← Chapters

အခန်း (၃၁-၄၀)

Vol. 3 Ch. 31-40

အခန်း (၃၁-၄၀)

Vol. 3 Ch. 31-40

V3, အခန်း ၃၁။ အကျိုးအမြတ် ထပ်လိုချင်တာလား?

လမ်ပူရီ ဆယ့်သုံးမှာ တော်ဝင်နန်းတော်၏ အနောက်ဘက် ဥယျာဉ်ငယ်လေးထဲ၌ ထိုင်နေ၏။ သူ၏ခြေထောက်ပေါ်၌ သားရေခြုံစောင်ရှိကာ လက်ထဲမှစာရွက်စာတမ်းများကိုဖတ်နေစဉ်၌ ဆောင်းတွင်း နေက သူ့အား ကမ်းလင့်နေသည်။

၎င်းက တော်ဝင်စစ်တပ်မှ ရက်အနည်းငယ်အကြာက အစီရင်ခံခဲ့သော စာရွက်စာတမ်းများဖြစ်ပြီး ယခုက သုံးခေါက်မြောက်ဖတ်ရှုခြင်း‌ဖြစ်ပါသော်လည်း ၎င်းအား အသေအချာဖတ်ရှုနေသည်။

အကြောင်းမှာ ၎င်းက သေမင်းတောင်တန်းနယ်နိမိတ်စည်းရုံးရေး၏ အနှစ်ချုပ်အစီရင်ခံစာဖြစ်သောကြောင့်ပင်။ ကမောက်ကမဆယ်နှစ်တာအတွင်း ထီးနန်းအား အုပ်ချုပ်ခဲ့ပြီး ထိုက‌မောက်ကမအား အဆိုးဆုံးအခြေနေ၌ တည်ငြိမ်စေခဲ့သည့် ဘုရင်အနေနှင့် လက်ရှိဘုရင် လမ်ပူရီဆယ့်သုံးမှာ စစ်မှုရေးရာများကို သူ၏နောင်တော်များထက် ကောင်းစွာနားလည်ကာ ပိုမိုလည်း အရေးပေးပါ၏။

ဆယ်နှစ်ကျော်ကြာ ထီးနန်းအား အုပ်ချုပ်ခဲ့ပြီးနောက်၌ မြောက်ဘက်ခြမ်းရှိ စခ်တိုင်းပြည်နှင့် ကတောက်တဆမှာ လမ်ပူရီတိုင်းပြည်တစ်ခုလုံးအတွက် မည်မျှ အရေးပါသည်ကို အပြည့်အဝ နားလည်နေပေပြီ။

စခ်တိုင်းပြည်ထံမှ ဖိနှိပ်မှုကြောင့် လမ်ပူရီတိုင်းပြည်မှာ နှစ်စဉ် မြောက်ဘက်စစ်တပ်ထံ၌ ရွှေဒင်္ဂါးအမြောက်အများကို သုံးစွဲနေရပေသည်။ စစ်ဌာနချုပ်များမှာ မြောက်ဘက်စစ်တပ်၌ စစ်တပ်ကုန်ကျစရိတ်အများစုကို သုံးနေရပြီး စခ်တိုင်းပြည်အား တားဆီးရုံသာတတ်နိုင်၏။

သို့သော် ၎င်းက လမ်ပူရီတိုင်းပြည်အား နှစ်စဉ် စစ်တပ်အသုံးစရိတ်ပမာဏများစွာ သုံးရန်မှ ရှောင်တိမ်းနိုင်ခြင်း မရှိချေ။

တကယ်တမ်းတွင် လမ်ပူရီဆယ့်သုံးမှာ စခ်တိုင်းပြည်၏ နည်းလမ်းကို ကောင်းစွာ သတိထားနေခဲ့ပေသည်။ စခ်တိုင်းပြည်က လမ်ပူရီတိုင်းပြည်အား စစ်မကြေညာဘဲ ၎င်းတို့၏ ပိုမိုအားကောင်းသောတိုင်းပြည်သားအင်အားထံ၌ မှီခိုကာ လမ်ပူရီတိုင်းပြည်ကို တဖြည်းဖြည်းဆွဲချရင်း ထို့နောက်မှသာ အလွယ်တကူ အနိုင်ယူကြမည်ဖြစ်၏။

၎င်းတို့သာ အံစာကိုလှိမ့်လျက် စစ်ပွဲစတင်မည်ဆိုလျှင် လမ်ပူရီတိုင်းပြည်က အပြင်းအထန်ခုခံထားလောက်မည်ဖြစ်ပါသောကြောင့် စခ်တိုင်းပြည်က အနိုင်ရမည်ဆိုလျှင်တောင် များစွာထိခိုက်သွားနိုင်သည်။ ထိုသို့ဆိုလျှင် နောက်ထပ်ကြားမည့် တိုင်းပြည်ရှိလာနိုင်ပေ၏။

သို့သော် သူသိပါလျှင်တောင် လမ်ပူရီတိုင်းပြည်အနေနှင့် ယင်းပြဿနာကို မဖြေရှင်းနိုင်ပါချေ။ စခ်တိုင်းပြည်မှာ လမ်ပူရီတိုင်းပြည်ထက် သန်မာကာ လက်ဦးမှုရသောကြောင့် လမ်ပူရီတိုင်းပြည်က တောင့်ခံနိုင်သည်ကပင် လုံလောက်နေပြီဖြစ်၏။ ၎င်းတို့က မည်သို့များ ပြန်လည်တိုက်ခိုက်ရန် နည်းလမ်းစဉ်းစားနိုင်မည်နည်း။

သေမင်းတောင်တန်းနယ်နိမိတ်စည်းရုံးရေးတွင် မူလက စခ်တိုင်းပြည်မှာ စစ်ပွဲစချင်သလို ကြမ်းတမ်းခဲ့သော်လည်း သေမင်းတောင်တန်း၏ ထိန်းချုပ်ခြင်းကို ရယူပြီးနောက်တွင် ဆက်‌လက် တွန်းအားပေးမလာတော့ချေ။

ထိုလုပ်ရပ်က လမ်ပူရီတိုင်းပြည်အပေါ်၌ ဖိအားတိုးစေရန်ဖြစ်ကာ ၎င်းတို့အား မြောက်ဘက်စစ်တပ်၌ ပိုမိုရင်းနှီးမြှုပ်နံ‌စေရန်ပင်။ လမ်ပူရီတိုင်းပြည်၏ ဘဏ္ဍာရေးမှာ ထိုသို့ဖြင့် တောင့်ခံနိုင်တော့မည်မဟုတ်ချေ။

သို့သော် စခ်တိုင်းပြည်မှာ လမ်ပူရီတိုင်းပြည်၏ လက်နက်များက ရုတ်တရတ်ပြောင်းလဲသွားကာ ထိုသို့သောကြောက်မက်ဖွယ်မှော်အမြောက်ကြီးများအား ပြင်ဆင်ထားမည်ဟု ထင်မထားခဲ့ပါချေ။ ၎င်းတို့အနေနှင့် သံမဏိမြှားများအား ကုန်ကျစရိတ်ကိုဂရုမစိုက်ဘဲ သုံးသည့် အချက်ကိုပါထည့်ပေါင်းလျက် ၎င်းတို့မှာ အင်အားအပြည့်ဖြင့် သေမင်းတောင်တန်းနယ်နိမိတ်ကို ပြန်လည်ယူဆောင်သွားနိုင်၏။

ယခုတွင် မြောက်ဘက်စစ်တပ်က သေမင်းတောင်တန်းနယ်နိမိတ်ကို ထိန်းချုပ်ကာ စခ်တိုင်းပြည်ထံ၌ ဖိအားကြီးကြီးမားမားကို ဖန်တီးထားရင်း ၎င်းတို့အား မြောက်ဘက်စစ်တပ်ကို ပြန်လည်ခုခံရန် စစ်တပ်များထံ၌ ပိုမိုမြှုပ်နှံအောင် တွန်းအားပေးနေ၏။

သေမင်းတောင်တန်းများအား တိုက်ခိုက်ရာ၌... မြောက်ဘက်စစ်တပ်၏ စွမ်းအားကြီးလက်နက်များနှင့်ဖြစ်ရာ ၎င်းတို့ထံ၌ လတ်တလောတော့ ထိုအတွေးမျိုးရှိလိမ့်မည်မဟုတ်ချေ။

သို့သော် လမ်ပူရီတိုင်းပြည်၏ တော်ဝင်စစ်တပ်အစီရင်ခံစာတွင် ၎င်းတို့က အကျိုးအမြတ်အတွက် ဘုရင်ကို မည်သည်မှ မတောင်းဆိုဘဲ အကူအညီသာ တောင်းနေကြသည်။

တော်ဝင်စစ်တပ်၏ စာရင်းအင်းများအရ သေမင်းတောင်တန်းနယ်နိမိတ်စည်းရုံးရေးတွင် ၎င်းတို့မှာ ကြီးကြီးမားမားပြသခဲ့ပြီး အရေးပါသည့် သေမင်းတောင်တန်းများကို သိမ်းယူခဲ့ပါသော်လည်း စစ်ဌာနချုပ်များက ရွှေဒင်္ဂါးပေါင်း တစ်သိန်းခုနှစ်သောင်းကိုရင်းနှီးမြှုပ်နှံခဲ့၏။ ၎င်းတို့မှာ ဒီနှစ်အတွက် စစ်ဌာနချုပ်၏ ငွေကြေးကို ပြောင်းသလင်းခါစေခဲ့သည်။

သေ‌မင်းတောင်တန်းများ၏ ထိန်းချုပ်မှုကို ထိန်းချုပ်ရန် မြောက်ဘက်စစ်တပ်က တစ်လလျှင် ရွှေဒင်္ဂါးလေးသောင်း သုံးပေးရ၏။

ပစ္စည်းများ ပို့ဆောင်ခြင်းကပင် ကုန်ကျစရိတ် ရွှေဒင်္ဂါး တစ်သောင်းကျော်ရှိသည်ဟု ပြောကြသည်။

၎င်းမှာ စစ်ဌာနချုပ်များက ငွေကိုထိန်းသိမ်းရန် ဦးနှောက်ခြောက်အောင်စဉ်းစားပြီးမှဖြစ်၏။

အစီရင်ခံစာတွင် တော်ဝင်စစ်တပ်က အချက်အလက်အားလုံးကို ဖော်ပြထားကာ ရှင်းလင်းစွာဖြင့် ငွေမည်သို့မျှ မရှိတော့ကြောင်းကို ညွှန်းဆိုနေသည်။ တိုင်းပြည်ဘဏ္ဍာက ၎င်းတို့အား ရံပုံငွေမထောက်ပံ့တော့ပါလျှင် စစ်ဌာနချုပ်များက မတောင့်ခံနိုင်တော့ဘဲ သေမင်းတောင်တန်းများကို ဆက်လက်ဆုံးရှုံးသွားရပေတော့မည်။

ထိုအစီရင်ခံစာက ဘုရင့်အား ငွေထပ်ရရန် ခြိမ်းခြောက်သည့်ဟန်ပေါ်နေပါသော်လည်း လမ်ပူရီဆယ်သုံးမှာ စစ်ဌာနချုပ်များက အချက်အလက်များကိုစာ အစီရင်ခံထားသည်မှန်း ရှင်းလင်းစွာသိပေသည်။

အကြောင်းမှာ သူဟာ တိုင်းပြည့်ဘဏ္ဍာရေးအား တိုင်းပြည်အတွင်းရှိ လူတိုင်းထက် ပိုမိုကောင်းစွာသိခြင်းကြောင့်ပါပင်။ တိုင်းပြည်ထံ၌ ငွေမရှိသောကြောင့် သဘာဝကျကျပင် စစ်တပ်၌ ငွေမရှိချေ။

သို့သော် ၎င်းက ဖြေရှင်းရမည့်ပြဿနာပင်၊ မဟုတ်ပါက မြောက်ဘက်စစ်တပ်၏ လုပ်ဆောင်ချက်များအားလုံး အချည်းနှီးဖြစ်သွားပြီး လမ်ပူရီတိုင်းပြည်သည် ခံရမည့်အနေအထားတွင် ရှိသွားမည်ဖြစ်သည်။

သို့သော် ၎င်းတို့သာ စစ်တပ်ဝင်ငွေကို တိုးမြှင့်မည့်နည်းလမ်းတစ်ခုအား ရှာတွေ့ပါလျှင် ၎င်းက လမ်ပူရီတိုင်းပြည်အား ဆွဲချကာ တိုင်းပြည်ဘဏ္ဍာရေးကို ပို‌ပင်ဆိုးဝါးစေပြီး အဆုံးမရှိ သံသရာလည်နေပေလိမ့်မည်။

၎င်းတို့အနေနှင့် မည်သို့များ ထိုအဆုံးမဲ့သံသရာကို ဖြေရှင်းနိုင်မည်နည်း?

လမ်ပူရီဆယ့်သုံးက အနည်းငယ်စဉ်းစားပြီးနောက် နံဘေးရှိ အစီရင်ခံစာ နောက်တစ်ခုကို ယူလိုက်သည်။

ထိုအစီရင်ခံစာက တိုင်းပြည်စီးပွားရေးဌာနမှ ဆောင်းဦးကောက်ရိတ်သိမ်းပွဲအနှစ်ချုပ်ပါပင်။

ယင်းအစီရင်ခံစာ၌ ဘန်တာမြို့တော်က အင်မတန် အခြေနေ ကောင်းလှသည်။

အကြောင်းရင်းက အင်မတန်ရိုးရှင်းလှရာ ဤနှစ်၏ဆောင်းဦးကောက်ရိတ်သိမ်းပွဲ၌ ဘန်တာမြို့တော်က တိုင်းပြည်ရှိ အခြားမြို့တော်ကိုပင် များစွာကျော်လွန်နေသော ခမ်းနားသည့် ရလာဒ်ကို ရရှိခဲ့သည်။

အစီရင်ခံစာ၌ စိုက်ပျိုးရေးဌာနက လက်ရှိဘန်တာမြို့တော်၏ မြို့စားကောင့်ထ်စတက်ဂျ်အား တတွတ်တွတ် ချီးမွမ်းထားကာ ဘန်တာမြို့တော်ထံ ထိုသို့သော မြင့်မားသည့် ကောက်ရိတ်နှုန်းအားရရှိစေခဲ့ပြီး ဆုချီးမြှင့်သင့်သည့် နံပါတ်တစ် ပံ့ပိုးကူညီသူဟု ခေါ်ဆိုနေသည်။ ၎င်းတို့ပြောကြသည်မှာ မြို့တော်တိုင်း၌ ထိုသို့သော မြင့်မားသည့် အထွက်နှုန်းရှိပါလျှင် လမ်ပူရီတိုင်းပြည်မှာ ဆန်စပါးကင်းမဲ့မှုမဖြစ်တော့ဘဲ တိုင်းပြည်သားတိုင်း အငတ်ဘေးမကြုံရတော့ဟုပင်။

ထိုအစီရင်ခံစားအား ဂရုတစိုက်ဖတ်ရှုပြီးနောက် လမ်ပူရီဆယ့်သုံးမှာ ရုတ်တရတ် နှာခေါင်းရှုံ့လျက် မျက်နှာထက်၌ အေးစက်စက်အပြုံးက ပေါ်လွင်လာသည်။ သူက နောက်ထပ် အစီရင်ခံစာကိုယူပြီး အတန်ကြာကြည့်ပြီးနောက်၌ နှုတ်ခမ်းများက ကွေးတက်သွားကာ မျက်နှာထက်ရှိအပြုံးကလည်း နှစ်ခြိုက်ဟန်ပြောင်းလဲသွားတော့သည်။

ထိုအစီရင်ခံစာက တကယ်တမ်းမှာ စာရွက်ထူထူအပိုင်းများတွဲထားသည့် လျှို့ဝှက်အစီရင်ခံစာပါပင်။

ရှုယီသာ‌ရှိနေလျှင် သေချာပေါက် အံ့ဩသွားလောက်သည်။

၎င်းမှာ ထိုအစီရင်ခံစာထူထူ၌ Frestech ကုန်သည်ကြီးများအသင်းနှင့်ဆက်စပ်သည့် ကိစ္စအားလုံးပါဝင်နေသောကြောင့်ပင်။

လမ်ပူရီဆယ့်သုံးက ထိုအစီရင်ခံစာအား စစ်ဌာနချုပ်နှင့် စိုက်ပျိုးရေးဌာနမှ စာများထက် ပိုမိုဂရုတစိုက်ဖတ်နေ၏။ အချိန်များစွာကြာပြီးနောက် သူဟာ ရပ်တန့်ပြီး စဉ်းစားလိုက်ကာ နောက်မှ ဆက်ဖတ်နေ၏။

ထိုအစီရင်ခံစာကိုဖတ်ရှုရန် သူ့အတွက် တစ်နာရီနီးနီးကြာမြင့်သွားသည်။ လမ်ပူရီဆယ့်သုံးက ထိုအစီရင်ခံစာကို ချထားပြီး ထိုင်ခုံကိုမှီလျက် နေခြည်နွေးနွေးကို ခံစားရန် မျက်လုံးကိုမှိတ်လိုက်သည်။ ၎င်းက သူအနားယူတော့မည့်ဟန်ပေါ်ပါသော်လည်း သူ့နှုတ်ခမ်းများနှင့် မျက်ခုံးက ခဏပြီးခဏ တွန့်ရှုပ်နေပြီး လက်ရှိ၌ အတွေးပွားနေကြောင်းကို ပြသနေသည်။

ခဏအကြာ၌ ခြေလှမ်းဖွဖွများက ဥယျာဉ်အတွင်း ဝင်ရောက်လာကာ လမ်ပူရီဆယ့်သုံးအား သူ၏အတွေးများထံမှ လှုပ်နှိုးလိုက်သည်။

သူ့အနေနှင့် သူ၏နှစ်ခြိုက်ရပါသော အငယ်ဆုံးသမီးတော်လည်း ဆယ်ဗီနီရောက်နေကြောင်းကို သိရန် မျက်လုံးဖွင့်ဖို့ပင်မလိုချေ။

"ခမည်းတော်၊ ဒီနေ့တကယ်ကြီး နားဖို့ အချိန်ရှိတယ်ပေါ့လေ?" ခြေလှမ်းများ သူ့ရှေ့၌ ရပ်သွားသော် ဆယ်ဗီနီ၏ အံ့ဩနေသံက နားဝင်ချိုဖွယ်ရာ ထွက်ပေါ်လာသည်။

လမ်ပူရီဆယ့်သုံးက မျက်လုံးများကိုဖွင့်ရင်း ဆယ်ဗီနီထံ နွေးထွေးစွာ ပြုံးပြလိုက်သည်။ သူက မျက်နှာချင်းဆိုင်မှ ထိုင်ခုံအား ညွှန်ပြရင်း သူမကို ထိုင်ရန် အချက်ပြလိုက်သည်။

"ပြော" ဆယ်ဗီနီထိုင်လိုက်ချိန်တွင် လမ်ပူရီဆယ့်သုံးက ထို စကားအတိုလေးကို ပြောလာသည်။ ဆယ်ဗီနီအနေနှင့် သူ၏ခမည်းတော်က အချိန်ဖြုန်းရသည်ကို မကြိုက်ကြောင်းသိသောကြောင့် ခေါင်းတစ်ချက်ငြိမ့်လျက် လမ်ပူရီဆယ့်သုံးထံ စာတမ်းတစ်ခုကို ပေးလိုက်သည်။

"ဒါက အဲဒီ့ကောင်လေးရှုယီနဲ့ ဆိုင်တဲ့ဟာပဲလား?"

လမ်ပူရီဆယ့်သုံးမှာ ၎င်းကိုလှမ်းမယူလိုက်ဘဲ ဆယ်ဗီနီထံသာ စနောက်နေဟန်ဖြင့်မေးလိုက်၏။

သူ၏အသံထဲမှ စနောက်နေဟန်ကိုကြားသော် ဆယ်ဗီနီ၏မျက်နှာက အနည်းငယ် နီရဲသွားသည်။ သူမက လမ်ပူရီဆယ့်သုံးအား စာရွက်ကို ထပ်ကမ်းပေးလာ၏။

လမ်ပူရီဆယ့်သုံးက ပြုံးလျက် စာရွက်ကိုယူလိုက်သည်။ နှစ်ခေါက်လောက်ကြည့်ပြီးနောက်တွင် သူ၏အမူအရာက ချက်ချင်း လေးနက်လာကာ မတ်မတ်ထိုင်လိုက်တော့၏။

သေချာကြည့်ပြီးနောက်၌ အနည်းငယ်စဉ်းစားလျက် ဆယ်ဗီနီအား လေးနက်နေဟန်ဖြင့်မေးလိုက်သည်၊ "မင်းမှာ ယုံကြည်ချက် ဘယ်လောက်ရှိလဲ?"

ဆယ်ဗီနီက အနည်းငယ်တွေးတောပြီးမှ ဖြေလာ၏၊

"ကျွန်မရဲ့ရှုယီကိုနားလည်မှုနဲ့ဆိုရင် သူဒီလိုပြောပြီး ခမည်းတော်ကို အဆိုပြုချက်ပေးကတည်းက သူ အနည်းဆုံး ၅၀%လောက်သေချာမယ်လို့ ကျွန်မထင်တယ်။"

"ဟုတ်ပြီ၊ ၅၀%သေချာတာက လုပ်ဖို့ ထိုက်တန်တယ်ဆိုတာပဲ။"

လမ်ပူရီဆယ့်သုံးက လက်ထဲမှ စာရွက်ကိုကြည့်က ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်ဟန် ပြုံးလိုက်သည်။

"အိုင်း၊ ငါ ဆယ်နှစ်လောက်စိုးရိမ်ခဲ့ရတဲ့အရာက ဒီကလေးလက်ထဲမှာ လွယ်လွယ်လေးဖြေရှင်းနိုင်ခဲ့မယ်လို့ မထင်ထားခဲ့မိဘူး။ သူ စတက်တိန်းနယ်မြေ‌ဆီသွားဖို့ စီစဉ်နေတာက ကိစ္စကောင်းပဲ။ စတက်တိန်းနယ်မြေက မြေဩဇာကြွယ်ဝပြီး ဆန်စပါး ပမာဏအတော်များများကို ထုတ်ပေးနိုင်မှန်း သိပေမယ့်လည်း ဒါကိုလုပ်ဖို့ အင်အားမရှိခဲ့တော့ ဒီအကြံကို လက်လျှော့ဖို့ပဲ တတ်နိုင်ခဲ့တာ။"

ဆယ်ဗီနီက ခပ်ဖျော့ဖျော့ပြုံးလျက်၊ "ခမည်းတော်၊ ရှုယီက ပြောတယ်၊ ဒီလောကမှာ ငွေနဲ့ဖြေရှင်းလို့ရတဲ့ ကိစ္စတွေများပြီး အင်အားမလိုပါဘူးတဲ့။ ငွေနဲ့ဖြေရှင်းလို့ရတဲ့ကိစ္စတွေကိုလည်း အရေးကြီးကိစ္စလို့ မယူဆရဘူးလို့ပြောတယ်။"

လမ်ပူရီဆယ့်သုံးက သူမအား ကူရာမဲ့စွာကြည့်ရင်း၊ "ဒီ‌ကလေးက အရမ်းလွယ်လွယ်ပြောတာပဲ။ သူ့ရဲ့ Frestech ကုန်သည်ကြီးများအသင်းက အတော်လေး ငွေဝင်တော့ ဒါကိုပြောနိုင်ပေမယ့် ငါတို့ရဲ့ တိုင်းပြည်ဘဏ္ဍာရေးအခြေအနေက သူ့လုပ်ငန်းစုလို အဆင်ပြေမနေဘူးလေ။ သူ့မှာသာ အစွမ်းအစရှိရင် ဘာလို့ ငါတို့လမ်ပူရီတိုင်းပြည်ကို များများစားစား ငွေဝင်အောင်မလုပ်တာလဲ?

ဆယ်ဗီနီက အပြုံးဖြင့် ပြောလာသည်၊ "ခမည်းတော်၊ ရှုယီမှာသာ တကယ်ကြီး တိုင်းပြည်ကို ချမ်းသာအောင်လုပ်ဖို့ နည်းလမ်းရှိနေရင်ရော?"

လမ်ပူရီဆယ့်သုံးက ရပ်တန့်သွား၏။ သူက ဆယ်ဗီနီကို မျက်မှောင်ကျုံ့ကြည့်ကာ၊ "ဆယ်ဗီနီ, မင်းရှုယီက အမြဲလေးစားမှန်းသိပြီး ငါလည်း Frestech ကုန်သည်ကြီးများအသင်းဦးစီးတဲ့ မှော်စက်မှုပညာက ဘန်တာတစ်မြို့လုံးကို ပြောင်းလိုက်မှန်းသိပါတယ်၊ ဒါပေမယ့် တိုင်းပြည်တစ်တိုင်းပြည်၊ လုပ်ငန်းစုတစ်ခုနဲ့ မြို့တော်တစ်မြို့က ကွဲပြားတယ်၊ ဒီလောက် မရိုးရှင်းနေဘူး။"

"မကြိုးစားကြည့်ဘဲ ဘယ်လိုသိမှာလဲ၊ " ဆယ်ဗီနီက ခေါင်းခါယမ်းလျက်၊ "ခမည်းတော်၊ ကျွန်မတို့ လမ်ပူရီတိုင်းပြည်က နှစ်ရာနဲ့ချီပြီး တူညီတဲ့လမ်းကြောင်းမှာရှိခဲ့တယ်၊ ဒါပေမယ့် ဘာတိုးတက်မှုမှတော့မရှိခဲ့ဘူး။ အခု ပြောင်းလဲဖို့ အခွင့်အရေး‌ရှိနေတာကို ဘာလို့ အခွင့်အရေးပေးဖို့ ဆန္ဒမရှိရတာလဲ?"

လမ်ပူရီ ဆယ့်သုံးက ဆယ်ဗီနီအားကြည့်လျက် သက်ပြင်းချလိုက်ရင်း၊ "ငါဒါကိုမသိလို့ မဟုတ်ပါဘူး၊ ဒါပေမယ့် ဆယ်ဗီနီ, တိုင်းပြည်မှာ ငါလွယ်လွယ်နဲ့ ဆုံးဖြတ်လို့မရတဲ့ ကိစ္စများစွာရှိတယ်။"

"နားလည်ပါတယ်" ဆယ်ဗီနီက ခေါင်းတစ်ချက်ငြိမ့်လိုက်ပြီး "ကျွန်မက ခမည်းတော် ပြောင်းလဲမှုကြီးကြီးမားမားတွေလုပ်ဖို့ မျှော်လင့်နေတာမဟုတ်ပါဘူး၊ ဒီပြောင်းလဲမှုတွေအတွက် အကူအညီတချို့ပေးဖို့ပဲ မျှော်လင့်တာပါ။"

လမ်ပူရီဆယ့်သုံးက ရယ်လျက်၊ "မင်းဒီတစ်ခေါက်လာတာ အဲ့ကလေးအတွက် အခွင့်အရေးတွေပိုရအောင်လို့မှန်း ငါသိတယ်။ သူသာ လက်မထပ်ရသေးရင် မင်းသူ့ကိုလက်ထပ်ဖို့ စီစဉ်နေလောက်မယ်လို့တောင် ထင်မိတယ်။"

ဆယ်ဗီနီ၏မျက်နှာက နီရဲသွားသော်လည်း မည်သည်ကိုမှ မငြင်းဆန်ပါချေ။ သူမက လမ်ပူရီဆယ့်သုံးကိုသာကြည့်ကာ၊ "ခမည်းတော်၊ ကျွန်မ တကယ်ပြောနေတာပါ။ ရှုယီကို ကောင့်ထ်စတက်ဂျ်က ဒီလိုဆက်ဆံနေတာတောင် သူက ကျွန်မတို့ တိုင်းပြည်တစ်ခုလုံးအတွက်တွေးပေးနေတုန်းပဲ၊ သူ့ကိုသာ ထောက်ပံ့မှု နည်းနည်းလောက်မပြရင် သေချာပေါက် စိတ်ပျက်သွားလိမ့်မယ်။ ကျွန်မခံစားရတာကတော့ ဘာပဲဖြစ်ဖြစ် ကျွန်မတို့အနေနဲ့ သူနဲ့ Frestech ကုန်သည်ကြီးများအသင်းကို ဆုံးရှုံးလို့မဖြစ်ဘူး။"

"ဒါက ငါသဘောမတူတာမဟုတ်ပါဘူး၊ ဒါပေမယ့် မင်းသူ့အတွက် ရစေချင်တဲ့ အကျိုးအမြတ်တွေအကြောင်း မပြောရသေးဘူးလေ၊ ဒါကြောင့် ငါဘယ်လိုသဘောတူနိုင်မလဲ?"

လမ်ပူရီဆယ့်သုံးက အပြုံးဖြင့်ပြောလိုက်သည်၊ "သူသာ သူ့အတွက် နယ်မြေတောင်းဆိုမယ်ဆိုရင် ငါ သေချာပေါက် သဘောမတူတာကြောင့် ဘာမှမပြောဘူး။ နောက်ဆုံးတစ်ခေါက်က သူ့ကို နယ်မြေပေးလိုက်တော့ မျိုးရိုးမြင့်တွေ ကမ္ဘာကို ပြောင်းပြန်လှန်လုနီးပါးဖြစ်သွားတယ်၊ ဒါကြောင့် ငါတို့သူ့ကို ထပ်ပြီးပေးရင် ငါသေအောင် အနှောင့်ယှက်ခံရမှာ။"

ဆယ်ဗီနီက ခဏရပ်တန့်ပြီးမှ လေးနက်နေဟန်ဖြင့် ဆိုလာသည်၊ "ခမည်းတော် Frestech ကုန်သည်ကြီးများအသင်းကို အခမဲ့ကုန်သွယ်ခွင့်တွေ ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။"

လမ်ပူရီဆယ့်သုံးက ရပ်တန့်သွားကာ ခပ်စူးစူးအသံဖြင့်ပြောလာ၏၊ "ဒါက မဖြစ်နိုင်တာကြီး!"

***

မှော်စက်မှုအင်ပါယာ

Vol3, အခန်း ၃၂။ လူဝင်မှုကြီးကြပ်ရေး

လမ်ပူရီတိုင်းပြည်၏ ဘုရင်နှင့် မင်းသမီးအနေနှင့် ၎င်းတို့၏ဆုံးဖြတ်ချက်အားလုံးမှာ သဘာဝကျကျပင် လမ်ပူရီတိုင်းပြည်အတွက် အရေးပါ၏။

သို့သော် ဖရေလီယာနှင့် အာချီတို့၏ အဖေနှင့်သားစုံတွဲအတွက် ထိုအရေးပါသောကိစ္စများက ၎င်းတို့အတွက်တော့ အရေးမကြီးနေချေ။ ၎င်းတို့ ယခု‌ဂရုစိုက်နေကြသည့် ပြဿနာမှာ ၎င်းတို့မိသားစုလေး၏ ဘဝပါပင်။

တကယ်တမ်း တရားမျှတမှုအားလုံးတွင် ဖရေလီယာ၏မိသားစုမှာ ယခင်ကနှင့် ယှဉ်လျှင် ပိုမိုကောင်းမွန်သော ဘဝများ၌ နေထိုင်‌နေရ၏။ ဖရေလီယာက တောင်တန်းများ၌ အမဲလိုက်နေသေးပါသော်ငြား သူဟာ သားကောင်အမဲလိုက်ခြင်းအား ငွေနှင့်လဲလှယ်ရန် အသုံးမပြုတော့ဘဲ ၎င်းတို့ကို အရသာရှိသောတစ်‌နပ်စာထောက်ပံ့ပေးရန် အတွက်သာ လုပ်ဆောင်နေသည်။

ထိုသည်မှာ လက်ရှိဖရေလီယာမိသားစုက အမဲလိုက်ခြင်းထံ၌ သူ၏ဝင်ငွေကိုမှီခိုရန်မလိုအပ်တော့သောကြောင့်ဖြစ်သည်။

ဖရေလီယာထံ၌ သားသုံးဦးနှင့် သမီးနှစ်ဦးရှိပြီး ၎င်းတို့အားလုံးမှာ ဘန်တာမြို့တော်ရှိ အလုပ်ရုံများ၌ လုပ်ကိုင်နေကြသည်။ ၎င်းတို့တစ်ယောက်ချင်းစီမှာ တစ်လကို ရွှေဒင်္ဂါးဆယ်ပြားစီ လစာရကြပြီး လစဉ်ကို စုစုပေါင်း ရွှေဒင်္ဂါးဆယ်ပြားကျော် လစာယူလာကြသည်။

ထိုများစွာသောငွေမှာ ၎င်းတို့မိသားစု ယခင် တစ်နှစ်လုံးတွင်ပင် မဝင်နိုင်သော ငွေဖြစ်သည်။ ထိုသို့ဝင်ငွေတိုးတက်လာမှုနှင့် ဖရေလီယာမိသားစု၏ဘဝများမှာ သဘာဝကျစွာပင် များစွာ ပိုမိုကောင်းမွန်လာတော့သည်။

ဖရေလီယာအမဲလိုက်ခဲ့သည့် သားကောင်က ကောင်းမွန်သည့်တစ်နပ်စာဖြစ်ရုံသာမက ၎င်းတို့၏ တဲအိမ်ကိုဖျက်သိမ်းလျက် ရွာရှိအခြားမိသားစုများထံမှ လေ့လာရင်း ၎င်းတို့မှာ အမ်ရစ်ကုန်သည်ကြီးများအသင်းကို လူတိုင်းထောက်ခံကြသည့် နှစ်ထပ်တိုက်အုတ်အိမ်လေးတစ်လုံးကို တည်ဆောက်စေခဲ့သည်။

တစ်ချိန်တည်းတွင် ၎င်းတို့၏ အိမ်အား ၎င်းတို့ဘဝကို အကြိမ်များစွာ တိုးတက်စေခဲ့သည့် အိမ်‌သုံးမှော်စက်ပစ္စည်းများနှင့် ပြည့်ထားလိုက်သည်။

သို့သော် ထိုကောင်းမွန်သောဘဝက ဘန်တာမြို့တော်၏ မြို့စားပြောင်းလဲသွားသည်နှင့် ပျောက်ကွယ်သွားတော့၏။

လွန်ခဲ့သည့် နှစ်များစွာကလို အစားတောင်နပ်မမှန်သည့် အခြေနေတူသို့ ပြန်မရောက်သွားပါသော်လည်း မြို့စားအသစ်၏ စိုက်ပျိုးရေးဆိုင်ရာမူဝါဒသစ်များက ဘန်တာ‌မြို့တော်ရှိ အလုပ်ရုံများစွာကို ရွှေ့ပြောင်းသွားအောင် သို့မဟုတ် ပိတ်ချသွားအောင် ပြုလုပ်ခဲ့သည်။ အဆုံး၌ဖရေလီယာ၏ ကလေး ငါးယောက်ထဲမှ သုံးယောက်မှာ အလုပ်များအား ဆုံးရှုံးလိုက်ရပြီး ကျန်နှစ်ဦးမှာ ကီလိုမီတာပေါင်း ဒါဇင်များစွာဝေးလံသော မိုးကျတောင်ကြားသို့ အလုပ်သစ်ရှာရန် သွားကြရသည်။

ယခုတွင် ၎င်းတို့မိသားစု၏ လစဉ်ဝင်ငွေက ရွှေဒင်္ဂါးခုနှစ်ဆယ်ကျော်မှ နှစ်ဆယ်လောက်သာ ရှိတော့သည်။ ၎င်းက များစွာလျှော့ကျသွားရ ၎င်းတို့၏ ဘဝကိုပိုမိုခက်ခဲနေစေ၏။

မှန်ပါ၏၊ ယခင်ကနှင့်စာလျှင်တော့ များနေသေးပါသော်လည်း ယခုတွင် လူတိုင်းထံ၌ ပိုမိုမြင့်မားသည့် လူနေမှုအဆင့်အတန်း‌ရှိနေရာ တစ်လလျှင် ရွှေဒင်္ဂါး ခုနှစ်ဆယ်မှ နှစ်ဆယ်အထိကျဆင်းသွားခြင်းက ခက်ခဲသည်မှာ သံသယပင်မလိုချေ။

အရေးကြီးသည်မှာ ဖရေလီယာမိသားစု၏ ဝင်ငွေက ထို၂နှစ်၌ တိုးလာသောကြောင့် သူဟာ လျင်မြန်စွာပင် သူ၏ဒုတိယသားလက်ထပ်ပွဲနှင့် သမီးနှစ်ဦးလက်ထပ်ဖြစ်ရင် ဂရုစိုက်ခဲ့ရာ အိမ်ထောင်စုတစ်ခုမှ အိမ်ထောင်စုများစွာဖြစ်သွားပြီး တာဝန်ယူစရာက များလာသည်။

ပို၍ပင်အရေးကြီးသော ပြဿနာမှာ သူ၏အငယ်ဆုံးသား အာချီက ဒီနှစ်တွင် ၁၈နှစ်ပြည့်ပြီဖြစ်သည်။ ရွာ၏ ထုံးတမ်းများအရ သူသာ အသက်နှစ်ဆယ်အရွယ်၌ မလက်ထပ်ပါလျှင် နောက်ကွယ်၌ အခြားလူများက အတင်းအဖျင်းဆိုကြပေလိမ့်မည်။

ထိုကလေး အာချီက တကယ်တမ်းတွင် ရွာ၌ မိန်းကလေးတစ်ဦးရှာတွေ့ထားပြီး ၎င်းတို့၏ဆက်ဆံရေးမှာလည်း မဆိုးလှပါချေ။ ဖရေလီယာက ထိုမိန်းကလေးအား မြင်ပြီးနောက်တွင် သူက အင်မတန်စိတ်ကျေနပ်နေပြီး ဒီနှစ် သို့မဟုတ် နောက်နှစ်၌ ၎င်းတို့၏ လက်ထပ်ပွဲကိုဂရုစိုက်ရန် စီစဉ်ထားသည်။

သို့သော် မိန်းကလေး၏ မိဘများက ၎င်းတို့၏အခြေအနေကို ပြောခဲ့သည်။ ၎င်းတို့အနေနှင့် အာချီအား လက်ထပ်ပြီးချိန်တွင် ၎င်းတို့အတွက် အိမ်အသစ်ပြင်ဆင်ပေးစေချင်ပြီး ထိုအိမ်၌ Frestechအမှတ်တံဆိပ် အိမ်‌သုံးမှော်စက်ပစ္စည်းများဖြင့် ပြည့်နှက်နေစေချင်ပေသည်။

ထိုတောင်းဆိုမှုအား လွန်သည်ဟု မဆိုနိုင်ပေ၊ အကြောင်းမှာ လူနေမှုအဆင့်အတန်းပိုမြင့်လာသည်နှင့် ဘန်တာမြို့တော်ရှိ မိန်းကလေးများက လက်ထပ်ချိန်၌ ထိုသို့နှယ်ဆင်တူစွာ တောင်းဆိုကြသည်ပင်။

သို့သော် အာချီအလုပ်,လုပ်ခဲ့သည့် နီဝီကွာကုန်သည်ကြီးများအသင်းမှာ ကီလိုမီတာ တစ်ရာအကွာက ကန်ဘာရာမြို့သို့ပြောင်းရွှေ့သွားကာ အာချီကလိုက်မသွားလိုသောကြောင့် အလုပ်ဆုံးရှုံးခဲ့ရသည်။ ထိုသို့ဆိုလျှင် ထိုအခြေအနေကို ဖြည့်ဆည်းပေးရန် ငွေအားလုံးအား မည်သို့ ထုတ်ယူနိုင်မည်နည်း?

ဖရေလီယာနှင့် အာချီက ၎င်းကိုတွက်ချက်ကြည့်ရာ ၎င်းတို့သာ မိန်းကလေး၏မိဘများထံမှ တောင်းဆိုချက်ကို ကျေနပ်စေလိုပါလျှင် အနည်းဆုံး ရွှေဒင်္ဂါး နှစ်ရာလောက်တော့ ထုတ်ရပေမည်။

ဖရေလီယာ၏မိသားစုဝင်ငွေမှာ ထို ၂နှစ်အတွင်း၌ အင်မတန်ကောင်းမွန်ပါသော်လည်း ၎င်းတို့အနေနှင့် ၎င်းတို့ ဘဝများကို မြှင့်တင်ရန် အတော်လေးသုံးစွဲခဲ့ပြီး များများစားစား စုဆောင်းမထားပါချေ။

ထို့ကြောင့် လက်ထပ်မည့်ကိစ္စအား ယခုအတွက်တော့ နှောင့်နှေးထားရမည်ဖြစ်ပြီး အာချီ၏ ခံစားချက်က တစ်နေ့တစ်နေ့ ပိုမိုဆိုးရွားလာတော့၏။

သူ့ရှေ့၌ ထိုင်နေသော အသံတိတ်နေသည့်အာချီကိုကြည့်ရင်း ဖရေလီယာမှာ သူ၏သားက မည်သို့ တက်ကြွမှုအပြည့်နှင့် အမြဲရယ်နေသည်ကို သတိရသွားသည်။ သူဟာ စိတ်တွင်း၌ သက်ပြင်းချက်လျက် အနောက်မြောက်ဘက်ကိုကြည့်လိုက်ရင်း စိတ်ထံ၌ ဆုံးဖြတ်ချက်တစ်ခုကို တိတ်တဆိတ်ချလျက်ဆိုလိုက်သည်၊ "အာချီ၊ ဒီလိုနေတာက နည်းလမ်းမဟုတ်ဘူး၊ မင်းဒါကို ဖြေရှင်းဖို့ နည်းလမ်းစဉ်းစားသင့်တယ်လေ၊ မဟုတ်ဘူးလား?"

အာချီက ခါးသက်သက်ရယ်လျက် ကူကယ်ရာမဲ့စွာ ဆိုလိုက်သည်၊ "ဘယ်လိုများ ဖြေရှင်းရမှာလဲ? ကျွန်တော်တို့မိသားစုမှာ ဒီလောက်များတဲ့ ငွေမှမရှိတာ။" သူက ၎င်းကိုပြောပြီးနောက် ခဏရပ်တန့်ကာ မျက်နှာထက်၌ နာကျင်ဟန်ပေါ်လာပြီး ဆက်ပြောလာသည်၊

"ကျွန်တော်‌တို့ မေ့လိုက်ရင်ရော? လီယာရဲ့ မိဘတွေက ဒီမြင့်မားတဲ့တောင်းဆိုမှုအတွက် တိုက်တွန်းနေတော့ ကျွန်တော်သူမကိုလည်း လက်မထပ်နိုင်လောက်ဘူး။ ဒီလောကမှာ မိန်းကလေးတွေအများကြီးမှာ အနာဂတ်မှာ နောက်တစ်ယောက်ထပ်ရှာလို့ရပါတယ်။"

"အဓိပ္ပာယ်မရှိတာမပြောနဲ့တော့!" ဖရေလီယာက ချက်ချင်းသူ့အား အပြစ်တင်လိုက်သည်၊ "လီယာက မိန်းမကောင်းလေးပါ၊ ပြီးတော့ သူမမိဘတွေရဲ့ တောင်းဆိုမှုကိုလည်း မြင့်တယ်လို့ သတ်မှတ်လို့မရဘူးလေ၊ သူတို့က လီယာက ဘဝကောင်းနဲ့နေစေချင်တာကိုး။ ဒီလိုဆိုရင်ရော၊ အာချီ, ဒီရွာမှာ ထပ်နေနဲ့တော့။ အခြားနေရာကိုထွက်သွားပြီး အလုပ်ရှာလိုက်။ ငွေတချို့ရပြီးရင် လီယာကို ပြန်လာလက်ထပ်ပေါ့။"

အာချီက ကြောင်အသွားကာ၊ "ကျွန်တော် ဘယ်လိုများလုပ်နိုင်မှာလဲ? အကိုကြီးနဲ့ ဒုတိယအစ်ကိုအားလုံး ပြောင်းသွားကြပြီလေ၊ ကျွန်တော်က ဒီမှာ အဖေနဲ့ အမေ့ကို စောင့်ရှောက်ဖို့ နေရမှာပေါ့။"

ဖရေလီယာက သူ့အားကြည့်လျက်၊ "မင်းအမေနဲ့ငါ နှစ်ယောက်စလုံးမှာ လက်တွေ ခြေတွေရှိပါတယ်၊ ဘာလို့ မင်း ငါတို့ကို ဂရုစိုက်ဖို့လိုမှာလဲ? ငါ့ကိုနားထောင်၊ ဒီနေရာကနေ ထွက်သွားပြီး အလုပ်ကောင်းကောင်းရှာလိုက်။ မင်းမှာ ငွေရှိတဲ့အခါ လီယာရဲ့မိဘတွေက မင်းနဲ့ လီယာကို လက်ထပ်‌ခိုင်းဖို့ စိတ်ချလိမ့်မယ်။"

အာချီက ဖရေလီယာမျက်နှာထက်ရှိ အမူအရာကိုကြည့်က သူ့အဖေက ဆုံးဖြတ်ချက်ချထားပြီဖြစ်ကြောင်းသိလိုက်သည်။ ငြင်းခုံခြင်းက သူ့အားဒေါသသာထွက်စေမည်မှန်းသိပါသော်လည်း စဉ်းစားပြီးနောက် ခါးသက်သက်အပြုံးကိုသာ ထုတ်ပြလိုက်ရင်း၊ "ဒါပေမယ့် အဖေ၊ ကျွန်တော်ဘယ်မှာ အလုပ်ရှာရမှာလဲ? မိုးကျတောင်ကြားမှာက လူတွေပြည့်နေပြီ၊ အဲ့ကိုသွားရင်ရော ဘယ်လို‌အလုပ်ကောင်းကောင်းရှာတွေ့ပါ့မလဲ? ပြီးတော့လည်း တစ်လကို ရွှေဒင်္ဂါးဆယ်ပြားကျော် လစာလေးက မလုံလောက်ဘူး၊ ဒါနဲ့ဆိုရင် ရွှေဒင်္ဂါးနှစ်ရာရဖို့ အနည်းဆုံး ၂နှစ်စုမှရမယ်။"

"မိုးကျတောင်ကြားမှာ အလုပ်မဖြစ်ရင်လည်း မင်းထပ်သွားလို့ရတာပဲ။" ဖရေလီယာက ခေါင်းခါလိုက်သည်။

အာချီက ရပ်တန့်သွားကာ၊ "အဖေ၊ ကျွန်တော့်ကို ဆန်နက်မြေရိုင်းမှာ လုပ်စေချင်နေတာတော့ မဟုတ်ဘူးမလား? အဲ့က လစာတွေက အတော်လေးမြင့်ပေမယ့်လည်း သားရဲလူမျိုးတွေရဲ့ နယ်မြေဖြစ်ပြီး အတော်လေး အန္တရာယ်များတယ်လေ။"

"ဒါပေါ့ ငါမင်းကို ဒီလိုအန္တရာယ်များတဲ့နေရာဆီ မသွားစေချင်ပါဘူး။ မင်းကို နည်းနည်းလောက်ထပ်သွားရင် စတက်တိန်းနယ်မြေရှိကြောင်းပြောတာပါ။” ဖရေလီယာက ပြောလိုက်၏။

အာချီက လုံးဝ လန့်သွားကာ အနည်းငယ်ကြာပြီးနောက်မှသာ မယုံကြည်နိုင်စွာပြောလိုက်၏၊ "အဖေ၊ ကျွန်တော့ကို တကယ်ကြီး စတက်တိန်းနယ်မြေဆီသွားဖို့ သဘောတူနေတာလား? အဲ့နေရာကို မြင်းလှည်းနဲ့သွားရင်တောင် အနည်းဆုံး တစ်ပတ်လောက်ကြာမှာ။ သွားလိုက်ရင် ပြန်လာဖို့လည်း ခက်တယ်။ အဖေနဲ့အမေသာ တစ်ခုခုဖြစ်ရင် အချိန်မီတောင် ပြန်လာနိုင်မှာမဟုတ်ဘူး။"

ဖရေလီယာက ရယ်လိုက်သည်၊ "မင်းတစ်ယောက်တည်း ဖြစ်မယ်လို့ ဘယ်သူပြောတုန်း? ပြောပါရစေဦး ငါနဲ့ မင်းအမေလည်း ဒီတစ်ခါ သွားမှာပါ။ မင်း ဘန်တာတိုင်းမ်စ်မှာ Frestech ကုန်သည်ကြီးများအသင်းနဲ့ ကန်တိုနာကုန်သည်ကြီးများအသင်းက ပူးတွဲအလုပ်ခေါ်နေတာကို မတွေ့ဘူးလား? ငါတို့လို အတွေ့အကြုံရှိ လယ်သမားဟောင်းတွေသာ Frestech ကုန်သည်ကြီးများအသင်းက စတက်တိန်းနယ်မြေဆီကနေ ငှားရမ်းထားတဲ့နေရာဆီ ပြောင်းရွှေ့လိုတဲ့ဆန္ဒရှိသရွေ့ Frestech ကုန်သည်ကြီးများအသင်းက ငါတို့ကို ရွှေဒင်္ဂါးပြားတစ်ရာ ပေးမှာလေ။

ပြီးရင် ငါတို့ ကန်တိုနာကုန်သည်ကြီးများအသင်းအတွက် အလုပ်,လုပ်ပေးပြီး စာချုပ်လယ်သမားတွေဖြစ်လာမှာ၊ ဒါက ငါတို့အတွက် နှစ်စဉ်လုံလောက်တဲ့ ဆန်စပါးချန်ထားပေးရုံတင်မကဘူး ကန်တိုနာကုန်သည်ကြီးများအသင်းဆီကနေ ရွှေဒင်္ဂါးပြားတစ်ရာကို နှစ်စဉ် လစာအဖြစ်ရမှာလေ။ ငါနဲ့ မင်းအမေနဲ့တင် တစ်နှစ်ကို ရွှေဒင်္ဂါးပြားနှစ်ရာဖြစ်နေပြီ။"

"ကျွန်တော်ကရော?" အာချီက ပြန်မေးလိုက်သည်၊ "ဘာလုပ်ရမှာလဲ?"

"မင်းကိုငါ ဘန်တာတိုင်းမ်စ်ပိုဖတ်ဖို့ ပြောတော့ နားမထောင်ဘူးလား?" ဖရေလီယာက သူ၏အငယ်ဆုံးသားအား စိတ်ပျက်ဟန်ဖြင့် ကြည့်လိုက်သည်၊ "Frestech ကုန်သည်ကြီးများအသင်းက စတက်တိန်းနယ်မြေမှာ မိုင်းတွင်းနဲ့ စည်သွပ်သီးစက်ရုံဖွင့်မှာလေ၊ ဒါကြောင့် မင်းသွားချင်သရွေ့ကတော့ ဘယ်လိုလုပ် အလုပ်မရှာတွေ့ဘဲ နေမလဲ?"

အာချီက အနည်းငယ်တွေးတောပြီးမှ ခက်ခဲနေဟန်ဖြင့်မေးလာသည်၊ "ဒါပေမယ့် အဖေ... ဒီလိုဆိုရင် ကျွန်တော်တို့ ဒီကနေ ပြောင်းရွှေ့သွားတာမဟုတ်ဘူးလား? စတက်တိန်းနယ်မြေကိုသွားပြီး ဘဝအသစ်ကိုစမယ်?"

"ဘာတွေပူနေတာလဲ? ငါတို့အိမ်ကတော့ ဒီမှာပဲပေါ့၊ တစ်ယောက်ယောက်က ဖျက်ဆီးရဲမှာမို့လား?" ဖရေလီယာက ဘန်တာမြို့တော်ဦးတည်ရာသို့ကြည့်ပြီး နှာမှုတ်လိုက်၏၊ "အဲဒီ့သောက်မြို့စားအသစ်ကြောင့်သာမဟုတ်ရင်၊ ငါ‌တို့ ပြောင်းဖို့မလိုဘူး။ ဒါပေမယ့် ဒီသောက်ရူးက ငါတို့ကို နေခွင့်မပေးမှတော့ ဘာအတွက် ဆက်နေတော့မှာလဲလေ?"

အာချီက ဖရေလီယာအား ပထမဆုံးအကြိမ်မြင်ဖူးသယောင်ကြည့်လိုက်သည်။

ဤသည်မှာ သူ၏အဖေက အသက်ငါးဆယ်ကျော်နေပြီဖြစ်ပါသော်လည်း အသက်နှစ်ဆယ်လေးထက်စာလျှင် စွန့်စားချင်စိတ်ပိုရှိနေဆဲဖြစ်သည်အား ပထမဆုံး သတိပြုမိသည့် အချိန်ပါပင်။

သူ ဆယ်စုနှစ်များစွာ နေထိုင်လာခဲ့သည့် ဘန်တာမြို့တော်မှထွက်ခွာပြီး ဘဝအသစ်စဖို့ ကီလိုမီတာ တစ်ထောင်ကျော်အဝေးက တစ်ခြားတစ်တိုင်းပြည်သို့ ထွက်ပြေးမည်၊ ဘယ်လိုသတ္တိမျိုးရှိတာလဲ ဒါက လိုလို့လား?

သူနှင့် လီယာ၏လက်ထပ်ပွဲကြောင့် ပူပန်နေခြင်းသာမဟုတ်ပါလျှင် သူ၏အဖေက ထိုသို့သော ဆုံးဖြတ်ချက်မျိုး ချမည်တဲ့လား?

၎င်းကိုတွေးကြည့်ရင်း အာချီမှာ မနေနိုင်ဘဲ အပြစ်တင်စိတ်များပြည့်သွားပြီးမှာ အရေးကြီးပြဿနာကို သတိရသွား၏။

"ဒါပေမယ့် အဖေ၊ ကျွန်တော်တို့မိသားစုသာ စတက်တိန်းနယ်မြေကို ပြောင်းသွားရင် လီယာကရော? ကျွန်တော်တို့ ဒီမှာ မရှိတာကြောင့် လီယာရဲ့မိသားစုက သူမကို တစ်ယောက်ယောက်နဲ့ ပေးစားလိုက်နိုင်တယ်။"

ဖရေလီယာက ရယ်လိုက်ရင်း၊ "ဘာလဲ? က‌လေး၊ မင်းတစ်နေ့လုံးလီယာအကြောင်းပြောနေပြီး ဒီအရေးကြီးကိစ္စကိုတော့ မကြားခဲ့ဘူးလား? ပြောပါရစေဦး၊ ငါမနေ့က လီယာရဲ့ အဖေကိုပြောခဲ့တော့ သူမရဲ့အဖေကလည်း Frestech ကုန်သည်ကြီးများအသင်းနဲ့ ကန်တိုနာကုန်သည်ကြီးများအသင်းတို့အတွက် လယ်စိုက်ပေးဖို့ စတက်တိန်းနယ်မြေဆီသွားရအောင် ဆုံးဖြတ်ထားပြီးသားတဲ့။ ငါ့ကိုတောင် အတူသွားချင်လား မေးနေသေးတယ်။"

အာချီ၏မျက်လုံးများ လင်းလက်သွားကာ၊ "သူတို့ တစ်မိသားစုလုံး ပြောင်းကြမှာလား?"

"လီယာရဲ့အဖေပြောတာတော့ တစ်မိသားစုလုံး ပြောင်းမပြောင်းမသေချာဘူး၊ ဘာလို့ဆို လီယာက မင်းနဲ့အတူနေချင်တာမို့ဆိုပြီး သူ့အဖေကို ပြောတယ်တဲ့။ အိုင်း၊ ကလေး၊ မင်းကို အကြောင်းပြချက်မရှိ မေတ္တာရှိနေတဲ့ မိန်းကလေးတစ်‌ယောက်နဲ့၊ မင်းမသွားချင်ကြောင်းပြောတာက၊ တကယ်ကိုအဆိုးထဲက အကောင်းမှန်းမသိတာပဲ။"

"အာ?" အာချီက ရပ်တန့်သွားသည်။ သူ့ဖခင်၏ မျက်နှာထက်က ရယ်မြူးနေဟန်ကိုကြည့်ပြီး စိတ်ထဲရှိ ခပ်ချိုချိုခံစားချက်ထက် အရှက်ဒေါသသာရှိနေသည်။

ဤတစ်ချိန်လုံး သူ၏အဖေက သူ့အား ကစားနေခဲ့သည်ပင်!

***

မှော်စက်မှုအင်ပါယာ

Vol3, အခန်း ၃၃။ အခမဲ့ကုန်သွယ်ခွင့်၏ ရိုက်ခတ်မှု

မြို့စားအိမ်တော်မှာ ညအချိန်၌တွင်ပင် တောက်ပစွာလင်းထိန်နေ၏။

အလုပ်အများဆုံး ဆောင်းဦးကောက်ရိတ်သိမ်း‌ပွဲတော် ပြီးဆုံးသွားသော်လည်း ဘန်တာမြို့၏မြို့စားအနေနှင့် ကောင့်ထ်စတက်ဂျ်၏ အလုပ်များက လုံးဝ လျော့နည်းမသွားပါချေ။

ရှေ့က သူ၏လက်အောက်ငယ်သားများနှင့် အလုပ်လွှဲထားခဲ့ရသည်ကို သဘောကျသည့် ကောင့်ထ်စီယန်နှင့်စာလျှင် ကောင့်ထ်စတက်ဂျ်က သူ့ဘာသာ အရာအားလုံးကို ဂရုစိုက်ရသည်အား နှစ်ခြိုက်ပြီး ကိစ္စကြီးကြီးငယ်ငယ် အကုန်လုပ်လေသည်။

သူက ထိုသို့ ထိန်းချုပ်မှုရှိသည့် ခံစားချက်မျိုးကို သဘောကျသည်ပင်။

သို့သော် ထိုအတွက် တန်ဖိုးမှာ သူက ကောင့်ထ်စီယန်ထက် များစွာ ပိုအလုပ်များနေခြင်းဖြစ်၏။

ညီလာခံလေးတစ်ခုပြီးသွားသည်နှင့် သူက မြို့စားအိမ်တော်ရုံးသို့ ပြန်သွားကာ မနားရသေးခင်မှာပင် စာရွက်စာတမ်းများကို ကြည့်ရှုတော့၏။

ဤနှစ်၏ ဆောင်းဦးကောက်ရိတ်သိမ်းပွဲတော်အတွက် ထိုသို့သော ခမ်းနားသည့် ရလာဒ်တစ်ခုရှိသောကြောင့် ဘန်တာမြို့က ဘုရင်ကြီးနှင့် စိုက်ပျိုးရေးဌာန၏ ချီးမွမ်းမှုကို လက်ခံရရှိခဲ့သည်။ ကောင့်ထ်စတက်ဂျ်အား တော်ဝင်လွှတ်တော်ကပင် အထူး ချီးမွမ်းထားရာ ၎င်းက သူ၏ဂုဏ်သိက္ခာအား ဘုရင်နှင့် သူ၏မိသားစုထံတွင် တိုးမြင့်သွားစေပြီး စတက်ဂျ်မိသားစုထံမှ နောက်ထပ် မူဝါဒဆိုင်ရာကြယ်ပွင့်ကို ဖန်တီးပေးလာသည်။

သို့သော် ကောင့်ထ်စတက်ဂျ်အနေနှင့် သူ၏ လုပ်ဆောင်မှုက မည်မျှစစ်မှန်ပြီး မည်သို့ အတုအယောင်ဖြစ်နေသည်အား ရှင်းရှင်းလင်းလင်းသိပါ၏။

ထို့ကြောင့် ကိစ္စများအား လမ်းကြောင်းပြောင်းမသွားစေရန် နောက်ဆက်တွဲထံ၌ အချိန်နှင့် စွမ်းအင်ပမာဏအမြောက်အများကို သုံးရပေမည်။

မိသားစုနှင့် ၎င်းတို့၏မဟာမိတ်များက သူ့အား ထိုအခြေနေရောက်အောင် တွန်းပို့ထားမှန်းကိုလည်း သိသောကြောင့် ကောင့်ထ် စီယန်၏ မြို့စားနေရာကို အစားဝင်ပြီးနောက် သူ၏တာဝန်ကလည်း အတော်အရေးပါလာသည်။ သူ၏မိသားစုအားဆန့်ကျင်သည့် မိသားစုများစွာရှိပြီး မျက်လုံးများစွာကလည်း သူ့ထံကျရောက်နေသောကြောင့် သူအမှားတစ်ခုလေးလုပ်လိုက်သည်နှင့် သူ့အားကြိုဆိုနေမည့် မုန်တိုင်းပြင်းပြင်းတစ်ခု ရှိနေမည်သာ။

မစတင်ခင်တွင် မိသားစုခေါင်းဆောင်ဖြစ်သည်။ သူ၏မွေးချင်းအကိုရင်း ဒုခ်စတက်ဂျ်က သူသာ ဤနေရာမှ ပြဿနာများအား ကောင်းစွာမကိုင်တွယ်နိုင်ဘဲ ပြဿနာတစ်ခုခုဖြစ်လာပြီး လိုအပ်ပါက သူ့အား မိသားစုက စတေးခံတစ်ခုအဖြစ် ဆက်ဆံလိမ့်မည်ဖြစ်ကြောင်း ပြောလာခဲ့သည်။

ထို့ကြောင့် ကောင့်ထ်စတက်ဂျ် ဘန်တာမြို့သို့ ပြန်ရောက်ပြီးနောက်တွင် သူ၏မိသားစုနှင့် ၎င်းတို့၏မဟာမိတ်များအား စိတ်ချရန် ခိုင်ခိုင်မာမာပြသခဲ့သည်။ တစ်ချိန်တည်းတွင် သူ့အား သံသယဝင်နေခဲ့သော လူများ၏ ပါးစပ်ကိုလည်း ပိတ်ခဲ့၏။

မှန်ပါ၏၊ ၎င်းက သူမည်သည့်အမှားမှ မလုပ်မည့်အကြောင်းပြချက်၌ ရှိပေသည်။

အခြားလူများမလုပ်နိုင်သည့် အပိုင်းတချို့လည်းရှိရာ ကောင့်ထ်စတက်ဂျ်မှာ ကိုယ်တိုင်လုပ်ရပေသည်။

သူ၏မိသားစုက ဤကိစ္စ၌ သူ့အား ကြီးကြီးမားမား ထောက်ပံ့ပေးသည်မှာ ကိစ္စကောင်းဖြစ်သည်။

ဥပမာ ဘန်တာမြို့မှ အချက်အလက်တချို့နှင့်ပတ်သက်၍ပြဿနာများရှိနေသော်ငြား စိုက်ပျိုးရေးဌာန၌ သူ၏မိသားစုထိန်းချုပ်မှုနှင့်၊ ထိုစိုက်ပျိုးရေးဌာနမှာ ယင်းကိစ္စတွင် ပြီးပြည့်စုံသော စုံစမ်းစစ်ဆေးမှု မပြုလုပ်ခဲ့ချေ။ ၎င်းတို့မှာ လျှောက်သွားပြီး အချက်အလက်ကို လက်ခံကာ ထိုအချက်အလက်နှင့် လမ်ပူရီတိုင်းပြည်ရှိ မြို့တော်အားလုံး၏ အမြင်ကို ဖွင့်လှစ်ရန် ခွင့်ပြုခဲ့သည်။

ထိုအချက်အလက်ကြောင့် ကောင့်ထ်စတက်ဂျ်၏ ဂုဏ်သိက္ခာမြင့်တက်လာရုံသာမက တော်ဝင်လွှတ်တော်ရှိ စိုက်ပျိုးရေးတွင် တွန်းအားပေးသော စတက်ဂျ် မိသားစု ဦးဆောင်သည့် အလုပ်ရုံသည်ပင် အခွင့်သာခဲ့သည်။

ပရိပက္ခများအတွင်း ထိုအလုပ်ရုံက ဘန်တာမြို့ထံမှ ကောက်ပဲသီးနှံအထွက်နှုန်းကို ထုတ်ယူသွား၏။

အကြောင်းမှာ စိုက်ပျိုးရေးဌာန၏ တွက်ချက်မှုများအရ လမ်ပူရီတိုင်းပြည်ရှိ မြို့တော်များအားလုံးသာ ဘန်တာမြို့ကဲ့သို့ တူညီသည့် မူဝါဒနောက်လိုက်ပါလျှင် ဆန်စပါးအထွက်နှုန်းက တိုင်းပြည်တစ်ခုလုံးတွင် ကြီးစွာမြင့်တက်လာပေလိမ့်မည်။

၎င်းတို့သာ ဘန်တာမြို့နှင့် တူညီသည့်အဆင့်ကို ရောက်ရှိလာပါက လမ်ပူရီတိုင်းပြည်တစ်ခုလုံးအနေနှင့် ၎င်းတို့၏ အငတ်ဘေးပြဿနာကို သုံးနှစ်မှ ငါးနှစ်အတွင်း ဖြေရှင်းနိုင်မည်ဖြစ်ပြီး နှစ်စဉ် ဆန်စပါး အစွန်းထွက်ကိုပင် ဖန်တီးနိုင်မည်ဖြစ်၏။

လူတိုင်းမှာ တိုင်းပြည်ကို ထိန်းသိန်းခြင်းက အရေးပါဆုံးအချက်ဟု ဝန်ခံရမည်ဖြစ်ပြီး တိုင်းပြည်သားအားလုံးကို ဖြည့်စွက်စာစားစေမည်ပင်။

တိုင်းပြည်သားများ ရှင်သန်နိုင်သရွေ့ လမ်ပူရီတိုင်းပြည်က လွန်ခဲ့သည့် နှစ်များစွာကလို တူညီသည့် အဖြစ်ဆိုးမျိုးဖြစ်လိမ့်မည်မဟုတ်တော့ချေ။

လမ်ပူရီတိုင်းပြည်က ကမောက်ကမ,မဖြစ်တော့သည်နှင့် ၎င်းတို့လည်း အနားယူပြီး ခွန်အားကိုစုဆောင်းက အချိန်ကြာလာသည်နှင့် ပိုမိုသန်မာလာလိမ့်မည်။

ထိုသည်ကို စိုင်စ်နယ်မြေ၏ အမှန်တရားဖြစ်သောကြောင့် စတက်ဂျ် မိသားစုကို ငြင်းဆိုခဲ့သော အလုပ်ရုံက မည်သည်ကိုမှ မပြောနိုင်ပေ။

ဘုရင်အနေနှင့် စတက်ဂျ်မိသားစု၏ ရည်မှန်းချက်ကို အသိအမှတ်ပြုရပါလျှင်တောင် သူ့ထံ၌ ကြိုတင်အစီအစဉ်များရှိရာ ထိုစိုက်ပျိုးရေးဖွံ့ဖြိုးမှုက အရေးပါဆုံးအချက်ဟု အမှန်ပင် မယုံကြည်ပါချေ။

လူတိုင်း မမျှော်လင့်ထားသည်မှာ လွန်ခဲ့သည့် ရက်အချို့က လမ်ပူရီတိုင်းပြည်၏ စီးပွားရေးဌာနမှာ ရုတ်တရတ် ဆုံးဖြတ်ချက်သစ်တစ်ခုကို ကြေညာခဲ့သည်။ လမ်ပူရီတိုင်းပြည်၌ စီးပွားရေးဖွံ့ဖြိုးမှုတစ်ခုကို ချပြရန်အလို့ငှာ ၎င်းတို့မှာ လုပ်ငန်းစုများအား အခမဲ့ကုန်သွယ်ခွင့် ပြုမည်ဟု ဆုံးဖြတ်လိုက်ကြသည်။

ထိုအခမဲ့ကုန်သွယ်ခွင့်က လုပ်ငန်းစုများအား အခြားတိုင်းပြည်များနှင့် လွယ်ကူစွာကုန်သွယ်နိုင်ပြီး စီးပွားရေးဌာန သို့မဟုတ် တော်ဝင်လွှတ်တော်ကို အစီရင်ခံဖို့မလိုတော့ချေ။ ၎င်းက လုပ်ငန်းစုများအား အခြားတိုင်းပြည်များနှင့် သဘောတူညီမှုပြုရာ၌ ပိုမို အဆင်ပြေစေကာ အချိန်များစွာလည်း သက်သာစေသည်ပင်။

မှန်ပါ၏၊ ကုန်စည်များအား တိုင်းပြည်၏ တားမြစ်စာရင်း၌ မပါရှိရန်ကိုမူ ကုန်သွယ်ရာ၌ တိုင်းပြည်အားပေးဆောင်ရမည့် အခွန်တော့ရှိပါသေးသည်။

အကြောင်းမှာ မတူညီသောမြို့တော်များ၌ မတူညီသော အခွန်များရှိသောကြောင့်ဖြစ်ပြီး ကိစ္စများကို ပိုမိုအဆင်ပြေစေရန် အခမဲ့ကုန်သွယ်ခွင့်ရသည့်လုပ်ငန်းစုများမှာ တိုင်းပြည်သို့တိုက်ရိုက်အခွန်များပေးဆောင်ရမည်ဖြစ်ရာ တိုင်းပြည်အတွင်းရှိ မည်သည့်မြို့တော်ကိုမှ ပေးဆောင်ရမည်မဟုတ်တော့ချေ။

ထိုမူဝါဒထွက်လာသည်နှင့် လူတိုင်းမှာ ဘုရင်က တိုင်းပြည်ဘဏ္ဍာရေးအားဖြေရှင်းရန် အဖြေလိုက်ရှာနေပြီး မြို့တော်များ၏အခွန်များကို တိုင်းပြည်ဘဏ္ဍာရေးအတွက်ခွဲယူရန် ကြိုးစားနေကြောင်း သိလိုက်ကြတော့သည်။

သို့သော် လမ်ပူရီ တိုင်းပြည်ရှိ စီးပွားရေးက မဖွံ့ဖြိုးသေးသောကြောင့် အ‌ခြားတိုင်းပြည်များနှင့် ကုန်သွယ်နိုင်သည့် လုပ်ငန်းစုမှာ အနည်းငယ်သာရှိသေးသည်၊ ထိုကြောင့် ယင်းမူဝါ‌ဒက မြို့တော်အများစုနှင့် လုပ်ငန်းအများစုထံ၌ သက်ရောက်မှုမရှိချေ။ သဘာကျစွာပင် ၎င်းကြောင့် အသံများစွာမထွက်သလို ငြင်းခုံကြခြင်းများလည်း မရှိချေ။

အခမဲ့ကုန်သွယ်ခွင့်ရရှိသည့် လုပ်ငန်းစုများစာရင်းတွင် Frestech ကုန်သည်ကြီးများအသင်းလည်း ပါဝင်၏။

ပထမတွင် ဘန်တာမြို့၏ မြို့စားတစ်ယောက်အနေနှင့် ကောင့်ထ်စတက်ဂျ်မှာ ရှုယီက မင်းသမီးလေးဆယ်ဗီနီနှင့် ရင်းနှီးသလို Frestech ကုန်သည်ကြီးများအသင်းထံတွင် မင်းသမီးလေးနှင့် ဘုရင်က များစွာ ကျေးဇူးကြွေးတင်ရှိနေကြောင်းသိ‌သဖြင့် ဂရုစိုက်မနေချေ။ Frestech ကုန်သည်ကြီးများအသင်းက ၎င်းတို့၏ဆက်ဆံရေးများမှတစ်ဆင့် အခမဲ့ကုန်သွယ်ခွင့်ကိုရသည်မှာ သဘာဝပင်ဖြစ်သည်။

သို့သော် ကောင့်ထ်စတက်ဂျ်အား ဘဏ္ဍာရေးဝန်ထမ်းက သတိပေးလာမှသာ Frestech ကုန်သည်ကြီးများအသင်း အခမဲ့ကုန်သွယ်ခွင့်ရလိုက်သည်နှင့် ဘန်တာမြို့အား ကြီးကြီးမားမားသက်ရောက်စေမည်ကို သိလိုက်ရပြီး အံ့အားသင့်သွားတော့သည်။

မြို့‌စားအိမ်တော်ထံမှ အခွန်ငွေစာရင်းများအရ လွန်ခဲ့သည့် ၂နှစ်အတွင်း တစ်လလျှင် ရွှေဒင်္ဂါးများစွာ ပေးနိုင်နေရသည်မှစပြီး Frestech ကုန်သည်ကြီးများအသင်း၏ အခွန်ငွေမှာ ဆက်‌တိုးနေဆဲပင်။

ဤနှစ်တွင် Frestech ကုန်သည်ကြီးများအသင်းက တစ်လကို ရွှေဒင်္ဂါးနှစ်သိန်းကျော်ပေးနေရ၏။ ဇွန်လတွင် ၎င်းတို့မှာ အံ့ဩစရာရွှေဒင်္ဂါး လေးသိန်းသုံးသောင်းအထိပင်ပေးခဲ့ရပြီး ဘန်တာမြို့ရှိ လုပ်ငန်းစုဟောင်းများကိုပင် ကျော်လွန်နေ၏။ ၎င်းတို့မှာ ဘန်တာမြို့၏ အခွန်ငွေစုစုပေါင်း၏ အစိတ်အပိုင်းကြီးကြီးမားမားပင်ဖြစ်သည်။

ဇူလိုင်လမှစကာ Frestech ကုန်သည်ကြီးများအသင်း၏ အခွန်ငွေမှာ ကျဆင်းလာခဲ့သည်။ ၎င်းတို့မှာ ဇူလိုင်လတွင် နှစ်သိန်းခြောက်သောင်းအထိကျဆင်းသွားပြီး ဩဂုတ်လ၌ တစ်သိန်းကိုးသောင်းဖြစ်ကာ စက်တင်ဘာလတွင် တစ်သိန်းကျော်ရုံသာရှိတော့၏။

Frestech ကုန်သည်ကြီးများအသင်းက အခွန်ရှောင်နေတာများလား? ဒါပေါ့ မဖြစ်နိုင်တာကြီး။

ထိုအတွက်အကြောင်းအရင်းမှာ Frestech ကုန်သည်ကြီးများအသင်း၏စီးပွားရေးလုပ်ငန်းကို မိုးကျတောင်ကြားဆီ ရွှေ့ပြောင်းစေရန် ကောင့်ထ်စတက်ဂျ်မှ အတင်းအကြပ်တွန်းအားပေးခဲ့ခြင်းကြောင့်ပင်။

အကြောင်းမှာ ဘုရင်က မိုးကျတောင်ကြားနှင့် အနီးတစ်ဝိုက်ကို ရှုယီထံ ဗစ်ကောင့်ထ်အဖြစ် နယ်မြေပေးအပ်ခဲ့ပြီး တော်ဝင်လွှတ်တော်၏ ဥပဒေများအရ မျိုးရိုးမြင့်တစ်ဦး၏ နယ်မြေရှိ ဝင်ငွေမှာ ၎င်းတို့နှင့်သာ သက်ဆိုင်သည်ဟုပင်။ ၎င်းတို့အနေနှင့် တစ်စိတ်တစ်ပိုင်းကိုသာ တိုင်းပြည်ထံ အခွန်ပေးဆောင်ဖို့ လိုပြီး တိုင်းပြည်အတွင်းရှိ မည်သူကိုမှ ဖြေကြားပေးဖို့ရန် မလိုအပ်ပါချေ။

ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်းက မိုးကျတောင်ကြားကို ပြောင်းရွှေ့သွားပြီးနောက်‌၌ ဘန်တာမြို့၌ ရှိနေဆဲ လုပ်ငန်းတချို့မှလွဲ အခြားဝင်ငွေအများစုအား ဘန်တာမြို့ထံ အခွန်ပေးဆောင်စရာမလိုတော့ပေ။

ယခုတွင် Frestech ကုန်သည်ကြီးများအသင်းက အခမဲ့ကုန်သွယ်ခွင့်ကို ရသွားရာ စီးပွားရေးဌာနက ပေးအပ်လိုက်သည့် ရှင်းပြချက်အရ Frestech ကုန်သည်ကြီးများအသင်း ၎င်းတို့လုပ်ငန်းနှင့် အခြားလုပ်ငန်းစုများထံမှ အခွန်ကို တိုင်းပြည်ဘဏ္ဍာထံသို့ တိုက်ရိုက်ပေးရမည်ဖြစ်ပြီး ဘန်တာမြို့က မည်သည်ကိုမှမလုပ်နိုင်ပါချေ။

ထို့ကြောင့် အတိုချုံးရလျှင် Frestech ကုန်သည်ကြီးများအသင်းက အမည်အရသာ ဘန်တာမြို့လုပ်ငန်းဖြစ်ပါသော်လည်း ထုတ်ကုန်ဝန်ဆောင်မှုဌာနနှင့် ခေတ်သစ်နေထိုင်မှုမှော်အခန်း၏အယူအဆအသစ်အတွက်သာ ဘန်တာမြို့ထံ အခွန်ဆောင်ရမည်ပင်။ အခြားလုပ်ငန်းများအနေနှင့် ဘန်တာမြို့၏မြို့စားကို ဂရုစိုက်ရန် လုံးဝမလိုပါချေ။

Frestech ကုန်သည်ကြီးများအသင်း၏ တိုးတက်မှုနှုန်းအား လူတိုင်းသိကြသည်။ ၎င်းတို့မှာလက်ရှိတွင် ရူဒ်ဆန်တိုင်းပြည် စတက်တိန်းနယ်မြေ‌တို့နှင့် ပူးပေါင်းနေပြီး ဆန်နက်မြေရိုင်းထံမှ သားရဲလူမျိုးများနှင့်လည်း ပူးပေါင်းထားပါ၏။

မမျှော်လင့်ထားသည်များသာ ဖြစ်မလာပါလျှင် Frestech ကုန်သည်ကြီးများအသင်းမှာ ပို၍ မြန်မြန်တိုးတက်လာပြီး အမြတ်အစွန်းများ ပိုမို ရယူနိုင်မည်ပင်။

ထို့ကြောင့် အခွန်မရရှိခြင်းက ပို၍ပို၍ အရေးပါလာ၏။

ကောင့်ထ်စတက်ဂျ်က သူ၏စိုက်ပျိုးရေးဆိုင်ရာမူဝါ‌ဒများအား ချပြခဲ့သော်လည်း ဘန်တာမြို့အတွက် အခွန်အများစုမှာ လုပ်ငန်းစုကြီးများမှ လာလေသည်။ သူ၏ရပ်တည်ချက်ပြဿနာကြောင့်သာမဟုတ်လျှင် သူလည်း ကောင့်ထ်စီယန်လိုပင် ဖြစ်လာလိမ့်မည်ဖြစ်ကာ စီးပွားရေးရော စိုက်ပျိုးရေးနှစ်ခုစလုံးကို တိုးတက်အောင် လုပ်ဆောင်မည်ပင်။

သို့သော် ယခုတွင် သူဟာ စတက်ဂျ်မိသားစုနှင့် ၎င်းတို့မဟာမိတ်များ၏ရပ်တည်ချက်ကို ရယူရန်နှင့် Frestech ကုန်သည်ကြီးများအသင်းကို ထုတ်ပယ်ရန် တွန်းအားပေးခံထားရသောကြောင့် သူ့အနေနှင့် သူစိုက်ပျိုးခဲ့သည့် အသီးခါးခါးကို သူသာတာဝန်ယူရပေတော့မည်။

Frestech ကုန်သည်ကြီးများအသင်းကလွဲလျှင် ဘန်တာမြို့အပေါ်၌ စိုက်ပျိုးရေးမူဝါဒကြောင့် ယုံကြည်မှုပျောက်ဆုံးသွားသော အခြားလုပ်ငန်းစုများစွာ‌လည်းရှိရာ အခြားမြို့တော်များသို့ ဦးတည်ရန် ဘန်တာမြို့မှ ထွက်ခွာသွားကြပေပြီ။ ထိုအထဲတွင် Frestech ကုန်သည်ကြီးများအသင်းကဲ့သို့ ဆန်နက်မြေရိုင်း၌ ရင်းနှီးမြှုပ်နှံနေသည့် အမ်ရစ်ကုန်သည်ကြီးများအသင်း, ရူဒ်ဆန်တိုင်းပြည်နှင့် စတက်တိန်းနယ်မြေတို့ပါဝင်သည်။

အခမဲ့ကုန်သွယ်ခွင့်ရရှိသည့် ပထမအသုတ် လုပ်ငန်းစုများအကြားတွင် Frestech ကုန်သည်ကြီးများအသင်းအပြင် အမ်ရစ်ကုန်သည်ကြီးများအသင်း၊ အာမန်နီကုန်သည်ကြီးများအသင်းနှင့် ဘန်တာမြို့မှ ဆာရန့်ခ် ကုန်သည်ကြီးများအသင်းတို့အားလုံး ပါဝင်၏။

ကောင့်ထ်စတက်ဂျ်၏ ထိန်းချုပ်မှုအောက်ရှိ ဝန်ထမ်းမှာ ခန့်မှန်းချက် ကြမ်းကြမ်းတချို့ပြုလုပ်ခဲ့ပြီး ကောက်ချက်ဆွဲလာသည်။

Frestech ကုန်သည်ကြီးများအသင်း ဘန်တာမြို့မှ ထွက်ခွာသွားခြင်းဖြင့် ဘန်တာမြို့၏ အခွန်‌ငွေက သုံးသိန်းလောက်လျော့ကျသွားခဲ့သည်။ အခုတွင် ထိုလုပ်ငန်းစုလေးခုက အခမဲ့ကုန်သွယ်ခွင့်ရသွားရာ ဘန်တာမြို့ အခွန်ငွေက အနည်းဆုံးနှစ်သိန်းလျော့သွားပြီပင်။

နောက်ဆုံးလက ဘန်တာမြို့၏ အခွန်ငွေမှာ ငါးသိန်းကျော်ရှိခဲ့ပြီး ၎င်းက အခွန်ငွေတစ်ဝက်ကို ဆုံးရှုံးခဲ့သည်ဟု ဆိုလိုပြီး ၎င်းက သံသယမလိုစွာပင် ဒေါသထွက်စရာဖြစ်၏။

လက်ရှိ ဘန်တာမြို့က လွန်ခဲ့သည့်နှစ်များစွာကနှင့် အခြေနေတူဆီသို့ ပြန်ရောက်သွားပြီး ၎င်းအား လမ်ပူရီတိုင်းပြည်ရှိ ဖွံ့ဖြိုးမှုအမြန်ဆုံးမြို့တော်ဟု မသတ်မှတ်နိုင်တော့ပါချေ။

အရေးကြီးဆုံးမှာ အခွန်ငွေလျော့ကျခြင်းနှင့် အတူ ကောင့်ထ်စတက်ဂျ်၏ စည်းမျဉ်းအောက်၌ ဘန်တာမြို့အား နောက်သို့ ပြန်ဆွဲနေပြီး စတက်ဂျ်မိသားစုမှ ဦးဆောင်နေသည့် ရှေးရိုးစွဲအဖွဲ့ကို တကယ်ပင် ဒေါသဖြစ်သွားစေသည်။

ထို့ကြောင့် ကောင့်ထ်စတက်ဂျ်မှာ ဆောင်းဦးကောက်ရိတ်သိမ်းပွဲ၏ နောက်ဆက်တွဲကို ဂရုထားနေစဉ်တွင် သူဟာ ဘန်တာမြို့၏ အခွန်ငွေကို ထိုအခြေအနေမှ ရှောင်ထွက်ကာ တိုးတက်စေရန် သူ့ဦးနှောက်အား အလုပ်ပေးနေရ၏။

သူ၏ အလုပ်များနှင့် မအားမလပ်ဖြစ်နေစဉ်တွင် ကောင့်ထ်စတက်ဂျ်မှာ နောက်ထပ်စာတမ်းကိုမြင်လိုက်ပြီး သူ၏ မျက်လုံးများသည်ပင် ရုတ်တရတ် ကျုံ့သွားတော့၏။

***

မှော်စက်မှုအင်ပါယာ

Vol 3, အခန်း ၃၄။ အလောင်းအစားလုပ်ကြမယ်

ထို စာရွက်စာတမ်းများထံ၌ ကိစ္စလေးတစ်ခုသာရှိသည်။ ၎င်းတို့ပြောထားသည်မှာ အနီးအနားရွာလေးများရှိ ရွာသားတချို့မှာ စတက်တိန်းနယ်မြေ၌ အလုပ်,လုပ်လိုကာ ၎င်းတို့၏ ဘန်တာမြို့သားအဖြစ်ခံယူထားခြင်းကို ဆက်ထိန်းသိမ်းကြချင်သောကြောင့် ဘန်တာမြို့ထံ အစီအရင်ခံထားကြသည်ဟုပင်။

ယခင်ကလည်း ထိုသို့သော ကိစ္စတချို့ ရှိခဲ့ပါသော်ငြား ကောင့်ထ်စတက်ဂျ်က ထိုမျှဂရုမစိုက်ခဲ့ချေ။ ယခင်က ဓလေ့ထုံးတမ်းများအရ ၎င်းတို့ကို ခွင့်ပြုပေးခဲ့၏။

သို့သော် တူညီသည့် စာတမ်းကိုထပ်ခါထပ်ခါ မြင်လိုက်ရသောအခါ ကောင့်ထ်စတက်ဂျ်မှာ စိတ်နှလုံးထဲ၌ အကြပ်အတည်းကို ခံစားလာရသည်။

၎င်းကို ဂရုတစိုက်တွေးတောပြီးသောနောက်၌ သူဟာ ထိုအကြပ်အတည်းအဘယ့်ကြောင့်ပေါ်လာရသည်ကို သတိပြုမိသွားသည်။

အကြောင်းအရင်းက အင်မတန်ရိုးရှင်းလှပါ၏၊ ၎င်းမှာ သူ စိတ်ပူနေခဲ့သည့် ဘန်တာမြို့၏ အခွန်ပြဿနာနှင့် ဆက်စပ်နေသည်ပင်။

Frestech ကုန်သည်ကြီးများအသင်းက ထွက်ခွာသွားပြီး အခြားလုပ်ငန်းစုများကလည်း လိုက်သွားကြကာ စီးပွားရေးဌာနကလည်း ရုတ်တရတ်ကြီး အခမဲ့ကုန်သွယ်ခွင့်ပေးအပ်လိုက်ခြင်းကြောင့် ယခုနှစ် ဘန်တာမြို့အခွန်မှာ လွန်ခဲ့သည့် နှစ်များစွာက အဆင့်သို့ ပြန်ရောက်သွားမည်ဖြစ်၏။

လုပ်ငန်းစုကြီးများမှလာသည့် အခွန်ကို ဆုံးရှုံးရခြင်းမှာ တစ်စုံတစ်ယောက်က ဘန်တာမြို့၏ အစိတ်အပိုင်းကြီးကြီးကို ယူဆောင်သွားခြင်းနှင့် ညီမျှသည်။

ယခုတွင် ဘန်တာမြို့၏ မြို့တော်သားများမှာ တကယ်ကို ဘန်တာမြို့မှ ထွက်ခွာတော့မည်။ ကောင့်ထ်စတက်ဂျ်ကဲ့သို့ ရှေးရိုးစွဲမျိုးရိုးမြင့်တစ်ယောက်အနေနှင့် ၎င်းက ဘန်တာမြို့၏ အုတ်မြစ်အခြေခံများအား ကိုင်လှုပ်ခြင်းပင်ဖြစ်တော့သည်။

ကောင့်ထ်စတက်ဂျ် မတိုင်ခင်ရက်များက စာရွက်စာတမ်းများကို ပြန်ကြည့်ကြည့်သော် ထိတ်လန့်ဖွယ်အချက်တစ်ချက်ကို တွေ့လိုက်ရသည်။ ဘန်တာမြို့မှထွက်ခွာသွားသော မြို့တော်သားများမှာ တကယ်တမ်းတွင် မြို့အပြင်ဘက်ရှိ ကျေးရွာများမှ သာမန်လယ်သမားများပါပင်။

ကောင့်ထ်စတက်ဂျ်မှ စိုက်ပျိုးရေးအား ကြီးမား‌စွာအရေးထားခြင်းအတွက်မူ ထိုသာမန်လယ်သမားများမှာ ဘန်တာမြို့၏ အုတ်မြစ်ပင်ဖြစ်သည်။

လယ်သမား တစ်ယောက် နှစ်ယောက်လောက် ထွက်သွားခြင်းက မည်သည်ကိုမှ မထိခိုက်စေလိမ့်မည်မဟုတ်ပါသော်လည်း တစ်ရာ သို့မဟုတ် ရာပေါင်းများစွာ ချီထွက်ခွာမည်ဆိုပါလျှင် ထိတ်လန့်ဖွယ်သက်ရောက်မှုကို ဖန်တီးလာလိမ့်မည်။

လွန်ခဲ့သည့် ရက်အချို့က စာတမ်းများကို ပြန်ဖတ်နေရင်း ကောင့်ထ်စတက်ဂျ်မှာ ၎င်းအား အချိန်တိုအတွင်းရှာတွေ့လိုက်ရခြင်းကြောင့် ထိတ်လန့်သွားကာ အစီရင်ခံစာ ပို့ထားသည့် လယ်သမားမိသားစု တစ်ရာနီးနီးရှိသည်။

ဒီကိစ္စသာ ဆက်ဖြစ်နေရင် ဘန်တာမြို့ရဲ့ အုတ်မြစ်တွေက မလှုပ်ခတ်လာနိုင်ဘူးလား?

၎င်းကိုတွေးကြည့်ရင်း ကောင့်ထ်စတက်ဂျ်မှာ လက်ထဲရှိ စာတမ်းကို ထပ်ကြည့်လိုက်ရာ ရွာသားများစွာက ဘန်တာမြို့မှ ထွက်ခွာချင်နေသည်ကို တွေ့လိုက်ရသည်။ ၎င်းတို့မှာ စတက်တိန်းနယ်မြေ၌ အလုပ်,လုပ်ချင်ပြီး ထိုသည်မှာလည်း Frestech ကုန်သည်ကြီးများအသင်းက ငှားရမ်းထားသော နယ်မြေ၌ ဖြစ်သည်။

အခြားတစ်မျိုးပြောရလျှင် ၎င်းတို့မှာ ဘန်တာမြို့၌ လယ်စိုက်ခြင်းမှ စတက်တိန်းနယ်မြေ၌ လယ်စိုက်ခြင်းကို ပြောင်းလဲလုပ်ကိုင်တော့မည်ပင်။

ယခင် စာရွက်စာတမ်းများရှိ အခြားလယ်သမားများမှာလည်း တူညီသည့် အကြောင်းပြချက်ပေးထားသည်။ Frestech ကုန်သည်ကြီးများအသင်း၏ လတ်တလောလှုပ်ရှားမှုများအား စဉ်းစားကြည့်သော် ကောင့်ထ်စတက်ဂျ်၏ မျက်လုံးများက အေးစက်သွားပြီး နှာမှုတ်လိုက်တော့သည်။

"ဒီသောက်ရှုယီ၊ မင်းက တကယ်ပဲ ငါ့ဆီကနေ အရေးပါဆုံး အတွေ့အကြုံရှိ လယ်သမားဟောင်းတွေကို ခိုးရဲတယ်ပေါ့လေ။ မင်းငါ့ဆီကနေ တွင်းတူးချင်နေတာလား?"

ကောင့်ထ်စတက်ဂျ်က ၎င်းကို စဉ်းစားပြီးမှ ထိုလ၏အစီအရင်ခံစာများကို ငြင်းပယ်လိုက်သည်။

အချက်အလက်အရ သူ့ထံ၌ ထိုအခွင့်အရေးမရှိသော်လည်း ဘန်တာမြို့စားအနေနှင့် သူ့ထံ၌ သာမန်လယ်သမားများအား ဆက်နေရန် တွန်းအားပေးမည့် နည်းလမ်းများစွာရှိသည်။

သူ စာတမ်းများအား ပြန်ဖြေဆိုပြီးနောက်ပိုင်း၌ ရုံးခန်းတံခါးထံမှ ခေါက်သံဖွဖွ ထွက်ပေါ်လာခဲ့သည်။

ခေါက်သံကိုနားထောင်ကြည့်ရင်း ကောင့်ထ်စတက်ဂျ်က ၎င်းမှာ သူ၏ယုံကြည်ရသော လက်အောက်ခံမန်နေဂျာချီဟော့ဗ်ဖြစ်သည်ကို ပြောနိုင်သည်၊ ထို့ကြောင့် အသံဩဩဖြင့် ပြန်ဖြေကာ ဝင်ခွင့်ပြုလိုက်၏။

ချီဟော့ဗ်ဝင်လာပြီးနောက်၌ သူဟာ ကောင့်ထ်စတက်ဂျ်ကို အရိုအသေပေးလျက်၊"သခင်ကြီးကောင့်ထ်, Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌရှုက အစည်းအဝေးအတွက် ဒီကိုရောက်နေပါပြီ။"

ကောင့်ထ်စတက်ဂျ်က ရပ်တန့်သွားကာ အပြင်ဘက်ရှိ ညမှောင်မှောင်ကို လှည့်ကြည့်လိုက်သည်။

ရှုယီက ဒီအချိန်ကြီးမှာ အစည်းအဝေးတစ်ခုအတွက်နဲ့ ဘာကြောင့်လာရတာလဲ?

ဆယ်မိနစ်ကြာပြီးနောက်၊ ကောင့်ထ်စတက်ဂျ်မှာ ရှုယီအား မြို့စားအိမ်တော်ရှိ အခန်းလေးထဲ၌ တွေ့လိုက်ရသည်။

"ဥက္ကဌရှု၊ ခင်ဗျားအနေနဲ့ ဒီလောက်နောက်ကျနေတဲ့ညကြီးမှာ လာလည်ဖို့ ရှားတာကို။"

ယခုတွင် မြို့စားအိမ်တော်က Frestech ကုန်သည်ကြီးများအသင်းထံမှ စိုက်ပျိုးရေး‌သုံး မှော်စက်ပစ္စည်းသုံးထောင်ကို ရရှိခဲ့ပြီး ဆောင်းဦးကောက်ရိတ်သိမ်းပွဲကို အပြီးသတ်ခဲ့ရာ ကောင့်ထ်စတက်ဂျ်၏ သဘောထားက ရှုယီအား တွေ့ဆုံချိန်၌ များစွာ ပြောင်းလဲသွားသည်။

ရှုယီမှာ ပထမဆုံးတွေ့ဆုံမှုပြီးနောက်တွင် ကောင့်ထ်စတက်ဂျ်က သူ့အား တွေ့ချိန်တိုင်းအမြဲ ယဉ်ကျေးဟန်ရှိလာကာ ဤတစ်ခေါက်ကလည်း ချွင်းချက်မဟုတ်ပါချေ။

"မြို့စားအရှင်၊ ကျုပ်ခင်ဗျားကို ဒီလောက်နောက်ကျနေမှ နှောင့်ယှက်ရတာ အားနာမိပါတယ်။" ရှုယီက ခပ်ဖျော့ဖျော့ပြုံးကာ ဆိုလိုက်၏၊

"ဒါပေမယ့် ကျုပ် နှစ်ရက်အတွင်းမှာ စတက်တိန်းနယ်မြေအတွက် ပြင်ဆင်ရမှာမို့ မြို့စားအရှင်နဲ့ အချိန်ရတုန်းမှာ ကိစ္စတချို့ကို ဆွေးနွေးချင်လို့ပါ။"

‘စတက်တိန်း နယ်မြေ၏ဟူသည့်စကားလုံးကိုကြားသော် ကောင့်ထ်စတက်ဂျ်၏ မျက်နှာမှာ အိုကျလာပြီး ၊ "အရမ်းကောင်းတယ်၊ ဥက္ကဌရှု၊ ခင်ဗျားက စတက်တိန်းနယ်မြေအကြောင်းစပြောလာမှတော့ ကျုပ်လည်း ခင်ဗျားကို မေးစရာရှိတယ်။ ခင်ဗျားရဲ့လုပ်ငန်းစုက စတက်တိန်းနယ်မြေမှာ နယ်မြေငှားရမ်းခဲ့တည်းက ဘာလို့ စတက်တိန်းနယ်မြေဒေသခံလုပ်သားတွေကိုပဲ လည်ပတ်ရာမှာ ကူညီခိုင်းဖို့ မစဉ်းစားဘဲ ကျုပ်တို့ဘန်တာမြို့ရဲ့ အတွေ့အကြုံရှိလယ်သမားဟောင်းတွေကို ခိုးယူရတာလဲ? ဒါက ဘယ်လောက်တောင် ကျုပ်တို့ဘန်တာမြို့‌ရဲ့ စိုက်ပျိုးရေး ဖွံ့ဖြိုးမှုမှာ ရိုက်ခတ်သွားနိုင်လဲ သိရဲ့လား?"

ရှုယီမှာ အပြုံးမပျက်ဘဲ၊ "ကျုပ် ဒါကိုသိပါတယ်၊ ဒါကြောင့်ပဲ ဒါကိုဖြေရှင်းဖို့ မြို့စားအရှင်နဲ့အတူ တကူးတကလာဆွေးနွေးတာပါ။"

"ဒီပြဿနာကို ဖြေရှင်းမယ်?" ကောင့်ထ်စတက်ဂျ်က နှာခေါင်းရှုံ့လျက်၊ "ခင်ဗျားကတော့ လွယ်လွယ်လေးပြောနေတာပဲ။ ဒီအတွေ့အကြုံရှိ လယ်သမားဟောင်းတွေက ဘန်တာမြို့အတွက် ဘယ်လောက်အရေးပါတယ်ဆိုတာ ခင်ဗျားသိရဲ့လား? ခင်ဗျားသာ သူတို့ကိုခေါ်သွားရင် ကျုပ်တို့ဘန်တာမြို့ရဲ့ ဆန်စပါးအထွက်နှုန်းအပေါ်သက်ရောက်လာမယ့် ပြစ်ဒဏ်အတွက် တာဝန်ယူနိုင်လို့လား?"

"ဒါပေါ့ ကျုပ်တာဝန်မယူနိုင်ပါဘူး။" ရှုယီက ရိုးသားစွာပြုံးရင်းဆိုလာသည်၊ "ဆန်စပါးထုတ်လုပ်ရေးက ကျုပ်တို့ လမ်ပူရီတိုင်းပြည်မှာ ကိစ္စကြီးဖြစ်တော့ ကျုပ်က ထူးကဲနေရင်တောင် ဒါမျိုးကို မလုပ်နိုင်ဘူးလေ။ ဒါပေမယ့် မြို့စား၊ ပြောရရင် ဒီဆန်စပါးအထွက်နှုန်းက လူတွေနဲ့ ဆက်စပ်နေတယ်ဆိုပေမယ့်လည်း ဒီလူအများကြီးကို ခင်ဗျားမလိုပါဘူးဗျာ။"

ကောင့်ထ်စတက်ဂျ်က မျက်မှောင်ကုပ်လျက်၊ "ဘာ? ခင်ဗျားက ခင်ဗျားရဲ့ လူအင်အားနေရာမှာ မှော်စက်ပစ္စည်းတွေအစားထိုးမယ့် သီအိုရီကို ကျုပ်ဆီရောင်းဖို့လာတာလား?"

ရှုယီက ပခုံးတွန့်လျက်၊ "ကျုပ် ဒီသီအိုရီမှာ ပြဿနာရှိတယ်လို့ မခံစားမိပါဘူး။ မှော်စက်ပစ္စည်းတွေရဲ့အကူအညီနဲ့ဆိုရင် လူတွေအနေနဲ့ ကိစ္စတွေကိုပိုလုပ်နိုင်တော့ ကိစ္စကောင်းပဲမဟုတ်ဘူးလား?"

"ဟမ့်၊ မှော်စက်ပစ္စည်းတွေက နောက်ဆုံးကျရင်လည်း (ပျက်စီး)သေသွားမှာပဲလေ၊ လူတွေကတော့ ရှင်နေတုန်းပဲ။ လူတွေလုပ်နိုင်တဲ့နေရာမှာ မှော်စက်ပစ္စည်းတွေကို အစားထိုးလို့မရတဲ့ ကိစ္စတွေအများကြီးရှိပါသေးတယ်။"

ရှုယီက ခပ်ဖျော့ဖျော့ပြုံးလိုက်၏။ လူသားများမလုပ်နိုင်သည်ကို မှော်စက်ပစ္စည်းများက လုပ်နိုင်သည့် ကိစ္စများစွာလည်း ရှိပါသေးသည်။

သို့သော် သူက ဤနေရာသို့ ထိုပြဿနာအား ကောင့်ထ်စတက်ဂျ်နှင့်ဆွေးနွေးရန် လာရောက်ခြင်းမဟုတ်ပါပေ။ သူက အနည်းငယ်စဉ်းစားပြီးမှ ပြောလိုက်၏၊ "မြို့စားအရှင်၊ ဘာပဲဖြစ်ဖြစ် ကျုပ်ထင်တာတော့ စိုက်ပျိုးရေးသုံး မှော်စက်ပစ္စည်းတွေရဲ့ အကူအညီမပါဘဲ ကျုပ်တို့ လမ်ပူရီတိုင်းပြည်ရဲ့ ဆန်စပါးအထွက်နှုန်းက ဒီလောက်ထိတိုးမလာနိုင်ဘူးလို့တော့ ခင်ဗျားဝန်ခံသင့်တယ်။"

ကောင့်ထ်စတက်ဂျ်က တိတ်ဆိတ်နေ၏။

မည်သူကမှ ထိုစိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းများမှာ လမ်ပူရီတိုင်းပြည်၏ ဆန်စပါးအထွက်နှုန်းတိုးတက်ရာ၌ ကူညီခဲ့သည်အား မငြင်းပယ်နိုင်ပါချေ၊ ထိုအထဲတွင် စတက်ဂျ်မိသားစု ဦးဆောင်သည့် ရှေးရိုးစွဲအဖွဲ့လည်းပါကာ ထိုသည်မှာ ၎င်းတို့လည်း အကြီးမားဆုံး အကျိုးအမြတ်များကို ရရှိထားခြင်းကြောင့်ပါပင်။

၎င်းကို သုံးသပ်ရလျှင် ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းက မင်းသမီးလေးဆယ်ဗီနီအား ထောက်ပံ့ပေးပါသော်လည်း ၎င်းကသာ သူတို့ လုံခြုံနေနိုင်သည့် အကြောင်းအရင်းပါပင်။

"ဒါပေါ့၊ ကျုပ်အခုလာတာက မြို့စားအရှင်ဆီကနေ ခွင့်ပြုချက်လာယူတာမဟုတ်ပါဘူး။ ကျုပ်တို့ရဲ့ Frestech ကုန်သည်ကြီးများအသင်းက ဘန်တာမြို့က လယ်သမားတွေကို စတက်တိန်းနယ်မြေဆီ ခေါ်သွားရတဲ့ အကြောင်းအရင်းကို ပြောပြချင်လို့ပါ။" ရှုယီက ဆိုလိုက်သည်။

ကောင့်ထ်စတက်ဂျ်က ရှုယီအား ကြည့်ပြီး ခေါင်းအသာငြိမ့်ပြလာသည်," ပြောပါ"

ရှုယီက သက်ပြင်းတစ်ချက်ချလိုက်၏။ ကောင့်ထ်စတက်ဂျ်က သူနှင့် Frestech ကုန်သည်ကြီးများအသင်းကို ဆန့်ကျင်နေပါလျှင်တောင် ဘန်တာမြို့နှင့် သူ၏ စိတ်ဝင်စားမှုများနှင့် ဆက်စပ်နေချိန်တွင် သူ၏အကြံပြုချက်များကို နားထောင်ရန် ဆန္ဒရှိနေဆဲဟု ထင်သည်။

"မြို့စားအရှင်၊ ကျုပ်ထင်တာတော့ ခင်ဗျားက ဘန်တာမြိုတော်လယ်သမားတွေကို စတက်တိန်းနယ်မြေဆီခေါ်သွားရင် ဘန်တာမြို့ရဲ့ ဆန်စပါးအထွက်နှုန်းပေါ်သက်ရောက်မှာကို စိုးရိမ်နေတာပဲ၊ မဟုတ်လား?" ရှုယီက မေးလိုက်သည်။

"အဓိပ္ပာယ်မရှိတာ!" ကောင့်ထ်စတက်ဂျ်က အေးစက်စက်နှာ‌မှုတ်ကာပြောလာ၏၊ "ဘန်တာမြို့ရဲ့လယ်သမားတွေကို ကန့်သတ်ထားတော့ တချို့ကို ခေါ်သွားရင် သက်ရောက်မှုမရှိလာမှပဲ ထူးဆန်းနေလိမ့်မယ်!"

ရှုယီက ယုံကြည်ချက်ရှိရှိပြုံးလျက်၊ "မြို့စားအရှင်ဒီလောက်ထိ စိုးရိမ်ဖို့ မလိုဘူးလို့ ကျုပ်ထင်တယ်။ အရင်ဆုံး၊ ကျုပ်တို့က လက်ရှိမှာ ဘန်တာမြို့ကနေ လူနှစ်ထောင်ထက်ပိုပြီး မခေါ်ဖို့ စီစဉ်ထားတယ်။ ကျုပ်အထင် ဘန်တာမြို့ အပြင်ဘက်က လယ်သမားလေးသောင်းကျော်နဲ့ယှဉ်ရင် ဒါက များတယ်လို့ မယူဆနိုင်ဘူးလေ၊ ဟုတ်တယ်မို့လား?"

"လူနှစ်ထောင်တည်း?" ကောင့်ထ်စတက်ဂျ်က အံ့အားသင့်သွားကာ၊ "ခင်ဗျားရဲ့ Frestech ကုန်သည်ကြီးများအသင်းက စတက်တိန်းနယ်မြေကနေ ဟက်တာတစ်သိန်းရှိတဲ့နယ်မြေကို ငှားထားတာမဟုတ်ဘူးလား? လူနှစ်ထောင်နဲ့ ဘယ်လို,လောက်မှာလဲ?"

"ကျုပ်တို့ရဲ့ စတက်တိန်းနယ်မြေနဲ့ စာချုပ်အရ ပြည်တွင်းလုပ်သားငါးထောင်ထက် မနည်းကို စု‌ဆောင်းဖို့လိုတယ်လေ။"

ကောင့်ထ်စတက်ဂျ်က မျက်မှောင်ကုပ်လျက်၊ "လူငါးထောင်နဲ့တောင် ဒါက မလောက်ဘူးမလား? ဒါက ဟက်တာတစ်သိန်းကျော်လေ။ ကျုပ်ခန့်မှန်းခြေအရဆိုရင် ခင်ဗျား လူတစ်သောင်းလောက်မှ လုံလောက်မယ်ထင်တယ်။"

ရှုယီက ခေါင်းခါလိုက်ရင်း၊ "မြို့စားအရှင်၊ ရိုးရိုးသားသားပြောရရင် စတက်တိန်းနယ်မြေက လူတွေက နည်းနည်း... ပျင်းကြတယ်။ ဒါကြောင့် ကျုပ်က အဲဒီ့ လူငါးထောင်ဆီကနေ ဘာအကူအညီမှကို ထည့်မတွက်ထားဘူးလေ၊ သူတို့ရဲ့အစွမ်းအစက ကျုပ်တို့ဘန်တာမြို့ဆီကနေ လက်ခံလာတဲ့ လူနှစ်ထောင်ထက် ဆိုးရွားနေမှာကိုး။"

ကောင့်ထ်စတက်ဂျ်ကဂုဏ်ယူနေဟန် နှာခေါင်းရှုံ့လိုက်လျက်၊ "စတက်တိန်း နယ်မြေရဲ့လူတွေက အရမ်းပျင်းရိတာ၊ ကျုပ်သိတယ်။ ခင်ဗျားရဲ့လုပ်ငန်းစုက ဒီလိုနေရာမျိုးမှာ ရင်းနှီးမြှုပ်နှံတာက ခင်ဗျား ငွေတွေ မဆုံးရင်ဘဲ အတော်လေး ကျွမ်းကျင်နေပြီ။"

"မြို့စားအရှင်ရဲ့ စိုးရိမ်ပေးမှုအတွက် ကျေးဇူးပါ။" ရှုယီက ခပ်ဖျော့ဖျော့ပြုံးကာ ဆိုလိုက်၏၊ "မြို့စားအရှင်၊ ကျုပ်ပြောချင်တာက ဒီ ဟက်တာတစ်သိန်းနယ်မြေအတွက် ကျုပ်ခန့်မှန်းရရင် ဘန်တာမြို့က လူနှစ်ထောင်နဲ့တင် လုံလောက်နေပါပြီ။"

"ဒါက မဖြစ်နိုင်တာ!" ကောင့်ထ်စတက်ဂျ်က ခိုင်ခိုင်မာမာပြောလာသည်၊ "ကျုပ်တို့စတက်ဂျ်မိသားစုက လယ်စိုက်ရာမှာ အတွေ့အကြုံရာနဲ့ချီရှိပြီး ကျုပ်တို့က ခင်ဗျားထက် ကောင်းကောင်းပိုနားလည်တယ်။ ကျုပ်အတွေ့အကြုံအရဆိုရင် ခင်ဗျား ဟက်တာတစ်သိန်းနယ်မြေအတွက် အနည်းဆုံး လူတစ်သောင်းတော့လိုမှာပဲ။ လူနှစ်ထောင်လေးနဲ့လား? စဉ်းစားကြည့်ဖို့တောင် လိုမနေဘူးပဲ!"

ရှုယီက ခပ်ဖျော့ဖျော့ပြုံးလျက် ရုတ်တရတ်ပြောလိုက်သည်၊ "ဒါဆို မြို့စားအရှင်၊ အလောင်းအစားလုပ်ရင်ရော?"

ကောင့်ထ်စတက်ဂျ်က နိုးနိုးကြားကြားဖြစ်သွားပြီး၊ "ဘာအလောင်းအစားလဲ?"

"ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက ဒီနယ်မြေကို လူနှစ်ထောင်လေးနဲ့ပဲ မဖွင့်နိုင်ခဲ့ရင် ကျုပ်တို့လုပ်ငန်းစုကနေ ဒီလူနှစ်ထောင်ကို ဘန်တာမြို့ဆီ ပြန်ပေးပြီး သူတို့ကိုလည်း လျော်ကြေးပေးမယ်။ တစ်ချိန်တည်းမှာပဲ ကျုပ်တို့ မြို့စားအိမ်တော်ကို ဘန်တာမြို့ရဲ့ဆန်စပါးအထွက်နှုန်း လျော့ကျခြင်းအတွက် လျော်ကြေးငွေ ရွှေဒင်္ဂါးပေါင်း ငါးသိန်းပေးမယ်။ မြို့စားအရှင် ဘယ်လိုထင်ပါလဲ?"

ကောင့်ထ်စတက်ဂျ်က ရှုယီကို ငေးကြည့်လာပြီး၊ "ခင်ဗျားတကယ်ပြောနေတာလား?"

"ကျုပ်အတည်ပြောနေတာပါ။" ရှုယီက ခေါင်းငြိမ့်လိုက်ရင်း၊ "မြို့စားအရှင်မယုံရင် Frestech ကုန်သည်ကြီးများအသင်းနဲ့ မြို့စားအိမ်တော်ရဲ့ကိုယ်စား စာချုပ်မှာ လက်မှတ်ထိုးနိုင်တယ်။"

ကောင့်ထ်စတက်ဂျ်က ရှုယီအား အံ့ဩဟန်ဖြင့်ကြည့်ကာ မေးလာ၏၊ "ဒါကို ဘယ်လိုမျိုး အဖြေထုတ်မှာလဲ? ဘာနဲ့ သတ်မှတ်မှာလဲ?"

"ဒါက ရှင်းရှင်းလေးပါ၊ ရလားမရလားက ဆန်စပါးအထွက်နှုန်းမှာ မူတည်တယ်။ စတက်တိန်းနယ်မြေက စပါးခင်းတွေအတွက် သင့်တော်တာကြောင့် ကျုပ်တို့ ဒါကို ဆုံးဖြတ်ဖို့ ခမာမြို့တော်ကနေ ထွက်ကုန်ကို နှစ်ကြိမ် သတ်မှတ်ပြီးသုံးမယ်။ ဟက်တာတစ်သိန်းနယ်မြေရဲ့ အထွက်နှုန်းက တန်နှစ်သိန်း ပတ်လည်မှာရှိတယ်။ ဒီဂဏန်းထက် နည်းနေရင်တော့ ကျုပ်အရှုံးလို့ သတ်မှတ်လိုက်ပါမယ်။"

"ခင်ဗျားတကယ်ပဲ ဒီလိုလုပ်ချင်တာလား?" ကောင့်ထ်စတက်ဂျ်က အတည်ပြောနေသော ရှုယီအား မယုံကြည်နိုင်ဟန်ဖြင့် ကြည့်နေသည်။

သူ့အတွက် ဟက်တာတစ်သိန်းရှိနယ်မြေအား ဖွင့်လှစ်ရန် မဖြစ်နိုင်ရာ ရှုယီက ထိုခက်ခဲလှသည့် တာဝန်ကို လူနှစ်ထောင်နှင့် လုပ်မည်ဆိုသည်က တကယ်ကို မဖြစ်နိုင်ပါချေ။

မှန်ပါ၏၊ ၎င်းက ကောင့်ထ်စတက်ဂျ်အတွက် အရေးမကြီးပေ။ ၎င်းကိုတွေးပြီးနောက် သူက ရှုယီကို မေးလာပြန်သည်၊ "ဒါဆို ခင်ဗျား ဒီတာဝန်ကို လုပ်နိုင်ရင်ရော?"

"ဒါက ကျုပ်နိုင်သွားတယ်လို့ ဆိုနိုင်ပြီး မြို့စားအိမ်တော်အနေနဲ့ ကျုပ်ရဲ့တောင်းဆိုမှုကို သဘောတူဖို့ မျှော်လင့်ပါတယ်။" ရှုယီက ပြောလိုက်သည်။

"ဘာ တောင်းဆိုမှုလဲ?" ကောင့်ထ်စတက်ဂျ်က သိလိုဟန်ဖြင့် မေးလာသည်။

ထိုရှုယီက သူဟာ ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းကို ပစ်မှတ်ထားနေမှန်းသိသော်လည်း တောင်းဆိုမှုတစ်ခုကို သဘောတူရန် လာဆွေးနွေးနေသေးသည်။ သူဦးနှောက်များ ပျက်သွားပြီလား?"

"ဒီတောင်းဆိုမှုက တကယ်တော့ ဘန်တာမြို့အတွက် အကျိုးရှိပါတယ်။ ဒါက ဒီလိုပါ..."

***

မှော်စက်မှုအင်ပါယာ

Vol3, အခန်း ၃၅။ မင်းလုပ်ချင်တဲ့ အရာတွေ

ရှုယီ မြို့စားအိမ်တော်မှထွက်လာချိန်တွင် ကြယ်များစုံလင်နေသည့် ကောင်းကင်ကိုကြည့်လျက် အသက်ဝဝရှူလိုက်သည်။ သူ၏နှုတ်ခမ်းထက်၌လည်း ခါးသက်သက်အပြုံးတစ်ခုပေါ်လာပြီး ခေါင်းခါလိုက်ပေ၏။

ကောင့်ထ်စီယန်သာ မြို့စားဖြစ်နေဆဲဆို ဘယ်လောက်ကောင်းလိုက်မလဲ၊ ဒီလိုဆို သူ ခြုံခိုတိုက်နေစရာမလိုလဲ ဒီလို မဆက်စပ်တဲ့ ကိစ္စတွေကိုလည်း စဉ်းစားဖို့မလိုလောက်ဘူး။

ကောင့်ထ်စတက်ဂျ်က အဆုံးမှာ အလောင်းအစားကိုလက်ခံပြီး သူနဲ့အတူ စာချုပ်မှာ လက်မှတ်ထိုးခဲ့ပေမယ့် လက်တွေ့မှာ ဒီအလောင်းအစားက ရှုယီနဲ့ Frestech ကုန်သည်ကြီးများအသင်းအတွက် အကျိုးအမြတ် များများစားစားရှိမနေဘူးလေ။

အကြောင်းမှာ သူ့အနေနှင့် ကောင့်ထ်စတက်ဂျ်အတွက် တောင်းဆိုသည်မှာ ကောင့်ထ်စတက်ဂျ်က ဘန်တာမြို့၌ စက်ဖြင့်လယ်စိုက်ခြင်း ပြောင်းလဲမှုအား ချပြနိုင်ရန် မျှော်လင့်ခြင်းကြောင့်ဖြစ်သည်။

ဘန်တာမြို့၌ စိုက်ပျိုးရေးဆိုင်ရာဖွံ့ဖြိုးမှုချပြခြင်းအတွက်လည်း ထိုသည်က ကောင်းမွန်ပြီး ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်း၏ အကျိုးအမြတ်များအတွက်လည်း စက်ဖြင့်လယ်စိုက်ခြင်း ပြောင်းလဲမှုနှင့်အတူ လယ်သမားများအား လွတ်မြောက်စေနိုင်ကာ Frestech ကုန်သည်ကြီးများအသင်းအတွက်ပါ လုပ်သားများ ပိုမိုလွယ်ကူစွာ ရရှိစေနိုင်၏။

သို့သော် တကယ်တမ်းတွင် Frestech ကုန်သည်ကြီးများအသင်း၏ ကျော်ကြားမှုနှင့်ဆိုလျှင် အလုပ်ရှာရန် ဘန်တာမြို့၏မြို့သားများဖြစ်စေ အခြားမြို့များမှလာရောက်သူများဖြစ်စေ ၎င်းတို့အလုပ်လိုနေသ၍ ၎င်းတို့၏ ပထမဆုံးရွေးချယ်မှုကလည်း Frestech ကုန်သည်ကြီးများအသင်းဖြစ်နေပါလျှင် လူ,မလွတ်နေတော့ချေ။

စဉ်းစားရမည့်အရာမှာ အခြားနေရာများမှ လူအင်အားသာဖြစ်၏။

ထိုသို့ဆိုရလျှင် ရှုယီက ခံစားချက်များနေသယောင်ပါပင်။ လမ်ပူရီတိုင်းပြည် သို့မဟုတ် စိုင်စ်နယ်မြေတစ်ခုလုံး၏ လူဦးရေက အင်မတန် နည်းပါးလှသည်။

ဘန်တာမြို့ကဲ့သို့ ဝေးလံသည့်မြို့တွင် လူဦး‌ရေ ငါးသောင်းထက်ပိုမများဘဲ လမ်ပူရီတိုင်းပြည်တွင် လူဦးရေ ငါးသန်းနီးပါးသာရှိ၏၊ ၎င်းက ကမ္ဘာမြေပေါ်ရှိ မြို့ကြီးတစ်မြို့လောက်ပင် လူမများပါချေ။

သူ့ထံ၌ စိုင်စ်‌နယ်မြေတစ်ခုလုံးအတွက် တိကျသောစာရင်းမရှိပါသော်ငြား သူဖတ်ခဲ့သည့် စာအုပ်များမှ သုံးသပ်ရလျှင် လူဦးရေက လမ်ပူရီတိုင်းပြည်ထက် အနည်းငယ်‌သာ ပိုကောင်းပြီး များများစားစားတော့မဟုတ်ပေ။ နယ်မြေတစ်ခုလုံးအတွက် လူသန်းပေါင်း နှစ်ရာမှ သုံးရာအထိသာရှိသည်။

၎င်းကြောင့် ကောင့်ထ်စတက်ဂျ်အနေနှင့် Frestech ကုန်သည်ကြီးများအသင်းမှာ ဘန်တာမြို့လယ်သမားများအား စတက်တိန်းနယ်မြေကို ယူဆောင်သွားခြင်းအပေါ် အင်မတန် အထိမခံဖြစ်ကာ ဆန့်ကျင်နေခြင်းပင် ဖြစ်၏။

ဘန်တာမြို့ထံ၌ ထိုလူများသာရှိသောကြောင့် Frestech ကုန်သည်ကြီးများအသင်းမှ ယူဆောင်သွားပါလျှင် စိုက်ပျိုးရေးလုပ်ငန်းအပေါ် သက်ရောက်မှုများစွာ ရှိလာနိုင်သည်ပင်။

သို့သော် ရှုယီမှာ လယ်သမားနှစ်ထောင်ထက်မပိုယူရန် ကတိပေးထားကာ စိုက်ပျိုးရေးမှော်စက်များအကူအညီဖြင့် အချက်အလက်အစစ်အမှန်ကို အသုံးပြုခဲ့ကြောင်း ကောင့်ထ်စတက်ဂျ်ကို ပြသရပြီး စိုက်ပျိုးသည့်အခါတွင် အလုပ်သမားများစွာမလိုအပ်ရာ ကောင့်ထ်စတက်ဂျ်မှာ ရှုယီ၏ခွဲခြမ်းစိတ်ဖြာချက်ကို သဘောတူခဲ့သည်။

ဘန်တာမြို့အတွက်အကျိုးအမြတ်များသာယူလာသော ထိုအလောင်းအစားအတွက် ကောင့်ထ်စတက်ဂျ်အနေနှင့် တုံ့ဆိုင်းမနေဘဲ သဘောတူလိုက်သည်ပင်။

ရှုယီက သူနိုင်သွားလျှင်တောင် ဘန်တာမြို့သို့ စိုက်ပျိုးရေးမှော်စက်ပစ္စည်းငါးထောင်ကို အလကားပေးမည်အား မဆိုထားနှင့် ဘန်တာမြို့၏ စိုက်ပျိုးရေးတိုးတက်မှုကို အာမခံပေးထားသေးသည်။

ထိုသို့သော အံ့ဩဖွယ်အခြေ‌အနေများနှင့် ကောင့်ထ်စတက်ဂျ်မှာ ရှုယီက အဘယ့်ကြောင့် ထိုသို့လုပ်ကြောင်းကို သံသယဖြစ်လျှင်တောင် အဆုံး၌ အာမခံအနေနှင့် စာချုပ်နှင့် သဘောတူခဲ့သည်ပင်။

သို့သော်ငြား ထိုသို့ဆိုလျှင်တောင် နှစ်ယောက်သား စာချုပ်၌ လက်မှတ်ရေးထိုးချိန်တွင် ကနဦးအသေးစိတ်အချက်အလက်များကို တွန့်ဆုတ်ဆုတ်နှင့် မသတ်မှတ်မီတွင် ပြင်းထန်သောငြင်းခုံမှုတစ်ခုရှိခဲ့၏။

ကောင့်ထ်စတက်ဂျ်၏ သံသယအပြည့်နှင့်ဟန်ပန်ကို စဉ်းစားကြည့်နေရင်း ရှုယီမှာ မနေနိုင်ဘဲ ခါးသက်သက်ပြုံးလိုက်ရသည်။

မှော်စက်မှုပညာနယ်ပယ်ကို တိုးတက်စေရန်အလို့ငှာ သူဟာ ကြီးမားသော နာကျင်မှုများကို ခံယူနေရ၏။

ရှုယီဟာ ကောင့်ထ်စတက်ဂျ်နှင့် စတက်ဂျ်မိသားစုမှ ဦးဆောင်သည့် ရှေးရိုးစွဲအဖွဲ့၏ အထွန့်တက်မှုများကို မေ့ဖျောက်ရန် ခေါင်းခါလျက် နောက်ထပ် လုပ်ရန် လိုအပ်သည်များကို စဉ်းစားနေလိုက်၏။

ကောင့်ထ်စတက်ဂျ်က Frestech ကုန်သည်ကြီးများအသင်းက ဘန်တာမြို့လယ်သမားများအား အလုပ်ခန့်အပ်ရာ၌ ကြားဝင်လိမ့်မည်မဟုတ်သည့် သဘောတူညီချက်ရရှိပြီးနောက်တွင် Frestech ကုန်သည်ကြီးများအသင်း၏ နောက်ထပ် အရွေ့တစ်ခုမှာ ထို လယ်သမားအယောက်နှစ်ထောင်အား ခေါ်ဆောင်၍ စတက်တိန်းနယ်မြေ၌ တတ်နိုင်သမျှ နေရာချထားပေးရန်ပင်။ ထို့နောက်တွင် ၎င်းတို့ငှားရမ်းထားခဲ့သည့် ဟက်တာတစ်သိန်းနယ်မြေ၌ ရင်းနှီးမြှုပ်နှံရပေမည်။

ယခုက နိုဝင်ဘာလအစဖြစ်ရာ ၎င်းတို့သာ မလျင်မြန်ပါလျှင် နွေဦးမရောက်ခင် အပင်စိုက်၍ မပြီးဖြစ်သွားနိုင်သည်။ ရာသီစာသီးနှံများ ပျောက်‌ဆုံးခြင်းကြောင့် ရှုယီမှာ သူ ကောင့်ထ်စတက်ဂျ်အား နိုင်မည်လားကို မသေချာတော့ချေ။

စတက်တိန်း နယ်မြေ၏ ပတ်ဝန်းကျင်က သဘာဝကျ‌စွာကောင်းမွန်နေသည်မှာ အဆင်ပြေလှသည်။ ၎င်းက အသီးအနှံများ ဆောင်းရာသီ၌ပင် ကြီးထွားလာနိုင်သည့် အပူပိုင်းဒေသများနှင့်ပင် ယှဉ်လို့ရကာ ဆောင်းရာသီအတွင်း၌ မြေဩဇာမကောင်းတော့သည့် လမ်ပူရီတိုင်းပြည်နှင့်မတူပါချေ။

သူ၏ဆန်းစစ်မှုများမှ သုံးသပ်ကြည့်ပါလျှင် ရှုယီမှာ စတက်တိန်းနယ်မြေ၌ တစ်နှစ်စီတိုင်းတွင် ကြီးထွားရာသီသုံးရာသီရှိကြောင်း သေချာပါ၏။

၎င်းအပေါ်မှသာ သုံးသပ်ရလျှင် ဆန်စပါးအထွက်နှုန်းက လမ်ပူရီတိုင်းပြည်ထက် များစွာမြင့်မားပေလိမ့်မည်။

ထို့အပြင် ၎င်းက ရှုယီမှ ထိုအလောင်းအစား၌ ကောင့်ထ်စတက်ဂျ်ကို အနိုင်ရမည့် ယုံကြည်ချက်ကို ရရှိခဲ့ရာ နေရာလည်း ဖြစ်သည်။

ယင်းတစ်သိန်းဟက်တာရှိနယ်မြေကို ဖွင့်လှစ်ရန် အလျင်လိုနေခြင်းထက် Frestech ကုန်သည်ကြီးများအသင်းက စတက်တိန်းနယ်မြေထံမှ ဝယ်ယူထားသည့် သံသတ္တုမိုင်းတွင်းသုံးတွင်း၌ မိုင်းတူးခြင်းကိုသာ တရားဝင်စတင်လိုက်တော့၏။

မတိုင်ခင်က ၎င်းတို့‌ပို့ထားခဲ့သည့် လူပုလေးများ၏အပြောအရ ထိုမိုင်းတွင်းသုံးတွင်းထံ၌ အရည်အသွေးမြင့် သံသတ္တုရိုင်းများရှိကာ ထိုသုံးတွင်းထဲရှိ သံသတ္တုပမာဏက ၎င်းတို့နောက်ဆုံးစစ်တမ်းယူခဲ့သည်နှင့် ယှဉ်လျှင် အလွန်တရာမှများပြားသည့် ပမာဏရှိနေသည်။

ထိုမိုင်းတွင်းသုံးတွင်းအား စတက်တိန်းနယ်မြေထံမှ ရွှေဒင်္ဂါး ၁.၃၅သန်းနှင့် ဝယ်ယူနိုင်ရန်မှာ Frestech ကုန်သည်ကြီးများအသင်းအတွက် လွန်စွာ ဈေးချိုလှ၏။

တစ်ချိန်တည်းတွင် အန်ကလို အဆက်အသွယ်မှတစ်ဆင့် ရှုယီမှာ စတက်တိန်းနယ်မြေ၏ မျိုးရိုးမြင့်များထံမှ မှော်သလင်းကျောက်တွင်းများကိုပါ ဝယ်ယူခဲ့သေးသည်။

အကြောင်းမှာ မှော်သလင်းကျောက်အား စိုင်စ်နယ်မြေတစ်ခုလုံး၌ ရှာတွေ့နိုင်ကာ အသုံးလည်းနည်းကြသောကြောင့်ဖြစ်ရာ ထိုအရာများက အရမ်းအရေးပါမနေပါချေ။ စတက်တိန်း နယ်မြေကဲ့သို့သော မှော်ပညာရှင်အနည်းငယ်သာရှိသောနေရာတွင် Frestech ကုန်သည်ကြီးများအသင်းက ထိုမှော်သလင်းကျောက်တွင်းများအား ဝယ်ယူသည်က စတက်တိန်းနယ်မြေ၏ မျိုးရိုးမြင့်များအတွက် ကောင်းချီးတစ်ခုပါပင်။ အ‌ဆုံး၌ Frestech ကုန်သည်ကြီးများအသင်းမှာ စတက်တိန်းနယ်မြေရှိ အကြီးမားဆုံးသလင်းကျောက်တွင်းအပါအဝင် ထိုမှော်သလင်းကျောက်တွင်း ခုနှစ်တွင်းကို ဝယ်ယူရန် ငါးသိန်းသုံးခဲ့ရသည်။

ထို သဘောတူညီချက်အတွက် လူများစွာမှာ ရှုပ်ထွေးနေကြသော်လည်း ရှုယီကတော့ သိပ်မကြာခင်တွင် ထို မှော်သလင်းကျောက်များက လူများစွာ တိုက်ခိုက်ယူချင်ကြမည့် အရေးကြီးရင်းမြစ်ဖြစ်လာမည်ကို သိလေသည်။ သူက သေချာပေါက် ၎င်းမှ ငွေပမာဏများများ ဝင်လိမ့်မည်။

စတက်တိန်းနယ်မြေမှလွဲလျှင် ဒုတိယအရေးပါဆုံးအရာမှာ ဆန်နက်မြေရိုင်း၌ ရင်းနှီးမြှုပ်နှံခြင်းပင်။

လုပ်ငန်းစုလေးခုမှာ နောက်ဆုံးတစ်ခေါက်က သားရဲလူမျိုးလွတ်လပ်ရေးတပ်မတော်၏ ဒေါသကြီးနှင့် ရင်ဆိုင်ပြီးနောက်တွင် ဆန်နက်မြေရိုင်းထက်၌ ၎င်းတို့၏ထုတ်လုပ်ရေးဌာနငယ်ကို အလျင်အမြန်တည်ဆောက်ခဲ့၏။

တစ်လအတွင်းတွင် ဌာနအား ပုံစံချပြီးဖြစ်၏။ တွက်ချက်မှုများအရ ၎င်းမှာ နောက်နှစ်အစတွင် လည်ပတ်နိုင်လောက်သည်။

ထိုထုတ်လုပ်ရေးဌာနအား ဥက္ကဌရန်နာဆာက ဂရုစိုက်ရန် နောက်၌နေပြီး သားရဲလူမျိုးနွယ်စုများအား လူပင်စ,စုနေပြီဖြစ်၏။ လုပ်ငန်းစုလေးခုနှင့် စာချုပ်၌ လက်မှတ်ထိုးထားသော သားရဲလူမျိုးနွယ်စုလေးခုမှလွဲ၍ ဆန်နက်မြေရိုင်း‌အတွင်းရှိ များစွာသောသားရဲမျိုးနွယ်စုများမှာ လူသားအလုပ်ရုံများအတွက် အလုပ်,လုပ်ကိုင်ရန် ဆန္ဒရှိကြောင်းပြောလာကြသည်။

ထိုလမ်းကြောင်းသစ်အရ ဌာနအား အပြီးသတ်ပြီး လုပ်ငန်းစုလေးခု၏ အလုပ်ရုံများ လည်ပတ်သည်နှင့် ထိုဌာနမှာ ဆန်နက်မြေရိုင်းအတွင်း ကီလိုမီတာတစ်ရာအထိ သက်ရောက်မှု ရှိလာလိမ့်မည်ဖြစ်၏။

ရှုယီက ထို၂နှစ်အတွင်းတွင် ထိုလွှမ်းမိုးမှုနှုန်းဖြင့် လူတို့၏အမှာစာများ ထွက်ပေါ်လာကြမည်ကို ယုံကြည်နေ၏။

၎င်းတို့သာ ထိုသို့ ပိုမို နက်ရိုင်းစွာ ဆက်သွားလျှင် ဆန်နက်မြေရိုင်းရှိ သားရဲလူမျိုးအားလုံးအား လူသားအလုပ်ရုံများ၌ ထည့်သွင်းနိုင်မည်ဖြစ်ကာ လမ်ပူရီတိုင်းပြည်နောက်ရှိ ပြဿနာကို ဖြေရှင်းနိုင်မည်ပင်။

နောက်ပြီး မြောက်ပိုင်းကိစ္စလည်း ရှိသေးသည်။

ရှုယီမှာ အရှေ့မြောက်ဘက်သို့ ခေါင်း‌လှည့်လိုက်၏။

ဆိုဝယ်လ်မြို့ထံ၌ ရင်းနှီးမြှုပ်နှံဖို့ သွားရန် စဉ်းစားရင်း ရှုယီမှာ လက်ရှိ၌ ဆိုဝယ်လ်မြို့စားဖြစ်နေသည့် ကောင့်ထ် စီယန်အကြောင်းမတွေးဘဲ မနေနိုင်တော့ချေ။

ကောင့်ထ် စီယန်သာရုတ်တရတ်ကြီး ပြောင်းမခံရဘဲ ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းအား ထောက်ပံ့ရန် ဘန်တာမြို့၌ ရှိနေပါလျှင် ဒီနှစ်တစ်ဝက်အတွင်း ဘန်တာမြို့ ပြောင်းလဲသွားလောက်သည်။ ၎င်း၌ လက်ရှိအချိန်ကဲ့သို့ တုံ့ဆိုင်းသွားခြင်းမျိုး သို့မဟုတ် ယုတ်လျော့သွားခြင်းမျိုး ရှိလာမည်မဟုတ်ပေ။

အရှေ့မြောက်ဘက်သို့ထပ်မံကြည့်လိုက်ပြီး ရှုယီမှာ မင်းသမီးလေး ကာရိုလင်း အကြောင်း မနေနိုင်ဘဲ တွေးလိုက်၏။

ထိုအသွင်ပြင်က စတေးလ်ထက် နိမ့်ကျမနေဘဲ ထိုဟန်ပန်က ဆယ်ဗီနီထက် အဆများစွာထူးကဲနေသည်မှာ ရှုယီထံ၌ နက်နဲသောအမြင်ကို ကျန်ရစ်ခဲ့စေသည်။

၎င်းမှာ သူမက ရှုယီအား ပွင့်လင်းစွာ ဖြားယောင်းရန်‌ကြိုးစားခဲ့ခြင်းကြောင့်သာမဟုတ်ဘဲ ရှုယီက သူမထံ၌ ဆယ်ဗီနီ၏ အရိပ်အယောင်များကို မြင်တွေ့လိုက်ခြင်းကြောင့်ပင်။

ရှုယီမှာ မင်းသမီးလေးကာရိုလင်းက အပြင်ပန်း၌သာ သိမ်ဖျင်း‌ကာ သူမ၏ တကယ့်ဆန္ဒမှာ

ဒရိက်ခ်နယ်မြေအား ပိုမိုသန်မာလာရန်ဖြစ်သည်ကို မြင်နိုင်နေ၏။ ထို့ကြောင့် မိုးကျတောင်ကြားထံ လာလည်သည့်ရက်များအတွင်း သူမဟာ မေးခွန်းများကိုမေးလျက် သူမမြင်သမျှ အသစ်အဆန်းများအားလုံး၏ အချက်အလက်ကို အရယူနေခြင်းဖြစ်သည်။

မင်းသမီးလေးကာရိုလင်းက ထိုသို့ ပြုမူနေသည်မှာ သူမ သူ့အား ဖြားယောင်းနေစဉ်ကထက် ရှုယီအတွက် ပိုမိုဆွဲဆောင်မှုရှိနေသည်ပင်။

မင်းသမီးလေးကာရိုလင်းပြောခဲ့သည့် နောက်ဆုံးစကားလုံးများကိုစဉ်းစားရင်း ရှုယီ၏နှလုံးသားက ကူကယ်ရာမဲ့စွာ လှုပ်ရှားသွား၏။ သူက လျင်မြန်စွာပင် ခေါင်းကို ခါယမ်းလျက် ထိုအဖျက်အဆီးအတွေးများကို လွှင့်ပစ်လိုက်သည်။ စိတ်ငြိမ်သွားသည့်နောက် ရှုယီက Frestech ကုန်သည်ကြီးများအသင်း၏ ဘန်တာမြို့ရှိ ဝန်ဆောင်ရေးဌာနရှိရာဘက်သို့ လှည့်လိုက်သည်။

ထိုသည်မှာ သူ၏အလေ့အထပင်။ သူဘန်တာမြို့သို့ ရောက်လာတိုင်း ဝန်ဆောင်မှုဌာနက တင်ပြချက်ကို နားထောင်လိမ့်မည်။

အကြောင်းမှာ ဝန်ဆောင်မှုဌာနက ဖောက်သည်များနှင့် တိုက်ရိုက်ထိတွေ့နေရသောကြောင့် ဖောက်သည်များထံမှ တုံ့ပြန်ချက်ကို တိုက်ရိုက်ရနိုင်သည်။

ထိုအမြင်များကိုကြားရခြင်းက ရှုယီထံ ထုတ်ကုန်များကို မည်သို့အဆင့်မြှင့်ရမည်အား သင့်လျော်သည့် ဝေဖန်မှုကို ပေးနိုင်သည်။

သူ ထောင့်တစ်နေရာသို့ သွားချိန်တွင် ထိုနေရာ၌ လမ်းကြားကို တုန်တုန်ယင်ယင်ဖြတ်လျှောက်လာနေသော ပုံရိပ်တစ်ခုရှိနေ၏။ ၎င်းက ခြေနှစ်လှမ်းပင်မလှမ်းရသေးခင် ခန္ဓာကိုယ်က ယိုင်သွားကာ ဘေးဘက် နံရံသို့ မှီကျသွား၏။ ထိုပုံရိပ်မှာ အားနည်းစွာပင် နံရံမှ ကြမ်းပြင်သို့ လျှောကျနေပြီး လုံးဝ မလှုပ်ရှားတော့ချေ။

ရှုယီက အံ့အားသင့်သွားသော်လည်း အလျင်အမြန်ပင် ထိုနေရာသို့သွားလျက် ငုံ့ကာကြည့်လိုက်၏။

သူတွေ့လိုက်သည့် ထိုအားနည်းပုံပေါ်နေသည့်လူမှာ တကယ်တမ်း မိန်းကလေးတစ်ဦးဖြစ်ပြီး အတော်လေးငယ်ရွယ်က အသက်နှစ်ဆယ်ဝန်းကျင်သာရှိဦးမည်ထင်ရသည်။

သူမ၏ ပိတ်ထားသောမျက်လုံးများနှင့် အားနည်းသော အသက်ရှူပုံကို သုံးသပ်ရလျှင် သူမကြည့်ရသည်မှာ မူးလဲသွားဟန်တူ၏။

ရှုယီက သူမပခုံးများကိုလှုပ်ခါလိုက်သော်လည်း မိန်းကလေးက လုံးဝ နိုးမလာပါချေ။

နံဘေး၌ မည်သူမှ မရှိသည်ကို မြင်သော် ရှုယီက အနည်းငယ်တုံ့ဆိုင်းနေပြီးမှ ကူရာမဲ့စွာ ခေါင်းကိုခါယမ်းလိုက်သည်။ သူက မိန်း‌ကလေးအား ချီမ'ယူရန် ကိုင်းချလိုက်ပြီး သူ၏လေထိန်းချုပ်ခြင်းမန္တာန်ကိုသုံးလျက် မြို့အပြင်ဘက်ရှိ ကြယ်ကြွေအိမ်ရာဆီသို့ ပျံထွက်သွားတော့သည်။

***

မှော်စက်မှုအင်ပါယာ

Vol 3, အခန်း ၃၆။ ပြဿနာကောင်မလေးထံ ပြေးသွားခြင်း

နောက်နေ့မနက်၌ ရှုယီက ပုံမှန်အတိုင်းနိုးလာသည်။

ဘေးဘီကိုကြည့်ပြီးနောက်တွင် ရှုယီမှာ နောက်ဆုံးတော့ တုံ့ပြန်လာခဲ့၏။

သူဟာ မနေ့ညက ကြယ်ကြွေအိမ်ရာသို့ အနားယူရန်ပြန်လာခဲ့သည်ပင်။

အိပ်ခန်းတံခါးပွင့်သွားကာ လဇ်နှင့် လင်ဒါတို့ဝင်လာ၏

ရှုယီက ကြယ်ကြွေအိမ်ရာ၌ မကြာခဏနေလေ့မရှိသော်လည်း ဗီဗီယန်၏အပြောမှတစ်ဆင့် ထိုနှစ်ဦးမှာ ရှုယီထံ၌ မနက် ခုနှစ်နာရီတွင် အိပ်ရာထကျင့်ရှိကြောင်းသိခဲ့သည်။ ထို့ကြောင့် ရှုယီလာနေချိန်တွင်း နှစ်ဦးသားမှာ သူ အိပ်ရာမှထရာ၌ ကူညီရန် အမြဲ အချိန်မီလာတတ်ကြသည်။

"မနေ့ညက ငါခေါ်လာခဲ့တဲ့ မိန်းကလေးရော? အခုဘယ်လိုနေလဲ?"ရှုယီက ဆေးကြောလိုက်ပြီး ပုံမှန်အတိုင်းမေးလာ၏။

"ဗီဗီယန်က သူမကို ဧည့်သည်ခန်းထဲထည့်ပေးထားပြီး သူမကတော့ မနိုးသေးပါဘူး။" လဇ်က‌ ဖြေလာသည်။

ရှုယီက ခေါင်းငြိမ့်လိုက်ပါ၏။ သူက အလျင်အမြန်ဆေးကြောပြီးနောက် ရိုးရိုးလေ့ကျင့်ခန်းတချို့လုပ်နေသည်။ သူ၏ခန္ဓာကိုယ် လှုပ်ရှားပြီးနောက်တွင် လဇ်, လင်ဒါတို့နှင့်အတူ မီးဖိုချောင်သို့သွား၏။

လဇ်နှင့် လင်ဒါတို့ပြင်ပေးထားသည့် မနက်စာက မီးဖိုချောင်၌ ရှိနေပြီးဖြစ်သောကြောင့် ရှုယီလည်း မည်သည့်‌ယဉ်ကျေးမှုမှ ပြမနေတော့ဘဲ စားရန် ထိုင်ချလိုက်တော့သည်။

သူ တစ်ဝက်လောက်ပဲထိုင်ရသေးချိန်တွင် တံခါးက ရုတ်တရတ်ပွင့်လာ၏။

ရှုယီလည်း မော့ကြည့်လိုက်ရာ မျက်လုံးများက လင်းလက်သွားသည်။ အကြောင်းမှာ မနေ့ညက လမ်းထဲတွင် အလင်းရောင်များများစားစားမရှိဘဲ ထိုမိန်းကလေးအား ခေါ်လာချိန်၌ ဂရုတစိုက်မကြည့်ခဲ့‌ခြင်းကြောင့် ထိုမိန်းကလေးမှာ ကြည့်မကောင်းဘဲ မည်သည်ကိုမှလည်း အာရုံမရခဲ့သည်ကိုသာ သိခဲ့သည်။

ယခုသူမကို ထပ်မြင်ရချိန်တွင် ထိုမိန်းကလေးက ဆေးကြောအဝတ်လဲပြီးနောက်၌ နိုးကာစလည်းဖြစ်သောကြောင့် များစွာပို၍ အားအင်ပြည့်နေသည်။ သူမက လုံးဝအခြားလူလိုဖြစ်နေပြီး ရှုယီမနေ့ညက မြင်ခဲ့ရသည့် အားနည်းသည့်လူနှင့် မတူတော့သော်လည်း ကြည့်ရသည်မှာ ကျန်းမာရေးနှင့်အတူ တောက်ပလာဟန်တူ၏။

ရှုယီက တိတ်တဆိတ်ပင် သူမအား သူမြင်ဖူးသမျှထဲ၌ အလှပဆုံး မိန်းကလေးများဖြစ်သည့် စတေးလ်နှင့် မင်းသမီးလေးကာရိုလင်းတို့နှင့် ယှဉ်ကြည့်လိုက်သည်။ ထို မိန်းကလေးထံ၌ စတေးလ်နှင့် မင်းသမီးလေးကာရိုလင်းတို့ထံ၌ ရှိသော တောက်ပသည့် အလှတရားရှိမနေပါသော်လည်း နူးညံ့သောအသွင်ပြင်နှင့် ဖြူဖျော့ဖျော့အသားရည်ရှိနေခြင်းက သူမအား ရှားရှားပါးပါး အလှလေးဖြစ်နေစေသည်ကို တွေ့လိုက်ရသည်။

သူမ၌ ရှိသည့် ရှက်ရွံ့ဟန်လေးကိုပါပေါင်းလိုက်သော် သူမအား ကာကွယ်လိုသည့် ဆန္ဒကလူများကို လှုံ့ဆော်ဖို့ လွယ်စေသည်။ သာမန်လူများအတွက် သူမ၏ဆွဲဆောင်မှုက စတေးလ်နှင့် မင်းသမီးလေးကာရိုလင်းတို့ထက် မနိမ့်ကျနေချေ။

ထိုမိန်းကလေး မီးဖိုချောင်သို့ ဝင်လာပြီးနောက်တွင် သူမက အတွင်းရှိ မျက်နှာသုံးခုအား ကြည့်ရှုလိုက်ပြီးမှ ရှုယီထံ မျက်လုံးများရောက်လာ၏။

သူ့မအား ခြုံငုံကြည့်နေသည့် ရှုယီ၏အကြည့်များနှင့် ဆုံသွားသော် ထိုမိန်းကလေး၏ မျက်နှာထက်၌ ရှက်သွေးရေးရေးလေးပေါ်လာကာ ခေါင်းငုံ့သွားသည်။ သူမက ခြေလှမ်း‌ဖွဖွနင်းလျက် ရှုယီရှေ့ရောက်လာကာ ယဉ်ကျေးသမှုနှင့် ဦးညွှတ်လိုက်၏။

"ကျွန်မကို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ စတီခဲလ်လာရဲ့ကောင်းချီးက ရှင်နဲ့အမြဲအတူရှိနေပြီး ကျန်းမာခြင်းနဲ့ ကောင်းချီးပေးပါစေ။"

ရှုယီက ခေါင်းငြိမ့်လိုက်ပြီး မည်သည်ကိုမှ မှတ်ချက်ပြုမလာချေ။ သူက စားပွဲဘေးနားက စားပွဲကိုသာ ညွှန်ပြရင်း ပြောလိုက်၏၊ "ယဉ်ကျေးနေဖို့မလိုပါဘူး၊ ထိုင်ပါ။ မင်း ဗိုက်ဆာနေပြီလို့ ထင်တယ်။"

မိန်းကလေး၏ မျက်နှာထက်၌ ရှက်သွေးထပ်ဖြာလာကာ ရှုယီအား နောက်တစ်ချက် ဦးညွှတ်လိုက်ပြီးနောက်မှ ဗီဗီယန်ပြင်ပေးထားသည့်နေရာ၌ ထိုင်လိုက်၏။

ထိုမိန်းကလေးက တကယ်ကို အတော်ဗိုက်ဆာနေသည်။ လဇ်နှင့် လင်ဒါပြင်ပေးထားသည့်အစားအစာများအား သူမရှေ့သို့ ချပေးလိုက်ချိန်တွင် မျက်လုံးများက မျှော်လင့်ချက်ဖြင့် ပြည့်သွားသည်။

သို့သော် ထိုသို့ဆိုလျှင်တောင် သူမက ခေါင်းကိုအရင်ငုံ့လျက် မျက်လုံးမှိတ်လိုက်ကာ လက်နှစ်ဘက်အား ပူးကပ်၍ ဆုတောင်းနေဟန် ပြုမူနေ၏။ ထို့နောက် သူမက ရှုယီထံ ခပ်ဖျော့ဖျော့ ပြုံးပြလာကာ စားရန် ဓားနှင့် ခက်ရင်းကို ယူလိုက်၏။

သူမ၏ လှုပ်ရှားမှုများက ဆာလောင်မှုကြောင့် အတန်ငယ်မြန်နေပါသော်လည်း ထိုမိန်းကလေးအား စည်းကမ်းကြပ်မတ်ကာ သင်ကြားပေးထားပုံပေါ်၏။ သူမ၏ လှုပ်ရှားမှုများအားလုံးမှာ စည်းကမ်းရှိကာ ယဉ်ကျေးပြီး စားနေစဉ်တွင်ပင် အသံတစ်သံမှမထွက်ပါချေ။

ရှုယီက စားလို့ပြီးသွားကာ မိန်းကလေးအား မနှောင့်ယှက်ပါချေ။ ကြည့်ရသည်မှာ သူမက အတန်ကြာစားဦးမည့်ပုံပေါ်သောကြောင့် ထသွားရန် ထရပ်လိုက်၏။

သူထရပ်လာချိန်တွင် ထိုမိန်းကလေးက ထိတ်လန့်သွားဟန်ပေါ်ပြီး အလျင်အမြန်ပင် လက်ထဲရှိ ဓားနှင့်ခက်ရင်းအား ချလိုက်မည်ဟု မည်သူက သိပါမည်နည်း။ သူမက အနည်းငယ် ပူပန်နေဟန်ဖြင့် ထရပ်လာသည်။

"မင်းစားလို့ရပါတယ်၊ ငါ့ကိုဂရုစိုက်နေဖို့မလိုပါဘူး။" ရှုယီက လက်ယမ်းပြလိုက်ကာ ဆက်သွားရန် ပြင်လိုက်သည်။

မိန်းကလေးက သူမ၏ထိုင်ခုံအား ပြန်တွန်းလိုက်ချင်ပါသော်လည်း ရုတ်တရတ်ကြီး ဒူးက ထိုင်ခုံစွန်းနှင့် တိုက်မိကာ မျက်နှာက ရှုံ့တွသွားလျက် ယိုင်နဲ့သွားတော့သည်။

ရှုယီက မနေနိုင်ဘဲ ပြုံးလျက် ခေါင်းခါပြီး သူမအား ထိုင်ခုံ၌ ပြန်ထိုင်ရာ၌ ကူညီရန် ဗီဗီယန်ကိုသာ အချက်ပြလိုက်သည်။

"မင်းဘာကိုစိုးရိမ်နေတာလဲ?" ရှုယီက အပြုံးဖြင့် မေးလိုက်ရင်း၊ "မင်းအခု အရမ်းအားနည်းနေတော့ များများစားဖို့လိုတယ်။ အလျင်မလိုပါနဲ့။"

ထိုမိန်းကလေးက နာကျင်‌မှုဖြင့် နောက်သို့ပြန်သွားလိုက်သည်။ သူမက ရှုယီကိုမော့ကြည့်လိုက်ရာ မျက်နှာထပ်၌ နီရဲသွားပြန်ပြီး ခေါင်းငုံ့သွား၏။ သူမလည်း အတန်ငယ်တုံ့ဆိုင်းပြီးမှ မေးလာသည်၊ "ကျွန်မ ရှင့်နာမည်ကို မသိရသေးဘူး။"

"အိုး၊ ကိုယ်က ရှုယီပါ။" ရှုယီက ထူးမခြားနားအသံဖြင့် ဖြေဆိုလိုက်ပြီး၊ "မင်းကရော? မင်းနာမည်ဘယ်လိုခေါ်လဲ?"

"ကျွန်မက ထရီဇာပါ၊ ထရီဇာ...အီကာ..." သူမ၏ မျိုးရိုးအမည်ကို ပြောလာချိန်တွင် မိန်းကလေး၏ အသံက ပိုမို နူးညံ့လာ၏။

ထိုမိန်းကလေး၏ မျက်နှာထက်ရှိ အမူအရာကိုမြင်သော် ရှုယီက အနည်းငယ်တွေးတောပြီးမှ ထိုင်ချလိုက်ကာ သူမထံ အတည်မေးလာသည်၊ "မိန်းကလေးအီကာ, ကြည့်ရတာ မင်းပြဿနာတစ်ချို့နဲ့ ကြုံလာပုံပဲ။ စိတ်မရှိရင် မင်းငါ့ကိုပြောပြလို့ရမလား၊ ဒါဆို ငါသိသွားပြီး မင်းကို တစ်ခုခု ကူညီနိုင်ရင် ကူညီနိုင်မှာပေါ့?"

ထရီဇာအီကာက ခေါင်းခါလျက် ပြန်မဖြေပါချေ။

ရှုယီက ပခုံးတွန့်ချက်သာ တွန့်လိုက်တော့၏။ ထိုမိန်းကလေးက သူမ၏ ပြဿနာများကို သူ့ထံထုတ်ပြလိုပုံမရချေ၊ ထို့ကြောင့် သူလည်း ဗီဗီယန်ကို မျက်လုံးများဖြင့် အချက်ပြလိုက်ပြီး မီးဖိုချောင်မှ ထွက်ခွာသွားတော့သည်။

ဗီဗီယန်က နောက်မှလိုက်သွားသော် ရှုယီက သူမအား ထောင့်တစ်နေရာဆီ‌ခေါ်သွားလျက် အသံနိမ့်နိမ့်ဖြင့်ဆိုလာသည်၊ "သူမကို ဒီမှာ ရက်နည်းနည်းလောက်နေခိုင်းထားပြီး မထွက်သွားခင် နားနေခိုင်းလိုက်။ ပြီးတော့ ထွက်သွားရင်လည်း ငွေနည်းနည်းလောက်ပေးလိုက်ပါ။ အန်း... ငါထင်တာတော့ ရွှေဒင်္ဂါးတစ်ရာလောက်ပေါ့။ သူမ ငြင်းရင်ငြင်းနိုင်တော့ တိတ်တိတ်လေးသာထည့်ပေးလိုက်။ မင်းမဖြေရှင်းနိုင်တဲ့ ပြဿနာအချို့ သူမမှာရှိနေရင် ငါ့ကိုပြော‌လို့ရတယ်၊ နားလည်ရဲ့လား?"

"ဒါပဲလား?" ဗီဗီယန်က ဝေဝါးနေဟန်ဖြင့်မေးလာ၏၊ "သခင်လေး၊ သူမက တော်တော်ကြီးတဲ့ပြဿနာနဲ့ ကြုံခဲ့ရပုံပဲ၊ မဟုတ်ရင် သူမလိုမျိုးရိုးမြင့်သခင်မငယ်လေးက ဒီလိုဖြစ်လာမှာမဟုတ်ဘူးလေ။ သူမကို ကူညီသင့်တယ်။"

"ဒါကလည်း သူမအနေနဲ့ ငါတို့ကို ပြောချင်စိတ်ရှိနေမှလေ။" ရှုယီက ပခုံးတွန့်လျက်၊ "ဒါနဲ့ အခုတော့ ဒါပဲလုပ်ထားလိုက်ပါဦး။ သူမကို ဒီရက်တွေအတွင်းမှာ မေးကြည့်ပေါ့၊ သူမသာ မင်းကို ပြောဖို့ဆန္ဒရှိလာရင် ငါသူမကိုကူညီနိုင်ပြီဆိုတော့ သေချာပေါက် ကူညီမှာပါ။ ဒါပေမယ့် သူမက ပြောပြဖို့ဆန္ဒမရှိရင်တော့ ငါကူညီချင်ရင်တောင် မတတ်နိုင်ဘူး၊ ဟုတ်ပြီလား?"

"အိုး" ဗီဗီယန်က ခေါင်းငြိမ့်လိုက်ကာ၊ "ဟုတ်ပါပြီ၊ ကျွန်မသူ့ကို မေးကြည့်လိုက်ပါ့မယ်။ သူမမှာက ပြဿနာကြီးကြီးရှိနေနိုင်တော့ သခင်လေးက သေချာပေါက် ကူညီမှာပေါ့!"

ဗီဗီယန်၏ ယုံကြည်ချက်ရှိနေဟန်ကိုကြည့်ပြီး ရှုယီမှာ ရယ်ရမည်လား ငိုရမည်လားကိုပင် မသိတော့ချေ။ သူက ဗီဗီယန်၏မျက်နှာလေးကိုသာ ဆွဲညှစ်၍ ကြယ်ကြွေအိမ်ရာမှ ထွက်သွားတော့၏။

သူဟာ ထို ထရီဇာအီကာဆိုသည့်မိန်းကလေးက ဒုက္ခအချို့ကြုံနေရကြောင်းပြောနိုင်ပါသော်လည်း ထိုမိန်းကလေးအပေါ်၌ ဖြုန်းတီးရန် အချိန်နှင့်စွမ်းအင်လည်းရှိမနေပါချေ။

သူမကိုကယ်ဆယ်ပြီး ကြယ်ကြွေအိမ်ရာ၌ နေခိုင်းသည်ကပင် ကြင်နာနေပြီဖြစ်၏။

မှန်ပါ၏၊ ထိုထရီဇာအီကာက ရှုယီအား သူမ၏ပြဿနာကို ပြောပြလိုပါလျှင် ရှုယီအနေနှင့် သူမအား ကူညီနိုင်မည်ဖြစ်ပြီး ကြင်နာမှုကို အဆုံးထိ ပြသပါလိမ့်မည်။

ယခုတွင်မူ သူက ထိုကိစ္စအား ဗီဗီယန်ကိုသာ ဂရုစိုက်ခိုင်းထားနိုင်သည်။

ကြယ်ကြွေအိမ်ရာမှ ထွက်ခွာပြီးနောက် ရှုယီက Frestech ကုန်သည်ကြီးများအသင်း၏ ဝန်ဆောင်မှုဌာနဆီသို့ စီစဉ်ထားသလိုသွားလိုက်သည်။ ဖောက်သည်တချို့၏ တုံ့ပြန်ချက်များကိုကြားပြီးနောက် သူဟာ မိုးကျတောင်ကြားဆီ ဦးတည်လိုက်၏။

၎င်းက ကီလိုမီတာ ၆၀ခန့်သာဆိုသော်လည်း ဘန်တာမြို့နှင့် မိုးကျတောင်ကြားက လုံးဝခြားနားသော နေရာများဖြစ်သည်ပင်။

ဘန်တာမြို့က ၎င်း၏ ခမ်းနားမှုကို ပျောက်ဆုံးသွားပြီး မိုးကျတောင်ကြားမှာ ယခုတွင် စည်ကားဟန်ရှိနေသည်။

ထို Frestech ကုန်သည်ကြီးများအသင်း၏ အလုပ်ရုံတိုင်းတွင် အင်အားအပြည့်ရှိနေသည်ကိုမဆိုထားနှင့် မိုးကျတောင်ကြားအပြင်ဘက်ရှိ လုပ်ငန်းစုလေးများ၏ အလုပ်ရုံများအားလုံးပင် စည်ကားနေကြသည်။

Frestech ကုန်သည်ကြီးများအသင်းနှင့် ၎င်းတို့နောက်လိုက်ပါ‌လာသော လုပ်ငန်းစုငယ်လေးများ မိုးကျရွာ၌ အခြေချလိုက်သည်နှင့် မိုးကျတောင်ကြားနှင့် အနီးအနားနယ်မြေမှာ တဖြည်းဖြည်း လိုက်ဖက်လာကြတော့သည်။ ရှုယီ၏ အစီအစဉ်အရ၊ ၎င်းအား လူနေနယ်မြေများနှင့် စက်မှုနယ်မြေများအဖြစ် ခွဲခြားထားပါ၏။

ထိုသို့ဖြင့် လုပ်ငန်းစုပမာဏများစွာ ဝင်လာလျှင်တောင် ရှုပ်ထွေးနေမည်မဟုတ်ချေ။ ၎င်းက အတော်လေးစနစ်ကျကာ လမ်းမများနှင့်အတူခွဲခြမ်း တည်ဆောက်ထားပါ၏။ စက်မှုနယ်မြေတွင် လူများနှင့် ပြည့်နှက်နေရုံသာမက လူနေနယ်မြေများ၌ပင် ဆိုင်များနှင့် လုပ်ငန်းများဖြင့်ပြည့်နေ၏။

ထိုမြင်ကွင်းကြောင့် ဘန်တာတိုင်းမ်စ်က မိုးကျတောင်ကြားအား မြို့သစ်ဟုပင်ခေါ်တွင်နေကာ ၎င်းကတိုးတက်နေသည်က ဘန်တာမြို့ထက်ပင် ကောင်းမွန်နေဟန်ရှိသည်။

အကြောင်းမှာ... Frestech ကုန်သည်ကြီးများအသင်းက ဤနေရာ၌ ရှိနေ၍ပင်။

ရှုယီက ဖာဆန်ရထားလုံးလုပ်ငန်းစု၏ အများသုံးပို့ဆောင်ရေးရထားလုံးထံမှ ခုန်ထွက်ကာ သူနှင့်အတူ ရထားလုံး၌ ပါလာသည့် လုပ်သားများကို လက်ပြနှုတ်ဆက်လိုက်ချိန်တွင် ဖရီးမန်းက ရုတ်တရတ် မျက်လုံးပြူးသွားသည်။

"ဥက္ကဌရှု၊ ခင်ဗျားအခုမှ ဘန်တာမြို့က လာတာဆိုတော့ နေ့လည်စာမစားရသေးဘူး မဟုတ်လား? ကျွန်‌တော့်ကို မျက်နှာသာပေးပြီး ခင်‌ဗျားကို နေ့လည်စာစားဖို့ ဖိတ်ခွင့်ပြုနိုင်မလားဗျာ?"

ဖရီးမန်းက အတော်လေး နေရခက်နေသည်ကိုမြင်သော် ရှုယီက နည်းနည်းရယ်ချင်သွား၏။

"ဟေး၊ ဖရီးမန်း, မင်းငါ့ကို မြှောက်ပင့်ဖို့ ဘယ်တုန်းကသင်လိုက်တာလဲ? ဒါက မင်းနဲ့မတူဘူး။ တစ်ခုခုလိုရင် ပြောသာပြောပါ ဒါမျိုးတွေလုပ်ဖို့ မလိုပါဘူးကွ။"

ဖရီးမန်းက ပိုလို့ပင်နေရခက်လာပြီး ရူးကြောင်ကြောင်ရယ်လျက် ခေါင်းကုတ်လိုက်ရင်း၊ "ဥက္ကဌရှု၊ ဒါက မြှောက်ပင့်နေတာမဟုတ်ပါဘူး။ ကျွန်တော်နဲ့ ကျွန်တော့ရဲ့ လုပ်ငန်းစုက အကြိမ်ပေါင်းများစွာ ခင်ဗျားရဲ့ဂရုစိုက်မှုကို ရခဲ့တယ်လေ၊ ဒါကြောင့် ခင်ဗျားကို နေ့လည်စာကျွေးတာက ပုံမှန်ပဲမဟုတ်ဘူးလား? ဒီလိုဆိုရင်ရော၊ ကျုပ်ကို မျက်နှာသာပေးနိုင်မလား?"

ရှုယီက မနေနိုင်ဘဲ ပြုံးလျက် ခေါင်းခါလိုက်ကာ၊ "ကောင်းပြီလေ၊ မင်းကရိုးသားမှတော့ ငါလည်း ခွင့်ပြုရတော့မှာပေါ့။"

ဖရီးမန်းလည်း တမုဟုတ်ချင်း ပျော်ရွှင်သွား၏။ သူက ရှုယီကို ဆွဲခေါ်ကာ မိုးကျတောင်ကြားအပြင်ဘက် လူနေနယ်မြေရှိ အသစ်ဖွင့်ထားသော စားသောက်ဆိုင်သို့ ခေါ်လာသည်။

ကြည့်ရသည်မှာ ဤသည်က ဖရီးမန်း၏ ပထမဆုံးအကြိမ် ဤနေရာကို လာခြင်းမဟုတ်လောက်ပေ။ သူက ရှုယီအား ဒုတိယထပ်ရှိ သီးသန့်ခန်းဆီခေါ်သွားကာ ဝိုင်တချို့ မှာလိုက်၏။ ထို့နောက် ရှုယီနှင့် သူကိုယ်တိုင်အတွက် တစ်ခွက်ငှဲ့လိုက်ပြီး မည်သည်ကိုမှမဆိုဘဲ တစ်ကျိုက်တည်း မော့ချလိုက်သည်။

ရှုယီက ဝိုင်ကိုအရသာခံနေရင်း ပြုံးပြီး ခွက်ကိုချလိုက်ကာ၊ "မွန်းလွဲပိုင်းကျရင် ငါ့မှာ ကိစ္စလေးတွေရှိသေးတယ်၊ ဒါကြောင့် အများကြီးသောက်လို့မရဘူး။ ကောင်းပြီ ဖရီးမန်း၊ ငါတို့ကို မိတ်ဆွေဟောင်းလို့ သတ်မှတ်လို့ရတော့ မင်းပြောစရာရှိတာကို ပြောလိုက်ပါ။ ငါ့မှာ ဘယ်လိုစိတ်ရှိမှန်းကို မင်းသိပါတယ်၊ ငါမင်းကို ကူညီနိုင်ရင် မငြင်းပါဘူး။"

"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ဟုတ်ပါတယ်၊ ဥက္ကဌရှုက အမြဲကျွန်တော့ကို စောင့်ရှောက်ပေးတာကို ကျွန်တော်သိပါတယ်။ ဒါပေမယ့် ဒီကိစ္စက..." ဖရီးမန်းက နေရခက်ဟန်ဖြင့်ရယ်လိုက်သည်။ အတန်ကြာ တုံ့ဆိုင်းနေပြီးနောက် သူက ခေါင်းစောင်းကာ အသံနိမ့်နိမ့်ဖြင့်မေးလာသည်၊ "ဒါက... ဥက္ကဌရှု၊ ခင်ဗျားထင်လား... ကျုပ်တို့အိုင်ရီလန် ကုန်သည်ကြီးများအသင်းကလည်း မှော်ပန်ကာတွေ ထုတ်လုပ်နိုင်တယ်လို့လေ?"

***

မှော်စက်မှုအင်ပါယာ

Vol 3, အခန်း ၃၇။ ကျွန်တော်တို့ ကြိုးစားကြည့်ချင်တယ်

ရှုယီက ဖရီးမန်းထံ အံ့အားသင့်စွာကြည့်လိုက်သည်၊ "မင်း ရုတ်တရတ်ကြီး ဘယ်လိုလုပ်ဒီအကြံရသွားတာလဲ?"

ဖရီးမန်းက ခေါင်းကိုပွတ်ကာ ရယ်လျက်ဆိုလာ၏၊ "တကယ်တော့ အကြောင်းပြချက်က ရိုးရိုးလေးပါပဲ၊ မှော်စက်ပစ္စည်းတွေကိုဖန်တီးတာက အစိတ်အပိုင်းတွေလုပ်တာထက် ဝင်ငွေပိုရတယ်လေ..."

ရှုယီက မျက်လုံးကိုလှိမ့်ရင်း,"စက်တွေကိုဖန်တီးတာက အစိတ်အပိုင်းတွေလုပ်တာထက် ပိုပြီး ရှုပ်ထွေးတယ်။ မင်းက အစိတ်အပိုင်းတွေကိုကောင်းကောင်းလုပ်နေပြီး ငါ့အတွက် အတော်လေး အလားအလာကောင်းပုံရတာကို ဘာလို့ စက်မှုလုပ်ငန်းတွေဆီ ရုတ်တရက် ပြောင်းလဲချင်ရတာလဲ?"

ဖရီးမန်းက ရှုယီမျက်နှာထက်မှ သံသယအပြည့်နှင့်ဟန်ပန်ကိုကြည့်ကာ သတိထားလျက်မေးလိုက်၏၊ "ဒါဆို... ကျွန်တော်တို့ကို မှော်ပန်ကာတွေလုပ်ခွင့်မပြုဘူးပေါ့နော်?"

"ဒါက..." ရှုယီမှာ ရိုးသားစွာ ခဏမျှတွေးတောနေလိုက်ပြီးမှ ခေါင်းခါလိုက်သည်၊ "မင်းရဲ့ အိုင်ရီလန်ကုန်သည်ကြီးများအသင်းက မင်းအပိုင်လုပ်ငန်းပဲဆိုတော့ ငါလက်မခံတာမဟုတ်ပါဘူး၊ မင်းအတွက် ဆုံးဖြတ်ချက် မချနိုင်ရုံပဲ။ ဒါပေမယ့် အပြီးသတ်ပြီးသားစက်ပစ္စည်းတွေနဲ့ အစိတ်အပိုင်းတွေကို ဖန်တီးရတာက မတူညီတဲ့အရာပဲဆိုတာ မင်းကို သတိပေးရမယ်။ မင်းတို့ အိုင်ရီလန်ကုန်သည်ကြီးများအသင်းက အစိတ်အပိုင်းတွေကို ဖန်တီးရာမှာ အတော်လေးအဆင်ပြေပြီး နည်းပညာအဆင့်ကောင်းကောင်းရှိပေမယ့်လည်း စက်ပစ္စည်းတွေဖန်တီးရာမှာတော့ အာရုံစိုက်စရာကိစ္စတွေက ပိုများတယ်။ နည်းပညာနဲ့ပတ်သက်လာရင် လိုအပ်ချက်က ပိုများတယ်၊ ဒါကြောင့် မင်းဒါကို လုပ်နိုင်တယ်ဆိုတာ သေချာပြီလား?"

"ကျွန်တော်တို့မှာ ယုံကြည်ချက်ရှိပါတယ်လို့တော့ မပြောရဲဘူး။" ဖရီးမန်းက ရိုးသားစွာပင် ခေါင်းကိုခါယမ်းလျက်၊ "ဒါပေမယ့် ကျွန်တော်တို့ ကြိုးစားကြည့်နိုင်ပါတယ်။ ဘယ်လိုထင်လဲ?"

"မင်း ကြိုးစားကြည့်ဖို့ ဆုံးဖြတ်ပြီးရင်တော့ ငါမင်းကို ထောက်ပံ့ပေးမှာပါ။ ဒါပေမယ့် ကြိုးစားမှုကျရှုံးသွားရင် ဆုံးရှုံးမှုကတော့ များလိမ့်မယ်။ မင်း ဒီလိုဆုံးရှုံးမှုကြီးတွေကို လက်ခံဖို့ ပြင်ဆင်ထားပြီးပြီလား?" ရှုယီက ထပ်မေးလိုက်၏။

ဖရီးမန်းက ခေါင်းငြိမ့်လိုက်ကာ၊ "ဟုတ်ကဲ့၊ အားလုံးက စက်ပစ္စည်းတွေလုပ်ဖို့ဆိုတာ အင်မတန် ခဲယဉ်းမယ်လို့ သေချာသိနေပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ ကြိုးစားကြည့်တာလေးတောင်မလုပ်ရင် အဓိပ္ပာယ်မရှိဘူးလေ။ ဒါကြောင့် ကျွန်တော်တို့ဆွေးနွေးပြီး မှော်ပန်ကာတွေထုတ်လုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။"

ဖရီးမန်း၏ မျက်နှာထက်ရှိ ရိုးသားဟန်ကိုမြင်သော် ရှုယီက ခဏမျှတိတ်ဆိတ်သွားပြီးမှ ခေါင်းငြိမ့်လိုက်ကာ၊ "ကောင်းပြီ၊ မင်းက ဆုံးဖြတ်ချက်ချပြီးမှတော့ ပြောစရာမရှိတော့ပါဘူး။ မင်းကို ငါ့အနေနဲ့ ဘာထောက်ပံ့ပေးဖို့ လိုလဲ ပြောပါ? မင်းကို မှော်ပန်ကာတွေလုပ်ဖို့အတွက် နည်းပညာအားလုံးပေးရမှာလား? တကယ်တော့ ဒါက မင်းတတ်နိုင်မယ့်အရာလို့ ငါမထင်ဘူး။ ငါတို့သာ ဒီနည်းပညာကို ဘန်တာမြို့က အခြားလုပ်ငန်းစုတွေမှာသာ သွားရောင်းရင် ဝယ်ဖို့က ရွှေဒင်္ဂါးတစ်သိန်းလောက်ထိရှိတယ်။ မင်းရဲ့လက်ရှိ အစွမ်းအစနဲ့ဆိုရင် မင်းမှာ လုံလုံလောက်လောက်မရှိမှာကို စိုးရိမ်မိတယ်။"

"အန်း၊ ကျွန်တော်နားလည်ပါတယ်၊ ဒါပေမယ့် ဥက္ကဌရှု၊ ကျွန်တော်တို့တွေ ခင်ဗျားဆီကနေ မှော်ပန်ကာနဲ့ဆက်စပ်တဲ့နည်းပညာအားလုံးကို မဝယ်ချင်ပါဘူး။ ကျွန်တော်တို့အနေနဲ့ မှော်အစီအရင်နည်းပညာကိုပဲ ဝယ်ချင်တာပါ။"

"အိုး?" ရှုယီက အတန်ငယ် အံ့ဩသွားသည်၊ "မှော်အစီအရင်က မှော်ပန်ကာရဲ့ အမြုတေဆိုပေမယ့်လည်း၊ မှော်ပန်ကာကို ဒါလေးနဲ့ပဲ လုပ်လို့မရဘူးလေ။ ငါမြင်သလောက်ပြောရရင် မှော်ပန်ကာအတွက် အရေးကြီးဆုံးက မှော်အစီအရင်ထက် ဒီဇိုင်းနဲ့ ကိုယ်ထည်အစိတ်အပိုင်းတွေပဲ။"

"ကျွန်တော်တို့ အဲ့ဘက်မှာတော့ ယုံကြည်ချက်ရှိပါတယ်။" ဖရီးမန်းက ယုံကြည်ချက်ရှိသံဖြင့်ပြောလိုက်၏၊ "ကျွန်တော်တို့ အိုင်ရီလန်ကုန်သည်ကြီးများအသင်းက အခုဆိုရင် အစိတ်အပိုင်းတွေအတွက် လုပ်လာတာ တစ်နှစ်ကျော်နေပြီဆိုတော့ အားလုံးက သင့်တော်တဲ့ အစိတ်အပိုင်းတွေလုပ်ရာမှာ ယုံကြည်ချက်ရှိပါတယ်။ ကျွန်တော် ဖုံးကွယ်ထားမှာမဟုတ်ပါဘူး၊ ကျွန်တော်တို့အနေနဲ့ Frestechအမှတ်တံဆိပ်မှော်ပန်ကာတွေရဲ့ အခြေခံတည်ဆောက်ပုံကို နားလည်နေပါပြီ။ အားလုံးကလည်း ကျွန်တော်တို့ကြိုးစားနေသရွေ့ Frestechအမှတ်တံဆိပ် မှော်ပန်ကာလိုမျိုး မှော်ပန်ကာတစ်လုံးကိုတောင် ထုတ်လုပ်နိုင်မယ်လို့ ယုံကြည်နေကြတယ်လေ။"

"အာ၊ မင်းမှာ ယုံကြည်ချက်ရှိနေတာပဲ။" ရှုယီက အပြုံးဖြင့် ဆိုလိုက်ရင်း၊ "ဒါပေမယ့် ဖရီးမန်း, မင်းက ဒါကို အရမ်းကို ပေါ့ပေါ့လေးလုပ်နေတယ်လို့ ငါခံစားမိတယ်။ မှော်စက်ပစ္စည်းတစ်ခုအတွက် အစိတ်အပိုင်းတွေကို အစီစဉ်တကျတပ်ဆင်တာတင်မကဘဲ စက်ပစ္စည်းတွေအပေါ်မှာ နားလည်နိုင်မယ့် အသိပညာ‌လည်း အတော်လေးလိုတယ်။ မင်းမှာ ဒါသာမရှိရင် မှော်ပန်ကာကို ဖန်တီးရာမှာ အခက်အခဲရှိလာလိမ့်မယ်ထင်တယ်။"

"ကျွန်တော်သိပါတယ်။" ဖရီးမန်းက ယုံကြည်မှုရှိနေဆဲပင် "ဒါပေမယ့် ကျွန်တော်အားလုံးနဲ့အတူ ကြိုးစားချင်တယ်။ ဥက္ကဌရှု၊ ကျွန်တော့်ကို ဒီအခွင့်အရေးလေး ပေးနိုင်မလား?"

ရှုယီက ခပ်ဖျော့ဖျော့ပြုံးလျက်၊ "ဒါပေါ့ ငါပေးနိုင်ပါတယ်။ ရိုးရိုးသားသားပြောရရင် မင်းဆီကနေ ဒီအကြံကိုကြားရတာ အင်မတန်ဝမ်းသာမိပါတယ်။ မင်းကို မဖုံးထားပါဘူး၊ ဖြစ်နိုင်ရင် မင်းလိုမျိုးပဲ အဆင့်မြင့်မှော်စက်ပစ္စည်းတွေဖန်တီးဖို့ လုပ်ငန်းစုတွေပိုပြီး သတ္တိရှိလာရင်တော့ ကောင်းမယ်။ ပြောရရင် ဒီလိုမှပဲ မှော်စက်မှုပညာနယ်ပယ်က ပိုမြန်မြန် တိုးတက်လာမှာလေ။"

"တကယ်ကြီး?" ရှုယီ၏ အဖြေကိုကြားသော် ဖရီးမန်းမှာ ကျေနပ်အားရသွားတော့သည်။ သူက ရှုယီ၏ လက်ကိုဆုပ်ကိုင်လျက် အားအပြည့်နှင့် ခါယမ်းကာ မေးလာလေသည်၊ "ဒါဆို ဥက္ကဌရှု၊ ကျွန်တော်တို့ကို မှော်ပန်ကာအတွက် မှော်အစီအရင်နည်းပညာကို ပေးဖို့ဆန္ဒရှိတာလား?" ထိုသို့ပြောပြီးနောက် ဖရီးမန်းမှာ ရှက်ရွံ့ဟန်ပေါ်လာကာ၊ "ဒါပေမယ့်... ဥက္ကဌရှု၊ ခင်ဗျားလည်း ကျွန်တော်တို့လုပ်ငန်းစုဆီမှာ ဒီလောက်များတဲ့ငွေမရှိတာသိပါတယ်။ ခင်ဗျား... ဈေးချိုချိုနဲ့ ရောင်းပေးလို့ရမလား?"

"ဟုတ်ပါပြီ" ရှုယီက ခေါင်းငြိမ့်လျက်၊ "ငါက သဘောတူလိုက်ပြီဆို‌မှတော့ မင်းကိုခက်ခဲအောင်မလုပ်ပါဘူး။" ရှုယီက လက်တစ်ချောင်းထောင်လျက်၊ "ရွှေဒင်္ဂါးတစ်သောင်း၊ ဒါက ငါတို့ Frestech ကုန်သည်ကြီးများအသင်းကနေ မင်းတို့ အိုင်ရီလန်ကုန်သည်ကြီးများအသင်းဆီ နည်းပညာလွှဲပြောင်းခပဲ။ ဘယ်လိုလဲ? လက်ခံနိုင်လား?"

ဖရီးမန်း၏ ပူပန်သောကများပျောက်ကွယ်က ရယ်လာ၏။

"ဟုတ်၊ ဟုတ်ကဲ့! ဒါပေါ့ဗျာ! ရွှေဒင်္ဂါးတစ်သောင်းပဲဆိုတော့၊ အရမ်းဈေးချိုလွန်းတယ်! ဥက္ကဌရှု၊ ကျွန်တော်ဖုံးမထားတော့ဘူး၊ ကျွန်တော်တို့ရဲ့ ကနဦးခန့်မှန်းချက်တွေက..." ဖရီးမန်းက ရုတ်တရတ် ရပ်တန့်သွားသည်။

ဖရီးမန်း၏ အမူအရာကိုမြင်သော် ရှုယီက ကူရာမဲ့စွာ ခေါင်းခါလျက် ပြုံးလိုက်၏၊ "မင်းစိတ်ထဲက တန်ဖိုးကို ငါ့ဆီမပြောပြဖို့ ခိုင်းထားတာက ခိုဗက်ခ်မဟုတ်လား?"

ဖရီးမန်းက နေရခက်စွာဖြင့် လက်များကို ဖိပွတ်ကာ အတန်ငယ်တုံ့ဆိုင်းနေပြီးနောက်မှ ဆုံးဖြတ်ချက်ချလိုက်၏၊

"အဲ့ဒီကလေး ခိုဗက်ခ်က အတွေးအရမ်းများနေတာပါ၊ ဥက္ကဌရှုအရှေ့မှာ ဖုံးကွယ်ထားစရာမှမရှိတာပဲ။ တကယ်တော့ ကျွန်တော်တို့ရဲ့ အစကခန့်မှန်းထားတာ အနည်းဆုံး ရွှေဒင်္ဂါးသုံးသောင်းရှိမယ်လို့ပေါ့။ ခင်ဗျားက ဒီလောက်ရက်ရောပြီး ရွှေဒင်္ဂါးတစ်သောင်းပဲယူလိမ့်မယ်လို့ ကျွန်တော်မထင်ထားခဲ့မိဘူး။ ဒါကတကယ်ကို အရမ်းဈေးချိုတာပဲ!"

ရှုယီက ခေါင်းခါလျက်၊ "တစ်သောင်းနဲ့ သုံးသောင်းက ငါ့အတွက် များများစားစားကွာခြားသွားတာမရှိပါဘူး။ ဒါပေမယ့် မင်းတို့အတွက်ကျတော့ ကွာခြားမှုကကြီးမားတယ်လေ။ ငါက မင်းတို့ကို မှော်စက်ပစ္စည်းတွေကို နောက်တစ်ဆင့်တိုးတက်စေချင်တယ်ဆိုမှတော့ မင်းတို့အတွက်လည်း တွေးပေးရမှာပေါ့။ မင်းတို့သာ ရွှေဒင်္ဂါးနှစ်သောင်းလောက် သိမ်းထားလိုက်ရင် အဲဒီ့ငွေကြေးကို သုတေသနလုပ်တာမှာ ရင်းနှီးမြှုပ်နှံနိုင်ပြီး ပြဿနာတစ်ချို့အတွက်လည်း သိမ်းထားလို့ရသေးတယ်လေ။"

ဖရီးမန်းက စိတ်လှုပ်ရှားစွာ သက်ပြင်းချရင်း ကျေးဇူးတင်မှု ပြည့်နှက်နေသော မျက်နှာဖြင့်၊ "ဥက္ကဌရှု၊ ခင်ဗျားက ကျွန်တော်နဲ့ ကျွန်တော်ရဲ့ညီအစ်ကိုတွေအတွက် ကျေးဇူးရှင်ဆိုတာ တကယ်ပဲ ပြောဖို့လိုတယ်ဗျာ။ ခင်ဗျားကြောင့်သာမဟုတ်ရင် ကျွန်တော်တို့တွေက အိုင်ရီလန်ရွာမှာ သာမန်ရွာသားလေးတွေပဲဖြစ်နေဦးမှာ၊ ဘယ်လိုများ အခုလို တစ်နှစ်ကို ရွှေဒင်္ဂါးပေါင်းသောင်းနဲ့ချီဝင်နေတဲ့ လုပ်ငန်းစုမျိုးရှိလာမှာလဲ။"

"မင်း ဘာမှပြောစရာမလိုပါဘူး။" ရှုယီက လက်ကိုယမ်းလျက်၊ "ကောင်းကောင်းနားထောင်၊ ငါမင်းကို နည်းပညာ‌ပေးနိုင်တယ်၊ ဒါပေမယ့် မင်းက ဒီသုတေသနကိုလုပ်ဖို့ ဆုံးဖြတ်လိုက်မှတော့ ငါ့ဆီက ဘာ အကူအညီမှ မတောင်းနဲ့တော့။ ဒီတစ်ခေါက် မင်းဒါကို အိုင်ရီလန်ကုန်သည်ကြီးများအသင်းအနေနဲ့လုပ်ရမယ်၊ မဟုတ်ရင် ငါမင်းကိုစိတ်ပျက်မိမှာ။ ငါပြောချင်တာကို နားလည်ရဲ့လား?"

ဖရီးမန်းက လျင်မြန်စွာ ခေါင်းငြိမ့်လျက်၊ "နားလည်ပါတယ်။ ဥက္ကဌရှုက ကျွန်တော်တို့ရဲ့ ကာလရှည်ဖွံ့ဖြိုးမှုကို စဉ်းစားနေတာပဲ။"

"အရမ်းကောင်းတယ်၊ ဒါဆို ဒီကိစ္စက အဆင်ပြေပြီ။" ရှုယီက ပြောလိုက်၏၊ "မင်း နောက်နေ့နှစ်ရက်အတွက်ပြင်ဆင်ပြီး ငါတို့လုပ်ငန်းစုဆီ တရားဝင်အစီအရင်ခံစာပို့ပေးလိုက်။ ငါ စီအီးအို ခမ်နက်ဒ်နဲ့ ခေါင်းဆောင်အီဗီတာကို အတည်ပြုဖို့ သတင်းပေးထားလိုက်မယ်။"

ဖရီးမန်း၏မျက်နှာ၌ ပျော်ရွှင်မှုဖြင့်ပြည့်သွားသော်လည်း ခဏရပ်တန့်ကာပြောလိုက်၏၊ "ဒါထက်၊ ဥက္ကဌရှု၊ ကျွန်တော့်ကို နောက်ထပ် ကိစ္စလေးကူညီနိုင်ဦးမလား?"

"ပြောပါ"

"ဒါက... ကျွန်တော်တို့ မှော်ပညာရှင်တချို့ကိုလည်း စုဆောင်းချင်ပါတယ်... ခင်ဗျား... ကျွန်တော်တို့ဆီကို... နည်းနည်းလောက် မိတ်ဆက်ပေးနိုင်မလား?" ဖရီးမန်းက စိုးရိမ်နေသံဖြင့်ပြောလိုက်၏။

"ဒါက အသေးအမွှားလေး မဟုတ်ဘူး။"ရှုယီက ဖရီးမန်းအား လေးလေးနက်နက်ကြည့်လိုက်ကာ၊ "ဒါ့ထက် ဖရီးမန်း, ကြည့်ရတာ မင်းရဲ့ အိုင်ရီလန်ကုန်သည်ကြီးများအသင်းရဲ့ ရည်မှန်းချက်က မသေးဘူးပဲ..."

ဖရီးမန်းက ရယ်လိုက်သော်လည်း ဆိတ်ဆိတ်နေ၍သာ လက်ခံလိုက်သည်။

"ဟုတ်ပြီလေ၊ စွမ်းအားစစ်နဲ့ မှော်ပညာရှင်တွေက မင်းတို့လို လုပ်ငန်းစုလေးတွေဆီမသွားဘူး။ ငါအကြံပေးလိုက်မယ်၊ ဒီနှစ်ဘာရွန်ရစ်တိုမှော်ကျောင်းတော်က ဘွဲ့ရခဲ့တဲ့ မှော်ပညာရှင်တွေက အလုပ်မရှာရလောက်သေးဘူးဆိုတော့၊ မင်းကြိုးစားကြည့်လို့ရတယ်။"

ဖရီးမန်းက ချက်ချင်းနားလည်ကာ အပြုံးတောက်တောက်ဖြင့် ခေါင်းငြိမ့်လိုက်၏။

ဖရီးမန်းက သူ့အား ဆက်တိုက်ကျေးဇူးတင်ပြီးနောက်တွင် ရှုယီက နောက်ဆုံး၌ သူနှင့် စတေးလ်နေသည့် အိမ်ငယ်လေးထံ ပြန်လှည့်သွားသည်။ စတေးလ်က သူ့အား အချိန်ကြာ စောင့်နေသည်ကို တွေ့လိုက်ရ၏။

"ရှင် နေ့လည်စာအတွက် ပြန်လာမယ်လို့ မပြောခဲ့ဘူးလား? ဘာလို့အခုမှပြန်လာတာလဲ?" စတေးလ်က ရှုယီကိုအနံ့ခံလိုက်ရာ အရက်နံ့နည်းနည်းရလိုက်သောကြောင့် မျက်မှောင်ကျုံ့ကာ မေးလာသည်၊ "ဘာဖြစ်ခဲ့တာလဲ? ဘယ်သူနဲ့ အတူသောက်ဖို့သွားခဲ့တာလဲ?"

"ကိုယ် အိုင်ရီလန်ကုန်သည်ကြီးများအသင်း၏ဥက္ကဌဖရီးမန်းနဲ့ ရထားလုံးပေါ်က ဆင်းတော့တွေ့ခဲ့တာ၊ ပြီးတော့ သူကိုယ်နဲ့ ဆွေးနွေးစရာရှိတယ်ဆိုပြီး နေ့လည်စာစားဖို့ ဆွဲခေါ်သွားလို့။" ရှုယီက ရှင်းပြပြီးမှ စတေးလ်အား သူမ၏ အန်ဗီမာမြို့တော်ခရီးအကြောင်းမေးလိုက်သည်။

"မဆိုးပါဘူး။" စတေးလ်က ရှုယီကိုထိုင်လိုက်စေပြီး မျက်မှောင်အသာကုပ်၍ ပြောလာ၏၊ "တော်ဝင်လွှတ်တော်က လူပုလေးတွေနဲ့ နတ်သူငယ်တွေအတွက် အလုပ်သမားကဒ်တွေကို အရမ်းမတင်းကြပ်ထားဘဲ သူတို့ရဲ့ ကိုယ်စားလှယ်အဖြစ် ကျွန်မကို သဘောတူပေးခဲ့တယ်။ နျူးမွန်းကုန်သည်ကြီးများအသင်းက တိုင်းပြည်မှာ ဒီလိုအရည်အချင်းရှိတဲ့ တစ်ခုတည်းသော လုပ်ငန်းစုပဲ။ ဒါပေမယ့် သားရဲလူမျိုး လုပ်သားတွေအတွက်ကျတော့ တော်ဝင်လွှတ်တော်က ဆန့်ကျင်ခဲ့တယ်။"

"အိုး? ဘာလို့ ဆန့်ကျင်ကြတာတဲ့လဲ?"

"သူတို့က သားရဲလူမျိုးတွေရဲ့ ကြမ်းတမ်းတဲ့သဘာဝကို စိုးရိမ်နေကြတာပဲ။ သူတို့အနေနဲ့ လူသားလုပ်ငန်းစုတွေမှာ လုပ်ကိုင်ဖို့ဆန္ဒရှိရင်တောင် သူတို့ရဲ့ သဘာဝအမှန်ကို ထုတ်ပြလာရင် လူတွေကို ထိခိုက်စေဖို့က အရမ်းလွယ်လိမ့်မယ်။" စတေးလ်က ပြောသည်။

"သူတို့စိုးရိမ်တာက မမှန်တာတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် ဒီတစ်ခေါက်က မတူတာကို သတိမထားမိကြဘူးပဲ၊ ဒီပြဿနာကို အရင်နည်းလမ်းအဟောင်းတိုင်းပဲ ကြည့်နေလို့မရဘူးလေ။" ရှုယီက ခံစားချက်ပြည့်ဖြင့်ဆိုလိုက်သည်။ သူက အတန်ကြာတွေးတောပြီးနောက် စတေးလ်ကို မေးလာ၏၊ "ကိုယ် အန်ဗီမာမြို့တော်က ကျော်ကြားတဲ့ သီချင်းဆိုအဖွဲ့ဆိုလား? ဖျော်ဖြေရေးအဖွဲ့ဆိုလား?ကို သတိရပြီ။"

ရှုယီက ၎င်းကိုရုတ်တရတ်မေးလာသောအခါ စတေးလ်က အင်မတန်အံ့ဩသွားပြီး သူ့ကိုစိုက်ကြည့်ကာ ပြောလိုက်သည်၊ "ဒါက မော်ဂါနာပြဇာတ်အဖွဲ့ပါ။ သူတို့က ပြဇာတ်တွေကို အဓိကဖျော်ဖြေတာလေ၊ သီချင်းတွေ၊ အကတွေမဟုတ်ဘူး။"

"အိုး၊ ပြဇာတ်၊ ဒါကပိုတောင်ကောင်းတာပေါ့။" ရှုယီက အပြုံးဖြင့်ပြောလာ၏၊ "စတေးလ်, မင်း ပြဇာတ်အဖွဲ့ကို တည်ထောင်ပြီး မော်ဂါနာပြဇာတ်အဖွဲ့ကို ဖိနှိပ်ထားဖို့ စိတ်ဝင်စားလား?"

စတေးလ်က ပိုလို့ပင်ရှုပ်ထွေးသွားကာ ဝေဝေဝါးဝါးဖြင့် ပြန်မေးလာ၏၊ "ရှင်ဘာလို့ ရုတ်တရတ်ကြီး ပြဇာတ်အဖွဲ့ကို ဂရုစိုက်လာရတာလဲ? ရှင်တကယ်ပဲ ဘာကိုပြောချင်တာလဲ?"

ရှုယီက ရယ်ကာ၊ "ဘာမှမဟုတ်ပါဘူး၊ ကိုယ်တို့သာ လူသားတွေ၊ နတ်သူငယ်တွေ၊ လူပုလေးတွေ ပြီးတော့ သားရဲလူမျိုးစုံတွေနဲ့သာ ပြဇာတ်အဖွဲ့တစ်ခု ဖန်တီးလိုက်ပြီး အန်ဗီမာမြို့တော်က အဲဒီ့အရေးပါတဲ့လူတွေအတွက် ဖျော်ဖြေပေးမယ်ဆိုရင် ဒါက အခြားလူမျိုးတွေအပေါ် သူတို့ရဲ့သတိထားမှုကို လျှော့ပေးလိုက်ရာမကျသွားဘူးလားလို့ စဉ်းစားမိလို့ပါ။"

စတေးလ်၏မျက်လုံးများက တမုဟုတ်ချင်းတောက်ပလာသည်။

***

မှော်စက်မှုအင်ပါယာ

Vol3, အခန်း ၃၈။ မတူညီသော နှစ်တိုင်းပြည်၏ လယ်သမားများ

စတက်တိန်းနယ်မြေမှာ ဆောင်းရာသီ၌ လမ်ပူရီတိုင်းပြည်ကဲ့သို့ မအေးစက်နေဘဲ အပူချိန်ကျသွားသည်နှင့် များစွာပိုမို လက်ဆတ်နေကာ ပူနွေး စိုစွတ်ခြင်းများ မရှိတော့ချေ။

နှစ်စဉ် ထိုရာသီ၌ ၎င်းတို့မှာ ဟာရီကိန်းများနှင့် ဆူနာမီများကို စိုးရိမ်ဖို့ မလိုတော့သောကြောင့် ဆွင်းန် ဝိန်မှာ ဝိန်မြို့တော်အပြင်ဘက် သူ၏အိမ်တော်ကြီးမှထွက်ခွာ၍ ပင်လယ်ဘေးက အိမ်တော်ဆီသို့ ဆောင်းရာသီကို ကုန်ဆုံးရန်သွားတတ်သည်။

သို့သော် ဤနှစ်တွင်တော့ ကွဲပြား၏။ ဒီနှစ်တွင် ခေါင်းဆောင်ဝိန်က ပင်လယ်နံဘေး၌ နှစ်ရက်သာနေပြီး သူ၏လက်အောက်ငယ်သားများနှင့် အစေခံများကို ပင်လယ်ဆီခေါ်သွားကာ အရှေ့မြောက်ဘက်ကီလိုမီတာ ၂၀အကွာသို့ ဦးတည်ပြီး မြေပြန့်နယ်မြေကြီးသို့ ရောက်လာသည်။

ကျယ်ပြောသောနယ်မြေများနှင့် ထိုနေရာ၌ စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းများအား ထိန်းချုပ်လျက် အလုပ်,လုပ်ကိုင်နေသော လူများကိုကြည့်ရင်း ခေါင်းဆောင်ဝိန်မှာ ကူကယ်ရာမဲ့စွာ ခံစားချက်ပြင်းထန်လာတော့၏။

လမ်ပူရီတိုင်းပြည်မှ လူများမှာ နယ်မြေသားများနှင့်စာလျှင် ပိုမို ဝီရိယရှိ၏။ Frestech ကုန်သည်ကြီးများအသင်း၏ ခန့်အပ်ထားသောလုပ်သားတစ်ထောင်ကျော်မှာ လွန်ခဲ့သည့် လဝက်ခန့်က ရောက်ရှိခဲ့ပြီး သူတို့သည် အရုဏ်တက်ချိန်မှစ၍ မိုးလင်းသည်တိုင်အောင် အလုပ်လုပ်ကြရာ နေဝင်ချိန်မှသာ ရပ်ကြသည်။

၎င်းတို့၏အလုပ်ကြိုးစားမှုနှင့် အစပိုင်းက မည်သူမှ ဂရုမစိုက်ခဲ့သော လူသူကင်းမဲ့သည့် လယ်မြေမှာ ပြန်လည်ပြင်ဆင်နိုင်‌ပုံပေါ်ပြီး မကြာမီမှာပင် စိုက်ပျိုး၍ရနိုင်လာသည်။

၎င်းကိုမြင်လိုက်ချိန်တိုင်း ခေါင်းဆောင်ဝိန်မှာ မထိန်းနိုင်ဘဲ တိတ်တဆိတ်ပျော်ရွှင်မိရသည်။

သူ၏လက်တွင်းရှိ ထိုဟက်တာတစ်သိန်းနယ်မြေမှာ တစ်ပြားမှ မတန်ခဲ့သော်လည်း Frestech ကုန်သည်ကြီးများအသင်းထံသို့ ငှားရမ်းခဲ့ပြီးနောက်၌မူ၊ ၎င်းတို့မှ ထိုအတွက် နှစ်စဉ် ရွှေဒင်္ဂါးပြားသုံးသိန်းပေးမည်သာမက နှစ်စဉ်ထွက်ရှိသောသီးနှံများ၏ ၃၀%ကိုလည်း ပေးမည်ဖြစ်၏။

၎င်းမှာ သူ့အတွက် တစ်နှစ်လုံးမည်သည်ကိုမှ မလုပ်ဘဲထိုင်နေပြီး ရွှေဒင်္ဂါးပြားသုံးသိန်းနှင့် သီးနှံ ၃၀%ဝင်နေသလိုပါပင်။

Frestech ကုန်သည်ကြီးများအသင်း ဥက္ကဌရှုယီ၏ခန့်မှန်းချက်များအရ ထိုနယ်မြေအားပြန်လည်ဖြည့်တင်းပြီးသည်နှင့် အနည်းဆုံး တစ်နှစ်လျှင် ဆန်စပါးတန်ပေါင်းတစ်သိန်းလောက် ထွက်ရှိနိုင်သည်ဟုပင်။ ၎င်း၏ ၃၀%မှာ တန်ပေါင်း သုံးသောင်းဖြစ်၏။

လွန်ခဲ့သည့်နှစ်က သူဟာ နယ်မြေအားလုံးထံမှာ ဆန်စပါးတန်ပေါင်း နှစ်သောင်းကျော်ရခဲ့ပေသည်။

၎င်းကို‌စဉ်းစားကြည့်ရင်း ခေါင်းဆောင်ဝိန်မှာ မနေနိုင်ဘဲ သူ၏ကိုယ်ပိုင်ဉာဏ်ထက်မှုကို ချီးမွမ်းလိုက်၏။

ထို့နောက် Frestech ကုန်သည်ကြီးများအသင်းက စည်သွပ်သီးအလုပ်ရုံနှင့် ရာဘာထုတ်ရုံတို့အား မည်သို့ဖွင့်လှစ်မည်ဆိုသည့်အကြောင်းနှင့် သူ၏နယ်မြေကို ချိတ်ဆက်ရင်း နယ်မြေတစ်ခုလုံး၌ လမ်းမများတည်ဆောက်မည့်အ‌ကြောင်းတို့ကို တွေးကြည့်ကာ ခေါင်းဆောင်ဝိန်မှာ ပျော်ရွှင်လာသည်။

အဲဒီ့အမြင်ကျဉ်းတဲ့အရူးတွေအားလုံး နောင်တရပြီးသာသေခိုင်းလိုက်တော့! ကြည့်လိုက်လေ ငါ၊ ဆွင်းန် ဝိန်က ဘယ်လိုအနာဂတ်ကိုမြင်နိုင်နေလဲဆိုတာ။ Frestech ကုန်သည်ကြီးများအသင်းနဲ့ ပူးပေါင်းနေသရွေ့ ငါ့ရဲ့နယ်မြေက မင်းတို့တောင်ဘက်က ကောင်တွေရဲ့နယ်မြေကို အများကြီး ကျော်လွန်နေမှာပဲ!

ခေါင်းဆောင်ဝိန်က သူ၏အရှေ့မှ အလုပ်များနေသော လယ်မြေကိုကြည့်လိုက်ရာ ရုတ်တရတ် နဖူးထက်၌ အကြောတစ်ခုထောင်ထလာရာ မျက်နှာထက်၌ ဒေါသပြည့်နေသယောင်ပါပင်။

သူ၏အမြင်၌ လယ်မြေထဲရှိ လူတိုင်းက အလုပ်များမနေချေ။ အတော်လေး‌ပျင်းရိနေသည့် လူတချို့လည်းရှိပြီး ၎င်းတို့မှာ လက်ထဲရှိ စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းကို ရံဖန်ရံခါမှ တွန်းခြင်းသာပြုနေ၏။

ထိုလူများက ပေါ့လျော့နေသည်ကိုမြင်သော် ခေါင်းဆောင်ဝိန်မှာ အေးစက်စက်နှာမှုတ်လိုက်၏။ သူက လက်အောက်ငယ်သားတစ်ယောက်ထံမှ သားရေကြာပွတ်ကိုယူကာ အနီးဆုံးလူတစ်ယောက်ဆီလျှောက်သွားလိုက်သည်။ ထိုလူ မတုံ့ပြန်နိုင်ခင်မှာပင် ကြာပွတ်က ကျဆင်းလာတော့၏။

ထိုလူက ကြောင်အသွားပြီးမှ ကြောက်ရွံ့မှုက မျက်နှာထက်ဖြတ်ပြေးသွားသော်လည်း လုံးဝမရှောင်တိမ်းရဲပေ။ သူက ခေါင်းကိုသာ အုပ်လိုက်ပြီး ထိုင်ချလိုက်ကာ သားရေကြာပွတ်ကျဆင်းလာမည်ကို စောင့်နေလိုက်၏။

"ဖြန်း"

သားရေကြာပွတ်က ထိုလူ၏နောက်ကျောပေါ်သို့ကျရောက်သွားပြီး အသံတစ်သံဖြင့် ထိုလူ၏အဝတ်ပင် ပြဲစုတ်သွားတော့သည်။ သူ၏ကျောထက်၌ သွေးရောင်အမှတ်တစ်ခုပေါ်လာကာ ခေါင်းဆောင်ဝိန်ရိုက်လိုက်သည်က မည်မျှအားကောင်းကြောင်းကို ပြသနေ၏။

ထိုအသံက အားလုံး၏အာရုံကိုဆွဲဆောင်လိုက်သည်။ ဘန်တာမြို့မှလူများမှာ ခေါင်းဆောင်ဝိန်၏ လုပ်ရပ်များကို အကြောင်သားကြည့်လျက် မနှစ်မြို့ဟန်များထုတ်ပြလာသော်လည်း မည်သူကမှ ဘာကိုမှ ဆိုမလာပါချေ။

၎င်းတို့မှာ လမ်ပူရီတိုင်းပြည်တွင်တောင် တိုင်းပြည်သားများပဲဖြစ်ကြရာ မျိုးရိုးမြင့်များက သာမန်လူများအပေါ်ဖိနှိပ်သည်ကို မြင်ခဲ့ဖူးပါ၏။

ဤသည်က ဘန်တာမြို့သာဆိုလျှင် ၎င်းတို့အနေနှင့် ခုခံနိုင်လောက်သော်လည်း ဤသည်က စတက်တိန်းနယ်မြေဖြစ်နေသောကြောင့် အခြားလူများ၏ကိစ္စတွင် ကြားဝင်လိမ့်မည်မဟုတ်ချေ။

"ဖြန်း၊ ဖြန်း၊ ဖြန်း"

ကြာပွတ်က ထိုလူ၏နောက်ကျောထက်သို့ ထပ်ခါထပ်ခါ ကျဆင်းနေရင်း ခေါင်းဆောင်ဝိန်က သူ့အားဆဲရေးနေ၏။

"သေစမ်း၊ မင်း အမှိုက်လိုကောင်! Frestech ကုန်သည်ကြီးများအသင်းအတွက် မင်းကို ဒီမှာလာအလုပ်လုပ်ဖို့ ခန့်ထားတာကတင် တော်တော်လုံလောက်နေပြီ၊ ဒါက မင်းကံကောင်းလို့ဆိုပေမယ့် မင်းက တကယ်ပဲ ပျင်းရဲတယ်ပေါ့လေ! ငါမင်းကို သေတဲ့အထိ မရိုက်ဘူးလို့များ ယုံကြည်နေလို့လား? ဟမ်?"

ခဏအကြာတွင် ထိုလူ၏ကျော၌ သွေးရောင်အမှတ်များဖြင့် ဖုံးလွှမ်းသွားတော့၏။ ကြာပွတ်ကျဆင်းလာချိန်တွင်တောင် သွေးစက်များက စိမ့်ထွက်နေကာ ကြည့်ရန်ပင် အင်မတန်ခက်ခဲနေစေ၏။

မြေပြင်ထက်မှ ထိုလူက ဖြူဖျော့နေလျက် မေ့လဲသွားလောက်တော့မည့်အချိန်တွင် အဝေးမှ အော်သံတစ်သံထွက်လာသည်။

"ရပ်လိုက်‌!"

ခေါင်းဆောင်ဝိန်မှာ ထိုအမှိုက်အား သူသင်ခန်းစာပေးနေသည်ကို မည်သူက တားဝံ့သနည်းဟု ဒေါသတကြီးလှည့်ကြည့်လိုက်သည်။

ခဏအကြာ၌ သူ၏မျက်နှာထက်ရှိ ဒေါသက အပြုံးအဖြစ်ပြောင်းသွားရင်း ကြာပွတ်ကိုလွှင့်ပစ်လျက် ရှေ့သို့လျှောက်လာ၏။

"ဥက္ကဌကန်တိုနာ, ကောင်းသောမနက်ခင်းပါ။ ခင်ဗျားသူတို့ကို အလုပ်ခိုင်းဖို့ မအားဘဲဖြစ်နေတုန်းလား?"

ခေါင်းဆောင်ဝိန်၏ အမူအရာပြောင်းသွားပုံကိုမြင်သော် ကန်တိုနာက ဒေါသထွက်လာသော်လည်း စိတ်ကိုမလွှတ်ပေးလိုက်ပါချေ။ ခဏရပ်တန့်ပြီးနောက် သူက ဒေါသကို ပြန်မျိုချလျက် ခေါင်းဆောင်ဝိန်ထံ ပြုံးပြဖို့ တွန်းအားပေးလိုက်သည်။

"အာ၊ ကျုပ်က အလုပ်လုပ်နေတဲ့ အလယ်မှာပါပဲ။ ခေါင်းဆောင်ဝိန်, ဒါက..." ကန်တိုနာမှာ မြေပြင်ထက်ရှိ တွန့်လိမ်နေသော လူကိုညွှန်ပြလာ၏။

"အိုး၊ ဘာမှမဟုတ်ပါဘူး။ ကျုပ် ဒီလူက ပျင်းရိနေတာကြောင့် ခင်ဗျားအတွက် သင်ခန်းစာပေးလိုက်ရုံပါပဲ။" ခေါင်းဆောင်ဝိန်က အပြုံးဖြင့် ဖြေလျက် မြေပြင်ရှိလူကို ကန်လိုက်သည်၊ "ဒီသောက်အမှိုက်၊ သူ့အတွက် အလုပ်ကောင်းကောင်းရှာဖို့ကတင် ခက်ခဲနေပြီဆိုပေမယ့် ကောင်းကောင်းမလုပ်ဘူးလေ။ သူသေသင့်တယ်လို့ ခင်ဗျားမထင်ဘူးလား?"

ကန်တိုနာ၏မျက်နှာက ရှုံ့တွသွားလျက်၊ 'မင်းတို့မျိုးရိုးမြင့်တွေက တိုင်းပြည်သားတွေကို သင့်သေတယ်ဆိုပြီး အပြစ်ဖို့,ဖို့ပဲ သိတဲ့လူတွေ'ဟုသာ တွေးနေ၏။

သို့သော် ယင်းက တစ်ဘက်၏ အဓိကလူဖြစ်ရာ ကန်တိုနာမှာ စိတ်ထဲ၌သာ ဒေါသကိုဖိနှိပ်လျက် အားတင်းပြုံးကာပြောလိုက်ရသည်၊" ဒါက... ခေါင်းဆောင်ဝိန်, သူပျင်း‌တာက သူ့အမှားဆိုပေမယ့် ခင်ဗျားဒီလောက်ထိ မရိုက်လိုက်သင့်ဘူးလေ၊ ဟုတ်ပြီလား? အခုကြည့်လိုက်ဦး၊ သူဘယ်လိုများ အလုပ်ဆက်လုပ်နိုင်ပါတော့မလဲ?"

"ခင်ဗျားက ဒါကို စိုးရိမ်နေတာလား?" ခေါင်းဆောင်ဝိန်မှာ နှုတ်ခမ်းကိုမဲ့လျက် စိတ်ပျက်စွာပြောလာသည်၊ "ဒီသောက်အမှိုက်ကို သတ်လိုက်လည်း ဘာမှ မမှားပါဘူး။ ခင်ဗျားက လူမရှိမှာကို စိတ်ပူနေရင်တော့၊ ရှင်းရှင်းလေးပါပဲ၊ ကျုပ်ခင်ဗျားအတွက် လူတစ်ချို့ ခေါ်လာပေးမယ်လေ။"

ကန်တိုနာ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ဆဲရေးမိတော့မလိုပင် ဖြစ်သွား၏။

ကန်တိုနာကုန်သည်ကြီးများအသင်းကို ဖွဲ့စည်းလိုက်ကတည်းက သူဟာ အခြေနေများစွာကို ကြုံကြိုက်ခဲ့ရသည်မှာ ကောင်းသည့်အရာပါပင်။ ၎င်းက မြို့စားအိမ်တော်နှင့်ယှဉ်လျှင် သူသည်းခံနိုင်ပါသေး၏။

"ခေါင်းဆောင်ဝိန်, ခင်ဗျား ဒီလိုပြောလို့မရဘူးလေ။ သူက ဒီလယ်မြေကို ပြန်လည်ဖြည့်တင်းဖို့ ကူညီနေတဲ့ Frestech ကုန်သည်ကြီးများအသင်းရဲ့ အလုပ်သမားတစ်ယောက်ပဲ။ ဒါကြောင့် ပြောရရင် သူက Frestech ကုန်သည်ကြီးများအသင်းက အဖွဲ့ဝင်တစ်ယောက်ဖြစ်တယ်။ သူက ပျင်းရိနေရင်တောင် ဘယ်လိုကိုင်တွယ်မလဲဆိုတာကို Frestech ကုန်သည်ကြီးများအသင်းကပဲ ဆုံးဖြတ်သင့်တယ်လို့ ခင်ဗျားမထင်ဘူးလား?"

ကန်တိုနာမှာ သူ၏ကန်တိုနာကုန်သည်ကြီးများအသင်းကို ထုတ်ပြောလျှင် ခေါင်းဆောင်ဝိန်က ဂရုစိုက်လိမ့်မည်မဟုတ်ကြောင်းသိပေ၏။ ထို့ကြောင့် သူက ပြည်တွင်းလုပ်သားများမှာ နာမည်အရ Frestech ကုန်သည်ကြီးများအသင်းနှင့် သက်ဆိုင်သည်ဟု အဓိကထားပြောလိုက်သည်ပင်။

မျှော်လင့်ထားသလိုပင် ကန်တိုနာ၏စကားလုံးများအား ကြားပြီးနောက် ခေါင်းဆောင်ဝိန်က အတွေးဖြင့်မျက်မှောင်ကုပ်ကာ ခေါင်းငြိမ့်၍ပြောလိုက်သည်၊ "ကောင်းပြီလေ၊ ဒီအမှိုက်ကို Frestech ကုန်သည်ကြီးများအသင်းဆီပေးထားမှတော့ ဥက္ကဌရှုက သူ့ကိုဘယ်လိုကိုင်တွယ်မလဲ ဆုံးဖြတ်သင့်ပါတယ်။ ဒါပေမယ့် ဥက္ကဌကန်တိုနာက ဥက္ကဌရှုကို ကူညီပြောပေးပါဦး၊ သူ့အနေနဲ့ ဒီအမှိုက်ကို ဆန္ဒရှိသလို ဂရုစိုက်လို့ ရပါတယ်။ သူတို့အားလုံးကို သေတဲ့အထိရိုက်ချင်ရင်တောင် ပြဿနာမရှိပါဘူး။ သူတို့ကို ဆန္ဒရှိသလို ကိုင်‌တွယ်ပြီး စိတ်ပူနေစရာလည်း မလိုပါဘူးလို့။"

ကန်တိုနာက သူ့ကိုဒေါသထွက်ရန်ပင် အင်မတန်ပျင်းရိနေရာ သဘောတူညီမှုဖြင့် ခေါင်းငြိမ့်လိုက်၏။ ထို့နောက်တွင် သူက မြေပြင်ပေါ်ရှိ တွန့်လိမ်ကာ အသိမဲ့နေသော ကံမကောင်းသည့် လူနှစ်ဦးကို ဆေးကုပေးရန် ခေါ်သွားလိုက်တော့သည်။

ကျန်လူများလည်းထွက်သွားပြီး ခေါင်းဆောင်ဝိန်၏မျက်နှာထက်မှ ဒေါသများပျောက်ကွယ်သွားကာ သူဟာ ရှေ့ရှိ လယ်မြေကို ညွှန်ပြလျက် ကန်တိုနာထံမေးလိုက်ပါသည်၊ "ဥက္ကဌကန်တိုနာ, ဒီနှုန်းနဲ့ဆိုရင် ဒီလယ်မြေကို ပြန်ဖြည့်တင်းဖို့ ဘယ်လောက်ကြာဦးမှာလဲ?"

"ဒါက... မမျှော်လင့်ထားတာတွေသာဖြစ်မလာရင်၊ ကျုပ်ထင်တာတော့ တစ်လမပြည့်ခင် ဖြည့်တင်းနိုင်လောက်မယ်။" ကန်တိုနာက အနည်းငယ်စဉ်းစားက ဖြေလိုက်ပြန်သည်၊ "ကျုပ်တို့ နည်းနည်းလောက်မြန်မြန်လုပ်နိုင်ရင်တော့ နောက်နှစ်အစပိုင်းမှာတင် အစေ့တွေစိုက်လို့ရလောက်ပြီ။ ခင်ဗျားတို့ စတက်တိန်းနယ်မြေရဲ့ ရာသီဥတုနဲ့ဆိုရင် နောက်နွေဦးမှာ ပထမဆုံး ကောက်ပဲသီးနှံတွေကို မြင်နိုင်မှာပဲ။"

"အတိအကျပဲ၊ အတိအကျပဲ။" ခေါင်းတောင်ဝိန်က ခေါင်း‌ဆက်ငြိမ့်ကာ၊ "ဥက္ကဌကန်တိုနာ, ခင်ဗျားကို စိတ်ချပါတယ်။ ကျုပ်တို့စတက်တိန်းနယ်မြေကို ခင်ဗျားတို့ လမ်ပူရီတိုင်းပြည်နဲ့ ယှဉ်လို့မရပေမယ့် လယ်မြေမှာဆိုရင်တော့ ကျုပ်တို့က အားပိုကောင်းတယ်လေ။ ကျုပ်ခင်ဗျားကို ဟာသမလုပ်ပါဘူး၊ ကျုပ် Frestech ကုန်သည်ကြီးများအသင်းဆီ ငှားပေးခဲ့တဲ့ ဟက်တာတစ်သိန်းနယ်မြေက အားလုံးကောင်းတဲ့ လယ်မြေတွေပါ။ ခင်ဗျားတို့ ပြီးသွားလို့ အစေ့တွေပစ်လိုက်တာနဲ့ ဂရုတောင်စိုက်ဖို့မလိုတော့ဘဲ လနည်းနည်းအတွင်းမှာ သီးနှံတွေကြီးထားလာလိမ့်မယ်၊ ဒါကို ယုံရဲ့လား?"

ကန်တိုနာက ခေါင်းဆောင်ဝိန်ကိုကြည့်လိုက်သည်။ သူ တကယ်ကိုပြောလိုက်ချင်သည်၊ စတက်တိန်းနယ်မြေ၏ လယ်မြေများက ထိုမျှကောင်းမွန်နေပါလျှင် ဒီလယ်မြေတွေအားလုံးကို မည်သို့များ စွန့်ပစ်ထားခဲ့သနည်း?

သို့သော် ခေါင်းဆောင်ဝိန်က လူတစ်ယောက်ကို မည်သို့ရိုက်ခဲ့သည်အား တွေးကြည့်ပြီး ကန်တိုနာက စိတ်ထဲ၌သာ မေးခွန်းကို သိမ်းထားလိုက်တော့သည်။

တကယ်တမ်းတွင် ထိုလူအား ခေါင်းဆောင်ဝိန်က သင်ပြပေးလိုက်သည်ကို ကန်တိုနာ၏စိတ်က သိပ်လက်မခံချင်သော်လည်း အတွင်းတစ်နေရာ၌တော့ အနည်းငယ် ကျေနပ်နေပါ၏။

စတက်တိန်းနယ်မြေသို့ မရောက်ခင်တွင် ရှုယီက ကန်တိုနာအား စတက်တိန်းနယ်မြေအကြောင်းပြောခဲ့ရာ ထိုနေရာရှိလူများက အင်မတန်ပျင်းရိကြောင်းကိုပါ ပြောပြခဲ့၏။ ထို့ကြောင့် ဟက်တာတစ်သိန်းလယ်မြေကို ဖွင့်လှစ်ချိန်တွင် သူက စတက်တိန်းနယ်မြေမှ လူငါးထောင်ထံ၌ အားမကိုးဘဲ ဘန်တာမြို့မှ လယ်သမားများထံသာ အလုပ်အများစုကိုပေးခဲ့သည်။

မူလက ကန်တိုနာမှာ ရှုယီက ချဲ့ကားပြောနေခြင်းဖြစ်သည်ဟု ထင်ခဲ့သည်၊ မည်သို့ဖြစ်ဖြစ် ပြည်တွင်းမှစာဆောင်းထားသော လူငါးထောင်မှာ ဘန်တာမြို့မှ ခေါ်လာသည့်လူများထက် များပြားလှ၏။ ထိုလယ်မြေကို ပြန်လည်ဖြည့်တင်းရမည့် အဓိက အင်အားမှာ စတက်တိန်းနယ်မြေမှ လူများသာ ဖြစ်သင့်သည်ပင်။

သို့သော် စတက်တိန်းနယ်မြေသို့ ကန်တိုနာရောက်သွားချိန်တွင် ရှုယီက ထိုနယ်မြေမှလယ်သမားများကို လျှော့တွက်ထားကြောင်းသိရှိခဲ့ရ၏။

တကယ်တမ်းတွင် ခေါင်းဆောင်ဝိန်ပို့ခဲ့သည့် လယ်သမားများမှာ ကန်တိုနာ စိတ်ကူးထားသည်ထက်ပင် ပျင်းရိနေသေးသည်။

ဘန်တာမြို့မှ လယ်သမားများက နေထွက်လာသည်နှင့် အလုပ်စပြီး ကောင်းကင်‌ကမှောင်လာမှသာ ထွက်သွားကြကာ နားချိန် နှစ်နာရီသာ ယူကြသည်။

စတက်တိန်းနယ်မြေသားများကမူ ကောင်းကင်က နေထွက်လာသည်ကိုစောင့်ပြီးမှ အလုပ်စကာ နေက မိုးကုပ်စက်ဝိုင်းနားရောက်လာသည်နှင့် တပြိုင်နက် ထွက်ခွာသွားတတ်ကြ၏။

ထို့အပြင်၊ ၎င်းတို့မှာ အလုပ်လုပ်နေစဉ်၌ ပျင်းရိနိုင်ရန် လှည့်ကွက်မျိုးစုံလည်း သုံးကြသေး၏။

ကန်တိုနာက အချက်အလက်တစ်ချို့ကိုယူပြီး တူညီသောနေ့၏ အလုပ်ကိုကြည့်,ကြည့်ရာ ဘန်တာမြို့လယ်သမားတစ်ဦးက စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းများနှင့် လယ်မြေ ငါး*မူမှ ခုနှစ်မူအထိ ဖွင့်လှစ်နိုင်ပြီး စတက်တိန်းနယ်မြေ လယ်သမားတစ်ဦးက အလွန်ဆုံး လယ်မြေ၏တစ်မူစာသာဖွင့်နိုင်ခဲ့သည်။

ဘန်တာမြို့လယ်သမားများက စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းများနှင့် ပိုမိုအကျွမ်းတဝင်ရှိသည်ဆိုပါသော်လည်း ၎င်းတို့ ဤနေရာ၌ရှိနေသည်မှာ လတစ်ဝက်ခန့်ရှိနေပြီဖြစ်သောကြောင့် ၎င်းက အဓိကအကြောင်းအရင်းမဟုတ်တော့ချေ။

ထို့ကြောင့် အနှစ်ချုပ်မှာ စတက်တိန်းနယ်မြေ၏လုပ်သားများက အင်မတန် ပျင်းရိနေရုံပါပင်...

———

*မူ = တရုတ်တိုင်းပြည် လယ်/နယ်မြေတွေကို တိုင်းတာတဲ့စနစ်ပါ။

၁မူ = ၀.၁၆၅ ဧက

၁မူ = ၆၆၆.၅ စတုရန်းမီတာ

***

မှော်စက်မှုအင်ပါယာ

Vol 3, အခန်း ၃၉။ သင်္ဘောဆိပ်

ထိုစကားလုံးများအား သဘာဝကျစွာပင် ခေါင်းဆောင်ဝိန်ထံ ပြောပြမရနိုင်သည့်အကြောင်းမှာ Frestech ကုန်သည်ကြီးများအသင်းက ထိုလယ်သမားများအား သဘောတူညီချက်၌ လက်မှတ်ထိုးကာ ခန့်ထားခြင်းကြောင့်ပင်။ ၎င်းအား ခေါင်းဆောင်ဝိန်ကို သူ၏နယ်မြေမှ လူငါးထောင်၏ နေ့စဉ်ရှင်သန်နေထိုင်ရန်လိုအပ်ချက်များကို ကူညီနေခြင်းဟု ယူဆနိုင်ပါ၏။

ထို့အပြင် ရှုယီ၏စုံစမ်းမှုနှင့် ကန်တိုနာ၏ အခြေအနေပေါ် နားလည်မှုတို့ကြောင့် ထိုလူငါးထောင်က ဤနေရာ၌ အလုပ်,လုပ်နေပြီး Frestech ကုန်သည်ကြီးများအသင်းက ပေးသည့်လစာများကိုယူပါသော်လည်း ၎င်းတို့မှာ ခေါင်းဆောင်ဝိန်၏ နယ်မြေသားများဖြစ်ကြရာ ၎င်းတို့၏ လစာအများစုကို ခေါင်းဆောင်ဝိန်ထံ လွှဲပေးရသည်ပင်။

ထို့ကြောင့် ခေါင်းဆောင်ဝိန်က ထိုငပျင်းလုပ်သားကို သူဆန္ဒရှိသလို သင်ပြနိုင်ပါသော်လည်း ကန်တိုနာအတွက်မူ မကျေနပ်လျှင်တောင် ဆက်ထိန်းထားရမည်ပင်။

ပြောရလျှင် ခေါင်းဆောင်ဝိန်အတွက် လူတစ်ယောက်ကို သတ်ခြင်းက မည်သည့်လွှမ်းမိုးမှုမှ ရှိမလာနိုင်ချေ။ အဆိုးဆုံး သူ့အတွက် လူပြောင်းလိုက်ရုံသာ။

သို့သော် ကန်တိုနာအတွက် ထိုလူက ပျင်းရိနေပါလျှင်တောင် သူက စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းကို လတစ်ဝက်လောက် အသုံးပြုခဲ့ပြီးဖြစ်ရာ သူ့အား ကျွမ်းကျင်လုပ်သားဟုပင် သတ်မှတ်နိုင်နေပြီဖြစ်၏။

သူဟာ ထိုပြည်တွင်းလုပ်သားများ၏ လုပ်ကိုင်ပုံကို မကျေနပ်လျှင်တောင် အနည်းဆုံး တချို့တော့ သုံးလို့ရသေးသည်။ ၎င်းတို့သာ ထိုလူကိုပြောင်းလိုက်ပါက အစကပြန်သင်ရတော့မည်ဖြစ်၏။

ခေါင်းဆောင်ဝိန်၏ အဆီပြင်မျက်နှာကြီးကိုကြည့်လျက် ကန်တိုနာမှာ စိတ်ဓာတ်ကျသွားသည်။

ထိုမျှ ရွံရှာဖွယ်ကောင်းကာ ရက်စက်သောမျိုးရိုးမြင့်တစ်ယောက်မှာ ထိုနယ်မြေကို ထိန်းချုပ်ထားခြင်းကြောင့် Frestech ကုန်သည်ကြီးများအသင်းထံမှ အကျိုးအမြတ်ပမာဏများစွာ ရနိုင်ပေသည်။

နှစ်စဉ် ငှားရမ်းခနှင့် သီးနှံထွက်နှုန်းအပြင် လုပ်သားငါးထောင်မှာ တစ်လ,လစာ ရွှေဒင်္ဂါး ငါးပြားရရှိသည်။ သူက တစ်လလျှင် အနည်းဆုံး ရွှေဒင်္ဂါးနှစ်သောင်းခွဲဆီမှ နှစ်သောင်းကို ယူဆောင်သည်။

သေချာတွက်ချက်ကြည့်ပါက ဤဟက်တာတစ်သိန်းလယ်မြေကို ငှားရမ်းခြင်းကပင် ခေါင်းဆောင်ဝိန်အား အနည်းဆုံး တစ်နှစ်ကို ရွှေဒင်္ဂါး ၆သိန်းရရှိစေသည်။

ထိုအရေအတွက်များကို စဉ်းစားရင်း ကန်တိုနာ၏ နှလုံးသားမှာ ကူကယ်ရာမဲ့စွာ နာကျင်သွား၏။

ထိုငွေများအား ထိုခေါင်းဆောင်ဝိန်ထံ ပေးရန်မလိုဘဲ အခြားနေရာများ၌ သုံးပါလျှင် ကိစ္စများမည်မျှကို အပြီးသတ်နိုင်လိုက်မည်နည်း...

သို့သော် ကန်တိုနာမှာ ထိုအဖိုးအခက Frestech ကုန်သည်ကြီးများအသင်းအနေနှင့် စတက်တိန်းနယ်မြေတံခါးကိုဖွင့်ရန် သုံးထားကြောင်း သေချာသိပါ၏။

သို့ရာတွင် ရှုယီကဲ့သို့ ထူးကဲသည့်လူတစ်ဦးသာ ထိုသို့သော ဆုံးဖြတ်ချက်မျိုးကို ချနိုင်သည်မဟုတ်ပါလား?

အနည်းဆုံး ကန်တိုနာတော့ မလုပ်ဝံ့ပါချေ။

"ဥက္ကဌကန်တိုနာ, ကျုပ်မှာ မေးခွန်းတစ်ခုရှိသေးတယ်။"

ခေါင်းဆောင်ဝိန်၏ အသံက ကန်တိုနာ၏ ပျံ့လွင့်နေသော စိတ်ကို ပြန်ဆွဲခေါ်လိုက်သည်။

"အန်? ခေါင်းဆောင်ဝိန်မှာ ဘာမေးခွန်းရှိသေးတာလဲဗျ? မေးပါ။" ကန်တိုနာက လျင်မြန်စွာပင် အပြုံးဖြင့် ဖြေလာ၏။

ခေါင်းဆောင်ဝိန်က စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းများကို လယ်မြေဆီရွှေ့ရင်း မေးလာသည်၊ "ဒီ စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းတွေကို Frestech ကုန်သည်ကြီးများအသင်းက ထုတ်လုပ်ထားတာ မဟုတ်လား? ကျုပ်စဉ်းစားနေတာ... ဥက္ကဌရှုက ကျုပ်ကို ဒီပစ္စည်းတွေ ရောင်းပေးဖို့ ဆန္ဒရှိမလားလို့လေ?"

ကန်တိုနာက ရယ်လိုက်ကာ၊ "ဒါပေါ့ဗျာ။ ခေါင်းဆောင်ဝိန် ဥက္ကဌရှုက ကျုပ်ကို ဒီလယ်မြေ‌လေး ဖွင့်ဖို့ အတွက်ပဲ စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းအားလုံး ယူလာခိုင်းတယ်ထင်လို့လား? ပြောပါရစေဦး၊ ဥက္ကဌရှုက ကျုပ်အနေနဲ့ ဒီ စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းတွေကို ချပြမယ့် အခွင့်ရေးရှာရမယ်လို့ သီးသန့်ပြောထားတယ်လေ။ မျိုးရိုးမြင့်တွေအားလုံး သုံးမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့ဗျာ။ သူက ရောင်းဖို့ ဆန္ဒမရှိဘူးလို့ ထင်လား?"

ခေါင်းဆောင်ဝိန်က ချက်ချင်း အပြုံးတစ်ပွင့်ကို ထုတ်ပြလာကာ၊

"ကောင်းသားပဲ။ ဟုတ်ပြီ၊ ဥက္ကဌကန်တိုနာ, ကျုပ် Frestech ကုန်သည်ကြီးများအသင်းဆီကနေ စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းမျိုးစုံ အခုတစ်ထောင်ဝယ်ချင်တယ်လို့ ဥက္ကဌရှုဆီ ကူပြောပေးနိုင်မလား? ဒီကိစ္စကို တတ်နိုင်သမျှမြန်မြန် ဖြေရှင်း‌ဖို့ ကူညီနိုင်မယ်လို့ မျှော်လင့်မိပါတယ်။"

ကန်တိုနာက ခပ်ဖျော့ဖျော့ပြုံးလျက် ခေါင်းခါလိုက်ကာ၊

"မလိုပါဘူး၊ ဥက္ကဌရှုက ဒီမှာ ရက်နည်းနည်းလောက်ရှိနေဦးမှာပဲ။ အချိန်ကျလာမှ ခင်ဗျားကိုယ်တိုင်ပြောလိုက်တာက ပိုပြီး မကောင်းဘူးလား?"

"အိုး? ဥက္ကဌရှုက တကယ်လာနေတာလား?" ခေါင်းဆောင် ဝိန်က ချက်ချင်းပင် ကျေနပ်အားရသွားဟန်ထုတ်ပြလာကာ၊ "ကောင်းတယ်! ဥက္ကဌရှု လာရင် ကျုပ်သေချာပေါက် ဂရုစိုက်ပေးပါ့မယ်!"

ပြုံးလိုက်ချိန်တွင် ခေါင်းဆောင် ဝိန်၏မျက်နှာထက်မှ အဆီများ ကျုံ့သွားသည်ကိုကြည့်ရင်း ကန်တိုနာမှာ ကူရာမဲ့စွာ ခေါင်းခါလိုက်၏။ ခေါင်းဆောင်ဝိန်က ရှုယီလာနေသည်ကိုကြား၍ ပျော်နေသည်မှာ အံ့ဩစရာမဟုတ်ဟု ထင်‌နေပါ၏။

လူတစ်ယောက်သာ သူ့အတွက် တစ်နှစ်ကို ရွှေဒင်္ဂါးခြောက်သိန်းယူလာပေးမည့် လူလာမည်အားကြားပါလျှင် သေချာပေါက် ခေါင်းဆောင် ဝိန်ကဲ့သို့ပင် ပျော်ရွှင်နေလောက်သည်။

ကန်တိုနာနှင့် လယ်မြေအကြောင်း ခဏမျှဆွေးနွေးပြီးနောက်တွင် ခေါင်းဆောင် ဝိန်မှာ စိတ်ကျေနပ်ကာ သူ၏လက်အောက်ငယ်သားများနှင့် အစေခံများကို ခေါ်ဆောင်သွားတော့သည်။ ကန်တိုနာက အတန်ကြာတွေးတောပြီးနောက် ပင်လယ်ဆီသို့ ဦးတည်လိုက်၏။

ထိုလယ်မြေမှာ ပင်လယ်နှင့်နီးကာ ထိုနေရာကလည်း တဖြည်းဖြည်းချင်း ပြောင်းလဲနေ၏။ ချောက်ကမ်းပါးထံမှ တစ်ကီလိုမီတာအဝေးရှိ ဆယ်မီတာမြင့်မားသည့် ပင်လယ်ဂိတ်ဝအပြင် ဤလယ်မြေအား ပင်လယ်နံဘေးရှိ သင်္ဘောဆိပ်နှင့် ဆက်သွယ်ပေးထားသော လမ်းမကြီးတစ်ခုလည်းရှိသည်။

ထိုကမ်းရိုးတန်းမှာ သေးငယ်သောပင်လယ်အော်ဖြစ်ပြီး မုတ်သုံနှင့် လှိုင်းကြီးများကို တားဆီးပေးထားသောကြောင့် သဘာဝဆိပ်ကမ်းဖြစ်ပေါ်နေသည်။

ရှုယီက ထိုလယ်မြေကို ဖွင့်လှစ်ရန် ကန်တိုနာအား လူများကို ဦးဆောင်စေပြီး အမ်ရစ် ကုန်သည်ကြီးများအသင်းကို ဤနေရာ၌ ဆိပ်ကမ်းတစ်ခု တည်ဆောက်ဖို့ရာ ဆောက်လုပ်ရေးအဖွဲ့တစ်ခု ပို့ခိုင်းထား၏။

လဝက်ကြာပြီးနောက် ဆိပ်ကမ်းက ကနဦးပုံစံပေါ်လာပြီး သမုဒ္ဒရာဘက်သို့ ဦး‌တည်နေသည့် သံမဏိဘောင်ပါရှိသော ဆိပ်ခံတစ်ခုနှင့်ဖြစ်၏။

အမ်ရစ်ကုန်သည်ကြီးများအသင်း၏ တာဝန်ခံမန်နေဂျာရီလိုင်း၏ ပြောကြားချက်အရ ၎င်းတို့မှာ ထိုဆောက်လုပ်ရေးကို ဘိလပ်မြေနှင့် အပြီးသတ်ဖို့သာလိုတော့ကာ ဆိပ်ကမ်းပုံပေါ်လာပြီဟုပင်။

သို့သော် အမ်ရစ်ကုန်သည်ကြီးများအသင်းက ကွန်ကရစ်ဆိပ်ခံတံတားများနှင့် ဆိပ်ခံတံတားများ တည်ဆောက်ခြင်းတို့တွင် အတွေ့အကြုံမရှိဘဲ ခဲယဉ်းနေပြီဖြစ်ရာ မန်နေဂျာရီလိုင်းက တိုးတက်မှုအကြောင်းကို အရမ်းအကောင်းမမြင်နေတော့ချေ။

ရှုယီက ၎င်းတို့အား အလျင်မလိုသည်မှာ ကောင်းသည့်ကိစ္စဖြစ်ပြီး အလုပ်ချိန် ငါးနှစ်တောင် ပေးထားသေးသည်။

ထိုသည်က ကန်တိုနာနှင့် မန်နေဂျာရီလိုင်းတို့ သီးသန့်စကားပြောမိချိန်၌ ၎င်းတို့ကို ရှုပ်ထွေးစေသည်ပင်။

ရှုယီက အလျင်မလိုနေလျှင် အဘယ့်ကြောင့် ထိုဆိပ်ကမ်းအား စောစီးစွာ ဆောက်လုပ်ရသနည်း?

ပိုအရေးကြီးသည်မှာ မည်သို့များ ထိုဆိပ်ကမ်းက Frestech ကုန်သည်ကြီးများအသင်းကို ကူညီလိမ့်မည်နည်း? Frestech ကုန်သည်ကြီးများအသင်းထံ၌ သင်္ဘောများပင် ရှိမနေချေ...

၎င်းတို့၌ ရှိနေပါလျှင်တောင် စိုင်စ်နယ်မြေ၌ မြစ်များစွာရှိရာ အဘယ့်ကြောင့် ပုန်းကွယ်နေသည့်အန္တရာယ်များနှင့်ပြည့်နှက်နေသော အဆုံးမဲ့ပင်လယ်သို့ ရွက်လွှင့်ကြမည်နည်း?

နှစ်ယောက်သား စတက်တိန်း နယ်မြေသို့ လာချိန်တွင် ရေထဲ၌ ငါးဖမ်းလှေများစွာကို တွေ့ခဲ့ပါသော်လည်း ၎င်းတို့မှာ ကမ်းရိုးတန်းမှ တစ်ဆယ်ကီလိုမီတာကို ကျော်၍ ဘယ်တော့မှမသွားပါချေ။ ၎င်းတို့ နောက်ထပ်မသွားသည်သာမက ဝါအရင့်ဆုံးငါးဖမ်းသမားပင် မသွားဝံ့ပေ။

"ဘယ်သူသိမှာလဲ... ဥက္ကဌရှုက အနာဂတ်ကို ပိုမြင်နိုင်နေတော့ သူ့မှာ အခြားအစီစဉ်တွေရှိနိုင်နေတာပဲလေ။" မန်နေဂျာရီလိုင်းက ပခုံးတွန့်လျက် မျက်နှာထက်၌ ဂရုမထားဟန်ရှိနေသည်၊ "ဘာပဲဖြစ်ဖြစ်၊ ကျုပ်တို့က ပိုက်ဆံအတွက်လုပ်နေတာပဲ။ သူတွေးနေတာတွေကို ကျုပ်တို့ ဂရုစိုက်ဖို့မလိုပါဘူး။ အနည်းဆုံး ကျုပ် ဥက္ကဌရှုကိုသိခဲ့တာ ၂နှစ်ရှိပြီ၊ သူက သူ့ရဲ့ငွေတွေဆုံးရှုံးမယ့် ဘယ်အလုပ်,လုပ်တာကိုမှ မမြင်ခဲ့ဖူးဘူး၊ ဒါကြောင့် ဒီတစ်ခါကလည်း ချွင်းချက်တော့မဖြစ်နိုင်ဘူး။"

ကန်တိုနာက မန်နေဂျာရီလိုင်းကို အံ့အားသင့်စွာကြည့်လိုက်၏။ သူဟာ ဥက္ကဌရှုအား အင်မတန်လေးစားပါသော်လည်း မျက်စိမှိတ်ယုံ‌ထားသည့် မန်နေဂျာရီလိုင်းနှင့်တော့ မယှဉ်နိုင်ဟုထင်မိသည်။

"ကျုပ်ကို ဒီလိုမကြည့်ပါနဲ့၊ ဥက္ကဌခရုစ်တောင် ဥက္ကဌရှုကို လေးစားမှုတွေနဲ့ပြည့်နေတာဆိုတော့ ကန်တိုနာ၊ ခင်ဗျား သံသယဝင်ဖို့မလိုပါဘူး။" မန်နေဂျာရီလိုင်းက ရယ်လျက်ဆိုလာသည်၊

"ကြည့်လေ၊ ဥက္ကဌရှုက အရည်အချင်းရှိတာကြောင့်သာမဟုတ်ရင် ခင်ဗျားတို့ ကန်တိုနာကုန်သည်ကြီးများအသင်းလို လုပ်ငန်းစုလေးက ဟက်တာတစ်သိန်းလယ်မြေကို ရနိုင်ပါ့မလားဗျာ? ဒါက ဟက်တာတစ်သိန်းနော်! ကျုပ်တို့ဘန်တာမြို့မှာ လယ်မြေစုစုပေါင်း ဘယ်လောက်များများရှိလို့လဲ? ခင်ဗျားလက်ထဲက လယ်မြေက ကျုပ်တို့ဘန်တာမြို့ မျိုးရိုးမြင့်တွေမှာရှိတဲ့ လယ်မြေအားလုံးထက်တောင် များနေသေးတယ်။"

ကန်တိုနာက ခါးသက်သက်ရယ်လိုက်ကာ၊ "ဒီမှာလယ်မြေတွေတော့ လုံလောက်ပါရဲ့၊ ဒါပေမယ့် ကျုပ်စိတ်ပူမိတာက ငွေဝင်မှာလား မဝင်ဘူးလားဆိုတာကိုပါပဲ။"

မန်နေဂျာ ရီလိုင်းက မျက်လုံးလှိမ့်ကာ၊ "ခင်ဗျားဘာတွေစိတ်ပူနေတာလဲ? ဒီလယ်မြေကို ခင်ဗျားတို့လုပ်ငန်းစုက ငှားထားတာမဟုတ်ဘူးလေ၊ ခင်ဗျားက ဒီလယ်မြေကိုဖွင့်ဖို့ လူတွေကိုကောင်းကောင်းအသုံးချဖို့နဲ့ ဆန်စပါးသီးနှံတွေကို Frestech ကုန်သည်ကြီးများအသင်းဆီ လွှဲပေးဖို့ပဲလိုတာပါ။ ခင်ဗျား ငွေဝင်လား မဝင်လားကို ဂရုစိုက်နေဖို့ မလိုဘူးလေ။"

"ကျုပ်က ကျုပ်ကိုယ်ကျုပ်စိုးရိမ်နေတာမဟုတ်ပါဘူး၊ Frestech ကုန်သည်ကြီးများအသင်းအတွက် စိုးရိမ်နေတာပါ။" ကန်တိုနာက ခေါင်းခါလိုက်ရင်း၊ "ဒီနေရာမှာတစ်နှစ်ကို ကောက်ရိတ်ရာသီ သုံးရာသီတောင်ရှိတာကြောင့် ကျုပ်တွက်ချက်ကြည့်တော့ Frestech ကုန်သည်ကြီးများအသင်းက အဆုံးမှာ ဆုံးရှုံးမှုပဲ ခံစားရလိမ့်မယ်။ ခင်ဗျား ဥက္ကဌရှု ငွေတွေဆုံးရှုံးတာမမြင်ဖူးပေမယ့် ဒီကိစ္စမှာ... သူသေချာပေါက် ဆုံးရှုံးရမယ်လို့ ကျုပ်ထင်နေတယ်။"

"စိတ်အေးအေးထားပါ။" မန်နေဂျာရီလိုင်းက ကန်တိုနာကို ပခုံးပုတ်ပေးရင်း၊ "ကျုပ်ပြောပြီးပြီပဲ၊ ဥက္ကဌရှုက ကျုပ်တို့ထက် ပိုတော်တယ်။ သူက ခင်ဗျားအမြင်ကနေ ငွေတွေဆုံးရှုံးနိုင်တာ ဖြစ်နိုင်ပေမယ့်လည်း ငွေက ကိစ္စတော်တော်များများကို ကိုယ်စားပြုနိုင်တာကြောင့် စီးပွားရေးနဲ့ ကွာခြားတယ်လေ။ ဖြစ်နိုင်တာ ဥက္ကဌရှုအနေနဲ့ ဒီကနေ ငွေတချို့ဆုံးရှုံးပြီး တစ်ခုခုကို သေချာပေါက် ရလိမ့်မယ်။ ကျုပ်တို့သာ လက်ရှိမှာ မမြင်နိုင်တာပဲ ဖြစ်ရမယ်။"

ကန်တိုနာက မန်နေဂျာရီလိုင်းကို ဆွံ့အစွာကြည့်လိုက်ပြီး သူ၏ရှုယီအပေါ်ယုံကြည်မှုက လုံးဝကို မျက်ကန်းဖြစ်နေသည်ဟု စဉ်းစားမိသည်။

သို့သော် ၎င်းကိုစဉ်းစားကြည့်လျှင် ဤကိစ္စက သူနှင့်မဆိုင်ပါချေ။ ကန်တိုနာကုန်သည်ကြီးများအသင်းမှာ လုပ်ငန်းစုငယ်လေးတစ်ခုဖြစ်ရာ Frestech ကုန်သည်ကြီးများအသင်းက ငွေများဆုံးရှုံးမည်လားသို့မဟုတ် ရှုယီလို အရေးပါသည့်လူတစ်ဦးက အမှားလုပ်မိမည်လားကို တွေးတောရမည့်အစား၊ သူ၏ကိုယ်ပိုင်လုပ်ငန်းအား မည်သို့ ဖွံ့ဖြိုးအောင်လုပ်ရမည်ကို လေ့လာနေသည်ကမှ ပိုမိုကောင်းမွန်နေဦးမည်ပင်။

၎င်းကိုစဉ်းစားမိ၍ ကန်တိုနာက မန်နေဂျာရီလိုင်း၏ ပခုံးကိုကိုင်လျက် မျက်ခုံးပင့်ကာ လူမိုက်ပြုံး,ပြုံးလိုက်ပြီး၊ "ဒီအကြောင်း မပြောကြရအောင်ဗျာ။ ဒီညအလုပ်ပြီးရင် ကျုပ်တို့ ဝိုင်အတူတူ သွားသောက်ကြရင်ရော? ကျုပ်ကြားထားတာတော့ စတက်တိန်းနယ်မြေက မိန်းကလေးတွေပုံစံက သိပ်မဆိုးဘူးဆိုပဲ၊ အတူတူ အတွေ့အကြုံယူချင်လား?"

မန်နေဂျာရီလိုင်းက တံတွေးမြိုချက်လို‌က်သော်ငြား ခေါင်းခါလျက်ပင်၊ "ဟင့်အင်း၊ ကျုပ်မှာ ဒီညလာမယ့် ပစ္စည်းအသစ်တွေ ပို့ဆောင်ရမှာရှိသေးလို့ တစ်ယောက်ယောက်ကို ဂရုစိုက်ခိုင်းရဦးမယ်။ ဘာမှ မမှားတာသေချာဖို့ ကျုပ်ကိုယ်တိုင်လုပ်တာက ပိုကောင်းမယ်လေ။"

ကန်တိုနာက အနည်းငယ် စိတ်ပျက်သွားကာ၊ "ဒါက တကယ်နှမျောစရာပဲ။ ကျုပ်တို့များ ဝိုင်နည်းနည်းလောက်သောက်ပြီး ရင်းနှီးတဲ့မိတ်ဆွေတွေ ဖြစ်နိုင်မလား ပြောချင်ရုံပါ။ ကျုပ်တို့က ဒီမှာအချိန်ကြာ အလုပ်အတူတူလုပ်ပြီး ဆက်ဆံရေးမကောင်းနေရင် အဆင်မပြေဘူးလေ။

မန်နေဂျာရီလိုင်းက ရယ်ကာ၊ "စိတ်လျှော့ပါ၊ နောက်ကျရင် အခွင့်အရေးရလာမှာပေါ့။ အခုက လုပ်စရာတွေရှိနေသေးတော့ ပိုပြီး နေသားကျလာရင် ကျုပ်တို့ လိုချင်တာမှန်သမျှကို ကစားနိုင်ပြီလေ။ ကျုပ်တို့ဒီမှာ ကိစ္စလေးတွေကို ဂရုစိုက်ပြီးရင် ခေါင်းဆောင်ဝိန်က ကျုပ်တို့ကို ဖိတ်မယ်လို့ ခင်ဗျားထင်လား? အချိန်ကျလာရင် ခင်ဗျား ဘယ်မိန်းကလေးနဲ့မဆို တွေ့ဖို့က ခေါင်းဆောင်ဝိန်ရဲ့ စကားလေးတစ်ခွန်းပဲ ဖြစ်သွားမှာ မဟုတ်ဘူးလားဗျာ?"

ကန်တိုနာက ၎င်းကိုစဉ်းစားကာ သက်ပြင်းချလျက် ပြောလာ၏၊ "ကောင်းပါပြီ၊ ကျုပ်တို့ဒါကို နောက်မှပြောကြတာပေါ့။ ဒါပေမယ့် ကျုပ်ခေါင်းဆောင်ဝိန်ကိုမြင်လိုက်တိုင်း သူက ဒီလိုဝနေမှတော့ မိန်းကလေးတစ်ယောက်အပေါ်ကို ဖိချလိုက်ရင် အဲဒီ့မိန်းကလေးကို သေလုအောင် ပြားသွားစေလိမ့်မယ်လို့ တွေးမိတယ်..."

မန်နေဂျာရီလိုင်းကပြုံးလိုက်၏။ သူ တုံ့ပြန်ခါနီးတွင် လူတစ်ယောက်က ပြေးလာပြီး ရပ်လိုက်သည်ကို တွေ့လိုက်ရသည်။

မန်နေဂျာရီလိုင်း၏ အမူအရာကိုမြင်၍ ကန်တိုနာလည်း ကြည့်လိုက်ရာ ကန်တိုနာကုန်သည်ကြီးများအသင်းက တစ်ယောက်ပြေးလာနေသည်ကို တွေ့လိုက်ရသည်။

ထိုလူက ကန်တိုနာရှေ့သို့ရောက်လာပြီး အနားပင်မယူဘဲ မောဟိုက်နေသံဖြင့်ပြောလာသည်၊ "ချ...ချ...ချနေကြပြီ!"

ကန်တိုနာက မျက်မှောင်ကုပ်လျက်၊ "ဘာချတာလဲ?"

"ကျုပ်တို့... ကျုပ်တို့...လူတွေနဲ့... ပြီးတော့ အဲဒီ့... ငပျင်းလူတွေ... ချနေကြပြီ..."

ကန်တိုနာမှာ ထိတ်လန့်သွားရ၏။

***

မှော်စက်မှုအင်ပါယာ

Vol 3, အခန်း ၄၀။ ၎င်းတို့အား အလုပ်သမားအစစ်လို မဆက်ဆံပါ

"ဘာ‌ဖြစ်တာလဲ?" ရှုယီက မျက်နှာထက်၌ ခြစ်ရာများရှိနေသည့် ကန်တိုနာနှင့် မျက်နှာ ယောင်ကိုင်းနေသော မန်နေဂျာရီလိုင်းကိုကြည့်ကာ အနည်းငယ် ရယ်ချင်သလိုခံစားရကာ မေးလိုက်၏၊

"မင်းတို့နှစ်ယောက်ပျင်းပြီးများ ရန်ဖြစ်ခဲ့ကြတာလား?"

ကန်တိုနာက နေရခက်စွာသာရယ်လိုက်ပြီး မန်နေဂျာရီလိုင်းကခါးသက်သက်ရယ်ကာ ပြောလာသည်၊" ဥက္ကဌရှု၊ ကျုပ်တို့ကို မနောက်ပါနဲ့။ ဘာဖြစ်ခဲ့မှန်း ခင်ဗျားမသိတာကို ကျုပ်မယုံဘူး။ ဒါအတွက် ကျုပ်တို့ကို ဘယ်လိုကိုင်တွယ်ရမလဲ အကြံပေးဖို့ ခင်ဗျားကို လိုအပ်တယ်။"

၎င်းတို့ မျက်နှာထက်ရှိ ခါးသက်သက်ဟန်ပန်များကို မြင်သော် ရှုယီက စနောက်နေခြင်းကိုရပ်လိုက်၏။ အနည်းငယ်စဉ်းစားပြီးနောက်၌ ထိုပြဿနာက အနည်းငယ်ဒုက္ခများသည်ဟု ခံစားလိုက်ရသည်။ ထိုနှစ်ဦးမှာ ၎င်းနှင့် ဖြေမရှင်းခဲ့ဘဲ ရက်အနည်းငယ်စောင့်ကာ သူလာသည်ကိုစောင့်ဆိုင်းပြီးမှ ဖြေရှင်းခွင့်ပေးလာသည်မှာလည်း အံ့ဩစရာမရှိပါချေ။

လေးရက်အကြာက ဤ ဟက်တာတစ်သိန်း‌လယ်မြေတွင် လမ်ပူရီတိုင်းပြည်မှဘန်တာမြို့လယ်သမားနှစ်ထောင်က ဒေသခံလယ်သမားငါးထောင်နှင့် ပဋိပက္ခဖြစ်ပွားခဲ့သည်။

နောက်ပိုင်းတွက်ချက်မှုအရ ၎င်း၌ ပါဝင်ခဲ့သည်မှာ ဘန်တာမြို့လယ်သမားပေါင်း သုံးရာနှင့် ဒေသခံလယ်သမား ငါးရာတို့ပင်။ မည်သည့်အသေအပျောက်မှ မရှိပါသော်လည်း ဒဏ်ရာပြင်းကြသည့်လူတစ်ရာနှင့် ဒဏ်ရာနည်းပါးသူ လေးရာရှိသည်။ ထိုလယ်အလုပ်အတွက် တာဝန်ရှိသောကန်တိုနာနှင့် လုံးဝမဆိုင်သည့်မန်နေဂျာ ရီလိုင်းတို့သည်ပင် ဒဏ်ရာအနည်းငယ်ရခဲ့ကြ၏။

ထိုဖြစ်ရပ်ကြောင့် Frestechလယ်မြေရှိ အလုပ်အားလုံးကို ယာယီရပ်တန့်ထားလိုက်ရသည်။ ကန်တိုနာက ထိုလူများကို စောင့်ရှောက်ပေးနေရသည်နှင့် အလုပ်များနေကာ ရက်အနည်းငယ်မျှ ကောင်းကောင်းမအိပ်ခဲ့ရချေ။

"ဒီကိစ္စကို ဖြေရှင်းဖို့က ဒီလောက်မခက်ပါဘူး။" ရှုယီက အတန်ကြာတွေးပြီးမှ ကန်တိုနာကိုပြောလိုက်သည်၊ "ကျုပ်တို့ဘန်တာမြို့ကလယ်သမားတွေအတွက်၊ ကန်တိုနာ, ခင်ဗျားပဲ သီးသန့်သွားပြောလို့ရပါတယ်။ ဒေသခံလယ်သမားတွေအတွက်တော့ ကျုပ် ခေါင်းဆောင်ဝိန်ကိုသွားရှာလိုက်မယ်၊ စည်းမျဉ်းအရအပြစ်တချို့ပေးပြီးတာနဲ့ ဘယ်သူကမှ ပြဿနာထပ်မရှာရဲလောက်တော့ဘူးလို့ ကျုပ်ယုံတယ်။"

ကန်တိုနာက အနည်းငယ်တုံ့ဆိုင်းသွားပြီး၊ "ဘယ်သူကမှ ပြဿနာမရှာရဲတော့လောက်ဘူးဆိုပေမယ့်လည်း၊ ဥက္ကဌရှု၊ ကျုပ်တို့ဘန်တာမြို့လယ်သမားတွေကမှန်တယ်လို့ထင်တယ်။ စတက်တိန်းနယ်မြေလယ်သမားတွေက အရမ်းပျင်းရိနေပြီး၊ အလုပ်လည်းမလုပ်ချင်ကြဘဲ လစာကလည်း တူမနေဘူးလေ။ ဒါကတင် ကျုပ်ကို မကျေမနပ်ဖြစ်နေ‌စေပေမယ့် ဒီလူတွေက‌လည်း မကျေနပ်ဘဲ ဘန်တာမြို့သားတွေကို လစာမြင့်ပေးထားတဲ့အကြောင်း ဆင်ခြေလာတောင်းပြီး မမျှတကြောင်းပြောနေကြတယ်။ ဟမ့်၊ ဘယ်သူက မမျှတတာကို ဘယ်သူကသိမှာလဲ?"

ရှုယီက ကန်တိုနာအား လေးနက်နေဟန်ဖြင့်မေးလာ၏၊

"ဒါက‌မင်းရဲ့ အထင်အမြင် အမှန်လား?"

ကန်တိုနာက ကြောင်အသွားကာ အတန်ငယ်တုံ့ဆိုင်းနေပြီးနောက် အံ့ကြိတ်လျက် ခေါင်းငြိမ့်လာ၏။

"ဟုတ်ပါတယ်၊ ဒါကျုပ်ရဲ့အထင်အမြင်အမှန်ပါပဲ။ ဥက္ကဌရှု၊ ကျုပ် လဝက်လောက် စောင့်ကြည့်လာခဲ့တော့ အဲဒီ့ စတက်တိန်းနယ်မြေသားတွေ ဘယ်လောက်တောင်ပျင်းသလဲဆိုတာ ကျုပ်မြင်ပြီးပါပြီ။ ကျုပ်မြင်ရသလောက်ဆိုရင် ကျုပ်တို့ ဘန်တာမြို့လယ်သမားတွေရဲ့ တစ်နေ့တာအလုပ်က သူတို့လုပ်တာရဲ့ ငါးပုံနဲ့ညီမျှပါတယ်၊ ဒါပေမယ့် သူတို့တစ်ဦးချင်းစီက ရွှေဒင်္ဂါးငါးပြားရကြတယ်လေ။ ကျုပ်တို့ ဘန်တာမြို့ရဲ့လယ်သမားဟောင်း‌တွေကျတော့ တစ်နှစ်ကို ရွှေဒင်္ဂါးတစ်ရာပဲရပြီး တစ်လကို သူတို့လစာရဲ့နှစ်ဆဖြစ်တဲ့ ပျမ်းမျှဆယ်ပြားတောင်ရှိမနေဘူးလေ။"

"ဒါပေမယ့် လက်တွေ့မှာ၊ သူတို့ရတာက စတက်တိန်း နယ်မြေက လူတွေရတဲ့ လစာထက်တော့ ပိုမြင့်တယ်မဟုတ်လား?" ရှုယီက ပြန်မေးလိုက်ရင်း, "ဒါဆို စတက်တိန်းနယ်မြေလုပ်သားတွေရဲ့ အမြင်မှာကျတော့ သူတို့ရဲ့ မကျေနပ်ချက်က ကျိုးကြောင်းသင့်တယ်လေ။"

"ဖီ! သူတို့မှာသာ အရည်အချင်းရှိရင်၊ နည်းနည်းလောက် အလုပ်လုပ်လို့မရဘူးလား? ကျုပ်သာဆိုရင် ဘန်တာမြို့ရဲ့စည်းမျည်းတွေကိုလိုက်ရင်း သူတို့ဘယ်လောက်လုပ်ခဲ့သလဲအပေါ်မှာမူတည်ပြီး ပိုက်ဆံပေးမှာပဲ။ သူတို့ အလုပ်ပိုလုပ်ရင် ငွေပိုရမယ်၊ အလုပ်နည်းနည်းလုပ်ရင်တော့ နည်းနည်းရမယ်၊ တစ်ခုမှမလုပ်ရင်တော့ ကြေးတစ်ပြားတောင် မရဘူးမှတ်!"

ရှုယီက ခပ်ဖျော့ဖျော့ပြုံးလျက်၊ "ဒီအကြံက မဆိုးဘူး၊ ဒါပေမယ့် စတက်တိန်းနယ်မြေနဲ့အခြေ‌အနေမတူတာက နှမျောစရာပဲ။‌ ဒါက လက်တွေ့မှာ မဖြစ်နိုင်ဘူးလေ။"

"ဘယ်လိုလုပ်မဖြစ်နိုင်တာလဲ?" ကန်တိုနာက မရှင်းလင်းဟန်ဖြင့် မေးလာသည်။

"ပြောရရင် မင်း ဒီအလုပ်သမားတွေရတဲ့ လစာအများစုက ခေါင်းဆောင်ဝိန်ရဲ့ အိတ်ကပ်ထဲမှာ အဆုံးသတ်သွားတာကို သိမယ်လို့ထင်တယ်။"

ကန်တိုနာက ရပ်တန့်သွား၏။ သူဟာ တစ်စုံတရာကို သတိထားမိသွားကာ ဘေးဘီကိုကြည့်လျက် အသံနှိမ့်ကာပြောလိုက်၏၊ "ဥက္ကဌရှု၊ ခင်ဗျားရဲ့စကားအရ၊ ဒီကိစ္စကို တကယ်တမ်း ခေါင်းဆောင်ဝိန်က အကြံပေးထားတာများလား? ဒီစတက်တိန်းနယ်မြေသားတွေက အမြဲတမ်းအဆင်ပြေနေပြီးမှ ခင်ဗျားမလာခင် နှစ်ရက်အလိုမှာ ရုတ်တရတ်ကြီးပြဿနာ ထရှာတာ အံ့ဩစရာမရှိတော့ပါဘူး။ အဆုံးကျတော့၊ သူတို့က ခင်ဗျားနဲ့အတူ ဒီအနေအထားကို မြှင့်ချင်ရုံပဲကိုး။"

ဘေးမှမန်နေဂျာ ရီလိုင်းက အေးစက်သောဒေါသဖြင့် နှာမှုတ်ကာ၊ "ဟမ့်! ဒီသောက်ဝတုတ်ကတော့၊ ဥက္ကဌရှုကို ကျုပ်တို့ရှေ့မှာပဲ လွန်ခဲ့တဲ့ ရက်တချို့က ချီးမွမ်းသွားသေးတယ်၊ သူက ဒီလို လက်ဆင့်ကမ်းနည်းမျိုးသုံးလာမယ်လို့ထင်မထားခဲ့မိဘူး။ သူက တကယ်ကိုသေဖို့ ထိုက်တန်တယ်!"

ထိုသို့ဆိုလျှင်တောင် ရှုယီက တကယ်ကြီးဂရုမစိုက်ပါချေ။ သူက အပြုံးဖြင့်သာ လက်ကိုယမ်းလျက်၊

"ခင်ဗျားတို့ ဒီလောက်ကြီးတုံ့ပြန်ဖို့ မလိုပါဘူး။ ဒီကိစ္စက ကျုပ်ရဲ့ခန့်မှန်းချက်လေးပါပဲ၊ သက်သေလည်းမရှိဘူးလေ။ ကျုပ်တို့ ရှေ့လျှောက်လည်း ခေါင်းဆောင်ဝိန်နဲ့ ပူးပေါင်းရဦးမှာဆိုတော့ ဒီဆက်ဆံရေးကို ဖျက်ဆီးပစ်လိုက်လို့မရဘူး။"

"ဒါဆို ခင်ဗျားက ဒီခြိမ်းခြောက်မှုကို လက်ခံချင်တာလား?" ကန်တိုနာက အင်မတန်မရှင်းလင်းနေဟန်ဖြင့်ပြောလာသည်၊ "ဥက္ကဌရှု၊ ဒီသောက်ဝတုတ်ရဲ့လောဘက ဘာစည်းမျဉ်းကိုမှသိတာမဟုတ်ဘူး။ သူ့ကိုဒီတစ်ခေါက် သဘောတူပေးလိုက်ရင် ရှေ့လျှောက်လည်း သူဆက်လုပ်လောက်တယ်ဆိုတာ ကျုပ်အာမခံတယ်။"

"အဟုတ်ပဲ၊ ဒီလိုလူမျိုးက သေချာပေါက် ဒီလိုပဲတွေးမှာ။ ခင်ဗျားသူ့ကိုတစ်ခါလောက် အရှုံးပေးလိုက်တာနဲ့၊ သူက ပိုတောင်ဆိုးလာလိမ့်မယ်။ ဥက္ကဌရှု၊ ကျုပ်ထင်တာတော့ ခင်ဗျားသူ့ကို ဒီတစ်ကြိမ်မှာ အောင်မြင်ခွင့်မပေး‌သင့်ဘူး၊ မဟုတ်ရင် ဒါက ဘယ်တော့မှအဆုံးသတ်မှာမဟုတ်ဘူး။" မန်နေဂျာ ရီလိုင်းကလည်း ပြောလာ၏။

"စိတ်လျှော့ပါ၊ ကျုပ်မှာအကြံရှိပါတယ်။"ရှုယီက ခပ်ဖျော့ဖျော့ပြုံးလျက် ခေါင်းခါကာ၊ "ဒါက ငွေကြောင့်ပဲဆိုရင်တော့ ကျုပ်စိတ်မပူပါဘူး။ ပြီးတော့ သူ့မှာ ငွေအလုံအလောက်ရှိရင်တောင် ဒါကိုတစ်သက်လုံးသုံးဖို့ဖြစ်လာရင် ပြဿနာရှိလာလိမ့်မယ်..."

ကန်တိုနာနှင့် မန်နေဂျာ ရီလိုင်းတို့မှာ တစ်ချိန်တည်းတွင် ကြောင်အသွားသည်။ ၎င်းတို့က တစ်ယောက်နှင့် တစ်ယောက်ကြည့်လိုက်ရာ မျက်လုံးများထဲရှိ အံ့ဩခြင်းကို မြင်လိုက်ကြရ၏။

ရှုယီ၏ စကားလုံးများကို သုံးသပ်ကြည့်ရလျှင် ကြားရသည်ထက်ဆိုးသော အဓိပ္ပာယ်ရှိလောက်သည်။

"ကောင်းပြီ၊ ဘန်တာမြို့လယ်သမားတွေကို ဖျောင်းဖြဖို့ မင်းနဲ့ အဓိကထားခဲ့ပြီ၊ ကန်တိုနာ။ မန်နေဂျာရီလိုင်း၊ ကျုပ်တို့က မိတ်ဆွေဟောင်းတွေဆိုတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ကူညီနိုင်တဲ့နေရာမှာ ကူညီနေတဲ့အတွက် ခင်‌ဗျားကို အရင်ဆုံးကျေးဇူးတင်ပါတယ်ဗျာ။"

"ဥက္ကရှုက ယဉ်ကျေးလွန်းနေပါပြီ။" မန်နေဂျာ ရီလိုင်းက လက်ယမ်းပြလိုက်သည်။ "ကျုပ်တို့ဆက်ဆံရေးနဲ့ဆိုရင် ဒါက ကိစ္စသေးသေးလေးပါပဲ။ ဒါပေမယ့် သူတို့ကို ခင်ဗျားကိုယ်တိုင်ဖျောင်းဖျမယ်ဆိုတော့ ရလာဒ်က ပိုကောင်းမယ်လို့ ကျုပ်ခံစားမိတယ်။ ရိုးရိုးသားသားပြောရရင်၊ ကျုပ်တို့ဘန်တာမြို့ လယ်သမားအများစု ဘန်တာမြို့ကနေ ထွက်လာပြီး ဒီမှာလယ်လာစိုက်တာအားလုံးက ခင်ဗျားနဲ့ Frestech ကုန်သည်ကြီးများအသင်းကြောင့်ပါပဲ။"

"အန်း၊ ကျုပ်လုပ်ရမှာပေါ့၊ ဒါပေမယ့် ကျုပ်ဒီမှာ ကြာကြာမနေနိုင်ဘဲ တခြားကိစ္စတွေလုပ်ဖို့လည်း ရှိသေးတာကြောင့် အများစုကို ခင်ဗျားတို့အားလုံး လုပ်ဖို့ လိုတယ်လေ။" ရှုယီက ခေါင်းငြိမ့်ပြီး ကန်တိုနာထံပြောလာသည်၊ "မမေ့နဲ့၊ မင်းအနေနဲ့ ကျုပ်တို့ဘန်တာမြို့လယ်သမားတွေရဲ့ခံစားချက်ကို တည်‌ငြိမ်စေအောင်လုပ်ပေးမှရမယ်၊ သူတို့က ဒီမှာနေပြီး လယ်မြေကို ပြန်လည်ဖြည့်တင်းပေးတာက စိုးရိမ်ဖို့ကောင်းတယ်လို့ ခံစားခွင့်မပြုပါနဲ့။"

"ကောင်းပါပြီ၊ ကျုပ်အကောင်းဆုံးကြိုးစားပါ့မယ်။" ကန်တိုနာက တုံ့ပြန်သည့်အနေနှင့် ခေါင်းငြိမ့်ပြလာသည်။ သူက အနည်းငယ်စဉ်းစားပြီးနောက် မေးလိုက်၏၊ "ဥက္ကဌရှု၊ ကျုပ်သူတို့ကို... ပိုစိတ်ချရအောင် လျော်ကြေးပေးသင့်တယ်လို့ ခင်ဗျားထင်လား?"

"ဟင့်အင်း" ရှုယီက ခေါင်းခါလျက် ထိုအကြံပြုချက်ကို ငြင်းလိုက်သည်၊ “သူတို့က ဒီကိစ္စမှာ နည်းနည်း မှားနေတယ်၊ ဒါကြောင့် ကျုပ်တို့သာ ဒါကို ပုံမှန်အတိုင်းလုပ်ရမယ်၊ ကျုပ်တို့အနေနဲ့ သူတို့ကို အပြစ်ပေးဖို့လည်း လိုသေးတယ်။"

"အပြစ်ပေးရမယ်?" ကန်တိုနာက ထိတ်လန့်ကာ ပြောလာ၏၊ "သူတို့တွေ အလုပ်နားလိုက်မှာကို ကျုပ်စိတ်ပူမိတယ်။"

"ဒါကြောင့် ဒါက အပြင်ပန်းသက်သက်ပါပဲ။ အပြင်ပန်းအရတော့ သူတို့ ရှေ့လျှောက် ဒီလိုပြဿနာတွေကို ရှောင်ရှားဖို့ အပြစ်ပေးရမယ်။ ဒါပေမယ့် ခင်ဗျားသူတို့ကို Frestech ကုန်သည်ကြီးများအသင်းရဲ့ သဘောထားအမှန်အကြောင်း တိတ်တိတ်လေးပြောပြထားလို့ရတယ်။ ကျုပ်အတွက် ဒါကိုလုပ်ဖို့က အဆင်မပြေတာကြောင့် ခင်ဗျားကိုပဲ လွှဲပေးရမယ်၊ ကန်တိုနာ"

ကန်တိုနာက နားလည်ကြောင်းပြရန်ခေါင်းငြိမ့်လိုက်၏။

"ဒါ့အပြင် လယ်စိုက်ခြင်းနည်းလမ်းတွေကိုလည်း ပြောင်းလဲဖို့လိုတယ်။ ဒေသခံလယ်သမားတွေကို သုံးဖို့က မလွယ်တော့ သူတို့ကို နောက်ပိုင်းမှာ ကျုပ်တို့ဘန်တာမြို့ကလယ်သမားတွေနဲ့အတူ လုပ်ခွင့်မပေးနဲ့တော့။ ဘာပဲဖြစ်ဖြစ် စိုက်ပျိုးရေးသုံးမှော်စက်တွေလည်း အတော်များများရှိတာပဲ၊ ကျုပ်တို့ ဘန်တာမြို့သားတွေနဲ့တင် ဒီလယ်မြေကို ပြန်ဖြည့်တင်းဖို့ လုံလောက်ပါတယ်။" ရှုယီက ပြောလာသည်။

"ဒေသခံငါးထောင်ကရော?"

"သူတို့လုပ်နိုင်တာက များပါတယ်။ ဥပမာ၊ သူတို့အနေနဲ့ အခြေခံအဆောက်အဦ ဆောက်လုပ်ရာမှာ၊ လမ်းနဲ့ တခြားအဆောက်အဦတွေပြင်တဲ့နေရာမှာပေါ့။"

မန်နေဂျာ ရီလိုင်းက ခါးသက်သက်ဟန်ကို ထုတ်ပြလာကာ၊ "ဥက္ကဌရှု၊ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့လူတွေကလည်း မလိုချင်သလို ကျုပ်တို့ အမ်ရစ်ကုန်သည်ကြီးများအသင်းကလည်း မလိုချင်ဘူး။ ကျုပ် ဒီလူ‌တွေ ဘယ်လောက်ပျင်းလဲသိတယ်၊ သူတို့ကိုသာ ပို့လိုက်ရင် ကျုပ်တို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်သွားဘူးလား?"

“ကုန်သည်ကြီးများအသင်းကပဲ ပေးမှာပါ၊ ခင်ဗျားက ဘာတွေစိုးရိမ်နေတာလဲ?" ရှုယီက ပြောလိုက်သည်၊ "သူတို့က ဝန်ထုပ်ဝန်ပိုးဖြစ်မှာကို စိုးရိမ်ရင် ဘာအရည်အချင်းမှမလိုတဲ့ အလုပ်ပဲလုပ်ခိုင်းလိုက်ပေါ့ဗျာ။ လမ်းတွေနဲ့ ဆိပ်ကမ်းဆောက်တာက ရိုးရှင်းတဲ့လက်လုပ်လက်စားအလုပ်ပဲလိုတာပါ၊ ဒါကြောင့် သူတို့ကို အဲ့ဒါပေးလိုက်လို့ရတယ်။ သူတို့ကပျင်းပေမယ့်လည်း အနည်းဆုံး လူငါးထောင်ဆိုတော့ နည်းနည်းတော့လုပ်နိုင်မှာပါ။"

မန်နေဂျာ ရီလိုင်းက မျက်မှောင်ကုပ်လျက် သံသယအပြည့်ဖြင့်မေးလာ၏၊ "ဥက္ကဌရှု၊ ကျုပ်ဘာလို့... ခင်ဗျားက ဒီလူငါးထောင်ကို မျက်လုံးထဲမထားဘဲ၊ ခင်ဗျားလုပ်ငန်းရဲ့ အလုပ်သမားအစစ်တွေလို သဘောမထားဘူးလို့ ခံစားနေရတာလဲ?"

ရှုယီက ပခုံးတွန့်လျက်၊ "ဒီလူတွေ သူတို့ရဲ့ပျင်းရိမှုကို ပြောင်းလိုက်တဲ့အချိန်ကျရင် ကျုပ်သူတို့ကို တကယ့်အလုပ်သမားအစစ်တွေလိုဆက်ဆံမှာပါ။ သူတို့ရတဲ့ တစ်လ ရွှေဒင်္ဂါးငါးပြားကလွဲရင် ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ဝန်ထမ်းတွေနှစ်သက်တဲ့ ဘာအကျိုးအမြတ်တစ်ခုကိုမှ သူတို့ မလိုချင်တာကို ခင်ဗျားမတွေ့ဘူးလား?

"ဒါဆိုခင်ဗျား တစ်လကို ရွှေဒင်္ဂါးနှစ်သောင်းလောက်လွှင့်ပစ်နေတာမဟုတ်ဘူးလား?" မန်နေဂျာ ရီလိုင်းက ဝမ်းပန်းတသာပြောလာသည်။

"တခြားနည်းလမ်းမရှိဘူးလေ၊ ဒါကတော့ပေးကိုပေးရမယ့်တန်ဖိုးပဲ။" ရှုယီက ထရပ်ကာ "မန်နေဂျာ ရီလိုင်း၊ ကန်တိုနာကို ဒီကိစ္စနဲ့ပတ်သက်ပြီးကူညီဖို့ ခင်ဗျားကိုပဲ ဒုက္ခပေးရတော့မယ်၊ ကျုပ် ခေါင်းဆောင်ဝိန်နဲ့ သွားပြောဖို့လိုနေပြီဗျာ။"

အံ့ဩဟန်က ၎င်းတို့၏ မျက်နှာများထက်၌ ဖြတ်ပြေးသွားပြီး ကန်တိုနာက စိုးရိမ်နေဟန်ဖြင့် ပြောလာသည်၊

"ဥက္ကဌရှု၊ ဒါက... ခင်ဗျားအဲဒီ့သောက်ဝတုတ်ကို ဖော်ထုတ်ချင်လို့တော့ မဟုတ်ပါဘူးနော်?"

"အချိန်မကျသေးပါဘူး။" ရှုယီက ခပ်ဖျော့ဖျော့ပြုံးကာ၊ "ကျုပ်... သူနဲ့ သဘောတူညီချက်သွားလုပ်ရုံလေးပါပဲ။"

***

All Chapters