အခန်း (၄၁-၅၀)
Vol. 2 Ch. 41-50
Vol 2, အခန်း ၄၁။ ပိုမိုများပြားသော အမှာစာများ
ပွဲသို့တက်ရောက်လာကြသည့် စီးပွားရေးအသင်းရှိ အခြားသောလုပ်ငန်းစုကိုယ်စားလှယ်များမှာ လုံးဝ ဦးနှောက်အဆေးခံလိုက်ရတော့သည်။ ရှုယီ၏ ဆွဲဆောင်နိုင်စွမ်းရှိ ရှင်းလင်းချက်ကြောင့် ထိုလူများမှာ မှော်စက်များ၌ သစ်လွင်သော နားလည်မှုရှိလာကြတော့သည်။
ယခင်က၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်းထံမှာ မှော်စက်တိုင်းကို ရှုယီထံမှ ကိုးကားထားသည့် ထုတ်ကုန် အထူးတီထွင်မှုအဖြစ်သတ်မှတ်ခဲ့ကြသည်။
သို့သော် ရှုယီ၏အသေးစိတ်ကျရှင်းလင်းချက်ကို နားထောင်ပြီးသည့်နောက်တွင် အားလုံးမှာ ထိုမှော်စက်များ၌ ဘုံတူညီသည့် အချက်ရှိနေသည်အား တွေ့ရှိသွား၏။ ထိုသည်မှာ ၎င်းတို့ထံ၌ ကြီးမား၊ ရှုပ်ထွေးကာ အင်မတန်အသေးစိတ်ကျသည့်သီအိုရီစနစ်က အခြေခံအဖြစ် ရှိနေသည်။
မှော်ပန်ကာ၊ မှော်လေအေးပေးစက်နှင့် မှော်ထမင်းပေါင်းအိုးများကဲ့သို့ အိမ်သုံးမှော်စက်များ၌ဖြစ်စေ၊ ထုတ်လုပ်ရေးမှော်စက်များ သို့မဟုတ် စိုက်ပျိုးရေးသုံးမှော်စက်များ၌ဖြစ်စေ၊ ဖယ်လ်ချောင်ကုန်သည်ကြီးများအသင်းအသုံးပြုသည့် မိုင်းတွင်းသုံးမှော်စက်များ၌ဖြစ်စေ ရှိကြသည်။ ထိုမှော်စက်အားလုံးကို တူညီသည့်မှော်စက်သီအိုရီနှင့် အတူထုတ်လုပ်ထားသည်ပင်။
ထိုသီအိုရီများကိုလေ့လာထားမှသာလျှင် မှော်စက်များ၏ ထုတ်လုပ်ရေးဖြစ်စဉ်ကို အမှန်တကယ်နားလည်နိုင်မည်။
၎င်းတို့သာ ထိုသို့မလုပ်နိုင်ဘဲ မှော်စက်များကို ထုတ်လုပ်လိုပါလျှင် ၎င်းတို့ကို အတုထုတ်ကာ ကူးယူလိုက်ရုံပါပင်။ ၎င်းတို့သာ ဥက္ကဌမစ်တာကဲ့သို့ စိတ်အလိုရှိသည့်အတိုင်း ဒီဇိုင်းပြောင်းလဲလိုပါက မိမိကိုယ်ကိုသေလမ်းသို့တွန်းပို့နေခြင်းပါပင်။
၎င်းမှာ ရှုယီ၏ရှင်းလင်းချက်ကြောင့် အားလုံးအနေနှင့် တစ်ဆယ်စင်တီမီတာကျော်သာရှည်ကာ ငါးကီလိုဂရမ်မျှသာ အလေးချိန်ရှိသည့် မှော်စက်ကို အထင်မသေးသင့်ကြောင်းကို နားလည်သွား၍ဖြစ်၏။ ၎င်း၌ ဖုံးကွယ်ထားသည့် သီအိုရီမှာ အင်မတန်ကြွယ်ဝကာ ရိုးစင်းခြင်းနှင့် အလှမ်းကွာနေပါ၏။
ပန်ကာဒလက်နှင့်တင် ရှုယီပြောပြခဲ့သည့် လေအားသိပ္ပံနှင့် အာကာသဂျီဩမေတြီကဲ့သို့ ရူပဗေဒသဘောတရားမျိုးပါဝင်နေသည်။
Frestech အမှတ်တံဆိပ် ပန်ကာဒလက်သုံးခုမှာ အစီစဉ်မကျစွာထည့်ထားသည့် သံတုံးသုံးတုံးပုံသာရှိသော်လည်း ၎င်းတို့ သုံးခုရှိနေရခြင်းနှင့် ထိုအရွယ်အစားရှိနေရခြင်းအကြောင်းရင်းတို့လို့ မေးခွန်းများစွာရှိသည်။ ၎င်းတို့အားလုံးကို တွက်ချက်မှုပေါင်းများစွာ ပြုလုပ်ပြီးမှသာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ရာ အစီစဉ်မကျ လျှောက်ထည့်ထားခြင်းမဟုတ်ပေ။
ထို့ကြောင့် ရှုယီမှ ၎င်းတို့အားလုံးကို ရှင်းပြပြီးနောက် အားလုံးက သူ့ပါးစပ်မှထွက်ကျလာသည့် ထိုစကားအားလုံးကို ကြား၍ မူးဝေနေကြပါသော်လည်း တစ်ချက်တော့ နားလည်လိုက်ကြသည်။
မှော်စက်များမှာ တကယ်တမ်းတွင် အင်မတန်နက်နဲလှပြီး အားလုံးထင်သလို မရိုးရှင်းချေ။ ၎င်းက အလွယ်တကူတတ်ကျွမ်းနိုင်သည့် အရာမျိုးလည်း သေချာပေါက်မဟုတ်ပေ။
လုပ်ငန်းစုကြီးမျိုးစုံက ထိုနယ်ပယ်သုတေသနအတွက် လူအင်အားနှင့် ရံပုံငွေပမာဏများစွာကို ရင်းနှီးမြှုပ်နှံထားကြသော်လည်း လုပ်ငန်းစုတစ်ခုကမျှ Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်ကုန်များနှင့် ယှဉ်နိုင်သည့် မှော်စက်ကို မလုပ်လာခဲ့ဖူးချေ။
ယခင်က လူတိုင်းမှာ ၎င်းတို့အနေနှင့် အချိန်တိုလေးမျှသာ လေ့လာခဲ့ခြင်းကြောင့်ဟု ထင်နေခဲ့ကြ၏။ ၎င်းတို့ ဆက်လေ့လာနေပါလျှင် ရလာဒ်က သိပ်မကြာခင်ရလာလိမ့်မည်ဟု။
သို့သော် ရှုယီ၏ရှင်းလင်းချက်ကိုကြားပြီးသည့်နောက် လူတိုင်းမှာ ၎င်းတို့ရင်းနှီးမြှုပ်နှံသည့် ငွေမလုံလောက်ခြင်းမဟုတ်သလို အချိန်ကြာကြာ သုတေသနမလုပ်ခဲ့ခြင်းကြောင့်လည်းမဟုတ်သည်ကို သိရှိသွားကြသည်။ ထိုအစား ထိုသည်မှာ ၎င်းတို့နှင့် Frestech ကုန်သည်ကြီးများအသင်းအကြားရှိ ခြားနားချက်မှာအင်မတန်ကြီးမားခြင်းကြောင့်ဖြစ်သည်၊ ကြီးမားလွန်းလှ၍ သနားစရာပင်ကောင်းကာ ဤရလာဒ်မျိုးကို ဖန်တီးဖြစ်ခဲ့သည်။
Frestech ကုန်သည်ကြီးများအသင်းမှာမူ ထိုသို့သော ရှုပ်ထွေးလှသည့် မှော်စက်သီအိုရီများကို သိရှိနေပြီးဖြစ်ရာ အခြေခံအကျဆုံး မှော်အစီအရင်များ သုတေသနလုပ်ခြင်း၌ရောက်ရှိနေဆဲပင်။ ၎င်းတို့အနေနှင့် ရှုယီပြောခဲ့သည့် အရေးပါဆုံးမှော်စက်ဒီဇိုင်းကိုပင် မထိနိုင်ကြချေ။
ထိုသို့သော ခြားနားချက်ကြီးက နားလည်လိုက်သည့် လုပ်ငန်းစုငယ်လေးများကို မှော်စက်များသုတေသနလုပ်ခြင်းမှ လက်လျှော့သွားစေ၏။ ၎င်းက အာဏာကြီးများသည့် ဖယ်လ်ချောင်ကုန်သည်ကြီးများအသင်းကိုပင် ထိုအရာ၌ ရင်းမြစ်များဖြုန်းတီးခြင်းမှ လက်လျှော့သွားစေသည်။
ရှုယီကိုယ်စားပြုသည့် Frestech ကုန်သည်ကြီးများအသင်းအပြင် ထိုစီးပွားရေးအသင်းပွဲ၌ တက်ရောက်ကြသည့် လုပ်ငန်းစုပေါင်း နှစ်ဆယ့်ရှစ်စုရှိသည်။ ထိုဆွေးနွေးမှုအပြီးတွင် လုပ်ငန်းစု နှစ်ဆယ့်သုံးစုက မှော်ပန်ကာလုပ်ငန်းမှာ တိုက်ရိုက်ထွက်ခွာကာ မှော်စက်မှုနယ်ပယ်၌ ထပ်မံ၍ မစွက်ဖက်ကြတော့ပေ။
ရှုယီမှာ ၎င်းကြောင့် အင်မတန် စိတ်ပျက်သွားရ၏။
သူဟာ စိုင်စ်နယ်မြေကြီးရှိ လုပ်ငန်းစုအားလုံး မှော်စက်မှုနယ်ပယ်၌ ရင်းနှီးမြှုပ်နှံကြကာ စက်မှုနယ်ပယ်ကြီးကို အပြီးသတ် မြန်မြန်တည်ထောင်နိုင်ရန် အမြဲမျှော်လင့်နေခဲ့သည်။
သို့သော် ထွက်သွားရန် ရွေးချယ်ခဲ့သည် ထိုလုပ်ငန်းစု နှစ်ဆယ့်သုံးစုကို အပြစ်မတင်နိုင်ချေ။
ကုန်ကုန်ပြောရလျှင် မှော်စက်များ သုတေသနပြုလုပ်ခြင်းက ရံပုံငွေနှင့် လူအင်အားပမာဏများစွာကုန်ကျရာ လုပ်ငန်းစုတစ်ခုအတွက် စွန့်လွှတ်မှုတစ်ခုဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်းနှင့် ခြားနားမှုက အင်မတန်ကြီးမားလှပြီး ၎င်းတို့လည်း မတုံ့ပြန်နိုင်သည်ကို သိကြပြီးနောက်တွင်မူ ၎င်းတို့အတွက် လက်လျှော့ရန်က သာမန်ပါပင်။
ထို့နောက် Frestech ကုန်သည်ကြီးများအသင်း၏ ရှုထောင့်မှဆိုလျှင် ပြိုင်ဘက်လုပ်ငန်းစု နည်းလေ ကောင်းလေ မဟုတ်ပါလား?
ထို့ကြောင့် ရှုယီမှာ ၎င်းတို့၏ သဘောထားကိုပြသမလာသော လုပ်ငန်းစုငါးစုကို စိုးရိမ်ပါသော်လည်း မည်သည်ကိုမှတော့ မဆိုနိုင်ချေ။
သူဟာ ၎င်းတို့ရှေ့ကိုသွားလိုက်ပြီး "ဟေး မှော်စက်တွေကို အတူလေ့လာကြတာပေါ့။ ကျုပ်ခင်ဗျားတို့ကို ရိုးရိုးသားသားထောက်ပံ့ပြီး နည်းပညာ၊ ငွေနဲ့ လူတွေပေးမှာပါ..."ဟု ပြော၍မရနိုင်ပေ။
အခြားလူများက သူ့အား ရူးသွပ်နေသည်ဟု မထင်မှသာ ထူးဆန်းနေလိမ့်မည်။
"အိုင်း လမင်းကြီးဆီကို ငါ့နှလုံးသားပြခဲ့ပေမယ့်လည်း လမင်းကြီးက ရေကန်မှာပဲ တောက်ပတယ်။" ရှုယီက ကူရာမဲ့စွာ မော့ကြည့်ရင်း ထိုသို့ရေရွတ်လိုက်သည်။ ထို့နောက် ယခုက နောက်နေ့မနက်ကိုရောက်နေပြီး ကောင်းကင်ယံ၌ နေရောင်တောက်တောက်သာရှိကာ လရောင်၏အရိပ်လေးပင်မရှိသည်ကို တွေ့ရှိလိုက်ရပါ၏။
"ဥက္ကဌရှုကြည့်ရတာ အတော်လေးအားနေပုံပဲ။" သူ၏နောက်မှ ရင်းရင်းနှီးနှီး ရယ်သံတစ်ချက်ထွက်ပေါ်လာကာ၊ "ကျွန်မ ရှင်ပြောတာကိုနားမလည်ပေမယ့်လည်း ကာရံက အတော်လေးအဆင်ပြေတယ်လို့ထင်တယ်။ ရှင်းပြလို့ရမလား?"
ရှုယီ လှည့်ကြည့်လိုက်ရာ ဆယ်ဗီနီ၏ သိမ်မွေ့သောအပြုံးလေးကို မြင်လိုက်ရ၏။
"ဘုရင်မကြီး၊ ဘာလို့ပြန်လာတာများလဲ?"
"ဘာလဲ? ကျွန်မကို မကြိုဆိုဘူးလား?" ဆယ်ဗီနီက အသာပြုံးလိုက်သည်၊ "ဥက္ကဌရှု ကျွန်မ အခုနက ရှင်ပြောခဲ့တဲ့စကားတွေကို မကြားဖူးပေမယ့် အတော်လေးအဆင်ပြေတယ်။ အဲဒါက ရှင့်ဇာတိရဲ့ ဘာသာစကားများလား? အဲ့စကားလုံးတွေက ဘာအဓိပ္ပာယ်လဲ ပြောပြလို့ရမလား?"
"ခင်ဗျားမှန်ပါတယ်၊ အဲဒါက ကျုပ်တို့နိုင်ငံ့ဘာသာစကားပဲ။ အဓိပ္ပာယ်ကတော့..."
ရှုယီ ရှင်းပြလာသည်ကိုကြားပြီးနောက် ဆယ်ဗီနီ၏မျက်လုံးများ တောက်ပလာရင်း ချီးကျူးလေသည်၊ "ဒီစကားလုံးတွေက... တကယ်ကိုသေသပ်တယ်။ ဒီလိုစကားလုံးတိုတိုလေးထဲမှာ ဖုံးကွယ်ထားတဲ့ လေးလေးနက်နက်အဓိပ္ပာယ်ရှိနေတာပဲ။ ကြည့်ရတာ ရှင်တို့ဇာတိရဲ့ စာပေယဉ်ကျေးမှုက အတော်လေးကောင်းမွန်ပုံရှိတယ်။ ဖြစ်နိုင်ရင် ကျွန်မကို သင်ပေးဖို့ တောင်းဆိုပါတယ်။"
"ကျုပ်ဇာတိဘာသာစကားကို လေ့လာဖို့က အတော်ခက်ခဲတော့ ဒီအတွက် ခင်ဗျားမှာ အချိန်များများစားစားရှိမယ်လို့မထင်ဘူး ဘုရင်မကြီး။" ရှုယီက ပခုံးတွန့်ကာဆိုသည်၊ "ဥပမာပြောရရင် ခင်ဗျား ဒီတစ်ခေါက် ရုတ်တရက် ရောက်လာတာက ကျုပ်ဇာတိရဲ့ ဘာသာစကားကို လေ့လာဖို့တော့ မဟုတ်ဘူးလေ။"
ဆယ်ဗီနီက ပြုံးလိုက်၏၊ "အမှန်ပဲ ကျွန်မဒီတစ်ခေါက်လာတာ သတင်းကောင်းတချို့ပြောပြဖို့ပါ။"
"အိုး? ဒီတစ်ခေါက်ရော ဘာသတင်းကောင်းများလဲ?" ရှုယီက ရုတ်တရက် အံ့ဩကာ မေးလိုက်သည်။
"ပထမသတင်းကောင်းက ရှင်အရင်တစ်ခေါက် ကျွန်မကိုပြောခဲ့တဲ့ အလုပ်သမားကဒ်တွေနဲ့ ဆိုင်တယ်။ နောက်ဆုံးတော့ လွှတ်တော်ဆီလွှဲပေးလိုက်ပြီ၊ ဘာမှသာမဖြစ်လာရင် နှစ်လအတွင်းမှာ နိုင်ငံကနေ အလုပ်သမားဌာနကို ဖွင့်လှစ်မှာဆိုတော့ ရှင့်အနေနဲ့ ရှင်တို့လုပ်ငန်းစုက လူပုလေးတွေအတွက် လက်မှတ်တွေရနိုင်တော့မယ်။"
"တကယ်ကြီးလား?" ရှုယီက အပျော်ဖြင့်ပြည့်သွားကာ၊ "ဒါက ကောင်းလိုက်တာ! လုပ်ငန်းစုက လူပုလေးညီအစ်ကိုတွေသာ ဒီသတင်းကောင်းကိုသိရင် သေချာပေါက် အတော်ဝမ်းသာသွားကြမှာပဲ! အခုဆို သူတို့အနေနဲ့ ဘာအဆင်မပြေမှုကိုမှ စိုးရိမ်ဖို့မလိုဘဲ နေထိုင်နိုင်ပြီး ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကလည်း လူပုလေးတွေကို ပွင့်ပွင့်လင်းလင်းထပ်စုဆောင်းလို့ရပြီ!"
"ရှင်တို့လုပ်ငန်းစုမှာ အလုပ်လုပ်ဖို့ အဲဒီ့လူပုလေးတွေကို စုဆောင်းနေတာကို ကျွန်မသိပေမယ့် သတိပေးရဦးမယ်၊ သူတို့သာ အများကြီးရှိနေရင် တချို့အာရုံစိုက်မှုကို ဆွဲဆောင်မိလာလိမ့်မယ်နော်။ ရှင် ဒီပြဿနာကို ဂရုစိုက်ဖို့ ကျွန်မမျှော်လင့်တယ်။" ဆယ်ဗီနီက လေးနက်နေဟန်ဖြင့် ပြောလာသည်။
"ဘုရင်မကြီးရဲ့ သတိပေးချက်အတွက် ကျေးဇူးတင်ပါတယ်၊ ကျုပ် သတိထားပါ့မယ်။" ရှုယီက အလျင်အမြန်ပြန်ဖြေသည်။
"ကောင်းတယ်။" ဆယ်ဗီနီက ခဏတန့်ပြီး မေးလာ၏၊ "ဟုတ်သားပဲ ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းက အက်ဂ်နက်စ်လို့ခေါ်တဲ့ နတ်သူငယ်မလေးကိုတောင် ခေါ်ယူခဲ့တယ်ဆို ဟုတ်လား?"
"ဟုတ်ပါတယ်၊ ကျုပ်တို့ သူမကို ခင်ဗျားအရင်တစ်ခေါက်လာတည်းက ခန့်ထားပြီးပြီ။ သူမက တခြားလူသားတွေရှေ့ ထွက်ပြဖို့ ဆန္ဒမရှိသေးလို့ သူမကိုမတွေ့ခဲ့ရတာပါ။"
"သူမကိုယ်တိုင် လူတွေရှေ့ထွက်ပြီးနောက်မှ ကျွန်မဒါကိုကြားတာဆိုတော့ ရှင် သူမကို ကျွန်မနဲ့တွေ့ဖို့ ဖိတ်ပေးနိုင်မလား? ရိုးရိုးသားသားပြောရရင် ဒီအသက်အရွယ်ထိ နတ်သူငယ်တစ်ယောက်ကိုမှ မမြင်ဖူးတော့ အရမ်းသိချင်နေတာ။"
"ဒါကတကယ်ကို ဆိုးဆိုးဝါးဝါးတိုက်ဆိုင်တာပဲ။ သူမက ဘန်တာမြို့က ဒီဇိုင်းဌာနမှာ အလုပ်လုပ်တာဆိုတော့ ဆန်းဒ်တွန်အိမ်ရာမှာ မရှိဘူး။" ရှုယီက တောင်းပန်သံဖြင့်ဆိုလာသည်။
"ဒါက တကယ်နှမျောစရာပဲ။" ဆယ်ဗီနီမှာ အနည်းငယ်စိတ်ပျက်သွားသည်။
"ရပါတယ်၊ နောက်တစ်ခေါက်ကျ တွေ့လို့ရတာပဲ။ မဟုတ်ရင်လည်း ဒီမှာ ရက်နည်းနည်းလောက်ဆက်နေရင် တွေ့ရမှာပေါ့။" ရှုယီက အပြုံးဖြင့်ပြောလာသည်၊ "ဟုတ်သားပဲ၊ အလုပ်သမားကဒ်ရတာက ပထမသတင်းကောင်းလို့ ပြောခဲ့တာနော်၊ ဒီတော့ ဒုတိယတစ်ခုရှိသေးတာလား?"
"ဒါပေါ့" ဆယ်ဗီနီက ခေါင်းငြိမ့်သည်၊ "ဒုတိယသတင်းကောင်းက စိုက်ပျိုးရေးဌာနမှာ စိုက်ပျိုးရေးသုံးမှော်စက်တွေကြောင့် တစ်နိုင်ငံလုံးဆီက တုံ့ပြန်မှုကောင်းတွေရခဲ့တယ်တဲ့။ နိုင်ငံက နယ်မြေရှိတဲ့ မျိုးရိုးမြင့်အားလုံးနီးပါးက စိုက်ပျိုးရေးသုံးမှော်စက်တွေကို ပိုလို့တောင် တောင်းဆိုလာကြသေးတယ်။ ရှင်တို့ လုပ်ငန်းစု ဒီတလောလုပ်ခဲ့တဲ့ စိုက်ပျိုးရေးသုံးမှော်စက်တစ်သောင်းကို ခွဲပြီးပြီဆိုတော့ နောက်ထပ် မြန်မြန်ထပ်လုပ်ပေးရဦးမယ်။"
ရှုယီက မျက်မှောင်ကုပ်လျက်နှင့်၊ "ဒါက ဘာသတင်းကောင်းလဲ? ခင်ဗျားလာတိုင်း အမှာစာကိုလောဖို့ပဲ လာပြောနေတာ အသိသာကြီး။"
"ပြီးအောင်ပြောပါရစေဦး။ ဒီ စိုက်ပျိုးရေးသုံးမှော်စက် ဝယ်လိုအားအတွက် စိုက်ပျိုးရေးဌာနက ခန့်မှန်းချေတချို့လုပ်ထားတော့ ကောက်ချက်အသစ်ဆွဲလိုက်တယ်။ နိုင်ငံကနေတဆင့် စိုက်ပျိုးရေးသုံးမှော်စက်တွေကို ဖြန့်ဖို့ဆိုရင် ကျွန်မတို့အနေနဲ့ အနည်းဆုံး စိုက်ပျိုးရေးသုံးမှော်စက် ခုနှစ်သောင်းလိုအပ်တယ်။"
ရှုယီ၏မျက်လုံးများတောက်ပသွားသည်၊ "ဒီတော့ ပြောချင်တာက... ကျုပ်တို့ မပို့ရသေးတဲ့ နှစ်သောင်းစာအပြင် နောက်ထပ် ငါးသောင်းလည်းလိုသေးတယ်ပေါ့?"
ဆယ်ဗီနီက အသာပြုံးကာခေါင်းငြိမ့်၏၊ "အခု ကျွန်မက ဒါကို ဘာကြောင့် သတင်းကောင်းလို့ ပြောလဲ နားလည်ပြီလား? ဟုတ်ပြီ၊ ကျွန်မတို့အနေနဲ့ ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းကို ဒီစိုက်ပျိုးရေးသူံးမှော်စက် ငါးသောင်း အပြီးသတ်ပေးဖို့လိုအပ်တယ်။ ကျွန်မဒီတစ်ခေါက်လာတာက ဖခမည်းတော်နဲ့ စိုက်ပျိုးရေးဌာနကိုယ်စား ရှင့်ဆီကို နောက်ထပ် အမှာစာပေးချင်တာကြောင့်ပဲ။"
ရှုယီ စဉ်းစားကြည့်လိုက်သော်လည်း စိတ်လှုပ်ရှားပြမလာဘဲ မျက်မှောင်ကုပ်ကာသာမေးသည် "ဘုရင်မကြီး၊ ကျုပ်အနေနဲ့ သိပ်ကြားမကောင်းတဲ့တစ်ခုပြောရဦးမယ်။ စိုက်ပျိုးရေးသုံးမှော်စက်ငါးသောင်းအတွက် စုစုပေါင်းရွှေဒင်္ဂါးသုံးသန်းလိုအပ်တယ်! အရှင်မင်းကြီးနဲ့ စိုက်ပျိုးရေးဌာနက ဒီလောက် ငွေအများကြီးထုတ်နိုင်လို့လား? အရှင်မင်းကြီးက ကျုပ်ကို နောက်ထပ် မိုင်းတွင်းနှစ်တွင်းထပ်ရောင်းဦးမှာများလား?"
"ရှင်မှန်တယ်၊ ဖခမည်းတော်က ငွေမထုတ်နိုင်တော့ ရှင့်ကို မိုင်းတွင်းတွေဆက်ရောင်းနေမှာပဲ။ ဘာလဲ? ရှင်မလိုချင်လို့လား?"
"ကျုပ်လိုချင်ပါတယ်၊ ဒါပေမယ့် ဘုရင်မကြီး၊ ဖယ်လ်ချောင်ကုန်သည်ကြီးများအသင်းက တစ်ခုခု ထပ်လုပ်လာရင်ရော? အရင်တစ်ခေါက်က မိုင်းတွင်းလေးတစ်ခုကတောင် ရွှေဒင်္ဂါးနှစ်သန်းလောက်ကျသွားတော့ အရှင်မင်းကြီးက ကျုပ်တို့လုပ်ငန်းစုဆီက စိုက်ပျိုးရေးသုံးမှော်စက်ငါးသောင်းအတွက် အဲဒီ့မိုင်းနှစ်တွင်းကနေ သုံးစေချင်နေတာများလား?" ရှုယီက အနည်းငယ်မကျေနပ်သည့်အသံဖြင့်မေးလာသည်။
ဆယ်ဗီနီက ခေါင်းခါကာ၊ "ရှင်က ရွှေဒင်္ဂါးတွေလိုချင်ရင် အရင်တစ်ခေါက်ကလို နောက်ထပ်လေလံပွဲ ထပ်လုပ်လိုက်ရုံပဲလေ။ ဒါပေမယ့် ရှုယီ၊ ဖခမည်းတော်က နောက်ထပ်မိုင်းတွင်းကို ဖယ်လ်ချောင်ကုန်သည်ကြီးများအသင်းလက်ထဲ မထည့်ပေးချင်တော့ လေလံပွဲမရှိတော့ဘဲ ဈေးကွက်တန်ဖိုးအတိုင်း ရှင့်ကိုတိုက်ရိုက်ပေးလိမ့်မယ်။ ဒါပေါ့ သံသတ္တုတန်ဖိုးက တက်လာပြီဆိုတော့ မိုင်းတွင်းတန်ဖိုး ခန့်မှန်းချေကလည်း တိုးလာပြီ။ ရှင်နားလည်နိုင်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်။"
"ဒါကို ကျုပ်နားလည်ပါတယ်၊ ဒါပေမယ့် ကျုပ်နားမလည်တာက အရှင်မင်းကြီးက ဂျိုးလ်မိသားစု ထပ်ပြီး ခုခံလာမှာကို မစိုးရိမ်ဘူးလား?" ရှုယီက ရှုပ်ထွေးဟန်ဖြင့် မေးလေသည်။
"ဒီတစ်ခေါက်တော့ မလုပ်ပါဘူး။" မြင်ရခဲသည့် အေးစက်စက်ဟန်က ဆယ်ဗီနီ၏ နူးညံ့သောမျက်လုံးများထဲမှ ဖြတ်ပြေးသွားသည်၊ "သူတို့ ထပ်ပြီးလုပ်မှာ မဟုတ်တော့ဘူး။"
ဆယ်ဗီနီ၏တည်ငြိမ်သော မျက်နှာလေးကိုကြည့်ရင်း ရှုယီ၏ရင်ထဲ၌ အေးစက်မှုတစ်ခု ဖြတ်ပြေးသွားသည်။
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၄၂။ အသေးစားလုပ်ငန်းစု ထောက်ပံ့ရေးအစီအစဉ်
ဤတစ်ခေါက်၌ ဆယ်ဗီနီမှာ ဘန်တာမြို့တွင် နှစ်ရက်လောက်နေပြီးမှ အန်ဗီမာမြို့တော်သို့ ပြန်သွားသည်။
စိုက်ပျိုးရေးသုံးမှော်စက်ငါးသောင်းအမှာစာအတွက် ရှုယီနှင့် လက်မှတ်ထိုးကာ အသေးစိတ်ဆွေးနွေးခြင်းအပြင် သူမက မြို့စားအိမ်တော်၌ အချိန်အများစုကို ကုန်ဆုံးခဲ့ကာ ကောင့်ထ်စီယန်နှင့် မည်သည်ကိုဆွေးနွေးခဲ့သည်ကိုတော့ မသိရချေ။
သူမထွက်သွားသည့်အချိန်မှသာ ရှုယီထံ သေတ္တာများစွာကို ပေးပို့လာခဲ့သည်။
ရှုယီ ဖွင့်ကြည့်ချိန်၌ ထိုသေတ္တာများတွင် စစ်တပ်က အသုံးပြုခဲ့သည့် တောက်ပသောချပ်ဝတ်နှင့် လက်နက်များရှိနေသည်ကို တွေ့လိုက်ရသည်။
၎င်း၏အဓိပ္ပာယ်က အင်မတန်ရှင်းလင်းလှရာ ရှုယီလည်း ချက်ချင်းနားလည်သွား၏။ သူဟာ ချက်ချင်းပင် ထိုသေတ္တာများအား ကမ်ဘီဦးဆောင်သည့် လူပုလေးများထံပို့ပေးကာ လေ့လာခိုင်းလိုက်ပြီး သူကတော့ဖြင့် တခြားမှော်စက်ကို လေ့လာရာ၌ အားလုံးဝစိုက်ထားသည်။
ဇွန်လသို့ဝင်ရောက်လာကာ ရာသီဥတုကလည်း တဖြည်းဖြည်း ပူနွေးလာခဲ့သည်။
သို့သော် ဤတစ်ကြိမ်၌ ဘန်တာမြို့သားများမှာ ဘန်တာမြို့၏ လမ်းတိုင်းတွင် မြင်တွေ့ခဲ့ရသော မှော်ပန်ကာ တံဆိပ်စုံက လုံးဝပျောက်ကွယ်သွားသည်ကို သိလိုက်ရကာ အံ့ဩနေကြသည်။
အားလုံးက ၎င်းကို ထူးဆန်းနေကြ၏။ မှော်ပန်ကာတံဆိပ်ပေါင်းများစွာရှိခဲ့ပြီး ဈေးနှုန်းကလည်း ကျသွားသည်မှာ ရွှေဒင်္ဂါးတစ်ပြားအောက်လောက်ထိပင်ရှိသဖြင့် အဘယ့်ကြောင့်များ ရုတ်တရက်ကြီးပျောက်ကွယ်သွားရသနည်း?
ရာသီဥတုက တဖြည်းဖြည်းပူလာလေရာ မိသားစုများက မှော်ပန်ကာဝယ်ရန် စီစဉ်ကြချိန်တွင် ၎င်းတို့အားလုံးက မည်သည်မှမရခင်၌ပင် ပျောက်ကွယ်သွားကြသည်။ ၎င်းတို့အားလုံး မည်သည့်နေရာရောက်သွားကြလေသနည်း?
အားလုံး၏သံသယများက သိပ်မကြာလိုက်ပါချေ၊ အကြောင်းမှာ နှစ်ရက်အကြာ၌ လူတိုင်းလိုက်ရှာနေခဲ့ကြသည့် Frestech အမှတ်တံဆိပ်မှော်ပန်ကာ ထွက်လာခြင်းကြောင့်ပင်!
Frestech တံဆိပ်မှာ ရွှေဒင်္ဂါးနှစ်ပြားဈေးနှုန်းသာရှိဆဲရာ လူတိုင်းကို မေးခွန်းထုတ်လာစေပြီး တခြားအမှတ်တံဆိပ်များကဈေးချခဲ့သဖြင့် Frestech တံဆိပ်အနေနှင့်လည်း ဈေးနှုန်းကို ရွှေဒင်္ဂါးတစ်ပြားနှင့် ငွေဒင်္ဂါးငါးဆယ်ပြား(ရွှေဒင်္ဂါးတစ်ပြားခွဲ)သို့လျှော့ချသင့်သည်ဟု ခံစားမိနေကြသည်။
သို့သော် ထုတ်ကုန်ကြေငြာပွဲ၌ ရှုယီက အားလုံးရှေ့မှောက်တွင် Frestech တံဆိပ်မှော်ပန်ကာကို ထုတ်ပြလာသောအခါ လူတိုင်းပါးစပ်ပိတ်သွားကာ ကြောင်အမ်းနေကြတော့သည်။
အားလုံးမျှော်လင့်မထားသည့် မျိုးဆက်သစ်မှော်ပန်ကာ၌ မတူညီသည့် သစ်သားအောက်ခံရှိနေသည့်အပြင် သံနှင့် အပြည့်အဝပြုလုပ်ထားကာ အလိုအလျောက်မှော်ထမင်းပေါင်းအိုးနှင့် မှော်ပေါင်မုန့်မီးကင်စက်တို့ကဲ့သို့ ငွေရွက်သတ္တုစပ်နှင့် ဖုံးအုပ်ထားပြီး အရေးကြီးသည့်အပိုင်းတစ်ပိုင်းကိုတော့ဖြင့် ၎င်းတို့မကြားခဲ့ဖူးသည့် 'ပလက်စတစ်'ဟူသော သတ္တုဖြင့် ပြုလုပ်ထားသည်။
ရှုယီမှ 'ပလက်စတစ်'ဟူသည့်စကားလုံးပြောလာသည်ကိုကြားသော် အားလုံးက ထိုသတ္တုအသစ်ကို လုံးဝမသိသဖြင့် ရှုပ်ထွေးနေကြ၏။
ရှုယီက ထိုမျိုးဆက်သစ်မှော်ပန်ကာကို စမ်းသပ်မှုတချို့လုပ်ပြလာသည့်အချိန်တွင် ထိုသတ္တုအသစ်နှင့် ပြုလုပ်ထားသည့် မှော်ပန်ကာက သံဖြင့်လုပ်ထားသည့်တစ်ခုထက် ပိုမိုအားနည်းသဖြင့် အားအနည်းငယ်သုံးရုံနှင့် ပျက်စီးစေနိုင်သည်ကို သိရှိလိုက်ကြရသည်။ သို့သော် ၎င်းက ပိုမိုပေါ့သည့် အားသာချက်တော့ရှိနေပေသည်။
Frestechတံဆိပ်မှော်ပန်ကာအား ယခင်က အလေးချိန်ကို လျှော့ပေးသည့် သစ်သားအောက်ခံသုံးပေးထားခဲ့ပါသော်လည်း မှော်ပန်ကာမှာ သုံးကီလိုဂရမ်မှ လေးကီလိုဂရမ်လောက်အထိလေးနေဆဲပင်။ ထိုသို့သော ပစ္စည်းအသေးလေးအတွက် ၎င်းက အတော်ကို လေးလံလှပါ၏။
သို့သော် ပလက်စတစ်သတ္တုနှင့်ပြုလုပ်ထားသည့် မျိုးဆက်သစ်မှော်ပန်ကာမှာ အလေးချိန် နှစ်ကီလိုဂရမ်ပတ်လည်မျှသာရှိပြီး လူတစ်ယောက်လက်ထဲ၌ပင် လွယ်လွယ်လေးကိုင်ထားနိုင်သည်။ ၎င်းကိုအခြေခံရုံဖြင့် ယခင်မှော်ပန်ကာထက် များစွာထူးကဲနေသည်။
၎င်းအပြင် မျိုးဆက်သစ်မှော်ပန်ကာ၏ဒီဇိုင်းမှာ အဆပေါင်းမနည်း ပိုကောင်းလာသည်။
ငွေရွက်သတ္တုစက်၏ငွေရောင်နှင့် ပလက်စတစ်၏ အစိမ်းဖျော့ရောင်တို့အတူပေါင်းစပ်လိုက်ခြင်းဖြင့် မှော်ပန်ကာ တစ်ခုလုံးမှာ အင်မတန်ချောမွေ့နေဟန်ပင်။ ၎င်းက ယခင်က သံချည်းသပ်သပ်ဖြင့် ပြုလုပ်ခဲ့သည့် မှော်ပန်ကာထက် များစွာပိုမိုကြည့်ကောင်းပေ၏။
ထုတ်ကုန်ပြပွဲသို့ ရောက်လာခဲ့ကြသည့် သတင်းထောက်များက ထိုမှော်ပန်ကာကိုမြင်သော် စိတ်ထဲ၌မနေနိုင်ဘဲ 'အနုပညာလက်ရာ'ဟု အော်နေကြသည်။
ထိုမှော်ပန်ကာ၏ဒီဇိုင်းမှာ လှပသောနတ်သူငယ်မလေး အက်ဂ်နက်စ်၏ လက်များထံမှ လာသည်ကို ပြောရန်ပင်မလိုပေ။
၎င်းကို သုံးသပ်ရုံနှင့် ထိုမှော်ပန်ကာက ဈေးမကျသွားဘဲ တိုးလာလျှင်တောင် အဆင်ပြေလေသည်။
ယခုတွင် Frestech ကုန်သည်ကြီးများအသင်းက လူတိုင်း၏မျက်လုံးများကို တောက်ပစေသည့် ဖလှယ်ပွဲတစ်ခုကိုကျင်းပခဲ့သည်ဟု ဆိုရမည်။
ရှုယီ၏အပြောအရ ထိုဖလှယ်ပွဲ၌ လူတိုင်း၏ မှော်ပန်ကာဟောင်းများကို Frestech ကုန်သည်ကြီးများအသင်းထံ ယူလာပေးရန်ပင်။ ၎င်းတို့အနေနှင့် မှော်ပန်ကာဟောင်းများ၏ ဈေးနှုန်းတစ်စိတ်တပိုင်းအဖြစ်သုံးကာ Frestech ကုန်သည်ကြီးများအသင်းထံမှ မျိုးဆက်သစ်မှော်ပန်ကာ တစ်လုံးရလိမ့်မည်ပင်။
မှော်ပန်ကာဟောင်းက ပုံကောင်းကောင်းရှိနေသေးလျှင် တန်ဖိုးကို ရွှေဒင်္ဂါးပြားတစ်ဝက်လျှော့ချနိုင်၏။ တခြားတံဆိပ်ရှိ မှော်ပန်ကာဆိုပါလျှင် ငွေဒင်္ဂါးပြားသုံးဆယ်လျှော့ချနိုင်မည်။
ယခင်နှစ်က Frestech ကုန်သည်ကြီးများအသင်းမှာ ဘန်တာမြို့တစ်မြို့တည်းနှင့် ပထမနှင့် ဒုတိယမျိုးဆက် မှော်ပန်ကာ အလုံးပေါင်း နှစ်သောင်းလောက်ရောင်းရခဲ့သည်။
Frestech ကုန်သည်ကြီးများအသင်း၏ ရောင်းအားနည်းစနစ်အရ ထိုမှော်ပန်ကာများထံ၌ ဝယ်ယူပြီးနောက် သုံးနှစ်တာ အာမခံချက်ရှိကာ မှော်ပန်ကာများ၏အရည်အသွေးပါပေါင်းလိုက်သော် တစ်ခုခုဖြစ်သွားခြင်းမရှိခဲ့ကြချေ။ တစ်နှစ်ကြာပြီးနောက်တွင် Frestech တံဆိပ်မှော်ပန်ကာအများစုအား သုံး၍ရနေဆဲဖြစ်၏။
ပုံမှန်အခြေနေတွင် Frestech အမှတ်တံဆိပ်မှော်ပန်ကာ ဝယ်ယူပြီးသား မိသားစုများမှာ ၎င်းတို့ပန်ကာအားသုံး၍ရနေသရွေ့ မှော်ပန်ကာသစ် ဝယ်ရန်စဉ်းစားလိမ့်မည်မဟုတ်ပေ။
သို့သော် ယခုတွင် Frestech ကုန်သည်ကြီးများအသင်းက ထိုဖလှယ်ပွဲကျင်းပလာပြီး ၎င်းတို့၏ မှော်ပန်ကာဟောင်းကို ဈေးနှုန်းနည်းစေရန် အသုံးပြုနိုင်ရာ သတ္တုအသစ်သုံးထားကာ အဆပေါင်းမနည်းပိုကြည့်ကောင်း၍ လုပ်ဆောင်ချက်ပိုကောင်းသည့် Frestechအမှတ်တံဆိပ်မှော်ပန်ကာသစ်အတွက် ဖလှယ်ရန် ရွှေဒင်္ဂါးတစ်ပြားလောက်သာ ကုန်ကျနိုင်မည်ဖြစ်သည်။ မိသားစုများစွာအတွက် ထိုသည်က လက်ခံရန် မခက်ခဲသည့် အရာပါပင်။
မှန်ပါ၏၊ ဘန်တာမြို့တော်ဈေးကွက်၌ ယခင်နှစ်နှင့်တူညီသည့်ရောင်းအားကိုထိန်းသိမ်းရန်မှာ မဖြစ်နိုင်သည့် အရာတော့မဟုတ်ပေ။
ယခင်ထုတ်ကုန်ပြပွဲနှစ်မျိုးကဲ့သို့ ထို Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်ကုန်ပြပွဲကလည်း ပုံမှန်လို ကျော်ကြားသွားသည်။ ထိုထုတ်ကုန်ပြပွဲပြီးနောက် သတင်းထူးရှိလာမည်ပင်။
သို့သော် ၎င်းက ယခင်နှစ်ကြိမ်နှင့်တော့ ခြားနားပါ၏။ ထိုထုတ်ကုန်ပြပွဲအတွက် ရှုယီ၏ သတင်းထူးမှာ အနည်းဆုံးတော့ Frestech ကုန်သည်ကြီးများအသင်းနှင့် ဆက်စပ်နေပေသည်။
"Frestech ကုန်သည်ကြီးများအသင်းက သိပ်မကြာခင်မှာ ကျုပ်တို့ အသေးစား လုပ်ငန်းစုအထောက်အပံ့အစီစဉ်ကို ကြေညာမှာပါ၊ မှော်စက်တွေ လေ့လာပြီးတည်ဆောက်တဲ့နေရာမှာ စိတ်ပါဝင်စားတဲ့ လုပ်ငန်းစုလေးတွေကို မှော်စက်မှုနယ်ပယ်ထဲဝင်ဖို့ ထောက်ပံ့မှာပေါ့။ ဒီအစီစဉ်မှာပါဝင်တဲ့ လုပ်ငန်းစုလေးတွေအနေနဲ့ Frestech ကုန်သည်ကြီးများအသင်းဆီကနေ ကိရိယာတန်ဆာပလာ၊ ရံပုံငွေနဲ့ လုပ်သားတွေကိုရရှိပြီး ဒီလုပ်ငန်းမှာ အသေးစားလုပ်ငန်းစုတွေ မြန်မြန်တိုးတက်ဖို့အကူညီရလိမ့်မယ်။"
ရှုယီက ထိုသို့ပြောပြီးနောက် ထုတ်ကုန်ပြပွဲမြင်ကွင်းမှာ ရုတ်ရုတ်သဲသဲဖြစ်သွားသည်။
Frestech ကုန်သည်ကြီးများအသင်းက ဘာတွေလုပ်နေတာလဲ?
အခြားလုပ်ငန်းစုများမှာ ပြိုင်ဘက်များစွာရှိမည်ကို စိုးရိမ်ကြပြီး ၎င်းတို့နယ်ပယ်ရှိ စီးပွားရေးအလုံးစုံကိုလက်ဝါးကြီးအုပ်ထားချင်ကြသော်လည်း Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့၏ပြိုင်ဘက်ကို တကယ်ကြီး ကိုယ်တိုင်ပျိုးထောင်ပေးတော့မည်။
ရှုယီက ရူးနေတာလား?
"ဥက္ကဌရှု ဘာလို့ ခင်ဗျားတို့လုပ်ငန်းစုက ဒီအသေးစားလုပ်ငန်းစုအထောက်အပံ့အစီစဉ်ကို ချပြရတာလဲ? ဒါက မတိုင်ခင်က ချပြခဲ့တဲ့ လယ်သမားအထောက်အပံ့အစီစဉ်နဲ့များ ဆိုင်နေလား?" «ခမာတိုင်းမ်စ်»၏ ဒုအယ်ဒီတာချုပ် ရိုင်းန်က လက်ထောင်ကာ မေးလာသည်။
ရှုယီလည်း အသာပြုံးကာ နောက်တစ်လှမ်းဆုတ်လိုက်၏၊ "ဒီမေးခွန်းကို၊ ဒီအစီစဉ်ရဲ့ပထမဆုံးလုပ်ငန်းစုဖြစ်တဲ့ အိုင်ရီလန်ကုန်သည်ကြီးများအသင်းရဲ့ လက်ရှိဥက္ကဌဖြစ်သူ ဥက္ကဌဖရီးမန်းဖြေဖို့ ချန်ထားတာက ကျုပ်အတွက်ပိုကောင်းပါတယ်။"
"အိုင်ရီလန် ကုန်သည်ကြီးများအသင်း?" ဘန်တာမြို့၏ သတင်းထောက်ပေါင်းများစွာက စဉ်းစားကြည့်လိုက်ရာ ယခင်က ဘန်တာမြို့၌ ထိုလုပ်ငန်းစုကို မကြားခဲ့ဖူးသည်ကို အတည်ပြုလိုက်ကြသည်။ ၎င်းတို့မှာ ရှုယီနောက်မှ လှမ်းထွက်လာသည့် ဖရီးမန်းကို မနေနိုင်ဘဲ စူးစမ်းကြည့်လာကြသည်။
ဖရီးမန်း၏မျက်နှာကိုမြင်ပြီးနောက် လူတိုင်းက မနေနိုင်ဘဲ အော်လာကြ၏။
ရိုင်းန်လည်း မျက်ခုံးများပင်တွန့်ချိုးသွားလေသည်။
ရှုယီက ထိုသို့သောအခြေနေ၌ ဟာသလုပ်မည်ဟု မယုံကြည်ပါသော်လည်း သူ့အနေနှင့် ဖရီးမန်းကိုမည်သို့ကြည့်ကြည့် သာမန်လယ်သမားနှင့်တူညီနေရာ လုပ်ငန်းစုတစ်ခု၏ ဥက္ကဌနှင့် မည်သို့တူညီနေမည်နည်း?
"ဖရီးမန်း... ဒီကဆရာ ကျုပ်မေးပါရစေ၊ ခင်ဗျားတို့ အိုင်ရီလန် ကုန်သည်ကြီးများအသင်းက ဘာလုပ်ငန်းစုမျိုးလဲဗျ?" ရိုင်းန်က မေးသည်။
ဤသည်မှာ ဖရီးမန်း၏ စင်မြင့်ပေါ်၌ ပထမဆုံးရပ်ဖူးခြင်းဖြစ်ပြီး လူများစွာထံမှ စောင့်ကြည့်ခံနေရရာ အင်မတန်စိတ်လှုပ်ရှားနေပြီးသားပင်။ ယခု၌ ရိုင်းန်၏မေးခွန်းကိုကြားလိုက်ရာ မထိန်းနိုင်ဘဲ ချွေးအေးများပင် ထွက်လာရသည်။
သူက ခေါင်းကုတ်လျက် ရှုယီဘက်လှည့်ကြည့်လိုက်သော်လည်း ရှုယီကသူ့အား အားပေးပြုံးသာပြုံးပြလာရင်း စိတ်ငြိမ်အောင်လုပ်ပေးသည်ကို မြင်လိုက်ရသည်။ သူလည်း ရိုင်းန်ဘက်ပြန်လှည့်၍ တုံ့တုံ့ဆိုင်းဆိုင်းပြောလေသည်၊ "ကျုပ်တို့... ကျုပ်တို့... အိုင်ရီလန်ကုန်သည်ကြီးများအသင်းက ကျုပ်နဲ့ အိုင်ရီလန် ရွာသားတချို့ အတူဖွဲ့စည်းထားကြတာပါ။ အခုတော့ အဓိကအနေနဲ့... ဝက်အူရစ်တွေကို ထုတ်လုပ်နေပါတယ်။"
"ဝက်အူရစ်တွေ?" လူတိုင်းမှာ ငြိမ်သက်သွားကြသည်။
ရိုင်းန်လည်း အနည်းငယ်တုံ့ဆိုင်းပြီးမှ မေးလိုက်ပြန်သည်၊ "ကျုပ်မေးပါရစေ၊ ခင်ဗျားတို့လုပ်ငန်းစု သုံးထားတဲ့ အိုင်ရီလန်ဆိုတဲ့ နာမည်က ခင်ဗျားနဲ့ ခင်ဗျားရဲ့တွဲဖက်တွေက အိုင်ရီလန် ရွာသားတွေဖြစ်တာကြောင့်လား?"
"ဟုတ်ပါတယ်... ဟုတ်ပါတယ်။ တကယ်တော့ ကျုပ် အရင်နှစ်က အစားဘုရင်ကြီးပြိုင်ပွဲမှာ ဝင်ပြိုင်ရင်း ချန်ပီယံရပြီးတဲ့နောက်မှာ ဥက္ကဌရှုနဲ့တွေ့ခဲ့တာပါ..."
ဖရီးမန်းက လူတိုင်းကို ယခင်နှစ်က သူ၏အဖြစ်အကြောင်းပြောပြနေ၏။
မူလတွင် သူ၏စကားလုံးများက ကြမ်းတမ်းကာ မရှင်းလင်းသော်လည်း အနည်းငယ်ကြာသည့်နောက်တွင် သူ၏ရင်ထဲက စိတ်လှုပ်ရှားမှုမှ တဖြည်းဖြည်းပျောက်ကွယ်သွားရာ ပိုလို့ ချောမွေ့လာပေသည်။
သူ၏အတွေ့ကြုံများကိုကြားပြီးနောက်တွင် လူတိုင်းက အိုင်ရီလန်ကုန်သည်ကြီးများအသင်း၏ မူလကို နားလည်လိုက်ကြ၏။ ၎င်းတို့မှာ စိတ်ထဲ၌ မနေနိုင်ဘဲသက်ပြင်းချမိကြသည်၊ ထိုဖရီးမန်း၏ကံက တကယ်ကို ကောင်းလှသည်ပင်။
သူဟာ တိုက်ဆိုင်မှုကြောင့် အစားဘုရင်ကြီးပြိုင်ပွဲ၌ ဝင်ပြိုင်ခဲ့ပါသော်လည်း ၎င်းကြောင့်ပဲ ရှုယီ၏အသိမှတ်ပြုခံလိုက်ရသည်။ ၎င်းက သူ့အား လယ်သမားအထောက်အပံ့အစီစဉ်၌ ပါဝင်လာစေပြီး အသေးစားမှော်ကောက်ရိတ်စက်ကို ရစေခဲ့၏။
ထို့နောက် အိုင်ရီလန်ကျေးရွာမှ ထိုလယ်သမားက ၎င်းမှော်ကောက်ရိတ်စက်ကိုသုံးရင်း ငွေပမာဏများများ ဝင်ခဲ့သည်။ နောက်တွင် သူက Frestech ကုန်သည်ကြီးများအသင်း၌ သူ၏တွဲဖက်များနှင့်အတူ မှော်စက်ထုတ်လုပ်ရေး၌ ပါဝင်လိုကြောင်း ရဲဝံ့စွာ အဆိုပြုခဲ့လေ၏။
အားလုံးကိုအံ့ဩစေသည်မှာ ရှုယီက တကယ်ကို ၎င်းတို့၏ အဆိုပြုချက်ကို လက်ခံကာ ၎င်းတို့အတွက် အသင့်လျော်ဆုံး ဝက်အူရစ်များထုတ်လုပ်ခြင်းလုပ်ငန်းကိုပင် ကိုယ်တိုင်ကိုယ်ကျ ကူညီရွေးချယ်ပေးခဲ့ခြင်းဖြစ်သည်။
ထို့နောက်တွင် ၎င်း အိုင်ရီလန်ကုန်သည်ကြီးများအသင်းအသင်းက ဝက်အူရစ်လေးထုတ်လုပ်ခြင်းကို မူတည်၍ အင်အားအနည်းငယ်ရှိသည့် လုပ်ငန်းစုလေးဖြစ်လာခဲ့သည်။
ဖရီးမန်း ၎င်းတို့ကိုပြောနေချိန်တွင် ရှုယီက သူ့အားကြားဖြတ်ပြောလာ၏၊ "အားလုံးပဲ၊ ခင်ဗျားတို့အနေနဲ့ ဝက်အူရစ်လေးတစ်ခုကို အထင်မသေးသင့်ပါဘူး။ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက ဝက်အူရစ်တွေထပ်မလုပ်တော့ကြောင်း အားလုံးကို ပြောနိုင်ပါတယ်။ မှော်စက်အားလုံးအတွက် ဝက်အူရစ်အားလုံးကို အခုဆို အိုင်ရီလန်ကုန်သည်ကြီးများအသင်းက ထောက်ပံ့ပေးနေတာပါ။ ဒါနဲ့တင် ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက တစ်လကို ရွှေဒင်္ဂါးငါးထောင်ကျော် ပေးရပါတယ်!"
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၄၃။ ရမ်၏ နောက်ကွယ်က ပုဂ္ဂိုလ်
စင်မြင့် အောက်ဘက်ရှိ လူတိုင်းငြိမ်ကျသွားသည်။
ဤနေရာရှိလူအများစုထံ၌ လုပ်ငန်းအတွေ့ကြု့တချို့ရှိကာ ထိုရွှေဒင်္ဂါးငါးထောင်က ပမာဏများသည်ဟု မထင်ကြချေ။
သို့သော်လည်း ထိုအရေအတွက်က Frestech ကုန်သည်ကြီးများအသင်းကဲ့သို့သော လုပ်ငန်းစုကြီးတစ်ခုအတွက် ကြီးမားရုံသာမကချေ။ လယ်သမားများစွာဖြင့်ဖွဲ့စည်းထားသည့် အိုင်ရီလန် ကုန်သည်ကြီးများအသင်းအတွက် ထိုပမာဏမှာ ယခင်က စိတ်ပင်မကူးဝံ့ခဲ့သည့် အရေအတွက်ဖြစ်၏။
"ဥက္ကဌဖရီးမန်း, ကျုပ်တစ်ခုမေးရရင်တော့ ခင်ဗျားတို့ လုပ်ငန်းစုအနေနဲ့ တစ်လ ရွှေဒင်္ဂါးငါးထောင်ကနေ ဘယ်လောက်များ ပြန်ရသလဲ?" စင်အောက်ရှိ သတင်းထောက်တစ်ဦးက မေးလာသည်။
"ဘယ်လောက်လဲ?" ဖရီးမန်းက ခေါင်းကုတ်ကာ ရိုးရှင်းစွာရယ်လိုက်ပြီး၊ "ကျုပ်ဒါကို သိပ်တော့မသေချာပေမယ့် အရင်လက ခိုဗက်ခ်ပြောတာကြားတာတော့ ဥက္ကဌရှုဆီကနေ... ကျုပ်တို့ ရွှေဒင်္ဂါးငါးရာ ပတ်လည်လောက်ရတယ်တဲ့"
"ရွှေဒင်္ဂါးငါးရာပဲ..." စင်အောက်ရှိလူတိုင်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
ထို ရုတ်တရက်ပေါ်လာသည့် အိုင်ရီလန်ကုန်သည်ကြီးများအသင်းသာ အမြတ်ငွေမြင့်မြင့်အနေဖြင့် တစ်လကို ရွှေဒင်္ဂါးထောင်ချီရပါလျှင် အင်မတန် ထိတ်လန့်ဖွယ်ဖြစ်လိမ့်မည်။
သို့သော် ၎င်းက ရွှေဒင်္ဂါးငါးရာလေးသာဖြစ်ရာ ၎င်းတို့အနေနှင့် လက်မခံနိုင်ဖွယ်မရှိပေ။
"ဒါဆို ဥက္ကဌဖရီးမန်း, လက်ရှိ ခင်ဗျားတို့လုပ်ငန်းစုမှာ လူဘယ်နှယောက်ရှိလဲဗျ?" ထိုသတင်းထောက်ကပဲ မေးခွန်းတစ်ခုထပ်မေး၏။
"ကျုပ်အပါအဝင်... အားလုံးပေါင်း ခြောက်ယောက်ပါ။" ဖရီးမန်းက ပြောသည်။
"ခြောက်ယောက်?" အားလုံးက ၎င်းကိုစဉ်းစားလိုက်ကြပြီး အံ့ဩသွားသည်။
ဖရီးမန်း၏အပြောကိုသုံးသပ်ကြည့်ရလျှင် Frestech ကုန်သည်ကြီးများအသင်းက တစ်လ ရွှေဒင်္ဂါးငါးရာဝင်ပြီး လုပ်ငန်းစု၌ လူခြောက်ယောက်သာရှိ၏၊ ထို့ကြောင့် ၎င်းတို့အားပျမ်းမျှတွက်ကြည့်သော် တစ်ယောက်လျှင် ရွှေဒင်္ဂါးတစ်ရာနီးနီးရပေသည်!
လုပ်ငန်းစုတစ်ခု၏ ရှုထောင့်မှ ထိုဝင်ငွေက အင်မတန်နည်းပါးကာ များပြားလှသည်ဟု မယူဆနိုင်သော်လည်း တစ်ဦးချင်းစီရှုထောင့်မှဆိုလျှင် ထိုဝင်ငွေအား ဘန်တာမြို့၌ ဝင်ငွေမြင့်သည်ဟု ယူဆနိုင်သည်။
ထို့အပြင် ဖရီးမန်း၏အဖြေများအရ ၎င်းတို့မှာ အိုင်ရီလန်ကျေးရွာမှ သာမန်လယ်သမားများသာဖြစ်သည်။ ၎င်းတို့ အနေနှင့် ယခင်က တစ်နှစ်ပတ်လည်လုံး လယ်စိုက်ခြင်းကိုသာ အာရုံစိုက်ခဲ့ပြီးမှ ၎င်းတို့ဝင်ငွေက ရွှေဒင်္ဂါးတစ်ရာထက်နည်းကာရသည်၊ သို့သော် ယခုဆို တစ်လလျှင် ထိုမျှများစွာ ရနိုင်နေပြီ။ ထိုသည်က ဝင်ငွေတဟုန်ထိုးတက်လာခြင်းပါပင်။
၎င်းကို တွေးတောရင်း စင်အောက်ရှိလူများစွာက မနေနိုင်ဘဲ ဖရီးမန်းကို မနာလိုမှု သို့မဟုတ် အလိုမရှိမှုတို့ပါရှိသော အကြည့်များဖြင့်ကြည့်လာကြသည်။
ထိုလူများက သာမန်လယ်သမားများသာဖြစ်ကြသော်လည်း ဝက်အူရစ်များထုတ်လုပ်နေရုံနှင့် တစ်လကို ရွှေဒင်္ဂါးတစ်ရာနီးနီးဝင်နိုင်သည်။ အဘယ့်ကြောင့် ၎င်းတို့လည်း ထပ်တူ မလုပ်နိုင်မည်နည်း?
အားလုံးထံ၌ ရှိနေသည့် အကြည့်များကိုမြင်သော် ရှုယီမှာ မနေနိုင်ဘဲ အသာပြုံးမိရသည်။
တကယ်တမ်း ဖရီးမန်းက အမှန်ကိုပြောနေပါသော်လည်း အခြေနေတိတိကျကျကိုတော့ မဖော်ပြခဲ့ချေ။
တကယ်တမ်းတွင် အိုင်ရီလန်ကုန်သည်ကြီးများအသင်းက Frestech ကုန်သည်ကြီးများအသင်းအတွက်သာ ဝက်အူရစ်များ ထုတ်ပေးနေခြင်းမဟုတ်ပေ။
လွန်ခဲ့သည့်နှစ်လအတွင်း ဘန်တာမြို့တော်ရှိ လုပ်ငန်းစုကြီးများက မှော်ပန်ကာများထုတ်လုပ်ရန် အလျင်လိုနေကြရာ ဝက်အူရစ်'ဝယ်လိုအားကလည်း များပြားလှသည်။
မတိုင်ခင်က ရှုယီထံ ဖရီးမန်းပြောကြားချက်အရ ယခင်လနှင့်တင် အထူးပြုမှုမတူညီသည့် ဝက်အူရစ်နှစ်သန်းကျော်ကိုပြုလုပ်ခဲ့ကြသည်။
ဝက်အူရစ်တစ်ခုစီမှာ ကြေးပြားလေးများသာ ဝင်ပါလျှင်တောင် ထိုမှာယူမှုပမာဏများများကြောင့် အိုင်ရီလန်ကုန်သည်ကြီးများအသင်းမှာ ယခင်လက ရွှေဒင်္ဂါးတစ်ထောင်ကျော်ဝင်ခဲ့သည်!
၎င်းက ဖရီးမန်းတို့အဖွဲ့ကို ခြောက်ဖွဲ့အညီအမျှခွဲလိုက်လျှင် တစ်ဦးစီကို ရွှေဒင်္ဂါးနှစ်ရာနီးနီးရလောက်၏!
သို့သော် ၎င်း၏ တစ်ဝက်လောက်လျှော့ပြီးထုတ်ပြသည်ကပင် စင်အောက်ရှိ လူတိုင်း၏ စိတ်နှလုံးကို ကိုင်လှုပ်ရန် လုံလောက်ပါပေသည်။
ကြည့်ရသည်မှာ ဤတစ်ခေါက် ဖရီးမန်းပေါ်ထွက်လာခြင်း၏ အကျိုးရလာဒ်က ထင်ထားသည်ထက် ပိုကောင်းပါ၏။
ထိုသည်မှာ Frestech ကုန်သည်ကြီးများအသင်း၏ အသေးစားလုပ်ငန်းစုအထောက်အပံ့အစီစဉ်ကို ချပြရန် အင်မတန်အထောက်အကူပြုသည်။
"ဥက္ကဌရှု၊ ခင်ဗျားအနေနဲ့ ကျုပ်တို့ကို အသေးစားလုပ်ငန်းစု အထောက်အပံ့အစီစဉ်ကို ဘယ်လိုထုတ်ပြန်မယ်ဆိုတဲ့ အသေးစိတ်အချက်လက်အတိအကျလေးတွေပြောပြလို့ရမလား?"
မျှော်လင့်ထားသလိုပင် သတင်းထောက် တချို့က ဖရီးမန်းကိုကျော်၍ ရှုယီကို စတင် မေးမြန်းလာကြပြီဖြစ်သည်။
ရှုယီလည်း ပြုံးလျက် ဖရီးမန်းကိုပေးအပ်ခဲ့သည့် စင်မြင့်အား ပြန်လည်ရယူလိုက်သည်။ သူဟာ စိတ်လှုပ်ရှားနေသည့် လူအုပ်ကြီးကိုကြည့်လိုက်ပြီး ရှင်းလင်းစွာ ပြောလိုက်၏၊ "တိကျတဲ့အသေးစိတ်တွေကတော့ ဒီလိုပါ။ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက ဦးဆုံး ပါဝင်ဖို့ လျှောက်ထားလာတဲ့ အသေးစားလုပ်ငန်းစုတွေကို ပြန်စစ်ဆေးပါမယ်..."
တစ်နာရီကြာပြီးနောက် ထုတ်ကုန်ကြေညာပွဲမှာပြီးဆုံးသွားတော့သည်။
၎င်းတို့ ကြေညာပွဲနေရာမှ ထွက်သွားချိန်တွင် ဘန်တာမြို့၏ တက်ကြွနေသော မြို့သားများသာမက သတင်းလာယူသည့် သတင်းထောက်များသည်လည်း စိတ်လှုပ်ရှားဟန်များရှိနေကြ၏။
Frestech ကုန်သည်ကြီးများအသင်းမှာ မှော်စက်များကဲ့သို့ ထူးကဲ့သည့်ပစ္စည်းများထုတ်လုပ်ခဲ့သည့် လုပ်ငန်းစုဖြစ်ကာ ၎င်းတို့ထံ၌ ရှိသည့် အစီစဉ်များကပင် ထူးကဲနေသည်။
ယခင်က လယ်သမားထောက်ပံ့ရေးအစီစဉ်က လူတိုင်းကို အံ့ဩစေခဲ့သော်လည်း အချက်အလက်များက ထိုလယ်သမားထောက်ပံ့ရေးအစီစဉ်မှာ ဘန်တာမြို့ သာမန်လယ်သမားများအတွက် အကျိုးမြတ်ကောင်းကောင်းများယူဆောင်လာသည်ကို သက်သေပြခဲ့သည်။
ယခုတွင် ၎င်းတို့မှာ အသေးစားလုပ်ငန်းထောက်ပံ့ရေးအစီစဉ်ကိုလည်း စတင်လာခဲ့ရာ ဘန်တာမြို့ထံ ပြောင်းလဲမှုကြီးများယူဆောင်လာမည်မှာ မလွဲဧကန်ပင်။
ရှုယီပြောခဲ့သည့် အရာအားလုံးကထိုသို့ဖြစ်နေပါက နောက်ပိုင်း ဘန်တာမြို့မှာ ကမ္ဘာမြေတုန်လှုပ်ဖွယ်အပြောင်းအလဲများကိုပင် ယူဆောင်လာလိမ့်မည်။
Frestech ကုန်သည်ကြီးများအသင်းကြောင့် သို့မဟုတ် အတိအကျဆိုရပါက ရှုယီ ယူဆောင်လာခဲ့သည့် ဘန်တာမြို့၌ ဖြစ်ပွားခဲ့သော အသစ်အဆန်းများနှင့် အပြောင်းအလဲအားလုံးကို တွေးကြည့်ရသော် လူတိုင်းမှာ ၎င်းတို့စိတ်ထဲ၌ ရှုယီကို ချီးကျူးမဆုံးကြတော့ချေ။
သို့သော် ထိုထုတ်ကုန်ကြေညာပွဲပြီးသော် ရှုယီအနေနှင့် လူတိုင်း၏ ချီးကျူးမှုအလုံးစုံကို ခံယူနေရန် အချိန်မရှိတော့ပေ။
ထုတ်ကုန်ကြေငြာပွဲပြီးသည်နှင့် သူ့ထံ အသေးစားလုပ်ငန်းထောက်ပံ့ရေးအစီစဉ်အကြောင်းမေးဖို့ အပြေးလာသည့် လူတစ်စုရှိ၏။ ထိုအသေးစားလုပ်ငန်းစုထောက်ပံ့ရေးအစီစဉ်၌ ပါဝင်ကာ Frestech ကုန်သည်ကြီးများအသင်းက ၎င်းတို့အား ထောက်ပံ့စေဖို့ မျှော်လင့်နေကြသူများစွာလည်းရှိသည်။
လူများစွာရှိနေရာ ရှုယီလည်း ၎င်းတို့နှင့် သဘောတူညီမှုရရန် ခက်ခဲကြောင်းသိလိုက်ရ၏။
"ကြည့်ရတာတော့ ငါ မြန်မြန်လေး ပြောရေးဆိုခွင့်ရှိသူတစ်ယောက် ရှာဖို့လိုနေပုံပဲ။" ကူရာမဲ့နေသောအတွေးက ရှုယီ၏စိတ်ထဲဖြတ်ပြေးသွားသည်။ သူဟာ ရုတ်တရက် လူတစ်ယောက်က ထုတ်ကုန်ကြေညာပွဲခန်းမထဲသို့ လျှောက်ဝင်လာသည်ကို မြင်ရာ လက်ထောင်၍ ကျယ်လောင်စွာပြောလိုက်သည်၊ "အားလုံးပဲ မစိုးရိမ်ပါနဲ့။ အသေးစားလုပ်ငန်းစုထောက်ပံ့ရေးအစီစဉ်ရဲ့ အသေးစိတ်ကို ကျုပ်တို့ နောက်ရက်အနည်းငယ်နေရင် «ဘန်တာသတင်းစာ»မှာ ဖော်ပြသွားပြီး ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ဝန်ဆောင်မှုဌာနမှာလည်း လူထုကြေညာပွဲတစ်ခုကျင်းပဦးမှာပါ။ ဒါ့အပြင် မြို့စားအရှင်ကလည်း သူ့ရဲ့ထောက်ပံ့မှုကိုပြထားတော့ ဈေးလမ်းဆုံမှာ အသေးစိတ်တချို့ကို ကြေညာပါလိမ့်မယ်။ ကျုပ်တို့ အားလုံးကို ဒါအတွက် စောင့်မျှော်နေကြဖို့ တောင်းဆိုပါတယ်။"
ရှုယီ၏အပြောကိုကြားသော် သူ၏ နံဘေးမှ လူများစိတ်အေးသွားကြသည်။
ရှုယီအား ဆက်မေးနေချင်သည့် သတင်းထောက်တချို့ရှိပါသော်လည်း သူက လူအုပ်ထဲတိုးကာ ဝင်လာကာစ လူနံဘေးရောက်သွားသည်ကို တွေ့လိုက်ကြသည်။
ထိုသတင်းထောက်များမှာ ထိုလူအား လက်ရှိ «ဘန်တာသတင်းစာ»၏ အယ်ဒီတာချုပ် နာခီအဖြစ်သိထားကြသဖြင့် ပြန်သာ ဆုတ်လိုက်ကြတော့၏။
ဘန်တာမြို့မှ သတင်းထောက်များဖြစ်စေ အနီးအနားမြို့များမှ သတင်းထောက်များဖြစ်စေ ရှုယီနှင့် «ဘန်တာသတင်းစာ»၏ တည်ထောင်သူ ဘာရွန်ဟားနက်စ်တို့ထံ၌ ရင်းနှီးသည့်ဆက်ဆံရေးရှိရာ Frestech ကုန်သည်ကြီးများအသင်းနှင့် «ဘန်တာသတင်းစာ»တို့က ရင်းနှီးကြောင်းသိကြသည်ပင်။
Frestech ကုန်သည်ကြီးများအသင်းရှိ သတင်းအများစုကို တခြားသတင်းစားများ သတင်းမရခင် «ဘန်တာသတင်းစာ»၌ တင်ပြလေ့ရှိသည်။
ယခု ရှုယီက နာခီနှင့်တွေ့ဆုံနေရာ ၎င်းတို့အနေနှင့် «ဘန်တာသတင်းစာ»၌ အထူးသတင်းတချို့ဖော်ပြရန် ပြင်ဆင်ထားကြောင်းသိလိုက်ရသည်။
သတင်းထောက်များ၏ အားကျသောအကြည့်များအောက်တွင် နာခီက ရှုယီထံရောက်လာသော်လည်း မျက်နှာကတော့ လုံးဝ ဝမ်းသာမနေဘဲ အတော်လေးနက်နေ၏။ သူက ရှုယီထံ တိုးသွားလိုက်ပြီး အသံနိမ့်နိမ့်ဖြင့်ဆိုလာသည်၊ "အစ်ကိုကြီးရှု၊ ကျွန်တော်တို့ အဲ့လူကိုတွေ့ပါပြီ။"
ရှုယီ၏မျက်နှာက အနည်းငယ်လေးနက်သွားပြီးမှ ပြန်ပြုံးလာသည်။ သူက နာခီ၏ပခုံးကိုပုတ်လျက် ပွဲခန်းမထဲရှိ အခန်းတစ်ခုကို ညွှန်ပြလိုက်သည်၊ "လာ၊ အထဲသွားပြောကြတာပေါ့။"
နှစ်ဦးသားဝင်သွားပြီးချိန်၌ ရှုယီက အနည်းငယ်တိတ်ဆိတ်နေပြီးမှ နာခီကို မေးလိုက်သည်၊ "သူ့ကို ဘယ်မှာရှာတွေ့ခဲ့တာလဲ? ရမ်က သူ့ကို ထပ်သွားတွေ့ခဲ့သေးလား?"
"အမ်း၊ ကျွန်တော့်ညီအစ်ကိုတွေရဲ့ တင်ပြချက်တွေအရတော့ မနေ့ကမနက်ကပဲ ရမ် အဲ့လူကိုသွားတွေ့ခဲ့တယ်။ သူတို့နှစ်ယောက် အခန်းထဲ နာရီဝက်လောက်နေပြီးမှ ရမ်က ထွက်သွားတာ။" နာခီက ခေါင်းငြိမ့်ကာပြောသည်။
ရှုယီက နှာမှုတ်ကာ မျက်နှာထက် ဒေါသတချို့ဖြတ်ပြေးသွားကာ မေးလာသည်၊ "အဲ့လူက အခု ဘယ်မှာလဲ?"
"ရမ်နဲ့တွေ့ပြီး ဘန်တာမြို့ကနေထွက်သွားတယ်။ ကျွန်တော့် ညီအစ်ကိုတွေကို သူ့နောက်လိုက်ခိုင်းထားတော့ အစီအရင်ခံထားတာတွေအရ အဲ့လူက ဆော်လ်တန်မြို့ဘက် ဦးတည်သွားလောက်တယ်။"
"ဆော်လ်တန်မြို့?" ရှုယီက အသာမျက်မှောင်ကုပ်ကာ၊ "အဲ့လူက လက်မလျှော့ချင်တဲ့ လူတော့ မဖြစ်နိုင်ဘူးမို့လား?"
အနည်းငယ်စဉ်းစားပြီးနောက် ရှုယီက ခေါင်းခါ၏။ သူ၏မျက်နှာက တစ်ဖန်တည်ငြိမ်သွားရင်း နာခီကို ပြုံးကာပြောလေသည်၊ "ဟုတ်ပြီ နာခီ, မင်းနဲ့ မင်းညီအစ်ကိုတွေ ပင်ပန်းသွားရပြီ။ မင်းလို «ဘန်တာသတင်းစာ»ရဲ့ အယ်ဒီတာချုပ်က ငါ့အတွက် ဒီလိုလုပ်ပေးနေတာ တကယ်တမ်း မင်းရဲ့အရည်ချင်းတွေကို ဖြုန်းတီးနေတာပဲ။"
"အစ်ကိုကြီးရှု ဘာတွေပြောနေတာလဲ?" နာခီက အံ့ဩစွာပြောလေသည်၊ "အစ်ကိုကြီးရှုရဲ့ အကူညီကြောင့်သာမဟုတ်ရင် «ဘန်တာသတင်းစာ»ဆိုတာ ရှိနေမှာတောင်မဟုတ်ဘူး။ ကျွန်တော်တို့ ညီအစ်ကိုတွေလည်း တစ်နေ့လုံး အိမ်ထဲမှာပဲ ပျင်းရိနေရပြီး ဒီလို စိတ်ဝင်စားစရာတွေကို ဘယ်လိုလုပ်နိုင်တော့မှာလဲ? ကျွန်တော်တို့က ဒါအတွက် အစ်ကိုကြီးကို ကျေးဇူးတင်နေရတာပါ၊ အစ်ကိုကြီးကို ကူညီတာက ကျွန်တော်တို့လုပ်သင့်တဲ့အရာပဲလေ။"
ထိုသို့ပြောပြီးနောက် နာခီက ဘေးဘီသို့ ဆန်းကြယ်စွာကြည့်ရင်း အသံနိမ့်နိမ့်ဖြင့်ဆိုလာသည်၊ "အစ်ကိုကြီးရှု တကယ်တော့ ဒီပြဿနာတွေအားလုံးအတွက် မလိုဘူးလို့ ကျွန်တော်ခံစားရတယ်။ ဒါက အဲ့ကောင်ဆိုတာကို သေချာနေမှတော့ ကျွန်တော်တို့ သူ့ကိုဒီတိုင်းဖမ်းပြီး တစ်ယောက်ယောက်နဲ့ သင်ခန်းစာပေးခိုင်းလိုက်ရင်ရော? သူ ကျွန်တော်တို့ကို အရာအားလုံး မပြောပြဘူးလို့ မယုံဘူး။"
"ငါပြောမယ်၊ မင်းက «ဘန်တာသတင်းစာ»ရဲ့ အယ်ဒီတာချုပ်လေ၊ မင်းကို ဘန်တာမြို့မှာ အရေးပါတဲ့လူလို့ သတ်မှတ်လို့ရနေတုန်းပဲ။ ပြဿနာတွေ အကြမ်းဖက်ဖြေရှင်းရတာကို ဘာလို့ ဒီလောက်သဘောကျနေရတာလဲ?" ရှုယီက အပြုံးဖြင့်စနောက်လိုက်သည်။ သူက ခေါင်းခါကာ ပြော၏၊ "မင်းပြောတဲ့နည်းလမ်းက အတော်လေးရိုးရှင်းပြီး အကျိုးရှိပေမယ့်လည်း အဓိကပြဿနာက အခုတလောမှ သူနဲ့အတူမရှိနေဘဲ သူ့နောက်ကွယ်က လူဆီမှာပဲရှိတာလေ။"
နာခီက ၎င်းကိုစဉ်းစားကြည့်ပြီး ခေါင်းငြိမ့်၏၊ "ဟုတ်သားပဲ၊ ကျွန်တော်တို့သာ သူ့နောက်ကွယ်ကလူတွေကို မဖမ်းနိုင်ရင် အနာဂတ်မှာ တူညီတဲ့ပြဿနာတွေရှိလာလိမ့်မယ်။"
ရှုယီက သက်ပြင်းချ၏။ ထိုပြဿနာမှ ထိုမျှသေးသေးလေးမဟုတ်ပါဘဲ ဤတစ်ခေါက်ဖြေရှင်းလိုက်ပါလျှင်တောင် Frestech ကုန်သည်ကြီးများအသင်းက ရှေ့လျှောက် ပြဿနာပေါင်းစုံ တွေ့ရလိမ့်မည်။
မှန်ပါ၏၊ ၎င်းမှာ Frestech ကုန်သည်ကြီးများအသင်း၏ တိုးတက်မှုလမ်းကြောင်းအပေါ်၌ ကြုံတွေ့ရမည့်အရာဖြစ်ရာ ၎င်းတို့ရှောင်လွှဲချင်ရင်တောင် မဖြစ်နိုင်ပေ။
ထို့အပြင် ၎င်းက ယခု၌ ပြဿနာအသေးလေးသာဖြစ်သော်လည်း Frestech ကုန်သည်ကြီးများအသင်း ကြီးမားလာသည်နှင့် ပြဿနာကလည်း ပို၍ပို၍ကြီးမားလာလိမ့်မည်။
ရှုယီမှာ ထူးဆန်းစွာဖြင့် Stromy Petrel၏ သီချင်းမှ စာသားကို စဉ်းစားမိသွားသည်။
လာစမ်း! မုန်တိုင်းကို ပိုပြင်းပြင်းတိုက်ခွင့်ပြုလိုက်!
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၄၄။ အသေးစားလုပ်ငန်းစု၏ အလားအလာ
မုန်တိုင်းမှာ တကယ်ကို Frestech ကုန်သည်ကြီးများအသင်းထံ ရောက်လာခဲ့၏။
သို့သော် ၎င်းမုန်တိုင်းက ပြဿနာမယူလာဘဲ တစ်ညတည်းနှင့် ချမ်းသာလာချင်သည့် ဘန်တာမြို့၏ မှီခိုသူများပင်။
ထုတ်ကုန်ကြေငြာပွဲပြီးနောက် Frestech ကုန်သည်ကြီးများအသင်း၏ အသေးစားလုပ်ငန်းစုထောက်ပံ့ရေးအစီစဉ်အား မြို့ပေါင်းများစွာ၏ သတင်းစာများ၌ ဖော်ပြခဲ့သည်။ မြို့စားအိမ်တော်က ဈေးလမ်းဆုံ၌ ကြေညာခဲ့သည့်အချက်ကိုပါထည့်ပေါင်းလိုက်လျှင် ရက်အနည်းငယ်အတွင်း၌ ဘန်တာမြို့တစ်ဝှမ်းလုံး ထိုအကြောင်းကို သိနေကြပြီဖြစ်သည်။
အိုင်ရီလန် ကျေးရွာ၏လယ်သမားများက ထိုအစီစဉ်၌ ပါဝင်ခြင်းဖြင့် တစ်လကို ရွှေဒင်္ဂါးတစ်ရာ ဝင်ခဲ့သည်ကို သိခဲ့ကြပြီးနောက် ဘန်တာမြို့သားများမှာ တမုဟုတ်ချင်း အရိုင်းဆန်လာတော့သည်။
တစ်ညအတွင်း ထူးဆန်းသည့်နာမည်ရှိ လုပ်ငန်းစုပေါင်းများစွာမှာ ဘန်တာမြို့၌ ပေါ်ထွက်လာသည်။ ထို့နောက် ၎င်းအသေးစားလုပ်ငန်းစုအားလုံးမှာ Frestech ကုန်သည်ကြီးများအသင်း၏ အသေးစားလုပ်ငန်းစုထောက်ပံ့ရေးအစီစဉ်၌ ပါဝင်ရန် ကြိုးစားဖို့ရာ ရုတ်တရက်ထွက်ပေါ်လာခြင်းပင်။
သုံးရက်တာလေးအတွင်း လျှောက်ထားလာသော လုပ်ငန်းစုပေါင်း တစ်ထောင်ကျော်၏။
၎င်းတို့အနက်အများစုမှာ လွန်ခဲ့သည့် ရက်အနည်းငယ်ကမှ ဖွဲ့စည်းလိုက်သော လုပ်ငန်းစုအသစ်များဖြစ်သော်လည်း ဘန်တာမြို့၌ အချိန်ကြာတည်ရှိနေခဲ့သည့် လုပ်ငန်းစုများထံမှ လာသူတစ်ချို့လည်းရှိ၏။
ထိုလျှောက်လွှာပမာဏများစွာကြောင့် ကောင့်ထ်စီယန်မှ Frestech ကုန်သည်ကြီးများအသင်းထံ ပို့လိုက်သည့် မြို့စားအိမ်တော်၏ အမှုထမ်းများမှာ ခွေးများထက်ပင် အလုပ်ပိုကြီးစားနေရသေးသည်။ ၎င်းတို့မှာ နေ့တိုင်း မနက်မှညအထိအလုပ်,လုပ်ရပြီး တစ်နေ့ ငါးနာရီမျှသာ အိပ်ချိန်ရကြသည်။
Frestech ကုန်သည်ကြီးများအသင်းက ထိုအစီစဉ်အတွက် စံနှုန်းစာရင်းချထားခြင်းက ကိစ္စကောင်းပင်။ ၎င်းတို့အနေနှင့် စံနှုန်းဖြင့်မကိုက်သော မည်သည့်လုပ်ငန်းစုကိုမဆို ထုတ်ပယ်နိုင်သည်က အချိန်အတော်သက်သာစေသည်။
အသေးစားလုပ်ငန်းစုထောက်ပံ့ရေးအစီစဉ်ကို လျှောက်ထားမည့်လုပ်ငန်းစုများအတွက် အခြေခံအကျဆုံးစံနှုန်းမှာ အခြေခံရန်ပုံငွေသက်သေရှိခြင်းပင်။
၎င်း၏ အနိမ့်ဆုံးကန့်သတ်ချက်ကို ယာယီအားဖြင့် ရှုယီက ရွှေဒင်္ဂါးနှစ်ရာအဖြစ်သတ်မှတ်ထားသည်။
အခြားအခြေနေများပါ ထည့်ပေါင်းလိုက်လျှင် ထိုအသေးစားလုပ်ငန်းစုထောက်ပံ့ရေးအစီစဉ်အတွက် အတည်ပြုခြင်းကို ကျော်လွှားနိုင်သည့် လုပ်ငန်းစုများမှာ လုပ်ငန်းစုနှစ်ရာကျော်သာရှိသည်။
သို့သော် ထိုလုပ်ငန်းစုနှစ်ရာက ၎င်းတို့အနေနှင့် အသေးစားလုပ်ငန်းစုထောက်ပံ့ရေးအစီစဉ်၏ တစ်စိတ်တပိုင်းဖြစ်ကြောင်း သိသွားကြသော်လည်း မှော်ပန်ကာ၊ မှော်ထမင်းပေါင်းအိုးနှင့် မှော်ပေါင်မုန့်မီးကင်စက်များလို မှော်စက်များကို မပြုလုပ်နိုင်ကြရာ ထိုမှော်စက်များ၏ အစိတ်အပိုင်းများကိုသာ ပြုလုပ်ကြရမည်ဖြစ်သဖြင့် ထိုလုပ်ငန်းစုများ၏ တစ်ဝက်ကျော်လောက်က နုတ်ထွက်သွားကြ၏။
အဆုံးတွင် ၎င်းအစီစဉ်၌ နေရန် ဆုံးဖြတ်လိုက်သည့် လုပ်ငန်းစုမှာ ရှစ်ဆယ့်ခုနှစ်စုသာ ကျန်ခဲ့သည်။
"ရှုယီ မင်းအနေနဲ့ ဖရီးမန်းတို့အဖွဲ့ကို ဝက်အူရစ်လုပ်ခွင့်ပြုမယ်လို့ပြောတုန်းက ဝက်အူရစ်ဆိုတာ အဲ့လောက်အရေးမပါတော့ များများစားစားမခံစားခဲ့ရဘူး။ ဒါပေမယ့် အခု အစိတ်အပိုင်းတွေကို ဒီလုပ်ငန်းစုငယ်လေးတွေဆီမှာ လုပ်ခွင့်ပြုဖို့ ငါ့ကို ပြောလာတယ်... ဟေး မင်းက ငါတို့ရဲ့ အိမ်သုံးမှော်စက်အလုပ်ရုံကို ဖယ်ရှားဖို့များ စီစဉ်နေတာလား?"
လုပ်ငန်းစု၌ ရှုယီ၏ အရေးပါမှုကြီးထွားလာသည်နှင့်အမျှ ရှုယီအားထိုသို့ ပြောရဲသူမှာ Frestech ကုန်သည်ကြီးများအသင်း၌ ဟိန့်ဇ်သာရှိသည်။
ယခုက ဘန်တာမြို့သို့ ပြန်လာရန် ချမှတ်ထားသည့် ရက်မဟုတ်သေးသော်လည်း «ခမာတိုင်းမ်စ်»ရှိ အသေးစားလုပ်ငန်းစုထောက်ပံ့ရေးအစီစဉ်ကို မြင်သည်တွင် မနေနိုင်ဘဲ အလောတကြီးပြန်လာခဲ့လိုက်သည်။
၎င်းက ရှုယီကို မျက်နှာချင်းဆိုင်မေးရန်မှလွဲ အခြားအကြောင်းရင်းမရှိချေ။
"ကျုပ်က အိမ်သုံးမှော်စက်အလုပ်ရုံကို ဖျက်သိမ်းချင်တယ်လို့ ဘယ်သူပြောလို့လဲ?" ရှုယီက သူ့ကို တအံ့တဩကြည့်လာကာ၊ "ကျုပ်ပြောမယ် ဒါလေးအတွက်နဲ့ ခင်ဗျား ဒီနေ့အပြေးပြန်လာတာလား?"
ဟိန့်ဇ်မှာ ရှစ်ဆယ့်ခုနစ်စုသော လုပ်ငန်းစုငယ်များ၏ ကိုယ်စားလှယ်များကို အန်းခေါ့ထ်က အိမ်သုံးမှော်စက်အလုပ်ရုံ၌ လှည့်ပတ်ဦးဆောင်ကာပြနေသည်ကို ညွှန်ပြကာ ဒေါသတကြီးပြောလာသည်၊ "မဟုတ်ဘူးလား? ဒီအလုပ်ရုံက အဲဒီ့အစိတ်အပိုင်းတွေ ထုတ်လုပ်ပြီး တပ်ဆင်ဖို့ပဲ တာဝန်ရှိခဲ့တာဆိုပေမယ့် အခု မင်းက ဒီအစိတ်အပိုင်းထုတ်လုပ်တဲ့ အလုပ်ကို ငါဘယ်တုန်းကမှ မကြားခဲ့ဖူးတဲ့ အသေးစားလုပ်ငန်းစုတွေကို ပေးချင်နေတယ်လေ။ ဒီအလုပ်ရုံကို ဆက်ထားလို့ ဘာအသုံးဝင်တော့မှာလဲ? ငါတို့က အဲဒီ့အစိတ်အပိုင်းတွေကိုပဲ တစ်နေကုန်တပ်ဆင်ရုံနေရမှာလား?"
"ခဏနေဦး....ဟိန့်ဇ်၊ ခင်ဗျားရဲ့ နည်းလမ်းမှာ ပြဿနာတစ်ခုခုရှိနေတယ်လို့ ကျုပ်ထင်တယ်။" ရှုယီက မျက်မှောင်ကုပ်ကာပြောသည်၊ "ကျုပ်က ဒီလုပ်ငန်းစုလေးတွေဆီ အစိတ်အပိုင်းထုတ်လုပ်တဲ့အလုပ်တွေပေးလိုက်ရင်တောင် ဘာလို့ ဒီအလုပ်ရုံမှာ လုပ်စရာမရှိဘူးလို့ ဖြစ်သွားရတာလဲ?"
"အဓိပ္ပာယ်မရှိတာ! ဒါတွေကို ငါတို့ အိမ်သုံးမှော်စက်အလုပ်ရုံရဲ့ လုပ်သားတွေပဲလုပ်သင့်တယ်၊ ဒါကြောင့်မင်း တခြားလူတွေကိုပေးလိုက်ရင် ငါတို့အလုပ်သမားတွေမှာ လုပ်စရာမရှိတော့ဘူးလေ!" ဟိန့်ဇ်က ဒေါသတကြီးပြော၏။
"ဒါကိုဘယ်သူပြောတာလဲ... အို့ ကျုပ်နားလည်ပြီ" ရှုယီက သူ့ခေါင်းကိုပုတ်ပြီး ဟိန့်ဇ်၏ပခုံးများကို ဆုပ်ကိုင်ကာ ရယ်လျက်ဆိုလာသည်၊ "ခင်ဗျားကို ရှင်းရှင်းလင်းလင်းမပြောခဲ့တာ ကျုပ်ရဲ့အမှားပါ။ အမ်း... ဘယ်လိုပြောရမလဲဆိုတော့ အရင်ဆုံး ရှင်းရှင်းပဲ ပြောမယ်။ လုပ်ငန်းစုလေးရှစ်ဆယ့်ခုနစ်စုက အစိတ်အပိုင်းထုတ်လုပ်ရေးလုပ်ငန်းနဲ့ ချိတ်ဆက်လိုက်ရင်တောင် ကျုပ်တို့လုပ်ငန်းစုရဲ့ အလုပ်ကို မထိခိုက်စေရပါဘူး။ ကျုပ် ဒါကို သေချာတော့ ခင်ဗျားစိတ်ပူဖို့မလိုဘူး။"
ဟိန့်ဇ်က ဒေါသထွက်နေသော်လည်း ရှုယီက ထိုအခြေနေမျိုးတွင် ဟာသလုပ်မည်မဟုတ်မှန်းသိပါ၏၊ ထို့ကြောင့် မနေနိုင်ဘဲ ရှုပ်ထွေးစွာမေးလာသည်၊ "ဒီမှာ ဘာတွေဖြစ်နေတာလဲ? ရှင်းရှင်းပြော။"
"ဒီလိုပါ။ အရင်ဆုံး ကြည့်ပါဦး၊ ခင်ဗျားက ဒီအလုပ်ရုံရဲ့ ကြီးကြပ်သူဖြစ်ခဲ့တော့ ဒီအိမ်သုံးမှော်စက်အလုပ်ရုံရဲ့ အလုပ်လုပ်နိုင်စွမ်းက အတော်လေးမြင့်နေပြီဆိုတာကို အသေချာသိမှာပဲ။ ဒီမြင့်မားမှုကြောင့်ပဲ ကျုပ်တို့ရဲ့ အစိတ်ပိုင်းထုတ်လုပ်မှုနှုန်းက တပ်ဆင်နှုန်းကို ဘယ်တုန်းကမှမမှီနိုင်တာ မဟုတ်လား?" ရှုယီက မေးသည်။
ဟိန့်ဇ်လည်း စဉ်းစားပြီး ခေါင်းငြိမ့်လာကာ၊ "ဒီလိုပါပဲ၊ ဒါပေမယ့် ငါမသွားခင်က အလုပ်သမားအချိုးကို ညှိပေးခဲ့တယ်ဆိုတော့ ဒါက အလုပ်ညီနေသင့်တယ်။ ငါထွက်သွားပြီးနောက်မှ အဲ့ကလေးအန်းခေါ့ထ်က သူ့ဘာသာ ပြောင်းလိုက်လို့လား?"
"အဲ့လိုမဟုတ်ပါဘူး၊ အန်းခေါ့ထ်က အလုပ်လုပ်တာ ထက်မြတ်လွန်းတော့ ဒါကိုစိတ်ပူဖို့မလိုပါဘူး။ ဒါပေမယ့် ဒါကိုစဉ်းစားကြည့်ရင် ခင်ဗျားက လုပ်သားအချိုးကို ချိန်ညှိခဲ့ပြီး ထိရောက်မှုတစ်ခုလုံးကို တိုးတက်စေခဲ့ပေမယ့်လည်း ဒါက ညှိနှိုင်းမှုလေးတစ်ခုပဲ မဟုတ်လား?" ရှုယီက မေး၏။
"ဒါဆို မင်းဘယ်လိုထင်လဲ? မင်းအရင်ကပြောခဲ့တယ်၊ အစိတ်အပိုင်းထုတ်လုပ်နှုန်းက တပ်ဆင်နှုန်းနဲ့ မယှဉ်နိုင်မှတော့ အစိတ်ပိုင်းထုတ်လုပ်ဖို့ ကြီးကြပ်ရုံနဲ့ လူတစ်စုကို စုဆောင်းဖို့မလိုဘူးမို့လား? ငါတို့မှာ အခုလည်း နေရာကြီးကြီးမားမားရှိတာမဟုတ်ဘူး၊ အဲဒါမဟုတ်ရ...." ဟိန့်ဇ်မှာ ရုတ်တရက် ငြိမ်ကျသွားသည်။ သူက ၎င်းကိုတွေးတောကြည့်ကာ ရှုယီကို အထူးတဆန်းကြည့်လာ၏၊ "ဟေး မင်းက ဒီအသေးစားလုပ်ငန်းစုတွေကို ငါတို့ အလုပ်သမားတချို့ခန့်မယ့် နေရာသစ်ရှာဖို့ သုံးချင်တာလား?"
ရှုယီ ပြုံးလျက် ခေါင်းငြိမ့်လိုက်သည်၊ "အဟုတ်ပဲ၊ ခင်ဗျားနားလည်သွားပြီ။"
ဟိန့်ဇ်က အဝေးမှ အသေးစားလုပ်ငန်းစုကိုယ်စားလှယ်များကိုကြည့်ရင်း စိတ်မြန်မြန်ပြန်လည်လာသည်။ တခဏအကြာ၌ သူဟာ တစ်ဖန်မျက်မှောင်ကုပ်လိုက်ပြန်သည်။
"ဒါက မဟုတ်သေးဘူး။ သူတို့ကို အစိတ်အပိုင်းလုပ်ခိုင်းလိုက်တာက ငါတို့အတွက် လူအင်အားနဲ့ နေရာအတော်လေး သက်သာစေပေမယ့်လည်း သူတို့ကထုတ်လုပ်ပြီး ငါတို့က သူ့တို့ဆီကနေ ဝယ်ရမယ်ဆိုတော့ သူတို့က အမြတ်ရနေဦးမှာပဲ။ ဒီလိုဆို ငါတို့ရဲ့ အမြတ်ငွေတွေက လျော့မသွားဘူးလား?"
ရှုယီက ရယ်၏၊ "ဟိန့်ဇ်၊ ကျုပ်ခင်ဗျားကို မေးခွန်းတစ်ခုမေးပါရစေ။ အရင်က နံပါတ်သုံးဝက်အူရစ်တွေက ငွေဘယ်လောက်ကုန်ကျခဲ့သလဲ?'
ဟိန့်ဇ်လည်း ငြိမ်သက်သွားရင်းရှုယီကို ကြည့်လာသည်၊ "ငါက ဘယ်လိုသိမှာလဲ၊ ဆာဘက်စ်ကို မေးသင့်တာ။"
"ကျုပ်မေးပြီးပြီ ဒီတော့ ကျုပ်သိတယ်။ ကျုပ်ပြောပြမယ်၊ နံပါတ်သုံးဝက်အူရစ်ကို ကျုပ်တို့ဘာသာ ထုတ်လုပ်ရင် ဆာဘက်စ်တွက်ခဲ့တာက ကြေးဒင်္ဂါးပြားနှစ်ဆယ့်ငါးပြားကနေ သုံးဆယ်အထိရှိတယ်တဲ့။" ရှုယီကပြော၏။
"အဲဒါက မှားနေလို့လား? နံပါတ်သုံးဝက်အူရစ်က အဲ့လောက်သေးပြီး သံနည်းနည်းနဲ့ပဲလုပ်ထားတာဆိုတော့ ကြေးဒင်္ဂါးလေး နှယ်ဆယ့်ငါး သုံးဆယ်လောက်ကုန်ကျတာ ဘာဖြစ်လို့လဲ?" ဟိန့်ဇ်က ရှုပ်ထွေးစွာမေးသည်။
"သံက သတ္တုစရိတ်လေးပဲဆိုပေမယ့် လက်တွေ့ကုန်ကျစရိတ်ကို တွက်ကြည့်ရင် လူအင်အား ကုန်ကျစရိတ်၊ မှော်အရစ်ဖော်စက်သုံးတာအတွက် ကုန်ကျစရိတ်၊ ပြီးတော့ တခြားကုန်ကျစရိတ်တွေလည်း ရှိသေးတယ်။ ပြီးတော့ တွက်စရာက အများကြီးပဲလေ။" ရှုယီက ရှင်းပြသည်။
"အမ်း.....ဟုတ်သားပဲ။ အဲ့လောက်များနေရင်တောင် မင်းကိုငါမေးတာက ဒါနဲ့ဘာဆိုင်လို့လဲ?" ဟိန့်ဇ်က မေးလေသည်။
"ဆိုင်တာပေါ့။ အခု ကျုပ်တို့ နံပါတ်သုံးဝက်အူရစ်ကို ကိုယ်တိုင်လုပ်ရင် ကြေးဒင်္ဂါးနှစ်ဆယ့်ငါး၊သုံးဆယ်လောက်ကုန်ကျမှာကို ခင်ဗျားသိသွားပြီ။ ဒါပေမယ့် အိုင်ရီလန်ကုန်သည်ကြီးများအသင်းဆီကနေ နံပါတ်သုံး ဝက်အူရစ်ဝယ်ရင်ရော ဘယ်လောက် ကုန်ကျစရိတ်ရှိလဲ သိရဲ့လား?" ရှုယီက ပြန်မေး၏။
"ငါတကယ်ပဲဒါကို ဂရုမစိုက်ပါဘူး။ ဒါပေမယ့် သူတို့လည်း ငွေလိုနေတော့ နံပါတ်သုံးဝက်အူရစ်က... ကြေးဒင်္ဂါးသုံးဆယ့်ငါးပြားလောက် ရှိလောက်မယ်။ ဒီ့ထက်ပိုများရင်တော့ မင်းသဘောမတူလောက်ဘူးလေ။"
ရှုယီက အသာပြုံးကာ ခေါင်းခါသည်၊ "ခင်ဗျားမှားတယ်။ ကျုပ်တို့သာ အိုင်ရီလန်ကုန်သည်ကြီးများအသင်းဆီကနေ နံပါတ်သုံးဝက်အူရစ်တစ်ခုဝယ်ရင် ကြေးဒင်္ဂါးနှစ်ဆယ့်သုံးပြားပဲကျတယ်။"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!" ဟိန့်ဇ်က ချက်ချင်းအံ့အားသင့်စွာ ငြင်းဆန်လာသည်၊ "သူတို့တွေက ငွေမဝင်ချင်လို့များလား?"
"မဟုတ်ပါဘူး၊ ဆန့်ကျင်ဘက်ပဲ သူတို့လည်း ငွေဝင်နေတုန်းပဲလေ။ ကျုပ်ရဲ့ ခန့်မှန်းခြေအရ သူတို့က ကြေးဒင်္ဂါးနှစ်ဆယ့်သုံးပြားနဲ့ ရောင်းရင် သူတို့အတွက် ငါးပြားလောက်ကျန်တယ်။" ရှုယီက ပြောသည်။
"ဒါဆို ဘယ်လိုလုပ်ဖြစ်နိုင်တာလဲ!" ဟိန့်ဇ်က ထိုအချိန်၌ အမှန်ကို အံ့အားသင့်သွားသည်၊ "ငါတို့တောင် နံပါတ်သုံးဝက်အူရစ်တစ်ခု လုပ်ဖို့ ကြေးဒင်္ဂါးနှစ်ဆယ့်ငါးကနေ သုံးဆယ်လောက်ရှိတာကို သူတို့က ဘယ်လိုလုပ်ကြေးဒင်္ဂါးနှစ်ဆယ်တောင် မပြည့်ဘဲ လုပ်လို့ရနိုင်ကြတာလဲ? သူတို့က ငါတို့ထက် ပိုပြီးကောင်းကောင်းလုပ်နိုင်လို့များလား?"
ဟိန့်ဇ်၏ နိုးကြားသွားသည့်အခြေနေကိုကြည့်ရင်း ရှုယီမှာ ၎င်းက ဟိန့်ဇ်၏ အိမ်သုံးမှော်စက်အလုပ်ရုံမန်နေဂျာ၏ ဂုဏ်သိက္ခာကို ထိခိုက်သွားစေမှန်းသိလိုက်သည်။ သူက ပခုံးပုတ်လျက်သာ ပြောလိုက်သည်၊ "ဒါက ခင်ဗျားနဲ့ မဆိုင်ပါဘူး။ ဒါက ကျုပ်တို့Frestech ကုန်သည်ကြီးများအသင်းမှာ အလုပ်သမားကောင်းကောင်းရှိတာကြောင့် လူအင်အားကုန်ကျစရိတ်က အတော်မြင့်နေတာ။ အိုင်ရီလန်ကုန်သည်ကြီးများအသင်းမှာကျတော့ သူတို့က ကိုယ်ပိုင်အလုပ်လုပ်နေကြတာကြောင့် လူအင်အားကုန်ကျစရိတ်ကို လျစ်လျူရှုလို့ရတယ်လေ။ ဒါကြောင့် သူတို့ရဲ့ ကုန်ကျငွေက ကျုပ်တို့ထက် ပိုနည်းသွားရတာပါ။"
"ဒါဆို သူတို့ဝက်အူရစ်တွေရဲ့ အရည်သွေးကရော? ငါတို့ကိုယ်တိုင်လုပ်တာကို မယှဉ်နိုင်ရင် မင်းဒီလိုလုပ်တာကို ငါဆန့်ကျင်နေဦးမှာပဲ။" ဟိန့်ဇ်က လက်မခံလိုသည့် အသံဖြင့်ဆိုလာသည်။
"နှမျောစရာပဲ၊ ဒါပေမယ့် အရည်သွေးက ကျုပ်တို့ကိုယ်တိုင်လုပ်တာထက် နည်းနည်းလောက်ပိုကောင်းတယ်..." ရှုယီက လက်များဖြန့်လျက် ကူရာမဲ့စွာပြောလိုက်၏။
"အာ? မဖြစ်နိုင်တာ? ဘာလို့လဲ?" ဟိန့်ဇ်၏ မျက်နှာ၌ မယုံကြည်မှုများဖြင့် ဖုံးလွှမ်းသွားသည်။
"ရှင်းရှင်းလေးပါ၊ သူတို့က ထူးခြားလို့ပေါ့။" ရှုယီက ပခုံးတွန့်လိုက်ပြီးချိန်တွင် မျက်လုံးများ၌ ချီးကျူးရိပ်များပေါ်ထွက်လာ၏၊ "ကျုပ် သူတို့ကို မှော်အရစ်ဖော်စက်နဲ့ တခြားကိရိယာတွေရောင်းပြီး ဝက်အူရစ်လုပ်နည်းတွေသင်ပေးချိန်တုန်းက ဒီအတောတွင်းတော့ အပြောင်းအလဲတွေဆက်လုပ်လာမယ်လို့ ထင်မထားခဲ့ဖူးဘူး။ အခု သူတို့ထုတ်တဲ့ ဝက်အူရစ်တွေရဲ့ အရည်သွေးက ကျုပ်တို့ထက်တောင်ပိုကောင်းနေသေးတယ်... အမ်း၊ လိုရင်းပြောရရင် အဆင်ပြေတယ်၊ ကျုပ်တို့လုပ်ငန်းစုရဲ့ လိုအပ်ချက်ကို သေချာပေါက် ရောက်တယ်။"
ဟိန့်ဇ်က အလုပ်ရုံ၌ နှစ်ရက်ကြာ ချည်လုံးစက်နှင့် အလုပ်လုပ်နေခဲ့ကြသည့် အသေးစားလုပ်ငန်းစု ကိုယ်စားလှယ်များကိုကြည့်ရင်း စကားလုံးအချို့ ရေရွတ်လိုက်သည်။ ထို့နောက် ရှုယီကို ရုတ်တရက်မေးလာ၏၊ "မင်းအနေနဲ့ အစိတ်ပိုင်းတွေလုပ်တဲ့ အလုပ်ကို လုပ်ငန်းစုငယ်လေးတွေဆီ ဘာကြောင့်ပေးမှန်း ငါနားလည်နိုင်ပါတယ်၊ ဒါပေမယ့် ရှုယီ၊ အဲဒီ့ လုပ်ငန်းစုလေးတွေတိုးတက်လာတဲ့နေ့မှာ ငါတို့ Frestech ကုန်သည်ကြီးများအသင်းဆီက လုပ်ငန်းအားလုံးကို လုယူသွားမှာ မစိုးရိမ်ဘူးလား?"
ရှုယီက အသာပြုံးကာ၊ "သူတို့သာ တကယ်လုပ်နိုင်ခဲ့ရင် ကျုပ်ကသေချာပေါက် လက်နှစ်ဖက်လုံးဖြန့်ပြီးတောင် ကြိုဆိုလိုက်ဦးမယ်။"
ရှုယီ၏မျက်နှာထက်ရှိ ရိုးရိုးသားသားအပြုံးလေးကိုကြည့်ရင်း ဟိန့်ဇ်မှာ ကိုက်ခဲလာသော ခေါင်းကို ပွတ်လိုက်တော့သည်။
"ငါမေ့သွားတယ်၊ မင်းက တကယ့်ကို ငနာလေးပဲ!"
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၄၅။ လမ်းမကြီးတွေ ဆောက်လုပ်တာအတွက် အကျိုးအမြတ်တွေရှိတယ်
Frestech ကုန်သည်ကြီးများအသင်း၌ လတစ်ဝက်ကြာ လေ့ကျင့်ပြီးနောက်တွင် အရည်အချင်းမှီသည့် အသေးစားလုပ်ငန်းစု ရှစ်ဆယ့်ခုနစ်စုအနက် ခြောက်ဆယ့်သုံးစုသာ Frestech ကုန်သည်ကြီးများအသင်းနှင့် ထောက်ပံ့ရေးအစီစဉ်သဘောတူညီချက်၌ လက်မှတ်ထိုးခဲ့ကြသည်။
စာချုပ်အရ ၎င်းတို့အနေနှင့် Frestech ကုန်သည်ကြီးများအသင်းထံမှ အရစ်ကျငွေပေးသွင်းခြင်းဖြင့် ထုတ်လုပ်ရေးမှော်စက်တချို့ရရှိမည်ဖြစ်ကာ Frestech ကုန်သည်ကြီးများအသင်း ဒီဇိုင်းလုပ်ပေးထားသည့် အစိတ်ပိုင်းများထုတ်လုပ်ရန် ၎င်းတို့ကို အသုံးပြုရမည်ဖြစ်၏။ နောက်တွင် ထိုအစိတ်ပိုင်းများကို Frestech ကုန်သည်ကြီးများအသင်းထံ ပြန်ရောင်းကာ Frestech ကုန်သည်ကြီးများအသင်းချမှတ်ထားသောဈေးနှုန်းအတိုင်း ရောင်းရမည်ဖြစ်၏။
ထိုအခြေနေများက အနည်းငယ် လွန်ပုံပေါ်နေသော်လည်း အသေချာတွေးကြည့်ပါလျှင် ထိုအခြေနေများက အင်မတန်ကျိုးကြောင်းသင့်လှသည်။
ဦးဆုံး Frestech ကုန်သည်ကြီးများအသင်းမှာ လုပ်ငန်းစု ခြောက်ဆယ့်သုံးစုအတွက်ချမှတ်ပေးထားသည့် ဈေးနှုန်း၌ အမြတ်ငွေများစွာရဖို့ရှိသည်။ အသေအချာ တွက်ချက်ကြည့်ပါလျှင် လုပ်ငန်းစုငယ်တစ်ခုမှာ Frestech ကုန်သည်ကြီးများအသင်းထံမှ အစိတ်အပိုင်းအမှာစာလေးနှင့်တင် အနည်းဆုံး ရွှေဒင်္ဂါးငါးရာလောက် ရနိုင်သည်။
ထို့အပြင် Frestech ကုန်သည်ကြီးများအသင်းက ပိုမိုမှာယူလာပါက ငွေများစွာ ပိုဝင်မည်သာ။
ထိုစာချုပ်က ငါးနှစ်သာကြာမည်ကိုမဆိုထားနှင့်။ ၎င်းမှာ ထိုငါးနှစ်အတွင်း ထိုလုပ်ငန်းစုလေးများမှာ Frestech ကုန်သည်ကြီးများအသင်းထံ ရောင်းချချိန်၌ ချမှတ်ထားသော ဈေးနှုန်းကို လိုက်နာရန်မလိုတော့ဘဲ ၎င်းတို့ကိုယ်တိုင်ဈေးနှုန်းချမှတ်နိုင်မည်။
ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်ကုန်ကြေညာပွဲ၌ အသေးစားလုပ်ငန်းစုထောက်ပံ့ရေးအစီစဉ်ကိုကြေငြာခဲ့သည်မှစကာ လဝက်ပြည့်ပြီးနောက်တွင် ဘန်တာမြို့တော်၌ မှော်စက်အစိတ်အပိုင်းများပြုလုပ်ရန် တာဝန်ရှိသည့် လုပ်ငန်းစုငယ်ခြောက်ဆယ့်သုံးစုမှာ ဘန်တာမြို့တော်၌ ရုတ်တရက်ပေါ်ထွက်လာပေသည်။
၎င်းက မြေတစ်ဟက်တာကို ယူထားသည့် Frestech ကုန်သည်ကြီးများအသင်းနှင့် ခြားနားစွာ ထိုလုပ်ငန်းစုငယ်များမှာ ၎င်းတို့၏အလုပ်ရုံများအတွက် အလုပ်နေရာလေးတစ်ခု ငှားဖို့ရန်သာ လိုအပ်ပေသည်။
လုပ်ငန်းစုငယ်လေးများစွာမှာ သိုလှောင်ရုံအသေးစားတစ်ရုံ ငှားဖို့သာလို၏။ ၎င်းတို့ Frestech ကုန်သည်ကြီးများအသင်းထံမှ ဝယ်ယူလာခဲ့သည့် ထုတ်လုပ်ရေးမှော်စက်များကို ထိုနေရာ၌ ထားကာ ထုတ်လုပ်ရေးမစခင် လူတချို့ ခန့်အပ်လိုက်ရုံသာ။
ထုတ်လုပ်ရေးမှော်စက်များက အတန်ငယ် ကျယ်လောင်ကာ မြို့တော်ရှိ ငှားရမ်းခက ဈေးကြီးသည့် အချက်ကို ပေါင်းထည့်လိုက်ခြင်းကြောင့် ထိုလုပ်ငန်းစုငယ်အများစုမှာ ဘန်တာမြို့ပြင်၌ သိုလှောင်ရုံများကို ငှားရမ်းခဲ့ကြသည်။
ထို့အပြင် ၎င်းတို့ပြုလုပ်ခဲ့သည့် အစိတ်အပိုင်းများအား Frestech ကုန်သည်ကြီးများအသင်းထံ ပုံမှန်ရောင်းချခြင်းကြောင့် ဆန်းဒ်တွန်အိမ်ရာနှင့်နီးသည့် တည်နေရာကိုသာ ရွေးခဲ့ကြသည်ပင်။
အပန်းဖြေစခန်းဟုပင် ယူဆနိုင်သည့် မူလကငြိမ်းချမ်းနေခဲ့သည့် ဆန်းဒ်တွန်အိမ်ရာမှာ ဆူညံသံများဖြင့် လုံးဝပြည့်နှက်သွားသည်မှာ အလုပ်နေရာကြီးတစ်နေရာဖြစ်လာသလိုပင်။ ရှုယီ၏ စိတ်နှလုံးထဲ၌ ၎င်းကိုမြင်သည့်အခါ နောင်တအနည်းငယ်ပင် ပြည့်လျှမ်းလာရ၏။
သူဟာ ထိုအလုပ်ရုံအားလုံးကို လမ်းများဆောက်လုပ်ပြီးစီးသည့်နောက်၌ မိုးကျတောင်ကြားဆီ ရွေ့ကာ ဆန်းဒ်တွန်အိမ်ရာကို သုတေသနဌာနအဖြစ်ပြောင်းမည်ဟု စီစဉ်ထားခဲ့၏။ ၎င်းတို့အနေနှင့် Frestech ကုန်သည်ကြီးများအသင်း၏မှော်စက်အမျိုးစုံတို့အား လေ့လာ ထုတ်လုပ်ရာ၌ အာရုံစိုက်ကြလိမ့်မည်။
ဤနေရာ၏ လှပသောဝန်းကျင်နှင့် သုတေသနပညာရှိများစုစည်းမှုမှာ အင်မတန်ပလဲပနံသင့်လှသည်။
သို့သော် အခြေနေအရ ဆန်းဒ်တွန်အိမ်ရာတဝိုက်နယ်မြေမှာ အသေးစားစက်မှုနယ်ပယ်(ဇုန်)အဖြစ်ပြောင်းသွားခဲ့ရ၏။
ထို့အပြင် Frestech ကုန်သည်ကြီးများအသင်း တိုးတက်လာသည်နှင့် ထိုစက်မှုနယ်ပယ်က ကျယ်ပြန့်လာကာ ယခင်ကနှင့် တူညီသည့် အေးချမ်းသောဝန်းကျင်ကိုပြန်ရလိမ့်မည်မဟုတ်သည်အား ရှုယီမှာ သေချာနေတော့သည်။
ထိုသို့တွေးရင်း ရှုယီမှာ အမ်ရစ်ကုန်သည်ကြီးများအသင်းကို အထွန့်မတက်ဘဲ မနေနိုင်တော့ချေ။
သူတို့သာ မိုးကျတောင်ကြားနဲ့ မြန်မြန်ချိတ်ဆက်ပေးခဲ့ရင် ဆန်းဒ်တွန်အိမ်ရာက ဒီလိုဖြစ်လာမှာမဟုတ်ဘူး။
"ကျုပ်ပြောမယ် ဥက္ကဌရှု၊ ကျုပ်ကို ဒီအတွက် အပြစ်တင်တာက မှားနေတယ်လို့မထင်ဘူးလား?" ရှုယီ၏အထွန့်တက်ခြင်းအတွက် အမ်ရစ်ကုန်သည်ကြီးများအသင်း၏ ဥက္ကဌမွန်းခရုစ်မှာ မနေနိုင်အောင် စိတ်တိုသွားရသည်၊ "ဒါကတကယ်ဆို ဒီလမ်းအတွက် ခင်ဗျားလိုအပ်နေတဲ့ အရည်အသွေးပြည့်ဝရမယ့် လိုအပ်ချက်ကြောင့် ကျုပ်တို့ အမ်ရစ်ကုန်သည်ကြီးများအသင်းကလည်း ခင်ဗျားရဲ့တောင်းဆိုမှုကို လိုက်လျောရတာကြောင့်လေ။ အရည်အသွေးထိန်းသိမ်းဖို့ ကျုပ်တို့အနေနဲ့ အရှိန်ကိုတကူးတကလျှော့ပြီး ပြီးပြည့်စုံအောင် စောင့်ဖို့လိုတယ်လေ။ အခု ခင်ဗျားက ရောက်လာပြီး နှေးတယ်လို့ အထွန့်တက်နေတော့ တကယ်ပဲ မဟုတ်သေးဘူးဗျာ။"
"ကျုပ်က ဒီတိုင်းပြောလိုက်တာပါ၊ စိတ်ထဲမထားပါနဲ့။" ဥက္ကဌခရုစ်က အနည်းငယ် မကျေမနပ်ဖြစ်နေသည်ကို မြင်သော် ရှုယီ၏မျက်နှာထားလည်း အပြုံးအဖြစ်ပြောင်းကာ ပြောလိုက်လေ၏၊ "အရည်အသွေးက ဦးစားပေးပါ၊ ကျန်တာတွေက နောက်မှ။ ဒါက ကျုပ်တို့ လမ်ပူရီတိုင်းပြည်နဲ့ စိုင်စ်နယ်မြေကြီးတို့ရဲ့ ပထမဆုံးသော အများသုံးလမ်းမကြီးပဲဆိုတော့ ကောင်းကောင်းဆောက်လုပ်ခဲ့ရင် အမ်ရစ်ကုန်သည်ကြီးများအသင်းက စိုင်စ်နယ်မြေကြီးရဲ့သမိုင်းမှာ အမှတ်အသားကျန်ခဲ့ပါလိမ့်မယ်။ ကောင်းကောင်းမပြီးသွားရင်တော့ နာမည်ဆိုးပဲကျန်ခဲ့မှာ။ ကျုပ် အရည်အသွေးပြည့်မီစေချင်တာအားလုံးက ခင်ဗျားတို့ အမ်ရစ်ကုန်သည်ကြီးများအသင်းကို စဉ်းစားပေးတာကြောင့်ပါပဲဗျာ။"
"ကျုပ် ဒါကို ခင်ဗျားထက်ပိုသိပါတယ်။" ဥက္ကဌခရုစ်က ပြန်ပြောလိုက်ပြီးမှ လေးနက်ဟန်ပေါ်လာသည်၊ "အမှန်ပဲ၊ ဒီလမ်းကို တည်ဆောက်ခဲ့တာ ကောင်းသလား မကောင်းသလားက အရမ်းကိုအရေးကြီးတယ်။ စိုင်စ်နယ်မြေကြီးရဲ့သမိုင်းမှာ အမှတ်အသားချန်ခဲ့တာမျိုးကိုမပြောနဲ့ဦး လက်ရှိကိုပြောရရင် ဖာဆန်ရထားလုံးလုပ်ငန်းစုရဲ့ ဥက္ကဌပွန်ဖီးက ကျုပ်ကိုဆက်သွယ်လာပြီး မိုးကျတောင်ကြားဆီ လမ်းဆောက်လုပ်ရတာ ဘယ်လောက်ကုန်ကျခဲ့ကြောင်းမေးလာတယ်။ သူ့ရဲ့ဆိုလိုရင်းကြည့်ရတာ သူကလည်း အများသုံးလမ်းကြီးတည်ဆောက်ဖို့ ရင်းနှီးမြှုပ်နှံချင်နေလောက်တယ်။"
"ဖာဆန် ရထားလုံးလုပ်ငန်းစု?" ရှုယီမှာ အံ့ဩသွားရသည်။ နောက်မှ စဉ်းစားကြည့်လိုက်ပြီး ခေါင်းငြိမ့်သည်၊ "ဟုတ်သားပဲ၊ သူတို့လုပ်ငန်းစုရဲ့ စီးပွားရေးက လူထုပို့ဆောင်ရေးဆိုတော့ လမ်းတွေကိုပိုကောင်းစေချင်မှာပဲ၊ သူတို့အနေနဲ့ လမ်းတွေကို ဂရုစိုက်တာ မထူးဆန်းဘူး။ ဒါပေမယ့် လမ်းဆောက်တယ်ဆိုတာက လမ်ပူရီတိုင်းပြည်ရဲ့ အစိုးရ အုပ်ချုပ်သူတွေ ဂရုစိုက်ရမှာ၊ သူ ဂရုစိုက်သင့်တဲ့ အရာမဟုတ်ဘူး။"
"ပြဿနာက နိုင်ငံဟာ ဘဏ္ဍာရေးချို့တဲ့နေကြောင်း လူတိုင်းသိကြတာပဲ။ ဘုရင်ကြီးက လမ်းတွေကိုပြင်ချင်ရင်တောင် အဲ့လောက်ငွေအများကြီးမထုတ်နိုင်ဘူးလေ။" ဥက္ကဌခရုစ်က ကူရာမဲ့စွာဖြင့် လက်များဖြန့်ကာပြောသည်၊ "ဒီတော့ ဥက္ကဌပွန်ဖီးက ဒီတစ်ခေါက် လမ်းတည်ဆောက်တာ ငွေဘယ်လောက်ကုန်ကျသလဲ မေးလာတော့ ကျုပ်လည်း Frestech ကုန်သည်ကြီးများအသင်းက ဒီမှာ ရင်းနှီးမြှုပ်နှံထားတဲ့အကြောင်းပြောပြလိုက်တယ်၊ ဒါနဲ့ ဥက္ကဌပွန်ဖီးက ဒီအကြောင်းဆက်မမေးတော့ဘူး။"
"ဘာလဲ? သူက လမ်းဆောက်ရတဲ့ ဈေးနှုန်းကို ကြောက်သွားလို့လား?" ရှုယီက အပြုံးဖြင့်မေးသည်။
ဥက္ကဌခရုစ်က ရှုယီကို မျက်လုံးလှိမ့်ပြလိုက်ကာ၊ "အဓိပ္ပာယ်မရှိတာ၊ ဒီ ငါးဆယ်ကီလိုမီတာလောက်ရှိတဲ့ လမ်းကိုဆောက်ရတာနဲ့တင် ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက ရွှေဒင်္ဂါးသိန်းပေါင်းများစွာ ပေးနေရတာ။ လမ်ပူရီတိုင်းပြည်ရဲ့ မြို့တွေကို လမ်းတွေခင်းချင်ရင် ရွှေဒင်္ဂါးပေါင်း သန်းဆယ်နဲ့ချီပြီး ကုန်လိမ့်မယ်။ လုပ်ငန်းစုတိုင်းက ဒီလောက် အများကြီး ထုတ်နိုင်မယ်လို့ ခင်ဗျားထင်နေတာလား?"
"လုပ်ငန်းစု တစ်စုဆို ဒီလောက် မထုတ်နိုင်ပေမယ့် တစ်ဆယ် တစ်ရာ၊ ဒါမှမဟုတ် လုပ်ငန်းစုတစ်ထောင်ဆိုရင်တော့ ဒီလိုလုပ်တာကို တားဆီးလို့ရမှာမဟုတ်ဘူး။ အားလုံးအတူတူလုပ်ကြမယ်ဆိုရင် ဒီလမ်းကွန်ရက်ကြီးကို ဖော်ဆောင်နိုင်မှာပဲ။" ရှုယီက ဂရုမစိုက်ဟန်ဖြင့် ဆိုလာသည်။
"အဲ့လောက်လွယ်မယ်ထင်နေတာလား? ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းကလွဲရင်... ဘယ်တခြားလုပ်ငန်းစုက လမ်းခင်းတာလို ကျေးဇူးမတင်ခံရတဲ့ အလုပ်မျိုးလုပ်ဖို့ ငွေထုတ်ပေးမှာတဲ့လဲ?" ဥက္ကဌခရုစ်က ပြော၏။
"ဒါကမသေချာဘူး။ အရင်ရက်ကတောင် ဥက္ကဌမော်ဂန်က သူတို့လက်အောက် မိုင်းတွင်းတစ်ခုဆီကနေ ဘန်တာမြို့တော်ဆီလမ်းတစ်လမ်းခင်းဖို့ ခင်ဗျားကို လာရှာတယ်လို့ ပြောခဲ့တယ်မဟုတ်လား?"
"ဒါက မတူဘူးလေ။ မိုင်းတွင်းကနေ ဘန်တာမြိူ့ဆီသွားတဲ့လမ်းက သူတို့ရဲ့ သတ္တုရိုင်းတွေကို ပိုလွယ်လွယ်နဲ့မြန်မြန်စုဆောင်းရာမှာ အထောက်အကူဖြစ်စေတယ်။ လိုရင်းပြောရရင် လမ်းက သူတို့ရဲ့ကုန်ကျစရိတ်ကိုသက်သာစေတယ်။ တကယ်တမ်း ခင်ဗျားဆောက်နေတဲ့လမ်းလည်း အတူတူပဲလေ၊ ခင်ဗျားတို့လုပ်ငန်းစုရဲ့ အကျိုးမြတ်အတွက် ဆောက်နေတာပဲ၊ မဟုတ်ရင် ဘာလို့ခင်ဗျားက ဆောက်မှာတဲ့လဲ?"
"ဒါဆို အကျိုးရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အဓိက အကြောင်းရင်းရှိတယ်။ ဒီလမ်းတွေဆောက်လုပ်တာက ဘာဆုံးရှုံးမှုမှမဖြစ်ဘဲ တကယ်တမ်း ငွေပိုဝင်နိုင်တယ်လို့ပြောရင်ရော?" ရှုယီက ဆန်းကြယ်စွာ ပြောလာ၏။
"ငွေဝင်မယ်?" ဥက္ကဌခရုစ်က ရှုယီကို တအံ့တဩကြည့်လာသည်၊ "ခင်ဗျားနောက်နေတာလား? ဒါက ဘယ်လို ငွေဝင်မှာလဲ?"
"ကျုပ်ကို မယုံဘူးပေါ့?" ရှုယီက ရယ်လိုက်သည်၊ "ရက်အနည်းငယ်အတွင်းမှာ ဘုရင်ကြီးက လမ်းခင်းဖို့အတွက် ခင်ဗျားတို့လုပ်ငန်းစုကိုလာရှာဖို့ လူလွှတ်လိုက်တဲ့အခါကျ၊ အရည်ချင်းရှိရင် သူတို့ကို ငြင်းလိုက်။"
ဥက္ကဌခရုစ်က ရှုယီကို မျက်လုံးပြူးကာကြည့်လာပြီး ပထမဆုံး ရှုယီက သူ့အား ဟာသလုပ်နေသည်ဟု တုံ့ပြန်လိုက်သည်။
ဘုရင်ကြီး၏ဘဏ္ဍာရေးက အခြေနေဆိုးနေသည်မှာ သေချာနေသည်ကို မည်သို့များ လမ်းခင်းရန် ငွေရှိမည်နည်း?
သို့သော် သူ၏အတွေးက ရှုယီမှာ ထိုသို့သော်အရာကို မကျီစယ်လောက်ဟု ပြောနေသည်။
အမှန်ပဲလား?
ရှုယီ၏အဆန်းတကြယ်အပြုံးကိုမြင်သော် ဥက္ကဌခရုစ်မှာ အနည်းငယ် ရှုပ်ထွေးနေတော့၏။
ဇူလိုင်လသို့ ဝင်ရောက်လာသည်နှင့် ရာသီဥတုက ပူစပ်ပူလောင်ဖြစ်လာသည်။
အပူချိန်တရိပ်ရိပ်တက်လာသည်နှင့် ဘန်တာမြို့သားများအကြား မှော်ပန်ကာဝယ်လိုသည့်ဆန္ဒက တိုးလာ၏။
၎င်းက လွန်ခဲ့သည့်တစ်လကနှင့် လုံးဝခြားနားနေသည်။ ယခုတွင် ဘန်တာမြို့မှာ တခြားအမှတ်တံဆိပ်မှော်ပန်ကာများမရှိတော့ဘဲ Frestech အမှတ်တံဆိပ်သာရှိတော့သည်။
မှန်ပါသည်၊ တခြားအမှတ်တံဆိပ်မှော်ပန်ကာများရှိပါလျှင်တောင် Frestech အမှတ်တံဆိပ်မှော်ပန်ကာ၏ လှပသောဒီဇိုင်းကြောင့် ၎င်းတို့လည်း လုံးဝမရောင်းရလောက်ချေ။
Frestech ကုန်သည်ကြီးများအသင်းက ဖလှယ်ပွဲကျင်းပခဲ့ခြင်းကြောင့် ယခင်နှစ်ကမှော်ပန်ကာများဝယ်ယူခဲ့ကြသော မိသားစုများစွာမှာ ချင့်ချိန်ရင်း အများစုကတော့ ထိုပွဲကို အသုံးပြုရန် ရွေးချယ်ခဲ့ကြသည်။ ၎င်းတို့က အိမ်ရှိ မှော်ပန်ကာအဟောင်းကို Frestech အမှတ်တံဆိပ် မျိုးဆက်သစ်မှော်ပန်ကာနှင့် ဖလှယ်ခဲ့ကြသည်။
ယခင်ဇွန်လက ဆာဘက်စ်၏အစီရင်ခံစာအရ Frestechအမှတ်တံဆိပ်မှော်ပန်ကာ အားလုံးပေါင်း ခြောက်ထောင့်လေးရာခုနစ်ဆယ့်နှစ်အထိရောင်းရခဲ့သည်။ ဖလှယ်ပွဲကြောင့် ရောင်းခဲ့သည်က အရေအတွက်တစ်ဝက်လောက်ရှိကာ အလုံးရေ သုံးထောင်ကျော်၏။
ရောင်းအားအရေအတွက်က ယခင်နှစ်ကထက် များစွာ နည်းသွားသည်ဟု ပြောနိုင်ပါသော်လည်း ၎င်းကို လုပ်ငန်းစုရှိ လူတိုင်းမျှော်လင့်ထားကြသည်။
ကုန်ကုန်ပြောရလျှင် မှော်ပန်ကာမှာ ကုန်ဆုံးနိုင်သည့် ထုတ်ကုန်တစ်ခုမဟုတ်ရာ ပန်ကာတစ်လုံးကို နှစ်ပေါင်းများစွာ သုံးနိုင်ပေ၏။ မည်သူကမှ ပျင်းရိခြင်းကြောင့် လဲလှယ်မည်မဟုတ်ပေ။
လူဦးရေငါးထောင်ကျော်သာရှိပြီး ဈေးကွက် မကြီးမားသည့် ဘန်တာမြို့တော်ကဲ့သို့ မြို့လေး၌ပင် ယခင်နှစ် မှော်ပန်ကာများ စတင်ထုတ်လုပ်ခဲ့ချိန်ကလို တူညီသည့်ရောင်းအားရှိနေဖို့ရန် မဖြစ်နိုင်ပါချေ။
မှော်ပန်ကာအသစ်က အင်မတန်လှပနေပြီး ဖလှယ်ပွဲရှိခြင်းကြောင့်သာမဟုတ်ပါလျှင် ဤနှစ်၏ရောင်းအားအရေအတွက်မှာ ပိုလို့ပင် ဆိုးဝါးလောက်၏။
Frestech ကုန်သည်ကြီးများအသင်း၏ ၎င်းအပေါ် တုံ့ပြန်ချက်က ရိုးစင်းပါသည်၊ ၎င်းတို့အနေနှင့် ဈေးကွက်ချဲ့ထွင်ဖို့ရန်သာလိုသည်။ ၎င်းတို့အနေနှင့် Frestech ကုန်သည်ကြီးများအသင်း၏ထုတ်ကုန်များကို လမ်ပူရီတိုင်းပြည်၏ မြို့များစွာ၌ ရောင်းရလိမ့်မည်။
ဈေးကွက်ချဲ့ထွင်ခြင်းက အချိန်ယူရသည့်အရာပါပင်။ Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ဘန်တာမြို့၊ ခမာမြို့နှင့် ဆော်လ်တန်မြို့တို့၌ အုတ်မြစ်ခိုင်မာစွာတည်ဆောက်ထားပြီး ထိုသုံးမြို့အတွက် ဈေးကွက်များအလွယ်တကူဖွင့်လှစ်နိုင်သော်လည်း ကန်ဘာရာမြို့၊ နော်တန်မြို့နှင့် နောက်ထပ် ခရာမာမြို့တို့၌ရောင်းချရန် အတော်လေးအားစိုက်ရပေဦးမည်။
၎င်းနှင့်ယှဉ်လျှင် လမ်ပူရီတိုင်းပြည်၏ မြို့တော်ကြီးဖြစ်သည့် အန်ဗီမာမြို့တော်မှာ ခရာမာမြို့ထက်ပင် ဖွင့်ရပိုလွယ်နေသေးပါ၏။
Frestech ကုန်သည်ကြီးများအသင်း၏ အန်ဗီမာမြို့တော်၌ ဖွင့်လှစ်ထားသော ဗစ်တာ၏ အဖွဲ့ စတိုးဆိုင်က စီးပွားအင်မတန်ကောင်းလှသည်။ ဘန်တာမြို့မှ အိမ်သုံးမှော်စက်များထပ်မှာလိုက်တိုင်း အချိန်တိုလေးအတွင်း ရောင်းရလိမ့်မည်ပင်။
ဗစ်တာတို့ သုံးယောက်အဖွဲ့အတွက် ငွေပမာဏများစွာပြုလုပ်ပေးနေရင်း အန်ဗီမာမြို့တော်သားများ၏ စိတ်ထဲသို့ Frestech အမှတ်တံဆိပ်ကို နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်စေသည်။
ရှုယီမှာ ခမာမြို့ကဲ့သို့ အန်ဗီမာမြို့တော်အပြင်ဘက်၌ အလုပ်ရုံအသစ်တစ်ရုံဖွင့်လှစ်ကာ Frestech အမှတ်တံဆိပ် အိမ်သုံးမှော်စက်များကို ထုတ်လုပ်ချင်မိကြောင်း အသေအချာတွေးဖြစ်၏။
သို့သော် ရှုယီ၏အစီစဉ်ကိုကြားသည့်နောက် ဘန်တာမြို့၌ စီးပွားရေးအတွက် ရှုယီကိုလာရှာသော ဆယ်ဗီနီက ဆုံးဖြတ်ထားဟန်ဖြင့် ခေါင်းခါလေသည်၊ "အလုပ်ဖြစ်မှာမဟုတ်ဘူး။"
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၄၆။ စက်မှုလုပ်ငန်း၏စွမ်းအား
"ဘာလို့မဖြစ်တာလဲ?" ရှုယီက ဆယ်ဗီနီကို တအံ့တဩကြည့်ကာ မျက်မှောင်ကုပ်၍ မေးလိုက်၏၊ "ဘုရင်မကြီး၊ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက လုပ်ငန်းစုကောင်းပါ၊ မြို့တော်မှာ အလုပ်ရုံဖွင့်တာ သာမန်ပဲမဟုတ်ဘူးလား? ဘာလို့မကောင်းရတာလဲ?"
ဆယ်ဗီနီက အသာယာခေါင်းခါ၏၊ "မကောင်းတာတော့ မဟုတ်ပါဘူး၊ အချိန်မကျသေးဘူးလို့ ပြောရမှာပေါ့။"
"အချိန်မကျသေးဘူး?" ရှုယီက ပိုလို့ပင်မျက်မှောင်ကုပ်လာကာ၊ "ဘုရင်မကြီး၊ ခင်ဗျားပြောတာကို ကျုပ်နားမလည်ဘူး။ ကျုပ်ရဲ့အမြင်ကနေဆို Frestech ကုန်သည်ကြီးများအသင်းရဲ့ အိမ်သုံးမှော်စက်တိုးတက်မှုက ဘန်တာမြို့မှာဆို အကန့်သတ်များတော့ ကျုပ်တို့တွေ တိုးတက်အောင်လုပ်ရမယ့်နေရာမှာ အာရုံစိုက်သင့်တာမဟုတ်လား၊ ဘာလို့ အချိန်မကျသေးရတာလဲ?"
"ကျွန်မက စီးပွားရေးကို ပြောနေတာမဟုတ်ဘဲ တခြား အချိန်မှားကို ပြောချင်တာပါ။" ဆယ်ဗီနီက ရှုယီကို အသေအချာကြည့်လျက် ရိုးသားစွာပြောလာ၏၊ "ရှုယီ ကျွန်မကိုယုံပါ။ ရှင်တို့ရဲ့ စိုက်ပျိုးရေးသုံးမှော်စက်တွေက ယူဆောင်လာမယ့်ပြောင်းလဲမှုတွေကို ကိုယ်တိုင်ကြည့်ပြီးနောက်မှာ ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းက ပိုကြီးထွားလာမှာကို တခြားလူတွေထက်ပိုယုံတယ်။ ဒါကြောင့် ကျွန်မကို ယုံကြည်ဖို့တောင်းဆိုပါတယ်၊ ကျွန်မပေးတဲ့ အကြံပဲဖြစ်ဖြစ် သတိပေးချက်ပဲဖြစ်ဖြစ် ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အကျိုးမြတ်အတွက်ပါပဲ။"
ဆယ်ဗီနီ၏ရိုးသားဟန်ကိုမြင်သော် ရှုယီမှာ စဉ်းစားလျက် ခေါင်းအသာငြိမ့်လိုက်သည်။
"ကောင်းပြီ၊ ကျုပ် မင်းကို ယုံပါ့မယ်။"
ရှုယီမှာ ရုတ်တရက် မင်း'ဟု ပြောင်းခေါ်လာသည်ကိုကြားသော် ဆယ်ဗီနီက ပြုံးလိုက်၏။ ထို့နောက်အသက်ပြင်းပြင်းရှူကာ စိတ်ငြိမ်စေလိုက်ပြီး ပြောလေသည်၊ "ကောင်းပြီ၊ ဒါဆို ကျွန်မအရေးကြီးတဲ့စီးပွားရေးကိုဆွေးနွေးရမယ်။ ဖခမည်းတော်က ရှင့်ရဲ့ နိုင်ငံအတွက်အများပြည်သူပိုင်လမ်းချိတ်ဆက်ခြင်းအစီစဉ်ကိုကြားတော့ အတော်လေးထောက်ခံနေတယ်။ ပြီးတော့ ကောင့်ထ်စီယန်ကလည်း ရှင် မတိုင်ခင်ကဆောက်လုပ်နေတဲ့ လမ်းရဲ့အသေးစိတ်အချက်တွေကို တင်ပြပြီးသားလေ။ အခုရှင့်ရဲ့ အစီစဉ်ကိုမြင်တော့ သူအရမ်းဝမ်းသာနေတာပဲ။ ရှင်က ရှင့်လုပ်ငန်းစုကိုတင်မကဘဲ လမ်ပူရီတိုင်းပြည်ကိုပါ တွေးပေးတယ်လို့ပြောတယ်။ တစ်ခုပဲ..."
"နိုင်ငံ ဘဏ္ဍာက အဲဒီ့ငွေတွေကို မထုတ်ပေးနိုင်တာဘဲ မဟုတ်လား?" ရှုယီက အပြုံးဖြင့်မေးသည်။
ဆယ်ဗီနီလည်း မနေနိုင်ဘဲ ပြုံးပြလိုက်ကာ၊ "ဟုတ်တယ်။ ရှင် နိုင်ငံရဲ့ဘဏ္ဍာရေးအခြေနေကို သေချာသိမှာပါ၊ ဒီတော့ တကယ်တမ်း ရှင့်ရဲ့အများပြည်သူသုံးလမ်းအစီစဉ်အတွက် လိုအပ်တဲ့ငွေမထုတ်နိုင်ဘူး။ ရှင် တောင်းဆိုထားတာအတွက်..."
ထိုသို့ပြောလာချိန်တွင် ဆယ်ဗီနီ၏အပြုံးက ပျောက်ကွယ်၍ မျက်ခုံးများက တွန့်ချိုးနေသည်။
"အဲဒီ့... လမ်းအခွန်ရုံးကို ဖခမည်းတော်က သဘောမတူဘူး။ ကျွန်မတို့အနေနဲ့ အများပြည်သူသုံးလမ်းတွေဆောက်မှတော့ နိုင်ငံသားတွေအတွက် စဉ်းစားပေးတာပဲတဲ့၊ ဒါဆို ဘာလို့ လမ်းအခွန်ရုံးတွေဆောက်ပြီး ဒီလမ်းတွေကသွားတဲ့လူတွေကို ဘာအတွက် ငွေပေးခိုင်းရမှာလဲလို့ ပြောတယ်။ ဒီနည်းလမ်းက နိုင်ငံသားတွေဆီကနေ အကျိုးအမြတ်ယူတာပဲတဲ့လေ။"
"အကျိုးအမြတ်ယူတယ်?" ရှုယီက ရယ်၏၊ "ဘုရင်မကြီး၊ အရှင်မင်းကြီးက သူရဲ့ ခံယူချက်ကို ဂရုစိုက်တာကြောင့် ကျုပ်အတော်လေးရိုသေလေးစားမိပါတယ်။ ဒါပေမယ့် အရှင်မင်းကြီးရဲ့ အများပြည်သူသုံးလမ်းကို နားလည်နိုင်မှုက အရမ်းနည်းနေသေးသည်။ လမ်းအခွန်ရုံးတွေက နိုင်ငံသားတွေဆီက အကျိုးအမြတ်ယူနေတာမဟုတ်ဘဲ နိုင်ငံသားတွေရဲ့ နေထိုင်မှုအဆင့်ကို မြှင့်တင်ပေးမယ့် အံ့ဖွယ်မူဝါဒပဲ။"
"ရှင်က ငွေမက်တဲ့ ကုန်သည်မဟုတ်တော့ ဒီလိုလုပ်တာအတွက် ရှင့်မှာရည်ရွယ်ချက်ရှိမယ်လို့ ကျွန်မထင်တယ်။" ဆယ်ဗီနီ၏အမူအရာက အေးဆေးလျက်ရှုယီကို တည်ငြိမ်စွာကြည့်လာကာ၊ "ကျွန်မလည်း ဒီလမ်းအခွန်ရုံးတွေဖွင့်မှာကို အတော်လေးဆန့်ကျင်နေပေမယ့်လည်း ရှင့်ရဲ့အတွေးကို နားထောင်ဖို့ ဆန္ဒရှိပါတယ်။"
"ဘုရင်မကြီးက တကယ်ကို အတော်လေး ပွင့်လင်းတာပဲ။" ရှုယီက ခေါင်းငြိမ့်ကာပြော၏၊ "ကျုပ်တို့သာ ဒီကိစ္စအကြောင်းပြောချင်ရင် အချိန်အတော်ကြာမှာပဲ။ ဒါကြောင့် ကျုပ် ခင်ဗျားကို မေးခွန်းနည်းနည်းပဲမေးမယ်။ ပထမဆုံး၊ နိုင်ငံတစ်ခုနဲ့တစ်ခုကို လမ်းတွေခင်းရင်း ချိတ်ဆက်တာက အတော်လေး အကျိုးရှိစေလား?"
"ဒါပေါ့။ ကျွန်မအနေနဲ့ အစီစဉ်ထဲမှာ ရှင်ဖော်ပြထားတဲ့အခြေအနေကို နားမလည်နိုင်ပေမယ့်လည်း အဲဒီလမ်းတွေက နိုင်ငံက လူထုပို့ဆောင်ရေးကို အကျိုးအတော်များများ ရစေလိမ့်မယ်။"
"ဒုတိယမေးခွန်းက နိုင်ငံရဲ့ဘဏ္ဍာရေးက ဒီလမ်းတွေခင်းဖို့ ဒီဘဏ္ဍာငွေတွေကို ထုတ်ပေးလို့မရဘူး မို့လား?"
"အင်း"
"တတိယမေးခွန်းက ခင်ဗျားမှာ လမ်းတွေပြင်တဲ့အခါ ငွေထုတ်ဖို့ လုပ်ငန်းစုတွေရှိလား?"
"ဒါက... "ဆယ်ဗီနီက အနည်းငယ်တုံ့ဆိုင်းသွား၏၊ "ကျွန်မတို့ တတ်နိုင်ပေမယ့် လမ်းတွေကို ဆောက်လုပ်ချိန်မှာ နိုင်ငံက တင်းတင်းကြပ်ကြပ် ကြီးကြပ်ရမှာဖြစ်ပြီး၊ ပြီးသွားရင်တော့ နိုင်ငံရဲ့အရာရှိတွေဆီ လွှဲပေးဖို့ လိုတယ်။”
"ကြည့်ပါဦး အခု ပြဿနာက ရှင်းရှင်းလေးပါ။ နိုင်ငံက သွားလာရေးအခြေအနေကို တိုးတက်စေဖို့ ဒီအများသုံးလမ်းတွေကိုတည်ဆောက်ဖို့လိုနေပြီး နိုင်ငံရဲ့ ဘဏ္ဍာမှာက ငွေမရှိတော့ လမ်းတွေဆောက်ဖို့ သာမန်လုပ်ငန်းစုတွေကို ငွေကူခိုင်းတာက ပုံမှန်ရွေးချယ်မှုပါပဲ။ လမ်းအခွန်ရုံးတွေကောက်ပြီး ဖြတ်သန်းခွင့်ကောက်ခံတာက အဲဒီ့လုပ်ငန်းစုတွေကို ပြန်ပေးဖို့အတွက်ပဲလေ။ ရှင်းရှင်းလင်းလင်းပြောရရင် နိုင်ငံဘဏ္ဍာက ယာယီအနေနဲ့ လုပ်ငန်းစုတွေဆီက ငွေချေးပြီး ရှေ့လျှောက်ဝင်ငွေကိုသုံးပြီး သူတို့ကို ပြန်ပေးရမှာ။ ဘုရင်မကြီး ဘာလို့ ခင်ဗျားနဲ့ အရှင်မင်းကြီးက ဒီအစီစဉ်ကို မကောင်းဘူးလို့ထင်ရတာလဲ?"
ဆယ်ဗီနီက တိတ်ဆိတ်လျက် အနည်းငယ်စဉ်းစားနေပြီးမှ ခက်ခက်ခဲခဲဖြင့်ပြောလာသည်၊ "ဖခမည်းတော်နဲ့ ကျွန်မ ဒီနည်းလမ်းကိုလက်မခံတဲ့ အဓိကအချက်က... နိုင်ငံသားတွေဆီကနေ ဖြတ်သန်းသွားလာခွင့်ကောက်တာ၊ ဒါက..."
"ဒါက ခင်ဗျားတို့ရဲ့ဂုဏ်သတင်းအတွက် ဆိုးလို့လား?" ရှုယီက သူမအတွေးကို တိုက်ရိုက်ပင် ညွှန်းဆိုလာ၏။
ဆယ်ဗီနီက နေရခက်ဟန်ဖြင့် ခေါင်းငြိမ့်လာသည်။
"ရှင်းရှင်းလေးပါ၊ ဒီလမ်းကိုဆောက်နေချိန်မှာ လုပ်ငန်းစုတစ်ခုက ဆောက်ပေးကြောင်း ကြေညာလိုက်ပေါ့။ အခုမပြောဘဲ လမ်းအခွန်ရုံးတွေဆောက်ပြီးမှ ဒါတွေကို လုပ်ငန်းစုတွေအတွက် ဆောက်ရတာပါလို့ပြောဖို့ပဲလိုတယ်၊ ခင်ဗျားတို့နဲ့ မပတ်သက်တော့ဘူးပေါ့။ ရှင်းရှင်းပြောရရင် အရှင်မင်းကြီးနဲ့ တော်ဝင်မိသားစု ဆွေးနွေးပွဲကနေထုတ်ပြီး နာမည်ဆိုးကို ဖျက်ဖို့ လမ်းခင်းတဲ့ လုပ်ငန်းစုကိုလွှဲလိုက်ပါ။ ဒီလိုဆိုရင် အရှင်မင်းကြီးနဲ့ တော်ဝင်မိသားစုရဲ့ နာမည်ကို မထိခိုက်လောက်တော့ဘူးလို့ ကျုပ်ထင်တယ်။"
ဆယ်ဗီနီက ငြိမ်ကျသွားသည်။ သူမက ရှုယီကို ကြည့်လျက် လေးနက်နေဟန်ဖြင့် ဆိုလာ၏၊ "ဥက္ကဌရှု ရှင်က ကျွန်မနဲ့ ဖခမည်းတော်ကို အရှက်ရအောင်လုပ်နေတာလား? ကျွန်မတို့ လမ်ပူရီတော်ဝင်မိသားစုက ဘယ်လိုလုပ် တာဝန်မယူတဲ့လူတွေ လုပ်နိုင်မှာလဲ!"
ရှုယီလည်း အပြုံးဖြင့် လက်ကိုခါယမ်းကာ၊ "ဘုရင်မကြီး၊ ခင်ဗျားဒီလောက် ပြင်းထန်နေဖို့မလိုပါဘူး။ လုပ်ငန်းစုအတော်များများအတွက် ငွေရနေသရွေ့ သူတို့ကအဆင်ပြေတယ်၊ နာမည်တွေဘာတွေလည်း လုံးဝဂရုစိုက်မှာမဟုတ်ဘူး။ ကျုပ်တို့ရဲ့ Frestech ကုန်သည်ကြီးများအသင်းလိုပေါ့။"
ဆယ်ဗီနီက ရှုယီကို ရှုပ်ထွေးနေဟန်ဖြင့် ကြည့်လာသည်။ ၎င်း၌ ချီးကျူးခြင်း၊ မလုံမလဲဖြစ်ခြင်း၊ လေးစားခြင်းနှင့် တယူသန်ခြင်းအနည်းငယ်ပါနေကာ နောက်ဆုံး၌မူ သက်ပြင်းချလာခဲ့သည်၊ "ဥက္ကဌရှု ရှင် ဒီအစီစဉ်ကို အဆိုပြုလာတုန်းက ဒါကိုစဉ်းစားပြီးသားလား?"
"အတော်လေးပေါ့" ရှုယီက ဆယ်ဗီနီ၏မျက်နှာထားကိုကြည့်ကာ မနေနိုင်ဘဲ ပြုံး၍ ပြောလိုက်၏၊ "ဘုရင်မကြီး၊ ကျုပ် ဒီကိစ္စကနေ ဆုံးရှုံးမှုခံစားရမယ်လို့ တွေးလို့မရဘူး။ ရေရှည်မှာ ကျုပ်နဲ့ Frestech ကုန်သည်ကြီးများအသင်းက ဒီကနေ ခင်ဗျားစိတ်ကူးနိုင်တာထက်တောင် အကျိုးအမြတ်တွေရဦးမှာ။"
"မျှော်လင့်ပါတယ်" ဆယ်ဗီနီလည်း သက်ပြင်းချကာဆို၏၊ "ဥက္ကဌရှု ကျွန်မကအမြဲတမ်း ခေါင်းထဲမှာ ရွှေဒင်္ဂါးအကြောင်းပြည့်နေတဲ့ ကုန်သည်တွေကို အထင်သေးခဲ့တာ၊ ဒါပေမယ့် ရှင့်ဆီမှာက ကျွန်မမှာမရှိတဲ့ အစွမ်းအစတွေရှိနေတာကိုတော့ ဝန်ခံရမယ်။ ပြီးတော့အခု ရှင့်ရဲ့အစွမ်းအစတွေကို လေးစားရုံတင်မကဘူး Frestech ကုန်သည်ကြီးများအသင်းက ပိုကြီးထွားလာနိုင်ဖို့နဲ့ ရှင်လည်း ပိုချမ်းသာလာဖို့ တကယ်ပဲ မျှော်လင့်မိတယ်။"
"ဘုရင်မကြီးရဲ့ ချီးမြှောက်မှုအတွက် ကျေးဇူးတင်ပါတယ်၊ ကျုပ်တို့ သေချာပေါက်ဖြစ်မှာပါ။"
ဤတစ်ကြိမ် ဆယ်ဗီနီ၏ လျှပ်တပြက်ခရီး၌ လမ်းများခင်းသည့်ကိစ္စက ဒုတိယဖြစ်ပြီး အဓိက ခေါင်းစဉ်မှာ ကမ်ဘီတို့လူပုလေးများ ထုတ်လုပ်နေကြသည့် လက်နက်နှင့် ချပ်ဝတ်များအတွက် ထုတ်လုပ်ရေးမှော်စက်အကြောင်းသာဖြစ်သည်။
နှစ်လနီးပါး သုတေသနလုပ်ပြီးသည့်နောက် ကမ်ဘီတို့၏ လူပုလေးများမှာ ချပ်ဝတ်များပြုလုပ်ခြင်းအတွက် အဓိကအသုံးပြုမည့် မှော်ရိုက်စက်သုံးလုံးကို ထုတ်လုပ်ခဲ့၏။
မှော်ရိုက်စက်ပြုလုပ်ထားသည့် သံချပ်များကိုသုံးကာ ရိုးရိုးချပ်ဝတ်အဖြစ်မပြောင်းခင် ဖြတ်ညှပ်ခြင်းအချို့လုပ်ပြီးနောက် အလွယ်တကူပုံစံအစုံ သွန်းလုပ်နေသည်ကိုမြင်သော် ဆယ်ဗီနီမှာ မျက်လုံးများ မပြူးဘဲ မနေနိုင်တော့ပေ။
အန်ဗီမာမြို့တော်တွင် ချပ်ဝတ်တစ်စုံပြုလုပ်ခြင်းအားကြည့်ရှုရန် ပန်းပဲဆရာတစ်ဦးထံ အလည်သွားဖူး၏။
၎င်းက အရိုးရှင်းဆုံးပုံစံချပ်ဝတ်ဆိုလျှင်တောင် ပန်းပဲဆရာအနေနှင့် ချပ်ဝတ်မဖန်တီးခင်၌ ဦးစွာ သံသတ္တုကိုသန့်စင်ရလိမ့်မည်။ အချုပ်ဆိုရလျှင် ၎င်းကိုပြီးဆုံးစေရန် တစ်နေ့လုံးစာပင် အချိန်ယူရသည်။
တခါတရံ ပြဿနာများကြုံလာချိန်တွင် ပြီးဆုံးဖို့ရာ တစ်ရက်ကျော်လောက်ပင်ကြာသွားတတ်သည်။
ယခု ဆယ်ဗီနီ၏ရှေ့မှောက်ရှိ ထိုမှော်ရိုက်စက်များမှာ ချပ်ဝတ်တစ်စုံစာ ပြီးမြောက်ရန် အချိန်တစ်နာရီနီးပါးသာယူရသည်။ ထို့နောက် ကမ်ဘီထံမှ ဆယ်မိနစ်ကြာလောက် တပ်ဆင်ခံရပြီးသည်တွင် ၎င်းက ပြီးမြောက်သည့် ချပ်ဝတ်တစ်စုံဖြစ်လာ၏။
ထို့အပြင် ရှုယီထံမှ မိတ်ဆက်ခြင်းအရ ဆယ်ဗီနီမှာ ထိုမှော်ရိုက်စက်က သာမန်ထက်ပိုနှေးနေကြောင်းလည်း သိခဲ့ရသေးသည်။
၎င်းတို့သာ အမြန်နှုန်းအပြည့်ဖြင့် သွားပါလျှင် ထိုမှော်ရိုက်စက်များ၏ လုပ်နိုင်စွမ်းနှင့် တစ်နာရီတွင် ချပ်ဝတ်အစုံငါးဆယ်စာလောက် လုပ်နိုင်သည်ဟုပင်။
၎င်းတို့ တစ်နေ့ရှစ်နာရီလောက်သာ လုပ်မည်ဆိုလျှင်တောင် ချပ်ဝတ်အစုံလေးရာစာ ထုတ်လုပ်နိုင်မည်ဖြစ်၏!
"ဥက္ကဌရှု၊ ဒီချပ်ဝတ်တစ်စုံရဲ့ ကုန်ကျစရိတ်ကဘယ်လောက်ရှိလဲ?" ဆယ်ဗီနီက သူမအတွက် အရေးကြီးဆုံး မေးခွန်းကိုမေးလာသည်။
"ကုန်ကျစရိတ်?" ရှုယီက ကမ်ဘီလက်ထဲရှိ ချပ်ဝတ်ကိုကြည့်ကာ ပခုံးတွန့်လျက် ပြောလေသည်၊ "ချပ်ဝတ်အတွက် သတ္တုကုန်ကျစရိတ်အပြင် စက်တွေကိုလည်ပတ်ပေးရတဲ့ လူတွေအတွက် နည်းနည်းလိုတာရှိတာပေါ့။ တခြားကုန်ကျစရိတ်တွေကတော့...အင်း မှော်သလင်းကျောက်နည်းနည်းလောက်ပါပဲ။"
ဆယ်ဗီနီ၏ မျက်လုံးများတောက်ပလာကာ၊ "ဒါဆို ကုန်ကျစရိတ်မရှိသလောက်ပဲပေါ့?"
ရှုယီက အသာပြုံးကာ၊ "ပန်းပဲဆရာတစ်ယောက်လုပ်တာနဲ့ယှဉ်ရင်တော့ ဒီလိုပြောလို့ရပါတယ်။" ဆယ်ဗီနီ၏ မယုံကြည်နိုင်နေပုံကိုမြင်သော် ရှုယီက ထပ်ပေါင်းပြောသည်၊ "မအံ့ဩပါနဲ့ ဘုရင်မကြီး၊ ဒါက စက်မှုလုပ်ငန်းရဲ့စွမ်းအားလေ။ အရင်က စိုက်ပျိုးရေးသုံးမှော်စက်တွေကို မကြုံဖူးလို့လား?"
"စက်မှုလုပ်ငန်းရဲ့စွမ်းအား?" ဆယ်ဗီနီက ကမ်ဘီ၏ လက်ထဲရှိ ချပ်ဝတ်ကိုကြည့်ရင်း မနေနိုင်အောင် အတွေးထဲနစ်သွားရသည်။
Frestech ကုန်သည်ကြီးများအသင်းကသာ ထိုမှော်ရိုက်စက်များကို အစုလိုက်အပြုံလိုက်ထုတ်လုပ်ပါလျှင် ချပ်ဝတ်နှင့် လက်နက်များ ထုတ်လုပ်နှုန်းက များစွာတိုးလာပြီး ကုန်ကျစရိတ်ကတော့ များစွာ လျှော့နည်းပေမည်။
ထိုသို့နှင့် နိုင်ငံ၏စစ်သားများမှာ လက်နက်နှင့် ချပ်ဝတ်များအတွက် စိုးရိမ်ဖို့မလိုတော့ရာ တော်ဝင်စစ်တပ်၏ တိုက်ပွဲစွမ်းအားက အင်မတန်တိုးတက်လာပေလိမ့်မည်။
လမ်ပူရီတိုင်းပြည်၌ စစ်အင်အားလုံလုံလောက်လောက်ရှိနေသရွေ့ ၎င်းတို့မှာ ကန်ဒရာနှင့် မားလိုအင်ပါယာကြီးနှစ်ခုကို မယှဉ်နိုင်သေးပါလျှင်တောင် အနီးဝန်းကျင်နိုင်ငံများထံမှ ၎င်းတို့ကိုယ်ကို အနည်းဆုံးတော့ ကာကွယ်နိုင်ပေမည်။
လမ်ပူရီတိုင်းပြည်လုံခြုံနေသရွေ့ နိုင်ငံကလည်း တဖြည်းဖြည်း ငြိမ်းချမ်းစွာ တိုးတက်လာနိုင်သည်။ ၎င်းမှာ ဖခမည်းတော်၏ ဂရုစိုက်အပ်နှံခဲ့ခြင်းကို မဖြုန်းတီးခဲ့ဟု ဆိုလိုပေသည်။
နိုင်ငံ၏တိုးတက်မှုကို စဉ်းစားမိသော် ဆယ်ဗီနီ၏မျက်လုံးများက မနေနိုင်ဘဲ ကမ်ဘီနှင့်စကားပြောနေသည့် ရှုယီမျက်နှာထံကျရောက်လာသည်။
ဤတစ်ခေါက် ဘန်တာမြို့ကို လာသည်တွင် ဆယ်ဗီနီမှာ ဘန်တာမြို့၌ နောက်ထပ်ပြောင်းလဲမှုကြီးတစ်ခု ရှိလာသည်ကို တွေ့လိုက်ရသည်။
ဘန်တာမြို့ရှိလူတိုင်းမှာ အလုပ်များနေပုံရ၏။ တစ်မြို့လုံးတွင် ယခင်က ရှိခဲ့ဖူးသည့် စိတ်ကျမှုများနှင့် ကွဲပြားသော သက်ဝင်လှုပ်ရှားမှုများရှိနေသည်။
Frestech ကုန်သည်ကြီးများအသင်း၏ အလုပ်ရုံရှိသည့် ဆန်းဒ်တွန်အိမ်ရာသို့သွားချိန်တွင် အနီးဝန်းကျင်နေရာက အလုပ်နေရာကြီးတစ်ခုဖြစ်လာသည်ကို တွေ့လိုက်ရသည်။ ဆန်းဒ်တွန်အိမ်ရာအနီးတဝိုက်၌ စက်လည်ပတ်သံများ အဆက်မပြတ်ထွက်ပေါ်နေသော အလုပ်ရုံ အကြီးအသေးများစွာရှိနေကြ၏။
လမ်းမထက်ရှိ လူတိုင်းကလည်း အင်မတန်အလုပ်များပုံပေါ်နေသော်ငြား မျက်နှာများထက်၌ ဝမ်းသာပြုံးများချိတ်ဆွဲထားကြသည်။
လူများနှင့် မြို့ကို မည်သည့်အရာက ပြောင်းလဲစေခဲ့သနည်း?
ဆယ်ဗီနီမှာ ၎င်းမေးခွန်းကို စဉ်းစားနေသော်လည်း ရှုယီပြောလာသည်ကိုကြားသော် နားလည်လိုက်သည်။
ဟုတ်ပါ၏၊ ရှုယီပြောခဲ့သလိုပင်၊ ဘန်တာမြို့သားများနှင့် ဘန်တာမြို့ကိုယ်တိုင်ကို ပြောင်းလဲစေခဲ့သည်မှာ စက်မှုလုပ်ငန်း၏စွမ်းအားဖြစ်သည်။
ဆယ်ဗီနီမြင်တွေ့ခဲ့သည့် နေရာများထံမှ စက်မှုလုပ်ငန်း၏စွမ်းအားမှာ ခမာမြို့၊ ဆော်လ်တန်မြို့၊ ကန်ဘာရာမြို့နှင့် နော်တန်မြို့တို့ကိုလည်း ပြောင်းလဲစေခဲ့၏။
မဝေးတော့သည့် အနာဂတ်တွင် စက်မှုလုပ်ငန်းစွမ်းအားက ခရာမာမြို့၊ အန်ဗီမာမြို့တော်တို့ကိုလည်း သေချာပေါက် ပြောင်းလဲစေကာ လမ်ပူရီတစ်နိုင်ငံလုံးလည်း ပါလာလိမ့်မည်။
လမ်ပူရီတိုင်းပြည်၌ ထိုစွမ်းအားတိုးတက်လာချိန်တွင် ဆယ်ဗီနီမှာ ထိုအချိန်၏ လမ်ပူရီတိုင်းပြည်က နယ်မြေကြီးတစ်ခုလုံးကို အံ့အားသင့်စေမည်ဟု ယုံကြည်နေပါ၏!
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၄၇။ နာမည်ကြီးအကျိုးသက်ရောက်မှု
ယမန်နေ့ညကတိုက်ခတ်ခဲ့သည့် ရှားရှားပါးပါး မိုးသက်မုန်တိုင်းက နွေအပူကို လုံးဝဖယ်ရှားလိုက်သည်။ ၎င်းက ဘန်တာမြို့အတွက်လည်း ဖယ်ရှားပေးခဲ့ရာ မြို့က များစွာပို၍ လန်းဆန်းနေပါတော့၏။
မိုးကုပ်စက်ဝိုင်းသို့ နေလုံးကြီးတက်လာချိန်တွင် ရာသီဥတုက ပြန်လည်စတင်လာကာ မြို့၌ နွေအပူဖြင့် တစ်ဖန်ပြန်လည် ပြည့်နှက်သွားစေသည်။
မနက်အစောတွင် ရှုယီက စတေးလ်ကို အိမ်မှသွားခေါ်လာကာ အတူ မနက်စာစားပြီးသည့်နောက်၌ နှစ်ဦးသားက ဘန်တာမြို့ကို လှည့်ပတ်သွားနေကြသည်။
သူဟာ ဤတလော ကိစ္စများစွာဖြင့် အလုပ်ရှုပ်နေလျှင်တောင် ရှုယီမှာ စတေးလ်နှင့်အတူ အချိန်ကုန်ဆုံးရန် တစ်ရက် သို့မဟုတ် နေ့တစ်ဝက်လောက်တော့ ဘေးဖယ်ထားဆဲပင်။
ကုန်ကုန်ပြောရလျှင် ချိန်းတွေ့ခြင်းဟူသည့် အရာအတွက် တစ်ခုတည်းသော အဓိပ္ပာယ်မှာ နှစ်ဦးသားအတူတကွအချိန်ကုန်ဆုံးခြင်းဖြစ်၏။
သို့သော် ရှုယီအတွက် စတေးလ်နှင့်အတူ ဈေးဝယ်ရင်း လမ်းလျှောက်သည်က ပျင်းစရာဖြစ်နေဆဲသာ။ အကြောင်းမှာ အင်ဂျင်နီယာတစ်ယောက်အနေနှင့် စတေးလ်က အဝတ်ဆိုင်၌ တစ်နာရီကြာလောက်ကုန်ဆုံးပြီးချိန် ဆိုင်အတွင်းရှိ အဝတ်တစ်ထည်ချင်းစီတိုင်းကို ဝတ်ကြည့်ပြီးမှ တစ်ထည်နှစ်ထည်မျှသာ ဝယ်ယူခြင်းကို မည်သို့ဖြစ်ဖြစ်နားမလည်ပေ။
ရှုယီ၏အတွေးများအရ အဝတ်အစားဟူသည်မှာ မိမိကိုယ်ကိုဖုံးအုပ်ရန်နှင့် လူ့ခန္ဓာကို အနွေးပေးဖို့သာဖြစ်ရာ အသွင်ပြင်က ဘာအဓိပ္ပာယ်မှမရှိပေ။
ယခုတွင်နွေရာသီဖြစ်နေရာ ကမ္ဘာမြေ၌ဆိုလျှင် မလိုအပ်သရွေ့ ရှုယီမှာ အရာအားလုံးကိုလျစ်လျူရှုကာ အချိန်အများစု၌ ဘောင်းဘီတိုနှင့် တီရှပ်များကိုသာ ဝတ်ဆင်ထားလိမ့်မည်။
မှန်ပါ၏၊ သူ၏ ကမ္ဘာမြေပေါ်ရှိ ပုံစံကို အမျိုးသမီးလုပ်ဖော်ကိုင်ဖက်များက ပြင်းပြင်းထန်ထန်ဝေဖန်ထားကြသည်။ ထို့ကြောင့် ယခု စတေးလ်နှင့်အတူ ဈေးဝယ်ထွက်နေရသည်ကို ဆန္ဒမရှိပါလျှင်တောင် နာခံစွာဖြင့် ပါးစပ်ပိတ်လျက် သူ့အားဆွဲခေါ်ကာ မတူညီသည့်အရာများကို လှည့်ပတ်ကြည့်ခွင့်ပြုထားလိုက်သည်။
ထုတ်ပြောရန် ထိုက်တန်သည့်အရာတစ်ခုမှာ စိုင်စ်နယ်မြေက နည်းပညာအရာ၌ ကမ္ဘာမြေကို မယှဉ်နိုင်သော်လည်း အဝတ်အစားများကတော့ လုံးဝမနိမ့်ပါချေ။ စတုရန်းတစ်ရာမီတာပင်မရှိသော ဤစတိုးဆိုင်ထဲတွင် အမျိုးသမီးဝတ်နွေရာသီအဝတ်အထည်များ ဒီဇိုင်းပေါင်းနှစ်ရာကျော်လောက်ရှိကာ ရှုယီကြည့်လိုက်ချိန်တွင် တောက်ပနေလေသည်။
ထိုနေရာ၌ ရပ်လိုက်သည့် ရှုယီ၏ကူရာမဲ့နေသော မျက်နှာကို မြင်သော် စတေးလ်က တောက်တောက်ပပပြုံးလာကာ ပြော၏၊ "ကောင်းပြီ စိတ်ရှည်ရှည်နဲ့စောင့်နေနော်။ စတိုးဆိုင်က အပြင်မှာထက်အတော်လေးပိုအေးတော့ အပြင်ထွက်တာထက် ဒီမှာနေတာက ပိုကောင်းတယ်။"
စတေးလ်ထံမှ သတိပေးခံလိုက်ရမှ ရှုယီလည်း သတိပြုမိသွားသည်။ ထိုအဝတ်ဆိုင်မှာ အပြင်ထက်များစွာအေးကာ အတော်လေးလန်းဆန်းပါ၏။
ဘေးဘီကိုကြည့်လိုက်သော် စတိုးဆိုင်အတွက် လေအေးအေးလေးများထုတ်ပေးနေသည့် ညာဘက်နံရံမှ မှော်လေအေးပေးစက်တစ်လုံးကိုတွေ့လိုက်သည်။
ပြောစရာပင်မလိုလောက်အောင် ၎င်းက Frestech အမှတ်တံဆိပ်ပါပင်။
ရှုယီ၏မျက်လုံးများက မှော်လေအေးပေးစက်ရှိကျရောက်လာသည်ကိုမြင်သည့်အခါ စတေးလ်နှင့်ရှုယီတို့ ဆိုင်ထဲဝင်လာကတည်းက ၎င်းတို့နံဘေးမှထွက်မသွားခဲ့သည့် ဆိုင်ရှင်မှာ အပြုံးဖြင့်ပြောလာသည်၊ "ဥက္ကဌရှု၊ ရှင်တို့ Frestech တံဆိပ်မှော်ပန်ကာက တကယ်ကိုသုံးရလွယ်တယ်။ ကျွန်မတို့ စသုံးကတည်းက စတိုးဆိုင်ကလည်း အမြဲအေးနေတော့ ဆိုင်ရဲ့စီးပွားရေးကပါ အတော်လေးပိုကောင်းလာတယ်လေ။"
"အိုး? ခင်ဗျားတို့ဆိုင်ထဲကို လူတော်တော်များများက လေအေးအေးရချင်တာကြောင့် ပိုလာကြတာလား?" ရှုယီက အပြုံးဖြင့်မေးသည်။
"ဟုတ်လောက်မယ်။" ဆိုင်ရှင်မှာ အသက်သုံးဆယ်ကျော်လောက်မည့် အမျိုးသမီးဖြစ်ကာ အပြုံးများက ဖော်ရွေလှ၏။ ထိုသည်ကလည်း သူမ၏ဆိုင်စီးပွားရေးကောင်းနေရသည့် အကြောင်းရင်းတစ်ရပ်ဖြစ်နိုင်၏၊ "စဉ်းစားကြည့်ပါဦး၊ ကျွန်မတို့ဆိုင်က အတော်အေးပေမယ့် အကြာကြီးနေပြီးမှ ဘာမှမဝယ်ရင် သူတို့အရှက်မရဘူးလား?"
ရှုယီမှာ မနေနိုင်အောင်ပြုံးလျက် ပြောလိုက်သည်၊ "ခင်ဗျားက ကျုပ်ကို လက်ဗလာနဲ့မပြန်သွားဖို့ သတိပေးနေတာများလား?"
ဆိုင်ရှင်က ရယ်ကာ၊ "ဘယ်လိုဖြစ်နိုင်မှာလဲ? ဥက္ကဌရှုနဲ့ သခင်မလေးစတေးလ်တို့က ဘယ်လိုလူတွေမို့လို့ ကျွန်မက သတိပေးရဲရမှာလဲ? ဒါပေမယ့် ဥက္ကဌရှု၊ ကျွန်မအနေနဲ့ ရှင့်ကိုဆုံရဖို့က ရှားပါးတဲ့အခွင့်အရေးဖြစ်တော့ မေးစရာတစ်ခုရှိတာကို မေးလို့ရနိုင်မလား?"
"အိုး? ဘာမေးခွန်းများလဲ? ခင်ဗျားမေးချင်တာကိုမေးပါ။"
ဆိုင်ရှင်က ခေါင်းငြိမ့်ကာ မှော်လေအေးပေးစက်ကိုညွှန်ပြ၍ ပြောလာသည်၊ "တစ်ချက်လောက်ကြည့်ပါဦး၊ ဒီမှော်လေအေးပေးစက်ရဲ့ အပြင်ဘက်က နည်းနည်းသံချေးတက်နေတယ်မဟုတ်လား?"
ရှုယီကလည်း နံရံပေါ်ရှိ မှော်လေအေးပေးစက်ကို မော့ကြည့်လိုက်ရာ အပြင်ဘက်ကို အကြိမ်များစွာ သန့်ရှင်းထားသော်လည်း သံချေးအနည်းငယ်ကိုတော့ မြင်နေရဆဲပင်။ သူလည်းခေါင်းငြိမ့်ကာ၊ "အမ်း၊ တကယ်ကိုအတော်သံချေးတက်နေပြီ။ ကြည့်ရတာ ခင်ဗျား ဒီလေအေးပေးစက်ကိုဝယ်ထားတာ အချိန်တစ်ခုလောက်တော့ကြာပြီထင်တယ်?"
"အမ်း၊ ကျွန်မ ဒါကို အရင်နှစ်နွေမှာ ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းကနေ ထုတ်ဝေလိုက်တာနဲ့ ဝယ်ခဲ့တာပါ။" ဆိုင်ရှင်က ပြန်ဖြေသည်။
ရှုယီလည်း သူမကိုတအံ့တဩကြည့်ကာ၊ "အိုး? ဒါဆို ခင်ဗျားရဲ့ အမြင်ကတကယ်ကောင်းတာပဲ၊ ခင်ဗျားက ငွေသုံးဖို့ဆန္ဒရှိတော့ စီးပွားရေးပိုကောင်းလာတာက အံ့ဩစရာမရှိတော့ပါဘူး။ ခင်ဗျားသိထားရမယ်၊ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက အရင်နှစ်နွေမှာ ဒီမှော်လေအေးပေးစက်တွေကို ဖြန့်ဝေတော့ ရောင်းအားအရေအတွက်က အဲ့လောက်မကောင်းခဲ့ဘူးလေ။"
"တစ်လုံးကို ရွှေဒင်္ဂါးနှစ်ဆယ်ဆိုတော့ ကျွန်မလည်း အရင်နှစ်က ဝယ်တုန်း အတော်လေး နာကျင်နေတာ။ ဒါပေါ့ အားလုံးတွက်ကြည့်လိုက်တော့လည်း အတော်လေး ထိုက်တန်ပါတယ်။" ဆိုင်ရှင်က အပြုံးဖြင့်ဆိုလာသည်။
"အမ်း ခင်ဗျားမှာ တခြားမေးခွန်းတွေရှိသေးလား?"
"အိုး၊ မကြာခင်ကလည်း ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းကနေ အလိုအလျောက်မှော်ထမင်းပေါင်းအိုးနဲ့ မှော်ပေါင်မုန့်မီးကင်စက်ထုတ်ခဲ့သေးတယ်မလား၊ ကျွန်မတို့မိသားစုလည်း တစ်လုံးစီဝယ်ထားသေးတယ်။ ပြီးတော့ အဲဒီ့နှစ်မျိုးက ရှင်ပြောသလိုပဲ၊ လုံးဝသံချေးမတက်တာတွေ့လိုက်ရတယ်..."
"ဟုတ်တယ်၊ ဘာလို့လဲဆိုတော့ အဲဒီအလိုအလျောက်မှော်ထမင်းပေါင်းအိုးနဲ့ မှော်ပေါင်မုန့်မီးကင်စက်တွေကို သတ္တုအသစ်နဲ့လုပ်ထားတာလေ၊ အဲဒီ့သတ္တုအသစ်က အစွန်းခံသံမဏိ(stainless steel)မို့လို့ သံချေးမတက်ဘူး။" ရှုယီက ခေါင်းငြိမ့်၍ ပြောသည်။
"အဟုတ်ပဲ၊ ရှင်က အဲ့ဒီစက်နှစ်မျိုးကို သံချေးမတက်တဲ့သတ္တုသုံးထားတော့ ကျွန်မထင်တာက... ရှင်သာ မှော်လေအေးပေးစက်တွေကိုထပ်လုပ်ရင် ဒီလိုသတ္တုမျိုးသုံးသင့်တယ် မဟုတ်လား? ကျွန်မဆိုင်ထဲက မှော်လေအေးပေးစက် ဘယ်လောက်သံချေးတက်တက် အကြာကြီးဆက်သုံးနိုင်နေရင်တောင် ကြည့်လို့တော့ကောင်းမှာမဟုတ်ဘူး။ ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းကသာ သတ္တုအသစ်နဲ့လုပ်ထားတဲ့ မှော်လေအေးပေးစက်ကို ထုတ်လာနိုင်ရင် ကျွန်မလည်း တစ်လုံးလောက်သုံးဖို့ လဲလှယ်နိုင်မယ်လေ။ ဟုတ်သားပဲ၊ ရှင် အဲဒီမှော်လေအေးပေးစက်အသစ်မှာရော ဖလှယ်တဲ့အစီစဉ်ကို လုပ်ဦးမှာလား?" ဆိုင်ရှင်က မေးလေသည်။
ရှုယီက ဆိုင်ရှင်ကို အတန်ငယ်အံ့အားသင့်စွာကြည့်ပြီးမှ ရယ်လျက်ပြောလိုက်သည်၊ "စိတ်ချပါ၊ ကျုပ်အခု ခင်ဗျားကို နည်းနည်းလောက်ပြောပြလို့ရပါတယ်။ မှော်လေအေးပေးစက် မျိုးဆက်သစ်ကို နောက်ရက်နည်းနည်းလောက်နေရင်ထုတ်ပေးတော့မှာပါ။ ပြီးတော့ ခင်ဗျားတွေးထားသလို အဲဒီ့မျိုးဆက်သစ်ကို သတ္တုအသစ်နဲ့လုပ်ထားတာပဲ။ သံချေးမတက်ရုံတင်မကဘူး၊ အများကြီးပိုပေါ့ပြီးတော့ နည်းပညာအသစ်လည်းပါတာကြောင့် အပူချိန်ကိုလည်း အပြောင်းအလဲလုပ်လို့ရတာကြောင့် သုံးဖို့ အများကြီးပိုလွယ်တာပေါ့။"
"အပူချိန်ကိုလည်းပြောင်းလို့ရတယ်?" ဆိုင်ရှင်မှာ အင်မတန်ဝမ်းမြောက်သွားသည်၊ "ကောင်းလိုက်တာ! မှော်လေအေးပေးစက်က အချိန်ကြာဖွင့်ထားရင် ပစ္စည်းတွေကို အရမ်းအေးသွားစေတော့ ဖွင့်ထားတဲ့အချိန်ကလိုပဲ အေးနေဖို့လိုအပ်တာလေ။ ရာသီဥတုသိပ်မပူတဲ့အချိန်တွေလည်းရှိတော့ ဒါကိုဖွင့်ရင် လူတွေက နည်းနည်းအေးသွားရော၊ မဖွင့်ပြန်ရင်လည်း သက်တောင့်သက်သာမရှိပြန်ဘူး။ အပူချိန်ကိုသာ ညှိနိုင်ရင် အကောင်းဆုံးပဲပေါ့။"
"ကျုပ်တို့ ဒီပြဿနာကို သတိပြုမိထားတော့ မျိုးဆက်သစ် မှော်လေအေးပေးစက်မှာ ဒီနည်းပညာသစ်ကိုထည့်ထားတာပါ။" ရှုယီက ပြုံးကာပြောသည် "ခင်ဗျားအနေနဲ့ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းဟာ အသုံးပြုသူတွေရဲ့ အတွေ့အကြုံကို အများဆုံးဦးစားပေးမှန်း ယုံပေးဖို့ပဲလိုတာပါ။ ကျုပ်တို့ထုတ်ကုန်တွေကို ဝယ်တဲ့လူတွေ စိတ်ကျေနပ်နေသရွေ့ ကျုပ်တို့ရဲ့ထုတ်ကုန်တွေလည်း ပိုပိုရောင်းရမယ်လို့ မထင်ဘူးလား?"
"ဟုတ်တယ် ဟုတ်တယ်။ ဒါက ကျွန်မတို့အဝတ်တွေရောင်းသလိုပဲ၊ ကျွန်မတို့ရဲ့ အထည်တွေဝတ်ရင်း လူတွေသက်တောင့်သက်သာဖြစ်ပြီး ကြည့်ကောင်းနေသရွေ့ သူတို့တွေ ဖောက်သည်ဆက်ဖြစ်နေဦးမှာပဲ။ ကြည့်ပါဦး၊ အာ သခင်မလေးစတေးလ်, ဒီအင်္ကျီတွေက ရှင်နဲ့အရမ်းလိုက်ဖက်တယ်!" ဆိုင်ရှင်မှာ ရုတ်တရက်ကြည့်ကာ ချဲ့ကားဟန်ဖြင့် ပြောလာသည်။
ရှုယီလည်းလှည့်ကြည့်လိုက်ရာ မျက်လုံးများတောက်ပသွား၏။
စတေးလ်မှာ ဒူးအထက် စကပ်အတိုရေစိမ်းရောင်လေးဝတ်ထားကာ အဝတ်လဲခန်းထဲမှ ထွက်လာသည်။ ဝတ်စုံ၏ကွက်တိကျမှုကြောင့် သူမ၏ ပြီးပြည့်စုံသော ပုံရိပ်ကိုပြသနေရာ အင်မတန်သွယ်လျဟန်ပေါ်နေသည်။
ထို ဂါဝန်အတိုလေး၏ဒီဇိုင်းက အင်မတန်ရိုးရှင်းလှသော်လည်း စတေးလ်၏ ပြည့်စုံသောမျက်နှာလေးနှင့် သွင်ပြင်နဲ့လိုက်ဖက်ညီနေကာ သူမ၏ ထူးကဲသောရောင်ဝါအား ပိုမိုကျော့ရှင်းနေစေသည်။
သူမထံ၌ရှိသည့် လှပသောရွေရောင်ဆံပင်ရှည်ကိုပါထည့်ပေါင်းလိုက်ပါလျှင် လူတစ်ယောက်လုံးကို ပို၍ တောက်ပသွားစေ၏။
ရှုယီ၏မျက်လုံးများက သူမထံ၌ရစ်ဝဲနေကာ ဖော်ထားသည့် သွယ်လျလျခြေထောက်လေးများထံမှ မလွှဲနိုင်တော့ဘဲ ချီးကျူးလာသည်၊ "တကယ်ကို လှတယ်!"
စတေးလ်က ဂုဏ်ယူစွာပြုံးလျက် လှည့်လာကာ ရှုယီကို မေးလေသည်၊ "ဘယ်လိုလဲ? စိတ်တိုင်းကျရဲ့လား?"
ရှုယီက မတုံ့ပြန်ဘဲ ဆိုင်ရှင်ဘက်သို့ လှည့်ကာပြောလိုက်သည်၊ "ကောင်းပြီ၊ ဒီတစ်ခုဝယ်မယ်။"
ဆိုင်ရှင်လည်း လက်ဝေ့ယမ်းလိုက်ကာ၊ "ဥက္ကဌရှုနဲ့ သခင်မလေးစတေးလ်တို့ ကျွန်မရဲ့ဆိုင်လေးဆီလာတာကပဲ အတော်ဂုဏ်ယူနေရပါပြီ၊ ဘယ်လိုများငွေယူနိုင်ပါ့မလဲ? ဒီအဝတ်တွေက သခင်မလေးစတေးလ် ဝတ်ဖို့ ထွက်ပေါ်လာပြီးတော့ သခင်မလေးစတေးလ်ကလည်း သဘောကျတာကြောင့် လက်ဆောင်အနေနဲ့ပဲ ပေးလိုက်ပါ့မယ်။"
ရှုယီလည်း ခေါင်းခါကာ၊ "ဘယ်လိုဖြစ်နိုင်မှာလဲ။ စတေးလ်သာ အဝတ်ပေါင်းများစွာဝယ်ရင်ရော ခင်ဗျားက အလကားပေးဦးမှာလား?"
ဆိုင်ရှင်လည်း တစ်ခဏမျှရပ်တန့်ပြီးမှ အပြုံးက ပိုလို့ပင်တောက်ပလာကာ၊ "အားလုံး အလကားပေးရလည်း ပြဿနာမရှိပါဘူး။ သခင်မလေးစတေးလ်လို လှပပြီးမွန်မြတ်တဲ့မိန်းကလေးတစ်ယောက်က ကျွန်မတို့ အဝတ်တွေကိုသဘောကျရင် ကျွန်မတို့အဝတ်တွေက ဝယ်ဖို့ထိုက်တန်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲမဟုတ်လား? အားလုံးကို ကျွန်မတို့ ဘန်တာနတ်ဘုရားမ သခင်မလေးစတေးလ်က ကျွန်မရဲ့ဆိုင်လေးဆီကနေ အဝတ်တွေအများကြီးဝယ်သွားတယ်လို့ပြောလိုက်ရင် ဘန်တာမြို့က မိန်းကလေးတွေအားလုံး ကျွန်မဆိုင်ကို အပြေးလာကြလိမ့်မယ်လို့တောင် အာမခံရဲပါတယ်။"
၎င်းကိုကြားသော် ရှုယီက ယုံကြည်ချက်မြင့်မားသည့် ဆိုင်ရှင်ကို ကြည့်လိုက်သည်။
သူမဟာ ယခင်နှစ်နွေက မှော်လေအေးပေးစက်ကို ဝယ်ယူရန် ရွှေဒင်္ဂါးနှစ်ဆယ်သုံးခဲ့သည်အားကြားချိန်တွင် ထိုဆိုင်ရှင်က အတော်လေးအမြင်ရှိသည်ဟု ခံစားခဲ့ရ၏။ ယခုတွင် သူမက စတေးလ်၏ နာမည်ကြီး အကျိုးသက်ရောက်မှုကို တကယ်ကြီးနားလည်နေရာ သူမ၏ စီးပွားရေးအမြင်ကို ပိုလို့ပင် ချီးကျူးမိသည်။
ရှုယီက သူမအားငြင်းဆိုရန်ပြင်လိုက်ချိန်တွင် စတေးလ်က ရုတ်တရက်မေးလာသည် "ကျွန်မ အဝတ်တွေစမ်းဝတ်ကြည့်တုန်းက ရှင်တို့ဆိုင်အနေနဲ့ အာမန်နီကုန်သည်ကြီးများအသင်းဆီက အဝတ်တွေကိုပဲ ရောင်းတာမဟုတ်ကြောင်းတွေ့ခဲ့ရတယ်။ တခြားလုပ်ငန်းစုတွေက အဝတ်တွေလည်းရောင်းသေးတယ်မဟုတ်လား?"
ဆိုင်ရှင်လည်း ရပ်တန့်သွားပြီးမှ ခေါင်းငြိမ့်လာသည်၊ "ဟုတ်ပါတယ် ဘာဖြစ်လို့လဲ? ပြဿနာများရှိလို့လား?"
"ဒါဆို ကျွန်မအားနာပါတယ်၊ ရှင့်ဆီက ဒီလက်ဆောင်ကိုမယူတော့ပါဘူး။ ပြီးတော့ ကျွန်မဒီကနေ အဝတ်တွေဝယ်သွားတဲ့အကြောင်း ဘယ်သူ့ကိုမှ မပြောဖို့ ရှင်ကတိပေးနိုင်ဖို့အတွက် မျှော်လင့်ပါတယ်။" စတေးလ်က လေးနက်နေဟန်ဖြင့်ဆိုလာသည်။
ရှုယီနှင့် ဆိုင်ရှင်တို့မှာ ငြိမ်ကျသွား၏။ ဆိုင်ရှင်က မထိန်းနိုင်ဘဲမေးလာသည်၊ "ဘာလို့လဲ? သခင်လေးစတေးလ်က ကျွန်မတို့ဆိုင်မှာ အဝတ်တွေဝယ်ရတာကို ရှက်တာကြောင့် မပြန့်သွားစေချင်တာလား?"
တောင်းပန်ဟန်က စတေးလ်၏မျက်နှာထက်၌ပေါ်လာကာ၊ "ဘာလို့လဲဆိုတော့ ကျွန်မက အာမန်နီကုန်သည်ကြီးများအသင်းရဲ့ အဝတ်တွေကို ကိုယ်စားပြုဖို့ အာမန်နီကုန်သည်ကြီးများအသင်းနဲ့ စာချုပ်မှာ လက်မှတ်ထိုးထားလို့ပါ။ ဒါကြောင့် အာမန်နီကုန်သည်ကြီးများအသင်းအတွက် တခြားဘယ်လုပ်ငန်းစုရဲ့ အဝတ်ကိုမှ ကိုယ်စားပြုလို့မရပါဘူး။"
ရှုယီလည်း တစ်စက္ကန့်မျှ ငြိမ်သက်သွားပြီး အာမန်နီ ကုန်သည်ကြီးများအသင်း၏ ဥက္ကဌဗင်းဆင့်ထ်က ယခင်တစ်ခေါက်က သူ့အားလာရှာသည်ကို သတိရသွားသည်။ သူက အာမန်နီကုန်သည်ကြီးများအသင်းအတွက် Frestech ကုန်သည်ကြီးများအသင်းကို ချည်ငင်မှော်စက်အား သုတေသနလုပ်စေချင်သော်လည်း စတေးလ်နှင့် တစ်ခုခုကိုလည်း ဆွေးနွေးရန် ဆက်သွယ်ချင်နေခဲ့သေး၏။
ရှုယီက အင်မတန် အလုပ်များနေသဖြင့် ၎င်းကိုစတေးလ်ထံ လွှဲပေးခဲ့သော်လည်း ၎င်းတို့ဆွေးနွေးခဲ့သည်ကို မေးရန် မေ့သွားခဲ့သည်။ စတေးလ်ပြောလာသည်ကိုကြားသော် ဥက္ကဌဗင်းဆင့်ထ်က တကယ်တမ်း စတေးလ်အား ၎င်းတို့လုပ်ငန်းစု၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် လာရှာခြင်းကို သိသွား၏!
ပြောရလျှင် ဥက္ကဌဗင်းဆင့်ထ်၏ရွေးချယ်မှုက အင်မတန်မှန်ကန်သည်။
စတေးလ်ထံ၌ ထူးခြားသည့်သွင်ပြင်ရှိရုံမျှမက ဘန်တာမြို့နှင့် အနီးနားမြို့များရှိ သူမ၏နာမည်ကလည်း လတ်တလောတွင် အင်မတန်ကြီးမားလှသည်။
ထိုမြို့များထံမှ ယောက်ျားသားများ၏ စိတ်ဝင်စားမှုကို ရထားရုံတင်မက တခြားမြို့များထံမှ မိန်းမငယ်လေးများ၏ စိတ်ထဲရှိ စံပြလည်း ဖြစ်လာသည်ပင်။
သူမဝတ်သည့် အဝတ်အစားများကို ထိုမြို့မှ မိန်းကလေးများကလည်း သိလိုကြသည်သာ။
သူမက အာမန်နီကုန်သည်ကြီးများအသင်းထံမှ အဝတ်များသာ ဝတ်သည်ကို လူတိုင်းသိကြပါလျှင် အာမန်နီကုန်သည်ကြီးများအသင်း၏ အဝတ်အထည်ရောင်းအား တက်လာပေလိမ့်မည်။
ရှုယီမှာ ဥက္ကဌဗင်းဆင့်ထ်က စတေးလ်ကို သူ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ်ခန့်အပ်သည်အား မအံ့ဩသော်လည်း စတေးလ်က အာမန်နီကုန်သည်ကြီးများအသင်း၏ အကျိုးအမြတ်အတွက် ထိုမျှစဉ်းစားပေးသည်ကို အံ့ဩမိသည်။
၎င်းကိုသုံးသပ်ရလျှင် စတေးလ်ထံ၌ ကမ္ဘာပေါ်ရှိကြယ်ပွင့်များစွာ မေ့လျော့နေသည့် အရည်အချင်းများစွာရှိလေသည်။
၎င်းကိုစဉ်းစားမကာ ရှုယီ၏အမူအရာက မထူးဆန်းလာဘဲ မနေနိုင်တော့ပေ။
သူ့အနေနှင့် ယခင်က ၎င်းကို မစဉ်းစားမိခဲ့သော်လည်း စဉ်းစားကြည့်ပြီးနောက်၌ သူဟာ မရည်ရွယ်ထားပါဘဲ ကြယ်ပွင့်ကြီးတစ်ပွင့်၏ ချစ်သူဖြစ်လာသည်ကို ရုတ်တရက်သတိပြုမိသွားရသည်!
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၄၈။ ဘွဲ့ရပြီးနောက် ထွက်လမ်း
အဆုံးတွင် စတေးလ်မှာ ဆိုင်ရှင်၏ သူမအား အဝတ်များလက်ဆောင်ပေးခြင်းကို ငြင်းဆန်လိုက်သော်လည်း ဆိုင်ရှင်၏တောင်းဆိုမှုအောက်၌ သူမက ထိုဆိုင်မှ အဝတ်များဝယ်သွားသည့် သတင်းကို ဖြန့်ခွင့်ပြုရန် သဘောတူလိုက်ဆဲပါပင်။
သို့သော် စတေးလ်က ထိုသတင်းကိုဖြန့်ခိုင်းချိန်၌ ဆိုင်ရှင်အား စတေးလ်မှာ အာမန်နီကုန်သည်ကြီးများအသင်းထံမှ အဝတ်များကလွဲ အခြားလုပ်ငန်းစုများ၏ အဝတ်များကို မဝယ်ဟုသာ ဖြန့်ရန် ကတိတောင်းထားခဲ့သည်။
"ကိုယ်ဒါကို တကယ်သိချင်မိတယ်။ စတေးလ်, မင်းကို ဥက္ကဌဗင်းဆင့်ထ်က သူ့ရဲ့လုပ်ငန်းစုအတွက် ပြောရေးဆိုခွင့်ရှိသူအဖြစ် ရွေးချယ်လိုက်ကတည်းက သူ့အနေနဲ့ မင်းအတွက် အဝတ်ဒီဇိုင်းအသစ်တွေအထူးတလည်လုပ်ပေးတာတို့ အဝတ်တွေအလကားပေးတာမျိုးတွေ မလုပ်နိုင်လို့များလား?" အဝတ်ဆိုင်မှ ထွက်လာချိန်တွင် ရှုယီက မနေနိုင်ဘဲမေးလိုက်သည်။
"ရှိတာပေါ့၊ ဥက္ကဌဗင်းဆင့်ထ်က အဲ့လောက်ကပ်စေးမနည်းပါဘူး။ တကယ်တမ်း ကျွန်မအရင်က ဝတ်ခဲ့တဲ့ အဝတ်တွေအားလုံးကို အာမန်နီကုန်သည်ကြီးများအသင်းက အလကားပေးထားတာပဲ။"
ရှုယီလည်း အတန်ငယ်ရှုပ်ထွေးသွားကာ၊ "မင်း ဒါတွေကို အလကားရနေမှာတော့ ဘာလို့ဝယ်ဖို့ သွားနေရသေးတာလဲ?"
"ရှင် ဒါကို နားမလည်ဘူးလား? အဝတ်ဝယ်ထွက်တာက ပျော်ဖို့လေ၊ အ၀တ်အစားတွေဝယ်ရတာ ပျော်စရာပါ၊ ဘာမှဝယ်ဖို့ ရည်ရွယ်ချက်နဲ့တော့ မဟုတ်ဘူးလေ။" စတေးလ်က အပြုံးဖြင့်ပြောသည်၊ "ပြီးတော့ အာမန်နီကုန်သည်ကြီးများအသင်းက ကျွန်မလိုချင်တဲ့ အဝတ်တွေအားလုံးကို ပေးမှာမှမဟုတ်တာ။ ကျွန်မဘာသာ လျှောက်သွားရင် အရင်ကမမြင်ဖူးတဲ့ တစ်ခုခုကိုတွေ့နိုင်တာပဲ။"
ထိုသို့သောအပျော်မျိုးကို ရှုယီမှာ နားမလည်ကြောင်း ပခုံးသာတွန့်ပြလိုက်နိုင်သည်။
စတေးလ်က ရုတ်တရက်သက်ပြင်းချကာ၊ "ရှုယီ ကျွန်မတော့ နာမည်ကြီးတာက တကယ်တမ်းကောင်းတဲ့အရာမဟုတ်မှန်း ပိုပိုပြီးသိလာရပြီ။ ကျွန်မတို့ လမ်းပေါ်မှာလျှောက်နေတာကိုကြည့်ပြီး လက်ညှိုးထိုးတဲ့လူတွေရှိနေတာက အတော်လေး မသက်မသာဖြစ်စေတယ်။ အဝတ်ဝယ်တာကတောင် ဒီလောက်ဒုက္ခများနေတာ၊ ကျွန်မ လမ်းတွေအပေါ် လွတ်လွတ်လပ်လပ်လျှောက်နိုင်တဲ့ အချိန်တွေတုန်းကနဲ့မတူတော့ဘူး။"
ရှုယီက သူမမျက်နှာလေးကိုကြည့်ကာ စဉ်းစားလျက် မေးလိုက်သည်၊ "မင်းတကယ်ပဲ ဒီလိုထင်တာလား? ကိုယ်သိသလောက်ကတော့ မင်းကို မနာလိုပြီး မင်းလို နာမည်ကြီးချင်တဲ့ မိန်းကလေးများစွာရှိပါတယ်။"
"ဒါက သူတို့တွေ နာမည်မကြီးသေးလို့လေ၊ ဒါက ဘယ်လောက် ဒုက္ခများနေမှန်းမှမသိကြတာ။" စတေးလ်က ရယ်လျက်ပြောသည်။
ရှုယီလည်း စဉ်းစားပြီးမှ သွားနေသည်ကို ရပ်လိုက်၏။ ထို့နောက် စတေးလ်ကို တည်ငြိမ်စွာကြည့်ကာ ပြောလိုက်သည်၊ "စတေးလ်, မင်းတကယ်ပဲ သာမန်လူပြန်ဖြစ်ချင်ရင် အခု အချိန်ရှိပါသေးတယ်။ မဟုတ်လို့ မင်းအနေနဲ့ လမ်ပူရီတိုင်းပြည်ကိုကျော်ပြီး စိုင်စ်နယ်မြေတစ်ခုလုံးမှာပါ နာမည်ကြီးလာတာနဲ့ အရင်ကလို သာမန်လူပြန်ဖြစ်ဖို့က အတော်ခက်သွားတော့မှာ။"
စတေးလ်က ခေါင်းလေးစောင်းကာစဉ်းစားပြီးမှ တုံ့ဆိုင်းစွာ ခေါင်းခါလေသည်၊ "ကျွန်မသိပ်တော့ မသေချာသေးပါဘူး၊ စဉ်းစားဖို့ အချိန်နည်းနည်းလောက်ပေးဦး။"
ရှုယီက အသာပြုံးကာ ခေါင်းငြိမ့်သည်။
စတေးလ်မှာ သာမန်မိန်းမငယ်လေးတစ်ဦးအနေနှင့် နာမည်ကြီးခြင်းက အင်မတန်ဒုက္ခများသည်ဟု ခံစားနေရပါသော်လည်း သူမက လူတိုင်း၏အာရုံစိုက်မှု ဗဟိုဖြစ်ချင်ရာ တုံ့ဆိုင်းမှုတချို့ရှိဖို့က သာမန်ပါပင်။
"ဟုတ်ပြီ၊ မင်း ဘယ်ဆုံးဖြတ်ချက်ပဲ ချချ၊ ကိုယ်ထောက်ခံမှာပါ။"
ထိုကိစ္စကိုကြုံပြီးနောက်တွင် စတေးလ်၏ ဈေးဝယ်ထွက်လိုသည့် အာသီသက အတော်လေးလျော့ကျသွားပုံရသည်။ သူမအနေနှင့် ဝယ်လိုသည့် ပစ္စည်းတချို့ကိုသာ ဝယ်ပြီး ထောင့်ဘက်ရှိ ဖျော်ရည်ဆိုင်လေးသို့ ရှုယီနှင့်အတူ ဝင်ကာ အအေးများသောက်ရင်း စကားပြောနေတော့သည်။
မွန်းတည့်လောက်တွင် နှစ်ဦးသားက မြို့ထဲ၌ ထမင်းမစားခဲ့ရချေ။ ထိုအစား မြင်းလှည်းတစီးငှားကာ ဘာရွန်ရစ်တိုမှော်ကျောင်းတော်ဆီ ဦးတည်လိုက်ကြ၏။
ယနေ့မှာ ဘာရွန်ရစ်တိုမှော်ကျောင်းတော်၏ ကျောင်းဆင်းပွဲ(ဘွဲ့ပေးသည့်)နေ့ဖြစ်သည်။
ပထမမှ တတိယနှစ်အထိ ကျောင်းသားကျောင်းသူများအတွက် ကျောင်းနောက်ဆုံးနေ့ဖြစ်သည့်အပြင် စတုတ္ထနှစ်ကျောင်းသားများအတွက် တရားဝင်ဘွဲ့ရသည့် စာသင်နှစ်ဆုံးနေ့ကိုလည်း ကိုယ်စားပြုသည်။
ရှုယီနှင့် စတေးလ်တို့ ယနေ့ဤနေရာသို့လာသည်မှာ ပထမဦးဆုံး ဘာရွန်ရစ်တိုမှော်ကျောင်းတော်၌ ပထမနှစ်ပြီးဆုံးသွားသော ဗီဗီယန်ကို ဂုဏ်ပြုရန်ဖြစ်၏။ ဒုတိယအနေနှင့် မှော်ပညာဌာန၏ ဘွဲ့ရ ကျောင်းသား/သူများအတွက်ဖြစ်သည်။
ယခင်နှစ်က ရှုယီမှာ Frestech ကုန်သည်ကြီးများအသင်း အမည်ဖြင့် ဘာရွန်ရစ်တိုမှော်ကျောင်းတော်နှင့်အတူ စာချုပ်,ချုပ်ကာ ထိုကျောင်း၌ အထူးအထောက်အကူပြုရံပုံငွေကို ထောက်ပံ့ခဲ့၏။
ထိုရံပုံငွေအား ဖွင့်လှစ်လိုက်သည်တွင် ဆင်းရဲသောမိသားစုမှကျောင်းသူ/သားများက လျှောက်လွှာများတင်ကြသဖြင့် ကျောင်းက ရုတ်ရုတ်သဲသဲဖြစ်သွားသည်။
ယခု နှစ်တစ်ဝက်အကြာတွင် ထိုအထောက်အကူပြုငွေ ရွှေဒင်္ဂါးသုံးထောင်ကျော်ကိုပေးခဲ့ကာ ကျောင်းသားအယောက်နှစ်ရာကျော်ကို ဤစာသင်နှစ်ပြီးဆုံးအောင် ထောက်ပံ့ခဲ့၏။
ဘာရွန်ရစ်တို မှော်ကျောင်းတော်၏ မှော်ပညာဌာနမှ ဘွဲ့ရ ကျောင်းသား/သူ သုံးရာ့ခြောက်ဆယ့်ခုနစ်ဦးအနက် ထိုအထူးထောက်ပံ့ကြေးအကူအညီကို လက်ခံသူ ဆယ့်သုံးဦးရှိသည်။
၎င်းတို့ ထိုထောက်ပံ့ကြေးလက်ခံချိန်၌ ရေးထိုးခဲ့သည့် စာချုပ်အရ ဤကျောင်းမှ ဘွဲ့ရသည်နှင့် Frestech ကုန်သည်ကြီးများအသင်း၌ အနည်းဆုံးသုံးနှစ်လောက် အလုပ်လုပ်ရမည်ပင်။
ရှုယီနှင့် စတေးလ်တို့ ယနေ့လာခဲ့ရသည့် အကြောင်းရင်းမှာ ထို အောင်အောင်မြင်မြင်ဘွဲ့ရသွားသည့် ကျောင်းသား/သူများကို ဂုဏ်ပြုခြင်းအပြင် Frestech ကုန်သည်ကြီးများအသင်း အနေနှင့် ၎င်းတို့နှင့်အတူ အလုပ်သမားစာချုပ်၌ လက်မှတ်ထိုးရန်လည်းဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်း၏ နာမည်ကြီးလာသည်နှင့်အမျှ မှော်စက်များမှာ လူတို့၏စိတ်အတွင်းနက်နက်၌ တံဆိပ်ရိုက်ခတ်ထားသော်လည်း Frestech ကုန်သည်ကြီးများအသင်းရှိ အဆင့်နိမ့်မှော်ပညာရှင် ယခင်ကကိုးဦးမှ ကိုးဆယ့်သုံးဦးတိုးလာစေပြီး ထိုကိုးဆယ့်သုံးဦးမှာ အတော်လေးအသက်ရနေကြပြီပင်။ ထို အဆင့်နိမ့်မှော်ပညာရှင်အများစုက ပထမ သို့မဟုတ် ဒုတိယအဆင့်၌ တန့်နေကြသူများဖြစ်၏။
ထိုမှော်ပညာရှင်များထံ၌ အနာဂတ်တိုးတက်မှု မရှိတော့သည်ဖြစ်ရာ သုတေသနဌာနသို့ဝင်ရောက်ရန် မဖြစ်နိုင်ချေ။ ထိုသူတို့အနေနှင့် မှော်စက်များပြီးမြောက်ရန် လိုအပ်သည့် မှော်အစီရင်များကိုသာ ဆွဲရင်း အလုပ်ရုံ၌ ကျန်နေနိုင်သည်ပင်။
ထိုလူများမှာ Frestech ကုန်သည်ကြီးများအသင်း၏ အခြေခံအစိတ်အပိုင်းများအနေနှင့် အရေးကြီးပါသော်လည်း ရှုယီ ပိုမိုတန်ဖိုးထားသည်မှာ အီဗီတာနှင့် အခြားလူတို့ကဲ့သို့ အရည်အချင်းရှိသူများသာပင်။ အဆင့်မြင့်သူများက မှော်စက်များ ထုတ်လုပ်ရေးနှင့် လေ့လာရေးတွင် ကူညီနိုင်၏။
ဘာရွန်ရစ်တိုမှော်ကျောင်းတော်မှ ဘွဲ့ရများသည်ပင် အလယ်အလတ်များဖြစ်ကြပြီး ၎င်းတို့ကြား၌ အရည်အချင်းရှိ မှော်ပညာရှင်များများစားစားမရှိပါလျှင်တောင် ၎င်းတို့၏လမ်းကိုချမှတ်ပြီးသား ထိုမှော်ပညာရှင်အိုကြီးများနှင့်ယှဉ်လျှင်တော့ တိုးတက်ရန် နေရာပိုကျန်နေပါသေးသည်။
၎င်းတို့သာ Frestech ကုန်သည်ကြီးများအသင်းကို ဝင်ရောက်ပြီး အချိန်တချို့လောက် လေ့ကျင့်ပြီးပါလျှင် ၎င်းတို့ထဲမှ အရည်ချင်းရှိမှော်စက်မှုအင်ဂျင်နီယာပေါင်းများစွာ ပေါ်ထွက်လာနိုင်ချေရှိ၏။
ထို့ကြောင့် ရှုယီက ၎င်းတို့၏ထောက်ပံ့ကြေးမှတဆင့် Frestech ကုန်သည်ကြီးများအသင်းထံ ဝင်ရောက်လာသည့် ကျောင်းသားဆယ့်သုံးယောက်ကို အင်မတန်,တန်ဖိုးထားကာ ၎င်းတို့စာချုပ်အတွက် ကိုယ်တိုင်ကိုယ်ကျပင် လက်မှတ်လာထိုးလေသည်။
ယခုတွင် ရှုယီနှင့် စတေးလ်တို့မှာ ဘန်တာမြို့ရှိ ကြယ်ပွင့်များဖြစ်ကြရာ ၎င်းတို့လမ်းလျှောက်သွားသည်ကို ကြည့်နေကြသည့် လူများပင်မက ဘာရွန်ရစ်တိုမှော်ကျောင်းတော်ကို လာချိန်၌ပင် အာရုံစိုက်မှုအတော်များများ ဆွဲဆောင်ခဲ့မိကြသည်။
၎င်းတို့မှာ အနုပညာဌာနမှာ ဗီဗီယန်ကိုခေါ်ပြီးနောက် မှော်ပညာဌာနသို့ဦးတည်လိုက်ရာ ၎င်းတို့၏ ဘွဲ့ယူခြင်းအခမ်းအနားက ပြီးဆုံးသွားကြောင်းတွေ့လိုက်ရသည်။ အထူးထောက်ပံ့ကြေးလျှောက်ထားခဲ့သည့် ကျောင်းသား/သူဆယ့်သုံးဦးမှာ လူအုပ်၏ဆူညံမှုကြောင့် ထိုသုံးဦးကို အလျင်အမြန် သတိပြုမိသွားကြ၏။
ထိုဆယ့်သုံးဦးမှာ ထောက်ပံ့ကြေးလျှောက်စဉ်က ရှုယီကို တစ်ခါတွေ့ဖူးပြီးဖြစ်ရာ Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌအပေါ် အထင်ကြီးမှုရှိနေသည်။
လွန်ခဲ့သည့်နှစ်က Frestech ကုန်သည်ကြီးများအသင်းထံမှ အထူးထောက်ပံ့ကြေးကြောင့်သာ ၎င်းတို့၏ စာသင်ကြားမှုက များစွာပိုမို့ချောမွေ့ခဲ့ရသည်။ ၎င်းတို့၏ မှော်စွမ်းအားကလည်း ထိုသုံးနှစ်တာ၌ များစွာပိုမိုတိုးတက်လာနိုင်ချေရှိရာ ၎င်းတို့အနေနှင့် Frestech ကုန်သည်ကြီးများအသင်းကို အင်မတန်ကျေးဇူးတင်ရသဖြင့် ရှုယီကို သေချာပေါက် မေ့လိမ့်မည်မဟုတ်ချေ။
ထို့နောက် ဘန်တာမြို့ရှိ လူတိုင်းရင်းနှီးနေကြသော စတေးလ်လည်းရှိသည်။ စတေးလ်နှင့် ထိုမျှနီးကပ်ကာ သူမလက်ကို ကိုင်နိုင်သည့် ယောက်ျားတစ်ဦးမှာ ရှုယီကလွဲ အခြားမရှိပေ။
ထို့ကြောင့် ကျောင်းသားဆယ့်သုံးဦးက လူအုပ်ကြီးကိုတိုးဝှေ့လျက် ရှုယီရှေ့၌ ပေါ်လာကြကာ မျှော်တလင့်လင့်ဖြင့် ကြည့်နေကြ၏။
ရှုယီ၏မျက်လုံးများက ထိုငယ်ရွယ်သည့်မျက်နှာလေးများကိုကြည့်ရင်း စိတ်ထဲ၌ ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်သည်။
ထိုဆယ့်သုံးဦးမှာ အတော်လေးသာမန်ဆန်ပုံပေါ်သော်လည်း စိုင်စ်နယ်မြေကြီးရှိ မှော်စက်မှုနယ်ပယ်၏ စတင်ခြင်းအတွက် ထူးကဲမှုကြီးရှိသည်။
ထိုသည်မှာ ၎င်းတို့အနေနှင့် ဘွဲ့ရပြီးနောက် မှော်ပညာကိုလေ့လာခဲ့သည့် ကလေးများအတွက် လမ်းကြောင်းသစ်ကို ကိုယ်စားပြုသောကြောင့်ပင်။ ၎င်းတို့နိုင်ငံ၏ စစ်တပ်ထဲသို့ ဝင်ရောက်ခြင်း၊ စွမ်းအားကြီးမှော်ပညာရှင်များလက်အောက်ရှိ မှော်မျှော်စင်များ၌ အလုပ်လုပ်ရန်ဝင်ရောက်ခြင်းအပြင် ယခုတွင် မှော်စက်မှုနယ်ပယ်သို့ပါ ဝင်ရောက်နိုင်ပြီဖြစ်သည်။
၎င်းကိုသာ တဖြည်းဖြည်းလက်ခံလာကြပါလျှင် မှော်စက်များကိုလေ့လာခြင်းက နယ်မြေကြီးရှိ မှော်ပညာရှင်အားလုံးအတွက် လက်ခံနိုင်သောရွေးချယ်မှုတစ်ရပ်ဖြစ်လာလိမ့်မည်။ ၎င်းကြောင့် မှော်စက်မှုနယ်ပယ်က စိုင်စ်နယ်မြေ၌ အမြစ်တွယ်သွားကာ သိပ်မကြာခင် တိုးတက်လာပေလိမ့်မည်သာ။
၎င်းကိုစဉ်းစားရင်း ရှုယီက ထိုဆယ့်သုံးဦးကို ပြုံးပြလိုက်၏။
"ဆက်ခ်, အယ်လီနာ, အဲလက်ဇန်ဒရို, ဂယ်လ်..."
ထိုဆယ့်သုံးဦးအနက် ယောက်ျားလေးငါးဦးနှင့် မိန်းကလေးရှစ်ဦးပါရှိကာ သူလည်း တကယ်ကို နာမည်တစ်လုံးတလေတောင် မေ့မသွားခဲ့ချေ။
၎င်းတို့ အမည်များကို မှတ်ပြီးနောက် ရှုယီက လက်ဖြန့်ကာ ကြိုဆိုသည့်ဟန်ပန်ဖြင့် ဆိုလာ၏၊ "ကျွန်တော့်ရဲ့ ဥက္ကဌဆိုတဲ့ နာမည်အရ ကျွန်တော်က Frestech ကုန်သည်ကြီးများအသင်း ကိုယ်စား မင်းတို့လေးတွေအားလုံးကို ဝမ်းသာစွာနဲ့ ကြိုဆိုပါတယ်။ မင်းတို့အနေနဲ့ ကျွန်တော်တို့လုပ်ငန်းစုမှာ ပျော်ရွှင်တက်ကြွတဲ့ သုံးနှစ်တာကို ကုန်ဆုံးရမယ်လို့ မျှော်လင့်ပါတယ်။"
ထိုကျောင်းသားဆယ့်သုံးမှာ တစ်ဦးနှင့်တစ်ဦးကြည့်ပြီးမှာ တောက်တောက်ပပ ပြုံးလာကြ၏။
နှစ်ဝက်တာအတွင်းတွင် Frestech ကုန်သည်ကြီးများအသင်းက ၎င်းတို့ဘွဲ့ရပြီးနောက် အတင်းအကြပ်ဖိအားပေးကာ အလုပ်လုပ်ခိုင်းမည်ကို စိုးရိမ်နေခဲ့သည်ဟု ပြော၍ရသည်၊ ထို့နောက် Frestech ကုန်သည်ကြီးများအသင်းက အရှိန်မြန်မြန်ဖြင့် တိုးတက်လာကာ ဘန်တာမြို့ရှိ လူတိုင်းနှစ်သက်ရသော လုပ်ငန်းစုကြီးတစ်စုဖြစ်လာသည်ကို အားလုံးသတိပြုမိသွားကြသည်။
Frestech ကုန်သည်ကြီးများအသင်းအတွက် အလုပ်လုပ်ပေးကြသော မှော်ပညာရှင်များ အားလုံးမှာ မနာလိုစရာ လစာမြင့်မြင့်များရကြသည်သာမက မှော်ပညာကိုပါ ဆက်လက်လေ့လာနိုင်ရာ အလုပ်လုပ်ရင်း မှော်စွမ်းအား တိုးလာနိုင်သည်။
နှစ်ဘက်စလုံးကို ကျေနပ်စေသည့် အလုပ်အား မည်သူက လုပ်ရန် ဆန္ဒမရှိမည်နည်း?
ရှုယီက ထိုကျောင်းသားဆယ့်သုံးဦး လက်မှတ်ထိုးရန် စာချုပ်များယူလာသည်ကိုမြင်သော် ထိုမှော်ပညာဌာနမှ ဘွဲ့ရထားသည့်အခြားကျောင်းသားက အသံကျယ်ကျယ်ဖြင့် မေးလာသည်၊ "ဥက္ကဌရှု၊ အထူးထောက်ပံ့ကြေးမလျှောက်ထားတဲ့ ကျောင်းသားတွေလည်း ခင်ဗျားတို့ လုပ်ငန်းစုမှာ အလုပ်လုပ်လို့ ရနိုင်လား?"
ရှုယီလည်း အသံလာရာဘက်သို့ တအံ့တဩမော့ကြည့်လိုက်ရာ အထည်ကြမ်းလေးဝတ်ဆင်ထားသော ကျောင်းသားကို မြင်လိုက်ရ၏။ သူက အသာပြုံးကာ ကြင်နာစွာဖြင့်ပြောလိုက်လေသည်၊ "ဒါပေါ့။ အထူးထောက်ပံ့ကြေးလျှောက်ထားတဲ့ ကျောင်းသားတွေက Frestech ကုန်သည်ကြီးများအသင်းအတွက် သုံးနှစ်တာ အလုပ်လုပ်ပေးရမယ့် အရင်စာချုပ်ကိုလိုက်နာရမှာဆိုပေမယ့် ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ မင်းတို့လို တခြားကျောင်းသားတွေကို လုပ်ငန်းစုအတွက် မကြိုဆိုဘူးလို့ အဓိပ္ပာယ်မရဘူးလေ။"
"ဒါဆို ကျွန်တော် Frestech ကုန်သည်ကြီးများအသင်းမှာ အလုပ်လုပ်ဖို့ လျှောက်ထားလို့ရနိုင်မလား?" ထိုကျောင်းသားက ထပ်မေးလာသည်။
ရှုယီလည်း အာရုံစိုက်လာကြသည့် တခြားကျောင်းသားများကိုကြည့်လျက် ခေါင်းငြိမ့်ကာ ပြန်ဖြေလေ၏၊ "ဒါပေါ့"
သူပြောပြီးသည်နှင့် သူ့နံဘေးရှိ ကျောင်းသားများမှာ ဆူညံသွားတော့သည်။
တစ်ခဏကြာပြီးနောက် သူ့အားမေးခဲ့သည့် ကျောင်းသားလေးက လူအုပ်ကြီးကို တိုးဝှေ့လာ၏။ သူဟာ စိတ်လှုပ်ရှားနေဟန်ဖြင့် ရှုယီနံဘေးသို့ ရောက်လာကာ ကိုယ့်ကိုယ်ကိုညွှန်ပြလျက် မေးလာသည်၊ "ဥက္ကဌရှု ကျွန်တော့်ကို ဒရက်ဇယ် လို့ခေါ်ပါတယ်၊ ကျွန်တော်ကလည်း ဒီကျောင်းကဘွဲ့ရထားပြီး လက်ရှိမှာ တတိယအဆင့်မှော်ပညာရှင်ပါပဲ။ အဲဒါက အဆင်ပြေရဲ့လား?"
ရှုယီက ဒရက်ဇယ်၏ မျှော်လင့်နေသည့်မျက်နှာလေးနှင့် နံဘေးရှိ စိတ်လှုပ်ရှားနေသော ကျောင်းသားလေးများကိုကြည့်ကာ အနည်းငယ် မှင်သက်သွားရသည်။
ဖြစ်နိုင်တာက... သူ့ရဲ့ ဘာရွန်ရစ်တိုမှော်ကျောင်းတော်ခရီးရဲ့ ထိရောက်မှုက သူမျှော်လင့်ထားတာထက် ပိုကောင်းနေတာများလား?
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၄၉။ လမ်းဖွင့်ပွဲ
အချက်အလက်များက ရှုယီ၏ခန့်မှန်းချက်မှန်ကန်ကြောင်း သက်သေပြလိုက်သည်။
ဘာရွန်ရစ်တိုမှော်ကျောင်းတော်၌ တစ်ရက်လောက်နေပြီးနောက်တွင် ရှုယီမှာ အထူးထောက်ပံ့ကြေးလက်ခံထားသည့် ကျောင်းသားဆယ့်သုံးဦးနှင့် Frestech ကုန်သည်ကြီးများအသင်း၏ ဝန်ထမ်းဖြစ် စာချုပ်များကိုလက်မှတ်ထိုးခဲ့သည်သာမကချေ။ Frestech ကုန်သည်ကြီးများအသင်းအတွက် အလုပ်လုပ်လိုစိတ်ကို ရှုယီထံပြသလာသည့် အခြားဘွဲ့ရလေး နှစ်ဆယ့်လေးဦးပါ ရှိနေ၏။
သဘာဝကျကျပင် ရှုယီက ၎င်းတို့ကို ချက်ချင်းသဘောမတူဘဲ နောက်သုံးရက်အကြာ၌ ဆန်းဒ်တွန်အိမ်ရာ၌ စမ်းသပ်ဖို့လာရောက်ရန် ပြင်ဆင်ခိုင်းထားခဲ့သည်။
Frestech ကုန်သည်ကြီးများအသင်းက မှော်ပညာရှင်ပမာဏများစွာကို အမြန်လိုနေရာ တကယ်တမ်းတွင် ရှုယီမှာ လေထပ်မဖြုန်းတော့ဘဲ ထိုကျောင်းသားအယောက်နှစ်ဆယ်ကျော်ကို လက်ခံလိုက်ချင်သည်။
ဘာရွန်ရစ်တိုမှော်ကျောင်းတော်က လမ်ပူရီတိုင်းပြည်၌ အကောင်းဆုံးကျောင်းတော်မဟုတ်ပါသော်လည်း ရှုယီယခင်က တက်ရောက်ခဲ့သည် စန်ခိုင်ဆာကျောင်းတော်ထက် များစွာ ပိုမိုကောင်းမွန်နေဆဲပင်။
ထိုနေရာမှ ဘွဲ့ရနိုင်ရန် ပုံမှန်အားဖြင့် အနည်းဆုံး ဒုတိယအဆင့်မှော်ပညာရှင်ဖြစ်ရပေမည်။ ၎င်းတွင် အဆင့်သုံး သို့မဟုတ် အဆင့်လေးမှော်ပညာရှင်တချို့ပင် ပါရှိနေသေးသည်။
ထိုကျောင်းသားများကိုသာ Frestech ကုန်သည်ကြီးများအသင်းဆီခေါ်ယူကာ အချိန်ခဏလောက် လေ့ကျင့်ပေးလိုက်သည်နှင့် မှော်သုတေသနဌာနမှာ ဝန်ထမ်းများဖြင့်ပြည့်သွားလိမ့်မည်ပင်။
မှန်ပါ၏၊ ဤသည်မှာ Frestech ကုန်သည်ကြီးများအသင်းထဲသို့ ထိုကျောင်းသားများအား ခေါ်ယူခြင်းအစသာ ရှိသေးသည်။
ရှေ့လျှောက်လုပ်ငန်းစု၌ မှော်ပညာရှင်ပမာဏများစွာလိုအပ်နေလိမ့်မည်၊ တိတိကျကျဆိုရပါက ၎င်းတို့မှာ မှော်စက်မှုအင်ဂျင်နီယာများပိုမိုလိုအပ်လာလိမ့်မည်။ ရှုယီက ၎င်းတို့အားလုံးကို စဉ်းစားကာ ဘာရွန်ရစ်တိုမှော်ကျောင်းတော်စီမံခန့်ခွဲရေးနှင့် ဆွေးနွေးပြီးသည့်နောက် ကျောင်း၌ မှော်စက်မှုအင်ဂျင်နီယာဌာနကို စတင်ဖွင့်လှစ်ရန် ဆုံးဖြတ်လိုက်တော့သည်။
ဌာန၏နာမည်အရ ၎င်းတို့မှာ မှော်စက်များနှင့် ဆက်စပ်နေသည့် ဗဟုသုတကို လေ့လာရလိမ့်မည်။
သို့သော် ထိုဌာနကို ဖန်တီးရန် Frestech ကုန်သည်ကြီးများအသင်းမှာ ဘာရွန်ရစ်တိုမှော်ကျောင်းတော်ထံ နှစ်စဉ် ရွှေဒင်္ဂါးတစ်သောင်းပေးအပ်ရမည်ပင်။
နွေရာသီကုန်လွန်ကာ ဘာရွန်ရစ်တိုမှော်ကျောင်းတော်များက ကျောင်းသားများထပ်မံစုဆောင်းချိန်တွင် ထိုဌာနကလည်း ကျောင်းသားသစ်များကို ဆွဲဆောင်နေလိမ့်မည်။
မှော်စက်မှုအင်ဂျင်နီယာဌာနမှာ ဘွဲ့ရသွားချိန်၌ ၎င်းတို့ရွေးချယ်ရမည့်လမ်းကြောင်းမှာ မှော်စက်များနှင့် ဆက်စပ်သည့် အလုပ်ပါပင်။
"ကျောင်းသားလေးနည်းနည်း ရဖို့အတွက်နဲ့ တစ်နှစ်ကို ရွှေဒင်္ဂါးတစ်သောင်းမြှုပ်နှံတာက အရမ်းကို ဖြုန်းတီးရာကျမနေဘူးလား?" အပြန်လမ်းတွင် စတေးလ်က ရှုယီထံ သံသယများထုတ်ပြောလာ၏။
"ဆောင်းဦး ကျောင်းအပ်ရာသီရောက်ရင် မှော်စက်မှုအင်ဂျင်နီယာဌာနမှာ ကျောင်းသားလေးတစ်ယောက်လောက်ပဲရှိနေသရွေ့ ဒီရွှေဒင်္ဂါးတစ်သောင်းက ထိုက်တန်ပါတယ်။" ရှုယီက အသာပြုံးကာပြော၏၊ "ဒီဌာနခွဲရဲ့ အရေးပါမှုက လက်တွေ့အသုံးပြုမှုထက် ပိုကြီးတယ်။ ကိုယ်က အဲဒီ့ကလေးတွေအနေနဲ့ စွမ်းအားနဲ့ ပစ္စည်းတွေကို ဖျက်ဆီးတာတင်မကဘဲ တခြားသုံးလို့ရတဲ့နည်းလမ်းတွေရှိမယ့် မှော်ပညာတွေကိုလေ့လာဖို့ ဒီဌာနကို သုံးပြီးပြောချင်တာပါ။ ဒီအတွေးသာ အားလုံးရဲ့စိတ်ထဲရောက်လာပြီး လက်ခံကြမယ်ဆိုရင် ဒီဌာနကို ဝင်မယ့် ကျောင်းသားတွေလည်း ပိုပိုများလာမှာပဲ။"
"ဒါပေမယ့် ဒါက ဘယ်နှနှစ်လောက်ပဲခံမှာလဲ?" ထို့နောက် စတေးလ်ကဆက်ပြော၏၊ "ဒါက တကယ်ပဲ တန်လို့လား?"
"ရွေးစရာမရှိဘူးလေ။ ပြည့်စုံတဲ့စက်မှုနယ်ပယ်ကိုဖန်တီးဖို့က အချိန်ကြာကြာယူရတဲ့ စီမံကိန်းကြီးပဲ၊ ကိုယ့်အနေနဲ့ အုတ်မြစ်ကို နည်းနည်းစီပဲ ဆောက်လို့ရတယ်။ ဘယ်အချိန် ပွင့်လန်းလာမလဲကိုတော့ ကိုယ်လည်း မသေချာပါဘူး။"
ခဏမျှရပ်တန့်ပြီးနောက် ရှုယီကပြောလာ၏၊ "အချက်ကျကျဆိုရရင်တော့ ကိုယ်တို့လုပ်ငန်းစုမှာ ငွေအဲ့လောက်မရှိတာကြောင့်မဟုတ်ရင် မှော်စက်မှုအင်ဂျင်နီယာကိုသင်ကြားဖို့ အထူးပြုကျောင်းတစ်ကျောင်းတောင် ဖွင့်လိုက်ချင်တာ။ ကိုယ့်အနေနဲ့ မှော်ပညာပါရမီရှိတဲ့ ကလေးတွေကိုစုဆောင်းပြီး ငယ်ကတည်းက မှော်စက်တွေအကြောင်း သင်ပေးချင်တာ။ မင်းသိရမှာက၊ သိဖို့လိုတဲ့ အင်ဂျင်နီယာဗဟုသုတတွေအတော်များများရှိတယ်။ လူတစ်ယောက် လမ်းခုလတ်ကနေပဲ ထိတွေ့မိရင် သက်ရောက်မှုက ကောင်းမှာမဟုတ်ဘူး။”
"အမ်း၊ ကျွန်မမှာလည်း အတွေ့ကြုံတချို့ရှိပါတယ်။" စတေးလ်က ခေါင်းငြိမ့်သည်၊ "အရင်လတွေတုန်းက ကြော်ငြာတွေနဲ့ အလုပ်ရှုပ်နေတော့ အီဗီတာတို့နဲ့ မှော်အစီရင်တွေသုတေသနလုပ်ဖို့တောင် အချိန်မရှိတော့သလိုဖြစ်သွားတယ်။ အရင်ရက်ကအဲ့ကိုပြန်တော့ အီဗီတာနဲ့ အာကာလီတို့ ဆွေးနွေးနေကြတာတွေကို ကျွန်မလုံးဝနားမလည်နိုင်တော့ဘူး!"
ရှုယီက ရယ်ရင်း စတေးလ်၏နှာခေါင်းလေးကိုထိလိုက်ကာ၊ "မင်းနားမလည်တာက ပုံမှန်ပါပဲ။ အီဗီတာတို့က နေ့တိုင်း သုတေသနလုပ်ရင်းပဲ အချိန်အတော်များများကိုကုန်ဆုံးနေတော့ သူတို့တီထွင်ခဲ့တဲ့ နည်းပညာအသစ်က ကိုယ့်ကိုတောင် အံ့ဩစေခဲ့သေးတယ်။ မင်းလို အပျင်းလေးသာ သူတို့နဲ့ အဆင့်တူတူမှာနေနိုင်မယ်ဆိုရင် မျှတမှာမဟုတ်ဘူးလေ။"
စတေးလ်က အသာနှာခေါင်းရှုံ့လိုက်ရင်း ပြောလာသည်၊ "အချိန်နည်းနည်းလောက်ပဲပေးလိုက်ပါ၊ ကျွန်မသေချာပေါက် သူတို့ကို မှီလိမ့်မယ်။ ဟုတ်သားပဲ၊ ရှင် အင်္ကျီဆိုင်ပိုင်ရှင်နဲ့ ပြောခဲ့တဲ့ မှော်လေအေးပေးစက်မျိုးဆက်သစ်ကို အပူချိန်ညှိလို့ရတယ်ဆိုတဲ့ နည်းပညာက အီဗီတာကို တလောကမှ တီထွင်ခိုင်းထားတဲ့ နည်းပညာအသစ်လား?"
"အမ်း၊ အပူချိန်ညှိနှိုင်းဖို့စွမ်းရည်လေ၊ စွမ်းအင်အဆင့်ပြောင်းလဲခြင်းနည်းပညာကို သူတို့ရှာတွေ့သွားကြတာ။ ဒီနည်းပညာက မှော်သလင်းကျော်ဆီကထွက်တဲ့မှော်စွမ်းအားပမာဏကို ထိန်းချုပ်နိုင်ပြီး မှော်အစီအရင်ရဲ့စွမ်းအားကိုထိန်းထားနိုင်တယ်။ ဒါကို မှော်လေအေးပေးစက်မှာ ထည့်လိုက်ရင် မှော်လေအေးပေးစက်ထဲက ဆီးနှင်းအစီအရင်ရဲ့စွမ်းအားကို ချိန်ညှိနိုင်ပြီး လေထွက်လာမယ့် အပူချိန်ကို ပြောင်းလဲလို့ရတယ်။"
စတေးလ်က ၎င်းကိုစဉ်းစားကာ မနေနိုင်ဘဲ သက်ပြင်းချမိသည်၊ "ဒီလိုဆိုရင် တကယ်ကို မယုံနိုင်စရာပဲ။ ကျွန်မ ဒီနည်းပညာလေးကိုဒီတိုင်းတွေးမိရုံနဲ့ သုံးလို့ရတဲ့နေရာများစွာရှိတာကိုတွေ့လိုက်ရတယ်၊ ရှင်တောင် အံ့ဩသွားတာ မဆန်းတော့ပါဘူး။"
"အမ်း၊ ကိုယ်က အီဗီတာတို့တွေ ဒီပြဿနာကိုဖြေရှင်းဖို့ အချိန်အတော်ကြာမယ်ထင်ထားတာ၊ ဒါပေမယ့် ဒီလောက်မြန်မြန်ပြီးသွားမယ်မထင်ခဲ့ဘူးလေ။ ဒါက တကယ်ကို အံ့ဩစရာပဲ။" ရှုယီက ခေါင်းငြိမ့်ရင်း ချီးကျူး၏၊ "တကယ်တော့ ရိုးရိုးသားသားပြောရရင် ဒီမှော်စွမ်းအင်အဆင့်မြှင့်တင်ခြင်းနည်းပညာနဲ့ယှဉ်ရင်တော့ အဝေးထိန်းမှော်စွမ်းအားလွှဲပြောင်းခြင်းနည်းပညာက ပိုပြီးအရေးပါတယ်။ ကိုယ်တို့ လက်တလောတော့ ကောင်းကောင်းမသုံးနိုင်သေးပေမယ့် ကိုယ်တို့ဒီနည်းပညာကိုထုတ်သုံးတာနဲ့ မင်းရဲ့ ဘဝကိုတောင် ဒီနည်းပညာနဲ့ပြောင်းလဲနိုင်တာကို တွေ့ရလိမ့်မယ်!"
"တကယ်လား?" စတေးလ်၏မျက်လုံးများတောက်ပလျက် ရှုယီကို သေချာကြည့်လာသည်။ သူမက ပြုံးရင်း ဖက်ကာပြော၏၊ "ဟုတ်ပြီ၊ ကျွန်မတွေ့ရဖို့ စောင့်နေမယ်။"
ထိုအဝေးထိန်းမှော်စွမ်းအားကူးပြောင်းခြင်းနည်းပညာ၏ ထိရောက်မှုကိုမြင်ရဖို့က မလွယ်ပါသော်လည်း အများပြည်သူသုံးလမ်းများနှင့် သာမန်လမ်းများအကြားက ခြားနားမှုကိုမြင်ရန်တော့လွယ်ပါ၏။
ဘာရွန်ရစ်တိုမှော်ကျောင်းတော်၏ ကျောင်းသားနှစ်ဆယ့်လေးဦးက လျှောက်ထားခြင်းအဆင့်ဆင့်ကိုအောင်မြင်ကာ Frestech ကုန်သည်ကြီးများအသင်း၌ အလုပ်လုပ်နေကြချိန်တွင် ဥက္ကဌခရုစ်က ရှုယီဆီ သတင်းကောင်းယူလာခဲ့သည်။
မိုးကျလမ်းမှာ နောက်ဆုံး၌ ပြီးသွားပြီဖြစ်၏!
အမ်ရစ်ကုန်သည်ကြီးများအသင်းမှာ အင်မတန်တော်သည်ဟု ဆိုရမည်။ ထိုဘန်တာမြို့မှ မိုးကျတောင်ကြားဆီသို့ ငါးဆယ့်ခုနစ်ကီလိုမီတာရှည်သောလမ်းမှာ သုံးလတာလေးအတွင်းပြီးစီးသွားခဲ့၏။
ပြီးစီးသွားပြီးနောက် ရှုယီလည်းစစ်ဆေးကြည့်ရာ လမ်းအရည်အသွေးက အင်မတန်ကောင်းမွန်သည်ကို အတည်ပြုလိုက်တော့သည်။
ရှုယီ၏ ဆယ့်ငါးစင်တီမီတာထူသောလမ်းမှာ အဆုံး၌ နှစ်ဆယ်စင်တီမီတာအဖြစ်ပြောင်းသွားသည်။ ကွန်ကရစ်လမ်းက အင်မတန်ပြန့်ပြူးလှရာ မည်သည့်အဖုအထစ်ကိုမျှပင် မမြင်နိုင်ပေ။
ကြည့်လိုက်လျှင် ထိုလမ်းက ဘန်တာမြို့တော်မှ အဝေးကိုဦးတည်နေသည့် အဖြူရောင်လမ်းကြောင်းနှယ်ထင်ရကာ အမှန်တကယ်လှပပေ၏။
ဆိုးသည့်အရာတစ်ခုမှာ ၎င်းက ကျယ်သော်လည်း လေးမီတာအထိမရောက်ဖြစ်နေဆဲပင်။ ကမ္ဘာမြေရှိ လမ်းများနှင့်ဆိုလျှင် ကျေးလက်လမ်းအများစုတွင်သာ မြင်နိုင်သော ယာဉ်ကြောနှစ်လမ်းရှိ လမ်းဟု ယူဆနိုင်သည်။
အဆိုပါ ခြောက်လမ်းသွား ပြည်တွင်းအဝေးပြေးလမ်းများ သို့မဟုတ် ဆယ်လမ်းသွား ပြည်ပအဝေးပြေးလမ်းများနှင့် နှိုင်းယှဉ်ပါက ကြီးမားစွာခြားနားနေသည်။
စိုင်စ်နယ်မြေကြီးအတွက်မူ၊ ဤသည်မှာ ပထမဆုံး အများပြည်သူလမ်းဖြစ်သောကြောင့် ထူးခြားမှုရှိပါ၏။
အမ်ရစ်ကုန်သည်ကြီးများအသင်း နှင့် Frestech ကုန်သည်ကြီးများအသင်းတို့မှာ မိုးကျလမ်းပြီးစီးကြောင်းကြေငြာချိန်တွင် ဘန်တာမြို့အပြင်ဘက်၌ ဖဲကြိုးဖြတ်အခမ်းအနားကျင်းပခဲ့၏။ ကောင့်ထ်စီယန်သည်ပင် ထိုအခမ်းအနားဆီတက်ရောက်ကာ မိန့်ခွန်းပြောကြားပြီး ထိုလမ်း၏ ထူးကဲမှုကို ချီးမွမ်းနေပါ၏။
တကယ်တမ်းတွင် ကောင့်ထ်စီယန် ချီးကျူးဖို့ပင်မလိုဘဲ မျက်လုံးဖြင့် ဒီတိုင်းကြည့်ရုံနှင့်တင် ထိုလမ်းမှ ရေသေကဲ့သို့ တည်ငြိမ်နေသည်ကို မြင်နိုင်ပါဟ။ ၎င်းက မူလကကျောက်စရစ်ခဲများဖြင့်ပြုလုပ်ထားသည့် လမ်းများထက် အဆများစွာ ပိုကောင်းမည်မှာ သံသယပင်မလိုပေ။
မိုးကျလမ်း ဖွင့်လှစ်ခြင်း အခမ်းအနားပြီးဆုံးသွားချိန်တွင် လူများစွာက ထိုလမ်းများကို လာနင်းကြသည်။ ၎င်းတို့မှ ၎င်းတို့ခြေထောက်အောက်၌ မည်သည့်အဖုအထစ်များကိုမှ မခံစားရသဖြင့် အံ့ဩစွာ ပင့်သက်ရှိုက်မိကုန်ကြသည်။
ရှုယီနှင့် ဥက္ကဌခရုစ်တို့ ဖိတ်ကြားခဲ့ကြသည့် မျိုးရိုးမြင့်များနှင့် လုပ်ငန်းစုကိုယ်စားလှယ်များကမူ ထိုလမ်းများထက်၌ ၎င်းတို့၏ မြင်းလှည်းများကိုမောင်းနှင်ရင်း အံ့ဩရာမှ ထိတ်လန့်အံ့အားသင့်သွားသည်အထိပင်။
မြင်းလှည်းက ထိုလမ်းထက်၌ အရှိန်နှုန်းမြင့်မြင့်ဖြင့်သွားနေပြီး လုံးဝ လှုပ်ခါခြင်းမရှိပေ။
လူများကို အပြင်သို့ လွှင့်ပစ်လုနီးနီး လှည်းထဲ၌ ထိုင်ရသည်နှင့်စာလျှင် ၎င်းက ကောင်းကင်ဘုံနှင့် ကမ္ဘာမြေလောက် ကွာခြားမှုပါပင်!
ထိုသို့သော် မျက်နှာပြင်ချောချော၌ ခရီးသွားလျှင် ကျောက်စရစ်လမ်း၌သွားသည့် မြင်းလှည်းထက် နှစ်ဆလောက် ပိုမြန်မြန်သွားနိုင်လောက်၏။
ဖာဆန်ရထားလုံးလုပ်ငန်းစုဥက္ကဌ မာ့ခ်ပွန်ဖီးမှာ ထိုလမ်းကိုအနည်းငယ်သာသွားကြည့်ပြီး ချက်ချင်းပင် ကောင့်ထ်စီယန်နှင့် စကားပြောနေသည့် ရှုယီကို ရှာတော့၏။ သူဟာ ကောင့်ထ်စီယန်ကို လုံးဝဂရုမစိုက်ဘဲ ရှုယီကို ပြောလာသည်၊ "ဥက္ကဌရှု၊ ခင်ဗျားက ဘန်တာမြို့ကနေ ခမာမြို့တော်ဆီသွားမယ့်လမ်းတစ်လမ်းအတွက် ရင်းနှီးမြှုပ်နှံထားတယ်လို့ ကျုပ်ကြားခဲ့တယ်?"
ရှုယီက အသာပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည်၊ "ဟုတ်ပါတယ်၊ ဘာဖြစ်လို့လဲဗျ? ဥက္ကဌပွန်ဖီးလည်း စိတ်ဝင်စားလို့လား?"
ဥက္ကဌပွန်ဖီးက ဆက်မေးသည်၊ "ဒါဆို ဒီလမ်းမှာ ဥက္ကဌရှုအနေနဲ့ ဘယ်လောက် မြှုပ်နှံဖို့စီစဉ်ထားသလဲ မေးလို့ရမလား?"
ရှုယီက မေးစေ့ကိုပွတ်ကာ စဉ်းစားပြီးမှ ဖြေလာသည်၊ "ကျုပ်လည်း အခုတော့ သေချာမသိသေးဘူး။ ဒါပေမယ့် လမ်းက နည်းနည်းရှုပ်ပြီး ပိုကျယ်တာကို လိုချင်တော့ အမ်ရစ်ကုန်သည်ကြီးများအသင်းရဲ့ ခန့်မှန်းချေအရ လက်ရှိခန့်မှန်းချက် ရွှေဒင်္ဂါးသုံးသိန်းလောက်ရှိမယ်။"
"ရွှေဒင်္ဂါးသုံးသိန်းလောက်..." ဥက္ကဌပွန်ဖီးလည်း ခေါင်းငုံ့ကာ စဉ်းစားပြီး ရုတ်တရက် ကောင့်ထ်စီယန်ဘက်လှည့်ကာ လေးနက်နေဟန်ဖြင့် ဆိုလာသည်၊ "မြို့စားအရှင်၊ ကျုပ်တို့ ဖာဆန်ရထားလုံးလုပ်ငန်းစုကလည်း Frestech ကုန်သည်ကြီးများအသင်းနဲ့ ထပ်တူလုပ်ပြီး ဘန်တာမြို့နဲ့ လမ်ပူရီတိုင်းပြည်ကို ထောက်ပံ့ဖို့ ဆန္ဒရှိပါတယ်။ ကျုပ်တို့ လက်ရှိမှာ ဘန်တာမြို့ကနေ ဆော်လ်တန်မြို့ဆီ သွားမယ့် လမ်းမှာ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်ထားပါတယ်၊ မြို့စားအရှင်ကို သဘောတူဖို့ တောင်းဆိုပါတယ်ဗျာ!"
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၅၀။ လုပ်သားရှားပါးမှု
ဥက္ကဌပွန်ဖီးမှာ မတုံးအသလို ဖာဆန်ရထားလုံးလုပ်ငန်းစု၌လည်း ဖြုန်းတီးချင်သည့်ငွေမရှိပါချေ။
သူဟာ Frestech ကုန်သည်ကြီးများအသင်းက ဘန်တာမြို့နှင့် ခမာမြို့ဆီ ဆက်သွယ်မည့်လမ်း၌ ရင်းနှီးမြှုပ်နှံထားသည်အား၏ လူတိုင်းကသိကြသဖြင့် ဘန်တာမြို့မှ ဆော်လ်တန်မြို့သို့ဆက်သွယ်မည့်လမ်းကိုစဉ်းစားမိခဲ့သည်၊ မြို့တော်လမ်းဆုံ၌ မြို့စားအိမ်တော်ထံမှ လူထုကြေညာချက်ပင် ထုတ်ပြန်လာခဲ့သည်။
ထိုကိစ္စကိုသတိပြုမိပြီး ဘန်တာမြို့၌ဖြစ်စေ ခမာမြို့၌ ဖြစ်စေ ထိုသတင်းများစွာကို သတင်းစာများ၌ ဖော်ပြလာကြသည်။ အန်ဗီမာမြို့တော်ရှိ သတင်းစာ၌ပင် ၎င်းက အတန်းလိုက်ပါလာ၏။
ထိုသတင်းများမှာ Frestech ကုန်သည်ကြီးများအသင်း၏ လမ်းများပြီးစီးသည့်နောက်တွင် ထိုလမ်းများကိုသုံးကာသွားမည့် မြင်းလှည်းအားလုံးထံမှ အခွန်ငွေကောက်ခံမည့် လမ်းအခွန်ရုံးများ တည်ဆောက်မည်ကို လူတိုင်းသိသွားကြသည်။
လူအများစုက အဓိကအချက်ကို ဂရုမစိုက်ကြဘဲ ကိစ္စလေးကိုတော့ နှာခေါင်းရှုံ့ကြ၏။
Frestech ကုန်သည်ကြီးများအသင်းက ရူးနေတာလား? သူတို့က ဖြတ်သန်းခကောက်ခံချင်နေတာပဲလား?
သူတို့က ငွေလိုလို့လား? ရှင်းရှင်းလေးပဲ၊ အကောင်းဆုံးတော့ ငါက အဲဒီ့ပျက်စီးနေတဲ့လမ်းကိုသုံးမှာမဟုတ်ဘူးလေ။
မည်သို့ဆိုစေ ထိုလမ်းအား တစ်နေရာတွင်ဆောက်လုပ်ထားရာ ဘန်တာမြို့နှင့် ခမာမြို့ကြားက လက်ရှိလမ်းကို ထိခိုက်စေလိမ့်မည်မဟုတ်ပေ။
Frestech ကုန်သည်ကြီးများအသင်းက ဒီလမ်းတွေဆောက်ဖို့ ကုန်ကျစရိတ်ကိုစုဆောင်းတဲ့အနေနဲ့ ဖြတ်သန်းခတွေကို သုံးချင်တာလား၊ ဒါဟာ ရိုးရိုးရှင်းရှင်း စိတ်ကူးယဉ်ဆန်တဲ့ အတွေးတစ်ခုပါပဲ။
သို့သော် အခြားလူများမှာ ဥက္ကဌပွန်ဖီးလို မထင်ကြပေ။
ဖာဆန်ရထားလုံးလုပ်ငန်းစု၏ ဥက္ကဌအနေနှင့် သူဟာ လမ်းကောင်းတစ်လမ်းက မြင်းလှည်းလုပ်ငန်းကို မည်မျှ အကျိုးရှိစေသည်အား ကောင်းကောင်းနားလည်ပါ၏။
မည်သည်ကိုမှမဆိုထားနှင့် ဖာဆန်ရထားလုံးလုပ်ငန်းစုမှာ မြင်းလှည်းများပြင်ရန် နှစ်တိုင်း ရွှေဒင်္ဂါး တစ်သိန်းမှ တစ်သိန်းခွဲအထိသုံးလေ့ရှိသည်။
၎င်းတို့သာ လမ်းဆိုးများ၌ ပြေးဆွဲသော မြင်းလှည်းများမှလာသည့် ကုန်ကျစရိတ်ကို ထည့်တွက်ရလျှင် ရွှေဒင်္ဂါးနှစ်သိန်းနီးနီးရှိသည်။
ဥက္ကဌပွန်ဖီးမှာ ယခင်က တွေးခဲ့ဖူးပါ၏၊ လမ်ပူရီတိုင်းပြည်ရှိ လမ်းတစ်လမ်းစီတိုင်းသာ အန်ဗီမာမြို့တော်၏ တော်ဝင်နန်းတော်ရှေ့ရှိ ထုံးကျောက်လမ်းကဲ့သို့ ချောမွေ့နေပါလျှင် ဖာဆန်ရထားလုံးလုပ်ငန်းစုမှ ပြင်ဆင်စရိတ်အနည်းဆုံးတစ်သိန်းလောက်တော့ လျှော့ချနိုင်မည်ဟုပင်။
ထို့အပြင် လမ်းများတိုးတက်လာသည်နှင့် မြင်းလှည်းများ၏ အမြန်နှုန်းကလည်း တိုးတက်လာလိမ့်မည်။ လူများ၏ မြင်းလှည်းစီးရင်း ထွက်သည့် ခရီးများနှင့် လုပ်ငန်းများမှာလည်း ပိုမိုကောင်းမွန်လာပေလိမ့်မည်။
သို့သော် ၎င်းဆန္ဒအားလုံးမှာ အိပ်မက်ထက်မပိုခဲ့ပေ။
ထိုတော်ဝင်နန်းတော်ရှေ့ရှိ လမ်းမှာ ငါးရာမီတာသာရှည်ကာ ဆယ်မီတာသာကျယ်သော်လည်း ၎င်း၌ အသုံးပြုထားသည့် အရာများမှာ အကောင်းမွန်ဆုံးသော ကျောက်ပန်းရံများဖြင့် ဂရုတစိုက် ထွင်းထုထားသော အကောင်းဆုံးထုံးကျောက်များဖြစ်သဖြင့် ၎င်းလမ်းမျိုးခင်းရန် ရွှေဒင်္ဂါးခုနစ်သိန်းကျော်လောက် ကုန်ကျသည်။
၎င်းတို့သာ လမ်ပူရီတိုင်းပြည်ရှိ လမ်းများအားလုံးကို ထိုသို့ဆင်တူသည့်လမ်းများအဖြစ်ပြောင်းလိုလျှင် သုံးရမည့် ရွှေဒင်္ဂါးပမာဏကို အချမ်းသာဆုံး ကန်ဒရာအင်ပါယာကြီးကပင် ထောက်ပံ့နိုင်မည်မဟုတ်ပေ။
ဥက္ကဌပွန်ဖီးမှာ Frestech ကုန်သည်ကြီးများအသင်း ဆောက်လုပ်ခဲ့သည့် လမ်းကို မမြင်ခင်အထိ ထိုမျှော်လင့်ချက်ကို လက်လျှော့ခဲ့သည်။
တော်ဝင်နန်းတော်ရှေ့ရှိ လမ်းချောချောနှင့်ယှဉ်လျင် ထိုလူသွားလမ်းက အနည်းငယ်နိမ့်ပါသော်လည်း ကျောက်တုံးများအပြည့်လွှမ်းနေသည့် ထိုလမ်းများထက်တော့ အဆပေါင်းများစွာ ပိုကောင်းပေ၏။
ဥက္ကဌပွန်ဖီး၌သာ ရွေးချယ်စရာရှိခဲ့ပါလျှင် သူဟာ ၎င်းကိုသုံးဖို့ ဖြတ်သန်းခပေးရမည်ဆိုပါလျှင်တောင် သေချာပေါက် ဖာဆန်ရထားလုံးလုပ်ငန်းစု၏ မြင်းလှည်းများကို ထိုလမ်းမျိုး၌သာ သွားခိုင်းမည်သာ။
တခြားလုပ်ငန်းစုများအနေနှင့် ထိုလမ်းများ၌ရှိသည့် ထူးခြားချက်ကို မမြင်နိုင်မှန်းသိပါလျှင်တောင် ၎င်းတို့နှင့်ယှဉ်လျှင် မြင်းလှည်းများကို ထိုလမ်းပေါ်၌ မောင်းရန်ရွေးမည့် လုပ်ငန်းစုများလည်း ရှိနေသေးပါသည်။
ထိုသို့သောလမ်းမှသွားခြင်းဖြင့် ၎င်းတို့ထုတ်ကုန်များ ထိခိုက်မှုကို လျှော့ချနိုင်သည်အား ဘေးဖယ်ထားလျှင်တောင် အချိန်သက်သာသည်ကို အခြေခံလိုက်ပါလျှင် ဖြတ်သန်းခလေးက ဘာမှမဟုတ်ပေ။
ထို့ကြောင့် ဥက္ကဌပွန်ဖီးက ထိုသို့သော ဖြတ်သန်းခကောက်ခံခြင်းမှာ သေချာပေါက် ထိုက်တန်သည့်အရာဟု တမုဟုတ်ခြင်းဆုံးဖြတ်ချက်ချလိုက်ပေ၏။
ထို့ကြောင့် သူဟာ ရှုယီကို ချက်ချင်းလက်ငင်းလာရှာကာ သူဟ လမ်းဆောက်ချင်သည့် အကြံကို ကောင့်ထ်စီယန်ထံ အဆိုပြုရခြင်းသာ။
မှန်ပါ၏၊ သူ၏ဆုံးဖြတ်ချက်၌ အရေးအကြီးဆုံးအချက်မှာ... လမ်းတည်ဆောက်ခြင်းဈေးနှုန်း နည်းသည်ကြောင့်ဖြစ်၏။
ရှုယီ၏ပြောကြားချက်အရ မိုးကျတောင်ကြားဆီသွားသည့် ငါးဆယ့်ခုနစ်ကီလိုမီတာရှည်သောလမ်းမှာ ရွှေဒင်္ဂါးနှစ်သိန်းထက်ပင်ပိုမကုန်ချေ။
ဘန်တာမြို့မှ ခမာမြို့ဆီဆက်သွယ်မည့် ခုနစ်ဆယ်ကီလိုမီတာနီးနီးရှည်သောလမ်းမှာလည်း ရွှေဒင်္ဂါးသုံးသိန်းလောက်သာ ကုန်ကျလိမ့်မည်။
ဆော်လ်တန်မြို့မှာ ဘန်တာမြို့မှ အနည်းငယ်ပိုဝေးသော်လည်း ၎င်းတို့၏ ခန့်မှန်းချေအရ ပစ္စည်းများသုံးလျှင်တောင် ရွှေဒင်္ဂါးလေးသိန်းထက် ပိုကုန်ကျမည်မဟုတ်ပေ။
ဖာဆန်ရထားလုံးလုပ်ငန်းစုက ၎င်းကို သေချာပေါက် လက်ခံနိုင်ပါ၏။
အရေးအကြီးဆုံးမှာ အခြားလုပ်ငန်းစုများတုံ့ပြန်လာချိန်၌ ၎င်းတို့အားလုံးမှာ အများပြည်သူသွားလမ်းများ ဆောက်လုပ်လာကြပြီဖြစ်သည်။ သိပ်မကြာခင်တွင် လမ်ပူရီတိုင်းပြည်ရှိ လမ်းအားလုံးကို အများပြည်သူသုံးလမ်းများအဖြစ် အစားထိုးလာတော့မည်။
ထိုအချိန်ကျလာပါက အမြတ်ငွေ အများဆုံးရနိုင်မည်မှ လမ်းများကိုအားထားနေရသော ဖာဆန်ရထားလုံးလုပ်ငန်းစုပင်ဖြစ်၏။
"အိုင်း ဒီလူပွန်ဖီးကြည့်ရတာ စိတ်အရမ်းပျော်နေပုံပဲ။ သူက သေချာပေါက် ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ သူတို့ ဖာဆန်ရထားလုံးလုပ်ငန်းစုကို ကူညီမယ့် အရာအားလုံးလုပ်နေတယ်လို့တောင် စဉ်းစားနေလောက်တယ်။" ဥက္ကဌခရုစ်က မြင်းလှည်းအပြင်ဘက်ရှိ ပြောင်းလဲနေသော မြင်ကွင်းကိုကြည့်ရင်း နှုတ်ခမ်းများစေ့ကာ ရှုယီကို ပြန်ကြည့်လာသည်။ ထို့နောက် ခေါင်းခါကာ ပြော၏၊ "တကယ်တော့ သူ့အနေနဲ့ အရာအားလုံးက ခင်ဗျားရဲ့အစီစဉ်ကြောင့်ဆိုတာ တွေးခဲ့ဖူးမှာမဟုတ်ဘူး။"
ရှုယီက ပြတင်းအပြင်ကိုမကြည့်ဘဲ သူ၏ခုံကိုသာပုတ်ရင်း အပြုံးဖြင့်ပြောလာသည်၊ "အရာအားလုံးလို့တော့ ပြောလို့မရပါဘူး။ ကြည့်ဦး လမ်ပူရီတိုင်းပြည်ရဲ့ လမ်းတွေအားလုံးသာ ဒီလိုလမ်းချောချောလေးတွေအဖြစ်မပြောင်းသွားခဲ့ရင် အနည်းဆုံးတော့ မြင်းလှည်းထဲထိုင်ရတာ သက်တောင့်သက်သာပိုရှိသွားတာပေါ့။"
ထိုနှစ်ဦးရှိနေကြသည့် မြင်းလှည်းမှာ အသစ်ဆောက်လုပ်ပြီးစီးထားသော မိုးကျလမ်းထက်၌ သွားနေသည်။ လမ်းက ချောမွေ့လှရာ မြင်းလှည်းက အရှိန်မြှင့်ထားသော်လည်း အင်မတန်တည်ငြိမ်နေသည်။ ၎င်းက ကျောက်စရစ်လမ်းများထက်၌ သွားနေသည့် မြင်းလှည်းများလို မဟုတ်တော့ပေ။
ဥက္ကဌခရုစ်က ရယ်လျက် ခေါင်းငြိမ့်၏၊ "အမှန်ပဲ။ ရိုးရိုးသားသားပြောရရင် ဒီလမ်းတွေအပေါ်မှာ အကြိမ်ရေနည်းနည်းလောက်သွားလိုက်တော့ အဲဒီ့လမ်းအပျက်တွေဆီပြန်သွားခိုင်းရင် ကျုပ်တကယ်ပဲ သည်းခံနိုင်မှာမဟုတ်တော့ဘူး။ အိုင်း၊ ဘယ်အချိန်ကျရင် လမ်ပူရီတိုင်းပြည်ရဲ့လမ်းတွေအားလုံး ဒီလို သက်တောင့်သက်သာရှိတဲ့လမ်းတွေဖြစ်သွားမလဲ ကျုပ်မသိဘူး။"
ရှုယီလည်း စဉ်းစားကာပြောသည်၊ "သိပ်မကြာလောက်ပါဘူး။ ဒီမိုးကျလမ်းပြီးတော့ နိုင်ငံ့သတင်းစာတွေမှာ ဖော်ပြထားပြီး တော်ဝင်မိသားစုကလည်းကြေညာထားတော့ နိုင်ငံတစ်ခုလုံးကလည်း ဒီလမ်းတွေယူလာမယ့် အကျိုးအမြတ်ကို သိကြလောက်တယ်။ တော်ဝင်မိသားစုက Frestech ကုန်သည်ကြီးများအသင်း နဲ့ ဖာဆန်ရထားလုံးလုပ်ငန်းစု တည်ဆောက်မယ့် လမ်းနှစ်လမ်းကို ကြော်ငြာပေးတာပါ ထည့်ပေါင်းလိုက်ရင် နိုင်ငံက လုပ်ငန်းစုတွေလည်း လမ်းခင်းတာရဲ့ အကျိုးအမြတ်ကို သိသွားမယ်လို့ ကျုပ်ယုံတယ်။ သိပ်မကြာခင်မှာ လူအတော်များများက လမ်းခင်းဖို့ ခင်ဗျားတို့ အမ်ရစ်ကုန်သည်ကြီးများအသင်းကို လာရှာကြလိမ့်မယ်။"
ဥက္ကဌခရုစ်က အသာမျက်မှောင်ကုပ်ကာ၊ "ကျုပ်တို့လုပ်ငန်းစုရဲ့ လက်ရှိ အစွမ်းအစနဲ့ဆိုရင် ဒီနှစ်လမ်းနဲ့တင် အင်အားအကုန်သုံးရတော့မှာ။ လမ်းခင်းချင်တဲ့လူတွေထပ်ရှိလာရင်တော့ ကျုပ်တို့လည်း လုပ်နိုင်လောက်မှာ မဟုတ်ဘူး။"
"ဒါဆို ခင်ဗျား ဘိလပ်မြေနည်းပညာကို ဖော်ထုတ်ပြီး တခြားလုပ်ငန်းစုတွေကို ကူညီခွင့် ပြုဖို့ ဆန္ဒရှိလား?"
ရှုယီထံမှ စနောက်ခံလိုက်ရသော် ဥက္ကဌခရုစ်က တွေးပင်မတွေးဘဲ အမြန် ခေါင်းခါလိုက်၏။
"မရှိပါဘူး။ ဒီလိုဆိုရင်ရော ဥက္ကဌရှု၊ ဒီအခွင့်အရေးနဲ့ ကျုပ် ခင်ဗျားဆီကနေ နောက်ထပ် ကွန်ကရစ်စက် တစ်စုံမှာမယ်လေ။ ပြီးရင် ခင်ဗျားအနေနဲ့ တခြားလမ်းခင်းတဲ့မှော်စက်တွေထုတ်လုပ်နိုင်မယ်လို့မျှော်လင့်တယ်၊ ကျုပ်အခု သူတို့ကိုသုံးဖို့ အလျင်လိုနေပြီ။
"စက်ကိရိယာတွေက ပြောဖို့လွယ်ပေမယ့် လူတွေကရော?" ရှုယီက ပြန်မေးသည်၊ "အခု ဘန်တာမြို့တော်မှာ ခင်ဗျား လူအလုံအလောက်မရှာနိုင်လောက်ဘူးမို့လား?"
ရှုယီက လူအင်အားအကြောင်းပြောလာသည်ကိုကြားသော် ဥက္ကဌခရုစ်က သက်ပြင်းရှည်ကြီးချလျက် ခါးသက်သက်ပြုံးကာပြောသည်၊ "ပြောရရင် ကျုပ်လည်း ခင်ဗျားကို ချီးကျူးရမလား ဆူငေါက်ရမလား တကယ်မသိတော့ပါဘူး။"
"အိုး? ဘာပြောချင်တာလဲ?" ရှုယီက အပြုံးဖြင့်မေးသည်။
"ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းပေါ်မလာခင်တုန်းက ဘန်တာတစ်မြို့လုံးမှာ ဒီတိုင်းနေ,နေတဲ့လူတွေချည်းပဲ။ ကျုပ် တစ်လကို ရွှေဒင်္ဂါးသုံးပြားပေးရင် အလုပ်လုပ်ချင်တဲ့လူတွေ အုပ်စုလိုက်ကြီးရှိတယ်။ ဒါပေမယ့် အခုဆို ခင်ဗျားတို့ လုပ်ငန်းစုက အလုပ်ရုံသစ်ပေါင်းများစွာဖွင့်ရင်း လူတစ်ထောင်ကျော်လောက် ခေါ်ထားပြီး အဲဒီ့အသေးစားလုပ်ငန်းစုထောက်ပံ့ရေးအစီစဉ်ကိုလည်း ဖန်တီးထားတော့ ဘန်တာတစ်မြို့လုံးက လူတွေကို ခေါ်လိုက်သလိုပဲလေ။ ကျုပ် လမ်းတွေပြင်ဖို့လူနည်းနည်းလောက် ထပ်စုဆောင်းဖို့လုပ်ခဲ့ပေမယ့် ဘာဖြစ်သွားလဲ သိရဲ့လား?"
"ဘာလဲ? ဘယ်သူ့ကိုမှ မခန့်လိုက်နိုင်တာလား?"
"ဘယ်သူကိုမှတော့ မခန့်လိုက်နိုင်တာမဟုတ်ပါဘူး၊ ဒါပေမယ့် လမ်းခင်းတာလို့ အလုပ်လေးတစ်ခုအတွက် သူတို့က တစ်လ ရွှေဒင်္ဂါး ခုနစ်ပြားလိုချင်ကြတယ်လေ! ဒါက ဓားပြတိုက်နေတာပဲ!" ဥက္ကဌခရုစ်က ပြောလေသည်။
ရှုယီလည်း မနေနိုင်ဘဲ ပြုံးမိသွားကာ၊ "မဆိုးဘူး၊ ရွှေဒင်္ဂါးခုနစ်ပြားက မများပါဘူး။ ကျုပ်တို့ လူခေါ်တုန်းက ပေးတဲ့လစာက တစ်လကို ရွှေဒင်္ဂါးဆယ်ပြားလေ။"
ဥက္ကဌခရုစ်က ရှုယီကို ကြည့်လာ၏၊ "ဘယ်သူက ခင်ဗျားရဲ့ Frestech ကုန်သည်ကြီးများအသင်းကို ပြိုင်ရဲပါ့မလဲ! ခင်ဗျားတို့လူတွေက အရမ်းရက်ရောနေတော့ ဒါကို အလွဲသုံးစားလုပ်နေတာလေ။ ဒါပေမယ့် အဆုံးကျတော့ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက လစာမြှင့်ပေးနေတာကြောင့်မဟုတ်ရင် ကျုပ်တို့လုပ်ငန်းစုတွေလည်း ဒီဒုက္ခတွေခံနေရမှာမဟုတ်ဘူး။"
"ကျုပ်ဒါကို အရင်နှစ်က ရှင်းပြပြီးပြီလေ။ လုပ်သားလစာတိုးပေးတာက စီးပွားရေးတိုးတက်မှုရလာဒ်ပါလို့၊ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းတစ်ခုတည်း ပြောင်းလို့ရနေတာမှမဟုတ်တာ။ လတ်တလော ဘန်တာမြို့မှာ လုပ်သားလိုအပ်နေတော့ ကျုပ်တို့လုပ်ငန်းစုသာ ဒါကိုမတိုးပေးရင် လစာမြင့်ပေးတဲ့ လုပ်ငန်းစုတစ်ခုရှိလာလိမ့်မယ်။ ခင်ဗျားမသိတာလည်းဖြစ်နိုင်ပေမယ့် ကျုပ်တို့ လုပ်သားတွေကို လိုချင်လို့ တစ်လ,လစာ ရွှေဒင်္ဂါးနှစ်ဆယ်နဲ့ ကမ်းလှမ်းလာကြတဲ့ လုပ်ငန်းစုတချို့တောင်ရှိတယ်။" ရှုယီက ပြောသည်။
"ရွှေဒင်္ဂါးနှစ်ဆယ်? ဘယ်လုပ်ငန်းစုက ခင်ဗျားထက် မိုက်မဲနေရတာလဲ?" ဥက္ကဌခရုစ်က အံ့ဩစွာမေးလာသည်၊ "ခင်ဗျားတို့လုပ်သားတွေအားလုံး ပါမသွားဘူးလား?"
"လုပ်ငန်းစုတစ်ခုတည်းမဟုတ်ဘူး၊ အများကြီးပဲ။ လုပ်ငန်းစုတစ်စုက ကျုပ်တို့လို မှော်စက်တွေထုတ်လုပ်ချင်နေသရွေ့ ကျုပ်တို့ရဲ့လုပ်သားတွေကို လာဆွယ်နေကြမှာပဲ။ ကျုပ်တို့လုပ်သားတွေကို ဆွယ်ဖို့ကြိုးစားရင် သူတို့လည်း ကျုပ်တို့လုပ်ငန်းစုလို ဖြစ်လာနိုင်မယ်လို့ ထင်နေတာလားပဲ?" ရှုယီမျက်နှာထက်၌ လှောင်ပြုံးလေးတစ်ခု ဖြတ်ပြေးသွားသည်၊ "ဒါပေမယ့် ကျုပ်တို့ရဲ့ လုပ်သားအများစုက လူပုလေးတွေဖြစ်ပြီး အတော်လေးသစ္စာရှိတာမို့ တော်သေးတယ်။ ပြီးတော့ ထွက်သွားတဲ့ လူသားအလုပ်သမားကလည်း အနည်းစုဆိုတော့ ရိုက်ခတ်မှုက မကြီးပါဘူး။"
ဥက္ကဌခရုစ်က ရှုယီကို မနာလိုစွာကြည့်လာသည်၊ "ဘာလို့ ကျုပ်ကျတော့ အဲ့လောက် လူပုလေးတွေများများစားစား မခန့်အပ်နိုင်ရတာလဲ? လူပုလေးတွေက သန်မာပြီး ကောင်းမွန်တဲ့ ဖွဲ့စည်းပုံရှိတာတင်မကဘူး သူတို့က နာကျင်ခံစားနိုင်သလို လက်မှုပညာကောင်းလည်းရှိတော့ အလုပ်သမားဖြစ်ဖို့ အတော်သင့်လျော်တယ်။ ဟေး၊ ရှုယီ ခင်ဗျားက လူပုလေးအတော်များများနဲ့သိတော့ ကျုပ်တို့လုပ်ငန်းစုနဲ့ မိတ်မဆက်ပေးချင်ဘူးလား? သူတို့ကိုလစာမြင့်မြင့်ပေးပါမယ်လို့ ကတိပေးပါတယ်! အနည်းဆုံး တစ်လကို ရွှေဒင်္ဂါးဆယ်ပြားလေ၊ ဘယ်လိုလဲ?"
"ခင်ဗျား ကျုပ်ဆီမှာ မတောင်းဆိုဘဲ လူပုလေးတွေဆီမှာ တောင်းဆိုသင့်တယ်။" ရှုယီက ပခုံးတွန့်ကာ မြင်းလှည်းပြတင်းအပြင်ဘက်၌ ပေါ်လာသည့် တောင်တန်းနှစ်သွယ်ကို ညွှန်ပြလေ၏၊ "မိုးကျတောင်ကြားမှာ လက်ရှိနေထိုင်နေတဲ့ လူပုလေးအတော်များများရှိတယ်။ ခင်ဗျားမှာ အရည်ချင်းရှိရင် ခင်ဗျားတို့ လုပ်ငန်းစုအတွက် ခေါ်ကြည့်လေ။"