← Chapters

သန့်စင်ခြင်းသုံးပါး ကိုယ်ပွားများ

Vol. 9 Ch. 133

သန့်စင်ခြင်းသုံးပါး ကိုယ်ပွားများ

Vol. 9 Ch. 133

“တကယ်တော့... ချီမင်က သာမန်မဟုတ်ဘူးဆိုတာကို ငါတို့ မျှော်လင့်ထားသင့်တယ်။ ဘာပဲဖြစ်ဖြစ်... သူက ရွှေအမြူတေနှောင်းပိုင်းအဆင့်နဲ့တောင် ဗလာနယ်စွန့်ခွာခြင်းအစောပိုင်းအဆင့်မှာရှိတဲ့ ဂိုဏ်းအသီးသီးက အမွေခံတပည့် ဆယ်ယောက်ကျော်ကို သတ်နိုင်ခဲ့တာလေ။ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ သမိုင်းတစ်လျှောက်လုံးမှာ ဘယ်သူမှ ဒီလိုရလဒ်၊ ဒီလိုပါရမီ၊ ဒီလိုခွန်အားမျိုး မရဖူးဘူး။ ဂိုဏ်းတည်ထောင်သူတာအိုဆရာကောင်းကင်ဘုံဉာဏ်အလင်းတောင် မလုပ်နိုင်ခဲ့ဘူး!”

“ဟုတ်တယ်!”

“ဒါကြောင့် ချီမင်က အခြေတည်ဝိညာဉ်အဆင့်ကို ချိုးဖြတ်ပြီး ဒီလောက်ကြီးတဲ့ လှုပ်ခတ်မှုကို ဖြစ်စေတာက တကယ်တော့ မျှော်လင့်ထားသင့်တဲ့ ကိစ္စပဲ။”

“မျှော်လင့်ထားသင့်တယ်... ဟုတ်လား!”

“အခြေတည်ဝိညာဉ်အဆင့်ကို ချိုးဖြတ်တာက ငါးကီလိုမီတာလောက်ရှည်တဲ့ ဝိညာဉ်အနှစ်သာရ လှိုင်းလုံးကြီးကို ဖြစ်စေပြီး ကောင်းကင်နဲ့မြေကြီးကို ပဲ့တင်ထပ်စေတဲ့ အခြေအနေမျိုး ဘယ်သူမြင်ဖူးလို့လဲ။ မြင်ဖူးဖို့နေနေသာသာ ကြားတောင် မကြားဖူးဘူး။”

“ဒါက သမိုင်းမှာ ပထမဆုံးအကြိမ်ပဲ။”

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ မဟာအကြီးအကဲတွေက သူတို့ရဲ့ ကမ္ဘာအမြင်တွေ ပျက်စီးသွားသလို ခံစားလိုက်ရတယ်။ သူတို့အရင်က ကျင့်ကြံခဲ့တာတွေက အတုအယောင်တွေနဲ့မမှန်ကန်ဘူးလို့ ခံစားလာရတယ်။ လုံးဝ စိတ်ကူးယဉ်သလိုကြီးဖြစ်နေတယ်။

ချီမင်ရဲ့ အဆင့်ချိုးဖြတ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ထူးခြားဖြစ်စဉ်က အပြင်းထန်ဆုံးအဆင့်ကို မရောက်သေးဘူး။ ဝိညာဉ်အနှစ်သာရ လှိုင်းလုံးကြီး တစ်ခုလုံးက အချင်း ၁၅ ကီလိုမီတာအထိ ကျယ်ပြန့်လာတဲ့အခါမှ နောက်ဆုံးမှာ ကျယ်ပြန့်တာ ရပ်သွားတယ်။

ဒါက ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင် တစ်ခုလုံးကို သက်ရောက်နေပြီ။

“ဘုရားရေ!”

“ဒါ ဘယ်လို မြင်ကွင်းမျိုးလဲ?”

“မယုံနိုင်စရာပဲ။”

“အရမ်း တုန်လှုပ်စရာကောင်းတယ်။”

လူတိုင်းက ကောင်းကင်ကို မော့ကြည့်နေကြတယ်။ သူတို့ စိတ်တွေက အချိန်အကြာကြီး မတည်ငြိမ်နိုင်ဘူး။ ဒီထူးခြားဖြစ်စဉ်ကို ကြည့်ပြီး သူတို့အားလုံး အလွန်အမင်း တုန်လှုပ်ခြောက်ခြားပြီး သတိမပြန်နိုင် ဘူးဖြစ်နေကြတယ်။

ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်ထဲမှာ။

“အဘိုးကြီး သဘောကျတဲ့ ဂျူနီယာဆိုတဲ့အတိုင်းပဲ!”

ရှန်ကွမ်းဝမ်ကောက စိတ်ငြိမ်သွားတယ်။ သူက ကောင်းကင်ပေါ်က ဝိညာဉ်တိမ်တိုက် ထူးခြားဖြစ်စဉ်ကို ကြည့်ပြီး အသက်ပြင်းပြင်း ရှူလိုက်တယ်။ “သူက အခြေတည်ဝိညာဉ် အဆင့်ကိုပဲ ချိုးဖြတ်တာကို ဒီလောက်ကြီးတဲ့ လှုပ်ခတ်မှုကို ဖြစ်စေနိုင်တယ်။ တကယ်ကို မတွေးရဲစရာပဲ။”

“သိပ်သည်း!” ချီမင်က ထပ်အော်လိုက်တယ်။

သူ့ရဲ့ ဒန်တျန်းထဲမှာ။

အဲ့ဒီအချိန်မှာ သန့်စင်ခြင်းသုံးပါး အခြေတည်ဝိညာဉ်က ဝိညာဉ်စွမ်းအင်တွေ၊ ဓမ္မစွမ်းအင်တွေ၊ သဘာဝရတနာတွေနဲ့ ဆေးလုံးတွေ အများကြီးကို စုပ်ယူပြီးတဲ့နောက်၊ အရင်းအမြစ်တွေ အများကြီး သုံးစွဲပြီး နောက်ဆုံးတော့ လုံးဝ သိပ်သည်းသွားတယ်။

ဒီလိုနဲ့...

ချီမင်က အခြေတည်ဝိညာဉ် အစောပိုင်းအဆင့်က တကယ့်ကို တည်ငြိမ်သွားပြီ။

ကောင်းကင်နဲ့မြေကြီး တာအိုစာလုံးတွေ လည်ပတ်နေတယ်။

ချီမင်က သေသေချာချာ နားလည်အောင် ကြိုးစား‌ နေပြီး ပြောင်းလဲမှုအလယ်မှာ ရှိနေတယ်။

အဲ့ဒီအချိန်မှာ သန့်စင်ခြင်းသုံးပါး အခြေတည်ဝိညာဉ်က လုံးဝ သိပ်သည်းသွားပြီး ချီမင်ရဲ့ ကျင့်ကြံမှုက လုံးဝ တည်ငြိမ်သွားတဲ့အခါမှာသူ့ရဲ့ အဆင့်ချိုးဖြတ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ထူးခြားဖြစ်စဉ်ကနောက် ဆုံးတော့အထွတ်အထိပ်ကိုရောက်သွားတယ်။

ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်ရဲ့ ကောင်းကင်မှာ ၁၅ ကီလိုမီတာ ရှည်လျားတဲ့ ဝိညာဉ်အနှစ်သာရ လှိုင်းလုံးကြီးက ကောင်းကင်ကို ဖုံးလွှမ်းထားတယ်။

အဆုံးမရှိတဲ့ကောင်းကင်နဲ့မြေကြီးရဲ့ဝိညာဉ်စွမ်းအင်တွေက မုန်တိုင်းတစ်ခုလိုမျိုးဖြစ်နေတယ်။ ဒါက ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်ကို ဝန်းရံထားတဲ့နက္ခတ်တာရာအလွှာကိုတောင် ပြင်းထန်တဲ့ ပြောင်းလဲမှုတွေ ဖြစ်စေတယ်။

ပင်လယ်ထဲမှာ မုန်တိုင်းတစ်ခုကျရောက်လာသလိုမျိုးဖြစ်နေတယ်။

“ဒါ... ဒါ ဘာတွေလဲ?”

“အားလုံးပဲ ကြည့်ကြဦး။ တစ်ခုခု ထပ်ဖြစ်ပြန်ပြီ။”

“ဝိညာဉ်တိမ်တိုက်တွေထဲမှာ...”

“ဟုတ်တယ်...”

တာအိုစာလုံးတွေ ပျံ့နှံ့လာတယ်၊ ကောင်းကင်နဲ့မြေကြီးက ပဲ့တင်ထပ်တယ်၊ တာအိုသံစဥ်တွေ ပေါ်ထွက်လာတယ်။

ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်မှာ လူတိုင်းကလေးစားမှုတွေနဲ့ လှမ်းကြည့်နေကြတယ်။

၁၅ ကီလိုမီတာ ရှည်လျားတဲ့ ဝိညာဉ်အနှစ်သာရ လှိုင်းလုံးကြီးထဲမှာ ကောင်းကင်နဲ့မြေကြီး တာအိုစာလုံးတွေကကောင်းကင်ဂူကမ္ဘာအဖြစ် ပြောင်းလဲသွားတယ်။ နေ၊ လ နဲ့ ကြယ်တွေက အထဲမှာ တောက်ပနေတယ်။ ဝိညာဉ်တိမ်တိုက်တွေထဲမှာ ငါးရောင်ခြယ်အလင်းက ကောင်းကင်ကိုဆေးခြယ်ထားပြီး အင်မော်တယ်တေးဂီတတွေ ထွက်ပေါ်နေတယ်။

ဝိညာဉ်တိမ်တိုက်တွေရဲ့ အပြင်ဘက်မှာ မရေမတွက်နိုင်တဲ့ ရွှေမီးအိမ်တွေ၊ ရွှေကြာပန်းတွေ၊ ကျောက်စိမ်းပုလဲတွေနဲ့ ပုတီးစေ့တွေကတံစက်မြိတ်ကနေ ရေတွေ မရပ်မနား စီးဆင်းနေသလိုတိမ်တိုက်တွေကနေကျဆင်းလာတယ်။

အဆုံးမရှိတဲ့ ကောင်းကင်ပန်းပွင့်တွေ ကြွေကျလာတယ်။

သူတို့က အထွတ်အထိပ် ဖြစ်တည်မှုတစ်ခု မွေးဖွားလာတာကို ဂုဏ်ပြုနေကြတယ်။

အရမ်းကိုတုန်လှုပ်စရာကောင်းတယ်။

တကယ်ကို အရမ်း တုန်လှုပ်စရာကောင်းတယ်။

ဒီလိုမြင်ကွင်းမျိုးကို ကြည့်ပြီး သူတို့ ဘယ်လိုလုပ် မလေးစားဘဲ၊ မတုန်လှုပ်ဘဲ၊ မတုန်ယင်ဘဲ နေနိုင်မှာလဲ…

“ချီ... ချီမင်... သူ... သူ တကယ်ပဲ အခြေတည်ဝိညာဉ် အဆင့်ကို တက်နေတာလား?”

“သူက အင်မော်တယ် ဖြစ်တော့မှာလား?”

“ရှူး...”

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ မဟာအကြီးအကဲတွေက ဒီနေ့မှာ အကြိမ်ပေါင်းများစွာ တုန်လှုပ်ခဲ့ရတယ်။ အားလုံးက ချီမင်ကြောင့်ပဲ။ ဒီထူးခြားဖြစ်စဉ်က အရမ်းကို ခမ်းနားကြီးကျယ်လွန်းတယ်။

ဂိုဏ်းချုပ်ခန်းမထဲမှာ။

“မဟာကပ်ဘေးဒုက္ခကြီးကစတော့မယ်။‌ကြောက်စ ရာ‌ကောင်းတဲ့ပါရမီရှင်တွေ သေချာပေါက်ပေါ်ထွက်လာတော့မယ်။”

ယန်လီရဲ့ မျက်နှာပေါ်က တုန်လှုပ်မှုတွေက တဖြည်းဖြည်း ပျောက်ကွယ်သွားတယ်။ သူက ကောင်းကင်ပေါ်က ထူးခြားဖြစ်စဉ် အမျိုးမျိုးကို စိုက်ကြည့်ရင်း ပြောလိုက်တယ်၊ “ကောင်းကင်ပန်းတွေ ပွင့်လန်းပြီး တာအိုသံစဥ်တွေ ထွက်ပေါ်လာတယ်။ ဒါက ကောင်းကင်နဲ့မြေကြီးရဲ့ ဂုဏ်ပြုမှုပဲ...”

“ဒီလို မြင်ကွင်းမျိုး။”

“တကယ်ကို...”

ခဏတာလောက်ယန်လီက ဘယ်လို စကားလုံးနဲ့မှ မဖော်ပြနိုင်လိုက်ဘူး။

“ဆရာ... ဆရာ၊ ဒါ... ဒါ တကယ်ပဲ စီနီယာအစ်ကိုချီက အခြေတည်ဝိညာဉ် အဆင့်ကို ချိုးဖြတ်လို့ ဖြစ်ပေါ်လာတဲ့ ထူးခြားဖြစ်စဉ်လား? ဒီအခြေအနေက အရမ်း လွန်လွန်းနေတယ် မဟုတ်လား?” စုချင်းယင်က ယန်လီရဲ့ ဘေးမှာ ရပ်ရင်း အံ့သြတကြီး မေးလိုက်တယ်။

“တကယ်ပဲ သူပဲ။” ယန်လီက ခေါင်းညိတ်လိုက်တယ်။

“ဒါ...”

စုချင်းယင်ရဲ့ နှုတ်ခမ်းရဲလေးတွေက နည်းနည်းလေး ဟသွားပြီး သူ့ရဲ့ လှပတဲ့ မျက်လုံးတွေက လေးစားမှုတွေနဲ့ ပြည့်နေတယ်။ သူက အံ့သြတကြီး ပြောလိုက်တယ်၊ “စီနီယာအစ်ကိုချီက တကယ်ကို အရမ်းသန်မာတာပဲ။ ကျွန်မ အခြေတည်ဝိညာဉ် အဆင့်ကို ချိုးဖြတ်တုန်းက ဖြစ်ပေါ်ခဲ့တဲ့ ထူးခြားဖြစ်စဉ်က စီနီယာအစ်ကိုချီရဲ့ ဆယ်ပုံတစ်ပုံတောင် မရှိဘူး။”

“မင်းက တကယ်တော့ မဆိုးပါဘူး။”

ယန်လီက သက်ပြင်းချလိုက်ပြီး ပြောလိုက်တယ်၊ “ဒါပေမဲ့... ဒီချီမင်က တကယ်ကို အရမ်း ကြောက်စရာကောင်းတယ်။ သူက ဒီအဆင့်အထိ ရောက်နိုင်တယ်ဆိုတာ မယုံနိုင်စရာပဲ။”

ယန်လီက ကိုယ်တိုင် ပေါ်လာပြီး စုချင်းယင်ကို သူ့ရဲ့ ကိုယ်ပိုင်တပည့်အဖြစ် လက်ခံခဲ့တာက သူ့ရဲ့ တကယ့်အင်အားကို သိမြင်ခဲ့လို့ဖြစ်တယ်။

စုချင်းယင်က ဖန်ဆင်းခြင်းသစ်သား နတ်ဘုရားသစ်ပင်ဝိညာဉ်ရဲ့ ကိုးဘဝမြောက် ပြန်လည်ဝင်စားခြင်း ဖြစ်တယ်။

ဖန်ဆင်းခြင်းသစ်သား!

ကမ္ဘာကြီးကို ထောက်ပံ့ပေးထားတဲ့ ကောင်းကင်နဲ့မြေကြီး နတ်ဘုရားသစ်ပင်။

ကောင်းကင်နဲ့မြေကြီး ကပ်ဘေးဒုက္ခအတွင်းမှာ ဖန်ဆင်းခြင်းသစ်သား နတ်ဘုရားသစ်ပင်က အသုံးဝင်မှာ သေချာတယ်။

စုချင်းယင်ရဲ့ အရည်အချင်းက အရမ်း မြင့်မားတယ်။ သူ့ရဲ့ နားလည်မှု၊ အခြေခံနဲ့ ကံကြမ္မာတွေက အားလုံး ပဉ္စမအဆင့်ကို ရောက်နေပြီ။ သူသာ လမ်းခုလတ်မှာ မသေသွားရင် အနာဂတ်မှာ မဟာအကြီးအကဲ အဆင့် ဖြစ်တည်မှုတစ်ခု ဖြစ်လာမှာ သေချာတယ်။

ဒါမှမဟုတ် သူက ပိုပြီးတော့တောင် အားကြီးနိုင်တယ်။

ဒါတွေအားလုံးကတော့ အနာဂတ်မှာ ဖြစ်လာမယ့် ကိစ္စတွေဖြစ်တယ်။

ချီမင်ကြောင့် ဖြစ်ပေါ်လာတဲ့ ထူးခြားဖြစ်စဉ်က ကောင်းကင်ဘုံဉာဏ်အလင်း အင်မော်တယ်တောင်ရဲ့ တားမြစ်နယ်မြေ သုံးခုမှာ ပုံမှန်မဟုတ်တဲ့ အခြေအနေတွေ ဖြစ်စေတယ်။ တားမြစ်နယ်မြေ သုံးခုမှာ ကိုယ့်ကိုယ်ကိုယ် စည်းခတ်ထားတဲ့ ဘိုးဘေး သုံးယောက်က နိုးထလာမယ့် လက္ခဏာတွေ ပြသလာတယ်။

ဒါပေမဲ့ ဒီလို လက္ခဏာတွေက မြန်မြန်ဆန်ဆန် ပျောက်ကွယ်သွားပြီး ထပ်ပြီး တိတ်ဆိတ်သွားတယ်။

တားမြစ်နယ်မြေ သုံးခုကနေ ထွက်ပေါ်လာတဲ့အရှိန်အဝါတွေက ယန်လီနဲ့ တခြားသူတွေရဲ့ အာရုံကို ဆွဲဆောင်လိုက်ပြီး သူတို့က တားမြစ်နယ်မြေ သုံးခုကို လှမ်းကြည့်လိုက်ကြတယ်။

“ဘိုးဘေး သုံးယောက်လည်း လန့်သွားကြတယ်။” ယန်လီက စဉ်းစားပြီး ပြောလိုက်တယ်။

“ချီမင်က လှုပ်ခတ်မှုကိုအရမ်း ကြီးအောင် လုပ်လိုက်တာကို။”

“ဘိုးဘေး သုံးယောက်က နောက်ကို ဘာလုပ်မလဲ မသိဘူး။”

“ကြီးကြီးမားမား ဘာမှ မဖြစ်ပါစေနဲ့လို့ မျှော်လင့်ပါတယ်။”

“…”

မဟာအကြီးအကဲတွေကဆွေးနွေးနေကြတယ်။

တဖြည်းဖြည်းနဲ့...

ထူးခြားဖြစ်စဉ်က တဖြည်းဖြည်းပြောင်းလဲလာပြီး ဝိညာဉ်တိမ်တိုက်တွေက စပြီး ပျောက်ကွယ်သွားတယ်။ မြင်ကွင်းအမျိုးမျိုးနဲ့ ကောင်းကင်နဲ့မြေကြီး တာအိုစာလုံးတွေလည်း ပျောက်ကွယ်သွားတယ်။ မကြာခင်မှာပဲ အားလုံး ပျောက်ကွယ်သွားကြတယ်။

လူတိုင်းက အချိန်အကြာကြီး တုန်လှုပ်နေကြသေးတယ်။

အဲ့ဒီအချိန်မှာ ချီမင်ကလည်း သူ့ရဲ့ အခြေတည်ဝိညာဉ် အစောပိုင်းအဆင့် ကျင့်ကြံမှုကို လုံးဝ တည်ငြိမ်အောင် လုပ်ပြီးသွားပြီ။ သူ့ရဲ့ ဒန်တျန်းထဲမှာ ဆယ့်နှစ်လွှာရှိတဲ့ သောင်းပြောင်းကြာပန်းစိမ်းက တောက်ပစွာ လှုပ်ခါနေတယ်။ သန့်စင်ခြင်းသုံးပါး အခြေတည်ဝိညာဉ်က တင်ပလ္လင်ခွေ ထိုင်နေတယ်။

အခြေတည်ဝိညာဉ်ရဲ့ ဓမ္မစွမ်းအင်တွေကမြင့်တက်လာတယ်။

ရေကန်တစ်ခုလိုပဲ။

ဆယ့်နှစ်လွှာရှိတဲ့ သောင်းပြောင်းကြာပန်းစိမ်း တာအိုအခြေခံက ဓမ္မစွမ်းအင် ရေကန်ထဲမှာ အမြစ်တွယ်နေတယ်။

သန့်စင်ခြင်းသုံးပါး အခြေတည်ဝိညာဉ်ရဲ့ ပတ်လည်မှာ ကိုယ်ပိုင် ရတနာ သုံးခုဖြစ်တဲ့ သောင်းပြောင်းကြာပန်းစိမ်း ဓားသန္ဓေ၊ ကမ္ဘာဖျက်ဆီးဓား နဲ့ ဓားတောင်တို့က ဝန်းရံပြီး လည်ပတ်နေကြတယ်။

သန့်စင်ခြင်းသုံးပါး အခြေတည်ဝိညာဉ်ရဲ့ ဓမ္မစွမ်းအင်တွေနဲ့ တာအိုစာလုံးတွေက ကိုယ်ပိုင် ရတနာ သုံးခုကို သန့်စင်ပေးနေတယ်။

ဒါ့အပြင်…

သဏ္ဍာန်မဲ့ ရွှေအမြူတေနဲ့ အပြောင်းအလဲ ရွှေအမြူတေလည်း ရှိသေးတယ်။

ရွှေအမြူတေ နှစ်ခုက အဝေးဆုံး ထောင့်မှာ ရှိနေတယ်။ သူတို့က သန့်စင်ခြင်းသုံးပါး အခြေတည်ဝိညာဉ်ရဲ့ဖိနှိပ်မှုကို လုံးဝခံထားရတယ်။ သူတို့က လုံးဝ မလှုပ်ရှားဘဲ အရမ်းကို တိတ်ဆိတ်နေတယ်။

ဒါက ချီမင်က အခြေတည်ဝိညာဉ် အဆင့်ကို ချိုးဖြတ်သွားလို့ဖြစ်တယ်။ အခြေတည်ဝိညာဉ် အဆင့်ရဲ့ နက်နဲမှုတွေကို နားလည်သွားတဲ့အချိန်မှာ သန့်စင်ခြင်းသုံးပါးတာအိုကျမ်းကို ပိုပြီး နက်နက်ရှိုင်းရှိုင်း နားလည်သွားတယ်။

ချီမင်က သန့်စင်ခြင်းသုံးပါးတာအိုကျမ်းရဲ့ အခြေတည်ဝိညာဉ် အဆင့် အံ့ဖွယ်စွမ်းအားသိုင်းနည်းစနစ်ကိုဆုပ်ကိုင်မိသွားတယ်။

ဒါကို သန့်စင်ခြင်းသုံးပါး ကိုယ်ပွားများလို့ ခေါ်တယ်။

သန့်စင်ခြင်းသုံးပါး ကိုယ်ပွားများ ဆိုတဲ့ စွမ်းရည်ကလည်း အရမ်းကို ကောင်းကင်ကိုလွန်ဆန်နိုင်တယ်။ ဒါက နည်းစနစ်အားလုံးကို ခုခံနိုင်တဲ့ သန့်စင်ရွှေခန္ဓာနဲ့ နှိုင်းယှဉ်လို့ရတယ်။

သန့်စင်ခြင်းသုံးပါး ကိုယ်ပွားများကို အသုံးပြုပြီးသွားရင် သူက ကိုယ်ပွား သုံးခုကို ချက်ချင်း ဖန်တီးနိုင်တယ်။ ဒီကိုယ်ပွား သုံးခုကို သန့်စင်ကျောက်စိမ်း၊ အထွတ်ထိပ်သန့်စင် နဲ့ မဟာသန့်စင် လို့ ခေါ်တယ်။

အရေးကြီးဆုံးက…

ချီမင်မှာ ဓမ္မစွမ်းအင် လုံလောက်သရွေ့ ဒီကိုယ်ပွား သုံးခုက ထာဝရတောင် တည်ရှိနိုင်တယ်။ ဒါ့အပြင် ကိုယ်ပွား သုံးခုက ချီမင်နဲ့တူညီတဲ့စွမ်းအားကိုအပြည့်အဝပိုင်ဆိုင်ထားတယ်။

ဒါက အရမ်းကို အစွမ်းထက်တဲ့ အံ့ဖွယ်စွမ်းအားသိုင်းနည်းစနစ်ဖြစ်တယ်။

“ကောင်းပြီ။”

ချီမင်က အရမ်း ကျေနပ်သွားတယ်။ သူက သန့်စင်ခြင်းသုံးပါး ကိုယ်ပွားများရဲ့ နက်နဲမှုကို သေသေချာချာ နားလည်အောင် ကြိုးစားလိုက်တယ်။ သူ နားလည်လေလေ ဒီ အံ့ဖွယ်စွမ်းအားသိုင်းနည်းစနစ်က ဘယ်လောက် အစွမ်းထက်ပြီး နက်နဲလဲဆိုတာကို ပိုပြီး ခံစားရလေလေဖြစ်တယ်။

အခုဆိုရင် ချီမင်က အခြေတည်တည်ဆောက်ခြင်းအဆင့် အံ့ဖွယ်စွမ်းအားသိုင်းနည်းစနစ် ကြာပန်းစိမ်းတာအို၊အမြူတေဖွဲ့စည်းခြင်းအဆင့် အံ့ဖွယ်စွမ်းအားသိုင်းနည်းစနစ်သန့်စင်ရွှေခန္ဓာ၊သဏ္ဍန်မဲ့ပုံစံမုန်တိုင်း၊ရှစ်ထောင့်ပုံစံနဲ့ အခြေတည်ဝိညာဉ်အဆင့် အံ့ဖွယ်စွမ်းအားသိုင်နည်းစနစ်သန့်စင်ခြင်းသုံးပါး ကိုယ်ပွားများကိုဆုပ်ကိုင်မိသွားပြီ။

ကောင်းကင်လျှို့ဝှက်ချက်အိမ်တော် အပြင်ဘက်မှာ။

ထူးခြားဖြစ်စဉ် ပျောက်ကွယ်သွားပြီးနောက် မဟာအကြီးအကဲတွေ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြတယ်။

ချီမင်က တံခါးပိတ်ကျင့်ကြံရာကနေ မထွက်လာသေးဘူး။ သူက တံခါးပိတ်ပြီး ကျင့်ကြံနေသေးတယ်။

တံခါးဝမှာ ရှန်ကွမ်းဝမ်ကောကတံခါးဘောင်ကိုမှီပြီးတံခါးအဝမှာထိုင်နေတယ်။ သူက ခေါင်းကို နည်းနည်းမော့ပြီး အပြင်မှာ ရပ်နေတဲ့ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ မဟာအကြီးအကဲတွေကို ကြည့်လိုက်တယ်။

“မင်းတို့ ဘာတွေ တွေးနေလဲ ငါသိတယ်။” ရှန်ကွမ်းဝမ်ကောက ဖြည်းဖြည်းချင်း ပြောလိုက်တယ်၊ “တကယ်ပြောရရင် ငါလည်း တော်တော်လေး စိတ်ဝင်စားပြီး အရမ်း တုန်လှုပ်နေတယ်။ ဒါပေမဲ့ ဟိုကောင်လေးက တံခါးပိတ်ကျင့်ကြံရာကနေ မထွက်လာသေးဘူး။ အပြင်မှာ စောင့်နေကြ။”

“ဒါ...”

“အဆင်ပြေပါတယ်။”

“ချီမင်က ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်ရဲ့ ကိုယ်ပိုင်တပည့်ပဲ။ အဆင့်အတန်းအရဆိုရင် သူက ငါတို့ထက် မျိုးဆက်တစ်ဝက်ပဲ နိမ့်တယ်။ သူက တံခါးပိတ်ကျင့်ကြံရာကနေ မထွက်လာသေးရင် ငါတို့ စောင့်နိုင်ပါတယ်။”

တာအိုဆရာ ခရမ်းရောင်ကောင်းကင်နဲ့ တခြားသူတွေက တကယ်ပဲ ကောင်းကင်လျှို့ဝှက်ချက်အိမ်တော် အပြင်ဘက်မှာ စောင့်နေကြတယ်။

“ကျွတ်။”

ရှန်ကွမ်းဝမ်ကောက နှုတ်ခမ်းကို သပ်လိုက်ပြီး လျှို့ဝှက်စွာ ချီးကျူးလိုက်တယ်၊ “ဒီကောင်လေးရဲ့ဂုဏ်သတင်းက တကယ်ကြီးကျယ်တာပဲ။ ဒီလိုကြီးမြတ်ပြီးစွမ်းအားကြီးပါတယ်ဆိုတဲ့မဟာအကြီးအကဲတွေကို တံခါးအပြင်မှာ စိတ်လိုလက်ရ စောင့်နေစေနိုင်တယ်။”

“စိတ်ဝင်စားစရာပဲ။”

“စိတ်ဝင်စားစရာပဲ။”

“ဒီကိစ္စသာ ပျံ့နှံ့သွားရင် တောင်ပိုင်းဒေသ တစ်ခုလုံး တုန်လှုပ်သွားလောက်တယ်။”

“ဟားဟားဟား…” ရှန်ကွမ်းဝမ်ကောက ရယ်လိုက်တယ်။

ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်ထဲက ကျင့်ကြံရေးခြံဝင်းမှာ။

ချီမင်က အခြေတည်ဝိညာဉ် အစောပိုင်းအဆင့်ကို ချိုးဖြတ်ပြီး သန့်စင်ခြင်းသုံးပါးတာအိုကျမ်းကို ကျွမ်းကျင်သွားပြီးသူက သဏ္ဍာန်မဲ့ ရွှေအမြူတေနဲ့ အပြောင်းအလဲ ရွှေအမြူတေတို့ကို အခြေတည်ဝိညာဉ် အဆင့်ဖြစ်အောင် ချိုးဖျက်ဖို့ ကြိုးစားတော့တယ်။

ခရက်!

သဏ္ဍာန်မဲ့ ရွှေအမြူတေရဲ့ အခြေခံက မလုံလောက်ဘူး။ မဟာတာအိုရဲ့ စစ်မှန်ရည်ရွယ်ချက်နဲ့ သန့်စင်ခြင်းသုံးပါး တာအိုအသိအမြင်ကို မခံနိုင်ဘူး။ ရွှေအမြူတေက အခြေတည်ဝိညာဉ် အဖြစ် ကွဲကြေသွားပြီး သန့်စင်ခြင်းသုံးပါးတာအို အခြေတည်ဝိညာဉ်ထဲကို ပေါင်းစပ်သွားတဲ့ ဓမ္မစွမ်းအင်တွေ ဖြစ်သွားတယ်။

သေချာတာကသဏ္ဍာန်မဲ့ ရွှေအမြူတေက မရှိတော့ပေမဲ့ အံ့ဖွယ်စွမ်းအားသိုင်းနည်းစနစ်အသင်္ချေပုံစံမုန်တိုင်း ကတော့ ရှိနေသေးတယ်။ ဒါက သဏ္ဍာန်မဲ့ ရွှေအမြူတေက သန့်စင်ခြင်းသုံးပါးတာအို အခြေတည်ဝိညာဉ်နဲ့ ပေါင်းစပ်ပြီး စုပ်ယူခံလိုက်ရလို့ဖြစ်တယ်။

သုံးရက်ကြာတော့။

ဘုန်း!

အပြောင်းအလဲရွှေအမြူတေက ကွဲကြေသွားပြီး အခြေတည်ဝိညာဉ် အဆင့်ကို ရောက်သွားတယ်။ ချီမင်က အပြောင်းအလဲနိမိတ်ဖတ်ကျမ်းကို ကျင့်ကြံပြီး အပြောင်းအလဲရှစ်ထောင့်အခြေတည်ဝိညာဉ်ကို သိပ်သည်းစေခဲ့တယ်။ ဒါကလည်း အခြေတည်ဝိညာဉ် အစောပိုင်းအဆင့်မှာဖြစ်တယ်။

ဒီလိုနဲ့ ချီမင်က နောက်ထပ် အခြေတည်ဝိညာဉ် အဆင့် အံ့ဖွယ်စွမ်းအားသိုင်းနည်းစနစ် မွေးရာပါယင်ယန်ပုံစံကိုရသွားတယ်။

All Chapters