အခန်း (၈၁-၉၀)
Vol. 2 Ch. 81-90
Vol 2, အခန်း ၀၈၁။ ရှုယီ၏ အလုပ်
ရှုယီက ခမ်နက်ဒ်အား ပထမဆုံး သူ၏အလုပ်သို့ခေါ်သွားလိုက်သည်။ ၎င်းမှာ မှော်အစီအရင်သုတေသနလုပ်ခြင်းအား စစ်ဆေးရန်မဟုတ်သလို မှော်စက်အလုပ်ရုံသို့သွားခြင်းလည်း မဟုတ်ပေ၊ ထိုအစား မြို့အပြင်ဘက်ရှိ လယ်ကွင်းကြီးတစ်ခုဆီသို့ ခေါ်ဆောင်သွားခြင်းသာ။
ယခုမှာ ဆောင်းဦးကောက်ရိတ်သိမ်းရာသီဖြစ်ရာ ယခင်နှစ်ကကဲ့သို့ ဆောင်းဦးကောက်ရိတ်သိမ်းပွဲကို စတင်နေသည်က ဘန်တာမြို့လည်း ချွင်းချက်မဟုတ်ချေ။
သို့သော် ယခင်နှစ်ကကဲ့သို့ လယ်ကွင်းရှိရာဆီ လူတိုင်းထွက်လာဖို့မလိုတော့ပေ။ အကြောင်းမှာ Frestech ကုန်သည်ကြီးများအသင်း၏ စိုက်ပျိုးရေးသုံးမှော်စက်များက ရေပန်းစားလာပြီး လယ်သမားထောက်ပံရေးအစီစဉ်ကြောင့် သာမန်လယ်သမားများစွာထံ၌ စိုက်ပျိုးရေးသုံးမှော်စက်များရှိနေပြီဖြစ်သည်။ ထို့ကြောင့် ဆောင်းဦးကောက်ရိတ်သိမ်းပွဲ၌ အပြီးသတ်ရန် စိုက်ပျိုးရေးမှော်စက်များသာ အဓိကကျန်ရှိခဲ့ကြပြီး လူအင်အားလည်း ထိုမျှလိုအပ်မနေတော့ချေ။ ၎င်းက မြို့တော်ပြုပြင်ပြောင်းလဲရေးစီမံကိန်းကို မနှောင့်နှေးစေရာ လုပ်ဆောင်နိုင်စွမ်းက ယခင်ထက် ပိုမိုမြင့်မားလာပြီဖြစ်သည်။
ရှုယီက ခမ်နက်ဒ်အား မြို့တော်မြောက်ဘက်ရှိ ဘာရွန်တစ်ဦး၏နယ်မြေဆီခေါ်သွားလိုက်သည်။ နှစ်ဦးသားရောက်ရှိချိန်၌ အသေးစားမှော်ကောက်ရိတ်စက်အမြောက်အများက ၎င်းနယ်မြေရှိ လယ်ယာတစ်လျှောက် အလျင်အမြန်လှုပ်ရှားနေကြသည်။
မျက်တောင်တစ်ခတ်စာလေးအတွင်း၌ပင် လယ်ကွင်းထဲရှိ ပြည့်သိပ်နေသော ဂျုံပင်အသုတ်လိုက်ကြီးအား ရိတ်သိမ်းလိုက်နိုင်ပြီး နံဘေး၌လည်း ဂျုံအိတ်များစွာကို ထုတ်ပိုးထားပြီးဖြစ်သည်။
"ဟေး ဘာရွန်နာ့ဇ်, ကြည့်ရတာ ခင်ဗျားတော့ ဒီနေ့နဲ့တင် အပြီးရိတ်သိမ်းနိုင်လောက်မယ်ထင်တယ်?" ရှုယီက ထိုလယ်မြေ၏နံဘေးရှိ အသက်လေးဆယ်အရွယ်လောက်ရှိသည့်လူတစ်ဦးထံသွားကာ နှုတ်ဆက်လိုက်သည်။
ဘာရွန်နာ့ဇ်က ရှုယီထံလှည့်ကြည့်လာပြီး မျက်နှာထက်ရှိအပြုံးကလည်း ပိုမိုတောက်ပလာသည်။ ထို့နောက် ခေါင်းငြိမ့်ကာ ဆို၏၊ "အမှန်ပဲ၊ ကြည့်ရတာ ဒီနေ့မှာ အပြီးရိတ်သိမ်းဖို့တောင် ပြဿနာမရှိလောက်ဘူး။ ကံကောင်းလို့သာ ကျုပ်တို့ဆီမှာ ဥက္ကဌရှုရဲ့လုပ်ငန်းစုက စိုက်ပျိုးရေးသုံးမှော်စက်ရှိနေတာ။ မဟုတ်ရင် လူပေါင်းရာနဲ့ချီလောက် ကျုပ်ဆီမှာရှိနေရင်တောင် မပြီးနိုင်ဘူး။"
ရှုယီလည်း အသာပြုံးကာ ဘာရွန်နာ့ဇ်၏ ချီးကျူးမှုကို မည်သည့်ယဉ်ကျေးမှုမှ ပြသမနေဘဲ လက်ခံလိုက်သည်။ ထို့နောက် လယ်ကွင်းတစ်လျှောက် ရွေ့လျားနေသည့် မှော်ကောက်ရိတ်စက်များကိုကြည့်ကာ မေးလေ၏၊ "ဒီစက်တွေနဲ့ ပတ်သက်တဲ့ ပြဿနာတွေများရှိလား?"
"ဘာပြဿနာမှမရှိဘူး။" ဘာရွန်နာ့ဇ်က ခေါင်းခါလျက်၊ "ပြီးတော့လည်း ပြဿနာနည်းနည်းလောက်ရှိနေရင်တောင် ဒီမှာက ဥက္ကဌကန်တိုနာနဲ့ သူ့အကူတွေရှိတော့ သူတို့ဘာသာဖြေရှင်းနိုင်ပါတယ်။" ခဏမျှရပ်တန့်ပြီးနောက် ဘာရွန်နာ့ဇ်က အံ့ဩစွာမေးလာခဲ့သည်၊ "ဥက္ကဌရှု၊ ဘာလို့ ဒီကို ရုတ်တရတ်ကြီးရောက်လာခဲ့ရတာလဲ? ပြီးတော့ဒီနှစ်ယောက်က....."
ဘာရွန်နာ့ဇ်၏မျက်လုံးများက လယ်ကွင်းများကိုကြည့်နေသည့် ခမ်နက်ဒ်နှင့် ဆိုဖီယာတို့ထက် ရောက်လာရာ ရှုယီလည်း ရှင်းပြီလိုက်သည်၊ "ဒီနှစ်ယောက်က ဘာရွန်ဟားနက်စ်ရဲ့မိတ်ဆွေတွေလေ၊ သူတို့တွေ အန်ဗီမာမြို့တော်ကနေ အတူတူ ကစားဖို့ရောက်လာကြတာ။ ကျုပ် ဒီတစ်ခေါက်လာတာကလည်း ဥက္ကဌကန်တိုနာနဲ့ ဆွေးနွေးစရာရှိနေလို့ပါ။"
"ရိတ်သိမ်းတဲ့နေရာမှာကူညီဖို့ တခြားမြို့တွေဆီ လူတွေခေါ်သွားတာက သူနဲ့ဆိုင်နေတာလား?"
"အမ်း၊ သူက ဒီစိုက်ပျိုးရေးသုံး မှော်စက်တွေအားလုံးကို မြို့တော်ကနေ ယူသွားတော့ ကျုပ်သူ့ကိုသတိပေးရမယ့် အာရုံစိုက်စရာလေးတွေများတယ်လေ။"
ဘာရွန်နာ့ဇ်က မနေနိုင်ဘဲ ပြောလာသည်၊ "သူနဲ့ ဒီအကြောင်းဆွေးနွေးဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်လို့ရပါတယ်၊ ခင်ဗျား ကိုယ်တိုင်လာဖို့မလိုပါဘူး။"
"မှတ်ထားစရာ ကိစ္စတွေအတော်များတော့ အားလုံးကို မရှင်းပြနိုင်လောက်ဘူးလေ။" ရှုယီက ခေါင်းခါသည်။
"ခင်ဗျားဒီကိုလာဖို့မလိုပါဘူး။ သူ့ကိုဆက်သွယ်ပြီး ခင်ဗျားဆီ လာရှာခိုင်းလို့ရတာပဲ။ ခင်ဗျားက Frestech ကုန်သည်ကြီးများအသင်းရဲ့ဥက္ကဌလေ ဒီလိုကိစ္စလေးကို ကိုယ်တိုင်ကိုင်တွယ်ဖို့မလိုပါဘူး။" ဘာရွန်နာ့ဇ်က ရှုယီ၏အပြုအမူကို လက်ခံမည့်ပုံမရချေ။
ရှုယီလည်း ပခုံးတွန့်ကာ အသာပြုံး၍ ပြောလိုက်၏၊ "ဖောက်သည်တွေက ဘုရားသခင်တွေပဲလေ။ ဥက္ကဌကန်တိုနာက ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းဆီကနေ ထုတ်ကုန်တွေဝယ်ယူထားမှတော့ ကျုပ်တို့လုပ်ငန်းစာကလည်း ဝန်ဆောင်မှုထောက်ပံ့ပေးရမှာပေါ့။ ဒါက ကျုပ်လိုဥက္ကဌအတွက်တောင် ချွင်းချက်မဟုတ်ပါဘူး။"
"ဟုတ်ပါပြီ၊ ဥက္ကဌရှု ကျုပ်လည်း ခင်ဗျားတို့လုပ်ငန်းစုဆီကနေ ထုတ်ကုန်အတော်များများဝယ်ထားတယ်ဆိုတော့ ကျုပ်လည်း ဖောက်သည်ပဲလေ၊ ဒီတော့ ကျုပ်လည်း ဘုရားသခင်ပဲလား? ဒီလိုဆို ဝန်ဆောင်မှုလိုတိုင်း ခင်ဗျားကို ကျုပ်အိမ်ဆီ ဘယ်အချိန်မဆို ခေါ်သွားလို့ရမလား?" ဘာရွန်နာ့ဇ်က အပြုံးဖြင့်ပြော၏။
ရှုယီမှာ ဘာရွန်နာ့ဇ်က ဟာသလုပ်နေမှန်းသိလေရာ အသာပြုံးလျက်ဖြင့် ပြန်ဖြေလိုက်သည်၊ "ဒါကတော့ တကယ်နှမျောစရာပဲ ဘာရွန်နာ့ဇ်, ကျုပ်တို့လုပ်ငန်းစုမှာ အရောင်းအ၀ယ်ဝန်ဆောင်မှုကို စကေးပေါ်မူတည်ပြီး ပိုင်းခြားထားတယ်။ ကျုပ်လိုဥက္ကဌကိုယ်တိုင်ကိုယ်ကျ ထွက်လာဖို့ လိုအပ်တာက ကိစ္စနည်းနည်းလောက်ပဲရှိတော့ ခင်ဗျား အဲဒီ့အခွင့်အရေး မရရှိမှာကို စိုးမိပါတယ်။"
ဘာရွန်နာ့ဇ်က ရယ်လျက် ရှေ့ရှိ လယ်ကွင်းတစ်ခုထံညွှန်ပြ၍ ပြောလာလေသည်၊ "ကောင်းပါပြီဗျာ၊ ဥက္ကဌကန်တိုနာကို သွားရှာလိုက်ပါ။ သူ အဲဒီ့မှာရှိတယ်။"
ရှုယီလည်း ခေါင်းငြိမ့်ပြီး ခမ်နက်ဒ်ထံလှည့် မေးလိုက်၏၊ "ကျုပ်နဲ့ ဥက္ကဌကန်တိုနာတို့ရဲ့ စကားဝိုင်းကိုရော နားထောင်ချင်လား?"
ခမ်နက်ဒ်က ခေါင်းခါကာ၊ "ခင်ဗျားတို့ဆွေးနွေးမယ့်ကိစ္စမှာ ခင်ဗျားတို့လုပ်ငန်းစုရဲ့ လျှို့ဝှက်ချက်ပါမှာဆိုတော့ ကျုပ် မလိုက်တော့ပါဘူး။"
"ဘာလျှို့ဝှက်ချက်မှမဟုတ်ပါဘူး၊ ဒါပေမယ့် ခင်ဗျားမလိုက်လည်းရပါတယ်။ လယ်ကွင်းက အတော်လေးညစ်ပတ်တော့ ကျုပ်တို့နှစ်ယောက်အတွက်ဆို အဆင်ပြေလောက်ပေမယ့် သခင်မလေးဆိုဖီယာက သွားချင်လောက်မှာမဟုတ်ဘူး။" ရှုယီလည်း ခေါင်းငြိမ့်ကာ ဘာရွန်နာ့ဇ်ညွှန်ပြရာ ဘက်သို့ ဦးတည်လိုက်တော့သည်။
ရှုယီထွက်သွားသည့်နောက် ဘာရွန်နာ့ဇ်, ခမ်နက်ဒ်နှင့် ဆိုဖီယာတို့သာ လယ်ကွင်းနံဘေး၌ ရပ်လျက် ကျန်ခဲ့ကြတော့သည်။
ဘာရွန်နာ့ဇ်လည်း ထိုနှစ်ဦးအား စူးစမ်းလိုစွာကြည့်လာသည်။
ရှုယီက ထိုနှစ်ဦးမှာ ဘာရွန်ဟားနက်စ်၏မိတ်ဆွေများဟု ပြောခဲ့သော်လည်း ဘာရွန်ဟားနက်စ်က ဤနေရာ၌ မရှိလေရာ ထိုနှစ်ဦးက အဘယ့်ကြောင့်ရှုယီနောက်လိုက်နေရသနည်း?
ဘာရွန်နာ့ဇ်၏ အကြည့်ကိုသတိပြုမိသော် လယ်ကွင်း၌ ရွေ့လျားနေကြသော မှော်ကောက်ရိတ်စက်များထံမှ အကြည့်လွှဲ၍ ဘာရွန်နာ့ဇ်ကို အသာပြုံးပြကာ ခေါင်းငြိမ့်ပြလိုက်၏။ ထို့နောက် ရိုးရှင်းစွာသာမိတ်ဆက်ကာ လယ်သမားဟန်ပေါ်သည့် လူတစ်ဦးနှင့် စကားပြောနေပုံရသော ရှုယီထံညွှန်ပြကာ မေးလေသည်၊ "သခင်ဘာရွန်၊ ဥက္ကဌရှုက ပုံမှန်ဆိုရင်လည်း ဒီကိစ္စတွေကို ကိုယ်တိုင်ကိုင်တွယ်တာပဲလား?"
ဘာရွန်နာ့ဇ်က ခေါင်းခါ၏၊ "သူအခုနလေးကတင် ပြောသွားတာတွေကို ခင်ဗျားကြားမှာပါ၊ သူကိုယ်တိုင်ကိုင်တွယ်ဖို့လိုတာတဲ့ကိစ္စက သိပ်မများဘူးလေ။ အခုဆို Frestech ကုန်သည်ကြီးများအသင်း လုပ်ဖို့လိုတဲ့ကိစ္စတွေက အတော်များတော့ ကိစ္စတစ်ခုချင်းစီကိုသာ အသေးစိတ် ကိုယ်တိုင်ကိုင်တွယ်နေရင် သူ ဆယ်ယောက်ရှိနေရင်တောင် ထိန်းထားဖို့ လုံလောက်မှာမဟုတ်ဘူး။"
ခမ်နက်ဒ်လည်း ခေါင်းငြိမ့်၍ဆက်မေးသည်၊ "ဒါဆို ဒီဥက္ကဌကန်တိုနာက ဘာလုပ်သလဲဆိုတာ ကျုပ်ကိုပြောပြပေးလို့ရနိုင်မလား? ဘာလို့ ဥက္ကဌရှုက ဒီကိစ္စအတွက် သူ့ဆီ ကိုယ်တိုင်လာတွေ့ဖို့လိုတာလဲ?"
ဘာရွန်နာ့ဇ်က ခမ်နက်ဒ်ကို အံ့ဩစွာကြည့်လာပြီး အဘယ့်ကြောင့် သူဟာ ထိုကိစ္စကိုစိတ်ဝင်စားနေမှန်းနားမလည်ချေ။ သို့သော် စဉ်းစားကြည့်၍ ဖြေလိုက်ပါသေး၏။
"ကန်တိုနာ.... တကယ်တမ်း သူက မြို့တော်အပြင်ဘက်မှာရှိတဲ့ ရွာလေးတစ်ရွာက သာမန်လယ်သမားပါပဲ၊ ဒါပေမယ့် အရင်နှစ် Frestech ကုန်သည်ကြီးများအသင်းရဲ့ လယ်သမားထောက်ပံ့ရေးအစီစဉ်မှာ ပါဝင်ခဲ့လို့ ငွေအတော်လေးဝင်တယ်လေ။ ပြီးတော့ ဒီအစီစဉ်မှာပါဝင်မယ့် လယ်သမားတစ်စုကို ဖွဲ့စည်းပြီး စိုက်ပျိုးရေးသုံးမှော်စက်တွေကနေ လုပ်ငန်းစုတစ်စု ပိုင်ဆိုင်ခဲ့တယ်၊ လူတွေအတွက် လယ်ကွင်းတွေမှာကောက်ရိတ်သိမ်းပေးဖို့ အထူးပြုထားတာပေါ့လေ။"
“ဒါဆို ဒီကန်တိုနာဆီမှာ စီးပွားရေးအမြင် အတော်လေးရှိရမယ်။" ခမ်နက်ဒ်က ချီးကျူးသည်။
"အိုင်း ဒီကောင်လေးရဲ့စိတ်က အတော်လေး သွက်လက်တယ်၊ သာမန်လယ်သမားတွေနဲ့မတူဘူး။" ဘာရွန်နာ့ဇ်က ခေါင်းငြိမ့်၍ပြောလာ၏၊ "ဥက္ကဌရှု ဘာကြောင့် ဒီကိုကိုယ်တိုင်လာရသလဲဆိုတော့.... ဥက္ကဌရှု ပြောသလိုပါပဲ၊ အာရုံစိုက်ရမှာတွေအတော်များတော့ တခြားလူတွေဆိုရင် ရှင်းရှင်းလင်းလင်းဖော်ပြနိုင်မှာမဟုတ်ဘူး။ ပြီးတော့လည်း ကန်တိုနာကို တခြားမြို့တွေမှာ ကောက်ရိတ်သိမ်းကူဖို့ အကြံပေးခဲ့တာက ဥက္ကဌရှုဆိုတော့ ဒီကိစ္စကို ဥက္ကဌရှုက နည်းနည်း အလေးပေးတယ်။"
"ဥက္ကဌရှုက အကြံပြုခဲ့လို့ တခြားမြို့တော်တွေမှာ ကောက်ရိတ်သိမ်းကူဖို့ စိုက်ပျိုးရေးသုံးမှော်စက်တွေကိုယူခဲ့တာပေါ့?" ခမ်နက်ဒ်က အတန်ငယ်အံ့ဩသွားကာ၊ "ကျုပ်က ဥက္ကဌကန်တိုနာကိုယ်တိုင် ဒါကိုစဉ်းစားမိတယ်ထင်လို့ ဒီလိုအတွေးအမြင်ကောင်းရှိတာအတွက် တကယ်ကို လေးစားနေတာ။"
ဘာရွန်နာ့ဇ်က ရယ်ကာ "မတိုင်ခင်က ကျုပ်ပြောသလို ဥက္ကဌကန်တိုနာက သာမန်လယ်သမားတစ်ယောက်ပါပဲ၊ လယ်သမားတွေကို လုပ်ငန်းစုတစ်ခုမှာ စုစည်းနိုင်တာကတင် အဆင်ပြေနေပါပြီ။ ဒီလိုအတွေးကို ဘယ်လိုရမှာတဲ့လဲ။ အရင်ကတော့ သူက ဘန်တာမြို့နဲ့ အနီးအနားက ခမာမြို့တို့ ဆော်လ်တန်မြို့တို့မှာပဲ စီးပွားရေးလုပ်ချင်ခဲ့တာ၊ ဒါပေမယ့် ဥက္ကဌရှုက သူသာ တခြားမြို့တော်ဆီ ဆက်ဦးတည်မယ်ဆို စီးပွားရေးပိုတိုးချဲ့နိုင်မယ့်အကြောင်းပြောလို့သာ ဒီဆုံးဖြတ်ချက်ကိုချခဲ့တာလေ။ ကျုပ်တို့သာ အမြင်ကျယ်တာကို နှိုင်းယှဉ်ရမယ်ဆိုရင် ဥက္ကဌရှုကို ဘယ်လိုယှဉ်နိုင်မှာတဲ့လဲ?"
ခမ်နက်ဒ်လည်း မနေနိုင်ဘဲ မေးလိုက်၏၊ "သခင်ဘာရွန် ခင်ဗျားက ဥက္ကဌရှုကို အတော် လေးစားပုံပဲ?"
"ဒါပေါ့။" ဘာရွန်နာ့ဇ်က ပုံမှန်သာရှိနေကာ၊ "ဥက္ကဌရှုက Frestech ကုန်သည်ကြီးများအသင်းကို တည်ထောင်ခဲ့တာ အခုမှ တစ်နှစ်ပဲရှိသေးပြီးတော့ ဒီလိုအားကောင်းတဲ့လုပ်ငန်းစုအဖြစ်ဖွံ့ဖြိုးလာခဲ့တဲ့အတွက် ဒါနဲ့တင်အတော်လေး သူက အင်အားကောင်းနေပြီလေ။ ပြီးတော့ ဒီတစ်နှစ်အတွင်းမှာ သူ့ကြောင့်ပဲ ပြောင်းလဲမှုကြီးတွေရှိလာပြီး လူများစွာရဲ့ဘဝတွေလည်း ပိုအဆင်ပြေလာကြတာ။ ခင်ဗျား ကျုပ်ကိုမေးရင် များများစားစားတော့နားမလည်နိုင်လောက်ပေမယ့် ဘန်တာမြို့က လယ်သမားတွေကိုမင်းရင်တော့ သူတို့အားလုံးက ဥက္ကဌရှုကို ကိုးကွယ်ကြမယ်လို့တောင် အာမခံတယ်။ ဥပမာ ခင်ဗျားသာ ကန်တိုနာကိုမေးကြည့်မယ်ဆိုရင် သူက ရှုယီကို ကောင်းကင်ကြီးလောက် ချီးကျူးလိမ့်မယ်ဆိုတာ ယုံလား?"
ခမ်နက်ဒ်က အသာခေါင်းငြိမ့်သည်။ ထို့နောက် အဝေးတွင် ကန်တိုနာနှင့် စကားပြောနေသည့် ရှုယီကိုကြည့်ကာ မျက်လုံးများမှေးကျဉ်းလျက် အတွေးနက်သွားရသည်။
နံဘေးရှိ ဆိုဖီယာသည်ပင် ရှုယီထံ အကြည့်တချို့မပို့မိဘဲ မနေနိူင်ချေ။ သို့သော် ခဏမျှ ကြည့်ရှုပြီးနောက် နှာခေါင်းရှုံ့လျက် ခေါင်းလှည့်ကာ အခြားဘက်သို့ ကြည့်နေလိုက်သည်။
မိနစ်နှစ်ဆယ်ခန့်ကြာပြီးနောက်၌ ရှုယီက ပြန်လာ၏။
ဘာရွန်နာ့ဇ်ကို နှုတ်ဆက်ပြီးသည်တွင် ခမ်နက်ဒ်နှင့် ဆိုဖီယာတို့နှင့်အတူ ဆန်းဒ်တွန် အိမ်ရာဘက်သို့ မြင်းလှည်းဖြင့်ပြန်လိုက်သည်။
ရှုယီရောက်ကာစတွင် ဆန်းဒ်တွန်အိမ်ရာဝန်းရှိ လုပ်ငန်းစုလေးများ၏ ဥက္ကဌများဝင်လာသည်။ ၎င်းတို့က ရှုယီနှင့်အတူ ထုတ်လုပ်ရေးတိုးချဲ့မှု၏ ဖြစ်နိုင်ချေအား ဆွေးနွေးရန် ရောက်လာကြပြီး Frestech ကုန်သည်ကြီးများအသင်းထံမှ မှော်ထုတ်လုပ်ရေးတချို့ ထပ်ဝယ်ယူဖို့ ပြင်ဆင်ထားကြသည်။
သဘာဝကျစွာပင် ၎င်းက ခက်ခဲသည့်ကိစ္စမဟုတ်ပေ။ ရှုယီလည်း ၎င်းတို့၏အရင်လ ရောင်းအားနှင့် ထွက်ကုန်အရေအတွက်ကို တင်ပြဖို့တောင်းဆိုလိုက်ပြီး ၎င်းတို့ထံ၌ မှာယူမှုပမာဏကြီးမားကြောင်းသိချိန်တွင် တောင်းဆိုချက်များကို သဘောတူလိုက်သည်။
သို့သော် အစိတ်အပိုင်းတစ်မျိုးထက် ပိုမိုထုတ်လုပ်ရန် တောင်းဆိုလာသည့် ဥက္ကဌများမှာ Frestech ကုန်သည်ကြီးများအသင်းမှ ၎င်းတို့အား မှော်စက်များနှင့် လေ့ကျင့်ရေးများထောက်ပံ့စေချင်နေရာ ရှုယီလည်း ငြင်းပယ်လိုက်သည်။
"ကျုပ်ရဲ့ ဇာတိမြို့က စကားစုတစ်ခုရှိတယ်၊ ဒါကို ‘ခင်ဗျားတို့ဝါးနိုင်တာထက် ပို'ကိုက်ထားတယ်’လို့ ခေါ်တယ်။ ကျုပ်မြင်သမျှတော့ ခင်ဗျားတို့လုပ်ငန်းစုတွေကနေ ထုတ်လုပ်တဲ့ အစိတ်အပိုင်းတွေက မဆိုးဘဲ စံနှုန်းကိုမှီရုံဆိုပေမယ့်လည်း အဆင့်မြှင့်လို့ရနိုင်တဲ့ နေရာအတော်များများလည်းရှိသေးတယ်။ ဥပမာပြောရရင် ဥက္ကဌဂယ်တာရဲ့ လုပ်ငန်းစုကနေ ထုတ်လုပ်တဲ့ ဂေါ်လီဘောတွေကိုဆိုရင် သုံးလို့တော့ရပေမယ့် ဂေါ်လီဘောအတွင်းထဲက တစ်ခုစီရဲ့ အပေါက်အရွယ်အစားက တသမတ်တည်း ဖြစ်မနေဘူး။ အရင်တစ်ခေါက်ကျုပ် စစ်ဆေးမှုတစ်ခုလုပ်တော့ အကြီးဆုံး ကွာဟမှုက သုံးမီလီမီတာအထိရှိတယ်။" ရှုယီက အလေးအနက်ပြောသည်။
ရှုယီထုတ်ပြောလာသော ဥက္ကဌဂယ်တာက ခေါင်းကုတ်လျက် နေရခက်စွာပြောလာသည်၊ "ကျုပ် ပြန်ရောက်ရင် အလုပ်သမားတွေကို အာရုံစိုက်ဖို့ပြောလိုက်ပါ့မယ်။"
ရှုယီက ခေါင်းငြိမ့်သည်၊ "ခင်ဗျားတို့ ထုတ်လုပ်တဲ့ အစိတ်အပိုင်းရဲ့အဆင့်ကို တိုးမြှင့်ဖို့က အခြားအစိတ်အပိုင်းထုတ်လုပ်တာထက် ပိုအရေးကြီးတယ်။ အရည်အသွေးပိုမြင့်တဲ့အစိတ်အပိုင်းတွေက မှာယူမှုပိုမြင့်ပြီး ဈေးနှုန်းတောင်ပိုမြင့်နိုင်တာကို သိထားရမယ်။ ဥက္ကဌဂယ်တာ ဒီbearing discတွေရဲ့ ကွာခြားမှုကို တစ်မီလီမီတာထိရောက်အောင်ပဲလုပ်နိုင်မယ်ဆိုရင် ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်း ခင်ဗျားဆီကဝယ်တဲ့အခါကျရင် ငွေဒင်္ဂါးတစ်ပြားထပ်တိုးပေးဖို့ဆန္ဒရှိတယ်။"
ဥက္ကဌဂယ်တာ၏ မျက်လုံးများတောက်ပလာ၏၊ "တကယ်လား?"
ရှုယီက သူ့ကိုအပြုံးဖြင့်ကြည့်ပြီး ပြန်မဖြေချေ။
ဥက္ကဌဂယ်တာက မိမိကိုယ်ကိုပြန်ရိုက်ကာ တံထွေးထွေး၏၊ "ဖီ၊ ဥက္ကဌရှုက ဘယ်တုန်းက သူ့စကားတွေကို ရုတ်သိမ်းဖူးလို့လဲ၊ ကျုပ်က အဓိပ္ပာယ်မရှိတာတွေပြောနေမိတာပဲ။ ဟုတ်ပါပြီ ဥက္ကဌရှု ခင်ဗျားက သဘောတူထားမှတော့ ကျုပ်ပြန်ရောက်ရင် သုတေသနလုပ်ရာမှာ ပိုကြိုးစားပါ့မယ်။ ခင်ဗျားရဲ့လိုအပ်လျက်ကိုဖြည့်ဖို့ တစ်မီလီမီတာအကွာထိသေချာပေါက် ရောက်စေရမယ်!"
ရှုယီက အပြုံးဖြင့်ခေါင်းငြိမ့်သည်၊ "ကျုပ်သတင်းကောင်းစောင့်နေပါ့မယ်။"
ရှုယီက ဥက္ကဌဂယ်တာနှင့် သဘောတူလိုက်သည်ကိုမြင်သော် အခြားလုပ်ငန်းစုလေးများ၏ဥက္ကဌများလည်း နောက်ကျမကျန်ချင်သဖြင့် တောင်းဆိုချက်တူညီစွာပြုလိုက်ကြသည်။
သဘာဝကျစွာပင် ရှုယီကမငြင်းချေ။
ထိုလုပ်ငန်းစုများ အစိတ်အပိုင်းများထုတ်လုပ်ရာ၌ကိုယ့်ကိုယ်ကို အဆင့်မြှင့်နိုင်သရွေ့ ဈေးနှုန်းနည်းနည်းလောက်တိုးပေးဖို့ စိတ်မကွက်ပါပေ။
ပိုအရေးကြီးသည်မှာ ထိုလုပ်ငန်းစုများအကြား၌ ပြိုင်ဆိုင်ခြင်းလေထုကို နှိုးဆွပေးပြီး ၎င်းတို့အဆင့်များကိုမြှင့်တင်ရန် အားစိုက်ထုတ်ကြဖို့ မျှော်လင့်မိခြင်းပင်။
စက်မှုနယ်ပယ်တစ်ခုအတွက် အစိတ်အပိုင်းများထုတ်လုပ်သည့် နည်းပညာအဆင့်မှာ သတ္တုများကဲ့သို့ သို့မဟုတ် သတ္တုများထက်ပင် ပိုအရေးပါ၏။
အထူးသဖြင့် တိကျမှုမြင့်မားသည့် CNC routerများ မပေါ်ထွက်လာသေးသည့် အခြေအနေ၌ဖြစ်သည်။
[Eng Translator Note: CNC routerများမှာ ကွန်ပျူတာထိန်းချုပ်ထားသည့် ဖြတ်စက်များဖြစ်သည်။]
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၀၈၂။ မဖော်ရွေသည့် ဝဲလ်မက်ထ် ကုန်သည်ကြီးများအသင်း
ခမ်နက်ဒ်နှင့် ဆိုဖီယာတို့မှာ ဘာရွန်ဟားနက်စ်မှ ညဘက်တည်းရန် ပြင်ပေးထားသည့် အဆောက်အဦဆီပြန်သွားကာ အင်မတန်ပင်ပန်းနေကြသည်။
ခမ်နက်ဒ်က အဆင်ပြေသော်လည်း ဆိုဖီယာမှာ ဖိနပ်များချွတ်လိုက်ချိန်တွင် သူမ၏ခြေထောက်များက အနည်းငယ်ယောင်ကိုင်းနေသည်။
ဆိုဒ်တိုးလာသည့် ခြေထောက်ကိုမြင်သော် ဆိုဖီယာလည်း အထွန့်မတက်ဘဲ မနေနိုင်တော့ချေ၊ "ဒီရှုယီက ညီမလေးတွေကို ရည်ရွယ်ချက်ရှိရှိ ဒီလိုလုပ်နေတာမဟုတ်လား? တစ်နေ့လုံးပြေးလွှားပြီး လုံးဝအနားတောင်မယူဘဲနဲ့ အစာစားချိန်မှာတောင် ဆွေးနွေးနေတာ မပင်ပန်းဘူးလားမသိ?"
ခမ်နက်ဒ်မှာ ပင်ပန်းနေသော်လည်း ဆိုဖီယာထက်တော့ အဆင်ပြေနေသေးသည်။ သူဟာ သူမနံဘေး၌ ထိုင်ချကာ အသာပြုံး၍ ပြောလိုက်၏၊ "ဒါက မထူးဆန်းပါဘူး၊ Frestech ကုန်သည်ကြီးများအသင်းက ဒီလောက်မြန်မြန်တိုးတက်နေတာ အဓိက,က ရှုယီကြောင့်ပဲ။ သူ့အတွက် ဒီလောက်အလုပ်များနေတာက စိတ်ကူးကြည့်ဖို့လွယ်ပါတယ်။"
"ဒါက အရမ်းကြီး ချဲ့ကားလွန်းရာကျမနေဘူးလား?" ဆိုဖီယာက ရေရွတ်လာသည်၊ "သူက နေ့တိုင်းဒီလိုမျိုး အစားတောင် ကောင်းကောင်းမစားနိုင်ရလောက်အောင် ဖြစ်နေမယ်လို့တော့ ညီမ,မထင်ပါဘူး။ ဒီလိုသာတကယ်ဖြစ်နေရင် နောက်ဆုံးမှာ ပင်ပန်းလွန်းလို့ သေသွားလိမ့်မယ်ထင်တယ်။"
"ငါကတော့ မင်းကိုချဲ့ကားလွန်းတယ်ထင်တာပဲ။" ခမ်နက်ဒ်က ဆိုဖီယာ၏ ခေါင်းကိုပုတ်ကာ အပြုံးဖြင့်ဆို၏၊ "ဥက္ကဌရှုက လေ့ကျင့်ခန်းလုပ်ဖို့ အာရုံစိတ်ထားပုံပဲ၊ ဒါကြောင့် အင်အားတွေအပြည့်ဖြစ်နေရာ ဘယ်လိုလုပ် ပင်ပန်းတာလေးကြောင့်နဲ့ လွယ်လွယ်သေရမလဲ? ပြီးတော့လည်း သူ့နောက် ဒီနေ့လိုက်ရတာ အတော်စိတ်ဝင်စားဖို့ကောင်းတယ်မထင်ဘူးလား? 'ဖောက်သည်တွေက ဘုရားသခင်ပဲ'ဆိုတာလို စိတ်ဝင်စားစရာလေးကိုကြားခဲ့တာတင်မကဘူး 'မီလီမီတာ'အကြောင်းကိုလည်း သိခဲ့ရသေးတယ်။ ဒါ့အပြင် လူပေါင်းစုံနဲ့လည်းတွေ့ခဲ့ရပြီး ပြဿနာပေါင်းစုံကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာပါသိခဲ့တယ်။ ငါတော့ အန်ဗီမာမြို့တော်မှာ တစ်လလုံးနေတာထက် ဒီနေ့မှာ ပိုပြီးလေ့လာခဲ့ရသလို ခံစားနေရတယ်။"
"ဟမ့်၊ အစ်ကိုပဲ ဒီလိုခံစားနေရတာပါ။ ညီမက ဒဏ္ဍာရီလာနတ်သူငယ်တွေကို မြင်ချင်လို့သာလိုက်လာခဲ့ပေမယ့် တစ်ယောက်မှမတွေ့ခဲ့ရဘူး။ ဒါကြောင့် ဒီနေ့က ညီမအတွက် ဘာအဓိပ္ပာယ်မှမရှိဘူး!" ဆိုဖီယာက နှုတ်ခမ်းတင်းတင်းစေ့ကာ ထိုသို့ပြောလာ၏။
"အေးဆေးပေါ့။ နတ်သူငယ်တစ်ရာကို Frestech ကုန်သည်ကြီးများအသင်းရဲ့ မိုးကျတောင်ကြားက ထုတ်လုပ်ရေးအခြေစိုက်ဌာနဆီမှာ နေဖို့ပို့ထားတယ်လို့ ဥက္ကဌရှုပြောခဲ့မဟုတ်လား? နောက်ဆုံးကျရင် မိုးကျတောင်ကြားကို သူသွားမှာပဲဆိုတော့ မင်း သူ့နောက်လိုက်ရင် သေချာပေါက်တွေ့ရမှာပဲ။" ခမ်နက်ဒ်က သူမအား နှစ်သိမ့်လိုက်သည်။
"သူ မိုးကျတောင်ကြားဆီသွားတဲ့အချိန်ကျမှ သွားတော့မယ်။ မနက်ဖြန်ကစပြီး သူ့နောက်မလိုက်တော့ဘူး၊ တစ်ရက်တည်းနဲ့တင် ပင်ပန်းနေပြီ။" ဆိုဖီယာက အိပ်ရာပေါ်လှဲလိုက်ပြီး လှုပ်ရှားဖို့ပင် ပင်ပန်းနေသလိုရှိသည်။
သူ၏ညီမလေးက အပြင်လူများရှေ့ ထုတ်မပြဖူးသော ပင်ပန်းသည့်ပုံစံပြလာသောအခါ ခမ်နက်ဒ်လည်း မနေနိုင်ဘဲ အပြုံးဖြင့် ခေါင်းခါမိရသည်။ ထို့နောက် ကြမ်းပြင်ကိုငုံ့ကြည့်လိုက်သည်။
လက်ရှိ အောက်ထပ်ဧည့်ခန်းတွင် ဟန့်ခ် ဝီလ်ဆန်က ရှုယီနှင့် တစ်စုံတရာအား ဆွေးနွေးနေ၏။
“ဥက္ကဌရှု၊ ကျုပ်က ဝဲလ်မက်ထ် ကုန်သည်ကြီးများအသင်းကိုယ်စား ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ ပူးပေါင်းမှု ဖြစ်နိုင်ချေကို ဆွေးနွေးမှာပါ၊ ဥက္ကဌရှု ဘယ်လိုသဘောရပါလဲ?" ဟန့်ခ် ဝီလ်ဆန်က မေးလေ၏။
ရှုယီလည်း အသာခေါင်းငြိမ့်ကာ၊ "ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းက ကျုပ်တို့လမ်ပူရီတိုင်းပြည်မှာ အကြီးဆုံးလုပ်ငန်းစုတွေထဲက တစ်ခုပါ၊ ကျုပ်တို့ လုပ်ငန်းစုအနေနဲ့ ခင်ဗျားတို့ရဲ့အမြင်ကိုဖမ်းစားနိုင်ပြီး ကျုပ်တို့နဲ့အတူ ပူးပေါင်းချင်တယ်ဆိုတာကတင် တကယ်ကို ဂုဏ်ယူစရာဖြစ်နေပါပြီ။ တစ်ခုပဲ၊ ကျုပ်တို့နဲ့ ဘယ်လိုပူးပေါင်းဖို့ ပြင်ဆင်ထားတာများလဲ?"
"ကျုပ်တို့ ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းက ကုန်စုံဆိုင်တွေမှာ အမြဲအရောင်းအဝယ်လုပ်ပြီး လတ်တလောမှာလည်း တိုင်းပြည်က မြို့တိုင်းမှာ ထုတ်ကုန်အမျိုးစုံပါဝင်တဲ့ အကြီးဆုံးကုန်စုံစတိုးဆိုင်တွေ တည်ထောင်ထားတာကို ဥက္ကဌရှု သိလောက်မယ်လို့ထင်ပါတယ်။ ဒီအချိန်မှာ ကျုပ်တို့အနေနဲ့ ကျုပ်တို့ဆိုင်တွေမှာ Frestech ကုန်သည်ကြီးများအသင်းရဲ့မှော်စက်တွေပေါ်ထွက်လာဖို့ မျှော်လင့်ပြီး ခင်ဗျားတို့ လုပ်ငန်းစုနဲ့ ပူးပေါင်းချင်တာပါ။ ဥက္ကဌရှု ဒါကို ဘယ်လိုထင်လဲ?"
ရှုယီလည်း အနည်းငယ်စဉ်းစားပြီးမှ မေးလာသည်၊ "ဒါဆို ခင်ဗျားတို့ ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းက ကျုပ်တို့ လုပ်ငန်းစုထုတ် အိမ်သုံးမှော်စက်တွေဝယ်ပြီး ခင်ဗျားတို့လက်အောက်က ဆိုင်တွေမှာရောင်းဖို့ စီစဉ်ထားတာလား? ဒါကိုကိုင်တွယ်မယ့်နည်းလမ်းကလည်း ခင်ဗျားတို့ဆိုင်ရဲ့ တခြားထုတ်ကုန်တွေလိုပဲဖြစ်မယ်၊ ဒီလိုလား?"
"ဟုတ်ပါတယ်၊ ကျုပ်ပြောချင်တာအဲ့လိုပဲ။" ဟန့်ခ်က အပြုံးဖြင့်ဆိုလာသည်၊ "ဥက္ကဌရှု၊ ကျုပ်ကတည့်တိုးဖြစ်ရင်ဖြစ်မယ်၊ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက တည်ထောင်လာတာ သိပ်မကြာသေးတော့ တိုင်းပြည်ရဲ့အခြားနေရာတွေမှာ ခင်ဗျားပိုင်တဲ့ ဖြန့်ချိရေးဌာနတွေလည်းမရှိသေးဘူး။ ကျုပ်တို့ ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းဟာ တိုင်းပြည်တစ်ခုလုံးမှာ တစ်နေရာလေးတောင်မလွတ်ဘဲ အပြည့်စုံဆုံး ဖြန့်ချိရေးဌာနတွေရှိတယ်လို့ ကျုပ် ဝင့်ကြွားပြီးပြောနိုင်တယ်။ ခင်ဗျားသာ ကျုပ်တို့လုပ်ငန်းစုနဲ့ ပူးပေါင်းဖို့ ရွေးချယ်လိုက်ရင် ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ထုတ်ကုန်တွေက တိုင်းပြည်ရဲ့ မြို့တိုင်းမှာ အချိန်အတိုဆုံးနဲ့ ပေါ်ထွက်လာမယ်လို့ အာမခံနိုင်တယ်။ ခင်ဗျားတို့ရဲ့ ရောင်းအားလည်း အတော်လေးတက်လာမယ်လို့ထင်တယ်၊ ခင်ဗျားရော?"
"အရမ်းမှန်တယ်" ရှုယီက ခေါင်းငြိမ့်သည်၊ "လက်ရှိမှာ ကျုပ် ခေါင်းအကိုက်ရဆုံးက တကယ်ကို ဖြန့်ချိရေးဌာနတွေပါပဲ။ ဘန်တာမြို့နဲ့ အနီးနားမြို့တွေရဲ့ ဈေးကွက်တွေကလည်း အကန့်သတ်ဖြစ်လာတော့ ကျုပ်တို့လုပ်ငန်းစုရဲ့ အိမ်သုံးမှော်စက်ရောင်းအားက ကျလာတယ်လေ။ ကျုပ်လည်း လတ်တလောမှာ ဒီပြဿနာကိုဖြေရှင်းဖို့ နည်းလမ်းတစ်ခုနဲ့ကြိုးစားနေပြီး ခင်ဗျားတို့လုပ်ငန်းစုနဲ့အတူ အလုပ်လုပ်ဖို့ ဖြစ်နိုင်ချေကို စဉ်းစားမိခဲ့တယ်၊ ဒါပေမယ့် မထင်ခဲ့တာက ကျုပ်တို့လုပ်ငန်းစုလေးအနေနဲ့ ခင်ဗျားတို့လုပ်ငန်းစုရဲ့ အမြင်ကိုဖမ်းစားလိုက်မယ်လို့လေ၊ ဒါကြောင့်ပဲ ဒီဖြစ်နိုင်ချေကိုလက်လျှော့ခဲ့တယ်။ ခင်ဗျားတို့ကပဲ ကျုပ်ဆီ အရင်ရောက်လာမယ်လို့ ထင်မထားခဲ့ဘူးဗျာ။"
ဟန့်ခ်က ရယ်ကာ လက်ယမ်း၍ ပြောလေ၏၊ "ဥက္ကဌရှု ဒီလောက်နှိမ့်ချနေဖို့ မလိုပါဘူး။ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက လတ်တလော တိုင်းပြည်မှာ အတော်လေးကျော်ကြားနေပြီး အရှင်မင်းကြီးကတောင် ချီးကျူးထားတော့ ဘယ်လိုလုပ် ကျုပ်တို့ ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းရဲ့ အမြင်ကို မဖမ်းစားဘဲနေမှာလဲ"?" ခဏရပ်တန့်ပြီးနောက် သူက ထပ်ပြောလာ၏၊ "ဒါဆို ဥက္ကဌရှုက ကျုပ်တို့နဲ့ ပူးပေါင်းဖို့ သဘောတူတယ်လို့ဆိုလိုတာလား?"
"ဒါပေါ့၊ ကျုပ်က ဘာကြောင့် နှစ်ဘက်စလုံး အကျိုးရမယ့်အရာကို သဘောမတူရမှာလဲ?" ရှုယီက အပြုံးဖြင့်ပြောသည်။
"ကောင်းတယ်၊ ဒါဆို ကျုပ် ဥက္ကဌရှုကြည့်နိုင်မယ့် ပူးပေါင်းရေးအစီစဉ်ကို ယူလာခဲ့တယ်။" ရှုယီ သဘောတူသည်ကိုမြင်သော် ဟန့်ခ်လည်း ရှုယီအတွက် နံဘေးရှိ အိတ်ထဲမှ စာတမ်းတစ်ခုကို ချက်ချင်းထုတ်ယူလိုက်သည်။
ရှုယီလည်း ယူကာ သေချာဖတ်ပြီးနောက် အသာမျက်မှောင်ကြုတ်လာ၏။
ထိုအစီစဉ်က အမှန်ပင် ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်း၏ ပူးပေါင်းရေးအစီစဉ်ဖြစ်သော်လည်း ၎င်း၌ ရေးထားသည့် ပုံစံက ရှုယီကို အင်မတန်မကျေနပ်ဖြစ်စေသည်။
ဖော်ပြပါအစီစဉ်အရ Frestech ကုန်သည်ကြီးများအသင်းသာ ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းဖို့ ရွေးချယ်လိုက်ပါက ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းကို ဦးစားပေးရမည်ဖြစ်ရုံသာမက ဦးစားပေးစျေးနှုန်းလည်း ထားပေးရမည်ပင်။
အမြောက်အများဝယ်ယူခြင်းအား ဦးစားပေးဈေးနှုန်း ထားပေးရသည်မှာ စျေးကွက်၏ ရေးမထားသော စည်းမျဉ်းတစ်ခုဖြစ်ပါသော်လည်း ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်း တောင်းဆိုထားသည်က များလှပေ၏။
၎င်းတို့မှာ အဖွင့်ဈေးအနေဖြင့် Frestech ကုန်သည်ကြီးများအသင်းအား ၃၀ရာခိုင်နှုန်း လျှော့ဈေး ပေးစေလိုနေသည်။
၎င်းမှာ ရွှေဒင်္ဂါးသုံးဆယ်ရှိ အပူချိန်ပြောင်း မှော်လေအေးပေးစက်အား ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းထံ ရောင်းပါလျှင် ရွှေဒင်္ဂါးနှစ်ဆယ့်တစ်ပြားဖြစ်လာမည်ဟု အဓိပ္ပာယ်ရသည်! ၎င်းက ရွှေဒင်္ဂါးကိုးပြားစာပင် ကွာခြားနေ၏!
လတ်တလောတွင် Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ၎င်းကိုထုတ်လုပ်ဖို့ရာ ရွှေဒင်္ဂါးဆယ်ပြားမျှသာ ကုန်ကျပြီး အမြတ်ငွေဆယ်ပြားကျော်ရပါလျှင်တောင် ထိုသည်က ၎င်းတို့အမြတ်ငွေကို ထက်ဝက်ဖြတ်ချလိုက်ခြင်းဖြစ်ရာ ရှုယီမှာ ဘယ်တော့မှ လက်ခံနိုင်မည်မဟုတ်ပေ။
Frestech ကုန်သည်ကြီးများအသင်း လက်ရှိထုတ်လုပ်နေသည့် အိမ်သုံးမှော်စက်များမှာ ပြိုင်ဘက်တစ်ဦးမှ မရှိသောကြောင့်သာ အမြတ်ငွေ ထိုမျှမြင့်နေရခြင်းဖြစ်သည်ကို မဆိုထားနှင့်။
ရှုယီ၏အစီစဉ်အရ Frestech ကုန်သည်ကြီးများအသင်းကဲ့သို့သော မှော်စက်အမျိုးစုံထုတ်လုပ်မည့်လုပ်ငန်းစုများ လမ်ပူရီတိုင်းပြည်၌ ပေါ်လာမည်ဖြစ်ရာ မှော်စက်များ၏အမြတ်ငွေက ကမ္ဘာမြေကကဲ့သို့ နည်းပါးလာလိမ့်မည်သာ။
၎င်းတို့သာ ၃၀ရာခိုင်းနှုန်းလျှော့ဈေးနှင့်ရောင်းပါက Frestech ကုန်သည်ကြီးများအသင်း၏ ငွေများဆုံးရှုံးရလိမ့်မည်!
ရှုယီလည်း အဆိုပြုလွှာကိုချကာ ချင့်ချိန်ကြည့်ပြီးနောက် ဟန့်ခ်ကို မေးလိုက်သည်၊ "ဒုဥက္ကဌ ဝီလ်ဆန်, ကျုပ် တစ်ခုလောက် မေးလို့ရမလား? ဒါက ခင်ဗျားတို့ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်လား?"
ဒုဥက္ကဌဝီလ်ဆန်က ခေါင်းခါကာ၊ "မဟုတ်ဘူးပေါ့။ ဒီအဆိုပြုလွှာဆိုတာက လက်တလော အစီစဉ်လေးတစ်ခုပါပဲ။ ဥက္ကဌရှု၊ ဒီမှာ ခင်ဗျားစိတ်တိုင်းမကျတာ ရှိလို့လား? ရှိတယ်ဆိုရင် ပြောသာပြောပါ။ ကျုပ် ဒီတစ်ခေါက်လာရတာက ခင်ဗျားနဲ့ ညှိနှိုင်းဖို့ပါပဲ။"
"ကျုပ် ဘာကိုစိတ်တိုင်းမကျသလဲ မေးမယ့်အစား ဘာကိုစိတ်တိုင်းကျကြောင်းကို မေးသင့်တယ်။" ရှုယီက မည်သည့်ယဉ်ကျေးမှုမှမပါဘဲ ပြောလာ၏၊ "ရိုးရိုးသားသားပြောရရင် ဒုဥက္ကဌဝီလ်ဆန်, ခင်ဗျားတို့ ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းမှာ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ ပူးပေါင်းဖို့ ဘာရိုးသားမှုမှ မရှိဘူးပဲ။"
ဒုဥက္ကဌဝီလ်ဆန်က မျက်မှောင်ကုပ်ကာ၊ "ဥက္ကဌရှု၊ ဘာကြောင့် ဒီလိုထင်ရတာလဲ? ကျုပ်တို့ ဝဲလ်မက်ထ် ကုန်သည်ကြီးများအသင်းက ခင်ဗျားနဲ့ ပူးပေါင်းဖို့ ရိုးသားပါတယ်။ မဟုတ်ရင် ကျုပ်လည်း ဒီကို အထူးတလည်မလာသလို သခင်လေးခမ်နက်ဒ်နဲ့ သခင်မလေးဆိုဖီယာတို့တွေကိုလည်း လည်ဖို့ခေါ်လာမှာမဟုတ်ပါဘူး။"
ရှုယီက ခေါင်းခါကာ၊ "ခမ်နက်ဒ်နဲ့ သခင်မလေး ဆိုဖီယာတို့ ဘာကြောင့်လာတယ်ဆိုတာ မပြောကြဘဲ ဒီအဆိုပြုလွှာကိုပဲ အာရုံစိုက်ကြတာပေါ့။ ဒုဥက္ကဌဝီလ်ဆန်, ၃၀ရာခိုင်နှုန်း လျှော့ဈေးက ဘာကိုဆိုလိုသလဲ နားလည်ရဲ့လား?"
ဝီလ်ဆန်က နားလည်ဟန်ပြကာ အပြုံးဖြင့်ဆိုလာ၏၊ "ဒီတော့ ဥက္ကဌရှုက ဈေးနှုန်းကို စိတ်တိုင်းမကျတာပေါ့။ ဒါက ရှင်းပါတယ်၊ ကျုပ်တို့ ဆွေးနွေးလို့ရတာပဲ။ ဒါပေါ့၊ ကျုပ်တို့ ဝဲလ်မက်ထ် ကုန်သည်ကြီးများအသင်းကလည်း ငွေဝင်ဖို့လိုတာကြောင့် ဥက္ကဌရှုက အလွန်အကျွံမဖြစ်ဖို့ မျှော်လင့်ပါတယ်။"
"အလွန်အကျွံဖြစ်တယ်?" ရှုယီက အသာမျက်မှောင်ကုပ်လာ၏။
တကယ်တမ်းတွင် သူဟာ ဈေးနှုန်းများ ဦးစားပေးအကြောင်းအရာများကို စိတ်တိုင်းမကျဆုံးမဟုတ်ပါသော်လည်း ဤအဆိုပြုလွှာ၏ ခေါင်းအစခြေအဆုံး၌ ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်း၏ မဖော်ရွေသည့်သဘောထားများပါနေသည်။
ထိုအဆိုပြုလွှာရှိ စာကြောင်းများစွာတွင် Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ၎င်းတို့အား သဘောတူရမည်ဖြစ်ကာ လွတ်လမ်းမရှိဟူသည့် အမိန့်ပေးဟန်ပါရှိနေသည်။ ခံရသူအမြင်မှဆိုလျှင်လည်း ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းမှာ လမ်ပူရီတိုင်းပြည်ရှိ ဖြန့်ချိရေးကွန်ရက်၌ အာဏာအကြီးဆုံး ပထမတန်းစားလုပ်ငန်းစုဖြစ်လေရာ မှော်စက်များအတွက် ဖြန့်ချိရေးဌာနလုံးဝမရှိသည့် Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ၎င်းတို့နှင့်အတူ ပူးပေါင်းဖို့ရန်မှာ အင်မတန် အခွင့်သာသည့်အရေးကိစ္စတစ်ခုဖြစ်လေသည်။ သို့သော် ရှုယီက ဝင့်ကြွားနေသည့်လေသံကိုမကြိုက်သလို တစ်ခြားဘက်က အာဏာအလုံးစုံကိုင်ဆောင်ထားမည့်ပူးပေါင်းမှုကို သဘောမကျပေ။
"ကောင်းပြီ၊ ကျုပ်တို့တွေ ဈေးနှုန်းကိစ္စကို နောက်မှ ဆွေးနွေးလို့ရတယ်၊ ဒါပေမယ့် ဈေးနှုန်းနဲ့စာရင် တွဲဖက်ပုံစံက ပြဿနာပိုရှိတယ်။" ရှုယီက လေးနက်နေဟန်ဖြင့် ဆိုလေ၏၊ "ဒီအဆိုပြုလွှာက ကျုပ်တို့အနေနဲ့ အရင်ဦးဆုံး ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရမယ်လို့ ဖော်ပြထားတာက ကျုပ်သဘောမတူတဲ့အရာပဲ။ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက ခင်ဗျားတို့ ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းရဲ့ လက်အောက်က လုပ်ငန်းစု မဟုတ်တာကြောင့် ကျုပ်တို့ ထုတ်လုပ်ထားတဲ့ ထုတ်ကုန်တွေကို ခင်ဗျားလုပ်ငန်းစုကိုပဲ ပေးလို့မရဘူး။ ဒီတော့ ကျုပ် ဒီအချက်ကို သဘောမတူနိုင်ဘူး။"
"ဒါပေမယ့် ဥက္ကဌရှု၊ ကျုပ်သိရသလောက်တော့ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက တစ်လကို အိမ်သုံးမှော်စက် သောင်းချီလောက်ပဲ ထုတ်လုပ်ပြီးတော့ ကျုပ်တို့ ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းက တိုင်းပြည်ရဲ့ မြို့တွေအားလုံးမှာရှိတဲ့ ဖောက်သည်တွေဆီ ထောက်ပံ့ပေးရတယ်လေ။ အခုပေါင်းသိန်းနဲ့ချီ လိုအပ်နေတော့ ခင်ဗျားတို့ လုပ်ငန်းစုကသာ ကျုပ်တို့ကို အရင်မထောက်ပံ့ဘူးဆိုရင် ဖောက်သည်ရဲ့လိုအပ်ချက်ကို လိုက်မီနိုင်မှာ မဟုတ်တော့ ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းရဲ့ဂုဏ်သိက္ခာ ထိခိုက်စေရုံတင်မကဘူး ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းအပေါ် ဖောက်သည်တွေရဲ့ယုံကြည်မှုတွေကိုပါ ထိခိုက်စေလိမ့်မယ်။ ကျုပ်ထင်တာတော့ ခင်ဗျားလည်း ဒါကို မမြင်ချင်ဘူး မဟုတ်လား?" ဝီလ်ဆန်က ခဏမျှရပ်တန့်ပြီး ရိုးသားဟန်ဖြင့်ဆိုလာသည်၊ "ဥက္ကဌရှု၊ ကျုပ်တို့ ဈေးနှုန်းကို ဆွေးနွေးလို့ရပေမယ့် ဦးစားပေးကတော့ ဆွေးနွေးစရာမရှိပါဘူး။"
ရှုယီမှာ အင်မတန်ရိုးသားပုံပေါ်နေသော်လည်း ဝီလ်ဆန်ကို လုံးဝမကြောက်ရွံ့ချေ။ စဉ်းစားပြီးသည့်နောက်တွင် ရုတ်တရတ် အပြုံးဖြင့်ပြောလိုက်၏၊ "ခင်ဗျားသာ ဖောက်သည်တွေရဲ့ လိုအပ်ချက် မဖြည့်ဆည်းပေးနိုင်မှာကို စိုးရိမ်နေရင် ကျုပ်မှာ အတော်ကောင်းတဲ့ အကြံရှိတယ်......"
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၀၈၃။ အိမ်သုံးမှော်စက်အရောင်းဆိုင်
ဤ ဆောင်းဦး၌ ဘန်တာမြို့၏ ကောက်ရိတ်ပွဲက မဆိုးလှပါချေ။
တကယ်တမ်းတွင် 'မဆိုးလှ'ဟူ၍ သုံးပြီး ဖော်ပြခြင်းက မမှန်ဘဲ 'အတော်လေးကောင်းလှသည်'၊ 'အင်မတန်ကောင်းပေ၏'၊ သို့မဟုတ် 'ယုံရခက်လောက်အောင် ကောင်းလွန်းတယ်' ဟူ၍ ဖော်ပြသည်က ပိုမိုသင့်လျော်ပေမည်။
၎င်းမှာ ယမန်နှစ်ကနှင့်ယှဉ်ပါက ဆောင်းဦးကောက်ရိတ်ပွဲအပြီး အရာအားလုံးကိုရေတွက်ကြည့်ပါလျှင် ရိတ်သိမ်းရရှိခဲ့သည့် ဂျုံ'တန်ပေါင်း ငါးသိန်းခုနစ်သောင်းအထိရှိ၏။ ၎င်းက ယခင်နှစ်၏ တန်ပေါင်း တစ်သိန်းသုံးသောင်းထက် လေးဆလောက်ပိုများသည်ပင်!
ကောက်ပဲသီးနှံအထွက်နှုန်းမှာ စိုင်စ်နယ်မြေကြီး၏ တိုင်းပြည်များအားလုံးအတွက် အင်မတန်အရေးပါလှသော်လည်း ကပ်ဘေးမှ ပြန်လည်ကောင်းမွန်လာကစ လမ်ပူရီတိုင်းပြည်အတွက်မူ ပို၍အရေးကြီးလှသည်။
ထို့ကြောင့် ၎င်းအရေအတွက်ကို ရရှိပြီးသည့်နောက်၌ မြို့စားအရှင် ကောင့်ထ်စီယန်မှာ ကျေနပ်အံ့အားသင့်နေသဖြင့် ပွဲကြီးတစ်ခုပင် အထူးတလည်ကျင်းပကာ ဘန်တာမြို့၏ အရေးကြီးပုဂ္ဂိုလ်များအားလုံးကို ဖိတ်ကြားခဲ့သည်။
ရှုယီလည်း ဖိတ်ကြားခံခဲ့သည်သာ။
သူ့အနေနှင့် ထိုသို့သော ပွဲမျိုး၌ အချိန်မဖြုန်းချင်ပါသော်လည်း Frestech ကုန်သည်ကြီးများအသင်း၏ စိုက်ပျိုးရေးသုံးမှော်စက်များက ဤနှစ်ဆောင်းဦး ကောက်ရိတ်သိမ်းပွဲ၌ ကဏ္ဍကြီးတစ်ခု၌ ပါဝင်ခဲ့သည်ဖြစ်ရာ ကောင့်ထ်စီယန်က အမည်တပ်ဖိတ်ကြားခဲ့သဖြင့် ငြင်းဆန်ခြင်းမပြုနိုင်ပေ။
ပွဲတော်က ကောင့်ထ်စီယန်၏ စိတ်လှုပ်ရှားကာ ရှည်လျားသည့်မိန့်ခွန်းနှင့် စတင်ခဲ့သည်။ ထို့နောက် ပွဲတော်၏ လွပ်လပ်ချိန်အပိုင်းကိုရောက်လာသောအခါ အားလုံးက ၎င်းတို့စကားဆိုလိုသည့် လူများကိုရှာကြတော့သည်။
ဆာရန့်ခ်ကုန်သည်ကြီးများအသင်း၏ ဥက္ကဌရန့်ခ်ကလည်း ရှုယီကို ချက်ချင်းလာရှာလေ၏။
"ဥက္ကဌရှု ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက ထပ်ပြီး ချီးကျူးခံရပြန်ပြီနော်။ မြို့စားအရှင်က ခင်ဗျားနဲ့ Frestech ကုန်သည်ကြီးများအသင်းကို ချီးမွမ်းသလောက်ဆိုရင် ဘန်တာမြို့က တစ်ယောက်ယောက်သာ ခင်ဗျားတို့ကို ဒုက္ခဖြစ်စေတဲ့အခါ မြို့စားအရှင်က သူတို့ကို အရင်ဆန့်ကျင်လောက်တယ်။" ဥက္ကဌရန့်ခ်က အပြုံးဖြင့် ပြောလာသည်။
"မြို့စားကောင့်ထ်က ကျုပ်တို့လုပ်ငန်းစုကို အမြဲ ထောက်ခံနေတာပါပဲ။" ရှုယီက အပြုံးဖြင့်ဆို၏၊ "ဒါပေါ့ ဒါတွေအားလုံးကလည်း စိုက်ပျိုးရေးသုံးမှော်စက်တွေက အသုံးဝင်လွန်းတာကြောင့်လို့ မထင်ဘူးလား ဥက္ကဌရန့်ခ်?"
"ဟုတ်ပါတယ်။ ဒီလူအိုကြီးက အငတ်ဘေးများစွာကိုကြုံတွေ့ခဲ့ရတာကြောင့် လူတစ်ယောက်အတွက် ပထမဦးဆုံး ဖြေရှင်းဖို့လိုအပ်တဲ့ပြဿနာက သူတို့ရဲ့ ဗိုက်ကို ဘယ်လိုဖြည့်မလဲဆိုတာကို ကျုပ်နားလည်ပါတယ်။ အခုဆို စိုက်ပျိုးရေးသုံးမှော်စက်တွေရဲ့ အကူအညီနဲ့ ကျုပ်တို့ ဘန်တာမြို့လည်း ဂျုံတွေအတော်များများရိတ်သိမ်းနိုင်ခဲ့ပြီး လူတိုင်းကိုလည်း ဗိုက်ဖြည့်ခွင့်ပြုခဲ့တယ်။ ဒါက ဥက္ကဌရှုနဲ့ Frestech ကုန်သည်ကြီးများအသင်းတို့က ကိစ္စကောင်းတစ်ရပ်လုပ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ တစ်ယောက်ယောက်သာ ခင်ဗျားနဲ့ ခင်ဗျားရဲ့ Frestech ကုန်သည်ကြီးများအသင်းကို ဒုက္ခဖြစ်စေရင် မြို့စားကောင့်ထ်မပြောနဲ့ ဒီလူအိုကြီးလည်း သူတို့ကို အလွတ်ပေးမှာမဟုတ်ဘူး။"
ထိုသို့ပြောပြီးနောက် ဥက္ကဌရန့်ခ်၏ မျက်လုံးများက မသိလိုက်ပါဘဲ မနီးမဝေးမှ အမ်ရစ်ကုန်သည်ကြီးများအသင်း၏ ဥက္ကဌခရုစ်နှင့် စကားလက်ဆုံကျနေသည့် ဟန့်ခ် ဝီလ်ဆန်ဆီရောက်သွားသည်။
ရှုယီလည်း သူ၏ ဝီလ်ဆန်ဆီ ကျရောက်နေသော မျက်လုံးများနောက်လိုက်ကြည့်ကာ အသာပြုံးလိုက်၏၊ "ဥက္ကဌရန့်ခ်, ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းက ခင်ဗျားတို့ ဆာရန့်ခ်ကုန်သည်ကြီးများအသင်းဆီ လာခဲ့တာလား?"
"အမ်း၊ ဒီ ဝီလ်ဆန် မနေ့,နေ့လယ်က ကျုပ်ကို လာရှာသေးတယ်။" ဥက္ကဌရန့်ခ်က ခေါင်းငြှိမ့်၏။ ရှုယီကိုကြည့်လိုက်သော် သူ၏အမူရာက အတန်ငယ်ထူးဆန်းလာသည်၊ "ဥက္ကဌရှု ခင်ဗျားက ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းရဲ့ အခြေအနေတွေကို စိတ်တိုင်းမကျလို့ သူ့ကို ကျုပ်တို့ဆီ ပို့လိုက်တာများလား? ကျုပ်ထင်တာတော့ ဒီဝီလ်ဆန်က ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ အပူးပေါင်းချင်ဆုံးပါပဲ။"
"ကျုပ်က ပူးပေါင်းမှုပုံစံအသစ်ကို ထုတ်ပြောခဲ့ရုံပါ။" ရှုယီက ပြော၏၊ "အစပိုင်းမှာ သူပေးတဲ့ အခြေနေတွေကို တကယ်ပဲ စိတ်တိုင်းမကျခဲ့ဘူး။ ဒါပေမယ့် ဒုဥက္ကဌဝီလ်ဆန်က ကျုပ်တို့လုပ်ငန်းစုရဲ့ ထုတ်ကုန်အထွက်နှုန်းကို စိုးရိမ်လာတော့ ကျုပ်လည်း လူတိုင်း အကျိုးအမြတ်ရနိုင်တဲ့ ဒီနည်းလမ်းအသစ်ကို ရုတ်တရတ် စဉ်းစားမိတယ်လေ။ ဒုဥက္ကဌဝီလ်ဆန်က ခင်ဗျားကိုလာတွေ့ချိန်မှာ ပြောပြခဲ့လောက်မယ်ထင်တယ်?"
"အမ်း၊ ခင်ဗျားရဲ့ အကြံက ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းနဲ့ အိမ်သုံးမှော်စက်အရောင်းဆိုင်တစ်ဆိုင်တည်ထောင်ပြီး မတူညီတဲ့အမှတ်တံဆိပ်တွေအားလုံးကို စုဆောင်းထားရင်း လူတွေဝယ်ချင်တာကို ရွေးဝယ်ခွင့်ပြုခိုင်းတယ်လို့ ပြောတယ်။" ဥက္ကဌ ရန့်ခ်က မေးလာသည်။
"အမှန်ပဲ၊ ကျုပ် ဒီလိုအကြံပြုခဲ့တယ်။ ခင်ဗျားရော ဒီပုံစံကို ဘယ်လိုထင်လဲ?"
ဥက္ကဌရန့်ခ်က အသာမျက်မှောင်ကုပ်လျက် သူ၏စကားများကိုသေချာစဉ်းစားကာ ပြောလာသည်၊ "ဥက္ကဌရှု၊ ဒီဟာက အတော်ကောင်းတဲ့နည်းလမ်းလို့ ကျုပ်တော့မထင်ဘူး။ ကျုပ်တို့အနေနဲ့ ကျုပ်တို့ မှော်ပန်ကာတွေကို နေရာဝေးဝေးတွေဆီယူသွားရတာက ခင်ဗျားတို့ Frestech အမှတ်တံဆိပ်မှော်စက်တွေဟာ ဘန်တာမြို့နဲ့ အနီးနားမြို့တွေမှာ ကျုပ်တို့မယှဉ်နိုင်လောက်တဲ့အထိ ဖြစ်တာကြောင့်လို့ ခင်ဗျားသိမှာပါ။ အခု ခင်ဗျားက ကျုပ်တို့ရဲ့ အိမ်သုံးမှော်စက်တွေကို ခင်ဗျားတို့ Frestech အမှတ်တံဆိပ် အိမ်သုံးမှော်စက်တွေနဲ့အတူထားချင်တယ်ဆိုတော့.... ပြောရမှာကို မစိုးရိမ်ပေမယ့် ကျုပ်သာ ဖောက်သည်ဆိုရင် ခင်ဗျားတို့ Frestech တံဆိပ်မှော်စက်တွေကို ရွေးမှာပဲ။"
ရှုယီကရယ်ကာ၊ "ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဥက္ကဌရန့်ခ် ခင်ဗျားက အရေးကြီးပြဿနာတစ်ခုကို လျစ်လျူရှုလိုက်တာပဲ။ ခင်ဗျားတို့က ဘန်တာမြို့နဲ့ အနီးနားမြို့တွေမှာ ကျုပ်တို့ကို မယှဉ်နိုင်ဘူး၊ အရည်အသွေးက အကြောင်းရင်းဆိုပေမယ့်လည်း အဓိက အကြောင်းရင်းက ဘန်တာမြို့နဲ့ အနီးနားမြို့တွေမှာ Frestech ကုန်သည်ကြီးများအသင်းက ဂုဏ်သတင်းကောင်းရထားပြီး အားလုံးက Frestech အမှတ်တံဆိပ် မှော်စက်တွေကို ဝယ်ချင်ကြတယ်။ ဒါပေမယ့် တခြားမြို့က လူတွေဆီမှာ ဒီအချက်မရှိတော့ အားလုံး အစပထမ လမ်းကြောင်းမှာပဲလေ။"
ဥက္ကဌ ရန့်ခ်၏ မျက်နှာထားက လုံးဝပြေလျော့မသွားချေ။
"ဒါပေမယ့် ခင်ဗျားတို့ Frestech အမှတ်တံဆိပ် အိမ်သုံးမှော်စက်တွေက ကျုပ်တို့ဟာတွေထက် ပိုအရည်သွေးကောင်းတာကို ဝန်ခံရမယ်။ တခြားမြို့ကလူတွေက ပထမဆုံးအကြိမ်မှာ မသိကြရင်တောင် နှိုင်းယှဉ်ကြည့်ပြီးတဲ့အခါ ကျုပ်တို့က ခင်ဗျားတို့နဲ့ မယှဉ်နိုင်တာကို နားလည်သွားလိမ့်မယ်။"
"ဒါပေမယ့် ခင်ဗျားတို့ရဲ့ဈေးနှုန်းက ကျုပ်တို့ထက် ပိုနည်းတယ်မဟုတ်ဘူးလား?" ရှုယီက ပြောသည်၊ "တကယ်တော့ ကျုပ်အမြင်မှာ အရည်အသွေးနဲ့ လုပ်ဆောင်ချက်လျော့နည်းတာက အဲ့လောက်ကိစ္စမကြီးပါဘူး။ တခြားလူတွေမှာသာ ရွေးချယ်စရာရင် ဈေးချိုတာအတွက် အရည်အသွေးနဲ့ လုပ်ဆောင်ချက်လေးနည်းနည်းလောက်ကို စွန့်လွှတ်မှာပဲ။ ဒီတော့ ကျုပ်တို့နဲ့ မယှဉ်နိုင်မှာကို စိုးရိမ်ဖို့မလိုပါဘူး။"
ဥက္ကဌရန့်ခ်က ရှုယီ၏ လေးနက်နေဟန်ကိုကြည့်ကာ ရှုပ်ထွေးစွာဖြင့် မမေးဘဲ မနေနိုင်တော့ချေ၊ "ဥက္ကဌရှု၊ ကျုပ်တို့က ခင်ဗျားရဲ့ ပြိုင်ဘက်လေ၊ ဘာလို့ ကျုပ်တို့အတွက်စဉ်းစားရတာလဲ?"
"ကျုပ်အရင်က ပြောပြီးပြီပဲ၊ ကျုပ်က ကိတ်မုန့်ကြီးကြီးလုပ်နေတာမို့ ကိတ်ကို လုယူမှာမဟုတ်ဘူး။ ဒီနယ်ပယ်သာ အတော့အတော်ကြီးလာရင် ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက ကျုပ်တို့ဝေစုကိုရမှာကိုမပြောနဲ့ဦး၊ ဘန်တာမြို့ရဲ့ လုပ်ငန်းစုအားလုံးတောင်ရနိုင်မယ်မဟုတ်လား။ အားလုံးက တစ်ယောက်နဲ့တစ်ယောက်ယှဉ်ပြိုင်ပြီး နယ်ပယ်ရဲ့ကြီးထွားမှုကို နှောင့်နှေးစေမယ့်အစား ကောင်းကောင်းယှဉ်ပြိုင်ပြီး အတူတူ တိုးတက်အောင်လုပ်တာကပိုကောင်းတယ်။" ရှုယီက လေးနက်စွာပြောလာသည်၊ "ပြောရရင် ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ စက်တွေထက် မဆိုးတဲ့ မှော်စက်တွေကို ထုတ်လုပ်ခွင့်ပြုဖို့ အိမ်သုံးမှော်စက်ထုတ်လုပ်တဲ့ နည်းပညာတစ်ခု ထုတ်ဖော်ဖို့ပြင်ထားတယ်။"
"ဒါပေမယ့် ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းဆီမှာရှိတဲ့ နည်းပညာအားလုံးကို ပေးမှာတော့မဟုတ်ဘူးမို့လား?" ဥက္ကဌရန့်ခ်က အခွင့်အရေးတွေ့ပြီးနောက် ပြောလာ၏။
ရှုယီကလည်း ရယ်လျက်ပြောသည် "ဒါပေါ့။ အရာအားလုံးကိုသာပေးလိုက်ရင် ကျုပ်တို့လုပ်ငန်းစုကို ကျွေးမွေးဖို့ ဘာကျန်တော့မှာလဲ? ပြီးတော့လည်း ကွာဟချက်နည်းနည်းချန်ထားပေးတော့ ကျုပ်တို့နောက်လိုက်ဖို့ အားလုံးကို လှုံ့ဆော်လို့ရတာပေါ့။ စဉ်းစားကြည့်ပါ ခင်ဗျားသာ နည်းနည်းလောက်လုံ့လစိုက်လိုက်မယ်ဆိုရင် ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကို အိမ်သုံးမှော်စက်တွေမှာ ကျော်သွားနိုင်လိမ့်မယ်!"
ဥက္ကဌရန့်ခ်က သက်ပြင်းချလျက် ခေါင်းခါသည်၊ "ဥက္ကဌရှု၊ ကျုပ်က ခင်ဗျားကို သဘောထားကြီးတယ်ပဲပြောရမလား ကောက်ကျစ်တယ်လို့ ပြောရမလားပဲ?"
"ခင်ဗျား ကျုပ်ကို ဘယ်လိုဖော်ပြမလဲက အရေးမကြီးပါဘူး၊ အရေးပိုကြီးတာက ဥက္ကဌရန့်ခ်, ခင်ဗျားအပါအဝင် ဘန်တာမြို့ကဲ့ လုပ်ငန်းစုတွေအားလုံးကို ကျုပ်က ဒီနယ်ပယ်ကြီးကို တကယ်ပဲတိုးတက်စေချင်ကြောင်း သတိပြုမိစေချင်တာပါ။ ကျုပ် လတ်တလောလုပ်နေတဲ့ အရာအားလုံးက ဒါကိုဦးတည်နေတာပဲ။" ရှုယီက လေးနက်စွာပြောသည်။
ဥက္ကဌရန့်ခ်က အသာခေါင်းငြိမ့်ကာ၊ "အမ်း ကျုပ်တွေ့နိုင်ပါတယ်။ ကောင်းပြီ ဥက္ကဌရှုက နည်းပညာတွေထပ်မျှဝေဖို့ စီစဉ်ထားမှတော့ ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းက အိမ်သုံးမှော်စက်အရောင်းဆိုင်ကို တကယ်ပဲဆောက်ပြီး တခြားလုပ်ငန်းစုတွေလည်း ပါဝင်ဖို့ စိတ်ဝင်စားကြမယ်လို့ထင်တယ်။"
"ကောင်းတယ်" ရှုယီက အပြုံးဖြင့်ပြောသည်၊ "ပါဝင်တဲ့ လုပ်ငန်းစုပိုများရင် ကျုပ်တို့လည်း ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းနဲ့အတူ အခြေနေတွေကိုဆွေးနွေးဖို့ အဖွဲ့ဖွဲ့နိုင်တာပေါ့။ အဆုံးကျရင် သူတို့နဲ့အတူ ဆွေးနွေးတာကြောင့် အားသာချက်တွေပိုရလိမ့်မယ်။"
ဥက္ကဌရန့်ခ်က ရှုယီကိုကြည့်လာကာ၊ "ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းအတွက် အကျိုးအမြတ်ပိုရတယ်မဟုတ်လား?"
"ကျုပ်မငြင်းပါဘူး။" ရှုယီက ရယ်သည်၊ "အားလုံး အကျိုးအမြတ်ရရင် ကောင်းတာပဲလို့ မထင်ဘူးလား၊ ဥက္ကဌရန့်ခ်?"
ဥက္ကဌရန့်ခ်က ကူရာမဲ့စွာ ခေါင်းခါကာ လှည့်ထွက်သွားပြီး စီးအပွားရေးအသင်းအဖွဲ့ဝင်များထံ လျှောက်သွားလိုက်သည်။
သူဟာ ရှုယီထံ ထိုအကြောင်းမေးရန် ရှုယီကို လာရှာခဲ့ခြင်းဖြစ်သော်လည်း ယခုတွင် ရှုယီလုပ်လိုသည့်အရာကို သိပြီးဖြစ်ရာ အခြားလုပ်ငန်းစုများအား ထိုအကြောင်းပြောမည်ပင်။
ဥက္ကဌရန့်ခ်ထွက်သွားသည်နှင့် ဥက္ကဌခရုစ်က မသိမသာရောက်လာသည်။
သူ့ထံကြည့်ကာ ရှုယီမှာ အံ့ဩသွားသော်လည်း မနေနိုင်ဘဲ ပြုံးလိုက်၏။
"ဥက္ကဌခရုစ်, ခင်ဗျား တောင်ဘက်ကို အပန်းဖြေခရီးထွက်သွားခဲ့တာများလား? တစ်လတောင်မပြည့်ဘဲ ဘာလို့ ဒီလောက် မည်းပြီးပြန်လာရတာလဲ?"
ဥက္ကဌခရုစ်၏ မျက်နှာက ပိုလို့ပင် မှောင်မိုက်လာလေရာ သူ့မျက်လုံးများ၏ အဖြူက ပိုလို့တောက်ပလာသည်။ သူက ညစ်ညူးစွာ ပြောလေသည်၊ "ကျုပ်က အားလပ်ရပ်အတွက် ဘယ်အချိန်အားမှာလဲ။ တစ်ချိန်လုံး အပြင်မှာ ပြေးလွှားနေရတော့ မည်းလောက်အောင် လောင်ကျွမ်းသွားတာပဲ။"
ရှုယီက မနေနိုင်တော့ဘဲ အပြုံးဖြင့် မေးလေ၏၊ "ဒီတော့ နောက်ဆုံးဘာဖြစ်သွားလဲ?"
"နောက်ဆုံး?" ဥက္ကဌခရုစ်က အင်မတန်ကျေနပ်ဟန်ဖြင့်ပြုံးလာကာ၊ "ရလာဒ်က အတော်လေးကောင်းပါတယ်။ တစ်လလောက်ထွက်သွားပြီးတော့ လုပ်ငန်းစုလေးခုနဲ့ သဘောတူညီချက် လက်မှတ်တွေထိုးခဲ့ပြီးပြီ။ ကျုပ်တို့ အမ်ရစ်ကုန်သည်ကြီးများအသင်းက လုပ်ငန်းစုလေးခုက ပေးချေထားတဲ့ လမ်းခုနစ်လမ်းဆောက်လုပ်ရမယ်။"
"ခုနစ်လမ်း?" ရှုယီမှာ အတန်ငယ်အံ့ဩသွားကာ၊ "လမ်းတစ်လမ်းထက်ပိုခင်းချင်တဲ့ အဲ့လို ရဲတင်းတဲ့လုပ်ငန်းစုတွေ တကယ်ပဲရှိနေတယ်ပေါ့?"
"တခြားလုပ်ငန်းစုတွေက ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းလို မွဲတေနေတယ်များ ထင်နေလား?" ယခုတွင် ဥက္ကဌခရုစ်က ရှုယီနှင့်အတော်လေးရင်းနှီးနေပြီဖြစ်ရာ တုံ့ဆိုင်းမနေဘဲ စနောက်လိုက်သည်၊ "ဖယ်လ်ချောင်ကုန်သည်ကြီးများအသင်းက တစ်ခါတည်းနဲ့ လမ်းသုံးလမ်းဆောက်ခိုင်းတယ်၊ ဖာဆန်ရထားလုံးလုပ်ငန်းစုနဲ့ အရွယ်တူလောက်ရှိမယ့် ရထားလုံးလုပ်ငန်းစုက နှစ်လမ်းနဲ့ ကျန်တဲ့ လုပ်ငန်းစုနှစ်စုက တစ်လမ်းစီပဲ။"
"ဖယ်လ်ချောင်ကုန်သည်ကြီးများအသင်း?" ရှုယီက ပွဲတော်ခန်းမဘက်ကိုလှည့်ကာ ဝေ့ဝဲကြည့်လျက် ဥက္ကဌမော်ဂန်ကို လျင်မြန်စွာရှာလိုက်သည်၊ "ဘယ်လမ်းသုံးလမ်းကို ဆောက်ဖို့ စီစဉ်ထားတာလဲ?"
ဥက္ကဌခရုစ်က အမည်များပြောလာရာ ရှုယီလည်း စိတ်ထဲ၌ မြေပုံကိုပြန်စဉ်းစားလိုက်သည့်အခါ သူမျှော်မှန်းထားသလို ထို လမ်းသုံးလမ်းက ဖယ်လ်ချောင် ကုန်သည်ကြီးများအသင်း၏ မိုင်းတွင်းများနှင့် ဆက်သွယ်နေကာ အန်ဗီမာမြို့တော်ကိုလည်း ချိတ်ဆက်ထားသည်ပင်။
ရှုယီလည်း တွက်ချက်ကြည့်လိုက်သော် ထိုလမ်းသုံးလမ်းကို တည်ဆောက်ရန် လေးရာကီလိုမီတာလောက်လိုမည်ဖြစ်သည်ကိုသိရ၏။
မိုးကျလမ်းနှင့် ဘန်ကာလမ်းတို့ဖြင့်ယှဉ်လျှင် ၎င်းက ပမာဏကြီးလှသည်။
ဖယ်လ်ချောင်ကုန်သည်ကြီးများအသင်းမှာ တကယ်တမ်းတွင် လမ်ပူရီတိုင်းပြည်ရှိ အကြီးဆုံးလုပ်ငန်းစုကြီးများထဲမှ တစ်ခုဖြစ်ပြီး ၎င်းတို့လှုပ်ရှားလိုက်ချိန်တွင် ထိုမျှ အံ့ဩဖွယ်ဖြစ်သည်။
ဥက္ကဌခရုစ်မှ ရှုယီထံ ထိုလမ်းများ၏ ယေဘုယျအခြေနေကို ဖော်ပြလာသောအခါ ထိုလမ်းခုနစ်လမ်းပြီးသွားပါက လမ်ပူရီတိုင်းပြည်ရှိ လမ်းများအားလုံးကို ချိတ်ဆက်ဖို့ အတော်လိုသေးသော်လည်း အရေးကြီးလမ်းများ၏ အရေတွက်များစွာကို အစားထိုးပေးလိမ့်မည်။
ထိုလုပ်ငန်းစုအားလုံး၏ ခေါင်းဆောင်များက အမြင်ကျယ်သဖြင့် အင်မတန်သင့်လျော်စွာရွေးချယ်ခဲ့ကြောင်းမြင်နိုင်ပေသည်။
ရှုယီက သဘာဝကျစွာပင် ၎င်းကြောင့် ဝမ်းသာပါ၏။
ထိုလုပ်ငန်းစုလေးစုနှင့် ဥက္ကဌခရုစ်ရခဲ့သည့် လမ်းမှာ အင်မတန်လုံလောက်နေပြီဟုပင် စဉ်းစားမိသည်။
ဖြစ်နိုင်လျှင် လမ်ပူရီတိုင်းပြည်ရှိ လုပ်ငန်းစုအားလုံးလှုပ်ရှားကာ လမ်ပူရီတိုင်းပြည်အား လမ်းကောင်းများဖြင့် ဖုံးလွှမ်းစေဖို့ပင် ဆန္ဒပြုမိသည်။ ၎င်းက လမ်ပူရီတိုင်းပြည်၏ လမ်းပန်းဆက်သွယ်ရေးအခြေနေကို များစွာ တိုးတက်လာစေလိမ့်မည်။
မှန်ပါ၏၊ ၎င်းက ဆုတောင်းသက်သက်သာဖြစ်ခြင်းကို ရှုယီသိပေသည်။
သူဟာ ဥက္ကဌခရုစ်၏ ပခုံးကိုပုတ်လျက် ခေါင်းငြိမ့်ကာ ချီးကျူးလိုက်သည်၊ "ခင်ဗျား ကောင်းကောင်းလုပ်ခဲ့တယ်။"
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၀၈၄။ လေးဆယ်ကျော်ထိ အသက်ရှင်နိုင်မလား?
ဥက္ကဌခရုစ်က ရှုယီထံ သူ၏ လုပ်ရပ်များအတွက် အစီရင်လာခံရုံသာမကဘဲ ရှုယီထံ၌ လမ်းခင်းမှော်စက်များထပ်မံဝယ်ယူမည့် အမှာစာ ထပ်ပေးရန်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ၎င်းတို့ထုတ်လုပ်ရေးကို မြန်နှုန်းမြင့်ကာ မှော်စက်အသစ်များကိုလည်း တတ်နိုင်သမျှ မြန်မြန် ထုတ်လုပ်ကာ သုတေသနလုပ်ရန် ဆန္ဒရှိနေသည်။
သူဟာ ရှုယီအား အမ်ရစ်ကုန်သည်ကြီးများအသင်း၏ လမ်းနှင့် မြစ်'တည်ဆောက်ရေးတို့နည်းတူ ၎င်းတို့ ရင်ဆိုင်နေရသည့် အခက်အခဲများကိုလည်းဖော်ပြထားသည့် အင်မတန်အသေးစိတ်ကျသောစာရင်းကို ပေးခဲ့သည်။
မှော်စက်များနှင့် အစားထိုးနိုင်သည့် နေရာများအား ထိုစာရင်း၌ အသေးစိတ်ချရေးထားသည်။ ထိုအဓိပ္ပာယ်မှာ သူဟာ ရှုယီအား ၎င်းပြဿနာကို ဦးစွာ လေ့လာစေချင်နေသည်။
ရှုယီက စာရင်းကိုကြည့်လာသော်လည်း ထိုပြဿနာများကို လျင်မြန်စွာဖြေရှင်းနိုင်လိမ့်မည်ဟုတော့မဆိုပါချေ။
အခြားနည်းလမ်းမရှိချေ၊ မှော်သုတေသနဌာနနှင့် မှော်စက်အလုပ်ရုံတို့၏ လုပ်နိုင်စွမ်းက အကန့်အသတ်ရှိပြီး ဖြေရှင်းရမည့် ပြဿနာများစွာလည်းရှိသည်။ ရှုယီထံ၌ ကမ္ဘာမြေမှ ယူဆောင်လာသည့် စက်မှုအင်ဂျင်နီယာဗဟုသုတများရှိနေပါလျှင်တောင် မှော်စက်များကို ထုတ်လုပ်ရန် ထိုနှစ်ဘက်နှင့် ပူးပေါင်းဖို့လိုသေးသည်။
ဥက္ကဌခရုစ်ကလည်း သိလေရာ လောဆောဖို့သာတတ်နိုင်ပြီး မည်သည်ကိုမျှ မဆိုချေ။
ဥက္ကဌခရုစ်က သူ၏စာရင်းပြပြီးချိန်တွင် ဖာဆန်ရထားလုံးလုပ်ငန်းစုဥက္ကဌ ပွန်ဖီးက ရှုယီနံဘေးရောက်လာသည်။
သူက ရှုယီထံ ဘန်ကာလမ်း၌ထားရှိသည့် Frestech ကုန်သည်ကြီးများအသင်း၏ လမ်းအခွန်ရုံးအကြောင်း လာမေးခြင်းပင်။
ဘန်တာမြို့နှင့် ဆော်လ်တန်မြို့အကြားရှိ ဖာဆန်ရထားလုံးလုပ်ငန်းစု၏လမ်းလည်း အပြီးသတ်ဖို့ နီးကပ်လာပြီဖြစ်သည်။ လမ်းထက်၌ လမ်းအခွန်ရုံးများရှိနေပြီးဖြစ်ကာ ၎င်းတို့မှ ဖြတ်သန်းခ အတော်ရရှိပြီးဖြစ်သော်လည်း ဤသည်က ဖာဆန်ရထားလုံးလုပ်ငန်းစု၏ ပထမအကြိမ်လုပ်ဆောင်ခြင်းဖြစ်လေရာ ဥက္ကဌပွန်ဖီးက ယုံကြည်ချက် မဲ့နေသည်။
"အေးဆေးပေါ့၊ ဘုရင်မကြီးက ကျုပ်ကို ကတိပေးထားပြီးသားပါ၊ အရှင်မင်းကြီးရဲ့ အာဏာတည်နေသရွေ့ ကျုပ်တို့ တော်ဝင်မိသားစုနဲ့ လက်မှတ်ထိုးထားတဲ့ သဘောတူညီချက်ကလည်း ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ ဖြတ်သန်းခသာဆက်ကောက်နေလိုက်ပါ စိုးရိမ်ဖို့ မလိုပါဘူး။" ရှုယီက ဥက္ကဌပွန်ဖီး စိုးရိမ်နေသည်ကို သေချာသိလေရာ သူ၏စကားလုံးများက တိုက်ရိုက်ကျသည်။
မျှော်လင့်ထားသလိုပင် ရှုယီက ထိုသို့ပြောလာချိန်၌ ဥက္ကဌပွန်ဖီး၏မျက်နှာထက်ရှိ မျက်နှာထားက အနည်းငယ်ပြေလျော့သွားသည်။
"ဒါဆိုရင် ကောင်းပါတယ်။ ကျုပ်အမြဲတမ်း လူတွေသုံးတဲ့လမ်းမှာ ဖြတ်သန်းခကောက်နေတာကို ဓားပြတိုက်သလိုခံစားနေရတော့ နည်းနည်းစိတ်ပူနေတာ။ အရှင်မင်းကြီးက ဒီအစီစဉ်ကို ထောက်ခံတယ်လို့ ခင်ဗျားပြောတာကြားမှ ပိုပြီး စိတ်ချသွားတယ်။ ကျုပ်တို့က ဓားပြတွေဆိုရင်တောင် အရှင်မင်းကြီး လက်ခံပေးထားတဲ့ ဓားပြတွေပဲလေ၊ ဟား ဟား..."
ရှုယီက သူ့အားမျက်လုံးလှိမ့်ပြကာ၊ "ကျုပ်တို့က ဓားပြလို့ ဘယ်သူပြောလဲ? ဓားပြတွေက လမ်းခင်းဖို့ ငွေပေးလို့လား? အေးဆေးပေါ့၊ ကျုပ်တို့ကို ဆူဆဲနေတဲ့လူတွေက အရာဝတ္တုအသစ်တွေကို နားမလည်တဲ့လူတွေပါပဲ။ နှစ်အနည်းငယ်အတွင်း ဒီကိစ္စက တိုင်းပြည်တစ်ခုလုံးဆီရောက်သွားချိန်ကျရင် အားလုံးက နေသားကျပြီး ဘယ်သူကမှလည်း ကျုပ်တို့ကို ဆူဆဲကြမှာမဟုတ်တော့ဘူးလို့ အာမခံတယ်။ အခုပဲ ဥက္ကဌခရုစ်က နောက်ထပ် လမ်းခုနစ်လမ်းဆောက်ဖို့ရှိတယ်လို့ ပြောခဲ့တယ်။ လမ်းခုနစ်လမ်းမှာလည်း လမ်းအခွန်ရုံးတွေရှိလာတဲ့အခါ လူတွေ ကျုပ်တို့ကို ဆူဆဲနေဦးမလားကို မြင်နိုင်မှာပါ။"
"နောက်ထပ် ခုနစ်လမ်း?" ဥက္ကဌပွန်ဖီးက တမုဟုတ်ချင်းပျော်ရွှင်သွားသည်။ "ဒီနှုန်းနဲ့ဆို ကျုပ်တို့ လမ်ပူရီတိုင်းပြည်မှာ နှစ်နည်းနည်းနဲ့ လမ်းတွေပြည့်လာမှာမဟုတ်ဘူးလား? ဒီလိုသာဆိုရင် ကျုပ်တို့ ဖာဆန်ရထားလုံးလုပ်ငန်းစုအတွက် တကယ်ကို ကိစ္စကောင်းဖြစ်လာမှာ။ ဥက္ကဌရှု ဘန်ကာလမ်းဖွင့်ပြီးတဲ့နောက် ဘန်တာမြို့နဲ့ ခမာမြို့ကြားမှာ ကျုပ်တို့ မြင်းလှည်းတွေ တစ်နေ့ကို ဆယ့်သုံးကြိမ်ထက်ပိုပြီး ပြေးဆွဲနေရပြီဆိုတာ သိလား! တိုင်းပြည်ရဲ့ လမ်းတွေအားလုံးသာ ပြောင်းလဲသွားရင် ကျုပ်တို့ရဲ့ မြင်းလှည်းလုပ်ငန်းလည်း ဒီထက်ပိုပြီး အတော်ကောင်းလာတော့မှာပဲ!"
ရှုယီမှာ ပြောစရာမဲ့နေပြီး အလွယ်လေးစိတ်လှုပ်ရှားတတ်သည့် ဥက္ကဌပွန်ဖီးကိုကြည့်လိုက်၏။ တစ်နေ့လျှင် ဆယ့်သုံးခါကျော်ပြေးဆွဲခြင်းကြောင့် ထိုမျှစိတ်လှုပ်ရှားနေပါက အင်ဂျင်အား ထုတ်လုပ်ပြီး တစ်နေ့ အကြိမ်တစ်ရာပြေးဆွဲနိုင်သည့်အခါဆိုလျှင် စိတ်လှုပ်ရှားမှုကြောင့် မူးမေ့သွားလေမလား?
လမ်းအခွန်ရုံးများအကြောင်းပြောပြီးနောက်၌ ဥက္ကဌပွန်ဖီးက ရှုယီထံ နောက်ထပ် ဘန်တာမြို့မှ ကန်ဘာရာမြို့နှင့် နော်တန်မြို့တို့ထံ လမ်းနှစ်လမ်း ထပ်၍ဆောက်လုပ်သင့်ကြောင်း မေးမြန်းနေသည်။
ရှုယီက ထိုအဆိုကို အင်မတန် စိတ်ဝင်စားပါသော်လည်း လက်ရှိ ဘန်တာမြို့ပြုပြင်ပြောင်းလဲရေးစီမံကိန်းလည်း ပြုလုပ်နေဆဲဖြစ်လေရာ ထိုလမ်းနှစ်လမ်းအား မည်သို့ လုပ်ဆောင်ရမည်မှန်းမသိတော့ချေ။ ထို့အပြင် အမ်ရစ်ကုန်သည်ကြီးများအသင်းက အခြားလုပ်ငန်းစုများအတွက် အခြားလမ်းခုနစ်လမ်းဆောက်လုပ်ပေးနေသည်ဖြစ်ရာ ထိုနှစ်လမ်း ဆောက်ရန်အတွက် လူအင်အားလောက်နိုင်မည်မဟုတ်သဖြင့် ၎င်းအဆိုကို ဆိုင်းငံ့ထားရလိမ့်မည်။
"ဥက္ကဌရှု၊ ဥက္ကဌခရုစ်သာ ခင်ဗျားဆီကနေသိပြီး အမ်ရစ်ကုန်သည်ကြီးများအသင်းရဲ့ လမ်းဆောက်လုပ်ရေးနည်းပညာတွေကို မျှဝေလိုက်ရင် လမ်းခင်းပေးမယ့် လုပ်ငန်းစုတွေ ပိုများလာမှာပဲမဟုတ်လား?" ဥက္ကဌပွန်ဖီးက နှမျောနေသည့် အသံဖြင့်ဆိုလာ၏။
ရှုယီက သူ့အားကြည့်ကာ သူ၏စကားလုံးများက တစ်ခုခုကို ရည်ညွှန်းနေသည်ဟု တွေးမိသည်။ ထိုသည်ကို စဉ်းစားမိသော် ငြင်သာစွာပြောလိုက်၏၊ "နည်းပညာက အရေးမကြီးပါဘူး။ အရေးကြီးတာက လူတွေပဲ။ ဥက္ကဌခရုစ်ရဲ့ ဆံပင်တွေတောင် စိတ်ပူတာကြောင့် ဖြူနေပြီဆိုပေမယ့် လူအလုံအလောက် မစုဆောင်းနိုင်သေးဘူးလေ။ သူတို့ရဲ့ အမ်ရစ်ကုန်သည်ကြီးများအသင်းက အလုပ်တွေ ပိုပိုယူလာရတော့ လူတွေ ပိုပိုလိုလာတယ်။ မဟုတ်ရင် တစ်လလောက် ထွက်သွားပြီးနောက်မှာ ဒီလမ်းခုနစ်လမ်းအတွက်ပဲ ဘာလို့လက်ခံခဲ့ရမှာလဲ?"
ဥက္ကဌပွန်ဖီးက ခါးသက်စွာပြုံးလိုက်သည်၊ "လူလိုတာက အဆင်ပြေပါသေးတယ်။ အခုဆို နေရာစုံကလူတွေက ဘန်တာမြို့ကို လာနေကြတော့ သိပ်မကြာခင် အလုပ်သမားလုံလုံလောက်လောက် စုဆောင်းနိုင်မှာပါ။ ဒါပေမယ့် ကျုပ်တို့ ဖာဆန်ရထားလုံးလုပ်ငန်းစုက အခု မြင်းတွေလိုနေပြီးတော့ ဒီမြင်းတွေကလည်း အကွာအဝေးရှည်ရှည်ကို ပေးဖို့ ခံနိုင်ရည်ရှိဖို့လိုတယ်။ ဒါက လူတွေကို ရှာတာနဲ့စာရင်ပိုခက်တော့ ကျုပ်ရဲ့ဆံပင်တွေက ဥက္ကဌခရုစ်ထက်တောင် ပိုဖြူနေပါပြီ။"
ရှုယီက ပခုံးတွန့်ကာ မတတ်နိုင်ကြောင်းပြသလိုက်သည်။
ရှုယီ၏တောင်းဆိုမှုနှင့် ဆယ်ဗီနီမှာ ဖာဆန်ရထားလုံးလုပ်ငန်းစုအား စစ်မြင်းများဖြစ်မလာမည့် မြင်းများကို ဝယ်ယူခွင့်ပြုခဲ့သော်လည်း ဘန်တာမြို့ရှိ လူဦးရေထူထပ်ကာ ကုန်စည်မျိုးစုံယူဆောင်လာကြခြင်းနှင့်စာလျှင် ထိုစစ်မြင်းများမှာ မီးတောက်ထဲချလိုက်သော ရေပေါက်လေးတစ်ပေါက်မျှသာဖြစ်၍ လုံလောက်ဖို့ များစွာလိုနေသေးသည်။
ရှုယီမှာ ဥက္ကဌပွန်ဖီးအား အင်ဂျင်ထုတ်လုပ်လိုက်သည်နှင့် ထိုမြင်းပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ်ဟု နှစ်သိမ့်ပေးလိုက်ချင်ပေ၏။
သို့သော် ၎င်းက မည်မျှခက်ခဲပြီး မည်သည့်အရွေ့မျှပင် ထပ်မလုပ်နိုင်သေးကြောင်းကို စဉ်းစားမိလိုက်ရာ မည်သို့ဖြစ်ဖြစ် ထိုကိစ္စကို ပြောနိုင်မည်မဟုတ်ချေ။
ရှုယီနှင့်အတူ သက်ပြင်းချပြီးနောက်တွင် ဥက္ကဌပွန်ဖီးက ထွက်သွားတော့သည်။ နံဘေး၌ အတန်ငယ်ကြာ စောင့်ဆိုင်းနေခဲ့သည့် ဥက္ကဌ ဗင်းဆင့်ထ်က ချက်ချင်းရောက်လာခဲ့၏။
ဥက္ကဌ ဗင်းဆင့်ထ်က မည်သည်ကိုမှ မဆိုနိုင်ခင်တွင် ရှုယီက ဖြတ်ပြောလိုက်သည်၊ "ကျုပ်ကို လောကြီးဖို့ မလိုပါဘူး၊ ကမ်ဘီတို့တွေကို ဗိုင်းလိပ်တံနဲ့ စင်တွေ ထုတ်လုပ်ရေးကို စမ်းသပ်ဖို့ ပြောပြီးပြီ။ အတော်လေးရိုးရှင်းတော့ ဒါတွေကို တစ်စုတည်း ဘယ်လိုထုတ်လုပ်ရမယ်ဆိုတာသိဖို့ တစ်ပတ်တောင်ကြာမှာမဟုတ်ပါဘူး။ ပြီးတော့ ကျုပ်တို့တွေ ဒီနည်းပညာကို သင်ပေးဖို့ အစိတ်အပိုင်းထုတ်လုပ်ငန်းစုလေးတစ်ခုနှစ်ခုရှာဖို့လိုသေးတယ်၊ ဒီလိုဆို ခင်ဗျား သူတို့ဆီက တိုက်ရိုက်မှာလို့ရပြီ။ ကွင်း၊ ပုတီးစေ့နဲ့ အပ်တွေကိုလည်း အလျင်လိုဖို့မလိုပါဘူး။ မကြာခင် ဒီပြဿနာကိုဖြေရှင်းပေးနိုင်မယ့် အစိတ်အပိုင်းလုပ်ငန်းစုတစ်ခု ရှိလာလိမ့်မယ်။"
ဥက္ကဌ ဗင်းဆင့်ထ်က ရပ်တန့်သွားပြီးမှာ စိတ်ကျေနပ်စွာခေါင်းငြိမ့်လာသည်၊ "ဥက္ကဌရှုက ယုံကြည်ရတာကို ကျုပ်သိပေမယ့် ဒီနေ့ ခင်ဗျားနဲ့ ဆွေးနွေးဖို့ တခြားကိစ္စလေးတွေရှိလို့ပါ။ တခြားကိစ္စရှိတယ်....."
......
ဥက္ကဌဗင်းဆင့်ထ်က ရှုယီကို စကားပြောနေသည်အား အဝေးမှမြင်သော် ကောင့်ထ်စီယန်က ခေါင်းခါလျက် သူ၏ နံဘေးရှိ ခမ်နက်ဒ်ကို အပြုံးဖြင့်ပြောလိုက်၏၊ "ကြည့်ပါဦး၊ အဲဒီ့ကောင်လေးက တကယ်ကို ဒီလောက်အလုပ်များနေတယ်။"
ခမ်နက်ဒ်လည်း အသာပြုံးလျက်ပြောလာသည်၊ "ကျွန်တော်သိပြီးသားပါ။ ဥက္ကဌရှုနောက်ကို အရင်ရက်တွေတုန်းက လိုက်ခဲ့တာဆိုတော့ လိုတာထက်တောင် ပင်ပန်းနေတာမို့ ဥက္ကဌရှု ဘယ်လောက်အလုပ်များနေမှန်း စိတ်ကူးကြည့်လို့ရပါတယ်။"
"တကယ်တော့ ဒီကောင်လေး သူ့ကိုယ်သူပဲ အပြစ်တင်လို့ရမယ်။ Frestech ကုန်သည်ကြီးများအသင်းက ဒီလိုတိုးတက်လာတာဆိုတော့ ဒီလောက် အလုပ်များနေဖို့ မလိုဘူးလေ။ ဒီတိုင်း လုံလုံခြုံခြုံရိုးရိုးရှင်းရှင်းနဲ့ပဲ အဲဒီ့မှော်စက်တွေထုတ်လုပ်ပြီး အိမ်မှာ ငွေတွေစုဆောင်းရင်းထိုင်နေလို့ရတာကို ဘာလို့ ကိုယ်တိုင်လုပ်နေရတာလဲ။" ကောင့်ထ်စီယန်ကပြော၏။
"မြို့စားကောင့်ထ်, ဒါက ဥက္ကဌရှုကို သွယ်ဝိုက်ပြီးချီးကျူးနေတာမဟုတ်လား?" ခမ်နက်ဒ်က ပြုံးပြလာသည်၊ "ဥက္ကဌရှုသာ အဲ့လောက်အမြင်ကျဉ်းပြီး ရည်မှန်းချက် လုံးဝမရှိရင် ခင်ဗျားရော သူ့ကို ဒီလိုထောက်ခံမှာလား?"
"မထောက်ခံဘူးပေါ့" ကောင့်ထ်စီယန်က သေချာနေသည့်အသံဖြင့်ဆိုလာသည်၊ "တကယ်တော့ ဒီကောင်လေးက ကျုပ်ဆီကို ကျေနပ်အံ့အားသင့်စရာတွေယူလာပြီး ပြဿနာတွေလည်း ဖြေရှင်းဖို့ ကူညီခဲ့တယ်။ သူ့ကြောင့်သာ မဟုတ်ရင် ဘန်တာမြို့က ဒီလောက် မြန်မြန်တိုးတက်လာမှာမဟုတ်ဘူး၊ ဒီနှုန်းက ကျုပ်ရဲ့မျှော်မှန်းချက်ထက်တောင် ကျော်လွန်နေသေးတယ်။ ဒါပေမယ့် သူဒီလောက်ထိ ပါဝင်ထားလို့ သူ့ကိုအတော်စိုးရိမ်တယ်။ ပထမဦးဆုံး သူ့မှာ လုပ်စရာတွေ ရင်ဆိုင်စရာပြဿနာတွေပိုများလာတာကိုမပြောနဲ့ဦး၊ သူ့ကိုယ်သူ အလုပ်များစေတာနဲ့တင် နောက်ဆုံးကျ ခန္ဓာကိုယ်က ခံနိုင်လိမ့်မှာမဟုတ်ဘူး။"
ခမ်နက်ဒ်က ခေါင်းခါကာ၊ "သူ့ရဲ့ခန္ဓာကိုယ်ကို စိတ်ပူဖို့မလိုပါဘူး၊ မကြာခင်မှာ ဥက္ကဌရှုက သတ္တမအဆင့်မှော်ပညာရှင်ဖြစ်လာလောက်တယ်။ သူသာ မှော်ပညာကိုလေ့လာဖို့ အချိန်သက်သက်ဆက်ဖယ်ထားရင် အသက်လေးဆယ်မှာ မဟာမှော်ပညာရှင်တောင် ဖြစ်နိုင်လောက်မယ်။ မဟာမှော်ပညာရှင်တစ်ဦးဖြစ်လာပြီးတဲ့အခါ သူ့ရဲ့ ခန္ဓာကိုယ်က မှော်စွမ်းအားအမှုန်လေးတွေကြောင့် ပြောင်းလဲသွားပြီး ဘဝသက်တမ်းကလည်း အတော်ရှည်လာလိမ့်မယ်။ သူ့အနေနဲ့ အသက်လေးဆယ်တောင် မရောက်လောက်ဘူးလို့တော့ မထင်ဘူးမို့လား?"
"အသက်လေးဆယ်?" ကောင့်ထ် စီယန်က ရုတ်တရတ်သက်ပြင်းချကာ အဝေးမှ ရှုယီကို စိတ်ပူဟန်ဖြင့် ကြည့်လိုက်၏၊ "ဒီကောင်လေးက လူတော်တော်များများရဲ့ အာရုံကို ဖမ်းစားထားတယ်။ သူနဲ့ Frestech ကုန်သည်ကြီးများအသင်းသာ ဆက်ကြီးထွားနေရင် လူတချို့ရဲ့ အာရုံထဲလှမ်းမိသွားလောက်တယ်။ မဟုတ်ဘူး၊ ဖြစ်နိုင်လောက်တာထက် သေချာပေါက် ဖြစ်သွားမှာ။ ဒီတော့ ကျုပ်တကယ်ပဲ သူအသက်လေးဆယ်အထိနေရလိမ့်မလားကို အာမ,မခံနိုင်ဘူး....."
ခမ်နက်ဒ်က အသာပြုံးလိုက်၏၊ "မြို့စားအရှင်လောက် သူ့ကိုကာကွယ်ပေးမယ့် အရေးပါတဲ့လူမရှိဘူးလား? ဘုရင်မကြီးကလည်း သူ့ကိုထောက်ခံနေတာပဲလေ။ ခင်ဗျားနဲ့ ဘုရင်မကြီးရဲ့ ကာကွယ်မှုနဲ့ဆိုရင် လုံးဝစိုးရိမ်ဖို့မလိုပါဘူး။"
"ဘုရင်မကြီးရဲ့ လေးစားမှုနဲ့ ထောက်ခံမှုလား? ဒါက သူ့အတွက် လုံးဝကောင်းတဲ့အရာမဟုတ်ဘူး...." ကောင့်ထ်စီယန်က အန်ဗီမာမြို့တော်ရှိရာ မြောက်ဘက်ကိုကြည့်လိုက်၏။ အနည်းငယ်စဉ်းစားပြီးနောက်၌ ခမ်နက်ဒ်ကိုလှည့်မေးလေသည်၊ "မင်း ဒီကို ရုတ်တရတ်ကြီးရောက်လာတာက၊ မင်းအဖေ ဆုံးဖြတ်ချက်ချလိုက်လို့လား?"
ခမ်နက်ဒ်က ခေါင်းခါကာ၊ "အဖေက ဆုံးဖြတ်ချက်တော့မချရသေးပေမယ့် သတင်းကောင်းက သူ့ရဲ့အတွေးတွေကိုထုတ်ပြလိုက်ပြီလေ၊ မဟုတ်ရင် ကျွန်တော့်ကို ဒီလာခွင့်ပြုမှာမဟုတ်ဘူး။"
ကောင့်ထ်စီယန်က အသာခေါင်းငြိမ့်၏၊ "အတွေးလေးတစ်ခုနဲ့တင်လုံလောက်ပါတယ်။ မင်းက ဒီကိုရောက်ပြီး ရှုယီနဲ့လည်း ဆက်သွယ်မိပြီဆိုတော့ အဓိက,က အခြားလူတွေမြင်ဖို့ပဲ ဖြစ်တာကြောင့် မင်းအဖေဘာတွေးတွေး ကိစ္စမရှိတော့ဘူး။"
ခမ်နက်ဒ်က ခေါင်းခါကာ၊ "ကျွန်တော်က အစ်ကိုကြီးမှမဟုတ်တာ။"
"ဒီလိုလား?" ကောင့်ထ်စီယန်က ပြုံးလိုက်သော်လည်း ထိုခေါင်းစဉ်ကို ဆက်ပြောဖို့ အစီစဉ်မရှိပေ။ ထို့နောက် ဥက္ကဌဗင်းဆင့်ထ်နှင့် စကားပြောပြီးသွားသည့် အဝေးရှိ ရှုယီကိုကြည့်ကာ စဉ်းစား၍ မေးလိုက်၏၊ "ဒါဆို မင်းကရော? ဆုံးဖြတ်ချက်ချပြီးပြီလား?"
ခမ်နက်ဒ်ကလည်း ရှုယီကိုကြည့်ကာ အသာပြုံး၍ ပြောလာသည်၊ "ကျွန်တော်လည်း မဆုံးဖြတ်ခဲ့ရသေးဘူး။ ဒါပေမယ့် သူနဲ့ ရက်နည်းနည်းလောက် အတူရှိပြီးနောက်မှာ ကိစ္စတချို့ တွေးမိတယ်။ ကျွန်တော် ဆုံးဖြတ်ချက် ချ, မချက နောက်ထပ်လေ့လာမှုအပေါ် မူတည်လိမ့်မယ်လို့။"
"မင်း သိပ်မကြာခင် ဆုံးဖြတ်နိုင်ဖို့ မျှော်လင့်ပါတယ်" ကောင့်ထ်စီယန်က ခေါင်းငြိမ့်ကာ ပြောလာသည်၊ "ဒီကောင်လေး ရှုယီက အတော်အလုပ်များတော့ စတေးလ်နဲ့တောင် အချိန်မကုန်နိုင်ဖြစ်နေတာက ကိစ္စကောင်းမဟုတ်ဘူး။ သူ့ကို ကူညီပြီး နည်းနည်းလောက် တာဝန်ယူပေးမယ့်လူရှိလာရင် ကောင်းမယ်။"
ခမ်နက်ဒ်က မည်သည်ကိုမှ မဆိုဘဲ ပြုံးလိုက်၏။
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၀၈၅။ မှော်စက် စီးအပွားရေးအသင်း
သုံးရက်ကြာပြီးနောက် ဟန့်ခ် ဝီလ်ဆန်မှာ ဘန်တာမြို့မှ ထွက်ခွာသွားသည်။
ရှုယီ၏အကြံပြုချက်အရ ဝီလ်ဆန်မှာ Frestech ကုန်သည်ကြီးများအသင်းအပါအဝင် မှော်စက်ထုတ်လုပ်သည့် လုပ်ငန်းစုများနှင့် ပဏာမသဘောတူညီမှုပြုလုပ်ခဲ့၏။ သူဟာ Frestech အမှတ်တံဆိပ်အပါအဝင် အမျိုးမျိုးသော တံဆိပ်ရှိ မှော်စက်များကို ရောင်းချမည့် မှော်စက်အရောင်းဆိုင်ဖွင့်ရန် ပြင်ထားလေသည်။
ထိုသဘောတူညီချက်မှာ မှော်စက်အလုပ်ရုံလေးများအား တည်မြဲသည့်ဖြန့်ချိရေးဌာနနိုင်မည့် အကျိုးအမြတ်ရစေရုံသာမကပေ။ လက်ရှိ အကြီးမားဆုံး မှော်စက် လုပ်ငန်းစုဖြစ်သည့် Frestech ကုန်သည်ကြီးများအသင်းထံ ပိုလိုပင်ကြီးမားသည့် အကျိုးအမြတ်များယူလာသည်။
Frestech ကုန်သည်ကြီးများအသင်းက လက်ရှိတွင် ဖြန့်ချိရေးဌာနများကို အလိုအပ်ဆုံးဖြစ်နေလေရာ ဝဲလ်မက်ထ် ကုန်သည်ကြီးများအသင်းက ၎င်းတို့နှင့်ပူးပေါင်းဖို့ အစပျိုးလာခြင်းက ၎င်းတို့ဆန္ဒရှိသည့်အရာပါပင်။
အခြားလုပ်ငန်းစုများကို ခေါ်ယူရခြင်းအကြောင်းရင်းအတွက် အဓိကစိုးရိမ်ရသည့်အချက်မှာ ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းအနေနှင့် ထောက်ပံ့ရေးဆိုင်ရာ ပထမအခွင့်အရေးများရရှိခြင်းအပေါ် လက်လျှော့လိုက်ခြင်းဖြစ်သည်။
ထိုသဘောတူညီမှုအတွက် ဥက္ကဌရန့်ခ်က ဘန်တာမြို့ရှိ မှော်စက်ဆိုင်ရာ လုပ်ငန်းစုဆိုင်ရာအဖွဲ့အဖြစ် ဘန်တာမြို့မှော်စက် စီးအပွားရေးအသင်းကိုဖွဲ့စည်းထားသည်။ ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းသာ ထိုသို့ ဘန်တာမြို့ မှော်စက်နယ်ပယ်ကြီးတစ်ခုလုံးနှင့် စီးပွားရေးလုပ်လိုပါက သမဂ္ဂမှတစ်ဆင့်သွားရုံသာပင်။
အခြားလုပ်ငန်းစုများအတွက် မှော်ပန်ကာရောင်းအားမှာ လမ်ပူရီတိုင်းပြည်၏ အခြားနေရာများ၌ ကောင်းမွန်သောကြောင့် လုပ်ငန်းစုများစွာက ဘန်တာမြို့၌ မှော်စက်များပြုလုပ်ခြင်းကို ၎င်းတို့မျှော်လင့်ချက်များ ပြန်ရရန် လက်လျှော့ခဲ့ကြသည်။ Frestech ကုန်သည်ကြီးများအသင်းက မှော်ရေနွေးအိုး နည်းပညာကို ရောင်းချခဲ့သည့် အချက်ပါထည့်ပေါင်းလျှင် မှော်စက်မှုနယ်ပယ်ကို ပြန်လည်ဝင်ရောက်လာသည့် လုပ်ငန်းစုများစွာရှိသည်။
ဘန်တာမြို့လေးတွင် Frestech ကုန်သည်ကြီးများအသင်းအပြင် မှော်စက်လုပ်ငန်းစု နှစ်ဆယ့်သုံးခုရှိနေပြီဖြစ်သည်! ၎င်း၌ ဆာရန့်ခ်ကုန်သည်ကြီးများအသင်းနှင့် ဖယ်လ်ချောင်ကုန်သည်ကြီးများအသင်းတို့လို စွမ်းအားကြီးလုပ်ငန်းစုများလည်း ပါဝင်နေသည်။
၎င်းက မှော်စက်များထုတ်လုပ်သည့် လုပ်ငန်းစုများသာဖြစ်ကာ မှော်စက်များနှင့် စပ်လျဉ်းနေသည့် အခြားလုပ်ငန်းစုများလည်းရှိသေးသည်။ ဥပမာဆိုရလျှင် အစိတ်အပိုင်းများထုတ်လုပ်သည့် လုပ်ငန်းစုငယ် ခြောက်ဆယ့်ခုနစ်စုနှင့် သီးနှံများရိတ်သိမ်းရာ၌ ကူညီသည့် စိုက်ပျိုးရေးသုံးမှော်စက်များကို အသုံးပြုရသည့် ကန်တိုနာ၏ လယ်သမားလုပ်ငန်းစုတို့ဖြစ်သည်.....
ထိုလုပ်ငန်းစုအားလုံးကို ပေါင်းလိုက်ပါက အရေအတွက် တစ်ရာကျော်သည်!
ဥက္ကဌရန့်ခ်ထံမှ ၎င်းအဆိုပြုချက်မှာ လုပ်ငန်းစုတစ်ရာကျော်အနက် အများစု၏ ထောက်ခံမှုကိုရရှိသည်ဖြစ်ရာ မှော်စက်စီးအပွားရေးအသင်းအားဖွဲ့စည်းလိုက်သည်နှင့် ၎င်းတို့၏အင်အားက စီးအပွားရေးအသင်းပါ ကျော်လွန်လုနီးနီးဖြစ်သွားမည်။
ထိုမှော်စက်စီးအပွားရေးအသင်းက မှော်စက်များနှင့် စပ်လျဉ်းသောကိစ္စများကိုသာ စီမံခန့်ခွဲပေးပြီး စီးအပွားရေးအသင်းကဲ့သို့ တူညီသည့် လွှမ်းမိုးမှုမရှိပါသော်လည်း ဘန်တာမြို့၏ စီးပွားရေးလောကရှိ အဖွဲ့အစည်းကြီးတစ်ခုဖြစ်နေသေးရာ လွှမ်းမိုးမှုက အားမနည်းချေ။
ထိုအဖွဲ့စည်းကို ဖွဲ့စည်းလိုက်သည်နှင့် ၎င်းတို့ကို ကိုယ်စားပြုမည့် ဥက္ကဌတစ်ဦးကို ရွေးချယ်ရမည်သာ။ ကိုယ်စားလှယ်လောင်းများအနေနှင့် ဥက္ကဌရန့်ခ်အား အကြံပြုထားသည့် ရှုယီမှလွဲ ကျန်သည့်လုပ်ငန်းစုကိုယ်စားအားလုံးက ရှုယီကို အကြံပြုကြသည်။
ထိုသည်က အတော်လေး သဘာဝကျသည်။
မှော်စက်မှုနယ်ပယ်အား ရှုယီ ဖွဲ့စည်းထားသည့် အရာဟုယူဆနိုင်ပြီး ၎င်းအဖွဲ့အစည်းက မှော်စက်များကို ကိုယ်စားပြုလေရာ သူ့အနေနှင့် ထိုတာဝန်ကို မရှောင်လွှဲနိုင်ဟု အဓိပ္ပာယ်ရသည်။
ထို့ကြောင့် ရှုယီလည်း မည်သည့်ဆင်ခြေမှမပေးတော့ဘဲ ဥက္ကဌနေရာကို ယူလိုက်တော့သည်။
သူ ဥက္ကဌဖြစ်လာသည်နှင့် ရှုယီမှ ချက်ချင်း လှုပ်ရှားတော့သည်။
ပထမဦးစွာ သူက စက်မှုစံနှုန်းကို ကြေငြာခဲ့သည်။
ဘေးကင်းမှုစံနှုန်းနှင့် ထုတ်လုပ်မှုစံနှုန်းရှိသောကြောင့် ဤစံနှုန်းသည် ကဏ္ဍအားလုံးကို သက်ရောက်မှုရှိ၏။ မှော်စက်များထုတ်လုပ်သည့် လုပ်ငန်းစုများဖြစ်စေ အစိတ်အပိုင်းများထုတ်လုပ်သည့် လုပ်ငန်းစုငယ်များဖြစ်စေ အတိုင်းအတာတစ်ခုအထိ ၎င်းတို့ကို သက်ရောက်စေသည်။
မှော်စက်စီးအပွားရေးအသင်းသို့ ဝင်ရောက်ခဲ့သည့် လုပ်ငန်းစုများအနေနှင့် ၎င်းတို့သာ ရှုယီကြေငြာထားသည့် စက်မှုစံနှုန်းကိုလိုက်နာပါလျှင် ၎င်းတို့လက်အောက်ရှိ အလုပ်ရုံများ၌ ထိုစံနှုန်းများကို မှီရန် ပြောင်းလဲမှုကြီးတစ်ခု လုပ်ရမည်ဖြစ်ကြောင်း တွေ့ရှိခဲ့ကြ၏။
အဖွဲ့အစည်းအား စတင်ဖွဲ့စည်းကာစဖြစ်ပြီး ရှုယီကိုငြင်းဆိုရန် အဆင်မပြေပါလျှင်သော်မှ ဝေဖန်မှုများ ဖုံးကွယ်မထားဟု အဓိပ္ပာယ်မရချေ။
သို့သော် ရှုယီက ၎င်းတို့အား လုံးဝဂရုမစိုက်ဘဲ ရှင်းပြရန် အခြားစံနှုန်းများကို ထုတ်ပြလာသည်။ ထို့နောက် သူ့အနေနှင့် Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်နည်းပညာကို မှော်စက်စီးအပွားရေးအသင်းထဲ ဝင်ရောက်လာသည့် လုပ်ငန်းစုကြီးများထံရောင်းချကာ မှော်ရေနွေးအိုးအား ရောင်းချခဲ့သလို မူပိုင်ခွင့်နည်းလမ်းကို ကျင့်သုံးမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ၎င်းတို့ အဖွဲ့အစည်းထဲ ဝင်နေသရွေ့ ဝယ်နိုင်မည်ဖြစ်၏။
ထိုကြေငြာမှု အပြီးတွင် အဖွဲ့အစည်းရှိ ဝေဖန်မှုများအားလုံးပျောက်ကွယ်သွားကာ လုပ်ငန်းစုတိုင်းက ဝယ်ယူရန် ရည်ရွယ်ချက်ကိုပြလာကြသည်။
Frestech ကုန်သည်ကြီးများအသင်းက မှော်ရေနွေးအိုးနည်းပညာကို ရောင်းချချိန်တွင် ထူးကဲသည့် အရည်အသွေးရှိ မှော်ရေနွေးအိုးများ ပြုလုပ်ခဲ့သော လုပ်ငန်းစုများစွာရှိသည်။ ၎င်းအား ဘန်တာမြို့၌ဖြစ်စေ အခြားမြို့များ၌ဖြစ်စေ ကောင်းစွာကြိုဆိုကြရာ လုပ်ငန်းစုများစွာက ၎င်းတို့ထံမှ ပမာဏကြီးစွာ ဝင်ငွေရခဲ့ကြ၏။
ထိုချိုမြိန်မှုကို အရသာခံကြည့်ပြီးနောက် Frestech ကုန်သည်ကြီးများအသင်းက နည်းပညာရောင်းမည်ကို ကြားရချိန်တွင် သဘာဝကျစွာပင် လက်လျှော့လိမ့်မည်မဟုတ်ပေ။
ရှုယီက ၎င်းကို ကြေညာလာခြင်းကြောင့် မှော်စက်စီးအပွားရေးအသင်း၌သာ စိတ်လှုပ်ရှားမှုဖြင့်ပြည့်သွားရုံမက မှော်စက်စီးအပွားရေးအသင်းကို မဝင်ခဲ့ကြသည့် လုပ်ငန်းစုများသည်ပင် နောင်တရစပြုလာကာ ၎င်းသမဂ္ဂသို့ ဝင်ရောက်ရန် တောင်းဆိုလာကြတော့၏။
အချိန်တိုလေးအတွင်း ရှုယီ၏ ဘန်တာမြို့ရှိ မှော်စပ်မှုနယ်ပယ်မှ ဂုဏ်သတင်းမှာ တစ်ဖန်တက်လာပြန်သည်။ ထို့ကြောင့် မှော်စက်သမဂ္ဂ၏ ဥက္ကဌနေရာကို ယူလိုက်ချိန်တွင် မည်သူကမှ မေးခွန်းထုတ်မလာခဲ့ပေ။
"ရှင် ဒီမှာ မုန်လာဥနီနဲ့ တုတ်ချောင်းကိုသုံးနေတာလား?" စတေးလ်မှာ ပြေးလာရသဖြင့် အနည်းငယ် မောဟိုက်နေရင်း ရှုယီကို အပြုံးဖြင့် မေးလာသည်။
ယခုတွင် နေက အရှေ့အရပ်မှ မြင့်တက်လာသည်ဖြစ်ရာ တောက်ပသည့် နေရောင်ခြည်က စတေးလ်၏ ပြေးလာရသဖြင့် နီစွေးနေသည့် မျက်နှာလေးထံကျရောက်နေကာ ပိုလို့ပင် ဆွဲဆောင်မှု ရှိနေစေ၏။
သူမ၏နားရွက်လေးနောက်၌ ချွေးစက်လေးများရှိနေပြီး မျက်နှာမှတစ်ဆင့် လည်တိုင်သွယ်သွယ်ပေါ်စီးကျသွားသည်။ ထိုအခိုက်အတန့်၌ သူမဟာ မနက်ခင်း၌ နှင်းစက်များဖုံးလွှမ်းနေသည့် ပန်းပွင့်လေး တစ်ပွင့်လိုပါပင်။
ရှုယီက ကြည့်မိလိုက်ရာ တမုဟုတ်ချင်း မှင်သက်သွားရသည်။
၎င်းမတိုင်ခင်က စတေးလ်မှာ ဆာရန့်ခ် ကုန်သည်ကြီးများအသင်း ကျင်းပသည့် ကျောက်မြတ်ရတနာပြပွဲသို့ တက်ရောက် အန်ဗီမာမြို့တော်သို့သွားခဲ့သောကြောင့် ဘန်တာမြို့တွင် မရှိခဲ့ချေ။
ယမန်နေ့၊ နေ့လည်ခင်းက စတေးလ်မှာ အန်ဗီမာမြို့တော်မှ ပြန်ရောက်လာကာ ခရီးဆောင်အိတ်ပင်မချရသေးဘဲ ချက်ချင်းရှုယီကို လာရှာခဲ့သည်။
သို့သော် ရှုယီကို မြင်တွေ့သည့်အခါ ရှုယီက အင်မတန် ဖျော့တော့ပင်ပန်းနေသဖြင့် ထိတ်လန့်သွားရ၏။
ဗီဗီယန်အား မေးကြည့်ပြီးမှ ဤရက်များအတွင်း ရှုယီမှာ အလုပ်လုပ်ရရုံမျှမက ညဘက်၌လည်း လေ့လာနေခဲ့ရာ မိမိကိုယ်ကိုပင်ပန်းစေခဲ့သည်။ သူမက ချက်ချင်းဒေါသဖြစ်ကာ နောက်ထပ်စကားမဆိုတော့ဘဲ ရှုယီလက်ထဲမှ မူကြမ်းကိုလုယူလျက် အိပ်ဖို့ရန် တွန်းအားပေးလိုက်သည်။
ရှုယီ နှစ်နာရီခန့်အိပ်ပြီးနောက်၌ စတေးလ်နှင့်အတူ ညစာစားလေသည်။ ထို့နောက် စတေးလ်က သူ့အား အလုပ်လုပ်ခြင်းမှ တားဆီးလျက် ကောင်းကင်ကြီးမှောင်လာသည့်အချိန်၌ ရှုယီအား အိပ်ရာထဲတွန်းထည့်ကာ သူအိပ်ပျော်သည်ကို မြင်မှ ထွက်သွားလိုက်သည်။
ထို့ကြောင့် ဤနေ့မနက်တွင် ရှုယီက စောစောအိပ်ခဲ့သဖြင့် စောစီးစွာနိုးနေခဲ့သည်။
ထိုမျှ စောလွန်းနေသဖြင့် ၎င်းကို အခွင့်ရေးယူကာ ပြေးဖို့ စဉ်းစားလိုက်ချိန်တွင် စတေးလ်က သူ၏တံခါးသို့ အားကစားဝတ်စုံများဝတ်လျက် ရောက်နေသည်။
ရှုယီက အိပ်ရာနိုးနေသည်ကိုမြင်သော် သူ့အတွက် ယူလာသည့် အားကစားအဝတ်များကိုပစ်ပေးကာ လဲခိုင်းလိုက်သည်။ ထို့နောက် သူ့အားအိမ်မှဆွဲခေါ်ကာ အတူ စ'ပြေးကြတော့၏။
စတေးလ်က ထိုမျှ ပုံစံတကျမဟုတ်သလို ပြေးသည့် အလေ့အကျင့်လည်းမရှိချေ။ ၎င်းအား ရှုယီအတွက်လုပ်ပေးခြင်းသာဖြစ်ရာ ဘန်တာမြို့၏ မြို့အဝင်သို့ ပြေးသွားပြီး သိပ်မကြာခင် ဟောဟဲဆိုက်လျက် ချွေးပြန်နေတော့သည်။
သို့သော် သူမ၏အသွင်ပြင် ရှုယီ၏မျက်လုံးများထဲ ကျရောက်လာစဉ်တွင် သူ့အား ရင်သပ်ရှုမောစေသည့် အလှတရားကို ပြသနေ၏။
ရှုယီ၏ အဖြေကိုမကြားသည့် စတေးလ်က ရှုပ်ထွေးစွာကြည့်လာသော် ရှုယီက သူမအား ငေးကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူမ၏ မျက်နှာလေးက တစ်ဖန်နီစွေးသွားသော်လည်း ရင်ထဲ၌ ပျော်ရွှင်လျက် မေးလာလေသည်၊ "ကျွန်မက ကြည့်ကောင်းလို့လား?"
"အာ?" ရှုယီက ကြောင်အမ်းသွားပြီးမှ အသိပြန်ဝင်လာ၏။ သူဟာ ချက်ချင်းခေါင်းငြိမ့်ကာ အပြုံးဖြင့်ဆိုလိုက်သည်၊ "အရမ်းကြည့်ကောင်းတယ်။ စတေးလ်, မင်းသိလား ကိုယ် နေ့တိုင်း မနက်ခင်းမှာ ချောမောလှပတဲ့ ကောင်မလေးတစ်ယောက်နဲ့ ပြေးရမယ်ဆိုတဲ့ အိပ်မက်မက်ခဲ့ဖူးတယ်။ အဲဒီအခါမှာ ကိုယ့်ရဲ့ မနက်ခင်းအလုပ်တွေကို ဆက်လုပ်ဖို့ တွန်းအားရှိလာမယ်ပေါ့။ ဒါကို အရင်က မစဉ်းစားခဲ့မိဘူး…။ အာ့၊ ဒီလို အရင်က တစ်ခါမှ မဖြစ်ဖူးပေမယ့် အခုချိန်မှာတော့ ကိုယ့်နှလုံးသားက ပျော်လွန်းလို့ ခုန်ထွက်တော့မလိုပဲ။"
စတေးလ်က ရယ်မောလိုက်သော်လည်း ပြေးလာခြင်းကြောင့် အသက်ကောင်းကောင်းမရှူရသေးလေရာ ချောင်းတဟွတ်ဟွတ်ဆိုးတော့သည်။
နောက်ဆုံး ငြိမ်ကျသွားတော့မှ ရှုယီကိုကြည့်လိုက်၏၊ "ဒီလောက်ထိ ချဲ့ကားနေဖို့မလိုဘူး မို့လား? ရှင့်အနေနဲ့ အလှလေးတစ်ယောက်နဲ့ပြေးချင်ရင် မလွယ်ဘူးလား၊ ကျွန်မနေ့တိုင်း ရှင်နဲ့အတူလာမယ်လေ။ ရှင် မကျေနပ်ရင်လည်း ဗီဗီယန်ကိုပါ ခေါ်လာလို့ရတယ်။ သူမရဲ့ ခန္ဓာကိုယ်ကလည်း သိပ်မကောင်းဘူးလို့ ကျွန်မမြင်ရတယ်၊ သူမလည်း လေ့ကျင့်ခန်းလုပ်ဖို့လိုတယ်။"
ရှုယီက ရယ်လေ၏၊ "ကောင်းတာပေါ့။ အလှလေးတစ်ယောက်နဲ့ အတူဆိုတော့ ပြေးတာလို ပျင်းစရာကောင်းတဲ့အရာကတောင် စိတ်ဝင်စားဖို့ကောင်းလာတာကြောင့် ဒီအလေ့အထကို ထိန်းသိမ်းဖို့ ပိုလွယ်တယ်။ ဒါပေမယ့် စတေးလ်, ဒီလောက်စောစောထဖို့ဆို ကိုယ်စောစောအိပ်မှရမယ်။ မင်း ကိုယ့်ကိုမကြီးကြပ်ပေးဘဲ စောစောမအိပ်နိုင်မှာ ကြောက်ရသေးတယ်။ ညတိုင်း မင်းကိုယ်အိပ်တာကို လာကြည့်မှာမို့များလား?"
စတေးလ်လည်း ကြောင်အသွားကာ မျက်နှာလေးက နီရဲလာ၏။ သူမက ရှုယီကို လုံးဝပြန်မဖြေဘဲ အရှိန်တင်လျက် သူ့အား ကျော်ကာ အဝေးသို့ပြေးသွား၏။
ရှုယီလည်း ရှုပ်ထွေးသွားကာ အဘယ့်ကြောင့် အမြန်ပြေးသွားကြောင်း စတေးလ်ထံ မေးလိုက်ချင်သော်လည်း အလျင်အမြန် ပြန်ရုတ်သိမ်းလိုက်သည်။
သူ၏ နောက်ဆုံးမေးခွန်းကိုမေးလိုက်ချိန်က လူများကို အထင်လွဲသွားစေလောက်ရာ စတေးလ်၏တုံ့ပြန်မှုက ထိုမျှ ထူးဆန်းနေသည်မှာ အံ့ဩစရာမရှိပေ။
သို့သော် ရှုယီလည်း စဉ်းစားမိပြီး မပြုံးဘဲ မနေနိုင်တော့ချေ။
သူဟာ စတေးလ်နှင့် လက်ထပ်နိုင်နေသရွေ့ ထိုမေးခွန်းက အမှားမဟုတ်တော့ဘဲ သဘာဝကျပေလိမ့်မည်။
အဝေးသို့ ပြေးသွားသောစတေးလ်ကိုကြည့်ရင်း ရှုယီက ရယ်လိုက်သည်။ သူဟာ အားအပြည့်ဖြင့် မြန်မြန်ရှေ့သို့ပြေးကာ သူမနောက် အလျင်အမြန်လိုက်လေ၏။
ဤမနက်ခင်း အလုပ်က တစ်ယောက်နှင့် တစ်ယောက် ပြေးလိုက်နေကြသဖြင့် ပြိုင်ပွဲဖြစ်သွားသည်။
ထိုနှစ်ဦးမှာ ဘန်တာမြို့နှင့်ဝေးနေပြီး နယ်စပ်ကိုပင် ကျော်လုနီးနီးဖြစ်သွားသော်လည်း ကွေ့ဝိုက်လိုက်ရာ မြောက်ဘက်ရှိ မြစ်ဆီ ရောက်လာကြ၏။
ထိုမြစ်က တိုးတက်နေဆဲဖြစ်သော်လည်း ကမ်းပါးများက လုံးဝပြောင်းလဲနေပြီး နှစ်ဘက်နှစ်ချက်၌ မြက်ခင်းကြီး နှစ်ခင်းရှိနေသည်။
ထိုနှစ်ဦးက အချိန်ကြာပြေးနေလေရာ မောဟိုက်လာကြသည်။
စတေးလ်က အရှိန်မလျှော့သည်ကိုမြင်သော် ရှုယီလည်း တဖြည်းဖြည်းရပ်ကာ စတေးလ်ကို အော်ပြောလိုက်၏၊ "စ...စတေးလ်, ရပ်လိုက်..... ရပ်လိုက်တော့၊ ကိုယ်.... ကိုယ် ထပ်မပြေးနိုင်တော့ဘူး။"
စတေးလ်လည်း အရှိန်လျှော့ကာ တဖြည်းဖြည်းရပ်လိုက်၏။
ထို့နောက် ကုန်းကွကွဖြစ်ကာ ဟောဟဲဆိုက်နေသော ရှုယီဘက်လှည့်လာသည်။ စတေးလ်လည်း သူ့ထံ အပြုံးဖြင့်ရောက်လာပြီး ပခုံးကိုပုတ်ပေးရင်း ဝင့်ကြွားစွာပြောလေသည်၊ "ဘာလဲ၊ ရှင် ကျွန်မကို မဖမ်းနိုင်ဘူးလား?"
ရှုယီလည်း မော့ကြည့်လာ၏။ ရှုထောင့်ကြောင့် သူ ပထမဆုံးမြင်လိုက်ရသည်မှာ စတေးလ်၏ ပင့်သက်ရှိုက်နေခြင်းသဖြင့် တုန်ရီနေသော တောင်လေးနှစ်လုံးဖြစ်သည်။ XD
ရှုယီ၏နှလုံးသားက မည်မျှ တည်ငြိမ်သည်ဖြစ်စေ ထိုအခိုက်၌ နှလုံးခုန်သံပင် လွှဲချော်သွားရသည်။
သူဟာ ၎င်းတို့အား ဆွဲကိုင်လိုက်ချင်သည့် စိတ်ကို ဖိနှိပ်ထားသော်လည်း ဆန္ဒများကိုတော့ မတားဆီးနိုင်ပါချေ။ သူဟာ ရုတ်တရတ် မတ်မတ်ရပ်လျက် လက်များဆန့်တန်းကာ စတေးလ်ကို တင်းတင်းကြပ်ကြပ်ဖက်လိုက်သည်။
"ဖမ်းမိပြီ!" ရှုယီက ကျယ်လောင်စွာအော်၏။
စတေးလ်မှာ ထိတ်လန့်သွားရပြီးမှ မနေနိုင်ဘဲ ပြုံးလိုက်မိတော့သည်။
"လူလိမ်"
"မိန်းကလေးတွေနောက် လိုက်ဖမ်းနေရချိန်မှာ ဘယ်သူက မလှည့်စားဘဲနေနိုင်မှာလဲ?"
ရှုယီက စတေးလ်ကို ဖက်ထားလေရာ သူ၏ရင်ဘတ်၌ စတေးလ်၏ တောင်ပို့လေးနှစ်လုံးမှာ ဖိကပ်နေလေသည်၊ ၎င်းက သူ၏ လည်ချောင်းကိုပိုလို့ပင် ခြောက်သွေ့လာစေ၏။ ရှုယီ၏မျက်နှာထက်မှ နီစွေးမှုကိုမြင်ရပြီး သူမကိုဖက်ထားသည့် ရှုယီထံမှ အပူရှိန်နှင့် အင်အားကိုခံစားမိကာ ရှုယီ၏နှာခေါင်းမှ အသက်ရှူငွေ့အနံ့ကို ရနေသည့်အခါ စတေးလ်မှာ တစ်စုံတရာကို အာရုံခံလိုက်မိပုံပေါ်၏။ သူမဟာ ရယ်နေရာမှရပ်တန့်လျက် ရှက်ရွံ့မှုကြောင့် မျက်နှာလေးက နီရဲလာသော်လည်း အခြားမိန်းကလေးများကဲ့သို့ ခေါင်းမငုံ့လိုက်ဘဲ ခေါင်းပင်မော့လာကာ သူမ၏နှုတ်ခမ်းများအား ရှုယီ၏နှုတ်ခမ်းများထံ ရွှေ့လာသည်။
ရှုယီလည်း သဘာဝကျကျပင် ကြိုတင်မဆိုထားဘဲ ခေါင်းငုံ့လာ၏။
နှစ်ဦးသား အနမ်းပေးလုဆဲဆဲတွင် မြစ်နံဘေးမှ ဒေါသတကြီးအော်သံထွက်လာသည်။
"ရှုယီ ခွေးကောင်! ငါသေသွားလို့ ဝိဉာဉ်ဖြစ်ရင်တောင် မင်းကိုအလွတ်ပေးမှာမဟုတ်ဘူး!"
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၀၈၆။ မြစ်၏ အန္တရာယ်
ရှုယီနှင့် စတေးလ်တို့မှာ တစ်ချိန်တည်း အံ့ဩသွားရင်း ထိုအသံလာရာဘက်သို့ လှည့်ကြည့်လိုက်ကြ၏။
ရှုယီမှာ အင်မတန်စိတ်ရှုပ်သွားရသည်။ ယခုတွင် စတေးလ်နှင့် လေထုကောင်းလေးရှိနေပြီး မနက်ခင်းအနမ်းပင် ရလုဆဲဆဲဖြစ်သော်လည်း ထိုလူက ဖျက်ဆီးလိုက်သည်။
ထို့အပြင် ထိုလူက အခြားလူကိုမဟုတ်ဘဲ သူ့အား နာမည်တပ်၍ ဆူဆဲနေသည်။ မည်သို့များ သည်းခံနိုင်မည်နည်း?
ရှုယီလည်း စတေးလ်ကို လွှတ်ကာ ထိုအသံ၏ရင်းမြစ်ရှိရာဆီ မျက်မှောင်ကုပ်ကာ လျှောက်သွားလေသည်။
သူဟာ မည်သူက ထိုမျှ ကန်းနေမှန်း မြင်ချင်မိ၏။
မည်သူကထင်ထားမည်နည်း၊ သူလျှောက်သွားချိန်တွင် ရေထဲ တစ်ခုခု ပြုတ်ကျသည့်နှယ် 'ပလုံ'ဟူသည့် အသံတစ်သံထွက်ပေါ်လာ၏။
ရှုယီလည်း အံ့အားသင့်သွားရင်း အံ့ဩနေသည့် စတေးလ်ဘက်လှည့်လျက် နှစ်ဦးသား 'မကောင်းတော့ဘူး'ဟု အော်လိုက်ကြသည်။ မည်သည်ကိုမှ ဂရုမစိုက်နေတော့ဘဲ လေအဟုန်၌ဝဲပျံခြင်းမန္တာန်ကိုသုံးလျက် မြစ်အပေါ် ပျံသွားလိုက်ကြလေသည်။
နှစ်ဦးသား မြစ်အပေါ်ပျံသွားပြီး ငုံ့ကြည့်လိုက်ချိန်တွင် ၎င်းမြစ်ပြင်ကျယ်၌ တစ်စုံတစ်ရာက မျောလျက်ရှိသည်ကို တွေ့လိုက်ကြရသည်။
မျောနေစဉ်အတွင်း ထိုလူက အကူအညီအော်တောင်းနေသည်ပင်။
၎င်းကိုမြင်သော် ရှုယီက မနေနိုင်တော့ဘဲ ဒေါသဖြစ်သလို ရယ်လည်း ရယ်ချင်သွားသည်။
ကိုယ့်ကိုယ်ကိုသတ်သေဖို့ရာ ကြိုးစားသည့်သူများမှာ အမှန်ကို စိတ်မြန်ကြပြီး သေဆုံးဖို့အချိန်ရောက်လပါက နောင်တရကြလိမ့်မည်။
ရှုယီလည်း သက်ပြင်းချ၍ ခေါင်းခါကာ ပျံဆင်းလိုက်၏။ ထို့နောက် ထိုလူ၏ ကျောဘက်မှ အင်္ကျီကိုဆွဲလျက် မြစ်ထဲမှ ဆွဲထုတ်ပေးလေသည်။
ထိုလူအား မြစ်ကမ်းနံဘေး၌ ချပေးလိုက်သည်။ ထိုလူမှာ မြေပြင်၌ အကြိမ်များစွာလှိမ့်နေပြီး ရေအမြောက်အများ အန်ထုတ်လိုက်ပြီးမှသာ တည်ငြိမ်သွားတော့၏။
အသက်ကောင်းကောင်းပြန်ရှူနိုင်ချိန်တွင် ရှေ့ရှိ စတေးလ်နှင့် ရှုယီတို့ကိုကြည့်ကာ အဆက်မပြတ်ကျေးဇူးတင်လေ၏၊ "ကျုပ်အသက်ကိုကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ခင်ဗျားတို့က ဒီနားမှာနေကြတာလား? နာမည်ဘယ်လိုခေါ်ကြလဲဗျ? ကျုပ်လာပြီး ကျေးဇူးတင်ပါ့မယ်။"
ရှုယီလည်း ထိုလူကိုကြည့်လိုက်သော် ရေနစ်သွားခဲ့ခြင်းကြောင့် စိတ်မကောင်းဖြစ်နေပုံရကာ ထိုလူ၏ အဝတ်များက ဆင်းရဲသည့် နောက်ခံမှလာခြင်းမဟုတ်ကြောင်းပြနေ၏။ သူ၏ သင့်လျော်အပြုအမူနှင့် စကားလုံးများကို သုံးသပ်ကြည့်ရလျှင်လည်း ထိုလူမှာ ဆင်းရဲသောကြောင့် မြစ်ထဲခုန်ချမည့် လူနှင့်တူမနေချေ။
ထို့နောက် သူဟာ ထိုလူက ခုန်မချခင် သူ့အား ဆူဆဲသွားသည်ကို သတိရသွား၏။ ရှုယီလည်း ရယ်ရသည်ဟု ခံစားမိကာ မေးလိုက်သည်၊ "ခင်ဗျား ခုနလေးကတင်ပဲ ကျုပ်ကို ဆူဆဲနေပြီးတော့ အခုကျ သတိမထားမိတော့ဘူးလား? ပြီးတော့ ကျုပ်ကို သတိမထားမိတာတင်မပြောနဲ့ စတေးလ်ကိုတောင် မမှတ်မိဘူးလား?"
စတေးလ်မှာ ရှုယီ၏ချီးကျူးမှုကို တုံ့ပြန်ရန် အချိန်မရှိချေ။ သူမက ကိုယ်ကိုကိုင်းလျက် ထိုလူကိုကြည့်ကာ အေးစက်စွာမေးလိုက်သည်၊ "ရှင်ဘာလို့ ရှုယီကို ဆူဆဲခဲ့တာလဲ? သူက ရှင့်ကို ဘယ်လိုပြဿနာပေးထားလို့လဲ?"
ထိုလူက စတေးလ်ကိုသေချာကြည့်နေပြီးနောက်မှ ရှုယီကိုမော့ကြည့်လာသည်။ ထိုလူနှစ်ဦးက နေ'ကိုကျောပေးထားခဲ့လေရာ ၎င်းတို့အား သတိမထားမိနိုင်ဖြစ်သွားခဲ့၏။ ယခုတွင် ရှုထောင့်ပြောင်းလိုက်ရာ တမုဟုတ်ချင်း ထိုနှစ်ဦးကိုသတိပြုမိသွားတော့သည်။
ရှုယီမှာ လုံးဝမမှားချေ။ ဘန်တာမြို့ထံမှ လူတစ်ဦးအနေနှင့် ရှုယီကို သတိမပြုမိသည်က အဆင်ပြေသော်လည်း စတေးလ်ကို သတိမပြုမိရန်တော့ မဖြစ်နိုင်ပေ။
၎င်းတို့နှစ်ဦးကို သတိပြုမိပြီးနောက်တွင် ထိုလူက အံ့အားသင့်သွားပုံပေါ်၏။ မြေပြင်ရှိ လက်များနှင့်အတူ သူဟာ မီတာပေါင်းများစွာ ဆုတ်လိုက်လေသည်။
ရှုယီနှင့် စတေးလ်တို့ နှစ်ဦးစလုံး၌ ထူးဆန်းသည့်အမူအရာများရှိနေကာ ထိုလူကို ဆက်မေးမည်အပြု ထိုလူက မြေပြင်မှ ခုန်ထကာ ရှုယီကို လက်ညှိုးထိုးလျက် အော်လာ၏၊ "ရှုယီ! မင်းက ရှုယီပဲ! အရူးကောင်! ငါ့ရဲ့ သင်္ဘောတွေပြန်ပေး!"
ရှုယီမှာ ပိုလို့ပင် ရှုပ်ထွေးသွားရသည်။ အင်မတန်ဒေါသဖြစ်နေပါသော်လည်း နီးကပ်မလာဝံ့သည့် ထိုလူကိုကြည့်လိုက်ပြီး မနေနိုင်ဘဲ မေးမိရသည်၊ "ဟေး၊ ကျုပ်က ခင်ဗျား ဘယ်သူမှန်းတောင်သိတာမဟုတ်ဘူး၊ ဘယ်လိုလုပ် ခင်ဗျားရဲ့သင်္ဘောတွေကို ပြန်ပေးလို့ရမှာလဲ? ပြီးတော့လည်း၊ ခင်ဗျားရဲ့သင်္ဘောတွေက ဘယ်လိုမှန်းမသိတာ ဘာကိုပြန်ပေးနိုင်မှာတဲ့လဲ?"
စတေးလ်က ထိုလူကို မျက်မှောင်ကုပ်ကြည့်နေပြီး ရုတ်တရတ် လက်ခုပ်လက်ဝါးတီးကာ ဆိုလာ၏၊ "အိုး၊ ကျွန်မသတိရပြီ။ ကြည့်ရတာ ရှင်က ပေါ်တာ ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌဖြစ်ပုံပဲ။ ရှင့်ကို....ရှင့်ကို ပေါ်တာလို့ခေါ်ပြီးတော့ ဘာပါလိမ့်?"
"ခီမီလာ ပေါ်တာပါ" ထိုလူက ရှင်းလင်းစွာပင် စတေးလ်က သူ့အား ဘယ်တော့မှ သတိမထားမိလောက်ဟု ထင်ထားမိရာ အနည်းငယ်အံ့ဩသွားသည်။ မျက်နှာထက်ရှိ ဒေါသလည်း လျော့သွားရင်း ခါးသက်သက်ပြုံးလျက် ဆိုလာသည်၊ "ဒီလိုဖြစ်လာပြီးနောက်မှာ သခင်မလေးစတေးလ်က ကျုပ်ကို မှတ်မိနေဦးလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး။ ဟုတ်ပါတယ်၊ ကျုပ်က ပေါ်တာကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌ ခီမီလာ ပေါ်တာပါ၊ ဒါပေမယ့် ပေါ်တာကုန်သည်ကြီးများအသင်းက.... ထပ် မရှိတော့ပါဘူး။"
ရှုယီလည်း စတေးလ်ကိုကြည့်ကာ ၎င်း ခီမီလာ ပေါ်တာထံ အရင်ဆုံးပြောဖို့ အရိပိအမြွက်ပြလိုက်၏။
စတေးလ်က ခေါင်းငြိမ့်ကာ အနည်းငယ်စဉ်းစား၍ ခီမီလာ ပေါ်တာကို မေးလိုက်သည်၊ "ဥက္ကဌပေါ်တာ, ကျွန်မရှင့်ကို အရင်တစ်ခေါက်က ဆာရန့်ခ်ကုန်သည်ကြီးများအသင်းရဲ့ ပွဲမှာတွေ့ခဲ့တာကို မှတ်မိတယ်။ ကျွန်မရဲ့ မှတ်ဉာဏ်တွေသာ မမှားရင် ရှင်တို့ ပေါ်တာကုန်သည်ကြီးများအသင်းက ရေကြောင်းပို့ဆောင်ရေးကို အဓိက လုပ်တာ မဟုတ်လား?"
"သခင်မလေး စတေးလ်မှာ တကယ်ကို အံ့ဩစရာ မှတ်ဉာဏ်ရှိနေတာပဲ။" ခီမီလာ ပေါ်တာက ချီးကျူး၏၊ "ဟုတ်ပါတယ်၊ ကျုပ်တို့ ပေါ်တာကုန်သည်ကြီးများအသင်းက ရေကြောင်းပို့ဆောင်ရေးကို အဓိကလုပ်ဆောင်တာပါ၊ ဒါပေမယ့်အခုတော့....." ထိုသို့ပြောပြီးနောက် ခီမီလာ ပေါ်တာက ရှုယီကို အမုန်းတရားများအပြည့်နှင့်ကြည့်လာကာ၊ "..... ဒါပေမယ့် ဥက္ကဌရှုကြောင့် ကျုပ်တို့လုပ်ငန်းစုက ဘာလုပ်ငန်းမှ မရနိုင်တော့ဘဲ လုပ်ငန်းထဲက တွန်းထုတ်ခံရခဲ့ပြီ။ ကျုပ်ရဲ့ သင်္ဘောစုကြီးကိုလည်း ရောင်းလိုက်တော့ အခုဆို သင်ပုန်းကြီးတွေ အဖြစ်တောင် ပြောင်းသွားလောက်ပြီ။"
ရှုယီကလည်း မျက်မှောင်ကုပ်လျက် မနေနိုင်ဘဲ မေးမိသည်၊ "ဥက္ကဌပေါ်တာ, ခင်ဗျားတို့လုပ်ငန်းစုက စီးပွားရေးလောက,ကနေ တွန်းထုတ်ခံရတာ ကျုပ်နဲ့ ဘယ်လိုပတ်သက်နေလို့လဲ?"
"ဘယ်လို မပတ်သက်ဘဲနေမှာလဲ!" စတေးလ်၏မေးခွန်းများကို ဖြေနေစဉ်က ထို ခီမီလာ ပေါ်တာမှာ တည်ငြိမ်နေသော်လည်း ရှုယီပြောသည်ကို ကြားသော် ချက်ချင်းပင် ပေါက်ကွဲသွားသည်။ သူက အသံကျယ်ကျယ်ဖြင့်ဆိုလာ၏၊ "ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက အဲဒီ့လမ်းတွေဆောက်လိုက်ပြီး မြစ်ညာကို ပြုပြင်နေတာကြောင့်သာမဟုတ်ရင် ကျုပ်တို့လုပ်ငန်းစု ဘယ်လိုများ ဘာစီးပွားမှ မရှိဘဲနေမတဲ့လဲ? ဘယ်လိုလုပ် ပိတ်လိုက်ရမှာလဲ? ဒါတွေအားလုံး ခင်ဗျားကြောင့်ပဲ! ခင်ဗျားက ခင်ဗျားနဲ့ မဆိုင်သလို ပြောရဲသေးတယ်ပေါ့?"
ရှုယီက အင်မတန်ရှုပ်ထွေးသွားသည်၊ "ကျုပ်နားမလည်သေးဘူး၊ လမ်းခင်းတာနဲ့ မြစ်တွေပြင်တာက ဘယ်လိုလုပ် ခင်ဗျားတို့ ပေါ်တာ ကုန်သည်ကြီးများအသင်းရဲ့ စီးပွားမရတာနဲ့ ဘယ်လိုဆက်စပ်နေတာလဲ?"
ခီမီလာ ပေါ်တာက ရှုယီကိုကြည့်လာပြီး သူနှင့်ထိုသို့ဆက်ပြောသည်က လမ်းကြောင်းမှန်မဟုတ်ကြောင်းသိသွားရာ အသက်ပြင်းပြင်း နှစ်ကြိမ်မျှရှုလျက် မိမိကိုယ်ကို တည်ငြိမ်စေလိုက်သည်။
"ခင်ဗျားက တကယ်ကြီးမဆိုင်ဘူးထင်နေတယ်လား၊ ဥက္ကဌရှု?” ခီမီလာ ပေါ်တာက အေးစက်စက်ရယ်ကာ၊ "ပြောပါရစေ၊ အရမ်းကိုဆိုင်တာပေါ့! ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်း အဲဒီလမ်းတွေမဆောက်ခင်က ကုန်စည်ပဲဖြစ်ဖြစ် လူတွေပဲဖြစ်ဖြစ် လမ်းပေါ်မှာထက် မြစ်ထဲကနေသွားတာက ပိုမြန်ပြီး တစ်ကြိမ်တည်းနဲ့ ပိုပြီး တင်ပို့နိုင်တယ်။ ဒီတော့ မတိုင်ခင်က ဘန်တာမြို့မှာရှိတဲ့ ကုန်စည်တစ်ဝက်လောက်ကို ကျုပ်တို့ ပေါ်တာ ကုန်သည်ကြီးများအသင်းက တင်ပို့ခဲ့ရတယ်။ နောက်တော့ ခင်ဗျား ေ*ာက်လမ်းတွေကို ခင်းပြီးတဲ့အချိန်မှာ ကုန်းပေါ်ကနေသွားတာက ပိုမြန်ကြောင်းသိသွားပြီး ပို့ရမယ့်နေရာကို တိုက်ရိုက်ပို့လို့ရသွားတော့ သင်္ဘောတွေသုံးဖို့ မလိုတော့ဘူးလေ။ ဒီလိုနဲ့ ကျုပ်တို့လုပ်ငန်းစုနဲ့ တင်ပို့ရအောင် ရွေးမယ့်လုပ်ငန်းစုနည်းသွားတော့တာပဲ။"
"မဟုတ်သေးဘူး၊ မြစ်ကြောင်းပို့ဆောင်ရေးက အစုလိုက်ကုန်တင်ပို့နိုင်တော့ ကုန်းကြောင်းပို့ဆောင်ရေးက လိုက်မှီနိုင်တဲ့အရာမဟုတ်သေးဘူး။" ရှုယီက ရှုပ်ထွေးစွာပြောလာသည်။
"အစုလိုက်?" ခီမီလာ ပေါ်တာက နောက်တစ်ခါ အေးစက်စက်ရယ်လျက်၊ "ကျုပ်ပြောခဲ့တဲ့ တခြားအကြောင်းရင်းကို မေ့သွားပြီလား?"
"မြစ်ကြောင်းကို ထိန်းချုပ်တာလား? ဘယ်လိုများပတ်သက်နေလို့လဲ?"
"ဆိုင်တာပေါ့။" ခီမီလာ ပေါ်တာက သူ၏နံဘေးရှိ စီးဆင်းနေသောမြစ်ကို ညွှန်ပြ၍ ပြောလာသည်၊ "ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက မိုးကျတောအုပ်ရဲ့ အနောက်မြောက်ဘက်က မြစ်အထက်ပိုင်းကို ထိန်းချုပ်ထားတယ်။ မြစ်စီးဆင်းမှုကိုလည်း တည့်မတ်ပေးလိုက်တော့ မိုးကျတောအုပ်မှာ အနည်ထိုင်တာမရှိတော့ပေမယ့် ဘန်တာမြို့ဆီ စီးဆင်းသွားတယ်လေ။ မြစ်ကိုနီးနီးကပ်ကပ်ကြည့်ရင် အရင်နှစ်ကထက် ပိုပြီး ရွှံ့ထူလာတာကို မမြင်နိုင်ဘူးလား"
ရှုယီနှင့် စတေးလ်တို့မှာ မြစ်ကို တစ်ချိန်တည်းကြည့်လိုက်မိကြသည်။ ရှုယီကတော့ ပြဿနာမတွေ့သေးသော်ငြား စတေးလ်က ခေါင်းငြိမ့်၍ ပြောလာသည်၊ "အမ်း.... ရှင်မပြောရင် ကျွန်မသတိမထားမိလောက်ဘူး။ ကျွန်မ ငယ်ငယ်ကနဲ့ယှဉ်ရင် မြစ်က အဲ့လောက်ကြည်လင်မနေဘူး။"
ခီမီလာ ပေါ်တာက ကျယ်လောင်ရယ်ကာ၊ "ဟ၊ ဥက္ကဌရှု ပြဿနာကိုရှာတွေ့ပြီလား? အခုဆို မြစ်အထက်ပိုင်းက အနည်တွေ ဘန်တာမြို့ဆီ စီးဆင်းလာတော့ မြစ်ကို ရွှံ့ထူလာစေတာတင်မကဘူး။
ပြောပါရစေ၊ ကျုပ် ဒီရေထဲမှာ ဆယ်စုနှစ်ပေါင်းများစွာရွက်လွှင့်ခဲ့တော့ ဒီကိစ္စတွေနဲ့ အတော်ရင်းနှီးတယ်။ နှစ်အနည်းငယ်အတွင်းမှာပဲ ဒီမြစ်ရေအမြင့်က အနည်တွေကြောင့် တက်လာမယ်လို့ ကျုပ်အာမခံရဲတယ်။ အဲ့အချိန်ရောက်လာရင် ရေကြီးဖို့ မုန်တိုင်းလေးတစ်ခုပဲလိုလိမ့်မယ်။ ခင်ဗျားက မြစ်ကမ်းနှစ်ခုကို ပန်းဥယျာဉ်အဖြစ်ပြောင်းမယ့် မြစ်ကမ်းစီမံကိန်းဆိုတာကို စတင်နေပြီလို့လည်းကြားထားတယ်။ ဟား! ပန်းဥယျာဉ်? ရေကြီးရေလျှံမှုဖြစ်လာတဲ့အခါ ဒီနေရာက သင်္ချိုင်းမြေပဲ ဖြစ်သွားမှာ!"
ရှုယီက အနည်းငယ်တိတ်ဆိတ်နေပြီး မြစ်ဆီကိုလျှောက်သွားသည်။ ထို့နောက်လက်ဆန့်ထုတ်ကာ မှော်အစွမ်းကိုသုံးလျက် ရေမှ စီးကြောင်းတစ်ခုကို စုစည်း၍ လေထဲ၌ ရေလုံးတစ်လုံးကိုဖန်တီးလိုက်သည်။
ရှုယီနှင့် စတေးလ်တို့ နှစ်ဦးစလုံး ထိုနှစ်မီတာကျယ်သည့် ရေလုံးကြီးကိုကြည့်လိုက်ရာ ရေအရောင်က အတော်လေး ရွှံ့ရောင်သန်းနေကြောင်းတွေ့လိုက်ရသည်။ ရေလုံးကြီးမှာ ရှုယီထိန်းချုပ်ထားသဖြင့် စီးဆင်းမှုရပ်တန့်သွားလေရာ သဘာဝကျစွာပင် မြစ်၏အောက်ခြေတွင် ဖြစ်ပေါ်နေသည့် နုန်းအလွှာတစ်ခုရှိနေသည်။
ထိုနှစ်ဦးသားမှာ တစ်ဦးနှင့်တစ်ဦးကြည့်လိုက်ရာ မျက်လုံးများထဲရှိ စိုးရိမ်မှုကို မြင်လိုက်ကြရသည်။
ခီမီလာ ပေါ်တာက လူခြောက်ရန်သာ ထိုအရာများကို ပြောလိုက်သော်လည်း မြစ်၏ ရေအခြေအနေကို သုံးသပ်ကြည့်ရလျှင် ၎င်းက စဉ်းစားစရာပင်ဖြစ်ချေသည်။
စိုင်စ်နယ်မြေကြီးရဲ့ နည်းပညာအဆင့်မှာ မမြင့်သေးသလို ဟိုက်ဒရောလစ်အင်ဂျင်နီယာများ၏အဆင့်လည်း မမြင့်ပါချေ။ ယခင်က မည်သည့်နေရာတွင်ပင် ရေကြီးရေလျှံမှုဖြစ်ခဲ့ပါစေ၊ အကျိုးဆက်များက အလွန်ဆိုးရွားလှသည်။
ယခင်က ထိုမြစ်မှာ ရေမကြီးခဲ့ဖူးလေရာ ဘန်တာမြို့သားများက ထိုပြဿနာကို မစဉ်းစားဖူးသော်လည်း ယခုကြည့်လိုက်ပါလျှင် ၎င်းတို့ရှေ့တည့်တည့်ရှိ ပြဿနာတစ်ရပ်ပင်ဖြစ်ချေသည်။
ရှုယီလည်း ခီမီလာ ပေါ်တာကိုကြည့်ကာ ခေါင်းငြိမ့်ပြ၍ လေးနက်စွာပြောလာ၏၊ "ကျေးဇူးတင်ပါတယ်"
ခီမီလာ ပေါ်တာမှာ ကြောင်အသွားသည်။ သူဟာ ရှုယီထံ ထိုသို့သော အန္တရာယ်ရှိသည့်စကားများပြောခဲ့ရာ ရှုယီက သူ့အား ရိုးရှင်းသည့်သဘောထားသာ ပြလာမည်ဟု ထင်မထားခဲ့ချေ။
"ဘာအတွက် ကျေးဇူးတင်တာလဲ?"
"မြစ်ရဲ့ပြောင်းလဲမှုကို သတိထားမိပြီး ဖြစ်နိုင်ချေရှိတဲ့ အန္တရာယ်ကို ပြောပြလာတဲ့အတွက်ပါ။" ရှုယီက ပြောသည်၊ "ဒါကို ကျုပ်တို့ တာဝန်လို့ မယူဆနိုင်ပေမယ့် ကျုပ်နဲ့ဆိုင်နေတော့ တာဝန်ယူရမှာပဲလေ။ ဒီတော့ ခင်ဗျားကို ကျေးဇူးတင်ချင်တာပါ။ ခင်ဗျားသာ ဒီကိစ္စကြောင့် ကျုပ်ရဲ့အာရုံကိုဆွဲမဆောင်ခဲ့ရင် ပြဿနာဖြစ်လာမှ အရမ်းနောက်ကျသွားမှာစိုးမိတယ်။"
ရှုယီ၏လေးနက်ဟန်ကိုမြင်သော် ခီမီလာ ပေါ်တာ၏ အမူအရာက အကြိမ်များစွာ ပြောင်းလဲသွားသည်။ တစ်ခဏကြာပြီးနောက် သူက စိတ်ဓာတ်ကျလာကာ လက်ကိုယမ်းရင်း သက်ပြင်းချ၍ ပြောလိုက်သည်၊ "ထားပါတော့၊ ကျုပ်တို့လုပ်ငန်းစုကို ပိတ်ချလိုက်ရတာလည်း ကျုပ်အစွမ်းအစက အဲ့လောက်မကောင်းတာကြောင့်ပါ၊ ခင်ဗျားကို အပြစ်တင်လို့မရဘူး။ ခင်ဗျားကို ဒီလိုဆူဆဲနေတာကလည်း မှားပါတယ်၊ စိတ်ထဲမထားပါနဲ့။"
ရှုယီလည်း အသာပြုံးလျက် ခေါင်းခါသည်၊ "ဒါက ကိစ္စအသေးလေးပါပဲ။ ဒါပေမယ့် ဥက္ကဌပေါ်တာ အခု ဘာလုပ်ဖို့ စီစဉ်ထားလဲ?"
"ကျုပ်လား?" ခီမီလာ ပေါ်တာက ခါးသက်စွာရယ်၏၊ "ကျုပ်မှာ သင်္ဘောစုလည်းမရှိသလို လုပ်ငန်းစုလည်းပိတ်လိုက်ရတော့ ဘာများလုပ်နိုင်မှာလဲ? ကျုပ်ကိုယ်ကျုပ် သတ်သေဖို့တောင် သတ္တိမရှိမှတော့ အလုပ်ရှာပြီးပဲ သေမယ့်အချိန်စောင့်ရင်း နေရမှာပေါ့။"
"ဒါက မဟုတ်သေးဘူး။" ရှုယီက ယုံကြည်ချက်ရှိရှိပြုံးသည်၊ "ခီမီလာ ပေါ်တာ, ကျုပ်ကို ခင်ဗျားယုံရင် ခင်ဗျားနဲ့ သင့်တော်မယ့်အလုပ် ကျုပ်ဆီမှာရှိတယ်။ ဒါက အားလုံးမြစ်ကို အာရုံမစိုက်လာခင် အချိန်သိပ်မကြာဘူးလို့ ကျုပ် အာမခံရဲတယ်။ အဲ့အချိန်ကျရင် ခင်ဗျားအတွက် သင်္ဘောစုအသစ်တည်ထောင်ဖို့ ကူညီလို့ရတယ်။ ခင်ဗျား.... ကျုပ်ကို ယုံကြည်ဖို့ ဆန္ဒရှိလား?"
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၀၈၇။ ပြဿနာတစ်ခုကို ကုသရင် အရင်းခံကို ကုသရမယ်
"မြစ်ကို ထိန်းချုပ်မယ်?" ကောင့်ထ်စီယန်က မျက်မှောင်ကုပ်လျက် ပြတင်းအပြင်ဘက်က မြစ်ကိုကြည့်ရင်း တွေးဆဆဖြင့်ဆိုလာသည်။
"ရှုယီ၊ ခီမီလာ ပေါ်တာက ခင်ဗျားကို ဒေါသကြောင့် လှည့်ဖျားခဲ့မှာကို မစိုးရိမ်ဘူးလား?"
"သူ ကျုပ်ကို လိမ်လို့ရပါတယ်၊ ဒါပေမယ့် ရေအခြေနေက မလိမ်ဘူးလေ။" ရှုယီက ခေါင်းခါကာ၊ "အရင်က ကျုပ် ဒါကို အာရုံမစိုက်ဖြစ်ခဲ့တော့ သတိမထားမိခဲ့ဘူး။ ဒါပေမယ့် ဥက္ကဌပေါ်တာဆီကနေ သတိပေးခံလိုက်ရတော့ ဒီအခြေနေကို သေချာလေ့လာပြီး တံငါသည်တွေကိုပါမေးခဲ့တယ်၊ ဒီတလော မြစ်မှာ သိသိသာသာပြောင်းလဲမှုတွေရှိတယ်တဲ့လေ။"
"ဒီပြောင်းလဲမှုက ဒီအဓိပ္ပာယ်တော့ မဟုတ်လောက်....." ကောင့်ထ်စီယန်က ရုတ်တရတ် အသက်ပြင်းပြင်းရှူကာ ခေါင်းခါပြီး ရှုယီကို အပြုံးဖြင့်ပြောလာသည်၊ "ကျုပ်မှားသွားတာ။ ကျုပ်က ဘန်တာမြို့ရဲ့ မြို့စားဖြစ်နေမှတော့ ကျုပ်စဉ်းစားသင့်တဲ့ကိစ္စပဲ။ ခင်ဗျားမှန်တယ်၊ မြစ်မှာ ပုန်းကွယ်နေတဲ့ ပြဿနာရှိမှတော့ ပြင်ဆင်ထားဖို့လိုတယ်။"
ကောင့်ထ်စီယန်က ခေါင်းငုံ့ကာ စဉ်းစားပြီးမှ လက်ထောက်ကိုခေါ်ကာ ထိုမြစ်၏ အခြေနေနှင့် ရင်းနှီးသည့်လူကို ဆင့်ခေါ်ခိုင်းလိုက်သည်။
ထို လက်ထောက်ထွက်သွားချိန်၌ ကောင့်ထ်စီယန်က အနည်းငယ်စဉ်းစားကာ ရှုယီကိုပြောလာသည်၊ "ခီမီလာ ပေါ်တာရဲ့ အပြောသာမှန်ပြီး ကျုပ်တို့ တကယ်ပဲ မြစ်ကို ထိန်းချုပ်ဖို့လိုတယ်ဆိုရင် ပြဿနာပဲ။"
"ဘာပြဿနာလဲ?" ရှုယီက မေး၏။
ကောင့်ထ်စီယန်လည်း လက်များဖြန့်လျက် ခါးသက်သက်ပြောလိုက်သည်၊ "ပြဿနာဟောင်းတစ်ခုပါပဲ၊ ငွေမရှိဘူးလေ။"
ရှုယီလည်း မနေနိုင်ဘဲ မျက်လုံးများလှိမ့်လိုက်၏။ သူ့အနေနှင့်၎င်းကို မျှော်မှန်းထားပြီးဖြစ်လေရာ သက်ပြင်းချ၍သာ ပြောလာသည်၊ "ကောင်းပြီ၊ ဒီကိစ္စကို လုပ်ခဲ့တာ ကျုပ်ပဲဆိုတော့ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက တာဝန်ယူမှာပါ။ ဒါပေမယ့် မြို့စားအရှင် ဒီဟာမလုပ်ခင် သဘောတူစရာတစ်ခုရှိသေးတယ်။ မြစ်ကိုစီစဉ်တာက တိုင်းပြည်ရဲ့ အမှုထမ်းတွေ တာဝန်ရှိတဲ့ ကိစ္စဆိုတော့ ကျုပ်က ပြဿနာကို ဖြေရှင်းဖို့ကူညီနိုင်ပြီး ဒါအတွက် ငွေပေးမယ်ဆိုရင်တောင် ဒီပမာဏက ကျုပ်တို့လုပ်ငန်းစုကနေ ရင်းနှီးမြှုပ်နှံမှုမဟုတ်တာကို ရှင်းလင်းအောင်လုပ်ရမယ်။ ဒီတော့ မြို့စားအိမ်တော်ကနေ ကျုပ်တို့ငွေနဲ့ လျော်ကြေးကို ပြန်ပေးရမယ်။"
ကောင့်ထ်စီယန်က ကူရာမဲ့စွာ ခေါင်းခါလိုက်ပြီး၊ "ခင်ဗျားပြောတာက ကျိုးကြောင်းသင့်မှန်းသိပေမယ့်လည်း ကျုပ်ကို မြို့စားအနေနဲ့ မျက်နှာသာလေးပေးလို့မရဘူးလား? ဟုတ်ပြီ ခင်ဗျားမှန်ပါတယ်။ မြစ်ကိုစီစဉ်တာက ကျုပ်တာဝန်ဖြစ်တာမို့ ငွေနဲ့ လျော်ကြေးပြန်ပေးတာကို နောက်မှ ပြောလို့ရပါတယ်။"
ရှုယီက ခေါင်းငြိမ့်ကာ ထိုမေးခွန်းကို ဆက်မမေးတော့ချေ။
Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ၎င်းမှ ငွေအတော်လေးဝင်နိုင်ပါသော်လည်း ကောင့်ထ်စီယန်၏ ယုံကြည်မှုနှင့်ယှဉ်လျှင် ၎င်းဆုံးရှုံးမှုလေးကို သည်းခံနိုင်ပါသေးသည်။
ရှုယီ၏အဓိကရည်ရွယ်ချက်က ၎င်း မဟုတ်သည်ကိုမဆိုထားနှင့်။ အဆုံး၌ ရလာမည့် စိတ်ဝင်စားမှုနှင့်ယှဉ်လျှင် ထိုရင်းနှီးမြှုပ်နှံမှုလေးအား ဒီတိုင်းလေးလျစ်လျူရှုလိုက်လို့ရပေသည်။
ငွေပြဿနာကိုဖြေရှင်းပြီးနောက် အခြားပြဿနာမရှိတော့ချေ။
ခဏအကြာ၌ ကောင့်ထ်စီယန်က မြစ်ကို ကြီးကြပ်ပေးရသည့် အမှုထမ်းကိုခေါ်ကာ မြစ်၏ အခြေနေအကြောင်းမေးလိုက်သည်။ မြစ်က အမှန်တကယ်ကိုပြောင်းလဲနေကြောင်း အတည်ပြုပြီးနောက်တွင် ထိုမြစ်အား အသေအချာစစ်ဆေးပြီး ပြင်ဆင်ရမည့် အသေးစိတ်ကို အစီရင်ခံရန် အမိန့်ပေးခဲ့၏။
ရှုယီထံတောင်းဆိုမှုများမှာ ငွေအပြင် ရှုယီသဘောတူထားသည့် မှော်စက်အချို့လည်း လိုအပ်သည်။
၎င်းအပြင် အမ်ရစ်ကုန်သည်ကြီးများအသင်းက မြစ်အထက်ပိုင်းနှင့် အတွေ့အကြုံရှိကာ မြို့အပြင်မှ မြစ်စီမံကိန်းအတွက် တာဝန်လည်းရှိသောကြောင့် အမ်ရစ်ကုန်သည်ကြီးများအသင်းမှာ ဝင်မပါရ၍ မရနိုင်ပေ။
ကောင့်ထ်စီယန်မှာ ဥက္ကဌခရုစ်နှင့်သာ ဆွေးနွေးဖို့လိုပြီး ရှုယီနှင့် မဆိုင်ပါချေ။
၎င်းတို့၏ ကနဦးစကားဝိုင်းပြီးသည့်နောက်တွင် ရှုယီက မြို့စားအိမ်တော်မှ ထွက်ခွာသွားတော့၏။ စတေးလ်က သူ့အား ကြိုဆိုဖို့ရောက်လာသည်။
ရှုယီမှာ ဆိုဖီယာကလည်း စတေးလ်နောက်မှလိုက်လာပြီး ကိုးကွယ်လိုဟန်ဖြင့် ကြည့်နေသည်ကို တွေ့ရသဖြင့် အံ့ဩသွား၏။
မျှော်လင့်ထားသလိုပင် ခမ်နက်ဒ်လည်း ဆိုဖီယာနံဘေး၌ရှိနေသည်။
"မြို့စားအရှင်က ဘာပြောလဲ?" စတေးလ်က ရှုယီကို မေးလာ၏။
"မြို့စားအရှင်က ဒီကိစ္စကို အရမ်းအရေးကြီးပြီးတော့ ဒါကို ဖြေရှင်းဖို့ လူတွေကို ခေါ်ယူနေပြီလို့ ပြောတယ်။" ရှုယီက ဖြေဆိုသည်၊ "ကိုယ့်အတွက်ကတော့ အရင်ကနဲ့အတူတူပါပဲ။ ကိုယ်က ငွေနဲ့ လူအင်အားထုတ်ပေးရမှာလေ။"
စတေးလ်က အသာပြုံးကာ ရှုယီ၏လက်ကိုဆွဲ၍ ပြောလာသည်၊ "မြို့စားအရှင်က ဒါကိုအရေးကိစ္စလို ဆက်ဆံတာကောင်းတယ်။ သူတို့အနေနဲ့ မြစ်အထက်ပိုင်းကို ပြောင်းနိုင်ရင်တော့ အဲဒီက အနည်တွေကို မရှင်းနိုင်မယ့် အကြောင်းရင်းတော့မရှိလောက်ဘူးလို့တယ်။"
"မခက်ခဲတာတော့မဟုတ်ပေမယ့် ပြဿနာက ယာယီဖြေရှင်းချက်လေးတွေပဲရှိပြီး ပြဿနာအရင်းခံအတွက် အဖြေမရှိတာပဲ။" ရှုယီက အနောက်မြောက်ဘက်ကို လှည့်ကြည့်လိုက်၏။
၎င်းမှာ မိုးကျတောအုပ်နှင့် မြစ်အထက်ပိုင်းရှိရာပင်။
အက်ဂ်နက်စ်လည်း ယမန်နှစ်က မိုးကျတောအုပ်၌ အနည်များပိတ်နေသည့်ပြဿနာကြောင့် ပေါ်လာကာ မြစ်စီးဆင်းမှုကို ပြောင်းလဲစေခဲ့သည်။
တစ်နှစ်လောက် ပြင်ဆင်ပြီးနောက်တွင် မိုးကျတောအုပ်၏ မြစ်အား လုံးဝထိန်းချုပ်နိုင်နေပြီဖြစ်၏။ မြစ်နံဘေး၌လည်း ခိုင်မာသည့်ဘိလပ်မြေကမ်းပါးများဆောက်လုပ်ထားပြီး မြစ်အား ပုံမှန်လမ်းကြောင်းအတိုင်း ပြန်လည်စီးဆင်းစေကာ ညတေးသံမျိုးနွယ်စု၏ ရေပြဿနာကို ဖြေရှင်းပြီးသားပင်။
သို့သော် ၎င်းက ယာယီဖြေရှင်းမှုသာဖြစ်ပြီး အရင်းခံပြဿနာကို ဖြေရှင်းခြင်းတော့မဟုတ်ချေ။
၎င်းတို့သာ အနည်စီးဆင်းခြင်းပြဿနာကို မတားဆီးနိုင်ပါက မြစ်အောက်ပိုင်းကို မည်သို့ထိန်းချုပ်နေပါစေ အသုံးဝင်မည်မဟုတ်ပေ။
ထိုသို့စဉ်းစားကာ ရှုယီက အော်ခေါ်လိုက်၏။
"အက်ဂ်နက်စ် ထွက်လာခဲ့၊ ကျုပ် ခင်ဗျားကို မေးစရာရှိတယ်။"
စတေးလ်က အံ့ဩမသွားသော်လည်း နံဘေးရှိ ခမ်နက်ဒ်နှင့် ဆိုဖီယာတို့က အနည်းငယ် ရှုပ်ထွေးသွားသည်။
ရှုယီက ဘယ်သူ့ကိုခေါ်နေတာလဲ?
၎င်းတို့စိတ်ထဲ၌ ထိုသို့မေးခွန်းထုတ်နေချိန်တွင် ရှုယီနံဘေးရှိ လေထုပုံပျက်သွားကာ အက်ဂ်နက်စ်ထွက်ပေါ်လာ၏။
ခမ်နက်ဒ်နှင့် ဆိုဖီယာတို့ နှစ်ဦးလုံးအံ့ဩသွားကာ ဆိုဖီယာက ထိတ်လန့်စွာ ပင့်သက်ပင်ရှိုက်လာ၏။
ထို့နောက် အက်ဂ်နက်စ်ကို ပိုမိုရှင်းရှင်းလင်းလင်းမြင်လိုက်ချိန်တွင် မျက်နှာထက်ရှိ အံ့အားသင့်မှုများက ပိုလို့ပင် အားကောင်းလာတော့သည်။
ဆိုဖီယာ၏မျက်လုံးများက မယုံကြည်နိုင်စွာ ပြူးကျယ်သွားပြီး ပါးစပ်ပိတ်ပြီးနောက် အော်လိုက်၏၊ "နတ်သူငယ်! ဘုရားရေ! တကယ်ကြီး နတ်သူငယ်တစ်ယောက်ပဲ!"
ထိုသို့အော်နေစဉ်တွင် သူမက ခမ်နက်ဒ်၏အဝတ်များကိုဆွဲလာသည်၊ "အစ်ကိုကြီး၊ ကြည့်ဦး! နတ်သူငယ်ပဲ! မြင်ရဲ့လား? နတ်သူငယ်လေ!"
ခမ်နက်ဒ်၏အမူအရာက ဆိုဖီယာထက်ပို၍ တည်ငြိမ်ပေသည်။ သူက အနည်းငယ်သာအံ့ဩသွားပြီးမှ တည်ငြိမ်လာကာ အက်ဂ်နက်စ်ထံ ဖော်ရွေစွာပြုံး၍ ပြောလာသည် "ဥက္ကဌရှုဆီမှာ သူ့နောက်လိုက်နေတဲ့ နတ်သူငယ်မိန်းမလှလေးတစ်ယောက်ရှိတယ်လို့ ကြားခဲ့ဖူးပေမယ့် ဥက္ကဌရှုနောက်လိုက်နေတဲ့ ဒီရက်တွေတစ်လျှောက်လုံးမတွေ့ခဲ့ဘူး။ ဒီကောလဟာလတွေသာ မှားနေရင် ကျွန်တော်တကယ်ကို စိတ်ပျက်ရမှာပဲ၊ ဒါပေမယ့် ခင်ဗျားကို ဒီနေ့မြင်နိုင်မယ်လို့ မထင်ခဲ့ဘူး။ ဒဏ္ဍာရီလာ နတ်သူငယ်အလှလေးတွေကို မြင်ရတာက ကျွန်တော့်ရဲ့ မျက်လုံးတွေကို တကယ်ပွင့်သွားစေတာပဲ။ သခင်မလေး အက်ဂ်နက်စ်, မဟုတ်လား? ကျွန်တော်က ခမ်နက်ဒ် အမ်မာပါ၊ တွေ့ရတာ ဝမ်းသာပါတယ်။"
ရှုယီနောက် အတန်ကြာလိုက်နေခဲ့ပြီးနောက်တွင် အက်ဂ်နက်စ်က လူစိမ်းများရှေ့၌ ထွက်ပြရခြင်းကို သဘောမကျသော်လည်း ယခင်ကလိုတော့ လူသားများနှင့် အဆက်အသွယ်မလုပ်ခြင်းမဟုတ်ပေ။
ခမ်နက်ဒ်က နှုတ်ဆက်လာသည်ကိုမြင်သော် အက်ဂ်နက်စ်က အသာခေါင်းငြိမ့်ကာ၊ "ဟယ်လို မစ္စတာအမ်မာ, တွေ့ရတာဝမ်းသာပါတယ်။"
ဆိုဖီယာလည်း အလျင်အမြန်ထွက်လာကာ အက်ဂ်နက်စ်ထံ စိတ်လှုပ်တရှား လက်ကမ်းပေးလာ၏။ သူမက အင်မတန်ဖော်ရွေဟန်ဖြင့် ပြောလေသည်၊ "အစ်မ အက်ဂ်နက်စ်, ဟယ်လို။ ကျွန်မက ဆိုဖီယာ အမ်မာ, သူ့ရဲ့ ညီမလေးပါ။ ကျွန်မတကယ်ပဲ အစ်မကို တွေ့ရတာ ဝမ်းသာပါတယ်! ကျွန်မ ငယ်ငယ်တည်းက ဒဏ္ဍာရီလာနတ်သူငယ်တွေအကြောင်းကြားခဲ့ဖူးတော့ တစ်ခါလောက် အမြဲတွေ့ချင်နေခဲ့တာ။ ဒီနေ့တွေ့ရမယ်လို့ထင်မထားခဲ့မိဘူး! ပျော်လွန်းလို့ မူးမေ့တော့မလိုပဲ!"
အက်ဂ်နက်စ်က ရှုယီကို ရှုပ်ထွေးဟန်ဖြင့်ကြည့်လာသည်။
ရှုယီလည်း ပခုံးတွန့်လိုက်ကာ ရှင်းပြလာ၏၊ "ဒါက ဒီကလေးမလေးရဲ့ ပျော်ရွှင်မှုကို ပြတဲ့နည်းပဲ၊ သူတကယ်ပဲ မေ့လဲသွားတော့မယ်လို့ မဆိုလိုဘူး။"
အက်ဂ်နက်စ်က နားလည်ကြောင်းပြရန် ခေါင်းငြိမ့်ကာ ဆိုဖီယာကို ပြန်ကြည့်လေသည်။ အနည်းငယ်စဉ်းစားပြီးနောက် လက်မကမ်းပေးဘဲ ဆိုဖီယာထံ ခေါင်းသာငြိမ့်ပြလေ၏၊ "ဟယ်လို၊ သခင်မလေးအမ်မာ, တွေ့ရတာ ဝမ်းသာပါတယ်။'
စတေးလ်မှာ မနေနိုင်ဘဲ ရှုယီအား တီးတိုးပြောလိုက်လေတော့သည်၊ "ဟေး၊ ရှင်သူမကို သင်ပေးထားတာ ဒီနှုတ်ဆက်ပုံတစ်ခုတည်းတော့ မဟုတ်လောက်ဘူးမလား?"
ရှုယီကလည်း ခါးသက်စွာပြုံး၍ အသံတိုးတိုးဖြင့်ပြန်ပြော၏၊ "ဒါကတင် အတော်လေး အဆင်ပြေနေပြီမဟုတ်ဘူးလား?"
အက်ဂ်နက်စ်အား လူသားတွေကို မည်သို့ဆက်ဆံရမည်ဖြစ်ကြောင်း သင်ကြားပေးချိန်တွင် ရှုယီကို ခေါင်းအကိုက်စေဆုံးအရာမှာ မတူညီသည့်အခြေနေများ၌ မတူညီသည့် နှုတ်ဆက်ရမည်ကို သုံးရန် နားလည်ခိုင်းခြင်းပင်ဖြစ်သည်။
ထိုသည်မှာ နတ်သူငယ်များ၏ နှုတ်ဆက်ခြင်းက အဓိပ္ပာယ်ရှိ၍ ကျော့ရှင်းသော်လည်း အင်မတန်ငြီးငွေ့ဖွယ်ကောင်းကာ တည့်တိုးဆန်ခြင်းကြောင့်ပင်။ မေးခွန်းများစွာ ဖြေရမည့် နည်းလမ်းများစွာရှိသော လူသားများနှင့်မတူပေ။
ရှုယီက ၎င်း၌ အားကုန်ထုတ်သုံးထားသော်လည်း လူစိမ်းများနှင့် ပထမဆုံးတွေ့ချိန်၌ ပြောရမည်ကိုသာ သင်ပေးလိုက်နိုင်သည်။
ဆိုဖီယာမှာ အက်ဂ်နက်စ်၏ ကွဲပြားသောသဘောထားကို လုံးဝဂရုမစိုက်ချေ။ သူမက စိတ်လှုပ်ရှားစွာသာ အက်ဂ်နက်စ်ကိုကြည့်ပြီး မေးခွန်းများတသီကြီးမေးလာသည်။
အက်ဂ်နက်စ်လည်း သူမထံကြည့်ရုံသာကြည့်ကာ မေးခွန်းတစ်ခုပင် မဖြေချေ။ သူမက တည်ငြိမ်စွာသာပြော၏၊ "ဥက္ကဌက ကျွန်မကို မေးစရာရှိနေတော့ သူ့ကိုအရင်ဖြေပေးဖို့လိုသေးတယ်။" ခဏရပ်တန့်ပြီးနောက် သူမက တစ်စုံတရာကိုစဉ်းစားမိပုံရကာ ထပ်ပြောင်းပြောလာသည်၊ "နောက်ကျမှ မင်းရဲ့မေးခွန်းတွေကို ပြန်ဖြေပေးမယ်.....ဟုတ်ပြီလား?"
ဆိုဖီယာလည်း ကြောင်အသွားပြီးမှ ရှုယီကိုကြည့်လိုက်သည်။ သူမက ဆန္ဒမရှိပါသော်လည်း သဘောတူ၍ နောက်သာ ပြန်ဆုတ်လိုက်နိုင်၏။
"အက်ဂ်နက်စ်, ခင်ဗျား မြစ်အထက်ပိုင်းရဲ့ အခြေနေအကြောင်း ဘယ်လောက်သိလဲ?" ရှုယီက မေးသည်။
အက်ဂ်နက်စ်လည်း စဉ်းစားကာ ခေါင်းခါလာသည်၊ "ကျွန်မ နည်းနည်းပဲနားလည်တယ် သိပ်မများလောက်ဘူး။"
"ဒါဆို ကျုပ်ကို ပြောပါ၊ မြစ်အထက်ပိုင်းကို သားရဲလူမျိုးနွယ်စု ပိုင်ထားတယ်မဟုတ်လား?"
"ဒီလိုပဲပေါ့။" အက်ဂ်နက်စ်က ခေါင်းငြိမ့်ကာ ပြန်ဖြေသည်၊ "ကျွန်မ ဆန်နက်မြေရိုင်းကိုသွားတော့ ရေလည်းသိပ်မရှိဘူး၊ ဒီတော့ ရေရှိတာက သားရဲလူမျိုးနွယ်စုတွေရဲ့ နေရာပဲဖြစ်လိမ့်မယ်။"
"ဒီတော့ ဆိုလိုတာက အထက်ပိုင်းက သားရဲလူမျိုးနွယ်စုရဲ့အပိုင် လုံးဝဖြစ်လောက်တယ်ပေါ့။" ရှုယီလည်း စဉ်းစားကာ ရုတ်တရတ် အက်ဂ်နက်စ်ကို ပြုံးပြလိုက်သည်၊ "အက်ဂ်နက်စ်, ကြည့်ရတာ ကျုပ်နဲ့ ခင်ဗျား အလုပ်ခရီးသွားဖို့ လိုမယ့်ပုံပဲ။"
ထိုသို့ပြောလာချိန်တွင် ရှုယီမှာ နံဘေးဆီမှ ရုတ်တရတ် လူသတ်ငွေ့ကို ခံစားလိုက်ရသည်။ လှည့်ကြည့်လိုက်သော် စတေးလ်၏ မျက်လုံးအိမ်ကြီးကြီးများက ကျဉ်းမြောင်းနေသည်ကို မြင်လိုက်ရတော့သည်။
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၀၈၈။ အာကာသထဲကို ပျံသန်းချင်တယ်
"ဟားဟား ဥက္ကဌရှု၊ သခင်မလေးစတေးလ်လို အလှလေးကို ချစ်သူတော်ထားရတာ အတော်ကို ဖိအားများတယ် မထင်ဘူးလား?" ခမ်နက်ဒ်က ရှုယီ၏ မျက်နှာထက်မှ ခါးသက်သက်အပြုံးကိုကြည့်လျက် ရယ်လာသည်။
ရှုယီလည်း သူ့ကိုကြည့်ပြီး အသက်ရှူထုတ်၍ သက်ပြင်းချကာ ဆို၏၊ "မင်းလည်း အတူတူပဲလို့ထင်တယ်။ မင်းမှာ ဒီလို လှပပြီး တက်ကြွတဲ့ညီမလေးတစ်ယောက်ရှိတာက အတော်ကို ဖိအားများမှာပဲ။"
"လှပပြီး တက်ကြွတယ်?" ခမ်နက်ဒ်၏မျက်နှာက အကြိမ်ရေအချို့ ရှုံ့တွသွားကာ အပြုံးကပါ ခါးသက်လာသည်၊ "လှပတယ်လို့ ချီးကျူးတာကို လက်ခံပေမယ့် တက်ကြွတာကတော့..... ဆိုဖီယာက အဲ့လောက် မတက်ကြွဘူးလို့ ထင်တာပဲ။"
နှစ်ဦးသားမှာ တစ်ဦးနှင့်တစ်ဦးကြည့်ကာ ရယ်ချလိုက်ကြသည်။
၎င်းတို့အကြားက ထိုအရာလေးနှင့်ပင် နှစ်ဦးသားမှာ ပိုလို့ ရင်းနှီးလာ၏။
ရယ်မောပြီးနောက် ခမ်နက်ဒ်က လေးနက်ဟန်ဖြင့် မေးလာသည်၊ "ဥက္ကဌရှု၊ ဘာလို့ ခင်ဗျား မြစ်ကို ထိန်းချုပ်မယ့်အကြောင်း ဂရုစိုက်နေတာလဲ? ဒီကိစ္စ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ မဆိုင်လောက်ဘူးမဟုတ်လား?"
"အပြင်ပန်းမှာတော့ အဲ့လိုဖြစ်ပုံပါပဲ၊ ဒါပေမယ့် ခမ်နက်ဒ်, ဒီမြစ်ကို ထိန်းချုပ်တာကနေ ရလာမယ့် အကျိုးအမြတ်တွေကို စဉ်းစားဖူးလား?" ရှုယီက ပြန်မေးသည်။
"အကျိုးအမြတ်တွေ?" ခမ်နက်ဒ်လည်း အနည်းငယ်စဉ်းစားပြီးမှ မျက်မှောင်ကုပ်၍ ပြောလာသည်၊ "ရေကြီးတာတွေကို ကာကွယ်တာအပြင် တခြားအကျိုးအမြတ်တွေရှိသေးတာလား?"
"မဟုတ်ဘူး၊ ရေကြီးတာကို ကာကွယ်တာက အခြေခံလိုအပ်ချက်လေးသက်သက်ပဲ။ အကျိုးအမြတ်အစစ်က မြစ်ကိုထိန်းချုပ်ပြီးနောက်မှာ မြစ်ကြောင်းပို့ဆောင်ရေးက အရေးပါတဲ့ အခန်းကဏ္ဍမှာ ပိုပြီး ပါဝင်လာနိုင်တယ်။" ရှုယီက ဖြေ၏။
"မြစ်ကြောင်း ပို့ဆောင်ရေး?" ခမ်နက်ဒ်က မျက်ခုံးများ ပိုလို့ပင်တွန့်ချိုးလာကာ၊ "ဥက္ကဌရှု၊ ခင်ဗျားက ဥက္ကဌပေါ်တာရဲ့ ခါးသက်တဲ့ အတွေ့အကြုံကို မြင်ခဲ့ပြီးတော့ သူ့ကို ကူညီချင်နေတာ မဟုတ်ဘူးမလား?"
"ဒါက အကြောင်းပြချက်တစ်ခုပါပဲ။ အကြောင်းပြချက်အစစ်က လက်ရှိ ဘန်တာမြို့မှာ တကယ်ပဲ မြစ်ကြောင်းပို့ဆောင်ရေးကိုလိုအပ်နေတယ်။" ရှုယီက ပြောသည်၊ "ခမ်နက်ဒ်, ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းက ကုန်စုံဆိုင်တွေကို အဓိကထားတာဆိုတော့ ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းအတွက် အရေးအကြီးဆုံးအရာက ဘာများလဲ?"
"ဒါက...." ခမ်နက်ဒ်က အနည်းငယ်တုံ့ဆိုင်းနေသည်၊ "စာရင်းအလုံအလောက်ရှိသင့်တာဖြစ်မယ်၊ မဟုတ်ရင် ဦးလေးဟန့်ခ်က ဦးစားပေးခံရမယ့် အခြေအနေကို ထည့်မှာမဟုတ်ဘူး။”
ရှုယီမှာ ခမ်နက်ဒ်အနေနှင့် ဟန့်ခ် ဝီလ်ဆန်အတွက် ပြောပေးနေမှန်းသိလေရာ သူနားလည်ကြောင်းပြရန် ပြုံးပြလိုက်ပြီး ဆက်မေးလေသည်၊ "ဒါဆို ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းရဲ့ မြို့တွေအားလုံးမှာ စာရင်းအလုံအလောက်ရှိတယ်လို့ ဘယ်လိုအာမခံမှာလဲ?"
ခမ်နက်ဒ်လည်း စဉ်းစားကြည့်သော် မျက်လုံးများက ရုတ်တရတ် တောက်ပသွားသည်။
"ဥက္ကဌရှု၊ ခင်ဗျားပြောချင်တာကို ကျွန်တော်နားလည်ပြီ။ ခင်ဗျားက စီးပွားရေးအတွက် ပို့ဆောင်ဆက်သွယ်ရေးက အရေးကြီးတယ်လို့ ပြောနေတာပဲ။"
"အဟုတ်ပဲ။" ရှုယီက ချီးကျူးဟန်ဖြင့် ခေါင်းငြိမ့်ကာ၊ "အခု ဘန်တာမြို့က ဒီလောက်မြန်မြန်တိုးတက်နေတော့ မရေတွက်နိုင်လောက်တဲ့ ကုန်စည်တွေကို ထုတ်လုပ်လာလိမ့်မယ်လို့ စိတ်ကူးကြည့်လို့ရတယ်လေ။ ဒီလိုဆိုမှတော့ ဘန်တာမြို့အနေနဲ့ ဒီထုတ်လုပ်ပြီးသမျှကုန်စည်တွေတင်ပို့မယ့် အားကောင်းတဲ့ပို့ဆောင်ရေးစနစ်ကို လိုလာပြီပေါ့။"
ခမ်နက်ဒ်က ခေါင်းငြိမ့်၏၊ "ဟုတ်တယ်။ ခင်ဗျားနဲ့ ဦးလေးဟန့်ခ်တို့ ပြောခဲ့ကြတဲ့ မှော်စက်တွေလိုပေါ့၊ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းထုတ်ထားတွေအပါအဝင် အဲဒီ့မှော်စက်တွေကိုသာ မတင်ပို့ဘဲ ဘန်တာမြို့မှာပဲ ဆက်ရှိနေရင် ဆုံးရှုံးမှုကြီးတွေကို ဖန်တီးမိလိမ့်မယ်။"
"ငွေပဲဆုံးရှုံးတာဆိုရင် တော်သေးတယ်၊ ဒါပေမယ့် အဓိက,က ပို့ဆောင်ရေးစနစ်မရှိရင် ဘန်တာမြို့ရဲ့ မှော်စက်မှုနယ်ပယ်ဖွံ့ဖြိုးမှုကို ရိုက်ခတ်မှုကြီးဖြစ်စေလိမ့်မယ်။ ဒီမှော်စက်တွေကို ဖန်တီးတဲ့နေရာမှာ ငွေအများဆုံးသုံးထားတဲ့ လုပ်ငန်းစုလေးတွေအတော်များများရှိတော့ သူတို့ကိုသာ မတင်ပို့ရင် လုံးဝ ဖျက်ဆီးနေသလိုဖြစ်မှာ။" ရှုယီက ရိုးသားစွာဆိုလာသည်၊ "ဘန်တာမြို့မှာ မှော်စက်တွေနဲ့ ပတ်သက်မယ့် လုပ်ငန်းစုတွေရှိလာဖို့ ကျုပ်အမြဲ မျှော်လင့်နေခဲ့တော့ ဒီလိုဖြစ်မှာကို သေချာပေါက် မမြင်ချင်ဘူး။"
ခမ်နက်ဒ်က ရှုယီကို အတန်ကြာကြည့်ကာ ရုတ်တရတ် မေးလာသည်၊ "ဥက္ကဌရှု၊ ခင်ဗျားနဲ့ Frestech ကုန်သည်ကြီးများအသင်းကို ရက်နည်းနည်းလောက် လေ့လာခဲ့ပြီးတော့ ကျွန်တော်အမြဲတမ်း ခင်ဗျားကို မေးချင်တာ တစ်ခုရှိတယ်။"
"ပြောပါ၊ မင်းစိတ်ထဲမှာ မေးချင်တာကို သိမ်းထားတာက မကောင်းဘူး။" ရှုယီက အပြုံးဖြင့်ပြော၏။
"ကျွန်တော်မေးချင်တာက၊ ဘာလို့ ခင်ဗျားလုပ်တဲ့အရာတော်တော်များများက ခင်ဗျားကိုယ်တိုင်အတွက် ဟုတ်တဲ့ပုံမပေါ်ဘဲ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ပြိုင်ဘက်တွေကို လေ့ကျင်ပေးသလိုဖြစ်နေရတာလဲ? Frestech ကုန်သည်ကြီးများအသင်းရဲ့ လက်ရှိ ဦးဆောင်မှုနဲ့ဆို ခင်ဗျားအနေနဲ့ မှော်စက်မှုနယ်ပယ်ကြီးတစ်ခုလုံးကို အလွယ်လေး ယူလို့ရတယ်။ ဒါလိုဆိုရင် ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ အကျိုးမြတ်ပမာဏကြီးကြီးရလာပြီး ကြီးမားလွန်းလို့ လူတွေတောင် စိတ်ကူးဖို့ခက်ခဲနိုင်လောက်မှာ။ ဒါကို ဘာလို့ အဲ့လိုမလုပ်တာလဲ?"
"မင်းက အဖြေအမှန်ကို သိချင်တာလား?" ရှုယီက မေးသည်။
"ဒါပေါ့။ ဥက္ကဌရှုအနေနဲ့ ကျွန်တော့်ရဲ့မေးခွန်းကို ရိုးရိုးသားသားဖြေပေးနိုင်ဖို့ မျှော်လင့်ပါတယ်၊ ဒါက ကျွန်တော်ချဖို့လိုတဲ့ ဆုံးဖြတ်ချက်ကြီးတစ်ခုနဲ့ ဆက်စပ်နေတာကြောင့်ပါ။" ခမ်နက်ဒ်က ခေါင်းငြိမ့်၍ ပြောသည်။
ခမ်နက်ဒ်၏ ရိုးသားသော အမူအရာကိုမြင်သော် ရှုယီက အနည်းငယ်အံ့ဩသွားသော်လည်း ရိုးသားစွာပင် စဉ်းစားကာဖြေလိုက်သည်၊ "တကယ်တော့ မင်းမတိုင်ခင် ဒီမေးခွန်းကို မေးလာခဲ့တဲ့ လူများစွာရှိတယ်။ ငါ မင်းအတွက် ပြန်ပြောပေးပါ့မယ်။ ပထမဦးဆုံး မှော်စက်တွေကိုလေ့လာပြီး Frestech ကုန်သည်ကြီးများအသင်းကို ဖန်တီးခဲ့တာက ငွေအတွက်ပါပဲ၊ ဒါပေမယ့် အခု ဒီပန်းတိုင်လေးတင်ပဲမကတော့ဘူး။ ကျုပ်ကို ယုံရဲ့လား?"
ခမ်နက်ဒ်က တုံ့ဆိုင်းမှုမရှိဘဲ ခေါင်းငြှိမ့်သည်၊ "ယုံပါတယ်။ ဒါကို ခင်ဗျားက ငွေအတွက်ပဲလုပ်ခဲ့ရင် ဖြေရှင်းလို့မရနိုင်တဲ့ အရာတွေအများကြီးကို ခင်ဗျားလုပ်ခဲ့တာပဲ။"
"မင်းမှာ ယုံကြည်ဖို့ဆန္ဒရှိရင်တော့ အဆင်ပြေပါတယ်။" ရှုယီက ပြုံး၍ ဆက်ပြောသည်၊ "ငွေအတွက်မဟုတ်မှတော့ တခြားရည်ရွယ်ချက်ရှိတာပေါ့၊ ဒါမှမဟုတ် ပစ်မှတ်လို့ပဲ ခေါ်သင့်လား။ ကျုပ်ရဲ့ ပစ်မှတ် ဒါမှမဟုတ် ရဖို့ နီးပြီးသားတစ်ခုပေါ့၊ ဒါက လူတွေကို မှော်စက်တွေရဲ့ အကျိုးအမြတ်ကို ခံစားခွင့်ပြုဖို့ပဲ။ ကျုပ်အနေနဲ့ စိုင်စ်နယ်မြေက လူတိုင်းရဲ့ ဘဝအဆင့်အတန်းကို မြှင့်တင်ပြီး အားလုံးကို ပိုကောင်းတဲ့ ဘဝတွေပေးချင်တယ်။"
"ဒါက တစ်ခုတည်းသော ပိုနီးတဲ့ ပစ်မှတ်လား?" ခမ်နက်ဒ်မှာ အနည်းငယ်အံ့ဩသွားသည်၊ "ဒါဆို နောက်ထပ် ပစ်မှတ်ရှိသေးတာလား?"
"နောက်ထပ်ပစ်မှတ်က စိုင်စ်နယ်မြေကြီးရဲ့ မှော်ပညာနဲ့ နည်းပညာ အဆင့်ကို မြင့်တင်ပြီး လောကမှာ ပြောင်းလဲမှုကြီးတစ်ခု ဖန်တီးဖို့ပဲ။ လူတွေအနေနဲ့ နယ်မြေကြီးရဲ့ နေရာတိုင်းမှာ နေနိုင်လာရုံတင်မကဘဲ ပင်လယ်အောက်ခြေကိုပါ ဝင်ရောက်ပြီး ကောင်းကင်မှာပါ ပျံသန်းနိုင်ဖို့။ ပြီးတော့..... အာကာသထဲကိုပါ သွားဖို့။"
"အာကာသ?" ထိုသည်မှာ ခမ်နက်ဒ်ပထမဦးဆုံးကြားဖူးသည့် ထူးဆန်းသောစကားလုံးပင်၊ "ဘာများလဲ?"
ရှုယီက ကောင်းကင်ကိုညွှန်ပြကာ ခမ်နက်ဒ်ကိုမေးလာသည်၊ "ခင်ဗျားအခုမြင်နေရတယ်။ ကောင်းကင်မှာ တိမ်တွေမျောလွင့်နေပေမယ့် အဲဒီ့တိမ်တွေရဲ့ အထက်မှာ ဘာရှိလဲ သိလား?"
ခမ်နက်ဒ်က ခေါင်းမော့ကာ ထိ၍မရနိုင်သည့်ကောင်းကင်ကိုကြည့်လျက် ခေါင်းခါလိုက်၏။
ယခင်က လေအထူးပြုမှော်ပညာရှင်များမှာ ခပ်မြင့်မြင့်အထိ ပျံတက်ဖူးပါသော်လည်း ယခုအထိတော့ တိမ်များကို ထိနိုင်သည့် မှော်ပညာရှင်မရှိပေ။ တိမ်များအထက်ရှိ နေရာဆိုလျှင် ပြောဖို့မလိုတော့။
"ပြောပြမယ်၊ ဒီကောင်းကင်ကြီးအထက်မှာ နေရာတစ်ခုရှိတယ်။ အဲဒါက တုနှိုင်းမရလောက်အောင်ကြီးမားပြီး ခင်ဗျားစိတ်ကူးနိုင်တာထက်တောင်ပိုကြီးသေးတယ်။ ပြီးတော့ အဲဒီ့အာကာသက အံ့မခန်းကွာဝေးပြီး စိုင်စ်နယ်မြေကြီးလို နယ်မြေကြီးတစ်ခုလည်းရှိတယ်။ ကျုပ် အာကာသထဲကိုသွားချင်ပြီး အဲဒီ့က နယ်မြေကြီးကို မြင်ချင်တာက ကျုပ်ရဲ့ အိမ်အစစ်က အဲဒီ့ နယ်မြေကြီးမှာ ရှိကောင်းရှိနိုင်တာကြောင့်ပါပဲ။"
ရှုယီ၏မျက်နှာထက်ရှိ ရှင်းပြမရနိုင်လောက်အောင် စိတ်ဓာတ်ကျမှုကိုမြင်သော် ခမ်နက်ဒ်မှာ အင်မတန်ရှုပ်ထွေးသွားရသည်။
ရှုယီအနေနှင့် အဆုံးမရှိသည့် အာကာသရှိကြောင်း သိထားခြင်းကိုမဆိုထားနှင့် သူ၏အိမ်အစစ်အား ထိုနယ်မြေကြီး၌ ရှာနိုင်သည်ဆိုခြင်းက မည်သည့်အဓိပ္ပာယ်ဖြစ်သနည်း?
အဲဒီ့ တည်ငြိမ်ပြီး တော်တဲ့ ဥက္ကဌရှုက တကယ်တမ်း ကဗျာဆရာဖြစ်နေတာများလား?
ရှုယီမှာ စိတ်လွတ်ပြီး ကောင်းကင်ကို ကြည့်နေမိသည်။ သူပြန်ငုံ့လာချိန်၌ ခမ်နက်ဒ်ကိုကြည့်လိုက်၏။
ခမ်နက်ဒ်၏ အံ့ဩနေသောမျက်နှာကိုမြင်သော်လည်း ရှုယီက ရှင်းပြဖို့ မပြင်လိုက်ဘဲ အပြုံးဖြင့်သာမေးလိုက်သည်၊ "ဘယ်လိုလဲ၊ ကျုပ်ရဲ့ ပြိုင်ဘက်တွေကို ဘာကြောင့် လေ့ကျင့်ပေးနေကြောင်းသိသွားပြီလား? ကျုပ်က ဖြစ်နိုင်သမျှမြန်မြန် ဒီနယ်ပယ်ကို ဖွံ့ဖြိုးစေပြီး ကျုပ်ရှင်သန်နေတုန်း အိပ်မက်ကို ရယူနိုင်မှာ သေချာအောင်လို့ပါ။"
ခမ်နက်ဒ်က ခေါင်းခါရင်း ရှုယီ၏အိပ်မက်က အမှန်ကို ရူးသွပ်လှသည်ဟု တွေးမိသည်။
သို့သော် ကြီးကျယ်ခမ်းနားသော အရာများကို ရယူနိုင်သူတိုင်း အဆုံးတွင် အနည်းငယ် ရူးသွပ်သွားသည်ဟု ဆိုကြသည်။
ယခုတွင် ဥက္ကဌရှုမှာ ကြီးကျယ်ခမ်းနားသည့်အရာများကို ရရှိပြီးသားလူဖြစ်သည်ပင်။
ထိုသို့စဉ်းစားရင်း ခမ်နက်ဒ်မှာ စိတ်ထဲ၌ ဆုံးဖြတ်လိုက်သည်။
"ဥက္ကဌရှ၊ ခင်ဗျားရဲ့ အိပ်မက်ကိုရယူဖို့ဆိုရင် တစ်ယောက်တည်းလုပ်ဖို့ မဖြစ်နိုင်ဘူး။ ခင်ဗျားကို ကူညီမယ့်လူတချို့ လိုအပ်တယ်လို့ ကျွန်တော်ထင်တယ်။" ခမ်နက်ဒ်က ဆိုသည်၊ "ခင်ဗျားအနေနဲ့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အထွေထွေကိစ္စတွေကို စီစဉ်ပေးမယ်.....အာ.... အထွေထွေမန်နေဂျာတစ်ယောက်ကို အမြဲခန့်ချင်နေခဲ့တာလို့ ဟားနက်စ်ပြောတာကြားဖူးတယ်၊ ဟုတ်လား?"
ရှုယီက ခမ်နက်ဒ်ကို တအံ့တဩကြည့်ရင်း ခေါင်းငြိမ့်သည်၊ "ဟုတ်တယ်၊ ကျုပ်အတွက် အလုပ်နည်းနည်းမျှယူပေးစေချင်တဲ့ အထွေထွေမန်နေဂျာတစ်ယောက်လောက် တကယ်ကိုလိုချင်နေပေမယ့် သင့်တော်တဲ့လူကို ရှာမတွေ့သေးဘူး။"
ခမ်နက်ဒ်က အသာပြုံးကာ သူ့ကိုယ်သူညွှန်ပြလေသည်၊ "ဥက္ကဌရှု၊ ကျွန်တော်က အထွေထွေမန်နေဂျာဖြစ်နိုင်တယ်လို့ ခင်ဗျားထင်လား?"
သူဟာ ၎င်းကို ခမ်နက်ဒ်၏ သဘောထားထံမှ ခန့်မှန်းပြီးဖြစ်သော်လည်း ခမ်နက်ဒ်အပြောကိုကြားရချိန်၌ အံ့ဩသွားဆဲပင်။
"ခမ်နက်ဒ်, မင်းက အမ်မာမိသားစုခေါင်းဆောင်ရဲ့ အကြီးဆုံးသားလေ၊ ဘယ်လိုလုပ် ငါတို့လုပ်ငန်းစုအတွက် အလုပ်လုပ်ပေးလို့ရမှာလဲ?"
"ကျွန်တော်က အကြီးဆုံးသားမဟုတ်ပါဘူး၊ ဒီတော့ ဆက်ခံခွင့်လည်းမရှိဘူး။ ပြီးတော့လည်း အခုအချိန်မှာ ရာထူးမရှိတော့ စီးပွားရေးလောကထဲဝင်ပြီး ကုန်သည်ဖြစ်လာဖို့က ကျွန်တော့်အတွက် ပြဿနာမရှိပါဘူး။ အချက်အလက်အရ ကျွန်တော့်ကို မိသားစုက ငယ်ငယ်တည်းကနေ လေ့ကျင့်ပေးလာတာ ကုန်သည်တစ်ယောက်ဖြစ်ဖို့ပဲ၊ ကျွန်တော် အသက်ဆယ့်လေးရောက်ချိန်မှာ ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းအတွက် ကိစ္စတချို့ကိုစပြီး ကိုင်တွယ်နေရပြီ။ အရင် ခြောက်လမတိုင်ခင်က ကျွန်တော်က ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်း ဒုဥက္ကဌရဲ့ လက်ထောက်ဖြစ်ခဲ့ပြီးတော့ လုပ်ငန်းစုက ကိစ္စ ကြီးကြီးသေးသေး အကုန်ကိုင်တွယ်နေခဲ့တယ်။ ဥက္ကဌရှု၊ ခင်ဗျားထင်လား..... ဒီလိုမျိုးကျွန်တော်က ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အထွေထွေမန်နေဂျာဖြစ်ဖို့ အရည်အချင်းရှိမယ်လို့လေ?" ခမ်နက်ဒ်က မေးသည်။
"ဒါပေါ့။" ရှုယီက တုံ့ဆိုင်းမှုမရှိဘဲ ခေါင်းငြှိမ့်လေသည်၊ "ဒါပေမယ့် မင်းက ဘာလို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အထွေထွေမန်နေဂျာဖြစ်လာချင်တယ်ဆိုတာကို သိပ်မရှင်းဘူး။ မင်းရဲ့ နောက်ခံနဲ့ဆို စီးပွားရေးလောကထဲဝင်ချင်ရင် ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းက တကယ်ပဲ ပိုကောင်းတဲ့ ရွေးချယ်မှုလေ။"
"ဥက္ကဌရှု၊ ခင်ဗျားရဲ့ အိပ်မက်ကိုပြောခဲ့သလိုပဲ ကျွန်တော့မှာလည်း အိပ်မက်ရှိတယ်။ ကျွန်တော့်ရဲ့အိပ်မက်က ခင်ဗျားလောက် မကြီးပေမယ့်လည်း တူညီတဲ့တစ်ခုကတော့ ကျွန်တော့်ရဲ့ စွမ်းအားနဲ့ လောကကိုပြောင်းလဲဖို့ မျှော်လင့်တာပဲ။ ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းမှာတော့ ဒီမျှော်လင့်ချက်ကို မမြင်နိုင်ခဲ့ပေမယ့် ခင်ဗျားရဲ့ Frestech ကုန်သည်ကြီးများအသင်းမှာတော့ အဲဒီမျှော်လင့်ချက်ကိုမြင်နိုင်တယ်။ ဒီတော့ အဲဒီ့မျှော်လင့်ချက်ကို ဆုပ်ကိုင်ပြီး လောကကို အမှန်တကယ်ပြောင်းလဲဖို့ အကောင်းဆုံး ကြိုးစားချင်တယ်။"
ခမ်နက်ဒ်၏ ရိုးသားကာ လေးနက်နေသည့်ဟန်ကိုကြည့်ရင်း ရှုယီလည်း တိတ်ဆိတ်သွားသည်။
ခမ်နက်ဒ်၏နောက်ခံ၊ အမ်မာမိသားစုထံမှ လေ့ကျင့်ခံထားရခြင်းနှင့် ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်း၌ ရခဲ့သည့်အတွေ့အကြုံတို့နှင့်ဆိုလျှင် သူ့အနေနှင့် အထွေထွေမန်နေဂျာဖြစ်လာဖို့ အင်မတန်အရည်အချင်းမှီလေသည်။
သူဟာ ရှုယီထက် တစ်နှစ်သာငယ်သော်လည်း စီးပွားရေး၌ ရှုယီထက် အတွေ့အကြုံပိုရှိသည်။
ထိုသို့သော လူတစ်ယောက် Frestech ကုန်သည်ကြီးများအသင်း၏ အထွေထွေမန်နေဂျာဖြစ်လာချင်သည်မှာ သူ၏အရည်အချင်းတွေအောက်၌ပင်ရှိနေသည်။
ရှုယီမှာ သဘောတူချင်သော်လည်း ကိစ္စတချို့ကို စိုးရိမ်နေဆဲပင်။
"ဘာပဲဖြစ်ဖြစ် မင်းက အမ်မာမိသားစုက လူဖြစ်နေတုန်းပဲဆိုတော့ ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းဆီ ပြန်သွားရမှာပဲ။ မင်းသာ ငါတို့ Frestech ကုန်သည်ကြီးများအသင်းဆီမှာ အလုပ်လုပ်ရင် အချိန်ဖြုန်းနေသလိုပဲ။" ရှုယီကပြောသည်။
ခမ်နက်ဒ်က အသာပြုံးသည်, "ဥက္ကဌရှု၊ ကျွန်တော်က အမ်မာမိသားစုမှာ မွေးလာတယ်ဆိုတာနဲ့ပဲ မိသားစုနဲ့အမြဲတမ်း ချည်နှောင်ထားမယ်လို့ အဓိပ္ပာယ်မရဘူးလေ။ ဟားနက်စ်ကို ကျွန်တော့်ကို ဒီခေါ်လာခိုင်းတာက Frestech ကုန်သည်ကြီးများအသင်းက ကျွန်တော့်မိသားစုဆီကနေ ထွက်လာနိုင်မယ့် အိပ်မက်ရဲ့ဖြစ်နိုင်ချေကို ပေးနိုင်မလားဆိုတာ မြင်ချင်လို့ပါ။ အခု ဒီဖြစ်နိုင်ချေကိုမြင်တော့မှ ကျွန်တော် လက်လွှတ်လိုက်သင့်တယ်လို့ ထင်လား?"
ရှုယီက ချင့်ချိန်နေပုံရသည်ကိုမြင်သော်၊ ခမ်နက်ဒ်ပြောလာသည်၊ "ဥက္ကဌရှု၊ တကယ်တမ်း ကျွန်တော် ဒီကိုမလာခင် အဖေ့ရဲ့ခွင့်ပြုချက်ရပြီးပြီမို့လို့ အမ်မာမိသားစုဆီက ဖိအားကို စိုးရိမ်ဖို့မလိုပါဘူး။ ပြီးတော့လည်း ကျွန်တော့ကို အထွေထွေမန်နေဂျာအဖြစ်ခန့်ထားရင် ဘာကိုမှ ဆုံးရှုံးမှာမဟုတ်ဘူး မို့လား? ကျွန်တော်ထွက်သွားရင်တောင် အနည်းဆုံး ကျွန်တော်ဒီမှာရှိနေတဲ့ အတောအတွင်း Frestech ကုန်သည်ကြီးများအသင်းကို စီမံနိုင်ပြီး ဒါကိုလည်း ရယူနိုင်မယ်လို့ယုံကြည်တယ်။ ဒီလိုဆိုမှတော့ ဥက္ကဌရှုက ဘာတွေစိုးရိမ်နေတာလဲ? ဖြစ်နိုင်တာက.... ခင်ဗျားမှာ သတ္တိလေးနည်းနည်းတောင်မရှိလို့လား?"
ရှုယီက သူ့ကိုကြည့်လာပြီး စဉ်းစားကာ အပြုံးဖြင့်ဆိုလေ၏၊ "ငါ့ကို တွန်းအားမပေးပါနဲ့။ ဟုတ်ပြီ မင်းက ငါတို့လုပ်ငန်းစုရဲ့ အထွေထွေမန်နေဂျာဖြစ်လာချင်မှတော့ ဒီတစ်ခေါက်မှာ စမ်းသပ်ကာလထဲဝင်ရမယ်။ မင်းမှာ ထူးကဲတဲ့နောက်ခံနဲ့ အတွေ့အကြုံရှိပေမယ့်လည်း Frestech ကုန်သည်ကြီးများအသင်းက ဝဲလ်မက်ထ် ကုန်သည်ကြီးများအသင်းနဲ့ မတူတော့ ကိစ္စတွေကလည်း မတူဘူးဆိုတာ သတိပေးထားရမယ်။ မင်းမလုပ်နိုင်ရင် မင်းကိုမျက်နှာသာမပေးဘဲ တိုက်ရိုက် ထုတ်ပစ်လိုက်မှာကို အပြစ်မတင်ပါနဲ့။"
ခမ်နက်ဒ်က သူ၏တောက်ပကာဖြူဖွေးသည့် သွားများကိုဖြီးပြလာသည်။
"စိတ်ချပါ ကျွန်တော်သေချာပေါက် ခင်ဗျားကို ထုတ်ပယ်ခိုင်းဖို့ အခွင့်ရေးပေးမှာမဟုတ်ဘူး။"
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၀၈၉။ လစာညှိနှိုင်းခြင်း
Frestech ကုန်သည်ကြီးများအသင်း၏လုပ်ရပ်တိုင်းအား ဘန်တာမြို့နှင့် အနီးဝန်းကျင်မြို့ရှိ လူများစွာက အာရုံစိုက်ကြလေရာ ခမ်နက်ဒ်မှာ Frestech ကုန်သည်ကြီးများအသင်း၏ အထွေထွေမန်နေဂျာဖြစ်လာမည့် သတင်းများ ထွက်ပေါ်လာသည်နှင့် ရုတ်ရုတ်သဲသဲဖြစ်သွားတော့သည်။
ပထမဦးဆုံး လူများဂရုစိုက်သည်မှာ ခမ်နက်ဒ်၏နောက်ခံဖြစ်သည်။
ခမ်နက်ဒ်က အမ်မာမိသားစုထံမှ အငယ်တန်းနှင့် သွေးနီးစပ်သည်ဟု ဆိုကြသည်။ ထုံးတမ်းအရ သူသာ စီးပွားရေးလောကထဲသို့ ဝင်လိုပါက ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းကို ဝင်သင့်ပေ၏။ သို့ဖြစ်ရာ အဘယ့်ကြောင့် သူက Frestech ကုန်သည်ကြီးများအသင်း၌ အလုပ်လုပ်ရသနည်း?
နောက်ထပ် ၎င်းတို့ဂရုစိုက်ကြသည်က 'အထွေထွေမန်နေဂျာ'ဟူသည့် စကားလုံး၏ အဓိပ္ပာယ်ပင်။
အထွေထွေမန်နေဂျာ? စိုင်စ်နယ်မြေကြီး၌ ထိုရာထူးနှင့်စပ်လျဉ်းသည့် လုပ်ငန်းစုတစ်ခုပင်မရှိလေရာ ၎င်းတို့က ဘာလုပ်ရသနည်း?
"အထွေထွေမန်နေဂျာတစ်ယောက်ရဲ့ အလုပ်က.... ဥက္ကဌတစ်ယောက်နဲ့ အတော်လေးဆင်တယ်။ သူတို့က အဓိကအနေနဲ့ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ကိစ္စတွေဖြစ်တဲ့ အတွင်းပိုင်းအလုပ်အစီစဉ်တွေ၊ တခြားလုပ်ငန်းစုတွေနဲ့ညှိနှိုင်းမှုတွေနဲ့ တခြားတာဝန်တွေကို စီမံခန့်ခွဲဖို့ တာဝန်ယူရမှာပါ။ ဒါက Frestech ကုန်သည်ကြီးများအသင်းမှာ အာဏာရှိသွားတာကို ပြောတာမဟုတ်ဘဲ လုပ်ငန်းစုစီမံခန့်ခွဲတဲ့နေရာမှာ ကျုပ်ကို ကူညီရတာပါ။"
ထိုကိစ္စအတွက် Frestech ကုန်သည်ကြီးများအသင်းမှာ သတင်းစာရှင်းလင်းပွဲပင် ပြုလုပ်ခဲ့ရသည်။
ထိုပွဲတွင် ရှုယီက တူညီသည့် ရှင်းလင်းချက်ပေးခဲ့၏။
အဓိကသတင်းစာများ၏ သတင်းထောက်များက ၎င်းကို အသေအချာစဉ်းစားကာ ထို အထွေထွေမန်နေဂျာဟူသည့် အမည်က အင်မတန်ထူးဆန်းသော်လည်း အလုပ်ကတော့ အခြားလုပ်ငန်းစုများစွာ၏ ဒုဥက္ကဌလိုဖြစ်သည်ဟု ခံစားမိလိုက်ကြသည်။ ၎င်းက လုပ်ငန်းစုအား စီမံခန့်ခွဲရန် ဥက္ကဌကို ကူညီရုံသာဖြစ်ရာ ထိုမျှ ထူးဆန်းသလိုမခံစားရတော့သဖြင့် အခြားကိစ္စကို အာရုံစိုက်လိုက်ကြတော့သည်။
ခမ်နက်ဒ် အမ်မာမှာ အမ်မာမိသားစုမှလာပြီး ငယ်စဉ်ကတည်းက ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်း၌ လေ့ကျင့်ခဲ့ကြောင်းသိရပါသော်လည်း အသက်နှစ်ဆယ့်ခုနစ်သာရှိသေးသည်။ ထို့အပြင် Frestech ကုန်သည်ကြီးများအသင်းနှင့် ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းတို့၏ နယ်ပယ်များက လုံးဝခြားနားလေရာ ခမ်နက်ဒ် အမ်မာအနေနှင့် မှော်စက်များအကြောင်း များများစားစားမသိဟုပင်ပြော၍ရသည်။ ထို့ကြောင့် သူသာ Frestech ကုန်သည်ကြီးများအသင်း၏ အထွေထွေမန်နေဂျာဖြစ်လာပါလျှင် အမှန်ပဲ အလုပ်ကောင်းကောင်းလုပ်နိုင်မည်လား?
"အဲဒီ့သတင်းထောက်တွေရဲ့ မေးခွန်းတွေကိုစိတ်မပူပါနဲ့။ ငါ မင်းကို ရွေးလိုက်ကတည်းက မင်းမှာ ဒီလိုအစွမ်းအစရှိတာကို ယုံကြည်လို့ပဲ။" သတင်းစာရှင်းလင်းပွဲပြီးနောက် ရှုယီက ခမ်နက်ဒ်၏ပခုံးကိုပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။
ခမ်နက်ဒ်လည်း အသာပြုံးပြကာ သူ၏မျက်နှာက ထိုသတင်းထောက်များကို လုံးဝဂရုမစိုက်သည့်နှယ် အေးဆေးနေသည်မှာ ယုံကြည်ချက်ပြည့်နေပုံပင်။
"စိတ်ချပါ ဥက္ကဌ၊ ကျွန်တော်က ခင်ဗျားထက်တောင် ကျွန်တော့်ကိုယ်ကျွန်တော်ယုံကြည်သေးတယ်။"
"ကောင်းတယ်။ မင်းမှာသာ ဒီလို ကိုယ်ပိုင်ယုံကြည်ချက်မရှိရင် စတင်တဲ့လစာ တစ်လကို ရွှေဒင်္ဂါးငါးဆယ်ပေးဖို့က တကယ်ကို မှန်ကန်မှာမဟုတ်ဘူး။" ရှုယီက ခေါင်းငြှိမ့်ကာဆိုသည်။
"လစာအကြောင်းပြောရရင်....." ခမ်နက်ဒ်က တွေးဆဆအသံဖြင့်ပြောလာသည်၊ "ဥက္ကဌ၊ ကျွန်တော်သေချာလေ့လာပြီး မန်နေဂျာဆာဘက်စ်နဲ့ပြောပြီးပြီ ကျွန်တော်တို့လုပ်ငန်းစုရဲ့ လစာစနစ်က မမှန်နေဘူးလို့ ခံစားရတယ်။"
"အိုး?" ရှုယီက လုပ်ငန်းထဲ အလျင်အမြန်ဝင်ရောက်လာသည့် ခမ်နက်ဒ်ကို အံ့ဩစွာကြည့်ကာ စိတ်ဝင်စားသံဖြင့် မေးလေ၏၊ "ဘာဖြစ်လို့လဲ?"
"ကြည့်ပါဦး၊ ဒါက ကျွန်တော် မနေ့ကလုပ်ခဲ့တဲ့ တင်ပြချက်ပဲ။" ခမ်နက်ဒ်က စာရွက်ပိုင်းလေးတစ်ခု ထုတ်လာ၏။
၎င်းကိုဖွင့်လိုက်သော် ရိုးရိုးဇယားလေးတစ်ခု ဆွဲသားထားသည်။ ၎င်းက Frestech ကုန်သည်ကြီးများအသင်းရှိ မတူညီသော အလုပ်သမားများ၏ မတူညီသည့်လစာအားလုံးကိုပြသထားကာ ရှင်းလင်းစွာ ဖော်ပြထား၏။
ရှုယီလည်း ၎င်းကိုကြည့်၍ မနေနိုင်ဘဲ ချီးကျူးဟန်ဖြင့် ခေါင်းငြှိမ့်လိုက်သည်။
"မဆိုးဘူး၊ ခမ်နက်ဒ် မင်းကတကယ်ကို ကျွမ်းကျင်တာပဲ။ ဒီတင်ပြချက်ကို မင်းတစ်ယောက်တည်းလုပ်ထားတာလား? ဆာဘက်စ်မှာ လုပ်နိုင်စွမ်းရှိပေမယ့်လည်း ဒီလိုတော့ လုပ်မှာမဟုတ်ဘူး။"
ခမ်နက်ဒ်က ကျိုးနွံစွာပြုံးကာ၊ "ဒါက ဘာမှမဟုတ်ပါဘူး၊ မန်နေဂျာဆာဘက်စ်က ဒီအတွက် အချိန်ကုန်မှာ မဟုတ်ရုံပါပဲ။"
"အမ်း ကောင်းတယ်။ ဒါဆို ဘယ်အပိုင်းက မမှန်ဘူးလို့ ထင်တာလဲ?" ရှုယီလည်း တင်ပြချက်ကိုညွှန်ပြကာ မေးလေသည်။
"ဥက္ကဌ၊ ကြည့်ပါ။ ဒီဇယားကိုသုံးသပ်ကြည့်ရင် ကျွန်တော်တို့လုပ်ငန်းစု အလုပ်သမားတွေရဲ့ အရင်လက အနိမ့်ဆုံးလစာက ရွှေဒင်္ဂါး ၁၁.၆ပြားဖြစ်ပြီး အမြင့်ဆုံး ၁၇.၃ပြားရှိတယ်၊ ပျမ်းမျှကတော့ ရွှေဒင်္ဂါး ၁၃.၇၂ပြားပေါ့။ ကျွန်တော်တို့ပေးတဲ့ အပိုအကျိုးအမြတ်တွေပါ ထည့်ပေါင်းရင် လုပ်သားတစ်ယောက်စီရဲ့ ပျမ်းမျှဝင်ငွေက ရွှေဒင်္ဂါးဆယ့်ငါးပြားကျော်တယ်။"
"အမ်း၊ ဆာဘက်စ်လည်း ငါ့ကို ဒီအကြောင်းတင်ပြပြီးပြီ။ ပြဿနာတစ်ခုခုရှိလို့လား?" ရှုယီက မေး၏။
"အရင်ရက်တွေက စုံစမ်းမှုလေးတစ်ခုလုပ်ပြီးနောက်တော့ ဘန်တာမြို့မှာ ကျွန်တော်တို့လုပ်ငန်းစု အလုပ်သမားတွေရဲ့လစာက အမြင့်ဆုံးဆိုတာ တွေ့ခဲ့ရတယ်။ ကျွန်တော်တို့လုပ်ငန်းစုကလွဲရင် တခြားလုပ်ငန်းစုတွေရဲ့ သာမန်အလုပ်သမားတွေရတဲ့ လစာက ရွှေဒင်္ဂါးဆယ်ပြားပတ်လည်ပဲ။ လမ်းခင်းဖို့ တာဝန်ရှိတဲ့ အမ်ရစ် ကုန်သည်ကြီးများအသင်းရဲ့ အလုပ်သမားတွေမှာသာ ကျွန်တော်တို့ရဲ့ အလုပ်သမားတွေထက် ပိုမြင့်တဲ့လစာတွေရှိတာ။ ဒါပေမယ့် ယှဉ်ကြည့်ရရင် အမ်ရစ်ကုန်သည်ကြီးများအသင်းရဲ့ အလုပ်သမားတ္ကေ တစ်နေ့ကို ဆယ့်နှစ်နာရီကျော်အလုပ်လုပ်ရပြီး ကျွန်တော်တို့ရဲ့ အလုပ်သမားတွေက တစ်နေ့ ရှစ်နာရီပဲ လုပ်ဖို့လိုတယ်။ သူတို့ အချိန်ပိုလုပ်ရရင်တောင် အချိန်ပိုကြေးရမှာပဲ။"
"ဒီတော့? ပြဿနာက ဘာများလဲ?" ရှုယီက အပြုံးဖြင့် ပြန်မေးသည်၊ "ငါတို့လုပ်ငန်းစုက အလုပ်သမားတွေကို ပေးတာအတော်များတယ်လို့ ထင်နေရင်တော့ ဒီနေရာမှာပဲ ရပ်လိုက်လို့ရတယ်။ အလုပ်သမားတွေကို ဒီလောက်ပေးတာက ငါသေချာစဉ်းစားခဲ့တာမို့ အကြောင်းအရင်းကို မင်းဆီရှင်းပြဖို့က အားအတော်ထုတ်ရလိမ့်မယ်၊ ဒီတော့ ငါအခု လုပ်မှာမဟုတ်ဘူး။"
ခမ်နက်ဒ်က ခေါင်းခါသည်၊ "မဟုတ်ပါဘူး ဥက္ကဌ၊ အလုပ်သမားတွေရဲ့လစာကို အရမ်းမြင့်တယ်လို့မထင်ပါဘူး၊ လက်ရှိ လစာစနစ်တည်ဆောက်ပုံက မမှန်နေရုံပါ။ ဒါနဲ့ ယှဉ်ရင် အလုပ်သမားတွေရဲ့လစာက တကယ်ကိုနည်းနေတယ်လို့ ခံစားမိနေတာ။"
ဥက္ကဌခရုစ်၏ လစာအရမ်းမြင့်လွန်းသည်ဟူသော စကားနှင့် ခြားနားသည့် ခမ်နက်ဒ်၏စကားလုံးများကိုကြားသော် ရှုယီမှာ အနည်းငယ် စိတ်ဝင်စားသွားသည်။
"ပြောပါဦး၊ မင်းမှာ ဘာအကြံတွေရှိလဲ?"
"ဒီလိုပါ။ ဥက္ကဌ ကျွန်တော်တို့လုပ်ငန်းစုရဲ့ ဖွဲ့စည်းပုံကို ရက်နည်းနည်းလောက် လေ့လာပြီးနောက်မှာ သာမန်အလုပ်သမားတွေရဲ့အလုပ်က အဲ့လောက်အရေးမကြီးဘူးဆိုတာ သိလိုက်ရတယ်။ တခြားလုပ်ငန်းစုတွေရဲ့ အလုပ်သမားတွေနဲ့ယှဉ်ရင် အရေးပါမှုနည်းတယ်။"
"ဘာလို့ ဒီလိုပြောရတာလဲ?"
"ဘာလို့လဲဆိုတော့ ကျွန်တော်တို့လုပ်ငန်းစုရဲ့ အလုပ်အများစုကို မှော်စက်တွေ အပြီးသတ်ထုတ်လုပ်ရေးလိုင်းအဖြစ် ဖွဲ့စည်းထားလို့တဲ့ မှော်စက်တွေကိုပေးထားတာကြောင့်ပါ။ အလုပ်သမားတစ်ဦးစီ လုပ်ရတဲ့အလုပ်က အတော်လေးရိုးရှင်းပြီး ဘယ်လိုသာမန်လူမဆို ရိုးရိုးလေ့ကျင့်ပေးလိုက်တာနဲ့ လုပ်နိုင်ပါတယ်။ သူတို့အနေနဲ့ အချိန်နည်းနည်းလောက်လုပ်လိုက်တာနဲ့ ကျွမ်းကျင်တောင် ကျွမ်းကျင်လာနိုင်ပါတယ်။" ခမ်နက်ဒ်က ရှင်းပြသည်။
"ဒီတော့ သူတို့ရဲ့အလုပ်က အရေးမကြီးဘူးလို့ မင်းထင်တာပေါ့?"
"အရေးမပါဘူးလို့ ပြောရင်တော့ မမှန်ပေမယ့် နှိုင်းယှဉ်ပြီးပြောရင်တော့ အဲ့လောက်အရေးမပါ,ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တွေ့ရသမျှဆို တူညီတဲ့ အလုပ်ရုံမှာတောင် မတူညီတဲ့ အလုပ်သမားတွေမှာ မတူညီတဲ့ အရည်အချင်းတွေရှိတယ်လေ။ ဒီလိုဆိုမှတော့ တူညီတဲ့လစာပေးတာက မမှန်နေဘူး။" ခမ်နက်ဒ်က လေးနက်ဟန်ဖြင့်ဆိုသည်။
"ဆိုတော့ မင်းက အလုပ်ရုံရဲ့ သာမန်အလုပ်သမားတွေကို အဆင့်ခွဲပြီး သူတို့ရဲ့ အဆင့်တွေအရ မတူညီတဲ့လစာပေးချင်တာမျိုးလား?" ရှုယီက မေးလေ၏။
"ဟုတ်ပါတယ်" ခမ်နက်ဒ်က စာရွက်တစ်ရွက်ထုတ်လာသည်၊ "ဒါက ကျွန်တော် အိမ်သုံးမှော်စက်အလုပ်ရုံရဲ့ အလိုအလျောက် မှော်ထမင်းပေါင်းအိုးထုတ်လုပ်ရေး အလုပ်သမားတွေဆီကယူလာတဲ့ စာရင်းအချက်အလက်တွေပါ။ ဒီအချက်အလက်တွေကို သုံးသပ်ကြည့်ရင် အဖုံးပံ့ပိုးမှုအလင်းတန်းကိုတာဝန်ယူတဲ့အလုပ်သမားတွေက အဖုံးပံ့ပိုးမှုရောင်ခြည်တောင်းဆိုမှု မြင့်မားတဲ့အတွက် ပိုမြင့်မားတဲ့လိုအပ်ချက်တွေရှိတယ်။ ကျွန်တော်ထင်တာတော့ ဒီအလုပ်က အဲဒီ့ထုတ်လုပ်ရေးလိုင်းမှာ နည်းပညာအလိုအပ်ဆုံးဖြစ်ပြီး အခက်ခဲဆုံးပဲ။"
"ဒါဆို နည်းပညာလိုအပ်ချက် အနည်းဆုံးနဲ့ ခက်ခဲမှုအနည်းဆုံးက ဘာများလဲ? အစိတ်အပိုင်းတွေတပ်ဆင်ဖို့ တာဝန်ရှိတဲ့ အလုပ်သမားတွေလား?" ရှုယီက အပြုံးဖြင့်မေးသည်။
ခမ်နက်ဒ်က ကြောင်အသွားသည်။ ရှုယီက အချက်အလက်ကိုကြည့်ပင်မကြည့်သော်လည်း သူစဉ်းစားနေသည့်အရာကို ပြောလိုက်သည်။
"ငါက ဒီပြဿနာကို မင်းထက်ပိုကောင်းကောင်းနားလည်တာကြောင့် မအံ့ဩပါနဲ့။" ရှုယီက အသာပြုံးပြသည် "ဒါပေမယ့် အလုပ်ရုံတစ်ရုံမှာ အလုပ်အဆင့်ကိုသတ်မှတ်မယ်ဆိုရင် နည်းပညာအရ သူတို့ကို ခွဲခြားဖို့က အချိန်နဲ့ စွမ်းအင်အများစုကိုလိုအပ်မယ့် တာဝန်တစ်ခုပဲ။ ငါ့မှာက အချိနဲ့စွမ်းအင်လိုအပ်နေတာကို မင်းသိလောက်မှာပါ၊ ဒီတော့ ငါ ဒါကိုအရင်က မလုပ်ခဲ့ဖူးဘူး။"
ထိုသို့ပြောပြီးနောက် ရှုယီက ခမ်နက်ဒ်၏ပခုံးကိုပုတ်၍ ပြုံးကာပြောလာသည်၊ "မင်းမလာခင်က ဘယ်သူကမှ ဒါကိုမလုပ်နိုင်ခဲ့ဘူး။ အခု မင်းကထုတ်ပြောလာပြီဆိုတော့ ဒါက အလုပ်ဝင်ပြီးနောက် မင်းရဲ့ ပထမတာဝန်ဖြစ်လာနိုင်ရင်ကောင်းမယ်။ လတစ်ဝက်အတွင်းမှာ မင်းအနေနဲ့ အသေးစိတ်တင်ပြချက်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။"
"လတစ်ဝက်?" ခမ်နက်ဒ်၏ မျက်လုံးများက မယုံကြည်နိုင်စွာ ပြူးကျယ်သွားသည်၊ "ဥက္ကဌ၊ ဒီအလုပ်က အတော်လေးရှုပ်ထွေးတာကို ကျွန်တော့်ကို တစ်လလောက်ပဲ ပေးတာလား? ဒါက အရမ်းမလွန်ဘူးလား?"
"မလုပ်နိုင်ဘူးလား?" ရှုယီက သူ့အားကြည့်ကာ တမင်သက်ပြင်းချလိုက်သည်၊ "အမ်မာမိသားစုမှာ လေ့ကျင့်ခဲ့တဲ့ လက်ရွေးစင်ကုန်သည်က ထူးခြားမယ်လို့ ငါထင်နေခဲ့ပေမယ့် မင်းက ဒီအဆင့်မှာပဲ ရှိတာပဲ။"
ခမ်နက်ဒ်က မနေနိုင်ဘဲ ပြုံးပြလာကာ၊ "ဥက္ကဌ၊ ခင်ဗျားက ကျွန်တော့်ကို လက်စားချေဖို့ ကြိုးစားနေတာလား? ကောင်းပါပြီ၊ လတစ်ဝက်ပေါ့။ ကျွန်တော် အားလုံးကိုထုတ်ရမယ်ဆိုရင်တောင် ဒီအလုပ်ကို ပြည့်ပြည့်စုံစုံပြီးစေရပါမယ်။"
ခမ်နက်ဒ်၏ ယုံကြည်မှုရှိရှိ အပြုံးကိုမြင်သော် ရှုယီ၏ရင်ထဲ၌ ချီးကျူးမှုများဖြင့် ပြည့်သွားသည်။
ပြောရလျှင် ယခင်ရက်အနည်းငယ်က ခမ်နက်ဒ်ပြုလုပ်ထားသည့် အချက်အလက်နှင့် အဓိကအချက်ကို ဖမ်းဆုပ်နိုင်သည်ကို အခြေခံရလျှင် Frestech ကုန်သည်ကြီးများအသင်းအနေနှင့် အလျင်အမြန် ပြုပြင်ရမည့် ပြဿနာက သူဟာ အင်မတန်အရည်အချင်းရှိကြောင်းကို သက်သေပြနေသည်။
ရှုယီမှာ ထိုပြဿနာကိုယခင်က တွေ့ခဲ့ပြီး ဟိန့်ဇ်နှင့် ဆာဘက်စ်တို့ထံ၌ ၎င်းကိုဖြေရှင်းရန် အစွမ်းအစရှိသော်လည်း သူ့ထံ၌ အချိန်မရှိခဲ့ပေ။
ယခုတွင် ခမ်နက်ဒ်ရှိနေလေရာ ဤပြဿနာကို အလွယ်လေးဖြေရှင်းနိုင်တော့မည့်ပုံပင်။
"ကောင်းတယ်။ အထွေထွေမန်နေဂျာအမ်မာ, အလုပ်ကောင်းကောင်းကြိုးစားပါ။"
ရှုယီက ခမ်နက်ဒ်၏ပခုံးကိုပုတ်လျက် ကိုယ်တိုင်စဉ်းစားဖို့ ချန်ခဲ့ပြီး သူကတော့ မဟာမှော်ပညာရှင်ကမ်မီလာ၏ မှော်မျှော်စင်ဆီဦးတည်လိုက်သည်။
ထိပ်ဖျားရှိ မဟာမှော်ပညာရှင်ကမ်မီလာ၏ ကိုယ်ပိုင်ဓာတ်ခွဲခန်းတံခါးကိုဖွင့်ကာ ရှုယီက ချက်ချင်းအော်ခေါ်လိုက်သည်။
"မဟာမှော်ပညာရှင်ကြီး၊ စတေးလ်က ခင်ဗျားဆီမှာ ကျွန်တော့်အတွက် သတင်းကောင်းနှစ်ခုရှိတယ်လို့ ပြောခဲ့တယ်။ ဘာသတင်းကောင်းများလဲ?"
မဟာမှော်ပညာရှင်ကမ်မီလာက လက်ရှိတွင် စမ်းသပ်မှုအလယ်၌ ဖြစ်သော်လည်း ရှုယီ၏အသံကိုကြားသော် မော့ကြည့်လာပြီး ပြန်မဖြေချေ။ သူက လက်သာဝေ့ယမ်းပြကာ ကူညီဖို့ အချက်ပြလာသည်။
ရှုယီလည်း အနည်းငယ် အံ့ဩသွား၏။ မဟာမှော်ပညာရှင်ကမ်မီလာ၏ အရည်အချင်းများနှင့်ဆိုလျှင် မည်သည့်မှော်စမ်းသပ်မှုက သူ၏အကူအညီလိုအပ်မည်နည်း?
ငုံ့ကြည့်လိုက်သော် ရှုယီမှာ အံ့ဩစွာပင့်သက်ရှိုက်မိရကာ သူ၏အသံကကျေနပ်အံ့အားသင့်မှုများပြည့်နေသည်။
"မဟာမှော်ပညာရှင်ကြီး၊ ခင်ဗျား.... ခင်ဗျား တကယ်ကြီး ဒါကို အပြီးသတ်လိုက်ပြီ!"
***
မှော်စက်မှုအင်ပါယာ
Vol 2, အခန်း ၀၉၀။ အကျဉ်းချုံ့ မုန်တိုင်းအစီအရင်
မဟာမှော်ပညာရှင်ကမ်မီလာ၏ ရှေ့ရှိ စားပွဲတွင် အပြာရောင်လဲ့လဲ့လင်းနေသည့် ရှုယီလက်ဖဝါးအရွယ်ခန့် မှော်အစီရင်လေးတစ်ခုရှိနေသည်။
ထိုမှော်အစီရင်၏အထက်တွင် လှည့်ပတ်နေသော မြင်ရသည့်လေပွေလေးတစ်ခုရှိ၏။
၎င်းမှာ နဝမအဆင့်လေအားမှော်အစီအရင်၊ မုန်တိုင်းအစီအရင်ဖြစ်သည်မှာ သေချာသည်။
ပို၍သေချာသည်မှာ ၎င်းမုန်တိုင်းမှော်အစီအရင်ထိုမျှသေးငယ်နေသဖြင့် မဟာမှော်ပညာရှင်ကမ်မီလာမှာ မှော်အစီအရင်များကို အကျဉ်းချုံ့ရာ၌ အောင်မြင်မှုရခဲ့ပြီဟု အဓိပ္ပာယ်ရသည်ပင်!
ထို့အပြင် မှော်အစီအရင်နှင့် လေပွေတို့က အင်မတန်သေးငယ်ပုံရသော်လည်း စွမ်းအားကတော့ မသေးလှချေ။
ရှုယီချဉ်းကပ်သွားမည်အပြုတွင် သူ့ဆီသို့လာနေသည့် ကြီးမားသောစုပ်ယူမှုကြီးကို ခံစားလိုက်ရ၏။ သူသာ အချိန်မီ လေထဲရှိ လေဒြပ်စင်မှော်စွမ်းအင်ကို ထုတ်ဖော်ဖို့ သူ၏မှော်အစွမ်းကို မသုံးခဲ့ပါလျှင် တိုက်ရိုက်ဆွဲခေါ်ခံရပေလိမ့်မည်။
"အပြည့်အဝတော့ မအောင်မြင်သေးဘူး။" မဟာမှော်ပညာရှင်ကမ်မီလာက ထိုအကျဉ်းချုံ့မုန်တိုင်းအစီအရင်ကို ညွှန်ပြသည်၊ "မင်းကို ဒီသတင်းကောင်းပြောဖို့အပြင် မင်းရဲ့လိုအပ်ချက်နဲ့သင့်လျော်ဖို့ ဘယ်လိုပုံစံချသင့်သလဲဆိုတာ ကြည့်ရဖို့ ခေါ်လိုက်တာပဲ။"
"လိုအပ်ချက်....." ရှုယီက ထိုအားကောင်းကာသေးငယ်သည့် မုန်တိုင်းအစီအရင်၏ လေပွေလေးထံမှ အသေအချာ နေရာခြားကာ စစ်ဆေးနေလိုက်သည်။
အနည်းငယ်စဉ်းစားပြီးနောက်၌ သူကပြောလာ၏၊ "မဟာမှော်ပညာရှင်ကြီး၊ မှော်ပန်ကာရဲ့ နိယာမနဲ့ ဖွဲ့စည်းပုံကို ခင်ဗျားနားလည်မှာပဲ။ ဒီမုန်တိုင်းအစီအရင်ကို မှော်ပန်ကာထဲထည့်လိုက်ရင် ရလာဒ်က ဘယ်လိုဖြစ်မယ်ထင်လဲ?"
"မှော်ပန်ကာ?" မဟာမှော်ပညာရှင်ကမ်မီလာက အသာမျက်မှောင်ကုပ်ကာ၊ "ဒီမုန်တိုင်းအစီအရင်က မှော်ပန်ကာထဲမှာ သုံးတဲ့ အတော်လေး အစီရင်ထက်ပိုအားကောင်းတယ်။ ဒါကိုသာ မှော်ပန်ကာထဲထည့်လိုက်ရင် ဖွင့်လိုက်တာနဲ့ မှော်ပန်ကာတစ်ခုလုံး တစ်စစီဖြစ်သွားလိမ့်မယ်။"
"အန်း၊ ကျွန်တော်လည်း အဲ့လိုထင်တယ်။" ရှုယီက ခေါင်းငြှိမ့်သည် "ဒီတော့ မဟာမှော်ပညာရှင်ကြီး၊ ကျွန်တော်တို့ ဖြေရှင်းရမယ့်ပြဿနာက ဒီမုန်တိုင်းအစီအရင်ကနေထုတ်လုပ်ပေးတဲ့ အရွေ့စွမ်းအင်ကို အကျိုးရှိရှိနဲ့ လုံခြုံအောင် ဘယ်လိုသုံးရမလဲဆိုတာပဲ။"
"ဒါက မင်းရဲ့ အထူးပြုပဲ၊ ဘယ်လိုထင်လဲ?" မဟာမှော်ပညာရှင်ကမ်မီလာက ရိုးရှင်းစွာ ဆိုလာသည်။
"ကောင်းပြီလေ၊ ပထမဆုံး ကြိုးစားကြည့်တာပေါ့....."
......
မဟာမှော်ပညာရှင်ကမ်မီလာက ထိုမုန်တိုင်းအစီအရင်ကို ပိုသေးအောင် လုပ်ရာမှာ အောင်မြင်သည်ဆိုကတည်းက သူ၏ ထိုအစီအရင်ကိုနားလည်မှုမှာ အင်မတန်ကြွယ်ဝနေပြီး အလွယ်လေးပုံစံချနိုင်လောက်သည်။
ထိုသို့ဖြင့် နှစ်ဦးသား၏ စမ်းသပ်မှုက အင်မတန်ချောချောမွေ့မွေ့ဖြစ်သွား၏။
ရှုယီ အဆိုပြုထားသည့် စမ်းသပ်ချက်များကိုလိုက်နာရင်း မဟာမှော်ပညာရှင်ကမ်မီလာမှာ မုန်တိုင်းအစီအရင်ကို ပြောင်းလဲနေခဲ့သည်။ ရှုယီက စမ်းသပ်မှုတိုင်း၏ ရလာဒ်နှင့် ဖြစ်စဉ် အသေးစိတ်မှတ်တမ်းကို သိမ်းထားသည်။
နှစ်ဦးသားမှာ လက်ရှိတွင် လေအားအင်ဂျင်၏ အမြုတေစွမ်းအားရင်းမြစ်က မည်သည်ဖြစ်လိမ့်မည်ကို စမ်းသပ်နေသည်ဖြစ်ရာ မည်သည့်အချက်အလက်မဆို အင်မတန်အသုံးဝင်လိမ့်မည်ပင်။
၎င်းတို့၏အထူးပြုက မတူညီသော်လည်း ရှုယီနှင့် မဟာမှော်ပညာရှင်ကမ်မီလာတို့မှာ သုတေသနကို ရူးသွပ်ကြသဖြင့် ၎င်းကို လုံးဝအာရုံစိုက်လိုက်သည်နှင့် အရာအားလုံးကို မေ့လျော့သွားကြတော့သည်။
၎င်းအကျဉ်းချုံ့မုန်တိုင်းအစီအရင်ထံမှ ပဏာမ(အကြို)အချက်အလက်ကိုရလိုက်ချိန်မှသာ နှစ်ဦးသား ရပ်တန့်ပြီး အနားယူဖို့ပြင်ကြတော့၏။
သို့သော် နှစ်ဦးသားရပ်လိုက်ချိန်တွင် ၎င်းတို့ အစာအိမ်များမှ အသံတစ်သံထွက်လာသည်။
ရှုယီနှင့် မဟာမှော်ပညာရှင်ကမ်မီလာတို့လည်း တစ်ဦးနှင့် တစ်ဦးကြည့်ရင်း အော်ရယ်လိုက်ကြ၏။
နှစ်ဦးသားမှာ အာရုံစိုက်လွန်းခဲ့ကြသဖြင့် စားဖို့ပင် မေ့နေခဲ့သည်။
ပြတင်းအပြင်ကိုကြည့်လိုက်သော် မှောင်နေပြီဖြစ်သည်ကို တွေ့လိုက်ရ၏။
ယခုတွင် စက်တင်ဘာလနှောင်းပိုင်းရောက်နေပြီဖြစ်ရာ ၎င်းက ညခုနစ်နာရီလောက်ရှိသည်ဟု ဆိုလိုသည်။
နှစ်ဦးသားမှာ နေ့လည်စာလွဲသွားရုံမှာ အိမ်ထောင်စုများစွာ၏ ညစာစားချိန်ကိုပါ မေ့သွားနိုင်လောက်သည်။
"မဟာမှော်ပညာရှင်ကြီး၊ သန့်ရှင်းရေးလုပ်ပြီး စားဖို့ တစ်နေရာသွားရှာကြတာပေါ့။" ရှုယီကပြောသည်။
မဟာမှော်ပညာရှင်ကမ်မီလာက ခေါင်းခါကာ၊ "ငါအပြင်မှာ စားရတာမကြိုက်ဘူး၊ အိမ်ပြန်တာပဲ ပိုကောင်းမယ်။ စတေးလ်လည်း ညစာမစားရလောက်သေးတော့ အချိန်မီလောက်တယ်။ မင်းလည်း လိုက်ခဲ့သင့်တယ်။ အရင်တစ်ခေါက်က ဗီဗီယန် ကျောင်းပွဲအတွက် ဘန်တာမြို့က ထွက်ခွာဖို့ရှိလောက်တယ်လို့ မင်းပြောတာ မှတ်မိသေးတယ်။"
"ကျွန်တော့်ကို ထားလိုက်ပါ။ မဟာမှော်ပညာရှင်ကမ်မီလာက မလိုက်တော့ ကျွန်တော့ဘာသာပဲ ညစာစားဖို့ နေရာတစ်ခုရှာလိုက်ပါ့မယ်။" ရှုယီက ခေါင်းခါကာ ငြင်းဆိုလာသည်။
မဟာမှော်ပညာရှင်ကမ်မီလာက ရှုယီကို ထူးဆန်းစွာကြည့်ကာ၊ "ဟေး ကောင်လေး၊ ရုတ်တရတ်ကြီး ငါပြဿနာတစ်ခုစဉ်းစားမိပြီ။ မင်း ဘာလို့ ငါတို့အိမ်ကို ညစာစားဖို့ မလိုက်ချင်ရတာလဲ? မင်းနဲ့ စတေးလ်က ဆက်ဆံရေးတစ်ခုရှိနေပြီဆိုတော့ အိမ်မှာ ညစာလိုက်မစားတာက ပုံမှန်မဟုတ်ဘူးမို့လား?"
ရှုယီက ရယ်ကာ၊ "မဟာမှော်ပညာရှင်ကြီး၊ ကျွန်တော်က စတေးလ်နဲ့ ကတိပြုထားလို့ပါ။ သူမက ကျွန်တော့်ဆီမှာ အိမ်ထမင်းတစ်နပ်စာ အကြွေးတင်ထားတယ်ပြောတော့ ဒါကို ထူးခြားပြီး အဓိပ္ပာယ်ရှိတဲ့ အချိန်အတွက် သိမ်းထားချင်လို့ပါ။ ဒီတော့ ကျွန်တော်သာ အဲဒီ့မတိုင်ခင် အိမ်လိုက်လာပြီး သူမ,လုပ်ထားတဲ့ တစ်နပ်စာနဲ့ကြုံတဲ့အခါ စားသင့်လား မစားသင့်ဘူးလား?"
မဟာမှော်ပညာရှင်ကမ်မီလာက အံ့ဩသွားကာ မပြုံးဘဲ မနေနိုင်တော့ချေ၊ "မင်းတို့လူငယ်တွေကလေ တကယ်ကို..... ထားပါတော့ ငါလည်း ဂရုစိုက်ရမှာ အရမ်းပျင်းလွန်းတယ်။ ဒါပေမယ့် ကောင်လေး ပြန်ဖို့ မလောပါနဲ့။ ငါ့မှာ မင်းအတွက် သတင်းကောင်းနှစ်ခုရှိတာမေ့သွားပြီလား?"
"အိုး? ဟုတ်သားပဲ၊ နောက်ထပ်သတင်းကောင်းတစ်ခုက ဘာများလဲ?" ရှုယီက သိလိုဟန်ဖြင့်မေးလာသည်၊ "ဒီသတင်းသာ မှော်အစီအရင်အကျဉ်းချုံ့တာကို အောင်မြင်တာလိုမျိုး ကောင်းရင် ပျော်လွန်းလို့သေသွားမလားပဲ။"
"အတူတူလောက်ပဲလို့ ငါထင်ပေမယ့် မင်းတစ်ချက်ကြည့်လို့ရတယ်။" မဟာမှော်ပညာရှင်ကမ်မီလာက သူ၏စားပွဲမှ မှော်ပညာရှင်အဖွဲ့အစည်းမဂ္ဂဇင်းကို ယူလျက် ရှုယီထံ ပစ်ပေးလိုက်သည်။
ရှုယီက ဖွင့်ကြည့်လိုက်ပြီး ချက်ချင်းပင် ကျေနပ်အြံဩဟန်ပေါ်လာသည်။
"ဒီတော့ အဖွဲ့အစည်းက အဲဒီ့လူအိုကြီးတွေ တကယ်ကို သဘောတူလိုက်ပြီပေါ့!"
ထို မှော်ပညာရှင်အဖွဲ့အစည်းမဂ္ဂဇင်း၏သတင်းတွင် မှော်ပညာမူပိုင်ခွင့်၏ခေါင်းစီးက အဓိကဖြစ်သည်။
သို့သော် ယခင်ကကဲ့သို့ ခွင့်ပြု မပြုကို ဆွေးနွေးနေကြသည်နှင့် ခြားနားပါ၏။ ၎င်းမဂ္ဂဇင်း၌ မှော်ပညာမူပိုင်ခွင့်ကို ခွင့်ပြု မပြု ဆွေးနွေးမနေကြတော့ဘဲ မှော်ပညာမူပိုင်ခွင့်၏ အသေးစိတ်များကိုသာ ဆွေးနွေးထားကြသည်။
ဥပမာဆိုရလျှင် ပထမဦးဆုံး ဆောင်းပါးမှာ မူပိုင်ခွင့်များ၌ မှော်ပညာအမျိုးပေါင်းအားလုံးပါဝင်မည်လားဟူ၍ပင်။
စာမျက်နှာများလှန်ကြည့်လိုက်သော် မဟာမှော်ပညာရှင် အီစန်ခယ်၏ ဆောင်းပါးကို မြင်လိုက်သဖြင့် အံ့ဩမသွားပေ။
၎င်းက အခြားဆောင်းပါးများ၏ သတိပေးဟန်နှင့် ခြားနားနေသည်။ မဟာမှော်ပညာရှင် အီစန်ခယ်၏ ဆောင်းပါး၌ အစကတည်းက မှော်ပညာအားလုံးအတွက်ခွင့်ပြုမည့် မူပိုင်ခွင့်များကို ထောက်ခံကြောင်းပြထားပြီး၊ မှော်ပညာမူပိုင်ခွင့်များအတွက် အသေးစိတ်စည်းမျဉ်းတချို့ကိုပဲ ထောက်ပံ့မည်ဖြစ်သည်။
၎င်းမှ သူဟာ မှော်ပညာရှင်များအဖွဲ့အစည်းအနေနှင့် ၎င်းမှော်ပညာမူပိုင်ခွင့်ကို ခွင့်ပြုရန် မျှော်လင့်ထားခဲ့ကြောင်း မြင်နိုင်သည်၊ သို့မှသာ သူ၏သုတေသနကို အပြီးသတ်နိုင်မည်ဖြစ်၏။
"ဒီအခြေနေကိုသုံးသပ်ရရင် မြန်ရင်တော့ မူပိုင်ခွင့်ကို ဒီနှစ်ကုန်မှာ ချပြလိမ့်မယ်။" မဟာမှော်ပညာရှင်ကမ်မီလာက ပြောသည်၊ "နောက်လမှာ အတွင်းပိုင်းအစည်းအဝေးရှိပြီးတော့ မဟာမှော်ပညာရှင်အဆင့်မှော်ပညာရှင်အားလုံးကို ဖိတ်ထားတယ်။ မဟာမှော်ပညာရှင် အီစန်ခယ်နဲ့ ငါ နှစ်ယောက်စလုံးရောပါတယ်။ မဟာမှော်ပညာရှင် အီစန်ခယ်က သဘောတူပြီးပြီ၊ ငါကတော့....."
ရှုယီက မဟာမှော်ပညာရှင်ကမ်မီလာကိုကြည့်လာသည်။
မှော်ပညာမူပိုင်ခွင့်ကိုထောက်ခံပေးသည့် ထိုအစည်းအဝေး၌ အခြားအသံလည်းရှိလာနိုင်သဖြင့် သူဟာ မဟာမှော်ပညာရှင်ကမ်မီလာကိုပါ ပါဝင်ဖို့ မျှော်လင့်မိသည်။
မဟာမှော်ပညာရှင်ကမ်မီလာက ရှုယီအား တမင်စောင့်ခိုင်းထားပြီးမှ ခေါင်းငြိမ့်၍ပြောလေသည်၊ "ငါလည်း ဝင်ပါဖို့ ဆုံးဖြတ်ထားပါတယ်။"
ရှုယီက သူ၏ရင်ဘတ်ကို ဝင့်ကြွားဟန်ဖြင့်ပုတ်လိုက်သည်၊ "မဟာမှော်ပညာရှင်ကြီး၊ ကျွန်တော့်ကို ခြောက်နေတာပဲ။ အခုတော့ မဆိုးပါဘူး၊ အနည်းဆုံး ခင်ဗျားနဲ့ မဟာမှော်ပညာရှင် အီစန်ခယ်တို့ဆီက ထောက်ခံမှုရှိတယ်။ ကျွန်တော့်ကိုသာ တိုင်းပြည်ရဲ့ တခြားမဟာမှော်ပညာရှင်သုံးယောက်နဲ့ပါ တွေ့ခွင့်ပေးနိုင်ရင် သူတို့ကို ဖျောင်းဖျနိုင်လောက်မယ်လို့ ကျွန်တော် အာမခံရဲတယ်။"
"မင်းရဲ့ မျှော်လင့်ချက်တွေကို အရမ်းမမြင့်စေနဲ့။" မဟာမှော်ပညာရှင်ကမ်မီလာက ခေါင်းခါလာကာ၊ "ဒီဆုံးဖြတ်ချက်က အောင်မြင်နိုင်ပေမယ့်လည်း မှော်ပညာရှင်များစွာက သဘောမတူကျတော့ ဆုံးဖြတ်ချက် ခွင့်ပြုခံရလိုက်ရင်တောင် မင်းလိုချင်တဲ့ ထိရောက်မှုမရနိုင်ဘူး။"
"လမ်းဆိုတာ တစ်လှမ်းချင်းသွားရတယ်လေ၊ ကျွန်တော် အလျင်မလိုပါဘူး။" ရှုယီက အေးဆေးဟန်ဖြင့် ပခုံးတွန့်လာသည်။
"မင်းသိရင် ကောင်းတယ်။"
မဟာမှော်ပညာရှင်ကမ်မီလာ၏ မှော်မျှော်စင်မှ ထွက်ခွာလာချိန်တွင် မှောင်နေပြီဖြစ်သည်။ မဟာမှော်ပညာရှင်ကမ်မီလာက သူ၏ထပ်မံငြင်းဆန်လာပုံကိုမြင်သော် ရှုယီလည်း မတောင့်ခံတော့ဘဲ နှုတ်ဆက်လိုက်ပြီးနောက် ဘန်တာမြို့ရှိ အသက်ဝင်ဆုံးသော ညဈေးလမ်းဆီ လျှောက်သွားလိုက်သည်။
စကားပြောနေစဉ်တွင် ရှုယီမှာ ယနေ့ရခဲ့သည့် သတင်းကောင်းကိုစဉ်းစားရင်း အင်မတန်ပျော်ရွှင်နေ၏။
ပထမဦးစွာ လုပ်ငန်းစု၌ ရှုယီ၏ကိစ္စများစွာကို ဂရုစိုက်နိုင်မည့် ခမ်နက်ဒ်ထံ၌ အရည်အချင်းကောင်းများရှိသည်က ရှုယီကို များစွာ စိတ်အေးရစေသည်။ ၎င်းက သူဂရုအစိုက်ရဆုံး သုတေသနတွင် အချိန်နှင့် စွမ်းအားကို ပိုမို ရင်းနှီးမြှုပ်နှံခွင့်ပြုလေသည်။
သူဟာ စတေးလ်နှင့်အတူ ပိုမိုအချိန်ကုန်ဆုံးလာနိုင်ကာ သူမနှင့် အချိန် အလုံအလောက်မရခဲ့ကြောင်း ညည်းညူလာခြင်းများကိုပင် ရှောင်ရှားနိုင်တော့မည်။
ထို့နောက် မဟာမှော်ပညာရှင်ကမ်မီလာထံမှ သတင်းကောင်းနှစ်ခုရခဲ့သေးသည်။
၎င်းနှင့်စာလျှင် ရှုယီမှာ မှော်ပညာရှင်အဖွဲ့အစည်းက မှော်ပညာမူပိုင်ခွင့်ပေးလာမည့်အချိန်ကို အမှန်ပင် ဂရုမစိုက်ချေ။
အကြောင်းမှာ ဤတလော ထုတ်ကုန်အသစ်များကို ထုတ်ဖော်ပြသနေစဉ်အတွင်း ရှုယီက အချက်တစ်ခုကို ရှာတွေ့ခဲ့သောကြောင့်ပင်။ ထိုသည်မှာ စွမ်းအားထောက်ပံ့ပေးသည့် မှော်အစီအရင်များနှင့်ယှဉ်ပါက စက်များ၏ ထူးကဲသောဒီဇိုင်းက ပို၍ အရေးပါခြင်းဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်များ၌ အခြားလုပ်ငန်းစုများထက် ပိုကောင်းသည့်အရည်အသွေးနှင့် လုပ်ဆောင်ချက်ရှိနေရခြင်းမှာ ရှုယီ၏ ကြွယ်ဝသော စက်မှုအင်ဂျင်နီယာအသိပညာမှ ပြုလုပ်ထားသည့် စက်ဒီဇိုင်းအမျိုးမျိုးကြောင့်ဖြစ်၏။
ထိုသည်က မှော်အစီအရင်မှာ လုံးဝအရေးမပါဟု အဓိပ္ပာယ်မရပေ။
ဥပမာ မုန်တိုင်းအစီအရင်၏ အကျဉ်းချုံ့ခြင်း၌ အင်မတန်အရေးပါသော ထူးကဲမှုရှိသည်။
မဟာမှော်ပညာရှင်ကမ်မီလာမှာ ထိုအစီအရင်ကို ချုံ့ခဲ့ရုံသာမက ၎င်း၏ စွမ်းအားအများစုကိုပါ ထိန်းသိမ်းခဲ့ပြီး ထိုမှော်အစီအရင်၌ လုံလောက်သည့်စွမ်းအား ထောက်ပံ့နိုင်စွမ်းရှိကြောင်းကို သေချာအောင် လုပ်ခဲ့သည်။
ထိုသို့ဖြင့် ရှုယီမှာ ထိုမှော်အစီအရင်ကို ကမ်ဘီတို့ လူပုလေးများ သုတေသနလုပ်နေသည့် အင်ဂျင်၏အပြင်ဖုံးဖြင့် ချိတ်ဆက်ဖို့သာလိုပြီး မှော်လေအားအင်ဂျင်ကို ပြုလုပ်နိုင်မည်ဖြစ်၏။
အင်ဂျင်တစ်ခု ပြုလုပ်ခြင်း၏ အသုံးဝင်မှုကို မည်သည်မှဆိုရန်ပင်မလိုချေ။
အင်ဂျင်အား ထုတ်လုပ်လိုက်သည်နှင့် အင်မတန်အရေးပါသည့် နောက်ထပ်နယ်ပယ်ကို ယူဆောင်လာမည်ဖြစ်ရာ ခေတ်သစ်စက်မှာစနစ်မှ လွဲချော်နိုင်တော့မည်မဟုတ်ပေ။
ထိုနယ်ပယ်ထွက်ပေါ်လာသရွေ့ စိုင်စ်နယ်မြေကြီး၌ စက်မှုလုပ်ငန်းစနစ် မထူထောင်မီ အချိန်အတိုင်းအတာတစ်ခု ဖြစ်လာလိမ့်မည်။
ရှုယီသည် လမ်းဘေးဘက်ရှိ ပြတင်းပေါက်များမှကျနေသော မြေပြင်ပေါ်ရှိ အလင်းတန်းများနှင့် ပုံမှန်မဟုတ်သည့် အလင်းတန်းများကို ကြည့်ကာ အသာပြုံးလိုက်၏။
ထိုနယ်ပယ်ဖွံ့ဖြိုးလာချိန်တွင် သူဟာ ဘန်တာမြို့ရှိ လမ်းများအားလုံးအတွက် လမ်းမီးများကို ချက်ချင်း ပြင်ဆင်ပေးပြီး ထိုအလင်းတန်းလေးများ၏ အပြင်ဘက်ရှိ အမှောင်ထုအလုံးစုံကို ဖယ်ထုတ်ပစ်မည်ဖြစ်သည်။