင်းအတွက် ကြော်ငြာတစ်ခုလုပ်ပေးလိုက်တာနဲ့ တော်ဝင်မိသားစုဆီက တစ်နှစ်ရတဲ့ဝင်ငွေရမှန်းသိရင်၊ ဘယ်လိုထင်လောက်မလဲ?"
စတေးလ်က လျှာတစ်လစ်ထုတ်ကာ ခပ်ဆိုးဆိုးပြောလာ၏၊ "ဒါကြောင့် ကျွန်မသူ့ကို ဒီကိစ္စလုံးဝမပြောဘူး။"
ရှုယီက ရယ်သည်၊ "ကောင်းတယ်၊ သူ့လိုလူအိုကြီးတစ်ယောက်ကို စိတ်လှုပ်ရှားအောင်မလုပ်တာ ပိုကောင်းတယ်။ ဒါပေမယ့် ဆုတွေကိုပြောရရင် ဥက္ကဌရန့်ခ်ရဲ့လှုပ်ရှားမှုကြီးနဲ့စာရင် ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက ခင်ဗျားကိုပေးတဲ့ဆုအနေနဲ့ အတော်လေးနိမ့်သလိုပဲ။ ခင်ဗျားကြော်ငြာတစ်ခုကို ရွှေဒင်္ဂါးငါးဆယ်ပဲရတာလေ၊ ဒါကတကယ်ကို များလွန်းတယ်။ ဒီလိုဆိုရင်ရော စတေးလ်, ခင်ဗျားကျုပ်ကိုဈေးနှုန်းပြော။ ရွှေဒင်္ဂါးတစ်ထောင်လောက် မချဲ့ကားနေသရွေ့ ကျုပ် ဥက္ကဌအနေနဲ့ကတိပေးနိုင်တယ်။ ခင်ဗျားက ကျုပ်တို့ဘန်တာမြို့တော်မှာ ကြယ်ပွင့်ကြီးဖြစ်နေဆဲဆိုတော့ ဈေးနှုန်းက အရမ်းနိမ့်လို့မရဘူးလေ။"
စတေးလ်ကမျက်လုံးလှိမ့်ကာ ဝမ်းနည်းစွာပြောလေ၏၊ "ရှင်းရှင်းပြောထားမယ် ကျွန်မ ကြော်ငြာတွေနဲ့ကူညီတာ ရှင့်ကိုပဲ၊ Frestech ကုန်သည်ကြီးများအသင်းကိုမဟုတ်ဘူး။ ရှင်က လုပ်ငန်းစုအတွက် ပြဿနာကိုပြောနေတာကြောင့် မဟုတ်ရင် ကျွန်မ ကြေးတစ်ပြားတောင်ယူမှာမဟုတ်ဘူးလေ။ အခုရှင်က ကျွန်မဆုတွေအကြောင်းပြောလာတယ်၊ ဒါဆိုကောင်းပြီ။ ကျွန်မ ရွှေဒင်္ဂါးတစ်ထောင်လိုမျိုးကို ပြောမှာတော့မဟုတ်ဘူး၊ ရွှေဒင်္ဂါးကိုးရာ့ကိုးဆယ့်ကိုးပြားကိုတောင်းမယ်ဆိုရင် ရှင်ပေးမှာလား?"
ရှုယီက စတေးလ်၏ ဖြူသွယ်သွယ်လက်လေးကိုကြည့်ကာ မစနောက်ဘဲမနေနိုင်တော့ချေ၊ "ဒီလောက်ဈေးကြီးတာ ကျုပ်ဘယ်တတ်နိုင်မလဲ။ ကျုပ်ကိုယ်ကျုပ် အကြွေးဆပ်တဲ့အနေနဲ့ပေးမယ်ဆိုရင်ရော ဘယ်လိုထင်လဲ?"
စတေးလ်၏ မျက်နှာက နီရဲသွား၏။ ရှုယီကို ခဏကြာကြည့်ပြီးနောက်တွင် သူမက နှုတ်ခမ်းများကိုအသာစေ့လျက် ပြောလာ၏၊" ကောင်းပြီ၊ ကျွန်မကိုပေး။"
ရှုယီက မှင်တက်သွားသည်။ စတေးလ်၏ မှော်မီးအိမ်အောက်မှ အနည်းငယ်ရဲနေသည့် မျက်နှာလေးနှင့် မျက်လုံးထဲရှိ စိတ်လှုပ်ရှားဟန်ကိုမြင်သော် အတန်ကြာ ရူးနှမ်းသလိုဖြစ်လာသည်။
နှစ်ဦးသားက တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ပြီး အင်မတန်နေရခက်သလိုခံစားနေရသော်လည်း အကြည့်မလွှဲလိုက်ကြချေ။
၎င်းက အကြည့်ချင်းဆုံသည့်ပြိုင်ပွဲလိုပင်၊ နှစ်ဦးသားက အဆုံးသတ်တစ်ခု လိုချင်နေကြသည်။
မည်မျှကြာသွားမှန်း မသိလိုက်ပါဘဲ ရှုယီက ပါးစပ်အသာဟလျက် ငြင်သာစွာပြောလိုက်လေ၏။
"ကောင်းပြီ။"
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၇။ ကွေ့ဝိုက်နေစရာမလိုပါ
ရှားရှားပါးပါးဆောင်းတွင်းနေ ထွက်ပေါ်လာကာ တောက်ပခြင်းမရှိသည့် နေခြည်နွေးနွေးကို ထုတ်ဖော်ပေးနေသည်။ စတေးလ်က မြက်ခင်းပေါ်၌ရပ်ကာ အထက်ရှိ နေရောင်ကိုအသာမော့ကြည့်လျက် သူမ၏ဘယ်လက်ဖြင့် ရွှေရောင်ဆံနွယ်လေးကို နားရွက်နောက်ပို့ကာ တောက်တောက်ပပပြုံးလိုက်လေသည်။
နေရောင်ခြည်က သူမ၏မျက်နှာထက်ကျဆင်းနေသည်မှာ သူမ၏နှင်းလိုဖြူစွတ်နေသောအသားအရေကိုဖောက်ထွင်းဝင်တော့မည်ဟန်ပေါ်ကာ လေတိုက်ရုံဖြင့် ကျိုးပဲ့သွားနိုင်လောက်သလိုပင်။
ရွှေရောင်ဆံနွယ်မှ ထုတ်လွှတ်နေသော အလင်းပျောက်လေးများက သူမ၏ တစ်ကိုယ်လုံးကို ရွှေရောင်ဖျော့ဖျော့တောက်နေစေကာ သန့်စင်သောရောင်ဝါကိုပေးစွမ်းနေ၏။
မနီးမဝေးမှ ဥက္ကဌရန့်ခ်မှာ မနေနိုင်ဘဲချီးကျူးလိုက်မိသည်၊ "သခင်မလေးစတေးလ်က တကယ်ကို ကျုပ်တို့ဘန်တာမြို့တော်ရဲ့ နတ်ဘုရားမပဲ၊ ဒီလက်ဝတ်ရတနာတွေက သူမဝတ်ထားတဲ့အခါမှ ဒီလိုတောက်ပမှုမျိုးကို ထုတ်နိုင်တယ်။ ဟုတ်တယ်မလား ဥက္ကဌရှု?"
ရှုယီက ခပ်ဖျော့ဖျော့ပြုံးပြကာ၊ "ဥက္ကဌရန့်ခ်, ခင်ဗျားဆိုလိုတာက ခင်ဗျားတို့လက်ဝတ်ရတနာတွေကို ဘန်တာမြို့တော်ရဲ့သခင်မလေးတွေနဲ့ မျိုးရိုးမြင့်သခင်မတွေဝတ်ရင် ဒီလောက်မကောင်းဘူးလို့လား? သူတို့သာ ကြားရင်တော့ ခင်ဗျားတို့ ဆာရန့်ခ်ကုန်သည်ကြီးများအသင်းက ပြင်းထန်တဲ့ဆုံးရှုံးမှုတွေနဲ့ကြုံရမှာပဲ။"
ဥက္ကဌရန့်ခ်က ရယ်လျက်နှင့်၊ "ဒါက သခင်မလေးစတေးလ်အတွက် ရိုးရိုးသားသားချီးကျူးတာပါ၊ မျိုးရိုးမြင့်သခင်မတွေနဲ့ သခင်မလေးတွေလည်း ဒီလောက်စိတ်ထဲထားမယ်လို့ မထင်ပါဘူး။"
ထိုသို့ ပြောလိုက်ပါသော်လည်း ဥက္ကဌရန့်ခ်မှာ ချက်ချင်းခေါင်းစဉ်ပြောင်းလျက် ရှုယီကို မေးလာသည်၊ "ဥက္ကဌရှု၊ ကျုပ်ဒီတစ်ခေါက်တော့ ခင်ဗျားကိုတကယ်ကျေးဇူးတင်ရမယ်။ ခင်ဗျားသာသူမကို တိုက်တွန်းပေးလို့မဟုတ်ရင် သခင်မလေးစတေးလ်ကဒီကြော်ငြာလုပ်ဖို့ကို သဘောတူမှာမဟုတ်ဘူးလေ။"
"ကျုပ်ဘာမှမပြောခဲ့ပါဘူး။ စတေးလ်ကို တိုက်တွန်းတဲ့အကြောင်းပြောရမယ်ဆိုရင် ခင်ဗျားကမ်းလှမ်းထားတဲ့ ရွှေဒင်္ဂါးတစ်ထောင်ဆိုတဲ့ဈေးနှုန်းမြင့်မြင့်ကို ထည့်ပြောဖို့လိုတယ်။" ထိုသို့ပြောပြီးနောက် ရှုယီက ဥက္ကဌရန့်ခ်ကို အဓိပ္ပာယ်နက်နဲစွာကြည့်ကာ မေးလာသည်၊ "ဥက္ကဌရန့်ခ်, ဒီလောက်များပြားတဲ့ပမာဏကိုတစ်ခါတည်းထုတ်ပေးတာက၊ တကယ်ပဲ ခင်ဗျား စတေးလ်ရဲ့ဆွဲဆောင်နိုင်မှုကိုသဘောကျလို့လား ဒါမှမဟုတ် တခြားရည်ရွယ်ချက်တွေရှိနေသေးတာကြောင့်လား?"
ဥက္ကဌရန့်ခ်က ခေါင်းခါကာ၊ "ဥက္ကဌရှု၊ ကျုပ်ထင်တာတော့ ခင်ဗျားက သခင်မလေးစတေးလ်ရဲ့ဆွဲဆောင်မှုကို လျှော့တွက်ထားတာပဲ။ ခင်ဗျားအနေနဲ့ သခင်မလေးစတေးလ်က ပဉ္စမအဆင့်မှော်ပညာရှင်ဖြစ်ပြီး မဟာမှော်ပညာရှင်ကမ်မီလာရဲ့မြေးမဖြစ်တဲ့အချက်ကို လျစ်လျူရှုထားရင်တောင် သခင်မလေးစတေးလ်ကိုယ်တိုင်က ဒီလိုဈေးနှုန်းကြီးကြီးပေးဖို့ ထိုက်တန်ပါတယ်။ သခင်မလေးစတေးလ်ဝတ်ထားတဲ့ လက်ဝတ်ရတနာတွေက တောက်ပနေတာကိုပဲကြည့်လိုက်လေ။ ခင်ဗျားသာ ပုံမှန်မိန်းကလေးတစ်ယောက်ဖြစ်ပြီး ဒါကိုမြင်လိုက်ရင် ခင်ဗျားတွေးမိလိမ့်မယ်၊ ဒီလိုတူညီတဲ့လက်ဝတ်ရတနာတွေကိုလိုက်ဝတ်ရင် ခင်ဗျားလည်း ဒီလိုတောက်ပလာလိမ့်မယ်လို့လေ။"
ရှုယီက အဝေးမှ စတေးလ်ကိုကြည့်လိုက်သည်။
စတေးလ်က တကယ်ကိုတောက်ပနေပြီး အဘက်ဘက်သို့ ဆွဲဆောင်မှုများကို ထုတ်ဖော်ပေးနေသည်ဟု သူထင်မိပါသော်လည်း ဒါက သူမဝတ်ထားတဲ့ လက်ဝတ်ရတနာကြောင့်ပဲလား? ၎င်းက လုံးဝ စတေးလ်ကိုယ်တိုင်ကြောင့်ပါပင်။
သို့သော် မျက်လုံးထဲ၌ အရိုင်းဆန်နေသည့် ဥက္ကဌရန့်ခ်ကိုကြည့်ရင်း ရှုယီက ထိုစကားလုံးများကို ဖိနှိပ်ထားရန် ဆုံးဖြတ်လိုက်သည်။
တစ်ခဏအကြာ၌ ဥက္ကဌရန့်ခ်က သက်ပြင်းအသာချလျက် ရှုယီထံ နေရခက်စွာပြုံးပြလာ၏၊ "အားနာပါတယ်၊ လက်ဝတ်ရတနာအကြောင်းပြောလိုက်ချိန်ဆို ကျုပ်ကိုယ်ကျုပ်မထိန်းနိုင်ဘူး။"
ရှုယီက နားလည်စွာပြုံးပြကာ၊ "ကျုပ်တို့မှော်စက်တွေအကြောင်းပြောရင် ကျုပ်လည်း အတူတူပါပဲ။"
ဥက္ကဌရန့်ခ်က ခပ်ဖျော့ဖျော့ပြုံးလိုက်ကာ၊ "ဥက္ကဌရှုက မှော်စက်တွေကိုစိတ်ဝင်စားမှတော့ မှော်စက်တွေအကြောင်းပြောကြတာပေါ့။ ဥက္ကဌရှု၊ ကျုပ်ကြားခဲ့တယ်... ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက အမ်ရစ်ကုန်သည်ကြီးများအသင်းနဲ့ ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းတို့ကို မှော်စက်တချို့ ကူညီပြီးတီထွင်ပေးခဲ့တယ်ဆို?"
ရှုယီက သူ့အား တအံ့တဩကြည့်လိုက်သည်။
ဥက္ကဌရန့်ခ်ထို အကြောင်းကိုသိခြင်းက အံ့ဩစရာမဟုတ်ပါဘဲ ထူးဆန်းနေသည်မှာ ရုတ်တရတ် ထိုအကြောင်းကို ဂရုစိုက်လာခြင်းပင်။
"ဒီလိုပါပဲဗျာ။" ရှုယီက ခေါင်းငြိမ့်၍ ပြောလာသည်၊ "ဒါပေမယ့် တကယ့်အခြေအနေက ဥက္ကဌခရုစ်နဲ့ ဥက္ကဌမော်ဂန်ကို ကျုပ်ကိုယ်တိုင်သွားရှာပြီး ကျုပ်တို့ထုတ်လုပ်ထားတဲ့ စက်တွေကို ပြလိုက်တော့ ကံကောင်းစွာနဲ့သူတို့က လက်ခံကြတယ်လေ။"
"ကံကောင်းစွာနဲ့?" ဥက္ကဌရန့်ခ်က နူးညံ့စွာပြုံးလျက်ဆိုလာသည်၊ "ကံကောင်းတာမဟုတ်တာလည်းဖြစ်နိုင်ပါတယ်။ ဥက္ကဌရှုရဲ့ အမြင်က အမြဲတိကျနေတာဆိုတော့ ခင်ဗျားကမ်းလှမ်းလိုက်တာက အမ်ရစ်ကုန်သည်ကြီးများအသင်းနဲ့ ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းတို့ လိုအပ်နေတဲ့အရာဖြစ်နေတာပေါ့။ ဒါကြောင့် ဥက္ကဌခရုစ်နဲ့ ဥက္ကဌမော်ဂန်တို့ လက်ခံလိုက်တာက မထူးဆန်းပါဘူး။"
"ဥက္ကဌရန့်ခ်က ကျုပ်ကို အထင်ကြီးလွန်းနေပါပြီ၊ ဒါကတကယ်ကိုကံကောင်းရုံပါပဲ။" ရှုယီက လက်ယမ်းပြလာသည်။
"ဟုတ်ပါပြီ၊ ကံကောင်းတာဆိုရင်လည်း ကိစ္စတော့မရှိပါဘူး။ ဒါက အနည်းဆုံးတော့ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ တခြားလုပ်ငန်းစုတွေရဲ့လိုအပ်ချက်တွေအရ မှော်စက်တွေထုတ်လုပ်နိုင်တာကို သက်သေပြနေတာပဲ မဟုတ်ဘူးလား၊ ဥက္ကဌရှု?" ဥက္ကဌရန့်ခ်က ထပ်မေးလေသည်။
ရှုယီက ဥက္ကဌရန့်ခ်ကို တအံ့တဩကြည့်ကာ ခေါင်းအသာငြိမ့်ပြလိုက်သည်၊ "ဒါက လုံးဝကြီးတော့ မမှန်နေပေမယ့်လည်း အများစုတော့ မှန်ပါတယ်။ ဘာလဲ? ဥက္ကဌရန့်ခ်၊ ခင်ဗျား ဆာရန့်ခ်ကုန်သည်ကြီးများအသင်းကလည်း ကျုပ်တို့ကို မှော်စက်တစ်ခုများ တီထွင်ပေးစေချင်နေတာများလား?"
"အဟုတ်ပါပဲ။" ဥက္ကဌရန့်ခ်က ခေါင်းငြိမ့်ကာ ပြုံးသည်။ သူကလက်ကိုမြှောက်လိုက်ရာ သူ့နောက်၌ ရပ်နေသည့် အကူက စာရွက်တစ်ထပ်ရုတ်တရတ်ထုတ်ပေးလာသည်။
ရှုယီလည်း ယူလိုက်ရာ ၎င်းတို့က မူကြမ်းများဖြစ်ကြောင်းတွေ့ရှိလိုက်ရပြီးတို့ထက်၌ စက်မှုဒီဇိုင်းများစွာကို ရေးဆွဲထားလေသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့အပေါ်၌ တောင်းဆိုချက်များကိုလည်း ခေါင်းစဉ်ထိုးထားလေ၏။
"ဥက္ကဌရှု၊ ကျုပ်တို့ ဒီမူကြမ်းတွေကို လိုအပ်ချက်တွေအရရေးဆွဲထားတာပါ၊ တစ်ချက်လောက်ကြည့်ပေးပါဦး။ မှန်ပါတယ်၊ ကျုပ်တို့က ဒီကိစ္စကိုစဉ်းစားရုံပဲစဉ်းစားရသေးပြီး ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းလို မှော်စက်တွေမှာလည်း အထူးပြုကျွမ်းကျင်မနေပါဘူး။ ဒါက အကြံပြုချက်သက်သက်ပါပဲ၊ နောက်ဆုံးထုတ်ကုန်က ဒါနဲ့တူနေစရာတော့မလိုပါဘူး။"
ရှုယီလည်း ခေါင်းငြိမ့်ကာ မူကြမ်းများကိုသေချာကြည့်လိုက်သည်။ ထိုမှော်စက်လေးများမှာ တည်ဆောက်ရာတွင် Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်များကို မယှဉ်နိုင်ပါသော်လည်း မူကြမ်းများကိုသုံးသပ်ကြည့်ပါက စက်မှုအင်ဂျင်နီယာသီအိုရီရှိနေသည်ကို အံ့အားသင့်စွာ တွေ့ရှိခဲ့သည်။
ထို့နောက် ထိုမှော်စက်များနံဘေးရှိ တောင်းဆိုချက်များကိုပါပေါင်းကြည့်သော် ထိုမူကြမ်းရှိ မှော်စက်များမှာ ၎င်း၏အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ပြီးသားပင်။
ထိုမူကြမ်းများနှင့်ဆိုလျှင် ၎င်းတို့အနည်းငယ်ဆက်လေ့လာနေသရွေ့ ဆာရန့်ခ်ကုန်သည်ကြီးများအသင်းမှာ ထိုမှော်စက်များကို ၎င်းတို့ဘာသာ ထုတ်လုပ်နိုင်ကောင်းထုတ်လုပ်နိုင်လောက်သည်!
"ကျုပ်တို့ ဆာရန့်ခ်ကုန်သည်ကြီးများအသင်းက မှော်စက်တွေသုတေသနလုပ်ဖို့ တာဝန်မရှိဘူးလေ။ ဥက္ကဌရှု၊ ဒီမူကြမ်းတွေကို မှော်စက်တွေပြုလုပ်ရာမှာ စိတ်ဝင်စားတဲ့ ကျုပ်တို့ရှာတွေ့ခဲ့တဲ့ မှော်ပညာရှင်တချို့နဲ့ လက်သမားတွေလုပ်ပေးခဲ့တာပါ၊ သူတို့ကို ဘယ်လိုသဘောရလဲ?" ဥက္ကဌရန့်ခ်က မေး၏။
"မှော်စက်တွေကိုစိတ်ဝင်စားတဲ့ မှော်ပညာရှင်တွေနဲ့ လက်သမားတွေ?" ရှုယီက မျက်လုံးများမှေးစင်းလျက် ဥက္ကဌရန့်ခ်ကိုကြည့်လိုက်ရင်း မှော်စက်များ၏ အရေးပါမှုကို သတိပြုမိကာ စတင်သုတေသနလုပ်လာသူများရှိလာပြီဟု တွေးတောလိုက်မိသည်။
ယခင်က လီယိုကုန်သည်ကြီးများအသင်း၏ ပုံတူများနှင့်ယှဉ်လျှင် ၎င်းမူကြမ်း၌ မှော်ပညာရှင်များနှင့် လက်သမားတို့ထံမှာ မူလအကြံများပါဝင်နေပါ၏။
၎င်းက Frestech ကုန်သည်ကြီးများအသင်းနှင့်ယှဉ်လျှင် များစွာပိုမိုဆိုးရွားနေပါသော်လည်း ၎င်းတို့မှာ မှော်စက်မှုနယ်ပယ်ကို အမှန်တကယ်ဝင်ရောက်လာပြီး သေချာလေ့လာနေသည်ဟု ဆိုလိုနေဆဲပင်။
ရှုယီမှာ ၎င်းကြောင့် တကယ်ကို အံ့ဩဝမ်းသာသွားရသည်။
Frestech ကုန်သည်ကြီးများအသင်း အပြင်ဘက်ရှိလူများမှာ မှော်စက်မှုနယ်ပယ်သို့ စတင်ဝင်ရောက်လာသည်ကို အံ့ဩနေရသည်။ ယခုတွင် Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းကြောင့် စိတ်အေးနေရန် နည်းပညာပိုင်းအားသာချက်မရှိချေ။ ၎င်းတို့သာ အမြဲရပ်တန့်နေပါလျှင် တခြားခူများက ၎င်းတို့ကို လျင်မြန်စွာ လိုက်မီလာလိမ့်မည်။
သူဟာ တခြားလူများက မှော်စက်မှုနယ်ပယ်ထဲသို့ဝင်ရောက်လာခြင်းကို ဝမ်းသာနေပါ၏။ ဤနယ်မြေကြီးတွင် ၎င်းနယ်ပယ်၌ သုတေသနလုပ်နေသည်က Frestech ကုန်သည်ကြီးများအသင်း တစ်ကိုယ်ထီးတည်းသာ မဟုတ်တော့ချေ။
ထိုလူများနှင့် လုပ်ငန်းစုပိုများများသာ ဝင်ရောက်လာပါလျှင် စိုင်စ်နယ်မြေကြီးရှိ မှော်စက်မှုနယ်ပယ်ဖွံ့ဖြိုးမှုနှုန်းမှာ တိုးလာပေလိမ့်မည်။ ၎င်းက ရှုယီ၏ စက်မှုအင်အားစုကြီးတစ်ခုဖန်တီးမည့်အိပ်မက်အတွက် သိသာသော တိုးတက်မှုဟု ဆိုလိုနိုင်ပေသည်။
စိတ်ထဲ၌ အတွေးမျိုးစုံဖြတ်ပြေးသွားသည်နှင့် ရှုယီမှာ လက်ထဲရှိ မူကြမ်းများကိုကြည့်ရင်း ဥက္ကဌရန့်ခ်ကို မေးလာသည်၊ "ကျုပ်မေးလို့ရမလား၊ ဒီမူကြမ်းတွေကိုရေးဆွဲခဲ့တဲ့ မှော်ပညာရှင်တွေနဲ့ လက်သမားတွေက ဘယ်လိုလူမျိုးတွေလဲဗျ?"
ဥက္ကဌရန့်ခ်က ခေါင်းခါကာ အပြုံးရေးရေးလေးဖြင့်၊ "သူတို့အားလုံးကို ကျုပ် ဒီတိုင်းရှာတွေ့တာပါ၊ ကျုပ်ပြောရင်တောင် ဥက္ကဌရှုက သူတို့နာမည်တွေကို သိမှာမဟုတ်ဘူး။"
ဥက္ကဌရန့်ခ်၏ တုံ့ပြန်ချက်က ရှုယီ၏ ခန့်မှန်းချက်အတွင်းရှိလေသည်။ သူက စဉ်းစားပြီးမှပြောလာ၏၊ "ဟုတ်ပြီ၊ ကျုပ်ဒီမူကြမ်းတွေပြန်ယူသွားပြီ တောင်းဆိုချက်တွေအရ မှော်စက်တွေလုပ်ဖို့ ကြိုးစားကြည့်လိုက်မယ်။ ဒါ့အပြင် ဥက္ကဌရန့်ခ်, ဒီမူကြမ်းတွေကို ရေးဆွဲပေးခဲ့တဲ့ မှော်ပညာရှင်တွေနဲ့ လက်သမားတွေကို စကားတချို့ ပါးပေးဖို့ ခင်ဗျားကို ဒုက္ခပေးရဦးမယ်။ သူတို့ မှော်စက်တွေကို လေ့လာနေရင်း ဘာကိုမှနားမလည်တော့ရင် ကျုပ်ကို လာရှာနိုင်တယ်လို့ ပြောပေးပါ။ ကျုပ်က ဒီကိစ္စတွေနဲ့ပတ်သက်ပြီး လျှို့ဝှက်မထားသလို သူတို့သိချင်တာကိုလည်း သေချာပေါက်သင်ပြပေးမှာမို့လို ဒီလိုကွေ့ဝိုက်နေစရာမလိုပါဘူးလို့။ "
ဥက္ကဌရန့်ခ်၏မျက်နှာထားက အတန်ငယ်ပြောင်းလဲသွားပြီးမှ အပြုံးတစ်ခုဖြစ်တည်လာသည်။ သူက ခေါင်းငြိမ့်ကာဆို၏၊ "ကောင်းပါပြီ၊ ကျုပ်ခင်ဗျားရဲ့စကားတွေကို ပြောပေးပါ့မယ်။"
ရှုယီက ရင်ဘတ်ထဲ၌ မူကြမ်းများကိုထည့်ကာ မော်ဒယ်လုပ်ပြီးသွားသည့် စတေးလ်ထံ ထလျှောက်သွားတော့သည်။
ရှုယီရောက်လာသည်ကိုမြင်သော် စတေးလ်က နေရောင်လွှမ်းနေသည့် အပြုံးလေးတစ်ပွင့်လှစ်ဟလာပြီး မျက်နှာထက်၌ ရှက်သွေးလေးခပ်ရဲရဲဖြန်းသွားသည်။ ထို့နောက် ခေါင်းငုံ့လိုက်သည်မှာ ရှုယီအား မကြည့်ဝံ့နေသယောင်ပါပင်။
စတေးလ်၏တုံ့ပြန်ချက်ကိုမြင်သော် ရှုယီလည်း မျက်နှာက အတန်ငယ်ပူနွေးလာသည်ကို ခံစားမိလိုက်သည်။
သူဟာ အဘယ့်ကြောင့် မျှော်မလင့်ထားစွာ "ကောင်းပြီ"ဟု ပြောလိုက်မိသည့်နေ့ကတည်းက ရှုယီနှင့် စတေးလ်တို့အကြားရှိ လေထုမှာ အတန်ငယ်ထူးဆန်းလာခဲ့သည်။
ရက်အနည်းငယ်ကျော်သွားသော်လည်း နှစ်ယောက်အကြား နေရခက်နေဆဲပင်။ အမြဲတစေပွင့်လင်းကာ သဘာဝဆန်သည့် စတေးလ်မှာ မျက်နှာနီရဲနေလျက် ရှုယီကလည်း သူမအနီးတဝိုက်တွင် များစွာပိုမိုတောင့်တင်းလာတတ်သည်။
၎င်းမှာ နှစ်ဦးသားက တစ်ယောက်နှင့် တစ်ယောက် မည်သို့အတူရှိရမည်ကို မသိနေကြဟန်ပင်။
ခေါင်းငုံ့ထားလျက် ဘာလုပ်ရမှန်းမသိနေသည့် စတေးလ်ကိုကြည့်ရင်း ရှုယီက အသက်ပြင်းပြင်းရှုကာ တည်ငြိမ်နေရန် ကိုယ့်ကိုယ်ကိုတွန်းအားပေးလိုက်သည်။ ထို့နောက် အပြုံးဖြင့်ပြောလေ၏၊ "စတေးလ်, ပင်ပန်းသွားရပြီ။"
စတေးလ်က ရှုယီကို မော့ကြည့်လာကာ အနည်းငယ်လှည့်ဖျားသယောင်ပြုံးပြလိုက်သည်။
"ဟင့်အင်း၊ မပင်ပန်းပါဘူး။"
ပြီးနောက် သူမက ခေါင်းထပ်ငုံ့လိုက်ပြန်သည်။ စတေးလ်၏ပုံမှန်နှင့်ကွဲပြားနေသောအမူအရာကိုမြင်သော် ရှုယီမှာ မကြာသေးခင်က ၎င်းတို့ကြားရှိ နေရခက်မှုကိုသတိရသွားသည်။
သူဟာ အားကောင်းသောလှုံဆော်မှုတစ်မျိုးဖြင့် ပြည့်လျှမ်းသွားလျက် ရှေ့သို့ အမြန်တိုးသွားကာ စတေးလ်၏လက်ကို ဆွဲကိုင်လိုက်သည်။
စတေးလ်က ရှုယီကို အံ့ဩစွာကြည့်လာပြီး ရှုယီက သူမလက်အား ကိုင်ထားသည်ကိုမြင်သော် မျက်နှာက တဖန်နီရဲသွားရပြန်သည်။ သူမဟာ လက်ကိုဆွဲယူလိုက်ချင်ပါသော်လည်း ရှုယီက တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားလေရာ သူမလည်း လုံးဝမလှုပ်ရှားနိုင်တော့ချေ။
"ဥက္ကဌရန့်ခ်, ဘာကိစ္စမှမရှိတော့ရင် စတေးလ်နဲ့ ကျုပ်သွားပါတော့မယ်။" ရှုယီက ကျန်လက်တစ်ဘက်ကိုမြှောက်လျက် ဥက္ကဌရန့်ခ်ထံလက်ယမ်းပြလိုက်ပြီး အသံကျယ်ကျယ်ဖြင့်လှမ်းပြောလိုက်သည်။
ဥက္ကဌရန့်ခ်၏မျက်လုံးများက ၎င်းတို့လက်များအပေါ်ကျရောက်သွားပြီး နက်နဲသည့်အပြုံးတစက မျက်နှာထက်ပေါ်လာကာ အသာခေါင်းငြိမ့်ပြလိုက်တော့သည်၊ "ကောင်းပါပြီ၊ ကျုပ်ခင်ဗျားတို့နှစ်ယောက်ကို မနှောင့်နှေးစေရပါဘူး။ ဥက္ကဌရှုနဲ့ သခင်မလေးစတေးလ်တို့ ခရီးလမ်းဖြောင့်ဖြူးပါစေဗျာ။"
ရှုယီက အားအနည်းငယ်သုံးထားပြီး စတေးလ်က သူ့နောက်မှ နာခံစွာလိုက်လာကာ ဆာရန့်ခ် ကုန်သည်ကြီးများအသင်းမှ ထွက်သွားကြတော့သည်။
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း၈။ မူပိုင်ခွင့်များနှင့်စပ်လျဉ်းသောကိစ္စများ
"ဟေး၊ ကောင်လေး မင်းဘယ်အချိန်ကျရင် စတေးလ်ကို လက်ထပ်ဖို့ စီစဉ်ထားလဲ?" မဟာမှော်ပညာရှင်ကမ်မီလာက ရုတ်တရတ် ရှုယီကိုကြည့်ကာမေးလာသည်။
"ဖူးးးးး"
ရှုယီက သူသောက်ထားသည့် လဘက်ရည်ကို ထွေးထုန်မိသွားရ၏။ အကြိမ်အနည်းငယ်ချောင်းဆိုးပြီးနောက် မဟာမှော်ပညာရှင်ကမ်မီလာကို ထိတ်လန့်စွာကြည့်ကာ လမ်းပျောက်နေသည့်အသံဖြင့် ဆိုလာသည်၊ "မဟာမှော်ပညာရှင်ကြီး၊ ခင်ဗျား... ခင်ဗျားဘာတွေပြောနေတာလဲဗျ?"
မဟာမှော်ပညာရှင်ကမ်မီလာက နှာမှုတ်ကာ၊ "ဘာလဲ? ငါမေးတာပြဿနာရှိလို့လား? ကလေး၊ မင်းကစတေးလ်နဲ့ ဆက်ဆံရေးတစ်ခုတည်ဆောက်ဖို့ ဆုံးဖြတ်လိုက်ပြီးမှတော့ မင်းဘယ်အချိန်လက်ထပ်ဖို့ စီစဉ်ထားကြောင်းကို ငါမမေးသင့်ဘဲနေတော့မလား? မင်းက စတေးလ်ကို ကစားကိုပဲစဉ်းစားထားပြီး လက်ထပ်ဖို့ မစဉ်းစားထားဘူးလို့ ပြောချင်နေတာများလား? ပြောလိုက်ပါဦးမယ်၊ ဆက်ဆံရေးတစ်ခုမှာရှိပြီး လက်ထပ်ဖို့ မစီစဉ်ထားတဲ့ ဘယ်သူမဆို လူဆိုးပဲ! မင်း စတေးလ်ကို ဒီလိုလုပ်ရဲရင် ငါမင်းခြေထောက်တွေကို မချိုးလောက်ဘူးလို့ယုံကြည်နေတာလား?"
ဒေါသကြီးနေသည့် မဟာမှော်ပညာရှင်ကမ်မီလာကိုကြည့်ရင်း ရှုယီမှာ ရယ်ရမလားငိုရမလားပင် မသိတော့ဘဲ ဖြေလိုက်သည်၊ "ကျွန်တော်ပြောမယ်၊ မဟာမှော်ပညာရှင်ကြီး၊ စတေးလ်နဲ့ ကျွန်တော်က စတွဲကြရုံပဲရှိသေးတယ်။ အချင်းချင်းကောင်းကောင်းပိုနားလည်ပြီးမှ လက်ထပ်ဖို့ စဉ်းစားတာက ပိုမသင့်တော်ဘူးလား?"
"ဘာကိုနားလည်မှာလဲ? မင်းတို့နှစ်ယောက်အတူရှိလာတာပဲ နှစ်တစ်ဝက်လောက်ကြာပြီ၊ နေ့တိုင်းအတူအလုပ်လုပ်ပြီး မင်းဘာမှလုပ်စရာမရှိရင်လည်း အတူရှိနေကြတာလေ။ စတေးလ်က မင်းရဲ့နေရာမှာ ညတချို့ကိုတောင် ကုန်ဆုံးခဲ့သေးတာက မလုံလောက်သေးဘူးလား?"
မဟာမှော်ပညာရှင်ကမ်မီလာက အေးစက်စက်အသံဖြင့်ဆိုလေသည်၊ "ကောင်လေး၊ လေကုန်ခံမနေနဲ့တော့ ငါဒါကိုမေးတာ စတေးလ်ရဲ့ အဘိုးအနေနဲ့ပဲ၊ ငါ့မေးခွန်းကို ရိုးရိုးသားသားဖြေလိုက်!"
မဟာမှော်ပညာရှင်ကမ်မီလာက စနောက်နေပုံမရသည်ကို မြင်သော် ရှုယီက သေချာစဉ်းစားပြီးမှ မျက်နှာထက်ရှိ ကူကယ်ရာမဲ့နေဟန်က ပပျောက်သွားပြီး လေးနက်ဟန်ဖြင့် ဆိုလာလေသည်၊ "မဟာမှော်ပညာရှင်ကြီး၊ စတေးလ်က သွင်ပြင်မှာပဲဖြစ်ဖြစ် ကိုယ်ကျင့်စရိုက်ပဲဖြစ်ဖြစ် ထူးချွန်ထက်မြတ်တဲ့ကောင်မလေးပါ၊ သူမကို တတ်နိုင်သမျှ အမြန်ဆုံး ကျွန်တော့ရဲ့ဇနီးဖြစ်လာစေချင်တာပေါ့။ ဒါပေမယ့် ကျွန်တော်က စတေးလ်ရဲ့ ဆန္ဒတွေကိုလည်း လေးစားပေးရမယ်လေ။ သူမသာ ဒါက မသင့်လျော်ဘူးလို့ထင်ရင် ကျွန်တော့်ကိုလက်ထပ်ဖို့ တွန်းအားပေးမှာမဟုတ်ပါဘူး။"
မဟာမှော်ပညာရှင်ကမ်မီလာက မျက်မှောင်ကုပ်ကာ၊ "ဘာလဲ? စတေးလ်က မင်းကိုစိတ်တိုင်းမကျဘူးလား?"
ရှုယီက ခါးသက်စွာပြုံးလျက် ဖြေဆိုလေသည်၊ "ဒီလိုတော့မဟုတ်ပါဘူး၊ သူမက ဒီလောက်စောစောကြီး လက်ထပ်ဖို့ပို မပြင်ဆင်ထားရုံပါ။ ခင်ဗျား ကျွန်တော်တို့ကို အချိန်နည်းနည်းပေးပြီး အချိန်ကျလာရင် ဒီကိစ္စတွေကိုလည်း သတ်မှတ်လို့ရသွားမှာပါ။ ဒါပေမယ့် အဲဒီ့မတိုင်ခင်တော့ သူမကို ဖိအားသိပ်မပေးဖို့ မျှော်လင့်ပါတယ်။"
မဟာမှော်ပညာရှင်ကမ်မီလာက စဉ်းစားကာ သက်ပြင်းချလိုက်သည်။ ထို့နောက် လက်ယမ်းကာ ဆို၏၊ "ထားပါတော့၊ ဒါက ဘာပဲဖြစ်ဖြစ် မင်းတို့လူငယ်တွေရဲ့ကိစ္စပဲ၊ ငါဝင်ပါလို့မရဘူး။ ဟုတ်ပြီ၊ ကောင်လေး စီးပွားရေးအကြောင်းပြောကြတာပေါ့။ လာ၊ အရင်ဆုံး ဒီနေ့ အဖွဲ့အစည်းကနေလာတဲ့ မဂ္ဂဇင်းကိုတစ်ချက် ကြည့်,ကြည့်လိုက်။"
မဟာမှော်ပညာရှင်ကမ်မီလာထံမှ အတွင်းပိုင်းမဂ္ဂဇင်းကို ယူလိုက်ရာ ရှုယီမှာ ခေါင်းစီးရှိ စာလုံးကြီးများကိုကြည့်၍ မှင်တက်သွားရ၏။
"မှော်သုတေသနက တစ်ကိုယ်ကောင်းဆန်တယ်?"
ပုံမှန်အားဖြင့် မှော်ပညာရှင်များအဖွဲ့အစည်းအတွင်းပိုင်းမဂ္ဂဇင်း၏ ခေါင်းစီးစာမျက်နှာမှာ မှော်သုတေသနနှင့် ဆက်စပ်နေသည့် အဖွဲ့အစည်းရှိ အကျော်ကြားဆုံးလတ်တလောခေါင်းစဉ်ကို ကိုယ်စားပြုသည်။
၎င်းမဂ္ဂဇင်း၏ခေါင်းစဉ်မှာ မှော်သုတေသနနှင့် ဆက်စပ်နေသော်လည်း စာရိတ္တနှင့် အတော်လေးသက်ဆိုင်နေသည်။
"ဒါကဘာလဲ?" ရှုယီက မဟာမှော်ပညာရှင်ကမ်မီလာကို အံ့ဩစွာကြည့်လိုက်သည်။
"မင်းဘာသာကြည့်ကြည့်လိုက်။ အိုး ဟုတ်သားပဲ၊ အရင်ဆုံး ခုနစ်ရွက်မြောက်စာမျက်နှာကိုကြည့်။"
ရှုယီက စာမျက်နှာခုနစ်သို့လှန်လိုက်ရာ ၎င်းထက်ရှိ ခေါင်းစီးကြောင့်ပိုလို့ပင် အံ့ဩသွားသည်။
"မှော်သုတေသနဆိုတာ မှော်ပညာရှင်တစ်ယောက်ရဲ့ဂုဏ်ရည်ဖြစ်ပြီး ပေါ့တီးပေါ့ပျက် ယူဆောင်လို့မသင့်ဘူး!"
ထိုဆောင်းပါး၏ခေါင်းစဉ်ကိုမြင်သော် ရှုယီမှာ ရေးသားသူ၏ အမည်ကို မနေနိုင်ဘဲကြည့်လိုက်ရာ ၎င်းက ရင်းနှီးနေသည့် နာမည်ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
ဂေါ်ဒန်အီစန်ခယ်.
၎င်းနာမည်ကိုမြင်သော် ရှုယီမှာ မနေနိုင်အောင်တိတ်နဆိတ်ခေါင်းငြိမ့်မိသည်။
ငွေကို လောဘအတက်ဆုံး မဟာမှော်ပညာရှင်ဆိုပါလျှင် သူ့အားထိုသို့ပြောရန် မထူးဆန်းချေ။
သူ ဆက်ဖတ်လိုက်သော် အကြောင်းအရာမှာ ခေါင်းစဉ်ကဲ့သို့ အားမနည်းကြောင်း မြင်လိုက်ရသည်။
မဟာမှော်ပညာရှင် အီစန်ခယ်က မှော်ပညာရှင်တစ်ဦး၏ သုတေသနရလာဒ်များဟာ ထိုမှော်ပညာရှင်အား ကြီးကြီးမားမား ထိခိုက်စေသည်ဟု ဆက်တိုက်အရေးပေးပြောထားသည်။ ၎င်းက မှော်ပညာရှင်များကို မှော်ပညာအသစ်ထုတ်ဖော်ရန် စိတ်ခွန်အားများတဖြည်းဖြည်းလျော့နည်းလာစေပြီး ၎င်းကိုထုတ်ဖော်နိုင်လျှင်တောင်မှ အခြားမှော်ပညာရှင်များက အလွယ်လေးလေ့လာကြလိမ့်မည်ပင်။
"မှော်ပညာရှင်တွေကလည်းလူတွေဖြစ်ပြီး လူတွေကို အကျိုးအမြတ်ကြောင့် လုပ်ပေးကြတယ်။ အကျိုးအမြတ်တွေမလုံလောက်ရင် ဘာကြောင့်များ မှော်ပညာရှင်တွေက မှော်ပညာပုံစံသစ်တွေကို လေ့လာဖို့ စွမ်းအင်တွေဖြုန်းတီးနေရမှာလဲ?"
ဆောင်းပါးအား ကောင်းကောင်းရှာတွေ့ထားသည်ဟု သတ်မှတ်နိုင်ပြီး ယုံကြည်မှုဖြင့်ပြောဆိုထားပါသော်လည်း ရှုယီကို အံ့ဩစေသည်မှာ ဆောင်းပါး၏ တစ်ဝက်လောက်တွင် မဟာမှော်ပညာရှင်အီစန်ခယ်က Frestech ကုန်သည်ကြီးများအသင်းနှင့် ရှုယီကို ဥပမာအဖြစ်သုံးထားခြင်းပင်။
သူဟာ ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းအား မြင့်မားစွာချီးကျူးဂုဏ်တင်ထားပြီး ရှုယီထုတ်လုပ်ထားသည့် မှော်စက်များမှာ မှော်ပညာရှင်များအား တိုးတက်ရန် နည်းလမ်းတစ်ခုကို လမ်းကြောင်းပေးထားခြင်းဖြစ်သည်ဟု ဆိုထားသည်။ ၎င်းက မှော်ပညာလျှောက်လွှာက သာမန်ဘဝများတွင် အရေးကြီးကာ အားကောင်းသည့် အခန်းကဏ္ဍ၌ရှိကြောင်းကို သက်သေပြနေသည်။
သို့သော် ရှုယီထုတ်လုပ်ထားသည့် မှော်စက်များကို မကာကွယ်ဘဲ တစ်ယောက်ယောက်ကသာ ကူးယူလိုက်ပါလျှင် ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းတို့မှာ သေချာပေါက် မှော်စက်အသစ်များထုတ်လုပ်ရန် စိတ်ဓာတ်ကျဆင်းလာလိမ့်မည်။
"အောင်မြင်မှုသစ်တစ်ရပ်ပေါ်ထွန်းလာချိန်တိုင်း အဖွဲ့အစည်းရဲ့ကိုယ်ကျိုးမငဲ့တဲ့အချက်က ဒါကို အမြဲတစေ တားဆီးနေလိမ့်မယ်။ ကြာရှည်လှတဲ့အချိန်အတွင်း စိုင်စ်နယ်မြေကြီးရဲ့ မှော်ပညာရှင်တွေက ရှေ့ထပ်မတိုးတော့သလို မှော်ပညာအဆင့်ကလည်း မတိုးလာဘူး။ ဒီလိုအခြေအနေမှာ ကျုပ်တို့ကိုယ်ကို မပြောင်းလဲဘဲ နေသင့်နေတုန်းလား?"
ဆောင်းပါး၏အဆုံးသတ်တွင် မဟာမှော်ပညာရှင် အီစန်ခယ်က မထိန်းနိုင်ဘဲ သတိပေးသည့်နှယ်ပြောထား၏။
ရှုယီမှာ စိုင်စ်နယ်မြေရှိ မှော်ပညာအဆင့်က မတိုးလာဟု မထင်ချေ။
နှစ်ထောင်ပေါင်းချီအကြာတည်းက စိုင်စ်နယ်မြေ၏ မှော်ပညာရှင်များမှာ မျိုးနွယ်စုစစ်ပွဲအတွင်းရှိ မှော်ပညာရှင်များကဲ့သို့ အားမကောင်းဘဲ ၎င်းတို့၏မှော်သုတေသနကို ဆက်လုပ်နေကြရာ ၎င်းတို့အနေနှင့် လုံးဝတိုးတက်မှုမရှိရန်က မဖြစ်နိုင်ချေ။
ဆောင်းပါးကိုဖတ်ပြီး မဂ္ဂဇင်း၏ ကျန်အပိုင်းတချို့ကိုဖတ်ပြီးသည့်နောက်တွင် မဟာမှော်ပညာမှော်ပညာရှင်များက ထိုကိစ္စအား ငြင်းခုံနေကြသည့်ဆောင်းပါးများစွာကို တွေ့လိုက်ရသည်။
"ဘာလို့ ရုတ်တရတ်ကြီး ဒီလိုဖြစ်လာရတာလဲ?" ရှုယီက မဂ္ဂဇင်းကိုပိတ်ကာ မဟာမှော်ပညာရှင်ကမ်မီလာကို ရှုပ်ထွေးနေဟန်ဖြင့် မေးလာ၏။
"ရှင်းရှင်းလေးပါ၊ အဖွဲ့အစည်းက ဆုံးဖြတ်ချက်သစ်တစ်ခုချဖို့ ပြင်ဆင်နေတာမို့လို့လေ။ သူတို့တွေက အဖွဲ့အစည်းရဲ့မှော်ပညာရှင်အားလုံးကို ရှာဖွေမှုအသစ်တွေလုပ်ပြီးတိုင်း အဖွဲ့အစည်းဆီ ချပြပြီး တခြားမှော်ပညာရှင်အားလုံးနဲ့ သုတေသနကိုမျှဝေရင်း စိုင်စ်နယ်မြေရဲ့ မှော်ပညာတိုးတက်မှုကို မြှင့်တင်ဖို့ တောင်းဆိုနေကြတာ။" မဟာမှော်ပညာရှင်ကမ်မီလာက ပြန်ဖြေသည်။
"သေစမ်း... မှော်ပညာရှင်အဖွဲ့အစည်းက လူတွေ... ရူးနေကြတာလား?" ရှုယီက ခဏရပ်တန့်ပြီးမှာ မနေနိုင်ဘဲ ဆဲရေးလိုက်မိသည်၊ "လူတိုင်းကို အရာအားလုံးမျှဝေခိုင်းနေတာက တစ်ယောက်ယောက် အလုပ်လုပ်ဖို့ ဆန္ဒရှိနေမှ ထူးဆန်းနေဦးမယ်။ သူတို့ဒီဆုံးဖြတ်ချက်ကို တကယ်အောင်မြင်သွားရင် မှော်ပညာရှင်တိုင်းကို မှော်သုတေသနလုပ်ဖို့ ရပ်တန့်ခိုင်းသလိုဖြစ်သွားပြီး အားလုံးကလည်း သူတို့ရဲ့သုတေသနကို တခြားလူတွေက အပြီးသတ်ပေးဖို့ပဲ စောင့်နေကြလိမ့်မယ်။"
"ဒါသာ အရင်ကဆိုရင် ငါမင်းကို အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး စွန့်လွှတ်ခြင်းရဲ့စိတ်ကို နားမလည်လို့ ဆူဆဲမိမှာဆိုပေမယ့်၊ အခုတော့..." မဟာမှော်ပညာရှင်ကမ်မီလာက ခါးသက်သက်ပြုံးကာ၊ "တစ်ခါတလေ တစ်ကိုယ်ကောင်းဆန်တာကလည်း ဆိုးရွားတဲ့အရာမဟုတ်တာကို ငါဝန်ခံရမယ်။ မင်းသာ Frestech ကုန်သည်ကြီးများအသင်းရဲ့ သုတေသနအားလုံးကို ချပြလိုက်မယ်ဆိုရင် မင်းတို့လုပ်ငန်းစုက ချက်ချင်းကျဆင်းသွားမှာပဲ။ ပြီးတော့ ငါလည်း မင်းတို့လုပ်ငန်းစုဆီကနေ ဒီလောက်များတဲ့ အထောက်အပံ့တွေ ရနိုင်မှာမဟုတ်တော့ဘူး။"
"ဒါဆို ခင်ဗျားလည်း ဒီဆုံးဖြတ်ချက်ကို ဆန့်ကျင်တယ်ပေါ့?" ရှုယီက ချက်ချင်းမေးလာသည်။
"ဒါပေါ့။ ငါနဲ့ အီစန်ခယ်တင်မကဘူး မဟာမှော်ပညာရှင်အများစုက ဒီတစ်ခေါက် ဆန့်ကျင်မှုကို ရှင်းရှင်းလင်းလင်းပြကြတယ်။" မဟာမှော်ပညာရှင်ကမ်မီလာက ရှုယီကို အပြုံးဖြင့်ပြောလာသည်၊ "ဒါကြောင့် ဒီဆုံးဖြတ်ချက် မအောင်မြင်စေရဘူး။ ကလေး၊ မင်းရဲ့သုတေသနကို အဖွဲ့အစည်းက တွန်းအားပေးပြီး ချပြခိုင်းမှာကို စိုးရိမ်ဖို့မလိုပါဘူး။"
"ဒါပေါ့၊ ပုံမှန်လူ့အတွေးနဲ့ဆန့်ကျင်နေတဲ့ ဆုံးဖြတ်ချက်တစ်ခုက အောင်မြင်မယ်ဆိုရင် ထူးဆန်းနေလိမ့်မယ်။" ရှုယီက ရယ်လျက် ပြောသည်။
"ဒါ့အပြင်၊ ဒီတစ်ခေါက် ဆုံးဖြတ်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ အီစန်ခယ်က မှော်ပညာရှင်တွေအနေနဲ့ သူတို့ရဲ့သုတေသနအတွက် ကိုယ်ပိုင်အခွင့်အရေးရှိကြောင်းကို အဖွဲ့အစည်းဆီမှာ အဆိုပြုထားတယ်။ အဓိက,ကတော့ အရင်တစ်ခေါက် မင်းတင်ပြဖို့ကြိုးစားခဲ့တဲ့ မူပိုင်ခွင့်တွေလိုပေါ့။ လက်ရှိမှာတော့ ဒီအကြံပြုချက်ကို ဆွေးနွေးနေပြီး အောင်မြင်မလား မအောင်မြင်ဘူးလားကိုတော့ မသိရသေးဘူး။ ဒါပေမယ့် မုန်တိုင်းက တခြားဆုံးဖြတ်ချက်ကြောင့်ဖြစ်လာတာကကြောင့် ဒီဆုံးဖြတ်ချက်အောင်မြင်မှာအတွက် လက်ခံမှုမြင့်မြင့်မားမားရှိလောက်တယ်။"
ရှုယီ၏မျက်လုံးများက တောက်ပသွားသည်၊ "ဒီမဟာမှော်ပညာရှင်အီစန်ခယ်က အခွင့်အရေးကိုဘယ်လိုအရယူရမလဲဆိုတာသေချာသိတာပဲ။ ဒါပေမယ့် ဘာလို့ သူက မှော်ပညာရှင်တစ်ယောက်ရဲ့သုတေသနအတွက် ထင်ရှားတဲ့အခွင့်ရေးကို ရဖို့မျှော်လင့်နေတာလဲ? ပြီးတော့ သူက ကျွန်တော့်ကိုတောင် ဥပမာအဖြစ်သုံးပြီး Frestech ကုန်သည်ကြီးများအသင်းကိုတောင် အလွတ်မပေးဘူးလေ?"
မဟာမှော်ပညာရှင်ကမ်မီလာက ရှုယီကို ထူးဆန်းသည့်မျက်နှာထားဖြင့်ကြည့်လာသည်။
"ကလေး၊ မင်းကြောင့်သတိရသွားပြီ၊ ငါရုတ်တရတ် မင်းနဲ့ အဲဒီ့လူ အီစန်ခယ်က အတော်လေးဆင်တူတယ်လို့ ခံစားနေရတယ်။ မှော်ပညာရှင်တွေနဲ့စာရင် မင်းတို့နှစ်ယောက်က ကုန်သည်တွေနဲ့ ပိုတူတယ်။"
မှော်ပညာရှင်၏ သုတေသနအတွက်ကိုယ်ပိုင်အခွင့်အရေးမှာ အောင်မြင်မလား မအောင်မြင်မလားကိုပင် မသိရသေးဘဲ ဆယ်ဗီနီက ရှုယီထံ အရင်ဆုံး သတင်းဆိုးများယူဆောင်လာသည်။ လမ်ပူရီတိုင်းပြည်၏တော်ဝင်လွှတ်တော်က မူပိုင်ခွင့်ဥပဒေကို ငြင်းပယ်ခဲ့၏။
"ဘာလို့လဲ?" ရှုယီက ဆယ်ဗီနီကို မျက်မှောင်ကုပ်ကာ ကြည့်လိုက်သည်၊ "ဒီဥပဒေအောင်မြင်သွားရင် မူပိုင်ခွင့်တင်တဲ့လုပ်ငန်းစုတွေအနေနဲ့ နှစ်တိုင်းပမာဏတစ်ခုကို ပေးဆောင်ရမှာဖြစ်ပြီးတော့ နိုင်ငံရဲ့ဝင်ငွေကလည်းတိုးလာမှာကို သူတို့ကဘာလို့ငြင်းပယ်ရတာလဲ?"
"ရှင်းပါတယ်၊ လွှတ်တော်နောက်ကွယ်က လူတွေက နိုင်ငံရဲ့မျိုးရိုးမြင့်ကြီးတွေမို့လို့လေ။ ဒီမျိုးရိုးမြင့်တွေလက်အောက်မှာ လုပ်ငန်းစုကြီးတွေရှိတယ်။" ဆယ်ဗီနီက ဖြေဆိုလိုက်သည်။
"ဒါဆို ကျုပ်ပိုလို့တောင်ရှုပ်သွားပြီ။ ဒီမူပိုင်ခွင့်ဥပဒေက နိုင်ငံမှာရှိတဲ့ လုပ်ငန်းစုအားလုံးအတွက် ရည်ရွယ်ထားတော့ သူတို့ရဲ့လုပ်ငန်းစုတွေမှာက ထင်ရှားတဲ့နည်းပညာမရှိလို့များ မူပိုင်ခွင့်ဥပေဒေရဲ့ကာကွယ်မှုကို မလိုကြတာကြောင့်လား?" ရှုယီက ရှုပ်ထွေးစွာမေးလေ၏။
ဆယ်ဗီနီက ရှုယီကို နက်နဲစွာကြည့်လျက် အသာသက်ပြင်းချကာ၊ "ဥက္ကဌရှု၊ ဒီအဆိုပြုချက်ကို အတင်းပိတ်ပင်နေရတဲ့အကြောင်းအရင်းက ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းကြောင့်လို့ ကျွန်မပြောရင် ရှင်ယုံမှာလား?"
ရှုယီက ဆယ်ဗီနီကို တအံ့တဩကြည့်ကာ ခဏကြာပြီးနောက်၌ ခေါင်းခါလိုက်သည်၊ "ကျုပ် မယုံဘူး။ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက တစ်နှစ်ကို သိန်းချီလေးပဲဝင်တဲ့လုပ်ငန်းစုလေးပဲကို ဘယ်လိုများ အကောင်ကြီးတွေက ကျုပ်တို့ကို ဂရုစိုက်နေမှာလဲ?"
"မဟုတ်ဘူး ဥက္ကဌရှု၊ ရှင်က ရှင့်ကိုယ်ရှင်နဲ့ Frestech ကုန်သည်ကြီးများအသင်းအပေါ် အထင်သေးနေပြီ။ ရှင့်အနေနဲ့ အသေးစား စိုက်ပျိုးရေးသုံးစက်ပစ္စည်းပေါင်း သောင်းချီအတွက် စိုက်ပျိုးရေးဌာနရဲ့ အမှာစာမှာ လက်မှတ်ထိုးလိုက်ကတည်းက Frestech ကုန်သည်ကြီးများအသင်းဆိုတာ လုပ်ငန်းစုအသေးစားလေးမဟုတ်တော့ဘူး။" ဆယ်ဗီနီက လေးနက်စွာပြောသည်၊ "ကျွန်မထင်တာတော့ ဒီအတောအတွင်း ဘုရင်ကြီးကလည်း ကျွန်မတို့ရဲ့ စိုက်ပျိုးရေးဌာနက ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ ပူးပေါင်းလိုက်တဲ့အကြောင်းကြေညာလိုက်တာမို့ နိုင်ငံက လူတိုင်းက ရှင်တို့လုပ်ငန်းစုအကြောင်းနဲ့ ဒီစိုက်ပျိုးရေးသုံးမှော်စက်လေးတွေနဲ့တင် ရွှေဒင်္ဂါးသန်းချီဝင်တဲ့အကြောင်းသိနေပြီဆိုတာကို ရှင်သိသင့်တယ်။ လူအတော်များများက မနာလိုဖြစ်နေကြပြီး မှော်စက်မှုနယ်ပယ်ကိုဝင်ချင်နေကြတယ်လေ။ ရှင်ထင်တာက ဒီတစ်ခေါက် သူတို့ကို အနှောင့်အယှက်ဖြစ်စေမယ့် မူပိုင်ခွင့်ဥပဒေကို ခွင့်ပြုမယ်လို့ပေါ့?"
ရှုယီက မှင်တက်သွားပြီးမှ အသက်ပြင်းပြင်းရှူကာ ကူကယ်ရာမဲ့ဟန်ပေါ်လာသည်။
စိုက်ပျိုးရေးဌာနက Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းလိုက်ကြောင်းကြေညာလိုက်သည်မှာ ယခင်ကတည်းက သူနဲ့အတူ ဆွေးနွေးခဲ့သည်အရာဖြစ်သည်။ ရှုယီမှာ ထိုအချိန်ကတော့ဖြင့် Frestech ကုန်သည်ကြီးများအသင်း၏ ကျော်ကြားမှု ကြီးမားစွာတိုးတက်လာမည်ကြောင့် မဆန့်ကျင်ခဲ့ချေ။
ထိုပူးပေါင်းမှုလေးကိုကြေငြာရုံဖြင့် လမ်ပူရီတိုင်းပြည်၏လုပ်ငန်းစုကြီးများနောက်ကွယ်မှ မျိုးရိုးမြင့်များစွာ၏အာရုံကို ဆွဲဆောင်မိသွားမည်ဟု ထင်မထားခဲ့မိချေ။
၎င်းတို့ Frestech ကုန်သည်ကြီးများအသင်းအပေါ် အာရုံစိုက်လာပြီးနောက်တွင် လူများက ထိုမှော်စက်များ၌ အဆုံးမရှိသောအလားအလာနှင့် အမြတ်စွန်းများစွာရရှိသည်ဟု သတိပြုမိသွားကြသည်။
၎င်းတို့ ဤနယ်ပယ်ထဲဝင်လာလိုခြင်းက ထိုမျှမထူးဆန်းချေ။
"ဥက္ကဌရန့်ခ်က ရုတ်တရတ်ကြီး အဲ့ဒီမူကြမ်းတွေထုတ်ပြလာတာမထူးဆန်းတော့ပါဘူး၊ ဒါဆို ဆာရန့်ခ်ကုန်သည်ကြီးများအသင်းမှာ ဒီအကြံရှိပြီးသားပဲ။ တခြားလုပ်ငန်းစုတွေက ဘယ်လောက်များများတိုးတက်နိုင်မှာလဲ?" ရှုယီက ၎င်းကိုစဉ်းစားကာ ဆယ်ဗီနီထံပြောလေသည်၊ "ဒါဆို ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ ဘန်တာမြို့တော်မှာ လုံလုံခြုံခြုံ ခပ်နှေးနှေးလေးနဲ့ တိုးတက်ဖို့အတွက် အခုတော့ မဖြစ်နိုင်တော့ဘူးပေါ့နော်?"
"ဟုတ်တယ်။" ဆယ်ဗီနီက ခေါင်းငြိမ့်ကာ၊ "ဥက္ကဌရှု၊ တချို့လုပ်ငန်းစုကြီးတွေနဲ့ယှဉ်ရင် ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းက အရမ်းအားနည်းတယ်လို့ ရှင့်ကို သတိပေးထားရမယ်။ ရှင်သာဂရုမစိုက်ရင် ဝါးမြိုခံရလောက်မှာ အသေအချာပဲ။"
ရှုယီက ခေါင်းငြိမ့်ကာ ကိုယ့်ကိုယ်ကိုယ်အားပေးပြုံးလိုက်သည်။
"ကောင်းပြီလေ၊ ကျုပ် ဒီပြိုင်ဘက်တွေနဲ့ သိပ်မကြာခင် ရင်ဆိုင်ရမှာပဲ။ သူတို့က နည်းနည်းပိုစောလာပေမယ့်လည်း ဒီကိုရောက်နေမှတော့ ကျုပ်လည်းကောင်းကောင်းဂရုစိုက်ပေးရတော့မှာပေါ့။ ဒီလူတွေက ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကို ဝါးမြိုလို့ရမယ့် ငါးလေးတစ်ကောင်လို ဆက်ဆံချင်ပေမယ့်လည်း သူတို့အနေနဲ့ ဒီငါးလေးက သူတို့ထက် ရေကူးပိုမြန်ပြီး လုံးဝဖမ်းနိုင်မှာမဟုတ်ဘူးဆိုတာ သိထားကြမှာမဟုတ်ဘူး၊ ဟုတ်ပြီလား?"
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၉။ ရေရှည်အစီစဉ်
စိုင်စ်နယ်မြေကြီး၏ အနောက်တောင်အရပ်တွင်ရှိသော လမ်ပူရီတိုင်းပြည်အတွက် နယ်မြေရှိ အခြားနိုင်ငံအများစုထက် နွေဦးရာသီက ပို၍ စောစီးစွာ ရောက်လာသည်ပင်။
မတ်လသို့ဝင်ရောက်လာပြီး တောင်လေများလည်း ရောက်လာကြသည်။ မြေပြင်ထက်ရှိ နှင်းများကလည်း လေနှင်ရာလွင့်ပါသွားကာ လတ်ဆတ်သောမြေဆီလွှာ၌ အပင်ပေါက်လေးများတချို့ပင်ရှိနေကြကာ မြေပြန့်ဆီသို့ စိမ်းညို့ညို့အယောင်လေးများ ယူဆောင်လာပြီဖြစ်၏။
ရှုယီက ပြတင်းအပြင်ဘက်ရှိ မျက်စိဖမ်းစားလှသော အစိမ်းရောင်များကိုကြည့်ရင်း အနည်းငယ်မှင်သက်သွားကာ နံရံထက်ရှိ နိုင်ငံမြေပုံဘက်လှည့်လိုက်သည်။
ဘန်တာမြို့တော်အနောက်ဘက်တွင် Frestech ကုန်သည်ကြီးများအသင်း၏အလုပ်ရုံများရှိသည့် အနီရောင်နယ်မြေအပြင် အနောက်ဘက်ရှိ အနီဖျော့ရောင် နယ်မြေကြီးတစ်ခုလည်းရှိသည်။ ၎င်းက Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့လက်အောက်သို့ ယူဆောင်ရမည့် နယ်မြေကို ကိုယ်စားပြုသည်။
ဆယ်ဗီနီက သတင်းဆိုးပဲယူလာခြင်းတော့မဟုတ်ချေ။ Frestech ကုန်သည်ကြီးများအသင်း၌ နှစ်လကြာကုန်ဆုံးကာ စိုက်ပျိုးရေးသုံးမှော်စက်ပထမအသုတ်ပြီးသွားသည့်နောက် ဆယ်ဗီနီက ရှုယီကို သတင်းကောင်းတချို့ပြောလာသည်။ ဘုရင်ကြီးက အလေးအနက်စဉ်းစားကာ ရှုယီ၏ တော်ဝင်မိသားစုထံမှ နယ်မြေတချို့ငှားရမ်းမည့် တောင်းဆိုချက်ကို သဘောတူလိုက်သည်ဟုပင်။
ရှုယီမှာ မျှော်လင့်မထားချေ၊ ဘုရင့်ကြီးက သူထင်ထားသည်ထက်ပင် ပိုမို စိတ်သဘောထားပြည့်ဝပါ၏။
ရှုယီက စတုရန်းတစ်ကီလိုမီတာရှိ မြေကွက်ကို အစမ်းသဘောဖြင့်ငှားရမ်းချင်ခဲ့ရုံသာဖြစ်သော်လည်း ဘုရင်ကြီးက ၎င်းကို ဆယ်ဆလောက်တိုးမြှင့်ခဲ့သည်! သူဟာ Frestech ကုန်သည်ကြီးများအသင်းထံ စတုရန်းတစ်ဆယ်ကီလိုမီတာရှိ ဧရာမနယ်မြေကြီးကို ငှားရမ်းရန် သဘောတူခဲ့ပေ၏!
ထို့အပြင်၊ ဘုရင်ကြီးသတ်မှတ်ထားသည့် ငှားရမ်းခက ရှုယီမျှော်မှန်းထားသည်ထက် ပိုမိုဈေးချိုသည်။
ဦးဆုံး ရှုယီက စတုရန်းတစ်ကီလိုမီတာရှိမြေကွက်ကိုငှားရမ်းကာ အနည်းဆုံးတစ်နှစ်ကို ငှားရမ်းခ ငါးထောင်ပေးရန်စီစဉ်ထားသော်လည်း စတုရန်းတစ်ဆယ်ကီလိုမီတာ ငှားရမ်းပေးဖို့သဘောတူလာပြီးနောက်တွင် တစ်နှစ်ကို ရွှေဒင်္ဂါးသုံးသောင်းသာ ပေးရမည်ဖြစ်သည်!
ဝယ်ယူမှုစွမ်းအားကို အခြေခံ၍ ပြောင်းလဲခြင်းကို အသုံးပြုပါက ရွှေဒင်္ဂါးသုံးသောင်းသည် ယွမ်သုံးသန်းနှင့် ညီမျှသည်။
ကမ္ဘာမြေရှိမည်သည့်လုပ်ငန်းစုမဆို တစ်နှစ်ကို ယွမ်သုံးသန်းလေးနှင့် စတုရန်းတစ်ဆယ်ကီလိုမီတာရှိမြေကိုငှားရမ်းနိုင်မည်ကို သိပါလျှင် ပျော်လွန်း၍ မူးမေ့သွားလောက်မည်။
မှန်ပါ၏၊ ငှားရမ်းခက ထိုမျှဈေးချိုနေရာ မြေကွက်ကလည်း ထိုမျှတော့ ကောင်းမွန်နေလိမ့်မည်မဟုတ်ချေ။
ဘုရင်ကြီးက ရှုယီအား ဘန်တာမြို့အနီးရှိ မြေကွက်ကိုရွေးရန် ခွင့်ပြုခဲ့ပါသော်လည်း အနည်းဆုံး တစ်ဆယ်ကီလိုမီတာအကွာကိုသာ တောင်းဆိုခဲ့သည်။
ပုံမှန်အားဖြင့် ထိုမြေက ဘန်တာမြို့မှ ဝေးကွာရာ အတော်လေးဆိုးပေမည်။
သို့သော် ဘုရင်ကြီးနှင့် ဆယ်ဗီနီတို့က မျှော်လင့်မထားသလိုပင် ရှုယီက ဘန်တာမြို့တော်အနောက်ဘက် ငါးဆယ်ကီလိုမီတာအကွာမှ ကျက်တီးမြေတစ်ကွက်ကိုရွေးချယ်ခဲ့သည်။
ဆယ်ဗီနီက ရှုယီမှာ ထူးဆန်းသည်ဟုပင် တွေးမိရသည်။
မြေပုံ၌ ထိုနေရာက ဘန်တာမြို့တော်၊ ဆော်လ်တန်မြို့တော်နှင့် ခမာမြို့တော်တို့ကြား၌ရှိကာ ထိုမြို့သုံးမြို့နှင့် မဝေးဟုထင်ရပါသော်လည်း အနီးဆုံးဘန်တာမြို့တော်မှ ငါးဆယ်ကီလိုမီတာကျော် ဝေးကွာနေသေးသည်။
ထိုမျှ အကွာအဝေးကြီးနှင့် Frestech ကုန်သည်ကြီးများအသင်းက အလုပ်ရုံတစ်ရုံဆောက်ကာ မှော်စက်များစွာကိုထုတ်လုပ်ပါလျှင်တောင် ထိုမြို့များထံ မှော်စက်များကိုပို့ဆောင်ဖို့ ပမာဏကဧရာမ ကုန်ကျမည်မှာ သံသယပင်မလိုချေ။
ဆယ်ဗီနီကို ၎င်းကိုပြောရန်ကြိုးစားနေသည်ကိုစဉ်းစားရင်း ရှုယီမှာ မနေနိုင်အောင်ပြုံးမိရသည်။
ဆယ်ဗီနီက Frestech ကုန်သည်ကြီးများအသင်းအကြောင်းကို အလေးအနက်တွေးတောနေသော်လည်း ရှုယီ၏အစီစဉ်ကိုလုံးဝမသိရာ စိတ်ပူရုံသာတတ်နိုင်၏။
ရှုယီက ထရပ်ကာ မြေပုံရှေ့သွားလိုက်သည်။ သူဟာ ပထမဆုံး မီးနီနယ်မြေကိုကြည့်လိုက်ပြီးမှ ဘယ်ဘက်ထိပ်ကိုကြည့်ကာ နောက်ဆုံးတွင် တောအုပ်၊ မြစ်နှင့် တောင်တန်းများတည်ရှိရာ၌ ရပ်တန့်လိုက်သည်။
ယင်းတောအုပ်မှာ မိုးကျသစ်တောပါပင်။
ထိုတောင်တန်းနှစ်သွယ်မှာမူ နော်မာမျိုးနွယ်စုနှင့် အန်ဂိုလာမျိုးနွယ်စု လူပုလေးများတို့နေထိုင်သည့် နေရာ သွယ်တန်းတောင်တန်းများပင်။
၎င်းမြစ်မှာ သဘာဝကျစွာပင် မိုးကျသစ်တောကိုဖြတ်သန်းစီးဆင်းရာ ယခုတွင် ရွံ့နွံများဖြင့် ပိတ်ဖုံးနေသည်။
ရှုယီမျက်စိကျနေသည့်နေရာမှာ ခေါင်းဆောင် စီလူကာနှင့် ခေါင်းဆောင်မွန်တိုတို့နှင့် ပြောဆိုခဲ့ပြီးနောက် မျိုးနွယ်စုအသစ်ကိုတည်ထောင်မည့်နေရာပင်။
အမ်ရစ်ကုန်သည်ကြီးများအသင်းမှာ ထိုနေရာသို့ လူပမာဏမြောက်များစွာပို့ဆောင်ကာ လက်ရှိတွင် အင်အားအပြည့်ဖြင့် အိမ်များဆောက်လုပ်နေပြီဖြစ်သည်။
နှစ်လကြာဆောက်လုပ်ပြီးနောက်တွင် စတုရန်းဆယ်မီတာကျော်ရှိသော ထိုနေရာ၌ လူပုလေးတစ်ထောင်ကျော်ကို လက်ခံထားနိုင်သည့် မျိုးနွယ်စုအသစ်အဆောက်အဦများရှိနေပေပြီ။
ပြီးသွားသည်နှင့် လူပုလေးခေါင်းဆောင်နှစ်ဦး၏ ခန့်မှန်းချေအရ တစ်ပြိုင်နက်တည်း လူပုလေးသုံးထောင်ကျော်ကို လက်ခံထားနိုင်မည်ဖြစ်၏။
၎င်းက အန်ဂိုလာနှင့် နော်မာမျိုးနွယ်စုတို့၏ လူပုလေးအားလုံးကို ပြောင်းရွှေ့စေလာရုံမျှမက အခြားသောလူပုလေးမျိုးနွယ်စုများအတွက်လည်း အိမ်တစ်ဝက်ကျော်ကျော်ကျန်နေသေးလေသည်။
ထို့နောက် သူဟာ ညတေးသံမျိုးနွယ်စု ဖုံးကွယ်နေထိုင်သည့် မြစ်ဝဲဘက်ထိပ်ဖျားရှိနေရာကို မျက်စိကျလာသည်။
လွန်ခဲ့သည့်နှစ်လတွင် နတ်သူငယ်များမှာ ဒီတိုင်းထိုင်နေခဲ့ကြသည်မဟုတ်ချေ။
၎င်းတို့မှာ ရှုယီ၏တောင်းဆိုလျက်အရ ထင်းရှူးစေးကိုလေ့လာနေပြီး ဆည်မြောင်း ကျွမ်းကျင်သူ အချို့ကိုလည်း မြစ်ဆီသို့ အခြေအနေ ကြည့်ရှုရန်ခေါ်ထားခဲ့သည်။
တစ်လကြာစစ်ဆေးပြီးနောက်တွင် ၎င်းတို့၏အစီစဉ်မှာ ပြီးမြောက်သွားတော့သည်။
ထိုစီမံကိန်းကိုကြီးကြပ်ရသည်မှာ အမ်ရစ် ကုန်သည်ကြီးများအသင်းဖြစ်နေဆဲပင်။
အမ်ရစ်ကုန်သည်ကြီးများအသင်းမှာ ဘိလပ်မြေမည်သို့သုံးရမည်ကိုတဖြည်းဖြည်းသင်ယူလာရာ ၎င်းတို့မှာ မြစ်ကမ်းနံဘေးတွင် အားဖြည့်ဘိလပ်မြေများအသုံးပြုရန် ရှုယီ၏တောင်းဆိုမှုကို လိုက်နာနိုင်သည့် စိုင်စ်နယ်မြေကြီးရှိ တစ်ခုတည်းသောလုပ်ငန်းစုဖြစ်သည်။
ထိုမြစ်က မကြီးမားပါလျှင်တောင် ၎င်းစီမံကိန်း ချရန်အတွက်လိုအပ်သည့် အချိန်ပမာဏမှာ ၂နှစ်ကျော်သည်။
စိုင်စ်နယ်မြေကြီး၌ ကမ္ဘာမြေကဲ့သို့ မှော်စက်များတည်ဆောက်မှုကြီးကြီးမားမားမရှိသေးရာ ရှုယီထံတွင် အခြားရွေးချယ်စရာမရှိချေ။ Frestech ကုန်သည်ကြီးများအသင်း၌လည်း စက်များကိုဆင်တူစေရန် ပြုလုပ်နိုင်မည့် နည်းပညာမရှိချေ။
သို့သော် ထိုစီမံကိန်းတိုးတက်လာသည်နှင့် ရှုယီမှာ ဆောက်လုပ်ရေးမှော်စက်များကို သုတေသနလုပ်ရန် သုတေသနဌာနဆောက်လုပ်စေခဲ့ရာ တစ်ခုနှစ်ခုတော့ အချိန်မီပြီးစီးလောက်ပေမည်။
ဥပမာ၊ မှော်ကွန်ကရစ်ဖျော်စက်အတွက် လိုအပ်သည့်နည်းပညာက မမြင့်ရာ ပြုလုပ်ပြီးသားပင်။ အမ်ရစ်ကုန်သည်ကြီးများအသင်း အသုံးပြုရန်ပေးပြီးသည့်နောက် မည်မျှကောင်းသည်မသိ၊ ဥက္ကဌခရုစ်က အခုတစ်ရာ မှာယူခဲ့သည်။
အကြီးအကဲအီလူရှာက ၎င်းမှာကြာရှည်မည်ဟု မထင်ခဲ့ချေ။ နှစ်ရာချီသက်တမ်းရှိသည့် နတ်သူငယ်များအတွက် ၂နှစ်ဟူသည်မှာ လက်ဖျောက်တစ်ချက်တီးစာသာရှိသည်။ များပြားသည်ဟု မယူဆနိုင်ပေ။
ထို့အပြင် ညတေးသံမျိုးနွယ်စုထံ၌ လတ်တလောတွင် မြေအောက်ရေပေါများလှရာ ယခင်ကလို မြစ်ကိုပြင်ရန်က ဖိအားမရှိတော့ချေ။
ရှုယီမှာ မြေပုံကိုကြည့်နေရင်း မြေပုံပေါ်ရှိ ဘန်တာမြို့ထက်သို့ လက်တစ်ချောင်းတင်လိုက်သည်။ ထို့နောက် မြို့ပြင်သို့ လက်ချောင်းကိုစောင်းလိုက်ရင်း Frestech ကုန်သည်ကြီးများအသင်း၏အလုပ်ရုံသို့ ဦးတည်သည့် မျဉ်းဖြောင့်တစ်ကြောင်းဆွဲလေ၏။ ထို့နောက် တောက်လျှောက်သွားရင်း ငှားရမ်းခဲ့သည့် မြေကွက်ထံရောက်ရှိသွားပြီးနောက်တွင် လူပုလေးမျိုးနွယ်စုသစ်နေရာသို့ရောက်လာကာ မိုးကျသစ်တော၌ နောက်ဆုံးရပ်တန့်လိုက်သည်။
"အနည်းဆုံးတော့ ဒီနေရာတွေကိုဆက်သွယ်ဖို့ လမ်းကောင်းကောင်းတွေလိုအပ်တယ်။" ရှုယီက ရေရွတ်သည်။ ထို့နောက် သူ၏လက်ချောင်းက သူငှားရမ်းခဲ့သည့်မြေကွက်ထံမှာ မျဉ်းနှစ်ကြောင်းကိုဖန်တီးကာ ဆော်လ်တန်မြို့နှင့် ခမာမြို့တော်ဆီရောက်သွားသည်၊ "ဒါ့အပြင် လမ်းမနှစ်ခုလည်းရှိဖို့လိုတယ်။"
ရှုယီ၏အစီအစဉ်အရ သူငှားရမ်းခဲ့သည့် မြေကွက်ကြီးမှာ Frestech ကုန်သည်ကြီးများအသင်း၏ အရေးအပါဆုံးထုတ်လုပ်ရေးအခြေစိုက်ရုံးကြီးဖြစ်လာမည်ပင်။ ၎င်းက Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်အမှာစာများကိုလည်း အများဆုံးလက်ခံမည်။
ထုတ်လုပ်ရေးအခြေစိုက်ရုံးတစ်ရုံးအတွက် သင့်လျော်သော ပို့ဆောင်ဆက်သွယ်ရေးမှာ ပထမဆုံးစဉ်းစားစရာတစ်ခုဖြစ်ရာ ရှုယီက ချက်ချင်းပင် ထိုနေရာ၌ လမ်းများအား မည်သို့ဆောက်လုပ်ရမည်ကိုစဉ်းစားလိုက်သည်။ ကျောက်နှင့် သဲများဖြင့်ပြုလုပ်ထားသည့် သာမန်လမ်းမများကို စိုင်စ်နယ်မြေ၌ ပုံမှန်အားဖြင့် ဆောက်လုပ်တတ်ကြသည်။
မှန်ပါ၏၊ ၎င်းအစီအစဉ်က လက်တလောတွင် မပြီးမြောက်သေးသလို ရှုယီစိတ်ထဲ၌သာ တည်ရှိနေရုံပင်။
Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်လုပ်ရေးအခြေစိုက်ရုံးမှာ လက်ရှိတွင် ရှုယီရှိနေသည့် အလုပ်ရုံပင်ဖြစ်ကြောင်း လောလောဆယ်ပြောကြားနေ၏။
"ဟုတ်ပြီ၊ ခမာမြို့တော်အပြင်ဘက်မှာ အလုပ်ရုံရှိနေတုန်းပဲ။" ဟိန့်ဇ်ဝင်လာသည်ကိုမြင်သော် ရှုယီက စိတ်ထဲ၌ တိတ်တဆိတ်ထားလိုက်သည်။ ထို့နောက် ဟိန့်ဇ်ကို အပြုံးဖြင့်မေးလေ၏၊ "ဟေး၊ ဟိန့်ဇ် ပြင်ဆင်ပြီးပြီလား?"
ဟိန့်ဇ်၏ရင့်ကျက်နေသောမျက်နှာထက်၌ တင်းမာဟန်ရှိနေသည်။ ရုံးခန်းထဲနှစ်ချက်မျှ ပတ်ပြီးနောက် ရှုယီကိုမေးလာ၏၊ "ရှုယီ၊ မင်းတကယ်ပဲ ငါနဲ့သွားဖို့ အစီစဉ်မရှိဘူးလား?"
ရှုယီက အပြုံးဖြင့်ဆိုလိုက်သည်၊ "ကျုပ်က ဘာလို့သွားရမှာလဲ? ခင်ဗျားက ခမာမြို့တော်အတွက် လုပ်ဆောင်ခွင့်အပြည့်အဝရှိပြီး ကျုပ်ဝင်မပါဘူးဆိုတဲ့အကြောင်း သဘောတူပြီးသားပဲမဟုတ်လား? ပြီးတော့ လွန်ခဲ့တဲ့ရက်တုန်းက အလုပ်ရုံစဆောက်တော့ ကျုပ်သွားခဲ့သေးတယ်၊ အဲ့တော့ အခုကျုပ်သွားရင် လူတွေက အထင်လွဲကြလိမ့်မယ်။ သူတို့အနေနဲ့ ခင်ဗျား စီမံခန့်ခွဲပေးတာက ကိစ္စကောင်းမဟုတ်ဘူးလို့ ထင်သွားလိမ့်မယ်။"
"မင်းပြောတာက ကျိုးကြောင်းသင့်မှန်းငါသိပါတယ်၊ ဒါပေမယ့်..." ဟိန့်ဇ်က ခါးသက်သက်အပြုံးဖြင့်ဆိုလာသည်၊ "ရှုယီ၊ ငါ အဲ့လိုနေရာကြီးကြီးမားမားတစ်ခုကို ဘယ်တုန်းကမှ မခန့်ခွဲခဲ့ဖူးဘူးလေ။ တကယ်တော့... နည်းနည်းစိတ်လှုပ်ရှားနေလို့ပါ။"
ရှုယီက မနေနိုင်ဘဲ ပြုံးကာ၊ "ခင်ဗျားပဲ ကျုပ်တဲ့တာဝန်တချို့ကို မျှယူပြီး ခမာမြို့တော်အလုပ်ရုံဆီ တစ်ယောက်တည်းပြေးသွားချင်တယ်လို့အရင်က ရဲရဲဝံ့ဝံ့နဲ့ပြောခဲ့တာပဲမဟုတ်လား၊ ဒါဆိုဘာလို့ အခုမှစိတ်လှုပ်ရှားတယ် ပြောနေရတာလဲ? ဟုတ်ပြီ၊ ဘယ်သူကမှ မွေးကတည်းက ဘာကိုမှသိလာကြတာမဟုတ်ဘူးလေ။ ကျုပ်လည်း အရင်က စီးပွားရေးအကြောင်း နကန်းတစ်လုံးမှမသိလို့ Frestech ကုန်သည်ကြီးများအသင်း ကို ကောင်းကောင်းမကိုင်တွယ်ခဲ့မိခဲ့တာကို မမြင်ခဲ့ရဘူးလား?"
"ဒါက မတူဘူးလေ။ မင်း...မင်းမှာက ပါရမီရှိတယ်၊ ငါ့မှာက မရှိ..."
"ဘာပါရမီရှိတာလဲ။ ဒီအရာတွေကို ခန့်ခွဲတာက အတူတူပဲမဟုတ်လား။ ခင်ဗျားအနေနဲ့ လူရာချီရှိတဲ့ အလုပ်ရုံတစ်ရုံကို ခန့်ခွဲနိုင်ရင် ခမာမြို့တော်က အလုပ်ရုံတစ်ရုံကိုလည်း ခန့်ခွဲနိုင်ပါတယ်။" ရှုယီက ဟိန့်ဇ်ကို ပခုံးပုတ်ပေးကာ ပြောသည်၊ "ဟုတ်ပြီ၊ မြန်မြန်ပြင်ဆင်တော့။ ဒီနေ့က အလုပ်ရုံစဖွင့်တဲ့ ပထမဆုံးနေ့ပဲ၊ အလုပ်ရုံမန်နေဂျာဖြစ်တဲ့ခင်ဗျားက နောက်ကျရင် မျက်နှာသာမရဘဲနေလိမ့်မယ်။"
"ဒါဆို... ငါပြင်ဆင်ရတော့မှာပေါ့???" ဟိန့်ဇ်က မရေရာသည့်အသံဖြင့်မေးလေသည်။
ရှုယီက အပြုံးဖြင့်ခေါင်းခါကာ နောက်မှတွန်းကာ ရုံးခန်းထဲမှ တွန်းထုတ်ကာ ပြင်ဆင်ပြီးသား မြင်းလှည်းပေါ်တင်ပေးလိုက်တော့သည်။
သူက ဟိန့်ဇ်၏မြင်းလှည်း အဝေးသို့ တဖြည်းဖြည်းပျောက်ကွယ်သွားသည်ကို ကြည့်နေလိုက်သည်။ ထို့နောက် ခေါင်းခါလျက် မှော်စက်အလုပ်ရုံဘက် ပြန်လှည့်ရန် ပြင်လိုက်သော်လည်း အဝေးရှိ မြင်းလှည်းတစ်စီး၏အရိပ်ကို တွေ့လိုက်ရကာ ၎င်းက သူ့ရှေ့၌ မျှော်လင့်မထားစွာ ရပ်တန့်သွားသည်။
မြင်းလှည်းရပ်သွားချိန်တွင် ရင်းနှီးနေသောပုံရိပ်လေးတစ်ခုက ရှုယီ၏ရင်ခွင်ထဲသို့ အနံ့မွှေးမွှေးလေးဖြင့် ခုန်ဆင်းလာသည်။
သူ၏မျက်နှာထက်၌ နွေးထွေးသည့်နှုတ်ခမ်းနှစ်လွှာဖိကပ်လိုက်ခြင်းကို ခံစားမိသော် ရှုယီက အံ့ဩစွာပြောလာသည်၊ "စတေးလ်, မင်းဘယ်လိုလုပ်ရောက်လာတာလဲ?"
၎င်းတို့ တွဲဖြစ်ချိန်က ရှက်ကြောက်သည့်အသွင်နှင့်ကွဲပြားစွာ ယခုစတေးလ်မှာ ယခင်ကလို တောက်ပသည့်အကျင့်စရိုက်လေးကို ပြန်ရလာပြီဖြစ်သည်။ အခြားလူများရှေ့၌ပင် သူမက လုံးဝဖုံးကွယ်မထားချေ။ ထိုကဲ့သို့သော ပွင့်လင်းမှုမျိုးက ရှုယီကို အမြဲလိုလို ရှက်သွေးဖြန်းစေသည်။
သို့သော် ရှုယီမှာ စိတ်ရှည်သည်းခံတတ်သည့်စရိုက်ရှိရာ စတေးလ်ထိုသို့ ပြုမူသည်ကိုသဘောကျပါ၏။
"ကျွန်မရှင့်ဆီကို အထူးဧည့်သည်ခေါ်လာတယ်၊ ကြည့်လိုက်။" စတေးလ်က မြင်းလှည်းဆီ အပြုံးဖြင့် ညွှန်ပြလိုက်သည်။
"အထူးဧည့်သည်?" ရှုယီက မြင်းလှည်းဘက်ကြည့်လိုက်ရာ မှော်ပညာရှင်ဝတ်ရုံဝတ်ထားသည့် သက်လတ်ပိုင်းမှော်ပညာရှင်တစ်ဦးကိုတွေ့လိုက်သော်လည်း ထိုလူဆင်းလာပုံမှာ ကုန်သည်တစ်ဦး၏ စူးရှသည့်ရောင်ဝါဖြင့်ဖုံးလွှမ်းနေသည်။
ရှုယီ ကြည့်လာသည်ကိုမြင်သော် ထိုသက်လတ်ပိုင်းမှော်ပညာရှင် အပြုံးရေးရေးဖြင့် ဆိုလာသည်၊ "မင်္ဂလာပါ ဥက္ကဌရှု၊ ကျုပ်ကိုယ်ကျုပ်မိတ်ဆက်ပေးပါရစေ။ ကျုပ်က ဂေါ်ဒန်အီစန်ခယ်ပါ။"
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၁၀။ ငါနဲ့အတူပူးပေါင်းပါ
ဂေါ်ဒန်အီစန်ခယ်?
ရှုယီမှာ တမုဟုတ်ချင်းအံ့ဩသွားရသည်။
ထို ထက်မြတ်သော ကုန်သည်တစ်ယောက်ဟန်ရှိသည့်သတ်လတ်ပိုင်းလူက လမ်ပူရီတိုင်းပြည်ရှိ အချမ်းသာဆုံးသော မှော်ပညာရှင် ဂေါ်ဒန်အီစန်ခယ်ဖြစ်နေသည်!
"မင်္ဂလာပါ မဟာမှော်ပညာရှင်အီစန်ခယ်" ရှုယီက အလျင်အမြန်ပင် တစ်ဘက်ကို မှော်ပညာရှင်နှုတ်ဆက်ပုံဓလေ့အတိုင်းနှုတ်ဆက်ပြီး သိလိုစိတ်ဖြင့်ကြည့်လိုက်သည်။
ကောလဟာလများနှင့် အတန်ငယ်ကွဲပြားနေကာ ထိုမဟာမှော်ပညာရှင်အီစန်ခယ်၏ အဝတ်အစားများက တကယ်တမ်းတွင် အတော်ရိုးစင်းနေသည်။ သူဝတ်ဆင်ထားသည့် သာမန်အနက်ရင့်မှော်ပညာရှင်ဝတ်ရုံအပြင် လက်ကောက်ဝတ်၌ ထူးဆန်းသည့်လက်ပတ်တစ်ခုသာရှိနေ၏။
သို့သော် ရှုယီ ၎င်းလက်ပတ်ကိုမြင်ပြီးနောက်တွင် မျက်လုံးများက မနေနိုင်ဘဲ ကျဉ်းမြောင်းသွားရ၏။
သူသာ အထင်မမှားပါလျှင် ထိုလက်ပတ်မှာ တကယ်ကို ရှားရှားပါးပါးတွေ့ရခဲသည့် သဘာဝမှော်ဆက်စပ်ပစ္စည်းပါပင်!
သဘာဝမှော်ဆက်စပ်ပစ္စည်းများကို စိုင်စ်နယ်မြေ၌ တွေ့ရရှားပြီး ၎င်းတို့ထံ၌ ထူးကဲသည့်အကျိုးကျေးဇူးများရှိရာ တစ်ခုချင်းစီအား ထိပ်တန်းအဆင့်ရတနာဟု သတ်မှတ်၍ပင်ရသည်။
ရှုယီမှာ ထိုလက်ပတ်၌ မည်သည့်အကျိုးကျေးဇူးရှိမှန်းမသိပါသော်လည်း အီစန်ခယ်ကဲ့သို့ မဟာမှော်ပညာရှင်တစ်ဦး၏ လက်ကောက်ဝတ်၌ ရှိကတည်းက ၎င်းက သေချာပေါက် အထူးသဘာဝမှော်ဆက်စပ်ပစ္စည်းပါပင်။ ၎င်းကို လေလံတင်ပါက အနိမ့်ဆုံးဈေးနှုန်းမှာ ရွှေဒင်္ဂါးတစ်ရာကျော်လောက်သည်!
ရှုယီမှာ မူလက မဟာမှော်ပညာရှင်အီစန်ခယ်ကို ရိုးစင်းသည်ဟု ထင်ခဲ့ရာ တစ်ယောက်ယောက်ကသာ ယခုတွင် မဟာမှော်ပညာရှင်အီစန်ခယ်က ရိုးစင်းသည်ဟု ပြောလာပါက တစ်ဘက်လူ၏မျက်နှာပေါ်သို့ အမှန်ကို တံတွေးဖြင့်ထွေးမိလောက်သည်။
ရိုးစင်းတယ်? မင်းတို့ မိသားစုကမှ ရိုးစင်းနေတာ။ မင်းအနေနဲ့ လက်ကောက်ဝတ်ပေါ်မှာ ရွှေဒင်္ဂါးတစ်သိန်းတန်တဲ့ ရတနာတစ်ခုဝတ်ထားနိုင်လို့လား?
ထိုသည်က ရှုယီမြင်နိုင်ရုံသာ ဖြစ်သည်ကို မဆိုထားနှင့်။ မဟာမှော်ပညာရှင်အီစန်ခယ်မှ မမြင်နိုင်သည့်နေရာများတွင် အခြားရတနာမည်မျှကို ဖွက်ထားမည်အား ဘုရားသခင်သာသိပေလိမ့်မည်။
သို့သော် မဟာမှော်ပညာရှင်အီစန်ခယ်သာ ထိုသို့သော အရာမျိုးကို လုပ်ဝံ့လေ၏။ တစ်ဦးဦးသာ ထိုမျှ တန်ဖိုးရှိသည့် တစုံတရာကို ထင်ရှားစွာ ဝတ်ရဲပါက ၎င်းတို့လက်များပင် အဖြတ်ခံနေရလောက်ပြီဖြစ်သည်။
ထူးဆန်းသည့်အတွေးပေါင်းစုံက ရှုယီစိတ်ထဲ ပေါ်လာနေကြသည်။ သူတစ်ဖန်ထရပ်လိုက်ချိန်တွင် မျက်နှာထက်၌ ယဉ်ကျေးသည့်အပြုံးတစ်ခုရှိနေသည်။
"မဟာမှော်ပညာရှင်ကြီးအီစန်ခယ်, ခင်ဗျားအတွက် ရုတ်တရတ်ကြီး ကျုပ်တို့ဘန်တာမြို့တော်ကိုလာရတာက မဟာမှော်ပညာရှင်ကမ်မီလာဆီအလည်လာတာ မဟုတ်လားဗျ? ဘာလို့ ကျုပ်ဆီကိုလာရတာပါလဲ?" ရှုယီက မေးသည်။
မဟာမှော်ပညာရှင်အီစန်ခယ်က စတေးလ်နှင့် လက်တွဲထားသော ရှုယီကို အပြုံးရေးရေးဖြင့်ကြည့်ကာ ခေါင်းခါလျက် ပြောလေ၏၊ "မဟုတ်ပါဘူး။ အပြင်ပန်းမှာက ကမ်မီလာဆီ လာလည်တယ်ဆိုပေမယ့် တကယ်က ခင်ဗျားကိုတွေ့ဖို့လာခဲ့တာပါပဲ ဥက္ကဌရှု။"
ရှုယီက ကြောင်တက်သွားသည်။ ထို့နောက် စတေးလ်ကိုကြည့်လိုက်ရာ သူမက လုံးဝအံ့ဩနေပုံမပေါ်ဘဲ ထိုကိစ္စကိုသိပြီးဖြစ်ပုံရ၏။
"ဒါက... မဟာမှော်ပညာရှင်အီစန်ခယ်က ကျုပ်ဆီ တကူးတကလာလည်တဲ့အတွက် ဂုဏ်ယူရပါတယ်။ ကျုပ်သိချင်မိတာက မဟာမှော်ပညာရှင်ကြီးအနေနဲ့ ကျုပ်ကို ဘာအတွက်များလိုအပ်နေရတာပါလဲဗျ?"
မဟာမှော်ပညာရှင်အီစန်ခယ်က ပြန်မဖြေဘဲ ပြုံးပြလိုက်သည်၊ "ဥက္ကဌရှု၊ ခင်ဗျားက လိုက်ပြဖို့တောင် ကျုပ်ကိုမဖိတ်တော့ဘူးလား?'
"ခင်ဗျားက ဒီအလုပ်ရုံလေးတွေကိုလှည့်ပတ်ကြည့်ချင်လို့လား?" ရှုယီက တအံ့တဩမေးသည်။
"ဟုတ်ပါတယ်၊ ကျုပ်လာတာ ဒါအတွက်ပါ။"
ရှုယီက မဟာမှော်ပညာရှင်အီစန်ခယ်ကို တအံ့တဩကြည့်လိုက်၏။ စဉ်းစားကြည့်ပြီးနောက်တွင် အထဲကိုဖိတ်လိုက်သည်။
"ကျုပ်နောက်လိုက်ခဲ့ပါ။"
တစ်နာရီကြာ လှည့်ပတ်ကြည့်ပြီးနောက် မဟာမှော်ပညာရှင်အီစန်ခယ်မှာ ရှုယီနှင့် စတေးလ်တို့နှင့်အတူ ရုံးခန်းထဲသွားလိုက်သည်။
စတေးလ်က ၎င်းတို့အား အရင်ရေငှဲ့ပေးလာသည်ကို မြင်သော် မဟာမှော်ပညာရှင်အီစန်ခယ်က အပြုံးဖြင့်ဆို၏၊ "အရင်တစ်ခေါက် ကျုပ် မဟာမှော်ပညာရှင်ကမ်မီလာဆီ အလည်လာဖို့ ဘန်တာမြို့တော်ဆီရောက်လာတုန်းက စတေးလ်, မင်းက ဆယ်နှစ်ဝန်းကျင်ကောင်မလေးတစ်ယောက်ပဲရှိသေးတယ်။ ဒီလိုမျက်တောင်တစ်ခတ်အတွင်းမှာ ထူးချွန်တဲ့ကောင်လေးတစ်ယောက်နဲ့ လက်ထပ်တော့မယ့် မိန်းကလေးဖြစ်လာမယ်လို့ မတွေးထားဖူးဘူး။"
ရှုယီက နေရခက်စွာပြုံးကာ စတေးလ်တော့ဖြင့် ပုံမှန်အတိုင်း မဟာမှော်ပညာရှင်အီစန်ခယ်ရှေ့သို့ ရေခွက်ထားပေးလိုက်ပြီး၊" မဟာမှော်ပညာရှင်အီစန်ခယ်, ရှင်က အသက်ကြီးနေပါပြီ။"
မဟာမှော်ပညာရှင်အီစန်ခယ်က ရယ်မောကာ၊ "မှန်ပါတယ်၊ ကျုပ်က အသက်ကြီးနေပါပြီ။ ဒီလောကကြီးက မင်းတို့ လူငယ်တွေနဲ့သက်ဆိုင်ပါတယ်။ ကြည့်ပါဦး၊ နှစ်တွေအများကြီး ကျုပ်အနေနဲ့ လူတွေရဲ့သာမန်ဘဝတွေထဲ မှော်ပညာကို ထည့်ပေးချင်ခဲ့ပေမယ့် တကယ်တမ်းလုပ်ဖို့ အချိန်ရော စွမ်းအင်ရောမရှိခဲ့တာကို ဘယ်တုန်းကမှ သဲလွန်စမရခဲ့ဖူးဘူး။ ဒီလိုနှစ်တိုတိုလေးအတွင်းမှာ ဥက္ကဌရှုယီက ဒီလို မှော်ပညာကိုအသုံးပြုပုံသီအိုရီကို သုံးပြီး လူတွေရဲ့စိတ်ထဲကို ထိုးဖောက်ဝင်လာမယ်လို့လည်း ထင်မထားဖူးဘူး။ ကျုပ်တကယ်ပဲ မယှဉ်နိုင်ပါဘူး။"
" မဟာမှော်ပညာရှင်အီစန်ခယ်, နှိမ့်ချလွန်းနေပါပြီ။" ရှုယီက ပြန်ဖြေပြီးမှ မေးသည်၊ "ခင်ဗျားလို မဟာမှော်ပညာရှင်ကလည်း အရင်က မှော်ပညာအသုံးပြုပုံကို အာရုံစိုက်ခဲ့တာလား?"
"ဟုတ်တယ်။" မဟာမှော်ပညာရှင်အီစန်ခယ်က ခေါင်းငြှိမ့်ကာ၊ "ကျုပ်သာ မှော်ပညာအသုံးပြုပုံကို အာရုံမစိုက်ခဲ့ရင် ဒီလောက်ငွေများများဝင်မှာတောင်မဟုတ်ဘူး။ ကျုပ်ဒီလောက်ငွေများများမဝင်ရင် ကျုပ်ရဲ့မှော်စွမ်းအားကလည်း အခုရောက်နေတဲ့နေရာမှာရှိမှာမဟုတ်ဘူး။ ကျုပ်က သိချင်ရုံပါ၊ ဘာလို့ ဒါကိုနားမလည်တဲ့ မှော်ပညာရှင်များစွာ ရှိနေရတာလဲပေါ့?"
စတေးလ်က မနေနိုင်ဘဲ သိလိုစွာမေးလာသည်၊ " မဟာမှော်ပညာရှင်အီစန်ခယ်, ရှင်ဆိုလိုတာက ရှင့်ရဲ့ကိုယ်ပိုင်မှော်စွမ်းအားကိုတိုးမြှင့်ဖို့သက်သက်နဲ့ ဒီလိုငွေတွေလုပ်ဖို့ ကြိုးစားခဲ့တာပေါ့လေ?"
"အတိအကျကြီးတော့ ဘယ်ဟုတ်မလဲ။ ကျုပ်ဆိုလိုရင်းက မှော်ပညာနဲ့ ငွေရှာတာကမဆိုင်ဘူးလို့။ အင်အားကြီးမှော်ပညာရှင်တစ်ယောက်ဖြစ်လာတာနဲ့ ခင်ဗျားငွေသုံးရတော့မယ်လို့ဆိုလိုတယ်၊ ဒါဆိုဘာလို့ မှော်ပညာလေ့လာခြင်းနဲ့ ငွေရှာတာက မစပ်ဆိုင်တာလဲ?" မဟာမှော်ပညာရှင်အီစန်ခယ်က သက်ပြင်းချကာ ဆိုသည်၊ "ကျုပ်တကယ်ပဲ နားမလည်နိုင်ဘူး၊ ဘာလို့ ကျုပ်ရဲ့လုပ်ဖော်ကိုင်ဘက်အတော်များများကလည်း ဝင့်ကြွားဖို့လိုတာလဲ။ ဒါက မှော်ပညာနဲ့ ငွေရှာတာက မှော်ပညာကို ထိခိုက်စေတော့မလိုပဲ။ သူတို့သာ ငွေမရှိရင် မှော်ပညာကိုတောင်မလေ့လာနိုင်တော့ဘဲ မှော်စွမ်းအားတွေတိုးလာမှာမဟုတ်တာကို မစဉ်းစားမိကြတာလား? အရိုင်းဆန်ဆန်ခန့်မှန်းနေရုံလေးနဲ့လေ?"
စတေးလ်က အသာမျက်မှောင်ကုပ်ကာ၊ " မဟာမှော်ပညာရှင်အီစန်ခယ်, ဘာလို့ ရှင်က ကျွန်မအဘိုးကို ပြောနေတယ်လို့ ခံစားနေရတာလဲ?"
မဟာမှော်ပညာရှင်အီစန်ခယ်က ရယ်ကာ၊ "အဟုတ်ပဲ၊ ကျုပ်က ခင်ဗျားအဘိုးအကြောင်းကို ပြောနေတာပါ။ ဒါပေမယ့် အရင်ကသူ့ပုံစံကိုပြောနေရုံပါပဲ။ အခုတော့... ကျုပ်ဒီတစ်ခေါက်လာလည်ချိန်မှာ ခင်ဗျားအဘိုးက နောက်တစ်ယောက် ပြောင်းသွားသလိုဖြစ်သွားတာကို တွေ့လိုက်ရတယ်။ သူက အရင်ကလိုအေးစက်ပြီး စိတ်ပျက်စရာသဘောထားရှိမနေတော့ရုံတင်မကတော့ဘူး ကျုပ်နဲ့အတူ မှော်ပညာ အသုံးချပုံတွေကိုပါ အစပျိုးပြောလာသေးတယ်လေ။ ပြောရရင် ဒါက ဥက္ကဌရှုကြောင့်ဖြစ်ရမယ်?"
ရှုယီက ပခုံးတွန့်ကာ၊ "သူသာ လူတွေဆီယူဆောင်လာတဲ့ မှော်ပညာအသုံးပြုပုံရဲ့ အကျိုးကျေးဇူးအစစ်ကို မမြင်ခဲ့ရရင် သူ့လိုလူအိုကြီးတစ်ယောက်က လွယ်လွယ်နဲ့ အတွေးပြောင်းမှာမဟုတ်ဘူးလို့ ထင်တယ်။"
"အကျိုးကျေးဇူးအစစ်တွေအကြောင်းပြောနေတာဆိုရင်တော့ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းထုတ်ထားတဲ့ မှော်စက်တွေကိုပြောနေတာဖြစ်ရမယ်?" မဟာမှော်ပညာရှင်အီစန်ခယ်က မေးသည်။
"တကယ်ကိုပဲ။" ရှုယီက အနည်းငယ်စဉ်းစား၍ မေးလာသည်၊ " မဟာမှော်ပညာရှင်အီစန်ခယ်, ကျုပ်ကို ဒီတစ်ခေါက်လာရှာတာရဲ့ ရည်ရွယ်ချက်ကိုပြောသင့်တယ်။ ခင်ဗျားလို မဟာမှော်ပညာရှင်တစ်ယောက်က ရုတ်တရတ်ကြီးရောက်လာတာကို ကိစ္စအသေးစားလေးတစ်ခုကြောင့်လို့တော့မထင်ဘူး။"
"ဟဲဟဲ ဥက္ကဌရှုက တကယ် အလျင်လိုနေတာပဲ။ ဟုတ်ပါပြီ၊ ဒီမှာစကားဝိုင်းဖွဲ့တာရပ်ပြီး စီးပွားရေးအကြောင်းပြောတာပေါ့။ ကျုပ်ဒီတစ်ခေါက်လာတာက အဓိကအနေနဲ့ ဥက္ကဌရှုကို ပူးပေါင်းမှုအကြောင်းပြောချင်လို့ပါ။" မဟာမှော်ပညာရှင်အီစန်ခယ်က အပြုံးရေးရေးဖြင့်ဆိုသည်။
"ပူးပေါင်းမှု?" ရှုယီနှင့် စတေးလ်မှာ တစ်ဦးနှင့်တစ်ဦးကြည့်လျက် အံ့ဩဟန်များမြင်တွေ့လိုက်ရကာ၊ "ကျုပ်နဲ့ခင်ဗျားက ဘယ်လိုပူးပေါင်းလို့ရမှာလဲ?"
"ခင်ဗျားက ကမ်မီလာနဲ့ပူးပေါင်းနိုင်ပြီး ကျုပ်နဲ့ကျတော့ ဘာလို့ မပူးပေါင်းနိုင်ရတာလဲ?" မဟာမှော်ပညာရှင်အီစန်ခယ်က ပြန်မေးလေသည်။
"ခင်ဗျားပြောချင်တာက... မှော်စက်တွေကိုသုတေသနလုပ်ဖို့ ကျုပ်နဲ့ပူးပေါင်းချင်တယ်ပေါ့?" ရှုယီက မသေချာသည့်အသံဖြင့်မေးလိုက်သည်။
"အဟုတ်ပဲ။ ကျုပ်က ခင်ဗျား ဘယ်လို မှော်ပညာနဲ့ စက်ကို ပေါင်းစပ်တာကို စိတ်ဝင်စားပြီး သုတေသနတွေ ပိုလိုအပ်တယ်လို့ ထင်မိလို့။ ဒါကိုသာ အောင်မြင်ရင် စိုင်စ်နယ်မြေကြီးတစ်ခုလုံးကိုပါ ပြောင်းလဲနိုင်မယ်လို့တောင် ခံစားမိနေတယ်!" မဟာမှော်ပညာရှင်အီစန်ခယ်က အနည်းငယ်စိတ်အားထက်သန်သည့်အသံဖြင့်ဆိုလာသည်။
သူ၏စကားလုံးများက ရှုယီအတွေးကို ဆင်တူနေသော်လည်း အဘယ့်ကြောင့်မှန်းမသိ ရှုယီမှာ သူ့စိတ်ကူးများအား နောက်ဆုံးတွင် အသိအမှတ်ပြုခံရသည့်အတွက် စိတ်လှုပ်ရှားစရာ တစ်စုံတစ်ရာကို မခံစားရပါချေ။
၎င်းကိုစဉ်းစားကာ ရှုယီက မေးသည်၊ "ဒါဆို မဟာမှော်ပညာရှင်အီစန်ခယ်, ပူးပေါင်းဖို့ ဘယ်လိုစီစဉ်ထားလဲ?"
"ရှင်းပါတယ်၊ ကျုပ်က ကျုပ်ပိုင်တဲ့ မှော်ပညာရှင်တွေလိုအပ်မယ့်ပစ္စည်းတွေကိုထောက်ပံ့မယ်၊ ခင်ဗျားကတော့ Frestech ကုန်သည်ကြီးများအသင်းရဲ့မှော်စက်သုတေသနအသိပညာကိုထောက်ပံ့ရမယ်။ ကျုပ်တို့အတူအလုပ်လုပ်ရင်း လူအင်အား, အားလုံးအစား မှော်စက်ကို လွှဲပြောင်းယူလို့ရလိမ့်မယ်။ ကျုပ်တို့အင်အားတွေနဲ့ဆို Frestech ကုန်သည်ကြီးများအသင်းရဲ့သုတေသနက ခုန်တက်သွားမယ်လို့ကျုပ်ယုံတယ်။ စဉ်းစားကြည့်ပါဦး၊ ကျုပ်တို့သာ မှော်စက်တွေကိုပိုပိုပြီး အောင်အောင်မြင်မြင် သုတေသနလုပ်ရင် စိုင်စ်နယ်မြေကြီးမှာ ဒါကို ဖြန့်ကျက်နိုင်ပြီး အခြေအနေက ဘယ်လောက်တောင် ဆွဲဆောင်မှုရှိသွားလိုက်မလဲ?"
ရှုယီမှာ မဟာမှော်ပညာရှင်အီစန်ခယ်၏ စိတ်အားထက်သန်မှုကြောင့် မနေနိုင်ဘဲ စိတ်လှုပ်ရှားသွားသည်။ အနည်းငယ်ရပ်တန့်ပြီးနောက် မေးလာ၏၊ "ဒါဆို ဒီကနေ သုတေသနရလာဒ်တွေကို ကျုပ်တို့ ဘယ်လိုဂရုစိုက်ရမလဲ?"
"ဒါကိုတော့ ကျုပ်တို့ တစ်ဝက်စီပိုင်မှာပေါ့၊ ဒါက အတူတူအလုပ်ကြိုးစားမှုရလာဒ်ပဲလေ။" မဟာမှော်ပညာရှင်အီစန်ခယ်က ပေါ့ပါးဟန်ဖြင့် တုံ့ပြန်သည်၊ "ဟုတ်သားပဲ၊ လွန်ခဲ့တဲ့တစ်လက တခြားမဟာမှော်ပညာရှင်တွေနဲ့ ကျုပ်တို့တွေ မှော်ပညာရှင်အဖွဲ့အစည်းကို မှော်ပညာရှင်တွေရဲ့ ကိုယ်ပိုင်သုတေသနပေါ်မှာ ကိုယ်ပိုင်အခွင့်အရေးရဖို့ အဆိုပြုခဲ့ကြတယ်။ ဆိုလိုတာကတော့ ကျုပ်ပ်တို့ အတူရရှိတဲ့ရလဒ်တွေက ကျုပ်ပ်တို့နဲ့ပဲ သက်ဆိုင်ပြီး ခင်ဗျားတို့သုတေသနကို အခြားသူတွေ ကိုယ်တိုင်အသုံးပြုဖို့လေ့လာမှာကို စိုးရိမ်နေဖို့မလိုတော့ဘူး။"
ထိုသို့ပြောပြီးသည်တွင် မဟာမှော်ပညာရှင်အီစန်ခယ်က ရင်ဘတ်ထဲမှ အရွက်တစ်ရွတ်ထုတ်ယူကာ ရှုယီရှေ့၌ ဖြန့်ပြလာ၏။
၎င်းအပေါ်၌ ပုံရိပ်တစ်ခုရှိနေပြီး မှော်ပန်ကာပုံပါပင်။
"ကြည့်ပါဦး၊ ဒါက အန်ဗီမာမြို့တော်က လုပ်ငန်းစုလေးတစ်ခု သုတေသနလုပ်ခဲ့တဲ့ မှော်ပန်ကာပဲ၊ ဒါက ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်ပန်ကာနဲ့တူနေပြီ။ ကျုပ်ထင်တာတော့ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းသာ အန်ဗီမာမြို့တော်မှာ မှော်ပန်ကာတွေရောင်းချချင်ရင် သူတို့တွေကို ပြိုင်နိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် မှော်သုတေသနအခွင့်အရေးကို အဖွဲ့အစည်းက လက်ခံလိုက်ရင် ကျုပ်တို့ ဒီလုပ်ငန်းစုနဲ့အလုပ်လုပ်နေတဲ့ မှော်ပညာရှင်ကို စည်းမျဉ်းအရ ရပ်ခိုင်းလို့ရတယ်။ မဟုတ်ရင် သူတို့ကအဖွဲ့အစည်းရဲ့စည်းမျဉ်းတွေကိုဆန့်ကျင်ထားတော့ အပြစ်ပေးခံရမှာပဲ။"
ရှုယီမှာ မှော်ပန်ကာကိုကြည့်ကာ အသာခေါင်းငြိမ့်၍၊ "တကယ်ကို၊ အကာအကွယ်ရှိရင် ပိုကောင်းလာမှာပဲ။"
"ဒါကြောင့် ဥက္ကဌရှု၊ ကျုပ်နဲ့ ပူးပေါင်းပါ။ အဖွဲ့အစည်းထဲက ဒီလူတွေ မှော်ပညာအသုံးပြုပုံရဲ့ အကျိုးအမြတ်ကိုမြင်နေသရွေ့ ဒီအဆိုပြုချက်ကို ပျော်ပျော်ကြီးလက်ခံကြမှာပဲ။"
ရှုယီက မျှော်လင့်နေသည့် မဟာမှော်ပညာရှင်အီစန်ခယ်ကိုကြည့်ကာ မနေနိုင်ဘဲ စိတ်ထဲ၌ အေးစက်စက်ရယ်လိုက်သည်။
ဘာပူးပေါင်းတာလဲ?
မဟာမှော်ပညာရှင်အီစန်ခယ်မှာ မှော်စက်များသုတေသနလုပ်ရာ၌ သူ၏မှော်ပညာဗဟုသုတအထောက်အကူနှင့် ထောက်ပံ့မှုပေးနိုင်သည်က ဖြစ်နိုင်သည်။
သို့သော် မှော်သုတေသနတွင် သူ့အားကူညီနိုင်သည်က မဟာမှော်ပညာရှင်အီစန်ခယ်ပဲ ရှိသည်မဟုတ်ချေ။
ကွဲပြားစွာပြောရလျှင် သူ့ထံ၌ မည်သည့်ပြိုင်စံရှားမှုမှမရှိချေ။
သို့သော် ရှုယီက လုံးဝကွဲပြားသည်။
Frestech ကုန်သည်ကြီးများအသင်း သို့မဟုတ် ပိုမိုတိကျစွာ မှော်စက်မှုအင်ဂျင်နီယာသီအိုရီဗဟုသုတနှင့် ရှုယီမှာ လက်ရှိတွင်စိုင်စ်နယ်မြေ၌ ပြိုင်စံရှားဖြစ်သည်။ သူနှင့်တူညီသည့်အသိပညာရှိသည့် တစ်ဦးဦးရှိရန်မဖြစ်နိုင်သလို မည်သူကမှလည်း ရှုယီကို အစားမထိုးနိုင်ချေ။
အသိပညာရှိသူနှင့် မရှိသူတွင် နှစ်ဘက်လုံးအတွက် အဆင့်တူရန် မဖြစ်နိုင်ပေ။
မဟာမှော်ပညာရှင်အီစန်ခယ်က ၎င်းကိုကြားကောင်းအောင်ပြောပြီး သူဟာ Frestech ကုန်သည်ကြီးများအသင်း၏ မှော်သုတေသနကိုထောက်ပံ့ရန် ငွေကြေးရင်းမြစ်ကိုသုံးမည်ဖြစ်သလို နှစ်ဘက်စလုံးက သုတေသနကို မျှဝေရမည်ဟုလည်း ဆိုလာသည်။
ထိုသည်က ပထမတွင်အတော်လေးကောင်းသော်လည်း ရှုယီအတွက်မူ ထိုမဟာမှော်ပညာရှင်အီစန်ခယ်မှာ သူ့ထံ၌ မရှိသည့် ရှုယီ၏ စက်မှုအင်ဂျင်နီယာအသိပညာကိုလိုချင်နေသည်မှာသေချာသည်။
ရှုယီက ထိုပူးပေါင်းမှုကိုသဘောတူသရွေ့ မဟာမှော်ပညာရှင်အီစန်ခယ်မှ လုံလုံလောက်လောက် ထိုအသိပညာရသည်ဟု ခံစားလိုက်ရသည့်အချိန်၌ ရှုယီကို ကန်ထုတ်လိုက်မည်ကိုလည်း သေချာသိပါ၏။
ထိုသို့သော ပူးပေါင်းမှုအတွက် သဘောတူလိုက်လျှင် ရှုယီမှာ ငတုံးဖြစ်သည်။
သို့သော် အတန်ငယ်စဉ်းစားပြီးနောက် သူက မဟာမှော်ပညာရှင်အီစန်ခယ်ကို ခေါင်းငြိမ့်ပြလိုက်သည်။
"မဟာမှော်ပညာရှင်အီစန်ခယ်, ကျုပ်တို့ ဝမ်းသာစရာ ပူးပေါင်းမှုရဖို့ မျှော်လင့်ပါတယ်။"