ဆင့်ကဲပြောင်းလဲခြင်း၊ အမှောင်မီးလျှံရေလွှမ်းနဂါး
Vol. 9 Ch. 125
"အင်မော်တယ်တက်လှမ်းခြင်းလမ်းဟာ ရှည်လျားပြီး အဆုံးမရှိဘူး။ လမ်းမှာ အမျိုးမျိုးသော အခက်အခဲတွေနဲ့ အန္တရာယ်တွေ ရှိလိမ့်မယ်။ နတ်ဆိုးတွေနဲ့ မွန်းစတားတွေရယ်နဲ့ခက်ခဲပြီး အန္တရာယ်များတဲ့ အခြေအနေတွေ ရှိလိမ့်မယ်။မင်းအနာဂတ်အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်။" ဖုန်းဇီမု လေးနက်စွာ ပြောတယ်။
"ဟုတ်ကဲ့။" ချီမင် ခေါင်းညိတ်လိုက်တယ်။ "ဆရာ့ရဲ့ သင်ကြားမှုကိုကျွန်တော်မှတ်ထားပါမယ်။ ကျွန်တော် အင်မော်တယ်ဖြစ်ဖို့ လမ်းမှာ ရှိတဲ့ အခက်အခဲတွေနဲ့ အန္တရာယ်တွေ အားလုံးကို ကျော်လွှားပြီး အင်မော်တယ်ကမ္ဘာကို တက်လှမ်းဖို့ လမ်းရဲ့ အဆုံးထိ လျှောက်လှမ်းသွားပါ့မယ်။"
"ကောင်းတယ် ကောင်းတယ် ကောင်းတယ်။"
ဖုန်းဇီမု ကျယ်လောင်စွာ ရယ်မောပြီး ဖြည်းဖြည်းချင်း သူ့ရဲ့ ရယ်သံကို ထိန်းလိုက်တယ်။
မော့ဟန်ကျန်းကပြောလိုက်တယ် "မင်းကို ငါ ပြောသင့်တဲ့ အရာတစ်ခု ရှိတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀,၀၀၀ ကတည်းက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းကို ကျွမ်းကျင်ခဲ့တဲ့မဟာအကြီးအကဲလုဖုန်းကျန်ကဟင်းလင်းပြင်ကို ချိုးဖျက်ပြီး အင်မော်တယ်ကမ္ဘာကို တက်လှမ်းသွားခဲ့တယ်။ အဲဒီအချိန်ကစပြီး နှစ်ပေါင်း ၁၀၀,၀၀၀ ကြာသွားပြီ။ ဘယ်သူမှ အင်မော်တယ် မဖြစ်သေးဘူး။"
"တကယ်တော့ ငါတို့ရဲ့ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း တစ်ခုတည်း မဟုတ်ဘူး။"
"လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀,၀၀၀ ကတည်းက တောင်ပိုင်းဒေသ၊ အရှေ့ပိုင်းဒေသ၊ မြောက်ပိုင်းဒေသ၊ အနောက်ပိုင်းဒေသနဲ့ ဗဟိုဒေသက ဘယ်သူမှ မတက်လှမ်းနိုင်ခဲ့ဘူး။"
ချီမင် အံ့အားသင့်သွားတယ်။ "ဘာလို့လဲ? ကြီးကြီးမားမား တစ်ခုခု ဖြစ်ခဲ့တာများလား?"
"ငါ သေချာ မသိဘူး။" မော့ဟန်ကျန်း ခေါင်းခါယမ်းပြီးပြောတယ် "ဂိုဏ်းချုပ်နဲ့ တခြားသူတွေ တစ်ခါတုန်းက ပြောတာကိုပဲ ငါ ကြားဖူးတယ်။ အဓိက အကြောင်းရင်းက ဒီကမ္ဘာနဲ့ ဆက်စပ်နေပုံရတယ်။"
"မင်း စိတ်ဝင်စားရင် ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်ရဲ့ အမွေအနှစ်ခန်းမကို သွားကြည့်နိုင်တယ်။ အမျိုးမျိုးသော အမွေခံ ကျင့်ကြံခြင်းနည်းစနစ်တွေ၊သိုင်းနည်းစနစ်ကျောက်စလစ်တွေနဲ့ ရှေးခေတ်အဆက်ဆက်ရဲ့ ရှေးဟောင်းသမိုင်းမှတ်တမ်းတွေ ရှိတယ်။ မင်း တစ်ခုခု ရှာတွေ့နိုင်လိမ့်မယ်။"
"ဒါမှမဟုတ်…"
"မင်း ဂိုဏ်းချုပ်ကို တိုက်ရိုက် မေးနိုင်တယ်။"
"ဂိုဏ်းချုပ် ဖြေမလားတော့ မသိဘူး။"
"ဟုတ်ကဲ့။" ချီမင် ခေါင်းညိတ်လိုက်တယ်။ "ကျွန်တော် နားလည်ပါပြီ။ သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တောင်ထွတ်သခင်။"
"မလိုပါဘူး။"
မော့ဟန်ကျန်း ပခုံးတွန့်လိုက်ပြီး "တကယ်တော့ ငါ့အတွက်ငါသိချင်တဲ့ ရည်ရွယ်ချက်ရှိတယ်။ ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀,၀၀၀ တုန်းက လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးမှာ ဘာလို့ တစ်ယောက်တောင် တက်လှမ်းသူ မပေါ်ခဲ့တာလဲဆိုတာ ငါလည်း သိချင်လို့ပဲ။" လို့ ပြောတယ်။
"အချိန်တန်ရင်…"
"မင်း တစ်ခုခု ရှာတွေ့ခဲ့ရင် ဒါမှမဟုတ် ဂိုဏ်းချုပ်ကို တစ်ခုခု မေးခဲ့ရင် ငါ့ကို ပြန်ပြောပြီး ငါ့ရဲ့ မေးခွန်းတွေကို ဖြေပေးနိုင်တယ်။"
"ဟုတ်ကဲ့။" ချီမင် ထပ်ပြီး ခေါင်းညိတ်လိုက်တယ်။
ပြီးတော့ သူတို့ ခဏလောက် ထပ်ပြီး စကားပြောကြတယ်။
ချီမင် တိမ်စိမ်းတောင်ထွတ်ကနေ ထွက်ခွာပြီး ကောင်းကင်မှာပျံသန်းကာ တိမ်ပြိုဂူစံအိမ်ကို ပြန်သွားလိုက်တယ်။
"အခု သူ့ကို ဒါတွေ ပြောပြတာ တကယ် ကောင်းရဲ့လား?" ဖုန်းဇီမု မျက်မှောင်ကြုတ်လိုက်တယ်။
"သူ နောက်ကျရင် သိလာမှာပဲ။ အချိန်တစ်ခုပဲ ရှိတယ်။" မော့ဟန်ကျန်းကပြောတယ် "မင်း သိသင့်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀,၀၀၀ က အကြောင်းတစ်ခုခုကြောင့်အစကက အင်မော်တယ်ကမ္ဘာကို တက်လှမ်းနိုင်သင့်တဲ့ ဘိုးဘေးတွေ အခု မတက်လှမ်းနိုင်တော့ဘူး။ ဒါ့အပြင် သူတို့ရဲ့ သက်တမ်းတွေ နီးကပ်လာတာနဲ့အမျှ သက်တမ်းကုန်ဆုံးတာကို နှေးကွေးအောင် တားဆီးဖို့ တားမြစ်နယ်မြေထဲမှာ တစ်ယောက်ပြီး တစ်ယောက် ကိုယ့်ကိုယ်ကိုယ်စည်းပိတ်လှောင်ကြလိမ့်မယ်။"
"မင်း သိသင့်တယ် မတက်လှမ်းနိုင်တဲ့ ပြဿနာကို ဆက်ပြီး မဖြေရှင်းနိုင်ဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ် ပိတ်လှောင်ထားတဲ့ အိပ်ပျော်နေတဲ့ ဘိုးဘေးတွေရဲ့ သက်တမ်း တကယ် ကုန်ဆုံးတော့မယ်ဆိုရင် သူတို့ အသက်ရှင်ဖို့နဲ့ သက်တမ်းကို တိုးမြှင့်ဖို့ ဘာတွေ လုပ်ကြမယ်ဆိုတာ ငါတို့ စိတ်ကူးတောင် မယဉ်နိုင်ဘူး။"
"ငါတို့ရဲ့ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ ဘိုးဘေးတွေကဒီလို ကြောက်စရာကောင်းတဲ့ အရာကို မလုပ်ရင်တောင် နတ်ဆိုးဂိုဏ်းနဲ့နတ်ဆိုးအဖွဲ့စည်းရဲ့ ဘိုးဘေးတွေနဲ့ တခြားဂိုဏ်းတွေရဲ့ ဘိုးဘေးတွေ…"
"သူတို့ တကယ် သက်တမ်း မလုံလောက်လို့ အိုမင်းပြီး သေဖို့ကို ဆန္ဒရှိကြမှာလား?"
"မဖြစ်နိုင်ဘူး။"
"သူတို့အားလုံးက တကယ် အင်မော်တယ်ဖြစ်ဖို့ အရည်အချင်းပြည့်မီတဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်တွေဖြစ်ပြီးပြိုင်ဘက်ကင်းအရည်အချင်းတွေ ရှိကြတယ်။ သူတို့ တကယ် အင်မော်တယ် ဖြစ်နိုင်နေပြီဆိုတာ ရှင်းနေပေမယ့်သူတို့ရဲ့လမ်းကြောင်းကပျက်စီးသွားတယ်။ သူတို့ တိတ်တဆိတ် သေဆုံးဖို့ဆိုတာမဖြစ်နိုင်ဘူး။"
"တော်တော့။" ဖုန်းဇီမု တိုးတိုးလေး ပြောတယ်။ "ဒီကိစ္စက ငါတို့နဲ့ အရမ်းဝေးတယ်။"
တိမ်ပြိုဂူစံအိမ်ကိုချီမင် ပြန်ရောက်လာတယ်။
ယွမ်ဖုန်းနဲ့ ရှောင်ဖန်းတို့ တိမ်ပြိုဂူစံအိမ်ရဲ့တောင်ခြေမှာ စောင့်နေကြတယ်။
သူ့ရဲ့ စီနီယာအစ်မ လုချင်းယန်လည်း ချီမင် ပြန်လာတာကို စောင့်နေတယ်။
"စီနီယာအစ်မ။"
ချီမင် ပျံသန်းလာပြီး လုချင်းယန်ရှေ့မှာ ရပ်လိုက်တယ်။ "ဘာလို့ ဒီမှာ ရပ်နေတာလဲ? တောင်ပေါ်ကို တက်လို့ မရဘူးလား?ကျွန်တော့်နောက်ကို လိုက်ခဲ့။"
"ငါ တောင်ပေါ်ကို တိုက်ရိုက် တက်ချင်ပါတယ်။"
လုချင်းယန် မျက်လုံးနဲ့ဟန်ပြလိုက်တယ်။ "ဒါပေမယ့် ဂျူနီယာမောင်လေးရဲ့ တိမ်ပြိုဂူစံအိမ်ကိုသွေးမိစ္ဆာနတ်ဆိုးသရဲဘုရင်တစ်ပါး စောင့်နေတယ်။ ငါတို့ တိုက်ခိုက်ဖို့ အဆင်မပြေဘူး။ စောင့်နေရုံပဲ တတ်နိုင်တယ်။"
ချီမင် တစ်ချက် လှမ်းကြည့်လိုက်တယ်။
ဒါကသွေးမိစ္ဆာနတ်ဆိုးသရဲဘုရင်ပဲ။
သူက လုချင်းယန်နဲ့ တခြားသူတွေကို တောင်ပေါ်ကို ဝင်ခွင့် မပေးထားဘူး။
"ဒါကျွန့်တော်အမှားပါ။" ချီမင် တောင်းပန်လိုက်တယ်။
တိမ်ပြိုဂူစံအိမ်မှာ
"ဂုဏ်ယူပါတယ်ဆရာဦးလေး။ ဆရာဦးလေးရဲ့အမြူတေဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့် ကျင့်ကြံမှုနဲ့ အမွေခံတပည့်တွေ အားလုံးကိုအနိုင်ယူပြီးထူးချွန်ခဲ့တယ်။ အနိုင်ရသူ ဖြစ်လာပြီး ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်ကို ဝင်နိုင်ပြီ။"
ယွမ်ဖုန်းလည်းဂုဏ်ပြုလိုက်တယ်။
"ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အမွေခံတပည့် ဖြစ်လာတဲ့အတွက်ဆရာဦးလေးကို ဂုဏ်ပြုပါတယ်။"
ရှောင်ဖန်းကဦးညွှတ်လိုက်တယ်။
ချီမင် ပြုံးလိုက်တယ်။ ဒီနေ့ ဒီဂုဏ်ပြုစကားတွေကို သူ အကြိမ်ပေါင်းများစွာ ကြားခဲ့ပြီးပြီ။ "ငါ ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်ကို ဝင်ပြီးရင်အနာဂတ်မှာတွေ့ဖို့အဆင်မပြေတော့ဘူး။ မင်းတို့ ငါ့ကို ပြန်တွေ့ဖို့ အရမ်းခက်ခဲလိမ့်မယ်။ ဒါကြောင့် ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး မင်းရဲ့ ဆရာ ငါ့ရဲ့ စီနီယာအစ်မကို သေချာ တိုင်ပင်ဖို့ လိုတယ်။"
"ဟုတ်ကဲ့ပါ။"
"တကယ် အရေးကြီးတဲ့ အရာတစ်ခု ရှိရင် ငါ့ကို ဆက်သွယ်ဖို့ နည်းလမ်းတစ်ခု စဉ်းစားနိုင်တယ်။"
"ဟုတ်ကဲ့။"
"ဟုတ်ကဲ့။"
ယွမ်ဖုန်းနဲ့ရှောင်ဖန်းတို့တညီတညွတ်တည်းပြောလိုက်တယ်။
ပြီးတော့သူတို့ ခဏလောက် ထပ်ပြီး စကားပြောကြ သေးတယ်။
ချီမင်လည်း ယွမ်ဖုန်းနဲ့ ရှောင်ဖန်းရဲ့ လေးစားတဲ့ မျက်လုံးတွေကို ခံစားလိုက်ရတယ်။
ညရောက်လာတယ်။
လုချင်းယန်နဲ့ တခြားသူတွေ ပြန်သွားကြတယ်။
တိမ်ပြိုဂူစံအိမ်မှာ ချီမင် တစ်ယောက်တည်း ကျန်ခဲ့တယ်။
တောင်ခြေမှာ ရှောင်ဖန်းက သူ့ရဲ့ ဆရာ ဆေးဆရာအိုကြီးနဲ့ စကားပြောနေတယ်။
"ဆရာ။" ရှောင်ဖန်း စိတ်ထဲက တွေးတယ်။ "ခုနက ကြားလိုက်တယ် မဟုတ်လားဆရာဦးလေးချီရဲ့ ဒီအမွေခံတပည့်ပြိုင်ပွဲမှာ လုပ်ဆောင်ချက်တွေက တကယ်ကို အားကောင်းလွန်းတယ်။ ကျွန်တော့်သွေး တွေဆူပွက်လာတာကို မထိန်းနိုင်ဘူး။ဆရာဦးလေးချီက တကယ်ကိုပြိုင်ဘက်ကင်းပဲ။"
ဆေးဆရာကြီးကသက်ပြင်းချလိုက်တယ်။ "ရှောင်ဖန်း မင်းပြောတာ မှန်တယ်။ မင်း တကယ် မင်းရဲ့ဆရာဦးလေးကို ရှောင်သင့်တယ်။ သူကတကယ့်ကိုမွန်းစတားတစ်ကောင်ပဲ။ သူက အင်မော်တယ်ဘုရင်တစ်ပါးရဲ့ ပြန်ဝင်စားခြင်း ဖြစ်နိုင်တယ်လို့တောင် ငါ သံသယရှိတယ်။ သူက အမြူတေဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့်ပဲ ရှိသေးပေမယ့် အင်အားကြီး ဂိုဏ်းအသီးသီးရဲ့ အမွေခံတပည့်တွေကို အတင်းအကျပ်ဖိနှိပ်နိုင်ခဲ့တယ်။"
"သူ့ကို မျိုးဆက်သစ်တွေထဲမှာပြိုင်ဘက်ကင်းလို့ ခေါ်လို့ရတယ်။"
"ဟုတ်တယ်!" ရှောင်ဖန်း ခေါင်းညိတ်တယ်။ "ဒါပေမယ့် အခု ဘာမှ မဖြစ်တော့ဘူး။ဆရာဦးလေးချီ ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်ကို ဝင်သွားပြီ။ နှစ်တစ်ရာအတွင်းမှာ ကျင်းပမယ့် အမွေခံတပည့်ပြိုင်ပွဲမှာ ကျွန်တော် ရှောင်ဖန်းရဲ့ အင်အားကို ပြသဖို့ အချိန်ရောက်လာလိမ့်မယ်။"
"နောက်ပိုင်းမှာ မင်းရဲ့ ကျင့်ကြံမှုနဲ့ ပါရမီကို ပြသသင့်တယ်။ မင်း တိမ်စိမ်းတောင်ထွတ်ရဲ့ အမွေခံတပည့် ဖြစ်ဖို့ ပထမခြေလှမ်းကို လှမ်းသင့်ပြီး တိမ်စိမ်းတောင်ထွတ်ကို မင်းရဲ့နောက်ခံအဖြစ်တစ်ဆင့်ချင်း တိုးတက်သင့်တယ်။" ဆေးဆရာကြီးက ပြောတယ်။
"ဟုတ်ကဲ့ ဆရာ။" ရှောင်ဖန်း ပြန်ဖြေတယ်။
တစ်ဖက်မှာတော့…
"ဆရာဦးလေး ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်ကို ဝင်သွားပြီ။ ငါကြောက်တာကအနာဂတ်မှာ ဆရာဦးလေးကို ပြန်တွေ့ဖို့ အရမ်းခက်ခဲလိမ့်မယ်။ သူ့ရဲ့ လမ်းညွှန်မှုကို ရယူဖို့ အရမ်းခက်ခဲတာပဲ။ ငါ့ရဲ့အနာဂတ်ကျင့်ကြံမှုအတွက် ကိုယ့်ကိုယ်ကိုယ် အားကိုးရလိမ့်မယ်။"
ယွမ်ဖုန်း စိတ်ထဲက ခံစားချက်တွေနဲ့ သက်ပြင်းချလိုက်တယ်။ "အရင်တုန်းက ဆရာဦးလေးရဲ့ အကူအညီကြောင့်သာ ဒီနေ့ ဒီအဆင့်ကို ရောက်နိုင်ခဲ့တာ။ အခု သူ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အမွေခံတပည့် ဖြစ်သွားပြီဆိုတော့ သူ့ကို အရှက်ရစရာ မဖြစ်စေရဘူး!"
"ဂျူနီယာမောင်လေး။"
လုချင်းယန် လှည့်ကြည့်လိုက်ပြီး တိမ်ပြိုဂူစံအိမ်ကို ကြည့်လိုက်တယ်။ သူမရဲ့ အမူအရာက နည်းနည်း ရှုပ်ထွေးပြီး လေးစားမှုတွေလည်းပြည့်နှက်နေတယ်။ "ငါ့ရဲ့ ကျင့်ကြံမှုအဆင့်က ဗလာနယ်စွန့်ခွာခြင်းအစောပိုင်းအဆင့်ကို ချိုးဖြတ်ထားတာကြောင့်အနာဂတ်နင့်ကို ခဏလောက် ကာကွယ်ပေးနိုင်မယ်လို့ ငါ ထင်ခဲ့တယ်။"
"ငါ ဒါကို မမျှော်လင့်ထားဘူး။"
"နင်က အမြူတေဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့်ပဲ ရှိသေးပေမယ့်နင့်ရဲ့ အင်အားက အရမ်း အားကောင်းတယ်။ ယင်းလုံကောင်းကင်ဂူမှာနင်အင်အားကြီး ဂိုဏ်းအသီးသီးရဲ့အမွေခံတပည့်ဒါဇင်နဲ့ချီပြီးကို တိုက်ခိုက်ခဲ့ပြီး ရန်သူ ဆယ်ယောက်ကျော်ကိုတောင် သတ်ခဲ့တယ်။"
"ဒီတစ်ခေါက် ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်ကို သွားတဲ့ ခရီးမှာနင်အင်မော်တယ်တက်လှမ်းခြင်းလမ်းကို တစ်ဝက်လောက် ရောက်နေပြီ။ အင်မော်တယ်တက်လှမ်းခြင်းလမ်းကရှည်လျားတယ်။နင်နဲ့အဆုံးထိလျှောက်လှမ်းဖို့ငါမမျှော်လင့်ထားဘူး။ ဒါပေမယ့် အနည်းဆုံးတော့ အစပိုင်းမှာ ခဏလောက်နင်နဲ့ အတူလျှောက်နိုင်ပါတယ်။"
တိမ်ပြိုဂူစံအိမ်
ဒီအချိန်မှာချီမင်နောက်ဆုံးတော့ယင်းလုံကောင်းကင်ဂူမှာ ရခဲ့တဲ့ အမြတ်တွေကို သေချာ စီစဉ်ဖို့ အချိန်ရသွားတယ်။ အရေးကြီးဆုံးအရာကသန့်စင်ခြင်းသုံးပါးတာအိုကျမ်းပဲ။
ဒါက ချီမင်ရဲ့အနာဂတ်ကျင့်ကြံခြင်းနဲ့ သက်ဆိုင်တယ်။
အဲဒါအပြင် ချီမင်ကအင်အားကြီး ဂိုဏ်းအသီးသီးရဲ့ အမွေခံတပည့် အများအပြားကို သတ်ခဲ့ပြီး သူတို့ဆီက အရင်းအမြစ်တွေ အများကြီး ရခဲ့တယ်။ သူ့ရဲ့ပစ္စည်းစာရင်းထဲမှာ အရာတွေ အများကြီး ရှိတယ်။
သူ သေချာ စီစဉ်လိုက်တယ်။
သူ နတ်ဘုရားတာအိုနဲ့ နတ်ဆိုးတာအိုရဲ့ ကျင့်ကြံခြင်းနည်းလမ်းတွေအပြင် အမျိုးမျိုးသော နတ်ဆိုးကျင့်ကြံခြင်းနည်းလမ်းတွေကိုလည်း ရှာတွေ့တယ်။ ဒါကအရမ်းကောင်းတဲ့ စာရင်းတစ်ခုပဲ။ ဒါ့အပြင် ဒီနည်းလမ်းတွေက အင်အားကြီး ဂိုဏ်းအသီးသီးက လာတာဖြစ်ပြီး အားလုံးကအကောင်းဆုံးတွေဖြစ်တယ်။
ဥပမာ- နံ့သာယုံကြည်မှုနတ်ဘုရားတာအို၊ စိတ်ဓာတ်ခွန်အား နတ်ဘုရားတာအို
သူတို့ တစ်ဦးချင်းစီကစစ်မှန်နတ်ဘုရားခန္ဓာကို ကျင့်ကြံနိုင်တယ်။
ပုံမှန်အားဖြင့် နတ်ဘုရားတာအိုနည်းစနစ်တွေထဲမှာ စစ်မှန်နတ်ဘုရားခန္ဓာကိုကျင့်ကြံခြင်းကအခြေတည်ဝိညာဉ်အဆင့်နဲ့ ညီမျှတယ်။
"ဒီနည်းလမ်းတွေ တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ်။" ချီမင်က ပြောတယ်။
ချီမင်အရမ်းတော့ စိတ်မဝင်စားဘူး။ သူ နည်းနည်းပဲ နားလည်လိုက်ပြီး နှစ်ကြိမ် သုံးကြိမ် လှန်လှောကြည့်ပြီး အားလုံးကို ဘေးဖယ်ထားလိုက်တယ်။အနာဂတ်မှာ သူ ရောင်းဖို့ အခွင့်အရေး ရှာပြီး ဝိညာဉ်ကျောက်တုံး အများအပြားနဲ့ လဲနိုင်တယ်။
ပြောရရင်…
သူ ဝိညာဉ်ကျောက်တုံးတွေနဲ့ပတ်သက်ပြီး စိတ်မပူတော့ဘူး။ သူ နေ့တိုင်း ဂိမ်းမြေအောက်စခန်းက ရတဲ့ ဝိညာဉ်ကျောက်တုံးတွေကိုတောင် အကုန် မသုံးနိုင်သေးဘူး၊ ဆေးလုံးတွေနဲ့ လက်နက်တွေကို သန့်စင်ပြီး ဝိညာဉ်ကျောက်တုံးတွေ ရှာဖို့ဆိုတာဝေးသေးတယ်။
ဝှစ်! ဝှစ်!
ဟော့ချန်ချင်း၊ နှင်းမြူပုံဆောင်ခဲအပျိုစင်နဲ့ အမှောင်အရုဏ်ဦးနတ်ဆိုးလင်းနို့တို့ဝိညာဉ်သာရဲနေရာနေ ထွက်လာကြတယ်။
"သခင်။"
"သခင်ကို ဂါရဝပြုပါတယ်။"
ဟော့ချန်ချင်နဲ့ တခြားသူတွေ ဦးညွှတ်လိုက်ကြတယ်။
ချီမင် ခေါင်းညိတ်လိုက်တယ်။ "အပြင်မှာ သွားစောင့်နေကြ။"
"ဟုတ်ကဲ့။"
ဟော့ချန်ချင်းနဲ့ တခြားသူတွေ ချီမင်ရဲ့ အမိန့်ကိုနာခံပြီး တိမ်ပြိုဂူစံအိမ်ကနေ ထွက်သွားကြတယ်။ သူတို့ အပြင်မှာ စောင့်ကြပ်ပြီး ဘယ်သူ့ကိုမှ ချီမင်အနား ချဉ်းကပ်တာ ဒါမှမဟုတ် အနှောင့်အယှက်ပေးတာကို ခွင့်မပြုဘူး။
တင်း!
"ဝိညာဉ်သားရဲ: အမှောင်နဂါးဘုရင်ဟာ အကြိမ်ပေါင်း ၁၀၀,၀၀၀ တိုးမြှင့်မှုအောက်မှာ ကြီးထွားလာပါတယ်။ သူသည်မပြည့်စုံတဲ့ နီရဲရေလွှမ်းနဂါးပုလဲကို အပြည့်အဝစုပ်ယူပြီးနီရဲရေလွှမ်းနဂါးသွေးမျိုးဆက်နဲ့ ပေါင်းစပ်လိုက်ပါတယ်။ သူကလက်ရွေးစင်ဝိညာဉ်သားရဲ အမှောင်မီးလျှံရေလွှမ်းနဂါးအဖြစ် ကြီးထွားလာပါတယ်။ သူက အမှောင်မီးလျှံရေလွှမ်းနဂါးအသက်ရှူသံဆိုတဲ့အံ့ဖွယ်နည်းစနစ်ကို ရရှိခဲ့ပါတယ်။ သူ အပြည့်အဝ ကြီးထွားလာတဲ့အခါ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ဗလာနယ်စွန့်ခွာခြင်းနှောင်းပိုင်းအဆင့်ထိရောက်ရှိနိုင်ပါတယ်။"
အသိပေးချက်တစ်ခု ပေါ်လာတယ်။
ချီမင် အရင်က ရထားတဲ့အသိပေးချက်ကို စစ်ဆေးလိုက်တယ်။
အမှောင်နဂါးဘုရင်က မပြည့်စုံတဲ့နီရဲရေလွှမ်းနဂါးပုလဲကို မျိုချပြီးနောက် အကြိမ်ပေါင်း ၁၀၀,၀၀၀မြှင့်တင်မှုအောက်မှာ ကြီးထွားလာခဲ့တယ်။ ဒီမနက်မှာ သူ အဲဒါကိုအပြည့်အဝစုပ်ယူပြီးအသိပေးချက်တစ်ခု ပေါ်လာတယ်။
ဒါပေမယ့် ချီမင်မှာ အတိအကျ အခြေအနေကို စစ်ဆေးဖို့ အချိန်မရှိဘူး။
"ထွက်လာခဲ့။"
ဘုဇ်!
အမှောင်မီးလျှံရေလွှမ်းနဂါး ပေါ်လာတယ်။
သူ့ရဲ့ ကိုယ်ခန္ဓာက အထူး သေးငယ်သွားတယ်။ အရှည် တစ်မီတာလောက်ပဲ ရှိပြီး အရောင်က လုံးဝ နက်မှောင်တယ်။ သူ့ရဲ့ တစ်ကိုယ်လုံး နဂါးအကြေးခွံတွေနဲ့ဖုံးလွှမ်းထားပြီးသူ့ရဲ့နောက်ကျောမှာအစကနေအဆုံးထိနီရဲရေလွှမ်းနဂါးပုံစံတစ်ခု ရှိတယ်။
မပြည့်စုံတဲ့ နီရဲရေလွှမ်းနဂါးပုလဲကို စုပ်ယူပြီးနောက် သူ့ရဲ့ ကိုယ်ခန္ဓာလည်း ပြောင်းလဲသွားတယ်။ သူ ပိုသွယ်လျပြီး သေးငယ်သွားတယ်။ အရင်တုန်းကလို ပျံသန်းနိုင်တဲ့ပုတ်သင်တစ်ကောင်ကိုအဆပေါင်းများစွာကြီးထားတာနဲ့ မတူတော့ဘူး။
သူ့မှာ ပိုပြီး ထူထပ်တဲ့ နဂါးစွမ်းအား ရှိလာတယ်။
ဝိညာဉ်သားရဲ: အမှောင်မီးလျှံရေလွှမ်းနဂါး
မိတ်ဆက်: မူလက နဂါးကျွန်းက ထုတ်လုပ်တဲ့လက် ရွေးစင်ဝိညာဉ်သားရဲတစ်ကောင်ဖြစ်တယ်။နဂါးသွေးမျိုးဆက်ရဲ့ စွမ်းအားကို ပိုင်ဆိုင်ပြီးအမှောင်နဂါးဘုရင်အဖြစ် ကြီးထွားနိုင်တယ်။ ဒါပေမယ့် မပြည့်စုံတဲ့ နီရဲ ရေလွှမ်းနဂါးပုလဲကို စုပ်ယူလိုက်တာကြောင့်အမှောင်နဂါးသွေးမျိုးဆက်နဲ့နီရဲရေလွှမ်းနဂါးသွေးမျိုးဆက်တို့ လုံးဝ ပေါင်းစပ်ပြီး အမှောင်မီးလျှံရေလွှမ်းနဂါးသွေးမျိုးဆက်အဖြစ် ပြောင်းလဲသွားပါတယ်။ သူကပိုပြီးအားကောင်းတဲ့လက်ရွေးစင် ဝိညာဉ်သားရဲဖြစ်လာနိုင်တယ်။အများဆုံး ဗလာနယ်စွန့်ခွာခြင်းနှောင်းပိုင်းအဆင့်အထိ ကြီးထွားနိုင်ပြီး တော်တော်ကောင်းတဲ့ အလားအလာကို ပိုင်ဆိုင်ထားတယ်။
"သူတို့အားလုံးကလက်ရွေးစင်ဝိညာဉ်သားရဲ ဖြစ်ပေမယ့် ပြောင်းလဲလာတဲ့အမှောင်မီးလျှံရေလွှမ်းနဂါးက နှင်းမြူပုံဆောင်ခဲအပျိုစင်နဲ့ ဟော့ချန်ချင်းထက် အများကြီး ပိုအားကောင်းတာသိသာတယ်။" ချီမင်က ပြောလိုက်တယ်။