ဆယ်နှစ်ကြာပြီးနောက်
Vol. 9 Ch. 132
ချီမင်က သန့်စင်ခြင်းသုံးပါးတာအိုကျမ်း ကို တော်တော်လေး နားလည်သဘောပေါက်နေပြီ။ သူက ကျမ်းထဲက နားလည်ရခက်တဲ့ စာသားတွေနဲ့ နက်နဲမှုတချို့ကို သိနေပြီဆိုတော့ သန့်စင်ခြင်းသုံးပါးတာအိုကျမ်းက မကြုံစဖူး ထူးခြားတဲ့ အခြေတည်ဝိညာဉ် ဖွဲ့စည်းခြင်း နည်းလမ်းတစ်ခုဆိုတာကို သူ သဘောပေါက်လာတယ်။
သန့်စင်ခြင်းသုံးပါးတာအိုကျမ်းက ဘယ်ကနေ ဘယ်လို ရောက်လာသလဲဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ ဘယ်ကလာမှန်း လုံးဝ မသိရဘူး။ အမည်မသိတဲ့စွမ်းအားကြီးဖြစ်တည်မှုတစ်ခုကဖန်တီးခဲ့တာလား၊ ဒါမှမဟုတ် ကောင်းကင်နဲ့ မြေကြီးက မွေးထုတ်ပေးလိုက်တဲ့ တာအိုကျမ်းတစ်ခုလား။
ဒါတွေအားလုံးက ချီမင်ရဲ့ ခန့်မှန်းချက်တွေပါပဲ။
ဘာပဲဖြစ်ဖြစ်၊ ချီမင်က သန့်စင်ခြင်းသုံးပါးတာအိုကျမ်းရဲ့အစပြုသူအဆင့်ကိုရောက်နေပြီ။ နောက်ကိုလည်းသူက သန့်စင်ခြင်းသုံးပါးတာအိုကျမ်းကိုပဲ ဆက်ပြီး ကျင့်ကြံရမယ်။သူက သန့်စင်ခြင်းသုံးပါးတာအိုကျမ်းရဲ့ နက်နဲမှုတွေနဲ့ သူ့မှာရှိတဲ့ မွေးရာပါ သန့်စင်တဲ့ မဟာတာအို ရွှေအမြူတေကိုအသုံးပြုလိုက်တယ်။
သူ့ရဲ့ ရွှေအမြူတေကို အခြေတည်ဝိညာဉ် ဖြစ်အောင် ချိုးဖျက်ပစ်ရမယ်။
အဲ့ဒီအချိန်ကျရင် သူက အခြေတည်ဝိညာဉ် အဆင့်ကို ရောက်ပြီလို့သတ်မှတ်လို့ရပြီ။
ခဏကြာတော့ ချီမင် နိုးလာတယ်။
“သန့်စင်ခြင်းသုံးပါးတာအိုကျမ်း…” ချီမင်က တိုးတိုးလေး ရေရွတ်လိုက်တယ်။ သူ့မျက်လုံးတွေက နားလည်မှုတွေနဲ့ တောက်ပနေတယ်။ “တာအိုက တစ်ကိုမွေးဖွားတယ်၊ တစ်က နှစ်ကိုမွေးဖွားတယ်၊ နှစ်က သုံးကိုမွေးဖွားတယ်၊ သုံးက အရာအားလုံးကို မွေးဖွားတယ်… ဒါက လူတိုင်းသိတဲ့ မဟာတာအိုအမှန်တရားပဲ။”
“ဒါပေမဲ့…”
“သိတာနဲ့ နားလည်တာက မတူဘူး။”
“ဒါက ဘာနဲ့တူသလဲဆိုတော့…”
“တစ်အပေါင်းတစ်က နှစ်ဆိုတာ မင်းသိတယ်။ ဒါပေမဲ့ ဘာလို့ တစ်အပေါင်းတစ်က နှစ်ဖြစ်ရတာလဲလို့ ရှင်းပြဖို့ကျတော့ အရမ်းခက်တယ်။ အဲ့ဒီလိုရိုးရှင်းတဲ့အဖြေကို သက်သေပြဖို့ဆိုတာ တော်တော် ခက်ခဲတယ်။”
“အဲ့ဒါ အကြောင်းပြချက်ပဲ။”
သူ့ခန္ဓာကိုယ်ထဲမှာ၊ ‘မွေးရာပါ သန့်စင်တဲ့ မဟာတာအို ရွှေအမြူတေ’ ကမဟာတာအိုရဲ့စစ်မှန် ရည်ရွယ်ချက်တွေနဲ့အတူ စီးဆင်းနေတယ်။ သန့်စင်ခြင်းသုံးပါးတာအိုကျမ်းထဲမှာ ပါတဲ့ လျှို့ဝှက်နက်နဲနည်းစနစ်နဲ့ တာအိုအသိအမြင်တွေကလည်းမွေးရာပါ သန့်စင်တဲ့မဟာတာအိုရွှေအမြူတေကိုတဖြည်းဖြည်းသက်ရောက်နေတယ်။
မရေမရာပြောရရင်၊မွေးရာပါ သန့်စင်တဲ့ မဟာတာအို ရွှေအမြူတေရဲ့ပတ်လည်မှာ ဖျော့တော့ပြီးနူးညံတဲ့ပုံရိပ် သုံးခုက မှိန်ဖျော့ဖျော့ပေါ်နေတယ်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ အချိန်တွေက ထပ်ပြီး ကုန်လွန်သွားပြန်တယ်။ နွေဦးတွေကုန်ဆုံးပြီးဆောင်းဦးတွေ ရောက်လာတယ်။
မသိလိုက် မသိဘာသာနဲ့ပဲ ဆယ်နှစ်တောင် ကြာသွားပြီ။
သာမန်လူတစ်ယောက်အတွက်တော့ ဆယ်နှစ်ဆိုတာ တော်တော် ကြာတယ်လို့ ထင်ရတယ်။ ဒါပေမဲ့ကျင့် ကြံခြင်းအဆင့်ချိုးဖြတ်နေတဲ့ကျင့်ကြံသူတစ်ယောက်အတွက်တော့ဒါကမျက်စိတစ်မှိတ်လျှပ်တစ် ပြက်စာလေးဖြစ်တယ်။
သူတို့ တံခါးပိတ်ကျင့်ကြံလိုက်တာနဲ့ လူ့လောကမှာ နှစ်တစ်ရာတောင် ကြာသွားနိုင်တယ်။
ဒီဆယ်နှစ်အတွင်းမှာအပြင်လောကမှာအဖြစ် အပျက်တွေ အများကြီး ဖြစ်ခဲ့ပေမဲ့ ကြီးကြီးမားမားတော့ ဘာမှ မဖြစ်ခဲ့ဘူး။ ပြီးတော့ ချီမင်ကလည်း ဒါတွေကို လုံးဝ ဂရုမစိုက်ဘဲ ‘ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်’ မှာပဲ အာရုံစိုက်ပြီး ကျင့်ကြံနေခဲ့တယ်။ ဒါကြောင့် သူက အပြင်လောက အကြောင်းကို ပိုပြီးတော့တောင် ဘာမှ မသိဘူး။
ယွမ်ဖုန်း က လွန်ခဲ့တဲ့ တစ်နှစ်ကတည်းကအဆင့်ကိုး ရွှေအမြူတေအဆင့်ကိုသိပ်သည်းပြီးသွားပြီ။ သူက ‘တိမ်စိမ်းတောင်ထွတ်’ရဲ့ အမွေခံ တပည့်တွေရဲ့ စစ်ဆေးမှုကိုတောင် အောင်မြင်ပြီး အမွေခံ တပည့်တစ်ယောက်တောင် ဖြစ်နေပြီ။
ဒါကတော့ တကယ်ကို ပျော်စရာ သတင်းကောင်းတစ်ခုဖြစ်တယ်။
ဒါ့အပြင်…
လွန်ခဲ့တဲ့ သုံးနှစ်တုန်းက ကောင်းကင်ချိတ်ဆက်တောင်ထွတ် ရဲ့ လက်အောက်ခံနဂါးစိမ်းအင်ပါယာမှာ နတ်ဆိုးကပ်ဘေးအန္တရာယ်တစ်ခု ဖြစ်ခဲ့တယ်။ ဒီနတ်ဆိုးကပ်ဘေးက ‘အသင်္ချေနတ်ဆိုးဂူ’ က တမင်တကာ လှုံ့ဆော်ခဲ့တာဖြစ်တယ်။ တကယ်တော့ အဲ့ဒီနောက်ကွယ်မှာ နောက်ထပ် လျှို့ဝှက်ချက်တစ်ခု ရှိသေးတယ်။
ဒီကိစ္စကြောင့် ‘ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်း’ နဲ့ ‘အသင်္ချေနတ်ဆိုးဂူ’ တို့ကြားမှာ ပဋိပက္ခလေးတစ်ခု ဖြစ်သွားတယ်။
လူအများကြီး သေကြေဒဏ်ရာရခဲ့ကြတယ်။
တခြားကိစ္စတွေကတော့ အားလုံး အဆင်ပြေတယ်။
တင်း!
“သန့်စင်ခြင်းသုံးပါးတာအိုကျမ်းကို အဆ ၁၀၀၀၀၀၀မြှင့်တင်မှုအောက်မှာ ဆယ်နှစ်ကြာ ကျင့်ကြံခဲ့ပါတယ်။ဂုဏ်ယူပါတယ် လက်ခံသူ သင်ဟာ သန့်စင်ခြင်းသုံးပါးတာအိုကျမ်းကို အောင်မြင်စွာ သင်ယူပြီးပါပြီ။ သင်ဟာ မဟာတာအိုရဲ့ စစ်မှန်ရည်ရွယ်ချက်၊ တာအိုရဲ့ နက်နဲမှုနဲ့ သန့်စင်ခြင်းသုံးပါးရဲ့စစ်မှန်ရည်ရွယ်ချက်ကို နားလည်သဘောပေါက်သွားပါပြီ။ သင့်ရဲ့ ရွှေအမြူတေဟာ အခြေတည်ဝိညာဉ် အဖြစ် ကွဲအက်သွားပြီးသန့်စင်ခြင်းသုံးပါးတာအို အခြေတည်ဝိညာဉ်ကို တည်ဆောက်နိုင်ပါပြီ။သင့်ရဲ့ ကျင့်ကြံမှုအဆင့်ဟာ အခြေတည်ဝိညာဉ် အစောပိုင်းအဆင့်ကို တက်လှမ်းသွားပါပြီ။”
အသိပေးချက်တစ်ခု ပေါ်လာတယ်။
“ဆယ်နှစ်တောင် ကြာသွားပြီကိုး။”
ချီမင်က သက်ပြင်းတစ်ချက်ချလိုက်ပြီး သူ့မျက်နှာပေါ်မှာ အပြုံးတစ်ခု ပေါ်လာတယ်။ “ငါ ဂိုဏ်းထဲဝင်တာ တစ်နှစ်၊ အခြေတည်ဝိညာဉ် အဆင့်ရောက်ဖို့ ဆယ်နှစ်ဆိုတော့။ ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်မှာ အလိုအလျောက်ကျင့်ကြံခြင်း လုပ်နေတာ ဆယ်နှစ်ကျော်ပြီ၊ နောက်ဆုံးတော့ အဆင့်တက်ပြီ။”
ဒီစကားကို ပြောပြီးတာနဲ့ ချီမင်က တင်ပလ္လင်ခွေ ထိုင်ချလိုက်တယ်။ သူကနှိုင်းယှဉ်လို့မရလောက်အောင် နက်နဲတဲ့ အခြေအနေတစ်ခုထဲကို ရောက်သွားတယ်။ နားလည်မှု အမျိုးမျိုးက သူ့စိတ်ထဲကို တိုးဝင်လာတယ်။ သန့်စင်ခြင်းသုံးပါးတာအိုကျမ်းရဲ့ လျှို့ဝှက်နက်နဲမှုတွေက တစ်ခုပြီးတစ်ခု ပေါ်လွင်လာတယ်။
ဆယ်နှစ်အတွင်းမှာ အဆတစ်သိန်း အရှိန်မြှင့်ပြီး ကျင့်ကြံခဲ့တာဆိုတော့ သန့်စင်ခြင်းသုံးပါးတာအိုကျမ်းကို နှစ်တစ်သန်းလောက် နားလည်အောင် ကြိုးစားခဲ့တာနဲ့တူတယ်။ သာမန်အတိုင်း ကျင့်ကြံရင်တော့ ဒါက အင်မော်တယ်တစ်ပါး ဖြစ်ဖို့တောင် လုံလောက်တယ်။
ဒါပေမဲ့ တကယ်တမ်းကျအဲ့လိုမဟုတ်ဘူး။
အရင်က ပြောခဲ့သလိုပဲ၊ ကျင့်ကြံမှု အဆင့်တိုင်းမှာ ‘အတားအဆီးဆိုတာ ရှိတယ်။ အဲ့ဒီအတားအဆီးကို မကျော်ဖြတ်နိုင်ရင် ဘယ်တော့မှ အဆင့်တက်နိုင်မှာ မဟုတ်ဘူး။ နောက်ဆုံးတော့ သက်တမ်းကုန်လို့ သေဆုံးသွားရုံပဲရှိတယ်။
အဲ့ဒီလောက် အကြာကြီး ကျင့်ကြံဖို့ဆိုတာ မဖြစ်နိုင်ဘူး။
အတားအဆီးတစ်ခုကို ကျော်ဖြတ်တိုင်းမှာ အချိန်တင်မကဘဲ သက်ဆိုင်ရာ အခွင့်အရေးတွေလည်း လိုအပ်တယ်။
အချိန်နဲ့ပဲ တည်ဆောက်မယ်ဆိုရင် တဖြည်းဖြည်း ကြိတ်မှိတ်ကြိုးစားပြီးအချိန်အကြာကြီး လိုလိမ့်မယ်။
ခရက်! ခရက်!
သူ့ရဲ့ ဒန်တျန်း ထဲမှာ ချီမင်ရဲ့ မွေးရာပါ သန့်စင်တဲ့ မဟာတာအို ရွှေအမြူတေ ပေါ်မှာ အက်ကြောင်း ၂၄ ခု ပေါ်လာတယ်။ အက်ကြောင်းတိုင်းက ရွှေအမြူတေပေါ်မှာ ထွင်းထားတဲ့ မဟာတာအို အမှတ်အသားတွေနဲ့ ကိုက်ညီနေတယ်။
ဖြည်းဖြည်းချင်း ကွဲအက်လာတယ်။
၂၄ လွှာရှိတဲ့ ပန်းပွင့်ရဲ့ပွင့်ဖတ်လေးနဲ့တူတယ်။
ချက်ချင်းပဲ ချီမင် နားလည်သဘောပေါက်သွားတဲ့ မဟာတာအိုစစ်မှန်ရည်ရွယ်ချက်၊ ကောင်းကင်နဲ့မြေကြီးရဲ့ မဟာတာအို၊ သန့်စင်ခြင်းသုံးပါးရဲ့ တာအိုအသိအမြင်နဲ့ နားလည်မှု အမျိုးမျိုးက မမြင်ရတဲ့ လေစီးကြောင်းတွေလိုပဲ ကွဲအက်နေတဲ့မွေးရာပါ သန့်စင်တဲ့ မဟာတာအို ရွှေအမြူတေဆီကို စုဝေးလာကြတယ်။
အချိန်တွေ ကုန်လွန်သွားတယ်။
မကြာခင်မှာပဲ မွေးရာပါ သန့်စင်တဲ့ မဟာတာအို ရွှေအမြူတေက လုံးဝ ကွဲကြေသွားတယ်။ မဟာတာအို ရွှေအမြူတေရဲ့ စွမ်းအားတွေက ချီမင်နဲ့ ပေါင်းစပ်ပြီး အခြေတည်ဝိညာဉ် သုံးခုအဖြစ် ပြောင်းလဲသွားတယ်။
သူတို့က တင်ပလ္လင်ခွေထိုင်ပြီး မျက်လုံးတွေကို မှိတ်ထားကြတယ်။
သူတို့က ဆယ့်နှစ်လွှာရှိတဲ့ သောင်းပြောင်းကြာစိမ်းပပေါ်မှာ အတူတူ ထိုင်နေကြတယ်။
ဒါကို သန့်စင်ခြင်းသုံးပါး အခြေတည်ဝိညာဉ်လို့ ခေါ်တယ်။
ညာကနေ ဘယ်ကိုကြည့်ရင်သန့်စင်ကျောက်စိမ်းအခြေတည်ဝိညာဉ်၊အထွတ်ထိပ်အသန့်စင်အခြေ တည်ဝိညာဉ် နဲ့ မဟာသန့်စင် အခြေတည်ဝိညာဉ် တို့ ဖြစ်ကြတယ်။
အခြေတည်ဝိညာဉ် သုံးခု ဖြစ်ပေါ်လာပေမဲ့ သူတို့က တစ်ခုနဲ့တစ်ခု ဆက်စပ်ပြီး ပဲ့တင်ထပ်နေကြတယ်။ သန့်စင်ခြင်းသုံးပါး အခြေတည်ဝိညာဉ်တွေက မူလက တစ်ခုတည်းပဲ။ ချီမင်ရဲ့မွေးရာပါ သန့်စင်တဲ့ မဟာတာအို ရွှေအမြူတေနဲ့ သန့်စင်ခြင်းသုံးပါးတာအိုကျမ်းကနေ ဆင့်ကဲပြောင်းလဲလာတာဖြစ်တယ်။
ဒါ့အပြင်…
ဒါက ‘တာအိုက တစ်ကိုမွေးဖွား၊ တစ်က နှစ်ကိုမွေးဖွား၊ နှစ်က သုံးကိုမွေးဖွား၊ သုံးက အရာအားလုံးကို မွေးဖွားတယ်’ ဆိုတဲ့ အမှန်တရားရဲ့ အဓိပ္ပာယ်နဲ့လည်း ကိုက်ညီနေတယ်။
“သိပ်သည်း!” ချီမင်က အော်လိုက်တယ်။
သူ့ရဲ့ ဒန်တျန်းထဲမှာ သန့်စင်ခြင်းသုံးပါး အခြေတည်ဝိညာဉ်က လင်းလက်လာပြီး အရမ်းကြောက်စရာကောင်းတဲ့ တွင်းနက် တစ်ခုအဖြစ် ပြောင်းသွားတယ်။ ပတ်ဝန်းကျင်ကဓမ္မစွမ်းအင် တွေနဲ့ ဝိညာဉ်စွမ်းအင် တွေအားလုံးကို စုပ်ယူလိုက်ပြီးတော့မှ ပုံရိပ်လိုဖြစ်နေတဲ့ အခြေတည်ဝိညာဉ်က တဖြည်းဖြည်း အစစ်အမှန် ဖြစ်လာတယ်။
ချီမင်ရဲ့ ဒန်တျန်းထဲက ဓမ္မစွမ်းအင်တွေချည်းနဲ့ သန့်စင်ခြင်းသုံးပါး အခြေတည်ဝိညာဉ်ကိုသိပ်သည်းစေဖို့ မလုံလောက်ဘူး။ တကယ်တော့ သန့်စင်ခြင်းသုံးပါး အခြေတည်ဝိညာဉ်က ဓမ္မစွမ်းအင်တွေ အားလုံးကို စုပ်ယူပြီးသွားတဲ့ အခါမှာတောင် ၁% တောင် မပြည့်သေးဘူး။
“သန့်စင်!”
စိတ်ကူးလိုက်တာနဲ့ ချီမင်က သူ့ရဲ့ပစ္စည်းစာရင်းကို ချက်ချင်းဖွင့်ပြီး သဘာဝရတနာတွေနဲ့ ဝိညာဉ်ဆေးလုံး အမျိုးမျိုးကို ထုတ်ယူလိုက်တယ်။
“သန့်စင်ခြင်းသုံးပါး အင်မော်တယ်အလင်း။”
ရှပ်!
ချီမင်က သူ့ရဲ့ ညာလက်ကို ဝှေ့ယမ်းလိုက်တယ်။ သူ့လက်ဖဝါးထဲမှာသောင်းပြောင်းမှုတွေကဝေဝါးနေတဲ့ မြူခိုးတွေလို ပေါ်လာတယ်။ ပြီးတော့ သဘာဝရတနာတွေနဲ့ ဝိညာဉ်ဆေးပင်တွေ အားလုံးကို ဖုံးလွှမ်းသွားတယ်။
အဲ့ဒီထဲမှာ နှစ်တစ်သောင်းသက်တမ်းရှိတဲ့ အခြေတည်ဝိညာဉ် ဝိညာဉ်၊ ကောင်းကင်နဲ့မြေကြီး တာအိုကြာပန်းရဲ့ ကြာစေ့၊အခြေခံတည်ဆောက်ခြင်းဆေးလုံး’၊ ‘တာအိုပုံဖော်ခြင်းဆေးလုံး’၊ ‘အခြေတည်ဝိညာဉ် ဆေးလုံး’… စတာတွေ ပါဝင်တယ်။
ဒီနှစ်တွေအတွင်းမှာ ချီမင်ကဂိမ်းမြေအောက်စခန်းမှာ ရန်သူပေါင်းများစွာကို သတ်ပြီး ရခဲ့တဲ့ ပစ္စည်းကောင်းတွေကိုသန့်စင်လိုက်တယ်။
ဒီရတနာတွေနဲ့ ဝိညာဉ်ဆေးပင်တွေ အားလုံးကို အသန့်စင်ဆုံး ‘အနှစ်သာရ စွမ်းအင်’ အဖြစ် သန့်စင်လိုက်တယ်။
ပြီးတော့ သန့်စင်ခြင်းသုံးပါး အခြေတည်ဝိညာဉ်က အားလုံးကိုဝါးမျိုပြီးတဖြည်းဖြည်းသိပ်သည်းလာတယ်။
ဒါတင်မကဘူး။ ချီမင်ရဲ့အဆင့်ချိုးဖြတ်မှုက တဖြည်းဖြည်းနဲ့ ကြီးမားတဲ့ထူးခြားဖြစ်စဥ်တစ်ခုကို ဖြစ်ပေါ်စေတယ်။ ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်ရဲ့ အပေါ်က ကောင်းကင်မှာ အစပိုင်းမှာတော့ အလတ်အလတ်အဆင့်ဝိညာဉ်စွမ်းအင်ဝဲဂယက် တစ်ခုပေါ်လာတယ်။
ဒါက ချီမင်က ပတ်ဝန်းကျင်က ကြီးမားတဲ့ ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူနေလို့ဖြစ်လာတာဖြစ်တယ်။
ဘဇ်! ဘဇ်!!
အစပိုင်းမှာတော့ ဒီဝိညာဉ်စွမ်းအင် ဝဲဂယက်က သိပ်မကြီးဘူး။ မီတာတစ်ရာလောက်ပဲ ရှိတယ်။ ဒါက ကောင်းကင်လျှို့ဝှက်ချက်အိမ်တော် ပတ်ဝန်းကျင်က ဝိညာဉ်စွမ်းအင်တွေကိုပဲ လှုပ်ခတ်စေလိုက်တယ်။
“ဟမ်?”
ရှန်ကွမ်းဝမ်ကောကခေါင်းမော့ပြီး အပေါ်က ဝိညာဉ်စွမ်းအင် ဝဲဂယက်ကို ကြည့်လိုက်တယ်။ သူက စဉ်းစားပြီး ပြောလိုက်တယ်၊ “ကောင်းကင်နဲ့မြေကြီးရဲ့ ဝိညာဉ်စွမ်းအင်တွေ စုစည်းပြီး ဝိညာဉ်တိမ်တိုက် ဝဲဂယက် ဖြစ်လာတယ်။ ချီမင် အဆင့်ချိုးဖြတ်နေတာလား?”
“သူကျင့်ကြံနေတာ ဆယ်နှစ်ကျော်ပြီ။”
“နောက်ဆုံးတော့ အခြေတည်ဝိညာဉ် အဆင့်ကို တက်တော့မှာလား?”
“ဒီ ဝိညာဉ်စွမ်းအင် ဝဲဂယက်ရဲ့ ထူးခြားမှုက သိပ်မကြီးကျယ်ဘူး။ သာမန်ပါရမီရှင်တစ်ယောက် အဆင့်လောက်ပဲ ရှိတယ်။ ဒီအတိုင်းသာဆိုရင် ဟိုအဘိုးကြီး၊ကောင်းကင်လျှို့ဝှက်ချက်က သူ့ရဲ့ ကိုယ်ပိုင်တပည့်အသစ်ကို အထင်မှားသွားပြီပဲ။”
တစ်မိနစ်ကြာတော့ ကောင်းကင်လျှို့ဝှက်ချက်အိမ်တော် အပေါ်က ဝိညာဉ်စွမ်းအင် ဝဲဂယက်က စပြီး ကျယ်လာတယ်။ အချင်းက မီတာ ၁၀၀ ကနေ မီတာ ၂၀၀ ဖြစ်လာတယ်။ ပြီးတော့ မိနစ်တိုင်းမှာ အချင်းက နှစ်ဆ တိုးလာတယ်။
“ဒါ…”
ရှန်ကွမ်းဝမ်ကော နည်းနည်း အံ့သြသွားတယ်။ “ဝိညာဉ်စွမ်းအင် ဝဲဂယက်က ကျယ်လာပါလား။”
အချိန်တွေ ကုန်လွန်သွားတယ်။
မကြာခင်မှာပဲ ချီမင်ရဲ့ အဆင့်ချိုးဖြတ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဝိညာဉ်စွမ်းအင် ဝဲဂယက်က ဆယ်ကီလိုမီတာ အကျယ်အဝန်းအထိ ရောက်သွားပြီ။ ဒီအဆင့်က အရမ်းကို ကြီးကျယ်လွန်းပြီးဖန်ကျန်း အင်မော်တယ်တောင်တစ်ခုလုံးကိုတောင် သက်ရောက်နေပြီ။
ဒါကြောင့် ဖန်ကျန်း အင်မော်တယ်တောင်ရဲ့ ကောင်းကင်နဲ့မြေကြီး ဝိညာဉ်စွမ်းအင် အများစုက ချီမင်ဆီကို စုဝေးလာကြတယ်။
ပိုပြီး ကြောက်စရာကောင်းတာက ဝိညာဉ်စွမ်းအင် ဝဲဂယက်က ဆက်ပြီး ကျယ်နေတုန်းပဲ။
ဘယ်တော့မှမရပ်တော့မယ့်ပုံစံအတိုင်းဖြစ်နေတယ်။
“ဒါ… ဒါ…”
ရှန်ကွမ်းဝမ်ကောရဲ့ မျက်လုံးတွေက ချက်ချင်း ပြူးကျယ်သွားတယ်။ သူကခြံဝင်းအပြင်ဘက်မှာ ရပ်ပြီး ကောင်းကင်ကို ဖုံးလွှမ်းနေတဲ့ ဝိညာဉ်စွမ်းအင် ဝဲဂယက်ကို ခေါင်းမော့ပြီး စိုက်ကြည့်နေတယ်။ သူက လုံးဝ အံ့အားသင့်ပြီး ကြက်သေသေသွားတယ်။
“သူ… သူက… တကယ်ပဲ အခြေတည်ဝိညာဉ် အဆင့်ကို တက်နေတာလား?”
ရှန်ကွမ်းဝမ်ကောရဲ့ အသံက တုန်ယင်နေပြီး ပြောလိုက်တယ်၊ “သူက အခြေတည်ဝိညာဉ် အဆင့်ကိုပဲ တက်နေတာဆိုရင် ဒီလောက် ကြီးမားတဲ့ လှုပ်ခတ်မှုကို ဘယ်လိုလုပ် ဖြစ်စေနိုင်မှာလဲ? ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ!!”
“အရမ်း ကြောက်စရာကောင်းတယ်။” ရှန်ကွမ်းဝမ် ကောက အသက်ရှူမှားသွားတယ်။
“ဝိညာဉ်စွမ်းအင် ဝဲဂယက်ပဲ။”
“ဘယ်သူ အဆင့်တက်နေတာလဲ?”
“ဘာလို့ သူကကောင်းကင် ဂူကောင်းချီးမြေမှာ အဆင့်မတက်ဘဲ ဒီလောက် ကြီးမားတဲ့ လှုပ်ခတ်မှုကို ဖြစ်စေရတာလဲ? ဝိညာဉ်ဖွဲ့တည်ခြင်းအဆင့် အထွတ်အထိပ် ရောက်နေတဲ့ ဘယ်စီနီယာအစ်ကိုက တာအိုပေါင်းစည်းခြင်းအဆင့်ကိုချိုးဖြတ်နေတာလဲ?”
“အရမ်း ကြောက်စရာကောင်းတာပဲ။”
“ဒီ ထူးခြားဖြစ်စဥ်က ဖန်ကျန်း အင်မော်တယ်တောင်ကိုပဲ သက်ရောက်နေတာ မဟုတ်တော့ဘူး။ ဘေးနားကပန်လိုင် အင်မော်တယ်တောင်နဲ့ ယင်းကျိုး အင်မော်တယ်တောင် တွေတောင် သက်ရောက်နေပြီ။”
“အရမ်း တုန်လှုပ်စရာကောင်းတယ်။”
‘ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်’ မှာ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့အဖွဲခွဲအသီးသီးက အမွေခံ တပည့်တွေအားလုံး တုန်လှုပ်သွားကြတယ်။ တံခါးပိတ်ကျင့်ကြံနေတဲ့ သူတွေကလွဲရင် အခြေခံအားဖြင့် အားလုံးက ဒီထူးခြားဖြစ်စဥ်ကို မြင်ပြီး တုန်လှုပ်ကာ မော့ကြည့်နေကြတယ်။
ဒါတင်မကဘူး။ မဟာအကြီးအကဲတွေတောင် တုန်လှုပ်သွားကြတယ်။
သူတို့ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာကြတယ်။
“ဝိညာဉ်တိမ်တိုက်တွေကငါးကီလိုမီတာအထိ ရှည်လျားနေတယ်။”
တာအိုဆရာ ခရမ်းရောင်ကောင်းကင် က လှမ်းကြည့်ပြီး ပြောလိုက်တယ်၊ “ကောင်းကင်နဲ့မြေကြီး တာအိုစာလုံးတွေ လည်း ပါနေပြီး ကောင်းကင်နဲ့မြေကြီးကို ပဲ့တင်ထပ်စေတယ်။ ဘယ်မျိုးဆက်ကဂျူနီယာက တာအိုပေါင်းစည်းခြင်း အဆင့်ကို ချိုးဖြတ်နေတာလဲ? ဒါပေမဲ့ ဘာလို့ သူကကောင်းကင်ဂူမှာ အဆင့်မတက်ဘဲ ဒီလောက် ကြီးမားတဲ့ လှုပ်ခတ်မှုကို ဖြစ်စေရတာလဲ?”
“အဲ့ဒီဘက်…”
“ခဏ…”
“မဟုတ်ဘူး… မဖြစ်နိုင်ဘူး… အဲ့ဒီနေရာ၊ အဲ့ဒီဘက်၊ ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်? တကယ်ပဲ ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်လား?ကောင်း ကင်လျှို့ဝှက်ချက်မျိုးနွယ်မှာ ဝိညာဉ်ဖွဲ့တည်ခြင်း နှောင်းပိုင်းအဆင့်ရောက်နေတဲ့ဂျူနီယာတစ်ယောက် ရှိသေးလို့လား?”
“မဟုတ်ဘူး! မဟုတ်ဘူး!”
“ချီမင်! အဲ့ဒါ ချီမင်ပဲ!”
“ချီမင်က အခြေတည်ဝိညာဉ် အဆင့်ကို တက်နေတာ!”
“ဒါ မဖြစ်နိုင်ဘူး!”
“ချီမင်က အခြေတည်ဝိညာဉ် အဆင့်ကို တက်တာက ဘယ်လိုလုပ် ဒီလောက်ကြီးတဲ့ထူးခြားဖြစ်စဥ်ကို ဖြစ်စေနိုင်မှာလဲ? ဝိညာဉ်အနှစ်သာရ လှိုင်းလုံးတွေက ငါးကီလိုမီတာအထိ ဆက်တိုက် ရှည်လျားနေပြီး ကောင်းကင်နဲ့မြေကြီး တာအိုစာလုံးတွေလည်း ပါနေတယ်၊ ကောင်းကင်နဲ့မြေကြီးကို ပဲ့တင်ထပ်စေတယ်။ ဒါက တာအိုပေါင်းစည်းခြင်း အဆင့်ကို တက်မှ ပေါ်လာတဲ့ ထူးခြားဖြစ်စဥ်မျိုးကို!”
“ဘုရားရေ…”
အဲ့ဒီအချိန်မှာ လူတိုင်း ကြက်သေသေသွားကြတယ်။
တာအိုဆရာ ခရမ်းရောင်ကောင်းကင်နဲ့ တခြားသူတွေက ဒီမြင်ကွင်းကို ကြည့်ပြီး တကယ်ကို မှင်တက်သွားကြတယ်။ သူတို့က ဒီလိုအခြေအနေမျိုး ဖြစ်လာလိမ့်မယ်လို့ လုံးဝ မမျှော်လင့်ထားခဲ့ဘူး။
ချီမင်ရဲ့ အဆင့်တက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ လှုပ်ခတ်မှုက အရမ်းကို ကြီးမားလွန်းနေပြီ။