← Chapters

လီယုလင်

Vol. 9 Ch. 127

လီယုလင်

Vol. 9 Ch. 127

နေ့လည်မှာတိမ်စိမ်းတောင်ထွတ်မှာကြီးမားတဲ့အဖြစ် အပျက်တစ်ခု ဖြစ်သွားတယ်။ရှောင်ဖန်းက သူ့ရဲ့ ပါရမီနဲ့ ကျင့်ကြံမှုကိုဖော်ထုတ်ပြီး အဆင့်ကိုး ရွှေအမြူတေကိုသိပ်သည်းနိုင်ခဲ့တယ်။ ဒါကတော်တော်လေးကိုအုတ်အုတ်သောင်းနင်းတစ်ခုဖြစ်သွားစေတယ်။

တိမ်စိမ်းတောင်ထွတ်ရဲ့ အမွေခံအကြီးအကဲ ကိုးဦး၊ အတွင်းစည်းအကြီးအကဲတွေနဲ့ တောင်ထွတ်သခင် မော့ဟန်ကျန်းတို့ရဲ့ သက်သေခံမှုအောက်မှာ ရှောင်ဖန်းကစမ်းသပ်မှုကိုအောင်မြင်ပြီးအမွေခံတပည့် ဖြစ်လာကာ ဖုန်းဇီမုရဲ့ တပည့် ဖြစ်လာတယ်။

ဒီကိစ္စက တော်တော်လေး ဂယက်ရိုက်သွားတယ်။ ဘာပဲဖြစ်ဖြစ်တိမ်စိမ်းတောင်ထွတ်မှာနောက်ထပ် အမွေခံတပည့်တစ်ဦး ပေါ်ထွက်လာတယ်။

ချီမင်နဲ့ နှိုင်းယှဉ်ရင် ရှောင်ဖန်းရဲ့ တိုးတက်မှုလမ်းကြောင်းက အတော်လေး တည်ငြိမ်တယ်။

အလားတူပဲ တိမ်စိမ်းတောင်ထွတ်ရဲ့အတွင်းစည်းတပည့်တော်တော်များများကရှောင်ဖန်းရဲ့‌ဆောင်ရွက်ချက်တွေကို ကြားပြီးနောက်လာမယ့်အနာဂတ်အတွက် မျှော်လင့်ချက်တွေပြည့်နှက်သွားပြီးကျင့်ကြံဖို့ပိုကြီးတဲ့စိတ်အားထက်သန်မှုတွေ ရှိလာတယ်။

အရာအားလုံးကအဆင်ပြေနေတယ်။

ဒီနည်းနဲ့ ရှောင်ဖန်းကဖုန်းဇီမုကိုသူ့ရဲ့ဆရာအဖြစ် လက်ခံလိုက်တာကြောင့်သူ့ရဲ့စီနီယာကျမှုက တစ်ဆက်တည်း တိုးလာတယ်။ သူဟာ ချီမင်ရဲ့ဂိုဏ်းတူတပည့် မဟုတ်တော့ဘဲ ချီမင်ရဲ့ ဂျူနီယာညီလေး ဖြစ်သွားတယ်။

"အမွေခံတပည့် ဖြစ်လာတဲ့အတွက် စီနီယာအစ်ကိုရှောင်ကိုဂုဏ်ပြုပါတယ် ။" ယွမ်ဖုန်း ဂုဏ်ပြုလိုက်တယ်။

တစ်ချိန်တည်းမှာ ယွမ်ဖုန်းရဲ့ နှလုံးသားထဲမှာလည်း မနာလိုမှုနဲ့ တောင့်တမှုတွေ ပြည့်နှက်နေတယ်။အထူး သဖြင့်ရှောင်ဖန်းကတိမ်စိမ်းတောင်ထွတ်ရဲ့ အမွေခံတပည့်အဖြစ်အောင်မြင်စွာတိုးတက်သွားတာကိုမြင်လိုက်ရတယ်။သူမလည်းအမွေခံတပည့်ဖြစ်ချင်သွားပြီး ဒါကို သူမရဲ့ ရည်မှန်းချက်အဖြစ် သတ်မှတ်လိုက်တယ်။

လက်ရှိ ယွမ်ဖုန်းမှာ တိမ်စိမ်းတောင်ထွတ်ရဲ့ အမွေခံတပည့် ဖြစ်လာဖို့ မျှော်လင့်ချက်နဲ့ ဖြစ်နိုင်တဲ့အလားအလာ ရှိတယ်။

"အဟွတ် အဟွတ်။"ရှောင်ဖန်းညင်သာစွာချောင်းဟန့်လိုက်ပြီး "ယွမ်ဖုန်း မင်း အခု ငါ့ကို ဆရာဦးလေးရှောင်လို့ ခေါ်သင့်တယ်။"

"ဆရာဦးလေး… ဆရာဦးလေးရှောင်…" ယွမ်ဖုန်း လိုက်နာရုံပဲ တတ်နိုင်တယ်။

"ဟားဟားဟား…"

ရှောင်ဖန်း စိတ်ချမ်းသာပြီးကျယ်လောင်စွာရယ်မောလိုက်တယ်။

"နင်…"

ယွမ်ဖုန်းရဲ့ မျက်နှာ မည်းသွားတယ်။

သေစမ်း!

ချီမင်ကအဲ့ဒီအချိန်မှာ ရောက်လာတယ်။ သူ့မျက်နှာမှာ အပြုံးရိပ်တစ်ခုပေါ်လာပြီးပြောလိုက်တယ်။"ရှောင်ဖန်းမဆိုးဘူး။မင်းအဆင့်ကိုးရွှေအမြူတေကိုတည် ဆောက်ပြီးတိမ်းစိမ်း‌တောင်ထွတ်ရဲ့အမွေခံတပည့်ဖြစ်ဖို့စမ်းသပ်မှုကို‌အောင်မြင်သွားတယ်။"

"ဆရာဦးလေးချီ…"

ရှောင်ဖန်းကအစကချီမင်ကို စီနီယာအစ်ကိုလို့ ခေါ်ချင်ပေမယ့် ချီမင်ရဲ့ မျက်လုံးထဲက အပြုံးရိပ်ကို မြင်လိုက်တော့သူ့စကားတွေ ချက်ချင်း ပြောင်းသွားပြီး သူ့မျက်နှာမှာဖော်လန်ဖားအပြုံးတွေနဲ့ပြည့်နှက်သွားတယ်။

"ဒါ မကောင်းဘူး။" ချီမင်ကပြောတယ် "ဆရာက မင်းကိုသူ့ရဲ့တပည့်အဖြစ်လက်ခံလိုက်တာ။မင်းငါ့ကို ဆရာဦးလေးလို့ ဆက်ခေါ်နေတာ မကောင်းဘူးထင်တယ်။ စီနီယာကျမှုက မှားနေတယ်။"

"သေချာပေါက်မဟုတ်ပါဘူး။" ရှောင်ဖန်း လက်ကို ဝှေ့ယမ်းပြီး ချက်ချင်းပဲမှန်တဲ့ပုံနဲ့ပြောတယ်။ "ကျွန်တော့် နှလုံးသားထဲမှာ ဆရာဦးလေးကအမြဲတမ်း ဆရာဦးလေးပါပဲ။ ကျွန်တော့်နှလုံးသားထဲမှာဆရာဦး လေးကျွန်တော့်ရဲ့ဆရာဦးလေးပါပဲ။အဲဒါဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ပါဘူး။"

"ဆရာဦးလေးကျွန်တော့်ရဲ့အရိုအသေပြုမှုကိုလက်ခံပေးပါ။"

သူ စကားဆုံးတာနဲ့ရှောင်ဖန်းကသူ့ဘေးနားကနေ လက်နှစ်ဖက်ကိုဆုပ်လိုက်ပြီး ဦးညွှတ်လိုက်တယ်။

ချီမင်က ရှောင်ဖန်းရဲ့ ပခုံးကို ပုတ်ပြီး သက်ပြင်းချလိုက်တယ်။ "ရှောင်ဖန်း မင်းကို ငါ အရမ်း အထင်ကြီးထားတယ်။ မင်းရဲ့ဒီသန့်စင်တဲ့နှလုံးသားကို ဆက်ထိန်းထားပါ။အနာဂတ်မှာမင်းတကယ်ကြီးမြတ်တဲ့သူဖြစ်လာလိမ့်မယ်။"

"ဆရာဦးလေးပြောတာ မှန်ပါတယ်။" ရှောင်ဖန်း ခေါင်းညိတ်လိုက်တယ်။

"ဖူး…"

ယွမ်ဖုန်း မရယ်ဘဲ မနေနိုင်ဘူး။

ခဏလေးအတွင်း နောက်တစ်ရက် ကုန်လွန်သွားတယ်။

မနက်ပိုင်းမှာ ချီမင် အဆင်သင့် ဖြစ်နေပြီ။

သူ တိမ်စိမ်းတောင်ထွတ်ကနေ ထွက်ခွာပြီး ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်ကို သွားတော့မယ်။

ချီမင် လှည့်ကြည့်ပြီး သူ ဆယ်နှစ်ကျော်နေခဲ့တဲ့ တိမ်ပြိုတောင်ထွတ်နဲ့ ဂူစံအိမ်ကို ကြည့်လိုက်တယ်။ သူ နည်းနည်း စိတ်လှုပ်ရှားသွားတယ်။ သူက အတိတ်ကို တမ်းတတတ်တဲ့သူ မဟုတ်ပေမယ့် ထွက်ခွာတဲ့အခါ အမြဲတမ်း စိတ်မကောင်းဖြစ်တတ်တယ်။

ဒီစိတ်ပျက်မှုက မြန်မြန်ဆန်ဆန် ပျောက်ကွယ်သွားတယ်။

ပတ်ဝန်းကျင်မှာ မော့ဟန်ကျန်း၊ ဖုန်းဇီမု၊ နတ်မိမယ်ဖန်ရှီးနဲ့ တခြား အမွေခံအကြီးအကဲ ကိုးဦး၊ လုချင်းယန်၊ ယွမ်ဖုန်း၊ ရှောင်ဖန်း၊ အကြီးအကဲတွေနဲ့ တိမ်စိမ်းတောင်ထွတ်ရဲ့ အမွေခံတပည့်တွေ သူ့ကို လိုက်ပို့ဖို့ ရောက်လာကြတယ်။

ဒါဟာ တိမ်စိမ်းတောင်ထွတ်ရဲ့ အမြင့်ဆုံးဆက်ဆံမှုဖြစ်တယ်။

"ဂျူနီယာညီလေးချီ။"

ကောင်းကင်မှာသေသပ်လှပတဲ့သင်္ဘောတစ်စင်းရှိတယ်။ အရမ်းမကြီးဘဲလွှမ်းပျံယာဥ်ပုံသဏ္ဌာန်မျိုးရှိတယ်။ အဓိက ကိုယ်ထည်က သန့်စင်တဲ့ငွေရောင်ဖြစ်ပြီးသင်္ဘောပေါ်မှာရွှေရောင်အစီအစဉ်ပုံစံတွေထွင်းထုထားတယ်။

သင်္ဘောရဲ့ ဦးပိုင်းမှာ ဖြူဖျော့တဲ့ မျက်နှာနဲ့ ရှည်လျားတဲ့ဆံပင်ကလွင့်မြောနေပြီရပ်နေတဲ့လူငယ်တစ်ယောက်ရှိတယ်။ သူကောင်းကင်ဘုံဉာဏ်အလင်းဝတ်ရုံကို ဝတ်ဆင်ထားပြီးမိန်းမချော ချောတယ်။ သူ လက်နှစ်ဖက်ကို နောက်မှာထားပြီးစိတ်မဝင်စား အမူအရာနဲ့ ရပ်နေတယ်။

"သွားဖို့ အချိန်ရောက်ပြီ။ နောက်ကျနေပြီ။ ဂိုဏ်းချုပ်နဲ့ တခြားသူတွေကို အကြာကြီး မစောင့်ခိုင်းနဲ့။"

ဒါဟာ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အမွေခံတပည့် လီယုလင်ဖြစ်ပြီး ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်ကနေ ချီမင်ကို လာခေါ်တာဖြစ်တယ်။

"ကောင်းပြီ။" ချီမင် ပြန်ဖြေလိုက်တယ်။

ဝှစ်!

သူ့ပုံရိပ် ကောင်းကင်ကို တက်သွားပြီး သန့်စင်တဲ့ငွေရောင် သင်္ဘောပေါ်မှာ ရပ်လိုက်တယ်။

"စီနီယာအစ်ကို။" ချီမင်က "ကျွန်တော်တို့ ထွက်လို့ရပြီ။" လို့ ပြောတယ်။

"ကောင်းပြီ။" လီယုလင်ကညင်သာစွာပြန်ဖြေတယ်။

ဝှစ်!

သူ့ရဲ့ ဓမ္မစွမ်းအားတွေကို လှုံ့ဆော်လိုက်တယ်။

သန့်စင်တဲ့ငွေရောင် သင်္ဘောဟာ ငွေရောင်အလင်းတန်းတစ်ခုလို ချက်ချင်းပဲ အဲဒီနေရာကနေ ပျောက်ကွယ်သွားတယ်။ သူ လေထုကို ဖောက်ထွင်းပြီးအဝေးကိုပျောက်ကွယ်သွားကာအလင်းအစက်တစ်ခုအဖြစ်ပြောင်းလဲသွားတယ်။

တိမ်ပြိုတောင်ထွတ်ပတ်လည်မှာ လုချင်းယန်နဲ့ တခြားသူတွေ ချီမင်ကို လက်ပြနှုတ်ဆက်နေကြတယ်။

ချီမင်က သန့်စင်တဲ့ငွေရောင် သင်္ဘောရဲ့ ကုန်းပတ်ပေါ်မှာ ရပ်ပြီးရင်းနှီးတဲ့ပုံရိပ်တွေသူ့မျက်လုံးထဲကနေ မြန်မြန်ဆန်ဆန် ပျောက်ကွယ်သွားတာကို ကြည့်နေတယ်။ သူ့စိတ်ထဲမှာ အနည်းငယ် လှုပ်ရှားသွားပေမယ့် သူ မြန်မြန်ဆန်ဆန် ပုံမှန် ပြန်ဖြစ်သွားတယ်။

ဘာပဲဖြစ်ဖြစ် သူ တိမ်စိမ်းတောင်ထွတ်ကနေ ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်ကို သွားဖို့ပဲ ထွက်လာတာဖြစ်တယ်။

သူတို့အားလုံး ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းထဲမှာပဲ ရှိနေသေးတယ်။

သူတို့က ထာဝရ ခွဲခွာနေကြတာ မဟုတ်ဘူး။

"စီနီယာအစ်ကိုလီ။" ချီမင် လက်ကို ဆုပ်ကိုင်ပြီး လီယုလင်ကို ဦးညွှတ်လိုက်တယ်။ "ဒီတစ်ခေါက် ခင်ဗျားကိုဒုက္ခပေးမိပါတယ်။"

"ဒါကကိစ္စသေးသေးလေးပါ။" လီယုလင်ကပြောလိုက်တယ် "မင်း ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းထဲမှာ အချိန်အတော်ကြာနေခဲ့ပြီးပြီ။ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက သူ့ရဲ့ တပည့်တွေကို စီမံခန့်ခွဲတာ တော်တော်လေး လျော့ရဲတယ်ဆိုတာ မင်း သိသင့်တယ်။"

"ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်ရဲ့ အခြေအနေလည်း အတူတူပဲ။"

"အချိန်တန်ရင်…"

"မင်း မဟာအကြီးအကဲတစ်ပါးရဲ့ တပည့် ဖြစ်ဖို့ လိုတယ်။ တကယ်လို့မင်းကံကောင်းရင်ဒါမှမဟုတ် မင်းရဲ့ပါရမီကထူးခြားပြီးလျှို့ဝှက်နက်နဲကမ္ဘာရဲ့အထွတ် အထိပ်ကို ရောက်ရင်ရှေးခေတ်ဘိုးဘေးတစ်ယောက်က မင်းကို သဘောကျပြီး ခေါ်ယူသွားနိုင်တယ်။"

"အသေးစိတ်ကို ဂိုဏ်းချုပ်နဲ့ တခြားသူတွေကို တွေ့တဲ့အထိ စောင့်ကြည့်လိုက်။"

"ဟုတ်ကဲ့။" ချီမင် ခေါင်းညိတ်လိုက်တယ်။

စကားပြောနေတုန်းမှာ သန့်စင်တဲ့ငွေရောင် သင်္ဘောကတိမ်မြူအလွှာကို ဖောက်ထွင်းပြီးနက္ခတ်တာရာအလွှာကို ရောက်ရှိသွားတယ်။နက္ခတာရာအလွှာကို ဖြတ်သန်းပြီးတော့နက္ခတ်တာရာအလွှာနဲ့ ဟင်းလင်း ပြင်အလွှာကြားကို အောင်မြင်စွာ ရောက်ရှိသွားတယ်။

ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်ဟာ ချီမင်ရဲ့ မျက်လုံးထဲမှာ ထပ်ပြီး ပေါ်လာတယ်။

ဒါဟာ ချီမင် ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်ကို ပထမဆုံး မြင်ဖူးတာ မဟုတ်ပေမယ့် သူ့ရဲ့ ကြီးကျယ်ခမ်းနားမှုနဲ့ လှပမှုကြောင့်သူ အံ့အား သင့်နေတုန်းဖြစ်တယ်။ ဒါကတကယ်ကိုနတ်ဘုံနတ်နန်းတစ်ခုလို၊ အင်မော်တယ်ကမ္ဘာရဲ့ အင်မော်တယ်တောင်တစ်ခုလိုဖြစ်တယ်။

ဒါက လူတွေကို တောင့်တစေတယ်။

"ဂါရဝပြုပါတယ် အမွေခံတပည့်လီ။"

ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်ရဲ့ အစောင့်အရှောက်နှစ်ဦးက သူ့ကို လေးလေးစားစား ကြိုဆိုဖို့ ရောက်လာကြတယ်။

လီယုလင် ခေါင်းညိတ်ပြီးပြောလိုက်တယ်"ဂျူနီယာညီလေးချီငါ့နောက်ကို လိုက်ခဲ့။"

ချီမင် လိုက်သွားတယ်။

"ဂါရဝပြုပါတယ်အမွေခံတပည့်ချီ။"အစောင့်အ ရှောက်နှစ်ဦးလည်း ချီမင်ကို မြန်မြန်ဆန်ဆန် ဦးညွှတ်လိုက်ကြတယ်။

သူ ပြန်ခေါင်းညိတ်လိုက်တယ်။

ပြီးတော့ ချီမင်ကလီယုလင်နောက်ကို လိုက်ပြီး ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်ထဲကို ဝင်သွားတယ်။ သူတို့တောင်ရဲ့ အလယ်ဗဟိုကိုရောက်လာပြီး ရှည်လျားတဲ့ လှေကားထစ်တွေကို တက်သွားကြတယ်။

"နောက်ထပ် အမွေခံတပည့်တစ်ယောက် တောင်ပေါ်ကို တက်သွားပြီ။"

အစောင့်အရှောက်တစ်ဦးက ချီမင်နဲ့ လီယုလင်ရဲ့ နောက်ကျောကို စိုက်ကြည့်ပြီး သူ့မျက်လုံးတွေ လေးစားမှုတွေနဲ့ ပြည့်နှက်နေတယ်။ "ဒီတောင်ပေါ်က အမွေခံတပည့်သစ်က နည်းနည်း ရင်းနှီးနေတယ်။ အရင်က သူ့ကို မြင်ဖူးတယ်ထင်တယ်။"

"တောင်ထွတ်သခင် မော့က အမွေခံတပည့်ချီကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဒီကို ခေါ်လာတာ မှတ်မိပြီ။" တခြားအစောင့်အရှောက်က ပြောတယ်။

တောင်ထိပ်က ဂိုဏ်းချုပ်ခန်းမမှာ

"ကျွန်တော် လီယုလင်ကကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့အမွေခံတပည့်သစ်ချီမင်ကိုအမိန့်အတိုင်းခေါ်ဆောင်လာပါတယ်။" လီယုလင် ဂိုဏ်းချုပ်ခန်းမကို ဦးညွှတ်ပြီး ပြောတယ်။

"ကောင်းပြီ။"

ချက်ချင်းပဲ ယန်လီရဲ့ အသံ ခန်းမထဲက ထွက်လာတယ်။ "လီယုလင် မင်း ပြန်လို့ရပြီ။"

"ဟုတ်ကဲ့။" လီယုလင် ခေါင်းညိတ်လိုက်တယ်။

ထို့နောက် သူ ချီမင်ကို တစ်ချက် လှမ်းကြည့်ပြီး ဘာမှ မပြောဘူး။ သူ လှည့်ပြန်သွားတယ်။ သူ ရှည်လျားတဲ့ လှေကားထစ်အတိုင်း ဆင်းသွားပြီး လမ်းသွယ်လေးတစ်ခုထဲကို လျှောက်သွားပြီးမှ ထွက်သွားတယ်။

"ဝင်ခဲ့။" ယန်လီရဲ့ အသံ ထပ်ထွက်လာတယ်။ "တံခါးဖွင့်လိုက်။"

ချီမင် ခေါင်းညိတ်ပြီး ရှေ့ကို လျှောက်သွားတယ်။ သူ ခန်းမရှေ့မှာ ရပ်ပြီး ကြီးကျယ်ခမ်းနားတဲ့ ခန်းမတံခါးကို ကြည့်လိုက်တယ်။ သူ သက်ပြင်းရှည်ကြီးချပြီး လက်နှစ်ဖက်ကိုမြှောက်လိုက်တယ်။သူတံခါးပေါ်မှာ လက်တင်ပြီး ရှေ့ကို တွန်းလိုက်တယ်။

တံခါးကလုံးဝမလှုပ်ဘူး။

ဘုဇ်!

ချီမင်ကသူ့ရဲ့ရွှေအမြူတေဓမ္မစွမ်းအားတွေကို လှုံ့ဆော်ပြီးခန်းမထဲကိုထည့်သွင်းလိုက်တယ်။ ခန်းမတံခါးကအလင်းတန်းတွေတောက်ပလာပြီး ချီမင်ရဲ့ ဓမ္မစွမ်းအားတွေကို ချေဖျက်လိုက်တယ်။ ဒါပေမယ့် ချီမင်ရဲ့ ရွှေအမြူတေဓမ္မစွမ်းအားတွေကခမ်းနားပြီးအရမ်းကိုသိပ်သည်းတယ်။

"ဖွင့်!" ချီမင် အော်လိုက်တယ်။

ဝုန်း!!!

ဂိုဏ်းချုပ်ခန်းမရဲ့ တံခါးကို ချီမင်က တွန်းဖွင့်လိုက်တယ်။

"ဟူး…"

ချီမင် လက်တွေကို ပြန်ရုပ်သိမ်းလိုက်တယ်။ သူ့ပတ်ဝန်းကျင်က ဓမ္မစွမ်းအားတွေ တည်ငြိမ်သွားပြီး ရှေ့ကို ကြည့်လိုက်တယ်။ သူ့မျက်လုံးထဲကို ရောက်လာတာကနတ်ဘုံနတ်နန်းနဲ့တူတဲ့ မြင်ကွင်းတစ်ခုဖြစ်တယ်။

အပြင်က ကြည့်ရင် ဂိုဏ်းချုပ်ခန်းမကနန်းတော်ခန်းမဆောင်တစ်ခုနဲ့ တူပေမယ့် အတွင်းမှာ နောက်ကမ္ဘာတစ်ခု ရှိတယ်။ အဲဒါက ကမ္ဘာငယ်တစ်ခုကို ဖန်တီးထားပြီး အပြင်က မြင်ရတာထက် နေရာက အများကြီး ပိုကျယ်တယ်။

ဒီမြင်ကွင်းက ချီမင် အရင်က မြင်ဖူးတာနဲ့ အရမ်း ကွာခြားတယ်။

"ဂိုဏ်းချုပ်ခန်းမက တကယ်ကို ထူးခြားတာပဲ။"

ချီမင် သက်ပြင်းချပြီး လျှောက်ဝင်သွားတယ်။

ဘုန်း!

တံခါးက အလိုအလျောက် ပိတ်သွားတယ်။

ဒီအချိန်မှာ အထက်ကောင်းကင်မှာ ပုံရိပ်ခုနစ်ခု ပေါ်လာတယ်။

ဒါ့အပြင် ဂိုဏ်းချုပ် ယန်လီက ရှေ့ဆုံးမှာ ရပ်နေတယ်။ ကျန်ခြောက်ယောက်က ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ မဟာအကြီးအကဲတွေဖြစ်တယ်။ သူတို့က ချီမင် ရောက်လာတာကို အချိန်အတော်ကြာ စောင့်နေခဲ့ကြတယ်။

"တပည့် ချီမင် ဂိုဏ်းချုပ်နဲ့ မဟာအကြီးအကဲ ခြောက်ပါးကို ဂါရဝပြုပါတယ်။" ချီမင် လက်အုပ်ချီပြီး ဦးညွှတ်လိုက်တယ်။

ယန်လီ ခေါင်းညိတ်ပြီး ကောင်းကင်မှာ ရပ်နေတယ်။ သူ လက်နောက်ပစ်ပြီး ချီမင်ကို အောက်ကနေ ကြည့်နေတယ်။ "ဒီသုံးရက်အတွင်းမှာ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ မဟာအကြီးအကဲ အားလုံးကို မင်းအကြောင်း ငါ အသိပေးပြီးပြီ။"

"အခု။"

"မင်းကို သူတို့ရဲ့ တပည့်အဖြစ် ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ မဟာအကြီးအကဲ ခြောက်ပါး ရှိတယ်။"

"မင်း သူတို့ထဲက တစ်ယောက်ကို ရွေးပြီးသူရဲ့တပည့် ဖြစ်နိုင်တယ်။"

မဟာအကြီးအကဲ ခြောက်ပါးထဲက ချီမင်က လေးယောက်ကို သိတယ်။

ဘိုးဘေး ဝူယန်၊ တာအိုဆရာ ဝူချန်၊ အဖွားကြီး ဂျင်ယွန်းနဲ့ တာအိုဆရာခရမ်းရောင်‌ကောင်းကင်တို့ကသူ သိတဲ့သူတွေပဲဖြစ်တယ်။ သူ မရင်းနှီးတဲ့ မဟာအကြီးအကဲ နှစ်ယောက်လည်း ရှိတယ်။ သူတို့ကတော့ တာအိုဝတ်ရုံ ဝတ်ထားတဲ့ဆံပင်ဖြူ‌နေတဲ့အကြီးအကဲတစ်ဦးနဲ့ ဆွဲဆောင်မှုရှိပြီး လှပတဲ့ အမျိုးသမီးတစ်ဦးဖြစ်တယ်

အဲဒီလှပတဲ့ အမျိုးသမီးက အပေါ်ယံမှာ ငယ်ရွယ်ပြီး ဆွဲဆောင်မှုရှိပုံရပေမယ့် တကယ်တော့ သူက ချီမင်ရဲ့ အဘွားရဲ့အဘွားလောက် အသက်ကြီးနေလောက်ပြီ။

သူမ အဲဒီထက်တောင် အသက်ကြီးနိုင်တယ်။

"ရွေးချယ်ပါ။" ယန်လီက ပြောတယ်။

ချီမင်က သူ့ရှေ့က ဘာမှ မပြောတဲ့ မဟာအကြီးအကဲ ခြောက်ပါးကို ကြည့်လိုက်တယ်။ သူ နည်းနည်း စိတ်ရှုပ်ထွေးနေတယ်။ ဘာလို့လဲဆိုတော့ သူ ဒီမဟာအကြီးအကဲ ခြောက်ပါးအကြောင်း ဘာမှ မသိဘူး။ အခြေအနေ ဘယ်လိုရှိလဲသူမသိသလို ဘယ်သူ့ကို ရွေးရမှန်းလည်း တကယ် မသိဘူး။

ဒါကြောင့် သူ ကိုယ့်ဘာသာကိုယ် ရွေးချယ်ရမယ်။

ဒါကို စဉ်းစားပြီး ချီမင်က သူ့လက်တွေကို အင်္ကျီလက်ထဲမှာ ဝှက်ထားလိုက်တယ်။ မဟာအကြီးအကဲ ခြောက်ပါးရဲ့ နောက်ခံအကြောင်းအရာကို ခန့်မှန်းဖို့ သူ လျှို့ဝှက်စွာ ကောင်းကင်စူးစမ်းခြင်းနဲ့ အကြာအမြင်အာရုံကို သုံးလိုက်တယ်။

ချီမင်က ဒီလိုအခြေအနေမျိုးမှာ ဒီလျှို့ဝှက်နက်နဲနည်းစနစ်အံ့ဖွယ်စွမ်းအားနှစ်ခုကို သုံးဖို့ ရဲရဲတင်းတင်း လုပ်ရဲတာ တကယ်ကို ရဲရင့်ရာရောက်တယ်။

သူ အခုမှ သုံးလိုက်ရုံပဲရှိ‌သေးတာကိုကပ်‌ဘေးဒုက္ခကျရောက်တော့မယ့်ပုံစံမျိုး ခံစားလိုက်ရတယ်။ ကောင်းကင်ပြိုကျတော့မယ့်ပုံနဲ့အထွတ်အထိပ်ကပ်ဘေးဒုက္ခအမျိုးမျိုးဆင်းသက်တော့မယ့်ပုံစံမျိုး ခံစားလိုက်ရတယ်။

မဆိုင်းမတွ ချီမင်က သူ့ရဲ့ ခန့်မှန်းမှုနဲ့အံ့ဖွယ်စွမ်းအားကို ချက်ချင်း ရပ်လိုက်တယ်။

တန်ပြန်မှုကြောင့် သူ့မျက်နှာ ဖြူဖျော့သွားတယ်။

"ချီမင် မင်း ဘာဖြစ်နေတာလဲ?" ယန်လီ မျက်မှောင်ကြုတ်လိုက်တယ်။

"ဂိုဏ်း… ဂိုဏ်းချုပ် ကျွန်တော် အဆင်ပြေပါတယ်။" ချီမင် သက်ပြင်းရှည်ချပြီး သူ့နှလုံးသားထဲက အံ့အားသင့်မှုကို ထိန်းချုပ်ကာ ညင်သာစွာ ပြန်ဖြေလိုက်တယ်။

မဟာအကြီးအကဲ ခြောက်ပါးရဲ့ ကျင့်ကြံခြင်းအဆင့်တွေက အရမ်းမြင့်တယ်။

သူတို့ဒီကမ္ဘာမှာအသက်ရှင်နေသေးတယ်။ဒါကယင်းလုံကောင်းကင်ဂူနဲ့မတူဘူး။အဲဒါတွေကောင်းချီးပေးထားတဲ့မြေတွေပဲဖြစ်တယ်။ဒါ့အပြင်ရှေးခေတ်နတ်ဆိုးဧကရာဇ်က သေသွားပြီ။ ဒါကြောင့် ချီမင်က သူ့ရဲ့ ကျင့်ကြံမှုနဲ့ မဟာအကြီးအကဲ ခြောက်ပါးရဲ့ နောက်ခံအကြောင်းအရာနဲ့ အထောက်အထားကို ခန့်မှန်းဖို့ မဖြစ်နိုင်ဘူး။သူကပ်ဘေးဒုက္ခကြုံရနိုင်တယ်။သန့်စင်ရွှေခန္ဓာက တန်ပြန်မှုကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။

"သေချာ စဉ်းစားပြီးပြီလား?" ယန်လီက မေးတယ်။

"စဉ်းစားပြီးပါပြီ။" ချီမင် ပြန်ဖြေတယ်။

"ဘယ်သူ့ကို ရွေးမလဲ?" ယန်လီ ထပ်မေးတယ်။

"ကျွန်တော် ရွေးတာက…"

"ရပ်စမ်း!"

ချီမင် စကားမဆုံးခင် ရုတ်တရက် အနှောင့်အယှက် ပေးခံလိုက်ရတယ်။ ဒါ့အပြင် ဒီအသံက အရမ်း ရုတ်တရက် ပေါ်လာတယ်။ ဘာလက္ခဏာမှမရှိဘဲကောင်းကင်က လာပုံရတယ်။

All Chapters