← Chapters

အခန်း (၁၀၁-၁၁၀)

Vol. 2 Ch. 101-110

အခန်း (၁၀၁-၁၁၀)

Vol. 2 Ch. 101-110

Vol 2, အခန်း ၁၀၁။ မျိုးရိုးမြင့်နယ်မြေ၌ အိမ်များဆောက်ခြင်း

ဗန်နီလာသစ်ခွဆင်ခြေဖုံး၏ ပြန်လည်ထူထောင်ရေးအား ဘန်တာမြို့ ပြန်လည်ပြုပြင်ရေးအစီစဉ်၏ ပထမဆုံးသော လှုပ်ရှားမှုကြီးဟု သတ်မှတ်၍ ရပေသည်။ ၎င်းက ပြန်လည်ပြုပြင်ရေးအစီစဉ် တရားဝင်စတင်ခြင်းကို ကိုယ်စားပြုလေရာ ပထမ ရွာသားတစ်ဖွဲ့ ပြောင်းရွှေ့လာချိန်တွင် မြို့စားအိမ်တော်က ၎င်းအတွက် အခမ်းအနားတစ်ခုပင် အထူးတလည်ကျင်းပကာ ကောင့်ထ်စီယန်ကိုယ်တိုင် တက်ရောက်လာသည်။

ကောင့်ထ်စီယန်အပြင် မြို့တော်များ၏ လုပ်ငန်းစုကြီးများမှလည်း ကိုယ်စားလှယ်များစေလွှတ်ခဲ့ကြသည်။

ထိုစီမံကိန်းကို တာဝန်ယူခဲ့သည့် Frestech ကုန်သည်ကြီးများအသင်းနှင့် အမ်ရစ်ကုန်သည်ကြီးများအသင်းတို့မှာ လူတိုင်း၏ အာရုံစိုက်ခြင်းကိုခံနေရပေသည်။

ရှုယီနှင့် ခမ်နက်ဒ်တို့ ရောက်လာချိန်တွင် အခမ်းအနားက မစတင်သေးချေ။ အမ်ရစ်ကုန်သည်ကြီးများအသင်း၏ ဥက္ကဌခရုစ်က ရှုယီကိုမြင်သော် ချက်ချင်းရောက်လာကာ နှုတ်ဆက်လေ၏။

"ဘယ်လိုလဲ? ဥက္ကဌရှု၊ ဒီတိုက်ခန်းက မကောင်းဘူးလား?" ဥက္ကဌခရုစ်က ရှုယီကို ဂုဏ်ယူဟန်ဖြင့် မေးလာသည်။

ရှုယီလည်း သူ့အားကြည့်ကာ အနည်းငယ်ရယ်ရွှင်ဖွယ်ခံစားလိုက်ရပြီး၊ "ကျုပ် ခင်ဗျားကို အကြိမ်ပေါင်းများစွာ ချီးကျူးပြီးပြီလေ၊ ဘာလို့ ထပ်မေးနေရသေးတာလဲ? လေးစားတဲ့စကားလုံးတွေလိုချင်ရင် အဲ့မှာ မြို့စားအရှင်ရှိတယ်၊ သူ့ကို သွားရှာလို့ရတယ်။"

"ဟားဟား၊ ခင်ဗျားရဲ့ Frestech ကုန်သည်ကြီးများအသင်းက ကျုပ်တို့ အမ်ရစ်ကုန်သည်ကြီးများအသင်းကို ပေးထားတဲ့ အရာဆိုတော့ အလုပ်ပြီးတဲ့အချိန်မှာ ပေးထားတဲ့လူဆီ အရင်တင်ပြရတာပေါ့။ မြို့စားအရှင်က ကျုပ်ကို အစောတည်းက ချီးကျူးပြီးနေပါပြီ။"

"မြို့စားအရှင်ကလည်း အတော်ကို စိတ်တိုင်းကျမှတော့ ကောင်းတာပေါ့။" ရှုယီက ဥက္ကဌခရုစ်၏ ပခုံးကိုပုတ်ကာ အသာပြုံး၍ပြောလိုက်သည်၊ "ဥက္ကဌခရုစ်, ပထမစီမံကိန်းက ဒီလောက်အဆင်ပြေပြေပြီး‌သွားတော့ မြို့စားအရှင်လည်း တခြားလုပ်ငန်းစုတွေဆီ တခြားစီမံကိန်းတွေပေးမှာမဟုတ်တော့ဘူး။ ဘန်တာမြို့ ပြုပြင်ပြောင်း‌လဲရေးစီမံကိန်းကိုသာ ခင်ဗျားတို့ အမ်ရစ်ကုန်သည်ကြီးများအသင်းဆီ လုံးဝထည့်ပေးလိုက်ရင် ခင်ဗျား ချမ်းသာပြီပဲ။"

"ဒါတွေအားလုံးက ဥက္ကဌရှုရဲ့ ကျုပ်တို့အပေါ် ယုံကြည်မှုကြောင့်ပါ။" ဥက္ကဌခရုစ်က ရယ်ကာ ရှုယီထံတိုးသွားပြီး အသံတိုးတိုးဖြင့်ဆိုလေသည်၊ "ဥက္ကဌရှု၊ ကျုပ် ကိစ္စတချို့မေးကြည့်‌လို့ရမလား?"

"ဘာများလဲ?" ရှုယီက အနည်းငယ် အံ့ဩသွား၏။

"ပထမမေးခွန်းက ဗန်နီလာသစ်ခွဆင်ခြေဖုံးကို ကျုပ်တို့ အမ်ရစ်ကုန်သည်ကြီးများအသင်းက အပြီးသတ်ခဲ့တယ်ဆိုပေမယ့် ခင်ဗျားရှေ့မှာ ကျုပ် အမှန်ကိုပြောရမယ်။ ကျုပ်တို့တွေ ဒီအတွက် ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းဆီကနေ နှစ်သိန်းယူခဲ့တယ်မဟုတ်လား? ကျုပ်တို့ အမ်ရစ်ကုန်သည်ကြီးများအသင်းအနေနဲ့ တစ်သိန်းခုနစ်သောင်းပတ်လည် သုံးခဲ့ရတာမို့ ဒီကနေ သုံးသောင်းလောက်ရတယ်။"

"အမ်း၊ ဥက္ကဌခရုစ်, ကြည့်ရတာ ခင်ဗျားက ကျုပ်ကို မျက်နှာသာ တချို့ပေးပြီး အဲ့လောက်များများစားစားမယူခဲ့ဘူးပဲ။ ကျေးဇူးတင်ကြောင်းပြရမှာပေါ့။" ရှုယီက ခေါင်းငြိမ့်ကာဆိုသည်။

"ကျုပ်ပြောချင်တာက ဒါမဟုတ်ဘူး။ မေးခွန်းက ကျုပ်တို့ အမ်ရစ်ကုန်သည်ကြီးများအသင်းအနေနဲ့ ဒါကနေ ငွေ'တကယ် ရခဲ့တယ်ဆိုပေမယ့် ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းကရော ဒီကနေ ငွေဘယ်လိုရမှန်းကို မသိသေးတာပဲ။ ဒီတစ်ခေါက် ခင်ဗျားက ရွှေဒင်္ဂါးနှစ်သိန်းကျော် ရင်းနှီးမြှုပ်နှံခဲ့တော့ ဒီငွေတွေကို ခင်ဗျား ဘယ်လိုပြန်ရမလဲ မမြင်နိုင်ဘူးဖြစ်နေတယ်။" ဥက္ကဌခရုစ်က ရှုပ်ထွေးနေဟန်ဖြင့် မေးလေသည်။

"အိမ်ရာနယ်မြေကယူတဲ့ မြေကွက်က ရွာသုံးရွာထက် ပိုသေးတာကို ခင်ဗျား မေ့သွားတာလား?" ရှုယီက ပြန်မေး၏။

"ဒါကို ကျုပ်သိပါတယ်၊ ဒါပေမယ့် ဒီအိမ်ရာက ဘန်တာမြို့အပြင်ဘက်မှာရှိတော့ ရွာသုံးရွာက အတော်လေးဝေးတယ်လေ။ အနီးဆုံး မိုင်လ်ဒန်ရွာဆိုရင် ဘန်တာမြို့ကနေ ငါးကီလိုမီတာဝေးတော့ ဒီအကွာအဝေးအရ ဒီမြေကွက်လေးတွေရဲ့ တန်ဖိုးက လုံးဝမတူလောက်ဘူး။ ဒါက လုပ်ဖို့ထိုက်တန်တဲ့ လုပ်ငန်းလို့လည်း လုံးဝမထင်မိဘူး။"

ဥက္ကဌခရုစ်က မျက်မှောင်ကုပ်ရင်း စဉ်းစားပြီး အသံတိုးတိုးဖြင့်မေးလိုက်သည်၊ "ဥက္ကဌရှု၊ ကျုပ်တို့က ရင်းနှီးတော့ ခင်ဗျားမှာသာ အထူးငွေရတဲ့ နည်းလမ်းတွေရှိရင် ကျုပ်ကို နားထောင်ခွင့်ပေးပါဦးဗျာ။"

ရှုယီက အသာပြုံးကာ ခေါင်းခါလေသည်၊ "တကယ်တော့ ဘာမှမထူးခြားပါဘူး။ ရွာသုံးရွာက ဘန်တာမြို့ကနေဆို ဝေးပေမယ့်လည်း၊ ဒီရွာသုံးရွာက ဘန်တာမြို့စက်မှုနယ်မြေထဲမှာ ပါဝင်ပြီး ဆန်းဒ်တွန်အိမ်ရာနဲ့ သိပ်မဝေးတာကို ခင်ဗျား မစဉ်းစားမိဘူးလား။ မထင်ထားတာတွေသာ ဖြစ်မလာရင် ဘန်တာမြို့ရဲ့ အပြင်ဘက်အပိုင်းတွေက ဘန်တာမြို့မှာရှိတဲ့ စက်ရုံတွေအားလုံးကို ရွှေ့ပြောင်းမယ့် စက်မှုနယ်မြေဖြစ်လာလိမ့်မယ်။ ခင်ဗျားတို့ အမ်ရစ်ကုန်သည်ကြီးများအသင်းက လမ်းတွေခင်းပေးနေတဲ့ အချက်ကိုပါ ထည့်ပေါင်းလိုက်ရင် ခင်ဗျားထင်လား.... အဲဒီ့မြေကွက်ရဲ့ တန်ဖိုးက အရင်ကလို နည်းနေဦးမယ်လို့လေ?"

ဥက္ကဌခရုစ်လည်း စဉ်းစားကာ ရုတ်တရတ် တစ်စုံတရာကို တွေးမိပြီး မျက်လုံးများ တောက်ပလာသည်။ ထို့နောက် ရှုယီအား နားလည်သွားဟန် ပြုံးပြလေ၏။

"ဥက္ကဌရှု၊ ခင်ဗျားက တကယ်ပဲ အမြင်ရှိတာပဲ၊ ကျုပ် လေးစားမိပါတယ်။"

ရှုယီက ပြုံးကာမေးလေသည်၊ "ဟုတ်ပြီလေ၊ ခင်ဗျားရဲ့ ဒုတိယမေးခွန်းကရော?"

"ဒုတိယမေးခွန်းက...." ဥက္ကဌခရုစ်က ဗန်နီလာသစ်ခွ ဆင်ခြေဖုံးသို့ ဝင်ချည် ထွက်ချည် ပြုနေကြသည့် လူများစွာကို လှည့်၍ ညွှန်ပြကာ၊ "ဒီအိမ်ရာကို ခင်ဗျားတို့ လုပ်ငန်းစုက ဒီဇိုင်းဆွဲထားပြီး နတ်သူငယ်တွေရဲ့အကူအညီလည်း ရထားတော့ အပြီးသတ်ပြီးနောက်မှာ အတော်လေး လှလာတယ်။ မြို့စားအရှင်'တင်မကဘူး ပြောင်းရွှေ့နေကြတဲ့ လူတွေလည်း ကျေနပ်သလို လာလည်တဲ့လူတွေတောင် အတော်စိတ်တိုင်းကျနေပုံပဲ။ သူတို့ ဝယ်ပြီးနေလို့ရနိုင်မယ့် အိမ်တစ်လုံးလောက်ရှိမလား'မေးတဲ့လူတွေတောင် အတော်များတော့ ကျုပ်....."

"နောက်ထပ် လူနေအိမ်ရာဆောက်ပြီး တိုက်ရိုက်ရောင်းချချင်တာလား?" ရှုယီက မေးလေသည်။

ဥက္ကဌခရုစ်က ရှုယီကို တအံ့တဩကြည့်လာသည်၊ "ဥက္ကဌရှု၊ ကျုပ်ပြောချင်တာကို ဘယ်လိုများသိလဲ?"

ရှုယီက ပြုံးလေ၏။ "ခင်ဗျားအရင်က‌ပြောတာအားလုံးကိုကြားပြီးတာတောင် မခန့်မှန်းနိုင်မှ ထူးဆန်းနေလိမ့်မယ်။"

အိမ်ခြံမြေလုပ်ငန်းသည် ကမ္ဘာပေါ်တွင် အလွန်ကြွယ်ဝသော လုပ်ငန်းတစ်ခုဖြစ်ခဲ့ပြီး မရေမတွက်နိုင်သောလူများလည်း ဤလုပ်ငန်းတွင် ချမ်းသာလာခဲ့သည်။

ဥက္ကဌခရုစ်မှာ ထိုအိမ်ရာအား ကြိုဆိုကြသည်ကိုမြင်သဖြင့် ၎င်းကြောင့် ငွေ'မရယူလိုမှသာ ထူးဆန်းနေမည်။

တကယ်တမ်းတွင် ကောင့်ထ်စီယန်နှင့်အတူ ပြုပြင်ပြောင်းလဲရေးအစီစဉ်ကို ဆွေးနွေးချိန်က ထိုပြဿနာကို ယခင်ကတည်းက စဉ်းစားထားခဲ့သည်။

သို့သော် ရှုယီဖြစ်စေ ကောင့်ထ်စီယန်‌ဖြစ်စေ အိမ်ခြံမြေများမှ ငွေရရန် မစီစဉ်ထားခဲ့ပေ။ ၎င်းတို့အနေနှင့် ဘန်တာမြို့ကို ပြုပြင်ပြီးလိုရုံသာဖြစ်သဖြင့် လူနေ အိမ်ရာနယ်မြေနှင့် စီးပွားရေးနယ်မြေကို ပိုင်းခြားထား၏။

ထို့ကြောင့် ဥက္ကဌခရုစ်က ဗန်နီလာသစ်ခွဆင်ခြေဖုံးကဲ့သို့ အိမ်ရာကို ငွေဝင်ရန် အသုံးပြုလိုလျှင် ကောင့်ထ်စီယန် သဘောမတူမည်ကို စိုးရိမ်ဖို့သာ လိုသည်။

"ဒီလိုလား?" ရှုယီ၏အဖြေကိုကြားသော် ဥက္ကဌခရုစ်က စိတ်ပျက်သွားသည်၊ "ကျုပ်ထင်တာတော့ ဘန်တာမြို့က လူတွေနဲ့ဆိုရင် ဒီနယ်ပယ်မှာ ရပေါက်တွေရှိလိမ့်မယ်။ အိုင်း၊ မြို့စားအရှင်က သဘောမတူချင်မှတော့ ကျုပ်လည်း မေ့ထားလိုက်ရုံပဲပေါ့လေ။"

စိတ်ပျက်သွားသည့် ဥက္ကဌခရုစ်ကို မြင်သော် ရှုယီမှာစိတ်လှုပ်ရှားသွားရင်း ပြောလေသည်၊ "တကယ်တော့ မဖြစ်နိုင်ဘူးလို့ ပြောတာမဟုတ်ပါဘူး။"

ဥက္ကဌခရုစ်မှာ ချက်ချင်း အင်မတန်ပျော်ရွှင်သွားဟန် ပေါ်လာသည်၊ "ဘယ်လိုဖြစ်နိုင်မယ်လို့ ထင်လဲ”

ရှုယီက စဉ်းစားကာ ပြောလေသည်၊ "ခင်ဗျားအနေနဲ့ လူနေအိမ်ရာက မြေကို မယူဖို့နဲ့ ဘန်တာမြို့ပြုပြင်ပြောင်းလဲရေးအစီစဉ်ကို မနှောင့်နှေးစေဖို့ပဲ မျှော်လင့်တာပါ၊ ဒါပေမယ့် ဒီအစီအစဉ်ပြင်ပက နေရာတွေကိုတော့ ခင်ဗျားသုံးလို့ရတယ်။ ဥပမာပြောရရင်..... မျိုးရိုးမြင့်တွေရဲ့ ကိုယ်ပိုင်နယ်မြေလိုပေါ့။"

ဥက္ကဌ ခရုစ်က အံ့ဩသွား၏၊ "မျိုးရိုးမြင့်နယ်မြေ? သူတို့ရဲ့ ကိုယ်ပိုင်နယ်မြေ‌ပေါ်မှာ ဆောက်မယ်ဆိုရင် ဘယ်လိုလုပ် သဘောတူကြမှာလဲ?"

"သူတို့ သဘောတူ၊ မတူက အကျိုးအမြတ် ရ၊မရ အပေါ်ပဲ မူတည်တာပါ။ သူတို့သာ ခင်ဗျားနဲ့ ပူးပေါင်းရင် ငွေပမာဏကြီးကြီးရနိုင်မယ်လို့သာ ပြောကြည့်လိုက်၊ ခင်ဗျားကို ငြင်းမယ့် မျိုးရိုးမြင့်တစ်ယောက်လောက်များ ရှိမယ်ထင်လို့လား?"

ဥက္ကဌခရုစ်က အတွေးနက်သွားသည်ကိုမြင်သော် ရှုယီက ရယ်သည်။ ဥက္ကဌခရုစ်သာ လှုပ်ရှားလျှင် မျိုးရိုးမြင့်အများစုကို လှုပ်ရှားစေနိုင်မည်ဖြစ်သည်။

မျိုးရိုးမြင့်များ၏ကိုယ်ပိုင်နယ်မြေ၌ စီးပွားရေးအဆောက်အဦများရှိနေချိန်တွင် ထိုနယ်မြေများမှာ ကိုယ်ပိုင်ဖြစ်တော့မည်မဟုတ်ပေ။ ထိုအဆောက်အဦးများဆောက်ပြီးချိန်တွင် ၎င်းက လူထု အမှတ်အသားတစ်ခု ဖြစ်လာလိမ့်မည်။

အခမ်းအနား စတင်တော့မည်ဖြစ်ရာ ဥက္ကဌခရုစ်ထံ၌ ၎င်းကို စဉ်းစားဖို့ အချိန်များများစားစားမရှိချေ။

ပထမဦးဆုံး ကောင့်ထ်စီယန်က စင်မြင့်ထက် တက်လာကာ မိန့်ခွန်းရှည်ကြီးကို ပြောကြားသည်။ သူ့အနေနှင့် ဦးစွာ မြို့စားအိမ်တော်မှ လုပ်ဆောင်နေသည့် မြို့တော် ပြုပြင်ပြောင်းလဲရေးအစီစဉ်ကို မိတ်ဆက်ပေးကာ ရွာသုံးရွာ၏ ပြန်လည်ထူထောင်ရေးက ထိုအစီစဉ်၏ ပထမခြေလှမ်းဖြစ်ကြောင်း ပြောကြားပြီးနောက် အနာဂတ် ခြေလှမ်းများကိုပါ ပြောကြားလေသည်။

မိတ်ဆက်ပြီးသည့်နောက်တွင် ရှုယီနှင့် ဥက္ကဌခရုစ်တို့ ပြောရမည့် အလှည့်ရောက်လာ၏။

၎င်းတို့၏မိန့်ခွန်းများမှာ ကောင့်ထ်စီယန်ကဲ့သို့ မရှည်ပါချေ။ ၎င်းတို့က Frestech ကုန်သည်ကြီးများအသင်းနှင့် အမ်ရစ်ကုန်သည်ကြီးများအသင်းတို့အနေဖြင့် မြို့စားအရှင်၏ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်းနှင့် မြို့စားအရှင် ပေးထားသည့် တာဝန်ကို ပြီးမြောက်ရန် လုပ်နိုင်သမျှအရာအားလုံးကို သေချာပေါက် အသုံးချကြမည် ဖြစ်ကြောင်းသာ ပြောခဲ့၏......

မိန့်ခွန်းများပြီးဆုံးချိန်တွင် ကောင့်ထ်စီယန်က လှုပ်ရှားမှုအစကို ကြေငြာလေသည်။ မြို့စောင့်များ၏ အကူအညီနှင့်အတူ ပထမအသုတ် ရွာသားများ၏ ပရိဘောဂ၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် ၎င်းတို့နေထိုင်ရမည့် အိမ်သစ်အတွက် အိပ်ယာခင်းများကိုပါ သယ်ဆောင်ကြတော့သည်။

ထိုဖြစ်စဉ်အတွင်း ပစ်မှတ်များကို အင်တာဗျူးဖို့ရန် ကြို'အကြောင်းကြားထားသည့် သတင်းထောက်များလည်း မရေမတွက်နိုင်အောင် ရှိနေကြသည်။

ရုတ်တရတ် မြင်ကွင်းက အင်မတန် သက်ဝင်လှုပ်ရှားလာ၏။ ရွာသူရွာသားများအပါအဝင် အားလုံးထံ၌ ဝမ်းသာပြုံး'ရှိနေကြကာ အင်မတန် လိုက်လျောညီထွေဖြစ်နေဟန်ပေါ်နေ၏။

ထိုမြင်ကွင်းက ရှုယီ၏ မျက်လုံးထဲဝင်ရောက်လာချိန်တွင် ၎င်းက သူ့အား ကမ္ဘာမြေမှ လူကြိုက်များသည့် အသုံးအနှုန်းတစ်ခုကို စဉ်းစားမိစေခဲ့သည်။

မှန်ပါသည်၊ ထိုသတင်းထောက်များကို သတင်းပေးခဲ့သည်မှာ မြို့စားအိမ်တော်ဖြစ်၏။ ကောင့်ထ် စီယန်မှာ ၎င်းကို ပြပွဲတစ်ခုအဖြစ်သုံးကာ ဘန်တာမြို့ ပြုပြင်ပြောင်းလဲရေးအစီစဉ်က လိုအပ်သည်ဖြစ်ရုံမျှမက သေချာပေါက်အောင်မြင်မည်ကိုလည်း လူတိုင်းကို သိစေချင်၏။

ရှုယီမှာ ပြပွဲက လိုအပ်သည်မှန်း သိသော်လည်း ၎င်းနှင့် ကျင့်သားမရသေးပေ။ သတင်းထောက်များထံမှ ရိုးရှင်းသည့် မေးခွန်းတချို့‌ဖြေပြီးနောက်တွင် သူ၏ အထွေထွေမန်နေဂျာ ခမ်နက်ဒ်ကို အင်တာဗျူးခံရန်ထားခဲ့ကာ သူကတော့ဖြင့် မှော်သုတေသနဌာနဆီသို့ တိတ်တဆိတ် ခိုးထွက်လာခဲ့သည်။

အီဗီတာနှင့် တခြားသုတေသနပညာရှင်များသာ ရှိစဉ်ကနှင့်ယှဉ်လျှင် လက်ရှိ Frestech ကုန်သည်ကြီးများအသင်း၏ မှော်သုတေသနဌာနမှာ မှော်ပညာရှင်အယောက်သုံးဆယ်ကျော် ဝင်ရောက်လာမှုကြောင့် တိုးတက်လာသည်။

အီဗီတာတို့အတွက် လေ့လာဖို့နှင့် ခဏတာနေနိုင်ဖို့အထိ လုံလောက်ခဲ့သည့် ဌာနမှာ ယခုဆိုလျှင် သုတေသနပညာရှင်တစ်ဦးစီအား ဓာတ်ခွဲခန်းပေးရန်ပင် မလုံလောက်တော့လေရာ သုတေသန ပညာရှင်များစွာမှာ ဓာတ်ခွဲခန်းတစ်ခုထဲသို့ တိုးဝင်နေကြရ၏။

မှော်ပညာရှင်များစွာ၏ အလုပ်ဝန်းကျင်နှင့်ယှဉ်ပါက ဤ မှော်သုတေသနဌာနမှာ များစွာပိုကောင်းလေရာ သုတေသနများထံမှ ကွန်ပလိန်းများတော့ လုံးဝရမလာခဲ့ချေ။

၎င်းတို့ အဆင်မပြေလျှင်တောင် မဟာမှော်ပညာရှင်ကမ်မီလာက တူညီသည့် မှော်သုတေသနဌာန၌ အလုပ်လုပ်နေခြင်းကြောင့် ပြောဝံ့မည်မဟုတ်ပေ။

မဟာမှော်ပညာရှင်ကြီးနှင့်ယှဉ်ကာ ၎င်းတို့မှာ မည်သည်ကို တွက်ကပ်နေရမည်နည်း?

သို့သော် မည်သူကမှ စောဒကမတက်ပါလျှင်တောင် ရှုယီက မြို့ပြင်၌ အခြားတစ်နေရာဝယ်ယူကာ Frestech ကုန်သည်ကြီးများအသင်း၏ သုတေသနဌာနတစ်ခု ဆောက်ရန် စဉ်းစားထားပေ၏။ သုတေသနအတွက် တာဝန်ရှိသော ဝန်ထမ်းများအားလုံး ၎င်းနေရာတွင် စုရုံးကြပြီး အားလုံး ညှိနှိုင်းဆောင်ရွက်ကြမည်ဖြစ်သည်။

သို့သော် ထိုသို့နေရာမျိုး များများစားစားမရှိလေရာ လတ်တလောတော့ မှော်ပညာရှင်အားလုံး ဤနေရာ၌သာစုစည်းရ၏။

သုတေသနဌာနထဲသို့ ရှုယီ လျှောက်ဝင်သွားချိန်တွင် အာကာလီလျှောက်လာသည်ကို မြင်လိုက်ရသည်။

အာကာလီမျက်နှာထက်ရှိ ဒေါသဟန်ကိုမြင်သော် ရှုယီမှာ မအံ့ဩဘဲ မနေနိုင်တော့ပေ။

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၁၀၂။ လုံခြုံရေး စည်းမျဉ်းများ ချမှတ်ခြင်း နှင့် စွမ်းအားတိုးမြှင့်ခြင်း

"ဟေး၊ အာကာလီ, မင်းကို ဘယ်သူက ဒေါသဖြစ်အောင်လုပ်လိုက်တာလဲ?" ရှုယီက ချက်ချင်းမေးလေ၏။

အာကာလီလည်း ရှုယီကို မော့ကြည့်ကာ နှာခေါင်းရှုံ့လေသည်၊ "အဲဒီ့ ခွေးကောင် စကော့ချ်ပေါ့!"

"စကော့ချ်က ဘာဖြစ်လို့လဲ?" ရှုယီက အနည်းငယ် အံ့ဩသွားသည်။

စကော့ချ်မှာ ရှုယီထံ အေးစက်ကာ ရန်လိုဟန်ပင်ပြပါသော်လည်း အခြားလူများထံ အင်မတန်ကောင်းပေးပြီး မိန်းကလေးများအတွက်လည်း လူကြီးလူကောင်းတစ်ဦးဖြစ်ရာ အာကာလီက အဘယ့်ကြောင့် ထိုမျှ ဒေါသဖြစ်လာရသနည်း?

"သူက သူ့ကိုယ်သူ အရမ်းကြီးမြတ်တယ်ထင်နေတာလေ! ဂုဏ်သတ္တိမတူတဲ့ ပြဿနာတွေရှိတာကြောင့် နေမီးလျှံအစီအရင်က လေသလင်းမြက်အဆီအနှစ်ကို မခံနိုင်ပါဘူးလို့ ပြောပေမယ့် နားမထောင်ဘဲ ကြိုးစားကြည့်မယ်လို့ပြောတယ်။ အဆုံးကျတော့ အစီအရင် အသက်ဝင်လာတာနဲ့ ပေါက်ကွဲသွားတော့တာပဲ!" အာကာလီက ဒေါသတကြီးပြောလေ၏။

ရှုယီလည်း ထိတ်လန့်သွားကာ၊ "ထိခိုက်သွားတဲ့လူရှိလား?"

"မရှိပါဘူး။" အာကာလီက ခေါင်းခါကာ၊ "အားလုံးက မြန်မြန်တုံ့ပြန်နိုင်လိုက်ပြီး ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အချိန်ရသွားတာကြောင့် ဘာမှတော့ဖြစ်မသွားဘူး။ ဒါပေမယ့် ဓာတ်ခွဲခန်းက ပေါက်ကွဲမှုကြောင့် ရှုပ်ပွနေပြီ။ စကော့ချ်အနေနဲ့ သူပြဿနာကို သူရှင်းသင့်တယ်လို့ ကျွန်မပြောပေမယ့် သူက ကျွန်မကိုတောင်ပြန်ပြောရဲသေးတယ်၊ ဓာတ်ခွဲခန်းက အားလုံးနဲ့ဆိုင်တယ်တဲ့လေ! ဟမ့်! ကျွန်မ အတော် ဒေါသထွက်တယ်!"

မည်သူမှ မထိခိုက်သွားသည်ကိုကြားသော် ရှုယီလည်း စိတ်ငြိမ်သွားကာ အပြုံးဖြင့်ဆိုလေသည်၊ "သူ မှန်ပါတယ်၊ ဓာတ်ခွဲခန်းက အားလုံးနဲ့ဆိုင်သလို မ‌တော်တဆဖြစ်တာမျိုးကလည်း ပုံမှန်ပဲဆိုတော့ အားလုံး ရှင်းလင်းဖို့ လိုတာ မှန်တယ်။"

အာကာလီက သူ့ကိုကြည့်လာသည်၊ "ဥက္ကဌ၊ ဒါဆို ရှင့်အပြောအရ၊ သူက ဘာအမှားမှမလုပ်ထားဘူးလို့ ထင်တယ်ပေါ့?"

"ဒီလိုမပြောပါဘူး။" ရှုယီက လက်ဝေ့ယမ်းကာ၊ "သူ့ရဲ့ အမှားကြောင့်၊ စမ်းသပ်မှုကျရှုံးတာကြောင့် ဓာတ်ခွဲခန်းကို ပျက်စီးသွားစေတာမို့ ဆုံးရှုံးမှုအားလုံးက သူ့အပေါ်ကို ကျလာမှာပဲ။ စည်းမျဉ်းတွေအရ ဆုံးရှုံးမှုတွေကို သူ့ရဲ့ နောက်လ,လစာထဲကနေ နှုတ်ရလိမ့်မယ်။"

ရှုယီ၏နောက်ဆုံးစကားကိုကြားသော် အာကာလီက ရုတ်တရတ် ထရယ်လာသည်။

"ဟားဟား၊ နောက်တစ်ခေါက်က ဝင့်ကြွားပြနေမလား ကြည့်ရသေးတာပေါ့။ ဟုတ်ပြီ သူ့ရဲ့လစာကို နှုတ်ပြီး ဒီကိစ္စရဲ့ အရေးပါမှုကို သိအောင်လုပ်လိုက်!"

အာကာလီ၏မျက်နှာက အားရမှုနှင့် ပြည့်နေသည်ကိုမြင်သော် ရှုယီလည်း ခေါင်းခါလိုက်သည်။ အာကာလီထံ သုတေသန တိုးတက်မှုအကြောင်း မေးလုဆဲဆဲ၌ ၎င်းတို့နောက်မှ အေးစက်စက်နှာမှုတ်သံတချက် ပေါ်ထွက်လာသည်။

"ဥက္ကဌ၊ မှော်သုတေသနမှာဆိုရင် သာမန်အတိုင်း ကျရှုံးမှုတွေရှိပါတယ်။ သုတေသနပညာရှင်တစ်ဦးက ကျရှုံးချိန်တိုင်း ဆုံးရှုံးမှုအတွက် ပေးရမယ်ဆိုရင် သုတေသနပညာရှင်တွေကို စမ်းသပ်မှုအသစ်တွေလုပ်ခွင့်မပေးတော့ဘဲ အလုံခြုံဆုံးအရာတွေကို လုပ်ခိုင်းမယ်လို့ ဆိုလိုတာများလား? ဒီလိုသာဆိုရင် ဒီသုတေသနဌာန တည်ရှိနေတာက ဘာအဓိပ္ပာယ်တစ်ခုတောင်ရှိတော့မှာလဲ?"

ရှုယီ လှည့်ကြည့်လိုက်သော် စကော့ချ်က အေးစက်စက်မျက်နှာပေးနှင့် လေးနက်စွာ ပြောနေသည်ကို မြင်လိုက်ရသည်။ "မဟုတ်ဘူး၊ ဒါက လုံးဝဆန့်ကျင်ဘက်ပဲ။ ကျုပ်က လူတိုင်းကို သူတို့ရဲ့ စိတ်ကူးတွေကိုသုံးပြီး စမ်းသပ်မှုအသစ်တွေလုပ်ဖို့ အင်မတန်ကိုမှ အားပေးပါတယ်။ ဒါပေမယ့် ဒီအချက်မတိုင်ခင် ကျုပ်ရဲ့ နံပါတ်တစ်တောင်းဆိုမှုက လုံခြုံရေးပဲ။"

"ဒီတစ်ခေါက် ဘယ်သူမှ မထိခိုက်တာကို ခင်ဗျားက ဘာလို့ ကျုပ်ကို အပြစ်ပေးမှာလဲ?" စကော့ချ်က အလျှော့ပေးဖို့ ဆန္ဒမရှိပေ။

"ဘာလို့လဲဆိုတော့ ခင်ဗျားက ခင်ဗျားရဲ့စမ်းသပ်ချက် ကျရှုံးမှုရဲ့ အကျိုးဆက်ကို မစဉ်းစားခဲ့လို့ပဲ။ ဒီတစ်ခေါက် အားလုံးက မြန်မြန်တုံ့ပြန်ပြီး သတိထားလိုက်မိကြလို့သာ ဘာမှဖြစ်မသွားတာလေ။ တချို့လူတွေသာ သတိမထားမိတာတို့ ဒါမှမဟုတ် ခင်ဗျားရဲ့ စမ်းသပ်ချက်ကျရှုံးမှုရဲ့ပေါက်ကွဲမှုက အရမ်းကြီးသွားတာတို့ကြောင့် သူတို့ကိုယ်ကို ကာကွယ်ဖို့ နည်းလမ်းမရှိတော့ဘဲ လူတွေထိခိုက် သေဆုံးသွားတာမျိုးသာဖြစ်လာရင် ဘယ်လိုဖြစ်မယ်လို့ ခင်ဗျားထင်လဲ?" ရှုယီက လေးနက်ဟန်ဖြင့်ဆိုလေ၏။

စကော့ချ်မှာ ပြောစရာမရှိတော့ချေ။

သူ့အနေနှင့် မှော်သုတေသနများမှာ အချိန်တိုင်း အောင်မြင်လိမ့်မည်ဟု အာမ,မခံနိုင်ဘဲ များသောအားဖြင့် ကျရှုံးတတ်သည်။

ပေါက်ကွဲမှုစွမ်းအားက သူ၏ ထိန်းချုပ်မှုနယ်မြေအတွင်းသာရှိနေလိမ့်မည်ဟုလည်း အာမ,မခံနိုင်ရာ ရှုယီ၏မေးခွန်းကို လုံးဝမဖြေနိုင်ပေ။

စကော့ချ်က မည်သည်မှ ဆိုမလာသည်ကိုမြင်သော် ရှုယီလည်း လျစ်လျူရှုလိုက်သည်။ ထို့နောက် အာကာလီကိုမေးလိုက်‌ပြီး အီဗီတာက သူမ၏ ကိုယ်ပိုင်ဓာတ်ခွဲခန်းထဲ၌ ရှိသည်ကို သိသွားသော် ထိုနေရာသို့ ဦးတည်လိုက်သည်။

"လုံခြုံရေးအတိုင်းအတာတွေ ချမှတ်မယ်?" အီဗီတာက ရှုယီကို တအံ့တဩကြည့်လာသည်၊ "ဥက္ကဌ၊ မှော်သုတေသနအများစုက ကျရှုံးတာက ထူးဆန်းတဲ့ အရာမဟုတ်ဘူး မို့လား?"

"ကျရှုံးတာက မထူးဆန်းပါဘူး၊ ဒါပေမယ့် အဲဒီ့ ကျရှုံးမှုကြောင့် တစ်ယောက်ယောက် ထိခိုက်မလား၊ သေဆုံးမလားကို အာမ,မခံနိုင်ဘူးလေ။ မှော်ပညာရှင်တစ်ဦးစီတိုင်း ဝန်ထမ်းတစ်ယောက်စီတိုင်းက တန်ဖိုးရှိတော့ တစ်ယောက်ယောက်ကသာ ကျရှုံးမှုတစ်ခုကြောင့် ထိခိုက်သေဆုံးသွားခဲ့ရင် ဒီဆုံးရှုံးမှုကို ကျုပ် လက်ခံနိုင်မှာမဟုတ်ဘူး။" ရှုယီက လေးနက်နေဟန်ရှိကာ ဟာသလုပ်နေဟန် လုံးဝမရှိချေ၊ "ဥပမာ အီဗီတာ, ခင်ဗျားသာ စမ်းသပ်မှုတစ်ခု ကျရှုံးတာကြောင့် ထိခိုက်သွားပြီး မျက်နှာပေါ်မှာ အမာရွတ်လေးတစ်ခုခုကျန်ခဲ့ရင် ခင်ဗျားရဲ့ မျက်နှာလှလှလေးကို ထိခိုက်စေမှာကြောင့် ပြန်မကုသနိုင်တော့မှာက ဆုံးရှုံးမှုတစ်ခုပဲမဟုတ်လား?"

အီဗီတာ၏မျက်နှာလေးက နီစွေးသွားကာ၊ "ဥက္ကဌ၊ ရှင်က ကျွန်မကို လှတယ်ထင်လို့လား?"

ရှုယီမှာ အံ့ဩနေပြီးမှ ပုံမှန်ပင်ပြန်ဖြေလာသည်၊ "ဒါပေါ့ မင်းကလှပါတယ်၊ ဒါကို မြင်ဖို့ လွယ်လွယ်လေးပဲ မဟုတ်လား?"

အီဗီတာ၏ ရှက်သွေးလေးက ပို၍ပင် နီစွေးလာကာ ခေါင်းကိုငုံ့လျက် အသံ‌တိုးတိုးဖြင့် ဆိုလေ၏၊ "ဟုတ်ပါပြီ ဥက္ကဌရဲ့ တောင်းဆိုမှုဆိုတော့ ကျွန်မတို့တွေ လုံခြုံရေးအတိုင်းအတာကို ချမှတ်ပါ့မယ်။ ဒါပေမယ့် သူတို့ကို ဘယ်လိုချမှတ်သင့်လဲ?"

"သူတို့ကို ဘယ်လိုချမှတ်ရမယ်ဆိုတာ ကျုပ်ဂရုမစိုက်ဘူး။ အီဗီတာ, ခင်ဗျားက မှော်သုတေသနဌာနရဲ့ ခေါင်းဆောင်ဆိုတော့ ဆုံးဖြတ်ချက်ကို ခင်ဗျားပဲ ချသင့်တယ်။ အတိုချုံးပြောရရင် ကျုပ်ရဲ့တောင်းဆိုမှုက သုတေသနပညာရှင်တစ်ယောက်အနေနဲ့ စမ်းသပ်မှုတစ်ခုလုပ်နေချိန်မှာ သူတို့ကိုယ်တိုင်ရဲ့လုံခြုံမှုကို အရင်ဂရုစိုက်ရမယ်။" ရှုယီက ပြောသည်။

အီဗီတာက ခေါင်းဆက် ငုံ့ထားသည်ကိုမြင်သော် ရှုယီက သူမအနေနှင့် ယုံကြည်ချက် နည်းပါးနေခြင်းကြောင့်ဟု ထင်သွားကာ နှစ်သိမ့်ပေးလိုက်သည်၊ "အီဗီတာ, ခင်ဗျားက ကျုပ်မြင်ဖူးသမျှထဲမှာ ဂရုအစိုက်တတ်ဆုံးမိန်းကလေးဖြစ်ပြီးတော့ အမြဲတမ်း ပြဿနာရဲ့ အစိတ်အပိုင်းတိုင်းကို စဉ်းစားတတ်တယ်။ ခင်ဗျားက ဒါကို သေချာပေါက် လုပ်နိုင်မယ်လို့ ကျုပ်ယုံကြည်ပါတယ်။"

ရှုယီက အီဗီတာ၏ငုံ့ထားသည့်မျက်နှာလေး လုံးဝနီရဲနေသည်ကိုမမြင်ဘဲ အမ်း'ဟု အသံလေးပြုလာသည်ကိုသာ ကြားလိုက်ရသည်။

လုံခြုံရေးအတိုင်းအတာကိစ္စပြောပြီးသည့်နောက်၌ ရှုယီက ဓာတ်ခွဲခန်း၏ အခြေနေကိုကြည့်ကာ မှော်သုတေသနဌာန၏ လက်ရှိ တိုးတက်မှုအကြောင်းမေးလာ၏။

သုတေသနအကြောင်းပြောချိန်တွင် အီဗီတာက တဖြည်းဖြည်း စိတ်ငြိမ်လာကာ ရှုယီအား ဤတလောအတွင်းရှိ တိုးတက်မှုအကြောင်း စပြောလေသည်။

ရှုယီ၏ တောင်းဆိုမှုကို လိုက်နာရင်း မှော်သုတေသနဌာနမှာ မကြာသေးမီက မှော်စက်အမျိုးမျိုး၏စွမ်းအားကို မည်သို့ တိုးမြှင့်ရမည်အား လေ့လာခဲ့ကြသည်။

အသေးစားမှော်ကောက်ရိတ်စက်ကို ဥပမာယူကြည့်ရမည်။ ယခင်က ၎င်း၏အတွင်း၌ တတိယအဆင့်လေအားမှော်အစီအရင်ဖြစ်သည့် လေပြင်းအစီအရင်ကို ရေးဆွဲထားခဲ့သည်။

ထိုမှော်အစီအရင်၏ စွမ်းအားနှင့် အတူ အသေးစားမှော်ကောက်ရိတ်စက်၏ လိုအပ်ချက်များကို ဖြည့်ဆည်းဖို့ လုံလောက်ပေ၏။

သို့သော် ယခုတွင် ရှုယီက အလတ်ဆိုဒ်နှင့် ဆိုဒ်အကြီးမှော်ကောက်ရိတ်စက်များကို ထုတ်လုပ်ရန် စီစဉ်ထားလေရာ ၎င်းလေပြင်းအစီအရင်၏ စွမ်းအားနှင့် မလုံလောက်ပေ။

သို့ဖြစ်ရာ မှော်သုတေသနဌာနအနေအား သုတေသန ဦးတည်ရာနှစ်ခု ခွဲထားလိုက်ကြ၏။

ပထမတစ်ခုမှာ အတော်လေးတိုက်ရိုက်ဖြစ်ကာ စွမ်းအားတိုးမြှင့်ရန် မှော်အစီအရင်ကို ပိုအဆင့်မြင့်အောင် ပြောင်းလဲခြင်းဖြစ်သည်။

ယခုတွင် စတုတ္ထအဆင့်မှော်အစီအရင်များနှင့် ပဉ္စမအဆင့် မှော်အစီအရင်တစ်ခု၌ ချမှတ်ထားလေသည်။

၎င်းတို့၏ သုတေသနအရ ထိုစတုတ္ထအဆင့် မှော်အစီအရင် တစ်ခုစီ၌ မတူညီသည့် လက္ခဏာတစ်ရပ်ရှိသည်ကြောင့် ၎င်းတို့ကို အသုံးပြု၍ရသည်။

ရှုယီက ၎င်းကိုသိရှိပြီးနောက် လှုပ်ရှားမှုကြီးတစ်ခုပြုလုပ်ကာ မှော်သုတေသနဌာနအားလည်း ထိုမှော်အစီအရင်လေးခုကို လေ့လာစေခဲ့၏။ ၎င်းတို့အနေနှင့် အစီအရင်တစ်ခုစီအတွက် မှော်စွမ်းအားထုတ်ပစ္စည်းတစ်ခုဖန်တီးကာ တိကျသည့် ဒီဇိုင်းကို ပြုလုပ်ရန် မှော်စက်အလုပ်ရုံနှင့် ဒီဇိုင်းဌာတို့နှင့်အတူ အလုပ်လုပ်ရင် အကောင်းဆုံးဖြစ်မည်။

၎င်းက ယခင်မှော်သုတေသနဌာနဆိုပါလျှင် လူနည်းနေခြင်းကြောင့် ရှုယီမှာ ထိုတောင်းဆိုမှုကို ပြုနိုင်မည်မဟုတ်ပေ။

ယခုတွင် မှော်ပညာရှင် သုံးဆယ့်လေးယောက်အား ထပ်မံခန့်အပ်ခဲ့လေရာ မှော်သုတေသနဌာနက စွမ်းအားတိုးလာပြီး ထိုတောင်းဆိုချက်ကို အပြီးသတ်ဖို့လည်း အရမ်းမခက်ခဲတော့ချေ။

ရှုယီက မှော်ကောက်ရိတ်စက်ကို ပို၍ လိုက်လျောညီထွေ‌ဖြစ် စေရန် ဤတောင်းဆိုမှုကို ပြုလုပ်ခဲ့သည်။

လမ်ပူရီတိုင်းပြည် သို့မဟုတ် စိုင်စ်နယ်မြေကြီးတွင် ဘန်တာမြို့အပြင်ဘက် မြေကွက်မှာ ချောမွေ့ရန် မဖြစ်နိုင်ပေ။ Frestech ကုန်သည်ကြီးများအသင်း၏ မှာ်ကောက်ရိတ်စက်အား နေရာများစွာ၌ ရောင်းရမည်ဖြစ်ရာ လိုက်လျောညီထွေဖြစ်ရန်လိုအပ်သည်။

ဒုတိယ သုတေသန၏ဦးတည်ရာမှာ များစွာပိုမို ရှုပ်ထွေးပေ၏။

အကြောင်းမှာ ထိုဦးတည်ဘက်က မှော်အစီအရင်များကို ပြောင်းလဲခြင်းမဟုတ်သော်လည်း လေပြင်းအစီအရင်ကို ချိန်ညှိခြင်းနှင့် ၎င်း၏ အထွက်မော်ဒယ်ကို ပြောင်းလဲခြင်းဖြင့် ကွဲပြားခြားနားသော တောင်းဆိုမှုများကို လိုက်လျောညီထွေဖြစ်စေဖို့ဖြစ်သည်။

ထိုအကြံကို ပြောလာချိန်က သုတေသနပညာရှင်အားလုံးထံမှ ခုခံမှုကို ခံခဲ့ရ၏။

အကြောင်းမှာ မှော်အစီအရင်များ၏ အဆင့်များကို နှစ်ထောင်ချီကြာ သုတေသန၏ စုဆောင်းမှုဖြစ်သောကြောင့် မှော်ပညာရှင်များစွာ၏ အသိဉာဏ်များ ပါဝင်သောကြောင့်ပင်။

လေပြင်းအစီအရင်အား တတိယအဆင့်မှော်အစီအရင်ကဲ့သို့ ချမှတ်ထားရာ ၎င်းနောက်ရှိ နည်းစနစ်ရှိနေပြီး အလွယ်လေးပြောင်းလဲ၍ မရနိုင်ပေ။

သို့သော် မဟာမှော်ပညာရှင်ကမ်မီလာက ရှုယီ၏အကြံပြုချက်ကို ကြားသော် အားလုံးမမျှော်လင့်ထားသည့် ၎င်းအကြံက ဖြစ်နိုင်သည်ဟု ဆိုလာသည်။

သူပေးခဲ့သည့် အကြောင်းအရင်းမှာ ထိုမှော်အစီအရင်က မှော်ပညာနှင့် ကွာခြားနေ၏။

မှော်အစီအရင်တစ်ခုစီ၌ သက်ဆိုင်ရာမှော်စွမ်းအားတစ်ခုစီရှိသော်လည်း လေပြင်းအစီအရင်၌ လေပြင်းမန္တာန်ပါရှိကာ မန္တာန်ထည့်သွင်းခြင်း၏ ရလာဒ်က မှော်ပညာရှင်တစ်ဦး၏ မှော်ပညာနှင့် မန္တာန်အသိပညာတို့ အပေါ်မူတည်နေပြီး မှော်အစီအရင်အား အစီအရင်ရေးဆွဲခြင်းနှင့် အသုံးပြုထားသည့် ပစ္စည်းများပေါ် မူတည်ကာ ဆုံးဖြတ်လေ၏။

မှော်စွမ်းအားနှင့် နားလည်မှုအဆင့်တို့ မတူညီခြင်းကြောင့် မန္တာန်တစ်ခု၏ စွမ်းအား ပြောင်းလဲနိုင်သလိုပင် မှော်အစီအရင်တစ်ခု၏ စွမ်းအားကလည်း ရေးဆွဲပုံနှင့် ပစ္စည်းအမျိုးအစားတို့မတူညီခင်းကြောင့် တိုးလာနိုင်သည်။

မဟာမှော်ပညာရှင်ကြီးက ၎င်းကို ဖြစ်နိုင်သည်ဟု ဆိုလာရာ အခြားသုတေသနပညာရှင်များအနေနှင့် မည်သည့်ငြင်းဆိုချက်များပြုမလာကြပေ။

သုတေသန တစ်လလုပ်ပြီးနောက်တွင် မှော်သုတေသနဌာနထံ၌ ထိုစီမံကိန်းနှင့် ပတ်သက်သည် ကနဦး ရလာဒ်များ ရှိလာသည်။

လက်ရှိ မှော်သုတေသနဌာန၏ လေပြင်းအစီအရင် ၃.၀က စွမ်းအား၌ သိသိသာသာတိုးလာကြောင်းပြသနေပြီး အထွက်စွမ်းအားမှာ ၃၀ရာခိုင်းနှုန်းတိုးလာလေ၏။

ရှုယီ၏တွက်ချက်မှုအရ ထိုလေပြင်းအစီအရင်ကိုသာ အသေးစား မှော်ကောက်ရိတ်စက်၌ ထည့်သွင်းပါလျှင် ၎င်းစက်၏ လုပ်ဆောင်နိုင်စွမ်းက အနည်းဆုံး ၁၀ရာခိုင်းတိုးလာလိမ့်မည်။

မှော်ပညာနယ်ပယ်၌ ၁၀ရာခိုင်နှုန်းကို အထင်သေး၍မရ၊ ၁ရာခိုင်နှုန်း တိုးလာခြင်းကပင် အတော်လေး ထူးကဲသည်။

အီဗီတာ၏တင်ပြချက်ကိုကြားပြီးနောက် ရှုယီမှာ အင်မတန်ကျေနပ်သွားသည်။

မှော်ပညာရှင် သုံးဆယ့်လေးယောက်အား စုဆောင်းပြီးနောက် မှော်သုတေသနဌာန၏ လုပ်နိုင်စွမ်းက များစွာ တိုးလာခဲ့သည်။

ပိုအရေးကြီးသည်မှာ မဟာမှော်ပညာရှင်ကမ်မီလာက ဤနေရာ၌ ရှိနေသဖြင့် သုတေသနပညာရှင်များ၏ လုပ်ကိုင်နိုင်စွမ်းနှင့် စိတ်အားထက်သန်မှုတို့ကလည်း များစွာ တိုးတက်လာသည်သာ။

သုတေသနပညာရှင်များထံ၌ ထူးဆန်းသည့် အတွေးပေါင်းစုံ ရှိနေလောက်သော်လည်း ၎င်းတို့၏အတွေးများက အကျိုးရှိမည်လားကို အတည်ပြုရခက်သည်။

ယခင်က ၎င်းတို့အားလုံးမှာ ထိုအကြံများကို ဖိနှိပ်၍ လုံးဝ အားမထုတ်ခဲ့ကြသော်လည်း မဟာမှော်ပညာရှင်ကမ်မီလာ၏ တည်ရှိမှုနှင့် ရှုယီ၏ အဆုံးမရှိ အားပေးမှုတို့ကြောင့် ထိုသုတေသနပညာရှင်တို့မှာ ၎င်းအကြံများကို ဖွင့်ထုတ်ဖို့ ဆန္ဒရှိလာကာ အားလုံးက မဟာမှော်ပညာရှင်ကမ်မီလာ ဆုံးဖြတ်ချက်မချခင်အထိ ဆွေးနွေးကြသည်။

ရှုယီ၏ညွှန်ကြားချက်များနှင့်အတူ ထိုအကြံများမှာ ခန့်မှန်းချက်များမှလွဲ၍ အသုံးမဝင်ပါလျှင်တောင် မဟာမှော်ပညာရှင်ကမ်မီလာက မတူညီသည့် အတွေးများအားလုံးကို လက်ခံကာ လူတိုင်းကို စမ်းသပ်ရန် အားပေးသည်။

ထို့ကြောင့် တစ်လတာလေးအတွင်း Frestech ကုန်သည်ကြီးများအသင်း၏ မှော်သုတေသနဌာနမှာ မှော်အစီအရင်သုတေသန၌ တိုးတက်မှုဖြစ်လာခဲ့၏။

ရှုယီမှာ နောက်ထပ် မဟာမှော်ပညာရှင် တစ်ယောက်၊ နှစ်ယောက်လောက် စုဆောင်းမည့် အကြောင်း စိတ်ကူးယဉ်နေချိန်၌ အီဗီတာက ရုတ်တရတ်ဆိုလာသည်၊ "ဥက္ကဌ၊ ကျွန်မထင်တာတော့ မှော်သုတေသနဌာနကို ယာယီပိတ်ထားသင့်တယ်။"

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၁၀၃။ သုတေသနပညာရှင်၏ အလုပ်အကျိုးအမြတ်များ

ငါးရက်ကြာပြီးနောက် ဖာဆန်ရထားလုံးလုပ်ငန်းစု၏သင်္ကေတရှိသည့် မြင်းလှည်းဆယ်စီးတန်း တစ်တန်းမှာ အန်ဗီမာမြို့တော်ထဲသို့ တဖြည်းဖြည်းမောင်းဝင်လာသည်။

ထိုယာဉ်တန်းကြီးမှာ အန်ဗီမာမြို့တော်ရှိ အကြီးဆုံး တည်းခိုခန်းဖြစ်သည့် ရှယ်လ်ဒွန်တည်းခိုခန်းဆီရောက်လာသည်။ ရှယ်လ်ဒွန်တည်းခိုခန်း၏ ယူနီဖောင်းဝတ်ဆင်ထားသည့် ဝန်ထမ်းက ချက်ချင်း ရှေ့ထွက်ကာ ၎င်းတို့ကို ကြိုဆိုလေသည်။

မြင်းလှည်းများ၏ တံခါးများ ပွင့်သွားကာ Frestech ကုန်သည်ကြီးများအသင်း၏ သုတေသနပညာရှင်များထွက်လာ၏။

ဘဲလ်လာမှာ အန်ဗီမာမြို့တော်၌ မြေကွက်ကြီးကြီး နေရာယူထားကာ အထပ်လေးထပ်ရှိသည့် တုနှိုင်းမဲ့လှပသော ရှယ်လ်ဒွန် တည်းခိုခန်းကိုကြည့်၍ မနေနိုင်ဘဲ အံ့ဩစွာ ပင့်သက်ရှိုက်လိုက်သည်။

"ဥက္ကဌ၊ ကျွန်မတို့ တကယ်ကြီး ဒီလိုနေရာကောင်းမှာ တည်းရမှာလား?"

"အမှန်ပဲ၊ ဒီမှာက အတော်လေးဈေးကြီးတယ်လို့ ကြားထားတယ်။ ကြည့်ရတာ ဒီမှာ တစ်ညလောက်တည်းဖို့ အနည်းဆုံး ရွှေဒင်္ဂါးဆယ်ပြားလောက် ကျမယ့်ပုံပဲ!" ကလဲယာကလည်း နံဘေးမှ နေ၍ ပင့်သက်ရှိုက်ကာ ဆိုလာသည်။

ထို နှစ်ဦးသာ အံ့ဩနေခြင်းမဟုတ်ဘဲ အခြားလူများအားလုံးလည်း အံ့အားသင့်ဟန်ရှိနေကြသည်။

၎င်းမှော်ပညာရှင်များအနေနှင့် Frestech ကုန်သည်ကြီးများအသင်း၌ အလုပ်,လုပ်ရန် ရွေးချယ်ခဲ့ခြင်းမှာ အခြားအကြောင်းရင်းများအားလုံးကို ဘေးဖယ်ထားလိုက်လျှင် Frestech ကုန်သည်ကြီးများအသင်းက ၎င်းတို့အား အကောင်းဆုံး ဆက်ဆံပေးသောကြောင့်ဖြစ်သည်။

အခြားရှုထောင့်မှကြည့်လျှင် ၎င်းတို့၏စီးပွားရေးအခြေနေက အတော်လေး ပျမ်းမျှဖြစ်၏။

ရှယ်လ်ဒွန်တည်းခိုခန်းမှာ လမ်ပူရီတိုင်းပြည်တစ်ခုလုံး၌ အကောင်းဆုံး တည်းခိုခန်းဖြစ်ရာ ထိုမှော်ပညာရှင်များထဲရှိ မည်သူကမှ ယခင်က ဤနေရာ၌ မနေခဲ့ဖူးပါချေ။

ဇိမ်ခံရှယ်လ်ဒွန်တည်းခိုခန်းကြီးကိုကြည့်ရင်း ဤနေရာ၌ နေရမည့်အကြောင်း စဉ်းစားနေသည့် လူများစွာမှာ မနေနိုင်အောင် စိတ်လှုပ်ရှားနေကြသည်။

"အမ်း၊ အဲဒီ့ ဈေးနှုန်းက အတော်များတယ်။" ရှုယီက မရေမရာပြောလာသည်။

အမှန်တကယ်တွင် သူဟာ ရှယ်လ်ဒွန် တည်းခိုခန်း၌ အခန်းနှစ်ဆယ် ကြိုတင်ယူပြီးသားဖြစ်ကာ ၎င်းက တစ်ပတ်လုံးစာဖြစ်သည့်အတွက် ရွှေဒင်္ဂါးနှစ်ထောင် သုံးခဲ့ရ၏။

ထိုသည်က ၎င်းသုတေသနပညာရှင်တို့အတွက် တစ်လ,လစာပေးဖို့ရန်ပင် လုံလောက်သည်။

ထိုသို့ပြုလုပ်ရခြင်းမှာ မှော်ပညာရှင်များအစည်းအရုံး၏ တစ်လနှောင့်နှေးခဲ့ရသည့် အရည်အချင်းစစ် စာမေးပွဲက စတင်ပြီဖြစ်သောကြောင့်ပင်။

သုတေသနပညာရှင်အများစုမှာ ပဉ္စမအဆင့်အောက်များဖြစ်ကြရာ တစ်နှစ်မှ တစ်ကြိမ်ကျင်းပသည့် အရည်အချင်းစစ်စာမေးပွဲ၌ ဝင်နွှဲရမည့် အခွင့်အရေးကို လွဲချင်လိမ့်မည်မဟုတ်ပေ။

အီဗီတာအနေနှင့် မှော်သုတေသနဌာနအား ယာယီပိတ်ထားလိုကြောင်းပြောခဲ့သည်မှာ ခေါင်းဆောင်အနေနှင့် သူမသည်ပင် အရည်အချင်းစစ်စာမေးပွဲ၌ ပါဝင်ရန် အန်ဗီမာမြို့တော်သို့လာရမည်ဖြစ်သောကြောင့်ပင်။ မှော်သုတေသနဌာန၌ ကျန်ရစ်ခဲ့ကြသည့် သုတေသနပညာရှင်များမှာ ၎င်းတို့၏ သုတေသနကို ဆက်မလုပ်နိုင်ချေ။

လွန်ခဲ့သည်တစ်လက အီဗီတာမှာ ထိုကိစ္စကို ရှုယီထံတင်ပြကာ ထိုအချိန်က စဉ်းစားခဲ့ပြီးနောက် သူလည်း မှော်သုတေသနဌာန၏ သုတေသနပညာရှင်အားလုံးအား အားလပ်ရက်တစ်ပတ်ပေးရန် ဆုံးဖြတ်ကာ ရှယ်လ်ဒွန်တည်းခိုခန်း၌ အခန်း နှစ်ဆယ်စာလည်း ကြိုယူထားခဲ့၏။ ၎င်းတို့မှာ အရည်အချင်းစစ် စာမေးပွဲဖြေဆိုမည့် သုတေသနပညာရှင်များအတွက် နေရာထိုင်ခင်းဖြစ်သည်။

ထိုဆုံးဖြတ်ချက်က သုတေသနပညာရှင်များ၏ စိတ်ထဲ၌ ရှုယီအား ထိပ်ဆုံးအဖြစ် တမုဟုတ်ချင်း တွန်းတင်ပေးခဲ့သည်။

နှစ်စဉ် အရည်အချင်းစစ်စာမေးပွဲ အချိန်ကျလာလျှင် အန်ဗီမာမြို့တော်၌ မှော်ပညာရှင်များအပြည့်ဖြစ်နေတတ်သည်။ ထိုအချိန်အတောအတွင်း၌ နေထိုင်ရန် လုံခြုံသည့်နေရာရှာဖို့ မလွယ်ကူရုံသာမက ရှယ်လ်ဒွန် တည်းခိုခန်းသို့ နေရာမျိုးဆိုလျှင် ထည့်ပြောဖို့ပင် မလိုပေ။

ယခင်က ထိုသုတေသနပညာရှင်များ ပါဝင်ရန် လာချိန်တွင် တည်းခိုခန်းကိစ္စကို ဖြေရှင်းဖို့ အချိန်များစွာကုန်ဆုံးခဲ့ရသည်။ ယခု Frestech ကုန်သည်ကြီးများအသင်းက အရာရာတိုင်းကို ဂရုစိုက်ပေးကာ စိတ်ပူပင်ခြင်းမှ ကာကွယ်ပေးပြီး စာမေးပွဲကို အာရုံစိုက်ခွင့်ပြုသည်က အင်မတန် အခွင့်သာသည့် အရာပါပင်။

Frestech ကုန်သည်ကြီးများအသင်း၏ မြင့်မားသော လစာများကိုမဆိုထားနှင့်၊ ထိုအလုပ် အကျိုးအမြတ်ကပင် Frestech ကုန်သည်ကြီးများအသင်းကို ဝင်ရောက်ခြင်းအတွက် နောင်တမရစေဖို့ လုံလောက်သည်။

ရှယ်လ်ဒွန်တည်းခိုခန်း၌ စစ်ဆေးရန် အားလုံးကို ဦးဆောင်ပြီးနောက် ရှုယီက စစ်ဆေးခြင်းမပြုသည်ကို အမြင်စူးရှသည့် ဘဲလ်လာမြင်သော် မနေနိုင်ဘဲ သိလိုစွာမေးလေသည်၊ "ဥက္ကဌ၊ ရှင်ဘာလို့ ကျွန်မတို့နဲ့ မနေတာလဲ? ကျွန်မတို့နဲ့အတူ အရည်ချင်းစစ် စာမေးပွဲမှာ ဝင်မပါတော့တာလား?"

"ဘဲလ်လာ, နင် တုံးနေတာပဲ။" ကလဲယာက သူမအား အဆန်းတကြယ်ပြုံးကြည့်လာကာ ဘဲလ်လာ၏ နား,နားကပ်‌၍ တီးတိုးပြောလိုက်၏၊ "မေ့သွားပြီလား? မဟာမှော်ပညာရှင်ကမ်မီလာက အရင်ရက်တွေတည်းကမှ အန်ဗီမာမြို့တော်ကို စတေးလ်နဲ့အတူ ကြိုရောက်နှင့်နေပြီးသားမို့၊ သဘာဝကျကျပဲ ဥက္ကဌကလည်း စတေးလ်နဲ့ တစ်နေရာတည်းမှာ သွားနေမှာပေါ့။"

"ဟုတ်သားပဲ။" ဘဲလ်လာက လက်ခုပ်တစ်ချက်တီးကာ ချက်ချင်းနားလည်သွား၏၊ "ငါတို့နဲ့ အတူနေတာထက်စာရင် စတေးလ်နဲ့အတူ ကိုယ်ပိုင်အချိန်လေးကို ဖြတ်သန်းမှာပေါ့၊ ငါတကယ်ကို တုံးတာပဲ။"

အားလုံး၏အပြုံးများကိုမြင်သော် ရှုယီမှာ ရယ်ရမလား ငိုရမလားပင် မသိတော့ပေ။ သူက ခေါင်းခါကာ ပြောလေ၏၊ "ပထမဆုံး အရည်အချင်းစစ်စာမေးပွဲမှာ ဝင်ပါရမလား၊ မပါရမလားကို ကျုပ် မဆုံးဖြတ်ရသေးဘူး။ ဒုတိယအနေနဲ့ အန်ဗီမာမြို့တော်မှာ‌ လုပ်စရာတွေများတော့ ဒီမှာနေတာက မသင့်တော်ဘူးလေ။ ဟုတ်ပြီ အခု အရာအားလုံးကို တာဝန်ယူပြီးပြီဆိုတော့ သွားနားကြပါ။ လမ်းမှာပဲ နှစ်ရက်လောက် နေခဲ့ရတာဆိုတော့ ခင်ဗျားတို့ အားလုံး ပင်ပန်းနေလောက်ပြီ။"

"ဟုတ်တယ်၊ မြင်းလှည်းထဲမှာ နှစ်ရက်လောက်ထိုင်ပြီးတော့ အရိုးအဆစ်တွေလည်း အပိုင်းပိုင်းကျိုးတော့မလိုပဲ။" ဘဲလ်လာက သူမ၏တင်ပါးကို ဖိပွတ်ကာ မျက်မှောင်ကုပ်လျက် စောဒကတက်လာ၏၊ "ဥက္ကဌ၊ ဘန်တာမြို့ကနေ အန်ဗီမာမြို့တော်အတွက် လမ်းက ဘယ်အချိန်မှခင်းမှာလဲ? ဒါဆိုရင် အန်ဗီမာမြို့တော်ကို လာဖို့က သိပ်မခက်လောက်တော့ဘူး။"

"ဟုတ်တယ် လမ်းသာရှိရင် ဒီကို တစ်ရက်လောက်နဲ့ ရောက်နိုင်ပြီး လမ်းပေါ်မှာလည်း ခက်ခဲမှာမဟုတ်ဘူး။" ဘဲလ်လာပြောပြီးနောက် ထပ်ပြောလာသည်မှာ ရှယ်လ်ဒွန်တည်းခိုခန်း၏ အဓိကခန်းမထဲ၌ လှည့်ပတ်ကြည့်ပြီးသွားသည့် အာကာလီဖြစ်သည်၊ "ဥက္ကဌ၊ အဲဒီ့လမ်းကိုခင်းဖို့ ရှင်ပေးရင်ရော?"

ရှုယီမှာ မပြုံးဘဲ မနေနိုင်တော့ချေ၊ "ကျုပ် လမ်းခင်းချင်တိုင်း ခင်းလို့ရမယ်ထင်လို့လား? ဒါပေမယ့် ဒါက ကျုပ် အန်ဗီမာမြို့တော်ကို လာရတဲ့ အကြောင်းရင်းထဲက တစ်ခုပဲ။ ဒါက ချောချောမွေ့မွေ့ဖြစ်သွားရင် အဲဒီ့လမ်းကို နောက်နှစ်လောက်ပြီးမှာဆိုတော့ ခရီးလမ်းက အဲ့လောက် ဆိုးမှာမဟုတ်တော့ဘူး။"

"တကယ်လား? ကောင်းလိုက်တာ!" အာကာလီနှင့် ဘဲလ်လာတို့မှာ တချိန်တည်း၌ ပျော်ရွှင်သွားကြကာ လက်ဝါးချင်းရိုက်ပြီးနောက် အာကာလီက စိတ်လှုပ်ရှားစွာ ပြောလာသည်၊ "ဥက္ကဌ၊ ရှင်က ဒါကို ပြောတဲ့လူပဲနော်။ နောက်နှစ် အရည်အချင်းစစ်စာမေးပွဲကို လာတဲ့အခါ လမ်းမခင်းရသေးရင် ရှင့်ကို အပြစ်တင်မှာ။"

ရှုယီက ရယ်၏။ ၎င်းတို့အား အနားယူရန် လောဆော်မည်အပြုတွင် အဲလက်စ်က လူငါးဦးနှင့်အတူ ရှယ်လ်ဒွန် တည်းခိုခန်းတံခါးမှတစ်ဆင့် ဝင်လာသည်ကို တွေ့လိုက်ရ၏။

"ဥက္ကဌ၊ ကျွန်တော် ဒီမှာ။" အဲလက်စ်က ရှုယီကို နှုတ်ဆက်လိုက်ပြီးမှ ရှုယီနံဘေးရှိ မှော်ပညာရှင်များကိုကြည့်ကာ မေးလေသည်၊ "သူတို့တွေက ခင်ဗျားရဲ့ စာထဲမှာ ပြောထားတဲ့ သုတေသနပညာရှင်တွေလား?"

"အမ်း၊ သူတို့ပဲ။" ရှုယီက ခေါင်းငြိမ့်၍ အဲလက်စ်ခေါ်လာသည့် လူငါးဦးကိုကြည့်လိုက်သည်၊ "သူတို့က ဒီမြို့တော်က အကောင်းဆုံး အပ်ချုပ်သမားတွေလား?"

"သေချာပေါက် အကောင်းဆုံးပေါ့။" အဲလက်စ်က ရင်ဘတ်ကိုပုတ်ကာ သေချာသည့်အသံဖြင့်ဆိုလာ၏၊ "ရက်တွေအကြာကြီး ဗစ်တာကို သူတို့ကိုရှာဖို့ ကူခိုင်းထားတာလေ။ ဥက္ကဌ၊ ခင်ဗျား ကျွန်တော့်ကိုမယုံရင် ဗစ်တာတို့ သုံးယောက်အဖွဲ့ကိုတော့ ယုံသင့်တယ်မဟုတ်လား?"

"အမ်း သူတို့က ဒေသခံအနိုင်ကျင့်သူတွေပဲ၊ ငါ သူတို့ရဲ့အရည်အချင်းကို သံသယမဖြစ်ပါဘူး။" ရှုယီက ပြန်ဖြေပြီးမှ အဲလက်စ်ကို အသာမျက်မှောင်ကုပ်ကာ ကြည့်လာသည်။

အဲလက်စ်က အန်ဗီမာမြို့တော်ကို လွန်ခဲ့သည့်တစ်နှစ်ကမှလာခဲ့ရာ မြို့လေးတစ်ခုမှ လာသည့် ကောင်ငယ်လေးတစ်ယောက်ဟန်ရှိသည်။ သူ၏ အပြုအမူ အသွင်အပြင်များအားလုံးမှာ အလွန်ကျိုးနွံ‌နေကြပြီး ရှုယီက သူ့အား အန်ဗီမာမြို့တော်၌ Frestech ကုန်သည်ကြီးများအသင်း၏ ကိုယ်စားလှယ်အဖြစ် ထားရှိမည်ကို ကြားချိန်တွင် မည်သည့် ယုံကြည်ချက်မှ ရှိမနေခဲ့ချေ။

ရှုယီမှာ ဤ‌နှစ်၌ အလုပ်များနေပြီး အန်ဗီမာမြို့တော်သို့ လာရန် အချိန်မရှိခဲ့ပေ။ ယခု တစ်နှစ်ကြာပြီးနောက် အဲလက်စ်ကို မြင်ရချိန်တွင် သူဟာ များစွာပြောင်းလဲသွားသည်ကို တွေ့လိုက်ရ၏။

ပထမဦးစွာ သူက အတော်လေး သားနားသည့် အဝတ်များကို ဝတ်ဆင်ထားလေ၏။ အကြည့်တစ်ချက်နှင့် ၎င်းအား ပစ္စည်းကောင်းများဖြင့်ပြုလုပ်ထားကာ လုံးဝ ဈေးပေါမည်မဟုတ်ကြောင်း ပြောနိုင်သည်။

ဒုတိယ‌အနေနှင့် သူဟာ ယုံကြည်ချက်အပြည့်နှင့် ဂုဏ်ဝင့်ထည်မှု အချို့ပင်ရှိနေသေးသည်။ ရှုယီထံ အနည်းငယ် ယဉ်ကျေးပြသည်မှလွဲလျှင် မှော်ပညာရှင်များကို ကြည့်ချိန်၌ မေးကိုချီလျက် အမိန့်ပေးရမည့် အနေအထား၌ ရှိနေသလိုပင်။

ရှုယီမှာ သူ၏ပြောင်းလဲမှုကြောင့် အတော်လေးအံ့ဩသွားကာ အနည်းငယ်မာနထောင်လွှားသော ခံစားချက်ကို တကယ်မကြိုက်သော်လည်း သူဟာ ဟိန့်ဇ်၏ သဘောအကျဆုံး တူလေးဖြစ်သောကြောင့် သူ သဘောမကျလျှင်လည်း မည်သည်ကိုမှ ပြောစရာမလိုပေ။

သူဟာ အဲလက်စ်နောက်ရှိ လူငါးဦးကိုကြည့်ကာ ခေါင်းငြိမ့်၍ ပြောလိုက်၏၊ "ဟုတ်ပြီ၊ လူတွေက ဒီရောက်ပြီဆိုတော့ ပထမဆုံး သုတေသနပညာရှင်တွေအတွက် အတိုင်းတွေ ယူခိုင်းကြတာပေါ့။ အဲလက်စ်, ဗစ်တာတို့အဖွဲ့ဖွင့်ထားတဲ့ဆိုင်ဆီ ငါနဲ့ အတူသွားကြည့်ရအောင်။"

"ကောင်းပြီ" အဲလက်စ်က အလျင်အမြန်ဖြေ‌ဆိုကာ သူ၏နောက်ရှိ ငါးယောက်ကို ကိစ္စတချို့ပြောလိုက်၏။ ထိုငါးဦးကလည်း အတိုင်းအတာ ပစ္စည်းများထုတ်ကာ သုတေသနပညာရှင်များကို ဝိုင်းရံလိုက်ကြတော့သည်။

သုတေသနပညာရှင်များမှာ ထိုငါးဦးက အတိုင်းပစ္စည်းများထုတ်လိုက်သည်ကို မြင်သော် အံ့ဩသွားလေ၏။ အာကာလီကမူ မနေနိုင်ဘဲ ရှုယီကို မေးလာသည်၊ "ဥက္ကဌ၊ ဒါက ဘာလဲ?"

ရှုယီလည်း အသာပြုံးကာ၊ "မကြောက်ပါနဲ့၊ ကျုပ်က ခင်ဗျားတို့ အားလုံးအတွက် ယူနီဖောင်းတချို့ ချုပ်ပေးမလို့ပါ။ ဘာလဲ၊ ခင်ဗျားက အဝတ်အသစ်တွေကို သဘောမကျလို့လား?"

အာကာလီနှင့် အခြားလူတို့က အဘယ့်ကြောင့် ယူနီဖောင်းများ လိုအပ်ကြောင်းကို မေးလိုက်ချင်သော်လည်း ရှုယီက အဲလက်စ်အတူ တည်းခိုခန်းမှ ထွက်သွားပြီဖြစ်သည်။

ဗစ်တာတို့ သုံးယောက်အဖွဲ့မှာ ဒေသခံအနိုင်ကျင့်သူများအဖြစ် ရှုယီ၏ အကဲဖြတ်ခြင်းကို မဖျက်ပစ်ခဲ့ပေဟု ဆိုရမည်။ မြေတစ်လက်မစီတိုင်းက ရွှေနှယ် အဖိုးထိုက်သည့် အန်ဗီမာမြို့တော်ကဲ့သို့ နေရာတွင် ၎င်းတို့မှာ အိမ်သုံးမှော်စက်အရောင်းဆိုင်တစ်ဆိုင်ဖွင့်ရန် အန်ဗီမာမြို့တော်၏ အကြွယ်ဝဆုံးလမ်း၌ တစ်နေရာ ရှာတွေ့ခဲ့သည်ပင်။

ဆိုင်က ထိုမျှ မကြီးပါသော်လည်း စတုရန်းမီတာ ငါးဆယ်ပတ်လည်သာရှိသည့် ဤဆိုင်က နမူနာများပြသရန်သာဖြစ်သည်။ ထိုသို့သော နေရာကြီးတွင် Frestech တံဆိပ် အိမ်သုံးမှော်စက်များ၏ နမူနာများထားရန် ၎င်းတို့အတွက် လုံလောက်သည်ထက် ပိုပါ၏။

ဗစ်တာ၏အဖွဲ့က ဆိုင်၌ အတွေးအကြံလေးတချို့ကို ထည့်သွင်းထားသည်မှာ ဆိုင်ကို ထူးခြားသွားစေသည်။ တံခါးမှ ဝင်လာချိန်တွင် အနည်းငယ် မှိန်နေပါသော်လည်း ထုတ်ကုန်များအပေါ်၌ မှော်မီးအိမ်များအပေါ်၌ ထွန်းညှိထားသည်က ဆိုင်ကို ရောက်လာသည့်လူများအား ထိုအိမ်သုံးမှော်စက်များကို အာရုံမစိုက်မိဘဲ မနေနိုင်အောင် ဖြစ်စေသည်။

Frestech ကုန်သည်ကြီးများအသင်း၏ အိမ်သုံးမှော်စက်များအား သံမဏိသတ္တုစပ်အသစ်များဖြင့် ပြုလုပ်ထားသည့်အချက်နှင့် အက်ဂ်နက်စ်နှင့် ဗီဗီယန်တို့ အတူတကွ ဆွဲထားသည့် ဒီဇိုင်းများကိုပါ ထည့်ပေါင်းလိုက်လျှင် အလင်းရောင်အောက်ရှိ ဒီဇိုင်းများက အနုပညာ အပိုင်းများနှယ်ရှိကာ အားလုံး၏ အကြည့်ကို ဆွဲဆောင်နေတော့သည်။

ရှုယီနှင့် အဲလက်စ်တို့ ဆိုင်ထဲသို့ ဝင်လာချိန်တွင် အတွင်းဘက်၌ အိမ်သုံးမှော်စက်များကို နေရာချနေသည့် လူသုံးယောက် အတိအကျရှိနေ၏။

၎င်းတို့ကို ကူညီနေသည်မှာ ဗစ်တာ၏အဖွဲ့မှ လူမဟုတ်သော်လည်း ၎င်းတို့ခန့်အပ်ထားသည့် အလုပ်သမားများဖြစ်သည်။

သို့သော် ထိုသုံးဦးမှာ ရှုယီ၏အကြံကိုနားထောင်ကာ ဆိုင်၌ တစ်ယောက်ယောက်ကို အမြဲချန်ခဲ့ပေ၏။

ရှုယီက အဲလက်စ်အတူ ဝင်လာသည်ကိုမြင်သော် အာဂေါ့ထ်က အင်မတန် ပျော်ရွှင်သွားကာ တောက်တောက်ပပပြုံးလျက် နှုတ်ဆက်လာလေသည်။

ရှုယီက သူ့အားကြည့်လာချိန်တွင် လေးနက်နေဟန်ရှိနေ၏။

"အာဂေါ့ထ်, မင်းတို့ ဆိုင်က အခု အကျပ်အတည်းတစ်ခုရင်ဆိုင်နေရတယ်။"

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၁၀၄။ လူထု ပြတင်းတံခါး

ရှုယီ၏စကားများကိုကြားသော် အာဂေါ့ထ်မျက်နှာထက်၌ တောက်တောက်ပပ အပြုံးမှာ တမုဟုတ်ချင်း ပျက်ယွင်းသွားတော့သည်။

ထို့နောက် သက်ပြင်းချကာ ခေါင်းခါလေ၏။ သူက ရှုယီနှင့် အဲလက်စ်တို့ကို နောက်ဘက်ရှိ အခန်းတစ်ခန်းဆီ ခေါ်ဆောင်လာကာ ရှုယီအတွက် လဘက်ရည်တစ်ခွက် ငှဲ့ပြီးနောက်မှာ အထွန့်တက်လာသည်၊ "ဥက္ကဌရှု၊ ကျွန်တော်တို့ အခု ရင်ဆိုင်နေရတဲ့ အကျပ်အတည်းက ရိုးရိုးသားသားပြောရရင် အားလုံး ခင်ဗျားကြောင့်ပဲ။"

ရှုယီက အသာပြုံးသည်၊ "မင်း တကယ်ပဲ ဒီလိုထင်လား?"

အာဂေါ့ထ်၏မျက်နှာက အေးခဲသွားကာ စဉ်းစား၍ ရိုးရိုးသားသား ပြောလာသည်၊ "ဟုတ်ပါတယ် ခင်ဗျားသာ ဝဲလ်မက်ထ် ကုန်သည်ကြီးများအသင်းနဲ့ ပူးပေါင်းဖို့ သဘောမတူလိုက်ရင် အိမ်သုံးမှော်စက်တွေရောင်းဖို့ သူတို့က ဘယ်လိုစဉ်းစားမိမှာလဲ? ပြီးတော့လည်း..... ဥက္ကဌရှု၊ ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းရဲ့ အိမ်သုံးမှော်စက်ပစ္စည်း အရောင်းဆိုင် ဖွင့်မယ့် အကြံကို.... ခင်ဗျား ပေးထားတာလို့ ကြားထားတယ်?"

"ဟုတ်တယ်၊ တကယ်ကို ငါ့ရဲ့ အကြံပါပဲ။" ရှုယီက ခေါင်းငြိမ့်သည်။

"ဘယ်လိုများ လုပ်နိုင်ရတာလဲ!" အာဂေါ့ထ်၏အသံက မြင့်လာကာ ကျယ်လောင်စွာ ပြောလေသည်၊ "ဥက္ကဌရှု၊ ခင်ဗျားတို့ လုပ်ငန်းစုအတွက် ငွေလေးပိုဝင်ဖို့လောက်နဲ့ ကျွန်တော်တို့ ညီနောင်သုံးယောက်ကို ဘယ်လိုများမေ့နိုင်ရတာလဲ? ခင်ဗျားသိရမှာက ကျွန်တော်တို့ ကြိုးစားခဲ့တာကြောင့်သာမဟုတ်ရင် Frestech အမှတ်တံဆိပ် အိမ်သုံးမှော်စက်တွေက အန်ဗီမာမြို့တော်မှာ‌ ဒီလိုကျော်ကြားမှု‌မျိုး ဘယ်လိုရနိုင်မှာတဲ့လဲ? ဘယ်လို ကောင်းကောင်း ရောင်းနိုင်ခဲ့မှာလဲ?"

ရှုယီက စိတ်လှုပ်ရှားနေသည့် အာဂေါ့ထ်ကိုကြည့်ပြီးမှ တိတ်ဆိတ်နေသည့် အဲလက်စ်ကိုကြည့်လိုက်ရင်း ရင်ထဲ၌ စိတ်ပျက်မှုဖြင့် ပြည့်သွား၏။

ထိုစိတ်ပျက်မှုမှာ အာဂေါ့ထ်၏စကားလုံးများကြောင့် သာမဟုတ်ဘဲ အဲလက်စ်၏တုံ့ပြန်မှုကြောင့်လည်းပါသည်။

ရှင်းလင်းစွာပင် သူကသာ ဗစ်တာ, ဆဲလ်နှင့် အာဂေါ့ထ်တို့အား Frestech တံဆိပ် အိမ်သုံးမှော်စက်များကိုရောင်းခြင်းဖြင့် တစ်နှစ်အတွင်း ရွှေဒင်္ဂါး ငါးသောင်းကျော်ရရှိစေမည့် အခွင့်အရေးပေးခဲ့သူ ဖြစ်သော်လည်း ၎င်းတို့က သူ့အား မည်သည့်ကျေးဇူးတင်မှုမှပြမလာပေ။ သူက ၎င်းတို့၏လုပ်ငန်းကို ခြိမ်းခြောက်နိုင်လောက်သည့် ဝဲလ်မက်ထ် ကုန်သည်ကြီးများအသင်းအား အိမ်သုံးမှော်စက်အရောင်းဆိုင်ဖွင့်မည့်အကြံကို ပေးလိုက်ကြောင်း ကြားသည်နှင့် သူ့ကို တိုက်ရိုက်စွပ်စွဲလေတော့သည်။

အဲလက်စ်က ရှင်းလင်းစွာပင် ဟိန့်ဇ်၏ သဘောအကျဆုံး တူတော်မောင်ဖြစ်ပြီး ရှုယီက သူ့ကို ကောင်းကောင်းဆက်ဆံကာ အန်ဗီမာမြို့တော်၌ Frestech ကုန်သည်ကြီးများအသင်း၏ အရေးကြီးပြီး အကျိုးအမြတ်ရှိသည့် ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့သော်လည်း ယခုတွင် ဤအခြေအနေနှင့် ပတ်သက်သည့် စကားတစ်ခွန်းပင် ဆိုမလာဘဲ အာဂေါ့ထ်ကိုပင် သဘောတူနေသေးသည်။

ရှုယီအနေနှင့် အဲလက်စ်မှာ အန်ဗီမာမြို့တော်၌ ရှိနေခဲ့စဉ်အတွင်း မည်သည်ကို ကြုံတွေ့ခဲ့ရကြောင်းမသိပါသော်လည်း ဤအခြေအနေအရ သူဟာ ယခင်ကလို မြို့ငယ်လေးက နှိမ့်ချတတ်သည့် လူငယ်လေးနှင့် မတူတော့ချေ။ ဗစ်တာတို့၏အဖွဲ့နှင့် တစ်နှစ်လောက် အတူရှိပြီးနောက်တွင် သူဟာ လုံးဝပြောင်းလဲသွားခဲ့သည်။

အတွေးများက စိတ်ထဲဖြတ်ပြေးသွားချိန်တွင် ရှုယီက အာဂေါ့ထ်ကို မေးလေသည်၊ "ဒါက မင်းရဲ့အတွေးလား ဒါမှမဟုတ် မင်းတို့သုံးယောက်လုံးရဲ့အတွေးလား?"

အာဂေါ့ထ်မှာ အံ့ဩနေပြီး တုံ့တုံ့ဆိုင်းဆိုင်းပြောလာ၏၊ "ဒါက..... ဒါက ကျွန်တော်တို့ သုံးယောက်လုံးရဲ့အတွေးပါ။ ဘာပဲဖြစ်ဖြစ် ဗစ်တာနဲ့ ဆဲလ်တို့ နှစ်ယောက်လုံးက ဥက္ကဌရှုရဲ့ နည်းလမ်းတွေဟာ အတော်မရိုးသားဘူးလို့ထင်ကြတယ်။"

ရှုယီမှာ ထိုတုံ့ပြန်မှုမှနေ၍ အနည်းငယ် သက်သာရာရသွားသည်။ ကြည့်ရသည်မှာ ဗစ်တာနှင့် ဆဲလ်တို့က အာဂေါ့ထ်ကဲ့သို့ မထုံအသလို မရှင်းမလင်းဖြစ်နေပုံလည်းမရဘဲ ငွေရရန် သူ့အား မှီခိုဖို့ လိုအပ်နေသေးကြောင်း သိနေကြသည်။

သို့သော် အာဂေါ့ထ်၏အဖြေကြောင့် သုံးဦးသားမှာ ထိုကိစ္စနှင့်ပတ်သက်၍ အနည်းငယ် မကျေမနပ်ဖြစ်နေကြသည်ဟု ပြောနိုင်သည်။

သူလည်း နားလည်နိုင်ပေ၏။ သုံးယောက်သားမှာ ထို Frestech အမှတ်တံဆိပ် အိမ်သုံးမှော်စက်ပစ္စည်းအရောင်းကို ဖွင့်လှစ်ခဲ့ခြင်းကြောင့် တစ်နှစ်အတွင်း ရွှေဒင်္ဂါး ငါးသောင်းကျော်ရရှိခဲ့လေရာ ၎င်း ရွှေငန်းကြီးကို ဆုံးရှုံးဖို့ ဆန္ဒမရှိလောက်ချေ။

ယခုတွင် ဆိုင်က ၎င်းခြိမ်းခြောက်မှုကြီးနှင့် ရင်ဆိုင်နေရာလေရာ ပူပန်ဖို့က ပုံမှန်ပါပင်။

"ဒါကြောင့်ပဲ ငါလာရတာမဟုတ်လား?" ရှုယီက လက်များဖြန့်ကာ ပြုံး၍ ဆိုလေသည်၊ "ငါနားလည်တယ်၊ ဒီကိစ္စက မင်းတို့ လုပ်ငန်းကို ခြိမ်းခြောက်မှုဖြစ်စေတယ်၊ ဒါပေမယ့် Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌအနေနဲ့ ငါတို့လုပ်ငန်းစုရဲ့ တိုးတက်မှုအတွက် ငါ့မှာတာဝန်ရှိကြောင်း နားလည်မယ်လို့ မျှော်လင့်ပါတယ်။ ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းနဲ့ ပူးပေါင်းတာ‌က Frestech အမှတ်တံဆိပ် အိမ်သုံးမှော်စက်ပစ္စည်းတွေကို ရောင်းအား အတော်တက်လာစေရုံတင်မကဘဲ လုပ်ငန်းစုရဲ့ ကျော်ကြားမှုပါ တိုးလာစေမှာမို့ ရုတ်သိမ်းလို့မရနိုင်ဘူး။"

"ဒါပေမယ့်.... ဒါပေမယ့် ဘာလို့ ကျွန်တော်တို့ကို မစဉ်းစားပေးခဲ့ရတာလဲ?" အာဂေါ့ထ်မှာ ရှုယီ၏စကားလုံးများက ယုတ္တိရှိမှန်း နားလည်လေရာ ထိုသို့ ပြောခြင်းဖြင့်သာ ကိုယ့်ကိုယ်ကို အားပေးနိုင်မည်ဖြစ်သည်။

"စဉ်းစားခဲ့ပါတယ်။ ကြည့်ဦး၊ ငါ အန်ဗီမာမြို့တော်ကို ရောက်လာတာနဲ့ ဘယ်မှမသွားဘဲ မင်းတို့ကို လာရှာတယ်လေ။ ငါက မင်းတို့ကို မစဉ်းစားပေးဘူး ထင်နေတာလား?"

အာဂေါ့ထ်က အဲလက်စ်ကိုကြည့်လိုက်ရာ အဲလက်စ်က ခေါင်းငြိမ့်သဖြင့် မျက်နှာထားက တည်ငြိမ်သွား၏။

"ဒါ.....ဥက္ကဌရှု၊ အခုနက ကျွန်တော်အရမ်း စိတ်လှုပ်ရှားနေလို့ပါ စိတ်မရှိပါနဲ့။ ခင်ဗျား ကျွန်တော်တို့အကြောင်း ဘယ်လိုများ စဉ်းစားထားသလဲ ပြောလို့ရမလား?" အာဂေါ့ထ်က ရှုယီကို မျှော်လင့်နေဟန်ဖြင့် ကြည့်လာသည်။

ရှုယီ၏အကြံပြုချက်ကို နားထောင်ကာ Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်း၍ ငွေပမာဏကြီးတစ်ခုရရှိပြီးကတည်းက သူ၏ စိတ်နှလုံး၌ ရှုယီအပေါ်လေးစားမှုဖြင့် ပြည့်နေပြီးသားပင်။

ထို့အပြင် ဤနှစ်အတွင်း သူဂာ Frestech ကုန်သည်ကြီးများအသင်းနှင့် ရှုယီကို အန်ဗီမာသတင်းစာများတွင် မကြာခဏတွေ့ခဲ့ရ၏။

ထိုသတင်းများ၌ ၎င်းတို့မှာ ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းကို ချီးကျူးမှုအပြည့်ရှိနေကြသည်။ အာဂေါ့ထ်အနေဖြင့် ရှုယီမှာ အရေးကြီးပုဂ္ဂိုလ်တစ်ဦး မဟုတ်သေးသော်လည်း သူ၏မျက်လုံးထဲ၌ ရှုယီ၏အတွေ့အကြုံနှင့် ဉာဏ်ပညာတို့မှာ သာမန်လူထက် ကျော်‌လွန်နေသည်ကို အင်မတန်သေချာနေပေသည်။

ရှင်းရှင်းပြောရလျှင် သူ့အား နားထောင်သည်က မမှားပေ။

အာဂေါ့ထ်၏ နာခံသည့်အသွင်ကိုမြင်သော် ရှုယီက အပြုံးဖြင့် ခေါင်းငြှိမ့်ကာပြောသည်၊ "အရင်ဆုံး တစ်ခုကို အတည်ပြုပါရစေ။ ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းက ငါတို့ လမ်ပူရီတိုင်းပြည်ရဲ့ အကြီးဆုံး ကုန်စုံဆိုင်ဖြစ်တော့ မင်းတို့ရဲ့ ဆိုင်လေးနဲ့ဆို သေချာပေါက် သူတို့နဲ့ ပြိုင်နိုင်မှာ မဟုတ်ဘူး။"

အာဂေါ့ထ်က ခေါင်းငြှိမ့်ကာ၊ "ဒါကြောင့်ပဲ ကျွန်တော်တို့သုံးယောက် ခေါင်းကိုက်နေတာပါ။ ဗစ်တာ လိုက်မေးတော့ ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းက အိမ်သုံးမှော်စက်တွေကို ပိုနိမ့်တဲ့ဈေးနှုန်းနဲ့ ရောင်းနေတော့ ကျွန်တော်တို့ လုံးဝ မယှဉ်နိုင်၏ဘူး။"

"မင်းတို့ ဒါကို မစဉ်းစားရသေးဘူးပဲ။" ရှုယီက ခေါင်းခါ၍ ပြောသည်၊ "သူတို့နဲ့ မယှဉ်နိုင်မှတော့ မယှဉ်နဲ့ပေါ့။ မင်းတို့ရဲ့ အားနည်းချက်ကို သုံးပြီး သူတို့ရဲ့ အားသာချက်နဲ့ မယှဉ်ဘဲ မင်းတို့ရဲ့ကိုယ်ပိုင်အားသာချက်ကို ပြသင့်တယ်။"

"ကျွန်တော်တို့ရဲ့အားသာချက်?" အာဂေါ့ထ်က မျက်မှောင်ကုပ်ကာ၊ "ကျွန်တော်တို့က ဘာအားသာချက်ရှိလို့လဲ?"

"တချို့တလေတော့ရှိတာပေါ့။" ရှုယီက သူ့အား လက်ညှိုးထိုးကာ၊ "ဒီဆိုင်က ငါနဲ့ Frestech ကုန်သည်ကြီးများအသင်းက အသိအမှတ်ပြုထားပြီးသား Frestech အမှတ်တံဆိပ် အရောင်းဆိုင်ဖြစ်နေတာက မင်းတို့ရဲ့ အကြီးမားဆုံး အားသာချက်ပဲလေ။"

အာဂေါ့ထ်မှာ ရှုပ်ထွေးသွားကာ၊ "ကျွန်တော်နားမလည်ဘူး၊ ဒါက အားသာချက်တစ်ခု ဘယ်လိုဖြစ်သွားတာလဲ?"

"မင်းနားမလည်ဘူး?" ရှုယီက ပြုံးကာ သူ၏ အိတ်ထဲမှ စာရွက်စာတမ်းတစ်ခုကို အာဂေါ့ထ်အား ထုတ်ပေးလိုက်သည်။ "ဒါကိုကြည့်'ကြည့်လိုက်၊ ဒါကို မြင်ပြီးရင် နားလည်သွားလိမ့်မယ်။"

အာဂေါ့ထ်က စာတမ်းကို ရှုပ်ထွေးဟန်ဖြင့် ကြည့်လိုက်ရာ စာချုပ်တစ်ခုဖြစ်ကြောင်းတွေ့ရှိသွားသည်။ ရှုယီအား ခဏကြာအောင် ကြည့်ပြီးနောက်၌ သူက အဲလက်စ်ဆီ အကြည့်ပို့လိုက်သည်။

ပထမဆုံးတွင် နှစ်ဦးသားမှာ ရှုပ်ထွေးနေခဲ့သော်လည်း ၎င်းအား ဖတ်ပြီးသည့်နောက် မျက်လုံးများ တောက်ပလာတော့သည်။

ဖတ်ပြီးသည့်နောက် အာဂေါ့ထ်က စာတမ်းကိုပိတ်ကာ အနည်းငယ်ကြာအောင် အလေးအနက်‌စဉ်းစားပြီး သေချာဟန်ဖြင့် ခေါင်းငြိမ့်လာသည်၊ "ဥက္ကဌရှု၊ ခင်ဗျားရဲ့ အကြံဉာဏ်က တကယ်ကို ကောင်းလွန်းတယ်။ ခင်ဗျား အပြောအရဆို ဒီဆိုင်က ဘန်တာမြို့က ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ဝန်ဆောင်မှု ဗဟိုဌာနလိုဖြစ်လာမှာဆိုတော့ ဈေးနှုန်းကလည်း တူညီလုနီးပါးဖြစ်နေချိန်မှာ အများစုက ပိုစိတ်ချရဖို့ ကျွန်တော်တို့ဆိုင်ကိုပဲ ရွေးမှာပေါ့။"

"ဟုတ်တယ်၊ ဒီနေရာကို အန်ဗီမာမြို့တော်က ငါတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ပြတင်းတံခါး ဖြစ်လာမှာ သေချာအောင် နည်းပညာအထောက်အပံ့နဲ့ ဝန်ထမ်းတွေပို့လိုက်မယ်။"

ရှုယီ၏မျက်နှာက ရုတ်တရတ် လေးနက်လာသည်။

"ဒီအခင်းအကျင်းရဲ့ အရည်အသွေးက အန်ဗီမာမြို့တော်မှာ‌ ငါတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့နာမည်ကို ဆုံးဖြတ်လိမ့်မယ်၊ ဒီတော့ ဒီစာချုပ်အသစ်မှာ လက်မှတ်ထိုးဖို့ မင်းတို့ ဆုံးဖြတ်လိုက်ရင် ဒီစာချုပ်ရဲ့ စည်းမျဉ်း‌တွေကို တိတိကျကျလိုက်နာဖို့ တောင်းဆိုရလိမ့်မယ်။ ဒါကို မလုပ်နိုင်ဘူးလို့ထင်ရင်တော့ ဒါက အတော်အရေးကြီးတာကြောင့် စာချုပ်မှာ ရေးထားသမျှကို အကောင်အထည်ဖော်ရာမှာ ပေါ့လျော့ပေးမှာ မဟုတ်ဘူး၊ ဒီလိုဆို ငြင်းပယ်ဖို့ အကြံပြုချင်တယ်။"

အာဂေါ့ထ်က ရှုယီ၏မျက်နှာထားကြောင့် ခဏကြာအောင် မည်သည်ကိုမှ မဆိုနိုင်ဖြစ်သွားသော်လည်း တုံ့ဆိုင်းစွာ ခေါင်းငြိမ့်လေသည်။

"ကျွန်တော်ဒါကို ဗစ်တာနဲ့ ဆဲလ်တို့နဲ့အတူ ဆွေးနွေးလိုက်ပါမယ်။"

"အင်း ကောင်းတယ်"

ဆိုင်မှ ထွက်လာချိန်တွင် ညချမ်း၏ ခန်းဆီးလိုက်ကာကို ချထားပြီးဖြစ်ရာ အန်ဗီမာမြို့တော်၏ ကောင်းကင်ယံက အတန်ငယ် မှောင်လာနေပြီဖြစ်သည်။

ရှုယီမှာ ဆိုင်အပြင်ဘက်ရှိ သက်ဝင်လှုပ်‌ရှားနေသည့် လမ်းကို ဝေ့ဝဲကြည့်လျက် ဖောက်သည်နှစ်ဦးအား အပြုံးဖြင့် ကြိုဆိုနေသည့် အာဂေါ့ထ်ကိုလှည့်ကြည့်၍ သက်ပြင်းချ‌လိုက်၏။

ရွေးချယ်စရာသာရှိပါလျှင် သူဟာ ဗစ်တာ၏အဖွဲ့နှင့် ပူးပေါင်းခြင်းကို ရပ်တန့်လိုက်ချင်သည်၊ အဘယ့်ကြောင့်ဆိုသော် အာဂေါ့ထ်ပြသခဲ့သည့် သဘောထားအရ ၎င်းတို့အတွက် ထက်မြတ်သည့် တွဲဖက်များဖြစ်လာရန်မှာ ခက်ခဲလိမ့်မည်သာ။

အကြောင်းမှာ ၎င်းတို့က အင်မတန် တကိုယ်ကောင်းဆန်၍ ညှိနှိုင်းရန် အမြင်ရော အစွမ်းအစရောမရှိချေ။

သို့သော် ရှုယီပြောခဲ့သည့် အန်ဗီမာမြို့တော်၌ Frestech ကုန်သည်ကြီးများအသင်း၏ လူထု ပြတင်းတံခါးကို ဖွင့်လှစ်ရန်မှာ ဤမြို့တွင် ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်း၌ မည်သည့်အုတ်မြစ်မှ မရှိလေရာ အင်မတန်ခဲယဉ်းသည့်ကိစ္စဖြစ်လာလိမ့်မည်။

ထို့ကြောင့် လတ်တလော ရှုယီအနေနှင့် အန်ဗီမာမြို့တော်တွင် ၎င်း ပြတင်းတံခါးကို ထိန်းသိမ်းရန် ၎င်းတို့သုံးဦးအပေါ်သာ မှီခိုနိုင်လေသည်။

ရှုယီမှာ ထိုသုံးဦး လုပ်နိုင်မည်လားကို သံသယများစွာဖြစ်ခဲ့သော်လည်း ပိုကောင်းသည့် ရွေးချယ်မှုမရှိသဖြင့် ထိုသို့လုပ်ရန်ကလွဲ၍ ရွေးချယ်စရာမ‌ရှိပေ။

ထိုသို့စဉ်းစားရင် ရှုယီမှာ နံဘေး၌ လျှောက်လှမ်းနေသည့် အဲလက်စ်ကို မနေနိုင်ဘဲကြည့်လိုက်မိသည်။ ထိုကောင်လေးသာ ဤနှစ်အတွင်း နည်းနည်းလောက် ပိုကြိုးကြိုးစားစားအလုပ်လုပ်ခဲ့ပါလျှင် ကိုယ်ပိုင်ကွန်ရက်ကိုပင် တည်ထောင်နိုင်ပြီး ရှုယီ လိုချင်သည့် ပြတင်းတံခါးကို ဖန်တီးမည့် ဗဟိုချက်အနေနှင့် အဲလက်စ်အား အဆက်အသွယ်များရှာရန် အသုံးပြုနိုင်သည်။

သို့သော် အဲလက်စ်မှာ ဤနှစ်အတွင်း ဗစ်တာ၏ အဖွဲ့ကိုသာ ချဉ်းကပ်ခဲ့ပြီး မည်သည့်တိုးတက်မှုမှာ လုပ်ဆောင်ခဲ့ခြင်းမရှိသဖြင့် ရှုယီမှာ မည်သို့များ ထိုသို့လေးလံသည့် တာဝန်အား သူ့ထံပေးခဲ့နိုင်မည်နည်း။

‘အဆုံးမှာတော့ အရည်အချင်းရှိတဲ့လူတွေ အလုံအလောက်မရှိဘူးပဲ။’ ရှုယီက သက်ပြင်းအသာချသည်၊ ‘ငါ့မှာသာ ခမ်နက်ဒ်လို လူတချို့လောက်ရှိရင် ကောင်းမှာပဲ။’

အဲလက်စ်မှာ ဆိုင်မှထွက်လာသည့် ရှုယီ၏မျက်နှာထား မကောင်းသည်ကိုမြင်ပြီး ရုတ်တရတ်သက်ပြင်းချလာသည်ကိုပါ ကြားသော် ၎င်းကိုစဉ်းစားလျက် အလျင်အမြန်ပြောလိုက်၏၊ "ဥက္ကဌ၊ ဒီလောက်နောက်ကျနေပြီ၊ ကျွန်တော်တို့ ညစာ အရင်သွားစားကြမလား? ဘန်တာမြို့ရဲ့ အစားအစာကောင်းတွေရနိုင်တဲ့ အတော်လေးကောင်းတဲ့စားသောက်ဆိုင်တစ်ခု ကျွန်တော်တွေ့ထားတယ်။ ပြီးရင် ခင်ဗျား နားဖို့ နေရာကောင်းတစ်ခုကို ခေါ်သွားပေးပါ့မယ်၊ အဲ့ကို ကျွန်တော်နဲ့ ဗစ်တာတို့ မကြာခဏသွားနေကျပဲ၊ အတော်လေး သက်တောင့်သက်သာရှိတယ်။ အဲ့က မိန်းကလေးတွေ အားလုံးကလည်း အရမ်းလှ......"

အဲလက်စ်မှာ ရှုယီ၏မျက်နှာအရောင်ကာ ကြောက်မက်ဖွယ်မှောင်မိုက်သွားသည်ကို မြင်သဖြင့် ဆက်မပြောနိုင်တော့ပေ။

ရှုယီ၏ ရေခဲတမျှ အေးစက်နေသည့် အကြည့်နှင့် မျက်နှာကို ကြည့်ရင်း အဲလက်စ်မှာ အပြောမှားသွားမှန်း နားလည်လိုက်သည်။

သူဟာ နားလည်ပါသော်လည်း မည်သို့ ရှင်းပြရမည်မှန်း မသိသဖြင့် ခဏတာ ပြောစရာမဲ့သွား၏။

ရှုယီက အဲလက်စ်ကို အတန်ကြာ အေးစက်စက်ကြည့်နေပြီးမှ စိတ်ပျက်မှုနှင့် ဒေါသကို စိတ်ထဲ၌သာ ဖိနှိပ်ထားလိုက်တော့သည်။ သူဟာ ဖြေးညင်းစွာ အသက်ဝဝရှူရင်း အသံကို ငြိမ်နေ‌စေရန် ရှိသမျှ အားကုန်သုံး၍ ပြောလာသည်၊ "ဒုက္ခခံစရာမလိုပါဘူး၊ စတေးလ်နဲ့ မဟာမှော်ပညာရှင်ကမ်မီလာတို့တွေက ငါ့ကိုစောင့်နေမှာဆိုတော့ သူတို့ကိုပဲ သွားရှာလိုက်တော့မယ်။"

ရှုယီက 'စတေးလ်'ဟူသည့်နာမည်အား ထုတ်ပြောလာသည်ကို ကြားသော် အဲလက်စ်လည်း ချက်ချင်းနားလည်သွားသည်။

မတိုင်ခင်က သူ့အနေနှင့် ဥက္ကဌမှာ သခင်မလေးစတေးလ်နှင့် တရားဝင် ချိန်းတွေ့နေကြပြီဖြစ်သည်ကို ကြားခဲ့ပါသော်လည်း တကယ်ကြီး ထိုနေရာမျိုးကို ဥက္ကဌထံ ထုတ်ပြောခဲ့လေရာ ဒေါသမဖြစ်မှသာ ထူးဆန်းနေလိ့မ်မည်။

အဲလက်စ်လည်း သူ၏နဖူးထက်မှ ချွေးအေးများကို သုတ်၍ မြန်မြန်ပင် ရှုယီကို သွားလိုရာသို့ ဦးဆောင်ခေါ်သွားလိုက်တော့သည်။

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၁၀၅။ ဆာလောင်နေသည့် ဈေးကွက်

အန်ဗီမာမြို့တော်သို့ ရှုယီရောက်လာသည့် ဒုတိယနေ့မှာ မှော်ပညာရှင်များ အဖွဲ့အစည်း၏ အရည်အချင်းစစ် စာမေးပွဲနေ့လည်းဖြစ်သည်။ မှော်ပညာရှင် အရေအတွက်များစွာက စာမေးပွဲအတွက် အန်ဗီမာမြို့တော်၏ အလုပ်အများဆုံးလမ်းသို့ ရောက်လာကြပြီး ၎င်းလမ်း၌ လုပ်ငန်းစတင်ကာစ ဧရာမဆိုင်ကြီးတစ်ခု ရှိနေသည်။

၎င်းဆိုင်က အန်ဗီမာမြို့တော်ရှိ အကြွယ်ဝဆုံးလမ်းပေါ်ရှိ စတုရန်းတစ်ထောင်မီတာရှိသည့်နေရာကို ယူထားကာ လုပ်ငန်းစတင်ချိန်၌ မျိုးရိုးမြင့်များ၏ ဇိမ်ခံမြင်းလှည်းမျိုးစုံကို ဆွဲဆောင်ထားသဖြင့် လူများစွာ၏ အာရုံကို ဆွဲဆောင်လိုက်သည်။

ထိုဆိုင်၌ ချိတ်ဆွဲထားသည့် သင်္ကေတကို မြင်သောအခါ အားလုံး မှင်သက်နေကြသည်။ ထို သင်္ကေတထက်၌ ရင်းနှီးနေသည့် 'ဝဲလ်မက်ထ်'ဟူသော စကားလုံးပါ‌ရှိသော်ငြား နောက်ရှိ 'အိမ်သုံးမှော်စက်ပစ္စည်းအရောင်းဆိုင်'မှာ အားလုံးသိကြသည့် စကားလုံးများဖြစ်သော်လည်း လုံးဝနားမလည်ကြချေ။

မှန်ပါသည်၊ ထိုဆိုင်၏အမည်မှာ တကယ်ကို 'ဝဲလ်မက်ထ် အိမ်သုံးမှော်စက်ပစ္စည်းအရောင်းဆိုင်' ဖြစ်၏။

ထိုလူများမှာ အချိန်တိုအတွင်း၌ နားမလည်ကြသော်လည်း များမကြာမီတွင် လူများစွာက တုံ့ပြန်လာသည်။

၎င်းမှာ လွန်ခဲ့သည့် လဝက်အကြာက ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းအနေနှင့် အန်ဗီမာမြို့တော်၏ သတင်းစာ အကြီး၊ အသေး အားလုံး၌ ကြော်ငြာများ ထည့်သွင်း၍ လမ်းတိုင်း၌လည်း ကြော်ငြာပေါင်းစုံ ကပ်ထားခြင်းကြောင့် ဖြစ်သည်။ ၎င်းတို့မှာ အော်ဟစ်ကြေငြာနေရင်း လက်ကမ်းစာစောင်များပင် ဝေခဲ့သေးသည်။

ထိုသို့သော အားကောင်းသည့် ကြော်ငြာကမ်ပိန်းကြောင့် အန်ဗီမာမြို့တော်ရှိလူများမှာ ၎င်းက ဝဲလ်မက်ထ်အိမ်သုံးမှော်စက်ပစ္စည်းအရောင်းဆိုင် ဖွင့်လှစ်သည့်နေ့ဖြစ်ကြောင်းကို မသိပါလျှင် မြို့အပြင်ဘက်မှ လာလျှင်လာ သို့မဟုတ် သေဆုံးခြင်း၊ မျက်ကန်းဖြစ်ခြင်းတို့ကြောင့်ဖြစ်ရမည်။

အိမ်သုံးမှော်စက်ပစ္စည်းများ၏အကြောင်းကို အန်ဗီမာမြို့တော်ရှိ လူများစွာက သတင်းစာများနှင့် ဗစ်တာ၏အဖွဲ့တည်ထောင်ထားသည့် Frestech အမှတ်တံဆိပ် အရောင်းဆိုင်တို့ကြောင့် အနည်းငယ် နားလည်ထားကြပါသော်လည်း လူထု အစိတ်အပိုင်းကြီးကြီးကို မယူဆောင်လာဘဲ ၎င်းတို့၏ နားလည်နိုင်စွမ်းက အင်မတန် နိမ့်လွန်းသည်။

သို့သော် ယခင်က ၎င်းကို သိခဲ့သည်ဖြစ်စေ၊ မသိခဲ့သည်ဖြစ်စေ ဤတစ်ခေါက် ဝဲလ်မက်ထ် ကုန်သည်ကြီးများအသင်းက အားလုံးထုတ်ပြလာရာ ထိုကိစ္စကို အားလုံးက နားလည်မူတချို့ ရှိသွားကြ၏။

လူတိုင်းမှာ ၎င်း‌ အိမ်သုံးမှော်စက်က လူများ၏နေ့စဉ်ဘဝကို ပိုမိုလွယ်ကူစေမည့် မှော်ပညာကိုသုံးကာ ပြုလုပ်ထားသော စက်ဖြစ်ကြောင်း သိကြသည်။

ဥပမာဆိုရလျှင် မှော်လေအေးပေးစက်မှာ အကြီးစား အေးခဲအစီအရင်နှင့် မီးလျှံအစီအရင်တို့၏ လုပ်ဆောင်ချက်ကို အစားထိုးနိုင်သည်။ ၎င်းက အိမ်တစ်အိမ်ကို ပူအိုက်သော နွေရာသီနှင့် အေးစက်သော ဆောင်းရာသီများတွင် သက်သာသည့် အပူချိန်၌ထားရှိပေးသည်။

နောက်၌ အလိုအလျောက်မှော်ထမင်းပေါင်းအိုးလည်း ရှိသည်။ ၎င်းအတွင်း၌ ရေနှင့် ဆန်ပမာဏ အတိအကျထည့်ထားကာ ခလုတ်နှိပ်ထားလိုက်သည်နှင့် မည်သည်ကိုမှ ဂရုစိုက်ဖို့မလိုဘဲ လတ်လတ်ဆတ်ဆတ်ချက်ပြုတ်ရရှိခြင်းကို စောင့်ဆိုင်းရန်သာဖြစ်သည်။

သို့မဟုတ် ဥပမာ.....

.....

ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်း၏ ကြော်ငြာများကြောင့် အန်ဗီမာမြို့တော်ရှိ လူတိုင်းမှာ အိမ်သုံးမှော်စက်များ၏ လုပ်ဆောင်ချက်များကို သိနေကြသည်။

ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်၏ အရောင်းဆိုင်လုပ်ငန်းမစတင်မီတွင် လူအများက ၎င်းကိုမျှော်လင့်ထားပြီးဖြစ်သည်။

၎င်းတို့ လုပ်ငန်းစသည့် မနက်ခင်းစောစော၌ ဆိုင်အား လူအုပ်ကြီးက ဝိုင်းရံထားပြီးဖြစ်သည်။ ၎င်းက အကြွယ်ဆုံးလမ်း၌ အကြားအလပ်လေးတစ်ခုပင် မချန်ပင် ပြည့်သိပ်နေ၏။

ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်း၏ကြော်ငြာအရ ဤသည်က ၎င်းတို့၏လုပ်ငန်း ပထမဆုံးနေ့ဖြစ်လေရာ အိမ်သုံးမှော်စက်အားလုံးကို ၂၀ရာခိုင်နှုန်း လျှော့ဈေးဖြင့် ရောင်းချမည်ဖြစ်သည်။ ဆိုင်၏ကုန်စည်များမှာ အကန့်သတ်ရှိလေရာ ၎င်းက ဦးဆုံးလာပါက ဦးဆုံးဝန်ဆောင်မှု ရလိမ့်မည်။

တစ်ချိန်တည်းတွင် အိမ်သုံးမှော်စက်တစ်လုံးဝယ်မည့် ဖောက်သည်များအနေနှင့် ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်း၏ကုန်စုံဆိုင်တွင် လျှော့ဈေးတစ်ခုရမည့် ကူပွန်တစ်ခုကိုလည်း ရမည်ဖြစ်သည်။

ထို့ကြောင့် မနက်ခင်း ရှစ်နာရီ‌တွင် ဝဲလ်မက်ထ် ကုန်သည်ကြီးများအသင်းမှာ ဆိုင်ရှေ့ရှိ စင်မြင့်ထက်၌ မိန့်ခွန်းတိုတစ်ခု ပြောရန် မန်နေဂျာတစ်ဦးကို စေလွှတ်ကာ ဆိုင်ဖွင့်ကြောင်း ကြေညာခဲ့သည်။ လူအုပ်ကြီးမှာ ချက်ချင်းပင် ဖွင့်ထားသည့် တံခါးများထဲ တိုးဝင်လာသည်မှာ လှိုင်းလုံးကြီးဖြင့် တံခါးများကို အပြည့်ဖြည့်လိုက်သလိုပင်။

ဟန့်ခ် ဝီလ်ဆန်က ဝင်လာသည့် လူများကို ကြည့်ရင်း မနေနိုင်ဘဲ သူ့ရှေ့ရှိ ရှုယီကို ချီးကျူးလေသည်၊ "ဥက္ကဌရှု၊ အကန့်အသတ်ထား,ထားမယ့် စိတ်ကူးက တကယ်ကောင်းတာပဲ။ ကြည့်ပါဦး၊ ဒီလူတွေက တတ်နိုင်သမျှမြန်မြန် ပစ္စည်းတွေဝယ်ဖို့ ကြိုးစားနေပြီး အရည်အသွေးကိုတောင် သေချာမကြည့်နိုင်ကြတော့ဘူး။"

ရှုယီက အသာပြုံးလေ၏၊ "ဆာလောင်နေတဲ့ ဈေးကွက်လို့ခေါ်တဲ့ စကားစုတစ်ခုရှိတယ်။ ဒါက လူတွေ နောက်ကျသွားပြီး လိုအပ်ချက်ကိုမပြည့်မီရင် တစ်ခုခုကို ဝယ်နိုင်တော့မှာမဟုတ်ဘူးလို့ ခံစားရအောင် လုပ်တာပဲ။ ခင်ဗျား ကမ်းလှမ်းထားတဲ့ အထူးသဘောတူညီချက်တွေကိုပါ ထည့်ပေါင်းလိုက်တော့ လူတွေက အကျိုးအမြတ်ရတယ်ထင်ကြတာကြောင့် အဲ့လောက် ဂရုမစိုက်ကြတော့တာပဲ။"

"ဥက္ကဌရှုက တကယ်ပဲ ဖောက်သည်တွေရဲ့အတွေးတွေကို နားလည်တယ်။" ရှုယီရှေ့၌ ထိုင်နေသည်မှာ စိတ်ဓာတ်မြင့်မားသည့် အသက်ခြောက်ဆယ်ပတ်လည်ဟန်ရှိ မီးခိုးရောင်ဆံပင်နှင့် လူအိုကြီးတစ်ဦးဖြစ်သည်။ သူက ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်း၏ လက်ရှိ ဥက္ကဌ ခိုလ်မာ ရမ်းဒက်စ်ပင်၊ "ကောလဟာလတွေအားလုံးကနေ ဥက္ကဌရှုက သုတေသနကို ပိုပြီး အာရုံစိုက်တဲ့ မှော်ပညာရှင် ဖြစ်လောက်မယ်လို့ ကျုပ် ထင်နေခဲ့တာ။ ကိုယ်တိုင်တွေ့လိုက်တော့မှပဲ ဥက္ကဌရှုက အမြင်ရှိတဲ့ ကုန်သည်တစ်ယောက်နဲ့ ပိုတယ်နေတယ်။"

"ဥက္ကဌရမ်းဒက်စ်က ချီးကျူးလွန်းနေပါပြီ။" ရှုယီက ကျိုးနွံစွာပြုံးကာ၊ "ဒါက လှည့်ကွက်လေးတစ်ခုပါပဲ၊ အဲ့လောက်လည်းမဟုတ်ပါဘူး။ ဝဲလ်မက်ထ် ကုန်သည်ကြီးများအသင်းက ဒီနှစ်တွေတစ်လျှောက်လုံး ဥက္ကဌရမ်းဒက်စ်ရဲ့ ဦးဆောင်မှုအောက်မှာ ဖွံ့ဖြိုးခဲ့ပြီး ကျွန်တော်တို့ လမ်ပူရီတိုင်းပြည်ရဲ့ ပထမအဆင့် လုပ်ငန်းစုတစ်ခုဖြစ်လာတာ၊ ဒါကမှ တကယ်ကို စွမ်းအားကြီးတာပါ။ ခမ်နက်ဒ်က ကျွန်တော့်ရှေ့မှာ ခင်ဗျားကို မကြာခဏချီးကျူးတတ်တော့ အမြဲတမ်း ခင်ဗျားအပေါ် လေးစားရိုသေမှုတွေနဲ့ ပြည့်နေတယ်လေ။"

"ကျုပ်ကို လေးစားရိုသေတယ်?" ဥက္ကဌရမ်းဒက်စ်က နှာခေါင်းရှုံ့လာကာ၊ "ကျုပ်က အဲ့ကလေး အရွယ်ရောက်လာတာကိုကြည့်ခဲ့ရပြီး ငယ်ကတည်းက ထက်မြတ်ပြီး စီးပွားရေးလုပ်ဖို့ စိတ်ဝင်စားတာကိုလည်း သိပါတယ်၊ ဒီတော့ ကျုပ်က သူ့ကို ဆက်ခံသူအဖြစ် လေ့ကျင့်ပေးဖို့ စီစဉ်ခဲ့တယ်လေ။ ကျုပ်က သူ့ကို အမ်မာမိသားစုအတွက် ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းကို လည်ပတ်စေချင်ပေမယ့်လည်း သူ့‌ကိုကောင်းကောင်း လေ့ကျင့်ပေးပြီးနောက်မှာမှ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းဆီ အပြေးသွားပြီး အဲဒီ့..... အထွေထွေမန်နေဂျာ လုပ်လိုက်မယ်လို့ မထင်ခဲ့မိဘူး။ ဒါက ကျုပ်ကို တကယ်ပဲ သေလောက်အောင် ဒေါသဖြစ်စေတယ်!"

ရှုယီက မနေနိုင်ဘဲ တိတ်တဆိတ်ရယ်မောသည်။ ဒီဥက္ကဌရမ်းဒက်စ်က ကိုယ်တိုင် ကြိုးစားခဲ့တဲ့ အသီးကို ကောက်ယူလိုက်တဲ့အတွက် အပြစ်လာတင်နေတာလား?

"ဒါက..... ဥက္ကဌရမ်းဒက်စ်, ကျွန်တော်ထင်တာတော့ ခမ်နက်ဒ်အနေနဲ့ ကျွန်တော်တို့ လုပ်ငန်းစုမှာ အမြဲလုပ်မယ်လို့မထင်ဘူး။ သူ့ကို ကျွန်တော်တို့လုပ်ငန်းစုမှာ မတူညီတဲ့ ဖွဲ့စည်းပုံကို လေ့လာဖို့ နေခွင့်ပြုပြီး အတွေ့အကြုံတချို့ ရယူခွင့်ပေးတာက သူ့ အရွယ်ရောက်မှုအ‌တွက် ကောင်းလိမ့်မယ်၊ အဲ့လိုမထင်ဘူးလား?"

ဥက္ကဌရမ်းဒက်စ်က ရှုယီကိုကြည့်လာကာ အသာခေါင်းငြှိမ့်သည်၊ "ဒီစကားက အတော်မှန်ပါတယ်။ ဥက္ကဌရှု၊ ခင်ဗျား လည်ပတ်ထားတဲ့ Frestech ကုန်သည်ကြီးများအသင်းမှာ အတော်လေး ထူးကဲတဲ့အရာတွေရှိတော့ သူ့ကို လေ့လာခွင့်ပေးတာက ရွေးချယ်မှုကောင်းတစ်ခုပါ။ ဒါပေမယ့် ဥက္ကဌရှု, ခမ်နက်ဒ်အနေနဲ့ ခင်ဗျားတို့ လုပ်ငန်းစုမှာနေဖို့ မဖြစ်နိုင်တာကို ခင်ဗျား သိလောက်မယ်ဆိုပေမယ့်လည်း သူ့ကို အရေးကြီးတဲ့အလုပ်ပေးတာက ပြဿနာတွေရှိမလာလောက်ဘူးလား?"

"အသုံးဝင်တဲ့လူတွေကို သံသယမဖြစ်နဲ့၊ သံသယများတဲ့လူတွေကို မသုံးနဲ့တဲ့။" ရှုယီက ပြုံးကာ ဆိုသည်၊ "ကျွန်တော်က ခမ်နက်ဒ်ကို အထွေထွေမန်နေဂျာအဖြစ်ရွေးထားမှတော့ သူ့ကို ပေးထားတဲ့အလုပ်ကို သူအပြီးသတ်နိုင်မယ်ဆိုတာ ယုံကြည်လို့ပေါ့။ နောက်ဆုံး ဘယ်အချိန်မှာ သူထွက်သွားမယ်ဆိုတာက.... အလုပ်သမားအပြောင်းအလဲဆိုတာ လုပ်ငန်းစုတိုင်းအတွက် သာမန်ပါပဲ၊ ကျုပ်အနေနဲ့ ဒီလိုမဖြစ်လာခင်မှာ အားလုံးကို သေချာဂရုစိုက်လိုက်ဖို့ပဲလိုတယ်။"

ဥက္ကဌရမ်းဒက်စ်က အသာခေါင်းခါ၍ သက်ပြင်းချကာဆိုသည်၊ "အဲ့ကောင်လေး ခမ်နက်ဒ်က ခင်ဗျားလို ဥက္ကဌတစ်ဦးနဲ့တွေ့တာ တကယ်ကို ကံကောင်းတာပဲ။ ကောင်းပြီလေ၊ အဲ့ကလေးအကြောင်းမပြောတော့ဘူး၊ လုပ်ငန်းအကြောင်းပဲ ပြောကြတာပေါ့။ ဟန့်ခ်, ဥက္ကဌရှုဖတ်ဖို့ အစီစဉ်ကို ပေးလိုက်ပါဦး။"

နံဘေးရှိ ဟန့်ခ်ဝီလ်ဆန်က ပြန်ဖြေကာ ရှုယီထံ အစီအစဉ်ကို ပေးလိုက်သည်။

ရှုယီလည်း သေချာကြည့်လိုက်သော် ထိုအစီအစဉ်၌ ရေးသားထားသည်က ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းမှ ဖွင့်လှစ်ရန်စီစဉ်ထားသည့် အိမ်သုံးမှော်စက်ဆိုင်များ တည်ရှိမည့် အဓိက မြို့များဖြစ်သည်။

ထိုအစီအစဉ်အရ အန်ဗီမာမြို့တော်ရှိ ရောင်းအား အရေအတွက်သာ ကောင်းပါလျှင် ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းမှာ ထိုအစီအစဉ်ကို လိုက်ချမှတ်လိမ့်မည်သာ။ ၎င်းတို့၏ အဓိကပန်းတိုင်မှာ ၎င်းကဲ့သို့ ဆိုင်တစ်ဆိုင်ကို လမ်ပူရီတိုင်းပြည်၏ မြို့တိုင်း၌ တည်ဆောက်ရန်ပင်။

ထိုဆိုင်များကို ဖွင့်လှစ်ရန်မှာ ဘန်တာမြို့မှ Frestech ကုန်သည်ကြီးများအသင်း ဦးဆောင်သည့် မှော်စက်ထုတ်လုပ်သည့် လုပ်ငန်းစုများ၏ထောက်ပံ့မှုကို လိုအပ်သည်။

သို့ဖြစ်၍ အစီအစဉ်၌ Frestech ကုန်သည်ကြီးများအသင်းနှင့် အခြားလုပ်ငန်းစုများထံ တောင်းဆိုချက်တချို့ပြုလုပ်ထား၏။

ရှုယီ ကြည့်လိုက်‌ပြီးနောက် သေချာစဉ်းစားကာ ဥက္ကဌရမ်းဒက်စ်ကို ပြောလေသည်၊ "ဒီနေ့ရဲ့အခြေနေအရတော့ ဒီဆိုင်ရဲ့ရောင်းအား အရေအတွက်ကို ကျွန်တော်မစိုးရိမ်ဘူး။ ဒါပေမယ့် ဥက္ကဌရမ်းဒက်စ်, ဒီအစီအစဉ်က အတော်လေး အကောင်းမြင်လွန်းတယ်လို့ ထင်တယ်။"

"အိုး? ဘယ်နေရာကလဲ?" ဥက္ကဌရမ်းဒက်စ်က ပြန်မေးလေ၏။

"ဒီဆိုင် အရမ်းကျော်ကြားနေရတဲ့ အကြောင်းရင်းက၊ အိမ်သုံးမှော်စက်တွေရဲ့ ဆွဲဆောင်မှုနဲ့ အဖွင့်နေ့ သဘောတူညီချက်တွေကြောင့် ဖြစ်ပုံပဲ၊ အရေးကြီးဆုံးကတော့ အန်ဗီမာမြို့တော်ရဲ့ လူတွေမှာ ဒီလောက် သုံးဖြုန်းနိုင်စွမ်းရှိလို့လေ။"

"သုံးဖြုန်းနိုင်စွမ်း?" ဥက္ကဌရမ်းဒက်စ်လည်း ထို‌စကားစုကို အနည်းငယ် သိချင်ဇောနှင့် ခေါင်းငြိမ့်ကာ‌ မေးလာသည်၊ "အမ်၊ အမှန်ပဲ။ အန်ဗီမာမြို့တော်က ကျုပ်တို့ လမ်ပူရီဘုရင့်တိုင်းပြည်ရဲ့ မြို့တော်ဖြစ်တော့ ဒီကလူတွေအနေနဲ့ တခြားနေရာကလူတွေနဲ့ ယှဉ်ရင် ပိုချမ်းသာနိုင်လာအောင်ပေါ့။"

"ဒီတော့ ဆိုလိုတာက ဒီက အခြေအနေကို အကိုးအကားအနေနဲ့ သုံးလို့မရဘဲ တခြားနေရာတွေမှာ ထည့်လို့မရဘူးပေါ့။ အန်ဗီမာမြို့တော်နဲ့ ယှဉ်ရင် တခြားနေရာက လူတွေရဲ့ သုံးဖြုန်းနိုင်စွမ်းက တခြားနေရာမှာ အဲ့လောက် အားမကောင်းဘူး။ သူတို့အနေနဲ့ အဲဒီအိမ်သုံးမှော်စက်တွေကို ဝယ်ချင်ပေမယ့်လည်း သူတို့ ဝမ်းစာကိုတောင် မဖြည့်နိုင်တဲ့လူအတော်များတာမို့ သူတို့မှာ လုံလောက်တဲ့ ငွေရင်းမြစ် မရှိလောက်ဘူး။"

ရှုယီက ဆိုသည်၊ "အိမ်သုံးမှော်စက်တွေကို ဈေးကြီးတယ်လို့ သတ်မှတ်မရသေးပေမယ့် တစ်ခုစီက ရွှေဒင်္ဂါး ခုနစ်ပြားစီပေးရပြီး တချို့‌ဆို ရွှေဒင်္ဂါးဆယ်ပြားထက်ပိုများတာကြောင့် သာမန်မိသားစုတွေက ဒါကိုတတ်နိုင်မှာမဟုတ်ဘူး။

ဥက္ကဌရမ်းဒက်စ်က ၎င်းကို အတန်ကြာ စဉ်းစားပြီး မျက်မှောင်ကုပ်ကာ မေးလေသည်၊ "ဒါပေမယ့် ဥက္ကဌရှု၊ ကျုပ်သိသမျှ ပြောရရင် ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်စက်တွေကိုဘန်တာမြို့မှာ ပမာဏများများရောင်းခဲ့ပြီး ဘန်တာမြို့က တိုင်းပြည်မှာ အဆင်းရဲမြို့တော်ပဲ။ ဒီအိမ်သုံးမှော်စက်များကို ဘန်တာမြို့မှာ ရောင်းလို့ရတာကြောင့် တခြားမြို့တွေမှာ ဘာပြဿနာမှမဖြစ်လောက်ဘူး။"

"ဒီမှာ ပြဿနာတော့ရှိသေးတယ်။" ရှုယီက ပြောသည်၊ "အဓိကပြဿနာက ပို့ဆောင်ဆက်သွယ်ရေးပဲ။ ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အိမ်သုံးမှော်စက်တွေကို ဘန်တာမြို့မှာ ကောင်းကောင်း ရောင်းချနိုင်တာက သူတို့တွေဟာ ပို့ဆောင်ခပေးဖို့မလိုတဲ့ ဒေသထုတ်ကုန်ဖြစ်တာကြောင့် နည်းနည်းလောက် ဈေးချိုချိုနဲ့ ရောင်းပေးဖို့က ပြဿနာမဟုတ်ဘူး။ ဒါပေမယ့် တခြားမြို့တွေကိုသာ ရောင်းဖို့ ပို့ချင်ရင် ပို့ဆောင်ခတိုးလာတာကြောင့် ဈေးနှုန်းကို ဈေးနှုန်းကို နှိမ့်ထားပေးရတယ်။"

"ပို့ဆောင်မှု ကုန်ကျစရိတ်....." ဥက္ကဌရမ်းဒက်စ်မှာ ပို၍ မျက်မှောင်ကုပ်လာကာ၊ "ကျုပ်လည်း အရင်က ဒီပြဿနာကို စဉ်းစားခဲ့ပေမယ့် ဥက္ကဌရှု ကျုပ်သိသလောက်ပြောရရင် Frestech ကုန်သည်ကြီးများအသင်းရဲ့ အမြတ်စွန်းက အရမ်းမြင့်နေတယ်။ ခင်ဗျားအနေနဲ့ ရောင်းချတဲ့ တန်ဖိုးကို နှိမ့်ပြီး ပိုမြင့်မယ့်ရောင်းအားအတွက် ဖလှယ်ကြမလား?"

ထိုမေးခွန်းကိုကြားသော် ရှုယီက အသာပြုံးသည်. ဥက္ကဌရမ်းဒက်စ်မှာ အတန်ကြာ သွယ်ဝိုက်နေသည့်နောက် သူဟာ မနေနိုင်တော့ဘဲ ပန်းတိုင်အစစ်ကို ထုတ်ပြလိုက်သည်။

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၁၀၆။ လမ်းဘေး ဈေးဝယ်ထွက်ခြင်း

"ပြီးတော့ရော? ရှင် သူ့ကို သဘောတူလိုက်လား?" စတေးလ်က ရှုယီကို သိလိုဟန်ဖြင့် မေးလေသည်။

"မတူဘူးပေါ့။" ရှုယီက ခေါင်းခါသည်၊ "သူက ဆက်ပြောနေခဲ့ပြီးတော့ နောက်ဆုံးမှာ သူ့အနေနဲ့ Frestech ကုန်သည်ကြီးများအသင်းကို ဈေးနှုန်းလျှော့ချဖို့ ဦးဆောင်စေချင်တယ်တဲ့လေ၊ ဒါဆို ဘန်တာမြို့ရဲ့ တခြားလုပ်ငန်းစုတွေလည်း ဒါကိုလိုက်လုပ်ပြီး သူတို့ဈေးနှုန်းတွေကိုပါ လျှော့ချလာလိမ့်မယ်ဆိုပဲ။ ဒီလိုဆိုရင် သူတို့ ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းက သူတို့ရဲ့ စာရင်းကုန်ကျစရိတ်နဲ့ ဈေးနှုန်းကို လျှော့ချနိုင်ပြီလေ။"

"သူတို့ဝယ်ယူတဲ့ ဈေးနှုန်းတွေကိုသာ လျှော့ပေးရင် ဆိုင်က ရောင်းဈေးလည်း လျော့သွားမှာပဲ။" စတေးလ်က ပြောသည်၊ "ဥက္ကဌရမ်းဒက်စ်က မှန်ပါတယ်၊ ဈေးနှုန်းကိုသာ လျှော့ပေးလိုက်ရင် ရောင်းအားက တက်လာမှာလေ။ ဒီလိုဆိုရင် အမြတ်အားလုံးလည်း တိုးလာမှာပဲ။"

ရှုယီက စတေးလ်ကိုကြည့်ကာ ခေါင်းခါရင်း အသာသက်ပြင်းချသည်။

စတေးလ်က ဈေးကွက်ကို နားမလည်သေးလေရာ ထိုစကားလုံးများကို ပြောခြင်းက တစ်ဖက်သတ်ဆန်လှသည်။

ပထမဦးဆုံး ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းမှာ ဝယ်ဈေးကို လျှော့ချလိုက်လျှင် ရောင်းဈေးက လျော့သွားမည်ဆိုပါက ရှုယီအတွက် ထိုသို့ပြုလုပ်ရန် အန္တရာယ်များလေ၏။

ကမ္ဘာမြေရှိ စတော့ဈေးကွက်များ၌ ကျော်ကြားခဲ့သည့် စကားစုတစ်ခုလိုပင် လူများက ဈေးနှုန်းနည်းနည်းဖြင့်ဝယ်ယူကာ ဈေးနှုန်းမြင့်မြင့်ဖြင့် ပြန်ရောင်းကြသည်။

ထုတ်ကုန်ဈေးနှုန်းသာ ကျဆင်းသွားပါလျှင် လူများ၏ ပထမဆုံးအတွေးမှာ ၎င်းကိုဝယ်ယူဖို့ အလျင်လိုနေမည်မဟုတ်ချေ။ တစ်ခါ ကျဆင်းသွားကတည်း ဒုတိယအကြိမ်၊ တတိယအကြိမ်များပါ ရှိလာမည်ဟု စဉ်းစားကြလိမ့်မည်..... ထို့ကြောင့် ၎င်းကို ဝယ်ယူဖို့ အလျင်လိုနေမည်မဟုတ်ပေရာ။

ထို့အပြင် ဈေးနှုန်းကျဆင်းခြင်းကိစ္စ စတင်လာသည်နှင့် ရပ်တန့်ဖို့ ခဲယဉ်းသွားလိမ့်မည်သာ။

Frestech ကုန်သည်ကြီးများအသင်းသာ ၎င်းတို့ဈေးနှုန်းကို လျှော့ပေးလိုက်လျှင် ရှုယီက မည်သည်ကိုမျှ မဆိုလျှင်တောင် ဘန်တာမြို့ရှိ မှော်စက်ထုတ်လုပ်သည့် အခြားလုပ်ငန်းစုများကလည်း ဈေးနှုန်းများလျှော့ပေးလိမ့်မည်။

Frestech ကုန်သည်ကြီးများအသင်းက ၎င်းကို ဦးဆောင်နေသရွေ့ အခြားလုပ်ငန်းစုများမှာ ၎င်းက နည်းလမ်းကောင်းဖြစ်ရာ ရောင်းအားတက်စေဖို့ပင် ဈေးနှုန်းများလျှော့ပေးလိမ့်မည်။

ထိုသို့ လိုက်လုပ်သည့် လုပ်ငန်းစု များစွာရှိလာပါလျှင် ကမ္ဘာမြေကကဲ့သို့ ဈေးနှုန်းတိုက်ပွဲဖြစ်လာလိမ့်မည်။

မှော်စက်မှုနယ်ပယ်မှာ အင်မတန် အားနည်းသည့် နယ်ပယ်ဖြစ်သည်။ ယခင်က Frestech ကုန်သည်ကြီးများအသင်းထံ၌ လက်ဝါးကြီးအုပ် အာဏာရှိခဲ့လေရာ ရှုယီအနေနှင့် သူ အကောင်ထည်ဖော်လိုသည့် အကြံကို ဖော်နိုင်သည်။

သို့သော် ယခု သူ၏လမ်းညွှန်မှုအောက်တွင် အခြားလုပ်ငန်းစုများက ထိုနယ်ပယ်သို့ ဝင်ရောက်လာကြ၏။ ထို့ကြောင့် လက်ရှိ ရှုယီအနေနှင့် ထိုနယ်ပယ်၏တိုးတက်မှုနှင့် သူလုပ်သမျှ အရာတိုင်းကြောင့် နယ်ပယ်အပေါ် သက်ရောက်မည့် အရာတို့ကို ချင့်ချိန်ရပေမည်။

မှော်စက်မှုနယ်ပယ် ဖွံ့ဖြိုးဆဲကာလ၌သာ ဈေးနှုန်းတိုက်ပွဲဖြစ်လာပါလျှင် ဤနယ်ပယ်သို့ ချိတ်ဆက်လာသည့် လုပ်ငန်းစုများအားလုံး၏ အမြတ်ငွေကို လျော့ကျစေလိမ့်မည်။ ၎င်းက နယ်ပယ်ထဲသို့ ဝင်ရောက်ကာစ လုပ်ငန်းစုများကိုလည်း ယုံကြည်မှုနှင့် စိတ်ဝင်စားမှုကို ပျောက်ဆုံးစေလိမ့်မည်ဖြစ်ရာ နယ်ပယ်တစ်ခုလုံးအတွက် တိုက်ခတ်မှုကြီးတစ်ခု ဖြစ်လာမည်ပင်။

ထို့ကြောင့် ဘန်တာမြို့ မှော်စက်စီးအပွားရေးအသင်းကို ဖွဲ့စည်းပြီးနောက်၌ ရှုယီနှင့် အခြားလုပ်ငန်းစုများ၏ဥက္ကဌတို့မှာ မည်သည့်လုပ်ငန်းစုကဖြစ်ဖြစ် မှော်စက်များရောင်းချချိန်တွင် ဈေးနှုန်းတစ်ခုကို တိုင်ပင်သတ်မှတ်ကာ အချင်းချင်းပြိုင်ဆိုင်ခြင်းမပြုရန် ပထမဦးစွာ ဆုံးဖြတ်ချက်ချခဲ့ကြသည်။

သို့သော် ယခု ဥက္ကဌရမ်းဒက်စ်က ရှုယီကိုယ်တိုင်ဦးဆောင်၍ ဈေးနှုန်းကို လျှော့ချပေးရန် တောင်းဆိုလာလေရန် သေချာပေါက် သဘောတူနိုင်မည်မဟုတ်ပေ။

ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းမှာ ဘန်တာမြို့ရှိ မှော်စက်ထုတ်လုပ်ရေးလုပ်ငန်းအများစုအတွက် အရေးပါဆုံး တွဲဖက်ဖြစ်လေရာ ရှုယီအနေနှင့် ဥက္ကဌရမ်းဒက်စ်ကို တိုက်ရိုက် ငြင်းဆန်ခြင်းမပြုနိုင်ချေ။ သူ့အနေနှင့် ဈေးနှုန်းများ လျှော့ချခြင်းမပြုနိုင်သော်လည်း လမ်းများခင်းမည့် အခြားအစီစဉ်ကို ထောက်ပံ့နိုင်လေ၏။

၎င်းက အခြားမြို့များ၌ မှော်စက်များရောင်းချခြင်း၏ အရေးကြီးဆုံးအချက်ဖြစ်သည့် ပို့ဆောင်ရေးကုန်ကျစရိတ်ကို သက်ရောက်စေနိုင်မည်ဖြစ်လေရာ ကုန်စည်များ၏ ကုန်ကျစရိတ်ကိုလည်း လျှော့ချပေးလိမ့်မည်ဖြစ်သည်။

ဥက္ကဌရမ်းဒက်စ်နှင့် ဒုဥက္ကဌဝီလ်ဆန်တို့၏ရှေ့မှောက်၌ ရှုယီမှာ ဘန်ကာလမ်းမနှင့် ဘန်ဆာလမ်းမတို့၏ ဥပမာကို ယူထုတ်ပြခဲ့၏။

ရှုယီ ထုတ်ပြလာသည့် အချက်အလက်အရ ဆောက်လုပ်ခင်းကျင်းခဲ့ပြီးသား ထိုလမ်းနှစ်လမ်းနှင့်စာလျှင် ဘန်တာမြို့မှ ခမာမြို့နှင့် ဆော်လ်တန်မြို့တို့ဆီသို့ တင်ပို့သည့် တူညီသောကုန်စည်ပမာဏ၏ ဈေးနှုန်းမှာ ၃၄ရာခိုင်နှုန်းနှင့် ၃၈ ရာခိုင်နှုန်းအဖြစ် အသီးသီးကျဆင်းသွားသည်။

ထို့နောက် ဖြတ်သန်းခကောက်ခံခြင်းကိုပါ ထည့်သွင်းစဉ်းစားရမည်။

ဖွံ့ဖြိုးပြီး ပို့ဆောင်ရေးစနစ်မရှိသည့် စိုင်စ်နယ်မြေကြီးအတွက် ပို့ဆောင်စရိတ်မှာ ကုန်စည်များကို ပို့ဆောင်ရာတွင် အကြီးမားဆုံး အတားအဆီးဖြစ်၏။ ကုန်စုံဆိုင်များဖွင့်လှစ်ထားသည့် ဝဲလ်မက်ထ် ကုန်သည်ကြီးများအသင်းမှာ ၎င်းကို အခြားလုပ်ငန်းစုများထက် ကောင်းကောင်းပို‌နားလည်ကြသည်။

ထို့ကြောင့် ရှုယီက ၃၄ရာခိုင်နှုန်းနှင့် ၃၈ရာခိုင်နှုန်းဟူသည့် အရေအတွက်များကို ပြောလာသည်အား ကြားချိန်တွင် ဥက္ကဌရမ်းဒက်စ်နှင့် ဒုဥက္ကဌဝီလ်ဆန်တို့ နှစ်ဦးစလုံး အံ့အားသင့်သွားကြသည်။

ရှုယီ၏အချက်အလက်က စနောက်နေခြင်းမဟုတ်ကြောင်း အတည်ပြုပြီးသည့်နောက်တွင် ဥက္ကဌရမ်းဒက်စ်မှာ ချက်ချင်းဆိုသလို ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းအနေနှင့် လမ်းများခင်းရာ၌ ရင်းနှီးမြှုပ်နှံမည်ဟု ဆုံးဖြတ်လိုက်တော့သည်။

သူ၏အသွင်ပြင်မှ ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းမှာ လမ်းတစ်လမ်းတည်းနှင့် ရပ်တန့်မည်မဟုတ်ကြောင်းကို ခန့်မှန်းရန် မခက်ပါချေ။

"အမ်း၊ ရှုယီ ကျွန်မကိုပြောပါဦး၊ ရှင်ဘာလို့ သဘောမတူခဲ့ရတာလဲ? ဒီအဆိုပြုချက်က အဲ့လောက်မဆိုးဘူးလို့ ကျွန်မခံစားရတယ်။" ရှုယီက အတွေးနက်နေပြီး ပြန်ဖြေမလာသည်ကို မြင်သော် စတေးလ်က မနေနိုင်တော့ဘဲ ပြောလာရ၏။

"အာ? အာ..... ဒါကို ရှင်းပြဖို့က ဒုက္ခအတော်များတော့ ဒီကိစ္စကို ကိုယ်တစ်ယောက်တည်း ဆုံးဖြတ်လို့မရနိုင်ဘူး၊ အနည်းဆုံးတော့ ဘန်တာမြို့ကိုပြန်ပြီး ဥက္ကဌရန့်ခ်နဲ့ အတူဆွေးနွေးဦးမှာမို့ ဥက္ကဌရမ်းဒက်စ်ကို စဉ်းစားဦးမယ်လို့ ပြောထားတယ်။" ရှုယီက ရိုးရိုးရှင်းရှင်းသာ ဖြေဆိုပြီး အမြန် ခေါင်းစဉ်ပြောင်းကာ မေးလေသည်၊ "ကိုယ့်ကိုပဲ မေးမနေပါနဲ့ဦး၊ ကိုယ်လည်း မင်းကို မေးချင်နေတာ၊ မဟာမှော်ပညာရှင်ကြီးက ကိုယ့်ကို မှော်ပညာရှင်များအဖွဲ့အစည်းရဲ့ညီလာခံဆီ ခေါ်သွားမယ်လို့ ပြောခဲ့တယ်မဟုတ်ဘူးလား? ဘာလို့ ကိုယ်ရောက်နေတာတောင် သူက မရောက်သေးတာလဲ?"

"အိုး မှော်ပညာရှင်အဖွဲ့အစည်းက တစ်ယောက်က အဘိုးကိုလာရှာလို့ အဘိုးလည်း သူနဲ့လိုက်သွားတယ်။" စတေးလ်က ပြန်ဖြေသည်။

"ဒါဆို သူ ဘာပြောခိုင်းထားခဲ့သေးလဲ? ကိုယ့်ကို ဒီမှာစောင့်စေချင်တာလား ဒါမှမဟုတ်ရင်ရော?" ရှုယီက မေးလိုက်၏။

စတေးလ်လည်း ခေါင်းခါကာ၊ "အဘိုးက ဘာမှ မပြောသွားဘူး။ ကြည့်ရတာ သူ အလျင်လိုနေတာနဲ့ ကျွန်မလည်း တစ်ခုခုဖြစ်နေလား မဖြစ်နေလားတောင် မသိလိုက်ဘူး။"

"အလျင်လိုနေတယ်?" ရှုယီက အနည်းငယ် ရှုပ်ထွေးသွားသည်၊ "လူအိုကြီးက ဘန်တာမြို့ကနေ ဒီကိုလာတာမှ ရက်နည်းနည်းလေးပဲရှိသေးတယ်၊ သူသွားဖို့လိုတဲ့အထိ မှော်ပညာရှင်အဖွဲ့အစည်းမှာ ဘာ အလျင်လိုတဲ့ကိစ္စများဖြစ်သွားရတာလဲ?"

"ကျွန်မ မသိဘူး။" စတေးလ်က ပခုံးတွန့်လိုက်၏၊ "အဘိုးက မဟာမှော်ပညာရှင်ဆိုတော့ မှော်ပညာရှင်အဖွဲ့အစည်းမှာသာ တစ်ခုခုကြီးကြီးမားမားဖြစ်သွားရင် သူကလည်း အန်ဗီမာမြို့တော်မှာရှိနေတော့ သေချာပေါက် ဆက်သွယ်လာကြမှာပဲလေ။"

ရှုယီ စဉ်းစားကြည့်သော် သူ့ထံ၌ အချက်အလက် အနည်းငယ်မျှသာရှိသဖြင့် လက်လျှော့လိုက်နိုင်ရုံသာ။

"ဒါဆို ကိုယ်တို့ အခု ဘာလုပ်မှာလဲ? ကိုယ်က ဒီနေ့မနက် ဖွင့်ပွဲကနေ ထွက်လာပေမယ့် အခု မဟာမှော်ပညာရှင်ကြီးက အလုပ်များနေတော့ လုပ်စရာမရှိတော့ဘူး။" ရှုယီက လက်များ ဖြန့်လိုက်သည်။

"အဲ့ဒါ မကောင်းသွားဘူးလား?" စတေးလ်က ရှုယီလက်ကို အပြုံးနှင့် ချိတ်ကာ ဆွဲခေါ်လိုက်သည်၊ "ကျွန်မတို့တွေ အန်ဗီမာမြို့တော်မှာ အတူရှိနေပြီး အချိန်အားတာကလည်း ရှားတယ်ဆိုတော့ ကျွန်မတို့သာ တစ်နေရာလောက် လျှောက်မသွားရင် ဒီကိုလာတာ ဖြုန်းတီးသလိုပဲ ဖြစ်သွားမှာပေါ့။ လာပါ၊ အန်ဗီမာ မြို့တော်ကို လျှောက်ပတ်ကြည့်ဖို့ ရှင့်ကို ခေါ်သွားပေးမယ်။ ဗစ်ကောင့်ထ် လက်စ်လိုင်းပြောတာကို ကြားဖူးသလောက်တော့ ရှင် အရင်နှစ် လာတုန်းက အလုပ်အရမ်းများနေခဲ့‌လို့ အားတဲ့ အချိန်လုံးဝမရှိခဲ့ဘူးတဲ့လေ။ တကယ်ကို ဒီခရီးကို ထွက်လာဖို့က ခက်ခဲနေပြီးတော့ ရှင့်မှာလည်း ကစားဖို့ အချိန်မရှိတာက တကယ်ကို နှမျောစရာပဲ! ဒီနေ့တော့ ဒီသခင်မလေးက ရှင့်ကို အန်ဗီမာမြို့တော်မှာ‌ ရှုခင်းတွေ လှည့်ပတ်ကြည့်ဖို့ ဦးဆောင်ခေါ်သွားပါ့မယ်!"

ရှုယီမှာ ရယ်ရမည်လား ငိုရမည်လားပင်မသိတော့ဘဲ စတေးလ် ဆွဲခေါ်ရာ တောက်လျှောက်ပါသွားသည်။

ယနေ့မှာ မှော်ပညာရှင်အဖွဲ့အစည်း အရည်အချင်းစစ်ဆေးပွဲ၏ ပထမဆုံးနေ့ရက်ဖြစ်သောကြောင့် စာမေးပွဲ၌ ပါဝင်ကြမည့် မှော်ပညာရှင်များအားလုံးမှာ မြို့ပြင်ရှိ စစ်ဆေးရာနေရာ၌ ရောက်‌ရှိနေကြသည်။ မပါဝင်သည့် မှော်ပညာရှင်များသည်ပင် ကြည့်ရှုဖို့ သွားရောက်ကြလေရာ မြို့တော်က ယမန်နေ့ မှော်ပညာရှင်များပြည့်နေသည်နှင့် မတူတော့ဘဲ အတော်ငြိမ်းချမ်းနေသည်။

လမ်ပူရီတိုင်းပြည်၏ မြို့တော်အနေနှင့် အန်ဗီမာမြို့တော်မှာ‌ ဘယ်အချိန်ဖြစ်ဖြစ် အလုပ်များနေတတ်သည်။ ထိုနှစ်ဦးသားလည်း ဘယ်နေရာသွားသွား ဘေးပတ်လည်၌ လူများစွာရှိနေကြ၏။

စတေးလ်မှာ လမ်ပူရီတော်ဝင်ကျောင်းတော်၌ လေးနှစ်တာ လေ့လာသင်ယူကာ အန်ဗီမာမြို့တော်၌ လေးနှစ်ကြာ နေထိုင်ခဲ့သည်ကြောင့် ဤနေရာနှင့် အင်မတန်ရင်းနှီးပေသည်။

သူမ၏ ဦးဆောင်မှုအောက်၌ နှစ်ဦးသားမှာ လူ အထူထပ်ဆုံးနေရာများကိုရှောင်ရှားပြီး အန်ဗီမာမြို့တော်၏ လမ်းများမှတဆင့် ဖြတ်သွားလိုက်ကြသည်။ တစ်ကြိမ်ပြီးတစ်ကြိမ် ၎င်းတို့မှာ စတိုးဆိုင်တစ်ဆိုင်ထဲဝင်ကာ အထဲရှိ ကုန်ပစ္စည်းများကို ဝယ်ယူကြသည်။ ခဏကြာသည့်နောက် မြို့တော်ကို ဖြတ်ကာ စီးဆင်းသည့် ရိုင်းန်မြစ်နား၌ အနားယူကာ မြစ်ကမ်းနံဘေး၌ သစ်ရွက်နီနီများကျဆင်းသည်ကို ကြည့်ရှုရင်း လမ်းဘေးပန်းချီဆရာတစ်ဦးအား ၎င်းတို့၏ ပုံတူကို ဆွဲစေခဲ့သည်။

စတေးလ်က ထိုမျှ ပျော်ရွှင်နေသည်ကိုမြင်သော် ရှုယီလည်း သူ၏အတွေးများ အားလုံးကို မောင်းထုတ်ကာ စတေးလ်နှင့် နီးကပ်နေလျက် ပျော်ရွှင်စွာ မြို့ကိုသာ လှည့်ပတ်နေတော့သည်။

ထိုအချိန်၌ သူဟာ ငယ်စဉ်အခါက ကမ္ဘာမြေတွင် မိန်းကလေးလုပ်ဖော်ကိုင်ဖက်တစ်ဦးမှာ သူ့အား ဆွဲခေါ်သွားပြီး ဈေးဝယ်ထွက်သည့် အချိန်ကို ပြန်ရောက်သွားသလိုပင်။

နှစ်ဦးသား မြို့ကို ပတ်ပြီးနောက်၌ ရှုယီမှာ လမ်ပူရီတော်ဝင်ကျောင်းတော်ကို မြင်တွေ့ချင်ကြောင်း စတေးလ်ကို ရုတ်တရတ် ပြောလိုက်သည်။

စတေးလ်လည်း ကြည့်လာကာ၊ "ရှင် ဒီကျောင်းကိုမကြည့်ချင်ဘူးလို့ ကျွန်မထင်နေခဲ့ပေမယ့် ကျောင်းသားတွေက မှော်ပညာကိုလေ့လာနေတယ်မဟုတ်လား? ရိုးရိုးသားသားပြော‌မယ်ဆို အဲဒီ့ကျောင်းသားတွေ ဘွဲ့ရပြီးရင် ရှင့် လုပ်ငန်းစုအတွက် အလုပ်လုပ်ခိုင်းဖို့ စီစဉ်နေတာမဟုတ်လား?"

ရှုယီက ရယ်ကာ၊ "ကိုယ့်မှာ ဒီအကြံရှိပေမယ့် သူတို့က တိုင်းပြည်ရဲ့ ထိပ်တန်းကျောင်းတော်မှာ ဘွဲ့ရလာတာဆိုတော့ ကိုယ့်ရဲ့ လုပ်ငန်းစု အသေးလေးကို ဂရုမစိုက်မှာ စိုးရိမ်မိပါတယ်။"

"ဒါတော့မသေချာဘူးလေ" စတေးလ်က နှာခေါင်းရှုံ့ကာ၊ "ရှင့်အတွက် အလုပ်လုပ်ပေးဖို့ ကျွန်မလို ထူးချွန်ကျောင်းသားကိုတောင် ရခဲ့တယ်မဟုတ်ဘူးလား? အီဗီတာနဲ့ တခြားလူတွေလည်း အတူတူပဲလေ? ပြောရဦးမယ်၊ ရှင်တို့ လုပ်ငန်းစုက သုတေသနပညာရှင်တွေကို ကောင်းကောင်းဆက်ဆံတာကြောင့် ဘာရွန်ရစ်တိုမှော်ကျောင်းတော်က ကျောင်းသားတွေကပဲ ရှင့်ရဲ့လုပ်ငန်းစုကို ဝင်ချင်တာတင်မကဘူး လမ်ပူရီတော်ဝင်ကျောင်းတော်ရဲ့ ကျောင်းသားတွေလည်း အတူတူပဲလို့ ကျွန်မထင်တယ်။"

"ဒီလိုဆိုရင်တော့ ကောင်းတာပေါ့။ ဒါပေမယ့် အဲဒီ့ကျောင်းသားတွေကို ကိုယ်တို့လုပ်ငန်းစုမှာ လာလုပ်ခိုင်းဖို့က အကောင်းဆုံးရွေးချယ်မှုမဟုတ်ဘူးလို့ထင်တယ်။" ရှုယီခေါင်းခါကာ၊ "ဖြစ်နိုင်ရင် မှော်ပညာရှင်တွေကို မှော်စက်မှုအင်ဂျင်နီယာဆိုင်ရာ သီအိုရီတွေ သင်ပေးရာမှာ အထူးပြုတဲ့ ကျောင်းတစ်ကျောင်းလောက် ကိုယ်ဆောက်ချင်တယ်။ အဲ့လိုကျောင်းကနေ ဘွဲ့ရမယ့် ကျောင်းသားတွေက ကိုယ်အသုံးချလို့ရမယ့် မှော်စက်မှု အင်ဂျင်နီယာစစ်စစ်တွေဖြစ်လာလိမ့်မယ်။"

"လုပ်ချင်ရင် လုပ်လိုက်ပေါ့။" စတေးလ်က အေးဆေးဟန်ဖြင့် ဆိုသည်၊ "ရှင့်ဆီမှာ အခု ငွေလိုနေရင်တောင်မှ မြို့စားအရှင်နဲ့ ဘုရင်မကြီးတို့ရဲ့ အထောက်အပံ့ရှိနေသေးတာမို့ ပြဿနာ မရှိလောက်ပါဘူး။ အဘိုးကလည်း ကျောင်းမှာ လူတွေ လာပြီးလေ့လာနိုင်အောင် ဆွဲဆောင်ဖို့ ကဏ္ဍတစ်ခု ယူလို့ရတာကို မပြောနဲ့ဦး။"

"အင်း မဆိုးဘူး။ မင်း ဒီလိုပြောလိုက်တော့ ဒီအကြံက ဖြစ်နိုင်တယ်လို့ ကိုယ်ခံစားရတယ်။ ဟုတ်ပြီလေ ကိုယ်တို့ပြန်သွားရင် ဒါကို မြို့စားအရှင်နဲ့ ဆွေးနွေးလိုက်မယ်။ အခုတော့ လမ်ပူရီတော်ဝင်ကျောင်းတော်ကို သွားကြတာပေါ့။ သူတို့တွေက မင်းလို ထူးချွန်ကျောင်းသားမျိုးကို ဘယ်လိုလေ့ကျင့်ပေးခဲ့မှန်း အတော်ကို သိချင်နေပြီ။"

"ဟမ့်၊ ဒါက ကျွန်မရဲ့ သဘာဝပါရမီပါနော်၊ လေ့ကျင့်ဖို့ မလိုပါဘူး။" စတေးလ်က နှာခေါင်းရှုံ့လေ၏။ သူမက ရှုယီလက်ကို ဆုပ်ကိုင်ကာ လမ်ပူရီတော်ဝင်ကျောင်းတော်ရှိရာသို့ ဦးတည်လိုက်တော့မည်အပြုတွင် သူမ‌ ခြေထောက်က ရုတ်တရတ် ရပ်တန့်သွားသည်။

ရှုယီလည်း အံ့ဩကာ မရွေ့လာသည့် စတေးလ်ကို ဆွဲလိုက်သော်လည်း သူမက ဆန့်ကျင်ဘက်ရှိ လမ်းတစ်လမ်းကိုကြည့်ကာ မှင်တက်နေကြောင်း တွေ့လိုက်ရ၏။

ရှုယီလည်း သူမအကြည့်နောက် လိုက်ကြည့်လိုက်ရာ တစ်ဖက်လမ်းပေါ်၌ လူငယ်စုံတွဲတစ်တွဲရှိနေကြောင်း တွေ့သွားသည်။

ထိုလူငယ်ကလည်း စတေးလ်ထံသို့ အံ့ဩမှု၊ လောဘတို့ဖြင့် ပြည့်နေသော မျက်လုံးများဖြင့် တည့်တည့်ပြန်ကြည့်နေလေသည်။

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၁၀၇။ ပျိုမြစ်မှု၏ ပုံရိပ်ယောင်

ဘန်တာမြို့နှင့် အနီးဝန်းကျင်မြို့များရှိ လူတို့၏ စိတ်ထဲက နတ်ဘုရားမအနေနှင့် သူမ၏ ထက်မြတ်သည့်သွင်ပြင်နှင့် ရောင်ဝါတို့ကြောင့် လမ်းပေါ်၌ ပြန်လှည့်သူများစွာရှိကာ သူမက လူများ၏ အကြည့်ကို ဆွဲဆောင်ထားသည်။

ရှုယီမှာ သူမနှင့် ဈေးဝယ်ထွက်နေချိန်တွင် လေးစားမှုများ မနာလိုမှုများနှင့် အကြည့်ပေါင်းစုံရှိပေ၏။ စတေးလ်အား ကြည့်ချိန်တွင် အံ့အားပင်သင့်သွားသည့် အကြည့်များရှိကာ လောဘတက်ဟန်ဖြင့် လူအချို့ပင်ရှိသေးသည်။

သို့သော် ထိုလူများမှာ စတေးလ်ကို မြင်ခြင်းကြောင့် မည်မျှ အံ့အားသင့်သွားသည်ဖြစ်စေ သူမနံဘေးရှိ ရှုယီကြောင့် ၎င်းတို့ကိုယ်ကို ပြန်လည်ထိန်းသိမ်း စောင့်စည်းကြပေသည်။

သို့သော် ၎င်းတို့ ယခုတွေ့သည့် လူထံ၌ လုံးဝ ဖုံးကွယ်မထားသည့် တုနှိုင်းမဲ့အားကောင်းလှသော လောဘရိပ်တို့ ရှိနေသည်။ ရှုယီက ၎င်းကိုမြင်ချိန်၌ ချက်ချင်းပင် မနေနိုင်ဘဲ မျက်မှောင်တွန့်ချိုးလိုက်မိသည်။

သူ စတေးလ်ကို လှည့်ကြည့်လိုက်ချိန်တွင် သူမထံ၌ ထူးဆန်းသည့် တုံ့ပြန်မှုရှိနေလေရာ ရှုယီက မေး‌လိုက်၏၊ "သူက အသိလား?"

စတေးလ်က အနည်းငယ် ငြိမ်သက်နေပြီးမှ ရွံရှာဟန်ထွက်ပေါ်လာကာ အသာခေါင်းငြှိမ့်သည်၊ "အမ်း၊ သူက ဗင်းဆင့်ထ် လေ"

"ဗင်းဆင့်ထ်?" ထိုအမည်ကိုကြားသော် ရှုယီ ပထမဆုံးတွေးမိသည်မှာ အာမန်နီကုန်သည်ကြီးများအသင်း၏ ဥက္ကဌဗင်းဆင့်ထ် ဖြစ်၏။ ခဏကြာစဉ်းစားပြီးနောက်မှ ယခင်က အာကာလီမှာ ထိုအမည်ကို ပြောခဲ့ဖူးကြောင်း သတိရသွားသည်။ ၎င်းက လမ်ပူရီတော်ဝင်ကျောင်းတော်၌ တက်ရောက်စဉ်က စတေးလ် ပြန်ကြိုက်ခဲ့သည့် ကျောင်းသားပင်။

၎င်းကို တွေးမိပြီး ရှုယီလည်း ထို ဗင်းဆင့်ထ်ကို အသေအချာ လှည့်ကြည့်လိုက်၏။

ရှုယီအား အင်မတန် မပျော်မရွှင်ဖြစ်စေသည့် ထိုလူ၏မျက်လုံးထဲကအကြည့်ကို ဘေးဖယ်ထားလိုက်လျှင် သူ၏ အပြင်ပန်းအသွင်ပြင်ကြောင့် ဗင်းဆင့်ထ်က အတော်လေး ထက်မြတ်ဟန်ရှိသည်။ သူက အရပ်ရှည်၍ သန်မာသည်သာမက မျက်နှာကလည်း ပြည့်စုံသည့် အချိုးအစားနှင့် အင်မတန် ကြည့်ကောင်းသည်။ သူ ဝတ်ဆင်ထားသည့် ဇိမ်ခံပစ္စည်းများကိုပါ ထည့်ပေါင်းလိုက်ပါက ကမ္ဘာမြေပေါ်၌ ဆိုလျှင် သူ့အား 'အရပ်ရှည်၊ ဖြောင့်မတ်ကာ ခန့်ညားသည့် အမျိုးသား'ဟု ဆိုနိုင်ပေ၏။

ထိုလူမျိုးမှာ မိန်းမငယ်လေးများ အိပ်မက်ထဲရှိ မြင်းဖြူစီးမင်းသားလေးနှင့် အမှန်တကယ်ကို တူလေရာ စတေးလ်က ထိုလူအား ယခင်က သဘောကျခဲ့သည်မှာ အံ့ဩစရာမရှိချေ။

ဗင်းဆင့်ထ်အား ကြည့်ပြီးနောက် ရှုယီ၏မျက်လုံးများက ထိုလူနံဘေးရှိ မိန်းကလေးထံ ကျရောက်သွားသည်။

ထိုမိန်းကလေးက စတေးလ်ကဲ့သို့ အံ့ဩလောက်အောင်မဟုတ်ပါသော်လည်း အားနည်းသည့်ရောင်ဝါလေးဖြင့် အတော်ကြည့်ကောင်းနေဆဲပင်။ သူမအား ဗင်းဆင့်ထ်နံဘေး၌ ထားလိုက်သော် ၎င်းက လုံးဝဆန့်ကျင်ဘက်ကို ဖန်တီးပေးနေသည်။

ဗင်းဆင့်ထ်က ထိုမိန်း‌ကလေး၏ခါးကို ဖက်ထားသည်အား မြင်သော် ရှုယီမှာ စတေးလ်ထံသို့ ထူးဆန်းသည့်အသံဖြင့် မေးလေ၏၊ "အဲ့မိန်းကလေးကဘယ်သူ‌လဲ? သူမကြည့်ရတာ အဲ့လူနဲ့ အတော်ရင်းနှီးပုံပဲ။"

"သူမက ကျွန်မအရင်က ပြောခဲ့ဖူးတဲ့ ဗင်းဆင့်ထ်ရဲ့ သတို့သမီးလောင်းလေ။" စတေးလ်က အသံသေးသေးလေးဖြင့် ပြန်ဖြေသည်။ သူမက ဗင်းဆင့်ထ်ကို တစ်ခါထပ်ကြည့်ပြီးနောက် ရှုယီလက်ကို ကိုင်လျက်ပင် ထွက်သွားရန် ပြင်လိုက်သည်။

၎င်းတို့ ထွက်သွားမည်အပြု၌ ဗင်းဆင့်ထ်က ရုတ်တရတ်ကြီး လမ်းဖြတ်ကူးလာကာ စတေးလ်ရှေ့သို့ ပြေးလာ၍ နှစ်ဦးသားအရှေ့ ပိတ်ရပ်လာမည်ဟု မြင်သူက ထင်ထားမည်နည်း။

"ဟေး အလှလေး စတေးလ်, မင်း ဘယ်ချိန်က အန်ဗီမာမြို့တော်ကို ရောက်နေတာလဲ? ဘာလို့ ကိုယ့်ကို မလာခင် မဆက်သွယ်လိုက်တာလဲ? ကိုယ် မင်းကို ကောင်းကောင်းလာကြိုမှာ‌ပေါ့။" ဗင်းဆင့်ထ်က နွေးထွေးစွာပြုံးရင်း စတေးလ်ထံသို့ ကျယ်လောင်စွာရယ်မောကာ ပြောလာသည်။

"ကျွန်မက ရှင့်ကို ဘာလို့ ဆက်သွယ်ရမှာလဲ?" စတေးလ်က ဗင်းဆင့်ထ်ကို ကြည့်လိုက်၏။ သူမမျက်လုံးများ၌ ရွံရှာမှုအပြည့်ဖြစ်နေသော်လည်း လူပုံအလယ်၌ မငြင်းခုံချင်လေရာ အမူအရာကတော့ဖြင့် အတော်လေး တည်ငြိမ်နေပါ၏၊ "အဘိုးနဲ့ ကျွန်မရယ် ကျွန်မရဲ့ မိတ်ဆွေ တချို့ရယ်က အန်ဗီမာမြို့တော်မှာ‌ စီးပွားရေးတချို့ လုပ်ဖို့ရှိတာကြောင့် ဘယ်သူ့ကိုမှ နှောင့်ယှက်ဖို့ မစီစဉ်ထားပါဘူး။"

"ဒါက ဘယ်လိုလုပ် အနှောင့်အယှက်ဖြစ်မှာလဲ?" ဗင်းဆင့်ထ်က ပုံကြီးချဲ့ဟန်ဖြင့် ပြောလာသည်၊ "ကိုယ်တို့က ကျောင်းမှာတုန်းက အကောင်းဆုံးမိတ်ဆွေတွေဆိုတော့ မင်း အန်ဗီမာမြို့တော်ကို ရောက်လာရင် ကိုယ်ကဘာလို့ လာမကြိုနိုင်ရမှာလဲ? မဟာမှော်ပညာရှင်ကမ်မီလာကလည်း ဒီရောက်နေမှတော့ ပိုကောင်းတာပေါ့။ မဟာမှော်ပညာရှင်ကြီးကိုလည်း ပြောပေးပါဦး၊ ကိုယ်က ဖိတ်လိုက်ပါတယ်လို့၊ ဒီညမှာ မင်းနဲ့ မဟာမှော်ပညာရှင်ကြီးသာ ကိုယ်တို့ရဲ့ ဧည့်သည်အဖြစ်လာပေးရန် ဂုဏ်ယူစွာနဲ့ ကြိုဆိုမှာပါ။"

"ကျွန်မတို့ကို ဖိတ်ချင်တယ်လား?" စတေးလ်က သူ့အား ဟာသတစ်ခုနှယ်ကြည့်လိုက်ကာ၊ "ရှင့်ရဲ့ သတို့သမီးလောင်းလေးရဲ့အမြင်ကို အရင်ဆုံးမေးသင့်တယ်ထင်တယ်။"

"မီချယ်ကိုပြောတာလား? အေးဆေးပေါ့၊ မီချယ်က ဘယ်လိုလုပ်သဘောမတူဘဲ နေမှာလဲ၊ ဟုတ်တယ်မလား အချစ်ကလေးမီချယ်?" ဗင်းဆင့်ထ်က အတော်လေး မျှော်လင့်ချက်မဲ့နေဟန်ဖြင့် သူ့နောက်လိုက်လာသည့် မိန်းကလေးကို လှည့်ကြည့်လိုက်သည်။

မီချယ် ဟူသည့် မိန်းကလေးက စတေးလ်ထံ မော့ကြည့်ကာ မျက်နှာထက်၌ စိတ်ဓာတ်ကျနေဟန်ပေါ်လာပြီး တစ်ဖန်ခေါင်းငုံ့လိုက်သည်။ ထို့နောက် အသံတိုးဖွဖွဖြင့် ဆိုလာ၏၊ "အမ်း.... ကျွန်မ.... ကျွန်မ စိတ်မကွက်ပါဘူး။"

ရှုယီနှင့် စတေးလ်တို့မှာ တစ်ဦးနှင့်တစ်ဦးကြည့်လိုက်မိကာ ထိုမီချယ်ထံ၌ အတော်လေး အားနည်းသော စရိုက်ရှိကြောင်း ချက်ချင်းသတိထားမိသွား၏။ ဗင်းဆင့်ထ်ထံ၌ သတို့သမီးလောင်းရှိသော်လည်း စတေးလ်ကို ထိုသို့ ဆက်ဆံရဲသည်မှာ အံ့ဩစရာမရှိတော့ချေ။

"ကြည့်လေ၊ မီချယ်က သေချာပေါက် သဘောတူမယ်လို့ ကိုယ်မင်းကို ပြောသားပဲ။ သူမက တကယ်ကို ဧည့်ဝတ်ကျေတယ်လေ၊ ဟုတ်တယ်မလား မီချယ်?" ဗင်းဆင့်ထ်က မီချယ်ကို ထပ်မေးပြန်၏။

မီချယ်လည်း ခေါင်းကို ဆက်ငုံ့ထားရင်း 'အမ်း'ဟုသာ တိုးဖွဖွ အသံပြုလေသည်။

ရှုယီလည်း ၎င်းကိုမြင်သော် မျက်မှောင်ကုပ်ကာ၊ မီချယ်သာ ထိုဗင်းဆင့်ထ်နှင့် လက်ထပ်ရပါလျှင် ကောင်းသော အိမ်ထောင်ဖြစ်လာမည်မဟုတ်ဟု စဉ်းစားမိလိုက်သည်။

သူတော့ ဂရုမစိုက်ပါချေ။

မီချယ်၏အဖြေကို ကြားသော် ဗင်းဆင့်ထ်က ဂုဏ်ဝင့်စွာဖြင့် စတေးလ်ကိုကြည့်လာသည်၊ "ကြည့်လေ၊ မီချယ်က ဂရုမစိုက်ဘူး။ စတေးလ်, မင်း ဒီည မဟာမှော်ပညာရှင်ကမ်မီလာနဲ့အတူ လာသင့်တယ်၊ ကိုယ်အခု ပြန်ပြီး အစေခံတွေကို ပြင်ဆင်ခိုင်းထားလိုက်မယ်။"

"ဟေး၊ ရှင့်ရဲ့သတို့သမီးလောင်းက သဘောတူရင်တောင် ကျွန်မသဘောတူတယ်လို့ မဆိုလိုဘူးလေ။ ပြီးတော့လည်း ကျွန်မသဘောတူရင်တောင် သူ သဘောတူသလား မတူသလား ရှင်မေးရမယ်။" စတေးလ်က ရှုယီကို ညွှန်ပြလာ၏။

"သူ့ကို?" ဗင်းဆင့်ထ်မှာ ယခုမှ ရှုယီကို သတိပြုမိဟန်ရှိပြီး အံ့ဩဟန်ဖြင့် ကြည့်လာလေ၏။ သူ၏မျက်လုံးများကလည်း ရှုယီနှင့် စတေးလ်တို့ လက်တွဲထားသည်ကိုကြည့်ရင်း ကျဉ်းမြောင်းသွားကာ ရန်လိုဟန်ပြလာသည်။ ထို့နောက် နှာခေါင်းရှုံ့ကာဆိုသည်၊ "ဒီကောင်က ဘယ်သူလဲ?"

"ပိုပြီး ယဉ်ကျေးစမ်းပါ!" စတေးလ်က သူ့အား သတိပေးလိုက်ကာ၊ "သူက ရှုယီ၊ ကျွန်မရဲ့ ကောင်လေး။ ရှင်သာ ကျွန်မကိုဖိတ်ချင်ရင်လည်း သူသဘောမတူရင် ကျွန်မက သေချာပေါက် သွားမှာမဟုတ်ဘူး။"

"ရှုယီ?" ဗင်းဆင့်ထ်က ရှုယီကို ကြည့်ကာ ခေါင်းခါလိုက်၏၊ "ကျုပ် အရင်က ဒီနာမည်မကြားဖူးပါဘူး၊ ခင်ဗျားက အန်ဗီမာ မြို့တော်က မျိုးရိုးမြင့်တော့ မဟုတ်ဘူးမို့လား? ဘန်တာမြို့လေးက မျိုးရိုးမြင့်များလား?"

"ရှင်က တကယ်ကို မသိနားမလည်တာပဲ။ မသိဘူးလား ရှုယီက....."

စတေးလ်က ရှုယီဟာ မည်သူဖြစ်ကြောင်းကို သေချာရှင်းပြလိုက်တော့မည်အပြုတွင် ရှုယီက သူမကို တားလာ၏။ ထို့‌နောက် ရှုယီက ဗင်းဆင့်ထ်ကိုကြည့်ကာ မေးလာသည်၊ "မစ္စတာဗင်းဆင့်ထ်, အာကာလီအရင်က ခင်ဗျားအကြောင်းပြောဖူးတာ ကျုပ်ကြားဖူးတယ်။ ကျုပ် မှတ်မိတာသာ မမှားရင် ခင်ဗျားက ဂျိုဝဲလ်မိသားစုက ဖြစ်ရမယ် ဟုတ်လား?"

ဗင်းဆင့်ထ်က ငြိမ်သက်သွားကာ၊ "အာကာလီက ခင်ဗျားကို ပြောပြထားတယ်ပေါ့? ဟုတ်တယ် ကျုပ်က ဂျိုဝဲလ်မိသားစုကပဲ၊ ဒီတော့ ဘာဖြစ်လဲ?"

"ခင်ဗျားက ဂျိုဝဲလ်မိသားစုကဆိုမှတော့ ပိုပြီး ရှင်းသွားတာပေါ့။ ခင်ဗျားအနေနဲ့ စတေးလ်နဲ့ ကျုပ်ကို ခင်ဗျားရဲ့ဧည့်သည်အဖြစ် ဖိတ်ဖို့ လိုမယ်လို့ မထင်ဘူး။ မျှော်လင့်မထားတာသာ ဖြစ်မလာရင် ကျုပ်တို့ နှစ်ရက်အတွင်းလာဖြစ်လောက်မှာပါ။" ရှုယီက အပြုံးဖြင့်ဆိုသည်။

"ခင်ဗျား လာမှာ?" ဗင်းဆင့်ထ်က ရှုယီကို တအံ့တဩကြည့်ကာ အေးစက်စက်ရယ်လိုက်သည်၊ "ခင်ဗျားက ခင်ဗျားကိုယ်ခင်ဗျား သခင်မလေးစတေးလ်နဲ့ မဟာမှော်ပညာရှင်ကမ်မီလာတို့လို ဂုဏ်ယူစရာဧည့်သည်လို့ထင်နေတာလား? ကျုပ်တို့ ဂျိုဝဲလ်မိသားစုက ခင်ဗျားလို လူလေးတစ်ယောက်ကို ဂရုစိုက်မှာမဟုတ်ဘူး။"

ထိုသို့ပြောပြီးနောက် ဗင်းဆင့်ထ်က စတေးလ်ဘက်လှည့်ကာ နာကျင်ဟန်ထုတ်ပြလျက် ပြောလာ၏၊ "စတေးလ်, ဒါက အရင်တစ်ခေါက် ကိုယ်မင်းကို နာကျင်စေခဲ့တာကြောင့် ဒီလူကို ရှာတွေ့ပြီး မင်းရဲ့ကောင်လေးအဖြစ်နဲ့ ကိုယ့်ကိုဒေါသထွက်အောင်လုပ်တာဆိုရင်တော့ ကိုယ်တကယ်ပဲ တောင်းပန်ပါတယ်။ တကယ်တော့ အရင်တစ်ခေါက် မင်းထွက်သွားပြီးနောက်မှာ ကိုယ့်ရဲ့စိတ်ထဲ နောင်တတွေနဲ့ပြည့်နေပြီး သုံးရက်လောက် မစားနိုင် မသောက်နိုင်ဖြစ်ခဲ့ရတာ။ မင်းသိလား? ဒီတလောလည်း ကိုယ် မင်းအကြောင်း အမြဲတွေးနေခဲ့တာပါ။ မင်းကို ဒီနေ့ ထပ်တွေ့လိုက်ရတော့ ကိုယ့်ရဲ့ နှလုံးသားကတောင် ပျော်လွန်းလို့ ထပေါက်ကွဲသွားတော့မလိုပဲ၊ ကိုယ်....."

"နေဦး!" စတေးလ်က ဗင်းဆင့်ထ် ဆက်ပြောလာမည်ကို ကြက်သီးများထလျက် လက်ထောင်ကာ တားဆီးလိုက်၏။ ထို့နောက် သူ့အား မယုံကြည်နိုင်ဟန်ဖြင့် ကြည့်လာသည်၊ "ကျွန်မပြောမယ်၊ ဗင်းဆင့်ထ်, မီချယ် ဒီမှာရှိသလို သူမက ရှင့်ရဲ့ သတို့သမီးလောင်းပဲ! ရှင်က သူမရှေ့မှာ ကျွန်မကို တကယ်ကြီး ဒီလိုလာပြောနေတယ်ပေါ့လေ? သူမရဲ့ခံစားချက်ကို လုံးဝကြီး ဂရုမစိုက်တော့ဘူးလား?"

"သတို့သမီးလောင်း?" ဗင်းဆင့်ထ်က မီချယ်ကိုလှည့်ကြည့်ကာ ခါးသက်သက်ပြုံး၍ ပြောလိုက်၏၊ "စတေးလ်, မင်းအနေနဲ့ သတို့သမီးလောင်းဆိုတာက မိသားစုတွေကြားထဲက စီစဉ်မှုတစ်ခုမှန်း မင်းသိသင့်တယ်။ မင်းမယုံရင် မီချယ်ကို မေးကြည့်လိုက်၊ ကိုယ်တို့နှစ်ယောက်စလုံးက ဒါကို လက်ခံဖို့ ဆန္ဒမရှိဘူး။ ကိုယ့် ရင်ထဲမှာ မင်းကိုပဲ သဘောကျတာပါ။ မင်းသာ အခွင့်အရေးတစ်ခုလောက်ပေးမယ်ဆိုရင် ကိုယ့်မိသားစု‌ကိုတောင် ပြောပြီး ဒီစေ့စပ်ပွဲကို ဖျက်ခိုင်းလို့ရပါတယ်! ကိုယ် မင်းကလွဲပြီး ဘယ်သူ့ကိုမှ လက်ထပ်မှာ မဟုတ်ဘူး!"

စတေးလ်က ဗင်းဆင့်ထ်ကို အတန်ကြာ ငေးကြည့်နေကာ ထိုမျှလောက် အရေထူသည့်လူမျိုး ဤကမ္ဘာ၌ ရှိနေသည်ကို မယုံမကြည်နိုင်ဖြစ်နေသည်!

နံဘေးရှိ မီချယ်ကိုကြည့်လိုက်သော် သူမက တစ်ခွန်းတစ်ပါဒမျှပင်မဆိုဘဲ မျက်လွှာချထားသည်မှာ ဗင်းဆင့်ထ်အပြောကို တိတ်တဆိတ်သဘောတူနေသယောင်ပင်။

ခဏအကြာ၌ စတေးလ်က သက်ပြင်းရှည်ကြီးချ၍ ခေါင်းခါလိုက်၏။ ပြီးသော် နောက်ထပ်တစ်ခွန်းမှ ထပ်မဆိုတော့ဘဲ ရှုယိကို ဆွဲခေါ်သွားတော့သည်။

၎င်းတို့နောက်မှ ဗင်းဆင့်ထ်က စတေးလ်ကို ဆက်လက်အော်ခေါ်နေသော်လည်း သူမက ပို၍ပင် မြန်မြန်လျှောက်သွားကာ ရှုယီနှင့်အတူ ထောင့်တစ်ခုနား၌ အလျင်အမြန် ပျောက်ကွယ်သွား၏။

ဗင်းဆင့်ထ်၏အသံကို ထပ်မကြားရတော့ချိန်တွင် ရှုယီက ရယ်ချင်သည့်စိတ်ကို ထိန်းချုပ်မထားနိုင်တော့ချေ။

"ဘာကိုရယ်နေတာလဲ?" စတေးလ်က မပျော်မရွှင်ဖြင့် ရှုယီကို ကြည့်လာ၏။

"ဘာလို့လဲဆိုတော့ အရမ်း.....အရမ်း ရယ်စရာကောင်းနေလို့လေ။" ရှုယီက စတေးလ်၏ ဒေါသထွက်နေသည့်မျက်နှာလေးကို ကြည့်ရင်း မပြုံးဘဲ မနေနိုင်တော့၊ "ဒီနေ့တော့ ဒါက တကယ်ပဲကိုယ့်ရဲ့လောကအမြင်ကို ဖွင့်လှစ်ပေးလိုက်တာပဲ။ ဒီလို အရှက်မဲ့တဲ့လူ‌မျိုးရှိနေတာက ကိုယ့်ကို ရယ်ရလွန်းလို့တောင် သေသွားစေနိုင်တယ်။"

"ဟမ့်! အရင်တစ်ခေါက်က ကိစ္စကြောင့် သူ့ကို အရှက်မဲ့မှန်း သိထားပေမယ့်လည်း ကျွန်မထင်တာထက်တောင် ပိုပြီး အရှက်မဲ့လိမ့်မယ်လို့ မထင်ခဲ့ဘူးလေ။ တကယ်ကို ဒေါသထွက်လို့ သေတော့မှာပဲ!" စတေးလ်က ဒေါသတကြီးဆိုလေသည်။

"မင်းက ဘာကို ဒေါသဖြစ်နေတာလဲ?" ရှုယီက အပြုံးဖြင့် ပြော၏၊ "မင်းအရင်တစ်ခေါက်က ပြောခဲ့သလို ပျော်နေသင့်တာလေ။ ဒီလို‌အရှက်မဲ့တဲ့ လူတစ်ယောက်အတွက် သူ့ရဲ့ အရောင်အစစ်အမှန်ကို မြန်မြန်တွေ့မြင်နိုင်လိုက်တာ ကောင်းတဲ့အရာပဲ။ ရိုးရိုးသားသားပြောရရင် ကိုယ်တကယ်နားမလည်ဘူး၊ မင်းအရင်က သူ့ကို ဘာလို့ သဘောကျရတာလဲ? ဒီလူက ရယ်စရာကောင်းတယ်လို့ မင်းမထင်ခဲ့ဘူးလား?"

စတေးလ်၏မျက်နှာက အနည်းငယ် နီရဲသွားရင်း ဒေါသတကြီးဆိုလာသည်၊ "ကျွန်မက အရင်က အရမ်းအားနည်းခဲ့တာလေ။ ကျောင်းမှာတုန်းက မိန်းမငယ်လေးတစ်ယောက်ပဲရှိသေးတော့ သူက ရုပ်ချောလို့ သဘောကျခဲ့ရုံပဲ၊ အရင်ကလည်း သူက အတော်လေး အနေထိုင်မတတ်ဘူး။ တကယ်တော့ သူနဲ့က အဲ့လောက် အဆက်အသွယ်မလုပ်ခဲ့တော့ သူက ဒီလောက်ကြီး အရှက်မဲ့နေတာကို မသိခဲ့ဘူးလေ။"

"ဒါဆို ကိုယ်ပိုပြီး စိတ်ရှုပ်သွားပြီ။ စတေးလ်, မင်းလို မိန်းမ‌လှလေးမျိုးကို ကျောင်းမှာ အဲ့လိုကောင်မျိုးက အဆက်မပြတ် လိုက်မနေခဲ့တာ တကယ်ကို မယုံနိုင်စရာပဲ။"

"ကျောင်းမှာတုန်းက စာလေ့လာဖို့ကိုပဲ အာရုံစိုက်ခဲ့ပြီး ကျောင်းသားတွေနဲ့ တတ်နိုင်သမျှ နည်းနည်းလောက်ပဲ အဆက်အသွယ်ရှိခဲ့တော့ သူ့မှာ အခွင့်ရေးလုံးဝမရှိဘူးလေ။ ရိုးရိုးသားသားပြောရရင် အခုစဉ်းစားကြည့်တော့ သူ့ကို ကျွန်မ သဘောကျခဲ့တယ်လို့ပြောတုန်းက သူ့ကို ကျွန်မအိပ်မက်ထဲမှာရှိတဲ့ မြင်းဖြူစီး မင်းသားလေးလိုပဲ ခံစားခဲ့ရတာ၊ တကယ်ကြီး အဲ့လောက် သဘောမကျပါဘူး။" စတေးလ်က ရှင်းပြ၏။

"ဒါက မိန်းမငယ်လေးတိုင်းမှာရှိတဲ့ စိတ်ကူးအိပ်မက်ပဲဖြစ်လောက်တယ်၊ ဟုတ်လား?" ရှုယီက ကျီစယ်လိုက်သည်။

"ဘာလဲ? ကျွန်မရဲ့ လက်တွေ့မကျတဲ့ အိပ်မက်အကြောင်း ရှင့်မှာ အကြံပေးစရာ ရှိလို့လား?" စတေးလ်က ရှုယီကို စိုက်ကြည့်လာသည်။

"မဟုတ်ပါဘူး၊ မဟုတ်ပါဘူးဗျာ၊ ဘယ်လိုလုပ် အကြံပေးစရာရှိမှာလဲ? ကိုယ်က အတော်လေး ကောင်းချီးပေးခံထားရတာပဲ၊ မင်းက ကိုယ့်ကိုတွေ့ပြီးတော့ ဒီအိပ်မက်ကိုတောင် စွန့်လွှတ်လိုက်တယ် ဆိုတော့လေ။ မဟုတ်ရင် ကိုယ့်လို မခန့်ညားတဲ့ လူကို မင်းက ဘယ်လိုသဘောကျမှာလဲ။"

စတေးလ်က ရုတ်တရတ် ရှုယီ၏မျက်နှာကို ဆွဲယူကာ ရိုးသားဟန်ဖြင့် ဆိုလာ၏၊ "ရှင့်ကိုယ်ရှင် မချောဘူးလို့ ပြောခွင့်မပေးထားဘူး။ ရှုယီ၊ ကျွန်မ ရှင့်ကို သဘောကျကတည်းက ရှင်က အခန့်ညားဆုံးဖြစ်ကြောင်း သတိရထားရမယ်။ မိန်းကလေးများစွာရဲ့မျက်လုံးထဲမှာ ဗင်းဆင့်ထ်က အတော်လေး ခန့်ညားချင် ခန့်ညားမယ်၊ ဒါပေမယ့် ကျွန်မက အခု သူ့ကို အရမ်းအားနည်းပြီးတော့ သူ့ဆီမှာ ရှင့်ရဲ့ဆွဲဆောင်မှုမျိုး တစ်ထောင်ပုံရင် ဆယ်ပုံတောင် မရှိဘူးလို့ ထင်တယ်။"

စတေးလ်၏မျက်နှာထက်ရှိ ရိုးသားဟန်လေးကိုမြင်သော် ရှုယီမှာ အနည်းငယ် ခံစားမိသွားသည်။ ထို့နောက် စတေးလ်၏ လက်ကလေးကို နမ်းရှုံ့လျက် အသံတိုးဖွဖွဖြင့် ဆိုလိုက်၏၊ "မင်းရဲ့ ချီးကျူးမှုအတွက် ကျေးဇူးပါ။ မင်းရဲ့ အချစ်ကို ရနိုင်တာက ကောင်းချီးပေးခံထားရတာပဲ။"

စတေးလ်က ပန်းပွင့်လေးတစ်ပွင့်နှယ် ဝင်းလက်စွာပြုံး၍ ရှုယီလက်ကို ဆွဲကာ လမ်ပူရီတော်ဝင်ကျောင်းတော်ရှိရာသို့ ဦးတည်လိုက်တော့သည်။

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၁၀၈။ ချို့တဲ့နေသည့် စစ်တပ်ထောက်ပံ့ပို့ဆောင်ရေးဌာန

အပန်းဖြေမနက်ခင်းလေးမှာ အလျင်အမြန်ကုန်လွန်သွားခဲ့သည်။

ဤတစ်ခေါက်တွင် ရှုယီမှာ အန်ဗီမာမြို့တော်၌ လုပ်စရာများစွာရှိလေရာ ဤမနက်ကဲ့သို့ အားလပ်ချိန် များများစားစားမရှိပေ။

စတေးလ်နှင့်အတူ နေ့လည်စာစားပြီးနောက် ရှုယီနှင့် စစ်ဌာနချုပ်မှပို့လိုက်သည့် လူတို့မှာ အန်ဗီမာမြို့တော် အနောက်ဘက် သိပ်မဝေးသည့် စစ်လေ့ကျင့်ရေးကွင်းသို့ သွားလိုက်ကြသည်။

အမှန်တကယ်တွင် စစ်ဌာနချုပ်က ရှုယီကို လာစေချင်ခဲ့သော်လည်း ရှုယီက အန်ဗီမာမြို့တော်သို့ လာရန် အချိန်ရဖို့ရာ အမြဲအလုပ်များ ခက်ခဲနေခဲ့သည်။ ရှုယီ ရောက်လာသည့်အချိန်၌ စစ်ဌာနချုပ်က ထိုအခွင့်အရေးကို လက်မလွှတ်ဘဲ ယခင်ကတည်းက ထိုအချိန်အတွက် ပြင်ဆင်ထားခဲ့သည်။

တင်းကြပ်သည့်စစ်ဆေးရေးများကို ဖြတ်ကျော်ပြီးချိန်တွင် ရှုယီမှာ သူ့အား စောင့်ဆိုင်းနေသည့် အသိတစ်ဦးကို တွေ့လိုက်ရ၏။ ၎င်းက မေဂျာ မက်ခ်ကွန်လီပင်။

မေဂျာ မက်ခ်ကွန်လီက ရှုယီကို မြင်သော် အပြုံးဖြင့် ရှေ့တိုးလာသည်။

"ဟေး၊ ဥက္ကဌရှု ခင်ဗျားနောက်ဆုံးတော့ အလည်လာဖို့ ဆန္ဒရှိသွားတာက တကယ်ပဲကျုပ်ကို ဝမ်းသာစေတယ်။

ရှုယီက အပြုံးဖြင့် ခေါင်းခါကာ၊ "မေဂျာ မက်ခ်ကွန်လီက ယဉ်ကျေးလွန်းနေပါပြီ။ တကယ်တော့ ကျွန်တော် အရင်ကတည်းက လာချင်နေခဲ့တာ၊ အခုက အခွင့်ကောင်းဆိုတော့ လွတ်သွားလို့ မဖြစ်ဘူးလေ။"

နှစ်ဦးသား နှုတ်ဆတ်ဖလှယ်ပြီးနောက် မေဂျာမက်ခ်ကွန်လီက ရှုယီအား လေ့ကျင့်ရေးကွင်းမှ လူတချို့နှင့် မိတ်ဆက်ပေးလာသည်။

အရာရှိတချို့အပြင် နည်းပြတချို့နှင့် ပုံမှန်စစ်သည်အယောက်နှစ်ဆယ်ရှိသည်။

ရှုယီနှင့်တွေ့ဆုံပြီးနောက်၌ ထိုလူများက ရှုယီထံ အင်မတန် ဖော်ရွေလာကြသည်။ ၎င်းတို့၏ ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သော်လည်း သူ့အား မိတ်ဆွေကောင်းနှယ် ဆက်ဆံကြလေ၏။

ရှုယီမှာ အနည်းငယ် အံ့ဩမိသည်။ အဘယ့်ကြောင့် ဒီလူများက သူ့အား အင်မတန်ဖော်ရွေလွန်းနေသနည်း? သူဟာ သာမန်ကုန်သည်လေးတစ်ဦးသာဖြစ်လေရာ သူ့အတွက် စစ်တပ်ကလူများနှင့် ကြာကြာ မရှိနိုင်မည်ကလည်း ပုံမှန်ပင်။

"ပြဿနာက ဥက္ကဌရှုဆိုတာသာမန် ကုန်သည်လေးတစ်ယောက်ပဲ မဟုတ်လို့ပေါ့။" မေဂျာမက်ခ်ကွန်လီက ရယ်၏၊ "ငွေကိုပဲ ဂရုစိုက်တဲ့ တခြားကုန်သည်တွေကိုတော့ ကျုပ်တို့ စစ်တပ်က လူတွေအနေနဲ့ အထင်သေးပေမယ့်လည်း ခင်ဗျားက မတူဘူးလေ။ ဒါဟာ ခင်ဗျားနဲ့ Frestech ကုန်သည်ကြီးများအသင်းတို့က ညီနောင်တိုင်းကို လက်နက်ကိရိယာတစ်စုံစီ ပေးနိုင်တာ သေချာလို့ပဲ။ အခု စစ်မြေပြင်မှာ ရှင်သန်ဖို့ အခွင့်အရေးပိုရသွားတာသေ‌ချာတော့ အဲဒီ့လူတွေအနေနဲ့ ခင်ဗျားကို မဖော်ရွေဘဲ ဘယ်နေလိမ့်မလဲ?"

"အမှန်ပဲ၊ အရင်က ထောက်ပံ့ပို့ဆောင်ရေးဌာနရဲ့ လူတွေအနေနဲ့ ကျုပ်တို့ ညီနောင်တွေဆီမှာရှိတဲ့ လက်နက်တွေအကြောင်း အမြဲပူပန်နေခဲ့ရပေမယ့် ငွေမရှိတာကြောင့် မဖြေရှင်းနိုင်ခဲ့ဘူး။ အဆုံးကျတော့ ဥက္ကဌရှု တစ်ခါလေးလှုပ်ရှားလိုက်တာနဲ့ လွယ်လွယ်ပဲ ဒီအကြီးဆုံးပြဿနာကို ဖြေရှင်းလိုက်တယ်။ ကျုပ်တို့တွေ ဘယ်လိုများ ခင်ဗျားကို ညီအစ်ကိုတစ်ယောက်လို မဆက်ဆံနိုင်ဘဲ နေမလဲ?" ထောက်ပံ့ပို့ဆောင်ရေးဌာန၏ နောက်ထပ် အရာရှိက အပြုံးဖြင့်ဆိုလာသည်။

"အိုး? ကျွန်တော့်မှာ ဒီလိုအံ့ဖွယ်စွမ်းရည်မျိုး ရှိမယ့်ပုံမပေါ်ဘူးမို့လား? တကယ်ကြီး ဒီလိုပြဿနာကြီးမျိုးကို ကျွန်တော်ဖြေရှင်းခဲ့တာလား?" ရှုယီက အံ့ဩစွာပြော၏။

"ဥက္ကဌရှု၊ အရင်က ထောက်ပံ့ပို့ဆောင်ရေးဌာနဟာ ဘယ်လောက်ထိ ချို့တဲ့လဲ ခင်ဗျားသိလား? ပြောပြပါရစေ၊ ဒီမတိုင်ခင်က စစ်တပ်တစ်တပ်လုံးမှာ နေ့တိုင်း စခ်တိုင်းပြည်က ကောင်တွေနဲ့ တိုက်ခိုက်ရလို့ ထောက်ပံ့မှုအပြည့်ရတဲ့ မြောက်ဘက်စစ်တပ်ကလွဲရင် ကျန်တဲ့ စစ်တပ်တွေမှာ ငါးယောက်မှာ တစ်ယောက်လောက်က ကိရိယာအပြည့်အစုံတောင်မရကြဘူး! လက်နက်တွေရော.... ခင်ဗျား ယုံနိုင်ရဲ့လား? လိုင်ကာတပ်ရင်းက ညီအစ်ကိုတွေဆို ငါးနှစ်ကျော်လောက်သက်တမ်းရှိတဲ့ သံဓားတွေသုံးနေကြတယ်လေ? အဲဒီ့ဓားတွေက သံချေးတက်နေတော့ ထိလိုက်ရုံနဲ့တင် ဓားတိုလေးတွေ ဖြစ်လုနီးပါးပဲ!"

"အဲ့လောက်တော့ မဆိုးလောက်ပါဘူး....." ရှုယီ အနည်းငယ်အံ့ဩသွားသည်။

လမ်ပူရီတိုင်းပြည်စစ်တပ်၏လက်နက်ကိရိယာများသာ ၎င်းတို့ပြောသလို ဆိုးရွားနေလျှင် တော်ဝင်စစ်တပ်၏အင်အားက အတော်လေး စိုးရိမ်ဖွယ်ပင်။

၎င်းတို့သာ စစ်ပွဲတစ်ပွဲ တိုက်ဖို့ရှိလာလျှင် တချို့အားကောင်းသည့်ရန်သူများနှင့် တွေ့ပါက လုံးဝအမြစ်ဖြတ်ခံလိုက်ရလိမ့်မည်။

"မဆိုးဘူးလို့ ဘယ်သူပြောလဲ?"

စစ်အကြောင်းဆိုသည်နှင့် စစ်ဌာနချုပ်များမှ အရာရှိများမှာ မှတ်တမ်းတင်သူများကဲ့သို့ပင် တစ်ထေရာတည်းတူညီသည်ကို ပြောလာကြသည်။

အဖွဲ့က အတူတကွရောက်လာကာ ရှုယီကို ဆက်လက် စောဒကတက်နေတော့၏။

ခဏမျှကြာအောင် ၎င်းတို့က ဆိုးဝါးသည့်လက်နက်များကြောင့် ဖြစ်ခဲ့သည့် ပဋိပက္ခများ၊ နှစ်ထောင်ကို သုံးထောင်ဖြင့် အနိုင်မယူနိုင်ခဲ့သည်များကို ပြောကြသည်။ ၎င်းတို့က တိုက်ပွဲရှုံးနိမ့်ခဲ့ရုံသာမက လူတစ်ထောင်ကျော်လည်း သေဆုံးခဲ့ရာ တိုင်းပြည်၏ မျိုးရိုးမြင့်များက ဖြုန်းတီးသည်ဟု ခေါ်ဆိုခြင်းကို ခံခဲ့ရသည်။

တစ်ခဏကြာအောင် နောက်ထပ်အရာရှိတစ်ဦးက စစ်သားတစ်ဦးအနေနှင့် ခြုံခိုတိုက်ခိုက်ခဲ့ရစဉ်က ဇာတ်လမ်းကို ပြောပြနေသည်။ သူ၏အိပ်မက်မှနိုးထလာသည့်နောက် နံဘေးကို စမ်းကြည့်လိုက်ရာ သံချောင်းတစ်ချောင်းသာ တွေ့လိုက်ရသည်။

၎င်းတို့ထံ၌ လက်နက်ကိရိယာမလုံလောက်ခြင်းကြောင့် သံချောင်းတစ်ချောင်းကိုသာ လက်နက်တစ်ခုအဖြစ်သုံးနိုင်၏။

ထို့နောက် အခြားအရာရှိတစ်ဦးကတော့.....

......

အရာရှိများထံရှိ ဝမ်းနည်းဖွယ်ဇာတ်လမ်းကို ကြားလိုက်ရသော် ရှုယီမှာ ၎င်းတို့အတွက် မနေနိုင်အောင် ခံစားမိရသလို ထူးလည်းထူးဆန်းနေသည်။

"ကျွန်တော်တို့ တော်ဝင်စစ်တပ်က ဒီလောက်အားနည်းနေပေမယ့် ဘာလို့ စခ်တိုင်းပြည်က ကျွန်တော်တို့ဆီ ဘယ်တုန်းကမှ အောင်အောင်မြင်မြင် မကျူးကျော်နိုင်ခဲ့တာလဲ?"

"အဓိပ္ပာယ်မရှိတာ၊ ကျုပ်တို့ ညီအစ်ကိုတွေအားလုံး ထွက်တားတာကြောင့်ပေါ့။" အရာရှိတစ်ဦးက ဒေါသတကြီးပြောလာသည်၊ "အဲဒီ့မျိုးရိုးမြင့်သခင်ဟောင်းတွေက တစ်နေကုန် ကျုပ်တို့ကို ဖြုန်းတီးတယ်လို့ပြောနေပေမယ့် ညီအစ်ကိုတွေက နေ့တိုင်း တိုက်ခိုက်နေရတဲ့အကြောင်းကို မသိကြဘူးလေ။ ကျုပ်တို့ လက်နက်တွေက မကောင်းတော့ ညီအစ်ကိုတွေအားလုံး ထွက်တားရတာပဲ။ အတိုချုံးပြောရရင်စခ်တိုင်းပြည်က မြေးလေးတွေအနေနဲ့ ဖောက်ဝင်လာနိုင်မှာ မဟုတ်ဘူး။"

"အိုင်း....ဒါပေမယ့် ဒီလိုတိုက်ခိုက်ရတာက ဝမ်းနည်းစရာပဲ။" မေဂျာမက်ခ်ကွန်လီက သက်ပြင်းချကာ ဆိုသည်၊ "မြောက်ဘက်စစ်တပ်ရဲ့ အသေအပျောက်က နှစ်တိုင်း ငါးထောင်ထက်မနည်းဘူး။ ကျုပ်ထင်တာတော့ ဒီလိုသာ ဆက်တိုက်ခိုက်နေရရင် မြောက်ဘက်စစ်တပ်ကြီး ပျက်စီးသွားလိမ့်မယ်။ အဲ့လိုဆို စခ်တိုင်းပြည်က ကောင်တွေက ဘယ်သူက ခုခံတော့မှာလဲ?"

အရာရှိများက တစ်ဦးကို တစ်ဦး ဗလာသက်သက် စိတ်ပျက်လက်ပျက်ကြည့်လိုက်ပြီး တစ်ခဏကြာပြီးနောက် အရာရှိတစ်ဦးက တံတွေးထွေးလိုက်သည်၊ "ဖီ၊ အဲဒီ့ မျိုးရိုးမြင့်သခင်တွေကို တိုက်ခိုင်းလိုက်လေ!"

အားလုံးက သူဟာ အဓိပ္ပာယ်မရှိသည်ကို ပြောနေရုံဖြစ်မှန်းသိကြပါ၏။ ခဏမျှရပ်တန့်နေပြီးနောက် မေဂျာ မက်ခ်ကွန်လီက ဖြစ်ညှစ်ပြုံးကာ ပြောလေသည်၊ "ကောင်းပြီ၊ ဒီစိတ်ပျက်စရာကိစ္စတွေ မပြောတော့ဘူး။ ဒီနေ့က ဥက္ကဌရှု ပထမဆုံးအကြိမ် ဒီကိုရောက်လာတာဆိုတော့ အားလုံး အထွန့်တက်နေတာကိုပဲ နားထောင်ခိုင်းနေလို့ မဖြစ်ဘူး မို့လား? ပြီးတော့ ဥက္ကဌရှုက ကျုပ်တို့အတွက် ပြဿနာကို ဖြေရှင်းပြီးပြီပဲလေ။ အားလုံးပဲ ချပ်ဝတ် အစုံငါးသောင်းစာကို မြင်ပြီးလောက်ပြီလို့ ထင်တယ်။ အားလူံးကို ပြောချင်တာတော့ ဒီချပ်ဝတ်အစုံငါးသောင်းစာအတွက် ဥက္ကဌရှုက ကျုပ်ကို ရွှေဒင်္ဂါးငါး‌သိန်းလောက်ပဲ တောင်းတယ်လေ!"

"ငါးသိန်းတည်း?" အရာရှိတစ်ဦးက ရှုယီကို တအံ့တဩကြည့်လျက် မနေနိုင်ဘဲ မေးလေသည်၊ "ဥက္ကဌရှု၊ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းမှာ ငွေတွေအများကြီး ရှိတာလား? ကျုပ်တို့သာ ဒီချပ်ဝတ်တွေကို ဂျိုဝဲလ်မိသားစုဆီက ဝယ်ရင် အနည်းဆုံး တစ်စုံကို ရွှေဒင်္ဂါးသုံးဆယ်ရှိတယ်။ အစုံ ငါးသောင်းဆိုရင် ရွှေဒင်္ဂါး တစ်သန်းခွဲကျမှာပဲ။"

"ဟုတ်တယ်၊ ခင်ဗျားက ငွေမရရုံတင်မကဘူး ငွေပါ ဆုံးရှုံးခံတာလား? ကျုပ်တို့က ငွေပဲလိုချင်နေတဲ့ ကုန်သည်တွေကို မုန်းတီးနေတဲ့ စစ်သားတွေဆိုပေမယ့်လည်း ခင်ဗျား ငွေရဖို့ လိုတာကိုတော့ သိပါသေးတယ်။ ဒီလိုလုပ်ရင်..... မဆိုးသွားဘူးလား?"

ရှုယီက သူ၏ရှေ့ရှိ သံသယအပြည့်နှင့် အကြည့်များကို ကြည့်လိုက်သည်။ ထိုအရာရှိများမှာ ထောက်ပံ့ပို့ဆောင်ရေးဌာန၏ တစ်စိတ်တစ်ပိုင်းမဟုတ်လောက်သဖြင့် အခြေအနေကို နားမလည်ပါသော်လည်း မေဂျာ မက်ခ်ကွန်လီကတော့ ထိုအကြောင်းကို သိပြီးသားပင်။ သူက တခြားအရာရှိတွေကို မရှင်းပြဘဲ နေ‌,နေတာလား?

ထိုသို့ဆိုလျှင် ၎င်းအရာရှိများက အဘယ့်ကြောင့် ဤနေ့ ဤနေရာ၌ ရှိနေသနည်း?

ရှုယီ၏သံသယအကြည့်ကိုမြင်သော် မေဂျာမက်ခ်ကွန်လီက လက်ခုပ်တီးကာ အရာရှိများ၏ အာရုံကို ဆွဲဆောင်လိုက်သည်။ ထို့နောက် အသံကျယ်ကျယ်ဖြင့် ဆို၏၊ "ဟုတ်ပြီ ညီနောင်တို့၊ ဥက္ကဌရှုက ငွေဝင်သည် ဖြစ်စေ မဝင်သည်ဖြစ်စေ၊ ဒါက ညီနောင်တို့ ဂရုစိုက်ရမယ့် ပြဿနာမဟုတ်ဘူးလို့ ထင်တယ်။ ဥက္ကဌရှုကို ဒီနေ့ဖိတ်ကြခဲ့တာဟာ သူ့ရဲ့အကြံပြုချက်တွေကို လိုအပ်တဲ့ နည်းပညာပိုင်းဆိုင်ရာ ပြဿနာတချို့ ရှိနေလို့ပဲ၊ ဒီတော့ ဒီအချိန်ကို အကောင်းဆုံးအသုံးပြုရမယ်။ ဥက္ကဌရှုက အတော်လေး အလုပ်များတော့ ကျုပ်တို့သာ ဒီအ‌ခွင့်အရေးကို လွတ်သွားရင် ထပ်ရဖို့ ခက်ခဲလိမ့်မယ်။"

အရာရှိများအားလုံးမှာ နားလည်ဟန်ပြ၍ လူခွဲလိုက်သည်။ ခဏကြာပြီးနောက် လတ်တလော လေ့ကျင့်နေသည့် စစ်သားများထဲမှ တစ်ဦးကို တစ်ယောက်က ဆွဲလိုက်သည်။

"ဥက္ကဌရှု ကြည့်ပါဦး သူဝတ်ထားတဲ့ ချပ်ဝတ်က ခင်ဗျားတို့ လုပ်ငန်းစုက တစ်ခုပဲ။ နောက်ကျောဘက်ကို အပြောင်းအလဲလေးလုပ်သင့်တယ်လို့ ခံစားရတယ်။ ဒီအပိုင်းကို နည်းနည်းလောက် ပိုထူပေးနိုင်ရင် ပိုကောင်းလိမ့်မယ်။"

"ဥက္ကဌရှု၊ ဒါကလည်း ခင်ဗျားတို့ လုပ်ငန်းစုက ချပ်ဝတ်ပါပဲ။ အဆစ်တွေက လှုပ်ရှားရ ပိုလွယ်ရင် အကောင်းဆုံးဖြစ်မယ်ထင်တယ်၊ ဒီလိုဆို ညီနောင်တွေလည်း လက်‌နက်တွေကို ပိုပြီးလွယ်လွယ်ကူကူ လှုပ်ရှားလို့ရမယ်။"

"ဥက္ကဌရှု၊ ကြည့်ပါဦး၊ ဒါက ခင်ဗျားတို့ လုပ်ငန်းစုက လှံတံပဲ။ ဒါက စူးရှပြီး ခိုင်မာပေမယ့်လည်း နည်းနည်းလောက် ပို‌ပေါ့သင့်တယ်လို့ ကျုပ်ထင်တယ်။ ခင်ဗျားက အဲဒီ့ ဘာသတ္တုစပ်ဆိုလား အဲဒါကိုသုံးတယ်လို့ကြားတယ်၊ ဒါက အတော်လေးကောင်းပေမယ့်လည်း ဒါတွေကို သုံးလို့မရကြောင်း ပြောလာတဲ့ ညီနောင်အတော်များများရှိတယ်။ ပြီးတော့ ဒီနောက်က အားက မပြည့်စုံတော့ အား'အလုံအလောက်မရဘူး၊ ပြောင်းပေးလို့ရမလား?"

"ဥက္ကဌရှု......"

…...

ရှုယီက စစ်သားတစ်ဦးပြီးတစ်ဦးကိုကြည့်ရင်း အရာရှိများ၏ အကြံပြုချက်ကို ကြားနေရသည်။ သူက မှတ်စုစာအုပ်လေး၌ အားလုံးကို မှတ်တမ်းတင်ကာ တိုင်းတာရန် မေဂျာ မက်ခ်ကွန်လီပေးလာသည့် ပေတံနှင့် အခြားကိရိယာများကို သုံးလိုက်သည်။

အရာရှိများ၏အကြံပြုချက်များကို ရှုယီ ချရေး‌ပြီးနောက်တွင် ၎င်းတို့က စိတ်ကျေနပ်စွာ ထွက်သွားတော့သည်။ ထို့နောက် မေဂျာမက်ခ်ကွန်လီ၏ ညွှန်ကြားချက်များအရ အရာရှိများမှာ ရှုယီရှေ့၌ ပြောင်းလဲစေလိုသည့် အရာများကို မြင်နိုင်ရန် စစ်သားအယောက်နှစ်ဆယ်ကို တိုက်ခိုက်ပုံ အသေးစားလေး သရုပ်ပြခိုင်းလေသည်။

ရှုယီလည်း ၎င်းလေ့ကျင်ရေးကိုကြည့်ကာ နံဘေးရှိ မေဂျာ မက်ခ်ကွန်လီကို အသံတိုးတိုးဖြင့် မေးလိုက်၏၊ "ဒီလို ပြဿနာမျိုးတွေအတွက် ခင်ဗျားအနေနဲ့ ကျွန်တော်တို့ လုပ်ငန်းစုက အထူးပြုတချို့ကိုပဲ လိုတာကို ဘာလို့ ကျွန်တော့်ကို ဒီလာခိုင်းရတာလဲ?"

မေဂျာ မက်ခ်ကွန်လီက ထပ်တူညီစွာပြုံးနေလျက် ပုံမှန်သာ ဖြေလာခဲ့သည်၊ "ညီအစ်ကိုတွေက ကျုပ်တို့အနေနဲ့ နှစ်ပေါင်းမနည်း ကြာမြင့်နေပြီးသား လက်နက်ကိရိယာပြဿနာကို ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းကြောင့် ဖြေရှင်းပြီးပြီးလို့လည်း ကြားရော ခင်ဗျားအကြောင်းကို အတော်လေးသိချင်ပြီး ခင်ဗျားကို မြင်ချင်နေတာကြောင့်ပါ။"

"ကြည့်ချင်တာပဲလား?"

"ခင်ဗျားအနေနဲ့ ကျုပ်တို့စစ်သားတွေမှာ တည့်တိုးဆန်တဲ့စရိုက်ရှိမှန်း သိထားရမယ်လေ။ ခင်ဗျားက ကျုပ်တို့ အားလုံးကို ကူညီတော့ အားလုံးက ခင်ဗျားကို ထောက်ခံကြတယ်။ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းပေးခဲ့တဲ့ အကူအညီက ကျုပ်တို့ ညီနောင်တွေကို အသေအပျောက်‌နည်းစေမှာကြောင့် အားလုံးက ခင်ဗျားကို အရင်းနှီးဆုံး ညီနောင်လို ဆက်ဆံနေကြတာပဲ။ ဒီကို လာခိုင်းပြီး အားလုံးနဲ့ဆုံပြီးတော့ ရင်းနှီးလာတာက ရှေ့လျှောက် ကိစ္စတွေလုပ်ရင် ပိုပြီး လွယ်လာမှာပါ။"

ရှုယီလည်း အတန်ငယ်စဉ်းစားကာ အသံတိုးတိုးဖြင့် ဆိုလေသည်၊ "ကျွန်တော် ဘာမှ မလုပ်ချင်ပါဘူး၊ ကျွန်တော့်ရဲ့လုပ်ငန်းကို ဒီတိုင်းဖွင့်ချင်ရုံပဲ။"

မေဂျာမက်ခ်ကွန်လီက ရှုယီကို ကြည့်လာကာ သူ၏အပြုံး၌မူ လေးနက်သည့် အဓိပ္ပာယ်တစ်ခု ရှိနေ၏။

"ဥက္ကဌရှု၊ ခင်ဗျား ဆန္ဒရှိရှိ မရှိရှိ ခင်ဗျားလုပ်ပြီးသား ကိစ္စတချို့ရှိတယ်။"

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၁၀၉။ ကျားပါးစပ်မှ အစာလုခြင်း

ရှုယီက ဆန္ဒမရှိပါသော်လည်း သူ လုပ်ဆောင်ခဲ့ပြီးသား ကိစ္စများကြောင့် မေဂျာမက်ခ်ကွန်လီ မှန်သည်ဟု ဆိုရပေမည်။ ထို့အပြင် သိပြီးသား လူများကလည်း သိပြီးသားဖြစ်လေရာ သူ့ထံ၌ မည်သို့သော သဘောထားမျိုးရှိရှိ မည်သည်တို့ကို အစပြုဖို့ ရှောင်ရှားလိုသည်ပဲဆိုဆို အသုံးမဝင်ပေ။

၎င်းအပြင် သူလုပ်ရမည့် အရာများကိုတော့ လုပ်ရပေမည်။

မေဂျာမက်ခ်ကွန်လီက သူ့အား တကူးတကဖိတ်လိာက်သည်ဖြစ်ရာ ၎င်းနည်းပညာဆိုင်ရာ ပြဿနာလေးများကို ဖြေရှင်းကူလိုခြင်းကြောင့် မဟုတ်ပေ။ ရှုယီ ပြောခဲ့သလို ထိုရိုးရှင်းသည့် နည်းပညာဆိုင်ရာ ပြဿနာများအတွက် အထူးပြုများတချို့ကို လွှတ်လိုက်ဖို့သာ လိုသည်။

၎င်းသာ အမှန်တကယ်ဖြစ်နေပါလျှင် သဘာဝကျစွာပင် ၎င်းက ရှုယီအား ရှင်းပြရန်ဖြစ်ရုံသာမကဘဲ သတိပေးရန်ဖြစ်ရာ ၎င်းတို့ နှစ်ဦးတည်း ပြောသည်က အကောင်းဆုံးဖြစ်၏။

ထို့အပြင် အဓိကအချက်မှာ ရှုယီက Frestech ကုန်သည်ကြီးများအသင်းကိုယ်စား စစ်ဌာနချုပ်နှင့် သဘောတူညီချက်အချို့ကို ရရှိရန်ဖြစ်သည်။

ပထမဦးစွာ ၎င်းတို့အနေနှင့် ရှုယီမှ ဆယ်ဗီနီကို လွှဲပြောင်းပေးခဲ့သည့် ကျွန်များအား ဂရုစိုက်ရမည်ဖြစ်သည်။ ထိုသို့ဖြင့် ဆယ်ဗီနီပိုင်ဆိုင်မည့် ကျွန်များထံမှ ရွေးချယ်ခံထားရသော အလုပ်သမားများမှာ စက်ရုံအတွက် ဆယ်ဗီနီလက်ကို မြဲမြံစွာကိုင်ဆောင်ထားမည့် ကျောရိုးဖြစ်လာလိမ့်မည်ဟု အဓိပ္ပာယ်ရသည်။

နောက်တစ်ခုမှာ စစ်ဌာနချုပ်မှ မေဂျာမက်ခ်ကွန်လီအား ရှုယီထံ အမှာစာ ပေးခိုင်းလိုက်ခြင်းပင်။

၎င်းအမှာစာ၌ ပါဝင်သည်မှာ လက်နက်များနှင့် ချပ်ဝတ်များအတွက် မှော်စက်ထုတ်လုပ်ရေးလိုင်းများ၊ တာယာ တစ်သိန်းကျော်နှင့် ထောက်ပံ့ပို့ဆောင်ရေးဌာနက Frestech ကုန်သည်ကြီးများအသင်းအား စွမ်းဆောင်ရည်တချို့နှင့် မှော်စက်များကို ထုတ်လုပ်စေချင်နေသည်။

၎င်းအထူးမှော်စက်များအတွက် အမှာစာ၌ တိုတောင်းသည့် ပို့ဆောင်ချိန်မရှိပေ။ အတိအကျပြောရလျှင် ၎င်းက ထုတ်လုပ်မှုအတွက် အမှာစာတစ်ခုဖြစ်ကာ Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ထောက်ပံ့ပို့ဆောင်ရေးဌာန၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန် လိုအပ်သည့် မှော်စက်များကို ထုတ်လုပ်နိုင်ဖို့ မျှော်လင့်ရုံသာ။

ယခင်က ထိုတောင်းဆိုချက်များ ပြုလုပ်ခဲ့ကြသည့် အာမန်နီကုန်သည်ကြီးများအသင်း၊ ဖယ်လ်ချောင်ကုန်သည်ကြီးများအသင်းနှင့် အမ်ရစ်ကုန်သည်ကြီးများအသင်းတို့လို လုပ်ငန်းစုများ ရှိခြင်းကြောင့် Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ထိုနေရာ၌ အင်မတန် အတွေ့အကြုံရှိပေ၏။

ကွာခြားချက်မှာ စစ်ဌာနချုပ်၏ထောက်ပံ့ပို့ဆောင်ရေး‌ဌာနက အနည်းငယ် ထူးကဲရုံသာ။

ဥပမာဆိုရလျှင် မေဂျာမက်ခ်ကွန်လီအနေနှင့် တော်ဝင်စစ်တပ်မှ လက်ရှိ အသုံးပြုနေသည့် ဧရာမသစ်သားအမြှောက်ကြီးများအစား မှော်အ‌မြှောက်ကြီးများကို အသုံးပြုနိုင်ရန် မျှော်လင့်နေသည်။

ရှုယီက ထိုတောင်းဆိုချက်ကိုကြားချိန်တွင် များစွာသော ရွေးချယ်မှုကောင်းများကို စဉ်းစားနေပြီးဖြစ်သည်။ သူ့အနေနှင့် မှော်စက်အလုပ်ရုံရှိ ကမ်ဘီနှင့် အခြားလူပုလေးများတို့ကိုသာ သုတေသနတချို့လုပ်ခိုင်းဖို့လိုပြီး ထုတ်ကုန်တစ်ခုကို ဖန်တီးနိုင်လိမ့်မည်ဖြစ်သည်။

ထို့ကြောင့် သူဟာ ထို သဘောတူညီမှုကို မေဂျာမက်ခ်ကွန်လီနှင့်အတူ အလျင်အမြန် လက်မှတ်ရေးထိုးခဲ့၏။

မေဂျာမက်ခ်ကွန်လီက ရှုယီအနေနှင့် ၎င်းကို လက်မှတ်ထိုးချိန်၌ မည်မျှမြန်ဆန်၍ ယုံကြည်ချက်ပြည့်နေသည်ကို မြင်သောအခါ သူလည်းပဲ အင်မတန် ဝမ်းမြောက်သွားသည်။

Frestech ကုန်သည်ကြီးများအသင်းက ထိုစာချုပ်ကို လက်မှတ်ထိုးပေးခြင်းကြောင့် ထောက်ပံ့ပို့ဆောင်ရေးဌာနအတွက် အကူအညီကြီးကြီးမားမားဖြစ်လာလိမ့်မည်၊ အကြောင်းမှာ Frestech ကုန်သည်ကြီးများအသင်းထုတ် ပစ္စည်းများက ဈေးကြီးပါသော်လည်း ဂျိုဝဲလ်မိသားစုထံမှ တစ်စုံလျှင် ရွှေဒင်္ဂါးသုံးဆယ်ကျသင့်သည့် ချပ်ဝတ်နှင့်ယှဉ်ပါက အတော်လေး ဈေးချိုနေသေးသည်။

ပိုအရေးကြီးသည်မှာ Frestech ကုန်သည်ကြီးများအသင်းနှင့် အလုပ်လုပ်ခြင်းက ထောက်ပံ့ပို့ဆောင်ရေးဌာန၏ သနားစဖွယ်ဘဏ္ဍာရေးအခြေနေကို အကူအညီဖြစ်စေသည်။ ရှေ့တန်းအတွက် လက်နက်ကိရိယာ အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရုံသာမက လက်နက်အရည်အသွေးလည်း တိုးလာနိုင်ရာ စစ်သားတို့၏တိုက်ပွဲအင်အားလည်း တိုးလာမည်။

မေဂျာမက်ခ်ကွန်လီထံ၌ လုပ်ပိုင်ခွင့်မရှိခြင်းကြောင့်သာမဟုတ်လျှင် ဂျိုဝဲလ်မိသားစုနှင့် ယခင်က ထားရှိခဲ့သည့် သဘောတူညီချက်ကို တိုက်ရိုက်ချိုးဖျက်ကာ Frestech ကုန်သည်ကြီးများအသင်းနှင့် အလုပ်လုပ်လိုက်မည်ဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်းနှင့် ရှုယီအတွက် ထိုစာချုပ်အား လက်မှတ်ရေးထိုးခြင်းဖြင့် ပထမဦးစွာ အမြတ်ငွေပမာကြီးကြီးမားမားရနိုင်မည်ဖြစ်သည်။

၎င်းတို့မှာ ဆယ်ဗီနီ၏ထောက်ပံ့မှုကြောင့် စစ်ဌာနချုပ်ကို ထောက်ပံ့နေပုံပေါ်သော်လည်း ရှုယီက လက်ခံနိုင်လောက်သည့် ဈေးနှုန်းကို ပေးထားသဖြင့် တာယာတစ်သိန်း မှာယူထားသည်ကို အခြေခံရုံနှင့်ပင် Frestech ကုန်သည်ကြီးများအသင်းမှာ ရွှေဒင်္ဂါး နှစ်သိန်းကျော် အမြတ်ငွေရလိမ့်မည်ဖြစ်သည်။

အခြားမှာယူမှုများကိုပါ ထည့်ပေါင်းလိုက်လျှင် Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ၎င်းတို့ထံမှ သုံးသိန်းကျော်လောက်ရနိုင်သည်။

တိုက်ရိုက် ငွေကြေး အမြတ်အပြင် စစ်တပ်ကို လက်နက်ကိရိယာထောက်ပံ့ကာ ၎င်းတို့၏ ထောက်ပံ့သူဖြစ်လာခြင်း‌က တိုင်းပြည်၌ Frestech ကုန်သည်ကြီးများအသင်း၏ အနေအထားကို မြှင့်တင်ရန် ကူညီပေးလိမ့်မည်။

ဂျိုဝဲလ်မိသားစုမှာ တိုင်းပြည်ရှိ ထိပ်တန်းမိသားစုများထဲမှ တစ်ခုဖြစ်လာနိုင်ရာ ၎င်းတို့အနေနှင့်လည်း ထိုသံသတ္တုလုပ်ငန်း၌ မှီခို၍ စစ်တပ်၏ ထောက်ပံ့သူ ဖြစ်ခဲ့သည်။ ထိုသို့ဖြင့် ၎င်းက တိုင်းပြည်၏ ဘဝလမ်းကြောင်းကို ထိန်းချုပ်ခြင်းနှင့် ညီမျှလေသည်။

မှန်ပါသည်၊ ယခု Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့၏ ခြေထောက်နေရာသို့ အစားသွင်းနေသည်ဖြစ်ရာ ကျားပါးစပ်မှ အစာကို လုယူနေသလိုဖြစ်သဖြင့် ဂျိုဝဲလ် မိသားစုထံမှ တုံ့ပြန်မှုတစ်ခုရလိမ့်မည်။

သို့သော် ၎င်းက ရှုယီ မျှော်မှန်းပြီးသားအရာပင်။

ဂျိုဝဲလ်မိသားစုထံ စကားပြောခြင်းမှာ အန်ဗီမာမြို့တော်သို့ မလာခင် ရှုယီစီစဉ်ထားခဲ့သည့် အရာဖြစ်ရာ ဗင်းဆင့်ထ်အား လာလည်မည်ဖြစ်ကြောင်း ပြောခဲ့ခြင်းဖြစ်၏။

သို့သော် ၎င်းမတိုင်ခင် ရှုယီအနေနှင့် ပြင်ဆင်ရမည့် အခြားကိစ္စ‌ရှိသေးသည်။

ကောင့်ထ်စီယန်မှ မဟာမှော်ပညာရှင်ကမ်မီလာ၊ စတေးလ်နှင့် ရှုယီတို့အတွက် ပြင်ပေးထားသည့် အိမ်ရာသို့ ရှုယီရောက်လာချိန်တွင် ညရောက်နေပြီးဖြစ်သည်။ မနက်ခင်းစောစောတုန်းက ထွက်သွားခဲ့သည့် မဟာမှော်ပညာရှင်ကမ်မီလာသည်လည်း ရှုယီရောက်ရှိပြီး မရှေးမနှောင်းမှာပင် ပြန်ရောက်လာသည်။

သူက ရှုယီကို မြင်ချိန်၌ ချက်ချင်းမေးလေသည်၊ "ကောင်လေး၊ မင်းရဲ့ မှော်ပညာက အခု ဘယ်အဆင့်မှာလဲ?"

ရှုယီက ကြောင်အသွားကာ၊ "မဟာမှော်ပညာရှင်ကြီး ဒါကို အရင်တစ်လကမှ မေးခဲ့တာမဟုတ်ဘူးလား?"

"အဓိပ္ပာယ်မရှိတာ၊ မင်းအနေနဲ့ သတ္တမအဆင့်မှော်ပညာရှင်ဖြစ်ဖို့ နီးစပ်နေပြီလို့ပြောခဲ့တာ ငါမှတ်မိပါတယ်။ တစ်လကြာပြီးနောက်မှ မင်း သတ္တမအဆင့်မှော်ပညာရှင် ဖြစ်လာပြီလား?"

"ခင်ဗျားက ကျွန်တော့်ကို တကယ် ခပ်မြင့်မြင့်မှန်းထားတာပဲ.... ဒါပေမယ့် ခင်ဗျားရဲ့ ခန့်မှန်းချက်က မှန်ပါတယ်၊ ကျွန်တော့် သတ္တမအဆင့် မှော်ပညာရှင် ဖြစ်လာပြီလို့ထင်တယ်။" ရှုယီက အပြုံးဖြင့် ဖြေသည်။

"ကောင်းတယ်" မဟာမှော်ပညာရှင် ကမ်မီလာက ခေါင်းငြှိမ့်ကာ ချီးကျူးဟန်ပြုံးပြလေသည်၊ "ဒီလိုဆိုမှတော့ မနက်ဖြန်သဘက်ခါ မင်းရဲ့အချိန်ဇယားက သေချာသွားပြီ၊ သတ္တမအဆင့်မှော်ပညာရှင်အရည်ချင်းစစ် စာမေးပွဲကို ဖြေဖို့ ပြင်ထားတော့။"

ရှုယီနှင့် စတေးလ်တို့ နှစ်ဦးစလုံး ငြိမ်ကျသွားသည်။

စတေးလ်က မနေနိုင်ဘဲ မေးလေ၏၊ "အဘိုး၊ သတ္တမအဆင့် အရည်အချင်းစစ်စာမေးပွဲအတွက် ဝေဟင်မြို့တော်ဆီသွားဖို့ မလိုတော့ဘူးလား? ဝေယင်မြို့တော်က ဒီကနေဆို ကီလိုမီတာ တစ်ထောင်ကျော်တော့ ရှုယီကဘယ်လိုများ သဘက်ခါမှာ အဲ့ကိုရောက်ဖို့အထိ မြန်ပါ့မလဲ?"

"ငါ မသိဘူးလို့ ထင်နေတာလား?" မဟာမှော်ပညာရှင်ကမ်မီလာက စတေးလ်ကိုကြည့်လိုက်သည်၊ "ပြောပြမယ်၊ ဒီနေ့ အဖွဲ့အစည်းက အဲ့‌လူတွေဆီကနေ သူတို့ရဲ့အကြံတွေကို ပြောင်းလဲဖို့ ဆုံးဖြတ်ထားပြီးသား ကြေငြာစာကိုရခဲ့တယ်။ ဒီနှစ်က စပြီး၊ တိုင်းပြည်က မှော်ပညာရှင်အဖွဲ့အစည်းမှာ စာမေးပွဲဖြေနိုင်မှာက ပဉ္စမအဆင့်မှော်ပညာရှင်တွေနဲ့ အောက်အဆင့်တွေပဲ မဟုတ်တော့ဘဲ ပဉ္စမအဆင့်ကနေ နဝမအဆင့်တွေပါ ဖြေလို့ရနေပြီ။ ဒီတော့ ရှုယီ မင်းက ဒီနှစ်မှာ သတ္တမအဆင့်မှော်ပညာရှင်ဖြစ်လာပြီဆိုတော့ အရည်အချင်းစစ်စာမေးပွဲကို ဖြေဖို့ အချိန်ကောင်းပဲ။"

ရှုယီနှင့် စတေးလ်တို့မှာ တစ်ဖန် ကြောင်အသွားကြပြန်သည်။

စတေးလ်က လှပသည့် မျက်ခုံးလေးများကို အသာတွန့်ချိုးကာ၊ "မှော်ပညာရှင်အဖွဲ့အစည်းက ဒီလိုဆုံးဖြတ်ချက်ချလာတော့ ဘာလို့ ကြေညာချက်ကို မြန်မြန် မပေးခဲ့ရတာလဲ? သဘက်ခါပဲ စတော့မှာဆိုတော့ ဆဌမအဆင့်နဲ့ နဝမအဆင့် မှော်ပညာရှင်တွေအားလုံးကို နှစ်ရက်အတွင်း ဘယ်လိုသတင်းပေးမှာလဲ? သူတို့တွေ ကြေညာစာရရင်တောင် ဒီလို အချိန်မှီအောင် ဘယ်လိုလာနိုင်မှာလဲ?"

"ဘယ်သူက အဖွဲ့အစည်းက လူတွေကို ဆိုးတယ်လို့ ပြောခဲ့လို့လဲ?" မဟာမှော်ပညာရှင်ကမ်မီလာက နှာခေါင်းရှုံ့လျက် လက်ဝေ့ယမ်းကာ ဆိုသည်၊ "မင်း ဒီကိစ္စကို စိတ်ပူဖို့ မလိုပါဘူး။"

"ဒါဆို အဘိုးပြောချင်တာက အန်ဗီမာမြို့တော်မှာ လက်ရှိရောက်နေတဲ့ ဆဌမကနေ နဝမအဆင့်ထိ မှော်ပညာရှင်တွေ ရှိတယ်ပေါ့?" စတေးလ်က မေးလေသည်။

"အမ်း၊ အရင်ရက်တွေတုန်းက မြို့ထဲမှာ နည်းနည်းရင်းနှီးတဲ့ မျက်နှာတွေ အတော်များများတွေ့ခဲ့တယ်။" မဟာမှော်ပညာရှင်ကမ်မီလာက ခေါင်းငြှိမ့်ကာ ဆိုသည်၊ "ပြီးတော့ ပဉ္စမအဆင့်ကို ရောက်ပြီးနောက်မှာ ဘယ်မှော်ပညာရှင်မဆို တစ်နှစ်အတွင်း အဆင့်တက်ဖို့ ခက်သွားပြီလေ။ ဆဌမကနေ နဝမအဆင့် မှော်ပညာရှင်တွေက နည်းတော့ အရည်အချင်းစစ်စာမေးပွဲမှာ ပါဝင်မယ့်လူက ပိုတောင်နည်းသွားတာကြောင့် ဤတစ်ခေါက် ကြေညာစာကို ရပြီးနောက်မှာ လာမယ့်လူ များများစားစားမရှိဘူး။"

"အဘိုး၊ ရှုယီကို မေ့သွားပြီလား? သူဆို အရင်နှစ်ကမှ ပဉ္စမအဆင့်ပဲရှိသေးတာကို ဒီနှစ် သတ္တမအဆင့်ဖြစ်နေပြီလေ။" စတေးလ်က ရှုယီကို ဂုဏ်ယူဟန်ဖြင့်ကြည့်လာသည်မှာ အဆင့်များခုန်ကျော်တက်သွားသည်က သူမကိုယ်တိုင် ဖြစ်နေသလိုပါပင်။

မဟာမှော်ပညာရှင်ကမ်မီလာကလည်း ရှုယီကို ကြည့်ကာ နှာမှုတ်လိုက်သည်၊ "အဲ့ကောင်လေးက ပါရမီပါတယ်လို့ ငါပြောပြီးသားဆိုပေမယ့် သူက မှော်ပညာကို လေ့လာဖို့ မကြိုးစားချင်တာက နှမျောစရာပဲ။ မဟုတ်ရင် ဆယ်နှစ်မပြည့်ခင်မှာ မဟာမှော်ပညာရှင်တစ်ယောက် ဖြစ်လာနိုင်တယ်။"

ရှုယီက နှာခေါင်းပွတ်ကာ နေရခက်ဟန်ပြုံး၍ ပြောလာသည်၊ "မဟာမှော်ပညာရှင်ကြီး၊ ကျွန်တော်တို့ ဒီခေါင်းစဉ်ကို ထပ်မဆွေးနွေးတော့ဘူးလို့ ပြောပြီးသားလေ။ ပြီးတော့လည်း ကျွန်တော်က ခင်ဗျားပြောတာနားထောင်ပြီး မှော်ပညာလေ့လာရာမှာ အာရုံစိုက်လိုက်ရင်တောင် မှော်အစွမ်းတိုးတက်ဖို့ ဘာဖြတ်လမ်းမှ မရှိတာကြောင့် ကျွန်တော့်ရဲ့အင်အားက မြန်နိုင်သလောက် မြန်မြန်တိုးလာမှာမဟုတ်ဘူး။"

မဟာမှော်ပညာရှင်ကမ်မီလာက နောက်တစ်ခေါက် နှာ‌မှုတ်ကာ ထိုခေါင်းစဉ်ကို ဆိုမလာတော့ပေ။

"ကောင်လေး၊ မင်း မှော်ပညာကို လေ့လာဖို့အာရုံမစိုက်ချင်တာက မင်းကိစ္စပဲ၊ ဒါပေမယ့် ဒီအရည်အချင်းစစ်စာမေးပွဲကိုသွားရမယ်။ ဒီတစ်ခေါက် စာမေးပွဲမှာ တိုင်းပြည်ရဲ့ ဆဌမကနေ နဝမအဆင့် မှော်ပညာရှင်တွေက အဓိကပဲ၊ ဒီတော့ မင်း ဝင်ပြိုင်တဲ့အခါ အဲဒီ့မှော်ပညာရှင်တွေကို သိလာရလိမ့်မယ်။ မင်းသာ မှော်သုတေသနဌာနထဲကို လူတချို့လောက် ဆွဲခေါ်နိုင်မယ်ဆိုရင် ရှေ့လျှောက် အလုပ်က အတော်လေးပိုလွယ်သွားမှာ။*

ရှုယီလည်း သဘောတူကြောင်းပြရန် ခေါင်းငြိမ့်ရင်း အနည်းငယ် ရယ်ရသည်ဟု စဉ်းစားမိသည်။

ယခင်နှစ်က မဟာမှော်ပညာရှင်ကမ်မီလာမှာ မှော်ပညာကို စီးပွားရေးနှင့် ရောယှက်စေခြင်းအား မုန်းတီးခဲ့သည်။ လက်ရှိသူဟာ စိတ်ကို ပြောင်းလဲလိုက်ရုံသာမက မှော်သုတေသနဌာနကိုပင် ဝင်ရောက်လာကာ ရှုယီအား မှော်ပညာရှင်များထပ်ခေါ်နိုင်မည့် အကြံပါပေးနေသည်။

ထိုဆန့်ကျင်ဘက်က အင်မတန် ကြီးမားလွန်းလှ၏။

ထိုသည်ကို တွေးမိပြီးနောက် ရှုယီက မေးသည်၊ "ဟုတ်သားပဲ မဟာမှော်ပညာရှင်ကြီး၊ စည်းမျဉ်းတွေအရ ပဉ္စမအဆင့်နဲ့ အောက်မှော်ပညာရှင်တွေဟာ စစ်ဆေးရေးစာမေးပွဲမှာ အဆင့်ပိုမြင့်တဲ့ မှော်ပညာရှင်တစ်ယောက်လိုတယ်မို့လား၊ ဒီလိုဆို ဆဌမနဲ့ နဝမအဆင့်စာမေးပွဲကို ကျင်းပဖို့ ခက်ခဲသွားလိမ့်မယ်မဟုတ်လား။ ဘယ်အချိန်လောက်ဆိုရင် မှော်ပညာရှင်အဖွဲ့အစည်းမှာ အဆင့်မြင့် မှော်ပညာရှင်တွေပိုများလဲ? နဝမအဆင့်ထက် တစ်ဆင့်ပိုမြင့်ရင် ဒါက မဟာမှော်ပညာရှင်လေ။"

"အမှန်ပဲ ဒီတော့ စည်းမျဉ်းတွေအရ ဆဌမကနေ နဝမအဆင့်ထိ အရည်အချင်းစစ်စာမေးပွဲမှာ မဟာမှော်ပညာရှင် ရှိမှာပဲ။ သူတို့က ညီလာခံကိုကျင်းပပြီး ငါတို့ လူအိုကြီးတွေလို မိတ်ဆွေဟောင်းတွေကိုခေါ်ခဲ့တာက ပထမဆုံးအကြိမ် ဒီလိုပြောင်းလဲမှုလုပ်ဖို့ပဲ၊ ဒီနှစ်ရဲ့ အဆင့်မြင့်မှော်ပညာရှင်စာမေးပွဲမှာ လမ်ပူရီတိုင်းပြည်ရဲ့ မဟာမှော်ပညာရှင်အားလုံး ရှိကြလိမ့်မယ်။" မဟာမှော်ပညာရှင်ကမ်မီလာက ပြန်ဖြေသည်။

ရှုယီ၏မျက်လုံးများလည်း တမုဟုတ်ချင်း တောက်ပသွား၏၊ "ဒါဆို ပြောချင်တာက ခင်ဗျားက စာမေးပွဲအတွက် တာဝန်ကျတယ်ပေါ့? ဒါဆို မဟာမှော်ပညာရှင်ကြီး ကျွန်တော့်ကို အလိုလိုက်လျောပြီး အောင်ခွင့်ပေးမှာလား?"

မဟာမှော်ပညာရှင်ကမ်မီလာက ရှုယီကို အေးစက်စက်ကြည့်ကာ၊ "မင်း ဘယ်လိုထင်လဲ?"

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၁၁၀။ စွန့်စားရတာကို သဘောကျတယ်

အရည်အချင်းစစ်စာမေးပွဲ၏ ပထမနေ့မှာ အကြိုအဆင့်မှော်ပညာရှင်များအတွက်ဖြစ်သောကြောင့် အသိအမှတ်ပြုပြီးမှော်ပညာရှင်ဖြစ်လာလိုသူများစွာ ရှိ‌နေမည်ဖြစ်ရာ လူအများစု ရှိနေလေသည်။

ထို့ကြောင့် ပထမနေ့နှင့်ယှဉ်ပါက ဒုတိယနေ့ရှိ ဒုတိယအဆင့်စာမေးပွဲတွင် လူအတော်နည်းသည်။

ဟုတ်ပါ၏၊ ထိုမျှတော့ နည်းလွန်းနေခြင်းမဟုတ်ပေ။

လမ်ပူရီတိုင်းပြည် မှော်ပညာရှင်များအဖွဲ့အစည်း၏ စာရင်းများအရ လက်ရှိ တိုင်းပြည်အတွင်း၌ အကြိုအဆင့်မှော်ပညာရှင် နှစ်ထောင်နီးနီးရှိလေသည်။ နှစ်စဉ် ၎င်းတို့ကိုယ်ကို ဒုတိယအဆင့်မှော်ပညာရှင်ဖြစ်လာစေလောက်သည့်အထိ သန်မာသည်ဟု ခံစာကြရသောလူများမှာ တစ်ထောင်ကျော်ရှိသည်။

ရှုယီနှင့် စတေးလ်တို့မှာ မြို့ပြင်ရှိ စစ်ဆေးရေးနေရာကို အတူရောက်ရှိကာ အင်မတန်ဆူညံသည့်မြင်ကွင်းကို ကြည့်လိုက်ကြသည်။

နှစ်ဦးသား၏ လက်ရှိစွမ်းဆောင်ရည်ကြောင့် ထို ဒုတိယအဆင့်မှော်ပညာရှင်စာမေးပွဲကိုတော့ ဝင်ပါလိမ့်မည်မဟုတ်ချေ။ ၎င်းတို့အနေနှင့် လတ်တလော ဝင်ရောက်ယှဉ်ပြိုင်ကြမည့် Frestech ကုန်သည်ကြီးများအသင်း၏ မှော်ပညာရှင်များကို အားပေးရန် အထူးတလည်လာရောက်ခြင်းဖြစ်သည်။

Frestech ကုန်သည်ကြီးများအသင်းမှာ မှော်ပညာရှင် သုံးရာနီးနီး စုဆောင်းခဲ့ပြီး မှော်သုတေသနဌာန၌ အလုပ်လုပ်ကြသည့် လေးဆယ့်ခြောက်ဦးမှလွဲလျှင် ကျန်သူများမှာ အလုပ်ရုံ၌ မှော်အစီအရင်များ ရေးဆွဲကြရသည့် တတိယအဆင့်နှင့် အောက် မှော်ပညာရှင်များ ဖြစ်ကြ၏။

ရိုးရှင်းသည့် အလုပ်ကို လုပ်ရန် အလုပ်ရုံလုပ်သားအဖြစ် ဝင်ရောက်လာခဲ့သည့် ထိုမှော်ပညာရှင်များထံ၌ ပါရမီထူးမရှိသဖြင့် စွမ်းအားကို များစွာ မတိုးမြှင့်နိုင်သလို ချိုတဲ့သည့်မိသားစုများရှိ၍ ၎င်းတို့၏မှော်စွမ်းအားတိုးတက်မှုကို ထောက်ပံ့ရန် ငွေအရင်းအမြစ်မရှိကြချေ။ ထို့ကြောင့် တစ်နှစ်အတွင်း ၎င်းတို့ရရှိသည့် စွမ်းအားက များစွာ မြန်ဆန်လိမ့်မည်မဟုတ်။

သို့သော် မှော်ပညာရှင်တစ်ဦးစီအတွက် ၎င်းတို့စွမ်းအားက လိုအပ်ချက်ကို မရောက်ရှိနိုင်မှန်း သိပါလျှင်တောင် နှစ်စဉ် အရည်အချင်းစစ်စာမေးပွဲ၌ ပါဝင်ရမည့် နည်းလမ်းတစ်ခုအား ရှာဖွေလိုနေဆဲဖြစ်သည်။

ကံကောင်းသောကြောင့် အောင်မြင်နိုင်မည်ဟု မျှော်လင့်ချက်ထားရုံအပြင် လုပ်ဖော်ကိုင်ဖက်များစွာနှင့်လည်း ထိတွေ့လာနိုင်ကာ မှော်ပညာရှင်များစွာ အတူတကွစုဝေးနေကြသည့် လေထုကို ခံစားရနိုင်သည်။

မှော်ပညာရှင်များစွာအတွက် နှစ်စဉ် အရည်အချင်းစစ်စာမေးပွဲမှာ မှော်ပညာရှင် ညီလာခံကြီးတစ်ခုနှင့်ပင် ပိုတူနေသေး၏။

ထို့ကြောင့် ရှုယီမှ သုတေသနပညာရှင်များအား အားလပ်ရက်ပေးချိန်တွင် အလုပ်ရုံ လုပ်သားများကိုလည်း အရည်အချင်းစစ်စာမေးပွဲ၌ ပါဝင်ဆင်နွှဲခွင့်ပြုရန် တူညီစွာ ခုနစ်ရက်ပိတ်ပေးထားသည်။

မှော်ပညာရှင်များစွာရှိကာ ရှုယီက သဘောထားကြီးပါလျှင်သော်မှ ၎င်းတို့အားလုံးကိုတော့ ဈေးကြီးသည့် ရှယ်လ်ဒွန် တည်းခိုခန်း၌ နေခွင့်ပြုလောက်သည်အထိ မတတ်နိုင်ချေ။ ထို့ကြောင့် သူဟာ လူတစ်ဦးကို ထောက်ပံ့ကြေး ရွှေဒင်္ဂါးနှစ်ဆယ်ပေးကာ ဖာဆန်ရထားလုံးလုပ်ငန်းစု၏ အန်ဗီမာမြို့တော် အသွားလက်မှတ်တစ်‌စောင်နှင့် ဘန်တာမြို့ အပြန်လက်မှတ် တစ်စောင်စီတို့ကို ထောက်ပံ့ပေးခဲ့ပါ၏။

ထိုသို့ဆိုလျှင်တောင် မှော်ပညာရှင်များစွာက ရှုယီကို ကျေးဇူးတင်ကြသည်။

၎င်းတို့၏ (မှော်)အဆင့်များက အင်မတန်နိမ့်သောကြောင့် ထိုမှော်ပညာရှင်များမှာ ငွေဝင်ရန် ၎င်းတို့၏ မှော်ပညာကို မမှီခိုနိုင်ချေ။ ဆိုလိုသည်မှာ နှစ်စဉ် အန်ဗီမာမြို့တော်ခရီးက ၎င်းတို့အတွက် အင်မတန် ဈေးကြီးပေ၏။

ယခုတွင် Frestech ကုန်သည်ကြီးများအသင်းက ၎င်းတို့ကို အားလပ်ရက် ပေးရုံသာမက ထောက်ပံ့ကြေးပါပေးလာသည်။ ၎င်းတို့မှာ အမှန်ကို အလုပ်အကျိုးအမြတ်ကောင်းများဖြစ်ကြ၏။

ထို့ကြောင့် ရှုယီက မည်သည်ကိုမှ မဆိုပါလျှင်တောင် ထိုမှော်ပညာရှင်များက ၎င်းတို့သိပြီးသား မိတ်ဆွေများနှင့် သိကာစမိတ်ဆွေများကိုပါ ထိုအကြောင်းပြောပြကြလေသည်။ ၎င်းတို့အနေနှင့် Frestech ကုန်သည်ကြီးများအသင်း၌ အလုပ်လုပ်ခြင်းမှ ရရှိခဲ့သမျှ အထူးအ‌ခွင့်အရေးများအားလုံး အကြောင်းကို ဂုဏ်ယူသည့် မျက်နှာ‌ထားများဖြင့် ထုတ်ပြောကြလေသည်။

စာမေးပွဲနေရာ၌ ရှုယီနှင့် စတေးလ်တို့ ပေါ်ထွက်လာချိန်တွင် Frestech ကုန်သည်ကြီးများအသင်း၏ မှော်ပညာရှင်များမှာ ထိုနှစ်ဦးကို ချက်ချင်းသတိထားမိသွားကာ အချိန်တိုအတွင်း၌ ၎င်းသတင်းက စာမေးပွဲနေရာကို ဖြတ်သန်းသွားတော့သည်။

ရှုယီနှင့် စတေးလ်တို့မှာ စာမေးပွဲနေရာရှိ မှော်ပညာရှင်အားလုံးနီးပါး၏အကြည့်တို့မှာ ၎င်းတို့ကို အာရုံစိုက်ထားကြကြောင်း တမုဟုတ်ချင်း တွေ့ရှိလိုက်ကြသည်။

နှစ်ဦးသားမှာ စိုက်ကြည့်ခံရခြင်းဖြင့် နေသားကျနေပြီဖြစ်ရာ ရှုယီက စတေးလ်ကို အပြုံးဖြင့် မေးလေ၏၊ "စတေးလ်, မင်းရဲ့ ဆွဲဆောင်မှုက တကယ်ကို များလွန်းတာပဲ။ ကြည့်ပါဦး၊ ပုံမှန်ဆို လေ့လာတာကို စွဲလန်းနေကြတဲ့ ဒီမှော်ပညာရှင်တွေတောင် မင်းဆီက ဆွဲဆောင် မခံရဘဲ မနေနိုင်ဘူး။"

စတေးလ်က ခေါင်းခါ၍ သံသယအပြည့်ဖြင့် ဆိုလေသည်၊ "မဟုတ်ပါဘူး၊ ဘာလို့ သူတို့က ရှင့်ကိုကြည့်နေတာလို့ ကျွန်မခံစားနေရတာလဲ?"

"ကိုယ့်ကို? ကိုယ့်ကိုကြည့်လို့ဘာရမှာလဲ?" ရှုယီက ပခုံးတွန့်လိုက်သည်။ သူ၏ အကြည့်ကို Frestech ကုန်သည်ကြီးများအသင်းမှ မှော်ပညာရှင်များထံလွဲလိုက်ကာ ၎င်းတို့အား နှုတ်ဆက်ရန် လက်ကို မြှောက်မည်အပြု၌ ၎င်းတို့အကြားရှိ ရင်းနှီးနေသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရ၏။

ရှုယီမှာ မှင်တက်သွားပြီးနောက် အလျင်အမြန်ပင် တက်သွားကာ အပြုံးဖြင့် မေးမြန်းလိုက်လေသည်၊ "ဟေး အာရ်ဝင်း, မင်းက မနက်ဖြန် စာမေးပွဲမှာ ပါမယ်ထင်နေတာ။ ဘာလို့ ဒီနေ့ ဒီကိုရောက်နေတာလဲ?"

ထိုရင်းနှီးနေသည့်ပုံရိပ်မှာ စန်ခိုင်ဆာကျောင်းတော်မှ ရှုယီ၏ အတန်းဖော်ဟောင်းအာရ်ဝင်းဖြစ်သည်။

ရှုယီမှာ အရည်အချင်းစစ်စာမေးပွဲအတွက် အန်ဗီမာမြို့တော်သို့ လာချိန်က သူနှင့် တိုက်မိခဲ့သည်။

ယခင်က အာရ်ဝင်းမှာ ရှုယီနှင့်အတူ အကြိုအဆင့်စာမေးပွဲ၌ ဝင်ပြိုင်ခဲ့ချိန်က ဒုတိယအဆင့်စာမေးပွဲကို အောင်မြင်ရန် ယုံကြည်ချက်ရှိခဲ့ပါသော်လည်း အဆုံး၌ မဖြတ်ကျော်နိုင်ခဲ့ပေ။

ရှုယီမှာ တစ်နှစ်တာ အတွေ့အကြုံပြီးနောက် သူ၏မှော်စွမ်းအားက ဒုတိယအဆင့်မှော်ပညာအဆင့်၏ အထက်လောက်ရောက်နေကာ တတိယအဆင့်မှော်ပညာရှင်အထိ ဖြစ်နေလောက်ပြီဟု ထင်ထားခဲ့သဖြင့် ထိုသို့ မေးလိုက်ခြင်းပင်။

အာရ်ဝင်းက ရှုယီကို မြင်ချိန်တွင် ပြုံးနေသော်လည်း ထိုမေးခွန်းကိုကြားပြီးနောက်၌ ခေါင်းငိုက်စိုက်ချကာ ငြင်းဆန်လိုဟန်ဖြင့် လက်ယမ်း၍ ပြောလေသည်၊ "မပြောစမ်းပါနဲ့၊ ငါ့ကိုယ်ငါ တတိယအဆင့်မှော်ပညာရှင် ဖြစ်လာမယ်ထင်နေခဲ့ပေမယ့် စွန့်စားစရာတွေအများကြီးလုပ်လာရပြီး မှော်ပညာကို လေ့လာဖို့ လုံးဝအချိန်မရှိဖြစ်နေမယ်လို့ ဘယ်သူကထင်မလဲ။ အခုတောင် ငါ့ရဲ့ တိုက်ပွဲအတွေ့အကြုံတိုးလာတာကလွဲရင် မှော်စွမ်းအားက အရင်နှစ်ကနဲ့ယှဉ်ရင် များများစားစားတိုးမလာပါဘူး။ ဒုတိယအဆင့်‌စာမေးပွဲကို အောင်နိုင်ရင်တောင် အဆင်ပြေနေပြီ၊ ဘယ်လိုများ တတိယအဆင့်စာမေးပွဲကို အောင်မြင်ဖို့ တွေးနိုင်မှာလဲ။"

ရှုယီက အနည်းငယ် အံ့ဩသွားသည်။ အာရ်ဝင်း၏ မှော်ပညာအရည်အချင်းက သူ့လောက်မကောင်းပါသော်လည်း စန်ခိုင်ဆာကျောင်းတော်၌ အတော်လေး ကောင်းသည်ဟု ယူဆရနိုင်ဆဲပင်။ ယေဘုယျလမ်းကြောင်းကို အခြေခံရလျှင် တစ်နှစ်လောက် ကြီးလာပြီးနောက် သူ၏စွမ်းအားမှာ များစွာတိုးလာသင့်ပေသော်လည်း အဘယ့်ကြောင့် အနည်းငယ်သာ တိုးတက်လာရသနည်း?

အာရ်ဝင်းက နှာမှုတ်ကာ ဆဲရေးလာသည်၊ "အဲဒီ့ စွန့်စားသူ ဇာတ်လမ်းတွေနဲ့ လှည့်ဖျားခံလိုက်ရတာလေ! ဇာတ်‌လမ်းတွေမှာ ပြောထားတာတော့ စွန့်စားခန်းတွေ များများလုပ်နေပြီး တိုက်ပွဲအစစ်အမှန်မှာ ပါဝင်နေသရွေ့ မှော်ပညာရဲ့ နားလည်နိုင်စွမ်းကလည်း မြန်မြန်တိုးတက်လာပြီး စွမ်းအားကို တိုးမြှင့်နိုင်မယ်တဲ့! -ျီးပဲ! ငါ့ရဲ့ မှော်ပညာကို နားလည်နိုင်စွမ်းတော့ တိုးလာပေမယ့် လေ့လာဖို့ အချိန်လုံးဝမရှိတော့ မှော်အစွမ်းက ဘယ်လို မြန်မြန်တိုးတက်လာမှာတဲ့လဲ?"

ထိုအကြောင်းပြချက်ကိုကြားသော် ရှုယီမှာ အတော်လေးဆွံ့အသွားရသည်။

တကယ်တမ်းတွင် ယခင်က သူ့ထံ၌လည်း အာရ်ဝင်းနှင့် တူညီသည့် အကြံရှိခဲ့၏။ သူသာ မှော်စက်များကို မတီထွင်ဘဲ Frestech ကုန်သည်ကြီးများအသင်းကို မတည်ထောင်ခဲ့ပါလျှင် သူလည်း ထိုလမ်းကြောင်းကို ရွေးချယ်မိလောက်သည်။

"ထားပါတော့၊ အဲ့လို စိတ်ဆင်းရဲစရာတွေ မပြောတော့ဘူး။ ဒါက သခင်မလေး စတေးလ်ဖြစ်ရမယ်? သတင်းစာတွေထဲမှာ မင်းက ရှုယီရဲ့ လက်ရှိကောင်မလေးလို့ ပြောထားတယ်လေ?" အာရ်ဝင်း၏မျက်လုံးများက ရှုယီနံဘေးရှိ စတေးလ်ထံကျရောက်လာကာ အံ့ဩသွားဟန် မပြဘဲ မနေနိုင်တော့ပေ။

စတေးလ်က အပြုံးဖြင့် အာရ်ဝင်းထံ ယဉ်ကျေးသောမိန်းမငယ် တစ်ဦးနှယ် ခေါင်းညွှတ်နှုတ်ဆက်လိုက်သည်။ "ဟုတ်ပါတယ်၊ ကျွန်မက စတေးလ်ပါ။ ဟယ်လို အာရ်ဝင်း, ကျွန်မ ရှုယီဆီကနေ စန်ခိုင်ဆာကျောင်းတော်က ကျောင်းနေဖက်တွေအကြောင်း ပြောတာကြားဖူးတယ်၊ ရှင့်အကြောင်းကိုတော့ အများဆုံးပြောနေကျပဲ။ တွေ့ရတာ ဝမ်းသာပါတယ်။"

"ကျွန်တော်လည်း တွေ့ရတာ ဝမ်းသာပါတယ်။" အာရ်ဝင်းက စတေးလ်ကိုကြည့်ပြီးမှ ရုတ်တရတ် ရှုယီ၏လည်ပင်းကို ဖမ်းဆုပ်ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်၊ "မင်း ခွေးကောင်! တစ်နှစ်လောက် တစ်ယောက်နဲ့ တစ်ယောက် မတွေ့ကြတဲ့နောက်မှာ မင်းက ဒီလို ကောင်မလေးလှလှလေးကို ရသွားတယ်ပေါ့! ရိုင်းနဲ့ တခြားလူတွေသာ ဒါကိုသိရင် အားကျလွန်းလို့ သေချာပေါက် ရူးသွားကြလိမ့်မယ်!"

ရှုယီကရယ်လျက် အာရ်ဝင်း၏ဖမ်းဆုပ်ထားမှုမှ ရုန်းလိုက်သည်။

"ငါက ကံကောင်းတာကြောင့်လေ မင်းတို့ကောင်တွေ ငါ့ကိုတောင် မယှဉ်နိုင်ပါဘူး။"

အာရ်ဝင်းက ရှုယီအား မျက်လုံးလှိမ့်ပြပြီးမှ ရုတ်တရတ် သက်ပြင်းချသည်၊ "သခင်မလေး စတေးလ်လို ချစ်သူချောချောလေးရနိုင်တာက မင်းရဲ့ကံကောင်းမှုကြောင့်ဆိုပေမယ့် Frestech ကုန်သည်ကြီးများအသင်းကို ဖွင့်ထားတာတော့ မင်းရဲ့ကံကြောင့်မဟုတ်ဘူး မလား? မင်းက အမြဲတမ်း ကျောင်းမှာလည်း အဲ့လိုထူးဆန်းတာတွေလုပ်ရတာ သဘောကျတယ်လေ၊ ဒီအရာတွေကိုသုံးပြီး အဲ့လိုလုပ်ငန်းစုကြီးတစ်ခု တည်ထောင်နိုင်မယ်လို့ မထင်ခဲ့မိဘူး။ ငါ စွန့်စားခန်းတွေထွက်ချိန်ကတောင် Frestech ကုန်သည်ကြီးများအသင်းရဲ့နာမည်ကို ခဏခဏ ကြားခဲ့ရတယ်။ ရှုယီ မင်းက တကယ်ကို ကောင်းကောင်း တိုးတက်လာတာပဲ။"

"ဟုတ်ပါတယ်" ရှုယီက ကျိုးနွံစွာပြုံးလိုက်သည်။ အာရ်ဝင်း၏မျက်နှာထက်ရှိ ရှုပ်ထွေးနေဟန်ကိုမြင်သော် သူ၏ စိတ်နှလုံးက လှုပ်ရှားသွားရင်း မေးလိုက်လေ၏၊ "အာရ်ဝင်း, မင်းက စွန့်စားခန်းတွေ ဒီလောက်ထွက်ရင်း နာကျင်နေပြီး မင်းရဲ့မှော်စွမ်းအား တိုးတက်ဖို့လည်း အဲ့လောက် အထောက်အကူမဖြစ်မှတော့ ငါတို့လုပ်ငန်းစုမှာ အလုပ်လာလုပ်ရင်ရော ဘယ်လိုလဲ? ရွန်နီက လက်ရှိမှာ တစ်လကို ရွှေဒင်္ဂါးနှစ်ဆယ်ကျော် ဝင်ငွေရှိပြီး မှော်စွမ်းအားကလည်း လုံးဝမကျသွားဘူး။ မင်းလာမယ်ဆိုရင်လည်း စွန့်စားခန်းတွေထွက်တာထက် အတော်လေးပိုကောင်းလောက်မယ်လို့ထင်တယ်၊ ဟုတ်တယ်မလား?"

"ငါသိပါတယ်၊ ရွန်နီနဲ့ ငါအရင်‌ကတွေ့တော့ သူပြောတယ်လေ။" အာရ်ဝင်းက သက်ပြင်းချသည်၊ "မင်းမှန်ပါတယ်၊ မင်းတို့ Frestech ကုန်သည်ကြီးများအသင်းမှာ အလုပ်လာလုပ်ကတာက တကယ်ကို အရမ်းကောင်းတဲ့ ရွေးချယ်မှုပဲ၊ ဒါပေမယ့်..... စွန့်စားခန်းတွေထွက်တာက အကျိုးမရှိသလို မလုံခြုံကြောင်း ငါသိသွားပေမယ့်လည်း စွန့်စားခန်းတွေ ထွက်ချင်သေးတယ်။ ငါတော့ ဒီစွန့်စားရတဲ့ဘဝကို သဘောကျလွန်းနေပြီး လွယ်ကူတည်ငြိမ်တဲ့ဘဝကို သဘောမကျဘူးလို့ ခံစားရတယ်။"

"မင်း အတည်ပြောနေတာလား?"

"အင်း၊ အတည်"

အာရ်ဝင်းက စိတ်ကို ပြင်ဆင်ပြီးဖြစ်သည်အား မြင်သော် ရှုယီလည်း ကူရာမဲ့စွာ ခေါင်းသာငြှိမ့်လိုက်နိုင်ပြီး ပြောလေသည်၊ "ကောင်းပြီ၊ လူတိုင်းမှာ သဘောကျတာရှိတယ်ဆိုတော့ ငါမင်းကို တွန်းအားမပေးပါဘူး။ ဒါပေမယ့် အာရ်ဝင်း, ငါတို့လုပ်ငန်းစုမှာ မင်းအတွက် နေရာတစ်ခုချန်ထားမှာမို့ မင်းသာ စွန့်စားရတဲ့ဘဝကို ငြီးငွေ့လာရင် ငါ့ကို ဘယ်အချိန်မဆို လာရှာလို့ရတယ်။"

အာရ်ဝင်းက ရှုယီ၏ပခုံးကို အပြုံးကြီးကြီးဖြင့် ပုတ်ကာ စတေးလ်ဘက် လှည့်ကြည့်လိုက်၏၊ "ကြည့်ပါဦး၊ သခင်မလေးစတေးလ်, ရှုယီက အခြားလူတွေကို စဉ်းစားပေးရတာ သဘောကျတဲ့လူပဲ၊ ဒါကြောင့် ကျွန်တော်တို့ ကျောင်းတုန်းက သူ့နောက်လိုက်ခဲ့တာလေ။ မင်းက လှပပြီး ရှုယီအနေနဲ့ မင်းလိုကောင်မလေးမျိုးရတာဟာ အရမ်းကံကောင်းပေမယ့် ရှုယီလို ကောင်လေးမျိုးကို ရထားတာကလည်း မင်းကံကောင်းလို့,လို့ ပြောချင်တယ်။"

အာရ်ဝင်း၏အသံ‌အနေအထားက အင်မတန် မယဉ်မကျေးဖြစ်နေသော်လည်း စတေးလ်က စိတ်မကွက်သွားချေ။ သူမက ချိုသာစွာပြုံးလျက်သာ ခေါင်းငြှိမ့်၍ ဆိုလာသည်၊ "သတိပေးတဲ့အတွက် ကျေး‌ဇူးပါ၊ ဒါပေမယ့် ကျွန်မက ဒါကို သိပြီးသားပါ။"

"ဟားဟား ဒါဆိုကောင်းတယ်" အာရ်ဝင်းက ရယ်လိုက်ပြန်ကာ အနီးနားရှိ မှော်ပညာရှင်များကို လှည့်ကြည့်၏။ သူက ရုတ်တရတ် အသံတိုးလျက် ရှုယီကိုပြောလေသည်၊ "ရှုယီ၊ တကယ်တော့ မင်းတို့လုပ်ငန်းစုအတွက် မှော်ပညာရှင်တွေ ပိုစုဆောင်းချင်တယ်ဆိုရင် အခုက အရမ်းကောင်းတဲ့ အခွင့်ရေးပဲ။ ပြောပြဦးမယ်၊ မင်းတို့ လုပ်ငန်းစုက လူတွေကြောင့် လူအတော်များများက Frestech ကုန်သည်ကြီးများအသင်းကို လိုက်မေးနေပြီး စိတ်ဝင်စားနေကြတာကို ငါတွေ့ခဲ့တယ်။ အရင်နှစ်ကလိုလုပ်မယ်ဆိုရင် မင်း သေချာပေါက် မင်းတို့ Frestech ကုန်သည်ကြီးများအသင်းကို ဝင်လာဖို့ သဘောတူမယ့် လူအတော်များများကို သေချာပေါက် ရှာတွေ့မယ်လို့ ခံစားရတယ်။"

ရှုယီက အပြုံးဖြင့် ခေါင်းငြှိမ့်ကာ၊ "ဟုတ်ပါပြီ၊ မင်းရဲ့ သတိပေးမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်ကွာ။"

All Chapters