အသေးစိတ် ခံစားကြည့်ခြင်း
Vol. 18 Ch. 261
လက်ရှိစစ်တမ်း ကောက်ယူမှုသည် မိသားစုဆယ့်သုံးစု၏ ဘိုးဘေးများအား စိတ်ပျက်စေခဲ့သည်။ သူတို့သည် ချန်ရှီနဲ့ ဆက်ဆံရန် မဆုံးဖြတ်မီ ဖန်တီးခံရှောင်ဝူရဲ့ အဓိကအားနည်းချက်ကို ရှာဖွေရန် မူလက စီစဉ်ထားခဲ့သည်။
ချန်ရှီနဲ့ လီထျန်းချင်တို့က မကောင်းမှုများစွာကို ကျူးလွန်ခဲ့ကြသည်။ သူတို့သည် ချင်းကျိုးတွင် မြင်းနီဓားပြများကို ဖန်တီးပြီး မိသားစုကြီးဆယ့်သုံးခုရဲ့ ဝိညာဉ်ဆေးပင်ဥယျာဉ်နှင့် ဆေးပင်များကို သိမ်းပိုက်ခဲ့သည်။
ဤဝိညာဉ်ဆေးပင်များသည် ဝမ့်မိသားစု၏ ပိုင်ဆိုင်မှုဖြစ်ကြောင်း ထင်သာမြင်သာ ရှိသော်လည်း လက်တွေ့တွင်တော့ ၎င်းတို့ဘိုးဘေးများ၏ အသက်ကို ရှည်စေရေးအတွက် အသုံးပြုကြခြင်းသာ။ ချန်ရှီနဲ့ လီထျန်းချင်က ဆေးပင်များအားလုံးကို မဖယ်ထုတ်သွားဘဲ ငါးပုံတစ်ပုံသာယူကာ လေးပုံငါးပုံ ချန်ထားခဲ့သည်။ ဒါပေမဲ့ ဒီလှုပ်ရှားမှုက အဲဒီလူတွေရဲ့ အသက်ကို အနှစ် ၂၀ ကျော် တိုစေနိုင်လေသည်။
ဒါကို ဘယ်လိုလုပ် ခံနိုင်ရည်ရှိကြပါ့မလဲ။
ချန်ရှီကို ဖယ်ရှားရန် ဖန်တီးခံရှောင်ဝူရဲ့ နောက်ခံကို ဦးစွာ ရှာဖွေရပါမည်။ ဘိုးဘေးတွေအားလုံး တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီး ရှီးကျင်းကို သွားရတဲ့ ရည်ရွယ်ချက်က ဖန်တီးခံရှောင်ဝူရဲ့ နောက်ခံကို ရှာဖွေဖို့ပါပဲ။
ဖန်တီးခံရှောင်ဝူရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိခဲ့ပါသည်။ သို့သော် သူတို့၏ အဓိကအချက်ကိုလည်း ဖန်တီးခံရှောင်ဝူက ရှာတွေ့သွားခဲ့သည်။
ဒီလိုအခြေအနေမျိုးက မဖြစ်သင့်ချေ။
မိသားစုကြီး ဆယ့်သုံးစုသည် အသီးသီးရဲ့ ခွန်အားကြောင့် ၎င်းတို့၏ နက်နဲမှုကို အခြားသူများက ဘယ်သောအခါမှ စမ်းသပ်မည်မဟုတ်ပါ။ သို့သော် ဖန်တီးခံရှောင်ဝူက ဆိုးလွန်းလှသည်။
ရှီးကျင်း၏ လမ်းများပေါ်တွင် တိုက်ပွဲသည် ဤနတ်ဘုရားနှင့်တူသော တိုက်ပွဲ ဖြစ်သင့်ပေမယ့် အသက်ကြီး ယောက်ျားများနှင့် မိန်းမများအကြားက တိုက်ပွဲတစ်ခုကဲ့သို့ ခံစားရစေသည်။ ကောင်းကင်နှင့် မြေကြီးကြားကို ရောက်ရှိနိုင်သော သူတို့၏မှော်အစွမ်းများသည် လက်ဗလာတိုက်ပွဲတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
အချို့မှာ ခေါက်ချခြင်း၊ ကန်ချခြင်း၊ လက်ချောင်းများ လိမ်ခြင်း၊ ခြေချောင်းများ နင်းမိခြင်း၊ မျက်လုံးများ ဖောက်ထုတ်ခြင်း၊ နှာတံကောက်ခြင်း၊ လိင်အင်္ဂါများ ဆုတ်ခွာခြင်း နှင့် စက်ဆုပ်ဖွယ် တိုက်ခိုက်မှု အမျိုးမျိုးတို့ကို ခံခဲ့ရသည်။ သူတို့ အရမ်း စိတ်ဆင်းရဲနေပေမယ့် ရှောင်ဝူဟာ စက်ဆုပ်ရွံရှာဖွယ် နည်းလမ်းအချို့ကိုသာ သုံးသွား၏။
အရေးကြီးဆုံး အချက်မှာ ဖန်တီးခံရှောင်ဝူသည် သူအလိုရှိသည့် အချိန်တိုင်း ထွက်သွားနိုင်ခြင်းပါပဲ။ ခွန်အားမရှိသော ဤလူတို့သည် အမှန်တကယ်ပင် သူ့ကို မတားဆီး မဖမ်းဆီးနိုင်ခဲ့ကြပေ။
ဖန်တီးခံရှောင်ဝူရဲ့ ဒဏ်ရာသည် ဘယ်လောက်ပြင်းသလဲ ဆိုတာကလည်း သူတို့ ခန့်မှန်းနိုင်ရုံသာ ရှိသည်။
ဒါက သူတို့ အကြောက်ဆုံးပဲ။
"အရှက်ကွဲတာပဲ"
ဖေ့မိသားစု ဘိုးဘေး ဖေ့ယွိကျီးက သက်ပြင်းချလိုက်ပြီး မှုန်မှိုင်းမှိုင်း အကြည့်နဲ့ ပြောလိုက်သည်။
လူတိုင်း အရှက်ကွဲသွားကြသည်။
မာကျွင့် : "တာအိုဝါဒီတွေကို တွေ့ရတာ ရှားပါတယ်... ခဏလောက် ထိုင်သောက်ဖို့ လှပတဲ့နေရာကို ဘာလို့ ရှာမကြမှာလဲ"
မိသားစုကြီးတွေရဲ့ ဘိုးဘေးတွေက တစ်ယောက်ပြီး တစ်ယောက် ခေါင်းညိတ်လိုက်ကြသည်။ ဖန်တီးခံရှောင်ဝူ ထွက်သွားပေမယ့် သူ့ဒဏ်ရာက ဘယ်လောက် ပြင်းထန်တယ်ဆိုတာ သူတို့မသိခဲ့ကြပေ။ ဖန်တီးခံရှောင်ဝူ ခိုးဝင် တိုက်ခိုက်မှာကို ကြောက်ရွံ့သောကြောင့် တစ်ယောက်တည်း မနေရဲကြပေ။
အကယ်၍ ချန်ယင်တူးသာ ဖြစ်ခဲ့မည်ဆိုလျှင် သူတို့မှာ ထိုကဲ့သို့ စိုးရိမ်စရာ မရှိပါ။ အမှန်တော့ ချန်ယင်တူးသည် မာနကြီးပြီး မောက်မာသော်လည်း ဖန်တီးခံရှောင်ဝူလို မလုပ်မှာတော့ သေချာပါသည်။
ဖန်တီးခံရှောင်ဝူသည် ချန်ယင်တူး ငယ်ရွယ်စဉ်အခါက ပုံစံနှင့်တူပြီး သူသည် ကိုယ်ကျင့်တရားဆိုင်ရာ စိတ်ခံစားမှုများနှင့် ချည်နှောင်ထားခြင်း မရှိသော ချန်ယင်တူး ဖြစ်သည်။
ဒါကြောင့် တစ်ယောက်တည်း တိုက်ခိုက်မည့်အစား စုစည်း၍ တန်ပြန်အစီအမံများကို ဆွေးနွေးကြရမည် ဖြစ်သည်။
ဝမ်ချန်းလမ်းကြား၏ အဝင်ဝတွင် ထီးကိုင်ထားသည့် ကလေးသည် ပညာရှင်ရောက်လာပြီး သူ့ထီးကို ပြန်လာယူမည့်အချိန်ကို စောင့်မျှော်နေသေးသည်။ သူ့သူငယ်ချင်းတွေ ရောက်လာပြီး သူ့ကို ကစားခိုင်းပေမယ့် သူက ငြင်းလိုက်သည်။
ပညာရှင်ကို ဝိုင်းရိုက်ကြတဲ့ အဖြစ်အပျက်က ကြာပြီဖြစ်ပေမယ့် ပညာရှင် မရောက်သေးချေ။ သူ ထီးကို တံတိုင်းနဲ့ ကပ်ဖို့ လုပ်နေတဲ့ အချိန်မှာပဲ ပညာရှင်က မိုးရေထဲမှာ လမ်းလျှောက်လာနေတာ တွေ့လိုက်ရလေသည်။
"ခင်ဗျားရဲ့ထီး!" ကလေးက စိတ်လှုပ်ရှားစွာပြောသည်။
ဖန်တီးခံရှောင်ဝူ ထီးကိုယူလိုက်ပြီး ကလေးသည် သူ၏အပေါင်းအဖော်များဆီသို့ စိတ်လှုပ်ရှားစွာ ပြေးသွားခဲ့သည်။ ရုတ်တရတ် ရပ်ပြီး နောက်ပြန်လှည့်ပြီး ပြောလာသေး၏။
"နောက်တစ်ခါ ရန်ဖြစ်တဲ့အခါ လက်တစ်ဖက်တည်းနဲ့ အေးအေးဆေးဆေး ချကြည့်လို့ မရဘူး... လက်တစ်ဖက်ကိုပဲ သုံးနေရင် လူတွေအများကြီးဆီက ရိုက်နှက်ခံရလိမ့်မယ်... လက်နှစ်ချောင်းသုံး.. အဘိုးအိုကို ဖမ်းပြီး မချိမဆန့်ဖြစ်သွားအောင် ဆက်ရိုက်ရတယ်... အဲ့ကျရင် တခြားလူကြီးတွေက ခင်ဗျားကို ပြင်းပြင်းထန်ထန် မရိုက်ရဲဘူး!"
ဖန်တီးခံရှောင်ဝူရဲ့ မျက်နှာက တည်ကြည်လေးနက်နေသည်- "မင်းရဲ့ အကြံဉာဏ်အတွက် ကျေးဇူးတင်ပါတယ်.. ဒါတွေကို မင်းဘယ်လိုလုပ် သိတာလဲ"
"ကျနော်တို့ လမ်းပေါ်မှာ ကစားတယ်... ကစားတဲ့အခါ တခြားလူတွေနဲ့ တွေ့ရင် သူတို့နဲ့ ပြိုင်ရမယ်... ကောင်းကောင်း မယှဉ်နိုင်ရင် တိုက်မယ်.. အကြိမ်ကြိမ် အရိုက်ခံရရင် နားလည်သွားမှာပါ"
ဖန်တီးခံရှောင်ဝူလည်း သူပြောခဲ့တာတွေက အဓိပ္ပာယ်ရှိတယ်လို့ ထင်တဲ့အတွက် ခေါင်းညိတ်လိုက်သည်။
"မင်းကို ပဲနို့နည်းနည်းလောက် ကျွေးမယ်လေ.."
“မသွားဘူး!” ကလေးက ထွက်ပြေးသွားသည်။
ဖန်တီးခံရှောင်ဝူမှာ ဒီကလေး သူ့ကို ငြင်းပယ်ခဲ့ပေမယ့် သူ စိတ်မဆိုးခဲ့ပါဘူး။ သူက ထီးကို ကောက်ကိုင်ကာ ပဲနို့သောက်ဖို့ ဝူချန်းလမ်းကို ဆက်သွားနေခဲ့သည်။
"ငါနဲ့ တိုက်တဲ့အခါ သူတို့ရဲ့ မှော်အစွမ်းတွေ လုံးဝပေါက်ကြားမှာ မဟုတ်ဘူးလို့ ငါပြောခဲ့တယ်... ဒါပေမဲ့ ပေါက်ကြားနေတုန်းပဲ တိုက်ပွဲကို ရပ်တန့်ဖို့ ကြိုးစားတဲ့ ဖြတ်သွားဖြတ်လာ လူတစ်ယောက်တောင် ကွဲအက်သွားသေးတယ်... ငါ ရှုံးခဲ့တာပေါ့"
ဒဏ်ရာအပြင်းအထန် ရခဲ့သော်လည်း သူစိတ်မကောင်းဆုံးမှာ တိုက်ပွဲကို ရပ်တန့်ရန် ကြိုးပမ်းခဲ့သော လမ်းသွားလမ်းလာ သေဆုံးသွားခြင်းပဲ ဖြစ်သည်။
သူ့လက်ထဲမှာ မသေပေမယ့် စွမ်းအားပေါက်ကြားမှုက သူ့ရဲ့ ကျွမ်းကျင်မှုက ညံ့ဖျင်းပြီး ထိန်းချုပ်မှု လုံလောက်မှု မရှိဘူးဆိုတာ ပြသနေလို့ပါပဲ။
သူ့တောင်းဆိုချက်တွေက များလွန်းတာကလွဲရင် အရာအားလုံးက ကောင်းပါ၏။
ယခင်က ချန်ယင်တူးနှင့် လေ့လာမှုတွေ လုပ်သောအခါက ချန်ယင်တူးသည် အသေးစိတ်အချက်များ တောင်းဆိုလွန်းနေပြီး အဓိကပြဿနာများတွင် ဘက်လိုက်နေသည်ဟု ထင်ကာ ဤအချက်ကိုလည်း ဖော်ပြခဲ့သည်။
ဖန်တီးခံရှောင်ဝူသည် ပဲနို့ဆိုင်တွင်ထိုင်ကာ ထီးကို ခေါက်သိမ်းလိုက်သည်။
"ဒါပေမယ့် ငါမပြောင်းလဲနိုင်ဘူး"
သူ့ဒဏ်ရာက အရမ်းပြင်းထန် နေသေးပေမယ့် သေလောက်အောင် မပြင်းထန်တာကြောင့် ပဲနို့သောက်နေ၏။ ဒါက ရှီးကျင်းကို ရောက်ကတည်းက သူ့အတွက် ပျော်ရွှင်မှု အနည်းအကျဉ်းထဲက တစ်ခုပါပဲ။
ရှီးကျင်းမှာ မျက်လုံးများစွာက သူ့ကို စောင့်ကြည့်နေသော်လည်း သူ ဂရုမစိုက်နေပါ။
ဘုရင်ခံချုပ်ဟောင်း ဖုန်းထျန်းဟွမ့်၊ အစိုးရ၀န်ကြီးဟောင်း ယန်ရှန့်ကျစ်ကို ရှာဖွေဖို့ ယန်အိမ်သို့ ထပ်မံရောက်ရှိလာသည်။ ဖုန်းထျန်းဟွမ့်သည် ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး အိမ်အကူနှစ်ယောက်သည် ဘီးတပ်ကုလားထိုင်ဘေးတွင် ထိုင်ကာ ဒူးတုန်နေသော ခြေထောက်များကို ပြင်းထန်စွာ နှိပ်ပေးနေသည်။
"လူကြီးမင်းယန်... မိသားစုကြီးတွေထဲက ဘိုးဘေးတွေက ရှောင်ဝူကို ရိုက်နှက်ကြတဲ့ အဖြစ်အပျက်ကို မြင်ပြီးပြီလား?"
ယန်ရှန့်ကျစ်က အနည်းငယ် စိတ်ဓာတ်ကျနေဟန်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်လေသည်။
"အဲဒါကို မြင်လိုက်ရပါတယ်... ဒါဇင်နဲ့ချီတဲ့ လူအိုတွေ၊ မိန်းမကြီးတွေက ပညာရှင်လူငယ်ကို ရိုက်နှက်နေတာပဲ... ကြီးကျယ်ခမ်းနားတဲ့ ဆရာကြီးတွေက ရှက်စရာကောင်းလိုက်တာ"
ရယ်ရမလား ငိုရမလား မသိ။ ၎င်းတို့ထဲတွင် ယန်မိသားစု၏ ဘိုးဘေး လေးဦးကလည်း ညိုမဲသည့် မျက်နှာနှင့် ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများဖြင့် ရိုက်နှက်ခံခဲ့ရသည်။
ယန်ရှန့်ကျစ်သည် အတွင်းဝန်ရုံး၏ မဟာအတွင်းဝန်ဟောင်း အဖြစ်လည်း အနတ္တပြန်ခြင်းဘုံသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် မိသားစုကြီးတွေထဲက ဘိုးဘေးများလောက် မတော်သေးသော်လည်း သူ့တွင် အမြင်နှင့် အတွေ့အကြုံများ ရှိသေးသည်။ ဤတိုက်ပွဲသည် အသက်ကြီးသော အမျိုးသားများနှင့် အမျိုးသမီးတို့ကြား လမ်းပေါ်ထွက် တိုက်ပွဲဖြစ်နေသကဲ့သို့ ဖြစ်နေသော်လည်း အမှန်တကယ်မှာ အလွန်အန္တရာယ်များကြောင်း သူမြင်နိုင်ပါသေးသည်။
နောက်ဆုံးတွင်တော့ အနောက်နွားရှင်းကျိုး၏ စည်းစိမ်ဥစ္စာသဖွယ် ရတနာများပင်လျှင် အနှီတိုက်ပွဲကြားက ခြိမ်းခြောက်မှုနှင့် ပေါက်ကွဲထွက်ခြင်း စွမ်းအားကို သိရှိခဲ့သည်။ ဤတိုက်ပွဲသည် အလွန်အရေးကြီးကြောင်း မျက်မမြင် မည်သူမဆို သိသည်။
ဖုန်းထျန်းဟွမ့် : "ရှီးကျင်းကို ရှောင်ဝူ မရောက်လာခင်မှာ မလိုအပ်တဲ့ အန္တရာယ်တွေနဲ့ ဝေဖန်ခံရတာကို ရှောင်ရှားဖို့ ဝန်ကြီးရာထူးကနေ နှုတ်ထွက်ခဲ့တယ်... ဝန်ကြီးအဖွဲ့ရဲ့ လက်ရှိ မဟာအတွင်းဝန်က ကျန်းဖူကျန့်ပဲ.. သူကတော့ အခုလောလောဆယ် ဝေဖန်ခံရမှာကို စိုးရိမ်နေသူတစ်ယောက်ပေါ့... ရှောင်ဝူရဲ့ ဒုက္ခတွေကြောင့် မိသားစုကြီးဆယ့်သုံးခုက ပေါင်းစည်းသွားမှာကို စိုးရိမ်နေတာ..... သူ လိုချင်တာက မွေးရာပါ တာအို သန္ဓေသားကို ဘယ်သူက ယူသွားတယ်ဆိုတာပဲ..."
သူက အနည်းငယ်ပြုံးပြီး "လူကြီးမင်းယန် ဝန်ကြီးအဖွဲ့ရဲ့ မဟာအတွင်းဝန်ရာထူးကို ပြန်မယူရင် သခင်ကြီးကျန့်က အဲဒီအပေါ်မှာ အခိုင်အမာ ထိုင်နိုင်သွားလိမ့်မယ်"
ယန်ရှန့်ကျစ်က ပြုံးလိုက်သည်။
"လူကြီးမင်းကျန့်ရဲ့ အနေအထားက တကယ် လုံခြုံရဲ့လား?"
ယန်ရှန့်ကျစ်က လက်ဖက်ရည်ခွက်ကို ကောက်ယူပြီး လက်ဖက်ရည် သောက်ရင်း ပြုံးလျက်။
"သူ ခိုကိုးရာမဲ့ ဖြစ်နေရင် ကျုပ်ကို မဟာအတွင်းရေးမှုးအဖြစ် ပြန်လာဖို့ တောင်းလိမ့်မယ်... ဒါပေမယ့် လူကြီးမင်းဖုန်း... ခင်ဗျားရော အရှေ့ပိုင်းစက်ရုံကို ဘယ်လို ပြန်ရနိုင်မလဲ.. တံဆိပ်အုပ်တဲ့ မိန်းမစိုး ရာထူးကို ဘယ်လို ပြန်ရောက်နိုင်မလဲ"
ဖုန်းထျန်းဟွမ့်က သူ့ခြေထောက်ကို မြှောက်ပြီး သူ့ခြေထောက်တွေကို နှိပ်ပေးနေတဲ့ အိမ်အကူတစ်ယောက်ကို ကန်ထုတ်လိုက်သည်။
"ချန်ယင်တူးဆီက ပျော့အိအိဖြစ်သွားတဲ့အထိ အရိုက်ခံခဲ့ရတယ်... အလှူငွေတွေ အများကြီးရခဲ့တယ်... ပြန်သွားပြီး တံဆိပ်ကို ထပ်အုပ်ဖို့က ကျိုးကြောင်းဆီလျော်တယ်လို့ ထင်ရဲ့လား?"
ယန်ရှန့်ကျစ်က သူ့ခြေထောက်တွေကို စိုက်ကြည့်ရင်း မေးလေသည်။
"ခင်ဗျား ခြေထောက်တွေ ကျိုးနေတာ ဆယ်နှစ်ရှိပြီ မဟုတ်ဘူးလား... မသက်သာသေးဘူးပေါ့?"
"မကောင်းသေးဘူး"
ဖုန်းထျန်းဟွမ့်က လေးနက်စွာ ပြောသည်။
ယန်ရှန့်ကျစ်သည် သူ့ဘေးနားက ကန်ထုတ်ခံလိုက်ရတဲ့ အိမ်အကူကို ကြည့်ပြီး ခေါင်းညိတ်လေသည်။
"အဆင်မပြေဘူးလို့ ပြောတော့လည်း အဆင်မပြေဘူးပေါ့... လက်ရှိ ခေါင်းကိုက်နေရတာက ဖန်တီးခံရှောင်ဝူက တစ်ယောက်... နွေဦးစာမေးပွဲမှာက နောက်တစ်ယောက် လူကြီးမင်းကျန်းက ဒါကို မထိန်းနိုင်တော့ဘူး။ မထိန်းနိုင်ရင် ဒီအရှုပ်အထွေးကို ရှင်းဖို့ တစ်ယောက်ယောက်ကို ရှာရလိမ့်မယ်"
ဖုန်းထျန်းဟွမ့်: "လူကြီးမင်းယန်ရော ဒီနှစ်မှာ ဘယ်သူက ထိပ်တန်းပညာရှင် ဖြစ်မယ်ထင်လဲ"
ယန်ရှန့်ကျစ် : "ကျုပ်တို့ နယ်ချဲ့ စာမေးပွဲတောင် မဖြေရသေးဘူးလေ... ထိပ်တန်းပညာရှင် အသစ်က ဘယ်သူလဲဆိုတာ ကျုပ်က ဘယ်လိုလုပ် သိနိုင်ပါ့မလဲ"
သူက ခေတ္တရပ်လိုက်ပြီး :"သခင်လေးကတော့ အရမ်းနာမည် ကြီးနေတယ်.... ယန်မိသားစုက ဆွေကြီးမျိုးကြီးတွေနဲ့ ဆွေးနွေးပြီးပြီလို့ အိမ်တော်သခင်က ပြောလာတယ်...သခင်လေးသာ ထိပ်တန်းဆုရရင် ယန်မိသားစုက နောက်ဆုတ်သွားလိမ့်မယ်... အားလုံးက သူ့ကို ထောက်ခံကြလိမ့်မယ်"
ဖုန်းထျန်းဟွမ့်က မျက်ခုံးပင့်လိုက်ပြီး :"ယန်မိသားစုက အာရုံစူးစိုက်မှု ဗဟိုချက်ပဲ တခြား မြင့်မြတ်တဲ့ မိသားစုတွေကရော ဘယ်လိုတဲ့လဲ"
ယန်ရှန့်ကျစ်က ရယ်မောပြီး ဆူပူကြိမ်းမောင်းလေသည်။
"ခင်ဗျားတို့ မိန်းမစိုးတွေက ဟိုဟိုဒီဒီမေးရတာ ကြိုက်ကြတာပဲ... တခြားမိသားစုတွေရဲ့ ဆုံးဖြတ်ချက်တွေကို ကျုပ်က ဘယ်လိုလုပ် သိနိုင်မလဲ... ဒါပေမယ့်... မိသားစုကြီးဆယ့်သုံးခုက တစ်သွေးတစ်သားတည်းပဲ ယန်မိသားစုက အဲဒါကြောင့် ဒီဆုံးဖြတ်ချက်ကို ချလိုက်တယ်လို့ ကျုပ်ထင်တယ် တခြားမိသားစုတွေကလည်း အတူတူပဲ"
သူသည် လက်ဝှေ့ယမ်းကာ အမှုထမ်းနေသော အိမ်ဖော်များကို ထွက်ခွာခိုင်းလိုက်သည်။
"သခင်လေးက အရှိန်လိုအပ်တယ်၊ အရှိန်အဟုန်လည်း လိုအပ်နေတယ်... အရှိန်အဟုန်ကို ဖန်တီးထားဖို့ကလည်း လိုအပ်တယ်... သူ့ရဲ့ ထမြောက်ခြင်းအတွက် အကြောင်းပြချက် ရှာဖို့ လူအများက သူ့ကို အထင်ကြီးလာအောင် လူထုရဲ့ နှလုံးသားကို စုစည်းပြီး နန်းတက်ဖို့ အခွင့်ကောင်းယူရမယ်... မင်မင်းဆက်ကို ပြန်လည်ရှင်သန်စေမယ့် အကြောင်းတရားတွေပဲ...."
ဖုန်းထျန်းဟွမ့်က ခဏလောက် နှုတ်ဆိတ်နေပြီး "ပြီးနိုင်မှာလား" လို့ မေးလာ၏။
ယန်ရှန့်ကျစ်က တိတ်ဆိတ်သွားပြီး သူ့လက်ဖက်ရည်ကိုပဲ ဖြည်းညှင်းစွာ သောက်ချလိုက်သည်။ သူက လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး။
"သခင်လေး မလုပ်ရင် ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး.... စစ်မှန်တဲ့ ဘုရင်ရဲ့ခေတ်က အနှစ် ၆၀၀၀ ကျော်သွားပြီ... ကမ္ဘာကြီးက ပြောင်းလဲနေပြီး အရင်ကနဲ့မတူတော့ဘူး... အနောက်နွားရှင်းကျိုး ကျွန်းမှာ စစ်မှန်တဲ့ဘုရင်အသစ် လိုတယ်"
မိန်းမစိုးဖုန်းလည်း အသက်ရှုကြပ်လာပြီး သူ့ခြေထောက်တွေကို ပေါ့ပေါ့ပါးပါး ပုတ်လိုက်ကာ သူ့မျက်လုံးထဲမှာ အလင်းရောင်တစ်ခု လင်းလက်လာခဲ့သည်။
အရင်က အခွင့်အလမ်းမရှိပေမယ့် အခုတော့ ကမ္ဘာကြီးက ပြောင်းလဲနေပါပြီ။
နန်းတွင်း၌ လစ်လပ်နေသော စစ်မှန်သော ဘုရင်၏ ပလ္လင်ကို တစ်စုံတစ်ဦးမှ ထိုင်စေရမည်။
သခင်လေး။ သူသည် မိသားစုကြီးဆယ့်သုံးခုမှ ရွေးချယ်ထားသော စစ်မှန်သော ဘုရင်ဖြစ်သည်။
ဖုန်းထျန်းဟွမ့်: "ဒါဆို ချန်ရှီကရော?... ချန်ရှီက တော်ဝင်စာမေးပွဲဖြေဖို့ ဒီမှာရှိနေတယ်ဆိုတာ ကြားတယ်....ဒီစာမေးပွဲပြီးရင် နန်းတော်စာမေးပွဲကို ဖြေရလိမ့်မယ်... နံပါတ်တစ်က တစ်ယောက်ပဲရှိတယ်... သခင်လေးကို ပေးရင် သူ့ကို ပေးလို့မရဘူး"
ယန်ရှန့်ကျစ်: "ဒါဆို ချန်ရှီက ဒုတိယနေရာကိုပဲ ရနိုင်မှာပါပဲ"
ထိုအဖြေကြောင့် ဖုန်းထျန်းဟွမ့်က ရယ်ပြီးပြောလာသည်။
"သခင်လေးနဲ့ ချန်ရှီ က တော်တော်ဆိုးတဲ့ ဆက်ဆံရေးရှိတယ်လို့ ကြားမိတယ်... ဖူကျန့်နန်းဆောင်က သခင်လေးရဲ့လူ ရှီးစီမာ သေသွားပြီ... ချန်ရှီက အငယ်တန်းဖြစ်လိုစိတ်နဲ့ ဒုတိယနေရာကို လက်ခံသွားမယ်လို့ ထင်လား။"
ယန်ရှန့်ကျစ် လက်ဖက်ရည် သောက်တော့မည် ဖြစ်သော်လည်း ခွက်အလွတ်ကို တွေ့လိုက်ရတဲ့အခါ သူသည် ခွက်ကိုချလိုက်ပြီး။
"အငယ် မဖြစ်ရင် ဘာဖြစ်မလဲ.. တရားရုံးကပေးတဲ့ ဆုလာဘ်ကြောင့်သာ သူ ကုံကျိုးက စာမေးပွဲကို အောင်နိုင်ခဲ့တာ မဟုတ်ရင် သူက ပညာတော်သင်ပဲ ဖြစ်နေလိမ့်မယ်... သူ့ကို ဒုတိယဆု ပေးတာက တရားရုံးရဲ့ မျက်နှာသာ ဖြစ်နေပြီ..."
သူက လက်ခုပ်တီးပြီး လက်ဖက်ရည်ကို လာဖြည့်ခိုင်းလိုက်သည်။ ဖုန်းထျန်းဟွမ့်က လက်ဖက်ရည်ပန်းကန်ကို ဖုံးပြီး ရေထပ်ထည့်စရာ မလိုတော့ဘူးလို့ ညွှန်ပြပြီး။
"သူ့ခန္ဓာကိုယ်ထဲမှာ နတ်ဆိုးတစ်ရာကျော် ရှိနေပြီ... သူတို့က ပြဿနာထွက်ရှာရင် မင်းဘာတတ်နိုင်မှာလဲ"
ယန်ရှန့်ကျစ်က အနည်းငယ် ပြုံးလိုက်ပြီး :"အဲဒါက လူကြီးမင်းကျန်း စိတ်ပူရမယ့် ပြဿနာပါ။ ကျွန်တော် အခု အိမ်မှာ အလုပ်လက်မဲ့ ဖြစ်နေပါတယ်..."
"အရိုးခေါင်း! တကယ့်ကို အရိုးခေါင်းပါပဲ!... ကျန်းဖူကျန့် ပြဿနာကို မဖြေရှင်းနိုင်ဘဲ မင်းဆီလာပြီး အကူအညီတောင်းတဲ့အခါ မင်းက မဟာအတွင်းဝန်ကို ပြန်ယူနိုင်ပြီး အစိုးရအဖွဲ့ရဲ့ ဝန်ကြီးချုပ်အဖြစ် ဆက်သွားနိုင်မယ်!"
နန်ဖုန်းပြည်နယ်၊ အနောက်နွားရှင်းကျိုး၏ အလယ်ပိုင်း စွန့်ပစ်မြေ။
နန်ဖုန်းပြည်နယ်သည် တစ်နှစ်ပတ်လုံး တိုက်ခတ်သော တောင်လေကြောင့် ကျော်ကြားသည်။ ဒီနေရာမှာ လေနဲ့ပတ်သက်တဲ့ ထူးဆန်းတဲ့အချက် သုံးချက်ရှိပါသည်။
ထူးဆန်းတာ တစ်ခုက လေကပြင်းတယ်။ လေသံသည် နွားဟောက်သံနှင့် နဂါးဟောက်သံနှင့်တူ၏။ သဲများနှင့် ကျောက်တုံးများက နေရာတိုင်းသို့ ပျံသန်းသွားကာ သစ်ပင်များကို နှုတ်ပစ်ကြပြီး ပေါင်ထောင်ပေါင်းများစွာ အလေးချိန်ရှိသော ကျောက်တုံးကြီးများသည် မြင်းရထားလုံးများသဖွယ် လျင်မြန်စွာ လှိမ့်လှိမ့်နေကြသည်။
ဒုတိယ ထူးဆန်းတာက လေပြင်းသည် မကြာခဏဆိုသလို သတိပေးချက်မရှိဘဲ ရုတ်တရက် ဝင်ရောက်လာတတ်သဖြင့် ကာကွယ်ရန် ခက်ခဲစေသည်။
တတိယ ထူးဆန်းတာက လေထဲမှာ ထူးဆန်းတာတစ်ခု ရှိပါသည်။ လူတို့သည် လေထဲတွင် ရိုင်းစိုင်းစွာ ပြေးလွှားနေသော ထူးဆန်းသော သားရဲအုပ်စုများကို မကြာခဏ မြင်တွေ့ရသည်။ တစ်စုံတစ်ယောက်သည် လေထဲတွင် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးပုံစံကို မြင်လိုက်ရပြီး မလှုပ်မယှက် ဖြစ်နေကြောင်း ပြောကြသည်။ လေထဲမှာ ပေါ်လာပြီး ထူးထူးခြားခြား ပျောက်ကွယ်သွားတဲ့ နတ်ဆိုးတချို့လည်း ရှိပါသေးသည်။
ချန်ရှီသည် ရှေးဟောင်း ဘုံကျောင်းတစ်ခုအား ရှာတွေ့ခဲ့ပြီး လေအားပြင်ဆင်သည့် အဆောင်လက်ဖွဲ့ကိုဆွဲကာ ဘုံကျောင်း၏ နံရံလေးဘက်တွင် ချိတ်ဆွဲထားလိုက်သည်။
ဟေးကော်က မီးမွှေးကာ ဟူဖေးဖေးက သစ်သားချောင်းကို လှုပ်နေလိုက်ပြီး ချောင်ကျူးက မီးပုံပေါ်၌ လှည့်ပတ်နေသည်။ အဝါရောင်ပြောင်းပြီး အဆီတွေ ဖောင်းလာတဲ့အထိ ကင်ထားသည်။
နန်းနန်းသည် အမွှေးအကြိုင်များကို အသားကင်၏ ခန္ဓာကိုယ်ပေါ်သို့ စုတ်တံဖြင့် ဖြီးနေစဉ် သူမတံတွေးကို ခဏခဏ မျိုချနေရသည်။
စွင်းယိရှန်း အပြင်ဘက်သို့ လှမ်းကြည့်လိုက်တော့ ကောင်းကင်ကြီးသည် အဝါရောင်ဖြစ်ပြီး လွင့်မျောနေသော သဲကန္တာရကဲ့သို့ပင်။
"လေထပ်တိုက်မှာ ကြောက်ရတယ်”
လွန်ခဲ့သည့် ရက်အနည်းငယ်တုန်းက ဟေးကော်သည် သူ့ဝိညာဉ်ကို မြေအောက်ကမ္ဘာသို့ ခေါ်ဆောင်ကာ သိုးဦးချို ကောင်းကင်ဝိညာဉ်မီးအိမ်ကို အသုံးပြုကာ ဒဏ်ရာများကို ကုသပေးခဲ့သည်။ သူ့စိတ်ဒဏ်ရာတွေလည်း တော်တော် သက်သာသွားပါပြီ။
ထိုအချိန်တွင် အပြင်ဘက်မှ အသံများ ကြားလာရသည်။
ချန်ရှီ အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ စာမေးပွဲ ဖြေဆိုမည့် စာသင်သားများ တစ်ယောက်ပြီးတစ်ယောက် ဝင်လာကြတာ တွေ့လိုက်ရသည်။ ဒါဇင်နဲ့ချီပြီး အများစုဟာ စာအုပ်သေတ္တာတွေ ကိုင်ဆောင်ထားတဲ့ ဆင်းရဲတဲ့ ပညာရှင်တွေပါပဲ။
နွမ်းပါးသော ပညာရှင်တို့သည် ဤရှေးဟောင်းဘုံကျောင်းကို မြင်သောအခါ ဝမ်းသာပီတိဖြစ်ကာ အရှိန်အဟုန်ဖြင့် ပြေးလာခဲ့ကြသည်။
နန်ဖုန်းပြည်နယ်သည် အနောက်နွားရှင်းကျိုး၏ ကုန်းတွင်းပိုင်းဖြစ်သော်လည်း ခြောက်သွေ့ပြီး သီးနှံများ စိုက်ပျိုးရန် ခက်ခဲသည်။ လူဦးရေကလည်း အလွန်နည်းပါ၏။ ပြည်နယ်မြို့တော်တွင် လူဦးရေ တစ်သန်းခန့်သာ ရှိပြီး အခြားနေရာများလို လူတွေ့ရဖို့ ခက်ခဲပါသည်။
ခရိုင်စာတိုက်လမ်းက ပြိုကျပျက်စီးပြီး ကျိုးကျသွားပြီ။ ဒီလိုသဲသောင်ပြင်မှာ ခရီးသွားရင်း လမ်းပျောက်သွားဖို့က လွယ်ကူတာကြောင့် ဤရှေးဟောင်း ဘုံကျောင်းသည် ၎င်းတို့နေထိုင်နိုင်သော နေရာအနည်းငယ်ထဲမှ တစ်ခုဖြစ်သည်။
ချန်ရှီက တံခါးကိုဖွင့်ပြီး ပြောလိုက်သည်။
"လေကိုပြင်တဲ့ အဆောင်လက်ဖွဲ့ကို ငါဆွဲထားပြီးသား... မင်းတို့ ထပ်ဆွဲထားစရာ မလိုတော့ဘူး"
ဤစာပေ ပညာရှင်တို့လည်း မောပန်းနွမ်းနယ်လာတာကြောင့် အကြိမ်ကြိမ် ကျေးဇူးတင်နေကြတော့သည်။
တစ်ယောက်ယောက်က သူ့ခြေထောက်ကို ရိုက်ပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ ဖုန်မှုန့်တွေကို ခါထုတ်နေရာ အမျိုးသမီး စာသင်သားတွေက ရယ်၍ သူ့ကို အပြင်ပြန်ထုတ်လေ၏။
"ဘာလို့ အပြင်မှာ ဖုန်မှုန့်တွေ သွားမခါတာလဲ... ဒီမှာသူများ ဟင်းချက်နေတာ မတွေ့ဘူးလား"
ထို့ကြောင့် သူတို့သည် ဘုံကျောင်း အပြင်ဘက်သို့ ပြေးထွက်ကာ အညစ်အကြေးများ သန့်စင်သွားအောင် ဟိုဟိုဒီဒီ ရိုက်နှက်ကြတော့သည်။
ချန်ရှီ ထိုပညာရှင်များကို ကြည့်လိုက်ရာ သူတို့၏မျက်နှာများသည် လေနှင့်နေရောင် ထိတွေ့ထားခြင်းကြောင့် နီရဲနေပြီး နှုတ်ခမ်းများ ခြောက်သွေ့အက်ကွဲနေတာ တွေ့လိုက်ရသည်။ သူတို့သည် နန်ဖုန်းပြည်နယ်တွင် အချိန်အတော်ကြာ နေခဲ့ကြရတာ ဖြစ်ပေမည်။
ချန်ရှီ: "မင်းတို့က ဘယ်ကလဲ? လေယူလေသိမ်းကို ကြားရသလောက်တော့ ငါတို့က တစ်နေရာတည်းက ဖြစ်ပုံမပေါ်ဘူး"
အမျိုးသမီး ပညာရှင်တစ်ဦးသည် အပြင်သို့ထွက်၍ ဆံပင်ကိုဖြီးကာ သူမဆံပင်ထဲရှိ သဲများကို ခါယမ်းနေရင်းမှ လှမ်းပြောလာသည်။
"ငါတို့က ပြည်နယ်ပေါင်းစုံက လာတာ... ကျန်းကျိုး၊ ကွေကျိုး၊ ပိပြည်နယ်တွေက... နှစ်သစ်ကူး မတိုင်ခင်ကတည်းက ဒီကိုလာခဲ့ကြတာ"
သူမသည် လေးလံသော လေယူလေသိမ်းရှိပြီး သူမ စကားပြောနေကြောင်း နားလည်ရန် ဂရုတစိုက် နားထောင်ကြည့်ရသည်။
အခြားသော ပညာရှင် တစ်ဦးက :"ငါတို့ အစကတော့ အတူတူ မဟုတ်ဘူး... ဒါပေမယ့် ငါတို့ ပေါင်းပြီး အဖွဲ့ ဖွဲ့လိုက်တယ်... လူအရေအတွက်က ရာနဲ့ချီ ရှိခဲ့ပါတယ် ဒါပေမယ့် ငါတို့ နတ်ဆိုးတွေရဲ့ နှောင့်ယှက်တာ ခံရပြီး ဓားပြတွေနဲ့လည်း အကြိမ်ပေါင်းများစွာ ကြုံခဲ့ရတယ်... အခု ငါတို့ထဲက နည်းနည်းပဲ ကျန်တော့တယ်"
သူတို့မှာ ရေမရှိတာကို မြင်တော့ ချန်ရှီက ခြံဝင်းငယ်လေးထဲက ရေတချို့ကို ယူလိုက်ပြီး သူတို့ကို ပေးလိုက်သည်။ ဟူဖေးဖေးကလည်း အသားကင် တချို့ကို လှီးဖြတ်ကာ အချို့ကိုလည်း ဝေမျှပေးခဲ့သည်။
လူတိုင်းက သူတို့ကို ကျေးဇူးတင်စကား ပြောပြီး ထမင်းစားဖို့ မြေပြင်မှာ ထိုင်လိုက်ကြသည်။ ဆံပင်ကို ကိုင်ထားသည့် မိန်းကလေး စာသင်သားက လှမ်းမေးလာ၏။
"အစ်ကို့ရဲ့ လေယူလေသိမ်းကို ကြည့်ရတာ ရှင်းရှန်က ဖြစ်မယ်... ဟုတ်ရဲ့လား"
ချန်ရှီ: "အင်း..."
တချို့လူတွေက အံ့ဩသွားပြီး ပြန်မေးလာသည်။
"ရှင်းရှန်က ဘာလို့ ဒီလမ်းကို လျှောက်နေတာလဲ လမ်းလွှဲက သွားရမှာ မဟုတ်ဘူးလား"
ချန်ရှီ: "အခြားလမ်းကြောင်းက အရမ်းမလုံခြုံတဲ့ ကုံကျိုးကို ဖြတ်သွားရမှာလေ..."
လူတိုင်းလည်း ရုတ်တရက် သဘောပေါက်သွားပြီး ခေါင်းညိတ်လိုက်ကြသည်။
"ကုံကျိုးကို ဖြတ်သွားရတာ တကယ်ကို အန္တရာယ်မကင်းပါဘူး... ငါတို့လည်း ဒီထက်ပိုပြီး ကုံကျိုးကို ရှောင်ချင်ခဲ့တာ..."
အပြင်ဘက်တွင်တော့ လေပြင်းက မှုတ်ထုတ်လာကာ လေချွန်သံ ထွက်ပေါ်လာသဖြင့် လူတိုင်း တံခါးနှင့် ပြတင်းပေါက်များကို အမြန်ထပိတ်လိုက်ကြသည်။
ချန်ရှီသည် နံရံလေးဘက်စလုံးတွင် လေဝင်လေထွက်ကောင်းအောင် အဆောင်လက်ဖွဲ့များ ချိတ်ဆွဲထားသောကြောင့် တံခါးနှင့် ပြတင်းပေါက်များကို မပိတ်ဘဲတောင် လေက ဖြတ်တ်ိုက်၍မရပေ။
လေက တဖြည်းဖြည်း ပြင်းထန်လာကာ ကျောက်တုံးကြီးများကို လှိမ့်လာစေသည်။
တစ်စုံတစ်ယောက်က တံခါးအပြင်မှာ စကားပြောနေပြီး တံခါးဖွင့်ပေးဖို့ အော်ငေါက်နေ၏။ စာပေ ပညာရှင်လေး တစ်ယောက်က တံခါးဖွင့်ခါနီးမှာ စွင်းယိရှန်းက လှမ်းပြောလာသည်။
"တံခါးအပြင်ဘက်က လူက လူမဟုတ်ဘူး... နတ်ဆိုးတစ်ကောင်... နန်ဖုန်းပြည်နယ်မှာ လေပြင်းတိုက်တာ မကြာခဏဆိုသလို ဖြစ်နေမှာပဲ... လေထဲမှာ မင်းတို့ကို အကူအညီတောင်းဖို့ စကားစမြည် ပြောနေတာကြားရင် မင်းတို့ရဲ့အစောင့်ကို လွှတ်ချလိုက်ရင် ဒါမှမဟုတ် တံခါးကို ဖွင့်ပေးလိုက်ရင် မင်းတို့ သေသွားလိမ့်မယ်... ငုံ့ကြည့်လိုက် သူ့မှာ ခြေထောက် မရှိဘူး"
အားလုံးလည်း မြေပြင်ပေါ်မှာ လှဲပြီး အပြင်ကို ကြည့်လိုက်တော့ တံခါးအပြင်ဘက်က အရာက တကယ်ကို ခြေထောက်တွေ မရှိတာ တွေ့လိုက်ရသည်။
စွင်းယိရှန်းက ရယ်ပြီး :"အဲဒါက လေဘောလုံးလေ... သူ့မှာ ခြေထောက်မရှိဘူး"
လူတိုင်းက သူ့ကို အရမ်းသဘောကျလာကြသည်။
"မင်းတို့နှစ်ယောက်ရဲ့ မျက်နှာက ရောင်နေတာပဲ... ဒဏ်ရာရထားကြတာလား"
ပညာရှင် တစ်ယောက်က ရှေ့ကို လှမ်းလာပြီး ပြုံးပြုံးလေးနဲ့ ပြောလိုက်သည်။
"ငါ ဆေးပညာကို နှစ်နည်းနည်းလောက်တော့ လေ့လာထားတယ်.. မင်းတို့ရဲ့ဒဏ်ရာတွေကို ကုသပေးနိုင်မလား မသိဘူး"
ချန်ရှီလည်း သူ့ကို ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။
"ငါ့ရဲ့အခြေတည်ဝိညာဉ်က ဒဏ်ရာရသွားတာ... သူ့ရဲ့ နတ်ဝိညာဥ်ကလည်း ဒဏ်ရာရသွားတာလေ... ကုသရ ခက်သွားမှာပဲ ကြောက်ရတယ်"
ပညာရှင်က လန့်ဖျပ်သွားပြီး :"ဒီလိုဒဏ်ရာမျိုးကို ငါမကုသနိုင်ဘူး... မင်းတို့ရဲ့ကြင်နာမှုကို ငါကျေးဇူးတင်ပါတယ်.. ငါမင်းကို ကျေးဇူးဆပ်ချင်တယ် ဒါပေမဲ့ ငါ့ရဲ့ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုတွေက အကန့်အသတ်နဲ့ ဆိုတော့ မင်းတို့နှစ်ယောက်ကို မကုသဝံ့ဘူး"
ချန်ရှီ ပြုံးပြလိုက်သည်။
"ဒါက အသေးအဖွဲ့ ကိစ္စလေးပါ... မင်း စိတ်ရှုပ်နေစရာ မလိုပါဘူး"
စကားပြောနေရင်း လေပြင်းသံက တဖြေးဖြေး ပျောက်ကွယ်သွားပြီး ခဏကြာတော့ လေလည်း ရပ်သွားသည်။
လူတိုင်းသည် တံခါးများနှင့် ပြတင်းပေါက်များကို ဖွင့်ကြည့်လိုက်ရာ အပြင်ဘက်တွင် ဖုန်ထူထူအလွှာများနှင့် ရှေးဟောင်းဘုံကျောင်း အပြင်ဘက်ရှိ အမှိုက်သရိုက်များကြားတွင် ပြန့်ကျဲနေသော ကျောက်တုံးကြီးများနှင့် ကျောက်တုံးငယ်အချို့ကို တွေ့လိုက်ရသည်။
ရှေးဟောင်းဘုံကျောင်းအနီးတွင် ကျောက်တုံးကြီးများလည်း ရှိပေ၏။ နန်းနန်းသည် အနီးကပ် စပ်စုရန် တိုးကပ်လိုက်စဥ် ကျောက်တုံးကြီးများသည် ခြေထောက်လေးချောင်းပေါက်ကာ ရုတ်တရက် ခေါင်းညပ် ထွက်ပြေးသွားခဲ့လေသည်။
နန်းနန်း အံ့ဩသွားသည်။
"နန်ဖုန်းပြည်နယ်က ကျောက်ငှက်တစ်ကောင်ပါ... လေပြင်းကြောင့် မပျံသန်းနိုင်တော့ အတောင်ပံတွေ ယိုယွင်းလာတော့ ခြေထောက်တွေနဲ့ မြေပြင်ပေါ်မှာ ပတ်ပြေးနေရတဲ့ ငှက်တစ်ကောင်လို ပြောင်းလံသွားတာ..."
ပညာရှင်တစ်ယောက်က ဒီသတ္တဝါကို မှတ်မိပြီး ရှင်းပြသည်။
"လေတိုက်လာတဲ့အခါ သူတို့ရဲ့ ခြေထောက်တွေ၊ အတောင်တွေ၊ ဦးခေါင်းတွေကို ခန္ဓာကိုယ်ထဲကို ပြန်ဆွဲထည့်ပြီး လေထဲမှာ လှိမ့်ဝင်သွားကြတာ"
"အဲဒါဘာလဲ?" တစ်စုံတစ်ယောက်က အဝေးကို ညွှန်ပြသည်။
လူတိုင်း ကြည့်လိုက်တော့ အဝါရောင် ကောင်းကင်မှာ မီးတောက်တွေ လွင့်နေတာ တွေ့လိုက်ရ၏။ ချန်ရှီ ထိုမီးကိုကြည့်ကာ အတန်ငယ် ရင်းနှီးနေသလို ခံစားလိုက်ရသည်။ သူ ရုတ်တရက် သတိဝင်လာပြီး။
"အမြောက်... အဲဒါ အနီရောင် ဟုန်ယီအမြောက်ကြီး!"
ကိုယ်စားလှယ်လောင်း အားလုံး ဖြူဖျော့သွားကြသည်။ ရှီးကျင်းကို စာမေးပွဲဖြေဖို့ သွားကြမှာ မဟုတ်ဘူးလား။ ဘာလို့ အမြောက်အနီတွေနဲ့ ပစ်ခတ်နေရတာလဲ။
တစ်ခုပြီးတစ်ခုပင်။ ၎င်းတို့အပေါ်၌ ရေးဆွဲထားသော မဟာမိုးကြိုးငါးလုံးပါသော ကျည်များက လေထဲ၌ ပေါက်ကွဲသွားခဲ့သည်။ ၎င်းတို့ မနီးလာခင်မှာပင် မိုးခြိမ်းသံများက အရင်ဆုံး ပေါက်ကွဲပြီး အက်ကွဲနေတဲ့ လျှပ်စီးများ ဖြာထွက်သွားသည်။
ဟုန်ယီအမြောက်ရဲ့ ဗုံးကြဲတိုက်ခိုက်မှု ပစ်မှတ်မှာ သူတို့ရှိရာ ရှေးဟောင်း ဘုံကျောင်းကိုပဲ ဖြစ်သည်။