ရှောင်ဝူကို ဝိုင်းထားပြီ
Vol. 18 Ch. 258
ချန်ရှီ ထွက်သွားပြီးနောက် ကျိုးချန့်ယင်၊ ဝမ်ဖျင်နဲ့ တခြားသူများ ရှေ့သို့ တိုးလာခဲ့သည်။ သံမျှော်စင်ကြီးလို သန်မာသော လူသည် ဆေးရည်ကို ရှာဖွေကာ မာကျုံးကျိုးကို အလျင်စလို တိုက်ကျွေးခဲ့သည်။ ထို့နောက် အသားကြီးထွားမှုအတွက် သန့်ရှင်းသောဆေးကို ထုတ်ကာ မာကျုံးကျိုးရဲ့ အဝတ်များကို ချွတ်ကာ သန့်ရှင်းသောဆေးကို သူ့ခန္ဓာကိုယ်အနှံ့ လိမ်းကျံလိုက်သည်။
ကောင်မလေး တော်တော်များများ လှည့်မကြည့်ဝံ့သဖြင့် အလျင်စလို လှည့်သွားကြသည်။
မာကျုံးကျိုးသည် ချန်ရှီဆီကြောင့် နံရိုးသုံးချောင်းကျိုးခဲ့ပြီး ခန္ဓာကိုယ်အောက်ပိုင်းနှင့် ဝမ်းဗိုက်တို့တွင် အကြိမ်ပေါင်းများစွာ ကန်သွင်းခံခဲ့ရသလို ကြိမ်ချောင်းဖြင့် ထပ်မံ အရိုက်ခံခဲ့ရသည်။
သူ့တစ်ကိုယ်လုံး အရိုက်ခံထားရသည့် အနက်ရောင်နှင့် ခရမ်းရောင် ဒဏ်ရာများသာ ကျန်ခဲ့လေသည်။ အကယ်၍ ချန်ရှီသာ လူသတ်ရန် ရည်ရွယ်ချက်မရှိခဲ့ဘဲ ၎င်း၏ ခွန်အားကို ထိန်းမထားနိုင်ခဲ့ပါက မာကျုံးကျိုးဟာ ချန်ရှီ၏ ပထမလက်ချက်ဖြင့်ပင် သေဆုံးသွားလိမ့်မည်။
ဒါကိုမြင်တော့ လူတိုင်း ထိတ်လန့် တုန်လှုပ်သွားကြကာ တစ်ယောက်ကို တစ်ယောက်ကြည့်၍ စကားမပြောရဲကြတော့ချေ။
အားလုံး စိတ်မသက်မသာ ဖြစ်ကုန်သည်။ နောက်ဆုံးတော့ သူတို့ဟာ ချန်ရှီနဲ့ စကားစမြည်ပြော၊ ရယ်မောခဲ့ကြပြီး သူ့ကို ဒဏ်ရာရတဲ့ ညီလေးတစ်ယောက်လို ဆက်ဆံခဲ့သည်။ သူ့ကို ပိုဂရုစိုက်ကြသည်။ သူတို့မိသားစုကို ချန်ထန်နဲ့ ပိုရင်းနှီးလာစေဖို့ ချန်ရှီရဲ့ ဆက်ဆံရေးကို အသုံးချချင်ခဲ့ကြ၏။
ယခု ချန်ရှီသည် မာမိသားစု၏သား မာကျုံးကျိုးကို ရက်ရက်စက်စက် တိုက်ခိုက်ပြီး သေလုနီးပါး ရိုက်နှက်ခဲ့သည်။ မာကျုံးကျိုး နိုးလာသောအခါ သူ့ဒေါသကို ထုတ်လွှတ်လာတော့မှာ စိုးရိမ်လာကြတော့သည်။
ထိုအချိန်တွင် အနောက်ဘက်တွင် ဖုန်မှုန့်များ ပျံဝဲနေပြီး အခြားလူများနှင့် မြင်းများမှာလည်း အရှိန်ပြင်းပြင်းဖြင့် စာတိုက်လမ်းတစ်လျှောက် လာနေပါပြီ။ ၎င်းက မိန်ကျိုး မာမိသားစု၏ အဖွဲ့များသာ ဖြစ်သည်။
ကျိုးချန့်ယင် နှင့် အခြားသူများ တုန်လှုပ်ခြောက်ခြားသွားကာ ထိုနေရာတွင် ရပ်ကြည့်နေကြသည်။
အမှန်တော့ မာမိသားစုသည် အလွန်ရှေးကျသော မိသားစုတစ်ခုဖြစ်ပြီး သားသမီးများစွာ ရှိသည်။ ယခုအကြိမ် ရှီးကျင်း စာမေးပွဲတွင် ပါဝင်မယ့် သားသမီးက ခုနစ်ယောက်ရှိပြီး မာကျုံးကျိုးလည်း ပါဝင်ပါသည်။ သူအမြဲတမ်း တစ်ယောက်တည်းနေရတာကို နှစ်သက်တဲ့အတွက် အဓိကအဖွဲ့ကနေ ထွက်ပြီး ရှေ့ဆက်သွားခဲ့ပေမယ့် မမျှော်လင့်ဘဲ ချန်ရှီနဲ့တွေ့ပြီး အရိုက်ခံလိုက်ရသည်။
ထိုအချိန်တွင် အဖွဲ့ကို ဦးဆောင်ခဲ့သည့် မာကျုံးမင်သည် မာကျုံးကျိုးထက် နှစ်နှစ်ပိုကြီးပြီး ဂိုဏ်းခေါင်းဆောင်၏ မျိုးရိုးလည်း ဖြစ်သည်။ သူက သတိလစ်နေသော မာကျုံးကျိုးကို ကြည့်ရင်း မျက်မှောင်ကြုတ်သွားသည်။
အနီးနားရှိ မာမိသားစုဝင်များကလည်း ဒေါသအရမ်းထွက်လာသည်။ ၎င်းတို့ထဲမှ နှစ်ရာသုံးရာသည် လူသတ်ချင်လာသော ရည်ရွယ်ချက်ဖြင့် အမူအရာ ပြောင်းလာ၏။ ၎င်းတို့သည် နတ်ကွန်းအမျိုးမျိုးကို ယဇ်ပူဇော်ကြပြီး နတ်သန္ဓေသားများ၊ ရွှေအမြုတေ၊ အခြေတည်ဝိညာဥ်နှင့် ရှေးဦးနတ်ဝိဉာဉ်များ၏ အံ့အားသင့်ဖွယ် စွမ်းအားများကို ထုတ်လွှတ်ကာ ချန်ရှီနောက်ကို လိုက်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။
"အကုန်ရပ်လိုက်!"
မာကျုံးမင်က သူတို့ကို တားလိုက်သည်။
"ငါတို့က လူတွေကို သတ်ဖို့ မဟုတ်ဘဲ နယ်ချဲ့ စစ်ဆေးမှု ခံယူဖို့ ရှီးကျင်းကို သွားမှာ... မင်းတို့ရဲ့ တာဝန်က ငါတို့ ခုနစ်ယောက်ကို ရှီးကျင်းကို ခေါ်ထုတ်သွားပေးဖို့ပဲ တခြား ကိစ္စတွေက မင်းတို့နဲ့ မဆိုင်ဘူး"
ဒီစကားတွေ ပြောပြီးတာနဲ့ တခြား လူတွေကလည်း ဒေါသထွက်ကုန်ကြသည်။ ထိုစဥ် မာမိသားစုမှ အဖိုးအိုတစ်ဦးက ဆိုလေသည်။
"ကျုံးမင်... ကျုံးကျိုးကလည်း စာမေးပွဲဖြေဖို့ ရှီးကျင်းကို သွားနေတဲ့ မာမိသားစုဝင်တွေထဲက တစ်ယောက်ပဲ ဒါပေမဲ့ ချန်ရှီက မာမိသားစုကို အလွန်အမင်း အနိုင်ကျင့်သွားပြီ....ငါတို့ မာမိသားစုက ဘုရင်ကျန်းနောက် လိုက်ပြီး နတ်ဆိုးမျိုးစုံကို နှိမ်နင်းနိုင်ခဲ့တယ်... ငါတို့လူကို အနိုင်ကျင့်သွားတဲ့ ချန်ရှီကို ဒီအတိုင်း ထားလိုက်ရင် အပြစ်တင်ခံရလိမ့်မယ်..."
"မှန်တယ်!"
မာမိသားစုမှ မိန်းကလေးငယ်တစ်ဦးက ဒေါသတကြီးထ၍ ဆိုသည်။
"အစ်ကိုကျုံးမင် ချန်ရှီက မကောင်းမှုတွေ အများကြီးလုပ်တယ်... ရှင်းရှန်မှာရှိတဲ့ ငါတို့ဦးလေးကို အနိုင်ကျင့်ပြီး သူ့ကို ကော့တက်ခိုင်းတယ်... ကုံကျိုးမှာရှိတဲ့ ငါတို့ရဲ့ဝမ်းကွဲ မာဝေ့ကုံးကို သတ်ပစ်လိုက်တယ်... ချင်းကျိုးမှာ သူနဲ့ လီမိသားစုရဲ့ အညစ်အကြေးကောင် နွားသတ်သမား လီထျန်းချင်က မာမိသားစုကို သတ်သွားတယ်... အခု ထပ်ပြီး သည်းခံရဦးမှာလား?"
သူမ ပြောနေစဉ်တွင် မျက်ရည်များ ပါးပြင်ပေါ်သို့ လိမ့်ဆင်းလာကာ သူမ အလွန်အမင်း စိတ်ထိခိုက်သွားသလို ခံစားလိုက်ရသည်။ သို့သော် မာကျုံးမင်က ခေါင်းခါပြီး။
"ငါတို့ စာမေးပွဲဖြေဖို့ ရှီးကျင်းကိုပဲ သွားမယ်... ကိစ္စတွေကို မရှုပ်ထွေးစေနဲ့ ချန်ရှီက မကောင်းမှုတွေ အများကြီး လုပ်ခဲ့ပြီးပြီ ဒါပေမယ့် သူ့ကို ကိုင်တွယ်မလားဆိုတာ မိသားစုရဲ့ အသက်ကြီးပိုင်းတွေကပဲ ဆုံးဖြတ်ရမှာ.."
သူက လှည့်ပတ်ကြည့်ရင်း "ရိုးရိုးသားသား ပြောရရင် ငါတို့မိသားစုရဲ့ ဘိုးဘေး တော်တော်များများက ချင်းကျိုးက ဆေးဖက်ဆိုင်ရာ နယ်ပယ်ကိစ္စကြောင့် သူတို့ရဲ့ နေအိမ်တွေကို စွန့်ခွာပြီး ရှီးကျင်းကို သွားနေကြပါပြီ"
လူတိုင်း၏ ဝမ်းနည်းမှုနှင့် ဒေါသများ ပျောက်ကွယ်သွားကာ ထိတ်လန့်သွားကြသည်။ ချင်းကျိုးက ဆေးဘက်ဆိုင်ရာ စိုက်ခင်းကိစ္စက အလွန်အရေးကြီးပါ၏။
ချန်ရှီရဲ့ လုပ်ဆောင်ချက်များသည် ဝမ့်မိသားစုကို ဖယ်ရှားရန် သက်သက်သာ ဖြစ်ပုံရသော်လည်း ၎င်းသည် မိသားစု ဆယ့်သုံးစုက ဘိုးဘေးများစွာကို နှင်ထုတ်သလို ဖြစ်သွားခဲ့သည်။
မာမိသားစုရဲ့ ဘိုးဘေးက ရှီးကျင်းကို သွားချေပြီ။ အပေါ်ယံကကြည့်ရင် ၎င်းသည် ဆေးပင်များနှင့် ဘာမှမဆိုင်ဘူးဟု ထင်ရသော်လည်း အမှန်တကယ်တွင် ၎င်းသည် ချန်ရှီနောက်ကွယ်မှ တပ်ဖွဲ့များနှင့် ကိုင်တွယ်ရန် ဖြစ်သည်။
ရှီးကျင်းမှာ အလောင်းကောင် တိမ်တိုက် ရှိနေသည်။
"ချန်ရှီကို ရွှေ့နိုင်မလား မရွှေ့နိုင်ဘူးလားဆိုတာ မကြာခင်မှာ သိလာရလိမ့်မယ်။"
မာကျုံးမင်က ဆိုသည်။
"မျိုးဆက်သစ်လူငယ်တွေအနေနဲ့ ဘိုးဘေးတွေရဲ့ အကြံအစည်တွေ ပျက်စီးအောင် မလုပ်သင့်ဘူး... နောက်တစ်ခါ ချန်ရှီကို မြင်တဲ့အခါ မင်းတို့ သူ့ကို ယဉ်ယဥ်ကျေးကျေး ဆက်ဆံရမယ် နားလည်လား"
အားလုံးက ဒေါသကို ထိန်းကာ ခေါင်းညိတ် သဘောတူလိုက်ကြသည်။
မာမိသားစုက ဘာမှ အရေးယူဆောင်ရွက်ခြင်း မပြုဘဲ ချန်ရှီကို လိုက်မသတ်တာ တွေ့လိုက်ရတော့ ကျိုးချန့်ယင် နှင့် တခြားသူများမှာ သိမြင်သောအခါ အချင်းချင်း ကြည့်ပြီး အံ့သြသွားကြသည်။
"ချန်ရှီနောက်မှာ ဘယ်သူရှိလို့လဲ... မာမိသားစုကိုတောင် ချုပ်နှောင်ထားနိုင်တယ်... ချန်မိသားစုက မိသားစုကြီးသုံးစုထက် ပိုခိုင်မာနေတာလား"
ချန်ရှီ၏ သစ်သားလှည်းသည် အနောက်နွားရှင်းကျိုး ကုန်းတွင်းပိုင်းသို့ ဖြည်းညှင်းစွာ နက်ရှိုင်းလာသည်။ ပတ်ဝန်းကျင်က တဖြည်းဖြည်း တိတ်ဆိတ်လာသည်။ စာတိုက်လမ်းများ ပြိုကျပျက်စီးကာ ရံဖန်ရံခါ ပြတ်တောက်နေရာ အချို့နေရာများတွင် စာတိုက်လမ်းများက လုံးဝမရှိဘဲ သွားလာရခက်သော လမ်းများသာ ရှိသည်။
တစ်ခါတစ်ရံ မိုင်ပေါင်းများစွာ လမ်းလျှောက်ပြီးရင်တောင် ရွာကို မတွေ့ရ။
လမ်းဘေးမှာ အဖြူရောင်အရိုးတွေ အများကြီးရှိနေတတ်သည်။ လူလား တိရစ္ဆာန်လားမသိရဘဲ လထွက်လာသောအခါ မြေပြင်ပေါ်တွင် ဖြည်းညှင်းစွာ တွားသွားနေကြသည်။ သို့သော် ယခုက နေ့ခင်းဘက်ဖြစ်၍ လရောင်အားနည်းသောကြောင့် ၎င်းတို့သည် အလွန်အားမပြည့်ဘဲ အများစုမှာ လှည်းဘီးများကြောင့် ကြေမွသွားကြသည်။
လမ်းရဲ့ အဝေးမှာ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး အနက်ရောင်အဝတ်အစား ဝတ်ထားတဲ့ လူတချို့ရှိပါ၏။ သူတို့က သစ်ပင်တွေထက် အများကြီးမြင့်ပြီး ပါးလွှာကြသည်။ သူတို့က တောထဲမှာ မတ်တတ်ရပ်နေရာမှ သစ်သားလှည်းကို မလှုပ်မယှက်ဖြင့် ကြည့်နေ၏။
ထို့နောက် ခေါင်းကို လှည့်ပြီး သစ်သားတွန်းလှည်း ထွက်သွားတာကို ကြည့်နေကြလေသည်။
စွင်းယိရှန်း ထိတ်လန့်သွားပြီး :"အဲဒါက သရဲတစ္ဆေတွေ... အခုက နေ့ခင်းဘက်ဆိုတော့ မလှုပ်ရှားနိုင်ပေမယ့် ညဘက်မှာ အရမ်းမြန်တယ်... မမှောင်ခင် လုံခြုံတဲ့နေရာကို အမြန် ရှာရမယ်"
သူတို့ လမ်းလျှောက်ပြီး သိပ်မကြာခင်မှာပဲ နောက်ထပ် အကောင်ကြီးအုပ်စုက သူတို့ရှေ့မှာ ဖြည်းညှင်းစွာ ဖြတ်သွားကြပြန်သည်။ ထိုအကောင်ကြီးများသည် ခြေလေးချောင်းနှင့် လက်နှစ်ချောင်းပါကာ တောင်ကုန်းတွေလို ရွေ့လျားနေသည်။ သူတို့လမ်းလျှောက်တာ အဆင်ပြေအောင် ထောက်ထားဖို့ သူတို့ရဲ့လက်တွေကို မြေပြင်မှာ ဖြန့်ထားကြသည်။
သူတို့၏ လည်ပင်းများသည် အလွန်ရှည်လျားပြီး တိမ်တိုက်ထဲတောင် ရောက်ရှိသွားကြပြီ။ တောင်တွေကြား၊ တိမ်တွေကြားထဲမှာ မျောပါနေတဲ့ အပင်တချို့ရှိပြီး ဒီအကောင်ကြီးတွေက အစာအတွက် အဲဒီအပင်တွေကို စားကြ၏။
သို့သော် ဤအပင်များကြားတွင် အသိုက်ဆောက်ထားသည့် ငှက်ကြီးတစ်ကောင် ရှိပေသည်။ ၎င်း၏ငှက်ငယ်များကို ကာကွယ်ရန်အတွက် ငှက်ကြီးသည် ပျံတက်ကာ ထိုအကောင်ကြီးများ၏ ဦးခေါင်းများပေါ်တွင် သွေးထွက်သည်အထိ ကိုက်ခဲနေခဲ့သည်။
ဧရာမသားရဲ၏ နောက်ကွယ်မှ မြားများစွာတို့သည် ငှက်ကို ကြောက်လန့်သွားအောင် လေထဲသို့ ပစ်လွှတ်လိုက်ကြသည်။
ထိုမှသာ ဧရာမသားရဲ တစ်ကောင်ချင်းစီ၏ နောက်ကျောတွင် ရွာတစ်ရွာရှိကြောင်း လူတိုင်း သတိပြုမိသွားကြသည်။
ရွာက လူတွေက အဝတ်အစား နည်းနည်းပဲဝတ်ကြပြီး မျက်နှာတွေကို ရောင်စုံမိတ်ကပ်တွေ ခြယ်သထားကာ လေးမြှားတွေ ကိုင်ထားကြသည်။ သူတို့ကို အဝေးကနေ လှမ်ကြည့်နေပြီး အရမ်းလည်း သတိထားနေကြ၏။
"သူတို့က အခွန်မဆောင်ဘဲ အဲ့အကောင်ကြီးတွေရဲ့ နောက်ကျောမှာ နေထိုင်သူတွေ... သူတို့က အခု တောရိုင်းကောင်တွေအဖြစ် ပြောင်းလဲလုနီးပါးဖြစ်နေပြီ"
စွင်းယိရှန်းက ပြောပြသည်။
ဟူဖေးဖေးသည် နန်းနန်းကို ခြံဝင်းလေးထဲကနေ ခေါ်ထုတ်ပြီး ရှားပါးတဲ့ မြင်ကွင်းကို မော့ကြည့်လိုက်ကြသည်။ နန်းနန်းက စိတ်ရှုပ်ထွေးစွာ မေးလေ၏။
“ဘာစားကြလဲ”
ချန်ရှီက ကောက်ပဲသီးနှံစိုက်ခင်းရှိရာ ဖီ၏ နောက်ဘက်သို့ လက်ညှိုးထိုးပြကာ ပြောပြသည်။
"သူတို့က ကောက်ပဲသီးနှံတွေ စိုက်ပြီး ငါတို့လိုပဲစားတာ"
စွင်းယိရှန်းက ခေါင်းခါလိုက်သည်။
"မတူဘူး သူတို့ရဲ့ ကောက်ပဲသီးနှံတွေက ရှန်ကျိုးက ယူလာတဲ့ ကောက်ပဲသီးနှံတွေ... ဒီဖီတွေရဲ့ နောက်ကျောမှာ မြေဆီလွှာမရှိဘူး ဂျုံစပါးကို ဖီရဲ့ချွေးပေါက်တွေထဲမှာ စိုက်ထားတာ... စိုက်ပျိုးတဲ့အခါမှာ ဖီရဲ့ ချွေးမွေးတွေကို ဆွဲနုတ်ပြီး ချွေးပေါက်ထဲမှာ အစေ့တွေကို ဖြန်းပေးတယ်... အဆီတွေကျလာပြီး ချွေးပေါက်တွေထွက်လာတယ် ပြီးတော့ ဖီရဲ့ လျှို့ဝှက်ထားတဲ့ အညစ်အကြေးတွေက စပါးစေ့အတွက် မြေသြဇာ ဖြစ်လာတာ... အဲ့ကနေ သူတို့ ကောင်းကောင်းမွန်မွန် ရှင်သန်နိုင်တယ်"
ချန်ရှီနဲ့ ဟူဖေးဖေး အံ့သြသွားသည်။ သားရဲတွေရဲ့ ကျောမှာ စပါးစေ့ကို စိုက်ပြီး သားရဲတွေနဲ့အတူ ပြောင်းရွှေ့နေထိုင်တာက သူတို့အတွက် တကယ်ကို မျက်စိဖွင့်စရာပါပဲ။
"ဖီရဲ့ ခြေခြောက်ချောင်း ကပ်ပါးကောင်ဖြစ်တဲ့ လှေးဝက်လို့ခေါ်တဲ့ ထူးခြားတဲ့ ဝက်တစ်မျိုးကိုလည်း မွေးမြူထားသေးတယ်... ချောင်ကျူးလို့ ခေါ်တယ်....ချောင်ကျူးတွေက အနက်ရောင်သန့်သန့်မလို့ ညဘက်မှာ မြင်ရခက်တယ်... ဖီရဲ့အရေခွံကို ဖောက်ပြီး ဖီရဲ့ခန္ဓာကိုယ်ထဲကို တူးဝင်တယ်...ပြီးရင် ဖီသားရဲရဲ့သွေးကို သောက်ပြီး အသက်ရှင်ကြတယ်..."
"ချောင်ကျူးတွေက ၃၀၀ ကနေ ၄၀၀ ကီလိုဂရမ်အထိ ကြီးထွားနိုင်တယ်။ သူတို့က အရမ်းလျင်မြန်ပြီး အံ့သြစရာကောင်းတဲ့ ခုန်ပေါက်နိုင်စွမ်း ရှိတယ်...သားရဲတစ်ကောင်ရဲ့နောက်ကနေ နောက်တစ်ကောင်ရဲ့ နောက်ကျောကို ပေပေါင်းဒါဇင်နဲ့ချီပြီး ခုန်နိုင်တယ်... အဲဒီလူတွေက ချောင်ကျူးတွေကို မွေးပြီးရင် ရေတွင်းတွေလုပ်ဖို့အတွက် တူးထားတဲ့ အပေါက်တွေကို သုံးကြတယ်... တခါတရံမှာ ချောင်ကျူးတွေရဲ့နောက်ကျောကို စီးနင်း တိုက်ခိုက်တတ်ကြတယ်"
သစ်သားလှည်းက ဤသားရဲများအောက်မှ ဖြတ်သန်းသွားသည်။ ချန်ရှီ၊ ဟူဖေးဖေးနဲ့ နန်းနန်းတို့မှာ လည်ပင်းကျိုးမတတ် မော့ကြည့်နေရသည်။
သူတို့၏ ဦးခေါင်းထက်တွင် ကြီးမားသော တစ်ကောင်သည် ၎င်း၏ ခြေထောက်များကို မြှောက်ပြီး လေထဲ ဖြတ်သွားစဥ် လေထဲ၌ တဟုန်ထိုး အော်မြည်သံတစ်ခုကို ဖန်တီးခဲ့သေးသည်။ မကြာခင်မှာပဲ စွင်းယိရှန်း ပြောခဲ့တဲ့ လူမျိုးစုစစ်ပွဲကို သူတို့ တွေ့လိုက်ရသည်။
အရွယ်ရောက်သော ဖီသားရဲနှစ်ကောင် ဆုံတွေ့သောအခါတွင် ရန်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်။ အိမ်ထောင်ဖက် အခွင့်အရေးကြောင့် ဖြစ်နိုင်သည်။
၎င်းနောက်ကျောရှိ လူသားမျိုးနွယ်သည်လည်း ဤတိုက်ပွဲတွင် ပါဝင်ခဲ့သည်။ မျိုးနွယ်စုနှစ်ခုလုံးမှ လူများသည် ၎င်းတို့၏မျက်နှာများကို အရောင်မျိုးစုံဖြင့် ခြယ်သပြီး ချောင်ကျူးများကိုစီးထားကြသည်။ ပါးစပ်က အစွယ်များကို ကြိုးများဖြင့်ချည်ကာ ဖီသားရဲနောက်ဘက်တွင် ပြေးလွှားနေကာ ရုတ်တရက် ခုန်တက်လိုက်ရင်ပဲ လေထဲတွင် ပေါက်ကွဲသံများ ထွက်ပေါ်လာတော့သည်။
သူတို့သည် ဆန့်ကျင်ဘက် အကောင်၏ နောက်ကျောပေါ်သို့ ခုန်ဆင်း၍ လှံ၊ ချွန်ထက်သော ဓါးများကို ကိုင်ဆောင်ကာ ဆန့်ကျင်ဘက် မျိုးနွယ်စုမှ လူများကို သတ်ပစ်လိုက်ကြသည်။
ကောင်းကင်ကြီး၏ နေရာတိုင်းတွင် ချောင်ကျူးများစွာ ခုန်ပေါက်နေပြီး ရံဖန်ရံခါ ကြီးမားသော အမြင့်မှ ချော်လဲကျကာ ကျယ်လောင်သော လေသံများနှင့်အတူ အပိုင်းပိုင်း ပြတ်တောက်သွားတတ်သည်။ သစ်သားလှည်းသည် ဘီလူးနှစ်ကောင်အောက်ကို ဖြတ်သွားရင်း အကြိမ်ပေါင်းများစွာ နင်းမိသတ်လုနီးပါး ဖြစ်ခဲ့ရသည်။
အန္တရာယ် အရှိဆုံးအချိန်၌ ဘီလူး၏ အလွန်လေးလံသော ခြေထောက်များသည် သစ်သားလှည်းကို ချေမှုန်းရန် နီးကပ်လာတတ်၏။ ထိုအခါ စွင်းယိရှန်းသည် နတ်ဝိညာဥ် ကို တွန်းအားပေးပြီး ဘီလူး၏ခြေထောက်များကို ထောက်ထားကာ သစ်သားလှည်းကို လွတ်မြောက်စေခဲ့သည်။
ဘီလူးကြီးသည် အလွန်လေးလံပြီး ကြီးမားသောကြောင့် ၎င်း၏ခြေထောက်များက သူ့အပေါ်ကို ဖိချလိုက်သောအခါ စွင်းယိရှန်းခမျာ ပေတစ်ထောင်မြင့်သော တောင်ကြီးတစ်ခုက သူ့အပေါ်ကို ဖိချလာသလို ခံစားလိုက်ရချေသည်။ သူသည် နတ်သန့်စင်နယ်ပယ်က သခင်တစ်ဦး ဖြစ်သော်ငြားလည်း ဝိညာဉ်သည် ဖိအားကြောင့် နောက်ထပ် ဒဏ်ရာရသွားခဲ့ပြန်သည်။
သူ့ဝိညာဉ်သည် ပို၍ ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။ သစ်သားလှည်းတွင် သိုးချို ကောင်းကင်ဝိညာဉ်မီးခွက်ကို ကိုင်လျက် ထိုင်နေသော်လည်း အေးစက်နေဆဲ။ သူသည် အ၀တ်အထည်များစွာဖြင့် သူ့ကိုယ်သူ တင်းတင်းကြပ်ကြပ် ထုပ်ပိုးကာ မီးတောက်မီးလျှံထဲတွင် သူ့ဝိညာဉ်ကို နွေးထွေးစေခဲ့သည်။
ဒါကိုမြင်တော့ ဟူဖေးဖေးက သူ့ကို ခွေးလေးနဲ့အတူ နေပူစာလှုံဖို့ ခြံကျဉ်းလေးဆီ ပို့ပေးလိုက်သည်။ စွင်းယိရှန်းသည် ဟေးကော်နှင့် ကုတင်ပေါ်တွင် လှဲလျောင်းရန် ငြင်းဆန်ချင်သော်လည်း သူ့ဒဏ်ရာများမှာ ပြင်းထန်လွန်းသဖြင့် လဲလျောင်းပြီးနောက် မလှုပ်ချင်တော့ပေ။
ခွေးက စာအုပ်တစ်အုပ်ကို ဖတ်နေသည်။ တစ်ခါတလေ ပါးစပ်ထဲမှ လျှာဖြင့် စာမျက်နှာများကို လှန်လိုက်သေးသည်။ စွင်းယိရှန်း တစ်ယောက်တည်း တွေးမိလာသည်။
"ဒီခွေးက တစ်ခုခုမှားနေသလိုပဲ..."
ဟေးကော် သူ့ကို ကြည့်လိုက်တာနဲ့ အရာအားလုံးက သာမန်ပဲ ဖြစ်သွားသည်။
ဟေးကော်က စာအုပ်တစ်အုပ်ကို လှန်ကြည့်နေသည်။ ခဏအကြာတွင် သိုးချိုမိုးကောင်းကင်ဝိညာဉ် ဆီမီးခွက်ကို ရုတ်တရက်ကောက်ကိုင်လိုက်ပြီး ညင်သာစွာ ယမ်းလိုက်သည်။ စွင်းယိရှန်း မီးခွက်ကို မြင်လိုက်ချိန်၌ ခွေးနှင့် သူ့နတ်ဝိညာဉ်သည် မရဏကမ္ဘာထဲသို့ အတူတူ နစ်မြုပ်သွားချေပြီ။
သူ ထိတ်လန့်တုန်လှုပ်သွားပြီး အကူအညီတောင်းရန် ရုန်းကန်နေရသော်လည်း ချန်ရှီနဲ့ ဟူဖေးဖေးတို့သည် ဖီသားရဲ၏ ကျောနောက်ဘက်သို့ ပြေးသွားပြီး "အသုံးမဝင်သော ရွှေကျောက်တုံးများ" အတွက် ကျောကုန်းပေါ်တွင် နေထိုင်သူနှင့် ၎င်းတို့၏ အပိုအဝတ်အစားများကို လဲလှယ်ပေးကြသည်။ စွင်းယိရှန်း ဘယ်လောက်ပဲ အကူအညီတောင်းနေပါစေ သူတို့နှစ်ယောက်က မကြားကြ။
သို့သော် သစ်သားလှည်းသည် ထိုအသံကိုကြားကာ လက်နှစ်ဖက်နှင့် ခြံဝင်းကို လှမ်းဆွဲလိုက်သည်။ စွင်းယိရှန်းသည် သစ်သားလှည်းဘောင်များပေါ်တွင် ကြီးမားသော မျက်လုံးများ ပေါက်ဖွားလာတာ မြင်လိုက်ရပြီး ခြံဝင်းငယ်အထက်က ကောင်းကင်နှင့် နီးကပ်လာကာ ကောင်းကင်ကို ပိတ်ဆို့ထားလိုက်သည်။
"သေရင်လည်း သေပါစေတော့... လူကြီးမင်းချန်ထန် ငါ အစွမ်းကုန် ကြိုးစားပြီးပြီ"
မြေအောက်ကမ္ဘာမှာတော့ ဟေးကော်က နတ်ဆိုးကြီးလိုပါပဲ။ ကောင်းကင်ဝိညာဉ်မီးအိမ်ရဲ့ နတ်မီးခွက်ကို ထွန်းထား၏။ ဆီမီးလျှံသည် ဦးချိုအောက်၌ မှောင်မိုက်သော လတစ်စင်းလို တောက်ပနေသည်။
စွင်းယိရှန်း၏ ဝိညာဉ်သည် မှောင်မိုက်သော လထဲတွင် ရှိနေသည်။ ၎င်းသည် မရဏကမ္ဘာမှ အလွန် လွန်ကဲသော ယင်စွမ်းအင်ကို စုပ်ယူပြီး ဆီမီးခွက်ကို လောင်ကျွမ်းသွားစေသလို ခံစားရသော်လည်း ယင်စွမ်းအင်သည် ယန်အဖြစ်သို့ ပြောင်းလဲသွားပြီး အလွန်အမင်း အားကောင်းသော ယန်စွမ်းအင်ကို ထုတ်ပေးလာသည်။ ၎င်းက သူ့စိတ်ဝိညာဉ်ကို ပြုပြင်ပေးနေ၏။
သူ အံ့အားသင့်ပြီး ပျော်ရွှင်သွားခဲ့သည်။ သူ၏ စိတ်ဝိညာဉ် ပြန်လည် ထူထောင်နိုင်သော အရှိန်ဟာ အရမ်း တိုးတက်လာသလို ခံစားလိုက်ရသည်။
"ခွေးက ငါ့ကို ဒုက္ခမပေးချင်ဘူး.. ငါ့ဒဏ်ရာတွေကို ကုပေးဖို့ ကူညီပေးနေတာပဲ"
ဤအခိုက်အတန့်တွင် တစ္ဆေများနှင့် နတ်ဘုရားများစွာသည် အရပ်ရပ်မှ ထွက်ပေါ်လာပြီး တိုက်ပွဲသံက မြေကြီးတုန်ခါကာ ဒီဘက်ကမ်းသို့ လှိုင်းလုံးကြီးသဖွယ် ခုန်တက်လာကြသည်။
စွင်းယိရှန်း ထိတ်လန့်သွားသည်။ သူ့ဝိညာဉ်သည် ဆယ်ပေမြင့်သောကြောင့် နတ်သန့်စင်ခြင်းနယ်ပယ်က လူများကြားတွင် အားကောင်းမောင်းသန် ဖြစ်လာစေသည်။ သို့သော် ပေရာနှင့်ချီ မြင့်သော မရဏကမ္ဘာမှ သရဲတစ္ဆေများနှင့် နတ်ဘုရားများရှေ့တွင်မူ သူ့အစွမ်းက မလုံလောက်ပါ။
"ငရဲပြည်မှာ သေရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး..."
ခွေးနက်ကြီးသည် နတ်ဆိုးမီးကို နင်းကာ ခြေတစ်ထောင်ရှိသော တစ္ဆေနတ်ဘုရား၏ ဦးခေါင်းကို ရိုက်ချိုးကာ အခြားတစ္ဆေနတ်ဘုရား၏ လက်မောင်းကိုတော့ ကိုက်ပစ်လိုင်သည်။ သူ့ဟောက်သံနှင့်အတူ အခြားတစ္ဆေနတ်ဘုရား၏ ဦးခေါင်းကို ပေါက်ကွဲသွားစေသည်။ ပါးစပ်ကို ဖွင့်ဟလိုက်တာနဲ့ နတ်ဆိုးမီးကို ထွေးထုတ်ကာ တစ္ဆေသုံးကောင်လုံး မီးလောင်သွားလေသည်။
"ဒီတစ္ဆေတွေနဲ့ နတ်တွေက ငါ့ကိုသတ်ဖို့ လာတာ မဟုတ်ဘူး! ဒီခွေးကိုသတ်ဖို့ ဒီမှာလာနေတာ"
သူ့နှလုံးခုန်သံ ပြင်းပြင်းထန်ထန် ခုန်ပေါက်နေ၏။
"ခွေးရဲ့ဇာစ်မြစ်က ဘာလဲ... သူ့ရဲ့မူလက ငါ့ထက် အများကြီး ကြီးနေမှာကိုပဲ ကြောက်ရတယ်"
တစ္ဆေများ၊ နတ်များနှင့် နတ်ဆိုးများ ပိုများလာကာ ဟေးကော် ကြာကြာမထိန်းနိုင်တော့ပေ။ သူသည် ၎င်းတို့ကိုသတ်ရင်း ပင်ပန်းနေပြီ ဖြစ်သောကြောင့် သိုးဦးချို ကောင်းကင်ဝိညာဉ်မီးအိမ်ကို ကိုက်ကာ မရဏကမ္ဘာမှ ခုန်ထွက်ရင်း ခြံဝင်းငယ်လေးဆီသို့ ပြန်သွားခဲ့သည်။
မီးပုံးကိုချ၍ ကုလားထိုင်ပေါ်တွင် လှဲချကာ ဦးထုပ်ကို ပြန်ဆောင်းထားသည်။ ထို့နောက် နေရောင်အောက်တွင် အနားယူနေလေ၏။
စွင်းယိရှန်းလည်း သူ့စိတ်ဝိညာဥ်ရဲ့ ဒဏ်ရာများက အနည်းငယ် ပြန်လည် ကောင်းမွန်လာခဲ့သဖြင့် စိတ်ထဲတွင် ရှက်ရွံ့သွားသလို ခံစားလိုက်ရသည်- "အရင်က ဒီနားမှာ မထိုင်ချင်ပေမယ့် သူနဲ့ အတူထိုင်ဖို့တောင် မထိုက်တန်တော့သလိုပဲ..."
ချန်ရှီနဲ့ ဟူဖေးဖေးတို့သည် ခြေခြောက်ချောင်း ဧရာမ ရေဘဝဲကြီး၏ နောက်ကျောမှ ဆင်းကာ အသုံးမဝင်သော ရွှေကျောက်တုံး များစွာကို ပြန်ယူလာခဲ့သည်။
ခြေထောက်ခြောက်ချောင်းပါတဲ့ ချောင်ကျူး နှစ်ကောင်ကိုလည်း ဝယ်လာကြသေးသည်။ ဟူဖေးဖေးနဲ့ နန်းနန်းသည် အလွန် ပျော်ရွှင်စွာဖြင့် ချောင်ကျူးများ၏ ကျောပေါ်သို့ တက်သွားခဲ့ကြပြီး လမ်းလျှောက်ထွက်ရန် စီစဉ်ခဲ့ကြသည်။
"မိုးကြိုး!"
သားရဲနှစ်ကောင်သည် ၎င်းတို့၏ ခွန်အားကို အသုံးချကာ လေထဲသို့ ခုန်ဆင်းလိုက်သည်နှင့် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။ ခဏအကြာတွင် ဟူဖေးဖေးနဲ့ နန်းနန်းတို့၏ စိတ်လှုပ်ရှားစွာ အော်သံများကို အဝေးမှ ကြားလိုက်ရသည်။
ချောင်ကျူးရဲ့ အရှိန်က မြန်လွန်းသဖြင့် လူနှစ်ယောက်လုံး ထိတ်လန့်လုနီးပါး ဖြစ်နေသည်။
"လူကြီးမင်းစွင်း...ကျနော်တို့ ပြန်ချမ်းသာပြီ!"
ချန်ရှီ စွင်းယိရှန်းကို ပြန်ခေါ်ထုတ်လိုက်သည်။
"ဒေသခံတွေအတွက်တော့ ဒီရွှေတွေက လှံတွေလုပ်လို့မရတဲ့ အသုံးမ၀င်တဲ့ ကျောက်တုံးတွေပဲ... အဝတ်အစားတွေက ပိုလိုနေတာ အဲဒါကြောင့် ကျနော်နဲ့ ဖေးဖေး သွားလဲလိုက်တာ ခင်ဗျား ဒါ အရင်သုံးလို့ရတယ် မလုံလောက်ရင် ကျနော့်ဆီမှာ ရှိသေးတယ်"
"သခင်ငယ်ရဲ့ ပိုက်ဆံကို ကျုပ်ဘယ်လိုလုပ် လက်ခံရမလဲ"
သူရှက်လာသလို ခံစားလိုက်ရသည်။ လမ်းတစ်လျှောက်တွင် သူသည် များစွာမကူညီနိုင်ခဲ့ဘဲ အကြိမ်ကြိမ် ဒဏ်ရာရခဲ့ပြီး ချန်ရှီနဲ့ ဟေးကော်ကသာ ပြုစုစောင့်ရှောက်ခဲ့သည်။ တစ်နေ့လျှင် အစားအစာ ၃ နပ်စလုံးကိုလည်း နတ်ဆိုး ဟူဖေးဖေးက ပြင်ဆင်ပေး၏။
အလကား စားသောက်နေမိသလိုပင်။
အခုခေတ်မှာ မျိုးဆက်သစ် လူငယ်တွေ သုံးစွဲဖို့ ပိုက်ဆံပေးဖို့ လိုနေတာပင်။
ယခုတော့ ပထမအကြိမ်အဖြစ် သူ့ကိုယ်သူ အရည်အချင်းမရှိသလို ခံစားခဲ့ရသည်။
ရှီးကျင်း။
ဝမ်ချန်း လမ်းသွယ်။
ကောင်းကင်မှာ မိုးဖွဲဖွဲလေး ကျနေသည်။ လီမိသားစု၏ အဘိုးဖြစ်သူ လီယိရန်သည် မိုးရေထဲကနေ ကောင်းကင်အထက်က တိမ်မည်းကြီးတစ်ခုကို လှမ်းကြည့်လိုက်သည်။
အခြားတိမ်များအားလုံးသည် လေနှင့်အတူ ရွေ့လျားနေသော်လည်း ဤတိမ်မည်းများသည် ကောင်းကင်တွင် မလှုပ်မယှက်ဖြင့် ရှီးကျင်းကို အမြဲဖုံးလွှမ်းထားခဲ့သည်။ မိုးရွာတဲ့နေ့မှာတောင် ဒီတိမ်တွေက တခြားတိမ်တွေလို မရွေ့သွားပေ။
သူ့အမြင်အာရုံသည် အလွန်ပြင်းထန်သည်။ တခြားသူတွေရဲ့ အမြင်မှာတော့ တိမ်တိုက်ဟာ ထူးဆန်းတဲ့ တိမ်တိုက်တစ်ခုသာ ဖြစ်ပေမယ့် သူ့မျက်လုံးထဲမှာတော့ ဒီတိမ်တိုက်ဟာ အလောင်းတွေနဲ့ ဖွဲ့စည်းထားတာပင်။
"ဖန်တီးခံရှောင်ဝူ!"
လီယိရန် သူ့အကြည့်ကို ပြန်ဆုတ်လိုက်ပြီး အပြုံးနဲ့ တစ်ဖက်ကို လှည့်ကာ အေးအေးဆေးဆေး ပြောလိုက်သည်။
"ငါ မင်းကို စောင့်နေတယ်"
သူ့နောက်တွင် အစိမ်းဖျော့ဖျော့ တာအိုဝတ်ရုံဝတ် ပညာရှင်တစ်ဦးသည် သူ့ဆီသို့ လျှောက်လာသည်။ ထိုသူသည် အရပ်ရှည်ရှည်၊ ချောမောပြီး လှပသော မျက်နှာနှင့် မုတ်ဆိတ်မွေးတွေ ရှိသည်။ လက်တစ်ဖက်တွင် ကျောက်စိမ်းခါးပတ်အဖြူကို ကိုင်ထားပြီး ကျန်တစ်ဖက်တွင် ဆီစက္ကူထီးကို ကိုင်ထားသည်။ မိုးတွင်းလမ်းကြားထဲ လျှောက်လာရင်း အနည်းငယ် ပျင်းရိနေပုံရသည်။
သူကတော့ ဖန်တီးခံရှောင်ဝူပဲ ဖြစ်သည်။
လီမိသားစုဘိုးဘေးကြီးက သူ့နောက်မှ ထွက်လာကာ သူ့လမ်းကို ပိတ်ဆို့လိုက်သည်။
တစ်ချိန်တည်းမှာပင် လီမိသားစု၏ ဘိုးဘေးနှင့် ဘိုးဘေးဟောင်းဖြစ်သူသည် အခြားလမ်းသွယ်နှစ်ခုမှ လာကာ ဖန်တီးခံရှောင်ဝူကို လမ်းဆုံတိုင်းတွင် ပိတ်ထားဆို့ခဲ့သည်။ ဖန်တီးခံရှောင်ဝူလည်း ဆီစက္ကူထီးကို ကိုင်လျက် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
"အဲဒီတုန်းက ချန်ယင်တူး ရှီးကျင်းမှာ ပြဿနာလာရှာတော့ သူ့စွမ်းဆောင်ရည်ကို အကဲဖြတ်ဖို့ ငါကိုယ်တိုင် ထွက်လာခဲ့ဖူးတယ်..."
လီမိသားစု၏ အဘိုးဖြစ်သူ လီယိရန်က ဆိုလေသည်။
"အဲဒီတိုက်ပွဲမှာ ငါ အရမ်းပျော်ခဲ့ရပါတယ် ချန်ယင်တူးက တကယ့်ကို ခွန်အားကြီးတယ် နောက်ကို ခြေတစ်လှမ်း ဆုတ်လိုက်ကြရအောင်... မင်း အဲဒီတုန်းက ဖြစ်ပျက်ခဲ့တာတွေကို မစုံစမ်းဘူးဆိုရင် ဒီလောက်များပြားတဲ့ လူတွေကို သတ်လိုက်တယ်ဆိုတဲ့ အချက်ကို ငါတို့ ဖယ်ထားပေးလိုက်မယ်... ချန်ထန် သေစရာ မလိုပါဘူး အခု မင်းရဲ့ သဘောထားကိုလည်း ထပ်ပြီး ချိန်ဆကြည့်စေချင်ပါတယ်"