← Chapters

တိုက်ပွဲမြင့်မြတ်ခန္ဓာ

Vol. 9 Ch. 135

တိုက်ပွဲမြင့်မြတ်ခန္ဓာ

Vol. 9 Ch. 135

“တကယ်တော့...” ချီမင်က နားမလည်နိုင်လောက်အောင် အထီးကျန်နေသလိုမျိုး ကောင်းကင်ကို မော့ကြည့်လိုက်တယ်၊ “ကျွန်တော်က ဒီလို ပါရမီရှင်မျိုး မဖြစ်ချင်ဘူး၊ ဒီလောက် ထင်ပေါ်ကျော်ကြားတာမျိုးလည်း မလိုချင်ဘူး၊ ဒီလောက် ပြိုင်ဘက်ကင်းပြီး တစ်မူထူးခြားတာမျိုးလည်း မလိုချင်ဘူး...”

“ဒါပေမဲ့...”

“ကျွန်တော်ရဲ့ အင်အားကဒီလိုဖြစ်အောင် တွန်းအားပေးနေတာ!”

“ဖွီ...” ရှန်ကွမ်းဝမ်ကောက သူ ခုလေးတင် သောက်လိုက်တဲ့ လက်ဖက်ရည်ကို ထွေးထုတ်လုနီးပါး ဖြစ်သွားတယ်။ သူက ချီမင်ကို ပထမဆုံးအကြိမ်သိဖူးသလိုမျိုး ကြည့်လိုက်တယ်။

ဒါက တကယ်ကို တုန်လှုပ်စရာပဲ!

ရှန်ကွမ်းဝမ်ကောက ချီမင် ဒီလိုအံ့သြစရာ စကားတွေ ပြောလိမ့်မယ်လို့ မထင်ထားဘူး။ သူ ခုလေးတင် ပြောသွားတာကို နားထောင်ကြည့်။ ဒါကို ကြားလိုက်ရရင်သူ လူတစ်ယောက်ယောက်ကို ထရိုက်ချင်စိတ် ပေါက်သွားလိမ့်မယ်။

“ကျွန်တော်တကယ်တော့ တော်တော်လေး နောင်တရမိတယ်။” ချီမင်က ဆက်ပြောတယ်၊ “ကျွန်တော် တကယ်ပဲ ယတခြားလူတွေလိုဖြစ်ချင်ပြီးကြိုးစား ပမ်းစားနဲ့ အဆက်မပြတ် ကျင့်ကြံရတဲ့ ခံစားချက်ကို တွေ့ကြုံချင်တယ်။”

“ကျွန်တော်အောင်မြင်သွားတဲ့ ခံစားချက်ကို လိုချင်တယ်... ကျွန်တော်ဆက်တိုက်ကြိုးစားပြီးမရေမတွက်နိုင်တဲ့ အခက်အခဲတွေကနေ နောက်ဆုံးမှာ အောင်မြင်မှုကို ရချင်တယ်။ ပြီးမြောက်သွားတဲ့ခံစားချက်က သေချာပေါက် အရမ်း ပျော်စရာကောင်းမှာ။”

“ဒါပေမဲ့ လက်တွေ့ဘဝက အရမ်းကို အေးစက်ပြီး နှလုံးသားမရှိဘူး။”

“ဒါက ကျွန်တော်ရဲ့ တိုက်ပွဲဝင်ခွင့်နဲ့ ကြိုးစားပမ်းစား လုပ်ဆောင်ခွင့်ကို ယူသွားပြီ။”

“ကျွန်တော် တကယ်ပဲ တခြားလူတွေလို ဖြစ်ချင်တယ်...”

ချီမင်က ထပ်ခါထပ်ခါ သက်ပြင်းချလိုက်တယ်၊ “ကျွန်တော်လည်း ကြိုးစားချင်တယ်။ကျွန်‌ တော်လည်း အခက်အခဲတွေကို ခံနိုင်ရည်ရှိချင်တယ်...”

“မင်း...” တာအိုဆရာ ခရမ်းရောင်ကောင်းကင်က နေရာမှာ ခဏ ရပ်နေလိုက်တယ်။ ခဏလောက် သူ စကားမပြောနိုင် ဖြစ်သွားတယ်။

“မင်း... လည်း တခြားလူတွေလို ဖြစ်ချင်တယ်... မင်းက တကယ်ပဲ...”

ဘိုးဘေး ဝေဟီက သူ့ရဲ့ တုန်လှုပ်နေတဲ့ စိတ်ကို မငြိမ်သက်ခင်အကြိမ်အနည်းငယ်အသက်ပြင်းပြင်းရှူလိုက်တယ်။ သူက တော်တော်လေး မကျေမနပ် ဖြစ်နေပြီး ချီမင်က အရမ်း ဟန်ဆောင်လွန်းတယ်လို့ ခံစားလိုက်ရတယ်။ ဒါပေမဲ့ ချီမင်က ဒီလောက် အံ့ဩဖို့ကောင်းတဲ့ထူးခြားဖြစ်စဉ်ကို ဖြစ်စေခဲ့တာမို့ သူက ချီမင်ကို‌ဝေဖန်ဖို့အကြောင်းပြချက်တောင် ရှာမရဘူး။ ဒါက သူ့ကို ပိုပြီး မကျေမနပ် ဖြစ်စေတယ်။

“ဟားဟားဟား...” တာအိုဆရာ လျှပ်စီးမီးတောက်က ကျယ်လောင်စွာ ရယ်လိုက်တယ်။

ရှန်ကွမ်းဝမ်ကောရဲ့ နှုတ်ခမ်းထောင့်တွေက တွန့်သွားတယ်။

သေစမ်း။

သူ နောက်တစ်ခါ ဟန်ဆောင်ပြန်ပြီ။

“ထားလိုက်တော့။”

တာအိုဆရာ ခရမ်းရောင်ကောင်းကင်က ထရပ်လိုက်တယ်။ သူက ချီမင်နဲ့ ဆက်ပြီး စကားမပြောချင်တော့ဘူး၊ ဘာလို့လဲဆိုတော့ ဒီလိုထိပ်လန့်စရာ စကားတွေကို နားထောင်နေရတာက သူ့ရဲ့ ပါရမီက အရမ်းကိုသည်းခံမရပ်နိုင်အောင်ညံ့နေတယ်လို့ ခံစားရစေတယ်။ သူကဒီနေရာမှာရှင်းရှင်းလင်းလင်းကိုမဟာအကြီး အကဲလေ!

သေစမ်း

“ချီမင်၊ ကောင်းကောင်း ကျင့်ကြံပါ။ ငါ သွားတော့မယ်။” တာအိုဆရာ ခရမ်းရောင်ကောင်းကင်က ပြောလိုက်တယ်။

“အကြီးအကဲ ခရမ်းရောင်ကောင်းကင်၊ ဂရုစိုက်ပါ။” ချီမင်က သူ့ကို လေးလေးစားစား ပို့လိုက်တယ်။

ဆွစ်ရှ်!

တာအိုဆရာ ခရမ်းရောင်ကောင်းကင်ရဲ့ ပုံရိပ်က လေထဲကို ထိုးဖောက်ပြီး ထွက်သွားတယ်။

“အဟွတ်.. အဟွတ်...”

ဘိုးဘေး ဝေဟီက ညင်သာစွာ ချောင်းဆိုးလိုက်တယ်၊ “ချီမင်၊ မင်းက တိမ်စိမ်းတောင်ထွတ်ကပဲ၊ ငါက တိမ်စိမ်းမျိုးနွယ်ရဲ့ မဟာအကြီးအကဲပဲ။ ငါတို့က ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်၊ အနာဂတ်မှာ မကြာခဏ လာလည်နိုင်တယ်။”

“ဟုတ်ကဲ့။” ချီမင်က ခေါင်းညိတ်လိုက်တယ်။

ဘိုးဘေး ဝေဟီက ခေါင်းညိတ်ပြီး အလင်းစီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲကာ ထွက်သွားတယ်၊ တာအိုဆရာ လျှပ်စီးမီးတောက်တစ်ယောက် တည်း ကျန်ခဲ့တယ်။ သူကအစက ချီမင်ဒီလို ထူးခြားဖြစ်စဉ် ဖြစ်စေတဲ့ အကြောင်းရင်းကို မေးချင်ခဲ့တာ၊ ဒါပေမဲ့ ချီမင်ရဲ့ အစောပိုင်းက စကားတွေက သိသိသာသာပဲ ဟန်ဆောင်ပြောနေတာမို့ဆက်ပြီးမေး‌နေလည်းအဓိပ္ပာယ်မရှိတော့ဘူး။

ချီမင်က ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ရဲ့ ကိုယ်ပိုင်တပည့် ဖြစ်တယ်။ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမှာ သူ့ရဲ့ အဆင့်အတန်းက အရမ်း မြင့်မားတယ်။ အများဆုံးသူက မဟာအကြီးအကဲတွေထက် မျိုးဆက်တစ်ဝက်ပဲ နိမ့်တယ်။

ဒါ့အပြင် ချီမင်က ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ရဲ့ ကိုယ်ပိုင်တပည့် ဖြစ်တာကြောင့် သူက ဘိုးဘေးရဲ့ အကာအကွယ်ကို သဘာဝအတိုင်း ရရှိတယ်။ သူတို့က မဟာအကြီးအကဲတွေ ဖြစ်နေရင်တောင် သူ့ကို အတင်းအကျပ် စစ်ဆေးလို့ မရဘူး။

“သွားတော့မယ်။”

တာအိုဆရာ လျှပ်စီးမီးတောက်က ဘာမှ မပြောဘဲ လှည့်ထွက်သွားတယ်။

“သူတို့ မြန်မြန်ဆန်ဆန်ပဲ ထွက်သွားကြတာပဲ။” ချီမင်က ပေါ့ပေါ့ပါးပါး ပြောလိုက်တယ်။

“သခင်လေး။” ရှန်ကွမ်းဝမ်ကောက လက်ထဲက လက်ဖက်ရည်ခွက်ကို ချပြီး ပြောလိုက်တယ်၊ “အတွေ့အကြုံရှိတဲ့ လူတစ်ယောက်အနေနဲ့ သခင်လေးကို သတိပေးစရာ တစ်ခု ရှိသေးတယ်လို့ ခံစားရတယ်။”

“ဘာလဲ?” ချီမင်က မေးလိုက်တယ်။

“လူတစ်ယောက်အနေနဲ့ အရမ်း လေလုံးမထွားပါနဲ့။”

ရှန်ကွမ်းဝမ်ကောက အတိတ်က သူ့ရဲ့ ဂုဏ်ကျက်သရေရှိတဲ့ နေ့ရက်တွေကို ပြန်သတိရသလို သက်ပြင်းချလိုက်တယ်၊ “ပြန်တွေးကြည့်ရင်ငါလည်း သခင်လေးလိုပဲ။ ငါ အရမ်း မာနကြီးခဲ့တယ်။ ဒီကမ္ဘာမှာ ငါ လေးစားရမယ့်သူ တစ်ယောက်မှ မရှိခဲ့ဘူး။ သူတို့အားလုံးက အမှိုက်တွေ၊ရှုံးသမား‌တွေလို့ထင်ခဲ့တာ။ နောက်ပိုင်းတော့...”

“ဟူး...” သူ သက်ပြင်းချလိုက်တယ်။

သူ့လေသံထဲမှာ အဆုံးမရှိတဲ့ ဝမ်းနည်းမှုတွေ ပါဝင်နေတယ်…

ရှန်ကွမ်းဝမ်ကောက ခေါင်းခါလိုက်တယ်၊ “ငါ မတော်တဆ ငါ့စည်းကို ကျော်သွားလို့ ဒီနေ့ ဒီလို အခြေအနေ ရောက်သွားတာ။ သခင်လေး၊ ငါ့လို မဖြစ်အောင် ဂရုစိုက်ရမယ်။”

“ဟန်ဆောင်တယ်?” ချီမင်က ရှန်ကွမ်းဝမ်ကောကို တစ်ချက်ကြည့်ပြီး ရယ်လိုက်တယ်၊ “ခင်ဗျား ဘာတွေ ပြောနေလဲ ကျွန်တော် လုံးဝ မသိဘူး။ ကျွန်တော် ခုလေးတင် ပြောသွားတာမှာ ပြဿနာ တစ်ခုခု ရှိလို့လား?”

“ကျွန်တော် ကျင့်ကြံနေရင်း မသိလိုက်ဘဲ အဆင့်တက်သွားတာ အမှန်ပဲ။”

“ဒါက အရမ်း ပုံမှန် မဟုတ်ဘူးလား?”

“အမ်...”

ရှန်ကွမ်းဝမ်ကောရဲ့ မျက်နှာက တောင့်တင်းသွားတယ်။

“မြေပေါ်က လက်ဖက်ရည်တွေကို သုတ်လိုက်။”

ချီမင်ကပြောလိုက်တယ်”ဒါကိုခင်ဗျားလုပ်တာ။”

“ငါ...”

ရှန်ကွမ်းဝမ်ကောက ခဏတာ မှင်သက်သွားပြီးမှ ခေါင်းညိတ်ပြီးပြောလိုက်တယ် “ဟုတ်ကဲ့ပါသခင်လေး။”

တင်း!

“သင် ဂိမ်းမြေအောက်စခန်း ဧကရာဇ်တားမြစ်သင်္ချိုင်းရဲ့ အစွန်အဖျား မှာ တစ်ရက်ကြာ အလိုအလျောက်ကျင့်ကြံခြင်း လုပ်ခဲ့ပါတယ်။ သင် ဂိမ်းမြေအောက်စခန်းကို တစ်ကြိမ် ရှင်းလင်းခဲ့ပါတယ်။ သင် တိုက်ပွဲမြင့်မြတ်ခန္ဓာရဲ့ သွေးမျိုးဆက်မူလတစ်ပုလင်း နဲ့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်သန်းရရှိပါတယ်။”

ညနေပိုင်းမှာ အသိပေးချက်တစ်ခု ပေါ်လာတယ်။

“ဒါက...”

ချီမင်က တုန်လှုပ်သွားပြီး သူ့မျက်လုံးထဲမှာ ဝမ်းသာမှုတွေ ပေါ်လာတယ်၊ “ငါ ‘ဧကရာဇ်တားမြစ်သင်္ချိုင်းရဲ့ အစွန်အဖျား’ ကို တစ်လကျော် ရှင်းခဲ့ပြီးပြီ။ ငါပစ္စည်းတွေ အများကြီး ရခဲ့ပေမဲ့ ဒီတစ်ခါတော့ နောက်ဆုံးမှာ မြင့်မြတ်ခန္ဓာ တစ်ခု ရခဲ့ပြီ။”

“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်။”

ချီမင်က တိုက်ပွဲမြင့်မြတ်ခန္ဓာ အကြောင်း အချက်အလက်တွေကို ချက်ချင်း စစ်ဆေးလိုက်တယ်။

ပစ္စည်း - တိုက်ပွဲမြင့်မြတ်ခန္ဓာရဲ့ သွေးမျိုးဆက်မူလတစ်ပုလင်း

မိတ်ဆက် -ဟိုးအရင်အရင်ချိန်တွေတုန်းကအကြီးစားအောင်မြင်မှုအဆင့် တိုက်ပွဲမြင့်မြတ်ခန္ဓာ နဲ့ ကျင့်ကြံသူတစ်ယောက်က ဧကရာဇ်ဖြစ်ဖို့ နည်းလမ်းကို ရှာဖွေဖို့ ဧကရာဇ်တားမြစ်သင်္ချိုင်းထဲကို ဝင်ရောက်ခဲ့တယ်။ တားမြစ်နယ်မြေရဲ့ နက်ရှိုင်းတဲ့ နေရာမှာ သူကအမည်မသိဖြစ်တည်မှုတစ်ခုနဲ့ ကိုးရက် ကိုးည တိုက်ခိုက်ခဲ့ပြီး ‘ဧကရာဇ်တားမြစ်သင်္ချိုင်း’ ကိုပြိုကွဲစေခဲ့တယ်။ ဒါကအစွန်အဖျားကို ဖန်တီးခဲ့တယ်။ကံမကောင်းစွာနဲ့ပဲအကြီးစားအောင်မြင်မှုအဆင့်တိုက်ပွဲမြင့်မြတ်ခန္ဓာက သူ့ရဲ့ နေဝင်ချိန်ကိုရောက်နေလို့ သူ့သွေးနဲ့ ချီတွေ အားနည်းသွားပြီး မြင့်မြတ်ခန္ဓာရဲ့ အထွတ်အထိပ် တိုက်ခိုက်ရေးစွမ်းအားကို မထုတ်လွှတ်နိုင်ခဲ့ဘူး။ နောက်ဆုံးမှာ သူ ရှုံးနိမ့်ပြီး နေရာမှာပဲ သေဆုံးသွားတယ်။ သူ့အလောင်းကို ဧကရာဇ်တားမြစ်သင်္ချိုင်းမှာ မြှုပ်နှံခဲ့တယ်။ ဒါက တိုက်ပွဲမြင့်မြတ်ခန္ဓာရဲ့ သွေးမျိုးဆက်မူလပဲ။ ဒါကို ပေါင်းစပ်ပြီး စုပ်ယူရင်တိုက်ပွဲမြင့်မြတ်ခန္ဓာကို ရနိုင်တယ်။

“တကယ်ကို အံ့သြစရာကောင်းတဲ့ တိုက်ပွဲမြင့်မြတ်ခန္ဓာ ပဲ။”

ချီမင်က လေသံတိုးတိုးနဲ့ ပြောလိုက်တယ်၊ “လျှို့ဝှက်နက်နဲကမ္ဘာမှာ မြင့်မြတ်ခန္ဓာက ခန္ဓာကိုယ်ပါရမီရဲ့ အမြင့်ဆုံးအဆင့်ပဲ။ စုချင်းယင်တောင် ဖန်ဆင်းခြင်းသစ်သား အင်မော်တယ်ခန္ဓာပဲ ရှိတာ။”

“ငါ အခု ဓားတာအိုအင်မော်တယ်ခန္ဓာပဲ ရှိသေးတယ်။”

“အင်မော်တယ်ခန္ဓာနဲ့ မြင့်မြတ်ခန္ဓာကြားက ကွာခြားချက်က ကြီးမားတယ်။”

“ဒါ့အပြင်...”

“ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း တစ်ခုလုံးမှာ မြင့်မြတ်ခန္ဓာ မရှိဘူး။”

“လျှို့ဝှက်နက်နဲကမ္ဘာ တစ်ခုလုံးမှာ မြင့်မြတ်ခန္ဓာ ပေါ်ထွက်မလာတာ အချိန်အကြာကြီး ရှိပြီထင်တယ်။”

“ပေါင်းစပ်မယ်။”

အတွေးတစ်ချက်နဲ့ ချီမင်က တိုက်ပွဲမြင့်မြတ်ခန္ဓာရဲ့ သွေးမျိုးဆက်မူလကို သိပ်ပြီး တွန့်ဆုတ်မနေဘဲ သူ့ခန္ဓာကိုယ်ထဲကို ပေါင်းစပ်လိုက်တယ်။ သူ အောင်မြင်သရွေ့သူကတိုက်ပွဲမြင့်မြတ်ခန္ဓာ ဖြစ်လာလိမ့်မယ်။

တိုက်ပွဲမြင့်မြတ်ခန္ဓာက တိုက်ပွဲအတွက် မွေးဖွားလာတယ်။

အဲ့ဒီမှာ အပြစ်အနာအဆာ မရှိဘူး။

ပစ္စည်းစာရင်းပွင့်လာတယ်။

တိုက်ပွဲမြင့်မြတ်ခန္ဓာရဲ့ သွေးမျိုးဆက်မူလက သန့်စင်တဲ့ ရွှေရောင်သွေးလုံး တစ်လုံး ဖြစ်တယ်။ ဒါက သက်ရှိတစ်ခုလို လှုပ်ရှားနေပြီး ပုံစံအမျိုးမျိုး ပြောင်းလဲနိုင်တယ်။

တိုက်ပွဲမြင့်မြတ်ခန္ဓာ သွေးမျိုးဆက်မူလကို သူ့ပစ္စည်းစာရင်းကနေ ထုတ်လို့မရဘူး။ ထုတ်လိုက်ရင် ကောင်းကင်နဲ့မြေကြီးက ခံစားမိပြီး သွေးက ချက်ချင်း ပျောက်ကွယ်သွားလိမ့်မယ်။

ဒီကမ္ဘာက ဒါကို သည်းမခံနိုင်တော့သလိုမျိုးဖြစ်တယ်။

လျှို့ဝှက်နက်နဲကမ္ဘာမှာ တကယ့် မြင့်မြတ်ခန္ဓာ မပေါ်ထွက်လာတာ အချိန်အကြာကြီး ရှိပြီ။ ခန္ဓာကိုယ်နဲ့ ပါရမီ ဘယ်လောက် မြင့်မားနေပါစေ အင်မော်တယ်ခန္ဓာတွေပဲ ရှိတယ်။

ဒီလို အခြေအနေအောက်မှာ ချီမင်က တိုက်ပွဲမြင့်မြတ်ခန္ဓာ သွေးမျိုးဆက်မူလကိုပစ္စည်းစာရင်းကနေ တိုက်ရိုက် သူ့ခန္ဓာကိုယ်ထဲကို ပေါင်းစပ်လိုက်တယ်။ ဒါမှသာသူလျှို့ဝှက်နက်နဲကမ္ဘာရဲ့ ထောက် လှမ်းမှုကို ရှောင်ရှားနိုင်မှာ ဖြစ်တယ်။

နောက်တစ်ခဏမှာ ချီမင်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားတယ်။ သန့်စင်တဲ့ ရွှေရောင်သွေးကရွှေရောင်နေကျီးကန်းတစ်ကောင်လိုမျိုး ချီမင်ရဲ့ ခန္ဓာကိုယ်ထဲကို တိုက်ရိုက် စီးဝင်သွားတယ်။ ကြောက်စရာကောင်းတဲ့ စွမ်းအင်၊ ကြောက်စရာကောင်းတဲ့ အပူနဲ့ ကြောက်စရာကောင်းတဲ့ အရှိန်အဝါတွေက ချီမင်ရဲ့ ခန္ဓာကိုယ်ထဲမှာ ဗြောင်းဆန်နေတယ်။

မျက်စိတစ်မှိတ်အတွင်းမှာ ချီမင်ရဲ့ ခန္ဓာကိုယ်ပေါ်က ဆံစတိုင်းက သန့်စင်တဲ့ ရွှေရောင် ဖြစ်သွားတယ်။

သွေးချီတွေမြင့်တက်လာတယ်။

ရေနွေးငွေ့တွေ ထွက်ပေါ်လာတယ်။

ချီမင်က သူ့ခန္ဓာကိုယ်နဲ့ ဝိညာဉ်က ဒီ မဖော်ပြနိုင်တဲ့ စွမ်းအင်နဲ့ အပူကြောင့် ပြာဖြစ်တော့မလို ခံစားလိုက်ရတယ်။

ဒါက တကယ်ကို ကြောက်စရာကောင်းတယ်။

တိုက်ပွဲမြင့်မြတ်ခန္ဓာ ဆိုတဲ့အတိုင်းပဲ။

အင်အားကြီးတယ်။

သူက အရမ်းကိုအင်အားကြီးတယ်!

ချီမင်ရဲ့ အသိစိတ်ကပုံရိပ်ယောင်အလွှာတွေထဲ ဝင်သွားတော့မိန်းမောနေတယ်။ပုံရိပ်ယောင်တွေထဲမှာ သူက တိုက်ပွဲစိတ်ဆန္ဒရဲ့ သက်ရောက်မှုကို ခံနေရတယ်။ သူ့အသိစိတ်ကတိုက်ခိုက်လိုစိတ်ပြင်းပြလာပြီး ရူးသွပ်သွားတယ်။

ဒါက ကောင်းတဲ့ ကိစ္စမဟုတ်ဘူး။

ဝေါင်း! ဝေါင်း!

ပုံရိပ်ယောင်အလွှာတွေထဲမှာ ချီမင်က တိုက်ပွဲမြင့်မြတ်ခန္ဓာရဲ့ ရှေ့ကဘိုးဘေးတွေကို မြင်တွေ့ရသလိုပဲ။ ချီမင်ရဲ့အသိစိတ်ကချီမင်ကိုပေါင်းစပ်သွားစေချင်တဲ့အဲ့ဒီစိတ်ဆန္ဒတွေရဲ့သက်ရောက်မှုကို ခံနေရတယ်။

လက်ရှိ အခြေအနေမှာ ချီမင်က တိုက်ပွဲမြင့်မြတ်ခန္ဓာရဲ့ သွေးမျိုးဆက်မူလပေါင်းစပ်မှုကို မခံနိုင်ရင် သူ့အသိစိတ် ပျောက်ကွယ်သွားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး ညစ်ညမ်းတဲ့ သွေးလုံးတစ်လုံး ဖြစ်သွားလိမ့်မယ်။

သူ လုံးဝ သေဆုံးသွားလိမ့်မယ်။

“ပြောပြလို့ရတဲ့ တာအိုက ထာဝရ တာအို မဟုတ်ဘူး။ နာမည်ပေးလို့ရတဲ့ နာမည်က ထာဝရ နာမည် မဟုတ်ဘူး။”

“တာအိုက တစ်ကို မွေးဖွားတယ်၊ တစ်က နှစ်ကို မွေးဖွားတယ်၊ နှစ်က သုံးကို မွေးဖွားတယ်၊ သုံးက အရာအားလုံးကို မွေးဖွားတယ်...”

“တကယ် ကောင်းတဲ့ လူက သူ့ရဲ့ ကောင်းခြင်းကို မသိဘူး၊ ဒါကြောင့် ကောင်းတယ်။ မိုက်မဲတဲ့ လူက ကောင်းဖို့ ကြိုးစားတယ်၊ ဒါကြောင့် မကောင်းဘူး။”

“ကောင်းကင်ရဲ့ လှုပ်ရှားမှုက စွမ်းအားနဲ့ ပြည့်နေတယ်။ ကောင်းကင် အထက်၊ ကောင်းကင် အောက်။ ကောင်းကင်က ကြီးမြတ်ပြီး၊ စတင်မှု၊ထိုးထွင်းသိမြင်မှု၊အကျိုးရှိမှုကို ကိုယ်စားပြုတယ်။ နဂါးက နက်ရှိုင်းတဲ့ နေရာမှာ ဖုန်းကွယ်နေတယ်။ တက်ကြွစွာ လုပ်ဆောင်ရမယ့် အချိန် မဟုတ်ဘူး။ မြေကြီးရဲ့ အခြေအနေကအလေးထားမှုကိုလက်ခံနိုင်တယ်။ မြေကြီး အထက်၊ မြေကြီး အောက်။ မြေကြီးက ကြီးမြတ်ပြီးစတင်မှု၊ထိုးထွင်းသိမြင်မှု၊အကျိုးရှိမှုကိုကိုယ်စားပြုတယ်။မြည်းတစ်ကောင်ရဲ့ ခိုင်မာမှု ရှိတာကို ကိုယ်စားပြုတယ်...”

အဲ့ဒီအချိန်မှာ ချီမင်ရဲ့ ဒန်တျန်းထဲမှာ သန့်စင်ခြင်းသုံးပါး အခြေတည်ဝိညာဉ်ရဲ့ ပုံစံ သုံးမျိုးလုံး ကမျက်လုံးဖွင့်လိုက်ကြတယ်။ သူတို့ရဲ့ ဓမ္မစွမ်းအင်တွေ လည်ပတ်နေပြီး တာအိုအသိအမြင်တွေကမြင့်တက်လာတယ်။ ကောင်းကင်နဲ့မြေကြီး မဟာတာအိုရဲ့ စစ်မှန်ရည်ရွယ်ချက်က အခြေတည်ဝိညာဉ် သုံးခုက တာအိုကျမ်းရဲ့ နက်နဲမှုတွေကို ဖော်ပြတော့ ပျံ့နှံ့လာတယ်။

ဒါတင်မကဘူး၊ အပြောင်းအလဲနိမိတ်ဖတ်ကျမ်းရဲ့ ရှစ်ထောင့်အခြေတည်ဝိညာဉ်ကလည်း အပြောင်းအလဲနိမိတ်ဖတ်ကျမ်းရဲ့ အကြောင်းအရာတွေကို ရွတ်ဖတ်နေတယ်။

ဒီလို အခြေအနေအောက်မှာ အလင်းတစ်ခု လင်းလက်သွားတယ်။

အထဲကနေ အပြင်ကို ချီမင်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို လင်းလက်စေပြီး သူ့ခန္ဓာကိုယ်နဲ့ ဝိညာဉ်ထဲကို စိမ့်ဝင်လာတယ်။ သူက သူ့ရဲ့ တာအိုနည်းစနစ်ကို လည်ပတ်စေပြီး ကြမ်းတမ်းတဲ့ တိုက်ပွဲမြင့်မြတ်ခန္ဓာ သွေးမျိုးဆက်မူလကို တဖြည်းဖြည်း ဖိနှိပ်လိုက်တယ်။

ချီမင်ရဲ့ ခန္ဓာကိုယ်ထဲက ပုန်ကန်မှုကို တဖြည်းဖြည်း ဖိနှိပ်လိုက်တယ်။ သူ့ရဲ့ တလိပ်လိပ်တက်နေတဲ့ သွေးစွမ်းအင်တွေကတဖြည်းဖြည်း ငြိမ်သက်သွားပြီး သူ့ခန္ဓာကိုယ်ထဲက အပူချိန်မြင့်မားမှုက ဖြည်းဖြည်းချင်း ပုံမှန် ပြန်ဖြစ်သွားတယ်။

ရွှေရောင်အလင်းက တဖြည်းဖြည်း ပြောင်းလဲလာတယ်။

ပထမဆုံးအနေနဲ့ ချီမင်ရဲ့ နောက်မှာ ဆယ့်နှစ်လွှာရှိတဲ့ သောင်းပြောင်းကြာပန်းစိမ်း ပေါ်လာတယ်။ အဲ့ဒီအချိန်မှာ သောင်းပြောင်းကြာပန်းစိမ်းက သောင်း ပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းရဲ့ တဖြည်းဖြည်း ဖြစ်ပေါ်လာတဲ့ ကောင်းကင်တာအိုအခြေခံ မဟုတ်တော့ဘူး။

အခု ဆယ့်နှစ်လွှာရှိတဲ့ သောင်းပြောင်းကြာပန်းစိမ်းကမဟာရွှေအမြူတေတာအိုကျမ်းနဲ့ သန့်စင်ခြင်းသုံးပါးတာအိုကျမ်းရဲ့ လျှို့ဝှက်နက်နဲနည်းစနစ်တွေနဲ့ ပေါင်းစပ်သွားတယ်။ ဒါက ထူးခြားပြီးပြိုင်ဘက်ကင်းတဲ့ တာအိုအခြေခံ ဖြစ်သွားတယ်။

ဘူဇ်! ဘူဇ်! ဘူဇ်!

ချက်ချင်းပဲ ပုံရိပ် သုံးခု ပေါ်လာတယ်။

ဒါက သန့်စင်ခြင်းသုံးပါး အခြေတည်ဝိညာဉ်ရဲ့ ဓမ္မပုံရိပ်ဖြစ်တယ်။

ထောင့်မှာ အပြောင်းအလဲနိမိတ်ဖတ်ကျမ်းရဲ့ ရှစ်ထောင့်အခြေတည်ဝိညာဉ်ရဲ့မထင်မရှားဓမ္မပုံရိပ်လည်း ရှိတယ်။

ဝေါင်း! ဝေါင်း! ဝေါင်း!

နောက်တစ်ခဏ။

တိုက်ပွဲမြင့်မြတ်ခန္ဓာ သွေးမျိုးဆက်မူလရဲ့ နောက်ဆုံး ရုန်းကန်မှု ပေါ်လာတယ်။ အဲ့ဒီထဲမှာ ပါဝင်တဲ့ တိုက်ပွဲစိတ်ဆန္ဒက ပြန်လည် နိုးထလာတယ်။ မသိလိုက်ဘဲ တိုက်ပွဲမြင့်မြတ်ခန္ဓာ နဲ့ ရှေ့က ဘိုးဘေးတွေရဲ့ စိတ်ဆန္ဒပုံရိပ်တွေ ပေါ်လာသလိုမျိုးဖြစ်သွားတယ်။

သူတို့ တစ်ယောက်ချင်းစီက ရွှေရောင်အလင်းနဲ့ တောက်ပနေပြီး ကောင်းကင်ကို တိုက်ခိုက်နေကာတိုက်ပွဲရည်ရွယ်ချက်တွေမြင့်တက်နေတယ်။

All Chapters