← Chapters

ကျဆင်းသွားသော ကောင်းကင်လျှို့ဝှက်ချက်မျိုးနွယ်

Vol. 9 Ch. 130

ကျဆင်းသွားသော ကောင်းကင်လျှို့ဝှက်ချက်မျိုးနွယ်

Vol. 9 Ch. 130

ချီမင် တစ်ညလုံး သေချာ လေ့လာခဲ့တယ်။ သူအံ့ဖွယ်စွမ်းအားတွေနဲ့ နည်းစနစ်အမျိုးမျိုးကိုတောင် သုံးခဲ့တယ်။ ဘာမှ မတွေ့ဘူး၊အထဲမှာ ဝှက်ထားတဲ့ လျှို့ဝှက်ချက်တွေလည်း မတွေ့ဘူး။

ဒါကချီမင်ကို တော်တော်လေးအကူအညီမဲ့သလ်ိုခံ စားစေရတယ်။

သူနည်းနည်း စိတ်ပျက်သွားတယ်။

ကောင်းကင်လျှို့ဝှက်ချက် စာအုပ်နဲ့ ကောင်းကင်လျှို့ဝှက်ချက်စုတ်တံထဲမှာ ကောင်းတဲ့အရာတစ်ခု ခုဝှက်ထားမယ်လို့ သူ ထင်ထားတယ်။

နောက်ဆုံးတော့ ဘာမှ မရှိဘူး။

သူ့ရဲ့ခံစားချက်တွေကိုအလဟသဖြုန်းတီးလိုက်မိပြီ

“ငါတော့မထင်ဘူး။”

ချီမင် ခဏ စဉ်းစားပြီး သူ့ဘာသာသူ တွေးလိုက်တယ်။ “ဒါက ဆရာ ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်က ရှန်ကွမ်းဝမ်ကောကို ကာကွယ်ခိုင်းထားတဲ့ အရာပဲ။ ဒါ့အပြင် နှစ်ပေါင်းသောင်းချီ ကြာအောင် စောင့်ရှောက်ထားခဲ့တာ။အထဲမှာကြီးမားတဲ့လျှို့ဝှက်ချက်တစ်ခုရှိရမယ်။ အခုငါနဲ့ ထိတွေ့လို့ မရတာပဲဖြစ်နိုင်တယ်။ဒါမှမဟုတ်ငါသိခွင့်မရှိသေးဘူး။”

“ရှန်ကွမ်းဝမ်ကော ပြောခဲ့သလိုပဲ အချိန် မတန်သေးဘူး!”

ဒီလိုစဉ်းစားပြီးမှချီမင်မတုန့်ဆိုင်းတော့ဘူး။

ဝှစ်!

အတွေးတစ်ခုနဲ့အတူ သူ ကောင်းကင်လျှို့ဝှက်ချက် စာအုပ်နဲ့ ကောင်းကင်လျှို့ဝှက်ချက်စုတ်တံကိုသူ့ရဲ့ ပစ္စည်းစာရင်းထဲ ထည့်လိုက်တယ်။

ကံကောင်းစွာနဲ့ ကောင်းကင်လျှို့ဝှက်ချက် စာအုပ်နဲ့ ကောင်းကင်လျှို့ဝှက်ချက်စုတ်တံကသူ့ကို ဘာမှ မပေးပေမယ့်ချီမင်ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်တိုကင်ကိုအပြည့်အဝသန့်စင်ပြီးတော့ကျင့်ကြံခြင်းနည််းစနည်တစ်ခုနဲ့အံဖွယ်စွမ်းအားနည်းစနစ်တစ်ခုရလိုက်တယ်။

ဒါက သူ့ရဲ့ ဆရာ ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်က ချီမင်ကို သင်ကြားပေးတဲ့ အမွေအနှစ်ဖြစ်တယ်။

ကျင့်ကြံခြင်းနည်းစနစ်ကအပြောင်းအလဲနိမိတ်ဖတ်ကျမ်းဖြစ်တယ်။

အံဖွယ်စွမ်းအားနည်းစနစ်ကရှစ်ထောင့်ယင်ယန်အံ့ဖွယ်စွမ်းအားဖြစ်တယ်။

ချီမင်ကကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ရဲ့ ကိုယ်ပိုင်တပည့်ဖြစ်တယ်။အကျိုး‌ကြောင်းညီညွတ်စွာပြောရရင်သူကသူ့ရဲ့ အမွေအနှစ်ကိုသဘာဝကျကျဆက်ခံလို့ရတယ်။ ကောင်းကင်လျှို့ဝှက်ချက်မျိုးနွယ်သာ မကျဆင်းခဲ့ရင် ချီမင်ကမျိုးနွယ်ရဲ့ အင်အားနဲ့ အရင်းအမြစ်တွေကို ငှားရမ်းနိုင်သေးတယ်။

ကံမကောင်းစွာနဲ့…

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ ကောင်းကင်လျှို့ဝှက်ချက်မျိုးနွယ်က လုံးဝနီးပါး ပျောက်ကွယ်သွားပြီ။ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမှာ ကောင်းကင်လျှို့ဝှက်ချက်မျိုးနွယ်ရဲ့ကျင့်ကြံခြင်းနည်းစနစ်တွေကိုကျင့်ကြံတဲ့သူမရှိသလောက်ဖြစ်သွားပြီ။ အခြေခံအားဖြင့် ချီမင်တစ်ယောက်ပဲ ကျန်တော့တယ်။

ချီမင်ဒီကိစ္စနဲ့ပတ်သက်ပြီးပျော်ရွှင်ပြီးစိတ်သက်သာတယ်။

ဘာလို့လဲဆိုတော့ချီမင်တစ်ယောက်တည်းဆိုရင်လူမှုဆက်ဆံရေးအမျိုးမျိုးကို ကိုင်တွယ်စရာ မလိုဘူး၊သူ့ရဲ့စီနီယာအစ်ကိုတွေနဲ့ဂျူနီယာညီလေးတွေဒါမှမဟုတ် ဂိုဏ်းထဲက အကြီးအကဲတွေနဲ့လည်း ဆက်ဆံစရာ မလိုဘူး။

သူ ကောင်းကင်လျှို့ဝှက်ချက် အိမ်တော်မှာ ငြိမ်းချမ်းစွာ ကျင့်ကြံနိုင်တယ်။

မဟုတ်ရင် အလုပ်ရှုပ်နေလိမ့်မယ်။

“ငါအဆင့်နိမ့်ကျဝိညာဉ်ကျောက်တုံးတစ်သန်းထည့်မယ်။”ချီမင်ကပြောတယ်”ဒုတိယမြောက်အလိုအ လျောက်ကျင့်ကြံခြင်းနေရာကအပြောင်းအလဲနိမိတ်ဖတ်ကျမ်းကို ကျင့်ကြံမယ်။” လို့ ပြောတယ်။

တင်း!

“အပြောင်းအလဲနိမိတ်ဖတ်ကျမ်းကို အဆ ၁၀၀,၀၀၀မြှင့်တင်မှုအောက်တွင်ကျင့်ကြံနေပါသည်။…”

အသိပေးချက်တစ်ခုပေါ်လာတယ်။

“ငါအဆင့်နိမ့်ဝိညာဉ်ကျောက်တုံးတစ်သန်းထည့်မယ်။”

ချီမင်ကဆက်ပြောတယ်။”တတိယမြောက်အလိုအ လျောက်ကျင့်ကြံခြင်းနေရာကရှစ်ထောင့်ယင်ယန်အံ့ဖွယ်စွမ်းအားကိုကျင့်ကြံမယ်။”

…

နောက်ပိုင်းကာလအတွင်း ချီမင်ကကောင်းကင်လျှို့ဝှက်ချက် အိမ်တော်မှာပဲ နေပြီး ဘယ်ကိုမှ ထပ်မသွားတော့ဘူး။ သူ နေ့တိုင်းသန့်စင်ခြင်းသုံးပါးတာအိုကျမ်း အပြောင်းအလဲနိမိတ်ဖတ်ကျမ်းနဲ့ ရှစ်ထောင့်ယင်ယန်အံ့ဖွယ်စွမ်းအားကိုကျင့်ကြံတယ်။

ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်မှာ သိပ်ပြီး ထင်ပေါ်ကျော်ကြားချင်တာ မဟုတ်ပေမယ့် သူ့အကြောင်း သတင်းတွေက တဖြည်းဖြည်း ပျံ့နှံ့လာတယ်။

နှစ်တွေကြာလာတာနဲ့အမျှကောင်းကင်ဘုံဉာဏ်အ လင်းဂိုဏ်းရဲ့ဘိုးဘေးရဲ့အသိအမှတ်ပြုမှုကိုရရှိနိုင်တဲ့ အမွေခံတပည့်တွေကအရမ်းနည်းတယ်။ကောင်း ကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်ရဲ့ အမွေခံတပည့်အများစုက မဟာအကြီးအကဲတွေကို သူတို့ရဲ့ ဆရာအဖြစ် ခံယူကြတယ်။

ချီမင်ကတော့ထူးခြားတယ်။

ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ကကောင်းကင်ပျက်သုဉ်းခြင်း တားမြစ်ဇုန်ကနေ ထွက်လာတယ်။ သူ့ရဲ့ကိုယ်ပိုင်ရတနာဖြစ်တဲ့ ကောင်းကင်လျှို့ဝှက်ချက်သံလိုက်အိမ်မြှောင်ကဟင်းလင်းပြင်ကိုဖြတ်ကျော်ပြီး ဂိုဏ်းချုပ်ခန်းမကိုဆင်းသက်လာပြီးချီမင်ကို သူ့ရဲ့ ကိုယ်ပိုင်တပည့်အဖြစ် ခေါ်ယူသွားတယ်။

ဒီလိုမျိုး အဖြစ်အပျက်က လေးကြိမ်ပဲ ဖြစ်ခဲ့ဖူးတယ်။

ချီမင်နဲ့ ပေါင်းလိုက်ရင် ဒါဟာငါးကြိမ်မြောက် ဖြစ်တယ်။

အဲဒီ လေးကြိမ်မှာ ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်က မပေါ်လာဘူး။ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ တခြား ဘိုးဘေးနှစ်ပါးက ပေါ်လာတာ။ အဲဒီဘိုးဘေးနှစ်ပါးကတခြား တားမြစ်နယ်မြေ နှစ်ခုမှာသူတို့ကိုယ်သူတိုစည်းခတ်ထားတယ်။

ဒီသတင်းပျံ့နှံ့သွားပြီးချက်ချင်းပဲ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အမွေခံတပည့် အများအပြားရဲ့အာရုံကိုဆွဲဆောင်နိုင်လိုက်တယ်။အခြေခံအားဖြင့် သူတို့က ချီမင်ဟာဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ရဲ့ အာရုံစိုက်မှုကိုရရှိပြီးအောင်အောင်မြင်မြင်နဲ့သူ့ရဲ့တပည့်ဖြစ်လာတယ်ဆိုတာကို သိသွားကြတယ်။

ဒါကတကယ်တော့ သေးငယ်တဲ့ ကိစ္စ ဒါမှမဟုတ် သေးငယ်တဲ့ ခေါင်းစဉ်တစ်ခု မဟုတ်ဘူး။

ဒါကြောင့် ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အမွေခံတပည့် အများအပြား ဒီကိစ္စကို ဆွေးနွေးလာကြတယ်။

“တကယ်တော့ငါတို့သိပ်ပြီး အာရုံစိုက်စရာ မလိုပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းလောက်ကဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ကသူ့ကိုယ်သူ ကောင်းကင်ပျက်သုဉ်းခြင်းတားမြစ်ဇုန်မှာစည်းခတ်ထားတယ်။ သူ ပေါ်လာဖို့ အခြေခံအားဖြင့် မဖြစ်နိုင်ဘူး။ ချီမင်က ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ကို သူ့ရဲ့ ဆရာအဖြစ် ခံယူလိုက်ပေမယ့် အဲဒါက သူ ပိုပြီး နာမည်ကြီးလာတာကိုပဲ ဆိုလိုတယ်။”

“ဟုတ်တယ်။”

“ဒါ့အပြင်ကောင်းကင်လျှို့ဝှက်ချက်မျိုးနွယ်က အချိန်အတော်ကြာတည်းကကျဆင်းသွားပြီ။ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းတစ်ခုလုံးမှာ အခြေခံအားဖြင့် ဘယ်သူမှ ကောင်းကင်လျှို့ဝှက်ချက်မျိုးနွယ်ရဲ့ကျင့်ကြံခြင်းနည်းစနစ်‌တွေကိုမကျင့် ကြံကြတော့ဘူး။ ချီမင်တစ်ယောက်တည်းလို့ ယူဆလို့ရတယ်။”

“အခွင့်အရေးရရင် ချီမင်ရဲ့ စွမ်းရည်ကို မြင်ချင်တယ်။”

“ငါလည်း မြင်ချင်တယ်။”

“…”

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အမွေခံတပည့်တွေ တစ်ယောက်ပြီး တစ်ယောက် ပြောကြတယ်။

ဒီကာလအတွင်း ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့အမွေခံတပည့်အများအပြားကကောင်းကင်လျှို့ ဝှက်ချက်အိမ်တော်ကိုလာခဲ့ကြတယ်။ အပေါ်ယံမှာ သူတို့ကချီမင်ဆီကိုလာရောက်လည်ပတ်ကြပေမယ့် တကယ်တော့ သူ့ကို စိန်ခေါ်ချင်ကြတာဖြစ်တယ်။

ချီမင်ကတံခါးပိတ်ကျင့်ကြံနေတယ်ဆိုတဲ့အကြောင်း ပြချက်နဲ့သူတို့ရဲ့လာရောက်လည်ပတ်မှုကို ငြင်းပယ်လိုက်တယ်။

သူကအမြူတေဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့်ပဲ ရှိသေးပြီး ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ ဒီအမွေခံတပည့်တွေကအခြေခံအားဖြင့်ဗလာနယ်စွန့်ခွားခြင်းအဆင့်ဒါမှမဟုတ်ဝိညာဉ်ဖွဲ့တည်ခြင်းအဆင့်တောင် ရောက်နေကြပြီ။

အဆင့်ကွာခြားမှုက ကြီးမားတယ်။

ချီမင် ငြင်းပယ်ခဲ့ရင်တောင် မဟာအကြီးအကဲတွေ ဘာမှ ပြောမှာမဟုတ်ဘူး။

ဒီလိုလုပ်တာကကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အမွေခံတပည့်တွေကိုသူ့တို့ကိုယ်သူတို့မဟန့်တားစေနိုင်ဘူး။ အဲဒီအစား သူတို့ကို ပိုဆိုးစေတယ်။ သူတို့ကချီမင်ကို အနိုင်ကျင့်ဖို့ လွယ်ကူတယ်လို့ခံစားရပြီးသူ့ကိုဖိအားပေးတိုက်ခိုက်ချင်ကြတယ်။

“တော်တော့။”

တစ်လလောက်ကြာတော့။

စုချင်းယင်ကချီမင်ဆီကိုလာရောက်လည်ပတ်တယ်။ ဂိုဏ်းချုပ်ရဲ့ကိုယ်ပိုင်တပည့်အနေနဲ့သူမကကောင်း ကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ဒီအမွေခံတပည့်တွေကို ဆုတ်ခွာဖို့အမိန့်ပေးလိုက်တယ်။ အဲဒီအခါမှဒီကိစ္စက ကိုအနည်းငယ်ဟန့်တားနိုင်လိုက်တယ်။

“ချီမင် မိန်းမတစ်ယောက်နောက်မှာ ပုန်းနေတာ ဘာအကျိုးရှိလဲ?”

“ဟုတ်တယ် ဟုတ်တယ်။”

“ချီမင် မင်း သတ္တိရှိရင် ထွက်လာပြီး ငါတို့နဲ့ တိုက်ခိုက်ပါ။ မင်း နိုင်သည်ဖြစ်စေရှုံးသည်ဖြစ်စေ အနည်းဆုံးတော့မင်းကငကြောက်ကောင်မဟုတ်ဘူးဆိုတာကို သက်သေပြနိုင်တယ်။”

“မင်း ယင်းလုံဂူကောင်းကင်မှာ အမြူတေဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့်ကျင့်ကြံခြင်းနဲ့အဓိကဂိုဏ်းကြီးတွေရဲ့ဒါဇင်နဲ့ချီတဲ့အမွေခံတပည့်တွေရဲ့ဝိုင်းရံတိုက်ခိုက်မှုကိုပြန်တိုက်ခိုက်နိုင်ခဲ့တယ်လို့ကြားတယ်။အဲ့ဒီအပြင်မင်းသူတို့ထဲကအများစုကိုတောင် ပြန်သတ်ခဲ့တယ်ဆို။ဒီလိုခွန်အားနဲ့ပါရမီကမင်းကိုလူ ငယ်မျိုးဆက်တွေထဲမှာ နံပါတ်တစ်ဘွဲ့တောင် ရစေခဲ့တယ်။”

“ဘယ်လောက်တောင်နာမည်ကြီးလိုက်လဲ?”

“ဒါပေမယ့် အခု မင်း ကြောက်နေတာလား?”

“မင်းဂိုဏ်းနဲ့တောင်မတိုက်ခိုက်ရဲဘူးလား?”

“ရယ်စရာကောင်းလိုက်တာ။”

ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်မှာ ဒီစကားတွေ စတင် ပျံ့နှံ့လာတယ်။

သူတို့က ချီမင်ကိုလက်ခံဖို့ တမင်တကာ ဖိအားပေးနေကြတယ်။

ကောင်းကင်လျှို့ဝှက်ချက် အိမ်တော်မှာ။

“စီနီယာအစ်ကို ချီ အဆင်ပြေရဲ့လား?”

စုချင်းယင်က စိုးရိမ်တကြီး မေးတယ်။ “သူတို့ ဘာပြောပြော ဂရုစိုက်စရာ မလိုပါဘူး။အစ်ကိုကအခုမှ ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်ကိုကျင့်ကြံဖို့ဝင်လာတာ၊သူတို့ကရောက်နေတာနှစ်ပေါင်းများစွာရှိပြီ။ သူတို့မလို့အစ်ကို့ကိုအတင့်ရဲပြီး စိန်ခေါ်ရဲတယ်။ သူတို့ တကယ် ရှက်စရာကောင်းလွန်းတယ်။”

“ဂျူနီယာညီမလေးစု။” ချီမင် ပြုံးပြီးစုချင်းယင်ကို ပြန်မဖြေဘူး။ အဲဒီအစားသူကပြောတယ် “ဒီကိုလာဖို့ ဘယ်လိုအချိန်ရသွားတာလဲ?”

“ဆရာကစီနီယာအစ်ကို့ကို လာတွေ့ခိုင်းလို့။”စုချင်းယင်က ပြောတယ်။

“အိုး။” ချီမင်ကပြောလိုက်တယ်”ဂိုဏ်းချုပ်ကို ကျေးဇူးတင်ကြောင်း ပြောပေးပါ။”

“ဟူး…”စုချင်းယင် သက်ပြင်းချလိုက်တယ်။ “တကယ်တော့ ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ကို ဆရာအဖြစ်စီနီယာအသိအမှတ်ပြုသင့်ဘူးလို့ကျွန်မ ခံစားရတယ်။ မဟာအကြီးအကဲ ခြောက်ပါးထဲက ဘယ်သူ့ကို ရွေးချယ်ရွေးချယ် ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ကို ရွေးချယ်တာထက် ပိုကောင်းတယ်။”

“ဘာလို့လဲဆိုတော့ ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်က သူ့ကိုယ်သူ တားမြစ်ဇုန်မှာစည်းခတ်ထားပြီး စီနီယာကိုကူညီနိုင်မှာ မဟုတ်ဘူး။”

“အခု အခြေအနေကို ကြည့်လိုက်ပါဦး၊စီနီယာအစ်ကိုဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ရဲ့ ကိုယ်ပိုင်တပည့် ဖြစ်လာပေမယ့်တစ်ချက်ကြည့်လိုက်ရင်စီနီယာကတော်တော်အင်အားကြီးပုံရတယ်။စီနီယာရဲ့ အဆင့်အတန်းကကျွန်မတို့ထက် မြင့်တယ်။”

“ဒါပေမယ့် တကယ်တော့ အဲဒီလို မဟုတ်ဘူး။”

“ကောင်းကင်လျှို့ဝှက်ချက်မျိုးနွယ်မှာစီနီယာ တစ်ယောက်တည်း ကျန်တော့တာ မဟုတ်လား? ကျန် တဲ့ဘိုးဘေးနှစ်ပါးက နည်းနည်း ပိုကောင်းတယ်။ အနည်းဆုံးတော့ သူတို့က ကောင်းကင်လျှို့ဝှက်မျိုးနွယ်လောက် သေးငယ်တာ မဟုတ်ဘူး။”

“စီနီယာဘယ်မဟာအကြီးအကဲကိုမဆိုစီနီယာအစ်ကိုရဲ့ ဆရာအဖြစ် အသိအမှတ်ပြုရင် ဒီလို အခြေအနေမျိုးမှာစီနီယာကိုကူညီပေးမယ့်တူညီတဲ့မျိုးနွယ်က တပည့်တစ်ယောက် ရှိနိုင်သေးတယ်။”

“လက်ရှိအခြေအနေမှာစီနီယာနဲ့အတူတိမ်စိမ်းတောင်ထွတ်ကနေ ဆင်းသက်လာတဲ့ စီနီယာအစ်ကိုတွေနဲ့အစ်မတွေကတောင်စီနီယာအတွက်စကားပြောရဲကြဘူး။”

“အခု… စီနီယာသူတို့ကို တစ်ယောက်တည်း ရင်ဆိုင်ရမှာပဲ။”

“အဆင်ပြေပါတယ်။”

ချီမင် ပြုံးတယ်။ “ဘယ်လိုပဲဖြစ်ဖြစ် အပြင်ထွက်ဖို့ စိတ်ကူးမရှိဘူး။ ဒါ့အပြင် သူတို့ရဲ့ ပါးစပ်ကိုသူတို့ပိုင်တယ်။ သူတို့ အော်ချင်ရင် အော်ပါစေ။ ငါသူတို့ရဲ့ ပါးစပ်ကို ထိန်းချုပ်နိုင်မယ်လို့ မင်းထင်လား?”

“အဲဒီလို ဖြစ်နေပေမယ့်…”စုချင်းယင် နှုတ်ခမ်းကို စူလိုက်တယ်။

“ကောင်းပြီ။”

ချီမင် လက်ကို ဝှေ့ယမ်းလိုက်တယ်။ “ဂျူနီယာညီမ‌ လေးစုတွေ့ပြီးမှ‌တော့ဒီလိုပျော်စရာမကောင်းတဲ့အ ကြောင်းတွေ ပြောစရာ မလိုဘူး မဟုတ်လား? မင်းရဲ့ လက်တလောကျင့်ကြံခြင်း အခြေအနေ ဘယ်လိုလဲ?”

“မဆိုးပါဘူး။”

စုချင်းယင် ပခုံးတွန့်လိုက်တယ်။ “ယင်းလုံဂူကောင်းကင်မှာ အမွေအနှစ်ကို ရခဲ့တယ်။ အဲဒါကကျွန်မရဲ့အတိတ်ဘဝရဲ့အသိဉာဏ်ကိုနိုးထသွားစေတယ်။ကျွန်မအခုအခြေတည်ဝိညာဉ်နှောင်းပိုင်းအဆင့်ထိကျင့်ကြံပြီးပြီ။”

“အရမ်းမြန်တာပဲ။” ချီမင် အနည်းငယ် အံ့အားသင့်သွားတယ်။ “ဂုဏ်ယူပါတယ် ဂျူနီယာညီမလေး။”

“စီနီယာနဲ့တော့ မယှဉ်နိုင်သေးပါဘူး။”စုချင်းယင်က ပြောတယ်”အခြေတည်ဝိညာဉ်နှောင်းပိုင်းအဆင့် ရောက်နေပေမယ့် တကယ်တိုက်ခိုက်ရင်စီနီယာရဲ့ လှုပ်ရှားမှုတစ်ခုကိုတောင် ခံနိုင်မှာ မဟုတ်ဘူး။စီနီယာကတကယ့်ကိုမွန်းစတားတစ်ကောင်ပဲ။”

“စီနီယာ တစ်ယောက်တည်းနဲ့ အဓိကဂိုဏ်းကြီးတွေရဲ့ အမွေခံတပည့် ဒါဇင်နဲ့ချီကို ကိုင်တွယ်ခဲ့တယ်လို့ ဆရာဆီက ကြားတယ်။အဲ့ဒီပြင်ကိုသူတို့ တစ်ယောက်ချင်းစီကဗလာနယ်စွန့်ခွာခြင်းအစောပိုင်းအဆင့်မှာရှိနေပြီးစီနီယာကအမြူတေဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့်မှာပဲ ရှိသေးတယ်။”

“ဒီလိုသန်မာမှုမျိိုးနဲ့ဆိုစီနီယာကအရမ်းကြမ်းပြီး အရမ်းသန်မာတယ်။”

“အဲဒါကို ကြားတုန်းကကျွန်မအံ့အားသင့်သွားတယ်။”

“သူတို့ကမသန်မာတာမဟုတ်ဘူး။ သူတို့ကငါ့နဲ့တွေ့လိုက်လို့။” ချီမင်က ပြောတယ်။

“စီနီယာအစ်ကိုချီကနောက်နေပါပြီ။” စုချင်းယင် ပြုံးတယ်။

“ငါ အမှန်အတိုင်း ပြောနေတာ။” ချီမင်က ပြောတယ်။

“အိုး… ကောင်းပါပြီ။” စုချင်းယင်က ပြန်ဖြေတယ်။

“ဂျူနီယာညီမလေးစု။” ချီမင်ကမေးတယ် “ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ ဒီအမွေခံတပည့်တွေငါ့ကိုပဲဘာလို့စိုက်ကြည့်နေတာလို့ မင်း ထင်လဲ? ငါမှတ်မိသလောက်ဆိုငါ သူတို့ကို စော်ကားမိပါဘူး။”

“အဲဒါတော့ မသေချာဘူး။”

စုချင်းယင် ခဏ စဉ်းစားလိုက်တယ်။ “စီနီယာအစ်ကို ချီသူတို့ကို စော်ကားမိတာ မရှိပေမယ့်စီနီယာက ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ရဲ့ ကိုယ်ပိုင်တပည့်‌ လေ။ ဒီနာမည်က အရမ်း နာမည်ကြီးတယ်။”

“သူတို့သာစီနီယာကို အနိုင်ယူနိုင်ရင်မမျှတတဲ့နိုင်ပွဲတစ်ခုဖြစ်ရင်တောင် သူတို့အတွက် ကြွားဝါဖို့ တန်တဲ့အရာတစ်ခုပဲ။”

“အမြဲတမ်းထင်ပေါ်ချင်တဲ့သူဆိုတာရှိမှာပဲ။”

“ဒါ့အပြင်…” စုချင်းယင်ခဏလောက်စဉ်းစားပြီးဂရုတစိုက်ပြောလိုက်တယ်။ “ကျွန်မ…ကျွန်မ ကြားခဲ့တာတစ်ခုရှိတယ်။ မဟာအကြီးအကဲ အတော်များများက ကောင်းကင်လျှို့ဝှက်ချက်မျိုးနွယ်ကိုစုံစမ်းချင်လို့အဲ့ဒီအမွေခံတပည့်တွေကို ဦးဆောင်ခိုင်းတာ။”

ချီမင်ရဲ့ မျက်လုံးတွေ တောက်ပလာပြီးစဉ်းစားနေတယ်။

ဒါကတကယ်တော့ အဲဒီလိုဖြစ်နေတာကို။

မဟာအကြီးအကဲတွေက စုံစမ်းနေတာလား?

သူတို့ ခဏလောက်စကားပြောပြီးမှစုချင်းယင် ထွက်သွားတယ်။

ကောင်းကင်လျှို့ဝှက်ချက်မျိုးနွယ်ကျဆင်းသွားပြီး ချီမင် တစ်ယောက်တည်း ကျန်ခဲ့ပေမယ့် တကယ်တော့ နောက်ထပ်မွန်းစတားအိုကြီးရှန်ကွမ်းဝမ်ကောရှိသေးတယ်။

အဲ့ဒီမွန်းစတားအိုကြီးကဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်နဲ့ ခေတ်ပြိုင် ပုဂ္ဂိုလ်တစ်ယောက်ပဲ။

ဒါပေမယ့်…

ချီမင် သူ့ကို အမိန့်ပေးလို့ မရဘူး။

ရှန်ကွမ်းဝမ်ကောလည်း ချီမင်သူကိုယ်သူအရူးလုပ် နေတာကို မြင်ရတာ ပျော်နေတယ်။ သူ အကြောင်းပြချက်မရှိနေ့တိုင်း ချီမင်ကိုလာရယ်နေတယ်။ သူက ဘေးကနေ ကြည့်နေချင်တာ ရှင်းနေတယ်။

ချီမင် သိတာကတားမြစ်ချက်နဲ့ကန့်သတ်ချက်‌တွေကြောင့် ရှန်ကွမ်းဝမ်ကောကကောင်းကင်လျှို့ဝှက်ချက် အိမ်တော်ကနေ မီတာ ၁၀၀ အကွာအဝေးထက် ပိုပြီး မသွားနိုင်ဘူး။ကျူးကျော်ဝင်ရောက်လာတဲ့ဘယ်သူမဆိုသူကအရေးယူပြီး နှင်ထုတ်ရတယ်။

ဒါကြောင့် ချီမင်က နေ့တိုင်း ကောင်းကင်လျှို့ဝှက်ချက် အိမ်တော်မှာ နေရဲတယ်။

ရှန်ကွမ်းဝမ်ကောက စောင့်ရှောက်နေတာကြောင့် ကောင်းကင်လျှို့ဝှက်ချက် အိမ်တော်ကအလုံခြုံဆုံး နေရာပဲ။

ဝင်လာရဲတဲ့ဘယ်သူမဆိုရှန်ကွမ်းဝမ်ကောကသဘာ ဝကျကျ သင်ခန်းစာ ပေးလိမ့်မယ်။

“ဒါဆို မဟာအကြီးအကဲတွေ ဘာကို စုံစမ်းချင်တာလဲ?”

ချီမင် သူ့နှလုံးသားထဲမှာ ခန့်မှန်းလိုက်တယ်။ “သူတို့ ရှန်ကွမ်းဝမ်ကောကို စမ်းသပ်ချင်တာလား?သူတစ် ယောက်တည်းပဲစမ်းသပ််ဖို့ဖြစ်နိုင်တယ်။ သူတို့ ဆရာ ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ကို ဒေါသထွက်အောင် မလုပ်ရဲဘူး။”

All Chapters