ရှန်ကွမ်းဝမ်ကော
Vol. 9 Ch. 129
“ခင်ဗျားနာမည်ကရှန်ကွမ်းဝမ်ကောပြီးတော့ကျွန် တော်ကခင်ဗျားရဲ့ သခင်လေးလား?” ချီမင် မျက်မှောင်ကြုတ်လိုက်တယ်။ “ခင်ဗျားက ဘယ်သူလဲ?”
“သခင်လေး ကျွန်တော့်ကို မသိတာ ဖြစ်နိုင်ပါတယ်။”
ရှန်ကွမ်းဝမ်ကော မြေကြီးပေါ်မှာ ဒူးထောက်ပြီးမထဘူး။ “ဘာလို့လဲဆိုတော့ ကျွန်တော်ကအစက ကောင်းကင်လျှို့ဝှက်ချက် အိမ်တော်ရဲ့ သာမန်အစေခံတစ်ယောက်ပဲ။”
“ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်တောင် ကျွန်တော့်ကို မသိလောက်ဘူး။”
“ကျွန်တော်ကနာမည်တောင်မသိရတဲ့သူတစ်ယောက်ပါ။”
“ဒါပေမယ့်…”
“အချိန်တွေ ကုန်လွန်သွားတယ်။”
“ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက် ကောင်းကင်ပျက်သုဉ်းခြင်း တားမြစ်ဇုန်မှာ သူ့ကိုယ်သူစည်းခတ်ထားတဲ့နေ့ကနေစပြီး နှစ်ပေါင်း ၃၈,၉၈၀ ရှိသွားပြီ။ ကောင်းကင်လျှို့ဝှက်ချက် အိမ်တော်မှာ ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ရဲ့ တပည့်တွေနဲ့ အစေခံတွေကထွက်သွားကြပြီ၊ သေဆုံးသွားကြပြီ ဒါမှမဟုတ် ပျောက်ဆုံးသွားကြပြီ။”
“အခု…”
“ကျွန်တော်လိုအဘိုးကြီးတစ်ယောက်ပဲကျန်တော့တယ်။ ဘာမှ လုပ်စရာမရှိရင် ဒီကောင်းကင်လျှို့ဝှက်ချက် အိမ်တော်ကို လာပြီး သန့်ရှင်းရေး လုပ်ပေးတယ်။”
“၃၈,၉၈၀ နှစ်?” ချီမင် တကယ် အံ့အားသင့်သွားတယ်။ သူ့ရှေ့က သာမန်ပုံစံလူအိုကြီးက တကယ်တော့ အဲဒီလောက် ကြာကြာ အသက်ရှင်ခဲ့တယ်လို့ သူ မထင်ထားဘူး။ သူကလုံးဝတကယ့်ကိုမွန်းစတားအိုကြီးတစ်ကောင်ပဲ။
သူက တကယ်တော့ ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ရဲ့ အစေခံလား?
မယုံနိုင်စရာပဲ။
ဒါပေမယ့် ချီမင်က ဒီလူအိုကြီးရဲ့ စကားတွေကတော်တော်လေးကျိုးကြောင်းမဆီလျော်ဘူးလို့ ခံစားလိုက်ရတယ်။
“သခင်လေး။” ရှန်ကွမ်းဝမ်ကော ဆက်ပြောတယ်။ “နှစ်ပေါင်းများစွာ ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်ကိုစောင့်ရှောက်ပြီးတော့ဒီအစေခံအိုကြီးက နောက်ဆုံးတော့ သခင်လေးကို စောင့်နိုင်ခဲ့ပါပြီ။ ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်နဲ့ ကျွန်တော် လုပ်ခဲ့တဲ့ သဘောတူညီချက်ကိုလည်း နောက်ဆုံးတော့ ပြီးမြောက်ခဲ့ပါပြီ။”
“အခု စာချုပ် သက်တမ်းကုန်သွားပြီ။”
“ဒီအချိန်မှာ အကြွေးတွေလည်းပြန်ဆပ်ပြီးပါပြီ။”
“ကျွန်တော် သခင်လေးကို ကောင်းကင်လျှို့ဝှက်ချက် အိမ်တော်ကို လွှဲပေးပါ့မယ်။”
“ခင်ဗျား ဘာကို ဆိုလိုတာလဲ?” ချီမင်က မေးတယ်။
“ကျွန်တော် ပြောတဲ့အတိုင်းပါပဲ။” ရှန်ကွမ်းဝမ်ကော ထရပ်ပြီး နောက်ထပ် အရာတစ်ခုကို ထုတ်လိုက်တယ်။ အဲဒါက ကျောက်စိမ်းစာအုပ်နဲ့ ကျောက်စိမ်းစုတ်တံတစ်ခုဖြစ်တယ်။ သူ ချီမင်ကို လေးလေးစားစား ပေးလိုက်တယ်။
“သခင်လေး ကျေးဇူးပြုပြီး လက်ခံပေးပါ။”
ရှန်ကွမ်းဝမ်ကော ဆက်ပြောတယ်။ “ဒါက ကောင်းကင်လျှို့ဝှက်ချက် စာအုပ်နဲ့ ကောင်းကင်လျှို့ဝှက်ချက်စုတ်တံပါ။ဒါကကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲကောင်းကင်လျှို့ဝှက်ချက်မျိုးနွယ်ရဲ့အထွတ်အထိပ်ရတနာပါ။ ဘယ်လို သုံးရမလဲ၊ ဘာအတွက် သုံးရမလဲဆိုတာ အချိန်တန်ရင် သခင်လေး သိလာပါလိမ့်မယ်။”
ချီမင်ကအစက ငြင်းပယ်ချင်ပေမယ့် သူ မသိစိတ်ကနေသန့်စင်တဲ့ အဖြူရောင် ကျောက်စိမ်းစာအုပ်နဲ့ ကျောက်စိမ်းစုတ်တံကို ဖမ်းကိုင်လိုက်တယ်။
“ကောင်းတယ် ကောင်းတယ် ကောင်းတယ်။”
ရှန်ကွမ်းဝမ်ကော အဆုံးမရှိ ရယ်မောနေပြီး သူ့မျက်လုံးတွေမှာ ပျော်ရွှင်မှုနဲ့ သက်သာရာရမှုတွေ ပြည့်နှက်နေတယ်။သူဒါကိုလုပ်ပြီးတော့အသက်ပြင်း ပြင်းရှုပြီး ချီမင်ကို ကြည့်ကာ ခြံဝင်းထဲကနေ ခြေလှမ်းတစ်လှမ်းချင်း လျှောက်ထွက်သွားတယ်။
ဒုန်း! ဒုန်း! ဒုန်း!!!
ခြေလှမ်းတစ်လှမ်း နောက်ဆုတ်တိုင်း သူ့ခန္ဓာကိုယ်ပေါ်ကအရှိန်အဝါကအဓိကနယ်ပယ်အဆင့်ကြီးတစ်ဆင့်တစ်ခု တိုးလာတယ်။ ခဏလေးအတွင်း သူ ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်တာနဲ့ သူ့ရဲ့ ကျင့်ကြံခြင်းက ချက်ချင်း အခြေတည်ဝိညာဉ်အဆင့်ကို တက်သွားတယ်။
ပြီး တော့ဗလာနယ်စွန့်ခွာခြင်းအဆင့်၊ ဝိညာဉ်ဖွဲ့တည်ခြင်းအဆင့်…
ထူးခြားတဲ့ ဖြစ်စဉ်တစ်ခု ပေါ်လာတယ်။
မှိန်ဖျော့တဲ့အနက်ရောင်ဝိညာဉ် ဓမ္မရုပ်တစ်ခုပေါ်လာတယ်။
ရုတ်တရက်မမျှော်လင့်ထားတဲ့အဖြစ်အပျက်တစ်ခု ဖြစ်သွားတယ်။
ရှန်ကွမ်းဝမ်ကောရဲ့ခန္ဓာကိုယ်ပေါ်ကမြင့်တက်လာတဲ့ အရှိန်အဝါကရပ်သွားတယ်။
ဘုဇ်!
ရှန်ကွမ်းဝမ်ကောရဲ့ ဦးခေါင်းအထက်မှာ ကြီးမားတဲ့ အစီအရင်တစ်ခု ပေါ်လာတယ်။ အဲဒါကအဋ္ဌဂံရှစ် ထောင့်ယင်ယန်ပုံစံ ဖြစ်တယ်။ အဲဒီဟာမှာမယှဥ်နိုင် လောက်အောင်နက်နဲမှုတွေပါဝင်ပြီး ရှန်ကွမ်းဝမ်ကောရဲ့ ခန္ဓာကိုယ်ထဲကိုပေါင်းစပ်သွားကာအမျိုးမျိုးသောချိတ်စည်းတွေအဖြစ် ပြောင်းလဲသွားတယ်။
သူ့ရဲ့ကျင့်ကြံခြင်းမရှိတဲ့မူလအခြေအနေကို ပြန်ရောက်သွားတယ်။
“မဖြစ်ဘူး! မဖြစ်ဘူး! မဖြစ်ဘူး!”
ဒီအချိန်မှာ ရှန်ကွမ်းဝမ်ကော ဒေါသထွက်သွားတယ်။ သူကလုံးဝဒေါသထွက်ပြီး ရူးသွပ်သွားတဲ့ပုံစံမျိုး ဖြစ်သွားတယ်။ သူ့မျက်လုံးတွေကနီရဲနေပြီးအရမ်းကိုဒေါသထွက်နေတယ်။ သူ ကောင်းကင်ကို အော်ဟစ်ပြီး ဖန်ကျန်း အင်မော်တယ်တောင်ရဲ့ထိပ်ကိုကျိန်ဆဲနေတယ်။
“လူအိုကြီးကောင်းကင်လျှို့ဝှက်ချက် မင်းရဲ့ဘိုးဘေးတွေကို ငါ**ပဲကွာ!”
ရှန်ကွမ်းဝမ်ကော တံတွေးထွေးလိုက်တယ်။ “မင်းကို မြုံနေပြီးသားသမီး အများကြီး ရပါစေလို့ ကျိန်ဆဲတယ်။ မင်းခွေးမသား ဘာလို့ မသေတာလဲ? ဘာလို့ အခုထိ မသေသေးတာလဲ?”
(သဘောကဖောက်ပြန်ခံရခိုင်းတာပါ နားမလည်မှာဆိုးလို့)
“မင်းကို ကျိန်ဆဲတယ် ခွေးကောင်!”
“ငတုံးကောင်!”
“မင်း ငါ့ကို နှစ်ပေါင်း ၄၀,၀၀၀ နီးပါး လှည့်စားခဲ့ပြီးပြီ။ ဒါပေမယ့် မင်း ငါ့ကို လွှတ်ပေးဖို့ အခုထိ ဆန္ဒမရှိဘူး။ မင်းက ငါ ကောင်းကင်လျှို့ဝှက်ချက် အိမ်တော်ကိုပဲ စောင့်ရှောက်ဖို့ လိုတယ်လို့ ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်။ မင်းကိုယ်ပိုင်တပည့်ကိုခေါ်ယူပြီးတဲ့ချိန် ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်တစ်ခုလုံးကိုမင်းရဲ့တပည့်ကိုလွှဲပေးပြီးရင်မင်းငါ့ကိုလွတ်လပ်ခွင့်ပေးမယ်အကြွေးအားလုံးပြန်ဆပ်လို့ပြီးမယ်လို့ပြောခဲ့တယ်။”
“နောက်ဆုံးတော့…”
“မင်းပြောတာတွေက လုံးဝ အဓိပ္ပါယ်မရှိဘူး!”
“လုံးဝ အဓိပ္ပါယ်မရှိတဲ့ စကားတွေ!”
“…”
သူ နာရီဝက်ကျော် ကျိန်ဆဲနေတယ်။
ကောင်းကင်ပျက်သုဉ်းခြင်း တားမြစ်ဇုန်က ဘာမှ လှုပ်ရှားမှု မရှိဘူး။
ဒါ့အပြင်…
ရှန်ကွမ်းဝမ်ကောလည်း ကျိန်ဆဲတာ ပင်ပန်းသွားပုံရတယ်။ သူ မြေကြီးပေါ်မှာ ထိုင်ပြီး အသက်ရှူမဝသလို ဟောဟဲဆိုက်နေတယ်။ သူ့မျက်နှာကနီရဲနေပြီး သူ ဆက်ပြောနိုင်တော့ဘူး။
သူ ဒေါသထွက်နေတာ ထင်ရှားတယ်။
ချီမင်က ဘေးနားမှာ ရပ်ပြီး ဒါအားလုံးကို မြင်နေတယ်။ သူမနေနိုင်ဘဲရယ်လိုက်ပေမယ့်ဘာဖြစ်နေလဲဆိုတာကို အကြမ်းဖျင်း နားလည်သွားတယ်။
ပထမဦးဆုံး သူ့ရှေ့ကလူအိုကြီးကသာမန်အဘိုးကြီးတစ်ယောက်လိုမရိုးရှင်းတာ သေချာတယ်။သူကနားလည်ရခက်တဲ့ ကျင့်ကြံခြင်းနဲ့စွမ်းအားကြီးတဲ့မွန်းစတားအိုကြီးတစ်ကောင်ဖြစ်တယ်။
ရှန်ကွမ်းဝမ်ကောက ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ကို ရှုံးနိမ့်ခဲ့ပုံရတယ်။ ဒါကြောင့် သူ ဒီလို ထိန်းချုပ်ခံထားရတယ်။ ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်က ရှန်ကွမ်းဝမ်ကောကို ကောင်းကင်လျှို့ဝှက်ချက် အိမ်တော်ကို စောင့်ရှောက်ခိုင်းပြီးသူ့ကို လွတ်လပ်ခွင့်ပေးမယ်လို့ ကတိပေးခဲ့တယ်။
နောက်ဆုံးတော့ ရှန်ကွမ်းဝမ်ကောကဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ရဲ့လှည့်စားတာကိုခံလိုက်ရတယ်။
ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်က ရှန်ကွမ်းဝမ်ကောကို ဒီလို လွှတ်ပေးဖို့ စိတ်ကူးမရှိတာ ရှင်းနေတယ်။
ချီမင် ညင်သာစွာ ချောင်းဟန့်ပြီး မေးလိုက်တယ်။ “ကျွန်တော်တို့ ဝင်ပြီး ထိုင်ကြရင် ဘယ်လိုလဲ?”
“ဘာအတွက်လဲ?”
ရှန်ကွမ်းဝမ်ကော ခေါင်းထောင်ပြီး ချီမင်ကို ကြည့်တယ်။ “အဲဒီ အဘိုးကြီးရဲ့ အိမ်တော်ကို မြင်ရင် အန်ချင်သလိုခံစားရတယ်။အဲ့ဒါ့အပြင်ဒီကောင်းကင်လျှို့ဝှက်ချက်အိမ်တော်ကိုနေ့တိုင်းနှစ်ပေါင်း ၃၀,၀၀၀ ကျော် ကြည့်နေရပြီး မီတာ၁၀၀အဝေးကိုတောင် မသွားနိုင်ဘူး။မင်းငါဘယ်ကို သွားချင်မယ်လို့ ထင်လဲ?”
“ဟုတ်ပါပြီ။” ချီမင် ပြုံးတယ်။ “ဒုက္ခမပေးဘူးဆိုရင် ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ ကောင်းကင်လျှို့ဝှက်ချက်မျိုးနွယ်ရဲ့ အခြေအနေအကြောင်းနဲ့ ကျွန်တော့်ရဲ့ဆရာ ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်အကြောင်း ပြောပြနိုင်မလား?”
“ကျွန်တော်ကဆရာရဲ့ ကိုယ်ပိုင်တပည့် ဖြစ်တဲ့အတွက်နောက်ပိုင်းကျွန်တော့်ရဲ့ကျင့်ကြံခြင်းအဆင့် တိုးလာတဲ့အခါ ခင်ဗျားအပေါ်ကတားမြစ်ချက်ကို ဖယ်ရှားဖို့ နည်းလမ်းတစ်ခုရှိလာလောက်တယ်။”
“မင်း?” ရှန်ကွမ်းဝမ်ကော ခေါင်းထောင်ပြီး ချီမင်ကို ကြည့်တယ်။ သူကသူ့ကို ခဏလောက် အကဲခတ်ပြီး ခဏစဉ်းစားပြီးပြောလိုက်တယ်”အဲဒါကအကြောင်းမဲ့တော့မဟုတ်ဘူး။အဲဒီလူအိုကြီးဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ကမလိမ်ဘဲမနေနိုင်တဲ့ခွေးမသားဖြစ်နိုင်တယ်၊ သူ ကတိမတည်ဘူး၊ သူ့စကားတွေကရူးကြောင်ကြောင်နဲ့တူတယ်။”
နောက်ထပ် ကျိန်ဆဲတဲ့ အသံတွေ ဆက်တိုက် ထွက်လာတယ်။
“ဒါပေမယ့်… အဲဒီ အဘိုးကြီးရဲ့ စံနှုန်းတွေက တော်တော် မြင့်တယ်။ငါသိသလောက်ဆိုရင် မင်းအပါအဝင် အခုထိ တပည့် သုံးယောက်ပဲ ခေါ်ယူထားတယ်။”
“ဒါ့အပြင် မင်းက တစ်ဦးတည်းသော ကိုယ်ပိုင်တပည့်ပဲ။”
“ကျန်နှစ်ယောက်က ကိုယ်ပိုင်တပည့် မဟုတ်ဘူး။”
“ကျွတ် ကျွတ်။”
ရှန်ကွမ်းဝမ်ကောက စိတ်ဝင်စားပုံရတယ်။ သူ ထရပ်ပြီး သူ့ခန္ဓာကိုယ်ပေါ်က ဖုန်တွေကို ခါလိုက်တယ်။ “ကောင်းတဲ့ကောင်လေး။ အခုနက သေချာ မစဉ်းစားမိဘူး။ အခုကြည့်တော့ မင်းက ရိုးရိုးရှင်းရှင်း မဟုတ်ဘူးထင်တယ်။ မင်းကအဲဒီလူအိုကြီးဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ကိုတောင်မင်းကို သူ့ရဲ့ ကိုယ်ပိုင်တပည့်အဖြစ် တိုက်ရိုက် ခေါ်ယူစေနိုင်တယ်။”
“စိတ်ဝင်စားစရာပဲ။”
ရှန်ကွမ်းဝမ်ကော ညာဘက်လက်နဲ့ မေးစေ့ကို ပွတ်သပ်ပြီး ချီမင်ကို ခဏလောက် ပတ်ကြည့်တယ်။
ချီမင်ရဲ့ မျက်နှာအမူအရာ မပြောင်းလဲဘူး။ သူ ရှန်ကွမ်းဝမ်ကောရဲ့ စူးစမ်းတဲ့ အကြည့်ကို ဂရုမစိုက်ဘဲမေးလိုက်တယ် “အခု ကျွန်တော့်ရဲ့ စီနီယာအစ်ကို နှစ်ယောက် ဘယ်မှာလဲ?”
“သေပြီ။” ရှန်ကွမ်းဝမ်ကော ပခုံးတွန့်လိုက်တယ်။ “သူတို့ နှစ်ယောက်စလုံး သေပြီ။”
“မင်းကကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ ကောင်းကင်လျှို့ဝှက်ချက်မျိုးနွယ်ရဲ့ အခြေအနေအကြောင်း မေးချင်တာ မဟုတ်ဘူးလား?”
ရှန်ကွမ်းဝမ်ကော ဆက်ပြောတယ်။ “ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ကကောင်းကင်ပျက်သုဉ်းခြင်း တားမြစ်ဇုန်မှာ သူ့ကိုယ်သူစည်းခတ်ပြီးကတည်းက နှစ်ပေါင်းသောင်းချီအတွင်းမှာ အရာများစွာ ဖြစ်ပျက်ခဲ့တယ်။ ဘာလို့လဲဆိုတော့သူတို့ ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ရဲ့ ကာကွယ်မှုကို ဆုံးရှုံးခဲ့လို့ပဲ။”
“ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်ကလူတွေကထွက်သွားကြပြီ၊ သေဆုံးသွားကြပြီ ဒါမှမဟုတ် ပျောက်ဆုံးသွားကြပြီ။”
“အခု… ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမှာ ဘာကောင်းကင်လျှို့ဝှက်ချက်မျိုးနွယ်မှမရှိတော့ဘူး။ အကျဉ်းကျခံရတာမဟုတ်ရင်ငါလည်းအချိန်အတော်ကြာကတည်းက ထွက်သွားပြီ။ ဒီလိုညံ့ဖျင်းတဲ့နေရာမှာငါ ဘယ်လို ဆက်နေနိုင်မှာလဲ?”
“ဒါဆို ကျွန်တော် တစ်ယောက်တည်း ကျန်တော့တာလား?” ချီမင်က မေးတယ်။
“ဟုတ်တယ်။” ရှန်ကွမ်းဝမ်ကော ခေါင်းညိတ်လိုက်တယ်။
“ကောင်းတာပေါ့။”
ချီမင် သက်ပြင်းချလိုက်တယ်။
“ဘာ?” ရှန်ကွမ်းဝမ်ကော အံ့အားသင့်သွားတယ်။ “ကောင်လေး မင်း ဘာဖြစ်နေတာလဲ? ကောင်းကင်လျှို့ဝှက်ချက်မျိုးနွယ်က ဒီလောက်အထိ ကျဆင်းသွားပြီ၊ ဒါပေမယ့် မင်းက တော်တော် ပျော်နေပုံရတယ်?”
“မင်းတကယ်ကောအဲဒီလူအိုကြီးဘိုးဘေးကောင်း ကင်လျှို့ဝှက်ချက်ရဲ့ ကိုယ်ပိုင်တပည့်လား? မင်း အခုမှ လက်ခံခဲ့ရင်တောင် ဒီလို အခြေအနေမျိုးကို မင်း မသိဘူး မဟုတ်လား? မင်း အဲဒီ အဘိုးကြီးနဲ့ ရန်ငြိုးရှိထားတယ်လို့ မပြောနဲ့နော်?”
“သေချာပေါက်မဟုတ်ပါဘူး။” ချီမင် ခေါင်းခါလိုက်တယ်။ “ဒါ့အပြင် ကျွန်တော်တကယ်ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ရဲ့ ကိုယ်ပိုင်တပည့်ပါ။”
“ဒါ့အပြင်…” ချီမင်ရဲ့အကြည့်ကမထူးမခြားနားပုံစံ ပြောင်းသွားတယ်။ “ရှန်ကွမ်းဝမ်ကောခင်ဗျားက ကောင်းကင်လျှို့ဝှက်ချက် အိမ်တော်ရဲ့ အစေခံအိုကြီးတစ်ယောက်ဖြစ်ပြီးကျွန်တော်ကိုသခင်လေးလို့တောင်ခေါ်တယ်။ ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ကကျွန်တော်ရဲ့ဆရာဖြစ်တဲ့အတွက်ခင်ဗျားကျွန် တော်ရှေ့မှာကျွန်တော်ဆရာအကြောင်း ဆက်ပြီး မကောင်းပြောနေရင်…”
“ဆရာ့ကိုယ်စားခင်ဗျားကို သင်ခန်းစာပေးတာကို အပြစ်မတင်နဲ့။”
“ကောင်းတဲ့ကောင်လေး။”
ရှန်ကွမ်းဝမ်ကော မျက်ခုံးပင့်လိုက်တယ်။ “ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကအခုစည်းခတ်ခံထားရပေမယ့် မင်းရဲ့ အမြူတေဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့် ကျင့်ကြံခြင်းနဲ့ ငါ့ကို ကိုင်တွယ်ချင်တာလား? အဲဒါ အလုပ်ဖြစ်မှာ မဟုတ်ဘူးထင်ဘူး။”
“လျှပ်စီးငါးဖြာထိန်းချုပ်ခြင်း။”
ဒုန်း!
ချီမင်သူရဲ့စကားလုံးတွေကိုအလဟသမလုပ်တော့ဘူး။ ညာလက်ကို မြှောက်ပြီး လက်ချောင်းတွေကို ဖြန့်လိုက်တယ်။ သူရဲ့အံ့ဖွယ်စွမ်းအားလျှို့ဝှက်နက်နဲနည်းစနစ်ကို လှုံ့ဆော်လိုက်တယ်။ လျှပ်စီးငါးချက်ရဲ့ အင်အားက သူ့လက်ဝါးထဲမှာ စုစည်းပြီး တိုက်ရိုက် ပစ်လိုက်တယ်။
ဒုန်း!!!
“ဒါက…”
ရှန်ကွမ်းဝမ်ကော အံ့အားသင့်သွားတယ်။ သူ ရှောင်ချင်ပေမယ့်မိုးကြိုးငါးချက်ပစ်ခြင်းက အရမ်းမြန်တယ်။ ဒါ့အပြင်ဒါကမဟာအံ့ဖွယ်စွမ်းအားတစ်ခုဖြစ်တယ်။ မဟာတာအိုရဲ့စစ်မှန်ရည်ရွယ်ချက်နဲ့ပေါင်း စပ်လိုက်တာနဲ့ ရှန်ကွမ်းဝမ်ကောက ဒါကို လုံးဝ မဖြေရှင်းနိုင်ဘူးဆိုတာကို တွေ့လိုက်တယ်။
“ဒါ ဘာလဲ?!”
“အား!!!” ရှန်ကွမ်းဝမ်ကော အော်ဟစ်လိုက်တယ်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး မည်းနက်သွားပြီး ဆံပင်တွေ ထောင်ထသွားတယ်။ သူ ပါးစပ်ဟပြီး အနက်ရောင် ချီစီးကြောင်းတစ်ခုကို အန်ထုတ်လိုက်ပြီး တန်းတန်းမတ်မတ် လဲကျသွားတယ်။
ခဏအကြာမှာ ရှန်ကွမ်းဝမ်ကော တွားသွားပြီး ထလိုက်တယ်။
“မင်း… မင်း တကယ်ပဲ အမြူတေဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့်ပဲ ရှိတာလား?”
ရှန်ကွမ်းဝမ်ကောက အပေါ်ယံဒဏ်ရာအချို့ပဲ ခံစားရတယ်လို့ ယူဆနိုင်တယ်။ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားက မယုံနိုင်လောက်တဲ့ အဆင့်ကို ရောက်ရှိနေပြီ။ “အခုနက လှုပ်ရှားမှုက အမြူတေဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက် သုံးနိုင်တဲ့ပုံ မပေါ်ဘူး။”
“ဒါ ဘယ်လိုအံ့ဖွယ်စွမ်းအားနည်းစနစ်လဲ?မင်း မိုးကြိုးငါးချက်ရဲ့အင်အားကိုစုစည်းပြီးကောင်းကင်နဲ့ မြေကြီးရဲ့တာအိုအသိအမြင်တောင် ပါဝင်နေတာလား? မင်း ဒါကို ဘယ်လိုလုပ်နိုင်တာလဲ? မယုံနိုင်စရာပဲ။ ငါ ဘယ်တုန်းကမှ မမြင်ဖူးဘူး။”
“မင်းက ပြန်လည်ဝင်စားလာတဲ့ အင်မော်တယ်ဘုရင်တစ်ပါး ဖြစ်နိုင်မလား? ဒါမှမဟုတ် ခန္ဓာကိုယ်တစ်ခုကို သိမ်းပိုက်ပြီး ပြန်လည်ကျင့်ကြံတာ ဖြစ်နိုင်မလား? အဲဒါကမဖြစ်နိုင်ဘူး။ မင်းခန္ဓာကိုယ်သိမ်းပိုက်ပြီး ပြန်လည်ကျင့်ကြံရင် မင်းကို ဖော်ထုတ်ခံရမှာပဲ။”
“ဘယ်လိုတောင် ထူးဆန်းတာလဲ…”
ရှန်ကွမ်းဝမ်ကော မျက်မှောင်ကြုတ်ပြီး စဉ်းစားနေတယ်။
ချီမင်က ရှန်ကွမ်းဝမ်ကောကို တစ်ချက် လှမ်းကြည့်လိုက်တယ်။ သူ ဒီမှာ အချိန်အတော်ကြာ ပိတ်လှောင်ခံထားရတယ်။ သိပ်ပြီးမထင်ရှားပေမယ့် သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေကနည်းနည်းမူမမှန်ဘူးလို့ သူ ခံစားလိုက်ရတယ်။
နောက်တော့ ချီမင်က ကောင်းကင်လျှို့ဝှက်ချက် အိမ်တော်နဲ့ ရင်းနှီးလာဖို့ စတင်လိုက်တယ်။
အစခဏတော့ ကောင်းကင်လျှို့ဝှက်ချက် အိမ်တော်အကြောင်း သိပ်နက်နဲတာဘာမှသူမတွေ့ဘူး။ ဥပမာ ဂိုဏ်းချုပ်ခန်းမလိုသူ့ဘာသာသူနေရာလပ်တစ်ခုကို ဖန်တီးနိုင်တာမျိုးဖြစ်တယ်။ သူ ဝှက်ထားတဲ့ ရတနာတွေ ဒါမှမဟုတ်ကောင်းကင်ဂူတွေကို မတွေ့ဘူး။
အဆောက်အအုံတစ်ခုလုံးက ကျယ်ပြောတယ်။
အဲဒါက ခြံဝင်းအိမ်ကြီးတစ်ခုရဲ့ ဗိသုကာလက်ရာနဲ့ ဆင်တူတယ်။
အဲဒါကို တစ်ခုနဲ့တစ်ခု ဆက်ထားတဲ့ ခြံဝင်းအိမ်တွေ အများကြီးနဲ့ ဖွဲ့စည်းထားတယ်။ ရှေ့ခြံ၊ နောက်ခြံ၊ အရှေ့ခြံ၊ အနောက်ခြံ၊ အဓိကခြံ၊ ဘေးခြံ၊ဖုန်းကွယ်ခြင်းခြံ၊ ကျင့်ကြံခြင်းခြံ စသဖြင့် ခြံဝင်းတွေ အများကြီးလည်း ရှိတယ်။
မသိလိုက်ဘဲ ညရောက်လာပြီ။
ချီမင်က အဓိကခြံဝင်းထဲမှာ နေခဲ့တယ်။အစကချီမင်က ရှန်ကွမ်းဝမ်ကောကို ဘေးခြံဝင်းထဲက အခန်းတစ်ခုမှာ နေစေချင်ပေမယ့် ရှန်ကွမ်းဝမ်ကောက မသွားချင်ဘူး။ သူ အပြင်မှာပဲ နေပြီး အပြင်မှာပဲ စားချင်တယ်။
သူဒီနေရာကို အရမ်း စက်ဆုပ်တယ်။
ချီမင်က သူ့ကို အတင်းအကျပ် မခိုင်းဘူး။
ညနက်ပိုင်းမှာ ချီမင်က ကောင်းကင်လျှို့ဝှက်ချက် စာအုပ်၊ ကောင်းကင်လျှို့ဝှက်ချက်စုတ်တံနဲ့ ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်တိုကင်ကို ထုတ်လိုက်တယ်။ သူတို့အထဲမှာဘာလျှို့ဝှက်ချက်တွေ ဝှက်ထားလဲဆိုတာ လေ့လာဖို့ ပြင်ဆင်နေတယ်။