အခန်း (၂၁-၃၀)
Vol. 3 Ch. 21-30
Vol3,အခန်း ၂၁။ နောက်ထပ်ဘန်တာမြို့တော် တည်ဆောက်ခြင်း
နောက်နေ့မနက် ရှုယီမှာ အက်ဂ်နက်စ်, မင်းသမီးလေး ကာရိုလင်းနှင့် အော်ဒရင်ဦးဆောင်သည့် ဒရိက်ခ်နယ်မြေက လူများအား မိုးကျတောင်ကြားဆီခေါ်သွားခဲ့၏။
မနက်တွင် ရှုယီက ၎င်းတို့အား Frestech ကုန်သည်ကြီးများအသင်း၌ လက်ရှိလည်ပတ်နေသည့် အလုပ်ရုံအမျိုးမျိုးဆီ လှည့်လည်ခေါ်ဆောင်သွားသည်ပင် မင်းသမီးလေး ကာရိုလင်း နှင့် အော်ဒရင်တို့မှာ အံ့ဩစရာမလိုစွာပင် ချီးမွမ်းလာကြ၏။
၎င်းတို့ နေ့လည်စာ,စားပြီးနောက်၌ မင်းသမီးလေးကာရိုလင်းနှင့် အော်ဒရင်တို့က မိမိဘာသာ လှည့်ပတ်ကြည့်ချင်ကြောင်းပြောလာ၍ သဘာဝကျစွာပင် ရှုယီက ထိုတောင်းဆိုမှုကို မငြင်းပါချေ။ သူက ၎င်းတို့နှင့်အတူ လူနှစ်ယောက်ထည့်ပေးလိုက်ရင်း အစည်းအဝေးပွဲလေးကျင်းပရန် ခမ်နက်ဒ်ကို ရှာလိုက်၏။
"ဥက္ကဌ၊ ဒါက ကျွန်တော်တို့လုပ်ငန်းစုရဲ့ နောက်ဆုံးလ ဘဏ္ဍာရေးအစီရင်ခံစာပါ။ တစ်ချက်ကြည့် ကြည့်ပါဦး" ခမ်နက်ဒ်က သူ့အား စာရွက်စာတမ်းတစ်ခုပေးလာ၏။
ရှုယီလည်း သေချာကြည့်လိုက်သော် ဒီနှစ်၏ရှေ့လတွေနှင့်စာလျှင် Frestech ကုန်သည်ကြီးများအသင်း၏ အမြတ်စွန်းက နည်းနည်းကျသွားသည်။
ထိုသည်က ဘန်တာမြို့မှ ထွက်ခွာသွားသည့် သက်ရောက်မှုမှန်း သိသာပါသည်။
သို့သော် ထိုသပ်ရောက်မှုက မကြီးမားဘဲ ကျဆင်းမှုတစ်ခု ရှိလာပါလျှင်တောင် ၎င်းတို့၏ တစ်လစီအမြတ်စွန်းက ရွှေဒင်္ဂါး ငါးသိန်းရှိလေသည်။
"အရမ်းကောင်းတယ်။ ဒီခေတ်ထမှုနဲ့ဆို သုံးနှစ်အတွင်း ငါတို့တွေ တစ်လကို ရွှေဒင်္ဂါးတစ်သန်းအထိ ဝင်နိုင်တယ်။" ရှုယီက ခေါင်းငြိမ့်လျက် ချီးကျူးလိုက်သည်၊ "ဒီအဆင့်ကို ရရှိနိုင်ရင် ငါတို့လုပ်ငန်းစုကိုလည်း တကယ်ကြီးမားတဲ့လုပ်ငန်းစုလို့ သတ်မှတ်လို့ရနိုင်ပြီ။"
"ဥက္ကဌ၊ အရမ်း နှိမ့်ချလွန်းနေပါပြီ။" ခမ်နက်ဒ်က အပြုံးနဲ့ပြောလာ၏၊ "ကျွန်တော်တို့ လမ်ပူရီတိုင်းပြည်ရဲ့ အင်အားအကြီးဆုံး ဖယ်လ်ချောင်ကုန်သည်ကြီးများအသင်းတောင် တစ်လကို ရွှေဒင်္ဂါးတစ်သန်းကျော်ရတယ်။ Frestech ကုန်သည်ကြီးများအသင်းကို ၂နှစ်လောက်ပဲ တည်ထောင်ခဲ့ရပေမယ့် ကျွန်တော်တို့ရဲ့ လစဉ်အမြတ်စွန်းက ငါးသိန်းကျော်ပြီး ဒါကတင် အံ့ဖွယ်ဖြစ်ရပ်ဖြစ်နေပြီ။ ကျွန်တော့ဆီပို့တဲ့ သခင်ကြီးရဲ့စာတွေက အမြဲတမ်း ချီးကျူးမှုတွေနဲ့ပြည့်နေတာ၊ ခင်ဗျားက စိုင်စ်နယ်မြေရဲ့သမိုင်းမှာ ပါရမီအထူးဆုံး ကုန်သည်လို့ ပြောတယ်။"
ရှုယီက ခပ်ဖျော့ဖျော့ပြုံးလိုက်ရင်း၊ "ဒီရလာဒ်က ငါ့ရဲ့ ကုန်သည်တစ်ယောက်အနေနဲ့ အစွမ်းအစတွေကြောင့်မဟုတ်ပါဘူး၊ အားလုံးက ငါတို့ရဲ့ နည်းပညာကြောင့်ပါပဲ။ ငါတို့လုပ်ငန်းစုက ဒီ အမြတ်စွန်းမြန်မြန်တိုးတက်လာမှုကို ထိန်းသိမ်းနိုင်တာကလည်း နည်းပညာအရာမှာဆို အမြဲအားသာနေလို့ပဲလေ။ ဒါကြောင့် ငါတို့အနေနဲ့ ဒီဦးဆောင်မှုကို ထိန်းသိမ်းဖို့အတွက် နည်းပညာပိုင်းမှာ ငွေများများ မြှုပ်နှံရမယ်။"
"အန်း၊ ကျွန်တော် နားလည်ပါတယ်" ခမ်နက်ဒ်က ခေါင်းငြိမ့်လိုက်ရင်း၊ "ဒါကြောင့် ကျွန်တော် မှော်စက်ပစ္စည်းအလုပ်ရုံရဲ့ ငွေကြေးတွေကို တိုးပြီး မှော်သုတေသန အချက်အလက်မှာ ၄၀%တိုးလိုက်တော့၊ ရွှေဒင်္ဂါး ငါးသိန်းနဲ့ လေးသိန်း အသီးသီး ရှိပါတယ်။"
"ဒါက မလုံလောက်ဘူး" ရှုယီက ခေါင်းခါလိုက်ရင်း၊
"ငါ့ရဲ့အကြံအရ လုပ်ငန်းစုရဲ့ အသားတင်အမြတ်စွန်းတစ်ဝက်ကို ဖွံ့ဖြိုးရေးမှာ မြှုပ်နှံသင့်တယ်။ ဒါက နည်းပညာအရာမှာဆို ငါတို့က ဦးဆောင်နေတာကို အာမခံပေးလိမ့်မယ်။"
ခမ်နက်ဒ်က အနေရခက်နေဟန်ဖြင့် ဆိုလိုက်၏၊ "ဒါက မကောင်းတာလည်းဖြစ်နိုင်တယ်။ ဥက္ကဌ၊ အရင်ဆုံး ကျွန်တော်တို့မှာ သုတေသနပညာရှင်များများမရှိဘူး။ သူတို့ကို ရွှေဒင်္ဂါးများများပေးလိုက်ရင်တောင် အားလုံးကို သုတေသနလုပ်ရာမှာ သုံးမှာမဟုတ်ဘူး။
ပြီးတော့၊ ကျွန်တော်တို့ အတော်လေး ငွေဝင်ပေမယ့်လည်း ငွေသုံးရတဲ့နေရာအတော်များတာကြောင့် အမြတ်စွန်းတစ်ဝက်ကို ဖွံ့ဖြိုးမှုမှာ သုံးဖို့ မဖြစ်နိုင်ဘူး။"
"အန်း၊ ငါသိပြီ၊ ဒါနဲ့ ငါမင်းကိုလာရှာတာ မြို့တော်မှာသုံးမယ့် အစီစဉ်ကို ဆုံးဖြတ်ခိုင်းမလို့ပဲ။"
ရှုယီက ထရပ်လိုက်ပြီး ခမ်နက်ဒ်ရဲ့ ရုံးခန်းနံရံပေါ်က မြေပုံဆီလျှောက်သွားရင်း သူ့အကြံတွေကို ခမ်နက်ဒ်ဆီ မြေပုံကိုညွှန်လို့ ပြောလာတယ်။ "အရင်ဆုံး၊ ငါတို့ မိုးကျတောင်ကြားရဲ့ ဖွံ့ဖြိုးမှုနဲ့ တည်ငြိမ်မှုကို အာမခံရမယ်၊ အဲဒါ့က ငါတို့ရဲ့ ပင်မဖြစ်တာကြောင့်ပဲ။"
"ဟုတ်ကဲ့" ခမ်နက်ဒ်က သဘောတူလျက်ခေါင်းငြိမ့်လာရင်း၊ "လက်ရှိ ကျွန်တော်တို့က ရွှေဒင်္ဂါးတစ်သိန်းကို မိုးကျတောင်ကြားဆီ လစဉ် ဖွံ့ဖြိုးဖို့နဲ့ ထိန်းသိမ်းဖို့ မြှုပ်နှံနေကြရတယ်။ ဒါ့ထက် မိုးကျတောင်ကြားက အလုပ်ရုံတစ်ခုချင်းစီတိုင်းမှာ အမြတ်အစွန်းရှိတာကြောင့် အဲ့မှာ ဖိအား များများစားစားမရှိဘူး။"
"ကြည့်ရအောင်..." ရှုယီက နောက်ဆုံးလ ဘဏ္ဍာရေးအစီရင်ခံစာကို တစ်ဖန်ငုံ့ကြည့်လိုက်သည်။
အချက်အလက်များအရ Frestech ကုန်သည်ကြီးများအသင်း၏ နောက်ဆုံးလ အသားတင်အမြတ်အစွန်း ၄သိန်း၈သောင်းထဲ၌ သံမဏိစက်နှစ်ရုံမှ အမြတ်ငွေမှာထက်ဝက်ကျော်ရှိပြီး စုစုပေါင်း ရွှေဒင်္ဂါးနှစ်သိန်းငါးသောင်း ရရှိသည်ပင်။
မှော်စက်ပစ္စည်းများနှင့် အိမ်သုံးမှော်စက်ပစ္စည်းများ ဌာနများတွင်မှု ဈေးကွက်က တည်ငြိမ်ပြီး နောက်ဆုံးလ၏ ရွှေ့ပြောင်းခြင်းသက်ရောက်မှုများနှင့် ထုတ်ကုန် အရေအတွက် လျော့ကျခြင်းတို့ကြောင့် အမြတ်ငွေများ လျော့ကျသွားရသည်ပင်။ ၎င်းတို့မှာ နောက်ဆုံးလ၌ ၁သိန်း၇သောင်းအထိသာ ရောက်ရှိခဲ့သည်။
အသားတင်အမြတ်စွန်းထဲမှ ကျန်သည့် ရွှေဒင်္ဂါး ၆သောင်းမှာ တာယာရုံနှင့် စက်ဘီးရုံတို့မှဖြစ်၏။
ထိုရုံနှစ်ရုံမှာ လက်ရှိတွင် အမြတ်စွန်းများ အမြန်ဆုံးတိုးလာနေကြပြီး အထူးသဖြင့် လွန်ခဲ့သည့် နှစ်လက အရှိန်အဟုန်ဖြင့် တိုးတက်ခဲ့သော စက်ဘီးရုံဖြစ်သည်။
စက်ဘီးစီးခြင်း၏ ပို့ဆောင်ဆက်သွယ်ရေးနည်းလမ်းသစ်အား ချပြလိုက်သည်နှင့် ၎င်းက ချက်ချင်းပင် ဘန်တာမြို့တော်သားများနှင့် အနီးနားမြို့များ၏ ကြိုဆိုခြင်း ခံရတော့သည်။
အကြောင်းမှာ ပျမ်းမျှလူတစ်ယောက်အတွက် ကိုယ်ပိုင်မြင်းလှည်းမှာ အင်မတန် ဈေးကြီးလှကာ ၎င်းတို့သုံးလိုက်သည်ကို ပြန်ရနိုင်သည်လည်းမဟုတ်ချေ။ ထို့အပြင် မြင်းလှည်းများထံ၌ အမျိုးမျိုးသော အကန့်သတ်များရှိပြီး လုံးဝလည်း အဆင်မပြေစေနိုင်ပါချေ။
ထို့ကြောင့် မြင်းလှည်းထက် အရမ်းမနှေးဘဲ မြင်းလှည်းများထက် ပိုအဆင်ပြေသော စက်ဘီးထွက်လာသောအခါ ၎င်းက လူအများစု၏ အကြိုဆိုခံရဆုံး ရွေးချယ်မှုပါပင်။
သာမန်လူများအတွက် စက်ဘီးကို ပြောင်းယူနိုင်သည်အား မဆိုထားနှင့် ကြွယ်ဝသည့် မျိုးရိုးမြင့်များ ကုန်သည်များသည်ပင် တစ်စီး သို့မဟုတ် အစီးပေါင်းများစွာ ဝယ်ထားပြီး လေညှင်းထဲ၌ အပန်းပြေစီးကြသည်ပင်။
စက်ဘီးများ ထွက်ပေါ်လာမှုကြောင့် ဖာဆန်ရထားလုံးလုပ်ငန်းစု၏ စီးပွားရေးကို သက်ရောက်သွားသောကြောင့် ဥက္ကဌ ပွန်ဖီးက ရှုယီကို အကြိမ်များစွာ အထွန့်တက်ခဲ့သည်ပင်။
"ကောင်းပြီလေ၊ မိုးကျတောင်ကြား ရင်းနှီးမြှုပ်နှံမှုကို လျှော့ချလို့ မရနိုင်ဘူး။ ပြီးတော့ အဲဒီ့ ရွှေဒင်္ဂါး တစ်သိန်းထက် နောက်ပိုင်း ငါတို့ အမြှုပ်နှံဆုံးက ဆန်နက်မြေရိုင်းလား?" ရှုယီက ဘဏ္ဍာရေးအစီရင်ခံစာကို ကြည့်ရင်း မေးလိုက်သည်။
"ဟုတ်ပါတယ်။ ဆန်နက်မြေရိုင်းက အစောပိုင်းမြှုပ်နှံမှုအဆင့်မှာရှိတာကြောင့် လက်ရှိမှာ ဘာမှပြန်မရမယ့် မြှုပ်နှံမှုကိုပဲ တွေ့နိုင်ပါတယ်။ ဒါက လစဉ် ရွှေဒင်္ဂါးတစ်သိန်းငါးသောင်းကို သုံးနေတာနဲ့ညီမျှပါတယ်။" ခမ်နက်ဒ် ပြောနေ၏။ "ဒါပေမယ့် အခု အစဦးမြှုပ်နှံမှုက အဆုံးရောက်လာချိန်မှာ ကျွန်တော်ထင်တာက အခုကနေ သိပ်မကြာခင် ဆန်နက်မြေရိုင်းက မိုင်းတွင်းနဲ့ အပျော့စားသတ္တုအရည်ဖျော်ရုံက ကျွန်တော်တို့လုပ်ငန်းစုဆီကို ကြွယ်ဝတဲ့ ပေးအပ်မှုတွေ ပြန်လာနိုင်ပါတယ်။"
ရှုယီက ရယ်လိုက်ရင်း၊ "အရမ်းကောင်းတယ်၊ ဒါက မင်းကို စီအီးအို ခမ်နက်ဒ်ဖြစ်လာစေရတဲ့ မှန်ကန်တဲ့ရွေးချယ်မှုပဲ။ ဟိန့်ဇ်သာဆိုရင် လစဉ် ဘာမှပြန်မရလာတဲ့ ရင်းနှီးမြှုပ်နှံကြီးတွေကို မြင်ရတာ ပူပန်နေလောက်တယ်။"
ခမ်နက်ဒ်က ခပ်ဖျော့ဖျော့ပြုံးလိုက်၏၊ "ဒုတိယဥက္ကဌမှာက ကျွန်တော်မယှဉ်နိုင်တဲ့ အတွေ့အကြုံရှိပါတယ်။"
"ဒီကလေးက စကားဘယ်လိုပြောရမလဲသိတာပဲ။" ရှုယီက အပြုံးနှင့် ခေါင်းခါလိုက်ရင်း၊ "ဒါပေမယ့် ဆန်နက်မြေရိုင်းကနေ ကြွယ်ဝတဲ့ပေးအပ်မှုတွေပြန်လာမယ်ဆိုပေမယ့်လည်း ရွှေဒင်္ဂါးတွေအဖြစ် မပြောင်းနိုင်တာက နှမျောစရာပဲ။ အကြောင်းကတော့ကွာ မိုင်းတွင်းက ထုတ်ကုန်ဖြစ်ဖြစ် သတ္တုပျော့အရည်ဖျော်ခြင်းရုံက ဖြစ်ဖြစ် ငါတို့လုပ်ငန်းစုက ဒါတွေကို ကြိတ်ချေရမှာဖြစ်ပြီး ရောင်းလို့မရနေဘူး။"
ခမ်နက်ဒ် က ရှုယီကိုမမေးခင် အနည်းငယ် တုံ့ဆိုင်းနေပြီးမှ၊ "ဥက္ကဌ၊ ကျွန်တော်တို့ရဲ့ရင်းမြစ်တွေကို ထိန်းချုပ်ဖို့ လိုတာကို ဖိနှိပ်မယ်ဆိုရင် ဘာလို့ ဖယ်လ်ချောင်ကုန်သည်ကြီးများအသင်းကနေ သံသတ္တုတွေ ယူနေရသေးတာလဲ? ကျွန်တော်တို့ရဲ့ လက်ရှိ အချက်အလက်တွေအရ တစ်လကို လုပ်ငန်းစုက သံသတ္တု တန်ပေါင်း နှစ်ရာနဲ့ရှစ်ဆယ်ပဲ လိုပါတယ်။ ဒါကတင် ကျွန်တော်တို့ကို ရွှေဒင်္ဂါးနှစ်သန်းခွဲလောက်ကုန်ကျစေတော့ အရမ်းကိုကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးပါပဲ။ ကျွန်တော်တို့လုပ်ငန်းစုမှာက သံသတ္တုမိုင်းတွင်းရှိပြီးသား ဆိုမှတော့ ဘာလို့ အဲ့နည်းနဲ့ပဲ ကုန်ကျစရိတ်ကို တဖြည်းဖြည်း မလျှော့ချရမှာလဲ?"
"ဒါက အရမ်း ရိုးရှင်းပါတယ်၊ လက်ရှိ သံသတ္တုရိုင်းဈေးပေါပြီး ငါတို့မှာရှိတဲ့ သံသတ္တုရိုင်းကတော့ အကန့်အသတ်ရှိတယ်လေ။ ငါတို့သာ ဖယ်လ်ချောင်ကုန်သည်ကြီးများအသင်းကနေ ဈေးပေါနေတုန်း သံသတ္တုရိုင်းတွေကို ဝယ်မထားရင် ဈေးကြီးလာတာကို စောင့်ပြီးမှ ဝယ်ရမှာလား?" ရှုယီမှာ အပြုံးဖြင့် ဖြေဆိုလိုက်သည်၊ "သံသတ္တုတွင်းကိုတော့ နောက်ကျရင် ဖွင့်မှာပါ၊ ဒါပေမယ့် သံဈေးနှုန်း မြင့်တက်လာချိန်ထိတော့ စောင့်ရမယ်။ ငါ့ရဲ့ခန့်မှန်းချေအရ အနည်းဆုံး နောက်ထပ် ငါးနှစ်လောက်ကြာဦးမယ်။"
"ဥက္ကဌ၊ ခင်ဗျား ဒီလောက်သေချာတယ်လား?" ခမ်နက်ဒ်ကသံသယဖြင့်မေးလိုက်သည်။
"ဒါပေါ့။ ငါ ဒီမှော်စက်ပစ္စည်းစက်မှုပညာက လမ်ပူရီတိုင်းပြည်ကိုကျော်ပြီး စိုင်စ်နယ်မြေကို မြန်မြန်ပျံ့နှံ့သွားမယ်ဆိုတာ ယုံကြည်တယ်။ အချိန်ကျလာရင်၊ လူတိုင်းက မှော်စက်ပစ္စည်းလုပ်ဖို့လိုတဲ့ သံကို လိုလာတဲ့အခါ လုကြလိမ့်မယ်၊ အဲ့အခါ ဈေးတက်မလာမှ ထူးဆန်းနေမှာပဲ။" ရှုယီက သေချာနေသည့် အသံဖြင့်ဆိုလိုက်သည်။
ရှုယီနှင့် နှစ်တစ်ဝက်လောက်ရှိနေခဲ့ဖူးသည့် ခမ်နက်ဒ်မှာ ရှုယီက သာမန်ကာလျှံကာလေးပြောတတ်သည့်လူမျိုးမဟုတ်မှန်းသိပါ၏။ ရှုယီက သေချာနေမှတော့ အကြောင်းအရင်းရှိရပေမည်။
"ဒါက ဒီလိုဆိုမှတော့၊ ကျွန်တော်တို့ တတ်နိုင်တဲ့အချိန် သံသတ္တုမိုင်းတွင်း မျိုးစုံကို ဆုပ်ကိုင်ထားသင့်ပြီး များလေကောင်းလေပဲ။" ခမ်နက်ဒ်က တွေးဆဆအသံနဲ့ပြောလာတယ်၊ "လမ်ပူရီတိုင်းပြည်က သံသတ္တုတွင်းအများစုကို ဖယ်လ်ချောင်ကုန်သည်ကြီးများအသင်းက ထိန်းချုပ်ထားတာကြောင့် သူတို့လက်ထဲက လုဖို့ဆိုတာ အင်မတန်ခဲယဉ်းတယ်။"
"ဒါက ငါတို့ အခြားနေရာတွေကိုလည်း ရည်ရွယ်ရမယ်ဆိုလိုတာပဲ။" ရှုယီက မြေပုံပေါ်မှ ဆန်နက်မြေရိုင်း၊ စတက်တိန်းနယ်မြေနှင့် ဒရိက်ခ်နယ်မြေကိုထိလိုက်သည်၊ "ငါတို့ ဒီလို ကြွယ်ဝတဲ့အပျော့စား သတ္တုကြောကို ဆန်နက်မြေရိုင်းမှာ တွေ့ရှိနိုင်ခဲ့တာက ကြွယ်ဝတဲ့ သံသတ္တုကြောလည်းရှိတယ်လို့ ငါအာမခံရဲတယ်။ ဒါကြောင့် ငါတို့ ဆန်နက်မြေရိုင်းမှာ နောက်ထပ် ရင်းနှီး မြှုပ်နှံရမယ်။ စတက်တိန်းနယ်မြေကိုတော့ အခု သံမိုင်းတွင်းသုံးခုနဲ့ပဲထားဦး၊ ဘာလို့လဲဆိုတော့ ငါ လူတစ်ယောက်ရဲ့ တုံ့ပြန်မှုကိုစောင့်နေတာမို့။ ငါတို့အခု ဆွေးနွေးဖို့လိုတာက ဒရိက်ခ်နယ်မြေပဲ။"
"ဥက္ကဌ၊ ခင်ဗျားရဲ့ စကားအရ၊ ဒရိက်ခ်နယ်မြေက ဧည့်သည်နှစ်ဦး သဘောတူညီချက်ယူဖို့ ရောက်လာခဲ့တယ်ဆို?"
ခမ်နက်ဒ်က မေးလိုက်၏။
"အတော်ကိုပဲ၊ ဒါပေမယ့် ငါတို့ ဒရိက်ခ်နယ်မြေကနေ လိုအပ်တဲ့ ရင်းမြစ်တွေကို တကယ်ယူဖို့က အချိန်နည်းနည်းပဲကြာမယ်" ရှုယီက ခေါင်းငြိမ့်ကာပြောလိုက်၏၊
"မင်းသမီးလေးကာရိုလင်းက ငါ့ကိုအရမ်းကောင်းတဲ့ အဆိုပြုချက်ပေးခဲ့ပြီး ဒါက ဖြစ်နိုင်တယ်လို့ငါထင်တယ်။ ကြည့်ပါဦး၊ ကောင့်ထ်စီယန်က ဆိုဝယ်လ်မြို့တော်ကဲ့ မြို့စားနေရာမှာရှိနေတယ်။ ငါတို့ရဲ့လက်ရှိပန်းတိုင်က ကောင့်ထ်စီယန်ရဲ့ အထောက်အပံ့ကို ရပြီး ဆိုဝယ်လ်မြို့တော်မှာ မှော်စက်မှုပညာကို ဖွံ့ဖြိုးစေဖို့ပဲ၊ အဲ့မှာ နောက်ထပ် ဘန်တာမြို့တော် ဖန်တီးရမယ်။"
ခမ်နက်ဒ်က ဆိုဝယ်လ်မြို့တော်၏ မြေပုံထက်က တည်နေရာကိုကြည့်ရင်း မျက်မှောင်အနည်းငယ်တွန့်လိုက်သည်။
"ဥက္ကဌ၊ ဒီဆိုဝယ်လ်မြို့တော် တည်နေရာက... အရမ်းကြီးမကောင်းနေဘူး။ ဒါက ဒရိက်ခ်နယ်မြေနဲ့ အတော်နီးပေမယ့်လည်း စခ်တိုင်းပြည်နဲ့ ပိုလို့တောင်နီးနေသေးတယ်။ စခ်တိုင်းပြည်မှာသာ အကြံရှိရင် ဒါက ကံဆိုးတာပဲ။"
"ဒါက အရမ်းရှင်းပါတယ်၊ စခ်တိုင်းပြည်က ငါတို့အကြောင်းမတွေးမိအောင်လို့ နည်းလမ်းစဉ်းစားရမယ်၊" ရှုယီက အပြုံးခပ်ဖျော့ဖျော့နှင့်ဆိုလာ၏။
***
မှော်စက်မှုအင်ပါယာ
Vol3, အခန်း ၂၂။ ကာရိုလင်း၏ ဆုံးဖြတ်ချက်
"ဥက္ကဌရှု၊ ဒီလမ်းမီးတိုင်တွေထားဖို့က ခက်လား?"
မင်းသမီးလေးကာရိုလင်းက လမ်းနံဘေးမှ မီးတိုင်များကို ညွှန်ပြရင်း ရှုယီကို မေးလာ၏။
"ကျုပ်အမြင်နဲ့ဆိုရင်တော့ မခက်ပါဘူး။ "ရှုယီက အပြုံးဖြင့် ဖြေလိုက်သည်။
"အဓိပ္ပာယ်က ကျွန်မ အမြင်ကနေဆို ခက်တယ်ပေါ့?"
ရှုယီက ပြုံးလျက်၊ "အမှန်ပဲ။ လမ်းမီးတိုင်တွေရဲ့ နည်းပညာက မရှုပ်ထွေးပေမယ့် ဒီနည်းပညာရှိနေတဲ့ တစ်ခုတည်းသောက Frestech ကုန်သည်ကြီးများအသင်းပဲလေ။ ဒါကြောင့် တခြားလူတွေအတွက် ခက်ခဲတာပေါ့။"
"ရှင့်ရဲ့ Frestech ကုန်သည်ကြီးများအသင်းက အရင်က အရေးကြီးနည်းပညာ အစိတ်အပိုင်းတချို့ကို ရောင်းခဲ့တယ်လို့ ကြားတယ်၊ ဒါကိုကြည့်ရတာ ဥက္ကဌရှုက ပစ္စည်းတွေကို သူ့လက်ထဲမှာ ထားတတ်တဲ့ လူမဟုတ်ဘူးလို့ မြင်နိုင်တယ်။ ဒါဆို ကျွန်မအခုမေးချင်တာက၊ ကျွန်မတို့သာ လမ်းမီးတိုင်တွေရဲ့နည်းပညာကို ဝယ်ယူချင်တယ်ဆိုရင် ဘယ်လိုအခြေနေမျိုးကို ပေးဖို့လိုလဲ?" မင်းသမီးလေး ကာရိုလင်းက မေးလာတယ်။
မင်းသမီးလေး ကာရိုလင်းက ဆွဲဆောင်မှုရှိကာ လှပသည့်ပုံကို ထုတ်ပြလာသည်အား မြင်သော် ရှုယီက အပြုံးဖျော့ဖျော့နှင့် ခေါင်းယမ်းလိုက်သည်၊ "ကျုပ် တကယ်စိတ်မကောင်းပါဘူး၊ လက်ရှိ ကျုပ်တို့မှာ ဒီနည်းပညာထဲမှာ လုပ်ငန်းစုကနေ ထုတ်လုပ်တဲ့ အတိုးတက်ဆုံးမှော်အစီရင်တချို့ ပါဝင်တာကြောင့် လက်ရှိမှာတော့ ဒီနည်းပညာကို ရောင်းဖို့ အစီစဉ်မရှိသေးပါဘူး၊ ဒါကြောင့် သူတို့ကို ထုတ်မပြနိုင်တာပါ။"
မင်းသမီးလေး ကာရိုလင်းမှာ စိတ်မပျက်သွားဘဲ ဆက်ပြောလိုက်၏၊ "ဒါဆို ရှင် အခြားနည်းပညာအစိတ်အပိုင်းတွေကို ထုတ်ပြနိုင်လား? ဥပမာ၊ စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းတွေ ထုတ်လုပ်တဲ့ နည်းပညာလိုမျိုးပေါ့။ ဒါက ဘာအရေးကြီးတဲ့ နည်းပညာမှ ပါမနေဘူးလို့ ကျွန်မထင်တယ်, ဟုတ်ရဲ့လား?"
"ဒီစိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းတွေမှာလည်း ဘာမှမပါပေမယ့် ထုတ်မပြနိုင်တာက နှမျောစရာပါပဲ၊ ဒီလို စိုက်ပျိုးရေးသုံး မှော်စက်ပစ္စည်းတွေကို ဖန်တီးဖို့ အရေးကြီးဆုံးအရာက နည်းပညာမဟုတ်ပေမယ့် ကျွမ်းကျင်လုပ်သားတွေက လုပ်ထားတာပါ။ ကျုပ်ထင်တာတော့... ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းမှာကလွဲရင် အခြားဘယ်မှာမှ အရည်အချင်းရှိ လုပ်သားတွေမရှိလို့ပဲ။"
"ဒီလိုလား?" မင်းသမီးလေး ကာရိုလင်းမှာ အရင်ရက်အနည်းငယ်က မိုးကျရွာ၌ မြင်ခဲ့သည့် အကြောင်းကိုတွေးပြီး ရှုယီက အမှန်တရားကို ရှောင်ရှားဖို့ရာ မလိမ်ခဲ့ကြောင်း တွေ့ရှိသွား၏။
မှော်ထုတ်လုပ်ရေးစက်များကို ထုတ်လုပ်သည့် လူပုလေးများနှင့် လူသားများအားလုံးမှာ အင်မတန်ကျွမ်းကျင်ကြသည်ပင်။ သူတို့ထဲက မည်သူ့ကိုမှ ယှဉ်ပြိုင်နိုင်မည့်လူများမဟုတ်ချေ။
ထိုအခြေနေအား အတည်ပြုပြီးနောက်၌ မင်းသမီးလေး ကာရိုလင်းက တစ်ဘက်လှည့်ကာ ထိုမေးခွန်းကို ထပ်မမေးတော့ဘဲ ရှုယီနှင့်အတူ မိုးကျတောင်ကြား၌ ဆက်လက် လျှောက်လှမ်းနေလိုက်သည်။
လမ်းညွှန်သူနဲ့ လှည့်လည်ကြည့်ရှုပြီးသွားသည့်နောက်၌ မင်းသမီးလေး ကာရိုလင်းက ရပ်တန့်ကာ ရှုယီကို သက်ပြင်းချလျက်ပြောလာ၏၊ "ဥက္ကဌရှု၊ ဒါက တကယ်ကို နှမျောစရာပေမယ့်၊ ကျွန်မတို့ရဲ့ မိုးရွာသွန်းခရီးစဉ်က ပြီးပြီလို့ ပြောရမယ်။ ကျွန်မ ဒရိက်ခ်နယ်မြေကို ပြန်ရမှာတောင် နှမျောမိတယ်။"
ရှုယီက ခေါင်းငြိမ့်လျက်၊ "ကျုပ် ဒါကို အရမ်းနောင်တရမိပါတယ်။ မင်းသမီးလေးက ရက်နည်းနည်းလောက်ထပ်နေပြီးရင် ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကို နားလည်နိုင်မယ်လို့ မျှော်လင့်နေခဲ့တာ။"
မင်းသမီးလေး ကာရိုလင်းက အူကြောင်ကြောင်ပြုံးပြလာပြီး၊ "တကယ်တမ်း Frestech ကုန်သည်ကြီးများအသင်းနဲ့စာရင် ကျွန်မက ရှင့်ကို နားလည်ဖို့ ပိုစိတ်ဝင်စားနေတာပါ၊ ဥက္ကဌရှု။ ရှင်က ကျွန်မမြင်ဖူးသမျှထဲ အထူးကဲဆုံးလူဖြစ်ပြီး ကျွန်မ ငယ်ကတည်းက အိပ်မက်ကို သိစေဖို့ ကူညီခဲ့တယ်။ ရှင်သာ လက်မထပ်ရသေးရင်၊ ရှင့်ကို လုယူဖို့ သေချာပေါက် ဆုံးဖြတ်လိုက်ပါတယ်။ အင်းပေါ့၊ အခုတောင်မှ ရှင်ဆန္ဒရှိနေရင် ရှင့်ကို ကျွန်မနဲ့အတူ ဘယ်အချိန်မှာဖြစ်ဖြစ် တစ်ခုခုလုပ်ဖို့ ကြိုဆိုနေဆဲပါပဲ..."
ရှုယီက ခါးသက်သက်အပြုံးနှင့် ခေါင်းကိုခါလိုက်သည်၊
"မင်းသမီးလေး၊ ကျုပ်ကို စနောက်နေတာ ရပ်လိုက်ပါတော့။
ကျုပ်တို့ကြားက ပူးပေါင်းမှု အစပဲရှိသေးတော့ ရှေ့လျှောက် တွေ့ဖို့ အခွင့်ရေးတွေရှိပါသေးတယ်။ ခင်ဗျားဒီလိုလုပ်နေရင် ကျုပ်ကိုယ်ကျုပ်မထိန်းနိုင်တော့ဘဲ ကျုပ်ဇနီးကို မသင့်တော်တာ လုပ်မိသွားနိုင်မယ့် နေ့ရှိလာမှာကို စိုးရိမ်မိတယ်။"
မင်းသမီးလေး ကာရိုလင်းက ဆည်းလည်းလိုအသံလေးဖြင့်ရယ်လာကာ၊
"ဟားဟား၊ ဥက္ကဌရှု၊ ရှင်က တကယ်ကို ချစ်ဖို့ကောင်းတာပဲ။ ကျွန်မ အကြိမ်ပေါင်းမနည်းပြောပြီးပြီ၊ ဒါက ဘာမှမထူးခြားပါဘူးလို့။ ရှင့်ရဲ့ဇနီးတောင်မှ ဒါကိုသေချာပေါက်စိတ်ရှိမှာမဟုတ်ဘူး။"
"ဒါပေမယ့် ကျုပ်တော့ စိတ်ထဲထားတယ်လေ" ရှုယီက လေးနက်နေဟန်ဖြင့် ပြောလိုက်၏။
"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ ဥက္ကဌရှုက တကယ်ကို လူကောင်းပဲ၊ ကျွန်မရှေ့လျှောက်ရှင့်ကို မစနောက်တော့ပါဘူးလို့ ကတိပေးပါတယ်၊ ဟုတ်ပြီလား?" မင်းသမီးလေး ကာရိုလင်းက ရှုယီကို မျက်လုံးတစ်ချက်မှိတ်ပြလိုက်သည်။ အကြည့်တစ်ချက်နှင့်ပင် ထိုကတိက သူမ သာမန်ကာလျှံကာပြောလိုက်သည့်စကားမှန်း သိပေသည်။
သူမ၏အမူအရာကိုတွေ့သော် ရှုယီက မနေနိုင်မထိုင်နိုင် ခေါင်းကိုက်လာတော့သည်။
ထိုသည်က အခြားတစ်ယောက်ယောက်ဆိုပါလျှင် ၎င်းတို့အား ရှေ့လျှောက်မတွေ့ဘဲ ရှောင်နေလိုက်မည်။ မမျှော်လင့်ထားသည်များသာ မဖြစ်လာပါလျှင် ဒရိက်ခ်နယ်မြေက Frestech ကုန်သည်ကြီးများအသင်း၏ အရေးကြီးတွဲဖက်ဖြစ်လာမည်ဖြစ်သောကြောင့် သူမကို လုံးဝကြီးရှောင်လိုက်ဖို့ရန်မှာ မဖြစ်နိုင်ချေ။
ရှုယီမျက်နှာထက်ကအမူအရာကိုမြင်သော် မင်းသမီးလေး ကာရိုလင်းက ထပ်မံရယ်ရွှင်လျက် ရှုယီကို လက်ယမ်းပြလိုက်သည်၊ "ဟုတ်ပါပြီ ဥက္ကဌရှု၊ အော်ဒရင်က ရှင့်ကို အသေးအဖွဲလေးတွေအကြောင်း ပြောပြီးပြီပဲ။ ကျွန်မတို့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ဒီမှာရပ်ပြီး နောက်တစ်ခေါက် ဆိုဝယ်လ်မြို့မှာ တွေ့မှ ဆုံကြမယ်နော်။"
သူမက ၎င်းကို ပြောပြီးနောက် ရှုယီထံ ပြုံးပြလာသည်။ သူမက ခြေနှစ်လှမ်းတိုးလာပြီး လေသံပျော့လေးနဲ့ ပြောလာ၏၊ "နောက်တစ်ခေါက်ကျရင် ကျွန်မက အိပ်ရာပြင်ထားပြီး၊ ဥက္ကဌရှုရဲ့ ဂုဏ်ယူစရာပုံရိပ်ကို ဖိတ်ခေါ်ဖို့ စောင့်နေပါတယ်။"
ထိုသို့ပြောပြီးနောက် မင်းသမီးလေးကာရိုလင်းက ရှုယီပြောသည်ကို မစောင့်ဘဲတစ်ဘက်လှည့်လိုက်ရင်း သူမနောက်က ပြင်ထားပြီးသား ရထားလုံးလေးထဲ ဝင်သွားတော့သည်။
ခဏအကြာ၌ မင်းသမီးလေးကာရိုလင်းက မြင်းလှည်းပြတင်းကို ဖွင့်လိုက်ပြီး မြင်းလှည်းက မိုးကျရွာမှာ ခပ်မြန်မြန်မထွက်သွားခင် အနမ်းတစ်ခု မှုတ်ထုတ်ပေးလိုက်သည်။
မင်းသမီးလေး ကာရိုလင်း၏ ပြုမူသွားပုံကိုမြင်သော် ရှုယီက ခါးသက်စွာပြုံးလျက် ခေါင်းယမ်းလာပြန်၏။
မင်းသမီးလေးကာရိုလင်းက သမားရိုးကျမဟုတ်သည့်သွင်ပြင်ရှိပါသော်လည်း ရှုယီက သူမအား တကယ်ကို သဘောမကျဘဲ မနေနိုင်ချေ။
သို့သော် သူမကိုမြင်သည့်အချိန်တိုင်း အနိုင်ကျင့်ခံရသည်ကို တွေးကြည့်မိသော် ရှုယီမှာ မနေနိုင်ဘဲ ကူကယ်ရာ မဲ့သွားရသည်။
အဆုံး၌ မိန်းကလေးများက အတင့်ရဲလာပါလျှင် ယောက်ျားများထက် ပိုမို ကြောက်စရာ ကောင်းလှသည်။
လှပပြီး အတင့်ရဲသူဆိုလျှင် ပြောစရာပင်မလိုတော့ပါချေ...
ကူကယ်ရာမဲ့စွာသက်ပြင်းချနေသည့် ရှုယီနှင့် လုံးဝမတူညီစွာ မြင်းလှည်းက မိုးကျရွာကိုဖြတ်ပြီး ဘန်တာမြို့တော်ဆီ ခပ်မြန်မြန် သွားနေသောအချိန်၌ မင်းသမီးလေး ကာရိုလင်းက ပြတင်းကို တစ်ဖန် ပြန်ပိတ်လိုက်သည်။ သူမမျက်နှာထက်ရှိအပြုံးက အရိပ်ယောင်ပင် မချန်ဘဲ ပျောက်ကွယ်သွားကာ အင်မတန်လေးနက်လာပြီး လျစ်လျူရှု၍မရနိုင်သည့် ဂုဏ်သိက္ခာတစ်မျိုးပါ ရှိနေ၏။
၎င်းက မျက်တောင်တစ်ခတ်အတွင်း၌ သူမက အတင့်ရဲသည့် မိန်းမမှ မင်းသမီးလေးစစ်စစ်ပြန်ပြောင်းသွားသလိုပါပင်။
မင်းသမီးလေးကာရိုလင်း၏ အမူအရာပြောင်းသွားပုံကိကြည့်ရင်း မျက်နှာချင်းဆိုင်၌ ထိုင်နေသော အော်ဒရင်က သက်ပြင်းချလျက် ရိုးရိုးသားသားပြောလိုက်သည်၊ "မင်းသမီးလေး၊ အရင်ရက်တွေက မင်းအတွက် တကယ်ကို ခက်ခဲခဲ့မှာပဲ။"
မင်းသမီးလေး ကာရိုလင်းက ခေါင်းအားခါယမ်းလျက်၊ "ဟင့်အင်း၊ လုံးဝမခက်ခဲခဲ့ပါဘူး။ ဒီရှုယီက တကယ်ကို လူကောင်းပဲ၊ ဒါကြောင့် ဒီရက်တွေအတွင်းမှာ ကျွန်မကို အနေရမခက်စေခဲ့ဘူးလေ။"
"ဒါပေမယ့် အဆုံးမှာ ကျုပ်တို့ရဲ့ ပန်းတိုင်ကို မရလိုက်ဘူးလေ၊ ဟုတ်တယ်မို့လား? ကျုပ်တို့သာ ဒီလိုပြန်သွားရင် စခ်တိုင်းပြည်ကို ဘာမှပြောနိုင်မှာမဟုတ်ဘူး။"
အော်ဒရင်က စိတ်အားငယ်ဟန်ဖြင့်ဆိုလာ၏။ မင်းသမီးလေး ကာရိုလင်းက အော်ဒရင်ကိုကြည့်ကာ နှာခေါင်းရှုံ့လိုက်ရင်း "ကျွန်မတို့က ဘာလို့ သူတို့ကို ဘာမဆို ပြောပြနေရမှာလဲ? တကယ်တမ်း ကျွန်မက ခမည်းတော်ကို ဒီစခ်တိုင်းပြည်က လူတွေနဲ့ အလုပ်လုပ်ရာမှာ ဆန့်ကျင်နေပြီးသား။ ကျွန်မတို့ သူတို့လိုအပ်တဲ့ ရှုယီသတင်းကို ရဖို့ ကူညီရင်တောင် သူတို့က ကျွန်မတို့ကို ဘယ်လိုကူညီမှာလဲ? ကျွန်မတို့ ဒရိက်ခ်နယ်မြေက အမြဲတမ်း လမ်ပူရီတိုင်းပြည်နဲ့ စခ်တိုင်းပြည်ကြားမှာ မျှချေနဲ့နေခဲ့ပြီး တစ်ဘက်ကို မပါသွားဖို့ အကောင်းဆုံးကြိုးစား လုပ်နေခဲ့ရတာ။ အခု အဲဒီ့ဖခမည်းတော်က ဒီဆုံးဖြတ်ချက်ကို ချခဲ့တော့ ကျွန်မ အရမ်းကြီး သဘောတူမနေဘူးလေ။"
အော်ဒရင်က မျက်မှောင်တွန့်လျက်၊ "သခင့်မှာလည်း အခြားရွေးချယ်မှုမရှိလို့ပါ။ ကျုပ်တို့ ဒရိက်ခ်နယ်မြေအနေနဲ့ အရင်က ဒီလိုရှင်သန်နိုင်ခဲ့ပေမယ့် လမ်ပူရီတိုင်းပြည်နဲ့ စခ်တိုင်းပြည်တို့က သူတို့စိတ်တွေကို ပြင်ဆင်ထားတော့ ကျုပ်တို့ကိုယ်ကျုပ်တို့ကာကွယ်ဖို့ ခက်လိမ့်မယ်။"
"ဒါကြောင့် ကျွန်မ ဘယ်တော့မှ ဒီလိုဘဝမျိုးကို လက်မခံတာ။ အခြားလူတွေဆီ ကျွန်မတို့ ကံကြမ္မာကိုထိန်းချုပ်ခွင့်ပြုမှာနဲ့စာရင် ကျွန်မတို့ရဲ့ ကိုယ်ပိုင်ကံကြမ္မာကို ကိုယ်တိုင်ထိန်းချုပ်တာက ပိုကောင်းတယ်။" မင်းသမီးလေး ကာရိုလင်းက ပြောလာ၏။
"ဒါကိုလုပ်ဖို့က နည်းနည်းခက်မှာပဲ" အော်ဒရင်က သက်ပြင်းချကာ ပြောလာ၏၊ "မင်းသမီးလေး ကျုပ်တို့က နယ်မြေသေးသေးလေးပါပဲ၊ ကျုပ်တို့ထက် များစွာသန်မာတဲ့ တိုင်းပြည်နှစ်တိုင်းပြည်ကို ဘာစွမ်းအားမှမရှိဘဲ မယှဉ်နိုင်ပါဘူး။"
"ကျွန်မလည်း ဒါကို အရင်က မလုပ်နိုင်ခဲ့ဘူးလို့ ခံစားရပါတယ်၊ ဒါပေမယ့် ရှုယီကို ဒီမှာတွေ့ရဖို့ တွန်းအားပေးခံရတော့ ဖြစ်နိုင်ချေလေးရှိသေးတယ်လို့ ရှာတွေ့ခဲ့တယ်။" မင်းသမီးလေး ကာရိုလင်း၏ မျက်လုံးများ၌ စိတ်လှုပ်ရှားဟန်ပြည့်နေကာ၊ "အော်ဒရင် ပြီးခဲ့တဲ့လမှာ စခ်တိုင်းပြည်က လမ်ပူရီတိုင်းပြည်ကို သေမင်းတောင်တန်းမှာ ကြေကွဲဖွယ်ဆုံးရှုံးခဲ့ရတာကို ရှင်သိရဲ့လား?"
"ဒါက လမ်ပူရီတိုင်းပြည် မြောက်ဘက်စစ်တပ်ရဲ့ လက်နက်တွေ ရုတ်တရတ်ကြီး အားကောင်းလာလို့ စခ်တိုင်းပြည်ကို မခုခံနိုင်ဖြစ်သွားစေခဲ့တာလော ဒါက သူတို့ကို သေမင်းတောင်တန်းနယ်မြေအထိပါ ဆုံးရှုံးသွားစေခဲ့သေးတယ်။"
အော်ဒရင်က ခေါင်းငြိမ့်လျက်ဆိုလိုက်သည်၊ "ဒါကြောင့် စခ်တိုင်းပြည်က သခင်နဲ့အတူ လျှို့ဝှက်သဘောတူညီချက် လုပ်ပြီး မင်းသမီးလေးကို အချက်အလက်ရမယ့် အကျိုးအမြတ်ပေးလိုက်တာပါ။"
ထိုသို့ပြောပြီးနောက်၊ အော်ဒရင်က ခဏတန့်တာ သက်ပြင်းချလျက်၊ "တကယ်တော့ ကျုပ်လည်း သခင့်ကို ဒီဆုံးဖြတ်ချက်မချစေချင်ခဲ့ပါဘူး။ မင်းသမီးလေးက ဒီလိုလူမဟုတ်ဘူးလေ၊ ဒါပေမယ့် စခ်တိုင်းပြည်ရဲ့ အမှုထမ်းတွေကြောင့် ဒီလိုပြုမှုနေရတယ်.. . ဒီဂုဏ်သိက္ခာမဲ့တဲ့ သွင်ပြင်က မင်းအတွက် တကယ်ကို ခက်ခဲပါတယ်။"
"အထွေထူးမဟုတ်ပါဘူး" မင်းသမီးလေး ကာရိုလင်းက ခေါင်းကို ခါလိုက်ရင်း၊ "ဒါက ကျွန်မတို့ ဒရိက်ခ်နယ်မြေအတွက် အကျိုးအမြတ်ရစေနိုင်မယ်ဆိုရင် ကျွန်မရဲ့ ခန္ဓာကိုယ်ကိုတောင် ဘာမှမဟုတ်ဘူးလို့ မှတ်ယူနိုင်ပါတယ်။ ဒါပေမယ့် ကျွန်မပြောရမှာက စခ်တိုင်းပြည်သားတွေဟာ တကယ်ပဲ ရှုယီကို အထင်သေးကြတာပဲ၊ သူက ရိုးရိုးအလှလေးနဲ့ ဖမ်းလို့ရနိုင်တဲ့လူမျိုးမဟုတ်ဘူး။
ပြီးတော့ သူနဲ့ရက်နည်းနည်းလောက် အတူရှိပြီးနောက်မှာ ဒါက နည်းနည်းထူးဆန်းတာကို တွေ့လိုက်ရတယ်။
"ဘာကထူးဆန်းတာ?"
"ကျွန်မခံစားမိတာက... ရှုယီဟာ လမ်ပူရီတိုင်းပြည်ကို ဂရုစိုက်ပုံမပေါ်ဘူး။ သူကျွန်မကို သူ့ရဲ့ အကြီးမားဆုံးဆန္ဒက Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်စက်ပစ္စည်းတွေကို နယ်မြေတစ်ခုလုံးဆီ ဖြန့်ကျက်နိုင်ပြီး နယ်မြေရဲ့ လူတိုင်း သက်တောင့်သက်သာ ဘဝရနိုင်ဖို့လို့ တစ်ကြိမ်ထက်မနည်းပြောခဲ့သေးတယ်။"
"ဒါက သူ မင်းကို ကြွားဝါရုံပဲ မဟုတ်လား?"
အော်ဒရင်က စိတ်ပျက်စွာနဲ့ နှုတ်ခမ်းတွေကို တွန့်ကွေးလိုက်၏၊ "ဒီစကားတွေက ပြောဖို့တောင် မထိုက်တန်ဘူး။ ဒါက မိန်းမငယ်လေးတွေကို လိမ်ဖို့ လုံလောက်ပေမယ့် ဘယ်လိုများ မင်းသမီးလေးက လှည့်ဖြားခံလိုက်ရတာလဲ?"
"သူက ကျွန်မကို ဘာလို့လိမ်မှာလဲ?" မင်းသမီးလေး ကာရိုလင်းက ပြန်မေးလိုက်၏၊ "မမေ့နဲ့၊ ကျွန်မက သူ့ကိုရှင်းရှင်းလင်းလင်းဆွဲဆောင်ဖို့ ကြိုးစားတာကြောင့် သူက ဒီလိုစကားချိုချိုလေးနဲ့ ကျွန်မကို လှည့်ဖြားဖို့ မလိုဘူးလေ။ သူဆန္ဒရှိတာနဲ့ သူနဲ့ကျွန်မ ဘယ်အချိန်မဆို ဆက်နွယ်ချက်ရှိလာနိုင်တယ်။ ဒါ့အပြင် သူ့စကားတွေထဲမှာ ရိုးသားမှုကို ခံစားရတာကြောင့် ကျွန်မတို့ပဲဖြစ်ဖြစ် စခ်တိုင်းပြည်က လူတွေဖြစ်ဖြစ် သူ့ကို မှားဝေဖန်မိပြီပဲ။"
အော်ဒရင်က မင်းသမီးလေး ကာရိုလင်း ကို ထိတ်လန့်စွာကြည့်လိုက်ရင်း၊ "မင်းသမီးလေး၊ မင်း... မင်းသူ့ကို တကယ်ပဲ ကြွေသွားတာတော့ မဟုတ်ပါဘူးနော်?"
မင်းသမီးလေး ကာရိုလင်းက အပြုံးချိုချိုလေးထုတ်ပြလာရင်း၊
"ရိုးရိုးသားသားပြောရရင်၊ ကျွန်မသူ့ကို နည်းနည်း သဘောကျပါတယ်။ ဒါပေမယ့် သူပြောသလိုပဲ၊ ကျွန်မက သူ့အတွက် သံသတ္တုမိုင်းတွင်းနှစ်ခုလောက် ဆွဲဆောင်မှုမရှိဘူးလေ။ သူ့ရဲ့ ကျွန်မအပေါ် ဆွဲဆောင်မှုကတော့ ကျွန်မတို့ ဒရိက်ခ်နယ်မြေ ပိုပိုပြီး အင်အားကောင်းလာတာကို မြင်ချင်တဲ့ ဆန္ဒနဲ့ မနှိုင်းယှဉ်နိုင်ပါဘူး။"
"ဒါပေမယ့် မင်းပဲပြောခဲ့တာက..."
"ဟုတ်တယ်၊ ကျွန်မတို့ ဒရိက်ခ်နယ်မြေက သူ့ကြောင့် ပိုပြီး သန်မာလာနိုင်ချေ ရှိတာကို တွေ့ခဲ့တယ်။" မင်းသမီးလေး ကာရိုလင်း က ရိုးသားစွာပြောလာ၏၊ "ဒါကြောင့် ဒီတစ်ခေါက် ကျွန်မတကယ်ပဲ သူနဲ့ ပူးပေါင်းချင်မိတယ်။"
***
မှော်စက်မှုအင်ပါယာ
Vol 3,အခန်း ၂၃။ ငါးနှစ်တာစီမံကိန်း
စက်တင်ဘာလသို့ ဝင်ရောက်လာပြီး ဤနှစ်၏ ဆောင်းဦးကောက်ရိတ်သိမ်းပွဲတော်က တဖြည်းဖြည်း ချဉ်းကပ်လာလေပြီ။
မြို့စားအိမ်တော်အနေနှင့် ၎င်းတို့၏ စိုက်ပျိုးရေးစီမံကိန်းနှင့်ပတ်သက်၍ မပြောင်းလဲသေးပါသော်လည်း ၎င်းတို့အနေနှင့် ခိုင်မာသည့်အပြောင်းအလဲတချို့ကို ထုတ်ဖော်လိုက်ခြင်းအား ဘန်တာမြို့တော်သားများမှာ အံ့အားသင့်ဖွယ်တွေ့ရှိသွားကြသည်။ ၎င်းတို့မှာ တစ်မြို့လုံး၏စီးပွားရေးအား ထပ်မံ၍ မဖိနှိပ်တော့ဘဲ စီးပွားရေးကို ချပြသည့် မူဝါဒတချို့ပင် ဘန်တာမြို့တော်၌ ထုတ်ပြန်လာကြသေးသည်။
ဥပမာ လွန်ခဲ့သည့် တစ်ပါတ်က မြို့စားအိမ်တော်မှ ဘန်တာမြို့တော် ပြန်လည်ပြုပြင်ရေးစီမံကိန်းအား ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ကြေညာသည့် မူဝါဒသစ်တစ်ရပ်ကို ထုတ်ပြန်လာသည်။ ၎င်းတို့အနေနှင့် ကောင့်ထ်စီယန် မြို့စားဖြစ်စဉ်တုန်းကစီမံကိန်းကို လိုက်ပြီး ဘန်တာမြို့၏အရာအားလုံးကို ပြောင်းလဲကာ သစ်လွင် လှပသည့် မြို့တော်ကို ဖန်တီးမည်ဖြစ်သည်။
ဘန်တာမြို့သားများမှာ ထို ဘန်တာမြို့တော်၏ ပြန်လည်ပြုပြင်ရေးစီမံကိန်းကို Frestech ကုန်သည်ကြီးများအသင်းက တာဝန်ယူထားကြောင်း သိကြ၏။ ကောင့်ထ်စတက်ဂျ်က မြို့စားနေရာဆက်ခံပြီးကတည်းက Frestech ကုန်သည်ကြီးများအသင်းအား ပစ်မှတ်ထားကာ ထိုပြန်လည်ပြုပြင်ရေးစီမံကိန်းများ၏ ယာယီရပ်တန့်မှုအတွက် အမိန့်ပေးခဲ့သည်ပင်။
ယခု ကောင့်ထ်စတက်ဂျ်က ရုတ်တရတ်ကြီး သူ၏ စိတ်ကိုပြောင်းကာ ထိုစီမံကိန်းကို ဆက်လက်လုပ်ဆောင်မည်ဖြစ်သောကြောင့် သူ့မျက်နှာသူဖြတ်ရိုက်နေခြင်းပင်။
သို့သော် မြို့စားအိမ်တော်က ၎င်းကို ကြေညာပြီးနောက် ကောင့်ထ်စတက်ဂျ်က သူ၏မျက်နှာကို အင်မတန် အလေးထားကြောင်းသိခဲ့ရ၏။
အကြောင်းမှာ မြို့စားအိမ်တော်မှ စည်းမျဉ်းများအရ ဤမြို့ ပြန်လည်ပြုပြင်ရေးစီမံကိန်းအား ဆက်လက်လုပ်ဆောင်နေမည်ဖြစ်သော်လည်း Frestech ကုန်သည်ကြီးများအသင်း၏ ထိန်းချုပ်မှုမရှိတော့ပေ၊ သို့သော် မြို့စားအိမ်တော်မှ ထိန်းချုပ်ခြင်းဖြစ်လာ၏။ Frestech ကုန်သည်ကြီးများအသင်းမှာမူ ထိုစီမံကိန်း၌ ပူးပေါင်းမည့် လုပ်ငန်းစုများထဲမှ တစ်ခုသာဖြစ်သည်။
၎င်းက ကောင့်ထ်စတက်ဂျ်အနေနှင့် Frestech ကုန်သည်ကြီးများအသင်းအား ကောင့်ထ်စတက်ဂျ် လုပ်ခဲ့သလို အထူးဆက်ဆံတော့မည်ဟု မစီစဉ်ထားတော့ဘဲ အကွာအဝေးတစ်ခု၌သာ ဆက်ထားခြင်းဖြစ်၏။ သူက Frestech ကုန်သည်ကြီးများအသင်းကို မြို့စားအိမ်တော်မှ မည်သည့်အချိန်၌ မဆို ခေါ်ဆိုနိုင်မည့် လုပ်ငန်းစုတစ်ခုအဖြစ်သာ ဆက်ဆံနေသည်။
Frestech ကုန်သည်ကြီးများအသင်းရဲ့ တုန့်ပြန်မှုကရော?
၎င်းတို့မှာ လုံးဝတုံ့ပြန်မလာကြချေ။
မြို့စားအိမ်တော်၏ မူဝါဒများကလည်း ဘန်တာမြို့တော်တွင် ဖိနှိပ်ထားသော လုပ်ငန်းစုများအပေါ် လျှော့ပေါ့ပေးလာမည်ဖြစ်ရာ Frestech ကုန်သည်ကြီးများအသင်းက လုံးဝ မတုံ့ပြန်ပါချေ။
ဘန်တာမြို့တော်တွင် ၎င်းကိုမြင်တွေ့ပြီးနောက်၌ တစ်ဖန်ပြန်သက်ဝင်လာပြသည့် လုပ်ငန်းစုများစွာရှိ၏၊ သို့ရာတွင် Frestech ကုန်သည်ကြီးများအသင်းမှာ ဘန်တာမြို့တော်၌ လုံးဝ မလည်ပတ်တော့ပါချေ။ စက်တင်ဘာလလယ်လောက်တွင် ၎င်းတို့ဘက်က ဘန်တာတိုင်းမ်စ်မှတစ်ဆင့် ဆက်စပ်မှုမရှိသည့် သတင်းစလေးများစွာကို ကြေညာလာကြသည်။
ပထမဆုံးမှာ Frestech ကုန်သည်ကြီးများအသင်းက ဆန်နက်မြေရိုင်းတွင် အမ်ရစ်ကုန်သည်ကြီးများအသင်း၊ ရန်နက်ခ်တွန် ကုန်သည်ကြီးများအသင်းနှင့် အာမန်နီကုန်သည်ကြီးများအသင်းတို့ဖြင့် ပူးပေါင်းကာ ရင်းနှီးမြှုပ်နှံတော့မည့်အကြောင်းပင်။ ၎င်းတို့၏ ပထမဆုံးသော ရည်ရွယ်ချက်မှာ ဆန်နက်မြေရိုင်း၌ ထုတ်ကုန်ဌာန အသေးစားလေးကို တည်ဆောက်ရန်ဖြစ်၏။ ၎င်းတွင် အိမ်သုံးမှော်စက်ပစ္စည်းအလုပ်ရုံ၊ Frestech ကုန်သည်ကြီးများအသင်းထံမှ မိုင်းတွင်းမှော်စက်ပစ္စည်းအလုပ်ရုံတို့နှင့် အာမန်နီကုန်သည်ကြီးများအသင်းထံမှ အထည်အလိပ်စက်ရုံကြီးတို့ပါဝင်သည်။
ဒုတိယအနေနှင့် Frestech ကုန်သည်ကြီးများအသင်း နှစ်ဝက်လောက်ပြင်ဆင်ခဲ့ရပြီး ယခုတွင် ၎င်းတို့၏ မိုင်းတွင်းသုံးတွင်းနှင့် စတက်တိန်းနယ်မြေရှိ ရှေ့ပြေး ရင်းနှီးမြှုပ်နှံမှုဖြစ်သည့် စည်သွပ်သီးနှံအလုပ်ရုံတို့အား နှစ်ဆုံး၌ တရားဝင်ဖွင့်လှစ်ရန် စီစဉ်ထားကြသည်။
တတိယမှာ Frestech ကုန်သည်ကြီးများအသင်းက ရူဒ်ဆန်တိုင်းပြည်နှင့် သဘောတူညီချက်တစ်ခုရှိထားပြီး လမ်ပူရီတိုင်းပြည်မြောက်ဘက်နယ်စပ် ရူဒ်ဆန် တိုင်းပြည်အနီး မန်နယ်လာမြို့တော်တွင် စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းအလုပ်ရုံတစ်ခု တည်ဆောက်ရန် စီစဉ်ထားသည်၊ ၎င်းက ရူဒ်ဆန်တိုင်းပြည် စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းများ လိုအပ်မှုအတွက် ကျေနပ်စေရန်ဖြစ်ပါ၏။
စတုတ္ထမှာ ထိတ်လန့်အံ့ဩဖွယ်အကောင်းဆုံးပါပင်၊ ၎င်းက Frestech ကုန်သည်ကြီးများအသင်းမှာ ဘန်တာတိုင်းမ်စ်၌ ငါးနှစ်တာစီမံကိန်းကို ကြေညာလိုက်ခြင်းပင်။
ထိုစီမံကိန်းအရ နောက်ငါးနှစ်အတွင်း Frestech ကုန်သည်ကြီးများအသင်းစီစဉ်နေစဉ်တွင် ခမာမြို့တော်နှင့် ဆောလ်တန်မြို့တော်၊ နောက်ထပ် ကန်ဘာရာမြို့တော်နှင့် နိုတန်မြို့တော်တို့ အနီးနောက်၂နှစ်တွင် ထုတ်ကုန်ဌာနကို တည်ဆောက်မည်ဖြစ်သည်။ ၎င်းတို့က Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်ပစ္စည်းများ ထုတ်လုပ်မှု အတိုင်းအတာကို တိုးတက်စေချင်သည်။
ထို့နောက် ကျန်သည့် သုံးနှစ်တွင် Frestech ကုန်သည်ကြီးများအသင်းက လမ်ပူရီတိုင်းပြည်တစ်ဝှမ်း၌ အလုပ်ရုံများ ဖန်တီးခဲ့သည့် ထိုအတွေ့အကြုံကို သုံးကာ ထိုငါးနှစ်တာစီမံကိန်းရည်ရွယ်ချက်အား ဖြည့်တင်းမည်ဖြစ်သည်။ ယခင်က ခိုင်ခိုင်မာမာ တည်ဆောက်ခဲ့သည့် Frestech ကုန်သည်ကြီးများအသင်းနှင့် စာလျှင် ၎င်းက လုံးဝကွဲပြားသည့် ပုံစံဖြစ်သည်။
အခြား သတင်းတိုသုံးခုကို မဆိုထားနှင့် ၎င်းကပင် Frestech ကုန်သည်ကြီးများအသင်း၏ ပုံစံကို ပြောင်းလဲလိုက်ခြင်းပါပင်။ ၎င်းတို့မှာ ဘန်တာမြို့တော်မှထွက်ခွာပြီး အခြားနေရာများတွင် ရင်းနှီးမြှုပ်နှံကာ မျက်တောင်တစ်ခတ်အတွင်း ကြီးထွားလာသည်။
ထိုအခြေနေနှင့် ကြုံရသောအခါ အားလုံးက သံသယအနည်းငယ်ဖြစ်ကြသည်ပင်။ Frestech ကုန်သည်ကြီးများအသင်းမှာ ၂နှစ်ကြာလည်ပတ်လာခဲ့ပြီး ခိုင်မာသည့်နောက်ခံနှင့် လုပ်ငန်းစုတစ်ခုပါပင်။ ၎င်းတို့အနေနှင့် အလျင်အမြန်တိုးတက်လာခဲ့ကာ အင်အားက မဆိုးလှပါသော်လည်း ထိုမျှမြန်မြန်ကြီးထွားချင်သည်က အင်မတန် အလျင်လိုလွန်းလှသည် မဟုတ်ပါလော?
"ဟင့်အင်း၊ကျုပ်တို့ အရမ်းကို အလျင်လိုတယ်လို့ မထင်မိပါဘူး။" ခမ်နက်ဒ်က စင်မြင့်အောက်ရှိ သတင်းထောက်များကို အပြုံးဖျော့ဖျော့ဖြင့်ကြည့်ရင်း ခေါင်းကိုခါလိုက်သည်။ သတင်းစာရှင်းလင်းပွဲများကို ကိုင်တွယ်ပြီး ထိုသတင်းထောက်များနှင့် အကြိမ်များစွာ မျက်နှာချင်းဆိုင်ပြီးနောက်၊ သူဟာ ပထမဆုံးအကြိမ်တုန်းကလို စိတ်ရှုပ်ထွေးမနေတော့ပါချေ၊ "တကယ်က၊ ကျုပ်တို့လုပ်ငန်းစုအနေနဲ့ ဒီစီမံကိန်းဆီမှာ သုတေသနနက်နက်ရှိုင်းရှိုင်းလုပ်ထားခဲ့ပြီး မချပြခင်မှာလည်း ဖြစ်နိုင်ခြေကို သေချာအောင် လုပ်ခဲ့တာပါ။ ဒီငါးနှစ်တာစီမံကိန်းက ကျုပ်တို့ သုတေသနရဲ့ ရလာဒ်ပါပဲ။"
"ဒါပေမယ့် စီအီးအိုခမ်နက်ဒ်, ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ရှေ့ပြေး ရင်းနှီးမြှုပ်နှံမှုတွေရှိတယ်မို့လား... ဒါတွေက လှုပ်ရှားမှု အသေးစားလေးတွေပေမယ့် အခုတော့ ဒီလိုနယ်ပယ်ကြီးထွားလာပြီး ဆန်နက်မြေရိုင်း၊ စတက်တိန်းနယ်မြေနဲ့ ရူဒ်ဆန်တိုင်းပြည်လိုနေရာတွေမှာတောင် ရင်းနှီးမြှုပ်နှံနေတော့ ခင်ဗျားတို့အနေနဲ့ ရင်းမြစ်တွေကို အသုံးချမှုကြီးတွေမှာ ထိန်းသိမ်းနိုင်မယ်လို့ ကျုပ်တော့မထင်ဘူး။"
"ခင်ဗျားက ရံပုံငွေတွေအကြောင်းပြောနေတာဆိုရင်တော့ ကျုပ်တို့မှာ ဘာပြဿနာမှ မရှိကြောင်းပြောပါရစေ။ ခမ်နက်ဒ်၏အပြုံးက ယုံကြည်မှုနှင့် ပြည့်နေကာ၊
"ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းမှာက လုပ်ငန်းစုဟောင်းတွေလို တူညီတဲ့နောက်ခံမရှိပါဘူး၊ ဒါပေမယ့် ကျုပ်တို့လုပ်ငန်းစုရဲ့ အမြတ်ငွေအခြေအနေက အင်မတန်ကောင်းမွန်ပြီး ရံပုံငွေတွေနဲ့ ပတ်သက်ပြီးတော့လည်း ဘာပြဿနာမှမရှိပါဘူး။"
စင်မြင့်အောက်ဘက်မှ သတင်းထောက်များမှာ မနေနိုင်ဘဲ ခေါင်းငြိမ့်လာကြသည်။
လူထုအနေနှင့်Frestech ကုန်သည်ကြီးများအသင်း၏ ရှုထောင့်အမျိုးမျိုးကို သံသယဖြစ်နိုင်ပါသော်လည်း သေချာပေါက် ရံပုံငွေများကိုတော့ သံသယမဖြစ်ကြပါချေ။
၎င်းမှာ Frestech ကုန်သည်ကြီးများအသင်းကို တည်ထောင်လိုက်ကတည်းက ထုတ်ကုန်တစ်ခုစီတိုင်းအား ဂယက်များနှင့်ရောင်းရခြင်းကြောင့် ဝင်ငွေပမာဏ အမြောက်အများရှိပေ၏။
ထို့အပြင် Frestech ကုန်သည်ကြီးများအသင်းမှာ နည်းပညာသစ်ကို ဆက်လက်တီထွင်နေခြင်းကြောင့် ထုတ်ကုန်တိုင်းမှာ အဆက်မပြတ် သစ်လွင်နေကြသည်။ ၂နှစ်ကြာထုတ်လုပ်ခဲ့သည့် မှော်ပန်ကာသည်ပင် လူတိုင်းအတွက် မရှိမဖြစ် အိမ်သုံးမှော်စက်ပစ္စည်းမျှသာဖြစ်သော်လည်း Frestech ကုန်သည်ကြီးများအသင်းက ၎င်းကို ဆက်လက် အဆင့်မြှင့်နေသည်။ ထို့ကြောင့် ထိုအဆင့်မြှင့်ပြီးမှော်စက်ပစ္စည်းများအား ထုတ်လုပ်ပြီးနောက်တွင် ရောင်းအားက တိုးလာစမြဲဖြစ်၏။
ဥပမာ၊ ယခုနှစ်နွေရာသီအား ဥပမာယူကြည့်နိုင်သည်။ Frestech ကုန်သည်ကြီးများအသင်းမှာ မှော်ပန်ကာ အမျိုးကွဲ သုံးမျိုးအား တစ်ပြိုင်တည်း ထုတ်ခဲ့၏။
ပထမတစ်ခုမှာ ယခင်က မှော်ပန်ကာများနည်းတူ စားပွဲပေါ်တင်နိုင်သည့် မှော်ပန်ကာ အသေးစားလေးဖြစ်သည်။ ၎င်း၌ ပြောင်းလဲမှု များများစားစားမရှိပါသော်လည်း သတ္တုနှင့် ဒီဇိုင်းကိုတော့ အဆင့်မြှင့်ထားကာ ထိုမှော်ပန်ကာအသစ်အား ပိုမိုပေါ့ပါး ပုံစံကျစေသည်။
ဒုတိယမှာမူ မြေပြင်တွင်ချထား၌သည့် ထောက်တိုင်ရှည်ရှည်နှင့် မှော်ပန်ကာဖြစ်ပြီး လိုသလို ရွေ့လျားနိုင်သည်။
ထိုမှော်ပန်ကာ၏ အားသာချက်မှာ ၎င်း၌ အုတ်မြစ်အထောက်အပံ့ရှိကာ ၎င်း၏ထောင့်ကိုလည်း လိုသလို ချိန်ညှိနိုင်ခြင်းကြောင့် များစွာပိုမို လွတ်လပ်မှုရှိသည်။
တတိယမှာ မျက်နှာကျက်၌ ဆွဲထားရသော မှော်ပန်ကာဖြစ်၏။
ရှေ့က မော်ဒယ်နှစ်မျိုးနှင့်ယှဉ်ကြည့်ပါလျှင် ထိုချိတ်ဆွဲမှော်ပန်ကာအား မျက်နှာကျက်၌ ထားရခြင်းကြောင့် လုံးဝ လွတ်လပ်ခြင်းမရှိချေ။ သို့သော် ထိုနှစ်ခုထက်စာလျှင် မျက်နှာကျက်၌ ချိတ်ဆွဲရခြင်းက ပိုမိုသက်ရောက်မှုရှိခြင်းကြောင့် လေကို ပိုမို ရနိုင်သည်ပင်။
ချိတ်ဆွဲမှော်ပန်ကာအား ဧည့်ခန်းထဲ၌ ထားပါလျှင် ၎င်းအား ဖွင့်လိုက်သည်နှင့် ဧည့်ခန်းတစ်ခုလုံးမှာ လေညှင်းများနှင့် ပြည့်သွားမည်ပင်။
ဤ နွေဥတုအတွင်း ပထမ အမျိုးအစားက ယခင်ကနှင့် ရောင်းဈေးတူညီကာ အနည်းငယ်တိုးသွားပါသော်လည်း ကျန် အမျိုးအစားနှစ်ခုအတွက်မှု ရောင်းဈေးက ပေါက်ကွဲမှုတစ်ခုလိုဖြစ်၏။
ဘန်တာတိုင်းမ်စ်မှရသည့် Frestech ကုန်သည်ကြီးများအသင်းရှိ အတွင်းသတင်းများအရ နွေသုံးလတွင် Frestech ကုန်သည်ကြီးများအသင်းက မတ်တပ်မှော်ပန်ကာပေါင်း ၁၆သိန်းကို ရောင်းချခဲ့၏။ ချိတ်ဆွဲမှော်ပန်ကာများ၏ ရောင်းအားမှာမူ ရှစ်ထောင်ယူနစ်အထိရှိခဲ့၏။
မတ်တပ်မှော်ပန်ကာများမှာ ရွှေဒင်္ဂါး ၆ပြားကျပြီး ချိတ်ဆွဲမှော်ပန်ကာများမှာ ရွှေဒင်္ဂါး ၈ပြားကုန်ကျရာ၊ ထိုမှော်ပန်ကာ ၂မျိုးနှင့်ပင် Frestech ကုန်သည်ကြီးများအသင်းမှာ ရွှေဒင်္ဂါးပေါင်း တစ်သန်းခွဲအထိ ဝင်ငွေရရှိလေသည်။
Frestech ကုန်သည်ကြီးများအသင်းက ၎င်းတို့၏ အမြတ်အစွန်းအမှန်ကို ဘန်တာတိုင်းမ်စ်ဆီ မဖွင့်ချပြပါလျှင်တောင် ခန့်မှန်းချေအရ ၎င်းတို့လုပ်ငန်းစုအနေနှင့် ထို မှော်ပန်ကာများထံမှာ ၅သိန်းခန့်အနည်းဆုံး ဝင်ငွေရနိုင်သည်။
၎င်းက ထုတ်ကုန်တစ်ခုတည်းဆီမှ ဖြစ်သည်။ နွေရာသီအတောအတွင်း Frestech ကုန်သည်ကြီးများအသင်း၏ မှော်လေအေးပေးစက်များနှင့် မှော်ရေခဲသေတ္တာများမှာလည်း ရောင်းအားအကောင်းဆုံးဖြစ်ကြသည်။ အခြား အိမ်သုံးမှော်စက်ပစ္စည်းများ၏ တည်ငြိမ်သော ရောင်းအားကိုပါ ပေါင်းထည့်ရလျှင် ၎င်းတို့ထံမှ Frestech ကုန်သည်ကြီးများအသင်းမှာ ထိုနွေအတွင်း အနည်းဆုံး ရွှေဒင်္ဂါးပေါင်း တစ်သန်းရရှိခဲ့သည်။
အိမ်သုံးစက်များကဲ့သို့ အရေးပါသည့် မှော်ထုတ်လုပ်ရေးစက်များမှာ Frestech ကုန်သည်ကြီးများအသင်းက တိကျသည့် အရေအတွက်ကို မပေးလာပါသော်လည်း လမ်ပူရီတိုင်းပြည်၏ အခြားမြို့များတွင် မှော်စက်ပစ္စည်းများအား ထုတ်လုပ်သည့် လုပ်ငန်းစု အများအပြားရှိကာ ၎င်းတို့၏ မှော်ထုတ်လုပ်ရေးစက်များမှာ Frestech ကုန်သည်ကြီးများအသင်းထံမှလာကြသည်။
၎င်းမှ သုံးသပ်ကြည့်ရသော် Frestech ကုန်သည်ကြီးများအသင်း၏ မှော်ထုတ်လုပ်ရေးစက် ရောင်းအားအရေအတွက်မှာ အိမ်သုံးမှော်စက်ပစ္စည်းများထက် နိမ့်ကျနေလိမ့်မည်မဟုတ်ချေ။
ထိုနှစ်ခုက အတူတကွပေါင်းကြည့်ရင်းနှင့်ပင် Frestech ကုန်သည်ကြီးများအသင်းက ဘယ်သောအခါမှ ရံပုံငွေပြဿနာများရှိမည်မဟုတ်ဟု အလွယ်လေး ကောက်ချက်ဆွဲနိုင်သည်။
"မဟုတ်ပါဘူး၊ ကျုပ်က ခင်ဗျားတို့ရဲ့ ရံပုံငွေတွေကို သံသယရှိနေတာမဟုတ်ပါဘူး၊ တကယ်က လူအင်အားကိုပါ။" ထိုမေးခွန်းမေးလာသည့် သတင်းထောက်က ဆက်မေးလိုက်သည်၊ "မစ္စတာ ခမ်နက်ဒ်၊ ကျုပ် ဥက္ကဌရှုကို အင်တာဗျူးချိန်တိုင်း အမြဲတမ်းမေးခဲ့ဖူးတယ်၊ Frestech ကုန်သည်ကြီးများအသင်းရဲ့မှော်စက်ပစ္စည်းတွေက အရမ်းကျော်ကြားနေတာကို ဘာလို့ အခြားနေရာတွေက အလုပ်ရုံတွေ မတည်ဆောက်ရတာလဲလို့လေ။ သူကပြန်ဖြေခဲ့ပါတယ်၊ အချိန်မကျသေးလို့တဲ့၊ ပိုတိကျရမယ်ဆိုရင် လူအင်အားမလုံလောက်လို့တဲ့လေ။ ဒါပေမယ့် အခု ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက ရုတ်တရတ်ကြီး နေရာများစွာမှာ ရင်းနှီးမြှုပ်နှံကြောင်းကြေညာလာတော့၊ လူအင်အားပြဿနာကို ဖြေရှင်းနိုင်လိုက်တာကြောင့်များ ဖြစ်မလားဗျ?"
"လူအင်အားပြဿနာက အရမ်းကြီးတဲ့ပြဿနာဖြစ်နေသေးတာတော့ နှမျောစရာပါ၊ ဒါကို မဖြေရှင်းရသေးပါဘူး။" ခမ်နက်ဒ် က နောင်တရနေဟန် သက်ပြင်းချလိုက်သည်။
"ဒါဆို ဒီပြဿနာတွေက ဒီလို အလျင်စလိုအစီစဉ်ကြောင့် ထပ်မလာနိုင်ဘူးလား?"
ခမ်နက်ဒ်က ခပ်ဖျော့ဖျော့ပြုံးလျက်,"ဥက္ကဌက ပြောခဲ့ဖူးပါတယ်၊ ပြဿနာတွေက သေချာပေါက်ရှိနေမှာမို့၊ အခြေအနေကြောင့် နေရာမှာပဲ စောင့်နေမှာနဲ့စာရင် ရှေ့ကို လျှောက်ပြီး ပြဿနာတွေကို ရင်ဆိုင်ဖို့က ပိုကောင်းပါတယ်တဲ့။ ကျုပ်တို့သာ အခွင့်အရေးကို ရယူဖို့ နေရာဦးမထားရင် ကျုပ်တို့လက်ထဲကို ဒါတွေက ခုန်ဝင်လာမှာမဟုတ်ဘူးလေ။ ကျုပ်တို့ရဲ့Frestech ကုန်သည်ကြီးများအသင်းက ဒီငါးနှစ်တာစီမံကိန်းကို ကြေညာခဲ့တာက ကျုပ်တို့ကိုယ်ကျုပ်တို့ ဖိအားပေးဖို့ ဖြစ်ပြီး အားကြိုးမာန်တက် တိုးတက်စေဖို့ တွန်းအားပေးတာပါပဲ။
စင်မြင့်အောက်ရှိ သတင်းထောက်များမှာ မနေနိုင်ဘဲ တိတ်တဆိတ် ခေါင်းငြိမ့်လိုက်ကြတော့၏။
"ဥက္ကဌရှုက တကယ်ကို စံပြဥက္ကဌပဲ၊ ကျုပ်တကယ်ကို လေးစားမိပါတယ်။" ထိုသတင်းထောက်မှာလည်း ခေါင်းငြိမ့်ကာ ချီးမွမ်းနေလေတော့သည်။
"ခင်ဗျားရဲ့ချီးမွမ်းမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်၊ ကျုပ်ထင်တာတော့ ဥက္ကဌသာ ဒါကိုကြားပြီးရင် အရမ်းဝမ်းသာနေလောက်တယ်။" ခမ်နက်ဒ်က အပြုံးဖြင့်ဆိုလိုက်သည်။
"ဟုတ်ပြီ၊ ဒီငါးနှစ်တာစီမံကိန်းက ကြေညာတာထက် ကျုပ်မှာ ကြေညာစရာလေးရှိပါသေးတယ်။ တစ်လအတွင်း ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက ဘန်တာမြို့တော်အပြင်မှာ Frestech စက်ဘီးစီးပြိုင်ပွဲကို ကျင်းပမှာပါ၊ အားလုံးပဲ ပါဝင်ဖို့ စိတ်ဝင်စားကြမယ်လို့ မျှော်လင့်မိပါတယ်။"
စင်မြင့်အောက်မှ သတင်းထောက်များမှာ ကြောင်အသွားကြသည်။
စက်ဘီးစီးပြိုင်ပွဲ? ဒါကဘာပါလိမ့်...
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၂၄။ Frestech စက်ဘီးစီးပြိုင်ပွဲ
နောက်ဆုံး သတင်းစာရှင်းလင်းပွဲ၌ကြေညာရန် ရှုယီ ကိုယ်စားပြုသည့် စီအီးအိုခမ်နက်ဒ်က စိတ်အားထက်သန်သည့်စကားလုံးများဖြင့် Frestech ကုန်သည်ကြီးများအသင်းမှာ ချဲ့ထွင်မှုနယ်ပယ်သို့ မြင့်မားသည့်အရှိန်နှင့် ဝင်လာပြီဟု ဆိုခဲ့သည်။
သို့သော် အားလုံး၏အမြင်တွင် ဒီလ၏ ဥက္ကဌရှုမှာ တကယ်ကို... သူ၏အလုပ်အား လျစ်လျူရှုနေသည်ပင်။
အစပိုင်း ရှုယီ ဘန်တာတိုင်းမ်စ်၌ သူဟာ သီအိုရီဆိုင်ရာမှော်စက်ပစ္စည်းစာအုပ်များကိုဖြန့်ချီပြီး Frestech ကျောင်းတော်တစ်ခုဖွင့်လှစ်မည်ကို ကြေညာလိုက်ချိန်တွင် လူထုကို ကြက်သေ,သေသွားစေခဲ့၏။
ရှုယီမှ ကျောင်းတော်တစ်ခု ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း လူတိုင်း သင်ရိုးညွှန်းတမ်းကိုမြင်သော် ရှုပ်ထွေးသွားကြကုန်၏။
သူ့အတွက် မှော်ကျောင်းတော်တစ်ခုဖွင့်လှစ်မည်မှာ အဆင်ပြေပါသော်လည်း အဘယ့်ကြောင့် ဘာသာစကား၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ နက္ခတဗေဒ၊ ပထဝီဝင်နှင့် သမိုင်းတို့ ပါနေရသနည်း... အဘယ့်ကြောင်း ၎င်းတို့အားလုံးမှာ ကွဲပြားသည့် သင်ရိုးများဖြစ်နေကြသနည်း?
လူများစွာအတွက် အသုံးဝင်သည့်အရာများမှာ နက္ခတဗေဒနှင့် ပထဝီဝင်ဖြစ်၏၊ သို့ပါသော်လည်း ဘာသာစကားနှင့် သင်္ချာမှာမူ... လူများအား မည်သို့ ရေးဖတ်ရမည်နှင့် သင်္ချာကို မည်သို့လေ့လာရမည်အား သင်ကြားခြင်းက ကလေးများ ငယ်စဉ်အခါက သင်ခဲ့သည်များသာ မဖြစ်သင့်ပေဘူးလား?
ဘန်တာတိုင်းမ်စ်၌ ရှုယီပေးခဲ့သည့် တုံ့ပြန်ချက်၌ ဘာသာစကားကို သင်ကြားရသည်မှာ ဘာမျှမထူးကဲလှပါသော်လည်း သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒနှင့် အခြားခေါင်းစီးများအားလုံးမှာ မှော်စက်ပစ္စည်း၏ အခြေခံအုတ်မြစ်နှင့် ဆက်စပ်နေသည့် အသိပညာများဖြစ်ပြီး၊ ၎င်းတို့အားလုံးမှာ မှော်စက်မှုပညာအား ကောင်းစွာချပြနိုင်သည့် အရာများဖြစ်သည်ဟု ပြောကြားခဲ့သည်။
ထိုရှင်းပြချက်အရ ကျောင်းတော်အား သူ၏အလုပ်နှင့် အနည်းငယ်ဆက်စပ်နေသည်ဟု ယူဆ၍ရနိုင်သည်။
သို့သော် အောက်ပါကိစ္စရပ်များကိုမူ လူထုက ရှုယီ၏အလုပ်နှင့် လုံးဝ မဆက်စပ်နိုင်ကြချေ။
တစ်လကြာပြင်ဆင်ပြီးနောက်တွင် Frestech ကုန်သည်ကြီးများအသင်း၏ Frestech စက်ဘီးစီးပြိုင်ပွဲအား ခြောက်သွေ့သည့် အောက်တိုဘာလလယ် ဆောင်းဦးတစ်နေ့၌ ကျင်းပခဲ့သည်။
Frestech ကုန်သည်ကြီးများအသင်းမှ အဓိကသတင်းစာများနှင့် ဘန်တာမြို့တစ်ဝှမ်းရှိ ပိုစတာများ၌ ဖော်ပြပြီးနောက်တွင် ဘန်တာမြို့သားများသာမက ထိုပြိုင်ပွဲအကြောင်းသိသည့် အခြားမြို့များမှ လူများပင် ရောက်လာကြသည်။
၎င်းတို့အနေနှင့် ထိုပြိုင်ပွဲကို Frestech ကုန်သည်ကြီးများအသင်းမှကျင်းပသည့် စက်ဘီးစီးပြိုင်ပွဲဖြစ်ကြောင်း ကြော်ငြာများမှသိကြသည်ပင်။ ပြိုင်ပွဲ၏ အကြောင်းအရာများမှာ အင်မတန်ရိုးရှင်းလှပြီး စက်ဘီးအား မြန်မြန်စီးနိုင်သူက အနိုင်ရမည်ပင်။
ပြိုင်ပွဲ၏စည်းမျဉ်းများအရ ပြိုင်ပွဲဝင်များမှာ ဘန်တာမြို့တော်တွင် စ'ကြရပြီး မိုးကျတောင်ကြား၏ အဆုံးမှတ်ထိ စီးနှင်ရကာ ၆၀ကီလိုမီတာ လမ်းကို သွားရသည်။
၎င်းက ပထမဆုံးသောပြိုင်ပွဲဖြစ်ခြင်းကြောင့် Frestech ကုန်သည်ကြီးများအသင်းက ၎င်းက အစသာဖြစ်ပြီး ပေးအပ်မည့်ဆုများမှာလည်း အရမ်းမများကြောင်း ဖော်ပြထားသည်။ သို့သော် ပထမနေရာပြိုင်ပွဲဝင်အနေနှင့် Frestech ကုန်သည်ကြီးများအသင်း၏ Frestechအမှတ်တံဆိပ် အိမ်သုံးမှော်စက်ပစ္စည်းများ တစ်စုံစာကို ရနိုင်မည်ဖြစ်သည်။ ၎င်းကို တွက်ချက်ကြည့်သော် ထိုအိမ်သုံးမှော်စက်ပစ္စည်းများတစ်စုံစာက ရွှေဒင်္ဂါးနှစ်ထောင်ကျော်တန်ဖိုးရှိရကား နည်းပါးမနေပါချေ။
ပထမနေရာမှလွဲ၍ ဒုတိယနေရာအား Frestech ကုန်သည်ကြီးများအသင်းမှာ ပြိုင်ပွဲဝင် ဆယ်ဦးထံပေးအပ်မည်ဖြစ်သည်။ ၎င်းတို့အနေနှင့် Frestechအမှတ်တံဆိပ်မီးဖိုချောင်သုံး မှော်စက်ပစ္စည်းများတစ်စုံစာကို ရရှိမည်ဖြစ်ပြီး ၎င်းတန်ဖိုးက ရွှေဒင်္ဂါးပြား တစ်ရာနီးနီးရှိသည်။
၎င်းနောက်တွင် တတိယဆု ငါးဆယ်ရှိ၏။ ၎င်းတို့လည်း Frestechအမှတ်တံဆိပ်အပူချိန်ပြောင်းမှော်လေအေးပေးစက်တစ်ခုကို ရနိုင်မည်ဖြစ်ကာ ရွှေဒင်္ဂါးပြား သုံးဆယ် တန်ဖိုးရှိလေသည်။
စွဲမက်ဖွယ်တန်ဖိုးများနှင့် အတူ ၎င်းက လူများကို ပါဝင်စေရန် ဆွဲဆောင်နေ၏။ မတိုင်ခင်က စက်ဘီးမဝယ်ခဲ့ကြသည့် လူများသည်ပင် တစ်လလုံး လေ့ကျင့်ရန် တစ်စီးဝယ်ယူခဲ့ပြီး ထိုလေ့ကျင့်မှုအား ဆုရယူရန် အသုံးချဖို့ ပြင်ဆင်ထား၏။
ပြိုင်ပွဲနေ့သို့ ရောက်လာချိန်တွင် ပါဝင်ယှဉ်ပြိုင်သူမှာ ကြောက်မက်ဖွယ် လူတစ်သောင်းရှိနေ၏။ ၎င်းတို့၏ ခန့်မှန်းချက်ကို ကျော်လွန်နေခြင်းကြောင့် Frestechကုန်သည်ကြီးများအသင်းမှာ ထို လူတစ်သောင်းအား အဖွဲ့ ငါးဖွဲ့ခွဲလိုက်ရန် ကြေညာလာ၏။ ၎င်းတို့၏ အဆင့်အား စထွက်နေရာမှ ပန်းတိုင်ရောက်ရှိချိန်အထိပေါ်မူတည်ကာ သတ်မှတ်မည်ဖြစ်သည်။
ထိုသို့ဖြစ်သွားသောကြောင့် မနက်ခင်းကျင်းပမည်ဟူသော ပြိုင်ပွဲမှာ တစ်နေ့လုံးစာဖြစ်သွားတော့သည်။
သို့ရာ၌ ပါဝင်ယှဉ်ပြိုင်သည့် လူတစ်သောင်းကျော်က လုံးဝ အထွန့်တက်မလာပါချေ။
ပြောရလျှင် လူအများစု၏ အမြင်၌ စက်ဘီးစီးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်းကပင် ကောင်းမွန်သည့် အတွေ့အကြုံဖြစ်နေသည်။ ဆုများမှာ ထပ်ပေါင်းခြင်းသာဖြစ်ချေရာ ၎င်းတို့ကိုရယူနိုင်လျှင် အဆင်ပြေသည်၊ မရပါလျှင်လည်း ပြဿနာမရှိချေ။
ထို့အပြင် Frestechကုန်သည်ကြီးများအသင်းက လူတိုင်းကို ကျေနပ်စရာအံ့ဖွယ်များကိုလည်း ပေးခဲ့သေးသည်။ ပြိုင်ပွဲမစတင်ခင်တွင် ရှုယီက တကယ်တမ်း မမြင်ရသည်မှာ ကြာခဲ့ပြီဖြစ်သော မဟာမှော်ပညာရှင် ကမ်မီလာ၊ စတေးလ်တို့နှင့်အတူ စမှတ်မျဉ်းမှ စီးနင်းခဲ့သည်။ ၎င်းတို့မှာ ပထမအသုတ်ပြိုင်ပွဲဝင်များနှင့်အတူ သတ်မှတ်ရန် စီစဉ်ထားကြသည်။
သူ့နံဘေးမှ ရိုးသားသည့် အကြည့်များကို မြင်သော် ရှာယီက သူ့ဘေးမှ စတေးလ်ကို စနောက်လိုက်သည်၊ "ဟေး၊ ဒီလူတွေက ကိုယ်တို့သုံးယောက်ကို မြင်ပြီးမှ ပိုစိတ်လှုပ်ရှားလာကြတယ်မထင်ဘူးလား?"
စတေးလ်က သူမမျက်လုံးများကို လှိမ့်လိုက်ရင်း၊ "ဘာပဲဖြစ်ဖြစ်၊ အဲ့ဒါ ရှင်မဟုတ်ဘူး။" သူမက ၎င်းကိုပြောပြီးနောက် လက်ကိုင်များမှ လက်ကို ဖြုတ်လျက် လူအုပ်ထံ လက်နှစ်ဘက်စလုံးမြှောက်ပြလိုက်ရာ တမုဟုတ်ချင်း အားပေးသံများ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာ၏၊ "ဘယ်လိုလဲ?"
ရှုယီက ကူကယ်ရာမဲ့စွာပြုံးလိုက်သည်၊ စတေးလ်က သူ့ရှေ့၌ ခပ်ဆိုးဆိုးလေးပြုမှုပြနေသည်မှာ လက်ထပ်ပြီးနောက်၌ပင် တူညီနေဆဲဖြစ်သည်။
"ဒါဆို ပြိုင်ကြတာပေါ့။" စတေးလ်၏ အပြုအမူကိုကြည့်ရင်း ရှုယီက ပိုမို ကလေးဆန်လာသည်။ သူက စတေးလ်ကဲ့သို့ပင် လက်ကိုမြှောက်လျက် သူအင်မတန်ခန့်ညားသည်ဟု ထင်သော အမူအရာကိုလုပ်ပြရင်း ပတ်ပတ်လည်မှ လူများကို လက်ယမ်းပြလိုက်သည်။
လူအုပ်ကြီးက အားပေးသံများနှင့် တစ်ဖန်ပြည့်နှက်သွားသော်လည်း ဒီတစ်ခေါက်တွင် အမျိုးသမီးများအသံက အမျိုးသားများ၏ အသံကိုပင် ဖုံးလွှမ်းသွားတော့သည်။
စတေးလ်က နှာခေါင်းရှုံ့လိုက်ရင်း၊ "ဥက္ကဌရှု၊ ရှင့်ကိုမိန်းကလေးတွေက အရမ်း ကြိုဆိုနေမယ်လို့ ကျွန်မဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။"
ရှုယီက ရယ်လိုက်ရင်း၊ "ကျွန်တော်က ဒီချီးမွမ်းမှုနဲ့ မထိုက်တန်ပါဘူးဗျာ"
နှစ်ယောက်သားမှာ တစ်ယောက်နှင့်တစ်ယောက်ကြည့်ရင်း ရယ်မောလိုက်ကြသည်။ ထို့နောက် ဘေးက မဟာမှော်ပညာရှင် ကမ်မီလာကိုကြည့်လိုက်၏၊
"မင်းတို့ငါ့ကို ဘာလို့လာကြည့်နေကြတာလဲ? ကလေးတွေလိုမျိုး ငါ့ကို ပြိုင်ဆိုင်ချင်စိတ်ရှိနေစေချင်တာများလား?"
နှစ်ယောက်မှာ တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာရယ်လိုက်ကြသည်။ ၎င်းတို့မှာ ရုတ်တရတ်ဆင်းကာ မဟာမှော်ပညာရှင်ကမ်မီလာ၏နံဘေးသို့သွား၍ လက်တစ်ဖက်စီ ဆုပ်ကိုင်လိုက်ကြပြီး တစ်ချိန်တည်း မြှောက်လိုက်ကြတော့သည်။
ထိုသုံးယောက်၏ သွင်ပြင်ကိုကြည့်ရင်း ဘေးပတ်လည်မှာ လုထုကြီးထံမှ နားစူးလောက်သည့် အားပေးသံများထွက်လာတော့သည်။ ၎င်းက မတိုင်ခင်ကနှင့်ယှဉ်လျှင် များစွာကျယ်လောင်ပြီး စိတ်လှုပ်တရှားအော်သံများနှင့် ပြည့်နေ၏။
"ကြည့်ပါဦး၊ အဘိုး၊ အဘိုးက ဘန်တာမြို့တော်သားတွေရဲ့စိတ်ထဲမှာ အတော်များများနေရာယူထားတာပဲ။ ဒါကြောင့် အပြင်များများပိုထွက်ပြီး အားလုံးကို တွေ့ခွင့်ပေးသင့်တယ်၊ သူတို့ ပိုပြီး လုံခြုံသလို ခံစားရမယ်လေ။" ရှုယီက အပြုံးဖြင့်ဆိုလိုက်သည်။
"ဟုတ်တယ်၊ အဘိုး၊ ဘာမှလုပ်စရာမရှိတဲ့အချိန်ဆို အပြင်ပိုထွက်သင့်တယ်။ ဓာတ်ခွဲခန်းထဲမှာပဲ တစ်ချိန်လုံးနေ,နေတာက မကောင်းဘူး။" စတေးလ်လည်း ပြောလိုက်သည်။
မဟာမှော်ပညာရှင် ကမ်မီလာက ထိုနှစ်ဦးကိုကြည့်ရင်း ပျော်ရွှင်နေသည့် အပြုံးကိုထုတ်ပြလာသည်။ သူကခေါင်းကိုခါရင်း ပြောလိုက်၏၊ "ဟုတ်ပါပြီ၊ မင်းတို့ ငါ့ခန္ဓာကိုယ်အကြောင်းစိုးရိမ်နေမှန်းသိပါတယ်၊ ဒါပေမယ့် စိုးရိမ်စရာမလိုပါဘူး။ ပြောရဦးမယ်၊ ငါက တံခါးဝကိုရောက်နေပြီး အခုကစပြီး ပဉ္စမအဆင့်မဟာမှော်ပညာရှင်ဖြစ်လာဖို့ သိပ်မကြာတော့ပါဘူး။ ငါ ကျွမ်းကျင်ဘုန်းတော်ကြီးဖြစ်လာဖို့ ခက်ခက်ခဲခဲကြိုးစားချင်ပြီး နှစ်နည်းနည်းလောက် ထပ်နေချင်သေးတယ်။"
ရှုယီနှင့် စတေးလ်တို့မှာ တစ်ချိန်တည်း ကြောင်အသွားကြသည်။
"ဝါး! အဘိုး၊ ပဉ္စမအဆင့်မဟာမှော်ပညာရှင်ဖြစ်လာတော့မှာလား? မြန်လိုက်တာ?" စတေးလ်က ကျေနပ်အံ့ဩမှုလွှမ်းနေသည့်မျက်နှာဖြင့် ပြောလာသည်။
မဟာမှော်ပညာရှင်ကမ်မီလာက ခပ်ဖျော့ဖျော့ပြုံးရင်း၊ "ဘာကြောင့်မှန်းတော့မသိဘူး၊ ဒါပေမယ့် ငါ မှော်စက်ပစ္စည်းတွေကို သုတေသနစလုပ်ပြီးနောက်မှာ ငါ့ရဲ့မှော်အဆင့်က အရင်ကနဲ့စာရင် ပိုမြန်မြန်တိုးတကခလာတယ်။" သူကရှုယီကိုကြည့်ပြီးနောက် ပြောလိုက်သည်၊ "ဟေး၊ ကလေး၊ ငါ့လိုအဘိုးကြီးတစ်ယောက်တောင် အဆင့်တက်ခါနီးပြီ၊ မင်း ဝေ့လည်ကြောင်ပတ်လုပ်မနေသင့်ဘူး။ မဟုတ်ရင် ငါကျွမ်းကျင်ဘုန်းတော်ကြီးမဖြစ်လာခင်မှာ မင်း မဟာမှော်ပညာရှင်တောင် မဖြစ်လာနိုင်သေးရင် ဒါက မဟုတ်သေးဘူးလေ။"
ရှုယီက ခါးသက်သက်ပြုံးရင်းခေါင်းငြိမ့်လိုက်သည်၊ "ကျွန်တော် ကြိုးစားပါ့မယ်။"
စတေးလ်က ရှုယီလက်ကို အပြုံးတစ်ခုဖြင့် ကိုင်လိုက်ရင်း
"အဘိုး၊ စိတ်ချပါ၊ ကျွန်မသူ့ကို သေချာပေါက် မဟာမှော်ပညာရှင်ဖြစ်လာအောင် တွန်းအားပေးပါ့မယ်။ ကျွန်မတို့မိသားစုမှာသာ မဟာမှော်ပညာရှင်နှစ်ဦးရှိရင် အမေနဲ့အဖေက သေချာပေါက် ပျော်လွန်းလို့သေသွားနိုင်တယ်။"
မဟာမှော်ပညာရှင်ကမ်မီလာက ရယ်လျက် လက်ကိုယမ်းကာ ပြောလိုက်၏၊ "ဟုတ်ပါပြီ၊ ဒါကိုနောက်မှပြောကြတာပေါ့၊ ငါတို့ ဒီနေ့ စက်ဘီးစီးပြိုင်ပွဲ ဝင်ရဦးမယ်။ ပြောရဦးမယ်၊ ဒီကလေး ရှုယီ၊ မင်းမှာတကယ်ကို အကြံမျိုးစုံရှိနေတာပဲ။ မင်းက တကယ်ပဲ စက်ဘီးတွေရောင်းဖို့ ဒီပြိုင်ပွဲကို ကျင်းပနေတယ်။"
"ဒါက ရောင်းချတာပဲ မဟုတ်ပါဘူး ဒီလိုပြိုင်ပွဲမျိုးက ကျန်းမာရေးကိုလည်း အထောက်အကူပြုတာပဲမဟုတ်လား?" ရှုယီက ဝမ်းနည်းနေသံဖြင့်ဆိုလိုက်သည်။
"အန်း၊ ငါဒါကိုသဘောတူပါတယ်။ ဒါကြောင့် မင်းတို့နှစ်ယောက် ဒီနေ့ ငါ့ကို စိတ်ပူဖို့မလိုဘူး၊ ငါ ၆၀ကီလိုမီတာကို ကိုယ့်ဘာသာစီးသွားမယ်!" မဟာမှော်ပညာရှင်ကမ်မီလာက သူရဲကောင်းဆန်ဆန်လက်ကိုယမ်းလျက် ရှုယီနှင့် စတေးလ်အား စကားပြောဖို့ အခွင့်အရေးပင် မပေးပါချေ။
နှစ်ယောက်သားမှာ သဘောတူညီမှုဖြင့်ခေါင်းသာ ငြိမ့်လိုက်ကြသည်။ မဟာမှော်ပညာရှင်ကမ်မီလာက ခုနှစ်ဆယ်နား ကပ်နေပါသော်လည်း သူ၏ မဟာမှော်ပညာရှင်အသွင်ကြောင့် သူ၏ခန္ဓာကိုယ်က အားမနည်းနေသည်မှာ ကောင်းသည့်အရာပါပင်။ သူက ပြိုင်ပွဲအကြောင်းမတွေးဘဲနေလိုက်သည်နှင့် ထို၆၀ကီလိုမီတာ၌ ခပ်နှေးနှေးမောင်းနှင်ရန် မခက်ခဲတော့ချေ။
သုံးယောက်သားမှာ အတန်ကြာ ဖောင်ဖွဲ့နေကြပြီး အထူးဖိတ်ကြားထားသည့်တင်ဆက်သူက ပြိုင်ပွဲ၏ လေထုကို အထွဋ်အထိပ်ထိ ယူဆောင်လာတော့သည်။ ပြိုင်ပွဲအတွက် အချိန်ကျလာပြီဖြစ်ရာ တင်ဆက်သူက ပြိုင်ပွဲအဖွင့်ကို ကျယ်လောင်စွာကြေညာလိုက်တော့၏။ ဆူလောင်သံများပြီးနောက်တွင် ရှုယီ၊ စတေးလ်နှင့် မဟာမှော်ပညာရှင် ကမ်မီလာတို့ ဦးဆောင်သော ပထမအသုတ် ပြိုင်ပွဲဝင်နှစ်ထောင်က ယှဉ်ပြိုင်ကြတော့သည်။
မဟာမှော်ပညာရှင်ကမ်မီလာက ဦးဆောင်နေသည်ကို မြင်သော် ရှုယီနှင့် စတေးလ်မှာ တစ်ယောက်နှင့်တစ်ယောက်ပြုံးပြလိုက်ပြီး အတူတကွ ခပ်ဖြေးဖြေး (ကုန်း)ဆင်းချလိုက်ကြသည်။
အခြားပြိုင်ပွဲဝင်များက ထိုနှစ်ယောက်ကိုကျော်သွားပြီး ရှေ့သို့ဆက်သွားရင်း ၎င်းတို့အား နှုတ်ဆက်သွားကြသူများလည်းရှိ၏။
ခဏအကြာ၌ နှစ်ယောက်မှာ နောက်ကျကျန်ခဲ့ကြ၏။ ၎င်းတို့ပတ်ပတ်လည်၌ ပြိုင်ပွဲကို အာရုံစိုက်နေကြသော ပြိုင်ပွဲဝင်များရှိသည်။
ထိုသို့သော ကောင်းမွန်သည့် ဆောင်းဦးရာသီမျိုးတွင် နွေးထွေးသည့်နေရောင်ခြည်က သွန်းဖြိုးနေပြီး လမ်းတစ်လျှောက် ဖြန့်ကျက်ထားသည်က အတော်လေး နှစ်သက်စရာအချိန်ပါပင်။
နှစ်ယောက်သားက မြန်မြန်သွားဖို့ စိတ်ကူးမရှိကြဘဲစကားဖောင်ဖွဲ့ရင်း ခပ်ဖြေးဖြေးသွားကြသည်က အတော်လေး စိတ်ပြေစရာဖြစ်နေသည်။
ရှုယီက ဘေးပတ်လည်က လယ်မြေထဲရှိ ဂျုံနားရွက်တောက်တောက်လေးများကိုကြည့်ရင်း ရယ်ကာ ပြောလိုက်သည်၊ "ပြောရရင် ကိုယ်တကယ်ပဲ ဒီပြိုင်ပွဲကို ကျင်းပနိုင်တာအတွက် ဒီ ဂျုံတွေကို အရမ်းကျေးဇူးတင်မိတယ်။"
"ကောင့်ထ်စတက်ဂျ်က ချောမွေ့တဲ့ကောက်ပဲသီးနှံတွေ လိုချင်တာကြောင့် သူက ရှင်နဲ့အတူ ကတိထားခဲ့ပြီး ရှင့်ရဲ့ အခြေနေတွေကိုလက်ခံလိုက်တာလား?" စတေးလ်က ခပ်ဖျော့ဖျော့ပြုံးလျက်ဆိုလိုက်သည်။
"အင်း၊ ကိုယ်တို့ရဲ့ မြို့စားအရှင်က ဒီဆောင်းဦးကောက်ရိတ်သိမ်းပွဲမှာ ရလာဒ်ကောင်းဖို့ဆို ဘယ်အခြေနေကိုမဆို လက်ခံရမယ်လေ။ များများစားစားလွှမ်းမိုးမှုမရှိတဲ့ ဒီစက်ဘီးပြိုင်ပွဲကို ကျင်းပဖို့ သဘောတူတာကို မပြောနဲ့ဦး၊ ကိုယ်သာ တောင်းဆိုရင် သူ ဆန်းဒ်တွန်စက်မှုအိမ်ရာကို ပြန်ဖွင့်ဖို့တောင် လက်ခံရလိမ့်မယ်။"
"ဒါပေမယ့် သူဒီကနေ အကျိုးအမြတ်များများရတယ်လို့ မခံစားမိဘူး။" စတေးလ်က လမ်းနံဘေးရှိ ဂျုံခင်းများကို သံသယဖြင့် ညွှန်ပြလာသည်၊ "မနှစ်က ဆောင်းဦးကောက်ရိတ်သိမ်းပွဲမှာ ဘန်တာမြို့တော်ရဲ့ဂျုံခင်းတွေက အခုလို ပြည့်လျှံနေပြီး ကောင့်ထ် စီယန်ကလည်း ကောက်ပဲသီးနှံအထွက်နှုန်းတိုးဖို့ ဘန်တာမြို့တော်မှာ အခန်းများများစားစားမရှိကြောင်း ပြောခဲ့သေးတယ်။ ကောင့်ထ်စတက်ဂျ် ဒီအဖြေကို တွေးခဲ့ရင်တောင် ဆောင်းဦးကောက်ရိတ်သိမ်းနှုန်းကို များများစားစား တိုးနိုင်မယ့်ပုံမဟုတ်ဘူးလို့ ခံစားရတယ်။"
ရှုယီက ရယ်လိုက်ရင်း၊ "အေးဆေးပေါ့၊ ကိုယ်တို့ရဲ့ မြို့စားအရှင်က မရူးပါဘူး၊ သူ့မှာ သေချာပေါက် သူ့နည်းလမ်းရှိပါတယ်။"
"တကယ်လား?" စတေးလ်က ရှုယီကိုကြည့်ပြီးနောက် လမ်းမကြီးနံဘေးက ရွှေရောင်ဂျုံခင်းများကိုကြည့်လိုက်ရင်း စိတ်ရှုပ်နေဆဲဖြစ်ဟန်ပေါ်နေသည်။
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၂၅။ လယ်စိုက်ရန် နေရာပြောင်းလဲခြင်း
ဆောင်းဦးကောက်ရိတ်သိမ်းပွဲပြီးနောက် ဘန်တာမြို့တော်၏ကောက်ပဲသီးနှံထွက်နှုန်းမှာ ကြောက်မက်ဖွယ်ကောင်းစွာ တန်ပေါင်း ၇သိန်း၆သောင်းအထိ ရှိခဲ့သောကြောင့် လူတိုင်းကို ထိတ်လန့်သွားစေ၏!
ယခင်နှစ်က တန်ပေါင်း ၅သိန်း၇သောင်းနှင့်ယှဉ်လျှင် ယခုက တန်ပေါင်း၁သိန်း၉သောင်းတိုးလာခဲ့သည်!
ဘန်တာမြို့တော်၏ ကောက်ရိတ်ပွဲဟောင်းများကိုမဆိုထားနှင့် ဘန်တာမြို့တော်ထက်များစွာကြီးမားသည့် မြို့များပင် မယှဉ်နိုင်ပါချေ။
ထိုကောက်ပဲသီးနှံအထွက်နှုန်းကြောင့် ဘန်တာမြို့တော်က လမ်ပူရီတိုင်းပြည်အတွက် စံပြဖြစ်နေ၏။ ယခင်နှစ်နှင့် ထိုနှစ်၏ အရှေ့နှစ်တို့၏ တိုးတက်မှုနှင့်ဆိုလျှင် ဘန်တာမြို့တော်မှာ သူ၏ဘုန်းတန်ခိုးနှင့် စိုက်ပျိုးရေးဌာနက တစ်ချိန်တည်း ချီးမြှောက်ရသည့် မြို့တစ်မြို့ဖြစ်လာခဲ့သည်။
အငတ်ဘေးကြောင့် ဆယ်နှစ်ကြာ ကမောက်ကမဖြစ်ခဲ့ရသော လမ်ပူရီတိုင်းပြည်အတွက် ဆန်စပါးမှာ အင်မတန်အရေးပါပြီး မည်သူကမှ ၎င်းကို လျစ်လျူရှုမထားဝံ့ချေ။
ဘန်တာမြို့တော်၏ မြို့စားအနေဖြင့် ကောင့်ထ်စတက်ဂျ်မှာ ဆန်စပါးအထွက်နှုန်းက ၅သိန်း၇သောင်းမှ ၇သိန်း၆သောင်းအထိခုန်တက်လာရန် စွမ်းဆောင်ခဲ့လေရာ ၎င်းက အားလုံး၏ ချီးမွမ်းမှုကို တခဲနက်ရရှိလာစေသည်။
ကောင့်ထ်စတက်ဂျ်၏စိုက်ပျိုးရေးမူဝါဒများက ဘန်တာမြို့တော်၏ စီးပွားရေးဖွံ့ဖြိုးမှုကို ရပ်တန့်စေကာ ချမ်းသာမှုကို ထိခိုက်စေခဲ့ခြင်းကြောင့် လူတချို့က ကောင့်ထ်စတက်ဂျ်ကို ဖုံးကွယ်ကာဝေဖန် ပြောဆိုခဲ့ကြသည်။ ထိုကောက်ပဲသီးနှံအထွက်နှုန်းကို သိရသောအခါတွင် ၎င်းတို့က ချက်ချင်းပါးစပ်များပိတ်သွားကြတော့၏။
ထို့ကြောင့် ဆောင်းဦးကောက်ရိတ်သိမ်းပွဲမတိုင်ခင်က မြို့စားအဖြစ် ကောင့်ထ်စတက်ဂျ်မှာ အန္တရာယ်ရှိခဲ့သော်လည်း ၎င်းနောက်တွင်မူ သူ၏နေရာကို ခိုင်မာစေခဲ့တော့သည်။ လမ်ပူရီတိုင်းပြည်ရှိ အခြားသော မြို့စား အားလုံးကို ချက်ခြင်း သာလွန်သွားသကဲ့သို့ တိုင်းပြည်၏ အထက်တန်းစားတို့ထံမှ ချီးကျူးမှုလည်းမြင့်လာခဲ့သည်။
သို့သော် ထိုရလာဒ်ကိုရရှိသည့် ကောင့်ထ်စတက်ဂျ်မှာ ဘန်တာမြို့တော်သားများထံတွင်တော့ ချီးကျူးခံရခြင်းမရှိပါချေ။ ၎င်းတို့၏ လျှို့ဝှက်ဆွေးနွေးပွဲများတွင် သူ့အား အထင်သေးသူများရှိသေးသည်။
"ဖီ! မနှစ်က ဆောင်းဦးကောက်ရိတ်သိမ်းပွဲကို ကောင့်ထ်စီယန် တာဝန်ခံရတော့ ဘန်တာမြို့တော်ရဲ့လယ်တွေအားလုံးနဲ့ တွက်ချက်ကြည့်ခဲ့တယ်။ ငါတို့လူတွေအားလုံး ကူညီခဲ့ကြပြီးတော့ ဘန်တာတစ်မြို့လုံးမှာ ဂျုံတွေစိုက်ရင်တောင် တန်ပေါင်း ၇သိန်းကို မကျော်လွန်နိုင်ကြောင်း အတည်ပြုခဲ့တယ်။ အဆုံးမှာတော့ ဒီကောင့်ထ်စတက်ဂျ်က တန်ပေါင်း ၇သိန်း၆သောင်းအထိယူဆောင်လာခဲ့ပြီ။ မင်း လိမ်ညာမှုမရှိဘူးလို့ ပြောရင်တောင် ငါယုံမှာမဟုတ်ဘူး။" အဘိုးအိုဆာခိုဇီက စိတ်ပျက်နေဟန်ဖြင့် ဆိုလိုက်သည်။
"ခန့်မှန်းဖို့က မလိုပါဘူး ဟုတ်တယ်မို့လား?" အဘိုးအိုဆာခိုဇီဘေးမှ မက်စီလန်ရွာသား ဂျာရှရီမှာ သူ၏မျက်လုံးများကိုလှိမ့်လျက် ဆိုလိုက်သည်၊"ကျုပ်ဇနီးက ဂျော်ဒ်ရွာနဲ့ ဆွေမျိုးနီးစပ်တော့ ကောက်ရိတ်ပွဲမတိုင်ခင်က သူတို့ ကျုပ်ဇနီးကိုပြောခဲ့ကြတယ်၊ မြို့စားအိမ်တော်က ဂျော်ဒ်ရွာကနေ ရွာသားတွေစုဆောင်းဖို့ လူတစ်စုကို လွှတ်ခဲ့တယ်တဲ့လေ။ သူတို့တွေက တူးမြောင်းတွေဖော်ရပြီး မြို့စားအိမ်တော်ကဦးဆောင်မယ့် ဆောင်းဦးကောက်ရိတ်သိမ်းပွဲကို လုံခြုံမှုကို အာမခံရမယ်၊ ဒါမှ သူတို့စိတ်ပူဖို့ မလိုမှာလို့ ပြောကြတယ်။ ကောက်ရိတ်သိမ်းပွဲ ပြီးသွားချိန်မှာ၊ သူတို့ရဲ့ ဂျော်ဒ်ရွာက ဂျုံ ဘယ်လောက်ထိ ရိတ်သိမ်းခဲ့ရတယ်ထင်လဲ?"
"ဘယ်လောက်များလဲ?" အဘိုးအိုဆာခိုဇီပါဝင်သည့်အဖွဲ့က သိလိုစိတ်ဖြင့် မေးလိုက်ကြသည်။
"တန်ပေါင်း ရှစ်သောင်းအပြည့်!" ဂျာရှရီက ကျယ်လောင်စွာပြောလိုက်သည်။
"ဒါဘယ်လိုဖြစ်နိုင်မှာလဲ!"
"မင်းဘာတွေပြောနေတာလဲ?"
"အမှန်ပဲ၊ ဂျော်ဒ်ရွာက ဒီလောက်မှမကြီးတာ ဂျုံ တန်ပေါင်းရှစ်သောင်းဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ? ကျုပ်တို့ ခမ်ဘီယာရွာတောင် တန်ပေါင်း ခြောက်သောင်းပဲရှိတယ်!"
…...
ထိုအဖြေအားကြားသော အားလုံးမှာ ထို တန်ပေါင်းရှစ်သောင်းအား နက်နက်နဲနဲသံသယများနေကြတော့၏။
ဤနေရာရှိ လူတိုင်းမှာ ဘန်တာမြို့တော်၌ မွေးဖွားခဲ့ပြီး လယ်ယာမြေ၌ နှစ်ပေါင်းဒါဇင်ချီလုပ်ကိုင်လာခဲ့ကြရာ ဘန်တာမြို့တဝိုက်မှ ရွာတိုင်း၏ အထွက်နှုန်းကို ရှင်းရှင်းလင်းလင်းသိကြပေသည်။
၎င်းမတိုင်ခင်က ဂျော်ဒ်ရွာမှာ ဝေးလံပြီး လမ်းပန်းဆက်သွယ်ရေးလည်းမကောင်းသောကြောင့် ထိုမျှ လယ်မြေများများစားစားမရှိသော ရွာတစ်ရွာမှာ တန်ပေါင်းသုံးသောင်းသာ ရိတ်သိမ်းရခဲ့ပြီး ၎င်းက ဆောင်းဦးတစ်တွင်းလုံးပင်ဖြစ်သည်။
သို့သော် ဒီနှစ်တွင် ၎င်းတို့မှာ ဆန်ပေါင်းရှစ်သောင်းအထိပင် ရရှိခဲ့ရည ၎င်းက မဖြစ်နိုင်ပုံပေါ်နေသည်။
"အိုင်း၊ အိုင်း၊ မသိဘူးလား? ပြောပြပါ့မယ်၊ ကျုပ်ဇနီးရဲ့အမျိုးက သူ့ရဲ့လယ်ကွင်းထဲရောက်ပြီးနောက်မှာ ကောက်ရိုးပုံနှစ်ဆရှိနေပြီး အပင်များစွာလည်း စိုက်ထားပုံရှိတာကို တွေ့လိုက်ရတယ်လေ။ ပြီးတော့ ခင်ဗျားတို့ ဘန်တာတိုင်းမ်စ်မှာ မြို့စားအိမ်တော်က ဒီဆောင်းဦးကောက်ရိတ်သိမ်းပွဲအတွက် ကြေညာထားတာကိုမဖတ်ကြည့်ကြဘူးလား? သူတို့တွေ ဒရိက်ခ်နယ်မြေဆီက အထွက်နှုန်းမြင့်တဲ့ ဂျုံစေ့အသစ်တွေရခဲ့တာကြောင့် သူတို့ရိတ်သိမ်းခဲ့တဲ့ ဂျုံတွေက ဒီနှစ်မှာ အရင်ကနဲ့စာရင် အတော်လေးပိုများနေရတာပဲ။" ဂျာရှရီက ရယ်လျက်ဆိုလိုက်သည်။
"အဓိပ္ပာယ်မရှိတာ။" အဘိုးအို ဆာခိုဇီက ချက်ချင်း ရှုံ့ချလိုက်၏၊ "ဒီလို အစေ့ကောင်းမျိုးသာရှိနေရင် ဘာလို့ ဒရိက်ခ်နယ်မြေက ကောင့်ထ်စတက်ဂျ်ကိုပေးမှာလဲ? သူတို့ဘာသာသူတို့ပဲ သိမ်းထားမှာမဟုတ်ဘူးလား?"
ဂျာရှရီက ပခုံးတွန့်လိုက်ကာ,"ဘယ်သူသိမှာလဲ? မြို့စားက ဒရိက်ခ်နယ်မြေကို အကျိုးအမြတ်ရမယ့်တစ်ခုခုလုပ်ပေးလိုက်ပြီး သူတို့ဆီက ဒီလောက်တောင်ကောင်းတဲ့ အစေ့ကို ယူလိုက်တာလည်းဖြစ်နိုင်တာပဲ။"
"-ျီးထုပ်!" အဘိုးအိုဆာခိုဇီက ဒေါသတကြီးပြောလိုက်ကာ၊
"တလောက ဒရိက်ခ်နယ်မြေက မင်းသမီးတစ်ယောက်နဲ့ ဝန်ကြီးတစ်ယောက်လာခဲ့သေးတယ်မဟုတ်လား? သူတို့ မိုးကျတောင်ကြားကိုတောင် လျှောက်ပတ်ကြည့်ပြီး ဥက္ကဌရှုနဲ့လည်း စကားပြောနေတာကို၊ ငါ့သားကိုယ်တိုင်မြင်ခဲ့သေးတယ်။ သူတို့ ကောင့်ထ်စတက်ဂျ်နဲ့ ဘယ်လို ပူးပေါင်းနိုင်မှာလဲ?"
"ဘယ်သူသိမှာလဲ? အရေးကြီးတဲ့လူတွေကြား ကိစ္စတွေကို ကျုပ်တို့လို လယ်သမားတွေက နားမလည်နိုင်ပါဘူး။" ဂျာရှရီက ဂရုမစိုက်သည့်လေသံဖြင့်ဆိုလိုက်သည်၊ "ပြီးတော့လည်း၊ ဘန်တာမြို့တော်ရဲ့ ကောက်ပဲသီးနှံအထွက်နှုန်းတိုးလာတာက ကောင်းတဲ့အရာပဲလေ၊ ရှေ့လျှောက်ကျုပ်တို့တွေ မျက်နှာသာပိုရတာပေါ့။"
"မင်းက ငတုံးလား?" အဘိုးအိုဆာခိုဇီက သူ့အား ဆဲရေးလာသည်၊ "ဒါက ဘာကိုဆိုလိုလဲ နားမလည်ဘူးလား? အခု ဘန်တာမြို့တော်ရဲ့ကောက်ပဲသီးနှံအထွက်နှုန်းတိုးလာတော့ အဲဒီ့ ကောင့်ထ်စတက်ဂျ်က မြို့စားနေရာမှာ ခိုင်ခိုင်မာမာထိုင်နေတော့မယ်လေ။ သူသာ သူ့ရဲ့စိုက်ပျိုးရေးမူဝါဒတွေကို ဆက်လုပ်နေမယ်ဆိုရင် ငါတို့က အလုပ်တွေ ထပ်ဆုံးရှုံးနေဦးမှာပဲ။ မင်းတို့ အရင်ကလို လယ်မြေတစ်ခုမှာပဲ သေတဲ့အထိ အလုပ်,လုပ်ချင်လို့လား?"
အဘိုးအိုဆာခိုဇီ၏အပြောကိုကြားသော် ဂျာရှရီနှင့် နံဘေးရှိလူများ ကြောင်အသွားကြသည်။ ထို့နောက် ၎င်းတို့မှာ အနည်းငယ်စဉ်းစားလိုက်ရာ အဘိုးအိုဆာခိုဇီ၏အပြောက မှန်ကြောင်း တွေ့ရှိသွား၏။
၎င်းတို့ မြို့စားကို သဘောမကျရသည့်အကြောင်းအရင်းမှာ ဘန်တာမြို့တော်၏ လုပ်ငန်းစုများအား အန္တရာယ်တွင်းသို့ တွန်းပို့နေသော သူ၏စိုက်ပျိုးရေးဆိုင်ရာမူဝါဒများကြောင့်ပင်။ ၎င်းက လူများစွာက ၎င်းတို့၏ သက်သာမြင့်မားသော ဝင်ငွေနှင့်အလုပ်များကို ဆုံးရှုံးခဲ့စေသည်။
ယခု ကောင့်ထ်စတက်ဂျ်က ထိုရုတ်တရတ် ကောက်ပဲသီးနှံအထွက်တိုးလာခြင်းကြောင့် မြို့စားနေရာမှာ တည်မြဲသွားသောကြောင့် ဘန်တာမြို့တော်လုပ်ငန်းစုများမှာ ပို၍ပင် ဆိုးရွားသော အခြေနေ၌ ရှိနေပြီပင်။
၎င်းတို့မှာ ကန်တိုနာကုန်သည်ကြီးများအသင်းနှင့် အလုပ်များကိုပင် ဆက်လက်မထိန်းသိမ်းနိုင်လောက်တော့ချေ။
အချိန်ကျလာသော် အားလုံးစောင့်နေသည့် ကန်တိုနာဝင်လာသည်။
၎င်းတို့ သူ့ကိုမြင်ချိန်တွင် အားလုံးက စိုးရိမ်နေသည့်မေးခွန်းများကို မေးလာခဲ့ကြ၏။
ကန်တိုနာက အပြုံးဖြင့် လက်ကိုဝေ့ယမ်းလိုက်ရင်း၊
"အားလုံးပဲ၊ စိတ်ချပါ။ ကျုပ်တို့ ကန်တိုနာကုန်သည်ကြီးများအသင်းက အမည်ရ လုပ်ငန်းစုဆိုပေမယ့်လည်း မြို့အရှင်ရဲ့အစီစဉ်နဲ့ ဘာပြဿနာမှမရှိပါဘူး။ နောက်ဆုံးတစ်ခေါက်ကတောင် မြို့စားက ကျုပ်ကိုသီးသန့်ခေါ်တွေ့ပြီး လုပ်ငန်းစုကိုတောင် ချီးမွမ်းခဲ့သေးတယ်။ ကျုပ်တို့အနေနဲ့ ဘန်တာမြို့တော်လယ်သမားတွေကို အရင်ကလို သူတို့ရဲ့လယ်မြေတွေမှာ ဆက်ကူညီရမယ်။"
"တကယ်ကြီး? သူက မင်းရဲ့ ဥက္ကဌရှုနဲ့ ဆက်ဆံရေးအကြောင်းမသိသေးတာကြောင့်များလား?" ဂျာရှရီက မေးလာ၏။
"သူသိတော့ရော? ဒီလိုအရေးကြီးတဲ့လူတွေအတွက် သူတို့ လိုတာကို ရလား မရလားက အရေးပါဆုံးပဲ။" ကန်တိုနာက ခပ်ဖျော့ဖျော့ပြုံးလျက် ဆိုလိုက်သည်။
အဘိုးအို ဆာခိုဇီက ကန်တိုနာအား မျက်မှောင်ကုပ်လျက်ကြည့်လိုက်ရင်း၊ "ငါပြောတာက ကန်တိုနာ၊ အဲ့လူက မင်းကို နည်းနည်းလောက်လေး ချီးမွမ်းလိုက်တာနဲ့ မင်းကိုယ်မင်း သူခြေထောက်အောက်ဆီ ပစ်ဝင်လိုက်တာတော့ မဟုတ်နိုင်ပါဘူးနော်?"
ကန်တိုနာက ရယ်လိုက်ရင်း၊ "အဘိုးဆာခိုဇီ, အဘိုးက ကျွန်တော့ကို အရမ်းအထင်သေးတာပဲ။ မြို့စားက ကျွန်တော်တို့ လုပ်ငန်းစုကို ချီးမွမ်းခဲ့ပေမယ့်လည်း ကျွန်တော်တို့ လုပ်ငန်းကို ဘာအကျိုးမှမရစေဘူးလေ။ အဲ့အစား သူက စည်သွတ်သီးအလုပ်ရုံကို လွှမ်းမိုးမှု ပေါင်းထည့်ခဲ့တာက ဆိုးနေသေးပြီး ခိုရိုရွာကို အသီးတွေပဲစိုက်ခိုင်းပြီး ဂျုံတစ်စေ့တောင် မပါဘူး။ ခိုရိုရွာသာ ဂျုံစိုက်ရရင် ဘန်တာမြို့တော်ရဲ့ ကောက်ရိတ်အထွက်နှုန်းက တန်ပေါင်း ၈သိန်းတောင်ကျော်သွားလောက်တယ်။"
"အာ?" ၎င်းကိုကြားသော် အားလုံးထရပ်လိုက်ကာ၊
"မင်းရဲ့စကားတွေကနေ သုံးသပ်ကြည့်ရရင်၊ သူက စည်သွပ်သီးအလုပ်ရုံကို ပိတ်သိမ်းဖို့ စီစဉ်နေတာလား?"
ကန်တိုနာက ကူကယ်ရာမဲ့ သက်ပြင်းချကာ ပြောလာသည်၊ "သူက Frestech ကုန်သည်ကြီးများအသင်းကို သူတို့ရဲ့ အလုပ်ရုံကို တွန်းအားပေးပြီး ပိတ်ခိုင်းဖို့ မလုပ်ရဲဘူးလေ၊ ဒါပေမယ့် ဆောင်းဦးကောက်ရိတ်သိမ်းပွဲပြီးရင် ခိုရိုရွာကို သူတို့အားလုံးရဲ့ သစ်သီးပင်တွေ ဖယ်ခိုင်းရာမှာ ကျွန်တော်တို့လုပ်ငန်းကို ကူဖို့ တောင်းဆိုထားတယ်။"
"သူလုပ်ရဲတယ်ပေါ့!" ခိုရိုရွာမှ ရွာသားများမှာ ချက်ချင်း ထခုန်ပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်ကြရင်း၊ "ကျုပ်တို့ ဒီသစ်သီးပင်တွေကို စိုက်ဖို့ ခက်ခက်ခဲခဲကြိုးစားခဲ့ကြပြီး ၂နှစ်တောင်ကြာခဲ့တာ၊ သူတို့ကို တူးထုတ်ဖို့ သူ ကျုပ်တို့ကို ဘာလုပ်နိုင်မှာလဲ?"
"ဟုတ်တယ်၊ Frestechကုန်သည်ကြီးများအသင်းကတင် သစ်သီးတွေအားလုံးကို ဝယ်ရတာက ခက်ခဲနေပြီ။ မနက်ဖြန် ကျုပ်တောင် အသီးတချို့ ပိုစိုက်ဖို့ စီစဉ်ထားတာ။"
"သေစမ်း၊ ငါဒီ သစ်ပင်တွေကနေ တစ်နှစ်ကို ရွှေဒင်္ဂါးပေါင်း သုံးထောင်ဝင်ခဲ့တာ။ ဂျုံစိုက်တာကနေ ဘယ်လောက်များ ဝင်နိုင်မှာမို့လဲ? ရွှေဒင်္ဂါးသုံးဆယ်တောင်ရမှာလား? သူသာ ဒီသစ်သီးပင်တွေကို တူးထုတ်ချင်ရင် အဲ့ပိုက်ဆံတွေ သူငါ့ကိုပေးမှာလား?"
"ဒါတင်မကဘူး၊ ငါ့ဇနီးနဲ့ သမီးနှစ်ယောက်စလုံးက စည်သွပ်သီးအလုပ်ရုံမှာ လုပ်နေကြပြီး တစ်လကို ရွှေဒင်္ဂါးသုံးဆယ်လောက်ဝင်နေတာ။ ငါတို့သာ ငါတို့ရဲ့အသီးပင်တွေကို တူးထုတ်ရင် စည်သွပ်သီးအလုပ်ရုံက ဘယ်လိုဆက် လည်ပတ်မှာလဲ? ငါ့ဇနီးနဲ့ သမီးကတော့ အလုပ်ထပ်မရှိတော့ဘူးလား?"
"ဘာလို့ အဲ့ငတုံးမြို့စားက မသေရတာလဲ? ငါတို့မိသားစုက တစ်လမှာ ရွှေဒင်္ဂါးများများရဖို့ကို ဒီအပေါ်မှာ မှီခိုနေရာတာ အခုဆိုရင် စည်သွပ်သီးတွေကို ကောင်းကောင်းရောင်းရနေပြီ၊ အနာဂတ်မှာ ပိုကောင်းလာမယ့်လုပ်ထုံးတွေနဲ့ဆိုရင် သူငါတို့ကို ဒီလိုလုပ်ဖို့ မလိုပါဘူး! ဒါက ငါတို့ကို ရှင်သန်ဖို့ ခွင့်ပြုမနေတာပဲလေ!"
"သေစမ်း! အဖေဒါကို ထပ်မတောင့်ခံနိုင်တော့ဘူး၊ အဲဒီ့ သောက်မြို့စားကို သွားရှာပြီး ထွက်သွားတော့မယ်!"
…...
ယင်းက မတိုင်ခင်က အထွက်နှုန်းအကြောင်းပြောနေခြင်းဆိုလျှင် အားလုံးက သံသယအနည်းငယ်ဖြင့် ပြောဆိုနေကြမည်ပင်။ ယခုတွင် ထိုကိစ္စက ၎င်းတို့၏ ကိုယ်ပိုင်အကျိုးအမြတ်များနှင့် သက်ဆိုင်နေကြောင်း ကြားသော် အားလုံးက ချက်ချင်း မကျေမနပ်ဖြစ်သွားကြသည်။
မှန်ပါ၏၊ စည်သွပ်သီးအလုပ်ရုံနှင့် ထို ဥယျာဉ်ခြံမှရသည့် ဝင်ငွေနှင့်တင် ခိုရိုရွာသားများမှာ ပိုကောင်းသည့် ဘဝများတွင်နေနိုင်သည်။ ယခုတွင် ၎င်းတို့မှာ မြို့စားအိမ်တော်မှ အမိန့်တစ်ခုကြောင့် ၎င်းကိုဆုံးရှုံးပြီး ယခင်က ဆင်းရဲသည့်ဘဝများသို့ ပြန်ရဖို့ ဖြစ်လာရာ မည်သူကများ ၎င်းကို လက်ခံနိုင်ပါမည်နည်း။
ထိုအဖွဲ့မှာ ကျိန်ဆဲလိုက်သော်လည်း မည်သည့်အရာတစ်ခုသော်မျှ လုပ်နိုင်စွမ်းမရှိနေပါချေ။
အဆုံးတွင် ၎င်းတို့မှာ အားနည်းသော လယ်သမားများသာဖြစ်ပြီး ငတုံးမြို့စားကို ဆူဆဲရုံသာတတ်နိုင်ပါသော်လည်း ၎င်းနှင့်ပတ်သက်ပြီးမည်သည်ကိုမျှ မတတ်နိုင်ချေ။
အဘိုးအိုဆာခိုဇီကသာ တည်ငြိမ်နေ၏။ အနည်းငယ်စဉ်းစားပြီးနောက်၌ သူက ကန်တိုနာ၏ မျက်နှာထက်၌ အပြုံးတစ်ခုရှိနေသည်ကို သတိထားမိလိုက်ရာ သူ့စိတ်ကို ပြန်ပြောင်းပြီး မေးလိုက်၏၊ "ကန်တိုနာ၊ ငတုံးမြို့စားက ဒါကိုလုပ်လိုက်ရင် စည်သွပ်သီးအလုပ်ရုံက ပိတ်ရတော့မှာလား၊ ဥက္ကဌရှုက ဒါကို ဘယ်လို တုံ့ပြန်ခဲ့လဲ?"
ကန်တိုနာက အဘိုးအို ဆာခိုဇီ ကို ခေါင်းတချက်ငြိမ့်လျက် ချီးကျူးလိုက်သည်။ အားလုံးကြည့်လာသည်ကိုမြင်သော် သူက အပြုံးနှင့်ပြောလာ၏၊ "ဥက္ကဌရှုမှာက သူ့အစီစဉ်ရှိပြီးသားပါ။ ကျွန်တော် ခင်ဗျားတို့အားလုံးကို ဒီတစ်ခေါက် ဒီကိုခေါ်လိုက်တာက ဒီအစီစဉ်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုသဘောရကြောင်း မေးမလို့။"
"ပြောသာပြောပါ၊ ဥက္ကဌရှုရဲ့ အစီစဉ်ဆိုတော့ ကောင်းမှာပဲ"
"ဟုတ်တယ်၊ ဥက္ကဌရှုကပဲ ဘဝတွေကို ပိုကောင်းအောင်လုပ်နိုင်ပြီး ဒီငတုံးမြို့စားနောက်ကို လိုက်ရမှာက သေလမ်းကို လျှောက်နေရတာပဲ။"
"အမ်း၊ ကန်တိုနာ ငါတို့ကိုပြောပါ။ ဥက္ကဌရှုမှာ ဘာအစီစဉ်ပဲ ရှိရှိ ငါတို့လိုက်လုပ်မယ်။"
…...
"ဥက္ကဌရှုကို အခြားအရာတွေမှာ နားထောင်တာက ကောင်းပေမယ့် ဒီတစ်ခေါက်တော့ ရိုးရိုးသားသား စဉ်းစားသင့်တယ်လို့ ထင်ပါတယ်။" ကန်တိုနာက ပြောလိုက်၏၊
"အကြောင်းကတော့ ဥက္ကဌရှုရဲ့အစီစဉ်တွေက အားလုံးကို အခြားနေရာမှာ လယ်စိုက်ခိုင်းဖို့ပါ။"
"အခြားနေရာမှာ လယ်စိုက်ရမယ်? ဘယ်မှာလဲ?" အားလုံးက သံသယအပြည့်ဖြင့် မေးလိုက်သည်။
ကန်တိုနာက အပြုံးတစ်ပွင့် ထုတ်ပြလာသည်။ ရှုယီ၏ အစီစဉ်ကို ပထမဆုံးကြားသည့်အချိန်က သူပင် အံ့အားသင့်သွားရာ ထိုလူများလည်း ၎င်းကိုကြားချိန်၌ သူ့ထက်ပင် ပိုမို အံ့အားသင့်နေကြ၏။
"အဲဒီ့နေရာကတော့... စတက်တိန်း နယ်မြေပါ။"
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၂၆။ အကြီးအကဲအီလူရှာ၏ ကျေနပ်အံ့ဖွယ်ရာ
"ဥက္ကဌရှု၊ မင်းတကယ်ပဲ ခိုရိုရွာက စည်သွပ်သီးအလုပ်ရုံကို ပိတ်လိုက်တော့မလို့လား?" အကြီးအကဲ အီလူရှာက မျက်မှောင်ကုပ်လိုက်ရင်း ရှုယီအား ပူပန်နေဟန်ဖြင့် ကြည့်နေခဲ့သည်၊ "ကောင့်ထ်စတက်ဂျ်ကို ဒီလိုလိုက်လျောပေးနေတာတွေက မကောင်းဘူး၊ သူက ပိုပြီး လွန်လာမှာမို့လို့ပဲ။"
"ကျုပ်တို့သာ မလိုက်လျောရင်၊ ဦးတည်ပြီးတိုက်ခိုက်ဖို့ပဲရှိတယ်လေ။ ကျုပ်နဲ့ ကျုပ်တို့ Frestechကုန်သည်ကြီးများအသင်းမှာ လတ်တလော အင်အားမရှိတာ နှမျောစရာပဲ။" ရှုယီက ပြုံးလိုက်သည်မှာ ထိုကိစ္စကို ဂရုမထားနေသလိုပါပင်၊ "အင်းပေါ့၊ ကျုပ်အမြဲလိုလိုတော့ လိုက်လျောပေးမှာ မဟုတ်ပါဘူး။ အချိန်ကျလာရင်၊ ပြန်တိုက်ခိုက်မှာပါ။ ကောင့်ထ်စတက်ဂျ်က လက်ရှိမှာ သူ့ရဲ့တက်ချိန်ရောက်နေပေမယ့် မကြာခင်မှာ သူက စတေးခံပဲဖြစ်လာလိမ့်မယ်။"
"မင်းတို့ လမ်ပူရီတိုင်းပြည်က မူဝါဒ ရုန်းကန်မှုကြောင့်လား?" အကြီးအကဲ အီလူရှာက ရှုယီက အဓိပ္ပာယ်ပါပါကြည့်လိုက်သည်။
ရှုယီက ရယ်လိုက်၏။ သူဟာ ထိုခေါင်းစဉ်ကို ထပ်မပြောတော့ဘဲ အကြီးအကဲ အီလူရှာအား ပထမမေးခွန်း ပြန်ဖြေပေးလိုက်သည်။
"ဒီစည်သွပ်သီးအလုပ်ရုံအတွက်က လတ်တလောမှာ ဆက်လည်ပတ်ဖို့ နည်းလမ်းမရှိတော့ပေမယ့်လည်း မပိတ်ဘဲ အဲ့မှာပဲ ဆက်ထားမှာပါ။"
"ဘာလို့လဲ? ဘာအလုပ်မှမလုပ်ဘဲ အလုပ်ရုံကိုဆက်ထိန်းထားဖို့က ဘာအဓိပ္ပာယ်ရှိမှာလဲ?" အကြီးအကဲ အီလူရှာက အံ့ဩနေသံဖြင့် ဆိုလိုက်၏။
"ဟင့်အင်း၊ အဓိပ္ပာယ်ကြီးကြီးရှိတယ်။ ပထမက သင်္ကေတပဲ၊ ဒါက ကျုပ်တို့ Frestechကုန်သည်ကြီးများအသင်းအနေနဲ့ စည်သွပ်သီးတွေအပေါ်မှာ လက်မလျှော့ကြောင်း ဆိုလိုတယ်။ ပြီးတော့ ကျုပ် ဒီအလုပ်ရုံရဲ့တည်နေရာကို အင်မတန်စိတ်တိုင်းကျတယ်၊ ဒါကြောင့် အချိန်ကျလာတာနဲ့ အနာဂတ်မှာ ဘယ်အချိန်မဆို ပြန်ဖွင့်နိုင်တယ်။" ရှုယီက ပြောလိုက်သည်။
"ဒါပေမယ့် မင်း အလုပ်ရုံရဲ့ လုပ်သားတွေကို ကန်တိုနာကုန်သည်ကြီးများအသင်းကနေတစ်ဆင့် စတက်တိန်းနယ်မြေဆီ ပြောင်းပြီးပြီပဲ မဟုတ်လား?" ထိုသို့ပြောရင်း အကြီးအကဲ အီလူရှာက ချီးကျူးလိုက်၏၊ "ပြောရရင်၊ ဥက္ကဌရှုက ဒီလောက်ထူးကဲတယ်လို့ ကျွန်မထင်တယ်၊ တကယ်ကိုပဲ စတက်တိန်းနယ်မြေကနေ တစ်သိန်း ဟက်တာရှိတဲ့ မြေကို ငှားရမ်းခဲ့တယ်နော်။ ဒါက စတက်တိန်းနယ်မြေက လယ်မြေတွေရဲ့ ငါးပုံတစ်ပုံနဲ့တောင် ညီမျှနေတယ်။"
"ဒါက မများပါဘူး။" ရှုယီက ခပ်ဖျော့ဖျော့ပြုံးလိုက်ကာ၊ "တကယ်တော့ ဖြစ်နိုင်ရင် ကျုပ်က စတက်တိန်း နယ်မြေမှာရှိတဲ့ လယ်မြေတွေအားလုံးကို ငှားရမ်းချင်တာ။ ဒါပေမယ့် နှမျောစရာက စတက်တိန်းနယ်မြေမှာ ထူးခြားမှုတချို့ရှိပေမယ့်လည်း ဒါက မလုံလောက်ဘူးလေ။"
အကြီးအကဲ အီလူရှာက နှုတ်ခမ်းကို ဖိကပ်ကာ ပြုံးလိုက်သည်၊
"ဥက္ကဌရှု၊ ရှင် စတက်တိန်းနယ်မြေတစ်ခုလုံးကို ဝယ်ချင်တာလို့ ပြောလည်းရပါတယ်။"
"စတက်တိန်းနယ်စားကြီးသာ ရောင်းဖို့ ဆန္ဒရှိရင် ကျုပ်တကယ်ပဲ ဝယ်ချင်မိပါတယ်ဗျာ။" ရှုယီက ပခုံးတွန့်ကာဆိုလိုက်ရင်း၊ "အင်း၊ ကျုပ်တို့လုပ်ငန်းစုရဲ့ လက်ရှိအင်အားနဲ့ဆိုရင် စတက်တိန်းနယ်မြေကို တစ်ပြိုင်နက်တည်း သိမ်းယူလို့မရဘူး၊ ဒါကြောင့် ဖြည်းဖြည်းချင်းပဲ သွားနေရတာပေါ့။"
အကြီးအကဲ အီလူရှာက ရှုယီကို ခေတ္တမျှကြည့်လိုက်ပြီး ခေါင်းခါလျက် သက်ပြင်းချကာ ပြောလိုက်သည်၊ "စတက်တိန်းနယ်မြေက သူတို့အိမ်ထဲ ကျားတစ်ကောင်ကို ဖိတ်ခေါ်ထားတယ်လို့တောင် ကျွန်မခံစားရတယ်။ စတက်တိန်းနယ်စားက ဘာကြောင့် ဒီလိုနယ်မြေ ကြီးကြီးမားမားကို ရှင့်ဆီ ငှားရမ်းဖို့ ဆန္ဒရှိရသလဲကို သိချင်မိပါတယ်၊ သူက ဒါရဲ့ အားနည်းချက်ကို မသိလို့များ ဖြစ်နိုင်မလား?"
"သူသိပါတယ်၊ ဒါပေမယ့် သူဂရုမစိုက်ဘူးလေ။" ရှုယီက အပြုံးဖြင့်ပြောလိုက်သည်၊ "စတက်တိန်းနယ်မြေရဲ့ အနာဂတ်နဲ့ယှဉ်ရင် စတက်တိန်းနယ်စားက သူ့ရဲ့လက်ရှိအကျိုးအမြတ်ကိုပဲ ဂရုစိုက်တာ။ စတက်တိန်းနယ်မြေက လူတွေ အရမ်းပျင်းလွန်းတာကို မပြောနဲ့ဦး၊ ကျုပ်တို့မငှားခဲ့ရင်တောင်မှ အဲ့မြေမှာ စိုက်ပျိုးကြမှာမဟုတ်ဘူး။ အခု ကျုပ်တို့လုပ်ငန်းစုက ဒီနယ်မြေကို ငှားလိုက်တော့ ကျုပ်တို့သူ့ဆီ တစ်နှစ်ကို ရွှေဒင်္ဂါးပြားသုံးသိန်းပေးရတာတင်မကဘဲ စတက်တိန်းနယ်မြေကို ဂျုံ သုံးဆယ်ရာခိုင်နှုန်းပါ ပေးရမှာလေ။ ဒီမှာ ဆုံးရှုံးတာဘာမှမရှိတော့ သူက ဘာကြောင့်များ သဘောမတူဘဲနေမလဲ?"
အကြီးအကဲ အီလူရှာက ၎င်းကို အတန်ငယ်တွေးတောပြီးနောက် ခေါင်းခါကာ သက်ပြင်းထပ်ချလိုက်သည်၊ "ကျွန်မ ရှင်တို့လူသားတွေကို တကယ်ပဲနားမလည်တော့ဘူး။ ဘာလို့တချို့လူတွေကျတော့ ဥက္ကဌရှုလို လိမ္မာပါးနပ်၊ ဝီရိယရှိကြပြီး တချို့ကျတော့ စတက်တိန်းနယ်စားလို ပျင်းရိ၊ မိုက်မဲကြတာလဲ?"
"ဒါကြောင့် ကျုပ် ခင်ဗျားကို ဟိုးအရင်က ပြောခဲ့တာ၊ လူသားတွေအကြားမှာ ကြီးမားတဲ့ ခြားနားချက်တွေရှိပါတယ်လို့လေ။ လူပုလေးတွေ နတ်သူငယ်တွေလိုမျိုး အများအားဖြင့် ကိုယ်ကျင့်စရိုက်တူကြတာမျိုးက မရှိဘူး။" ရှုယီက အပြုံးဖြင့်ပြောလာသည်။
"ဖြစ်နိုင်တာကတော့ ဒါက အခြားလူမျိုးတွေမှာရှိတဲ့ ပြစ်ချက်ပဲ။" အကြီးအကဲအီလူရှာက ထို့နောက် မေးလာသည်၊ "ဒါပေမယ့် ဥက္ကဌရှု၊ ရှင်ရဲ့လုပ်ငန်းစုအနေနဲ့ တစ်နှစ်ကို ရွှေဒင်္ဂါးသုံးသိန်းပေးရရုံတင်မကဘဲနဲ့ ရိတ်သိမ်းလို့ရတဲ့ အထဲက ၃၀ရာခိုင်နှုန်းကိုပါ ပေးရဦးမယ်ပေါ့လေ။ ကျွန်မနားမလည်ဘူး၊ ရှင့်လုပ်ငန်းစုက အဲ့ကနေ ဘယ်လို ငွေဝင်မှာတဲ့လဲ?"
ရှုယီက အကြီးအကဲအီလူရှာကိုကြည့်၍ သူမမျက်လုံးထဲမှ လမ်းညွှန်မှုကိုတောင်းဆိုနေသည့် အရိပ်အယောင်ကို မြင်သော် သူဟာ မပြုံးဘဲ မနေနိုင်တော့ချေ။
ညတေးသံမျိုးနွယ်စုမှ ၎င်းတို့၏ရာဘာထုတ်ရုံကို တည်ထောင်လိုက်ကတည်းက အလုပ်ရုံ၏ တာဝန်ခံ အမ်လုဒ်နှင့် ပြင်ပရေးရာများ၏တာဝန်ခံ ဒယ်လီတို့အနေနှင့် လူသားစီးပွားရေးဗဟုသုတများစွာကို စတင်လေ့လာခဲ့ကြရုံမျှမက အကြီးအကဲအီလူရှာသည်ပင် ရှုယီဆီမှ စီးပွားရေးအတွေ့အကြုံကို လေ့လာရန် အခွင့်အရေးယူနေသည်ပင်။
ရှုယီမှာ ၎င်းတို့ အောင်မြင်မည်ကို ဝမ်းမြောက်စွာကြည့်ရှုကာ မည်သည်ကိုမှ မဖုံးကွယ်ထားချေ။ သူက ပြန်ဖြေလိုက်၏၊ "ခင်ဗျား စတက်တိန်းနယ်မြေဆီ ဒီနယ်မြေကို လေ့လာဖို့သွားရင် အဲဒီ့နယ်မြေက သဘာဝရင်းမြစ်တွေနဲ့ ပြည့်နေကြောင်း ရှာတွေ့လိမ့်မယ်။ စတက်တိန်းနယ်မြေရဲ့ နယ်မြေက အပင်တွေ စိုက်ပျိုးကြီးထွားဖို့အတွက် မြေသြဇာကြွယ်ပြီး သင့်တော်တယ်။ အဲ့မှာသာ အပင်စိုက်မယ်ဆိုရင် လယ်ကွင်းထဲ အစေ့တွေပစ်ထည့်လိုက်တာနဲ့တင် ဘာမှမလုပ်ဘဲ ကြွယ်ဝတဲ့ ကောက်ပဲသီးနှံကို ရရှိနိုင်တယ်။ ပြဿနာတစ်ခုကတော့ သဘာဝဘေးအန္တရာယ်ပဲ။"
"ဒါက အဲ့လောက်တောင် ကြီးကျယ်တာလား?" အကြီးအကဲအီလူရှာက အံ့ဩသွားဟန်ပေါ်နေ၏၊ "လရိပ်မျိုးနွယ်စုသားတွေ ငါတို့ ညတေးသံမျိုးနွယ်စုကို ကျော်လွန်နိုင်တာ အံ့ဩစရာမဟုတ်တော့ဘူးပဲ၊ ဒါက ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကြောင့်ဖြစ်ရမယ်။"
"သူတို့ကို အားကျဖို့ မလိုပါဘူး။ အခု ညတေးသံမျိုးနွယ်စုရဲ့ အခြေနေတွေက အရင်ကနဲ့စာရင် အတော်လေးပိုကောင်းနေပြီး ခင်ဗျားတို့ လူဦးရေတောင် မြန်မြန်တိုးတက်လာတယ်မဟုတ်ဘူးလား?"
ထိုကိစ္စကိုပြောလိုက်သော် အကြီးအကဲအီလူရှာက ထိမိသွားသော အပြုံးကိုပေးလာ၏။
"ဟုတ်တယ်၊ ဒီနှစ်က မကုန်သေးဘဲနဲ့ မျိုးနွယ်စုထဲမှာ အသစ်မွေးထားတဲ့ နတ်သူငယ်လေး နှစ်ယောက်ရှိလာတယ်၊ ဒါက တကယ်ကို ကျေနပ်အံ့ဩဖွယ်ရာပဲ။"
အကြီးအကဲအီလူရှာ၏ ပျော်ရွှင်နေသည့်အသွင်ကို ကြည့်ရင်း ရှုယီမှာ အနည်းငယ် ဆွံ့အသွားရသည်။
ညတေးသံ မျိုးနွယ်စုမှာ လူဦးရေ တစ်ထောင်ဝန်းကျင်ရှိပြီး ၎င်းတို့သာ လူသားများဆိုပါလျှင် တစ်နှစ်ကို ကလေးများ ဒါဇင်ချီ မွေးထုတ်နိုင်လိမ့်မည်။
အငတ်ဘေးနှင့်ကြုံခဲ့ရသည့် လမ်ပူရီတိုင်းပြည်သည်ပင် ငြိမ်းချမ်းရေးရသွားသည်နှင့် မွေးဖွားနှုန်းက လူဦးရေ၂၀ရာခိုင်နှုန်းထက် နိမ့်ကျမသွားပါချေ။
ညတေးသံမျိုးနွယ်စုထံ၌ တစ်နှစ်ထဲတွင် နတ်သူငယ်နှစ်ယောက် မွေးဖွားခဲ့သည်က အကြီးအကဲအီလူရှာအား ထိုမျှပျော်စေနိုင်သည်ဆိုလျှင် နတ်သူငယ်များ၏ မွေးဖွားနှုန်းက မည်မျှနိမ့်သည်ကိုသိနိုင်၏။
အကြောင်းမှာ နတ်သူငယ်များက လူသားများနှင့်စာလျှင် များစွာ ကြာအောင် အသက်ရှင်နေထိုင်ရပြီး မွေးဖွားနှုန်း လျော့နည်းသည်က သဘာဝပါပင်၊ သို့ရာ၌ ထိုမွေးဖွားနှုန်းက အင်မတန် နည်းပါးလွန်းလှသည်။
သို့သော် ရှုယီက မည်သည့် အထူးအကြံဉာဏ်မှမပေးပ်ချေ။ မည်သို့ဆိုစေ နတ်သူငယ်များ၏ မွေးဖွားနှုန်းနိမ့်ကျခြင်းက လူသားများအတွက် ကောင်းသည့်အရာဖြစ်ကာ အနည်းဆုံး ၎င်းတို့အနေနှင့် နတ်သူငယ်များစွာက လူသားများအတွက် ခြိမ်းခြောက်မှုဖြစ်လာမည်အား စိုးရိမ်ဖို့ မလိုတော့ချေ။
"အကြီးအကဲအီလူရှာ၊ အခု Frestech ကုန်သည်ကြီးများအသင်းက စတက်တိန်းနယ်မြေမှာ စည်သွပ်သီးအလုပ်ရုံနဲ့ မိုင်းတွင်းတွေ တည်ဆောက်တော့မှာ။ နောက်ပိုင်း ကန်တိုနာကုန်သည်ကြီးများအသင်းသာ စတက်တိန်းနယ်မြေမှာ ခိုင်ခိုင်မာမာရပ်တည်လာနိုင်ရင် ကျုပ် အဲဒီ့စတက်တိန်းနယ်မြေမှာ ထုတ်လုပ်ရေးဌာနတစ်ခု တည်ဆောက်ဖို့ စီစဉ်ထားတယ်။ ခင်ဗျားတို့ ညတေးသံမျိုးနွယ်စုက စတက်တိန်းနယ်မြေမှာ ပလက်စတစ်ထုတ်ရုံတစ်ခု တည်ဆောက်ဖို့ ဒီအခွင့်အရေးကို သုံးချင်လား? ကျုပ်နောက်ဆုံးတစ်ခေါက် အဲ့ကိုသွားတော့၊ ရာဘာသစ်ပင်တွေတော်တော်များများတွေ့ခဲ့ပြီး အင်မတန်လည်း အသုံးဝင်ကြတယ်။ ခင်ဗျားသာ ဒီစက်မှုနယ်ပယ်ကို ဆုပ်ကိုင်ထားမယ်ဆိုရင် အနာဂတ်မှာ ရှင်သန်နိုင်ရေးအတွက် စိုးရိမ်ဖို့ မလိုတော့ဘူး။" ရှုယီက အကြံပြုလိုက်သည်။
အကြီးအကဲအီလူရှာက ခေါင်းငြိမ့်လိုက်ရင်း၊ "ဥက္ကဌရှုက နောက်ဆုံးတစ်ခေါက်တုန်းကလည်း ကျွန်မကို ဒီကိစ္စ ပြောပြထားတော့ ကျွန်မမှာ ဒီအစီစဉ်ရှိနေပြီးသားပါ။ ဒီအခွင့်အရေးနဲ့၊ ကျွန်မတို့တွေ လရိပ်မျိုးနွယ်စုဆီကိုပါ ပိုနီးကပ်လာနိုင်တာကြောင့် အရမ်းကို ဝမ်းသာပါတယ်။"
"ဒါဆိုဒါကကောင်းတာပေါ့။ နောက်တစ်ခေါက် ဥက္ကဌ ကန်တိုနာ၊ စတက်တိန်းနယ်မြေကနေ ပြန်လာရင် ခင်ဗျားရဲ့ အကောင်းဆုံးလူတွေကို သူနဲ့အတူ စတက်တိန်းနယ်မြေမှာ လေ့လာကြည့်ဖို့ ထည့်လိုက်သင့်တယ်၊ လရိပ်မျိုးနွယ်စုကိုလည်း ဆက်သွယ်ရင်းနဲ့ပေါ့။" ရှုယီက ပြောလိုက်၏။
"ဟုတ်ပါပြီ"
ရှုယီနှင့် ထိုကိစ္စကို ဆွေးနွေးပြီးသည့်နောက်တွင် အကြီးအကဲအီလူရှာက မိုးကျတောကို ချက်ချင်း မပြန်ခဲ့ဘဲ ညတေးသံမျိုးနွယ်စု၏ ရာဘာထုတ်ရုံဆီ စစ်ဆေးဖို့ သွားလိုက်လေသည်။
ညတေးသံမျိုးနွယ်စုအနေနှင့် ၎င်းတို့၏ ရာဘာထုတ်ရုံကို မိုးကျတောင်ကြား၌ တည်ဆောက်ပြီးကတည်းက အကြီးအကဲအီလူရှာမှာ မိုးကျတောကို ဘယ်တော့မှမခွာဟူသည့်စိတ်အား ပြောင်းလဲခဲ့သည်။ ယခုတွင် သူမက မိုးကျတောင်ကြားကိုပင် တစ်ချက်ကြည့်ရန် ရံဖန်ရံခါလာရောက်နေပြီဖြစ်သည်။
အလုပ်ရုံအား တည်ထောင်ပြီးနောက်တွင် ၎င်းက လအတန်ကြာ အတော်ကောင်းမွန်စွာ လည်ပတ်ခဲ့သည်ဟု ဆိုရပေမည်။
ရှုယီ၏အကူအညီနှင့် ဒယ်လီ၏အားထုတ်မှုတို့ဖြင့် ရာဘာထုတ်ရုံမှာ ဘန်တာမြို့တော်၌ ဈေးကွက်တစ်ခု ဖွင့်လှစ်ခဲ့သည်။
အစ်မဆာရာအတွက် ပလက်စတစ်အဝတ်ချိတ် တစ်ရာလုပ်ပြီးသည့်နောက်၌ ၎င်းတို့မှာ သူမဆီမှ ချီးကျူးမှုရခဲ့ပြီး နောက်ထပ် အဝတ်ချိတ်ထောင်ချီ အမှာစာရခဲ့သည်။ ထို့နောက်တွင် အစ်မဆာရာနှင့် ဘန်တာတိုင်းမ်စ်တို့၏ ကြော်ငြာပေးမှုများကြောင့် ပလက်စတစ်အဝတ်ချိတ်များမှာ ဘန်တာမြို့တော်၌ လူသုံးများလာသည်။
ထို ပလက်စတစ်အဝတ်ချိတ်များက အင်မတန်ချောမွတ်လှရာ အဝတ်များအားထိခိုက်စေမည့် သစ်သားကြမ်းများကိုလည်း ပူနေစရာမလိုတော့ပါချေ။ ၎င်းတို့မှာ အတော်လေးသုံးရအဆင်ပြေမည့် အရောင်စုံ ဒီဇိုင်းစုံနှင့်ပင် မှာယူလာကြသည်။
အရေးကြီးဆုံးမှာ ပလက်စတစ်အဝတ်ချိတ်များက သစ်သားအဝတ်ချိတ်များထက် ဈေးချိုနေခြင်းပင်။
အစ်မဆာရာ၏ သစ်သားအဝတ်ချိတ်များမှာ သာမန်အရည်အသွေးသာရှိပြီး အတော်လေးဈေးပေါလှရာ ပျှမ်းမျှ ငွေဒင်္ဂါး၁၇ပြားကုန်ကျ၏။
ညတေးသံမျိုးနွယ်စု၏ ရာဘာထုတ်ရုံမှ ပလက်စတစ်အဝတ်ချိတ်များမှာ ငွေဒင်္ဂါးသာ ကျသဖြင့် ပို၍ဈေးချိုသည်မှာ သံသယရှိဖွယ်ပင်မလိုချေ။
ထို့ကြောင့် တစ်လတည်းတွင် ရာဘာထုတ်ရုံမှ ပလက်စတစ်အဝတ်ချိတ် လေးသောင်းကျော် ရောင်းထွက်ခဲ့သည်။ ဘန်တာမြို့တော်၏ အမျိုးမျိုးသော အဝတ်ရောင်းဆိုင်များရှိ အဝတ်ချိတ်များအားလုံးမှာ ပလက်စတစ်ဖြင့် ပြုလုပ်ထားခြင်းဖြစ်၏။
ရာဘာထုတ်ရုံအတွက် သတ္တုများမှာ မိုးကျတောမှလာပြီး ၎င်းတို့၏လုပ်သားများကလည်း နတ်သူငယ်များဖြစ်သောကြောင့် ကုန်ကျမှုမှာလည်း လျစ်လျူရှုထား၍ပင်ရသည်။ ထို့ကြောင့် ထို ပလက်စတစ်အဝတ်ချိတ်လေးသောင်းမှ ရွှေဒင်္ဂါးငါးထောင်ကိုရရှိခဲ့ပြီး အားလုံးမှာ အသားတင်အမြတ်အစွန်းပင် ဖြစ်တော့၏။
၎င်းက မများလှပါသော်လည်း ရှုယီနှင့် စတေးလ်ထံမှ အစပိုင်းရရှိသည့် အကူအညီတချို့မှလွဲ၍ အခြားအလုပ်များအားလုံးကို ညတေးသံမျိုးနွယ်စု၏ နတ်သူငယ်များသာလုပ်ဆောင်ခဲ့ရသည်။ ထို့ကြောင့် ၎င်းတို့အတွက် ရွှေဒင်္ဂါးငါးထောင်မှာ အောင်မြင်မှုကို ခံစားရစေပြီး ၎င်း၏ တန်ဖိုးထက်ပင် စိတ်ကျေနပ်ခြင်းက ကျော်လွန်နေပါ၏။
၎င်းကြောင့် အကြီးအကဲအီလူရှာနှင့် ညတေးသံမျိုးနွယ်စု၏ နတ်သူငယ်များက ရှုယီထံ များစွာ ကျေးဇူးတင်နေကြတော့သည်။
ရှုယီ၏ ထောက်ပံ့ကူညီမှုတို့ကြောင့်သာမဟုတ်ပါက ၎င်းတို့ဘာသာလုပ်ပါလျှင် နှစ်တစ်ရာကြာလျှင်တောင် ခြေတစ်လှမ်းပင် လှမ်းနိုင်ခဲ့လိမ့်မည် မဟုတ်ပါချေ။
ထို့အပြင် ပလက်စတစ်အဝတ်ချိတ်များရောင်းချခြင်းနှင့်အတူ ညတေးသံမျိုးနွယ်စုမှာ ၎င်းတို့၏ လူသဏ္ဍာန်မော်ဒယ်များကိုပါ ချပြလာကြပြီးနောက် အာမန်နီကုန်သည်ကြီးများအသင်းအပါအဝင် အဝတ်အစားနှင့်ဆိုင်သည့် လုပ်ငန်းများအားလုံးက အမှာစာများပေးပို့လာကြသည်။
ထို့အပြင် ပလက်စတစ်ကိုသုံး၍ အခြားထုတ်ကုန်များပါ ထုတ်လုပ်နိုင်ရန် ဒယ်လီကို တောင်းဆိုလာကြသည့် လုပ်ငန်းစု များစွာလည်းရှိသည်။
ထို့ကြောင့် ထိုအချိန်အတွင်း ၎င်းက ဒယ်လီဖြစ်စေ ရာဘာထုတ်ရုံဖြစ်စေ အားလုံးမှာ အတော်အလုပ်များနေကြသည်ပင်။
မှန်ပါ၏၊ ထိုသို့သော အလုပ်များမှုက ၎င်းတို့ကို ပျော်ရွှင်စေသည်။
အကြီးအကဲအီလူရှာက မြန်မြန်လျှောက်သွားသည်ကို မြင်သော် ရှုယီမှာ မပြုံးဘဲ မနေနိုင်တော့ချေ။ သူက မိုးကျလမ်းမထက် လျှောက်ရန် လှည့်လိုက်ပြီး သူ့မျက်လုံးများက မီတာ ၂ရာကျော်ရှည်သည့် ယာဉ်တန်းကြီးကို ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူ၏မျက်လုံးများက အတန်ကြာစောင့်ဆိုင်းနေခဲ့ကြသည့်ဥက္ကဌခရုစ်, ဥက္ကဌ ရန်နာဆာနှင့် ဥက္ကဌဗင်းဆင့်ထ်တို့ဆီ ကျရောက်သွားပြီး လက်ဝေ့ယမ်းပြလိုက်သည်။
"ဟုတ်ပြီ၊ စကြစို့"
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၂၇။ ပူးတွဲစီးပွားရေးလုပ်ငန်း
၎င်းက ဆန်နက်မြေရိုင်းကို ဦးတည် ဖြတ်သန်းခဲ့သည့် မီတာတစ်ရာရှည်သော ယာဉ်တန်းကြီးပင်။ ၎င်းအား အပေါ်စီးမှကြည့်လိုက်လျှင် နယ်မြေကို လျင်မြန်စွာ ဖြတ်သန်းနေသည့် တီကောင်တစ်ကောင်နှင့်ပင် တူနေ၏။
ရှုယီက လေထဲတွင် ရပ်ကာ အဝေးတစ်နေရာမှ အစိမ်းရောင်ပြပြကိုကြည့်ရင်း အပြုံးဖျော့ဖျော့ကို ထုတ်ပြလိုက်သည်။
နတ်သူငယ်များက တကယ်တမ်းမှာ သစ်တော၏ အဖိုးတန်မျိုးနွယ်စုဖြစ်ရာ ၎င်းတို့ထံ၌ အပင်များနှင့်ခိုင်မာသောရင်းနှီးမှုရှိသည်။
ဆန်နက်မြေရိုင်းမှာ အပင်များစိုက်ပျိုးဖို့ရန် မသင့်တော်ပါသော်လည်း ညတေးသံမျိုးနွယ်စု၏ နတ်သူငယ်များမှာ ဗော်လာမျိုးနွယ်စုအပြင်ဘက် မြေရိုင်း၌ သစ်တောတစ်ခုအား တစ်နှစ်လောက်ပင် မကြာဘဲ ဖန်တီးနိုင်သည်။
နတ်သူငယ်မြို့စောင့်စစ်သည်များထံမှ တင်ပြချက်အရ ဗော်လာမျိုးနွယ်စုဝန်းကျင်ရှိ သစ်တောများမှာ သုံးဆယ်ဟက်တာကိုပင်ကျော်လျက် ဗော်လာမျိုးနွယ်စု ထိန်းချုပ်နိုင်သည့် နယ်နိမိတ်ကိုပင် လွန်နေသည်။
ဆန်နက်မြေရိုင်း၏သစ်တောစီမံကိန်းကို ချပြရန်အလို့ငှာ Frestech ကုန်သည်ကြီးများအသင်းမှာ ဗော်လာမျိုးနွယ်စုအနီးရှိ မျိုးနွယ်လေးစုနှင့် သဘောတူညီသည်အထိ ရောက်ရှိခဲ့သည်။ အဆုံး၌ ၎င်းတို့မှာ နတ်သူငယ်များအား ၎င်းတို့မျိုးနွယ်စုအနီးရှိ အပင်များကို အသွင်ပြောင်းခွင့်ပြုရန် သဘောတူလိုက်ကြ၏။
Frestechကုန်သည်ကြီးများအသင်းအနေနှင့် သားရဲလူမျိုးတစ်ရာထက်မနည်းကို မိမိတို့လုပ်ငန်းအတွက် လုပ်သားများအဖြစ်ခန့်အပ်ရန် တန်ဖိုးပေးချေရမည်ဖြစ်ရာ ထိုသားရဲလူမျိုးများအတွက် အလုပ်သမားကတ်များကို ဂရုစိုက်ပေးနေရသည်။
ထို အစီစဉ်က Frestechကုန်သည်ကြီးများအသင်းမှာ အင်မတန်တည်ငြိမ်ကာ ဆန်နက်မြေရိုင်းပေါ်၌ သစ်တောများစိုက်ပျိုးရန် သားရဲလူမျိုးများ၏ အဆိုကို လက်ခံလိုက်ဟန်ပေါ်သော်လည်း တကယ်တမ်းမှာ ၎င်းက ရှုယီ၏ အစီအစဉ်များသာဖြစ်သည်။
သူဟာ ဆန်နက်မြေရိုင်း၌ အေးဆေးခိုင်မာစွာ အမြစ်တွယ်ချင်ပါလျှင် ထိုသားရိုင်းလူမျိုးများအားလိုက်လျောဖို့က မှားယွင်းသည့်ရွေးချယ်မှုမဟုတ်ကြောင်း သေချာသိသည်ပင်။ အကောင်းဆုံးသော နည်းလမ်းမှာ ဗော်လာမျိုးနွယ်စုကဲ့သို့ ကျေနပ်မှုမူဝါဒကို လက်ခံရန်ဖြစ်ပြီး ၎င်းတို့အား Frestechကုန်သည်ကြီးများအသင်း၏စနစ်ထဲသို့ ပေါင်းထည့်ရန်ဖြစ်၏။
သတ္တုပျော့မိုင်းတွင်းနှင့် Frestechကုန်သည်ကြီးများအသင်း၏ အပျော့စားသတ္တုအရည်ဖျော်ခြင်းအလုပ်ရုံ၌ လုပ်ကိုင်နေကြသူများမှာ တစ်ရာကျော်ပြီး ရှုယီသာ မည်သည်ကိုမှမပြောခဲ့ပါလျှင် ဗော်လာမျိုးနွယ်စုက ၎င်းတို့၏ ခက်ခက်ခဲခဲရရှိထားသော အလုပ်ဖြစ်သည့် မိုင်းတွင်းနှင့် အလုပ်ရုံကို ကာကွယ်ကြလိမ့်မည်။
ပထမဆုံးအကြိမ်တွင် ရှုယီက ဤနေရာ၌ နတ်သူငယ်စစ်သည်တစ်ရာနှင့် လူပုလေးစစ်သည်နှစ်ရာတို့အား ထားခဲ့သော်လည်း နောက်ဆုံးတစ်ခေါက် မြို့စောင့်တပ်အား လျှော့ချပြီးနောက်တွင် နတ်သူငယ်စစ်သည် ငါးဆယ်နှင့် လူပုလေးစစ်သည် တစ်ရာတို့သာ ကျန်ခဲ့သည်။
ယခုတွင် အစောင့်များအဖြစ် စုဆောင်းခံခဲ့ရသော လူသားများမှာမူ တစ်ရာထက်ပင် မပိုတော့ချေ။
ထိုသို့ဖြစ်နေပါလျှင်တောင် ဗော်လာမျိုးနွယ်စု၏ သဘောထားပြောင်းလဲမှုကြောင့် ထိုမိုင်းတွင်းနှင့် အရည်ဖျော်အလုပ်ရုံတို့၏အန္တရာယ်မှာ များစွာ ကျဆင်းသွားခဲ့သည်။
၎င်းက အခြားမျိုးနွယ်စုများနှင့်အတူ အကျိုးဖြစ်စေခဲ့သည့် အရာပါပင်။
ဗော်လာမျိုးနွယ်စု၏ဘဝများက လူသားများနှင့် ပူးပေါင်းပြီးနောက် ပြောင်းလဲသွားသည်ကိုမြင်သော် အနီးစပ်ဆုံးသားရဲလူမျိုးနွယ်စုလေးစုတို့မှာလည်း လူသားတို့နှင့် ပူးပေါင်းရန် တွေးဆလာကြသည်။
ဤတစ်ကြိမ်၌ အာမန်နီကုန်သည်ကြီးများအသင်း ဥက္ကဌဗင်းဆင့်ထ် ရောက်လာပြီး ၎င်းတို့အား ထိုအခွင့်အရေးကိုပေးအပ်ခဲ့ပါ၏။
Frestechကုန်သည်ကြီးများအသင်းနှင့် ဗော်လာမျိုးနွယ်စုတို့မှတစ်ဆင့် သားရဲလူမျိုးနွယ်လေးစုမှာ ထိုလူသားလုပ်ငန်းစုလေးစုနှင့်အတူ ပူးပေါင်းခြင်း သဘောတူညီချက်များ လုပ်ဆောင်ခဲ့ပါ၏။
ဗော်လာမျိုးနွယ်စုအနီးရှိ ပိုမို နက်ရှိုင်းသောနေရာတွင် ထို လုပ်ငန်းစုလေးခုမှာ ထုတ်လုပ်ရေးဌာနငယ်ကိုတည်ဆောက်ထားပြီး ၎င်းတို့၏ကိုယ်ပိုင်အလုပ်ရုံများကိုလည်း တည်ဆောက်ထားပေသည်။
Frestechကုန်သည်ကြီးများအသင်း၏ အိမ်သုံးမှော်စက်ပစ္စည်းအလုပ်ရုံနှင့်စာလျှင် အာမန်နီကုန်သည်ကြီးများအသင်း၏ အထည်အလိပ်စက်ရုံက အလုပ်သမားပိုလိုအပ်နေ၏။
သို့သော် အလုပ်တစ်ခုစီအတွက် တောင်းဆိုချက် ကွဲပြားသောကြောင့် အာမန်နီကုန်သည်ကြီးများအသင်း၏အလုပ်ရုံက ပိုမို လိုက်လျောညီထွေသည့်လက်များနှင့် ပိုထက်မြတ်သော သားရဲလူမျိုးတချို့ကို စုဆောင်းခဲ့သည်။
ဥပမာ၊ မြေခွေးနှင့် ယုန်မျိုးနွယ်စုများထံတွင် အမျိုးသမီးအများစုရှိ၏။ အာမန်နီကုန်သည်ကြီးများအသင်းက ၎င်းတို့၏ အလုပ်ရုံ၌ ထိုသူများကို စုဆောင်းခဲ့ရာ ယခုတွင် ငါးရာကျော်မျှပင် ရှိနေပြီဖြစ်၏။
Frestechကုန်သည်ကြီးများအသင်းဖွင့်လှစ်ထားသည့် မှော်စက်ပစ္စည်းအလုပ်ရုံမှာ သားရဲလူမျိုးလုပ်သား နှစ်ရာဝန်းကျင်သာ စုဆောင်းခဲ့၏။ သားရဲလူမျိုးနွယ်စုများ၏ အခြေအနေကို ကျေနပ်စေရန် သူ့အား နောက်ထပ် သားရဲလူမျိုးလုပ်သားနှစ်ရာ စုဆောင်းဖို့ တွန်းအားပေးခဲ့သော်လည်း ၎င်းတို့မှာ အမ်ရစ်ကုန်သည်ကြီးများအသင်းအောက်၌ ရှိနေကြပြီဖြစ်၏။ ထိုသားရဲလူမျိုးလုပ်သားများမှာ ထုတ်လုပ်ရေးဌာနကို တည်ဆောက်ရန်နှင့် ဘိလပ်မြေအလုပ်ရုံဖွင့်လှစ်ရန် အမ်ရစ် ကုန်သည်ကြီးများအသင်း၏ နည်းပညာဝန်ထမ်းများနောက်လိုက်ကြရသည်။
ထိုနက်နက်ရှိုင်းရှိုင်းပူးပေါင်းထားသည့် လုပ်ငန်းစုသုံးခုမှလွဲ ရန်နက်ခ်တွန်ကုန်သည်ကြီးများအသင်းမှာလည်း ယခင်က သားရဲလူမျိုးများနှင့် သဘောတူညီခဲ့ကြပါသော်လည်း ၎င်းတို့ထံ၌ အလုပ်ရုံတစ်ခုဖွင့်လှစ်ရန် မည်သည့် အတွေ့အကြုံမှ မရှိပါချေ။ သို့သော် Frestechကုန်သည်ကြီးများအသင်း၏ အကူအညီဖြင့် ၎င်းတို့မှာ ဆေးပင်ထုတ်ရုံငယ်လေးတစ်ခု ဖန်တီးခဲ့ပါ၏။
၎င်းက အခြားလုပ်ငန်းစုသုံးခု၏ အလုပ်ရုံများနှင့်စာလျှင် ပိုမိုသေးငယ်ပါသော်လည်း ရန်နက်ခ်တွန်ကုန်သည်ကြီးများအသင်း၏ သားရဲလူမျိုးများအကြား ကျော်ကြားမှုနှင့် သားရဲလူမျိုးများမှ ၎င်းတို့နှင့်လည်း ကုန်သွယ်ဖူးသည့် အကြောင်းကြောင့် ထိုအလုပ်ရုံက အခြား အလုပ်ရုံသုံးခုနှင့် ယှဉ်လျှင် ပိုမိုကျော်ကြားပါ၏။
ဤတစ်ခေါက်တွင် လုပ်ငန်းစုလေးခုက ထုတ်လုပ်ရေးဌာနဆောက်လုပ် ပြင်ဆင်ရန် ကုန်တင်ပမာဏကြီးစွာ ယူဆောင်လာခဲ့ပြီး နှစ်ဆုံးချိန်၌ ၎င်းအား လည်ပတ်နိုင်ရန် အားထုတ်နေကြ၏။
ရှုယီက ဗော်လာမျိုးနွယ်စုအနီးမှ သစ်ပင်များကိုကြည့်ပြီး ဘယ်ဘက်က ဆန်နက်မြေရိုင်းထံ နက်ရှိုင်းစွာ ကြည့်ရှုနေလေသည်။
နောက်ထပ် သုံးဆယ်ကီလိုမီတာကိုကြည့်ရှုလိုက်သော် ၎င်းက လုပ်ငန်းစုလေးခု၏ ထုတ်လုပ်ရေးဌာနပင်ဖြစ်၏။
၎င်းက ဗော်လာမျိုးနွယ်စု၏အလယ်နှင့် သားရဲလူမျိုးနွယ်စုနံဘေးတွင် တည်ရှိရာ ရှုယီ၏အစီစဉ်အရ ၎င်းတို့မှာ ထိုဌာနကို ဆန်နက်မြေရိုင်းရှိ ပထမဆုံး လူသားတို့၏ခြေကုပ်ဖြစ်သည်အထိ မြို့တော်တစ်ခုအဖြစ် တဖြည်းဖြည်းပြောင်းလဲမည်ဖြစ်သည်။
အရာအားလုံးသာ ချောချောမွေ့မွေ့ဆက်သွားနေပါလျှင် ရှုယီက ဆန်နက်မြေရိုင်းအား တဖြည်းဖြည်းဖွင့်လှစ်ဖို့ စီစဉ်ထားပြီး သားရဲလူမျိုးနွယ်စုအားလုံးကို Frestechကုန်သည်ကြီးများအသင်း၏စနစ်အတွင်းသို့ ထည့်သွင်းမည်ဖြစ်သည်။ သူဟာ သားရဲလူမျိုးအားလုံးအား လူသားလုပ်ငန်းစုများအတွက် လုပ်ကိုင်စေလိုကာ သားရဲလူမျိုးများက လူသားများကို တိုက်ခိုက်မည့် အတွေးအား ဖြတ်တောက်ချင်နေပါ၏။
သို့သော် ၎င်းကို ရရှိရန် သူဟာ ပြဿနာတချို့နှင့် ရင်ဆိုင်ဖို့ လိုသေး၏။
မနီးမဝေးကိုကြည့်ရှုလိုက်ပြီးနောက် ရှုယီက သူ၏ မှော်အစွမ်းကိုလှည့်ပတ်ရင်း လေထဲမှဆင်းကာ ယာဉ်တန်းအလယ်ရှိ ရထားလုံးတစ်ခုပေါ် ဆင်းသက်လာသည်။
ဥက္ကဌခရုစ်က လိုက်ကာကိုလှပ်လိုက်ကာ ရှုယီနှင့်အတူ ရထားလုံး ခေါင်မိုး၌ ထိုက်လျက် မေးလိုက်၏၊ "ဘယ်လိုလဲ? တစ်ခုခု တွေ့ခဲ့လား"
ရှုယီက ခေါင်းခါလျက်၊ "လွယ်လွယ်လေးသာ မြင်နိုင်နေရင်၊ သားရဲလူမျိုးတွေက အရမ်း အားနည်းနေမှာပေါ့။"
ဥက္ကဌခရုစ်က ရှေ့ကိုကြည့်ကာ မျက်မှောင်ကုပ်လိုက်ရင်း၊ "ဥက္ကဌရန်နာဆာရဲ့သတင်းက မှန်လားတော့ ကျုပ်မသိဘူး။ သားရဲလူမျိုးလွတ်လပ်ရေးတပ်မတော် ရောက်လာတာသာဆိုရင် ပြဿနာမဟုတ်ဘူး။ ဒါပေမယ့် အခြားသားရဲလူမျိုးနွယ်စုတွေသာ ပြဿနာရှာချင်ရင်တော့ ဆိုးတာပဲ။"
"ကျုပ်ရဲ့သတင်းတွေက မှန်မှန် မမှန်မှန်၊ ကျုပ်တို့ မခုခံနိုင်မှာကို ခင်ဗျားစိုးရိမ်နေတာ မဟုတ်လား?"
ဥက္ကဌ ရန်နာဆာကလည်း လိုက်ကာကို မ'လျက် ရှုယီ၏ အခြားတစ်ဘက်၌ ဝင်ထိုင်လာသည်, "သားရဲလူမျိုးတွေမှာ အံ့ဩစရာ လက်နက်တွေမပြောနဲ့ သံလက်နက်တွေတောင်မရှိဘူး။ ကျုပ်တို့ရဲ့အစောင့်တွေဆီက လက်နက်တွေကိုလည်း ကြည့်လိုက်ပါဦး ကွာခြားချက်က အရှင်းကြီးပဲ။ ဒီတစ်ခေါက် ကျုပ်တို့ လုပ်ငန်းစုကနေ အစောင့် ငါးရာခေါ်လာတာကို မပြောနဲ့ဦး၊ လုံးဝ ပူစရာမလိုပါဘူးဗျာ။"
ဥက္ကဌရန်နာဆာ၏ အံ့ဩဖွယ်လက်နက်များအကြောင်းဆိုလာသည်ကိုကြားသော် ဥက္ကဌခရုစ်နှင့် ရှုယီမှာ ယာဉ်တန်းကြီးနှစ်ဘက်စလုံးရှိ အစောင့်များကို ကြည့်လိုက်ကြသည်။ ၎င်းတို့မှာ တောက်ပသော ချပ်ဝတ်များ၊ ထက်မြိသော လက်နက်များတို့ဖြင့် လုပ်ငန်းစုတို့၏ အစောင့်များပင်။
ထိုအစောင့်များက လုပ်ငန်းစု ၄စုမှ လာကြပါသော်လည်း တူညီသည့် ချပ်ဝတ်များအားလုံးကို ဝတ်ဆင်ထားကြ၏။ ၎င်းတို့၏ရင်ဘတ်ပေါ်က ကွဲပြားသော တံဆိပ်များကိုသာ မကြည့်ရှုပါလျှင် တူညီသော အဖွဲ့များမှ လာသည်ဟုပင် ထင်ကြလိမ့်မည်။
၎င်းမှလွဲ၍ ထိုသူတို့ထံ၌ ကွဲပြားသည့် လက်နက်အမျိုးမျိုးရှိကြသော်လည်း အမျိုးအစားဆင်တူနေပေသည်။ ၎င်းတို့သာ ဂရုတစိုက် ယှဉ်ကြည့်ပါလျှင် ပုံစံခွက်ဖြင့်ထုလုပ်ထားသည်ဟု စဉ်းစားကြပေလိမ့်မည်။
မှန်ပါ၏၊ ၎င်း(လက်နက်)တို့မှာ တကယ်တမ်း ပုံစံခွက်တစ်ခုမှလာသည်။
အကြောင်းမှာ ထိုအစောင့်များသုံးသည့် လက်နက်များအားလုံး Frestechကုန်သည်ကြီးများအသင်းမှလာ၍ အခြားလုပ်ငန်းစုသုံးခုက Frestechကုန်သည်ကြီးများအသင်းထံမှ ဝယ်ယူထားခဲ့ခြင်းပင်။
ရန်နက်ခ်တွန်ကုန်သည်ကြီးများအသင်းက အစုံခုနှစ်ရာစာ၊ အာမန်နီကုန်သည်ကြီးများအသင်းက အစုံခြောက်ရာစာနှင့် အမ်ရစ်ကုန်သည်ကြီးများအသင်းက အများဆုံး စုစုပေါင်း အစုံတစ်သိန်းနှစ်သောင်းစာ ဝယ်ယူခဲ့ကြသည်။
၎င်းက လုပ်ငန်းစုတစ်ခုစီ၌ အစောင့်အရေအတွက်နှင့် ပူးပေါင်းခြင်းလည်းဖြစ်၏။
အမ်ရစ်ကုန်သည်ကြီးများအသင်းမှာ ယခုတွင် ဝန်ထမ်းပေါင်း ၂သောင်းကျော်ရှိပြီး ၎င်းတို့အား မတူညီသော နယ်မြေများထံ၌ တည်ဆောက်ရေးစီမံကိန်းများအတွက် ပို့ဆောင်ထားသောကြောင့် အစောင့်'ပေါင်းတစ်ထောင်ရှိသည်က တကယ်တမ်း အင်မတန် နည်းပါးလှသည်ဟု ဆိုရမည်။
၎င်းက Frestechကုန်သည်ကြီးများအသင်းအနေနှင့် အခြားလုပ်ငန်းစုများအား အံ့ဩစေသည်လည်းဖြစ်သည်။
ယမန်နှစ်က Frestechကုန်သည်ကြီးများအသင်းထံ၌ အစောင့်အဖွဲ့တစ်ခုပင် မရှိပါချေ။ ယခုတွင် Frestechကုန်သည်ကြီးများအသင်းထံ၌ အမည်အရ လူသားအစောင့် ခြောက်ရာသာရှိပါသော်လည်း မိုးကျရွာမှ အစောင့်များဖြစ်ကြသည့် နတ်သူငယ်စစ်သည်နှစ်ရာနှင့် လူပုလေးစစ်သည်သုံးရာတို့မှာလည်း ရှုယီ၏အမိန့်အောက်၌ ရှိကြောင်း လူတိုင်းသိကြပေသည်။
၎င်းက Frestechကုန်သည်ကြီးများအသင်းထံ၌ အမ်ရစ် ကုန်သည်ကြီးများအသင်းထက်ပင် ပိုမိုများပြားသော အစောင့်များရှိသည်ဟု ဆိုလိုသည်ပင်။
၎င်းတို့ထဲကတစ်ဝက်မှာ အင်အားကြီး နတ်သူငယ်များနှင့် လူပုလေးစစ်သည်များ ဖြစ်ကြောင်းကို မဆိုထားနှင့် တိုက်ခိုက်ရေးအရာတွင် ၎င်းတို့မှာ လူသားစစ်သည် ထောင်နှင့်ချီကို အနိုင်ယူနိုင်ပေ၏။
ထို့ကြောင့် လုပ်ငန်းစုလေးခုအကြား ပူးတွဲစစ်ဆင်ရေးတွင် Frestechကုန်သည်ကြီးများအသင်း၏အစောင့်များက တာဝန်ခံကြရ၏။ အခြားလုပ်ငန်းစုသုံးခု၏ အစောင့်များမှာမူ အထောက်အပံ့ပေးရသည့် အခန်းကဏ္ဍ၌သာ ပါဝင်ကြရသည်။
"ဥက္ကဌရှု၊ နတ်သူငယ်လေးတွေက အခြားလုပ်ငန်းစုတွေအတွက် ပုံမှန်အလုပ်တွေ,လုပ်ပေးဖို့ ဆန္ဒရှိနေကြတော့ အစောင့်တွေ မဖြစ်သင့်ဘူးလား? ဘာလို့ နတ်သူငယ်တွေက ခင်ဗျားလုပ်ငန်းစုရဲ့အစောင့်တွေနဲ့ တရားဝင်မပူးပေါင်းတာလဲ?" ဥက္ကဌရန်နာဆာက ယာဉ်တန်းနောက်ဘက်ရှိ နတ်သူငယ်နှင့် လူပုလေးစစ်သည်များကို မနာလိုစွာကြည့်ကာ ရှုယီကိုမေးလိုက်သည်။
"ကျုပ်အရင်ကပြောခဲ့ပြီးပြီ၊ ဒီနတ်သူငယ်လေးတွေက အင်မတန် မာနကြီးကြပြီး လူသားတွေဆီ သူတို့ဘဝတွေကို မရောင်းချင်ဘူးလေ။ ဒါကြောင့် ကျုပ်လည်းသူတို့ကို အစောင့်တွေထဲ ဝင်ဖို့ တွန်းအားမပေးတာပါ။" ရှုယီက ဖြေဆိုလိုက်ရင်း၊ "သူတို့ကျုပ်အမိန့်တွေကို နားထောင်နေတာကတင် အတော်လေးလုံလောက်နေပြီ၊ သူတို့နာမည်က ဘာပြဿနာမှ မရှိပါဘူး။”
ဥက္ကဌရန်နာဆာက ခေါင်းကိုခါလိုက်ရင်း၊ "ခြားနားမှုကြီးတစ်ခုတော့ ရှိနေသေးတယ်လေ။ နတ်သူငယ်တွေသာ သူတို့ရဲ့စကားတွေကို ပြန်ရုတ်သိမ်းရင် ခင်ဗျားမှာ သူတို့ကို တားဆီးဖို့ အင်အားမရှိဘူးလေ။"
"သူတို့ အစောင့်တွေထဲဝင်ပြီးနောက်ကျရင်ရော သူတို့ထွက်သွားမှာကနေ တားဆီးဖို့ ကျုပ်မှာ အစွမ်းအစရှိနေလို့များလား?" ရှုယီက ပြန်မေးလိုက်၏၊ "ဒီနတ်သူငယ်တွေ ကျုပ်ကို ကူညီပေးနေတာက ကျုပ်သူတို့အတွက် ဘာ အကျိုးအမြတ်တွေယူလာပေးနေလဲ အပေါ်မှာမူတည်တယ်၊ ကျုပ်လည်း ဒီရှုထောင့်ကနေ ကောင်းကောင်းလုပ်ဆောင်နေပါတယ်။ ရှေ့လျှောက် ဘာတွေဖြစ်မလဲဆိုတာကတော့ဗျာ ကျုပ်တို့စောင့်ကြည့်နေရမှာပေါ့။"
ဥက္ကဌရန်နာဆာက မျက်မှောင်ကုပ်လိုက်ရင်း သူ၏အကြည့်များက Frestechကုန်သည်ကြီးများအသင်း၏ လူသားအစောင့်များထံရောက်ရှိသွားသည်။
သူက အနည်းငယ်စဉ်းစားပြီးမှ လူသားအစောင့်များထံညွှန်ပြကာ မေးလိုက်၏၊ "တကယ်တမ်း ဒီလူသားအစောင့်တွေက မဆိုးဘူး။ ခင်ဗျားတို့Frestechကုန်သည်ကြီးများအသင်းမှာက ငွေရှိပြီး လက်နက်နဲ့ သူတို့ကို ထောက်ပံ့နိုင်တာကြောင့် ခင်ဗျားနောက်ထပ် လူသားအစောင့်နည်းနည်းလောက်ပိုပြီး စုဆောင်းနိုင်တာပဲ။"
ရှုယီက ၎င်းကို ခါးသက်သက်သာ ပြုံးပြလိုက်နိုင်သည်။
ဥက္ကဌရန်နာဆာက ဒီလူသားအစောင့်တွေကို ရဖို့ လွယ်တယ်များထင်နေတာလား? ဒီလို လမ်ပူရီတိုင်းပြည်ရဲ့ တော်ဝင်စစ်တပ်ကနေ အနားယူလိုက်တဲ့ လက်ရွေးစင်တွေအတွက် Frestechကုန်သည်ကြီးများအသင်းက အတော်လေးကြီးမားတဲ့ တန်ဖိုးကို ပေးထားရတာလေ။
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၂၈။ သားရဲလူမျိုး ခုခံမှုအား ချေဖျက်ခြင်း
ဥက္ကဌရန်နာဆာက အစောင့်များအကြောင်း ဆက်မမေးတော့ဘဲ ၎င်းတို့ပန်းတိုင်များအကြောင်းကို မြန်မြန်ပြောင်းကာ ပြောလာလေ၏။
ရှုယီမှာ ၎င်းခေါင်းစဉ်အား တကယ်တမ်း ဂရုစိုက်ပုံမပေါ်ဘဲ နောက်ကျနေပြီဆိုကတည်းက ရထားလုံးထဲသာ သွားအိပ်ချင်ကြောင်း စဉ်းစားနေသည်။
ယာဉ်တန်းကြီးမှာ ဗော်လာမျိုးနွယ်စုအနီး၌ မရပ်တန့်သွားဘဲ ၎င်းတို့ဦးတည်ရာသို့သာ ဆက်လက်ဦးတည်သွားသည်။
ယာဉ်တန်းမှ ၎င်းတို့ဦးတည်ရာသို့ ရောက်ချိန်တွင် ညအချိန်ကျရောက်လာပြီပင် ဖြစ်၏။
ရှုယီက ရထားလုံးထဲသို့ ခုန်ဆင်းလျက် အစောင့်ခေါင်းဆောင်များအား အခြေနေကိုမေးမြန်းရန် ခေါ်လိုက်သည်။
သို့သော် ၎င်းတို့သုံးဦးမှာ မည်သည်မှ မူမမှန်သည်ကို မတွေ့မိသောကြောင့် ရှုယီမှာ လက်သာယမ်းပြလျက် ၎င်းတို့အား သတိဆက်ထားကြဖို့ပြောလာ၏။
ညရောက်နေပြီ ဖြစ်သောကြောင့် ၎င်းတို့အတွက် စခန်းဖန်တီးရန်မှာ မဖြစ်နိုင်ချေ။ ယာဉ်တန်းအနေနှင့် ဝိုင်းဖွဲ့ လျက်သာ စခန်းတစ်ခုကို ဖွဲ့စည်းလျက် ဤနေရာ၌ ညကို ကုန်ဆုံးရန် စီစဉ်လိုက်သည်။
ရာသီဥတုမှာ အောက်တိုဘာလရာသီနှင့် နီးကပ်နေပြီး ဆန်နက်မြေရိုင်း၌လည်း မည်သည့်အကာအရံမျှမရှိသောကြောင့် ညရောက်လာသော်အခါ လေက အတန်ငယ်အေးစက်လာသည်။
ရှုယီက နှာခေါင်းရှုံ့လိုက်ပြီး ကူကယ်ရာမဲ့စွာ ပြောလိုက်သည်၊ "ငါသာဆိုရင်၊ ငါ့ရဲ့ပထမဆုံးရွေးချယ်မှုက အိမ်ပြန်ပြီး အိပ်ဖို့ပဲ ဖြစ်လိမ့်မယ်။ ငါ ဒီ ငတုံးသားရဲလူမျိုးတွေလိုမျိုး အေးစက်တဲ့ညမှာ အန္တရာယ်များတဲ့ စီးပွားရေးကို ကိုင်တွယ်မှာမဟုတ်ဘူး၊ မင်းတို့ရဲ့ အသက်ကိုပါဆုံးရှုံးလိုက်နိုင်တယ်လေ။"
ဘေးရှိ ဥက္ကဌရန်နာဆာက ရယ်လိုက်ရင်း၊
"သားရဲလူမျိုးတွေက ဒီကြမ်းတမ်းတဲ့ပတ်ဝန်းကျင်မှာ ကြီးပြင်းလာကြရတော့ သူတို့က ဥက္ကဌရှုလိုမျိုး အားမနည်းဘူးလေ။ ပြီးတော့ အကျိုးမရှိတာကိုလုပ်ပြီး အသက်ဆုံးရှုံးတာကလည်းမမှန်ဘူး၊ ဒါပေမယ့် သူတို့မှာ ကျုပ်တို့အကြောင်း အကြံရဖို့ ဘယ်သူကပြောလဲ?"
"ပြောရရင် ခင်ဗျားက သူတို့အနေနဲ့ ဗော်လာမျိုးနွယ်စုဆီကနေလေ့လာပြီး ကျုပ်တို့နဲ့ ပူးပေါင်းသင့်ကြောင်း ပြောနေတာပဲ။ ငွေရှိပြီး သက်သာတဲ့ဘဝရှိတာက ကောင်းတာပေါ့။ ဘာလို့ ဒီလိုခံစားနေဖို့ လိုမှာလဲ?" ရှုယီက နာကျင်ဟန်ဖြင့်ဆိုလိုက်သည်။
"ဒါက တကယ်ကိုနှမျောစရာပဲ၊ ကျုပ် ပူးပေါင်းချင်ပေမယ့် ဆန်နက်မြေရိုင်းလွတ်လပ်ရေးတပ်မတော်က သားရဲလူမျိုးတွေက လူမျိုးရေးခွဲခြားပြီး ကျုပ်တို့လူသားတွေအနေနဲ့ သားရဲလူမျိုးတွေကို အကျင့်ပျက်တယ်လို့ ပြောကြတယ်။ ဒါကြောင့် သူတို့တွေ ကြွေးကြော်သံတွေနဲ့ ကျုပ်တို့ကို ခုခံကြလိမ့်မယ်။"
ရှုယီက ရယ်လိုက်ကာ၊ "အကျင့်ပျက်တယ်? သူတို့ဆိုလိုတာက သားရဲလူမျိုးတွေအနေနဲ့ အဝတ်မဝတ်ဘဲ နေသင့်တယ်ပေါ့၊ စားစရာအလုံအလောက်မရှိဘဲ လေဒဏ်တောင်မခံနိုင်တဲ့ အိမ်မှာနေပြီးတော့လေ? ကျုပ်ထင်တာတော့ သားရဲလူမျိုးတွေမှာ အသိဉာဏ်နည်းနည်းလောက်ရှိတာနဲ့ ဒီစကားတွေကို နားထောင်မှာမဟုတ်ဘူး။"
"သားရဲလူမျိုးများစွာက သူတို့အမြင်ကို ပြလာရင် ခင်ဗျား စိတ်ပျက်ရလိမ့်မယ်။ ကျုပ်ရ'ခဲ့တဲ့သတင်းကနေ သုံးသပ်ကြည့်ရရင် ဒီည သားရဲလူမျိုးတွေက ကျုပ်တို့ အထင်ကိုတောင် အတော်လေး ကျော်လွန်နေနိုင်တယ်။"
"ပြောက်ကျားအဖွဲ့ပဲ၊ ပြောဖို့တောင် မတန်ဘူး၊" ရှုယီက စိတ်ညစ်ညူးစွာ နှုတ်ခမ်းအား မဲ့လိုက်၏။
နောက်ဆုံးအကြိမ် သားရဲလူမျိုးလွတ်လပ်ရေးတပ်မတော်တိုက်ခိုက်ချိန်က ရှုယီမှာ လုံလုံလောက်လောက်မပြင်ဆင်ခဲ့ရဘဲ ၎င်းတို့အား ရပ်တန့်ရန် ကိုယ်တိုင်သာ လှုပ်ရှားခဲ့ရ၏။
သို့သော် ဒီတစ်ခေါက်တော့ သူဟာ ပြင်ဆင်လာပါ၏။ ရှုယီမှာ သားရဲလူမျိုး မည်မျှလာလာ ယုံကြည်ချက်ရှိရာ ၎င်းတို့အနေနှင့် သူ့အား မထိခိုက်စေနိုင်ပါချေ။
ညဉ့်ဦးပိုင်းက အေးချမ်းပါသော်လည်း ညနက်လာပြီး အလင်းရောင်များအမှေးမှိန်ဆုံးအချိန်၌ တစ်စုံတရာက ပေါ်ထွက်လာ၏။
အဝေးမှ အနက်ရောင်တပ်ဖွဲ့ကြီးကိုကြည့်ရင်း မြေပြင်မှာ လာနေကြသော တုန်ခါခြင်းကို ခံစားနေရချိန်၌ ဥက္ကဌ ခရုစ်၏မျက်နှာကပြောင်းလဲသွားရင်း ထိတ်လန့်စွာ အော်ပြောလိုက်သည်၊ "ဆိုးလိုက်တာ၊ သူတို့က အရမ်းများမနေဘူးလား?"
ရှုယီနှင့် ဥက္ကဌရန်နာဆာက တစ်ယောက်နှင့်တစ်ယောက်ကြည့်ရင်း ရယ်လိုက်ကြသည်။
"အဆင်ပြေပါတယ်၊ ဒါကကျုပ်ရဲ့အထင်ကို မကျော်လွန်သေးဘူး။" ရှုယီက လက်ယမ်းပြလိုက်ရာ လူသားအစောင့်ခေါင်းဆောင်ဟာ့ထ်, လူပုလေးစစ်သည်ခေါင်းဆောင် အိုမာနှင့် နတ်သူငယ်စစ်သည်ခေါင်းဆောင် ဖူရီယိုတို့မှာ ရှေ့သို့ အတူတကွ လာကြ၏။
"အစီစဉ်အတိုင်း လုပ်ရှားကြ။ ငါမင်းတို့ရဲ့ အမိန့်တွေကြားထဲ ဝင်ရှုပ်မှာမဟုတ်ဘူး၊ ဒါပေမယ့် တောင်းဆိုစရာတစ်ခုတော့ရှိတယ်။"
သုံးယောက်သားက သူ့အား လေးနက်နေဟန်ဖြင့်ကြည့်နေသည်ကို မြင်သော် ရှုယီမှာ လက်ကိုမြှောက်လျက် အသံဩဩဖြင့်ပြောလိုက်သည်၊ "မင်းတို့ရဲ့ အားအင်အပြည့်နဲ့ သူတို့ကို လမ်းကြောင်းပေးလိုက်ပါ! ဒီသောက်သားရဲလူမျိုးတွေရဲ့ စိတ်ဝိဉာဉ်တိုက်ခိုက်မှုကိုပါ လုံးဝဖျက်ဆီးလိုက်! သူတို့ကို ရှေ့လျှောက် ဘယ်တော့မှ ခုခံချင်တဲ့ အတွေးမျိုးမရှိအောင် လုပ်ပစ်လိုက်! နားလည်ကြလား?"
ဟာ့ထ်နှင့် အိုမာတို့မှာ ကျယ်လောင်စွာသဘောတူကြပြီး ဖူရီယိုကမူ ရှုယီအား အရိုအသေတစ်ချက်ပေးပြီးနောက် သုံးယောက်သားမှာ ထွက်ခွာသွားသည်။
နံဘေးက ဥက္ကဌ ရန်နာဆာမှာ ရယ်နေရင်းဖြင့် ပြောလာ၏၊ "ဥက္ကဌရှု၊ ကောင်းလိုက်တဲ့စကားတွေ! ကျုပ်တို့ ဒီသောက်ခွေးကောင်တွေကို အနိုင်ယူပြီး ကျုပ်တို့အကြောင်း ဘယ်တော့မှ ထပ်မတွေးမိတာဘဲ ကျုပ်တို့ကို အခက်အခဲကနေကယ်တာက အကောင်းဆုံးလို့ သူတို့သိအောင်လုပ်ရမယ်!"
ဥက္ကဌရန်နာဆာကလည်း ရန်နက်ခ်တွန်ကုန်သည်ကြီးများအသင်း၏ အစောင့်ခေါင်းဆောင်ကို အမိန့်ပေးလိုက်သည်။
ဥက္ကဌခရုစ်က ၎င်းတို့နှစ်ဦး တိုက်ခိုက်ဖို့အသင့်ဖြစ်နေကြသည်ကိုမြင်သော် ကူရာမဲ့စွာ ခေါင်းခါလိုက်၏။
အမ်ရစ်ကုန်သည်ကြီးများအသင်း၏ အစောင့်ခေါင်းဆောင်က အလုပ်များနေသောကြောင့် မလာနိုင်ပါချေ၊ ထို့ကြောင့် သူက အာမန်နီကုန်သည်ကြီးများအသင်း၏ အစောင့်ခေါင်းဆောင်ကိုခေါ်၍ ကိစ္စတချို့ပြောပြီးနောက် သူ့အား လုပ်ငန်းစုနှစ်ခု၏ အစောင့်များကို ဦးဆောင်စေလိုက်တော့သည်။
လုပ်ငန်းစုလေးခုက ဤတစ်ခေါက်တွင် အစောင့်အားလုံးကို ခေါ်လာရာ စုစုပေါင်း လူသားစစ်သည် တစ်ထောင့်ငါးရာ၊ နတ်သူငယ်စစ်သည် နှစ်ရာနှင့် လူပုလေးစစ်သည် သုံးရာတို့ရှိသည်။
ပုံမှန်အခြေအနေတွင် ထိုအင်အားက လူများစွာကို အဝေး ကြည့်မိစေ၏။
လုပ်ငန်းစုလေးခုကြောင့် ငါးစာအချခံထားရသော သားရဲလူမျိုးများက ဤညတွင် ယခင်တစ်ခေါက်ကထက် ပိုများစွာကျော်လွန်နေသည်။
ခပ်မှိန်မှိန်အလင်းနှင့်အတူ ဒီတစ်ခေါက် တိုက်ခိုက်နေကြသော သားရဲလူမျိုး ငါးထောင်ကျော်ရှိသည်ကို တွေ့လိုက်ရ၏။
သို့သော် ယခင် အရေအတွက်ကို ကျော်လွန်နေသော ရန်သူများကို မျက်နှာချင်းဆိုင်လိုက်ရရာ ဥက္ကဌခရုစ်မှာ အတန်ငယ်ပူပန်သွားဟန်ပေါ်သော်လည်း နောက်ဆုံးတစ်ခေါက်ကလို မကြောက်ရွံ့ဘဲ ရှုယီအား အထွန့်တက်ရန်အထိပင် တည်ငြိမ်နေသေးသည်။
"ဒီလောက်များတဲ့ သားရဲလူမျိုးတွေ ဒီမှာ ရှိမယ်မှန်းသာ သိခဲ့ရင် ကျုပ်တို့ ပိုများတဲ့ပြင်ဆင်မှုတွေလုပ်ခဲ့ပါတယ်။"
ရှုယီက ခပ်ဖျော့ဖျော့ပြုံးလျက်၊ "စိတ်လျှော့ပါ၊ ဒီပြင်ဆင်ထားမှုတွေနဲ့တင် လုံလောက်ပါတယ်။ စောင့်သာ ကြည့်ကြတာပေါ့။"
နှစ်ယောက်သား စကားပြောနေစဉ်တွင် ရှေ့မှ ချီတက်လာသော သားရဲလူမျိုးများမှာ ၎င်းတို့စခန်းနှင့် မီတာငါးရာ အကွာလောက်သာ ဝေးတော့၏။
ရှုယီက အော်လိုက်ရင်း၊ "အမြှောက်တွေပြင်ထားကြ!"
သူ့အသံထွက်ပေါ်လာသည်နှင့် စခန်းရှိ များစွာသော ချည်ရွက်များကို မ'တင်လျက် စက်များစတင်လည်ပတ်သံ ထွက်ပေါ်လာတော့သည်။ မှော်အမြောက်ကြီးများမှာ ပြန့်ကျဲနေသော အစိတ်အပိုင်းများမှ ပြီးပြည့်စုံသော ဝတ္ထုတစ်ခုအဖြစ် ပေါင်းစည်းသွားသည်နှင့် မှော်အစီအရင်လေးသွယ်မှ အလင်းတန်းပေါ်ထွက်လာသည်။
"ကျုပ်အမိန့်ကို နားထောင်၊ တစ်၊ နှစ်၊ သုံး... ပစ်!"
ထိုအမိန့်နှင့် မီတာတစ်ဝက်ခန့်ရှိသည့် ကျောက်တုံးကြီး ၄လုံးအား မှော်အမြောက်မှနေ၍ ပစ်ခတ်လိုက်ရာ မီတာလေးရာကျော်ပျံသန်းလျက် သားရဲလူမျိုးများထံကျရောက်သွားသည်။
မှော်အမြောက်များ၏ ကြီးမားသောအင်အားဖြင့် ကျောက်တုံးကြီးများကို ပစ်လွှတ်နေပြီး ၎င်းတို့ ကျဆင်းသွားချိန်တွင် ကြီးစွာသော ပေါက်ကွဲသံကို ဖန်တီးနေ၏။ ၎င်းတို့မှာ ဆန်နက်မြေရိုင်း၌ ဆယ်မီတာ နီးနီးကျယ်ဝန်းသည့် တွင်းကြီးတစ်တွင်းအား ဖန်တီးလိုက်လေသည်။
ကျောက်တုံးများနှင့် ရိုက်မိသော သားရဲလူမျိုးများမှာ လွတ်မြောက်ရန် ရွေးချယ်စရာမရှိပေ။ ဘေးဘက်ရှိ သားရဲလူမျိုးများမှာမူ ၎င်းတို့၏ အသက်များကို မဆုံးရှုံးခဲ့ရလျှင်တောင် အားကောင်းသော (ရိုက်ခတ်)လှိုင်းများကြောင့် သွေးအန်ကာ တိုက်ခိုက်ရန် အင်အားပင် ကုန်ဆုံးသွားကြသည်။
သို့သော် ထိုကျောက်တုံးလေးတုံးမှာ အစသာရှိသေး၏။ ပထမအသုတ်အား ပစ်လွှတ်ပြီးနောက် မိနစ်ဝက်အကြာတွင် မှော်အမြောက်လေးခုမှ ထပ်မံပစ်လွှတ်လာလေသည်။ ၎င်းတို့မှာ ကြမ်းတမ်းစွာပင် သားရဲလူမျိုးများထံ ရိုက်ခတ်လျက် သွေးမိုးများကိုပင် ဖန်တီးလိုက်သည်။
ထို မှော်အမြောက်များ၏ ကြောက်မက်ဖွယ်စွမ်းအားကို ကိုယ်တိုင် မျက်မြင်တွေ့ရသောအခါ ဥက္ကဌရန်နာဆာနှင့် ဥက္ကဌခရုစ်တို့၏ မျက်လုံးများမှာ ကူကယ်ရာမဲ့စွာ ထိတ်လန့်လျက် ပြူးကျယ်သွားကြတော့သည်။
ဥက္ကဌ ရန်နာဆာက မထိန်းနိုင်ဘဲ အော်လိုက်သည်၊
"ဒီမှော်အမြောက်က တကယ်ကို ကြောက်စရာပဲ။ ဒီမှော်အမြောက်သုံးခုနဲ့တင် မြောက်ဘက်စစ်တပ်က စခ်တိုင်းပြည်ကို လွယ်လွယ်လေး အနိုင်ယူပြီး သေမင်းတောင်တန်းတွေကို ပြန်ယူနိုင်ခဲ့တာ အံ့ဩစရာမရှိတော့ပါဘူး။ မြောက်ဘက်စစ်တပ်မှာသာ ပိုများများရှိနေရင် စခ်တိုင်းပြည်လည်း မြောက်ဘက်စစ်တပ်ကို မခုခံနိုင်တော့ဘဲ သူတို့ရဲ့ မြို့တော်ကိုပါ သိမ်းယူခံရနိုင်လောက်တယ်။"
ရှုယီက ခေါင်းခါလျက်နှင့် ၊"ဒါက မဖြစ်နိုင်ပါဘူး။ ဒီမှော်အမြောက်က စွမ်းအားကြီးပေမယ့်လည်း အားနည်းချက်တစ်ခုတော့ရှိနေသေးတယ်။ အရင်ဆုံး ဒါက ပြောင်းလွယ် ပြင်လွယ်မဖြစ်ဘူး၊ ဒါကြောင့် ပုံစံနဲ့တိုက်ခိုက်ချိန်မှာဆို သုံးရလွယ်ပေမယ့်လည်း ရန်သူတွေက မြန်မြန်ဆန်ဆန်တိုက်ခိုက်လာမယ်ဆိုရင် သုံးလို့မရနိုင်တော့ဘူး။ ဒီငတုံးသားရဲလူမျိုးတွေကို ရင်ဆိုင်ဖို့တော့လုံလောက်နေပါသေးတယ်၊ ဒါပေမယ့် စခ်တိုင်းပြည်ကို ရင်ဆိုင်နေချိန်တုန်းက သူတို့တွေကို စခ်တိုင်းပြည်ရဲ့ မြင်းတပ်နဲ့ ဖျက်ဆီးလိုက်ကြတယ်။"
"အန်း၊ ဒါက တကယ့်ပြဿနာပဲ။" ဥက္ကဌရန်နာဆာက ခေါင်းတစ်ချက်ငြိမ့်လာရင်း၊ ဒီပစ္စည်းက ခိုင်ခံ့တဲ့အနေအထားနဲ့တိုက်ခိုက်ရင် အင်မတန်ကောင်းပေမယ့် ခံစစ်မှာသုံးရင်တော့ အကန့်အသတ်ဖြစ်သွားပြီ။ ဒါဆို နေရာပြောင်းရွှေ့ဖို့မလွယ်တာကလွဲရင် ဘာပြစ်ချက်တွေရှိနေသေးလဲ?"
"တခြားပြစ်ချက်တွေကတော့ မရေးမကြီးပါဘူး။ နေရာပြောင်းရွှေ့ဖို့ မလွယ်တာအတွက် ကျုပ်တို့လုပ်ငန်းစုက မှော်အမြောက်ရဲ့ ရွေ့လျားမှုကို တိုးရမှာပေါ့၊ ဒါပေမယ့် ကျုပ်တို့ နောက်ပြဿနာတစ်ခုကိုလည်း မရှင်းနိုင်သေးဘူး" ရှုယီက ပြောလိုက်သည်။
"အိုး? ခင်ဗျားတို့လုပ်ငန်းစုတောင် မကျော်လွှားနိုင်တဲ့ ပြစ်ချက်က ဘာများလဲ?" ဥက္ကဌခရုစ်က ကူကယ်ရာမဲ့စွာ သိလိုစိတ်ဖြင့် မေးလိုက်သည်။
"အရမ်းဈေးကြီးလွန်းတာ။" ရှုယီက ခါးသက်သက်ရယ်လိုက်၏။ သူက ကျောက်တုံးများထည့်ထားသော မှော်အမြောက်များကို ညွှန်ပြလိုက်ရင်း ပထမတစ်သုတ်အား ပစ်လွှတ်ပြီးချိန်၌ ပြောလာသည်၊ "ကျုပ်တို့ မှော်အမြောက်တွေရဲ့ ပထမအသုတ်က မြောက်ဘက်စစ်တပ်ကို တစ်ခုပေးဖို့တောင် အနည်းဆုံး ရွှေဒင်္ဂါးတစ်ထောင်တန်တယ်။ ဒီမှော်အမြောက် လက်ရှိအသုတ်က ပစ်နှုန်းပိုမြန်ပြီး အရည်အသွေးပိုကောင်းပေမယ့်လည်း ကုန်ကျစရိတ်က ပိုပိုမြင့်လာပြီး ရွှေဒင်္ဂါး တစ်ထောင့်သုံးရာအထိတောင် ရှိနေတယ်။"
"ဒါကို ဈေးကြီးတယ်လို့ မယူဆနိုင်ပါဘူး။" လုပ်ငန်းစုကြီးနှစ်ခု၏ ဥက္ကဌများအနေနှင့် ဥက္ကဌခရုစ်ဖြစ်စေ ဥက္ကဌ ရန်နာဆာဖြစ်စေ၊ ၎င်းတို့အနေနှင့် ရွှေဒင်္ဂါးပြားတစ်ထောင်က များသည်ဟု မထင်ပါချေ။
"ဒီလောက်စွမ်းအားနဲ့ လက်နက်တစ်ခုက ရွှေဒင်္ဂါးတစ်ထောင့်သုံးရာမပြောနဲ့ သုံးထောင့်တစ်ရာဆိုရင်တောင် လူအတော်များများက ဝယ်ဖို့ အပြေးလာကြမှာပဲ။"
"အမှန်ပဲ၊ ကျုပ်က ခင်ဗျား ဒါကို ပွင့်ပွင့်လင်းလင်းသုံးပြီး အခြားတိုင်းပြည်တွေရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်မိမှာပဲ ပိုစိုးရိမ်တယ်။" ဥက္ကဌခရုစ်က စိတ်ပူနေသံဖြင့် ဆိုလိုက်သည်။
"သူတို့ သတိထားမိပြီးနေပါပြီ။" ရှုယီက ပခုံးတစ်ချက်တွန့်လျက် ၎င်းကို ဂရုမစိုက်နေပါချေ၊ "ခင်ဗျားတို့ ဒါကို ဈေးမကြီးဘူးလို့ထင်တာက ချမ်းသာတာကြောင့်လေ။ ဒါပေမယ့် ကျုပ်တို့တိုင်းပြည်စစ်တပ်က ကြောက်စရာကောင်းအောင် ဆင်းရဲနေတာ။ ကျုပ် ဒီမှော်အမြောက်တွေကို စစ်တပ်ဆီ ရောင်းဖို့ ပြင်ထားပေမယ့် သူတို့က သေမင်းတောင်တန်းကို ပြန်ယူတာကနေ ငွေအတော်များများသုံးထားတယ်ဆိုတာနဲ့ ရွှေဒင်္ဂါး ငါးထောင်ကိုတောင် မထုတ်နိုင်ခဲ့ကြဘူးလေ။ သူတို့က ငြိမ်နေမှတော့ ကျုပ်လည်း ဒီတိုက်ပွဲမှာ အစမ်းသုံးကြည့်ရတာပေါ့။"
ဥက္ကဌခရုစ်နှင့် ဥက္ကဌ ရန်နာဆာတို့မှာ တစ်ယောက်နှင့် တစ်ယောက်ကြည့်လျက် ဆွံ့အနေကြသည်။
၎င်းတို့မှာ တိုင်းပြည်၏ ဘဏ္ဍာရေးအခြေအနေက ဆိုးရွားနေမှန်းသိပါသော်လည်း တိုင်းပြည်စစ်တပ်ထံ၌ ရွှေဒင်္ဂါးငါးထောင်လေးပင် ရှိသည်ကို ဘယ်တုန်းကမှ မစဉ်းစားခဲ့ချေ။ ၎င်းက တကယ်ပင် သနားဖွယ်ရာကောင်း၏။
***
မှော်စက်မှာအင်ပါယာ
Vol 3, အခန်း ၂၉။ အင်အားကြီးသုံးပြီးလွှမ်းမိုးခြင်း
၎င်းတို့ မျက်နှာထက်ရှိ အမူအရာများကိုမြင်သော် ရှုယီက ဆက်ပြောလာသည်၊ "ကျုပ်တို့ လမ်ပူရီတိုင်းပြည်ရဲ့ ဘဏ္ဍာရေးတွေသာ ပိုကောင်းလာမယ်ဆိုရင် စခ်တိုင်းပြည်က ကျုပ်တို့ရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူးလို့ ခံစားရတယ်။ သေမင်းတောင်တန်းလေးတစ်ခုကို ပြန်ယူဖို့အတွက်နဲ့ ဘယ်လိုတောင်နာကျင်ခဲ့ရလဲ။"
ဥက္ကဌခရုစ်နှင့် ဥက္ကဌရန်နာဆာတို့မှာ ခါးသက်သက် ပြုံးပြလာကြသည်။
၎င်းတို့မှာ သေချာနားလည်ပါ၏၊ အထူးသဖြင့် Frestech ကုန်သည်ကြီးများအသင်း၏ မှော်အမြောက်လေးခု၏ ကြောက်မက်ဖွယ်စွမ်းအားကို တွေ့ကြုံလိုက်ရပြီးနောက်တွင် ဖြစ်သည်။ ၎င်းတို့အနေဖြင့် သံသယပင် မရှိဘဲ ယုံကြည်ကြပေသည်။
သို့သော် လမ်ပူရီတိုင်းပြည်က ရက်နည်းနည်းလေး ဆင်းရဲနေခဲ့သည်မဟုတ်ရာ ပိုကောင်းရန်ပြောင်းလဲသည်မှာ အပြောထက် အလုပ်ကပိုလွယ်ကြောင်း ၎င်းတို့မှာ အင်မတန် ရှင်းလင်းပါ၏။
"တကယ်တမ်းကျ ဒါက အရမ်းလွယ်တယ်" ရှုယီက ခေါင်းခါလျက်ပြောလိုက်သည်၊ "လွန်ခဲ့တဲ့ နှစ်နည်းနည်းလောက်ကပဲ ဘန်တာမြို့တော်က ဘယ်လိုဆင်းရဲခဲ့သလဲကို မေ့သွားပြီလား? ဘာလို့ ၂နှစ်အတွင်းမှာ ရုတ်တရတ်ကြီး ပိုကောင်းအောင် ပြောင်းလဲသွားရတာလဲ?"
ဥက္ကဌ ခရုစ်က မျက်လုံးလှိမ့်လျက်၊
"ဥက္ကဌရှု၊ ဒီတစ်ခေါက်တော့ ခင်ဗျား ကြွားဖို့ မလိုဘူးမို့လား? ကျုပ်တို့ ဘန်တာမြို့ပြောင်းလဲသွားတာက ခင်ဗျားရဲ့ Frestechကုန်သည်ကြီးများအသင်းကြောင့်ဆိုတာ ဘယ်သူမသိဘဲရှိမှာလဲ။"
ရှုယီက ခပ်ဖျော့ဖျော့ပြုံးလိုက်ကာ၊ "ဒါက ကြွားတာမဟုတ်ပါဘူး၊ သတိပေးတာပါ။ ဘန်တာမြို့တော်ရဲ့ ဖွံ့ဖြိုးမှု မှော်စက်မှုလုပ်ငန်း တိုးတက်လာတာကြောင့်ပဲလေ၊ ဒါဆိုရင် ဘာလို့ လမ်ပူရီတိုင်းပြည်တစ်ခုလုံးကလည်း ဘန်တာမြို့တော်ရဲ့ နည်းလမ်းကို လိုက်မလုပ်နိုင်ရမှာလဲ? စဉ်းစားကြည့်ပါ၊ မနှစ်ရဲ့ အမြတ်ခွန်က ဘယ်လောက်ထိ တက်သွားလဲလို့? လမ်ပူရီတိုင်းပြည်မှာ ဒီလိုတိုးတက်မှုနှုန်းရှိနေရင် မှော်အမြောက်လေးခုကို ဝယ်ဖို့ မပြောနဲ့ စစ်ဌာနချုပ်တွေအနေနဲ့ အခု လေး၊ ငါးရာလောက်ဝယ်ရင်တောင် ပြဿနာရှိမှာမဟုတ်ဘူး။"
ဥက္ကဌခရုစ်က ခါးသက်သက်ပြုံးလျက်၊
"ခင်ဗျားပြောတော့ အရမ်းလွယ်နေတာပဲ၊ ဒါပေမယ့် ပြဿနာက မှော်စက်မူပညာကို လမ်ပူရီတိုင်းပြည်တစ်လျှောက် ဖြန့်ကျက်ဖို့ မလွယ်ကူတာပဲ။ ဘန်တာမြို့တော်မှာတင် ပြဿနာကြီးတစ်ခုရှိနေတာကို မတွေ့ဘူးလား?"
"မြို့စားအရှင်၊ သူက..." ဥက္ကဌရန်နာဆာက စကားနည်းနည်းဆိုလိုက်ပြီးမှ ခါးသက်သက်ပြုံးလျက် ပါးစပ်ပိတ်လိုက်တော့သည်။
သူနှင့် ဥက္ကဌခရုစ်နှစ်ဦးလုံးထံ၌ ကူကယ်ရာမဲ့ဟန်များရှိနေကြသည်ပင်။
ဘန်တာမြို့တော်၏ လုပ်ငန်းစုကြီးများမှ ဥက္ကဌများအနေနှင့် ၎င်းတို့မှာ သာမန်ပြည်သူများထက် ကောင့်ထ်စတက်ဂျ်က အဘယ့်ကြောင့်ရှုယီနှင့် Frestechကုန်သည်ကြီးများအသင်းအား ပစ်မှတ်ထားနေရသည့် အကြောင်းအရင်းစစ်ကို သိပေသည်။
သို့သော် ထို အကြောင်းအရင်းစစ်ကြောင့် ၎င်းတို့ စိတ်ထဲ၌ ပို၍ကူကယ်ရာမဲ့စွာ ခံစားနေရသည်။
၎င်းတို့မှာ ထူးချွန်သည့် ကုန်သည်များဖြစ်ပြီး ထူးချွန်သည့် တိုင်းပြည်ရေးသမားများတော့ မဟုတ်ချေ။
ထိုတိုင်းပြည်ရေးအဆင့်မှာ ၎င်းတို့၏လက်ရှိဂုဏ်ပုဒ်နှင့် လုံးဝ ဝင်စွက်ဖက်၍ မရနိုင်ချေ။
၎င်းတို့အနေနှင့် Frestechကုန်သည်ကြီးများအသင်း၏ ဆက်ဆံမှုက မမျှတဘဲ ဘန်တာမြို့တော်ရှိ အပြောင်းအလဲများကြောင့် နာကျင်သည်ဟု ခံစားရပါလျှင်တောင် နောက်ဆုံးတွင် တတ်နိုင်သည့်အရာမရှိပါချေ။
ရှုယီက ထိုကိစ္စအား ၎င်းတို့နှင့် ဆွေးနွေးရခြင်းမှာ ၎င်းတို့ထံမှ အထောက်အပံ့ရလိုခြင်းကြောင့်မဟုတ်ပါချေ။
တကယ်တမ်းတွင် သူက ၎င်းတို့၏ ရပ်တည်မှု အမှန်ကို စစ်ဆေးလို၍သာ။
ဥက္ကဌ ခရုစ်လိုမျိုး မဟာမိတ်ဟောင်းကို ပြောဖို့ မလိုသော်လည်း ရှုယီမှာ ဥက္ကဌရန်နာဆာ၏ ရပ်တည်မှုကိုတော့ဖြင့် သတိထားပါ၏။
၎င်းမှာ ရန်နက်ခ်တွန် ကုန်သည်ကြီးများအသင်းက Frestechကုန်သည်ကြီးများအသင်းနှင့် မပူးပေါင်းခဲ့သည်မှာ အမ်ရစ် ကုန်သည်ကြီးများအသင်း မပူးပေါင်းသရွေ့ပင်။ ထို့ကြောင့် ရန်နက်ခ်တွန် ကုန်သည်ကြီးများအသင်း၏ သဘောထားက ဘန်တာမြို့ရှိ လုပ်ငန်းအများစု၏ ဘဘောထားကို ကိုယ်စားပြုခဲ့သည်ပင်။
ယခုတွင် ဘန်တာမြို့ရှိ လုပ်ငန်းအများစုက Frestechကုန်သည်ကြီးများအသင်းအား ထောက်ပံ့ပေးကြဟန်တူပြီး ကောင့်ထ်စတက်ဂျ်အား မကျေနပ်ကြချေ။
အားလုံးမှာ အပြောမျှသာရှိကြ၏။
ကောင့်ထ်စတက်ဂျ်ရောက်လာပြီးနောက်၌ သူဟာ ချက်ချင်းပင် သူ၏စိုက်ပျိုးရေးမူဝဒများကို ချမှတ်ခဲ့သည်။ ဘန်တာမြို့တော်ရှိ လုပ်ငန်းများစွာက ၎င်းမှ ဆုံးရှုံးမှုများကို ခံစားခဲ့ရခြင်းကြောင့် ကုန်သည်များက ကောင့်ထ်စတက်ဂျ်ကို နှစ်သက်နေလျှင်က ထူးဆန်းနေပေလိမ့်မည်။
၎င်းတို့ အေးဆေး စကားဆိုနေချိန်တွင် ၎င်းတို့နားရှိ တိုက်ခိုက်မှုက ရပ်တန့်မသွားခဲ့ချေ။
သို့သော် တိုက်ခိုက်မှုအကြောင်း များများစားစားပြောစရာမရှိပေ။
ထို ခြုံခိုတိုက်ခိုက်ရာ၌ သားရဲလူမျိုး ငါးထောင်ကျော်သော်လည်း မရပ်နားဘဲ မှော်အမြောက်များနှင့် အပစ်ခံလိုက်ရပြီးနောက်တွင် သားရဲလူမျိုးများမှာ မီတာငါးရာအကွာမှ မီတာနှစ်ရာအကွာအထိ ဆုံးရှုံးမှုကြီးကြီးမားမား ကြုံတွေ့ခဲ့ရသည်။ ၎င်းတို့၏ ဖွဲ့စည်းပုံမှာလည်း လုံးဝပျက်စီးသွားခဲ့၏။
၎င်းတို့မှာ နီးကပ်လာပြီး မှော်အမြောက်များက ဆက်မပစ်တော့သည်ကို မြင်သော် စိတ်လှုပ်ရှားလာကာ ထပ်မံချီတက်ရန်ပြင်လာသည်နှင့် ကောင်းကင်ယံက မြှားမိုးများ အပြည့် ဖုံးလွှမ်းသွားသည်ကို တွေ့လိုက်ရသည်။
မနီးမဝေးမှ သားရဲလူမျိုးများ မြှားမိုးအောက်၌ ကျသွားသည်ကိုကြည့်ရင်း ဥက္ကဌခရုစ်နှင့် ဥက္ကဌရန်နာဆာတို့မှာ တစ်ဖန် နှုတ်ဆိတ်သွားပြန်၏။
ထိုနှစ်ဦး ခဏမျှ အတွေးလွန်နေပြီးနောက်၌တွင် မနေနိုင်ဘဲ ရှုယီထံလှည့်လာကြသည်။
ဥက္ကဌရန်နာဆာကဖြင့် ခါးသက်သက်အပြုံးနှင့်ဆိုလာသည်၊
"ဥက္ကဌရှု၊ ဘာလို့ ကျုပ်အနေနဲ့ ခင်ဗျားတို့ Frestechကုန်သည်ကြီးများအသင်းလာတာကတင် လုံလောက်နေပြီလို့ ခံစားနေရတာလဲ။ ကျုပ်တို့ရဲ့ အစောင့်တွေကို လာခိုင်းဖို့တောင် လုံးဝလိုမနေဘူးလေ။"
"အမှန်ပဲ၊ ဒါက ဘယ်လိုလုပ်တိုက်ပွဲဖြစ်ရမှာလဲ၊ အပြတ်သတ် အနိုင်ယူနေတာကြီးပဲ။" ထိုတိုက်ပွဲက မည်မျှ ထင်မထားစွာလွယ်ကူသည်ကိုမြင်သော် ဥက္ကဌခရုစ်၏ စိတ်ရှုပ်ထွေးဟန်က တဖြည်းဖြည်းပျောက်ကွယ်သွားလျက် ဟာသပြောရန်ပင် စိတ်အေးသွားသည်။
"ဒါက ကျုပ်တို့လုပ်ငန်းစုလေးခုကြားက ပူးတွဲစစ်ဆင်ရေးလေ၊ ကျုပ်တို့Frestechကုန်သည်ကြီးများအသင်းကပဲ တပ်ဖွဲ့တွေ ပို့လို့မဖြစ်ဘူး မို့လား?" ရှုယီက အပြုံးနှင့် ဆိုလိုက်သည်၊ "ဒါဆို ထပ်ပြီး၊ ပိုပြင်ဆင်ထားတာက ပိုကောင်းတယ်။"
ဥက္ကဌရန်နာဆာက ခေါင်းတစ်ချက်ငြိမ့်လိုက်၏။ သူက တိုက်ပွဲအခြေနေကိုကြည့်လိုက်ပြီး Frestechကုန်သည်ကြီးများအသင်း၏ အစောင့်များထံမှ မှော်ထပ်ဆင့်လေးများကိုကြည့်လိုက်သည်။ အနည်းငယ် စဉ်းစားပြီးနောက်၌ မေးလာ၏၊
"ဥက္ကဌရှု၊ ခင်ဗျား ဒီပစ္စည်းတွေကို ရောင်းတာလား?"
"ကျုပ်တကယ်ပဲ ဒါတွေကိုရောင်းချင်ပေမယ့် မှော်အမြောက်တွေနဲ့ တူနေတာကတော့ နှမျောစရာပဲ၊ သူတို့ကို စစ်ဌာနချုပ်တွေက ကန့်သတ်ထားတယ်။ စစ်ဌာနချုပ်က လက်မခံရင် ဘယ်သူ့ဆီကိုမှ ရောင်းချလို့မရဘူး။" ရှုယီက ပခုံးတစ်ချက်တွန့်လိုက်ကာ၊ "ကျုပ်တို့ ကိုယ်တိုင်အတွက် သုံးမယ်ဆိုရင်တောင် ကျုပ်ရဲ့ ဗစ်ကောင့်ထ်နဲ့ သခင်ကြီးဆိုတဲ့ ဂုဏ်ပုဒ်တွေကြောင့် ဖြစ်ပြီး Frestechကုန်သည်ကြီးများအသင်းရဲ့ နာမည်ကြောင့်တော့ မဟုတ်ဘူး။"
ဥက္ကဌရန်နာဆာက အရမ်းအံ့ဩသွားဟန်မပြချေ။ ထိုမျှ အင်အားကြီးသည့် လက်နက်တစ်ခုအား စစ်ဌာနချုပ်များက အခူး ကန့်သတ်ထားသည်မှာ ဖြစ်သင့်ပေသည်။
မဟုတ်ပါက စခ်တိုင်းပြည်ကဲ့သို့သော အခြားတိုင်းပြည်၏ လက်ထဲကျရောက်သွားပါလျှင် လမ်ပူရီတိုင်းပြည်အတွက် ခြိမ်းခြောက်မှု ဖြစ်လာပေမည်။
Frestechကုန်သည်ကြီးများအသင်း၏အစောင့်များမှာ လူအရပ်တစ်ဝက်လောက်မြင့်သည့် မြှားသေတ္တာများကို ကိုင်ဆောင်ထားသည်အား မြင်သော် ဥက္ကဌရန်နာဆာမှာ မနေနိုင်ဘဲ မျက်မှောင်ကုပ်ကာ မေးလိုက်သည်၊ "ဥက္ကဌရှု၊ ဒီမှော်ထပ်ဆင့်လေးက သုံးဖို့လွယ်ပေမယ့် မြားတော်တော်စားတယ်မဟုတ်ဘူးလား? ကျုပ်ထင်တာတော့ တစ်ချိန်ချိန်မှာ အစောင့်တစ်ယောက်က မြှားသေတ္တာ ဆယ်လုံးနီးနီး သုံးရတယ်လေ။
သေတ္တာတစ်လုံးစီမှာ မြှားအချောင်းနှစ်ဆယ်ရှိကြောင်း ခင်ဗျားရဲ့ ပြောကြားချက်အရ ငွေဒင်္ဂါးပြား သုံးရာလောက်ကုန်ကျမယ်ဆိုရင် ဒီ စားနှုန်းက... အရမ်းများမနေဘူးလား?"
ရှုယီက ပခုံးတွန့်လျက်၊ "တိုက်ခိုက်ခြင်းက ငွေသုံးပြခြင်းပဲလေ။ ကျုပ်အမြင်မှာ ငွေသုံးတာက လူသေတာထက် ပိုကောင်းပါတယ်။ ငွေကထပ်ရှာလို့ရပေမယ့် အသက်တွေကိုတော့ ပြန်ယူလို့မရနိုင်ဘူးလေ။
ဥက္ကဌရန်နာဆာက ခါးသက်သက်တစ်ချက်ရယ်လိုက်၏။ သူက ကောင်းကင်မှ ပျံကျနေသည့် မြှားမိုးများနှင့် သားရဲလူမျိုးများက ဂျုံလိုအနယ်ခံနေရသည်ကို ကြည့်ရင်း ခေါင်းခါလျက် ပြောလိုက်သည်၊ "စစ်ဌာနချုပ်တွေသာ ခင်ဗျားလို စည်းစိမ်ရှိနေရင် စခ်တိုင်းပြည်က ကျုပ်တို့ ခြေအောက်မှာ အနင်းခံနေပြီးပြီပဲ။"
ရှုယီက မည်သည်ကိုမှ မဆိုဘဲ ပြုံးလာသည်။ စစ်ဌာနချုပ်တွေက ဒီလို စည်းစိမ်ခံတာလား? ဒါက ဟာသလေးပါပဲ။
ထို ပူးတွဲစစ်ဆင်ရေးအား သဘောတူညီရန် ရှုယီမှာ Frestechကုန်သည်ကြီးများအသင်း၏ ရံပုံငွေများကို လုံးဝထုတ်ယူခဲ့ရသည်။ သူထိုသို့ လုပ်ရသည်မှာ စစ်ဆင်ရေးက ပြည့်စုံသည်မှာ သေချာရန်နှင့် ထိုအရာများ၏ အကျိုးရှိပုံကို စစ်ဆေးရန်ပါပင်။
သူမြင်ခဲ့သည့်အရာမှဆိုလျှင် သက်ရောက်မှုက အံ့ဖွယ်ဖြစ်သော်လည်း ပြဿနာက ကုန်ကျစရိတ်အင်မတန်မြင့်နေခြင်းပင်။
လက်ရှိရလာဒ်ကို ရရှိရန် ရှုယီသာ မြှုပ်နှံထားသမျှအရာရာတိုင်းကို ထို ရွှေဒင်္ဂါးပြားများအဖြစ် ပြောင်းလဲခဲ့လျှင် ၎င်းက အနည်းဆုံး ရွှေဒင်္ဂါး သုံးသောင်းလောက် အထိဖြစ်လိမ့်မည်။
၎င်းက သားရဲလူမျိုးများအား ဆန့်ကျင်တိုက်ခိုက်ရုံသာဖြစ်သည်။ ၎င်းကိုသာ စခ်တိုင်းပြည်၏ စစ်တပ်ကို တိုက်ခိုက်မည့် မြောက်ဘက်စစ်တပ်ထံကို ပြောင်းပေးခဲ့ပါလျှင် အသုံးစရိတ်က များစွာ တိုးသွားနိုင်သည်ပင်။
မေဂျာမက်ခ်ကွန်လီက သေမင်းတောင်တန်းနယ်မြေစည်းရုံးရေး ပြီးနောက်တွင် စစ်ဌာနချုပ်များက ရွှေဒင်္ဂါးငါးထောင်ကို ထုတ်ပေးနိုင်မည်မဟုတ်ဟု ပြောခဲ့သော်လည်း ရှုယီက လုံးဝမအံ့ဩပါချေ။
လူတစ်ယောက်သာ ရန်သူများအား ဖိနှိပ်ရန် လက်နက်အား မှီခိုချင်ပါလျှင် ငွေကိုတော့ သုံးရပေမည်။
Frestechကုန်သည်ကြီးများအသင်း၏အစောင့်များက မှော်ထပ်ဆင့်လေးများကို ဆွဲလိုက်ချိန်တွင် ၎င်းက သားရဲလူမျိုးများ၏ ခြုံခိုတိုက်ခိုက်ခြင်း လုံးဝ ကျဆုံးသွားပြီဟု ဆိုလို၏။
၎င်းက မီတာနှစ်ရာသာဖြစ်သော်လည်း သားရဲလူမျိုးများအတွက်မူ လုံးဝ ဖြတ်သန်းမသွားနိုင်သည့် ကျုံးကြီးဖြစ်သည်။
အဆုံးမဲ့ မြှားမိုးအောက်၌ ချီတက်ခဲ့ကြသည့် သားရဲလူမျိုးများ တစ်ယောက်ပြီး တစ်ယောက်ကျကာ လုံးဝ ပြန်လည်တိုက်ခိုက်နိုင်ခြင်းမရှိပါချေ။
လူသားများနှင့်ယှဉ်လျှင် သားရဲလူမျိုးများက ပိုမိုဆိုးရွားသော နေထိုင်မှုဘဝ၌ ရှိကြရာ လက်နက်ကောင်းများရှိရန် ၎င်းတို့အတွက် မဖြစ်နိုင်ပါချေ။ ခုခံနိုင်ခြင်းက ၎င်းတို့ခန္ဓာကိုယ်သန်မာမှုအပေါ်မူတည်က လူသားများအား နီးနီးကပ်ကပ်တိုက်ခိုက်ရန်ဖြစ်လာချိန်တွင် လွှမ်းမိုးနိုင်သော စွမ်းအားရှိလာကြခြင်းပင်။
သို့သော် ရှုယီမှ မှော်အမြောက်များကဲ့သို့ အင်အားကြီးလက်နက်များသုံး၍ မှော်ထပ်ဆင့်လေးတို့၏ ထောက်ပံ့မှုရှိလာချိန်တွင် သားရဲလူမျိုးများမှာ နီးနီးကပ်ကပ်တိုက်ခိုက်နိုင်စွမ်းမရှိတော့ချေ။
သားရဲလူမျိုး ငါးထောင်ကျော်က မြှားမိုးကို ဖြတ်ကျော်ခဲ့ရသော်လည်း ကျန်ရှိသည်က တစ်ထောင်ပင်မပြည့်ချေ။
ထို့အပြင် ထိုမပြည့်သည့် သားရဲလူမျိုးတစ်ထောင်က ဒဏ်ရာအပြင်းအထန်ရကာ တိုက်ပွဲခွန်အားလည်း လျော့ကြသွားကြသည်။
လုပ်ငန်းစုလေးခု၏ အစောင့်များက ၎င်းတို့၏အင်အားနှင့်ဆောင်ပုဒ်ကို ထိပ်ဆုံး၌ သိမ်းဆည်းထားသောကြောင့် အမိန့်တစ်ခုနှင့်ပင် ကျားရဲများလို တောင်တန်းများထက်သို့ ခုန်ကာ ချီတက်နိုင်သည်။
သားရဲလူမျိုးများက နောက်ဆုံး၌ လူသားအစောင့်များကို အနီးကပ်တိုက်ခိုက်ရန် အခွင့်အရေးရသွား၏၊ သို့ရာတွင် လူသားအစောင့်များဝတ်ဆင်ထားသည့် ချပ်ဝတ်များမှာ အင်မတန်ခိုင်မာပြီး လက်နက်များကလည်း အင်မတန် ထက်မြနေသည်ကို တွေ့ရှိသွားကြသည်။
ထိုလက်နက်အင်အား ကွာခြားမှုနှင့် ချပ်ဝတ်လူသားများ၏ တိုက်ပွဲအားသာချက်မှာ ချပ်ဝတ်မပါဘဲ တိုက်ခိုက်နေကြပြီး ကျောက်တုံးနှင့် တုတ်ချောင်းများကို လက်နက်နှယ်အသုံးပြုနေကြသည့် သားရဲလူမျိုးများနှင့် အင်မတန်နီးစပ်လာတော့သည်။
ထို့နောက် တစ်ဘက်က မြင့်မားသည့်ခံယူချက်ရှိပြီး တစ်ဘက်က စုတ်ပြတ်သတ်နေသည့် အချက်ကိုပေါင်းထည့်လိုက်လျှင် နှစ်ဘက်စလုံးက အနီးကပ်တိုက်ခိုက်ကြရာ၌ ကွာဟမှုက ရှင်းလင်းနေတော့သည်။
ဆယ်မိနစ်လောက်အကြာတွင် တိုက်ခိုက်နေကြသည့် သားရဲလူမျိုးတစ်ဝက်မှာ ကျသွားပြီဖြစ်၏။ ကျန်ရှိသည့် သားရဲလူမျိုး ရာကျော်မှာ ၎င်းက ဆိုးသော်လည်း ပြန်လှည့်မပြေးနိုင်ကြောင်းကိုမူ သိကြပေ၏။
သို့ပါသော်ငြား နည်းနည်း ခွာလိုက်သည်နှင့် လေထုထဲတွင် ၎င်းတို့၏ နှလုံးအိမ်များကိုပင် တုန်ရီစေသည့် ဧရာမကျောက်တုံးကြီးများ၏ အသံများကို ကြားလိုက်ရသည်။
မရွှေ့ရသေးသည့် မှော်အမြောက်လေးခုမှ ထပ်မံပစ်လွှတ်လာပြီး ဧရာမကျောက်တုံးကြီးများက ထွက်ပြေးနေသော သားရဲလူများထံကျရောက်သွားသည်။
သားရဲလူမျိုးများ၏ တိုက်ပွဲဖွဲ့စည်းပုံက ပြေးကတည်းက ပျက်သွားပြီးဖြစ်ကာ ထိခိုက်မှုအခွင့်အရေးကမများပါသော်ငြား ပြေးနေကြသည့် သားရဲလူမျိုးတစ်ဝက်လောက်ကို ဖိချေလိုက်ပြီး ၎င်းတို့ထံ၌ရှိသည့် နောက်ဆုံးလက်ကျန် ဆန္ဒကို ဖျက်ဆီးလိုက်ပေ၏။
သူသာ စစ်မြင်းတချို့စီစဉ်ထားခဲ့ပါလျှင် အစောင့်များက ကျန်ရှိနေသည့် သားရဲလူမျိုးများနောက် လိုက်ဖမ်းနိုင်ပြီး နောက်ထပ် ပြဿနာများကို တားဆီးနိုင်မည်ဖြစ်၏။
သို့သော် စစ်မြင်းများက လမ်ပူရီတိုင်းပြည်၌ ရှားပါးသည့်ရင်းမြစ်ဖြစ်သည်။ ရှုယီက စစ်ဌာနချုပ်များနှင့် ရင်းနှီးပါလျှင်တောင် ၎င်းတို့အစောင့်များအတွက် တချို့လောက်ရနိုင်ရန် မဖြစ်နိုင်ချေ။
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၃၀။ ထိတ်လန့်ဖွယ်တိုက်ပွဲ၏ နောက်ဆက်တွဲ
ရှုယီနှင့်ယှဉ်လျှင် အခြားလူများမှာ ထိုအောင်မြင်မှုနှင့် ပတ်သက်၍ လွန်စွာကျေနပ်နေကြသော်ငြား ထိတ်လန့်ကာ မယုံကြည်နိုင်ဖြစ်နေကြသည်။
ယေဘုယျ အမြင်အရ သားရဲလူမျိုးစစ်သည်ငါးထောင်က လူသားစစ်သည် နှစ်ထောင်နီးပါးကို ဆန့်ကျင်ခြင်းမှာ နတ်သူငယ်စစ်သည် နှစ်ရာနှင့် လူပုစစ်သည်သုံးရာရှိနေပါလျှင်တောင် တစ်ဖက်သတ်ကြီးဖြစ်နေသင့်သည်။
သားရဲလူမျိုးများထံ၌ သင့်လျော်သည့် လက်နက်များ မရှိဘဲ ၎င်းတို့၏ တိုက်ပွဲခွန်အား အနည်းငယ်လျော့ကျသွားပါလျှင်တောင် အခွင့်သာနေသင့်ပေ၏။
သို့သော် လူတိုင်းရှေ့မှ အောင်မြင်မှုမှာ သားရဲလူမျိုးငါးထောင်ထဲမှ တစ်ရာမျှသာ လွတ်မြောက်ပြီး ကျန်သူအားလုံး အဆုံးသတ်ခံလိုက်ရခြင်းပါပင်။
၎င်းတို့ဘက်တွင် နောက်ဆုံး အနီးကပ်တိုက်ပွဲမှသာ လူသားအစောင့်သုံးယောက်သာလျှင် ပြင်းစွာဒဏ်ရာရခဲ့ပြီး လူတစ်ရာသာ အနည်းအကျဉ်း ထိခိုက်ခဲ့သည်။ အသေအပျောက် တစ်စမှပင်မရှိပါချေ။
ထိုရလာဒ်မျိုးအား ကြားရုံကြားဖူးပြီး မကြုံခဲ့ရပါလျှင် မည်သူကမှယုံကြည်မှုမဟုတ်ပေ။ ထိုတိုက်ပွဲအား ကြုံတွေ့ခဲ့ရသူများသည်ပင် လုံးဝကြီး မယုံကြည်နိုင်ဖြစ်နေကြ၏။
အားလုံးမှာ မှော်အမြောက်များကို မော့ကြည့်လိုက်ကြသည်။ ယင်းသို့သော ရလာဒ်ကို ရနိုင်ရန် မှော်အမြောက် လေးခုက အကြီးမားဆုံးသော အခန်းကဏ္ဍ၌ ပါဝင်သည်ကို ၎င်းတို့အားလုံးသိပေသည်။
၎င်းတို့သာ စစ်တပ်ကသုံးသည့် အမြောက်ဟောင်းများကို အသုံးပြုခဲ့ပါလျှင် ၎င်းတို့က ပစ်လွှတ်ရန် လွန်စွာ အားမသာသောကြောင့် ခုခံရန်မဖြစ်နိုင်ချေ။ ချီတက်လာသည့် သားရဲလူမျိုးများထံ ကျောက်တုံး တစ်ခု နှစ်ခု ပစ်လွှတ်နိုင်လိုက်လျှင်ပင် အတော်လေး ကောင်းလှပြီဖြစ်၏။
ထို မှော် အမြောက်များမှာ မိနစ်ဝက်တိုင်းတွင် ကျောက်တုံးတစ်တုံး ပစ်လွှတ်ပြီး ပစ်လွှတ်အကွာအဝေးမှာ အမြောက်ဟောင်းများထက် ပိုရှေ့ရောက်ကာ ကြောက်မက်ဖွယ် မီတာငါးရာသို့ ရောက်ရှိနိုင်ပြီး သားရဲလူမျိုးများသည်ပင် အင်မတန် နာကျင်ခဲ့ကြရ၏။ ၎င်းက ဧရာမကျောက်တုံးကြီး ဆယ်တုံးနီးနီးပစ်လွှတ်ပေးပြီး တိုက်ပွဲ နယ်ပယ်ကို လုံးဝပြောင်းလဲလိုက်သည်။
ဒုတိယအကြီးမားဆုံး အားသာချက်မှာ Frestech ကုန်သည်ကြီးများအသင်း၏ အစောင့်များလက်ထဲရှိ မှော်ထပ်ဆင့်လေးများပင်ဖြစ်သည်။
ထို မှော်ထပ်ဆင့်လေးများမှာ ပစ်ရအင်မတန်လျင်ပြီး ရိုးရှင်းလှသည်ပင်။ မြှားအိမ်ထဲသို့ မြှားထည့်သွင်းပြီးနောက် ၎င်းတို့အားရွယ်လျက် လေးညှို့ကိုတင်ရန်သာလိုသည်။ မြှားအိမ်တစ်ခုတည်းရှိ မြှားအချောင်းနှစ်ဆယ်အား မိနစ်ဝက်မျှနှင့်ပင် ပစ်လွှတ်နိုင်သည်။
ပိုဆိုးသည့်အရာမှာ မှော်ထပ်ဆင့်လေးရှိ မြှားများအား မှော်အစီအရင်များဖြင့် ပစ်လွှတ်ခြင်းကြောင့် ၎င်းတို့၏ ပစ်လွှတ်နှုန်းနှင့် အကွာအဝေးမှာ သာမန်လေးများထက် များစွာ ကောင်းမွန်နေသည်။
မှော်ထပ်ဆင့်လေးတစ်လက်နှင့်ဆိုလျှင် များပြားဟန် မထင်ရသော်လည်း အစောင့်ငါးရာက မှော်ထပ်ဆင့်လေးများကို ကိုင်ထားလျက် လူတိုင်းကို လုံလောက်သည့်မြှားအိမ်များဖြင့် ထောက်ပံ့ပေးထားရာ မှော်ထပ်ဆင့်လေး ပစ်လွှတ်သူ ငါးရာအား ကြောက်မက်ဖွယ်အဖြစ် ဖော်ပြနိုင်သည်။
မှော်အမြောက်လေးခုက သားရဲလူမျိုးငါးထောင်ကျော်၏ ဖွဲ့စည်းပုံကို လမ်းကြောင်းခဲ့ပါလျှင် အဆုံးအဖြတ်မှာ မှော်ထပ်ဆင့်လေးများထံမှ အဆက်မပြတ်သောမြှားမိုးပင်ဖြစ်၏။ ၎င်းတို့မှာ သားရဲလူများအား သတ်ဖြတ်ရာ၌ အကြီးမားဆုံး အခန်းကဏ္ဍ၌ ပါဝင်ကြသည်။
နောက်ဆုံးအနီးကပ်တိုက်ပွဲတွင် လုပ်ငန်းစုလေးခု၏ အစောင့်များ ကောင်းစွာတိုက်ခိုက်နိုင်ခဲ့သည်မှာ Frestech ကုန်သည်ကြီးများအသင်းမှ ထောက်ပံ့ပေးထားသည့် ချပ်ဝတ်နှင့်လက်နက်များမှာ အင်မတန်ကောင်းမွန်သောကြောင့်ပင်။
စစ်မှုထမ်းဟောင်းများ၏ အကဲဖြတ်ခြင်းအရ ၎င်းတို့ Frestech ကုန်သည်ကြီးများအသင်းထံမှ ရရှိခဲ့သည့် လက်နက်များနှင့် ချပ်ဝတ်များမှာ အကောင်းဆုံးပန်းပဲဆရာများထံမှရရှိခဲ့သည်များထက်ပင် သာလွန်နေ၏။
ထို့ကြောင့် အနှစ်ချုပ်ရသော် ၎င်းတို့ထိုအောင်မြင်မှုကိုရရှိခဲ့ရသည့်အကြောင်းအရင်းမှာ မည်သူကမှ လက်နက်များကွဲပြားခြင်းကြောင့် ထိုသို့ ထူးခြားသည့်အခြေအနေကိုရရှိမည်ဟု မယုံကြည်ဝံ့ခဲ့ရခြင်းကြောင့်ပါပင်။
သို့သော် ထိုသို့သော အံ့အားသင့်ဖွယ်အောင်မြင်မှုနှင့်တောင် ၎င်းကိုရယူရနိုင် အရေးပါဆုံးလူဖြစ်သည့်ရှုယီမှာ မကျေနပ်သယောင် မျက်မှောင်ကုပ်နေသည်။
ဥက္ကဌ ခရုစ်နှင့် ဥက္ကဌရန်နာဆာတို့မှာ ရှုယီအား အဘယ့်ကြောင့် မကျေနပ်နေကြောင်းအား မနေနိုင်မထိုင်နိုင်ဖြင့် မေးလိုက်ရာ ရှုယီက စဉ်းစားပြီးနောက် ပြန်ဖြေလာ၏၊ "ကျုပ်ရဲ့ မူလအတွေးက သားရဲလူမျိုးတွေအားလုံးကို မချီတက်နိုင်ခင်မှာ သတ်ပစ်ဖို့ပဲ၊ ဒါပေမယ့် ဝင်လာတဲ့ သားရဲလူမျိုး တစ်ထောင်လောက်ကရှိနေတုန်းလေ။ သူတို့သာနည်းနည်းလောက်ထပ်များမယ်စေရင် သတိထားဖို့က လွယ်မှာမဟုတ်တော့ဘူး။"
နှစ်ဦးမှာ ရှုယီကြောင့် မျက်လုံးလှိမ့်လိုက်ကြတော့သည်။
ခင်ဗျားက သားရဲလူမျိုးတွေ မချီတက်နိုင်ခင်မှာ အားလုံးကို သတ်ပစ်ချင်တာတဲ့လား? ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ၊ သားရဲလူမျိုးတွေက အဲမှာပဲရပ်ပြီး ခင်ဗျားကို သတ်ခွင့်ပြုဖို့ စောင့်ရလောက်အောင်ထိ မရူးသေးဘူးလေ။
၎င်းတို့မျက်နှာမှ မယုံကြည်နိုင်ဟန်များကို မြင်သော် ရှုယီက စိတ်ပျက်စွာဖြင့် ကြည့်ရှုလိုက်တော့သည်။
ဟမ့်၊ ဒီ အတွေ့အကြုံမရှိတဲ့ လူတွေ။ သူတို့သာ ကမ္ဘာမြေပေါ်က စစ်တပ်တွေက ရန်သူတွေကို ကီလိုမီတာပေါင်းထောင်ချီကနေ သုတ်သင်နိုင်တာကိုများသိရင်လေ ကြောက်လွန်းလို့များ မေ့လဲသွားကြလောက်မလား?
တိုက်ပွဲပြီးဆုံးသွားပြီးနောက် ထိုအံ့အားသင့်ဖွယ်အောင်မြင်မှုကို ရရှိသည်က လုပ်ငန်းစုလေးခု၏ ပူးတွဲစစ်ဆင်ရေးမှာ ကြီးကြီးမားမား အောင်မြင်သည်ဟု ဆိုနိုင်သည်။
ဤအန္တရာယ်ရှိသောအခြေအနေတွင် ဆန်နက်မြေရိုင်းပေါ်သို့ ကုန်ပစ္စည်းအမြောက်အမြားကို တမင်တင်ဆောင်ကာ ထိုထောင်ချောက်ကို ချထားရခြင်းအကြောင်းရင်းမှာ လူသားများထံ ရန်စပြင်းထန်သောသားရဲလူမျိုးလွတ်လပ်ရေးတပ်မတော်မှ ဦးဆောင်သည့် သားရဲလူမျိုးများကို သွေးဆောင်ရန်ဖြစ်သည်။ ၎င်းတို့အား အနိုင်ယူကာ လုပ်ငန်းစုလေးခုကလည်း ဤနေရာ၌ တစ်ပြိုင်တည်းတွေ့ပြီး ပြဿနာများကို ဖြေရှင်းကြသည်ပင်။
၎င်းတို့မှာ လုပ်ငန်းစုလေးခုပူးပေါင်းသည့် အင်အားနှင့်ဆိုလျှင် ဆန်နက်မြေရိုင်း၌ လုပ်ငန်းစုလေးခုအား စိန်ခေါ်မည့် မည်သည့်သားရဲလူမျိုး အကန်းများမရှိလောက်ဟု ယုံကြည်ထားခဲ့ကြသည်။ ၎င်းက ရှေ့လျှောက် လုပ်ငန်းစုလေးခုက ဤနေရာ၌ တည်ထောင်မည့် အနာဂတ်အလုပ်ရုံများကိုလည်း ပိုမိုလုံခြုံစေလိမ့်မည်။
မှန်ပါ၏၊ ရှုယီအတွက် နေရာရယူရန်အကောင်းဆုံးနည်းလမ်းက သတ်ဖြတ်ဖို့မဟုတ်ဘဲ ပူးပေါင်းရန်သာပင်။
ဆန်နက်မြေရိုင်း၏ သားရဲလူမျိုးများက လူသားများနှင့်ပူးပေါင်းရင်း ပိုကောင်းသည့်ဘဝများ၌ ရှင်သန်နိုင်ကြောင်း သိသွားသည်နှင့် သားရဲလူမျိုးများမှာ အနာဂတ်၌ လူသားကုန်သည်များအတွက် အခက်အခဲဖြစ်စေလိမ့်မည်ဟု ယုံကြည်ထားသည်။
သို့သော် သားရဲလူမျိုးအများစုမှာ ပညာရှင်များအားလေးစားပြီး သူ၏အင်အားကို ပြသခြင်းဖြင့်ပင် လုပ်ငန်းစုလေးခုက ဆန်နက်မြေရိုင်း၌ ချောမွေ့စွာပဲ ရင်းနှီးမြှုပ်နှံကြတော့သည်။ ထို့ကြောင့် ရှုယီမှာ ဤစစ်ဆင်ရေး၌ သူ၏အင်အားကြီးအစွမ်းအစကို ပြသရန် စိတ်မရှုပ်ဘဲ သားရဲလူမျိုးများ၏ ခံနိုင်ရည်အားလုံးကို တစ်ရှိန်ထိုး တွန်းပို့လိုက်၏။
အချက်အလက်များက ထိုသို့လုပ်ဆောင်ခြင်း၏ အကျိုးမှာ အတော်လေးကောင်းမွန်ကြောင်းသက်သေပြနေသည်။
လာမည့်နေ့ရက်များတွင် လုပ်ငန်းစုလေးခုမှ ၎င်းတို့၏ထုတ်လုပ်ရေးဌာနကို ဆောက်လုပ်သောအခါ တစ်ခုခုလုပ်ဝံ့သည့် မျက်ကန်းသားရဲလူမျိုးတစ်ယောက်ပင် မရှိတော့ချေ။
သားရဲလူမျိုးနွယ်စုလေးခုမှာ ၎င်းတို့၏ ဆောက်လုပ်ရေးအပြီးသတ်ရာ၌ လုပ်သားများကိုကူညီရန် လုပ်ငန်းစုလေးခုနှင့် ပူးပေါင်းလျက် သားရဲလူမျိုးများအား ပို့ဆောင်ခဲ့သည်။
ဗော်လာမျိုးနွယ်စု၏ဘဝများပြောင်းလဲသွားသည်ကိုမြင်ပြီးနောက် ထို သားရဲလူမျိုးများမှာ ဒီဘဝအတွက် မျှော်လင့်ချက်များဖြင့် ပြည့်လာကြတော့သည်။ ၎င်းတို့မှာ တတ်နိုင်သမျှ အစာအိမ်များကိုဖြည့်တင်းလျက် အဝ်ျများကို ဝတ်ဆင်ချင်ကြသည်ပင်။
ဆောက်လုပ်ရေးအား ဆန်နက်မြေရိုင်းထဲ ငါးဆယ်ကီလိုမီတာ၌ လုပ်ဆောင်နေစဉ် ရှုယီက ထိုနေရာကို ချန်လျက် မိုင်းတွင်းနှင့် Frestech ကုန်သည်ကြီးများအသင်း၏ အပျော့စားသတ္တုဖျော်စက်ရုံ၌ စစ်ဆေးရန် ထွက်သွားတော့သည်။
မိုင်းတွင်းက ပုံမှန်လည်ပတ်နေကာ တစ်နေ့လျှင် သတ္တုအပျော့စား တန်နှစ်ဆယ်ကျော်လောက် ထွက်နေသည်၊ မည်သည်ကိုမှ ပူပန်စရာမလိုတော့ချေ။
သို့သော် သတ္တုအပျော့စားအလုပ်ရုံ လည်ပတ်ရာ၌ အတားအဆီးတချို့ ရှိနေ၏။
သတ္တုပျော့ အရည်ဖျော်ခြင်းက အပြင်ပန်းတွင် သံမဏိအရည်ဖျော်ခြင်းလိုမျိုးဟု ထင်ရပါသော်လည်း ခိုင်မာသည့် လည်ပတ်မှုက ခြားနားသည်။
ရှုယီက သတ္တုပျော့အရည်ဖျော်ရာ၌ မကျွမ်းကျင်သောကြောင့် ကမ္ဘာမြေထံက သတ္တုအပျော့စားစက်ရုံများဆီမှ စူးစမ်းထားခဲ့သည့် တချို့ကို အကိုးအကားအဖြစ်သာသုံးနိုင်သည်။ ကျန်သည်အား အလုပ်ရုံလုပ်သားများနှင့်ပင် ဖြေရှင်းနိုင်၏။
Frestech ကုန်သည်ကြီးများအသင်းက ကိစ္စများမရှိဘဲ သတ္တုပျော့အရည်ဖျော်ရာ၌ တစ်ဖက်ကမ်းခပ်သည့် လူပုလေးများရှိသည်က ကောင်းသည့်အရာဖြစ်သည်။
ရှုယီ ထိုသတ္တုပျော့အရည်ဖျော်အလုပ်ရုံအားဖွင့်ချိန်တွင် လူပုလေးလုပ်သားသုံးရာနှင့် မိုးကျတောင်ကြားရှိ အရည်ဖျော်အလုပ်ရုံများမှ အတွေ့အကြုံရှိ လူသားလုပ်သားငါးရာတို့အား ပို့ဆောင်ခဲ့ပြီး ထိုအလုပ်ရုံမှ တတ်နိုင်သမျှ စတင်ထုတ်လုပ်နိုင်ရန် သေချာစေခဲ့သည်။
လက်ရှိပြောကြားခြင်းဖြစ်ပါသော်လည်း သတ္တုပျော့ အရည်ဖျော်ခြင်း နည်းပညာရှာ လုံးလုံးလျားလျားမတိုးတက်သေးပါဘဲ၊ လူပုလုပ်သားတို့၏ ကြွယ်ဝသော အတွေ့အကြုံနှင့် အင်မတန် မြန်ဆန်စွာ ချဲ့ထွင်မှု ပြုလုပ်လာခဲ့၏။ နှစ်ဆုံး၌ သူ၏တောင်းဆိုမှုများအရ သတ္တုပျော့အရည်ဖျော်ခြင်းအား အပြီးသတ်နိုင်ရမည်။
ထို သတ္တုပျော့အရည်ဖျော်အလုပ်ရုံသာ ၎င်းတို့၏သုတေသနအား အပြီးသတ်နိုင်ခဲ့ပါလျှင် Frestech ကုန်သည်ကြီးများအသင်းက သတ္တုပျော့အမြောက်အများရရှိပြီး ၎င်းတို့၏သုတေသနနှင့် ထုတ်ကုန်များစွာ အဆင့်မြှင့်ခြင်းအား မြှင့်တင်ပေးမည်ပင်။ ၎င်း၌ အခြားအရေးပါသောစည်းစနစ်ကျမှုလည်းရှိနေငေးရာ ၎င်းမှာ သူ လမ်ပူရီတိုင်းပြည်၌ တည်ထောင်ခဲ့သည့် သတ္တုပျော့ မိုင်းတွင်းများပင်။
လူပုလေးများ၏ လေ့လာချက်များအရ လမ်ပူရီတိုင်းပြည်မှာ သံသတ္တု မကြွယ်ဝသော်လည်း သတ္တုပျော့များ၌ အင်မတန်အရေးပါသည်ဟု ပြောပါ၏။
ခေတ်သစ်စက်မှုပညာတွင် သံမဏိက အရေးပါဆုံး သတ္တုဖြစ်သော်လည်း သတ္တုပျော့မှာလည်း မရှိမဖြစ် ဖြစ်ရာ သံကဲ့သို့ အလွယ်တကူမရနိုင်ပါချေ။
ထို့ကြောင့် ၎င်းမှသုံးသပ်ကြည့်ရသော် လမ်ပူရီတိုင်းပြည်က ရင်းမြစ်များ၌ သဘာဝအတိုင်းအခွင့်သာနေသည်။ မှန်ပါ၏၊ အနာဂတ်တွင် ၎င်းတို့အားလုံးမှာ ဝေးကွာလွန်းလှသည်။
လက်ရှိပြောနေသည်မှာ ဗော်လာမျိုးနွယ်က ၎င်းတို့အား နည်သည့်အကျိုးအမြတ်မှမပေးဟု Frestech ကုန်သည်ကြီးများအသင်းက မိုင်းတွင်းနှင့် အရည်ဖျော်အလုပ်ရုံကို ပြင်ဆင်စေချင်နေသည်။
သို့သော် ရှုယီက အလျင်မလိုပါချေ။ မှော်စက်မှုပညာစနစ်ကို တည်ဆောက်ခြင်းမှာ ကြီးမားသောအလုပ်ဖြစ်ရာ လုံးဝ အလျင်လို၍ မရနိုင်ပါချေ။
စက်မှုအင်ဂျင်နီယာတစ်ဦးအနေနှင့် သူဟာအခြားသူများနှင့်ယှဉ်လျှင် ပိုမို စိတ်ရှည်ပါ၏။
Frestech ကုန်သည်ကြီးများအသင်းက လတ်တလော၌ လွန်စွာချောချောမွေ့မွေ့ လည်ပတ်နေသည်ကိုတော့ဖြင့် ပြောစရာမလိုချေပြီ။ မှော်စက်ပစ္စည်းများ၏ ကျော်ကြားမှုကြောင့် ၎င်းတို့မှာ များစွာ သုံးခဲ့ရသော်လည်း Frestech ကုန်သည်ကြီးများအသင်းမှာ ဘဏ္ဍာရေးနှင့်ပတ်သက်လျှင် အလွယ်တကူရင်ဆိုင်နိုင်ပေသည်။
တစ်ခုတည်းသော ပြဿနာမှာ လမ်ပူရီတိုင်းပြည်၏ ပြည်တွင်းတိုင်းပြည်ရေးတိုက်ပွဲများပါပင်။
၎င်းကြောင့် ရှုယီမှာ အဖြေတစ်ခုတောင် မစဉ်းစားနိုင်တော့ချေ။
သူဟာ လမ်ပူရီတိုင်းပြည် မျိုးရိုးမြင့်များ၏ အဆင့်၌ မြင့်လာခဲ့ပါသော်လည်း လမ်ပူရီတိုင်းပြည်၏ ပိုမိုမြင့်မားသော တိုင်းပြည်ရေးအခြေအနေတွင် ဝင်ပါရန်က အင်မတန်ဝေးကွာလွန်းနေပါသေး၏။ မှန်ပါ၏၊ ၎င်းက သူ့အနေနှင့် ဆယ်ဗီနီအား မထောက်ပံ့နိုင်ဟု မဆိုလိုချေ။
ထို့အပြင် သူဟာ သူမအတွက် အတော်လေး ထောက်ပံ့နိုင်သည်။
လမ်ပူရီတိုင်းပြည်သာ မည်သည့်အကျိုးအမြတ်ကိုမှ အရသာမခံပါလျှင် သူဟာမည်သည်ကိုမှ ထိခိုက်စေလိမ့်မည်မဟုတ်ချေ၊ သို့သော် ယခုတွင် စစ်ဌာနချုပ်များက သေမင်းတောင်တန်းများ၏ လွယ်ကူသောအောင်ပွဲကို အရသာခံလိုက်ပြီဖြစ်ရာ ရှုယီမှာ ၎င်းတို့အနေနှင့် ၎င်းတို့၌ ဝေးကွာခြင်းမရှိတော့ဟု ယုံကြည်သည်။