ရှီးကျင်းသို့ ထိပ်တန်းအဆင့်ဖြင့် ဝင်ရောက်လာမှု
Vol. 18 Ch. 264
ထိုညတွင် ချန်ရှီသည် ချောင်ချူထင်လက်အောက်က အမြောက်လှည်း နှစ်ဆယ့်လေးစီးကို သိမ်းယူကာ လူခေါင်းအရွယ်လောက် ကျည်ဆန် နှစ်ထောင်ကျော်ကိုလည်း သိမ်းဆည်းခဲ့ပြီး ချောင်ချူထင်၏ စခန်းအနီးတွင် ညအမှောင်ကို အခွင့်အရေးယူ၍ ထားရှိကာ ဤအခိုက်အတန့်ကို စောင့်ဆိုင်းနေခဲ့သည်။
ပေါက်ကွဲသွားတာနဲ့ မီးတောက်တွေက ကောင်းကင်ကို လင်းထိန်သွားစေသည်။ မိုင်တစ်ရာကျော်ဝေးတဲ့ ထျန်ယွဲ့အာ နဲ့ တခြားသူတွေတောင် ရွှေရောင်မှိုကြီးလို မီးလုံးကြီးတစ်ခု ကောင်းကင်ကို ထိုးတက်လာတာ မြင်နေရလေသည်။
မှို၏အစွန်အဖျားတွင် ငွေဖြူရောင် လျှပ်စီးများ လက်နေသည်။ လျှပ်စီးကြောင်းသည် မြေပြင်ကို ထွန်ယက်ပစ်လိုက်သကဲ့သို့ ပစ်ခတ်နေတာကြောင့် အလွန်ကြောက်စရာ ကောင်းလှသည်။ အဲဒီစွမ်းအားအောက်တွင် တုနှိုင်းမယှဉ်နိုင်သော ကျင့်ကြံသူပင် အသတ်ခံရလိမ့်မည်။
ပေါက်ကွဲသံသည် မြေပြင်တစ်လျှောက် လေပြင်းများ တိုက်ခတ်လာကာ ၎င်း၏ လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။
ချန်ရှီသည် မိုးခြိမ်းသံနှင့် မီးများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်နေလိုက်သည်။ လေပြင်းများ တိုက်ခတ်ပြီးနောက်မှသာ စခန်းကိုသွား၍ အသက်ရှင်ကျန်ရစ်သူရှိမရှိကို သေချာစစ်ဆေးခဲ့သည်။ ရှိခဲ့လျှင်လည်း အမြစ်ပြတ်ချေမှုန်းရန် လိုအပ်ပေလိမ့်မည်။
ချောင်ချူထင်၏ စခန်းသည် ကြီးမားသော ချော်ရည်တွင်းကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားချေပြီ။ မြေပြင်မှာလည်း အရည်ပျော်သွားပြီး အရာအားလုံး မရှိတော့ပေ။
"မိုးခြိမ်းသံနဲ့ မီးက တကယ်ကို ပြင်းထန်လွန်းတာပဲ..."
ချန်ရှီ အံ့သြစရာသွားသည်။ ချန်ယန်တောင်၏ သခင်အပေါ် သူ့ရဲ့လေးစားမှုမှာလည်း အနည်းငယ် ပို၍တိုးလာခဲ့သည်။ သူ တိတ်တိတ်ဆိတ်ဆိတ် ဆုတ်ခွာကာ တူညီတဲ့ လမ်းကြောင်းအတိုင်း ပြန်လှည့်လာခဲ့သည်။
မနက်မိုးလင်းတော့ ထျန်ယွဲ့အာ၊ ဟွမ်ဖုန်းနျန်နဲ့ တခြားသူတွေက တစ်ညလုံး ကြောက်ရွံ့စွာနဲ့ စောင့်နေကြလေသည်။ အဲဒီညက ဘာမှမဖြစ်ဘဲ အေးချမ်းနေခဲ့၏။ နတ်ဆိုးတချို့က သစ်သားတွန်းလှည်းနားကို ရောက်လာပေမယ့် ပြန်လှည့်သွားကြသည်။ သူတို့ဟာ အိပ်မပျော်တဲ့ ပညာရှင်တချို့နဲ့ စကားပြောတယ်၊ မိသားစုကိစ္စတွေ ပြောပြီး အပြင်ထွက် ကစားဖို့ လှည့်စားရတဲ့အကြောင်း စကားဖောင်ဖွဲ့နေကြသည်။
လေပြင်းထဲမှာ ကခုန်နေတဲ့ နတ်ဆိုးတွေလည်း ရှိသလို ဆွဲဆောင်မှုရှိပြီး ကျက်သရေရှိရှိ ဟန်ဆောင်နေပေမယ့် ဘယ်နတ်ဆိုးကမှ သူတို့ကို သွေးဆောင်လို့ မရတာကတော့ သနားစရာပါပဲ။
အားလုံးက သစ်သားလှည်းအနီးမှာပဲ နေကြပြီး ဘယ်သူမှ ရှေ့မလှမ်းမကမ်းတောင် မရွေ့ကြချေ။ မိုးလင်းသောအခါ လေငြိမ်သွားပြီး ကောင်းကင်ကလည်း ကြည်လင်လာကာ နတ်ဆိုးများ ပျောက်ကွယ်သွားသည်။
ဟေးကော်သည် မီးပုံးကို ချလိုက်ပြီး အထဲမှ ဖယောင်းတိုင်ကို မှုတ်လိုက်သည်။ ထမင်း၊ ဂျုံမှုန့်၊ စပါးနှင့် ဆီတို့ကိုလည်း အိမ်ဝင်းငယ်မှ ထုတ်ယူကာ စားပွဲ၊ ကုလားထိုင်များ၊ ခုံတန်းလျားများ၊ အိုးများ၊ ဒယ်အိုးများကို ရွှေ့လိုက်ရာ အားလုံးကလည်း သူနဲ့အတူ ထမင်းချက်ရန် လာကူညီကြသည်။
ရံဖန်ရံခါတွင် တစ်စုံတစ်ဦးက တစ်ခုခုမှားယွင်းနေသလို ခံစားမိသော်လည်း နောက်ပိုင်းတွင် အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားသည်။ တခြားသူတွေကလည်း သူတို့အထဲမှာ နောက်ထပ် တစ်ယောက်ရှိနေတယ်လို့ ခံစားမိပေမယ့် အဲဒီလူက ဘယ်သူလဲ ဆိုတာတော့ သေချာ မသိကြချေ။
ဟေးကော်က အလုပ်ရှုပ်နေပြီး အားလုံးကသူ့ကို အတန်းဖော်လို့ ခေါ်ကြသည်။ သူသည် အင်ပါယာစာမေးပွဲဖြေဆိုရန် ရှီးကျင်းမြို့သို့ သွားသော လူအုပ်ထဲမှတစ်ဦး ဖြစ်ပုံရသည်။
ပုဂ္ဂလိကကျောင်းတက်တုန်းက ဟေးကော်လည်း ရှိနေပါတယ်လို့ တချို့လူတွေက ခံစားနေရသေးသည်။ သူတို့ဟာ အတန်းဖော်တွေဖြစ်ပြီး နှစ်အတော်ကြာ အတူတူ လေ့လာခဲ့ကြပြီး ဆက်ဆံရေးလည်း ကောင်းမွန်နေ၏။
ဟေးကော်နဲ့ စကားတွေပြောခဲ့ပြီး ဟေးကော်ဘက်က မတုံ့ပြန်သော်လည်း လူတိုင်းက တုံ့ပြန်မှုကို ရရှိသလိုသာ ခံစားနေရသည်။
ထိုအချိန်တွင် ချန်ရှီသည် သူတို့ဘက် ပြန်လျှောက်လာနေတာ တစ်ယောက်က မြင်ပြီး သူ့လက်ထဲတွင် အလုပ်ကို အမြန်ချလိုက်သည်။ အခြားသူများကလည်း သူ့ကို သတိပြုမိကြပြီး အလုပ်ဖြုတ်ကာ ချဉ်းကပ်လာတာကို စောင့်ကြည့်နေကြသည်။
"အခု အဆင်ပြေသွားပြီ"
ချန်ရှီ သူတို့ကို ပြုံးပြလိုက်သည်။
အဆင်ပြေသွားပြီလား?
လူတိုင်း နည်းနည်းတော့ စိတ်ရှုပ်သွားကြသည်။ ဗုံးကြဲသူတွေ ဆုတ်ခွာသွားတာလား။
စွင်းယိရှန်းက ဒဏ်ရာအပြင်းအထန် ရသွားတာကြောင့် သူသည် သစ်သားလှည်းပေါ်မှ မျက်လုံးများကို ဖွင့်ကာ ရှုပ်ယှက်ခတ်နေသော ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
ချန်ရှီက သူ့ဆီလာပြီး ဟေးကော် ထည့်ပေးတဲ့ ယာဂု ပန်းကန်လုံး တစ်လုံးကို ယူလာခဲ့သည်။ ချန်ရှီ စမ်းကြည့်တော့ မပူတော့တာကြောင့် နံရံကိုမှီပြီး ယာဂုခွံ့ကျွေးနေခဲ့သည်။
"အိမ်ပြန်ပါ..."
စွင်းယိရှန်းရဲ့ မျက်ရည်များက ယာဂုပန်းကန်ထဲသို့ လိမ့်ကျလာပြီး ပါးစပ်ထောင့်များက တုန်ရီလာသည်။
"သခင်ငယ်လေး... အိမ်ပြန်လိုက်ပါ ရှီးကျင်းက အရမ်းအန္တရာယ်များတယ် လူကြီးမင်းချန်ထန်လည်း မကာကွယ်နိုင်ဘူး... ပြန်သွားလို့ ကိုယ့်အသက်ကို ကယ်လိုက်ပါ... အသက်ရှင်နေတာက တခြားအရာတွေထက် ပိုကောင်းပါတယ်..."
ချန်ရှီ ပြုံးလိုက်သည်။
"လူကြီးမင်းစွင်း အသက်ရှင်နေတာက တခြားအရာတွေထက် ပိုကောင်းတယ်... ဒါပေမယ့် ပိုမိုကောင်းမွန်တဲ့ဘဝနဲ့ ရှင်သန်ချင်ရင် အဲဒါအတွက် တိုက်ပွဲဝင်ရမှာပဲ... ဒီပညာရှင်တွေကို ကြည့်ကြည့်လိုက် သူတို့အားလုံး ရှီးကျင်းကို ပြေးသွားနိုင်ဖို့ အသက်စွန့်စားနေကြတာ.. ကျနော့်ကို ကျနော်လည်း သူတို့ထက် မနိမ့်ဘူးလို့ ထင်တယ်... ဘယ်လိုလုပ် နောက်ဆုတ်နိုင်မှာ"
သူက ခေတ္တရပ်လိုက်ပြီး :"နောက်တစ်ခုရှိသေးတယ်.... နတ်ယန္တရားစခန်းရဲ့ တပ်မှူး ချောင်ချူထင်က ခင်ဗျားလောက်တောင် မသန်ဘူး မိုးခြိမ်းသံနဲ့ မီးကို မခံနိုင်ဘူး"
ဒါကိုကြားတော့ ချောင်ချူထင်ရဲ့ ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွားခဲ့သည်။
"တပ်မှူး ချောင်ချူထင် ဟုတ်လား... သူက ငါတို့ကို လုပ်ကြံသူပေါ့... အခြားသူများ ဘယ်မှာလဲ "
"မနေ့ညက ယမ်းမှုန့်တွေ ရောစပ်ရင်း သူ့ကိုယ်သူ မတော်တဆ မှုတ်မိသွားတာလို့ ကြားတာပဲ"
စွင်းယိရှန်း သူ့ကို မော့ကြည့်လိုက်သည်။ ချန်ရှီ၏အမူအရာမှာ တည်ငြိမ်နေပြီး သူ နောက်ပြောင်နေသလား မသေချာချေ။
ချောင်ချူထင်သည် အရာရှိငယ် တစ်ဦးမျှသာဖြစ်သော်လည်း အလွန်အစွမ်းထက်သည်။ သူသည် တစ်နှစ်ပတ်လုံး ယမ်းမှုန့်များ တပ်ဆင်ထားသည့် နတ်ယန္တရားစခန်းက အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ရာ သူ့ကိုယ်သူ ဘယ်လိုလုပ် ပေါက်ကွဲမိမှာလဲ။
ယုံရခက်ပေ၏။
ချန်ရှီက သူ့ကို ယာဂုကျွေးရင်း :"ခင်ဗျားရဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ လျှောက်တွေးမနေနဲ့ ဒဏ်ရာတွေကို အရင် ဂရုစိုက်ပါ...ခင်ဗျား ရှီးကျင်းကို ပြန်ရောက်တဲ့အခါ ကျန်းမာလာအောင် ကြိုးစားပါ... ချန်ထန်က ကျနော် ခင်ဗျားကို စော်ကားတယ်လို့ မထင်မိစေနဲ့"
'သခင်ငယ်က ချန်ထန် သူအပေါ် ဆိုးရွားတဲ့ အထင်အမြင်တွေ ချန်ထားခဲ့မိမှာကို အမြဲတမ်း စိုးရိမ်နေတာပဲ'
"ချောင်ချူထင်က ဒုလက်ထောက်တစ်ယောက်ပဲ... နတ်ယန္တရားစခန်းမှာ အလားတူ ဒုလက်ထောက် ဆယ့်ခြောက်ယောက် ရှိတယ်..."
ပန်းကန်လုံးယူ၍ မိမိဘာသာ ထမင်းစားလိုက်သည်။
"သူက အနီရောင်အမြောက်ကို တာဝန်ခံတယ်... ပိုမြန်တဲ့ ပေါ်တူဂီအမြောက်ကို အထူးတာဝန်ယူရတဲ့ လူတွေလည်း ရှိတယ်... ဌာနတစ်ခုမှာ ပေါ်တူဂီအမြောက် ၄၈ခု တပ်ဆင်ထားတယ် ပန်းကန်လုံးသေနတ်တွေကို အုပ်ချုပ်တဲ့သူတွေလည်း ရှိတယ် ကျည်တစ်တောင့်က သုံးလက်မလောက် ထူတယ်။ နတ်ပြောင်းလဲခြင်းနယ်ပယ်က လူကို ဖြိုခွဲပစ်နိုင်တဲ့ ဌာနခွဲတစ်ခုမှာ လူ ၄၀၀ ရှိတယ် အကုန်လုံးက ပန်းကန်လုံးပါးစပ်သေနတ်တွေ တပ်ဆင်ထားတာ...ဒါ့အပြင် မိုးကြိုးနဲ့မီး မှော်ပညာကို အထူးပြုတဲ့ မီးတံစဥ်ဌာနလည်း ရှိတယ်... အဲ့ဌာနတွေ ဘယ်သွားသွား တောင်တွေတောင် ပြားသွားလိမ့်မယ်”
သူက ထမင်းစားပြီးတာနဲ့ ပန်းကန်လုံးတစ်လုံးကို ဟေးကော်ဆီ လွှဲပေးလိုက်သည်။
"ချောင်ချူထင်က မင်းကိုသတ်ဖို့ တစ်ယောက်ယောက်ဆီက အမိန့်ပေးလိုက်တာ ဖြစ်မယ်... တစ်ချက်တည်းနဲ့ မအောင်မြင်ရင် အဲဒီလူက နောက်တစ်ယောက် ထပ်ပို့လိုက်လိမ့်မယ် သတိထားရမယ်..."
ချန်ရှီက ခန့်ညားစွာ ပြောလိုက်သည်။
"ကျနော် သတိထားပါ့မယ်"
စွင်းယိရှန်းသည် ယာဂု ပန်းကန်လုံးကြီး နှစ်လုံးကို သောက်လိုက်ပြီးနောက် ခန္ဓာကိုယ်က ပိုကောင်းလာခဲ့သည်။ သို့နှင့် အနားယူဖို့ သစ်သားလှည်းပေါ်မှာ လှဲအိပ်လိုက်သည်။
မနက်စာ စားပြီးတဲ့နောက် စာမေးပွဲဖြေဖို့ အပြေးအလွှား သွားနေတဲ့ လူတစ်စုက သူတို့ပစ္စည်းတွေကို ထုပ်ပိုးပြီး ဆက်သွားကြသည်။ အားလုံး စာအုပ်သေတ္တာများ ထမ်းကာ ရှေ့သို့ ဆက်လျှောက်ရန် ရုန်းကန်နေကြသော်လည်း အားလုံးက ရယ်ရယ်မောမော စကားတွေပြောပြီး လျှောက်သွားနေကြ၏။
ယခုတစ်ကြိမ် ရှီးကျင်းသို့ မထွက်ခွာမီ ချန်ရှီသည် ဘုရင်ကျန်း၏ သင်္ချိုင်းထဲတွင် ရက်ပေါင်းများစွာ နေခဲ့သည်။ ဘုရင်ကျန်း၏ အုတ်ဂူစာကြည့်တိုက်ရှိ ဧကရာဇ်ရှောင်းလန်စွမ်းရည် ကျင့်စဥ် ပမာဏအပြင် သင်္ချိုင်းအပြင်ဘက်ရှိ ကျောက်ပြားသစ်တောထဲတွင် ရေးထားသော ကျင့်စဥ် အားလုံးကို အခြေခံအားဖြင့် အလွတ်ကျက်ထားခဲ့သည်။
ဘုရင်ကျန်း၏ ရည်ရွယ်ချက်မှာ ဤအရည်အချင်းများကို ချန်ထားခဲ့ခြင်းမှာ အနောက်နွားရှင်းကျိုး အတွက် အမွေအနှစ်တစ်ခု ချန်ထားခဲ့ဖို့ ဖြစ်သည်။ ချန်ရှီသည် သူတို့၏ လေ့ကျင့်နည်းများနှင့် ကိုယ်ရည်ကိုယ်သွေးများကို နားလည်ရန်၊ ၎င်းတို့နှင့် လိုက်ဖက်သော အရည်အချင်းများကို ရှာဖွေကာ သင်ကြားပေးပြီး သူ ကျက်ခဲ့သမျှ ကျွမ်းကျင်မှုများကို ၎င်းတို့ထံ လက်ဆင့်ကမ်းပေးလိုက်သည်။
ထျန်ယွဲ့အာသည် သဘာဝအားဖြင့် ရွှင်လန်းတတ်ကြွပြီး ပြတ်သားသည်။ ချန်ရှီ သူမကို ကောင်းကင်မိုးကြိုး စည်းတံဆိပ်ကို သင်ကြားပေးခဲ့သည်။
ဟွမ်ဖုန်းနျန်သည် ဆေးပညာ ကျွမ်းကျင်တာကြောင့် ဤနယ်ပယ်ကို ပိုမိုနက်ရှိုင်းစွာ စူးစမ်းလိုစိတ် ရှိနေခဲ့သည်။ ဒါကြောင့် ခရမ်းရောင်အလံယွမ်ကျင့်စဥ် ပေး၏။
ဖန်းဝူကျိသည် သူ့လက်စည်းတံဆိပ်များကို မည်သို့ ဖွင့်ပိတ်လုပ်ရမည်ကို မသိသောကြောင့် ချန်ရှီ သူ့ကို ယွမ်တောင်သုံးပါးစောင့်ထိန်းမှုကို သင်ပေးခဲ့သည်။
ဖူရှိုးအတွက် တုနှိုင်းမဲ့ကျောက်စိမ်းပုလဲကို သင်ပေးခဲ့သည်။
ဟူကွမ်အန်းသည် ထူးခြားဆန်းကြယ်သော ကိုယ်ရည်ကိုယ်သွေး ရှိသောကြောင့် နဂါးဘုရားလျှို့ဝှက်ချက်ကို သင်ကြား ပြသပေးခဲ့သည်။
……
လူတိုင်းဟာ မတူညီတဲ့ ကျင့်စဥ်တွေကို နားလည်သွားပြီး ဖြည်းဖြည်းချင်း ရှေ့ကို ဆက်သွားနေကြသည်။ သူတို့ တစ်ခုခု နားမလည်တာရှိရင် ချန်ရှီကို အကြံဉာဏ်တောင်းလိမ့်မယ်။ ချန်ရှီသည် ထိုအရည်အချင်းများကို တစ်ခါမျှ မလေ့ကျင့်ဖူးပေမယ့် ၎င်းတို့ကို နားလည်အောင် သင်ပေးခဲ့သည်။
ထို့အပြင် လမ်းသည် သွားလာရခက်ခဲပြီး နေရာတိုင်းတွင် အန္တရာယ်များနှင့် ပြည့်နေ၏။ မကြာခဏ လေပြင်းများ တိုက်ခတ်လာတာကြောင့် အဖွဲ့သည် တဖြည်းဖြည်းနှင့် နှေးနှေးကွေးကွေးသာ ရွေ့လျားနေသည်။
အခြားစာသင်သား အဖွဲ့များသည် နောက်ကွယ်မှ လိုက်လာကြဏာ အုပ်စုလိုက်စုရုံးရင်း တဖြည်းဖြည်း လူတစ်ရာကျော်သွားကြသည်။
ဤအဖွဲ့ထဲ၌ တစ်စုံတစ်ဦးသည် ရံဖန်ရံခါ အောင်မြင်မှုတစ်ခု ပြုလုပ်ပြီး တစ်စုံတစ်ဦးသည် ရွှေအမြုတေကို အဆင့်တစ်ခုသို့ အဆင့်မြှင့်တင်နိုင်လိမ့်မည်။ တစ်နေ့တည်းနဲ့ ၎င်းတို့ကို အချိန်အတော်ကြာ နှောက်ယှက်ခဲ့သည့် ကျင့်စဥ်နယ်ပယ်ကို ဖြတ်ကျော် ဝင်ရောက်လာနိုင်သူ တစ်ဒါဇင်ကျော် ရှိတတ်သည်။
သူတို့ကိုယ်တိုင်က ဒီလိုမြင်ကွင်းမျိုးကို စိတ်ကူးမယဉ်ဝံ့ခဲ့သလို ချန်ရှီတောင်မှ မျှော်လင့်မထားခဲ့ပေ။
စာသင်သား ကျွိရန်အဆင့် ဖြစ်လာနိုင်သူများက ငတုံးတွေ မဟုတ်ကြချေ။ အထူးသဖြင့် ဤနေရာတွင် အသက်ရှင်အောင် စွမ်းဆောင်နိုင်သူများသည် တခြားစာသင်သားများကြားတွင် အကောင်းဆုံး ဖြစ်ကြသည်။
သူတို့သည် ပါရမီရှင်၊ လျင်မြန်သော ဉာဏ်ရှိသူများ ဖြစ်ပြီး ကံကောင်းကြသူများဖြစ်လို့ မိသားစုကြီးထဲက သားသမီးများထက် မဆိုးလှပါ။ ဒါပေမဲ့ အရင်တုန်းကတော့ သူတို့မှာ ကျွမ်းကျင်မှု၊ အရင်းအမြစ်တွေ မရှိခဲ့သလို အဂ္ဂိရတ်ဆေးလည်း မရှိခဲ့ရာ အောင်မြင်မှုတစ်ခုလို့ မပြောနဲ့ စားဖို့တောင် အနိုင်နိုင်ပင်။
သူတို့ကို ဖိသိပ်ထားလေလေ၊ ပြန်တွန်းအားက အားကောင်းလေ ဖြစ်သည်။
အရင်တုန်းက သူတို့မှာ အခွင့်အရေး မရှိခဲ့ပေမယ့် အခုတော့ ချန်ရှီ သူတို့ကို ဒီအခွင့်အရေးကို ပေးခဲ့သည်။ ဤလူများသည် ဝိညာဉ်ဆေးပင် သို့မဟုတ် ဝိညာဥ်အသားများကိုပင် မလိုအပ်ဘဲ တိုက်ရိုက် ဖြတ်ကျော်နိုင်သူတွေပင်။
ရက်အနည်းငယ်ကြာ လမ်းလျှောက်ပြီးနောက် နောက်ထပ် ခြောက်ဦးဟာ အခြေတည်ဝိညာဥ် အဖွဲ့ထဲက ပေါ်ထွက်လာသည်။
ချန်ရှီသည် ကျောက်ပြားသစ်တောမှ ကျင့်စဥ်များကို သူတို့ဆီက ဘာမှမတောင်းဘဲ သင်ကြားပေးခဲ့သည်။ ရှောင်ဝမ်စွင်း၊ ကျူးရှို့ချိုင်နဲ့ ဘုရင်ကျန်းတို့က အနောက်ဘုရင်၏ ကျောက်စိမ်းတံဆိပ်တုံးကို သူ့ထံ ဆက်တိုက်လွှဲပြောင်းပေးခဲ့တာ ဒါကြောင့်လို့ သူခံစားလာခဲ့ရသည်။ အကြောင်းမှာ ၎င်းတို့သည် သစ်တောများမှ ကျွမ်းကျင်မှုများကို ဖြန့်ကျက်လိုသောကြောင့် ဖြစ်နိုင်သည်။
သူက သူ့အလုပ်ပဲလုပ်နေတာလေ ဘာ့ကြောင့်ပြန်ယူရမှာလဲ?
သို့သော် ထျန်ယွဲ့အာနဲ့ တခြားသူများ၏ အမြင်တွင်တော့ ဒါဟာ ကြီးမြတ်သောကျေးဇူး၊ ဆရာ့မျက်နှာသာထက် ပိုလေးသောကျေးဇူး၊ မွေးဖွားလာရတဲ့ မျက်နှာသာပဲ ဖြစ်သည်။ ရေတစ်စက်တောင် စမ်းရေနဲ့ ပြန်ဆပ်ရမည်။
လူသစ် မွေးဖွားပေးတဲ့ ကျေးဇူးကိုဆပ်ဖို့ သူတို့ ဘာလုပ်ပေးနိုင်မလဲ။
မတ်လလယ်တွင် အဖွဲ့သည် လူ ၂၀၀ နီးပါး ရှိလာသည်။ သူတို့သည် အနောက်နွားရှင်းကျိုး အနောက်ဘက်ခြမ်းရှိ အကြီးဆုံးနှင့် အခမ်းနားဆုံး တောင်တန်းများ ဖြစ်သည့် ဟွမ်ယန်တောင်များသို့ ရောက်ရှိခဲ့ကြသည်။ တောင်တန်းသည် မြောက်နှင့်တောင်ကို ဖြတ်၍ မိုင် ၁၀၀၀၀ ကျော် ရှည်လျားသည်။
ဤနေရာတွင် လှိုင်းထနေသော တောင်တန်းတစ်ခုမျှသာ မဟုတ်ဘဲ မြောက်-တောင်ဘက်သို့ ပြန့်ကျဲနေသော တောင်တန်းများစွာ သို့မဟုတ် ဒါဇင်များစွာသော တောင်တန်းများ ရှိလေ၏။
သူတို့သည် မတ်လတွင် တောင်များကြားရှိ ချိုင့်ဝှမ်းများကို ဖြတ်ကျော်ကာ အန္တရာယ်များ ပြည့်နေသော တောနက်ကို ဖြတ်ရမည်။ ထူးဆန်းသော သားရဲများ၊ နတ်ဆိုးများနှင့် နတ်ဆိုးအမျိုးမျိုးတို့ ဝန်းရံထားသော ဤသေမင်းဇုန်မှ လမ်းလျှောက်ကာ ဧပြီလအစောပိုင်းတွင် ရှီးကျင်းသို့ ရောက်ရှိမည် ဖြစ်သည်။
ယခင်က တော်ဝင်စာမေးပွဲအတွက် ရှီးကျင်းသို့ သွားသူများအတွက် သေဆုံးမှုနှုန်းသည် ဟွမ်ယန်တောင်များကို ဖြတ်ကျော်ရသည့်အခါ အမြင့်ဆုံး ဖြစ်သွားတတ်သည်။
ဒါဇင်နဲ့ချီတဲ့ ဖြေဆိုသူတွေဟာ တောင်တန်းတွေရှေ့မှာ ရပ်ပြီး ချောက်ကြီးကို ဖြတ်ကူးချင်တဲ့လူတွေကို တခြားလူတွေကို စောင့်နေကြ၏။ အယောက်နှစ်ရာ လာနေတာကို မြင်တော့ အံ့သြပြီး ဝမ်းသာသွားမိတယ်။
လူအုပ်ကြီးသည် လူပေါင်း ၂၆၀ ကျော်ရှိသော အဖွဲ့ကြီးကို ဖွဲ့စည်းကာ ချောက်ထဲသို့ ပြင်းပြင်းထန်ထန် ချီတက်ခဲ့ကြသည်။
ယခုတစ်ကြိမ်တွင် ချန်ရှီနှင့် အခြားဖြေဆိုသူ နှစ်ရာ ကျော်ထဲ၌ ၎င်းတို့၏ နယ်ပယ်ကို ဖြတ်ကျော်ရန် စိတ်လှုပ်ရှားနေသော ယောက်ျားလေးများက ပိုစိတ်အားထက်သန်နေသည်။ လမ်းတစ်လျှောက်မှာ သူတို့ရဲ့ သင်ယူထားတဲ့ စာလုံးတွေကို စမ်းကြည့်သည်။ ထက်မြက်တဲ့ စွမ်းအင်တွေကို စွန့်ထုတ်ဖို့ နေရာမရှိတာကြောင့် အဲဒီ မသိနားမလည်တဲ့ ထူးဆန်းတဲ့ သားရဲတွေ၊ နတ်ဆိုးတွေနဲ့သာ လေ့ကျင့်ခဲ့ကြသည်။
ပညာရှင် ၂၀၀ ကျော်၏ ခွန်အားသည်လည်း ပိုမိုအားကောင်းလာခဲ့သည်။ လမ်းတစ်လျှောက် တိုက်ခိုက်တဲ့အခါ တစ်ယောက်တည်းနဲ့ မနိုင်ရင် ဆယ်ယောက်တွဲ၍ တိုက်ခိုက်သည်။ ဆယ်ယောက်နဲ့ အနိုင်မယူနိုင်ရင် တစ်ရာနဲ့ တိုက်ခိုက်ကြလိမ့်မည်။ ဘယ်သွားသွား တောင်ထိပ်မှာ တွယ်ကပ်နေတဲ့ ဘီလူးအိုတွေတောင် ဒူးထောက်ပြီး အသနားခံ တောင်းပန်ကြရ၏။
ဟွမ်ယန်တောင်ရှိ မြေမျက်နှာသွင်ပြင်က အလွန်မတ်စောက်ပြီး ဤနေရာတွင် တစ်စုံတစ်ယောက်မှ ချောင်းမြောင်းတိုက်ခိုက်မည်ကို စိုးရိမ်သောကြောင့် ချန်ရှီသည် လူတိုင်းကို အကြွင်းမဲ့ဝိညာဥ်အလံဆယ်ပါးကို လေ့ကျင့်ပေးရန် စီစဉ်ခဲ့သည်။ စုစုပေါင်း ၂၅၆ ပါးအတွက် စာလုံး တစ်လုံးစီကို တာဝန်ယူရသည်။ ဖွဲ့စည်းမှုကို အသက်သွင်းလိုက်သောအခါတွင် ၎င်းတို့သည် သေမင်းတမန် ဟွာရှနတ်ဘုရား ၂၅၆ ပါးအဖြစ် ပြောင်းလဲသွားနိုင်သည်။
ဤဖွဲ့စည်းမှုသည် ဘုရင်ကျန်း၏ ဂူဗိမာန်ရှိ အမတကျင့်စဥ်များကို စောင့်ကြပ်ပေးသည့် အရာဖြစ်သည်။ အလွန်အစွမ်းထက်ပြီး သာသနိကဗေဒင်ဆရာများနဲ့ ချန်ယင်တူးလို သန်မာသောလူကို စိန်ခေါ်ရန် လုံလောက်သော အစွမ်းသတ္တိရှိသည်။
တိုက်ပွဲကို ဖွဲ့စည်းတဲ့ ပညာရှင် နှစ်ရာ့ငါးဆယ့်ခြောက်ယောက်ရဲ့ စွမ်းအားကဆို တွေးကြည့်လို့တောင် မရတော့ချေ။
ချန်ရှီ တစ်ကြိမ်သာ စမ်းသပ်ခဲ့သည်။ ထိုအချိန်တွင် သူတို့သည် ချိုင့်ဝှမ်းထဲတွင် ရှိနေခဲ့သည်။ အားလုံးက ရေပေါ်မှာ ရပ်နေခဲ့ကြကာ သူတို့ခြေအောက်မှာ မိုင်ပေါင်းများစွာ ကျယ်တဲ့မြစ်ကြီး ရှိနေပြီး ဒီဖွဲ့စည်းပုံကိုတော့ မြစ်ပေါ်မှာ ထူထောင်ခဲ့ကြသည်။
ချန်ရှီက အစီအရင်ရဲ့ အလယ်ဗဟိုတွင် ရှိနေ၏။ အကြွင်းမဲ့ဝိညာဥ်အလံဆယ်ပါးကို အသက်သွင်းပြီးသည်နှင့် တပြိုင်နက် မြေပြင်မှ ကြီးမားသော စွမ်းအားတစ်ခု တက်လာပြီး မြစ်ကို ဖြတ်တောက်လိုက်သည်။ ပတ်ဝန်းကျင်က ကောင်းကင်နဲ့ မြေကြီးဟာ အရောင်တွေ ပျောက်ပြီး ကမ္ဘာကြီးဟာ သေမင်းတမန် ရောက်လာသလို တိတ်ဆိတ်ငြိမ်သက်သွား၏။
၎င်းတို့သည် စမ်းသပ်မှုကို ဆက်လက် မလုပ်ဆောင်ဝံ့ဘဲ အကြွင်းမဲ့ ဝိညာဥ်အလံဆယ်ပါးကို လျင်မြန်စွာ ဖြန့်ကျက်ခဲ့သည်။
သစ်သားတွန်းလှည်းပေါ်တွင် လဲလျောင်းနေသော စွင်းယိရှန်းဆိုလည်း ဤမြင်ကွင်းကြောင့် ထိတ်လန့်ကြောက်ရွံ့ပြီး သေလုမြောပါး ဖြစ်သွားခဲ့ရသည်။
ဖိအားက အရမ်းကြောက်ဖို့ ကောင်းလွန်းပေ၏။
တာအိုဘုံကို ပြုစုပျိုးထောင်ခဲ့သော အနတ္တသန့်စင်နယ်ပယ်တွင် သူကဲ့သို့ သခင်တစ်ဦးပင်လျှင် ထိုအစီအရင်ထဲ ဝင်ရောက်သွားပါက သေလိမ့်မည်ဟု ခံစားနေရသည်။
"လူကြီးမင်းချန်ထန်ရဲ့ မိသားစုက သခင်ငယ်လေးက ဘယ်လို နတ်ဆိုးမျိုးလဲ"
ဖြေဆိုသူ ၂၀၀ ကျော်သည် ထောင်နှင့်ချီသော တပ်ဖွဲ့ဝင်များထက် သာလွန်ကောင်းမွန်ပြီး ရှီးကျင်းရှိ အဓိကစခန်းသုံးခု၏ ဖွဲ့စည်းမှုအားလုံးထက် သာလွန်၍ ကြောက်မက်ဖွယ်ကောင်းသော အစီအရင် ဖွဲ့စည်းမှုကို သရုပ်ပြနိုင်ခြင်းကြောင့် သူ လျှို့ဝှက်စွာ တုန်လှုပ်သွားခဲ့သည်။ တခြားသူတွေကိုသာ ပြောပြရင် ဘယ်သူမှ ယုံမှာ မဟုတ်ချေ။
ထိုအခိုက်အတန့်တွင် သူသည် သူ့အနီးတစ်ဝိုက်မှ မိုင်တစ်ရာအတွင်း တစ်စုံတစ်ခု အရှိန်အဟုန်ပြင်းစွာ ရွေ့လျားသွားတာ သတိပြုမိလိုက်သဖြင့် ခဏလောက် ထိတ်လန့်သွားမိသည်။
"တစ်ယောက်ယောက်က ကျွမ်းကျင်သူတွေ အများကြီးကို ခေါ်ထားတယ်... လမ်းမှာ ချောင်းမြောင်းပြီး သတ်ပစ်ဖို့ အဆင်သင့်ပြင်နေတာပဲ!"
သူ့နှလုံးတွေ တဒိန်းဒိန်း ခုန်လာသည်။ သူတို့ရဲ့ ကျင့်ကြံမှုက အရမ်းမြင့်မားတယ်ဆိုတာ ထင်ရှားပါ၏။ သူတို့ထဲက တချို့က သူ့အထက်မှာတောင် ရှိနိုင်သည်။ သို့သော် ထိုလူများသည် အကြွင်းမဲ့ဝိညာဥ်အလံ ဆယ်ပါးကြောင့် ထိတ်လန့်သွားကြသည်။
ထိုနေရာတွင် ကင်းတပ်စခန်းချသော်လည်း မလှုပ်ရှားဝံ့ပေ။ အကြွင်းမဲ့ဝိညာဥ်အလံဆယ်ပါးရဲ့ ကြောက်မက်ဖွယ်ကောင်းသော အသွင်အပြင်ကို အာရုံခံပြီးနောက် သူတို့သည် ၎င်းတို့၏ အစပြုမှုအတိုင်း ပြန်လည် ဆုတ်ခွာသွားကြသည်။
"ဘယ်သူလဲ မသိပေမယ့် ငါသာဆိုရင်လည်း အကြွင်းမဲ့ဝိညာဥ်အလံဆယ်ပါးရဲ့ အရိပ်အာဝါသကို ခံစားလိုက်ရရင် တိုက်ပွဲဝင်စိတ်ဓာတ်တွေ ဆုံးရှုံးသွားလိမ့်မယ်... ဒီရောင်ဝါက အရာအားလုံးကို ဖျက်ဆီးပစ်လိုက်နိုင်တာပဲ!"
ချန်ရှီနဲ့ တခြားသူတွေဟာ ဟွမ်ယန်
တောင်တွေကို ဘေးကင်းစွာ ဖြတ်ကျော်ပြီး မတ်လကုန်မှာ တောင်ပေါ်ကနေ ထွက်လာနိုင်ခဲ့ကြပါ၏။
လမ်းတစ်လျှောက်တွင် ချန်ရှီသည် လူတိုင်းအတွက် မေးခွန်းအမျိုးမျိုးကို ဖြေပေးခဲ့သည်။ သူသည် ကျောက်ပြားပေါ်က နည်းစနစ်များကို မလေ့ကျင့်ခဲ့ဘဲတောင် လူတိုင်းကို မေးခွန်းများဖြေဆိုရာတွင် ကူညီပေးသည့် လုပ်ငန်းကို လုပ်ကိုင်ရင်း သူကိုယ်တိုင် နားလည်သဘောပေါက်လာမှုနှင့် ညီမျှလာသည်။ ထို့အပြင် တခြားသူများနှင့် ဆက်သွယ်ခြင်းသည် လူတိုင်း၏ အားသာချက်များမှလည်း သင်ယူနိုင်သည်။
ဟွမ်ယန်တောင်မှ ထွက်ခွာပြီးနောက် သူလည်း ဧကရာဇ်ရှောင်းလန်စွမ်းရည် ကျင့်စဥ်ရဲ့ အရည်အချင်းကို နားလည်ခဲ့သည်။ သူ အရင်က နားမလည်နိုင်တဲ့ လျှို့ဝှက်ချက်တွေ အားလုံးကို အခု အလွယ်တကူ ဖြေရှင်းနိုင်သွားတာကို ရုတ်တရက် တွေ့လိုက်ရသဖြင့် သူ့ကိုယ်သူတောင် အံ့ဩသွားမိသည်။
ဧကရာဇ်ရှောင်းလန်စွမ်းရည်သည် မူလကတော့ ဤလေ့ကျင့်ခန်းများကို အလွတ်ကျက်ရုံမျှဖြင့် သူ့စိတ်ကို ပျက်စီးစေခဲ့သော်လည်း ယခုတော့ အမှန်တကယ် နားလည်နိုင်နေပြီ ဖြစ်သည်။
"ဒီကာလမှာ ငါ့ရဲ့ ကျင့်ကြံမှုက အများကြီး မတိုးတက်လာသေးဘူး အသိပညာကပဲ တိုးတက်လာတယ်... တခြားသူတွေကို အသိပညာ ဖြန့်ဝေတဲ့ လုပ်ငန်းမှာ ငါလည်း သင်ယူပြီး နားလည်လာတာကိုး..."
သူ့တွင် အတွင်းစိတ်ဝိညာဉ် ထက်မြက်မှုနှင့် ပြည့်စုံသော ဉာဏ်ပညာ တစ်မျိုး ရှိလာသည်။
သူသည် ဤနည်းကို ဖြည်းဖြည်းချင်းသာ လေ့ကျင့်ရန် ကြိုးစားနေကာ သတိလက်လွတ်မခံဝံ့ပေ။ နောက်ဆုံးတွင် ဤအရာသည် နက်နဲပြီး နားမလည်နိုင်သော အဆင့်က အမတကျင့်စဥ် တစ်ခုဖြစ်သည်။ အကယ်၍ မှားယွင်းစွာ ကျင့်မိပါက အမှားကို ပြင်ရန် အလွန်ခက်ခဲသွားနိုင်သည်။
ရက်အနည်းငယ် ကြာပြီးနောက် ရှီးကျင်းက သူတို့ မြင်ကွင်းထဲ ဝင်လာတာ တွေ့လိုက်ရသည်။ ဖြေဆိုသူ နှစ်ရာ သုံးရာခန့်သည် သူတို့ရှေ့က ရှေးဟောင်းမြို့တော်ကို ကြည့်ပြီး သူတို့ရဲ့ စိတ်လှုပ်ရှားမှုတွေက ပြောမပြတတ်အောင် လှိုင်းထလာခဲ့သည်။
ရှီးကျင်းမှာ မျက်လုံးများစွာ ရှိကာ သူတို့ကို ကြည့်နေကြသည်။
ရှီးကျင်းလမ်းပေါ်၌ နတ်ကွန်းများ တက်လာကာ နတ်အလင်းရောင်များ ထုတ်လွှတ်နေတာကို မြင်တွေ့ရသည်။ အရောင်အသွေး အမျိုးမျိုးဖြင့် ရောင်ပြန်ဟပ်နေသည့် ရွှေအမြုတေ အလင်းတန်းများကလည်း ထွန်းလင်းနေသည်။ တစ်ချိန်တည်းမှာပင် အခြေတည်ဝိညာဥ်လေးများက လေထဲတွင် ထိုင်နေ၏။ ကောင်းကင်နှင့်မြေကြီး၏ ဖြောင့်မတ်ခြင်းတရားသည် ၎င်းတို့ကြောင့် ထိခိုက်ခဲ့ပြီး မိုင်ရာနှင့်ချီ၍ ရှည်လျားသော တောင်များမှ စိမ်းလန်းသောလေစီးကြောင်းများ ထွက်လာသည်။
အသံတစ်သံ :"လမ်းမှာ တိုက်ခိုက်ဖို့ အခွင့်အလမ်းတွေ မတွေ့ခဲ့ရပါဘူး ဒါပေမယ့် ရှီးကျင်းကို ရောက်ရင်တော့ အခွင့်အရေး ရပါပြီ!"
ရုတ်တရက် ရှီးကျင်းအထက် ကောင်းကင်တွင် လျှပ်စီးလက်ပြီး မိုးခြိမ်းသံများ ပေါ်ထွက်လာသည်။ လျှပ်စီးကြောင်းများသည် ကောင်းကင်အထက်မှ ပြိုကျလာပြီး ရွှေအမြုတေနဲ့ အခြေတည်ဝိညာဥ်များဆီသို့ ဖြတ်ပြေးသွားသည်။
ဤအခိုက်တွင် ဟွာကိုက်ထီးက အလိုအလျောက် ပြေးတက်လာပြီး လေထုအလယ်၌ လှည့်ပတ်ကာ ဧရိယာတစ်ဧကခန့်ကို ဖုံးအုပ်ပစ်ခဲ့သည်။ နတ်သန္ဓေသားများသည် အပြင်ဘက်တွင် မိုးခြိမ်းသံများ အားလုံးကို ပိတ်ဆို့ပေးထားသည့် ကောင်းကင်ဘုံနန်းတော်ထဲ ရောက်နေကဲ့သို့ပင် ထီးအောက်တွင် ရပ်နေကြလေ၏။
တစ်စုံတစ်ယောက်က ကောင်းကင်မှာ လင်းလတ်နေသော လျှပ်စီးကြောင်းများကို ဖြိုခွဲရန် အဆောင်စာလုံးကို ပြင်ဆင်လိုက်သည်။
ထီးသည် လှည့်၍ ကျုံ့သွားသော်လည်း ၎င်းကို မခေါက်ဘဲ ကိုယ်စားလှယ်လောင်းများ၏ ဦးခေါင်းထက်တွင် ချိတ်ဆွဲထားဆဲ ဖြစ်သည်။
ထီးအောက်က နတ်ဘုရားများဟာ စာမေးပွဲ ဖြေဆိုမည့် ကိုယ်စား လှယ်များအားလုံးကို အကာအကွယ်ပေးခြင်း၊ ထောက်ခံအားပေးနေသလို ကျယ်လောင်သော အသံတစ်သံကို ထုတ်လွှတ်နေကြသည်။
လူအများအမြင်တွင် ချန်ရှီသည် စာမေးပွဲဖြေမယ့် ကိုယ်စားလှယ်လောင်း ၂၆၀ ကျော်ကို ရှီးကျင်းမြို့သို့ ဦးဆောင်ခေါ်ခဲ့သည်။
စွင်းယိရှန်းသည် သစ်သားတွန်းလှည်းပေါ်တွင် လှဲနေကာ သူတို့ကို အကဲခတ်နေသော အကြည့်များကို ကြည့်ပြီး စိတ်မသက်မသာ ခံစားလာရသည် -
"အရမ်းတော်ပါတယ်... ငါတို့ အရမ်းတော်ကြတယ်"