← Chapters

အခန်း (၁၂၁-၁၃၀)

Vol. 2 Ch. 121-130

အခန်း (၁၂၁-၁၃၀)

Vol. 2 Ch. 121-130

Vol 2, အခန်း ၁၂၁။ လောင်းကစားသမား

မဟာမှော်ပညာရှင် ကမ်မီလာမှာ နေ့လည်စာမတိုင်ခင်တွင် အဆောက်အဦထံသို့ မှုန်မှိုင်းစွာ ပြန်လာသည်မှာ ခံစာချက် မကောင်းပုံပင်။

ရှုယီ မျှော်လင့်ထားသလိုပင် သူနှင့် ဥက္ကဌအီရန်တို့၏ တွေ့ဆုံမှုမှာ တကယ်ကို မည်သည့် ရလာဒ်မှ မရှိခဲ့ပေ။

ဥက္ကဌအီရန်က မဟာမှော်ပညာရှင် ကမ်မီလာထံ အန်ကဲအီရန်အနေနှင့် အယ်လ်ရီအား ဒဏ်ရာရစေသောကြောင့် တောင်းပန်ကာ မဟာမှော်ပညာရှင် ကမ်မီလာက ၎င်းကိစ္စကြောင့် ကိုယ်တိုင်ရောက်လာသဖြင့် အံ့ဩသွားပါသော်လည်း အန်ကဲအီရန်အား မည်သို့ အပြစ်ပေးမည့်အကြောင်းရောက်လာချိန်တွင် သူဟာ ဖြစ်နိုင်‌ချေတိုင်းနှင့် ၎င်းကို ရှောင်ရှားခဲ့၏။

မဟာမှော်ပညာရှင် ကမ်မီလာက အကြိမ်ပေါင်းများစွာမေးခဲ့ပြီး ဥက္ကဌအီရန်မှာ အရည်အချင်းစစ်စာမေးပွဲ၌ ဒဏ်ရာရသည်က စည်းမျဉ်းများထဲတွင် ခွင့်ပြုထားသဖြင့် စာမေးပွဲဝင်ဖြေသည့် မည်သည့် မှော်ပညာရှင်မဆို ပြင်ဆင်ထားသင့်သည်ဟုပင် ဆိုလာသေး၏။ ထို့ကြောင့် အန်ကဲအီရန်မှာ အယ်လ်ရီကို ဒဏ်ရာရစေခဲ့သော်လည်း မှားယွင်းနေသည့် အရာမရှိချေ!

ထိုအချက်သို့ ရောက်ချိန်တွင် မဟာမှော်ပညာရှင် ကမ်မီလာမှာ ဥက္ကဌအီရန်က အန်ကဲအီရန်ကို ကာကွယ်ချင်နေသောကြောင့် မည်သည်ကိုမှ မပြောနိုင်မှန်းသလိုက်သဖြင့် ဒေါသတကြီးသာ ထွက်လာနိုင်သည်။

"သေစမ်းကွာ! နောက်တစ်ခါ ဌာနချုပ်အစည်းအဝေးကျရင် သူ့ကို သေချာပေါက် စွဲချက်တင်လိုက်မယ်! ဌာနခွဲဥက္ကဌအနေနဲ့ တကယ်ပဲ သူ့ရဲ့ဆွေမျိုးတွေကို ကာကွယ်ဖို့ အာဏာကိုသုံးပြီး တခြားမှော်ပညာရှင်တွေရဲ့လုံခြုံမှုကို ဂရုမစိုက်တော့ ဥက္ကဌနေရာနဲ့ လုံးဝကို မထိုက်တန်နေဘူး!" မဟာမှော်ပညာရှင် ကမ်မီလာက ဒေါသတကြီး ထိုသို့ ပြောလာသည်။

သူဟာ မဟာမှော်ပညာရှင် ကမ်မီလာထံမှ ဆူငေါက်ခံခဲ့ရဖူးသော်လည်း ဤသည်က မဟာမှော်ပညာရှင် ကမ်မီလာအနေနှင့် အမှန်တကယ် ဒေါသထွက်နေကြောင်း ရှုယီ ပထမဆုံး မြင်တွေ့ရသည့် အချိန်ပင်။ ရှုယီမှာ သူက ဒေါသဖြစ်နေစဉ်တွင် ကလေးတစ်ယောက်နှယ်ပြောဆိုကာ အကျိုးဆက်ကို လုံးဝ ဂရုမထားဘဲနေမည်ဟု မထင်ခဲ့မိချေ။

မဟာမှော်ပညာရှင်တစ်ဦးအနေနှင့် မှော်ပညာရှင်များအဖွဲ့အစည်း၏ ဌာနချုပ်၌ ဌာနခွဲဥက္ကဌကို စွဲချက်တင်ခြင်းမှာ အင်မတန် လေးနက်သည့် ကိစ္စရပ်ပင်။

မဟာမှော်ပညာရှင်တစ်ဦး၏ အထောက်အထားက ထူးခြားလှသဖြင့် မဟာမှော်ပညာရှင်တစ်ဦးကို စွဲချက်တင်ချိန်တွင် မှော်ပညာရှင်များအဖွဲ့အစည်းမှာ ထိုကိစ္စကို အရေးပေးက နှံ့နှံ့စပ်စပ် စုံစမ်းစစ်ဆေးလိမ့်မည်။

စုံစမ်းမှု၏ရလာဒ်က မည်သည်ဖြစ်စေ မဟာမှော်ပညာရှင် ကမ်မီလာနှင့် ပဲလ်မက်စ်အီရန်တို့၏ ဆက်ဆံရေးကို လုံးဝ ဖြတ်တောက်လိုက်လိမ့်မည်။

အားလုံးက လမ်ပူရီတိုင်းပြည်ကြီး၏ မကြီးမားလှသော မဟာမှော်ပညာရှင် အသိုင်းအဝိုင်းနှင့် သက်ဆိုင်နေလေရာ ထိုကိစ္စပြီးနောက်တွင် ရလာဒ်က မည်သည်ဖြစ်ဖြစ် မည်သည့်ဘက်ကမှ အကျိုးအမြတ်ရမည်မဟုတ်ချေ။

"ငါက ဘာကိုကြောက်ရမှာလဲ! သူကတကယ်ကြီး ဥက္ကဌအနေနဲ့ ဒီလိုလုပ်တာလေ၊ သူ့ရဲ့တာဝန်တွေကို လျစ်လျူရှုနေတာပဲ! ငါ့ရဲ့ ကိုယ်ပိုင်အကျိုးအမြတ်တွေကိုပဲ ဂရုစိုက်နေပြီး သူ့ကို စွဲချက်မတင်ရင် ငါ ဘယ်လိုလူဖြစ်သွားမလဲ?" စတေးလ်၏တိုက်တွန်းမှုများကို ကြားသော် မဟာမှော်ပညာရှင်ကမ်မီလာက အင်မတန် ဒေါသဖြစ်လာကာ ညှိနှိုင်းမည့် လက္ခဏာလည်း လုံးဝမရှိချေ။

စတေးလ်က မဟာမှော်ပညာရှင်ကမ်မီလာ၏ ခေါင်းမာသည့်စရိုက်ကို အပြည့်အဝသတိထားသလို သူ့အား ဖြောင်းဖျရန် အခွင့်အရေးလည်း မရှိကြောင်း သိသဖြင့် ရှုယီကို အကူညီတောင်းသည့်ဟန်ဖြင့်သာ ကြည့်လိုက်နိုင်သည်။

ရှုယီက စတေးလ်အား စိတ်ငြိမ်ငြိမ်ထားရန် ပြောသည့်နှယ် အကြည့်တစ်ချက်ပို့လွှတ်ပြီးနောက် မဟာမှော်ပညာရှင်ကမ်မီလာကို ပြောလိုက်၏၊ "မဟာမှော်ပညာရှင်ကြီး၊ အန်ကဲအီရန်ကို အပြစ်ပေးဖို့က မခက်ပါဘူး၊ သူ့ကိုအပြစ်ပေးဖို့ ဥက္ကဌအီရန်ကို တွန်းအားပေးဖို့လည်းမလိုဘူး။ အဲ့ကောင်က ဥက္ကဌအီရန်ရဲ့ တစ်ဦးတည်းသောသားဖြစ်ပြီး သူ့အမေကလည်း အလိုလိုက်ဖျက်ဆီးထားတာကြောင့် ဥက္ကဌအီရန်အတွက် တစ်ခုခုလုပ်ဖို့ မလွယ်ဘူးလေ။"

မဟာမှော်ပညာရှင်ကမ်မီလာက သူ့အား စိုက်ကြည့်လာသည်၊ "ဒီတော့ မင်း အဲဒီကောင်မလေး ဘယ်လာကို အယ်လ်ရီအတွက် တရားမျှတမှုရအောင်ယူပေးပါမယ်လို့ ကတိပေးထားတာကို မေ့သွားတာများလား?"

ရှုယီမှာ အံ့ဩသွားသည်၊ မဟာမှော်ပညာရှင်ကမ်မီလာက အနှီကိစ္စကို ဂရုစိုက်မည်ဟု မျှော်လင့်မထားခဲ့ချေ။ သူ၏ စိတ်နှလုံးက မလှုပ်ရှားဘဲ မနေနိုင်ဖြစ်နေရင်း ခေါင်း အသာ ခါလိုက်၏။

"မဟုတ်ပါဘူး၊ ကျွန်တော်ပြောတာက ဥက္ကဌအီရန်အနေနဲ့ အန်ကဲအီရန်ကို အပြစ်ပေးဖို့ တစ်ခုခုလုပ်စရာမလိုဘူးလို့ပါ။ မဟာမှော်ပညာရှင်ကြီး၊ ကျွန်တော့်ကို နှစ်ရက်ပဲပေး သေချာပေါက် အန်ကဲအီရန်ကို အပြစ်ခံရအောင် လုပ်ပေးမယ်။ စိတ်သာချလိုက်။"

မဟာမှော်ပညာရှင်ကမ်မီလာမှာ အံ့ဩသွားလျက် ယုံကြည်မနေချေ၊ "မင်းဘာသာ သွားပြီးတိုက်ခိုက်ဖို့ စီစဉ်နေတာတော့ မဟုတ်လောက်ပါဘူးနော်?"

ရှုယီက ရယ်မောကာ၊ "စိတ်ချပါ၊ ကျွန်တော် အဲ့သလောက် မတုံးပါဘူး။ အတိအကျဘယ်လိုဆိုတာကတော့..... စောင့်ပြီးသာ ကြည့်လိုက်ပါ။"

မဟာမှော်ပညာရှင်ကမ်မီလာက ရှုယီကို ရှုပ်ထွေးနေဟန်ဖြင့်ကြည့်လိုက်ပြီးနောက် နံဘေးရှိ စတေးလ်က ပြုံးနေသည်ကိုမြင်သော် သူလည်း မရေရွတ်ဘဲ မနေနိုင်တော့ပေ၊ "မင်း ဒီတစ်ခေါက်ရော ဘယ်လိုထူးထူးဆန်းဆန်းတွေလုပ်ဦးမယ်ဆိုတာ ငါမသိဘူး။ ကောင်းပြီလေ၊ မင်းက သူ့ကို တာဝန်ယူဖို့ နည်းလမ်းရှိတယ်ပြောမှတော့ မင်း ဆန္ဒရှိသလိုသာလုပ်ပါ။ ဒါပေမယ့် မင်းမလုပ်နိုင်ရင် ငါက လှုပ်ရှားရမှာပဲ။"

"စိတ်ချပါ၊ ကျွန်တော်တို့က မဟာမှော်ပညာရှင်ကြီးလို အဘိုးအိုတစ်ယောက်ကို ကိုယ်တိုင် လှုပ်ရှားခွင့်ပြုမှာမဟုတ်ပါဘူး။" ရှုယီက အပြုံးနှင့်ဆိုသည်။

အန်ဗီမာမြို့တော်၏ တောင်ဘက် ဝေးလံသော လမ်းလေးတစ်ခု၌ ဖြစ်သည်။

နေ့အချိန်တွင် ဤနေရာအား မည်သူတစ်ဦးတစ်ယောက်ကမျှ ဖြတ်မသွားသော်လည်း ညအချိန်ရောက်လာသည်နှင့် ရုတ်တရတ် သက်ဝင်လှုပ်ရှားလာတော့၏။

ဤသည်မှာ ထိုလမ်းထံ၌ အန်ဗီမာမြို့တော်၏ အကြီးမားဆုံး ကာစီနိုနှင့် အဆင့်မြင့် ပြည့်တန်ဆာအများဆုံး ရှိသောနေရာ ဖြစ်ခြင်းကြောင့်ပင်။ ညတိုင်းလိုလို ၎င်းတို့ကိုယ် ၎င်းတို့ အနှီနေရာ၌ နှစ်မြှုပ်ကာ သာယာမှုလာရှာ သူများစွာ ရှိသည်။

အန်ကဲအီရန်က အားအနည်းငယ်သုံးလျက် ရင်ဘတ်တစ်နက်လောက် လှစ်ဟကာ ရှေ့တိုးလာသည့် မိန်းကလေးကို ဘေးသို့တွန်းလျက် ပို၍မြန်မြန်ထွက်သွားကာ လမ်းအလယ်ဗဟို၌ ဇိမ်ကျစွာ တန်ဆာဆင်ထားသည့် တောက်ပလင်းထိန်နေသော အဆောက်အဦထံ ဦးတည်လိုက်တော့၏။

၎င်းမှာ ဤလမ်းနှင့် အန်ဗီမာမြို့တော်၏ အကြီးဆုံး ကာစီနိုဖြစ်ပြီး Awp ကာစီနိုဟု ခေါ်သည်။

အန်ကဲအီရန်မှာ ယခုနှစ်တွင် အသက်ဆယ့်ရှစ်သာရှိသေးသော်လည်း ဤနေရာ၌ ဖောက်သည်ဖြစ်နေပြီးသားပင်။ တံခါးထဲဝင်ပြီးနောက် သူဟာ အလေ့အကျင့်အတိုင်း တံခါးစောင့်ကို ဘောက်ဆူး ငွေဒင်္ဂါးနှစ်ပြားပေးကာ ရွှေဒင်္ဂါးတစ်ရာကို လဲလှယ်ရန် သူ့နောက် လိုက်ခိုင်းပြီးနောက် ၃၆ဂဏန်းလောင်းကစားဆုံလည်ဂိမ်း(roulette) စားပွဲဝိုင်းဆီ ဦးတည်လိုက်၏။

လွန်ခဲ့သည့် သုံးနှစ်အကြာက သူ ကာစီနိုထဲဝင်လာကတည်းက တစ်ချိန်ပြီးတစ်ချိန် သူ၏ ကံကို လာလာစမ်းကြည့်တတ်သည်။

သုံးနှစ်ကြာပြီးနောက်တွင် ဤနေရာ၌ ရွှေဒင်္ဂါးငါးထောင်ကျော်ရှုံးခဲ့ပြီးဖြစ်သော်လည်း အမြဲတမ်း လာကစားနေဆဲပင်။

မည်သို့ဖြစ်စေ၊ သူ့ထံ၌ မည်သည့်ငွေမှမရှိလျှင်တောင် မိခင်ဆီက အနည်းငယ်တောင်းလိုက်ဖို့သာ လိုပြီး သူမကလည်း သေချာပေါက် ပေးလိမ့်မည်ဖြစ်လေရာ သူ့အတွက် ဖိအားဟူသည်မရှိချေ။

ဆုံလည် လှည့်ပတ်နေသည်ကိုကြည့်ရင်း အန်ကဲအီရန်က နေရာတစ်ခုကို သာမန်ကာလျှံကာ ရွေးချယ်၍ ရွှေဒင်္ဂါးတစ်ပြားကို အစက်သေးလေးတစ်ခုထက် ပစ်လိုက်သည်။

ဆုံလည်ရပ်သွားပြီး တစ်အောင့်အကြာတွင် ဆယ့်ခြောက်၌ ရပ်သွားကာ အန်ကဲအီရန် ရှုံးကြောင်း ပြသနေသည်။

သို့သော် သူဟာ လုံးဝဂရုမစိုက်ပေ။ အလှည့်ပေါင်းများစွာ ကစားပြီး ရွှေဒင်္ဂါး ခုနစ်ပြားရှုံး‌ပြီးနောက် ယနေ့ ကံမကောင်းဟု ခံစားလိုက်ရသဖြင့် တစ်ခုခုကစားဖို့သာ စီစဉ်လိုက်တော့သည်။

သို့သော် သူလှည့်လိုက်ချိန်၌ ရုတ်တရတ် တစ်ယောက်ယောက်ရောက်လာကာ ဆုံလည်စားပွဲထက်သို့ ရွှေဒင်္ဂါးတစ်ရာ ပစ်တင်လိုက်သည်ကို မြင်လိုက်ရသည်။

စားပွဲရှိ အခြားလောင်းကစားသမားများအားလုံးလည်း အံ့ဩသွားကြ၏။

ခန်းမထဲရှိ လောင်းကစားသမားများမှ များများစားစားမကစားကြဘဲ အချိန်အများစု‌တွင် ရွှေဒင်္ဂါး တစ်ပြားမှ ဆယ်ပြားအထိသာ ပစ်သော်ငြား ဤလူက ရုတ်တရတ်ကြီး ရွှေဒင်္ဂါးတစ်ရာ ပစ်လာသည်။ သူဟာ အတော်‌လေး ချမ်းသာပုံပေါ်၏။

အန်ကဲအီရန်လည်း မနေနိုင်ဘဲ ရုတ်တရတ်ဝင်လာသည့် ထိုလူချမ်းသာကို ကြည့်လိုက်မိသည်။ ခန်းမထဲ ချိတ်ဆွဲထားသည့် မှော်မီးအိမ်အလင်းနှင့်အတူ ထိုလူမျက်နှာကို မြင်ချိန်၌ အံ့ဩသွားရသည်။

"အာဂေါ့ထ်? တကယ်ကြီး မင်းလား!"

ရုတ်တရတ်ဝင်လာသည့် လူချမ်းသာမှာ အန်ကဲအီရန် သိကျွမ်းထားပြီးသား အာဂေါ့ထ်ဖြစ်သည်။

အန်ကဲအီရန်မှာ လွန်ခဲ့သည့် သုံးနှစ်အကြာက ပထမဆုံးအကြိမ် ကာစီနိုသို့ လာချိန်တွင် အာဂေါ့ထ်က ဤနေရာသို့ ခေါ်လာခဲ့သည်ဟု ဆိုရမည်။

လွန်ခဲ့သည့် ၂နှစ်အကြာက နှစ်ဦးသားမှာ ကာစီနိုသို့ မကြာခဏ အတူလာခဲ့ကြ၏။

သို့သော် လွန်ခဲ့သည့်နှစ်က အာဂေါ့ထ်မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ သူက စီးပွားတချို့လုပ်နေသည်ဟု ကြားခဲ့ရ၏။

အာဂေါ့ထ်က ရုတ်တရတ် သူ့ရှေ့၌ ပေါ်လာကာ ထိုကဲ့သို့ ရွှေဒင်္ဂါးတစ်ရာကို တိုက်ရိုက် ပစ်လိုက်မည်ဟု မစဉ်းစားမိခဲ့ဖူးချေ!

ထိုအော်သံကိုကြားသော် အာဂေါ့ထ်က အန်ကဲအီရန်ကို ယခုမှ ပထမဆုံး သတိထားမိသည့်နှယ် ပြုမူကာ တအံ့တဩကြည့်လာ၏။

"ဟမ်? တကယ်ကို ကောင်လေး အီရန်ပဲ။ ဘာလဲ? ဒီနေ့ ဘာလို့ ဒီနေရာမှာ ကစားဖို့လာခဲ့တာလဲ?"

"ခင်ဗျားကိုသာ ဒီလို‌မေးရမှာမဟုတ်ဘူးလား? ဒီကို မလာတာ တစ်နှစ်လောက်ရှိနေပြီလေ၊ ဘာလို ဒီနေ့မှ ရုတ်တရတ် ရောက်လာတာလဲ? ပြီးတော့လည်း....." အန်ကဲအီရန်က စားပွဲထက်ရှိ ရွှေဒင်္ဂါးတစ်ရာ တိုကင်ပြားကို ညွှန်ပြကာ ခက်ခက်ခဲခဲဖြင့် မေးလာ၏၊ "ခင်ဗျားက တကယ်ချမ်းသာတာပဲ၊ တကယ်ကြီး တစ်ကြိမ်တည်းနဲ့ ရွှေဒင်္ဂါးတစ်ရာကို ပစ်လိုက်တယ်ပေါ့?"

အာဂေါ့ထ်က ရယ်မောလျက်နှင့်၊ "ဒါကို ချမ်းသာတယ်လို့သတ်မှတ်မရဘူးလေ၊ ဗစ်တာတို့နဲ့ အတူစီးပွားလုပ်ရင်းက ရတဲ့ ပိုက်ဆံလေး နည်းနည်းပါပဲ။"

အန်ကဲအီရန်က ဆက်မေးမနေတော့ဘဲ ဆုံလည်ဂိမ်းကိုကြည့်ဖို့သာ လှည့်လိုက်၏။

သူက စကားဝိုင်းကို အဆုံးသတ်၍ ဆုံလည်ဂိမ်းကိုသာ တည့်တည့်စိုက်ကြည့်နေလိုက်သည်။

ဆုံလည်က နောက်ဆုံးတွင် ဆယ့်ကိုး၌ရပ်သွားပြီး အာဂေါ့ထ်က တိုကင်ပြားကို ဆယ့်လေး၌ထား,ထားသဖြင့် သဘာဝကျကျပင် လွဲသွားခဲ့သည်။

အန်ကဲအီရန်လည်း မနေနိုင်ဘဲ သက်ပြင်းချကာ၊ "အိုင်း.... လွဲသွားပြီ။"

အာဂေါ့ထ်လည်း ဂရုမစိုက်ဟန်ဖြင့် ပခုံးတစ်ချက်တွန့်ကာ၊ "ဘာမှမဖြစ်ပါဘူး၊ ပုံမှန်ပဲလေ။"

အာဂေါ့ထ်၏ စိတ်အေးသက်သာနေဟန်ကိုမြင်သော် အန်ကဲအီရန်၏မျက်နှာမှာ မထိန်းနိုင်အောင် တွန့်ရှုံ့လာသည်။

သူဟာ ရွှေဒင်္ဂါးတစ်ရာသာ ယူလာခဲ့ပြီး ရွှေဒင်္ဂါးတစ်ပြားရှုံးချိန်တိုင်း နာကျင်သလိုခံစားနေခဲ့ရသည်။ သို့သော် အာဂေါ့ထ်က ရုတ်တရတ်ကြီး ရွှေဒင်္ဂါးတစ်ရာရှုံးခဲ့သော်ငြား ဂရုစိုက်ဟန် လုံးဝရှိမနေချေ။

အာဂေါ့ထ် ပေါ်လာကတည်းက အန်ကဲအီရန်မှာ ထွက်သွားဖို့ မပြင်တော့ဘဲ နှစ်ဦးသာ အကြိမ်များစွာ အတူကစားခဲ့ကြ၏။

အာဂေါ့ထ်က အကြိမ်တိုင်း ရွှေဒင်္ဂါးတစ်ရာပစ်ထည့်ကာ နံပါတ်တစ်ခုကိုသာ ရွေးသဖြင့် ရှုံးမည့်အခွင့်ရေးများသည်။

မျက်တောင်တစ်ခတ်စာအတွင်းတွင် သူဟာ စုစုပေါင်း ရွှေဒင်္ဂါးတစ်ထောင် ရှုံးခဲ့ပြီးဖြစ်၏။

သို့သော် အာဂေါ့ထ်၏အမူအရာက လုံးဝမပြောင်းပေ။ စားပွဲရှိ အခြားလောင်းကစားသမားများမှာ အနှီလူချမ်းသာကိုကြည့်ရင်း တိတ်ဆိတ်နေကာ မည်သို့ပြောရမည်မှန်းပင် မသိ‌ကြတော့ချေ။

အားလုံး ကြည့်နေကြသည်ကိုမြင်သော် သူ့ကို ကြည့်နေကြခြင်း မဟုတ်ကြောင်းသိသော်လည်း အန်ကဲအီရန်မှာ မျက်နှာများပူကျစ်သလို ခံစားလာရသည်။

သူနှင့် အာဂေါ့ထ်တို့က တစ်ဦးနှင့် တစ်ဦးသိကြသော်လည်း သူက အချိန်တိုင်း ရွှေဒင်္ဂါးတစ်ပြားသာပစ်ကာ အာဂေါ့ထ်က ရွှေဒင်္ဂါးတစ်ရာပစ်လေ၏။ ၎င်းတို့ကို နှိုင်းယှဉ်လျှင် အင်မတန် ရှက်ဖွယ်ဖြစ်သည်။

ထို့အပြင် အာဂေါ့ထ်က ရွှေဒင်္ဂါးတစ်ထောင်ရှုံးသွားသည်ကို ဂရုစိုက်စမနေဘဲ သူက ရွှေဒင်္ဂါးတစ်ဆယ်ပင် မရှုံးသေးဘဲ စိတ်ဒုက္ခရောက်နေရသည်။

၎င်းတို့ကိုယှဉ်ပါက ခြားနားချက် ကြီးမားလှသည်။

ဆယ်ကြိမ်ရှုံးခဲ့ခြင်းကြောင့်ဖြစ်မည်၊ အာဂေါ့ထ်က ဤနေရာရှိ ကံမကောင်းဟု ခံစားမိသွားကာ အန်ကဲအီရန်ကို အခြားစားပွဲရှာသင့်ကြောင်း အကြံပြုလာ၏။

အန်ကဲအီရန်လည်း စဉ်းစားပြီးနောက် သဘောတူလိုက်သည်။

အာဂေါ့ထ်နှင့်အတူ ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် အန်ကဲအီရန်မှာ အနည်းကယ်တုံ့ဆိုင်းနေကာ ရုတ်တရတ် အာဂေါ့ထ်ကို အသံတိုးတိုးဖြင့်မေးမြန်းရန် သတ္တိရသွားသည်၊ "ဒါနဲ့..... အာဂေါ့ထ်, အခု မင်းမှာ ငွေအတော်များများရှိတယ်လား? ငါ့ကို နည်းနည်းလောက် ချေးပေးရင်ရော?"

အာဂေါ့ထ်လည်း သူ့ကိုလှည့်ကြည့်ကာ မျက်လုံးများမှေးကျဉ်းလျက်နှင့် "တကယ်ပဲ ချေးချင်တာလား?"

ထိုသို့ ပြောလာကတည်းက အန်ကဲအီရန်မှာ မျက်နှာပျက်ရမည်ကို မကြောက်တော့ဘဲ ခေါင်းတစ်ချက်ငြိမ့်ကာ၊ "အင်း၊ ငါ တကယ်ပဲ နည်းနည်းလောက် ချေးချင်တယ်။ ငါ..... ငါ အကုန်လိုက်ချင်လို့။ ဟုတ်ပါတယ်၊ အဆင်မပြေရင်တော့....."

အာဂေါ့ထ်က တစ်ချက်ပြုံးကာ အန်ကဲအီရန်၏ပခုံးကို အားအပြည့်ဖြင့် ရိုက်လျက် ပြောလာသည်၊ "ငါတို့ အားလုံးက ညီအစ်ကိုတွေပဲလေ၊ အဆင်မပြေတာမရှိပါဘူး။" သူက ထိုသို့ပြောပြီးနောက် ရင်ဘတ်ထဲ နှိုက်ကာ အန်ကဲအီရန်အတွက် ရွှေဒင်္ဂါးတစ်ထောင် ငွေ(ပိုက်ဆံ)လက်မှတ်ကို ထုတ်ပေးလာ၏၊ "ဒီမှာ၊ ဒါကို အရင်သုံးလိုက်။ မလုံလောက်ရင် နောက်ကျ ငါ့ကိုပြော။"

ရွှေရောင်လက်မှတ်ထံရှိ အရေအတွက်ကိုမြင်သော် အန်ကဲအီရန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။

သူဟာ ငယ်ကတည်းက ငွေသုံးမပြတ်မလပ်ခဲ့သော်လည်း ဤသည်က ထိုမျှ တန်ဖိုးကြီးကြီး ရွှေရောင်လတ်မှတ်ကို မြင်ရသည့် ပထမဆုံးအကြိမ်ပင်။

အန်ကဲအီရန် က ရွှေရောင်လတ်မှတ်ကို လက်များတုန်ယင်လျက်နှင့် ယူလိုက်၏။ သူက တံတွေးမြိုချပြီးနောက် အတင်းပြုံးလာကာ၊ "ငါ အရင်ဆုံး ဒါကို တိုကင်တွေနဲ့ လဲလိုက်ဦးမယ်။" သူက ထိုသို့ပြောပြီးနောက် အမြန်ထွက်သွားတော့သည်။

အန်ကဲအီရန် မြန်မြန် ထွက်သွားသည်ကိုမြင်သော် အာဂေါ့ထ်၏ နှုတ်ခမ်းများက စဉ်းလဲသည့်အပြုံးတစ်ခုကို လှစ်ဟပြလာ၏။

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၁၂၂။ မားကွစ္စ် ဂျိုဝဲလ်

အာဂေါ့ထ်နှင့် အန်ကဲအီရန်တို့ Awpကာစီနို၌ ရဲရဲရင့်ရင့် တိုက်ခိုက်နေစဉ်တွင် ရှုယီက တော်ဝင်နန်းတော်ဆီဝင်သွားပြီဖြစ်သည်။ သူဟာ လက်ရှိတွင် လမ်ပူရီတိုင်းပြည် ကောက်ပဲသီးနှံ ကြွယ်ဝမှုအတွက် ဘုရင်ကြီးကျင်းပသည့် အောင်ပွဲခံပွဲတွင် ပါဝင်နေလေသည်။

ဘုရင်ကြီးက အသိအမှတ်ပြုထားသည့် အဓိက အကူအညီပေးသူအနေနှင့် ရှုယီအား ဘုရင်ကြီးမှာ ပွဲအတွင်း အားလုံးရှေ့တွင် ခေါ်ကာ ချီးကျူးရုံမက အထူးဆုတစ်ခုလည်း ပေးခဲ့သေးသည်။

ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်း၏ ဤကောက်ပဲသီးနှံကြွယ်ဝမှု၌ အ‌ကူအညီကို ဆုချီးမြှင့်ရန် ဘုရင်ကြီးမှာ ရှုယီ၏ အဆင့်အား မြှင့်ပေးကာ သခင်ကြီးတစ်ဦးအဖြစ်မှ ဘာရွန်တစ်ဦးအဖြစ်ပြောင်းပေးခဲ့၏။

သခင်ကြီးဟူသည့်ခေါင်းစဉ်ကို ဂုဏ်ယူဖွယ်ရာတစ်ခုအဖြစ်သတ်မှတ်နိုင်သော်လည်း မျိုးရိုးမြင့်အစစ်မဟုတ်ပေ၊ သို့သော် နိုင်ငံ၏ဘာရွန်တစ်ဦးဖြစ်လာခြင်းမှာ ရှုယီက မျိုးရိုးမြင့် အသိုင်းအဝိုင်းထဲ အမှန်တကယ် ခြေလှမ်းဝင်လာကာ လမ်ပူရီတိုင်းပြည်၏ မျိုးရိုးမြင့်အစစ်တစ်ဦးဖြစ်လာသည့် အဓိပ္ပာယ်ပင်။

၎င်းဆုကိုကြားသော် ပွဲလူသူတိုင်း အင်မတန် အံ့အားသင့်သွားကြ၏။

အကြောင်းမှာ တော်ဝင်လွှတ်တော်၏ဥပဒေအရ နိုင်ငံ၏မျိုးရိုးမြင့်များအား စီးပွားရေးထဲ တိုက်ရိုက်ဝင်ပါခွင့် မပြုထားခြင်းကြောင့်ပင်။ ထို့ကြောင့် နိုင်ငံ၏မျိုးရိုးမြင့်များမှာ စီးပွားရေးထဲ ပါဝင်လိုပါလျှင်တောင် ၎င်းတို့ကိုယ်တိုင်အတွက် ကိုယ်စားလှယ်တစ်ဦးရှာကာ နောက်ကွယ်မှ ကြိုးကိုင်ရပေမည်။

သို့ရာ၌ ဘုရင်ကြီးက Frestech ကုန်သည်ကြီးများအသင်း၏ဥက္ကဌ ရှုယီအား ဘာရွန်အဖြစ် တိုက်ရိုက်ခန့်အပ်ခဲ့၏။ ဘာရွန်တစ်ဦးက အဆင့်အနိမ့်ဆုံးမျိုးရိုးမြင့်ဖြစ်သော်လည်း ဥပဒေကို တိုက်ရိုက်ဆန့်ကျင်နေဆဲပင်။

ပိုထူးဆန်းသည်မှာ တော်ဝင်လွှတ်တော်၏ပြောရေးဆိုခွင့်ရှိသူ နယ်စားရိုင်စီဒိုလည်း ရှိနေပြီး သူကလည်း ၎င်းကို လုံးဝမဆန့်ကျင်ခဲ့ချေ။

ထို့ကြောင့် ရှုယီမှာ ဘာရွန်ခေါင်းစဉ်ကို ရလိုက်ချိန်တွင် လမ်ပူရီတိုင်းပြည်၏ အထူးခြားဆုံးသော ဘာရွန်ဖြစ်လာသည်။

၎င်းက ဘုရင်ကြီးအနေနှင့် ရှုယီကို မည်မျှ နှစ်ခြိုက်ကြောင်း အားလုံးကို သိစေသည်။

ရှုယီအား ၎င်းဆုပေးစဉ်တွင် Frestech ကုန်သည်ကြီးများအသင်းရရှိသည့် ဆုမှာ ထိုမျှ မထူးခြားချေ။ သူဟာ Frestech ကုန်သည်ကြီးများအသင်းအား 'နိုင်ငံ့ဂုဏ်ယူဖွယ်လုပ်ငန်းစု' ခေါင်းစဉ်သာ ပေးခဲ့၏။

ယင်းခေါင်းစဉ်မှာ ဂုဏ်ယူစရာသာဖြစ်ပြီး မည်သည့်အဓိပ္ပာယ်မှမရှိချေ။

ပြောရလျှင် Frestech ကုန်သည်ကြီးများအသင်းအား ကျော်ကြားမှုအနည်းငယ်သာ ရစေလိမ့်မည်။

သို့သော် ရှုယီက‌ ထိုသို့မတွေးချေ။

ကမ္ဘာမြေထံမှ ဝိဉာဉ်ကူးပြောင်းလာသူတစ်ဦးအနေနှင့် သူဟာ တရားဝင်အသိအမှတ်ပြုခံထားရသည့် အမှတ်တံဆိပ်များအား သာမန်လူများက မည်သို့ မြင့်မားစွာလက်ခံကြကြောင်းကို သေချာသိလေသည်။

ကမ္ဘာမြေ၌ အစိုးရထံမှ တိုက်ရိုက် ထောက်ခံချက်ရထားသည့် လုပ်ငန်းစုတစ်ခုရှိပါလျှင် ၎င်းကြော်ငြာသက်ရောက်မှုက TVနှင့် အခြားမီဒီယာတို့ရှိ ကြော်ငြာပေါင်းစုံ အားလုံးကို ကျော်လွန်နေလိမ့်မည်။

ယခု Frestech ကုန်သည်ကြီးများအသင်းက 'နိုင်ငံ့ဂုဏ်ယူဖွယ်လုပ်ငန်းစု' ခေါင်းစဉ်ကိုရရှိထားလေရာ ကမ္ဘာမြေရှိ ခေါင်းမာသောလူတို့၏စိတ်တွင်း၌ သံသယများ ချန်ထားနိုင်သော်လည်း စိုင်စ်နယ်မြေကြီးတွင်မူ လမ်ပူရီတိုင်းပြည်ကို ယုံကြည်သော တိုင်းသူပြည်သားများက Frestech ကုန်သည်ကြီးများအသင်းမှာ ပထမတန်းယုံကြည်စိတ်ချဖွယ်လုပ်ငန်းစု‌ဖြစ်သည်ဟု ယုံကြည်လိမ့်မည်။

ဤသည်က Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်ကုန်များကို လမ်ပူရီတိုင်းပြည်တဝှမ်း ဖြန့်‌ချိလိုသည့် ရှုယီအတွက် အင်မတန် အကျိုးရှိလေ၏။

မှန်ပါ၏၊ ၎င်းဆုမှာ ရှုယီက ဆယ်ဗီနီထံ သီးသန့်တောင်းဆိုထားသည့် အရာပင်။ ဘုရင်ကြီးက Frestech ကုန်သည်ကြီးများအသင်းအား ပို၍ ကြီးမားသောဆုလာဘ်ပေးလိုသော်လည်း ရှုယီက အားလုံးကို ငြင်းပယ်ကာ ၎င်းခေါင်းစဉ်ကိုသာ ချီးမြှင့်ရန် အကြံပြုခဲ့သည်။

ရှုယီ၏ အခိုင်အမာ တောင်းဆိုမှုအောက်တွင် ဘုရင်ကြီးလည်း ရှုယီ၏တောင်းဆိုမှုကို သဘောတူရုံသာ တတ်နိုင်လိုက်သည်။

ထို့ကြောင့် ဘုရင်ကြီးက ဆယ်ဗီနီထံမှ တစ်ဆင့် ရှုယီကို ကျေးဇူးတင်ခဲ့၏။ နိုင်ငံ၏ အားနည်းသော ဘဏ္ဍာရေးကြောင့် ၎င်းတို့မှာ တကယ်ကြီး Frestech ကုန်သည်ကြီးများအသင်းကို ကြီးမားသောဆုလာဘ်ပေးရမည့်ဆိုလျှင် နိုင်ငံဘဏ္ဍာ၏ ဝန်ထုပ်ဝန်ပိုးကို တိုးလာစေလိမ့်မည်။

ယခုတွင် ရှုယီက အလျင်ဦးစွာ ၎င်းကိုငြင်းပယ်လာသဖြင့် ဘုရင်ကြီးကို ကူညီသည်နှင့် ညီမျှ၏။

"ဟေး၊ ပိုကြီးတဲ့ဆုလာဘ်ဆိုရင်..... ဘုရင်ကြီးအနေနဲ့ ကျုပ်ကို မိုင်းတွင်းတွေ နည်းနည်းလောက် ပိုမပေးသင့်ဘူးလား?" ရှုယီမှာ ဆယ်ဗီနီ၏ တောင်းတောင်းပန်ပန်ဟန်ကို စဉ်းစား‌မိကာ ပြုံးမိသွားသည်။ သူ၏မျက်လုံးများက ခန်းမတစ်ခုလုံးကို ဖြန့်ကျက်နေပြီး ပထမပစ်မှတ်ထံ၌ ရပ်တန့်လိုက်သည်။

ဘုရင်ကြီးက သူ့အား အစောတုန်းက မီးမောင်းထိုးပြခဲ့လျှင်တောင် ပွဲရှိ မျိုးရိုးမြင့်များ၏ မျက်လုံးထဲတွင် ရှုယီက မျိုးရိုးမြင့်အသိုင်းအဝိုင်းထဲ ဝင်လာကာစ ကုန်သည်လေးတစ်ဦးသာဖြစ်ရာ မည်သည့် ထူးထူးခြားခြားစိတ်ဝင်စားမှုကိုမှ မလှုံ့ဆော်နိုင်ခဲ့ချေ။

သို့သော် ထိုလူများက သူဟာ မားကွစ္စ်ဂျိုဝဲလ်ကို သွားတွေ့သည်အား မြင်ကြချိန်၌ မနေနိုင်ဘဲ အံ့ဩသွားကြ၏။

မားကွစ္စ် ဂျိုဝဲလ်မှာ လက်ရှိ ဂျိုဝဲလ်မိသားစု၏ ခေါင်းဆောင်ဖြစ်ပြီး သူ၏ နေရာမှာ ရှုယီကဲ့သို့ ကုန်သည်လေးတစ်ယောက်ထက် အဆများစွာ ပိုမြင့်သည်။ သူ့အနေနှင့် ထိုသို့ အလောတလျင်သွားတွေ့ခြင်းက အရှက်ရမည်ကို မကြောက်ရွံ့လေဘူးလား?

သို့သော် လူများမျှော်လင့်ထားသည်နှင့် ဆန့်ကျင်စွာ မားကွစ္စ် ဂျိုဝဲလ်က ရှုယီ အရင်လာတွေ့သဖြင့် အံ့ဩသွားသော်လည်း စဉ်းစားကြည့်ပြီးနောက်တွင် သူနှင့်စကားပြောနေကြသည့် မျိုးရိုးမြင့်များကိုချန်ကာ ရှုယီနှင့်စကားပြောရန် ခန်းမထဲရှိ အတော်လေးသီးသန့်ကျသော ထောင့်တစ်နေရာကို ရှာလိုက်သည်။

"အရှင် မားကွစ္စ် , ခင်ဗျားနဲ့ စကားပြောခွင့်ပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ။" ရှုယီက မားကွစ္စ်ဂျိုဝဲလ်ထံ ကျေးဇူးတင်ကြောင်းပြရန် ဝိုင်ခွက်မြှောက်လိုက်သည်။

မားကွစ္စ်ဂျိုဝဲလ်မှာ ယခုနှစ်တွင် အသက်လေးဆယ့်ခုနစ်ပြည့်မည်ဖြစ်သော်လည်း သူ၏ ခန္ဓာကိုယ်ကို ဂရုစိုက်သဖြင့် အစောပိုင်း လေးဆယ်အရွယ်ပုံသာပေါက်ကာ လူငယ်တစ်ယောက်နှယ်ဖြစ်သည်။ သူ၏ခန္ဓာကိုယ်က ထိုမျှ မဖွံ့ဖြိုးသော်လည်း မျက်လုံးများက တောက်ပနေလေရာ ကြည့်လိုက်သည်နှင့် သူဟာ သာမန်လူတစ်ဦးမဟုတ်ကြောင်း သိနိုင်၏။

ရှုယီ၏အပြောကိုကြားသော် မားကွစ္စ်ဂျိုဝဲလ်က အသာခေါင်းငြိမ့်လေသည်၊ "တကယ်တော့ ကျုပ်လည်း ဥက္ကဌရှုနဲ့ မျက်နှာချင်းဆိုင်စကားပြောဖို့ စောင့်နေတာကြာခဲ့ပြီ၊ ဒီနေ့က အခွင့်ကောင်းဖြစ်မယ့်ပုံပဲ။"

"ကောင်းတာပေါ့။ အရှင်မားကွစ္စ်ရဲ့အချိန်က တန်ဖိုးရှိမှန်း ကျုပ်သိတာကြောင့် ကျုပ်လည်း ဝေ့လည်ကြောင်ပတ်လုပ်မနေတော့ဘူးဗျာ။" ရှုယီက အသာပြုံးကာ ပြောသည်၊ "အရှင်မားကွစ္စ်, ကျုပ် အရှင့်ကို လာရှာတာ အဓိက,က ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းအကြောင်း ဆွေးနွေးဖို့ပါ။"

မားကွစ္စ်ဂျိုဝဲလ်က လက်ထဲရှိ ဝိုင်ကို တစ်ငုံလောက်သောက်ပြီးနောက် တွေးဆဆအသံဖြင့် ပြောလာသည်၊ "ဒီကိစ္စကို ခင်ဗျား ဥက္ကဌ မော်ဂန်နဲ့ပြောသင့်တယ်၊ ကျုပ်က ယေဘုယျအနေနဲ့တော့ ဘန်တာမြို့က လုပ်ငန်းစုကိစ္စတွေထဲ ဝင်မပါဘူး။"

"ပြဿနာက ကျုပ် ဆွေးနွေးချင်တဲ့ကိစ္စက ဘန်တာမြို့နဲ့ မဆိုင်ဘဲ နိုင်ငံတစ်ခုလုံးက ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းရဲ့ စီးပွားရေးနဲ့ဆိုင်နေတာပဲ။ အဲ့ထဲမှာ တခြားနိုင်ငံတွေက ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းရဲ့ လုပ်ငန်းတွေတောင် ပါသေးတယ်။"

မားကွစ္စ်ဂျိုဝဲလ်က မျက်ခုံးတစ်ဖက်ပင့်ကာ၊ "အိုး? ဥက္ကဌရှု၊ ခင်ဗျားရဲ့လေသံက နည်းနည်းလောက် အရမ်းမကြီးနေဘူးလား? ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက ကောင်းကောင်းဖွံ့ဖြိုးနေတယ်ဆိုပေမယ့်လည်း နိုင်ငံက ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းရဲ့စီးပွားကို ဆွေးနွေးဖို့ အရည်အချင်း မရှိသေးဘူးလေ။"

ရှုယီက အပြုံးဖြင့်ဆိုသည်၊ "အရှင်မားကွစ္စ် , ကျုပ် အရင်ဆုံး မေးခွန်းတစ်ခုမေးလို့ရမလား?"

မားကွစ္စ် ဂျိုဝဲလ်က ခေါင်းအသာငြိမ့်ကာ၊ "မေးပါ"

"ကျုပ် သိထားတာအရ ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းအနေနဲ့ သံသတ္တုရိုင်းလုပ်ငန်းနဲ့ ကြေးနီသတ္တုတွင်းတချို့ကို လည်ပတ်နေတာကလွဲရင် ဘယ် အပျော့စားသတ္တုတွေကိုမှ လုပ်ငန်းထဲမထည့်ရသေးဘူးမို့လား?" ရှုယီက မေးလေ၏။

"တခြား အပျော့စားသတ္တုတွေ?" မားကွစ္စ်ဂျိုဝဲလ်က မျက်လုံးများမှေးကျဉ်းက ခေတ္တမျှစဉ်းစားပြီးနောက် ရုတ်တရတ်မေးလေသည်၊ "ဥက္ကဌရှု၊ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက ဆန်နက်မြေရိုင်းမှာ အပျော့စားသတ္တုတချို့ကို ရှာတွေ့ခဲ့တယ်လို့ကြားတယ်၊ ခင်ဗျား အဲ့ဒီ့ အပျော့စားသတ္တုတွေကို ပြောနေတာလား?"

ရှုယီ၏အပြုံးက မနေနိုင်အောင် ပိုမိုတောက်ပလာသည်။ ၎င်းကြောင့် မားကွစ္စ်ဂျိုဝဲလ်မှာ Frestech ကုန်သည်ကြီးများအသင်းကို ဂရုမစိုက်ပုံပေါ်သော်လည်း တကယ်တမ်းတွင် ၎င်းတို့၏ လှုပ်ရှားမှုများကို အတော်အတန်ဂရုစိုက်နေကာ ဆန်နက်မြေမြေရိုင်းရှိ လှုပ်ရှားမှုများကိုပင် သိနေလေသည်။

"ဟုတ်ပါတယ်၊ ကျုပ် ခင်ဗျားနဲ့ဆွေးနွေးချင်တာက သတ္တုပျော့ကြောနဲ့ ဆိုင်တဲ့ကိစ္စတွေပါ။" ရှုယီက ခေါင်းငြိမ့်၍ ပြော၏။

"လေးလေးစားစားပြောရရင် ဥက္ကဌရှု၊ ကျုပ် ခင်ဗျားပြောတဲ့ အပျော့စားသတ္တုတွေမှာ ဘာအသုံးဝင်တာမှ ရှိတယ်လို့ မမြင်ဘူး။ အဲအရာတွေက စိုင်စ်နယ်မြေကြီးမှာ နှစ်ပေါင်းထောင်ချီကြာအောင် ရှိနေခဲ့ပေမယ့် ဘယ်သူကမှ အသုံးဝင်တာကိုမတွေ့ကြလို့ ဘယ်သူကမှ စိတ်ထဲမထားကြဘူး။ ခင်ဗျား ဒါမှမဟုတ် ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်း သူတို့ကို အသုံးဝင်တယ်လို့ ရှာ‌တွေ့မယ်လို့လည်း မထင်ဘူး။"

"လူသားတွေအနေနဲ့ သတ္တုရိုင်းဆီကနေ သံသတ္တုအဖြစ် သန့်စင်မှုမလုပ်ခင်က နတ်သူငယ်တွေဟာ နယ်မြေကြီးကို အချိန်ကြာ အုပ်ချုပ်နေခဲ့ပေမယ့် သံတွေရဲ့ အသုံးဝင်ပုံကို မတွေ့ခဲ့ကြဘူးမို့လား?" ရှုယီက အပြုံးဖြင့် ပြန်မေးသည်၊ "အခု ကျုပ်က အဲဒီသတ္တုပျော့တွေအနေနဲ့ သံသတ္တုထက်မနည်း အသုံးဝင်တာကို သိထားပြီး ဘယ်လိုသုံးရမယ်ဆိုတာပါသိတယ်လေ။ မားကွစ္စ် ဂျိုဝဲလ်, ခင်ဗျား ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းကို Frestech ကုန်သည်ကြီးများအသင်းနဲ့အတူ သတ္တုပျော့တွေ အတူတူးဖော်ဖို့ အလုပ်လုပ်ခွင့်ပေးဖို့ ဆန္ဒရှိလား?"

မားကွစ္စ်ဂျိုဝဲလ်က နောက်ထပ် ဝိုင်တစ်ငုံသောက်ပြီး တွေးဆဆပြောလာသည်၊ "ဥက္ကဌရှု၊ အခု ခင်ဗျားက သတ္တုပျော့တွေရဲ့ အသုံးဝင်ပုံအကြောင်းသတိပေးလာတော့ ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းရဲ့ အင်အားနဲ့ ကျုပ်တို့ဘာသာ သတ္တုပျော့ကြောတွေကို တူးဖော်နိုင်တယ်လေ။ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းသာ သုံးချင်ရင် ကျုပ်တို့ဆီက ဝယ်လိုက်ရုံပေါ့။ ဒီလိုဆိုမှတော့..... ဘာလို့ကျုပ်က ခင်ဗျားနဲ့ ပူးပေါင်းရမှာလဲ?"

"ဘာလို့လဲဆိုတော့ ဒီလောကမှာ၊ ဒီသတ္တုပျော့တွေကို ဘယ်လိုသုံးရမယ်လို့ သိထားတာ ကျုပ်တစ်ယောက်ပဲရှိတာကြောင့်ပေါ့။" ရှုယီက ယုံကြည်မှု အပြည့်ဖြင့်ပြောသည်။

မားကွစ္စ်ဂျိုဝဲလ်မှာ ခဏတာတိတ်ဆိတ်နေပြီးနောက် ခေါင်းခါ၏၊ "ဥက္ကဌရှု၊ ခင်ဗျားက ကိုယ့်ကိုယ်ကို အမြင့်ကြီး တွေးထားတာပဲ။ လူသားတွေ သံသတ္တုကို ရှာမတွေ့ခင်က ဘယ်သူကမှ သူတို့ရဲ့ အသုံးပြုပုံကိုမသိခဲ့ကြဘူးလေ။ ဒါပေမယ့် လေ့လာပြီးနောက်မှာ သံသတ္တုတွေရဲ့အသုံးပြုပုံကို အပြည့်အဝရှာတွေ့သွားကြတယ်။ ဒီတော့ ခင်ဗျားမရှိရင်တောင် တစ်ယောက်ယောက်ကို အဲဒီ သတ္တုပျော့အသုံးပြုမှုဆိုတာကြီး လေ့လာခိုင်းဖို့ ရှာလိုက်ရုံပဲ။"

"ခင်ဗျားပြောနေတာက.... ကျုပ်တို့တွေ သံသတ္တုအသုံးပြုမှုကို အပြည့်အဝရှာတွေ့ခဲ့ပြီလို့လား?" ရှုယီက ပမာမခန့်ဖြင့်ပြုံးကာ၊ "သေချာပေါက်ဖြစ်ကောင်းဖြစ်နိုင်တယ်လား? ဒါဆိုဘယ်လိုများ ကျုပ်တို့ Frestechက အထူးသတ္တုစပ်တွေကို ထုတ်လုပ်နိုင်ခဲ့တာလဲ?

မားကွစ္စ်ဂျိုဝဲလ်၏အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သူက ရှုယီကို ခဏတာ ကြည့်ပြီးနောက် ရုတ်တရတ် လေးလေးနက်နက်ပြောလာသည်၊ "ဥက္ကဌရှု၊ ခင်ဗျားက စစ်ဌာနချုပ်နဲ့ အတူအလုပ်လုပ်နေပြီး မှော်စက်တွေနဲ့ ချပ်ဝတ်တွေ လက်နက်တွေကိုပါ အထူးတလည်ထုတ်လုပ်ပေးနေတယ်လို့ ကျုပ်ကြားတယ်နော်?"

သဘာဝကျကျပင် ၎င်းကိစ္စကို မျိုးရိုးမြင့်ကြီး မားကွစ္စ်ဂျိုဝဲလ်ထံမှ ဖုံးကွယ်ထားဖို့မဖြစ်နိုင်လေရာ ရှုယီလည်း ရိုးရိုးသားသားဝန်ခံလိုက်၏။

"ဒါ‌ဆို ဒီစက်ရုံဆောက်လိုက်တာကြောင့် ကျုပ်တို့ ဂျိုဝဲလ်မိသားစုက စစ်ဌာနချုပ်အတွက် မှာယူမှုကြီးတစ်ခု ဆုံးရှုံးလိုက်ရတာရော သိထားလား?" မားကွစ္စ်ဂျိုဝဲလ်က ထပ်မေးသည်။

မားကွစ္စ်ဂျိုဝဲလ်၏ မကျေမနပ် သတိပေးသံရောစွက်နေသည့် မေးခွန်းကို ကြားသော် ရှုယီမှာ မားကွစ္စ်ဂျိုဝဲလ်က ခေါင်းစဉ်ပြောင်းရန် အစပျိုးနေမှန်းသိလိုက်ရသောကြောင့် များစွာပိုမို စိတ်သက်သာသွားသည် ထိုသည်မှာ သူ၏ မတိုင်ခင်က စကားလုံးများက သူ့အား စိတ်လှုပ်ရှားစေခဲ့သော အဓိပ္ပာယ်ပင်။

"အရှင်မားကွစ္စ် , စစ်ဌာနချုပ်က မှော်စက်တွေနဲ့ ချပ်ဝတ်တွေ လက်နက်တွေကို အစုလိုက်အပြုံလိုက် ထုတ်လုပ်လို့ရမှန်းသိသွားကြတော့ စက်ရုံတစ်ရုံဆောက်ဖို့ ရွေးချယ်လိုက်တာက သဘာဝကျပါတယ်။ အချက်အလက်ကျကျပြောရရင် ချပ်ဝတ်နဲ့ လက်နက်တွေကို ပန်းပဲဆရာနဲ့ လုပ်တာက အကုန်အကျများရုံတင်မကဘူး သက်ရောက်မှုလည်း သိပ်မရှိဘူး။ ကျုပ်အထင် ခင်ဗျား ဒါရဲ့အားနည်းချက်တွေကို သိပြီး‌လောက်မှာပါ။"

"သိတာပေါ့။" မားကွစ္စ် ဂျိုဝဲလ်က အသာ‌နှာခေါင်းရှုံ့၍၊ "ဒါပေမယ့် ဒီမှာယူမှုကို ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းကြောင့် ဆုံးရှုံးခဲ့ရတော့ ကျုပ်ကို ဖြေရှင်းချက် နည်းနည်းလောက် မပေးသင့်ဘူးလား?"

၎င်းကို ကြားသော် ရှုယီ၏စိတ်နှလုံးမှာ တည်ငြိမ်သွားသည်။

"အရှင်မားကွစ္စ် , ဒီနေ့ ဒီဖြေရှင်းချက်ပေးဖို့ ကျုပ် ခင်ဗျားကို လာရှာတာပေါ့"

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၁၂၃။ ထီးနန်းတိုက်ပွဲ

ရှုယီနှင့် မားကွစ္စ်ဂျိုဝဲလ်တို့၏ ဆွေးနွေးမှုမှာ နာရီဝက်လောက်ကြာပြီးနောက် ပြီးဆုံးသွား၏။

ဤ ပွဲခန်းမကြီးထဲတွင် လူများ‌နှင့်ပြည့်နေရာ အလေးအနက်စကားပြောဖို့ရန် မဖြစ်နိုင်ချေ။ သို့သော် ဤစကားဝိုင်းမှတဆင့် ရှုယီမှာ မားကွစ္စ်ဂျိုဝဲလ်ထံ သူ၏ သဘောထားကို ပြသလိုက်သည်။

Frestech ကုန်သည်ကြီးများအသင်းမှာ ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းကို ဆန့်ကျင်ရန် အစီစဉ်မရှိချေ၊ အကြောင်းမှာ တိတိကျကျပြောရလျှင် ၎င်းတို့ လည်ပတ်နေသည့် ဧရိယာများထဲ၌ မည်သည့် ပဋိပက္ခမှ မရှိသောကြောင့်ပင်။ ထိုအစား၊ ၎င်းတို့ ပူးပေါင်းရန် နေရာများစွာတော့ရှိ၏။

ဥပမာပြောရပါက ဘန်တာမြို့လိုဖြစ်သည်။ ဖဲလ်ချောင်ကုန်သည်ကြီးများအသင်း၏ Frestech ကုန်သည်ကြီးများအသင်းနှင့် ဆက်ဆံရေးက ရှုယီ ၎င်းတို့ထံမှ သံသတ္တုတွင်း လုယူသွားစဉ်ကတည်းက အေးစက်သွားခဲ့သော်လည်း နှစ်ဘက်စလုံး အကြိမ်များစွာ အတူတကွ အလုပ်လုပ်ပြီးနောက်တွင် ဥက္ကဌမော်ဂန်မှာ ရှုယီနှင့် မိတ်ဆွေမဟုတ်ပါသော်လည်း ၎င်းတို့၏ဆက်ဆံရေးက ပုံမှန် ပြန်ဖြစ်သွားခဲ့၏။

မားကွစ္စ်ဂျိုဝဲလ်ကဲ့သို့ အရေးကြီးပုဂ္ဂိုလ်တစ်ဦးအတွက် ရှုယီလို လုပ်ငန်းစုလေးတစ်ခု၏ ဥက္ကဌမှာ သဘာဝကျကျပင် သူနှင့် ယှဉ်နိုင်မည့်သူမဟုတ်ချေ။ သူ့အတွက် ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းနှင့် ဂျိုဝဲလ်မိသားစုတို့၏ အကျိုးအမြတ်များကသာ အမြင့်မားဆုံး ဦးစားပေးဖြစ်၏။

ရှုယီ ပြောခဲ့သည့် သတ္တုပျော့များကို တူးဖော်ခြင်းမှ ရလာမည့် အကျိုးအမြတ်ကြီးများမှာ ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းအား လမ်းကြောင်းအသစ်တစ်ရပ်ပေးခြင်းနှင့် ညီမျှသည်။

ဂျိုဝဲလ်မိသားစုက လမ်ပူရီတိုင်းပြည်ရှိ မိုင်းတွင်းများကို ရှာတွေ့စဉ်ကတည်းက ထိန်းချုပ်ခဲ့သည်။ ၎င်းတို့က ဝင်ငွေကြီးကြီးရရန် ၎င်းကိုမှီခိုနေရသော်လည်း ၎င်းကြောင့် ကန့်သတ်ခံထားရပြီး မည်သည့်ကြီးကြီးမားမားတိုးတက်မှုမှလည်း မရှိချေ။

တစ်နေ့တွင် နိုင်ငံရှိ သံသတ္တုများကို ရှင်းလင်းနေအောင် တူးရမည်ဖြစ်ရာ ထိုအချိန်ရောက်လာပါက ဂျိုဝဲလ်မိသားစုမှာ ဘာလုပ်ရမည်နည်း?

ယခု ရှုယီက နိုင်ငံရှိ သတ္တုပျော့ကို ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းနှင့် အတူတူးဖော်လိုအတူတူးဖော်လိုနေသလို ၎င်းတို့ထံမှ သတ္တုပျော့ ပမာဏများစွာ ဝယ်ယူမည်ဟုလည်း အတည်ပြုလိုက်ရာ ဤသည်က ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းကို အမြတ်စွန်းရင်းမြစ်အသစ်ပေးအပ်လိုက်ခြင်းနှင့် ညီမျှ၏။

ဂျိုဝဲလ်မိသားစုက ရှုယီကိုအပေါ် အမြင်ကောင်းရှိရုံသာမက သူကိုယ်တိုင်က ရှုယီကိုမုန်းနေလျှင်တောင် ဂျိုဝဲလ်မိသားစု၏ အကျိုးအမြတ်အတွက် ရှုယီ ပြသခဲ့သည့် ငြိမ်းချမ်းရေးကိုလက်ခံကာ သူနှင့် အလျင်ဦးစွာ ပူးပေါင်းလိုက်မည်သာ။

စစ်ဌာနချုပ် မှာယူမှုကိစ္စအတွက် ရှုယီက သံကြွပ်ကိုသုံးခြင်းမှာ အကန့်အသတ်ရှိကြောင်းပြောခဲ့၏။ သံအား သံမဏိအဖြစ်အရည်ကျိုပြီးနောက်တွင် များစွာပိုမိုတန်ဖိုးရှိသော အထူးလက္ခဏာရပ်မျိုးစုံရှိလာသည်။ ထို့ကြောင့် ပန်းပဲဆရာများ အသုံးပြုသည့် နည်းလမ်းဟောင်းကို အဆုံးသတ်ကာ ၎င်းကို လက်လျှော့ရန် ဂျိုဝဲလ်မိသားစုကို အကြံပေးလေသည်။

၎င်းကို လက်လျှော့ပြီးနောက် မည်သည့်ပြောင်းလဲမှုများ ရှိလာမည်နည်း?

ရှုယီမှာ ၎င်းတို့အနေနှင့် သံမဏိစက်ရုံတစ်ရုံကို အတူတကွ ဖန်တီးနိုင်ကြောင်း အဆိုပြုခဲ့သည်၊ အထူးသဖြင့် စစ်ဌာနချုပ်၏လက်နက်ကိရိယာများကို ပြုလုပ်ရန် လိုအပ်သည့် ပစ္စည်းများအား ထုတ်လုပ်ရန်ပင်။

ထိုသို့ဖြင့် ဂျိုဝဲလ်မိသားစုမှာ စစ်ဌာချုပ်နှင့် ရင်းနှီးသော ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်သလို ရှုယီ ဖော်ပြခဲ့သည့် 'ခေတ်ပေါ်စစ်တပ်လုပ်ငန်းများ'ဟူသည်ကိုလည်း အောင်အောင်မြင်မြင် ကူးပြောင်းနိုင်မည်သာ။

ပြောရလျှင် မားကွစ္စ်ဂျိုဝဲလ်မှာ လေးဆယ့်ခုနစ်နှစ်ရှိနေလျှင်သော်မှ သူ၏အတွေးများက သာမန် လူလတ်ပိုင်းကဲ့သို့ ခေါင်းမာမနေချေ။ ထိုအစား ရှုယီ ရှေ့တန်းတင်လာသည့် အကြောင်းအရာအများစုကို အလွယ်လေးနားလည်ကာ အပိုင်းတစ်ပိုင်းလောက်ကို လက်ခံပါ၏။

စကားဝိုင်းက နှစ်ဘက်စလုံးအတွက် အင်မတန်ချောမွေ့ခဲ့သဖြင့် ရှုယီနှင့် မားကွစ္စ် ဂျိုဝဲလ်တို့ ခွဲခွာလိုက်ချိန်တွင် မားကွစ္စ်ဂျိုဝဲလ်က ရှုယီအား ဂျိုဝဲလ်အိမ်တော်သို့ ဧည့်သည်အဖြစ်လာရန် အလျင်ဦးစွာ တောင်းဆို‌ခဲ့သည်။

ရှုယီလည်း ဗင်းဆင့်ထ်နှင့် အဖြစ်ကိုသတိရသွားကာ ပြုံးပြပြီးနောက် သဘောတူလိုက်၏။

မားကွစ္စ်ဂျိုဝဲလ်ကို ပို့ဆောင်ပြီးနောက် ရှုယီ၏မျက်လုံးများကို လှည့်လိုက်ရာ လူအချို့က သူ့အား စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။

သူလည်း တခြားဘက်ကိုကြည့်ကာ လူတစ်စုဝိုင်းရံထားသည့် နယ်စားစတက်ဂျ်ကို ကြည့်မိသည်။

ရှုယီ ကြည့်လာသည်ကိုမြင်ရာ နယ်စားစတက်ဂျ်က တစ်ချက်ပြုံးလျက် ပြန်လှည့်သွားသဖြင့် ငြင်းဆန်ကြောင်းပြသနေသည်မှာ ရှင်းပါ၏။

ရှုယီလည်း ပခုံးတစ်ချက်တွန့်လိုက်သည်။ နယ်စားစတက်ဂျ်က သူ့ကို အလျင်ဦးစွာ စကားလာပြောလျှင်တောင် သူကတော့ စကားပြောချင်မည်မဟုတ်ပေ။

ယခုတွင် ရှုယီမှာ ယခင်နှစ်ကကဲ့သို့ လမ်ပူရီတိုင်းပြည်၏ နိုင်ငံရေးအကြောင်းကို ဘာမှမသိသည့် ငတုံးလေးမဟုတ်တော့ချေ။ လူများစွာထံမှ ပြန့်ကြဲနေသော အချက်အလက်အနည်းငယ်စီနှင့် သူစုဆောင်းထားခဲ့သည့် သတင်းများအရ အခြေအနေကို များစွာပိုမိုရှင်းရှင်းလင်းလင်းသိလေသည်။ ရှုယီမှာ လမ်ပူရီတိုင်းပြည်၏ ထီးနန်းအတွက်တိုက်ပွဲက အထွဋ်အထိပ်ရောက်နေပြီ‌ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းသိပါ၏။

ဘုရင်ကြီး၏ အကြီးဆုံးသား မင်းသားလေးအဲရစ်မှာ ထုံးတမ်းအစဉ်အလာအရ ဆက်ခံမှုအတွက် ပထမတန်းတွင် ရှိသင့်သည်ဖြစ်ပြီး နောက်ဘုရင်ဖြစ်လာရန် လူများစွာ အလိုရှိနေကြသည့် ကိုယ်စားလှယ်လောင်းပင်။

သို့ရာတွင် မင်းသားလေးအဲရစ်က ထိုမျှ အရည်အချင်းမရှိပေ။ သူဟာ အုပ်ချုပ်ရေးအတွက် အရည်အချင်းတစ်ခုမှ မပြသခဲ့ဖူးသလို အကျင့်စရိုက်လည်း ဆိုးသဖြင့် ဘုရင်ကြီးက အမြဲတမ်း သူ့အား စိတ်ပျက်နေခဲ့ရသည်။

သူနှင့်စာလျှင် ဘုရင်မဆယ်ဗီနီက ဘုရင်ကြီး၏ အထွေးဆုံးသမီးဖြစ်ကာ မိန်းကလေးတစ်ဦးဖြစ်သော်လည်း ငယ်စဉ်ကတည်းက အုပ်ချုပ်ရေးတွင် ပါရမီများစွာရှိကြောင်းပြသခဲ့ပြီး မျိုးရိုးမြင့်များနှင့် ဝန်ကြီးများစွာက တန်ဖိုးထားကြသည်။

လက်ရှိ ထီးနန်းတိုက်ပွဲမှာ ၎င်းတို့နှစ်ဦး၏ပတ်လည်ကို ဗဟိုပြုထားသည်။

မင်းသားလေးအဲရစ်က သားဦးဖြစ်ခြင်းကို အသာစီးယူကာ မျိုးရိုးမြင့်ကြီးများစွာ၏ ထောက်ခံမှုကို ရထား၏။

သို့သော် ဘုရင်မဆယ်ဗီနီက ထူးချွန်မှုနှင့် ဂုဏ်သတင်းကောင်းသည့် အားသာချက်ရှိပြီးနိုင်ငံ၏ လူအများစုနှင့် မျိုးရိုးမြင့်များစွာ၏ ထောက်ခံမှုကို ရထားသည်။

စိုင်စ်နယ်‌မြေကြီးရှိ နတ်သူငယ်များထားရှိခဲ့သည့် ထုံးတမ်းအစဉ်အလာများကိုပေါင်းလိုက်လျှင် ဘုရင်မကို ဆန့်ကျင်ဘက်ပြုမှု ရှိခဲ့သောကြောင့် ဆယ်ဗီနီက အဲရစ်ရသည်ထက် အသံပိုရသည်။

ဗစ်ကောင့်ထ် လက်စ်လိုင်းနေရာ၌ အစားထိုးခဲ့သည့် ဘာရွန် ဘယ်လီက ရှုယီကို စိမ်းစိမ်းကားကား ဆက်ဆံသည်မှာ စတက်ဂျ်မိသားစုက ဤနှစ်အတွင်း မင်းသားလေးအဲရစ်အပေါ် ထောက်ခံမှုကို ပွင့်ပွင့်လင်းလင်းဖော်ပြလိုသောကြောင့် ဘုရင်မ ဆယ်ဗီနီနှင့် ရင်းနှီးသော ရှုယီကို စည်းတားလိုခြင်းဖြစ်သည်။

ရှုယီမှာ ယခင်က ဗစ်ကောင့်ထ်လက်စ်လိုင်းမှတဆင့် စတက်ဂျ်မိသားစု၏သစ်ပင်ကြီးကို တက်ချင်ကြောင်း ပြောခဲ့ပါလျှင် လက်ရှိရှုယီမှာ တစ်ခုမှမလုပ်သလို စတက်ဂျ်မိသားစုနှင့် ရင်းနှီးရန်လည်း မဖြစ်နိုင်ချေ။

အားလုံး၏အမြင်တွင် ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းက အချိန်ကြာကတည်းက ဘုရင်မ ဆယ်ဗီနီ၏ ဘက်ကို ဝင်ပြီးသာဖြစ်၏။

ထို့ကြောင့် နယ်စား စတက်ဂျ်မှာ ရှုယီကို အနည်းငယ် စိတ်ဝင်စားသော်လည်း သေချာပေါက် အရင်တွေ့မည်မဟုတ်သလို ရှုယီကလည်း သွားရှာဖို့ မဖြစ်နိုင်ပေ။

စိတ်ထဲရှိ ဆက်ဆံရေးများကို စုစည်းပြီးနောက်တွင် ရှုယီလည်း မနေနိုင်ဘဲ သက်ပြင်းချမိသည်။

စီးပွားရေးအတွက် နိုင်ငံရေးကို ရှောင်ရှားဖို့ မဖြစ်နိုင်မှန်းသိပါသော်လည်း သူဟာ နိုင်ငံရေးထဲ၌ ပါဝင်ခြင်းက အတော်လေး လက်ပေါက်ကပ်လှသည်ဟု ထင်နေဆဲပင်။

"ဟေး၊ ဥက္ကဌရှု ဘာတွေ သက်ပြင်းချနေတာလဲ? မားကွစ္စ်ဂျိုဝဲလ်နဲ့ စကားဝိုင်းကြောင့် မပျော်မရွှင်ဖြစ်နေလို့လား?" သူ၏နံဘေးမှ ရင်းနှီးနေသည့်အသံတစ်ခု ထွက်လာသည်။

ရှုယီလည်း လှည့်ကြည့်လိုက်ရာ အန်ကလိုက ဝိုင်နီတစ်ခွက် ကိုင်ထားကြောင်း‌တွေ့ရလေ၏။ သူလည်း အပြုံးဖြင့် ခေါင်းခါကာ၊ "မဟုတ်ပါဘူး၊ ကိစ္စတချို့ကို တွေးမိပြီး နည်းနည်း ခံစားသွားရရုံပါ။ မစ္စတာအန်ကလို, ကျုပ်တကယ်ပဲသိချင်တယ်၊ ခင်ဗျား ဘယ်လိုလုပ် ဒီပွဲကို ရောက်နေတာလဲ?"

အန်ကလိုလည်း ရှုယီထံ ပြုံးပြ၍ ခွက်ချင်းတိုက်ကာ ခပ်များများ တစ်ငုံသောက်လိုက်ပြီးနောက် ပြောလာသည်၊ "တကယ်တော့ လာဖို့မစီစဉ်ထားပေမယ့် ဥက္ကဌရှုလည်း လာမယ်လို့ ကြားလိုက်တာကြောင့် ကျုပ်တို့နယ်မြေရဲ့သံတမန်တွေနဲ့ လိုက်လာဖို့ တောင်းဆိုလိုက်တာ။ ဒီကိုလာတဲ့ ရည်ရွယ်ချက်က ဥက္ကဌရှုနဲ့ တွေ့ဖို့ပါ။"

"အိုး?" ရှုယီမှာ အနည်းငယ် အံ့ဩသွားသည်၊ "ကျုပ်နဲ့ တွေ့ဖို့ ဒီလောက်တောင် အားစိုက်ခဲ့ရတယ်ပေါ့လေ? ဟားနက်စ်က ကျုပ် ဘယ်မှာနေတယ်ဆိုတာ မပြောပြဘူးလား? ကျုပ်ကို တွေ့ချင်ရင် ဘာလို့ လာမရှာလိုက်တာလဲ?"

"ကျုပ် သွားခဲ့ပေမယ့် ခင်ဗျား အဲ့မှာ မရှိလို့။ ဥက္ကဌရှုက အမြဲအလုပ်များနေပြီး အိမ်မှာနေတာရှားတယ်လို့ အိမ်အကူကပြောလိုက်တာကြောင့် ခင်ဗျားကို မတွေ့မှာစိုးတာနဲ့ပဲ ဒီပွဲကို လာလိုက်တာ။ ကြည့်ပါဦး၊ ကျုပ်ခင်ဗျားကို အောင်အောင်မြင်မြင်တွေ့သွားပြီမဟုတ်လား?"

ရှုယီက ရယ်သည်၊ "ဟုတ်ပါပြီဗျာ၊ မစ္စတာအန်ကလို, ခင်ဗျားက ကျုပ်နဲ့တွေ့ဖို့ကို ဒီလောက် အားထုတ်ထားမှတော့ ဆွေးနွေးစရာတစ်ခုခုရှိလို့ဖြစ်မယ်? အရင်တစ်ခေါက်ကဆွေးနွေးခဲ့တာနဲ့များ ပတ်သက်နေလား?"

"ဟုတ်ပါတယ်။" စီးပွားရေးအကြောင်းပြောချိန်တွင် အန်ကလို၏ မျက်နှာက လေးနက်လာသည်၊ "ဥက္ကဌရှု၊ ကျုပ် ခင်ဗျားကိုမေးချင်တယ်၊ အရင်တစ်ခေါက်က ဆွေးနွေးခဲ့တာကို စဉ်းစားပြီးပြီးလားဗျ? ခင်ဗျားသာ သဘောတူလိုက်ရင် ကျုပ်တို့ စတက်တိန်းနယ်မြေဆီကို တတ်နိုင်သမျှမြန်မြန် ခရီးထွက်ဖို့ အချိန်ပေးမယ်လို့ မျှော်လင့်ပါတယ်။"

ရှုယီက တွေးဆဆဖြင့်ပြောလေ၏၊ "အရှင်မင်းကြီးက ရူဒ်ဆန်တိုင်းပြည်ကို စိုက်ပျိုးရေးသုံးမှော်စက်တွေရောင်းဖို့နဲ့ ခင်ဗျားတို့ စတက်တိန်း နယ်မြေမှာ စက်ရုံတစ်ရုံဆောက်ဖို့ကို မကန့်ကွက်ကြောင်း ပွဲမတိုင်ခင်က အတည်ပြုထားပေမယ့် ဒီကိစ္စက မသေးတော့ စဉ်းစားဖို့ နည်းနည်းအချိန်ပေးဖို့ မျှော်လင့်ပါတယ်ဗျာ။"

အန်ကလိုက ခေါင်းခါလေ၏၊ "ကျုပ်လည်း စဉ်းစားဖို့ အချိန်ပေးချင်ပေမယ့် ဥက္ကဌရှု၊ ကျုပ်တို့ စတက်တိန်း နယ်မြေရဲ့ အခြေအနေက အတော်လေး ထူးခြားတယ်။ နှစ်တိုင်း ဆောင်းရာသီကလွဲရင် တခြားရာသီတွေမှာ ရာသီဥတုက မတည်ငြိမ်ဘူး။ ခင်ဗျားသာ ဆောင်းရာသီနောက်မှ လာစစ်ဆေးရင် ရာသီဥတုဒဏ်ခံရနိုင်လို့ ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်လိုက်ရင်တောင် ဒါက ခင်ဗျားကို အတော်လေး လွှမ်းမိုးလိမ့်မယ်။ ဒီလိုဆို တစ်နှစ်လုံး ကိစ္စက နှောင့်နှေးသွားနိုင်သလို ကျုပ်တို့ စတက်တိန်း နယ်မြေရဲ့ ပြည်သူပြည်သားတွေလည်း အကြာကြီး စောင့်လို့မရဘူး။"

အန်ကလို၏ လေးနက်နေပုံကိုမြင်သော် ရှုယီလည်း မမေးဘဲ မနေနိုင်တော့ချေ၊ "မစ္စတာ အန်ကလို, ကျုပ်နားမလည်တာတစ်ခုရှိတယ်။ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက ခင်ဗျားတို့ စတက်တိန်းနယ်မြေကို ကူညီမယ်လို့ ဘာကြောင့်သေချာနေရတာလဲ? ဘာလို့ မိုင်းတွင်းတွေကို တခြားလုပ်ငန်းတွေဆီမရောင်းရတာလဲ? ကျုပ်အထင် အကျိုးအမြတ်ရှိသရွေ့ ဘယ်လုပ်ငန်းစုမဆို ခင်ဗျားတို့ နယ်မြေမှာ ရင်းနှီးမြှုပ်နှံဖို့ ဆန္ဒရှိမှာပဲ မဟုတ်လား?"

"မဟုတ်ဘူး၊ တခြားလုပ်ငန်းစုတွေက မတူဘူးလေ။ ကျုပ်တို့တွေ မတိုင်ခင်က ကြိုးစားခဲ့ပေမယ့် တခြားလုပ်ငန်းစုတွေအားလုံးက ကြောက်နေကြလို့။"

ရှုယီမှာ ရယ်ရမည်လား ငိုရမည်လားပင် မသိတော့ချေ၊ "ဒါဆိုဘာလို့ ကျုပ်က မကြောက်ဘူးလို့ သေချာနေတာလဲ?"

"ကျုပ် ပြောပြီးသားလေ၊ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက တခြားလုပ်ငန်းစုတွေနဲ့ မတူဘူး။ တကယ်တော့ အရင်က ကျုပ် ဘန်တာမြို့ကို လေ့လာခဲ့ချိန်မှာ ဘန်တာမြို့နဲ့ ပတ်ဝန်းကျင်မြို့တွေမှာ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ပြောင်းလဲမှုတွေကိုမြင်ခဲ့ရတယ်။ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းကသာ ကျုပ်တို့ စတက်တိန်းနယ်မြေဆီ ရောက်လာနိုင်ရင် ကျုပ်တို့ရဲ့လက်ရှိ အခြေအနေကို ပြောင်းလဲနိုင်မယ်လို့ ခံစားရလို့ပါ။" အန်ကလိုက ရိုးသားစွာပြောသည်။

ရှုယီက မနေနိုင်ဘဲ ခေါင်းခါကာ၊ "ကျုပ်ပြောမယ်၊ ခင်ဗျားက တကယ်ကြီး ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကို အမြင့်ကြီး တွေးထားတာပဲ။"

"အတိအကျပြောရရင်တော့ ကျုပ်က ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းကို အမြင့်ကြီးတွေးတာမဟုတ်ဘဲ ခင်ဗျားကို အမြင့်ကြီးတွေးထားတာပါ။" အန်ကလိုက ရှုယီကို မျှော်လင့်ချက်အပြည့် မျက်လုံးများဖြင့် ကြည့်လာ၏၊ "ဥက္ကဌရှု၊ ကျုပ် နယ်စား စတက်တိန်း အစား ခင်ဗျားကို တစ်ခါ ထပ်ဖိတ်ပါ့မယ်၊ ကျုပ်အနေနဲ့ ခင်ဗျားကို ကျုပ်တို့ စတက်တိန်း နယ်မြေဆီ ခရီးထွက်လာဖို့ မျှော်လင့်ပါတယ်။"

အန်ကလို၏မျက်နှာထက်ရှိ စိတ်ရင်းကိုမြင်သော် ရှုယီလည်း ခဏတာ စဉ်းစားပြီးနောက် တဖြည်းဖြည်း ခေါင်းငြိမ့်ပြလိုက်သည်။

"ဟုတ်ပြီလေ၊ ကျုပ် ဘန်တာမြို့ကို ပြန်ပြီးနောက်ကျရင် ဆန်နက်မြေရိုင်းကို ခရီးထွက်ရမှာဆိုတော့ အချိန်ရတာနဲ့ ခင်ဗျားတို့ စတက်တိန်း နယ်မြေဆီ တစ်ချက်လိုက်ကြည့်ပါ့မယ်။"

"ဒါက ကတိပေးတာလား?"

"ကတိပေးတာပါ။"

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၁၂၄။ အထူး စီးပွားရေးဇုန်

ပွဲက တစ်ဝက်ကျော်လောက်ပြီးသွားချိန်တွင် ရှုယီအား နန်းတော်ထဲမှ အစေခံတစ်ဦးက ဦးဆောင်ကာ ဘုရင်ကြီးနှင့် လျှို့ဝှက်‌တွေ့ဆုံရန် သီးသန့်ခန်းတစ်ခုထဲ ခေါ်သွားသည်။

ပထမတစ်ခေါက်နှင့်ယှဉ်ပါက ဘုရင်ကြီးမှ ရှုယီကိုမြင်ပြီးနောက်တွင် မျက်နှာထက်ရှိ အပြုံးက များစွာတောက်ပကာ ရိုးသားလာသည်။

ပွဲထဲ၌ ရှုယီအကြောင်း သူပြောခဲ့သလိုပင် လမ်ပူရီတိုင်းပြည်၏ ဤနှစ် ကောက်ပဲသီးနှံတိုးပွားမှုအတွက် အကြီးမားဆုံး ထောက်ပံ့ကူညီသူမှာ Frestech ကုန်သည်ကြီးများအသင်း၏ စိုက်ပျိုးရေးသုံးမှော်စက်များဖြစ်သည်။ သို့သော် အကြီးမားဆုံးဇာတ်လိုက်က ၎င်းစိုက်ပျိုးရေးသုံးမှော်စက်များကို တီထွင်ခဲ့သည့် ရှုယီဖြစ်သည်။

လမ်ပူရီတိုင်းပြည်အတွက်ဖြစ်စေ စိုင်စ်နယ်မြေကြီးရှိ မည်သည့်နိုင်ငံ၌မဆို ဖြစ်စေ ပြည်သူများအတွက် အစားအသောက်နှင့် ခိုလှုံမှုပြဿနာကို ဖြေရှင်းနိုင်ခြင်းမှာ နံပါတ်တစ်ဦးစားပေးဖြစ်ပါ၏။

လမ်ပူရီတိုင်းပြည်၌ ယခင်က ၎င်းနှင့်ဆိုင်သည့် ပြဿနာများစွာရှိခဲ့ပါသော်လည်း ယခုတွင် စိုက်ပျိုးရေးသုံးမှော်စက်များအကူအညီဖြင့် တစ်နှစ်အတွင်း ၎င်းပြဿနာကို ပြီးပြည့်စုံလုနီးပါး ဖြေရှင်းခဲ့သည်။

စိုက်ပျိုးရေးဌာန၏စာရင်းများအရပင် ၎င်းတို့သာ စိုက်ပျိုးရေးသုံးမှော်စက်များကို အရောင်းဆက်လက်မြှင့်တင်ကာ နိုင်ငံရှိ လယ်မြေတစ်ခုစီတိုင်း၌ အသုံးပြုခွင့်ပြုလိုက်ပါလျှင် လမ်ပူရီတိုင်းပြည်မှာ ၎င်းတို့၏ ကိုယ်ပိုင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည်ဖြစ်ရုံသာမက အခြားနိုင်ငံများထံပါ ကောက်ပဲသီးနှံအပိုအလျှံများကို ရောင်းချနိုင်လိမ့်မည်!

ဘုရင်ကြီးက ထိုသတင်းကောင်းများကို သိရှိပြီးနောက်တွင် မည်သို့များ ရှုယီကို စိတ်ရင်းမပြဘဲ တောက်တောက်ပပမပြုံးပြဘဲ ရှိမည်နည်း?

"စိုက်ပျိုးရေးဌာနက ကောက်ပဲသီးနှံတွေ တင်ပို့ချင်နေတယ်လား?" ရှုယီမှာ အနည်းငယ်အံ့ဩသွားသည်၊ "အရှင်မင်းကြီး၊ ဒီလိုပြောတဲ့အတွက် ခွင့်လွှတ်ပါ၊ ဒါပေမယ့် ကျွန်တော်တို့တွေ ဒါကို ပြန်စဉ်းစားဖို့ လိုမယ်ထင်တယ်။"

"အိုး? ဘာကို ပြန်စဉ်းစားဖို့လိုတာလဲ?" ဘုရင်ကြီးက ရှုယီကို စိတ်ဝင်တစားကြည့်လိုက်သည်။

"ပထမဆုံး၊ ကျွန်တော်တို့ နိုင်ငံမှာ ဒီလောက်ကြွယ်ဝတဲ့ ကောက်ပဲသီးနှံတွေရှိရတဲ့ အကြောင်းအရင်းက စိုက်ပျိုးရေးသုံးမှော်စက်တွေရဲ့ အကူအညီနဲ့ လယ်မြေတွေ အတော်လေးထပ်ဖွင့်နိုင်ခဲ့တာကြောင့်အပြင် တခြားအရေးကြီးအကြောင်းအရင်းက ကောက်ပဲသီးနှံအထွက်နှုန်းကို လျော့ကျစေမယ့် သဘာဝဘေးအန္တရာယ်တွေ မရှိခဲ့တာကြောင့်ပဲ။ ဒါပေမယ့် ဒါက စဉ်းစားဖို့လိုတဲ့အရာပဲ။ ကျွန်တော်သာမမှားရင် အရင်ဆယ်နှစ်အကြာက ကသောင်းကနင်းဖြစ်ခဲ့တာက အငတ်ဘေးကြောင့်....."

ရှုယီမှာ ဆက်မပြောတော့ချေ။

လွန်ခဲ့သည့် ဆယ်နှစ်အကြာက လမ်ပူရီတိုင်းပြည်၏အငတ်ဘေးမှာ နိုင်ငံရှိ လူတိုင်းအတွက် တားမြစ်စကားဖြစ်ပြီး ၎င်းတို့အနေနှင့် အလွယ်လေး ထုတ်ပြောရန် ဆန္ဒမရှိကြချေ။

ထို့အပြင် အနှီ အငတ်ဘေးအတွင်း၌ ထီးနန်းလွှဲယူခဲ့သည့် ဘုရင်တစ်ပါးရှေ့မှောက်၌ အခြားလူများထက်ပင် ပိုမိုနက်နဲသည့်အမြင်ကို ထားရှိသွားစေနိုင်သည်။

ဘုရင်ကြီးက စိတ်ကွက်သွားဟန်မရှိဘဲ ခေါင်းငြိမ့်ကာ ဆိုလာ၏၊ "အင်း၊ ဒါက တကယ်ကို စဉ်းစားရမယ့်အရာပဲ။ ဒါပေမယ့် စိုက်ပျိုးရေးဌာနက ဒါကိုစဉ်းစားပြီးပြိးဆိုတော့ မင်း ဘာကိုစဉ်းစားဖို့ လိုဦးမှာလဲ?"

"ဘာလဲဆိုတော့..... စိုက်ပျိုးရေးဌာနက ဒီနှစ်ရဲ့ ကောက်ပဲသီးနှံအထွက်နှုန်းဟာ ပြည်သူတွေရဲ့ လိုအပ်ချက်ကို လုံလောက်အောင်ဖြည့်ဆည်းနိုင်ရုံတင်မကဘဲ တင်ပို့ဖို့တောင် လုံလောက်တယ်လို့ ပြောနေ‌ပေမယ့် ဒါက နိုင်ငံရဲ့ အရင် ကောက်ပဲသီးနှံလိုအပ်နှုန်းကြောင့်လို့ ထင်တာပဲ။ တကယ်တမ်း ကျွန်တော် ဘန်တာမြို့နဲ့ ပတ်ဝန်းကျင်မြို့တော်တွေမှာ လေ့လာခဲ့တာအရ မိသားစုအတော်များများ အထူးသဖြင့် ဝမ်းစာမဖြည့်နိုင်ကြတဲ့ သာမန်လယ်သမားမိသားစုတွေ အတော်များကြတယ်။ ကျွန်တော့်အထင်..... စိုက်ပျိုးရေးဌာနက လူတွေရဲ့ အစားအစာလိုအပ်မှုကို လျှော့တွက်ထားမိတာပဲ။"

"ပြောချင်တာက လူတွေအနေနဲ့ ဝမ်းစာမဖြည့်နိုင်တာကြောင့် အရင်ကနဲ့ယှဉ်ရင် စားဖို့ နည်းနည်း‌ပိုလာရုံပဲမို့ ပိုစားရမယ့် အဓိပ္ပာယ်လား? ဒါက အရင်ကနဲ့ယှဉ်ရင် စားဖို့ လိုအပ်တာက အဆပေါင်းများစွာ တိုးလာနိုင်တာပေါ့?" ဘုရင်ကြီးကမေးသည်။

"ဒီလို အဓိပ္ပာယ်ပါပဲ"

ရှုယီ ခေါင်းငြိမ့်သည်ကိုမြင်သော် ဘုရင်ကြီးက ရုတ်တရတ် ထရယ်လေ၏။

"ဟားဟား၊ ကိုယ်တော် ဒီအတွေးကို နားလည်နိုင်ပါတယ်။ အရင် အငတ်ဘေးမှာတုန်းက ကိုယ်တော်တောင် ရက်ပေါင်းများစွာ ဆာလောင်နေခဲ့ရတယ်။ စားဖို့ အစားအစာ အလုံအလောက်ရှိရင် ကိုယ်တော်ကိုယ်တိုင် ပေါင်'ပေါင်းများစွာ အလေးချိန်တက်ခွင့်ပေးလိုက်တာပဲ။ ကြည့်ဦး....." ဘုရင်ကြီးက သူ၏ ခပ်ဝိုင်းဝိုင်း ဗိုက်ကို ပုတ်ပြကာ ကိုယ့်ကိုယ်ကိုယ်သရော်သံဖြင့် ပြောလိုက်သည်၊ "ဒါက အရင်နှစ်များစွာတုန်း တက်ခဲ့တဲ့ အလေးချိန်ပဲ၊ အခုထိတောင် မကျသွားသေးဘူး။"

ရှုယီက မနေနိုင်ဘဲ ပြုံးကာ ဘုရင်ကြီးက အတော်လေး ဆွဲဆောင်မှုရှိသည်ဟု စဉ်းစားလိုက်၏။

ဘုရင်ကြီးက ထိုင်ခုံ၏လက်ရန်းကိုပုတ်ကာ ခေါင်းငြိမ့်လျက် ချီးကျူးသံဖြင့် ဆိုသည်၊ "မဆိုးဘူး၊ ကိုယ်တော်မင်းကို တစ်ယောက်တည်းခေါ်လိုက်ပြီး ချီးကျူးရင်း မင်းမှာ လိုအပ်တာတစ်ခုခုကို ဆုလာဘ်တစ်ခုခုအဖြစ် တောင်းခိုင်းဖို့ စီစဉ်ထားပေမယ့် မထင်ထားဘူး၊ မင်းကို ပြောရင်းနဲ့ နိုင်ငံကို ဘယ်လိုအုပ်ချုပ်ရမယ်ဆိုတဲ့အမြင်တွေ မင်းဆီမှာ အတော်ရှိနေတယ်လို့ တွေ့လိုက်ရတယ်။ မဆိုးဘူး၊ မဆိုးဘူး..... လက်ရှိမှာ ဘန်တာမြို့ ပြုပြင်ပြောင်းလဲရေးစီမံကိန်းအတွက် လုပ်နေတယ်လို့ ကောင့်ထ်စီယန်က တင်ပြတာကို ကြားထားတယ်၊ ဟုတ်လား?"

ရှုယီမှာ အံ့ဩသွားသော်လည်း မြန်မြန်ခေါင်းငြိမ့်ကာ ဖြေလေ၏၊ "ဟုတ်ပါတယ်။ ကောင့်ထ်စီယန်က ဒီစီမံကိန်းအတွက် ကျွန်တော်ကို တာဝန်ယူခိုင်းထားပေမယ့် အလုပ်က အခုမှစ‌တော့ လတ်တလော ပြစရာ ဘာမှမရှိသေးပါဘူး။"

"ကောင့်ထ်စီယန်မှာ ဘန်တာမြို့ ပြုပြင်ပြောင်းလဲမယ့် စီမံကိန်းအတွက် အကြံရှိလာအောင်လုပ်ပေးတာကတင် အောင်မြင်မှုကြီးတစ်ခုလို့ သတ်မှတ်နိုင်နေပါပြီ။" ဘုရင်ကြီးက အသာပြုံးလျက် ပြောသည်၊ "ရှုယီ ကိုယ်တော်ပြောမယ်၊ ဘန်တာမြို့တော်မှာ မင်းတို့ Frestech ကုန်သည်ကြီးများအသင်းရှိကတည်းက အရင်ကနဲ့စာရင် အပြောင်းအလဲ အတော်များများဖြစ်လာတယ်။ အနည်းဆုံးတော့ အရင်ကနဲ့ယှဉ်ရင် အများကြီး ပိုချမ်းသာလာကြတယ်မဟုတ်လား? မဟုတ်ရင် ဒီပြုပြင်ရေးကို ဘယ်လိုလုပ်နိုင်မှာလဲ?"

ရှုယီမှာ မပြုံးမိဘဲ မနေနိုင်ချေ၊ "အရှင်ကောင့်ထ်က အမြဲတမ်း ကျွန်တော့်ကို ဒီအကြောင်း ညည်းနေတာပါ။ ကျွန်တော် အရှင်မင်းကြီးကို ဖုံးကွယ်ထားမှာ မဟုတ်ပါဘူး၊ အခုဆို မြို့စားအိမ်တော်က ကျွန်တော်တို့ လုပ်ငန်းစုဆီမှာ ရွှေဒင်္ဂါးသိန်းချီအကြွေးတင်နေပြီလေ။"

"သူ့ကို ဆက်ပြီး အကြွေးတင်ခွင့်ပေးလိုက်ပါ။" ဘုရင်ကြီးက ဂရုမစိုက်ဟန်ဖြင့် လက်ယမ်းသည်၊ "တကယ်တော့ ကိုယ်တော်က မင်းတို့ လုပ်ငန်းစုဆီမှာ သိန်းချီ ဒါမှမဟုတ် သန်းချီလောက်တောင် အကြွေးတင်ချင်နေတာ။"

ရှုယီက အံ့ဩသွားကာ၊ "အရှင်မင်းကြီး၊ ကျွန်တော်တို့ လုပ်ငန်းစုက အဲ့အခြေအနေထိတော့ မတိုးတက်သေးပါဘူးဗျာ......"

ဘုရင်ကြီးက အသာပြုံးကာ၊ "စိတ်လှုပ်ရားနေစရာမလိုပါဘူး၊ ဒါပေါ့ ကိုယ်တော်က စနောက်နေတာပါ။ ဘန်တာမြို့က အတော်ကောင်းကောင်းပြောင်းလဲလာတာကို တွေ့ရတော့ လမ်ပူရီတိုင်းပြည်တစ်ခုလုံးသာ ဒီလိုအပြောင်းအလဲတွေရှိလာရင် ဘယ်လိုဖြစ်လာမယ်ဆိုပြီး မတွေးဘဲ မနေနိုင်တော့ဘူးလေ။"

ဘုရင်ကြီး၏မျက်နှာထက်ရှိ ခံစားချက်အပြည့်ဟန်ပနကိုမြင်သော် ရှုယီ၏နှလုံးသားမှာ ရုတ်တရတ် လှုပ်ရှားသွားသည်။

"အရှင်မင်းကြီး၊ နိုင်ငံကို ဘန်တာမြို့လိုမျိုး ဖြစ်လာအောင် အချိန်တိုအတွင်း လုပ်ဖို့က လက်တွေ့မကျဘူးလေ။ ဒါပေမယ့် အရင်ဆုံး နိုင်ငံရဲ့ဧရိယာတစ်ခုကို သိုက်မြိုက်စည်ကားတဲ့ နေရာအဖြစ်ပြောင်းလဲဖို့ စဉ်းစားကြည့်ရင်ရော?"

"အရင်ဆုံး စည်ကားတဲ့နေရာဖန်တီးဖို့ ဧရိယာတစ်ခုရွေးရမယ်?" ဘုရင်ကြီးက မျက်မှောင်ကုပ်ကာ၊ "ဒါက ဘာအဓိပ္ပာယ်များလဲ? ဘယ်လိုလုပ်ရမှာလဲ?"

"တကယ်တော့ ရှင်းပါတယ်၊ အထူးစီးပွားရေးဇုန်တစ်ခုလုပ်လိုက်ရုံတင်....."

တော်ဝင်နန်းတော်မှ ထွက်ခွာလာပြီးနောက် ရှုယီက မြင်းလှည်းဖြင့် အဆောက်အဦဆီ ပြန်လာလိုက်သည်။ မြင်းလှည်းစထွက်သည်နှင့် သူဟာ ရုတ်တရတ် မရယ်မောမိဘဲ မနေနိုင်တော့ချေ။

အခြားနည်းလမ်းမရှိ၊ ဘုရင်ကြီးနှင့် ဆွေးနွေးလာခဲ့သည့်အရာကို စဉ်းစားမိသည်နှင့် သူဟာ အမှန်တကယ်ကို ရယ်ချင်နေသည်။

ကျွန်စနစ်တစ်ဝက် မြေရှင်စနစ်တစ်ဝက် အသိုင်းအဝိုင်းတွင် နိုင်ငံတစ်နိုင်ငံ၏ ဘုရင်နှင့်အတူ အထူးစီးပွားရေးနယ်မြေကိစ္စဆွေးနွေးသည်မှာ တကယ်ကို ရယ်စရာ‌ကိစ္စပင်။

သို့သော် ဘုရင်ကြီးက ရှုယီ အပြောကို အင်မတန် လေးနက်စွာ နားထောင်ခဲ့သည်။

ရှုယီ၏ ဘန်တာမြို့အနီး အထူးစီးပွားရေးဇုန်တည်ဆောက်မည့်အကြံကို ကြားပြီးနောက် ဘုရင်ကြီးမှာ စဉ်းစားပြီး လတ်တလော သဘောတူလာခဲ့၏။

သူဟာ ရှုယီနှင့်အတူ အနှီ အထူးစီးပွားရေးဇုန်ကို တည်ဆောက်ခြင်း၏ အားသာချက်နှင့် ဆိုးကျိုးများကိုပါ စိစစ်သုံးသပ်နေခဲ့သည်။

အားသာချက်မှာ ၎င်းတို့အနေနှင့် ဘန်တာမြို့နှင့် အနီးအနားမြို့တော်များကို ပိုမြန်မြန်တိုးတက်လာစေရန် လူအင်အားနှင့် မူဝါဒများကို စုဆောင်းနိုင်ပါ၏။

ယခုတွင် နိုင်ငံမူဝါဒများ၏ အကူအညီမပါဘဲနှင့်တောင် Frestech ကုန်သည်ကြီးများအသင်းရှိသောကြောင့်ဘ၎င်းက ယခင်ကနှင့်စာလျှင် စည်ကားလာပြီး သဘာဝအလျောက်အထူးစီးပွားရေးဇုန်ဟုပင်သတ်မှတ်နိုင်ပါ၏။

၎င်းတို့ထံ၌ နိုင်ငံမူဝါဒများ၏ အကူအညီသာရှိပါလျှင် ဤတိုးတက်မှုက ပိုလို့ပင်မြန်ဆန်လာလိမ့်မည်။

အဆိုးဘက်က နိုင်ငံတခြားအပိုင်းများတွင် မကျေနပ်မှုကို ဖန်တီးစေနိုင်ပြီး အထူးသဖြင့် အခြားမျိုးရိုးမြင့်ကြီးများ၏ နယ်မြေများတွင်ဖြစ်သည်။

မည်သည်ကိုမူတည်၍ အထူးစီးပွားရေးဇုန်ကို ဘန်တာမြို့အနီး၌သာ ထားကာ အဘယ့်ကြောင့် အခြားမည်သည့်နေရာများမှ မဖြစ်ရသနည်း?

ဘန်တာမြို့က အခြားနေရာများထက် မည်သည့် ထူးခြားချက်ရှိနေသနည်း?

ရှုယီမှာ ဘန်တာမြို့၏အကြီးမားဆုံးအားသာချက်က Frestech ကုန်သည်ကြီးများအသင်းရှိခြင်းဟု ပြောလိုပါသော်လည်း ဤသည်က လူတိုင်း နားလည်မည့်အရာမဟုတ်သဖြင့် ထိုသို့ မပြောနိုင်ချေ။

ထို့ကြောင့် သူဟာ ဂရုတစိုက်ပင် ဘုရင်ကြီးထံသို့ အဆိုပြုကာသာ အထူးစီးပွားရေးဇုန်အကြံကို ပေးခဲ့၏။ သူဟာ ဘုရင်ကြီးအား အနှီ အထူးစီးပွားရေးဇုန်ကို ဘန်တာမြို့အနီး၌ ထားမည်ဟု အားလုံးကို မပြောခိုင်းခဲ့ချေ။

ရှင်းရှင်းပြောရလျှင် ရှုယီက ဘုရင်ကြီးအား ဘန်တာမြို့ဝန်းကျင်၏ တိုးတက်မှုကို စောင့်ရှောက်စေလိုခဲ့သည်။ သူဟာ ဘန်တာမြို့နှင့် အနီးဝန်းကျင်နယ်မြေတို့၏ တိုးတက်မှုကို လွယ်ကူချောမွေ့စေမည့် မူဝါဒတချို့ချမှတ်စေလို၏။

အနှီအကြံပြုချက်က လူတိုင်းကို အကျိုးရှိစေပြီး သူလည်း သေချာစဉ်းစားရမည်ဟု ဘုရင်ကြီးက ပြောခဲ့‌သည်ပင်။

ထို့ကြောင့် ရှုယီက ဘုရင်ကြီးနှင့် ဒုတိယအကြိမ်တွေ့ချိန်တွင် ရလာဒ်များက သူ့ကို အင်မတန် စိတ်တိုင်းကျစေခဲ့သည်။

သို့သော် သူထွက်သွားချိန်တွင် ဘုရင်ကြီးက ရုတ်တရတ် ပခုံးကိုပုတ်ကာ သူ့အား စိတ်အားတက်စေမည့် စကားတချို့ ပြောခဲ့၏။

ဘုရင်ကြီးပြောခဲ့သည်မှာ၊ "အရမ်းကောင်းတယ်၊ ဆယ်ဗီနီဆီမှာ မင်းလို ကူညီပေးမယ့်လူတစ်ယောက်ရှိတာ အများကြီးပိုစိတ်ချရတယ်။"

ထိုစကားလုံးများထံ၌ အမှန်တကယ်ကို အဓိပ္ပာယ် လေးလေးနက်နက်ရှိပါသည်။

အဆောက်အဦဝင်ပေါက်၌ မြင်းလှည်းရပ်တန့်သွားချိန်တွင် ရှုယီက မနေနိုင်ဘဲ ဘုရင်ကြီး၏အပြောနောက်ကွယ်မှ အဓိပ္ပာယ်အမှန်ကို မနေနိုင်ဘဲ ဆက်လက် တွေးဆနေမိသည်။

စတေးလ်ထွက်လာသည်ကိုမြင်သော် သူဟာ ထိုအကြောင်း ဘေးချထားလိုက်ရုံသာ တတ်နိုင်လိုက်ပြီး စိတ်ထဲ၌သာ ထိုစကားလုံးများကို သိမ်းထုပ်၍ ပြုံးပြလိုက်သည်။

"အယ်လ်ရီ နိုးနေပြီ" စတေးလ်က ပြော၏။

"အိုး? ဒါဆို ကိုယ်တစ်ချက် သွားကြည့်လိုက်မယ်။"

ရှုယီနှင့် စတေးလ်တို့က အယ်လ်ရီ၏အခန်းသို့ အလျင်အမြန် သွားလိုက်သည်။

၎င်းတို့ဝင်လာချိန်တွင် အခန်းတွင်းမှ အားဖျော့ဖျော့ ကန့်ကွက်နေသံကိုကြားလိုက်ရသည်။

"ဘယ်.....ဘယ်လာ၊ မလုပ်နဲ့.... လူတွေမြင်ရင်..... ကြည့်မကောင်းဘူး။"

ဘယ်လာ၏ အင်မတန် မှတ်မိလွယ်သော အသံကျယ်ကျယ်ထွက်ပေါ်လာ၏။

"ဟမ့်၊ ဘာက မကောင်းတာလဲ? ငါက လူမမာကို ဂရုစိုက်ပေးနေရုံပဲလေ။ လာ၊ နင့်ပါးစပ်ဟလိုက်၊ မိန်းမငယ်လေးလို တွန့်ဆုတ်ဆုတ်လုပ်မနေနဲ့။ အာ....."

၎င်းတို့မှာ ဇွန်းနှင့် ပန်းကန်ထိခတ်သံကြားလိုက်ရပြီး ရှုယီလည်း ရပ်တန့်လိုက်၏။ သူက အခန်းကိုညွှန်ပြကာ စတေးလ်ကို မေးခွန်းထုတ်နေဟန် ကြည့်လိုက်သည်။

စတေးလ်က မရေမရာပြုံးပြကာ သူ့အား တိတ်ဆိတ်နေရန် လက်တစ်ချောင်းထောင်ပြ၏။ ထို့နောက် နှစ်ဦးသား တံခါးနားကပ်၍ မဝံ့မရဲဖြင့် ခေါင်းလေးများဖြင့် တိုးသွားသည်။

အတွင်းဘက် အခြေနေမှာ ရှုယီ ထင်ထားသလိုပင်။ အယ်လ်ရီက ခေါင်းအုံးကို မှီကာ ဘယ်လာက သူ၏နံဘေး၌ ထိုင်နေ၏။ ထိုနေရာ၌ ဆေး သို့မဟုတ် စွပ်ပြုတ် ဖြစ်လောက်သည့် အမည်မသိ အနက်ရောင်အရည် ပန်းကန်လုံးတစ်လုံးရှိနေသော်လည်း ဘယ်လာက လက်ရှိတွင် ၎င်းအား အယ်လ်ရီ၏ ပါးစပ်ထဲသို့ ဇွန်းအပြည့် တစ်ဇွန်းပြီးတစ်ဇွန်း ခပ်ကျွေးနေလေသည်။

အယ်လ်ရီ၏မျက်နှာက ဇွန်းကိုယူရန် ပါးစပ်ဟလိုက်ချိန်တိုင်း နီရဲနေပါ၏။ ရှုယီလည်း ချောင်းအသာဟန့်၍ ဝင်သွားလိုက်ကာ အံ့ဩသွားဟန်ဆောင်လျက် ကျယ်လောင်စွာ ပြောလိုက်သည်၊ "ဘယ်လာ၊ မနေ့က ခင်ဗျား ကျုပ်ကို ချစ်တယ်ဆိုပြီး ပြောခဲ့တာမဟုတ်ဘူးလား? ခင်ဗျားရဲ့ နှလုံးသားက တစ်ရက်တည်းနဲ့ ပြောင်းလဲသွားတာများလား?"

ဘယ်လာ၏လက်များတုန်ရီလာကာ ဇွန်းပင် ပြုတ်ကျလုမတတ် ဖြစ်သွား၏။

စတေးလ်နှင့် ရှုယီတို့ ဝင်လာသည်ကိုမြင်သော် နှစ်ဦးသားက အင်မတန် ရှက်ရွံ့နေဟန်ပေါ်နေသည်။

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၁၂၅။ တောင်းပန်ရန် အလည်လာခြင်း

နောက်နှစ်ရက်အကြာတွင် ရှုယီမှာ လုံးဝ ဒီတိုင်းမနေနိုင်တော့ချေ။

လွန်ခဲ့သည့် ရက်အနည်းငယ်က ဆွေးနွေးမှုများအပြီး ဤတစ်ခေါက် အန်ဗီမာမြို့တော် ခရီးတွင် သူဟာ ရုတ်တရတ် များလှစွာသော ပူးပေါင်းသဘောတူညီမှု အသစ်များရှိခဲ့လေ၏။

ဤနှစ်ရက်အတွင်း သူဟာ ထိုလူများနှင့် တွေ့‌ဆုံကာ အသေးစိတ်ကိစ္စအစုံကို စီစဉ်နေခဲ့ရသည်။

ဥပမာဆိုရလျှင် ရူဒ်ဆန်တိုင်းပြည်မှ မှာယူခဲ့သည့် မှော်စက် ခြောက်သောင်းအတွက် အရေးကြီးဆုံးပြဿနာမှာ မည်သို့ ပို့ဆောင်ရမည်ဟူ၍ ဖြစ်သည်။

ဘန်တာမြို့မှာ လမ်ပူရီတိုင်းပြည်၏ အနောက်တောင်ဘက်တွင်ရှိကာ ရူဒ်ဆန်မြို့တော်နှင့် လမ်ပူရီတိုင်းပြည် နယ်စပ်ရှိ‌သည့်နေရာနှင့် မဝေးလံလှသော်လည်း ၎င်းတို့သာ နျူမန် ပြောသလို ရူဒ်ဆန်တိုင်းပြည်၏ အဓိက‌မြို့တော် ကူရာကာမြို့တော်ဆီ ပို့ဆောင်ရပါလျှင် ကီလိုမီတာ ခုနစ်ရာကျော်သည့် ခရီးဖြစ်လိမ့်မည်။

တစ်ဘက်ကသာ ပို့ဆောင်ရလျှင် ပို့ဆောင်စရိတ်က ပမာဏများလိမ့်မည်သာ။

သို့သော် နျူမန်မှာ ၎င်းစိုက်ပျိုးရေးသုံးမှော်စက်များကို နိုင်ငံနှစ်နိုင်ငံ၏ နယ်စပ်များသို့သာ တင်ပို့ရမည်ဟု အခိုင်အမာဆိုနေခဲ့၏။ ထို့ကြောင့် နှစ်ဘက်စလုံး ဆွေးနွေးပြီးနောက်တွင် Frestech ကုန်သည်ကြီးများအသင်းက လမ်ပူရီတိုင်းပြည်၌ ပို့ဆောင်ရေးအတွက် တာဝန်ယူရမည်ဖြစ်ကာ ၎င်းတို့က တာဝန်မရှိဟု ဆုံးဖြတ်လိုက်ကြတော့၏။

ပို့ဆောင်ရေးကုန်ကျစရိတ်ကိုမူ ပို့ဆောင်ရာ၌ ၎င်းတို့အပိုင်းအတွက် ပေးမည်ဖြစ်သည်။

ဤသည်မှာ ဘန်တာမြို့က နယ်စပ်နှင့် နှစ်ရာကီလိုမီတာသာ ကွာဝေးသဖြင့် Frestech ကုန်သည်ကြီးများအသင်းအတွက် အကျိုးပိုရသည်မှာ သံသယပင်မလိုချေ။ နှိုင်းစာရလျှင် ပို့ဆောင်ရေးကုန်ကျစရိတ်မှာ ထိုမျှ မများပေ။

Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းမှာယူမှုထံမှ ရွှေဒင်္ဂါးသုံးသန်းရရှိခဲ့သည်ကို မဆိုထားနှင့်။ ပို့ဆောင်ရေးကုန်ကျစရိတ်က ထိုမျှ မနည်းပါးသော်လည်း များပြားသည်ဟု မဆိုသာချေ။

နောက်ထပ် အရေးကြီးသည်မှာ မားကွစ္စ်ဂျိုဝဲလ်နှင့် နောက်တစ်ကြိမ် ဆွေးနွေးမှုပင်။

ရှုယီက မားကွစ္စ်ဂျိုဝဲလ်၏အိမ်တော်ကို ညဘက်၌ အလည်သွားဖို့ရွေးချယ်ကာ မားကွစ္စ်ဂျိုဝဲလ်နှင့် နာရီများစွာ ကြာအောင် ဆွေးနွေးပြီးနောက်၌ ပူးပေါင်းမှု သဘောတူညီချက်များကို ဆုံးဖြတ်လိုက်ကြသည်။

ပထမဦးဆုံး Frestech ကုန်သည်ကြီးများအသင်းက ခရာမာမြို့ရှိ ဖဲလ်ချောင်ကုန်သည်ကြီးများအသင်း၏ သံသတ္တုတွင်းအနီး၌ သံမဏိစက်ရုံတစ်ရုံဆောက်လုပ်မည်ဖြစ်သည်။

ဤသံမဏိစက်ရုံက စစ်ဌာနချုပ်မှ လိုအပ်သော ချပ်ဝတ်နှင့် လက်နက်များကို ပြုလုပ်ရန် သုံးမည့် အထူးသံမဏိသတ္တုစပ်များကို ထုတ်လုပ်မည်ဖြစ်ပြီး အသုံးပြုသည့် ကုန်ကြမ်းပစ္စည်းများမှာ သဘာဝကျကျပင် ထိုနေရာ၌ တူးဖော်ထားသည့် သံသတ္တုရိုင်းများဖြစ်၏။

သံမဏိထုတ်နည်းပညာကိုမူ ရှုယီက ၎င်းတို့အား လမ်းညွှန်နည်းပြရန် သက်ဆိုင်ရာ အထူးပြုများ ပို့ပေးမည်ဖြစ်၏။

ထို့နောက် Frestech ကုန်သည်ကြီးများအသင်းက ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းကို လမ်ပူရီတိုင်းပြည်ရှိ သတ္တုပျော့ကြောများအား မည်သို့တူးဖော်ရမည်ကို နည်းပြမည်ဖြစ်၏။

အပျော့စားသတ္တုရိုင်းများကို တူးဖော်ရန်မှာ Frestech ကုန်သည်ကြီးများအသင်းအနေနှင့် လတ်တလောတွင် သံသတ္တုတန်ဖိုးအတိုင်း ဝယ်မည်ပင်။

မှန်ပါ၏၊ လတ်တလောတွင် ရှုယီအနေနှင့် သတ္တုပျော့ထုတ်လုပ်ခြင်းနည်းပညာကို လွှဲပြောင်းပေးမည်မဟုတ်ချေ။

နောက်ဆုံးတွင် Frestech ကုန်သည်ကြီးများအသင်းနှင့် ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းတို့ အတူတကွ အလုပ်လုပ်ရင်းဖြင့် မိုင်းတူးမှော်စက်များကို ပိုမိုထုတ်လုပ်နိုင်သလို ဖဲလ်ချောင် ကုန်သည်ကြီးများအသင်းက Frestech ကုန်သည်ကြီးများအသင်းထံ သံတ္တုရိုင်းအား အနိမ့်ဆုံးဈေးကွက်နှုန်းထားကို ထိန်းသိမ်းလျက် ပထမဆုံး ထောက်ပံ့ခွင်ကို အာမခံလိမ့်မည်။

ဤပူးပေါင်းမှုက နှစ်ဘက်စလုံးအတွက် အကျိုးရှိစေကာ ဂျိုဝဲလ်မိသားစုအတွက် အမြတ်ပင် ပိုရသည်ဟု ပြောနိုင်သည်။

ထို့ကြောင့် ရှုယီနှင့် အလေးအနက်ဆွေးနွေးပြီးနောက် မားကွစ္စ်ဂျိုဝဲလ်က တစ်ဖက်သတ်မုန်းတီးမှုကို လျှောချကာ ရှုယီထံ ဖော်ရွေသည့် သဘောထားကို ပြသလာသည်။

ထိုသဘောထားကြောင့် အင်မတန်စိတ်ဝင်စားဖွယ်ကောင်းသည့် အားလပ်ချိန်လေးတစ်ခုပင် ရှိခဲ့သည်။

ရှုယီက မားကွစ္စ်ဂျိုဝဲလ်ကို နှုတ်ဆက်ပြီးချိန်တွင် ၎င်းတို့မှာ ပြန်ရောက်လာကာစ ဗင်းဆင့်ထ်နှင့် ထိပ်တိုက်ဆုံလေသည်။

ရှုယီကို မြင်ချိန်၌ သူဟာ ရုတ်တရတ် ရှုယီကို ရန်စလာသည်။

သို့သော် ထွက်လာကာစ မားကွစ္စ်ဂျိုဝဲလ်က ၎င်းကိုကြားသည်တွင် ဒေါသတကြီးထွက်လာ၏။ သူက ဗင်းဆင့်ထ်ကို ပြင်းထန်စွာ ဆူငေါက်ကာ ရှုယီကို ချက်ချင်းတောင်းပန်ခိုင်းလေသည်။

ဗင်းဆင့်ထ်လည်း အံ့အားသင့်ကာ ပုန်ကန်လိုဟန်ရှိနေသော်လည်း ရှုယီထံ နာနာခံခံခေါင်းငုံ့လိုက်ဆဲဖြစ်ပြီး‌ တောင်းပန်လိုက်၏။ ရှုယီမှာ ယခင်က ထိုလူကို ဂရုမစိုက်ခဲ့ပါလျှင်တောင် အနည်းငယ် မကျေမနပ်ခံစားနေရဆဲပင်။

မှန်ပါ၏၊ သူ့ရှေ့တွင် ယခင်နှစ်ရက်အကြာက စိတ်မချမ်းမြေ့ဟန်ဖြင့် ရပ်နေခဲ့သော အန်ကဲအီရန်နှင့်စာလျှင် ဗင်းဆင့်ထ်မှ ရှုယီထံပေးသည့် ကျေနပ်မှုမှာ မယှဉ်နိုင်ချေ။

အန်ကဲအီရန်၏ နှုတ်ခမ်းထက်ရှိ ဒဏ်ရာက မပျောက်သေးသည်ကိုမြင်သော် ရှုယီက တစ်ချက်ပြုံးခဲ့သည်။ သူဟာ ရှေ့တိုးလာနေသည့် ဘေးပတ်လည်မှ သုတေသနပညာရှင်များကို လက်ပြကာ ရပ်တန့်ခိုင်းလိုက်ပြီး အန်ကဲအီရန်ကို မေးလိုက်၏၊ "သခင်လေးအီရန်, ဘာလို့ ဒီကို ရောက်နေလဲ မေးလို့ရမလား?"

အန်ကဲအီရန်က ရှုယီကို မျက်လုံးထဲက အမုန်းတရားများဖြင့် ကြည့်လိုက်သော်လည်း ကူရာမဲ့ဟန်လည်းရှိနေသလို မျှော်လင့်ခြင်း အရိပ်အယောင်လည်း ရှိနေ၏။

တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေသော သုတေသနပညာရှင်များကိုကြည့်လိုက်ရင်း အန်ကဲ အီရန်က လက်ထဲရှိ လက်ဆောင်ဖြစ်ပုံရသည့် အထုပ်ကို မြှောက်ပြကာ ဖျစ်ညှစ်ပြုံး၍ မေးလာ၏၊ "ဥက္ကဌရှု၊ အယ်လ်ရီ ဒီမှာရှိလား? ကျွန်တော် သူ့ဆီ လာလည်တာပါ....."

ထိုသို့ပြောပြီးနောက် အန်ကဲအီရန်လည်း တုံ့ဆိုင်းကာ တွေးတောရင်း အံကိုကြိတ်လျက် စိတ်မပါဟန်ဖြင့် ပြောလာသည်၊ "ကျွန်တော် တောင်းပန်ဖို့ ရောက်နေတာပါ။"

၎င်းကို ကြားသော် ရှုယီနှင့် စတေးလ်အပြင် ဘေးပတ်လည်ရှိ သုတေသနပညာရှင်များအားလုံး အံ့ဩသွားကြ၏။

မှော်ပညာရှင်များအဖွဲ့အစည်း၏ အရည်အချင်းစစ်စာမေးပွဲက ယနေ့၌ ပြီးဆုံးသွားသောကြောင့် ၎င်းတို့မှာ မထွက်ခွာခင် အန်ဗီမာမြို့တော်၌ လျှောက်လည်ရန် စီစဉ်နေခြင်းဖြစ်သည်။ ၎င်းတို့မှာ အလျင်ဦးစွာ အိပ်ရာထဲရှိ ဒဏ်ရာရနေသည့် အယ်လ်ရီကိုလာကြည့်သော်လည်း အန်ကဲအီရန်က ဤနေရာ၌ ရုတ်တရတ်ကြီး ပေါ်လာမည်ဟု ထင်မထားချေ။

ပို၍ အံ့ဩသွားစေသည်မှာ အန်ကဲအီရန်က တကယ်ကြီး အယ်လ်ရီကို တောင်းပန်ရန် ရောက်လာခဲ့ခြင်း!

အထူးသဖြင့် အောက်အဆင့်မှော်ပညာရှင်စာမေးပွဲ၌ ရှိခဲ့ကြသော အနှီသုတေသနပညာရှင်များ၏ မျက်နှာများ၌ မယုံကြည်ဟန်ပြည့်နေသည်။ စာမေးပွဲနေရာ၌ ရှိနေကြစဉ်က အန်ကဲအီရန်က အယ်လ်ရီကို ဒဏ်ရာရစေခဲ့ပြီး သူ့ထံ၌ မည်မျှ ဘဝင်လေဟပ်နေဟန် ရှိသည်ကို သေချာ မှတ်မိနေဆဲပင်။

ထိုလူမှာ သူ၏ဖခင်က မှော်ပညာများ အဖွဲ့အစည်း၏ ဥက္ကဌဖြစ်သည့် အချက်ကို အားကိုးကာ ပြင်းပြင်းထန်ထန်သောင်းကျန်းခဲ့ပြီးမှ အဘယ့်ကြောင့် ရုတ်တရတ် တောင်းပန်ရန် ရောက်လာရသနည်း?

ဘယ်လာကမူ မနေနိုင်ဘဲ မေးလိုက်သည်၊ "ရှင် ဒီကို တောင်းပန်ဖို့ ရောက်လာမယ်လို့ လုံးဝမထင်ဘူး၊ အယ်လ်ရီက ရှင့်ကြောင့် သေသွားတာကို ကြည့်ချင်ရုံမလား!"

ဘေးပတ်လည်ရှိ သုတေသနပညာရှင်များလည်း ထပ်တူလိုက်ပြောကြသည်။

အနှီ အန်ကဲအီရန်က ၎င်းတို့ထံ၌ အတော်လေးအမြင်ဆိုးဆိုး ထားခဲ့သဖြင့် သူဟာ ဤနေရာသို့ တောင်းပန်ရန် ရောက်လာခြင်းဖြစ်သည်ဟု ယုံကြမည်မဟုတ်ပေ။

အန်ကဲအီရန်၏ မျက်ခုံးများမြင့်တက်သွားကာ ဒေါသပေါက်ကွဲမည်အပြုတွင် ရှုယီက နံဘေးမှ တစ္ဆေဆန်ဆန်ပြုံးလျက် ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ စိတ်နှလုံးက လေးလံသွားကာ ဒေါသကိုဖိနှိပ်လျက်ဖြင့် အလေးအနက်ဆိုလာ၏၊ "ကျွန်တော် တောင်းပန်ဖို့ လာတာပါ ဥက္ကဌရှု၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို အယ်လ်ရီဆီ ခေါ်သွားပေးပါ။"

ရှုယီက အသာပြုံးကာ ခေါင်းငြိမ့်ပြီး ဖိတ်ခေါ်ဟန်ပြလိုက်သည်။

"ကျုပ်နဲ့ လိုက်ခဲ့ပါ"

အန်ကဲအီရန်က အယ်လ်ရီအခန်းဆီသွားသည့် ရှုယီနောက်အား နာနာခံခံလိုက်သွားသည်ကို မြင်သော် သုတေသနပညာရှင်များက ချောက်ချားစွာဖြင့် တစ်ဦးကိုတစ်ဦးကြည့်လိုက်မိကြသည်။

"အဲ့ကောင်က တကယ်ကြီး ဒီကို တောင်းပန်ဖို့လာတာလား?" သုတေသနပညာရှင်တစ်ဦးက မေး၏။

"မဖြစ်နိုင်တာ..... အဲ့ကောင်က အဲ့လောက် ဘဝင်မြင့်နေတာကို၊ မင်းတို့ မမြင်ခဲ့တာလည်းမဟုတ်ဘူး။ သူက တောင်းပန်မယ့်လူလို့ ထင်လို့လား?" နောက်ထပ် သုတေသနပညာရှင်ကလည်း ပြန်မေးသည်။

"ပြောဖို့ ခက်တယ်ကွ။ ဘာလို့ ငါ.... အဲ့တစ်ယောက်က ဥက္ကဌကို ကြောက်နေတဲ့ ပုံပဲလို့ ခံစားနေရတာပါလိမ့်? ဥက္ကဌက ဒီနေ့ လာတောင်းပန်ဖို့ အတင်းဖမ်းပြီး တွန်းအားပေးလိုက်များလား?" နောက်ထပ် သုတေသနရှင်ကလည်း ဆိုလာ၏။

"ဒီလိုပြောတော့ ငါလည်း အဲ့ကောင် ဥက္ကဌကို ကြည့်လိုက်ပြီးနောက်တော့ နည်းနည်းမူမှန်ဖြစ်လာတာကို တွေ့လိုက်ရတယ်။ အဲ့ကောင် ဒေါသတောင် ထွက်မပြဘူးဆိုတော့၊ တကယ် ထူးဆန်းလွန်းနေတယ်။"

"အင်း၊ ဒါက တကယ်ဖြစ်နိုင်လောက်တယ်....."

.....

အနှီအဖွဲ့က တီးတိုးသဖန်းပိုးလုပ်ရင်း အယ်လ်ရီအခန်းထဲသွားသည့် ရှုယီနှင့် အန်ကဲအီရန်တို့နောက် လိုက်သွားကြသည်။

အားလုံး၏ တအံ့တဩအကြည့်များအောက်တွင် အန်ကဲအီရန်မှာ အယ်လ်ရီ၏ကုတင်ရှေ့၌ လက်ဆောင်ကိုချပြီး အယ်လ်ရီက အလေးအနက်တောင်းပန်လာလေသည်။

သူ၏လှုပ်ရှားမှု၌ အမှားအယွင်းလုံးဝမရှိသလို မည်သည့် ခုခံနေမှုကိုမှလည်း မတွေ့ကြချေ။ ၎င်းက သုတေသနပညာရှင်များအား အမှားမရှာနိုင်ဖြစ်စေရာ သဘာဝကျစွာပင် သူဟာ ဤနေရာသို့ တောင်းပန်ရန် ရောက်လာခြင်းမဟုတ်ဟု သံသယမဖြစ်နိုင်ကြတော့ချေ။

သုတေသနပညာရှင်များမှာ မနေနိုင်တော့ဘဲ ရှုယီကိုကြည့်လိုက်ကြသည်။

ဘယ်လာက ဥက္ကဌမှာ အယ်လ်ရီအတွက် တရားမျှတမှုယူပေးမည့်ဟု ကတိပေးခဲ့ကြောင်း ပြောသည်ကို ကြား၏။

ဥက္ကဌက အန်ကဲအီရန်ကို ဒဏ်ရာပြင်းပြင်းထန်ထန်ရအောင် သွားလုပ်မည်ဟု ထင်မထားပါသော်လည်း အနှီဘဝင့်မြင့်သည့်ကောင်က တကယ်ကြီး အယ်လ်ရီကို တောင်းပန်ရန် ခေါင်းငုံ့ထားလေရာ ၎င်းတို့၏ဒေါသကို ပြေလျော့လာစေသည်။

ထို့အပြင် အယ်လ်ရီ၏အသွင်ပြင်အရ သူသည်လည်း အံ့အားသင့်ကာ ဒေါသက ပြယ်လွင့်လာသည့်နှယ်ခံစားမိသည်။ သူဟာ အင်မတန် ရွှင်ပျစွာ ပြုံးပြနေလေ၏။

အားလုံးက သူ့ကို ကြည့်နေသည်အားမြင်သော် ရှုယီလည်း ပြုံးကာ အယ်လ်ရီထံ ညွှန်ပြ၍ ပြောလာ၏၊ "ဟုတ်ပြီ၊ အခု အယ်လ်ရီနဲ့ အတူနေပေးလိုက်ဦး။ ကျုပ်ဆီမှာ သခင်လေးအီရန်နဲ့ ဆွေးနွေးစရာကိစ္စလေးတွေ ရှိသေးလို့။"

အန်ကဲအီရန်နှင့် ရှုယီတို့ အခန်းထဲက ထွက်သွားကာ သိသိသာသာ သီးသန့်တွေ့ဆုံမှု သွားလုပ်သည်ကို မြင်သော် လူတိုင်း ပိုသေချာလာကြသည်။

အန်ကဲအီရန်အတွက် ထိုသို့သော ပြောင်းလဲမှုကြီးရှိလာရန်မှာ သေချာပေါက် ဥက္ကဌက လှုပ်ရှားလိုက်ခြင်းကြောင့်သာ ဖြစ်ရမည်။

တစ်ဘက်တွင် အန်ကဲအီရန်မှာ ရှုယီနှင့်အတူ အခန်းလေးတစ်ခုထဲရောက်လာပြီး ချက်ချင်း သူ့မျက်နှာကို ပြင်ကာ ရှုယီကို စိုက်ကြည့်လာ၏။ သူ၏မျက်လုံးများ၌ ဒေါသနှင့် ပြည့်နှက်လျက် အံ့ကြိတ်ကာ ပြောလာသည်၊ "ဥက္ကဌရှု၊ ခင်ဗျားက တကယ်ရဲတင်းတာပဲ၊ ကျုပ်ကို တကယ်ကြီး ဒီလို ထောက်ချောင်ဆင်ဝံ့တယ်နော်။ ကျုပ်အဖေသာ ဒါကိုသိရင် ဘယ်လိုအကျိုးဆက်တွေလာမလဲဆိုတာ သိရဲ့လား?"

ရှုယီမှာ လုံးဝဂရုမစိုက်ဘဲ အပြုံးဖြင့် ပြန်မေးလိုက်သည်၊ "ပြဿနာက.... သခင်လေးအီရန်, ဥက္ကဌအီရန်သာ ခင်ဗျားက လောင်းကစားစွဲနေပြီး ရွှေဒင်္ဂါးသောင်းနဲ့ချီ ရှုံးခဲ့တာကိုသိရင်၊ ခင်ဗျား..... ခင်ဗျား ဘာအကျိုးဆက်တွေဖြစ်လာမယ်ဆိုတာကို သိလား?"

အန်ကဲအီရန်မှာ မတုန်ယင်ဘဲ မနေနိုင်တော့ချေ။

သူ၏ဖခင်သာ ထိုကိစ္စကိုသိပါက သူ၏ အမေက ကာကွယ်ပေးရန် ကြိုးစားပါလျှင်တောင် သူ၏ဘဝက အမှောင်ကျကာ ယခင်ကလို လွတ်လပ်မှုရနိုင်မည်မဟုတ်သည်ကို သေချာသိပါ၏။

လောင်းကစားမှတဆင့် ထိုမျှ ငွေများစွာရှုံးခဲ့ပြီးနောက် သူ၏မိခင်ဟာ သူ့အား မည်မျှ ချစ်ခင်နေပါစေ အနာဂတ်တွင် စည်းကမ်းကြပ်ခံရမည်သာ။

ထိုသို့ ဘဝကို ရင်ဆိုင်ပုံအား တွေးရုံနှင့်ပင် အန်ကဲအီရန်မှာ အကြောက်တရားဖြင့် ပြည့်နှက်သွားရသည်။

၎င်းကြောင့်မဟုတ်ပါက သူဟာ မည်သို့များ သူ၏ဂုဏ်ယူစရာခေါင်းကို ငုံ့ကာ အယ်လ်ရီကို ဤနေရာ၌ လာတောင်းပန်ပါမည်နည်း?

၎င်းကို စဉ်းစားရင်း အန်ကဲအီရန်က တိတ်တဆိတ်သက်ပြင်းချ၍ ကူရာမဲ့စွာပြောသည်၊ "ဟုတ်ပြီ၊ ဥက္ကဌရှု၊ ကျုပ်ကို ထောက်ချောက်ဆင်တဲ့ ဒီကိစ္စကို ထပ်မပြောတော့ဘူး။ ဒါပေမယ့် ကျုပ် ခင်ဗျားတောင်းဆိုခဲ့သလို ဒီကို‌လာတောင်းပန်ပြီးမှတော့ ရွှေဒင်္ဂါးတစ်သောင်းအကြွေးကို လက်ခံတဲ့ စာချုပ်ပေးလို့ရမလား?"

ရှုယီက ခေါင်းခါသည်၊ "သခင်လေးအီရန်, ဒါကို ဒီတိုင်းလေး တွေးလို့မရဘူးလေ။ တစ်ခါလေးတောင်းပန်တာက ရွှေဒင်္ဂါးတစ်သောင်းတန်မယ်လို့ တကယ်ကြီးထင်နေတာလား?"

အန်ကဲ အီရန်မှာ အံ့ဩသွားပြီးနောက် ဒေါသဖြစ်သွားသည်၊ "ခင်ဗျားက ကတိကို ရုတ်သိမ်းချင်တာလား? အာဂေါ့ထ်အကုန်ပြောပြီးပြိ၊ ခင်ဗျားသာ သူ့ကို ထောင်ချောက်ဆင်ခိုင်းခဲ့တာကြောင့်မဟုတ်ရင် ဒီလောက် လောင်းကစားကြွေးတွေ ရှိမယ်ထင်လို့လား? ကျုပ်ခင်ဗျားနဲ့ ဈေးဆစ်နေတာမဟုတ်ဘူး၊ ဒီလောက် အရှက်မဲ့ရဲတယ်လား? ကျုပ်က ဘာကိုမှ ဂရုမစိုက်ဘဲ ဒေါသမဖြစ်လောက်ဘူးဆိုပြီး ကျုပ်အဖေကို ဒီကိစ္စမပြောဘူးများထင်နေလား?"

"သွားလေ၊ ကျုပ် ဂရုမစိုက်ဘူး။" ရှုယီက ဂရုမစိုက်ဟန်ဖြင့် ပခုံးတစ်ချက်တွန့်၏။

အန်ကဲအီရန်က ဒေါသတကြီးနှာမှုတ်ကာ လှည့်ထွက်သွားသည်။

သို့သော် ခြေလှမ်းနှစ်လှမ်း လှမ်းပြီးချိန်တွင် သုံးလှမ်းမြောက်၌ ရပ်တန့်ကာ ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် တစ်ဖန် ပြန်လှည့်လာကာ ရှုယီကို ရှုပ်ထွေးစွာ ကြည့်လိုက်၏။

သူ ခြေနှစ်လှမ်း လှမ်းလိုက်ချိန်တွင် ရှုယီက သူ့အား ထိခိုက်စေခဲ့သည့် မည်သို့သော အထောက်အထားကိုမျှ မရခဲ့ပေ။ သူ့ထံ၌ အာဂေါ့ထ်က သူ့အား ထောင်ချောက်ဆင်ခဲ့သည့် မည်သို့သော သက်သေတစ်ခုပင် မရှိ။

အစမှ အဆုံးထိတိုင် အာဂေါ့ထ်မှာ သူ့အား မည်သည့်မှမဆိုဘဲ သူကသာ အာဂေါ့ထ်ထံ စိတ်လှုပ်တရှားဖြင့် ငွေချေးခိုင်းခဲ့‌ခြင်းပင်။

သို့သော် ထိုသို့ဖြစ်လာသည်နှင့် ဆည်ထဲမှ ရေ‌စိမ့်သလို မရပ်တန့်နိုင်သည်အထိ ဖြစ်မည်ဟု မထင်ခဲ့ချေ။

နှစ်ရက်တာအတွင်း သူဟာ ရုတ်တရတ် ရွှေဒင်္ဂါးတစ်သောင်းကျော် အကြွေးတင်သွားသည်!

သူဟာ အာဂေါ့ထ်က ရှုယီ၏တောင်းဆိုမှုကြောင့် ထောင်ချောက်ဆင်သည်ဟု သတင်းရခဲ့သော်လည်း သူ၏အဖေအား မည်သို့ ပြောပြနိုင်မည်နည်း?

သူ့အနေနှင့် ဖခင်ကို လောင်းကစားစွဲလာကာ တစ်ခါတည်း ရွှေဒင်္ဂါးတစ်သောင်းကျော် ရှုံးခဲ့သည်ဟု ပြောရမည်လား?

သူ၏အဖေက ခြေထောက် ရိုက်မချိုးလျှင်ပင် အတော်‌ကံကောင်းနေပြီဖြစ်၏!

ထို့အပြင် ထိုအချိန်၌ အန်ကဲအီရန်မှာ သူ့အား ပို၍ ကူရာမဲ့စေသည့် တစ်စုံတရာကို ခံစားမိလိုက်သည်။

သူဟာ တကယ်ပဲ ရှုယီက ထောင်ချောက်ဆင်ခဲ့ကြောင်း သက်သေပြနိုင်ခဲ့ပြီး သူ၏ဖခင်ကို ထိုကိစ္စအကြောင်းပြောပြပါလျှင်တောင် သူ၏ ဖခင်က မှော်ပညာရှင်များအဖွဲ့အစည်း၏ ဥက္ကဌဖြစ်လျှင်သော်မှ ရှုယီကို ဘာမှ မလုပ်နိုင်ပေ။

လက်ရှိ ရှုယီမှာ ယခင်နှစ်ကဲ့သို့ အမည်မသိ Frestech ကုန်သည်ကြီးများအသင်းဥက္ကဌမဟုတ်တော့ချေ။

ထိုသို့ စဉ်းစားမိသော် အန်ကဲအီရန်စိတ်ထဲ၌ နောင်တရဟန် တစ်ချက်ပေါ်လာ၏။

သူသာ ယခင်နှစ်က ရှုယီကို ပထမဆုံးဆုံချိန်တွင် ရန်မစခဲ့မိပါက မည်မျှ ကောင်းမည်နည်း...

တိတ်ဆိတ်နေပြီးနောက် အန်ကဲအီရန်က ရုတ်တရတ် သက်ပြင်းချကာ ကူရာမဲ့ဟန်ဖြင့် ဆိုလာသည်၊ "ကောင်းပြီ၊ ဥက္ကဌရှု၊ ခင်ဗျား ကျုပ်ကို လုပ်စေချင်တာသာပြောပါ။ ခင်ဗျားလို လုပ်ငန်းစုကြီးတစ်ခုရဲ့ ဥက္ကဌက ဒီရွှေဒင်္ဂါးတစ်သောင်းကျော်လောက်လေးကို ဂရုစိုက်လိမ့်မယ်လို့ မထင်ဘူး၊ ဒီတော့ တစ်ခုခုအတွက် ကျုပ်ကို လိုအပ်နေတာပဲ ဖြစ်ရမယ်။ ပြောပါ၊ ကျုပ် ဘာလုပ်ပေးရမလဲ?"

ရှုယီက အန်ကဲအီရန်ကို တအံ့တဩကြည့်ပြီးနောက် ပြုံးလာသည်၊ "အရမ်းကောင်းတယ်၊ ကျုပ်က ထက်မြတ်တဲ့လူတွေနဲ့ ပြောရတာကြိုက်တယ်။ တကယ်တော့ သခင်လေး အီရန်, ကျုပ် ခင်ဗျားကို လုပ်စေချင်တဲ့အရာက ရှင်းရှင်းလေးပါ....."

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၁၂၆။ ဘိလပ်မြေထုတ်လုပ်ခြင်းနည်းပညာ

သုံးရက်ကြာပြီးနောက် ရှုယီ အန်ဗီမာမြို့တော်မှ ထွက်ခွာသွားချိန်တွင် သူ့ထံ၌ မှော်ပညာရှင်များ အဖွဲ့အစည်းထံမှ ဆဌမအဆင့်နှင့် အထက်ရှိ မှော်ပညာရှင်စာရင်းအသေးစိတ်ရှိနေ၏။

၎င်းစာရင်းက ရှုယီ အချိန်ကြာလိုချင်ခဲ့သည့် အရာဖြစ်ပြီး ယခင်က ဥက္ကဌပဲလ်မက်စ်အီရန်ကို ပြောခဲ့သော်လည်း ဥက္ကဌအီရန်က မှော်ပညာရှင်များအဖွဲ့အစည်း၌ စာရင်းသွင်းထားသည့် မှော်ပညာရှင်တို့၏ကိုယ်ရေးကိုယ်တာကို ကာကွယ်ရန် ငြင်းဆန်ခဲ့သည်။

သူ့ထံ၌ ရှိနေသည့် စာရင်းမှာ အန်ကဲအီရန်ကိုယ်တိုင် မှော်ပညာရှင်များအဖွဲ့အစည်း၏ မှတ်တမ်းခန်းထဲမှ ကူးယူထားခဲ့သည့် အရာဖြစ်သည်။

၎င်းကို သူ၏ ရွှေဒင်္ဂါးတစ်သောင်း အကြွေး လက်ခံမှု စာချုပ်နှင့် လဲလှယ်ခြင်းဖြစ်လေရာ ရှုယီက ဤသဘောတူညီချက်၌ ဆုံးရှုံးသူဖြစ်သဖြင့် အန်ကဲအီရန်မှာ ၎င်းကို အလျင်အမြန် သဘောတူလိုက်သည်။ သူဟာ ရှုယီက ၎င်းစာရင်းကို ရလျှင် မည်သည်ကိုမှ လုပ်နိုင်မည်မဟုတ်သလို မည်သည်မှလည်း ဖြစ်လာမည်မဟုတ်ဟု ခံစားရသည်။

သို့သော် ရှုယီအတွက် အနှီစာရင်းမှာ အင်မတန် အရေးပါလှ၏။

Frestech ကုန်သည်ကြီးများအသင်းမှာ ရှေ့လျှောက် မှော်ပညာရှင်ပမာဏ များစွာ လိုအပ်နေပြီး အထူးသဖြင့် အဆင့်ပိုမြင့်သည့် မှော်ပညာရှင်များပင်။

မဟာမှော်ပညာရှင်ဆိုလျှင် ပြောနေဖို့ပင်မလိုသဖြင့် ရှုယီ၏ရည်ရွယ်ချက်မှာ ဆဌမအဆင့်နှင့် ပိုမြင့်သည့် မှော်ပညာရှင်များ ရှိလာစေဖို့ပင်။

၎င်းစာရင်းနှင့်အတူ သူဟာ စာရင်းထဲရှိ အဆင့်မြင့်မှော်ပညာရှင်များ၏အခြေအနေကို အသုံးပြုကာ Frestech ကုန်သည်ကြီးများအသင်းထံ ကိုယ်တိုင်ဖိတ်ကြားမှုဖြင့် ပစ်မှတ်ထားမည်ပင်။

စာရင်းအား ရှင်းရှင်းလင်းလင်းကြည့်လိုက်သည်နှင့် လက်ရှိ လမ်ပူရီတိုင်းပြည်၏ မှော်ပညာရှင်များအဖွဲ့အစည်းတွင် ရှုယီအပါအဝင် စာရင်းသွင်းထားသည့် ဆဌမအဆင့်နှင့်အထက် မှော်ပညာရှင်မှာ ငါးရာအောက်သာရှိ၏။

စုစုပေါင်း အရေအတွက်မှာ တစ်သောင်းဝန်းကျင်ရှိသည်။ ယှဉ်ကြည့်ပါက သံသယပင်မလို၊ မှော်ပညာရှင်လောက၏လူဦးရေမှာ စံပြုတြိဂံတစ်ခု သဏ္ဍာန်မျိုးဖြစ်နေသည်။

ရှုယီက မှော်ပညာပုံစံတစ်မျိုး အထူးသဖြင့် လေစွမ်းအားမှော်ပညာကိုသာ အထူးပြုထားသည့် မှော်ပညာရှင်များကို အဓိက အာရုံစိုက်ထားသည်။

Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်အများစုမှာ လေစွမ်းအား မှော်ပညာကို မှီခိုနေပြီး အစိတ်အပိုင်းအနည်းငယ်ကသာ အခြားဒြပ်စင်သုံးခု၏ မှော်အစီအရင်များကို သုံးသည်။

သို့သော် ရှုယီ၏ ဖွံ့ဖြိုးမှုအစီစဉ်အရ Frestech ကုန်သည်ကြီးများအသင်းမှာ လေစွမ်းအားမှော်အစီအရင်များကို သုတေသနပြုဖို့ လိုအပ်ရုံသာမက အခြားဒြပ်စင်သုံးမျိုး၏ မှော်အစီအရင်များကိုပါ သုတေသနပြုလုပ်ဖို့ရန် လိုအပ်သည်။

လက်ရှိ သုတေသနပညာရှင်များထံတွင် မှော်စွမ်းအားအသင့်အတင့်ရှိကာ ဤအချိန်အတွင်း မှော်စက်သုတေသနလုပ်ရာ၌ လိုက်လျောညီထွေ ဖြစ်လျှင်သော်မှာ ၎င်း‌သုတေသနပညာရှင်များနှင့်တင်ဆိုလျှင် ရှုယီ၏ လိုအပ်ချပ်များနှင့် ကိုက်ညီဖို့ များစွာ လိုအပ်နေသေး၏။

ဤပစ္စည်းကို အားကိုးရုံနှင့် သူဟာ မှော်သုတေသနဌာနအတွက် မှော်ပညာရှင်တချို့ စုဆောင်းရန် အကျိုးရှိသော အခြေအနေများကို အသုံးပြုလိုသည်။

မည်သို့ ပြုလုပ်ရမည်ဟူသည်က ဘန်တာမြို့သို့ ပြန်ရောက်ပြီးနောက်မှသာ ဖြည်းဖြည်းချင်းစဉ်းစားရုံတတ်နိုင်သည်။

အန်ကဲအီရန်က ဤအချက်အလက်ကြောင့် ရှုယီထံမှ စာချုပ်ရပြီးနောက်တွင် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်ခြင်းအား စဉ်းစားမိရင်း ရှုယီမှာ အသာမပြုံးလိုက်မိဘဲ မနေနိုင်ချေ။

ထိုကောင်လေးမှာ စာချုပ်ရလျှင် အရာအားလုံးအဆင်ပြေမည်ဟုထင်နေသည်၊ တကယ်ကို နုံအလှပါ၏။

"ဥက္ကဌရှု၊ ကျုပ်ရဲ့အဆိုပြုချက်က လုပ်လို့ရမယ်လို့ထင်လား?" မြင်းလှည်းထဲ၌ မျက်နှာချင်းဆိုင်ထိုင်နေသော နျူမန်မှာ ရှုယီ ရုတ်တရတ်ပြုံးလိုက်သည်ကိုမြင်သော် အစောပိုင်းက သူပြောခဲ့သည်ကို သဘောတူကြောင်း ပြသည်ဟု ထင်မှတ်သွားသည်။

"အိုး၊ ဒါပေါ့။" ရှုယီက အလျင်အမြန် ခေါင်းငြိမ့်လေသည်၊ "ဘန်တာမြို့ကနေ ကျုပ်တို့ နိုင်ငံတွေကြားက နယ်စပ်ဆီ လမ်း‌တစ်လမ်းခင်းတာက သေချာပေါက် ဘန်တာမြို့နဲ့ ရူဒ်ဆန်တိုင်းပြည်ကြား ဆက်ဆံရေးကို ခိုင်မာလာစေမှာပဲ။ ဘန်တာမြို့ကနေ အန်ဗီမာမြို့တော်ဆီ သွယ်တဲ့လမ်း ပြီးသွားတဲ့အခါ ကျုပ်တို့ နိုင်ငံတွေကြားက ဆက်ဆံရေးလည်း ခိုင်မာလာပြီး နိုင်ငံတွေအကြား မဟာမိတ်ကလည်း ခိုင်မာလာလိမ့်မယ်။"

နျူမန်က အရယ်တစ်ဝက်ဖြင့် ဆို၏၊ "ဥက္ကဌရှု လုံးဝမှန်တယ်။ အများပြည်သူသုံးလမ်းတွေက အရမ်းအဆင်ပြေတော့ ခင်းလိုက်တာနဲ့ နယ်စပ်ကနေ အန်ဗီမာ မြို့တော်ဆီသွားဖို့ နှစ်ရက်အောက်လောက်ပဲ ကြာလိမ့်မယ်။ ဒါက အရင်ကကြာတဲ့ လေး၊ ငါးရက်ထက်စာရင် အများကြီးပိုအဆင်ပြေတာပေါ့။ ဒါပေမယ့် ဥက္ကဌရှု၊ ခင်ဗျားတို့ဘက်မှာ လမ်းတွေခင်းရုံနဲ့ မလုံလောက်ဘူး၊ ကျုပ်တို့ ရူဒ်ဆန်တိုင်းပြည်မှာရော လမ်းနည်းနည်းလောက် ခင်းသင့်တယ်လို့ မထင်ဘူးလား?"

"ခင်ဗျားတို့ ရူဒ်ဆန်တိုင်းပြည်ကလည်း လမ်းတွေ ခင်းချင်လို့လား?" ရှုယီမှာ မျက်လုံးများ မှေးကျဉ်း၍ နျူမန်ကို ကြည့်လိုက်၏။ ဤလူမှာ အတန်ကြာ ဝေ့လည်ကြောင်ပတ်လုပ်နေပြီးနောက် သူ၏ရည်ရွယ်ချက်ကို ထုတ်ပြောလာသည်။

ဤမနက်တွင် ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်း အဖွဲ့ဝင်တို့ အန်ဗီမာမြို့တော်မှ ထွက်ခွာချိန်တွင် နျူမန်, အန်ကလိုနှင့် ဟားနက်စ်တို့ ရုတ်တရတ်ပေါ်လာကာ ၎င်းတို့လည်း ရှုယီနှင့်အတူ ဘန်တာမြို့သို့ ပြန်ချင်ကြောင်း ပြောလာကြ၏။

ဟားနက်စ်၏အကြောင်းပြချက်မှာ ဘန်တာမြို့၌ လတ်တလော မည်သည့်အပြောင်းအလဲများ ဖြစ်နေကြောင်း သိမြင်လိုသောကြောင့် ဖြစ်သည်ဟူ၏။ အန်ကလိုနှင့် နျူမန်တို့မှာမူ ၎င်းတို့ နိုင်ငံအသီးသီးကို ပြန်လိုသဖြင့် နိုင်ငံဆီမပြန်ခင် ရှုယီနှင့်အတူ ဘန်တာမြို့သို့ သွားရမည်ဟု ဆိုလာကြသည်။

၎င်းတို့သာ အန်ဗီမာမြို့တော်မှ ထွက်ခွာလာပါလျှင် စတက်တိန်းနယ်မြေကိုဖြစ်စေ ရူဒ်ဆန်တိုင်းပြည်ကိုဖြစ်စေ ပြန်လိုပါက ဘန်တာမြို့ထံသွားခြင်းက လမ်းလွှဲသာဖြစ်လိမ့်မည်။ ထို့ကြောင့် ၎င်းတို့နှစ်ဦးထံ၌ ရှုယီနှင့် ဆွေးနွေးလိုသည့် ကိစ္စများရှိသည်မှာ သေချာသည်။

မျှော်လင့်ထားသလိုပင် မြင်းလှည်းထဲဝင်လိုက်သည်နှင့် နျူမန်က ရှုယီနှင့် စကားစမြည်ပြောပြီးနောက် သူ၏ရည်ရွယ်ချက်ကိုပါ ထုတ်ပြလာသည်။

ရှုယီ ပြန်မေးလာသည်ကို ကြားသော် နျူမန်က အပြုံးဖြင့် ပြောလေသည်၊ "ဒါပေါ့။ ကျုပ် ဒီတစ်ခေါက် အန်ဗီမာမြို့တော်ဆီ လာတဲ့အချိန်မှာ အများပြည်သူသုံးလမ်းတွေရဲ့ အကျိုးအမြတ်ကို ကြုံတွေ့ခဲ့ရ‌တယ်လေ။ ကျုပ်အထင် ပုံမှန်မျက်လုံး‌နဲ့ ဦးနှောက်ရှိတဲ့ လူတစ်ယောက်ဖြစ်နေသရွေ့ လမ်းတွေရဲ့ အကျိုးအမြတ်ကို ချက်ချင်းသတိထားမိမှာပဲ။ ဒီလိုဆိုမှတော့ ကျုပ်တို့ ရူဒ်ဆန်တိုင်းပြည်လည်း လမ်း‌ခင်းချင်တာ သဘာဝပါပဲ။"

"ခင်ဗျား လမ်းတွေကို နားလည်မှတော့ လမ်းခင်းပေးတာက ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းမဟုတ်ဘဲ အမ်ရစ်ကုန်သည်ကြီးများအသင်းဆိုတာ သိသင့်တယ်လေ။ ဘာလို့ အမ်ရစ်ကုန်သည်ကြီးများအသင်းအစား ကျုပ်ကို လာရှာတာလဲ?" ရှုယီက ရှုပ်ထွေးစွာ မေးလိုက်၏။

နျူမန်က လက်များဖြန့်၍ ကူရာမဲ့စွာ ပြောလိုက်သည်၊ "အရင်က ရှာခဲ့ပါတယ်၊ ဒါပေမယ့် အမ်ရစ်ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌက အခု သူတို့လုပ်ငန်းစုမှာ အလုပ်အရမ်းများနေတော့ ကျုပ်တို့ ရူဒ်ဆန်တိုင်းပြည်ကို လမ်းခင်းပေးဖို့အတွက် လာဖို့ အချိန်မရနိုင်လောက်ဘူးလို့ ပြောတယ်လေ။"

"အင်း၊ ဥက္ကဌခရုစ် မှန်ပါတယ်။ ကျုပ်သိသလောက်ပြောရရင် သူတို့ လုပ်ငန်းစုအနေနဲ့ ကီလိုမီတာတစ်ထောင်ကျော်အရှည်ရှိတဲ့ လမ်းဆယ်လမ်းနီးနီးကို ခင်းနေရတာလေ။ သူတို့လုပ်ငန်းစုရဲ့ လက်ရှိ လူအင်အားနဲ့ဆိုရင် တကယ်ပဲ ခင်ဗျားတို့ ရူဒ်ဆန် တိုင်းပြည်ဆီ လူတွေ မပို့နိုင်ဘူး။" ရှုယီက ခေါင်းငြိမ့်ကာ ပြောသည်။

"ဒါကြောင့် ဥက္ကဌရှုကို ဒီတစ်ခေါက်လာရှာတာဟာ ဥက္ကဌရှုအနေနဲ့ ဥက္ကဌခရုစ်ကို တွေ့ခဲ့ရင် ကျုပ်ကို ကူညီပြီးတောင်းဆိုပေးဖို့ တောင်းဆိုချင်တာကြောင့် တကူးတကလာတာပါ။ ဥက္ကဌရှုနဲ့ ဥက္ကဌခရုစ်တို့က ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်လို့ကြားထားတော့ ဥက္ကဌရှုသာ တစ်ခုခုပြောလိုက်ရင် ဥက္ကဌခရုစ်လည်း ခင်ဗျားကို အနည်းဆုံးတော့ မျက်နှာသာပေးမယ်လို့ ထင်မိတယ်။"

ရှုယီက မနေနိုင်ဘဲ ပြုံးကာ၊ "ဒါက မမှန်မှာ စိုးရိမ်မိတယ်။ ဥက္ကဌခရုစ်က ကျုပ်နဲ့ ဆက်ဆံရေးကောင်းရင်တောင်မှ သူ့ဆီမှာ လူအင်အားမလုံလောက်တဲ့ အချက်ကို မပြောင်းပေးနိုင်ဘူးလေ။"

"ကျုပ်တို့ ရူဒ်ဆန်တိုင်းပြည်မှာ လူတွေရှိတော့ ပြဿနာမရှိပါဘူး၊ ပြဿနာက ကျုပ်တို့တွေအနေနဲ့ လမ်းခင်းဖို့ နည်းပညာလိုနေရုံပဲ။" နျူမန်က အသာပြုံးလျက်ဆိုသည်၊ "ဥက္ကဌခရုစ်က လမ်းခင်းဖို့ အခြေခံနည်းစနစ်တွေကို ကျုပ်တို့ကိုသင်ပေးဖို့ ကတိပေးထားပြီးသား ဆိုပေမယ့် ဆောက်လုပ်ရေးပစ္စည်းတွေက၊ အထူးသဖြင့် အရေးပါဆုံး ဘိလပ်မြေက..... ဥက္ကဌရှု အပေါ် မူတည်နေတယ်လေ။"

'ဘိလပ်မြေ'ဟူသည့် အပြောကို ကြားသော် ရှုယီမှာ ချက်ချင်း နားလည်လိုက်သည်။

အနှီ နျူမန်မှာ ဝေ့ဝိုက်လွန်းနေပြီး ဥက္ကဌခရုစ်ကိုပင် ဆွဲထည့်လိုက်သော်လည်း အဆုံး၌ သူ၏ ရည်ရွယ်ချက်မှာ သူ့အား ဘိလပ်မြေဖန်တီးရန်အတွက် နည်းပညာထောက်ပံ့စေရန်ဖြစ်သည်။

နျူမန်၏မျက်နှာထက်ရှိ မျှော်လင့်နေဟန်ကိုမြင်သော် ရှုယီလည်း မနေနိုင်ဘဲ သက်ပြင်းချမိရသည်။

သူဟာ ဘိလပ်မြေနည်းပညာကို လိုအပ်နေသည်က နျူမန် တစ်ယောက်တည်းသာမဟုတ်ပါဘဲ ဥက္ကဌခရုစ်၏ ဆန္ဒပါ ပါဝင်နေကြောင်း သေချာသည်။

မိမိတို့၏ အရေးပါဆုံးအရာကို အခြားလုပ်ငန်းစုက ကိုင်ဆောင်ထားသည်ကို မည်သူကမှ မမြင်လိုသောကြောင့် ဥက္ကဌခရုစ်ကို နားလည်နိုင်ပါ၏။

သို့သော် ရှုယီမှာ ၎င်းအတွက် ခံစားရနေဆဲပင်။ စိုင်စ်နယ်မြေကြီး၏ကုန်သည်များအား နည်းပညာအဆင့်အလိုက် အထူးသဖြင့် ဆောက်လုပ်ရေးအရ ကန့်သတ်ထားသောကြောင့် ၎င်းတို့၏အမြင်ကို အတော်အတန် ကျဉ်းမြောင်းစေသည်။

ကမ္ဘာမြေကြီးတွင် ဘိလပ်မြေကို ကောင်းကောင်း ဖန်တီးရာ၌ ကျွမ်းကျင်သည့် ကန်ထရိုက်တစ်ဦးပင် မရှိပါချေ။

ဤသည်မှာ လုံးဝမလိုအပ်ခြင်းကြောင့်ပင်။ ၎င်းတို့အနေနှင့် ဘိလပ်မြေလိုပါက ဝယ်လိုက်ရုံသာဖြစ်ပြီး ကိုယ်တိုင်လုပ်ဖို့ မလိုအပ်နေချေ။

မှန်ပါ၏၊ လက်ရှိ စိုင်စ်နယ်မြေကြီးတွင် Frestech ကုန်သည်ကြီးများအသင်း၌သာ ဘိလပ်မြေစက်ရုံရှိသည်။ ထို့ကြောင့် ဥက္ကဌခရုစ်အနေနှင့် ဤအခြေအနေကို စိုးရိမ်နေသည်မှာ ပုံမှန်ပင်။

သို့သော် စဉ်းစားပြီးနောက်၌ ရှုယီက ဖြေလိုက်သည်၊ "ကောင်းပြီလေ၊ ကျုပ် ခင်ဗျားတို့ ရူဒ်ဆန်တိုင်းပြည်ရဲ့ လမ်းခင်းမယ့် အကြံကို ထောက်ခံနိုင်ပါတယ်။ ဒါပေမယ့် ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းဆီမှာက အမ်ရစ်နဲ့ စာချုပ်ရှိလို့ ဘိလပ်မြေ ထုတ်လုပ်တဲ့နေရာမှာ အမ်ရစ်ကုန်သည်ကြီးများအသင်းကို ဦးစားပေးရလိမ့်မယ်။ ခင်ဗျားသာ ဥက္ကဌခရုစ်ဆီမှာ ရောင်းဖို့ ပြောနိုင်ရင်တော့ ကျုပ်လည်း ဘာမှ ပြောစရာမရှိပါဘူး။"

ထိုအဖြေကိုကြားသော် နျူမန်မှာ ချက်ချင်း စိတ်ပျက်သွားဟန် ပေါ်လာသည်။ စဉ်းစားပြီးနောက်၌ သူက လက်မ‌လျှော့ဘဲ မေးလေ၏၊ "Frestech ကုန်သည်ကြီးများအသင်းဆီကနေ ဘိလပ်မြေကို ရူဒ်ဆန်တိုင်းပြည်အထိ သယ်တာက တကယ်ကို ဒုက္ခများတယ်၊ ပို့ဆောင်စရိတ်ကလည်း ကျုပ်တို့ လက်ခံနိုင်လောက်တဲ့ အရာမဟုတ်ဘူး။ ဒီလိုဆိုမှတော့၊ ဥက္ကဌရှုအနေနဲ့ ဘိလပ်မြေထုတ်လုပ်ဖို့အတွက် နည်းပညာကို ကျုပ်တို့ဆီ ရောင်းလိုက်ရင်ရော? ဒါက နှစ်ဘက်စလုံးအတွက် အဆင်ပြေတာပဲ၊ ဘယ်လိုထင်လဲ?"

ရှုယီလည်း ခဏတာ တိတ်ဆိတ်နေပြီး မည်သည့် အမြင်ကိုမှ မပြချေ။ နံဘေးရှိ တိတ်ဆိတ်နေသည့် အန်ကလိုက ရုတ်တရတ် ပြောလာသည်၊ "ဥက္ကဌရှု၊ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ ကျုပ်တို့ စတက်တိန်းနယ်မြေမှာ ဘိလပ်မြေစက်ရုံဆောက်ဖို့ ကြိုဆိုပါတယ်။ ကျုပ်တို့ စတက်တိန်းနယ်မြေကလည်း လမ်းတွေ ခင်းချင်နေပေမယ့် နည်းပညာရော ဝယ်ဖို့ကိုရော မတတ်နိုင်ဘူးလေ။ ခင်ဗျားတို့ လုပ်ငန်းစုက ကျုပ်တို့နယ်မြေမှာ ဘိလပ်မြေစက်ရုံဆောက်လိုက်တာနဲ့ ကျုပ်တို့လည်း ဒေသတွင်းသုံးဖို့ ဘိလပ်မြေတွေ ထုတ်လုပ်နိုင်မှာပေါ့။"

နျူမန်က အသာမျက်မှောင်ကုပ်ကာ အန်ကလိုကို ခါးသက်သက်ဟန်ဖြင့် ကြည့်လိုက်၏။

အနှီလူသာ မည်သည်ကိုမှ မဆိုပါလျှင် သူဟာ ရှုယီကို ဆက်လက် ဖိအားပေးနိုင်မည်ဖြစ်သည်။ ယခုတွင် အန်ကလိုက ဤအဖြေမျိုးကို အဆိုပြုလာရာ သူဟာ မည်သို့များ ထုတ်လုပ်ခြင်းနည်းပညာကို ဆက်လက်တောင်းဆိုနိုင်တော့မည်နည်း?

သို့သော် စဉ်းစားကြည့်ရင်း ၎င်းတို့နိုင်ငံ၌ Frestech ကုန်သည်ကြီးများအသင်းကသာ စက်ရုံဆောက်လိုက်ပါလျှင် ၎င်းစက်ရုံက သူ၏လုပ်ငန်းစု ထိန်းချုပ်ထားသည့် ဧရိယာထဲ၌ ရှိမည်ကို သတိရသွား၏။ ၎င်းက သူ့အနေနှင့် ထိုစက်ရုံမှ ရလိုသည့်အရာကို ရရှိရန် များစွာ လွယ်ကူသွားစေလိမ့်မည်။

ထိုသည်ကိုစဉ်းစားရင်း နျူမန်က အန်ကလိုကို ချီးကျူးဟန်ဖြင့် ကြည့်လိုက်လေ၏။

ဤလယ်သမားနှင့် ပိုတူဟန်ပေါ်သည့် ကြမ်းကြမ်းတမ်းတမ်းလူက အတော်လေး နှိမ့်ချဟန်ရှိသော်လည်း တကယ်တမ်းတွင် အစီစဉ်များစွာရှိလေသည်။

နည်းပညာကိုတိုက်ရိုက်ရောင်းခြင်းနှင့်စာလျှင် ရှုယီမှာ အန်ကလို၏အကြံပြုချက်ကို သဘောတူရန် ပို၍ ဆန္ဒရှိမည်သာ။

သို့သော် နျူမန်ကို အံ့ဩစေသည်မှာ ရှုယီကစဉ်းစားပြီးနောက် နျူမန်ကို အပြုံးဖြင့် ခေါင်းငြိမ့်ပြလာသည်၊ "ကောင်းပြီလေ၊ ခင်ဗျားကို ဘိလပ်မြေထုတ်လုပ်ခြင်းနည်းပညာ ရောင်းတာက ပိုအဆင်ပြေတာပဲ။ ကျုပ်သိချင်တာက ဥက္ကဌနျူမန်အနေနဲ့ ဘယ်လောက် ပေးနိုင်သလဲဆိုတာပါပဲ။"

နျူမန်နှင့် အန်ကလိုတို့မှာ ရှုယီက ၎င်းအဆိုပြုချကကို အမြန်အဆန် သဘောတူမည်ဟု မထင်ထားခဲ့ရာ နှစ်ဦးစလုံး အနည်းငယ် အံ့ဩသွားကြသည်။

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၁၂၇။ လျှပ်စစ်ခံနိုင်ရည်ရှိသော ကမ်ဘီ

"ဥက္ကဌ၊ ခင်ဗျား....." ခမ်နက်ဒ်က ရှုယီကို မျက်ခုံးများ တွန့်ချိုးကာ ကြည့်လာပြီး ခဏကြာပြီးနောက် ခေါင်းခါကာ သက်ပြင်းချလျက် ပြောလေ၏၊ "ကျွန်တော် မြို့တော်က တခြားဥက္ကဌတွေကို ပြော‌တုန်းကတော့ ဥက္ကဌက ဖြုန်းတီးတယ်လို့ ပြောခဲ့ကြတယ်။ ပထမတုန်းကတော့ ဘာလို့ ခင်ဗျားကို ဒီလိုခေါ်မှန်းမသိပေမယ့် အခုတော့.... အဲဒီ့ အယူအဆ မှန်တယ်လို့ ထင်တာပဲ။"

ရှုယီက ပြုံးလိုက်သည်မှာ ထိုအယူအဆကို ဂရုမစိုက်သလိုပင်။

"ဒါကို ဖြုန်းတီးတယ်လို့ ယူဆလို့မရဘူးလေ၊ ရူဒ်ဆန်တိုင်းပြည်က ဘိလပ်မြေထုတ်လုပ်ခြင်း နည်းပညာအတွက် ရွှေဒင်္ဂါးငါးသိန်းတောင် ပေးထားတာ။ ပြီးတော့ ငါတို့ Frestech ကုန်သည်ကြီးများအသင်းကို ရှေ့လျှောက် သူတို့နိုင်ငံမှာ ငါတို့လုပ်ငန်းစုရဲ့ ထုတ်ကုန်တွေရောင်းတဲ့အခါ ဦးစားပေးအကောက်ခွန်နှုန်းပေးဖို့ သဘောတူထားသေးတယ်။ ဒီလိုဆိုရင် ငါတို့ အတော်ရခဲ့တယ်လို့ ခံစားရပါတယ်။"

"ဒါပေမယ့် ဥက္ကဌ၊ အရင်လက မန်နေဂျာ ဆာဘက်စ်လုပ်ခဲ့တဲ့ ဘဏ္ဍာရေးစာရင်းအရ လုပ်ငန်းစုရဲ့ ဘိလပ်မြေစက်ရုံဟာ ရွှေဒင်္ဂါး ခုနှစ်သောင်းအထိ အမြတ်ငွေရတယ်လေ။ ကျွန်တော်တို့က ဒီနည်းပညာကိုရောင်းတာကနေ ငါးသိန်းရရင်တောင် ရူဒ်ဆန်တိုင်းပြည် ဈေးကွက်ကြီးတစ်ခုလုံးကို ဆုံးရှုံးလိုက်ရတာက ငါးသိန်းထက် ဆယ်ဆလောက် ပိုများနေသေးတယ်။ ဒါက အကျိုးရှိတဲ့ ကုန်ကျစရိတ်လို့ ထင်လား?" ခမ်နက်ဒ်က နာကျင်နေဟန်ဖြင့် မေးလာသည်။

"ငါးသိန်းရဲ့ ဆယ်ဆ? မဟုတ်ဘူး၊ မဟုတ်ဘူး မင်းရဲ့ ခန့်မှန်းချေက အရမ်းနည်းလွန်းနေတယ်။ ရူဒ်ဆန် တိုင်းပြည်သာ ငါတို့ လမ်ပူရီတိုင်းပြည်လို လမ်းတွေခင်းရင် သူတို့ရဲ့ ဘိလပ်မြေအသုံးက ပမာဏအ‌တော်များလောက်မယ်။ အဆုံးမှာ တွက်ကြည့်လိုက်ရင် ရွှေဒင်္ဂါး ဆယ်သန်းကျော်လောက်ပေါ့။"

"ဒါဆို ဘာလို့ ထုတ်လုပ်ခြင်းနည်းပညာကို ရောင်းဖို့ သဘောတူလိုက်ရတာလဲ?" ခမ်နက်ဒ်က မမေးဘဲ မနေနိုင်တော့ချေ။

"ခမ်နက်ဒ်, မင်း ငါနဲ့ အလုပ်အတူလုပ်တာ ဒီလောက်မကြာသေးလို့ ငါ့ရဲ့ ရည်ရွယ်ချက်ကို နားမလည်တာပါ။" ရှုယီက သက်ပြင်းတစ်ချက်ချသည်၊ "ဟိန့်ဇ်သာဒီမှာရှိရင် သူလည်း ဖြုန်းတီးတယ်လို့ ငါ့ကိုပြောလောက်ပေမယ့် ငါ့ရဲ့ အတွေးတွေကို နားလည်နေတုန်း ဖြစ်မှာပဲ။"

ခမ်နက်ဒ်က ခေါင်းခါသည်၊ "ကျွန်တော်က ခင်ဗျား နားလည်ဖို့အတွက် ဒုဥက္ကဌဟိန့်ဇ်ကို မယှဉ်နိုင်ပါဘူး၊ တကယ်ကို ခင်ဗျားရဲ့အတွေးတွေကို နားမလည်ဘူး။"

"မင်း ငါတို့ လုပ်ငန်းစုရဲ့ အထွေထွေ မန်နေဂျာဖြစ်လာဖို့ ဆုံးဖြတ်လိုက်တုန်းက အချိန်ကို မှတ်မိသေးလား၊ ငါ‌ဘာပြောခဲ့သလဲရော မှတ်မိလား?"

ခမ်နက်ဒ်လည်း စဉ်းစားကြည့်လိုက်၏၊ "အပြင်ဘက် အာကာသထဲပျံမယ်ဆိုတဲ့ အကြောင်းကို ပြောနေတာလား?"

"ဒါပေါ့ကွာ။'" ရှုယီက ခေါင်းငြိမ့်ကာ၊ "ငါ့ရဲ့ ရည်ရွယ်ချက်တွေက ဘယ်လောက် ဝေးလံပြီး လက်တွေ့မကျသလဲ ဆို‌တာ မင်းသေချာသိမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဒီပန်းတိုင်ကို ရောက်ဖို့ ငါ့အနေနဲ့ အမြဲမပြတ် တိုးတက်မှုတွေကို အရှိန်မြှင့်ဖို့လိုတယ်။ ဒီတော့ မင်းသာ Frestech ကုန်သည်ကြီးများအသင်းကို တည်ထောင်ပြီးနောက်ပိုင်း ငါလုပ်ခဲ့တဲ့ အရာတွေကို သေချာလေ့လာကြည့်လိုက်ရင် ငါတို့လုပ်ငန်းစုက ငါတို့ရဲ့ နည်းပညာကို လက်ဝါးကြီးအုပ်ဖို့ ဘယ်တော့မှ မစဉ်းစားဘဲ ခဏတိုင်း ရောင်းချနေတာ ဒါမှမဟုတ် အလကားပေးပစ်တာကို တွေ့ရလိမ့်မယ်။"

"အင်း ဒါက ကျွန်တော် တကယ်ကို နားမလည်တဲ့အရာပဲ။" ခမ်နက်ဒ်က ရိုးရိုးသားသားခေါင်းငြိမ့်သည်၊ "လုပ်ငန်းစုကသာ ဒီနည်းပညာအားလုံးကို သိမ်းထားရင် လုပ်ငန်းစုရဲ့ အကျိုးအမြတ်တွေက အများကြီးပိုတည်ငြိမ်လာပြီး အချိန်ကြာကြာတည်မြဲမယ်လို့တောင် ကျွန်တော် အာမခံရဲတယ်။"

"ဒါပေမယ့် ယူမယ့်အချိန်က ပိုရှည်လာလိမ့်မယ်။" ရှုယီက ပြောသည်၊ "သာမန်လုပ်ငန်းစု တစ်ခုအနေနဲ့ စည်းချက်တချို့ကို ထိန်းသိမ်းထားသင့်တယ်ဆိုတာကို ငါသိပါတယ်။ ဒါပေမယ့် ငါတို့သာ ဒီစည်းချက်ကို ထိန်းသိမ်းထားလိုက်ရင် ဒီဘဝမှာ ငါ့ရဲ့ ရည်ရွယ်ချက်ပန်းတိုင်ကို ရရှိဖို့ မဖြစ်နိုင်တော့ဘူး။ ဒီတော့ ငါလည်း ရွေးချယ်စရာမရှိပေမယ့် တိုးတက်မှုနှုန်းကို တိုးလာစေပြီး နယ်မြေကြီးပေါ်က မှော်စက်မှုနယ်ပယ်ရဲ့ စည်းချက်ကို အရှိန်မြှင့်ရတော့တာပေါ့။"

"ဒါပေမယ့် ဒါက ဘိလပ်မြေထုတ်လုပ်‌ခြင်းနည်းပညာကို ရူဒ်ဆန်တိုင်းပြည်ဆီ ရောင်းလိုက်တာနဲ့ ဘာဆိုင်လို့လဲ?" ခမ်နက်ဒ်က မေးလေ၏။

ရှုယီလည်း အသာပြုံးကာ ပြတင်းနှင့် မနီးမဝေးရှိ ခပ်ချောချောမွေ့မွေ့လမ်းကို ညွှန်ပြ၍ ဆို၏ "နယ်မြေကြီးတိုးတက်မှုမှာ အကြီးမားဆုံးအကန့်အသတ်က ပို့ဆောင်ဆက်သွယ်ရေးပဲ။ အများပြည်သူသုံးလမ်းတွေက ဒီပြဿနာကိုဖြေရှင်းနိုင်တာကြောင့် နျူမန် မတောင်းဆိုလာရင်တောင် ငါက ဘိလပ်မြေထုတ်လုပ်ခြင်းနည်းပညာကို လမ်ပူရီတိုင်းပြည်တဝှမ်းမှာ ဘိလပ်မြေစက်ရုံတွေရှိလာပြီး လမ်းခင်းတဲ့ အရှိန်ပိုမြန်လာအောင် ရောင်းဖို့ စီစဉ်ထားတယ်။ အခုက အချိန်ကောင်းပဲ။ ခမ်နက်ဒ်, မနက်ဖြန် သတင်းစာရှင်းလင်းပွဲတစ်ခုလုပ်ပြီး ငါတို့ Frestech ကုန်သည်ကြီးများအသင်းက ဘိလပ်မြေထုတ်လုပ်ရေးနည်းပညာကို ရောင်းမယ်လို့ ကြေငြာလိုက်ပါ။"

ရှုယီက စိတ်ပြင်ဆင်လိုက်သည်ကိုမြင်သော် ခမ်နက်ဒ်မှာ ခေါင်းငြိမ့် တုံ့ပြန်ရုံသာ တတ်နိုင်တော့သည်။

ခမ်နက်ဒ်၏မျက်နှာထက်ရှိ အတန်ငယ် ရှုပ်ထွေးနေဟန်ကိုမြင်သော် ရှုယီက ပြုံးရင်း ပခုံးပုတ်ပေးကာ ပြောလေသည်၊ "ခမ်နက်ဒ်, ငါ့ရဲ့ အထွေထွေ မန်နေဂျာအနေနဲ့ မင်းရဲ့ ရင်ဘတ်ကိုသာ ဖိပြီး ဆက်စောင့်ကြည့်ဖို့ပဲလိုတယ်။ ငါတို့ရဲ့ ပန်း‌တိုင်ကို မရောက်ခင်မှာ ဘာမလိုအပ်တာကိုမှ စဉ်းစားဖို့မလိုဘူး၊ နားလည်ရဲ့လား?"

ခမ်နက်ဒ်က ခါးသက်သက်ပြုံးလိုက်သည်၊ "ဒါပေမယ့် ဥက္ကဌ၊ ခင်ဗျားရဲ့ ခြေလှမ်းတွေက အရမ်းကြီးနေတော့ ကျွန်တော် လိုက်မမှီနိုင်ဖြစ်နေတယ်။"

ရှုယီ ပြန်ရောက်ပြီးနောက် ဒုတိယနေ့တွင် ခမ်နက်ဒ်က သူ၏ညွှန်ကြားချက်အရ သတင်းစာရှင်းလင်းပွဲတစ်ခု ကျင်းပလေသည်။

သတင်းစာ‌ရှင်းလင်းပွဲ၌ ခမ်နက်ဒ်ကြေငြာလိုက်သည့် ဘိလပ်မြေထုတ်လုပ်ရေးနည်းပညာ ရောင်းချခြင်း သတင်းမှာ နောက်ထပ် ဂယက်ရိုက်မှုကို ဖန်တီးလိုက်သည်။

သတင်းရသည်နှင့် ဘန်တာမြို့နှင့် အနီးဝန်းကျင်မြို့များထံမှ မရေတွက်နိုင်သော လုပ်ငန်းစုများအားလုံး အနှီ နည်းပညာ၏ ဈေးနှုန်းကို ညှိနှိုင်းဖို့ ရောက်လာကြ၏။

ငါးသိန်းဟူသည့် ဈေးနှုန်းက လုပ်ငန်းအများစုကို ခြိမ်းခြောက်လွှတ်လိုက်သော်လည်း ဝယ်ယူချင်သည့် လုပ်ငန်းစု နှစ်စုရှိနေသေးသည်။

ထိုသို့ဖြင့် အမ်ရစ်ကုန်သည်ကြီးများအသင်း အပါအဝင် ဘန်တာမြို့နှင့် အနီးဝန်းကျင်မြို့များ၌ပင် ၎င်းနည်းပညာကို ဝယ်ယူခဲ့သည့် လုပ်ငန်းစုသုံးစုရှိ၏။

Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းမှု ရွှေဒင်္ဂါးတစ်သန်းနှင့် ငါးသိန်းရရှိခဲ့သည်။

သို့သော် ဤသည်က အစသာရှိပါသေး၏။

တစ်ပတ်ကြာပြီးနောက် လမ်ပူရီတိုင်းပြည်၏ အခြားနေရာများရှိ လုပ်ငန်းစုများက ထိုသတင်းကိုရကာ အားလုံးရောက်လာကြသည်။ အဆုံးတွင် Frestech ကုန်သည်ကြီးများအသင်းထံမှ ဘိလပ်မြေ ထုတ်လုပ်ခြင်းနည်းပညာကို ဝယ်ယူခဲ့သည့် လုပ်ငန်းစုမှာ ရှစ်ခုရှိသွားပြီဖြစ်၏။

စုစုပေါင်းရလျှင် လမ်ပူရီတိုင်းပြည်နှင့်တင် Frestech ကုန်သည်ကြီးများအသင်းမှာ အနှီနည်းပညာကို ရောင်းချခြင်းမှ ရွှေဒင်္ဂါး ငါးသန်းခွဲရရှိခဲ့သည်။

ရူဒ်ဆန် တိုင်းပြည်ထံမှ ရွှေဒင်္ဂါးငါးသိန်းကိုပါ ထည့်ပေါင်းလျှင် Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းနည်းပညာကို ရောင်းခြင်းမှ ရွှေဒင်္ဂါး ခြောက်သန်းရရှိခဲ့လေ၏!

ဤမျှ ကြောက်မက်ဖွယ်ဝင်ငွေကို မြင်သော် ခမ်နက်ဒ်၏ ရှုယီ ဆုံးဖြတ်ချက်အပေါ် ဆန့်ကျင်မှုက လုံးဝ ပျောက်ကွယ်သွားသည်။

ရှုယီ ပြောခဲ့သလိုပါပင်၊ ဤဘိလပ်မြေထုတ်လုပ်ခြင်းနည်းပညာမှာ ထိုမျှ မရှုပ်ထွေးချေ။ အမ်ရစ်ကုန်သည်ကြီးများအသင်းက အချိန်ကြာအသုံးပြုပြီးနောက် တစ်စိတ်တပိုင်းကို နားလည်နေပြီဖြစ်ရာ Frestech ကုန်သည်ကြီးများအသင်းက မရောင်းချလျှင်တောင် သိပ်မကြာခင်တွင် အမ်ရစ်ကုန်သည်ကြီးများအသင်းမှာ Frestech ကုန်သည်ကြီးများအသင်းကို ထပ်မံမှီခိုရန် မလိုလောက်တော့ချေ။

ထိုအချိန်၌ အခံဘက်တွင် ရှိရမည့်အစား အကျိုးအမြတ်ကြီးတစ်ခု ရနိုင်သောကြောင့် ရောင်းချသည်က ပိုကောင်းပါ၏။

ရှုယီ၏ဆုံးဖြတ်ချက်က ရလာဒ်အလျင်အမြန်ရရှိခဲ့သည်။

ဘိလပ်မြေထုတ်လုပ်ခြင်းနည်းပညာကို ရက်သတ္တပါတ်တစ်ခုအောက် ကြာအောင်သာ ရောင်းချခဲ့သော်လည်း ဘန်တာမြို့နှင့် အနီးဝန်းကျင်မြို့များတွင် ဘိလပ်မြေစက်ရုံ ကြီးကြီးသေးသေး များစွာ ပေါ်ထွက်လာ၏။

သုံးခုမှာ နည်းပညာ ဝယ်ယူခဲ့သည့် လုပ်ငန်းစုများဖြစ်ပြီး၊ ကျန်သည်များမှာ......

ရှုယီလည်း လတ်တလောတွင် ပိုအရေးကြီးသည့်အရာကို ပြုလုပ်ရန်ရှိသောကြောင့် ၎င်းဘိလပ်မြေစက်ရုံများ မည်သို့ ပေါ်လာသည်ကို ဂရုစိုက်ရန် ပျင်းရိလွန်းလှသည်။

"ကမ်ဘီ, ဂရုပိုစိုက်ပါဦး! ခင်ဗျားလက်ကို မသုံးနဲ့၊ ဒီအရာက လျှပ်စစ်ပဲ၊ ဂရုစိုက် မဟုတ်ရင် ဓာတ်လိုက်သွားမယ်!" ရှုယီ၏အော်သံက ကမ်ဘီ၏ စွမ်းအင်ထုတ်စက်ထံ လှမ်းနေသည့် လက်ကို ရပ်တန့်သွားစေသည်။

"ဘာကြောက်စရာရှိလို့လဲ?" ကမ်ဘီက ဂရုမစိုက်သည့်နှယ် လက်ခါသည်၊ "အရင်နှစ်တစ်ရာအကြာတုန်းက ကျုပ် လူသားမှော်ပညာရှင်တစ်ယောက်နဲ့ တိုက်ခိုက်တော့ အဲ့လူသားမှော်ပညာရှင်ရဲ့ လျှပ်စီးမန္တာန်‌တွေနဲ့ အကြိမ်ပေါင်းများစွာ ရိုက်ခတ်ခံခဲ့ရဖူးပေမယ့် ကျုပ်ကို ဘာမှ မဖြစ်စေခဲ့ဘူး။ ဒီပစ္စည်းလေးက အဆင့်မြင့်မှော်ပညာထက် ပိုအားကောင်းမယ်ဆိုတာ ကျုပ်မယုံဘူး။"

ကမ်ဘီက ထိုသို့ပြောပြီးနောက် ရှုယီကို လျစ်လျူရှုကာ အရှိန်မြင့်မြင့် လည်ပတ်နေသည့် စွမ်းအင်ထုတ်စက်ကို လက်လှမ်းလိုက်သည်။

"စီ စီ စီ စီ စီ——"

ကြောက်မက်ဖွယ် လျှပ်စီးကြောင်း တစ်ခုထွက်လာပြီး ကမ်ဘီအား အပြာရောင်လျှပ်စစ်နှင့် ဖုံးကွယ်သွားချိန်တွင် လူတိုင်းကြည့်နေကြသည်။ ၎င်းသေးငယ်ကာ သန်မာသည့် ခန္ဓာကိုယ်က ဆက်တိုက် တွန့်လိမ်နေပြီးဟာသပုံပေါက်ကာ လူတိုင်းကို အံ့ဩ‌သွားစေ၏။

ရှုယီက ချက်ချင်း တုံ့ပြန်ကာ စွမ်းအင်ထုတ်စက်ကို ပိတ်လိုက်၏။ ထို့နောက် သူက မှော်စွမ်းအားကိုသုံး၍ ကမ်ဘီဘေးပတ်လည်ရှိ လျှပ်စစ်ကို ဖြိုခွဲလိုက်သည်။

သို့ရာတွင် ရှုယီ မြန်မြန် တုံ့ပြန်လိုက်လျှင်တောင် ကမ်ဘီက လျှပ်စစ်ကြောင့် အတော်လေး ဓာတ်လိုက်နေပြီးသားဖြစ်၏။

လူပုလေးများမှာ သဘာဝအရ မှော်စွမ်းအားကို ကောင်းကောင်းခုခံနိုင်သဖြင့် ကမ်ဘီမှာ ၎င်းကြောင့် မည်သည့်ဒဏ်ရာမှ မရသွားသော်လည်း လျှပ်စီးကြောင်းက သူဝတ်ထားသည့် အဝတ်အားလုံးကို လောင်ကျွမ်းစေပြီးဖြစ်သည်။ သူ၏ဆံပင်ညိုညိုများသည်ပင် အငွေ့ထွက်ကာ ထောင်ထနေသည်မှာ တံမြက်စည်းတစ်ချောင်းလိုပင်။

လူတိုင်း ကမ်ဘီ၏ လက်ရှိ အသွင်ကိုမြင်သော် မရယ်ဘဲ မနေနိုင်ကြတော့ချေ။

အထူးသဖြင့် မှော်စက်အလုပ်ရုံ၏ အခြားလူပုလေးများဖြစ်ကြပြီး ၎င်းတို့က ကမ်ဘီကို လက်ညှိုးတထိုးထိုးဖြင့်ရယ်ကာ မြေပြင်ထက်၌ပင် လူးလှိမ့်လုနီးပါးဖြစ်နေ၏။

ကမ်ဘီလည်း ခဏတာ အံ့ဩနေပြီးနောက် တုန်ယင်လာသည်။ သူက ရပ်တန့်နေပြီဖြစ်သည့် စွမ်းအင်ထုတ်စက်ကို အကြောက်တရားအချို့ဖြင့် ကြည့်ကာ ရှုယီကိုလည်း တအံ့တဩကြည့်လာသည်၊ "ဥက္ကဌ၊ ဒီပစ္စည်းက အရမ်း အားကောင်းလွန်းမနေဘူးလား? ဒါက ခင်ဗျားတို့လူသား မှော်ပညာရှင် သတ္တမအဆင့် လျှပ်စီးမှော်စွမ်းအားထက်တောင် ပိုအားကောင်းတယ်လို့ခံစားရတယ်။"

ရှုယီက မျက်လုံးများလှိမ့်ပြကာ၊ "အ‌ဓိပ္ပာယ်မရှိတာ၊ သတ္တမအဆင့်လျှပ်စီးမန္တာန်မှာ ဝပ်လေးရာတောင်မရှိဘူးလေ။ ဒီစွမ်းအင်ထုတ်စက်က သေးပေမယ့် အနည်းဆုံး ပါဝါ တစ်ကီလိုဝပ်လောက်ထုတ်နိုင်တော့ ပိုစွမ်းအားကြီးတာပေါ့။ ကျုပ်ရဲ့ သတိပေးချက်ကို မနားထောင်တဲ့နောက်တော့ ဘယ်လိုခံစားလိုက်ရလဲ?"

ကမ်ဘီက သူ၏ ထိုးထိုးထောင်ထောင်ဖြစ်နေသော ဆံပင်ကို ပွတ်ကာ ရယ်၍ မေးလာသည်၊ "ဥက္ကဌ၊ ခင်ဗျား ပြောခဲ့တဲ့ ဗို့အားဆိုတာ ဘာများလဲ?"

"ဒါကို ရှင်းပြရရင် နည်းနည်းတော့ ရှုပ်တယ်။ ခင်ဗျားတို့ ဖတ်ဖို့အတွက် အခြေခံလျှပ်စစ်အကြောင်း စာအုပ်တစ်အုပ်ရေးရင် နားလည်သွားမှာပါ။ အခု၊ ဒီစွမ်းအင်ထုတ်စက်ရဲ့ အခြေအနေကို ဘယ်လိုထင်လဲ? အခုနက တစ်နာရီလောက် မောင်းခဲ့တာမဟုတ်လား? မှားယွင်းတာမရှိရင် ဒီအစမ်းစစ်ဆေးမှုကို အောင်မြင်တယ်လို့ သတ်မှတ်လို့ရတာပဲ။" ရှုယီက ဆိုသည်။

လူပုလေးများက စွမ်းအင်ထုတ်စက်ထံ ဂရုတစိုက်ချဉ်းကပ်သွားကြကာ လျှပ်စီးကြောင်းမရှိကြောင်း သေချာမှ စတင်‌စစ်ဆေးနေကြသည်ကိုမြင်သော် ရှုယီလည်း အနည်းငယ် ရယ်ရွှင်ဖွယ်ခံစားလိုက်ရသည်။

၎င်းလူပုလေးများက သူ၏ လျှပ်စစ်သတိပေးချက်ကို အရေပြားထူထူအား အားကိုး၍ လျစ်လျူရှုခဲ့သော်လည်း ယခုတွင် ကမ်ဘီ သင်ခန်းစာရသွားသဖြင့် စွမ်းအင်ထုတ်စက်နားကပ်ချိန်၌ သတိပိုထားနေကြသည်။

မှော်ပညာရှင်များအဖွဲ့အစည်း၌ ရှုယီထံရှိခဲ့သည့် လက်ဖဝါးအရွယ်ခန့် လေစွမ်းအားထုတ်စက်နှင့် ယှဉ်လျှင် ယခု ရှုယီက ဘန်တာမြို့သို့ ပြန်ရောက်နေပြီဖြစ်ရာ ကမ်ဘီ၏ ခါးလောက်ကျယ်ကာ မြေပြင်၌ ချထားပါက နေရာကျယ်ကျယ်ယူသည်။ စွမ်းအင်ထုတ်စက်တစ်လုံး ပြုလုပ်ထားသည်။

သို့သော် ကမ္ဘာမြေရှိ ဓာတ်အားပေးစက်ရုံများရှိ မီးစက်များနှင့် ယှဉ်လျှင် ဤသည်မှာ သေးငယ်လှသည့် စွမ်းအင်ထုတ်စက်လေးသာဖြစ်သည်။ ထို့အပြင် ၎င်းက လျှပ်စီးကြောင်းများကို ထုတ်ရန် လေစွမ်းအား မှော်အစီအရင်ကို အားကိုးရ၏။

အထွက်နှုန်းနှင့် ယှဉ်လျှင် စွမ်းအင်ထုတ်စက်၏ အကြီးမားဆုံးပြဿနာမှာ ကွိုင်၏ ကိုယ်ထည်ဖြစ်သည်။

လမ်ပူရီတိုင်းပြည်က ကြေးနီသတ္တုရိုင်းများကို တူးဖော်ရာတွင် တင်းကြပ်စွာ ထိန်းချုပ်ထားသဖြင့် ရှုယီမှာ ဖဲလ်ချောင်ကုန်သည်ကြီးများအသင်းထံမှ ကွိုင်လုပ်ရန် ကြေးနီပမာဏများစွာရရန်မဖြစ်နိုင်သလို လတ်တလောတွင် အလူမီနီယံကိုသာ အစားထိုးအဖြစ်သုံးနိုင်သည်။

သို့သော် အလူမီနီယံသည်ပင် စိုင်စ်နယ်မြေကြီး၌ ရှားပါးထုတ်ကုန်ဖြစ်လေရာ စွမ်းအင်ထုတ်စက်လုပ်ရန် ရှုယီသုံးသည့် အလူမီနီယံမှာ ဖဲလ်ချောင်ကုန်သည်ကြီးများအသင်း ခက်ခက်ခဲခဲရယူထားသည့်အရာဖြစ်၏။

၎င်းစွမ်းအင်ထုတ်စက်ကို အလူမီနီယံမှ ပြုလုပ်ခြင်းမှာ အရည်အသွေးက မလုံလောက်သဖြင့် အဆင်မပြေလှရာ စွမ်းအင်ထုတ်စက်မှာ တစ်နာရီလောက်သာ လည်ပတ်နိုင်ပြီးနောက် ပြဿနာများပေါ်လာသည်။

သုံးရက်စမ်းသပ်ပြီးနောက် ၎င်းတို့မှာ အလူမီနီယံကွိုင်များစွာကို ဖျက်ဆီးပြီးဖြစ်သည်။ ၎င်းက ရှုယီခက်ခက်ခဲခဲရရှိထားသည့် အလူမီနီယံအားလုံးကို သုံးရမည့်ပုံပင် ပေါ်နေ၏။

စဉ်းစားကြည့်ရင်း ရှုယီလည်း ခေါင်းခါရုံကလွဲ မတတ်နိုင်တော့ချေ။

ကြည့်ရသည်မှာ စွမ်းအင်ထုတ်စက်များ စမ်းသပ်ရန် အလျင်ဦးစွာ ပစ္စည်းပြဿနာဖြေရှင်းရမည့်ပုံပင်။

သူ့အတွက် ထပ်မံ စမ်းသပ်ရန် သတ္တုပျော့တွင်းကိုဖွင့်ချိန်အထိစောင့်ဆိုင်းပြီးမှ အလူမီနီယံနှင့် ကြေးနီအမြောက်အများရယူရမည်။

ရှုယီ၏ ဘန်တာမြို့အား တစ်မြို့လုံး လင်းထိန်နေရန်အတွက် လျှပ်စစ်ကို အသုံးပြု၍ ကမ္ဘာမြေက မြို့များကဲ့သို့ ညအခါ၌ တောက်ပနေမည့် အိမ်မက်မှာ အိပ်မက်‌သာဖြစ်နေဆဲပင်။

လူပုလေးများ စွမ်းအင်ထုတ်စက်အနား ရစ်ဝိုင်းနေကြချိန်တွင် ရှုယီက ဆန်နက်မြေရိုင်းရှိရာဘက်သို့ ပြတင်းမှ ကြည့်လိုက်သည်။

ဗော်လ်လာမျိုးနွယ်စုအနီးတွင် သတ္တုပျော့ကြောကို တူးဖော်ရန် သူဟာ ဆန်နက်မြေရိုင်းဆီ ခရီးတစ်ခေါက်သွားရမည်ဖြစ်သည်။ ဆန်နက်မြေရိုင်းကိုစဉ်းစားမိသော် ဆန်နက်မြေရိုင်းနှင့် နယ်နိမိတ်ထိစပ်နေသော စတက်တိန်းနယ်မြေကိုပါ တွေးမိ၏။

ထိုလူ အန်ကလိုမှာ ဘန်တာမြို့မှာ ကြာညောင်းစွာ စောင့်ဆိုင်းနေဆဲဖြစ်ရာ သူဟာ မည်သည့်အချိန်ထွက်ခွာသင့်သနည်း?

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၁၂၈။ လက်လျှော့ရင်ရော ဘယ်လိုလဲ

အချိန်များကုန်လွန်ကာ ဒီဇင်ဘာကျရောက်လာသည်။

မြောက်ပြန်လေများက ပို၍ပင် အေးစက်လာ၏။ မှော်သုတေသနဌာန၏ လူငယ်သုတေသနပညာရှင်များမှာ တက်ကြွနေကြပါလျှင်တောင် ဤရာသီဥတု၌ ဓာတ်ခွဲခန်းထဲအောင်းကာ သုတေသနလုပ်ရခြင်းကို ယခင်ကလို မတက်ကြွကြတော့ချေ။

အီဗီတာ၏ ခန္ဓာကိုယ်ကလည်း ထိုမျှ မကြံ့ခိုင်လေရာ သာမန်လူများနှင့်ယှဉ်ပါက အအေးကို ပို၍ ထိလွယ်ရှလွယ်ဖြစ်ပါ၏။ ဤသို့သော အချိန်တွင် သူမဟာ သဘာတကျစွာပင် ဓာတ်ခွဲခန်း တံခါးနှင့် ပြတင်းအားလုံးကို ပိတ်ကာ မည်သည့်လေအေးကိုမှ ဝင်လာခွင့်မပြုချေ။

မှော်လေပေးစက်မှလာသည့် ခပ်နွေးနွေးလေစီးကြောင်းကို ခံစားမိချိန်တွင် အီဗီတာမှာ လက်နှစ်ဖက်ကိုပွတ်လျက် မနေနိုင်ဘဲ ရှုယီကို ကျေးဇူးတင်လိုက်သည်။

ရှုယီကသာ အပူချိန်ပြောင်း မှော်လေပေးစက်ကို မတီထွင်ခဲ့သလို ဆောင်းရာသီမတိုင်ခင် မှော်သုတေသနဌာန၏ ဓာတ်ခွဲခန်းတိုင်း၌ တစ်လုံးစီ တပ်ဆင်မထားပေးခဲ့ပါလျှင် ယခင်နှစ်ကကဲ့သို့ တူညီသည့် အေးစက်မှုကို အီဗီတာ တောင့်ခံနေရလိမ့်မည်။

သူမအနေနှင့် အအေးကိုတိုက်ဖျက်ရန် မီးစွမ်းအား သုံးနိုင်ပါသော်လည်း ၎င်းက ဓာတ်ခွဲခန်း၏ လေထုကို အင်မတန်ဆိုးရွားစေနိုင်သဖြင့် အီဗီတာမှာ ထိုသို့ပြုလုပ်ရန် အမြဲ မုန်းတီးနေခဲ့၏။

မှန်ပါ၏၊ လေထုအရည်အသွေးကို မထိခိုက်စေနိုင်သည့် အခြားနည်းလမ်းရှိပြီး ၎င်းမှာ အတိုင်းအတာကြီး မီးလျှံအစီအရင်ဖြစ်သည်။

သို့ရာတွင် ထိုအစီအရင်တည်ရန် အနည်းဆုံး ရွှေဒင်္ဂါးတစ်ရာကုန်ကျပြီး လစဉ်ကုန်ကျစရိတ်က ရွှေဒင်္ဂါးသုံးဆယ်ကုန်ကျမည်ကိုပါ ထည့်တွက်လိုက်လျှင် ရှုယီ မည်မျှသဘောကောင်းနေပါစေ ဓာတ်ခွဲခန်းတိုင်း၌ တစ်ခုစီ တပ်ပေးမည်မဟုတ်။

သူမ၏ ရှုယီကို နားလည်ထားပုံအရ သူဟာ အလုပ်သမားများကို ဂရုစိုက်သော ဥက္ကဌတစ်ဦးဖြစ်သည်။

အန်ဗီမာမြို့တော်၌ ရှိစဉ်က သူဟာ ၎င်းကို အယ်လ်ရီကိစ္စမှတဆင့် ပြသပြီးဖြစ်သည်။

အခြားလုပ်ငန်းစုတစ်ခုခု၏ ဥက္ကဌသာဆိုလျှင် အယ်လ်ရီအား ငွေပေးလျှင်တောင် တော်ကာကျသေးသော်လည်း ရှုယီက အန်ကဲအီရန်အနေနှင့် အယ်လ်ရီကို လာရောက် တောင်းပန်စေ၏။

သုတေသနပညာရှင်များအားလုံးမှာ အန်ကဲအီရန်၏အထောက်အထားနှင့် ထိုလူက မည်မျှ ဘဝမြင့်ကြောင်း သေချာသိကြသဖြင့် ထိုအချိန်က အံ့အားသင့်ခဲ့ကြသည်။

ရှုယီက သူ့အား ဦးညွှတ်လာအောင် လုပ်ပြီး ဤလူများရှေ့၌ တောင်းပန်စေသည်က တကယ်ကို လူတိုင်းအား အံ့ဩစေသည်။

ထိုကိစ္စကြောင့် သုတေသနပညာရှင်များ၏စိတ်နှလုံးတွင်းရှိ ရှုယီ၏ပုံရိပ်မှာ ပို၍ပင် ကြီးမားလာတော့၏။

သုတေသနပညာရှင်များစွာ၏စိတ်ထဲတွင် သူဟာ ၎င်းတို့၏ စံပြပုဂ္ဂိုလ်ပင် ဖြစ်လာသည်။

သို့သော် အီဗီတာ၏အမြင်က လူများစွာနှင့် ကွဲပြားလေ၏။

သူမ၏ပထမအထင်မှာ ရှုယီက ၎င်းကိုလုပ်ဆောင်ရန် ငွေအတော်ပေး‌ခဲ့လောက်သည်။

သူမသာ အယ်လ်ရီဆိုပါက ရှုယီအား သူမအတွက်ကြောင့် မည်သည့်တန်ကြေးမှ မပေးစေလိုသောကြောင့် ရှုယီကို ထိုသို့ပြုလုပ်ရန် တောင်းဆိုမည်မဟုတ်ချေ။

သို့သော် ဤအခြေအနေ၌ သူမအနေနှင့် ထိုစကားများပြောဖို့ မဖြစ်နိုင်ရာ စိတ်ထဲ၌သာ သိမ်းထားနိုင်သည်။

သို့သော် မှော်လေပေးစက်မှ လေနွေးနွေးကို ခံစားရင်း အီဗီတာမှာ ရှုယီကို စဉ်းစားရင်း ရုတ်တရတ် မေးခွန်းတစ်ခုကို စဉ်းစားမိသွား၏။

"တကယ်ကိုပဲ..... ဘာလို့ ငါဒီလိုထင်မိတာလဲ?"

အီဗီတာမှာ သူမ၏စိတ်နှလုံးက လက်မခံလိုသည့် အဖြေမှန်ကို ထုတ်ဖော်လုနီးနီးတွင် တံခါးခေါက်သံထွက်ပေါ်လာသည်။

အီဗီတာလည်း ကြောင်အသွားပြီး စိတ်ရှုပ်ထွေးနေရာမှ နိုးထလာသည်။ သူမစဉ်းစားနေခဲ့သည့် အထူးအဆန်းကိစ္စများကို တွေးကြည့်ရင်း သူမ၏ မျက်နှာက မနီရဲသွားဘဲ မနေ‌နိုင်တော့ချေ။ အတွေးများကို ထိန်းချုပ်ပြီးနောက် အတွင်းဘက်မှ လော့ခ်ချထားသည့် တံခါးကို သွားဖွင့်လိုက်လေသည်။

တံခါးပွင့်လာချိန်တွင် အီဗီတာ မမျှော်လင့်ထားသည့် ဧည့်သည်က အပြင်၌ရှိနေ၏။

"စတေးလ်? ဘယ်လိုလုပ် ဒီရောက်နေတာလဲ?" အီဗီတာက ဘေးကိုတိုးကာ စတေးလ်ကို အထဲဝင်ရန် ဖိတ်လိုက်သည်။

"ပျင်းနေလို့၊ ပြီးတော့ ဒီကို မရောက်တာ ကြာပြီမှန်း သတိရသွားတော့ တစ်ချက်လောက်ကြည့်ဖို့ အပြေးလာခဲ့တာ။" စတေးလ်က အီဗီတာ ကမ်းပေးလာသည့် လဘက်ရည်ပူကိုယူကာ ဂရုတစိုက် တစ်ငုံသောက်ပြီးနောက် သက်ပြင်းချလေ၏၊ "ဒီသောက်ရာသီဥတုကတော့ ငါ့ကို ခဲသေအောင်‌လုပ်နေတာပဲ။"

အီဗီတာက ပြုံးကာ စတေးလ်ရှေ့၌ ထိုင်ချ၍ ပြောသည်၊ "ငါနင့်ကို အလုပ်ဖြုတ်ထားပြီးပြီ၊ နင် အစီရင်မခံလည်း ကိစ္စမရှိဘူး။"

စတေးလ်လည်း အံ့ဩကာ အီဗီတာ၏နှာခေါင်းလေးကို ဆွဲညှစ်လိုက်သည်။ ထို့နောက် အပြုံးဖြင့် ဆို၏၊ "ဟုတ်ပြီလေ၊ အီဗီတာ, နင်က ခေါင်းဆောင်ဆိုတော့ အခု အာဏာအတော်ရှိနေပြီပဲနော်? နင် တကယ်ပဲ ငါ့ကို အလုပ်ဖြုတ်ရဲတယ်ပေါ့? နင့်ကို ခေါင်းဆောင်အဖြစ်ကနေ ဖြုတ်ဖို့ ရှုယီကို လုပ်ခိုင်းနိုင်တယ်ဆို ယုံမလား?"

အီဗီတာက အသာ‌ နှာခေါင်းရှုံ့ကာ၊ "ဒါဆို သွားလေ၊ ငါ့ကို အလုပ်ဖြုတ်ချင်လား ကြည့်ရအောင်။"

ထိုသို့ ပြောပြီးချိန်တွင် နှစ်ဦးစလုံး အံ့ဩသွားသည်။

စတေးလ်က အီဗီတာကို ခဏတာကြည့်လိုက်ပြီး မနေနိုင်ဘဲ ပြောလာ၏၊ "အာကာလီနဲ့ ဘယ်လာက နင့်ကို ဆိုးကျိုးတွေသက်ရောက်စေမယ်လို့ ထင်သားပဲ၊ နင်တို့အားလုံး ရှုယီကို ဟာသလုပ်ရတာ သဘောကျတယ်။"

အီဗီတာ၏မျက်နှာက နီရဲလာပြီး လဘက်ရည်သောက်ရန် ငုံ့လိုက်သယောင်ဆောင်လိုက်၏။ သူမက အသံတိုးတိုးဖြင့် ဆိုလာသည်၊ "ဘယ်လာက အခု ဒါကို မကြိုက်လောက်တော့ပါဘူး၊ ဒါပေမယ့် အာကာလီကတော့....."

အီဗီတာ၏အသံထဲရှိ စာနာမှုကို ကြားသော် စတေးလ်မှာ အံ့ဩရင်း မျက်နှာထက်၌ ရှုပ်ထွေးနေဟန်ပေါ်လာသည်။ ခဏတာ တိတ်ဆိတ်နေပြီးနောက် သူမက သက်ပြင်းဖွဖွချလျက် ပြောလေ၏၊ "တကယ်တော့ ငါလည်း မြင်နိုင်ပါတယ်၊ ဒါပေမယ့်..... သူမဆီ ရှုယီကို ဘယ်ပေးနိုင်မှာလဲ?"

အီဗီတာက ခေါင်းမြန်မြန်ခါကာ ပြော၏၊ "မဟုတ်ဘူး၊ ငါက ဒီလိုပြောချင်တာမဟုတ်ပါဘူး။ စတေးလ်၊ နင်နဲ့ ရှုယီတို့က နှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက် သဘောကျတာပဲ၊ ဒါက အရမ်းကို ဝမ်းသာစရာလေ။ နင် ဒါကိုလိုက်နာပြီး အလွယ်လေး လက်လွှတ်လို့ မရဘူး။ အကယ်၍..... အကယ်‌၍ အာကာလီက ငါတို့ရဲ့သူငယ်ချင်းကောင်းဖြစ်ရင်တောင် ဒါက နင် တစ်ကိုယ်ကောင်းဆန်သင့်တဲ့ အရာပဲ။"

စတေးလ်က အသာပြုံးလေ၏။ သူမက အပြင်ဘက်ရှိ အတန်ငယ် မှောင်မိုက်နေသော ကောင်းကင်ကို ကြည့်ကာ ရုတ်တရတ် သက်ပြင်းချသည်၊ "ငါ လက်လျှော့ဖို့ ဆန္ဒမရှိရင်တောင် ထိန်းမထားနိုင်မှာ စိုးရိမ်မိတယ်၊ သနားစရာပဲ....."

အီဗီတာမှာ အံ့ဩလျက် မေးလိုက်သည်၊ "ဘာလဲ? နင်နဲ့ ရှုယီကြားမှာ တစ်ခုခုဖြစ်ထားလို့လား? နင်တို့ ခု‌တလော အဆင်မပြေကြဘူးလား?"

"မဟုတ်ပါဘူး၊ အခုတော့ ဘာပြဿနာမှမရှိပေမယ့်၊ ဒီတိုင်း....." စတေးလ်က မျက်မှောင်ကုပ်လျက် အတန်ငယ် စိုးရိမ်ဟန် ပေါ်နေကာ၊ "ဒီတိုင်း သူက ငါ့ကို အဲ့လောက်ကြီး ဂရုမစိုက်တော့ဘူးလို့ ရုတ်တရတ် ခံစားနေရလို့ပါ....."

အီဗီတာက မျက်မှောင်ကုပ်ကာ မေးသည်၊ "ဘာလို့ ရုတ်တရတ်ကြီး ဒီလိုထင်ရတာလဲ? တစ်ခုခုဖြစ်ခဲ့လို့လား?"

စတေးလ်က သူမ၏တောက်ပမှုများကို ဆုံးရှုံးလိုက်ရသည့်ဟန်ပေါ်နေသလို သူမ၏ ယုံကြည်ချက်များလည်း ပျောက်ဆုံးသွားဟန် ရှိနေ၏။

အီဗီတာ၏အမေးကိုကြားသော် သူမဟာ ဝေဝါးဝါးဖြင့် လဘက်ရည်တစ်ငုံသောက်ပြီးမှ တဖြည်းဖြည်း ပြောလာသည်၊ "အီဗီတာ, ငါနင်တို့ကို မပြောပြဖူးတဲ့အရာတစ်ခုရှိတယ်။ တကယ်တော့ ငါတို့ အန်ဗီမာမြို့တော်ကို သွားတုန်းက ငါ ဗင်းဆင့်ထ်နဲ့ တွေ့ခဲ့တယ်။"

"အာ?" အီဗီတာက အံ့ဩသွားသည်၊ "ဘယ်လိုလုပ် သူနဲ့ တွေ့ခဲ့တာလဲ? ဘယ်မှာလဲ? ရှုယီရောသိလား?"

"အင်း၊ သူက အဲ့အချိန်မှာ ငါနဲ့အတူရှိနေတာလေ။" စတေးလ်က ခေါင်းငြိမ့်သည်။

"သူ့မှာ ဘယ်လိုတုံ့ပြန်မှုမျိုးရှိနေလဲ? ဒေါသဖြစ်နေတာလား?" အီဗီတာက အတန်ငယ် စိုးရိမ်နေသံဖြင့် မေးလေသည်။

စတေးလ်လည်း ခါးသက်သက်ရယ်မောကာ၊ "သူ ဒေါသမထွက်လို့ပဲ ငါ စိတ်ပူနေတာ။ ဗင်းဆင့်ထ်ကို တွေ့ပြီးနောက်တော့ သူ လုံးဝ ဒေါသမထွက်သလို လုံးဝ ဂရုမစိုက်တဲ့ ပုံတောင် ပေါ်နေသေးတယ်။ ငါ အရင်က ဗင်းဆင့်ထ်ကို သဘောကျခဲ့မှန်းသူသိနေတာပဲလေ။ ငါ ထင်တာက ဗင်းဆင့်ထ်ကို တွေ့ပြီးနောက်ကျရင် အနည်းဆုံးတော့ သဝန်တိုပြီး နည်းနည်းလောက်တုံ့ပြန်လာမယ်လို့ပေါ့၊ ဒါပေမယ့် လုံးဝကို မတုံ့ပြန်တာ....."

ထိုသို့ပြောနေချိန်တွင် စတေးလ်က နာကျင်ဟန်ရှိနေ၏။ သူမက ကိုယ်ကိုကိုင်း၍ အီဗီတာပေါင်ပေါ်တွင် ခေါင်းတင်လိုက်ရင်း အသံတိုးဖွဖွဖြင့် ဆိုလာလေသည်၊ "အီဗီတာ, သူ ငါ့ကို လုံးဝဂရုမစိုက်သလို တကယ် မချစ်ဘူးလို့ ခံစားနေရတယ်။ မဟုတ်ရင် ဗင်းဆင့်ထ်ကို တွေ့ပြီး‌တာတောင် ဘာလို့ လုံးဝမတုံ့ပြန်ဘဲ နေနိုင်မှာလဲ?"

အီဗီတာလည်း စတေးလ်၏ ရွှေအိုရောင်ဆံနွယ်လှလှလေးများကို ပွတ်သပ်ပေးရင်း ခပ်ဖျော့ဖျော့ပြုံးကာ ပြောသည်၊ "နင်က သူ့ကို ဘယ်လိုတုံ့ပြန်မှုမျိုးရှိစေချင်တာလဲ? ငါ့ရဲ့ ရှုယီကို နားလည်ပုံအရဆို သူက ဗင်းဆင့်ထ်ကို သူ့မျက်လုံးထဲ လုံးဝမထားဘူးလို့ပဲ ခံစားရတယ်။ နင်ရော မထင်ဘူးလား..... အဲဒီ ဗင်းဆင့်ထ်က သူ့ကို လုံးဝမယှဉ်နိုင်ဘူးလေ။ ဆင်တစ်ကောင်က ပုရွက်ဆိတ်တစ်ကောင်ကို ငုံ့ကြည့်မယ် ထင်နေတာလား?"

စတေးလ်က ရုတ်တရတ် ခေါင်းမော့ကာ အီဗီတာကို မပျော်မရွှင်ဖြင့်ပြောလာ၏၊ "ဗင်းဆင့်ထ်က ပုရွက်ဆိတ်ဆိုရင် သူ့ကို အရင်က သဘောကျခဲ့တဲ့ ငါကရော ပုရွက်ဆိတ်‌ပဲလား?"

အီဗီတာမှာ မပြုံးမိဘဲ မနေနိုင်ဖြစ်ရင်း စတေးလ်၏ပါးလေးကို ဆွဲညှစ်လိုက်လေသည်။

"နင်က ပုရွက်ဆိတ်ဆိုရင်တောင် အနည်းဆုံးတော့ ပုရွက်ဆိတ် အ‌လှလေးလေ။"

စတေးလ်က သက်ပြင်းချကာ ဆိုသည်၊ "ဒါပေမယ့် ပုရွက်ဆိတ်အလှလေးကလည်း ပုရွက်ဆိတ်ဖြစ်နေတုန်းလေ၊ ဆင်တစ်ကောင် ဂရုစိုက်မယ့် အရာမှ မဟုတ်တာ။"

အီဗီတာမှာ မနေနိုင်ဘဲ ခေါင်းခါကာ၊ "ကြည့်ရတာ ငါတို့ လမ်ပူရီတော်ဝင်ကျောင်းတော်ရဲ့ အလှပဆုံးနဲ့ ယုံကြည်ချက်အရှိဆုံး စတေးလ်က ချစ်မိသွားတာနဲ့ ယုံကြည်ချက်တွေအားလုံး ပျောက်ဆုံးသွားပုံပဲ။"

"အမှန်ပဲ၊ ငါ့မှာ အခု ဘာ ယုံကြည်ချက်မှ မရှိဘူး။" စတေးလ်က ရိုးသားစွာ ခေါင်းငြိမ့်သည်၊ "သူသာ ငါ့ကို တကယ်ဂရုစိုက်ရင် ဘာလို့ ဗင်းဆင့်ထ်ကို ဂရုမစိုက်ရမှာလဲ? သူသာ ငါ့ကို တကယ် သဘောကျရင်၊ ဘာလို့.... ဘာလို့ လက်ထပ်ခွင့်မတောင်းသေးရတာလဲ?"

အီဗီတာလည်း မနေနိုင်ဘဲ စတေးလ်ကို မျက်လုံးလှိမ့်ပြလိုက်သည်၊ "ဟေး၊ နင်က ရှုယီကို အဲ့အကြောင်း မစဉ်းစားသေးဘူး၊ လက်ထပ်ဖို့ မစီစဉ်ရသေးဘူးလို့ အခေါက်ပေါင်းများစွာ ပြောခဲ့တာကို ငါမှတ်မိတယ်နော်? အခုနင်က သူ လက်ထပ်ခွင့်မတောင်းလို့ ညည်းညူနေတာလား?"

"ငါ....ငါ သူ့ကို အရင်ဆုံး လွယ်လွယ် သဘောမတူလိုက်ချင်ပေမယ့် ငါဘယ်လောက်ပဲ ဒါကို လိုချင်သည်ဖြစ်စေ သူက ဒီကိစ္စကို ထပ်မပြောတော့ဘူး မဟုတ်လား? အီဗီတာ, ငါ့ကိုပြော.... သူ့ဆီမှာ အခု ငါ့ကိုလက်ထပ်ဖို့ ရည်ရွယ်ချက်မရှိဘူးမို့လား?"

အီဗီတာမှာ မနေနိုင်ဘဲ စတေးလ်၏နဖူးကို တောက်လိုက်၏၊ "နင်ကပဲ အကုန်ပြောထားပြီး အခု ရှုယီကို အပြစ်တင်နေတာပဲ။ သူက ဒါကိုသိရင် နင့်ကို တကယ်ပဲ မလိုချင်တော့ဘူးဆို ယုံလား? ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို လက်ထပ်ခွင့်တောင်းရမယ်လို့ ဘယ်သူပြောလဲ? နင်သာ သူ့ကို တကယ်သဘောကျရင် သူနဲ့အတူ ဆုံးဖြတ်ပြီး ဘာလို့ ဒီတိုင်း မပြောလိုက်တာလဲ?"

"ငါက ဘယ်လိုပြောနိုင်မှာလဲ?" စတေးလ်က ဝေဝါးဝါးမေးလိုက်သည်။

အီဗီတာက ကူရာမဲ့စွာ ခေါင်းခါ၏၊ "ငါ့ရဲ့ သူ့ကိုနားလည်ပုံအရဆို သူက နင့်ကို သဘောမကျတာတွေ ဂရုမစိုက်တာတွေမဟုတ်ဘဲ ဒီလိုကိစ္စတွေမှာ နှေးကွေးနေတာလို့ပဲထင်တယ်။ ဒီတော့ နင်သာ တစ်ခုခုလိုချင်ရင် သူ့ကို ဒီတိုင်းပြောလိုက်သင့်တယ်လို့ ထင်တယ်။ ဥပမာ၊ သူက ဗင်းဆင့်ထ်အကြောင်း ဂရုမစိုက်တော့ နင့်ကို ဂရုမစိုက်သလို ခံစားနေရတယ်ပေါ့၊ ဒါမှမဟုတ် နင်စဉ်းစားပြီးပြိမို့ သူနဲ့ အမြဲ အတူရှိချင်တယ်လို့ပေါ့။"

စတေးလ်၏မျက်နှာလေးမှာ အတန်ငယ် နီမြန်းသွားသည်၊ "ငါ သူ့ကို တိုက်ရိုက်ကြီး ဘယ်‌လိုပြောနိုင်မှာလဲ?"

အီဗီတာက အတန်ငယ် စိတ်ဆိုးနေဟန်ဖြင့် ဆိုလာသည်၊ "နင့်အနေနဲ့ ရှုယီလို ယောက်ျားကောင်းကို ရှာတွေ့နိုင်တာကတင် ကံကောင်းနေပါပြီ။ နင်သာ သူ့ကိုမလိုချင်ရင် လက်လျှော့ပြီး ငါ့ကိုပေးလိုက်ပေါ့!"

စတေးလ်က အံ့ဩသွားကာ အီဗီတာလည်း မှားပြောလိုက်မိမှန်း သိသွားသဖြင့် နေရခက်စွာ နှစ်ချက်လောက် ချောင်းဟန့်လိုက်သည်။ သူမက မိမိကိုယ်ကိုယ်စိတ်ငြိမ်စေလျက် ခေါင်းစဉ်ပြောင်းလိုက်၏၊ "ငါ့ကိုပြော စတေးလ်၊ နင်တို့နှစ်ယောက် ဘယ်အဆင့်ထိရောက်ပြီလဲ?"

စတေးလ်၏မျက်နှာမှာ နီမြန်းနေဆဲဖြစ်သည်၊ "ဘာအဆင့်လဲ?"

"အဲ့ဒါက...." အီဗီတာ၏မျက်နှာလည်း အနည်းငယ်နီရဲလာကာ၊ "အဲဒါကလေ...."

စတေးလ်လည်း ယခုမှသာ အီဗီတာ၏ ဆိုလိုရင်းကိုနားလည်ကာ ရှက်သွေးဖြန်းမှုက ပိုဆိုးလာသည်။ သူမက ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့လိုက်၏၊ "ငါတို့ နမ်းပဲ နမ်းရသေးတယ်၊ ဘာကိုမှ မလုပ်ရသေးဘူး။"

"ကြည့်ရတာ ဒါက ပြဿနာဖြစ်ပုံပဲ။" အီဗီတာက စဉ်းစားပြီးနောက် ပြောလာသည်၊ "စတေးလ်၊ နင်တို့ တွဲလာတာ နှစ်တစ်ဝက်လောက်ရှိပြီမို့လား?"

"အင်း"

"ဒီတချိန်လုံး၊ နင်တို့က နမ်းနေရုံပဲလား။ ငါသာရှုယီဆိုရင် နင်က ငါ့ကို ဂရုမစိုက်ဘူးလို့ထင်မိမှာပဲ။ နင်က ဂရုမစိုက်မှတော့ သူတစ်ခုခုလုပ်မှသာ ထူးဆန်းနေမယ်။" အီဗီတာက သူမ၏ သုံးသပ်ချက်ကို ပြောလာ၏။

စတေးလ်က ချက်ချင်း စိတ်လှုပ်ရှားလာကာ၊ "ဒါဆို ငါဘာလုပ်ရမလဲ?"

"ရှင်းပါတယ်၊ ငါပြောတာကိုလိုက်နာပြီး နင့်ရဲ့ အတွေးတွေကို သူ့ဆီပြောပြလိုက်။" အီဗီတာက ရိုးသားစွာ ဆိုသည်၊ "ငါ့ကိုယုံ၊ ရှုယီက ဒီအပိုင်းမှာ နှေးကွေးတာကြောင့်သာ မဟုတ်ရင် သူ့ဘေးနားမှာ မိန်းကလေးတွေ ဝိုင်းဝိုင်းလည်နေပြီး နင့်ကို သစ္စာတောင်ရှိနေမှာမဟုတ်ဘူးလို့ အာမခံရဲတယ်။"

စတေးလ်လည်း ခဏမျှစဉ်းစားပြီးနောက် တဖြည်းဖြည်း ခေါင်းငြိမ့်သည်။

"ကောင်းပြီ၊ ငါနားလည်တယ်။"

"ဒါဆို ဘာလုပ်ရမလဲ သိပြီလား?"

"ငါ.....စဉ်းစားလိုက်ပါ့မယ်။"

"မစဉ်းစားနဲ့။" အီဗီတာ၏ အမူအရာက ပို၍လေးနက်လာသည်၊ "ဒါက နင်လုပ်ကို လုပ်ရမယ့်အရာပဲ။ မဟုတ်ရင် နင် တကယ်လက်လျှော့သင့်တယ်!"

"ပြီးတော့ နင့်ကိုပေးရမှာလား?" စတေးလ်က မျှော်လင့်မထားစွာ ထိုသို့ပြောလာသည်။

အီဗီတာလည်း တိတ်ဆိတ်နေပြီးနောက်မှာ အလေးအနက်ဖြေလာ၏၊ "သူသာ ဆန္ဒရှိရင် ငါလည်းဆန္ဒရှိတယ်။"

စတေးလ်က အီဗီတာကို တအံ့တဩကြည့်လိုက်သော်လည်း အီဗီတာမှာ အရှုံးကို ဝန်မခံချင်ပုံပေါ်နေသဖြင့် သူမလည်း အကြည့်မလွှဲလိုက်ပေ။

ရုတ်တရတ် အခန်းက ထူးဆန်းစွာ တိတ်ဆိတ်သွားသည်။

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၁၂၉။ လူထုပို့ဆောင်ရေးက အကျိုးအမြတ်တစ်ခုပဲ

ဘန်တာမြို့နှင့် အနီးဝန်းကျင်မြို့များ၏ သတင်းထောက်များမှာ Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌရှုက အန်ဗီမာမြို့တော်မှ ပြန်လာစဉ်ကတည်းက ၎င်းတို့ရှေ့၌ ပေါ်လာသည်မှာ ရှားပါးကြောင်း ရုတ်တရတ် သတိထားမိလိုက်ကြသည်။

သူဟာ အင်တာဗျူးများ လက်ခံရန် ရှားရုံသာမက ဘိလပ်မြေထုတ်လုပ်ခြင်းနည်းပညာကို ရောင်းချခြင်းအား ကြေညာပြီးကတည်းက အထွေထွေမန်နေဂျာ ခမ်နက်ဒ်ကိုသာ အရာအားလုံး လုပ်ဆောင်ခွင့်ပေးထားပြီး သူကတော့ ထွက်မလာခဲ့ချေ။

လပေါင်းများစွာအကြာ၌ ပထမဆုံးအကြိမ်ကျင်းပခဲ့သည့် ထုတ်ကုန်ကြေညာပွဲ၌ပင် ရှုယီက လူလုံးထွက်မပြဘဲ ကျင်းပသူက အထွေထွေမန်နေဂျာ ခမ်နက်ဒ်ဖြစ်နေဆဲပင်။

ထို့အပြင် သတင်းထောက်များကို ပို၍ စိတ်ပျက်စေသည်မှာ Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်ကုန်ကြေညာပွဲတိုင်း၌ အံ့အားသင့်ဖွယ်သတင်းရှိခဲ့ရာ Frestech ကုန်သည်ကြီးများအသင်းက ထုတ်ကုန်ကြေငြာပွဲကျင်းပမည့်အကြောင်းကြားချိန်တွင် အားလုံး ကိစ္စကြီးကြီးကို မျှော်လင့်ထားခဲ့ကြ၏။ နောက်ဆုံးတွင် ရှုယီလည်း ထွက်မလာသလို ကိစ္စကြီးလည်း မရှိခဲ့ပေ။

ကြေငြာသည့် မှော်ရေပူပေးစက်မှာ ဤရာသီအတွက် အင်မတန်သင့်တော်ပြီး ဆောင်းရာသီ၌ ရေပူရသဖြင့် ရေချိုးရန် ဒုက္ခမများတော့သောကြောင့် အာရုံကို ဆွဲဆောင်နိုင်လိမ့်မည်။

သို့သော်လည်း ဤထုတ်ကုန်အား ရှုယီက ကြေညာခဲ့ခြင်းမဟုတ်သလို ကိစ္စကြီးကြီးလည်းမရှိလေသဖြင့် သတင်းထောက်များမှာ တစ်ခုခု လိုနေသလို ခံစားနေမိကြ၏။

ပိုအရေးကြီးဆုံးမှာ ရှုယီက သတင်းစာရှင်းလင်းပွဲနှင့် ထုတ်ကုန်ကြေငြာပွဲကို ပျက်ကွက်ခဲ့သလို သူ့ကိုယ်သူ လူထုရှေ့၌ ထွက်မပြဘဲ မန်နေဂျာခမ်နက်ဒ်ကိုသာ အလုပ်အများစုကို ကိုင်တွယ်စေ၏။ ၎င်းက မည်သည့်အဓိပ္ပာယ်နည်း?

ဖြစ်နိုင်သည်မှာ..... သူဟာ ရာထူးဖယ်ပေးရန် စီစဉ်ထားသည်လား?

"ဒါက အဓိပ္ပာယ်မရှိလိုက်တာ၊ ငါက သုံးဆယ်တောင်မရောက်သေးဘူး၊ ငယ်သေးတာကို။ ဘာလို့ ရာထူးဖယ်ပေးရမှာလဲ?" ရှုယီလည်း ရှေ့ရှိ ဟားနက်စ်ကို ခေါင်းခါပြကာ မနေနိုင်ဘဲ ပြုံးရင်း ဆိုလာသည်၊ "အဲဒီလူတွေက တကယ်ပဲ သတင်းထောက်အဖြစ် အကြာကြီး အလုပ်လုပ်လာပြီးနောက်မှာ ထိရှလွယ်လာကြတာလား?"

ဟားနက်စ်မှာ ဘန်တာမြို့သို့ နျူမန်, အန်ကလိုတို့နှင့်အတူ လိုက်လာသော်လည်း ၎င်းတို့ကို လိုက်ပို့ခြင်းမဟုတ်ဘဲ လှည့်ပတ်ကြည့်ရန် ခရီးတစ်ခု အထူးတလည်စီစဉ်ထားသောကြောင့်ပင်။

အပြင်ပန်းတွင် သူဟာ 'ယခုနှစ် ဘန်တာမြို့'ဟူသည့် သတင်းစီးရီးကို ⟨လမ်ပူရီ အပတ်စဉ်⟩အတွက် လုပ်ရန် ရောက်နေခြင်းသာ။ အထူးသဖြင့် ယခုနှစ်အတွင်း ဘန်တာမြို့‌၌ ဖြစ်ပွားခဲ့သော အပြောင်းအလဲများကို သတင်းရေးရန်ဖြစ်သည်။

လျှို့ဝှက်ချက်မှာမူ သူဟာ ဘုရင်ကြီး၏တောင်းဆိုမှုကို လက်ခံထားကာ ဤနေရာကို လမ်ပူရီတိုင်းပြည်၏အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်ရန်အတွက် အထူးတလည် ခြုံငုံသုံးသပ်ကာ အဆင့်မြှင့်တင်ရာ၌ ပြင်ဆင်ရန်ဖြစ်သည်။

ဤအလုပ်မှာ တစ်ရက် နှစ်ရက်နှင့် ပြီးဆုံးမည် မဟုတ်သောကြောင့် နျူမန်က ရူဒ်ဆန်တိုင်းပြည်သို့ ပြန်သွားပြီး အန်ကလိုက ရှုယီ၏တိုက်တွန်းမှုအောက်၌ စတက်တိန်းနယ်မြေသို့ ပြန်သွားပြီးနောက်တွင်တောင် ဟားနက်စ်က ဤနေရာ၌ ရှိနေဆဲပင်။

ဟားနက်စ် ယနေ့ ရှုယီကို လာရှာသည်မှာ သူ၏ အပေါင်းအသင်းအားလုံးက ရှုယီနှင့် မည်သို့ အင်တာဗျူးလုပ်ရမည်ကို သိလိုနေကြသည့် မေးခွန်းကို မေးရန်အပြင် သူရေးနေသည့် သတင်းအတွက်လည်းဖြစ်သည်။

ယခု ရှုယီထံ၌ အခြားအတွေးရှိနေသည်ကို တွေ့သော် ဟားနက်စ်လည်း ချက်ချင်းမေးလိုက်သည်၊ "ဒါဆိုဘာလို့ ခမ်နက်ဒ်ကို သတင်းစာရှင်းလင်းပွဲနဲ့ ထုတ်ကုန်ကြေငြာပွဲတွေမှာ တာဝန်ယူခွင့်ပေးထားတာလဲ? ဘာလို့ မင်းက လုံးဝ ထွက်မလာခဲ့တာလဲ?"

ရှုယီက သူ့ကိုကြည့်ကာ ပြန်မေးသည်၊ "ဒါဆို ကျုပ်ကို ပြောလေ၊ ခင်ဗျား ဘာလို့ အင်တာဗျူးတွေကို ကိုယ့်ဘာသာ အပြေးမလုပ်ဘဲ ခင်ဗျားလက်အောက်က သတင်းထောက်တွေကို လုပ်ခိုင်းနေတာလဲ?"

"အဓိပ္ပာယ်မရှိတာ။ အဲဒီ့သတင်းတွေအားလုံးကို ငါတောင်လုပ်နိုင်ပါ့မလား?" ဟားနက်စ်က ပုံမှန်အတိုင်းပြန်ဖြေသည်၊ "လက်အောက်ငယ်သားတွေ ကောင်းကောင်းလုပ်နိုင်မယ့်အရာတွေပဲ ပေးလုပ်တာပေါ့။ ဒီလိုဆို အချိန်သက်သာပြီး ပိုအရေးကြီးတာတွေ လုပ်လို့ရပြီလေ။"

"ကျုပ် အဖြေကလည်း ဒီလိုပဲ။" ရှုယီက လက်ဖြန့်ကာ၊ "ခမ်နက်ဒ်လို အရည်အချင်းရှိတဲ့ အထွေထွေမန်နေဂျာကို ခက်ခက်ခဲခဲ တွေ့ခဲ့ရတာ၊ ဒါကို ကျုပ်သာ သူ့ကို လုပ်စရာတွေပိုပေးပြီး ကျုပ်အပေါ်က ဖိအားကိုလျှော့ချမယ့် ဒီအခွင့်အရေးကိုသာ မယူရင် ကျုပ်က ရူးနှမ်းမသွားဘူးလား?"

ဟားနက်စ်က ရယ်သည်၊ "အမှန်ပဲ။ ဒါပေမယ့် ရှုယီ၊ မင်းနဲ့စာရင် ခမ်နက်ဒ်က သတင်းနည်းနည်းပဲပေးတယ်လေ။ ဘန်တာမြို့နဲ့ အနီးအနားမြို့က လုပ်ဖော်ကိုင်ဖက်တွေလည်း ဒါကို စိတ်ပျက်နေကြတာ။

ရှုယီမှာ မပြုံးမိဘဲ မနေနိုင်တော့ချေ၊ "ဒါဆို ခင်ဗျား ခမ်နက်ဒ်ကို ချီးမကျူးဘူးလား? သူက ကျုပ်တို့လုပ်ငန်းစုရဲ့ အထွေထွေမန်နေဂျာဖြစ်ပြီးတော့ အလုပ်အမှန်အကန်လုပ်တာကြောင့် ကျုပ် မြင်ချင်တာကလည်း သတင်းမရှိတာပဲ မဟုတ်လား? သူသာ ကျုပ်လို သတင်းတွေအားလုံးဖန်တီးနေမယ်ဆိုရင် ဒါက တကယ် ကိစ္စကောင်းဖြစ်မှာမဟုတ်ဘူး။"

"ဒါက မင်းနဲ့ငါ အမြင်မတူတဲ့ တစ်ခုပဲ။" ဟားနက်စ်က ပခုံးတွန့်ကာ ဆက်ပြောသည်၊ "ကောင်းပြီလေ၊ ဒါကို မပြောတော့ဘူး။ မင်း တာဝန်ယူထားတဲ့ ဘန်တာမြို့ ပြုပြင်ပြောင်းလဲရေးစီမံကိန်း နောက်ခြေလှမ်းအကြောင်းပြောကြတာပေါ့။ မင်းနဲ့ ဒီ အင်တာဗျူးလုပ်ပြီးရင် ငါ့ရဲ့ သတင်းစီးရီးပထမအပိုင်း ပြီးပြီဆိုတော့ မင်းအနေနဲ့ လူတွေကို ဆွဲဆောင်နိုင်မယ့်တစ်ခုခု‌ပေးပြီး အစကောင်းလေး လုပ်ပေးဖို့လိုတယ်။"

"ဒါက ဘာခက်လို့လဲ? ဘန်တာမြို့တစ်ခုလုံးမှာ ဆန်းသစ်ပြီး ဆွဲဆောင်မှုရှိတာတွေ မျိုးစုံပဲလေ၊ အဲ့ထဲက တစ်ခုခုပြောလိုက်ရုံပဲပေါ့။" ရှုယီက ပေါ့တန်စွာ ပြောသည်။

"ဒါဆို အရင်ဆုံး ဥပမာပြောပြလေ။" ဟားနက်စ်က သူ၏မှတ်စုကိုထုတ်ကာ ချရေးဖို့ ပြင်လိုက်သည်။

"အား.... အရမ်းများနေတော့ အားလုံးပြောလို့မရဘူး....." ရှုယီက မေးစေ့ကိုပွတ်၍ စဉ်းစားပြီးနောက်ပြောလာသည်၊ "ဟုတ်သားပဲ၊ ခင်ဗျားမနေ့က ဆန်းဒ်တွန်စက်မှုနယ်မြေကို သွားခဲ့တယ်မဟုတ်လား? အဲ့ဒီကို ဖာဆန်ရထားလုံးလုပ်ငန်းစုရဲ့ မြင်းလှည်းစီးသွားရတယ်ဟုတ်?"

ဟားနက်စ်က ခေါင်းတစ်ချက်ငြိမ့်၏၊ "တကယ်ကိုပဲ။ ပြောရရင် မင်းတို့ လုပ်ငန်းစုက ဖာဆန်ရထားလုံးလုပ်ငန်းစုနဲ့ သဘောတူညီမှုရသွားပြီဆိုတာ ရုတ်တရတ် သတိရသွားပြီ။ ဆန်းဒ်တွန်စက်မှုနယ်မြေနဲ့ ဘန်တာမြို့ကြားမှာ မရပ်မနားနဲ့ ကူးလူးသွားနေကြတဲ့ ဖာဆန်ရထားလုံးလုပ်ငန်းစု မြင်းလှည်းတွေ အတော်များများကိုတွေ့ခဲ့တယ်။ တချို့ဆို လူ‌တွေတောင် အပြည့်မပါတာ တွေ့ရတယ်၊ ဒါက အရမ်းဖြုန်းတီးရာကျမနေဘူးလား?"

"ခင်ဗျားနားမလည်ဘူးပေါ့?" ရှုယီက ထရယ်သည်၊ "ပြောပြပါ့မယ်၊ ဒါက အရမ်းကို ဆန်းသစ်တဲ့အရာပဲ၊ ခင်ဗျား မှတ်ထားသင့်တယ်။ ခင်ဗျားရဲ့ ခန့်မှန်းချက်မှန်ပါတယ်၊ ကျုပ်တို့ လုပ်ငန်းစုက ဖာဆန်ရထားလုံးလုပ်ငန်းစုနဲ့ သဘောတူညီမှုလုပ်ပြီးတော့ ဖာဆန်ရထားလုံးလုပ်ငန်းစုကို ဆန်းဒ်တွန်အိမ်ရာဆီ နာရီတိုင်းမှာ မြင်းလှည်းတစ်စီးလွှတ်ဖို့ တောင်းဆိုထားတာ။ တစ်ချိန်တည်းမှာပဲ ဆန်းဒ်တွန်အိမ်ရာကနေထွက်ခွာပြီး ဘန်တာမြို့ဆီ ဦးတည်နေတဲ့ မြင်းလှည်းလည်းရှိရမယ်။ ဒါက မနက် ခြောက်နာရီမှာစတင်ပြီး ညရှစ်နာရီမှာ အဆုံးသတ်တယ်လေ။

"ဘုရားရေ၊ ဒါဆို ဒီအဓိပ္ပာယ်က...." ဟားနက်စ်မှာ ၎င်းကိုသိပြီးနောက် မတွက်ချက်နိုင်တော့ကြောင်းသိလိုက်ရသည်၊ "အနည်းဆုံး တစ်ချိန်တည်းမှာ ပြေးဆွဲမယ့် မြင်းလှည်း ဆယ်စီးလောက် ရှိရမှာပေ့ါ?"

"အဲ့လောက်ကြီးလည်း မဟုတ်ပါဘူး။" ရှုယီက ခေါင်းခါကာ၊ "ဆန်းဒ်တွန်အိမ်ရာနဲ့ ဘန်ဝာမြို့တော်က ဆယ့်ငါးကီလိုမီတာပဲဝေးပြီးတော့ လမ်းတွေလည်း ခင်းပြီးပြီလေ၊ ကြားထဲက မှတ်တိုင်မှာရပ်တာတွေကို ထည့်ပေါင်းရင် ခရီးတစ်ထောက်ကို တစ်နာရီပတ်လည်ပဲ ကြာတာ။ ဒီတော့ တွက်ကြည့်ရင် ဒီလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ မြင်းလှည်း လေးစီးပဲ လိုအပ်တာပါ။ ဒါပေါ့ လုံခြုံဖို့အတွက် ဖာဆန်ရထားလုံးလုပ်ငန်းစုကို အနည်းဆုံး တစ်ချိန်တည်းမှာ မြင်းလှည်းခြောက်စီးလွှတ်ဖို့ စာချုပ်မှာ လက်မှတ်ထိုးထားတယ်။"

"ဒါက များနေတုန်းပဲလေ။ မင်း အဲဒီ့ မြင်းလှည်းခြောက်စီးကို မင်းတို့ လုပ်ငန်းစုက အလုပ်သမားတွေအတွက် ငှားထားတာလား? ဒါပေမယ့် တခြားလုပ်ငန်းစုက လူတွေလည်း မြင်းလှည်းတွေစီးနေကြတာကို သတိထားမိခဲ့ပါတယ်။"ဟားနက်စ်က ရှုပ်ထွေးနေဟန်ဖြင့် ဆိုသည်။

"ဟင့်အင်း၊ ကျုပ် ဖာဆန်ရထားလုံးလုပ်ငန်းစုနဲ့ သဘောတူညီမှုလုပ်ကာစမှာ သူတို့တွေ မြို့စားအိမ်တော်နဲ့ တရားဝင်စာချုပ်ချုပ်ခဲ့တယ်။ မြို့စားအိမ်တော်ဖြစ်စေ ကျုပ်တို့ လုပ်ငန်းစုက‌ဖြစ်စေ ဘယ်သူကမှ ကြေးတစ်ပြားမှ ပေးစရာမလိုဘဲ အသုံးစရိတ်ကို ဖာဆန်ရထားလုံးလုပ်ငန်းစုက ကိုင်တွယ်မှာလေ။ အဲဒီ....." ရှုယီက ရယ်ကာ၊ "ဖာဆန်ရထားလုံးလုပ်ငန်းစုကတောင် မြို့စားအိမ်တော်ကို တစ်လ ရွှေဒင်္ဂါးတစ်ထောင်ပေးဖို့ လိုတယ်။"

"ဘယ်လိုဖြစ်နိုင်မှာလဲ!" ဟားနက်စ်က ချက်ချင်းအော်လာသည်၊ "ဒါက ခင်ဗျားတို့လုပ်ငန်းစုရဲ့ အလုပ်သမားတွေနဲ့ ဆန်းဒ်တွန်စက်မှုနယ်မြေမှာ အလုပ်လုပ်တဲ့ လူတွေအတွက် အဆင်ပြေအောင်လုပ်ထားတာပဲလေ၊ ဖာဆန်ရထားလုံးလုပ်ငန်းစုအနေနဲ့ မြို့စားအိမ်တော်ဆီကနေ ငွေမတောင်းတာကတင် တော်ကာကျနေပြီကို၊ ဘာလို့ သူတို့ကတောင် ငွေပေးရဦးမှာလဲ? ဥက္ကဌပွန်ဖီးက ရူးနေတာလား?"

"ဥက္ကဌပွန်ဖီးက ရူးနေတယ်လို့ထင်တာလား?" ရှုယီက အပြုံးဖြင့်ပြောသည်၊ "စိတ်ချပါ၊ သူ လုံးဝမရူးပါဘူး။ ပြောပြမယ်၊ ဖာဆန်ရထားလုံးလုပ်ငန်းစုက ပေးရမယ်ဆိုပေမယ့်လည်း ဒီမြင်းလှည်းခြောက်စီးက သူတို့လုပ်ငန်းစုအတွက် နေ့စဉ်အမြတ်တွေ ဝင်နေတာပါ။ သူ အရင်က ကျုပ်ကို ပြောခဲ့တာအရဆို အရင်လက ဒီမြင်းလှည်းတွေကြောင့် ရွှေဒင်္ဂါးတစ်ရာနီးနီး ရခဲ့တယ်ဆိုပဲ။"

"တစ်လကို ရွှေဒင်္ဂါးတစ်ရာလား?" ဟားနက်စ်က မျက်မှောင်ကုပ်ကာ၊ "ဒါက မလုံလောက်ဘူးလေ။ ဒီလိုဆို၊ သူ့ အနေနဲ့ တစ်နှစ်ကို ရွှေဒင်္ဂါးတစ်ထောင်ဝန်းကျင်ပဲရမှာပေါ့၊ သူတို့ပေးရမယ့်ငွေကိုပေးပြီးရင် ဘာကျန်တော့မှာလဲ?"

"ဒီရွှေဒင်္ဂါးတစ်ထောင်က ဒီလမ်းကြောင်းတစ်ခုတည်းအတွက်မဟုတ်ဘူး။ တကယ်တော့ ဖာဆန်ရထားလုံးလုပ်ငန်းစုပေးရမယ့် ရွှေဒင်္ဂါးတစ်ထောင်က မြို့တစ်မြို့လုံးရဲ့ ပို့ဆောင်ရေးစနစ်ကို လုံခြုံအောင်လို့ပါ။ ကျုပ်အမြင်မှာ မလုံလောက်ရုံတင်မဟုတ်ဘူး အတော်တောင်နည်းနေသေးလားလို့။" ရှုယီက ပြော၏။

"နေပါဦး၊ မြို့တစ်မြို့လုံးအတွက် ပို့ဆောင်ရေးစနစ်လား?" ဟားနက်စ်က ခေါင်းကိုဖိကာ စဉ်းစားပြီးနောက် ရုတ်တရတ် အော်ပြောလာသည်၊ "အခု သတိရပြီ၊ မင်း အရင်က ငါ့ကို ဒီကိစ္စအကြောင်းပြောဖူးတာပဲ၊ ဒီတော့ ဒီလိုဆိုရင်..... ဖာဆန်ရထားလုံးလုပ်ငန်းစုက ဒီရွှေဒင်္ဂါးတစ်ထောင်ကို ပေးပြီးတဲ့နောက်ကျရင် မြို့မှာရှိတဲ့ လူထုပို့ဆောင်ရေးတွေအားလုံးကို သူတို့လုပ်ငန်းစုဆီပေးရမယ့် အဓိပ္ပာယ်ပေါ့?"

"ဟုတ်တယ်၊ အစီစဉ်အရ ဘန်တာမြို့ကနေ ဆန်းဒ်တွန်အိမ်ရာဆီလမ်းကြောင်းက ပထမအစမ်း ပို့ဆောင်ရေးလမ်းကြောင်းပဲရှိသေးတာ။ အခု ဒီလမှာ ပြဿနာများများစားစားမရှိခဲ့တော့ မကြာခင် လူထုပို့ဆောင်ရေးလိုင်းတွေ တဖြည်းဖြည်း ဖွင့်တော့မှာ။ နောက်ဆုံးပန်းတိုင်က ဘန်တာမြို့တစ်ခုလုံးမှာ လမ်းတွေခင်းပြီး လူထုပို့ဆောင်ရေးလမ်းကြောင်းနဲ့ ချိတ်ဆက်ဖို့ပဲ။"

"တွက်ကြည့်ရအောင်....." ဟားနက်စ်က ခေါင်းငုံ့ကာ စဉ်းစားလိုက်သည်၊ "ဆန်းဒ်တွန်အိမ်ရာလို ဝေးတဲ့နေရာတစ်ခုကိုတောင် စဉ်းစားရရင် အနည်းဆုံး မတူညီတဲ့ လမ်းကြောင်း အခုနှစ်ဆယ်လောက်ရှိရမယ် ဟုတ်လား? ဒါပေမယ့် ငါ့မှာ ပြဿနာရှိနေတုန်းပဲ၊ ဘာလို့လဲဆိုတော့ ဆန်းဒ်တွန်စက်မှုနယ်မြေကို သွားမယ့်လူအလုံအလောက်ရှိတာကြောင့် ဒီပို့ဆောင်ရေးလမ်းကြောင်းကို စီးမယ့်လူ လုံလောက်တော့ ဖာဆန်ရထားလုံးလုပ်ငန်းစုလည်း ဒီကနေ ငွေဝင်တာပေါ့။ ဒါပေမယ့် ဘန်တာမြို့ရဲ့ တခြားနေရာကို သွားမယ့်လူတွေက မလုံလောက်ဘူးမလား? ဖာဆန်ရထားလုံးလုပ်ငန်းစုက ဒီပို့ဆောင်ရေးလမ်းကြောင်းတွေ ပြေးဆွဲတာကနေ ငွေဆုံးသွားမှာ မဟုတ်ဘူးလား?"

ရှုယီက နှာခေါင်းရှုံ့ကာ၊ "လူထုပို့ဆောင်ရေးစနစ်က မြို့တစ်မြို့မှာ ထားရှိသင့်တဲ့အရာပဲ၊ လမ်းကြောင်းတိုင်းကနေတော့ ငွေဘယ်ရမလဲ။ သူ ငွေမဆုံးတာကတင် အဆင်ပြေနေပြီ။ ဒါပေမယ့် ဖာဆန်ရထားလုံးလုပ်ငန်းစုကို စိုးရိမ်ဖို့ မလိုပါဘူး၊ အခု ပို့ဆောင်ရေးလမ်းကြောင်းတွေက လူအများစုရှိတဲ့နေရာတွေနဲ့ ချိတ်ဆက်နေတာလေ။ ဥပမာပြောရရင် နောက်ဖွင့်ပို့ဆောင်ရေးလမ်းကြောင်းက ဘန်တာမြို့နဲ့ ဗင်နီလာသစ်ခွဆင်ခြေဖုံးကို ချိတ်ဆက်ပေးမှာလေ။ ဗင်နီလာသစ်ခွဆင်ခြေဖုံးကို အခု အဆပေါင်းများစွာ တိုးချဲ့ထားတော့ နေတဲ့လူ‌လည်း ထောင်ချီတယ်။ ဒီလမ်းကြောင်းက တိုမှာဆိုတော့ ဒီကနေ ဖာဆန်ရထားလုံးလုပ်ငန်းစုလည်း ငွေပမာဏများများရမှာပဲ။"

***

မှော်စက်မှုအင်ပါယာ

Vol 2, အခန်း ၁၃၀။ တူးမြောင်းများ တူးဖော်ခြင်း

"နေပါဦး၊ ငါ့မှာ ဒါနဲ့ပတ်သက်ပြီး ပြဿနာရှိတုန်းပဲ။" ဟားနက်စ်က ရှုပ်ထွေးနေဟန်ဖြင့် မေးလာ၏၊ "မနေ့က မြင်းလှည်းယူသွားတော့ ခရီးတစ်ထောက်စာအတွက် ငွေဒင်္ဂါးသုံးပြားကျတယ်။ ဒီလူထုပို့ဆောင်ရေးစနစ်ကသာ မင်းပြောသလို မြို့ကထောက်ပံ့ပေးတဲ့ဟာဆိုရင် ဒီဈေးနှုန်းက အရမ်းများမနေဘူးလား? မင်းနဲ့ ကောင့်ထ်စီယန်တို့ ဒါကိုဆွေးနွေးပြီး ဈေးနှုန်းသတ်မှတ်ခဲ့တာမဟုတ်ဘူးလား?"

"ဒါပေါ့ ကျုပ်တို့ သတ်မှတ်ထားတာလေ၊ ဒါက ဥက္ကဌပွန်ဖီး ဆွေးနွေးပြီး နောက်မှ သတ်မှတ်လိုက်တဲ့ ဈေးနှုန်းပဲ။ ပြောရရင် မြို့တော်က ဒါကို ဘယ်လောက်ပဲ ထောက်ပံ့ပေးသည်ဖြစ်စေ ဖာဆန်ရထားလုံးလုပ်ငန်းစုလည်း ငွေရဖို့ လိုတယ်လေ၊ ဟုတ်တယ်မလား? မဟုတ်ရင် ဖာဆန်ရထားလုံးလုပ်ငန်းစုက ဘာလို့ ဒီစာချုပ်မှာ လက်မှတ်ထိုးမှာလဲ?" ရှုယီက ပုံမှန်အတိုင်းပြော၏။

"ဒါပေမယ့် ငါခံစားမိတာက.... ဒီဈေးနှုန်းက ဘန်တာမြို့သားတွေအတွက် အရမ်းများနေမလားလို့?" ဟားနက်စ်က‌မျက်မှောင်ကုပ်ကာ ပြောသည်၊ "ခရီးတစ်ထောက်ကို သုံးပြားဆိုရင် တစ်နေ့ကို ငွေဒင်္ဂါးခြောက်ပြားကုန်တာပေါ့။ ဒါက ခရီးရှည် မြင်းလှည်းတွေထက် အများကြီးသက်သာပေမယ့်လည်း တစ်လကို ရွှေဒင်္ဂါးနှစ်ပြားနီးနီးဖြစ်နေတုန်းဆိုတော့ နည်းနည်းများနေလားလို့။ အလုပ်သမားတွေနဲ့ သာမန်လူတွေက ဒါကို တတ်နိုင်မယ်လို့ ငါမထင်ဘူး။"

ရှုယီက ရယ်မောကာ၊ "ဟားနက်စ် ခင်ဗျားက အရင်အတွေးဟောင်းတွေထဲ ရစ်ဝဲနေတုန်းကိုး။ လက်ရှိ မြို့သူမြို့သားတွေရဲ့ ပျမ်းမျှလစာက ဘယ်လောက်ရှိပြီထင်လို့လဲ?"

"ဘယ်လောက်မို့လဲ?"

"ပြောပြမယ်၊ မလန့်သွားနဲ့။ မြို့စားအိမ်တော်ရဲ့ အရင်လ လူဦးရေစာရင်းအရ ဘန်တာမြို့မှာရှိတဲ့ သာမန်မြို့သူမြို့သားတွေအတွက် ပျမ်းမျှလစာက ရွှေဒင်္ဂါး ဆယ်ပြားကျော်နေပြီ!"

"မဖြစ်နိုင်တာ!" ဟားနက်စ်မှာ သူ၏ ထိုင်ခုံမှ အထိတ်တလန့်ဖြင့် ထခုန်မိသွားသည်၊ "အန်ဗီမာမြို့တော်က ပျမ်းမျှ လစာတောင် ရွှေဒင်္ဂါးဆယ်ပြားမရှိဘူး၊ ဘန်တာမြို့မှာ ဘယ်လိုလုပ် ရွှေဒင်္ဂါးဆယ်ပြားကျော်နေရတာလဲ?"

"ဘာလို့ မဖြစ်နိုင်ရမှာလဲ?" ရှုယီက အပြုံးဖြင့် ဟားနက်စ်ကိုကြည့်သည်၊ "ခင်ဗျားက အန်ဗီမာမြို့တော်ကမို့လို့ ဒီအချက်ကို လက်မခံချင်တာလေ။"

"ငါ လက်မခံချင်တာမဟုတ်ဘူး၊ တကယ်ကို မဖြစ်နိုင်တာလေ!" ဟားနက်စ်က ကျယ်လောင်စွာ ပြောသည်၊ "မင်းတို့ Frestech ကုန်သည်ကြီးများအသင်းက ပေးတဲ့ ပျမ်းမျှ လစဉ်ဝင်ငွေက ရွှေဒင်္ဂါးဆယ်ပြားကျော်ဆိုရင်တောင် ယုံဦးမယ်၊ ပြီးတော့ တခြားလုပ်ငန်းစုတွေက အလုပ်သမားတွေမှာ ပျမ်းမျှလစာ ရွှေဒင်္ဂါးဆယ်ပြားကျော်ရှိတယ်လို့ ပြောတယ်ဆိုရင်တောင် ယုံပါတယ်၊ ဒါပေမယ့် ဘန်တာမြို့ရဲ့ သာမန် အလုပ်သမားတွေက လစဉ် ပျမ်းမျှ လစာ ရွှေဒင်္ဂါးဆယ်ပြားကျော်ရတယ်ဆိုတာ မင်းငါ့ကို သေအောင်ရိုက်သတ်ရင်တောင် ယုံမှာမဟုတ်ဘူး!"

ရှုယီလည်း သက်ပြင်းချကာ ခေါင်းခါလိုက်၏။ သူက မသိနားမလည်သူတစ်ဦးကိုကြည့်သည်နှယ် ကြည့်ကာ‌ ပြောလေသည်၊ "ဘန်တာမြို့ကို ရက်အတော်များများ ပြေးလွှားစစ်ဆေးနေတော့ ခင်ဗျားလည်း ဘန်တာမြို့အခြေအနေကို အနည်းဆုံးတော့ နားလည်လောက်မယ်ထင်ထားတာ၊ ဒါပေမယ့် ဒါကိုတောင် နားမလည်လောက်ဘူးလို့ မထင်ထားဘူး။"

ဟားနက်စ်က ချက်ချင်းစိတ်တိုနေသံဖြင့် ဆိုလာသည်၊ "ငါနားမလည်ဘူးလို့ပြောတာလား? မင်း ကြွားနေတာလို့ပဲ ငါထင်တယ်!"

"ကြွားတယ်?" ရှုယီက မပြုံးမိဘဲ မနေနိုင်စွာ ပြောလိုက်သည်၊ "ကောင်းပြီလေ၊ ခင်ဗျားရဲ့ သတင်းတွေက နောက်ကျကျန်ရစ်ခဲ့မှတော့ ခင်ဗျားကို ကောင်းကောင်းသင်ပေးရမလား ဒါမှမဟုတ် ခင်ဗျားရေးတဲ့ ဆောင်းပါးနဲ့ ခင်ဗျားကိုယ်တိုင် နာမည်ပျက်စေမလားပဲ။ ခ်..... ကောင်းကောင်းနားထောင်၊ အရင်ဆုံး ပြောပြမယ်၊ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်း အလုပ်သမားတွေက ပျမ်းမျှလစာ ရွှေဒင်္ဂါးဆယ်ပြား‌လေးလောက်ပဲရတာမဟုတ်ဘူး။ အရင်လကတင် ဆာဘက်စ် ပေါင်းထားတဲ့ အချက်အလက်အရ ရွှေဒင်္ဂါးနှစ်ဆယ်အဆင့်ထိ ရောက်နေပြီ။"

"ရွှေဒင်္ဂါးနှစ်ဆယ်? ပျမ်းမျှ‌လေ?" ဟားနက်စ်မှာ ရှုယီကို မယုံကြည်နိုင်စွာကြည့်လိုက်သည်၊ "မင်း..... ငါတခြား ဥက္ကဌတွေဆီအလည်သွားတုန်းက သူတို့က မင်းဟာ ဖြုန်းတီးရေးသမားလို့ပြောခဲ့လို့ ငါ မင်းအတွက် ပြန်ငြင်းပေးခဲ့ပေမယ့် မင်းက တကယ်ကြီး ဖြုန်းတီးရေးသမားဖြစ်နေမယ်လို့ မထင်ထားဘူး! မင်းက မင်းရဲ့အလုပ်သမားတွေကို ဒီလောက်လစာမြင့်မြင့် ပေးထားတယ်လား? မင်းတို့ လုပ်ငန်းစုက ငွေတွေအများကြီးဝင်ရင်တောင် ဒီလိုလုပ်‌လို့မရဘူးမို့လား?"

"ကျုပ်ကို ဖြုန်းတီးရေးသမားလို့ခေါ်တယ်လား?" ရှုယီက နှာမှုတ်ကာ၊ "ဒီလူတွေလည်း ကျုပ်ထက် မနိမ့်ပါဘူး။ တခြားလုပ်ငန်းစုတွေရဲ့ဥက္ကဌတွေက သူတို့ရဲ့ အလုပ်သမားတွေကိုပေးတဲ့ လစာလည်း ကျုပ်တို့ လုပ်ငန်းစုကထက် မနည်းဘူးလို့ ခင်ဗျားကို မပြောပြလိုက်ဘူးလား? ကျုပ်တို့ လုပ်ငန်းစုထက် လစာပိုမြင့်တဲ့ အလုပ်သမားတွေနဲ့ လုပ်ငန်းစုတွေ အများကြီးတောင်ရှိသေးတယ်။ ကျုပ်တို့ လုပ်ငန်းစုက ဘန်တာမြို့မှာ လစာအမြင့်ဆုံးလုပ်ငန်းစုမဟုတ်တော့တာဘဲ အချိန်ကြာနေပြီလေ။"

ဟားနက်စ်က ရှုယီကို ခဏကြာအောင် ငေးကြည့်နေလိုက်၏။ စဉ်းစားကြည့်ပြီးနောက် တစ်ဖန်ထိုင်ချကာ မျက်မှောင်ကုပ်၍ ခေါင်းခါသည်၊ "မင်းတို့ဘန်တာမြို့ရဲ့ လုပ်ငန်းစုတွေအားလုံး ရူးနှမ်းနေကြတယ်လို့ ငါတကယ် သံသယဖြစ်မိတယ်။ မင်းတို့ Frestech ကုန်သည်ကြီးများအသင်းက လစာမြင့်မြင့်ပေးတာဟာ ဥက္ကဌအနေနဲ့ မင်းက ဖြုန်းတီးရတာကို သဘောကျလို့ဆိုပေမယ့် ဘာလို့ သူတို့တွေကလည်း လစာမြင့်မြင့်ပေးကြတာလဲ? သူတို့ကလည်း မင်းလို ဖြုန်းတီးရေးသမားတွေပဲလား?"

"တခြားနည်းလမ်းမရှိဘူးလေ၊ ဘန်တာမြို့မှာ လူအင်အားလိုအပ်မှုက အရမ်းများနေရုံပဲ။ လူအတော်လိုနေတဲ့ အလုပ်အတော်များများရှိပေမယ့် ဘယ်သူကမှ ဒီအတွက် လူမရှာနိုင်ကြဘူး။ ခင်ဗျား ဘန်တာမြို့မှာ ရက်အတော်ကြာ လှည့်ပတ်သွားနေခဲ့တာ အလုပ်မရနိုင်တဲ့ သာမန်လူတစ်ဦးဦးနဲ့များ တွေ့ခဲ့လို့လား?" ရှုယီက မေးသည်။

ဟားနက်စ်လည်း စဉ်းစားပြီးမှ ခေါင်းခါလာသည်၊ "ငါတကယ်ပဲ မတွေ့ဘူး။ ထူးဆန်းတယ်၊ ဘန်တာမြို့မှာ တကယ်ပဲ အလုပ်အများကြီးရှိတာလား? အခု ဘန်တာမြို့မှာ လူတွေ အဆပေါင်းများစွာ ပိုလာပြီကို လူအင်အားက လိုအပ်နေသေးတယ်ပေါ့?"

"ခင်ဗျား ကျုပ်ကို ဒီလိုမမေးသင့်ဘူး၊ အမ်ရစ်ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌခရုစ်ကို မေးသင့်တာ။" ရှုယီက အပြုံးဖြင့်ပြောသည်၊ "လူအင်အားလိုအပ်တာဆိုရင် ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းမှာက ထောက်ပံ့ပေးမယ့် လူပုလေးတွေနဲ့ နတ်သူငယ်တွေ အတော်များများရှိ‌တာကြောင့် အဆင်ပြေသေးတယ်။ အမ်ရစ်ကုန်သည်ကြီးများအသင်းကတော့ တကယ် လူအင်အားလိုအပ်နေတာကြောင့် ဥက္ကဌခရုစ်လည်း ကျုပ်နဲ့ တွေ့တိုင်း လူအလုံအလောက်မရှိကြောင်းကို ညည်းညူနေတာလေ။ သူ့မှာသာ လူအင်အားအလုံအလောက်ရှိရင် ရူဒ်ဆန်တိုင်းပြည်မှာပါ လမ်းသွားခင်းမယ်ဆိုတာ ယုံလား?"

"အင်း..... မနေ့က ဥက္ကဌ ခရုစ်နဲ့တွေ့တော့ ဒီကိစ္စပြောပြီးပြီ။" ဟားနက်စ်က ခေါင်းတစ်ချက်ငြိမ့်ပြ၏၊ “သူပြောတာတော့ ဥက္ကဌနျူမန်က အမ်ရစ်ကုန်သည်ကြီးများအသင်းကို ရူဒ်ဆန်တိုင်းပြည်ဆီလာပြီး ကီလို မီတာငါးရာရှည်တဲ့လမ်း ခင်းဖို့ ဖိတ်ခဲ့ပေမယ့် သူ့မှာ လူအလုံအလောက်မရှိတာကြောင့် ငြင်းရုံပဲ တတ်နိုင်ခဲ့တယ်တဲ့။ ဒါက ငွေဝင်ဖို့ အခွင့်အရေးကောင်းကို လက်လျှော့ရမှာမို့ တကယ်‌နှမျောတယ်လို့တောင် ပြောသေးတယ်။"

"ဒီတော့ ဘန်တာမြို့မှာရှိတဲ့ လူတိုင်းအတွက် အလုပ်ရှိတာကို မြင်ပြီပေါ့။ အလုပ်တိုင်းရဲ့ လစာက အရမ်းမြင့်တော့ လူတွေက လစဉ်ရွှေဒင်္ဂါးဆယ်ပြား ပျမ်းမျှရတယ်ဆိုတာ ဘာလို့ လက်မခံနိုင်စရာရှိမှာလဲ?"

ဟားနက်စ်မှာ အံ့ဩသွားရသည်။ ၎င်းကိုစဉ်းစားပြီးနောက် သက်ပြင်းချကာ၊ "ကြည့်ရတာ မင်း မှန်တဲ့ပုံပဲ၊ ငါက အတွေးဟောင်း‌တွေ ရစ်ဝဲနေတာ။ ဝင်ငွေမှာဆိုရင် အန်ဗီမာမြို့တော်က အမြင့်ဆုံးဖြစ်သင့်တယ်လို့ထင်နေတာလေ၊ ဒါပေမယ့် ဘန်တာမြို့က အန်ဗီမာမြို့တော်ကို တကယ်ကြီး ကျော်တက်သွားမယ်လို့ ထင်မထားဘူး။ အရေးကြီးဆုံးက ဘန်တာမြို့မှာ ရှိတဲ့လူတိုင်း အလုပ်ရှာနိုင်ပြီး အန်ဗီမာမြို့တော်က လူအတော်များများကတော့ လုပ်စရာမရှိတာပဲ.....ယှဉ်ကြည့်ရင် တကယ်ကို ကွာခြားမှုကြီးလွန်းတယ်။"

"မဟုတ်ဘူး၊ ခင်ဗျား အထင်မှားနေတာ။" ရှုယီက ခေါင်းခါသည်၊ "အဆုံးမှာ အန်ဗီမာမြို့တော်က နိုင်ငံရဲ့ မြို့တော်လေ၊ ဒီတော့ ဘန်တာမြို့ လုံးဝမယှဉ်နိုင်တာတွေ ရှိသေးတာပေါ့။ ဘုရင်ကြီးသာ ဆန္ဒရှိရင် ဘန်တာမြို့ကို လွယ်လွယ်လေးကျော်တက်နိုင်တယ်။"

"ဒါက ငါတို့ ဆွေးနွေးသင့်တဲ့အရာမဟုတ်ဘူး။" ဟားနက်စ်က ပခုံးတွန့်၏။ သူက ရှုယီ ပြောခဲ့သည်များကို မှတ်စုစာအုပ်ထဲရေးပြီးနောက် ဆက်မေးလေသည်၊ "ကောင်းပြီ၊ လူထုပို့ဆောင်ရေးစနစ်အပြင် တခြားပြောဖို့ ထိုက်တန်တာ ဘာရှိသေးလဲ?"

"ဒါ့အပြင်လား....." ရှုယီက စဉ်းစားပြီးနောက် ဘေးကိုကြည့်လိုက်သည်၊ "ပိုပြီး ပြင်းထန်တာကို ပြောပြမယ်။"

"ပိုပြီးတောင် ပြင်းထန်တယ်?" ဟားနက်စ်၏ မျက်လုံးများ တောက်ပသွားသည်၊ "ဘာများလဲ?"

"ကျုပ်နဲ့ ကောင့်ထ်စီယန်တို့ ဒါကို ဆွေးနွေးပြီးနောက်မှာ နောက်ဆုံး ဆန်ဒီမြစ်ကို တိုးချဲ့ပြီး ဆန်ဒီမြစ်နဲ့ ရမ်မြစ်ကြားက တူးမြောင်းကို တူးဖော်ဖို့ပါ ဆုံးဖြတ်လိုက်တယ်။"

"အာ?"

……

နောက်နေ့တွင် ရှုယီနှင့် ကောင့်ထ်စီယန်တို့မှာ ဘန်တာမြို့အရှေ့ဘက် ဆန်ဒီမြစ် မြောက်ပိုင်းကမ်းနား၌ ရပ်ကာ မြောက်ဘက်ကို ကြည့်ရှုနေကြသည်။

"အရှင်ကောင့်ထ်၊ ဥက္ကဌရှု ကြည့်ပါဦး ဒီနေရာမှာ ဆန်ဒီမြစ်ကိုတူးဖော်ပြီး ရမ်မြစ်နဲ့ ချိတ်ဆက်လိုက်ရင် မြေမျက်နှာပြင်က တဖြည်းဖြည်းနိမ့်ဆင်းသွားလိမ့်မယ်။ ပြီးတော့ လမ်းမှာ တောင်ကြီးကြီးမားမားမရှိတော့ ယှဉ်ကြည့်ရင် တူးမြောင်းအဖြောင့်ကို တူးဖော်တာက အလွယ်ကူဆုံးလို့ ခံစားမိတယ်။"

အဝေးသို့ ညွှန်ပြနေသူမှာ ပေါ်တာကုန်သည်ကြီးများအသင်း၏ ဥက္ကဌ ခီမီလာပေါ်တာဖြစ်သည်။

ရှုယီ သူ့အား မြစ်ထဲမှ ကယ်ဆယ်ခဲ့စဉ်အချိန်က စိတ်ဓာတ်ကျပုံနှင့်ယှဉ်လျှင် သူ၏ အသားအရေက ယခင်ကထက် များစွာ ညိုမှောင်လာသော်လည်း တက်ကြွမှု ယုံကြည်မှု‌တို့ များစွာ ပြည့်နှက်လာနေ၏။ သူ့အား ကြည့်ရသည်မှာ ပေါ်တာကုန်သည်ကြီးများအသင်း အထွဋ်အထိပ် ရောက်ချိန်ကလို စိတ်ခွန်အား ပြန်ရလိုက်သလိုပင်။

"ဒီတူးမြောင်းက ဘယ်လောက်ရှည်မှာလဲ?" ကောင့်ထ်စီယန်က မေးသည်။

"ကျွန်တော် အကြမ်းဖျဉ်းခန့်မှန်းထားတာတော့ ငါးဆယ်ကီလိုမီတာ မကျော်လောက်ပါဘူး။" ပေါ်တာက ပြော၏။

"ငါးဆယ် ကီလိုမီတာ....." ကောင့်ထ်စီယန်က ခေါင်းငြိမ့်ကာ ပြော၏၊ "တကယ်တော့ ကြည့်ရတာ ဆန်ဒီမြစ်နဲ့ ရမ်မြစ်က အရမ်းဝေးတဲ့ပုံမပေါ်ပါဘူး။ ဒီတူးမြောင်းကိုသာ တူးဖော်နိုင်ပြီး မြစ်နှစ်စင်းကိုသာ ချိတ်ဆက်နိုင်ရင် ကျုပ်တို့ ဘန်တာမြို့ရဲ့ ရေပို့ဆောင်ရေးက အရင်ကထက် အများကြီး ပိုကြွယ်ဝလာလိမ့်မယ်။"

"မြို့စားအရှင်၊ ဒါကို ဒီလိုဖော်ပြလို့မရနိုင်ပါဘူး။" ပေါ်တာက အနည်းငယ် စိတ်လှုပ်ရှားနေသည့် အသံဖြင့် ပြောသည်၊ "ဆန်ဒီမြစ်က နယ်မြေကြီးရဲ့ အကြွယ်ဝဆုံးမြစ်တွေထဲက တစ်စင်းမို့ တစ်ဘက်မြစ်ဆီ အဆုံးမှာ ရောက်မယ်ဆိုပေမယ့်လည်း မားလိုအင်ပါယာက ထိန်းချုပ်ထားပြီး တခြားနိုင်ငံတွေရဲ့ သင်္ဘောတွေကို ဖြတ်သန်းခွင့်မပြုထားတာကြောင့် ဆန်ဒီမြစ်ကို ဘယ်တုန်းကမှသုံးလို့မရနိုင်ခဲ့ဘူး။ ဒါပေမယ့် ဆန်ဒီမြစ်သာ ရမ်မြစ်နဲ့ချိတ်ဆက်သွားမယ်ဆိုရင် ဒါက ဆန်ဒီမြစ်ကို နယ်မြေကြီးရဲ့ နံပါတ်တစ်မြစ်နဲ့ ချိတ်ဆက်သွားစေမှာဖြစ်ပြီး ဘန်တာမြို့က ဘယ်သင်္ဘောမဆို ဆန်ဒီမြစ်ကနေတဆင့် နယ်မြေကြီးရဲ့ ဘယ်နေရာကိုမဆို ရောက်နိုင်ပြီ!"

ပြောရင်းဖြင့် ပေါ်တာက နံဘေးမှ ရှုယီကိုကြည့်ကာ အသံထဲ၌ ကျေးဇူးတင်ဟန်တစ်စွန်းတစ်စပါနေသည်။

"အရင်က ရမ်မြစ်ကိုမြင်လိုက်တိုင်း ဆန်ဒီမြစ်နဲ့ ရမ်မြစ်သာ ချိတ်ဆက်သွားရင် ဘယ်လောက် အံ့ဩစရာကောင်းမလဲလို့ စဉ်းစားနေခဲ့တာ။ ဒါပေမယ့် ဒီကိစ္စက မဖြစ်နိုင်တာသိတော့ စိတ်ကူးယဉ်လိုပဲ ထင်ခဲ့တာပေါ့။ ဒါပေမယ့် ဥက္ကဌရှုက ဒါဟာ စိတ်ကူးယဉ်မဟုတ်ဘဲ ဖြစ်လာနိုင်တယ်လို့ ပြောတော့ ရိုးရိုးသားသားပြောရရင် ဥက္ကဌရှု ဒီလိုပြော‌တုန်းက ဥက္ကဌရှုကို နည်းနည်း....ရဲတင်းလွန်းပြီး အရိုင်းဆန်တယ်လို့ ထင်ခဲ့မိသေးတယ်။"

ကောင့်ထ်စီယန်က ရယ်လေ၏၊ "ဒီကောင်လေးရဲ့ အတွေးတွေကအမြဲ ရဲတင်းပြီး ရူးတောင်ရူးသွပ်နေပေမယ့် ဥက္ကဌ ပေါ်တာ, ခင်ဗျား ဝန်ခံရမယ်၊ ဒီကောင်လေးက အမြဲတမ်း သူ့အ‌တွေးတွေကို ဖြစ်‌လာအောင် လုပ်တယ် မဟုတ်လားဗျာ?"

ပေါ်တာက ခေါင်းငြိမ့်လေသည်၊ "ဥက္ကဌရှုက အမြဲတမ်း သူ့ရဲ့အတွေးတွေကို ဖြစ်အောင်လုပ်တာကြောင့်ပဲ ဒီတစ်ခေါက် သူ့ရဲ့ အစီစဉ်ကိုနားထောင်ပြီး မြစ်တွေအားလုံးကို စူးစမ်းရှာဖွေဖို့ လပေါင်းများစွာ ကုန်ဆုံးခံခဲ့တာ‌ပါ။ ဒါပေမယ့် ဥက္ကဌရှု၊ တူး‌မြောင်းဖော်တာက တကယ်ကို ခက်ခဲတဲ့ကိစ္စပဲ။ ငွေလည်း အတော်များများကုန်ပြီး ကျုပ်တို့ဘန်တာမြို့ကတင် ဒီငွေတွေကို ထုတ်ပေးနိုင်လောက်မှာ မဟုတ်ဘူးလို့ ခံစားမိနေတယ်။"

"ဒါက ကျုပ်လည်း စိတ်ပူနေတဲ့ ပြဿနာပဲ။" ကောင့်ထ်စီယန်က ခေါင်းငြိမ့်ပြီးနောက် ရှုယီကို ပြောလိုက်သည်၊ "ဒါပေမယ့် ကျုပ် ဒီကောင်လေးကိုနားလည်တယ်၊ သူသာ ယုံကြည်ချက်မရှိရင် အရမ်းစိတ်အားထက်သန်နေမှာမဟုတ်ဘူး။ ပြောပါ၊ ရှုယီ ဒီတစ်ခေါက် ပြဿနာကို ဘယ်လိုဖြေရှင်းမယ်လို့ စီစဉ်ထားလဲ? Frestech ကုန်သည်ကြီးများအသင်းက အားလုံးပေးမလို့လား? ဒီလို‌ဆို မင်းကို ကောင်းကောင်း ကျေးဇူးတင်ရမှာပေါ့။"

ရှုယီလည်း ရယ်ကာ အလျင်အမြန် လက်ယမ်းလိုက်သည်၊ "တူးမြောင်းဖော်တာက အနည်းဆုံး ရွှေဒင်္ဂါးသန်းချီလောက် ကုန်ကျမှာ၊ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက ဒါကို မတတ်နိုင်လောက်ဘူး။ ဒါပေမယ့် ကျုပ် ငွေနဲ့ မကူနိုင်ပေမယ့်လည်း ကုန်ကျစရိတ်သက်သာအောင် ကူညီနိုင်ပါတယ်။"

"အိုး? ပြောပါဦး"

"မကြာသေးခင်က ကျုပ်တို့ လုပ်ငန်းစုအနေနဲ့ အတိုင်းအတာကြီး စက်တွေလုပ်ရာမှာ တိုးတက်မှုရှိခဲ့ပြီး အကြီးစားမှော်မြေတူးစက်တစ်ခုကို အောင်အောင်မြင်မြင်ဖန်တီးနိုင်ခဲ့တယ်....."

***

All Chapters