← Chapters

အခန်း (၁-၁၀)

Vol. 3 Ch. 1-10

အခန်း (၁-၁၀)

Vol. 3 Ch. 1-10

Vol 3, အခန်း ၁။ မြက်ခင်းပြင်မီး၏စွမ်းအား - နယ်နိမိတ် အပြောင်းအလဲ

စခ်တိုင်းပြည်နယ်စပ်တောင်ဘက်၌ လမ်ပူရီတိုင်းပြည်ရှိပြီး ထိုနေရာ၌ သိပ်မမြင့်မားသည့် တောင်တန်းများရှိသည်။

လမ်ပူရီတိုင်းပြည်အား တွေ့ရှိခဲ့သည့်အချိန်တွင် ၎င်းတို့က ထိုတောင်တန်းများ၏တောင်ဘက် စခ်တိုင်းပြည်မှ နယ်မြေအပိုင်းကြီးအား ခိုးယူခဲ့ကြသည်ပင်။ အဆုံး၌ ထို တိုင်းပြည်နှစ်ခုလုံးက ထိုသေမင်းတောင်တန်းများကို ၎င်းတို့၏ နယ်စပ်များအဖြစ်မှတ်ယူခဲ့ကြပြီး မြောက်ဘက်မှာ စခ်တိုင်းပြည်ဖြစ်ကာ တောင်ဘက်၌ လမ်ပူရီတိုင်းပြည်ဖြစ်၏။

ထိုအကြောင်းကြောင့် စခ်တိုင်းပြည်၏ ဘုရင်မှစ၍ မြို့သူမြို့သားများ အားလုံးမှာ လမ်ပူရီတိုင်းပြည်မှ ၎င်းတို့၏နယ်မြေကို ပြန်လည်ရယူနိုင်ရန် မျှော်လင့်နေခဲ့ကြသည်။

လမ်ပူရီတိုင်းပြည်အား နှစ်ရာပေါင်းများစွာကြာ ရှာတွေ့ခဲ့ပြီးနောက်၌တွင်ပင် ထိုတိုင်းပြည်နှစ်ခုအကြားရှိ အငြင်းပွားမှုအား မဖြေရှင်းနိုင်ကြသေးချေ။

ထိုနိုင်ငံများက စစ်ကြေညာရန် သတ္တိနှင့် စီးပွားမရှိကြသော်ငြား တိုက်ပွဲအသေးစားလေးများမှာမူ ဆက်လက်ဖြစ်ပွားနေကြသေးသည်။

နှစ်စဉ်နှစ်တိုင်း စခ်တိုင်းပြည်က လူအင်အားနှင့် ရင်းမြစ်များ၏ ပမာဏများစွာကို ထိုနယ်စပ်ဆီ၌ ထားရှိကြသည်။ ပျှမ်းမျှအနေဖြင့် ၎င်းတို့မှာ တစ်နှစ်ကို လူပေါင်းထောင်နှင့်ချီကာ ဆုံးရှုံးကြပြီး သီအိုရီအရ သိန်းနှင့်ချီ၍ ဆုံးရှုံးစေသည်ပင်။

စခ်တိုင်းပြည်က ထိုနယ်စပ်မျက်နှာစာ၌ အကျိုးအမြတ်တချို့ မရရှိချိန်တွင် ဖြစ်သော်လည်း ၎င်းက ဈေးပေါပေါနှင့်တော့ မလာပါချေ။

ထိုနှစ်များပြီးနောက် ၎င်းတို့အနေနှင့် လမ်ပူရီတိုင်းပြည်အစောပိုင်းကာလများ၏ တောင်ခြေနယ်နိမိတ်မှ တောင်ထွဋ်အပေါ်ထိသာ တိုးမြင့်လာကြသည်။ ၎င်းတို့ တိုးမြှင့်ချင်သည့်အချိန်တိုင်း၌ လမ်ပူရီတိုင်းပြည်မြောက်ဘက်စစ်တပ်၏ ပြင်းထန်သော ခုခံမှုနှင့် ကြုံရပေလိမ့်မည်။

နှစ်အစပိုင်းတွင် စခ်တိုင်းပြည် ဘုရင်၏အကြုံပြုချက်အောက်၌ ၎င်းတို့စစ်တပ်ဌာနချုပ်များမှာ ယခင်နှင့် ကွဲပြားသည့် အင်မတန်ကြီးမားသော ချောင်းမြောင်းတိုက်ခိုက်မှုများကို လုပ်ဆောင်ရန် တိုင်းပြည်တောင်ဘက်ကို စောင့်ကြပ်ကြရသည့် သွေးဆာဝံပုလွေတပ်ရင်းကို အသုံးပြုရန် စီစဉ်လာကြသည်။

စခ်တိုင်းပြည်ထံမှ မူမမှန်သည့်ဗျူဟာအကြီးစားနှင့်တိုက်ခိုက်မှုများကို ရင်ဆိုင်ရသောအခါ လမ်ပူရီ တိုင်းပြည်၏မြောက်ဘက်စစ်တပ်မှာ အဖမ်းခံကြရပြီး လုံးဝ ပြန်မတိုက်ခိုက်နိုင်ကြချေ။ ရက်သတ္တပါတ်တိုလေးအတွင်းတွင် ၎င်းတို့ ထိန်းချုပ်ခဲ့သည့် နယ်မြေကို သွေးဆာဝံပုလွေတပ်ရင်း၌ဆုံးရှုံးကာ သေမင်းတောင်တန်းများက စခ်တိုင်းပြည်၏ လက်တွင်းသို့ကျရောက်သွားရသည်။

စခ်တိုင်းပြည်က ထိုအောင်မြင်မှုကြောင့် အပြတ်အသတ် စိတ်လှုပ်ရှားနေကြတော့၏။

စခ်တိုင်းပြည်ပြည်သားများအတွက် ၎င်းက ကြီးမြတ်သည့်အမှတ်သင်္ကေတဖြစ်သည်။ ၎င်းက စခ်တိုင်းပြည်နှင့် လမ်ပူရီတိုင်းပြည်တို့အကြားရှိ သဟဇာတဖြစ်မှုက ကျိုးပျက်သွားပြီး စခ်တိုင်းပြည်က ပထမဆုံးအကြိမ် အနိုင်ရသွားခြင်းပါပင်။ ထိုသည်က အနိုင်ရသည့်ဘက်၌ ၎င်းတို့ ပထမဆုံးနေရခြင်းဖြစ်သည်။

စခ်တိုင်းပြည်စစ်တပ်အတွက် ၎င်းက ပျော်ရွှင်ဖွယ်ရာ အောင်မြင်မှုပါပင်။ အကြောင်းရင်းမှာ ၎င်းတို့ သေမင်းတောင်တန်းများကို ထိန်းချုပ်ထားသရွေ့ ၎င်းတို့၌ မြေပထဝီအရ အသာစီးရသည်ဟု ဆိုလိုခြင်းကြောင့်ဖြစ်သည်။

လမ်ပူရီတိုင်းပြည်မြောက်ဘက်စစ်တပ်အတွက်မူ ၎င်းတို့သာ ပြန်တိုက်ခိုက်ချင်လျှင် မြေနိမ့်ပိုင်းမှ တိုက်ခိုက်ရမည်ဖြစ်သောကြောင့် မြေညီ၌ တိုက်ခိုက်ရသည်နှင့် ယှဉ်လျှင် များစွာခက်ခဲပေသည်။

အချက်အလက်များက ထိုသို့ဖြစ်ကြ၏။

သွေးဆာဝံပုလွေတပ်ရင်းမှာ လမ်ပူရီတိုင်းပြည်မြောက်ဘက်စစ်တပ်ထံမှ ခြေကုပ်ယူထားပြီး ၎င်းကို စောင့်ရှောက်ရန် သေမင်းတောင်တန်းများ၌ များစွာသော ခံတပ်များကို တည်ဆောက်လိုက်ကြသည်။ မြေနိမ့်၌ တိုက်ခိုက်ရခြင်းနှင့် သွေးဆာဝံပုလွေတပ်ရင်း၏ခိုင်မြဲသော ခံစစ်တို့ကို ရင်ဆိုင်ရသောအခါ ၎င်းတို့မှာ လုံးဝအနိုင်မရနိုင်ဘဲ အသက်ပေါင်းထောင်ချီကို စွန့်ပစ်ခဲ့ရပြီးနောက်၌ ကူကယ်ရာမဲ့စွာ ပြန်ဆုတ်ကြချေတော့၏။

စခ်တိုင်းပြည်စစ်တပ်အတွက်တော့ ၎င်းက သေမင်းတောင်တန်းများကို ထိန်းချုပ်ခဲ့ပြီဟု ဆိုလိုလေသည်။

ယခုမှစကာ မြေပထဝီအရအသာစီးအကြွင်းမဲ့ရသွားခြင်းနှင့်အတူ စခ်တိုင်းပြည်က သေမင်းတောင်တန်းများကို အဆင့်မြှင့်ရန် သို့မဟုတ် ပြန်ဆုတ်ရန် အသုံးပြုနိုင်ပြီဖြစ်သည်။ လမ်ပူရီတိုင်းပြည်မြောက်ဘက်မှာ သွေးဆာ‌ဝံပုလွေတပ်ရင်း၏အစွယ်များအောက်၌ ရောက်ရှိနေကာ အလိုအလျောက် တိုက်ခိုက်နိုင်သည်။

ထိုအမြင်ကောင်းက ကြာရှည်မခံပါချေ။

အေးစက်သော ဆောင်းရာသီပြီးနောက် နှစ်အစတွင် လမ်ပူရီတိုင်းပြည်မြောက်ဘက်စစ်တပ်က နောက်ထပ်တိုက်ခိုက်မှုကို ပြုလာ၏။ စခ်တိုင်းပြည်၏သွေးဆာဝံပုလွေတပ်ရင်းမှာ မြောက်ဘက်စစ်တပ်၏တိုက်ခိုက်မှုက ဤတစ်ကြိမ်၌ အင်မတန်ပြင်းထန်လှပြီး ၎င်းတို့ မခုခံနိုင်ကြသည်ကို တွေ့ရှိသွားသည်။

တစ်လမပြည့်ခင်၌ သွေးဆာဝံပုလွေတပ်ရင်းက တောင်ထွဋ်နှစ်ခုအား ဆုံးရှုံးခဲ့ပြီး တောင်နယ်နိမိတ်တစ်ခုလုံးရှိ ၎င်းတို့၏ခံတပ်များမှာ ပြင်းစွာ ထိခိုက်သွားကြတော့သည်။

၎င်းက စခ်တိုင်းပြည်စစ်တပ်ဌာနချုပ်များသာ သွေးဆာ‌ဝံပုလွေတပ်ရင်းဆီသို့ အားကောင်းသောအထောက်အပံ့ကိုသာ အဓိကပေး ပို့ဆောင်ခြင်းမရှိပါဘဲ နောက်ထပ်ကျားရဲတပ်ရင်းကိုကူညီလမ်းလွှဲခိုင်းပါလျှင်တောင် ၎င်းတို့အနေနှင့် ရရှိရန် အင်မတန်ကြိုးပမ်းခဲ့ရသည့် သေမင်းတောင်တန်းများကို ဆုံးရှုံးသွားနိုင်သည်။

မြောက်ဘက်စစ်တပ်၏တိုက်ပွဲစွမ်းအား ရုတ်တရတ်ကြီး တိုးတက်လာရခြင်းမှာ အကြောင်းအရင်းတစ်ရပ်သာရှိသည်၊ ၎င်းမှာ ယခု၌ ၎င်းတို့ထံတွင် ပိုမိုကောင်းမွန်သည့် လက်နက်ကိရိယာများရှိခြင်းပါပင်။

၎င်းမတိုင်ခင်တွင် စခ်တိုင်းပြည်၏ သွေးဆာဝံပုလွေတပ်ရင်းက လမ်ပူရီတိုင်းပြည်၏ မြောက်ဘက်စစ်တပ်အား အသာစီးရထားပါသော်လည်း ၎င်းတို့မှာ လမ်ပူရီတိုင်းပြည်စစ်သားများ၏တိုက်ပွဲအင်အားကို မြင့်မြင့် မှန်းထားခဲ့သည်။

အကြောင်းမှာ သွေးဆာဝံပုလွေတပ်ရင်း၏ ချပ်ဝတ်အပြည့်အစုံနှင့်ယှဉ်လျှင် လမ်ပူရီတိုင်းပြည်စစ်သားများ၏ လက်နက်ကိရိယာက ကြည့်ရန် တကယ်ကိုခက်ခဲခြင်းကြောင့်ပင်။

မတိုင်ခင်က သွေးဆာဝံပုလွေတပ်ရင်းအား တိုက်ခိုက်နေချိန်တွင် လမ်ပူရီတိုင်းပြည်မြောက်ဘက်စစ်တပ်မှာ တပ်သားတစ်ဦးစီတိုင်းအတွက် ချပ်ဝတ်ပင်မရှိခဲ့ဘဲ၊ တပ်သားအမြောက်အမြားမှာ ပျက်စီးနေသည့် သားရေချပ်ဝတ်များကိုသာ ဝတ်ဆင်ထားခဲ့ကြသည်။

ထို့အပြင် ၎င်းတို့၏လက်နက်များအားလုံးကလည်း ကျိုးပဲ့နေကြ၏။ ၎င်းတို့၏ ထက်မြမှု၊ အလေးချိန်၊ သို့မဟုတ် အရည်အသွေးများမှာ စခ်တိုင်းပြည်တပ်သားများ၏ လက်နက်နှင့် မယှဉ်နိုင်ခဲ့‌ကြချေ။

တပ်သားများအတွက် ကောင်းမွန်သည့် လက်နက်က ၎င်းတို့၏တိုက်ပွဲသက်ရောက်မှုကို မည်မျှပြောင်းလဲနိုင်သည်အား ၎င်းက ရှင်းလင်းပြနေသည်၊ ထို့ကြောင့် သွေးဆာဝံပုလွေတပ်ရင်း၌ သေမင်းတောင်တန်းများအား စောင့်ကြပ်နိုင်ပြီး အနည်းငယ်အားသာရုံဖြင့် ၎င်းတို့ကို ဆက်ထိန်းနိုင်သည့် မြောက်ဘက်စစ်တပ်အတွက် လေးစားသမှုဖြင့် ပြည့်နှက်သွားသည်။

သွေးဆာဝံ‌ပုလွေတပ်ရင်းမှူး ချာလွန်လီနီယာမှာ သူ၏ခံစားချက်များအား ဦးစီးအရာရှိ အိုင်ဗီဂျောင်ကို အကြိမ်များစွာ လျှို့လျှို့ဝှက်ဝှက် ဖော်ပြထားခဲ့သည်။ လမ်ပူရီတိုင်းပြည်က အင်မတန်မွဲတေလှသည်မှာ ကိစ္စကောင်းဖြစ်သည်၊ မဟုတ်ပါက လမ်ပူရီတိုင်းပြည်မြောက်ဘက်စစ်တပ်၌ သွေးဆာ‌ဝံပုလွေတပ်ရင်းကဲ့သို့ တူညီသည့် လက်နက်အင်အားရှိပါလျှင် သေမင်းတောင်တန်းများအား လမ်ပူရီတိုင်းပြည်က ရရှိသွားပေလိမ့်မည်။

ယခုတွင်မူ ချာလွန်လီနီယာ၏အကြီးမားဆုံးသော အကြောက်တရားက ဖြစ်ပွားလာလေပြီ။

ထို တန်ပြန်တိုက်ခိုက်မှုတွင် ရှေ့တန်းရှိ သွေး‌ဆာဝံ‌ပုလွေတပ်ရင်း၏ ခံတပ်၌ စောင့်ကြပ်နေသော ချာလွန်လီနီယာမှာ စူးရှတောက်ပလှသည့် ချပ်ဝတ်အသစ်များနှင့် မြောက်ဘက်တပ်သားများကို ကိုယ်တိုင် မျက်ဝါးထင်ထင်တွေ့လိုက်ရသည်။ တစ်ချိန်တည်းတွင် ၎င်းတို့လက်တွင်းရှိ လက်နက်များမှာ တောက်လဲ့ကာ အင်မတန် ထက်မြနေ၏။

ချာလွန်လီနီယာနှင့် သွေးဆာဝံပုလွေတပ်ရင်းစစ်သားများမှာ မြောက်ဘက်တပ်သားများ၏ချပ်ဝတ်က အင်မတန် ခိုင်မာလှ‌သည်ကို တွေ့ရှိရာ အံ့အားသင့်‌သွားကြ၏။ ကောင်းကင်ယံကိုထိုးခွင်းမည့် မြားပင်လယ်ကို ပစ်လွှတ်ပါလျှင်တောင် ၎င်းတို့အား လုံးဝထိခိုက်စေမည်မဟုတ်ချေ။

ဝါရင့်ဗိုလ်ချုပ်ကြီးတစ်ဦးအနေနှင့် ချာလွန်လီနီယာမှာ မြှားဆယ်ချောင်းလောက်ပစ်လွှတ်လိုက်ချိန်၌ မြောက်ဘက်စစ်သားတစ်ဦး၏ ချပ်ဝတ်၌ အရာလေးခပ်ပြပြသာထင်ကျန်သည်ကို မြင်သော် ကူကယ်ရာမဲ့သွားသည်။ ၎င်းက တိုးမပေါက်ရုံမက ခြစ်ရာပင် မကျန်ခဲ့ပါချေ!

မြောက်ဘက်တပ်သားများ တောင်ထွဋ်သို့ ပြေးတက်သွားကြပြီး သွေးဆာဝံပုလွေတပ်သားများနှင့် နီးကပ်စွာ ယှဉ်တိုက်ကြချိန်၌ သွေးဆာဝံပုလွေတပ်ရင်းမှာ ထို မြောက်ဘက်စစ်သားများ၏လက်တွင်းရှိ လက်နက်အရည်အသွေးက ၎င်းတို့၏လက်နက်များနှင့်ပင် ယှဉ်လို့ရနေကြောင်း ထိတ်လန့်ဖွယ်တွေ့ရှိသွားကြသည်။ လက်နက်များက အားအပြည့်ထုတ်လိုက်ချိန်၌ ကျိုးသွားသည့် လက်နက်မှာ သွေးဆာဝံပုလွေတပ်သား၏ လက်နက်များသာပင်။

သွေးဆာဝံပုလွေတပ်သားများလက်တွင်းရှိ အချို့သော အရည်သွေးနိမ့်လက်နက်များသည်ပင် မြောက်ဘက်စစ်သားများ၏လက်နက်များကြောင့် ကွဲအက်သွားကြသည်။

ထို လက်နက်အင်အား ခြားနားမှု၌ သွေးဆာဝံပုလွေတပ်သားများထက် ကြီးမားသည့် မြောက်ဘက်စစ်သားများ၏ခွန်အားကိုပါ ထည့်ပေါင်းလိုက်သောအခါ တိုက်ပွဲ မည်သို့အဆုံးသတ်မည်က အံ့ဩဖွယ်ရာပင် မရှိတော့။

သွေးဆာဝံပုလွေတပ်သားများက အရေအတွက်နှင့် နယ်‌မြေပိုများလျှင်သော်မှ ထိုမြောက်ဘက်စစ်တပ်ကို လုံးဝပြန်မတိုက်ခိုက်နိုင်ကြတော့ချေ။

ပထမ အပါတ်၌ အောင်ပွဲအချို့ဆင်ပြီးနောက် မြောက်ဘက်တပ်သားများထွက်ခွာရန် ရွေးချယ်သွားကြ‌ခြင်းကြောင့်သာ မဟုတ်လျှင် သွေးဆာဝံပုလွေတပ်ရင်းမှာ တောင်ထွဋ်နှစ်ခုကိုသာ ဆုံးရှုံးလိုက်ရမည်မဟုတ်‌နိုင်ချေ။

လမ်ပူရီတိုင်းပြည်မြောက်ဘက်စစ်တပ်၏ ပြင်းထန်သော တိုက်ခိုက်မှုပြီးနောက်တွင် သွေးဆာဝံပုလွေတပ်ရင်းမှာ ၎င်းမှ ပျော်ရွှင်မှု သံသယတို့ဖြင့် ပြည့်သွားသည်။

ပျော်ရွှင်ခြင်းမှာ မြောက်ဘက်စစ်တပ် ပြန်ဆုတ်သွားကြပြီး သွေးဆာဝံပုလွေတပ်ရင်းကို ချက်ချင်း မဖျက်ဆီးသွားခြင်းကြောင့်ပင်။

သို့သော် ၎င်းတို့မှာ ထိုကြောင့်ပင် သံသယလည်း ပွားကြသေး၏။

မြောက်ဘက်စစ်တပ်မှာ ထိုတိုက်ပွဲ၌ အသာစီးရခဲ့ပါသော်လည်း ပြန်ဆုတ်ဖို့ရွေးသွားကြသည်။ ဒါဘာကြောင့်များလဲ?

၎င်းတို့မှာ လတစ်ဝက်ကြာပြီးနောက်၌ အဖြေကိုတွေ့သွားကြ၏။

သေမင်းတောင်တန်းများ၌ ပထမဆုံးသော လျှပ်တစ်ပြက်တိုက်ခိုက်မှုပြီးနောက် မြောက်ဘက်စစ်တပ်က လတစ်ဝက်လောက်စောင့်ပြီး ဒုတိယတိုက်ခိုက်မှုကို စတင်လာတော့သည်။

သွေးဆာဝံပုလွေတပ်ရင်းမှာ လက်နက်အသာစီးနှင့် မြောက်ဘက်စစ်တပ်အား တိုက်ခိုက်ရန် ပြင်ဆင်ထားကြပါသော်လည်း ၎င်းတို့အနေနှင့် ထိုမြောက်ဘက်စစ်တပ်က တောင်ပေါ်သို့ လုံးဝတက်မလာဘဲ နေမည်ဟု မထင်ထားခဲ့ကြပါချေ။ ထို့အပြင် ၎င်းတို့မှာ တောင်ခြေဆီသို့ အင်မတန်ကြီးမားထူးဆန်းသည့် စက်ကြီးများကိုပင် ယူလာကြသေးသည်။

ထို့နောက် ၎င်းတို့မှာ ထိုကြီးမားထူးဆန်းသည့်စက်ကြီးများမှ မရေတွက်နိုင်သော ကျောက်တုံးကြီးများမှာ တကယ်တမ်း တောင်ထွဋ်ရှိ သွေးဆာဝံပုလွေတပ်ရင်း၏ ခံတပ်များထံသို့ ပျံထွက်လာကြသည်ကို မြင်လိုက်ရတော့သည်။

ထို ကျောက်တုံးကြီးများ၏ အဆက်မပြတ်တိုက်ခိုက်ခြင်းအောက်၌ သွေးဆာဝံပုလွေတပ်ရင်းမှာ ပြန်ဆုတ်မည်ကို ကြေညာချက်မထုတ်ခင် တစ်နာရီကြာအောင် မတောင့်ခံနိုင်ဖြစ်နေကြရသည်။

သွေးဆာဝံပုလွေတပ်ရင်းက ၎င်းတို့၏နယ်မြေအသာစီးရမှုကို ထိုကျောက်တုံးထုတ်စက်ကြီးများအား တိုက်ခိုက်ရန် အသုံးချလိုက်ချင်သည့် အချိန်တိုင်း ၎င်းတို့မှာ သိပ်သည်းလှသော မြှားတန်းကြီးနဲ့ ကြုံဆုံရသည်။ သွေးဆာဝံပုလွေတပ်သားများ ၎င်းတို့၏စခန်းများမှ ထွက်လာသရွေ့ ၎င်းတို့မှာ ဖြူကောင်များအဖြစ်သွားကာ ပြန်ပြေးကြရသည်။

၎င်းတို့မှာ စောင့်ကြပ်ခြင်းရော တိုက်ခိုက်ခြင်းပါ မပြုနိုင်ကြဘဲ အခြေနေကဆိုးသည်ကို သိသောကြောင့် ပြန်ဆုတ်ရန် ကြေညာဖို့သာ တတ်နိုင်ကြသည်။

သို့သော် ဤတစ်ကြိမ်၌ လမ်ပူရီတိုင်းပြည်၏မြောက်ဘက်စစ်တပ်က ပြန်မဆုတ်ကြချေ။ ဗျူဟာတစ်ခုပြီးနောက် ၎င်းတို့မှာ နောက်ဗျူဟာဖြင့် တိုက်ခိုက်ရန် အချိန်ပင်မယူကြချေ။

သွေးဆာဝံပုလွေတပ်ရင်းက ထိုစက်ကြီးများ သုံးခုသာရှိကြောင်းတွေ့ရှိသွားချိန်တွင် စောင့်ကြပ်ထားခြင်းမရှိသည့် ထိုနေရာများကို တိုက်ခိုက်ချင်နေကြ၏။

သို့သော် ၎င်းတို့မှာ မြှားမိုးကြီးကိုရင်ဆိုင်လိုက်ရပြီး လက်နက်အရာ၌ထပ်မရှုံးနိမ့်တော့သည့် မြောက်ဘက်စစ်တပ်ကြောင့် သွေးဆာဝံပုလွေတပ်ရင်းမှာ မည်သည့်ရလာဒ်မှ မပါဘဲ ပြန်လာကြသည်။

တိုက်ပွဲက တစ်လမျှသာကြာမြင့်ခဲ့ပြီး သွေးဆာဝံပုလွေတပ်ရင်းမှာ သေမင်းတောင်တန်းများကို ဆုံးရှုံးလိုက်ရတော့သည်။ ၎င်းတို့မှာ လမ်ပူရီတိုင်းပြည်မြောက်ဘက်စစ်တပ်ကြောင့် သေမင်းတောင်တန်းများကို လုံးဝ ပေးထုတ်လိုက်ရပြီဖြစ်၏။

ထို့ကြောင့် ထိုသုံးလအတွင်းလေးတွင်ပင် နှစ်ဘက်စလုံး၏အခြေနေက လုံးဝ ပြောင်းပြန်ဖြစ်သွားတော့သည်။

ယခုတွင် လမ်ပူရီတိုင်းပြည်မြောက်ဘက်စစ်တပ်က နယ်မြေအသာစီးရပြီး ၎င်းတို့၏အံ့ဩဖွယ်လက်နက်အင်အားနှင့်တူ မြားများကို ထိုသို့သုံးခြင်းက ငွေကြေးကုန်ကျမများဘဲ အံ့မခန်းစွမ်းအားနှင့် စက်ကြီးသုံးလုံးကိုပါ ပေါင်းလိုက်လျှင် သွေး‌ဆာဝံ‌ပုလွေတပ်ရင်းမှာ ပြန်တိုက်ခိုက်ဖို့ရန် မျှော်လင့်ချက်မရှိတော့ပါချေ။

ထိုရလဒ်နှင့်ရင်ဆိုင်ရသော်ငြား ချာလွန်လီနီယာအပါအဝင် သွေးဆာဝံပုလွေတပ်ရင်းရှိ လူတိုင်းက ၎င်းကို ဒေါသမဖြစ်ကြဘဲ သံသယများဖြင့်သာ ပြည့်နေကြသည်။

လမ်ပူရီတိုင်းပြည်မြောက်ဘက်စစ်တပ်က ဘယ်တုန်းက ရုတ်တရတ်ကြီး ချမ်းသာလာတာလဲ?

***

မှော်စက်မှုအင်ပါယာ

Vol 3, အခန်း ၂။ တောင်နယ်နိမိတ် အဘက်ဘက်မှ မတူညီသော အတွေးများ

၎င်းတို့စိတ်တွင်းရှိ သံသယများနှင့်ယှဉ်လျှင် သွေးဆာဝံပုလွေတပ်ရင်းမှူး ချာလွန်လီနီယာက စစ်ပွဲအခြေအနေကို စိုးရိမ်နေ၏။

မတိုင်ခင်က ပြသသွားခဲ့သည့် လမ်ပူရီတိုင်းပြည်မြောက်ဘက်စစ်တပ်၏ သန်မာလှသော တိုက်ပွဲခွန်အားအရ ၎င်းတို့၏အောင်မြင်မှုနောက်ကို လိုက်နေသရွေ့ ချာလွန်လီနီယာမှာ ၎င်းတို့အား သွေးဆာဝံပုလွေတပ်ရင်းနှင့် ရပ်တန့်တားဆီးနိုင်မည်ဟု ယုံကြည်ချက်မရှိပါချေ။

ကျားရဲတပ်ရင်းကူညီပါလျှင်တောင် အခက်တွေ့နိုင်သည်။

သို့သော် လမ်ပူရီတိုင်းပြည်မြောက်ဘက်စစ်တပ်က သေမင်းတောင်တန်းတွေကို သိမ်းယူပြီး သွေး‌ဆာဝံပုလွေနှင့် ကျားရဲတပ်ရင်းတို့အား ဆယ်ကီလိုမီတာမှာရှိသည့် ခံတပ်တွေဆီ လိုက်ပို့သည်က ကောင်းသည့်အချက်ပင်၊ မြောက်ဘက်စစ်တပ်က ၎င်းတို့၏ တိုးတက်မှုကို နှေးစေခဲ့သည်လား။ ၎င်းတို့မှာ စခ်တိုင်းပြည်၏ နယ်‌မြေကို သေမင်းတောင်တန်းမြောက်ဘက်ဆီသို့ မကျူးကျော်စေဘဲ ထိုတောင်တန်းများ၌ ခံတပ်များစတင်တည်ဆောက်ကာ အားကောင်းသော ခံစစ်သင်္ကေတများကို ပြသထားသည်။

ဦးစီးအရာရှိ အိုင်ဗီဂျောင်၏ စိစစ်မှုအရ လမ်ပူရီတိုင်းပြည် မြောက်ဘက်စစ်တပ်က စခ်တိုင်းပြည်ထဲသို့ ဝင်ရောက်သွားရင်း စခ်တိုင်းပြည်စစ်တပ်၏ ဝါးမြိုခံရမည်ကို ကြောက်ရွံ့ခြင်းကြောင့် ၎င်းတို့ကိုယ်ကို ဦးဆုံး တည်မြဲအောင်လုပ်လိုခြင်းဖြစ်ရပေမည်။

နောက်ထပ် ဖြစ်နိုင်ချေရှိပါသေး၏။ ၎င်းမှာ လမ်ပူရီတိုင်းပြည်၏ အားကောင်းသော ခံစစ်မှာ စခ်တိုင်းပြည်၏ ယခင်က အပြုအမှုများကြောင့် ၎င်းတို့၏ စွမ်းအားပြည့်ကို သုံးကာ ပြန်လည်တိုက်ခိုက်လိုခြင်းကြောင့်လည်း ဖြစ်နိုင်သည်။

ရုတ်တရတ်ကြီး မြောက်ဘက်စစ်တပ်အား ထိုလက်နက်နှင့် ချပ်ဝတ်အားလုံးကို ထောက်ပံ့လာနိုင်သည့် လမ်ပူရီတိုင်းပြည်၏အင်အားနှင့်၊ ထိုသို့ပင် အကုန်အကျအတွက် ဂရုစိုက်ရန်မလိုဘဲ မြားများပစ်ခြင်း၊ ချာလွန်လီနီယာ, အိုင်ဗီဂျောင်တို့၏ အသိပညာကိုကျော်လွန်နေသည့် အင်အားကြီးစက်ကြီးသုံးစက်တို့နှင့် ဆိုပါလျှင် ၎င်းတို့အနေနှင့် ကိုယ်ပိုင်တိုင်းပြည်ရှိ အင်အားအလုံးစုံကို စုဝေးထားရမည်ပင်။

တိုက်ပွဲတချို့အတွက် ထို အသုံးချမှုကို ထိန်းသိမ်းရန်မှာ ပြဿနာတစ်ရပ်မဟုတ်ပါသော်လည်း လမ်ပူရီတိုင်းပြည်မှာ ပတ်ဝန်းကျင်နိုင်ငံများထက် အစဉ်မွဲတေနေခဲ့သည်ကို မဆိုထားနှင့် စခ်တိုင်းပြည်ကဲ့သို့ နိုင်ငံအများစုထက် ပိုမိုအားကောင်းသည့် နိုင်ငံသည်ပင် ၎င်းကို ထိန်းထားနိုင်ခြင်းမရှိပါချေ။

ထို့ကြောင့် ချာလွန်လီနီယာ နှင့် အိုင်ဗီဂျောင်တို့မှာ ၎င်းကို ဆွေးနွေးပြီးနောက် တန်ပြန်တိုက်ခိုက်ရန်အတွက် ခြေလှမ်းများကိုပင် တွေးဆထားကြတော့သည်။

မြောက်ဘက်စစ်တပ်က ယခု၌ နယ်မြေအသာစီးရနေပြီး သွေးဆာဝံပုလွေတပ်ရင်းအား တန်ပြန်တိုက်ခိုက်မှုများကို ခံစားစေနေကြပါသော်လည်း ၎င်းတို့သာ လမ်ပူရီတိုင်းပြည်ကို သေမင်းတောင်တန်းများအား ထိန်းချုပ်ခွင့် ပြုလိုက်ပါလျှင် စခ်တိုင်းပြည်၏တောင်ဘက် နယ်မြေများက ရန်သူရှေ့မှောက်၌ မည်သည့် အကာကွယ်မှရှိတော့မည်မဟုတ်ချေ။

လမ်ပူရီတိုင်းပြည်မြောက်ဘက်စစ်တပ်က စခ်တိုင်းပြည်ကို အမှုမဲ့စွာကျူးကျော်ပြီး ကမောက်ကမဖြစ်စေပါလျှင် စစ်တပ်ဌာနချုပ်များမှ တစ်ယောက်ယောက်စေလွှတ်ပြီး မေးခွန်းထုတ်လာမည်ကိုပင် မစောင့်တော့ဘဲ ချာလွန်လီနီယာ အနေနှင့် မိမိခေါင်းကိုသာ မိမိဖြတ်လိုက်‌နိုင်တော့မည်။

သို့သော် အိုင်ဗီဂျောင်၏ သွေးဆောင်မှုကြောင့် ချာလွန်လီနီယာ မှာ တန်ပြန်တိုက်ခိုက်မည့် အကြံကို လက်လွှတ်လိုက်တော့သည်။

"ငါတို့ အခြားဘက်ရဲ့ အခြေနေကို မရှင်းလင်းရသေးခင် အဆောတလျင် ပြုမှုလို့မဖြစ်ဘူး။ စစ်တပ်ဌာနချုပ်အရာရှိတွေက ဒီအခြေနေကို သတိပြုထားနိုင်တော့ ငါ့အထင်နဲ့ဆိုရင် သိပ်မကြာခင်မှာ သက်ဆိုင်ရာအစီရင်ခံစာကိုရလိမ့်မယ်။ ငါတို့ အခြေနေကို သိချိန်မှ ဒီဆုံးဖြတ်ချက်ကိုချမယ်ဆိုရင်လည်း သိပ်တော့ နောက်မကျသေးပါဘူး။"

အိုင်ဗီဂျောင်နှင့် ဆယ်နှစ်ကျော်မျှ တွဲကာ အလုပ်လုပ်လာပြီးနောက်၌ ချာလွန်လီနီယာမှာ သူ၏အကြံပြုချက်ကို ယုံကြည်ပေသည်။ သူဟာ တိုက်ခိုက်ခြင်းအကြံကို လက်လျှော့ရင်း စိတ်ရှည်စွာသာ စောင့်ဆိုင်းနေတော့၏။

မြောက်ဘက်စစ်တပ်မှာ အိုင်ဗီဂျောင်ခန့်မှန်းထားသလိုပင် ဘယ်တော့မှာ ချက်ချင်းမတိုက်ခိုက်ပါချေ။

ထို့ကြောင့် သုံးလကြာအောင်တိုက်ခိုက်ပြီး ပြောင်းလဲမှုများဆက်လက်ဖြစ်နေသည့်နောက်၌ နှစ်ဘက်စလုံးမှာ ထူးဆန်းသည့် ငြိမ်းချမ်းရေးကာလသို့ ဝင်ရောက်လာတော့သည်။

ဩဂုတ်လအလယ်တွင် စခ်တိုင်းပြည်၏ မြို့တော် တာရန်မြို့မှ သတင်းပေးတစ်ဦးက သေမင်းတောင်တန်းများနှင့်မနီးမဝေးမှ သွေးဆာဝံပုလွေတပ်ရင်းစခန်းသို့ ရောက်လာကြသည်။

စစ်တပ်ဌာနချုပ်၏အမိန့်များကို ယူဆောင်လာသည့်အပြင် ထိုသတင်းပေးက အထူးအစီရင်ခံစာကိုပါ ပေးပို့လာ၏။

သွေးဆာဝံပုလွေတပ်ရင်းအတွက် အမိန့်မှာ အဆောတလျင် မပြုမှုရန်နှင့် တန်ပြန်တိုက်ခိုက်ခြင်းအကြံဉာဏ်များကို လက်လျှော့ရန်ဖြစ်သည်။ နိုင်ငံ၏တောင်ဘက်နယ်စပ်ကို ကောင်းစွာ ခုခံရန်က အကောင်းဆုံးပင်။

အစီရင်ခံစာ၌မှု လမ်ပူရီတိုင်းပြည်မြောက်ဘက်စစ်တပ်တွင် အဘယ့်ကြောင့် ထိုသို့သော ပြင်းထန်သည့်လက်နက်အင်အားအပြောင်းအလဲ ပေါ်ပေါက်လာပို့ကို ဖော်ပြထားသည်။

အစီရင်ခံစာကို ဖတ်ပြီးနောက်၌ ချာလွန်လီနီယာ ၏မျက်နှာ၌ မယုံကြည့်နိုင်မှုများ လွှမ်းသွား၏။ သူက အိုင်ဗီဂျောင်ကို ရီဝေဝေနှင့် ပြောလိုက်သည်၊ "ဒါက ဟာသပဲ! အိုင်ဗီ, ခင်ဗျားဒါကိုယုံလား? ကျုပ်တို့ကို လမ်ပူရီတိုင်းပြည်မြောက်ဘက်စစ်တပ်က အနိုင်ယူလိုက်တာမဟုတ်ဘူး၊ ဒါပေမယ့် လမ်ပူရီတိုင်းပြည်ရဲ့ လုပ်ငန်းစုလေးတစ်ခုက ကျုပ် ဘယ်တုန်းကမှ မကြားခဲ့ဖူးတဲ့ နာမည်နဲ့လူက အနိုင်ယူခဲ့တာပဲဗျ!"

"ဘာဖြစ်တယ်?" အိုင်ဗီဂျောင်က အစီရင်ခံစာကို ရှုပ်ထွေးနေဟန်ဖြင့် ကြည့်လိုက်၏။

တစ်လုံးသော်မျှ မချွင်းချန်ဘဲ ဖတ်ရှုပြီးနောက်၌ အိုင်ဗီဂျောင်မှာ အတွေးနက်သွားရတော့သည်။ သူ့မျက်နှာထက်၌ မယုံကြည်မှုများရှိနေသော်လည်း စိုးရိမ်မှုက ပိုများသည်။

"ဒီအစီရင်ခံစာသာ မှန်နေခဲ့ရင် ငါ့တို့ရဲ့ အနာဂတ်ကတော့ ပိုတောင်ဆိုးတော့မှာပဲ။ စဉ်းစားကြည့်ပါဦး၊ လမ်ပူရီတိုင်းပြည်မြောက်ဘက်စစ်တပ်သားတွေက လက်နက်အင်အားကိုစိုးရိမ်ဖို့မလိုဘဲ ငါတို့ထက် ပိုများတဲ့ မြှားတွေရှိတဲ့အပြင် အဲ့ဒီ့ကြောက်စရာ မှော်လက်နက်တွေနဲ့ဆိုရင် ငါတို့ သူတို့ကို ဘယ်လိုများ တိုက်ခိုက်နိုင်တော့မှာလဲ?"

ချာလွန်လီနီယာ၏မျက်နှာထားက တမုဟုတ်ချင်း လေးလံသွားတော့သည်။ မှတ်စုကိုယူကြည့်ပြီးနောက်၌ မျက်ခုံးများကို တွ့န်ချိုးလိုက်သည်။

"အဲ့ဒီ မြောက်ဘက်စစ်တပ်ကောင်တွေသာ သူတို့ရဲ့ ထိုးစစ်ကို ဆက်ထိန်းထားမယ်ဆိုရင် ညီနောင်တွေကတော့ တကယ်ပဲ တားဆီးနိုင်တော့မှာ မဟုတ်ဘူး။ ဖြစ်နိုင်တာ... ကျုပ်တို့ရဲ့ စခ်တိုင်းပြည်က လမ်ပူရီတိုင်းပြည်ကို တိုက်ခိုက်လို့တောင် မရနိုင်တော့တာလား?"

"မဖြစ်နိုင်ဘူး" အိုင်ဗီဂျောင်က အသံရှရှဖြင့် ပြောလိုက်သည်၊"ငါတို့လက်နက်အင်အားအရာမှာ မယှဉ်နိုင်ရင် ဒါက ခန့်မှန်းချက်မဟုတ်ဘဲ လက်‌တွေ့ဖြစ်လာလိမ့်မယ်။

"ဒါပေမယ့် ကျုပ်တို့ တိုင်းပြည်မှာက အဲ့ဒီ့ Frestech ကုန်သည်ကြီးများအသင်း မရှိဘူးလေ!" ချာလွန်လီနီယာက တံထွေးတွေးလိုက်၏။ ထို့နောက် သူက လက်တစ်ချောင်းထုတ်ကာ သူ့လည်ပင်းကို ရှေ့၌ ဖြတ်ဟန်ပြလိုက်ရင်း၊ "အဲ့ဒီ့Frestech ကုန်သည်ကြီးများအသင်းရဲ့ ပင်တိုင်က သူတို့ရဲ့ဥက္ကဌဖြစ်နေတော့ အဲ့ဒီ ရှု,ဘာဆိုလားဆိုတဲ့လူနဲ့ ကုန်သည်ကြီးများအသင်းက လမ်ပူရီတိုင်းပြည်ကို ကူညီနေတာကနေ တားဆီးဖို့ ရှုမျိုးရိုးကို ဘာလို့မသတ်ရမှာလဲ?"

"ဒါသာဖြစ်နိုင်ရင် အဲ့အရာရှိတွေလည်း လုပ်ပြီးနေလောက်ပြီလို့ မင်းမစဉ်းစားမိဘူးလား?" အိုင်ဗီဂျောင်က ခါးသက်သက်ပြုံးရင်းပြောလိုက်တယ်၊ "ငါတို့သာ လမ်ပူရီတိုင်းပြည်ရဲ့အရေးပါတဲ့လူကိုသာ လွယ်လွယ်လေးဖယ်ရှားနိုင်နေရင် လမ်ပူရီတိုင်းပြည်ကလည်း ငါတို့ကြောင့် ပျက်စီးနေလောက်ပြီ။"

"ဒါဆို ကျုပ်တို့ဘာလုပ်ကြမလဲ? ကျုပ်တို့ အဲ့ဒီ့မြောက်ဘက်စစ်တပ်အားကောင်းလာပြီး နောက်ဆုံးမှာ ကျုပ်တို့ကို ဂရုစိုက်ပေးမှာကို ကြည့်နေရတော့မှာလား?"

"စိတ်အေးအေးထား၊ သတင်းအချက်လက်ဌာနက ဒီသတင်းကို ရထားမှတော့ သူတို့တွေ လုပ်စရာရှိတာ လုပ်ပြီးလောက်ပြီပေါ့။" အိုင်ဗီဂျောင်က ချာလွန်လီနီယာရဲ့ပခုံးကို ပုတ်ပြီးနှစ်သိမ့်ပေးလိုက်၏။ "ပြီးတော့၊ အစီရင်ခံစာမှာလည်း အဲ့ဒီ ငတုံးလမ်ပူရီသားတွေက သူတို့ကိုယ်ကို ဒုက္ခရှာပြီး Frestech ကုန်သည်ကြီးများအသင်းကို ဖိနှိပ်နေတယ်လို့ မပြောထားဘူးလား? မြောက်ဘက်စစ်တပ်ရဲ့ထိုးစစ် ရပ်သွားတာ အံ့ဩစရာမရှိတော့ဘူး။ အဲဒီ့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အထောက်အပံ့မရှိဘဲနဲ့ မြောက်ဘက်စစ်တပ်က အဲဒီ့ စွမ်းအားကြီးလက်နက်တွေရဲ့ အထောက်အကူကို ထိန်းထားနိုင်မှာမဟုတ်ဘူး။"

"ဟင်း၊ အဲ့ဒီ့ လမ်ပူရီသားတွေက တကယ်ကို တုံးကြတာပဲ။ ကျုပ်တို့ စခ်တိုင်းပြည်မှာသာ အဲ့ဒီ့ Frestech ကုန်သည်ကြီးများအသင်းရှိရင် ရတနာတစ်ခုလို မဆက်ဆံခံနေရရင်ကမှ ထူးဆန်းနေလိမ့်မယ်။ အဲ့ဒီ့ လမ်ပူရီသားတွေ မထောက်ခံရင်တော့ အဆင်ပြေတာပေါ့၊ ဒါပေမယ့် သူတို့က တကယ်ကြီး ဖိနှိပ်နေကြတာပဲ။ သူတို့ဦးနှောက်ထဲမှာ ဘယ်လိုခ-ျ-ီးထုပ်တွေနဲ့ပြည့်နေလဲဆိုတာ ကျုပ်တကယ်မသိတော့ဘူး။" ချာလွန်လီနီယာက မယုံနိုင်မှုနှင့်ပြည့်နေသည့်အသံဖြင့် ပြောလာသည်။

"ဘာပဲဖြစ်ဖြစ် သူတို့ငါတို့ကို တုံ့ပြန်မယ့်အချိန်ပေးလိုက်တာပဲ" အိုင်ဗီဂျောင်က ခပ်ဖျော့ဖျော့ပြုံးရင်းပြောလိုက်၏၊

"ငါ့ကိုယုံ၊ အဲ့ဒီ့အရာရှိတွေရဲ့ အစွမ်းအစနဲ့ဆိုရင် သူတို့တွေ ငါတို့အတွက် အသာစီးရအောင် သေချာပေါက် ဖန်တီးပေးလိမ့်မယ်။"

ချာလွန်လီနီယာက နှာခေါင်းဖွဖွရှုံ့လိုက်ရင်း၊ "ကျုပ် အဲ့ဒီ့အရာရှိတွေရဲ့ နည်းလမ်းတွေကို သဘောမကျပါဘူး၊ အရမ်းကောက်ကျစ်လွန်းတယ်"

"သူတို့ ဘာနည်းလမ်းပဲသုံးသုံး ငါတို့ကို ကူညီနိုင်မယ်ဆို အဆင်ပြေပါတယ်၊" အိုင်ဗီဂျောင်က ခပ်ဖျော့ဖျော့ပြုံးကာ ပြောလိုက်သည်၊ "ငါကတော့ အဲဒီ့ ရှုယီဆိုတဲ့ လူက ရင်ဆိုင်ဖို့ သိပ်မခက်ခဲဘူးလို့ပဲ မျှော်လင့်ပါတယ်။"

သွေးဆာဝံပုလွေတပ်ရင်း၏ ခေါင်းဆောင်နှစ်ဦးက စိစစ်မှုများပြု‌လုပ်နေစဉ်တွင် သေမင်းတောင်တန်း၏‌တစ်ဆယ်ကီလိုမီတာအဝေးက တောင်ထွဋ်တွင် မြောက်ဘက်စစ်တပ်၏ တတိယမြောက် တပ်မဟာပဉ္စမအဖွဲ့ ဗစ်ကောင့်ထ်လက်စ်လိုင်း စတက်ဂျ်က လေးနှင့်တူသည့် အရာတစ်ခုကြောင့် လက်ရှိ၌ မျက်မှောင်ကျုံ့နေသော်လည်း လုပ်ဆောင်သည်က လွန်စွာကွဲပြားသည်။

တစ်ချက်ကြည့်လိုက်သော်ငြား ဗစ်ကောင့်ထ်လက်စ်လိုင်းက မည်သို့ အလုပ်လုပ်သည်ကို မသိနိုင်ချေ။ သူက ထိုပစ္စည်းကို ပို့ပေးခဲ့သည့် မြောက်ဘက်စစ်တပ်တပ်ကူကို မေးလိုက်၏၊ "ဒီပစ္စည်းကို ဘယ်လိုသုံးရမှာလဲ?"

ထိုဝဖိုင့်ဖိုင့်တပ်ကူမှာ အပြုံးတစ်ခုကိုလှစ်ဟပြလိုက်ပြီး လက်နက်များပို့ဆောင်ရာ သေတ္တာထံမှာ စာရွက်ပိုင်းလေးတစ်ခုကို ထုတ်ယူလိုက်၏။

"ခေါင်းဆောင်သခင်၊ ဒါကိုကြည့်,ကြည့်ပါ။ ဒီတွေက ဒီမှော်ထပ်ဆင့်'လေး'တွေကို သုံးနည်း အညွှန်းတွေပါ။ ကျုပ်အထင်အရတော့ သခင်ကြီးရဲ့အသိပညာနဲ့ဆိုရင် ဒါကို တစ်ခါကြည့်ရုံနဲ့ နားလည်ပါလိမ့်မယ်"

"ဒီလောက်ရိုးရှင်းတာလား?" ဗစ်ကောင့်ထ်လက်စ်လိုင်းက ထိုအညွှန်းစာကိုကြည့်ပြီး ၎င်း၌ နားလည်လွယ်သည့်အဆင့်များ အဆင့်ဆင့်ရှိနေသည်ကို တွေ့လိုက်ရသည်။

နှစ်ခေါက်လောက်ကြည့်ပြီးနောက်၌ ခေါင်းဆောင်လက်စလီက ထို မှော်ထပ်ဆင့်'လေး'ကိုယူလျက် ငါးကီလိုဂရမ် အလေးချိန်နှင့် အရှည်တစ်မီတာခွဲ၊ အချင်းနှစ်ဆယ်စင်တီမီတာလောက်ရှိသည့် ဆလင်ဒါကို ထုတ်လိုက်သည်။ အညွှန်းစာအရ ပထမအဆင့်မှာ ထိုဆလင်ဒါကို မှော်ထပ်ဆင့်'လေး'၌ ထည့်သွင်းရန်ဖြစ်၏။

ဆလင်ဒါကိုထည့်သွင်းပြီးနောက်၌ ဗစ်ကောင့်ထ် လက်စ်လိုင်းမှာ ထို'လေး'ကို လက်နှစ်ဖက်စလုံးဖြင့် ကိုင်‌မြှောက်လိုက်၏။ သူက မီတာနှစ်ဆယ်အဝေးရှိ သစ်ပင်တစ်ပင်ကို ချိန်ရွယ်လျက် 'လေး'ညှို့ကို ဆွဲတင်လိုက်သည်။

"ရှူး——"

ပေါက်ကွဲသံတစ်ချက်ဖြင့် ငှက်မွှေးမြားတံမှာ နေရာဆီသို့ပျံသန်းထွက်ခွာသွားသည်။ ဗစ်ကောင့်ထ် လက်စ်လိုင်းမှာ ၎င်းက သစ်ပင်ထဲမဝင်ခင်၌ အရပ်ကိုသာ တွေ့မြင်လိုက်ရသည်။

ဗစ်ကောင့်ထ် လက်စ်လိုင်းက အဝေးကို ကြည့်လိုက်၏။ သူ၏ပဉ္စမအဆင့်စစ်သည်ခွန်အားနှင့် ထိုမြှား၏ကိုယ်ထည် အများစုက သစ်ပင်ထဲစိုက်ဝင်နေသည်ကို မြင်နိုင်သည်။

"ဒါက တကယ်ပဲ ဒီလောက်ထိ အားကောင်းတာလား?" ဗစ်ကောင့်ထ် လက်စ်လိုင်းက မထိန်းနိုင်ဘဲ အံ့ဩသွားမိသည်။

သူက စတက်ဂျ်မိသားစုမှ လာပါသော်လည်း တင်းကြပ်သည့် သူ့ထံ၌ ပညာရေးရှိခဲ့ကာ မွေးရာပါ,ပါရမီကို ပေါင်းထည့်လိုက်လျှင် သူက မြင်းကျောထက်၌ ပစ်ရာတွင် ထူးချွန်သည်။

သူ၏မိသားစုမှ တန်ဖိုးထားရသည့် အထူးနတ်သူငယ်လုပ် 'လေး'ရှည်ကို သုံးလျှင်တောင် ထိုသို့သော ကြောက်မက်ဖွယ်သက်ရောက်မှုနှင့် မြှားကို မပစ်နိုင်မည်ကို ရှင်းလင်းစွာသိပေသည်။

အညွှန်းများကို စဉ်းစားကြည့်ရင်း ခေါင်းဆောင်လက်စ်လိုင်းက မှော်ထပ်ဆင့်'လေး'ကို ထပ်မံမြှောက်လျက် သစ်ပင်ကိုချိန်ရွယ်ကာ အခြားခလုတ်ကို နှိပ်လိုက်သည်။

"ရှူး၊ ရှူး၊ ရှူး၊ ရှူး——"

နောက်ကရိုက်ခတ်လာသည့် ဆက်တိုက်အသံများက လေထုတွင်းပြည့်နှက်နေသည်။

ကျည်တောက်ထဲရှိ မြှားငါးဆယ်မှာ အသက်ငါးရှိုက်စာမပြည့်မီတွင်ပင် အပစ်ခံရပြီး သစ်ပင်ထဲသို့ အားလုံး နက်နက်ရှိုင်းရှိုင်း ထိုးဖောက်သွားကြသည်။

နောက်ဆုံးမြှားအား ပစ်လွှတ်လိုက်ချိန်တွင် မြှားများ၏ သိပ်သည်းသောပမာဏ ထိုးဖောက်ခံထားရသည့် သစ်ပင်မှာ နောက်ဆုံးမြား၏ အားနှင့်အတူ အလယ်မှ ထက်ခြမ်းကွဲသွားတော့၏။ သစ်ပင်၏ ထိပ်တစ်ဝက်က မြေပြင်သို့ ကျသွားပြီး နေရာအနှံ့၌ ဖုန်ထသွားစေသည်။

ဗစ်ကောင့်ထ် လက်စ်လိုင်းမှာ သူ့ရှေ့ရှိ ကြောက်မက်ဖွယ်မြင်ကွင်းကြောင့် ကြက်သေ‌,သေနေသည်။ သူက လက်ထဲရှိ 'လေး'ကိုနှိမ့်လျက် အသံတိုးတိုးဖြင့် ဆဲရေးလိုက်၏။ ထို့နောက် ခေါင်းခါလျက် သက်ပြင်းချကာ ပြောလာသည်၊

"အဲ့ဒီ့ ရှုယီ, သူတကယ်ပဲ ဒီလိုကြောက်စရာမှော်လက်နက်မျိုးကို ဖန်တီးထားတာပဲ။ ကြည့်ရတာ... စခ်တိုင်းပြည်ရဲ့ မြေးတွေကတော့ အခက်တွေ့ပြီပေါ့။"

***

မှော်စက်မှု အင်ပါယာ

Vol 3, အခန်း၃။ ဆိုးရွားစုတ်ပြတ်နေသော ကောင့်ထ် စတက်ဂျ်

ကောင့်ထ်စတက်ဂျ်မှာ မကြာသေးခင်ကမှ မကျေမနပ်ဖြစ်နေခဲ့ပြီး ပိုလို့ပင် ဆိုးရွားလာချေသည်။

သူက ကောင့်ထ်စီယန်အတွက် ၃လကြာအောင် ဦး‌ဆောင်ခဲ့ပြီး ယခုတွင် သူအောင်မြင်မှု တစ်ခုမျှမရပါချေ။

ဘန်တာမြို့ကို မလာခင်က သူ၏မိသားစုမှာ သူ့အား မြို့စားနေရာ‌အသေးလေးကို ပေးအပ်ခဲ့ခြင်းက သူ၏ပါရမီကို ဖြုန်းတီးခြင်းဟု ထင်ခဲ့သည်။

သူ့အမြင်၌ ဘန်တာမြို့၏ပြဿနာများမှာ ကိတ်မုန့်ပိုင်းလေးတစ်ခုသာသာပင်။ ၎င်းတို့အနေနှင့် ကျရာလူကို ဤနေရာသို့ ပို့ဆောင်၍ရပြီး ဘန်တာမြို့ရှိ ဘာရွန်ဘယ်လီလိုမျိုး ကလေးငယ်ကို ပို့ဆောင်ရန်ပင် ပြဿနာမဟုတ်ဟု ယူဆခဲ့သည်။

သို့သော် နောက်ဆုံးသူရောက်လာခဲ့သည်မှာ ဘန်တာမြို့က လမ်ပူရီတိုင်းပြည်၏ အဓိက အဖွဲ့ခွဲနှစ်ခုအကြားရှိ ဗဟိုအချက်အချာဖြစ်လာခြင်းကြောင့်သာပင်။

စတက်ဂျ်မိသားစုမှာ မြို့စားရာထူးကို ရယူရန် အင်မတန်ကြီးမားသောတန်ဖိုးကို ပေးခဲ့သည်ဖြစ်ရာ သဘာဝကျကျပင် အမှားတစ်စုံတရာ မရှိနိုင်ပေ။

ဘန်တာမြို့က မြို့ငယ်လေးသာဖြစ်သောကြောင့် စတက်ဂျ်မိသားစု၏ ဦးစီး ဒုခ်စတက်ဂျ်အနေနှင့် ၎င်းကို ဦးဆောင်ရန် မဖြစ်နိုင်ချေ။ အဆုံး၌ ၎င်းတို့က ကောင့်ထ် မန်နယ်စတက်ဂျ်ကို ရွေးချယ်လိုက်တော့သည်။

ဒုခ်စတက်ဂျ်၏ သွေးရင်းညီအနေနှင့် သူ့အား ဒုခ်စတက်ဂျ်က အကြွင်းမဲ့ယုံကြည်ပေသည်။ တစ်ချိန်တည်းတွင် သူက အသက်ပိုကြီးကာ အတွေ့အကြုံနည်းနည်းပိုရှိသောကြောင့် လူများကာ ထိုကိစ္စကို သူနှင့် ထားရန် စိတ်ချကြသည်။

ယင်းမတိုင်ခင်က ကောင့်ထ် စတက်ဂျ်က သူ့မိသားစု၏ ရည်မှန်းချက်ကို လွယ်လွယ်ကူကူဖော်ဆောင်နိုင်မည်ဟု ခံစားမိခြင်းကြောင့် အတော်စိတ်သက်သာခဲ့သည်။ ဘန်တာမြို့က စိုက်ပျိုးရေးကိုအခြေခံထားပြီး စီးပွားရေးကို အဓိကထားသည့် မြို့တစ်မြို့ထက် လုံးဝပိုအရေးပါသည်ဖြစ်ကြောင်းကို လူတိုင်းအား မြင်တွေ့စေခဲ့သည်။

သို့သော် သူဘန်တာမြို့ကိုလာချိန်၌ အစက Frestech ကုန်သည်ကြီးများအသင်း၏ ကိစ္စကိုရင်ဆိုင်ရသည်ကလွဲ၍ မည်သည်ကမှ မချောမွေ့နေပါချေ။

ဘန်တာမြို့သို့ သူရောက်လာပြီးနောက် ဦးဆုံးလုပ်သည့်အရာမှာ ဘန်တာမြို့၏ နယ်မြေကိုအကဲဖြတ်ပြီး သူ၏ ခြောက်ပြစ်ကင်းသော အစီအစဉ်ကို စတင်ခဲ့ခြင်းပင်။ သူဟာ ဆန်းဒ်တွန်အိမ်ရာထဲမှ Frestech ကုန်သည်ကြီးများအသင်းကို ထွက်သွားစေပြီး ရှုယီကို လေပင်လည်ဝံ့‌စေရန်(လေလည်) ခွင့်မပြုထားချေ။

သို့သော် သူက ထို မူဝါဒကို Frestech ကုန်သည်ကြီးများအသင်းအား ထုတ်ပယ်ရန် အကောင်အထည်ဖော်ခဲ့ရုံသာမကချေ။ သူ၏အစီစဉ်အမှန်က ဘန်တာမြို့ရှိ နယ်မြေအားလုံးကို စစ်တမ်းယူရန်ဖြစ်သည်၊ ထိုသို့ဆိုလျှင် ဘန်တာမြို့ရှိ အသုံးဝင်သောနယ်မြေအားလုံးကို ဆောင်းဦးကောက်ရိတ်သိမ်းပွဲမတိုင်ခင် ဖွင့်နိုင်မည်ဖြစ်ကာ ကောက်ရိတ်ပမာဏကို များစွာ တိုးတက်လာစေပေလိမ့်မည်။

သို့ရာ၌ သူ၏နောက်ဆုံးရလာဒ်က သွေးပင်အန်သွားစေ၏။

အကြောင်းမှာ စစ်တမ်းအချက်အလက်၌ ဘန်တာမြို့တော်၏နယ်မြေအားလုံးမှာ ပြန်လည်သိမ်းယူခံခဲ့ရပြီး ၁'ဟက်တာမျှပင် လွတ်နေသည့် နယ်မြေမရှိပါချေ!

(၁ဟက်တာ= ၂.၄၇၁ဧက)

၎င်းသို့ဆိုလျှင် သူဟာ ဘန်တာမြို့၏ ကောက်ပဲသီးနှံအထွက်တိုးရန် မည်သည့်နယ်မြေကိုမှ သိမ်းယူခြင်း မပြုနိုင်တော့ချေ။ သူဟာ အကျိုးမြတ်ကြီးကြီးဖန်တီးရန် ဖြစ်‌နိုင်ချေကို ဆုံးရှုံးသွားရ၏။

စာချုပ်၌ သူသာ ဘန်တာမြို့၏ ယခင်နှစ် ဆောင်းဦးကောက်ရိတ်သိမ်းပွဲ၏ ကောက်ပဲသီးနှံထွက်နှုန်းကိုမရောက်ရှိပါလျှင် သို့မဟုတ် နောက်ကောက်ပင်ကျနေပါလျှင် သူဟာ မြို့စားအဖြစ်တာဝန်ယူခြင်းမှ လုံးဝကျရှုံးပြီဖြစ်သည်။

ယခု သူ့ကို ဖော်ပြခြင်းကပင် မိသားစုကို အရှက်ရစေပြီး၊ သူဟာ စတက်ဂျ်မိသားစုအား အခြားမျိုးရိုးမြင့်များ၏ အပြစ်တင်ခြင်းကို ခံ‌ရစေခဲ့သည်။

ပို၍အရေးကြီးသည်မှာ သူသာ မည်သည့်ရလာဒ်ကိုမှမပြနိုင်ပါလျှင် သူ့အနေနှင့် ဘန်တာမြို့အား ကောင့်ထ်စီယန်၏ ဦးဆောင်မှုအောက်၌ ရှိတုန်းကထက် ပိုမိုခန့်ခွဲနိုင်သည်ကို သက်သေပြနိုင်တော့မည်မဟုတ်ချေ။ ၎င်းက ဘုရင်အား မျိုးရိုးမြင့်များ၏ အကြံပြုချက်ကို ငြင်းဆိုရန် လုံလောက်သည့်အကြောင်းပြချက်ရသွားစေလိမ့်မည်ဖြစ်ကာ တိုင်းပြည်ထဲ၌ စီးပွားရေးတိုးတက်မှုကို ချပြစေလိမ့်မည်ပင်။

ထိုသို့ဆိုလျှင် စတက်ဂျ်မိသားစုအပါအဝင် နိုင်ငံအတွင်းရှိ ၎င်းတို့၏ဂုဏ်သိက္ခာကို ကြီးစွာ သက်ရောက်နိုင်လိမ့်မည်။

၎င်းက သူတို့၏ အဖွဲ့ခွဲ လက်မခံနိုင်သည့်အရာပင်။

ထို့ကြောင့် သူသွေးအန်ချင်နေလျှင်တောင် ကောင့်ထ်စတက်ဂျ်က ထုတ်ကုန်စွမ်းအားကို တိုးမြှင့်ရန် အခွင့်အရေးရဖို့ ကြိုးစားနေမည်ပင်။

နယ်မြေပိုများများ ပြန်လည်သိမ်းယူရန် နည်းလမ်းမရှိတော့သောကြောင့် တစ်ခုတည်းသောနည်းမှာ လူအင်အား တိုးမြှင့်ရန်ပင်။

သို့သော် လူအင်အားပြဿနာကို မည်သို့ ပြင်ဆင်ရမည်ဟု တွေးတောနေရင်း ကောင့်ထ်စတက်ဂျ်က ဟာသကြီးကြီးတစ်ခုကို တွေ့ရှိသွားရတော့၏။

စစ်တမ်းအချက်အလက်ကိုကြည့်ရင်း ကောင့်ထ် စတက်ဂျ်က မြို့သားများထံမှ လယ်မြေတစ်ခုကိုရထားပြီး ထိုမြေ၌ ၎င်းတို့ကိုယ်တိုင် လယ်စိုက်နေကြသည့် ကန်တိုနာကုန်သည်ကြီးများအသင်းကိုတွေ့ရှိသွားလေသည်။

မြို့စားအိမ်တော်၏ စာရင်းများအရ ထိုကန်တိုနာကုန်သည်ကြီးများအသင်းက တကယ်တမ်း တောင်သူလယ်သမား ၇၄၆ဦးထံမှ နယ်မြေကို ခွဲယူထားခြင်းပင်။ ၎င်းက ၂၀ဟက်တျာကိုကျော်လွန်‌နေသည့် နယ်မြေဖြစ်ပြီး ဘန်တာမြို့ရှိ စတက်ဂျ်မိသားစုပိုင်ထက်ပင် ပိုများသေးသည်။

ထိုပြဿနာကိုမြင်ပြီးနောက် ကောင့်ထ်စတက်ဂျ်၏ မျက်လုံးများ တောက်ပသွား၏။

ထို ကန်တိုနာကုန်သည်ကြီးများအသင်း ၎င်းတို့နောက်၌ မျိုးရိုးမြင့်တစ်ဦးမရှိသော်ငြား တကယ်တမ်းမှာ လယ်မြေအများအပြားကို လုယူထားခြင်းပါပင်။ ထိုသည်က ကျိုးကြောင်းမသင့်ရုံမျှမက နိုင်ငံတော်ပုန်ကန်မှုဟုပင် ယူဆနိုင်ချေသည်!

ထို့ကြောင့် ကောင့်ထ်စတက်ဂျ်မှာ မြို့စားအိမ်တော်မှ ကန်တိုနာကုန်သည်ကြီးများအသင်းအား လယ်သမားများ၏ နယ်မြေကို ပြန်ပေးရန် အမိန့်ပေးရင်း ၎င်းတို့ လယ်စိုက်ရန် နယ်မြေရမည်ကိုပါ အာမခံလိုက်သည်။

ကောင့်ထ်စတက်ဂျ်က ၎င်းမှနေရ၍ လူများ၏ထောက်ခံချက်ကို ရလိမ့်မည်ဟုထင်ခဲ့သည်၊ အကြောင်းမှာ သူ့အတွက် ထိုကန်တိုနာကုန်သည်ကြီးများအသင်းက ကောင့်ထ်စီယန်နှင့် အသေအချာကို ချိတ်ဆက်မှုရှိနေခြင်းကြောင့်ပင်။ ၎င်းတို့က ကောင့်ထ်စီယန်၏ လွှမ်းမိုးမှုကို ထိုလယ်သမားများထံမှ နယ်မြေအတင်းအကြပ်ရယူရန် အသုံးပြုခဲ့ကြသည်။

လမ်ပူရီတိုင်းပြည်ရှိ သာမန်လယ်သမားများအားလုံးအတွက် ထိုနယ်မြေကသာ ၎င်းတို့မိသားစုကို ထောက်ပံ့နိုင်သည့် နည်းလမ်းတစ်ခုဖြစ်သည်။ ၎င်းတို့၌ လယ်မြေမရှိပါလျှင် ထိုသာမန်လယ်သမားများမှာ သေသည်အထိ အစာငတ်ခံသွားနိုင်ရုံသာရှိတော့၏။

ထို့ကြောင့် ကောင့်ထ်စတက်ဂျ်က သူ၏လုပ်ရပ်များက တကယ်ကို မှန်ကန်သည်ဟု ခံစားနေမိကာ လူတိုင်း၏ ချီးမြှောက်မှုကိုခံယူရန်ပင် ပြင်ဆင်ထားခဲ့သည်။

သို့သော် ကိစ္စများမည်သို့ဖြစ်သွားမည်ကို ဘယ်တုန်းကမျှ တွေးမထားခဲ့ပါချေ။

ကန်တိုနာကုန်သည်ကြီးများအသင်းအား နယ်မြေပြန်ပေးရန် အမိန့်ပေးလိုက်ချိန်တွင် ကန်တိုနာကုန်သည်ကြီးများအသင်းက ဆန္ဒဖော်ထုတ်လာကြ၏။ ၎င်းတို့က ထိုနယ်မြေများကိုရယူထားခြင်းမှာ မြို့စားအိမ်တော်၏ ထောက်ခံချက်ရထားပြီး မည်သည့်ပြဿနာမရှိဘဲ အားလုံးအကျိုးကြောင်းသင့်ကြောင်း ပြောလာကြသည်။

ကောင့်ထ်စတက်ဂျ်က ကန်တိုနာကုန်သည်ကြီးများအသင်း၏ ဆန္ဒဖော်ထုတ်မှုများကို ပြင်ဆင်ထားပြီးဖြစ်သည်။ သူဟာ ချက်ချင်းပင် ယခင်မြို့စား၏ ကတိကဝတ်များက လက်ရှိမြို့စားနှင့် မသက်‌ဆိုင်ဟု ပြောကြားကာ၊ ထို့ကြောင့် မြို့စားအိမ်တော်၌ စာရင်းပေးခဲ့သော စာချုပ်များက တရားမဝင်ဖြစ်လာကြသည်။ ၎င်းတို့မှာ ထိုစာချုပ်များကို မထည့်သွင်းခင် အကျိုးကြောင်းသင့်မသင့်ကို စုံစမ်းရပေမည်။

သို့သော် ထို‌ပြန်လည်ဖြေကြားမှုက ကန်တိုနာကုန်သည်ကြီးများအသင်းကြောင့် ဒေါသတကြီးပြန့်နှံ့သွားသည်။ ဘန်တာတိုင်းမ်စ်က တင်လိုက်ရုံသာမက ဘန်တာမြို့တစ်ဝိုက်ရှိ မြို့များ၏သတင်းစာများကပင် ၎င်းကို ဖော်ပြထားကြသည်။

ကောင့်ထ်စတက်ဂျ်က ၎င်းကို ဘန်တာမြို့နှင့် အနီးတစ်ဝိုက်မြို့များ၌ ဆူညံမှုတစ်ချို့‌ဖြစ်စေမည့် ကိစ္စအသေးလေးဟုသာ တွေးထင်ထားခဲ့သည်။ ထို့အပြင် ကောင့်ထ်စတက်ဂျ်ကို ထောက်ပံ့ပေးမည့်အရာကလွဲ မည်သည်မှမဟုတ်ချေ။

သူ့ဘက်၌ ရှိသည်ဟု ကောင့်ထ်စတက်ဂျ်ထင်ခဲ့သော မျိုးရိုးမြင့်များသည်ပင် အသံတိတ်နေကြပြီး တချို့မျိုးရိုးမြင့်များဆိုလျှင် ၎င်းကိုပင် ဆန့်ကျင်ကြ၏။

မျိုးရိုးမြင့်များနှင့် နှိုင်းစာသော် မြို့သူမြို့သားများ၏ တုံ့ပြန်မှုက ပိုလို့ပင် ပြင်းထန်လေ၏။

အစီရင်ခံစာ ဘန်တာတိုင်းမ်စ်၌ ထွက်ရှိလာပြီးနောက်၌ ဘန်တာမြို့ရှိ လုပ်ငန်းစုများနှင့် ပတ်ဝန်းကျင်မြို့များသည်ပင် မြို့စားအိမ်တော်သို့ ရောက်လာကြသည်။ ၎င်းတို့က ကောင့်ထ်စတက်ဂျ်ကို မြို့စားအိမ်တော်နှင့် လက်မှတ်ထိုးခဲ့သော စာချုပ်များအား လက်ခံပေးရန် တောင်းဆိုကြ၏။

လုပ်ငန်းစုများစွာကလည်း ကောင့်ထ်စတက်ဂျ်၏လုပ်ရပ်များကြောင့် လိမ္မာပါးနပ်စွာ သို့မဟုတ် ပြတ်သားစွာဖြင့် ပြောကြသည်၊ ၎င်းတို့က မြို့စားအိမ်တော်အား ယုံကြည်မှုပျောက်ဆုံးသွားတော့သည်။ ၎င်းတို့၏ စာချုပ်များ တရားမဝင်ဖြစ်လာရန်နှင့် မြို့စားအိမ်တော်ကို စာရင်းများကို ဖြေရှင်းရန် တောင်းဆိုကြသည်။

ထိုအခြေနေနှင့် ရင်ဆိုင်ရပြီး ကောင့်ထ်စတက်ဂျ်မှာ အံ့ဩနေ၏။ မြို့စားအိမ်တော်၏ ရုံးဝန်ထမ်းများအား လုပ်ငန်းစုများနှင့်စာချုပ်ကို ရေတွက်ခိုင်းလိုက်ချိန်တွင် ကောင့်ထ်စီယန်လက်အောက်၌ ဘန်တာမြို့,မြို့စားအိမ်တော်က လုပ်ငန်းစု ၇၃ခုနှင့် စာချုပ်ချုပ်ဆိုခဲ့သည်ကို တွေ့ရင်း ထိတ်လန့်သွားရတော့သည်!

ထို လုပ်ငန်းစု ၇၃ခုတွင် ထုတ်ကုန်နှင့် ဝန်ဆောင်မှု အမျိုးအစားအလုံးစုံရှိပြီး ဆန်ဒီမြစ်ကမ်းများ၌ အဝတ်လျှော်ရန် ပြုပြင်မွမ်းမံခြင်းမှ မြို့စားအိမ်တော်၏မီးဖိုချောင်သုံးများပင်ပါဝင်လေသည်။

ထိုလုပ်ငန်းစုများနှင့် မြို့စားအိမ်တော်ကြားရှိ စာချုပ်သာ တရားမဝင်တော့ပါလျှင် မြို့စားအိမ်တော်နှင့် ငွေဝင်ငွေထွက်အားလုံး ရပ်တန့်သွားမည်ဖြစ်ကာ ဘန်တာမြို့တော်က တမုဟုတ်ချင်း ချုံးချုံးကျသွားပေလိမ့်မည်။

ထိုအချိန်မှ ကောင့်ထ်စတက်ဂျ်က လွန်စွာရူးမိုက်သည့်အရာကို ပြုလုပ်ခဲ့မိမှန်း တွေ့ရှိသွားတော့သည်။ သူက သူနှင့် မြို့စားအိမ်တော်ဝန်ထမ်းများ ပူပန်ရမည့် အခြေအနေကို ဖန်တီးခဲ့သည်။

တကယ်တမ်း ရိုးသားရလျှင် ၎င်းက သူ၏အမှားမဟုတ်ပါချေ။

၎င်းက လမ်ပူရီတိုင်းပြည်ရှိ အခြားနေရာများ၏ အတွေ့အကြုံကို အခြေခံထားခြင်းကြောင့်ပင်၊ ထိုနေရာများ၌ မည်သည့်လုပ်ငန်းစုများကမှ မြို့စားအိမ်တော်ကို မဆန့်ကျင်ဝံ့ကြချေ။ ထိုသည်မှာ မြိုးစားနှင့်ယှဉ်လျှင် လုပ်ငန်းစုလေးက မည်သည့်အရာမှမဟုတ်ခြင်းကြောင့်ဖြစ်၏။

သို့သော် ဘန်တာ‌မြို့တော်က လမ်ပူရီတိုင်းပြည်၏ အခြားနေရာများနှင့် ကွဲပြားသည်။

မြို့ထဲရှိ လုပ်ငန်းစုတိုင်းနီးပါးမှာ ၎င်းတို့၏ အကျိုးအမြတ်အတွက် မြို့စားအိမ်တော်ကိုပင် မာန်ဖီပြဝံ့ပြီး ကျိုးကြောင်းလည်းသင့်လျော်ကြသည်။

ကန်တိုနာကုန်သည်ကြီးများအသင်းလိုမျိုးပင် ၎င်းတို့က ကောင့်ထ်စတက်ဂျ်ကို မျက်လုံးထဲထည့်မထားကြချေ။ ကောင့်ထ် စတက်ဂျ်ထံမှ သာမန်တုံ့ပြန်မှုနှင့် ကြုံဆုံရချိန်၌ ၎င်းတို့က ဒေါသနှင့် မနာခံမှုကို မမြိုသိပ်ကြဘဲ ကောင့်ထ် စတက်ဂျ် ကို ဒေါသထွက်ခြင်း၏ အကျိုးဆက်ကိုပင် ဂရုမိစိုက်ကြကာ ထိုကိစ္စအား လူတိုင်းဆီ တိုက်ရိုက် ဖော်ပြကြသည်။

ပိုအရေးကြီးသည်မှာ ဘန်တာမြို့တော်နှင့် အနီးဝန်းကျင်မြို့များရှိ သတင်းစာနယ်ပယ်က အင်မတန် တိုးတက်နေခြင်းပင်။ ထိုသို့သော သတင်းကြီးမဆိုထားနှင့် သတင်းစာထဲရှိ သတင်းအပိုင်းသေးသေးလေးကိုပင် လူတိုင်း သိကြမည်ဖြစ်သည်။

အရာအားလုံးကို လူတိုင်းရှေ့ ချပြလိုက်လျှင် ကောင့်ထ်စတက်ဂျ်အနေနှင့် ကန်တိုနာကုန်သည်ကြီးများအသင်းကို ဖိနှိပ်ရန် အာဏာကို ဒီတိုင်း မသုံးရဲပါချေ။ ထို့အပြင် သူဟာ ၇၃ခုသောလုပ်ငန်းစု အကြီးအသေးများ၏ တောင်းဆိုမှုများနှင့် ရင်ဆိုင်ရပေဦးမည်။

သို့သော်... ပြောရလျှင် ထိုကိစ္စ၌ ကောင့်ထ်စတက်ဂျ်၏ ထင်မြင်ချက်ကို အဆန့်ကျင်နေဆုံးအရာမှာ လယ်သမားများ၏ တုံ့ပြန်ချက်ပါပင်။

ကောင့်ထ် စတက်ဂျ်က ကန်တိုနာကုန်သည်ကြီးများအသင်းဆီမှ လယ်သမားတို့၏ လယ်မြေများကို ပြန်ယူရာ၌ ကူညီခြင်းအားဖြင့် ထိုလယ်သမားများက သူ့ကို သေချာပေါက် ကျေးဇူးတင်ကြလိမ့်မည်ဟု တွေးထင်ခဲ့သည်။

သို့သော် ထိုလယ်သမားများအား နယ်မြေ ပြန်ယူပေးမည့်အကြောင်း သတင်းပေးခိုင်းလိုက်ချိန်၌ အေးစက်စက်မျက်နှာထားများနှင့် ကြုံရကာ အခြားလူ၏ စီးပွားရေးကို နှောင့်ယှက်နေသည်အတွက် ထို လယ်သမားများက ဆူငေါက်မည်ဟု ထင်မထားခဲ့ပါချေ။

ပိုမိုကြီးမားသည်မှာ ဒေါသထွက်နေသည့် လယ်သမားအမြောက်အများက ၎င်းတို့ကို ဂရုမစိုက်ခြင်းကြောင့်ဆူငေါက်ကာ ကောင့်ထ်စတက်ဂျ်က မြို့စားဖြစ်ရန် မထိုက်တန်ဟု ဆိုကြသည်။

ထိုလူများ၏ဆန့်ကျင်မှုနှင့် ရင်ဆိုင်ရသောအခါ ကောင့်ထ်စတက်ဂျ်က ၎င်းတို့နားမလည်ခြင်းကြောင့် ဟူ၍သာ မိမိကိုယ်ကို ဖြေသိမ့်ခဲ့သော်လည်း ထိုလယ်သမားများ၏ ကျိန်ဆဲမှုများကို ကြုံရသောအခါ စိတ်ပင် ထိန်းမထားနိုင်တော့ပါချေ။

သူ နားမလည်ပါချေ။ သူက ထိုလယ်သမားများ၏ နယ်မြေကို ပြန်ယူရန် ရှင်းရှင်းလင်းလင်း ကူညီပေးနေသည်ကို အဘယ့်ကြောင့် ထိုသို့ တုံ့ပြန်ကြသနည်း?

ဖြစ်နိုင်တာက... အဲဒီ့လယ်သမားတွေ သူတို့ရဲ့ နယ်မြေကို မလိုချင်လို့များလား?

***

မှော်စက်မှုအင်ပါယာ

Vol3, အခန်း၄။ စုံစမ်းစစ်ဆေးခြင်း

"အဓိပ္ပာယ်မရှိတာ! ငါ လယ်လုပ်ရင် ငါ့မိသားစုကို ဆာလောင်တာကနေ ကေင်းကောင်းကာကွယ်နိုင်မယ့် ကြေးတစ်ပြားတောင် မသိမ်းနိုင်ဘူးလေ။ ဒါပေမယ့် လယ်လုပ်တာကလွဲ တခြားအရာတွေလုပ်ရင်ပေါ့၊ အခြားအရာတွေကိုမပြောနဲ့ဦး၊ မြို့က လုပ်ငန်းစုတချို့မှာ အလုပ်ရှာရင် အနည်းဆုံးတစ်လကို ရွှေဒင်္ဂါးဆယ်ပြားဝင်တော့ တစ်နှစ်ကို ရွှေဒင်္ဂါးတစ်ရာကျော်ထိရှိတာပေါ့! ဒါက တစ်နှစ်ပတ်လုံးအတွက် ဆန်ဝယ်ရင်တောင် တခြားအရာတွေထပ်ဝယ်ဖို့ နောက်ထပ် ရွှေဒင်္ဂါးငါးဆယ်ကျန်ဦးမယ်လို့ ဆိုလိုတာပဲကွ! ငါဘာလို့လယ်ဆက်မလုပ်ချင်တဲ့အကြောင်းကိုတော့ မတွေးကြည့်ရတာလဲ?"

ဆာခိုဇီက မျက်လုံးလှိမ့်လိုက်ပြီး မြို့စားအိမ်တော်ကနေ ပို့လိုက်တဲ့ ထောက်လှမ်းရေးအရာရှိကို စိတ်ပျက်ပျက်နဲ့ ကြည့်လိုက်တယ်။ သူက ငတုံးမြို့အရှင် နောက်လိုက်နေတဲ့ ဒီအရာရှိကလည်း ငတုံးပဲလို့ ထင်တယ်။

ဒီလိုသိသာနေတဲ့အချက်ကို လာမေးဖို့က လိုနေသေးလို့လား?

ဒါက အခြေခံအကျဆုံးပြဿနာလေ၊ သူ့လိုကျောင်းမသွားဖူးတဲ့ အသက်ခြောက်ဆယ်အရွယ် လယ်သမားတစ်ယောက်တောင်မှာ ဒါကိုလွယ်လွယ်နားလည်နိုင်တာကို ဒီလို တန်ဖိုးကြီးပုံရတဲ့ ဝတ်စုံကိုဝတ်ထားတဲ့လူက နားမလည်ဘူးလား။ အဲဒီ့ ငတုံးမြိုစားကို ကူညီနေတဲ့ အရာရှိတွေအားလုံးက အတူတူဖြစ်နေကြပြီး သူတို့ခေါင်းထဲမှာ ဒီလိုအရာကိုနားမလည်‌နိုင်အောင်ထိ ကောက်ရိုးပဲရှိနေတာလား?

ထိုလူအိုကြီး၏မျက်နှာထက်က ရှင်းလင်းသည့်စိတ်ပျက်မှုကို မြင်သောအခါ အရာရှိ မိုယာက သိပ်ခံစားလို့မကောင်းတော့ချေ။

အခြားအချိန်၌ဆိုလျှင် နိမ့်နိမ့်ကျကျမွေးဖွားလာပြီး ပျက်စီးကြမ်းတမ်းသည့်လက်များနှင့် လယ်သမားအိုကြီးကို သူကသာ စိတ်ပျက်နေရမှာပင်။ မြို့စား၏ အထူးညွှန်ကြားချက်များကြောင့်သာမဟုတ်လျှင် သူက မည်သို့များ စိုစိညစ်ပတ်ပြီး နောက်ပိုင်းကျသော မက်စီလန်ရွာလို နေရာကို မည်သို့လာမည်နည်း?

မြို့စားသခင်၏ လေးနက်သည့်ညွှန်ကြားမှုကို တွေးကြည့်ရင်း မိုယာက စိတ်ထဲရှိ မပျော်ရွှင်မှုကို ဖိနှိပ်ကာ ဖော်ရွေသည်ဟု ထင်ရသည့်အပြုံးကို ထိန်းထားလိုက်တော့သည်။

သူက ဆာခိုဇီကိုဆက်မေး၏၊ "ဒါပေမယ့် ခင်ဗျားမှာ ဒီလယ်မြေရှိနေသရွေ့ကတော့ အနည်းဆုံး ခင်ဗျားမိသားစု အဆာမငတ်ကြောင်း အာမခံနိုင်တယ်လေ။ ဒါပေမယ့် ခင်ဗျား လုပ်ငန်းစုမှာလုပ်ပြီး ခင်ဗျားရဲ့ လစာက မြင့်နေနိုင်ပေမယ့်လည်း ဒီအလုပ်ကို အချိန်မရွေးဆုံးရှုံးနိုင်ပြီး ဒီပိုက်ဆံတွေလည်း ဆုံးနိုင်တယ်မဟုတ်လား?"

မိုယာသာ ၎င်းကို မမေးခဲ့လျှင်တောင် ကောင်းဦးမည်၊ သို့သော် သူမေးလိုက်သည်နှင့် ဆာခိုဇီ၏မျက်လုံးများက ရုတ်တရတ်ပြူးထွက်လာသည်။ သူက ဒေါသထွက်ထွက်နှင့် မြေပြင်ပေါ်သို့ သူ့လက်ထဲက သံမဏိမီးဖိုကို ရိုက်လိုက်ကာ မိုယာကို ညွှန်ပြရင်း ဆူလိုက်၏။

"မင်းဒီလိုမေးတာကို မရှက်ဘူးလားကွ? မင်းတို့ မြို့စားက စိုက်ပျိုးရေးမူဝါဒကို ချပြဖို့အတွက်ကြောင့်သာမဟုတ်ရင် ဆန်ဒီရယ်ကုန်သည်ကြီးများအသင်းက ဘန်တာမြို့ကနေ မထွက်ခွာဘဲ ငါ့သားကလည်း အဲ့က သူ့အလုပ်ကို ဆုံးရှုံးရမှာမဟုတ်ဘူး! မင်းသိလား ဆန်ဒီရယ်ကုန်သည်ကြီးများအသင်းမှာ သူ့လစာက ရွှေဒင်္ဂါးနှစ်ဆယ်နီးပါးလောက်ရှိနေပြီ! မင်းတို့အားလုံးကြောင့်သာ သူ့အလုပ်ကို ဆုံးရှုံးရုံတင်မကဘူး မြို့ထဲမှာ နောက် ဘာအလုပ်ကိုမှ ရှာလို့မရတော့ဘူး! ဒါတွေ အားလုံး မင်းတို့ကြောင့်ပဲ!"

မိုယာက ဆာခိုဇီ၏ ဒေါသရုတ်တရတ်ပေါက်ကွဲလာမည်ဟု မထင်ထားခဲ့ချေ။ ခဏမျှ အံ့ဩသွားပြီးနောက် သူ့မျက်နှာကိုစမ်းလိုက်ရာ ထိုလယ်သမားအိုကြီးထံမှ တံတွေးအမြောက်အများရှိနေသောကြောင့် သူ့စိတ်နှလုံး၌ ရွံရှာမှုအပေါင်း ခညောင်းသွားတော့၏။ XD

လှည့်ထွက်သွားချင်စိတ်ကို ကြိုးကြိုးစားစားဖိနှိပ်ထားပြီးနောက်၌ မိုယာက အသက်ပြင်းပြင်းရှူလျက် တည်တည်ငြိမ်ငြိမ်ပြောရန် အားတင်းလိုက်သည်၊

"ဒါက ဆန်ဒီရယ်ကုန်သည်ကြီးများအသင်းရဲ့ ဆုံးဖြတ်ချက်ပါ၊ ကျုပ်တို့မြို့စားအိမ်တော်ကို အပြစ်တင်လို့မရဘူး မဟုတ်လား?"

"ခ-ျီးပဲ! မင်းတို့မြို့စားအိမ်တော်က Frestechကုန်သည်ကြီးများအသင်းနောက်ကို လိုက်နေတာကြောင့်သာမဟုတ်ရင် ဆန်ဒီရယ်ကုန်သည်ကြီးများအသင်းက ဘယ်လိုလုပ်ထွက်သွားမှာလဲ? ဆန်ဒီရယ်ကုန်သည်ကြီးများအသင်းသာ ထွက်မသွားရင် ငါ့သားက အလုပ်ဆုံးရှုံးမလား? ပြီးတော့ မင်းတို့က ငါတို့ရဲ့ဘန်တာမြို့လုပ်ငန်းစုတွေကို တွန်းအားပေးပြီး အဲဒီ့ သောက်ကျိုးနည်းစိုက်ပျိုးရေးမူဝါဒကိုလုပ်နေတာကြောင့် ဘန်တာမြို့ထဲမှာ အလုပ်တွေပိုနည်းလာတယ်! ငါတစ်ယောက်တည်း မင်းတို့ကို အပြစ်တင်နေတာလို့ ထင်နေလား?" ဆာခိုဇီ၏ မျက်လုံးများက ယဉ်ကျေးမှုလုံးဝမရှိဘဲ ပြူးကျယ်လာသည်။

မိုယာက ဆာခိုဇီပါးစပ်မှနေ၍ တံတွေးကို ရှောင်ရန် ခြေလှမ်းအတော်များများဆုတ်လိုက်သည်။ သူက မြန်မြန်ငြင်းဆန်လိုက်၏၊ "မြို့စားက ဒီစိုက်ပျိုးရေးအထောက်မူဝါဒကို လယ်သမားတွေကောင်းဖို့ ချပြတာပါ၊ မြို့စားရဲ့နာကျင်မှုကို ဘာလို့နားမလည်ရတာလဲ?"

"ငါတို့ကောင်းဖို့? ခ-ျီးပဲ!" ဆာခိုဇီက အေးစက်စက်ရယ်ရင်းပြောလိုက်တယ်၊ "ငါတို့ကောင်းဖို့က လစာမြင့်မြင့်ရတဲ့အလုပ်တွေကို ဆုံးရှုံးရဖို့လား။ ငါတို့ကို အဲဒီ့သောက်လယ်ကွင်းတွေထဲ နာနာခံခံ ပြေးသွားစေချင်သေးတယ်ပေါ့? ငါတို့ကိုယ်တိုင်တောင် စားရမလားမသိဘဲ တစ်နှစ်လုံး မနားဘဲ အလုပ်လုပ်ရမယ်‌ပေါ့လေ? ဒါက လယ်သမားတွေကောင်းဖို့ အတွက်လား? ငါတို့မသိဘူးများထင်နေတာလား! ခမာမြို့ရဲ့သတင်းစာမှာ မြို့စားက သူ့ရဲ့ကိုယ်ပိုင်အောင်မြင်မှုအတွက် အားလုံးလုပ်တာပဲတဲ့!"

မိုယာ၏ အမူအရာပြောင်းသွား၏။ သူဟာမက်စီလန်မြို့က သာမန်လယ်သမားအိုကြီးတစ်ဦးအနေနှင့် ကီလိုမီတာပေါင်းဒါဇင်ချီဝေးသည့် ခမာမြို့မှ သတင်းစာကို ဖတ်တတ်ကာ အောင်မြင်မှုဆိုသည့် စကားလုံးကိုပင် နားလည်မည်ဟုထင်မထားခဲ့ပါချေ။

ထိုသို့တွေးလျက် မိုယာကဆက်ရှင်းပြလိုက်၏၊

"ဘန်တာမြို့ရဲ့ ကောက်ပဲသီးနှံအထွက်နှုန်းတိုးလာရင် ခင်ဗျားတို့အားလုံးဖို့ကောင်းတာမဟုတ်ဘူးလား? မတိုင်ခင်က ခင်‌ဗျား ဆာလောင်ခဲ့ပုံကို မေ့သွားပြီလား?"

"ခ-ျီးလား! ငါတို့အရင်က ဆာလောင်တယ်။ ဒါပေမယ့် ငါတို့ဘန်တာမြို့သားတွေ လွန်ခဲ့တဲ့ ၂နှစ်အတွင်းဘယ်အချိန်က ဆာလောင်ခဲ့ဖူးလို့လဲ?" သူက လူတိုင်းကို လယ်ကွင်းထဲ ပြန်ဆင်းခိုင်းရင်တောင် အထွက်နှုန်းက များများစားစားတိုးလာမှာမဟုတ်ဘူး၊ ဒါကြောင့် သူ့ကိုလက်လျှော့ခိုင်းလိုက်!"

ဆာခိုဇီက တကယ်ပဲ မြို့စားပူပန်‌နေဆုံးအရာကို ဖော်ပြလာသည်အား ကြားသော် မိုယာက သာမန်လယ်သမားဟုထင်ရသည့် လူက သူတွေးထားသည် များစွာသိနေသည်ကို နားလည်သွားတော့သည်။

လမ်ပူရီတိုင်းပြည်၏ အခြားမြို့များ၌ မည်သည်ကိုမှ နားမလည်သည့် အခြားသောလယ်သမားများထက် ၎င်းက အနည်းငယ် ပိုကောင်းနေသည်။

သူ၏ ထောက်လှမ်းရေးရှုထောင့်မှဆိုလျှင် ထက်မြတ်သည့် လူများထံမှ အဖြေရဖို့က ပိုလွယ်သော်လည်း မိုယာ ကိုယ်တိုင်အတွက်တော့ မည်သည်ကိုမှမသိသည့် လယ်သမားတစ်ဦးနှင့်သာ ပြောလိုက်ချင်သည်။

မြို့စားအရှင်ကလည်း ထိုသို့တစ်ထပ်တည်းတွေးမည်မှာ ရှင်းလင်းပါ၏။

ဘန်တာမြို့ရဲ့လယ်သမားတွေသာ လမ်ပူရီတိုင်းပြည်ရဲ့ အခြားမြို့တွေက ဂရုမစိုက်တဲ့လယ်သမားတွေလိုသာဆိုရင် ဘယ်လောက်တောင်ကောင်းလိုက်မလဲ။ ဒီလိုဆိုရင် မြို့စားလည်း လယ်သမားတွေကို နယ်မြေဘယ်လို‌ပြန်ပေးပြီး ကောက်ပဲသီးနှံအထွက်နှုန်းတိုးဖို့ ဘယ်လိုလုပ်ရမလဲဆိုပြီး ကြီးကြီးမားမားခေါင်းကိုက်နေဖို့ မလိုတော့ဘူး။

ထိုသို့‌တွေရင်း မြို့စားထံ တစ်စုံတစ်ခု အစီရင်ခံဖို့ရာ မိုယာက သူ့ဒေါသကိုဖိနှိပ်လျက် ဆာခိုဇီကိုပြောလိုက်၏။

"မြို့စားအရှင်ရဲ့အစီအစဉ်က ရေရှည်အတွက်ပါ၊ အခုတော့ ခင်ဗျား နားမလည်ဖို့ဖြစ်နိုင်ပေမယ့် ခင်ဗျား မြို့စားကိုယုံမှရမယ်။ သူက သေချာပေါက် ခင်ဗျားတို့လယ်သမားတွေအတွက် ကောင်းတဲ့ကိစ္စကိုလုပ်ပေးနေတာပါ။ ခင်ဗျားတို့ မြို့စားရဲ့အစီအစဉ်ကို နားထောင်နေသရွေ့ ၂နှစ်လောက် မဆာလောင်ရရုံမက အနာဂတ်မှာလည်း ဘယ်တော့မှ ဆာလောင်နေရမှာ မဟုတ်တော့ဘူးလို့ ကျုပ်ပြောရဲတယ်။ ခင်ဗျားတို့ Frestechကုန်သည်ကြီးများအသင်းကို ထောက်ပံ့ရင်တောင် သူတို့က ခင်ဗျားတို့စားဖို့ ဘာအစာကိုမှမလုပ်ပေးနိုင်ဘူး။"

"ထားလိုက်တော့" ဆာခိုဇီက ရယ်လာတယ်၊ "မင်းက Frestechကုန်သည်ကြီးများအသင်းကို အထင်သေးနေတာလား? မင်းတို့မှာသာ အရည်ချင်းရှိရင် ဘန်တာမြို့က Frestechကုန်သည်ကြီးများအသင်းကနေ စိုက်ပျိုးရေးမှော်စက်တွေ သုံးတာရပ်မယ်လို့ မြို့စားကိုပြောလိုက်ပါလား?"

မိုယာက တမုဟုတ်ချင်း ဆွံ့အသွားသည်။

၎င်းက သူပဲဖြစ်ဖြစ် မြို့စားပဲဖြစ်ဖြစ် Frestechကုန်သည်ကြီးများအသင်းကို မုန်းတီးလျှင်တောင် ထိုစိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းများ၏ အထောက်အပံ့ကိုဆုံးရှုံးရလျှင် ကောက်ပဲသီးနှံအထွက်တိုးခြင်းကို မဆိုထားနှင့် ၎င်းတို့မှာ ဘန်တာမြို့ရှိ လယ်မြေအားလုံးကိုပင် ဖွင့်နိုင်လိမ့်မည်မဟုတ်ချေ။

မိုယာက မည်သည်ကိုမှ မပြောသည်ကိုမြင်သော် ဆာခိုဇီက အေးစက်စက်ရယ်လာ၏၊ "မင်းတို့တွေက မသိဘဲနဲ့ မေးခွန်းတွေဆက်မေးရင်း ငါ့အချိန်ကို ဖြုန်းနေတာပဲ။ ထားပါတော့၊ ငါ ခိုရိုရွာမှာ အစည်းအတေးတက်စရာရှိသေးတော့ မင်းနဲ့ စကားလုံးတွေကို မဖြုန်းတီးတော့ဘူး။ နှုတ်ဆက်ပါတယ်"

ထိုသို့ပြောပြီးနောက် ဆာခိုဇီက သူ၏ဂေါ်ပြားကိုထမ်းလျက် လှည့်ထွက်သွား၏။ မိုယာက ဆာခိုဇီထွက်သွားသည်ကို ဝေဝါးစွာကြည့်နေမိသည်။ အနည်းငယ်တွေးတောပြီးနောက်၌ သူက ဆက်နေဖို့ရန် အတော်လေး ဉာဏ်ကောင်းလွန်းနေသော လယ်သမားအိုကြီးကို မည်သို့ပြောရမည်မှန်း မတွေးနိုင်တော့ချေ။ အချိန်အနည်းငယ်ကြာ ဝေဝါးနေပြီးနောက် မိုယာက သူတို့နှစ်ဦးပြောနေသည်ကို စောင့်ကြည့်နေသည့် ရွာသားများကို လှည့်ကြည့်လိုက်သည်။ သူကစုံစမ်းမှု ဆက်လုပ်ချင်သော်လည်း ထိုရွာသားများက သူကြည့်လာသည်ကိုမြင်ချိန်တွင် သူက ပုလိပ်ရောဂါလိုမျိုး ချက်ချင်းပင် သူ့ကိုရှောင်ရှားလိုက်ကြသည်။ ၎င်းတို့က တမုဟုတ်ချင်း လူစုကွဲကာ မိုယာကို လမ်းမ၌ ရပ်လျက် ကျန်နေစေခဲ့သည်။

မိုယာက မက်စီလန်ရွာကို မနီးမဝေးမှကြည့်ရင်း ခါးသက်သက်ရယ်လိုက်၏။ ထိုစုံစမ်းမှုအတွက် သူဟာ ရွာသား ၁၆ဦးကို ပြောခဲ့ပါသော်လည်း ထို၁၆ယောက်မှာ ထူးဆန်းစွာပင် တစ်ထပ်တည်းတူသည့်အရာကိုပြောခဲ့ကြသည်။ ၎င်းတို့အားလုံးက မြို့စားအရှင်၏ စိုက်ပျိုးရေးဆိုင်ရာမူဝါဒများကို ခိုင်ခိုင်မာမာ ဆန့်ကျင်နေကြသည်။

ထိုရလာဒ်ကို အခြေခံပြီး ရလာဒ်များကရှင်းလင်းနေသောကြောင့် ထိုစုံစမ်းစစ်ဆေးခြင်းက ဘာအဓိပ္ပာယ်မှမရှိတော့ပါချေ။

သို့သော် သူသာ ထိုရလာဒ်များကို မြို့စားအရှင်ထံ ယူသွားပါက စောင့်ကြိုနေသည်က မုန်တိုင်းတစ်ခုသာ ဖြစ်မည်ကို သိလေသည်။

ပုံမှန်အခြေအနေတွင် မြို့စားအရှင်က ထိုလယ်သမားများ၏ အ‌တွေးကို လုံးဝဂရုစိုက်လိမ့်‌မည်မဟုတ်ချေ။

သို့သော် ယခုအချိန်၌ မြို့စားအရှင်၏ နံပါတ်တစ်ပန်းတိုင်မှာ ဘန်တာမြို့၏ ကောက်ပဲသီးနှံအထွက်တိုးပြီး သူ၏မူဝါဒများက လမ်းကြောင်းအမှန်၌ရှိသည်ကို သက်သေပြရန်ဖြစ်ကာ မြို့စားအရှင်နောက်ရှိ မျိုးရိုးမြင့်အဖွဲ့ခွဲက မှန်ကန်ကြောင်းကိုလည်း သက်သေပြနိုင်ရန်ပင်။

Frestech ကုန်သည်ကြီးများအသင်းဆီမှ စိုက်ပျိုးရေးဆိုင်ရာမှော်စက်ပစ္စည်းများအကူအညီဖြင့် ယခင်မြို့စား ကောင့်ထ်စီယန်က ဘန်တာမြို့ရှိ လယ်မြေ ပမာဏအများအပြားကို ပြန်လည်ရယူခဲ့သည်။

သူက အလားအလာအလုံးစုံမှ ဘန်တာမြို့ကို လုံးဝရှင်းလင်းလုနီးပါးပင်။

လက်ရှိမြို့စားကောင့်ထ် စတက်ဂျ်သာ ကောက်ပဲသီးနှံအထွက်နှုန်း တိုးတက်စေချင်ပါလျှင် လယ်စိုက်ရာ၌ နှစ်များစွာ အတွေ့အကြုံရှိသည့် လယ်သမားများကို ထောက်ပံ့ရပေမည်။

အထူးသဖြင့် ဆာခိုဇီကဲ့သို့ အတွေ့အကြုံကြွယ်ဝသည့် လယ်သမားအိုကြီးပင်၊ သူက ယခုတွင် မြို့စားအရှင်အတွက် ရတနာတစ်ပါးဖြစ်၏။

ထို့ကြောင့် မိုယာက မပျော်မရွှင်ဖြစ်နေပါလျှင်တောင် ဆာခိုဇီကို မပြသဘဲ စည်းရုံးရန် ဆက်ကြိုးစားရပေမည်။

သို့သော် ဆာခိုဇီက ကျောက်တုံးလိုခေါင်းမာလှပြီး မိုယာကို လုံးဝအခွင့်အရေးမပေးပါချေ။

"ငါဒီလိုပဲ ပြန်သွားရမှာလား?" မိုယာက ခါးသက်သက်ပြုံးလျက် အနည်းငယ်တွေးတောနေလိုကခဟ။ သူက ရုတ်တရတ် သူ့ရှေ့၌ ဆာခိုဇီဝတ်ထားသလို ဝတ်ကာလျှောက်လာကြသည့် လယ်သမားသုံးဦးကို ရုတ်တရတ်မြင်လိုက်ရသည်။

သူ၏မျက်လုံးများက အလယ်ရှိ လယ်သမား၏မျက်နှာဆီရောက်သွားချိန်၌ မိုယာ၏ မျက်လုံးများလင်းလဲ့သွားကာ ထိုလူကို စကားဆိုရန် မြန်မြန်လျှောက်သွားလိုက်တော့သည်။

***

မှော်စက်မှုအင်ပါယာ

Vol 3, အခန်း ၅။ မြို့စားအရှင်အတွက် ပြဇာတ်ကပြခြင်း

ဆာခိုဇီက ခိုရိုရွာရှိ ကန်တိုနာကုန်သည်ကြီးများအသင်း၏ရုံးသို့ဝင်သွားကာ ချက်ချင်း ရယ်မိသွားသည်။

"ဟေး၊ အဘိုးကြီး ဆာခိုဇီ ဘာအတွက်နဲ့ အဲဒီ့ သံဂေါ်ကိုသယ်ထားတာလဲ? လယ်လုပ်ဖို့ စီစဉ်ထားလို့လား?"

"ဟုတ်တယ်၊ ခင်ဗျား အမြဲတမ်း မြို့စားကို မုန်းတီးနေတာမဟုတ်ဘူးလား? စိတ်ပြောင်းပြီး လယ်ထဲပြန်သွားချင်လို့များလား?"

"အဘိုးကြီး ဆာခိုဇီ ခင်ဗျားက ဒီလို မရိုးသားတာပဲ။ လူတိုင်းက အဲ့ငတုံး မြို့စားကို လျစ်လျူရှုဖို့ သဘောတူတာပြီးမှ ခင်ဗျားက ကျုပ်တို့ကို သစ္စာဖောက်နေတာလား?"

"မင်းခေါင်းကို သစ္စာဖောက်!" အဘိုးအို ဆာခိုဇီက ဂေါ်ပြားအား နံရံ၌ မှီလျက် နှာမှုတ်ကာ ပြောလာသည်၊ "ငါသေရင်တောင် အဲ့ငတုံးမြို့စားရဲ့ စကားကိုနားထောင်မှာမဟုတ်ဘူး! ကောင့်ထ်စီယန်က ငါတို့ရဲ့ လယ်တွေဆီပြန်လာဖို့မေးရင်၊ ငါဒါကိုစဉ်းစားရဦးမယ်"

"စဉ်းစားစရာဘာရှိလို့လဲဗျ?" အသက်သုံးဆယ်ခန့်လူတစ်ယောက်က ခပ်ကျယ်ကျယ်ပြောလာခဲ့၏။

"အဲဒီ့ ကောင့်ထ်စတက်ဂျ်ကိုမပြောနဲ့ဦး ကောင့်ထ်စီယန်မြို့အရှင်အိမ်ကိုပြန်လာရင်တောင် ကျုပ်ကတော့ လယ်ပြန်သွားလုပ်ဖို့ မစဉ်းစားဘူး။ လယ်စိုက်တာက အင်မတန်ခက်ခဲပြီး ဘာငွေမှမရဘူး၊ ကျုပ်အဲ့ကိုပြန်သွားဖို့အထက် အပြစ်ပဲပေးခံလိုက်မယ်။"

"ဒီလိုမပြောနဲ့လေ။" အသက်ငါးဆယ်ခန့် လူတစ်‌ဦးက ခေါင်းယမ်းရင်း ဆိုလာ၏၊ "မင်းမှာစားစရာတစ်ခုမှ မရှိရင်တော့ ဒါက မှားတာပေါ့။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် လူတချို့ကျတော့ လယ်စိုက်ရမှာလေ ဒါဆိုရင်တော့ ကောင့်ထ်စတက်ဂျ်ကို မှားတယ်လို့ မပြောနိုင်ဘူးလေ။"

"ဖီ! အစားအစာရဖို့က လွယ်လား?" အဘိုးအိုဆာခိုဇီက စိတ်ပျက်နေဟန်နှင့် ပြောလိုက်၏။ "Frestech ကုန်သည်ကြီးများအသင်းရဲ့ စိုက်ပျိုးရေးဆိုင်ရာမှော်စက်ပစ္စည်းတွေကြောင့် လွန်ခဲ့တဲ့၂နှစ်မှာ ငါတို့ရဲ့ လယ်စိုက်ခြင်းက ပိုပြီးရိုးရှင်းလာတာပါ။ လူတစ်ယောက်တည်းနဲ့ မြေ'မူ'အတော်များများကို သူ့ဘာသာဂရုစိုက်နေနိုင်ရင် ငါတို့ကို ဘာလို့အဲ့မှာလိုနေမှာလဲ? ဒီကောင့်ထ်စတက်ဂျ်ကတော့ သူ့ရဲ့ကိုယ်ပိုင်အောင်မြင်မှုအတွက်ပဲ လုပ်နေတယ်လို့ထင်တယ်။ သူဒါတွေကိုလုပ်နေတာက Frestech ကုန်သည်ကြီးများအသင်းနဲ့ ဥက္ကဌရှုကို ပစ်မှတ်ထားဖို့ပဲ"

အခန်းထဲ၌ ချောင်းဟန့်သံအမြောက်အများထွက်ပေါ်လာ၏။ ကန်တိုနာက စားပွဲ၏တစ်ဖက်မှ ထရပ်ကာ အဘိုးအို ဆာခိုဇီအား ထိုင်ချရန် အချက်ပြသည့်အနေနှင့် လက်ယမ်းပြလိုက်သည်။

"ကောင်းပြီ၊ အဘိုးဆာခိုဇီက ဒီရောက်ပြီဆိုတော့၊ ကျုပ်တို့ အစည်းအဝေးကို စရတော့မယ်" ကန်တိုနာက စားပွဲရှိ မျက်နှာပေါင်းများစွာကိုကြည့်လိုက်ရာ အားလုံးက သူ့အားနားထောင်ရန်ပြင်ဆင်ထားကြသည်ကိုမြင်သော် ခေါင်းငြိမ့်ကာ ဆက်ပြောလိုက်၏။"အားလုံးပဲ ကျုပ်‌ဒီနေ့ ဘာကြောင့် ဒီအစည်းအဝေးကိုကျင်းပကြောင်းကို သိကြမယ်လို့ထင်ပါတယ်။ မြို့စားအိမ်တော်ရဲ့ အမိန့်တွေကြောင့် ကျုပ်တို့ ကန်တိုနာကုန်သည်ကြီးများအသင်းက မတိုင်ခင်က ခင်ဗျားတို့ဆီကနေ ရယူခဲ့တဲ့ လယ်မြေတွေကို ပြန်ပေးဖို့လိုနေပါပြီ၊ ဒါကြောင့် ကျုပ်ဒီမှာ အားလုံးရဲ့အမြင်တွေကို မေးဖို့ရောက်နေတာပါ။"

"မေးစရာရှိသေးလို့လား၊ ကျုပ်တော့ သဘောမတူပေါင်" အသက်သုံးဆယ်ခန့်လူက လက်ကိုယမ်းရင်း ပြောလာသည်၊

"ကျုပ်တို့သာ ခင်ဗျားတို့ရဲ့ ကန်တိုနာကုန်သည်ကြီးများအသင်းကို လယ်မြေပေးရင် မြို့စားအိမ်တော်ကိုနှစ်တိုင်း ငှားခပေးဖို့မလိုတော့ရုံမကဘူး ခင်ဗျားတို့လုပ်ငန်းစုဆီကပါ ငှားခရနိုင်တယ်လေ။ ကျုပ်တို့ကဘာလို့ ပျင်းစရာလယ်ဆီပြန်သွားပြီး သေအောင်အလုပ်လုပ်နေရဦးမှာလဲ?"

"အမှန်ပဲ၊ ကျုပ်လည်းသဘောမတူဘူး"

"ကျုပ်လည်းမလုပ်ဘူး။ ဘယ်သူကများကိုယ့်ကိုယ်ကိုညှင်းပန်းဖို့ ကြွယ်ဝသက်သာတဲ့ဘဝကို လက်လျှော့မှာလဲ?"

"အမှန်ပဲ၊ အဲဒီ့ မြို့စားအိမ်တော်က ကောင်တွေက ဦးနှောက်မရှိပေမယ့် ကျုပ်တို့ကလည်း သူတို့နဲ့ တူလို့မဖြစ်ဘူး မဟုတ်လား?"

...

အနီးနားရှိလူများက ၎င်းကို ထပ်ဆင့်ပြောနေကြရင်း သိပ်မကြာလိုက် တစ်လေသံတည်းဖြစ်သွားကြတော့သည်။ ၎င်းတို့အားလုံးက ထိုကိစ္စကို ဆန့်ကျင်ကြောင်း ဖော်ပြကြ၏။

ကန်တိုနာက ခေါင်းငြိမ့်၊ ခေါင်းခါလုပ်ရင်းမှဖြေလာ၏၊ "ကျုပ် အားလုံးရဲ့အတွေးကို နားလည်ပြီး ခင်ဗျားတို့ရဲ့အမြင်ကိုလည်း သဘောတူပါတယ်၊ ဒါပေမယ့် အားလုံးအနေနဲ့ မြို့စားအိမ်တော်ရဲ့အမိန့်တွေကပဲ ကျုပ်တို့ဆောင်ရွက်နိုင်မယ့်အရာဆိုတာကို နားလည်မှရပါမယ်။ ဒါကြောင့် ကျုပ်တို့လုပ်ငန်းစုပိုင် လယ်မြေတွေကို ခင်ဗျားတို့ဆီပြန်ပေးပါ့မယ်၊ မဟုတ်ရင် မြို့စားအိမ်တော်က ကျုပ်တို့လုပ်ငန်းစုကို သေချာပေါက် အခက်တွေ့စေမှာမို့လို့ပါ။

ခင်ဗျားတို့လည်းသိမှာပါ, Frestech ကုန်သည်ကြီးများအသင်းလို လုပ်ငန်းစုကြီးတစ်ခုတောင်မှ မြို့စားအိမ်တော်ရဲ့ ဖိအားကို မခံနိုင်တာကြောင့် ကျုပ်တို့ ကန်တိုနာကုန်သည်ကြီးများအသင်းလို လုပ်ငန်းစုအသေးလေးက သူတို့ကို ဘာများဆန့်ကျင်နိုင်မှာလဲ? အားလုံးအနေနဲ့ ကျုပ်တို့ရဲ့အခက်အခဲကို နားလည်နိုင်ဖို့ မျှော်လင့်မိပါတယ်။"

"ဒါဆို ခင်ဗျားအပြောအရ၊ ကျုပ်တို့အနေနဲ့ အဲ့ဒီလယ်မြေတွေကို ပြန်ယူပြီးရင် ကျုပ်တို့ရဲ့ အလုပ်ကောင်းတွေကို လယ်စိုက်ဖို့အတွက်နဲ့ စွန့်ပစ်ရတော့မယ်ပေါ့လေ?" အသက်သုံးဆယ်အရွယ်ရှိလူက မကျေမနပ်ပြောလာသည်၊

"မြို့စားအိမ်တော်ကလူတွေ တကယ်ကိုရူးနေပြီပဲ! ငါတို့လယ်သမားတွေ ၂နှစ်လောက်ကောင်းကောင်းနေခဲ့ရရုံရှိသေး သူတို့က ဖျက်ဆီးချင်နေပြီ။ အဲဒီ့ မျိုးရိုးမြင့်သခင်ကြီးတွေ ငါတို့လယ်သမားတွေမှာ ဘဝကောင်းရှိသလားကို တွေးမိကြရဲ့လား?"

"အိုင်း၊ ဒါကိုပြောချင်တိုင်းပြောလို့မရဘူးလေ။ မြို့စားအိမ်တော်က ခွေးကောင်တွေ မျိုးရိုးမြင့်တွေကိုအပြစ်တင်လို့မရဘူး၊ အနည်းဆုံးတော့ ကောင့်ထ်စီယန်က မတိုင်ခင်က ငါတို့အတွက် တွေးပေးခဲ့တာပဲ။ ပြီးတော့ ဥက္ကဌရှုကလည်းအခု ဗစ်ကောင့်ထ်(အဆင့်လေး မျိုးရိုးမြင့်)တစ်ယောက်ပဲဆိုတော့ မျိုးရိုးမြင့်လို့သတ်မှတ်လို့ရတယ်။" မက်စီလန်ရွာမှာ လယ်သမားနောက်တစ်ဦးက ပြောလိုက်သည်။

"အဟုတ်ပဲ... ဒါပေမယ့် ကောင့်ထ်စီယန်နဲ့ ဥက္ကဌရှုတို့လို မျိုးရိုးမြင့်သခင်တွေက အရမ်း‌နိမ့်နေသေးတယ်။" လူငယ်က စိတ်ဓာတ်ကျနေသံဖြင့်ပြောလိုက်သည်ာ

"ကောင်းပြီ၊ ဒါတွေအားလုံးက အသုံးမဝင်ဘူး။" အဘိုးအို ဆာခိုဇီက လက်ကိုယမ်းလျက် ဖြတ်ပြောလိုက်သည်။ သူက ကန်တိုနာကို လှည့်ပြောလိုက်၏၊ "ဥက္ကဌ ကန်တိုနာ ခင်ဗျားကျုပ်တို့ကို ဒီကို တကူးတကခေါ်ထားမှတော့ တစ်ခုခုပြောစရာရှိလို့မဟုတ်လား?"

ကန်တိုနာကရယ်လိုက်သည်၊ "အဘိုးဆာခိုဇီ မှန်တယ်။ အမှန်ပဲ၊ ကျုပ်ဒီနေ့ အားလုံးကို ဒီလာခိုင်းလိုက်ရတာက သင့်လျော်တဲ့ အဖြေတစ်ခု တွေးခိုင်းမလို့ပါ။ လူတိုင်း မြို့စားအိမ်တော်က ကျုပ်တို့ကို အခက်မ‌တွေ့‌စေဘဲ ဖြေရှင်းလို့ရမယ့် နည်းကို တွေးလို့ရပါတယ်။"

ဆာခိုဇီက ကန်တိုနာကိုကြည့်ကာ နှာခေါင်းမှုတ်လျက် ပြောလိုက်၏၊ "ကောင်းပြီ၊ မင်းကိုကြည့်။ မင်းမှာ မင်းအကြံတွေရှိနေပြီးသားကို ပြောသာပြောလိုက်ပါ၊ ကျုပ်တို့ကို ဖုံးထားဖို့ မလိုပါဘူး။"

"ကောင်းပြီလေ!" ကန်တိုနာက ခပ်ပြင်းပြင်း တစ်ချက်ရိုက်လိုက်ရင်း၊ "အဘိုးဆာခိုဇီ မှန်ပါတယ်၊ ဒီကလူတွေအားလုံးက မိတ်ဆွေတွေပဲ၊ ကျုပ် မဖုံးထားတော့ပါဘူး။ မှန်ပါတယ်၊ ကျုပ် ဒါကိုဖြေရှင်းဖို့ နည်းလမ်းတစ်ခုစဉ်းစားမိထားတော့ အားလုံးက ဒါကိုသဘောတူနိုင်မလားသိချင်လို့ပါ"

"ကန်တိုနာ ပြောသာပြောပါ။ အဲဒါက ကျုပ်ကို လယ်စိုက်ဖို့ ပြန်သွားရမှာကနေသာ တားဆီးပေးနိုင်ရင် အဆင်ပြေတယ်!" အသက်သုံးဆယ်အရွယ်လူက ကျယ်လောင်စွာ ပြောလာ၏။

"ဟုတ်ပြီ၊ ကျုပ်ရဲ့လက်ရှိအလုပ်ကို ထိန်းထားနိုင်သရွေ့ကတော့ အရာရာတိုင်းကို ဂရုစိုက်ဖို့က လွယ်ပါတယ်။"

"ဟုတ်တယ်၊ ကန်တိုနာ, ပြောသာပြောပါ"

...

"ကောင်းပြီ၊ ဒါဆို အားလုံးကိုပြောပြပါ့မယ်"

ကန်တိုနာက ခေါင်းတစ်ချက်ငြိမ့်လျက် လေးနက်နေဟန်ဖြင့် ပြောလာသည်၊ ကျုပ်တို့ ကန်တိုနာကုန်သည်ကြီးများအသင်းအနေနဲ့ လယ်မြေတွေကိုအပေါ်ယံအနေနဲ့ ပြန်ပေးလိုက်မှာကကျုပ်အကြံပဲ၊ ဒါပေမယ့် အရင်က ကျုပ်တို့‌ဆွေးနွေးထားသလိုမျိုးပဲ ဆက်လည်ပတ်ကြရမယ်"

"အိုး? ဘယ်လိုများလုပ်ရမှာလဲ?" ဆာခိုဇီက သိလိုဟန်ဖြင့်မေး၏။

"အဓိက,က လယ်မြေကို ခင်ဗျားတို့‌နာမည်တွေနဲ့ ပြန်ပေးမယ်၊ ဒါပေမယ့် သူတို့ကို ပျိုးထောင်မှာကတော့ ကျုပ်တို့ရဲ့ ကန်တိုနာကုန်သည်ကြီးများအသင်းပဲဖြစ်လိမ့်မယ်။ ငှားခတွေအတွက်ကျတော့ ကျုပ်တို့ရဲ့ အရင်သဘောတူညီချက်အတိုင်းစီစဉ်လိုက်ပါမယ်။ ရှင်းရှင်းလင်းလင်းပြောရရင်တော့ ဒါက နာမည်ပြောင်းတာလေးပါပဲ။"

"ဒါဆို ဒါက ကျုပ်တို့အနေနဲ့ မင်းတို့ရဲ့ ကန်တိုနာကုန်သည်ကြီးများအသင်းနဲ့ပူးပေါင်းပြီး မြို့စားအိမ်တော်ကို ပြဇာတ်လေးကပြရမှာပေါ့လေ?" ဆာခိုဇီက မေးလာသည်။

"ဒါကို ပြဇာတ်လို့ပြောလို့ရပါတယ်... ဒါပေမယ့် အစီစဉ်အနေနဲ့က ပြဿနာမရှိပါဘူး။" ကန်တိုနာက ရယ်လျက်ဆိုလိုက်သည်။ "ဒါက အမည်အရတော့ ကျုပ်တို့က ခင်ဗျားတို့ကို လယ်မြေတွေပြန်ပေးပြီး ခင်‌ဗျားတို့ကတော့ ကျုပ်တို့ရဲ့ ကန်တိုနာကုန်သည်ကြီးများအသင်းဆီကနေ လယ်စိုက်ဖို့ အကူညီတောင်းတာမျိုးပေါ့။ ကျု့်ထင်တာတော့ မြို့စားအရှင်က ခင်ဗျားတို့ကို တွန်းအားပေးပြီး လယ်ပြန်စိုက်ဖို့ လူတွေမပို့လောက်ဘူး ထင်တာပဲ၊ ဟုတ်လား?"

"သူလုပ်ရဲမှာတဲ့လား?" ဆာခိုဇီက မျက်မှောင်တွန့်လျက် ပြောလိုက်သည်၊ "အဲ့ကောင်တွေက ငါ့သားကို အလုပ်ပြုတ်အောင်လုပ်ပြီးနေပြီ၊ ငါတို့တစ်မိသားစုလုံးကို သတ်ပစ်ချင်နေတာများလားပဲ? သူ‌တို့တွေ ငါသူတို့ကို ဆန့်မကျင်လောက်ဘူးများထင်နေကြတာလား?"

"ဟုတ်တယ်။ ဒါက ကျုပ်တို့လယ်မြေပဲ၊ ကျုပ်တို့ စိုက်ခိုင်းစေချင်တဲ့လူကို ကျုပ်တို့ဘာသာရှာနိုင်တယ်၊ ဒါက တိုင်းပြည်ရဲ့ဥပဒေကို မဆန့်ကျင်သရွေ့ပေါ့။ မြို့စားက ကျုပ်တို့ကို ဘာလုပ်နိုင်မှာမို့လဲ? ကန်တိုနာ, ခင်ဗျားအကြံမဆိုးဘူး၊ ကျုပ်ထောက်ခံတယ်။"

"ကျုပ်လည်းထောက်ခံပါတယ်။ ကျုပ်တို့အနေနဲ့ မြို့စားကို ဆန့်ကျင်တာတစ်ခုမှမလုပ်နိုင်နေမှတော့ သူ့နောက်ကို ဒီတိုင်းလေးလိုက်ရုံပေါ့။ ကျုပ်တို့ လုပ်နေတာတွေကိုတော့ နှစ်တိုင်း သူ့ကို ကောက်ပဲသီးနှံနဲ့ ငှားခပေးနေသရွေ့တော့ သူက ဂရုစိုက်မှာမဟုတ်ပါဘူး။"

"ကောင်းတယ်၊ ကျုပ်တို့အားလုံး ဒီလိုလုပ်ကြမယ်။ ကန်တိုနာ ကျုပ်တို့ ဒီပြဇာတ်ကို ဘယ်လိုစတင်ရမလဲကို ပြောပြနိုင်မလား?"

…...

"အားလုံးပဲ စိတ်မလောကြပါနဲ့။ ကျုပ်ပြင်ဆင်ထားတဲ့ စာချုပ်ကို အရင်လာကြည့်ပါဦး၊ ပြီးတော့ ဘာပြဿနာမှမရှိရင် လက်မှတ်ထိုးဖို့ စဉ်းစားပေးပါ" ကန်တိုနာက လက်ကိုဝေ့ယမ်းလိုက်ပြီး တိတ်ဆိတ်နေခဲ့သည့် မိန်းမငယ်လေးက ထိုလူများထံ စာရွက်ပုံတစ်ခုအား ဖြန့်ဝေ့လိုက်၏။

ဆာခိုဇီက စာရွက်ကိုကြည့်လိုက်ပြီးမှ စားပွဲပေါ် ပစ်လိုက်သည်။ သူက ကန်တိုနာကိုကြည့်ပြီး လျှောက်ထွက်သွား၏။

ခဏကြာပြီးနောက် ကန်တိုနာက သူ့နောက်လိုက်ကာ အပြုံး‌တစ်ခုဖြင့် နူးနူးညံ့ညံ့မေးလာသည်၊ "အဘိုး ဆာခိုဇီ, ပြဿနာရှိလို့လား? စာချုပ်နဲ့ပတ်သက်ပြီး တောင်းဆိုချင်တာတစ်ခုခုရှိရင် ကျုပ်ကိုပြောပါ"

"ကျုပ် စာချုပ်ကို ဂရုမစိုက်ဘူး၊ မင်းကိုယုံတယ်" အဘိုးအိုဆာခိုဇီက ခေါင်းကိုယမ်းလိုက်သည်။ သူက အနည်းငယ်တုံ့ဆိုင်းနေပြီးမှ ဘေးဘီကိုကြည့်လျက် အသံနှိမ့်ကာမေးလာ၏။ "အဲ... ကန်တိုနာ, မင်း ဥက္ကဌရှုကို မကြာခဏတွေ့လား?"

"ဥက္ကဌရှု?" ကန်တိုနာက ခေါင်းယမ်းလိုက်ရင်း၊

"ကျုပ်က သူ့လို အရေးကြီးတဲ့လူတစ်ယောက်ကို ဘယ်လိုများ မကြာခဏတွေ့နိုင်မှာလဲ? သူ့ကိုတစ်ခုခုကြောင့်လိုလို့လား?"

"ကိစ္စကြီးတော့ မဟုတ်ပါဘူး..." အဘိုးအိုဆာခိုဇီက အနည်းငယ်တုံ့ဆိုင်းရှုပ်ထွေးပြီးမှ ပြောလာသည်၊ "ကန်တိုနာ, မင်း ငါ့သားကိုသိပါတယ်၊ အဲ့ကလေး ကျူရစ်ခ်က ဆန်ဒီရယ် ကုန်သည်ကြီးများအသင်းက သူ့အလုပ်ပြုတ်သွားလို့လေ။ သူက အိမ်မှာ အလုပ်မရှိတာ လဝက်လောက်ရှိနေပြီ၊ ကျုပ်ဒါကိုမြင်ရတယ် အင်မတန်သောကဖြစ်မိတယ်။ ကျုပ်... ဥက္ကဌရှုကို Frestech ကုန်သည်ကြီးများအသင်းမှာ ကျုပ်သားအတွက် အလုပ်လုပ်ဖို့ အခွင့်ရေးလေးများပေးနိုင်မလား မေးကြည့်ချင်လို့ပါ။ လစာက ဘယ်လောက်ဖြစ်ဖြစ် ကိစ္စမရှိပါဘူး၊ သူအလုပ်လုပ်ရရင်ပဲ အဆင်ပြေပါပြီ။ မင်းဘယ်လိုထင်လဲ?"

ကန်တိုနာက ဆာခိုဇီ၏မျက်နှာထက်မှ မျှော်လင့်နေပုံကိုမြင်ပြီး ခါးသက်သက်ရယ်ကာ ပြောလိုက်သည်၊" အဘိုးဆာခိုဇီ, ကျွန်တော် အဘိုးကို မကူညီချင်လို့တော့မဟုတ်ပါဘူး၊ ဒါပေမယ့် ကျွန်တော်နဲ့ ဥက္ကဌရှုရဲ့ ဆက်ဆံရေးက အဲ့လောက်ထိမကောင်းဘူး။ ကျုပ်တို့ရဲ့ ဘန်တာမြို့တော်မှာ Frestech ကုန်သည်ကြီးများအသင်းအတွက် အလုပ်အပြိုင်အဆိုင်တွေ ဘယ်လောက်များသလဲ သိသင့်တယ်၊ ဥက္ကဌရှုသာ ဆန္ဒရှိရင် ဘန်တာမြို့မှာရှိတဲ့ လူတိုင်း သူ့ကို သွားတောင်းပန်ကုန်ကြမှာပေါ့။ ကျွန်တော်ကူညီနိုင်မယ်... ထင်လို့လား?"

ကန်တိုနာကသဘောမတူသည်ကိုမြင်သော် ဆာခိုဇီက သက်ပြင်းချလိုက်၏၊ "တကယ်တော့ Frestech ကုန်သည်ကြီးများအသင်းကို ဝင်ဖို့မလွယ်တာ ငါသိပါတယ်။ အဲ့ကလေး ကျူရစ်ခ်က အရင်က ဝင်ဖို့လည်း အခွင့်ရေးမရခဲ့ဘူး၊ အခုတော့ ပိုတောင်ခက်ပြီပေါ့။ အိုင်း၊ ဒါတွေအားလုံးက အဲဒီ့ ကောင့်ထ်စတက်ဂျ်နဲ့ သူ့ရဲ့ စိုက်ပျိုးရေးမူဝါဒကြောင့်ပဲ၊ သူ့ခေါင်းကို တကယ်ပဲ မြည်းကန်ခဲ့တာဖြစ်ရမယ်။ အခုတော့ ကောင်းတယ်၊ ဘန်တာမြို့က လူတစ်အုပ်ကြီး သူ့ရဲ့သောက်မူဝါဒတွေကြောင့် အလုပ်တွေပြုတ်ကုန်ကြပြီလေ၊ သူက ငါတို့သေလားရှင်လားကို လုံးဝဂရုစိုက်တာမဟုတ်ဘူး။"

ကန်တိုနာက ဆာခိုဇီကို ထူးဆန်းစွာကြည့်လိုက်သည်။ ခဏမျှတွေးပြီးနောက်၊ သူက မျက်မှောင်တွန့်ကာမေးလိုက်၏၊ "အဘိုး ဆာခိုဇီ၊ ရှင်းရှင်းပြောရရင် လုပ်ငန်းစုအတော်များများ မြို့ကထွက်ပြီး အလုပ်တွေမရှိကြတော့ပေမယ့် ဘန်တာတိုင်းမ်စ်မှာ ပြောထားတာကတော့ အခု Frestech ကုန်သည်ကြီးများအသင်းက မိုးကျတောင်ကြားကို ပြောင်းရွှေ့လိုက်ပြီး လုပ်ငန်းစုအတော်များများလည်း အဲ့ကို ပြောင်းကြတယ်လို့ မပြောထားဘူးလား။ အဆုံးကျရင် အဲဒီ့ မိုးကျတောင်ကြားမှာ အလုပ်တွေအများကြီးရှိလာမှာပဲဘေ၊ ဒါဆိုဘာလို့ ကျူရစ်ခ်ကို အဲ့သွားမကြည့်ခိုင်းရမှာလဲ?"

"သူက ဘန်တာမြို့တော်ကနေ မထွက်သွားချင်ဘူး၊ ဒါကြောင့်ပဲ သူ ဆန်ဒီရယ်ကုန်သည်ကြီးများအသင်းနဲ့အတူ မိုးကျတောင်ကြားကို မသွားတာပေါ့။ မဟုတ်ရင် သူအလုပ်ပြုတ်မှာမဟုတ်ဘူး။" အဘိုးအိုဆာခိုဇီကသက်ပြင်းချ၏။ "ဒါပေမယ့် အခုဘန်တာမြို့တော်မှာ ဘာအလုပ်ကောင်းတွေရှိသေးလို့လဲ? တစ်လမှာ ရွှေဒင်္ဂါးဆယ်ပြား‌ကျော် ဝင်တဲ့လူကိုမပြောနဲ့ဦး..."

"တစ်လမှာ ရွှေဒင်္ဂါးဆယ်ပြားကျော်?"

ကန်တိုနာက မျက်မှောင်တွန့်လျက် ရုတ်တရတ်မျက်လုံးများကျယ်လာသည်၊ "ဟုတ်တယ်၊ ကျွန်တော်ရုတ်တရတ် တစ်ခုတွေးမိပြီ။ ကျွန်တော် ဥက္ကဌရှုနဲ့ ပြောတုန်းက Frestech ကုန်သည်ကြီးများအသင်းက မြို့မှာ တစ်ခုခုဖွင့်ဖို့လုပ်ထားတော့ စိတ်မြန်တဲ့လူတချို့ကို ခေါ်ချင်တယ်တဲ့။ သူတို့က ဘယ်လိုစကားပြောရမလဲကို သိရမယ်တဲ့... ဟုတ်တယ်၊ ဒါကို ထုတ်ကုန်ဖြန့်ချီခြင်းလို့ခေါ်တာပေါ့။ ကျွန်တော် အဲ့ကလေး ကျူရစ်ခ်က စိတ်မြန်တာကို မှတ်မိပြီ၊ သူ့ကိုတစ်ချက်လောက်သွားကြည့်ခိုင်းမလား?"

ဆာခိုဇီ၏ မျက်လုံးများက ချက်ချင်းတောက်ပသွားသည်၊ "တကယ်? ဘန်တာမြို့တော်မှာ တကယ်ပဲ ဒီလိုအလုပ်ရှိတယ်လား?"

"တကယ်ပါ၊ ဥက္ကဌရှုကိုယ်တိုင် ကျွန်တော့်ကို ပြောခဲ့တာ။ Frestech ကုန်သည်ကြီးများအသင်းက လူမခေါ်ရသေးဘူး၊ အဲ့တော့ ကျူရစ်ခ်အနေနဲ့ မိုးကျတောင်ကြားကို သွားမေးလို့ ဥက္ကဌရှုက သဘောကျရင် သူ့ကိုအလုပ်ခန့်နိုင်လောက်တယ်။" ကန်တိုနာက တိကျတဲ့အသံနဲ့ပြောလာတယ်။

"ကောင်းပါပေ့! ကျုပ် အဲ့ကလေး ကျူရစ်ခ်ကို ခုပဲသွားပြောပြီး မိုးကျတောင်ကြားကို ချက်ချင်းသွားဖို့ အများသုံးရထားလုံးပါ ငှားပေးလိုက်မယ်! မြန်လေကောင်းလေပဲ!" ဆာခိုဇီက စိတ်လှုပ်တရှားလှည့်ထွက်သွားတော့၏။

"ဟေး၊ အဘိုးဆာခိုဇီ, ဂေါ်ကို‌မေ့ခဲ့ပြီ၊ စာချုပ်မှာလည်း လက်မှတ်မထိုးရသေးဘူးလေ!"

"ဂေါ်ကို အဲ့မှာသာထားခဲ့လိုက်၊ စာချုပ်ပေါ်မှာ မင်းပဲ ငါ့နာမည်ကိုထိုးလိုက်တော့၊ ဘာဖြစ်ဖြစ်သဘောတူတယ်"

ဆာခိုဇီအမြင်မှ ပျောက်ကွယ်သွားသည်နှင့် သူ၏အသံလည်း လျင်လျင်မြန်မြန် ပျောက်ကွယ်သွားသည်။

***

မှော်စက်မှုအင်ပါယာ

Vol 3, အခန်း ၆။ အမှောင်ထုထဲသို့ ကျဆင်းသွားသော ဘန်တာ‌မြို့တော်

ကျူရစ်ခ်မှာ အများသုံးပို့ဆောင်ရေးရထားလုံးကနေ ခုန်ထွက်လိုက်ပြီး သူမြင်လိုက်ရတဲ့အရာကြောင့် ချက်ချင်း‌ ထိတ်လန့်သွားသည်။

ဒါက သူ၏မိုးကျတောင်ကြားကိုရောက်တဲ့ ဒုတိယအကြိမ်ပင်။ သို့သော် နောက်ဆုံး‌တစ်ခေါက်က ဆန်ဒီရယ်ကုန်သည်ကြီးများအသင်းနှင့်အတူ ကုန်စည်လာပို့ချိန်ကနှင့် ယှဉ်ကြည့်လျှင် အဆများစွာ ပိုမိုသက်ဝင်နေပါ၏။

Frestech ကုန်သည်ကြီးများအသင်း၏ အလုပ်ရုံများမှ လူများတိုးပွားလာခြင်းက သက်ဝင်နေသည့်မြင်ကွင်းကို ဖန်တီးပေးနေရုံမ်ျှက မိုးကျလမ်းကိုဖြတ်ရသော နေရာ၌ပင်လျှင် အလုပ်ရုံများစွာရှိနေ၏။

ကျူရစ်ခ်ကြည့်လိုက်သော် ဆန်ဒီရယ်ကုန်သည်ကြီးများအသင်း၏ ရင်းနှီးနေသော သင်္ကေတကို ထိုအလုပ်ရုံများအကြား၌ မြင်လိုက်ရသည်။

မိုးကျတောင်ကြားကဲ့သို့သော ဝေးလံသည့်နေရာမျိုးသို့ သူမည်သို့ မလာလိုခဲ့ခြင်းကြောင့် ဆန်ဒီရယ် ကုန်သည်ကြီးများအသင်း၌ အလုပ်ပြုတ်သွားသည်ကို တွေးကြည့်ပြီး ကျူရစ်ခ်မှာ ကူကယ်ရာမဲ့စွာ နောင်တရနေ၏။

သူထွက်မသွားချင်ခဲ့သည့်အကြောင်းမှာ သူ့မိဘများနှင့် အင်မတန်ဝေးသည်ထက် ဘန်တာမြို့တော်နှင့် ဝေးကွာသည့်နေရာကို မသွားလိုခြင်းကြောင့်သာပင်။ ၎င်းက လုံးဝ ငြိမ်သက်ကာ သက်ဝင်ခြင်းမရှိနေသောကြောင့် လုံးဝ ပျော်ရွှင်ဖွယ်မရှိနိုင်ချေ။

ဤကို လိုက်ကြည့်ပြီးနောက်၌ ထိုနေရာက ဘန်တာမြို့တော်လိုသက်ဝင်ခြင်းမရှိသော်လည်း သိပ်တော့မဝေးသည်ကို တွေ့ခဲ့ရသည်။

ထို့အပြင် ဤနေရာရှိ လူအနေထားအရ ၎င်းက ရှေ့လျှောက်လည်း ဘန်တာမြို့တော်ကဲ့သို့ သက်ဝင်ခြင်းရှိလာနိုင်မည်မဟုတ်။

ကျူရစ်ခ်က အဘယ့်ကြောင့် ဤသို့ဖြစ်သည်ကို အင်မတန်ရှင်းပါတယ်။

၎င်းမှာ မြို့စားအသစ်က Frestech ကုန်သည်ကြီးများအသင်းကိုဖိနှိပ်လိုက်ရာ ၎င်းက ဘန်တာမြို့တော်မှ ထွက်ခွာခြင်းကိုဦးဆောင်ပြီး မိုးကျတောင်ကြားကို တိုးတက်လာစေသည်။

မြို့စားအရှင်က ထို စိုက်ပျိုးရေးဆိုင်ရာမူဝါဒကို ချပြခြင်းကို လူတိုင်းက တိတ်တဆိတ်ကျိန်ဆဲကြခြင်းကြောင့် အခြားလုပ်ငန်းစုများအားလည်း Frestech ကုန်သည်ကြီးများအသင်းနောက်ကိုလိုက်ကာ ဘန်တာမြို့တော်မှ ထွက်ခွာသွားစေသည်။

Frestech ကုန်သည်ကြီးများအသင်း၏ တွန်းအားကြောင့် ဖွံ့ဖြိုးပြီး လုပ်ငန်းစုကြီးများသာမက မှော်စက်ပစ္စည်းများဆိုင်ရာ လုပ်ငန်းစု အလတ်၊ အငယ်စား ရာချီလည်း လိုက်လာကြသည်။

ဘန်တာမြို့တော်တွင် လုပ်ငန်းစုငါးရာကျော်ရှိပြီး ထိုမူဝါဒကြောင့် တစ်ဝက်ကျော်လောက်ထွက်သွားကြသည်။

၎င်းတို့အကြား၌ မှော်စက်ပစ္စည်းဆိုင်ရာလုပ်ငန်းစုအားလုံးနီးပါးမှာ Frestech ကုန်သည်ကြီးများအသင်းနောက်ကို လိုက်ရန်ရွေးချယ်ကာ မိုးကျတောင်ကြား အပြင်ဘက်၌ အလုပ်ရုံများကို တည်ဆောက်လိုက်ကြသည်။

မိုးကျတောင်ကြားက ဘန်တာမြို့တော်နယ်နိမိတ်အပြင်ဘက်တွင်ရှိသည်ဟူသော သီအိုရီရှိသော်လည်း ဘန်တာတိုင်းမ်စ် တင်ပြချက်အရ Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌရှုမှာ လတ်တလောကမှ ဗစ်ကောင့်ထ်ဖြစ်လာပြီး နယ်မြေချီးမြှင့်ခံရသည်ကတော့ လူများကို အံ့အားသင့်စေခဲ့သည်။

ထိုနယ်မြေက မိုးကျတောင်ကြားနယ်မြေနှင့် အနီးနားနယ်မြေဖြစ်သည်။

ထိုသည်က ဗစ်ကောင့်ထ် ရှုယီ၏ ကိုယ်ပိုင်နယ်မြေဖြစ်သောကြောင့် ကောင့်ထ်စတက်ဂျ်ဖော်ဆောင်ထားသော မူဝါဒများက ဤနေရာ၌ လုံးဝ မသက်ရောက်ပါချေ။

ဘန်တာတိုင်းမ်စ်၌ ရှုယီကြေညာခဲ့သော စာတွင် သူက မှော်စက်ပစ္စည်းဆိုင်ရာလုပ်ငန်းစုအားလုံးကို မိုးကျတောင်ကြား၌ Frestech ကုန်သည်ကြီးများအသင်းနှင့်အတူ မှော်စက်မှုဇုန်အခြေစိုက်ရုံးဖန်တီးရန် လာရောက်ကြဖို့ ပွင့်လင်းစွာ ကြိုဆိုထား၏။

ထို့ကြောင့် အိုင်ရီလန်ကုန်သည်ကြီးများအသင်းက ဦးဆောင်ပြီး လအနည်းငယ်အတွင်း၌ ပြိုင်ဘက်လုပ်ငန်းစုအသေးစားလေးများအားလုံးမှာ မိုးကျတောင်ကြားအပြင်ဘက်ရှိ နယ်မြေသို့ တစ်လအတွင်း ရွှေ့ပြောင်းလာကြတော့သည်။

၎င်းတို့အကြား၌ ဆန်ဒီရယ်ကုန်သည်ကြီးများအသင်းကလည်း တစ်စိတ်တစ်ပိုင်းပါဝင်သည်။

ထိုရုတ်တရတ်အရွေ့အပြောင်းက သဘာဝကျစွာပင် ထိုလုပ်ငန်းစုအသေးလေးများအတွက် စီးပွားရေးဆုံးရှုံးမှုများကို ဖြစ်စေခဲ့သည်။

သို့သော် ရှုယီက လျော်ကြေးကိစ္စကို ကြေညာခဲ့၏။ ထိုလုပ်ငန်းစုလေးများကို ပထမ ငါးနှစ်တာအတွက် လုံလုံခြုံခြုံပြောင်းရွှေ့ရန် ငှားခ လျှော့ချပေးမည်ဖြစ်ပြီး ဤနေရာ၌ တိုးတက်ဖို့ ခွင့်ပြုခဲ့သည်။

လူများစွာအတွက် ရှုယီ၏နည်းလမ်းက ဘန်တာမြို့တော်မှ မှော်စက်ပစ္စည်းဆိုင်ရာ လုပ်ငန်းစုများကို ယူ‌ဆောင်သွားသည်။

သို့သော် မည်သူကမှ သူထိုမျှထိ ဝေးဝေးသွားမည်ဟု ထင်မထားခဲ့ချေ၊ ထိုအစား လူအတော်များများက စိတ်လှုပ်ရှားနေကြ၏။

ယခုတွင် ဘန်တာမြို့စားက စီးပွားတိုးတက်မှုကို ဖိနှိပ်မည်ဟု ကြေညာပြီးဖြစ်ရာ ထိုလုပ်ငန်းစုကြီးများကို ကြီးကြီးမားမားသက်ရောက်ပြီး လုပ်ငန်းစုငယ်လေးများအတွက်မူ ပိုလို့ပင် သက်ရောက်သေး၏။ ယခုတွင် ရှုယီက ၎င်းတို့ကို အခွင့်အရေးပေးလိုက်ရာ ထိုလုပ်ငန်းစုငယ်လေးများက မည်သို့များ ထိုအခွင့်အရေးကို မဖမ်းဆုပ် ဘန်တာမြို့တော်မှ မထွက်ခွာဘဲနေကြမည်နည်း?

ထို့အပြင် ထိုလုပ်ငန်းစုကြီးများက ဘန်တာမြို့တော်တွင် ကောင်းစွာအခြေချပြီး ပိုင်ဆိုင်မှုများစွာလည်းရှိသောကြောင့် ပြောင်းရွှေ့ဖို့က လွယ်ကူမနေပါချေ။

ဤနေရာ၌ လုပ်ငန်းစုငယ်လေးများက တစ်လမပြည့်ခင်၌ပင် ပုံမှန်ထုတ်‌လုပ်ရေးကိုရရှိထားရာ ထိုသည်က လုပ်ငန်းစုငယ်တစ်ခု၏ အားသာချက်ပင်ဖြစ်တော့သည်။

ထိုလုပ်ငန်းစုငယ်လေးများနောက်လိုက်ရင်း နေ့စဉ်လိုအပ်ချက်များနှင့် သက်ဆိုင်နေသော လုပ်ငန်းစုများလည်းရှိသည်။

မိုးကျလမ်းဘေးတွင် အဆောက်အဦတန်းကြီးများနှင့် ဖွင့်ထားသည့် ဆိုင်များစွာလည်းရှိသည်။

ထုတ်ကုန်များ၏ များစွာသောပမာဏကိုအခြေခံပြီး ထိုနေရာ၏ တိုးတက်မှုက ဘန်တာမြို့တော်ထက် မနိမ့်ကျပါချေ။

ကျူရစ်ခ်က ဆန်ဒီရယ်ကုန်သည်ကြီးများအသင်း၏အလုပ်ရုံနှင့် လမ်းတစ်လျှောက်ရှိ ဆိုင်များကိုကြည့်ကာ ခေါင်းခါလိုက်၏။ သူက စိတ်နှလုံးထဲရှိ နောင်တတရားအနည်းငယ်ကို ဖိနှိပ်ရင်း မိုးကျတောင်ကြားဆီသို့ လျှောက်သွားတော့သည်။

မိုးကျတောင်ကြားဆီသို့ဝင်ရောက်ပြီးနောက်၌ ကျူရစ်ခ်မှာကြက်သေ,သေသွားသည်။

သူနောက်ဆုံးတစ်ခေါက်ရောက်တုန်းကနှင့်ယှဉ်လျှင် မိုးကျတောင်ကြားက အတော်လေး ပြောင်းလဲသွား၏။

လူများထက် တောင်ကြား၌ အလုပ်ရုံကပိုပင်များနေသေးတော့သည်။ ၎င်း၌ နောက်ဆုံးတစ်ခေါက်က ကျူရစ်ခ်အာရုံအများဆုံးစိုက်ခဲ့သည့် အပိုသံမဏိစက်ရုံပင်ရှိနေသေးသည်။

တောင်ကြားရှိလမ်းမှာ ယခင်ကနှင့်စာရင် များစွာပိုကောင်းနေ၏။ လမ်း‌တစ်လျှောက် နေရာလွတ်များတွင် မြက်ခင်းပြင်က နေရာအနှံ့ရှိနေကာ ပန်းမျိုးစုံက တောင်ကြား၌ ဆန့်ကျင်ဘက်အလှများကို ဖန်တီးနေ၏။ လူများ၎င်းကိုကြည့်လိုက်လျှင် စက်မှုဇုန်ကို ဖြတ်လျှောက်နေရသည်ထက် ဥယျာဉ်ကြီးတစ်ခုကို ဖြတ်လျှောက်နေရသည်ဟုပင် ထင်ကြမည်ဖြစ်သည်။

ကျူရစ်ခ် ဦးဆုံးသတိထားမိသည်က လမ်းများနံဘေး၌ မီတာများစွာခြားထားသော သုံးမီတာရှည်သည့် သံမဏိတိုင်များပင်။

ထိုသံမဏိတိုင်များ၌ တွဲလောင်းဆွဲထားသော မှော်မီးအိမ်များရှိနေပြီး ၎င်းကို ရှင်းလင်းစွာပင် လမ်းမီးတိုင်အဖြစ်သုံးကြသည်။

လမ်းမီးတိုင်များ လမ်းကိုဖြတ်သွားကာ အ‌ဆုံးကို မမြင်နိုင်သည်ကို ကြည့်ရင်း ကျူရစ်ခ်မှာ ခံစားချက်များပင် ပြိုဆင်းလာတော့သည်။

ထိုသောက်မြို့စားအသစ်က Frestech ကုန်သည်ကြီးများအသင်းကို ပစ်မှတ်ထားခဲ့ပြီး ဘန်တာမြို့တော်ရှိ ၎င်းတို့၏ ပြုပြင်မွမ်းမံရေးစီမံကိန်းများကို ရပ်တန့်လိုက်ခြင်းကြောင့်သာမဟုတ်လျှင် ဘန်တာမြို့တော်ရှိလမ်းများ၌ လမ်းမီးတိုင်များတပ်ဆင်ပြီးနေလောက်ပြီပင်။

သို့သော် ယခု ရပ်တန့်လိုက်ရာ ထိုလမ်းမီးတိုင်စီမံကိနိးက တစ်ဝက်သာပြီးစီးသွား၏။ အဆုံးတွင် ညရောက်လာချိန်၌ ဘန်တာမြို့တော်၏လမ်းများတစ်‌ဝက်လောက်ကသာ လင်းထိန်နေပြီး ကျန်တစ်ဝက်က မှောင်မဲနေသည်။

လူများ စိတ်အပူ‌ရဆုံးမှာ လမ်းမီးတိုင်များ တပ်ဆင်ထားသော လမ်းများတွင် မသိရသောအကြောင်းရင်းတချို့ကြောင့် တချို့မီးအိမ်များက ည၌ မလင်းတော့ချေ။

ထို တိုက်ခန်းများ၏လူများမှာ Frestech ကုန်သည်ကြီးများအသင်း၏ ဝန်ဆောင်မှုဌာနကို လာရောက်မေးမြန်းကြသည်။ ၎င်းတို့ပြောကြသည်မှာ မြို့အရေးကိစ္စများက မြို့စား၏အတွင်းရေးဖြစ်ပြီး မြို့စားက Frestech ကုန်သည်ကြီးများအသင်းကို စွက်ဖက်မပြုရန် တားထားသည်ဟူ၍ပင်။ ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်းက ထိုပြဿနာကိုမဖြေရှင်းနိုင်ဘဲ မြိုသားများကို မြို့စားထံ၌ တုံ့ပြန်ချက်ရရန် တောင်းဆိုခိုင်းဖို့သာ တတ်နိုင်ကြ၏။

သို့သော် မြို့သားများ မြို့စားကို‌တောင်းဆိုချိန်၌ မြို့စားထံမှ စုံစမ်းစစ်ဆေးမှုကိုသာရလိုက်ပြီး မည်သည့်တုံ့ပြန်ချက်မှ မရှိတော့ပါချေ။

ထို ဘန်တာတိုင်းမ်စ် ထိုသို့သော မူမမှန်သည့်အခြေနေကို အလွတ်မပေးဘဲ အထူးတင်ပြချက်ထုတ်ကာ ၎င်းအား အမှောင်ထုထဲသို့ ကျဆင်းသွားသော ဘန်တာမြို့တော်ဟု ခေါ်ဆိုကြသည်။

ထိုတင်ပြချက်က ထိုပြဿနာ၌အထူးပြုထားပြီး လူများစွာ စိုးရိမ်နေသော မေးခွန်းများကို မြင့်တက်လာစေသည်။

ဘန်တာမြို့တော်၌ ရှုယီတောင်းဆိုထားပြီး Frestech ကုန်သည်ကြီးများအသင်းကိုင်တွယ်ရသော စီမံကိန်းများစွာရှိသည်။

ယခုတွင် Frestech ကုန်သည်ကြီးများအသင်းက ဘန်တာမြို့တော်မှထွက်ခွာပြီး မြို့စား၏ မြို့အရေးကိစ္စများကို မစွက်ဖက်ရန် အထူးမှာကြားခြင်းကိုပင် ခံခဲ့ရသေးသည်၊ ဘန်တာမြို့တော်၏အမှောင်ထုကို ဖယ်ရှားပေးသော လမ်းမီးတိုင်များကိုလည်း တစ်ခုပြီးတစ်ခုသာ ငြိမ်းသတ်လိုက်ရသည်မှာလည်း ဘန်တာမြို့တော် အမှောင်ထုထဲသို့ တစ်ဖန် ကျရောက်သွားသည်အထိပင်။

ထိုသတင်းထွက်လာပြီးနောက် "အမှောင်ထုထဲကျဆင်းသွားသည်"ဆိုသည့် စကားလုံးများက အဓိပ္ပာယ်နှစ်ခွဖြစ်လာပြီး မတူညီ‌သည့်လူများ၌ မတူညီသည့် အမြင်ရှိကြသည်...

ကျူရစ်ခ်က ၎င်းကို လေးလေးနက်နက်မတွေးပါချေ။ သူက ၎င်းကို Frestech ကုန်သည်ကြီးများအသင်းက ဘန်တာမြို့တော်မှ ထွက်ခွာပြီးနောက်မှသာ သိရှိခဲ့ပြီး ၂နှစ်အတွင်း မြန်မြန်ကြွယ်ဝလာခဲ့သည့် ဘန်တာမြို့တော်က ယခုတွင် ပိုလို့ပင်လျှင်မြန်သော နှုန်းဖြင့်ကျဆင်းသွားသည်မှာ မျက်လုံးနှင့်ပင် မြင်နိုင်နေသည်။

"ဒီငတုံးမြို့စားကတော့..." ထိုသို့တွေးရင်း ကျူရစ်ခ်မှာ စိတ်တွင်း၌သာ ကျိန်ဆဲလိုက်သည်။ ထို့နောက် ဘေးဘီကိုကြည့်လိုက်ရာ Frestech ကုန်သည်ကြီးများအသင်း၏ အလုပ်သမားတူညီဝတ်စုံကိုဝတ်ဆင်ထားသော လူငယ်တစ်ယောက်ကို‌တွေ့လိုက်ရာ‌ မေးလိုက်သည်၊ "မင်္ဂလာပါ၊ ဥက္ကဌရှု ဘယ်မှာရှိလဲသိလားးဗျ?"

လူငယ်က ကျူရစ်ခ်ကို အံ့ဩစွာကြည့်လိုက်သည်၊ "ခင်ဗျားက ဘယ်သူများလဲ? ဥက္ကဌကို ဘာအတွက် ရှာနေရတာလဲဗျာ?"

"ကျုပ်က ကျူရစ်ခ်ပါ၊ ဥက္ကဌရှုဆီကနေ အလုပ်ရှာဖို့ ရောက်လာတာပါ၊ "ကျူရစ်ခ်ကဖြေလိုက်တယ်၊ "ခင်ဗျားတို့ရဲ့ Frestech ကုန်သည်ကြီးများအသင်းက ဘန်တာ‌မြို့တော်မှာ အလုပ်ရုံအသစ်ဖွင့်ပြီး ထုတ်ကုန်ဖြန့်ချိဖို့ လူစုနေတယ်ကြားလို့၊ ဒါကြောင့်လာကြိုးစားကြည့်တာပါ"

လူငယ်က အံ့ဩဟန်ရှိနေ၏။

"ထုတ်ကုန်ဖြန့်ချိရေး? ကျုပ်ဘာလို့မကြားမိတာပါလိမ့်?"

ကျူရစ်ခ်က အံ့ဩသွား၏၊ "မဖြစ်နိုင်တာ၊ အစ်ကိုကြီးကန်တိုနာက ဒါကို ဥက္ကဌရှုဆီက ကိုယ်တိုင်ကြားခဲ့တာ၊ မှားနေတာတော့ မဖြစ်နိုင်ဘူး မို့လား?"

"ခင်ဗျား ပြောနေတာ ကန်တိုနာကုန်သည်ကြီးများအသင်းက ဥက္ကဌလား?" လူငယ်က အနည်းငယ်အံ့အားသင့်သွား၏၊ "ခင်ဗျားကသူနဲ့ ရင်းနှီးတာလား? ဒါပြောတာသူဆိုရင်တော့ ဥက္ကဌဆီကနေ တစ်ခုခုသိခဲ့ရတာဖြစ်နိုင်တယ်။"

"ဒါဆို မှန်တာပေါ့?" ကျူရစ်ခ်က စိတ်လှုပ်တရှား‌နဲ့ ချက်ချင်းမေးလိုက်တယ်၊ "ဒါ‌ဆို ကျုပ်ကို ဥက္ကဌရှုရှိတဲ့နေရာလေးပြောပြနိုင်မလား? သူ့ကိုအခု မေးချင်လို့ပါ"

လူငယ်က ကျူရစ်ခ်ကိုကြည့်ရင်း စိတ်ပျက်စွာနှုတ်ခမ်းကိုတွန့်ကွေးလိုက်တယ်၊ "ခင်ဗျားကိုယ်ခင်ဗျား ဘာထင်နေတုန်း၊ ခင်ဗျားတွေ့ချင်တာနဲ့ ဥက္ကဌကိုတွေ့နိုင်မယ်ထင်နေတာလား? ပြောပါရစေ၊ ဥက္ကဌက အရမ်းအလုပ်များတယ်၊ သူကဘယ်လိုလုပ် ဘယ်သူလာလာ,လာနိုင်မှာလဲ?"

ကျူရစ်ခ်က ထိုသိသာလှသော စိတ်ပျက်မှုကို ဂရုမစိုက်ဘဲ ရယ်လျက်ပြောလိုက်၏၊"ကျုပ် ဥက္ကဌရှုကို မတွေ့နိုင်ရင်တောင် လူလက်ခံတဲ့ ပုဂ္ဂိုလ်ကိုတွေ့ရရင် အဆင်ပြေပါတယ်။ ဘာပဲဖြစ်ဖြသ်ကျုပ်က ဒီကိုအလုပ်လာရှာတာလေ၊ ကျုပ်ရည်မှန်းချက်ရသရွေ့အဆင်ပြေပါတယ်။"

လူငယ်က ကျူရစ်ခ်၏ အကောင်းမြင်စိတ်ကြောင့် ဝမ်းသာသွားကာ မထိန်းနိုင်ဘဲ ပြုံးရင်းပြောလိုက်၏၊ "ခင်ဗျားရဲ့ မျက်လုံးတွေက အတော်ကြည်လင်တယ်။ ကောင်းပြီ ဒီကို အလုပ်လာရှာမှတော့ ဒီလမ်းအဆုံးကိုလျှောက်သွား၊ ပြီးရင် ဘယ်ဘက်ကွေ့လိုက်၊ အဲ့မှာ ကျုပ်တို့ လုပ်ငန်းစုရဲ့ ရုံးကို မြင်လိမ့်မယ်။ အဲ့မှာ မေးကြည့်လိုက်ရင် ခင်ဗျားကို ကူညီနိုင်မယ့်တစ်ယောက်ယောက်ကို တွေ့လိမ့်မယ်။ ကျုပ်ခင်ဗျားအတွက် ဘာမှလုပ်ပေးလို့မရဘူး။"

ကျူရစ်ခ်က ရယ်ရင်း လူငယ်၏ပခုံးကိုပုတ်လိုက်၏၊ "ကောင်းပါပြီ၊ အကူအညီအတွက် ကျေးဇူးပါ။ နာမည်ဘယ်လိုခေါ်လဲဗျ? ကျုပ်တို့ မိတ်ဆွေတွေ ဖြစ်နိုင်တယ်။"

လူငယ်ကခေါင်းခါလိုက်ပြီး "မေ့လိုက်ပါ၊ ကျုပ်တို့ထပ်တွေ့ဦးမလားဆိုတာ မသိရဘူးလေ။ ဒီတော့ ထပ်တွေ့ရင် ကျုပ်ခင်ဗျားကိုသတိပေးပါ့မယ်၊ အခုဘယ်အချိန်ရှိပြီလဲ? ခင်ဗျား ဘန်တာမြို့တော်မှာ ဆက်လုပ်ချင်သေးတာလား? ခင်ဗျားအလုပ်,လုပ်ချင်ရင် မိုးကျတောင်ကြားမှာ အလုပ်သမားရှာနေတဲ့ လုပ်ငန်းစုတွေ ပေါလို့၊ ဘာလို့မကြိုးစားကြည့်ရတာလဲ?"

"အခြားနည်းလမ်းမရှိဘူးလေ၊ ကျုပ်မိဘတွေက အသက်ကြီးပြီး သားတစ်ယောက်ပဲရှိတာကြောင့် သူတို့နဲ့ ဝေးနေလို့မဖြစ်ဘူး" ကျူရစ်ခ်က ပခုံးတွန့်လိုက်၏။

လူငယ်၏အပြုံးက လေးနက်လာကာ ခေါင်းငြိမ့်ရင်းပြောလိုက်သည်၊

"ခင်ဗျားက သားလိမ္မာလေးဖြစ်မယ်လို့ ကျုပ်မထင်ခဲ့ဖူးဘူး။ ဒါပေမယ့် ရိုးသားရရင် မိုးကျတောင်ကြားက ဘန်တာမြို့တော်ကနေ ခြောက်ဆယ်ကီလိုမီတာပဲဝေးတယ်လေ၊ ဒါ သိပ်မဝေးပါဘူး။ အခု ဖာဆန်ရထားလုံးလုပ်ငန်းစုရဲ့ အများသုံးပို့ဆောင်ရေးရထားလုံးနဲ့ဆိုရင် လေးနာရီတောင်မပြည့်တဲ့ ခရီးလေးပါပဲ။ ကျုပ်တို့လုပ်ငန်းစုရဲ့ မှော်ကားကိုအဆင့်မြှင့်ပြီးတာနဲ့ တစ်နာရီလောက်တောင်မကြာတော့ဘူး၊ ဒါကြောင့် မဝေးပါဘူး။"

"မှော်ကား?" ကျူရစ်ခ်၏မျက်လုံးများတောက်ပသွား၏။ "အဲ့ဒါကဘာလဲ?"

လူငယ်က ရုတ်တရတ် အမှားလုပ်လိုက်မှန်းသတိရသွားသည်။ သူက အနေခက်စွာရယ်လျက် မြန်မြန်စကားများကိုဖုံးလိုက်၏။ "ကျုပ်လည်းသိပ်တော့မရှင်းပါဘူး၊ အရင်က အခြား‌လူတွေပြောတာကြားဖူးတာပါပဲ"

လူငယ်၏ဆိုလိုရင်းကိုနားလည်ပြီး ကျူရစ်ခ်ကဆက်မမေးတော့ချေ။ သူက အပြုံးဖြင့်ပြောလိုက်၏။ "ကောင်းပြီ၊ ကျုပ် ဥက္ကဌရှုကိုတွေ့ရင် ကိုယ်တိုင်ပဲမေးလိုက်ပါ့မယ်။"

လူငယ်က ခေါင်းခါလျက် ထိုလူကအင်မတန် ယုံကြည်ချက်ရှိသည်ဟု တွေးလိုက်သည်။

ဥက္ကဌက အင်မတန်အရေးပါရာ လူတိုင်းက သူ့ကိုဘယ်လိုတွေ့နိုင်မည်နည်း?

သို့သော် ၎င်းနောက်တွင် သူနှင့် ကျူရစ်ခ်က အဝေးမှလာနေသည့် အသံများကိုကြား၍ လှည့်ကြည့်လိုက်ကြသည်။ ကြည့်လိုက်ရင်း ချက်ချင်းအံ့ဩသွားကြ၏။

ထိုသည်က လူတစ်စုလျှောက်လာခြင်းဖြစ်ပြီး တစ်ယောက်က ဦးဆောင်လာ၏၊ ဒါက ရှုယီမဟုတ်လား!

***

မှော်စက်မှုအင်ပါယာ

Vol 3, အခန်း ၇။ ရူဒ်ဆန်တိုင်းပြည်က သင့်ကို ရင်းနှီးမြှုပ်နှံဖို့ ကြိုဆိုပါတယ်

"ဥက္ကဌရှု၊ ခင်ဗျားရဲ့ စက်မှုအခြေစိုက်ရုံက တကယ်ပဲ ကျုပ်မျက်လုံးတွေကို ဖွင့်ပေးခဲ့တာပါ။ ဖြစ်နိုင်ရင် ကျုပ်တို့ရဲ့ ရူဒ်ဆန်တိုင်းပြည်ကို ဒီနေရာရွှေ့လိုက်ချင်မိတယ်" နျူမန်က အစိမ်းရောင်ပန်းများနှင့် သန့်ရှင်းနေသည့်အလုပ်ရုံများအကြားရှိ ဆန့်ကျင်ဘက်ဖြစ်နေမှုကိုကြည့်ကာ မနေနိုင်ဘဲ သက်ပြင်းချလိုက်မိ၏။

"ဟ၊ ဟ၊ ဥက္ကဌနျူမန်သာ ဆန္ဒရှိရင် တကယ်ရွှေ့ဖို့ ဘယ်လောက်ခက်မှာတဲ့လဲ?" ရှုယီက အပြုံးဖြင့်ပြောလိုက်သည်၊ "ခင်ဗျားရဲ့ ရူဒ်ဆန်တိုင်းပြည်က သဘောတူနေသရွေ့ ကျုပ်တို့Frestechကုန်သည်ကြီးများအသင်းအတွက် နောက်ထပ် စက်မှုအခြေစိုက်ရုံးမှာ ရင်းနှီးမြုပ်နှံဖို့က လွယ်တဲ့ကိစ္စပါပဲ"

"တကယ်လား?" နျူမန်က ရှုယီကို အံ့အားသင့်စွာကြည့်လိုက်၏၊ "ဥက္ကဌရှု၊ ကျုပ် ဟာသလုပ်နေတာ မဟုတ်ဘူးဗျ၊ ကျုပ်တကယ်ပဲ အရာအားလုံးကို ပြန်ယူဆောင်လာချင်တာ။ အနည်းဆုံးတော့ ကျုပ်တို့ စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းတွေ ဝယ်ချင်ရင် ဒီလောက် ဝေးဝေး ပြေးလာစရာမလိုတော့ဘူးလေ။"

"ကျုပ်လည်း ဟာသလုပ်နေတာမဟုတ်ပါဘူး" ရှုယီက ခပ်ဖျော့ဖျော့ပြုံးလျက်၊ "ဥက္ကဌနျူမန်၊ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ ခင်ဗျားရဲ့ ရူဒ်ဆန် တိုင်းပြည်က အလုပ်ရုံမှာ မြှုပ်နှံမယ်ဆိုရင် ကျုပ်တို့ကို ဦးစားပေး ဆက်ဆံမှာလား?"

ရှုယီက ဟာသလုပ်‌နေပုံမရသည်ကို ကြားတွေ့ရသောအခါ နျူမန်က ချက်ချင်း လေးနက်သွား၏။ သူက ရှုယီကို ခဏမျှကြည့်ကာပြောလိုက်သည်၊ "ကျုပ်ထင်တာတော့ ကျုပ်တို့ရဲ့ ဘုရင်သာ ဒါကိုကြားရင် အရမ်းပျော်နေလောက်မယ်။ သူ ကျုပ်ရဲ့ ဘန်တာမြို့တော် တင်ပြချက်ကို ကြားတော့ ခင်ဗျားရဲ့ Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်စက်ပစ္စည်းထုတ်လုပ်ရေးနည်းလမ်းတွေကို သူ့ဆီမိတ်ဆက်ပေးဖို့ မျှော်လင့်နေခဲ့တာ။ ဥက္ကဌရှုက ဒီလိုတောင်းဆိုချက်ကို ကျေနပ်မှတော့ ကျုပ်တို့ဘုရင်က ခင်ဗျားကို လုံလုံလောက်လောက် ဦးစားပေးဆက်ဆံပြီး ကျုပ်တို့ရဲ့ ရူဒ်ဆန်တိုင်းပြည်မှာ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ ကောင်းကောင်းမြှုပ်နှံနိုင်ဖို့ အာမခံမှာပါ။"

ရှုယီက ပြုံးပြလိုက်သည်။ နျူမန်က အပြင်ပန်း၌ ကြိုဆိုနေဟန်ပေါ်နေလျှင်တောင် သူ့စကားလုံးများက လုံးဝကွဲပြားသည်။

ရူဒ်ဆန်တိုင်းပြည်၌ အလုပ်ရုံတစ်ခု တည်ဆောက်ရန် တောင်းဆိုနေသော်လည်း နျူမန်က Frestech ကုန်သည်ကြီးများအသင်းကို ၎င်းတို့၏ မှော်စက်ပစ္စည်းထုတ်လုပ်ရေးနည်းလမ်းကို မေးထားလေသည်။

သီအိုရီအရ ရှုယီအတွက် ၎င်းကိုလက်မခံရန် မဖြစ်နိုင်သည်မဟုတ်၊ ယခုတွင် Frestech ကုန်သည်ကြီးများအသင်းကသာ နည်းပညာအလုံးစုံရှိနေသောကြောင့်ပင်။ သူက စိုင်စ်နယ်မြေ၏ လုပ်ငန်းစုအားလုံး မှော်စက်ပစ္စည်းထုတ်လုပ်ရေးနည်းပညာကို ဖမ်းဆုပ်နိုင်ကြရန် မျှော်လင့်ရင်း နယ်မြေ၌ မှော်စက်ပစ္စည်းစက်မှုဇုန်ကို ချပြကာ ပြီးပြည့်စုံသည့် မှော်စက်မှုဆိုင်ရာစနစ်ကို ဖန်တီးနေသည်။

ဟုတ်ပါသည်၊ သူက ၎င်းကို အလွယ်တကူ သဘောတူလိမ့်မည်တော့မဟုတ်ချေ။

၎င်းက Frestech ကုန်သည်ကြီးများအသင်း၏ အကျိုးအမြတ်အတွက်ဖြစ်ဖြစ်၊ ဘန်တာမြို့တော် ဒါမှမဟုတ် လမ်ပူရီတိုင်းပြည် အကျိုးအမြတ်အတွက်ပဲဖြစ်ဖြစ် သူက ထိုနည်းပညာကို အလွယ်တကူ လွှဲပြောင်းမပေးနိုင်ပါချေ။

"ခင်ဗျားတို့တိုင်းပြည်ရဲ့ဘုရင်က ကျုပ်တို့ရဲ့ အလုပ်ရုံ ရင်းနှီး မြှုပ်နှံမှုကို လက်ခံဖို့ ဆန္ဒရှိနေမှတော့ ကျုပ်တို့က ဒါကို သေချာပေါက် ဦးစားပေးရမှာပါ။" ရှုယီက ပြန်ဖြေလိုက်၏။ "လမ်ပူရီတိုင်းပြည်မှာ ကျုပ်တို့လုပ်ငန်းစုကို ရင်းနှီးမြှုပ်နှံဖို့ ကမ်းလှမ်းကြတဲ့ မြို့တွေအများအပြားရှိပြီး ကျုပ်ကို Frestech ကုန်သည်ကြီးများအသင်းအတွက် ပန်းတိုင်အနေနဲ့ နယ်မြေပေါ်မှာ ပထမတန်းစား လုပ်ငန်းစုဖြစ်လာသလို ဆက်ဆံခံရပေမယ့်လည်း တခြားတိုင်းပြည်တွေမှာ ဈေးတစ်ခုဖွင့်ဖို့ကြတော့ စဉ်းစားဖို့ သေချာပေါက်လိုသေးတယ်။

ရှုယီက နည်းပညာကိုပေးဖို့ရာ သဘောမတူသည်ကို ကြားသော် နျူမန်က အံ့ဩမသွားပါ။ သူက ပြုံးရုံသာပြုံးပြီး ဆက်မမေးတော့ပါချေ။

ထိုကိစ္စက အင်မတန်အရေးကြီးလှသည်၊ ၎င်းကို သူတို့နှစ်ဦးကြားက သာမန်စကားဝိုင်းလေးနှင့် ဆုံးဖြတ်၍မရနိုင်ချေ။

၎င်းကိုသုံး၍ ရှုယီ၏ရည်ရွယ်ချက်ကို စူးစမ်းခြင်းက လုံလောက်နေပြီပင်။ ရှုယီက ရူဒ်ဆန်တိုင်းပြည်ရှိ အလုပ်ရုံတစ်ခု၌ ရင်းနှီးမြှုပ်နှံရန် ဆန္ဒရှိသည်ကပင် နျူမန်ကို အင်မတန်စိတ်ကျေနပ်စေ၏။

အခြားမည်သည့်ကိုမှ မပြောနဲ့ဦး Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ ရူဒ်ဆန်တိုင်းပြည်က စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းအလုပ်ရုံမှာ မြှုပ်နှံနိုင်ရင် ရူဒ်ဆန်တိုင်းပြည်က အဲဒီ့ မှော်စက်ပစ္စည်းတွေကို ပြည်တွင်းမှာ ထုတ်လုပ်နိုင်ပြီ။ သူတို့တွေ အဝေးကနေ ယူသွင်းစရာမလိုတော့ဘူး၊ ဒါက အချိန်များစွာကိုလည်း သက်သာစေပြီး အရေးကြီးဆုံးဖြစ်တဲ့ ငွေကိုလည်း သက်သာစေတယ်။

Frestech ကုန်သည်ကြီးများအသင်း ထုတ်လုပ်ထားသည့် အရေးပါဆုံး မှော်ကောက်ရိတ်စက်အသေးလေးက လက်ရှိဈေးနှုန်း ရွှေဒင်္ဂါးပြား ၇၀ရှိ၏။

Frestech ကုန်သည်ကြီးများအသင်းမှာ နယ်စပ်သို့ ပို့ဆောင်ရေးကို ဂရုစိုက်ပါသော်လည်း နယ်စပ်မှ‌ ရူဒ်ဆန်တိုင်းပြည်၏ မြို့‌တော်သို့ ကီလိုမီတာများစွာ ဝေးကွာနေသေးသည်။

ထိုလမ်းကြောင်းရှည်၌ နျူမန် တွေးနိုင်သလောက် ဈေးအပေါဆုံး ပို့ဆောင်ရေးနည်းလမ်းနှင့်ဆိုလျှင်တောင် မှော်ကောက်ရိတ်စက်အသေးတစ်လုံးစီအတွက် ရွှေဒင်္ဂါးတစ်ပြားနီးနီးကုန်ကျသည်။

တစ်ခုအတွက်မှာ မများပါသော်လည်း အခုသုံးသိန်းအတွက်ဆိုလျှင် ရွှေဒင်္ဂါးအပြားလေးသိန်းလောက်နီးနီးကပ်သွားမည်ကိုတော့ လျစ်လျူရှု၍ မရနိုင်ပါချေ။

ရူဒ်ဆန်တိုင်းပြည်၏ ဘဏ္ဍာရေးက လမ်ပူရီတိုင်းပြည်ထက်ကောင်းပါလျှင်တောင် ထိုကုန်ကျစရိတ်က နျူမန်ပဲဖြစ်ဖြစ် ဘုရင်ပဲဖြစ်ဖြစ် မြင်လိုသည့်အရာတော့ မဟုတ်ပါချေ။

Frestech ကုန်သည်ကြီးများအသင်းမှ ထိုစိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းများက စတင်ကာစရှိသည်ကိုပင် မဆိုထားနှင့်။

နောက်ဆုံးတစ်ခေါက် နျူမန် မိမိရူဒ်ဆန်တိုင်းပြည်သို့ ပြန်သွားချိန်တွင် Frestech ကုန်သည်ကြီးများအသင်း ထုတ်လုပ်ထားသည့် မှော်စက်ပစ္စည်းအမျိုးအစားတစ်ခုစီကို ငါးခု အရယူသွားသည်။

ထိုထုတ်ကုန်များအား နျူမန်မှာ ရူဒ်ဆန်တိုင်းပြည်သို့ ပြန်ယူလာချိန်၌ ၎င်းက လူများစွာ၏ အာရုံကို ဆွဲဆောင်သွားတော့သည်။

နျူမန်က ထိုမှော်စက်ပစ္စည်းများအား ရူဒ်ဆန်တိုင်းပြည်၌သာ ချပြပါလျှင် ကြီးကျယ်စွာကြိုဆိုကြလိမ့်မည်ကို သေချာပါ၏။

အချိန်ကျလာလျှင် ၎င်းတို့တွေးရန်လိုသည်မှာ စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းများသာမဟုတ်ဘဲ Frestech ကုန်သည်ကြီးများအသင်းထုတ်လုပ်သည့် အခြားမှော်စက်ပစ္စည်းများကိုလည်း လိုအပ်ပေသည်။

မှော်စက်ပစ္စည်းတစ်ခုကို တင်ပို့ရန် ပျှမ်းမျှ ရွှေဒင်္ဂါးတစ်ပြားကုန်ကျနေပြီလျှင် ၎င်းက အသင်္ချေဂဏန်းအထိ ဖြစ်လာလိမ့်မည်။

ထို့ကြောင့် ဒီကိုမလာခင် ဘုရင်က နျူမန်အတွက် တောင်းဆိုချက်ပြုခဲ့သည်။ မည်သို့ဖြစ်ဖြစ် သူဟာ Frestech ကုန်သည်ကြီးများအသင်းကို ရူဒ်ဆန်တိုင်းပြည်ရှိ အလုပ်ရုံတစ်ခု၌ ရင်းနှီးမြှုပ်နှံဖို့ ဆွဲဆောင်ရမည်ဟုပင်။ သူသာ Frestechကုန်သည်ကြီးများအသင်းထံမှ မှော်စက်ပစ္စည်းထုတ်‌လုပ်ရေးနည်းလမ်းများကို ရနိုင်ပါလျှင် ပို၍ကောင်းမည်ဟု ဆိုသည်။

၎င်းမတိုင်ခင် နျူမန်က မှော်ရေနွေးကရားနှင့် ဘိလပ်မြေ ထုတ်လုပ်ရေးနည်းလမ်းများအား ရူဒ်ဆန်ကုန်သည်ကြီးများအသင်း၏ကိုယ်စား ဝယ်ယူခဲ့သည်။

ဆက်စပ်ပစ္စည်းများနှင့် ထုတ်လုပ်မှုအခြေခံအဆောက်အအုံကင်းမဲ့ခြင်းကြောင့် ရူဒ်ဆန်ကုန်သည်ကြီးများအသင်းမှာ ယခုတွင် မှော်ရေနွေးကရားကို မထုတ်လုပ်နိုင်သေးသော်လည်း ဘိလပ်မြေကိုတော့ စတင်ထုတ်လုပ်နေပြီဖြစ်၏။

ယခုတွင် အမ်ရစ်ကုန်သည်ကြီးများအသင်းက ရူဒ်ဆန်တိုင်းပြည်တစ်ခုလုံးတွင် ဘိလပ်မြေလမ်းများခင်းကျင်းရန် ဆောက်လုပ်ရေးအဖွဲ့သုံးဖွဲ့ရှိ၏။ ရူဒ်ဆန်တိုင်းပြည်ထုတ် ဘိလပ်မြေနှင့်ဆိုလျှင် ကီလိုမီတာ တစ်ထောင်ကျော်အဝေး Frestechကုန်သည်ကြီးများအသင်းထံမှ ဝယ်ယူရန်မလိုတော့ချေ။

ထို့ကြောင့် ရူဒ်ဆန်တိုင်းပြည်တော်ဝင်မိသားစုက ထိုလမ်းများခင်းရာ၌ ရွှေဒင်္ဂါးပြားသုံးသိန်းကျော် သက်သာသွားသည်။

၎င်းနှင့်ယှဉ်လျက် လမ်းများက ရူဒ်ဆန်တိုင်းပြည်၌ လျင်မြန်စွာပဲ ခင်းပြီးသွား၏။

တော်ဝင်မိသားစု၏ဘဏ္ဍာနှင့် အမ်ရစ်ကုန်သည်ကြီးများအသင်းမှ ဆောက်လုပ်ရေးအဖွဲ့၃ဖွဲ့၏ အထောက်အပံ့၊ ရူဒ်ဆန်တိုင်းပြည်စစ်တပ်၏ အစောင့်အကြပ်များကြောင့် ရူဒ်ဆန် တိုင်းပြည်မှာ သုံးလမပြည့်ခင်၌ပင် ကီလိုမီတာငါးရာရှိ လမ်းကို ခင်းပြီးသွားသည်။

လမ်းတစ်လမ်းမှာ လမ်ပူရီတိုင်းပြည်‌နယ်စပ်မှ ရူဒ်ဆန်တိုင်းပြည်တော်ဝင်မြို့တော်အထိရှိပြီး ဘန်တာမြို့တော်ကို ချိတ်ဆက်ထားသည်။

တစ်ချိန်တည်း၌ ဘန်တာမြို့တော်မှာ တစ်ရာကီလိုမီတာလမ်းလည်း လအဆုံး၌ ပြီးသွားကာ အသုံးပြုနိုင်နေပြီဖြစ်သည်။

နျူမန်က ကာခါမြို့မှနေ၍ မိုးကျတောင်ကြားကိုလာခဲ့သည်၊ ၎င်းက ကီလိုမီတာရှစ်ရာကျော်ဝေးသည့်ခရီးဖြစ်၏။ ထို့အပြင် သုံးရက်မျှသွားရကာ တစ်ရက်ကို ကီလိုမီတာ နှစ်ရာကျော်ခရီးဆက်ရပြီး ၎င်းက ယခင်ကထက် နှစ်ဆမြန်ပါသည်။

ထို့အပြင် ထိုခရီးက ပိုမို သက်တောင့်သက်သာရှိသည်။ မြင်းလှည်းထဲတွင်ပင် ခုန်ခြင်းမရှိသောကြောင့် နျူမန်မှာ အိပ်ပင်ပျော်နိုင်၏။

ထိုခရီးက ပိုမိုသက်တောင့်သက်သာရှိသည်ကိုကြုံတွေပြီး နျူမန်က Frestech ကုန်သည်ကြီးများအသင်းနှင့် ရှုယီ၏ အစွမ်းအစကို ပိုလို့ပင် ယုံကြည်နေသည်။ သူက Frestechကုန်သည်ကြီးများအသင်း၌ရှိသည့် မှော်စက်ပစ္စည်းထုတ်လုပ်ရေးနည်းပညာကို တောင့်တလျက် ခိုင်မာသည့် စိတ်ဝင်စားမှုလည်းရှိနေသည်။

သို့သော် ရှုယီက ထိုနည်းပညာကို တင်းတင်းကြပ်ကြပ်ကိုင်ဆောင်ထားကာ တစ်ခုသော်မျှ ထုတ်မပြသောကြောင့် နျူမန်က မည်သည်ကိုမှ မလုပ်နိုင်ပါချေ။

သို့သော် သူက ၎င်းကြောင့် စိတ်မပျက်သွားပါချေ။ ရှုယီက မှော်ပန်ကာ၊ မှော်ရေနွေးကရားနှင့် ဘိလပ်မြေအတွက် ထုတ်လုပ်ရေးနည်းလမ်းများပေးထားခဲ့သည့်အချက်ကို မူတည်ပြီး ရှုယီက နယ်မြေ၏ အခြားလုပ်ငန်းစုများနှင့် ကွဲပြားသည်ကို တွေ့နိုင်သည်။ သူက သူ၏နည်းပညာကို သီးသန့်အဖြစ် ထုတ်ဖော်ခွင့် လက်ဝယ်ရှိသလို မဆက်ဆံပါချေ။

သူသာ စိတ်ရှည်ရှည်ထားသရွေ့ ရှုယီက သက်ဆိုင်ရာနည်းပညာကို ပေးလာမည်အား နျူမန်ကယုံကြည်နေပါ၏။

ထို့ကြောင့် နျူမန်က စိတ်မလောပါချေ။ ထိုအချိန်၌ သူက နှစ်ဘက်စလုံး၌ အရင်ဆုံး ဆက်ဆံရေးကောင်းရှိရန် အာမခံဖို့က ပိုကောင်းသည်ဟု ခံစားရသည်။

သူက ခေါင်းစဉ်ကို စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်း ငါးထောင်အပြောင်းသို့ ပြန်ပြောင်းမည့်ဆဲဆဲတွင် ပုံရိပ်တစ်ခုက ၎င်းတို့ရှေ့၌ ရုတ်တရတ်ပေါ်ထွက်လာ၏။

ကျူရစ်ခ် ရှုယီဆီသို့ မရောက်နိုင်ခင်မှာပင် ၎င်းတို့နှစ်ယောက် အနောက်မှလိုက်လာကြသည့် အစောင့်များ၏ တားဆီးခံလိုက်ရသည်။

"ဥက္ကဌရှု၊ ကျုပ်ဒီကို ပြဿနာရှာဖို့လာတာမဟုတ်ပါဘူးဗျ" ကျူရစ်ခ်က အလျင်အမြန်ပင် လက်များကိုမြှောက်ကာ ရပ်လိုက်ရင်း ရှုယီကို ကျယ်လောင်စွာပြောလာသည်၊ "ကျုပ်က ခင်ဗျားဆီမှာ အလုပ်မေးချင်ရုံပါပဲ"

"အိုး?" ရှုယီက ကျူရစ်ခ်ကိုကြည့် ဟာသတွေ့ရသလိုကြည့်လိုက်သည်၊ "စိတ်မကောင်းပါဘူး၊ ကျုပ်က လူသစ်လက်ခံတဲ့ တာဝန်ခံမဟုတ်လို့ပါ။ ခင်ဗျား အလုပ်လိုချင်ရင်၊ ကျုပ်တို့လုပ်ငန်းစုရဲ့ လူ့စွမ်းအားရင်းမြစ်ဌာနဆီမှာ စစ်ဆေးမှုခံယူနိုင်ပါတယ်။"

"ဒါပေမယ့် ကျုပ်လိုချင်တဲ့အလုပ်က ခင်ဗျား ပွင့်ပွင့်လင်းလင်းခေါ်နေတဲ့တစ်ခုမဟုတ်လို့ပါ၊ ကျုပ်ဒီကို အစ်ကိုကန်တိုနာဆီကနေ ကြားပြီးရောက်လာတာပါ။" ကျူရစ်ခ်က အသံကျယ်ကျယ်နဲ့ဆက်ပြောလိုက်၏။

"ကန်တိုနာ?" ရှုယီက ကျူရစ်ခ်ကိုကြည့်ကာ အနည်းငယ်မျှတွေးတောလိုက်သည်။ သူက Frestechကုန်သည်ကြီးများအသင်းအလုပ်သမားတစ်ဦးဆီ လက်ယမ်းပြကာ ထိုသူ့အား ကိစ္စနည်းနည်းပြောပြီးနောက် ထိုအလုပ်သမားက ကျူရစ်ခ်ဆီလျှောက်သွားလိုက်ပြီး သူ့ကို ကိစ္စတချို့ တိုးတိုးပြောလာကာ မိုးကျတောင်ကြားဗဟိုရှိ လုပ်ငန်းစုရုံးဆီကို ခေါ်ဆောင်သွားတော့သည်။

ကျူရစ်ခ်ထိုအလုပ်သမားနှင့် ဘေးဘီကိုကြည့်ပြီး လျှောက်သွားသည်ကိုမြင်သော် နျူမန်က မထိန်းနိုင်ဘဲ ပြုံးကာပြောလိုက်သည်၊

"ဥက္ကဌရှု၊ ကြည့်ရတာ ခင်ဗျားရဲ့ Frestechကုန်သည်ကြီးများအသင်းက အတော်နာမည်ကြီးပုံပဲ။ ခင်ဗျားဆီကို အသိတွေက မိတ်ဆက်ပေးပြီးရောက်လာတဲ့လူငယ်တွေ တစ်ချိန်လုံးရှိနေတာလား?"

ရှုယီကခေါင်းခါလျက် ခါးသက်သက်ပြုံးလိုက်သည်၊ "ဒီလိုမရှိပါဘူး၊ ကြည့်ရတာ လူတိုင်းကျုပ်တို့လုပ်ငန်းစုကို သတိထားမိပုံပါပဲ။ တကယ်တော့ ကျုပ်တို့တွေ လစာအကြောင်းပြောလိုက်ရင် ကျုပ်တို့လုပ်ငန်းစုရဲ့ အလုပ်သမားတွေက ဘန်တာမြို့တော်မှာ အမြင့်ဆုံးမရကြဘူးလေ။ ခင်ဗျားတို့ ရူဒ်ဆန်တိုင်းပြည်မှာ လမ်းတွေဆောက်ပေးသွားတဲ့ အမ်ရစ်ကုန်သည်ကြီးများအသင်းက အလုပ်သမားတွေက တစ်လကို ရွှေဒင်္ဂါးပြားသုံးဆယ်ရောက်တဲ့အထိ လစာအမြင့်ဆုံးရတာကို ခင်ဗျားသိသင့်တယ်။"

"ဒါကမတူဘူးလေ။ ဒီလူတွေက သူတို့ဇာတိကနေ ခွာပြီး နောက်တစ်နိုင်ငံမှာ အလုပ်သွားလုပ်ကြတာ။ အမ်ရစ်ကုန်သည်ကြီးများအသင်းကသာ သူတို့ကို လစာကောင်းကောင်းမပေးရင် လူအတော်များများက သွားချင်ကြမှာမဟုတ်ဘူး။" နျူမန်က ခဏရပ်တန့်ပြီးပြောလာ၏၊ "တကယ်တော့ ကျုပ် ဥက္ကဌခရုစ်ကို ပြည်တွင်း ရူဒ်ဆန်အလုပ်သမားတွေကို ခန့်ဖို့ပြောသေးပါတယ်၊ ဒါဆို အဆင်ပြေရုံတင်မကဘူး၊ ပိုက်ဆံလည်းသက်သာတယ်လေ၊ ဒါပေမယ့် သူက ကျုပ်အကြံပြုချက်ကို လက်မခံခဲ့ဘူး။ ဥက္ကဌရှု၊ ခင်ဗျားကျုပ်ကို ဥက္ကဌခရုစ်နဲ့ စကားပြောဖို့ကူညီနိုင်မလား?"

ရှုယီက နျူမန်ကိုကြည့်ကာ ခပ်ဖွဖွရယ်လိုက်သည်။ ခင်ဗျားရဲ့အကြံက အမ်ရစ်ကုန်သည်ကြီးများအသင်းကို ကူညီနေတာမဟုတ်ဘဲ အဲ့မှာ လူတွေထည့်ပြီး သူတို့ရဲ့ လမ်းဆောက်ခြင်းနည်းပညာကို ခိုးချင်နေတာလေ။

ဥက္ကဌခရုစ်က ဉာဏ်ကောင်းတဲ့လူပဲ၊ ဘယ်လိုလုပ် ခင်ဗျားအကြံပြုတာကို နားထောင်မှာလဲ?

ရှုယီက ၎င်းကိုတွေးလိုက်သော်လည်း နျူမန်ထံခေါင်းငြိမ့်ပြလိုက်၏၊ "ကောင်းပြီလေ၊ ကျုပ်သူနဲ့ပြောဖို့ အခွင့်ရေးရှာလိုက်ပါဦးမယ်။"

ရှုယီက ယဉ်ကျေးစွာပြောလာသည့်အခါ နျူမန်မှာ ပျော်ရွှင်သွားတော့၏။

***

မှော်စက်မှုအင်ပါယာ

Vol 3, အခန်း ၈။ မျက်လုံးထဲမှာ သခင်ကြီးတွေပဲရှိနေတယ်။

မိုးကျတောင်ကြားသို့ လည်ပတ်ပြီးနောက် နျူမန်က ရှုယီနှင့်အတူ Frestech ကုန်သည်ကြီးများအသင်း၏ရုံးသို့ ပြန်သွားလိုက်သည်။

နှစ်ဦးတည်း အစည်းဝေးလုပ်နေချိန်တွင် နျူမန်က Frestechကုန်သည်ကြီးများအသင်းကို ၎င်းတို့စကားဝိုင်း နက်နဲ‌လာသည်၌ တစ်ဖန် ဖိတ်ကြားလိုက်၏။

"ဥက္ကဌရှု ရိုးရိုးသားသားပြောရရင် ကျုပ် ဘာလို့ ဒီတိုင်းပြည်က ခင်ဗျားရဲ့ လုပ်ငန်းစုကို ဖိနှိပ်နေမှန်း အတော်နားမလည်ဘူး။ ဘုရင်ဝီလီယမ်သာ ဒီကိစ္စကို သိပြီးရင် အတော်လေးအံ့ဩပြီး စိတ်ရှုပ်သွားလောက်တယ်။ ခင်ဗျားတို့ Frestechကုန်သည်ကြီးများအသင်းလို လုပ်ငန်းစုက နိုင်ငံတစ်ခုလုံးကို တိုးတက်ဖို့ ကူညီနိုင်တယ်၊ မထောက်ပံ့တာက အဆင်ပြေပါတယ်၊ ဒါပေမယ့် တကယ်ကြီးဖိနှိပ်တာကြတော့ ဘုရင်ဝီလီယမ်နဲ့ ကျုပ် နှစ်ယောက်လုံး ခင်ဗျားနဲ့ ခင်ဗျားလုပ်ငန်းစုအတွက် ဒေါသဖြစ်မိတယ်။" နျူမန်က မကျေနပ်ဟန်ဖြင့်ပြောလာသည်။

ရှုယီက ခပ်ဖျော့ဖျော့ ပြုံးပြလိုက်၏၊ "ခင်ဗျားနဲ့ ဘုရင်ဝီလီယမ်ရဲ့ ဂရုစိုက်ပြီးပံ့ပိုးပေးမှုကို အတော်လေးကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ဥက္ကဌနျူမန်က ကျုပ်တို့ လမ်ပူရီတိုင်းပြည်ရဲ့ အတွင်းရေးတွေကို မေးဖို့တော့ မသင့်ဘူးလို့ထင်တယ်။"

နျူမန်က ခေါင်းခါလျက် သက်ပြင်းချကာပြောလိုက်သည်၊ "ဥက္ကဌရှု ဒါက ခင်ဗျားတို့ လမ်ပူရီတိုင်းပြည်ရဲ့အတွင်းရေးမှန်းကျုပ်သိပါတယ်၊ ပြီးတော့ ခင်ဗျားရဲ့အစွမ်းအစနဲ့ ဖြေရှင်းနိုင်မယ်လို့လည်း ယုံတယ်။ ဒါပေမယ့် ကျုပ်က ရိုးရိုးသားသားပဲ ကျုပ်တို့ ဘုရင်ဝီလီယမ်က အမှာပါးလိုက်တဲ့အတိုင်း ကျုပ်တို့ ရူဒ်ဆန်တိုင်းပြည်က တံခါးအမြဲဖွင့်ထားကြောင်း ပြောချင်တာပါ။ တစ်နေ့ ခင်ဗျားစိတ်ပြောင်းပြီး ကျုပ်တို့ ရူဒ်ဆန်တိုင်းပြည်မှာ ဖွံ့ဖြိုးစေချင်ရင် ဘုရင်ဝီလီယမ်က ခင်ဗျားကို အမြဲကြိုဆိုနေမှာပါ။

ရှုယီက ပခုံးတွန့်လိုက်၏၊ "အဲ့နေ့ ဘယ်တော့မှမရောက်လာဖို့ မျှော်လင့်မိပါတယ်။"

ပြောရလျှင် နျူမန်က ၎င်းကို အတော်လေး တည့်တိုးပြောထားသည်ဟု ဆိုရမည်။

သူ၏စကားလုံးများက ရှင်းလင်းစွာပင် ထောင့်နားတစ်ဝိုက်၌ မြေတူးခြင်းဖြစ်၏။ ဤသည်ကသာ ကမ္ဘာမြေကြီး၌ဆိုလျှင် ချက်ချင်း သူလျှို အဖြစ်သတ်မှတ်လိုက်မှာပင်။

သို့သော် စိုစ်‌နယ်မြေ၏ လူနေမှုက ကမ္ဘာမြေကြီးနှင့်ကွာခြား၏။ စိုင်စ်နယ်မြေ၏ တိုင်းပြည်များမှာ မျိုးရိုးမြင့်များစုဝေးခြင်းမျှသာ၊ အတိအကျပြောရလျှင် ဘုရင်တစ်ပါးသည် အကြီးမြတ်ဆုံးအင်ပါယာနှစ်ခု၏ အင်အားကြီး မျိုးရိုးမြင့်အချို့နှင့် နှိုင်းယှဉ်၍မရနိုင်ပေ။

တော်ဝင်မိသားစုက သန်မာမနေပါလျှင် ထိုနိုင်ငံနှင့် စပ်ဆိုင်နေသည့်အခြားသော မျိုးရိုးမြင့်များက လွတ်လပ်ရေးရသွားနိုင်သည်။ ၎င်းက ဤနယ်မြေ၌ မစိမ်းသော အရာတစ်ခုပင်။

ဥပမာ၊ လမ်ပူရီတိုင်းပြည်ရှိ အငတ်ဘေးကြောင့် ၎င်းတို့၏နိုင်ငံအင်အားက ယုတ်လျော့လာသည်။ နိုင်ငံ၏မြောက်ဘက် စခ်တိုင်းပြည်မြောက်ပိုင်းသို့သွားရာတွင် ထိန်းချုပ်ထားသော နယ်မြေတစ်စုရှိ၏။

ထိုမျိုးရိုးမြင့်ကို လမ်ပူရီတိုင်းပြည်၏ အရှက်တရား၊ လူလိမ်ဟုခေါ်ကြပြီး ၎င်းက ကမ္ဘာမြေကြီးနှင့်စာလျှင် ကွဲပြားသည်။ လမ်ပူရီတိုင်းပြည်၏ လူထုက ထိုကိစ္စအပေါ်၌ များများစားစား မတုံ့ပြန်ကြပါချေ။

နိုင်ငံသားများအတွက်တော့ လမ်ပူရီတိုင်းပြည်၏ တော်ဝင်မိသားစုက အားနည်းပြီး နိုင်ငံထဲရှိ မျိုးရိုးမြင့်အားလုံးကို ထိန်းချုပ်နိုင်ခြင်းမရှိပါချေ။ ထိုအခြေနေမျိုးဖြစ်လာရန်က သဘာဝကျပြီး ၎င်းအကြောင်းကို အရေးတယူလုပ်နေစရာမလိုပါချေ။

လမ်ပူရီတိုင်းပြည်၏ နိုင်ငံသားများ သို့မဟုတ် စိုင်စ်နယ်မြေ၏ နိုင်ငံသားများအတွက် ၎င်းတို့ထံ၌ နိုင်ငံသားအသိမှတ်ပြုမှုများများစားစားမရှိဘဲ သာမန်ဘဝများ၌သာ ဆက်နေကြရသည်။ ၎င်းတို့ ဂရုစိုက်ကြသည်မှာ ၎င်းတို့အား အုပ်ချုပ်သည် သခင်ကြီးကိုသာ ဖြစ်၏။

ဥပမာ၊ ကောင့်ထ်စီယန် ဘန်တာမြို့ကို အုပ်ချုပ်ချိန်တွင် လူတိုင်းထံ၌ ပျော်ရွှင် အေးချမ်းသည့်ဘဝလေးရှိကြသည်။ ထို၂နှစ်တာကလည်း ဘန်တာမြို့တော်ကို အလျင်အမြန်တိုးတက်စေခဲ့ပြီး အားလုံး၏ ဘဝကို ပိုလို့ပင် ကောင်းမွန်စေခဲ့ကာ ဘန်တာမြို့တော်သူမြို့တော်သားများအကြား၌ ထောက်ပံ့မှုနှုန်း မြင့်မြင့်ကို ဖန်တီးခဲ့သည်။

တော်ဝင်လွှတ်တော်က သူ့ကို ပြောင်းရွှေ့လိုက်ချိန်၌ ဘန်တာမြို့တော်သားများက တော်ဝင်လွှတ်တော်အား တုံးအမှုအတွက် ကျိန်ဆဲကြသည်။

မြို့သားများအား ပိုလို့ပင် ဒေါသဖြစ်စေခဲ့သည်က ကောင့်ထ်စတက်ဂျ်မှ မြို့စားအဖြစ် တာဝန်ယူပြီးနောက်၌ ဘန်တာမြို့တော်၏ ယခင်ကရှိခဲ့သည့် ငြိမ်းချမ်းမှုကို ဖျက်စီးလု နီးနီးဖြစ်သွားခြင်းကြောင့်ပင်။ ၎င်းကြောင့် ထိခိုက်သွားသော လူများစွာ၏အသက်များလည်းရှိပေ၏။

ထို့ကြောင့် ဘန်တာ‌မြို့တော်သားများက ကောင့်ထ် စတက်ဂျ်အား ကျေးဇူးတင်လိုဟန်မရှိကြပဲ တိတ်တဆိတ်ပင် မထီမဲ့မြင်ပြုနေခဲ့ကြသည်။

ရှုယီ ဗစ်ကောင့်ထ်ဖြစ်လာပြီး နယ်မြေရရှိကြောင်း ကြားသိရသောအခါတွင် ရှုရီအား သစ္စာခံလိုပြီး ဗစ်ကောင့်ထ်သခင်ကြီးရှုယီ၏ အုပ်ချုပ်ခံချင်သော လူများဖြစ်လာစေရန် သွေးထိုးလှုံ့ဆော်သော နိုင်ငံသားများစွာလည်းရှိသည်။

စိုင်စ်နယ်‌မြေ၌ ၎င်းက အင်မတန် အဓိပ္ပာယ်ရှိသော ကိစ္စပင်။

၎င်းသာ တကယ်ဖြစ်သွားပါလျှင် မြို့သားများက ဗစ်ကောင့်ထ်ရှုယီ၏ ကိုယ်ပိုင်နယ်မြေသားများဖြစ်လာမည်ဟု ဆိုလိုခြင်းကြောင့်ပါပင်။ ၎င်းတို့က လမ်ပူရီတိုင်းပြည်၏ ဥပဒေများမှ တူညီသည့်ကာကွယ်မှုမရရှိကြဘဲ သူ့ကို ၎င်းတို့၏ သခင်ကြီးအဖြစ် မှတ်ယူထားကြသည်။

၎င်းက ရှုယီမှာ သခင်ကြီးတစ်ယောက်အနေနှင့် သူ၏နေရာကိုသုံးလျက် သူ့ထံသစ္စာရှိကြောင်းကျိန်ဆိုထားသူများအား သူလုပ်ချင်သည့်အရာကို လုပ်နိုင်၏။

တခြားလူတွေက ပြောစရာရှိသည်ကို ပြော၍ မရနိုင်ပါချေ။

ပို၍ရှင်းရှင်းပြောရလျှင် နိုင်ငံသားများက ရှုယီအား သူ၏ ဗစ်ကောင့်ထ်ဆိုသည့် ခေါင်းစီးပေါ်မူတည်ကာ သူ၏ကျွန်ဖြစ်လာကြသည်၊ သို့သော် ၎င်းတို့၏ အနေအထားက ထိုကျွန်များနှင့်လည်း ကွာခြားပါ၏။

ရှုယီက သူ့ထံ သစ္စာကတိပြုသည့်လူများ၏ အတွေးအားလုံးကို လုံးဝငြင်းဆန်ထားပါသော်လည်း စိုင်စ်‌နယ်မြေရှိ ဟိုဟိုသည်သည်များတွင် အခြေခံကာ မြင်နိုင်နေကာ နိုင်ငံသားများက နိုင်ငံသားအသိအမှတ်ပြုမှု သို့မဟုတ် သက်ဆိုင်မှုတို့၌ တူညီသည့် အာရုံမရှိနေချေ။ ၎င်းတို့က အလုပ်လုပ်ပေးနေကြသည့် မျိူရိုးမြင့်များကိုသာ ဂရုစိုက်ကြသည်။

ထို့ကြောင့် သီအိုရီအရ နျူမန်၏ ရှုယီထံ ဖိတ်ကြားခြင်းမှာ သာမာန်ကာလျှံကာ အပြောလေးသက်သက်မဟုတ်ပါချေ။

ရှုယီဆန္ဒရှိနေသရွေ့ သူဟာ Frestech ကုန်သည်ကြီးများအသင်းကို လမ်ပူရီတိုင်းပြည်မှ ခွဲထုတ်၍ ရူဒ်ဆန်တိုင်းပြည်နှင့် ပူးပေါင်းနိုင်သည်။

မှန်ပါ၏၊ ရှုယီသာ ထိုသို့လုပ်ဝံ့လျှင် အခြားလုပ်ငန်းစုများက Frestechကုန်သည်ကြီးများအသင်းအား သွားခွင့်မပြုမည်ကို မဆိုထားနှင့် တော်ဝင်မိသားစုလည်း ရှုယီကို သွားခွင့်ပြုမည်မဟုတ်ချေ။

ထို့ကြောင့် ရှုယီက ထိုနေ့ ဘယ်တော့မှ ရောက်မလာဖို့ရာ မျှော်လင့်မိပါသည်။ သူသာ ထိုအခြေနေသို့ တကယ်ရောက်ရလျှင် လမ်ပူရီတိုင်းပြည်ရှိ သူနှင့် Frestechကုန်သည်ကြီးများအသင်းတို့၏အခြေအနေက အင်မတန်ဆိုးရွားလှသည်ဟို ဆိုရပေလိမ့်မည်။

ရှုယီက မှော်စက်မှုဇုန်ကိုတိုးတက်စေချင်နေရုံသာဖြစ်ကာ သူအိပ်မက်,မက်ခဲ့ရသည့် Frestechကုန်သည်ကြီးများအသင်းက တဖြည်းဖြည်းကျဆင်းသွားသည်ကို မမြင်လိုပါချေ။

ကောင့်ထ်စတက်ဂျ်ကိုယ်စားပြုထားသည့် ခေါင်းမာသောမျိုးရိုးမြင့်များက Frestechကုန်သည်ကြီးများအသင်းကို ဖိနှိပ်နေပါသော်လည်း အရာအားလုံးက ထိန်းချုပ်မှုအောက်၌ရှိဆဲပင်။ ရှုယီကတော့ မပူပန်နေပါချေ၊ ထို့ကြောင့် သဘာဝကျစွာပင် သူဟာ နျူမန်၏ ဖိတ်ခေါ်ခြင်းကို ငြင်းဆန်ခဲ့သည်။

ရှုယီမျက်နှာထက်ရှိ အမူအရာကိုမြင်သော် သူလုပ်ခဲ့သည်က အင်မတန် လောကြီးလွန်းသွားသည်ဟု နျူမန်ခံစားလိုက်ရသည်။ သူက ပြုံးလျက် ထိုကိစ္စကို ထပ်မ‌ဟတော့ဘဲ ခေါင်းစဉ်ပြောင်းသည့်အနေနှင့် ရှုယီထံမှ စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းများဝယ်ယူမည့်ကိစ္စကိုသာ ထပ်မံဆွေးနွေးလာတော့သည်။

ယင်းမတိုင်ခင်က စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းများပထမအသုတ်ကို ရူဒ်ဆန်တိုင်းပြည်သို့ပို့ထားပြီး လွန်ခဲ့သည့်လအနည်းငယ်က နွေဦးကောက်ရိတ်သိမ်းရာ၌ ကြီးမားသည့် အခန်းကဏ္ဍ၌ ပါဝင်ခဲ့သည်။

ရူဒ်ဆန်တိုင်းပြည်၏ ဘုရင်ဝီလီယမ်နှင့် အခြားမျိုးရိုးမြင့်များက စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းများ၏ ကြီးမားလှသော သုံးစွဲမှုကို မြင်တွေ့ကြသောကြောင့် ၎င်းတို့မှာ ချက်ချင်းပင် နျူမန်အား Frestechကုန်သည်ကြီးများအသင်းဆီသို့‌သွားရောက်က စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းများကို ပိုများများ မှာယူခိုင်းလိုက်လေသည်။

ဒီလ၌ ၎င်းက ရူဒ်ဆန်တိုင်းပြည်ကိုတင်ပို့ရမည့် မှော်စက်ပစ္စည်းအမျိုးပေါင်း ၅၀,၀၀၀ မှာယူမှုပါပင်၊ ထို့နောက်တွင် ၎င်းတို့အား ဆောင်းဦးကောက်ရိတ်သိမ်းပွဲအတွက် နိုင်ငံ၏နေရာအမျိုးမျိုးမှ မှာယူကြပေတော့မည်။

"ကျုပ်တို့နိုင်ငံ စိုက်ပျိုးရေးဌာနရဲ့ ခန့်မှန်းချက်အရ တိုင်းပြည်မှာ စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းပေါင်း ၅သိန်းလိုတယ်။"

နျူမန်က လေးနက်ဟန်ဖြင့်ပြောလိုက်၏၊ "ဒီလိုကြီးမားတဲ့ဝယ်လိုအားနဲ့ဆိုရင် ကျုပ်တို့ ဒီကဝယ်ပြီး ပြန်ပို့တဲ့အခါ ကြီးမားတဲ့ဖြုန်းတီးမှုဖြစ်မယ်လို့ ခံစားမိတယ်။ ဒါကြောင့် ဥက္ကဌရှု ခင်ဗျား Frestechကုန်သည်ကြီးများအသင်း တစ်ခုလုံးကို ရွှေ့ပြောင်းဖို့ ဆန္ဒမရှိတာကိုတော့ ကျုပ်နားလည်ပါတယ်၊ ဒါပေမယ့် အနည်းဆုံးတော့ ခင်ဗျားရဲ့လုပ်ငန်းစုအနေနဲ့ ကျုပ်တို့ ရူဒ်ဆန်တိုင်းပြည်မှာ စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းအလုပ်ရုံတစ်ခု ဆောက်ပေးနိုင်မလား? ဒါမှမဟုတ် ဖြစ်နိုင်ရင်... ခင်ဗျား ကျုပ်တို့ဆီကို စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းနည်းပညာကို လွှဲပေးရုံလွှဲပေးလိုက်နိုင်မလား?"

ရှုယီက ခေါင်းခါလိုက်၏၊ "နည်းပညာကို လွှဲပေးဖို့ကတော့ မဖြစ်နိုင်ဘူး၊ ဒါပေမယ့် အလုပ်ရုံမှာ ရင်းနှီးမြှုပ်နှံဖို့ကိုတော့ စဉ်းစားပေးနိုင်ပါတယ်။"

ရှုယီ၏ စိတ်သက်သာရာအသံကိုကြားသော် နျူမန်က အင်မတန်ပျော်ရွှင်စွာပြောလိုက်လေသည်၊ "ဒါဆို ဒီလိုဆုံးဖြတ်ကြရအောင်။ ခင်ဗျားရဲ့ Frestechကုန်သည်ကြီးများအသင်းက ကျုပ်တို့ ရူဒ်ဆန်တိုင်းပြည်က စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းအလုပ်ရုံမှာ မြှုပ်နှံပြီးပြီဆိုရင် မှာယူမှုကို အဲ့အလုပ်ရုံက ကိုင်တွယ်နိုင်မှာပေါ့။ ဘယ်လိုထင်လဲ ဥက္ကဌရှု?"

"မလောပါနဲ့" ရှုယီက လက်ကိုယမ်းကာ ပြုံးလိုက်သည်။ "စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းတွေကို ထုတ်လုပ်ရတာက အလုပ်ရုံကို တည်ဆောက်တာလိုမျိုး ရိုးရှင်းတဲ့အရာမဟုတ်ဘူး၊ အရေးကြီးဆုံးက ဝန်ထမ်းနဲ့ ပစ္စည်းတွေပဲ။ ဦးဆုံး ပစ္စည်းတွေကို မပြောနဲ့ဦး၊ ကျုပ်တို့ Frestechကုန်သည်ကြီးများအသင်းမှာ စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းတွေကို ပြုလုပ်‌တဲ့လူတွေက လူပုလေးတွေပဲဖြစ်ကြတယ်။ ကျုပ် ခင်ဗျားတို့ရဲ့ရူဒ်ဆန်တိုင်းပြည်ဆီ လူပုလေးတွေကိုပို့လိုက်တဲ့အချိန်ကျရင် သူတို့ ပုံမှန်ဘဝမှာ နေနိုင်မယ်လို့ခင်ဗျားထင်လား?"

"လူပုလေးတွေ?" နျူမန်က မျက်မှောင်တွန့်လိုက်သည်။

စိုင်စ်‌နယ်‌မြေရှိ မတူညီသော မျိုးရိုးအတွက် ဆက်ဆံရေးမှာနိုင်ငံတိုင်းအတွက် အတူတူပင်ဖြစ်သည်။

အခြားမျိုးနွယ်တွေနဲ့ လူသားနိုင်ငံတွေကြားမှာမတူညီတဲ့ ဆက်သွယ်ချက်ပြဿနာ။

နိုင်ငံတိုင်းမှာ အခြားမျိုးရိုးများအပေါ်မည်သို့ ဆက်ဆံသင့်ကြောင်းမှာ အရေးကြီးသည်။

လမ်ပူရီတိုင်းပြည်မှာ Frestechကုန်သည်ကြီးများအသင်းကို ကိုယ်စားပြုပါသော်လည်း ဥပမာကောင်းကောင်းပြရလျှင် လူသားများနှင့် အခြားမျိုးရိုးများ အတူယှ၌တွဲနေရန်က မခက်ခဲပါချေ။ ၎င်းတို့က မည်သူပဲဖြစ်ဖြစ် ထိုအရေးကိစ္စ၌ အင်မတန်သတိထားကြသည်။

နျူမန်သည်လည်း သဘာဝကျစွာ ချွင်းချက်မဟုတ်ချေ။ ၎င်းကိုအနည်းငယ်တွေးတောပြီး‌နောက် ပြောလာ၏၊ "ဒီလိုဆိုရင် ကျုပ်အရင်ပြန်ပြီး ဘုရင်ဝီလီယမ်ကို ဆုံးဖြတ်ချက်မချခင် အစီရင်ခံလိုက်ပါမယ်။" သူက ထိုသို့ပြောကာ သက်ပြင်းချလျက် စကားဆက်လာသည်၊ "ဒါက ဒီကိစ္စကို အတော်လေး နှေုင့်နှေးစေလိမ့်မယ်၊ ပြီး‌တော့ နောက်ဆုံး,ဆုံးဖြတ်ချက်ချတဲ့အချိန်ကျရင် ခင်ဗျားရဲ့Frestechကုန်သည်ကြီးများအသင်းက အလုပ်ရုံဆောက်ပေးဖို့ ၁နှစ်လောက်တော့ကြာလိ့မ်မယ်။"

"တစ်နှစ်က မကြာပါဘူး၊ "ရှုယီက အပြုံးဖျော့ဖျော့ဖြင့် ပြောလိုက်သည်၊ "ပြီးတော့ ကျုပ်မှာ နောက်ထပ် အကြံပြုစရာရှိသေးတယ်။ စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းတွေနဲ့ မှော်ထုတ်လုပ်ရေးစက်တွေအတွက် အဓိက လုပ်သားတွေက လူပုလေးတွေဆိုပေမယ့်လည်း ကျုပ်တို့ လုပ်ငန်းစုရဲ့ မဏ္ဍိုင်မှော်စက်ပစ္စည်းလုပ်သားတွေအားလုံးက လူသားတွေပါပဲ။ ဒါကြောင့် မှော်စက်ပစ္စည်းအလုပ်ရုံမှာ မရင်းနှီးခင် မဏ္ဍိုင်မှော်စက်ပစ္စည်းအလုပ်ရုံမှာ အရင်ရင်းနှီးတာက ပိုကောင်းမယ်လို့ခံစားမိတယ်။"

နျူမန်က အတန်ငယ် အံ့အားသင့်သွားမိ၏။ "မဏ္ဍိုင်မှော်စက်ပစ္စည်းအလုပ်ရုံ?"

"ဟုတ်တယ်၊ မဏ္ဍိုင်မှော်စက်ပစ္စည်းအလုပ်ရုံမှာ ဝယ်လိုအားနိမ့်ပြီး လူသားလုပ်သားတွေပဲ လိုတာဆိုတော့ ကျုပ်တို့အနေနဲ့ ခင်ဗျားတို့ ရူဒ်ဆန်တိုင်းပြည်မှာ မဏ္ဍိုင်မှော်စက်ပစ္စည်းအလုပ်ရုံကို ဦးဆုံး ရင်းနှီးမြှုပ်နှံလို့ရတယ်။ ခင်ဗျားတို့ရဲ့ ရူဒ်ဆန်တိုင်းပြည်မှာ မှော်ပန်ကာနဲ့ မှော်ထမင်းပေါင်းအိုး နည်းပညာတွေရှိတာကြောင့် ဒါတွေထုတ်လုပ်ဖို့ကို အရင်အာရုံစိုက်သင့်တယ်လို့ထင်တယ်၊ ဒါဆို ဒါကို ကျုပ်တို့ လုပ်ငန်းစုနဲ့အတူ ထုတ်လုပ်နိုင်ပြီ၊ " ရှုယီက ထပ်ပေါင်းပြောတယ်။ "အဓိက အကြံပြုချင်တာကတော့ ကျုပ်တို့ရဲ့ ပူးပေါင်းမှုကို အရင်ဆုံးစမ်းသပ်တာက အနာဂတ် ပူးပေါင်းမှုကို ပိုနက်ရှိုင်းဖို့ လွယ်ကူသွားစေတယ်လေ"

နျူမန်က ကူကယ်ရာမဲ့စွာခေါင်းငြိမ့်လျက် ချီးမွမ်းလိုက်၏၊

"ဥက္ကဌရှု၊ ခင်ဗျားက တကယ်အရာအားလုံးကို စဉ်းစားထားတာပဲ၊ မဆိုးဘူး။ ကျုပ်တို့ အရင်ဆုံး အလုပ်သေချာလုပ်ကြည့်ပြီးမှ အနာဂတ်မှာ ပူးပေါင်းဖို့ ပိုလွယ်မှာ။"

ရှုယီက ခေါင်းငြိမ့်လိုက်သည်၊ "ဟုတ်တယ်၊ အစဦးပူးပေါင်းမှုက အဆင်ပြေရင်၊ ကျုပ်တို့ Frestechကုန်သည်ကြီးများအသင်းအတွက် ခင်ဗျားတို့ ရူဒ်ဆန်တိုင်းပြည်နဲ့အတူ စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းတွေထုတ်လုပ်ဖို့က မဖြစ်နိုင်တာမဟုတ်တော့ဘူး။"

ရှုယီ၏အသံက အင်မတန်အေးဆေးနေပါသော်လည်း နျူမန်က မနေနိုင်ဘဲ ရှုယီကို မျက်လုံးကျယ်ကာ ကြည့်လိုက်မိသည်။

ရှုယီ၏ 'မြို့တော်ဆက်စပ်မှု'အကြံအရ သူက စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းများအတွက် နည်းပညာကို တကယ်ပဲ လက်လွှဲရယူတော့မယ်လို့ ဆိုလိုတာလား?

***

မှော်စက်မှုအင်ပါယာ

Vol3, အခန်း ၉။ အဆုံးမဲ့လက်နက်

မည်သည့်ပွဲတော်၌မဆို ရူဒ်ဆန်တိုင်းပြည်တွင် Frestechကုန်သည်ကြီးများအသင်း အလုပ်ရုံဖွင့်လှစ်ခြင်းက ကိစ္စကြီးဖြစ်၏၊ ထို့ကြောင့် နျူမန်နှင့် ရှုယီအကြား၌ ရိုးရှင်းသောစကားဝိုင်းရှိရန်မှာ မဖြစ်နိုင်ပါချေ။

နျူမန်မှ ရှုယီ၏ရည်ရွယ်ချက်များကို အတည်ပြုပြီးနောက် ဤစိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းများအသုတ်အတွက် ပြဿနာကိုဖြေရှင်းရန် သုံးရက်တာကုန်ဆုံးခဲ့ပြီး ထိုအသုတ်မှ စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းသုံးထောင်ကို သူနှင့်အတူ ပြန်လည်ယူဆောင်သွားခဲ့သည်။

သူ၏အကြံများအရ သူ ကာခါမြို့တော်သို့ပြန်လာသရွေ့ ရှုယီ၏ အကြံကို ဘုရင်ဝီလီယမ်ထံ ချက်ချင်းပေးပို့ရမည်။ Frestechကုန်သည်ကြီးများအသင်းက ဘုရင်ဝီလီယမ်ထံ မည်မျှအရေးပါကြောင်းကို ယုံကြည်ရာ ထိုကိစ္စအတွက် အတားအဆီးကြီးကြီးမားမားမရှိလောက်ချေ။

သုံးရက်ကြာပြီးနောက် နျူမန် မိုးကျတောင်ကြားသို့ စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းများအား သူ၏မြင်းလှည်း၌ တင်ဆောင်ကာ ထွက်ခွာသွားသည်ကို စောင့်ကြည့်ရင်း ရှုယီမှာ မိမိမေး(စေ့)ကိုပွတ်သပ်လိုက်သည်။ သူဟာ အနောက်တောင်ဘက် စတက်တိန်း ဒက်ချီရှိရာဘက်ကို လှည့်ကြည့်လိုက်သည်။

သူဟာ ရူဒ်ဆန်တိုင်းပြည်သို့ ကြည့်ရှုဖို့ရာ မသွားရောက်ရသေးပါသော်လည်း နျူမန်ထုတ်ပြခဲ့သည့် စိတ်အားထက်သန်မှုနှင့် ဘုရင်ဝီလီယမ်မှာ နျူမန်ကို တစ်ဆင့်ထုတ်ပြခိုင်းခဲ့သည့် သဘောထားတို့မှ သေချာပါ၏၊ ရူဒ်ဆန်တိုင်းပြည်တွင် အလုပ်ရုံတည်ဆောက်ရမည်က စတက်တိန်း နယ်နယ်မြေနှင့် ယှဉ်လျှင် များစွာပိုမိုလွယ်ကူပေလိမ့်မည်။

ထို့အပြင် အနီးအနားတိုင်းပြည်များ၏ အသိမိတ်ဆွေများမှ မိတ်ဆက်မှုအရ ရူဒ်ဆန်တိုင်းပြည်သားများက စတက်တိန်း နယ်မြေသားများကဲ့သို့ မပျင်းရိကြပါချေ။ ဘုရင်ဝီလီယမ်က ပြတ်သားသောဘုရင်ဖြစ်ပြီး ရူဒ်ဆန်တိုင်းပြည်၏ နိုင်ငံသားအင်အားမှာ တစ်နေ့ချင်းစီတိုးပွားလာနေပြီး လမ်ပူရီ တိုင်းပြည်ကိုများစွာ ကျော်လွန်နေပြီဖြစ်သည်။

လမ်ပူရီတိုင်းပြည်, နိုင်ငံသားအင်အားကို တွေးကြည့်လျှင် ရှုယီမှာ မနေနိုင်ဘဲ သက်ပြင်းချမိရသည်။

တစ်ခါတရံတွင် သူဟာ မခံစားဘဲမနေနိုင်၊ သူဝိဉာဉ်ကူးပြောင်းလာချိန်က ဘာလို့ ပိုပြီးအင်အားကြီးတဲ့နိုင်ငံကို မရောက်လာခဲ့ရတာလဲ? ဥပမာ၊ ကန်ဒရာနဲ့ မားလိုလို အင်ပါယာကြီးနှစ်ခုကိုလေ?

သူသာအဲ့လိုအင်အားကြီးနိုင်ငံမှာသာဆိုရင် သူတစ်ယောက်တည်းတည်ဆောက်ထားတဲ့ မှော်စက်မှုဇုန်ကို နိုင်ငံရဲ့ အထက်ပိုင်းတွေက လွယ်လွယ်ရေးသတိထားမိပြီး တိုးတက်ဖို့ အခွင့်ရေးပိုရမှာ။ လမ်ပူရီတိုင်းပြည်မှာလို ခြေလှမ်းတစ်လှမ်းစီတိုင်းက ခက်ခဲနေလိမ့်မှာမဟုတ်ဘူး။

လမ်ပူရီတိုင်းပြည်၏ နိုင်ငံသားအင်အားက နည်းသည်ကြောင့် ရှုယီကို ထောက်ပံ့မပေးနိုင်သည့် အရာအတော်များသည်။ ၎င်းက Frestechကုန်သည်ကြီးများအသင်းကိုဖွံ့ဖြိုးအောင်လုပ်နေချိန်၌ သူ့အားလမ်ပူရီတိုင်းပြည်၏တိုးတက်မှုကိုပါ တွေးဆမိနေစေသည်။

ပိုအရေးကြီးသည်မှာ လမ်ပူရီတိုင်းပြည်လို အားနည်းတဲ့တိုင်းပြည်အတွက် အာဏာလိုရုန်းကန်မှုတွေလိုမျိုး ကိစ္စတွေပေါ်လာဖို့ လွယ်ကူပေ၏။

ရှုယီရဲ့အစီစဉ်အရ Frestechကုန်သည်ကြီးများအသင်းကိုရည်ရွယ်ပြီး လုပ်ငန်းစုရဲ့အုတ်မြစ်ကို နေရာပြောင်းဖို့ ရှုယီကိုတွန်းအားပေးပြီး သူ့ကိုထောက်ပံ့တဲ့‌ ကောင့်ထ်စီယန်ကိုပါ အဝေးပို့ခဲ့ကြတဲ့ ကောင့်ထ်စတက်ဂျ် ကိုယ်စားပြုထားတဲ့ ခေါင်းမာတဲ့ အရူးလူအိုကြီးတွေကြောင့်သာ မဟုတ်ရင် ဘန်တာမြို့တော်က လမ်ပူရီတိုင်းပြည်မှာ မှော်စက်မှုဇုန်အတွက် ခြေလှမ်းကြီးကြီးကိုဖန်တီးတဲ့ စီးပွားရေးအချက်အချာ ဖြစ်နေလောက်ပြီ။ ကောင့်ထ်စတက်ဂျ် အခုဆက်ဆံနေသလိုမျိုး ဒီအဆင့်အထိရောက်သွားမှာ မဟုတ်ဘူး။

ဘန်တာမြို့တော်သားတွေက ကောင့်ထ်စတက်ဂျ်ကို ကဲ့ရဲ့ ဆဲရေးကြသည်၊ သို့သော် အမှန်တကယ်မုန်းတီးမှုအကြောင်းကို ပြောရမည်ဆိုလျှင် မည်သူကမှ ရှုယီနှင့် မ‌ယှဉ်နိုင်လောက်ပါချေ။

ရှုယီအတွက် ထိုလူက ဘန်တာမြို့တော်ရှိ အပြစ်သားတင်မက လမ်ပူရီတိုင်းပြည်တစ်ခုလုံး၏ ရာဇဝတ်သားပါပင်။

သို့သော် ရှုယီက ထိုကိစ္စ၌ အကူညီမဲ့နေ၏။ ကောင့်ထ် စတက်ဂျ်က စတက်ဂျ်မိသားစုကို ကိုယ်စားပြုပြီး စတက်ဂျ်မိသားစုက ရှေးရိုးဆန်သောခေါင်းမာသည့်အရူးအိုကြီးများ၏ ဆန္ဒကို ကိုယ်စားပြုသည်။

၎င်းသာ ပိုမိုပြင်းထန်လာပါလျှင် ထိုခေါင်းမာသောအရူးအိုကြီးများက အကြီးဆုံးသားကို အရိုက်အရာပေးရန်မင်းသားအဲရစ်အား ပွင့်ပွင့်လင်းလင်း ထောက်ပံ့ကြတော့မည်။ ၎င်းက ဘုရင်မ ဆယ်ဗီနီကို ထောက်ပံ့သည့် Frestechကုန်သည်ကြီးများအသင်းနှင့် အသေအချာကို သဟဇာတမဖြစ်ဟု‌ဆိုလိုသည်။

၎င်းက ကောင့်ထ် စတက်ဂျ် မှာ Frestechကုန်သည်ကြီးများအသင်းယူလာမည့် ဘန်တာမြို့တော်၏ ဖွံ့ဖြိုးတိုးတက်မှု အကျိုးအမြတ်ကို မမြင်ခြင်းမဟုတ်ချေ၊ သူ့သော်သူဟာ သူ၏နည်းလမ်းများထဲပိတ်မိကာ Frestechကုန်သည်ကြီးများအသင်းကို ချိန်ရွယ်ထားရန် ဆုံးဖြတ်ခဲ့သည်။

ဘုရင်အနေနှင့် အောင်မြင်မှုကိစ္စရပ်အပေါ် မည်သည့်သဘောထားမှ ပွင့်ပွင့်လင်းလင်းချမပြ‌သော်လည်း သူဟာ လက်ရှိတွင် ရှုယီနှင့် Frestechကုန်သည်ကြီးများအသင်းမှတစ်ဆင့် ဘုရင်မဆယ်ဗီနီကိုထောက်ပံ့နေသည်က ကောင်းသည့်အရာပါပင်။

၎င်းက ရှုယီအား ဘာရွန်(T/N -မျိုးရိုးမြင့်များ၌ အဆင့်အနိမ့်ဆုံး)တစ်ယောက် ဖြစ်စေခဲ့သည်ဖြစ်စေ မျိူရိုးမြင့်နှင့် ကုန်သည်နှစ်ဦးစလုံးဖြစ်သည့်လူ သို့မဟုတ် ရှုယီအား ဗစ်ကောင့်ထ်‌ဖြစ်စေပြီး စည်းဝေးပွဲများအား ချိုးဖြတ်ကာ မိုးကျတောင်ကြားနှင့် အနီးနားနယ်မြေအား သူ၏အပိုင်စားနယ်မြေအဖြစ်‌ ပေးအပ်ခဲ့ခြင်းဖြစ်စေ။ ၎င်းတို့အားလုံးက ဘုရင့်၏ ရှုယီနှင့် Frestechကုန်သည်ကြီးများအသင်းကို အပြည့်အဝထောက်ခံကြောင်းပြသနေပါ၏။

၎င်းကြောင့် ကောင့်ထ်စတက်ဂျ်က Frestechကုန်သည်ကြီးများအသင်းကို ရင်ဆိုင်ချင်ပါသော်လည်း ကျိုးကြောင်းသင့်ဖြစ်ရပ်များနှင့်သာ လှုပ်ရှားပြီး သူ၏လမ်းကို တွန်းအားပေးမရချေ။

ယခုတွင် ကိုယ်ပိုင်နယ်မြေရှိနေပြီဖြစ်ရာ ရှုယီမှာ သူ၏အစီစဉ်တစ်ခုချင်းကို သိသိသာသာ ဖွံ့ဖြိုးနိုင်စေပြီး ကောင့်ထ်စတက်ဂျ် ထပ်ဖန်တီးမည့်ပြဿနာအား ပူပန်မလိုတော့ချေ။

အချိန်အနည်းငယ်ကြာ နေထိုင်ပြီး‌နောက် ကျွမ်းဝင်လာခဲ့သည့် မိုးကျတောင်ကြားကိုကြည့်ရန် ပြန်လှည့်လိုက်ရင်း ရှုယီမှာ ခဏမျှတွေးတောပြီးမှ လူနေအိမ်ရာဘက်သို့ ဦးတည်လိုက်တော့သည်။

လက်ရှိ မိုးကျတောင်ကြား လူနေအိမ်ရာမှာ ယခင်ကနှင့် ယှဉ်လျှင် အတော်ကွာခြားနေပြီပင်။

ဆန်းဒ်တွန်အိမ်ရာရှိ အလုပ်ရုံများနှင့် ဘန်တာမြို့တော်ရှိ မှော်သုတေသနအဆောက်အဦကို ရွေ့ပြောင်းပြီးနောက်၌ မိုးကျတောင်ကြားတွင် လူသားပိုမိုများပြားလာသည်။ Frestechကုန်သည်ကြီးများအသင်း လူသားလုပ်သားများ နေထိုင်ရန်အတွက် လူနေအိမ်ရာ‌တွင် နေရာအသစ် ဖွင့်လိုက်ပြီဖြစ်သည်။

Frestechကုန်သည်ကြီးများအသင်း၌ လုပ်သားခြောက်ထောင်ကျော်ရှိနေပြီပင်။ လူပုလေးများနှင့် နတ်သူငယ်များက ထိုထဲ၌ တစ်ထောင်ကျော်ပါဝင်ပြီး ကျန်သည်က လူသားလုပ်သားများဖြစ်သည်။

သို့သော် လူပုလေးများမှ မိုးကျတောင်ကြားရှိ ၎င်းတို့၏မျိုးနွယ်စုထံပြောင်းရွှေ့သွားရာ မိုးကျတောင်ကြားက အင်မတန်ဝေးလံလှသောကြောင့် လူသားလုပ်သားတစ်စိတ်တစ်ပိုင်းကသာ နေထိုင်ရန် ရွေးချယ်ကြသည်။ ထို့ကြောင့် မိုးကျတောင်ကြားတွင် လူတစ်သောင်းကျော်ရှိချိန်၌ လူသားများကသာ တစ်ဝက်မပြည့်ဘဲ လူပုလေးများ နတ်သူငယ်များနှင့်ယှဉ်လျှင် အတော်နည်းကြသည်။

ရှုယီမှာ အိမ်ရာနယ်မြေသို့ ဝင်လျက် လမ်းတစ်လျှောက် လျှောက်သွားရင်း လူပုလေးနှင့် လူသားတို့ နေထိုင်ရာနေရာများသို့ ဖြတ်ကျော်လာသည်။ ခဏအကြာ၌ သူက အိမ်ရာနယ်မြေ အပြင်ဘက် လေ့ကျင့်ကွင်းကြီးဆီရောက်လာ၏။

လက်ရှိလေ့ကျင့်ကွင်းတွင် လူပေါင်းရာနှင့်ချီက အဖွဲ့သုံးဖွဲ့ခွဲ၍လေ့ကျင့်နေကြသည်။ ၎င်းတို့အား လူသားစစ်သည်သုံးရာကျော်၊ လူပုစစ်သည်တစ်ရာနှင့် နတ်သူငယ်စစ်သည်တစ်ရာဟူ၍ ခွဲထားကြသည်။

လူသားစစ်သည်များမှာ ဟာ့ထ်၏ ဦးဆောင်မှုအောက်၌ လေ့ကျင့်မှုများ ပြုလုပ်နေပြီး လူပုစစ်သည်များမှာတော့ လက်ရှိ၌ အချင်းချင်း နှစ်ယောက်တွဲ ခွန်အားပြိုင်နေကြသည်။

နတ်သူငယ်စစ်သည်များမှာ လုံးဝကွဲပြားနေကာ ချွေးများစိုရွှဲနေကြသည့် လူသားနှင့် လူပုလေးများနှင့် စာလျှင် အံ့အားသင့်ဖွယ်ဟု မှတ်ယူနိုင်သည်။ နတ်သူငယ်များထံ၌ လေ့ကျင့်နေစဉ်တွင် တည်ငြိမ်ကျော့ရှင်းသည့်အသွင်ရှိနေသည် သို့သော် ၎င်းတို့က အကြောလျှော့ခြင်းနှင့် ခုန်ခြင်းတို့ကဲ့သို့သော် ရိုးရိုးရှင်းရှင်း လှုပ်ရှားမှုများကို လုပ်နေကြသည်။

ထိုလေ့ကျင့်ရေးကို အခြေခံရုံမျှဖြင့် လူတစ်ယောက်မှာ ထိုမျိုးနွယ်သုံးခုအကြားရှိ အင်မတန်ကြီးမားသည့် ကွာခြားမှုကို မြင်နိုင်သည်။

လူသားများက အရာအားလုံးကို လေးနက်စွာရှုမြင်ကြပြီး လူပုလေးများက ၎င်းတို့၏တိုက်ခိုက်အားနှင့်ကိုယ်ခံအားတို့၌သာ အာရုံထားကြကာ နတ်သူငယ်များကတော့ မျှခြေနှင့် ပူးပေါင်းမှုတို့၌ အထူးပြုကြသည်။

ထို့ကြောင့် တစ်ဦးချင်းတိုက်ခိုက်သည့်အတိုင်းအတာနှင့် အသေးစားတိုက်ပွဲတို့တွင် နတ်သူငယ်တို့နှင့် လူပုလေးများက ပိုမိုသန်မာကြပြီး အရေအတွက်က ပမာဏတစ်ခုစီတိုးလာချိန်တွင်၌မူ လူသားများက ပိုမိုသန်မာကြသည်။

မှန်ပါ၏၊ ဤနေရာ၌ လူသားစစ်သည်သုံးရာသာရှိသည်။ ၎င်းတို့သာ လူပုလေးတစ်ရာ သို့မဟုတ် နတ်သူငယ်တစ်ရာတို့ကို တိုက်ခိုက်ရလျှင် သေချာပေါက် ဖျက်ဆီးခံရပေလိ့မ်မည်။

ရှုယီ လေ့ကျင့်ကွင်းသို့ရောက်လာချိန်တွင် သူက ရပ်တန့်လိုက်ပြီး ဟာ့ထ်ကိုပြောခဲ့သည်ကို သတိရသွားကာ ကိစ္စတချို့ကို တွေးပြီးမှ စိတ်ကိုပြင်ဆင်လိုက်၏။ သူသာ လူပုလေးနှင့် နတ်သူငယ်စစ်သည်တစ်ရာတို့နှင့်အတူ မျှချေကိုထိန်းသိမ်းချင်ပါလျှင် ဆန်နက်နယ်မြေ၌ တာဝန်ကျနေသည့် အစောင့်နှစ်ရာကို ပေါင်းထည့်ပါလျှင်တောင် မလုံလောက်သေးချေ။ သူဟာ အနည်းဆုံးတော့ နောက်ထပ်လူသား အစောင့်သုံးရာကို စုဆောင်းရပေဦးမည်။

သို့သော် ယခုတွင် Frestechကုန်သည်ကြီးများအသင်း၏ လက်ရွေးစင်လူသားအစောင့်ငါးရာအားလုံးမှာ မေဂျာမက်ခ်ကွန်လီဆီမှလာကြသောကြောင့် နောက်ထပ် လူသုံးရာကို အင်မတန် ရှာလိုနေကြ၏။ ရှုယီက ၎င်းကို အခုမလုပ်နိုင်သေးချေ။

သို့သော် ယခု လူပုလေးများဖြစ်စေ နတ်သူငယ်များဖြစ်စေ ၎င်းတို့မှာ ရှုယီနှင့် ကောင်းမွန်သောဆက်ဆံရေးရှိကြ၏။ ရှုယီက အမည်အရ ခေါင်းဆောင်ဖြစ်နေသည်ကိုပါ ထပ်ပေါင်းလျှင် ၎င်းအား ယခုအတွက်တော့ ပူပန်နေဖို့ မလိုပါချေ။

၎င်းအား အနည်းငယ်တွေးဆပြီးနောက် ရှုယီမှာ လေ့ကျင်းကွင်းပေါ်သို့ လျှောက်သွားလိုက်ကာ လူသားများ၊ လူပုလေးများနှင့် နတ်သူငယ်များ၏ ခေါင်းဆောင်တို့ကိုခေါ်လိုက်သည်။

ပထမဆုံး သူဟာ ၎င်းတို့အား အားပေးလိုက်ပြီး ဤကိုလာရသည့် သူ၏ပန်းတိုင်ကိုပြောလိုက်သည်။

"ကျုပ်ခင်ဗျားတို့အားလုံးကို နောက်ဆုံးတစ်ခေါက်တုန်းက သင့်လျော်တဲ့လက်နက်ထောက်ပံ့မယ်လို့ ကတိပေးခဲ့တယ်။ အခု ခင်ဗျားတို့တွေဒီရောက်နေတာလည်း လများစွာကြာပြီဖြစ်တာကြောင့် ကျုပ်က ဒီကတိကို‌ဖြည့်ဆည်းပေးမှာပါ။ ခင်ဗျားတို့လိုတဲ့ လက်နက်ကို လာပြောရင်၊ ကျုပ်ရေးထားပြီး တစ်ယောက်ယောက်ကို လုပ်ခိုင်းထားလိုက်မယ်။

လူပုလေးများ၏ခေါင်းဆောင် အိုမာနှင့် နတ်သူငယ်တို့၏ခေါင်းဆောင် ဖူရီယိုတို့မှာ လူသားတို့၏ခေါင်းဆောင် ဟာ့ထ်ကို ကြည့်လိုက်သည်။

ဟာ့ထ်က မည်သည့်ယဉ်ကျေးမှုမျှမပြဘဲ တိုက်ရိုက်ပြောလိုက်သည်၊ "ဥက္ကဌ၊ ကျုပ်တို့ ဘာအထူးတောင်းဆိုချက်မှမရှိပါဘူး။ ကျုပ်တို့ကို ချပ်ဝတ်တန်ဆာအပြည့်တစ်စုံစီထောက်ပံ့နိုင်ဖို့ပဲမျှော်လင့်ပါတယ်။ ထူးခြားဖို့လည်းမလိုပါဘူး၊ မြောက်ဘက်စစ်တပ်ကသုံးတဲ့ လက်နက်တွေနဲ့တူရင်တော့ အတော်လေးကောင်းနေပါပြီ။

ရှုယီက ခေါင်းငြိမ့်လျက် အိုမာနှင့် ဖူရီယိုတို့ကို ခေါ်လိုက်သည်။

ဖူရီယိုက ခေါင်းငြိမ့်လိုက်သော အိုမာထံ ဖိတ်ကြားသည့်အမူအရာပြလိုက်ကာ အသံဩဩဖြင့်ပြောလာ၏၊ "ဥက္ကဌ၊ ကျုပ်တို့လူပုတွေမှာက ကြွက်သားထူထူတွေရှိတာကြောင့် ချပ်ဝတ်‌တွေမလိုပေမယ့် လက်နက်ကောင်းတွေတော့ လိုပါတယ်။ ပြီးတော့ အဲ့ဒီ့လက်နက်တွေကလည်း လေးလံနေမှရမယ်၊ ဒါမှကျုပ်တို့သုံးတဲ့အခါ သန်မာနေမှာပါ။

ရှုယီက ခပ်ဖျော့ဖျော့အပြုံးကို လှစ်ဟပြလိုက်၏၊ "ခင်ဗျားတို့ ကျုပ်တို့လုပ်ငန်းစုရဲ့နည်းပညာကို သဘောကျရင် တန်များစွာလေးတဲ့ သံမဏိပုဆိန်ကြီးတွေကို ထုတ်ပေးနိုင်ပါတယ်။ ဒါမျိုးတွေလိုချင်လား?"

"တန်များစွာချီပြီးတော့?" အိုမာ၏မျက်လုံးများက ပြူးထွက်လာပြီး လက်ယမ်းလိုက်၏၊ "ဒါကအရမ်းများတယ်၊ ကျုပ်ရဲ့ခွန်အားမှာ ယုံကြည်ချက်ရှိရင်တောင် တန်များစွာချီပြီးလေးတဲ့ ပုဆိန်ကို မ,မနိုင်လောက်ဘူး။ ဒါကကြီးဖို့ မလိုပါဘူး ကီလိုဂရမ်တစ်ရာ နှစ်ရာလောက်လေးဆို အဆင်ပြေပါပြီ"

ရှုယီက မနေနိုင်ဘဲ မျက်လုံးလှိမ့်လိုက်၏။

အဲဒီ့ "တစ်ရာ နှစ်ရာကီလိုဂရမ်က အဆင်ပြေပါတယ်"ဆိုတာက ဘာလဲ? ဒီလူပုလေးတွေမှာ တကယ်ပဲ ကြောက်စရာအင်အားရှိတယ်လေ။

အိုမာ၏ အမြင်ကိုလက်ခံရပြီးနောက် ရှုယီကဖူရီယိုကိုကြည့်လိုက်သည်။

ဖူရီယိုက ခေါင်းခါလိုက်သည်၊ "ဥက္ကဌ၊ ကျုပ်တို့ နတ်သူငယ်တွေကတော့ ကျုပ်တို့ဘာသာလုပ်ထားတဲ့ လက်နက်တွေကိုသုံးပါမယ်၊ ဘာမှမလိုပါဘူး"

"ဒီလိုလား?" ရှုယီက အပြုံးဖြင့်မေးလိုက်၏၊ "ဒါပေမယ့် အကြီးအကဲအီလူရှာပြောတာကတော့ ညတေးသံမျိုးနွယ်စုက လက်နက်နဲ့စစ်သည်တွေက သုံးရာ‌လောက်ရှိတယ်ဆို။ ပြီးတော့ ခင်ဗျားတို့ရဲ့ ငှက်မွေးမြှားတွေက ဘယ်လောက်ပဲမာမာ ပစ်ချက်တစ်ခုစီတိုင်းက အင်မတန် အဖိုးတန်ပြီး ပစ်ပြီးနောက်ကျရင်လည်း ပြန်သုံးဖို့တောင် မရှိဘူးမလား?"

ဖူရီယိုက ခေါင်းငြိမ့်လိုက်သည်၊ "ဟုတ်ပါတယ်၊ ဒီရင်းမြစ်တွေက ရရှိဖို့ခက်ခဲ့ပြီး တန်ဖိုးထားရပါတယ်။" ရှုယီ၏အမူအရာက ထပ်တူတွေးပုံမပေါ်သည်ကိုမြင်သော် ဖူရီယိုက ထပ်ပေါင်းပြောလိုက်သည်၊ "ကျုပ်ထင်တာတော့ လူသားတွေ‌နဲ့ နတ်သူငယ်တွေ နှစ်မျိုးလုံးအတွက် ဒါကတူတူပါပဲ၊ ဘာလို့လဲဆိုတော့ ဘယ်လက်နက်ကိုပဲလုပ်လုပ် ခက်ခဲတာပဲလေ၊ ဒါကြောင့် လူတွေက မဖြုန်းတီးချင်ကြဘူး။

"အမှန်ပဲ၊ ကျုပ်တို့လူပုလေးတွေလည်း အရင်က ပုဆိန်‌ပစ်ချက်လေးတွေလုပ်ရတာသဘောကျခဲ့ပေမယ့် ဒါက အရမ်းဖြုန်းတီးရာကျတာကြောင့် သုံးဖို့ တဖြည်းဖြည်းရပ်လိုက်ကြတာပဲ၊" အိုမာက ပြော၏။

ဟာ့ထ်က ခါးသက်သက်ရယ်မောလိုက်၏၊ "ဥက္ကဌ၊ ကျုပ်က မြောက်ဘက်စစ်တပ်ကလာတယ်၊ ဒါကြောင့် မေဂျာ မက်ခ်ကွန်လီ ခင်ဗျားကို ပြောတာကို သုံးသပ်ရရင် ကျုပ်ထင်တာတော့ ကျုပ်တို့ရဲ့အခြေနေက ဘယ်လောက် သနားစရာကောင်းနေသလဲ ခင်ဗျားသိနေတယ်။"

ရှုယီက ခေါင်းငြိမ့်လိုက်သော်ငြား ပြုံးပြလိုက်ပါသေး၏၊

"ဒါဆို ခင်ဗျားတို့အနေနဲ့ လက်နက်တွေကို သုံးဖို့ မပူပန်နေဘဲသုံးနိုင်မယ်လို့ ကျုပ်ပြောရင်ရော ယုံကြမှာလား? ဥပမာ၊ ဖူရီယို ကျုပ်သာ ခင်ဗျားအတွက် ဘယ်တော့မှ ပစ်မကုန်မယ့် မြားတွေပေးဖို့ရှိတယ်လို့ပြောရင် ခင်ဗျား ဘယ်လိုခံစားရမလဲ?"

"မဖြစ်နိုင်တာကြီး!" ဖူရီယိုက ချက်ချင်း ခိုင်မာနေသံဖြင့်ပြောလိုက်သည်။

***

မှော်စက်မှုအင်ပါယာ

Vol 3, အခန်း ၁၀။ ပလက်စတစ်မြှား

"ဖူရီယိုက ရှင့်ကိုမယုံဘူးလား?" အကြီးအကဲ အီလူရှာက ခပ်ဖျော့ဖျော့အပြုံးကိုလှစ်ဟပြရင်း ထိုအပြုံးနှင့် လူသားမိန်းကလေးတစ်ယောက်လို တောက်ပနေ‌သည်။ ဒါက လူတွေအနေနဲ့ သူမရဲ့ အသက်အမှန်ကို ခန့်မှန်းရခက်စေတယ်။ "ကြည့်ရတာ ကျွန်မသူနဲ့ ပြောဖို့ အချိန်နည်းနည်းလောက်လိုနေပြီထင်တယ်။ သူ့အတွေးတွေသာမပြောင်းရင် လောက,က အပြောင်းအလဲတွေကို တောင့်ခံနိုင်မှာမဟုတ်ဘူး။"

"ပြောရရင် ခင်ဗျားသူ့ကိုအပြစ်တင်လို့မရဘူး၊ အရင်က မြှားပစ်မယ့်လူက အတော်လေး သတိထားရတယ်။ တင်းကြပ်တဲ့ စည်းမျဉ်းရှိတဲ့ နတ်သူငယ်လေးသမားအတွက် မြှားပစ်တဲ့အချိန်မှာ ရုတ်တရတ်ကြီး ဖြုန်းတီးမှုဖြစ်လာမှာလေ။ ဒါက တကယ်ကို နည်းနည်းခက်တယ်၊" ရှုယီက အပြုံးဖြင့် ပြောလိုက်သည်။

"ဒီကိစ္စ ရှေ့လျှောက်ဆက်မဖြစ်တော့ရင်တော့ ကောင်းတဲ့ကိစ္စပဲ။" အကြီးအကဲအီလူရှာက မြားတံတွေပြုလုပ်နေတဲ့ မနီးမဝေးက ပလက်စတစ်လုပ်လိုင်းကိုကြည့်လိုက်တယ်၊"ဒီ လိုင်း‌နဲ့ဆိုရင် ကျွန်မတို့ တစ်နေ့မှာ ပလက်စတစ်မြှား သုံးထောင်ကျော်လုပ်နိုင်တယ်၊ ဒါကြောင့် သူတို့ကိုဖြုန်းတီးတဲ့အကြောင်းကို ပူဖို့မလိုဘူး။"

"တစ်နေ့မြှားသုံးထောင်ထွက်နှုန်းက မလုံလောက်သေးဘူး။" ရှုယီက ခေါင်းခါလိုက်၏။

"ကျုပ် ချီးကျူးမှုကောင်း‌ကောင်းရထားတဲ့ မြောက်ဘက်စစ်တပ်ဆီပို့ထားတဲ့ မှော်ထပ်ဆင့်‌’လေး’ သုံးဆယ်နဲ့ အခုစစ်ဌာနချုပ်ကနေ မှော်ထပ်ဆင့်လေးပေါင်းငါးရာ မှာယူထားတာကို ကျုပ်လက်ခံထားတယ်။ ဒါပေမယ့် စခ်တိုင်းပြည်ရဲ့ သွေးဆာဝံပုလွေတပ်ရင်းကို တိုက်ခဲ့တဲ့အချိန်မှာ မြှားတွေကိုသုံးရင် မှော်ထပ်ဆင့်လေးမှာ မြှားဘယ်လောက်လိုတယ်ဆိုတာကြောင့်။ ကျုပ် ဒီပလက်စတစ်မြှားအသစ်တွေကို စစ်ဌာနချုပ်မှာ အကြံပြုထားတော့ သူတို့ဆီကနေ စစ်ဆေးဖို့ တစ်ယောက်ယောက်ပို့လိုက်ဖို့ သိပ်မကြာလောက်တော့ဘူး။ မျှော်လင့်မထားတာတွေ ဘာမှဖြစ်မလာရင် ဒါက မှာယူမှုအကြီးစားဖြစ်လိမ့်မယ်။"

"ကောင်းပြီလေ၊ ကျွန်မ အမ်လုဒ်နဲ့ ဒယ်လီကို ကောင်းကောင်းဂရုစိုက်ခိုင်းလိုက်မယ်။"

ရှုယီက အကြီးအကဲအီလူရှာကိုကြည့်ရင်း ရုတ်တရတ်မေးလိုက်သည်၊ "အကြီးအကဲအီလူရှာ, ကျုပ်အမြဲမေးချင်နေခဲ့တာ၊ ဘာလို့ ခင်ဗျားကိုယ်ခင်ဗျား ညတေးသံမျိုးနွယ်စုအတွက် ရွေးချယ်ဖို့ မညှိနှိုင်းခဲ့တာလဲ၊ ဘာလို့ ဒယ်လီကို ပို့ခဲ့တာလဲ? ခင်ဗျားရဲ့ ဉာဏ်ထက်မှုနဲ့ အရာအားလုံးကို ဂရုစိုက်လိုက်မယ်ဆိုရင် ကိစ္စတွေက အတော်လေးပိုချောမွေ့သွားမှာလေ။"

အကြီးအကဲ အီလူရှာက လက်ကိုခါ၊ သက်ပြင်းကိုချရင်းပြောလိုက်၏၊ "ကျွန်မက အိုနေပါပြီ။ ညတေးသံမျိုးနွယ်စုရဲ့အနာဂတ်က အမ်လုဒ်နဲ့ ဒယ်လီတို့လို လူငယ်တွေလက်ထဲမှာ‌ပဲလေ၊ ဒါကြောင့် ကျွန်မအနေနဲ့ မျိုးနွယ်စုအတွက် မညှိနှိုင်းခဲ့တာပါ။ အနာဂတ်မှာ ကျွန်မက မျိုးနွယ်စုကို အမိန့်နည်းနည်းပဲပေးနိုင်မှာကြောင့် ကျွန်မကို ဆက်မထားဖို့ သူတို့ လိုက်လျောညီထွေ ဖြစ်အောင် လုပ်နိုင်တယ်။”

ရှုယီက အကြီးအကဲအီလူရှာ၏ နှစ်ဆယ်ကျော် လှပသည့်မိန်းမငယ်ပုံပေါ်နေသော မျက်နှာကိုကြည့်လျက် အံအားသင့်စွာ မျက်မှောင်တွန့်လိုက်သည်၊ "ခင်ဗျားက အိုနေပြီလို့ ကျုပ်ဖြင့်လုံးဝမထင်ဘူးဗျာ၊ ခင်ဗျားရဲ့ အသွင်ပြင်ကိုသုံးသပ်ရရင် ခင်ဗျားက ကျုပ်တို့ လူသားတွေရဲ့ လူငယ်လိုမျိုးလို့ ခံစားရတယ်၊ ခင်ဗျားရဲ့အငြိမ်းစား အကြောင်းကို စဉ်းစားဖို့က မလိုသေးဘူး မဟုတ်လား?"

"ချီးကျူးမှုအတွက် ကျေးဇူးပါ၊ ဒါပေမယ့် ကျွန်မအသက်က အချက်အချာပဲလေ။ ကျွန်မရဲ့ အသွင်က ဘယ်လိုပဲရှိနေနေ နတ်သူငယ်တစ်ယောက်အနေနဲ့တော့ အိုနေပါပြီ။ ကျွန်မဒီလိုဖြစ်နေတဲ့အကြောင်းရင်းကလည်း နတ်သူငယ်‌တွေရဲ့ ထူးခြားချက်ကြောင့်ပါပဲ။" အကြီးအကဲ အီလူရှာက ခဏလောက်တန့်သွားပြီးမှ ရှုယီကိုမေးလာသည်၊ "ဥက္ကဌရှု၊ ရှင် အက်ဂ်နက်စ်ကို လှတယ်လို့ထင်လား?"

ရှုယီက အံ့ဩသွား၏၊ "အက်ဂ်နက်စ်က တကယ်ကိုလှပါတယ်၊ ဘာဖြစ်လို့လဲဗျ?"

အကြီးအကဲအီလူရှာက ခေါင်းငြိမ့်ပြီး အကြောင်းအရာကို ဆက်မပြောခဲ့ပါချေ။

ရှုယီက စိတ်တွင်း၌ ဆက်လက်ရှုပ်ထွေးနေသည်။ သူက အကြီးအကဲအီလူရှာ၏ဦးဆောင်မှုနောက်ကိုလိုက်ကာ ပလက်စတစ်မြားများထုတ်လုပ်ခြင်းပြဿနာအကြောင်းကို ဆက်ဆွေးနွေးနေလိုက်သည်။

ပလက်စတစ်မြှားအသစ်များအား ညတေးသံမျိုးနွယ်စု ပြုလုပ်ခဲ့သည့် စမ်းသပ်မှုများမှရရှိသော ပလက်စတစ်ပစ္စည်းအသစ်မှ ပြုလုပ်ထား‌သည်။ ၎င်းက အင်မတန်မာကျောသော ဝိသေသရှိပြီး မြှားလုပ်ရန်သုံးသည့်အချိန်တွင် အကောင်းဆုံးသစ်သားဖြင့် ပြုလုပ်ထားသည့် မြှားများထက် နိမ့်ကျမနေပါချေ။

ထို့အပြင် ၎င်းတို့က အသုတ်လိုက်ထုတ်လုပ်မှုကို သုံးထားခြင်းကြောင့် မြှားများ၏ အရှည်ပဲဖြစ်ဖြစ် အထူနှင့် အလေးချိန်ပဲဖြစ်ဖြစ် အားလုံးအတူတူပင်ဖြစ်သည်။ ကျပန်းလုပ်မြှားခေါင်းများကိုပါ ထပ်ပေါင်းလိုက်လျှင် မြှားအားလုံးမှာ ထပ်တူပင်ဖြစ်၏။

ထိုကဲ့သို့ ၎င်းတို့အား ပစ်လွှတ်ချိန်၌ မြှားများမှာ မည်သည့်အ‌ခြေအနေ၌ မဆို အလွယ်တကူ လိုက်လျောညီထွေဖြစ်နိုင်သည်။ ၎င်းတို့က ပိုမိုတင်းကြပ်သည့် မြှားလိုအပ်မှုရှိသော မှော်ထပ်ဆင့်လေးများအတွက် ပို၍ပင် သင့်လျော်သေး၏။

မြောက်ဘက်စစ်တပ်မှ သေမင်းတောင်တန်းများရှိ စခ်တိုင်းပြည်ကို လများစွာတိုက်ခိုက်ချိန်တွင် မြောက်ဘက်စစ်တပ်က တောင်တန်းများကိုပြန်သိမ်းယူဖို့ရာ အားကောင်းလှသောတိုက်ပွဲခွန်အားကို ပြသခဲ့သော်လည်း ၎င်းက သူတို့၏အားကောင်းသော လက်နက်များမှ လာသည်။

၎င်းတို့၏ လက်နက်များ၊ ချပ်ဝတ်များနှင့် မှော်ဝန်ချီစက်များကို‌ ဘေးဖယ်ကာ တိုက်ခိုက်မှုအားလုံး၌ အရေးပါဆုံးအရာမှာ အတောက်ပဆုံးမဟုတ်ဘဲ မြှားလိုအပ်မှုပါပင်။

၎င်းတို့က အကုန်အကျကို ဂရုမစိုက်ဘဲ မြှားများကိုပစ်သောကြောင့် စခ်တိုင်းပြည်ကို ဖိထားနိုင်ပြီး ပြန်ပင်မတိုက်နိုင်ဖြစ်စေခဲ့သည်။

သို့သော် ထိုဖိနှိပ်ခြင်းမျိုးက မြှားများဖြစ်လာသောအခါ ကြောက်မက်ဖွယ် လိုအပ်ခြင်းဖြစ်လာသည်။

နောက်‌ဆုံးထိပ်တိုက်ရင်ဆိုင်မှုတွင် ၎င်းက လတစ်ဝက်ပင် မကြာဘဲ တိုက်ပွဲနှစ်ဆယ်အောက်သာရှိခဲ့သော်လည်း မြှားပေါင်း တစ်သိန်းကုန်ကျခဲ့သည်။

မြောက်ဘက်စစ်တပ်က ထိုမျှများပြားလှသည့် မြှားများကို လက်နက်ရုံက မြောက်ဘက်စစ်တပ်၏ ကြီးမားသော စားသုံးမှု(ကုန်ကျမှု)ကို အာမခံသည့် သံမဏိမြှားပမာဏများစွာ ဖန်တီးထားသောကြောင့်ပင်။

ထိုသံမဏိမြှားများ၏ ပြဿနာမှာ အင်မတန်အကုန်အကျများပြီး မြှားတစ်ချောင်းလျှင် ငွေဒင်္ဂါးအပြားသုံးဆယ်ကုန်ကျသည်။

မြှားပေါင်းတစ်သိန်းဆိုလျှင် ရွှေဒင်္ဂါးအပြား သုံး‌ထောင်ကျော်ရှိ၏။

ဆင်းရဲသည့် တော်ဝင်စစ်တပ်အတွက် ထိုစစ်ပွဲကို အောင်နိုင်ပြီး အရေးပါသောသေမင်းတောင်တန်းကို သိမ်းယူခြင်းက စိတ်အားတက်စရာမှာ သံသယပင်မလိုပါချေ၊ သို့သော် မြှားပေါင်းတစ်သိန်းအတွက် ရွှေဒင်္ဂါးပြားသုံးထောင်ကုန်ကျခြင်းက ၎င်းတို့ ထောက်ပံ့နိုင်သည့် အရာတစ်ခုမဟုတ်ပါချေ။

စခ်တိုင်းပြည်ကိုဆန့်ကျင်သည့်တိုက်ပွဲ၌ မှော်ဝန်ချီစက်နှင့် စစ်သားများ၌ရှိသည့်ချပ်ဝတ်အပြည့်အစုံတို့၏ ကုန်ကျစရိတ်ကိုပါ ထပ်ပေါင်းလျှင် စစ်ဌာနချုပ်က မြောက်ဘက်စစ်တပ်အား ရွှေဒင်္ဂါးပြားတစ်သိန်းလောက် မြှုပ်နှံခဲ့ရသည်။

အခြားအရာများကိုမဆိုထားနှင့် အနည်းဆုံး ချပ်ဝတ်နှင့် မှော်ဝန်ချီစက်များကို ပြန်လည်အသုံးပြုနိုင်သည်။ သို့သော် မြှားများကိုပစ်လွှတ်ပြီးလျှင် တိုက်ပွဲကွင်းပြင်၌ ပြန်လည်ရယူနိုင်ပါလျှင်တောင် တစ်ဝက်ကျော်လောက်တော့ ကုန်ကျမည်ဖြစ်၏။

အဆုံးတွင် စစ်ဌာနချုပ်က အရာအားလုံးကိုရေတွက်ကြည့်ရာ မြှားများ၌ ရွှေဒင်္ဂါးပြားတစ်သောင်းကျော်ကုန်ကျခဲ့သည်ကို တွေ့ရှိခဲ့ရသည်။

နောက်ဆုံးတစ်ခေါက် ရှုယီ မေဂျာမက်ခ်ကွန်လီကို မြင်သည့်အချိန်က သူထိုပြဿနာအားဆွေးနွေးနေသည်ကိုကြားခဲ့ရကာ သူ၏စိတ်ကိုပြောင်းလျှက် ထိုမြှားများကို ပလက်စတစ်မြှားများဖြင့်အစားထိုးရန် အကြံပြုခဲ့သည်။

ပလက်စတစ်မြှားများက သံမဏိမြှားများလိုမကြမ်းတမ်းသော်လည်း ကောင်းကင်သို့ မြှားများပစ်လွှတ်ခြင်းက အဓိကဖိနှိပ်ခြင်းအတွက်ဖြစ်ရာ ပလက်စတစ်မြှားများ၏ စွမ်းအားက မဆိုးလှပါချေ။ ၎င်းတို့က ယခင် လမ်ပူရီတိုင်းပြည်၏တော်ဝင်စစ်တပ်အသုံးပြုခဲ့သော သံ၊ သစ်သားမြှားတို့ကပိုလို့ပင် အားကောင်းလှသည်၊ ထို့ကြောင့် ၎င်းတို့အား စိုင်စ်နယ်မြေ၏ တိုက်ပွဲကွင်းတွင် အသုံးပြုနိုင်၏။

ရက်အချို့ကြာပြီးနောက်တွင် မေဂျာမက်ခ်ကွန်လီက ရှုယီပို့လိုက်သည့် ပလက်စတစ်မြှားများကို လက်ခံရရှိခဲ့သည်။ ထိုမြှားများက တစ်ခုစီကို ရွှေဒင်္ဂါးရှစ်ပြားစီသာကုန်ကျသည်ကို တွေ့ရှိပြီးနောက် သူက ချက်ချင်းပင် ရှေ့လျှောက်လည်း စစ်ဌာနချုပ်က ထိုပလက်စတစ်မြှားများကို အသုံးပြုမည်ဟု ဆုံးဖြတ်လိုက်သည်။

မေဂျာမက်ခ်ကွန်လီမှ ရှုယီအားပေးပို့ထားသော ပြန်စာကိုသုံးသပ်ရလျှင် စစ်ဌာနချုပ်က ပလက်စတစ်မြှားများကို စိတ်ကျေနပ်နေသရွေ့ ၎င်းတို့မှာယူမည့် အနိမ့်ဆုံးအရေအတွက်မှာ အနည်းဆုံး မြှားပေါင်းငါးသိန်းပါပင်။

စစ်ဌာနချုပ်ပေးရသည့် မြှားတစ်ချောင်းလျှင် ငွေဒင်္ဂါးကိုးပြားတန်ဖိုးအရ မြှားပေါင်းငါးသိန်းဆိုလျှင် ရွှေဒင်္ဂါးလေးသောင်းခွဲရှိမည်ဖြစ်၏။

ညတေးသံမျိုးနွယ်စု အသစ်ဖွင့်ထားသည့် ရာဘာထုတ်ရုံအတွက် ထိုသို့သော ပထမဆုံးအကြီးမားလှသည့်မှာယူမှုက တကယ်ကို ခမ်းနားလှပေသည်။

"တကယ်တော့၊ ကျွန်မရဲ့ အတွေးအရ ဒီမှာယူမှုကို မလိုချင်ပါဘူး။"အကြီးအကဲအီလူရှာက ပလက်စတစ်မြှားတစ်ချောင်းကိုကောက်ကိုင်လိုက်ပြီး ကြည့်ကာ သက်ပြင်းချလျက် ပြောလာခဲ့သည်၊ "ဒီရာဘာထုတ်ရုံကိုဖွင့်လှစ်တဲ့ရည်ရွယ်ချက်က ကျွန်မရဲ့မျိုးနွယ်သား‌တွေက လူသားတွေနဲ့ နက်နဲတဲ့ ထိ‌တွေ့ပြီး ရှင်တို့လူတွေကြားမှာ စစ်ပွဲတွေ မဆင်နွှဲစေလိုတာကြောင့်ပဲ။"

"လူသားတွေအတွက်၊ စစ်ပွဲက အဆုံးမဲ့ပြီး ဘယ်တော့မှ ရှောင်ရှားလို့မရဘူး။" ရှုယီက ကူကယ်ရာမဲ့စွာ သက်ပြင်းချလျက်ပြောလိုက်၏၊ "ခင်ဗျားနဲ့ ကျုပ်နှစ်ယောက်စလုံးက စစ်ပွဲကိုမုန်းကြတယ်၊ ဒါပေမယ့် ကျုပ်မရှောင်နိုင်တဲ့အချိန်မှာ ဒါကို မခုခံဘူး။ ခင်ဗျားနောက်ထပ်မှာယူမှုကို မလိုချင်ရင် ဒါကိုကျုပ် Frestech ကုန်သည်ကြီးများအသင်းရဲ့နာမည်နဲ့ လက်ခံလိုက်လို့ရပါတယ်။ ခင်ဗျား နည်းပညာအမှုထမ်းတွေကိုပို့နိုင်သရွေ့ကတော့ ကျုပ်တို့ လုပ်ငန်းစုက ပလက်စတစ်မြှားတွေကို ချောချောမွေ့မွေ့လုပ်နိုင်မယ်လို့ယုံကြည်တယ်။"

"မလိုပါဘူး။ ကျွန်မတို့က လူသားတွေရဲ့ဘဝမှာ ဝင်ပါဖို့ဆုံးဖြတ်လိုက်ပြီးကတည်းက ရှောင်လွှဲလို့မရတော့ဘူးလေ။ ဒီလိုလုပ်တာကို ရှင်တို့ လူသားစစ်ပွဲမှာ ပါဝင်တယ်လို့ ယူဆနိုင်ပေမယ့်လည်း သာမန်ထုတ်ကုန်‌တွေ ရောင်းတယ်လို့ပဲစဉ်းစားလိုက်ရင် လက်ခံဖို့က မခက်တော့ပါဘူး" အကြီးအကဲအီလူရှာက ပြော၏။

ရှုယီက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။ အကြီးအကဲအီလူရှာက အက်ဂ်နက်စ်လို ဖြူစင်စိတ်ထားနှင့် နတ်သူငယ်မလေးမဟုတ်ဘဲ တကယ်တမ်း အရေးပါသည့် ပလက်စတစ်ထုတ်လုပ်ခြင်းနည်းပညာကို လက်လွဲမပေးပါချေ။

"ဒီလိုဆိုရင်ရော အကြီးအကဲအီလူရှာ, ကျုပ်ဒီည ဘန်တာမြို့တော်ကို ပြန်လို့ ခင်ဗျားဒယ်လီကိုကျုပ်နဲ့ ထည့်လိုက်ရင် ကျုပ်သူမကို လုပ်ငန်းစုကြီးတွေရဲ့ ဥက္ကဌ‌နဲ့ မိတ်ဆက်ပေးမယ်။ ခင်ဗျားရဲ့ ရာဘာထုတ်ရုံစီးပွားရေးကို ဘယ်လိုမိတ်ဆက်ရမယ်ဆိုတာအတွက် ကျုပ်ကြားမဝင်ဘဲ ဒယ်လီကို ကိုင်တွယ်ခိုင်းလိုက်ပါ။ ဘယ်လိုထင်လဲ?" ရှုယီက တွေးဆဆအသံဖြင့် အကြံပြုလိုက်သည်။

"ကျွန်မတို့ နတ်သူငယ်တွေရဲ့ဓလေ့ထုံးတမ်းအရ ဒါက ကျွန်မတို့ကိုတစ်ခုခုပေးနေတာမို့လို့ ငြင်းသင့်ပါတယ်။" အကြီးအကဲအီလူရှာက ပြုံးလိုက်သည်။ "ဒါပေမယ့် ကျွန်မတို့က လူနေမှုထဲကို ဝင်ပါချင်တယ်ဆိုမှတော့ ရှင်တို့ လူသားနည်းလမ်းနောက်ကို လိုက်ရမှာပဲလေ။ ဒါကို ကျွန်မတို့ကြားက ပူးပေါင်းမှုလို့ ယူဆနိုင်တယ်၊ ဥက္ကဌရှု ကူညီတာကို ကျွန်မ အင်မတန်ဝမ်းမြောက်မိပါတယ်။"

ရှုယီက ရယ်လိုက်၏၊ "အမှန်ပဲ။ ကျုပ်တို့အားလုံးက တွဲဖက်တွေလေ၊ ဒါကို လက်ဆောင်လို့ မြင်ဖို့ မလိုပါဘူး။ ခင်ဗျားဒါကို သင့်တော်အောင်လုပ်ချင်ရင်တော့ ဒါအတွက် နောက်မှ ပြန်ပေးလို့ရနိုင်ပါတယ်။ ဒါဆိုဒါက အရမ်းရိုးရှင်းတဲ့ အပေးအယူပဲ မဟုတ်လား?"

"ဟုတ်ပါတယ်။ ကျွန်မ ဒယ်လီကိုသွားပြောပြီး ရှင့်ဆီက လူသားကုန်သည်တစ်ယောက်ဖြစ်လာအောင် သင်ယူဖို့ ပြောထားရမယ်။" အကြီးအကဲအီလူရှာက ခေါင်းညိတ်လျက်နှင့် ဆိုလိုက်သည်။

"သူမ ဘန်တာမြို့တော်ကို ရာဘာထုတ်ရုံအတွက်စီးပွားရေးအရသွားတုန်း ကျွန်မက သူ့အလုပ်ကို မကျေနပ်ခဲ့ဘူး။ ဒီတစ်ခေါက်တော့ ဥက္ကဌရှုနဲ့သွားချိန်မှာ သူမရတာတွေကပိုများဖို့ မျှော်လင့်မိပါတယ်။"

"ဒါက ဂုဏ်ယူစရာပါ" ရှုယီက ခပ်ဖျော့ဖျော့အပြုံးကို လှစ်ဟပြလိုက်တော့၏။

***

All Chapters