← Chapters

အခန်း (၉၁-၁၀၀)

Vol. 2 Ch. 91-100

အခန်း (၉၁-၁၀၀)

Vol. 2 Ch. 91-100

Vol 2, အခန်း ၀၉၁။ ဝမ်းနည်းမှာလား?

ရှားပါးသည့် မြင်းနှစ်ကောင်ပါ မြင်းလှည်းတစ်စီးမှာ ဘန်တာမြို့၏ အနောက်ဘက်ဂိတ်မှ အရှိန်ဖြင့်ထွက်လာကာ မိုးကျလမ်းတစ်လျှောက်ဆက်သွားကာ မိုးကျတောင်ကြားဆီဦးတည်နေသည်။

ရှုယီလည်း ဘန်တာမြို့၏ ဆင်ခြေဖုံး၌ တည်ဆောက်ထားသည့် လမ်းများကိုကြည့်ပြီးနောက် မြင်းလှည်းထဲရှိလူများကို ပြန်လှည့်ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူ၏မျက်လုံးများက တစ်ဘက်ရှိ ဆိုဖီယာနှင့် အတူထိုင်နေသော စတေးလ်နှင့် အက်ဂ်နက်စ်တို့ဆီ‌ကျရောက်လာကာ ရုတ်တရတ် ပြုံးလိုက်၏။

ဆိုဖီယာက ချက်ချင်းပင် သူ့အားကြည့်၍၊ "ရှင်ဘာတွေပြုံးနေတာလဲ?"

ရှုယီလည်း ခေါင်းခါကာ၊ "မဟုတ်ပါဘူး၊ အထင်မလွဲပါနဲ့။ ကျုပ်က အံ့ဩသွားရုံပါ၊ ဘာလို့ ခင်ဗျားက ကျုပ်တို့နဲ့အတူ လိုက်ချင်ရတာလဲ? မိုးကျတောင်ကြားက ကီလိုမီတာခြောက်ဆယ်လောက်ဝေးတော့ ဒီလမ်းနဲ့ဆိုရင်တောင် အဲဒီ့ကိုသွားဖို့က သက်သာမှာမဟုတ်လောက်ဘူး။ ဘန်တာမြို့မှာ နေတာက ပိုကောင်းတဲ့ ရွေးချယ်မှုလို့ ထင်တယ်။"

"ဟမ့်၊ ကျွန်မ သဘောကျတာပဲ၊ ရှင်က ဘာကိုဂရုစိုက်နေတာလဲ?" ဆိုဖီယာက ခိုင်မာစွာပြောလာသည်။

ရှုယီလည်း ခေါင်းခါကာ သူ အမှန်ကိုပင် ဂရုမစိုက်ဟု စဉ်းစားလိုက်၏။

သို့သော် သူဟာ အဘယ့်ကြောင့် ဆိုဖီယာက အန်ဗီမာမြို့တော်သို့ ပြန်ရမည့်အစား ဘန်တာမြို့မှာ သည်းခံနေကြောင်းကို သိချင်မိသည်။

ဟန့်ခ် ဝီလ်ဆန် ပြန်စဉ်က သူမက ထွက်သွားဖို့ဆန္ဒမရှိသဖြင့် ခမ်နက်ဒ် နှင့် အတူနေချင်သည်ဟု ဆိုခဲ့သည်။ သို့ရာ၌ ယခု ခမ်နက်ဒ်က Frestech ကုန်သည်ကြီးများအသင်း၏ အထွေထွေမန်နေဂျာအဖြစ် နေ,နေသည်ဖြစ်ရာ ဘန်တာမြို့၌ အချိန်တစ်ခုထိနေလိမ့်မည်ဖြစ်သဖြင့် ဆိုဖီယာအတွက် ဤနေရာ၌မေရန် အဆင်မပြေပေ။

ရှုယီမှ ထိုမေးခွန်းကိုမေးဖို့လည်း အဆင်မပြေချေ၊ မဟုတ်ပါကာ သူဟာ ဆိုဖီယာကို အဝေးနှင်နေသည့်ပုံပေါ်သွားလိမ့်မည်။

"ဥက္ကဌ၊ ဆိုဖီယာက ဒီလောက် ဆန္ဒရှိနေမှတော့ ခွင့်ပြုပေးလိုက်ပါ။" ခမ်နက်ဒ်မှာ ရှုယီနံဘေးမှနေ၍ တောင်းဆိုလာသည်။

ရှုယီ မဖြေနိုင်လိုက်ခင်တွင် ဆိုဖီယာက ခမ်နက်ဒ်ကိုကြည့်လာကာ အသာခြေဆောင့်၍ လက်ညှိုးထိုးလေသည်၊ "ကိုကြီး၊ နင်က ညီမကို တကယ်မကူညီဘူးပဲ။ အခု ကိုကြီးက သူ့ရဲ့ လက်အောက်ခံဖြစ်လာတာကြောင့် အရာအားလုံးက သူ့အကြောင်းပဲလား? ကိုယ့်ညီမလေးကိုတောင် မကူညီတော့ဘူးလား?"

ခမ်နက်ဒ်က မော့ကြည့်၏၊ "ငါက အဓိပ္ပာယ်ရှိတာကို လုပ်တဲ့ ဘယ်သူ့ကိုမဆိုကူညီတယ်။ ဥက္ကဌပြောတာ မှန်တယ်၊ ငါတို့ ဒီကိုရောက်နေတာက တရားဝင်စီးပွားရေးကြောင့်ပဲ၊ ဒီတော့ မင်းက ဘာလုပ်ဖို့ ငါတို့နဲ့ လိုက်ရမှာလဲ?"

"တရားဝင်စီးပွားရေးဆိုရင်ရောဘာဖြစ်လဲ?" ဆိုဖီယာက နှာခေါင်းရှုံ့ကာဆိုသည်၊ "ညီမက ကိုကြီးတို့နောက်ကို လိုက်နေတာမှမဟုတ်တာ၊ အစ်မစတေးလ်နဲ့ အစ်မအက်ဂ်နက်စ်တို့နောက်လိုက်လာတာမို့လို့ ညီမကို ဂရုစိုက်ဖို့ မလိုဘူး!"

ထိုသို့ပြောပြီးနောက် ဆိုဖီယာက သူ၏နံဘေးရှိ စတေးလ်နှင့် အက်ဂ်နက်စ်ကို မည်သည့်ယဉ်ကျေးမှုမှမပြဘဲ ဆွဲခေါ်ကာ 'မကျေနပ်ရင် လာကိုက်လိုက်လေ'ဟု ပြောနေသယောင်ပင်။

ခမ်နက်ဒ်က မျက်မှောင်ကုပ်လိုက်သော်လည်း ဆိုဖီယာက စတေးလ်နှင့် အက်ဂ်နက်စ်ကို ဆွဲခေါ်လိုက်လေရာ သူပြောဖို့အတွက် မကောင်းတော့ချေ။

သို့သော် စတေးလ်နှင့် အက်ဂ်နက်စ်တို့၏ တုံ့ပြန်မှုက ဆိုဖီယာကို အံ့ဩသွားစေသည်။

စတေးလ်က မျက်‌မှောင်သာကုပ်လိုက်သဖြင့် အဆင်ပြေပါသေး၏။ သူမက ကူရာမဲ့စွာသာခေါင်းခါ၍ သက်ပြင်းချလိုက်ရာ ထိုညီမလေးဆိုဖီယာအား ရင်ဆိုင်ရန် နည်းလမ်းမရှိတော့ပုံသာ ပေါ်နေသည်။

အက်ဂ်နက်စ်ကမူ သူမ၏လက်ကို ဆိုဖီယာ၏လက်ထံမှ တိုက်ရိုက်သာ ပြန်ဆွဲယူ၍ ဆိုဖီယာကိုကြည့်၍ ရိုးသားစွာပြော‌လာ၏၊ "သခင်မလေးဆိုဖီယာ, ကျွန်မက ဥက္ကဌနဲ့အတူ တရားဝင်စီးပွားရေးထွက်လာတာဆိုတော့ ကျွန်မကို ဆွဲမထည့်ပါနဲ့။"

"ဆွဲထည့်တယ်?" ဆိုဖီယာမှာ အက်ဂ်နက်စ်အနေနှင့် ထိုသို့သော မယဉ်ကျေးသည့်စကားလုံးများပြောလာလိမ့်မည်ဟု မျှော်လင့်မထားခဲ့လေရာ အက်ဂ်နက်စ်ကို မျက်လုံးများဝိုင်းစက်၍ကြည့်လာသည်၊ "အစ်မက တကယ်ပဲ ဆွဲထည့်တယ်လို့ပြောလိုက်တာလား? အစ်မအက်ဂ်နက်စ်, အစ်မ... အစ်မက ညီမကို တကယ်ဝမ်းနည်းအောင်လုပ်တယ်!"

"ဝမ်းနည်းတယ်?" အက်ဂ်နက်စ်က ဆိုဖီယာကိုကြည့်လိုက်ပြီးနောက် ရှုယီဘက်လှည့်မေးလိုက်သည်၊ "ဥက္ကဌ ရှင်ပြောတော့ လူသားတွေက ဝမ်းနည်းရင် ငိုလိမ့်မယ်ဆို။ ဒါပေမယ့် အခု သူမက ငို‌မနေဘူးဆိုတော့ တကယ်ဝမ်းနည်းနေတာ မဟုတ်လောက်ဘူးပေါ့။" သူမက ထိုသို့ဆိုပြီးနောက် ဆိုဖီယာဘက်ပြန်လှည့်ကာ စိတ်ဆိုးဟန်ဖြင့် ဆိုလေသည်၊ "သခင်မလေးဆိုဖီယာ, ကျွန်မတို့ နတ်သူငယ်တွေအနေနဲ့ လူသားတွေနဲ့ မဆက်ဆံချင်ရတဲ့ အကြောင်းရင်းက လူ‌သားတွေဟာ လိမ်ညာရတာကို သဘောကျလို့ပဲ။ မင်းသာ တကယ်ပဲ ကျွန်မနဲ့ မိတ်ဆွေတွေဖြစ်လာချင်တယ်ဆိုရင် ကျွန်မကို ထပ်မလိမ်ဖို့ မျှော်လင့်ပါတယ်၊ မဟုတ်ရင်တော့ ကျွန်မ တကယ်ကို မပျော်မရွှင်ဖြစ်သွားလိမ့်မယ်။"

ဆိုဖီယာ၏ ကူရာမဲ့နေသည့်အကြည့်ကိုမြင်သော် ရှုယီမှာ မနေနိုင်တော့ဘဲ ဝါးလုံးကွဲရယ်ချလုနီးနီးပါးဖြစ်သွားတော့သည်။

ဆိုဖီယာကဲ့သို့ အိမ်က အလိုလိုက်ကာကြီးပြင်းခဲ့ပြီး ဆန္ဒများပြည့်လာနေကျ သခင်မလေးတစ်ယောက်အတွက် အခြားလူများထံမှ နှိမ့်ချပြောခံရဖို့ မလွယ်ပေ။

သူမအား ထိန်းချုပ်ရန် လူတစ်ဦးမှာ အက်ဂ်နက်စ်ကဲ့သို့ စိတ်ဝင်စားမှုမရှိဖို့လို‌သည်။

ခမ်နက်ဒ်၏မျက်နှာထားကလည်း အင်မတန်တောက်ပလာ၏။

သူဟာ ဆိုဖီယာ၏ သဘောထားနှင့် ဇာတ်ကွက်များ ဖန်တီးပုံတို့ကို အရင်းနှီးဆုံးဖြစ်ပြီး ပုံမှန်အားဖြင့် သူတို့၏ဖခင်သည်ပင် သူမကို ဂရုစိုက်နိုင်ခြင်းမရှိပေ။ သို့သော် ယခုတွင် သူမက အက်ဂ်နက်စ်၏ အပြောကြောင့် ဆွံ့အနေလေရာ သူ့အား အတော်လေး ရယ်‌လာချင်စေသည်။

ထိုသည်က အက်ဂ်နက်စ်မှာ နတ်သူငယ်တစ်ဦးဖြစ်‌ခြင်းကြောင့်ပါပင်။

ထိုသို့မဟုတ်ဘဲ ပြောလာသူက စတေးလ်ကဲ့သို့ သူမ အင်မတန်လေးစားရသည့် လူသားမိန်းကလေးတစ်ဦးဆိုပါလျှင် သူမအား အင်မတန်မပျော်မရွှင် ဖြစ်လာစေကာ ပြန်ပင် ပြောလာနိုင်စေလောက်၏။

ဆိုဖီယာ၏ မျက်နှာထက်ရှိစိတ်ဆိုးကာ နှုတ်ခမ်းလေးများစူထားသည်ကိုကြည့်ရင်း စတေးလ်လည်း အသာပြုံး၍ အက်ဂ်နက်စ်ကို ရှင်းပြလိုက်သည်၊ "အက်ဂ်နက်စ်, လူသားတွေက ဝမ်းနည်းချိန်ဆို အမြဲတမ်းမျက်ရည်ကျနေတာတော့မဟုတ်ဘူးလေ။ အရမ်းဝမ်း‌နည်းနေရင်တောင် အပြင်ပန်းကနေ ဆုံးဖြတ်လို့မရတဲ့ လူတချို့လည်းရှိတယ်။ လူတစ်ချို့ကတော့ ဝမ်းနည်းနေတဲ့ပုံပဲပြမှာပါ။ အတိုင်းအတာတစ်ခုအထိ ဝမ်းနည်းမှသာ မျက်ရည်ကျလာတာ။"

"တကယ်လား?" အက်ဂ်နက်စ်က ရှုယီကို သံသယအပြည့်ဖြင့် ကြည့်လာ၏။

"အမ်း၊ ဒီလိုပေါ့။" ဆိုဖီယာက အမှန်တကယ်စိတ်ဆိုးဟန်ပြလာသော် ရှုယီလည်း သူမအား အမြန်ဖျန်ဖြေပေးရုံသာ တတ်နိုင်သည်၊ "လူတွေက ဝမ်းနည်းရင် ငိုကြတယ်လို့ အရင်က ကျုပ် ခင်ဗျားကို ပြောခဲ့ဖူးပါတယ်၊ ဒါက ယေဘုယျဖော်ပြချက်ပေါ့။ ခင်ဗျား အာရုံစိုက်ရမယ့် တခြားအသေးစိတ်လေးတွေလည်းရှိပြီး ဖော်ပြဖို့ကလည်း ခဲယဉ်းတယ်လေ။ ဥပမာပြောရရင်၊ လူသားတွေက ဝမ်းမနည်းရင်တောင် မျက်ရည်ကျနိုင်တယ်။ ပျော်နေတဲ့အချိန်မှာ မျက်ရည်ကျတဲ့လူတစ်ချို့လည်းရှိတယ်။ ဒီတော့ လူတစ်ယောက် ဝမ်းနည်းသလား မနည်းသလားကို မျက်ရည်ကိုပဲကြည့်ပြီးဆုံးဖြတ်တာက အလုပ်မဖြစ်ဘူး။"

"ဒီလိုပေါ့။" အက်ဂ်နက်စ်က အသာခေါင်းငြိမ့်သည်။ အနည်းငယ်စဉ်းစားပြီးနောက် သူမက မနေနိုင်ဘဲ သက်ပြင်းချလာ၏၊ "လူသားတွေက တကယ်ကို ရှုပ်ထွေးတာပဲ။ ကျွန်မတို့ နတ်သူငယ်တွေက ဘာတွေခံစားနေရတယ်ဆိုတာကို တိုက်ရိုက်ပဲ ဖော်ပြလေ့ရှိတယ်။"

ထိုသည်ကိုကြားသော် ဆိုဖီယာက သူမ၏ စိတ်ဆိုးနေသည်ကိုမေ့၍ သိလိုစွာမေးလိုက်သည်၊ "ဒါဆို အစ်မအက်ဂ်နက်စ်, အစ်မက ဝမ်းနည်းတဲ့အချိန်မှာ ငိုဖူးတာလား?"

အက်ဂ်နက်စ်လည်း အနည်းငယ်စဉ်းစားကာ ခေါင်းငြိမ့်သည်၊ "အမ်း။ ငယ်ငယ်တုန်းက တဖြည်းဖြည်းညှိုးသွားတဲ့ပန်းလေးကိုကြည့်ရင်း ဝမ်းနည်းတာကြောင့် ငိုခဲ့တာကို မှတ်မိသေးတယ်။"

မြင်းလှည်းထဲရှိ အားလုံးမှာ ပြောစရာမဲ့သွားကြသည်။

ဆိုဖီယာလည်း မှင်တက်သွားကာ ခံစားချက်အပြည့်ဖြင့် ဆိုလာ၏၊ "အစ်မအက်ဂ်နက်စ်က ဒီလောက် ထိရှလွယ်တာပဲ။ ပန်းလေးတစ်ပွင့်ညှိုးတာကြောင့် ငိုနိုင်တယ်ဆိုရင် ဝမ်းနည်းတဲ့တစ်ချိန်လုံး ငိုနေတာပဲလား?"

အက်ဂ်နက်စ်က ခေါင်းခါသည်၊ "ဟင့်အင်း၊ အခုမဟုတ်တော့ဘူး။ အကြီးအကဲရဲ့သင်ကြားပေးမှုကြောင့် ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းက သဘာဝစည်းမျဉ်းတွေဖြစ်ပြီး ပုံမှန်ပဲဆိုတာ နားလည်သွားလို့ ဝမ်းနည်းဖို့မလိုတော့ဘူး။ မင်းသာ ကျွန်မအရှေ့မှာသေသွားရင်တောင် ဝမ်းနည်းလို့ မငိုမိလောက်ဘူးထင်တာပဲ။"

အားလုံးမှာ တစ်ဖန် ဆွံ့အသွားကြပြန်သည်။

ထိုသည်က နတ်သူငယ်များ၏ အကျင့်စရိုက်ဖြစ်သော်လည်း အက်ဂ်နက်စ်က အားလုံးရှေ့ တိုက်ရိုက်ပြောလာသည့်အခါ အနည်းငယ် အေးစက်မှုကို ခံစားလိုက်ရသည်။

ရှုယီကမနေနိုင်ဘဲ မေးလာ၏၊ "အက်ဂ်နက်စ်, ကျုပ်သာ ခင်ဗျားရှေ့မှာသေသွားရင် ဝမ်းနည်းလို့ငိုမှာမဟုတ်ဘူးပေါ့?"

အက်ဂ်နက်စ်က ရှုယီကို တအံ့တဩကြည့်လာသည်၊ "ဥက္ကဌ၊ လူသားတွေရဲ့ ဘဝသက်တမ်းအရ ရှင်မသေခင် အချိန်နည်းနည်းရှိပါသေးတယ်။"

"ကျုပ်ပြောတာက လူသားတွေဘဝမှာ မတော်တဆတွေနဲ့ ပြည့်နေတာကြောင့်ပါ။ ကျုပ်သာ ခင်ဗျားရှေ့မှာ မတော်တဆမှုတစ်ခုကြောင့်သေသွားရင် အေးဆေးလက်ခံနိုင်မှာလား?" ရှုယီက ဆက်မေးသည်။

စတေးလ်က ရှုယီကို မျက်မှောင်ကုပ်ကာကြည့်လာသည်။ စဉ်းစားပြီးနောက်၌ မည်သည်ကိုမှမဆိုဘဲ အက်ဂ်နက်စ်ကိုသာကြည့်၍ မည်သို့ဖြေဆိုလာမည်ကိုသာ စောင့်ဆိုင်းနေလိုက်၏။

လူတိုင်းက ကြည့်ရှုလာသဖြင့် အက်ဂ်နက်စ်က ရိုးသားစွာ စဉ်းစား‌ပြီး ဖြေဆို‌လာလေသည်၊ "ကျွန်မထင်တာတော့.... ဘယ်လို မတော်တဆလဲဆိုတာအပေါ် မူတည်တယ်။ ဥက္ကဌရှုသာ ရန်သူတစ်ယောက်ဆီက အသတ်ခံရတာဆိုရင် ကျွန်မ အတော်လေးဒေါသဖြစ်ပြီး လက်စားချေဖို့ အဲ့ဒီရန်သူကို သတ်မှာပဲ။ ဘာလို့လဲဆိုတော့ ရှင်က ကျွန်မရဲ့မိတ်ဆွေဖြစ်တာကြောင့် ဒါက မိတ်ဆွေတစ်ယောက်ရဲ့ တာဝန်ပဲလေ။"

"ဒါဆို ကျုပ်ကို ရန်သူသတ်တာမဟုတ်ဘဲ သာမန် မတော်တဆဆိုရင်ရော၊ ကောင်းကင်ပေါ်က ကျောက်တုံးတစ်တုံးပြုတ်ကျလာတာမျိုးပေါ့? ဒါမှမဟုတ် ပိုပြီးသာမန်ဖြစ်တဲ့ နေမကောင်းဘဲ ရုတ်ရတ်သေသွားတာမျိုးဆိုရင်ရော?" ရှုယီက ဆက်မေးသည်။

"ဒီလိုဆိုရင်တော့......" အက်ဂ်နက်စ်က အနည်းငယ်စဉ်းစားကာ၊ "ဒါဆိုရင် ဒါက အကြီးအကဲပြောပြထားတဲ့ သက်ရှိတွေအားလုံးဆီမှာဖြစ်တတ်တဲ့ သေခြင်းနဲ့ ရှင်ခြင်းရဲ့ ပုံမှန်သံသရာပါပဲ၊ ဒီတော့ ကျွန်မ ဝမ်းနည်းမှာမဟုတ်ဘူး။"

ထိုအဖြေကိုကြားလိုက်ရသော် အားလုံးမှာ သက်ပြင်းရှည်ကြီးချလိုက်ကြတော့သည်။

စတေးလ်က ရှုယီကိုကြည့်ကာ၊ "ဘာလဲ? ဂုဏ်ယူစရာဥက္ကဌရှုက စိတ်ပျက်သွားတာလား?"

ရှုယီလည်း သူ၏ရင်ဘတ်ကိုဆုပ်ကိုင်လျက် တမင်တကာနာကျင်နေဟန်ပြရင်း ကောင်းကင်ဆီ ဟစ်ကြွေးလိုက်သည်၊ "စိတ်ပျက်သွားတာထက်တောင် ဆိုးသေးတယ်၊ တကယ်ကို ဝမ်းနည်းသွားပြီ! ကိုယ့်ကိုယ်ကို အက်ဂ်နက်စ်နဲ့ ဆက်ဆံရေးကောင်းတယ်ထင်ထားခဲ့ပေမယ့် ကိုယ်ရုတ်တရတ်ကြီးသေသွားရင်တောင် သူမက ဝမ်းမနည်းတဲ့အပြင် မျက်ရည်လေးတစ်စက်တောင်ကျမှာမဟုတ်ဘူးလို့ မစဉ်းစားခဲ့ပြီး! တကယ်ကို အတော်လေး စိတ်ပျက်သွားပြီ!"

ရှုယီ ထိုသို့ပြုမူပြီးနောက် မြင်းလှည်းထဲရှိ လူတိုင်းက ရယ်မောလာကြသည်ကိုမြင်သော် အက်ဂ်နက်စ်မှာ အံ့ဩသွားသည်။

စတေးလ်က အက်ဂ်နက်စ် ရှုပ်ထွေးသွားသည်ကိုမြင်လေရာ အပြံးဖြင့်ရှင်းပြလိုက်၏။

မြင်းလှည်းက ဆက်သွားနေပြီး မိန်းကလေးသုံးဦးက စကားဝိုင်းဖွဲ့နေကာ ရှုယီနှင့် ခမ်နက်ဒ်တို့က လုပ်ငန်းစု အရေးဆွေးနွေးနေကြသည်။ သုံးနာရီလောက်ကြာပြီးနောက် မိုးကျတောင်ကြားဆီ ဆိုက်ရောက်လာ၏။

ဤသည်က ခမ်နက်ဒ် နှင့် ဆိုဖီယာတို့၏ မိုးကျတောင်ကြားကို ပထမဆုံး မြင်ဖူးချိန်ဖြစ်သည်။ ဘန်တာမြို့၌ရှိစဉ်က လူများစွာမှာ မိုးကျတောင်ကြားအကြောင်း ပြောပြခဲ့ဖူးသော်လည်း ကိုယ်တိုင်မြင်ရသော် ၎င်းတို့ရှေ့ရှိ လှပကာ သပ်ရပ်လှသည့်မြင်ကွင်းကြောင့် နှစ်ဦးသား အံ့အားသင့်သွားကြသည်။

"ဥက္ကဌ၊ ဒါက တကယ်ကိုပဲ။" ခမ်နက်ဒ်က မနေနိုင်ဘဲ သက်ပြင်းချ၍ ဆိုလာသည်၊ "ခင်ဗျားကို သံသယဝင်နေတဲ့ဘယ်သူမဆို ဒီမိုးကျတောင်ကြားကို မြင်တာနဲ့ သူတို့သံသယတွေလည်း အငွေ့တွေလို လွင့်ပျယ်သွားမှာပဲ။"

"အိုး? ပြောချင်တာက မိုးကျတောင်ကြားကိုမမြင်ခင်မှာ မင်းစိတ်ထဲ ငါ့ကို သံသယရှိနေခဲ့တယ်ပေါ့လေ?" ရှုယီက အပြုံးဖြင့် စနောက်လိုက်သည်။

ခမ်နက်ဒ် လည်းရယ်ကာ၊ "ကျွန်တော်က ချွင်းချက်ပေါ့။ ကျွန်တော်သာ ခင်ဗျားကို သံသယဝင်ရင် အထွေထွေမန်နေဂျာဖြစ်လာဖို့ အစပျိုးခဲ့မှာတောင် မဟုတ်ပါဘူး။"

"ဒီလိုမှပေါ့။" ရှုယီလည်း သူ၏လက်ဖြင့် ကြိုဆိုဟန်ပြကာ၊ "ဒါဆို အထွေထွေမန်နေဂျာသစ်အနေနဲ့ မင်းကို Frestech ကုန်သည်ကြီးများအသင်းရဲ့ စွမ်းအားအစစ်မှန် တည်ရှိရာကို ပြပါရစေ။"

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၀၉၂။ Frestech ကုန်သည်ကြီးများအသင်းက တကယ်ကို အားမနည်းပါဘူး

မိုးကျတောင်ကြားအား ပြုပြင်ပြီးသည့်နောက်၌ မိုးကျလမ်းကို ဆောက်လုပ်ခဲ့လေရာ ယခုတွင် မိုးကျ‌လမ်းကို ဖွင့်လှစ်ခဲ့သည်မှာ နှစ်လပင်ရှိခဲ့ပြီဖြစ်၏။ ရှုယီနှင့် ဥက္ကဌပွန်ဖီးတို့ လာရောက်ခဲ့ကြသည့် ယခင်တစ်ခေါက်နှင့်စာလျှင် လက်ရှိ မိုးကျတောင်ကြားမှာ ပို၍ ပြည့်စုံနေ၏။ လူနေအိမ်ရာ၌ ဖြစ်စေ စက်မှုနယ်မြေ၌ ဖြစ်စေ ယခင်ကထက်များစွာပိုမိုကြီးမားလာ၏။

လက်ရှိ မိုးကျတောင်ကြားမှာ Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်လုပ်ရေးအခြေစိုက်ဌာန အမှန်ဖြစ်လာခဲ့ပြီ။

ယခုတွင် ခိုင်ခိုင်ခိုင်မာမာရပ်တည်နေသည့် သံမဏိ(စတီး)စက်ရုံ၌ ဒုတိယ မီးပြင်းဖို‌ရှိနေပြီဖြစ်သည်။ ကနဦးစစ်ဆေးမှုများပြီးသည့်နောက် ၎င်းက ထုတ်လုပ်ရေးအဆင့်သို့ဝင်ရောက်လာမည်ဖြစ်လေရာ လစဉ်အထွက်နှုန်းကလည်း တန်ပေါင်း တစ်သိန်းကျော်လွန်လိမ့်မည်ပင်။

သို့သော် လမ်ပူရီတိုင်းပြည်၌ ဝဲလ်မက်ထ် ကုန်သည်ကြီးများအသင်းနှင့် တွဲဖက်မှုကြောင့် ပိုမိုရေပန်းစားလာသည့် မှော်စက်များအနေနှင့် ဘန်တာမြိုတော်ရှိ လုပ်ငန်းစုများမှာ မှော်စက်များပိုမိုထုတ်လုပ်လာကြပြီး Frestech ကုန်သည်ကြီးများအသင်းထံမှ သတ္တုစပ်များ ပို၍ပို၍ လိုအပ်လာနေသည်။ တစ်လလျှင် တန်ပေါင်း တစ်သိန်းကပင် အခြေခံအားဖြင့် မလုံလောက်ချေ။

သတ္တုစပ်များ ပိုမိုအသုံးများလာသည်နှင့် လုပ်ငန်းစုများစွာမှာ ထိုသတ္တုစပ်များက သာမန် သံသတ္တုထက် များစွာပိုမိုကောင်းမွန်ကြောင်း သတိပြုမိလာကြသည်။ ထို့ကြောင့် မှော်စက်များ၌ အသုံးပြုသည့်အပြင် ထိုသတ္တုစပ်များအား အင်မတန်လိုအပ်သည့် အခြားလုပ်ငန်းစုများလည်း ရှိနေသည်။

ယခင်လကပင် Frestech ကုန်သည်ကြီးများအသင်း၏ လိုအပ်ချက်များကို အရေးမစိုက်ဘဲ ရလာသည့် သတ္တုစပ်အမှာစာများမှာ တန်ပေါင်းငါးသောင်းအထိ ထပ်တက်လာရာ သံမဏိစက်ရုံ၏ ထုတ်လုပ်ရေးထက်ပင် ကျော်လွန်နေတော့သည်။

၎င်းကြောင့်သာမဟုတ်ပါက ရှုယီမှာ အကြီးအကဲစီလူကာနှင့် အကြီးအကဲမွန်တိုတို့အား ဒုတိယမီးပြင်းဖိုကို ထိုမျှ မြန်မြန်ဆောက်လုပ်ခွင့်ပြုမည်မဟုတ်ပေ။

ထိုဒုတိယမီးပြင်းဖို၏ ထုတ်လုပ်ရေးစတင်ချိန်တွင် ၎င်းတို့၏ လစဉ်ထုတ်လုပ်ရေးမှာ လိုအပ်ချက်များကို ပြည့်မီလာလိမ့်မည်။ ထိုသံမဏိစက်ရုံနှင့်တင် တစ်လလျှင် ရွှေဒင်္ဂါး သိန်းနှင့်ချီသည့် အမြတ်အစွန်းဝင်လာနိုင်မည်။

ထို့အပြင် ၎င်းမိုးကျတောင်ကြားရှိ ငွေဝင်သောအလုပ်ရုံများမှာ ထိုသံမဏိစက်ရုံလေးတစ်ခုသာ မဟုတ်ပေ။

မိုးကျတောင်ကြားအား ဖွင့်လှစ်လိုက်သည်နှင့် အခြားအလုပ်ရုံအသီးသီးတို့၌လည်း ပမာဏကြီးကြီးထုတ်လုပ်လာသည်။ ရှုယီမှာ ဆန်းဒ်တွန်အိမ်ရာရှိ ထုတ်လုပ်ရေးလိုင်းအများစုကို ဤနေရာသို့ ပြောင်းရွှေ့ထားပြီးသားပင်။

၎င်းက ယခင် မတူညီသည့်ထုတ်လုပ်ရေးလိုင်းများကို တူညီသည့် အလုပ်ရုံ၌ ထားခဲ့သည်နှင့် ကွာခြား၏။ ဤတစ်ခေါက်၌ ရှုယီက မတူညီသည့်ထုတ်ကုန်များ၏ ထုတ်လုပ်ရေးလိုင်းများကို သီးခြားခွဲထားပြီး ထုတ်လုပ်ရေးလိုင်းတစ်ခုစီက ကိုယ်ပိုင်အလုပ်ရုံရရှိလာကာ ယခင်ကထက် အဆများစွာပိုမိုကြီးမားသည့် နေရာကို ပေးထားသည်။

တစ်ချိန်တည်းတွင် နေရာပိုရလာသည်နှင့် ရှုယီက ထုတ်ကုန်တစ်ခုစီအတွက် ထုတ်လုပ်ရေးလိုင်းများ ထပ်မံပေါင်းထည့်လိုက်ရာ ၎င်းက အထွက်နှုန်းကိုများစွာ တိုးလာစေသည်။

ဥပမာဆိုရလျှင် ဘန်တာမြို့နှင့် အနီးဝန်းကျင်မြို့များ၌ အကျော်ကြားဆုံး အမျိုးအစားဖြစ်သည့် မှော်ပေါင်မုန့်မီးကင်စက်ဖြစ်သည်။ ရှုယီက ရုတ်တရတ် ထုတ်လုပ်ရေးလိုင်းတစ်ခုမှ လေးခုပြောင်းလိုက်လေရာ ယခင် ထွက်နှုန်း တစ်လလျှင် အလုံး တစ်သောင်းမှ တစ်လလျှင် အလုံး သုံးသောင်းကျော်ဖြစ်လာသည်။

ထို့ကြောင့် မှော်ပေါင်မုန့်မီးကင်စက်အလုပ်ရုံအတွက်နှင့်တင် ရှုယီမှာ လူတစ်‌ရာကျော် စုဆောင်းခဲ့သည်။

ဝယ်လိုအား ပိုမိုမြင့်မားသည့် အလိုအလျောက်မှော်ထမင်းပေါင်းအိုး၊ မှော်ရေခဲသေတ္တာနှင့် မှော်လေအေးပေးစက်တို့၏ အလုပ်ရုံများပါ ထည့်ပေါင်းလိုက်ပါက Frestech ကုန်သည်ကြီးများအသင်းမှ တဖြည်းဖြည်း ခန့်အပ်ထားခဲ့သည့် အလုပ်သမားများမှာ တစ်ထောင်ပင်ကျော်လေသည်!

ယခုတွင် Frestech ကုန်သည်ကြီးများအသင်းလက်အောက်ရှိ အလုပ်ရုံများ၌ အလုပ်သမား နှစ်ထောင်ကျော်သည်။

ထို့အပြင် ၎င်းတို့မှာ လူသားအလုပ်သမားများသာဖြစ်၏။

ခေါင်းဆောင် စီလူကာနှင့် ခေါင်းဆောင်မွန်တိုတို့၏ ခက်ခဲသောအလုပ်ကြောင့် မိုးကျတောင်ကြားဆီ ပြောင်းရွှေ့သွားရသော လူပုလေးအလုပ်သမားပိုများလာသည်။ ယခုတွင် လူပုလေးများ သုံးထောင်ကျော်ရှိနေပြီး Frestech ကုန်သည်ကြီးများအသင်း၏ အလုပ်ရုံများ၌ အလုပ်လုပ်နေကြသည်မှာ တစ်ထောင်နီးနီးရှိသည်။

ပြီးနောက် ညတေးသံမျိုးနွယ်စုထံမှ နတ်သူငယ်အလုပ်သမား အယောက်တစ်ရာရှိ၏။ လက်ရှိ Frestech ကုန်သည်ကြီးများအသင်း လက်အောက်မှ အလုပ်ရုံများတွင် အခြားလူမျိုးအလုပ်သမားတစ်ထောင်‌ကျော်ရှိကာ စုစုပေါင်းအလုပ်သမားများ၏ သုံးပုံတစ်ပုံဖြစ်လေ၏။

၎င်းက လမ်ပူရီတိုင်းပြည်၌ မဆိုထားနှင့် စိုင်စ်နယ်မြေကြီးတစ်ခုလုံး၌ပင် ထူးကဲလှသည်။

အခြားလုပ်ငန်းစုများအနေနှင့် လူပုလေးပန်းပဲဆရာအများစုကို ခန့်အပ်ထားသော်လည်း Frestech ကုန်သည်ကြီးများအသင်းမှာ တစ်ကြိမ်တည်းနှင့် တစ်ထောင်နီးနီးအထိ ခန့်အပ်ခဲ့သည်။

အခြားလူများမှာ ဘဝတစ်ခုလုံး၌ နတ်သူငယ်တစ်ဦးကိုပင် မတွေ့ရဘဲ နေနိုင်ခဲ့ကြသော်လည်း Frestech ကုန်သည်ကြီးများအသင်းမှာမူ နတ်သူငယ်ပေါင်းတစ်ရာကို အလုပ်ရုံတစ်ရုံ၌ ထည့်သွင်းထား၏။

ထိုအကြောင်းကို သိကာ စိတ်ပြင်ဆင်ပြီးဖြစ်သည့် ခမ်နက်ဒ်ကဲ့သို့ အတွေ့အကြုံရှိပြီး လူတစ်ဦးအတွက်ပင် မိုးကျတောင်ကြားတစ်ခုလုံး၌ ပြေးလွှားနေသော လူပုလေးများကို မြင်ချိန်တွင် မျက်လုံးများပြူးလျက် အံ့ဩမှုများအပြည့်လွှမ်းနေတော့သည်။

"ဥက္ကဌ၊ ကျွန်တော်တကယ်ပဲသိချင်မိတယ်၊ ခင်ဗျား ဒီလူပုလေးတွေအကုန်လုံးကို ဘယ်က သွားရှာလာတာလဲ? ပြီးတော့ တုနှိုင်းမဲ့မာနကြီးတဲ့ ဒဏ္ဍာရီလာနတ်သူငယ်တွေတောင် ခင်ဗျားတို့ လုပ်ငန်းစုအတွက် အရိုးရှင်းဆုံးအလုပ်တွေ လုပ်ပေးနေသေးတာကို မပြောသေးဘူး။ ခင်ဗျား..... ခင်ဗျားမှာ ထူးကဲတဲ့ ဆွဲဆောင်မှုတချို့များ ရှိနေတာလား?"

"ဟားဟား၊ မင်းက ဒီလိုမေးလာတဲ့ ပထမဆုံးလူမဟုတ်ပါဘူးကွာ။ ဒီအတွက်လည်း ငါ့မှာ ရှင်းပြချက်တစ်ခုပဲရှိတယ်၊ ရှင်းပါတယ် ငါက ရုပ်ချောလို့လေ။" ရှုယီက အပြုံးကြီးကြီးဖြင့် နတ်ဆိုးဆန်ဆန် မှတ်ချက်ပြုလာသည်။

ခမ်နက်ဒ်က ရှုယီအား မျက်လုံးလှိမ့်ပြလိုက်ချင်သော်လည်း ငယ်စဉ်ကတည်းက အပြုအမှုကောင်းများ သင်ကြားပေးခံခဲ့ရခြင်းက ထိုမျှ အရိုအသေတန်သည့်အပြုအမူမျိုး ပြုလုပ်ရာမှ တားဆီးပေးခဲ့သည်။

ရှုယီ၏ ဦးဆောင်မှုဖြင့် အလုပ်ရုံတစ်ခုစီ၏ အလုပ်ခွင်များဆီ လည်ပတ်ခဲ့သည့် ခမ်နက်ဒ်မှာ အင်မတန် အံ့ဩနေရတော့၏။

အမှန်တကယ်တွင် ဘန်တာမြို့သို့ မလာခင်က မတူညီသည့် ဌာနများစွာထံမှ Frestech ကုန်သည်ကြီးများအသင်းအား အနည်းအကျဉ်း နားလည်ခဲ့ရသည်။

ဟားနက်စ်မှာ ရှုယီအား ယုံကြည်မှုမြင့်ပြီး Frestech ကုန်သည်ကြီးများအသင်း၏ ဖွံ့ဖြိုးမှုအကြောင်းကို အင်မတန် အကောင်းမြင်ပါသော်ငြားလည်း Frestech ကုန်သည်ကြီးများအသင်းမှာ ဘန်တာမြို့ရှိ လုပ်ငန်းစုလေးတစ်ခုမျှသာဖြစ်နေဆဲဖြစ်သည်ကို ဝန်ခံရပေမည်။ ၎င်းတို့အား လမ်ပူရီတိုင်းပြည်၌ ဒုတိယတန်းစားဟုပင် သတ်မှတ်၍ မရနိုင်ချေ။

ထို့ကြောင့် ထိုအချိန်က ခမ်နက်ဒ်မှာ Frestech ကုန်သည်ကြီးများအသင်းအား အနည်းငယ် အထင်မြင်သေးခဲ့သေးသည်။

သို့သော် ဘန်တာမြို့ထံရောက်လာပြီး Frestech ကုန်သည်ကြီးများအသင်း ယူဆောင်လာသည့် ပြောင်းလဲမှုကို ကိုယ်တိုင် မျက်မြင်တွေ့လိုက်ရချိန်တွင် ခမ်နက်ဒ်အနေနှင့် သူ၏ Frestech ကုန်သည်ကြီးများအသင်းအပေါ် နားလည်မှုက အပေါ်ယံသာ ဖြစ်နေခဲ့ကြောင်းသိခဲ့ရ၏။

Frestech ကုန်သည်ကြီးများအသင်းအား အင်အားတစ်ခုတည်းနှင့် မတိုင်းတာလျှင် ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းကဲ့သို့ ပထမတန်းစားလုပ်ငန်းစုတစ်ခုနှင့် အမှန်ပင် ယှဉ်နိုင်မည်မဟုတ်ပေ။ သို့သော် Frestech ကုန်သည်ကြီးများအသင်းမှ ဖြန့်ချိသည့် ထုန်ကုန်တိုင်းက ဘန်တာမြို့နှင့် အနီးဝန်းကျင်မြို့များ၌ လမ်းကြောင်းသစ်များကိုဖန်တီးကာ နယ်ပယ်ကြီးတစ်ခုလုံးကိုပင် ဖန်တီးလာခဲ့သည်။

ထိုသည်က ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်း ပြုလုပ်နိုင်သည့် အရာမဟုတ်ပေ။

ယခုတွင် မိုးကျတောင်ကြားသို့ရောက်ရှိနေပြီး အလုပ်ရုံများအတွင်းရှိ ထုတ်လုပ်ရေးလိုင်းများနှင့် အလုပ်ခွင်များကို မျက်‌မြင်ကိုယ်တွေ့ကြုံရပြီးနောက်တွင် ခမ်နက်ဒ်၏ Frestech ကုန်သည်ကြီးများအသင်းအပေါ်နားလည်မှုက ဆန်းသစ်လာသည်။

ထုတ်လုပ်ရေးအခြေစိုက်ဌာနတစ်ခုတည်းမှပင် Frestech ကုန်သည်ကြီးများအသင်းအား လျှော့တွက်ထားကြသည့် လူများမှာ မှားယွင်းနေသည်။

အမှန်တကယ်တွင် Frestech ကုန်သည်ကြီးများအသင်းက လုံးဝအားမနည်းပေ။

မိုးကျတောင်ကြားအတွင်း၌ ခမ်းနားသော သံမဏိစက်ရုံ ရှိသည်ကိုမဆိုထားနှင့်။

မီးပြင်းဖိုမှ စီးဆင်းထွက်လာသည့် သံရည်ပူများကို ကိုယ်တိုင်မြင်ရသော် ခမ်နက်ဒ်မှာ တစ်ခုကို သေချာနားလည်သွားသည်။

ထိုသံမဏိစက်ရုံနှင့်တင် ဆက်လက်ဖွံ့ဖြိုးနေပါလျှင် Frestech ကုန်သည်ကြီးများအသင်းမှာ တိုင်းပြည်၏ ပထမတန်းစားလုပ်ငန်းစု ဖြစ်လာနိုင်သည်။

၎င်းနောက် မိုးကျတောင်ကြား၏ အပြင်အဆင်တစ်ခုလုံးကြောင့် ခမ်နက်ဒ်မှာ ရှုယီအား စိတ်နှလုံးထဲ၌ ပို၍ လေးစားလာရ၏။

မူလက ဟားနက်စ်၏ ရှုယီအား ချီးကျုးမှုက ချဲ့ကြားလှသည်ဟု ခံစားရလျှင် ယခု၌ ထိုချီးကျူးမှုက အင်မတန်လိုအပ်နေသေး‌သည်ဟုပင် ခံစားရကြောင်း ပြောရမည်။

ရှုယီက ၎င်းကိုမသိပါဘဲ ခမ်နက်ဒ်အား အထွေထွေမန်နေဂျာအနေနှင့် Frestech ကုန်သည်ကြီးများအသင်း၏ အလုပ်ရုံများနှင့် ရင်းနှီးလာစေရန် မိုးကျတောင်ကြားတစ်ဝိုက် ခေါ်ဆောင်သွားကာ သူ၏လက်အောက်မှ တာဝန်ရှိသူ တစ်ဦးစီနှင့် တွေ့ဆုံစေသည်။

သူဟာ မမျှော်လင့်ထားဘဲ ခမ်နက်ဒ်၏ စိတ်ထဲ၌ သူ့အပေါ် နက်နက်ရှိုင်းရှိုင်း အသိအမှတ်ပြုမှုတစ်ခုကို ဖန်တီးခဲ့မိသည်။

ခမ်နက်ဒ်အား ခေါင်းဆောင်စီလူကာနှင့် ပေးတွေ့ပြီးသည့်နောက် ရှုယီမှာ တာယာစက်ရုံရှိရာသို့ ကိုယ်တိုင်သွားလိုက်သည်။

အကြီးအကဲအီလူရှာနှင့် သဘောတူညီထားချက်အရ နတ်သူငယ်အယောက်တစ်ရာမှာ Frestech ကုန်သည်ကြီးများအသင်း၌ အထူးလေ့ကျင့်ရေးတစ်ချို့ ပြုလုပ်ရမည်ပင်။ ၎င်းတို့အား လေ့လာပြီး‌သည့်နောက် ၎င်းတို့နှင့် အတူ‌လုပ်ဆောင်ရမည်ကို ဆုံးဖြတ်ကြလိမ့်မည်။

ယခုတွင် နတ်သူငယ်များက Frestech ကုန်သည်ကြီးများအသင်း၌ လပေါင်းများစွာနေလာပြီး ရှုယီ၏လေ့လာချက်များကို ဖြတ်သန်းလာခဲ့ကြသည်ဖြစ်ရာ ထိုနတ်သူငယ်များ ပြောင်းလဲသွားပြီဖြစ်ကြောင်း ရှုယီက သေချာနေသည်။ သူဟာ မျိုးနွယ်စုထံသို့ အက်ဂ်နက်စ်နှင့် အတူပြန်သည့်အခွင့်အရေးကိုယူလျက် အကြီးအကဲအီလူရှာကြည့်ဖို့ရာ ၎င်းတို့ကို ပြန်ခေါ်သွားဖို့ ဆုံးဖြတ်ခဲ့သည်။

သို့သော် တာယာအလုပ်ရုံ၏အလုပ်က အင်မတန်လေးလံလှရာ ရုတ်တရတ် ကျွမ်းကျင်နတ်သူငယ်အလုပ်သမားများကို ခေါ်သွားခြင်းက များစွာ ထိခိုက်စေလိမ့်မည်။ ထို့ကြောင့် ရှုယီလည်း အကြီးအကဲအီလူရှာ စစ်ဆေးရန် နတ်သူငယ်ဆယ်ဦးသာ ခေါ်ဆောင်သွားဖို့ ဆုံးဖြတ်လိုက်ရတော့၏။

တာယာစက်ရုံသို့ ရောက်ချိန်တွင် ဆိုဖီယာမှာ နတ်သူငယ်ရာချီကိုမြင်ပြီးနောက် ထွက်သွားဖို့ ဆန္ဒမရှိ‌ဖြစ်နေ၏။ ရှုယီလည်း သွားမည့်လူကို ရွေးရန် စတေးလ်နှင့် အက်ဂ်နက်စ်တို့ကိုသာ ကူရာမဲ့စွာဖြင့် နေခွင့်ပြုထားလိုက်ရသည်။

ယခုတွင် တစ်နာရီနီးနီးကုန်လွန်သွားပြီဖြစ်၍ တာယာစက်ရုံဆီ ပြန်လာလေရာ အက်ဂ်နက်စ်နံဘေး၌ ရပ်နေကြသည့် နတ်သူငယ်ဆယ်ဦးကို တွေ့လိုက်ရ၏။

အက်ဂ်နက်စ်နံဘေး၌ တန်းစီရပ်နေကာ လုံးဝမလှုပ်ရှားကြသည့် နတ်သူငယ်ဆယ်ဦးကိုကြည့်ရင်း ရှုယီလည်း မနေနိုင်ဘဲ ကျေနပ်စွာ ခေါင်းငြိမ့်လိုက်၏။

ယခင်က ပေါ့ပျက်ပျက် နတ်သူငယ်များနှင့် ယှဉ်လျှင် ထိုနတ်သူငယ်ဆယ်ဦးမှာ သံသယပင်မလိုဘဲ စည်းကမ်းအမြင်ကို လေ့ကျင့်ခံထားရပြီးသားပင်။

ထို့အပြင် နတ်သူငယ်တို့၏ ပြီးပြည့်စုံမှုလိုက်စားခြင်းကလည်း ရှိနေဆဲပင်။ အတန်းလိုက်ရပ်နေချိန်တွင် ၎င်းတို့အကြား၌ နေရာ အဟလေးတစ်ခုပင်ရှိ‌မနေချေ။ ၎င်းအား ဘေးမှကြည့်ပါက ၎င်းတို့အနေနှင့် ပေ'နှစ်ဆယ်ရှည်သည့် မျဉ်းအတိုင်း ရပ်နေကြသည်ကို သိပေလိမ့်မည်။

ထိုအချက်နှစ်ချက်ကို မြင်ပြီးနောက် ရှုယီက အနည်းငယ် ဆွံ့အသွားရ၏။

သူက ထိုနတ်သူငယ်များအား စည်းမျဉ်းများကို လေ့ကျင့်ပေးရမည့် အကြီးအကဲအီလူရှာ၏ တောင်းဆိုချက်ကိုသာ လိုက်လျောခဲ့ရုံဖြစ်သော်လည်း လက်ရှိအခြေအနေအရ ထိုနတ်သူငယ်များအား အရည်အချင်းရှိ စစ်သားများအဖြစ် လေ့ကျင့်ထားသည်ပင်။

ယခင်ကနှင့် ယှဉ်ပါက ကွာခြားချက်က အတော်လေးကြီးမားသည်။ ၎င်းတို့ကို မြင်ပြီးပါက အကြီးအကဲအီလူရှာထံ၌ မည်သို့သော တုံ့ပြန်မှုရှိလာမည်ကိုပင် မသိတော့ချေ။

"ဥက္ကဌ၊ သူတို့ ဆယ်ယောက်ပါ။" ရှုယီရောက်လာသည်ကိုမြင်သော် အက်ဂ်နက်စ်က ချက်ချင်း နှုတ်ဆက်လာသည်၊ "တခြားမျိုးနွယ်စုဝင်တွေပြောတာတော့ သူတို့က ဒီအတောအတွင်း အကောင်းဆုံးလုပ်ဆောင်ခဲ့တယ်တဲ့။"

ရှုယီက ခေါင်းငြိမ့်၏။

အကောင်းဆုံး လုပ်ဆောင်ခြင်း၏ ဆိုလိုရင်းကို သူနားလည်ပေသည်။

အစပထမက အိမ်သုံးမှော်စက်အလုပ်ရုံရှိ လူသားအလုပ်သမားများနှင့် ကတောက်ကဆဖြစ်ခဲ့ခြင်းကြောင့် နတ်သူငယ်များမှာ ၎င်းတို့စိတ်ထဲရှိ ဒေါသကိုဖိနှိပ်ပြီး လူသားအလုပ်သမားများ ဘာလုပ်လုပ် ၎င်းတို့ထက် ပိုကောင်းကောင်းလုပ်ဆောင်ဖို့ ကြိုးစားခဲ့ကြသည်။

ထိုနတ်သူငယ်ဆယ်ဦးအား အခြားနတ်သူငယ်များက အကောင်းဆုံးဟု အသိအမှတ်ပြုထားလေရာ ၎င်းတို့မှာ စည်းကမ်းအမြင်ကောင်းကောင်းရှိခြင်းအပြင် အကောင်းဆုံးနည်းလမ်းများနှင့် နတ်သူငယ်အလုပ်သမားများလည်း ဖြစ်သည်။

ရှုယီလည်း စဉ်းစားကြည့်သော် မည်သို့ဖြစ်ဖြစ် ဖြတ်စက် ကျွမ်းကျင်လုပ်သားတစ်ဦးနှင့် နတ်သူငယ်တစ်ဦးကို ဆက်စပ်၍ မရကြောင်း တွေ့ရှိသွားသည်။

ထိုသည်က အင်မတန်ထူးဆန်းနေသည်သာ။

ထိုအကြောင်းတွေးခြင်းမှ ရပ်တန့်ပြီးသည့်နောက် ရှုယီမှာ နတ်သူငယ်ဆယ်ဦးထံ အပြုံးဖြင့်ဆိုလိုက်သည်၊ "အရမ်းကောင်းတယ်။ အကြီးအကဲအီလူရှာသာ ခင်ဗျားတို့ကို မြင်ပြီးရင် တကယ်ကိုဝမ်းသာသွားမယ်လို့ ကျုပ်ထင်တယ်။ ဒါပေမယ့် သားရဲလူမျိုးတွေကတော့ ခင်ဗျားတို့ကိုမြင်ပြီးရင် ဝမ်းသာမယ်ဆိုတာတော့ မသေချာဘူး။"

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၉၃။ တက်ကြွမှုအပြည့်နှင့် ညတေးသံမျိုးနွယ်စု

"ရှင်က သားရဲလူမျိုးတွေနဲ့ ညှိနှိုင်းချင်တာလား?" အကြီးအကဲအီလူရှာက ရှုယီကို တအံ့တဩကြည့်လာကာ၊ "ဘာလို့လဲ?"

"ကျုပ်သာ မိုးကျတောအုပ်ရဲ့ ရေအရင်းမြစ်ပြဿနာကို ဖြေရှင်းနိုင်တယ်လို့ ပြောရင် အကြီးအကဲ အီလူရှာ က ယုံမှာလား?" ရှုယီ အပြုံးဖြင့်ဆိုသည်။

အကြီးအကဲ အီလူရှာ က ရှုယီကို ခဏမျှကြည့်နေပြီး ခေါင်းခါသည်၊ "ရှင်အရင်တစ်ခေါက်က ရှင်ဟာ လူသားကုန်သည်တစ်ယောက်ဖြစ်‌တော့ ရှင့်အတွက် အကျိုးအမြတ်မရရှိရင် ဘာမှလုပ်မှာမဟုတ်ဘူးလို့ ပြောခဲ့တဲ့အတွက်ကြောင့် ကျွန်မ မယုံကြည်မိမှာကို စိုးရွံ့မိပါတယ်။"

ရှုယီက ရယ်သည်၊ "ခင်ဗျားက တကယ်ကို အမြင်ရှိတာပဲ။ ခင်ဗျားတို့ မျိုးနွယ်စုဝင်တွေသာ ခင်ဗျားလို အမြင်ရှိရင် သူတို့ကို လေ့ကျင့်ပေးဖို့ ဒီလောက် များများစားစား အားထုတ်ဖို့ လိုမှာမဟုတ်ဘူး။"

အကြီးအကဲ အီလူရှာ က ရှုယီ ပြန်ခေါ်လာခဲ့သည့် သစ်ပင်အောက်ရှိ နတ်သူငယ်လုပ်သားဆယ်ဦးကိုကြည့်ပြီး သက်ပြင်းချကာ ဆိုလာသည်၊ "တကယ်တော့ အရင်က မျိုးနွယ်စုစစ်ပွဲမှာ ကျွန်မတို့ နတ်သူငယ်မျိုးနွယ်စုက ခေါင်းမာပြီး ပေါ့ပေါ့လေးနေကြပေမယ့်လည်း ပြောင်းလဲဖို့လောက်ထိတော့ မပြင်းထန်ခဲ့ဘူး။ သစ်တောထဲမှာ နှစ်ထောင်ပေါင်းများစွာ သီးသန့်နေလာခဲ့ရပြီးနောက်မှပဲ ကျွန်မတို့ နတ်သူငယ်တွေလည်း အရင်ကရှိခဲ့တဲ့ အခွင့်ပေါင်းများစွာကို ဆုံးရှုံးခဲ့ရတယ်။"

"အကြီးအကဲ အီလူရှာ , ကျုပ် လေ့ကျင့်ပေးထားတဲ့ ဒီမျိုးနွယ်စုဝင်တွေကို ဘယ်လိုထင်လဲ?" ရှုယီက မေးသည်။

အကြီးအကဲ အီလူရှာလည်း ထိုနတ်သူငယ် ဆယ်ဦးထံ ခဏတာမျှကြည့်ရှုလိုက်ပြီး ခေါင်းငြိမ့်ကာ ဆိုလေ၏၊"ပြောင်းလဲမှုကြီးတစ်ခု ဖြစ်လောက်မယ်။ အခုတော့ တိကျတဲ့သက်ရောက်မှုကိုမမြင်နိုင်ပေမယ့်လည်း သူတို့ရဲ့ အပြုအမူက မျိုးနွယ်စုထဲမှာ နေတုန်းကထက် အတော်ပိုကောင်းလာတယ်လို့ ခံစားရတယ်။ ကျွန်မတို့ ခုနက ဆွေးနွေးခဲ့တဲ့ ခေါင်းစဉ်ဆီပြန်သွားတာပေါ့၊ ရှင့်မှာ သားရဲလူမျိုးတွေနဲ့ ညှိနှိုင်းဖို့ ဘာအကျိုးအမြတ်တွေရှိသလဲဆိုတာကို ကျွန်မ,မမြင်သေးဘူး။"

"မြစ်ပြဿနာက ခင်ဗျားတို့ မျိုးနွယ်စုကိုပဲ ထိခိုက်စေတာမဟုတ်ဘဲ မြစ်စုန်နေရာတွေကိုပါ ထိခိုက်စေပြီးတော့ ဘန်တာမြို့လည်းပါနေတာကြောင့်ပါ။ ဘန်တာမြို့က မြစ်အကြောင်းနားလည်တဲ့ လူတွေရဲ့ တွက်ချက်မှုတွေရ ကျုပ်တို့သာ မြစ်ကိုဂရုမစိုက်ရင် ဆယ်နှစ်ကနေ နှစ်,နှစ်ဆယ်အတွင်းမှာ မြစ်က ပြဿနာကြီးတစ်ခုဖြစ်လာလိမ့်မယ်။ နွေရာသီမှာတောင် မုန်တိုင်းကြီးတစ်ခုရှိလာရင် ကပ်ဘေးလိုရေကြီးမှုကြီး ဖြစ်လာနိုင်တယ်။"

"ရေကြီးမှု?" အကြီးအကဲ အီလူရှာ မှာ တစ်စုံတရာကိုတွေးမိဟန်ပေါ်လာကာ မျက်နှာထားပင်ပြောင်းသွားသည်၊ "ဒါက တကယ်ကို အတော်ကြောက်စရာပဲ၊ ရှင်ဘာကြောင့် ဒီကိစ္စကို ဒီလောက် အာရုံစိုက်နေတယ်ဆိုတာ မအံ့ဩတော့ပါဘူး။ ဒါပေမယ့် ဘာလို့ ရှင်နဲ့အတူ နတ်သူငယ်ဆယ်ယောက်ကိုပါ ခေါ်သွားဖို့လိုတာလဲ? သားရဲလူမျိုးတွေက ကျွန်မတို့နဲ့ ဘယ်တုန်းကမှ ဆက်ဆံရေးမကောင်းသလို ဆန်နက်‌မြေရိုင်းရဲ့ သားရဲလူမျိုးတွေကလည်း မြစ်ပြဿနာကြောင့် ကျွန်မတို့ ညတေးသံမျိုးနွယ်စုနဲ့ ကတောက်ကဆတချို့လည်း ရှိခဲ့သေးတယ်။ သူတို့သာ ကျွန်မတို့ရဲ့ မျိုးနွယ်စုဝင် ဆယ်ယောက်ကိုတွေ့ရင် ရှင့်ရဲ့ ညှိနှိုင်းမှုက အ‌ဆင်ပြေနိုင်လောက်မှာ မဟုတ်ဘူး။"

"ကျုပ်အနေနဲ့ ဒီ'ရေရင်းမြစ်ပြဿနာကို လုံးဝဖြေရှင်းချင်တာကြောင့်ပါ၊ ဒီတော့ နတ်သူငယ်တွေရဲ့ ကူညီမှုကို လိုအပ်တယ်။ ကျုပ်သာ ဒါကို အခွင့်ကောင်းယူပြီး ခင်ဗျားတို့ မျိုးနွယ်စုနှစ်ခုကြားပြဿနာကို ပြန်သင့်မြတ်အောင် မလုပ်ပေးရင် ကျုပ်လည်း မြစ်ကိုထိန်းချုပ်ဖို့ မသုံးချင်တဲ့ နည်းလမ်းကို သုံးရလိမ့်မယ်။" ရှုယီက ကူရာမဲ့စွာဆိုသည်။

"ရှင် မသုံးချင်တဲ့ နည်းလမ်း?" အကြီးအကဲ အီလူရှာ က ရှုယီကို အလေးအနက် ကြည့်လာပါသော်လည်း ဆက်မမေးပေ။

သို့သော် ရှုယီ၏ တောင်းဆိုမှုကို သဘောတူလာသည်။

၎င်းက မြစ်၏ ရေရင်းမြစ်ပြဿနာကိုဖြေရှင်းနိုင်ပါလျှင် ဘန်တာမြို့၏ ပုန်းကွယ်နေသော အန္တရာယ်ကိုဖြေရှင်းနိုင်မည်သာမက ညတေးသံမျိုးနွယ်စု၏ ရေပြဿနာကို ဖြေရှင်းနိုင်မည်ဖြစ်လေရာ အကြီးအကဲ အီလူရှာ က ရှုယီ အောင်မြင်မည်ဟု မျှော်လင့်နေမိသည်။

၎င်းကို ဆုံးဖြတ်ပြီးနောက် ရှုယီနှင့် အကြီးအကဲ အီလူရှာ တို့မှာ ညတေးသံမျိုးနွယ်စု၏ ပလတ်စတစ်အလုပ်ခွင်ထဲသို့ ဦးတည်လိုက်ကြသည်။

ယခင်တစ်ခေါက် ရှုယီလာခဲ့စဉ်ကနှင့်ယှဉ်လျှင် ပလက်စတစ်ပြုလုပ်ခြင်းအတွက် တာဝန်ရှိသည့် နတ်သူငယ်များက များစွာပိုမိုအာရုံစိုက်လာကြပြီး ၎င်းတို့အလုပ်ကို ပေါ့ပျက်ပျက် မကိုင်တွယ်ကြတော့ပေ။

ကြည့်ရသည်မှာ ရှုယီထွက်သွားပြီးနောက် အကြီးအကဲ အီလူရှာ က ရှုယီအရှေ့၌ နတ်သူငယ်များကို ထပ်မံအရှက်ရစေခြင်းမှ ရှောင်ရှားဖို့ရန် သူမ၏ မျိုးနွယ်စုဝင်များအား သင်ခန်းစာပေးခဲ့ပုံရ၏။

သို့သော် တိုးတက်လာပါလျှင်တောင် လူသား အလုပ်သမားများကဲ့သို့ စည်းလုံးကာ အစွမ်းအစရှိဖို့တော့ များစွာလိုအပ်နေသေးသည်။

အကြီးအကဲ အီလူရှာ မှာ ရှုယီခေါ်လာသည့် နတ်သူငယ်ဆယ်ဦးကို ထုတ်လုပ်ရေးလိုင်းထဲ ဝင်ခိုင်းလိုက်ရာ ၎င်းတို့က ချက်ချင်းပင် အခြားနတ်သူငယ်များထက် ကျော်လွန်နေသည့် လုပ်ရည်ကိုင်ရည်ကိုပြသလာသည်။

ရှုယီနှင့် တွေ့ပြီးနောက် အကြီးအကဲ အီလူရှာမှာ မျိုးနွယ်စုဝင်များအား လူသားတစ်ဦး၏လက်အောက်၌ အလုပ်လုပ်ပြီး အမိန့်နာခံဖို့ စေလွှတ်လိုက်ခြင်းကို နားမလည်ခဲ့ခြင်းကြောင့် အခြားနတ်သူငယ်များက တင်ပြချင်စိတ်မရှိခဲ့ကြပေ။

မာနကြီးသည့် နတ်သူငယ်များအတွက် ထိုသည်က ၎င်းတို့ကို အရှက်ခွဲခြင်းပင်။

သို့သော် ထို နတ်သူငယ်အလုပ်သမားဆယ်ဦး၏ လုပ်ရည်ကိုင်ရည်ကို မြင်တွေ့ပြီးနောက် အခြားနတ်သူငယ်များ၏ ဒေါသနှင့် မကျေနပ်ချက်များပျောက်ကွယ်သွားသည်။

၎င်းမျိုးနွယ်စုဝင် ဆယ်ဦးမှာလည်း ယခင်က ထိုသို့ဖြစ်ခဲ့ပါသော်လည်း ထိုလူသားအတွက် လအနည်းငယ်လောက် အလုပ်လုပ်ပေးပြီးနောက်တွင် ၎င်းတို့၏ လုပ်ဆောင်ချက်က ရုတ်တရတ် ထိုမျှ အထိကောင်းမွန်လာသည်။

နတ်သူငယ်များက ဝင့်ကြွားကြ‌ပါသော်လည်း အချက်အလက်ကို လက်ခံဖို့ သေချာပေါက် ငြင်းဆန်လိမ့်မည်မဟုတ်ပေ။

၎င်းတို့ရှေ့ရှိ အချက်အလက်ကြောင့် အရေးကိစ္စများလုပ်ရာတွင် လူသားများမှာ နတ်သူငယ်များထက် အမှန်တကယ်ကိုပိုကောင်းကြသဖြင့် ရှုယီအားလက်မခံလိုသည့် စိတ်က မှေးမှိန်သွားသည်။

ညတေးသံမျိုးနွယ်စု၏ နတ်သူငယ်များမှာ ရှင်းလင်းစွာပင် အကြီးအကဲ အီလူရှာကို စိုးရိမ်နေကြခဲ့ခြင်းသာဖြစ်လေရာ ထိုနတ်သူငယ်ဆယ်ဦး၏ လုပ်ဆောင်ချက်ကို မြင်ပြီးသည့်နောက်တွင် ရှုယီ၏ အလုပ်ရုံသို့ လေ့ကျင့်ရေးအတွက် ပို့ပေးပါရန် အကြီးအကဲ အီလူရှာထံ တောင်းဆိုလာသည့် နတ်သူငယ်များစွာရှိလာ၏။

"ဥက္ကဌရှု၊ ဘယ်လိုထင်လဲ? ရှင်တို့ အလုပ်ရုံက လေ့ကျင့်ပေးဖို့ မျိုးနွယ်စုဝင်တွေထပ်လက်ခံနိုင်သေးလား?" အကြီးအကဲ အီလူရှာက တိုက်ရိုက်သဘောမတူဘဲ ရှုယီကို လှည့်မေးသည်။

ရှုယီလည်း စိတ်လှုပ်ရှားနေကြသည့် နတ်သူငယ်များကိုကြည့်လျက် အနည်းငယ်စဉ်းစားပြီးမှ ဖြေလာသည်၊ "အကြီးအကဲ အီလူရှာ, တကယ်တော့ ဒီတစ်ခေါက်လာတာက နတ်သူငယ်တွေကို ဒီတောအုပ်ကနေထွက်လာပြီး ကျုပ်တို့ လူ့အသိုင်းအဝိုင်းမှာ နေထိုင်ဖို့အတွက် လူလုံးထွက်ပြစေချင်တဲ့ မျှော်လင့်ချက်နဲ့ပါ။ အသင့်တော်ဆုံးရွေးချယ်မှုကတော့ သူတို့ကို ကျုပ်တို့ လုပ်ငန်းစုမှာ အရင်ဆုံး အလုပ်လုပ်ခိုင်းပြီး ပတ်ဝန်းကျင်နဲ့ ရင်းနှီးလာစေဖို့ပါ။"

"ဒါဆို ရှင် သဘောတူတယ်လို့ဆိုလိုတာပေါ့?" အကြီးအကဲ အီလူရှာက မေးသည်။

ရှုယီက ခေါင်းငြှိမ့်ကာ၊ "အကြီးအကဲ အီလူရှာ, ကျုပ်တကယ်ပဲ ဒီက ပလက်စတစ်ထုတ်လုပ်ရေးလိုင်းအကြမ်းကို သုံးသပ်ပြီး ပြောချင်မိတာက ကျုပ်တို့ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ အတော်လိုနေသေးတယ်။ ကျုပ် ဒီကို မလာခင် ကျုပ်တို့လုပ်ငန်းစုရဲ့ တာယာမှာယူမှုတွေ ဘယ်လောက် များလဲသိရဲ့လား?"

"ရှင့်ရဲ့ ပုံစံကိုသုံးသပ်ရရင်တော့ အတော်များလောက်မယ်?" အကြီးအကဲ အီလူရှာက သိလိုစွာမေးလာသည်။

"အတော်များရုံပဲမဟုတ်ဘူး၊ တကယ်ကိုများတာ!" ရှုယီက စကားလုံးများကို ဖိပြောလာသည်၊ "ပြောပြပါ့မယ်၊ ကျုပ်တို့လုပ်ငန်းစုမှာ စုပုံနေတဲ့ တာယာအတွက် အမှာစာ တစ်သိန်းကျော်ရှိနေတယ်!"

အကြီးအကဲ အီလူရှာ၏ မျက်လုံးများမှာ အံ့အားသင့်စွာ ဝိုင်းစက်သွားကြသည်၊ "တကယ်ကြီး ဒီလောက်များတယ်လား? ဒါပေမယ့် ဒီမှာ အများဆုံး တစ်သောင်းပဲ လုပ်နိုင်တာလေ။"

"ဒီတော့ ကျုပ်တို့တွေ ထုတ်လုပ်ရေးကို ချဲ့ထွင်ဖို့လိုအပ်တယ်။" ရှုယီက ခေါင်းငြိမ့်ကာဆိုသည်၊ "ကျုပ်တို့သာ ချဲ့ထွင်ချင်ရင် ဒီနေရာလေးနဲ့ လူလေးကို မှီခိုရုံနဲ့ မလုံလောက်ဘူး။ ဒီတော့ ကျုပ်အနေနဲ့ မျိုးနွယ်စုတစ်ခုလုံးကို ကျုပ်အတွက် အလုပ်လုပ်ပေးဖို့ မိုးကျတောင်ကြားမှာ ပြင်ဆင်ထားကြီး‌သား ပလက်စတစ်အလုပ်ရုံဆီ ပြောင်းရွှေ့ဖို့ အကြံပြုချင်တယ်။ ကျုပ် ပလက်စတစ်ကို ထုတ်လုပ်နိုင်မယ့် မှော်စက်တွေကိုတောင် သုတေသနလုပ်ပြီးပြီ၊ ဒီတော့ ဒီနေရာနဲ့ ယှဉ်ရင် လုပ်နိုင်စွမ်းက အတော်လေး တိုးလာလိမ့်မယ်။"

အကြီးအကဲ အီလူရှာက ရှုယီကို ကြည့်၍ ရုတ်တရတ်ပြုံးပြလာသည်၊ "ဥက္ကဌရှု၊ ရှင်က အားလုံးပြင်ဆင်ပြီးသားမို့ ကျွန်မကို ငြင်းဆန်ခွင့်ပြုဖို့ မစီစဉ်ထားဘူးပေါ့၊ ဟုတ်လား?"

ရှုယီက အပြုံးဖြင့် လက်ဝေ့ယမ်းကာ၊ "ကျုပ်က ကျုပ်ကိုယ်တိုင်အတွက် အရာအားလုံးကို ပြင်ဆင်ထားရုံပါ။ အကြီးအကဲ အီလူရှာ သဘောတူမယ့်အခြေအနေအတွက်ကတော့ အကြီးအကဲရဲ့ ကိစ္စဖြစ်သွားပြီ။"

"လူသားတွေရဲ့ အမြင်အရဆိုရင် ရှင်ကျွန်မကို အရေးယူဖို့ ကြိုးစားနေတာလား?" အကြီးအကဲ အီလူရှာက အသာပြုံးလျက် သူမ၏ အလုပ်များနေသော မျိုးနွယ်စုဝင်များကို အချိန်အနည်းငယ်ကြာကြည့်ပြီး အသာသက်ပြင်းချလေ၏၊ "ကျွန်မ ဝန်ခံရရင် ရှင်နဲ့ ပူးပေါင်းပြီး မျိုးနွယ်စုဝင်တွေကို သစ်စေးတွေနဲ့ အလုပ်,လုပ်ခွင့်ပြုကတည်းက သူတို့ တစ်နေကုန် အလုပ်များနေခဲ့ကြပေမယ့်လည်း မျိုးနွယ်စုက ရှင်သန်မှုတွေနဲ့ပြည့်လာတယ်လေ။ ရှင်သိလား? သုံးလအတွင်းမှာတင် မွေးဖွားလာသူအသစ်နှစ်ယောက်တောင်ရှိနေပြီ။ ဒါက နှစ်တစ်ထောင်မှ တစ်ခါဖြစ်တဲ့ ဖြစ်ရပ်ပဲ!"

ရှုယီ၏ အမူအရာက တမုဟုတ်ချင်း အင်မတန်ထူးဆန်းသွားသည်။

ယခင်တစ်ခေါက် အကြီးအကဲ အီလူရှာမှာ ညတေးသံမျိုးနွယ်စု၌ လွန်ခဲ့သည့်ဆယ်နှစ်အတွင်း မွေးဖွားသူအသစ်တစ်ဦးသာရှိခဲ့ကြောင်း ပြောခဲ့သော်လည်း ယခုတွင် သုံးလတည်းနှင့် နှစ်ယောက်ရှိလာသည်။ ထိုသည်က လူသားများနှင့် အခြားမျိုးနွယ်စုများကို မယှဉ်နိုင်သေးသော်လည်း အံ့မခန်းတိုးတက်လာမှုဖြစ်နေဆဲပင်။

သို့ရာ၌ ထိုပြောင်းလဲမှုဖြစ်စေသည်မှာ..... ထိုဝင့်ကြွားအေးစက်သည့် နတ်သူငယ်များ၏ ဟော်မုန်းများကို အလုပ်‌မှ လှုံ့ဆော်ပေးလိုက်ပြီး မျိုးနွယ်ဝင်များပို၍ ဖန်တီးဖို့ ဆန္ဒရှိလာစေသည်ကြောင့်များလား?

ထိုနေရာ၌ ပို၍အရေးပါမည့် အကြောင်းရင်းတော့ရှိသည်။ ရှုယီပေးအပ်ခဲ့သည့် သစ်စေးအလုပ်ကို လက်ခံပြီးနောက် ညတေးသံမျိုးနွယ်စုမှာလည်း Frestech ကုန်သည်ကြီးများအသင်းထံမှ ဆုလာဘ်ပမာဏကြီးများရရှိခဲ့၏။

အကြီးအကဲ အီလူရှာမှာ လူသားတို့၏ ရွှေဒင်္ဂါးများကို စိတ်မဝင်စားသော်လည်း ကုန်စည်များအတွက် လိုအပ်မှုရှိနေရာ ရွှေဒင်္ဂါးအား ကုန်စည်အဖြစ်ပြောင်းလဲရန် ရှုယီထံ အကူညီတောင်းခဲ့သည်။

ယခင်က ညတေးသံမျိုးနွယ်စုမှာ မိုးကျတောအုပ်၌ နေခဲ့ကြသော်လည်း ရင်းမြစ်များက အကန့်သတ်ရှိပြီး နတ်သူငယ်တစ်ထောင်လောက်ကိုသာ ထောက်ပံ့ပေးနိုင်သည်။ နတ်သူငယ်များပိုများလာလျှင် ပြဿနာရှိလာမည်ဖြစ်၏။

နတ်သူငယ်များထံ၌ သက်တမ်းအရှည်ကြီးထံမှ အသိအမြင်များကိုစုဆောင်းထားကြရာ မျိုးနွယ်စုထဲရှိ နတ်သူငယ်အရေအတွက်ကို စည်းကမ်းတကျ သတ်မှတ်ထားကြ၏။ ထိုသည်က ၎င်းတို့မျိုးနွယ်စုရှိ မွေးဖွားနှုန်းနိမ့်ကျရခြင်း၏ အဓိက အကြောင်းရင်းပါပင်။

ယခုတွင် Frestech ကုန်သည်ကြီးများအသင်းထံမှ နေ့စဉ်လိုအပ်ချက်များ ရနေလေရာ ညတေးသံမျိုးနွယ်စုထံ၌ ရင်းမြစ်များပိုရှိလာပြီး နတ်သူငယ်များထပ်မွေးပေးလာနိုင်ကြသည်။

"ဒီတော့ ကျုပ်ရဲ့ အကြံပြုချက်ကို သဘောတူတာလား?" ရှုယီကမေးသည်။

"အမ်း၊ သဘောတူပါတယ်၊ ဒါပေမယ့် ဒီနေရာက ကျွန်မ‌တို့တွေ နှစ်ပေါင်းထောင်ချီကြာနေလာခဲ့ကြတဲ့ အိမ်ဖြစ်တဲ့အတွက် လတ်တလောတော့ မျိုးနွယ်စုဝင်အားလုံးကို ရွှေ့ဖို့ မဖြစ်နိုင်သေးဘူး။" အကြီးအကဲ အီလူရှာက ပြောသည်၊ "ဒီလိုဆိုရင်ရော၊ ဒီ မျိုးနွယ်စုဝင်တစ်ရာက အလုပ်ရုံမှာ ဆက်လုပ်လို့ရပြီး နောက်ထပ် အယောက်သုံးရာကိုလည်း အလုပ်,လုပ်ဖို့ ရွေးချယ်ပေးလိုက်မယ်။ ရှင်သူတို့ကို ဘယ်လိုစီစဉ်မယ်ဆိုတာကတော့ ရှင်လုပ်ရမှာပေါ့။"

အကြီးအကဲ အီလူရှာက ၎င်းကို လက်ခံလိုက်သည်အား မြင်သော် ရှုယီမှာ မနေနိုင်ဘဲ အပြုံးဖြင့်ဆို၏၊"ကျုပ် အကုန်လုံးကို စီစဉ်ရမှာလား?အကြီးအကဲ အီလူရှာ, ခင်ဗျားကျုပ်ကို အတော်ယုံပေးလိုက်တာပဲ။"

အကြီးအကဲ အီလူရှာက သူ့အား မိန်းမငယ်လေးတစ်ဦးလို ကျီစယ်ဟန်ပြုံးကာ ကြည့်လာပြီး၊ "ဒါက ရှင်လိုချင်တာမဟုတ်လို့ များလား?"

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၀၉၄။ သားရဲလူမျိုးများ၏ တံခါးများဆီသို့ လမ်းများဖောက်ခြင်း

နှစ်ရက်အကြာတွင် ရှုယီ၊ စတေးလ်, အက်ဂ်နက်စ်နှင့် နတ်သူငယ်အလုပ်သမားဆယ်ဦးတို့မှာ ဆန်နက်မြေရိုင်း၏ မြို့စွန်ရှိ မြို့လေး၌ ပေါ်လာကြသည်။

ဤ ဇာမိုရာဟုခေါ်ဆိုသည့် မြို့လေးအား မြစ်နံဘေး၌ တည်ထားပြီး ဆန်နက်မြေရိုင်းနှင့် အနီးဆုံး လူနေ'မြို့လည်း ဖြစ်သည်။

စိုင်စ်နယ်မြေကြီးတစ်ခုလုံးအား လူသားတို့ထိန်းချုပ်ထားသည်ဟု ဆိုနိုင်ပါသော်လည်း အခြားမျိုးနွယ်စုများမှာ လုံးဝပျောက်ကွယ်သွားသည်တော့မဟုတ်ပေ။ ၎င်းတို့အနက် အားအကောင်းဆုံးမှာ သားရဲလူမျိုးနွယ်စုဖြစ်၏။

၎င်းတို့အတွက် လူသားတို့၏ အာဏာကို ခြိမ်းခြောက်မှုမဖြစ်စေပါသော်လည်း ၎င်းတို့၏ နယ်မြေများကို ထိန်းချုပ်ဖြိုရန်တော့ လုံလောက်နေ‌ပါသေးသည်။

မြေရိုင်းများမှာ မြေရိုင်းများသာဖြစ်ပြီး စိုက်ပျိုးမြေလုံးဝမရှိလေရာ ဆန်နက်မြေရိုင်းက စိုင်စ်နယ်မြေ၏ လူသားတို့အတွက် မည်သည့်တန်ဖိုးမှမရှိချေ။ ထိုကျက်တီးမြေအား သားရဲလူမျိုးများနှင့် ယှဉ်ပြိုင် သိမ်းယူရလောက်အောင် ပျင်းရိ‌နေသည့် မည်သည့် တိုင်းပြည်မှမရှိပေ။

သားရဲလူမျိုးများက မှော်ပညာကိုနားမလည်ပါသော်လည်း အများစု၌ အားကောင်းသော ကိုယ်ခန္ဓာတို့နှင့် တစ်ဦးစီ သန်မာသည့်တိုက်ခိုက်နိုင်စွမ်းရှိလေသည်။ သားရဲလူမျိုးများ၏ မြေကို လုယူရန်မှာ သားရဲလူမျိုးများကို လူသားများနှင့်အတူ အပြင်ထွက်ဖို့ရာ တွန်းအားပေးလိမ့်မည်ဖြစ်ပြီး ဆုံးရှုံးမှုကလည်း သေးငယ်မည်မဟုတ်ပေ။

ထိုသည်က အာမခံထားသည့် ဆုံးရှုံးမှုနှင့် လုပ်ငန်းဖြစ်လေရာ မည်သည့်လူသားကမျှ လုပ်လိမ့်မည်မဟုတ်တန်ရာ။

ရှုယီ၏အဖွဲ့က လမ်းလေး နှစ်လမ်းနှင့် မီတာနှစ်ရာခန့်သာ ကျယ်ဝန်းသော မြို့ငယ်လေးဆီ ဝင်လာကြသည်။ ၎င်းတို့အား လာရှာသည့် အမ်ရစ်ကုန်သည်ကြီးများအသင်း၏ ဥက္ကဌခရုစ်နှင့် ရန်နက်ခ်တွန်ကုန်သည်ကြီးများအသင်း၏ ဥက္ကဌရန်နာဆာတို့က ချက်ချင်း ရောက်လာလေ၏။

"အားနာပါတယ်၊ ကျုပ်တို့ ခင်ဗျားတို့ကို စောင့်နေရအောင်လုပ်မိတယ်။" ရှုယီက ဥက္ကဌရန်နာဆာကို အဓိက တောင်းပန်လိုက်သည်။

ဥက္ကဌရန်နာဆာက သန်မာသည့်ခန္ဓာကိုယ်ဖွဲ့စည်းပုံရှိကာ အင်မတန်သူရဲကောင်းဆန်လှဟန်ဖြင့် မြိုင်မြိုင်ဆိုင်ဆိုင်ရယ်မောလာသည်။

"ဟားဟား ဘာမှမဖြစ်ပါဘူး၊ ကျုပ်တို့လည်း ခုမှရောက်တာပါ။ ဥက္ကဌရှုရောက်လာရင် ထွက်သွားကြဖို့အတွက် မြင်းလှည်းကို ပြင်ဆင်နေတာ။" ဥက္ကဌရန်နာဆာက ရှုယီနံဘေးရှိ စတေးလ်ကို ခေါင်းငြိမ့်ပြလိုက်ပြီးနောက် အက်ဂ်နက်စ်နှင့် အခြား နတ်သူငယ်ဆယ်ဦးထံ အကြည့်များ ကျရောက်လာသည်။ သူက အသာမျက်မှောင်ကုပ်လျက်၊ "ဥက္ကဌရှု၊ ဒီနတ်သူငယ်တွေလည်း ကျုပ်တို့နဲ့ လိုက်မှာလား?"

ရှုယီမတိုင်ခင် ဘန်တာမြို့၌ နတ်သူငယ်များအား မြင်တွေ့ရ အများဆုံးတစ်ဦးကို ပြောပါဆိုလျှင် ၎င်းက သေချာပေါက် ဥက္ကဌရန်နာဆာပါပင်။

အကြောင်းရင်းမှာ ဥက္ကဌရန်နာဆာက ဆန်နက်မြေရိုင်း၏ သားရဲလူမျိုးနွယ်စုများနှင့် စီးပွားရေးအမြဲလုပ်နေခဲ့သည်ဖြစ်ရာ ဆန်နက်မြေရိုင်းကို မကြာခဏလာရောက်ရသဖြင့် သားရဲလူမျိုးနွယ်စုပေါင်းများစွာ၏ ဧည့်သည်ပင် ဖြစ်နေပြီဖြစ်သည်။ သားရဲလူမျိုးနွယ်စုများ၌ ယခင်ကလည်း နတ်သူငယ်များကို ကြိမ်ဖန်များစွာ မြင်ခဲ့ဖူးသည်။

သို့သော် သားရဲလူမျိုးများနှင့် နတ်သူငယ်များအကြားရှိ ဆက်ဆံရေးက သိပ်မကောင်းကြောင်း သေချာသိသောကြောင့်ပင်။

ပထမဆုံးတွေ့ဆုံရုံနှင့် တိုက်ခိုက်ခြင်းမပြုပါလျှင်တောင် လွင့်ပျံလာမည့် အလင်းမှုန်များရှိနေဆဲဖြစ်သဖြင့် ၎င်းတို့ထံ၌ သာမန်လဲလှယ်မှု လုံးဝမရှိချေ။

ရှုယီမှာ ဆန်နက်မြေရိုင်းသို့ သူ၏ကုန်သည်စုနှင့် သွားချင်ကြောင်း ပြောခဲ့ချိန်က သူဟာအမှန်ပင် ဂရုမထားဘဲ အလျင်အမြန်သဘောတူခဲ့သည်။

သို့သော် ယခု ရှုယီက ပြဿနာကြီးဖြစ်လာမည့် နတ်သူငယ်များကိုခေါ်လာသည်အား တွေ့လိုက်ရသည်။

ရှုယီကလည်း ဥက္ကဌ ရန်နာဆာ၏ စိုးရိမ်မှုများကို မြင်လိုက်ရသဖြင့် အပြုံးဖြင့် ဆိုလာ၏၊ "ဥက္ကဌရန်နာဆာ, စိတ်မပူပါနဲ့။ ကျုပ်တို့ သားရဲလူမျိုးနွယ်စုဆီရောက်တဲ့အခါ နတ်သူငယ်တွေက ကိုယ်ပျောက်မန္တာန်သုံးကြမှာပါ။ မလိုအပ်ရင် ကိုယ်ထင်မပြပါဘူး။"

"ဒီလိုက အကောင်းဆုံးဖြစ်လိမ့်မယ်။"

ဥက္ကဌရန်နာဆာက ခေါင်းငြှိမ့်လိုက်ပါသော်လည်း ရှုယီအား အနည်းငယ် အံ့ဩမှုဖြင့် တစ်ချက်ထပ်မကြည့်ဘဲ မနေနိုင်ချေ။

ထို ဥက္ကဌရှုမှာ အမှန်တကယ်ကိုပင် နတ်သူငယ်များအား သူ၏ ကိုယ်ရံတော်များဖြစ်လာစေသည်။ ထိုသည်က ကောလဟာလများကဲ့သို့ သူ့ထံ၌ မိုးကျတောအုပ်၏ နတ်သူငယ်များနှင့် ထူးကဲသည့် ဆက်ဆံရေး‌ရှိနေသည်။

သို့ရာတွင် သူဟာ အမှားလုပ်ခဲ့ပြီဆိုသည်ကိုတော့ မသိပေ။

ဥက္ကဌရန်နာဆာနှင့် ရှုယီတို့ ဆွေးနွေးပြီး နောက်တွင် နံဘေးရှိ ဥက္ကဌခရုစ်က လျှောက်လာကာ ရှုယီအား အထွန့်တက်လေသည်၊ "ကျုပ်ပြောမယ် ဥက္ကဌရှု၊ ဒီမှာ ဘာလမ်းမှမရှိတော့ ကျုပ်တကယ်ကို ပင်ပန်းလွန်းလို့ လဲကျတော့မယ်။ ခင်ဗျားက ကျုပ်ကို တစ်လျှောက်လုံးအပြေးလာခိုင်းပြီးမှ ဘာအကျိုးအမြတ်မှမရရင် ကျုပ်လုပ်တာက ဘာအတွက်မှ မဟုတ်တော့ဘဲ ဖြစ်သွားတော့မယ်။

ရှုယီက ရယ်ကာ၊ "ခင်ဗျားမှန်ပါတယ်၊ ခင်ဗျားကို လိုက်လာခိုင်းတာကလည်း ဘန်တာမြို့နဲ့ ဆန်နက်မြေရိုင်းကြားမှာ လမ်းတစ်လမ်းဘယ်လိုဖောက်ရမယ်ဆိုတာ ကြည့်စေချင်လို့ပါ။"

သူပြောပြီးသည်နှင့် ဥက္ကဌခရုစ်, ဥက္ကဌ ရန်နာဆာနှင့် စတေးလ်တို့က ရှုယီကို တစ်ပြိုင်တည်း မျက်လုံးများဝိုင်းစက်၍ ကြည့်လာကြသည်။

"ဥက္ကဌရှု၊ နောက်နေတာလား?" ဥက္ကဌခရုစ်မှာ မနေနိုင်ဘဲ အသံကိုမြှင့်လိုက်ကာ၊ "ခင်ဗျား လမ်းတစ်လမ်းဖောက်ပြီး ဘာလုပ်နိုင်မှာလဲ? အဲဒီ့ သားရဲလူမျိုးတွေကို ကျုပ်တို့ လူသားနယ်မြေမှာ ပြဿနာလာရှာရလွယ်အောင် လုပ်မလို့လား?"

ရှုယီလည်း သက်ပြင်းချကာ ခေါင်းခါ၏၊ "ဥက္ကဌခရုစ်, ခင်ဗျား ကျုပ်အတွက် ဒီလောက် အလုပ်တွေလုပ်ပေးလာတာတောင် ကျုပ်က ဘာအကျိုးအမြတ်မှမရရင် ဘာမှမလုပ်တဲ့လူဆိုတာကို မသိသေးဘူးလား?"

ဥက္ကဌခရုစ်က မျက်မှောင်ကုပ်ကာ ရှုယီကို သံသယအပြည့်ဖြင့်ကြည့်လာ၏၊ "ခင်ဗျားက အကျိုးမရှိဘဲ ဘာမှမလုပ်မှာကို သိပေမယ့် ဒီလမ်းဖောက်လို့ ခင်ဗျားရမယ့် အကျိုးအမြတ်ကို ဘယ်လိုမြင်မှာလဲ?"

ရှုယီက ကောင်းကင်ကိုမော့ကြည့်ကာ၊ "ကျုပ် သွားရင်းနဲ့ ဖြည်းဖြည်းပြောပြပါ့မယ်။"

ရန်နက်ခ်တွန် ကုန်သည်ကြီးများအသင်း၏ ကုန်သည်စု၌ မြင်းလှည်း ဆယ့်သုံးစီးနှင့် အတော်လေးကြီးမားလှသည်။ မြင်းလှည်းများ၌ တင်ဆောင်ထားသည့် တောင်လိုပုံနေသည့် ကုန်စည်‌များကို အခြေခံရလျှင် ရန်နက်ခ်တွန် ကုန်သည်ကြီးများအသင်းမှာ မျိုးနွယ်စုတစ်စုတည်းနှင့် ပတ်သက်နေခြင်းတော့မဟုတ်လောက်ချေ။

သားရဲလူမျိုးများနှင့် လူသားများအကြား ဆက်ဆံရေးမှာ ထိုမျှမကောင်းလှလေရာ သားရဲလူမျိုးနယ်မြေထဲသို့ ကုန်သည်စုတစ်စုသာ အလျင်စလိုဝင်ရောက်သွားပါလျှင် အန္တရာယ်တချို့နှင့် ရင်ဆိုင်ရဖို့ အခွင့်လမ်းများ၏။

ထို့ကြောင့် ရန်နက်ခ်တွန်ကုန်သည်ကြီးများအသင်းမှာ ဘန်တာမြို့၏ လုပ်ငန်းအများစုနှင့် ကွာခြားပြီး ၎င်းတို့၏ ကုန်သည်စု အစောင့်အကြပ်များကို အထူးလေ့ကျင့်ပေးထားပြီး ကြေးစားများကိုပင် အစောင့်အကြပ်အဖြစ် ခန့်အပ်ထားသည်။

ရှုယီမှာ မြင်းလှည်းတစ်စီး၏ နောက်ဘက်အထဲ၌ ထိုင်ကာ ကုန်သည်စုဘေးရှိ ကြေးစားများကိုကြည့်လိုက်သည်။ ထို့နောက် မနေနိုင်ဘဲ သက်ပြင်းချ၍ ပြော၏၊ "သူတို့ရဲ့ အသွင်ပြင်ကို သုံးသပ်ရုံနဲ့ ဒီအစောင့်ကြပ်တွေအားလုံးဟာ တိုက်ပွဲပေါင်းရာချီကို တိုက်ခိုက်ခဲ့ဖူးတဲ့ စစ်သည်တော်တွေဆိုတာသေချာတယ်။ ဥက္ကဌရန်နာဆာ, ခင်ဗျားတို့လုပ်ငန်းစုရဲ့ အစောင့်အကြပ်တွေကို ခေါ်သွားတဲ့ဆိုတော့ သူတို့က တော်ဝင်စစ်တပ်ထက်တောင် မဆိုးလို့လား။"

ဥက္ကဌရန်နာဆာက ယုံကြည်မှုရှိရှိပြုံးလိုက်၏၊ "တကယ်တော့ ဒီအစောင့်တွေအားလုံးက စစ်တပ်ကနေ အငြိမ်းစားယူထားတဲ့ စစ်သားဟောင်းတွေလည်းဖြစ်သလို တစ်ယောက်စီမှာလည်း များလှတဲ့ တိုက်ခိုက်ရေးအတွေ့အကြုံတွေရှိတယ်။ သူတို့မှာသာ တော်ဝင်စစ်တပ်နဲ့တူညီတဲ့ လက်နက်တွေရှိရင် တပ်စုတစ်ဖွဲ့က တော်ဝင်စစ်တပ်က တပ်စုနှစ်စုကိုတောင် ယှဉ်နိုင်လောက်မယ်လို့ ကျုပ်ပြောရဲတယ်။"

"ခင်ဗျားတို့ လုပ်ငန်းစုအနေနဲ့ ဆန်နက်မြေရိုင်းမှာ ဒီလောက်ကြာကြာ စီးပွားရေးလုပ်နေခဲ့ပြီး ပြဿနာမဖြစ်တာ အံ့ဩစရာမရှိတော့ဘူး။"

"ဘာပြဿနာမှာ မဖြစ်ဖူးဘူးဆိုရင်တော့ လိမ်နေသလိုဖြစ်သွားလိမ့်မယ်။" ဥက္ကဌ ရန်နာဆာက အပြုံးဖြင့်ဆိုသည်၊ "ဆန်နက်မြေရိုင်းမှာ သားရဲလူမျိုးနွယ်စုပေါင်း တစ်ရာကျော်ရှိပြီး ကျွန်တော်တို့ လုပ်ငန်းစုအနေနဲ့လည်း သူတို့ထဲက အများစုနဲ့ ဆက်သွယ်ပြီးသားဆိုပေမယ့် ကျုပ်တို့ကို လာရှာနေကြသေးတဲ့ မျက်ကန်းသားရဲလူမျိုးတချို့လည်းရှိနေသေးတယ်။ သူတို့ကို အချိန်တိုင်းတော့ မတားဆီးနိုင်ဘူးလေ။ လွန်ခဲ့တဲ့ လေးလလောက်ကပဲ ကုန်သည်စုတစ်ခုကို အမည်မသိ သားရဲလူမျိုးတွေ လုယက်တာခံလိုက်ရတယ်။ သားရဲလူမျိုးတွေက ဉာဏ်ကောင်းပြီး ဘယ်သူ့ကိုမှ မထိခိုက်စေဘဲ ကုန်စည်တွေပဲယူသွားလို့တော်သေးတယ်။ မဟုတ်လို့ကတော့ ကျုပ်တို့ရဲ့ ဆုံးရှုံးမှုတွေ ကြီးမားလိမ့်မယ်။"

"ကုန်စည်ကိုပဲယူပြီး လူတွေကို ထိခိုက်အောင်မလုပ်သွားဘူး?" ရှုယီက အနည်းငယ်အံ့ဩသွားသည်၊ "သားရဲလူမျိုးတွေက တကယ်ပဲ ဓလေ့ကို နားလည်တယ်ပေါ့?"

"သူတို့ နားမလည်ဘဲ နေမတဲ့လား?" ဥက္ကဌ ရန်နာဆာက နှာခေါင်းရှုံ့ကာဆိုသည်၊ "အစက အဲဒီ့သားရဲလူမျိုးတွေ လုယက်ပြီဆို ထိခိုက်အောင်လုပ်ဝံ့သလို သတ်လည်းသတ်ရဲတယ်။ ဒီပေမယ့် ဒီလိုဖြစ်လာချိန်တိုင်း ကျုပ်က ဒီနေရာက တော်ဝင်စစ်တပ်ဆီ အဆိုပြုပြီး လုယက်တဲ့မျိုးနွယ်စုကို သွေးလွှမ်းသွားအောင် လုပ်မှာပဲ။ အချိန်တွေများစွာကြာပြီးတဲ့နောက်တော့ ဒီ သားရဲလူမျိုးတွေလည်း စည်းမျဉ်းတွေကိုနားလည်သွားတယ်။ သူတို့ တစ်ခါတလေ လူတွေကို ပြန်ပေးဆွဲရင်တောင်‌ အဖိုးအခတချို့နဲ့ လဲပေးကြတယ်။ တကယ်တမ်း တစ်ယောက်ယောက်ကိုသတ်ဖို့တော့ သတ္တိမရှိကြပါဘူး။"

ရှုယီက ပိုလို့ပင် အံ့ဩသွားကာ၊ "သူတို့တွေမသတ်ရဲမှတော့ ဘာလို့ အဖိုးအခတချို့နဲ့ လဲပေးဖို့လိုမှာလဲ?"

"ဒါက...." ဥက္ကဌ ရန်နာဆာက ခြောက်ကပ်ကပ်ရယ်လာ၏၊ "ဒါကလည်း စည်းမျဉ်းပဲ။ သားရဲလူမျိုးတွေ လူမသတ်သရွေ့ တော်ဝင်စစ်တပ်က လှုပ်ရှားလို့မရဘူး။ ကျုပ်တို့သာ အဖိုးအခတချို့မပေးရင် သားရဲလူမျိုးတွေအနေနဲ့ သူတို့ကိုသတ်မှာတော့မဟုတ်ပေမယ့်လည်း လွှတ်ပေးမှာတော့မဟုတ်ဘူး။ ခင်ဗျားသာ အလုပ်သမားတွေကို သားရဲလူမျိုးနွယ်စုမှာ အချိန်ကြာကြာ နေခွင့်ပြုထားရင် အကယ်ခံလိုက်ရရင်တောင်မှ အသုံးမဝင်ဖြစ်လာလိမ့်မယ်။"

ရှုယီလည်း စဉ်းစားကာ မေးလေသည်၊ "အဟုတ်ပဲ၊ ဒီစည်းမျဉ်းတွေက သားရဲလူမျိုးတွေအတွက်ပဲ ရည်ရွယ်ထားတာမဟုတ်ဘဲ ခင်ဗျားတို့ကိုပါ ရည်ရွယ်ထား‌တာပေါ့?"

"အမ်း၊ ဒီလိုမျိုး‌နဲ့ အတော်လေးဆင်တူတယ်။ အခုဆို ဆန်နက်မြေရိုင်းရဲ့ သားရဲလူမျိုးတွေနဲ့အတူ စီးပွားရေးလုပ်နေတဲ့ လူသားကုန်သည်တွေအနေနဲ့ ဒီစည်းမျဉ်းတွေကို လိုက်နာရတယ်။ သားရဲလူမျိုးတွေနဲ့ စီးပွားရေးလုပ်တာက အတော်လေးငွေဝင်တော့ နည်းနည်းလောက်ပေးရတာက မလွန်ပါဘူး။"

ရှုယီမှာ မနေနိုင်အောင် ခေါင်းခါမိရသည်။ သူဟာ သားရဲလူမျိုးများနှင့် လူသားများအကြားရှိ စည်းမျဉ်းများက အမှန်တကယ်ကို ရိုင်းစိုင်းပြီး ရှေးရိုးစွဲလေရာ သားရဲလူမျိုးများက လူသားများနှင့် အခြားလူမျိုးများအား အထင်သေးခြင်းက အံ့ဩစရာမရှိပေ။ အကြောင်းမှာ ၎င်းတို့၏ ယဉ်ကျေးမှုအဆင့်က အင်မတန်နိမ့်လှသောကြောင့်ဖြစ်သည်။

ရှုယီမှာ သားရဲလူမျိုးများနှင့် ညိနှိုင်းမည့် နည်းလမ်းကို ပြန်လည်ချင့်ချိန်နေချိန်တွင် ဥက္ကဌခရုစ်ရောက်လာသည်။

"ဥက္ကဌရှု၊ ဘန်တာမြို့ကနေ ဆန်နက်မြေရိုင်းဆီသွားမယ့် လမ်းကိုဖောက်ရင် ဘာအကျိုးအမြတ်တွေရမလဲဆိုတာ အခုပြောပြလို့ရပြီလား?"

ရှုယီလည်း သူ့ကိုကြည့်ပြီး ဥက္ကဌရန်နာဆာကိုညွှန်ပြလာသည်၊ "ကျန်တာမပြောနဲ့ဦး၊ အနည်းဆုံးတော့ ဥက္ကဌရန်နာဆာက အကျိုးအမြတ်တွေ ရလိမ့်မယ်”

"ဒါပေါ့။" ဥက္ကဌရန်နာဆာက အပြုံးကြီးကြီးဖြင့်ဆိုလာသည်၊ "တကယ်ပဲ လမ်းတစ်လမ်းရှိလာရင် ကျုပ်တို့ ကုန်သည်စုက အတော်လေးသက်သာသွားမှာပဲ။ ဥက္ကဌခရုစ်, ဥက္ကဌရှုသာ ဒါကိုမပြောရင်တောင် ခင်ဗျားတို့ လုပ်ငန်းစုအနေနဲ့ ကျုပ်တို့အတွက် လမ်းတစ်လမ်းလုပ်ပေးခိုင်းဖို့ စဉ်းစားထားသေးတယ်။ သိပ်တော့မဝေးပါဘူး၊ ဆမ်မရာကို ရောက်ရင် အဆင်ပြေမှာပါ။"

"ဒါက အဲ့လောက်မဝေးဘူးလား?" ဥက္ကဌခရုစ်က သူ့အားကြည့်လာကာ၊ "ဘန်တာမြို့ကနေ ဆမ်မရာကိုဆို ကီလိုမီတာတစ်‌ရာလောက်တော့ အနည်းဆုံးရှိတယ်မလား? မိုးကျလမ်းလောက်သာ ကျယ်ကျယ်ဖောက်မယ်ဆိုရင် ရွှေဒင်္ဂါးသုံးသိန်းနီးနီးလောက်ကျမှာပဲ။ ခင်ဗျား ဒီလောက်ပေးဖို့ ဆန္ဒရှိတယ်လား?"

"သုံးသိန်း..... ဒါက အဲ့လောက်မများပါဘူး။ လမ်းအခွန်ရုံးတွေရှိလာရင် ကုန်ကျစရိတ်ပြန်မကာမိနိုင်ရင်တောင် များများစားစားတော့ မရှုံးပါဘူး။" ဥက္ကဌရန်နာဆာက စဉ်းစားပြီး ရုတ်တရတ် သူ၏ ခြေထောက်ကိုရိုက်လိုက်သည်၊(t/n > လှည်းထဲမှာ ထိုင်နေတာမို့လို့ပါ) "ကောင်းတယ်၊ ပြေလည်သွားပြီ! ဥက္ကဌခရုစ်, ကျုပ်တို့ ဘန်တာမြို့ကိုပြန်ရောက်ရင် ဒီလမ်းဆောက်ဖို့ ခင်ဗျားတို့ လုပ်ငန်းစုနဲ့ ဆွေးနွေးရမယ်။ ဘယ်လိုထင်လဲ?"

ဥက္ကဌခရုစ်နှင့် ရှုယီတို့ နှစ်ဦးလုံး အံ့ဩသွားသည်။ ရှုယီက ဥက္ကဌခရုစ်အား လမ်းခင်းဖို့ ရှာနေခဲ့ခြင်းဖြစ်လေရာ မည်သို့များ ဥက္ကဌရန်နာဆာက ရုတ်တရတ် လမ်းခင်းဖို့ ဆုံးဖြတ်လိုက်ရသနည်း?

ရှုယီလည်း စဉ်းစားပြီး ပြုံးကာဆိုလာသည်၊ "ဥက္ကဌရန်နာဆာ, ခင်ဗျား လမ်းတစ်လမ်းခင်းတာရဲ့ အကျိုးကျေးဇူးကို မြင်နိုင်တာကောင်းပါတယ်။ ဒါပေမယ့် ကျုပ်ပြောတဲ့လမ်းက ဆန်နက်မြေရိုင်းကို ဖြတ်သွားမှာဆိုတော့ ဆမ်မရာကိုရောက်ရုံနဲ့ မလုံလောက်ဘူး။"

ဤတစ်ခေါက်တွင်မူ ဥက္ကဌခရုစ်နှင့် ဥက္ကဌ ရန်နာဆာက ရှုယီကို တအံ့တဩကြည့်လာကြသည်။

ဒီလိုက တကယ်ကြီး သားရဲလူမျိုးတွေရဲ့ အိမ်မှာ လမ်းခင်းချင်နေတာလား?

တကယ်ကို ရူးသွပ်တာပဲ!

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၉၅။ အပျော့စား သတ္တုရိုင်းကြော

ရှုယီ‌မှာ အဝေးမှ ဆန်နက်မြေရိုင်းရှိ တောင်ကုန်းလေးတစ်နေရာကိုမော့ကြည့်လိုက်သည်။ ထို့နောက် ရွာတစ်ရွာဟုထင်ရသည့် ပြန့်ကျဲနေသော သစ်လုံးအိမ်များများကို ညွှန်ပြ၍ ဥက္ကဌရန်နာဆာကို မေးလေ၏၊ "အဲဒါက ဗော်လ်လာဝံပုလွေလူသားမျိုးနွယ်စု မဟုတ်လား?"

ဥက္ကဌရန်နာဆာက ရှုယီကို တအံ့တဩကြည့်လာကာ၊ "ဥက္ကဌရှု၊ ဘယ်လိုသိတာလဲဗျ? အရင်က ဆန်နက်မြေရိုင်းကို ရောက်ဖူးလို့လား?"

"မရောက်ဖူးပါဘူး၊ ဒါပေမယ့် ဗော်လ်လာဝံပုလွေလူသားမျိုးနွယ်စုနားမှာ ကောင်းတဲ့အရာလေးတချို့ရှိတယ်ကြားထားလို့။" ရှုယီက အသာပြုံးရင်း ထိုတောင်ကုန်းလေးကို ညွှန်ပြလျက် ဥက္ကဌရန်နာဆာကို ပြောလေသည်၊ "ခင်ဗျားအနေနဲ့ သားရဲလူမျိုးနွယ်စုတွေရဲ့ ဂိတ်တွေမှာ လမ်းတွေခင်းတာရဲ့ အကျိုးကျေးဇူးကို မသိဘူးလို့ ပြောခဲ့တယ်မဟုတ်ဘူးလား? ပြောပြပါ့မယ်၊ ကျုပ်တို့တွေ အဲဒီ့တောင်ကုန်းလေးဆီက ပစ္စည်းလေးနည်းနည်းကို တူးထုတ်နိုင်သရွေ့ လမ်းတစ်လမ်းခင်းစာ ကုန်ကျစရိတ်ကို ပြန်ပေးဖို့ လုံလောက်လိမ့်မယ်။"

ဥက္ကဌရန်နာဆာနှင့် ဥက္ကဌခရုစ်တို့မှာ သာမန်ပုံစံရှိတောင်ကုန်းလေးကိုကြည့်လိုက်ရင်း ဥက္ကဌရန်နာဆာကဖြင့် ခေါင်းခါလာသည်၊ "ကျုပ် ဒီမှာရှိခဲ့တဲ့ အကြိမ်ရေအတော်များနေပါပြီ၊ ဒါပေမယ့် အဲဒီ့တောင်ကုန်းလေးမှာ ရတနာတွေဝှက်ထားတာကို မမြင်ခဲ့ဖူးဘူး။"

"ဟုတ်တယ်။ အဲဒီ့မှာ ပစ္စည်းကောင်းလေးတချို့ရှိနေရင်တောင် ဒီဝံပုလွေလူသားမျိုးနွယ်စုက ရောင်းထုတ်ဖို့ တူးပြီးနေလောက်ပြီ၊ ခင်ဗျား လာတူးတဲ့အထိ စောင့်နေပါ့မလား?" ဥက္ကဌခရုစ်ကလည်း မယုံကြည်ဟန်ရှိနေ၏။

"ပထမဦးဆုံး၊ သူ‌တို့မှာ မြေထဲက ရတနာကို တူးထုတ်ဖို့ အစွမ်းအစမရှိဘူး။ ဒုတိယ၊ ဒီရတနာကို တူးထုတ်နိုင်ရင်တောင်မှ အဲဒီ့ရတနာကို သတိလုံးဝမထားမိတာ။" ရှုယီက ပြောသည်၊ "အခု ကျုပ်မှာ ဒီရတနာတွေကို တူးထုတ်ဖို့ အစွမ်းအစရှိပြီး အဲဒီ့ရတနာတွေမှာ ဘယ်လိုအသုံးဝင်ပုံရှိသလဲကို သိတဲ့အတွက် ကျုပ်မဟုတ်ရင် ဘယ်သူက တူးထုတ်မှာတဲ့လဲ?"

ရှုယီ၏ အပြုံးက ဟာသလုပ်နေဟန်မပေါ်သည်ကိုမြင်သော် ဥက္ကဌခရုစ်က မျက်မှောင်ကုပ်ကာမေးလေသည်၊ "ဥက္ကဌရှု၊ အဲ့အောက်ဘက်မှာ ဘာရတနာရှိလို့လဲ? ခင်ဗျား ဒီသားရဲလူမျိုးနွယ်စုဆီ တကူးတကလာလည်ရလောက်အောင် တန်ဖိုးရှိတယ်လား?"

ရှုယီက ဥက္ကဌရန်နာဆာကို ကြည့်လာ၏၊ "ဥက္ကဌရန်နာဆာ, ခင်ဗျားလည်း စိတ်ဝင်စားလို့လား?"

ဥက္ကဌရန်နာဆာလည်း စဉ်းစားပြီး ခေါင်းငြိမ့်ကာပြော၏၊ "စိတ်ဝင်စားတာပေါ့။ ကျုပ် နှစ်ပေါင်းများစွာကြာအောင် ဆန်နက်မြေရိုင်းက သားရဲလူမျိုးတွေနဲ့ စီးပွားရေးလုပ်ခဲ့ပေမယ့်၊ အခုက ဒီ‌ပျက်စီးနေတဲ့နေရာမှာ ဝှက်ထားတဲ့ ရတနာရှိမှန်း ပထမဆုံးကြားဖူးတာပဲ။ ဥက္ကဌရှု၊ ပြောပါဦး။ ပစ္စည်းကောင်းလေးတွေရှိတယ်ဆိုရင် အားလုံး ငွေအတွက် အတူတူ တူးထုတ်ဖို့ အလုပ်လုပ်လို့ရတယ်။"

"ကောင်းပြီ။" ရှုယီက ၎င်းကို သူတို့အရှေ့၌ တမင်ပြောခဲ့သည်မှာ ၎င်းတို့အား ပါ‌ဝင်ရန် စီစဉ်ထားခြင်းပင်။

ဆန်နက်မြေရိုင်း၏ သားရဲလူမျိုးနွယ်စုတို့အမြင်အောက်၌ တစ်စုံတရာကိုပြုလုပ်ရန်မှာ ထိုနေရာနှင့် ရင်းနှီးသည့် တစ်ဦး,ဦး ရှိ‌မနေလျှင် ခက်ခဲပေလိမ့်မည်။

ဥက္ကဌရန်နာဆာမှာ ရှုယီအတွက် အကောင်းဆုံး ရွေးချယ်မှုဖြစ်၏။

"လက်ရှိ ကျုပ်မှာရှိတဲ့ အချက်အလက်အရ၊ အံ့ဩစရာတစ်ချို့ ဖြစ်မလာရင် အဲဒီ့တောင်ကုန်းအောက်မှာ အပျော့စားသတ္တုရိုင်းကြောတစ်ခု ရှိနေတယ်။ အဓိကအရာတွေကတော့ အလူမီနီယံနဲ့ ကြေးနီ‌ရယ် အဖြိုက်နက်တချို့နဲ့ ခဲသတ္တုရိုင်းတွေပဲ။ ကျုပ်တို့သာ ဒါတွေကို တူးထုတ်နိုင်ရင် စက်မှုစနစ်ကို ဖွံ့ဖြိုးစေဖို့ အရမ်းအဆင်ပြေလာလိမ့်မယ်။ မှော်စက်မှုနယ်ပယ်မှာ မသုံးရင်တောင် တခြားနေရာတွေမှာ သုံးလို့ရနိုင်တယ်....."

"ခန!" ဥက္ကဌခရုစ်က လက်‌ထောင်ကာ ရှုယီ၏ စကားကိုဖြတ်တောက်လိုက်သည်၊ "ကျုပ်ပြောမယ် ဥက္ကဌရှု၊ ခင်ဗျားပြောတဲ့စကားတစ်လုံးကိုတောင် ကျုပ်နားမလည်ဘူး။ ကြေးနီကိုတော့ ကြေးဒင်္ဂါးတွေလုပ်တဲ့နေရာမှာ သုံးတာကြောင့်သိပါတယ်။ ဒါပေမယ့် အပျော့စားသတ္တု(သတ္တုပျော့)တွေဆိုတာ ဘာများလဲ? အလူမီနီယံ၊ အဖြိုက်နက်နဲ့ ခဲသတ္တုရိုင်းတွေဆိုတာက ဘာလဲ? ခင်ဗျား ဘာတွေများပြောနေတာလဲ?"

နံဘေးရှိ ဥက္ကဌရန်နာဆာကလည်း ရှုပ်ထွေးဟန်ပေါ်လာသည်၊ "အဟုတ်ပဲ၊ ကြေးနီကိုတော့သိပေမယ့် ခင်ဗျားပြောတဲ့ သတ္တုပျော့က ဘာများလဲ၊ ဘယ်နေရာတွေမှာသုံးလို့ရတာလဲ? ဘယ်လိုပုံစံရှိလဲ?"

ရှုယီမှာ ရပ်တန့်သွားသော်ငြား အကြောင်းရင်းကို သတိရလိုက်၏။ စိုင်စ်နယ်မြေကြီး၌ ကြေးဒင်္ဂါးပြုလုပ်ရာ၌ သုံးသည့် ကြေးနီမိုင်းတွင်းအချို့မှလွဲ သတ္တုပျော့များကို အသုံးမများပေ။ အကြောင်းမှာ စက်မှုစနစ်က မဖွံ့ဖြိုးသေးသောကြောင့် သံသတ္တုများ အသုံးပြုသည့်နေရာ များများစားစားတောင်မရှိချေ။

ပြုပြင်မွမ်းမံခြင်းမပြုမီ သတ္တုပျော့များသည် သံနှင့် နှိုင်းယှဉ်၍မရပါချေ။

"အာ... အချိန်တိုလေးအတွင်းမှာ သတ္တုပျော့တွေရဲ့ ဂုဏ်သတ္တိနဲ့ အသုံးဝင်ပုံတွေကို မရှင်းပြနိုင်မှာစိုးပါတယ်။ ဒီလိုပဲ အရင်ထားကြတာပေါ့၊ အခုဆို ဖယ်လ်ချောင်ကုန်သည်ကြီးများအသင်း သံသတ္တုရိုင်း တစ်တန်မှာ ရွှေဒင်္ဂါးခုနစ်ပြားနဲ့ ရောင်းတယ်။ ဒါဆို ကြေးနီသတ္တုရိုင်းတစ်တန်အတွက် ကျုပ် ဘယ်လောက်ပေးချင်သလဲကို သိလား?"

ဥက္ကဌခရုစ်က မျက်မှောင်ကုပ်ကာ၊ "ကြေးနီသတ္တုရိုင်းကို ကြေးဒင်္ဂါးသွန်းလုပ်တဲ့နေရာမှာ အဓိကသုံးတာဆိုတော့ တိုင်းပြည်ရဲ့ အရာထမ်းတွေက စည်းကမ်းတင်းကြပ်ထားမှာပဲ။ ခင်ဗျားဝယ်ချင်တယ်ဆိုရင်တောင် ဖယ်လ်ချောင်ကုန်သည်ကြီးများအသင်းက ခင်ဗျားဆီရောင်းဖို့ မဖြစ်နိုင်လောက်ဘူး။"

"ဟမ်? ဟုတ်ပြီ၊ ကျုပ်ရဲ့ ဥပမာကို ပြောင်းခွင့်ပြုပါဦး။ အာ..... အလူမီနီယံက ကွာခြားမှုအတော်များတော့ ခဲသတ္တုကို သုံးရတာပေါ့။ ခဲသတ္တုတစ်တန်အတွက်ဆိုရင် ကျုပ်အနေနဲ့ ရွှေဒင်္ဂါးပြားနှစ်ဆယ်ပေးဝယ်ဖို့ ဆန္ဒရှိတယ်!"

ဥက္ကဌခရုစ်နှင့် ဥက္ကဌရန်နာဆာတို့မှာ တစ်ချိန်တည်း အံ့အားသင့်သွားကာ၊ "တကယ်ကြီးလား?"

"ဟုတ်ပါတယ်၊ ကျုပ်က ဘာလို့ ခင်ဗျားတို့ကို လိမ်ရမှာလဲ?" ရှုယီက နှာခေါင်းရှုံ့လိုက်ကာ၊ "ပြောပြပါရစေ၊ သတ္တုပျော့တွေရဲ့ အသုံးဝင်ပုံက သံသတ္တုထက်ပိုပြီး အသုံးတွင်ကျယ်တယ်၊ မှော်စက်မှုတွေမှာဆို လိုအပ်တဲ့ပမာဏလည်းများတယ်။ ဥက္ကဌခရုစ်, ခင်ဗျားလည်း မှော်စက်အကြီး‌တချို့ လုပ်ပေးစေချင်နေခဲ့တာမဟုတ်လား? ကျုပ်ရဲ့လုပ်ငန်းစုက မှော်အစီအရင်သုတေသန‌ကန့်သတ်မှုကြောင့်တင်မဟုတ်ဘဲ သတ္တုအကန့်သတ်ကြောင့်ပါ အရင်က မထုတ်လုပ်နိုင်ခဲ့တာပါ။"

"ဒီသတ္တုပျော့တွေကို လိုအပ်တာကြောင့်လား?" ဥက္ကဌခရုစ်က မေး၏။

"အင်း ဒီလိုပေါ့။ သံနဲ့ သံမဏိသတ္တုစပ်တို့နဲ့တင် မှော်စက်ကြီးတွေကို ဆောက်လုပ်ဖို့ မဖြစ်နိုင်ဘူးလေ။"

တကယ်တမ်းတွင် ထိုစကားလုံးများက အဓိပ္ပာယ်မရှိချေ။ လမ်းခင်းမည့်မှော်စက်ကြီးများကို တည်ဆောက်ရန် သံမဏိသက်သက်ဖြင့် ပြုလုပ်နိုင်ပါ၏။

သို့သော် ရှုယီအနေနှင့် ထိုနှစ်ဦးအား တွဲဖက်အဖြစ်ဆွဲခေါ်နေခြင်းဖြစ်လေရာ ၎င်းတို့နားမလည်မှုကို အခွင့်ကောင်းယူ၍ အဓိပ္ပာယ်မရှိ ပြောနေရသည်။

မျှော်လင့်ထားသလိုပင် ရှုယီ၏အဖြေကိုကြားသော် ဥက္ကဌခရုစ်က ခေါင်းငြိမ့်လေ၏၊ "အင်း၊ ကျုပ်အခု နားလည်ပြီ။ ဒါပေမယ့် ဘာအသုံးဝင်ပုံရှိရှိအရေးမကြီးပါဘူး၊ ကျုပ်က အဲဒီ့ သတ္တုပျော့တွေအနေနဲ့ တန်ဖိုးရှိသလားကိုပဲ သိဖို့လိုတာ။ သူတို့က ငွေရဖို့ တန်မှတော့....."

ဥက္ကဌခရုစ်က ဥက္ကဌရန်နာဆာကိုကြည့်ပြီး နှာမှုတ်ကာ၊ "ဒီတန်ဖိုးရှိတဲ့အရာတွေကို သားရဲလူမျိုးနယ်မြေမှာထားတာက ဖြုန်းတီးသလိုဖြစ်မှာပဲ။ ဘာပဲဖြစ်ဖြစ် ရိုးရှင်းတဲ့ သားရဲလူမျိုးတွေက ဒီပစ္စည်းတွေရဲ့ တန်ဖိုးကိုနားလည်မှာမဟုတ်တော့ ကျုပ်တို့အနေနဲ့ သူတို့ကို တူးထုတ်ဖို့ ကူညီရတာပေါ့။"

ရှုယီက ရယ်သည်။ ဥက္ကဌရန်နာဆာက သူ၏ကိုယ်ပိုင်အကျင့်စရိုက်ကို မသိဟု ထင်မိ၏။ သူဟာ သားရဲလူမျိုးများနှင့် အချိန်များစွာကုန်ဆုံးခဲ့လေရာ သားရဲလူမျိုးများ၏ အရိုင်းဆန်သည့်သဘာဝ သက်ရောက်ခံခဲ့ရလောက်သည်။

သို့သော် သူဝင်ပါချင်လျှင်တော့ အကျင့်စရိုက်မည်သို့ရှိရှိ အဆင်ပြေလေသည်။

သားရဲလူမျိုးများ၏ အ‌မြင်အောက်မှ မိုင်းတူးခြင်းကို ဖုံးကွယ်လိုလျှင် ၎င်းတို့အစီစဉ်ကို ဆွေးနွေးရပေမည်။

သုံးဦးသားမှာ ၎င်းကို အချိန်တစ်ခုအထိဆွေးနွေး၍ ကနဦးအစီစဉ်တစ်ရပ်ချထားလိုက်သည်။ ပထမဦးဆုံး ဥက္ကဌရန်နာဆာက ၎င်းတို့နှစ်ဦးကို ဗော်လ်လာဝံပုလွေလူသားမျိုးနွယ်စုဆီ တစ်ချက်ကြည့်ဖို့ခေါ်သွားပြီးမှ ၎င်းတို့လုပ်ဆောင်မှုအတွက် ဆုံးဖြတ်ချမည်ပင်။

ကနဦးအစီစဉ်ချမှတ်ပြီးနောက် ရှုယီက မနီးမဝေးရှိ မြက်ပင်ရှည်ကြီးများနား၌ လမ်းလျှောက်နေသည့် စတေးလ်ထံသွားလိုက်သည်။

"အခြေ‌အနေ ဘယ်လိုလဲ?" ရှုယီက မေး၏။

စတေးလ်က လေးနက်နေဟန်ဖြင့် ခေါင်းခါလာသည်၊ "မကောင်းဘူး။ ကြည့်လိုက်....."

စတေးလ်က မြေပြင်ကို ခပ်ပြင်းပြင်းဆောင့်ချလိုက်သော် တွင်းလေးတစ်တွင်းပေါ်လာသည်။

ထိုတွင်း၌ မည်သည့် စိုစွတ်မှုမှ ရှိမနေဘဲ၊ သဲမြေသာဖြစ်၏။

"ဒီမြေရိုင်းက ဒီလိုဖြစ်လာနေတော့ မြစ်ထဲမှာ အနည်တွေ အတော်များနေတာ အံ့ဩစရာမရှိတော့ဘူး။" စတေးလ်လည်း လေးလံနေသည့်အသံဖြင့်ဆိုလေ၏၊ "ဒါပေမယ့် ကျွန်မ အက်ဂ်နက်စ်တို့ကို ဒီအကြောင်းမေးပြီးပြီ။ ဆန်နက်မြေရိုင်းက ကျက်တီးမြေဖြစ်နေပေမယ့်လည်း မြေပြင်ကို မြက်တွေက အမြဲဖုံးလွှမ်းနေခဲ့တော့ အခုလို သဲမြေအနေနဲ့ မခြောက်သွေ့ခဲ့ဘူးလို့ ပြောကြတယ်။"

"ဒီသားရဲလူမျိုးတွေ စားကျက်အလုပ်လွန်သွားတာကြောင့် ဖြစ်မယ်။ ဒါက မြေရိုင်းရဲ့သဘာဝပေါက်ပင်တွေကို ညှိုးနွမ်းစေတော့ မြေဆီလွှာကိုတိုက်စားသွားတာပဲ။"

ရှုယီလည်း ကိုယ်ကိုကိုင်းညွှတ်လျက် မြေပြင်မှ သဲ‌အချို့ကို လက်တစ်ဆုပ်စာယူလိုက်သည်။

သူ၏လက်ကိုဖြန့်လိုက်သော် သဲများက ရေကဲ့သို့ လက်ချောင်းများမှ စီးကျသွားသည်။

သူ၏လက်ချောင်းများကို သဲများဖြတ်ပြေးသွားသည်က ရှုယီ၏စိတ်နှလုံးကို ခံစားချက်များပြည့်နှက်လာစေ၏။

ဤမြင်ကွင်းမှာ ကမ္ဘာမြေရှိ တရုတ်ပြည်အနောက်မြောက်ပိုင်း၌ကဲ့သို့ပင်။

ကမ္ဘာမြေ၌ သူဟာ စက်မှုအင်ဂျင်နီယာပြဿနာတချို့ကြောင့် အနောက်မြောက်ဘက် ပြည်နယ်များဆီ အလည်အပတ်သွားခဲ့ရသည်။ မြေများက ပြုန်းတီးကာ သဲများဖုံးလွှမ်းနေသည်ကို မြင်သည့်အခါ၌ အင်မတန် ထိတ်လန့်ခဲ့ရ၏။

ထိုအခြေအနေကိုသာ မထိန်းချုပ်ပါက ၎င်းမြေမှာ သဲအဖြစ်ပြောင်းသွားပြီး မည်သူမှလည်း ၎င်းထက်၌ နေနိုင်တော့မည်မဟုတ်သည်ကို သေချာသိလေသည်။

လက်ရှိဆန်နက်မြေရိုင်းမှာ သဲကန္တာရဖြစ်လာမည့် လက္ခဏာများကိုပြသနေ၏။ ၎င်းတို့သာ ဂရုမစိုက်ပါလျှင် နှစ်အနည်းငယ်အတွင်း၌ ထိုမြေရိုင်းမှာ သဲကန္တာရတစ်ခုဖြစ်လာမည်ကို ယုံကြည်သည်။

ထိုအချိန်ရောက်လျှင် သားရဲလူမျိုးများအနေနှင့် ထိုနေရာ၌ ဆက်နေနိုင်တော့မည်မဟုတ်ရုံသာမက ဆန်နက်မြေရိုင်းနှင့် အနီးဆုံး လမ်ပူရီတိုင်းပြည်သည်ပင် ၎င်းကြောင့် ရိုက်ခတ်မှုကြီးဖြစ်သွားလိမ့်မည်။

ကမ္ဘာမြေနှင့်ယှဉ်ပါက စိုင်စ်နယ်မြေကြီး၌ ထိုသို့ဖြစ်လာသည့်အခါ အခွင့်ကောင်းကြီးတစ်ခုတွေရှိနေသည်၊ ၎င်းက နတ်သူငယ်များ၏ တည်ရှိမှုဖြစ်ပေ၏။

စိုင်စ်နယ်‌မြေ၌ ဖြစ်ပွားခဲ့သည့် မျိုးနွယ်စုစစ်ပွဲများမတိုင်ခင် အချိန်များက တောအုပ်မျိုးနွယ်စုဟု သိကြသည့် နတ်သူငယ်များမှာ သစ်ပင်များပြည့်နေသည့် မြို့များတွင် ပုံမှန်နေထိုင်ခဲ့ကြသည်။

ထိုအချိန်က စိုင်စ်နယ်မြေကြီးအား အစိမ်းရောင်ဖြင့် ဖုံးလွှမ်းနေသည်ဟု ဆိုနိုင်၏။ မြေရိုင်းများမဆိုထားနှင့်၊ သစ်တောများဖုံးလွှမ်းခြင်းမရှိသော နေရာအနည်းငယ်သာရှိသည်။

ထိုသမိုင်းကြောင်းကြောင့် နတ်သူငယ်များထံတွင် အပင်များစိုက်ပျိုးရာ၌ အမွေအနှစ်နှင့် စွမ်းအားရှိသည်ပင်။

လက်ရှိ ဆန်နက်မြေရိုင်းမှာ နည်းပညာ ဖွံ့ဖြိုးတိုးတက်ပြီးကမ္ဘာမြေအတွက် ခက်ခဲသော်လည်း နတ်သူငယ်များအတွက် ပြဿနာလုံးဝမဟုတ်ချေ။

ရှုယီလည်း လှည့်ပတ်ကြည့်လိုက်ရာ အနီးတဝိုက်၌ မည်သည့် သားရဲလူမျိုးမှမရှိသည်အား သိလိုက်ရလေရာ အသံတိုးတိုးဖြင့် ခေါ်လိုက်၏၊ "အက်ဂ်နက်စ်"

အက်ဂ်နက်စ်၏ ပုံရိပ်လေးက ရှုယီနံဘေး၌ တိတ်တဆိတ်ပေါ်ထွက်လာသည်။ ရှုယီလည်း မြေပြင်ရှိ သဲများကို ညွှန်ပြ၍ မေးလိုက်၏၊ "ဘယ်လိုလဲ? ခင်ဗျားဒါကို ပြောင်းလဲနိုင်လား?"

"ရှင်းရှင်းလေးပါ" အက်ဂ်နက်စ်၏ တိကျသောအဖြေက ရှုယီကို စိတ်ငြိမ်သွားစေသည်၊ "တကယ်တော့ အရင်နှစ်ပေါင်းများစွာက သားရဲလူမျိုးတွေနဲ့ ဆွေးနွေးဖို့ အကြီးအကဲက လူ(နတ်သူငယ်)တွေလွှတ်ပေးခဲ့သေးတယ်၊ ဆန်နက်မြေရိုင်းမှာ တောအုပ်လေးတစ်ခု စိုက်ပျိုးပေးပြီး ပတ်ဝန်းကျင်ကိုပြောင်းလဲပေးဖို့ပေါ့၊ ဒါပေမယ့် သားရဲလူမျိုးတွေက သဘောမတူခဲ့ဘူး။"

ရှုယီက အက်ဂ်နက်စ်ကိုကြည့်လိုက်သည်။ နယ်မြေကြီး၌ တောအုပ်များမှာ နတ်သူငယ်များနှင့် တကယ်ကိုတူညီ၏။ ၎င်းတို့သားရဲလူမျိုးနေရာတွင် သစ်တောစိုက်ပျိုးရန်ကမ်းလှမ်းလာသည်မှာ ၎င်းတို့ထံမှ နယ်မြေကို ယူလိုသည်ဟု ပြောခြင်းနှင့် မခြားနားလေရာ သဘောတူလိုက်မှသာလျှင် ထူးဆန်းနေလိမ့်မည်။

သို့သော် ဤအချိန်တွင် စိုက်ပျိုးလိုသူက နတ်သူငယ်များမဟုတ်တော့ဘဲ လူသားရှုယီဖြစ်၏။ ထိုသားရဲလူမျိုးများထံ၌ မည်သို့သော ခံစားချက်ရှိလိမ့်မည်နည်း?

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၉၆။ သားရဲလူမျိုးနယ်မြေရှိ အလုပ်ရုံ၌ ရင်းနှီးမြှုပ်နှံခြင်း

ဗော်လ်လာ မျိုးနွယ်စုခေါင်းဆောင် လေ့မင်ဗော်လ်လာက သူ၏ ဝံပုလွေခေါင်းကြီးကိုလှည့်၍ လူသားသုံးယောက်ကိုကြည့်လာကာ ဝံပုလွေမျက်လုံးများ၌ သံသယဖြင့်ပြည့်နေ၏။

ဤတလောတွင် ထိုလူသားမျိုးနွယ်၏ ရန်နက်ခ်တွန်ကုန်သည်ကြီးများအသင်းမှာ ဆား၊ သံသတ္တုဆိုင်ရာကိရိယာများနှင့် အဝတ်များကို ဤနေရာ၌ ကုန်သွယ်နိုင်သည့် တစ်ဖွဲ့တည်းသော လူသားများသာဖြစ်သောကြောင့် သူဟာ ဥက္ကဌရန်နာဆာကိုတော့ သိပေသည်။

ထိုလူသားမှာ ဆန်နက်မြေရိုင်း၏ သားရဲလူမျိုးနွယ်စုများထံမှ ရှားပါးသံယံဇာတများနှင့် တန်ဖိုးရှိ သားမွေးများစွာအတွက် ကုန်သွယ်ခြင်းဖြစ်သော်လည်း နှစ်ဘက်စလုံးက သဘောတူထားလေရာ သင့်တော်သည့်ကုန်သွယ်မှုဟု သတ်မှတ်၍ရ၏။ သို့ဖြစ်ရာ သားရဲလူမျိုးနွယ် အများစုမှာ ၎င်း ဥက္ကဌ ရန်နာဆာအပေါ် အတော်လေးယဉ်ကျေးကြသည်။

သို့သော် ဤတစ်ခေါက်၌ ဥက္ကဌရန်နာဆာက တစ်ဦးတည်းလာခြင်းမဟုတ်ဘဲ အမည်မသိ လူသားနှစ်ဦးကိုပါ ခေါ်လာခဲ့လေ၏။

ခေါင်းဆောင် ဗော်လ်လာအား အံ့ဩစေသည်မှာ အတော်လေးငယ်ရွယ်ကာ အားနည်းဟန်ရှိသည့် လူသားက ဗော်လ်လာမျိုးနွယ်စုနှင့် တွဲဖက်လုပ်ချင်ကြောင်း ရုတ်တရတ်ပြောလာခြင်းပါပင်။

တွဲဖက်တွေ?

လူသားတွေနဲ့ သားရဲလူမျိုးတွေကလေ?

ဟာသပဲ!

နယ်မြေကြီး၏မျိုးနွယ်စုများမှာ လူသားတို့၏ကောက်ကျစ်မှုကြောင့် အင်မတန်နာကျင်နေခဲ့ကြရသည်။ သားရဲလူမျိုးများက ထိုမျှ ဉာဏ်မထက်ခြင်းကြောင့် လူသားများထံမှ အကြိမ်ပေါင်းမနည်း လှည့်ဖျားခံခဲ့ရသေးသည်။

ထို့ကြောင့် သားရဲလူမျိုးများ၏ စိတ်ထဲ၌ လူသားများက လူလိမ်များဖြစ်သည်။

လူသားကုန်သည်များမှာမူ လူလိမ်များကြားမှ လူလိမ်များသာပင်။

ဆန်နက်မြေရိုင်း၏ သားရဲလူမျိုးများနှင့်အတူ ရန်နက်ခ်တွန် ကုန်သည်ကြီးများအသင်းနှင့် အခြားလုပ်ငန်းစုများ စီးပွားရေးလုပ်နိုင်ခြင်းမှာ ၎င်းတို့က ကုန်သွယ်ရန် ကုန်စည်များယူဆောင်လာခြင်းကြောင့် လိမ်ညာဖို့ လမ်းကြောင်းမရှိပေ။

သို့သော် ထိုသို့ဆိုလျှင်တောင် သားရဲလူမျိုးများအနေနှင့် အကြိမ်ပေါင်းမနည်း လှည့်ဖျားခံခဲ့ရ၏။ ၎င်းတို့မျိုးနွယ်စု၏ အဖိုးတန်ပစ္စည်းများကို ကုန်သည်တို့၏ အရည်အသွေးနိမ့်ကုန်စည်များအတွက် ကုန်သွယ်ခဲ့ရသည်။

ထို့ကြောင့် ရှုယီအပြောကို ကြားသည့်နောက်တွင် ခေါင်းဆောင်ဗော်လ်လာက ရှုယီအား လူလိမ်အကြီးစားအဖြစ် ချက်ချင်းသတ်မှတ်လိုက်၏။

သူ့အနေနှင့် ဗော်လ်လာမျိုးနွယ်စုနှင့်အတူ သဘောတူညီချက်တစ်ခု ပြုလုပ်ချင်သည်ဟု ဆိုလာပါလျှင် ခေါင်းဆောင် ဗော်လ်လာမှာ သူ့အား ကြိုးစားယုံကြည်ပေးလိုက်မည်ဖြစ်သည်၊ သို့သော် တွဲဖက်များဖြစ်ရန်မှာ.....

အမှန်တကယ်ကို ဟာသတစ်ခုပါပင်! သို့သော် ဥက္ကဌရန်နာဆာကြောင့် ခေါင်းဆောင်ဗော်လ်လာက ရှုယီကို ချက်ချင်း မမောင်းထုတ်ချေ။ ထိုအစား သူက စူးစမ်းဟန်သာပြပြီး လက်ဝေ့ယမ်းကာ အသံနက်နက်ဖြင့် ဆိုလိုက်သည်၊ "ကျုပ်တို့ လူသားတွေနဲ့ မပူးပေါင်းပါဘူး။ ခင်ဗျားသာ သဘောတူညီချက်လုပ်ချင်ရင် အရင်ဆုံး ကျုပ်ကြည့်ဖို့ ကုန်စည်တွေ ထုတ်ပြပေးပါ။"

မတိုင်ခင်က ဥက္ကဌရန်နာဆာ၏သတိပေးချက်ကြောင့် ရှုယီမှာ ခေါင်းဆောင်ဗော်လ်လာ၏အေးစက်စက်တုံ့ပြန်မှုကို အံ့ဩမသွားပေ။ သူဟာ ပြုံး၍သာ ဆက်ပြောလိုက်၏၊ "ခေါင်းဆောင်ကြီး၊ ကျုပ်ကို ငြင်းဖို့ အလျင်မလိုပါနဲ့ဦး။ အရင်ဆုံး ပူးပေါင်းရေးအစီစဉ်ကို နားထောင်ရင်ရော?"

ခေါင်းဆောင်ဗော်လ်လာမှာ စိတ်မရှည်စွာ နှာမှုတ်လိုက်သည်။ စဉ်းစားပြီးနောက်၌ စိတ်ထဲ ကလိကလိဖြစ်နေသည်ကို ဖိနှိပ်လျက် နှာမှုတ်ကာ ပြောလေသည်၊ "ဘာ ပူးပေါင်းရေးအစီစဉ်လဲ? ခင်ဗျားတို့ လူသားတွေရဲ့နည်းလမ်းက ကျုပ်တို့ဆီကနေ အခွင့်ကောင်းယူဖို့ပဲ မဟုတ်ဘူးလား?"

"ခင်ဗျားသာ ပူးပေါင်းရေးအစီစဉ်ကိုကြားပြီးနောက်မှာ ဒီလိုခံစားနေရသေးရင်..... ကျုပ်ချက်ချင်းထွက်သွားပြီး ဘယ်တော့မှ ထပ်လာမနှောင့်ယှက်တော့ပါဘူး။ ဒါပေမယ့် ဒါမတိုင်ခင်တော့ အစီစဉ်ကို နားထောင်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ တကယ်တော့ ဒီအစီစဉ်က ခင်ဗျားတို့ မျိုးနွယ်စုအတွက် အတော်လေး အကျိုးရှိမှာပါ။" ရှုယီ တူညီစွာဆက်ပြုံးရင်းသာ ပြောလေသည်။

"ခေါင်းဆောင်ဗော်လ်လာ, ကျုပ် ကြားဖြတ်ပြောပါရစေ။" ဥက္ကဌရန်နာဆာက ရုတ်တရတ်ပြော၏၊ "ဥက္ကဌရှုက ကျုပ်တို့ ဘန်တာမြို့မှာ အင်မတန်ကောင်းတဲ့ ဂုဏ်သတင်းရှိပါတယ်။ သူနဲ့ ပူးပေါင်းခဲ့တဲ့ လူသားကုန်သည်တွေအားလုံးလည်း အကျိုးအမြတ်ကြီးကြီးမားမားရကြတာကြောင့် သူလှည့်ဖျားလာမှာကို စိုးရိမ်ဖို့ မလိုပါဘူး။ ဒါ့အပြင် ခင်ဗျားကို အံ့ဩသွားစေမယ့် တစ်ခုလည်း ကျုပ်မှာ ပြောဖို့ရှိတယ်။ ဥက္ကဌရှု တည်ထောင်ထားတဲ့ Frestech ကုန်သည်ကြီးများအသင်းမှာ လူသားအလုပ်သမားတွေအပြင်ကို လူပုလေးနဲ့ နတ်သူငယ်လုပ်သား တစ်ထောင်ကျော်ရှိပါတယ်။"

"လူပုလေးနဲ့ နတ်သူငယ်တွေ?" ခေါင်းဆောင်ဗော်လ်လာ၏မျက်လုံးများပြူးသွားရင်း မယုံကြည်မှုနှင့်ပြည့်နေ၏၊ "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ! လူပုလေးတွေအနေနဲ့ ခင်ဗျားတို့ လူသားလုပ်ငန်းစု‌တွေမှာ အလုပ်လုပ်ဖို့ကိုတော့ စိတ်ကူးလို့ရနိုင်ပါသေးတယ်၊ ဒါပေမယ့် နတ်သူငယ်တွေက ဘယ်လိုများ ခင်ဗျားတို့ လူသားတွေအတွက် နှိမ့်ချပြီး အလုပ်လုပ်မှာလဲ? ကျုပ် မယုံဘူး!"

"ခင်ဗျားမယုံရင် ကျုပ်တို့လုပ်ငန်းစုက နတ်သူငယ်အလုပ်သမား ဆယ့်တစ်ယောက် အခု အပြင်မှာ စောင့်နေကြတယ်။ ခင်ဗျားကိုယ်တိုင် အတည်ပြုချင်ရင်တော့ ကျုပ် ခေါ်ပေးလို့ရပါတယ်။" ရှုယီက ပြောလိုက်၏။

ခေါင်းဆောင်ဗော်လ်လာက ရှုယီကို မျက်လုံးများမှေးစင်းကာ ကြည့်ရင်း စဉ်းစား၍ ခေါင်းခါလိုက်သည်၊ "ထားလိုက်ပါ၊ ကျုပ်က လူတွေအပေါ်အမြဲအထင်သေးနေတဲ့ သူ‌တို့တွေကို သဘောမကျဘူး။ ကောင်းပြီ ဥက္ကဌရှု ဒါတွေပြောနေမှတော့ ခင်ဗျားရဲ့ ပူးပေါင်းရေးအစီစဉ်ဆိုတာကို ပြောပြလို့ရပါတယ်။"

ခေါင်းဆောင်ဗော်လ်လာကို လှုပ်လှုပ်ရှားရှားဖြစ်စေပြီးနောက်၌ ရှုယီက သက်ပြင်းချကာ အစီအစဉ် အသေးစိတ်ကို ရှင်းပြလိုက်သည်။

ရှုယီ၏အစီအစဉ်အရ Frestech ကုန်သည်ကြီးများအသင်းမှာ ဗော်လ်လာမျိုးနွယ်စုရှိ မိုင်းတွင်းတစ်တွင်းနှင့် ဗော်လ်လာမျိုးနွယ်စုအနီးရှိ သတ္တုပျော့တွင်းများကို ဦးဆုံး တူးဖော်ရန် စီစဉ်ထား၏။

သတ္တုရိုင်းများကို ပို့ဆောင်ရန်မှာ အင်မတန်အားစိုက်ထုတ်ရမည်ဖြစ်သောကြောင့် Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ဤနေရာ၌ပင် သတ္တုပျော့ဆိုင်ရာစက်ရုံတစ်ရုံ တိုက်ရိုက်တည်ဆောက်ရပေမည်။

သတ္တုပျော့စက်ရုံမှရရှိမည့် ထုတ်ကုန်များမှာ ဘိလပ်မြေပြုလုပ်ရာ၌တွင်လည်း အသုံးဝင်မည့်အချက်ကို ထည့်ပေါင်းလိုက်လျှင် ဘိလပ်မြေစက်ရုံကိုပါ တည်ဆောက်ရမည်ဖြစ်သည်။

သို့သော် ထိုသန့်စင်ပြီးသတ္တုပျော့များကို ပြန်လည်ပို့ဆောင်လိုပါက Frestech ကုန်သည်ကြီးများအသင်းနှင့် ရန်နက်ခ်တွန်ကုန်သည်ကြီးများအသင်းတို့မှာ အမ်ရစ်ကုန်သည်ကြီးများအသင်းနှင့် ဘန်တာမြို့မှာ ဆမ်မရာလမ်းကိုခင်းရန် ပူးပေါင်းရမည်သာ။

နောက်မှ ဆမ်မရာမှနေ၍ ဗော်လ်လာမျိုးနွယ်စုထံ လမ်းလေးတစ်လမ်း အရင်ခင်းကာ အခြေအနေကိုလိုက်၍ အခြားလမ်းများပါ ဖောက်ရမည်ဖြစ်၏။

ထိုသို့နှင့် Frestech ကုန်သည်ကြီးများအသင်းမှာ ဗော်လ်လာမျိုးနွယ်စုထံ၌ မိုင်းတွင်းတစ်တွင်း၊ စက်ရုံနှစ်ရုံနှင့် လမ်းတစ်လမ်းကို ဆောက်လုပ်ရာ၌ အကြီးစား ရင်းနှီးမြှုပ်နှံမှုလုပ်ရတော့မည်။

"ဒါပေမယ့် ဒီမှာ ကျုပ်တို့မျိုးနွယ်စုအတွက် ဘာအကျိုးကျေးဇူးရမှာလဲ? ခင်ဗျားက ကျုပ်နဲ့ ဘယ်နေရာမှာ ပူးပေါင်းချင်တာလဲ?" ရှုယီအပြောကို နားထောင်ပြီးနောက် ခေါင်းဆောင်ဗော်လ်လာက နှာခေါင်းရှုံ့၍ဆိုသည်၊ "လူသား ခင်ဗျားကိုပြောပါရစေ၊ ခင်ဗျားပြောတဲ့ ကျုပ်တို့ ဗော်လ်လာမျိုးနွယ်စုရဲ့နယ်မြေမှာ မိုင်းတွင်းရှိတယ်ဆိုတော့ ဒါကို ဘယ်လိုလုပ်ရမယ်လို့ ဆုံးဖြတ်သင့်တာက ကျုပ်တို့ကိုယ်တိုင်ပဲ၊ ခင်ဗျားမဟုတ်ဘူး။ ကျုပ်ဆီမှာ ဒီလိုကောင်းတဲ့အရာလေးရှိနေတာကို သိပြီးနေမှတော့ ကျုပ်ကိုစိတ်ကျေနပ်အောင်မလုပ်နိုင်ရင် ပူးပေါင်းဖို့ မစဉ်းစားပါနဲ့။"

"နားလည်ပါတယ်။" ရှုယီက အသာပြုံးသည်။ ပူးပေါင်းရေးဆိုတဲ့ စကားကို ခင်ဗျားပြောလိုက်ကတည်းက ခင်ဗျားစိတ်လှုပ်ရှား‌နေပြီးသားဆိုတဲ့ အဓိပ္ပာယ်ပဲလေ။ "ခေါင်းဆောင်ဗော်လ်လာ, သတ္တုပျော့ကြောက ခင်ဗျားတို့ မျိုးနွယ်စုနယ်မြေမှာရှိတာကို ကျုပ်နားလည်ပါတယ်၊ ဒီတေည့ ကျုပ် ဒီကို တကူးတကလာခဲ့တာက ခင်ဗျားဆီကနေ ဒီကြော'ကို ဝယ်ဖို့ပါ။"

"ခင်ဗျားက ကြော'တစ်ခုလုံးကို ဝယ်ချင်တာလား?" ခေါင်းဆောင်ဗော်လ်လာမှာ မျက်လုံးများကို မှေးစင်းလိုက်ရာ ရှားပါးသည့် ကောက်ကျစ်ဟန်လေး ဖြတ်ပြေးသွားသည်၊ "ကောင်းပြီ လူသား၊ ခင်ဗျား ဘယ်လောက်ပေးမှာလဲ? ခင်ဗျားတို့ လူသားတွေက သံသတ္တုတွင်းတွေ ဝယ်ဖို့ ငွေအတော်လေး သုံးတယ်လို့ ကြားထားတယ်။"

"ဟုတ်ပါတယ်၊ သံသတ္တုတစ်တွင်းကို ငွေအတော်များများနဲ့ လူသားတွေဆီရောင်းလို့ရပါတယ်၊ ဒါပေမယ့် ခေါင်းဆောင်ဗော်လ်လာ, ကျုပ်ဝယ်မှာက သံသတ္တုတွင်းမဟုတ်ပါဘူး။ ဒါက ကျုပ်တို့ လူသားမျိုးနွယ်စုမှာ အသုံးပြုဖို့ အတော်ရှားတဲ့ သတ္တုပျော့တွေကိုပဲ ထုတ်လုပ်ပေးတာမို့ အဲ့လောက်များများ မထိုက်တန်ပါဘူး။ ဒါကြောင့် သံသတ္တုတွင်းနဲ့ တူညီတဲ့ ဈေးနှုန်းကို ကျုပ်မပေးနိုင်ဘူး။" ရှုယီက အနည်းငယ် ခါးသက်စွာပြုံး၍ ဆိုလိုက်သည်။

ခေါင်းဆောင်ဗော်လ်လာကလည်း စဉ်းစားနေ၏။ သူ၏ လူ့အသိုင်းအဝိုင်းအပေါ် နားလည်မှုနှင့်ဆိုလျှင် သတ္တုပျော့များကို အသုံးနည်းလေသည်။ ကြည့်ရသည်မှာ ထိုရှုယီဆိုသည့် လူသားက သူ့ကို လိမ်ညာနေပုံမရချေ။

"သံသတ္တုတွင်းနဲ့ ဈေးနှုန်းမတူရင်တောင် အရမ်းတော့ ဈေးပေါလို့မရဘူး။ ပြောပါ၊ ခင်ဗျားအနေနဲ့ ဘယ်လောက်နဲ့ ကမ်းလှမ်းဖို့ စီစဉ်ထားလဲ?" ခေါင်းဆောင်ဗော်လ်လာက မေးသည်။

ရှုယီမှာ ထိုခေါင်းဆောင်ဗော်လ်လာက တကယ်ကို စိတ်လှုပ်ရှားသွားသည်ဟု စဉ်းစားရင်း မပြုံးဘဲမနေနိုင်တော့ချေ။

မည်သူက သားရဲလူမျိုးများက ရိုးရှင်းသည်ဟု ဆိုသနည်း၊ အနည်းဆုံးတော့ ၎င်း ဝံပုလွေလူသား ခေါင်းဆောင်က ငွေကိုသာ ဂရုစိုက်ပေ၏။

ရှုယီက ဥက္ကဌရန်နာဆာ နှင့် ဥက္ကဌခရုစ်တို့ကို ကြည့်လိုက်၏။ ထိုနှစ်ဦးသားကလည်း ခေါင်းငြိမ့်ပြကာ သူ့အား ဆုံးဖြတ်ခွင့်‌ပြုလေသည်။

ရှုယီလည်း နားလည်ကြောင်းပြရန် ခေါင်းငြိမ့်၍ ခေါင်းဆောင်ဗော်လ်လာထံ လက်ဖဝါးထောင်ပြလိုက်သည်။

"ငါးသိန်း"

တမုဟုတ်ချင်း ရှုယီမှာ ခေါင်းဆောင်ဗော်လ်လာ၏ ဝံပုလွေမျက်လုံးများထဲမှ ကြယ်ပေါင်းများစွာကို မြင်လိုက်ရ‌၏။

လေးရက်ကြာပြီးနောက် ရှုယီ၊ ဥက္ကဌ ခရုစ်နှင့် စတေးလ်တို့က ဘန်တာမြို့ကို အရင်ပြန်သွားကြသည်။

အက်ဂ်နက်စ်နှင့် ကျန်သည့် နတ်သူငယ်ဆယ်ဦးက ဆန်‌နက်မြေရိုင်း၌ ကျန်ခဲ့ကြ၏။

ရှုယီ၏တောင်းဆိုမှုကိုလိုက်နာပြီး ၎င်းတို့မှာ ဆန်နက်မြေရိုင်း၏ အခြေနေကို စူးစမ်းနေကြသည်။ ၎င်းတို့မှာ ထိုမြေအတွက် မြေပုံအပြည့်ဆွဲရန်ဖြစ်သည်။

ဆန်နက်မြေရိုင်း၏ ကန္တာရဆိုင်ရာ ပြဿနာကို မည်သို့ ထိန်းချုပ်ရမည်အား စစ်ဆေးခြင်းအပြင် ၎င်းတို့၏ အရေးကြီးဆုံးတာဝန်မှာ သားရဲလူမျိုးနွယ်စုများ၏ ဖြန့်ကျက်ပုံကို ရှင်းရှင်းလင်းလင်းဆွဲသားရန်ပင်။

ရှုယီ၏အစီအစဉ်အရ ဗော်လ်လာမျိုးနွယ်စုနှင့် ပူးပေါင်းခြင်းမှာ Frestech ကုန်သည်ကြီးများအသင်းက ဆန်နက်မြေရိုင်းအတွင်းဝင်ရောက်မည့် ပထမခြေလှမ်းသာဖြစ်သည်။

သူ့ထံ၌ လတ်တလောရှိထားသည့် သတ္တုများနှင့်အတူ ဆန်နက်မြေရိုင်း၌ ဗော်လ်လာ မျိုးနွယ်စုအနီးနားက သတ္တုပျော့ကြော' သာရှိနေခြင်းမဟုတ်ပေ။

ဆန်နက်မြေရိုင်းအောက် နက်ရှိုင်းစွာပုန်းကွယ်နေကြသော သတ္တုတွင်းထွက်များ ကြွယ်ဝလှသည်။ သူ၏ အစောပိုင်းခန့်မှန်းချေများအရ လမ်ပူရီတိုင်းပြည်တွင် ပုန်းကွယ်နေကြသည့် သတ္တုပျော့အားလုံးပေါင်းကိုပင် ကျော်လွန်နေသည်။

ရှုယီ ထိုသည်ကို သေချာနေရခြင်းမှာ......

ယခင်နှစ်က လမ်ပူရီတိုင်းပြည်၏ ပြည်နယ်တစ်ခုစီရှိ တွင်းထွက်များကိုရှာဖွေရန် ရှုယီစေလွှတ်ခဲ့သည့် လူပုလေးငါးဦး ပြန်လာခဲ့ကြခြင်းကြောင့်ဖြစ်၏။

တစ်နှစ်တာအတွင်းတွင် ထိုလူပုလေးငါးဦးမှာ ဦးတည်ဘက် ငါးနေရာကို ရှာဖွေခဲ့ကြသည်။ ၎င်းတို့က လမ်ပူရီတိုင်းပြည်၏ အစိတ်အပိုင်း၏ အသေးစိတ်တွေ့ရှိမှုများကို ယူဆောင်လာခဲ့သည်။ ထိုအထဲမှ အနောက်ဘက်သို့ သွားရောက်ရှာဖွေခဲ့ရသည့် ရမ်ဖ်ဆိုသူမှာ ဆန်နက်မြေရိုင်းထဲသို့ ခြေချခဲ့သည်။

လူပုလေးများက ထိုနေရာ၌ အင်မတန် အရည်ချင်းရှိသည်ဟု ဆိုရမည်ပင်။

ထိုနှစ်တွင် လူပုလေးများမှာ လမ်ပူရီတိုင်းပြည်၏ တစ်လက်မစီတိုင်းကိုသွား၍ ပြည်နယ်တိုင်း၏ မြေအောက်တွင်းထွက်များ၏ အကြောင်းစုံကို လေ့လာခဲ့ကြသည်။

ရှုယီ ၎င်းတို့ကို စတင်စေလွှတ်ချိန်က သံသတ္တုရိုင်းများကို အဓိက ရှာဖွေစေလို၍ ဖြစ်၏။

သို့သော် လူပုလေးများက သံသတ္တုတွင်း အများစုကို တွေ့ရှိခဲ့ပြီး တစ်ဝက်ကျော်ကို စူးစမ်းရှာဖွေခဲ့ကြခြင်းကြောင့် ရှုယီပြောခဲ့သည့် သတ္တုပျော့ကြောတွေကို အာရုံစိုက်လိုက်ရသည်။

ကောက်ချက်အရ ဆန်နက်မြေရိုင်း၌ သတ္တုပျော့ ပမာဏကြီးမားစွာရှိသည်ပင်။

ရမ်ဖ်ယူဆောင်လာခဲ့သည့် သတ္တုရိုင်းနမူနာ၌ပင် အင်မတန်ရှားပါးသည့် ကမ္ဘာမြေမှဒြပ်စင်တချို့ကို တွေ့ရသည်။

မြစ်၏ အန္တရာယ်ကိုထိန်းချုပ်ရန် သူဟာ မြစ်ဆန်(အထက်)ပိုင်းရှိရာ ဆန်နက်မြေရိုင်း၏ ဘူမိဆိုင်ရာဝန်းကျင်ကို ထိန်းချုပ်ဖို့လို၏။ ထို့ကြောင့် ရှုယီမှာ ဤအခွင့်ရေးကိုသုံးလျက် ဆန်နက်မြေရိုင်းသို့ရောက်လာကာ ထိုသားရဲလူမျိုးများနှင့် ပူးပေါင်းခြင်းပင်။

အခြားလူသားများတွင် အခြားမျိုးနွယ်စုများနှင့် ပူးပေါင်းလုပ်ဆောင်ရန် အဆင်မပြေမှုများရှိသော်လည်း ရှုယီထံ၌

Frestech ကုန်သည်ကြီးများအသင်းထံ၌ အလုပ်လုပ်နေသည့် လူပုလေးများနှင့် နတ်သူငယ်များစွာရှိရာ သားရဲလူမျိုးတချို့ကို ထပ်ပေါင်းခြင်းက ဘာမှမဟုတ်ပေ။

ယခုတွင် ထိုပူးပေါင်းမှုက အစပိုင်းအဆင့်၌သာရှိနေသေးလေသည်။

၎င်းတို့အဖွဲ့က ဗော်လ်လာမျိုးနွယ်စု၌ နှစ်ရက်ကြာနေခဲ့ပြီး ခေါင်းဆောင်ဗော်လ်လာက ငွေနှင့်စပ်လျဉ်းသည့် ဆွေးနွေးမှုမရှိဟု ပြောခဲ့၏။

ထို့ကြောင့် ရှုယီ၏အဖွဲ့မှာ ယခုအတွက် လက်သာလျှော့လိုက်နိုင်ကာ နောက်ထပ်လှုပ်ရှားမှုများကို ဆွေးနွေးဖို့ ဘန်တာမြို့ကို ပြန်သွားတော့သည်။

ဘန်တာမြို့မှ ဆမ်မရာသို့ လမ်းဖောက်မည်က ရွှေဒင်္ဂါးသုံးသိန်းဝန်းကျင်ကျသင့်လိမ့်မည်။ ထို့နောက် ဆမ်မရာမှ ဗော်လ်လာမျိုးနွယ်စုထံသို့ လမ်းဖောက်ပါက ကျဉ်းမြောင်းပြီး ဆယ်ကီလိုမီတာပင်မကျော်ရာ နှစ်သိန်းထက် ပိုမကျလောက်ပေ။

၎င်းအပြင် ကနဦး ရင်းနှီးမြှုပ်နှံမှုနှင့် မိုင်းတွင်းကိုဝယ်ယူမည့် ငါးသိန်းတို့ အားလုံးကို တွက်ချက်လိုက်လျှင် ရှုယီ၊ ဥက္ကဌရန်နာဆာနှင့် ဥက္ကဌခရုစ်တို့မှာ ရွှေဒင်္ဂါးတစ်သန်းကျော် ရင်းနှီးမြှုပ်နှံရမည်သာ။

ရှုယီမှာ ထိုကိစ္စကိုတာဝန်ယူထားပြီး ဥက္ကဌခရုစ်နှင့် ဥက္ကဌ ရန်နာဆာတို့က သတ္တုပျော့များအကြောင်း သေချာနားမလည်ရာ Frestech ကုန်သည်ကြီးများအသင်းက ခြောက်သိန်းရင်းနှီးမြှုပ်နှံ၍ ရှယ်ယာ ၆၀ရာခိုင်းနှုန်း ယူရလိမ့်မည်။ အမ်ရစ်ကုန်သည်ကြီးများအသင်းက သုံးသိန်းရင်းနှီးမြှုပ်နှံကာ ရှယ်ယာ ၃၀ရာခိုင်နှုန်းယူ၍ ရန်နက်ခ်တွန် ကုန်သည်ကြီးများအသင်းက တစ်သိန်းနှင့် ၁၀ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံလိမ့်မည်။

လမ်းအတွက် ဖြတ်သန်းခကိုမူ ရှယ်ယာများအလိုက် ခွဲရမည်ဖြစ်၏။

ထို့အပြင် မိုင်းတွင်း၏အမြတ်ငွေသာဖြစ်သည်။ သတ္တုပျော့ဆိုင်ရာ စက်ရုံနှင့် ဘိလပ်မြေစက်ရုံတို့အတွက် Frestech ကုန်သည်ကြီးများအသင်းက အပြည့်အဝငွေသုံးခြင်းဖြစ်လေရာ အမ်ရစ်ကုန်သည်ကြီးများအသင်းနှင့် ရန်နက်ခ်တွန်ကုန်သည်ကြီးများအသင်းတို့ထံ၌ မည်သည့်ရှယ်ယာမှမရှိပေ။

တကယ်တမ်းတွင် ဥက္ကဌခရုစ်က ထိုစက်ရုံများအတွက် စတော့များဝယ်ရန် အဆိုပြုခဲ့သော်လည်း ရှုယီက ငြင်းခဲ့၏။

အကြောင်းမှာ ထိုအလုပ်ရုံနှစ်ခု၌ အသုံးပြုမည့် နည်းပညာအား Frestech ကုန်သည်ကြီးများအသင်းက ပိုင်ဆိုင်ထားသောကြောင့်ဖြစ်၏၊ သို့ဖြစ်ရာ အမ်ရစ်ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းလိုက်ပါက နောက်ဆုံးတွင် ဖော်ထုတ်ခံလိုက်ရလိမ့်မည်။

ဥက္ကဌခရုစ်က ၎င်းကိုနားလည်လေရာ ရှုယီငြင်းဆိုသည့်နောက် ဆက်မပြောတော့ပေ။

သူဟာ ဥက္ကဌခရုစ်နှင့် လမ်းဖောက်ရန် လိုအပ်သည်များကို ဆွေးနွေးထားပြီးဖြစ်သောကြောင့် မြင်းလှည်း ဘန်တာမြို့ထဲဝင်လာသည့်နောက် ဥက္ကဌခရုစ်က သူနှင့် စတေးလ် နှစ်ယောက်စလုံးအား ညစာဖိတ်ကျွေးသည်ကို ငြင်းကာ စတေးလ်၏အိမ်သို့ သူမနှင့်အတူ အလျင်ပြန်သွားလိုက်သည်။

အကြောင်းမှာ မြို့ထဲသို့ဝင်လာသည်နှင့် အံ့ဩဖွယ်သတင်းရလိုက်သောကြောင့်ဖြစ်၏။

မဟာမှော်ပညာရှင်ကမ်မီလာမှာ ရုတ်တရတ် သူ၏မှော်မျှော်စင်အား ပိတ်မည်ဟု ကြေညာခဲ့ခြင်းပင်။

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၉၇။ ဖွဲ့နွဲ့ထားသည့်ကြော်ငြာ

"ဘာလဲ? ငါ ဘာကြောင့် မှော်မျှော်စင်ပိတ်လိုက်ရတယ်ဆိုတာကို နားမလည်လို့လား?" မဟာမှော်ပညာရှင်ကမ်မီလာက သူ့ရှေ့ရှိ ပူပန်နေသည့် နှစ်ဦးသားကိုကြည့်ကာ မေးလေသည်။

ရှုယီနှင့် စတေးလ်တို့က တပြိုင်နက်တည်း ခေါင်းခါလိုက်ကြ၏။

"နားမလည်ဘူးပေါ့!" စတေးလ်က မဟာမှော်ပညာရှင်ကမ်မီလာ၏ လက်ကို စိုးရိမ်နေဟန်ဖြင့် ဆွဲလိုက်သည်၊ "အဘိုး၊ အဘိုးရဲ့မှော်မျှော်စင်က ဘဝတလျှောက်လုံး အလုပ်လုပ်လာပြီးမှ ရလာတယ်လို့ ပြောခဲ့တယ်မဟုတ်ဘူးလား? မှော်ပညာကို အာရုံစိုက် လေ့လာပြီး၊ ခေါင်းဆောင်မှော်ပညာရှင်တို့ မဟာခေါင်းဆောင် မှော်ပညာရှင်တို့ ဖြစ်မလာချင်တော့ဘူးလား? ဘာလို့ ရုတ်တရက် ပိတ်ရတာလဲ? မှော်ပညာကိုလေ့လာဖို့ လက်လျှော့လိုက်တာလား?"

"ငါ မှော်ပညာကို လက်လျှော့တယ်လို့ ဘယ်သူပြောလဲ?" မဟာမှော်ပညာရှင်ကမ်မီလာက သူမကို ကြည့်လာသည်။

"ဒါဆို ဘာကြောင့် မှော်မျှော်စင်ကို ပိတ်ရတာလဲ?" စတေးလ်က ရှုပ်ထွေးစွာ မေးလိုက်သည်၊ "ဒီမျှော်စင်ကို တည်ထောင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတယ်၊ ဒါကိုသာ ပိတ်မယ်ဆိုရင် မှော်ပညာကို ဘယ်လိုလေ့လာမှာလဲ?"

မဟာမှော်ပညာရှင်ကမ်မီလာက ခေါင်းခါ၏။ သူဟာ စတေးလ်၏ ခေါင်းကိုပုတ်လျက် အပြုံးဖြင့်ဆိုလာသည်၊ "စတေးလ်, မင်းရဲ့ မှော်ပညာကို နားလည်နိုင်စွမ်းက အရမ်းနည်းနေသေးတယ်။ မှော်မျှော်စင်တစ်ခုမှာပဲ မှော်ပညာကို လေ့လာရမယ်လို့ တစ်ယောက်ယောက်က ပြောခဲ့လို့လား? ဥပမာ၊ ရှုယီရဲ့ မှော်သုတေသနဌာနမှာ လေ့လာတာမျိုးလေ?"

ရှုယီနှင့် စတေးလ်တို့မှာ တပြိုင်နက်တည်း ကြောင်အသွားကြသည်။ ရှုယီက မနေနိုင်ဘဲ မေးလေ၏၊ "မဟာမှော်ပညာရှင်ကြီး၊ ခင်ဗျား မှော်သုတေသနဌာနမှာ မှော်ပညာကို လေ့လာဖို့ စီစဉ်ထားတာ‌တော့ မဖြစ်နိုင်ပါဘူးနော်?"

မဟာမှော်ပညာရှင်ကမ်မီလာက သူ့အားကြည့်လိုက်ကာ၊ "ဘာလဲ? ငါ့ကို မကြိုဆိုတာလား?"

ရှုယီမှာ သီး'လုနီးနီးတောင်ဖြစ်သွားရင်း မဟာမှော်ပညာရှင်ကမ်မီလာကို မယုံကြည်နိုင်စွာကြည့်လိုက်သည်။

"ခင်ဗျား..... နောက်နေတာလား? မှော်သုတေသနဌာနက.... မှော်စက်တွေအတွက် မှော်အစီရင်တွေကို သုတေသနလုပ်တဲ့နေရာပဲ။ ခင်ဗျား လာရင်......"

"ငါက မှော်စက်တွေမှာအသုံးပြုတဲ့ မှော်အစီအရင်တွေကို လေ့လာချင်တာပါ၊ လုပ်လို့မရဘူးလား?" မဟာမှော်ပညာရှင်ကမ်မီလာက ရှုယီကို မေး၏။

"ဒါက....."

ရှုယီနှင့် စတေးလ်တို့က တစ်ဦးနှင့်တစ်ဦးကြည့်ကာ ၎င်းက မယုံကြည်နိုင်ဖွယ်ဟု စဉ်းစားမိလိုက်ကြသည်။

ယခင်နှစ်ကတင် မဟာမှော်ပညာရှင်ကမ်မီလာက စီးပွားရေးနှင့် မှော်ပညာကို ရောယှက်ခြင်းအား စက်ဆုပ်နေပြီး ရှုယီကို အကြိမ်ပေါင်းများစွာပင် ဆူပူခဲ့သေးသည်။

ဤနှစ် အစကတည်းက မဟာမှော်ပညာရှင်ကမ်မီလာ၏ သဘောထားက အနည်းငယ်ပြောင်းလဲလာကာ ရှုယီ၏တောင်းဆိုမှုများကို သဘောတူခဲ့ပြီး Frestech ကုန်သည်ကြီးများအသင်းနှင့် အလုပ်အတူလုပ်၍ မှော်စက်များအတွက် မှော်အစီအရင်သုတေသနလုပ်ရာ၌ ကူညီခဲ့သည်။ မှော်မျှော်စင်မှ မှော်ပညာရှင်များကို သုတေသနလုပ်ရန် အကူအညီတောင်းကာပင် ရှုယီအတွက် ပြဿနာအနည်းငယ်ကို ကူညီဖြေရှင်းနိုင်ခဲ့သည်။

ထိုသည်က မဟာမှော်ပညာရှင်ကမ်မီလာမှာ စမ်းသပ်မှုများအကြား အားလပ်ချိန်ရမှာသာ ကူညီခြင်းဖြစ်လေရာ မှော်သုတေသနဌာနနှင့် ချိတ်ဆက်ခြင်းမှ လုံးဝကွဲပြားသည်။

"အဘိုး၊ တကယ်ပြောနေတာလား?" စတေးလ်က အံ့ဩစွာမေးလိုက်သည်၊ "တကယ်ပဲ မှော်သုတေသနဌာနမှာ အလုပ်လုပ်ဖို့ စီစဉ်ထားတယ်ပေါ့?"

"အမ်း" မဟာမှော်ပညာရှင်ကမ်မီလာက ခေါင်းငြိမ့်ပြလိုက်သည်မှာ ဟာသလုပ်နေဟန် လုံးဝမရှိချေ။ သူက ရှုယီကို ပြောသည်၊ "ဟေး ကောင်လေး၊ မင်း ငါ့ကို ကြိုဆိုတာလား မကြိုဆိုတာလား?"

"အာ? ဒါပေါ့.... ဒါပေါ့ ကြိုဆိုပါတယ်!" မဟာမှော်ပညာရှင်ကမ်မီလာက ရိုးသားစွာ ဆိုလာသည်ကိုမြင်သော် ရှုယီက ကျေနပ်အံ့အားသင့်သွားသည်။ သူက ဆက်တိုက် ခေါင်းငြိမ့်လျက် ဆိုလိုက်၏၊ "မဟာမှော်ပညာရှင်ကြီး၊ ခင်ဗျားသာ ကျွန်တော်တို့ မှော်သုတေသနဌာနနဲ့ ချိတ်ဆက်ဖို့ ဆန္ဒရှိရင် ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ Frestech ကုန်သည်ကြီးများအသင်းတို့အတွက် ဂုဏ်ယူစရာဖြစ်လာမှာပါ! ဒါပေမယ့် မဟာမှော်ပညာရှင်ကြီး၊ ကျွန်တော်နားမလည်သေးတာက၊ ဘာလို့ ဒီလိုရုတ်တရတ်လုပ်ရတာလဲ? ဒီဆုံးဖြတ်ချက်ကြောင့် မှော်မျှော်စင်ကို ပိတ်တာလား?"

စတေးလ်က မဟာမှော်ပညာရှင်ကမ်မီလာကို သံသယအပြည့် ကြည့်လေသည်။

၎င်းတို့၏ ရှုပ်‌ထွေးနေဟန်များကိုမြင်သော်မဟာမှော်ပညာရှင်ကမ်မီလာက သူသာ မရှင်းပြလျှင် ၎င်းတို့အနေနှင့် အလွတ်ပေးမည်မဟုတ်မှန်းသိလိုက်၏။ ထို့ကြောင့် နံဘေးရှိ ခုံများကိုညွှန်ပြကာ ထိုင် စကားပြောဖို့ အချက်ပြလာသည်။

"ဘယ်နေရာက စရမလဲ....." သုံးယောက်သား ထိုင်ပြီးကြသော် မဟာမှော်ပညာရှင်ကမ်မီလာက အတွေးထဲအတန်ငယ် နစ်မျောသွားပြီးမှ စတေးလ်ကို ရုတ်တရတ် အမေးရှိလာသည်၊ "စတေးလ်, ငါတို့အိမ်ဟောင်းကို rရောက်တာ ဘယ်လောက်ကြာပြီလဲ?"

"အိမ်ဟောင်း?" စတေးလ်က ရပ်တန့်သွားသည်။ ထို့နောက် အနည်းငယ်စဉ်းစားကာ ဖြေ၏၊ "လွန်ခဲ့တဲ့ သုံးလလောက်ကထင်တယ်.... အိုး၊ မဟုတ်ဘူး အခုဆို လေးလလောက်ရှိ‌ပြီ။ ဘာလို့လဲ? အဘိုး၊ ရုတ်တရတ်ကြီး အိမ်အဟောင်းအကြောင်းပြောလာတာ ကျွန်မနဲ့ အတူ ပြန်သွားချင်လို့လား? ကောင်းပြီလေ၊ မြို့အပြင်လေးတင်မှာဖြစ်ပြီး သိပ်‌လည်းမဝေးတော့ အဘိုးသွားချင်တဲ့အချိန် ကျွန်မတို့ သွားလို့ရပါတယ်။"

"ဒါကို ပြောချင်တာမဟုတ်ပါဘူး။" မဟာမှော်ပညာရှင်ကမ်မီလာက ခေါင်းခါသည်၊ "မေးရဦးမယ်၊ မင်း အရင်တစ်ခေါက် ပြန်တော့ တစ်ခုခု ပြောင်းလဲတာမျိုးကို သတိထားမိခဲ့လား?"

"အိမ်အဟောင်းက အပြောင်းအလဲတွေ?" စတေးလ်က အသာမျက်မှောင်ကုပ်ကာ ဂရုတစိုက် စဉ်းစားကြီးပြီးနောက် ရှုပ်ထွေးနေဟန်ဖြင့် ဖြေလာသည်၊ "ဘာပြောင်းလဲမှုမှမရှိ..... အိုး! အပြောင်းအလဲတစ်ခုဆိုရင် ဒုတိယအဒေါ်ရဲ့ အိမ်က ဝမ်းကွဲမှာ သားတစ်ယောက်ရှိလာတာလား?"

"ဒါကို ထည့်တွက်လို့ရပါတယ်..... ဒါပေမယ့် ငါပြောချင်တာ အဲဒါမဟုတ်ဘူး။" မဟာမှော်ပညာရှင်ကမ်မီလာက အသာခေါင်းခါကာ၊ "မင်းသာ အခုပြန်သွားရင် အိမ်အဟောင်းက အရင်ကနဲ့ လုံးဝခြားနားနေတာကို တွေ့ရလိမ့်မယ်။"

"လုံးဝခြားနားနေတယ်? အဲ့လောက်ကြီးဟုတ်လို့လား?" စတေးလ်က အနည်းငယ်အံ့ဩနေကာ၊ "မိုင်လ်ဒန်ရွာက ကျွန်မ ငယ်ကတည်းကနဲ့ တစ်ပုံစံတည်းတူညီ‌နေပြီး ဘယ်တော့မှ မပြောင်းလဲသွားဘူးလေ။"

"ဘာလို့လဲဆိုတော့ ပြန်သွားကတည်းက တစ်ချက်တောင် မကြည့်ခဲ့ရသလို မမေးလည်း မမေးခဲ့ရဘူးလေ။" မဟာမှော်ပညာရှင်ကမ်မီလာက ရှုယီကို လှည့်ကြည့်ကာ၊ "တကယ်တော့ အခုဆို မိုင်လ်ဒန်ရွာမှာ ပြောင်းလဲမှုကြီးတစ်ခုရှိနေပြီး အဲလိုပြောင်းလဲမှုတွေကလည်း ဒီကောင်လေးကြောင့်ပဲ။"

"ရှုယီကြောင့်?" စတေးလ်က ရှုယီကိုကြည့်လာသည်။

ရှုယီက စဉ်းစားရင်း မျက်မှောင်ကုပ်နေပြီးမှ ရုတ်တရတ် နားလည်သွားဟန် ပေါ်လာသည်။

"ကျွန်တော်သတိရပြီ၊ မိုင်လ်ဒန်ရွာမို့လား? ကျွန်တော့်ဆီမှာ အဲ့နာမည်အတွက် အမြင်တချို့ရှိတယ်။ ကျွန်တော့်ရဲ့ မှတ်ဉာဏ်သာမမှားနေရင် အဲနေရာက ဘန်တာမြို့ ပြုပြင်မွမ်းမံခြင်းရဲ့ ပထမ အဆင့်ပဲ။ အမ်း... ဥက္ကဌခရုစ်နဲ့ ကျွန်တော် အရင်တစ်ခေါက်က ဆွေးနွေးခဲ့သေးတယ်၊ ဒီ မိုင်လ်ဒန်ရွာက..... ဖြိုချရမယ့်ပုံပဲ။"

"လုံးဝ ဖြိုချရမယ်?" စတေးလ်က အနည်းငယ်ရပ်တန့်သွားကာ ရှုယီကို မနေနိုင်ဘဲ ကြည့်လိုက်၏၊ "ရှင် ဘာလို့ ဒီလိုအရေးကြီးကိစ္စမျိုးကို ကျွန်မကို မပြောပြရတာလဲ!"

ရှုယီလည်း ခါးသက်သက်အပြုံးဖြင့် လက်ဖြန့်ကာ၊ "မင်းနဲ့ မဟာမှော်ပညာရှင်ကြီးတို့က ဘန်တာမြို့ခံတွေလို့ မင်းပဲ ပြောထားတော့ မိုင်လ်ဒန်ရွာက မင်းတို့ရဲ့ အိမ်ဟောင်းမှန်း ကိုယ်က ဘယ်လိုသိမှာလဲ?"

စတေးလ်လည်း စဉ်းစားကြည့်သော် သူမက ရှုယီကို ထိုအကြောင်း မပြောပြဖူးမှန်းသိသွားသည်။ သူမ၏ဒေါသက အပြုံးအဖြစ် ပြောင်းလာ၏၊ "ကောင်းပြီ၊ ဒါက ကျွန်မ အမှားပါ။ ဒါပေမယ့် ရှုယီ၊ မိုင်လ်ဒန်ရွာက ကျွန်မရဲ့ အိမ်ဟောင်းဖြစ်တော့ ဥက္ကဌခရုစ် ဖြိုချနေချိန်မှာ ရှင်သူတို့အပေါ်ကောင်းပေးရမယ်၊ နာကျင်ခံစားရအောင် လုပ်လို့မရဘူး။"

"ကိုယ်က ဘယ်လိုလုပ် နာကျင်ခံစားခွင့်ပြုရမှာလဲ? ဥက္ကဌ ခရုစ်နဲ့ ဆွေးနွေးပြီး ဖြိုချပြီးတဲ့အခါကျရင် ရွာသားတွေကို နေရာပြန်ချပေးပြီး ပိုကောင်းတဲ့ဘဝမှာ နေခွင့်ပြုမှာပါ။ မင်းမယုံရင် မဟာမှော်ပညာရှင်ကြီးကို မေးကြည့်လို့ရတယ်။" ရှုယီက အထွန့်တက်လေ၏။

"အင်း၊ ဒါကို ငါသဘောတူတယ်။" မဟာမှော်ပညာရှင်ကမ်မီလာက ခေါင်းငြှိမ့်သည်။ "အခု ရွာသားတွေက ဖြိုချဖို့အတွက် စောင့်နေရုံပဲ။"

"ဘာလို့လဲ?" စတေးလ်က အနည်းငယ် အံ့အားသင့်သွားကာ၊ "သူတို့က မိုင်လ်ဒန်ရွာမှာ အဲ့လောက် အချိန်ကြာနေထိုင်ခဲ့ကြတာမဟုတ်ဘူးလား၊ ဒီတော့ဘာလို့ အားလုံး ထွက်ခွာဖို့ ဆန္ဒရှိနေကြတာလဲ? ဒီအကြောင်းကို သူတို့လုံးဝဂရုမစိုက်လို့များလား?"

မဟာမှော်ပညာရှင်ကမ်မီလာက စတေးလ်ကို ကြည့်လိုက်သည်၊ "ထွက်သွားရင် ပိုကောင်းတဲ့ အခွင့်အရေးတွေရှိတာကို ဘယ်သူက ဂရုစိုက်မှာတဲ့လဲ? မြို့စားအိမ်တော်က လက်မှတ်ထိုးခိုင်းခဲ့တဲ့ စာချုပ်အရ အမ်ရစ်ကုန်သည်ကြီးများအသင်းက သူတို့နေဖို့အတွက် သီးသန့်ဆောက်ပေးလိမ့်မယ်..... ဘာအိမ်ဆိုလား?"

"တိုက်ခန်းတွေ ဆောက်ပေးမှာပါ" ရှုယီက အလျင်အမြန်ဆိုလိုက်သည်။

"ဟုတ်တယ်၊ တိုက်ခန်းတွေ။ ငါ အဲ့အဆောက်အဦတွေကို မြင်ပြီးပြီ၊ လှရုံတင်မကဘူး အုတ်ခဲနဲ့ ကျောက်တုံးတွေကို သုံးထားပြီးတော့ အမ်ရစ် ကုန်သည်ကြီးများအသင်းက နည်းပညာအသစ်လည်းပါတယ်။ အိုး၊ ဒါကို အားဖြည့်ကွန်ကရစ်လို့ခေါ်ပြီးတော့ အတော်လေး ခိုင်မာတယ်။ အဲဒါက ရွာမှာရှိတဲ့ သစ်သားနဲ့ ကျောက်စရစ်အိမ် အကျိုးအပဲ့တွေထက် အများကြီးပိုကောင်းတယ်။ ဒီတော့ မင်းသာ လဲလှယ်နိုင်ရင် လဲမှာလား?"

"တကယ်ပဲ အဲ့လောက် ကောင်းတာလား?" စတေးလ်က ရှုယီကို မယုံနိုင်ဟန်ဖြင့် ကြည့်လာသည်။

ရှုယီက ခေါင်းငြိမ့်ကာဆိုသည်၊ "အဲ့လောက် ကောင်းတာပေါ့။ သူတို့အတွက် အဆောက်အဦအသစ်တွေ ဆောက်ပေးတာအပြင် ကိုယ်တို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ အမ်ရစ်ကုန်သည်ကြီးများအသင်းတို့အတွက် အလုပ်လုပ်ပေးဖို့ပါ ရွာသားတွေကို ဖိတ်မှာလေ။ ကိုယ်တို့လုပ်ငန်းစုမှာပေးနေတဲ့ လက်ရှိလစာနဲ့ဆိုရင် ရွာသားအတော်များများအတွက် အတော်လေး အဆင်ပြေလောက်တယ်။"

"အမ်း၊ ဒါကောင်းပါတယ်။" စတေးလ်လည်း သက်ပြင်းချလိုက်သည်။ ထို့နောက် ပြုံးလျက် မဟာမှော်ပညာရှင်ကမ်မီလာကို ပြောလေ၏၊ "အဘိုး၊ ဒါက အဘိုးပြောတဲ့ အပြောင်းအလဲလား? ဒါပေမယ့် ကျွန်မနားမလည်သေးဘူး၊ ဒါက အဘိုးရဲ့ မှော်မျှော်စင်ကို ပိတ်တာနဲ့ ဘာဆိုင်လို့လဲ?"

"ဆိုင်တာပေါ့!" မဟာမှော်ပညာရှင်ကမ်မီလာက အသက်ရှူထုတ်လိုက်သည်။ သူ၏မျက်နှာက အနည်းငယ် တွေဝေလွမ်းဆွတ်နေဟန်ဖြင့်၊ "အရင်က ငါ ရွာကိုပြန်ရင် ရွာက ဆွေမျိုးတွေက ငါ့ကို လေးစားကြပေမယ့်လည်း ကြောက်တာက ပိုတယ်ဆိုတာ ငါသိတယ်။ သူတို့က ငါ့ရဲ့ မဟာမှော်ပညာရှင်ဆိုတဲ့ ဂုဏ်ပုဒ်ကို ကြောက်နေကြတာ။ ဒါပေမယ့် လွန်ခဲ့တဲ့ ရက်အနည်းငယ်က ပြန်တော့ ရွာသားတွေဟာ ငါ့ကို လေးစားပေမယ့်လည်း အရင်ကနဲ့ မတူတော့ဘဲ လေးစားမှုထဲမှာ ဖော်ရွေမှုတချို့လည်း ရှိနေသေးတယ်။ ပြီးတော့ ငါနဲ့ စကားပြောတဲ့အချိန်မှာလည်း တော်တဲ့ မြေးမလေးကို ပျိုးထောင်ပေးခဲ့တယ်လို့ ဆက်တိုက်ပြောနေကြတာ။"

"ဘာလို့ ကျွန်မနဲ့ဆိုင်နေရတာလဲ?" စတေးလ်က အံ့ဩစွာ ဆိုလိုက်သည်။

"ဘာလို့လဲဆိုတော့ မင်းမှာ ရှုယီလို့ခေါ်တဲ့ ချစ်သူကောင်လေး ကောင်းကောင်းရှိပြီး ရှုယီက Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌလေ။" မဟာမှော်ပညာရှင်ကမ်မီလာက ပြော၏။

ရှုယီက နေရခက်စွာ နှာခေါင်းကိုပွတ်လိုက်ကာ၊ "မဟာမှော်ပညာရှင်ကြီး၊ ကျွန်တော့်ကို ဒီလိုချီးကျူးဖို့ လိုလို့လားဗျာ? ကျွန်တော် အရှက်ရလိမ့်မယ်။"

"ရွာသားတွေ ချီးကျူးတာနဲ့စာရင် ငါချီးကျူးတာက ဘာမှမဟုတ်တော့ ရှက်ဖို့ မလိုပါဘူး။ သူတို့မျက်လုံးထဲမှာ မင်းက သူတို့ရဲ့ ကယ်တင်ရှင် ဖြစ်နေပြီ။"

မဟာမှော်ပညာရှင်ကမ်မီလာက ခဏမျှရပ်တန့်နေသည်မှာ မိုင်လ်ဒန်ရွာ၌ ဖြစ်ပျက်ခဲ့သည်ကို စဉ်းစားနေဟန်ရှိ၏။

"Frestech ကုန်သည်ကြီးများအသင်းရဲ့ ထွက်ပေါ်လာမှုကြောင့် အခုဆို အရင်ကနဲ့ယှဉ်ရင် ဘန်တာမြို့မှာ အလုပ်တွေပိုများလာနေပြီ။ ရွာသားတွေကလည်း တစ်နှစ်ပတ်လည်လုံး ပင်ပင်ပန်းပန်း လယ်လုပ်ခဲ့ပေမယ့် ဘာဝင်ငွေမှမရကြဘူးလေ။ အခုဆို စိုက်ပျိုးရေးသုံးမှော်စက်တွေနဲ့ သူတို့ရဲ့ လယ်မြေတွေကို စီမံခန့်ခွဲဖို့ ပိုလွယ်လာရုံတင်မကဘူး တခြားအလုပ်အတွက်ပါ အချိန်ရှိနေပြီ။ ရွာက မိသားစုတစ်စုစီရဲ့ ဘဝတွေဟာ အရင်ကနဲ့ယှဉ်ရင် အတော်ပိုကောင်းလာတယ်။ ပြန်သွားတုန်းက မိသားစုတိုင်း အသား'စားနေရတာကိုလည်း မြင်ခဲ့ရတယ်။ ဒါတွေအားလုံးဟာ ရှုယီရဲ့ လုပ်ဆောင်မှုကြောင့်လို့ပြောလို့ရတာပဲ။"

ရှုယီက အမှန်တကယ်ကို ရှက်ရွံ့သွားကာ ခြောက်ကပ်ကပ် နှစ်ချက်မျှရယ်၍ ဆိုလေသည်၊ "မဟာမှော်ပညာရှင်ကြီး၊ ခင်ဗျား ကျွန်တော့်ကို ချီးကျူးလွန်းနေပြီ။ ကျွန်တော်က ကိုယ်လုပ်ချင်တာကို လုပ်ခဲ့ရုံပါ၊ ဒီလိုတွေဖြစ်လာတာကတော့ သဘာဝကြောင့်ပဲမို့ ကျွန်တော်လည်း အဲ့လောက်တွေးမထားခဲ့ပါဘူး။"

"ဒါပေမယ့် ရွာသားတွေရဲ့ဘဝတွေက မင်းလုပ်ခဲ့တာတွေကြောင့် တိုးတက်လာတာပဲ၊ မဟုတ်လား?" မဟာမှော်ပညာရှင်ကမ်မီလာက လေးနက်ဟန်ဖြင့် ပြောသည်၊ "မိုင်လ်ဒန်ရွာတင်မကဘူး၊ အနီးနားက တခြားရွာတွေမှာလည်း အားလုံးရဲ့ ဘဝတွေ ပြောင်းလဲလာတာတွေ့ရတယ်။ မင်း မပျင်းရိသရွေ့ ဘယ်သူမဆို အရင်ကနဲ့ယှဉ်ရင် ပိုကောင်းတဲ့ ဘဝရလာနိုင်ပြီ။ ဒီလို ပြောင်းလဲမှုက အရမ်းကြီးမားနေရုံပဲ။"

ရှုယီလည်း စဉ်းစားကာ ခေါင်းငြိမ့်၍ ပြောလိုက်သည်၊ "ဟုတ်ပါတယ် မဟာမှော်ပညာရှင်ကြီး၊ ဒါက ကျွန်တော် အရင်က ပြောဖူးတဲ့ စက်မှုနယ်ပယ်ရဲ့စွမ်းအားပါပဲ။ စက်မှုစနစ် ဖွံ့ဖြိုးပြီးရင် ထုတ်လုပ်ရေးအင်အားကိုမြှင့်တင်ပြီး လူတွေအတွက် ဘဝအရည်အသွေးလည်း တိုးတက်လာလိမ့်မယ်။ ဒါတွေက သ‌ဘာဝ အကျိုးကျေးဇူးပါပဲ၊ မထူးဆန်းပါဘူး။"

မဟာမှော်ပညာရှင်ကမ်မီလာက အသာသက်ပြင်းချကာ၊ "ဒါကို ငါအရင်က နားမလည်ခဲ့ပေမယ့် ရွာသားတွေကို တွေ့ပြီးနောက်မှာ မင်းအရင်က လုံးဝမှန်ခဲ့တယ်လို့ ပြောရမယ်။ ငါတို့ မှော်ပညာရှင်တွေက တစ်နေ့လုံး မှော်ပညာကို သုတေသနလုပ်နေပေမယ့် အဖျက်အစီးစွမ်းအားနဲ့ မှော်ပညာကိုပဲ ဖန်တီးကြပြီး လူတွေရဲ့ ဘဝကို အကူအညီလည်း မဖြစ်စေဘူး။ မင်း တည်ထောင်ခဲ့တဲ့ မှော်စက်မှုနယ်ပယ်ကတော့ ဘန်တာမြို့က လူတွေရဲ့ ဘဝကို အချိန်တိုလေးအတွင်းမှာ ပြောင်းလဲပေးခဲ့တယ်။ ဒါနဲ့ယှဉ်ရင် မဟာမှော်ပညာရှင်ဆိုတဲ့ ငါက ဘာမှအသုံးမဝင်ပါဘူး။"

"ဒီလိုပြောလို့မရဘူးလေ။" ရှုယီက အလျင်အမြန်ပင် နှစ်သိမ့်ပေးလာသည်၊ "မဟာမှော်ပညာရှင်ကြီး၊ အခုဆို ကျွန်တော်တို့လုပ်ငန်းစုက ထုတ်လုပ်တဲ့ မှော်စက် အတော်များများက ခင်ဗျားနဲ့ ဆိုင်နေတာပဲ၊ ဒါကို ဘယ်လိုလုပ် ခင်ဗျားက အသုံးမဝင်ဘူးလို့ ပြောနိုင်ရတာလဲ?"

"ဒါကို လေ့လာဖို့သာ အာရုံစိုက်ရင် ရလာဒ်တွေ ပိုတောင်ရှိလာဦးမယ်လေ။" မဟာမှော်ပညာရှင်ကမ်မီလာက ရိုးသားစွာဆိုသည်၊ "ဒီတော့ မိုင်လ်ဒန်ရွာက ပြန်လာပြီးနောက်မှာ ဒါကို နှစ်ရက်လောက်သေချာစဉ်းစားပြီးမှ မှော်စက်တွေအတွက် မှော်အစီအရင်တွေလေ့လာရာမှာ လုံးဝ အာရုံစိုက်မယ်လို့ ဆုံးဖြတ်ခဲ့တာပဲ။ ရှုယီ မင်းမှန်တယ်၊ မှော်ပညာဆိုတာ သတ်ဖြတ်ဖို့အတွက် ကိရိယာလေးတစ်ခုပဲမဟုတ်ဘူး၊ လူတွေရဲ့ဘဝကိုပါ တိုးတက်စေနိုင်တယ်။"

"ဒါပေမယ့် အဘိုး၊ မှော်သုတေသနဌာနကို ဝင်ဖို့ မှော်မျှော်စင်ကိုပိတ်လိုက်ဖို့ မလိုပါဘူး၊ ဟုတ်တယ်မလား?" စတေးလ်က မနေနိုင်ဘဲ ပြောသည်၊ "ဒီလိုနေရင်တောင် မှော်စက်တွေလေ့လာဖို့လည်း အာရုံစိုက်နိုင်တာပဲ မဟုတ်လား?"

မဟာမှော်ပညာရှင်ကမ်မီလာက ပြုံးလျက် ရှုယီကို လေးနက်ဟန်ဖြင့် ကြည့်လာသည်။

"စတေးလ်, မင်း ငါဆိုလိုတာကို နားမလည်ပေမယ့် ဒီကောင်လေးကတော့ နားလည်တယ်လို့ထင်တယ်။"

ရှုယီက စတေးလ်၏ မေးခွန်းထုတ်ကာ အရှုံးပေးရန် ဆန္ဒမရှိသည့် အကြည့်ကို ကြည့်ရှု၍ အသာပြုံးလျက် ဆိုလိုက်သည်၊ "ဟုတ်တယ်၊ ကိုယ်နားလည်တယ်။ တကယ်တော့ စတေးလ်, မဟာမှော်ပညာရှင်ကြီးက ဒါကို ကြော်ငြာဖို့သီးသန့် လုပ်နေမှန်း မင်းနားလည်သင့်တယ်။"

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၉၈။ အလွန်အကျွံ စိုးရိမ်စိတ်

မဟာမှော်ပညာရှင်ကမ်မီလာမှာ မှော်သုတေသနဌာနသို့ ဝင်ရောက်ကာ ဌာန၏ ထိပ်တန်းအဆင့်သုတေသနဝန်ထမ်းဖြစ်လာမည်ဖြစ်ကြောင်း Frestech ကုန်သည်ကြီးများအသင်းမှ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ရှုယီက တကူးတကကြေငြာပေးလာချိန်တွင် သတင်းထောက်အားလုံးကို ထိုင်ခုံများမှပင် အံ့ဩမှုကြောင့် ထခုန်မိစေ၏။

ထို့နောက် သတင်းစာများမှာ ထိုသတင်းကို တတ်နိုင်သလောက် မြန်မြန်ဖြန့်လိုက်ရာ အားလုံး၏ ထိုသတင်းအပေါ် ပထမဆုံးတုံ့ပြန်မှုက မယုံကြည်ခြင်းပင်။

မဟာမှော်ပညာရှင်ဆို ဘယ်လိုလူမျိုးမို့လို့ လုပ်ငန်းစုတစ်ခုအတွက် အလုပ်,လုပ်ပေးရမှာလဲ?

ဒါက သေချာပေါက် ဟာသပဲ!

သို့သော် သတင်းအား အတည်ပြုလိုက်ချိန်တွင် လူတိုင်း အံ့ဩ၍ ဆွံ့အကုန်ကြ၏။

မဟာမှော်ပညာရှင်ဆိုတာ ဘယ်လိုမို့လို့လဲ?

စိုင်စ်နယ်မြေကြီး၌ နှစ်များစွာအတွင်း ခေါင်းဆောင်မဟာမှော်ပညာရှင် တစ်ဦးပင် မရှိခဲ့ဖူး‌လေရာ ၎င်းက ခေါင်းဆောင် မှော်ပညာရှင်အောက်မှ အားအကောင်းဆုံးဖြစ်သည်!

အင်ပါယာကြီးများ နှစ်ခု၌ပင် မဟာမှော်ပညာရှင်မှာ တမူထူးခြားပြီး လူတိုင်းက လေးစားကြသည်။

လမ်ပူရီတိုင်းပြည်ကဲ့သို့ တိုင်းပြည်ငယ်လေး‌တွင် ခေါင်းဆောင်မှော်ပညာရှင်မရှိခြင်းကြောင့် မဟာမှော်ပညာရှင်ငါးဦးမှာ မှော်ပညာရှင်အားလုံးကို ကိုယ်စားပြု၏။

လမ်ပူရီတိုင်းပြည်ရှိ မည်သည့်မဟာမှော်ပညာရှင်မဆို အရေးကြီးတည်ရှိမှုဆိုနိုင်ကာ လူများစွာကပင် မဟာမှော်ပညာရှင်များအား ဘုရင်နှင့် အဆင့်တူသည်ဟုပင် ခံစားကြရသည်။

ထို့ကြောင့် မဟာမှော်ပညာရှင်ကမ်မီလာက Frestech ကုန်သည်ကြီးများအသင်းသို့ ဝင်ရောက်မည်ဖြစ်ကြောင်း ကြေငြာလာခြင်းက လမ်ပူရီတိုင်းပြည်၌ အံ့ဖွယ်ကြီးတစ်ခု ဖန်တီးလိုက်တော့သည်။

လမ်ပူရီတိုင်းပြည်ရှိ မှော်ပညာရှင်အားလုံးမှ ဂရုစိုက်လာရုံမက တိုင်းပြည်ရှ် လူတိုင်းမှာ ထိုကိစ္စကိုသိကာ အာရုံစိုက်နေကြသည်။

ထိုကိစ္စတွင် အခြားဦးဆောင်နေသည် Frestech ကုန်သည်ကြီးများအသင်းဖြစ်နေရာ လူတိုင်း၏ အာရုံကို ဆွဲဆောင်မိလေသည်။

၎င်းမတိုင်ခင်က Frestech ကုန်သည်ကြီးများအသင်းမှာ မှော်စက်အသစ်များကြောင့် နာမည်တချို့ရထားပါသော်လည်း Frestech ကုန်သည်ကြီးများအသင်းကို နားလည်သည့်လူ များများစားစားမရှိချေ။

အကြောင်းမှာ လူများက Frestech တံဆိပ်မှော်စက်များကို ဝယ်‌ယူပါလျှင်တောင် ထိုမှော်စက်ကိုပြုလုပ်သည့် လုပ်ငန်းစုအား မည်သို့ခေါ်ကြောင်း အတော်များများကတော့ဂရုစိုက်မည်မဟုတ်သောကြောင့်ပင်။

သို့သော် ထိုကိစ္စနှင့် Frestech ကုန်သည်ကြီးများအသင်း၏ အမည်မှာ လမ်ပူရီတိုင်းပြည်၏ ထောင့်တိုင်းသို့ ပျံ့နှံ့သွားလေသည်။

စဉ်းစားကြည့်လျှင် မဟာမှော်ပညာရှင်သည်ပင် Frestech ကုန်သည်ကြီးများအသင်းအတွက် အလုပ်လုပ်ဖို့ ဆန္ဒရှိနေရာ ထိုလုပ်ငန်းစုမှာ အံ့မခန်းဖွယ်ဖြစ်ရမည်!

ကြော်ငြာသက်ရောက်မှုကို အခြေခံကာ တိုင်းတာရပါလျှင် မဟာမှော်ပညာရှင်ကမ်မီလာက Frestech ကုန်သည်ကြီးများအသင်းထံသို့ ဝင်ရောက်သည့် သတင်းက လတစ်ဝက်မပြည့်ခင်တွင်ပင် Frestech ကုန်သည်ကြီးများအသင်းကို မှော်စက်အမှာစာများ မရေတွက်နိုင်လောက်အောင် ရရှိသွားစေသည်အထိ တိုက်ရိုက် အကျိုးပြုခဲ့သည်။

အသုံးပြုမှုကျယ်ပြန့်သည့် မှော်စက်အချို့အတွက် ဤတစ်ခေါက် အမှာစာများမှာ ယခင်သုံးလပေါင်းစာစုစုပေါင်းထက်ပိုများသေးသည်!

မှော်ပန်ကာနှင့် မှော်ရေခဲသေတ္တာတို့မှာ ရာသီကုန်သွားပြီ ဖြစ်သော်လည်း အမှာစာ ပမာဏကြီးစွာ ရလာလေ၏။

မဟာမှော်ပညာရှင် ကမ်မီလာ၏ ဆုံးဖြတ်ချက်နှင့်တင် Frestech ကုန်သည်ကြီးများအသင်းမှာ အမြတ်ငွေ ရွှေဒင်္ဂါးတစ်သန်းကျော်ထိ ဝင်ခဲ့သည်ဟု ဆိုနိုင်ပေ၏!

ကြော်ငြာများကိုပြောရပါလျှင် ထိုသို့သော ကြောက်မက်ဖွယ်အကျိုးသက်ရောက်စေမည့် ကြော်ငြာမျိုးရှိခဲ့ရဲ့လား?

မှန်ပါ၏၊ Frestech ကုန်သည်ကြီးများအသင်း၏ အထွက်နှုန်းအလားအလာကြောင့် ထိုအမှာစာများကို အပြီးသတ်ရန် အချိန်များစွာကြာမည်ဖြစ်သည်။ ထို့ကြောင့် အတိအကျဆိုရလျှင် Frestech ကုန်သည်ကြီးများအသင်း အနေနှင့် ထိုမျှ အချိန်တိုလေးအတွင်း များစွာ ဝင်ငွေမရနိုင်ပါချေ။

Frestech ကုန်သည်ကြီးများအသင်းမှာ ထိုကိစ္စကြောင့်ပင် လမ်ပူရီတိုင်းပြည်တစ်ဝှမ်းလုံးတွင် ကျော်ကြားလာတော့သည်။

Frestech ကုန်သည်ကြီးများအသင်း၌ မှာယူရန် လာကြသူများမှာ ဖီးနစ်မြို့မှ ကုန်သည်များဖြစ်သည်၊ ၎င်းမြို့က တိုင်းပြည်၏ အရှေ့မြောက်ဘက်၌ရှိကာ ဘန်တာမြိုတော်မှ ကီလိုမီတာပေါင်း ခုနစ်ရာကျော် ကွာဝေးသည်!

Frestech ကုန်သည်ကြီးများအသင်းရရှိသည့် အကျိုးကျေးဇူးများမှာ ၎င်းတင်မကချေ။ တိုက်ရိုက်ရလာသည့် အကျိုးအမြတ်အများစုကို ဘေးဖယ်ထားပါလျှင် မဟာမှော်ပညာရှင်ကမ်မီလာ၏ ဆုံးဖြတ်ချက်ကြောင့် လမ်ပူရီတိုင်းပြည်နှင့် စိုင်စ်နယ်မြေကြီးတစ်ခုလုံးရှိ မှော်ပညာရှင်များ၏ သိလိုစိတ်ကိုဆွဲဆောင်ခဲ့သည်။

ထိုFrestech ကုန်သည်ကြီးများအသင်း၌ မည်သို့သော ဆွဲဆောင်မှုရှိနေသနည်း? ၎င်းတို့အတွက် အလုပ်လုပ်ရန် မဟာမှော်ပညာရှင်တစ်ခုကိုပင် ရနိုင်သည်လား?

ယခင်က မဟာမှော်ပညာရှင်ကမ်မီလာမှာ Frestech ကုန်သည်ကြီးများအသင်း၏ အထူးမှော်ပညာအကြံပေးဖြစ်ခဲ့သည်။ လုပ်ငန်းစုများစွာမှာ မှော်ပညာရှင် ဂုဏ်ပုဒ်ကိုပေးချင်ပြီး ထိုဂုဏ်ပုဒ်ကို မှီခို၍ မဟာမှော်ပညာရှင်ထံမှ အထောက်အပံ့တချို့ ရနိုင်ကြမည်ဟု မျှော်လင့်ကြသည်။

မဟာမှော်ပညာရှင်ကမ်မီလာအား Frestech ကုန်သည်ကြီးများအသင်းမှ ပေးသည့် ဂုဏ်ပုဒ်က အနည်းငယ်ထူးဆန်းသော်လည်း လက်ခံနိုင်လောက်သည့် ဘောင်အတွင်းရှိနေသေးသည်။

သို့သော် ၎င်းက မဟာမှော်ပညာရှင်ကမ်မီလာအနေနှင့် Frestech ကုန်သည်ကြီးများအသင်းသို့ ဝင်ရောက်ခြင်းနှင့်ကွာခြားသည်၊ အကြောင်းမှာ ၎င်းက မဟာမှော်ပညာရှင်ကမ်မီလာသည် Frestech ကုန်သည်ကြီးများအသင်းထံမှ အလုပ်ခန့်အပ်ခံလိုက်ရခြင်းဟု ဆိုနိုင်၏။ သူဟာ Frestech ကုန်သည်ကြီးများအသင်း၏ တရားဝင် ဝန်ထမ်းဖြစ်လာလိမ့်မည်!

မဟာမှော်ပညာရှင်တစ်ဦးအား ၎င်းတို့၏ လက်အောက်ခံကဲ့သို့ ဆက်ဆံရန်အထိ ဝင့်ကြွားသော လုပ်ငန်းစု ရှိလာမည်မဟုတ်သော်လည်း မဟာမှော်ပညာတစ်ဦးက ထိုသို့ ပြုလုပ်သည်မှာ သူ၏ဂုဏ်ပုဒ်ကို နှိမ့်ချခြင်းပင်။

လမ်ပူရီတိုင်းပြည်၏ တိုင်းပြည်အရှင်သခင်ပင် မဟာမှော်ပညာရှင်တစ်ဦး၏ အကူအညီကို ရယူလိုပါလျှင် ၎င်း မဟာမှော်ပညာရှင်အတွက် ယဉ်ကျေးမှုနှင့် လေးစားမှုကို ပြရမည်ဟု သိရပေသည်။ လုပ်ငန်းစုလေးတစ်ခုဆိုလျှင် ဆိုဖွယ်ရာမရှိချေ။

ထိုသတင်းပျံ့သွားသည့်နောက် စိုင်စ်နယ်မြေကြီး၏ လမ်ပူရီတိုင်းပြည်နှင့် အခြားလုပ်ငန်းစုများမှ မှော်ပညာရှင်တို့မှာ ဘန်တာမြို့လေးသို့ ဦးတည်လာကြကာ Frestech ကုန်သည်ကြီးများအသင်းကို ရှာဖွေတော့သည်။

အားလုံးက Frestech ကုန်သည်ကြီးများအသင်း အနေနှင့် မဟာမှော်ပညာရှင်ကမ်မီလာအား ထိုဆုံးဖြတ်ချက်မျိုးချစေရန် မည်သို့သော ဆွဲဆောင်မှုရှိကြောင်း မြင်တွေ့ချင်ကြသည်။

၎င်းတို့အကြား၌ အတွေးတူညီသည့် မှော်ပညာရှင်အချို့ရှိပေ၏။

"ဒီ Frestech ကုန်သည်ကြီးများအသင်းက မဟာမှော်ပညာရှင် တစ်ယောက်ကိုတောင် ရနိုင်တော့ ကျုပ်ကို ဆွဲဆောင်မိဖို့ လုံလောက်တယ် မဟုတ်လား?"

ထို့ကြောင့် သတင်းစာရှင်းလင်းပွဲပြီးနောက် လတစ်ဝက်အတွင်း Frestech ကုန်သည်ကြီးများအသင်းမှာ မှော်ပညာရှင်များစွာ (အလုပ်ခန့်)ရရှိခဲ့သည်။

Frestech ကုန်သည်ကြီးများအသင်းက ပေးလာမည့် အခြေအနေနှင့် ဆက်ဆံပုံမျိုးကို သေချာအောင် လုပ်ပြီးသော် စိတ်လှုပ်ရှားသွားကြသည့် မှော်ပညာရှင် များစွာလည်းရှိသည်။ ၎င်းတို့မှာ Frestech ကုန်သည်ကြီးများအသင်း၏ မှော်သုတေသနဌာနသို့ ဝင်ရောက်လိုသည့် ဆန္ဒအား ဖော်ပြကြ၏။

မှော်သုတေသနဌာနသို့ ဝင်ရောက်ရန်လောက်ထိ အရည်အချင်းမမီသော မှော်ပညာရှင်များမှာလည်း မှော်စက်များ၌ မှော်အစီအရင်ရေးဆွဲမည့် မှော်ပညာရှင်များကို စုဆောင်းနေသည်၊ မနေသည်ကိုလည်း မေးကြသည်။ ၎င်းတို့အားလုံးမှာ Frestech ကုန်သည်ကြီးများအသင်း၏ အလုပ်ရုံသို့ ဝင်ရောက်လိုသည့် ဆန္ဒကို ပြသကြသည်ပင်။

အတွေ့အကြုံများကို မမျှဝေခင် Frestech ကုန်သည်ကြီးများအသင်း၏ စက်ရုံကို ဝင်ရောက်ခဲ့ကြသည့် အဆင့်နိမ့်မှော်ပညာရှင် တချို့လည်းရှိပေသည်။ Frestech ကုန်သည်ကြီးများအသင်း၏ စက်ရုံ၌ ရိုးရှင်းသည့် အလုပ်တချို့လုပ်ရုံဖြင့် တစ်လကို ရွှေဒင်္ဂါးနှစ်ဆယ်ကျော်ရနိုင်ကြောင်း သိသွားကြသည်။

ထိုဝင်ငွေမှာ ယခင်က အဆင့်နိမ့်မှော်ပညာရှင်များ အိပ်မက်ပင်မမက်ဖူးသည့် အရာဖြစ်သည်။

တစ်ခဏအတွင်းတွင် ရှုယီ၏ မှော်ပညာရှင် လိုအပ်ခြင်းပြဿနာအား ဖြေရှင်းပြီးသွားကာ အနည်းငယ်ပင် ပိုနေသေး၏။

တကယ်တမ်းတွင် ဘန်တာမြို့သို့ Frestech ကုန်သည်ကြီးများအသင်း၏ အကြောင်းမေးရန် ရောက်လာကြသည့် မှော်ပညာရှင်များစွာရှိသည်။ Frestech ကုန်သည်ကြီးများအသင်း၏ လက်ရှိအတိုင်းအတာနှင့်ဆိုလျှင် ထိုမှော်ပညာရှင်အားလုံးကို လက်ခံ၍မရပေ။ ရှုယီမှ သေချာစဉ်းစားပြီးနောက် သူသည် Frestech ကုန်သည်ကြီးများအသင်းသို့ ဝင်‌ရောက်မည့် မှော်ပညာရှင်အချို့၏ တောင်းဆိုမှုကို ငြင်းပယ်ခဲ့သည်။

ယခင်က Frestech ကုန်သည်ကြီးများအသင်း၌ အလုပ်လုပ်ပေးရန် မှော်ပညာရှင်များကို ရှာဖို့ ပူပန်နေခဲ့ရသည့် ရှုယီအတွက် ၎င်းက အတော်လေး လွန်ကဲသည့် လုပ်ရပ်ပင်။

ရှုယီသာ မငြင်းဆန်ခဲ့လျှင် အဆင်ပြေသော်လည်း ထိုသို့လုပ်လိုက်ခြင်းကြောင့် Frestech ကုန်သည်ကြီးများအသင်းကို အနည်းငယ်နားလည်ကြသည့် ထိုလူများမှာ ၎င်းအား အင်မတန်ထူးကဲသည့်နေရာဟု ခံစားလိုက်ရသည်။ ၎င်းက လာလျှောက်သူများကိုပါ ငြင်းဆိုရန် ယုံကြည်ချက်ရှိနေရာ ထိုသူတို့အား ပို၍ပင် စိတ်ထက်သန်လာစေသည်။

ထိုအခြေနေအတွက် ရှုယီမှာ အတော်လေးခေါင်းကိုက်နေရသည်၊ သူဟာ မှော်ပညာရှင်အားလုံးကို ခေါ်ယူကာ သုတေသနအတွက် ပြင်ဆင်လိုခဲ့ခြင်းဖြစ်၏။

သို့သော် လက်ရှိ Frestech ကုန်သည်ကြီးများအသင်း၏ အတိုင်းအတာနှင့် ထိုမှော်ပညာရှင်အားလုံးကို မလိုအပ်လေရာ မည်သည့်အတွက်မှ မဟုတ်ဘဲ ပျိုးထောင်ပေးခြင်းက နစ်နာမှုကြီးတစ်ခုသာဖြစ်လိမ့်မည်။

ထို့အပြင် ရှုယီအတွက် မှော်သုတေသနဌာနတွင် မှော်ပညာရှင်၏ အရည်အချင်းမှာ အရေအတွက်ထက်ပို၍ အရေးပါလေသည်။

Frestech ကုန်သည်ကြီးများအသင်းထံ လျှောက်ထားသည့် မှော်ပညာရှင်အရေအတွက် များစွာ ရှိနေပြီဖြစ်၏။ ၎င်းတို့အနက် အားအကောင်းဆုံးမှာ ရှုယီထက် အနည်းငယ် ပိုမိုစွမ်းအားကြီးသည့် သတ္တမ အဆင့် မှော်ပညာရှင်ဖြစ်သည်။

ကျန်သည်မှော်ပညာရှင်များ အနက် အများစုက တတိယအဆင့်နှင့် ထိုထက်နိမ့်သည့် မှော်ပညာရှင်များဖြစ်သည်။ ၎င်းတို့ထဲမှ အနည်းစုကသာလျှင် စတုတ္ထအဆင့်နှင့် ပိုမြင့်သည့် အဆင့်များရှိလေရာ မှော်သုတေသနဌာနသို့ ဝင်ရန် အရည်အချင်းမီလေသည်။

စတုတ္ထနှင့် ပဉ္စမအဆင့် မှော်ပညာရှင် အယောက်တစ်ရာကို စုဆောင်းခြင်းနှင့်စာလျှင် ရှုယီမှာ မဟာမှော်ပညာရှင်ကမ်မီလာနှင့် အဆင့်တူ သို့မဟုတ် ပို၍အဆင့်မြင့်သည့် မှော်ပညာရှင်ကိုသာ စုဆောင်းလိုက်ပေမည်။

ထိုသည်က ဖြစ်လာမည့်မဟုတ်သည့် ဆန္ဒပါပင်။

မဟာမှော်ပညာရှင်ကမ်မီလာ အနေနှင့် Frestech ကုန်သည်ကြီးများအသင်းသို့ ဝင်ရောက်ဖို့ဆုံးဖြတ်သည်မှာ မိုင်လ်ဒန်ရွာကိုပြန်ပြီးနောက် ရွာသားများ၏ ဘဝတိုးတက်မှုကို မြင်ထားခြင်းကြောင့်အပြင် အများစုမှာ စတေးလ်နှင့် ရှုယီတို့၏ ဆက်ဆံရေးကြောင့် ဖြစ်သည်။

မဟုတ်ပါကလည်း သူ၏ မဟာမှော်ပညာရှင် ဂုဏ်ပုဒ်နှင့် လုပ်ငန်းစုတစ်ခုဆီ ဝင်ရောက်ရန် စကားတစ်ခွန်းသာလိုအပ်မည်ဖြစ်ရာ လုပ်ငန်းစု အားလုံးမှာ သူ့အားရွေးချယ်ဖို့ တန်းစီနေကြလိမ့်မည်။

ထို့ကြောင့် ရှုယီက သူ၏စိတ်ကူးကို လက်လျှော့ကာ ထိုပြဿနာအား ဖြေရှင်းရန် လုပ်တော့သည်။

ထိုမှော်ပညာရှင်များက ဘန်တာမြို့ကဲ့သို့ မြို့ငယ်လေးထံ ခက်ခက်ခဲခဲလာကြသည်ဖြစ်ရာ သူသာ ၎င်းအခွင့်အရေးကိုယူလျက် ထိုသူတို့အား ဤနေရာ၌ ဆက်မထားပါလျှင် အတော်လေး နှမျောဖွယ်ဖြစ်လိမ့်မည်။

ထို့ကြောင့် ရှုယီက ဘန်တာမြို့ မှော်စက်စီးအပွားရေးအသင်း ဥက္ကဌ ရာထူးကို သုံးလျက် အစည်းအဝေးတစ်ရပ် ကျင်းပလိုက်သည်။ သူဟာ အခြားလုပ်ငန်းစုများ၏ ကိုယ်စားလှယ်များအား ၎င်းအခွင့်အရေးကိုသုံးလျက် ၎င်းတို့လုပ်ငန်းစုများအတွက် မှော်ပညာရှင်များ စုဆောင်းသင့်ကြောင်း မှော်လင့်နေသည်ဟု ဆိုခဲ့သည်။

မှော်ပညာရှင်များ လိုအပ်နေခြင်းအကြောင်း စိုးရိမ်နေခဲ့ကြသည့် မှော်စက်ထုတ်လုပ်ရေး လုပ်ငန်းစု ဆယ်စုကျော်ရှိလေရာ ရှုယီမပြောခင်တည်းက ၎င်းတို့အနေနှင့် ထိုမှော်ပညာရှင်များကို စုဆောင်းလိုခဲ့သည်။

ထိုမှော်ပညာရှင်အားလုံး Frestech ကုန်သည်ကြီးများအသင်းထံ ဦးတည်သွားကြရာ ၎င်းတို့လှုပ်ရှားရန် မသင့်ဟု ထင်ခဲ့ကြသည်။

သို့သော် ရှုယီ၏အပြောကြောင့် မည်သို့များ ထိုလုပ်ငန်းစုများက ထိန်းထားနိုင်တော့မည်နည်း?

တစ်လပြည့်ခါနီးတွင် ဘန်တာမြို့သို့ ရောက်လာခဲ့သည့် မှော်ပညာရှင်အားလုံးမှာ မှော်စက်လေ့လာရေးကို စိတ်ဝင်စားနေသရွေ့ လုပ်ငန်းစုကြီးများမှ ခေါ်ယူခြင်း ခံခဲ့ကြရသည်။

မြို့စားအိမ်တော်မှ နောက်ဆုံးတင်ပြချက်တွင် မဟာမှော်ပညာရှင် ကမ်မီလာ Frestech ကုန်သည်ကြီးများအသင်းသို့ ဝင်ရောက်ခြင်းဖြင့် ဆွဲဆောင်ခဲ့မိသည့် လှိုင်းကြောင့် ဘန်တာမြို့မှာ ရုတ်တရတ် မှော်ပညာရှင် သုံးထောင်ကျော် ရရှိခဲ့သည်!

မှန်ပါ၏၊ ထိုသည်က လုံးဝကြီး သတင်းကောင်းတော့မဟုတ်ပေ။

ဥပမာ ဘန်တာမြို့သို့ရောက်နေသည့် ဘုရင်မကြီးဆယ်ဗီနီမှာ ရှုယီနှင့်တွေ့ဆုံပြီးနောက် ပထမဆုံးပြောလာခဲ့သည့် အရာက သူအား ထိတ်လန့်သွားစေသည်။

"ရှုယီ၊ ရှင် ဒီမှော်ပညာရှင်တွေအားလုံးကို ခန့်အပ်လိုက်တာက ပုန်ကန်တဲ့ နေရာမှာ သူတို့ကို သုံးချင်လို့လား?"

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၉၉။ စစ်ဌာနချုပ်နှင့် ညှိနှိုင်းခြင်း

ဆယ်ဗီနီ၏ ကြောက်မက်ဖွယ်အပြုံးနှင့် လေးနက်သောအကြည့်တို့ကြောင့် သူမအနေနှင့် ဟာသ လုပ်၊ မလုပ် ပြောရန် ခက်ခဲစေသည်။

ရှုယီက အလျင်အမြန်ပင် ပြုံးကာ ပြောလိုက်သည်၊ "ဘုရင်မကြီး၊ ခင်ဗျားက တကယ်ကို ဟာသလုပ်နိုင်တာပဲ။ ကျုပ်က သစ္စာရှိပြီး ဥပေဒကိုလိုက်နာတဲ့ တိုင်းပြည်သားပါ၊ ဘယ်လိုများ ပုန်ကန်မှုတစ်ခုကို အစပြုဖို့ တွေးနိုင်မှာတဲ့လဲ? ပြီးတော့လည်း ကျုပ်တို့လုပ်ငန်းစုအနေနဲ့ မှော်ပညာရှင် အယောက်သုံးရာလောက်ပဲ စုဆောင်းရသေးတာမို့ ပုန်ကန်ဖို့ ဘယ်မှာ အရည်အချင်း မှီမတဲ့လဲ?"

"မှော်ပညာရှင် အယောက်သုံးရာကို အဲ့လောက် မများဘူးလို့ ရှင်ထင်တယ်ပေါ့?" ဆယ်ဗီနီက ရှုယီကိုကြည့်လာသည်၊ "တော်ဝင်စစ်တပ်မှာတောင် တပ်စု တစ်စုမှာ မှော်ပညာရှင် အယောက်ငါးရာလောက်ပဲရှိတယ်။ ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းမှာ မဟာမှော်ပညာရှင် တစ်ယောက်ရှိနေတာကို မပြောနဲ့ဦး!"

"ဘုရင်မကြီး၊ ခင်ဗျား ကျုပ်ကို ဒီလို အထင်လွဲလို့မရဘူးလေ။" ရှုယီက အလျင်အမြန် အထွန့်တက်လိုက်၏၊ "ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက အလုပ်ရဲ့ လိုအပ်မှုကြောင့် ဒီလောက်များတဲ့ မှော်ပညာရှင်တွေကို စုဆောင်းထားတာပါ၊ ပုန်ကန်မှု ဖြစ်စေဖို့ ကြိုးစားနေတာမဟုတ်ဘူး။ မဟာမှော်ပညာရှင် ကမ်မီလာတောင် မှော်စက်တွေကို လေ့လာတဲ့နေရာမှာ တာဝန်ယူမှာပဲရှိတာ၊ ခင်ဗျားအနေနဲ့ ကျုပ်က သူ့လို လူအိုကြီးတစ်ယောက်ကို ပုန်ကန်ဖို့အတွက် အမိန့်ပေးရဲမယ်ထင်နေတာလား?"

"ဒါပေါ့ ရှင်မလုပ်ရဲဘူး" ဆယ်ဗီနီက ခေါင်းခါ၍ အသာသက်ပြင်းချကာပြောသည်၊ "ဒါပေမယ့် လူတချို့ကတော့ ရှင် အဲ့လိုလုပ်မယ်ထင်နေတာ။ ရှင်သိလား၊ ဒီကိစ္စကြောင့် ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ မှော်ပညာရှင်တွေနဲ့ တခြားမျိုးနွယ်စုက‌ လူတွေကို စုဆောင်းတဲ့နေရာမှာ ရည်ရွယ်ချက်ကောင်းကောင်း မရှိတဲ့အကြောင်း ဖခမည်းတော်ကို အကြံပေးလာတဲ့ လူတွေရှိတယ်။ သူတို့အနေနဲ့ Frestech ကုန်သည်ကြီးများအသင်းကို ပို သတိထားပြီး တိုက်ရိုက် ကြီးကြပ်ဖို့တောင် မျှော်လင့်နေကြတာ။"

ရှုယီက တအံ့တဩ မျက်မှောင်ကုပ်လိုက်ကာ၊ "ဒီလူတွေက ကျုပ်ကို စွပ်စွဲတာ လွန်လွန်းနေပြီမဟုတ်ဘူးလား? ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက ကျုပ်တို့ စီးပွားရေးကိုပဲ ရိုးရိုးသားသားလုပ်နေတာပါ။ တခြားမျိုးနွယ်စုတွေက လူတွေကိုလည်း သူတို့ရဲ့ ထူးကဲတဲ့ အရည်အချင်းကြောင့်ပဲ ခန့်ထားတာကို ဘယ်လိုများ ရည်ရွယ်ချက်ဆိုးတွေရှိနေရမှာလဲ? ဘုရင်ကြီးကတော့ အဲဒီ့မျက်ကန်းတွေကို နားထောင်မှာ မဟုတ်လောက်ဘူးမလား?"

"ဒါပေါ့ ဖခမည်းတော်က သူတို့ကို နားမထောင်ပေမယ့် ဒါက Frestech ကုန်သည်ကြီးများအသင်းဟာပိုကျော်ကြားလာတော့ လူတွေကလည်း ရှင့်ကိုအာရုံစိုက်လာပြီး ရှင်နဲ့ပတ်သက်လို့ ဂရုစိုက်ချင်ကြောင်းကို ပြနေတယ်လေ။ ရှင်လည်း‌ ရှေ့လျှောက်ပိုသတိထားပြီး လူတွေ အခွင့်ကောင်းယူလောက်မယ့် အရာတွေ မချန်ခဲ့မိဖို့ မျှော်လင့်တယ်။ ဥပမာ ပြောရရင်.... ရှင်တို့ စက်ရုံက နောက်ထပ် နတ်သူငယ် အယောက်သုံးရာ စုဆောင်းခဲ့ပေမယ့် တော်ဝင်လွှတ်တော်မှာ အလုပ်သမားကဒ်တွေ လာမလျှောက်ခဲ့တာမျိုးပေါ့။ ဒီကိစ္စကို ရှင့်ရဲ့ မကောင်းတဲ့ ရည်ရွယ်ချက်အတွက်ဆိုပြီး သက်သေအဖြစ် အသုံးချလို့ရတယ်။"

ရှုယီက မိမိခေါင်းကို မိမိပြန်ပုတ်ကာ ရယ်လျက်ဆိုလိုက်သည်၊ "ကျုပ် ဒီတလော အရမ်းအလုပ်များနေတော့ မေ့သွားတာ။ ဘယ်လိုလဲ၊ ကျုပ် စာရင်းလုပ်ဖို့ နှစ်ရက်ပဲပေး၊ ပြီးရင် အလုပ်သမားကဒ်တွေအတွက် လာလျှောက်ပါ့မယ်။ ကျုပ်အနေနဲ့ ဘုရင်မကြီးကို ကျုပ်တို့အတွက် နောက်တစ်ခါ မစိုးရိမ်ရဖို့ ကတိပေးပါတယ်။"

"ကျွန်မ မစိုးရိမ်မှ ထူးဆန်းနေလိမ့်မယ်။" ဆယ်ဗီနီက သက်ပြင်းချသည်။ ထို့နောက် ခေါင်းခါလျက် အိတ်ထဲမှ စာတမ်းတစ်ခုထုတ်ကာ ရှုယီကို ပေးလာ၏၊ "ကျွန်မ ရှင့်အတွက် လျှောက်လွှာယူခဲ့ပြီးသားပါ။ ရှင့်အနေနဲ့ နာမည်စာရင်းလေးပဲ လုပ်ဖို့လိုတယ်၊ ဒါဆို ကျွန်မ ဒီလျှောက်လွှာမှာ နာမည်တွေ ဖြည့်ပေးလိုက်ရုံပဲ။"

ရှုယီလည်း စာရွက်များကိုကြည့်လိုက်သော် အားလုံးကို ကောင်းမွန်စွာရေးသားထားပြီး နာမည်စာရင်းသာ လွတ်နေကြောင်း တွေ့လိုက်ရသည်။

ရှုယီလည်း မနေနိုင်ဘဲ သက်ပြင်းချ၍ပြော၏၊ "ဘုရင်မကြီး၊ ခင်ဗျား ကျုပ်ကို တကယ် ဂရုစိုက်တာပဲ။ ကျေးဇူးတင်ကြောင်းကို ဘယ်လိုပြရမယ်မှန်းတောင် မသိတော့ပါဘူး။"

"ရှင့်အနေနဲ့ ပြဖို့မလိုပါဘူး၊ ရှင်နဲ့ Frestech ကုန်သည်ကြီးများအသင်းက ဘန်တာမြို့မှာ ရှင်တို့ကိစ္စတွေကို အပြီးသတ်လုပ်ဖို့ပဲလိုတာပါ။" ဆယ်ဗီနီက အပြုံးဖြင့်ဆိုသည်၊ "မဟာမှော်ပညာရှင် ကမ်မီလာက ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းထဲ ဝင်ဖို့ ဆုံးဖြတ်လိုက်တာဟာ ရှင်တို့လုပ်ငန်းစုအနေနဲ့ ဘန်တာမြို့သားတွေရဲ့ ဘဝကို တိုးတက်စေနိုင်တာကို တွေ့ရှိသွားတာကြောင့်‌လို့ ကျွန်မကြားခဲ့တယ်။ ကျွန်မလည်း အတူတူပါပဲ၊ ရှင်နဲ့ Frestech ကုန်သည်ကြီးများအသင်းက ဒီလိုဆက်လုပ်နိုင်နေသရွေ့ ကျွန်မက ထောက်ပံ့မှာပဲ။"

ရှုယီက ပုခုံးတွန့်၏၊ "ကျုပ်နဲ့ Frestech ကုန်သည်ကြီးများအသင်း ပြုလုပ်ထားတဲ့ အရာတွေကနေ လူတိုင်းက အားလုံးအတွက် အကျိုးရှိမှန်း မြင်နိုင်နေမှတော့ လူတွေမှာ ဘယ်လိုလုပ် ဆိုးရွားတဲ့ ရည်ရွယ်ချက်ရှိနေတော့မှာလဲ?"

"ဘာလို့လဲဆိုတော့ ဒီအကျိုးကျေးဇူးက သူတို့နဲ့ မသက်ဆိုင်ဘူးလေ၊ ရှင်က ဆန့်ကျင်ဘက်မှာရပ်နေတာကိုး။"

ဆယ်ဗီနီက မရေမရာသာ ပြန်ပြောလာပြီး နောက်ထပ် ရှင်းပြမလာတော့ပေ။ ထို့နောက် ရှုယီကို လက်ပြကာ ၎င်းတို့ စကားပြောနေသည့် အခန်းမှထွက်၍ မြို့စားအိမ်တော်ရှိ နောက်ထပ် လျှို့ဝှက်ခန်းဆီ ခေါ်ဆောင်သွားသည်။

အတွင်းထဲ၌ ထိုင်နေသည့် လူနှစ်ဦးရှိသည်။ ၎င်းတို့က ဆယ်ဗီနီဝင်လာသည်ကို မြင်သော် ချက်ချင်း ထရပ်ကာ ဦးညွှတ်လာကြ၏။

ရှုယီလည်း ထိုနှစ်ဦးကိုကြည့်လိုက်သော် ၎င်းတို့ထဲမှ တစ်ဦးက သူတို့၏ လုပ်ရပ်အတွက် တင်းမာသည့် ခံစားချက်များ ရှိနေကာ သူတို့ မတ်မတ်ရပ်လျက် စောင့်မျှော်နေကြသည်။ ၎င်းတို့နှစ်ဦးမှာ စစ်တပ်မှ လာကြသည်ကို မြင်နိုင်သည်။

နောက်တစ်ဦးမှာ ကျိုးနွံကာ ဖော်ရွေသည့်အပြုံးရှိသည့် သက်လတ်ပိုင်းလူတစ်ဦးဖြစ်ပြီး အင်မတန် ကြင်နာတတ်ဟန်ရှိ၏။ သူဟာ သာမန်ကုန်သည်တစ်ဦးလိုပင်။

"မိတ်ဆက်ပေးပါ့မယ်၊ ဒါက Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌ ရှုယီပါ။" ဆယ်ဗီနီက ရှုယီကိုညွှန်ပြပြီး ထိူနှစ်ဦးထံ မိတ်ဆက်ပေးလေသည်။

"ဥက္ကဌရှု၊ ကျုပ် ခင်ဗျားနာမည်ကိုကြားဖူးတာကြာပါပြီ၊ ဒီနေ့တော့ ခင်ဗျားနဲ့ ဆုံနိုင်ပြီဆိုတော့ ကျုပ်အနေနဲ့ တကယ်ပဲ ဂုဏ်ယူမိပါတယ်။" ကုန်သည်တစ်ဦးဟန်ရှိသည့် သက်လတ်ပိုင်းလူကြီးက ရှုယီလက်ကို ကိုင်ရန် လက်နှစ်ဘက်လုံးဆန့်ထုတ်လာသည်မှာ အင်မတန် ဖော်ရွေဟန်ရှိ၏၊ "ကျုပ် ကိုယ်ကျုပ် မိတ်‌ဆက်ပေးပါ့မယ်၊ ကျုပ်က တိုင်းပြည့် တော်ဝင်စစ်တပ် ထောက်ပံ့ပို့ဆောင်ရေးဌာနရဲ့ မေဂျာ မက်ခ်ကွန်လီပါ၊ အဓိကအနေနဲ့ စစ်သားတွေအတွက် အထောက်အပံ့ပစ္စည်းတွေကို ကိုင်တွယ်ရာမှာ တာဝန်ရှိပါတယ်။ ညီနောင်တွေကို အဝတ်တွေ၊ အစားအစာနဲ့ တခြားအရာတွေ ဝယ်ကူပေးပြီး၊ သာမန်မဟုတ်တဲ့ အလုပ်လေးတွေ အဓိက လုပ်ရုံပါပဲ။"

ရှုယီက အခြားလက်ကိုဆန့်ထုတ်လျက် မေဂျာ မက်ခ်ကွန်လီ၏လက်ကို ဆွဲကိုင်ပြီး ဖော်ရွေစွာ ပြုံးပြလိုက်သည်။

"ဒီလိုမျိုး၊ လူတိုင်းက အတူတူပါပဲဗျာ။ ကျုပ်လည်း ဥက္ကဌအနေနဲ့ လုပ်ငန်းစုက အလုပ်သမားတွေအတွက် သာမန်မဟုတ်တဲ့ အလုပ်လေးတွေကို ဂရုစိုက်ဖို့ တာဝန်ရှိတယ်လေ။"

မေဂျာ မက်ခ်ကွန်လီက ရယ်လေသည်၊ "ကောင်းတာပေါ့၊ ကျုပ်အနေနဲ့ ဥက္ကဌရှုနဲ့အတူ ကိစ္စအတော်များများကို ဆွေးနွေးနိုင်မယ်ဆိုတာ သေချာတယ်။"

ရှုယီက ပြုံး၏။ ၎င်းမေဂျာ မက်ခ်ကွန်လီမှာ အတော်လေး ကျိုးနွံသော်လည်း လက်တွေ့တွင် ထောက်ပံ့ပို့ဆောင်ရေးဌာနမှာ တော်ဝင်စစ်တပ်၏ အရေးကြီးဆုံးဌာနများအနက် တစ်ခုဖြစ်သည်။ ထောက်ပံ့ပို့ဆောင်ရေးဌာန၏ တာဝန်ရှိသူဖြစ်သည့် မေဂျာ မက်ခ်ကွန်လီမှာ ကိုယ်ပိုင်အရည်အချင်းကိုမဆိုထားနှင့် နောက်ခံကလည်း အင်မတန်ကောင်းလောက်မည်။

ထိုသို့တွေးတောမိပြီး ရှုယီလည်း နောက်တစ်ဦးကိုကြည့်လိုက်၏။

ထိုလူက အသက်လေးဆယ် ပတ်လည်လောက်ရှိမည့်ဟန် ပေါ်ကာ ရှုယီကြည့်လာသည်ကိုမြင်သော် မည်သည့်အမူအရာမှ ထုတ်မပြဘဲ ရှုယီထံ ခေါင်းအသာငြိမ့်ပြ၏။ ထို့နောက် မည်သည့်ခံစားချက်မှမပါဘဲ ဆိုလာသည်၊ "ကျုပ်က ဆာရစ်"

ဆာရစ်က မေဂျာ မက်ခ်ကွန်လီနှင့် လုံးဝ ကွဲပြားသည့် အကျင့်စရိုက်ရှိသည်ကို မြင်သော် ရှုယီလည်း မည်သည့်အပိုစကားမှမဆိုဘဲ ခေါင်းငြိမ့်ပြုံးပြရင်း၊ "ခင်ဗျားနဲ့ တွေ့ရတာ ဝမ်းသာပါတယ်။"

သုံးဦးသားက ၎င်းတို့ကိုယ်ကို မိတ်ဆက်ပြီးသွားသည်ကို မြင်သည့်အခါ ဆယ်ဗီနီက အားလုံးကိုထိုင်ခိုင်း၍ တိုက်ရိုက်ဆိုလာသည်၊ "ဥက္ကဌရှု၊ ဒီတစ်ခေါက် မေဂျာမက်ခ်ကွန်လီနဲ့ မေဂျာဆာရစ်တို့နဲ့ အတူလာတာက ရှင့်ကို လက်နက်စက်ရုံအကြောင်း မေးမလို့ပါ။ ရှင်ကျွန်မတို့နဲ့အတူ ပူးပေါင်းဖို့ မျှော်လင့်တယ်။"

"ဒါက လွယ်ပါတယ်။" ရှုယီက ခေါင်းငြိမ့်ကာ မေဂျာမက်ခ်ကွန်လီကိုကြည့်လိုက်သည်။

ထိုသုံးဦး၏ အမူအရာကို သုံးသပ်ရလျှင် ထိုသို့မေးရန် တာဝန်ရှိသူမှာ ထောက်ပံ့ပို့ဆောင်ရေးဌာနမှ ကြီးကြပ်သူ ဖြစ်သင့်ပေ၏။

မျှော်လင့်ထားသလိုပင် မေဂျာမက်ခ်ကွန်လီက အသာချောင်းဟန့်ကာ မျက်နှာထက်ရှိ အပြုံးကိုရုတ်သိမ်းလျက် ရှုယီကို မေးလေသည်၊ "ဥက္ကဌရှု၊ ပထမဦးဆုံး ခင်ဗျားကို သတင်းကောင်းတချို့ ပေးပါရစေ။ စစ်ဌာနချုပ်က ဆောက်လုပ်နေခဲ့တဲ့ လက်နက်စက်ရုံကပြီးသွားလို့ အခုဆို ကျုပ်တို့ လိုအပ်နေတာက ဒီစက်ရုံ လည်ပတ်ဖို့အတွက် မှော်ထုတ်လုပ်ရေးကိရိယာတွေပါပဲ။ ကျုပ်မေးချင်တာက ခင်ဗျား ကတိပေးထားတဲ့ ချပ်ဝတ်နဲ့ လက်နက် ထုတ်လုပ်ရေးမှော်စက်တွေကို ဘယ်အချိန် ပို့ပေးဖို့ စီစဉ်ထားသလဲဆိုတာပါ?"

"တကယ်တော့ ဘုရင်မကြီးနဲ့အတူ စစ်ဘက်စက်ရုံဆောက်ဖို့ ဆွေးနွေး ဆုံးဖြတ်ပြီးတဲ့နောက်မှာ ကျုပ်တို့ လုပ်ငန်းစုအနေနဲ့ ဒီမှော်ထုတ်လုပ်ရေးစက်တွေကို တိတ်တဆိတ် ထုတ်လုပ်နေခဲ့တာပါ။ အခုဆို ထုတ်လုပ်ရေးနှစ်လိုင်းစာအတွက် အပြီးသတ်ပြီးပြီမို့လို့ ဘယ်အချိန်မဆို ပို့ပေးနိုင်ပါတယ်။" ရှုယီက ဖြေ၏။

မေဂျာ မက်ခ်ကွန်လီနှင့် ဆာရစ်တို့က ဝမ်းမြောက်ဟန်ဖြင့် တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြသည်။

"ဒါဆို ဥက္ကဌရှု၊ ခင်ဗျား ဘုရင်မကြီးနဲ့ လက်မှတ်ထိုးထားတဲ့ စာချုပ်အရ ထုတ်လုပ်ရေးမှော်စက်တွေ ထောက်ပံ့ပေးတာအပြင် ဒီမှော်စက်တွေကိုအသုံးပြုပုံနဲ့ လိုအပ်တဲ့ စံနှုန်းမျိုးစုံအကြောင်း လေ့လာတဲ့နေရာမှာ စစ်ဌာနချုပ်ကို ကူဖို့ သက်ဆိုင်ရာ နည်းပညာဆိုင်ရာ ဝန်ထမ်းတွေကိုလည်း ခင်ဗျားအနေနဲ့ ထောက်ပံ့ဖို့လိုတယ်။ အဲဒီဝန်ထမ်းတွေကိုရော ခင်ဗျားပြင်ဆင်ထားပြီးပြီလား?" မေဂျာမက်ခ်ကွန်လီက မေးသည်။

"အဲဒါမှာလည်း ပြဿနာတော့မရှိပါဘူး။ သက်ဆိုင်ရာ အလုပ်သမားတွေကို ကျုပ်လက်အောက်က ကျွန်အယောက် တစ်ရာဆီကနေ ရွေးချယ်ထားတာမို့ သူတို့‌ရဲ့ အထောက်အထားအရ ဒီလျှို့ဝှက်ချက်တွေကို ထုတ်ဖော်မပြဘူးလို့ အာမခံနိုင်ပါတယ်။ သေချာပါတယ်၊ နောက်ထပ်ထည့်သွင်းစဉ်းစားဖို့အတွက်၊ အဲဒီ့ကျွန်တွေကို ဘုရင်မကြီးဆီ ပေးအပ်ပြီး ထိန်းချုပ်ခွင့်ပြုဖို့ အဆိုပြုပါတယ်။ ဒါက စစ်ဌာနချုပ်အတွက် ပိုလွယ်ကူစေလိမ့်မယ်လို့လည်း ယုံကြည်တယ်။"

ဆယ်ဗီနီ, မေဂျာမက်ခ်ကွန်လီနှင့် ဆာရစ်တို့အားလုံးမှာ အတော်လေး ကြောင်အသွားသည်။

မေဂျာမက်ခ်ကွန်လီက မနေနိုင်ဘဲ ချောင်းဟန့်၏။ အမှန်တကယ်တွင် ရှုယီက သူ့လက်အောက်မှ ကျွန်များကို အလုပ်သမားများအဖြစ် ရွေးချယ်မည်ဖြစ်ကြောင်း ဆယ်ဗီနီအား အရင်တစ်ခေါက်က ပြောပြီးသားဖြစ်ကာ ထိုညှိနှိုင်းမှုဖြင့် မက်ခ်ကွန်လီမှာ ထိုအခြေအနေကို စစ်ဌာနချုပ်ကိုယ်စား အဆိုပြုဖို့ စီစဉ်ထားသော်လည်း ရှုယီက ဦးဆုံး ထုတ်ပြောလာလိမ့်မည်ဟု ထင်မထားခဲ့ချေ။

"ဥက္ကဌရှု၊ ခင်ဗျားက တကယ်ကို အမြင်ကျယ်တယ်လို့ ကျုပ်ပြောရမယ်။" မေဂျာ မက်ခ်ကွန်လီက ချီးကျူးပြီးနောက် ဆယ်ဗီနီကိုကြည့်လာသည်၊ "ဘုရင်မကြီး၊ ခင်ဗျား ဘယ်လိုထင်လဲ?"

ဆယ်ဗီနီက ရှုယီကို သေချာကြည့်ကာ ခေါင်းငြိမ့်သည်၊ "ကောင်းပြီလေ၊ ကျွန်မတို့ ဥက္ကဌရှု အပြောကိုလိုက်နာပြီး ဒီကျွန်တွေကို ကျွန်မဆီလွှဲယူလိုက်မယ်။ ဒါပေမယ့် ဥက္ကဌရှု၊ ကျွန်မရဲ့ ရှင့်ကို နားလည်ထားမှုအရ ရှင့်အနေနဲ့ ရှင့်လက်အောက်က ကျွန်တွေကို ကျွန်မဆီ ဘာအကြောင်းရင်းမှ မရှိဘဲ ပေးမှာ မဟုတ်ဘူးမို့လား?"

ရှုယီက ရယ်သည်၊ "ဘုရင်မကြီးက တကယ်ပဲ ကျုပ်ကို နားလည်တယ်။ ဟုတ်ပါတယ် ဒီကျွန်တွေက ကျုပ်ရဲ့ တန်ဖိုးရှိ ကိုယ်ပိုင်စွမ်းပကားဖြစ်ရုံတင်မကဘူး ကျုပ်တို့လုပ်ငန်းစုရဲ့ တန်ဖိုးရှိ အလုပ်သမားတွေလည်းဖြစ်တယ်။ သူတို့ကို ရုတ်တရတ်ကြီးဆုံးရှုံးရတာက လုပ်ငန်းစုအတွက်ရော ကျုပ်အတွက်ရော ဆုံးရှုံးမှုကြီးတစ်ခုဖြစ်မှာပဲ။ ဘုရင်မကြီးနဲ့ စစ်ဌာနချုပ်တို့သာ ကျုပ်ကို သင့်တင့်တဲ့ လျော်ကြေးမပေးရင် မကောင်းလောက်ဘူးလေ။"

မေဂျာမက်ခ်ကွန်လီက ရယ်သည်၊ "ဥက္ကဌရှုက မှန်ပါတယ်၊ ဒီလောကမှာ အလကားရတဲ့ နေ့လည်စာဆိုတာမရှိဘူးလေ။ ဥက္ကဌရှုက တန်ဖိုးရှိတာပေးလာမှတော့ လျော်ကြေးတောင်းဖို့ အခွင့်ရေးရှိပါတယ်။ ဥက္ကဌရှု၊ ပြောပါ။ သိပ်မများသရွေ့ ဘုရင်မကြီးလည်း ဒီမှာရှိနေတော့ ခင်ဗျားအတွက် သေချာပေါက် ဆုံးဖြတ်ချက် ချပေးနိုင်မှာပေါ့။"

ဆယ်ဗီနီက မည်သည်ကိုမှ မဆိုဘဲ သဘောတူကြောင်းပြရန် ခေါင်းသာ ငြိမ့်လာသည်။

ရှုယီကလည်း အနည်းငယ် စိတ်လှုပ်ရှားနေသည့် ထိုသုံးဦးကိုကြည့်ကာ အပြုံးဖြင့် ပြောလိုက်၏၊ "အေးဆေးပေါ့၊ ကျုပ်က အရမ်းလွန်ကျူးတာတွေ တောင်းဆိုမှာမဟုတ်ပါဘူး။ အမ်း.... ဒါက အရမ်းရိုးရှင်းပါတယ်။ တော်ဝင်စစ်တပ် ထိန်းချုပ်မယ့် စခ်တိုင်းပြည်ရဲ့ နယ်မြေမှာရှိတဲ့ မိုင်းတွင်းတူးခွင့်တွေအားလုံး ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကို ပေးရမယ်။"

ထိုသုံးယောက်၏မျက်နှာထားမှာ တစ်ပြိုင်တည်း ပြောင်းလဲသွားသည်။

ဆယ်ဗီနီက စဉ်းစားခြင်းပင် မပြုနိုင်တော့ဘဲ အော်လာ၏၊ "ဒါ မဖြစ်နိုင်ဘူး!"

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၁၀၀။ ဗန်နီလာသစ်ခွ ဆင်ခြေဖုံး

ဤနှစ်တွင် ဘန်တာမြို့သို့ ဆယ်ဗီနီ လာရောက်သည့် အကြိမ်ပေါင်းများစွာ ရှိနေပြီ ဆိုသော်လည်း ပထမဆုံးအကြိမ်မှလွဲလျှင် သူမဟာ ထွက်မသွားခင် လာရောက်ချိန်တိုင်း ရက်အနည်းငယ် နေသေးသည်။

ယခုတစ်ခေါက်သည်လည်း ချွင်းချက်မဟုတ်ပေ။

၎င်းကိစ္စကို ရှုယီ၊ မက်ခ်ကွန်လီနှင့် ဆာရစ်တို့နှင့် သုံးရက်ကြာ ဆွေးနွေးပြီးသည့်နောက် ဆယ်ဗီနီမှာ ထိုနှစ်ဦးနှင့်အတူ ဘန်တာမြို့မှာ ထွက်သွားတော့သည်။

ရှုယီ အဆိုပြုလာသည့် အခြေအနေကြောင့် ဤတစ်ခေါက် ဆွေးနွေးမှုအတွက် မည်သည့်တရားဝင်ကောက်ချက်မှ မရှိခဲ့ပေ၊ ဆယ်ဗီနီအနေနှင့် တိုက်ရိုက်မငြင်းဆန်ခဲ့သော်လည်း သဘောတူကြောင်းလည်း မပြခဲ့ပေ။

သို့သော် ရှုယီက အင်မတန် သဘောထားကြီးသည်။ ဆယ်ဗီနီမှာ သူရှေ့တန်းတင်လာသည့် အခြေအနေကို သဘောမတူပါသော်လည်း Frestech ကုန်သည်ကြီးများအသင်းမှာ မတိုင်ခင်က လက်မှတ်ထိုးခဲ့သည့် စာချုပ်ကို လိုက်နာပြီး စစ်ဌာနချုပ်၏ စက်ရုံမှ လိုအပ်နေသည့် ထုတ်လုပ်ရေးမှော်စက်များကို ပို့ဆောင်ပေးမည်ဖြစ်ကြောင်းကိုတော့ ဆယ်ဗီနီအား အာမခံပေးလိုက်ဆဲပင်။ တစ်ချိန်တည်းမှာပင် ဆယ်ဗီနီ၏အဖွဲ့ မထွက်သွားခင်နေ့၌ ကျွန်စာချုပ်များကိုပြင်ကာ ဆယ်ဗီနီထံ လွှဲပေးရန် လက်မှတ်ထိုးခဲ့သည်။

စာချုပ်အား လက်မှတ်ထိုးပြီးနောက် လက်နက်စက်ရုံ၌ အလုပ်လုပ်မည့် ကျွန်များမှာ ဆယ်ဗီနီ၏ပိုင်ဆိုင်မှုဖြစ်လာလိမ့်မည်။

ရှုယီမှာ ၎င်းအား ထိုမျှ မြန်မြန်ဆန်ဆန်ပြုလုပ်ခဲ့လေရာ ဆယ်ဗီနီနှင့် မေဂျာမက်ခ်ကွန်လီတို့ကို အနည်းငယ် ရှက်ရွံ့မိစေသည်။

၎င်းတို့အနေနှင့် ရှုယီ၏အခြေအနေကို သဘောမတူနိုင်သည့် အချက်ကြောင့်သာ မဟုတ်ပါလျှင် ဆယ်ဗီနီနှင့် မေဂျာမက်ခ်ကွန်လီတို့မှာ စာချုပ်၌ လက်မှတ်ထိုးရန် အနည်းငယ်မျှပင် တုံ့ဆိုင်းနေလိမ့်မည်မဟုတ်ပေ။

တကယ်တမ်း ဆယ်ဗီနီနှင့် မေဂျာမက်ခ်ကွန်လီတို့ မသိသည်က ရှုယီမှာ ၎င်းတို့အား သဘောတူလိမ့်မည်ဟု မျှော်လင့်မထားခဲ့ခြင်းဖြစ်သည်။

ရှုယီသိသမျှကို အခြေခံရလျှင် လမ်ပူရီတိုင်းပြည်ရှိ သံသတ္တုရိုင်းများအားလုံးကို ဂျိုဝဲလ်မိသားစုမှ ထိန်းချုပ်ထားရုံသာမက ပထမဆုံးဘုရင်နှင့် ဂျိုဝဲလ်မိသားစုအကြား စာချုပ်အရ တော်ဝင်စစ်တပ်မှာ လမ်ပူရီတိုင်းပြည်၏ နယ်မြေကို ချဲ့ထွင်လိုက်ပါလျှင်တောင် အဓိကမိုင်းတွင်းတူးခွင့်မှာ ဂျိုဝဲလ်မိသားစုနှင့်သာ သက်ဆိုင်ပေသည်။

ထို့ကြောင့် ဆယ်ဗီနီနှင့် မက်ခ်ကွန်လီတို့မှာ ရှုယီ၏အဆိုကို လက်ခံချင်ပါလျှင်တောင် ဂျိုဝဲလ်မိသားစုကို မရှောင်တိမ်းနိုင်ပေ။

သို့သော် ရှုယီက ၎င်းတို့ လက်ခံနိုင်မည်မဟုတ်မှန်းသိသည့် အခြေအနေကို အဆိုပြုလာခဲ့သည်။ ရှင်းရှင်းပြောရလျှင် သူဟာ ညှိုနှိုင်းမှုပိုလွယ်စေရန် ကြေးကြီးကြီး တောင်းဆိုခဲ့ခြင်းဖြစ်၏။

ဆယ်ဗီနီနှင့် မက်ခ်ကွန်လီတို့မှာ ရှုယီ၏တောင်းဆိုမှု၌ သံသတ္တုရိုင်းလည်း ပါဝင်နေသဖြင့် သဘောမတူချေ၊ မဟုတ်လျှင် ဂျိုဝဲလ်မိသားစုက ဝင်စွက်ဖက်လာမည့် အဓိပ္ပာယ်ပင်။

သို့သော် ရှုယီက သံသတ္တုရိုင်းချည်းပဲ မဟုတ်ဘဲ သတ္တုပျော့များအပါအဝင် သတ္တုရိုင်းအားလုံးကို ညွှန်းဆိုလာခြင်းဖြစ်သည်။

ဂျိုဝဲလ်မိသားစုမှာ သံသတ္တုတွင်းအားလုံးကို ထိန်းချုပ်ထားပြီး ဘုရင့်၏ တိတ်တဆိတ်နားလည်မှုအောက်တွင် ကြေးနီတွင်းများအားလုံးကိုပါ ထိန်းချုပ်ထားသော်လည်း အခြားသတ္တုပျော့များက စိုင်စ်နယ်မြေကြီး၌ အရေးမကြီးလေရာ ဂျိုဝဲလ်မိသားစုက သဘာဝကျကျကျပင် ဂရုစိုက်မည်မဟုတ်ပေ။

ရှုယီသာ သတ္တုပျော့မိုင်းတွင်းတူးခွင့် သို့မဟုတ် ၎င်းတို့အား ထိန်းချုပ်နိုင်ခွင့်ကိုပါ လိုချင်လျှင် ထိုမျှ ခုခံမှုကြီးနှင့် ကြုံတွေ့ရလိမ့်မည်မဟုတ်ချေ။

လမ်ပူရီတိုင်းပြည်၌ ဂျိုဝဲလ်မိသားစု၏ရှေ့မှောက်တွင် မိုင်းတူးရန်မှာ ပြဿနာပေါင်းစုံကြုံရစေလောက်သည်။ ထို့ကြောင့် ရှုယီထံ၌ လူပုလေးငါးဦး ပြုလုပ်ပေးထားခဲ့သည့် သတ္တုရိုင်းမြေပုံရှိနေပါလျှင်တောင် သူ၏ပထမဆုံးရည်ရွယ်ချက်မှာ ဆန်နက်မြေရိုင်းရှိ သတ္တုပျော့ကြော ဖြစ်နေရခြင်းဖြစ်သည်။

သူ၏ဒုတိယရည်ရွယ်ချက်အား တိုင်းပြည်အပြင်ဘက်ရှိ သတ္တုကြောများ၌ ထား,ထားလေ၏။

တကယ်တမ်းတွင် လမ်ပူရီတိုင်းပြည်နှင့် စခ်တိုင်းပြည်တို့မှာ မြောက်ဘက်နယ်စပ်၌ တချိန်လုံး ရန်စောင်နေခဲ့ကြပြီး နှစ်ဘက်စလူံးမှာ တိုးလိုက်ဆုတ်လိုက်ဖြစ်နေကြ၏။ နှစ်ပေါင်းများစွာကြာပြီးနောက် ဘယ်ဘက်ကမှ ထိုနေရာကို အမှန်တကယ်မထိန်းချုပ်နိုင်သေးရာ တစ်ဘက်က ထိုနေရာကို ၎င်းတို့နယ်မြေအဖြစ်ပြောင်းလိုက်မည်အား ဆိုဖွယ်ပင်မရှိပေ။

ထို့ကြောင့် ရှုယီပြောလိုက်သည့် အခြေနေအတွက် ဆယ်ဗီနီ၏အဖွဲ့မှာ ဂရုတစိုက်စဉ်းစားကြည့်လိုက်သော် အဓိပ္ပာယ်မရှိသည့်စကားဝိုင်းနှင့် မခြားကြောင်းသိလိုက်ကြသည်။

သို့ဖြစ်၍ အစပိုင်း၌ သုံးဦးသားမှာ ရှုယီ၏အကြံပြုချက်ကိုဆန့်ကျင်ပြီး ဆွေးနွေးရန်မရှိကြောင်းပြလာသော်လည်း သေချာစဉ်းစားရန် ပြန်ဖို့လိုသည်။

ထိုရလာဒ်ကို ရှုယီ မျှော်မှန်းထားပြီးဖြစ်လေရာ သူ့ထံ၌လည်း စီစဉ်ထားခြင်းရှိပေ၏။

သူ၏ ရည်ရွယ်ချက်မှာ တစ်ကြိမ်တည်းနှင့် ဆုံးဖြတ်ချက်ရရန်မဟုတ်ဘဲ ထိုအခြေနေများကိုသုံးလျက် တော်ဝင်စစ်တပ်အနေဖြင့် Frestech ကုန်သည်ကြီးများအသင်းအား ၎င်းတို့၏ ချင့်ချိန်စဉ်းစားမှုထဲ၌ နေရာပေးရန်ဖြစ်သည်။ ရှေ့လျှောက် ထိုသို့သောအရာမျိုးရှိလာလျှင်လည်း ၎င်းတို့အနေနှင့် ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းကို စဉ်းစားကြလိမ့်မည်။

ထို့ကြောင့် ဆယ်ဗီနီ၏အဖွဲ့ကို ပြန်ပို့ပေးချိန်တွင် ဆယ်ဗီနီ၏အဖွဲ့က ရှုယီ၏ လျင်မြန်သောတုံ့ပြန်မှုကြောင့် အပြုံးကိုယ်စီရှိနေကြသည်။ ရှုယီလည်း ဆုံးရှုံးမှုအနည်းငယ်လေးမျှပင် မခံစားရရာ တောက်တောက်ပပပြုံးနေလေသည်။

ဆယ်ဗီနီ၏အဖွဲ့ထွက်ခွာသွားသည်ကိုကြည့်နေရင်း ၎င်းတို့အား လိုက်ပို့ဆောင်ပေးသည့် ခမ်နက်ဒ်က ရှုယီကို တီးတိုးဆိုလာသည်၊ "ဥက္ကဌ၊ ခင်ဗျား ဘုရင်မကြီးကို ဘယ်လိုထင်လဲ?"

ရှုယီက အနည်းအံ့ဩသွားကာ၊ "ဘာကိုပြောချင်တာလဲ?"

"ဒီလိုလေ..... ခင်ဗျား အနေနဲ့ ဘုရင်မကြီးကို..... အမ်း၊ လိုက်နာရတာ ထိုက်တန်တဲ့လူလို့ ခံစားရလား?" ခမ်နက်ဒ်က အထစ်ထစ်အငေါ့ငေါ့ဆိုလာသည်။

ရှုယီလည်း ခမ်နက်ဒ်၏ သဘာဝမကျဟန်ကိုကြည့်ကာ အသာပြုံးလေသည်၊ "လိုက်နာရတာ ထိုက်တန်ရဲ့လားတော့ ငါမသိဘူး၊ ဒါပေမယ့် လက်ရှိ နားလည်မှုအရဆိုရင် သူမက ငါနဲ့ ယုံကြည်ချက်တူတဲ့လူပဲ။ ငါတို့က တိုင်းသူပြည်သားတွေရဲ့ ဘဝကို ကိုယ်ပိုင်အစွမ်းအစနဲ့ တိုးတက်စေချင်တာကြောင့် တူညီတဲ့ လမ်းကိုလျှောက်နေကြတာပဲ။ ငါထင်တာတော့ ဘုရင်မကြီးက သူ့ရဲ့ ယုံကြည်ချက်ကို မပြောင်းလဲသရွေ့ ငါသူမကို ထောက်ပံ့မယ်။"

ခမ်နက်ဒ်မှ ရှုယီက ထိုမျှ ရှင်းရှင်းလင်းလင်းဖြေလာမည်ဟု မထင်ထားခဲ့လေရာ ရှုယီကို အတန်ကြာ အံ့ဩစွာကြည့်လိုက်သည်။ ထို့နောက် လေးနက်ဟန်ဖြင့် ခေါင်းငြိမ့်ကာ ပြော၏၊ "ကျွန်တော့မှာလည်း တူညီတဲ့ အမြင်ရှိတာကြောင့် ခင်ဗျားအတွက် အလုပ်ကြိုးစားမှာပါ၊ ဥက္ကဌ။"

ရှုယီက ရယ်လျက် လက်ယမ်းလိုက်သည်၊ "ကောင်းပြီလေ၊ ငါတို့က အပြုအမူတွေနဲ့ ငါတို့ကိုယ်ကို သက်သေပြနေကြတဲ့လူတွေပဲ၊ အဓိပ္ပာယ်မရှိတာတွေမပြောကြရအောင်။ မင်းအနေနဲ့ ငါ့ကိုကူဖို့ ကြိုးစားမယ်လို့ ပြောပေမယ့် လစာဖွဲ့စည်းပုံအစီစဉ်ကရော ဘယ်လိုလဲ? လတစ်ဝက်တောင်ကျော်သွားပြီး သုံးပတ်လောက်တောင် ရှိနေပြီဆိုပေမယ့် အစီအစဉ်ကိုမတွေ့ရသေးဘူးနော်။ မင်းကိုယ်မင်း အလုပ်ကြိုးစားတယ်လို့ ပြောနေတုန်းလား?"

ခမ်နက်ဒ်က ချက်ချင်းပင် ခါးသက်ဟန်ဖြင့် ပြန်ဖြေ၏၊ "ဥက္ကဌ၊ ကျွန်တော့်ကို အပြစ်တင်လို့မရဘူးလေ။ ကျွန်တော် အပြီးသတ်ခါနီးဖြစ်ပြီး အစီအစဉ်ကို ပြင်ပြီးပြီဆိုပေမယ့် မဟာမှော်ပညာရှင်ကမ်မီလာက ဒီလို အံ့ဩစရာ ဆုံးဖြတ်ချက်ချမယ်လို့ မတွေးခဲ့ဖူးဘူး။ ဒါက ကျွန်တော်တို့ လုပ်ငန်းစုရဲ့ အလုပ်သမားတွေကို ပြောင်းလဲမှုကြီးတွေဖြစ်စေတော့ ကျွန်တော်စုဆောင်းခဲ့သမျှ အချက်အလက်တွေအားလုံး အသုံးမဝင်တော့ဘူး။"

"ဒါဆို ဘယ်အချိန်ကျရင် အစီစဉ်ကို လွှဲပေးနိုင်မလဲ?" ရှုယီက လက်မလျှော့ဘဲ မေးလေ၏။

"ဒါက....." ခမ်နက်ဒ်မှာ အနည်းငယ်စဉ်းစား၍ သက်ပြင်းချလိုက်သည်၊ "လုပ်ငန်းစုကနေ မှော်အစီအရင်ရေးဆွဲမယ့် မှော်ပညာရှင်ပမာဏ အတော်များများကို စုဆောင်းခဲ့တာရယ် အမှာစာတွေတိုးလာတာရယ်နဲ့ဆို ကျွန်တော်တို့အနေနဲ့ ထုတ်လုပ်ရေးအရှိန်မြှင့်ဖို့ အလုပ်သမားတွေ ထပ်စုဆောင်းရဦးမယ်၊ ဒါက လစာ အချက်အလက်ကို အပြီးသတ်ဖို့ အချိန်နည်းနည်းယူရဦးမှာပဲ။ အချိန်အတိအကျ‌ကိုတော့...... ကျွန်တော်လည်း အခု မပြောနိုင်သေးဘူး။"

"အနည်းဆုံးတော့ ယေဘုယျအချိန်လေး မပေးသင့်ဘူးလား?" ရှုယီက ဆို၏၊ "ပြီးတော့ လစာချိန်ညှိဖို့ အလုပ်သမားတွေကို စုဆောင်းပြီးတဲ့အထိ စောင့်ဖို့မလိုဘူးလေ။ စံနှုန်းလစာကို ဆုံးဖြတ်ပြီးမှ အလုပ်သမားတွေကို စုဆောင်းပြီး ခန့်အပ်ပြီးတာနဲ့ စံနှုန်း နည်းလမ်းမှန်ကို သုံးသင့်တယ်။"

"အမ်း၊ ကျွန်တော်လည်း အဲ့လိုပဲစဉ်းစားနေတာဆိုတော့ အရင်ရက်တွေတုန်းက ဂရုစိုက်ခဲ့ပါတယ်။" ခမ်နက်ဒ်က အသက်ပြင်းပြင်းရှူကာ ယုံကြည်ချက်ရှိရှိ ပြောလာ၏၊ "ကျွန်တော့်ကို ဆယ်ရက်ပေး၊ အစီအစဉ်ကို သေချာပေါက် ပြင်ဆင်လိုက်မယ်။"

"ဒီလိုမှပေါ့။" ရှုယီက ကျေနပ်စွာခေါင်းငြှိမ့်သည်။

"ဒါပေမယ့် ဥက္ကဌ၊ ကျွန်တော် တခြားလူတွေရဲ့ လစာကိုတော့ ဂရုစိုက်နိုင်ပေမယ့်၊ မလုပ်ပေးနိုင်တဲ့ တစ်ယောက်တော့ရှိတယ်။" ခမ်နက်ဒ် ထပ်ပြော၏။

"အမ်? မလုပ်ပေးနိုင်ဘူး? မင်းကိုယ်မင်းပြောနေတာလား?" ရှုယီက အံ့ဩစွာမေးသည်။

"ကျွန်တော်က လူအိုကြီးနဲ့ ဘယ်ယှဉ်နိုင်ပါ့မလဲ၊ မဟာမှော်ပညာရှင် ကမ်မီလာကိုပြောနေတာပါ။ ဥက္ကဌ၊ သူက ထိပ်တန်းအဆင့် သုတေသနပညာရှင်ဖြစ်လာမယ်လို့ ခင်ဗျားပြောထားတော့ သူ့ရဲ့လစာကို ဘယ်လောက် စံ,ထားသင့်လဲ?"

ရှုယီလည်း မျက်မှောင်ကုပ်၍ ခါးသက်စွာပြောသည်၊ "ငါလည်း အဖြေကိုမသိဘူး။ အရင်တစ်ခေါက် သူ့ကို ဘယ်လိုပေးသင့်သလဲ မေးတော့ ငါ့ဘာသာပဲ စဉ်းစားသင့်တယ် သူဂရုမစိုက်ဘူးလို့ပြောတယ်လေ။ သေချာစဉ်းစားကြည့်တော့ ဒါက အတော်အရေးကြီးတဲ့ ပြဿနာပဲ။ အရမ်းနည်းနေရင်လည်းမကောင်းသလို အရမ်းမြင့်လွန်းရင်လည်း တခြားသုတေသနပညာရှင်တွေရဲ့ ယုံကြည်မှုကို ဖျက်ဆီးမိသွားလိမ့်မယ်။"

"ဒီလိုဆိုရင်ရော၊ မဟာမှော်ပညာရှင်ကမ်မီလာရဲ့ လစာကို အရမ်းမမြှင့်ထားတော့ဘူး၊ ဒါပေမယ့် မှော်သုတေသနဌာနရဲ့ ဆုပေးစနစ်နဲ့ဆို မဟာမှော်ပညာရှင်ကြီးလည်း သေချာပေါက် ဆုငွေအတော်လေးရမှာပဲ။ ဆုငွေပမာဏကိုပဲ တိုးလိုက်ရင် မဟာမှော်ပညာရှင်ကြီးရဲ့ လစာကို သွယ်ဝိုက်သောနည်းနဲ့ တိုးပေးသလိုဖြစ်သွားရုံမကဘဲ တခြားသုတေသနပညာရှင်တွေရဲ့ စိတ်အားထက်သန်မှုကိုပါ တိုးလာစေလိမ့်မယ်လေ?" ခမ်နက်ဒ်က အကြံပြုသည်။

"ဒါက အကြံကောင်းပဲ။ ဟုတ်ပြီ၊ မင်းပြန်ရောက်ရင် ဒါကို သေချာကြည့်ပြီး အသင့်တော်ဆုံး ပမာဏကိုဆုံးဖြတ်လိုက်။" ရှုယီက လက်ဝေ့ယမ်းကာ စကားဝိုင်းကို အဆုံးသတ်လိုက်သည်။

ခမ်နက်ဒ်က စာအုပ်လေးထဲ၌ ချရေးနေသည်ကိုမြင်သော် ရှုယီလည်း မနေနိုင်ဘဲ အနည်းငယ် ကျေနပ်သယောင် ခံစားမိသွား၏။

ခမ်နက်ဒ်မလာခင်က သူဟာ Frestech ကုန်သည်ကြီးများအသင်း၏ ကိစ္စများစွာကို ကိုယ်တိုင်ကိုင်တွယ်ခဲ့ရသည်။ ယခုတွင် ခမ်နက်ဒ်မှာ သူ၏ အထွေထွေမန်နေဂျာဖြစ်လာရာ သူ့အနေနှင့် ကိစ္စကြီးများကိုသာ ဂရုစိုက်ဖို့လိုပြီး ခမ်နက်ဒ်အား အကြံပေးဖို့သာလိုလေသည်။

ခမ်နက်ဒ်မှာ Frestech ကုန်သည်ကြီးများအသင်းသို့ ရောက်နေသည်က နှစ်လပင်မပြည့်သေးသော်လည်း အံ့ဖွယ်အရည်အချင်းများကို ပြသပြီးပြီဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်းအား သူကိုယ်တိုင် စီမံခန့်ခွဲပေးထားလေရာ အရာအားလုံးက ပိုမိုချောမွေ့စွာ လည်ပတ်နေပြီး လုပ်ကိုင်နိုင်စွမ်းကလည်း ယခင်ကထက် ပိုတိုးတက်လာသည်။

ရှုယီမှာ သူ့အား ကောင်းကင်ဘုံမှ ကျဆင်းလာသည့် ရတနာဟုပင် ခံစားမိရကာ ရုတ်တရတ်ထွက်သွားမည်ကို မကြာမခဏစိုးရိမ်နေသည်။ Frestech ကုန်သည်ကြီးများအသင်း၌ ၎င်းကို ထိန်းသိမ်းမည့် လူမရှိလေရာ ၎င်းကြောင့် ပြိုလဲသွားနိုင်သည်။

ခမ်နက်ဒ်မှာ ရေးမှတ်နေစဉ်တွင် ရှုယီ၏ခေါင်းထဲ၌ အတွေးစတချို့ ဖြတ်ပြေးသွားကြောင်းမသိလိုက်ပေ။ အားလုံး ရေးချပြီးသည့်နောက် ကောင်းကင်ယံကိုမော့ကြည့်ကာ ရှုယီကို ပြောလိုက်၏၊ "ဥက္ကဌ၊ ဗန်နီလာသစ်ခွဆင်ခြေဖုံးအတွက် ဖွင့်ပွဲအခမ်းအနားကို စတော့မှာဆိုတော့ ကျွန်တော်တို့သွားသင့်ပြီ။"

ရှုယီလည်း သူ၏ခေါင်းပေါ်ရှိ နေကိုမော့ကြည့်ကာ ခေါင်းငြိမ့်သည်။ ထို့နောက် ပြင်ထားပြီးသား မြင်းလှည်းကို ခေါ်၍ ဘန်တာမြို့၏ အနောက်တောင်ဘက်သို့ ဦးတည်‌လိုက်၏။

ထို ဗန်နီလာသစ်ခွဆင်ခြေဖုံးမှာ မတိုင်ခင်က မဟာမှော်ပညာရှင်ကမ်မီလာ ပြောကြားခဲ့သည့် တိုက်ခန်းများရှိသော နေရာဖြစ်သည်။

ရှင်းရှင်းဆိုရလျှင် ၎င်းက ဆင်ခြေဖုံးရပ်ကွက်ဖြစ်၏။

ကောင့်ထ်စီယန်နှင့် ရှုယီတို့ ဆွေးနွေးခဲ့သည့် ဘန်တာမြို့ ပြန်လည်ပြုပြင်ရေးအစီစဉ်အရ ပထမခြေလှမ်းမှာ ဘန်တာမြို့၏အစွန်အဖျားများကို ပြုပြင်ရန်ဖြစ်သည်။

အစီအစဉ်၏ပထမပိုင်းတွင် မဟာမှော်ပညာရှင် ကမ်မီလာနှင့် စတေးလ်တို့ သွားခဲ့ကြသည့် မိုင်လ်ဒန်ရွာအပါအဝင် ရွာသုံးရွာကို ဖြိုချမည်ပင်။

၎င်းဗန်နီလာသစ်ခွဆင်ခြေဖုံးမှာ ထိုရွာသုံးရွာ၏ ရွာသူရွာသားများအတွက် ပြင်ဆင်ပေးထားသည့် အိမ်ရာပါပင်။

တိုက်ခန်းများအကြောင်းဆိုရလျှင် ကမ္ဘာမြေရှိ တရုတ်တိုင်းပြည်တစ်ခွင်မှ တိုက်ခန်းများကို စဉ်းစားမိစေမည်။

၎င်းတို့က အရည်အသွေးညံ့ကာ ပတ်ဝန်းကျင်မကောင်းဟူသည့် အမြင်ကိုပေးစွမ်းလေရာ ပြောင်းရွှေ့ရန် တွန်းအားပေးခံရသည့် ရွာသားများအား မကျေနပ်ဖြစ်စေသည်။

သို့သော် ဤဗန်နီလာသစ်ခွအိမ်ရာ၏ တိုက်ခန်းများမှာ လုံးဝခြားနားပါ၏။

စိုင်စ်နယ်မြေကြီး၏ လူများအတွက် ဘဝအဆင့်အတန်းက မမြင့်မားလှဘဲ ဘေးဒုက္ခမှ ပြန်ကောင်းကာစ လမ်ပူရီတိုင်းပြည်ရှိ လူများအတွက် ပိုလို့ပင် နိမ့်သေးလေသည်။

ဘန်တာမြို့အပြင်မှ မိုင်လ်ဒန်ရွာဈကဲ့သို့ သာမန်ရွာလေးတစ်ရွာတွင် ရွာသားအားလုံးမှာ ကျောက်ရောထားသည့် မြေဆီမှပြုလုပ်ထားသော ကျောက်တုံးအိမ်များသို့မဟုတ် သစ်ဆွေများဖြင့် ပြုလုပ်ထားသည့် သစ်လုံးအိမ်ငယ်လေးများ၌သာ နေကြရသည်။

ထို အိမ်အမျိုးအစားနှစ်ခု၏ အရည်သွေးကို ပြောဖို့ ရန်ပင်မ‌လိုချေ။ ၎င်းတို့မှာ အအေးဒဏ်ကို ကာကွယ်ပေးနိုင်မည့် အခြေခံ အချက်တောင်မရနိုင်ပေ။ အနည်းငယ် မိုးကြီးပါက အိမ်များမှာ လုံးဝပျက်စီးသွားပေမည်။

ထိုသို့သော အိမ်များ၌ နေရသော ထိုရွာသားများ၏ နေထိုင်မှုစံနှုန်းမှာ ရှုယီအတွက် ဝမ်းနည်းဖွယ်ဟု သတ်မှတ်နိုင်လေသည်။

၎င်းဗန်နီလာသစ်ခွအိမ်ရာကို အမ်ရစ်ကုန်သည်ကြီးများအသင်းက ရှုယီထံမှ ငွေကြေးအထောက်အပံ့ဖြင့် ဆောက်လုပ်ပေးခဲ့သည်။ ထိုနေရာရှိ အိမ်များအားလုံးအား အားဖြည့်ကွန်ကရစ်များနှင့်‌ ဆောက်လုပ်ကာ နံရံများကို ဘိလပ်မြေအရောမှ ပြုလုပ်‌ထားလေရာ အင်မတန် ခိုင်မာတောင့်တင်းသည်။

၎င်းအား ဆောက်လုပ်ပြီးနောက် အိမ်အပြင်ဘက်အား သံပုရာဖြူအလွှာဖြင့် ဆေးသုတ်ထားရာ အိမ်များမှာ အင်မတန်ဖြူသန့်နေစေသည်။ ထိုအိမ်များအား အမ်ရစ် ကုန်သည်ကြီးများအသင်း၏ အထူးပြုတစ်ဦးက ဒီဇိုင်းဆွဲထားသဖြင့် အင်မတန် သပ်ရပ်ဟန်ရှိသည်။ ထိုသည်က အရည်အသွေးအကောင်းဆုံး အိမ်ရာပါပင်။

အဆောက်အဦများ အပြင်ဘက်၌ ရှုယီက သူ့လုပ်ငန်းစုရှိ နတ်သူငယ်များကို ကူညီခိုင်း၍ အပင်တချို့ စိုက်ကူခိုင်းထားလေသည်။

၎င်းအား ဆောက်လုပ်ပြီးနောက် ပတ်ဝန်းကျင်တွင် နှစ်ထပ်တိုက် အဆောက်အဦများ လှလှပပစီတန်းနေပြီး ဘန်တာမြို့သားများ မသိကြသော ထူးထူးဆန်းဆန်း အပင်မျိုးစုံလည်းရှိနေသည်။ စိမ်းလန်းမှုက အရိပ်အာဝါသကိုထောက်ပံ့ပေးကာ လေထုထဲ၌ ရနံ့တချို့ပင် သင်းပျံ့နေသည်က ကမ္ဘာမြေပေါ်ရှိ သုခဘုံတစ်ခုလိုဖြစ်နေ၏။

ထို တိုက်ခန်းများကို မြင်ပြီးသည့်နောက် ရွာသုံးရွာမှ ရွာသူရွာသားများ၏ စိုးရိမ်ပူပန်မှုများမှာ လုံးဝ ပျောက်ကွယ်သွားတော့သည်။

ပြောင်းရွှေ့ရန် စာရင်းမ‌ပေးခဲ့ကြသည့် တချို့ ရွာသားများဆိုလျှင် ပြောင်းရွှေ့ရန်ပါ တောင်းဆိုလာကြသည်။

၎င်းနှင့် ကြုံရသော် ရှုယီမှာ စိတ်ထဲ၌သာ သက်ပြင်းချလိုက်နိုင်၏။

ဆင်းရဲမှု၌ ဆင်းရဲနေရခြင်း၏ အခွင့်အရေးများရှိလေသည်။

All Chapters