ကောင်းကင်ဘုံဉာဏ်အလင်းဓား
Vol. 9 Ch. 122
သေခြင်းရှင်ခြင်းမဟာလက်ဝါးကကောင်းကင်ထောင့်တစ်နေရာ ပြိုကျလာတယ်။ ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအားတွေပါဝင်ပြီး ပတ်ဝန်းကျင်နေရာလပ်ကို ပိတ်ဆို့ထားတယ်။တကယ်ကိုကြောက်မက်ဖွယ်ကောင်းတဲ့အဆင့်ကို ရောက်နေပြီ။
"သူတို့ မြန်လိုက်တာ။"
ချီမင်က ကောင်းကင်ကနေ ကျဆင်းလာတဲ့ လက်ဝါးကြီးကို ကြည့်နေလိုက်တယ်။
"ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?!"
ကန္တာရနဂါးက တုန်လှုပ်ပြီး ကြောက်လန့်သွားတယ်။ "ယင်းလုံကောင်းကင်ဂူဆိုတာရှေးခေတ်နတ်ဆိုးဧကရာဇ်အရှင်ယင်းလုံတည်ထောင်ထားတဲ့ကောင်း ကင်ဂူမြင့်မြတ်မြေပဲ။ ရှေးခေတ်နတ်ဆိုးဧကရာဇ်ရဲ့ ကန့်သတ်ချက်ရှိပြီးအခြေတည်ဝိညာဉ်အဆင့်ထက်ကျော်လွန်တဲ့ သက်ရှိတွေ ဝင်ခွင့်မပြုဘူး။"
"ဒါ့အပြင်အဲ့ဒီအပေါက်ကလွဲရင်တခြားနေရာတွေကနေ ဝင်လာဖို့ဆိုတာ မဖြစ်နိုင်ဘူး။"
"မင်းက တကယ်ကို ရယ်စရာကောင်းပြီး သနားဖို့ကောင်းတာပဲ။"
ချီမင်က ခေါင်းခါလိုက်ပြီး "ကန္တာရနဂါး မင်းမမြင်ဘူးလား။ ယင်းလုံကောင်းကင်ဂူ တစ်ခုလုံး တိုက်ရိုက် စုတ်ပြဲသွားပြီလေ။ ဒါမှမဟုတ် မင်းက ဒီအမှန်တရားကို လက်မခံချင်တာလား။"
ဝေါင်း!
အရေးကြီးတဲ့အချိန်မှာ နဂါးဆင်လိပ်ကြီးက ခေါင်းမော့ပြီးအသံအကျယ်ကြီးနဲ့ဟိန်းဟောက်လိုက်တယ်။အသံလှိုင်းက ပုံသဏ္ဌာန်ရှိသလိုမျိုး အရပ်ရှစ်မျက်နှာကို တုန်ခါသွားစေတယ်။များပြားတဲ့နတ်ဆိုးစွမ်းအင်တွေကလိမ့်တက်လာပြီး စုစည်းသွားတယ်။
သူ့အစွမ်းရှိသမျှ အကုန်ထုတ်သုံးလိုက်တယ်။
ဝိညာဉ်ဖွဲ့တည်ခြင်းအဆင့်ရဲ့အင်အားတွေ အကုန်လုံး ပေါက်ကွဲထွက်လာတယ်။
နဂါးဆင်လိပ်ကြီးက သူ့ခံတွင်းထဲကနေ ထူထဲတဲ့စွမ်းအင်တန်းတစ်ခုကို ဟိန်းဟောက်ထုတ်လွှတ်လိုက်တယ်။ ရှေးဟောင်းနတ်ဆိုးစာလုံးတွေကနဂါးအသက်ရှုသံလိုမျိုးကောင်းကင်တိုင်လုံးကြီးလိုဝန်းရံပြီးသေခြင်းရှင်ခြင်းမဟာလက်ဝါးကို တိုက်ခိုက်လိုက်တယ်။
ဘုန်း!
ကျယ်လောင်တဲ့အသံကြီး ထွက်ပေါ်လာတယ်။
သေခြင်းရှင်ခြင်းမဟာလက်ဝါးချိတ်စည်းကအရာအားလုံးကို ချေမှုန်းဖျက်ဆီးပစ်လိုက်တယ်။ သေခြင်းရှင်ခြင်းတွေ လည်ပတ်နေပြီး အရာအားလုံး ပျက်သုဉ်းသွားတယ်။ ထူထဲတဲ့စွမ်းအင်တန်းကသေခြင်းရှင်ခြင်းမဟာလက်ဝါးကို နည်းနည်းလေးမှတောင် မတုန်လှုပ်စေနိုင်ခဲ့ဘူး။
နှစ်ဖက်စလုံးရဲ့ အင်အားကွာခြားချက်က အကြီးအကျယ်ဖြစ်တယ်။
"မဟုတ်ဘူး!!!"
ကန္တာရနဂါးက ဒီမြင်ကွင်းကိုမြင်တော့ မနေနိုင်ဘဲ ဟိန်းဟောက်လိုက်မိတယ်။
ဖောက်!!!
နောက်တစ်ခဏမှာပဲ နဂါးဆင်လိပ်ကြီးကသေခြင်းရှင်ခြင်းမဟာလက်ဝါးနဲ့အချေအမှုန်းခံလိုက်ရပြီး လုံးဝမခုခံနိုင်ခဲ့ဘူး။ သူ့ရဲ့ ဧရာမနဂါးခေါင်းကြီးက သွေးသားတွေအဖြစ်ကြေမွသွားပြီးကောင်းကင်အပြည့်ဖြစ်သွားကာ သူ့ရဲ့အနှစ်သာရဝိညာဉ်လည်း ပျက်စီးသွားတယ်။
ဧရာမအလောင်းကြီးက မြေပြင်ပေါ်ကို ပြုတ်ကျသွားတယ်။
"မဟာအကြီးအကဲကို အရိုအသေပြုပါတယ်။"
"မဟာအကြီးအကဲ သက်တော်ရာကျော် ရှည်ပါစေ။"
"..."
အဲ့ဒီအချိန်မှာအသင်္ချေနတ်ဆိုးဂူရဲ့ခံစားချက်ခုနစ်ပါးနှင့်အလိုဆန္ဒခြောက်ပါးကနတ်ဆိုးတာအိုဆယ့်သုံးမျိုးရဲ့အမွေခံတပည့်တွေက ဒူးတစ်ဖက်ထောက်ပြီး ကောင်းကင်မှာရပ်နေတဲ့ ဝတ်ရုံနက်ပုဂ္ဂိုလ်ကို ဦးညွှတ်အရိုအသေပေးလိုက်ကြတယ်။
"သူ... သူက အသင်္ချေနတ်ဆိုးဂူရဲ့မဟာအကြီးအကဒပဲ။"
"အားလုံး သတိထားကြ။"
"..."
ဂိုဏ်းအသီးသီးက အမွေခံတပည့်မျိုးဆက်တွေ တုန်လှုပ်သွားကြတယ်။
သူ့ရှေ့ကဝတ်ရုံနက်ပုဂ္ဂိုလ်ကကြီးမားတဲ့ဓမ္မစွမ်းအားကိုသုံးပြီး ယင်းလုံကောင်းကင်ဂူရဲ့ ဟင်းလင်းပြင်ကို ဆွဲဖြဲကာဝိညာဉ်ဖွဲ့တည်ခြင်းအဆင့်နဂါးဆင်လိပ်ကြီးကိုသေခြင်းရှင်ခြင်းမဟာလက်ဝါးနဲ့ ဖျက်ဆီးပစ်လိုက်တယ်။
သူကအသင်္ချေနတ်ဆိုးဂူရဲ့မဟာအကြီးအကဲတာအိုဆရာသေခြင်းရှင်ခြင်းဖြစ်တယ်။
သူ့ရဲ့ကျင့်ကြံမှုအဆင့်က အတိုင်းအဆမရှိ နက်နဲလှတယ်။
"ကောင်းကင်ဂူရဲ့ဝိညာဥ်အစောင့်ရှောက်။"
တာအိုဆရာသေခြင်းရှင်ခြင်း ရဲ့အကြည့်က ကန္တာရနဂါးပေါ် ကျရောက်သွားတယ်။ သူ့မျက်နှာထားက ခံစားချက်ကင်းမဲ့ပြီး ဘာအရိပ်အယောင်မှမရှိဘူး။ "မင်းက ရှေးခေတ်ကတည်းက အသက်ရှင်ကျန်ရစ်ခဲ့ရုံလေးပဲ။အသင်္ချေနတ်ဆိုးဂူကဂျူနီယာလေးတွေကိုတောင် သတ်ရဲတယ်ပေါ့ ဟုတ်လား။"
"မင်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီ။"
"ငါက မင်းရဲ့အသိဉာဏ်ကို ပြန်ပြီး ပုံသွင်းပေးမယ်။"
တာအိုဆရာသေခြင်းရှင်ခြင်းက သူ့ညာလက်ကို ဆန့်ထုတ်လိုက်တယ်။ သူ့ရဲ့ဓမ္မစွမ်းအားနဲ့အံ့ဖွယ်စွမ်းအားတွေ လည်ပတ်သွားပြီး အဖြူအမည်းလက်ဝါးကြီးတစ်ခု ပေါ်ထွက်လာတယ်။ အဲ့ဒီလက်ဝါးက အသက်စွမ်းအားနဲ့ သေခြင်းစွမ်းအင်တွေ စီးဆင်းနေတယ်။
သေခြင်းနဲ့ရှင်ခြင်းတို့ပျံဝဲလာတယ်။
ချီမင်နဲ့ ကန္တာရနဂါးတို့က အရမ်းနီးကပ်နေကြတယ်။
သူလည်း ကြောက်မက်ဖွယ်ကောင်းတဲ့ ဖိအားတစ်ခုကို ခံစားလိုက်ရတယ်။
အပေါ်ယံမှာတော့ တာအိုဆရာသေခြင်းရှင်ခြင်းက ကောင်းကင်ဂူစောင့်ရှောက်သူကိုရှင်းချင်ပုံပေါ်တယ်။ ဒါပေမဲ့ တကယ်တမ်းတော့ သူက ချီမင်ကို သတ်ချင်နေတာဖြစ်တယ်။ ဒါကြောင့် ချီမင်ကဖိအားကြီးတစ်ခု ခံစားနေရတယ်။
ပတ်ဝန်းကျင်က ဟင်းလင်းပြင်က ချီမင်ရဲ့ခန္ဓာကိုယ်ကို ချုပ်နှောင်ထားတယ်။
ကြီးမားတဲ့ အဖြူအမည်းလက်ဝါးကြီးက ချီမင်နဲ့ ကန္တာရနဂါးကို ဖုံးလွှမ်းသွားတယ်။
"ဂျူနီယာညီလေးချီ!"ထန်ပင်ရွှမ်ကတုန်လှုပ်သွားတယ်"သေစမ်း! ဒီသင်္ချေနတ်ဆိုးဂူကမဟာနတ်ဆိုးရဲ့ တကယ့်ပစ်မှတ်က ကောင်းကင်ဂူဝိညာဥ်အစောင့်အရှောက်တင်မကဘူး၊ ဂျူနီယာညီလေးချီမင်ကိုပါ ပစ်မှတ်ထားနေတာ!"
"ချီမင်!"
"သတိထား!"
"..."
တုန်းယွမ်၊ ချူဝမ်ရှီ၊ လင်ရှန်းအာနဲ့ တခြားသူတွေ အော်ဟစ်လိုက်ကြတယ်။
"သန့်စင်ရွှေခန္ဓာ။"
ချီမင်ရဲ့ မျက်နှာထားက အေးစက်နေပြီးတာအိုဆရာသေခြင်းရှင်ခြင်းရဲ့ပုံရိပ်ကိုသူ့စိတ်ထဲလုံးဝမှတ်ထားဖို့စိုက်ကြည့်နေတယ်။ သူကသန့်စင်ရွှေခန္ဓာကို အစွမ်းကုန် ထုတ်သုံးလိုက်တယ်။
ဝေါင်း! ဝေါင်း!
အဲ့ဒီအချိန်မှာ ကန္တာရနဂါးလည်း သူ့အသက်နဲ့ရင်းပြီး အစွမ်းကုန် ပြန်တိုက်တယ်။ သူ့အင်အားရှိသမျှကို စုစည်းပြီး ယင်းလုံကောင်းကင်ဂူရဲ့ စွမ်းအားတွေကို သူ့ခန္ဓာကိုယ်ထဲ ပြန်သွင်းကာတာအိုဆရာသေခြင်းရှင်ခြင်းကို ခုခံဖို့ ကြိုးစားလိုက်တယ်။
ဒါပေမဲ့ ရှင်းနေတာကတော့...
ဒါက အင်အားမရှိတဲ့ ရုန်းကန်မှုတစ်ခုပဲဖြစ်တယ်။
ဘုန်း
ကျယ်လောင်တဲ့အသံကြီး ထွက်လာတယ်။
ကန္တာရနဂါးက အဖြူအမည်းလက်ဝါးနဲ့ ရှုံးနိမ့်ပြီး ပေါက်ကွဲသွားကာ ကောင်းကင်အပြည့် သဲဝါတွေအဖြစ် ပြောင်းသွားတယ်။ သူ့ရဲ့ဝိညာဉ်ခန္ဓာက ထွက်ပြေးဖို့ ကြိုးစားလိုက်တယ်။
ဝှစ်!
မမြင်နိုင်တဲ့ အင်အားတစ်ခုက ကန္တာရနဂါးရဲ့ ဝိညာဉ်ကို ချုပ်နှောင်ထားပြီး ထွက်မပြေးနိုင်အောင် တားဆီးလိုက်တယ်။ တာအိုအသိအမြင်ပါဝင်တဲ့ စစ်မှန်ဝိညာဉ်မီးတောက်ကကန္တာရနဂါးရဲ့အသိဉာဏ်ကို လောင်ကျွမ်းစေလိုက်တယ်။
ကန္တာရနဂါးက ကောင်းကင်ဂူစောင့်ရှောက်သူ၊ယင်းလုံကောင်းကင်ဂူရဲ့ တာအိုသဏ္ဍာန်ဖြစ်တယ်။ ကန္တာရနဂါးကို တကယ်ဖျက်ဆီးချင်ရင် ယင်းလုံကောင်းကင်ဂူတစ်ခုလုံးကို ဖျက်ဆီးပစ်ရလိမ့်မယ်။
အဲ့ဒါကလွဲရင်...
နောက်တစ်နည်းရှိသေးတယ်။
တာအိုဆရာသေခြင်းရှင်ခြင်းက သေခြင်းရှင်ခြင်း တာအိုအသိအမြင်ပါဝင်တဲ့ ဝိညာဉ်မီးတောက်တွေကိုသုံးပြီး ကန္တာရနဂါးကို လောင်ကျွမ်းစေလိုက်တယ်။ အဲ့ဒါက ကောင်းကင်ဂူရဲ့စောင့်ရှောက်သူ၊ ကန္တာရနဂါးရဲ့ အသိဉာဏ်ကို ဖယ်ရှားပြီး ပြန်လည်သတ်မှတ်နိုင်တယ်။
ဒီလိုဆိုရင် ကန္တာရနဂါးရဲ့ မှတ်ဉာဏ်တွေ၊ အတွေ့အကြုံတွေအားလုံး ပျောက်ကွယ်သွားလိမ့်မယ်။
ကောင်းကင်ဂူစောင့်ရှောက်သူက ကောင်းကင်ဂူစောင့်ရှောက်သူအဖြစ် ရှိနေဦးမှာဖြစ်တယ်။ဒါပေမဲ့ သူက ကန္တာရနဂါး မဟုတ်တော့ဘူး။ အဲ့ဒီအစား အခုမှ မွေးဖွားလာတဲ့ ဝိညာဉ်အသစ်တစ်ခု ဖြစ်သွားတယ်။
ဥပမာပြောရရင်ဆော့ဖ်ဝဲတစ်ခုကိုအစကပြန်စလိုက်သလိုဖြစ်တယ်။
ဝှစ်!
ချီမင်တစ်ကိုယ်လုံး တုန်ခါသွားတယ်။
ကန္တာရနဂါးကတာအိုဆရာသေခြင်းရှင်ခြင်းလက်ချက်နဲ့ ပျက်စီးသွားပြီးတဲ့နောက်မှာ ချီမင်က ပထမဆုံး ဒဏ်ခံရသူဖြစ်သွားတယ်။ သေခြင်းရှင်ခြင်းတွေ ဝဲလည်နေပြီး အမျိုးမျိုးသောဓမ္မစွမ်းအားတွေက ချီမင်ကို ဖုံးလွှမ်းကာ သူ့ကို ချေမှုန်းဖျက်ဆီးပစ်ချင်နေတယ်။
ဖြောင်း!
သန့်စင်ရွှေခန္ဓာက မှိန်ဖျော့ဖျော့ရွှေရောင်အလင်းတွေ ထုတ်လွှတ်ပြီးတာအိုဆရာသေခြင်းရှင်ခြင်းရဲ့စွမ်းအားကို ခုခံနေတယ်။ ဒါပေမဲ့ စက္ကန့်ဝက်လောက်ပဲခံနိုင်ပြီး ရွှေခန္ဓာပေါ်မှာ အက်ကြောင်းတွေ ပေါ်လာတယ်။
ခုခံဖို့ မဖြစ်နိုင်တော့ဘူး။
သူတို့နှစ်ယောက်ရဲ့ ကျင့်ကြံမှုအဆင့် ကွာခြားချက်က အရမ်းကြီးမားလွန်းတယ်။
ချွင်!
အဲ့ဒီအချိန်မှာ ရှိနေတဲ့သက်ရှိအားလုံး ခေါင်းလောင်းသံတစ်သံကြားလိုက်ရပြီး မနေနိုင်ဘဲ လှမ်းကြည့်လိုက်ကြတယ်။ ယင်းလုံကောင်းကင်ဂူမှာ နောက်ထပ်အက်ကွဲကြောင်းတစ်ခု ပေါ်လာပြီး ကောင်းကင်ကနေ ဧရာမခေါင်းလောင်းစိမ်းကြီးတစ်လုံး ကျဆင်းလာတယ်။
တစ်ခဏအတွင်းမှာပဲ အဲ့ဒါက ချီမင်ရဲ့အပေါ်ကို ရောက်သွားတယ်။
ဧရာမခေါင်းလောင်းကြီးက ချီမင်အပေါ်မှာ ပျံဝဲနေပြီး အစိမ်းရောင်အလင်းတွေ ဖြာကျနေတယ်။ အစိမ်းရောင်အလင်းက ရေတံခွန်တစ်ခုလိုဆိုပေမဲ့ ပုစဉ်းရင်ကွဲတောင်ပံလို ပါးလွှာတယ်။ အဲ့ဒါကတာအိုဆရာသေခြင်းရှင်ခြင်းရဲ့ စွမ်းအားကို တားဆီးပေးထားတယ်။
"ဒါက... ဝူချန်ခေါင်းလောင်း"
"တပည့်ကမဟာအကြီးအကဲကို ဂါရဝပြုပါတယ်။"
"..."
အောက်မှာတုန်းယွမ်နဲ့တခြားသူတွေ ဧရာမခေါင်းလောင်းစိမ်းကြီးရဲ့ဇာစ်မြစ်ကို မှတ်မိသွားကြတယ်။ သူတို့ချက်ချင်းဒူးတစ်ဖက်ထောက်ပြီးညီညာစွာအော်ဟစ်လိုက်ကြတယ်။
"အဘိုးကြီး။"
ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း ရဲ့မဟာအကြီးအကဲပြီးပြည့်စုံခြင်းဝူချန်ကဒုတိယအက်ကွဲကြောင်းထဲကနေ လျှောက်ဝင်လာတယ်။ သူက ဆံပင်ဖြူတွေရှိပေမယ့်အသက်စွမ်းအင်ပြည့်ဝတဲ့မျက်နှာရှိတယ်။ အစိမ်းရောင်ဝတ်ရုံဝတ်ထားပြီး သူ့မျက်ခုံးနှစ်ခုကြားမှာ အစိမ်းရောင်ဒေါင်လိုက်အမှတ်အသားတစ်ခုရှိတယ်။ "မင်း တကယ်လုပ်ရဲတယ်ပေါ့လေ။ ငါ့ဂိုဏ်းက လူငယ်တစ်ယောက်ကို တိုက်ခိုက်ရဲရအောင်မင်းတကယ်မျက်နှာပြောင်တိုက်တာပဲ။"
"တော်လောက်ပြီ။" "တာအိုဆရာဝူချန်ကဆက်ပြောတယ်။
"ဝူချန်။"
တာအိုဆရာသေခြင်းရှင်ခြင်း ကသူ့ညာလက်ကို ဝှေ့ယမ်းလိုက်တော့ အဖြူအမည်းလက်ဝါးကြီး ပျောက်ကွယ်သွားတယ်။ သူ့ပတ်ဝန်းကျင်မှာပြည့်နှက်နေတဲ့ သေခြင်းရှင်ခြင်း တာအိုအသိအမြင်ကလည်း ချက်ချင်းဆိုသလို တစ်ခါမှ မပေါ်ပေါက်ခဲ့ဖူးသလိုပဲပျောက်ကွယ်သွားတယ်။
"တပည့် ချီမင်က မဟာအကြီးအကဲကိုအသက်ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"
ဝှစ်
ချီမင်ကသန့်စင်ရွှေခန္ဓာကို ရုပ်သိမ်းလိုက်တော့ သူ့ကိုယ်ပေါ်က မှိန်ဖျော့ဖျော့ရွှေရောင်အလင်းတွေ ပျောက်ကွယ်သွားတယ်။ သူ့ခန္ဓာကိုယ်ထဲကဓမ္မစွမ်းအားတွေလည်း ကုန်ခမ်းသွားတယ်။ သူကသက်ပြင်းတစ်ချက်ချပြီးတာအိုဆရာဝူချန်ကိုလက်သီးဆုပ်ပြီးအရိုအသေပေးလိုက်တယ်။
"ဟက်။"တာအိုဆရာဝူချန်ကရယ်လိုက်ပြီး "ငါ နောက်ကျတယ်ဆိုပြီး အပြစ်မတင်နဲ့ဦး။"
"ကျွန်တော်မလုပ်ရဲပါဘူး။" ချီမင်က ပြန်ဖြေလိုက်တယ်။
ဖြောင်း! ဖြောင်း!
အဲ့ဒီအချိန်မှာ ယင်းလုံကောင်းကင်ဂူရဲ့ ကောင်းကင်မှာအက်ကွဲကြောင်းတွေတစ်ခုပြီးတစ်ခု ခုနစ်ခုတောင်ထပ်ပေါ်လာတယ်။
မူလကပြည့်စုံနေတဲ့ယင်းလုံကောင်းကင်ဂူကအတင်း အကြပ်အစိတ်စိတ်အမွှာမွှာ ဆွဲဖြဲခံလိုက်ရတယ်။
"အမိတ္တဘ။"
ဘုန်း!
ဗုဒ္ဓတစ်သောင်းဂိုဏ်းရဲ့ချိုးခြံခြင်းဗုဒ္ဓကျောင်းက ဓမ္မဆရာတော်မော့ဘိုရောက်ရှိလာတယ်။ ဗုဒ္ဓအလင်းတွေ ထွန်းလင်းနေပြီးသူရပ်နေတဲ့ ပတ်ဝန်းကျင်က ဗုဒ္ဓတိုင်းပြည်အဖြစ်ပြောင်းလဲသွားသလ်ိုဖြစ်သွားတယ်။
ချက်ချင်းဆိုသလိုပဲနွေဦးဆောင်းဦးဂိုဏ်းရဲ့မဟာအကြီး ရှုချန်းရှန်တာအိုရှာဖွေရေးဂိုဏ်းရဲ့မဟာအကြီးအကဲထန်ဒေါင် လေးပင်လယ်နဂါးနန်းတော်ရဲ့ အနောက်ပင်လယ်နဂါးမင်းကြီးလုချူးချန်းယီ နတ်ဆိုးနန်းတော်ရဲ့ နတ်ဆိုးဘုရား ဝူချီယာ၊နတ်ဘုရားစိတ်ဝိညာဥ်ခံတပ်ရဲ့မြို့နတ်ဘုရားကျုံးဝေလင်းနဲ့ နတ်ဆိုးအင်မော်တယ်ဂိုဏ်းရဲ့မဟာအကြီးအကဲဆန်းဝူရှင်းတို့ ရောက်လာကြတယ်။
သူတို့တွေ ကြီးမားတဲ့ဓမ္မစွမ်းအားနတ်ဘုရားစွမ်းအားတွေနဲ့ ဟင်းလင်းပြင်ကိုဖြတ်ကျော်ပြီး ဆင်းသက်လာကြတယ်။
ဝှစ်!
နက်နဲတဲ့ကျင့်ကြံမှုတွေနဲ့ အစွမ်းထက်ပုဂ္ဂိုလ် ရှစ်ယောက် ဒီနေရာမှာ စုဝေးနေကြပြီ။ သူတို့ လှုပ်ရှားမှုမပြုသေးပေမဲ့ သူတို့ကိုယ်ကထွက်နေတဲ့ အရှိန်အဝါတွေကြောင့် ဖြစ်ပေါ်လာတဲ့ ထိပ်တိုက်ရင်ဆိုင်မှုက ယင်းလုံကောင်းကင်ဂူတစ်ခုလုံးကို ပရမ်းပတာဖြစ်စေတယ်။ဝိညာဥ်ချီစွမ်းအင်တွေမြင့်တက်နေပြီး အမျိုးမျိုးသော မုန်တိုင်းတွေ၊ ထူးခြားဖြစ်စဉ်တွေ ဖြစ်ပေါ်နေတယ်။
လူတိုင်း အကြီးအကျယ် ဖိအားခံစားနေရတယ်။
ချီမင်က ဖိအားအများဆုံး ခံစားနေရတယ်။
သူတို့ရဲ့အာရုံက ချီမင်အပေါ်ကိုခပ်ဖျော့ဖျော့ကျရောက်နေပြီး အခုအချိန်မှာ သူ့ကို တိုက်ခိုက်သင့်၊ မတိုက်ခိုက်သင့် စဉ်းစားနေကြတာနဲ့တူတယ်။
အရင်တိုက်ပွဲတုန်းက သူ့ရဲ့စွမ်းဆောင်ရည်က အရမ်းကိုထူးချွန်ခဲ့တယ်။သူ့မှာပြိုင်ဘက်ကင်းဆိုတဲ့ယုံကြည်ချက်မျိုးရှိပြီး ဂိုဏ်းကြီးအသီးသီးကအမွေမျိုးဆက်ကို နှိမ်နင်းနိုင်ခဲ့တယ်။ သူ့ကလုံးဝကိုထိုက်တန်တဲ့ နံပါတ်တစ်ပုဂ္ဂိုလ်လို့ ပြောနိုင်တယ်။
သူတကယ်ကြီးထွားမလာခင် ချီမင်ကို သတ်ပစ်ချင်နေကြတယ်။
သူ့အစွမ်းတွေ ထပ်မကြီးထွားလာခင် ဒီခြိမ်းခြောက်မှုမျိုးကို သတ်ပစ်ချင်နေကြတယ်။
တာအိုဆရာဝူချန်ကသူ့ရဲ့ကိုယ်ပိုင်ဓမ္မရတနာဖြစ်တဲ့ ဝူချန်ခေါင်းလောင်းကိုသုံးပြီး ချီမင်ကို ကာကွယ်ပေးထားတယ်။
တကယ်လို့ သူတို့တိုက်ခိုက်ခဲ့ရင်ကောင်းကင်ဘုဲဉာဏ်အလင်းဂိုဏ်းရဲ့ အမျက်ဒေါသနဲ့ ရင်ဆိုင်ရလိမ့်မယ်။
"ဟူး..."
ချီမင်က အသက်ပြင်းပြင်းရှူလိုက်တယ်။ သူ့ရင်ထဲက ဖိအားက မသေးဘူး။ ဂိုဏ်းပေါင်းစုံကမဟာအကြီးအကဲတွေ ဘာတွေစဉ်းစားနေလဲဆိုတာ သူသဘာဝအတိုင်း သိနေတယ်။ ဒါကလည်းချီမင်ဘာလို့အရမ်းထင်ပေါ်မကျော်ကြားချင်တဲ့အကြောင်းရင်းဖြစ်တယ်။
ဖြစ်ပြီးမှတော့ ရင်ဆိုင်ရုံပဲရှိတော့တယ်။
သူမကြောက်ရွံ့နိုင်သလိုနောက်လည်းမဆုတ်နိုင်ဘူး။
"ဓမ္မဓား လာစမ်း!"
ချွင်!
အဲ့ဒီအချိန်မှာ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ နောက်ထပ်မဟာကြီးအကဲတစ်ယောက်ဖြစ်တဲ့ဂျင်ယွန်းရောက်လာတယ်။ သူက အရပ်မမြင့်ဘူး၊ ကိုယ်ကလည်း ကုန်းနေတယ်။ သူ့မျက်နှာက သေခါနီးအဘွားအိုတစ်ယောက်လို အရေးအကြောင်းတွေနဲ့ ပြည့်နေတယ်။
အဘွားအိုဂျင်ယွန်းက အရပ်တစ်မျက်နှာကို ဦးညွှတ်လိုက်တယ်။
ဓားသံတစ်ချက် ထွက်ပေါ်လာတယ်။
ပြီးတော့ အသိဉာဏ်ရှိတဲ့အသက်ဝင်နေတဲ့အစိမ်းရောင်ဓားတစ်လက် ပေါ်လာတယ်။ အဲ့ဒါကအဘွားကြီးဂျင်ယွန်းရှေ့မှာ ပျံဝဲနေပြီး အစိမ်းရောင်ဓားစွမ်းအင်တွေ ထုတ်လွှတ်နေတယ်။
"ဒါက..."
"ကောင်းကင်ဘုံဉာဏ်အလင်းဓား!"
"ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ် ယန်လီရဲ့ ဓမ္မဓားပဲ!"
ဂိုဏ်းအသီးသီးကလူတွေ တုန်လှုပ်သွားကြတယ်။
သူတို့အားလုံး ချီမင်ကိုသတ်ဖို့ စဉ်းစားနေတာတွေ ရပ်တန့်လိုက်ကြတယ်။
အဘွားကြီးဂျင်ယွန်းက ဂိုဏ်းချုပ်ယန်လီရဲ့ဓားကို ဆင့်ခေါ်နိုင်တယ်ဆိုရင်ဒါကကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက ချီမင်ကို ကာကွယ်ချင်ပြီး ဒီနေရာမှာ သူ့ကိုလုံးဝအသေခံမှာမဟုတ်ဘူးဆိုတာ သက်သေပြဖို့ လုံလောက်နေပြီ။
ဒီလိုအခြေအနေမျိုးမှာ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းနဲ့ စစ်ခင်းဖို့ အသင့်မဖြစ်သေးသရွေ့ သူတို့ မတိုက်ခိုက်ရဲကြဘူး။
"ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့တောင်ထွတ်ဆယ့်နှစ်ခုကအမွေခံတပည့်တို့၊ နားထောင်ကြ။"
အဘွားအိုဂျင်ယွန်းက လေသံနက်ကြီးနဲ့ အော်ဟစ်လိုက်တယ်။ "အမွေခံတပည့်ပြိုင်ပွဲကို ဒီမှာပဲ အဆုံးသတ်မယ်။ ဂိုဏ်းကနေ ဟင်းလင်းပြင်လမ်းကြောင်းကို ဖွင့်ပေးလိမ့်မယ်။ မင်းတို့အားလုံး ဂိုဏ်းကိုပြန်ကြ။"
"ဖွင့်!"
ဝှစ်!
သူမစကားဆုံးတာနဲ့ ကောင်းကင်ဘုံဉာဏ်အလင်းဓားက ရှေ့ကို ခုတ်ပိုင်းလိုက်ပြီး ဟင်းလင်းပြင်နဲ့အချိန်ကို ခွဲခြမ်းပစ်လိုက်တယ်။ ဧရာမဓားရာကြီးတစ်ခု ပေါ်လာတယ်။ အဘွားဂျင်ယွန်းက လက်ချိတ်စည်းတွေထပ်ဖွဲ့ပြီး ဟင်းလင်းပြင်ချိတ်စည်းတစ်ခု ဖန်တီးလိုက်တယ်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ သူက အရမ်းတည်ငြိမ်တဲ့ ဟင်းလင်းပြင်လမ်းကြောင်းတစ်ခုကို တည်ဆောက်လိုက်တယ်။
ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ တောင်ထွတ်ဆယ့်နှစ်ခုက အမွေခံတပည့်တွေ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြတယ်။ ဘာမှတွေဝေမနေဘဲ သူတို့တွေ အခုလေးတင်တည်ဆောက်လိုက်တဲ့ ဟင်းလင်းပြင်လမ်းကြောင်းဆီကို တစ်ယောက်ပြီးတစ်ယောက် ပျံသန်းသွားပြီး ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကို ပြန်သွားကြတယ်။
ချီမင်ကလည်း သူတို့ထဲမှာ သဘာဝအတိုင်း ပါဝင်သွားတယ်။