မင်း အသက်ကြီးလာပြီ
Vol. 18 Ch. 269
စွင်းယိရှန်းသည် အစကတော့ ကုံးထျန်းစီရင်စုသို့ တိုက်ရိုက်သွားရန် စီစဉ်ထားသည်။ ကုံးထျန်းစီရင်စုသည် ရှီးကျင်းဧရိယာ၏ အုပ်ချုပ်မှုအတွက် တာဝန်ရှိပြီး ချန်ရှီက ကုံးထျန်းစီရင်စုကို လာတောင်းပန်ရန် အကြောင်းကြားခိုင်းထားသည်။ ဒါပေမယ့်။
"ဒီကိစ္စ လက်ထဲက လွတ်သွားရင်တော့ သခင်ငယ်ချန် ဒုက္ခရောက်လိမ့်မယ်... ဒါက ရာဇ၀တ်မှုကြီးပဲ လူကြီးမင်းချန်ထန်ကို အရင်အကြောင်းကြားရမယ်!"
သူသည် အခွန်ဝန်ကြီးဌာနဆီသို့ ချက်ချင်း ပြေးသွားသော်လည်း တစ်ချိန်တည်းမှာပင် နောက်မှလိုက်လာသော စစ်ဆေးရေးအရာရှိသည် ကုံးထျန်းစီရင်စုဆီ ပြေးထွက်သွားခဲ့သည်။
စွင်းယိရှန်းရဲ့ နှလုံးမှာ နစ်မြုပ်သွားပြီး တစ်ဖက်လူကို မတားနိုင်ခဲ့ကြောင်း ပြန်သုံးသပ်မိသည်။
"ဒါက ရှီးကျင်း...ငါတို့တောထဲမှာသာ ရှိနေရင် သူတို့ကို သတ်ပစ်လို့ရတယ်..."
သူ့ကိုယ်ပိုင်အတွေးကြောင့် တုန်လှုပ်သွားမိသည်။ သူအမြဲတမ်း ဥပဒေလိုက်နာသူမို့ ရုတ်တရက် ဘယ်လိုလုပ် ဒီအကြံရသွားသလဲ နားမလည်နိုင်သလို ဖြစ်သွားသည်။
"ငါ လမ်းမှာ လူဆိုးတွေလည်း မတွေ့ခဲ့ရပါဘူး... ငါ ဘယ်လိုလုပ် လူဆိုး ဖြစ်သွားတာလဲ"
အလွန်အမင်း မစဉ်းစားဘဲ အခွန်ဝန်ကြီးဌာနသို့ အမြန်သွားခဲ့သည်။
အခြားတစ်ဖက်တွင်က ကုံးထျန်းစီရင်စုက ရှကျိုကဲသည် စီရင်စုလက်ထောက် ကောင်းကျစ်ဟွမ်၊ အုပ်ချုပ်ရေးအရာရှိ ယန်ချန်း နှင့် လက်ထောက်တရားသူကြီး ကုတန်းလီတို့နှင့်အတူ တချို့ ကိစ္စရပ်များကို ဆွေးနွေးနေပါသည်။ ထိုအချိန်တွင် ကွမ်ကျီးသိုလှောင်ရုံက အပြေးသမားက ပြေးလာပြီး။
"စီရင်စုသခင် ကွမ်ကျီးသိုလှောင်ရုံမှာ တစ်ခုခုဖြစ်သွားပြီ!"
ရှကျိုကဲ လူတိုင်းကို ကြည့်ပြီး ပြုံးပြလိုက်သည်။ ဒီလိုဖြစ်လာမယ်လို့ သူသိထားပြီးသားပါ။
တရားသူကြီး ကုတန်းလီက ပြုံးပြုံးရွှင်ရွှင်နဲ့ ထောက်ခံလာသည်။
"စီရင်စုသခင်ကတော့ တကယ်ကို တော်တာပဲဗျာ!"
လူတိုင်းက သူ့ကို ချီးကျူးပြီး မုတ်ဆိတ်မွေးကို လက်ဖြင့် ပွတ်သပ်နေကြသည်။ ကွမ်ကျီးသိုလှောင်ရုံက စစ်ဆေးရေးမှူးမှာ ထိုလူတွေက ဘယ်လိုမှ အလျင်စလိုမရှိတာကို တွေ့ရတော့ အံ့အားသင့်သွားသည်။
ရှကျိုကဲ : "စိတ်မရှည်ပါနဲ့ အချိန်ယူရအောင်... ကွမ်ကျီးသိုလှောင်ရုံ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး အခွန်ဝန်ကြီးဌာနကို ပြောပြသင့်တယ် ဘာကြောင့် ငါ့ကို တိုင်ကြားတာလဲပေါ့"
စစ်ဆေးရေးမှူးသည် မာကျုံးကျိုးနဲ့ တခြားသူများ ကွမ်ကျီးသိုလှောင်ရုံသို့ သွားပုံ၊ သံအမတ်အသစ်ဆီက ရိုက်နှက်ခြင်းကို ခံရပြီး နဂါးခေါင်းဒုံးပျံပေါ်တွင် ချိတ်ဆွဲခံရကြောင်း ဦးညွှတ်ကာ ပြောပြလိုက်သည်။
လူတိုင်းရယ်မောကြသည်။
ကောင်းကျစ်ဟွမ်: "ဒီကိစ္စပြီးရင် ငါတို့ သူ့ကို ကောင်းကောင်း မြှင့်တင်ပေးရမယ်"
ရှကျိုကဲက စစ်ဆေးရေးမှူးအား ထွက်ခွာရန် အမိန့်ပေးခဲ့သည်။ အုပ်ချုပ်ရေးမှူးက ကွမ်ကျီးသိုလှောင်ရုံရဲ့ စစ်ဆေးရေးမှူးကို အစိုးရရုံးအပြင်ဘက် ဆိတ်ငြိမ်တဲ့နေရာတစ်ခုဆီ ခေါ်သွားကာ ငွေအနည်းငယ်ကို တိတ်တဆိတ် ပေးကာ ပြုံးပြုံးလေးဖြင့် လာဘ်ထိုးလိုက်သည်။
“လူကြီးမင်း အလုပ်ကောင်းကောင်း လုပ်ခဲ့ပါတယ်”
စစ်ဆေးရေးမှူးက ကျေးဇူးတင်စကားဆိုကာ လှည့်ထွက်သွားသည်။
ရှကျိုကဲက ရယ်မောပြီး "လူ ၁၆ ယောက်ပါတဲ့ ကုံးထျန်းစီရင်စုရဲ့ အတွေ့အကြုံသစ်လေး... ငါက လေ့ကျင့်ပေးဖို့ အခုမှ ရာထူးတက်လာတဲ့ ကလေးတွေကို ငါ့လက်ရေးနဲ့ရေးထားတဲ့ သေနတ်တွေ၊ ဓားတွေနဲ့ တခြားလက်နက်တွေကို စုဆောင်းဖို့ ကွမ်ကျီးသိုလှောင်ရုံကို သွားဖို့ အမိန့်ပေးလိုက်တယ်... ဒါပေမယ့် သူတို့ သံအမတ်အသစ်က ဒုံးကျည်ပေါ် တင်ထားလိုက်တယ်... ဒီအပြစ်က ကြီးလား မကြီးဘူးလား?"
လူတိုင်းက ရယ်ပြီး :"ကြီးတာပေါ့... အကြီးကြီးပဲ!"
ရှကျိုကဲ : "ဒါပေမယ့် သိပ်မကြီးပါဘူး လူကြီးမင်းယန် အဲဒီကို သွားပြီးတော့ သူ့ကို ရိုက်နှက်ပြီး ဒုံးကျည်ပေါ် ပြန်ချည်ထားလိုက်ပါ"
ယန်ချန်က အုပ်ချုပ်ရေးမှူးဖြစ်ပြီး ပဉ္စမအဆင့်အရာရှိ ဖြစ်သည်။ ဒါကိုကြားတော့ စီရင်စုမှူးက ချန်ရှီကိုသတ်ချင်မှန်း သိလိုက်တာကြောင့် သူက ပြုံးပြလိုက်သည်။
"ကောင်းပြီ... အခုချက်ချင်း အဲဒီကို သွားလိုက်မယ်!"
"ဘယ်လိုလုပ်ရမလဲ သိတယ်မလား?"
"ကျုပ်က ဘယ်သူလဲ.... ကျုပ် သူ့ကို တရားဝင် အမိန့်မပေးခဲ့ဘူး သူ့ကို လွှတ်ပေးဖို့ပဲ တောင်းဆိုလိုက်မယ်... သူက လူမလွှတ်ပေးရင် သူကျုပ်ကို စော်ကားလိုက်တာပဲလေ... သူက အသက် ၁၃ နှစ်အရွယ်ပဲ ရှိသေးတာ... သဘာဝအတိုင်း ခုခံတိုက်ခိုက်နိုင်မှာ မဟုတ်ဘူး"
ရှကျိုကဲ : "မတိုက်ပါနဲ့ မင်းရဲ့ ကျင့်ကြံမှုက အရမ်းမြင့်တယ်... မင်း သူ့ကိုသတ်မိပစ်မှာကို ငါစိုးရိမ်တယ်ရယ်.."
ယန်ချန်က ပြုံးပြီး :"သည်းခံပါ့မယ်"
ထို့နောက် သူရဲကောင်းဆန်စွာ ထွက်ခွာသွားခဲ့သည်။
"ငါတို့ အခုသွားလို့ရပြီ"
ကုံးထျန်းစီရင်စုရှိ အရာရှိများအားလုံး မတ်တပ်ထရပ်ပြီး အစိုးရရုံးမှ ထွက်ခွာသွားခဲ့သည်။ ရှကျိုကဲ ရထားလုံးပေါ် တက်သွားခဲ့ပြီး အခြားလူများကလည်း ရထားလုံး သို့မဟုတ် မြင်းများစီးကာ ကွမ်ကျီးသိုလှောင်ရုံဆီ ဦးတည်သွားကြသည်။
တစ်ဖက်တွင်မူ စွင်းယိရှန်းသည် အခွန်ဝန်ကြီးဌာန၏ လက်ထောက်ဝန်ကြီး ချန်ထန်ကို အလျင်အမြန် အကြောင်းကြားခဲ့ပြီ ဖြစ်သည်။ ချန်ထန်လည်း သူပြောတာကို ကြားတော့ မျက်နှာကြီး မည်းမှောင်သွားတော့သည်။
"ချန်ရှီ ထောင်ချောက်ထဲကို ကျသွားပြီ... တစ်ဖက်လူရဲ့ ရည်ရွယ်ချက်က သူ တစ်စုံတစ်ယောက်ကို နာကျင်အောင် လုပ်စေချင်နေတာ... သူက အရမ်းငယ်သေးတယ် တည်ငြိမ်မှုလည်း မရှိသေးဘူး"
စွင်းယိရှန်း: "အခု ငါတို့ ဘာလုပ်သင့်လဲ"
ချန်ထန် ခဏလောက် စဉ်းစားနေခဲ့သည်။
"ချန်အန်းလမ်းက စန်းတောက်ခိုကိုသွား... လမ်းကြားထဲဝင်ပြီး စတုတ္ထ မိုးသံမျှော်စင် ကိုရှာ... အပေါ်ထပ် ဒုတိယခန်းကို တက်သွား တံခါးကိုခေါက်... ယဉ်ကျေးနော်... မင်း ခန္ဓာကိုယ်ကိုကွေးပြီး ခင်ဗျားသား တစ်ဆယ်လေး အန္တရာယ်ရှိနေတယ်လို့ တံခါးအပြင်ဘက်ကနေပြော.... အမြန်သွားပြီး အမြန်ကယ်တင်ပါလို့ ပြောလိုက်... တံခါးမဖွင့်ပါနဲ့ တံခါးဖွင့်တဲ့ထိလည်း မစောင့်နဲ့... စကားပြောပြီးတာနဲ့ အိမ်ထဲမှာနေတဲ့လူတွေကို မတွေ့စေနဲ့ ချက်ချင်း ပြန်ထွက်လာခဲ့”
စွင်းယိရှန်း အနည်းငယ် လန့်သွားသည်။
"သား?"
ချန်ထန်: "မေးခွန်းတွေ အများကြီးမမေးပါနဲ့ သွားလုပ်လိုက်ပါ"
"လူကြီးမင်း... မင်းကကော"
ချန်ထန်သည် အခွန်ဝန်ကြီးဌာန၏ သိုလှောင်ရုံ ရှစ်ရုံနှင့် ဘဏ္ဍာတော်လေးခုရှိ စာရွက်စာတမ်းများကို ဆက်လက်ကြည့်ရှုနေသည်။
"ခဏစောင့်ပြီးမှ ကုံးထျန်းစီရင်စု အုပ်ချုပ်ရေးမှူးကို ပိတ်ဆို့ဖို့ အဲ့လမ်းကို သွားလိုက်မယ်...."
စွင်းယိရှန်း လျင်မြန်စွာ ထွက်ခွာသွားကာ ပြင်ပမြို့ဆီသို့ ဦးတည်သွားခဲ့သည်။ မကြာမီ သူသည် ချန်အန်းလမ်းရှိ မိုးသံမျှော်စင်ဆီ ရောက်ရှိခဲ့သည်။ ချန်ထန်ပြောသည့်နေရာကို တွေ့သည်၊ အပေါ်ထပ်တက်ကာ ဒုတိယခန်းရဲ့ တံခါးကိုခေါက်ကာ ချန်ထန် သင်ပေးခဲ့သော စကားကို ပြောလေသည်။
"ငါ့သား တစ်ဆယ်လေး? ဟားဟား... ချန်ထန် မင်းကို သင်ပေးလိုက်တာလား"
စွင်းယိရှန်း စကားမပြောဝံ့ဘဲ အောက်ထပ် ပြန်ဆင်းလာခဲ့သည်။ အဲဒီအချိန်မှာပဲ သူ့နောက်က အခန်းထဲက အသံက “ငါ မသွားဘူး” လို့ ပျင်းရိစွာ ပြောလာခဲ့၏။
စွင်းယိရှန်း အံ့အားသင့်သွားပြီး နှလုံးထဲ အေးခဲသွားခဲ့သည်။
"မင်းမသွားဘူးလား"
"မသွားဘူး"
အခန်းထဲက အသံက ပြန်ဖြေသည်။
"ငါ့ညီက ငါ့ကို အသုံးချချင်နေတာ... ငါကဘာလို့ သူ့အကွက်ထဲ ဝင်ရမှာလဲ မသွားဘူး!"
ပြောနေတဲ့ အခန်းထဲကအသံက အရမ်းရိုးစင်းလွန်းရာ စွင်းယိရှန်းနဖူးက အေးစက်သော ချွေးများဖြင့် ဖုံးလွှမ်းသွားလေသည်။ သူ အောက်ထပ်ကို အမြန်ဆင်းသွားပြီး တစ်ယောက်တည်း ရေရွတ်မိ၏။
"သူ မသွားဘူး... မသွားဘူး... သခင်ငယ်ချန်ဆီ ဘယ်သူသွားမှာလဲ...."
အမွှေးတိုင်တစ်ချောင်း ကုန်သွားသောအခါ ချန်ထန်သည် စုတ်တံကိုချကာ စာရွက်ကို ပိတ်လိုက်သည်။ ထို့နောက် လက်သုတ်ပြီး အခွန်ဝန်ကြီးဌာနမှ ထွက်ခွာသွားခဲ့သည်။
ခဏအကြာတွင် စီရင်စုမှူး ရှကျိုကဲရဲ့ ရထားလုံး ယာဉ်တန်းကို တွေ့လိုက်ရသည်။
"လူကြီးမင်း ချန်ထန်ကိုး!"
ရှကျိုကဲ အတော်လေး အံ့သြသွားသည်။ သူက ရထားလုံးကို ရပ်ခိုင်းပြီး ပြတင်းပေါက်ကို ဖွင့်ကာ အပြုံးတစ်ခုနဲ့ မေးလာသည်။
"လူကြီးမင်းချန်... ဘယ်သွားမလို့လဲ"
"ကွမ်ကျီးသိုလှောင်ရုံမှာ တစ်ခုခု ဖြစ်နေပြီတဲ့... သွားကြည့်မလို့..."
"ကွမ်ကျီးသိုလှောင်ရုံမှာ တစ်ခုခုဖြစ်ခဲ့တာကို ကျုပ်လည်း ကြားပါတယ်... ကုံးထျန်းစီရင်စုက အရာရှိ တော်တော်များများကို ကွမ်ကျီးသိုလှောင်ရုံမှာ ဖမ်းထားတယ်တဲ့ ကျုပ်လည်း သွားကြည့်မလို့ ဘာလို့ အတူတူမသွားတာလဲ?"
ချန်ထန်က ပျော်ရွှင်စွာ ပြန်ပြောခဲ့သည် -
"လေးစားဖို့ထက် နာခံတာက ပိုကောင်းပါတယ်"
ရှကျိုကဲက သူ့ကို ရထားလုံးပေါ်တက်ဖို့ ဖိတ်ခေါ်ပြီး နှစ်ယောက်သား မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။ ရှကျိုကဲက တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သည်။
"လူကြီးမင်းချန်က ငယ်ရွယ်သေးပေမယ့် အခွန်ဝန်ကြီးဌာနရဲ့ တတိယအဆင့် အရာရှိတောင် ဖြစ်နေပြီ... ကျုပ်က ကုံးထျန်းစီရင်စုက စီရင်စုမှူး ဆိုပေမယ့် တတိယအဆင့် အရာရှိတစ်ဦးသာသာပဲ... လူကြီးမင်းချန်က အထက်တန်းစား မိသားစုက မဟုတ်ဘူး...ဒါကြောင့် ဒီလို အောင်မြင်ဖို့ ခက်ခဲခဲ့မှာပဲ..."
ချန်ထန်: "ကျုပ်မှာ အရည်အချင်းရှိလို့ မဟုတ်ဘူး၊ ဒါပေမယ့် ဒါ ကျုပ်တာဝန်ပဲ သတိထားပြီး နေရမယ် စေတနာထားပြီး လုံ့လဝီရိယ ရှိတယ်ဆိုတာ တရားရုံးက မြင်စေရမယ် ဒါကြောင့် သူတို့က ကျုပ်ကို လက်ထောက်ဝန်ကြီးအဖြစ် ခန့်အပ်လိုက်တာပါ..."
ရှကျိုကဲက အနည်းငယ်ပြုံးပြီး :"တတိယအဆင့် အရာရှိတစ်ယောက်အနေနဲ့ ကျုပ်ရဲ့အသက် မွေးဝမ်းကြောင်းရဲ့ အဆုံးသတ်သွားပြီ"
ချန်ထန် : "ကျွန်တော် နားမလည်ဘူး"
"ချမ်းသာတာ မဟုတ် နောက်ခံမရှိဘဲ အထက်တန်းစား မိသားစုကို အားမကိုးဘဲ တတိယအဆင့် အရာရှိဖြစ်လာဖို့က လူတိုင်းအတွက် ကန့်သတ်ချက် ဖြစ်နေပါပြီ... ရာထူးတက်ဖို့ဆို မိသားစုကြီးဆယ့်သုံးခုရဲ့ နောက်ခံကို လိုအပ်တယ်... သခင်ကြီးချန် ခင်ဗျားက အရာရှိတွေကြားမှာ အမြင့်ဆုံးရာထူးကို ရောက်နေရှိခဲ့ပြီ...တာဝန်ရှိသူအဖြစ် ခင်ဗျားရဲ့ အသက်မွေးဝမ်းကြောင်းရဲ့ ကန့်သတ်ချက်ကိုလည်း ရောက်နေပါပြီ။"
ချန်ထန်က ဘာမှ မပြောဘဲ သူ့နှာခေါင်းနဲ့ နှလုံးသားကိုသာ ကြည့်လိုက်သည်။ ရှကျိုကဲက ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်သည်။
"မင်းရဲ့သားကို ကယ်ဆယ်ဖို့ တစ်ယောက်ယောက်ကို တောင်းပန်သင့်တယ် မဟုတ်လား... မင်း တမင် ကွမ်ကျီးသိုလှောင်ရုံကို အရင်မသွားဘဲ ငါ့ကို ဒီမှာစောင့်နေဖို့ ခဏလောက် နှောင့်နှေးနေခဲ့တာ... အဲ့ကျမှ အကူအညီတောင်းတဲ့သူက အဆင်သင့်ဖြစ်နေမှာလေ... ဒါပေမယ့် လူကြီးမင်းချန်.... ပစ်မှတ်က မင်းရဲ့သား မဟုတ်ဘူးလို့ မင်းထင်ဖူးလား"
ချန်ထန်က သူ့မျက်လုံးတွေကို မော့ကြည့်လိုက်ပြီး "ငါ နားမလည်ဘူး" လို့ ပြောလိုက်ပြန်သည်။
ရှကျိုကဲ : "မင်းက သိုလှောင်ရုံရှစ်ခုနဲ့ စပါးကျီလေးခုကို တာဝန်ခံထားပြီး အဲဒီအထဲမှာ ငွေ၊ စပါး၊ ထောက်ပံ့ရေး၊ ယမ်းမှုန့်၊ သေနတ်တွေ၊ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးနဲ့ စစ်ဘက်ဆိုင်ရာ လစာငွေတွေ အပါအဝင် အနောက်နွားရှင်းကျိုး မှာရှိတဲ့ ပြည်နယ်ငါးဆယ်အတွက် လူဘယ်နှစ်ယောက်လောက် မှီခိုနေရလဲ ငါမသိပေမယ့် မင်းရဲ့ လက်သည်းခွံလို အနေအထားက အရမ်းမိုက်တယ်... ဒုဝန်ကြီး.. လူရွှေ့ရင် အသက်ရှင်မယ် သစ်ပင်က ရွှေ့ရင် သေမယ်... မင်းက မရွှေ့တော့ မင်းကိုရွှေ့အောင်ပဲ လုပ်ရတော့တာပေါ့!"
သူက ချန်ထန်ရဲ့ မျက်လုံးတွေကို တည့်တည့်ကြည့်ပြီး ဆို၏။
"မင်းပိုက်ဆံ ဒါမှမဟုတ် အလှတရားတွေကို လက်မခံဘူး... မင်း လက်မခံရင် တခြားသူတွေက ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ... စာသင်သားတွေက ဘယ်လို လက်ခံနိုင်မလဲ မင်းရဲ့ ရာထူးကို လူဘယ်နှစ်ယောက်လောက် မျက်စိကျနေလဲ ငါမသိဘူး မင်းကို ရာထူးကနေ ဆင်းဖို့တောင် မစောင့်နိုင့်ကြတော့ဘူး။"
သူက ပေါ့ပေါ့တန်တန် ကျောခိုင်းပြီး :"ဒီနေ့ မင်းရဲ့သားလေး အသက်ရှင်သည်ဖြစ်စေ သေသည်ဖြစ်စေ မင်းထိုင်ခုံရွှေ့သည်ဖြစ်စေ မရွေ့သည်ဖြစ်စေ မင်းရပ်တည်မယ့် နေရာပေါ်မှာပဲ မူတည်တယ်"
ချန်ထန်က ခဏလောက် နှုတ်ဆိတ်နေပြီးမှ ဆို၏။
"ကျုပ်မှာ အောက်ခြေလိုင်းတစ်ခုရှိလို့ တရားရုံးက ကျုပ်ကို သုံးနေတာ... အခွန်ဝန်ကြီးဌာနမှာ ရှိနေလို့ မင်မင်းဆက်ရဲ့ ငွေနဲ့ စပါးကျီတွေ ပြိုပျက်သွားမှာတော့ မဟုတ်ဘူး... ဒါကြောင့် အစိုးရအဖွဲ့၊ အရာရှိ သုံးဦး၊ ဝန်ကြီးဌာန ခြောက်ခု၊ အရှေ့စက်ရုံ၊ စခန်းငါးခုနဲ့ အရှေ့ပိုင်းစက်ရုံ၊ နန်းတော်ငါးခု၊ နတ်ယန္တရားစခန်း၊ နတ်မဏ္ဍန်တွေကတော့ ကျုပ်ကို ပြောင်းရွှေ့ခိုင်းဖို့ စိတ်ကူးမရှိနိုင်ဘူး..."
သူသည် ရှကျိုကဲရဲ့ မျက်လုံးများကို တိုက်ရိုက်ကြည့်ကာ အသံတိုးတိုးနဲ့ မေးလိုက်သည်။
"ဒါဆို ဒါက ဘယ်သူအကြံလဲ"
သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ခဏလောက်အထိ ကြည့်နေကြပြီး ရှကျိုကဲက ပြုံးပြီးပြောလာသည်။
"ထိပ်တန်းပညာရှင် ဖြစ်လာရင် ပိုက်ဆံ၊ အစားအသောက်၊ ထောက်ပံ့ရေးတွေ၊ ယမ်းမှုန့်နဲ့ သေနတ်တွေကို ထိန်းချုပ်ဖို့ လိုလိမ့်မယ်"
ချန်ထန် :"လူကြီးမင်းက အခွန်ဝန်ကြီးဌာနရဲ့ လက်ထောက်ဝန်ကြီးရာထူးကို စွန့်လွှတ်စေချင်တာလား"
ရှကျိုကဲက အနည်းငယ် ပြုံးပြလေသည်။
"သခင်လေးက မင်းကို အရမ်းလေးစားတယ် မင်းက တိုင်းပြည်ကို အုပ်ချုပ်နိုင်တဲ့ အရည်အချင်းရှိတဲ့ ဝန်ကြီးတစ်ယောက်လို့ ပြောတာ... သူ မင်းကို မထိဘူး။ ဒါပေမယ့် မင်းရာထူးကို စွန့်လွှတ်ဖို့တော့ လိုမယ်ထင်တယ်... လူကြီးမင်းချန် မင်း လက်ယာ ဒုဝန်ကြီးရာထူးကို စွန့်လွှတ်ပြီး မင်းမွေးရပ်မြေကို ပြန်အနားယူသင့်တယ်... မင်းရဲ့သားလည်း ရှီးကျင်းကနေ ဘေးကင်းစွာ ထွက်ခွာပြီး ရှင်းရှန်ကို ပြန်သွားနိုင်လိမ့်မယ်....အဲဒါကို စဉ်းစားဖို့ ငါ မင်းကို အချိန်အများကြီး မပေးနိုင်ဘူး... ကွမ်ကျီးသိုလှောင်ရုံ မရောက်ခင်အထိပဲ... မင်းမလှုပ်ရင် အလောင်းသာ ကောက်လိုက်တော့!"
ချန်ထန်၏ မျက်နှာသည် လှိုင်းပုတ်ခတ်ခံထားရခြင်း မရှိဘဲ ရှေးခေတ် ရေတွင်းတစ်ခုကဲ့သို့ ငြိမ်သက်နေခဲ့သည်။ နောက်ဆုံးတွင် ရထားလုံးက ကွမ်ကျီးသိုလှောင်ရုံ အပြင်ဘက်သို့ ရောက်ရှိလာပြီး ရပ်တန့်သွားသည်။
ရှကျိုကဲသည် မလှုပ်မယှက် ချန်ထန်ကို ကြည့်ကာ မျက်ခုံးပင့်ကာ ပြုံးတစ်ဝက်ဖြင့် ပြောလိုက်သည်။
"လူကြီးမင်းချန်ကတော့ တကယ်ကို ရက်စက်ကြမ်းကြုတ်ပြီး အကြင်နာမဲ့တာပဲဗျ!"
သူထရပ်ပြီးတာနဲ့ ချန်ထန်ကလည်း မတ်တပ်ထရပ်လေသည်။
"ခင်ဗျားအတွက် တံခါးဖွင့်ပေးပါ့မယ်..."
ရှကျိုကဲက လှောင်ပြုံးဖြင့် ရထားလုံးပေါ်မှ ဆင်းသွားခဲ့သည်။ ချန်ထန်က သူ့နောက်မှဆင်းလာကာ တံခါးကို ပိတ်လိုက်သည်။
ကုံးထျန်း စီရင်စုမှ အရာရှိတစ်ဖွဲ့သည် ၎င်းတို့နှစ်ဦးနောက်မှ လိုက်လာခဲ့သည်။ အစိုးရအမှုထမ်းများနှင့် စစ်သည်များသည် ကွမ်ကျီးသိုလှောင်ရုံ တံခါးဆီကို လူသတ်ချင်နေတဲ့ ရည်ရွယ်ချက်ဖြင့် လျင်မြန်စွာ ရောက်လာကြသည်။
ကွမ်ကျီးသိုလှောင်ရုံ တံခါးအပြင်ဘက်တွင် အမြောက်တစ်စင်း တွန်းထုတ်ထားသည်။ အမြောက်ပေါ်တွင် နှစ်မီတာရှည်သော နဂါးဦးခေါင်း ဒုံးပျံတစ်စင်းကို တင်ထားရှိခဲ့သည်။ မာကျုံးကျိုး၊ ကျိုးချန့်ယင်နဲ့ တခြားသူတွေက ဒုံးပျံပေါ်စီးပြီး ကြိုးနဲ့ချည်ထားကြ၏။ တချို့က သတိလစ် မေ့မြောသွားသော်လည်း နိုးလာသူအနည်းငယ်က ကျိန်ဆဲကြပြီး အချို့ကလည်း လွှတ်ပေးဖို့ တောင်းဆိုကြသည်။
ယန်ချန်ကိုလည်း ညိုမဲစွဲသွားတဲ့အထိ ရိုက်နှက်ထားခဲ့သည်။ သူတို့သည် ဤလုပ်ရပ်အတွက် သံအမတ်ကြီး ချန်ရှီကို ပြင်းပြင်းထန်ထန် ပြစ်တင်ဆုံးမနေစဉ် ရှကျိုကဲနှင့် သူ့ဆီသို့ လျှောက်လာနေသော အခြားသူများကို လျှို့ဝှက်စွာ လက်မထောင်ပြနေခဲ့သည်။
ရှကျိုကဲသည် ချန်ထန်ကို ပြန်ကြည့်ကာ ရုတ်တရက် သူ့မျက်နှာက အေးစက်သွားတော့သည်။
"ကွမ်ကျီးသိုလှောင်ရုံက သံအမတ် ချန်ရှီ မင်းငါ့ကို လာတောင်းပန်စေချင်တယ်... မင်း ဘုရင်ရဲ့ ဥပဒေကို ချိုးဖောက်ထားတဲ့ ရာဇ၀တ်မှုတွေကို ခွင့်မလွှတ်နိုင်ဘူးဆိုတာ မင်းသိလား"
စီရင်စုထဲက ကောင်းကျစ်ဟွမ်လည်း ရှေ့တိုးလာခဲ့သည်။
"ကုံးထျန်းစီရင်စုက အရာရှိတွေကို မင်းဘယ်လိုတောင် လုပ်ရဲနေတာလဲ... ဒီအရာရှိငယ်တွေက လက်နက်တွေကို စီရင်စုမှူးရဲ့လက်ရေးနဲ့ အမိန့်ပေး လာထုတ်ပေမယ့် မင်းသူတို့ကို ပြင်းပြင်းထန်ထန် ရိုက်ပြီး ဒုံးပျံပေါ်တောင် ချိတ်ထားသေးတယ်... မင်းတရားမဲ့နေတာပဲ!"
ယန်ချန်: "သခင်ကြီး ကျုပ်ကို ကယ်ပါဦး!"
ကုံးထျန်းစီရင်စုမှ အရာရှိများသည်လည်း အသံရှင်ကို အနီးကပ်ကြည့်နိုင်ရန် ရောက်ရှိလာကြသည်။
"ဒါက လူကြီးမင်း ယန်ချန်!"
"ယန်ချန်က ဘာလို့ အရိုက်ခံထားရတာလဲ"
"မင်းက ကြီးလေးတဲ့ ရာဇ၀တ်မှုကို ကျူးလွန်လိုက်ပြန်ပြီ... ယန်ချန်ကို ဒုံးပျံပေါ်မှာ ဘယ်လို ချည်ထားတာလဲ"
ကောင်းကျစ်ဟွမ်က ဒေါသတကြီးနဲ့ ပြောလေသည်။
"အုပ်ချုပ်ရေးမှူး ယန်ချန်က ပဉ္စမအဆင့် အရာရှိပဲ စီရင်စုမှူးရဲ့ အမိန့်အရ မေးခွန်းထုတ်ဖို့ ဒီကို လာခဲ့တာ... မင်း သူ့အပေါ် ရက်စက်ရဲတယ်ပေါ့!"
ကုံးထျန်းစီရင်စုမှ အရာရှိများသည် ဒေါသထွက်လာပြီး ချန်ရှီကို ဖမ်းဆီးကာ အပြစ်ပေးရန် အော်ဟစ်နေခဲ့ကြသည်။ ချန်ရှီကလည်း ပတ်ပတ်လည်ကို ကြည့်ပြီး ပြန်အော်၏။
"ဘာတွေ လာဟောင်နေတာလဲ ပါးစပ်ပိတ်ထားစမ်း!"
ဤစကားများ ထွက်လာသည်နှင့် တပြိုင်နက် စီရင်စုမှူး ရှကျိုကဲလည်း ဒေါသထွက်လာတော့သည်။
"ဓားပြ! သူတကယ့်ဓားပြပဲ... လာကြစမ်း! သူ့ကိုဖမ်း!"
စွင်းယိရှန်း အမြန်ကျော်ပြီး ချန်ထန်နံဘေးသို့ လျင်မြန်စွာ လျှောက်သွားကာ ခေါင်းကို ညင်သာစွာ ယမ်းပြလိုက်သည်။
"လူကြီးမင်း! အခန်းထဲက လူက မလာချင်ဘူးတဲ့"
ချန်ထန် အံ့အားသင့်သွားပြီး ရှကျိုကဲကျောကို စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်သည်။ သူ ခဏတာ တုံ့ဆိုင်းသွားပြီးမှ ရှကျိုကဲဆီသို့ ချက်ချင်း လျှောက်သွားသည်။
ကုံးထျန်းစီရင်စုမှ ယမန်အပြေးသမားများနှင့် စစ်သည်များသည် ၎င်းတို့၏ကိုယ်ပိုင် တိုက်ပွဲပုံစံများကို ဖွဲ့ကာ သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် ဝန်းရံထားတော့မည် ဖြစ်သည်။
ရုတ်တရက်၊
"ရပ်စမ်း! ရပ်!"
စီရင်စုမှူး ရှကျိုကဲလည်း ထိုလူ ရောက်လာတာကို မြင်သောအခါ အနည်းငယ် ထိတ်လန့်သွားသည်။ သူက ရှေ့သို့ အလျင်အမြန် ဦးညွှတ်ချလျက်။
“အစ်ကိုကြီး ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ?”
အသံရှင် နန်းတွင်းဝန်ကြီးတစ်ဦး ဖြစ်ပြီး ရှမိသားစု၏ မျက်နှာစာလည်းဖြစ်၊ ဝတ်ပြုရေးဝန်ကြီး ရှချောင်းဟိုင်ပဲ ဖြစ်သည်။ သူက အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး ချန်ရှီဆီသို့ အမြန်လျှောက်သွားလေ၏။
"လူကြီးမင်းငယ်ချန် ဒီနေ့မှ ရာထူးတက်လာခါစကို ဒီလိုမျိုး အဆင်မပြေမှုမျိုး ဖြစ်လာမယ်လို့ မမျှော်လင့်ထားဘူး... ဒီကိစ္စက အစကတည်းက နားလည်မှုလွဲနေတာပါ"
ရှကျိုကဲ အံ့အားသင့်သွားပြီး ရှေ့ကို အမြန်လှမ်းလိုက်သည်။
"အစ်ကို... ဒီလူက ဥပဒေမဲ့..."
ရှချောင်းဟိုင် သူ့ကိုပြန်ကြည့်လိုက်တဲ့ အခိုက်မှာတော့ မျက်လုံးတွေက တင်းမာနေပြီး သူ့သွားတွေကြားထဲက အသံက ခုန်ထွက်လုမတတ်။
"ရှမိသားစုတစ်ခုလုံးတင် မဟုတ်ဘဲ သခင်လေးကိုပါ လောင်းကြေးထပ်လိုက်တာပဲကွ! မင်း စီရင်စုမှူး မဖြစ်ချင်တော့ဘူးလား ပြန်သွားစမ်း!"
ရှကျိုကဲ၏ခေါင်းသည် တဆတ်ဆတ် တုန်နေပြီး နှလုံးက အေးခဲသော်လည်း ရှချောင်းဟိုင် ပြုံးနေတာကိုတော့ သူမြင်လိုက်ရသည်။ ရှချောင်းဟိုင်က သူ့ကို မကြည့်ဘဲ ချန်ရှီကိုသာ နှုတ်ဆက်ပြီး ရယ်မောနေ၏။
ထိုအချိန်တွင် နောက်ထပ် အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦး ရောက်လာပြီး။
"လူကြီးမင်းငယ်ချန်က ဒီနေ့မှ ပထမဆုံး ရုံးတက်နေတာ ကျုပ်လည်း ဒီကို အလျင်စလိုလာခဲ့ရတော့ လက်ဆောင်တွေ မဝယ်ခဲ့ရဘူး.... လက်ဗလာနဲ့ လာခဲ့မိတာ ခွင့်လွှတ်ပါ!"
ကောင်းကျစ်ဟွမ် အံ့သြဝမ်းသာသွားသည်။
"အစ်ကို... ချန်ရှီက ရာဇ၀တ်မှုတစ်ခု ကျူးလွန်ခဲ့..."
ကောင်းချွမ်သည် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ချန်ရှီဆီသို့ လျှောက်သွားနေသော်လည်း သူ့မျက်လုံးများက အလွန်အေးစက်လျက်။ သို့နှင့် ကောင်းကျစ်ဟွမ်ခမျာ တုန်လှုပ်သွားပြီး သူ့နဖူးမှာလည်း အေးစက်တဲ့ ချွေးတွေ ထွက်ကျလာတော့သည်။
ကောင်းချွမ်က ကျယ်လောင်စွာ ရယ်မောပြီး ချန်ရှီကို ဦးညွှတ်လိုက်လေသည်။
"ဂုဏ်ယူပါတယ် ဂုဏ်ပြုပါတယ်!"
အခြားသော အစိုးရအဖွဲ့ဝင်ဝန်ကြီး ယန်ရှူးဟဲသည်လည်း ပြုံးပြုံးရွှင်ရွှင်ဖြင့် ရောက်ရှိလာပြီး ချန်ရှီ၏ ရာထူးအသစ်အတွက် ဂုဏ်ပြုစကား ပြောကြားခဲ့သည်။ သူက ဒုံးပျံနဲ့ချိတ်ထားတဲ့ ယန်ချန်ကိုတောင် တစ်ချက်မှ မကြည့်ဘဲ ချန်ရှီကို နှုတ်ဆက်ဖို့ပဲ အာရုံစိုက်လိုက်ပါ၏။
စွင်းယိရှန်းသည် မြင်ကွင်းကို လွတ်လွတ်လပ်လပ် စိုက်ကြည့်ရင်း ချန်ထန်ကို ကပ်ပြောလိုက်သည်။
"လူကြီးမင်း... သခင်ငယ်ချန်က သခင်လေးများလား"
ချန်ထန် မျက်မှောင်ကြုတ်သွားသည်။
"သူက ငါ့သား... အဲဒီသခင်လေး မဟုတ်တာ သေချာတယ်"
"ဒါဆို သခင်ငယ်ချန်က မိသားစုကြီးတွေက ဒီအတွင်းဝန်ကြီးတွေကို ဘာလို့လာခိုင်းနိုင်ရတာလဲ..."
ချန်ထန်လည်း အရမ်းအံ့သြသွားသည်။
"မင်း ရှင်းရှန်ကို ရောက်ဖူးလား... ငါမသိတာ တစ်ခုခုသိခဲ့လား"
စွင်းယိရှန်းက ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး ခေါင်းခါလေသည်။
"ဟွမ်ဖောရွာက အဘွားကြီးဝူကျူက သူ့အပေါ် အရမ်းရိုင်းတယ်"
ချန်ထန်: "အဘွားအို ဝူကျူက ဘယ်သူနဲ့မှ မကိုက်ဘူး"
ထိုအချိန်တွင် အစိုးရအဖွဲ့ဝင် အရာရှိ သုံးဦးက နှုတ်ခွန်းဆက်စကား ပြီးဆုံးကာ ချန်ရှီအား နှုတ်ဆက်သွားကြသည်။
"လူကြီးမင်းငယ်ချန် ကျေးဇူးပြုပြီး နေရစ်ခဲ့ပါ... လိုက်ပို့စရာ မလိုပါဘူး"
ချန်ရှီကလည်း သူတို့ကို လိုက်ပို့ချင်စိတ် ရှိမနေခဲ့ပေ။
စွင်းယိရှန်း: "လူကြီးမင်း... သခင်ငယ်ရဲ့ တရားဝင်ရာထူးက မင်းရဲ့ လက်ထောက်ဝန်ကြီးထက် ပိုမြင့်နေပုံရတယ်နော်!"
ချန်ထန် မကျေမနပ်ဖြင့် ဟစ်အော်လိုက်သည်။
ရှချောင်းဟိုင်သည် ပြုံးပြုံးရွှင်ရွှင်ဖြင့် စီရင်စုမှူး ရှကျိုကဲဆီသို့ လျှောက်သွားလေသည်။
"ငါ့ရဲ့ ရှမိသားစုက မင်းကို ပံ့ပိုးပေးနိုင်ပေမယ့် အပြည့်အဝ မထောက်ပံ့နိုင်ဘူး... ဒါကြောင့် တခြားတားမြစ်သူကို ငါတို့ စော်ကားမှာ မဟုတ်ဘူး... ကျိုကဲ မင်းလည်း အသက်မငယ်တော့ဘူး မင်း အနားယူဖို့ အိမ်ပြန်သင့်ပြီ"
ရှကျိုကဲက သူ့မျက်လုံးများထဲက မျက်ရည်များဖြင့် ခေါင်းညိမ့်လိုက်သည်။ တကယ်တော့ သူသည် သူ့အထင်ကြီးနေသေးပြီး အသက်ကြီးပုံလည်း မပေါ်ချေ။
သို့သော် ရှမိသားစုအတွက် သူသည် အသက်ကြီးနေပြီ ဖြစ်ပြီး ကုံးထျန်း စီရင်စုမှူးရာထူးကို ဆက်လက် ထမ်းဆောင်ရန် မသင့်တော်တော့ပေ။