← Chapters

ဂိမ်းမြေအောက်စခန်းအသစ်၊ ဧကရာဇ်တားမြစ်သင်္ချိုင်းရဲ့ အစွန်အဖျား

Vol. 9 Ch. 134

ဂိမ်းမြေအောက်စခန်းအသစ်၊ ဧကရာဇ်တားမြစ်သင်္ချိုင်းရဲ့ အစွန်အဖျား

Vol. 9 Ch. 134

တင်း!

"လက်ခံသူရဲ့ ကျင့်ကြံမှုအဆင့်က အခြေတည်ဝိညာဉ် အစောပိုင်းအဆင့်ကို ရောက်ရှိသွားတာကို စစ်ဆေးမိပါတယ်။ အလိုအလျောက်ကျင့်ကြံခြင်း အတွက်လိုအပ်တဲ့ဝိညာဉ်ကျောက်တုံး အရေအတွက်က ဆယ်ဆ တိုးလာပါတယ်။ မြှင့်တင်မှု တစ်ဆတိုင်းအတွက် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀ ကုန်ကျပါမယ်။"

အသိပေးချက်တစ်ခု ပေါ်လာတယ်။

"ကုန်ကျစရိတ်က ဆယ်ဆ တိုးသွားတယ်။"

ချီမင်ကပြောလိုက်တယ် "ဒါပေမဲ့ ဒါက ဘာမှမဟုတ်ပါဘူး။ ငါ နေ့တိုင်းရနေတဲ့ ဝိညာဉ်ကျောက်တုံး အရေအတွက်နဲ့ဆိုရင် အလိုအလျောက်ကျင့်ကြံခြင်းရဲ့ လက်ရှိ ကုန်ကျစရိတ်ကို အပြည့်အဝ ထောက်ပံ့နိုင်တယ်။"

ချီမင်က သန့်စင်ခြင်းသုံးပါးတာအိုကျမ်းကို အောင်မြင်စွာ ကျင့်ကြံပြီးနောက်မှာ ကောင်းကင်နဲ့မြေကြီး မဟာတာအိုရဲ့ စစ်မှန်ရည်ရွယ်ချက်နဲ့ သန့်စင်ခြင်းသုံးပါးတာအို အသိအမြင်တွေက ချီမင်ရဲ့ ခန္ဓာကိုယ်ထဲကို စိမ့်ဝင်သွားပြီး ချီမင်ရဲ့ ခန္ဓာကိုယ်၊ နားလည်မှုနဲ့ အခြေခံတွေကို ပြောင်းလဲ တိုးတက်စေလိုက်တယ်။

တင်း!

"လက်ခံသူ သန့်စင်ခြင်းသုံးပါး အခြေတည်ဝိညာဉ်ကို တည်ထောင်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်။ ကောင်းကင်နဲ့မြေကြီးရဲ့ စစ်မှန်ရည်ရွယ်ချက်နဲ့ သန့်စင်ခြင်းသုံးပါးတာအိုကျမ်းကြောင့် သင် ပြောင်းလဲတိုးတက်လာပါတယ်။သင့်ရဲ့အရည် အချင်းတိုးလာပါတယ်။"

"ဓာတ်ငါးပါးဝိညာဉ်အမြစ်မှာ ပြောင်းလဲမှု မရှိပါဘူး။"

"ကောင်းကင်ဓားတာအိုခန္ဓာက ကောင်းကင်နဲ့မြေကြီး မဟာတာအိုရဲ့ စစ်မှန်ရည်ရွယ်ချက်နဲ့ သန့်စင်ခြင်းသုံးပါးတာအိုကျမ်းရဲ့ နက်နဲမှုတွေကို စုပ်ယူလိုက်လို့ ဓားတာအိုအင်မော်တယ်ခန္ဓာ ဖြစ်သွားပါတယ်။"

(အရင်ကမသေမျိုးတွေကိုအင်မော်တယ်လို့ပြောင်းသုံးနေပြီ)

"သင်ရဲ့ နားလည်မှုအဆင့်က ပါရမီရှင်ကနေ ပြိုင်ဘက်ကင်း အဆင့်ကို တိုးလာပါတယ်။"

"သင်ရဲ့ အခြေခံက ဖန်သလင်းကနေ ဖုန်းကွယ်နဂါး အဆင့်ကို တိုးလာပါတယ်။"

"သင်ရဲ့ ကံကြမ္မာမှာ ပြောင်းလဲမှု မရှိပါဘူး။"

အသိပေးချက်တွေ ဆက်တိုက် ပေါ်လာတယ်။

"ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်။"

ချီမင်ရဲ့ နှုတ်ခမ်းထောင့်တွေက နည်းနည်းလေး ကွေးတက်သွားတယ်။ သူအရမ်းစိတ်အ‌ခြေနေကောင်းနေတယ်။ "သန့်စင်ခြင်းသုံးပါးတာအိုကျမ်းကို ကျင့်ကြံပြီးတော့ ငါ့ရဲ့ အရည်အချင်းက ထပ်ပြီး တိုးတက်လာမယ်လို့ မထင်ထားဘူး။"

"ငါ့ရဲ့ လက်ရှိ အရည်အချင်းနဲ့ဆိုရင် ငါ့ကို ပါရမီရှင်တွေထဲက ပါရမီရှင်လို့ သတ်မှတ်လို့ရပြီ။အရည် အချင်းအရဆိုရင် ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်ရဲ့ အမွေခံတပည့်တွေထက် မနိမ့်ကျလောက်ဘူး။"

"မဆိုးဘူး၊ မဆိုးဘူး။"

အရေးကြီးဆုံးကတော့…

တင်း!

"လက်ခံသူရဲ့ အရည်အချင်း တိုးလာတာကို တွေ့ရှိလိုက်ပါတယ်။ အလိုအလျောက်ကျင့်ကြံခြင်း ကျင့်ကြံမှုအတွက် လိုအပ်တဲ့ ဝိညာဉ်ကျောက်တုံး အရေအတွက်က ဆယ်ဆ လျော့သွားပါတယ်။ မြှင့်တင်မှု တစ်ဆတိုင်းအတွက် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀ တုံး ကုန်ကျပါမယ်။"

"ပြန်ကျသွားတာပဲ။" ချီမင်က ပခုံးတွန့်လိုက်တယ်။

တင်း!

"လက်ခံသူရဲ့ ကျင့်ကြံမှုအဆင့်က အခြေတည်ဝိညာဉ် အဆင့်ကို တက်သွားလို့ အလိုအလျောက်ကျင့်ကြံခြင်းရဲ့ အမြင့်ဆုံးမြှင့်တင်မှုအခြေအနေက အဆ ၁၀၀,၀၀၀ ကနေ အဆ တစ်သန်းအထိ တိုးလာပါတယ်။"

"မဆိုးဘူး။"

ချီမင်က ခေါင်းညိတ်လိုက်တယ်။တစ်ချက်တွေးပြီးပြောလိုက်တယ် "ငါ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ ကို ဖြည့်ပြီး သန့်စင်ခြင်းသုံးပါးတာအိုကျမ်းကို ကျင့်မယ်။"

တင်း!

"ဖြည့်သွင်းခြင်း အောင်မြင်ပါတယ်။"

"သန့်စင်ခြင်းသုံးပါးတာအိုကျမ်းကို အဆ တစ်သန်း မြှင့်တင်မှုအောက်မှာ ကျင့်ကြံနေပါတယ်..."

"ငါ နောက်ထပ် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ ကို ဖြည့်ပြီး ရှစ်ထောင့် ယင်ယန် အံ့ဖွယ်စွမ်းအားသိုင်းနည်းစနစ်ကို ကျင့်မယ်။" ချီမင်က ဆက်ပြောလိုက်တယ်။

တင်း!

"ဖြည့်သွင်းခြင်း အောင်မြင်ပါတယ်။"

"ရှစ်ထောင့် ယင်ယန် အံ့ဖွယ်စွမ်းအားသိုင်းနည်းစနစ်ကို အဆ တစ်သန်း မြှင့်တင်မှုအောက်မှာ ကျင့်ကြံနေပါတယ်..."

အသိပေးချက်တစ်ခု ပေါ်လာတယ်။

"ဆက်ပြီး အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၁၀၀,၀၀၀ ကို ဖြည့်ပြီး ဝိညာဉ်သားရဲ အမှောင်မီးလျှံရေလွှမ်းနဂါးကို အလိုအလျောက်ကျင့်ကြံခြင်း လုပ်မယ်။" ချီမင်က ပြောလိုက်တယ်။

တင်း!

"ဖြည့်သွင်းခြင်း အောင်မြင်ပါတယ်။"

"ဝိညာဉ်သားရဲအမှောင်မီးလျှံရေလွှမ်းနဂါးက အဆ တစ်သန်း မြှင့်တင်မှုအောက်မှာ ကြီးထွားနေပါတယ်..."

အသိပေးချက်တစ်ခု ပေါ်လာတယ်။

"ပြီးပြီ။" ချီမင်က ပြောလိုက်တယ်။

တင်း!

"လက်ခံသူရဲ့ ကျင့်ကြံမှုအဆင့်က အခြေတည်ဝိညာဉ် အစောပိုင်းအဆင့်ကို ချိုးဖြတ်ပြီးသားဖြစ်တာကိုစစ်‌ဆေးမိပါတယ်။ အမြူတေဖွဲ့စည်းခြင်း နှောင်းပိုင်းအဆင့် ဂိမ်းမြေအောက်စခန်းဖြစ်တဲ့ နဂါးကျွန်းကို ရှင်းလင်းခြင်းအတွက် ဆုလာဘ်က အလွန် လျော့နည်းသွားပါပြီ။ ဂိမ်းမြေအောက်စခန်းအသစ်ကို ဖွင့်ဖို့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်သန်းကို အသုံးပြုနိုင်ပါတယ်။"

အသိပေးချက်တစ်ခု ပေါ်လာတယ်။

"ငါ ဂိမ်းမြေအောက်စခန်းအသစ်ကို ဖွင့်ဖို့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်သန်းကို ဖြည့်မယ်။" ချီမင်က ပြောလိုက်တယ်။

အတွေးတစ်ချက်နဲ့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်သန်းကို ဖြည့်သွင်းလိုက်တယ်။

တင်း!

"သင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်သန်းကို ဖြည့်သွင်းပြီးပါပြီ။"

"သင် အခြေတည်ဝိညာဉ် အစောပိုင်းအဆင့် ဂိမ်းမြေအောက်စခန်း: ဧကရာဇ်တားမြစ်သင်္ချိုင်းရဲ့ အစွန်အဖျား ကို ဝင်ရောက်နိုင်ပါပြီ။"

အသိပေးချက် အများအပြား ပေါ်လာတယ်။

"ဝင်မယ်။" ချီမင်က ပြောလိုက်တယ်။

ဂိမ်းမြင်ကွင်းက ချီမင်ရဲ့ ရှေ့မှာ ပေါ်လာတယ်။

မြူတွေ ပျံ့နှံ့နေတယ်။

ထူထဲတဲ့ မီးခိုးရောင် မြူလွှာတွေက ပတ်ဝန်းကျင်ကို ဖုံးလွှမ်းထားတယ်။ ဒါက သက်ရှိကင်းမဲ့တဲ့အထီး ကျန် တားမြစ်နယ်မြေတစ်ခု ဖြစ်တယ်။ ဒဏ္ဍာရီအရ မဟာဧကရာဇ်တစ်ပါး ဒီနေရာမှာ သေဆုံးခဲ့ပြီး ဒါကို တားမြစ်ဇုန်အဖြစ် ပြောင်းလဲစေခဲ့တယ်လို့ ဆိုတယ်။

ဒီနေ့မှာ ချီမင် ပြောင်းလဲထားတဲ့ ဂိမ်းဇာတ်ကောင်က ဧကရာဇ်တားမြစ်သင်္ချိုင်းရဲ့ အစွန်အဖျားကို ရောက်လာတယ်။ သူ ဝင်သွားတယ်။ မြူတွေက သူ့ပတ်ဝန်းကျင်ကို ဖုံးလွှမ်းပြီး ချီမင်ရဲ့ အမြင်ကို ပိတ်ဆို့ထားတယ်။

မကြာခင်မှာပဲ မြူတွေက ဆက်ပြီး ပျံ့နှံ့နေတယ်။

ဝေါင်း! ဝေါင်း! ဝေါင်း!

ဟိန်းသံတစ်ခု ထွက်ပေါ်လာတယ်။

မြူတွေထဲမှာ မွန်းစတားတွေ ပေါ်လာတယ်။

ဒီမွန်းစတားတွေက တကယ်တော့ တားမြစ်နယ်မြေထဲက သေခြင်းတရားရဲ့ စွမ်းအားတွေ ပါဝင်နေတဲ့ အလောင်းခြောက်တွေ ဖြစ်တယ်။ ကျင့်ကြံသူတွေ၊ နတ်ဆိုးသားရဲတွေနဲ့မျိုးနွယ်စုပေါင်းစုံ ရှိတယ်။

သူတို့ ဒီနေရာမှာ သေဆုံးခဲ့ကြတယ်။

ပြီးတော့ အလောင်းတွေက တားမြစ်နယ်မြေထဲမှာ အလောင်းခြောက်တွေ ဖြစ်သွားကြတယ်။

"တိုက်ခိုက်!"

ချွင်! ချွင်!

ချီမင် ပြောင်းလဲထားတဲ့ ဂိမ်းဇာတ်ကောင်က သူ့ဓားကို ထုတ်လိုက်တယ်။ သူကစွမ်းအားကြီးတဲ့ပြိုင် ဘက်ကင်း ဓားသမားတစ်ယောက် ဖြစ်တယ်။ သူ့အကြည့်က လျှပ်စီးလိုဖြစ်ပြီး သူ့ဓားချီက ရေတံခွန်လို ဖြစ်တယ်။ သူကစွမ်းအားကြီးပြီး အလောင်းခြောက်တွေကို တစ်ကောင်ပြီးတစ်ကောင် သတ်ပစ်လိုက်တယ်။

သူက တားမြစ်နယ်မြေထဲကို ပိုပြီး နက်နက်ရှိုင်းရှိုင်း ဝင်သွားတယ်…

ရှု!

ချီမင်က ဂိမ်းမျက်နှာပြင်ကို ပိတ်လိုက်တယ်။

မျက်စိတစ်မှိတ်အတွင်းမှာ နောက်ထပ် တစ်လ ကြာသွားတယ်။

တင်း!

"သန့်စင်ခြင်းသုံးပါးတာအိုကျမ်းကို အဆ တစ်သန်း မြှင့်တင်မှုအောက်မှာ ရက် ၃၀ ကြာ ကျင့်ကြံခဲ့ပြီးပါပြီ။ သင်သန့်စင်ခြင်းသုံးပါးတာအိုကျမ်းကိုနား လည်မှု တိုးလာပါတယ်။သင့်ရဲ့ ကျင့်ကြံမှု တိုးတက်လာပါတယ်။"

…

တင်း!

"ရှစ်ထောင့် ယင်ယန် အံ့ဖွယ်စွမ်းအားသိုင်းနည်းစနစ်ကို အဆ တစ်သန်း မြှင့်တင်မှုအောက်မှာ ရက် ၃၀ ကြာ ကျင့်ကြံခဲ့ပါတယ်။ သူ့ရဲ့အဆင့်ကအကြီးစားအောင်မြင်ခြင်းအဆင့်ကနေပြီးပြည့်စုံခြင်းအဆင့်ကို တိုးတက်လာပါတယ်။"

…

တင်း!

"ဝိညာဉ်သားရဲအမှောင်မီးလျှံရေလွှမ်းနဂါးက အဆ တစ်သန်း မြှင့်တင်မှုအောက်မှာ ရက် ၃၀ ကြာ ကျင့်ကြံခဲ့ပါတယ်။ သူ့ရဲ့ ကျင့်ကြံမှုအဆင့်က အခြေတည်ဝိညာဉ် နှောင်းပိုင်းအဆင့်ကနေ ဗလာနယ်စွန့်ခွာခြင်း အစောပိုင်းအဆင့်ကို ချိုးဖြတ်သွားပါပြီ။"

…

တင်း!

"သင် ဂိမ်းမြေအောက်စခန်း: ဧကရာဇ်တားမြစ်သင်္ချိုင်းရဲ့ အစွန်အဖျား မှာ ရက် ၃၀ ကြာ အလိုအလျောက်ကျင့်ကြံခြင်း လုပ်ခဲ့ပြီးပါပြီ။ သင် ဂိမ်းမြေအောက်စခန်းကိုအကြိမ် ၃၀ ရှင်းလင်းခဲ့ပါတယ်။ သင်ဖျက်ဆီးခြင်းနတ်ဘုရားဓား တစ်လက်၊ အင်မော်တယ်သတ်ဓား တစ်လက်၊ကြိုးကွင်းကိုးဆက်တူ တစ်ခု...ဝိညာဉ်တည်ထောင်ခြင်းနတ်ဘုရားဆေး တစ်ပုလင်း၊ ခြင်ဆီသန့်စင်ဆေး တစ်ပုလင်း၊ သားအမိနှလုံးဆက်ဆေး တစ်ပုလင်း၊ ကိုးကိုးဖန်ဆင်းဆေး တစ်ပုလင်း... မိုင်တစ်သောင်းအရိုးတိုက်စားဓားစာအုပ်၊ငရဲကိုးထပ်နတ်ဆိုးဆေဘာကျမ်း၊ ကောင်းကင်နဲ့မြေကြီး စိတ်ပညာ၊အကြွင်းမဲ့ ကိုးဖြာသားရဲထိန်းကျောင်းခြင်းကျမ်း... နဲ့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး သန်း ၃၀ရရှိပါတယ်။"

…

"မဆိုးဘူး။"

ချီမင်က ခဏ စဉ်းစားလိုက်တယ်။ "သန့်စင်ခြင်းသုံးပါးတာအိုကျမ်းကို ကျင့်ကြံရတဲ့ အခက်အခဲကမဟာရွှေအမြူတေတာအိုကျမ်းထက် အများကြီး ပိုမြင့်တယ်။ ဘာပဲဖြစ်ဖြစ်မဟာရွှေအမြူတေတာအိုကျမ်းက အမြူတေဖွဲ့စည်းခြင်းအဆင့်ကို ကျင့်ကြံတာဖြစ်ပြီး သန့်စင်ခြင်းသုံးပါးတာအိုကျမ်းက အခြေတည်ဝိညာဉ် အဆင့်ကို ကျင့်ကြံတာ။"

"ငါ့ရဲ့ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်တာက အချိန်တိုအတွင်း လုပ်နိုင်တဲ့ ကိစ္စမဟုတ်ဘူး။ အဆ တစ်သန်း မြှင့်တင်မှုအောက်မှာတောင် အချိန် အများကြီး ယူရဦးမှာပဲ။"

"ငါ အပြင်ထွက်ပြီး ကြည့်သင့်တယ်။" ချီမင်က ပြောလိုက်တယ်။

ကောင်းကင်လျှို့ဝှက်ချက်အိမ်တော် အပြင်ဘက်မှာ မဟာအကြီးအကဲတွေက တစ်လလုံး စောင့်နေခဲ့ကြတယ်။

ဒီကာလအတွင်းမှာ မဟာအကြီးအကဲ အများအပြားက စိတ်မရှည်ကြဘူး။ တစ်ဝက်လောက်မှာ သူတို့ အရင် ထွက်သွားကြတယ်။ နောက်ဆုံးမှာတော့ မဟာအကြီးအကဲ သုံးယောက်ပဲ ချီမင် တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတဲ့အထိ စောင့်နေခဲ့ကြတယ်။

"ဟိုကောင်လေး ထွက်လာပြီ။" ရှန်ကွမ်းဝမ်ကောက ပြောလိုက်တယ်။

ချီမင်က ကျင့်ကြံခြင်းခြံဝင်းရဲ့ တံခါးကို တွန်းဖွင့်ပြီး ဖြည်းဖြည်းချင်းထွက်လာတယ်။သူကစိတ်အခြေ‌နေကောင်းနေတယ်။ သူ အကြောဆန့်ပြီး သူ့ပတ်ဝန်း ကျင်ကို အကဲခတ်လိုက်တယ်။ သူ့ရဲ့ ကျင့်ကြံမှုက ချိုးဖြတ်သွားလို့ သူက ကောင်းကင်နဲ့မြေကြီးက နည်းနည်းလေး ကွဲပြားသွားတယ်လို့ ချက်ချင်း ခံစားလိုက်ရတယ်။

ပိုပြီးတော့တောင် သင့်တော်လာတယ်။

ပိုပြီး ရှင်းလင်းလာတယ်။

ဒါက... လိုမျိုးပဲ။

အတွေးတစ်ချက်နဲ့ ချီမင်က ကမ္ဘာကြီးထဲကို ပေါင်းစပ်ဝင်ရောက်ပြီး ကောင်းကင်နဲ့မြေကြီးရဲ့ နက်နဲမှုတွေကို နားလည်နိုင်တယ်။ သူက ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအားကို ဆုပ်ကိုင်ထားပြီး မြင့်မြတ်ပြီး စွမ်းအားကြီးတဲ့ ခံစားချက်မျိုး ခံစားရတယ်။

ဒီခံစားချက်က မြန်မြန်ဆန်ဆန် ပျောက်ကွယ်သွားတယ်။

ချီမင်က အဲ့ဒီထဲမှာ နစ်မြောမနေဘူး။

"ဘာလဲ?"

ချီမင်က အံ့အားသင့်သွားတယ်။ သူ့အကြည့်က ကောင်းကင်လျှို့ဝှက်ချက်အိမ်တော် အပြင်ဘက်ကို ကြည့်လိုက်တော့ မဟာအကြီးအကဲ သုံးယောက်ကို တွေ့လိုက်တယ်။ တာအိုဆရာ ခရမ်းရောင်ကောင်းကင်က အလယ်မှာ ရပ်နေပြီး သူ့ဘေးက နှစ်ယောက်ကို ချီမင် မသိဘူး။ ရှန်ကွမ်းဝမ်ကောက တံခါးဘောင်ရှေ့မှာ တစ်ဝက်လောက် လဲလျောင်းရင်း ချီမင်ကို ပြုံးပြုံးလေး ကြည့်နေတယ်။

"မဟာအကြီးအကဲတို့..."

ချီမင်က စိတ်ထဲမှာ တုန်လှုပ်သွားပေမဲ့ မျက်နှာပေါ်မှာ မပြဘူး။ သူက တံခါးဆီကို မြန်မြန် လျှောက်သွားပြီး မဟာအကြီးအကဲ သုံးယောက်ကို လက်သီးဆုပ်နှုတ်ဆက်လိုက်တယ်၊ "တပည့် ချီမင်က မဟာအကြီးအကဲ သုံးယောက်ကို နှုတ်ဆက်ပါတယ်။ တပည့်က တံခါးပိတ်ကျင့်ကြံနေလို့ မဟာအကြီး အကဲ သုံးယောက် ရောက်နေတာကို မသိလိုက်ဘဲ မကြိုဆိုနိုင်ခဲ့ပါဘူး။ မဟာအကြီးအကဲ သုံးယောက် ခွင့်လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။"

"ဒီ အဘိုးကြီးက သခင်လေး တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတာကို ဂုဏ်ပြုပါတယ်။"

ရှန်ကွမ်းဝမ်ကောက ထရပ်ပြီး ချီမင်ကို ဦးညွှတ်လိုက်တယ်။ သူ့လေသံက လေးစားမှုတွေ ပါလာတယ်၊ "သခင်လေး အဆင့်ချိုးဖြတ်ပြီး အံ့ဖွယ်သိုင်းနည်းစနစ်ကို ကျွမ်းကျင်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်။"

"ခင်ဗျား..." ချီမင်က မျက်မှောင်ကြုတ်လိုက်တယ်။

ရှန်ကွမ်းဝမ်ကောရဲ့ တုံ့ပြန်မှုက နည်းနည်းလေး မျှော်လင့်မထားဘူး။

လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်းမှာ ရှန်ကွမ်းဝမ်ကောက ချီမင်ကို မျက်နှာသာမပေးခဲ့ဘူး။ သူက ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက် အပေါ်ထားတဲ့ သူ့ဒေါသကို ချီမင်အပေါ် ပုံချချင်တဲ့ ခံစားချက်မျိုး ရှိတယ်။

ရှန်ကွမ်းဝမ်ကောရဲ့ ကျင့်ကြံမှုက ချိပ်ပိတ်ခံထားရလို့ သူက ချီမင်ကို တိုက်ခိုက်လို့ မရဘူး။ ချီမင်ရဲ့ အင်အားနဲ့ဆိုရင် သူ့ကို အလွယ်တကူ ကိုင်တွယ်နိုင်တယ်။

သူက ပါးစပ်ကနေပဲ ကျိန်ဆဲနိုင်တယ်။ လက်တွေ့မှာ ဘာမှ လုပ်လို့မရဘူး၊ ချီမင်ကလည်း ဒီလောက် အသက်ကြီးနေတဲ့မွန်းစတားအိုကြီးကို အာရုံမစိုက်ချင်ဘူး။

သိသာထင်ရှား မနေပေမဲ့ ဒီမွန်းစတာအိုကြီးက အခု နည်းနည်းလေး ပုံမှန်မဟုတ်ဘူး။

"သခင်လေး။"

ရှန်ကွမ်းဝမ်ကောက ဆက်ပြောတယ်၊ "မဟာအကြီးအကဲ သုံးယောက်က သခင်လေးကို အိမ်တော် အပြင်ဘက်မှာ တစ်လလုံး စောင့်နေခဲ့ကြတယ်။ ဒါက ဂိုဏ်းချုပ်တောင် မရနိုင်တဲ့ ဆက်ဆံမှုမျိုးပဲ။"

"မဟာအကြီးအကဲ သုံးယောက် အကြာကြီး စောင့်နေခဲ့ရပြီ။ ကျေးဇူးပြုပြီး အထဲကို ကြွပါ။" ချီမင်က တုံ့ပြန်လိုက်တယ်။

"ကောင်းပြီ။"

တာအိုဆရာ ခရမ်းရောင်ကောင်းကင်နဲ့ တခြား မဟာအကြီးအကဲ နှစ်ယောက်က ခေါင်း အနည်းငယ် ညိတ်လိုက်တယ်။ သူတို့က ချီမင်ကို အကြိမ်အနည်းငယ် အကဲခတ်ပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးမှ ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်ထဲကို ဝင်သွားကြတယ်။

ချီမင်က မဟာအကြီးအကဲ သုံးယောက်ကို ပင်မခြံဝင်းမှာ ကြိုဆိုလိုက်တယ်။

ပြီးတော့ သူက မဟာအကြီးအကဲ သုံးယောက် ဘာကြောင့် သူ့ကို အထူးတလည် လာရှာလဲဆိုတာကို နောက်ဆုံးတော့ နားလည်သွားတယ်။

ဒါကရင်းနှီးတဲ့အမူအရာတစ်ခုဖြစ်တယ်။

ဒါ့အပြင်…

ချီမင်က တခြား မဟာအကြီးအကဲ နှစ်ယောက်အကြောင်းကိုလည်း သိသွားတယ်။ သူတို့က ဘိုးဘေး ဝေဟီ နဲ့ တာအိုဆရာ လျှပ်စီးမီးတောက် တို့ ဖြစ်တယ်။

"ချီမင်၊ မင်း အခြေတည်ဝိညာဉ် အစောပိုင်းအဆင့်ကို ချိုးဖြတ်ပြီးပြီလား?"

ဘိုးဘေး ဝေဟီက လေးထောင့်မျက်နှာနဲ့ လူလတ်ပိုင်းအရွယ် လူတစ်ယောက် ဖြစ်တယ်။ သူက ချီမင်ကို ကြည့်ပြီး ပွင့်ပွင့်လင်းလင်း မေးလိုက်တယ်။

"ကျွန်တော် ခုလေးတင် ချိုးဖြတ်ပြီးတာပါ။" ချီမင်က ပြန်ဖြေလိုက်တယ်။

"တကယ်ပဲ... မှန်နေတာပဲ..."

တာအိုဆရာ ခရမ်းရောင်ကောင်းကင်နဲ့ တခြားသူတွေ ဒါကို ကြားပြီးနောက် သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး အသက်ရှူမှားသွားကြတယ်။ သူတို့ မျက်လုံးထဲက တုန်လှုပ်မှုတွေက သိသာထင်ရှားနေတယ်။

သူတို့က အမှန်တရားကို အတည်ပြုဖို့ ချီမင်ကို လာရှာကြတာ။

အခုတော့ သူတို့ တကယ်ပဲ သေချာသွားပြီ။

လွန်ခဲ့တဲ့ တစ်လက ထူးခြားဖြစ်စဉ်က တကယ်ပဲ ချီမင် အခြေတည်ဝိညာဉ် အဆင့်ကို ချိုးဖြတ်လို့ ဖြစ်ပေါ်ခဲ့တာဖြစ်တယ်။

"ဒါက တကယ်ပဲ သမိုင်းမှာမရှိဖူးတဲ့ ပါရမီရှင်ပဲ။" တာအိုဆရာ ခရမ်းရောင်ကောင်းကင်က သက်ပြင်းချလိုက်တယ်။

"ချီမင်!"

တာအိုဆရာ လျှပ်စီးမီးတောက်က ခရမ်းရောင်ဆံပင်ရှည်နဲ့ လူငယ်တစ်ယောက်လို ပုံစံရှိတယ်။ သူ့ဆံပင်တွေက လျှပ်စီးကြိုးတွေလိုဖြစ်ပြီး မီးပွားတွေ တဖျပ်ဖျပ် လင်းနေတယ်၊ "မင်းက အခြေတည်ဝိညာဉ် အဆင့်ကိုပဲ ချိုးဖြတ်တာကို ဒီလို ထူးခြားဖြစ်စဉ်မျိုး ဖြစ်စေတယ်။ မင်းလိုလူမျိူးတကယ်ပဲဘယ်တုန်းကမှမရှိဖူးဘူး။"

"ဘိုးဘေးကောင်းကင်လျှို့ဝှက်ချက်က အထူးတလည် နိုးထပြီး မင်းကို သူ့ရဲ့ တစ်ဦးတည်းသော ကိုယ်ပိုင်တပည့်အဖြစ် လက်ခံတာ အံ့သြစရာ မရှိပါဘူး။" ဘိုးဘေး ဝေဟီက ပြောလိုက်တယ်။

"မဟာအကြီးအကဲ သုံးယောက်က အရမ်း ချီးကျူးလွန်းနေပါပြီ။"

ချီမင်ကပြောလိုက်တယ်"ကျွန်တော်က တကယ်တော့ အမှတ်မထင် နှစ်အနည်းငယ် ကျင့်ကြံလိုက်ရင်း မသိလိုက်ဘဲ ဉာဏ်အလင်းရသွားတာပါ။ မသိလိုက်ဘဲ အခြေတည်ဝိညာဉ် အဆင့်ကို ရောက်သွားပြီး မသိလိုက်ဘဲ ဒီလောက်ကြီးတဲ့ ထူးခြားဖြစ်စဉ်ကို ဖြစ်စေခဲ့တာပါ။"

All Chapters