နဂါးဆင်လိပ်
Vol. 9 Ch. 121
ချီမင်က ဒီနေရာမှာရှိနေတဲ့ အမွေခံတပည့်တွေရဲ့အမွေအနှစ်သတင်းအကြောင်းတွေကိုလှည့်စားနေတာကကောင်းကင်ဂူရဲ့စောင့်ရှောက်သူကန္တာရနဂါး ဖြစ်တယ်ဆိုတာကို သဘာဝအတိုင်းပဲ သိနေတယ်။ သူက ကောင်းကင်စူးစမ်းခြင်းဆိုတဲ့လျှို့ဝှက်နက်နဲနည်းစနစ်နဲ့အရာအားလုံးကို ကြိုတင်တွက်ချက်ထားတယ်။
အတိအကျပြောရရင်အဲ့ဒီကန္တာရနဂါးကချီမင်ကို ရင်ဆိုင်ဖို့အတွက်ယင်လုံဘုရားကျောင်းကို ထောင်ချောက်အဖြစ်အသုံးချပြီးဂိုဏ်းကြီးအသီးသီးက အမွေခံမျိုးဆက်တွေယင်လုံဘုရားကျောင်းကိုစုဖို့လှည့်စားခေါ်ယူလိုက်တာဖြစ်တယ်။
ပြီးတော့ အဲ့ဒီကန္တာရနဂါးကြောင့်ပဲ ချီမင်က ဂိုဏ်းကြီးအသီးသီးရဲ့အမွေခံမျိုးဆက်တွေကြားမှာ ဝိုင်းခံရပြီး တိုက်ပွဲတွေအများကြီးဖြစ်ခဲ့တာဖြစ်တယ်။
သူကအကြံအစည်ပေါင်းစုံကိုသုံးပြီးဂိုဏ်းအဖွဲ့အစည်းအမျိုးမျိုးက မျိုးဆက်တွေအချင်းချင်း တိုက်ခိုက်ကြဖို့ကိုလိုလားတာဖြစ်တယ်။
ကန္တာရနဂါးရဲ့အကြံအစည်ကရှုပ်ထွေးတာမဟုတ်ဘူးတကယ်တော့အရမ်းကိုရှင်းတယ်။အားနည်းချက်တွေ၊ယိုပေါက်တွေအများကြီးရှိပေမဲ့အကျိုးသက်ရောက်မှုကတော့အရမ်းကောင်းတယ်။ ဒါကြောင့်ပဲအကြံအစည်က ရိုးရှင်းလေ၊ ပိုထိရောက်လေလို့ ပြောကြခြင်းဖြစ်တယ်။
ချီမင်ကပုံရိပ်ယောင်လျှို့ဝှက်နက်နဲနည်းစနစ်ကို သုံးပြီး ဒီဒုက္ခများတဲ့နေရာကနေထွက်သွားတော့မလို့ဆိုပေမဲ့သူ့တည်နေရာကိုကန္တာရနဂါးက ဖော်ထုတ်လိုက်တော့ ဝိုင်းခံလိုက်ရပြန်တယ်။
ချီမင်ကသူ့ရဲ့သန့်စင်ရွှေခန္ဓာကြောင့်ပြိုင်ဘက်ကင်းအနေအထားမှာရပ်တည်နိုင်စွမ်းနဲ့တခြားနည်းစနစ်ပေါင်းစုံမရှိဘူးဆိုရင်သေသွားနိုင်တယ်။
ချီမင်အတွက်တကယ့်တရားခံကကန္တာရနဂါးဖြစ်တယ်။
သူကဒီမှာရှိနေတဲ့လူငယ်မျိုးဆက်တပည့်အားလုံးကို ကြောက်လန့်သွားအောင် လုပ်နိုင်ခဲ့ပြီးပြီ။ အဲ့ဒီတော့ သူတို့က ထပ်ပြီးမတိုက်ခိုက်ရဲတော့ဘူး။ သူ့ကို ရင်ဆိုင်တိုက်ခိုက်ဖို့သတ္တိတွေမရှိကြတော့ဘူး
ချီမင်က ကန္တာရနဂါးကို ရှင်းပစ်ဖို့ အစီအစဉ်ဆွဲလိုက်တယ်။
"မင်းပြေးလို့မလွတ်ပါဘူး။"
ဘူးဇ်!
ချီမင်က သူ့ညာလက်ကို ဝှေ့ယမ်းလိုက်တော့ဓမ္မစွမ်းအားတွေစုစည်းပြီးဧရာမဓမ္မလက်မောင်းကြီးအဖြစ်ပြောင်းသွားတယ်။အဲ့ဒီလက်မောင်းကြီးထဲမှာ မဟာတာအိုရဲ့စစ်မှန်ရည်ရွယ်ချက်ပါဝင်နေပြီး ကောင်းကင်ကိုထိုးတက်သွားကာပုန်းအောင်းနေတဲ့ ကန္တာရနဂါးကိုဖမ်းဆုပ်ဖို့လိုက်တယ်။
ဝေါင်း!
ကန္တာရနဂါးကအရမ်းတုန်လှုပ်သွားပြီးအတင်းဖော်ထုတ်ခံလိုက်ရတယ်။ ကောင်းကင်တစ်ခုလုံး သဲဝါတွေနဲ့ ပြည့်သွားပြီး ကန္တာရထဲမှာသဲမုန်တိုင်းကြီးတစ်ခုမြင့်တက်လာတယ်။ နဂါးတစ်ကောင်ရဲ့ ပုံသဏ္ဌာန်အတိုင်းပုံဖော်ထားတဲ့ကန္တာရနဂါးကြီးတစ်ကောင်ပေါ်လာတယ်။
ဘုန်း! ဘုန်း!
ကန္တာရနဂါးကအဆုံးအစမဲ့တဲ့ဝိညာဥ်စွမ်းအားတွေပါဝင်တဲ့ ကြောက်မက်ဖွယ် သဲမုန်တိုင်းကြီးတစ်ခုကို ဖန်တီးလိုက်တယ်။ သူကချီမင်ရဲ့ဓမ္မစွမ်းအားလက်မောင်းကိုရှုံးနိမ့်သွားစေချင်လိုက်တယ်။ ချီမင်က သူ့ဘယ်လက်ကို ဝှေ့ယမ်းလိုက်တော့ဓားတာအို ကြာပန်းစိမ်းကလေထဲကို ထိုးခွဲထွက်သွားတယ်။
ရှပ်! ရှပ်! ရှပ်!!!
မရေမတွက်နိုင်တဲ့ဓားချီစွမ်းအင်လှိုင်းတွေက သဲမုန်တိုင်းကို ချေမှုန်းဖျက်ဆီးပစ်လိုက်တယ်။
"မဟုတ်ဘူး။ရပ်လိုက်စမ်း!"ကန္တာရနဂါးကကြောက် လန့်တကြားဟိန်းဟောက်လိုက်တယ်။
ဘူးဇ်!
ချီမင်ကလက်ဆန့်ပြီးဖမ်းဆုပ်လိုက်တယ်။ အဲ့ဒီဧရာမဓမ္မလက်မောင်းကြီးကကန္တာရနဂါးကိုဖမ်းဆုပ်မိသွားတယ်။ဒါပေမဲ့ဖျက်ဆီးပစ်လိုက်တာမဟုတ်ဘဲဓမ္မစွမ်းအားသုံးပြီး ချုပ်နှောင်ထားလိုက်တာဖြစ်တယ်။ ဧရာမလက်ဝါးကြီးကကန္တာရနဂါးရဲ့ လည်ပင်းကိုဆုပ်ကိုင်ထားပြီးထွက်ပြေးလို့မရအောင်လုပ်လိုက်တယ်။
"ဒီကန္တာရနဂါး အဖမ်းခံလိုက်ရပြီ။"
"ချီမင်က ကန္တာရနဂါး ဘယ်မှာပုန်းနေလဲ ဘယ်လိုသိသွားတာလဲ။"
"..."
နတ်ဆိုးနန်းတော်နဲ့လေးပင်လယ်နဂါးနန်းတော်ကကဂျူနီယာလေးတွေကတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အချင်းချင်းရဲ့မျက်လုံးထဲက အံ့အားသင့်မှုတွေကို မြင်နေရတယ်။ သူတို့ကချီမင်ကန္တာရနဂါးကို ရှာတွေ့သွားလိမ့်မယ်လို့ ထင်မထားကြဘူး။
ဒီလိုဆိုတော့...
ကန္တာရနဂါး အဖမ်းခံလိုက်ရတော့ သူတို့ရဲ့ အကြံအစည်က ပျက်စီးသွားပြီ။
ချီမင်က အားလုံးကို သူ့ရဲ့ အကြွင်းမဲ့အင်အားနဲ့ နှိမ်နင်းပြီးတဲ့နောက်မှာ ကန္တာရနဂါးကသူတို့နဲ့အတူတူ ချမှတ်ခဲ့တဲ့အကြံအစည်ကကျရှုံးသွားပြီလို့သတ်မှတ်လို့ရပြီ။ အောင်မြင်ဖို့ဆိုတာမဖြစ်နိုင်တော့ဘူး။
ဂိုဏ်းပေါင်းစုံကအကြီးအကဲတွေအားလုံးက ဒီနေရာကအခြေအနေကို အာရုံစိုက်နေကြတယ်။သူတို့အနေနဲ့ကန္တာရနဂါးကိုဂိုဏ်းအသီးသီးကအမွေခံတပည့်တွေကိုသတ်ဖြတ်ဖို့အခွင့်အရေးပေးဖို့ဆိုတာမဖြစ်နိုင်တော့ဘူး။
တကယ်လို့ဂိုဏ်းကြီးအသီးသီးကအမွေခံတပည့်တွေ ပူးပေါင်းပြီးချီမင်ကိုသတ်ဖို့မကြိုးစားခဲ့ကြရင် သူက အင်အားသုံးပြီးပြန်မတိုက်ခိုက်ခဲ့ရဘူးဆိုရင်ဒီလောက်ထိခိုက်သေကြေမှုတွေရှိခဲ့မှာမဟုတ်ဘူး။
ဒါပေမဲ့ တိုက်ပွဲဆိုတာဖြစ်လာမှတော့ထိခိုက်သေကြေမှုဆိုတာ ရှောင်လွှဲလို့မရတဲ့အရာဖြစ်သွားပြီ။
ဝေါင်း! ဝေါင်း! ဝေါင်း!
ကန္တာရတစ်ခုလုံးပြင်းထန်စွာတုန်ခါသွားတယ်။
ကောင်းကင်တစ်ခုလုံး သဲတွေနဲ့ ပြည့်နှက်သွားတယ်။
ကောင်းကင်နဲ့ မြေပြင်ပေါ်မှာအစွမ်းထက်တဲ့နတ်ဆိုးသားရဲတွေပေါ်ထွက်လာတယ်။သူတို့ကလူသားအသွင်မယူထားဘဲ နတ်ဆိုးသားရဲပုံစံနဲ့ပဲ ရှိနေကြတာ။ ဒါတွေအားလုံးကယင်းလုံကောင်းကင်ဂူရဲ့ ဒေသခံဌာနေနတ်ဆိုးတွေဖြစ်တယ်။
အရမ်းကို များပြားလွန်းတယ်။
အခုအချိန်မှာသူတို့အားလုံးပေါ်ထွက်လာကြတယ်။
ဒါကချီမင်ကကန္တာရနဂါးကိုဖမ်းဆီးပြီးသူ့ရဲ့တာအိုနည်းစနစ်ကိုဖျက်ဆီးလိုက်လို့ဖြစ်တယ်။ဒီလိုလုပ်လိုက်တော့အနီးအနားမှာပုန်းအောင်းနေတဲ့ဒေသခံဌာနေနတ်ဆိုးတွေအားလုံးပေါ်ထွက်လာတာဖြစ်တယ်။
ချီမင်ကကန္တာရနဂါးကိုဖမ်းဆီးလိုက်တာကြောင့်လည်း ဒီဒေသခံဌာနေနတ်ဆိုးတွေကအုံကြွပြီးသူ့ကို ကယ်တင်ဖို့ ပေါ်ထွက်လာကြတယ်။
"နတ်ဆိုးသားရဲတွေ! သူတို့တွေက နတ်ဆိုးသားရဲတွေပဲ!!!"
"အများကြီးပဲ!"
"သူတို့ကအနားမှာဘယ်တုန်းကပုန်းနေကြတာလဲ။"
"ဒါ့အပြင် သူတို့တစ်ကောင်ချင်းစီတိုင်းကဗလာနယ်စွန့်ခွာခြင်းအစောပိုင်းအဆင့်ကို ရောက်နေကြပြီ။ ဗလာနယ်စွန့်ခွာခြင်းနှောင်းပိုင်းအဆင့်နတ်ဆိုးသားရဲတွေတောင် ပါသေးတယ်။"
"တိုက်ပွဲအတွက် ပြင်ဆင်ကြ။"
"ငါတို့ လှည့်စားခံလိုက်ရပြီ။ ယင်လုံဘုရားကျောင်းက ထောင်ချောက်ပဲ။ ဒီ ယင်းလုံကောင်းကင်ဂူက ဒေသခံဌာနေနတ်ဆိုးသားရဲတွေက ငါတို့ကိုတောင် ကြံစည်ရဲကြတယ်။ သူတို့ကတော့ သေလမ်းရှာနေတာပဲ။"
"မင်းတို့က ငါတို့ကို သတ်ချင်တယ် ဟုတ်လား။ ဘယ်လိုတောင် သတ္တိရှိနေတာလဲ!"
"တိုက်ကြ!"
ဗလာနယ်စွန့်ခွာခြင်းအဆင့်နတ်ဆိုးသားရဲတစ်ထောင်လောက်နီးပါးရှိတဲ့ရာပေါင်းများစွာကယင်လုံဘုရားကျောင်းကိုဝိုင်းထားကြပြီ။ဂိုဏ်းကြီးအသီးသီးကအမွေခံတပည့်တွေသတိဝင်လာပြီးနောက်မှာတော့ ချက်ချင်းပဲ တိုက်ပွဲထဲကိုပါဝင်ကြတော့တယ်။
"ဒါ ဘယ်လို သောက်သုံးမကျတဲ့ ကောင်းကင်ဂူစောင့်ရှောက်သူလဲကွာ။" အိုးချင်းက အော်ပြောလိုက်တယ်။ "မင်းက တကယ် အသုံးမကျဘူး။ ချီမင်က မင်းကို ဒီလောက် လွယ်လွယ်ကူကူနဲ့ ရှာတွေ့ပြီး ဖမ်းသွားရတယ်လို့။"
"အကြံအစည်ကို ဖျက်သိမ်းလိုက်တော့။"
နတ်ဆိုးနန်းတော်က အဖွဲ့ဝင်တွေက လေသံတိုးတိုးနဲ့ ပြောလိုက်တယ်။ "အခုအခြေအနေအရ ယင်းလုံကောင်းကင်ဂူက ဒေသခံဌာနေနတ်ဆိုးတွေနဲ့ ငါတို့ ပူးပေါင်းဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ ဒါ့အပြင် ကန္တာရနဂါးလည်း အဖမ်းခံလိုက်ရပြီ။ ချီမင်ရဲ့အင်အားကအရမ်းကြီးတယ်။ ငါတို့ အခု ဒီဒေသခံဌာနေနတ်ဆိုးတွေကို တိုက်ခိုက်ပြီး ရှင်းပစ်မှပဲဖြစ်တော့မယ်။ သူတို့နဲ့ ပူးပေါင်းခဲ့တယ်ဆိုတဲ့အကြောင်းကိုလုံးဝဖော်ထုတ်ဖို့မဖြစ်နိုင်ဘူး။"
"တိုက်!"
လေးပင်လယ်နဂါးနန်းတော်နဲ့နတ်ဆိုးနန်းတော်တို့က ချက်ချင်းပဲသဘောထားပြောင်းပြီးတိုက်ခိုက်လိုက်ကြတယ်။
ဘုန်း! ဘုန်း! ဘုန်း!!!
တစ်ခဏအတွင်းမှာပဲ နောက်ထပ် ပြင်းထန်တဲ့တိုက်ပွဲတစ်ခု ဖြစ်ပွားလာတယ်။
ဒီတစ်ခါတော့ဂိုဏ်းကြီးအသီးသီးကအမွေခံတပည့်ကြားကရှုပ်ထွေးတဲ့တိုက်ပွဲမဟုတ်တော့ဘူး။ အဲဒီအစားသူတို့တွေအားလုံးပူးပေါင်းပြီးတစ်ထောင်နားကပ်နေတဲ့ရာနဲ့ချီရှိတဲ့ဒေသခံဌာနေနတ်ဆိုးတွေကို ခုခံတိုက်ခိုက်ပြီးသတ်ဖြတ်ကြတယ်။
ဝေါင်း!
အဲ့ဒီအချိန်မှာဗလာနယ်စွန့်ခွာခြင်းအစောပိုင်းအဆင့် ဒေသခံဌာနေနတ်ဆိုးသားရဲတစ်ကောင် ချီမင်ရှေ့ကို ပြေးဝင်လာတယ်။ အကောင်ကအကြီးကြီးဖြစ်ပြီးမီတာတစ်ရာလောက်မြင့်တယ်။ကျောက်တုံးဝက်ဝံကြီးတစ်ကောင်လိုဟိန်းဟောက်လိုက်တယ်။
ချွင်!
ချီမင်ညွှန်ပြလိုက်တယ်။
ကမ္ဘာဖျက်ဆီးဓားကမိုးကြိုးငါးချက်ပစ်ခြင်းရဲ့ စွမ်းအားနဲ့ ရွှေအမြူတေမဟာတာအိုရဲ့စစ်မှန်ရည်ရွယ်ချက်ကို သယ်ဆောင်ထားတဲ့ အလွန်ကိုထက်ရှတဲ့ ဓားအလင်းတန်းတစ်ခုအဖြစ် ပြောင်းသွားတယ်။စိမ်းရောင်အလင်းတန်းတစ်ခုအသွင်ကောင်းကင်ကို ဖြတ်သန်းသွားတယ်။
ဖောက်!!!
သွေးတွေ ပန်းထွက်သွားတယ်။
ဒီဗလာနယ်စွန့်ခွာခြင်းအစောပိုင်းအဆင့်ကျောက်တုံးဝက်ဝံကြီး ချီမင်အနားကို မရောက်ခင်မှာပဲကမ္ဘာဖျက်ဆီးဓားနဲ့အသတ်ခံလိုက်ရတယ်။ သူ့ရဲ့ကြီးမားတဲ့ခေါင်းကြီးကပြတ်ထွက်သွားတယ်။
"ကောင်းကင်ဂူရဲ့ စောင့်ရှောက်သူ။"
ချီမင်က ကန္တာရနဂါးကို အကြိမ်အနည်းငယ်ကြည့်ပြီး ခဏလောက် စဉ်းစားနေပြီးမှ ပြောလိုက်တယ်။ "မင်းက ယင်းလုံကောင်းကင်ဂူက မွေးမြူထားတဲ့ ကောင်းကင်ဂူရဲ့ စောင့်ရှောက်သူပဲ။ မင်းက တာအိုရဲ့ သဏ္ဍာန်တစ်ခုပဲ။ တကယ်တော့ မင်းမှာတိကျတဲ့ရုပ်ခန္ဓာမရှိဘူး။"
"ကန္တာရနဂါးဆိုတာမင်းရဲ့သဏ္ဌာန်တစ်ခုသာသာပဲ။"
"မင်းက ရှေးခေတ်နတ်ဆိုးဧကရာဇ် ယင်းလုံကို စိတ်ထဲမှာလေးစားအားကျလို့ဧကရာဇ်ယင်းလုံရဲ့ ပုံစံကို ပြောင်းယူထားတာ။"
"ချီမင်!"
ကန္တာရနဂါးရဲ့ အကြည့်တွေက ဒေါသတွေနဲ့ ပြည့်နေတယ်။ ပတ်ဝန်းကျင်မှာ အဆက်မပြတ်သေဆုံးနေကြတဲ့ ဒေသခံဌာနေနတ်ဆိုးတွေကို ကြည့်ပြီး သူက ပိုလို့တောင် ဒေါသထွက်လာပြီး အသိစိတ်လွတ်မတတ်ဖြစ်ကာ အော်လိုက်တယ်။ "မင်းက ဘာကို အတိအကျ ပြောချင်နေတာလဲ?!"
"ဘာမှမဟုတ်ပါဘူး၊" ချီမင်က ပခုံးတွန့်လိုက်တယ်။ "ငါက မင်းကို ဘယ်လို အပြီးတိုင်ဖျက်ဆီးပစ်ရမလဲဆိုတာ စဉ်းစားနေတာ။ အခုထိတော့ အကြံမရသေးဘူး၊ ဒါပေမဲ့ နည်းလမ်းတစ်ခုတော့ ရှာတွေ့လောက်မှာပါ။"
"အားးး!!!"
ကန္တာရနဂါးက အကြိမ်ကြိမ်ဟိန်းဟောက်လိုက်တယ်။ "ဒါက ယင်းလုံကောင်းကင်ဂူကွ၊ ရှေးခေတ်နတ်ဆိုးဧကရာဇ် အရှင်ယင်းလုံရဲ့တာအိုအနားယူရာနေရာ။ ရှေးခေတ်တုန်းကဆို ဒါက လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးရဲ့ မြင့်မြတ်တဲ့မြေပဲ။"
"တကယ်လို့သာအဲ့ဒီတုန်းကနတ်ဆိုးဧကရာဇ်အရှင်ကသူ့ခန္ဓာနဲ့ကောင်းကင်ဘုံကိုအားဖြည့်မပေးခဲ့ဘူးဆိုရင်မင်းတို့အားလုံးပြာကျသွားတာကြာလှပြီ။"
"ငါမုန်းတယ်! အရမ်းမုန်းတယ်!"
"နတ်ဘုရား၊ အင်မော်တယ်၊ မကောင်းဆိုးဝါး၊ လူသား၊ ပြီးတော့ တစ္ဆေ။"
"ဘယ်ကောင်မှ ယုံလို့မရဘူး! ဘယ်တစ်ကောင်မှ ယုံလို့မရဘူး!"
"သနားစရာပဲ။" ချီမင်က ခေါင်းခါလိုက်တယ်။ "ကန္တာရနဂါး ရှေးခေတ်ဆိုတာ ကုန်ဆုံးသွားတာ ကြာလှပြီ။ အတိတ်ကအရာအားလုံးက သမိုင်းဖြစ်သွားပြီ။ မင်းကတော့ သမိုင်းထဲမှာ နစ်မြုပ်နေပြီး ကိုယ့်ကိုယ်ကိုယ် မလွတ်မြောက်နိုင်ဖြစ်နေတယ်။"
"အမှန်ဟုတ်မဟုတ်တော့ ငါမသိဘူး၊ ဒါပေမဲ့ ရှေးခေတ်နတ်ဆိုးဧကရာဇ် ယင်းလုံက နှစ်ပေါင်းတစ်သောင်းကျော် ကျင့်ကြံထားတဲ့ သူ့ခန္ဓာနဲ့ ကောင်းကင်နဲ့မြေကြီးကြားက အက်ကွဲကြောင်းကို ပြုပြင်ပြီး ကပ်ဘေးတစ်ခုကို တားဆီးနိုင်ခဲ့တယ်ဆိုရင်တော့ သူက တကယ်ပဲ ကောင်းမှုတွေ အများကြီးလုပ်ခဲ့တာပဲ။"
"မင်း ဘာမှမသိဘူး။ နတ်ဆိုးဧကရာဇ်အရှင် ဘယ်လောက်ကြီးမြတ်တယ်ဆိုတာ မင်းမသိဘူး။" ကန္တာရနဂါးက ထပ်ဟိန်းဟောက်လိုက်တယ်။
"ယင်းလုံကောင်းကင်ဂူ ပေါ်ထွက်လာတဲ့အချိန်ကတည်းက အဖြေက တကယ်တော့ ကြိုတင်သတ်မှတ်ပြီးသားပဲ။ ငါ့အမြင်မှာတော့မင်းလုပ်ရပ်တွေက ရွှံ့ထဲမှာ ရုန်းကန်နေရတဲ့ ငါးတစ်ကောင်လိုပဲ။"
ချီမင်ကကန္တာရနဂါးနဲ့မငြင်းတော့ဘူး။ အဲဒီအစား သူက ဆက်ပြောလိုက်တယ်။ "ဘာလို့လဲဆိုတော့ တောင်ပိုင်းဒေသနဲ့ အရှေ့ပိုင်းဒေသက ဂိုဏ်းပေါင်းစုံရဲ့ အာရုံက ဒီနေရာကို အာရုံစိုက်နေကြပြီ။ ဒါက ယင်းလုံကောင်းကင်ဂူဆိုတာ သူတို့သိသွားတဲ့အခါကျရင် သူတို့က ဒီအတိုင်း လက်ပိုက်ကြည့်နေမယ်လို့ မင်းထင်လို့လား။"
"ဂိုဏ်းအသီးသီးက အခုထိ မတိုက်ခိုက်သေးဘူး။ သူတို့က အခွင့်အရေးတစ်ခုကို စောင့်နေကြတာ။"
"အခုတော့။"
"အခွင့်အရေး ရောက်လာပြီ။"
"မင်း ဘာပြောလိုက်တာ။"
ကန္တာရနဂါးက တုန်လှုပ်သွားပြီးမယုံနိုင်တဲ့ မျက်နှာထားနဲ့ ဖြစ်သွားတယ်။
အဲ့ဒီတုန်းက ချီမင်ကကောင်းကင်စူးစမ်းခြင်းနဲ့ အကြားအမြင်အာရုံကို ပေါင်းစပ်ပြီး ယင်းလုံကောင်းကင်ဂူရဲ့သမိုင်းနဲ့ အနာဂတ်ကိုကြည့်ရှုကာ အရာအားလုံးကိုသိသွားခဲ့တယ်။
ချီမင်က ယင်းလုံကောင်းကင်ဂူရဲ့ အဆုံးသတ်က ဘာဖြစ်မလဲဆိုတာကို သဘာဝအတိုင်း သိနေတယ်။
ဝေါင်း! ဝေါင်း!
အဲ့ဒီအချိန်မှာ ယင်းလုံကောင်းကင်ဂူထဲမှာ။
နောက်ဆုံးတော့ဝိညာဉ်ဖွဲ့တည်ခြင်းအဆင့်ကို ရောက်နေတဲ့ ဒေသခံဌာနေနတ်ဆိုးတစ်ကောင် ပေါ်ထွက်လာတယ်။ ဒါ့အပြင်ဒီတစ်ကောင်ကဝိညာဉ်ဖွဲ့တည်ခြင်းအဆင့်ကိုရောက်နေတာဖြစ်တယ်။ ဒီဒေသခံဌာနေနတ်ဆိုးက ယင်းလုံမြစ်ရဲ့ အနက်ရှိုင်းဆုံးနေရာမှာ နေထိုင်တယ်။
သူက တစ်ခါမှ ပေါ်ထွက်ခဲ့ဖူးခြင်းမရှိဘူး။
သူကအမြဲတမ်းတကိုယ်တည်းတံခါးပိတ်သီးသန့်ကျင့်ကြံနေခဲ့တယ်။
အခုတော့ ကောင်းကင်ဂူရဲ့ စောင့်ရှောက်သူက ဆင့်ခေါ်လိုက်လို့ သူ ပေါ်ထွက်လာတာဖြစ်တယ်။
ဘုန်း! ဘုန်း!
မြေကြီးတွေ တုန်ခါသွားတယ်။
ဒါကကျွန်းကြီးတစ်ကျွန်းလိုဖြစ်နေတဲ့နဂါးဆင်လိပ် ကြီးတစ်ကောင်ဖြစ်တယ်။ သူ့မှာရှေးဟောင်းဆင်ကြီးနဲ့ နဂါးသွေးမျိုးဆက်ပါဝင်တယ်။ သူ့ရဲ့ခြေလေးချောင်းကဆင်ခြေထောက်ကြီးတွေလိုကြီးမားပြီး ကောင်းကင်ကို ထောက်ပံ့ထားနိုင်တဲ့ တိုင်လုံးကြီးတွေလိုဖြစ်နေတယ်။
သူ့မှာနဂါးခေါင်းကြီးလည်းရှိတယ်။ကြောက်မက်ဖွယ်ကောင်းပြီးခန့်ညားထည်ဝါတယ်။
သူ့အရောင်က ရှေးကျတဲ့ မီးခိုးရောင်နက်ရောင်ဖြစ်တယ်။
"ဝိညာဉ်ဖွဲ့တည်ခြင်းအဆင့်!! ကန္တာရနဂါးက အံ့အားသင့်သွားတယ်။
"ဒါက ဝိညာဉ်ဖွဲ့တည်ခြင်းအဆင့် နတ်ဆိုးသားရဲပဲ။"
"သတိထားကြ။"
"ဒုက္ခတော့ရောက်ပြီ။"
"ဝိညာဉ်ဖွဲ့တည်ခြင်းအဆင့်နတ်ဆိုးသားရဲရဲ့ခွန်အားကသာမန်မဟုတ်ဘူး။ ဝိညာဉ်ဖွဲ့တည်ခြင်းအစောပိုင်းအဆင့်လေးပဲ ဖြစ်နေဦးတော့ ငါတို့ ရင်ဆိုင်နိုင်တာမျိုးမဟုတ်ဘူး။ ချက်ချင်း ဖောက်ထွက်ပြီး ဒီနေရာကနေ ထွက်သွားကြရအောင်။"
"ကောင်းပြီ!"
"ဖောက်ထွက်ဖို့ ပြင်ဆင်ကြ။"
ဂိုဏ်းအသီးသီးကအမွေခံတပည့်တွေချက်ချင်းပဲ ဆုံးဖြတ်ချက်ချလိုက်ကြတယ်။
"ဂျူနီယာညီလေး ချီ။" ထန်ပင်ရွှမ်က အော်ပြောလိုက်တယ်။ "ဝိညာဉ်ဖွဲ့တည်ခြင်းအဆင့် နတ်ဆိုးသားရဲ ပေါ်လာပြီ။ ငါတို့ ထွက်ပြေးဖို့ ပြင်ဆင်နေပြီ။ မင်း ဘယ်လိုသဘောရလဲ။"
"ကောင်းပြီလေ။" ချီမင်က ခေါင်းညိတ်လိုက်တယ်။ "လောလောဆယ်တော့ သူ့ကို ရှောင်လိုက်ကြတာပေါ့။"
ကန္တာရနဂါးက ရယ်မောပြီး အော်ဟစ်လိုက်တယ်။ "ငါ့ကို လာမခြောက်နဲ့။ ဝိညာဉ်ဖွဲ့တည်ခြင်းအဆင့် နဂါးဆင်လိပ်ကြီး ရှိနေမှတော့ မင်းတို့ သူ့ကို လုံးဝမယှဉ်နိုင်ဘူး။ ငါက ကောင်းကင်ဂူရဲ့ စောင့်ရှောက်သူ၊ ယင်းလုံကောင်းကင်ဂူရဲ့တာအိုကိုစောင့်ရှောက်သူကွ။ မင်းတို့ ငါ့ကို ဖျက်ဆီးဖို့ဆိုတာ မဖြစ်နိုင်ဘူး။"
"ဒီတစ်ခါတော့ ငါနိုင်ပြီ!"
"ဝိညာဉ်ဖွဲ့တည်ခြင်းအဆင့် နဂါးဆင်လိပ်ကြီးက သူတို့ စောင့်နေကြတဲ့ အခွင့်အရေးပဲ!"
ချီမင်က ပြောလိုက်တယ်။ "ဒါမှမဟုတ်တစ်ခြားပြောရရင် သူတို့ စည်းမျဉ်းတွေကို ချိုးဖောက်ဖို့အတွက် အကြောင်းပြချက်တစ်ခုပဲ။"
သူစကားဆုံးတာနဲ့ တစ်ပြိုင်နက် ကောင်းကင်နဲ့မြေကြီးဆီကလာသလို ခန့်ညားထည်ဝါတဲ့ အသံကြီးတစ်ခု ထွက်ပေါ်လာပြီး လူတိုင်းရဲ့စိတ်ထဲမှာ ပဲ့တင်ထပ်သွားကာ အားလုံးကို တုန်လှုပ်သွားစေတယ်။
"အသင်္ချေနတ်ဆိုးကတာအိုကိုအုပ်စိုးပြီးသေခြင်းရှင်ခြင်းကို ပြောင်းပြန်လှန်တယ်။"
ဘူးဇ်!
နောက်တစ်ခဏမှာပဲ...
ဂျိန်း! ဂျိန်း!
ယင်းလုံကောင်းကင်ဂူရဲ့ ကောင်းကင်မှာ ဧရာမအက်ကွဲကြောင်းကြီးတစ်ခု ပေါ်လာတယ်။ အဲ့ဒါကမည်းနက်ပြီးကြောက်မက်ဖွယ်ကောင်းနေပြီး ကောင်းကင်ကြီး ပြိုကျတော့မလို ဖြစ်နေတာကြောင့် လူတိုင်းကို တုန်လှုပ်ခြောက်ခြားသွားစေတယ်။
"သေခြင်းရှင်ခြင်းမဟာလက်ဝါး။"
ဘုန်း!
အဲ့ဒီဧရာမအက်ကွဲကြောင်းကြီးထဲကနေ ဝတ်ရုံနက်နဲ့ ပုဂ္ဂိုလ်တစ်ယောက်ထွက်လာတယ်။ အဲ့ဒီမှာရှိနေတဲ့ သက်ရှိတွေက အခြေအနေကို သေသေချာချာမမြင်လိုက်ရဘူး။ ဝတ်ရုံနက်ပုဂ္ဂိုလ်ကသူ့ညာလက်ကို မြှောက်ပြီးလျှို့ဝှက်နက်နဲတဲ့လက်ချိတ်စည်းတစ်ခုဖွဲ့လိုက်တယ်။ သေခြင်းရှင်ခြင်းတာအိုက လည်ပတ်လာပြီးအစွမ်းကုန်စုစည်းကာတောင်ကြီးတစ်ခုလိုဖြစ်နေတဲ့ နဂါးဆင်လိပ်ကြီးပေါ်ကို ကျရောက်သွားတယ်။