← Chapters

သန့်စင်ခြင်းသုံးပါး တာအိုကျမ်းအစပြုသူအဆင့်

Vol. 9 Ch. 131

သန့်စင်ခြင်းသုံးပါး တာအိုကျမ်းအစပြုသူအဆင့်

Vol. 9 Ch. 131

ဒီနေ့ နေ့လည်ပိုင်းမှာ။

ကောင်းကင်လျှို့ဝှက်ချက် အိမ်တော်အပြင်ဘက်ကို နောက်ထပ် အမွေခံတပည့် နှစ်ယောက် ရောက်လာတယ်။

ထုံးစံအတိုင်းအကြမ်းနည်းမသုံးခင်အနုနည်းအရင်သုံးရတယ်။

သူတို့ ပထမဆုံး ချီမင်ကို ယဉ်ယဉ်ကျေးကျေး လာရောက်လည်ပတ်ပြီးယှဥ်ပြိုင်ချင်ပေမယ့် ချီမင်ကတံခါးပိတ်ကျင့်ကြံနေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဘယ်သူ့ကိုမှ ထပ်ပြီး လာရောက်လည်ပတ်ခွင့် မပြုဘူး။

ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ဒီအမွေခံတပည့် နှစ်ယောက် မထွက်သွားဘူး။ အဲဒီအစား သူတို့က ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်ထဲကိုအတင်း အကျပ်ဝင်ဖို့ စီစဉ်လိုက်တယ်။အကြည့်ချင်းဖလှယ်ပြီး ချီမင်ရဲ့ ခွင့်ပြုချက်မရှိဘဲ တိုက်ရိုက် ဝင်သွားကြတယ်။

“ရှန်ကွမ်းဝမ်ကော။” ချီမင်ပြုံးလိုက်တယ်။ သူ ဒီအခြေအနေကို ဖြစ်လာဖို့ စောင့်နေတာ။ “ခင်ဗျားရဲ့ တောက်ပရမဲ့အချိန်ရောက်ပြီ။”

“ဒီ အမှိုက်ကောင်တွေ။” ရှန်ကွမ်းဝမ်ကောရဲ့ မျက်နှာက မည်းမှောင်သွားတယ်။

နောက်ခဏမှာသူကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့အဲ့ဒီအမွေခံတပည့်နှစ်ယောက်ရှေ့မှာပေါ်လာတယ်။

“ဘယ်သူလဲ?!”

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အမွေခံတပည့် နှစ်ယောက်ကအံ့အားသင့်သွားတယ်။

“မင်းတို့ အမှိုက်နှစ်ကောင်။”

ဒုန်း!

ရှန်ကွမ်းဝမ်ကော ညာလက်ကို ဝှေ့ယမ်းလိုက်တာနဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ အင်အားတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့အဲဒီအမွေခံတပည့် နှစ်ယောက်ကို ကောင်းကင်လျှို့ဝှက်ချက် အိမ်တော်ထဲကနေ တိုက်ရိုက် လွှင့်ပစ်လိုက်တယ်။

“အား!!!” ကြောက်လန့်တကြား အော်ဟစ်သံတွေ ထွက်ပေါ်လာတယ်။

“ထွက်သွား!” ရှန်ကွမ်းဝမ်ကော အော်ဟစ်လိုက်တယ်။

“ပြေး… ပြေး…”

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အမွေခံတပည့် နှစ်ယောက်ကအံ့အားသင့်တဲ့ မျက်နှာအမူအရာတွေ ပေါ်လာတယ်။သူတို့ဘာမှမတွန့်ဆုတ်ဘဲအလင်း တန်း နှစ်ခုအဖြစ် ပြောင်းလဲပြီး မျက်စိတစ်မှိတ်အတွင်းမှာ ထွက်ပြေးသွားကြတယ်။

“ကျေးဇူးတင်ပါတယ်။”

ချီမင် လျှောက်လာပြီး ရှန်ကွမ်းဝမ်ကောကို ဦးညွှတ်လိုက်တယ်။

“ဟန့်!”

ရှန်ကွမ်းဝမ်ကောရဲ့စိတ်အခြေအနေကမကောင်းဘူး။

သူ ချီမင်ကို ပြန်မပြောချင်ဘူး။

ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်ထဲကိုတစ်စုံတစ်ယောက်က ကျူးကျော်ဝင်ရောက်လာရင် ရှန်ကွမ်းဝမ်ကောက သူ့ရဲ့ ခွန်အားကို ထုတ်ဖော်နိုင်တယ်။ ကျူးကျော်သူရဲ့ ခွန်အားပေါ်မူတည်ပြီး သူက မတူညီတဲ့ ခွန်အားအဆင့်တွေကို ထုတ်ဖော်နိုင်တယ်။

အဲဒါက အရမ်း လူသားဆန်ပြီး အလိုအလျောက် လုပ်ဆောင်နိုင်တယ်။

ဒီကိစ္စပြီးနောက် ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အဲဒီအမွေခံတပည့်တွေကိုအများကြီးဟန့်တားနိုင်လိုက်တယ်။ သူတို့ကလုံးဝနီးပါးကျဆင်းသွားတဲ့ ကောင်းကင်လျှို့ဝှက်ချက် မျိုးနွယ်မှာဝှက်ဖဲ ရှိနေမယ်လို့ မထင်ထားကြဘူး။

တကယ် အံ့အားသင့်စရာပဲ။

ကောင်းကင်လျှို့ဝှက်ချက် အိမ်တော်ကို စောင့်ရှောက်နေတဲ့ ကျွမ်းကျင်သူတွေ ရှိနေသေးတယ်။

ဒီလိုနည်းနဲ့ သူတို့ ဆက်ပြီး ရန်စနေရင် နှစ်ခါ စဉ်းစားရလိမ့်မယ်။

မကြာခင်မှာ ကောင်းကင်လျှို့ဝှက်ချက် အိမ်တော်အကြောင်း သတင်းတွေကမဟာအကြီးအကဲတွေရဲ့ နားထဲ ရောက်သွားတယ်။

“ရှန်ကွမ်းဝမ်ကော ဖြစ်မှာပေါ့။”

“ဒါကရက်စက်တဲ့ဖြစ်တည်မှုပဲ။ အဲဒီအချိန်တုန်းက သူက တောင်ပိုင်းဒေသရဲ့ ထက်ဝက်ကျော်ကို အဆိပ်ခတ်ခဲ့လို့မိစ္ဆာနတ်ဘုရားအဖြစ် လူသိများတယ်။ တောင်ပိုင်းဒေသရဲ့ နတ်ဘုရားတာအိုကျင့်ကြံခြင်းကို လုံးဝ ကျဆင်းသွားစေခဲ့တယ်။ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်သာမလွတ်မြောက်နိုင်တဲ့ ပိုက်ကွန်အလွှာတွေကို တည်ဆောက်ဖို့ အင်အားအများကြီး သုံးပြီးတန်ဖိုးကြီးကြီးမားမား ပေးဆပ်ပြီးမကူညီခဲ့ရင်သူ့ကိုကိုင်တွယ်နိုင်တဲ့သူ ရှိမှာ မဟုတ်ဘူး။”

“သူ တကယ် အသက်ရှင်နေသေးတယ်။”

“နှစ်ပေါင်းသောင်းချီကျော်ကြာအောင်သူကကောင်းကင်လျှို့ဝှက်ချက်အိမ်တော်ကိုစောင့်ရှောက်ဖို့သာမန်အဘိုးအိုတစ်ယောက်လိုဖုံးကွယ်ပြီး‌နေခဲ့တယ်။”

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ မဟာအကြီးအကဲတွေက ဒီကိစ္စကို ဆွေးနွေး နေကြတယ်။

နောက်ပိုင်းအချိန်တွေမှာချီမင်နဲ့ပတ်သက်တဲ့ကိစ္စတွေလည်းတဖြည်းဖြည်းမှေးမှိန်သွားတယ်။သူလည်း ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်ကနေဘယ်တော့မှမထွက်ဘဲအမြဲတမ်းတံခါးပိတ်ကျင့်ကြံနေတယ်။ရှန်ကွမ်းဝမ်ကောက အစောင့်ဖြစ်တယ်ဆိုတဲ့အချက်ကိုထည့်‌ပေါင်းလိုက်ရင်ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ဘယ်အမွေခံတပည့်မှသူ့ကို ရန်စဖို့မလာကြ‌ တော့ဘူး။

ဟုတ်တယ် ဒါက ချီမင် မြင်ချင်တဲ့အရာလည်း ဖြစ်တယ်။

ဒါမှမဟုတ်…

အဲဒီ မဟာအကြီးအကဲတွေက သူတို့ သိချင်တာကို စုံစမ်းပြီးသွားပြီ။

ဒါကြောင့် သူတို့ကိုယ့်ကိုကိုယ်ထိန်းချုပ်လိုက်ကြတယ်။

လွန်ခဲ့တဲ့ တစ်လအတွင်း ချီမင် တကယ်ပဲ အကြိမ်‌ ပေါင်းများစွာ ရန်စခံရပြီး စော်ကားခံခဲ့ရတယ်။ သူ ဘာမှ မပြောပေမယ့် အားလုံးကို မှတ်မိနေတယ်။ အချိန်တန်ရင် ချီမင်က သဘာဝကျကျ လက်စားချေလိမ့်မယ်။

သူ ရိုက်နှက်ခံရရင် သဘာဝကျကျ ပြန်တိုက်ခိုက်လိမ့်မယ်။

သူဆဲခံရပြီးရင် သဘာဝကျကျ ပြန်တုံ့ပြန်ရမယ်။

သည်းခံဖို့ဆိုတာ မဖြစ်နိုင်ဘူး။

သူ သည်းခံရင်တောင် အဲဒါက ခဏတာပဲ။

အချိန်တွေ မြန်မြန် ကုန်လွန်သွားတယ်။

နွေဦးကုန်ပြီး ဆောင်းဦးရောက်လာတယ်။

မသိလိုက်ဘဲ တစ်နှစ်ကြာသွားသည်။

ဒီနေ့ ရာသီဥတု သိပ်မဆိုးပေ။

နေ့လည်။

ကောင်းကင်လျှို့ဝှက်ချက် အိမ်တော်မှာ။

တင်း!

“ဝိညာဉ်သားရဲအမှောင်မီးလျှံရေလွှမ်းနဂါးဟာ အဆ၁၀၀,၀၀၀မြှင့်တင်မှုအောက်မှာ တစ်နှစ်ကြာ ကြီးထွားခဲ့ပါတယ်။ သူကစကြာဝဠာအထွတ်အထိပ် နဂါးပြောင်းလဲခြင်းကျမ်းနဲ့ ယင်းလုံကိုးပါးပြောင်းလဲခြင်းကိုအောင်မြင်စွာကျင့်ကြံခဲ့ပါတယ်။သူ့ရဲ့ကျင့် ကြံခြင်းအဆင့်က အခြေတည်ဝိညာဉ်နှောင်းပိုင်းအဆင့်ကို ရောက်ရှိသွားပါပြီ။”

အသိပေးချက်တစ်ခု ပေါ်လာတယ်။

ချီမင်ရဲ့ မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာတယ်။ “တစ်နှစ်အတွင်း အမှောင်မီးလျှံက နောက်ဆုံးတော့ ကြီးထွားလာပြီ။ သူအခုအခြေတည်ဝိညာဉ်နှောင်းပိုင်းအဆင့် ရောက်နေပြီ။ မကြာခင်ပဲသူဗလာနယ်စွန့်ခွာခြင်းအဆင့်ကို ရောက်လိမ့်မယ်။”

တင်း!

“အပြောင်းအလဲနိမိတ်ဖတ်ကျမ်းကိုအဆ ၁၀၀,၀၀၀ မြှင့်တင်မှုအောက်တွင် တစ်နှစ်ကြာ ကျင့်ကြံခဲ့ပါတယ်။ သင်ဟာ အပြောင်းအလဲ တာအိုအခြေခံနဲ့အပြောင်း အလဲရွှေအမြူတေကိုသိပ်သည်းပြီး သင့်ရဲ့လက်ရှိကျင့်ကြံခြင်းအဆင့်ရဲ့အကန့်အ သတ်ကို ရောက်ရှိသွားပါပြီ။”

အသိပေးချက်တစ်ခု ပေါ်လာတယ်။

ဒုန်း! ဒုန်း!

ချီမင်ကအရမ်းနက်နဲတဲ့ အခြေအနေတစ်ခုထဲကို ဝင် ရောက်သွားတယ်။ သူကအပြောင်းအလဲနိမိတ်ဖတ်ကျမ်းရဲ့ လျှို့ဝှက်ချက်တွေကိုနားလည်နေသည်။ သူက ကျမ်းရဲ့ နားလည်မှုအမျိုးမျိုးနဲ့ လျှို့ဝှက်ချက်အမျိုးမျိုးကိုနားလည်သွားတယ်။

အစက…

ဘယ်သူမဆို အပြောင်းအလဲ နိမိတ်ဖတ်ကျမ်းကို ကျင့်ကြံချင်ရင်သူတို့အရင်ကကျင့်ကြံခဲ့တဲ့ကျင့်ကြံခြင်းနည်းစနစ်ကို စွန့်လွှတ်ပြီးအပြောင်းအလဲနိမိတ် ဖတ်ကျမ်းကို ပြောင်းရတယ်။

ဒါပေမယ့် ချီမင်က အဲဒီလို လုပ်စရာ မလိုဘူး။

ဘာလို့လဲဆိုတော့ချီမင်ကမဟာရွှေအမြူတေတာအိုကျမ်းကို ကျင့်ကြံတယ်။သူကတာအိုကိုကျင့်ကြံပြီး အရာအားလုံး ပါဝင်တဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ မဟာတာအိုကိုနားလည်ထားတယ်။

ချီမင်က အပြောင်းအလဲနိမိတ်ဖတ်ကျမ်းကို တိုက်ရိုက် ကျင့်ကြံနိုင်တယ်။ ဒါ့အပြင် အဲဒါက မွေးရာပါသန့်စင်တဲ့ ရွှေအမြူတေနဲ့ သဏ္ဍာန်မဲ့ရွှေအမြူတေကို မထိခိုက်ဘူး။ အဲဒီအစား သူကသူ့ရဲ့ဒန်တျန်းထဲမှာ အပြောင်းအလဲတာအိုအခြေခံနဲ့အပြောင်းအ လဲရွှေအမြူတေကို ကျင့်ကြံလိုက်တယ်။

အဲဒါက တတိယမြောက် ရွှေအမြူတေဖြစ်တာကြောင့် ပိုပြီး ခက်ခဲတယ်။ အပြောင်းအလဲနိမိတ်ဖတ်ကျမ်းကအရမ်းနက်နဲတဲ့ ကျင့်ကြံခြင်းနည်စနစ်တစ်ခုဖြစ်တယ်ဆိုတဲ့အချက်နဲ့ပေါင်းစပ်လိုက်တော့ တစ်နှစ်ကြာသွားတယ်။

အပြောင်းအလဲတာအိုက သူ့ကို ရှစ်ထောင့်တာအိုကို ကျင့်ကြံပြီးနားလည်ခွင့်ပေးတယ်။

ကောင်းကင်ရဲ့ လုပ်ဆောင်ပုံတွေကို တွက်ချက်ပြီး ပြောင်းလဲမှုတွေကို ခန့်မှန်းဖို့ သုံးနိုင်တယ်။

သိပ်မကြာလိုက်ဘဲချီမင်ကအပြောင်းအလဲ တာအိုအခြေခံနဲ့ ရွှေအမြူတေကို အောင်မြင်စွာ ကျင့်ကြံပြီးသွားတယ်။ သူ့ရဲ့ ဒန်တျန်းထဲမှာမဟာရွှေအမြူတေတာအိုကျမ်းရဲ့ထိန်းချုပ်မှုအောက်မှာ အပြောင်းအလဲတာအိုအခြေခံက သောင်းပြောင်းကြာပန်းစိမ်းဓားသိုင်းကျမ်းနဲ့ ပေါင်းစပ်သွားတယ်။

မွေးရာပါသန့်စင်တဲ့ မဟာတာအိုရွှေအမြူတေက တာအိုအခြေခံရဲ့ အလယ်မှာ လွင့်မျောနေတယ်။

သဏ္ဍာန်မဲ့ရွှေအမြူတေနဲ့ အပြောင်းအလဲရွှေအမြူတေက အဲဒါကို ဘေးနှစ်ဖက်ကဝန်းရံထားတယ်။

သူတို့က သူ့ရဲ့ လက်အောက်ခံတွေလိုပဲ လုံးဝ နာခံကြတယ်။

ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ကဘာလိုသတိ ပေးခံရပြီးသူ့ရဲ့ကိုယ်ပိုင်ဓမ္မရတနာဖြစ်တဲ့ ကောင်း ကင် လျှို့ဝှက်ချက်သံလိုက်အိမ်‌မြှောင်ကိုတောင် သုံးခဲ့တာလဲဆိုတော့ချီမင်ကအဲဒီတုန်းက အကြားအမြင်အာရုံနဲ့ ကောင်းကင်စူးစမ်းခြင်းကို သုံးခဲ့လို့ဖြစ်တယ်။ သူကကောင်းကင်ရဲ့ဆင်းသက်လာပုံနဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ မဟာတာအိုမှာ အသက်ရှင်ဖို့ အခွင့်အရေးကို မြင်ခဲ့တယ်။

ဒါကြောင့် သူက ချီမင်ကိုသူကိုယ်တိုင်သူ့ရဲ့တစ်ဦးတည်းသော ကိုယ်ပိုင်တပည့်အဖြစ်လက်ခံခဲ့တယ်။

ဒါကသူ့ရဲ့တစ်ဦးတည်းသော ကိုယ်ပိုင်တပည့်ဖြစ်တယ်။

“ရွှေအမြူတေ သုံးခု။”

ချီမင်အသက်ပြင်းပြင်းရှုပြီး သူ့ခန္ဓာကိုယ်ထဲက ရွှေအမြူတေ သုံးခုရဲ့ အခြေအနေကိုအာရုံခံလိုက်တယ်။ “ဒီကိစ္စသာ ပျံ့နှံ့သွားရင် ကမ္ဘာပေါ်က ကျင့်ကြံသူအားလုံးကို လန့်ဖျပ်သွားလိမ့်မယ်။”

“ဘာလို့လဲဆိုတော့ ဘယ်ကျင့်ကြံသူမှ ရွှေအမြူတေ သုံးခုကို ကျင့်ကြံနိုင်ခဲ့ဖူးတာ မဟုတ်ဘူး။”

“ဒါပေမယ့် ငါ အောင်မြင်သွားပြီ။”

ချီမင်သာဆန္ဒရှိရင်သူကမွေးရာပါသန့်စင်တဲ့မဟာတာအိုရွှေအမြူတေကို အဓိကသုံးပြီး ကမ္ဘာပေါ်က အမြူတေဖွဲ့စည်းခြင်းနည်းလမ်းအားလုံးကိုအ ထောက်အပံ့အနေနဲ့သုံးနိုင်တယ်။ သူကလိုချင်သ လောက်ရွှေအမြူတေတွေကိုကျင့်ကြံနိုင်တယ်။

ဒါပေမယ့်…

အဲဒီလို လုပ်စရာ မလိုဘူး။

ဘာလို့လဲဆိုတော့ ရွှေအမြူတေ ဘယ်လောက်ပဲ ကျင့်ကြံကျင့်ကြံသူကရွှေအမြူတေအဆင့်မှာပဲ ရှိနေလိမ့်မယ်။ အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်ဖို့ မလွယ်ဘူး။

တင်း!

“ရှစ်ထောင့်ယင်ယန် အံ့ဖွယ်စွမ်းအားကိုအဆ ၁၀၀,၀၀၀မြှင့်တင်မှုအောက်တွင် တစ်နှစ်ကြာ ကျင့်ကြံခဲ့ပါတယ်။ အဲဒါကလက်ခံသူရဲ့ လက်ရှိကျင့်ကြံခြင်းအဆင့်ရဲ့အကန့်အသတ်ကိုရောက်ရှိသွားပြီး အကြီးစားအောင်မြင်မှုအဆင့်ကို‌ရောက်သွားပါတယ်။”

တတိယမြောက် အသိပေးချက်တစ်ခု ပေါ်လာတယ်။

“အကြီးစားအောင်မြင်မှုအဆင့်?”

ချီမင် စဉ်းစားလိုက်တယ်။ “သိုင်းနည်းစနစ်တွေရဲ့ အဆင့်က ပြီးပြည့်စုံခြင်းမဟုတ်ရင်ကျွမ်းကျင်ခြင်းအဆင့်ဆိုပြီးမဟုတ်ဘူးလား?”

ပြီးတော့ ရှစ်ထောင့်ယင်ယန် အံ့ဖွယ်စွမ်းအားနဲ့ ပတ်သက်တဲ့ နားလည်မှုအမျိုးမျိုးကချက်ချင်း သူ့စိတ်ထဲကိုဝင်ရောက်လာတယ်။ ချီမင်ကအိပ်စက်ခြင်း ဒါမှမဟုတ် အနားယူခြင်းမရှိဘဲအချိန်အတော်ကြာ ကျင့်ကြံခဲ့တဲ့ပုံစံမျိုးနဲ့ နောက်ထပ်အရမ်းကိုနက်နဲတဲ့ အခြေအနေတစ်ခုထဲကို ပြန်ဝင်သွားတယ်။

“ငါသိပြီ။”

ချီမင် နားလည်သွားတယ်။ “ရှစ်ထောင့်ယင်ယန် အံ့ဖွယ်စွမ်းအားကသိုင်းနည်းစနစ်တစ်ခု မဟုတ်ဘူး၊ အသေးစားအံ့ဖွယ်စွမ်းအားတစ်ခုပဲ။ အရင်က ငါ ကျင့်ကြံခဲ့တဲ့ ဓားထိန်းချုပ်ရေးနည်းစနစ်နဲ့ဓားချီပိုင်းဖြတ်ခြင်းအားလုံးကအခြေခံအဆင့်သိုင်းနည်းစနစ်တွေပဲ။ သူတို့ရဲ့ အင်အားက သာမန်ပဲ။ မတူညီတဲ့ကျင့်ကြံခြင်းအဆင့်အမျိုးမျိုးအတွက်သင့်‌ တော်ပြီးနည်းစနစ်တွေကိုကျွမ်းကျင်နိုင်တယ်။”

“ကျင့်ကြံခြင်းသိုင်းနည်းစနစ်တွေရဲ့အဆင့်ကိုအစပြုသူအဆင့်၊ကျွမ်းကျင်အဆင့်၊ထူးချွန်အဆင့်နဲ့ ပြီးပြည့်စုံခြင်းအဆင့်ဆိုပြီးခွဲခြားထားတယ်။ ဒါပေမယ့် ရှစ်ထောင့်ယင်ယန်အံ့ဖွယ်စွမ်းအားကအသေးစားအံ့ဖွယ်စွမ်းအားတစ်ခုပဲ။ အဲဒါကို အစပြုခြင်း၊ အသေးစားအောင်မြင်ခြင်း၊ အကြီးစားအောင်မြင်ခြင်း၊ ပြီးပြည့်စုံခြင်းနဲ့ နက်နဲခြင်းလို့ ခွဲခြားထားတယ်။ အဲဒါကသိုင်းနည်းစနစ်တွေထက် အဆင့်တစ်ခုပိုမြင့်တယ်။”

“အခုတော့ ငါ အမြူတေဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့်မှာ ရှိနေတယ်။ ငါ ရှစ်ထောင့်ယင်ယန် အံ့ဖွယ်စွမ်းအားကို ဒီအဆင့်အထိပဲ ကျင့်ကြံနိုင်တယ်။”

“ရှစ်ထောင့်ယင်ယန်။”

ချီမင် ညာလက်ကို ဝှေ့ယမ်းပြီး သူ့ရဲ့ ဓမ္မစွမ်းအားတွေကို လှုံ့ဆော်လိုက်တယ်။ ချက်ချင်းပဲသူ့ရှေ့ကလေထဲမှာချက်ချင်းပဲရှစ်ထောင့်ယင်ယန်အပြားတစ်ခု ပေါ်လာတယ်။ ကောင်းကင်လျှို့ဝှက်ချက်တွေရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေစီးဆင်းနေတယ်။

ချီမင်က ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရဲ့ လျှို့ဝှက်နက်နဲ့နည်းစနစ်အံ့ဖွယ်စွမ်းအား နှစ်ခုကို ပေါင်းစပ်လိုက်ရင် ရှစ်ထောင့်ယင်ယန် အံ့ဖွယ်စွမ်းအားရဲ့အင်အားကပိုပြီးတောင်မယုံနိုင်လောက်တဲ့ အဆင့်ကို ရောက်သွားလိမ့်မယ်။

“မဆိုးဘူး မဆိုးဘူး။”

ချီမင် အရမ်း ကျေနပ်သွားတယ်။

တင်း!

“သန့်စင်ခြင်းသုံးပါး တာအိုကျမ်းကိုအဆ ၁၀၀,၀၀၀ မြှင့်တင်မှုအောက်တွင်တစ်နှစ်ကြာကျင့်ကြံခဲ့ပါတယ်။ သင်တာအိုကျမ်းရဲ့ နက်နဲမှုနဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ မဟာတာအိုကို နားလည်သဘောပေါက်ခဲ့ပါတယ်။ သင်သန့်စင်ခြင်းသုံးပါး တာအိုကျမ်းရဲ့ အစပြုသူအဆင့်ကို အောင်မြင်စွာ ရောက်ရှိသွားပါပြီ။”

နောက်ထပ် အသိပေးချက်တစ်ခု ပေါ်လာတယ်။

“တစ်နှစ်ကြာသွားပြီ။”

ချီမင်အသက်ပြင်းပြင်းရှုပြီး သူ့နှလုံးသားထဲမှာ ညည်းညူလိုက်တယ်။ “ဒီလောက် အချိန်အများကြီး သုံးပြီးမှ နောက်ဆုံးတော့ သန့်စင်ခြင်းသုံးပါး တာအိုကျမ်းရဲ့အစပြုသူအဆင့်ကို ရောက်သွားတယ်။ မလွယ်ဘူး။”

တစ်နှစ်အတွင်းအဆ၁၀၀,၀၀၀မြှင့်တင်မှုနဲ့ညီတဲ့ကျင့်ကြံခြင်းကသန့်စင်ခြင်းသုံးပါး တာအိုကျမ်းကို နှစ်ပေါင်း ၁၀၀,၀၀၀ တိတိ နားလည်သဘောပေါက်ခြင်းနဲ့ ညီမျှတယ်။

အဲဒီလောက် ကြာတဲ့အချိန်ကတော်တော်လေး လွန်တယ်။

တကယ်တော့လက်တွေ့မှာ တစ်နှစ်ပဲ ကုန်လွန်သွားတယ်။

သူ နှစ်ပေါင်း ၁၀၀,၀၀၀ တောင် အသက်ရှင်နိုင်မလားဆိုတာ မသေချာဘူး။

ဝက်တစ်ကောင်၊ ခွေးတစ်ကောင် ဒါမှမဟုတ် ပုရွက်ဆိတ်တစ်ကောင်တောင် နှစ်ပေါင်း ၁၀၀,၀၀၀ တိတိ ကြာပြီးရင် အောင်မြင်မှု အဆင့်တစ်ခုကို ရောက်သင့်တယ်။

ဒါပေမယ့် တကယ်တော့ ဒါက မဖြစ်နိုင်ဘူး။

ကျင့်ကြံသူတစ်ယောက်ရဲ့ အရည်အချင်း မလုံလောက်ရင် ကျင့်ကြံခြင်းအတားအဆီးကိုကြုံရလိမ့်မယ်။ အခွင့်အရေး မရောက်ခင်အတားအဆီးကိုကျော်လွှားဖို့ အရမ်းခက်ခဲတယ်။အတားအဆီးကို ကျော်လွှားနိုင်မှ သူ့ရဲ့အဆင့်က တိုးတက်နိုင်မယ်။ အဲဒီလို မကျော်လွှားနိုင်ရင် သူ့ရဲ့ သက်တမ်း မလုံလောက်တော့ဘဲ နောက်ဆုံးမှာ အိုမင်းသွားပြီး သေဆုံးသွားကာ သူ့ရဲ့အသက်စွမ်းအင်ကလည်းကမ္ဘာကြီးကို ပြန်ရောက်သွားလိမ့်မယ်။

ဒါကြောင့်…

ဝက်တစ်ကောင်ကနှစ်ပေါင်းတစ်သိန်းကြာရင်နား လည်သဘောပေါက်တယ်ဆိုတာမျိုး မရှိဘူး။

ကြီးမားတဲ့ အခွင့်အရေးတစ်ခု မရရင် အိုမင်းသွားပြီး သေဆုံးသွားလိမ့်မယ်။

ချီမင်တစ်ယောက်တည်းပဲအလိုအလျောက်ကျင့်ကြံခြင်းစနစ် ရှိပြီး အဲဒီလို အခွင့်အရေးမျိုးရတယ်။ သူက သာမန်လူသားတစ်ယောက်အနေနဲ့ သန့်စင်ခြင်းသုံးပါး တာအိုကျမ်းကို အဲဒီလောက်ကြာမှ အတင်းအကျပ် နားလည်သဘောပေါက်နိုင်တယ်။

ဒါက သူ့အတွက် ထူးခြားတယ်။

အခုအချိန်မှာ ချီမင်က အရမ်းနက်နဲတဲ့ အခြေအနေတစ်ခုထဲကိုဝင်ရောက်သွားတယ်။အခြေအနေက အရင်တုန်းအခြေအနေထက် သာလွန်ပြီး သန့်စင်ခြင်းသုံးပါး တာအိုကျမ်းရဲ့ အမျိုးမျိုးသော နားလည်မှုတွေကသူ့စိတ်ထဲကို စီးဝင်လာတယ်။

သူစစ်မှန်မှုတစ်ခုခုကို နားလည်သွားပုံရတယ်။

အရင်က အမျိုးမျိုးသောလျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ရှုပ်ထွေးမှုတွေ အားလုံးကဖြေရှင်းသွားတယ်။

All Chapters