အခန်း (၅၁-၆၀)
Vol. 2 Ch. 51-60
Vol 2, အခန်း ၀၅၁ ။ သံမဏီက စက်မှုလုပ်ငန်းရဲ့အခြေခံအုတ်မြစ်ပဲ
မိုးကျတောင်ကြားမှာတော့ တကယ့်ကို လူပုများရောက်ရှိနေကြသည်။
နှစ်တစ်ဝက်ခန့်ဆောက်လုပ်ရေးပြီးနောက် လူပုမျိုးနွယ်အသစ်ပေါပေါက်ခဲ့ပြီ ဖြစ်သည်။
ထိုအပြင် အများစုမှာ နော်မာမျိူးနွယ်စုနှင့် အန်ဂိုလာမျိုးနွယ်စုမှ ပြောင်းရွှေ့လာသော လူပုများဖြစ်ပြီး ခေါင်းဆောင်စီလူကာနှင့် ခေါင်းဆောင်မွန်တို တို့သိထားသည့် လူပုမျိုးနွယ်စု အများအပြားလဲ ပြောင်းရွှေ့လာခဲ့ကြသည်။
ထိုမျိုးနွယ်စု အသစ်တွင် ထိတ်လန့်ဖွယ်ကောင်း လောက်အာင်ပင် လူပု (၂၀၀၀) ကျော်ခန့် အမှီသဟဲပြု နေထိုင်ကြသည်။ သူတို့က မျိုးနွယ်စုအသစ်၏ နေရာအသီးသီးမှာ ဝင်ရောက်လုပ်ကိုင်နေကြပါသည်။
တစ်လခန့်အကြာက ဥက္ကဠခရုစ်က ပြောင်းရွှေ့လာကြသည့် လူပုများကိုတွေ့ခဲ့သောအခါ သူအနေဖြင့် အရမ်းကိုတုန်လှုပ်သွားခဲ့ရာ ပါးစပ်တောင်မပိတ်နိုင်ဖြစ်ခဲ့ရပြီး သူ့ဘဝတစ်လျှောက် ထိုကဲ့သို့ လူပုများအတူတကွ စုစည်းနေသည်ကို မမြင်ဘူးခဲ့သောကြောင့်ဖြစ်သည်။
သိထားရသည်မှာ လမ်ပူရီတိုင်းပြည်ရှိ လူပုများအား အတူတကွစုစည်းကြည့်လိုက်ရင် အရေအတွက် (၅၀၀၀၀) ထက်ပိုနည်းမည်ဖြစ်သည်။ သိုပေမယ့် အခုချိန်မှာတော့ လူပု (၂၀၀၀) ခန့်က ဤသို့နေရာကျဉ်းကျဉ်းလေးမှာ စုစည်းနေသည်ကိုတွေ့ရသည်ဖြစ်သည်။
မြို့စားအရှင်စီယန်က ရှုယီအားထိုကိစ္စနှင့်ပတ်သတ်ပြီး အထူးတလည် သတိပေးခဲ့သည်မှာ အံ့ဩစရာမရှိပေ။ သူအနေဖြင့် အခုလို စုစည်းနေရာကနေ ပြဿနာတစ်စုံတစ်ရာ ဖြစ်လာမှာကို သူခွင့်ပြု လိမ့်မည်မဟုတ်။
ရှုယီက သဘာဝကျကျ ပြန်လည်ဖြေကြားခဲ့သည်။ သူ၏ကိုင်တွယ်ဖြေရှင်းနည်းမှာ အရမ်းကိုရိုးရှင်းပြီး သူအနေဖြင့် လူပုများအား လုပ်စရာအချို့ ပေးထားရုံသာဖြစ်သည်။
ပွင့်လင်းပြီး ရိုးသားသည့် ထိုလူပုများအတွက် သူတို့က အစားစာနှင့်ဝိုင်သာ ရရှိနေသရွှေ သူတို့က ကျေနပ်နေကြမည်ဖြစ်သည်။ ရှုယီ ခိုင်းသမျှအလုပ်များကိုသာ သူတို့လက်ခံလုပ် ကိုင်နေသရွှေ့ စိတ်ကြိုက်စားသောက်နိုင်သည့်အပြင် လစာပါရှိသောကြောင့် ပစ္စည်းကောင်းများကို ဝယ်ယူနိုင်ပြီး သူတို့ရဲ့လူနေမှုဘဝများကိုပါ မြှင့်တင်နိုင်ခဲ့သည်။
သို့သော်လည်းထိုအလုပ်ကြောင့် ရှုယီက သူတို့အား အလုပ်ချိန်အတွင်း ဝိုင်မသောက်ရန် တားမြစ်ခဲ့ပြီး ကျန်အားလပ်ရက်အချိန်များမှာသာ သောက်သုံးခွင့်ပြုခဲ့သည်။
တစ်ချိန်တစ်ခါတုန်းက ရှုယီ ဆာချီအိမ်တော်ကြီးကနေ သူ့လူတွေ သောက်ဖို့ ဝိုင်စည်ပိုင်းများယူလာပေးခဲ့သည်ကို မဆိုထားနှင့်။ သူတို့အနေဖြင့် ညတစ်ညကိုရွေးချယ်ပြီး စားသောက်ပွဲကျင်းပခွင့်ရှိပြီး သူတို့စိတ်ကြိုက် သောက်ခွင့်ပြုထားခဲ့သည်။
အခုလိုမျိုးဘဝမျိူးက တောင်တွေထဲပုန်းဝှက်ကာနေနရသည့် လူပုများအတွက် တွေးတောင်မတွေးရဲသည့် ပြည့်စုံလှသည့် အိပ်မက်တစ်ခု သာဖြစ်နေတော့သည်။
ထိုသို့နေရသည့်အတွက် သူတို့အနေဖြင့် ပြဿနာရှာဖို့ ဘယ်လိုလုပ်ပြီး အတွေးဝင်လာ တော့မလဲ။
ဆန်ကျင့်ဘက်အနေဖြင့် သူတို့က ကောင်းမွန်သည့် ဘဝများရရှိစေခဲ့သည့် ရှုယီအား အထူးကျေးဇူးတင်နေကြသည်။ အန်ဂိုလာ သို့မဟုတ် နော်မာ သို့မဟုတ် နောက်မှရောက်လာကြသည့် လူပုများကပါ ရှုယီ ခိုင်းသမျှ အလုပ်များကို ပြီးစီးအောင် လုပ်ကိုင်ကြသည်။
နောက်ပြီး ဥက္ကဠခရုစ် သုံးသပ်ချက်ကတော့ ဒီလိုမျိုးဖြစ်သည်။ လူပုများက သန်မာကြံ့ခိုင်ပြီး သာမန်လူသားတွေထက် ခြေသွက်လက်သွက်ရှိသောကြောင့် သူတို့က အကောင်းဆုံးအလုပ်သမားများဖြစ်ကြသည်။
ထိုလူပုများ၏ကြိုးစားလုပ်ကိုင်မှုကြောင့် မိုးကျတောင်ကြားသည် အလျင်အမြန် တိုးတက်လာခဲ့ရာ နေ့ချင်းညချင်းပဲ ပြောင်းလဲသွားခဲ့သည်။
မိုးကျလမ်းမကြီး မပြီးစီးသေးခင်မှာပင် လူပုများက စက်ရုံများတည်ဆောက်ပြင်ဆင်ဖို့ရန် မိုးကျတောင်ကြားရှိ မြေပြင်ကို ပြန့်ပြူးအောင် လုပ်ထားပြီးပြီဖြစ်သည်။
မိုးကျလမ်းမကြီးဖောက်လုပ်ပြီးစီး ပြီးသွားပြီးနောက် အလွန်တရာများပြားသော ပစ္စည်းများ အလျင်အမြန် မိုးကျတောင်ကြားသို့ ဝယ်ယူရောက်ရှိလာခဲ့လေသည်။ လူပုများက အမ်ရစ်ကုန်သည်ကြီးများအသင်းကအလုပ်သမားများနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး အချိန်အတိုအတွင်းမှာပဲ မိုးကျတောင်ကြားကို ကြီးကြီးမားမား ပြောင်းလဲစေခဲ့သည်။
မိုးကျတောင်ကြားသို့ ရှုယီ ပထမဦးဆုံး စူးစမ်းလေ့လာဖို့ လာခဲ့သည့်အချိန်နှင့် နှိုင်းယှဉ်ကြည့်လိုက်သည့်အခါ ထိုနေရာက အခုချိန်မှာတော့ လုပ်ငန်းခွင်အကြီးစားအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ထိုအပြင် လူပုများအတွက် ပြောင်းရွှေနေထိုင် ဖို့ရာအတွက် ဆောက်လုပ်နေဆဲဖြစ်ရာ မိုးကျလမ်းမကြီး အနီးတွင်ရှိပြီး ကြီးမားသည့် စက်ရုံကြီးက တဖြည်းဖြည်းရုပ်လုံးပေါ်လာ တော့သည်။
ရှုယီ၏အစီစဉ်အရ မိုးကျတောင်ကြားသည် Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်လုပ်ရေး အခြေစိုက်ရာ ဖြစ်လာလိမ့်မည်။
မိုးကျတောင်ကြားတွင် ရှုယီက အိမ်သုံးမှော်ပစ္စည်းတစ်ခုစီအတွက် အထူးထုတ်လုပ်ရေးအလုပ်ရုံများ စီမံချထားခဲ့သည်။
နောက်ပြီး ထိုအလုပ်ရုံတစ်ခုစီတိုင်းသည် ဆန်းဒ်တွန်အိမ်ရာက အိမ်သုံးမှော်စက်ပစ္စည်း အလုပ်ရုံများထက် အဆပေါင်းများစွာ ကြီးမားနေမည်ဖြစ်သည်။ အလုပ်သမားရာချီခန့် တစ်ပြိုင်တည်း လွယ်ကူစွာလုပ်ကိုင်နိုင်အောင် ကြီးမားနေမည်ဖြစ်သည်။
ထိုအလုပ်ရုံများအား တည်ဆောက်နေသည့် အချိန်တွက် ဥက္ကဠခရုစ်က သူ့အနေဖြင့် သံသယဖြစ်နေကြောင်းကို ရှုယီ အားထုတ်ဖော်ပြောခဲ့သည်။
သူခံစားနေမိသည်က ဆန်းဒ်တွန်အိမ်ရာမှာရှိသည့် အိမ်သုံးမှော်စက်ပစ္စည်းအလုပ်ရုံများက ဘန်တာမြို့နှင့်အနီးတစ်ဝှက်ကရှိမြို့များ၏ လိုအပ်ချက်ကို အလုံအလောက်ဖြည့်တင်းပေးနိုင်နေသည်ကို ဘာကြောင့်များ သူက မိုးကျတောင်ကြားမှာ အလုပ်ရုံကြီးများ ဆောက်လုပ်ဖို့ လိုအပ်နေရသလဲ။
ရှုယီက တစ်ခွန်းတည်းဖြင့် သူ့၏မေးခွန်းကို အနိုင်ပိုင်းခဲ့လိုက်သည်။
“ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ပန်းတိုင်က ဘန်တာမြို့နှင့်အနီး တစ်ဝိုက်က မြို့တွေကိုသာ မဟုတ်ခဲ့ဘူးဆိုရင်ရော”
သို့ပေမယ့် စက်ရုံအသစ်များက ဘယ်လောက်ပင်များများ ဒါမှမဟုတ် ဘယ်လောက်ပဲကြီးမားနေပါစေ သဘာဝအားဖြင့် (၁၀) ကီလိုမီတာ ပတ်လည်အကျယ်အဝန်းရှိသည့် မိုးကျတောင်ကြားအား ပြည့်ညက်မသွားစေနိုင်ခဲ့ပါ။
ထို့အပြင် နေထိုရာနေရာနှင့် အသေးစားစက်ပစ္စည်း အဆောက်ဦးများက ရှုယီ၏အစီအစဉ်အတိုင်း မိုးကျတောင်ကြားအနှံ့ နေရာယူထားကာ မှော်စက်ပစ္စည်းအကြီးစား ထုပ်လုပ်ရေးအဆောက်ဦးများကဲ့သို့ ဖြစ်နေတော့သည်။
သို့ပေမယ့် စိုင်စ်နယ်မြေအတွက်ပဲဖြစ်ဖြစ် Frestech ကုန်သည်ကြီးများအသင်း အတွက်ပဲဖြစ်ဖြစ် စက်ပစ္စည်းအကြီးစားများသည် ကနေဦးပုံစံအတိုင်းသာရှိသေးသည်။
ထို့အပြင် မှော်စက်ပစ္စည်းများကို မှော်စက်ပစ္စည်းအလုပ်ရုံများကနေပြုလုပ်ပြီး စက်ပစ္စည်းအကြီးစားများကိုသာ Frestech ကုန်သည်ကြီးများအသင်း လက်အောက်အမည်ခံ နော်မာမျိူးနွယ်စုက သံမဏိစက်ရုံကနေထုတ်လုပ်တာဖြစ်သည်။
လက်တလောအနေအထားတွင် သံမဏိစက်ရုံမှ လစဉ် သံမဏိ တန်(၆၀၀၀)သာ ထုတ်လုပ်နိုင်သည်ဖြစ်ရာ ကမ္ဘာက အသေးဆုံး သံမဏိစက်ရုံနှင့် နှိုင်းယှဉ်ကြည့်ဖို့ရာပင် အတော်အလှမ်းဝေးနေခဲ့သည်။
ရှုယီ၏ပန်းတိုင်ဖြစ်သည့် သံမဏိစက်ရုံကနေ Frestech ကုန်သည်ကြီးများအသင်းနှင့် လမ်ပူရီတိုင်းပြည်အဝှမ်း အလုံအလောက်တင်ပို့ပေးနိုင်ဖို့က ရှည်ကြာသည့်ခရီးတစ်ခု အဖြစ်သာရှိနေသေးသည်။
လက်ရှိမှာတော့ သံမဏိတုံးများကို ငွေရွက်သတ္တုစပ်ကို သန့်စင်ရာမှ ထုတ်ယူရရှိပြီး Frestech ကုန်သည်ကြီးများအသင်း၏ အလိုအလျောက်လုပ်နိုင်သည့်မှော်ထမင်းပေါင်းအိုး၊ မှော်ပေါင်မုန့်ဖုတ်စက်နှင့် မျိုးဆက်သစ် မှော်အဲယားကွန်း ထုတ်လုပ်ဖို့ရာအတွက် အလုံအလောက်ရရှိနေပြီဖြစ်သည်။
အကယ်၍သူတို့ကိုသာ လက်ရှိထုတ်လုပ် နှုန်းထားအတိုင်း ထိန်းထားနိုင်ခဲ့ပါက ရှုယီ မျှော်မှန်းထားသည့် ပန်းတိုင်ရောက်လာဖို့ရာ သံသယဖြစ်ဖွယ်မရှိပေ။ Frestech ကုန်သည်ကြီးများအသင်း၏လိုအပ်ချက်အရ သူတို့ကို တဖြည်းဖြည်း ပိုပြီးတော့တောင် ထုတ်လုပ်နိုင်သေးသည်။
ထိုကြောင့် ဥက္ကဠခရုစ်နှင့် ရှုယီတို့မြင်းလှည်းစီးပြီး မိုးကျတောင်ကြားသို့ ဝင်ရောက်လာသည့်အခါ သူတို့ ပထမဦးဆုံး မြင်ရသည့်အရာက လူပုအုပ်စုများသည် (၃) မီတာရှည်ပြီး အချင်း (၂) မီတာနီးပါးရှိသည့် သံမဏီကျိုသည့်ဖိုကြီးအား နေရာချထားနေသည်။ ထို့နောက်သူတို့က ပြောင်းဖို့ကြီးမှာ ဒေါက်တိုင်အကြီးကြီး တပ်ဆင်လိုက်သည်။
“ဒါကြီးကအတော်ကို ကြီးတာပါပဲလား” အကြောင်းက ဥက္ကဠခရုစ်အနေဖြင့် ထိုပစ္စည်းကို ပထမဆုံးမြင်ဖူးခြင်းဖြစ်ရာ မချီးကျူးပဲ မနေနိုင်ဖြစ်သွားခဲ့သည်။
“ဒါက အသေးလေးရှိပါတယ်။ နောက်ကျရင် ဒီထက်မက ပိုကြီးတာကို မြင်ရမှာပါ” ရှုယီက ဥက္ကဠခရုစ်ရဲ့စိတ်ထဲ မမြင်ဘူးသည့်အပေါ် အထင်မြင်သေးစွာပြောလိုက်သည်။
တကယ်တော့ တန်ပေါင်းများအလေးချိန်ရှိသည့် ကမ္ဘာပေါ်က ဖိုကြီးနှင့် ယှဉ်ကြည့်အခါတွင် သေးငယ်နေသည်သာဖြစ်သည် ရှုယီက သူရဲ့မှတ်ဉာဏ်များကို အမှီပြုပြီး လူပုများနှင့် အတူလုပ်ကိုင်ကာ သတ္တု (၁၀) တန်ချိန်ကို တစ်ကြိမ်တည်းသန့်စင်ပေးနိုင်သည့် ထိုသန့်စင်စက်ကြီးအား ပြီးစီးအောင် လုပ်ကိုင်နေခဲ့သည်။ သူတို့ရဲ့ သံမဏိထုတ်လုပ်နိုင်စွမ်းက အရင်ကနှင့်မတူ လုံးဝကို ကွာခြားသွားခဲ့ပြီ ဖြစ်သည်။
သိုပေမယ့် ဒီဖိုကြီးက စိုင်စ်နယ်မြေမှာတော့ ပထမဆုံးပင်ဖြစ်ရာ သံမဏိအဖြစ် သန့်စင်ဖို့ရာ သံမဏိစက်ရုံကြီးက လူပုတွေရဲ့လုပ်အားသပ်သပ်ဖြင့် အဝေးသို့ရွှေ့ပြောင်းခြင်းကို ကိုယ်စားပြုနေသလိုပင်ဖြစ်သည်။ ထို့ကြောင့် သူတို့၏ သံမဏိထုတ်လုပ်နိုင်းစွမ်းကို များပြားစွာ ထုတ်လုပ်နိုင်မည်ဖြစ်သည်။
ရှုယီ၏ခန့်မှန်းချက်အရ အကယ်၍ ဖိုကြီးက သံမဏိပြုလုပ်သည့် ကိရိယာများနှင့် တွဲဆက်ပြီးသောအခါတွင် သံမဏီချောင်းများ ထုတ်လုပ်နှုန်းက များစွာ တိုးမြှင့်လာမည်ဖြစ်သည်။ ထိုသို့ဖြစ်ခဲ့ပါက သူတို့အနေဖြင့် တစ်လအတွင်း (၂၀၀၀၀)တန် ထုတ်လုပ်နိုင်သည့် နှုန်းထက် ကျော်လွန်သွားနိုင်သည်။
ဘယ်လိုပင်ဖြစ်ဖြစ် ထိုကရိယာအစုံလိုက်သည် ပထမဦးဆုံး စမ်းသပ်ခြင်းဖြစ်သည်။ ထိုကရိယာများကို တစ်ကြိမ်စမ်းသပ်ပြီး အနည်းငယ်ပြောင်းလဲပြီးနောက် သံမဏိစက်ရုံမှာ ထိုကိရိယာများအစုံလိုက် ထည့်သွင်းတပ်ဆင်ပြီး သံမဏိထွက်ရှိမှုနှုန်းမှာ ထိန်းမရသိမ်းမရ များပြားလာလိမ့်မည်။
အနာဂတ်မှာ သံမဏိစက်ရုံကနေ သံမဏိအများပြား ထုတ်လုပ်နိုင်မှုကို စဉ်းစားပြီး ရှုယီအနေဖြင့် စိတ်မလှုပ်ရှားပဲ မနေနိုင်ဖြစ်နေခဲ့သည်။
စက်ပစ္စည်းများက ဘယ်လောက်ပင် နည်းပညာအဆင့်တန်းမြှင့်မားနေစေကာမှု အဓိကဖွဲ့စည်းပုံစံကို သံမဏိကိုသာ အသုံးပြုရဆဲဖြစ်သည်။
အကယ်၍သူတို့သာ သံမဏိအလုံအလောက် မရှိခဲ့ပါက စက်မှုနည်းစနစ်တည်ဆောက်မှုက ကောင်းကင်ပေါ် ရဲတိုက်ဆောက်သလိုဖြစ်နေကာ အခြေခံအုတ်မြစ်ချစရယ်လို့ မရှိနိုင်ပေ။
ကမ္ဘာမြေပေါ်ကနိုင်ငံများ၏ စက်မှုထုတ်လုပ်နိုင်စွမ်း အကဲဖြတ်ရာတွင် သံမဏီထုတ်လုပ်နိုင်စွမ်းသည်က အဓိကအကျဆုံး အချက်အလက်ဖြစ်သည်။
အကယ်၍သာ နိုင်ငံ၏သံမဏိထုတ်လုပ်နိုင်စွမ်းကနိမ့်ပါးနေခဲ့ပါက စက်မှုထုတ်လုပ်နိုင်စွမ်းနှင့်ပတ်သတ်ပြီး ဆက်လက်ဆွေးနွေးနေစရာကို မလိုတော့ပေ။
ထိုအကြောင်းများကို စဉ်းစားပြီး ရှုယီ၏စိတ်ထဲတွင် မဟာမှော်ပညာရှင်ကြီးကမ်မီလာ၏ပုံရိပ် ဖြတ်ကနဲပေါ်လာခဲ့သည်။
သံမဏီပြုလုပ်ခြင်းအတွက် ပစ္စည်းကရိယာများကို လေ့လာနေသည့်အချိန်တွင် ရှုယီနှင့် လူပုများက အရေးကြီးသည့်ပြဿနာတစ်ခုနှင့် ကြုံတွေ့ခဲ့ရပြီး သံရိုင်းတုံးများကို သန့်စင်သည့် နှုန်းထားကို ဘယ်နည်းလမ်းအသုံးပြုပြီး တိုးမြှင့်ရမည် ဆိုတာပင်ဖြစ်သည်။
အကယ်၍သာ သူတို့အနေဖြင့် လူပုများ၏နည်းလမ်းဟောင်းအတိုင်း လုပ်မည်ဆိုပါက ထောင်မတ်နေသည့်အပူပေးမီးဖိုကြီးများကို အသုံးပြုပြီး သံများကို သန့်စင်ရမည်ဖြစ်သည်။ ထိုနည်းလမ်း အရမ်းကြာသည်ကို ထည့်မတွက်ပဲနှင့် ထိုမီးဖိုကို ထားရှိဖို့ ကျယ်ပြန့်သည့် နေရာလိုအပ်ပြီး သံမဏိစက်ရုံထဲ နေရာဆန့်မည်မဟုတ်ပေ။
ထိုကြောင့် ရှုယီက ထုံးစံမဟုတ်သည့် မဟာမှော်ပညာရှင်ကြီးကမ်မီလာအား ထိုမေးခွန်းကို မေးမြန်းခဲ့ပေမယ့် မဟာမှော်ပညာရှင်ကြီးကမ်မီလာက ထိုမေးခွန်းအပေါ် ချက်ခြင်းဆိုသလို အထင်သေးခဲ့သည်။
မဟာမှော်ပညာရှင်ကြီးကမ်မီလာအတွက် လူပုများ မီးတောက်အပူချိန်ကိုမြှင့်ရန် ကျောက်မီးသွေးကိုအသုံးပြုသည်က မလုံလောက်ဘူးဟု ယူဆထားသည်။
မီးမှော်ပညာနှင့်သာဆိုလျှင် ကျောက်မီးသွေးများကို အသုံးပြုသည်ထက် ပိုပြီး မြင့်မားသည့် အပူချိန်ကိုရရှိနိုင်မည်ဖြစ်သည်။
ရှုယီနှင့်ထိုအကြောင်းဆွေးနွေးပြီးနောက် နောက်ဆုံးမှာတော့ မဟာမှော်ပညာရှင်ကြီးကမ်မီလာက အဆင့်(၉) မှော်မန္တန်၊ ပေါက်ကွဲမီးတောက်မန္တန်ကို အသုံးပြုဖို့ဆုံးဖြတ်ချက်ချခဲ့သည်။
သံမဏိစက်ရုံမှာအသုံးပြုသည့် မီးပြင်းဖိုထဲတွင် မဟာမှော်ပညာရှင်ကြီးကမ်မီလာက ပေါက်ကွဲမီးတောက်မှော်အစီအရင်ကို တသီးတသန့် စီရင်ပေးခဲ့သည်။
မီးရရှိရန် ကျောက်မီးသွေးကိုအသုံးပြုရခြင်းထက် ပေါက်ကွဲမီးတောက်အစီအရင်ကို တစ်ကြိမ်သာ ဖွင့်လိုက်ရုံနှင့် အပူချိန်က မြန်ဆန်စွာ တိုးမြှင့်သွားပြီး သံရိုများကို မြန်ဆန်စွာ သန့်စင်နိုင်ခဲ့သည်။ ထိုကြောင့် ဖို၏ထုတ်လုပ်နိုင်စွမ်းနှုင် ကိုက်ညီမှုရှိသည့် မီးပြင်းဖိုငယ်အသေးလေးသာ လိုအပ်တော့မှာဖြစ်ပြီး အလုံးစုံ ထုတ်လုပ်နိုင်စွမ်းက အမြောက်အမြား တိုးမြှင့်လာနိုင်ပြီပဲ ဖြစ်ပါသည်။
ပိုပြီးအရေးကြီးသည့်အချက်မှာ မီးပြင်းဖိုထဲတွက် ကျောက်မီးသွေး အသုံးပြုစရာမလိုတော့ပေမယ့် မှော်ကျောက်တုံးများကိုသာ အသုံးပြုရမည်ဖြစ်သည်။
ကျောက်မီးသွေးနှင့် ယှဉ်ကြည့်အခါ မှော်ကျောက်တုံးများသည် ဈေးနည်းရုံသာမက လုံးဝကိုပတ်ဝန်းကျင် ညစ်ညမ်းခြင်းမရှိပေ။
ထိုအကြောင်းစဉ်းစားကြည့်အခါ ကမ္ဘာပေါ်က လျှစ်စစ်မီးပြင်းဖို့ကြီးများထက် ပိုပြီးအဆင်ပြေနေသည်ကို တွေ့ရပြီး ရှုယီအနေဖြင့် စိတ်လှုပ်ရှားဟန်ရှိသည့် သက်ပြင်းတစ်ချက်ချလိုက်ခဲ့သည်။
စိုင်စ်နယ်မြေကြီးမှာ ကမ္ဘာနှင့်နှိုင်းယှဉ်ရာတွင် နည်းပညာပိုင်းဆိုင်ရာ လျစ်ဟင်းချက်များရှိနေလျှင်တောင် မှော်ပညာမျိုးရှိနေသည့်အတွက် ကမ္ဘာကြီး၏စက်မှုနည်းပညာကို ကျော်လွန်သွားနိုင်ဖို့ရာ အခွင့်ရေးအချို့ ရှိနေသေးသည်။
ရှုယီက သံမဏိစက်ရုံအသွင်အပြင်ကြောင်း စဉ်းစားနေစဉ်တွင် ဥက္ကဠခရုစ်က သံမဏိစက်ရုံဘေးကွက်လပ်မှာရှိနေသည့် မှော်ပန်ကာ၊ မှော်ထမင်းပေါင်းအိုးနှင့် မှော်အဲယားကွန်း အဟောင်းပုံကြီးကို သတိထားမိသွားသည်။
“ရှုယီ မင်းတို့ Frestech ကုန်သည်ကြီးများအသင်းက အလဲအလှယ်ပွဲလုပ်ခဲ့တာက ဒီမှော်ပန်ကာအဟောင်းပုံကြီးကို ပြန်သယ်လာရုံတင်မဟုတ်ပဲ အဲ့တာကို ပြန်ပြီးအရည်ကြို့မို့မလား” ဥက္ကဠခရုစ်က အဟောင်းပုံကြီးကို ထိုးပြကာမေးလိုက်သည်။
“မှန်တာပေါ့၊ မဟုတ်ရင်ဘာလို့ ကျုပ်တို့က အဲ့တာတွေကို ပြန်သယ်လာနေမှာတုန်း”
ဥက္ကဠခရုစ်က ခေါင်းခါလိုက်ပြီး “ဒါကအတော်ကို အကျိုးမရှိတာပဲ။ မင်းရဲ့ အလဲအလှယ်ပွဲမှာ မှော်ပန်ကာဟောင်းတစ်ခုကို ရွှေဒင်္ဂါး (၅၀) နဲ့ ပြန်သိမ်းခဲ့မို့လား အဲ့တာတွေကို ပြန်ပြီးအရည်ကြိုလိုက်တော့ အလေးချိန်ပေါင်အနည်းငယ်ပဲရှိတဲ့ သံတုံးကြီးသာ ရတော့မှာလေ အဲ့တာက ရွှေဒင်္ဂါး (၁၀) ပြားတောင် တန်မှာမဟုတ်ဘူး။ အဲ့လိုလုပ်မယ့်အစား ဖယ်လ်ချောင်ကုန်သည်ကြီးများအသင်းကနေပဲ သံတွေဝယ်လိုက်ပါ့တော့လား”
“ပထမဆုံးအနေနဲ့ သံရိုင်းတုံးတွေဈေးက ပိုကြီးလာပြီ။ ဒါကြောင့် မှော်ပန်ကာကနေရလာတဲ့ သံတုံးက ရွှေဒင်္ဂါ (၃၀) လောက်တော့တန်သေးတယ်ဆိုတော့ ကျွန်တော်တို့အနေနဲ့ အရှုံးကြီးမဟုတ်သေးပါဘူး” ရှုယီက ပြုံးလိုက်ကာ “ ဒုတိယအနေနဲ့ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက အဲဒီ မှော်ပန်ကာ၊ မှော်ထမင်းပေါင်းအိုးနှင့် မှော်အဲယားကွန်းတွေကိုကို နည်းဟောင်းသုံးပြီး ထုတ်ခဲ့တာဆိုတော့ သူတို့က သံနှင့်သာ ပြုလုပ်ခဲ့ရတာ အရည်အသွေးက ပြောလောက်အောင်ကြီးမကောင်းဘူး။ အဲ့တာတွေကို ပြန်သိမ်းပြီး Frestech ကုန်သည်ကြီးများအသင်းရဲ့မျိုးဆက်သစ် ထုတ်ကုန်တွေအဖြစ် ပြန်လည်ပြုလုပ်တာက အရည်အသွေးပိုင်းဆိုင်ရာ ပြဿနာများကို ဖြေရှင်းပြီးရုံမက Frestech ကုန်သည်ကြီးများအသင်းရဲ့ကျော်ကြားမှုကိုပါ အကျိုးရှိစေတယ်။”
“ကျော်ကြားမှုဟုတ်လား” ဥက္ကဠခရုစ်က ရှုယီအား အလန့်တကြားကြည့်လိုက်ကာ သက်ပြင်းချပြီး “ကုမ္ပဏီတစ်ခုမှာ ကျော်ကြားမှုဆိုတာ အရေးပါပေမယ့်လည်း မင်းအနေနဲ့ အဆင့်တစ်ခုအဖြစ် လုပ်စရာမလိုဘူးလေ၊ ဟုတ်တယ်မို့လား”
“ကျုပ်ပြောတဲ့ ကျော်ကြားမှုဆိုတာကို ခင်ဗျာနားမလည်သေးပါဘူးဗျာ၊ အမှတ်တံဆိပ် တည်ဆောက်တာလို့ခေါ်တာကိုရော ခင်ဗျာ နားလည်လား။”
“ငါပိုပြီး ခေါင်းရှုပ်လာပြီ” ဟုပြောကာ ဥက္ကဠခရုစ် ခေါင်းခါနေခဲ့သည်။
“ဟုတ်ပါပြီ၊ ရှင်းအောင်ပြောရရင် ခင်ဗျာရှေ့မှာ မှော်ပန်ကာနှစ်လုံးရှိနေမယ်။ တစ်ခုက Frestech ကုန်သည်ကြီးများအသင်းရဲ့အမှတ်တံဆပ်နဲ့ နောက်တစ်ခုက အခြားအမှတ်တံဆိပ်။ တကယ်လို့များ အဲ့ဒီမှော်ပန်ကာတွေက ဈေးအတူတူပဲဆိုရင် ဘယ်ဟာကို ခင်ဗျာဝယ်မှာလဲ
“အဓိပ္ပါယ်မရှိတာ၊ မင်းရဲ့ Frestech ကုန်သည်ကြီးများအသင်း အမှတ်တံဆိပ်ပါတဲ့ မှော်ပန်ကာပဲဝယ်မှာပေါ့။ အခြားကုမ္ပဏီကထုတ်တဲ့ မှော်ပန်ကာတွေက Frestech အမှတ်တံဆိပ်လောက်မှမကောင်းတာကို “ဥက္ကဠခရုစ်ကမဆိုင်းမတွပြန်ဖြေလိုက်သည်။
“နောက်ပြီး အခြားအမှတ်တံဆိပ်မှော်ပန်ကာက ပိုပြီးဈေးနည်းတယ်ဆိုရင်ရော ၊ ဘယ်ဟာကို ခင်ဗျာဝယ်မလဲ” ရှုယီကဆက်ပြီးမေးလိုက်သည်။
“ပိုဈေးနည်းတာကိုကြည့်ပြီး ရွေးရမယ်ဆိုရင်။ ဈေးက နည်းနည်းလောက် သက်သာမယ်ဆိုရင်တော့လည်း ငါကတော့ သေချာပေါက် Frestech အမှတ်တံဆိပ်ပဲဝယ်မှာပဲ။ အဲ့ထက်ပိုပြီး ဈေးနည်းနေရင်တော့လား … “ ဥက္ကဠခရုစ်တွေဝေသွားပြီးနောက် “ငါ Frestech အမှတ်တံဆိပ်ကို ရွေးချယ်အုံးမှာပဲ။ ဘယ်အကြောင်းပဲရှိရှိ ငါဝယ်တဲ့ပစ္စည်းကောင်းနေဖို့ပဲ လုံးဝကိုမျှော်လင့်ထားတာ မဟုတ်ရင်တော့ ငါ့ငွေတွေ အလဟဿဖြစ်ကုန်မှာလေ”
ရှုယီကခပ်ရေးရေးပြုံးလိုက်ကာ “အခုတော့ ခင်ဗျာအနေနဲ့ အမှတ်တံဆိပ်အား အသုံးချပုံကို နားလည်သွားပြီလား။” ဟုမေးလိုက်သည်။
ဥက္ကဠခရုစ် ငေးငိုင်သွားကာ သူ့အနေဖြင့် သဘောပေါက်သွားခဲ့ပြီဖြစ်သည်။
သူက ရှုယီကိုပြန်ကြည့်လိုက်သည့်အခါမှာတော့ သူ့မျက်လုံးများမှာ အထင်ကြီးလေးစားနေသည့်ပုံကိုတွေ့ရသည်။
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၀၅၂ ။ အစီအစဉ်
ထိုအချိန် ရှုယီနှင့် ဥက္ကဠခရုစ်တို့ မိုးကျတောင်ကြားသို့အတူလာရောက်ခဲ့သည်မှာ ထုံးစံအတိုင်း တိုးတက်မှုအခြေအနေကို လာရောက်ကြည့်ရှုခြင်းသာဖြစ်သည်။
ရှုယီ၏အစီစဉ်အရ မိုးကျတောင်ကြားကို စက်မှုဇုန်နှင့် နေထိုင်ရာနေရာအဖြစ် ခွဲခြားထားသည်။
ပထမဆုံးအနေဖြင့် စက်မှုဇုံဆောက်လုပ်ရေးအပိုင်းဖြစ်ရာ စက်ရုံစုစုပေါင်း (၁၃) ခုတည်ဆောက်သွားမည်ဖြစ်သည်။ နေထိုင်ရာနေရာတွင်လည်း လူပုများအတွက် အဆောက်အဦး (၁၀၀၀) တည်ဆောက်ပြီးစီးခဲ့ ပေမယ့် အခုတော့ သူတို့အနေဖြင့် နောက်ထက် အိမ်ယာ (၃၀၀၀) ခန့် တည်ဆောက်နေဆဲဖြစ်သည်။
အမှန်တော့ ထိုအိမ်ယာ (၃၀၀၀) သည် လူပုများအတွက်သာ မဟုတ်ပေ။ ထိုအိမ်ယာများက မိုးကျတောင်ကြားတွင် အလုပ်လုပ်ကိုင်ဖို့လာကြသည့် လူသားများအတွက်လည်း ဖြစ်သည်။
ထို့အပြင် နေထိုင်ရာနေရာမှာ အိမ်ယာတွေကြည့်တင် မဟုတ်ဘဲ စီးပွားရေးဧရိယာပါတစ်စိတ်တစ်ပိုင်း ပါဝင်ထားပြီး အလုပ်သမားများနေ့စဉ်လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ဖို့ရာ ဖြစ်သည်။
ရှင်းရှင်းပြောရလျှင် မိုးကျတောင်ကြားကို ရှုယီက ကမ္ဘာပေါ်က မြို့အသေးလေးနှင့်တူအောက် ကြံစည်နေခြင်းပင်ဖြစ်သည်။
ထိုအစီစဉ်အား တိုးတက်လာမှုရှိစေရန် ရှုယီအနေဖြင့် ဥက္ကဠခရုစ်နှင့်သာ ဆွေးနွေးခဲ့ရုံသာမက သူက မြို့စားကြီးအား သူ့အစီစဉ်ကို ကူညီဖို့ရင်အတွက် အန်ဗီမာမြို့တော်က များစွာသော ဗိသုကာပညာရှင်များကိုပါ ရှာဖွေပေးဖို့ တောင်းဆိုခဲ့သည်။
သို့ပေမယ့် ထိုဗိသုကာပညာရှင်များက စိုင်စ်နယ်မြေရဲ့ အဆင့်အတိုင်းသာရှိနေရာ ရှုထောင့်ပေါင်းများစွာကနေ ရှုယီ၏အတွေးကို အငြင်းပွားကြသည်။
ဥပမာအားဖြင့် မိလ္လာရေဆိုးမြောင်းစနစ်အရ။ ဗိသုကာပညာရှင်များက စိုင်စ်နယ်မြေက အမျိုးမျိုးသောမြို့များက နည်းစနစ်အတိုင်း လုပ်ကိုင်ဖို့ စီစဉ်နေကြသည်ဖြစ်ရာ အညစ်အကြေးများကို စုစည်းဖို့ တူမြောင်းတစ်ခုသာ အသုံးပြုပြီး မြစ်ထဲသို့ စွန့်ထုတ်မည်ဖြစ်ကာ ထိုအရာများက မိုးကျသစ်တောတစ်လျှောက် စီးဆင်းသွားမည် ဖြစ်သည်။
ရှုယီက ကမ္ဘာမြေကလို မိလ္လာရေဆိုးစနစ်ကို မြေအောက်တွင်သာ အပြတ်သတ်ထားရှိဖို့ တိုက်တွန်းပြောဆိုထားပြီး ထိုမှသာမည်သူမျှ မိလ္လာရေဆိုးစနစ်ကို မြေပြင်ပေါ်မှာ မတွေ့ရနိုင်တော့ပေ။
ဗိသုကာပညာရှင်များသည် ထိုကိစ္စအမှန်တကယ်ကြီးကိုပင် နားလည်ခဲ့ခြင်းမရှိပါ။
ပထမဆုံးအနေနှင့် ကုန်ကျစားရိတ်ပိုကြီးမည်ဖြစ်ပြီး ဒုတိယအနေနှင့် ဒီလိုမျိုးကို အမှန်တကယ်အားဖြင့် မလိုအပ်သည့်ကိစ္စဖြစ်နေသည်။
သိုပေမယ့် ရှုယီနှင့် ဥက္ကဠခရုစ်တို့က သူတို့အနေဖြင့် မြစ်ထဲတွေ ရေကာတာဆောက်လုပ်ဖို့ရန် ကြိုတင်အားဖြင့်ထားသည့် ကွန်ကရစ်များကို မည်သို့မည်ပုံအသုံးပြုခဲ့သည်ကို ရှင်းပြပြီးနောက် ဗိသုကာပညာရှင်များသည်လည်း သူတို့ထင်ထားသလောက် ကုန်ကျစားရိတ် မများတော့သည်ကို နားလည်သွားကြသည်။ နောက်ဆုံးမှာတော့ သူတို့အနေဖြင့် သဘောမတူချင်ပဲ ရှုယီ၏အကြံကို လက်ခံသဘောတူခဲ့ကြရသည်။
ထိုကြောင့် မိုးကျတောင်ကြားအတွက် အစီစဉ်ကို ဆုံးဖြတ်ထားခဲ့ပြီး ကမ္ဘာမြေနှင့် စိုင်စ်နယ်မြေတို့က မြို့များ၏ကောင်းကွက်များကို ပေါင်းစပ်ထားခြင်းသာဖြစ်သည်။
ရှုယီ ဆန္ဒရှိသည့်အတိုင်း မဖြစ်ခဲ့လျှင်တောင် သူတို့က စိုင်စ်နယ်မြေကနည်းပညာအဆင့်သာ ရှိသေးသောကြောင့် သူတို့အနေဖြင့် ထိုအတိုင်းသာ ပြုလုပ်နိုင်သည်ဖြစ်သည်။
ထိုအချိန်မှာ ဥက္ကဠခရုစ်က သူနှင့်အတူ ပါလာရခြင်းမှာ မိုးကျတောင်ကြားအတွင်းရှိ လမ်းဖောက်လုပ်ရာတွင် စီမံခန့်ခွဲပေးဖို့အတွက်ဖြစ်သည်။
ရှုယီ၏အစီစဉ်အရ မိုးကျတောင်ကြားအတွင်းရှိ လမ်းများသည် လမ်းမကြီးနှင့် အရည်အသွေးတူညီဖို့ရန်လိုပြီး မိုးကျတောင်ကြားရှိနေရာတိုင်းနှင့် သွယ်တန်းဖောက်လုပ်ထားရမည်ဖြစ်သည်။
ဥက္ကဠခရုစ်က ထိုအတွက် အစီစဉ်ဆွဲထားပြီး ပြီဖြစ်ပေမယ့် ရှုယီနှင့် ဗိသုကာပညာရှင်များ၏ဆွေးနွေးမှုကြောင့် အပြောင်းအလဲအချို့ ပြုလုပ်ခဲ့ရပြီး လမ်းမများလည်း ပြေားလဲခဲ့ရသည်။ သူ့အနေဖြင့် ရှုယီနှင့်အတူ ကိုယ်တိုင်ကိုယ်ကျ လိုက်လာရခြင်းမှာ မိုးကျ ပရောဂျက်တာဝန်ခံ မန်နေဂျာရီလိုင်းအား ညွှန်ကြားချက်အနည်းအငယ် ပေးရန်အတွက် ဖြစ်သည်။
စတက်ဂျ်မိသားစုနယ်မြေတွင် စက်ရုံတည်ဆောက်ပြီးနောက် မန်နေဂျာရီလိုင်းသည် အမ်ရစ်ကုန်သည်ကြီးများအသင်းနှင့် Frestech ကုန်သည်ကြီးများအသင်းကြားက ပရောဂျက်တိုင်း၏တာဝန်ခံဖြစ်လာခဲ့သည်။ သူက ရှုယီနှင့်သာ ရင်းနှီးနေရုံမက အခုချိန်မှာတော့ မိုးကျတောင်ကြားရှိ လူပုများနှင့်ပါ ရင်းနှီးသွားပြီ ဖြစ်သည်။
ဥက္ကဠခရုစ်ကသူ့ကိုတွေရသောအခါ သူက လူပုများနှင့် စကားလက်ဆုံနေကြခဲ့သည်။ ကြည့်ရသည်မှာ သူတို့အချင်းချင်း အတော်ကို ရင်းနှီးနေကြပုံရသည်။
သူ့ကိုအပြင်ဆွဲခေါ်လာပြီး အလုပ်အကြောင်း ဆွေးနွေးပြီးနောက် ဥက္ကဠခရုစ်က အသံတိုးတိုးလေးဖြင့် “အခု မင်းနဲ့ လူပုတွေကြားက ဆက်ဆံရေးက ဘယ်လိုဖြစ်နေပြီလဲ”
ဥက္ကဠခရုစ်၏လူယုံတော်အနေဖြင့် သဘာဝအားဖြင့် မန်နေဂျာရီလိုင်းက သူဘာဆိုလိုသည်ကို ချက်ခြင်းဆိုသလို နားလည်သွားခဲ့သည်။ ထိုအကြောင်းကို စဉ်းစားပြီး သူကမျက်မှောင်အနည်းငယ်ကြုတ်လိုက်ကာ “ဆက်ဆံရေးကတော့ မဆိုးပါဘူး။ လူပုတွေက ပြောနေကြသလိုမျိုး ပေါင်းသင်းရ မခက်ပါဘူး။ ဒါပေမယ့် ဥက္ကဠ ခရုစ် သူတို့ကို အလုပ်ခန့်မယ့် အကြံကိုတော့ လက်လျှော့လိုက်ဖို့ အကြံပြုချင်တယ်”
“ဘာဖြစ်လို့လဲ” ဥက္ကဠခရုစ် အံ့ဩသွားခဲ့သည်။
“အကြောင်းကတော့ ကျွန်တော်တွေ့ရသလောက် လူပုတွေက အတော်ကို ခေါင်းမာကြတဲ့သူတွေ။ သူတို့က အလိုက်အထိုက် မနေတတ်ကြဘူး။ အန်ဂိုလာနဲ့ နော်မာမျိုးနွယ်စုက လူပုတွေမဆိုထားနဲ့ သူတို့က ရှုယီ တစ်ယောက်သာ အသိအမှတ်ပြုကြတာ။ ကျွန်တော် သူတို့ကို ဘာအကြောင်းပဲပြောနေသည် ဖြစ်ပါစေ စကားလမ်ကြောင်း အမြဲလိုလို လွဲသွားပြီ သူတို့ဘဝတွေ တိုးတက်လာတဲ့အတွက် ရှုယီကိုပဲ ကျေးဇူးတင်နေကြတော့တာ။”
ဥက္ကဠခရုစ် ခဏအကြာငြိမ်ကျသွားပြီး စိတ်မပါသည့် ပုံစံဖြင့် “ နော်မာနဲ့ အန်ဂိုလာမျိုးနွယ်စုက လူတွေကို ပြောလို့မရရင်တောင်မှ လူပုတွေရှိသေးတယ် မဟုတ်လား။ သူတို့က အဲ့ဒီလူပုမျိူးနွယ်စု (၂) စုကလိုမဟုတ်ဘူးလေ။ သူတို့က ရှုယီဆီမှာလုပ်တာမကြာသေးဘူးလေ။ သူတို့ကရော ရှုယီကိုပဲ အသိအမှတ်ပြုကြတာမဖြစ်နိုင်ပါ့မလား”
“သူတို့က ရှုယီကို အသိအမှတ်မပြုကြပါဘူး။ ဒါပေမယ့် သူတို့က နော်မာနဲ့အန်ဂိုလာ မျိုးနွယ်စုက သူတို့ရဲ့ ညီနောင်တွေကိုသာ ယုံကြည်ကြတာ။ သဘောကတော့ သူတို့ကလည်း ရှုယီကိုယုံကြည်ကြတာပဲ” မန်နေဂျာ ရီလိုင်းက အကူအညီမဲ့သွာပြောလိုက်သည်။
ဥက္ကဠခရုစ်က မိုးကျတောင်ကြားမှာ အင်အားကုန်ခမ်းခြင်းမရှိသကဲ့သို့ လုပ်ကိုင်နေကြသည့် လူပုများကိုဘက်ကို လှည့်ကြည့်ပြီး မလှမ်းမကမ်းမှာရှိနေသည့် ရှုယီအားကြည့်လိုက်သည်။ ခဏအကြာမှာတော့ သက်ပြင်းအရှည်ကြီးကိုသာ ချနေလိုက်သည်။
“အိုင်ယား ဒါက ရှုယီ ပြောခဲ့လို့ပါ မင်းအနေနဲ့ အခွင့်အရေးကို ကြံဖန်ရှာရမယ်။ အခုချိန်မှာ တော့သူက လူပုတွေရဲ့ယုံကြည်မှုကို ကြိုပြီးရနှင့်နေပြီ။ ငါစိုးရိမ်တာက အနာဂတ်မှာ သူ့လိုမျိုး လူပုတွေ ဆက်ဆံရေးတည်ဆောက် ဖန်တီးဖို့ ခက်ခဲနေမှာကိုပဲ”
မန်နေဂျာရီလိုင်းက ခဏအကြာတွေဝေနေပြီး နောက် သူအား လေသံတိုးတိုးလေးဖြင့် “ဥက္ကဠခရုစ် လူပုတွေအပြင် နတ်သူငယ်တွေပါ ရှိနေသေးတယ်” ဟု အသိပေးလိုက်သည်။
ဥက္ကဠခရုစ်ကခဏမှိုင်တွေနေပြီးနောက် မြေပေါ်သို့ တံတွေးထွေးချလိုက်သည်။
“ ဖီ ဒီသောက်ကောင် ရှုယီကတော့”
ရှုယီကအဝေးတစ်နရာမှာ ရှိနေကာ ပုံမှန်အားဖြင့် သူ့နောက်ကနေ ဥက္ကဠခရုစ်က ကျိန်ဆဲနေမည်ဟု လုံးဝမထင်ထားခဲ့ပေ။ သူက လက်တလောမှာ လက်ထဲရှိ သံဘောလုံး (၂) လုံးကို အာရုံစိုက်နေခဲ့သည်။
သူ့လက်များကိုအသုံးချပြီး ထိုသံလုံးများအား နှိုင်းယှဉ်ကြည့်နေခဲ့ရာ ရှုယီအနေဖြင့် ဘယ်ဘက်လက်မှာရှိသည့် အနီရောင်သံလုံးသည် သာမန်သံလုံးထက် ပိုပြီးလေးနေကာ ညာဘက်လက်မှာရှိသည့် အမည်းရောင်သံလုံးသည် သာမန်သံလုံးထက် ပိုပြီးပေါ့ပါးနေသည်ကိုတွေခဲ့ရသည်။
“ဒီသံလုံးတွေက နောက်ဆုံးအကြိမ် ခင်ဗျားစာထဲမှာ ဖော်ပြထားတဲ့ သတ္တုစပ် (၂၉) နဲ့ (၃၇) မို့လား” သူ့ရှေတွင်ရှိသည့် ခေါင်းဆောင်စီလူကာ အားမေးလိုက်သည်။
“ဟုတ်ပါတယ် အနီလုံးက နံပါတ် (၂၉)၊ အမည်းလုံးက နံပါတ် (၃၇) ပါ” ခေါင်းဆောင်စီလူကာကခေါင်းညိတ်လိုက်ပြီး ထိုသံလုံး(၂) လုံးအကြောင်းပြောပြနေလေသည် “သတ္တုစပ် နံပါတ် (၂၉) က အရမ်းကို ခံနိုင်ရည်ကောင်းလွန်းတယ်။ အဲ့ဒါကို ကျုပ်တို့ အကြိမ် (၅၀၀) ထက်မနည်း စမ်းသပ်ပြီးသွားပြီး မျက်မှာပြင်ပေါ်မှာ အရာလေးတစ်ခုတောင်မရှိဘူး။ သတ္တုစပ် နံပါတ် (၃၉) ကတော့ အရမ်းကို မာကြောလွန်းတယ်။ မျိုးနွယ်စုထဲက အသန်ဆုံး ညီနောင်ကို တူအကြီးကြီးသုံးပြီး ထုချေခိုင်းလိုက်ပေမယ့် ခြစ်ရာလေးတစ်ခု တောင်ထင်မသွားဘူး။”
“အိုးဟုတ်လား၊ အဲ့ဒီနှစ်ခုစလုံးက အတော်ကို အသုံးဝင်တာပါပဲလား။ သူတို့နဲ့သက်ဆိုင်တဲ့ အချက်အလက်တွေကို မှတ်ထားပြီးပြီလား” ရှုယီက စိတ်ဝင်တစားမေးလိုက်သည်။
“အကုန်မှတ်ပြီးသွားပြီ ၊ အဲ့တာတွေကို ကြိုက်တဲ့အချိန် သန့်စင်လို့ရတယ်။ ကျုပ် အာမခံတယ်” ရွာသူကြီး စီလူကာက ခေါင်းညိတ်ပြီးပြောလိုက်သည်။
“အဲ့လိုဆိုတော့လည်း ကောင်းပြီလေ” ရှုယီက စီလူကာ၏ပုခုံးကိုပုတ်ပြီး “ ခင်ဗျား ဒီ သံမဏိသတ္တုစပ် သုတေသနလုပ်တာကို လုံးဝရပ်ပစ်လိုက်လို့ မရဘူး။ အခြေအနေအကုန်လုံးကို စမ်းသပ်ကြည့်ဖို့လိုတယ်။ ဒါပေမယ့် သံမဏီစက်ရုံက ဆောက်ပြီးတော့မှာဆိုတော့ လုပ်နိုင်စွမ်းကို ထိန်းညှိရမယ်။ ပြီးတော့ ငွေရွက်သတ္တုစပ်တွေသာမက အရင်ကခင်ဗျားပြောထားတဲ့ သတ္တုစပ်နံပါတ် (၁၇) စပြီး ထုတ်လုပ်နေရမယ်။ အဲ့တာတွေပြီးတော့ သတ္တုစပ် နံပါတ် (၃၉) အနည်းငယ်ကို ပြုလုပ်ဖို့ လိုအုံးမယ်။ ကျုပ်အထင် ချပ်ဝတ်တန်ဆာအစုံလိုက်က (၁၅) ကီလိုဂရမ်လောက်လေးမယ်ဆိုတော့ (၅၀၀၀၀) စုံအတွက် ဆိုရင် (၇၅၀) တန်ချိန်လောက် ထုတ်လုပ်ဖို့ လိုမယ်ထင်တယ်။ ကောင်းပြီ ပိုပိုလိုလို (၂) လအတွင်းမှာ တန်ချိန် ထောင်ချီ ထုတ်လုပ်ထားရမယ်။”
“တန်ချိန် ထောင်ချီက သိပ်မများပါဘူး။ ဒါပေမယ့် ဥက္ကဠရှု ဒီချပ်ဝတ်တန်ဆာတွေကို ရုတ်တရက် ထုတ်လုပ်ရတာက လမ်ပူရီတိုင်းပြည်မှာ တစ်ခုခုများဖြစ်နေလို့လား” စီလူကာက ခေါင်းရှုပ်နေသည့်ပုံဖြင့် မေးလိုက်သည်။
“ကျုပ်ကိုမမေးမနေနဲ့ ကျုပ်လဲမသိဘူး” ရှုယီက ခေါင်းခါလိုက်ပြီး “ဒါပေမယ့် တော်ဝင်စစ်တပ်က မှာထားခဲ့တာ။ အဲ့ဒီတော့ ကျုပ်တို့ ဒါကို ပြီးအောင်လုပ်ရမှာပဲ ငြင်းလို့မရဘူးလေ။”
“တော်ဝင်စစ်တပ်ကဟုတ်လား” စီလူကာမှာပိုပြီးတောင် ခေါင်းရှုပ်သွားသည်။ ရှုယီအားကြည့်လိုက်ပြီးနောက် ဘာမှမပြောတော့ပဲ ခေါင်းသာညိတ်နေခဲ့သည်။
စစ်တပ်အကြောင်းဆွေးနွေးရာတွေ စကားများပိုပြီး ပြင်းထန်လာနိုင်သည်ဖြစ်ရာ ရှုယီကထိုအကြောင်း တွေးမိပြီး ပြုံးပြီး စကားလမ်းကြောင်းလွှဲလိုက်ကာ စီလူကာအား မျိုးနွယ်စုအသစ်မှာ နေထိုင်ကြရသည့် လူပုများအကြောင်း မေးမြန်းနေလိုက်သည်။
စီလူကာက ပြုံးပြီး “ ဒီပတ်ဝန်းကျင်ကအရင်ကထက်ပိုပြီး ကောင်းတယ် ညီနောင်တွေလည်း ဒီမှာနေရာတာ အရမ်းကို ပျော်ရွှင်နေကြပါတယ်။ အခြားမျိုးနွယ်စုများက ညီနောင်များရောက်လာပြီးတဲ့နောက် သူတို့က ထွက်သွားဖို့ ဆန္ဒမရှိကြပဲ ဒီမှာပဲ အကုန်လုံးက သက်ထက်ဆုံးတိုင် နေချင်ကြတယ်”
“အခုလိုမျိုး အားလုံးက ကျေနပ်မှုရှိကြတာ ကောင်းပါတယ်။ အခြားဘာတွေများ တောင်းဆိုချင်သေးလည်း ရှိသမျှအကုန်ပြောလိုက်ပါ။ ကျုပ် တတ်နိုင်သမျှ ဖြည့်ဆည်းပေးပါမယ်”
“အပူရှာမနေပါနဲ့” စီလူကာက ခေါင်းကို ခါလိုက်ကာ “ကျုပ်တို့ လူပုတွေက အေးအေးချမ်းချမ်းပဲ နေချင်တယ်။ စိတ်ကြိုက်စားပြီး ဝိုင်သောက်နေရရုံနှင့်တင်ကို ငါတို့က အရမ်းကိုပျော်ရွှင်နေပြီးသား။ ဒီထက်ဘာမှထက် မလိုဘူး။ အခု ဥက္ကဠရှုက အခုလိုမျိုး ပတ်ဝန်းကျင်ကောင်း နေရာပေးထားတော့ ကျုပ်တို့ ညီနောင်အများက အရမ်းကို ကျေနပ်နေကြတာ”
“အများစု ဟုတ်လား “ ရှုယီ အံ့ဩသည့်လေသံဖြင့် “အဲဒီလိုဆိုတော့ အချို့ လူပုတွေက မကျေနပ်ကြဘူးပေါ့”
“ အဲ့တာကတော့ ..” စီလူကာက မချိပြုံးပြုံးပြီး “ အချို့ညီနောင်တွေက လူသားတွေ မယုံကြည်နိုင်ဖြစ်နေကြတာ။ ဥက္ကဠရှုက အခုလိုမျိုး လူပုတွေပေါ်ကောင်းပြနေတာ ခင်ဗျာမှာ အကြံအစည်ရှိနေတယ်လို့ ခံစားနေကြတာ”
ရှုယီ မပြုံးပဲမနေနိုင်ဖြစ်သွားကာ “အကြံမစည်ဟုတ်လား၊ ဒီမှာ ခင်ဗျားတို့ကို ဆန့်ကျင်ပြီး ကြံစည်နေရအောင်က ဘာအကျိုးရှိလို့လဲဗျာ။ ခေါင်းဆောင်စီလူကာက ကျွန်တော်ကို ကူပြီး သူတို့ကိုပြောပေးပါအုံး။ အဲ့တာက ကျုပ်က ခင်ဗျားတို့လူပုတွေရဲ့ ဖုန်းကွယ်ထားတဲ့တန်ဖိုးကို သိမြင်ပြီး ခင်ဗျားတို့ အားလုံးအပေါ်ကောင်းပြနေတာက ကျုပ်အတွက် သေသည်အထိ လုပ်ကိုင်ပေးဖို့အတွက်ပဲ ဆိုပြီး။ အခြားအကြောင်းပြောရရင်တော့ သူတို့က အတွေးလွန်နေတာပါ”
စီလူကာက ခေါင်းကုတ်လိုက်ပြီး စိတ်မသက်သာသည့်ပုံစံဖြင့် “အမှန်တော့ ကျွန်တော် ဥက္ကဠရှုကိုသိလာတာကြာပြီ ခင်ဗျားက ဘယ်လိုလူစားလဲဆိုတာ သိပြီးပြီ။ ဒါပေမယ့် အချို့လူပုတွေက ဒါတွေကို မသိကြသေးဘူး။ အဲ့တာ ဘာမှမဟုတ်ပါဘူး မကြာသေးခင်အချိန်မှာပဲ ထုံးစံအတိုင်း သူတို့က ခင်ဗျားကို ယုံကြည်လာပါလိမ့်မယ်”
“ ထားပါတော့ ၊ ကျုပ်ကို ယုံတာမယုံတာ ဂရုစိုက်မနေပါဘူး။ သူတို့သာအလုပ်ကို အဆင်ပြေအောင် လုပ်နိုင်နေရင် ကောင်းတာပါပဲ “ရှုယီက ဘေးဘီဝဲယာသို့ ကြည့်လိုက်ရာ ဥက္ကဠခရုစ်က မန်နေဂျာရီလိုင်းအား လေသံတိုးတိုးဖြင့် တစ်စုံတစ်ခုကို ပြောနေသည်ကို တွေ့လိုက်သည်။ သူက အသံတိုးပြီး စီလူကာကိုရုပ်တည်ကြီးဖြင့် “ မကြာသေးခင်ကပဲ ဘိလပ်မြေ လိုအပ်ချက်က မြှင့်လာပြီ။ အဲ့ဒီတော့ ခေါင်းဆောင်မွန်တိုကို ဘိလပ်မြေ တိုးမြှင့်ထုတ်လုပ်ဖို့အတွက် နောက်ထပ် ဘိလပ်မြေစက်ရုံ တည်ဆောက်ဖို့အကြောင်း ပြောပေးပါအုံး။ နောက်ထပ် ကျုပ် အသိပေးချင်တာက ဒီလျှိုဝှက်ချက်ကို ထိန်းသိမ်းထားဖို့လိုပြီး ဘိလပ်မြေထုတ်လုပ်တဲ့နည်းလမ်း အခြားဘယ်သူမှ ပေးသိလို့ မဖြစ်ဘူး “ ဟု ပြောလိုက်သည်။
စီလူကာမှာအတော်ကို ခေါင်းရှုပ်သွားသည်။ ရှုယီက ဘိလပ်မြေလျှိဝှက်ချက် ထိန်းသိမ်းထားဖို့အကြောင်း ဆက်ပြီးပြောနေသော်လည်း ဘာကြောင့်များ သူအနေဖြင့် အရမ်းကို သတိထားနေသလဲ။
ဒီအကြိမ်မှာတော့ ရှုယီ မချိပြုံးပြုံးနေခဲ့သည်။
“အဲ့တာက … အခြားနည်းမရှိဘူး အကြောင်းက ကျုပ်မှာ … ငွေတစ်ပြားမှာမရှိတော့ဘူး။”
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၀၅၃ ။ ချို့ယွင်းမှုများနေတယ်
“ဥက္ကဌကြီး၊ ရှင့်မှာ ပိုက်ဆံမရှိတော့ဘူးလား” သူ မိုးကျတောင်ကြားကိုသွားနေစဉ်ကတည်းက အနောက်ကနေတိတ်တဆိတ်လိုက်လာသည့် အက်ဂ်နက်စ်က ရုတ်တရက်ရက်ရပ်လိုက်ပြီး ရှုယီ အားလှည့်ကြည်ကာပြောလိုက်သည်။ သူမရဲ့ အဝတ်အစားထဲလှန်လှောရှာလိုက်ကာ ရွှေဒင်္ဂါး (၁) ပြားကိုထုတ်ပြီး ရှုယီအားပေးလိုက်သည်။ “ရော့ဒီမှာ အခုတော့ ကျွန်မမှာအဲ့လောက်ပဲ အများဆုံးရှိတယ်။ ရှင်ယူထားလိုက်”
ရှုယီက အက်ဂ်နက်စ်ကို အံ့ဩသွားသည့်ပုံဖြင့် ကြည့်လိုက်ပြိး သူမ၏ သေးသွယ်သောလက်ထဲက ရွှေဒင်္ဂါးကို ကြည့်လိုက်ကာ ရုပ်တည်ကြီးဖြင့် နားမလည်သည့် လေသံနှင့် “မင်းဘာတွေလုပ်နေတာလဲ” ဟု မေးလိုက်သည်။
“ ရှင်ပဲ ခေါင်းဆောင်စီလူကာကိုပြောနေတာလေ ပိုက်ဆံမရှိတော့ဘူးဆိုပြီး ၊ အခုတော့ ကျွန်မလည်း ဒီရွှေဒင်္ဂါးတွေကို သုံးဖို့ မလိုအပ်သေးဘူးလေ။ ဆိုတော့ ရှင်ယူလိုက်လို့ရပါတယ်” အက်ဂ်နက်စ် ပုံမှန်မျက်နှာလေးအတိုင်း ပြန်တုံပြန်လိုက်သည်။
အဆုံးမှာတော့ ရှုယီအနေဖြင့် သူမ ဘာကိုဆိုလိုတာမှန်း သဘောပေါက်သွားခဲ့ပြီး ရယ်ရခက် ငိုရခက်ဖြစ်နေခဲ့ကာ သူမရဲ့လက်ကို ပြန်တွန်းထုတ်လိုက်ရင်း “အက်ဂ်နက်စ် ကျုပ်မှာ ပိုက်ဆံမရှိတော့ဘူးလို့ပြောတာက ပိုပြီးတိတိကျကျပြောရရင် ကျုပ်ဆီမှာပိုက်ဆံမရှိဘူးဆိုတာထက် Frestech ကုန်သည်ကြီးများအသင်း မှာ ပိုက်ဆံမရှိတော့တာပါ။ ငါပြောချင်တာကို သိပြီမို့လား”
“အာ.. ကုမ္ပဏီမှာ ပိုက်ဆံမရှိတာလား “ အက်ဂ်နက်စ်၏မျက်လုံးများ အံ့ဩသွားသဖြင့် ပြူးကျယ်သွားကာ သူမလက်ထဲရှိ ရွှေဒင်္ဂါးပြားကိုကြည့်လိုက်ပြီး ခေါင်းကိုခါရမ်းလိုက်ကာ “ဒီလောက်နဲ့က လုံလောက်မှာမဟုတ်ဘူး။ ပြီးကျရင် ကျွန်မတို့ အကြီးအကဲဆီသွားကြရအောင်လား။ ရှင် သူ့ဆီကနေ ငွေချေးပေးဖို့ ပြောလို့ရနိုင်တယ်မဟုတ်လား။ ကျွန်မတို့ မျိုးနွယ်စုကလူတွေအတွက် ရှင် အကြီးအကဲကို လစာပေးခဲ့တယ် မဟုတ်လား ၊ အဲဒါကိုကြည့်ရတာ ရွှေဒင်္ဂါးထောင်ချီရှိမယ့်ပုံပဲ”
အက်ဂ်နက်စ်ရဲ့အပြစ်ကင်းစင်သည့် မျက်နှာလေးကိုကြည့်ရင်း ရှုယီ မတတ်နိုင်တော့ပဲ ပြုံးမိသွားတော့သည်။
“အက်ဂ်နက်စ် မင်းကိုကြည့်ရတာ နားမလည်သေးတဲ့ပုံပဲ ။ ကျုပ်ပြောတဲ့ ကုမ္ပဏီမှာ ငွေမရှိတော့ဘူးလို့ဆိုတာက ငွေအလုံးအရင်းအသုံးစားရိတ် မရှိတဲ့အကြောင်းပြောတာမဟုတ်ဘူး။ တကယ်လို့ ကျုပ်တို့မှာတကယ်ကြီး ငွေသုံးဖို့လိုလာခဲ့ရင်အဲ့ဒီ ငွေအလုံးအရင်းထဲကနေ ထုတ်သုံးမှာမဟုတ်ဘူး။ တကယ်လို့ ငွေသုံးဖို့တကယ်ကြီး လိုအပ်လာမယ်ဆိုရင် ရွှေဒင်္ဂါးထောင်ချီက အတော်ကိုလုံလောက်တဲ့ ပမာဏပါ။”
“အဲဒီတော့ ကျွန်မတို့ဘာလုပ်ကြမလဲ။ တကယ်လို့ ကျွန်မတို့ ငွေလိုတဲ့အခါ ထုတ်သုံးလို့ မရဘူးဆိုရင် ကျွန်မတို့ ကုမ္ပဏီ ဒုက္ခရောက်နေပြီ မဟုတ်ဘူးလား” အက်ဂ်နက်စ် အတော်ကို စိတ်ရှုပ်သွားခဲ့ကာ “ဥက္ကဌ ကျွန်မတို့ဘာလုပ်သင့်လဲဆိုတာ ရှင်စဉ်းစားပြီးပြီလား”
“စိတ်အေးအေးထားပါ မင်းထင်ထားသလောက်ကြီး အခြေအနေမဆိုးပါဘူး၊ အခုက ခဏတာလာက် ရံပုံငွေ ပြတ်လပ်တာမျိုးပါ။ နောက်တစ်ခါထပ်ပြီးတော့ အခြားအချိန်အခါ ကျရင် ထုံးစံအတိုင်း ကုမ္ပဏီကငွေတွေ အများကြီးရလာတော့မှာပါ” ရှုယီက လက်ကိုဝှေ့ယမ်းလိုက်ပြီး သူမအားနှစ်သိမ့် လိုက်သည်။
“အိုး အဲ့လိုဆိုတော့လည်းကောင်းပါပြီ “အက်ဂ်နက်စ် အေးအေးဆေးဆေး ဖြစ်သွားသည်။ သူမ ထိုအကြောင်းစဉ်းစားလိုက်ပြီး စိတ်မချသည့်ဟန်ဖြင့် “ဒါပေမယ့် ဥက္ကဌ ဘာကြောင့်များ ကုမ္ပဏီမှာ ရုတ်တရက်ကြီး ငွေမရှိဖြစ်သွားခဲ့ရတာလဲ။ ကျွန်မမှတ်မိသလောက် ကျွန်မတို့ကုမ္ပဏီက လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက ငွေတွေအများကြီး ရခဲ့တာလေ။ နောက်ဆုံးအခေါက်က မန်နေဂျာ ဆာဘက်စ် ပြောတာကို ကျွန်မကြားခဲ့တုန်းက အရင်လကတင်ပဲ ကုမ္ပဏီက ရွှေဒင်္ဂါးပြားသောင်းချီ ရရှိခဲ့တာဆိုပြီး”
“အဲဒီတော့ သူပြောတဲ့အထဲမှာ ကျုပ်တို့ ဘယ်လောက်အသုံးပြုခဲ့တာလဲဆိုတာကိုတော့ မင်းသတိမထားမိခဲ့ဘူးမို့လား” ရှုယီက ပြုံးပြီးပြောလိုက်သည်။ “ကျုပ်တို့ကုမ္ပဏီအနေနဲ့ ပြီးခဲ့တဲ့လတွေတုန်းက ဝင်ငွေက နည်းနည်းလေးမဟုတ်ပေမယ့် ကျုပ်တို့က ပိုပြီးတော့ သုံးခဲ့မိတာ။ အခြားကိစ္စတွေ ထည့်မပြောနေပဲနဲ့ မိုးကျတောင်ကြားမှာကိုပဲ ရွှေဒင်္ဂါး သုံးသိန်းရင်းနှီးမြုပ်နှံ ထားခဲ့ပြီးပြီ။ နောက်ထပ်ကုန်ခဲ့တာဆိုရင် မိုးကျလမ်းမကြီးအတွက် ရွှေဒင်္ဂါး ၁သိန်းကျော် ၊ ဘန်တာမြို့နှင့် ခမာမြို့ကြားက လမ်းမကြီးအတွက် ရွှေဒင်္ဂါး ၁သိန်း အဲ့ဒါတွေအပြင် ကုမ္ပဏီရဲ့ အထွေထွေကုန်စားရိတ်နှင့် ပုံသေစားရိတ်စကတွေ ထည့်တွက်လိုက်ရင် ကုမ္ပဏီမှာ ရွှေဒင်္ဂါး ၂သောင်းတောင် ငွေသားအဖြစ်မရှိတော့ဘူး။ ကျုပ်တို့ တကယ်ကြီး ငွေပြတ်သွားပြီလို့ ပြောလို့ရတယ်”
အက်ဂ်နက်စ်က လျှာလေးကို ထုတ်လိုက်ကာ “အဲလိုဆိုတော့ ရွှေဒင်္ဂါး ၂သောင်းတော့ရှိသေး တယ်ပေါ့ ၊ ကျွန်မက ရွှေဒင်္ဂါးတစ်ပြားမှ မရှိတော့ဘူး လို့ထင်နေတာ”
ရှုယီ မနေနိုင်ပဲ မျက်လုံးပင့် ကြည့်လိုက်သည်။ သူတွေးခဲ့တာက အက်ဂ်နက်စ်သည် သူ့နောက်ကို လအတော်ကြာ လိုက်ပါခဲ့ပြီး ဘာကြောင့်များ သူမ စကားအဖြစ် ပြောသည်များကို သတိမထားမိပဲ နေရသနည်းဟု၍ပင်။
ဖြစ်နိုင်တာကတော့ နတ်သူငယ်များက ကောလဟလထဲက အတိုင်းပင်ဖြစ်နေခဲ့သည် လား။ အချိန်အကြာကြီးရှင်သန်ခဲ့ရသည်ကြောင့် ပြောင်းလဲဖို့အတွက် သူတို့ခက်ခဲနေခဲ့သည်။
ထိုအကြောင်းများကိုစဉ်းစားရင်း သူရှေ့တွက်ရှိနေသည့် မှောင်မဲနေသည့် မိုးကျတောအုပ်ကြီးကို မကြည့်ပဲမနေနိုင်ဖြစ်သွားသည်။ အကယ်၍ နတ်သူငယ်များက တကယ်ကြီး ထိုအတိုင်းပဲဆိုလျှင် အကြီးကဲအီလူရှာ၏မျှော်လင့်ချက်ဖြစ်သည့် နတ်သူငယ် တွေနှင့် လူသားတွေ သဟဇာတဖြစ်စွာ နေထိုင်ရန်မှာ အလွန်ပင်ခက်ခဲဦးမည်ဖြစ်သည်။
“ကျွန်မလည်း အဲဒါကို စိုးရိမ်မိပါတယ်” အကြီးအကဲအီလူရှာက ခေါင်းအနည်းငယ် ညိတ်လိုက်ကာ “အဲ့ဒါကြောင့်မို့ အက်ဂ်နက်စ်ကို တစ်ချိန်လုံး ရှင့်နောက်ကို လိုက်ခိုင်းထားတာပေါ့။ အကြောင်းက လူသားကုန်သည်တွေက လူသားတွကြားမှာ အကြံဉာဏ်အများဆုံးပဲ။ ပြီးတော့ လူသားတွေနဲ့ အလိုက်အထိုက်ပေါင်းနိုင်တယ်လေ။ တကယ်လို့ အက်ဂ်နက်စ်က ရှင့်အနားမှာ သာမန်အတိုင်းနေနိုင် ပြီး ရှင့်ဆီကနေ ဘယ်လိုမျိုး လူသားတွေနဲ့ အလိုက်အထိုက်နေရမှာလဲဆိုတာကို သင်ယူခဲ့ပြီးရင် အခြား နတ်သူငယ်တွေလည်း အဲ့လိုမျိုး လုပ်နိုင်မယ်လို့ ကျွန်မယုံကြည်တယ်။”
“ ပြဿနာက … အက်ဂ်နက်စ်က ပထမဦးဆုံးတွေ့ခဲ့တုန်းကအတိုင်းပဲ ရှိနေပြီး ပြောင်းလဲသွားမျိုးမရှိသေးဘူး။ အဲတာထက် အရင်ကထက် ပိုပြီးတော့တောင် မလည်မဝယ်ဖြစ်နေတုန်းပဲ” ရှုယီက မျက်မှောင်ကြုတ်ကာပြောလိုက်သည်။
“မဟုတ်ဘူး ဆန့်ကျင်ဘက်ပါပဲ။ သူမျိုးနွယ်စုမှာနေခဲ့တုန်းကနဲ့ဆိုရင် အက်ဂ်နက်စ်က အတော်လေးကို ပြောင်းလဲသွားခဲ့ပြီ” အကြီးအကဲအီလူရှာက ခေါင်းကိုခါလိုက်ပြီး ခပ်ရေးရေးပြုံးပြကာ “အရင်ကတည်းက အက်ဂ်နက်စ်က အရမ်းကို ဖြူစင်တဲ့ကလေးတစ်ယောက်ပါ။ သူက ကိစ္စတွေကို ရိုးရိုးရှင်းရှင်းသာ တွေးတတ်တာ။ အခုတော့ ရှင် ကျွန်မကို ခုနကပြောခဲ့တာတွေအရ ရှင့်မှာပိုက်ဆံမရှိဘူးလို့ပြောတဲအချိန်မှာ သူထွက်ပေါ်မလာရဘူးဆိုတာကိုနားလည်ခဲ့ပြီး ရှင် မိုးကျ တောအုပ်ကိုရောက်တဲ့ အခါမှသာ သူ့အတွေးကို ပြောပြခဲ့တာလေ။ အဲဒါကိုကြည့်ရင် ရှင်တို့လူသားတွေဆီကနေ အချိန်အခါကောင်းကို ဘယ်လိုအသုံးချရမလဲဆိုတာ သင်ယူနိုင်ခဲ့တယ်လို့ သတ်မှတ်လို့မရဘူးလား”
ရှုယီမှာ ပြောစရာစကားမရှိဖြစ်သွားခဲ့သည်။ ထိုအရာသည်က လူသားတွေရဲ့မွေးရာပါ အရည်အချင်းပင်ဖြစ်ပြီး ဘယ်လိုကြောင့်များ အက်ဂ်နက်စ်အားချီးကျူးပြောဆိုလိုက် သနည်းဟူ၍ပင်။
“အဲလိုဖြစ်ရတာက ရှင်တို့က လူသားတွေဖြစ်ပြီး ကျွန်မတို့ နတ်သူငယ်တွေဖြစ်နေလို့ပဲ” ဟု အကြီးအကဲအီလူရှာက ရှုယီ၏မေးခွန်းကို ယေဘုယျကျကျ အဖြေမှန်ကို ပြောလိုက်သည်။
ရှုယီက ခေါင်းကို ခါယမ်းလိုက်ကာ နတ်သူငယ်များ၏ အတွေးကို နားမလည်နိုင် ဖြစ်နေခဲ့သည်။
“ကောင်းပါပြီ အက်ဂ်နက်စ် ပြောင်းလဲသွားတာကို ဘေးဖယ်ထားလိုက်ပါအုံး။ ကျုပ်တို့ စီပွားရေးအကြောင်း ပြောကြဆို့လား “ရှုယီက ကျောပိုးအိတ်ထဲပါလာသည့် မျိုးဆက်သစ်မှော်ပန်ကာအဖုံးကို ထုတ်လိုက်ကာ လက်လွှဲပေးလိုက်သည်။
အကြီးအကဲအီလူရှာကို ယူကြည့်လိုက်ပြီး သိချင်စိတ်ပြင်းပြစွာဖြင့် ရှုယီအားကြည့်လိုက်ပြီး “ဒီပလပ်စတစ်အဖုံးမှာ ဘာပြဿနာများရှိနေလို့လဲ “
“ဒီအတိုင်းကြည့်လိုက်ရင်တော့ ဘာပြဿနာမှ တွေ့ရမှာမဟုတ်ဘူး ဒါပေမယ့် … “ ရှုယီက ရှေ့သို့ထွက်လာပြီး အဖုံး၏ညာဘက်ထိတ်က သပ်ရပ်စွာလုပ်ထားသည့် ပန်းပွင့်ဒီဇိုင်းကို ထိုးပြကာ သူက “ အဲ့ဒါက ပြဿနာပဲ အခြားမှော်ပန်ကာ အစိတ်အပိုင်းတွေနဲ့ မတူဘူးလေ”
အကြီးအကဲ အီလူရှာ က သေသပ်စွာထွင်းထားသည့် ပန်းပွင်ပုံစံလေးကို ကြည့်လိုက်ပြီး အရမ်းကို စိတ်ရှုပ်ထွေးသွားသည်။
“ကျွန်မကတော့ ဘာမှမှားနေတာကို မတွေ့မိပါဘူး ဒီပန်းပွင့်လေးကို အရမ်းကိုလှပစွာ ထွင်းထားတာပဲလေ”
“ဒီပန်းပွင့်ကြည့်သပ်သပ်ပဲ မှားနေတာမဟုတ်ဘူး” ရှုယီက အတည်ပေါက်ကြီးဖြင့် “အကြီးအကဲအီလူရှာ ကျွန်တော်က ခင်ဗျာတို့ရဲ့ ညတေးသံမျိုးနွယ်စုကို ဒီ ပလပ်စတစ်အဖုံး လုပ်ခိုင်းခဲ့တဲ့ အချိန်တုန်းက လိုက်နာပြီးလုပ်ရမယ့် ပုံကြမ်းကို ကျုပ်ပေးခဲ့တယ် မဟုတ်ဘူးလား”
“အင်း” အကြီးအကဲအီလူရှာက မတ်တပ်ထလိုက်ပြီး သေတ္တာကို ဆွဲဖွင့်ပြီး စာရွက်များကို ဆွဲထုတ်လိုက်ပြီး “ ဒီမှာရှိသေးတယ်လေ”
“ဒါဆို အဲဒီပုံတွေမှာ အဖုံးပေါ် ပန်းပွင့်ပုံလားဆိုတာ ကြည့်စေချင်တယ်။”
အကြီးအကဲအီလူရှာက ပုံကိုကြည့်လိုက်ပြီ ခေါင်းကို ခါလိုက်ကာ “ပုံကြမ်းမှာတော့ မပါဘူး”
“အဲဒီလိုဆိုတော့ နတ်သူငယ်တွေက ဒီမှော်ပန်ကာအဖုံးကို လုပ်တဲ့အချိန်မှာ ပုံကြမ်းအတိုင်း လိုက်မလုပ်ခဲ့ဘူး ၊ ဟုတ်တယ်မို့လား “ရှုယီက ထပ်ပြီးမေးလိုက်သည်။
“အဲလိုဖြစ်သွားတယ်ထင်တယ်” အကြီးအကဲအီလူရှာကခေါင်းညိတ်လိုက်ကာ စိတ်ရှုပ်နေသည့်ပုံဖြင့် “ဒါပေမယ့် ဥက္ကဌရှု ကျွန်မ နားမလည်သေးတာက ဘယ်နေရာမှားနေတာလဲ။ ဒါက မှော်ပန်ကာအဖုံးမှာ အပိုပါလာတဲ့ လှပသည့်ဒီဇိုင်းလေးတစ်ခုပါ မှော်ပန်ကာကို ပိုပြီး လှသွားစေတာမဟုတ်ဘူးလား”
“အဲတာကပြဿနာမဟုတ်ဘူး ကျုပ်ပြောထားပြီးသလိုပဲ လေးစားရတဲ့ အကြီးအကဲ၊ ခင်ဗျား ဒီမှော်ပန်ကာကို တစ်ခုတည်း ထုတ်တာမဟုတ်ပါဘူး။ ကျုပ်တို့ ကုမ္ပဏီမှာ အများအပြားကို ထုတ်လုပ်တာပါ၊ ဆိုတော့ ဒါက ပြဿနာအကြီး ကြီးဖြစ်သွားပြီလေ” ရှုယီက ရုပ်တည်ကြီးဖြင့်ပြောလိုက်သည်။
ရှုယီ၏အတည်ပေါက်မျက်နှာကြီးကို ကြည့်ပြီး အကြီးအကဲကြီးက စဉ်းစားလိုက်ပြီး ထိုင်ချလိုက်ကာ ရှုယီအားအသေအချာကြည့် ပြီး “ဥက္ကဌရှု ရှင်ဆိုလိုချင်တာက ကျွန်မ နားမလည်ဘူး။ ကျေးဇူးပြုပြီး ကျွန်မကို ရှင်းပြပါလား”
“ကောင်းပါပြီ” ရှုယီနောက်သို့မဆုတ်တော့ပဲ မှော်ပန်ကာအဖုံးကိုကောက်လိုက်ကာ “အကြီးအကဲ တကယ်လို့ မှော်ပန်ကာတစ်ခုမှာ ဒီလိုမျိုး ဒီဇိုင်းရှိနေပြီး နောက်တစ်ခုမှာမရှိဘူး၊ တကယ်လို အဲဒီပန်ကာနှစ်ခုက ဈေးနှုန်းအတူတူပဲဆိုရင် မင်းက မှော်ပန်ကာကို ဝယ်ချင်တယ်ဆိုပါတော့ ဘယ်ပန်ကာကို ဝယ်မလဲ”
“ရှင်းပါတယ် ဒီဇိုင်းပါတာပဲဝယ်မှာပေါ့ ပိုပြီး ကြည့်ကောင်းတယ်လေ”
“ ကောင်းပြီ။ ဈေးနှုန်းအတူတူသာဆိုရင် ဒီဇိုင်းမပါတဲ့ တစ်ခုကိုရောင်းထွက်ဖို့ ခက်သွားမယ် မဟုတ်ဘူးလား”
“သိပ်ပြီး လိုအပ်တာမဟုတ်ပါဘူး။ ဒီဇိုင်းမပါတာကို ကြိုက်တဲ့ လူသားတွေရှိဦးမှာ မဟုတ်ဘူးလား”
“အင်း ကျုပ်တို့အနေနဲ့ ဖြစ်နိုင်ချေကို တွက်ဆလို့ မရနိုင်ဘူးလေ။ ဒါပေမယ့် အကြီးအကဲအီလူရှာ ဒီမှော်ပန်ကာနှစ်ခုရဲ့ ဈေးက ကွာခြားသင့်တယ် မထင်ဘူးလား။ ဒီဇိုင်းအားဖြင့် ကွာခြားနေတာကြောင့် ဈေးအတူတူ သတ်မှတ်လို့ မရတော့ဘူးလေ”
“ ဟုတ်ပါတယ်။”
“အဲဒီမှာ ပြဿနာကစလာပြီ။ ဒီမှော်ပန်ကာအဖုံးကို အခြားဒီဇိုင်းမပါတဲ့ မှော်ပန်ကာအဖုံးတွေလို အများကြီး ထုတ်ရမှာဆိုတော့ တကယ်လို့ ဒီအဖုံးတွေ တပ်ဆင်လိုက်တဲ့အခါကျရင် အဲဒီအသုတ်မှော်ပန်ကာ ဈေးနှုန်း သတ်မှတ်ဖို့ရာကျ ခက်ခဲသွားပြီ။ ဒီလိုဖြစ်ရတဲ့အကြောင်းကတော့ လူတွေက တန်ဖိုးမတူတာကို ဈေးနှုန်းအတူတူ မဝယ်ယူချင်ကြလို့ပဲ” ရှုယီက သူလက်ထဲက ပလပ်စတစ်အဖုံးကို မြှောက်လိုက်ကာ “ဒါကြောင့် ကျုပ်တို့ ကုမ္ပဏီက မှော်ပန်ကာတွေကို ထုတ်လုပ်တဲ့အခါမှာ ဒီလိုမျိုးအဖုံးတွေကို ချို့ယွင်းနေတဲ့ထုတ်ကုန်တစ်ခုလို့ ယူဆမှာဖြစ်ပြီး အသုံးပြုမှမဟုတ်တော့ဘူး။”
“ချို့ယွင်းတဲ့ထုတ်ကုန် ဟုတ်လား” အကြီးအကဲအီလူရှာက ရှုယီအားအံ့ဩစွာကြည့်လိုက်ပြီး “ဥက္ကဌရှု ကျွန်မတို့ နတ်သူငယ်တွေရဲ့ ကျွမ်းကျင်လှတဲ့ လက်တွေနဲ့လုပ်ထားတာက ဘယ်လိုကြောင့်များ ချို့ယွင်းတဲ့ထုတ်ကုန်ဖြစ် ရမှာလဲ။ ရှင်တစ်ခုခု မှားနေပြီထင်တယ်”
ရှုယီက မျက်မှောင်အနည်းငယ်ကြုတ်လိုက် ကာရုတ်တည်ကြီးဖြင့် “လေးစားရပါသော အကြီးအကဲ၊ ခင်ဗျားအနေနဲ့ လက်ခံချင် လက်မခံချင်ပဲဖြစ်ဖြစ် ဒါပေမယ့် ဒါက ကျုပ်တို့ ကုမ္ပဏီရဲ့ စံနှုန်းထားတွေပါ။ မည့်သည့်အစိတ်အပိုင်းမဆို စံနှုန်းထားအတိုင်း မလုပ်ထားခဲ့ရင် ချို့ယွင်းတဲ့ထုတ်ကုန်လို့ သတ်မှတ်ထားပါတယ်”
ထိုကိစ္စကို ရှုယီက အတည်ကြီး လုပ်နေသည်ကို မြင်ပြီး အကြီးအကဲအီလူရှာက ဆုံးဖြတ်ချက်ချလိုက်ကာ “ကောင်းပါပြီ ရှင်တို့ ကုမ္ပဏီက တောင်းဆိုထားတဲ့အတိုင်း ကျွန်မတို့ ပစ္စည်းတွေကို ပြုလုပ်ရမှာဆိုတော့ ကျွန်မတို့အနေနဲ့ ရှင့်တို့ ချမှတ်ထားတဲ့ စံနှုန်းအတိုင်းလုပ်သင့်တာပေါ့ ၊ ရှင်မှန်ပါတယ်”
ရှုယီက အကြီးအကဲအီလူရှာ အဆင်ပြေနေသည့်ပုံကို တွေ့ရပြီး ဆက်ပြောနေလိုက်သည် “အမှန်တကယ်တော့ ဒီအဖုံးက အခြေအနေအများကြီးထဲက တစ်ခုပဲ ၊ အရေးကြီးတဲ့တစ်ခုက ပန်ကာအဖုံးပုံတစ်လုံးက ပုံပျက်နေတာ။ ကျုပ်တို့အနေနဲ့ အခြားမှော်ပန်ကာ အစိတ်အပိုင်းတွေနဲ့ ကိုက်အောင် တပ်ဆင်လို့မရဘူး။ နောက်ဆုံးစစ်ဆေးမှုအပြီးမှာ ဒီတစ်ကြိမ် ခင်ဗျားတို့ လုပ်ခဲ့တဲ့ မှော်ပန်ကာအလုံးရေ (၂၀၀၀၀) မှာ (၃၀) ရာခိုင်နှုန်းလောက်က ချို့ယွင်းတဲ့ထုတ်ကုန်တွေ။ ဒါကြောင့် ကျုပ်လာခဲ့ရတာ။ ဘာတွေများဖြစ်နေတာလဲ?”
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၀၅၄ ။ နတ်သူငယ်မျိုးနွယ်၏နာခံမှုအတိုင်းအတာ
“(၃၀) ရာခိုင်နှုန်းလား” ဟုအကြီးအကဲအီလူရှာကရေရွတ်လိုက်ကာ အမူအရာအနည်းငယ် ပြောင်းသွားခဲ့သည်။ သူမက ထိုအကြောင်း စဉ်းစားလိုက်ပြီးနောက် “ဥက္ကဌရှု ရှင်တို့ကုမ္ပဏီ ဘယ်လောက်တောင် ဆုံးရှုံးသွားလဲ ဆိုတာကို ကျွန်မ သိခွင့်ရမလား”
“အရင်ကျုပ်တို့ ချုပ်ဆိုခဲ့တဲ့ စာချုပ်အရ Frestech ကုန်သည်ကြီးများအသင်းက မှော်ပန်ကာထုတ်လုပ်တဲ့အပိုင်းမှာ ကြန့်ကြာသွားရပြီး တဖက်ကို အချိန်မီမအပ်နိုင်ခဲ့ဘူး။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒဏ်ကြေးအဖြစ် အခြားတစ်ဖက်ကို ရွှေဒင်္ဂါး ( ၃၀၀၀) အလျော်ပေးခဲ့လိုက်ရတယ်”
အကြီးအကဲအီလူရှာ၏မျက်နှာတွင် အသည်းအသဲ တောင်းပန်နေသည့်ဟန် တွေ့ရပြီး “တောင်းပန်ပါတယ် ဥက္ကဌရှု၊ ကျွန်မတို့ကြောင့် ရှင့်ကုမ္ပဏီကို ထိခိုက်နစ်နာစေခဲ့တယ်။ ကျွန်မဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ရှင့်တို့ကို အလျော်ပေးဖို့ စဉ်းစားပါမယ်။”
ရှုယီက အကြီးအကဲအီလူရှာကိုကြည့်လိုက်ကာ သူ့ခေါင်းကို ဖြည်းညင်းစွာ ခါလိုက်ပြီး သက်ပြင်းချကာပြောလိုက်သည် “အကြီးအကဲအီလူရှာ တကယ်တော့ ရွှေဒင်္ဂါး (၃၀၀၀) ဆိုတာ ကျွန်တော်တို့ ကုမ္ပဏီအတွက် များပြားတဲ့ပမာဏ မဟုတ်ပါဘူး။ အဲဒါနဲ့နှိုင်း ယှဉ်လိုက်ရင် မင်းတို့မျိုးနွယ်စုက ပိုပြီးဆုံးရှုံးမှု ကြီးမားပါတယ်”
အကြီးအကဲ အီလူရှာက ရှုယီအားအံ့ဩသည့်ပုံ ဖြင့်ကြည့်ကာ “ဘာကြောင့် အဲလိုပြောရတာလဲ”
“ပထမဆုံးအနေနဲ့ မင်းတို့ ညတေးသံမျိုးနွယ်စုက ပြုလုပ်တဲ့ ထုတ်ကုန်ကြားမှာ ချို့ယွင်းတဲ့ထုတ်ကုန်တွေ ရှိနေတာကြောင့် စာချုပ်အရ အဲဒီချို့ယွင်းတဲ့ထုတ်ကုန်တွေကြောင့်ဆုံးရှုံးမှုကို ခင်ဗျားတို့ ညတေးသံမျိုးနွယ်စုကပဲ ပေးဆောင်ရမယ်။ လူသားကုန်တွေရဲ့ သာမန်စည်းမျဉ်းအရ ခင်ဗျားတို့ဘက်က Frestech ကုန်သည်ကြီးများအသင်းကို ဒီအတွက်ကြောင့် ရွှေဒင်္ဂါးများ ပေးလျော်ရဦးမယ်”
အကြီးအကဲအီလူရှာက ခေါင်းလိုက်ပြီး “ဒါကပုံမှန်ကိစ္စဖြစ်ပေမယ့် ကျွန်မတို့မှာ အခုလက်ရှိတော့ ရွှေဒင်္ဂါး အလုံအလောက်မရှိ သေးဘူး”
“ဒီအကြောင်းကိုတော့ ကျုပ်တို့နောက်မှပြောကြရ အောင်” ရှုယီက လက်ကိုဝှေ့ယမ်းလိုက်ပြီး လေးနက်သည့်အသံဖြင့် “ဒုတိယအနေနဲ့ ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းက ခင်ဗျားတို့ ညတေးသံမျိုးနွယ်စုကို ပလပ်စတစ်မှော်ပန်ကာအဖုံး ( ၂၀၀၀၀) ပြုလုပ်ခိုင်းခဲ့ပေမယ့် မင်းတို့ရဲ့ထုတ်ကုန်တွေမှာ ချို့ယွင်းတဲ့နှုန်းထားက (၃၀) ရာခိုင်နှုန်းအထိ ရောက်နေတယ်။ လူသားတွေရဲ့ ထုံးစံအရ ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ မင်းတို့ ညတေးသံမျိုးနွယ်စုရဲ့လုပ်နိုင်စွမ်းကို အကြီးအကျယ်သံသယဝင်သင့်တယ်။ နောက်ပိုင်း အခုလို အလားသဏ္ဍာန် တူတဲ့ မှာယူမှုမျိုးလုပ်ခဲ့ရင်တောင် ကျုပ်တို့က ညတေးသံ မျိုးနွယ်စုက လုပ်နိုင်ပါ့မလားဆိုတာကို ဆုံးဖြတ်ချက် ချဝံ့တော့မှာ မဟုတ်တော့ဘူး”
အကြီးအကဲအီလူရှာကခဏအကြာ တိတ်ဆိတ်နေပြီးနောက် မဝင့်မရဲဖြင့်ပြောလိုက်သည် “ကျွန်မနားလည်ပါတယ် ဒါက ယုံကြည်မှုဆိုင်ရာ ပြဿနာမလား”
နတ်သူငယ်တစ်ယောက်အနေဖြင့် လူသားတစ်ယောက်အား သူရဲ့မျိုးနွယ်စုနဲ့ ပတ်သတ်ပြီး ယုံကြည်မှုဆိုင်ရာ ပြဿနာကို ဝန်ခံပြောဆိုသည်က ခက်ခဲသည့်ဆုံးဖြတ်ချက် တစ်ခုဖြစ်ပေမယ့် အကြီးအကဲအီလူရှာကထိုအချက်ကို ဝန်ခံနေဆဲပင်ဖြစ်သည်။
ရှုယီကတော့ အကြီးအကဲအီလူရှာအား မချီးကျူးပဲ မနေနိုင်ဖြစ်သွားခဲ့သည်။ အကယ်၍ ညတေးသံမျိုးနွယ်စုနှင့် နတ်သူငယ်မျိုးနွယ်စု တစ်ခုလုံးအတွက် နည်းလမ်းမရှာခဲ့နိုင်ပါက သူမအနေဖြင့် နတ်သူငယ်တို့ရဲ့ မာန်မာနကို ခဝါချကာ နတ်သူငယ်တွေက အတော်သင့် ကောင်းမွန်ခြင်းမရှိတာကို ဝန်ခံရမည်ဖြစ်သည်။
“နောက်ဆုံးကိစ္စကတော့ အရေးကြီးဆုံးအချက်ပဲ။ ပလပ်စတစ်အဖုံး ထုတ်လုပ်ခြင်းကနေ ကျုပ်တွေ့သလောက်ကတော့ ညတေးသံမျိုးနွယ်စုရဲ့ ပြဿနာအကြီးကြီးတစ်ခု ဆိုတာထက် နတ်သူငယ်တွေရဲ့ ထုံးစံလားတော့ မသိပေမယ့် အဲ့ဒါက …” ထိုသို့ပြောပြီး ရှုယီက ရပ်လိုက်ကာ ခဏအကြာတွေဝေနေခဲ့ပေမယ့် သူက ဘာစကားတစ်ခွန်းမှ မပြောဆိုခဲ့ပေ။
အကြီးအကဲအီလူရှာက ခပ်ရေးရေးပြုံးလိုက်ပြီး “ကျေးဇူးပြုပြီး ဘာကိုမှထိန်ချန်ထားမနေပါနဲ့ ပြောသာပြောချလိုက်ပါ”
ရှုယီက သူမကိုကြည့်လိုက်ပြီး ခဏရပ်နေပြီး ခေါင်းညိတ်နေလိုက်ကာ “ကောင်းပြီ ကျုပ်ပြောမယ်။ ပြဿနာကတော့ နတ်သူငယ်တွေကို ကြည့်ရတာ ပုဂ္ဂိုလ်ရေးအကြောင်းပြချက်တွေ ရှိနေတဲ့ပုံပဲ။ အဲတာတည့်ပြောရရင် အရမ်းကို စည်းကမ်းလိုက်နာမှုမရှိတာပဲလို့ပြောရမယ်”
ထိုသို့ပြောဆိုပြီးနောက် ရှုယီက အကြီးအကဲအီလူရှာအား စိတ်ရှုပ်ထွေးစွာကြည့်လိုက်သည်။
သူအနေဖြင့် မျိုးနွယ်စုတစ်ခုလုံးအား ယဉ်ကျေးမှုမရှိစွာ ဝေဖန်လိုက်သည့်အတွက် တစ်ဖက်က မည်သို့မည်ပုံ ပြန်လည်တုံ့ပြန်မည်ကို အသေချာ မသိနိုင်ဖြစ်နေခဲ့သည်။
သို့ပေမယ့် အကြီးအကဲအီလူရှာ၏တုံ့ပြန်မှုက သူထင်ထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်နေခဲ့ သည်။
အခုလိုမျိုးတန်းဖိုးဖြတ်လိုက်သည်ကိုကြားပြီးနောက် အကြီးအကဲအီလူရှာအနေဖြင့် မှင်သက်သွားရာကနေ အချိန်အကြာကြီး ဆင်ခြင်သုံးသပ်ကာနေတော့သည်။
ထိုသို့ တွေးတောနေချိန်က အမှန်တကယ်ကြီး နာရီဝက်ခန့်ကို ကြာမြှင့်ခဲ့သည်။ ရှုယီ၏ ခြေထောက်များ အတော်ကို ထုံကျဉ်သွားပြီမှ အကြီးအကဲအီလူရှာက သတိပြန်လည်လာခဲ့ရာ ရှုယီအား တောင်းပန်နေသည့်အပြုံးဖြင့် “ တောင်းပန်ပါတယ် ကျွန်မ အတိတ်က အကြောင်းကို ပြန်တွေးမိသွားပြီး ငေးငိုင်သွားခဲ့တယ်”
“ဟိုးအချိန်တုန်းကလား” ရှုယီအနေဖြင့် တိတ်တဆိတ် မှိုင်တွေသွားခဲ့သည်။
အကြီးအကဲအီလူရှာ၏အသက်အရ ဟိုးအချိန်တုန်းကဆိုသည်မှာ နှစ်ပေါင်းများစွာအကြာကဟူ၍ပင်ဖြစ်မည်။
အဲတာက တကယ်ကြီး အချိန်အတော်ကြာကပင်ဖြစ်မည်။
“ဥက္ကဌရှု ရှင့်ရဲ့ ဆန်းစစ်ချက်နဲ့ပတ်သတ်ပြီး ကျွန်မ သေသေချာချာတွေးကြည့်တဲ့အခါ ကျွန်မတို့ နတ်သူငယ်ဘာသာမှာ နာခံမှုရှိတယ်ဆိုတဲ့ စကားလုံးမရှိခဲ့ဘူး။ အဲဒီစကားလုံးက ကြည့်ရတာတော့ လူသားတွေဆီကနေ သင်ယူခဲ့တာပဲ။ ဒါပေမယ့် ကျွန်မတို့ မျိုးနွယ်စုတွေက အဲဒီစကားလုံးရဲ့ အဓိပ္ပါယ်ကိုနားမလည်ကြဘူး” အကြီးအကဲ အီလူရှာကပြောလိုက်ပြီး သူမ မျက်နှာအတွေးများ ပြည့်နေသည်ကိုတွေ့ရသည်။
ရှုယီ အတော်ကို စိတ်ရှုပ်သွားရသည် “ဒီစကားလုံးရဲ့ အဓိပ္ပါယ်ကို နားမလည်ဘူးတဲ့လား။ အဲ့ဒါ ဘာကိုဆိုလိုချင်တာလဲ”
“သဘောက..” အကြီးအကဲအီလူရှာက ခါးသက်သက်ပြုံးလိုက်ကာ “ကျွန်မတို့ နတ်သူငယ်တွေအတွက် ဘယ်လိုပုံမျိုးနဲ့မှ နာခံမှု ဆိုတာကို မရှိခဲ့ဘူး”
ရှုယီမှာ ငေးငိုင်သွားရသည်။
စိုင်စ်နယ်မြေရှိ နတ်သူငယ်များအကြောင်း ပြောနေကြသည်များသည် သူတို့အား လှပခြင်း၊ တပ်မက်ဖွယ်ကောင်းခြင်း၊ လျှို့ဝှက်ဆန်းကျယ်ခြင်း ၊ စွမ်းအားရှိခြင်းနှင့် ဂုဏ်ယူဝင့်ကြွားခြင်းတို့ဖြစ်ရာ အရင်က မည်သူကမျှ နာခံခြင်းဆိုသည်နှင့် နတ်သူငယ်များနှင့် ဆက်စပ်ပြီးပြောဆိုခဲ့ခြင်းမရှိခဲ့ပေ။
လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကတည်းက နတ်သူငယ်တွေရဲ့လက်ထဲကနေ စိုင်စ်နယ်မြေကအုပ်ချုပ်သူအဖြစ် ရယူနိုင်ခဲ့ခြင်း အကြောင်းမှာ လူတွေက သူတို့ရဲ့ အဖိုးမဖြတ်နိုင်တဲ့ ဖန်တီးမှုများနှင့် စွမ်းအားကို အသုံးချခဲ့ခြင်းဖြစ်သည်။
သို့ပေမယ့်သူတို့က နတ်သူငယ်များ၏အားနည်းချက်ကိုတော့ ပြောပြသည်က ရှားပါးလွန်းသည်။
အကြီးအကဲအီလူရှာ ပြောခဲ့သည်များကို ကြားပြီးနောက် ရှုယီက တစ်စုံတစ်ခုကို ဆုပ်ကိုင်မိသွားသည်ဆိုတာကို ခံစားမိသွားသည်။
သိုပေမယ့် အကြီးအကဲအီလူရှာက သူ့အား စဉ်းစားချိန်တောင် မပေးတော့ပဲ ရုတ်တရက် မတ်တပ်ရပ်လိုက်ကာ သူ့အား “ဥက္ကဌရှု ကျေးဇူးပြုပြီး ကျွန်မနဲ့လိုက်ခဲ့ပါဦး။ မျိုးနွယ်စုကလူတွေ ပလပ်စတစ်အဖုံးတွေကို ဘယ်လိုပြီးအောင်လုပ်နေကြသလဲဆိုတာရယ် ဘာကြောင့် (၃၀) ရာခိုင်နှုန်းချို့ယွင်းမှုရှိရတာလဲဆိုတာကို သွားကြည့်ကြရအောင်လား”
အကြီးအကဲအီလူရှာ တံခါးဘက်ဆီ လမ်းလျှောက်ထွက်သွားတာကို ကြည့်ရင်း ရှုယီ အရင်ကမရခဲ့သည့် သူမဆီက အေးစက်စက်အထိအတွေ့ကို ခံစားရမိခဲ့သည်။
ညတေးသံမျိုးနွယ်စု၏နေထိုင်ရာနေရာက ထွက်ခွာလာပြီး သူတို့က မီတာ (၁၀၀)အကွာက ဘောလုံးကွင်းတစ်ခုစာလောက် ကျယ်ဝန်းသည့် ကွင်းပြင်ကြီးထံသို့ လမ်းလျှောက်သွားခဲ့ကြ သည်။
နောက်ပြီးထိုကွင်းပြင်ကြီးမှာ လက်ရှိအချိန်တွင် နတ်သူငယ်ရာချီခန့်က အလုပ်လုပ်နေကြသည်။
ဘေးပတ်လည်ကိုကြည့်နေရင်း သန်မာသည့် နတ်သူငယ်များက ကြီးမားသည့်ဖန်ရေခွက်ကြီးကို သူတို့ရဲ့လက်ကနေကိုင်ပြီး တောအုပ်ထဲက ထွက်လာနေသည်ကို တွေ့လိုက်ရသည်။ သူတို့ကကွင်းပြင်ကြီး၏ ဘယ်ဘက်အခြမ်းကိုရောက်လာပြီး ကြီးမားသည့်ကြွေထည်ကရားကြီး အတွင်းသို့ လောင်းချလိုက်သည်။
ထိုကရားကြီးကနေ မီးတောက်မီးလျှံများနှင့် ကော်စေးအနံ့တို့ ထွက်လာနေတော့သည်။
အပူကတဖြည်းဖြည်း တိုးမြှင့်လာတာနဲ့အမျှ ကရာကြီးအောက်ခြေက အမှော်အစီအရင်၏ အစိမ်းရောင်အလင်းများ တောက်ပနေလျက်ရှိပြီး ကော်စေး၏မသန့်စင်သောအပိုင်းများက မျက်နှာပြင်ပေါ်သို့ လျှံထွက်နေလျက်ရှိသည်။
မသန့်စင်သည့်အရာများ ထွက်သွားသောအခါ တွင်ဘေးနားက နတ်သူငယ်များက အရည်များကိုခပ်ထုတ်ပြီး ကြွေထည်ကရားကြီးထဲသို့ လောင်းထည့်လိုက်ကြသည်။
နောက်ထပ်ရှိနေသည့် နတ်သူငယ်များကလည်း ပေါင်းအိုးကြီးကို မွှေနေရင်း အမျိုးမည်မသိ အပြာရောင်အမှုန့်များကို ထည့်နေခဲ့သည်။ အဝါရောင်အရည်များက ပိုပြီးစေးကပ်လာပြီး အရောင်ကလည်းတဖြည်းဖြည်း အပြာနုရောင် ပြောင်းသွားခဲ့သည်။
နောက်ဆုံးမှာတော့အခြားနတ်သူငယ်များ၏ ထိန်းကြောင်းမှုအောက်တွင် ကော်စေးများကို အသင့်ပြင်ထားပြီးဖြစ်သည့် ပုံသွင်းခွက်အတွင်းသို့ လောင်းထည့်လိုက်ကြသည်။ ခဏအကြာ အအေးခံပြီးနောက်မှာတော့ ပြီးပြည့်စုံသည့် မှော်ပန်ကာအဖုံးများအဖြစ် ပြောင်းသွားခဲ့သည်။
လုပ်ငန်းစဉ်တစ်ခုလုံး သဘာအတိုင်းပင် ဖြစ်သော်လည်း နတ်သူငယ်များ၏ မှော်ပညာကြောင့် ပလပ်စတစ်အဖုံးနောက်ဆုံးအဆင့်က ကမ္ဘာပေါ်က စက်ရုံများက ပြုလုပ်ထားသည့် ပလပ်စတစ်ဖုံးထက် ပိုပြီးတော့တောင် ကောင်းမွန်နေခဲ့သည်။
ဘယ်လိုပင်ဖြစ်ဖြစ် နတ်သူငယ်များ၏သဘာဝအရ ကော်စေးများက ပလပ်စတစ်အဖုံးအဖြစ် ပြောင်းလဲသွားပြီးနောက် ကော်စေးအနံ့ပဲ ထွက်လျက်ရှိနေသည်။ သာမန်ပလပ်စတစ် အနံ့များ ထွက်ခြင်းမရှိခဲ့ပါ။
နတ်သူငယ်များက သူတို့၏အလုပ်ကိုပြီးစီး အောင်လုပ်ကိုင်နေတာကိုအခြေခံပြီး ပထမဆုံးအနေဖြင့် ဖြတ်ကနဲကြည့်လိုက်သည့်အခါတွင် ပြဿနာတစ်စုံတစ်ရာမရှိခဲ့ပါ။
သိုပေမယ့် ခဏအကြာစောင့်ကြည့်ပြီးသည့် အခါ သူတို့အနေဖြင့် သိလိုက်ရသည်မှာ နတ်သူငယ်များက အလုပ်လုပ်ကိုင်နေစဉ် အတွင်းရပ်လိုက်ပြီး လမ်းပတ်လျှောက်ကာ သီချင်းဆိုကခုန်နေသည်ကိုတောင် တွေ့ရမည်ဖြစ်သည်။
အခြားနတ်သူငယ်များအနေဖြင့် ထိုအခြေအနေက လုံးဝကို အထူးအဆန်းဖြစ်နေမည်မဟုတ်ပါ။ နတ်သူငယ်တစ်ယောက်အနေဖြင့် သတ္တုများထည့်နေသည့်အချိန်တွင် အတော်ကို စိတ်လှုပ်ရှားလာကာ အကုန်လုံးကို ပစ်ထည့်ကာ နေလိုက်တော့သည်။
သူက တကယ်ကြီးကိုပင် သတ္တုတစ်သုတ်လုံးကို နောက်အဆင့်ထဲတွင် အကုန်ပစ်ထည့်လိုက်သည်ကြောင့် ပလပ်စတစ်အဖုံးအပြီးသတ် လုပ်ဆောင်ရာတွင် တလွဲတချော်ဖြစ်သွားခဲ့သည်က အသိသာကြီးပင်ဖြစ်သည်။
ထိုနောက် လုပ်ငန်းစဉ်နောက်ဆုံးအဆင့်ရောက်သည့်အခါတွင် ပို၍တောင် ထိတ်လန့်စရာများ ဖြစ်ပွားခဲ့သည်။
ထိုနတ်သူငယ်များကိုကြည်ရသည်မှာ အတော်ကို အပျင်းကြီးပုံပေါ်ပြီး အအေးခံထားသည့် ပုံသွင်းခွက်ဘေးသို့ရောက်လာကြသည်။ သူတို့က ထိုအကြောင်းကို ခဏဆွေးနွေးပြီးနောက် နတ်သူငယ်တစ်ယောက်ကမြေပြင်ပေါ်က တုတ်တစ်ချောင်းကို ကောက်ယူပြီး ပလပ်စတစ်အဖုံးပေါ်သို့ ပုံဆွဲနေတော့သည်။
သူပုံဆွဲပြီးသောအခါတွင် သူတို့က အဖုံးပေါ်သူဆွဲထားသည့် ပုံစံမှာ လှပသည်ဟု ထင်ကောင်းထင်ကြကာ အခြားနတ်သူငယ်များက စတင်ပြီး သူ့အတွက် လက်ခုပ်တီးပေးနေကြသည်။
ရှုယီ မျက်နှာကြီး ရှုံတွသွားတော့သည်။
ချို့ယွင်းမှုနှုန်းက (၃၀) ရာခိုင်နှုန်းမြှင့်မားနေသော်လည်း ရှုယီအနေဖြင့် ပလပ်စတစ်အဖုံးများ လုပ်ခိုင်းသည့်အခါ နတ်သူငယ်များက အနုစိတ်ပြုလုပ်မည်ဟု သူခန့်မှန်းထားခဲ့ပြီးဖြစ်ကာ နတ်သူငယ်များက အမြောက်အမြားထုတ်လုပ်ရသည့်အခါ အခုလိုမျိုး ပေါ့တီးပေါ့ဆ လုပ်လိမ့်မည်ဟု သူဘယ်တော့မှ မထင်ထားခဲ့ပါ။
အကယ်၍သာ Frestech ကုန်သည်ကြီးများအသင်းက စက်ရုံများတွင် လုပ်ကိုင်နေသည့် လူများတွင် ထိုအခြေအနေမျိုးသာ တွေ့ရှိခဲ့ရပါက ရှုယီ စကားတစ်ခွန်းမှပြောမနေတော့ပဲ ချက်ခြင်းကို အလုပ်ထုတ်ပစ်မည်သာဖြစ်သည်။
အကြီးအကဲအီလူရှာကိုကြည့်လိုက်ရာတွင် သူမက တည်ငြိမ်ဟန်ရှိပေမယ့် မျက်မှောင်ကြုတ်ထားသည်ကြောင့် သူမ စိတ်အခြေအနေမကောင်းဆိုတာကို ပြသနေသလိုပင်။
သိုပေမယ့် နတ်သူငယ်များကို ထိုသို့တွေ့ရသည်က သူတို့အနေဖြင့် အဆင်ပြေ မနေခဲ့ပါ။
“ဥက္ကဌရှု ရှင်ရဲ့ကုမ္ပဏီက စက်ရုံများမှာ လူသားတွေက ဘယ်လိုပုံမျိူ လုပ်ကိုင်ကြလဲ “အကြီးအကဲအီလူရှာကရုတ်တရက် မေးလိုက်သည်။
ရှုယီကအဝေးတစ်နေရာမှာရှိသည့် သေသေချာချာမလုပ်သည့် နတ်သူငယ်များကိုကြည့်ကာ ခေါင်းယမ်းလိုက်ပြီး “ကျုပ်တော့ ဘယ်လိုပြောပြရမှန်းကို မသိတော့ဘူး။ ဒါပေမယ့် သူတို့က တကယ်ကြီး အဲဒီလိုမျိုးလား”
“အဲလိုပဲပြောရမှာပဲ” အကြီးအကဲအီလူရှာက ခဏတိတ်ဆိတ်သွားပြီး “ဥက္ကဌရှု ကျွန်မအနေနဲ့ နာခံမှုဆိုတာကို တကယ်ကြီးကို နားမလည်တာပါ။ ကျွန်မတို့မျိုးနွယ်စုက သူတွေမှာ ဘာပြဿနာမှ မရှိဘူးလို့ထင်ထားခဲ့တာ။ ဒါပေမယ့် ဒီနေ့ ရှင်နဲ့စကားပြောပြီးတဲ့နောက်မှာ တစ်ခုခုမှားနေတယ်ဆိုတာကို သိရှိသွားတယ်။ ဒါပေမယ့် အဲဒါကို ပြောင်းလဲပစ်ဖို့အတွက်ကျတော့ ကျွန်မတကယ်ကို မသိတော့ဘူး။ ဥက္ကဌရှု ရှင့်မှာနည်းလမ်းကောင်းလေးများရှိလား”
“ခင်ဗျား သူတို့ကို တကယ်ကြီးပြောင်းလဲပစ်ချင်တာလား”
“ဟုတ်ကဲ့”
“ အဲတော့ ဒါက ရိုးရိုးရှင်းရှင်းလေးပါ။ သူတို့ကို ကျုပ်ဆီပေးလိုက်။ သူတို့ကို ပြောင်းလဲပေးဖို့အတွက် အရမ်းကိုရိုးရှင်းတဲ့ နည်းလမ်းရှိပါတယ် အဲ့ဒါက... “ ရှုယီက အေးစက်စက်ပြုံးလိုက်ကာ “အထူးလေ့ကျင်းရေးဆင်းခြင်းပဲ” ဟုပြောလိုက်သည်။
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၀၅၅ ။ ရေခဲမုန့်
Frestech ကုန်သည်ကြီးများအသင်းက နောက်ထပ်ထုတ်ကုန်တစ်ခုကို ကြော်ငြာနေခဲ့သည်။
အရင်ထုတ်ကုန် (၂) ခုကြောငြာခဲ့သည့် အတွေ့အကြုံကြောင့် ပြီးခဲ့တဲ့ (၃) ရက်က Frestech ကုန်သည်ကြီးများအသင်းက ဘန်တာသတင်းစာမှာကြောငြာခဲ့သော အခါတွင် အားလုံးကို မျှော်လင့်စောင့်စားနေခဲ့ပြီးပြီဖြစ်သည်။ ထုတ်ကုန်ကြောငြာမှုတွင် လူအများကြားသတင်းကြီးဖြစ်လာအောင် Frestech ကုန်သည်ကြီးများအသင်းက ဘယ်ပစ္စည်းကိုများ ထုတ်လုပ်လိုက်မလဲ?
ထုတ်ကုန်ကို မြို့နှင့် (၁၅) ကီလိုမီတာခန့်ကွာဝေးသည့် ဆန်းဒ်တွန်အိမ်ရာမှာ ကြေညာမည်ဖြစ်ရာ ထုတ်ကုန်ကြေညာမည့်နေ့တွင် မနက်ခင်းအစောကြီးအချိန်မှာပင် မရေတွက်နိုင်အောင်များပြားသော လူအုပ်ကြီးက ဘန်တာမြို့ကနေ သုတ်သုတ်ပြာပြာ ရောက်ရှိလာကြသည်။ ဆန်းဒ်တွန်အိမ်ရာသို့ အခြားမြို့က လူများပါ ရောက်ရှိလာကြသေးသည်။
ဆန်းဒ်တွန်အိမ်ရာမှာ မြို့စားကြီးဆန်းဒ်တွန် ပိုင်ဆိုင်စဉ်ကထက် များစွားပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ယခုအချိန်တွင် ဆန်းဒ်တွန်အိမ်ရာ ပတ်ဝန်းကျင်တွင် စက်ရုံအကြီးအငယ်များစွာ အစီအရင်ဖြစ်တည်လာပြီး ကုန်ထုတ်ခြင်း စတင်လုပ်ဆောင်နေခဲ့ရာ မှော်စက်ပစ္စည်းများ ကထွက်ပေါ်လာသည့် အသံများကို နေ့တိုင်း ကြားရနေခဲ့ကာ အရမ်းကိုပင် ဆူညံနေတော့သည်။
အခုလိုပြောင်းလဲမှုနှင့်းစပ်လျဉ်း၍ ဘန်တာမြို့က သတင်းစာများနှင့် အခြားအနီးနား ရှိမြို့များက သတင်းစာများက ထိုအကြောင်း သတင်းရေးသားခဲ့ကြသည်။
အန်ဗီမာမြို့တော်တွင် သတင်းစာပေါင်းများစွာရှိရာ သူတို့က ထိုအခြေအနေကို အထူးသတင်းအနေ ဖြင့် အတွဲလိုက်တင်ဆက်ရေးသားခဲ့ကြပြီး ဘန်တာမြို့အပေါ် သက်ရောက်နှိုင်မှုနှင့် အကျိုးဆက်များကို စိစစ်သုံးသပ်ဖို့ ကြိုးစားနေကြခြင်း ဖြစ်သည်။
ဘယ်သူကမှ ကွန်ကရစ်အကျိုးကို မမြင်နိုင်သေးပေ သိုပေမယ့် အခြားသက်ရောက်မှုဆိုသည်ထက် ဆန်းဒ်တွန်အိမ်ရာအနီးတွင် အခြားစက်ရုံများမှာ ဖွင့်လှစ်လုပ်ကိုင်လာရာ အလုပ်သမားများပြားလာသည့်အတွက်ကြောင့် အခြားကုမ္ပဏီများက ဈေးဆိုင်များဖွင့်လှစ်ခဲ့ကြပြီး သူတို့၏ နေ့စဉ်လိုအပ်ချက်များ ဖြည့်ဆည်းပေးလျက်ရှိသည်။
ထိုနေရာမှာရှိနေကြသည့် အလုပ်သမားများက ထောင်ချီခန့်ရှိနေကြပြီးဖြစ်ရာ ဈေးဆိုင်များက အလုပ်သမားများပါ ထည့်ပေါင်းကြည့်ရာတွင် လက်ရှိအချိန်တွင် လာရောက်လုပ်ကိုင်ကြသည့် အလုပ်သမား (၁၀၀၀၀) ခန့်ရှိနေပြီဖြစ်သည်။
ထိုကြောင့် ဘန်တာမြို့က လူအတော်အများက ဆန်းဒ်တွန်အိမ်ရာကို မြို့ငယ်လေးသဖွယ် တိတ်တဆိတ်မှတ်ယူထားကြတော့သည်။
Frestech ကုန်သည်ကြီးများအသင်း၏ထုတ်ကုန် ကြေညာပွဲကြောင့် ဆန်းဒ်တွန်မြို့လေးတွင် လူမျိုးစုံဖြင့် ပြည့်နှက်နေခဲ့တော့သည်။ မနက်စာရောင်းချသည့် ဆိုင်များတွင်ပင် အကုန်ရောင်းချနိုင်ခဲ့ပြီး ငွေအတော်များရရှိခဲ့ကြသည်။
မနက် (၁၀) နာရီအချိန်သို့ရောက်ခဲ့သောအခါ ထိုအချိန်သည် Frestech ကုန်သည်ကြီးများအသင်း၏အချိန်ပင်ဖြစ်ရာ လူအများက အသီးသီး ဆန်းဒ်တွန်အိမ်ရာဆီသို့ ဦးတည်ရောက်လာခဲ့ကြသည်။
ဆန်းဒ်တွန်အိမ်ရာရှေ့ကွင်းပြင်ကြီးတွင် လူအုပ်ကြီးက အပြည့်နေရာယူထားသည်ကို ကြည့်ရင်း ရှုယီ ခပ်ရေးရေးပြုံးလိုက်သည်။ အခြားဘယ်အရာမှကို ထည့်မပြောနှင့် Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်ကုန်ကြေညာပွဲက လူအများကိုဆင့်ခေါ် နိုင်သည့် အမှတ်တံဆိပ်တစ်ခုပင်ဖြစ်နေတော့သည်။
ထိုအခြင်းအရာကိုကြည့်ခြင်းအားဖြင့် အကယ်၍ Frestech ကုန်သည်ကြီးများအသင်းက မည်သည့်ပစ္စည်းမဆို ထုတ်လွှင့်ခြင်ပါက သူတို့အနေဖြင့် ထုတ်ကုန်ကြေညာပွဲကိုသာ ကျင်းပရုံမျှဖြင့် ထိုသူတို့အား ကြော်ငြာဖို့ လုံလောက်နေပြီ ဖြစ်သည်။ အခြားဘာကိုမှ လုပ်ဆောင်နေစရာမလိုတော့ပေ။
ထိုအချိန်ကိုကို ကြည့်နေရင်း ရှုယီက ရှေ့သို့ ခြေ (၂) လှမ်း လှမ်းလာခဲ့ပြီး ရှေ့တွက်ပြင်ဆင် ထားသည့် စင်ပေါ်တွင်ရပ်နေလိုက်သည်။ ဆန်းဒ်တွန်အိမ်ရာရှေ့တွင် ဆူညံနေသည့် လူအုပ်ကြီးက ချက်ခြင်းဆိုသလိုငြိမ်ကျသွားပြီး အားလုံးက သူကို အာရုံစိုက်နေခဲ့ကြသည်။
“အားလုံးပဲ မင်္ဂလာပါ၊ အခုအကြိမ် Frestech ကုန်သည်ကြီးများအသင်းရဲ့ ထုတ်ကုန် ကြေညာပွဲကနေ ကြိုဆိုပါတယ်။ အားလုံးက ကျုပ်တို့ရဲ့ ထုတ်ကုန်ကြေညာပွဲကို စိတ်ဝင်တစားရှိနေကြတာကို သိပါတယ်။ ဘာထုတ်ကုန်ကို ကြေညာမလဲဆိုတာကို စိတ်ဝင်စားနေတာထက် အားလုံးက ဘာပစ္စည်းဖြစ်လာမလဲဆိုတာကို ပိုပြီး စိတ်ဝင်စားနေကြတာ ဟုတ်တယ်မလား”
ရှုယီ၏အသံထွက်လာပြီး မကြာခင်မှာပဲ စင်အောက်ကနေ ရယ်မောသံများ ထွက်လာခဲ့တော့သည်။
“ဟားဟား ဥက္ကဌရှု မှန်ပါတယ်”
“ဟုတ်ပါတယ် ဥက္ကဌရှု ဒီနေ့မှာ သတင်းကြီးကြီးတွေ ကြေညာဖို့ရှိတယ်မလား။ ကျုပ်တို့ အရမ်းကိုပဲ မျှော်လင့်နေခဲ့တာ”
“ မှန်တာပေါ့ ကျုပ်ကတော့ ဒီအတွက် ဟိုးအဝေးကြီးကနေ လာခဲ့ရတာ။ မင်းတို့ရဲ့ ထုတ်ကုန်အသစ်အတွက် တကယ်တော့လည်း ထုတ်ကုန်ကြေညာပွဲပြီးရင် ဘာထုတ်ကုန်လဲဆိုတာကိုသိရမှာပါ”
“ဟေ့ ဒီထုတ်ကုန်က ထုတ်ကုန်ကြေညာပွဲအရဲ့ အဓိကပဲလေ။ တကယ်လို့ မင်းတို့က အခြားကိစ္စတွေပြောနေမယ်ဆိုရင်တော့ ဥက္ကဌရှု မင်းတို့ကို မျက်နှာသာပေးတော့မှာမဟုတ်ဘူး။ ကျွန်တော် ပြောတာဟုတ်တယ်မလား ဥက္ကဌကြီးရှု”
ရှုယီကရယ်မောလိုက်ကာ အထဲမှာရှိနေသည့် သတင်းထောက်အား ထိုးပြကာ “ခင်ဗျာပြောတာသိပ်ကိုမှန်တာပေါ့ဗျာ။ ကျုပ် မှတ်မိသလောက် ခင်ဗျားက <<ကန်ဘာရာဒေးလီးဆန်း>> က သတင်းထောက် ဟုတ်တယ်မလား။ ဒီပွဲပြီးသွားရင် အင်တာဗျူးဖို့ (၁) နာရီခွဲလောက် အချိန်ပေးပါ့မယ်။ ကျုပ် ပြန်ဖြေလို့ရသမျှ ဖြေပေးပါ့မယ်”
“တကယ်ကြီးလား” <<ကန်ဘာရာဒေးလီးဆန်း>> ကသတင်းထောက် အပျော်လွန်သွားတော့သည်။
ဘေးနားရှိ သတင်းထောက်များက သူ့ကို မနာလိုသည့် မျက်လုံးများဖြင့် ကြည့်နေခဲ့ ကြသည်။
သတင်းထောက်အားလုံးသိထားကြသည်က Frestech ကုန်သည်ကြီးများအသင်းက အထူးဆောင်းပါးများ ဖန်တီးပေးထားနိုင်သည်ကြောင့် သူတို့အနေဖြင့် Frestech ကုန်သည်ကြီးများအသင်းအကြောင်း သတင်းရေးသားခဲ့ပါက လူတွေအား သူတို့သတင်းစာကိုဖတ်ဖြစ်ဖို့ ဆွဲဆောင်နိုင်မည်ဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်း၏ အဓိကမှာ ဥက္ကဌရှုယီပင်ဖြစ်သည်။ ဘန်တာမြို့အနီးတစ်ဝှက်ရှိ လူအများက ရှုယီအကြောင်းသိချင်နေကြဖြစ်သောကြောင့် သာမန်အားဖြင့် သူတို့က ရှုယီအကြောင်း ရေးသားထားသည်များကို ဖတ်ရှုချင်ကြသည်။
ထို <<ကန်ဘာရာဒေးလီးဆန်း>> သတင်းထောက်က ရှုယီနှင့်သီးသန့် အင်တာဗျူးခွင့်ရသည်ဖြစ်ရာ အရမ်းကိုမှ ကံကောင်းလွန်းသည့် ကိစ္စဖြစ်သည်။
သိထားရသည်မှာ ဘန်တာသတင်းစာမှ သတင်းထောက်သည်ပင် ထိုအခွင့်အရေးကို ရရှိထားသည်ဖြစ်သည်။
“ကောင်းပါပြီ ထုတ်ကုန်ကြေညာပွဲရဲ့ အဓိကိုပဲ ဆက်ပြောကြရအောင် ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းက ထုတ်လုပ်လိုက်တဲ့ကုန်ပစ္စည်းကတော့..” ဆိုပြီး ရှုယီက အသံကိုမြှင့်လိုက်ပြီး စင်အောက်က တီးတိုးပြောနေသံများကို တိတ်စေလိုက်သည်။ “အားလုံးကို စိတ်မပျက်သွားစေရဘူးလို့ ကျုပ်အာမခံပါတယ်။ ဒီထုတ်ကုန်က အကုန်လုံးကို အံ့အားသင်စေပြီး ဘဝတွေကို ပြောင်းလဲသွားစေမှာပါ။ နောက်တစ်ခုအနေနဲ့ Frestech ကုန်သည်ကြီးများအသင်း အိမ်သုံးမှော်စက်ပစ္စည်းအလုပ်ရုံမန်နေဂျာ အန်းခေါ့ထ်အား အသစ်ထုတ်ကုန်ကို အားလုံးနဲ့ မိတ်ဆက်ပေးဖို့ တောင်းဆိုပါတယ်။
ရှုယီ နောက်ဆုတ်သွားသည်ကိုကြည့်ရင်း လက်ခုပ်တီးအားပေးနေကြပြီး အားလုံးက မှင်သက်သွားခဲ့ကြသည်။
ရှုယီ မိတ်ဆက်မည့် အသစ်ထုတ်ကုန်ကြောင့် မဟုတ်ပဲ အန်းခေါ့ထ်ကြောင့်သာဖြစ်သည်။
ရှုယီ၏မိတ်ဆက်ပြောဆိုမှုအရ ထို အန်းခေါ့ထ် ဆိုသူမှာ အိမ်သုံးမှော်ပစ္စည်းအလုပ်ရုံ၏ မန်နေဂျာပင်ဖြစ်သည်။ ကြည့်ရသည်မှာ ထိုသူက Frestech ကုန်သည်ကြီးများအသင်းက အရေးကြီးပုဂ္ဂိုလ်ပင်ဖြစ်ရမည်။
ဘယ်လိုပဲဖြစ်ဖြစ် အန်းခေါ့ထ်ကစင်ပေါ်သို့ တက်လာသည့်အချိန်တွင် အသက် (၃၀) ပြည့်ခါနီး လူငယ်တစ်ယောက် ဖြစ်နေသည်ကို သိခဲ့ရသည်ကြောင့် အားလုံးက အံ့ဩသွားခဲ့ကြသည်။ အာလုံးထင်ထားခဲ့ကြသလို အရွယ်ရောက်ပြီးသားသူတစ်ယောက် ဆိုတာထက်သူက ငယ်ရွယ်တက်ကြွသည့်သူ ဖြစ်နေခဲ့သည်။
“အားလုံးပဲ မင်္ဂလာပါ ကျုပ်က အန်းခေါ့ထ် ဖြစ်ပါတယ်” အားလုံး၏ စိတ်ဝင်တစားအကြည့် များအောက်တွင် အန်းခေါ့ထ်က ကိုယ့်ကိုယ်ကို ရှင်းလင်းပြီးကျယ်လောင်သည့်အသံဖြင့် မိတ်ဆက်ခဲ့ပြီး “ဥက္ကဌကြီး ပြောခဲ့သလိုပဲ ကျုပ်က အိမ်သုံးမှော်ပစ္စည်းအလုပ်ရုံမန်နေဂျာပါ။ အဓိကအားဖြင့် အိမ်သုံးမှော်စက်ပစ္စည်းတွေ ထုတ်လုပ်ရာမှာ စီမံခန့်ခွဲရတဲ့ တာဝန်ခံပါ။ အခုအခါ အသစ်ထုတ်ကုန်က အိမ်သုံးမှော်စက်ပစ္စည်းဖြစ်နေတာကြောင့် ဥက္ကဌကြီးက ကျုပ်ကို အားလုံးကို မိတ်ဆက်ပြစေခဲ့တာပါ”
အန်းခေါ့ထ်ကအားလုံးရဲ့ရှေ့တွင် ကြောက်ရွံနေခြင်း မရှိ ယုံကြည်မှုရှိစွာပြောဆိုနေသည်ကို ကြည့်ရင်း ရှုယီက တိတ်တဆိတ်ခေါင်းညိတ်ပြ လိုက်သည်။
ဟိန့်ဇ်က ကပ်စေးနည်းတဲ့သူဖြစ်ပြီး အမြင်ကျဉ်းသောသူဖြစ်သော်လည်း လူအကဲခတ်သည့်နေရာမှာတော့ အတော်ကိုကောင်းသည်။
ထို အန်းခေါ့ထ်ကိုရာထူးတိုးမြှင့်ပြီးနောက် သူက အိမ်သုံးမှော်စက်ပစ္စည်းအလုပ်ရုံကို မြန်ဆန်စွာ တာဝန်ယူနိုင်ရုံသာမက သူ၏ဦးဆောင်နိုင်မှုကိုပါ ပြသနိုင်ခဲ့ပြီး အိမ်သုံးမှော်စက်ပစ္စည်း အလုပ်ရုံတွင် ဩဇာအမြှင့်ဆုံးလွှမ်းမိုးထားနိုင်ခဲ့သည်။
ရှုယီအနေဖြင့် အိမ်သုံးမှော်စက်ပစ္စည်း အလုပ်ရုံကို ဂရုစိုက်နေစရာလုံးဝကို မလိုတော့ပေ။ ဘာကိစ္စပဲဖြစ်နေပါစေ အမြဲလိုလို အန်းခေါ့ထ်က ဂရုတစိုက်ဖြေရှင်းပေးသည်ဖြစ်ပြီး ထိုအပြုအမှုကို ရှုယီကကျေနပ်ခဲ့သည်။
အန်းခေါ့ထ်ကို သူ့အစား အသစ်ထုတ်ကုန်ကို မိတ်ဆက်စေခဲ့သည်မှာ သူ့ကို အနည်းငယ်လောက် လေ့ကျင့်ပေးချင်သည်ကြောင့် ဖြစ်သည်။ သူ့ကို အားလုံးက Frestech ကုန်သည်ကြီးများအသင်း၏ ရာထူးမြှင့်မန်နေဂျာအဖြစ် သိရှိစေချင်သည်။
အန်းခေါ့ထ်က သူ့အား စိတ်မပျက်စေခဲ့ရပါ။ ဒါက သူ့အတွက် ပထမဦးဆုံး ထိုလူအများရှေ့တွင် ပေါ်လာခဲ့ရခြင်းဖြစ်နေလျှင်တောင်မှပဲ အစပိုင်းတွင်သာ အနည်းငယ်စိတ်လှုပ်ရှားနေခဲ့ ပြီး အချိန်ပြီးသွားမှသာ စိတ်ပေါ့ပါးသွာခဲ့သည်။ သူက အထွေထွေဒုတိယမန်နေဂျာနေရာနဲ့ သင့်တော်သောသူမျိုးဖြစ်သည်။
သူမိတ်ဆက်သည့်အနေဖြင့် စကားအချို့ပြောဆိုပြီးနောက် အန်းခေါ့ထ်က စင်အလယ်မှာရှိသည့် အဝတ်ဖြင့်ဖုံးထားသည့် သေတ္တာတစ်ခုအနီးသို့ လျှောက်သွားခဲ့သည်။ ခဏအကြာရပ်ထားပြီး နောက်အားလုံးက ထိုအဝတ်စအုပ်ထားသည်ကို အာရုံစိုက်မိနေသည်ကို စောင့်နေပြီးမှာ သူက ရုတ်တရက်အဝတ်စကို ဆွဲဖွင့်လိုက်သည်။
အဝတ်စကွာကျသွားသည့်အခါ ဘီးလုံးများပါသည့် ငွေရောင်လေးထောင့်တုံးကြီးကို တွေ့ရပြီး (၁) မီတာအမြင့် ၊ (၁) မီတာခွဲရှည်လျားပြီး မီတာဝက်ခန့်အကျယ်ရှိနေသည်ကို အားလုံးရဲ့ ရှေ့မှောက်တွင် လှစ်ဟပြခဲ့သည်။
ထိုအမျိုးမည်မသိပစ္စည်းကြီးအားတွေ့ရပြီး အားလုံးက တအံ့တဩဖြစ်သွားကြကာ ခဏအကြာတွင် သတင်းထောက်တစ်ယောက်က “မန်နေဂျာ အန်းခေါ့ထ် ဒါကဘာပစ္စည်းကြီးလဲ ဘာအတွက် အသုံးပြုဖို့လဲ” ဟု မေးမြန်းလိုက်သည်။
“ ဒါကတော့ မှော်ရေခဲသေတ္တာပါ ၊ ဒါကို အသုံးပြုရမှာကတော့...”
အန်းခေါ့ထ်က ထိုလေးထောင့်တုံးကြီးကို ဖွင့်လိုက်ပြီး အနီးတွင်ရှိနေသည့်လူများက ထိုရေခဲသေတ္တာထဲရှိ တစ်ခုခုကလေအေးများ ထုတ်လွှင့်ပေးနေသည်ကို တွေ့ခဲ့ကြသည်။
အားလုံးက အန်းခေါ့ထ် ထိုမှော်ရေခဲသေတ္တာထဲကနေ သူ့လက်ဖဝါးလောက်ရှိသည့် ရေခဲတုံးထုတ်ယူလာသည်ကို ကြည့်နေခဲ့ကြသည်။
အားလုံးက ချက်ခြင်းပဲ နားလည်သဘောပေါက် သွားကြတော့သည်။
ထို့ကြောင့် မှော်ရေခဲသေတ္တာထဲတွက် ရေခဲတုံးက ရှိနှင့်ပြီးသားဖြစ်သောကြောင့် အေးမြနေသည်ပင်ဖြစ်သည်။
“မဟုတ်ဘူး ခင်ဗျားတို့အားလုံးမှားသွားပြီ” အန်းခေါ့ထ်ကခေါင်းကို ယမ်းလိုက်ကာ “ကျုပ်ကကြိုတင်ပြီး ရေခဲတုံးကို ထည့်ထားတာမဟုတ်ဘူး။ အစက ရေတစ်ခွက်ပဲထည့်ထားပြီး အခု အဲ့ရေခွက်က ရေခဲတုံးဖြစ်သွားတာပါ။ ခင်ဗျားတို့ မယုံဘူးဆိုရင် လာကြည့်လို့ရပါတယ်။ ဒီရေခဲတုံးပုံစံက ခွက်ပုံစံနဲ့တူမနေဘူးလား”
အားလုံးက ဂရုတစိုက်ကြည့်လိုက်ကြပြီး ရေခဲတုံးပုံစံက တကယ်ကြီးကို အတော်လေး ထူးခြားနေခဲ့သည်။ ဘေးနားသားများမှာ ထူးခြားစွာ ကွေးကောက်နေပြီး ခွက်ပုံစံအတိုင်း ဖြစ်နေခဲ့သည်။
“ခင်ဗျားပြောနေတာက မှော်ရေခဲသေတ္တာအတွင်းပိုင်းကိုက အေးနေတာလား။ အဲ့ဒါကတကယ်ကြီးပဲ ရေကိုရေခဲတုံးဖြစ်အောင် လုပ်နိုင်တာလား” သတင်းထောက် တစ်ယောက်ကမေးလိုက်သည်။
“ဟုတ်ပါတယ် ဒါက မှော်ရေခဲသေတ္တာကို အဲ့လိုမျိုး အသုံးပြုဖို့အတွက်ပါ။ အဲဒါက မှော်ကို အပူချိန်ထိန်းညှိဖို့ အသုံးပြုပြီး ရေကို ရေခဲတုံးအဖြစ် ပြောင်းပေးနိုင်ခဲ့တာပါ”
အားလုံးက အချင်းချင်းကြည့်လိုက်ကြကာ အခြားသတင်းထောက်တစ်ယောက်က မမေးပဲမနေနိုင်ဖြစ်ကာ “ဘာအတွက်အသုံးပြု ဖို့လဲ။ မဟုတ်မှလွဲရော ဒီပစ္စည်းက ရေခဲတုံးလုပ်ဖို့ အတွက်များလား”
“အမှန်တော့ အဲ့လိုမျိုး မရိုးရှင်းပါဘူး” အန်းခေါ့ထ်ကခပ်ရေးရေးပြုံးလိုက်ကာ မှော်ရေခဲသေတ္တာထဲကနေ အေးခဲနေသည့် အမဲသားတုံးကို ယူလိုက်ပြီး မြှောက်ပြလိုက်သည် “ကြည့်ပါအုံး ဒီအမဲသားတုံးကို မနေ့က ကျွန်တော် ဘန်တာမြို့ကနေဝယ်လာခဲ့တာ။ ဒါကတကယ်လို့များ မနေ့က ဝယ်လာပြီး မစားဖြစ်ခဲ့ရင် အခုဆိုရင် ပုပ်သိုးသွားပြီလေ။ ဒါပေမယ့် တကယ်လို့များ ခင်ဗျားတို့က ဒါကိုရေခဲသေတ္တာထဲထည့်ထားမယ်ဆိုရင် ပုပ်သိုးသွားမှာမျိုးမဖြစ်တော့ပဲ (၁၀) ရက်ကြာအောင် ဒီအတိုင်းထဲထည့်ထားလို့ရတယ်။ ကြည့်ပါ ဒီမှာ ပုပ်သိုးတာမျိူး တစ်နေရာလေးမှတောင်ဖြစ်နေတာမျိုးမရှိဘူး”
လူတွေလည်း အနီးကပ်သေချာကြည့်ပြီး ရေခဲတုံးဖြစ်သွားသည်ဆိုတာထက် အမဲသားတုံးမှ ပုပ်သိုးနေခြင်းမရှိသည်ကို တွေ့ခဲကြသည်။
ထိုအဖြစ်ကိုကြည့်ရင်း အားလုံး ခေါင်းဗျားသာ ယမ်းနေကြတော့သည်။
အခြားကိစ္စများကိုပါထည့်မပြောနှင့် ထိုမှော်ရေခဲသေတ္တာက သူတို့၏ အသားများကို မပုပ်သိုးပဲ အချိန်ကြာကြာ ထိန်းသိမ်းထားနိုင်သည်ကြောင့် လက်တွေ့မှာအသုံးဝင်သည့် ပစ္စည်းတစ်ခုဖြစ်နေတာ့သည်။
လူအများအနေဖြင့် အဆင့်မြင့်ရေခဲမှော်အစီအရင်ကို ပစ္စည်းများ ထိန်းသိမ်းရန် အသုံးပြုရသည်ကို သိရှိပြီးဖြစ်သော်လည်း အကုန်ကျများသည်ကြောင့် လူချမ်းသာများသာ အသုံးပြုနိုင်ကြသည်ဖြစ်ပြီး သာမန်ပြည်သူများအနေဖြင့် အသုံးပြုဖို့ကို စဉ်းတောင်မစဉ်းစားရဲကြပေ။
ထိုကြောင့် သာမန်မိသားစုများ အသားစားသုံးမှု ရှားပါးလှသည့်ဖြစ်ရာ အကြောင်းက အလျင်အမြန်စားသုံးရသည်ဖြစ်ပြီး သူတို့အနေဖြင့် အရသာခံစားလို့မရခဲ့ပါ။
အခုချိန်မှာတော့ မှော်ရေခဲသေတ္တာရှိလာပြီဖြစ်ရာ သာမန်မိသားစုများအတွက် အသားအချို့ကို ဝယ်ယူပြီး စိတ်အေးလက်အေး စားသောက်နိုင်ပြီ ဖြစ်သည်။
“အခုလိုမျိုး အသုံးပြုလို့ရတာအပြင် မှော်ရေခဲသေတ္တာက အရသာရှိတာတွေကိုပါ ဖန်တီးပေးနိုင်ပါတယ်” အန်းခေါ့ထ်က ဘေးဘီဝဲယာသို့ကြည့်လိုက်ပြီး စင်ဘေးက ငယ်ရွယ်ဟန်ရှိသည့် မိန်းကလေးအား “ဒီက မိန်းမပျိုလေးက အချိုမုန့်လေးတွေကို စားရတာ သဘောကျသလား”
ထိုမိန်းကလေးမှာ တွေဝေသွားပြီး ဘေးဘီဝဲယာသို့ကြည့်လိုက်ကာ ခေါင်းညိတ်လိုက်သည်။
“ဟုတ်ပြီ ဒါဆို ဒီမုန့်လေးကို စားရတာ သဘောကျမယ်လို့ ကျုပ်သေချာပေါက်ပြောရဲတယ်”
အန်းခေါ့ထ်က မှော်ရေခဲသေတ္တာထဲက ပန်းကန်လုံးအသေးလေးကို ယူလိုက်ပြီး မှော်ရေခဲသေတ္တာအတွင်း ပတ်လည်ကို ခြစ်ထုတ်နေပြီး ခဏအကြာမှာတော့ ထိုပန်းကန်လုံးအသေးထဲတွက် စေးကပ်သည့်အရာမျာအပြည့် ဖြစ်လာကာ ထို့အရာများသည့် နီရောင်မှုန့်များဖြင် ဖုံးထားသကဲ့သို့ ဖြစ်နေသည်။
အန်းခေါ့ထ်က ထိုမိန်းကလေးက လက်ပြပြီး စင်ပေါ်သို့ တက်လာရန် အချက်ပြလိုက်သည် ပန်းကန်လုံးကို ပေးလိုက်သည်။
“စမ်းပြီးစားကြည့်လိုက် အရသာတော်တော်ကောင်းတယ်”
မိန်းကလေးက ပန်းကန်လုံးထဲရှိ အမျိုးမည်မသိအရာများကိုကြည့်ရင်း ခဏအကြာတွေဝေသွားခဲ့သည်။ စင်အောက်ရှိ လူများက သူမကိုငေးကြည့်နေသည်ကို တွေ့ရပြီး ခဏအကြာစဉ်းစားလိုက်ပြီးနောက် သူမက ပန်းကန်လုံးထဲကအရာများကို ဇွန်းအပြည့်ခပ်လိုက်ပြီး ပါးစပ်ထဲသို့ထည့်လိုက်သည်။
သူမပါးစပ်ထဲ ထည့်လိုက်သည့်အချိန်မှာ အေးစိမ့်မှုကို ခံစားလိုက်ရပြီး လူတစ်ယောက်အား ယစ်မူးသွားစေမည့် ချိုမြမှုကို ခံစားလိုက်ရသည်။
ထိုအရသာက အရမ်းကိုပင် လတ်ဆတ်နေပြီး နူးညံနေခဲ့ရာ ကစ်စီးမှုမရှိပဲ ချိုမြနေခြင်းဖြစ်ရာ ပါးစပ်ကို အေးမြသွားစေခဲ့သည်။ ထိုမိန်းကလေးမှာ တစ်လုတ်စာပဲ စားခဲ့ရသည်ဖြစ်ပေမယ့် စားရသည်ကို မတင်းတိမ်နိုင်ဖြစ်နေခဲ့သည်။
တစ်လုတ်စားပြီးနောက် ထိုမိန်းကလေး တုံ့ဆိုင်းနေခြင်းမရှိတော့ပဲ အားလုံး၏ အံဩသင့်စွာ ငေးကြည့်နေသည့်ရှေ့တွေ ပါးစပ်အပြည့် အားရပါးရစားသောက်နေတော့သည်။ ပန်းကန်တစ်ခုလုံး အပြောင်စားပြီးနောက်တွင် သူမလျှာက ရေခဲကြောင့် ထုံကျဉ်သွားကို သိခဲ့သည်။ သူမက ပန်းကန်လုံးက လက်ကနေမချချင်ပဲ သက်ပြင်းချကာ အန်းခေါ့ထ်ကို “အရမ်းကိုအရသာရှိတာပဲ မန်နေဂျာ အန်းခေါ့ထ် ဒီအရာကို ဘယ်လိုခေါ်တာလဲ ကျွန်မကို ပြောပြလို့ရလား”
အန်းခေါ့ထ်ကခပ်ရေးရေးပြုံးကာ “ဒါရဲ့ နာမည်လေးက ရိုးရှင်းပါတယ်။ ရေခဲမုန့်လို့ခေါ်တယ်”
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၀၅၆ ။ နတ်သူငယ်အလုပ်သမားများ
ထိုမိန်းကလေး၏ အပြုအမူက အကဲပိုကောင်း ပိုနိုင်ပေမဲ့ အားလုံးက ရေခဲမုန့်ကို အတော်လေးကို စိတ်ဝင်စားနေကြသည်။ ရှေ့ဆုံးအတန်းရှိ သတင်းထောက်များက စမ်းပြီး မြည်းကြည့်ဖို့ရန် ခွင့်တောင်းနေခဲ့ကြသည်။
အန်းခေါ့ထ်ကထုံးစံအတိုင်း တစ်ယောက်ချင်းစီကို မြည်းစမ်းခွင့်ပေးခဲ့သည်။
စားပြီးနောက်တွင် သတင်းထောက်များက မိန်းကလေးကဲ့သို့ အကဲပိုသည့် အပြုအမူများမလုပ်ခဲ့သော်လည်း သူတို့ကျယ်လောင်စွာ ချီးကျူးထောပနပြုခဲ့ကြသည်။
သတင်းထောက်များအနားတွင်ရှိသည့် လူအုပ်ကြီးမှာ သူတို့စားနေတာကိုကြည့်ရင်း ဗိုက်ဆာလာကြပေမဲ့ ပြင်ဆင်ထာသည့် ရေခဲမုန့်မှာ ကုန်သွားပြီ ဖြစ်သောကြောင့် သူတို့အနေဖြင့် အကူညီမဲ့စွာ သတင်းထောက်များ နှုတ်ခမ်းသပ်နေသည်ကို အကူညီမဲ့စွာ ကြည့်နေခဲ့ကြရသည်။
ရေခဲမုန့်သည် ပြကွက်အသေးစားဖြစ်ပေမဲ့ လူတိုင်းအား မှော်ရေခဲသေတ္တာအသုံးပြပုံစံကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်စေခဲ့သည်။
အန်းခေါ့ထ်က မှော်ရေခဲသေတ္တာအသုံးပြုပုံအကြောင်း ရှင်းပြပြီးနောက်တွင် အားလုံးက ရေခဲသေတ္တာအပေါ် အတော်လေးကို စိတ်ဝင်တစားရှိသွားကြသည်။
အားလုံးထင်နေကြသည်က ထိုမှော်ရေခဲသေတ္တာမှာ ပြောင်မြောက်လှသည့် လုပ်ဆောင်နိုင်စွမ်းရှိခြင်းကြောင့် ဈေးများများဖြင့် ရောင်းချမည်ဖြစ်ပေမယ့် မှော်လေအေးပေးစက်ထက် ဈေးနည်းစွာ ရောင်းချမည်ကို သူတို့လုံးဝကို မထင်ထားခဲ့ကြပါ။
ထိုကြောင့် သူတို့ဈေးနှုန်းကိုသိရသည့်အခါ အိမ်အတွက် တစ်လုံးလောက်ဝယ်ယူဖို့ ကြိတ်ပြီး ဆုံးဖြတ်ချက်ချထားခဲ့ကြသည်။
အန်းခေါ့ထ်က သတင်းထောက်တွေလက်ထဲကနေ ခက်ခက်ခဲခဲလွတ်မြောက်လာခဲ့ပြီး ရှုယီ စင်ပေါ်သို့ပြန်ရောက်သည့်အခါ အားလုံးက တစ်ခုခုကို သဘောပေါက်သွားခဲ့သည်။
ဘာဆိုတာကို မသိပဲနဲ့ ထုတ်ကုန်ကြေညာပွဲလာရသည့်အကြောင်းရင်းကိုမေ့သွားခဲ့ကြပြီး သူတို့က Frestech ကုန်သည်ကြီးများအသင်း၏ အသစ်ထုတ်ကုန်ကိုသာ အပြည့်အဝအာရုံစိုက်ထားခဲ့ကြသည်။
စင်အောက်ရှိလူများ တိတ်ဆိတ်သွားကိုကြည့်ရင်း ရှုယီကအပြုံးလေးဖြင့် “ဘာလဲ၊ အားလုံးက ကျုပ်တို့ရဲ့ အသစ်ထုတ်ကုန်ဝယ်ယူဖို့ အသည်းအသန်ဖြစ်နေတာကနေ နိုးထလာကြပြီလား “
အကုန်လုံးရယ်မောသွားကြပြီး အထူးအဆန်းဖြစ်နေသည့် အနေအထားကနေ ပြောင်းလဲသွားခဲ့သည်။
အနောက်သို့ပြန်လျှောက်လာသည့် အန်းခေါ့ထ်က ထိုအခြေအနေကို မြင်ခဲ့ရသောအခါ သူအနေဖြင့် ရှုယီကို စိတ်ထဲတွင် မလေးစားပဲမနေနိုင်ဖြစ်သွားခဲ့တော့သည်။
အမှန်တကယ်တော့ သူက စင်ပေါ်မှာရှိစဉ်က အတော်လေးစိတ်လှုပ်ရှားနေခဲ့ရာ သတင်းထောက်များက မေးခွန်းများမေးသောအခါတွင်လည်းစကားထစ်နေခဲ့သည်။
သို့ပေမယ့် အခုအချိန်မှာတော့ ရှုယီက သူတို့ရှေ့တွင်ရောက်နေပြီး လူအုပ်ကြီး၏ စိတ်ခံစားချက်များကို သူ၏လက်ဖဝါးဖြင့် လွယ်ကူစွာ ဆုပ်ကိုင်ထားနိုင်ခဲ့သည်။
“ဥက္ကဌရှု လှည့်ပတ်မနေပါနဲ့။ အမြန်ပြောပါတော့ ဒီတစ်ခါ သတင်းကြီးက ဘာအကြောင်းလဲ။ ကျုပ်အရမ်းကို သိချင်နေပြီ” သတင်းထောက်တစ်ယောက်က အော်ပြောခဲ့သည်။
“မှန်ပါတယ် အမြန်ပြောပါတော့ ကျုပ်တို့အားလုံး စောင့်နေကြတာ”
“ဥက္ကဌရှု အချိန်ဆွဲမနေပါနဲ့တော့ အကုန်လုံး အတော်ကို သောကရောက်နေကြပြီ”
“ဟုတ်ပါတယ် မြန်မြန် မြန်မြန်ပြောပါ”
“ဟေ့ ခင်ဗျားတို့အားလုံးအခုလို စိတ်လှုပ်ရှားနေရင်တော့ တကယ်လို့များ ကျုပ် ကြေညာချက်လိုက်တာက အလုံလောက် ဂယက်မရိုက်စေပဲနှင့် ခင်ဗျားတို့ကို စိတ်မကျေနပ်စေဘူးဆိုရင် ကျုပ်ကို ဝိုင်းရိုက်ကြမှာလား” ရှုယီက ချဲ့ကားပြီးပြောလိုက်သည်။
စင်အောက်ရှိလူအားလုံး ထက်ပြီး ဝါးလုံးကွဲအောင် ရယ်မောကြတော့သည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ကျုပ်တို့ ခင်ဗျာကိုယုံကြည်ပါတယ်”
“မှန်ပါတယ် ဥက္ကဌကြီးရှုက သတင်းကြီးတွေ ပြောပြလာခဲ့တာ ဒီအတွက် ကျုပ်တို့ လုံးဝကို စိတ်မပူပါဘူး”
“ဟုတ်တယ် တကယ်လို့များ ခင်ဗျား သခင်မလေးစတေးလ်ကိုလက်ထပ်ယူမယ်လို့ပြောရင်တောင် သတင်းကြီးတစ်ခုဖြစ်နေအုံးမှာပဲ”
“ဘေးလူအနေနဲ့ကြည့်ရင် သခင်မလေးစတေးလ်က အငယ်လေးရှိသေးတာ အစောကြီး လက်ထပ်ပါ့မလား”
“ဘာပဲဖြစ်ဖြစ် နောက်တော့လည်း ဥက္ကဌရှုနဲ့လက်ထပ်တော့မှာပဲကို”
ရှုယီက လက်မြှောက်ပြလိုက်ပြီး လူအုပ်ကြီး နောက်ထပ်တစ်ကြိမ်ငြိမ်သက်စေလိုက်သည်။ အားလုံး၏အကြည့်များက သူ့ဆီစုစည်းရောက်ရှိသွားပြီး သူဘာပြောမည်ကို တိတ်ဆိတ်စွာ စောင့်နေကြသည်။
“ကောင်းပါပြီလေ အားလုံးကို စိတ်မပျက်စေရဖို့အတွက် ကျုပ် စိတ်လှုပ်ရှားစရာ သတင်းတစ်ခု ကြေညာတော့ပါမယ်။ အဲဒီသတင်းက…” အားလုံးက မျက်တောင်မခတ်တမ်း ငေးကြည့်နေခဲ့ကြသည် ရှုယီကတမင်သတ်သတ် ရပ်ထားရာကနေ အနည်းငယ်ပြောဖို့ သူ့အသံကိုမြှင့်လိုက်သည် “လွန်ခဲ့တဲ့ သုံးရက်ကတည်းက ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းက အလုပ်သမား (၁၀၀) ခန့် စုစည်းခဲ့ပါတယ်”
“အာ့ခ်ျ”
စင်အောက်ရှိလူများ ငေးငိုင်သွားကြသည်။
ခဏအကြာမှာတော့ စောဒကတက်သံများ ဆူညံစွာ ထွက်ပေါ်လာခဲ့သည်။
“အဲလိုမဖြစ်နိုင်ဘူး ဥက္ကဌကြီးရှု ကျုပ်ကို အကဲစမ်းနေတာများလား။ Frestech ကုန်သည်ကြီးများအသင်းကနေ အလုပ်သမားတစ်ရာခန့် စုစည်းခဲ့တယ်ဆိုတာ ဘယ်လိုလုပ်ပြီး သတင်းကြီးဖြစ်နိုင်မှာလဲ။ ခင်ဗျားက အမြဲလိုလို လူစုနေတာမဟုတ်ဘူးလား”
“အဲဒါတော့ဟုတ်တယ် အယောက်တစ်ရာစုတာကို ထည့်မပြောနဲ့ အလုပ်သမားတစ်ထောင် … အိုးအဲ့လိုမဟုတ်သေးဘူး အလုပ်သမားတစ်ထောင်စုတယ်ဆိုတာမှ အရေးကြီးသတင်းလို့ပြောရနိုင်သေးတယ်”
“အခုက အယောက်တစ်ရာတည်းပဲလေ။ ဘာများ စိတ်လှုပ်ရှားစရာကောင်းလို့လဲ။ ဥက္ကဌရှု ကျုပ်တို့ကို အတော်လေးစိတ်ပျက်သွား စေခဲ့တာပဲ”
“ကျုပ်စကားဆုံးအောင် ပြောပါရစေအုံး” ရှုယီကနောက်ထပ်တစ်ကြိမ် လက်မြှောက်လိုက်ကာ အားလုံးငြိမ်ကျသွားပြီး သူ့အားကြည့်နေခဲ့ကြသည်။
ထို်အချိန်မှာတော့ သူတို့က မျှော်လင့်စောင့် စားသည့် အကြည့်မျိုးမဟုတ်ပဲနဲ့ သံသယအနည်းငယ်ပါသည့် အကြည့်များဖြင့် ငေးကြည့်နေခဲ့ကြသည်။
“ဒါက သတင်းကြီးမဟုတ်သေးဘူးလေ။ တကယ်လို့များ အလုပ်သမားအယောက်တစ်ရာ ဖြစ်ခဲ့ရင်တောင် ခင်ဗျားတို့ စိတ်ဝင်စားမှုကြမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်အားလုံးကိုပြော ပြချင်တာက အဲဒီအလုပ်သမားအယောက်တစ်ရာက အတော်လေးကို ထူးခြားတယ်ဆိုတာပါပဲ။ အကြောင်းကတော့ သူတို့အားလုံးက နတ်သူငယ်တွေပါ”
“ဟာ”
လူအားလုံး နောက်တစ်ကြိမ်ထပ်ပြီး ငေးငိုင်သွားကြသည်။
သို့ပေမယ့် ဤတစ်ကြိမ်မှာတော့ အရင်ကထက် ပိုကြာခဲ့သည်။
ခဏအကြာမှာတော့ စင်အောက်တွင် ပိုပြီးကျယ်လောင်သည့် အသံများထွက်ပေါ်လာခဲ့သည်။
“နတ်သူငယ်အယောက်တစ်ရာတဲ့လား။ မဖြစ်နိုင်ဘူး။ ငါများမှားကြားမိတာလား”
“ဘယ်လိုဖြစ်နိုင်မှာလဲ။ မိန်းမပျိုလေးအက်ဂ်နက်စ်ရှိနေတာကိုတောင် အံ့ဩလို့မဆုံးသေးဘူးဆိုတော့ နောက်ထပ် နတ်သူငယ်အယောက်တစ်ရာက ဘယ်လိုလုပ်ပြီး ရောက်နေမှာလဲ”
“ဥက္ကဌရှု ခင်ဗျား နောက်နေတာလား။ ဘယ်နေရာကနေများ နတ်သူငယ်အယောက်တစ်ရာကို ရှာတွေ့လာတာတုန်း။ ကျုပ်တို့ လမ်ပူရီတိုင်းပြည်မှာ ဒီလောက်များတဲ့ နတ်သူငယ်တွေ ရှိရောရှိပါ့မလား”
“အဲတာတော့ဟုတ်တယ် ကျုပ်မြင်ဖူးတဲ့ နတ်သူငယ်ဆိုလို့ မိန်းမပျိုလေးအက်ဂ်နက်စ် ပဲရှိတာ။ အခုတော့ ခင်ဗျာက သူ့လို အယောက်တစ်ရာကို ရှာတွေ့ခဲ့တယ်ပြောနေတော့။ ဒါက … ဒါက အမှန်မဖြစ်နိုင်ဘူး”
“နေပါအုံး သေချာနားထောင်ကြပါအုံး။ ဥက္ကဌရှုက နတ်သူငယ်အယောက်တစ်ရာကိုရှာတွေ့ခဲ့တယ်ပြောနေတာမဟုတ်ဘူး။ အဲတာထက် အဲဒီအယောက်တစ်ရာက Frestech ကုန်သည်ကြီးများအသင်းက စက်ရုံတွေမှာ အလုပ်လုပ်ကြတော့မှာလို့ ပြောနေတာ”
“ဟ ဟုတ်ပြီ နတ်သူငယ်အလုပ်သမားတွေက လူသားတစ်ယောက်ရဲ့ စက်ရုံမှာအလုပ်လုပ်မှာတဲ့လား။ အဲဒါဆို ပိုပြီးတော့တောင် မဖြစ်နိုင်ဘူး။”
ဆွေးနွေးငြင်းခုံသံများပိုပြီး တိတ်ဆိတ်သွားချိန်တွင် <<ခမာတိုင်းမ်စ်>>၏ ဒုတိယအယ်ဒီတာချုပ် ရိုင်းန်က နောက်ဆုံးတော့ သူလက်ကိုမြှောက်လိုက်ပြီး ကျယ်လောင်သော အသံဖြင့် “ ဥက္ကဌရှု၊ နတ်သူငယ်အယောက်တစ်ရာကို ခင်ဗျားတို့ ကုမ္ပဏီက စက်ရုံတွေမှာ လုပ်ကိုင်ဖို့ အလုပ်ခန့်တယ်လို့ ပြောလိုက်တာဆိုတော့ အဲဒီသဘောက ဆန်းဒ်တွန်အိမ်ရာမှာ အဲဒီ နတ်သူငယ်အယောက်တစ်ရာ ရောက်ကြပြီပေါ့”
ထိုမေးခွန်းကိုကြားရပြီး အားလုံးက ဆန်းဒ်တွန်အိမ်ရာကိုကြည့်လိုက်ကြရာ အများအားဖြင့် အလုပ်ရုံနှစ်ခု၏ ဝင်ပေါက်ကိုကြည့်နေခဲ့ကြသည်။
နတ်သူငယ်အယောက်တစ်ရာက သူတို့နှင့် မလှမ်းမကမ်းတွင်ရှိသည်ကို စဉ်းစားရင်း မထိန်းနိုင်တော့ပဲ အရမ်းကို စိတ်လှုပ်ရှားလာခဲ့ကြသည်။
“ခင်ဗျာခန့်မှန်းတာ မှန်ပါတယ်။ သူတို့ဒီကိုရောက် နေကြပြီ” ရှုယီက ခေါင်းညိတ်ပြကာ သူ့ကို လက်ပြန်ယမ်းပြခဲ့သည်။
အားလုံးက ရှုယီ ကြည့်ရာဘက်သို့ ကြည့်လိုက်ကြကာ အဝေးတစ်နေရာရှိ အလုပ်ရုံတစ်ခုတွင် Frestech ကုန်သည်ကြီးများအသင်း၏ဝတ်စုံများကို ဝတ်ဆင်ထားကြသည့် အလုပ်သမား တန်း(၂) တန်းကလမ်းလျှောက်လာနေသည်ကို တွေ့သွားကြသည်။
ထိုအလုပ်သမားအားလုံးမှာ သေးသွယ်သောခန္ဓာအဆင်းရှိကြပြီး ခြေလှမ်းများမှာ တည်ငြိမ်နေပြီး ကြည့်ရသည်မှာ အတော်ကို ကိုယ်လုံးကိုယ်ပေါက် ကောင်းမွန်ကြသည်။
သိုပေမယ့် သူတို့၏ကိုယ်လုံးကိုယ်ပေါက်ထက် အားလုံး၏ အာရုံကို ဖမ်းစားနိုင်သည်က သူတို့ဦးခေါင်းများဘေးတွင်ရှိနေသည့် ရှည်းလျားပြီးသေးသွယ်သည့် နားရွက်များပင် ဖြစ်သည်။
နတ်သူငယ်တွေလား?
သူတို့ကတကယ်ကြီး နတ်သူငယ်တွေလား?
အားလုံးအနေဖြင့် အသက်မရှုနိုင်ဖြစ်သွားရကာ နတ်သူငယ်များ စင်မြင်ထက်သို့ လမ်းလျှောက်တက်လာသည်ကို ငေးကြည့်နေခဲ့ ကြသည်။
နတ်သူငယ်များအတန်းလိုက် နေရာယူပြီးသောအချိန်တွင် ရှုယီက စင်အောက်ရှိလူများအား ကျယ်လောင်သည့်အသံဖြင့် “ အားလုံးပဲ၊ အကုန်လုံးကို ကျုပ်မိတ်ဆက်ပေးပါရစေ ၊ သူတို့အားလုံးက ညတေးသံမျိုးနွယ်စုက နတ်သူငယ်တွေပါ။ သူတို့ကို ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက ခန့်အပ်ထားပြီး ကျွန်တော်တို့ကုမ္ပဏီရဲ့ တရားဝင်ဝန်ထမ်းတွေ ဖြစ်လာကြတော့မှာပါ။ အားလုံးက သူတို့က သာမန်အတိုင်းလုပ်ကိုင်စေပြီး သာမန်ဘဝဖြင့်နေထိုဖို့ ခွင့်ပြုလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ အားလုံးပဲ ဒါကို သဘောတူပါရဲ့လား”
အစပိုင်း စိတ်လှုပ်ရှားသွားပြီနောက် အကုန်လုံး စိတ်အေးလက်အေးဖြစ်သွားကြသည်။
ယောင်္ကျားလေးရောမိန်းကလေးပါ ပါနေသည့် နတ်သူငယ် အယောက်တစ်ရာအားကြည့်ကာ ရိုင်းန်က ပါးစပ်အပြည်တံတွေးများမြိုချလိုက်ကာ ရှုယီအား “ ဥက္ကဌရှု အရင်ကလည်း မိန်းမပျိုလေးအက်ဂ်နက်စ် ပေါ်လာပြီး အခုတစ်ခါလည်း နတ်သူငယ်တွေပေါ်လာတာက အားလုံးကို အံ့အားသင့်စေမှာမဟုတ်ဘူး။ ဒါပေမဲ့ ကျုပ်တစ်ခုမေးချင်နေတာက ဘာကြောင့်များ ဒီနတ်သူငယ်တွေက ရုတ်တရက်ကြီး ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းမှာ အလုပ်လုပ်ချင်ရတာလဲ။ အဲ့ဒါတွေအပြင် ကျုပ်အရမ်းကို သိချင်နေတာက ဘာကြောင့်များလူပုအများကြီးက ခင်ဗျာတို့ရဲ့ Frestech ကုန်သည်ကြီးများအသင်းမှာလုပ်ကိုင်နေကြရတာလဲ။ မဟုတ်မှလွဲရော ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းမှာ တစ်ခုခုအထူးဆွဲဆောင်စရာများရှိနေသလား”
ရှုယီ ရယ်မောလိုက်ကာ “ခင်ဗျားပြောတာ မှန်ကောင်းမှန်နိုင်ပါတယ်။ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းမှာ ထူးခြားတွေဆွဲဆောင်မှုတွေရှိနေတယ်။ ဒါပေမဲ့ ကျုပ်ပြောချင်တဲ့ အရေးကြီးဆုံးအရာကတော့ လူပုဒါမှမဟုတ် နတ်သူငယ်တွေကို ချဉ်းကပ်ဖို့အတွက်က ကျုပ်တို့ လူသားတွေအနေနဲ့ စိတ်ကိုငြိမ်အောင်ထားပြီး သူတို့ကို သာမန်လူသားတွေလိုမျိုး ဆက်ဆံဖို့ပါပဲ။ လူပုတွေနဲ့ နတ်သူငယ်တွေလည်း သာမန်ဘဝမှာနေထိုင်ဖို့ လိုအပ်ပါတယ်။ ခင်ဗျားသာ သူတို့ကို ဘီလူးတွေလို မဆက်ဆံသရွေ့ကတော့ လူသားတွေထက်ပြီး ပိုပြီးပေါင်းသင်းရလွယ်ကူတယ်ဆိုတာကို သိလာပါလိမ့်မယ်”
ရိုင်းန်ကမျက်မှောင်ကြုတ်လိုက်သည်။ ရှုယီ စကားများမှာအမှန်ပင်ဖြစ်သော်လည်း သူ၏မေးခွန်းကို ဖြေလိုက်ခြင်းမဟုတ်ပေ။
သို့ပေမဲ့ ရှုယီက ထိုသို့ဖြေလိုက်ခြင်းက တကယ့်အဖြေကို ပြောပြလိုချင်း မရှိသည့်သဘောဖြစ်သည်။
ရိုင်းန်သည် ရှုယီနှင့် ပထမဆုံးအကြိမ်ဆုံခဲ့ခြင်းမဟုတ်ခဲ့သည့်အတွက် တစ်ခုခုကိုထပ်ပြီး မေးခြင်းက အချည်းနှီးသာ ဖြစ်မည်ကို သူသိခဲ့ပြီးဖြစ်သောကြောင့် လက်လျှော့ခဲ့လိုက်သည်။ သူကလေသံကိုပြောင်းကာ နတ်သူငယ်များ Frestech ကုန်သည်ကြီးများအသင်းတွင် လုပ်ကိုင်ရသည်မှာ မည်သို့မည်ပုံရှိကြောင်းကို မေးမြန်းနေတော့သည်။
ထုတ်ကုန်ကြေညာခြင်းပြီးစီးသွားသောအခါ အားလုံးက <<ကန်ဘာရာဒေးလီးဆန်း>> က သတင်းထောက်ကို မနာလိုစွာ ကြည့်လိုက်ကြသည်။ သူက ဥက္ကဌရှုအားအထူးသီးသန့် အင်တာဗျူးခွင့်ရထားခဲ့သည် မဟုတ်လား။
အခုကျင်းပသည့်ပွဲကြီးတွင် ရှုယီ အသေးစိတ် မဖြေကြားခဲ့သည် မေးခွန်းအချို့ရှိနေခဲ့သည်။
သို့ပေမဲ့ သူခွင့်ပြုထားသည့် အင်တာဗျူးတွင် ထိုမေးခွန်းများကို သေချာပေါက် ထုတ်ကုန်ကြေညာပွဲတုန်းက ပိုပြီး အသေးစိတ် ဖြေကြားသွားမည်ဖြစ်သည်။
သို့ပေမဲ့ ဘာကိစ္စပဲဖြစ်လာပါစေ Frestech ကုန်သည်ကြီးများအသင်းက သူတို့အတွက် လုပ်ကိုင်ပေးဖို့ရာ နတ်သူငယ်အယောက်တစ်ရာကိုစုဆောင်းခဲ့သည်ဖြစ်ရာ ထိုအကြောင်းကပင် အရမ်းကို ပေါက်ရောက်ပြီး စိတ်လှုပ်ရှားစရာ သတင်းဖြစ်လာတော့သည်။
အက်ဂ်နက်စ် ထွက်ပေါ်လာမှုက အားလုံးအား စိတ်လှုပ်ရှားစေခဲ့သော်လည်း နတ်သူငယ်တစ်ဦးသာ ရှိသေးရာ။ နတ်သူငယ် အယောက်တစ်ရာနှင့်စာလျှင် လုံးဝကိုကွဲပြားသွားသည့် အနေအထားတစ်ခုပင်ဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်းအတွက် နတ်သူငယ်အယောက်တစ်ရာကို စုဆောင်းနိုင်ခဲ့သည်က သူတို့အနေဖြင့် လူပုများကို ပိုပြီးစုဆောင်းနိုင်သလိုမျိုး နတ်သူငယ်များကို ပိုပြီး စုဆောင်းနိုင်သည့် သဘောမဟုတ်ပေ။
ပိုပြီးအရေးကြီးသည့်မေးခွန်းက ဘာကြောင့်များ Frestech ကုန်သည်ကြီးများအသင်းက အခြားမျိုးနွယ်က အလုပ်သမားများကို အများကြီးစုဆောင်းနေရတာလဲ?
ဒီမိတ်ဆွေ ရှုယီကတော့ သူစိတ်ကြိုက်ကိုသာ လုပ်နေတော့တာပဲ။
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၀၅၇ ။ ရာထူးနှစ်ခု
“ကျုပ် တစ်ခုကို လုပ်ဖို့ စဉ်းစားနေတာမဟုတ်ပါဘူး” အမေးအမြန်းထူနေသည့် ဆယ်ဗီနီကိုကြည့်ရင်း ရှုယီက မဆိုင်းမတွပြန်တုံ့ပြန်လိုက်သည် “နတ်သူငယ် အယောက်တစ်ရာကို စုစည်းလိုက်တာပဲလေ။ အဲ့ဒါနဲ့ပတ်သတ်ပြီး ဘာများထူးဆန်းနေလို့လဲ။ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းမှာ လူပုအယောက်(၅၀၀) တောင် အခုချိန်ခန့်ထားခဲ့ပြီးပြီ။ အဲဒီလူပုတွေမှာ အလုပ်သမားကဒ်တွေရှိကြပြီးပြီ။ အဲ့ဒါကို ကျုပ်နဲ့သီးသန့်ဆွေးနွေးစရာများရှိလို့လား”
ဆယ်ဗီနီ၏ပုံစံမှာ ရှုယီကဲ့သို့ သက်တောင့်သက်သာဖြစ်မနေပဲ သူ(မ)ကခေါင်းကိုခါလိုက်ပြီး “နတ်သူငယ်တွေက လူပုတွေနဲ့ မတူဘူး။ လူပုတွေက လူသားတွေနဲ့ တရင်းတနှီးမရှိကြပေမဲ့လည်း အဆိုးကြီးတော့မဟုတ်ဘူး။ ဒါ့အပြင် လူပုအချို့က လူသားတွေကြားမှာ နေထိုင်ကြခဲ့တာကြောင့် လူသားတွေအနေနဲ့ လူပုတွေကို လွယ်ကူစွာပဲ လက်ခံနိုင်ခဲ့တယ်။ ဒါပေမဲ့ နတ်သူငယ်တွေက နယ်မြေ အုပ်ချုပ်သူတွေဖြစ်ခဲ့ကြပြီး မျိုးနွယ်စုတိုက်ပွဲတွေ ဖြစ်ခဲ့တာ နှစ်ထောင်ချီရှိနေပေမဲ့လည်း နတ်သူငယ်တွေကို စိုးရိမ်နေကြတဲ့ လူသားတွေရှိနေတုန်းပဲ” ဟုပြောလိုက်သည်။
“ခင်ဗျား အတွေးလွန်နေပြီ” ရှုယီကမျက်မှောင်ကြုတ်ကာပြောလိုက်ပြီး “စိုင်စ်နယ်မြေမှာ နတ်သူငယ်တွေအနည်းငယ်ပဲကျန်တော့တာပါ။ ကျုပ်ရဲ့ခန့်မှန်းချက်အရ လမ်ပူရီတိုင်းပြည်မှာတောင် တစ်ထောင်ထက်ပိုနည်းတဲ့ အရေအတွက်ပဲကျန်ပါတော့တယ်။ ဆိုတော့ဘာကိုများစိုးရိမ်စရာရှိလဲ။ နတ်သူငယ်တွေက လူသားတွေထက် မျိူးမပွားနိုင်တာကို ထည့်မတွက်ပဲနဲ့ အကြီးအကဲအီလူရှာ ပြောစကားအရ ပြီးခဲ့တဲ့ (၁၀) နှစ်အတွင်းမှာ သူတို့မျိုးနွယ်စုအနေနဲ့ နတ်ကလေး (၂) ယောက်သာ မွေးဖွားနိုင်ခဲ့တယ်။ ဒီလိုမျိုးဖြစ်နေတဲ့ မျိုးနွယ်စုကို လူသားတွေအနေနဲ့ စိုးရိမ်သင့်တယ်လို့ ခင်ဗျားထင်လား”
“ကျွန်မကတော့ အဲ့လိုမထင်ပေမယ့် အချို့လူသားတွေကတော့ တွေးကြတယ်။ ကျွန်မအနေနဲ့ ဒီနတ်သူငယ်တွေဆိုတာထက် လူတွေက ဒါကိုအသုံးချပြီး မဟုတ်တန်းတရားတွေပြောဆိုပြီး Frestech ကုန်သည်ကြီးများအသင်း ထိခိုက်အောင်လုပ်ပြီး ရှင့်ကိုဒုက္ခရောက်စေမှာကို စိုးရိမ်နေတာပါ”
ရှုယီက ပြုံးလိုက်ကာ “ကျုပ်တို့ကုမ္ပဏီကို တိုက်ခိုက်ချင်နေတဲ့သူတွေကို အမြဲတမ်းအကြောင်းရှာနေကြမှာပဲ။ သူတို့က နတ်သူငယ်နည်းနည်းလောက်ပိုလာတာကို ဂရုမစိုက်လောက်ပါဘူး။ နောက်ထပ်ပြီးတော့ ဘုရင်မက ကျုပ်တို့ကို ထောက်ပံ့ပေးနေတာဆိုတော့ ဒီအတိုင်းထိုင်နေပြီး ဂရုမစိုက်ပဲနေလို့ရဘူး မဟုတ်လား”
ရှုယီ၏ပြုံးနေသည့်ပုံကိုကြည့်ရင်း ဆယ်ဗီနီက သူ့ကို မျက်လုံးပင့်ကြည့်လိုက်သည် “ ဥက္ကဌရှု ကျွန်မက ရှင်တို့ကုမ္ပဏီရဲ့ ပြဿနာအတော်များများကို အမြဲလိုလိုရှင်းထုတ်ပေးနေတယ်ဆိုတာ သိရဲ့လား။”
“ဟုတ်ပါတယ် ဘုရင်မက ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းကိုလမ်းညွှန်ပေးပြီး ကယ်တင်ပေးတဲ့သူပါ။ ဒါကို ကျုပ် ကောင်းကောင်းကြီးနားလည်ပါတယ်။ တကယ့်ကိုပဲ ကျုပ်နှလုံးသားကို ဆွဲထုတ်ပြီး ကျေးဇူးတင်ကြောင်း ပြချင်ပါသေးတယ်”
ဆယ်ဗီနီ မျက်နှာလေးနီမြန်းသွားကာ ရှုယီအား ကြိမ်းမောင်းလိုက်သည်။ နောက်ထပ်တစ်ခါ ဆယ်ဗီနီ ရုတ်တည်ကြီးပြန်ဖြစ်သွားသောအခါ “ကောင်းပါပြီ ရှင် ဒီပြဿနာကို အလေးအနက်ထားသင့်တယ်။ ကျွန်မဒီကိုလာရတဲ့အဓိကအကြောင်းက လက်နက်တွေနဲ့ချပ်ဝတ်တန်ဆာတွေ မှာယူဖို့အတွက်ပါ”
“ကျုပ်လည်း အဲဒီလိုပဲ ထင်ပါတယ်။ ဘုရင်မ စိတ်ချထားလို့ရပါတယ်။ အခုလက်ရှိမှာ ချပ်ဝတ်တန်ဆာ (၈၀၀၀) စုံ ပြုလုပ်ပြီးစီးသွားပါပြီ။ နောက်ထပ် လအနည်းငယ်လောက်အချိန်ထပ် ပေးခဲ့ရင် ချပ်ဝတ်တန်ဆာ (၅၀၀၀၀) စုံလိုက်ပြုလုပ်ပြီးစီးနိုင်ပါတယ်”
“ဒီအမြန်နှုန်းကတော့ မဆိုးပါဘူး” ဆယ်ဗီနီကခေါင်းညိတ်လိုက်ကာ “ဒါပေမဲ့ဒီတစ်ခါ ကျွန်မလာရတဲ့ ထပ်ပြီးမှာယူဖို့မဟုတ်ပါဘူး။ မှာထားတာတွေကို လာရောက်စိစစ်ဖို့အတွက်ပါ”
“စိစစ်ဖို့ဟုတ်လား” ရှုယီက ဆယ်ဗီနီ မျက်နှာအနေအထား ပုံမှန်ဖြစ်မနေသည်ကို တွေ့လိုက်ရပြီး ဒီစိစစ်မှုက သေးသေးလေးမဟုတ်ကြောင်း သိရှိခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်း ဆယ်ဗီနီက ခဏအကြာတိတ်နေလိုက်ပြီး အားနာနေသည့်အမူအရာဖြင့် သူမကဆက်လက်ပြီး “ စစ်တပ်အနေဖြင့် ပထမအသုတ်မှာယူထားတဲ့ ချပ်ဝတ်တန်ဆာတွေရဲ့ အရည်အသွေးကို သဘောကျပေမယ့် အချို့လူတွေက သာမန်ကုမ္ပဏီတစ်ခုက ပမာဏများတဲ့ ချပ်ဝတ်တန်ဆာတွေမထုတ်လုပ်သင့်ကြောင်းနဲ့ တော်ဝင်မိသားစုနဲ့စစ်တပ်ကသာ ထိန်းချုပ်ထားသင့်ကြောင်း ဆွေးနွေးတင်ပြခဲ့ကြတယ်။ အဲဒီတော့….”
“အဲဒီတော့ ခင်ဗျားတို့က ချပ်ဝတ်တန်ဆာတွေ ထပ်ပြီးလုပ်ခွင့်မပေးတော့ဘူးပေါ့။ အဲတာထက် မှော်စက်ပစ္စည်းတွေကို ပြောင်းလဲပြီးထုတ်ပေးစေချင်တာလား” ဆယ်ဗီနီကချီတုံချတုံဖြစ်နေချိန်တွင် ရှုယီက မဆိုင်းမတွ မေးလိုက်သည်။
ဆယ်ဗီနီက ရှုယီအားအံ့ဩစွာဖြင့်ကြည့်ကာ “ဥက္ကဌရှု ရှင့်ရဲ့ တုံ့ပြန်မှုကအတော်ကို မြန်ဆန်တာပဲ”
“ဒါကဘာမှမဟုတ်ပါဘူး။ ကျုပ် ဒီတောင်းဆိုချက်ကို မရေမတွက်နိုင်အောင် ကြားခဲ့ရပြီးပါပြီ” ရှုယီကပုခုံးတွန့်လိုက်ကာ “အားလုံးကတော့ သူတို့ထိန်းချုပ်ရမှာကို အခြားသူကဝင်လုပ်နေတာကို ဘယ်ကြိုက်ကြမလဲ။ သူတို့တတ်နိုင်သလောက် ကိုယ်တိုင်ပဲ လုပ်ချင်ကြတာပေါ့။ ဘုရင်ကြီးနဲ့ တော်ဝင်စစ်တပ်တို့ရဲ့ သောကကိုကျုပ်နားလည်ပါတယ် ဒါကပုံမှန်ကိစ္စပါပဲ။”
“ဆိုတော့ သဘောက ဒါကို ဥက္ကဌရှု လက်ခံလိုက်တာလား”
“လက်ခံပါတယ် ကျုပ်ကဘာကြောင့် လက်မခံနိုင်ရမှာလဲ” ရှုယီကခပ်ရေးရေးပြုံးကာ “နောက်ထပ်ပြီးပြောရရင် ကျုပ်မှာလည်း ငြင်းခွင့်ရောရှိလို့လား။ ကောင်းပါပြီ ဘုရင်မကြီး ကျုပ်ကို တောင်းပန်နေစရာလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ စစ်တပ်ဆိုတာ တိုင်းပြည်ရဲ့အခြေခံပဲဆိုတာကို နားလည်ပါတယ်။ သူတို့အနေနဲ့ ကျုပ်လို ကုမ္ပဏီအသေးလေးက ဒါကို ထိန်းချုပ်ထားတာကို ဘယ်လိုလုပ်ခွင့်ပြုနိုင်ပါ့မလဲ။ တကယ်လို့ဒီနေ့မှာ ခင်ဗျားကို မပြောလာခဲ့ရင်တောင် ဒီပြဿနာကို ခင်ဗျားနဲ့အတူဖြေရှင်းဖို့ အခွင့်ရေးရှာနေခဲ့တာပါ”
ဆယ်ဗီနီကခေါင်းညိတ်လိုက်ကာ “ဥက္ကဌရှုက တကယ့်ကို အမျှော်အမြင်ရှိတဲ့သူပဲ ၊ ရှင်ဘာကိုမှ ထပ်ပြီးရှင်းနေစရာမလိုတော့ဘူး။ ဥက္ကဌရှု ကျွန်မပြောချင်တာကို နားလည်နေမှတော့ ကျွန်မမှာ စစ်တပ်ကနေ ရှင့်ကိုတောင်းဆိုလိုက်တာရှိတယ်။ မှာယူထားတဲ့ ချပ်ဝတ်တန်ဆာ (၅၀၀၀၀)အစုံလိုက်ကို မမှာတော့ပေမဲ့ စစ်တပ်က ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းကိုအထူးတောင်းဆိုထားတာရှိတယ်။ Frestech ကုန်သည်ကြီးများအသင်းက စစ်တပ်အတွက် စစ်လက်နက်နဲ့ ချပ်ဝတ်တန်ဆာ ထုတ်လုပ်နိုင်တဲ့ စက်ရုံတည်ဆောင်ပေးနိုင်ဖို့ကို သူတို့ကမျှော်လင့်နေကြတယ်။”
ရှုယီက ထိုမှာကြားချက်ကို အံ့ဩသွားခြင်း မရှိခဲ့ပါ။ သူကမေးစေ့ကိုပွတ်ပြီး စဉ်းစားနေပြီး “စစ်တပ်စက်ရုံပြည့်စုံအောင် တည်ဆောက်ဖို့က အတော်ကိုဒုက္ခများတဲ့ ကိစ္စပါ။ စက်ပစ္စည်းတွေကိုအသာထားအုံး လူစွမ်းအား အတော်များများကို လိုအပ်လာမှာ။ မဟုတ်မှလွဲရော ခင်ဗျားတို့ အလုပ်သမားအများကြီးကို ရှာနိုင်ခဲ့တာလား”
“ကျွန်မတို့ မရှာနိုင်ပါဘူး” ဆယ်ဗီနီကရိုးသားစွာ ခေါင်းကိုရမ်းပြလိုက်ပြီး “ဒါကြောင့် ဒီပြဿနာတွေကို Frestech ကုန်သည်ကြီးများအသင်းက ကူညီပြီး ဖြေရှင်းပေးစေချင်ပါတယ်”
“ကျုပ်တို့ကို အားကိုးလိုက်တာလား” ရှုယီ ကိုယ့်ကိုယ်ကိုလက်ညွှန်းထိုးပြီး “ဂုဏ်ကျက်သရေရှိလှပါသော ဘုရင်မကြီးနဲ့ စစ်တပ်က ကျုပ်တို့ကို အထင်ကြီးနေတာပဲ”
“ဘာများကွာခြားသွားလို့လဲ။ ဘာပဲဖြစ်ဖြစ် အခြားကုမ္ပဏီတွေက Frestech ကုန်သည်ကြီးများအသင်းလိုမျိုး လုပ်နိုင်စွမ်းမရှိပါဘူး ဟုတ်တယ်မလား “ ဆယ်ဗီနီကခပ်ရေးရေးပြုံးကာပြောလိုက်သည်။
ရှုယီကထိုအကြောင်းခဏစဉ်းစားလိုက်ပြီး အမှန်ဖြစ်နေကြောင်း မတတ်နိုင်ပဲ ဝန်ခံလိုက်ရတော့သည်။
“ကောင်းပါပြီလေ ကျွန်တော်ဘာဆက်လုပ်ရမလဲ”
ဆယ်ဗီနီ ပြောသည့်အတိုင်းဆိုလျှင် ဘုရင်ကြီးနဲ့ စစ်တပ်ဘက်တို့၏တောင်းဆိုချက်က ရှုယီနှင့်အတူပူးပေါင်း လုပ်ကိုင်လိုသည့် သဘောဖြစ်သည်။
လက်ရှိ Frestech ကုန်သည်ကြီးများအသင်း၏လုပ်ကိုင်နိုင်စွမ်းနှင့် စစ်တပ်စီးပွားရေးမှာ ရင်းနှီးမြုပ်နှံလိုက်ခြင်းသည့် ကောင်းသည့်ကိစ္စမဟုတ် အကြောင်းကတော့ အချို့လူတွေရဲ့ အလွယ်တကူသတိထားမိစေသောကြောင့်ဖြစ်သည်။
ဒါပေမဲ့ တော်ဝင်စစ်တပ်ကို ကူညီပြီး စစ်တပ်ဆိုင်ရာစက်ရုံတည်ဆောက်ပေးခြင်းက ထိုလူများက အလွယ်တကူလက်ခံကြမည်ဖြစ်သည်။
ထိုကိစ္စပြီးစီးသွားပါက ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းတို့က တော်ဝင်စစ်တပ်နှင့် လေးနက်သည့်ဆက်ဆံရေး ရှိလာမှာဖြစ်ပြီး အခွင့်ရေးကောင်းများစွာ ရရှိနိုင်မည်ဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်း၏အကျိုးအမြတ်ပိုင်းအရကြည့်လျှင် ချပ်ဝတ်တန်ဆာ (၅၀၀၀၀) စုံကရရှိမည့်ဝင်ငွေအပြင် မှော်စက်ပစ္စည်းအမြောက်အမြား ထုတ်လုပ်နိုင်ခြင်းနှင့် နည်းပညာပိုင်းဆိုင်ရာ လမ်းညွှန်ချက်ကနေထပ်ပြီး ဝင်ငွေရရှိနေဦးမည်ဖြစ်သည်။
ထိုပူးပေါင်းလုပ်ဆောင်မှုကနေ ပိုပြီးအရေးကြီးအချက်မှာ ရှုယီအနေဖြင့် တော်ဝင်မိသားစုကနေ မှော်သလင်းကျောက်တွင်း (၂) တွင်းကို တူးဖော်ခွင့်ရရှိမည်ဖြစ်သည်။
အခုလိုမျိုးဖြစ်ခဲ့ပါက Frestech ကုန်သည်ကြီးများအသင်းက သံသတ္တုတွင်း (၃) တွင်းနှင့် မှော်သလင်းကျောက်တွင်း (၅) တွင်း ရှိလာမည်ဖြစ်သည်။
ထိုသတ္တုတွင်းများ အထူးသဖြင့် မှော်သလင်းကျောက်တွင်းများက တန်ဖိုး မရှိပေမဲ့ မှော်စက်ပစ္စည်းများသာ ရေပန်းစားလာပါက သံနှင့်မှော်သလင်းကျောက် ဈေး မြင့်မားလာမည်ကို ရှုယီကသေချာပေါက် တွက်ထားခဲ့သည်။
ထိုကြောင့် ရှုယီက အခုချိန်တွင် သတ္တုတွင်းတူးဖော်သည်ကို အလောတကြီးလုပ်ဆောင်ခြင်းမရှိပဲ အရန်အဖြစ်သာထားခဲ့ပြီး တူးဖော်ဖို့ အချိန်အခါကောင်းကို စောင့်နေခဲ့သည်။
Frestech ကုန်သည်ကြီးများအသင်းကအကျိုးအမြတ်ရသည်ဆိုတာထက် လက်တွေကျသည့် အကျိုးအမြတ်များပါရရှိခဲ့သည်။
ပထမဆုံးအနေဖြင့် ထိုတွဲဖက်လုပ်ဆောင်မှုကြောင့် ဘုရင်က ရှုယီကို အထူးဆုချီးမြှင့်ပေးခဲ့သည်။
ထိုသဘောက ရှုယီသည် သာမန်တိုင်းပြည်သား အဖြစ်ရှိနေတော့မှာမဟုတ်ပေမဲ့ လမ်ပူရီတိုင်းပြည်၏ အလေးစားခံအရှင်တစ်ယောက် ဖြစ်လာမည်ဖြစ်သည်။
ထိုဘွဲ့တံဆိပ်က မည်သည့်မြေနေရာမှာ ပိုင်ဆိုင်ရခြင်းမရှိပြီး အနိမ့်ဆုံးအထက်တန်းစားဘွဲ့ တစ်ခုဖြစ်နေသော်လည်းပဲ သူကဘယ်လိုအတန်းစားဆိုတာကိုတော့ ပြောင်းလဲသွားမည်ဖြစ်သည်။ ထိုသဘောက သူက သာမန်လူအဖြစ်ကနေ အထက်တန်စားဖြစ်သွားခြင်းဖြစ်သည်။
နောက်ထပ် တော်ဝင်စစ်တပ်က ရှုယီအား တော်ဝင်စစ်တပ်အတွက် အထူးအကြံပေးအဖြစ် ပေးအပ်ပေမည်။
ထိုဘွဲ့ရာထူးက ဘာမျှမဟုတ်သော်လည်း ရှုယီကတော်ဝင်စစ်တပ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သွားပြီး အချို့အကျိူးအမြတ်များရရှိမည်ဖြစ်သည်။
ရှုယီအတွက်အရေးကြီးဆုံးနေရာမှာ Frestech ကုန်သည်ကြီးများအသင်း၏ဥက္ကဌရာထူးပင်ဖြစ်သည်။ သူအရမ်းကို ဂရုစိုက်ဆုံးကိစ္စမှာ Frestech ကုန်သည်ကြီးများအသင်း တိုးတက်ခြင်းပင်ဖြစ်သည်။
ဇူလိုင်လထဲဝင်လာပြီးဖြစ်သောကြောင့် ရာသီဥတုကပိုပြီး ပူနွေးလာခဲ့သည်။ Frestech ကုန်သည်ကြီးများအသင်း၏မျိုးဆက်သစ် မှော်ပန်ကာနှင့်မှော်လေအေးပေးစက်တို့ စတင်ရောင်းချမှုပမာဏက အတော်များလာခဲ့သည်။
အရင်လကထက် အခုလဝက်လောက်ရှိသေးတောင် မှော်ပန်ကာ အလုံးရေ (၂၀) ကျော်ခန့် ရောင်းချခဲ့ပြီးဖြစ်ကာ အရင်နှစ်ကရောင်းရနှုန်းထက် ကျော်လွန်သွားပြီ ဖြစ်သည်။
ထိုအပြင်မှော်လေအေးပေးစက်လဲ အကြီးအကျယ်ရောင်းချခဲ့ရသည်။
ပြီးခဲ့သည့်နွေရာသီတုန်းက မှော်လေအေးပေးစက် အလုံးရေ (၁၀၀၀) ခန့်သာရောင်းချခဲ့ရသည်။
ဒါပေမဲ့ ဒီနှစ် ဇူလိုင်လဝက်မှာတင် မှော်လေအေးပေးစက် အလုံးရေ (၃၀၀၀) ခန့်ရောင်းချခဲ့ရပြီဖြစ်သည်။
ဘယ်လိုပဲဖြစ်ဖြစ် ဘန်တာမြို့တစ်မြို့တွင်သာ ရောင်းချရသည့်ပမာဏဖြစ်သည်။ အကယ်၍ သူတို့က အခြားအနီးပတ်ဝန်းကျင်က မြို့များကို ရောင်းချရသည့် အရေအတွက်ပါ ထည့်ပေါင်းခဲ့ပါက အလုံးရေ (၁၀၀၀၀) ခန့်ရှိမည်ဖြစ်သည်။
အန်ဗီမာမြို့က ဗစ်တာတို့အုပ်စု၏စတိုးဆိုင်က ရောင်းချရမှုထည့်မတွက်ထားသေးပါ။ သိထားရသည်က ထိုစတိုးဆိုင်အသေးလေးကို အခြေခံပြီး သူတို့အနေဖြင့် ဒီနွေရာသီအတွင်းမှာ အလုံးရေ (၅၀၀၀) ခန့်ရောင်းချခဲ့ရသည်။
အဟောင်းတစ်ခုနဲ့ အလဲအလှယ်ပြုလုပ်ခဲ့သည့် တိုင်အောင် မှော်ပန်ကာက ရွှေဒင်္ဂါး (၁) ပြားစာနီးပါး အမြတ်ရနေခဲ့သည်။
မှော်လေအေးပေးစက်တစ်ခုက ကြောက်စရာကောင်းလောက်အောင် ရွှေဒင်္ဂါး (၁၅) ပြားလောက် အမြတ်ရရှိခဲ့သည်။
ထိုပစ္စည်းကိုပဲ ထည့်တွက်ပြီး Frestech ကုန်သည်ကြီးများအသင်း၏အမြတ်ငွေမှာ ပြီးခဲ့သည့် လဝက်ခန့်မှာပင် ရွှေဒင်္ဂါး (၂၀၀၀၀၀) နီးပါး ရှိသည်။
ဘန်တာမြို့နှင့်အခြားအနီးပတ်ဝန်းကျင်မြို့များ သို့ မှော်ရေခဲသေတ္တာရောင်းချခဲ့ရမှုကို ထည့်မပြောသေးပါ။ (၁၀) ရက်ကျော်အတွင်းမှာပင် မှော်ရေခဲသေတ္တာ အခုရေ (၃၀၀၀၀) ရောင်းချခဲ့ရပြီးဖြစ်သည်။
မှော်ရေခဲသေတ္တာတစ်လုံးကုန်ကျစားရိတ်မှာ ရွှေဒင်္ဂါး (၄) ပြားသာဖြစ်ရာ ထိုသဘောက တစ်လုံးစာအတွက် ရွှေဒင်္ဂါး (၁၃) ပြားကနေ (၁၄) ပြားအထိ ရရှိခဲ့သည်ဖြစ်သည်။
အလုံးရေ (၃၀၀၀၀) ရောင်းချခဲ့ရမှုက ကြောက်စရာကောင်းလောက်သည့်ပမာဏဖြစ်သည့် ရွှေဒင်္ဂါး (၄၀၀၀၀၀) ပြား အမြတ်ရခဲ့သည်။
“မင်းတို့ရဲ့ Frestech ကုန်သည်ကြီးများအသင်းကတိုးတက်လာတာမြန်သားပဲ” ဟု ဘန်တာမြို့၏မြို့စားကြီး စီယန်က ပထမနှစ်ဝက်စာအတွက် အခွန်ဆောင်စာရွာကိုကြည့်ပြီး ခေါင်းရမ်လိုက်သည်။ သူက ရှုယီအားကြည့်ပြီး သက်ပြင်းချလိုက်ကာ “အရင်နှစ်တုန်းက မင်းတို့ရဲ့ Frestech ကုန်သည်ကြီးများအသင်းရဲ့ (၆) လစာအခွန်က ရွှေဒင်္ဂါး (၂၀၀၀၀)ပြားထက်တောင်နည်းသေးတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ အရင်လကမင်း အခွန်ပေးဆောင်ခဲ့တာ ရွှေဒင်္ဂါး (၄၀၀၀၀) ပြားရှိတယ်။ အရင်လမှာ မင်းတို့ကုမ္ပဏီက အနည်းဆုံး ရွှေဒင်္ဂါး (၂၀၀၀၀၀) ပြား ရရှိခဲ့တယ်ဆိုတဲ့ သဘောပဲ။ ဒီလမှာ မှော်ပန်ကာ၊ မှော်လေအေးပေးစက်နှင့် အသစ်ဖြစ်တဲ့ မှော်ရေခဲသေတ္တာတွေလည်း ကောင်းကောင်းကြီးရောင်းနေရတယ်ဆိုတော့ ငါ့အထင်မင်းတို့ ကုမ္ပဏီ ဒီလမှာ အနည်းဆုံး ရွှေဒင်္ဂါး (၅၀၀၀၀၀) ပြားရရှိသင့်တယ်။”
ရှုယီကပြုံးရုံသာပြုံးပြီး ထောက်ခံခြင်း ဒါမှမဟုတ် ငြင်းဆိုခြင်း မလုပ်ခဲ့ပါ။
“အရှင်မြို့စားကြီး ဒီလအတွင်းပဲရောင်းရမှာပါ။ အခုချိန်မှာတော့ ဘန်တာမြို့နဲ့ အနီးပတ်ဝန်းကျင်မြို့က လူတွေက သူတို့လိုအပ်တာ ဝယ်နေကြဦးမှာပါ။ ဒါပေမဲ့ နောက်လကျရင်တော့ ကျွန်တော်တို့ ထုတ်ကုန်တွေ ရောင်းချမှုက ဆိုးဝါးလာမယ်လို့ ကျုပ်ကတိပေးရဲတယ်။ အဲဒါအပြင် နောက်လကျရင် ကျုပ်တို့ အခုရေ (၁၀၀၀၀၀) တောင်ရောင်းချနိုင်မှာမဟုတ်ဘူး။ အခုလတ်တလော ကျုပ်ဘာလုပ်ရမယ်ဆိုတာကို စိတ်ပူနေခဲ့တာ”
“မင်းက စိတ်ပူနေတာလား။ အဲ့လိုသာဆို အခြားကုမ္ပဏီက ဥက္ကဌတွေအနေနဲ့ မြစ်ထဲခုန်ချပြီး ကိုယ့်ကို အဆုံးစီရင်လိုက်ရတော့မှာလား” ကောင့်ထ်စီယန်က အပြုံးလေးဖြင့် မာန်မဲလိုက်သည် “ကောင်းပါပြီ၊ မင်းတို့ကုမ္ပဏီက ငွေရှာတဲ့နေရာမှာ တော်နေတာက ဘန်တာမြို့အတွက်ကောင်းပါတယ်လေ။ အခု ဘန်တာမြို့ကလူတွေမှာ အလုပ်အကိုင် အတည်တကျရှိလာပြီး ငွေရှာလာနိုင်ကြတယ်။ သူတို့ရဲ့ဘဝတွေ ပိုပြီးကောင်းလာခဲ့တာကြောင့် ကျုပ်လည်း မြို့စားလုပ်ရတာ ပိုလွယ်လာတယ်။ ပြောရမယ်ဆိုရင် မင်းနဲ့မင်းတို့ရဲ့ Frestech ကုန်သည်ကြီးများအသင်းရဲ့အကျိုးကျေးဇူတွေအများကြီးပါတယ်”
ရှုယီက လက်ယမ်းပြကာ “မဟုတ်တာ ဘန်တာမြို့ကြီး အခုလိုအခြေအနေဖြစ်ရတာ မြို့စားအရှင်ရဲ့ အမျှော်မြင်ရှိတဲ့ ဦးဆောင်မှုကြောင့်ပါ။ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ လားလားမျှကို မသက်ဆိုင်ပါဘူး”
“ကျုပ်ကိုလာပြီး မြှောက်ပြောမနေနဲ့၊ အနည်းဆုံးတော့ မင်းရဲ့ အစီစဉ်ဖြစ်တဲ့ ဒါဇင်ပေါင်း ကုမ္ပဏီအငယ်လေးတွေနဲ့ အဲဒီအပြင် ဆန်းဒ်တွန်အိမ်ရာနားက စက်မှုဇုံကလည်း ကျုပ်နဲ့ဆိုင်တာမဟုတ်ဘူးလေ”
“ဘယ်လိုမဆိုင်ပဲရှိရမတုန်း။ အရှင့်ရဲ့ ထောက်ပံ့ပေးမှုသာမရှိရင် ဒီအစီစဉ်ဘယ်လိုလုပ်အောင်မြင်နိုင်မလဲ။ ဘယ်လိုလုပ်ပြီး စက်မှုဇုံအဖြစ် တည်ဆောက်နိုင်မှာလဲဗျာ ခင်ဗျားက အတော်ကို မကြွားဝါတတ်တဲ့သူပဲ”
ကောင့်ထ်စီယန်ကပြုံးလိုက်ပြီး ခေါင်းယမ်းလိုက်သည်။ သူက စားပွဲပေါ်က ခေါက်ထားသည့် စာရွက်ထဲက တစ်ခုကို ယူလိုက်ပြီး ရှုယီ ရှေ့ပစ်ပေးလိုက်ကာ “ကျုပ် မင်းကို ဒီကိုခေါ်လိုက်ရတာက ချီးကျူးဖို့ သပ်သပ်တင်မဟုတ်ဘူး။ မင်းဆီကနေ ငွေအချို့ တိုးပြီးကောက်ခံချင်လို့ပဲ”
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၀၅၈ ။ ဘန်တာမြို့အတွက်အစီအစဉ်သစ်
“ရန်ပုံ ငွေတိုးကောက်မှာ” ရှုယီ ငေးငိုင်သွားကာ “ အရှင်မြို့စားကြီးက ကျုပ်ဆီကနေ ရန်ပုံငွေတိုးကောက်တော့မှာလား။ ဘယ်လိုဟာသမျိုးလဲ”
“ဟာသလုပ်နေတာမဟုတ်ဘူး။ ကြည့်လိုက်ပါ မင်းသိသွားပါလိမ့်မယ်” ကောင့်ထ်စီယန်က ရှုယီရှေ့ကစာရွက်စာတမ်းများကို ထိုးပြလိုက်သည်။
ရှုယီ ကထိုစာရွက်စာတမ်းများကို ယူကြည့်လိုက်ပြီး ဘန်တာတစ်မြို့လုံးကို အဓိကထားရေးဆွဲထားသည့် အစီစဉ်တစ်ခုကို တွေ့လိုက်ရသည်။
ထိုအစီအစဉ်အရ ကောင့်ထ်စီယန်က ဘန်တာမြို့တစ်မြို့လုံးကို ပြန်လည်တည်ဆောက်ပြီး အနီးပတ်ဝန်းကျင်ရှိ ရွာများကို ဘန်တာမြို့နှင့်ချိတ်ဆက်ထားချင်သည်။ ဘန်တာမြို့နှင့်မြို့အပြင်ရှိ ရွာများအရင်လို မဟုတ်တော့ပဲ တစ်မြို့တည်းအဖြစ်ပေါင်စည်းသွားမည် ဖြစ်သည်။
ထိုသို့ဖြစ်ပေါ်လာဖို့ရန် သူတို့အနေဖြင့် လမ်းမကြီးများတည်ဆောက်ရမည်ဖြစ်သည်။
မြို့အပြင်ဘက်က ရွာများနှင့် ဘန်တာမြို့တို့မှာ ကမ္ဘာခြားနေသကဲ့သို့ ဖြစ်နေရခြင်းအကြောင်း မှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲနေခြင်း ကြောင့်ဖြစ်သည်။
ထိုအစီအစဉ်၏အခြေအနေအရ ဘန်တာမြို့အပြင်တွင် ရွာပေါင်း (၇၃) ရွာရှိပြီး (၃၄) ရွာသာ ဘန်တာမြို့နှင့် ဆက်သွယ်ထားသည့် လမ်းမများရှိသည်။ ကျန်ရှိနေသည့် ရွာများမှာ ဘန်တာမြို့နှင့် ဆက်သွယ်ထားသည့် လမ်းတစ်ခုတောင်မရှိကြဘဲ ရွာသားများမှာလည်း သူတို့၏ရွာများကနေ ခြေတစ်လှမ်းတောင် ထွက်လေ့မရှိကြသည့်သူများ ဖြစ်သည်။
ထိုကြောင့် အစီအစဉ်အရ ပထမဆုံးလုပ်ရမည်မှာ လမ်းမများဖောက်လုပ်ကာ ထိုရွာများကို ဘန်တာမြို့နှင့် ဆက်သွယ်ပေးဖို့ ဖြစ်သည်။
ထိုသို့ကြောင့်ရွာများက ရွာသားများ သို့မဟုတ် ဘန်တာမြို့က မြို့သားများ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်သွားနိုင်မည်ဖြစ်သည်။
“ကျုပ်လွှတ်လိုက်တဲ့သူတွေရဲ့ စစ်ဆေးချက်အရ ရွာတွေနားက တောင်တွေမှာ ဒါမှမဟုတ် ရွှံ့နွံ့တောတွေမှာ အဖိုးတန်တဲ့ပစ္စည်းတွေ တိမ်မြုပ်ပြီးရှိနေတယ်လို့သိရတယ် ဒါပေမဲ့လည်း အဲဒါတွေကို သယ်ပို့လို့မရတာကြောင့် အကုန်လုံး အလဟဿဖြစ်ကုန်ရတယ်။ အဲဒီပစ္စည်းတွေထဲမှာ အရင်က မင်းပြောခဲ့တဲ့ မက်ဂ်မာဘယ်ရီသီးတွေလည်းပါတယ်” ရှုယီက အစာမျက်နှာအချို့ဖတ်ပြီးသည်ကို ကြည့်ရင်း ကောင့်ထ်စီယန်က “တကယ်လို့ ကျုပ်တို့က အဲဒီရွာတွေနဲ့ လမ်းမကြီးတွေ သွယ်တန်း ဖောက်လုပ်နိုင်ခဲ့ရင် အဲဒီရွာမှာ နေထိုင်နေကြတဲ့ ရွာသားတွေရဲ့ ဘဝကို မြှင့်တင်ပေးနိုင်မယ်”
ရှုယီက ကောင့်ထ်စီယန်ကိုရုပ်တည်ကြီးဖြင့် ကြည့်လိုက်ပြီး သူအနေနဲ့ အရင်ကမ္ဘာကိုပြန် ရောက်သွားဟု အထင်မှတ်မှားသွားခဲ့ရသည်။
“ကောင့်ထ်စီယန် ဒီအစီစဉ်ကတော့မဆိုးပါဘူး။ ဒါပေမဲ့ အကောင်အထည်ဖော်ဖို့ရာကတော့ အရမ်းကိုခက်ခဲမှာ” ရှုယီက အစီစဉ်မှာပါသည့် မြေပုံအား ထောက်ပြပြီး သဘောမကျသည့်ဟန်ဖြင့် “ကြည့်လိုက်ပါ ဒီ ရွာ (၃၄) ရွာက လမ်းဖောက်ပြီးသားကို ကျုပ်တို့ နည်းနည်းပြင်ပြီး သွယ်တန်းဖောက်လိုက်ရုံပဲ ဒါပေမဲ့ ကျန်တဲ့ ရွာတွေအတွက်ကတော့ မြေပုံအရ ကျွန်တော်တို့က ဒီရွာတွေနဲ့ ဆက်သွယ်ထားမယ့် လမ်းမကြီးတစ်ခုလောက် ဖောက်လို့ရနိုင်ပေမဲ့ အဲဒီကိစ္စအတွက် အချို့အရာလေးတွေက မဖြစ်နိုင်ပါဘူး”
“ကျုပ်က ဒီပြဿနာတွေက တစ်ခါတည်းအပြီး ဖြေရှင်းရမယ်လို့မပြောခဲ့ပါဘူး။ အဲဒါက အရမ်းကို သဘာဝမကျဘူးလေ” ကောင့်ထ်စီယန် လက်ကိုရမ်းပြလိုက်ကာ “ ငါပထမဆုံး လုပ်ချင်တာက (၃၄) ရွာရဲ့ လမ်းပိုင်းဆိုင်ရာ ပြဿနာကို ဖြေရှင်းပြီး အရင်ဆုံးသူတို့က တိုးတက်အောင်လုပ်ဖို့ပဲ။ အခြားကျန်နေတဲ့ ရွာတွေအတွက်ကတော့ သူတို့ကိုလေ့လာပြီး ဖြေးဖြေးချင်း အဖြေရှာကြတာပေါ့”
“အဲလိုမျိုးက ပိုပြီးဖြစ်နိုင်ပါတယ်” ရှုယီက ခေါင်းညိတ်လိုက်ကာ သူက မြေပုံကိုကြည့်ပြီး ခါးသက်သက်ပြုံးလိုက်ရင်း “ဒါပေမဲ့ ဒီရွာ (၃၄) ရွာရဲ့ အနီးဆုံးအကွာဝေးက (၂) ကီလိုမီတာရှိပြီး အဝေးဆုံး (၂၀) ကီလိုမီတာလောက် ဝေးတယ်။ တကယ်လို့ ကျုပ်တို့က ဒီရွာတွေကြား လမ်းဖောက်ရမယ်ဆိုရင် ကီလိုမီတာ (၄၀၀) ကနေ (၅၀၀) ကြားလောက် ဖောက်ရမယ်ထင်တယ် ။ အဲဒီအတွက်က ..”
“အဲဒါကို ကျုပ်တွက်ကြည့်ပြီးပါပြီ လမ်းအရှည်စုစုပေါင်း ကီလိုမီတာ (၄၀၀) ကနေ (၆၀၀) လောက်အထိရှိမှာပါ။ မိုးကျလမ်းမရဲ့ကုန်ကျစားရိတ်နှိုန်းထားအရ လမ်းဖောက်ဖို့ ရွှေဒင်္ဂါး (၉၀၀၀၀၀) ပြား ကုန်ကျမှာ”
“ရွှေဒင်္ဂါး (၉၀၀၀၀၀) ပြား… “ ရှုယီက ကောင့်ထ်စီယန်အား အကြပ်တွေ့နေသည့် အမူအရာဖြင့်ကြည့်လိုက်ကာ “အရှင် ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်း ကငွေတွေအများကြီးရနေသော်လည်း ရွှေဒင်္ဂါး (၉၀၀၀၀၀) ပြားတစ်လုံးတစ်ခဲထုတ်ပေးဖို့ မဖြစ်နိုင်ပါဘူး။ ဒါက အလှူတန်းဆိုတာက ထည့်မပြောပဲ… ကုမ္ပဏီအကြောင်း အခြားသူကို ရှင်းပြခက်တယ်”
“အလကားပေးလိုက်ရမှာမဟုတ်ပါဘူး။ မင်းကဘာတွေကို စိုးရိမ်နေတာလဲ၊ ကျုပ် မင်းဆီကနေ အကူအညီတောင်းနေတာက မင်းအတွက် အကျိုးအမြတ်မရှိပဲနေမလား။ ကျုပ်က ဒါလေးကိုတောင် မသိဘူးဆိုတာ ဖြစ်နိုင်ပါ့မလား ။ ကောင်းကောင်းနားထောင် ကျုပ်တွေးထားတာတော့ မင်းတို့ Frestech ကုန်သည်ကြီးများအသင်းက ဒီငွေအများကြီးကို ထုတ်ပေးနိုင်သရွေ့ Frestech ကုန်သည်ကြီးများအသင်းကို တစ်နှစ်စာအခွန်လွတ်ငြိမ်းခွင့်ပေးမယ်။ အဲ့ဒါအပြင် လမ်းအသစ်ဖောက်လုပ်ပြီးတဲ့ ရွာတွေကို မင်းတို့ Frestech ကုန်သည်ကြီးများအသင်းက (၃) နှစ် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ခွင့်ရမယ်။ အဲဒီသဘောက မင်းတို့ Frestech ကုန်သည်ကြီးများအသင်းက ရွာသားတွေ မတိုင်ကြားသရွေ့တော့ ကြိုက်တာမှန်သမျှယူခွင့်ရှိပြီး ရွာသားတွေကို လုယက်တိုက်ခိုက်ပြီး သတ်ပစ်တာတွေမလုပ်ရဘူး”
ရှုယီက မျက်လုံးလှန်ကြည့်လိုက်ကာ “ဆိုတော့ အဲဒီရွာတွေမှာ ကျုပ်ကြိုက်တာလုပ်ခွင့်ရှိတယ်ပေါ့”
“အဲလိုပြောလို့ရပါတယ်။ ငွေကိုဘယ်ကရမလဲ ဘယ်လောက်ရမလဲဆိုတာကတော့ မင်းရဲ့ အရည်အချင်းအပေါ်မူတည်သွားပြီ “
ရှုယီက ချက်ခြင်းဆိုသလို စိတ်ထဲတွက်ချက်နေလိုက်သည်။
အကယ်၍သူက မြို့စားကြီးပြောသည့်အတိုင်း သဘောတူခဲ့ပါက Frestech ကုန်သည်ကြီးများအသင်း ကတစ်နှစ်တာ အခွန်ကင်းလွတ်ခွင့် ရမည်ဖြစ်သည်။
လက်ရှိ Frestech ကုန်သည်ကြီးများအသင်း၏အမြတ်ငွေအရ သူတို့အနေဖြင့် တစ်နှစ်တည်းမှာပင် အနည်းဆုံး ရွှေဒင်္ဂါး (၃) သန်း ရရှိခဲ့သည်။
အကယ်၍ အခွန်မပေးဆောင်ရပါက သူတို့အနေဖြင့် အနည်းဆုံး ရွှေဒင်္ဂါး (၄၀၀၀၀၀) ချွေတာနိုင်မည်ဖြစ်သည်။
နောက်ပြီး လမ်းမများဖောက်လုပ်သည့် ကုန်ကျစားရိတ်မှာ ရွှေဒင်္ဂါး (၅၀၀၀၀၀) သာကုန်ကျမည်ဖြစ်သည်။
ထိုရွှေဒင်္ဂါး (၅၀၀၀၀၀) ပြားကို ရွာများဆီကနေ ရရှိနိုင်မည်ကို ရှုယီအနေဖြင့် အခုချိန်မှာ အာမ မခံရဲသေးပေမဲ့ အောင်မြင်ရမည်ဟု ယုံကြည်ချက် ရှိနေခဲ့သည်။
“ကောင်းပြီးလေ အဲဒါကို လုပ်ကြတာပေါ့။ ဒါပေမယ့် အရှင် ဒီလမ်းမတွေဖောက်လုပ်ဖို့အတွက်ဆိုရင်တော့ ကျုပ်ချိန်နည်းနည်းယူရလိမ့်မယ်။ တစ်ကြိမ်မှာ ရွာတစ်ရွာကနေစပြီး ဖြည်းဖြည်းချင်းသာ လုပ်နိုင်မယ် “ရှုယီက ထိုအကြောင်းကို ခဏစဉ်းစားလိုက်ကာ သူရဲ့လက်ချောင်းကိုသုံးပြီး ဘန်တာမြို့ပတ်လည်လည် စက်ဝိုင်းဆွဲလိုက်ကာ “ပထမဆုံးအနေနဲ့ ဘန်တာမြို့ရဲ့ (၁၀) ကီလိုမီတာ ဧရိယာကနေစပြီး လမ်းတွေသွယ်တန်း ဖောက်လုပ်ရမယ်။ နောက်တော့ တဖြည်းဖြည်း အပြင်ဘက်ကနေ တိုးချဲ့လမ်းဖောက်လာပြီး ဘန်တာမြို့နဲ့ လမ်းတွေနဲ့ ချိတ်ဆက်လိုက်မယ်”
“အင်း ဒီအကြံမဆိုးဘူး သဘာဝကျတယ်။ ကောင်းပြီး အရင်ဆုံး ဒီအကြံအတိုင်း ကျုပ်တို့ လုပ်လိုက်ကြတာပေါ့။ ဒါပေမဲ့ လမ်းဖောက်မယ့် အကြံကို အရင်ဆုံးဘေးပို့ထားလိုက်ရအောင် ဒီအစီစဉ်ရဲ့ အကြောင်းရာကို တစ်ချက်ကြည့်လိုက်ပါအုံး” ဟုဆိုကာ ကောင့်ထ်စီယန်က စာရွာများကို လှန်လိုက်ပြီး မြေပုံတစ်ခုကို ထောက်ပြကာ “ကျုပ်အစီစဉ်ရဲ့ ဒီအပိုင်းက ဘန်တာမြို့ဆင်ခြေဖုံး ရပ်ကွက်အတွက်ပဲ မင်းဘယ်လိုသဘောရလဲ”
ရှုယီကကြည့်လိုက်ကာ ထိန်းမရပဲ မျက်မှောင်ကြုတ်မိသွားသည် “ကောင့်ထ်စီယန် ဒါကိုကြည့်ရတာ ဘာကြောင့်များ ရင်းနှီးနေတယ်လို့ ခံစားရတာလဲ”
ကောင့်ထ်စီယန်ကရယ်လိုက်ကာ “ဟုတ်တာပေါ့ ရင်းနှီးနေမှာပေါ့ ဒီအသေးစိတ် အစီအစဉ်က မိုးကျတောင်ကြားကို အခြေခံပြီး လုပ်ထားတာလေ”
ရှုယီကချက်ခြင်းဆိုသလို သဘောပေါက်သွားပြီး သေသေချာချာကြည့် လိုက်သည်။ ထိုမြေပုံက မိုးကျတောင်ကြားနှင့် ဆင်တူနေသည်များကို ရှာနေလိုက်သည်။ ဥပမာအားဖြင့် စက်မှုဇုံနေရာနှင့် လူနေထိုင်ရာခွဲခြားထားပုံနှင့် လမ်းများသွယ်တန်းဖောက်လုပ်ထားပုံတို့ဖြစ်သည်။
ဒါပေမဲ့ ခဏအကြာကြည့်ပြီးနောက်မှာတော့ ရှုယီ ပြဿနာတစ်ခုကို တွေ့ရှိသွားသည်။
“ကောင့်ထ်စီယန် ရေးဆွဲထားတဲ့ စက်မှုဇုံနေရာမှာ ရွာ(၂) ရွာက ရှင်းရှင်းလင်းလင်းကြီးပါနေတယ်”
မြို့စားကြီးက လက်ရမ်းလိုက်ကာ “အဲဒီတော့ သူတို့ကို ထွက်သွားခိုင်းရမှာပေါ့”
“ဆိုတော့ ဘယ်လိုမျိူ လျော်ကြေးပေးမှာလဲ”
“လျော်ကြေးဟုတ်လား” ကောင့်ထ်စီယန်က ရှုယီအားတအံ့တဩကြည့်ကာ “သူတို့ကထွက်သွားခိုင်းလိုက်တာ ဘာကိုလျော်ကြေးပေးရမယ်လား”
ရှုယီမှာ ချက်ခြင်းဆိုသလိုပင် ပြောစရာစကားမရှိဖြစ်သွားကာ ‘ဒါက စိုင်စ်နယ်မြေ၏ အာဏာသုံးပြီး မောင်းထုတ်ခြင်းများလား။’
ထိုအကြောင်းကို စဉ်းစားပြီး ရှုယီက ကောင့်ထ်စီယန်အား “အရှင်မြို့စားကြီး ဒီပရောဂျက်ကို ကျုပ်နဲ့သာလွှဲထားလိုက်ပါ ။ ဥက္ကဌခရုစ်နဲ့ ကျုပ်က ဒီလိုကိစ္စမျိုးတွေနဲ့ ရင်းရင်းနှီးနှီးရှိပါတယ်”
ကောင့်ထ်စီယန်က ရှုယီအားအတော်ကို တအံ့တဩကြည့်လိုက်ကာ “ဒီကိစ္စအပေါ်မှာ မင်းရဲ့ အမြင်ကိုသိချင်တာ။ ဒါပေမယ့် ဒီကိစ္စကိုမင်းက စပြီးယူမယ်ပြောတာ အဲ့ဒါလဲကောင်းပါတယ်။ ဟုတ်ပြီ ဒီပရောဂျက်ကို Frestech ကုန်သည်ကြီးများအသင်းနဲ့ အမ်ရစ်ကုန်သည်ကြီးများအသင်းတို့ကိုလုပ်ခိုင်းထားလိုက်ပြီး မင်းတို့ရဲ့ ရလဒ်ကို ကျုပ်စောင့်နေမယ်”
ရှုယီကခေါင်းညိတ်ပြီး တုံ့ပြန်လိုက်သည်။
ကောင့်ထ်စီယန်နဲ့ အကြမ်းဖျင်းအချက်လက်များကို ဆွေးနွေးပြီးနောက် သူက ထမင်းစားဖိတ်သည်ကို ငြင်းလိုက်ပြီး မြို့စားအိမ်တော်ကနေ ထွက်လာခဲ့သည်။
နေဝင်ချိန်တောင်ရောက်နေပြီဖြစ်ရာ ပိုပြီးအေးလာခဲ့သည်။ လေပြေလေးတစ်ချက် အဝေ့မှာ ချမ်းစိမ့်စိမ့်ဖြစ်သွားခဲ့သည်။
မြို့စားအိမ်တော်ဘေးက လမ်းများက စည်းကမ်းတကျထိန်းသိမ်းခဲ့သောကြောင့် ငြိမ်ငြိမ်းချမ်းချမ်းရှိနေသည်ဟု ဆိုရမည်။ သူ ထောင်ချိုးကွေ့လိုက်ပြီး မြို့စားအိမ်တော်ဘေးလမ်းလေးထဲ ဝင်လိုက်သည်အခါတွင် ညစာစားရမည့်အချိန် ရောက်နေသည့်တိုင် လူအများက လမ်းမအပေါ်တွေ သွားလာနေကြတုန်းရှိသေးသည်။
ပုံစံစုံလူမျိုးစုံကာ လမ်းများပေါ်တွင် လျှောက်နေကြသည်။ အချို့ကြည့်ရသည်မှာ အလေးအပင်တစ်ခုခုကို သယ်ယူနေသလိုဖြစ်နေပြီး အများစုကတော့ ဂရုစိုက်စရာရှိနေသည့်အတွက် အလောတကြီး သွားလာနေကြသည်။
လမ်း၏တစ်ဖက်တစ်ချက်တွေ မရေတွက်နိုင်အောင် ဆိုင်များစွာရှိနေကာ ပျံကျဈေးဆိုင် အကြီးငယ်မရွေး ရောင်းချလိုသည်များကို ခင်းကျင်းပြသထားသည်။
ထိုသို့ လူအုပ်ကြီး အလုပ်ရှုပ်နေကြသည့်မြင် ကွင်းကိုကြည့်ရင်း ရှုယီ စိတ်လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ရသည်။
သူပထမဆုံးအကြိမ် ဘန်တာမြို့ကို ရောက်လာသည့်အချိန်ကို သတိရသွားခဲ့သည်။ အကြောင်းက ဒီမြို့ငယ်လေးက အလှမ်းဝေးပြီး နှေးကွေးစွာ လှုပ်ရှားသွားလာကြကာ အတော်ကို အေးချမ်းခဲ့သည်။
ဒါပေမဲ့ တစ်နှစ်ကြာပြီးနောက်မှာ ထိုမြို့ငယ်လေးက အခုလိုမျိုး စည်ကားသိုက်မြိုက်လာခဲ့သည်။
မြို့စားအိမ်တော်က ပြထားသည့် အခြေအနေအရ လက်ရှိဘန်တာမြို့လူဦးရေမှာ အရင်နှစ်ကထက် (၂) ဆပိုများလာခဲ့သည်။
အရင်နှစ်က လူဦးရေ (၅၀၀၀၀) လောက်သာရှိရာ အခုချိန်မှာတော့ လူဦးရေ (၁၀၀၀၀၀) ခန့်ရှိလာခဲ့ပြီဖြစ်သည်။
ထိုအပြင် ဒီလူဦးရေက ပင်မမြို့၏ တံတိုင်းအတွင်းရှိ အရေအတွက်သာဖြစ်သည်။ အကယ်၍ တံတိုင်းအပြင်ဘက်က လူဦးရေသာ ထည့်တွက်ခဲ့ပါက အရင်နှစ်ကထက် (၃) ဆပိုများနေမည်ဖြစ်သည်။
ထိုကဲ့သို့အခြေအနေမျိုးဖြစ်ရခြင်းက အကြောင်းက ဘန်တာမြို့မှာ အလုပ်အကိုင် များပြားလာခြင်းကြောင့်ဖြစ်သည်။ ထိုကြောင့် ဘန်တာမြို့တွက် အလုပ်လုပ်ဖို့ရာ လူအင်အားလုံလောက်မှုမရှိဖြစ်လာခဲ့သည်။
အလုပ်သမားအင်အားအများအပြားလိုအပ်နေငည့် Frestech ကုန်သည်ကြီးများအသင်းထဲသို့ ဝင်ရောက်လုပ်ကိုင်နေသည်ကို ပေါင်းထည့်သည့်အခါ ဘန်တာမြို့ရှိပျမ်းမျှလစာမှာ ပိုများလာခဲ့သည်။
ထိုကြောင့် အနီးပတ်ဝန်းကျင်ရှိမြို့များဖြစ်သည့် ခမာမြို့၊ ဆော်လ်တန်မြို့ များအပါအဝင် ပိုပြီးဝေးသည့် ကန်ဘာရာ နှင့် နော်တန်မြို့များက လူများပါ ဘန်တာမြို့သို့လာရောက်ပြီး အလုပ်ရှာဖွေကြတော့သည်။
အခုချိန်မှာ ဘန်တာမြို့မှာ မြို့ပေါင်းစုံက လူများဖြင့် ပြည့်နေကာ လမ်းများအထက် လျှောက်လှမ်းသွားသည့်အခါမျိုးတွင် စိုင်စ်နယ်မြေက ဒေသိယ လေသံများစုံကိုပါ ကြားရနိုင်သည်။
ထိုမြင်ကွင်းက ရှုယီအား အရင်ကမ္ဘာက စီးပွားရေအချက်အခြာကျသည့် နေရာများကို တဖန်ပြန်သတိရစေခဲ့သည်။
အမှန်တော့ ဒီပမာဏက ပိုပြီးနည်းသေးသည်။
ထိုသို့တွေးနေရင် ရှုယီ အိမ်သို့လမ်းလျှောက်ကာ ပြန်လာခဲ့သည်။
ဒီနေ့မှာတော့ စတေးလ်က ဗီဗီယန်နှင့် ညစာချက်ထားမည်ဟု ပြောထားသောကြောင့် ရှုယီ အိမ်ကိုတည့်တည်မတ်မတ်ပြန်လာနေခြင်းပင်ဖြစ်သည်။
လမ်းတစ်ဝက်လောက်လျှောက်လာပြီးနောက် ရှုယီဘေးတွင် မြင်းလှည်းများစွာ
ဖြည်းညင်းစွာသွား လာနေကြသည်။
ရှုယီ လှမ်းကြည့်လိုက်သည့်အခါ ထိုမြင်းလှည်းများတွင် ဆာရန့်ခ်ကုန်သည်ကြီးများအသင်း၏အမှတ်အသားကို တွေ့ခဲ့သည်။ ထိုအကြောင်းကိုစဉ်းစားပြီး ထိုမြင်းလှည်းများဆီသို့ ဦးတည်ကာလျှောက်သွားတော့သည်။
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၀၅၉ ။ ပို့ဆောင်ဆက်သွယ်ရေးပြဿနာ
ပထမလှည်းထဲ၌ ထိုင်နေသူမှာ ဥက္ကဌရန့်ခ်၏ လက်ထောက် လိဖ်ဖြစ်ပြီး သူဟာ စီးအပွားရေးအသင်းစည်းဝေးပွဲများ၌ ရှုယီကို အကြိမ်များစွာ မြင်ခဲ့ဖူးလေသည်။ ရှုယီ ရုတ်တရတ်ပေါ်လာသည်ကိုမြင်သော် အလျင်အမြန်ပင် သူဟာ မြင်းလှည်းများကို ရပ်လိုက်တော့၏။
"ဥက္ကဌရှု၊ ဒီနေ့ ဘယ်လိုလုပ် မြို့ထဲမှာ လျှောက်လည်ဖို့ အချိန်ရှိနေရတာလဲ?" လိဖ်က အသက်လေးဆယ်ပတ်လည်ရှိပြီး အတန်ငယ် ဝဖိုင့်လေသည်။ သူက ပြုံးလိုက်ချိန်တွင် ဖယ်လ်ချောင်ကုန်သည်ကြီးများအသင်း၏ ဥက္ကဌမော်ဂန်နှင့် အနည်းငယ်ဆင်တူသော်လည်း ဥက္ကဌမော်ဂန်ထက်စာလျှင်တော့ ပို၍ ဖော်ရွေပါပေသည်။
"မဟုတ်ပါဘူး၊ ကျုပ်က မြို့စားအရှင်နဲ့ ကိစ္စတချို့နဲ့ဆွေးနွေးပြီး ထွက်လာရုံပါ။" ရှုယီက သာမန်ကာလျှံကာပင် ဖြေဆိုလျက် မြင်းလှည်းများကိုကြည့်ကာ ပြောလိုက်၏၊ "ကြည့်ရတာ ဒီတစ်ခေါက် ခင်ဗျားတို့ရဲ့ ရိတ်သိမ်းမှုက မဆိုးပုံပဲ၊ အဲဒီ့မှော်ပန်ကာတွေအားလုံး ရောင်းခဲ့တာလား?"
လိဖ်က အပြုံးဖြင့်ဆိုသည်၊ "ကျုပ်တို့ သိုလှောင်ရုံထဲက မှော်ပန်ကာတွေအားလုံး ရောင်းရတာ ဥက္ကဌရှုရဲ့ အကြံပြုချက်ကို ကျေးဇူးတင်ရမှာပါ။ ကျုပ် ခင်ဗျားကို မဖုံးကွယ်ပါဘူး၊ တိုင်းပြည်ရဲ့တခြားနေရာတွေမှာ မှော်ပန်ကာ ဝယ်လိုအားက အတော်လေး မြင့်နေတုန်းပဲ။"
ရှုယီက အသာခေါင်းငြှိမ့်ကာ ၎င်းက သိသာသည့်ကိစ္စဟု စဉ်းစားလိုက်သည်။
ယခင်နှစ် Frestech ကုန်သည်ကြီးများအသင်းကို တည်ထောင်ပြီး မှော်ပန်ကာကို ဖြန့်ချိလိုက်စဉ်က ဘန်တာမြို့နှင့် အနီးနားမြို့များအားလုံး ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့သည်။ ၎င်းမှာ စိုင်စ်နယ်မြေကြီးပေါ်ရှိ မှော်ပန်ကာများ၏ ထူးကဲမှုက လူတွေအပေါ်သက်ရောက်နိုငိကြောင်း သက်သေပြရန် လုံလောက်၏။
လမ်ပူရီတိုင်းပြည်၏ အခြားလူများက အဘယ့်ကြောင့် ဘန်တာမြို့နှင့် အနီးနားမြို့များရှိ လူများကဲ့သို့ တူညီသည့်အရာများ မလိုအပ်ခဲ့ခြင်း အကြောင်းရင်းမရှိချေ။
သို့သော် လိဖ်က မှန်ပါ၏၊ ဆာရန့်ခ်ကုန်သည်ကြီးများအသင်းမှာ တိုင်းပြည်၏ အခြားနေရာများ၌ ၎င်းတို့နာမည်အောက်တွင် ရှုယီ၏အကြံပေးချက်ဖြင့် မှော်ပန်ကာများရောင်းချခဲ့သည်။
ယခင်တစ်ခေါက် စီးအပွားရေးအသင်းစည်းဝေးပွဲ၌ ရှုယီမှာ အခြားလုပ်ငန်းစုများထံ အဓိကအချက်တစ်ခုကို သက်သေပြခဲ့သည်။ ၎င်းမှာ အခြားလုပ်ငန်းစုများ၏ မှော်စက်နည်းပညာက Frestech ကုန်သည်ကြီးများအသင်းနှင့် ယှဉ်လျှင် အတော်လေးလိုအပ်နေရာ Frestech ကုန်သည်ကြီးများအသင်းထံမှ လုပ်ငန်းကို လုယူရန် မဖြစ်နိုင်လုနီးပါးဖြစ်နေ၏။
ထို့ကြောင့် ရှုယီက Frestech ကုန်သည်ကြီးများအသင်းထံ၌ ဖွံ့ဖြိုးပြီးလမ်းကြောင်းများ မရှိသဖြင့် အခြားလုပ်ငန်းစုများအနေနှင့် တိုင်းပြည်၏တခြားနေရာများသို့ ၎င်းတို့မှော်ပန်ကာများကိုရောင်းရန် ၎င်းတို့၏ကိုယ်ပိုင်လမ်းကြောင်းများကို အသုံးပြုပါက ရောင်းအားကို စိတ်ပူရန်မလိုတော့ဟု ပြောကြားခဲ့သည်။
အခြားလုပ်ငန်းစုများက ရှုယီ၏အဆိုကို ရှင်းရှင်းလင်းလင်း မထောက်ခံခဲ့ကြပါသော်လည်း လုပ်ငန်းစုများစွာက ထိုသို့ပြုလုပ်ခဲ့ကြောင်း သိခဲ့ရသည်။ ၎င်းတို့ ပြန်ယူလာသည့် သတင်းများကို သုံးသပ်ရလျှင် ရလာဒ်များက အတော်ကောင်းသည်။
အခြားလုပ်ငန်းစုများမှာ တိုင်းပြည်၏အခြားနေရာများ၌ မှော်ပန်ကာ ဝယ်လိုအား ကြီးမားလာသည်ကို မြင်သည့်နောက်၌ မှော်ပန်ကာဈေးကွက်အား လက်လျှော့ရန် တွေးထားကြသူများပင် မှော်ပန်ကာများကို တစ်ဖန်ထုတ်လုပ်လာကြသည်။
Frestech ကုန်သည်ကြီးများအသင်းထံမှ ထုတ်လုပ်ရေးလိုင်း နှစ်လိုင်းစာ ဝယ်ယူသည့် လုပ်ငန်းစု နှစ်ခုပင် ရှိလာခဲ့သည်။ ၎င်းတို့က ဘန်တာမြို့အဝေးရှိ မြို့နှစ်မြို့မှ ဝယ်ယူလာခဲ့ပြီး မှော်ပန်ကာစက်ရုံအသစ်တစ်ရုံဖန်တီးရန်ဖြစ်ရာ ရောင်းအားက အတော်လေးကောင်းမွန်သည်ဟု ဆိုရမည်။
ထိုသို့တွေးရင်း ရှုယီက လိဖ်ကို မေးလိုက်၏၊ "ရောင်းအားက အတော်လေးကောင်းမှတော့ မှော်ပန်ကာတွေ ထပ်ထုတ်လုပ်ပြီးရောင်းတဲ့နေရာမှာ ဆက်ပြီးရင်းနှီးမြှုပ်နှံအောင်လို့ ဥက္ကဌရန့်ခ်ကို အကြံပေးဖို့ ပြင်ဆင်ထားပြီးပြီလား?"
လိဖ်လည်း ဘေးဘီကိုကြည့်ပြီး ရှုယီရှေ့တိုးလာကာ အသံကိုနှိမ့်၍ပြောသည်၊ "ဥက္ကဌရှု ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက ဒီနှစ် တခြားနေရာတွေမှာ Frestech အမှတ်တံဆိပ်မှော်ပန်ကာတွေကိုရောင်းဖို့ အစီစဉ်မရှိဘူးလား?"
"ဒါပေါ့။" ရှုယီက အသေချာခေါင်းငြိမ့်ကာ၊ "အရင်တစ်ခေါက် စီးအပွားရေးအသင်းအစည်းအဝေးမှာ ကျုပ်ရဲ့ သဘောထားကို ပြခဲ့တယ်မဟုတ်ဘူးလား? Frestech ကုန်သည်ကြီးများအသင်းဆီမှာ တိုင်းပြည်ရဲ့ အစိတ်အပိုင်းတိုင်းကို ကျုပ်တို့ ထုတ်ကုန်တွေရောင်းချဖို့ အင်အားမရှိဘူး။ ဒီတော့ အနည်းဆုံး ဒီနှစ်မှာ Frestech အမှတ်တံဆိပ် မှော်ပန်ကာတွေကို ဘန်တာမြို့နဲ့ အနီးအနားမြို့တွေမှာပဲ ရောင်းဖြစ်မယ်။ အင်း၊ နောက်နှစ် အစကျရင်တော့ ကျုပ်တို့အနေနဲ့ စီးပွားရေးလမ်းကြောင်းသစ်တွေဖွင့်လှစ်ဖို့ ကြိုးစားမှာပါ၊ ဘာလို့လဲဆိုတော့ ဘန်တာမြို့က လူတွေအားလုံးက ကျုပ်တို့ရဲ့ ထုတ်ကုန်တွေကို ဝယ်ပြီးပြီဖြစ်တာကြောင့် ဈေးကွက်က ပြည့်နေပြီ။"
လိဖ်က ရှုယီကို ခဏလောက်ကြည့်လိုက်ရာ သူ၏လေးနက်သည့်အမူအရာကိုမြင်သော် အသာခေါင်းငြှိမ့်ပြလိုက်၏၊ "ဟုတ်ပြီ၊ ကျုပ်နားလည်ပါတယ်။ ဥက္ကဌရှု၊ ကျုပ်အထင် ကျုပ်တို့ ဆာရန့်ခ်ကုန်သည်ကြီးများအသင်းမှာ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ ပူးပေါင်းဖို့ အခွင့်အရေး ရှိလောက်သေးတယ်။"
လိဖ်က ထွက်ခွာရန် ပြင်နေသည်ကိုမြင်သော် ရှုယီလည်း အလျင်အမြန်တားကာ မေးလေ၏၊ "တစ်ခုလောက် မေးပါရစေဦး၊ ဒီတစ်ခေါက် ခင်ဗျားသွားခဲ့တဲ့ အဝေးဆုံး နေရာက ဘာများလဲ?"
လိဖ်က ရှုယီကို တအံ့တဩကြည့်ကာ၊ "အဲ့လောက်လည်း မဝေးပါဘူး၊ အဝေးဆုံးက ဆာဖရန်မြို့ပဲ။"
"ဆာဖရန်မြို့?" ရှုယီ စဉ်းစားကြည့်လိုက်သည်၊ "အဲ့နေရာက ဘန်တာမြို့ကနေဆို လေးရာကီလိုမီတာပဲဝေးတယ်။"
"လေးရာကီလိုမီတာကတင် အတော်လေးဝေးလွန်းနေပါပြီဗျာ။" လိဖ်က ခံစားချက်အပြည့်ဖြင့် ခေါင်းခါကာ၊ "ကျုပ်တို့က ကျုပ်တို့ရဲ့ ကုန်စည်တွေ ပျက်စီးမှာကြောက်လို့ ဒီခရီးပေါ်မှာ တစ်ပတ်လုံးသုံးခဲ့ရတာလေ။ မှော်ပန်ကာတွေ အရောင်းသွက်လွန်းတာကြောင့်သာမဟုတ်ရင် ဒီနေ့ပြန်လာဖို့တောင် ဖြစ်နိုင်လိမ့်မှာ မဟုတ်လောက်ဘူး။"
ရှုယီလည်း ထိုမြင်းလှည်းများကိုကြည့်လိုက်ရာ ဘီး'အနီးရှိ သံပြားက ပွန်းနေပြီဖြစ်ကြောင်းတွေ့လိုက်ရလေသည်။ ၎င်းက ခက်ခဲသည့်ခရီးဖြစ်ခဲ့ကြောင်း မြင်နိုင်၏။
ရှုယီက ၎င်းတို့လှည်းကိုကြည့်နေသည်အား မြင်သော် လိဖ်မှာ ရုတ်တရတ် စိတ်လှုပ်ရှားစွာ ဆိုလာသည်၊ "ဥက္ကဌရှု ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ မိုးကျတောင်ကြားဆီကို လမ်းခင်းတုန်းက ခင်ဗျားက ငွေတွေအများကြီးရလို့ ရူးသွားတာလို့ ထင်ခဲ့မိတယ်။ ဒီခရီးပြီးတော့မှ ခင်ဗျား အရင်ကပြောတာကို ကျုပ်သိသွားတာ၊ အဲ့ဒါ....အဲ့ဒါက..... ဘယ်လိုပြောတာပါလိမ့်?"
"ချမ်းသာချင်ရင် လမ်းခင်းရမယ်" ရှုယီက ပြောသည်။
"ဟုတ်တယ်၊ ဟုတ်တယ် ချမ်းသာချင်ရင် လမ်းခင်းရမယ် ဆိုတာ။ အဲ့စကားစုက တကယ်ကို မှန်လွန်းတာပဲ! လမ်ပူရီတိုင်းပြည်က လမ်းတွေအားလုံးသာ အများပြည်သူသုံးလမ်းတွေဖြစ်လာရင် ကုန်စည်တွေ ပျက်စီးမယ့်အကြောင်းကို ပူဖို့ မလိုတော့ရုံတင်မဟုတ်ဘဲ မြင်းလှည်းတွေလည်း ပိုမြန်မြန် ပြေးဆွဲနိုင်လိမ့်မယ်။ ကျုပ်တို့သာ အများပြည်သူသုံးလမ်းတွေကို ဆက်ခင်းနေရင် ကီလိုမီတာလေးရာ ခရီးကလည်း သုံးရက်လောက်ပဲ ကြာလိမ့်မယ်။ ဒီလိုနဲ့ ကျုပ်တို့လည်း တစ်ပတ်နဲ့ပြန်လာနိုင်တော့ အပိုလုပ်စရာလေးတွေ လုပ်ဖို့ လုံလောက်တာပေါ့။"
ရှုယီက အသာပြုံး၍ဆို၏၊ "ဒါပေါ့၊ ပို့ဆောင်ဆက်သွယ်ရေးဆိုတာက စီးပွားရေးတိုးတက်မှာမှာဆိုရင် အခြေခံကျတဲ့ပြဿနာပဲဆိုတော့ ချမ်းသာလာဖို့ လမ်းခင်းရမယ်ဆိုတဲ့ စကားစုက မှန်တယ်။ ခင်ဗျားအနေနဲ့ ဆော်လ်တန်မြို့ ရှိရာဘက်က လာခဲ့တာ ဖြစ်လောက်တယ်ဆိုတော့ ဖာဆန်ရထားလုံးလုပ်ငန်းစု လတ်တလော ခင်းနေတဲ့ ဆော်လ်တန်မြို့နဲ့ ဘန်တာမြို့ကြားက လမ်းကို မြင်ခဲ့မှာပဲ မဟုတ်လား?"
လိဖ်က ခေါင်းငြိမ့်ကာ၊ "အမ်း ကျုပ်မြင်ခဲ့တယ်။ ဒီလမ်းကိုလည်း Frestech ကုန်သည်ကြီးများအသင်းက ခင်းတာလို့ ထင်ခဲ့ပေမယ့် မြို့ထဲမှာ လိုက်မေးကြည့်တော့မှ ဒါအတွက် ပေးထားတာဟာ ဖာဆန်ရထားလုံးလုပ်ငန်းစုမှန်းသိလိုက်တာ။"
"ဟုတ်တယ်၊ လမ်းခင်းတာဟာ တကယ်ကို ကျုပ်တို့ ကုန်သည်တွေအတွက် အကူညီအဖြစ်ဆုံးပဲ။ ဥက္ကဌရန့်ခ်နဲ့ ခင်ဗျားသွားတွေ့တဲ့အခါ သူ့ရဲ့စိတ်ကို မြန်မြန်မဆုံးဖြတ်ရင် အခွင့်ရေးရှိမှာမဟုတ်ဘူးလို့ ကူပြီး သတိပေးလိုက်ပါဦး။"
လိဖ်က ရှုယီကို တအံ့တဩကြည့်လျက် များများစားစားမမေးတော့ဘဲ သဘောတူညီမှုဖြင့် ခေါင်းငြှိမ့်လိုက်၏။
ရှုယီ ဘေးသို့တိုးလိုက်ပြီး လိဖ်ကလည်း ရှုယီက မည်သည့်ပြောစရာမှ မကျန်တော့သည်ကို မြင်သည်ဖြစ်ရာ နှုတ်ဆက်လျက် မြင်းလှည်းများဖြင့် ထွက်ခွာသွားတော့သည်။
မြင်းလှည်းများက ထောင့်တစ်ထောင့်၌ ပျောက်ကွယ်သွားသည်ကို ကြည့်နေရင်း ရှုယီမှာ တစ်ဖက်လှည့်လိုက်တော့သည်။ စဉ်းစားကြည့်ပြီးနောက်တွင် သူက အိမ်ဘက်သို့ မဦးတည်ဘဲ အခြားဦးတည်ဘက်ကို သွားလိုက်၏။
ဆယ်မိနစ်ကြာပြီးနောက် ရှုယီက ဖာဆန်ရထားလုံးလုပ်ငန်းစု၏ ဘန်တာမြို့ဌာနချုပ်သို့ သွားလိုက်သည်။
မျှော်လင့်ထားသလို ထိုအချိန်၌ ဖာဆန်ရထားလုံး လုပ်ငန်းစု၏ ဥက္ကဌပွန်ဖီးက ဌာနချုပ်ရှိ အထူးခန်းထဲ၌ ရှိနေကာ ရှားပါးလှသည့် အားလပ်ချိန်လေးကို ခံစားနေသည်။
ရှုယီ ရောက်နေသည်ကိုကြားသော် သူ့အား အထဲခေါ်လာရန် တစ်ယောက်ကို အမြန်စေလွှတ်လိုက်လေ၏။
"ဥက္ကဌရှု၊ ခင်ဗျား ရှားရှားပါးပါးလာလည်တော့ ဒါက ကျုပ်အတွက် ကျေနပ်အံ့ဩစရာပဲ။" ဥက္ကဌပွန်ဖီးက ရယ်ရင်း ဆိုလာသည်။ ထို့နောက် ရနံ့မြက်မှ ပြုလုပ်ထားသည့် အထူးခုံတစ်ခုံကို ရှုယီထံပြလာကာ တစ်လီတာလျှင် ရွှေဒင်္ဂါးသုံးဆယ့်ရှစ်ပြားတန်သည့် ပိုးစုန်းကြူး ပန်းဝတ်ရည် ဖြည့်ထားသော ဖန်ခွက်အစိမ်းတစ်ခွက်ကို ပေးလာ၏။
ရှုယီလည်း အခန်းကို ဝေ့ဝဲကြည့်ပြီးမှ ပိုးစုန်းကြူးပန်းဝတ်ရည်ခွက်ကို ကြည့်လာ၏။ သူဟာ ပြုံးလျက် မနေနိုင်ဘဲ ပြေလိုက်တော့သည်၊ "ဥက္ကဌပွန်ဖီးက ဇိမ်ကျတဲ့ဘဝမှာ နေတယ်လို့ တခြားလူတွေဆီကနေ ကြားပြီးသားဆိုပေမယ့် ဒီနေ့တွေ့လိုက်တော့မှ လူတွေရဲ့ ဖော်ပြချက်ရော ကျုပ်အထင်ရောက အတော်လိုနေသေးတာပဲ။"
ဥက္ကဌပွန်ဖီးက ရယ်ကာ လက်ယမ်းပြ၍ ပြောလေ၏၊ "ဥက္ကဌရှု၊ သာမန်လူတွေ ဒီလိုပြောလာရင်က အဆင်ပြေပေမယ့် ခင်ဗျားက လက်ရှိမှာ ဘန်တာမြို့ရဲ့ ဝင်ငွေအများဆုံးလုပ်ငန်းစု ဥက္ကဌလေ။ ဒီတော့ ခင်ဗျား ဒီလိုပြောတာက ကျုပ်မျက်နှာကို ဖြတ်ရိုက်လိုက်တာပဲ။ ခင်ဗျားသာ ဆန္ဒရှိရင် ဆယ်ဆလောက် ဇိမ်ကျတဲ့ဘဝမှာ ဘာဖိအားမှမရှိဘဲ နေနိုင်ပါတယ်။"
ရှုယီလည်း အသာပြုံးကာ သူနှင့်အတူ ဇိမ်ကျသည့်ကိစ္စကို ဆွေးနွေးဖို့ မရွေးချယ်လိုက်ချေ။ လတ်ဆတ်သည့် ပိုးစုန်းကြူးပန်းဝတ်ရည် တစ်ငုံသောက်ပြီးနောက် ဥက္ကဌပွန်ဖီးထံ ဖာဆန်ရထားလုံးလုပ်ငန်းစု လမ်းခင်းနေသည့် အခြေနေကို မေးမြန်းလိုက်သည်။
"ယေဘုယျပြောရရင်တော့ အတော်လေး ချောမွေ့ပါတယ်။ ပြဿနာ အသေးလေးတွေ နည်းနည်းတော့ရှိပေမယ့်လည်း ပြောပြနေဖို့တောင်မလိုပါဘူး။"
နှစ်ဦးသား သို့မဟုတ် ၎င်းတို့ လုပ်ငန်းစုနှစ်ခု၏ အကျိုးစီးပွားမျှဝေခြင်းကို ပြောနေချိန်တွင် ဥက္ကဌပွန်ဖီး၏အသံအနေထားက အတော်လေး ပျော့ပျောင်းလှသည်၊ "ဥက္ကဌခရုစ်ရဲ့ခန့်မှန်းချက်အရတော့ အဲ့လမ်းကို နောက်သုံးလအတွင်း အပြီးသတ်လိမ့်မယ်။ ရာသီဥတုအေးမလာခင် အပြီးသတ်နိုင်မှာပါ။ ခင်ဗျားကရော?"
"အတူတူလောက်ပါပဲ။" ရှုယီက ပြန်ဖြေ၏၊ "ကျုပ်တို့ လုပ်ငန်းစု နှစ်စု ခင်းနေတဲ့ လမ်းနှစ်လမ်းစလုံးက မိုးကျလမ်းထက်ပိုရှည်တော့ အချိန်ပိုကြာရင်တောင် ပုံမှန်ပါပဲ။ ဥက္ကဌခရုစ်ကလည်း သူတို့ လုပ်ငန်းစုမှာ လူအင်အားမလုံလောက်လို့ အင်အားအပြည့်နဲ့ အလုပ်မလုပ်နိုင်ဘူးလို့ ကျုပ်ကို စောဒကတက်လာတာကို မပြောနဲ့ဦး။"
ဥက္ကဌပွန်ဖီးက ကူရာမဲ့စွာ သက်ပြင်းချလျက်၊ "သူမပြောနဲ့ဦး၊ ကျုပ်တောင် ညည်းနေတာ။ တခြားမြို့တွေကနေ ကျုပ်တို့ဘန်တာမြို့ကို အလည်လာတဲ့လူရော လာနေတဲ့လူရော များနေတော့ ကျုပ်ရဲ့ ဖာဆန်ရထားလုံးလုပ်ငန်းစုအနေနဲ့ အရင်က ဖောက်သည်တွေရဲ့ နှစ်ဆလောက်တော့ရပါတယ်။ ကျုပ်လည်း အလုပ်သမားတွေမလောက်တော့မှာ စိုးရိမ်နေတာ။"
"ဖောက်သည်ပိုများတာက ခင်ဗျားတို့စီးပွားကောင်းတဲ့ အဓိပ္ပာယ်ပဲ၊ ဒါက ဝမ်းသာစရာမဟုတ်လို့များလား?" ရှုယီက အပြုံးဖြင့်ပြောသည်။
"ကျုပ် ဝမ်းသာပါတယ်၊ ဒါပေမယ့် ကျုပ်ရဲ့ စိုးရိမ်မူတွေက အမှန်ပဲ။ ပြောပါဦး၊ မြို့စားအရှင်ကို တခြားမြို့က လူတွေလာတဲ့အခါမှာ ဘုရင်ကြီးဆီ ခွင့်တောင်းလွှာတင်ခိုင်းဖို့ အကြံပေးလိုက်ရမလား?"
ရှုယီက ၎င်းကို ငြင်းဖို့ ခေါင်းခါလိုက်သည်၊ "ဘုရင်ကြီးဆိုရင်တောင် တိုင်းပြည်ရဲ့လူတွေကို ပြောင်းရွှေ့ဖို့သာမန်ကာလျှံကာလေး အမိန့်ပေးတာက သူ့အတွက် မကောင်းဘူး။ သူတို့တွေက တခြားမျိုးရိုးမြင့်တွေရဲ့ နယ်မြေကလူတွေဖြစ်နေတော့ ဘုရင်ကြီးမှာလည်း ဒီလိုလုပ်ဖို့ အာဏာမရှိဘူး။ လူအင်အားနည်းတဲ့ပြဿနာကို ခင်ဗျား ဖြေရှင်းချင်ရင် အကောင်းဆုံးနည်းလမ်းက ခင်ဗျားတို့ ကြော်ငြာတွေကို တိုးဖို့ပဲ။ တိုင်းပြည်ရဲ့လူတွေက ကျုပ်တို့ ဘန်တာမြို့မှာ အလုပ်သမားတွေ ပမာဏများများလိုအပ်နေပြီး ရမယ့်လစာတွေကလည်း မနည်းမှန်း သိလာကြတာနဲ့ ဘာကိုမှ တွန်းအားပေးဖို့မလိုဘဲ လူအတော်များများလည်း ဘန်တာမြို့ကို လာမယ်လို့ ထင်တယ်။"
ဥက္ကဌပွန်ဖီးလည်း စဉ်းစားကာ မနေနိုင်ဘဲ ခေါင်းငြှိမ့်၏၊ "အမ်း၊ ဒါက နည်းနည်းပိုကောင်းမယ်။ လူတိုင်းက သူတို့တွေ ငွေပိုရှာနိုင်ဖို့ မျှော်လင့်နေကြတော့ ဘန်တာမြို့မှာ ငွေဝင်မယ့် အခွင့်အလမ်းအတော်များများရှိတာကိုသာ သိသွားရင် ဒီကို အပြေးလာမယ့် လူအတော်များလိမ့်မယ်။" ၎င်းနောက် သူ၏ အမူအရာက ပို၍ ခါးသက်လာကာ၊ "ဒါပေမယ့် လူလာတာများလေ ကျုပ်တို့အတွက် ဖောက်သည်များလေပဲ။ ဘယ်လိုလုပ် အချိန်တိုအတွင်းမှာ သုံးလို့ရမယ့် လူတွေရှာနိုင်မှာလဲ?"
"ဒါက ခင်ဗျား ပြဿနာပဲ။" ရှုယီက ပခုံးတွန့်ကာ ခဏရပ်တန့်၍ ပြောလိုက်၏၊ "ဒါပေမယ့် ဥက္ကဌပွန်ဖီး ခင်ဗျားအနေနဲ့ ဒီအခြေအနေကို ခင်ဗျားကိုယ်ခင်ဗျား တိုးတက်စေဖို့ တွေးခဲ့ဖူးလား?"
ဥက္ကဌပွန်ဖီးလည်း ရှုယီကိုကြည့်၍ သံသယအပြည့်ဖြင့် ပြောလိုက်သည်၊ "ကျုပ်ကိုယ်ကျုပ် တိုးတက်ဖို့ ဘယ်လိုလုပ်လို့ရမလဲ?"
"ဥပမာ ပြောရရင်..... အခုဆို ခင်ဗျားတို့ လုပ်ငန်းစုရဲ့ မြင်းလှည်းတွေက ဘန်တာမြို့ကနေ အန်ဗီမာမြို့တော်ကို သွားဖို့ နှစ်ရက်ကြာတယ်ဆိုပေမယ့် ဒီခရီးကိုသာ တစ်ရက်အဖြစ် ချုံ့လိုက်နိုင်ရင် ခင်ဗျား ဘယ်လို ခံစားရမလဲ?"
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၀၆၀။ တာယာ
"နှစ်ရက်ကနေ တစ်ရက်အဖြစ်လား?" ဥက္ကဌပွန်ဖီးက အံ့ဩသွားကာ ခေါင်းခါလေသည်၊ "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? တစ်ရက်ခွဲလို့ပြောရင်တောင် ကျုပ်ရဲ့ လက်အောက်ငယ်သားတွေကို နည်းနည်းပိုကြိုးစားခိုင်းပြီး ပိုကောင်းတဲ့ မြင်းတစ်ချို့ ဝယ်ခိုင်းလိုက်ရင် ဖြစ်နိုင်ပါသေးတယ်။ ဒါပေမယ့် တစ်ရက်အဖြစ် ချုံ့လိုက်ဖို့ကတော့.... ဘန်တာမြို့နဲ့ အန်ဗီမာမြို့တော်တို့ကို ချိတ်ဆက်မယ့် အများပြည်သူသုံးလမ်းရှိလာမှပဲ။"
"လတ်တလောတော့ ဒါကို မစဉ်းစားနဲ့ဦး။" ရှုယီက ခေါင်းခါကာ၊ "ကျုပ်တို့ ခင်းနေတဲ့ လမ်းနှစ်လမ်းက ဘုရင်ကြီးအတွက်တော့ စမ်းသပ်မှုတစ်ခုပဲ။ ဒီလမ်းနှစ်လမ်း ပြီးလို့ ဘုရင်ကြီးသာ ရလာဒ်တွေကကောင်းတယ်လို့ ခံစားရရင် တိုင်းပြည်က အများပြည်သူသုံးလမ်းတွေ ခင်းရာမှာ စပြီးတော့ ရင်းနှီးမြှုပ်နှံလာလိမ့်မယ်။ ဘန်တာမြို့နဲ့ အန်ဗီမာ မြို့တော်ကို ချိတ်ဆက်မယ့်လမ်းအတွက် ကျုပ်တို့ ဘယ်လောက်ကြာကြာ စောင့်ရဦးမယ်ဆိုတာကို ဘယ်သူက သိမှာလဲ။"
ဥက္ကဌပွန်ဖီးက စိတ်ပျက်စွာ ခေါင်းငြိမ့်ကာ၊ "အမှန်ပဲ။ လမ်ပူရီတိုင်းပြည် အစိတ်အပိုင်းတိုင်းကိုသာ လမ်းတွေချိတ်ဆက်လိုက်ရင် ကျုပ်တို့ ရထားလုံးလုပ်ငန်းစုအတွက် စီးပွားရေးလုပ်ဖို့ အတော်လေး ပိုလွယ်လာလိမ့်မယ်။"
"ဒါက ကျုပ်ရဲ့ တစ်ယောက်ယောက်သက်ပြင်းချတာကို ကြားရတဲ့ ဒုတိယအကြိမ်ပဲ။" ရှုယီက အသာပြုံးကာ၊ "အေးဆေးပေါ့၊ ဒီလမ်းတွေရဲ့ အကျိုးအမြတ်တွေကို လူတွေပိုမြင်နေသရွေ့ လမ်ပူရီတိုင်းပြည်ရဲ့ လမ်းတွေအားလုံးကိုလည်း အများပြည်သူသုံးလမ်းတွေအဖြစ် ပြောင်းလဲလာနိုင်လိမ့်မယ်လို့ ယုံကြည်တယ်။"
"ကျုပ်လည်း ဒါကို ယုံပါတယ်၊ ဒါပေမယ့် ပြဿနာက ဘယ်လောက်ကြာမယ်ဆိုတာပဲ? အခု ကျုပ်က အဲ့လောက်ကြာကြာ မစောင့်နိုင်ဘူး။" ဥက္ကဌပွန်ဖီးက သက်ပြင်းတစ်ခါထပ်ချကာ ရှုယီကို ကြည့်လေသည်၊ "ဥက္ကဌရှု၊ လမ်းတွေကို ပြောင်းလဲဖို့ မဟုတ်ဘဲ ကျုပ်တို့ ကိုယ်ကို ကျုပ်တို့ ပြောင်းလဲသင့်တယ်လို့ ခင်ဗျားပြောခဲ့တယ်မဟုတ်လား
"ဟုတ်ပါတယ်၊ ကျုပ်က ပိုပြီး လက်တွေ့ကျတဲ့ တစ်ခုကိုပြောနေတာ။ ဒါက ခင်ဗျားတို့ လုပ်ငန်းစု လက်ရှိသုံးနေတဲ့ မြင်းလှည်းတွေပဲ။" ရှုယီက ပြောလေသည်။
"မြင်းလှည်း?" ဥက္ကဌပွန်ဖီးလည်း စဉ်းစားပြီးနောက် မျက်မှောင်ကုပ်လိုက်သည်၊ "ကျုပ်တို့ မြင်းလှည်းတွေကို ဘယ်လိုအဆင့်မြှင့်ရမှာလဲ? မြင်းကောင်းကောင်းရတာကလွဲရင် လုပ်နိုင်တာရှိသေးလို့လား? ပြဿနာက မြင်းကောင်းတွေက ကုန်ကျစရိတ်ပိုများပြီး ဈေးကြီးတဲ့အစာတွေကို ပိုစားလို့ ကျုပ်လည်း ဒါကို မထောက်ပံ့နိုင်ဘူး။"
"ကောင်းပြီလေ မြင်းကိုတော့ တစ်ခုခုနဲ့ အစားထိုးလို့ရမှာပါ၊ ဒါကိုတော့ အခုလုပ်လို့မရသေးဘူး။ ဒီတစ်ခေါက် ကျုပ် ခင်ဗျားဆီလာတာက မြင်းလှည်းအကြောင်း အဓိက ပြောဖို့ပဲ။"
"မြင်းလှည်း?" ဥက္ကဌပွန်ဖီးက ပိုလို့ပင် ရှုပ်ထွေးသွားကာ၊ "မြင်းလှည်းရဲ့ ဘယ်အပိုင်းကိုလဲ?"
"အပိုင်းတစ်ခုတော့ရှိတာပေါ့။" ရှုယီက ယုံကြည်ချက်ရှိရှိ ခေါင်းငြှိမ့်သည်၊ "ကျုပ် ခုနက ဆာရန့်ခ်ကုန်သည်ကြီးများအသင်းရဲ့ မြင်းလှည်းတန်းကိုကြည့်တော့ သူတို့ အဖွဲ့ထဲက မြင်းလှည်းတွေအားလုံးကိုသစ်သားနဲ့လုပ်ထားကြောင်း သတိထားမိသွားတယ်။"
"ဒါပေါ့ ကျုပ်တို့လှည်းတွေက လူလုပ်ဘီးတပ်ယာဉ်တွေမို့ လူဖြစ်စေ ကုန်စည်ဖြစ်စေ ပို့ဆောင်ယာဉ်အားလုံးကို သစ်သားနဲ့ဆောက်ထားတာပဲ။ ပြဿနာရှိလို့လား?"
"ခင်ဗျားအနေနဲ့.... သစ်သားကနေ လုပ်ထားတဲ့ မြင်းလှည်းတွေက မခံနိုင်ဘဲ လွယ်လွယ်လေး ကျိုးပျက်လွယ်တယ် မထင်ဘူးလား?" ရှုယီက မေးသည်။
"ဒါပေါ့ ဒါကိုတော့ သေချာသိပေမယ့် သတ္တုနဲ့တော့ မလုပ်နိုင်ဘူးမဟုတ်လား? အရင်က မြင်းလှည်းတစ်သီးကို သတ္တုနဲ့လုပ်ဖို့ ကြိုးစားခဲ့ဖူးတယ်၊ ဒါပေမယ့် ပြဿနာက သတ္တုက မြင်းနှစ်ကောင်နဲ့တောင် မဆွဲနိုင်လောက်တဲ့အထိ လေးလံတာတင်မကဘဲ ကုန်ကျစရိတ်ကလည်း အတော်များတယ်။ အရင်တစ်ခေါက်က လူလေးယောက်စာ မြင်းလှည်းတစ်စီး ကြိုးစားလုပ်ကြည့်တာ ရွှေဒင်္ဂါးနှစ်ရာတောင် ကျတယ်! ကျုပ်က ဒီလိုဈေးနှုန်းမျိုးကို တတ်နိုင်မယ်လို့ ခင်ဗျားထင်လား? ကျုပ်တို့ရဲ့ မြင်းလှည်းတွေအားလုံးကို သစ်သားနဲ့လုပ်ထားပြီးတော့ ဆောက်လုပ်ဖို့ ရွှေဒင်္ဂါးနှစ်ဆယ်တောင်မကုန်ဘူးဆိုတာ ခင်ဗျားသိထားရမယ်။"
ရှုယီက မပြုံးဘဲ မနေနိုင်လိုက်ချေ။ သံနှင့် ပြုလုပ်ထားသည့် မြင်းလှည်းတစ်စီး? ထို ဥက္ကဌပွန်ဖီးက တကယ်လည်း တွေးနိုင်ပါပေသည်။
"ကျုပ်က သံနဲ့ချည်းပဲ ဆောက်လုပ်ဖို့ ပြောတာမဟုတ်ဘူးလေ၊ ဒီလိုကတော့ အလုပ်မဖြစ်ဘူးပေါ့။ ကျုပ်ရဲ့ဆိုလိုရင်းက မြင်းလှည်းတစ်စီးအတွက် ချို့ယွင်းဖို့နဲ့ ပျက်စီးဖို့အလွယ်ဆုံးက မြင်းလှည်းကြီးတစ်ခုလုံးမဟုတ်ပေမယ့် ဘီးတွေနဲ့ ဝင်ရိုးတွေပဲ မဟုတ်လား?"
"ဟုတ်တယ်၊ တကယ်ကို ဒီလိုပါပဲ။" ဥက္ကဌပွန်ဖီးက ခေါင်းငြှိမ့်သည်၊ "ဒါပေမယ့် ကျုပ် ဒါကိုလည်း ကြိုးစားကြည့်ပြီးပြီ၊ ဘီးတွေနဲ့ ဝင်ရိုးတွေကို သံနဲ့လုပ်တာလေ။ ဒါကလည်း အတော်လေးလံနေပြီး သစ်သားထက် ပုံပျက်ဖို့ ပိုလွယ်တယ်။ သစ်သားတာယာထက် အဆပေါင်းများစွာ ပိုကုန်ကျမယ့်အချက်ကိုပါ ပေါင်းကြည့်ပြီး နောက်ဆုံးကျတော့ ကျုပ်လည်း လက်လျှော့ခဲ့တယ်။
"အဆပေါင်းများစွာ ကုန်ကျမယ်?" ရှုယီက အနည်းငယ်အံ့ဩသွားကာ၊ "မဟုတ်သေးပါဘူး၊ ကျုပ်မြင်ရသလောက်ဆို သံက ပိုပြီး ဈေးပေါမှာပေါ့။ ဘီးနဲ့ဝင်ရိုးတွေကို သစ်သားနဲ့ လုပ်တာကမှ ပိုဈေးကြီးလောက်မှာ မဟုတ်ဘူးလား?"
"ဥက္ကဌရှု၊ ခင်ဗျား နားမလည်ပါဘူး။ သံက သစ်သားထက် ဒီတိုင်းဆို ဈေးပိုပေါပေမယ့်လည်း တူညီနဲ့ ဘီးနဲ့ ဝင်ရိုးကို တည်ဆောက်ဖို့က လက်သမားထက် ပန်းပဲဆရာတစ်ယောက်ကို ပေးရတာ ပိုများတယ်လေ။ တွက်ကြည့်ရင် သံနဲ့ ဘီးလုပ်တာက ပိုပြီး ဈေးကြီးတယ်။" ဥက္ကဌပွန်ဖီးက ကူရာမဲ့စွာ ပြောလေသည်။
"ဖြောင်း——"
ရှုယီက ရုတ်တရတ် လင်ခုပ်တီးက အပြုံးဖြင့် ဆိုလာ၏၊ "ဒါပဲလေ!"
ဥက္ကဌပွန်ဖီးမှာ ရှုယီကို တအံ့တဩကြည့်၍၊ "ဘာအဓိပ္ပာယ်လဲ"
ရှုယီက ရယ်ကာ၊ "ဥက္ကဌပွန်ဖီး, ကျုပ်သာ ဘီးနဲ့ ဝင်ရိုးတွေကို သစ်သားနဲ့ထက် သံနဲ့ကိုမှ ဈေးပိုနည်းအောင် ခင်ဗျားကို ရောင်းနိုင်တယ်လို့ပြောရင် ခင်ဗျား စိတ်ဝင်စားမှာလား?"
"ခင်ဗျား နောက်နေတာလား?" ဥက္ကဌပွန်ဖီးက နှုတ်ခမ်း တွန့်လိုက်ကာ၊ "သံက ဘယ်လိုဈေးပေါနိုင်မှာ....." သူဟာ ရုတ်တရတ် အပြောကိုရပ်၍ ရှုယီကု မျက်လုံးများဝိုင်းစက်ကာ ကြည့်လိုက်သည်၊ "ဟုတ်သားပဲ၊ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက ဒါလုပ်တာပဲ မဟုတ်လား! ကျုပ်က တကယ်ကို တုံးအတာပဲ၊ ဒီလိုအရာကို မေ့နေရတယ်လို့! ဥက္ကဌရှု၊ ခင်ဗျား တကယ်ပဲ သံနဲ့ လုပ်ထားတဲ့ ပိုဈေးပေါမယ့် ဘီးနဲ့ ဝင်ရိုးတွေကို ထောက်ပံ့နိုင်တာလား?"
"ဒါပေါ့၊ ကျုပ်အနေနဲ့ ပိုကောင်းတဲ့ တာယာလို့ခေါ်တာတစ်ခုကိုတောင် ပေါင်းထည့်ပေးနိုင်တယ်။" ရှုယီက အပြုံးဖြင့်ပြန်ဖြေသည်။
ဖာဆန်ရထားလုံးလုပ်ငန်းစုမှ ထွက်ခွာလာချိန်၌ ညရောက်ကာနီးဖြစ်ရာ ရှုယီ အိမ်ရောက်သည်တွင် ညချမ်း၏ခန်းဆီးက ကျသွားတော့သည်။
တံခါးအတွင်းဘက်သို့ လျှောက်သွားချိန်တွင် သူ့ရှေ့၌ ပုံရိပ်တစ်ခု ပေါ်လာကာ အက်ဂ်နက်စ် ရုတ်တရတ် ထွက်လာ၏။
"ဥက္ကဌ၊ ရှင်ပြန်ရောက်ပြီပေါ့!" အက်ဂ်နက်စ်က စိတ်လှုပ်တရှားပြောလာသည်။ ထို့နောက် ရှုယီလက်ကို ဆုပ်ကိုင်ကာ တံခါးမှ တစ်ဆင့် ဆွဲခေါ်သွား၏။
ရှုယီလည်း အနည်းငယ်အံ့ဩသွားကာ၊ “အက်ဂ်နက်စ်, ခင်ဗျားကို ကြည့်ရတာ ဒီနေ့ အတော်ပျော်နေပုံပဲ။"
"ဘာလို့လဲဆိုတော့ ဒီည အက်ဂ်နက်စ်က ညစာလုပ်ထားတာကြောင့်လေ။" စတေးလ်၏အသံက အခန်းတွင်းမှ ထွက်လာသည်။
အက်ဂ်နက်စ်က ရှုယီကို လက်ဆွဲလျက် ခေါ်လာသည်ကို မြင်သော် စတေးလ်၏ မျက်နှာထားက အသာပြောင်းသွား၏။ သူမက ထရပ်ကာ အမူအရာက မပြောင်းမလဲနှင့် ရှုယီလက်ကို အက်ဂ်နက်စ်ထံမှ ဆွဲလု၍ အပြုံးဖြင့်ပြောလေသည်၊ "ရှင်သွားတာ အတော်ကြာပြီဆိုတော့ ဟင်းပွဲတွေက အေးစက်လုနီးနီးပဲ။"
ရှုယီက နံဘေးရှိ ဗီဗီယန်ကိုကြည့်ပြီးနောက် စတေးလ်ကိုကြည့်ကာ၊ "မင်းပြောတော့ မင်းတို့နှစ်ယောက် ဒီညလုပ်မယ်ဆို၊ ဘာလို့ အက်ဂ်နက်စ်ဖြစ်သွားတာလဲ?"
စတေးလ်က ပခုံးတစ်ချက်တွ့န်ကာ၊ "ရှင် အက်ဂ်နက်စ်ကို မေးသင့်တယ်။ သူမက ကျွန်မနဲ့ ဗီဗီယန်တို့ ညစာပြင်နေတာလည်း မြင်ရော ဘာဖြစ်သွားမှန်း ကျွန်မ,မသိပေမယ့်၊ သူမက ရုတ်တရတ်ကြီး ညစာလုပ်မယ်လို့ ပြောလာတယ်လေ။ သူမက ကျွန်မတို့ဘာပြောပြော နားထောင်မှာလည်း မဟုတ်ဘူး။"
ရှုယီက အက်ဂ်နက်စ်ကို တအံ့တဩကြည့်ကာ၊ "အက်ဂ်နက်စ်, ဒီနေ့ ခင်ဗျားကို ပျော်ရွှင်စေမယ့် တစ်ခုခုနဲ့တွေ့ခဲ့လို့လား?"
အက်ဂ်နက်စ်က ခေါင်းခါကာ၊ "ဟင့်အင်း။ စတေးလ်နဲ့ ဗီဗီယန်တို့ ညစာပြင်နေတာလည်း မြင်ရော ကျွန်မ ဒီမှာနေတာကြာပြီဆိုပေမယ့် ဗီဗီယန်လုပ်ပေးခဲ့တာတွေကိုပဲ စားနေခဲ့တာကို ရုတ်တရတ် သတိရသွားတယ်။ ဥက္ကဌ အရင်တစ်ခေါက်က ကျွန်မကို ပြောတဲ့ လူသားတွေက ကိုယ်ပိုင်အလေးချိန်ကို သယ်ပိုးတယ်ဆိုတဲ့အကြောင်းကြောင့် ကျွန်မအနေနဲ့ ညစာလုပ်ရင်း ရှင့်ကျေးဇူးတွေကို ပြန်ဆပ်ဖို့ လုပ်သင့်တယ်လို့ထင်လိုက်တာ။ ကျွန်မမှန်ရဲ့လား၊ ဥက္ကဌ?"
ရှုယီက မပြုံးဘဲ မနေနိုင်တော့ချေ၊ "ဒါက လုံးဝကြီးတော့ မမှန်ပေမယ့်လည်း မှားတော့ မမှားဘူး။ အရမ်းကောင်းတယ် အက်ဂ်နက်စ်, ခင်ဗျားက ကျုပ်တို့ လူသားတွေဆီမှာရှိတဲ့ အလေ့အထတွေကို ပိုပိုပြီး သိလာတာပဲ။ ခင်ဗျား မကြာခင် အကြီးအကဲ အီလူရှာဆန္ဒရှိသလိုဖြစ်လာပြီး လူ့အသိုင်းအဝိုင်းမှာ နေနိုင်မယ်လို့ ကျုပ်ယုံတယ်။"
အက်ဂ်နက်စ်က အနည်းငယ် စိတ်အေးသွားဟန်ဖြင့် ပြောလာသည်၊ "ဒါပေမယ့် ကျွန်မ အပြင်သွားတိုင်း ကျွန်မကို လက်ညှိုးထိုးပြီး အနားမှာဝိုင်းနေကြတဲ့ လူအတော်များများရှိတယ်။"
"တခြားနည်းလမ်းမရှိဘူး၊ သူတို့ ခင်ဗျားကို ကျင့်သားရအောင်လုပ်ဖို့။" ရှုယီက ပြုံးရင်း အက်ဂ်နက်စ်ကို ပခုံးပုတ်ပေးလိုက်သည်၊ "အေးဆေးပေါ့ လူသားတွေက အသစ်အဆန်းတွေကို အတော်မြန်မြန် ကျင့်သားရတတ်ပါတယ်။ အားလုံးက ခင်ဗျားတို့နတ်သူငယ်တွေရဲ့ ဖြစ်တည်မှုကို ကျင့်သားရလာဖို့ အချိန်သိပ်မကြာလောက်တော့ဘူးလို့ ကျုပ်ယုံတယ်။ ကြည့်လေ၊ အခု ခင်ဗျားတို့ မျိုးနွယ်ဝင် တစ်ရာလောက် ရောက်လာပြီး မြို့ထဲမှာ သူတို့ကိုယ်ကို ပိုထုတ်ပြလာကြတော့ လူတိုင်းကလည်း တဖြည်းဖြည်းနဲ့ ဒီအခြေနေကို ကျင့်သားရလာရင် ခင်ဗျားကို လက်ညှိုးထိုးပြတာတွေ ဝိုင်းအုံတာတွေ ထပ်မရှိလောက်တော့ပါဘူး။"
အက်ဂ်နက်စ်လည်း အနည်းငယ်စဉ်းစားကာ ခေါင်းငြှိမ့်လေသည်၊ "ကျွန်မလည်း မျှော်လင့်မိပါတယ်။ ဟုတ်သားပဲ ဥက္ကဌ၊ ရှင်ပြန်လာပြီဆိုတော့ ညစာ မြန်မြန်စားကြတာပေါ့။ လူသားတွေစားလေ့ရှိတာကို ကျွန်မ မသိပေမယ့် စတေးလ်နဲ့ ဗီဗီယန်တို့ နှစ်ယောက်စလုံးပြောတာတော့ ဟင်းပွဲတွေက အေးသွားရင်မကောင်းဘူးဆိုလို့ မအေးသွားခင် စားကြတာပေါ့။"
အက်ဂ်နက်စ်က လူသားတွေ၏ စားသောက်ပုံကို နားမလည်ကြောင်းပြောလာသည်ကိုကြားသော် ရှုယီမှာ နှလုံးခုန်သံတစ်ချက်ချော်သွားသည်။
ယခင်တစ်ခေါက် သူ ညတေးသံမျိုးနွယ်စုဆီသွားစဉ်က အကြီးအကဲအီလူရှာက အသီးတချို့နှင့် ရေကိုသာ ပေးခဲ့သည်။ ထိုသည်က ရှုယီအား နတ်သူငယ်တို့၏ စားသောက်ပုံကို စောဒကတက်မိစေသည်။
ယခုတွင် အက်ဂ်နက်စ်က ထိုအချက်အား အထူးတလည်ပြောလာရာ သူမ ပြုလုပ်ခဲ့သည့် ဟင်းပွဲများအသွင်က မည်သို့ရှိမည်နည်း?
အက်ဂ်နက်စ်က စားပွဲပေါ်ရှိ အုပ်ဆောင်းကို ဖယ်လိုက်သည်ကို မြင်သော် ရှုယီလည်း အသက်ပြင်းပြင်းရှူကာ စိတ်ဒုံးဒုံးချလျက် တစ်ချက် ကြည့်လိုက်၏။
သူမြင်ချိန်တွင် ရှုယီမှာ ငိုချလုနီးပါးဖြစ်သွားသည်။
ပန်းကန်သုံးလုံးရှိ အရာများနှင့် စွပ်ပြုတ်ပန်းကန်လုံးမှာ လုံးဝမည်းနက်နေရာ ၎င်းတို့ မည်သည်မှန်းပင် ရှုယီ မပြောနိုင်တော့ချေ။
တစ်ယောက်ယောက်ကသာ ၎င်းအား သာမန်တစ်နပ်စာအဖြစ်သတ်မှတ်စေချင်ပါလျှင် လုပ်ကိုင်ရကြပ်သွားလိမ့်မည်။
အက်ဂ်နက်စ်၏ မျက်နှာထက်ရှိ တောက်တောက်ပပအပြုံးကိုမြင်သော် ရှုယီက စတေးလ်နှင့် ဗီဗီယန်တို့ကို မေးလိုက်၏၊ "ဟေး၊ ဒီဟင်းပွဲတွေကို အက်ဂ်နက်စ်တစ်ယောက်တည်းလုပ်ထားတာလား? မင်းတို့က သူမကို လုံးဝမကူညီဘဲ ဘေးမှာ ဒီတိုင်း ရပ်နေတာလား?"
"လူတွေကို ကူညီခိုင်းတာက သူမရဲ့ စိတ်ရင်းကိုပြရာမကျဘူးလို့ အက်ဂ်နက်စ်က ပြောပြီး ကျွန်မတို့ နှစ်ယောက်စလုံးကို နှင်ထုတ်လိုက်တာပဲ။" စတေးလ်က သာမန်ကာလျှံကာဖြင့် ပြန်ဖြေ၍ ရှုယီကို လျှို့ဝှက်စွာပြုံး၍ ကြည့်နေလေသည်၊ "အချစ်ရေ၊ အက်ဂ်နက်စ်က ပြောတယ်၊ သူမ လူသားလောကကိုလာတည်းက ရှင်က သူမကို အကူညီခဲ့ဆုံးမို့ ဒီတစ်နပ်စာလုပ်ပေးပြီး ရှင့်ကိုကျေးဇူးတင်ချင်တာပါတဲ့။ ဒီတော့..... ရှင့်အနေနဲ့ အက်ဂ်နက်စ်ရဲ့ ရည်ရွယ်ချက်ကောင်းတွေကို ပစ်ပယ်လိုက်လို့မဖြစ်ဘူး။"
"ဟုတ်တယ်၊ ဥက္ကဌ၊ ကျွန်မရဲ့သဘောထားကိုပြဖို့ တစ်နပ်စာလုံးကို ကိုယ့်ဘာသာကိုယ် လုပ်ခဲ့တာပါ။ ရှင် အရသာခံကြည့်ရင်ရော?"
အက်ဂ်နက်စ်က ရှုယီကို မျှော်လင့်တကြီးကြည့်နေသည်။
အက်ဂ်နက်စ်မျက်နှာထက်ရှိ ပျော်ရွှင်ဟန်၊ စတေးလ်၏မျက်နှာရှိ လျှို့ဝှက်ပြုံးနှင့် ဗီဗီယန်၏ စိုးရိမ်နေပုံကိုမြင်သော် ရှုယီက စိတ်ထဲ၌သာ သက်ပြင်းချလိုက်သည်။ သူက တောက်ပစွာပြုံးပြရင်း အက်ဂ်နက်စ်ကို ပြောလေသည်၊ "ကောင်းပြီ၊ မြည်းကြည့်ရတာပေါ့။"
သူက ထိုသို့ပြောပြီးနောက် အံကြိတ်ရင်း အက်ဂ်နက်စ်က သူ၏ ပါးစပ်ထဲထည့်ပေးလာသည့် တစ်လုပ်စာကို ယူလိုက်သည်။
တမုဟုတ်ချင်းပင် ထူးဆန်းသည့် အရသာပေါင်းစုံက သူ့ပါးစပ်ထဲ၌ ပေါက်ထွက်သွား၏။ ရှုယီမှာ အံ့ဖွယ်လောကထဲ ကျရောက်ကာ ဘေးပတ်လည်၌ အရောင်စုံသွားသည့်နှယ်ခံစားလိုက်ရ၏။
ထိုအခိုက်၌ အက်ဂ်နက်စ်၏ အသံက နားထဲ၌ မြည်တမ်းလာသည်။
"ဥက္ကဌ၊ အရသာ ကောင်းလား?"
ခဏကြာသည့်နောက် ရှုယီမှာ တဖြည်းဖြည်းနှင့် ဝါကျနှစ်လုံးကို ခက်ခက်ခဲခဲ ပြောလာသည်၊ "အရသာ....ကောင်းပါတယ်...."