← Chapters

ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ရဲ့တပည့်

Vol. 9 Ch. 128

ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ရဲ့တပည့်

Vol. 9 Ch. 128

ချီမင်လည်း အံ့အားသင့်သွားတယ်။ အခု အတိအကျ ဘယ်လိုအခြေအနေလဲ သူ မသိပေမယ့် မဟာအကြီးအကဲ ခြောက်ပါးနဲ့ ဂိုဏ်းချုပ် ယန်လီရဲ့ မျက်နှာအမူအရာတွေ အကြီးအကျယ် ပြောင်းလဲသွားတာကို သူ မြင်လိုက်တယ်။

သူတို့ရဲ့ မျက်နှာအမူအရာတွေက တည်ငြိမ်မှုကနေ ရိုသေမှုနဲ့ ကြောက်ရွံ့မှုအထိ ပြောင်းလဲသွားတယ်။

"ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ကို ဂါရဝပြုပါတယ်။"

မဟာအကြီးအကဲ ခြောက်ပါးရဲ့အပြုအမူတွေနဲ့ မျက်နှာအမူအရာတွေကအရမ်းကိုတပြိုင်တည်းဖြစ်နေတယ်။ သူတို့ တစ်ချိန်တည်းမှာ ခေါင်းကို ငုံ့ပြီး အသံလာရာဘက်ကို ဦးညွှတ်လိုက်ကြတယ်။

"ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်…"

ချီမင်လည်း သူ့နှလုံးသားထဲမှာ အနည်းငယ် အံ့အားသင့်သွားတယ်။ "ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ ဘိုးဘေးတစ်ပါး ဖြစ်နိုင်မလား?"

ဘုဇ်!

ချက်ချင်းပဲ ဟင်းလင်းပြင်တုန်ခါမှုတစ်ခုဖြစ်ပေါ်လာသည်။

ဟင်းလင်းပြင်ကကွဲထွက်သွားသည်။

ထောင့်တစ်ဖက် ပျောက်နေတဲ့ အဋ္ဌဂံပြားတစ်ခုကဒီနးဟင်းလင်ပြင်ကွဲအက်မှုထဲကနေ ပျံထွက်လာ‌၏။ အဋ္ဌဂံပြားကရှေးဟောင်းဆန်ပြီး စုတ်ပြတ်နေသည်။ အက်ကြောင်းတွေအများကြီးနဲ့ဖုံးလွှမ်းထားပြီး ကွဲအက်တော့မယ့်ပုံစံမျိုး ဖြစ်နေတယ်။

အရမ်းကိုပြင်းထန်တဲ့ဆွေးမြေ့တဲ့အငွေ့အသက်တွေနဲ့ ပြည့်နှက်နေတယ်။

"ကောင်းကင်လျှို့ဝှက်ချက် သံလိုက်အိမ်မြှောင်!"

ယန်လီရဲ့ မျက်နှာ တောင့်တင်းသွားတယ်။ သူအသက်ပြင်းပြင်းရှုပြီး ခြေတစ်လှမ်း ရှေ့ကို တိုးလိုက်တယ်။ သူ လက်သီးဆုပ်ပြီး ပေါ်လာတဲ့ အဋ္ဌဂံပြားကို ဦးညွှတ်လိုက်တယ်။ "ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ကို ဂါရဝပြုပါတယ်။"

ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်က မပေါ်လာဘူး။ သူ့ရဲ့ကောင်းကင်လျှို့ဝှက်ချက်သံလိုက်အိမ်မြှောင်ပဲ ပေါ်လာတယ်။ ဒါပေမယ့် ကောင်းကင်လျှို့ဝှက်ချက် သံလိုက်အိမ်မြှောင်ပေါ်လာတာကသူတစ်ယောက် တည်းလာခဲ့တယ်ဆိုတာကိုဆိုလိုတယ်။ ဘာလို့လဲဆိုတော့ ဒါကသူ့ရဲ့ကိုယ်ပိုင်ဓမ္မရတနာဖြစ်တယ်။

ကောင်းကင်လျှို့ဝှက်ချက်သံလိုက်အိမ်မြှောင်ရဲ့အ ခြေအနေကကောင်းပုံမရဘူး။ အဲဒါကအရမ်းကိုပြင်းထန်တဲ့ဆွေးမြေ့နေတဲ့အငွေ့အသက်တွေနဲ့ ပြည့်နှက်နေပြီး အုတ်ဂူထဲက အခုမှ တူးဖော်ရရှိလာတဲ့ ရှေးဟောင်းပစ္စည်းတစ်ခုနဲ့ တူတယ်။ ဒါက ယန်လီနဲ့ တခြားသူတွေကို အနည်းငယ် အံ့အားသင့်ပြီး စိုးရိမ်သွားစေ၏။

"မင်းတို့ ဆက်ပြီး တိုက်ခိုက်နေစရာ မလိုတော့ဘူး။"

ထောင့်တစ်ဖက် ပျောက်နေတဲ့ အဋ္ဌဂံပြားထဲကနေ နက်ရှိုင်းတဲ့ အသံတစ်ခု ထွက်လာတယ်။ "ချီမင် မင်း ငါ့ဆီ လာပြီး ငါ့ရဲ့ ကိုယ်ပိုင်တပည့် ဖြစ်နိုင်တယ်။"

"ဒါပေမယ့် ဘိုးဘေးစည်းမျဥ်းအရချီမင်ကသူ့ရဲ့ ဆရာအဖြစ် ဘယ်သူ့ကို အသိအမှတ်ပြုချင်လဲဆိုတာ ရွေးချယ်နိုင်တယ်။" မဟာအကြီးအကဲ ခြောက်ပါးက တစ်ယောက်ကို တစ်ယောက် ကြည့်ပြီးပြောလိုက်တယ်။

ကောင်းကင်လျှို့ဝှက်ချက်သံလိုက်အိမ်မြှောင်ထဲက အသံက ချီမင်ကို မေးတယ်။ "မင်း ငါ့ရဲ့ တပည့် ဖြစ်ဖို့ ဆန္ဒရှိလား?"

"တပည့် ချီမင်က ဆရာ့ကို ဂါရဝပြုပါတယ်။"

ချီမင် လုံးဝ မတွန့်ဆုတ်ဘဲ ချက်ချင်း သဘောတူပြီး ကောင်းကင်လျှို့ဝှက်ချက်သံလိုက်အိမ်မြှောင်ကို ဦးညွှတ်လိုက်တာကြောင့် မဟာအကြီးအကဲ ခြောက်ပါးလုံး အံ့အားသင့်သွားတယ်။

သူအရမ်းမြန်မြန် သဘောတူလိုက်လို့ဖြစ်သည်။

မဟာအကြီးအကဲ ခြောက်ပါးက တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ခေါင်းခါလိုက်တယ်။ သူတို့ ခါးသက်သက် ပြုံးပြီး ဘာမှ ဆက်မပြောဘူး။ ယန်လီက အခြေခံအားဖြင့် တိတ်ဆိတ်နေတယ်။

"ဟားဟားဟား…"

ကောင်းကင်လျှို့ဝှက်ချက်သံလိုက်အိမ်မြှောင်က ကျယ်လောင်စွာ ရယ်မောလိုက်တယ်။ သူ့ရဲ့ စိတ်အခြေအနေက မဆိုးတာ ရှင်းနေတယ်။ "ကောင်းတယ် ကောင်းတယ် ကောင်းတယ်။ ဒီနေ့ကစပြီး မင်းဟာ ငါ့ရဲ့ တတိယမြောက် တပည့်ပဲ။"

"ဒါပေမယ့် မင်းကငါ့ရဲ့တစ်ဦးတည်းသော ကိုယ်ပိုင်တပည့်ပဲ။"

ချီမင် ခေါင်းညိတ်လိုက်တယ်။

"ငါ ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်ရဲ့ အဓိက တားမြစ်နယ်မြေ သုံးခုထဲက တစ်ခုဖြစ်တဲ့ ကောင်းကင်ပျက်သုဉ်းခြင်း တားမြစ်ဇုန်မှာ ငါ့ကိုယ်ငါစည်းခတ်ထားတယ်။ ငါ့ရဲ့အဓိကခန္ဓာအစား ကောင်းကင်လျှို့ဝှက်ချက်သံလိုက်အိမ်မြှောင်ကိုပဲလှုပ်ရှားနိုင်တယ်။ မင်း ငါ့ကို ဆရာအဖြစ် ခံယူပြီးပြီဆိုတော့ ငါ မင်းကို ကောင်းကင်လျှို့ဝှက်ချက် အိမ်တော်ကို ပေးမယ်။"

ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ရဲ့အသံကကောင်း ကင်လျှို့ဝှက်ချက်သံလိုက်အိမ်မြှောင်ထဲက ဆက်ထွက်လာတယ်။

သူ စကားဆုံးတာနဲ့ ကောင်းကင်လျှို့ဝှက်ချက်သံလိုက်အိမ်မြှောင်ထဲကအနက်ရောင်အလင်းတန်းတစ်ခု ပေါ်လာပြီး အနက်ရောင် ခြောက်ထောင့်ပုံတိုကင်တစ်ခုအဖြစ် ပြောင်းလဲသွားတယ်။ 'ကောင်းကင်လျှို့ဝှက်ချက် အိမ်တော်' ဆိုတဲ့ စာလုံးတွေ ထွင်းထုထားပြီး ချီမင်ဆီကို ပျံသန်းသွားတယ်။

"သေချာ သိမ်းထားလိုက်။" ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ရဲ့ အသံကထပ်ထွက်လာတယ်။

"ဟုတ်ကဲ့။" ချီမင် ဒီတိုကင်ကို လေးလေးနက်နက် လက်ခံလိုက်တယ်။

"ကောင်းပြီ။"

ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်က ချီမင်ကို တော်တော်လေး ကျေနပ်ပုံရတယ်။ ကောင်းကင်လျှို့ဝှက်ချက် အိမ်တော်တိုကင်ကို သူ့ကို ပေးပြီးနောက် ကောင်းကင်လျှို့ဝှက်ချက်သံလိုက်အိမ်မြှောင်က ဟင်းလင်းထဲကို ဝင်သွားပြီး ပျောက်ကွယ်သွားတယ်။

သူ ကောင်းကင်ပျက်သုဉ်းခြင်း တားမြစ်ဇုန်ကို ပြန်ရောက်သွားပုံရတယ်။

"ထားလိုက်တော့။" ဘိုးဘေး ဝူယန်က ချီမင်ကို ကြည့်ပြီးအသက်ပြင်းပြင်းရှုလိုက်တယ်။ သူကလေးလေးနက်နက်ပြောလိုက်တယ် "ချီမင် မင်း ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ရဲ့ တပည့် ဖြစ်ဖို့ ရွေးချယ်ပြီးပြီဆိုတော့ ပြောစရာ ဘာမှ မရှိတော့ဘူး။ ဂရုစိုက်ပါ။"

"ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက် လာလိမ့်မယ်လို့ မထင်ထားဘူး။" တာအိုဆရာ ခရမ်းရောင်ကောင်းကင်က ပြောတယ်။

"ဟုတ်တယ်။"

"…"

ဝှစ်! ဝှစ်! ဝှစ်!

မဟာအကြီးအကဲ ခြောက်ပါးကဆက်မပြောတော့ဘူး။ သူတို့ ချီမင်ကို တစ်ချက် လှမ်းကြည့်ပြီး တစ်ယောက်ပြီး တစ်ယောက် ထွက်သွားကြတယ်။ ချီမင်နဲ့ ယန်လီပဲ ကျန်ခဲ့တယ်။

"ဂိုဏ်းချုပ်။" ချီမင် ယန်လီကို ဦးညွှတ်လိုက်တယ်။

"ဟက်။" ယန်လီ ညင်သာစွာ ရယ်မောလိုက်တယ်။ "ချီမင် မင်းအရမ်းမြန်မြန် သဘောတူလိုက်တာပဲ။"

"ဂိုဏ်းချုပ်ကနောက်နေပါပြီ။" ချီမင် ပြန်ဖြေတယ်။ "ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ကို ကျွန်တော့်ရဲ့ ဆရာအဖြစ် အသိအမှတ်ပြုခွင့် ရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ။ကျွန်တော်ဆက်ပြီး တွန့် ဆုတ်နေရင်မသိတတ်ရာ ရောက်လိမ့်မယ်။"

"မင်းကဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ကို မင်းရဲ့ ဆရာအဖြစ် ခံယူလိုက်ပြီ။ ဒီကိစ္စမှာ အားသာချက်နဲ့ အားနည်းချက်တွေ ရှိတယ်။မင်းအနာဂတ်မှာဖြည်း ဖြည်းချင်းနားလည်လာလိမ့်မယ်။" ယန်လီက ပြောတယ်။

"ဂိုဏ်းချုပ်။" ချီမင် မော့ကြည့်ပြီး ရုတ်တရက် ပြောလိုက်တယ်။ "လွန်ခဲ့တဲ့ ရက်အနည်းငယ်က တောင်ထွတ်သခင် မော့ဆီကနေ တစ်ခုသင်ခဲ့ရတယ်။"

"ပြောပါ။" ယန်လီက ပြောတယ်။

"တောင်ထွတ်သခင် မော့က လျှို့ဝှက်နက်နဲကမ္ဘာမှာ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ မဟာအကြီးအကဲ လုဖုန်းကျန်းက လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀,၀၀၀ က ဟင်းလင်းပြင်ကိုချိုးဖျက်ပြီး အင်မော်တယ်ကမ္ဘာကို တက်လှမ်းသွားတာကလွဲရင် တခြား ဘယ်ကျင့်ကြံသူမှ နှစ်ပေါင်း ၁၀၀,၀၀၀ နီးပါးအတွင်းမှာ ဟင်းလင်းပြင်ကိုချိုးဖြတ်ပြီး အင်မော်တယ်ကမ္ဘာကို မတက်လှမ်းနိုင်ခဲ့ကြဘူးလို့ ကျွန်တော့်ကို ပြောပြတယ်။"

ချီမင် ပွင့်ပွင့်လင်းလင်း မေးလိုက်တယ်။ "ဂိုဏ်းချုပ် အကြောင်းအရင်းကို သိလား?"

"ဟားဟားဟား…"

ယန်လီက ခဏလောက် ရယ်မောပြီး သူ့ကို အပြစ်မတင်လိုက်ဘူး။ "ချီမင် ချီမင် မင်းပွင့်ပွင့်လင်းလင်း ပြောရဲသားပဲ။ ဒါပေမယ့် မင်းရဲ့ လက်ရှိ ကျင့်ကြံခြင်းအဆင့်က အမြူတေဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့်ပဲ ရှိသေးတယ်၊ အခြေတည်ဝိညာဉ်အဆင့်တောင် မရောက်သေးဘူး။ ဒီအကြောင်းတွေကို စဉ်းစားဖို့ အနည်းငယ် စောလွန်းတယ်လို့ မထင်ဘူးလား?"

"ကောင်းပြီ။" ယန်လီ လက်ကို ဝှေ့ယမ်းပြီး ချီမင်ကို တားလိုက်တယ်။ "မင်းက ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ရဲ့ တပည့် ဖြစ်သွားပြီ။ ဝါအရ မင်းကကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမှာ အတော်လေး မြင့်မားတဲ့ အဆင့်ကို ရောက်နေပြီ။"

"ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်က မင်းကို ကောင်းကင်လျှို့ဝှက်ချက် အိမ်တော်ကို ပေးပြီးပြီဆိုတော့ ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်မှာ မင်းအတွက် နောက်ထပ် အိမ်တော်တစ်ခု စီစဉ်ပေးစရာ မလိုတော့ဘူး။"

"ဟုတ်ကဲ့။" ချီမင် ခေါင်းညိတ်ရုံပဲ တတ်နိုင်တယ်။

"သွားတော့။" ယန်လီကထွက်သွားနှင့်ပြီ။ ချီမင်က သူ ဘယ်လိုထွက်သွားလဲဆိုတာ မခံစားမိဘူး။ ကျင့်ကြံခြင်းအဆင့် ကွာခြားမှုက အရမ်းကြီးတာကြောင့် သူ ဘာမှကိုမခံစားရဘူး။

ပြီးတာနဲ့ချီမင် ဂိုဏ်းချုပ်ခန်းမက ထွက်လာတယ်။

ချက်ချင်းပဲ သူ ကောင်းကင်လျှို့ဝှက်ချက် အိမ်တော် တိုကင်ကို သန့်စင်ပြီး အိမ်တော်ရဲ့ အခြေအနေကို သိသွားတယ်။ ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်အကြောင်း အခြေခံအချက်အလက်တွေကိုလည်း သိသွားတယ်။

ပထမဦးဆုံးကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်ကို အင်မော်တယ်တောင် သုံးခုနဲ့ ဖွဲ့စည်းထားတယ်။

သူတို့ကတော့ပန်လိုင် ဖန်ကျန်းနဲ့ယင်းကျိုးတို့ဖြစ်တယ်။

ဂိုဏ်းချုပ်ခန်းမ တည်ရှိတဲ့ အင်မော်တယ်တောင်က ပန်လိုင်ဖြစ်တယ်။ ကောင်းကင်လျှို့ဝှက်ချက် အိမ်တော်ကဖန်ကျန်းအင်မော်တယ်တောင်မှာတည်ရှိတယ်။ ဒါ့အပြင် အဲဒါက ဖန်ကျန်း အင်မော်တယ်တောင်ရဲ့ တောင်အလယ်ပိုင်းမှာ တည်ရှိတယ်။

ဒါ့အပြင် ဒါကချီမင် ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်ကို ပထမဆုံးလာတာဖြစ်တယ်။ မော့ဟန်ကျန်းနဲ့ လမ်းတစ်လျှောက်မှာ သူ မြင်ခဲ့တဲ့ နန်းတော်တွေနဲ့ အဆောက်အအုံတွေက အများအားဖြင့် ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အမွေခံတပည့်တွေရဲ့ နေထိုင်ရာ အိမ်တော်တွေနဲ့ နန်းတော်တွေဖြစ်တယ်။

အဲဒါတွေအပြင် မဟာအကြီးအကဲရဲ့ အိမ်တော်နဲ့ကောင်းကင်ဂူတွေလည်း ရှိတယ်။

ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်မှာ အဓိက တားမြစ်နယ်မြေ သုံးခု ရှိတယ်။

အင်မော်တယ်တောင်တိုင်းမှာ တားမြစ်နယ်မြေတစ်ခုစီ ရှိတယ်။

သူတို့ထဲမှာ ကောင်းကင်ပျက်သုဉ်းခြင်း တားမြစ်ဇုန်က ဖန်ကျန်း အင်မော်တယ်တောင်ရဲ့ အထက်မှာ ရှိတယ်။တည်နေရာအတိအကျက တောင်ထိပ်အနီးမှာဖြစ်တယ်။ အဲဒါကို ခန့်မှန်းရခက်တဲ့ အငွေ့အသက်တွေနဲ့ ဖုံးလွှမ်းထားတယ်။ တားမြစ်ဇုန်က သူ့ဘာသာသူဟင်းလင်းပြင်တစ်ခုကို ဖန်တီးထားပြီး ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုဘူး။

လွန်ခဲ့တဲ့ နှစ် ၃၀၀ က ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့အမွေခံတပည့်တစ်ဦးကောင်းကင်ပျက်သုဉ်းခြင်း တားမြစ်ဇုန်ထဲကို ဝင်သွားပြီး သုံးနှစ်တိတိ ပျောက်ကွယ်သွားတယ်။ လူအများအပြားက သူ သေပြီလို့ ထင်ခဲ့ပေမယ့်သုံးနှစ်ကြာပြီး တစ်နေ့ သူ ပြန်ထွက်လာမယ်လို့ မထင်ထားဘူး။

ဒါပေမယ့် သူလုံးဝ ရူးသွားပြီ။

သူ ဆက်တိုက် အော်နေတယ်။ "ကောင်းကင်က မကောင်းတဲ့ လက္ခဏာကို ပြတယ်။ ကောင်းကင် ပြိုကကျပြီး မြေကြီး ပြိုကွဲသွားပြီ။ ကပ်ဘေးဒုက္ခတွေမြင့်တက်တိုးပွားလာပြီး ကောင်းကင်နဲ့ မြေကြီးကို ပြန်လည် တည်ဆောက်လိမ့်မယ်။"

သူ ဆက်တိုက် ထပ်ခါထပ်ခါ ပြောနေတယ်။

သုံးကြိမ် အသက်ရှူပြီးနောက် လူတိုင်းရဲ့ အကြည့်အောက်မှာ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့အဲ့ဒီအမွေခံတပည့်ဟာကမ္ဘာပေါ်မှာသူ့ရဲ့တည်ရှိမှုအစအနတောင်မရှိတော့သလိုမျိုးအစိမ်းရောင်မီးခိုးငွေ့တစ်ခုအဖြစ် ပြောင်းလဲပျောက်ကွယ်သွားတယ်။

ဒီကိစ္စက ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်မှာ ကြီးမားတဲ့ပွက်လောရိုက်မှုကြီးဖြစ်သွားစေခဲ့တယ်။

ကြီးမားတဲ့ ဂယက်ရိုက်မှု ဖြစ်ပွားခဲ့တယ်။

နာရီဝက်အကြာမှာ ချီမင် ဖန်ကျန်း အင်မော်တယ်တောင်ကို ရောက်လာပြီး ကောင်းကင်လျှို့ဝှက်ချက် အိမ်တော်တိုကင်မှာ မှတ်တမ်းတင်ထားတဲ့ လမ်းညွှန်ချက်အရ အိမ်တော်ကို တွေ့သွားတယ်။ ရှေးဟောင်းဆန်ပြီး အနည်းငယ် စုတ်ပြတ်နေတဲ့ အိမ်တော်တစ်ခု ကသူ့အမြင်ထဲမှာ ပေါ်လာတယ်။

ကောင်းကင်လျှို့ဝှက်ချက် အိမ်တော်မှာ သုံးမီတာလောက် မြင့်တဲ့ ရှေးဟောင်းခြံစည်းရိုး ရှိတယ်။ အဲဒါက အနောက်တိုင်းခေတ်က ခြံဝင်းအိမ်နဲ့ တူတယ်။ ခြံတံခါးက အရမ်းမြင့်ပြီး အပေါ်မှာ အဋ္ဌဂံပုံစံ ထွင်းထုထားတယ်။

တံခါးအထက်က ဆိုင်းဘုတ်မှာ 'ကောင်းကင်လျှို့ဝှက်ချက် အိမ်တော်' လို့ ရေးထားတယ်။

သူ ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။

ချီမင်က သက်တမ်းရင့်တဲ့ သစ်ပင်ကြီး အတော်များများကို တွေ့တယ်။ သစ်ပင်ကြီးတွေရဲ့ အချင်းက အရမ်းကြီးပြီး သူတို့ကိုလူလေးငါးယောက် ပွေ့ဖက်ထားဖို့လိုတယ်။ ဒါပေမယ့် ဒီသစ်ပင်ကြီးတွေမှာ အညွန့်တွေ မရှိဘဲ အိုမင်းတဲ့ အငွေ့အသက်တွေနဲ့ ပြည့်နှက်နေတယ်။ အကိုင်းအခက်တွေပေါ်က အရွက်တွေလည်း ခြောက်ပြီး ဝါနေတယ်။

မြေကြီးက မြက်ပင်တွေနဲ့ ဖုံးလွှမ်းနေတယ်။

လူသားတွေရဲ့ အငွေ့အသက် မရှိဘူး။

သိသာတာက ဘယ်သူမှ အချိန်အတော်ကြာ မလာခဲ့ဘူး။

ကောင်းကင်လျှို့ဝှက်ချက် အိမ်တော်က မူလက ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်မှာ ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ရဲ့ နေအိမ်ဖြစ်တယ်။ ဒါပေမယ့် သူ ကောင်းကင်ပျက်သုဉ်းခြင်း တားမြစ်ဇုန်မှာသူ့ကိုယ်သူစည်းခတ်ထားတာ အတော်လေး ကြာခဲ့ပြီ။

ကောင်းကင်လျှို့ဝှက်ချက် အိမ်တော်က လုံးဝ စွန့်ပစ်ခံထားရတယ်။

အဲ့တာကြောင့်အခုလို ဖြစ်သွားတာဖြစ်တယ်။

"အရမ်းဟောင်းနွမ်းနေပုံရပေမယ့် အနည်းဆုံးတော့ ဘိုးဘေးရဲ့ နေအိမ်ပဲ။" ချီမင်ကပြောတယ် "ဒါ့အပြင် ဘာမှမရှိတာထက်တော့ ကောင်းသေးတယ်။"

သူ လျှောက်သွားပြီး ကောင်းကင်လျှို့ဝှက်ချက် အိမ်တော်တိုကင်ကို ထုတ်လိုက်တယ်။ သူ ဓမ္မစွမ်းအားတွေကို ထည့်သွင်းလိုက်တာနဲ့တိုကင်က ချက်ချင်း လင်းလက်လာတယ်။ အဲဒါ လေထဲကို မြောက်တက်သွားပြီး အနက်ရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ သူ့ရှေ့က ခြံဝင်းထဲကို ပေါင်းစပ်သွားတယ်။

ချက်ချင်းပဲ ခြံဝင်းထဲမှာ လှိုင်းထလာတယ်။

အလင်းတွေ တောက်ပလာပြီး ထူးဆန်းတဲ့ လှုပ်ရှားမှုတစ်ခု ပျံ့နှံ့သွားတယ်။

ကြိ…

ခြံတံခါးကထက်ရှပြီး တိုးညင်းတဲ့ အသံနဲ့ မြည်လာတယ်။ အဲဒါ အလိုအလျောက် ဖြည်းဖြည်းချင်း ပွင့်သွားပြီး သန့်ရှင်းတဲ့ လေနုအေးတစ်ခု တိုက်ခတ်လာတယ်။ အရမ်းကိုလန်းဆန်းသွား စေတယ်။

ဝှစ်!

ပြီးတော့ ကောင်းကင်လျှို့ဝှက်ချက် အိမ်တော်တိုကင်က ချီမင်ရဲ့ လက်ထဲကို ပြန်ရောက်လာတယ်။

"ပြီးပြီ။"

ချီမင် ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်တိုကင်ကို သိမ်းပြီးဝင်သွားတယ်။ သူ ခြံဝင်းထဲကို အခုမှ ဝင်လိုက်တယ်။ အဲဒါ အရမ်း သန့်ရှင်းပြီး အိမ်ထဲမှာရော ခြံဝင်းထဲမှာပါ ဖုန်မှုန့်တွေ မရှိဘူး။

ခြံဝင်းထဲက ပန်းတွေ၊ အပင်တွေနဲ့ သစ်ပင်တွေကို အရမ်း သေသပ်စွာ ညှပ်ထားတယ်။

တော်တော်လေး လှပတဲ့ မြင်ကွင်းတစ်ခုဖြစ်တယ်။

တကယ်တော့ ဒီမြင်ကွင်းက ချီမင်မျှော်လင့်ထားတာထက် ပိုကောင်းတယ်။

ကောင်းကင်လျှို့ဝှက်ချက် အိမ်တော်ကို နှစ်ပေါင်းများစွာ စွန့်ပစ်ထားခဲ့တယ်။ ဘယ်သူမှ သန့်ရှင်းရေး လုပ်ပေးခဲ့ပုံ မရဘူး။ ခြံဝင်းနဲ့ ဒီအခန်းတွေထဲမှာမြက် ပင်အမျိုးမျိုးဒါမှမဟုတ် ဖုန်မှုန့်တွေ ဖုံးလွှမ်းနေသင့်တယ်။

လက်ရှိ အခြေအနေကအရမ်းကို သန့်ရှင်းလွန်းတယ်။

တစ်စုံတစ်ယောက်က အထူးတလည် ကောင်းကင်လျှို့ဝှက်ချက် အိမ်တော်ကို လာပြီး သန့်ရှင်းရေး လုပ်ပေးခဲ့သလိုမျိုးဖြစ်တယ်။

ဒါမှမဟုတ် ကောင်းကင်လျှို့ဝှက်ချက် အိမ်တော်မှာ အစီအရင်တစ်ခု ရှိနေတာကြောင့် အလိုအလျောက် သန့်ရှင်းရေး လုပ်နိုင်တာလား?

"အဟွတ်အဟွတ်…"

ဒီအချိန်မှာ ချီမင်က တံခါးအပြင်ဘက်က ခြေသံတွေနဲ့ ချောင်းဆိုးသံကို ကြားလိုက်တယ်။ သူ လှည့်ကြည့်လိုက်တော့ဆံပင်ဖြူအဘိုးအိုတစ်ဦး ပေါ်လာတာကို တွေ့လိုက်တယ်။

"ခင်ဗျားက ဘယ်သူလဲ?" ချီမင် ဒီဆံဖြူအဘိုးအိုကို အကဲခတ်လိုက်တယ်။

ပထမတစ်ချက်က ချီမင်က ဒီအဘိုးအိုကအရမ်း သန့်ရှင်းတယ်လို့ ခံစားလိုက်ရတယ်။ သူ့မျက်နှာမှာ အရေးအကြောင်းတွေ အများကြီးနဲ့ သူ ဝတ်ထားတဲ့ အဝတ်အစားတွေမှာတောင် အကွက်တွေ ပါပေမယ့် သူ့ရဲ့ ဆံပင်နဲ့ မျက်နှာကအရမ်းကိုသန့်ရှင်းတယ်။ လုံးဝ အညစ်အကြေးတွေ မရှိဘူး။ သူ့ခန္ဓာကိုယ်ပေါ်က အစိမ်းရောင် အဝတ်အစားတွေကိုဖြူစုပ်တဲ့အထိ လျှော်ဖွပ်ထားပြီး သူ့လက်တွေလည်း သန့်ရှင်းတယ်။

ဒုတိယတစ်ချက်မှာ ချီမင်က ဒီအဘိုးအိုဆီက ဘာဓမ္မစွမ်းအားမှ မခံစားမိဘူး။ သူဟာ သာမန်လူတစ်ယောက်ဖြစ်ပြီး သက်တမ်းကုန်ဆုံးတော့မယ့် အဘိုးအိုတစ်ယောက်နဲ့ တူတယ်။

သူ သန့်ရှင်းရေးအတွက် သာမန်ကိရိယာတွေ အများကြီး ကိုင်ထားတယ်။

တတိယတစ်ချက်က ချီမင်က ဒီအဘိုးအိုက သာမန်ဆန်လွန်းတယ်လို့ ခံစားလိုက်ရပေမယ့် အဲဒါက မူမမှန်ဘူး။ သူကတကယ့် သာမန်လူတစ်ယောက်နဲ့တူတယ်။

ဒါက ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်ဖြစ်တယ်။

သာမန်လူတစ်ယောက် ဒီကို ဘယ်လိုရောက်လာနိုင်မလဲ?

ဒါက အရမ်း ထူးဆန်းတယ်။

အရမ်း သာမန်ကျလွန်းလို့ ထူးဆန်းနေပုံရတယ်။

"ဒီအစေခံအို ရှန်ကွမ်းဝမ်ကောက သခင်လေးကို ဂါရဝပြုပါတယ်။"

ဒုန်း!

ဒီဆံပင်ဖြူအဘိုးအိုက သူ့ကိုယ်သူ အစေခံအိုကြီးလို့ ခေါ်ပြီး ချီမင်ရှေ့မှာ ဒူးထောက်လိုက်တယ်။

All Chapters