← Chapters

အခန်း (၄၁-၅၀)

Vol. 3 Ch. 41-50

အခန်း (၄၁-၅၀)

Vol. 3 Ch. 41-50

Vol 3, အခန်း ၄၁။ အထူးအခွင့်အရေး

ရှုယီကို တစ်ဖန်တွေ့ရသော် ခေါင်းဆောင်ဝိန်၏ အဆီပြင်မျက်နှာကြီးမှာ တောက်ပစွာပြုံးလာလေသည်။ ထိုလူ့ထံတွင် အလုပ်သမားများအား ပြဿနာရှာအောင် တိတ်တဆိတ်လှုံဆော်ခဲ့သည့် အရိပ်အယောင်ပင်ရှိမနေချေ။

"ဥက္ကဌရှု၊ ခင်ဗျားဒီတစ်ခေါက်အလည်လာတာက စည်သွပ်သီးအလုပ်ရုံနဲ့ရာဘာထုတ်ရုံကို တရားဝင်ဖွင့်ဖို့များ စီစဉ်ထားလို့လား?" ခေါင်းဆောင်ဝိန်က အပြုံးဖြင့် မေးလာသည်။

ရှုယီက ခပ်သာသာခေါင်းငြိမ့်ပြလျက်၊ "အန်း၊ ကျုပ် ဒီတစ်ခေါက် ဝန်ထမ်းရေးရာနဲ့ ပစ္စည်းကိရိယာတွေ ယူဆောင်ပြီး ဆောက်လုပ်ရေးစမလို့ပါ။ ပြီးတော့ ခေါင်းဆောင်ဝိန်နဲ့လည်း ကိစ္စတစ်ခု ဆွေးနွေးဖို့ရှိလို့လေ။"

"ဥက္ကဌရှု၊ ပြောပါ။ ကျုပ်ကူညီနိုင်သရွေ့ ဘာပြဿနာမှရှိလာမှာမဟုတ်ပါဘူး။" ခေါင်းဆောင်ဝိန်က နံဘေးရှိ မိန်းကလေးထက်ပင် ကြီးသော သူ၏ရင်ဘတ်ကိုပုတ်လျက် အသံကြီးကြီးဖြင့် ပြောလာသည်။

"ဒါက ဘာမှတော့ ပြဿနာမရှိပါဘူး။" ရှုယီက အပြုံးဖြင့် ဆိုလိုက်၏၊ "ခေါင်းဆောင်ဝိန်၊ စည်သွပ်သီးအလုပ်ရုံအတွက်က ပြောစရာမရှိပေမယ့် ရာဘာထုတ်ရုံမှာတော့ နတ်သူငယ်တွေရှိဖို့လိုတာကြောင့် ဒီအလုပ်ရုံမှာလုပ်ကိုင်မယ့် နတ်သူငယ်တွေအတော်များများရှိလာလိမ့်မယ်လို့ထင်တယ်။ ခင်ဗျားအနေနဲ့ သူတို့ကိုလက်ခံနိုင်ဖို့ စိတ်ပြင်ဆင်ထားမယ်လို့ မျှော်လင့်ပါတယ်။"

ခေါင်းဆောင်ဝိန်က ရပ်တန့်သွားကာ၊ "နတ်သူငယ်လုပ်သားတွေ? မဖြစ်နိုင်တာ? ဘယ်အချိန်ကစပြီး နတ်သူငယ်တွေက လူသားအလုပ်ရုံတွေမှာ လုပ်နေကြတာလဲ?"

"ကန်တိုနာ ခင်ဗျားကို ဒီကိစ္စမပြောထားဘူးလား?" ရှုယီက အတန်ငယ်အံ့အားသင့်သွားကာ၊ "ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းမှာ နတ်သူငယ်တွေရှိခဲ့တာကြာလှနေပြီ၊ ဘာမှမထူးဆန်းပါဘူး။"

"သူတို့ကျုပ်ကို အရင်ကတစ်ခါမှမပြောပြဖူးဘူး။"

ခေါင်းဆောင်ဝိန်က ခေါင်းခါရင်း ရှုယီထံ အံ့ဩစွာကြည့်လာ၏၊ "ဥက္ကဌရှု၊ ခင်ဗျားကတကယ်ကို အရည်အချင်းရှိတာပဲ။ ခင်ဗျားရဲ့လုပ်ငန်းမှာ ဒီမာနကြီးတဲ့နတ်သူငယ်တွေကို အလုပ်,လုပ်ဖို့တောင် ခိုင်းနိုင်တယ်။ သူတို့က တကယ်ပဲ လူသားတွေရဲ့ ညွှန်ကြားမှုနဲ့ ခေါင်းဆောင်မှုကို နားထောင်ဖို့ ဆန္ဒရှိတယ်လား?"

"ဒီလိုယူဆလို့မရပါဘူး။ ဒါက ပူးပေါင်းမှုဖြစ်ပြီး အားလုံးက လိုအပ်တာကို ရကြတယ်လေ။" ရှုယီက ခေါင်းခါလျက် ပြောလိုက်သည်၊ "ဥပမာ၊ နတ်သူငယ်တွေကပဲ ရာဘာထုတ်ရုံမှာလိုအပ်တဲ့ မှော်အစီအရင်ကို ဖန်တီးနိုင်တာကြောင့် ကျုပ်တို့ကိုယ်ကျုပ်တို့ နတ်သူငယ်တွေဆီကနေ ခွဲထားလို့မရဘူးလေ။ ကျုပ်တို့က နတ်သူငယ်တွေရဲ့နည်းပညာကိုလိုအပ်ပြီး နတ်သူငယ်တွေက ကျုပ်တို့လုပ်ငန်းဆီက တစ်ခုခုကိုလိုအပ်တယ်၊ ဒါကြောင့် အခုဆို နှစ်ဘက်စလုံးက ပူးပေါင်းမှုကြောင့် ပျော်ရွှင်နေရပါတယ်။"

"အိုး၊ ဒါက အတော်လေးအဆင်ပြေတာပဲ။" ခေါင်းဆောင်ဝိန်က တကယ်နားမလည်ဟန်ဖြင့် ခေါင်းငြိမ့်ကာ၊ "ဒါဆို ခင်ဗျားက ကျုပ်တို့စတက်တိန်းနယ်မြေက လရိပ်မျိုးနွယ်စုနတ်သူငယ်တွေကိုရော ဒီရာဘာထုတ်ရုံအတွက် အလုပ်ခေါ်မှာလား?"

"ဒါကို မဆုံးဖြတ်ရသေးပါဘူး။ ကျုပ် ဒီတစ်ကြိမ်တော့ လရိပ်မျိုးနွယ်စုနဲ့ ဆွေးနွေးချင်ပါတယ်။" ရှုယီက ပြောလာသည်၊ "ဒါပေမယ့် တိုးချဲ့မှုကို မနှောင့်နှေးစေဖို့ အရင်ဆုံး ရာဘာထုတ်ရုံကို ပြင်ဆင်ရမယ်။ တစ်ချိန်တည်းမှာပဲ အချိန်ကျလာရင် ထုတ်လုပ်ရမယ့်ရာဘာ လုံလောက်မှုကို အာမခံနိုင်ဖို့ ရာဘာတွေကိုစုဆောင်းရမယ်။ ခေါင်းဆောင်ဝိန်၊ ခင်ဗျားအနေနဲ့ ကျုပ်တို့ ဒီရာဘာတွေဝယ်ရာမှာ ကူညီပေးနိုင်ဖို့ မျှော်လင့်ပါတယ်။"

ခေါင်းဆောင်ဝိန်၏အပြုံးက ပို၍ပင်တောက်ပလာ၏။ ရှုယီ၏စကားလုံးများမှာ ရာဘာစုဆောင်းခြင်းတာဝန်အား သူ့ဆီပေးနေသည်ဟု အဓိပ္ပာယ်ရပြီး ၎င်းက သူ့ထံ အမြတ်စွန်းကြီးကြီးပေးလိမ့်မည်ပင်။

"ဥက္ကဌရှု၊ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက ရာဘာကို ဘယ်လောက်ဝယ်ဖို့စီစဉ်ထားလဲ မေးလို့ရမလား?" ခေါင်းဆောင်ဝိန်က မေးလိုက်၏။

"အန်း... ကျုပ် အဲဒီ့ရာဘာရဲ့အရည်အသွေးကို ကြည့်ဖို့လိုတယ်၊ ဒါပေမယ့် လတ်တလောတော့ တစ်တန်ကို ရွှေဒင်္ဂါးနှစ်ဆယ်သုံးဖို့ စဉ်းစားထားတယ်။ ခေါင်းဆောင်ဝိန်ရော ဒီဈေးနှုန်းကိုဘယ်လိုထင်လဲ? ထင်မြင်ချက်ပေးဖို့များရှိလား?" ရှုယီက ပြန်မေးလိုက်သည်။

"မရှိပါဘူး၊ မရှိပါဘူး၊ ဒါက အရမ်းသင့်တော်တဲ့ဈေးနှုန်းပဲ! ကျုပ်မှာ ဘာအကြံမှပေးဖို့မရှိပါဘူး! ခေါင်းဆောင်ဝိန်က ကူကယ်ရာမဲ့စွာ ရယ်မောလိုက်ပြီး သူ၏ရယ်သံထဲမှ လှိုက်လှိုက်လှဲလှဲပျော်ရွှင်နေမှုကို ဖုံးမထားပါချေ။

ရာဘာပင်များအား စတက်တိန်း နယ်မြေတစ်လျှောက်တွင် ရှာတွေ့နိုင်၏။ ပုံမှန်အားဖြင့် မည်သူကမှ ရာဘာထုတ်လုပ်မှုနှင့် မရင်းနှီးသည့်အတွက် ၎င်းတို့အား လုံးဝဖြုန်းတီးနေသလိုပင်။

ယခုတွင် Frestech ကုန်သည်ကြီးများအသင်းက ခေါင်းဆောင်ဝိန်၏မျက်လုံးထဲ၌ အမှိုက်နှင့်မခြားသည့်ထိုအရာများကို တစ်တန်နှင့် ရွှေဒင်္ဂါးပြားနှစ်ဆယ်ဖြင့် ဝယ်မည်ဟုဆိုလာရာ ၎င်းက ကောင်းကင်မှ ငွေမိုးရွာသွန်းနေသလိုပါပင်။ သူဟာ မည်သို့များ မပျော်မရွှင်ဖြစ်နေရမည်နည်း။

"ဥက္ကဌရှု၊ စိတ်ချပါ၊ ကျုပ်ချက်ချင်းပဲ ရာဘာတွေစုဆောင်းဖို့ လူတွေလွှတ်လိုက်ပါ့မယ်၊ ပြီးတော့ ခင်ဗျားရဲ့အလုပ်ရုံဖွင့်တာနဲ့ သုံးဖို့ အလုံအလောက်ရှိနေရစေမယ်လို့ အာမခံပါတယ်!" ခဏရပ်တန့်ပြီးနောက်၌ ခေါင်းဆောင် ဝိန်က မေးလိုက်ပြန်သည်၊

"ဒါပေမယ့် ဥက္ကဌရှု၊ ခင်ဗျားရဲ့အလုပ်ရုံက တစ်လကို ရာဘာ ဘယ်နှတန်လောက် သုံးနိုင်မှာလဲ? ကျုပ်တို့ စုဆောင်းတာ အရမ်းများသွားရင်..."

"ခင်ဗျားစိတ်ပူဖို့မလိုပါဘူး။ စုဆောင်းဖို့ကိုပဲဂရုစိုက်ပါ၊ ကျုပ်တို့အနေနဲ့ ခင်ဗျားယူလာသမျှကို ဝယ်နိုင်ပါတယ်။" ရှုယီက သေချာသည့်အသံဖြင့် ပြောလိုက်၏။

ခေါင်းဆောင်ဝိန်က ပျော်ရွှင်သွား၏။ သူ၏ခန့်မှန်းခြေအရ၊ သူ၏နယ်မြေရှိ သစ်ပင်အားလုံးကို စုပေါင်းလိုက်လျှင် တစ်လကို ရာဘာတန်ပေါင်းတစ်ထောင်ဝန်းကျင် စုဆောင်းနိုင်မည်ပင်။ Frestech ကုန်သည်ကြီးများအသင်းက အားလုံးကို ဝယ်ယူလိုက်ပါလျှင် ထိုသည်က တစ်လကို ရွှေဒင်္ဂါးနှစ်သောင်းဝင်သည်နှင့် ညီမျှ၏။

တစ်နှစ်လျှင် ရွှေဒင်္ဂါးနှစ်သိန်းကျော် အမြတ်ရမည်ပင်။

ငှားရမ်းနယ်‌မြေ၊ Frestech ကုန်သည်ကြီးများအသင်းလွှဲပေးမည့် သီးနှံများနှင့် ဒေသခံလုပ်သားများထံမှ လစာများနှင့်အတူပေါင်းကာ အရာအားလုံးကို ရေတွက်ကြည့်ပြီးနောက်တွင် တစ်နှစ်ကို Frestech ကုန်သည်ကြီးများအသင်းဆီမှ ရွှေဒင်္ဂါးခုနှစ်သုံးအထိပင် ရရှိမည်ဖြစ်၏!

ယင်းမတိုင်ခင်က ခေါင်းဆောင်ဝိန်မှာ စတက်တိန်းနယ်မြေ၏မြောက်ပိုင်းမှ အကြီးဆုံးမျိုးရိုးမြင့်ဖြစ်သော်လည်း စတက်တိန်းနယ်မြေစုစုပေါင်း၏ လေးပုံတစ်ပုံနှင့် ညီမျှသော မြေကွက်ရှိခဲ့ပြီး တစ်နှစ်လျှင် သူ၏ဝင်ငွေက ရွှေဒင်္ဂါးသုံးသိန်းဝန်းကျင်း၌သာရခဲ့၏။

ယခုတွင် Frestech ကုန်သည်ကြီးများအသင်းက ရင်းနှီးမြှုပ်နှံလာလေရာ သူ၏နှစ်စဉ်ဝင်ငွေက ဆတိုးလာခဲ့သည်!

ထို့ကြောင့် ခေါင်းဆောင်ဝိန်က ရှုယီကို အင်မတန်ခံစားချက်ပြင်းသော အကြည့်ဖြင့်ကြည့်လိုက်လေရာ ရှုယီသည်ပင် ကြက်သီးများထလာသည်ကို ခံစားလိုက်ရ၏။

ရှုယီက မထိန်းနိုင်တော့ဘဲ ပခုံးကို စောင်းလျက် ခေါင်းဆောင်ဝိန်၏ မေတ္တာရွှမ်းနေသော အကြည့်ကို ရှောင်ရင်း ဆက်ပြောလေသည်၊" ခေါင်းဆောင်ဝိန်, ဒါ့အပြင်၊ ကျုပ်မှာ ခင်ဗျားကို အကူညီတောင်းစရာလေးရှိသေးတယ်။"

"ပြောပါဗျာ။ ဘာပဲဖြစ်ဖြစ် ကျုပ်သဘောတူပါ့မယ်။" ခေါင်းဆောင်ဝိန်က အပြုံးဖြင့် ဆိုလာသည်။

"လွန်ခဲ့တဲ့နေ့တွေတုန်းက၊ ကွင်းထဲက လယ်သမားတွေ ပြဿနာဖြစ်ခဲ့ကြတယ်၊ အဓိကအနေနဲ့ လမ်ပူရီတိုင်းပြည်လုပ်သားတွေနဲ့ ဒေသခံလုပ်သားတွေကြားမှာပေါ့။ ကန်တိုနာကိုတော့ ကျုပ်တို့လမ်ပူရီတိုင်းပြည်လုပ်သားတွေနဲ့ သဘောတူညီမှုလုပ်ခိုင်းထားလိုက်ပြီးပြီ၊ ဒါကြောင့် ခေါင်းဆောင်ဝိန်အနေနဲ့ ဒေသခံလုပ်သားတွေကို ဖြောင်းဖျပေးနိုင်ဖို့မျှော်လင့်မိတယ်။"

"ဖြောင်းဖျရမယ်?" ခေါင်းဆောင်ဝိန်က ခေါင်းခါလျက်၊ "ဒီအမှိုက်တွေနဲ့ပတ်သက်ပြီး ယဉ်ကျေးတဲ့စကားလုံးကိုသုံးဖို့တောင် လိုသေးလို့လား‌ဗျာ? ဥက္ကဌရှု၊ ခင်ဗျားသူတို့ကို မကျေနပ်ရင် ကျုပ်သင်ခန်းစာပေးလိုက်ပါ့မယ်။ စိတ်ချပါ၊ သူတို့သေချာပေါက် ပြန်မတိုက်ဝံ့စေရဘူး။"

"ကျုပ် ဒီလိုပြောတာမဟုတ်ပါဘူး။" ရှုယီက ခေါင်းခါလျက်နှင့်၊ "သူတို့ကို သင်ခန်းစာပေးတာက အဓိပ္ပာယ်မရှိပါဘူး၊ သူတို့နားလည်နိုင်ဖို့ပဲ မျှော်လင့်တာပါ။ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက ဒီကို ရင်းနှီးမြှုပ်နှံဖို့ရောက်လာတော့ အားလုံးက ကောင်းကောင်းလုပ်ရင် နှစ်ဘက်စလုံးအတွက် အကျိုးအမြတ်ချည်းပါပဲ။ ဒါပေမယ့် အမြဲပြဿနာဖြစ်နေရင်တော့ ဒီနေရာမှာပဲ ကျုပ်ယုံကြည်ချက်ပျောက်ပြီး မြုပ်နှံမယ့် အကြံတွေကို လက်လျှော့လိုက်ရလိမ့်မယ်။ ကျုပ်ထင်တာတော့ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းပဲ ဆုံးရှုံးမှာမဟုတ်ဘဲ ခေါင်းဆောင်ဝိန်တို့ဘက်မှာလည်း ဆုံးရှုံးမှုကကြီးမားနိုင်တယ်။"

နောက်ဆုံးစကားများကို ပြောချိန်တွင် ရှုယီက ခေါင်းဆောင်ဝိန်၏ မျက်လုံးများကိုကြည့်ရင်း လေးနက်နေဟန်ဖြင့် ပြောလိုက်ပါ၏။

နေရခက်ဟန်က ခေါင်းဆောင်ဝိန်၏မျက်နှာထက်၌ပေါ်လာသည်။ ရှုယီက အပြင်ပန်းတွင် ဒေသခံလုပ်သားများအား သတိပေးနေသော်လည်း သူ့ကိုပါ သတိပေးနေခြင်းဖြစ်သည်။

ရှုယီပြောခဲ့သလိုပင်၊ သူသာ မကျေနပ်ပါလျှင် ဤနေရာ၌ ယုံကြည်မှုပျောက်ဆုံးကာ Frestech ကုန်သည်ကြီးများအသင်းအနေနှင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုကို ပြန်လည်ရုတ်သိမ်းသွားမည်ဖြစ်၏။ အကြီးမားဆုံးသောဆုံးရှုံးမည်မှာ ခေါင်းဆောင်ဝိန်၏ဘက်မှဖြစ်ပြီး အတိအကျဆိုရလျှင် ခေါင်းဆောင်ဝိန်ကိုယ်တိုင်ပါပင်။

ယခုတွင် သူဟာ Frestech ကုန်သည်ကြီးများအသင်းဆီမှ ဤနှစ်အတွက် ရွှေဒင်္ဂါးခုနှစ်သိန်းဆိုသည့် အမြတ်အစွန်းကြီးကြီးမားမားကိုရနိုင်မည်ဖြစ်ရာ Frestech ကုန်သည်ကြီးများအသင်းကသာ ထွက်ခွာသွားပါလျှင် သူအနေနှင့်လည်း အမြတ်စွန်းကိုဆုံးရှုံးမည်ဟုဆိုလိုသည်ပင်။ ၎င်းမှာ ခေါင်းဆောင်ဝိန်လုံးဝလက်မခံနိုင်သည့် အရာပင်။

ထို့ကြောင့် ရှုယီသတိပေးလာသည်ကို အနည်းငယ်မကျေနပ်ပါသော်လည်း ခေါင်းဆောင်ဝိန်မှာ အပြုံးကြီးကြီးနှင့်ပင် ခေါင်းငြိမ့်လိုက်ဆဲဖြစ်၏၊ "စိတ်ချပါ၊ ဥက္ကဌရှု၊ ကျုပ်သေချာပေါက် ဒီအမှိုက်တွေကို သင်ပေးလိုက်ပါ့မယ်။ သူတို့ထပ်ပြီး ပြဿနာမရှာစေရဘူးလို့ ကျုပ်အာမခံတယ်!"

"ကောင်းပြီ၊ ကျုပ်ခေါင်းဆောင်ဝိန်ကိုယုံပါတယ်" ရှုယီ၏လေးနက်နေဟန်က ပျောက်ကွယ်သွားပြီး အပြုံးဖျော့ဖျော့ဖြင့် ဆိုလိုက်သည်၊ "ခေါင်းဆောင်ဝိန်, ကျုပ် ခင်ဗျားကို သတင်းကောင်းတချို့ပြောရဦးမယ်။ ကျုပ်ရဲ့ Frestech ကုန်သည်ကြီးများအသင်းက စတက်တိန်းနယ်မြေမှာ ရင်းနှီးမြှုပ်နှံလိုက်ကြောင်းကို သိကြပြီးနောက်မှာ ဘန်တာမြို့က အခြားလုပ်ငန်းစုတွေကလည်း ဒီမှာ ရင်းနှီးမြှုပ်နှံမယ့် ရည်ရွယ်ချက်တွေရှိနေကြပြီ။ ဒါကြောင့် ကျုပ်‌ ခေါင်းဆောင် ဝိန်ကို ဒီနယ်မြေရဲ့ ဝန်းကျင်ကို အဆင့်မြှင့်ပြီး ဒီနေရာမှာ မြှုပ်နှံမယ့် သူတို့ရဲ့ယုံကြည်မှုကို ခိုင်မာအောင်လုပ်သင့်တယ်လို့ အကြံပြုပါတယ်။"

"ဒီကိုလာချင်တဲ့ အခြားလုပ်ငန်းစုတွေရှိသေးတာလား? ကောင်းတာပေါ့!" ခေါင်းဆောင်ဝိန်၏မျက်လုံးများက တောက်ပသွားကာ အလျင်အမြန်မေးလာသည်၊ "ဒါဆို ဥက္ကဌရှု၊ ခင်ဗျားပြောတဲ့...ဒီနယ်မြေဝန်းကျင်ကို အဆင့်မြှင့်တာက ဘယ်လိုများလုပ်သင့်သလဲ?"

"ဒါက တကယ်တော့အရမ်းရိုးရှင်းပါတယ်။ အရင်ဆုံး၊ ကျုပ်တို့ လုပ်ဖို့လိုတာက..."

ဤသည်မှာ ရှုယီက ကောင့်ထ်စီယန် ဘန်တာမြို့စားဖြစ်စဉ်က မြို့တော်ပြင်ဆင်ရေးအစီစဉ်ကို ပေးနေသည်က ထပ်မံဖြစ်ပွားလာသလိုပါပင်။

မှန်ပါ၏၊ ကောင့်ထ်စီယန်၏ ထူးကဲကာ အမြော်အမြင်ရှိပုံနှင့်ယှဉ်လျှင်တော့ ထိုဝတုတ်ခေါင်းဆောင်ဝိန်ထံ၌ မည်သည်မှရှိမနေပါချေ။

သို့သော် သူ့ထံ၌ ကုသိုလ်ကောင်းရှိသည်။ ထိုသည်မှာ သူ့အား ငွေရမည်ဟု ကတိပေးထားသရွေ့ ဂရုမစိုက်ဘဲ ရှုယီပြောသမျှကို သဘောတူမည်ဖြစ်၏။

ရှုယီက ခေါင်းဆောင်ဝိန်၏နယ်မြေကို တိုးတက်စေရန် အကြံပြုချိန်တွင် ခေါင်းဆောင်ဝိန်က မည်သည့်ကန့်ကွက်မှုမှ ပြုမလာချေ။ သူက ရှုယီလုပ်လိုသည့် အရာအားလုံးကိုသာ ထောက်ပံ့နေ၏။

သို့သော်... ရှုယီက ၎င်း၏ကုန်ကျမည့်စရိတ်ကိုပြောလာသည့်အခါတွင် ခေါင်းဆောင်ဝိန်၏မျက်နှာက တွန့်ရှုံ့သွားလျက် အရုပ်ဆိုးလာသည်။

"ဒါနဲ့... ဥက္ကဌရှု၊ ခင်ဗျားရဲ့ခန့်မှန်းချေအရ ဒါက ရွှေဒင်္ဂါးပြားဘယ်လောက်များ ကုန်ကျလိမ့်မယ်လို့ ထင်သလဲ?'

ရှုယီက သူ့ကိုကြည့်လျက် လက်နှစ်ချောင်းထောင်ပြလာကာ၊ "ကနဦးခန့်မှန်းခြေအရတော့ နှစ်သန်း"

"ဘာ? နှစ်သန်း?" ထိုသည်ကိုကြားပြီး ခေါင်းဆောင်ဝိန်မှာ အသိစိတ်ပျောက်၍ ထခုန်မိကာ မယုံနိုင်ပင်ဖြစ်သွားရ၏၊ "မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဖြစ်နိုင်တာ! ဥက္ကဌရှု၊ ခင်ဗျား အတွက်မှားတာဖြစ်ရမယ်! ဒါက လမ်းလေးတချို့ကို မြေပြင်ချောမွေ့အောင်လုပ်တာပဲလေ၊ ဘယ်လိုများ ရွှေဒင်္ဂါး နှစ်သန်း ကုန်ကျမှာလဲ? ကျုပ်မြင်သလောက် သုံးသပ်ကြည့်ရရင် နှစ်သိန်းလောက်ဆိုရင်တောင် အတော်လေးမြင့်နေပြီ!"

ရှုယီက တိတ်တဆိတ်ရယ်ကာ၊ ထိုလောဘကြီးသောဝတုတ်က ကြေးတစ်ပြားပင် ထုတ်ဖို့ဆန္ဒမရှိဟု တွေးတောလိုက်၏။

သူခန့်မှန်းထားသလိုဖြစ်သောကြောင့် အံ့ဩမသွားချေ။ သူက ပြုံးနေဆဲဖြစ်ပြီး ပြောလာ၏၊ "ခေါင်းဆောင်ဝိန်, ခင်ဗျားဒီလောက်ထိ မပေးချင်လည်း အဆင်ပြေပါတယ်၊ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကပဲ အားလုံးကို ဂရုစိုက်ပေးပါ့မယ်။"

ခေါင်းဆောင်ဝိန်က ပျော်ရွှင်သွားပြီးမှ ရှုယီကို သတိထားဟန်ဖြင့်ကြည့်လိုက်ရင်း၊ "ဥက္ကဌရှု၊ ဒါက ရွှေဒင်္ဂါးနှစ်သန်းလေ၊ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက ပေးချင်တယ်ဆိုတာ တကယ်ပဲသေချာရဲ့လား? ကျုပ် တစ်ခုခုများ... လုပ်ပေးဖို့ လိုလို့လား?"

"ကျုပ် ခင်ဗျားကို ဘာမှ မလုပ်ခိုင်းပါဘူး၊ ကျုပ်အနေနဲ့ Frestech ကုန်သည်ကြီးများအသင်းအတွက် အထူးအခွင့်အရေးပဲလိုချင်တာပါ။" ရှုယီက မျက်လုံးများကို မှေးကျဉ်းလျက် ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။

***

မှော်စက်မှုအင်ပါယာ

Vol3, အခန်း ၄၂။ ဘယ်အချိန်မှာ ဖွံ့ဖြိုးနိုင်မလဲ?

"ရွှေဒင်္ဂါးနှစ်သန်းကိုသုံးပြီး သက်တော်စောင့်ငါးထောင်ပဲရမယ့် အခွင့်အရေးလား?" ဥက္ကဌခရုစ်က ရှုယီကို မယုံကြည်နိုင်စွာကြည့်ရင်း မျက်မှောင်ကျုံ့လိုက်ကာ၊ "ရှုယီ၊ စတက်တိန်းနယ်မြေကို လာပြီးနောက်မှာ ကျုပ်ဘာလို့ ခင်ဗျားရဲ့စိတ်က ပျက်စီးသွားပြီး အမြဲ ငွေကုန်မယ့်အလုပ်ပဲ လုပ်နေတယ်လို့ ခံစားနေရတာပါလိမ့်?"

"ငွေကုန်တယ်?" ရှုယီက ခပ်ဖျော့ဖျော့ပြုံးကာ၊ "ခင်ဗျားအရင်ဆုံးနားလည်သင့်တာက ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ ရွှေဒင်္ဂါးနှစ်သန်းပေးရမယ်ဆိုပေမယ့်လည်း ဒါက ဒီနယ်မြေဝန်းကျင် ဖွံ့ဖြိုးဖို့ သုံးမှာလေ။ ဒီကနေ အကျိုးအမြတ်အရဆုံးက ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းပဲ ဖြစ်မှာကြောင့် ဒါကို ရင်းနှီးမြှုပ်နှံတာလို့ ခေါ်နိုင်တယ်။"

"ပြဿနာက ဒီနေရာက စတက်တိန်းနယ်မြေဖြစ်နေတာပဲ။ ခင်ဗျားရဲ့ Frestech ကုန်သည်ကြီးများအသင်းက ဒီမှာ အခုရင်းနှီးမြှုပ်နှံနိုင်နေပေမယ့် ကောင်းတဲ့အရာတွေက မရှည်ကြာဘူးလေ။ တစ်နေ့ ခင်ဗျား ဒီမှာထပ်မနေနိုင်တော့ရင် ဒီအရာတွေက ဖြုန်းတီးရာကျသလိုဖြစ်မသွားဘူးလား?" ဥက္ကဌခရုစ်က ရှုပ်ထွေးနေသံဖြင့်ပြောလာသည်။

"ကျုပ် အနာဂတ်မှာ ဒီကနေ ထွက်သွားမယ်လို့ဘယ်သူပြောလဲ?" ရှုယီက ပြန်မေးလိုက်၏။

"ခင်ဗျားမနေနိုင်ပါဘူး၊ ဒီနေရာက..." ဥက္ကဌခရုစ်မှာရုတ်တရတ်ရပ်တန့်ကာ ရှုယီကို အံ့ဩစွာကြည့်လိုက်၏။ သူဟာ ဘေးဘီကိုကြည့်ရင်း တဖြည်းဖြည်းနီးလာကာ တုန်ရီနေဟန်အသံကိုနှိမ့်၍ မေးလာသည်၊ "ဟေး၊ ရှုယီ၊ ခင်ဗျားတွေးနေတာက အဲ့ဒါတော့မဖြစ်နိုင်လောက်..."

ရှုယီက လက်ယမ်းကာ၊ "ကျုပ်ကိုမမေးနဲ့ ပြောပြမှာမဟုတ်ဘူး။"

ဥက္ကဌခရုစ်က ပါးစပ်ကိုပိတ်၍ မျက်လုံးမှေးကာ ရှုယီကို အဓိပ္ပာယ်ပါပါကြည့်နေ၏။ ထို့နောက်တွင် နောက်ကို ပြန်ဆုတ်လျက် ရှုယီနှင့် ပထမဆုံး တွေ့ဆုံသလိုကြည့်နေသည်။ ပြီးသော် ခေါင်းခါလျက် သက်ပြင်းချကာပြောလိုက်၏၊ "ရှုယီ၊ ကျုပ် ဒီနေ့ ခင်ဗျားရဲ့ ရည်မှန်းချက်တွေက ထင်ထားတာထက်တောင် ပိုပြီးကြီးမားနေသေးတယ်ဆိုတာကို သတိထားမိသွားပြီ။ ဒါပေမယ့် ... လူငါးထောင်လေးနဲ့တင် လုံလောက်မယ်လို့ ခင်ဗျားထင်လို့လား? ခင်ဗျား စတက်တိန်းနယ်မြေကို အတော်လေး အထင်သေးနေတာမဟုတ်ဘူးလား?"

"ခင်ဗျား ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းဆန်နက်မြေရိုင်းမှာ နောက်ဆုံးအကြိမ်တုန်းက ခေါ်လာခဲ့တဲ့ အစောင့်တွေရဲ့ တိုက်ပွဲခွန်အားကို ဘယ်လိုထင်လဲ?" ရှုယီက သိသိသာသာမသက်ဆိုင်သည့် မေးခွန်းကို ပြန်မေးလာသည်။

ဥက္ကဌခရုစ်က အံ့ဩသွားပြီးနောက် အတန်ကြာတွေးတောကာ မျက်မှောင်ကျုံ့ရင်းပြောလိုက်၏၊

"အရမ်းသန်မာတယ်၊ ဒါပေမယ့် ဒီတိုက်ပွဲခွန်အားကို ထိန်းသိမ်းဖို့... အရမ်းမခက်ခဲဘူးလား?"

"ဒါက ကျုပ်တို့အခုဆွေးနွေးနေတဲ့ အကြောင်းရင်းမဟုတ်ဘူးလေ။" ရှုယီက အပြုံးဖြင့်ခေါင်းခါလျက်၊ "ရိုးရိုးသားသားပြောရရင် ကျုပ်ဘာကိုမှလုပ်ဖို့မလိုဘဲ စတက်တိန်းနယ်မြေကပဲ ကိုယ်တိုင်ပြောင်းလဲမှာလည်း ဖြစ်နိုင်တယ်။"

"ဒီ‌နယ်မြေကလူတွေက တစ်နေကုန်အိပ်ပဲအိပ်ချင်မေကြတာ၊ ဘယ်လိုများပြောင်းလဲနိုင်မှာလဲ?" ဥက္ကဌခရုစ်က နှာခေါင်းရှုံ့လိုက်၏။

ရှုယီမှာ မနေနိုင်မထိုင်နိုင် ရယ်မောလျက် ဥက္ကဌခရုစ်၏ ပခုံးကိုပုတ်ကာ၊ "ဘာလဲ? ခင်ဗျားလည်း ဒီက‌လူတွေ ပျင်းတာ သိပြီးပြီပေါ့?"

ဥက္ကဌခရုစ်က နှာခေါင်းရှုံ့ရင်း ထပ်ပြောသည်၊ "ကျုပ်တကယ်ပဲ အံ့ဩမိပါတယ်၊ လူတစ်ယောက်ကဘယ်လိုမျိုး ဒီလောက်ပျင်းနိုင်ရသလဲလို့လေ? ခင်ဗျားပို့လိုက်တဲ့ လူငါးထောင်ထဲကနေ နှစ်ထောင်လောက်ကို အရိုးရှင်းဆုံးအလုပ်လေးလုပ်ခိုင်းလိုက်တာ ဘာဖြစ်သွားတယ်လို့ ခင်ဗျားထင်လဲ? အခုဆို တစ်ပါတ်တောင်ရှိနေပြီကို အဲဒီ့ လူနှစ်ထောင်က... လူနှစ်ထောင်ကလေ! သူတို့တကယ်ကြီး မြေကွက်ရဲ့တစ်ဆယ်ကီလိုမီတာထိပဲ ချရသေးတယ်။ သူတို့ရဲ့ လုပ်နိုင်စွမ်းနဲ့ဆိုရင် လမ်းတွေကို ဆောက်လို့မပြီးသေးခင်မှာတင် ကျုပ်စောင့်နေရင်းနဲ့ပဲ သေသွားနိုင်တယ်လို့ ထင်မိတယ်ဗျာ။"

"ဒါကြောင့် ကျုပ်ပြောတယ်လေ၊ ဒီက လုပ်သားတွေရဲ့လုပ်နိုင်စွမ်းကို ထည့်မတွက်ပါနဲ့လို့၊ လမ်ပူရီတိုင်းပြည်က လူတွေကို ခေါ်လာရင် အကောင်းဆုံးပဲ။ ပြီးတော့ ကျုပ် ဒီနေရာကလူတွေအပေါ်မှာ တန်ဖိုးရှိတဲ့လစာတွေကို ထပ်ဖြုန်းဖို့ ဆန္ဒမရှိဘူး။ ငွေသာရှိရင် ကျုပ်အနေနဲ့ လမ်ပူရီတိုင်းပြည်သားတွေကိုပဲ ပေးလိုက်မယ်။" ရှုယီက ပြော၏။

"အန်း၊ ကျုပ် ဆုံးဖြတ်ပြီးပါပြီ။ ကျုပ် လာမယ့်ရက် ဘန်တာမြို့ကို ပြန်သွားရင်၊ အိုး၊ မဟုတ်ဘူး၊ ဘန်တာမြို့ပဲမဟုတ်ဘူး၊ ကျုပ် အနီးအနားမြို့တွေက လုပ်သားတွေကိုလည်း စုဆောင်းလာခဲ့မယ်။ မဟုတ်ရင် ကျုပ်တို့ ဆက်ထိန်းနိုင်မှာမဟုတ်လောက်ဘူး။"

"ဒါက အကောင်းဆုံးဖြစ်မှာပါ။" ရှုယီက ခေါင်းငြိမ့်၍ ပြောလိုက်သည်၊ "ခင်ဗျားအတွက် လမ်းအလုပ်တွေ နည်းလာမှာ မဟုတ်ရုံတင်မကဘူး ပိုလို့တောင်အလုပ်များလာဦးမယ်လို့ ကျုပ်ပြောရဲတယ်။ ခင်ဗျားထိုင်ဖို့တောင် အချိန်ရမှာမဟုတ်ဘူး။"

"ဒါက အတိအကျပဲ။" ဥက္ကဌခရုစ်က ဂုဏ်ယူပြုံးဖြင့်ဖြေလာ၏၊ "လမ်းတွေရဲ့အကျိုးအမြတ်ကိုသိပြီးနောက်မှာ သူတို့အတွက် လမ်းဆောက်ပေးစေချင်တဲ့ လူတွေလည်း များလာကြတယ်။ လမ်ပူရီတိုင်းပြည်မှာ ကျုပ်တို့တွေ ကီလိုမီတာတစ်ထောင်ကျော်ရှည်တဲ့လမ်းတွေဆောက်ခဲ့ရုံတင်မကဘူး ရူဒ်ဆန်တိုင်းပြည်မှာလည်း ကီလီမီတာသုံးရာရှည်တဲ့ လမ်းတွေ တည်ဆောက်ခဲ့သေးတယ်။ ဒီနေရာကိုပါ ထည့်ပေါင်းရရင် ကျုပ်တို့ နောက်နှစ်ဆို ကီလိုမီတာ ၁သိန်း၅‌သောင်းရှိတဲ့လမ်းမကိုတောင် ဆောက်ပြီးနေလောက်ပြီ။"

"ဒါက အရမ်းနည်းနေသေးတယ်။" ရှုယီက သက်ပြင်းချလျက်ဆို၏၊ "ကျုပ်ရဲ့ခန့်မှန်းခြေအရ၊ လမ်ပူရီတိုင်းပြည်ရဲ့ အစိတ်အပိုင်းတိုင်းကို ချိတ်ဆက်ဖို့ လမ်းရဲ့ ကီလိုမီတာပေါင်းငါးသောင်းကျော်လောက်ကို ယူရမယ်။ လက်ရှိမှာတော့ ဒါက နည်းနည်းလောက်ဝေးလွန်းနေသေးတယ်။"

"ကီလိုမီတာ ငါးသောင်း?" ဥက္ကဌခရုစ်က မေးလိုက်သည်၊ "ဒါက အရမ်းကြီးချဲ့ကားလွန်းရာကျမနေဘူးလား? ခင်ဗျားက လမ်ပူရီတိုင်းပြည်တစ်ခုလုံးမှာ လမ်းတွေခင်းချင်နေတာလား?"

"ဘာလို့ မရ,ရမှာလဲ?" ရှုယီက ပြန်မေး၏၊ "ခင်ဗျား ဒါကို မသင့်တော်ဘူးလို့ ခံစားရလို့လား?"

"ဒါက..." ဥက္ကဌခရုစ်က ခဏမျှရပ်တန့်လိုက်ပြီး မနေနိုင်ဘဲ ခေါင်းငြိမ့်လိုက်သည်၊ "အန်း၊ ကျုပ် ဒါကိုအရမ်းသင့်တော်တယ်လို့ ခံစားရပါတယ်၊ ဒါပေမယ့် အခု ကျုပ်မှာ မေးစရာတစ်ခုရှိတယ်။ ရှုယီ၊ လမ်းတွေခင်းတာက အရမ်းကို အဆင်ပြေပေမယ့်လည်း ခင်ဗျားအရင်ကပြောခဲ့တဲ့ ပို့ဆောင်ဆက်သွယ်ရေးနဲ့ စီးပွားရေးတိုးတက်မှုက ဖြစ်မလာသေးဘူးလေ။ မြင်းလှည်းတွေကလည်း နည်းနည်းပိုပြီးမြန်လာရုံပဲရှိသေးတာ၊ တိုးတာလာတာ တစ်ခုတောင် မရှိဘူး။"

"မေးချင်ရင် မှော်ကားအကြောင်းမေးလိုက်ပါ၊ ဝေ့လည်ကြောင်ပတ်လုပ်မနေပါနဲ့။" ရှုယီက ခပ်တိုးတိုးပြောလိုက်သည်။

ဥက္ကဌရှုက ရယ်ကာ၊ "ခင်ဗျားသိရင်တော့ကောင်းတယ်။ ဒါဆို ခင်ဗျားကို ရိုးရိုးသားသားပဲပြောတော့မယ်၊ ခင်ဗျားပြောထားတဲ့ မှော်ကားက ဘယ်တော့ ထွက်လာမှာလဲ?"

ရှုယီက အနောက်မြောက်ဘက်ရှိ မိုးကျတောင်ကြားရှိရာဘက်ကို ကြည့်လိုက်သည်။

"ဒီကိုမလာခင် သုတေသနရုံးက ပြောတာတော့ သူတို့တွေ မှော်ကားထုတ်လုပ်ဖို့ အဓိကအောင်မြင်မှုရခဲ့ပြီတဲ့လေ။ ကျုပ်ပြန်သွားတဲ့အခါ ဒီတစ်ခေါက် သုတေသနက တိုးတက်တာကို တွေ့ခဲ့ရင် ခင်ဗျားကို ပိုတိကျတဲ့အဖြေပေးပါ့မယ်။"

ဥက္ကဌခရုစ်က စိတ်ပျက်ဟန် သက်ပြင်းချလိုက်သည်။

"ကျုပ် ခင်ဗျားရဲ့ မှော်ကားကို တစ်နှစ်လောက်စောင့်နေတာကို မပြီးသေးဘူးပေါ့။"

ရှုယီက ခါးသက်သက်ပြုံးလျက် ခေါင်းခါကာ၊ "ခင်ဗျားပဲမဟုတ်ဘူး၊ ကျုပ်လည်းပါတယ်၊ လူဘယ်လောက်များများက မှော်ကားထွက်လာမှာကို စောင့်နေကြသလဲ ကျုပ်မသိဘူး။ ဒါပေမယ့် ဒီကိစ္စက အလျင်လိုလို့ မဖြစ်ဘူးလေ။ သူတို့သာ ကောင်းကောင်း မလုပ်ခဲ့ရင် ပြဿနာတွေ အတော်များလာလိမ့်မယ်။"

ဥက္ကဌခရုစ်က ကူရာမဲ့စွာသာ ပခုံးတွန့်၍၊ "ကောင်းပြီ၊ ကျုပ်တစ်နှစ်တောင်စောင့်လာပြီးပြီပဲ၊ နည်းနည်းလောက်ထပ်စောင့်ရတာက ကိစ္စမရှိပါဘူး။"

"အန်း၊ ဒါမတိုင်ခင်တော့၊ လမ်းတွေခင်းတာမှာပဲ အာရုံစိုက်ထားပါ။" ရှုယီက အပြုံးဖြင့်ဆိုလာသည်၊ "မဟုတ်ရင် မှော်ကားတွေထွက်လာမှ လမ်းတွေမလုံလောက်လို့ လုံးဝ မပြေးဆွဲနိုင်ဖြစ်ရင် ဝမ်းနည်းစရာတွေဖြစ်ကုန်မယ်။"

ဥက္ကဌခရုစ်မှာ နှာမှုတ်ကာ ပြောလိုက်၏၊ "အေးဆေးပေါ့၊ ကျုပ်တို့လုပ်ငန်းရဲ့ အာရုံစူးစိုက်မှုကို ချိန်ညှိနေပါပြီ။ ကျုပ်တို့လုပ်ငန်းရဲ့လက်ရှိ လုပ်နိုင်စွမ်းနဲ့ဆိုရင် တစ်လကို ကီလိုမီတာ နှစ်ရာကနေသုံးရာလောက်ရှိတဲ့လမ်းကို ခင်းနိုင်နေပြီ။ ခင်ဗျားဒီမှော်ကား အပြီးသတ်ပြီးချိန်ကျရင် လမ်ပူရီတိုင်းပြည်မှာရှိတဲ့ ဘယ်မြို့က လမ်းမတွေကိုမဆို ခင်ဗျားသွားနိုင်ရမယ်လို့ အာမခံတယ်ဗျာ။"

"ဒါက ကောင်းပါတယ်။"

ရှုယီက အပြုံးဖြင့်ချီးမွမ်းလျက် ထိုမှော်ကားကိစ္စကို မေ့ထားလိုက်သည်။ ထို့နောက် ဥက္ကဌခရုစ်နှင့်အတူ မြောက်ဘက်က ခေါင်းဆောင်ဝိန်၏အမည်အောက်ရှိ နယ်မြေအတွက် ချထားသည့် အစီစဉ်ကို ဆွေးနွေးတော့သည်။

ရှုယီ၏ ကနဦးအတွေးများအရ သူဟာ ထိုနယ်မြေကိုဖြတ်၍ လမ်းများခင်းကာ ပို့ဆောင်ဆက်သွယ်ရေးပြဿနာကို ဖြေရှင်းနိုင်လိမ့်မည်။

ဥက္ကဌခရုစ်၏ ခန့်မှန်းခြေများမှတစ်ဆင့် ရှုယီ၏ အခြေခံလိုအပ်ချက်များဆီ ရောက်ရှိရန် အနည်းဆုံး ကီလိုမီတာ နှစ်ရာရှိ လမ်းများကို ခင်းရမည်ပင်။

တစ်ချိန်တည်းတွင် မိုးကျတောင်ကြား၏ ဆမ်မရာမြို့သို့ လမ်းမှာ ပြီးဆုံးသွားရာ ဆမ်မရာမြို့ထံမှ ဗော်လာမျိုးနွယ်စုနှင့် ဆန်နက်မြေရိုင်းကိုဖြတ်၍ စတက်တိန်းနယ်မြေသို့ လမ်းတစ်လမ်းတည်ဆောက်ရမည်။

ထိုလမ်းမှာ တစ်ရာကီလိုမီတာနီးနီးရှည်သောကြောင့် ကနဦးအစီအစဉ်မှာ ကီလိုမီတာသုံးရာရှိလမ်းများကို ချခင်းရန်ဖြစ်သည်။

စတက်တိန်းနယ်မြေ၏ ထူးကဲသောရာသီဥတုနှင့်အတူ ဆောင်းရာသီဖြစ်နေပါ‌လျှင်တောင် ဆောက်လုပ်ရေးကိုစတင်နိုင်၏။ ထို့ကြောင့် ဥက္ကဌခရုစ်မှာ ဆောင်းရာသီအတွင်း တခြားနေရာများ၌မဆောက်လုပ်နိုင်ချိန်တွင် ဆောက်လုပ်ရေးအဖွဲ့များကို ခေါ်လာ၍ ဆောင်းမကုန်ခင် ကီလိုမီတာနှစ်ရာရှိ လမ်းကို ဆောက်လုပ်တော့သည်။

ထိုအစီစဉ်အား ရှုယီမှ ထောက်ပံ့ထားခြင်းဖြစ်၏။ သူဟာ ဘန်တာမြို့နှင့် စတက်တိန်း နယ်မြေရှိ ဝိန်မြို့တော်အကြား အများပြည်သူသုံးပို့ဆောင်ရေးလိုင်းကိုစတင်ရန် ဖာဆန်ရထားလုံးလုပ်ငန်းစုနှင့်ပင် ပူးပေါင်းခဲ့သေး၏၊ အထူးသဖြင့် ဘန်တာမြို့သားများကို မြို့နှစ်မြို့ထံ ပို့ဆောင်ရာ၌ သုံးရန်ပင်။

တစ်ခုတည်းသောပြဿနာမှာ ထိုလမ်းရှိလျှင်တောင် မြင်းလှည်း၏ နှုန်းနှင့်ဆိုပါက ခရီးအတွက် နာရီနှစ်ဆယ်ကြာမည်ဖြစ်သည်။ ထို့ကြောင့် အဆုံးတွင် ခရီးတစ်ခုအတွက် နှစ်ရက်မှ သုံးရက်ကြာလိမ့်မည်ပင်။

ထို့ကြောင့် ယခင်က ရှုယီထံမေးဖူးသောမေးခွန်းကို ဥက္ကဌခရုစ်က ထပ်မေးလာ၏။

"မှော်ကားတွေကို ဘယ်အချိန်မှာ ထုတ်လုပ်မှာလဲ?"

မှော်ကားများသာ ကမ္ဘာမြေထက်က ဘတ်စ်များ၏ အရှိန်ကိုမှီနိုင်လျှင် တစ်နာရီကို ကီလိုမီတာအနည်းဆုံးထိန်းထား၍ ဤနေရာနှင့် ဘန်တာမြို့အကြားရှိ ကီလိုမီတာလေးရာကို ကူးလူးသွားလာရန် ခုနှစ်နာရီ ရှစ်နာရီခန့်သာ ကြာတော့မည်ဖြစ်၏။ ထိုသည်က ခရီးအတွက် တစ်ရက်သာ ကြာပေလိမ့်မည်။

သို့သော် ၎င်းက သူ ဥက္ကဌခရုစ်ကို မတိုင်ခင်က ပြောခဲ့သလို မှော်ကားများက ရှုပ်ထွေးရာ မည်သို့လွယ်ကူစွာ ထုတ်လုပ်နိုင်ပါမည်နည်း။

ဥက္ကဌခရုစ်နှင့် စကားလက်စသတ်ပြီးနောက်တွင် ရှုယီမှာ ဝိန်မြို့တော်မှထွက်ခွာသွား၏။ သူက အက်ဂ်နက်စ်, ဒယ်လီနှင့် တောအုပ်ထဲရှိ လမ်းဘေး၌ စောင့်နေသည် စတေးရှားတို့နှင့် ဆုံရန်သွားခဲ့သည်။

ဤတစ်ခေါက်တွင် သူက လရိပ်မျိုးနွယ်စု၏ အရိပ်တေးသံအကြီးအကဲလီဆန်ယာနှင့်တွေဖို့ သွားလိုက်သည်။ အက်ဂ်နက်စ်အား သူ၏အဆက်သွယ်ဟု သတ်မှတ်နိုင်ပြီး၊ ဒယ်လီအား ညတေးသံမျိုးနွယ်စု၏ ကိုယ်စားလှယ်ဟုသတ်မှတ်နိုင်ကာ စတေးရှားမှာ လရိပ်မျိုးနွယ်စုမှ လေ့လာသူဖြစ်၍ အရိပ်တေးသံအကြီးအကဲလီဆန်ယာကို အကြံပေးနိုင်၏။

ရာဘာထုတ်ရုံမှာ Frestech ကုန်သည်ကြီးများအသင်းအမည်ဖြင့် ရှိနေသော်လည်း ၎င်းအခွင့်အရေးမှတစ်ဆင့် ရှုယီက အကြီးအကဲအီလူရှာထံ ညတေးသံမျိုးနွယ်စုအား ကိုယ်စားပြုစေဖို့ ခွင့်တောင်းခဲ့ပြီး လရိပ်မျိုးနွယ်စုနှင့် ပူးပေါင်းစေရန် တောင်းဆိုခဲ့သည်။

၎င်းတို့ မျိုးနွယ်နှစ်ခုစလုံးမှာ နတ်သူငယ်များဖြစ်ကြရာ အရိပ်တေးသံအကြီးအကဲလီဆန်ယာက ပို၍သတိထားမှုနည်းပါးကာ အောင်မြင်ဖို့ အခွင့်အရေးပိုများလေသည်။

ဤနေရာ၌ ရှိနေသည့် စတေးရှားကိုဆိုလျှင် ထည့်ပြောဖို့ပင် မလိုပါချေ။

***

မှော်စက်မှုအင်ပါယာ

Vol 3, အခန်း ၄၃။ နတ်သူငယ်များ၏လျှို့ဝှက်ချက်

အရိပ်တေးသံအကြီးအကဲ လီဆန်ယာနှင့် တွေ့ဆုံခြင်းမှာ ပထမအကြိမ်ကကဲ့သို့ မခဲယဉ်းပါချေ။ စတေးရှား၏ ဦးဆောင်မှုဖြင့် ရှုယီ၏အဖွဲ့က လရိပ်မျိုးနွယ်စုဆီ အလွယ်တကူရောက်လာခဲ့သည်။

ဤတစ်ခေါက်ပူးပေါင်းခြင်းတွင် ရှုယီက ကြားဝင်လိမ့်မည်မဟုတ်ဘဲ တာဝန်ခံမှာ ညတေးသံမျိုးနွယ်စုထံမှလာသည့် အက်ဂ်နက်စ်နှင့် ဒယ်လီဖြစ်ကြောင်းကို ကြားသော် အရိပ်တေးသံအကြီးအကဲလီဆန်ယာမှာ အံ့အားသင့်သွားကာ ပိုလို့ပင် စိတ်အေးလာ၏။ သူမ၏ ရှုယီထံကြည့်သော အကြည့်မှာလည်း ပို၍ရင်းနှီးလာသည်။

အက်ဂ်နက်စ်နှင့် ဒယ်လီက အရိပ်တေးသံအကြီးအကဲလီဆန်ယာနောက်သို့လိုက်ကာ လုပ်ငန်းအကြောင်းဆွေးနွေးရန် စတေးရှားနှင့်အတူ နတ်သူငယ်တဲအိမ်ငယ်ထဲသို့ ဝင်သွားသည်အားကြည့်ရင်း ရှုယီက ပြုံးလိုက်၏။ သူဟာ ဘေးဘီကိုကြည့်လိုက်သော် လရိပ်မျိုးနွယ်စုရှိ ထိုင်ရန်နေရာတစ်ခုကိုရှာတွေ့သွားသည်။

ရှုယီအနေနှင့် ဤတစ်ခေါက်ဆွေးနွေးမှုနှင့်ပတ်သက်၍ အင်မတန်စိတ်ကျေနပ်နေသည်ပင်။

ဒယ်လီမှာ အချိန်တချို့ကြာ လေ့လာပြီးသည်တွင် စီးပွားရေးဆွေးနွေးမှုများ၌ အတွေ့အကြုံရှိနေပြီဖြစ်၏။ သူမက ဝါရင့်လူသားကုန်သည်တချို့ကဲ့သို့ အကင်းပါးခြင်းမရှိသော်လည်း အရိပ်တေးသံအကြီးအကဲလီဆန်ယာနှင့် ဆွေးနွေးဖို့ ရန်တော့ လုံလောက်သည်ထက်ပိုနေပြီဖြစ်သည်။

ထိုပူးပေါင်းမှုအား မည်သည့်ရှုထောင့်မှကြည့်,ကြည့် လရိပ်မျိုးနွယ်စုအတွက် အကျိုးအမြတ်များသာရှိသည်။

အမည်အရ Frestech ကုန်သည်ကြီးများအသင်းပိုင်ဆိုင်သော ရာဘာထုတ်ရုံသည်ပင် မိုးကျတောင်ကြားရှိ ညတေးသံမျိုးနွယ်စု၏ အလုပ်ရုံလိုဖြစ်၏။ ၎င်းအား တကယ်တမ်းတွင် နတ်သူငယ်များက ထိန်းချုပ်ထားပြီး Frestech ကုန်သည်ကြီးများအသင်းက အမည်အရသာ ပိုင်ဆိုင်သည်။

တစ်ချိန်တည်းတွင် Frestech ကုန်သည်ကြီးများအသင်းက ၎င်းတို့၏ မှာတမ်းများကို ထိုအလုပ်ရုံထံပေးပို့လျက် အလုပ်ရုံ၌ အမြဲ အလုပ်ရှိသည်ကို သေချာစေသည်။

ရာဘာထုတ်လုပ်ခြင်းနည်းပညာကို ညတေးသံမျိုးနွယ်စုနှင့် Frestech ကုန်သည်ကြီးများအသင်းတို့က လရိပ်မျိုးနွယ်စုနှင့်အတူ သုတေသနလုပ်ကာ၊ ၎င်းတို့အား ထိုရာဘာထုတ်လုပ်ခြင်းနည်းပညာ၌ ဆရာကျစေရန် ခွင့်ပြုထား၏။

အတိုချုံးရလျှင် လရိပ်မျိုးနွယ်စုမှ မည်သည်ကိုမှ ဂရုစိုက်ရန်မလိုဘဲ လူအင်အားပို့ခြင်းဖြင့်သာ ဝင်ငွေပမာဏများစွာကိုရနိုင်မည်ဖြစ်သည်။

ထိုသို့သောကိစ္စကောင်းအတွက် အရိပ်တေးသံ အကြီးအကဲက လျစ်လျူရှုမည်မဟုတ်ဟု ရှုယီက ယုံကြည်နေပါ၏။

ထိုင်ကာ စိတ်ရှည်ရှည်စောင့်နေစဉ်တွင် ရှုယီက စိတ်ထဲ၌ ရာဘာထုတ်ရုံအတွက် အစီစဉ်များအကြောင်း စဉ်းစားနေသည်။

စတက်တိန်းနယ်မြေသို့ ပထမဆုံးတစ်ခေါက် လာချိန်က ဤတစ်ဝိုက်တွင် ရာဘာပင်များရှိနေသည်ကို တွေ့ခဲ့ရကာ ရှုယီ၏ပထမဆုံးတုံ့ပြန်မှုက ဤနယ်မြေ၌ ရာဘာက တကယ်ကြီးတည်‌ရှိနေသည်ဟုပင်။ ထိုကဲ့သို့ပင် သူဟာ တာယာများပြုလုပ်ရန် သစ်စေးကိုသုံးရန်မလိုတော့ဘဲ ရာဘာတာယာများလုပ်နိုင်မည်ဖြစ်၏။

ထို့ကြောင့် ရာဘာထုတ်ရုံ ဖွင့်လှစ်ချင်‌ခဲ့သည်က တာယာရုံအတွက် ရာဘာတာယာအဖုံးများဖန်တီးနိုင်ရန်သာဖြစ်သည်။

သို့သော် လရိပ်မျိုးနွယ်စုထံရောက်လာသောအခါ ညတေးသံမျိုးနွယ်စုနှင့်ယှဉ်လျှင် ပို၍ပင်များပြားသောနတ်သူငယ်များကိုတွေ့လိုက်ရာ ရှုယီမှာ သူ၏ယခင်အတွေးများက အင်မတန်တိမ်ပါးလှကြောင်းသိလိုက်ရ၏။

ကမ္ဘာမြေပေါ်၌ ရာဘာအားအဓိက အသုံးပြုကြသည်မှာ တာယာများပြုလုပ်ရန်ဖြစ်သော်လည်း သဘာဝရာဘာအသုံးပြုပုံကို ဤတစ်ခုတည်း မကန့်သတ်ထားချေ။

ထို့အပြင် ညတေးသံမျိုးနွယ်စု၏ အလုပ်ရုံထံမှ ရှုယီဟာ ယခင်က လျစ်လျူရှုခဲ့သည့် အချက်များကို တွေ့ခဲ့သည်။ ထိုသည်မှာ ပြောရလျှင် ကမ္ဘာမြေမဟုတ်သောကြောင့် ကမ္ဘာမြေပေါ်ရှိ ပစ္စည်းအတော်များများကို ဤနေရာတွင် မတွေ့နိုင်ချေ။

နတ်သူငယ်များက လူသားများနှင့်ယှဉ်လျှင် မှော်အမျိုးအစားပိုများ၏။ ညတေးသံမျိုးနွယ်စုက ပလက်စတစ်ထုတ်လုပ်ခြင်းကို လေ့လာနိုင်ကာ ပလက်စတစ်အမျိုးစုံကို မှော်နှင့်အစီအရင်မျိုးစုံတို့ဖြင့် ဖန်တီးနိုင်ကတည်းက ညတေးသံမျိုးနွယ်စုထက်ပင်ကြီးမား‌သော လရိပ်မျိုးနွယ်စုမှာ သေချာပေါက် ပိုမိုကြီးမားသည့် အောင်မြင်မှုကို ရနိုင်ပေသည်။

ထို့ကြောင့် ပထမခြေလှမ်းမှာ လရိပ်မျိုးနွယ်စုအနေနှင့် Frestech ကုန်သည်ကြီးများအသင်း၏လိုအပ်သည်များအပေါ်အခြေခံ၍ ရာဘာကိုထုတ်လုပ်ရမည်ဖြစ်သည်။ ရှုယီက လရိပ်မျိုးနွယ်စုထံ၌ ဓာတ်ခွဲခန်းတစ်ခု တည်ဆောက်ရန် ခွင့်တောင်းမည်ဖြစ်ကာ ရာဘာထုတ်ရန် အပ်နှံမည်ပင်။

မည်သည့်အချိန်၌မဆို သုတေသ‌နနောက်လိုက်သည်က ရှုယီ၏ယုံကြည်ချက်ဖြစ်သည်။ သူက ထိုယုံကြည်ချက်ကို မှော်စက်မှုပညာနယ်ပယ်ထဲသို့ တဖြည်းဖြည်းဆွဲသွင်းလာခဲ့သည့် နတ်သူငယ်များထံ သင်ပေးနိုင်မည်ဟု မျှော်လင့်နေပါ၏။

အတန်ကြာ စိတ်ရှည်ရှည်စောင့်ဆိုင်းပြီးနောက်တွင် လရိပ်မျိုးနွယ်စု၏နတ်သူငယ်မျညးက ဤနေရာ၌ အဘယ့်ကြောင့် လူသားတစ်ဦးရှိနေကြောင်းကို စူးစမ်းလိုကြသော်လည်း မည်သည့် နတ်သူငယ်တစ်ဦးကမှ သူ့ထံ ချဉ်းကပ်ရန် အစပြုမလာခဲ့ချေ။

ရှုယီမှာ တစ်ယောက်တည်း ကိစ္စအမျိုးမျိုးအကြောင်းကိုတွေးတောရင်း အချိန်မြန်မြန်ကုန်ဆုံးရသည်ကို ပျော်နေ၏။

တစ်နာရီဝန်းကျင်လောက်ကြာပြီးနောက်တွင် စတေးရှားက ထွက်လာကာ ရှုယီအား အထဲသို့ ဖိတ်လိုက်၏။

ရှုယီကို အက်ဂ်နက်စ်၏ ဘေး၌ ထိုင်ရန် အရိပ်အမြွက်ပြပြီးနောက် အကြီးအကဲလီဆန်ယာမှာ ချက်ချင်းမေးလာသည်၊ "ဥက္ကဌရှု၊ ရှင့်ရဲ့ Frestech ကုန်သည်ကြီးများအသင်းက ရာဘာထုတ်ရုံကြားထဲ ဝင်မစွက်ဖက်ဘူးဆိုတာ သေချာလား?"

ထိုမေးခွန်းကိုကြားသော် ရှုယီမှာ အကြီးအကဲလီဆန်ယာက အက်ဂ်နက်စ်နှင့် ဒယ်လီ၏ အဆိုပြုချက်ဖြစ်သည့် ရာဘာထုတ်ရုံတည်ဆောက်မည့်အကြောင်းကို သဘောလိုက်သည်အား သေချာသွားသည်။

"ဟုတ်ပါတယ်" ရှုယီက အပြုံးဖျော့ဖျော့ဖြင့် ခေါင်းငြိမ့်ကာ၊ "အကြီးအကဲလီဆန်ယာ, ကျုပ်တို့လုပ်ငန်းစုက ရာဘာထုတ်ရုံရဲ့နာမည်ကို ထိန်းထားမှာဆိုပေမယ့် တချို့ပြဿနာတွေမှာ ဝင်စွက်ဖက်မှာမဟုတ်ပါဘူး။ ပြီးတော့ နတ်သူငယ်တွေက ကျုပ်တို့လူသားမျိုးနွယ်တွေကြားမှာ လုပ်ငန်းထောင်တာ ရှားတယ်လေ၊ ဒါကြောင့် တစ်ဦးတည်းလုပ်ရင် ပြဿနာတချို့ရှိလာလိမ့်မယ်။ ခင်ဗျားသာ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ နာမည်ကိုသုံးမယ်ဆိုရင်တော့ ဒီပြဿနာတွေထဲကတချို့ကို ရှောင်ရှားနိုင်မှာပါ။"

"ကျွန်မနားလည်ပြီ။" အကြီးအကဲလီဆန်ယာက ခေါင်းငြိမ့်လျက်၊ "ဒါပေမယ့် ကျွန်မမှာပြဿနာတစ်ခုတော့ရှိတယ်။ ရှင့်ရဲ့ Frestech ကုန်သည်ကြီးများအသင်းက နာမည်ကိုထိန်းသိမ်းမယ်ဆိုရင် ပြဿနာတချို့ကို ရှောင်နိုင်တယ်ဆိုပေမယ့် ရှင်တို့ လုပ်ငန်းစုကသာ ဒီအခွင့်အရေးကိုသုံးပြီး ကျွန်မတို့ရဲ့ရာဘာထုတ်ရုံကို တစ်ခုခုလုပ်မယ်ဆိုရင် ကျွန်မတို့က ကူရာမဲ့သွားပြီမဟုတ်လား?"

ရှုယီမဖြေခင်တွင် ဒယ်လီက ဝင်လာပြီဖြစ်ရာ၊ "အကြီးအကဲလီဆန်ယာ, ရှင်စိတ်ပူဖို့မလိုပါဘူး။ ဥက္ကဌရှုက သူ့ရဲ့ကတိကိုတည်တဲ့ လူသားပါ။ ကျွန်မတို့ ညတေးသံမျိုးနွယ်စုက ဥက္ကဌရှုနဲ့ အလုပ်လုပ်ခဲ့တာ ကြာလှပြီ၊ သူက ဘယ်တုန်းကမှ ကတိကိုမချိုးဖျက်ခဲ့ဘူး၊ ဒါကြောင့်ပဲ ကျွန်မတို့ရဲ့ ပူးပေါင်းမှုမှာ ပြဿနာမရှိဘူးလေ။"

"ဟုတ်တယ်၊ ဥက္ကဌက လူကောင်းပါ၊ သူဒီလိုလုပ်မှာမဟုတ်ဘူး။" ဘေးက အက်ဂ်နက်စ်လည်း သူ့ကို ဝင်ပြောပေးလာ၏။

အကြီးအကဲလီဆန်ယာက အက်ဂ်နက်စ်နှင့် ဒယ်လီတို့ကြောင့် အတန်ငယ်အံ့ဩသွားကာ ရှုယီကိုပြန်ကြည့်လိုက်သည်။ သူမက ခေါင်းသာသာငြိမ့်လျက် ချီးမွမ်း၏၊ "ဥက္ကဌရှု၊ ရှင်ကလူသားတစ်ယောက်ပါ၊ ဒါပေမယ့် ညတေးသံမျိုးနွယ်စုနတ်သူငယ်တွေက ရှင့်ကို ဒီလောက်တောင် ယုံကြည်ကြတယ်။ ဒါက တကယ်ကိုရှားပါတယ်။"

ရှုယီက အပြုံးဖျော့ဖျော့ဖြင့် "ကျုပ်က ကတိပေးရုံပါပဲ၊ ပြီးတော့ ညတေးသံမျိုးနွယ်စုနတ်သူငယ်တွေရဲ့ရှုထောင့်ကနေ တွေးကြည့်ရင်ပေါ့။”

"ဒါကိုက ရှားပါးနေပါပြီ။" အကြီးအကဲလီဆန်ယာက အနည်းငယ်စဉ်းစားကာ ခေါင်းငြိမ့်၍ ပြောလာ၏၊ "ရှင်က အကြီးအကဲအီလူရှာရဲ့ ယုံကြည်မှုကိုရနိုင်မှတော့ ကျွန်မလည်း ရှင့်ကိုယုံကြည်လိုက်ပါ့မယ်။ ဒါပေမယ့် ဥက္ကဌရှု၊ ဒီယုံကြည်မှုက ရှင့်အတွက်ပဲဖြစ်ပြီး အခြားလူသားတွေတော့ မပါ,ပါဘူး၊ ကျွန်မပြောတာကို နားလည်ရဲ့လား?"

"နားလည်ပါတယ်။ ရှေ့လျှောက်လည်း ရာဘာထုတ်ရုံနဲ့ဆိုင်တဲ့ သဘောတူညီမှုတွေအတွက် ကိုယ်တိုင်လာပါ့မယ်။"ရှုယီက အပြုံးဖြင့်ပြောလိုက်သည်၊ "ဒါပေမယ့် အကြီးအကဲလီဆန်ယာ၊ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ ပူးပေါင်းတာကနေတစ်ဆင့် တဖြည်းဖြည်းအဆက်သွယ်ရှိလာမယ့် လူတချို့ကိုလည်း ခင်ဗျားယုံကြည့်လို့ရပါတယ်။ ပြောရရင် အချိန်တော်တော်များများမှာ ခွဲသွားလို့မရတာ‌ရှိတယ်လေ။ ပြီးတော့ ဒီပူးပေါင်းမှုကလည်း အချိန်ကြာကြာတည်ရှိနေပြီး အကြီးအကဲအီလူရှာနဲ့ လူပုခေါင်းဆောင်နှစ်ဦးကလည်း ကျုပ် တစ်နေ့ကျရင် အိုပြီးသေမှာကို စိုးရိမ်နေကြတာကြောင့် ခင်ဗျားကျုပ်ကိုပဲယုံရင် ပြဿနာအကြီးကြီးဖြစ်သွားလိမ့်မယ်။"

"ကျွန်မရှင့်ရဲ့တောင်းဆိုမှုကို စဉ်းစားကြည့်ပါ့မယ်၊ ဒါပေမယ့်..." အကြီးအကဲလီဆန်ယာက အက်ဂ်နက်စ်ကိုကြည့်ကာ ပြောလိုက်သည်၊ "အကြီးအကဲအီလူရှာက နောက်ဆုံးတစ်ခေါက်ပို့လိုက်တဲ့စာထဲမှာ ဒီပြဿနာအကြောင်းပြောထားတယ်၊ ကျွန်မနားမလည်တာက သူမအနေနဲ့ ဒီပြဿနာကိုစိုးရိမ်နေရင် ဘာလို့ ဥက္ကဌရှုကို မှော်စွမ်းအားမြန်မြန်တိုးရာမှာ ကူညီနိုင်မယ့်နည်းလမ်းကို မရှာရတာလဲ? သူ့ရဲ့ဘဝသက်တမ်းကို တိုးအောင်လို့ မဟာမှော်ပညာရှင်၊ ကျွမ်းကျင်ဘုန်းတော်ကြီး ဒါမှမဟုတ် အဆင့်မြင့်ဘုန်းတော်ကြီး မြန်မြန်ဖြစ်လာအောင် ဘာလို့မလုပ်တာလဲ?"

အက်ဂ်နက်စ်နှင့် ဒယ်လီက တစ်ယောက်နှင့် တစ်ယောက်ကြည့်ကာ မသိနားမလည်ဟန်များဖြင့် ခေါင်းခါလိုက်ကြ၏။

"ဒါက အကြီးအကဲအီလူရှာကို အပြစ်တင်လို့မရပါဘူး။" ရှုယီက ဆက်ပြောသည်၊ "မှော်ပညာရှင်တစ်ဦးရဲ့မှော်အစွမ်းကို တိုးပွားစေဖို့က မလွယ်ဘူးလေ၊ ကျုပ်ကိုယ်တိုင်ကြိုးစားမှုအပေါ်မှာပဲမူတည်တယ်။ ဒါကြောင့်ပဲ အကြီးအကဲအီလူရှာက ကျုပ်အတွက် ဒီပြဿနာကိုဖြေရှင်းပေးချင်ပေမယ့် ဘာမှမလုပ်နိုင်ဖြစ်နေတာ။"

"တကယ်တော့၊ နည်းလမ်းရှိပါတယ်။'

"နည်းလမ်းရှိတယ်?" အက်ဂ်နက်စ်ကရှုပ်ထွေးနေဟန်ဖြင့် မေးလာသည်။

ဒယ်လီ၏အမူအရာကပြောင်းသွားပြီးနောက် အတန်ကြာတွေးတောလျက် အကြီးအကဲလီဆန်ယာကို မရေရာဟန်ဖြင့် မေး၏၊ "အကြီးအကဲ၊ ရှင်ပြောတာက... ဒဏ္ဍာရီလာ လနတ်ဘုရားမ ကောင်းချီးကိုပြောနေတာများလား?"

အကြီးအကဲလီဆန်ယာက ခေါင်းခါလျက်၊ "လနတ်ဘုရားမကောင်းချီးက လူသားတွေမပြောနဲ့ ကျွန်မတို့နတ်သူငယ်တွေရရှိဖို့အတွက်တောင် အင်မတန်ခက်ခဲတယ်။"

"ဒါဆို ဘယ်လိုများ မှော်အစွမ်းကို မြန်မြန်တိုးအောင်လုပ်နိုင်မှာလဲ?"

အကြီးအကဲလီဆန်ယာက ချက်ချင်းမတုံ့ပြန်ဘဲ၊ ရှုယီကို လှည့်ကြည့်လာသည်၊ "ဥက္ကဌရှု၊ ကျွန်မတို့နတ်သူငယ်တွေက အခြားလူတွေအပေါ် အကြွေးတင်ရတာမကြိုက်ကြဘူး။ ကျွန်မက ရာဘာထုတ်ရုံဖွင့်လှစ်ရာမှာ ရှင့်ရဲ့ Frestech ကုန်သည်ကြီးများအသင်းနဲ့ ပူးပေါင်းဖို့ဆန္ဒရှိပေမယ့်လည်း ကျွန်မတို့မျိုးနွယ်စုရဲ့ အခြေအနေတွေကို တိုးမြှင့်ဖို့ နတ်သူငယ်တွေအနေနဲ့ ရွှေဒင်္ဂါးတွေထုတ်ယူဖို့ မဖြစ်နိုင်တာကြောင့် အလုပ်ရုံကို ဆောက်လုပ်မယ့် ကနဦးအခကြေးငွေကို ပေးရာမှာ မကူညီနိုင်ဘူး။"

ရှုယီက လက်ခါကာ အပြုံးဖြင့်ပြောလိုက်သည်၊ "ဒါက သိပ်မများပါဘူး။ အကြီးအကဲလီဆန်ယာ, ခင်ဗျားဒါကို ရင်းနှီးမြှုပ်နှံတာလို့ တွေးနိုင်ပါတယ်။ ကျုပ်က ဒီအလုပ်ရုံရဲ့အလားအလာကိုမြင်နိုင်တာကြောင့် ခင်ဗျားတို့ လရိပ်မျိုးနွယ်စုဆီမှာ ရင်းနှီးမြှုပ်နှံတာပါ၊ ဒါကြောင့် ဘယ်သူကမှ အကြွေးတင်မနေပါဘူး။ ခင်ဗျား မငြင်းဆန်နေသရွေ့တော့ အရမ်းရိုးရှင်းပါတယ်။ အလုပ်ရုံက ဝင်ငွေရလာချိန်ကျရင် ကျုပ်ကို တဖြည်းဖြည်းပြန်ပေးပေါ့။ ဒါက ကျုပ်တို့လူသားစီးပွားရေးလောကမှာ ပုံမှန်ကိစ္စပါပဲ။"

"ဟင့်အင်း၊ ဒါက ကျွန်မတို့နတ်သူငယ်တွေ လက်ခံချင်တဲ့ နည်းလမ်းမျိုးမဟုတ်ဘူး၊ အနည်းဆုံး ကျွန်မတို့လရိပ်မျိုးနွယ်စုက ဆန္ဒမရှိဘူး။" အကြီးအကဲလီဆန်ယာက ခေါင်းခါလိုက်သည်။ အနည်းငယ်စဉ်းစားပြီးနောက် သူမက ရုတ်တရတ် ထရပ်လိုက်ကာ၊ "ဥက္ကဌရှု၊ ရှင်က Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌဖြစ်တာကြောင့် ကျွန်မတို့နတ်သူငယ်တွေ ပြန်ပေးနိုင်မယ့် နည်းလမ်းတစ်ခုစဉ်းစားပါ့မယ်။ ပြီးတော့ ရှင့်ကိုပြန်ဆပ်မယ့်အကြွေးက ရှင်တို့လုပ်ငန်းစု မြှုပ်နှံမယ့် ရွှေဒင်္ဂါးတွေနဲ့ ညီမျှမယ်လို့ ယုံကြည်တယ်။"

ရှုယီက သံသယအပြည့်ဖြင့်ထရပ်ကာ ရှုပ်ထွေးဟန်ရှိနေသည့် အက်ဂ်နက်စ်နှင့် ဒယ်လီကိုကြည့်လိုက်သည်။ သူက အကြီးအကဲလီဆန်ယာပြောနေသည်မှာ ထိုအကြွေးက သူ၏ မှော်စွမ်းအားအမြန်တိုးခြင်းနှင့် ဆက်စပ်နေသည်ဟု ပြောနိုင်သည်ပင်။

သို့သော် ရှုယီမှာ စိုင်စ်နယ်မြေ၌ ငါးနှစ်ကျော်ကြာနေထိုင်လာခဲ့ပြီး မှော်စွမ်းအားနှင့်ထိတွေ့ခဲ့သော်လည်း မှော်အစွမ်းကို အလျင်အမြန်တိုးစေမည့် နည်းလမ်းရှိသည်ဟု မကြားဖူးပါချေ။

ဒါက... ဒီနတ်သူငယ်တွေအနေနဲ့ လူသားတွေမသိတဲ့ လျှို့ဝှက်ချက်ကို ဖုံးထားကြတာများလား?"

***

မှော်စက်မှုအင်ပါယာ

Vol 3 အခန်း ၄၄။ ထူးဆန်းသောဖြစ်ရပ်

"နတ်သူငယ်တွေရဲ့ မှော်ပညာမှာ အောင်မြင်မှုလား? ဒါသာ မျိုးနွယ်စုစစ်ပွဲတွေမတိုင်ခင်ကသာဆိုရင်တော့ သေချာပေါက် လူသားတွေထက်ပိုကောင်းမှာပေါ့။ ဒါပေမယ့် မျိုးနွယ်စုစစ်ပွဲတွေပြီးတဲ့နောက် နှစ်ပေါင်းသုံးရာလည်း ကုန်သွားပြီဆိုတော့ နတ်သူငယ်တွေရဲ့မှော်အဆင့်က လူသားတွေထက် ပိုမမြင့်နိုင်တော့ပါဘူး။"

"မထင်ပါဘူး။ နတ်သူငယ်တွေက လူသားတွေနဲ့ယှဉ်ရင် ဘဝသက်တမ်းပိုရှည်ကြတာကြောင့် သူတို့ရဲ့အမွေဆက်ခံမှုက ပိုပြည့်စုံတယ်။"

"ဒါက မမှန်မှာတော့စိုးရတယ်။ နတ်သူငယ်တွေရဲ့ ဆန်းသစ်တီထွင်မှုကို လူ‌သားတွေနဲ့ နှိုင်းယှဉ်လို့မရဘူး။ ကျုပ်တို့လူသားတွေအနေနဲ့ ဒီနှစ်သုံးထောင်အတွင်းမှာ မှော်ပညာကိုအဆင့်မြှင့်နေချိန် နတ်သူငယ်တွေကတော့ ဒါကိုလုပ်တာရှားတယ်။ ဒါက မျိုးနွယ်စုစစ်ပွဲတွေမတိုင်ခင်ကပဲဆိုတာ ရှင်းပါတယ်။ ကျုပ်မြင်တာကတော့ ကျုပ်တို့လူသားတွေရဲ့ မှော်အဆင့်က နတ်သူငယ်တွေကို အတော်လေးကျော်လွန်နေပါပြီ။"

"ဟမ့်! ဆန်းသစ်တီထွင်မှုလား? ခင်ဗျားက လူသားတွေရဲ့ဆန်းသစ်တီထွင်မှုကို ဂုဏ်ယူစရာလိုပြောနေပေမယ့်လည်း မှော်စက်ပစ္စည်းတွေက အင်မတန် အသုံးဝင်ပြီးတကယ်လည်း ရှုပ်ထွေးမနေပါဘူးဆို။ ဘာလို့ ရှုယီလို စတုတ္ထအဆင့်ရှိတဲ့မှော်ပညာရှင်‌လေးတစ်ယောက် တီထွင်နိုင်ခဲ့တဲ့အထိ စောင့်ခဲ့ကြတာလဲ? ဘာလို့ ဒါကို ဘယ်မဟာမှော်ပညာရှင်တွကမှ မဖန်တီးခဲ့ရတာလဲ?"

ဥက္ကဌအီရန်၏စကားလုံးများကိုကြားသော် ၎င်းတို့မှာ တိတ်ကျသွားသည်။

ဤသည်မှာ လမ်ပူရီတိုင်းပြည်မှော်ပညာရှင်အဖွဲ့အစည်း၏ အဆင့်မြင့်အဖွဲ့ဝင်များအကြားက ပုံမှန်အစည်း‌အဝေးပါပင်။ တက်ရောက်ကြသူများမှာ လမ်ပူရီတိုင်းပြည်၏ မဟာမှော်ပညာရှင်ငါးဦးဖြစ်သည်။

အစည်းအဝေး၏ခေါင်းစဉ်မှာ ဤနှစ်အရည်အချင်းစစ်ပွဲအတွက် အနှစ်ချုပ်တင်ပြချက် ပြုလုပ်ရန် ဖြစ်ကာ၊ အခြားမဟာမှော်ပညာရှင်လေးဦးအား ၎င်းတို့၏ထင်မြင်ချက်ပေးခိုင်းထားခြင်းပင်။

ထိုခေါင်းစဉ်ကိုဆွေးနွေးနေသော်လည်း မဟာမှော်ပညာရှင်လေးဦးမှာ ထူးဆန်းသည့်ဖြစ်ရပ်ကို ရှာတွေ့သွားကြ၏။ ဤနှစ်တွင် ပါဝင်ကြသည့် အဆင့်နိမ့်မှော်ပညာရှင်များမှာ ပိုများလာကာ ယခင်နှစ်၏ နှစ်ဆနားပင်ကပ်နေခြင်းဖြစ်သည်။ ယခင်နှစ်များနှင့်ယှဉ်သော် ထိုအရေအတွက်မှာ လေးဆဖြစ်၏။

အဆင့်နိမ့်မှော်ပညာရှင်များစွာပါရှိနေ‌ကြသော်လည်း ၎င်းတို့အများစုမှာ အင်မတန်အိုမင်းနေကြသောကြောင့် မှော်ပညာရှင်များ၏ သံသရာတစ်လျှောက်တွင် ၎င်းက အင်မတန်ထူးဆန်းသောဖြစ်ရပ်ပါပင်။ ၎င်းတို့၏မှော်အဆင့်များက တိုးတက်လာခြင်းမရှိကြရာ ၎င်းတို့အား အနာဂတ်မရှိသည့် မှော်ပညာရှင်များဟုပင် သတ်မှတ်ထားရ၏။

ထိုမှော်ပညာရှင်များအနေနှင့် မှော်ပညာတွင် ပါရမီအလုံအလောက်မရှိသဖြင့် ၎င်းတို့အဆင့်များကို မြှင့်ရန်မှာ ခက်ခဲလှသည်။ ထို့ကြောင့် မှော်ပညာရှင်အများစုက အဆင့်မြှင့်မည့်အကြံကို လက်လျှော့လိုက်ကြသည်၊ အကြောင်းမှာ ၎င်းတို့၏ ကန့်သတ်ထားသောပါရမီနှင့် အဆင့်မြှင့်ရန်က ခက်ခဲသောကြောင့်ဖြစ်ကာ မှော်ပညာရှင်အဖွဲ့အစည်း၏အရည်အချင်းစစ်ပွဲတွင် မပါဝင်ခဲ့ကြချေ။

ပုံမှန်အားဖြင့် ပြောရလျှင် စစ်‌ဆေးပွဲ၌ ပါဝင်ခဲ့သည့် အဆင့်နိမ့်မှော်ပညာရှင်များအားလုံးမှာ ပါရမီရှိ လူငယ်မှော်ပညာရှင်များပင်။

သို့သော် ဤနှစ်တွင်တော့ကွာခြားကာ စစ်ဆေးပွဲ၌ပါဝင်သည့် မှော်ပညာရှင်များစွာရှိနေပြီး အများစုမှာ အနာဂတ်မဲ့နေသည့် အသက်ကြီးကြီးမှော်ပညာရှင်များဖြစ်ပါ၏။

စစ်ဆေးပွဲက အခမဲ့မဟုတ်ဟု သိရသည်။ စာရင်းသွင်းခမှာလည်း ရွှေဒင်္ဂါးငါးပြားရှိပြီး စစ်ဆေးပွဲ၌ ပါဝင်ရန် အန်ဗီမာမြို့တော်သို့သွားရမည်ဖြစ်သည်။ ခရီးစရိတ်နှင့် နေစရိတ်က မနည်းလှချေ။

ထို့ကြောင့် ၎င်းတို့၏မှော်စွမ်းအားများစွာတိုးတက်မလာဘဲ စစ်ဆေးပွဲဖြတ်သန်းရာ၌ ယုံကြည်မှုမရှိပါလျှင် ၎င်းတို့၏အချိန်၊ လုံ့လနှင့် ငွေကြေးကို စစ်ဆေးပွဲ၌ လာရောက်ဖြုန်းတီးမည့် မှော်ပညာရှင်မရှိပါချေ။

ယခုနှစ် စစ်ဆေးပွဲများအတွက်လာကြသည့် မှော်ပညာရှင်အများစုမှာ ၎င်းတို့၏မှော်စွမ်းအားများစွာ တိုးတက်မလာပါသော်လည်း ပါဝင်ယှဉ်ပြိုင်ရန် လာကြဆဲပင်။

ထိုအထဲတွင် မှော်ပညာရှင်အဖွဲ့အစည်းထံမှ ၎င်းတို့၏အဆင့်များဖယ်ရှားခံခဲ့သည့် မှော်ပညာရှင်များသည်ပင် ပိုမြင့်သည့် အဆင့်များကြိုးစားရယူရန် လာရောက်ကြ၏။

၎င်းမှာ တကယ်တမ်းတွင် အင်မတန်ထူးဆန်းလှသောကြောင့် ထိုတင်ပြချက်ကို ဆွေးနွေးနေချိန်တွင် မဟာမှော်ပညာရှင်များမှာ ထိုဖြစ်ရပ်အကြောင်းကိုပါ ဆွေးနွေးလာကြသည်။

ထိုအဆင့်နိမ့်မှော်ပညာရှင်များ ထိုသို့ပြုလုပ်သည်မှာ ၎င်းတို့အကျိုးအမြတ်ရခြင်းကြောင့်ပင်၊ မဟုတ်ပါက မည်သူကမှ ထိုစွန့်စားမှုကြီးကိုပြုလုပ်ရန် ၎င်းတို့၏အချိန်၊ လုံ့လနှင့် ငွေကြေးကို ဖြုန်းတီးလိမ့်မည်မဟုတ်ချေ။

သို့သော် အကျိုးအမြတ်များက မည်သည်မှရောက်လာမည်နည်း?

အတန်ကြာဆွေးနွေးပြီးနောက်၌ မဟာမှော်ပညာရှင်အီစန်ခယ်က ဖြစ်နိုင်ချေတစ်ရပ်ကိုပေးလာ၏။ ၎င်းမှာ လမ်ပူရီတိုင်းပြည်တွင် ထွက်ပေါ်ခဲ့သော မှော်စက်ပစ္စည်းလုပ်ငန်းများနှင့် ဆက်စပ်နေလောက်သည်။

Frestech ကုန်သည်ကြီးများအသင်း၏ လှုံ့ဆော်မှုဖြင့် လမ်ပူရီတိုင်းပြည်ရှိ လူတိုင်းက အကျိုးအမြတ်ကြီးကြီးနှင့် မှော်စက်ပစ္စည်းများ၏အလားအလာကို မြင်ခဲ့ကြသည်။ ထို့ကြောင့် အထူးသဖြင့် ဤနှစ်တွင် လမ်ပူရီတိုင်းပြည်၏ မြို့တိုင်း၌ မှော်စက်ပစ္စည်းလုပ်ငန်းမျိုးစုံမှာ မှိုများကဲ့သို့ထွက်ပေါ်လာကြ၏။

၎င်းတို့ မှော်စက်ပစ္စည်းများကို ထုတ်လုပ်လိုက်ကတည်းက ၎င်းတို့မှာ မှော်အစီအရင်များရေးဆွဲနိုင်သည့် မှော်ပညာရှင်များအတွက် ကြီးမားသည့်လိုအပ်ချက်ရှိလာသည်။

မှော်အစီအရင်များအားရေးဆွဲချိန်တွင် ၎င်းတို့မလိုအပ်သည်မှာ အဆင့်မြင့် သို့မဟုတ် စွမ်းအားကြီးမှော်ပညာရှင်များဖြစ်ပြီး၊ သာမန်အဆင့်နိမ့်မှော်ပညာရှင်များနှင့်ပင် ၎င်းကို ပြုလုပ်နိုင်၏။ မှော်အစီအရင်တစ်ခုကို ရေးဆွဲရန် မှော်စွမ်းအားကြီးကြီးမားမားမလိုအပ်ပါချေ။

ထိုသို့ဖြင့် လမ်ပူရီတိုင်းပြည်တစ်ခုလုံးရှိ အဆင့်နိမ့်မှော်ပညာရှင်များကို လိုလာကြသည်။

၎င်းမတိုင်ခင်က လမ်ပူရီတိုင်းပြည်၏အဆင့်နိမ့်မှော်ပညာရှင်များမှာ သာမန်လူများထက် ပိုကောင်းသည့်ဘဝများ၌ မနေခဲ့ရချေ။ လုပ်ငန်းစုများအတွက် အစောင့်အဖြစ်မသွားခဲ့လျှင် မည်သည့်လမ်းကြောင်းကောင်းကောင်းမှရှိတော့မည်မဟုတ်ပေ။

ယခုတွင် မှော်အစီအရင်ရေးဆွဲခြင်းကဲ့သို့ မှော်ပညာနှင့်ဆက်စပ်သည့် ရိုးရှင်းသည့်အလုပ်က အဆင့်နိမ့်မှော်ပညာရှင်အားလုံးကို ကြိုဆိုလာသည်။

မှန်ပါ၏၊ ရွေးချယ်မှုက နှစ်ဘက်ရှိသည်။ မှော်ပညာရှင်များမှာ အလုပ်,လုပ်ကိုင်ရန် လုပ်ငန်းစုများကိုရွေးချယ်နိုင်ပါသည်၊ သို့ရာတွင် လုပ်ငန်းစုများကလည်း ခန့်အပ်မည့် မှော်ပညာရှင်များကို ရွေးချယ်နိုင်၏။

၎င်းက အရိုးရှင်းဆုံးအလုပ်လေးဖြစ်နိုင်ပါလျှင်တောင် အဆင့်ပိုမြင့်သည့် မှော်ပညာရှင်များအား လိုချင်ကြသည်ပင်။

ရည်မှန်းချက်နှင့်လုပ်ငန်းစုများက Frestech ကုန်သည်ကြီးများအသင်း လက်ဝါးကြီးအုပ်ထားသည့် မှော်စက်ပစ္စည်းများကိုလေ့လာချင်ကြသည်ကို မဆိုထားနှင့်။ ထိုကြီးမားသည့်ပမာဏကိုရရှိရန် အဆင့်မြင့်မှော်ပညာရှင်တစ်ဦးကိုလိုအပ်ကြသည်။

ထိုလုပ်ငန်းစုများအတွက် မှော်ပညာရှင်တစ်ဦးက မည်မျှသန်မာသည်ကို မည်သို့အကဲဖြတ်နိုင်ပါမည်နည်း? အကောင်းဆုံးအရည်အသွေးမှာ မှော်ပညာရှင်အဖွဲ့အစည်းထံမှ အရည်အသွေးပင်ဖြစ်၏။

ထို့ကြောင့် လူဦးရေမှာ ယခင်နှစ်၏အရည်အချင်းစစ်ဆေးပွဲမှစတင်၍ တိုးလာခဲ့သည်။ မှော်ဆရာများအဖွဲ့အစည်းတွင် စာရင်းသွင်းထားသော မှော်ဆရာများ၏ သုံးပုံနှစ်ပုံခန့်မှာ စစ်ဆေးပွဲတွင် ပါဝင်လာကြသောကြောင့် ယခုနှစ်တွင် ပိုမိုကြီးမားသော အရှိန်အဟုန်တစ်ခု ဖြစ်ပေါ်လာခဲ့၏!

ယခင်က စစ်ဆေးပွဲတွင် မပါဝင်ခဲ့ဖူးဘဲ မှော်ပညာရှင်အစည်းအရုံး၌ ဘယ်တုန်းကမှ စာရင်းမသွင်းခဲ့ဖူးသည့် မှော်ပညာရှင်များစွာပင် ရုတ်တရတ်ပေါ်ထွက်လာကြသည်။

"သူတို့က အဆင့်မြှင့်ချင်ကြတာပဲ။ အခု အန်ဗီမာမြို့တော်မှာ စျေးနှုန်းကတ်ပြားရှိတယ်။ အကြိုအဆင့်မှော်ပညာရှင်တွေကိုမပြောနဲ့ဦး၊ ဒုတိယအဆင့် မှော်ပညာရှင်တွေက တစ်လကို လစာ ရွှေဒင်္ဂါးဆယ်ပြား၊တတိယအဆင့်မှော်ပညာရှင်တွေက ရွှေဒင်္ဂါးဆယ့်ငါးပြားနဲ့ စတုတ္ထအဆင့်မှော်ပညာရှင်တစ်ယောက်အတွက် အနည်းဆုံးလစာက ရွှေဒင်္ဂါးနှစ်ဆယ့်ငါးပြားတဲ့လေ။ ပဉ္စအဆင့်နဲ့ အထက်အဆင့်တွေရှိတဲ့ မှော်ပညာရှင်တွေကျတော့ ကိုယ်တိုင် လစာကိုညှိနှိုင်းလို့ရတယ်။"

မဟာမှော်ပညာရှင်အီစန်ခယ်ထံမှာ ထိုစကားများကိုကြားသော် မဟာမှော်ပညာရှင်ကမ်မီလာအပါအဝင် အခြားမှော်ပညာရှင်လေးဦးမှာ ကြက်သေ,သေသွားကြသည်။

ထိုဖြစ်ရပ်နှင့်ကြုံသော် ရှေးရိုးအဆန်ဆုံး မဟာမှော်ပညာရှင်တယ်လုချီမှာ မနေနိုင်ဘဲ တစ်စုံတရာကိုပြောလာသည်။

သူ့အတွက် မှော်ပညာရှင်များမှာ မှော်ပညာကိုလေ့လာရာ၌ အာရုံစိုက်သင့်သည်။ ထိုအဆင့်နိမ့်မှော်ပညာရှင်များမှာ မှော်ပညာကိုလေ့လာရာ၌ အာရုံမစိုက်ဘဲ ရွှေဒင်္ဂါးဆယ်ပြားလစာလေးရရန် လုပ်ငန်းစုများအတွက် မှော်စက်ပစ္စည်းများကို ထုတ်လုပ်ရာ၌ အာရုံစိုက်ထားခြင်းကြောင့်သာပင်။ ဤသည်က မှော်ပညာရှင်များအတွက် ဂုဏ်သိက္ခာကို ဆုံးရှုံးစေသည်။

မဟာမှော်ပညာရှင်အီစန်ခယ်က အေးစက်စွာရယ်လျက်ပြောလာသည်၊ "ဂုဏ်သိက္ခာက ခင်ဗျားကို ထမင်းကျွေးလို့လား? ဒီအဆင့်နိမ့်မှော်ပညာရှင်တွေက ကျုပ်တို့လို တိုင်းပြည်ဆီကနေ ဘဏ္ဍာငွေထောက်ပံ့မှုမရဘူးလေ၊ သူတို့က သူတို့ရဲ့ကျော်ကြားမှုနဲ့တင် ငွေပမာဏများများမရနိုင်ဘူး။ မမေ့နဲ့၊ သူတို့ကလူသားတွေလေ၊ သူတို့လည်း ရှင်သန်နေထိုင်ဖို့လိုတယ်။ မှော်ပညာလေ့လာဖို့က ရွှေဒင်္ဂါးပမာဏကြီးကြီးမားမားလိုအပ်တာကို မပြောနဲ့ဦး၊ ဒါဆို ခင်ဗျားက သူတို့ကို ငွေမဝင်စေချင်ရင် သူတို့သေဖို့ကို စောင့်စေချင်နေတာလား?"

မဟာမှော်ပညာရှင်အီစန်ခယ်၏ အပြစ်တင်စကားကိုကြားသော် မဟာမှော်ပညာရှင်တယ်လုချီက ပြောစရာမရှိတော့ချေ။

မဟာမှော်ပညာရှင်ကမ်မီလာ၏သက်သေခံချက်အောက်တွင် အခြားမှော်ပညာရှင်သုံးဦးမှာ ထိုထူးဆန်းသည့်ဖြစ်ရပ်က တကယ်ကို လမ်ပူရီတိုင်းပြည်၏ ပြည်နယ်အမျိုးမျိုး၌ ပေါ်ထွက်လာခဲ့သော မှော်စက်ပစ္စည်းများအတွက် လိုအပ်မှုကြောင့်ဆိုသည်ကို သိလိုက်ရသည်။

၎င်းကြောင့် မဟာမှော်ပညာရှင်ငါးဦးမှာ မနေနိုင်မထိုင်နိုင်ဘဲ Frestech ကုန်သည်ကြီးများအသင်းအကြောင်း ခေါင်းစဉ်ပြောင်းကာ ရှုယီ၏ အကြောင်းထိပင် ရောက်လာတော့သည်။

၎င်းတို့ရှုယီအကြောင်းပြောချိန်တွင် မဟာမှော်ပညာရှင် အီစန်ခယ်က မဟာမှော်ပညာရှင်ကမ်မီလာအား ရှုယီက မည်သည့်နေရာ၌ ရှိနေကြောင်းမေးလာခဲ့သည်။

ရှုယီမှာ ဤနှစ်စစ်ဆေးပွဲ၌ မပါဝင်သောကြောင့် အခြားမဟာမှော်ပညာရှင်သုံးဦးမှာလည်း အနည်းငယ်စိုးရိမ်ပုံပေါ်လာသည်။

ရှုယီက စတက်တိန်း နယ်မြေ၌ ရင်းနှီးမြှုပ်နှံရန်ရောက်နေကြောင်း မဟာမှော်ပညာရှင်ကမ်မီလာထံမှ သိရပြီးနောက်တွင် အခြား မဟာမှော်ပညာရှင်များမှာ မထိန်းနိုင်ဘဲ စိတ်ပျက်သွားကြသည်။

အကြောင်းမှာ ၎င်းတို့အတွက် ရှုယီက မှော်ပညာ၌ ပါရမီရှိပြီး သူသာ လေ့လာရာ၌ အာရုံစိုက်ထားပါလျှင် လမ်ပူရီတိုင်းပြည်အနေနှင့် ဆဌမမြောက်မဟာမှော်ပညာရှင်ကို မကြာခင်ရလာနိုင်လောက်သည်။

မဟာမှော်ပညာရှင်ကမ်မီလာက ရှုယီမှာ လရိပ်မျိုးနွယ်စုနှင့် ဆွေးနွေးရန်လည်းရှိကြောင်းပြောလာသည်ကို ကြားချိန်တွင် မဟာမှော်ပညာရှင်များက ခေါင်းစဉ်ကို နတ်သူငယ်မှော်ပညာဆီ ပြောင်းလိုက်ကြ၏။

ထိုပြဿနာကို သတိပြုမိသော် မဟာမှော်ပညာရှင်ကမ်မီလာနှင့် ဥက္ကဌအီရန်မှာဘက်မလိုက်ဘဲ အဆင့်က အတူတူဝန်းကျင်လောက်ရှိမည်ဟု ခံစားမိကြသည်။

မဟာမှော်ပညာရှင်တယ်လုချီနှင့် မဟာမှော်ပညာရှင်ထော်ရက်စ်မှာ ပို၍ပင်ရှေးရိုးဆန်လာကာ နတ်သူငယ်များ နှစ်ပေါင်းထောင်ချီအမွေဆက်ခံလာသည့် မှော်ပညာက ပိုမြင့်သည့်အဆင့်၌ ရှိမည်ဟု ထင်နေကြသည်။

မဟာမှော်ပညာရှင်အီစန်ခယ်ကဲ့သို့ လူသားများ၏ထိပ်တန်းဝါဒီလည်းဖြစ်သည့် အစွန်းရောက်သူမှာမူ လူသားများ၏ မှော်ပညာအဆင့်က နတ်သူငယ်များနှင့်ယှဉ်လျှင် ပိုလို့ပင်မြင့်နေပြီဟု ယုံကြည်ချက်စွာပြောလိုက်၏။

သို့သော် ဥက္ကဌအီရန်က အဘယ့်ကြောင့် မှော်စက်ပစ္စည်းများကို မဟာမှော်ပညာရှင်များက မဖန်တီးဘဲ ရှုယီက ဖန်တီးခဲ့ရသနည်းဟု မေးလာရာ

အခြားမဟာမှော်ပညာလေးဦးက မည်သည်ကိုမှ မပြောနိုင်တော့ပါချေ။

အထူးသဖြင့် မဟာမှော်ပညာရှင်အီစန်ခယ်က စိတ်ထဲ၌ မနေနိုင်ဘဲ အရှက်ရသွားသည်။

မှော်ပညာ‌လေ့လာရာ၌ အာရုံစိုက်ကြသည့် အခြားမှော်ပညာရှင်လေးဦးနှင့်ယှဉ်လျှင် မဟာမှော်ပညာရှင်အီစန်ခယ်က မှော်ပညာနှင့် စီးပွားရေးကိုပေါင်းစပ်ရန် အာရုံစိုက်နေသူဖြစ်သည်။ သို့သော် နှစ်ပေါင်းများစွာကြာပြီးနောက်တွင် မည်သည်နှင့်မှ မထိုက်တန်ဟု သူထင်ထားခဲ့သည့် ရှုယီကဲ့သို့ အဆင့်နိမ့်မှော်ပညာရှင်တစ်ဦးက မှော်စက်ပစ္စည်းများကို ဦးဆုံးတီထွင်လိမ့်မည်ဟု မတွေးထားခဲ့ဖူးပါချေ။

"ဒါက... ဒါကို ကျုပ်တို့ရဲ့ တွေးခေါ်မှုဖြစ်စဉ်တွေက တင်းကျပ်တယ်လို့ပဲ ယူဆလို့ရပါတယ်။” အတန်ကြာတိတ်ဆိတ်နေပြီးနောက် မဟာမှော်ပညာရှင်အီစန်ခယ်က ခါးသက်သက်ပြုံးလျက်ပြောလိုက်သည်၊ "ပြီးတော့... ပြောရရင် အဲ့ကလေးရှုယီက တကယ်ကို ပါရမီပါတယ်လေ။ ကျုပ်ညံ့‌နေတယ်လို့တောင် ခံစားရတဲ့နေရာတွေ အများကြီးရှိတယ်။”

မဟာမှော်ပညာရှင်ကမ်မီလာ၏နှုတ်ခမ်းများက မနေနိုင်ဘဲ တွန့်ကွေးသွားသည်။

ရှုယီမှာ ယခုတွင် စတေးလ်၏ခင်ပွန်းဖြစ်ပြီး သူ၏လက်အောက်တွင် အရွယ်ရောက်လာခြင်းဖြစ်ရာ ရှုယီကို ချီးကျူး‌ခြင်းက သူ့ကိုယ်တိုင်ချီးကျူးခံရသည်ထက် ပို၍ပျော်ရွှင်စေ၏။

"ပြောရရင်၊ ဒီလိုဖြစ်ရပ်မျိုးက ကောင်းသလားဆိုးသာလား မသိတော့ပါဘူး..." ဥက္ကဌအီရန်က အတန်ကြာတိတ်ဆိတ်သွားပြီးနောက် မျက်မှောင်ကျုံ့ကာဆိုလာ၏၊ "Frestech ကုန်သည်ကြီးများအသင်းရဲ့ဦးဆောင်မှုနဲ့ လုပ်ငန်းအတော်များများက မှော်စက်ပစ္စည်းတွေထုတ်လုပ်နေကြပြီး အဆင့်နိမ့်မှော်ပညာရှင်အတော်များများကို အလုပ်ရှာခွင့်ပြုရင်း ကျုပ်တို့မှော်ပညာရှင်အဖွဲ့အစည်းရဲ့ပြဿနာကိုဖြေရှင်းနေတယ်ဆိုပေမယ့်လည်း ဒီလုပ်ငန်းတွေအတွက်လုပ်ပေးကြတဲ့ မှော်ပညာရှင်တွေက မှော်အစီအရင်တွေအပေါ်မှာပဲ အာရုံစိုက်ကြပြီး မှော်ပညာမှာမဟုတ်တော့ဘူး။ ဒါက အနာဂတ်မှာ ကိစ္စကောင်းဖြစ်လာနိုင်မှာ မဟုတ်ဘူး..."

"မှော်အစီအရင်တွေကို လေ့လာတာကလည်း ခင်ဗျားတို့ရဲ့မှော်အဆင့်ကိုတိုးမြင့်စေနိုင်တယ်။" မဟာမှော်ပညာရှင်ကမ်မီလာက ထူးမခြားနားသည့်အသံဖြင့်ပြောလိုက်၏၊ "ကျုပ်ခင်ဗျားတို့ကို မပြောရသေးဘူး၊ ကျုပ်ရဲ့မှော်မျှော်စင်ကိုပိတ်ပြီး Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်သုတေသနရုံမှာ မှော်အစီအရင်တွေကို လေ့လာတော့ ကျုပ်မှော်အဆင့်က မြန်မြန်ပဲတက်လာတယ်လေ။ ကျုပ်အခုဆိုရင် စတုတ္ထမြောက်မဟာမှော်ပညာရှင်အဆင့်ကိုရောက်နေပြီ။"

***

မှော်စက်မှုအင်ပါယာ

Vol 3, အခန်း ၄၅။ မဟာမှော်ပညာရှင်များ၏ချီးမွမ်း‌မှု

မဟာမှော်ပညာရှင်ကမ်မီလာ၏အသံက အင်မတန်ထူးမခြားနားဖြစ်နေပါသော်လည်း ၎င်းကိုကြားသည့် မဟာမှော်ပညာရှင်လေးဦးမှာ မိုးကြိုးအပစ်ခံလိုက်ရသလို ခံစားသွားရသည်။

"ဘာလဲ? ကမ်မီလာ, ခင်ဗျားတကယ်ပဲ အဆင့်တက်သွားတာလား?"

"ဘုရားရေ! ကမ်မီလာ၊ ဒီနှစ်တွေတလျှောက်လုံးအပြီးမှာ၊ ခင်ဗျားတကယ် အဆင့်တက်သွားတယ်ပေါ့!"

"ဒါက တကယ်ကို မယုံကြည်နိုင်စရာပဲ! ခင်ဗျားတကယ်ပဲ အဆင့်တက်သွားတယ်ပေါ့!"

သူ၏တုံ့ပြန်မှုက အခြားမှော်ပညာရှင်သုံးဦးနှင့် အနည်းငယ်‌ကွဲပြားနေ၏။ ဥက္ကဌအီရန်က ထိတ်လန့်သွားသော်ငြား ပျော်ရွှင်နေပါ၏။ သူက ထိုင်ခုံမှပင် ထခုန်လိုက်ရင်း မဟာမှော်ပညာရှင်ကမ်မီလာ၏လက်ကိုဆွဲကိုင်ကာ စိတ်လှုပ်တရှားခေါင်းခါလျက် ကျေနပ်အားရနေဟန်ဖြင့် ဆိုလာသည်၊ "ကောင်းတယ်! ကောင်းတယ်! ကျုပ်တို့ လမ်ပူရီတိုင်းပြည်က တစ်ဖန်ပိုပြီးသန်မာလာခဲ့ပြီပေါ့!"

လမ်ပူရီတိုင်းပြည် မှော်ပညာရှင်အဖွဲ့အစည်း၏ ဥက္ကဌအနေနှင့် ဥက္ကဌအီရန်ကလည်း မဟာမှော်ပညာရှင်ဖြစ်ပါသော်ငြား၊ သူဟာ လမ်ပူရီတိုင်းပြည်ရှိ မှော်ပညာရှင်အားလုံး၏အဆင့်ကို ပို၍ဂရုစိုက်လေသည်။

တိုင်းပြည်၏မှော်ပညာရှင်အဆင့်အတွက် အကြီးမားဆုံးသော ပြယုဂ်မှာ မဟာမှော်ပညာရှင်များ၏ အင်အားပင်။

မဟာမှော်ပညာရှင်ကမ်မီလာမှာ တစ်ဆင့်သာတက်သွားခြင်းဖြစ်ပါသော်လည်း မဟာမှော်ပညာရှင်တစ်ဦးအတွက် အဆင့်တက်ရန်မှာ အဆင့်နိမ့်မှော်ပညာရှင်တစ်ဦးနှင့်စာလျှင် အဆပေါင်းများစွာခက်ခဲလေသည်။

ဆယ်နှစ်နီးပါးအဆင့်မတက်ခဲ့သည့် မဟာမှော်ပညာရှင်ကမ်မီလာကိုမဆိုထားနှင့်။ ဥက္ကဌအီရန်မှာ သူ၏မှော်စွမ်းအားက အထွဋ်အထိပ်သို့ရောက်နေပြီး အဆင့်တက်ရန် အင်မတန်ခက်ခဲသည်ဟု ထင်နေပါသော်လည်း ရုတ်တရတ်ကြီးအဆင့်တက်သွားသည်ဟု မထင်ထားခဲ့ရာ ၎င်းကြောင့် အင်မတန်ပျော်ရွှင်သွားသည်ပင်။

အားလုံးက အနည်းငယ်မျှ အောင်ပွဲခံပြီးနောက်တွင် မဟာမှော်ပညာရှင်အီစန်ခယ်က မေးလာ၏၊ "ကမ်မီလာ၊ ခင်ဗျားပြောတာကို သုံးသပ်ရရင် မှော်အစီအရင်တွေကို လေ့လာရာမှာ အာရုံစိုက်ထားလို့ ခင်ဗျားရဲ့ မှော်စွမ်းအားတိုးလာပြီး အဆင့်တစ်‌ဆင့်တောင်တက်သွားတယ်ပေါ့?"

အခြားမှော်ပညာရှင်သုံးဦးလည်း မဟာမှော်ပညာရှင်ကမ်မီလာကိုကြည့်ရင်း ထိုမေးခွန်းကို အင်မတန်ဂရုစိုက်နေချေသည်။

မဟာမှော်ပညာရှင်ကမ်မီလာက အတန်ငယ်တိတ်ဆိတ်သွားပြီးမှ ခပ်ဖျော့ဖျော့ပြုံးလျက် ခေါင်းငြိမ့်ကာ၊ "ဒါက အခြေခံအရတော့ အဲ့လိုဖြစ်သွားတယ်။ ကျုပ် မှော်အစီအရင်တွေကို လေ့လာရာမှာ အာရုံစိုက်ထားတာကြောင့်တော့ လုံးဝကြီးမဟုတ်ပေမယ့်လည်း မှော်အစီအရင်တွေကို လေ့လာတာကနေ ကိုးကားစရာအသစ်တွေအတော်များများရခဲ့တယ်လေ။ ကျုပ် မှော်ပညာကိုနားလည်မှုအသစ်တစ်ခုပေးခဲ့တဲ့ ကိုးကားစရာတွေများတာကြောင့် ကျုပ်ရဲ့မှော်စွမ်းအားလည်း မြန်မြန်ပဲ တိုးလာခဲ့တာ။"

အခြားမဟာမှော်ပညာရှင်လေးဦးက တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ တပြိုင်နက်တည်း ခေါင်းငြိမ့်လိုက်ကြသည်။

မဟာမှော်ပညာရှင်များ၏အဆင့်တွင် ၎င်းတို့အနေနှင့် မှော်စွမ်းအားကို မှော်ပညာအားဆက်တိုက်လေ့လာခြင်းဖြင့် မတိုးတက်စေနိုင်ကြောင်း နားလည်ခဲ့ရပြီး ၎င်းတို့၏ နက်နက်နဲနဲနားလည်နိုင်စွမ်းနှင့် အသိပညာတို့ကသာ တိုးတက်စေနိုင်သည်ပင်။

သို့သော် မဟာမှော်ပညာရှင်များဖြစ်ပြီးနောက်တွင် ၎င်းတို့မှာ မှော်ပညာကို နက်နက်နဲနဲ‌နားလည်နေပြီဖြစ်သောကြောင့် အဆင့်တက်ဖို့ မလွယ်တော့ချေ။

ယခုတွင် မဟာမှော်ပညာရှင်ကမ်မီလာက အရေးမပါဟု ယူဆခဲ့ရသည့် မှော်အစီအရင်များကို လေ့လာရာ၌ အာရုံစိုက်ခဲ့ရင်း သူ၏မှော်ပညာအား နက်နက်နဲနဲနားလည်နိုင်မည့် အကိုးအကားအသစ်ကိုရှာတွေ့ခဲ့ကာ မှော်စွမ်းအား‌တိုးလာခဲ့သည်မှာ ၎င်းတို့အတွက် အင်မတန်ကောင်းသောသင်္ကေတပါပင်။

"ကမ်မီလာ၊ ခင်ဗျားက Frestech ကုန်သည်ကြီးများအသင်းရဲ့မှော်သုတေသနရုံမှာ ရှိနေတယ်ဆိုမှတော့ ခင်ဗျားအနေနဲ့ မှော်စက်ပစ္စည်းတွေမှာ အသုံးပြုတဲ့ မှော်အစီအရင်တွေကို သုတေသနလုပ်ခဲ့ရလား?” မဟာမှော်ပညာရှင်တယ်လုချီက မေး၏။

"လုပ်ခဲ့ရတယ်။ Frestech ကုန်သည်ကြီးများအသင်းရဲ့မှော်စက်ပစ္စည်းအများစုမှာ အသုံးပြုတဲ့ မှော်အစီအရင်တွေအားလုံးမှာ ကျုပ်ရဲ့သုတေသနရှိတယ်။" မဟာမှော်ပညာရှင်ကမ်မီလာက ခေါင်းငြိမ့်ကာဖြေလာသည်။

"ဒါပေမယ့် ဒီမှော်စက်ပစ္စည်းတွေအားလုံးမှာ သုံးထားတာက အဆင့်‌နိမ့်မှော်အစီအရင်တွေမဟုတ်လား၊ ဒါဆို ခင်ဗျား ဒီအဆင့်နိမ့်မှော်အစီအရင်တွေကနေ ဘယ်လိုကိုးကားချက် ရနိုင်ခဲ့တာလဲ?"

မဟာမှော်ပညာရှင်တယ်လုချီပဲ မဟုတ်ပါချေ၊ အခြားမဟာမှော်ပညာရှင်သုံးဦးကလည်း သိလိုနေကြသည်။

"ခင်ဗျားက မှော်စက်ပစ္စည်းတွေမှာရှိတဲ့ မှော်အစီအရင်တွေကို အင်မတန် အထင်သေးနေတာပဲ။” မဟာမှော်ပညာရှင်ကမ်မီလာက ခေါင်းခါကာ ပြုံးနေသည်၊ "သူတို့သုံးထားတဲ့ မှော်အစီအရင်တွေက နိမ့်ပေမယ့်လည်း မှော်စက်ပစ္စည်းတွေရဲ့ လိုအပ်ချက်တွေကို ပြင်ဆင်ဖို့ အစီအရင်တွေအပေါ်မှာလုပ်ရတဲ့ သုတေသနက ကွဲပြားပြီး အားလုံးကို အသေအချာ ညှိနှိုင်းထားတာပဲ။ အခက်အခဲဘယ်လောက်ရှိသလဲဆိုရင်တော့ သူတို့က အဆင့်မြင့်မှော်အစီအရင်တွေရှုပ်ထွေးတာထက်မနည်းဘဲ ပိုတောင် ရှုပ်ထွေးကြသေးတယ်။"

"ဒါက ဒီလောက်တောင် ကြီးကျယ်တာလား?" ဘေးဘက်ရှိ မဟာမှော်ပညာရှင် ထော်ရက်စ်က ၎င်းကိုမယုံချေ၊ "ကျုပ်လည်း Frestech ကုန်သည်ကြီးများအသင်းရဲ့မှော်စက်ပစ္စည်းအတော်များများကို ဝယ်ခဲ့ပါတယ်၊ ပြီးတော့ ကျုပ်ပျင်းနေတဲ့အချိန်မှာ တစ်ခုကို ဖွင့်ကြည့်ခဲ့သေးတယ်... အိုး ဟုတ်သား၊ အဲ့ဒါ့ကို မှော်ရေပူပေးစက်လို့ခေါ်တယ်။ အထဲက မီးတောက်အစီအရင်ကလည်း အဲ့လောက်ကြီး မရှားပါဘူး။"

မဟာမှော်ပညာရှင်ကမ်မီလာက မဟာမှော်ပညာရှင်ထော်ရက်စ်ကိုကြည့်ကာ ရယ်လိုက်ရင်း၊ "ခင်ဗျား နက်နက်ရှိုင်းရှိုင်းမလေ့လာခဲ့လို့ပါ။ မေးပါရစေဦး၊ ခင်ဗျားအနေနဲ့ မီးတောက်အစီအရင်ရဲ့အပူကို ထိန်းချင်ရင် ဘယ်လိုလုပ်မှာလဲ?"

"ဒါက အရမ်းကိုရိုးရှင်းပါတယ်။ ခင်ဗျားအနေနဲ့ မှော်စွမ်းအားအထောက်အပံ့ကို ထိန်းထားလိုက်ရင် မှော်အစီအရင်က ဘာအပြောင်းအလဲမှ ဖြစ်တော့မှာမဟုတ်ဘူး။" မဟာမှော်ပညာရှင်ထော်ရက်စ်က စိတ်ပျက်စွာ နှုတ်ခမ်းကို တွန့်ကွေးလိုက်သည်။

"ဒါက ခင်ဗျားထင်သလို မရိုးရှင်းဘူး။" မဟာမှော်ပညာရှင်ကမ်မီလာက ခေါင်းကိုခါလျက်၊ "ခင်ဗျားသာ မှော်စွမ်းအားကို ထိန်းထားလိုက်ရင် မှော်အစီအရင်ကို အတက်အကျဖြစ်စေတာကနေ ရပ်တန့်လိုက်လိမ့်မှာက မှန်တယ်၊ ဒါပေမယ့် ဒီမှော်အစီအရင်ကို အုတ်မြစ်မှာ ခင်းထားတာမို့လို့ အုတ်မြစ်ရဲ့သတ္တုကို ထိခိုက်စေပြီး အုတ်မြစ်ကိုယ်တိုင်တောင် ထိခိုက်သွားလိမ့်မယ်။ ဒါကြောင့် ခင်ဗျားသာ မှော်အစီအရင်ကို ထိန်းချင်ရင် မှော်အစီအရင်က သူ့ကိုယ်သူ မထိခိုက်စေဖို့ ဘယ်လောက်အာမခံနိုင်သလဲဆိုတာကို စဉ်းစားဖို့လိုတယ်၊ ပြီးတော့ ဒါက သက်ဆိုင်တဲ့ သုတေသနအတော်များများလုပ်ဖို့ လိုအပ်တယ်။"

"ဒီလောက်တော့ မခက်ခဲလောက်ပါဘူး?" မဟာမှော်ပညာရှင်ထော်ရက်စ်က ခပ်သာသာ မျက်မှောင်ကုပ်လိုက်သည်။

သူက ထိုသို့ပြောလိုက်သော်လည်း မတိုင်ခင်ကလို စိတ်ပျက်နေဟန်မပြတော့ပေ။

"ဟင့်အင်း၊ ဒါက အရမ်းကိုခက်ခဲတယ်။" ဤတစ်ခေါက် ပြောလာသည်မှာ မဟာမှော်ပညာရှင်အီစန်ခယ်ပါပင်။ သူက ခေါင်းခါလျက် သက်ပြင်းချကာ ပြောလိုက်သည်၊ "ထော်ရက်စ်, ဒါကို ရိုးရှင်းတယ်လို့ မထင်နဲ့။ ကျုပ်အနေနဲ့ ဒီပြဿနာကို နှစ်တစ်ဝက်ကျော်လောက် ဖြေရှင်းဖို့ ကြိုးစားခဲ့ရပြီး ပြီးပြည့်စုံတဲ့ အဖြေတစ်ခုတောင် ရမလာမခဲ့ဘူး။ ကမ်မီလာ၊ Frestech ကုန်သည်ကြီးများအသင်းက ဒါကို ဘယ်လိုများ ဖြေရှင်းခဲ့တာလဲ?"

မဟာမှော်ပညာရှင်ကမ်မီလာက ရယ်လိုက်ပြီးနောက် ခေါင်းခါလျက် ပြန်ဖြေလိုက်သည်၊ "အီစန်ခယ်, ဒါက ကျုပ်တို့လုပ်ငန်းစုရဲ့ လျှို့ဝှက်ချက်မှန်း ခင်ဗျားသိပါတယ်၊ ကျုပ်ခင်ဗျားကို ပြောနိုင်မှာ မဟုတ်လောက်ဘူး။"

မဟာမှော်ပညာရှင်အီစန်ခယ်က ခါးသက်သက်ပြုံးကာ ပြောလာ၏။ "ဒီကလေးရှုယီက ခင်ဗျားကို ပြောခဲ့တာဖြစ်ရမယ်။ အိုင်း၊ မှော်ပညာရှင်တွေအားလုံးကို သူတို့ရဲ့ မှော်အဆင့်‌တွေ မြန်မြန်တက်နိုင်ဖို့ သုတေသနတွေ မျှဝေခဲ့တဲ့ မဟာမှော်ပညာရှင်ကမ်မီလာက ဘယ်ကိုရောက်သွားပါလိမ့်?"

မဟာမှော်ပညာရှင်ကမ်မီလာက သူစနောက်နေသည်ကို သဘာဝကျကျပင် သိသောကြောင့် ရယ်လျက် ဆိုလိုက်သည်၊ "ဒါက အရင်ကပါ၊ အခုကျုပ်နားလည်နေပြီ။ ဒီကလေးရှုယီက မှန်တယ်၊ မှော်ပညာရှင်တွေအားလုံး သူတို့ဂရုတစိုက်သုတေသနလုပ်ခဲ့တဲ့မှော်ပညာတွေကို မျှဝေခိုင်းလိုက်ရင် မှော်အဆင့်ကို တကယ်ပဲလျော့ကျစေလိမ့်မယ်။ ခင်ဗျားသတိမထားမိဘူးလား၊ အဖွဲ့အစည်းက မှော်မူပိုင်ခွင့်တွေ ကြေညာလိုက်ကတည်းက နယ်မြေတစ်ခုလုံးကနေ သုတေသနအသစ်အမျိုးအစားအားလုံးရောက်လာတာလေ?"

ဥက္ကဌအီရန်က ချက်ချင်း ခေါင်းငြိမ့်ကာပြောလိုက်သည်၊ "အမှန်ပဲ။ နောက်ဆုံးအကြိမ်အတွင်းပိုင်းကာလ ဒီလထဲမှာ မူပိုင်ခွင့်တွေအတွက် လျှောက်တဲ့လူပေါင်း သုံးထောင်ကျော်နဲ့ မတူညီတဲ့သုတေသနအချက်အလက်ငါးထောင်ကျော်ရှိခဲ့တာ။ အဖွဲ့အစည်းက ဒီသုတေသနရဲ့ စစ်တမ်းကို ကောက်ယူခဲ့ပြီး သူတို့အများစုကို များများစားစားမသုံးထားပေမယ့်လည်း မှော်အဆင့်တက်ရာမှာ ကူညီနိုင်မယ့် မှော်ပညာသုတေသန အမျိုးပေါင်းတစ်ထောင်ကျော်ရှိတာကို တွေ့ခဲ့ကြတယ်။"

မဟာမှော်ပညာရှင်တယ်လုချီနှင့် မဟာမှော်ပညာရှင်ထော်ရက်စ်မှာ တစ်ဦးနှင့်တစ်ဦးကြည့်ပြီး မဟာမှော်ပညာရှင်တယ်လုချီက ခံစားချက်အပြည့်ဖြင့်ပြောလာသည်၊ "ကျုပ်အရင်က ရှုယီရဲ့အဆိုပြုချက်ကိုတောင် ဆန့်ကျင်ခဲ့တယ်၊ ဒါပေမယ့် ဒီမူပိုင်ခွင့်အက်ဥပဒေထွက်လာတာနဲ့ သက်ရောက်မှုက ဒီလောက်ကောင်းလိမ့်မယ်လို့ မထင်ခဲ့မိဘူး။ သုတေသနအသစ်အမျိုးပေါင်းတစ်ထောင်၊ ဒါက နောက်ဆုံးနှစ်ငါးဆယ်မှာ မှော်ပညာရှင်တွေကြေညာခဲ့တဲ့ သုတေသနလို ကောင်းမွန်တယ်။"

မဟာမှော်ပညာရှင်ထော်ရက်စ်က ခါးသက်သက်ရယ်လျက်၊ "ကျုပ်တို့လိုလူအိုကြီးတွေက အဲ့ကလေးရှုယီလိုမျိုးပဲ လူတွေကို နားမလည်ပါဘူး။ သူက မှန်တယ်၊ ခင်ဗျားရဲ့သုတေသနကို ငွေလုပ်ဖို့ သုံးရမယ်ဆိုတာကို သိပြီး အခုဆိုရင် နယ်မြေရဲ့မှော်ပညာရှင်တွေက ပိုပြီးပွင့်လင်းလာကြတော့ သူတို့မထုတ်ပြချင်တဲ့ ရတနာတွေလိုမျိုး တွေ့ရှိမှုတွေကို ဖုံးမထားကြတော့ဘူးလေ။"

"အမှန်ပဲ၊ ခင်ဗျားတို့အနေနဲ့ မူပိုင်ခွင့်နဲ့ကာကွယ်ထားတဲ့ အသိပညာကိုရဖို့ နည်းနည်းလောက်သုံးရမယ်ဆိုပေမယ့်လည်း အရင်က မဖြေရှင်းနိုင်တဲ့ ပြဿနာကို ဖြေရှင်းဖို့ ဘာမှမစဉ်းစားဘဲ ပိုက်ဆံနည်းနည်းသုံးတာ‌လေးပါပဲ။ " မဟာမှော်ပညာရှင်အီစန်ခယ်က ခေါင်းငြိမ့်ကာ ပြောသည်၊ "ဒါကြောင့် ဒီကလေးရှုယီ ပထမဆုံးအကြိမ် မူပိုင်ခွင့်တွေကိုတောင်းချိန်မှာ ကျုပ် ဒါကိုအတော်လေးထောက်ပံ့အားပေးခဲ့တာပေါ့။ အခုကြည့်ပါဦး၊ အကျိုးရလာဒ်က အတော်လေးကောင်းမွန်တယ်။"

"ဟုတ်တယ်၊ ဒီကလေး ဘယ်လိုကြီးပြင်းလာသလဲကို ကျုပ်တကယ်ပဲမသိတော့ဘူး၊ သူဘာကြောင့် ဒီလိုထူးဆန်းပြီး၊ အသုံးဝင်တဲ့အကြံတွေရလာပါလိမ့်?"

ဥက္ကဌအီရန် အပါအဝင် အခြားမဟာမှော်ပညာရှင်လေးဦးက ရှုယီကို ချီးမွမ်းနေသည်အားကြားသော် မဟာမှော်ပညာရှင်ကမ်မီလာ၏ ဇရာထောင်းနေသော မျက်နှာက ပြုံးရွှင်လာသည်။

ခဏအကြာ၌ ဥက္ကဌအီရန်က ချောင်းတစ်ချက်ပင်ဟန့်ကာ အားလုံး၏ ချီးမွမ်းမှုနှင့် ဆွေးနွေးမှုကိုရပ်တန့်လိုက်ပြီး ဤအစည်းအဝေး၏ အဓိကအကြောင်းရင်းဆီ ပြန်သွားလိုက်တော့သည်။

ဤတစ်ခေါက်စစ်ဆေးပွဲတွင် ဝင်ဖြေမည့် မှော်ပညာရှင်ပိုများလာသောကြောင့် မှော်ပညာရှင်အဖွဲ့အစည်းအတွက် အလုပ်ပိုများနေရတော့သည်။ နယ်မြေ၏ မှော်ပညာရှင်အဖွဲ့အစည်းက အဆင့်မြင့် မှော်ပညာရှင်စစ်ဆေးပွဲအတွက် မဟာမှော်ပညာရှင်တစ်ဦးကို လိုအပ်နေသည့် အကြောင်းပါ ပေါင်းထည့်လိုက်ရာ မဟာမှော်ပညာရှင်ငါးဦး၌လည်း ဤနှစ်၏လမ်ပူရီတိုင်းပြည် အရည်အချင်းစစ်ပွဲအတွက် အားလပ်ချိန်မရှိကြတော့ပါချေ။

ထိုနည်းဖြင့် ဆက်မသွားနိုင်ရာ ဥက္ကဌအီရန်မှာ ဤအစည်းအဝေးကို လူနည်းနည်းနှင့် ရလာဒ်ကောင်းကောင်းရရန် မည်သို့ စီစဉ်သင့်ကြောင်း ဆွေးနွေးရန် ကျင်းပရခြင်းဖြစ်သည်။

အတန်ကြာဆွေးနွေးပြီးနောက် မဟာမှော်ပညာရှင်ငါးဦးမှာ ယာယီ အပေးအယူလုပ်လိုက်ကြသည်။ နောက်တစ်ခေါက် စစ်ဆေးပွဲ၌ ပါဝင်မည့် မှော်ပညာရှင်ပိုများပါလျှင် နောက်တစ်ခေါက်၌လာမည့် ဥက္ကဌအီရန်နှင့် အခြားနှစ်ယောက်အပြင် မဟာမှော်ပညာရှင် နှစ်ဦးလည်း လာမည်ဖြစ်သည်။

ဥက္ကဌအီရန်မှာ လမ်ပူရီတိုင်းပြည်မှော်ပညာရှင်အဖွဲ့အစည်း၏ ဥက္ကဌဖြစ်သောကြောင့် သူ့အနေနှင့် ဤတာဝန်ကို ရှောင်လွှဲမရနိုင်ပါချေ။

ကနဦးသဘောတူညီမှုရပြီးနောက်တွင် အခြား‌မဟာမှော်ပညာရှင်သုံးဦးထွက်သွားသော်လည်း မဟာမှော်ပညာရှင်ကမ်မီလာက ဥက္ကဌအီရန်နံဘေး၌ မေးမြန်းရန် နေခဲ့သည်။

အခြားသူများထွက်သွားပြီး အခန်းထဲ၌ ဥက္ကဌအီရန်နှင့် မဟာမှော်ပညာရှင်ကမ်မီလာတို့ပဲ ရှိတော့သည့်အချိန်တွင် ဥက္ကဌအီရန်ပြောလိုက်သည့် စကားလုံးများက မဟာမှော်ပညာရှင်ကမ်မီလာကို ထိတ်လန့်သွားစေတော့သည်။

***

မှော်စက်မှုအင်ပါယာ

Vol3, အခန်း ၄၆။ တရားဝင်စီးပွားရေးနှင့် ကိုယ်ပိုင်စီးပွားရေး

"ကမ်မီလာ၊ မင်းထင်လား..." ဥက္ကဌအီရန်က အတန်ငယ်တုံ့ဆိုင်းနေပြီးမှပြော၏၊ "ကျုပ်တို့မှော်ပညာရှင်အဖွဲ့အစည်းက Frestech ကုန်သည်ကြီးများအသင်းနဲ့ ပူးပေါင်းနိုင်ဖို့ အခွင့်‌အရေးတစ်ခုခုများရှိမလားလို့လေ။"

မဟာမှော်ပညာရှင်ကမ်မီလာက ဥက္ကဌအီရန်ကို အံ့ဩစွာကြည့်လျက်၊ "အဖွဲ့အစည်းက ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ ပူးပေါင်းချင်လို့လား? ဘယ်လိုပူးပေါင်းမှုမျိုးလဲ?"

ဥက္ကဌအီရန်က ခပ်သာသာမျက်မှောင်ကုပ်လိုက်၏။ သူက ထို ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းဆိုသည့် စကားလုံးများအရ လက်ရှိတွင် မဟာမှော်ပညာရှင်ကမ်မီလာက မှော်ပညာရှင်အဖွဲ့အစည်းထက် Frestech ကုန်သည်ကြီးများအသင်းနှင့်ပို၍သက်ဆိုင်နေသည်ဟု ဆိုနိုင်ပေသည်။

သို့သော် ဥက္ကဌအီရန်မှာ ၎င်းကို‌မြင်နေရသည်အား မပျော်ရွှင်နေပါချေ။ သူ့အတွက် လမ်ပူရီတိုင်းပြည်ရှိ မှော်ပညာရှင်အားလုံးမှာ ၎င်းတို့၏စိတ်နှလုံးသားထဲ၌ မှော်ပညာရှင်အဖွဲ့အစည်းကိုသာ ပထမနေရာ၌ ထားသင့်ပေ၏။

သို့သော် သူဟာ မည်သည်ကိုမှ ပြောလိုက်ရန် အရည်အချင်းမရှိနေပါချေ။ Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌရှုယီက မဟာမှော်ပညာရှင်ကမ်မီလာ၏ မြေးသားမက်ဖြစ်နေခြင်းကိုမဆိုထားနှင့် မဟာမှော်ပညာရှင်ကမ်မီလာမှာ Frestech ကုန်သည်ကြီးများအသင်း၏မှော်သုတေသနရုံးတွင် အထူးအဆင့်မြင့်သုံး သုတေသနပညာရှင်ဖြစ်၏။ သူဟာ Frestech ကုန်သည်ကြီးများအသင်းထံမှ တစ်နှစ်လျှင် ရွှေဒင်္ဂါးတစ်သောင်းအနည်းဆုံးရသည်ဟုပြောကြသည်။

၎င်းမှ သုံးသပ်ကြည့်ရုံနှင်တင် လမ်ပူရီတိုင်းပြည်နှင့် မှော်ပညာရှင်အဖွဲ့အစည်းက မယှဉ်နိုင်ချေ။

၎င်းကိုတွေးရင်း ဥက္ကဌအီရန်က တိတ်တဆိတ်သက်ပြင်းချကာ အပြုံးဖြင့်ပြော၏၊ "ကြည့်ပါဦး၊ ခင်ဗျားရဲ့ Frestech ကုန်သည်ကြီးများအသင်းက သုတေသနမှာကူညီနိုင်ဖို့ မှော်ပညာရှင်အတော်များများလိုနေတာမဟုတ်ဘူးလား? ခင်ဗျားလည်း အခုနလေးတင်ကမှပြောခဲ့တာပဲ၊ မှော်အစီအရင်တွေကိုလေ့လာရာမှာ အာရုံစိုက်ပြီးနောက်ကျတော့ ခင်ဗျားလိုမဟာမှော်ပညာရှင်က မှော်ပညာအကြောင်းပိုနားလည်ခဲ့ရပြီး မှော်စွမ်းအားကိုတောင် မြှင့်တင်ခဲ့သေးတယ်။ ပြီးတော့ မှော်ပညာရှင်အဖွဲ့အစည်းက ခင်ဗျားနဲ့ပူးပေါင်းပြီး အဖွဲ့အစည်းအောက်ကမှော်ပညာရှင်တွေလည်း မှော်အစီအရင်ကိုလေ့လာရင် သူတို့ရဲ့မှော်စွမ်းအားလည်း တိုးတက်လာလောက်မလားလို့ ကျုပ်စဉ်းစားမိတယ်။"

မဟာမှော်ပညာရှင်ကမ်မီလာက အတန်ကြာစဉ်းစားပြီးနောက် ခေါင်းငြိမ့်လိုက်ရင်း၊ "ကျုပ်လည်း ဒီလိုဖြစ်မယ်လို့ ခံစားမိတယ်။ သုတေသနပညာရှင်တွေရဲ့မှော်စွမ်းအားက မြန်မြန်ပဲတိုးတက်နေပြီး မနှစ်ကနဲ့ယှဉ်ရင် ဒီနှစ် စစ်ဆေးပွဲကိုလာခဲ့ကြတဲ့ သုတေသနပညာရှင်တွေ ပိုများတယ်။"

"ဒါကြောင့် ဒါကကျုပ်တို့မှော်ပညာရှင်အဖွဲ့အစည်းနဲ့ Frestech ကုန်သည်ကြီးများအသင်း ပူးပေါင်းဖို့ အစီအစဉ်ဆွဲပြီး အဖွဲ့အစည်းကလူတွေကို မှော်စက်ပစ္စည်းတွေအကြောင်း သုတေသနလုပ်ခွင့်ပြုမယ့်အစီစဉ်က အလုပ်ဖြစ်လောက်မလား?" ဥက္ကဌအီရန်က ခပ်မြန်မြန်မေးလိုက်သည်၊ "ကျုပ်ထင်တာတော့ ရှုယီက Frestech ကုန်သည်ကြီးများအသင်းအတွက် အလုပ်,လုပ်ပေးမယ့် ဒီလိုမှော်ပညာရှင်များများရှိတာကို ပျော်လောက်မယ်။"

"အာ၊ ဒီကလေးက အမြဲသုတေသနပညာရှင်တွေ မလုံလောက်လို့ ညည်းနေတာ၊ ပြီးတော့ ဒါက ကျုပ်တို့သုတေသန တိုးတက်မှုကို အတော် သက်ရောက်တယ်လေ။" မဟာမှော်ပညာရှင်ကမ်မီလာက ခေါင်းငြိမ့်လျက်၊ "ဒါပေမယ့် သူကဥက္ကဌဖြစ်နေတော့ ကျုပ်လည်း ကတိမပေးနိုင်ဘူး။ ကျုပ်ပြန်သွားတဲ့အခါကျရင် သူနဲ့ ဒါကို ဆွေးနွေးလိုက်ပါ့မယ်။"

"ဟုတ်ပြီ" မဟာမှော်ပညာရှင်ကမ်မီလာ၏ အဖြေကိုကြားသော် ဥက္ကဌအီရန်က အင်မတန်ပျော်ရွှင်သွားသည်၊ "ရှုယီမှာက မတူညီတဲ့ အကြံတွေ တော်တော်‌များများရှိတယ်၊ သူ့အနေနဲ့ ကျုပ်တို့အဖွဲ့အစည်းက သူ့လုပ်ငန်းနဲ့ပူးပေါင်းဖို့ကို သင့်တော်တဲ့ နည်းလမ်းရှာတွေနိုင်လိမ့်မယ်လို့ ကျုပ်ယုံတယ်။ ကမ်မီလာ၊ ကျုပ်ဒါအတွက် စောင့်နေပါ့မယ်။"

သူ၏ အမြင်တွင် ဥက္ကဌအီရန်က ဤပူးပေါင်းမှုကို ပြုလုပ်ချင်သည့်အကြောင်းအရင်းမှာ မှော်ပညာရှင်အဖွဲ့အစည်းအောက်ရှိ မှော်ပညာရှင်များအတွက် အကျိုးမြတ်တချို့ ရလို၍ဖြစ်သည်။ ထိုသည်မှာ သူ့လိုဥက္ကဌတစ်ဦး လုပ်သင့်သည့်အရာပင်။

မဟာမှော်ပညာရှင်ကမ်မီလာက ခေါင်းငြိမ့်ကာ မည်သည်ကိုမှ မဆိုချေ။ တိုင်းပြည်၏ မဟာမှော်ပညာရှင်ငါးဦးထဲမှ တစ်ဦးအနေဖြင့် သဘာဝကျကျပင် သူက ထိုကိစ္စကို ထောက်ပံ့ရန် တာဝန်ရှိသည်။

ရှုယီသဘောတူ မတူဆိုသည်မှာတော့ မဟာမှော်ပညာရှင်ကမ်မီလာက ပြဿနာရှိလာလိမ့်မည်ဟု မခံစားရချေ။

Frestech ကုန်သည်ကြီးများအသင်းထံ၌ သုတေသနပညာရှင်များကင်းမဲ့ပြီး အဖွဲ့အစည်းအောက်မှ မှော်ပညာရှင်များကလည်း အလုပ်ရှာနေကြရာ နှစ်ဘက်စလုံးက အချင်းချင်းလိုအပ်သည့်အရာရှိနေရာ အချင်းချင်း အဟန့်အတား ဖြစ်လာမည်မဟုတ်ချေ။

အတန်ကြာဆွေးနွေးပြီး အခြေခံပူးပေါင်းရေးအစီစဉ်ကို ဆုံးဖြတ်ပြီးနောက် ဥက္ကဌအီရန်က ခဏမျှရပ်တန့်လျက် လက်များကိုဖိပွတ်နေရင်း မဟာမှော်ပညာရှင်ကမ်မီလာကို ရှက်ရွံ့နေဟန်ဖြင့်မေးလာ၏၊ "တရားဝင်လုပ်ငန်းအပြင် ကျုပ်ကိုခင်ဗျားကူညီ‌နိုင်လောက်မယ်လို့ထင်တဲ့ အတွင်းရေးကိစ္စလေးလည်းရှိသေးတယ်..."

မဟာမှော်ပညာရှင်ကမ်မီလာက ပြုံးကာအံ့ဩဟန်ဖြင့် မေးလိုက်သည်၊ "ဥက္ကဌမှာ ကျုပ်ကို ဘာအတွင်းရေးကိစ္စများပြောချင်တာပါလဲ?"

"ဒါက ကျုပ်မိသားစုက‌ ကလေးနဲ့ဆိုင်ပါတယ်။" ဥက္ကဌအီရန်၏အမူအရာက အတန်ငယ်နေရခက်နေကာ၊ "ဒီက‌လေးအန်ကဲက မှော်စက်ပစ္စည်းတွေကို အန်ဗီမာ မြို့တော်မှာ ကောင်းကောင်းရောင်းရ‌တယ်လို့ ဆက်တိုက်ပြောနေတာ၊ သူက ဒီကနေ ငွေအတော်များများဝင်တဲ့ လူတချို့ကို သိတယ်လေ၊ ဒါကြောင့် သူနည်းနည်းလှုပ်ရှားသွားတယ်။ သူလည်း ကုန်သွယ်ရေးပိုလေ့လာချင်နေပေမယ့် သူ့အတွက်ကနည်းလမ်းမရှိတော့၊ ခင်ဗျားများ..."

ဥက္ကဌအီရန်၏ အမူအရာကိုမြင်သော် မဟာမှော်ပညာရှင်ကမ်မီလာက ချက်ချင်းနားလည်ကာ ပြုံး၍ ပြောလာ၏၊ "ခင်ဗျားသာ သူ့ကို Frestech ကုန်သည်ကြီးများအသင်းနဲ့ ပူးပေါင်းဖို့ ခွင့်ပြုမယ်လို့စဉ်းစားထားရင် အစီစဉ်တစ်ခုသာဆွဲလိုက်၊ ကျုပ်ရှုယီဆီ ပေး,ပေးပါ့မယ်။ ရှုယီ သဘောတူ, မတူကတော့ ကျုပ်အာမ,မခံနိုင်ဘူး။ ပြောရရင်... ခိ၊ သူနဲ့ရှုယီကြားထဲမှာ နည်းနည်းရေစက်ဆိုးတာလေးရှိနေတာကို ခင်ဗျားလည်းသိပါတယ်..."

"ဒါတွေက အတိတ်ပါပဲ။" ဥက္ကဌအီရန်က လက်ကိုယမ်းလျက်၊ "အန်ကဲပြောတာတော့ သူဒါကို ရှုယီနဲ့အတူဖြေရှင်းပြီးပြီတဲ့၊ ကျုပ်လည်းရှုယီက ဒီလိုကိစ္စလေးကို အစွဲမထားဘူးလို့ ယုံပါတယ်။ ဟုတ်ပြီ၊ ခင်ဗျားက သဘောတူလိုက်တော့ ကျုပ် ဒီ‌ကလေးရဲ့အကြံကို ပြောမှာပါ။ သူက အန်ဗီမာမြို့တော်အပြင်ဘက်မှာ Frestech ကုန်သည်ကြီးများအသင်းနဲ့အတူ အလုပ်ရုံတစ်ခု တည်ဆောက်ချင်နေတာပါ၊ ဒီနည်းနဲ့ Frestechတံဆိပ်မှော်စက်ပစ္စည်းတွေကို ဖန်တီးပြီး အန်ဗီမာမြို့တော်မှာရောင်းမလို့။ ဒါက သူ့အတွက် ပို့ဆောင်ရေးကုန်ကျစရိတ်လည်း မသက်‌သာစေဘူးလား?"

၎င်းက အန်ကဲ အီရန်သာဆိုလျှင် Frestech ကုန်သည်ကြီးများအသင်းနှင့်အတူ အလုပ်ရုံတစ်ရုံတည်ဆောက်ဖို့ မည်သို့များ အတင့်ရဲမည်နည်း။

အလုပ်ရုံတစ်ရုံကို တည်ဆောက်ဖို့က ရွှေဒင်္ဂါးသောင်းနှင့်ချီကုန်ကျမည်ကို မဆိုထားနှင့် အန်ကဲ အီရန်က မည်သို့များ ၎င်းတို့အားလုံးကို ထုတ်နိုင်ပါမည်နည်း။

ယခင်ကသာဆိုလျှင် မဟာမှော်ပညာရှင်ကမ်မီလာက ဥက္ကဌအီရန်က မှော်ပညာရှင်အစည်းအရုံးကိုစဉ်းစားကာ သူ၏ကိုယ်ပိုင်ကိစ္စကို ဂရုမစိုက်ရန် ပြောလိမ့်မည့်ပင်။ သို့သော် ရှုယီဆီမှလွှမ်းမိုးခံရပြီးနောက် မဟာမှော်ပညာရှင်ကမ်မီလာက သူ၏အတွေးများကိုပြောင်းကာ ၎င်းမှ မည်သည့်အကျိုးအမြတ်များ Frestech ကုန်သည်ကြီးများအသင်းထံ ယူဆောင်လာနိုင်မည်ကိုသာ ကြံဆနေပါ၏။

၎င်းက မှော်ပညာရှင်အစည်းအရုံးနှင့် တရားဝင်ပူးပေါင်းခြင်းနှင့် ကွဲပြားသည် ၎င်းတို့သာ ဥက္ကဌအီရန်နှင့်ပူးပေါင်းပါက Frestech ကုန်သည်ကြီးများအသင်းက သူ၏ထောက်ပံ့မှုကို တိတ်တဆိတ်ရနိုင်၏။ ၎င်းက Frestech ကုန်သည်ကြီးများအသင်းအား ရှေ့လျှောက် မှော်ပညာအသိုင်းအဝိုင်းတွင် လွှမ်းမိုး‌မှုပေးရာ၌ အသုံးဝင်လာလိမ့်မည်။

ထိုကိစ္စကိုတွေးတောပြီးနောက် မဟာမှော်ပညာရှင်ကမ်မီလာက ခေါင်းငြိမ့်ကာ၊"ကောင်းပြီ၊ ကျုပ်ရှုယီကိုပြောလိုက်မယ်။ ဒါပေမယ့် ကျုပ်အခုပြောသလိုပဲ၊ သူသဘောတူ,မတူကိုတော့ အာမ,မခံနိုင်ဘူး။"

ဥက္ကဌအီရန်က ပျော်ရွှင်သွားက ခပ်မြန်မြန်ပြောလာသည်၊ "ပြဿနာမရှိဘူး၊ ပြဿနာမရှိဘူး၊ ခင်ဗျားရှုယီကို ပြောလိုက်ရင်ရပြီ။ ကျုပ်ထင်တာတော့ သူဒါကိုသေချာတွေးကြည့်လိမ့်မယ်။"

၎င်းတို့ ထိုတရားဝင်နှင့် ကိုယ်ပိုင်စီးပွားရေးအကြောင်း ဆွေးနွေးပြီးနောက် မဟာမှော်ပညာရှင်ကမ်မီလာက မည်သည်ကိုမှဆွေးနွေးရန်မရှိတော့သဖြင့် ထထွက်သွားတော့သည်။

မှော်ပညာရှင်အဖွဲ့အစည်းမှထွက်လာပြီးနောက် မဟာမှော်ပညာရှင်ကမ်မီလာက စည်ကားနေသည့်လူအုပ်ကိုကြည့်ကာ ကူရာမဲ့စွာခေါင်းခါလျက် ခါးသက်သက်ပြုံးကာ သက်ပြင်းချ၏။

ဒီကလေးရှုယီ သူ့ကိုမတိုင်ခင်ကပြောခဲ့တာက တကယ်ကိုမှန်တာပဲ။

မှော်ပညာရှင်များမှာလည်း ရှင်သန်ရန်လိုအပ်သည့်လူများဖြစ်သည်။ ၎င်းတို့မှာ သာမန်လူများထက် သုတေသနလုပ်ရန် ငွေလိုအပ်သောကြောင့် မဟာမှော်ပညာရှင်ကမ်မီလာကဲ့သို့ မှော်ပညာလေ့လာရာ၌သာ အာရုံစိုက်ထားတော့ လူများမှာ မမှန်ပါချေ။

မျှော်လင့်ထားသလိုပင် ယခုတွင် ဥက္ကဌအီရန်မှစ၍ အဆင့်နိမ့်မှော်ပညာရှင်များဆီမှအထိ ရရှိမည့် အကျိုးအမြတ်များရှိရာ လမ်ပူရီတိုင်းပြည်ရှိလူတိုင်းမှာ လှုပ်ရှားလာကြသည်။

အရည်အချင်းစစ်ဆေးပွဲကို လာရောက်ကြသည့် အဆင့်နိမ့်မှော်ပညာရှင်ပိုများပြီး ၎င်းမှာ မှော်စက်ပစ္စည်းလုပ်ငန်းများအတွက် လုပ်ကိုင်ပေးနေချိန်၌ ၎င်းတို့၏လစာများတိုးရန်အတွက်သာဖြစ်သည်။

ဥက္ကဌအီရန်က ၎င်းလက်အောက်ရှိ မှော်ပညာရှင်များ အကျိုးအမြတ်ရရန် Frestech ကုန်သည်ကြီးများအသင်းနှင့် အလုပ်လုပ်ရန် ခွင့်တောင်းခဲ့၏။

နောက်ဆုံးအတွင်းရေးကိစ္စမှာ သူ့အတွက် အကျိုးအမြတ်များရရန်က ရှင်းလင်းပါ၏။

အရာအားလုံးက ရှုယီ၏ အမြင်မှန်ကြောင်းသက်သေပြနေသည်။

ဟုတ်ပေသည်၊ မှော်ပညာရှင်များက ငွေထောက်ပံ့မှုလိုအပ်၏၊ မဟုတ်ပါ‌က မှော်ပညာလေ့လာရန်မပြောနှင့် ၎င်းတို့အနေနှင့် အဆင်ပြေပြေပင် နေနိုင်မည်မဟုတ်ချေ။

၎င်းကို သတိထားမိပြီးနောက် မဟာမှော်ပညာရှင်ကမ်မီလာမှာ ဥက္ကဌအီရန်က သူကိုယ်တိုင်အတွက်သာ အကျိုးအမြတ်ရဖို့ ကြိုးစားနေခြင်းကြောင့် ဝေဖန်မှုကို ဖုံးကွယ်ထားပါသော်လည်း အဆင့်နိမ့်မှော်ပညာရှင်များ အကျိုးအမြတ်ရရန်အတွက်ကို အင်မတန်ထောက်ပံ့လိုနေသည်။ သူက ရှုယီအား မှော်ပညာရှင်အဖွဲ့အစည်းနှင့် တရားဝင်ပူးပေါင်းရန် ဖြောင်းဖျဖို့ရာပင် ပြင်ဆင်ထားလိုက်၏။

၎င်းမတိုင်ခင်က မှော်ပညာရှင်အဖွဲ့အစည်း၏ အထက်ပိုင်းများက အဆင့်နိမ့်မှော်ပညာရှင်များ၏ နေထိုင်ရေးကို အမြဲပူပန်နေခဲ့ရသည်။

တိုင်းပြည်၏ ထောက်ပံ့မှုနှင့် အခြားထောက်ပံ့မှုများရရှိသည့် မဟာမှော်ပညာရှင်များနှင့် မတူဘဲ သာမန်အဆင့်နိမ့်မှော်ပညာရှင်များ၊ အထူးသဖြင့် အဆင့်အနိမ့်ဆုံးသော မှော်ပညာရှင်များမှာ သာမန်လူများနှင့် သိပ်မခြားနားချေ။

အဆင့်နိမ့်မှော်ပညာရှင်များက အားကောင်းသည့်မှော်ပညာမရှိခြင်းကြောင့် စစ်တပ်ဖြစ်စေ လုပ်ငန်းများကဖြစ်စေ ၎င်းတို့ကို သိပ်မလို‌ချင်ကြချေ။ ထို့ကြောင့် အဆင့်အနိမ့်ဆုံးမှော်ပညာရှင်များမှာ မှော်ပညာအသိုင်းအဝိုင်း၏ အကြီးမားဆုံးအပိုင်းကိုဖွဲ့စည်းသည့်အထဲတွင် မှော်ပညာရှင်များအကြား အခက်ခဲဆုံး အနေထား၌ ရှိကြ၏။

ပုံမှန်ဆိုရလျှင် ထို အဆင့်အနိမ့်ဆုံးမှော်ပညာရှင်များက စစ်တပ်နှင့် လုပ်ငန်းစုများကို ဝင်ရန် မစွမ်းသာသောကြောင့် စွန့်စားရေးအဖွဲ့များ သို့မဟုတ် လူထုခေါင်းဆောင်အဖွဲ့များသို့သာ ဝင်ရောက်နိုင်ကြသည်။ ၎င်းတို့မှာ နေ့တိုင်းအသက်ကိုစွန့်စားသည်ဖြစ်စေ မှော်ပညာကို စွန့်လွှတ်ကာ သာမန်လူအဖြစ်သို့ ပြောင်းလဲနေထိုင်ရသည်ဖြစ်စေသာ တတ်နိုင်ကြသည်။

အဆင့်နိမ့်မှော်ပညာရှင်များ၏ ပြဿနာကိုဖြေရှင်းရန် နည်းလမ်းမရှိခြင်းကြောင့် မှော်ပညာ‌ကိုဆက်လေ့လာရန် အတင်းအကြပ်တားဆီးခံရသည့် အဆင့်နိမ့်မှော်ပညာရှင်များစွာရှိသည်။ ၎င်းတို့အကြားတွင် အရည်အချင်းအသင့်အတင့်ရှိ လူငယ်မှော်ပညာရှင်များစွာလည်း ရှိ၏။

မှော်ပညာရှင်အဖွဲ့အစည်းက ထိုပြဿနာကို မှော်ပညာရှင်များ၏ အရည်အချင်းနှင့် အရေအတွက်ကို ချပြရန် ဖြေရှင်းချင်ကြသော်လည်း ၎င်းတို့ထံ၌ သင့်တင့်သော ဝင်ငွေမရှိသောကြောင့် ကန့်သတ်ခံထားရသည်ပင်။ ၎င်းတို့မှာ မှော်ပညာနှင့်လုပ်ထားသောပစ္စည်းများမှ ငွေဝင်ချင်ပါသော်လည်း လုပ်စရာများများစားစားရှိ‌မနေပေ။ အောင်မြင်မှုရှိလာပါလျှင်တောင် များများစားစားထောက်ပံ့နိုင်မည်မဟုတ်ချေ။

ဥပမာ၊ ရှုယီမတိုင်ခင်ရခဲ့သည့် မှော်မီးအိမ်များကို မဟာမှော်ပညာရှင်များစွာ အတူတကွလုပ်ဆောင်ပြီးမှ ရခဲ့သည်။ သို့သော် ၎င်းက အင်မတန်အကုန်အကျများရာ ဈေးနှုန်းကအင်မတန်မြင့်သောကြောင့် မည်သူမှမဝယ်ဘဲ ဝမ်းနည်းစရာအဆုံးသတ်သွားသည်ပင်။

ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်း၏ မှော်စက်ပစ္စည်းအသစ်များ ပေါ်ပေါက်လာခြင်းက သူတို့အတွက် အနာဂတ်အလားအလာရှိသော စျေးကွက်ဖြစ်ကာ အဆင့်နိမ့်မှော်ပညာရှင်များအတွက် အခွင့်အရေးဖြစ်ကြောင်း သဘောပေါက်ခဲ့ကြသည်။ ၎င်းတို့၏ အားနည်းသောမှော်စွမ်းအားလေးနှင့် သင့်တင့်သည့်လာစာရရှိခဲ့သည်။

မှော်စက်ပစ္စည်းများ၏ ပေါ်ထွက်လာမှုက အဆင့်နိမ့်မှော်ပညာရှင်အားလုံးကို ရှင်သန်ဖို့ အခွင့်အရေးပေးခဲ့ပြီး လမ်ပူရီတိုင်းပြည်ရှိ မှော်ပညာရှင်အသိုင်းအဝိုင်းတစ်ခုလုံးကို ပြောင်းလဲစေခဲ့သည်ဟုဆိုလျှင် ချဲ့ကားပြောခြင်းမဟုတ်ပေ။

နောက်ထပ်နည်းနည်းသာဆက်သွားပါပြီး မှော်စက်ပစ္စည်းများအား ဆက်လက်ချပြနေပါလျှင် နယ်မြေရှိ မှော်ပညာရှင်အားလုံး ထိုမှော်စက်ပစ္စည်းများထံမှ ပြောင်းလဲမှုကြီးကြီးမားမားရနိုင်လောက်သည်။

၎င်းကိုတွေးတောလျက် မဟာမှော်ပညာရှင်ကမ်မီလာက စတေးလ်သူ့ထံ ပထမဆုံးယူလာခဲ့သည့် မှော်ပန်ကာအကြောင်း စဉ်းစားလိုက်သည်။

ထိုအချိန်က ထိုမျှအရိုင်းဆန်သည့်ပစ္စည်းထံ၌ ဤသို့သော် နက်နဲသည့် လွှမ်းမိုးမှုရှိမည်ဟု မည်သို့ စိတ်ကူးနိုင်မည်နည်း?

"ငါက အဲ့ကလေးရှုယီကို လျှော့တွက်နေခဲ့မိမယ်လို့ မထင်ခဲ့မိဘူး..." မဟာမှော်ပညာရှင်ကမ်မီလာက ခါးသက်သက်ပြုံးကာ ခေါင်းကိုပျော်‌ရွှင်စွာခါယမ်းလိုက်တော့၏။

မှော်ပညာရှင်အဖွဲ့အစည်းအပြင်ဘက်မှ မြင်းလှည်းထဲဝင်ချိန်တွင် သူ၏ မျက်လုံးထောင့်မှ အဲလက်စ်ကို မြင်လိုက်ရသည်။

***

မှော်စက်မှုအင်ပါယာ

Vol3, အခန်း ၄၇။ ကုန်သွယ်ရေး

လွန်ခဲ့သည့်၂နှစ်အကြာက အန်ဗီမာမြို့တော်၌ Frestech ကုန်သည်ကြီးများအသင်း၏ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရပြီးကတည်းက ထိုမြို့တော်ရှိ လုပ်ငန်းအများစုအတွက် တာဝန်ရှိသူဖြစ်ခဲ့ရသည့် အဲလက်စ်၏ ဘဝက လုံးဝပြောင်းလဲသွားရသည်။

ယင်းမတိုင်ခင်က သူဟာ Frestech ကုန်သည်ကြီးများအသင်း၏ လက်ထောက်အလုပ်ရုံမန်နေဂျာဖြစ်ပါသော်လည်း တစ်လကို ရွှေဒင်္ဂါးပြားနှစ်ဆယ်လစာရရှိခြင်းက သူ၏ဘဝကိုကြီးမားစွာ ပြောင်းလဲစေခဲ့ကာ ဘန်တာမြို့က သေးငယ်သည့်နေရာလေးဖြစ်၍ အတွေ့အကြုံများကို ထိုနေရာ၌ ကန့်သတ်ထားသည်။

သူ အန်ဗီမာမြို့တော်သို့ရောက်လာပြီးနောက် အစပိုင်းတွင် ဗစ်တာ, ဆဲလ်, အာဂေါ့ထ်တို့နှင့် ဆက်သွယ်ရာတွင်အဓိကတာဝန်ရှိခဲ့ပြီး ဘန်တာမြို့ထံမှ Frestech ကုန်သည်ကြီးများအသင်း၏ကုန်စည်များပို့ဆောင်ဖို့ရန် ၎င်းတို့နှင့်အတူ ခန့်ခွဲခဲ့ရရာ၊ သူဟာ ၎င်းတို့နှင့် အတော်လေးရင်းနှီးနေပြီဖြစ်၏။

ဗစ်တာ၏အဖွဲ့နှင့်ရင်းနှီးသောကြောင့် အဲလက်စ်မှာ ထိုဒေသခံအနိုင်ကျင့်သူသုံးဦးက ဦးဆောင်သည့် အန်ဗီမာ မြို့တော်၏ သက်ဝင်နေသောမြင်ကွင်းကိုကြုံတွေ့ခဲ့ရသည်။ ၎င်းက ဘန်တာမြို့နှင့် မယှဉ်နိုင်သည့် ခမ်းနားသောအတွေ့အကြုံပါပင်။

ဥပမာ၊ အေမီစားသောက်ဆိုင်၏ ဇိမ်ခံပွဲတော်၊ တော်ဝင်ဗီလာများရှိ စပရိုက်ပါတီများ၊ Awpကာစီနိုရှိ သက်ဝင်သည့်မြင်ကွင်း၊ သို့မဟုတ် Awpကာစီနိုနံဘေး အဆောက်အအုံငယ်ရှိ မိန်းမငယ်လေးများပင်...

သို့သော် ၎င်းတို့အားလုံးက ငွေကုန်ကျများ၏။ အစက ဗစ်တာ၏အဖွဲ့ကအဲလက်စ်အား ကြေးတစ်ပြားပင်ထုတ်ခွင့်မပေးပါသော်လည်း အဲလက်စ်ကတော့ သူ့အား စိုက်ရှင်းခွင့်မပြုဘဲ ကျေးဇူးသာ တင်လိုက်သည်။

၎င်းက ဆက်လက်ဖြစ်ပွားနေရင်း အဲလက်စ်၏ Frestech ကုန်သည်ကြီးများအသင်းကိုယ်စားလှယ်အဖြစ်ဖြင့် ရရှိသော တစ်လ ရွှေဒင်္ဂါးနှစ်ဆယ့်ငါးပြားမှာ သုံးဖို့လုံလောက်ခြင်းမရှိတော့ချေ။

လွန်ခဲ့သည့်လကို အကြမ်းဖျင်းခန့်မှန်းကြည့်ပြီး သူဟာ ဗစ်တာ၏အဖွဲ့ထံတွင် ရွှေဒင်္ဂါးနှစ်ထောင်ကျော် အကြွေးတင်နေကြောင်း သိသွားသောကြောင့် အနည်းငယ်စိုးရိမ်နေလေ၏။

သူ၏လစဉ်ရသောလစာနှင့် သူဟာ မည်သည်ကိုမှမစားပါလျှင်တောင် အားလုံးပြန်ဆပ်ရန် ၇နှစ်ကြာမည်ဖြစ်၏။

သို့သော် ထိုဇိမ်ရှိသောဘဝကိုလက်လျှော့ပြီး ယခင်ကကဲ့သို့သောဆင်းရဲသည့်ဘဝကိုပြန်သွားရန်ကိုမူ အဲလက်စ်က လက်ခံမည်မဟုတ်ချေ။

သူက သူ၏ဦးလေးဟိန့်ဇ်အား ထိုကိစ္စအကြောင်း ရိုးသားစွာပြောပြပါလျှင်လည်း ဟိန့်ဇ်က သူ့အတွက် သေချာပေါက် ပြန်ပေးမည်ဖြစ်၏။

ဟိန့်ဇ်မှာ Frestech ကုန်သည်ကြီးများအသင်း၏ ဒုဥက္ကဌဖြစ်ပြီး ရှယ်ယာ နှစ်ဆယ်ရာခိုင်နှုန်းကိုလည်း ပိုင်ဆိုင်သည်။ သူက တစ်နှစ်ကို ရွှေဒင်္ဂါးပေါင်းသိန်းနှင့်ချီဝင်သောကြောင့် ရွှေဒင်္ဂါးပေါင်းနှစ်ထောင်က သူ၏မျက်လုံးထဲ၌ ဘာမှမဟုတ်ပါချေ။

သို့သော် အဲလက်စစ်က သူ့အားမပြောဝံ့ပေ။

သူသာ ဟိန့်ဇ်အား အန်ဗီမာမြို့တော်တွင် တစ်နေ့လုံး လိုက်လံကစားနေခြင်းကြောင့် ရွှေဒင်္ဂါးနှစ်ထောင်အကြွေးတင်ခဲ့ကြောင်းသာပြောခဲ့ပါလျှင် မည်သို့ဖြစ်မည်နည်း?

ဟိန့်ဇ်က သူ၏ခြေထောက်များကို မရိုက်ချိုးပစ်လျှင်တောင် သူ့အားအန်ဗီမာမြို့တော်မှ ဆွဲထုတ်ကာ ဘယ်တော့မှ အပြင်ထွက်ခွင့်ပြုတော့မည်မဟုတ်ချေ။

သို့ရာတွင် ဟိန့်ဇ်အား အကူညီမတောင်းပါလျှင်လည်း အဲလက်စ်က ဘာလုပ်နိုင်မည်နည်း?

လူများမှာ တွန်းအားပေးခံနေရချိန်တွင် မည်သည်ကိုမဆိုလုပ်လာနိုင်ကြ၏။ ထိုပြဿနာကို ရက်များစွာ တွေးတောဆင်ခြင်ပြီးနောက်တွင် အဲလက်စ်မှာ ထိုအဖြေရှာတွေ့သွားတော့၏။

အရည်အချင်းစစ်ပွဲအတွက် အချိန်ကျလာပြီဖြစ်ရာ Frestech ကုန်သည်ကြီးများအသင်း၏ သုတေသနပညာရှင်များလည်း အန်ဗီမာမြို့တော်သို့ ရောက်လာကြပြီဖြစ်၏။ ဤအချိန်အတွင်း အဲလက်စ်က ဥက္ကဌ၏အမိန့်များအရ ၎င်းတို့ကိုဂရုစိုက်ရန် တာဝန်ကျသည်။ သူက ၎င်းတို့အား ကောင်းကောင်းဂရုစိုက်ပေးသောကြောင့် သူလည်း သုတေသနပညာရှင်များနှင့် အင်မတန်ရင်းနှီးလာကာ ထိုသူတို့နှင့် ပုံမှန် တွဲသွားတွဲလာလုပ်လေ့ရှိသည်။

သူ၏ ဒုဥက္ကဌဟိန့်ဇ်၏တူဆိုသည့် အထောက်အထားအရ သူ့အား သတိမထားကြပေ။

သက်ဝင်လှသော ပွဲတော်အတွင်း အဲလက်စ်မှာ လွယ်ကူစွာပင် သူလိုအပ်သည့် အရာများကိုရလိုက်သည်။

ထို့အပြင် ယနေ့မှာ ထိုအရာများကို သုံးရမည့်အချိန်ပါပင်။

မဟာမှော်ပညာရှင်ကမ်မီလာက အဲလက်စ်ကိုမြင်လိုက်ချိန်တွင် မှော်ပညာရှင်အဖွဲ့အစည်းနံဘေးမှ လမ်းကြားတစ်ခုထဲသို့ လျှောက်ဝင်သွားနေသည်။ အတန်ကြာစဉ်းစားပြီးနောက်တွင် သူဟာ အဲလက်စ်အား နှုတ်ဆက်ရန်မလိုတော့သောကြောင့် မြင်းလှည်းထဲဝင်ကာသာ ထွက်သွားတော့သည်။

အဲလက်စ်သည်တော့ လမ်းကြားတစ်ဝိုက်လှည့်ပတ်မေပြီး အကြိမ်များစွာ ဝိုင်းကြီးပတ်ပတ်ဖြစ်နေပြီးနောက်တွင် လမ်း‌ကြားနံဘေးရှိ တံခါးလေးတစ်ခုထဲသို့ဝင်သွား၏။ သူဟာ အနောက်ဘက်ဥယျာဉ်လေးကိုဖြတ်၍ အခန်းလေးထဲဝင်လိုက်သော် သူ့အားစောင့်ဆိုင်းနေသည့် သက်လတ်ပိုင်းလူကြီးတစ်ဦးကို မြင်လိုက်ရသည်။

"မင်း အဲ့ပစ္စည်းယူလာခဲ့လား?" ၎င်းမှာ ထိုသက်လတ်ပိုင်းလူနှင့် အဲလက်စ်တို့တွေဆုံကြသည့် ပထမဆုံးအကြိမ်မဟုတ်သည်မှာသေချာသည်။ သူ့အားမြင်ပြီးနောက် ထိုလူဟာ သူ့အားမနှုတ်ဆက်ဘဲ ထိုမေးခွန်းကိုမေးလိုက်သည်။

အဲလက်စ်က ခေါင်းစောင်းကာ ထိုလူထံပြုံးကာ ခေါင်းငြိမ့်လိုက်သည်။ သူက ရင်ဘတ်ထဲမှမွှေနှောက်ရှာဖွေလျက် မှတ်စုတစ်အုပ်ထားထုတ်ယူကာ ပေးလိုက်သည်။

သက်လတ်ပိုင်းလူကြီးမှာ စာအုပ်ကိုအလေးအနက်ကြည့်လိုက်ပြီး တွေးတောနေလေ၏။ သူဟာ အဲလက်စ်ရေးထားသည့် ဆယ်မျက်နှာပင်မပြည့်သော စာအုပ်ကိုဖတ်ပြီးနောက်တွင် မျက်မှောင်ကုပ်လျက် အဲလက်စ်ကိုမေးလိုက်သည်၊ "ဒီလောက်ပါးပါးလေးလား?"

အဲလက်စ်က ရယ်လိုက်သည်၊ "ဒါက... မပါးပါဘူး၊ ဒါပေမယ့်..."

အဲလက်စ်၏မျက်နှာထားကိုမြင်သော် ထိုသက်လတ်ပိုင်းလူကြီးက အေးစက်စက်နှာမှုတ်လိုက်သည်။ သူက နံဘေးရှိစာအုပ်ကိုယူကာ ဖွင့်ပြီးနောက် စားပွဲပေါ်တင်ခဲ့သည့် ရွှေစာရွက်ကို ယူလိုက်သည်။

အဲလက်စ်က၎င်းကို မြင်သော် ချက်ချင်းပြုံး၍ ၎င်းအပေါ်ရှိ အရေအတွက် 'နှစ်ထောင်'နှင့် ခီမဲရာကုန်သည်ကြီးများအသင်းဟူသည့် သင်္ကေတကိုမြင်သော် သူ၏အပြုံးကပိုမိုတောက်ပလာသည်။ ထို့နောက် ရင်ဘတ်ထဲမှ ပိုထူသည့်စာအုပ်ကိုထုတ်ကာ သက်လတ်ပိုင်းလူထံသို့ တရိုတသေကမ်းပေးလိုက်၏။

သက်လတ်ပိုင်းလူက ၎င်းကိုသေချာမကြည့်ဘဲ လှန်ရုံလှန်လိုက်ကာ စာအုပ်နှစ်အုပ်ကိုချထားလိုက်သည်။ ထို့နောက် သူက အဲလက်စ်ကိုပြောလာ၏၊ "ဟုတ်ပြီ၊ သဘောတူညီမှုက ဒီမှာပြီးပြီ။ အခြားလူတွေကို ဒီအကြောင်းမသိစေနဲ့၊ ဘာလုပ်ရမလဲသိတယ်မို့လား?"

"ဟုတ်ပြီ၊ ဟုတ်ပြီ။" အဲလက်စ်က ခေါင်းသာဆက်ငြိမ့်နေလိုက်သည်။

"ကောင်းပြီ၊ မင်းမှာ ဒီလိုအရာတွေထပ်ရှိသေး‌ရင်တော့ အနာဂတ်မှာ သဘောတူညီချက် လုပ်လို့ရဦးမှာပါ။ ဈေးနှုန်းကတော့... မင်းယူလာတဲ့ပစ္စည်းအပေါ်မှာမူတည်တယ်။" သက်လတ်ပိုင်းလူက ပြောလာသည်။

"ဟင့်အင်း၊ ဟင့်အင်း၊ ဟင့်အင်း၊ ဒီတစ်ခါပဲ၊ နောက်တစ်ခါမရှိတော့ဘူး။" အဲလက်စ်က အဆက်မပြတ်ခေါင်းခါလိုက်ပြီး၊ "နောက်တစ်ခေါက်အကြောင်းမပြောနဲ့တော့။ ကျုပ်ဦးလေးသာ ဒါကိုသိသွားရင်တော့လား ကျုပ်ခြေထောက်ကို သေချာပေါက်ချိုးပစ်လိမ့်မယ်ဗျ! ဥက္ကဌရှုတောင် ကျုပ်ကိုခွင့်လွှတ်မှာမဟုတ်လို့ သေချာပေါက် နောက်တစ်ခေါက်မရှိတော့ဘူး၊ နှုတ်ဆက်ပါတယ်!"

ထိုစကားများပြောပြီးနောက် အဲလက်စ်မှာ ထိုသက်လတ်ပိုင်းလူက သူ့ကိုဆက်နေခိုင်းမည်အား ကြောက်ရွံ့သောကြောင့် အလျင်အမြန်ပင် တံခါးကိုဖွင့်၍ ခြံဝန်းလေးထဲမှထွက်သွားတော့သည်။

သက်လတ်ပိုင်းလူက အဲလက်စ်တံခါးမှတဆင့်ပျောက်ကွယ်သွားသည်ကိုကြည့်ရင်း နှုတ်ခမ်းများကိုဖိကပ်ကာ အေးစက်စက်ပြုံးလိုက်၏။

"အိုင်း၊ ငါးရှိနေတဲ့ ကြောင်တစ်ကောင်က ဘယ်လိုများ သူ့ကိုယ်သူ ထိန်းချုပ်နိုင်မှာလဲ? ကလေး၊ မင်းက တကယ်ကိုအရမ်း အပြစ်ကင်းတယ်။"

သက်လတ်ပိုင်းလူက အဲလက်စ်ပေးခဲ့သည့် မှတ်စုစာအုပ်များကိုကြည့်ပြီးနောက် အခြားတစ်အုပ်ကိုထုတ်ကာ အားလုံးကိုကူးထားလိုက်၏။ အတန်ကြာစဉ်းစားပြီးနောက်တွင် သူဟာ အခန်းနှင့် ခြံဝန်းထဲမှထွက်ကာ မနီးမ‌ဝေးမှ မှော်ပညာရှင်အဖွဲ့အစည်းဆီသို့ ဦးတည်သွားလိုက်သည်။

သူက ရှင်းလင်းစွာပင် မကြာခဏလာသည့် ဧည့်သည်ဖြစ်ရာ မည်သူကမှ သူဝင်လာပြီး ဥက္ကဌ၏ရုံးခန်းသို့ တိုက်ရိုက်ဝင်သွားချိန်၌ တားလာခြင်းမရှိချေ။

မဟာမှော်ပညာရှင်ကမ်မီလာထံပြောပြီးနောက်၌ အလုပ်,လုပ်နေသည့် ဥက္ကဌအီရန်ကမော့ကြည့်လိုက်သည်။ သူဟာ သက်လတ်ပိုင်းလူကြီးဝင်လာသည်ကိုမြင်သော် မျက်ခုံးပင့်လာ၏။

"ရခဲ့လား?"

သက်လတ်ပိုင်းလူက ပြန်ဖြေပြီးနောက် တံခါးပိတ်ကာ ဥက္ကဌအီရန်ကိုကြည့်လိုက်သည်။

ဥက္ကဌအီရန်က နားလည်ကာ ပြုံးရင်းဆိုလာ၏၊ "အေးဆေးပါ၊ ဒီရုံးခန်းကို ကျုပ်ကိုယ်တိုင်ခင်းကျင်းထားတဲ့ အမြဲတမ်း အသံတိတ်မှော်အစီအရင်နဲ့ကာကွယ်ထားတာဆို‌တော့ ဒီထဲမှာပြောသမျှကို ဘယ်သူမှမကြားနိုင်ဘူး။"

သက်လတ်ပိုင်းလူက အတန်ငယ် စိတ်အေးသွား၏။ သူက ဥက္ကဌအီရန်ရှေ့၌ ထိုင်ချကာ အစောတုန်းက ကူးယူခဲ့သည့် မှတ်စုကိုထုတ်လိုက်သည်။

ဥက္ကဌအီရန်က စာအုပ်ကိုယူကာ သက်လတ်ပိုင်းလူကြီး အဲလက်စ်ထံမှ ယူတုန်းကနှင့်ယှဉ်လျှင် ပိုမိုလေးနက်နေဟန်ဖြင့် စစ်ဆေးနေသည်။

သို့သော် သက်လတ်ပိုင်းလူနှင်စာလျှင် ဥက္ကဌအီရန်က ၎င်းတို့ကို ပိုမြန်အောင်ကြည့်၌ပြီး ဆယ်မိနစ်မပြည့်ခင်မှာပင် ပြီးဆုံးသွား၏။ သူက ၎င်းကို မည်သည့်မပါဘဲချထားလိုက်ကာ သက်လတ်ပိုင်းလူကို ခေါင်းငြိမ့်ပြုံးပြလိုက်သည်၊ "မဆိုးဘူး၊ ဒါက တကယ်ကိုကျုပ်တို့လိုအပ်နေတဲ့အရာပဲ။ ဒါပေမယ့် ကျုပ်တကယ်ကို ခင်ဗျားဒါတွေဘယ်ကရသလဲ သိချင်မိတယ်?"

သက်လတ်ပိုင်းလူက ခပ်ဖျော့ဖျော့ပြုံးလျက်၊ "ဥက္ကဌအီရန်, ဒါကို ခင်ဗျားဂရုစိုက်ဖို့မလိုပါဘူး၊ ဟုတ်ပြီလား?"

ဥက္ကဌအီရန်က မျက်မှောင်ကုပ်လိုက်သော်လည်း သက်လတ်ပိုင်းလူနှင့် ငြင်းခုံခြင်းမပြုချေ။ အတန်ကြာစဉ်းစားပြီးနောက် ဆို‌လာ၏၊ "ရပါတယ်၊ ကျုပ်က တိတ်တိတ်နေတဲ့လူတွေကို သဘောကျတာ၊ ဒါက အားလုံးအတွက်ပိုကောင်းတာပေါ့။"

၎င်းကိုပြောပြီး‌နောက်၌ ဥက္ကဌအီရန်က‌ ရွှေတစ်ထောင်တန်သုံးစကိုထုတ်ယူကာ စားပွဲပေါ်တင်လာသည်၊ "ခင်ဗျား ရှေ့လျှောက် ဒါမျိုးပစ္စည်းတွေတွေ့ရင်လည်း ကျုပ်အားလုံးယူပါ့မယ်။"

သက်လတ်ပိုင်းလူက မည်သည်ကိုမှမဆိုဘဲ ခေါင်းငြိမ့်ကာ ရွှေသုံးစကိုယူလိုက်၏။ ထို့နောက် ဥက္ကဌအီရန်ကို အရိုအသေပေးပြီးမှာ ထရပ်ကာ ရုံးခန်းထဲမှ ထွက်သွားတော့သည်။

ရုံးခန်းတံခါးပိတ်သွားပြီးနောက် ဥက္ကဌအီရန်က စာအုပ်ကိုထုတ်ယူ၍ ကြည့်လိုက်ပြီး ပြန်ထားလိုက်သည်။ သူက ရုံးခန်းထဲမှထွက်ကာ မှော်ပညာရှင်အဖွဲ့အစည်းသို့သွားရန် ထရပ်လိုက်ပြီး သူ၏ကိုယ်ပိုင်ရထားလုံးထဲဝင်ကာ အန်ဗီမာ မြို့တော်မှ အလျင်အမြန်မောင်းထွက်သွားသည်။

မြင်းရထားလှည်းက အန်ဗီမာမြို့တော်မှထွက်လာပြီး ဆယ်ကီလိုမီတာအကွာရှိ တောင်ဘက်သို့သွားကာ နှစ်ကီလိုမီတာအကွာ အနောက်ဘက်ကိုသို့ ထပ်မံဦးတည်ပြီးမှ ရပ်သွား၏။

ဤနေရာ၌ မြေကွက်လပ်ရှိခဲ့သော်လည်း ဆောက်လုပ်ရေးဆိုက်အဖြစ်ပြောင်းသွားပြီပင်။ ဤ မြေကွက်ရှိ အခန်းကြီးများတွင် လူများစွာ အလုပ်လုပ်နေကြသည်။

၎င်း၏ သွင်ပြင်မှာ မိုးကျတောင်ကြားရှိ Frestech ကုန်သည်ကြီးများအသင်း၏အလုပ်ရုံများလိုပါပင်။

အပြီးသတ်ကာနီးသည့် ထိုအလုပ်ရုံများထဲဝင်လာသော် ထိုနေရာ၌ မည်သည့်မှော်ထုတ်လုပ်ရေးစက်များမျှမရှိပါချေ။ အပြီးသတ်နေသည့် အလုပ်သမားတချို့သာရှိ၏။

ဥက္ကဌအီရန်ဝင်လာသည်ကိုမြင်သော် မှော်ပညာရှင်ဝတ်ရုံနှင့် အသက်သုံးဆယ်ပတ်လည်လူတစ်ယောက် ရောက်လာသည်။

"ဥက္ကဌ ဘာလို့များဒီရောက်နေရတာလဲ?" လူငယ်မှော်ပညာရှင်က တရိုတသေမေးလာသည်။

ဥက္ကဌအီရန်က သူ့အားလျစ်လျူရှုကာ ဘေးဘီကိုကြည့်လိုက်သော်လည်း ဤနေရာ၌ရှိနေမည်ထင်ထားသည့် အန်ကဲ အီရန်ကရှိမနေချေ။ သူဟာ မနေနိုင်ဘဲ မျက်မှောင်ကုပ်ကာ နှာမှုတ်လိုက်သည်။

လူငယ်မှော်ပညာရှင်က ဥက္ကဌအီရန်၏ ဆိုလိုရင်းကိုနားလည်ကာ အလျင်အမြန်ပင် အပြုံးဖြင့်ပြောလိုက်၏၊"အန်ကဲက မြို့ကို စစ်‌ဆေးဖို့သွားပါတယ်၊ သူက ပေါ့ပေါ့လျော့လျော့မနေပါဘူး။"

"ဟုတ်ပြီ၊ မင်းသူ့ကိုကာပေးဖို့မလိုပါဘူး။ ငါက အဲ့ကလေးကို မင်းထက်ပိုသိပါတယ်။" ဥက္ကဌအီရန်က နှာခေါင်းတစ်ချက်ရှုံ့လိုက်သော်လည်း စကားထပ်မပြောလိုတော့ချေ။ သူက လူငယ်မှော်ပညာရှင်အတွက် စာအုပ်ကိုထုတ်ယူလိုက်ကာ၊ "ဒါတွေကို သွား‌လေ့လာထား။ မင်းနားလည်နိုင်ရင် ငါတို့ကို အချိန်အတော်လေးသက်သာစေလိမ့်မယ်။"

လူငယ်မှော်ပညာရှင်က စာအုပ်ကိုကြည့်လာကာ ပို၍ပို၍ အံ့အားသင့်နေလေသည်။

"ဥက္ကဌ၊ ဒါကို... ဘယ်လိုများရလာတာလဲ? ဒါတွေက Frestech ကုန်သည်ကြီးများအသင်းရဲ့ အရေးကြီးဆုံး လျှို့ဝှက်ချက်တွေမဟုတ်လား?"

ဥက္ကဌအီရန်က သူ့ကိုကြည့်ကာ ငြင်ငြင်သာသာပြောလာ၏၊ "ဒါက မင်းမေးသင့်တာမဟုတ်ဘူး။"

လူငယ်မှော်ပညာရှင်လေးက အံ့ဩသွားသော်ငြား အလျင်အမြန်ခေါင်းငြိမ့်ကာ၊ "ဟုတ်ကဲ့၊ ကျွန်တော်နားလည်ပါပြီ။"

အနည်းငယ်စဉ်းစားပြီးသော် သူက တုံ့ဆိုင်းစွာပြော၏၊ "ဒါပေမယ့် ဥက္ကဌ၊ ခင်ဗျားက Frestech ကုန်သည်ကြီးများအသင်းနဲ့ အလုပ်တွဲလုပ်ဖို့စီစဉ်ထားတာမဟုတ်လား? ကျုပ်တို့ဒါတွေကို လေ့လာဖို့လိုလို့လား?"

"နုံလိုက်တာ! ရှုယီက သူ့ရဲ့နည်းပညာအစစ်ကို တခြားလူတွေဆီ ပေးမယ်ထင်နေတာလား? ပြီးတော့ ငါတို့ကို သူ့နှာတစ်ဖျားအသာလေးနဲ့ ဦးဆောင်ခွင့်ပြုဖို့က ဖြစ်သင့်လား? ဒါကို ငါ့အတွက် ကောင်းကောင်းလေ့လာထား၊ ငါတို့နဲ့ဆိုင်တဲ့တစ်ခုခုကို ထုတ်လုပ်နိုင်ရင်တော့ အကောင်းဆုံးပဲ။ ငါတို့တကယ်ငွေလိုချင်ရင် အခြားလူတွေကိုပဲမှီခိုနေလို့မရဘူး၊ မင်းနားလည်ရဲ့လား?" ဥက္ကဌအီရန်က အသံစူးစူးဖြင့်ပြောသည်။

လူငယ်မှော်ပညာရှင်လေးက ခေါင်းငြိမ့်ကာ၊ "ဥက္ကဌပြောတာမှန်ပါတယ်၊ ကျုပ်တို့ သေချာလေ့လာပြီး ခင်ဗျားရဖို့ ခက်ခက်ခဲခဲကြိုးစားထားတာကို ဖြုန်းတီးဖို့ မဖြစ်ဘူး။"

ထိုစိတ်လှုပ်ရှားနေသည့်မှော်ပညာရှင်ကိုမြင်သော် ဥက္ကဌအီရန်က သက်ပြင်းချလိုက်သည်။ သူဟာတောင်ဘက်ကိုကြည့်လျက် ရှုယီမှ သူ့အားပထမဆုံးလာတွေ့ချိန်ကို စဉ်းစားကြည့်လိုက်သည်၊ ရှုယီဟာ မည်သည်ကိုမှ မကြောက်ရွံ့ဘဲ အမြဲလိုလိုယုံကြည်မှုပြည့်နေပုံပေါ်နေ၏။

ဖြစ်နိုင်တာက သူဒီမှော်စက်ပစ္စည်းအသစ်တွေအားလုံးကို ထုတ်လုပ်နိုင်ခဲ့လို့လား?

သူ၏လက်အောက်က ပါရမီရှိမှော်ပညာရှင်များက ရှုယီနှင့် မယှဉ်နိုင်ပါချေ။

၎င်းကို တွေးတောရင်း ဥက္ကဌအီရန်က ရုတ်တရတ် မှော်ပညာရှင်ကမ်မီလာကို ပထမဆုံးအကြိမ် မနာလိုဖြစ်သွားရ၏။

သူ့ထံ၌သာ ထိုကောင်စုတ်လေးအီရန်မဟုတ်ဘဲ စတေးလ်ကဲ့သို့ လှပသည့် သမီးပျိုတစ်ဦးသာရှိခဲ့လျှင် ရှုယီအား သူ့နံဘေးသို့ ဆွဲခေါ်နိုင်လိုက်မည်လား?

ထိုသို့သာဆိုလျှင် ၎င်းက သူ့အတွက် လုံလနှင့် အချိန်သက်သာစေမည်ပင်။

***

မှော်စက်မှုအင်ပါယာ

Vol 3, အခန်း ၄၈။ လနတ်ဘုရားမနှစ်ခြင်း

"ရှီး၊ အားချူးး(နှာချေသံ)!"

လေပြေအေးအေးက မြင်းရထားလှည်း၏ ပြတင်းမှတစ်ဆင့်ဝင်လာကာ စောင့်ကြည့်နေသည့် ရှုယီအား အပြင်းအထန်နှာချေခြင်းမှ မရပ်တန့်‌နိုင်အောင် ဖြစ်နေစေသည်။

မျက်နှာချင်းဆိုင်၌ထိုင်နေသော ဥက္ကဌခရုစ်က ထိုနှာချေမှုနှင့် ထိခတ်သွားသောကြောင့် ချက်ချင်းခါးသက်သက်ဟန်ဖြစ်သွား၏။

"ကျုပ်ပြောမယ် ရှုယီ၊ ဘာပဲဖြစ်ဖြစ် ခင်ဗျားက အဆင့်မြင့်မှော်ပညာရှင်ဖြစ်နေဆဲပဲလေ ဟုတ်ပြီလား? ဘယ်လိုများဒီလို လေပြေအေးအေးလေးကိုတောင် မကိုင်တွယ်နိုင်ရတာလဲ?"

ရှုယီက နေရခက်နေဟန်ပြုံးရင်း ဥက္ကဌခရုစ်ထံ လက်ကိုင်ပဝါပေးလိုက်သည်။ ထို့နောက် မြင်းရထားလှည်းထဲ၌ ထိုင်နေရသည်မှာ အနည်းငယ်ထုံကျင်လာခြင်းကြောင့် ပခုံးတွန့်လျက် ကူရာမဲ့စွာပြောလေ၏၊ "တခြားနည်းလမ်းမရှိဘူး၊ ကျုပ်က မဟာမှော်ပညာရှင်မဟုတ်တော့၊ ကျုပ်ဘေးနားက သဘာဝစွမ်းအင်တွေနဲ့ ဓာတ်ပြုဖို့က မဖြစ်နိုင်ဘူးလေ။ ဒါနဲ့ပဲ ကျုပ်လည်း သာမန်လူတစ်ယောက်လို အအေးဒဏ်ကိုခံစားရတယ်။"

"အအေးဒဏ်မခံနိုင်ချိန်မှာ ပါးပါးလေးပဲဝတ်ထားတာက ဒါကို တောင်းဆိုနေတာပဲမဟုတ်လား?"

ဥက္ကဌခရုစ်က ရှုယီ၏ပေါ့ပေါ့ပါးပါးအဝတ်ကိုကြည့်ရင်း မနေနိုင်ဘဲ ခေါင်းခါလိုက်၏။

ရှုယီက ပခုံးတွန့်ကာ ပြန်ဖြေသည်၊ "စတက်တိန်းနယ်မြေကနေ ပြန်လာကတည်းက ကျုပ်ဒီမှာ ပိုအေးတာကိုမေ့သွားတယ်။ ဒါ့အပြင်... ကျုပ်အနေနဲ့ စမ်းသပ်မှုတစ်ခုလုပ်ချင်လို့။"

"ဘာစမ်းသပ်မှုလဲ?"

ရှုယီက ခေါင်းခါရင်း ပြန်မဖြေချေ။

သူက ဤစမ်းသပ်မှုအကြောင်း လူများကို မပြောနိုင်ပါချေ၊ အထူးသဖြင့် မှော်ပညာကိုနားမလည်သည့် ဥက္ကဌခရုစ်ကိုပင်။

သူပြောသည့် စမ်းသပ်မှုက သူပြောခဲ့သလို သူ၏နံဘေးရှိသဘာဝစွမ်းအင်နှင့် ဓာတ်ပြုခြင်းဖြစ်၏။

နတ်သူငယ်လေးများ၏ပြောကြားချက်အရ ၎င်းအား မှော်သ‌ဘာဝစွမ်းအင်၏ပြီးပြည့်စုံသောခံစားမှုဟု ခေါ်ရပေမည်။

အရိပ်တေးသံအကြီးအကဲလီဆန်ယာရှင်းပြခဲ့သည်ကို ကြားပြီးနောက်တွင် ရှုယီက ၎င်းအား ကြိမ်နှုန်းဓာတ်ပြုခြင်းဟုခေါ်‌သည်။

အကြောင်းမှာ ရှုယီ၏နားလည်ခြင်းမှ ထိုခံစားမှုဟုခေါ်သည့်အရာအား မှော်ပညာရှင်များ၏ မှော်စွမ်းအားကို အနီးဝန်းကျင်မှော်သဘာဝစွမ်းအင်အား လှုံ့ဆော်ရန်အသုံးပြုသည်။ ၎င်းက ထိုနှစ်ခုအကြားတွင် ကြိမ်နှုန်းဖန်တီးရန် ပဲ့တင်ထပ်ခြင်းများကို ဖန်တီးပေး၏။

ထိုသို့ပင် ၎င်းတို့၏ မှော်စွမ်းအားနှင့် ဆက်သွယ်ထားသည့် မှော်သဘာဝစွမ်းအင်ကို အကျိုးသက်ရောက်နိုင်ကာ ၎င်းတို့၏မှော်ပညာနှင့် ထိန်းချုပ်၍ ဓာတ်ပြုခြင်းဖြစ်သည်။ ထို့ကြောင့် ကမ္ဘာမြေလောကမှ သိပ္ပံပညာအရ ၎င်းကို ကြိမ်နှုန်းညှိခြင်းဟု ခေါ်သင့်ဟ။

စိုင်စ်နယ်မြေရှိ မှော်ပညာရှင်များ၏ ယေဘုယျအသိပညာအရ ၎င်းကို ပြုလုပ်နိုင်ခြင်းက မဟာမှော်ပညာရှင်အဆင့်၌ ရှိနေပြီဟု သက်သေပြ၏။

ရှုယီမှာ ၎င်းကို မပြုလုပ်သေးရာ သူဟာ မဟာမှော်ပညာရှင် မဟုတ်သေးဟု ဆိုလိုသည်။

မှန်ပါ၏ သူဟာလည်းများစွာ အလျင်လိုနေခဲ့သည်။

လရိပ်မျိုးနွယ်စု၌ ရှိနေစဉ်တွင် အရိပ်တေးသံအကြီးအကဲလီဆန်ယာက ရှုယီ၏မှော်အဆင့်ကိုတိုးမြှင့်ပေးနိုင်မည့် နည်းလမ်းတစ်ခုရှိကြောင်းပြောခဲ့သည်။ ထိုနည်းလမ်းမှာ အင်မတန်ရိုးရှင်းလှပုံပေါ်သော်လည်း ထိုသည်မှာ လနတ်ဘုရားမနှစ်ခြင်းဖြစ်ရာ ၎င်းကိုကြားသော် အက်ဂ်နက်စ်, ဒယ်လီနှင့် စတေးရှားတို့မှာ ထိတ်လန့်သွားကြတော့၏။

ထိုလနတ်ဘုရားမနှစ်ခြင်းမှာ တကယ်တမ်းတွင် ရှုယီအား လရိပ်မျိုးနွယ်စု၏ သန့်စင်သောလရောင်အောက်၌ တစ်နာရီကြာ ရေအေးအေးချိုးခိုင်းရုံပါပင်။

ရှုယီက လရောင်အောက်၌ စိမ်နေချိန်တွင် သူ၏ အနီးဝန်းကျင်မှော်သဘာဝစွမ်းအင်ခံစားမှုက များစွာ တိုးတက်လာပါသော်လည်း မှော်စွမ်းအားကတော့ ထိုမျှလောက်မများချေ။

တစ်နာရီကြာစိမ်ပြီးသော် ရှုယီ၏ မှော်စွမ်းအားအဆင့်က သူထင်ထားသလို မတိုးတက်လာဘဲ များများစားစားပင် ပြောင်းလဲမသွားပေ။

သို့သော် ရှုယီက ဂရုမစို‌က်ချေ။ သူ ဤတစ်ခေါက် လရိပ်မျိုးနွယ်စုထံလာခြင်းက ပူးပေါင်းရန်သာဖြစ်ရာ မည်သည့် ပြန်ပေး‌ချေမှုကိုမှ မမျှော်လင့်ပါချေ။ ထို့ကြောင့် အရိပ်တေးသံအကြီးအကဲလီဆန်ယာနှင့် အခြားနတ်သူငယ်များက အင်မတန်အရေးကြီးသည်ဟု ယူဆထားသော လနတ်ဘုရားမနှစ်ခြင်း၏ရလာဒ်က ထိုသို့ဖြစ်နေလျှင်တောင် သူ့အတွက် မည်သည်မှ အရေးမပါချေ။

သို့သော် အရိပ်တေးသံအကြီးအကဲလီဆန်ယာက ထိုကိစ္စကို အလေးအနက်သဘောထားကာ ရှုယီ၏ အပြင်ပန်းက ထူးကဲသည်ဟု ဆိုကာ လနတ်ဘုရားမနှစ်ခြင်း၏သက်ရောက်မှုက အင်မတန်ကောင်းမွန်၍ ရှုယီ၏ မှော်စွမ်းအားများလည်း ၎င်းအောက်၌ နေပြီးနောက်တွင် တိုးလာမည်ဖြစ်ကြောင်း ပြောလိုက်ကတည်းက ယခင်ကထက်စာလျှင် ပိုမိုဝေးကွာ‌သွားတော့၏။

ရှုယီမှာ အရိပ်တေးသံအကြီးအကဲလီဆန်ယာက သူ့အားအရူးလုပ်နေသည်ဟု မထင်ပါချေ။ သူက ထိုအခြေနေကိုလက်ခံကာ ထိုနေ့နောက်ပိုင်းကတည်းက သူ၏ကိုယ်မှပြောင်းလဲမှုများကို အာရုံစိုက်လိုက်သည်။

အချိန်တချို့ကြာပြီးနောက် ရှုယီမှာ အကြီးအကဲလီဆန်ယာက နတ်သူငယ်တစ်ယောက်‌အနေနှင့် သူ့အား လိမ်မည့်အကျင့်မရှိကြောင်း သိလိုက်ရ၏။

သူဟာ ပတ်ဝန်းကျင်ရှိမှော်အစွမ်းက ပိုမှုစူးရှလာပြီး တရားထိုင်လိုက်ချိန်တွင်လည်း မှော်စွမ်းအားက လျင်လျင်မြန်မြန်တိုးတက်လာသည်ကို ခံစားရသည်။

ယခင်ကနှင့်ယှဉ်လျှင် တူညီသည့်မန္တာန်များကိုသုံးချိန်၌ သူဟာ မှော်စွမ်းအားကုန်ကျမှုနည်းပါးသွားပြီး မှော်အစွမ်းကို ပိုမြန်မြန်ထုတ်ဖော်နိုင်သည်ပင်။

ရှင်းရှင်းပြောရလျှင် သူ၏စွမ်းအားက ချက်ချင်းကြီးမတိုးလာပါသော်လည်း တိုးတက်နှုန်းမြန်လာသည်။

မဟာမှော်ပညာရှင်ကမ်မီလာက ရှုယီအား မှော်ပညာကို အာရုံစိုက်လေ့လာလျှင် အသက်လေးဆယ်၌ မဟာမှော်ပညာရှင်ဖြစ်လာနိုင်သည်ဟုဆိုပြောခဲ့၏။

သို့သော် အခုတွင် ရှုယီက သူသာ မှော်ပညာကိုလေ့လာရာ၌ အာရုံစိုက်ဖို့ ဆန္ဒရှိပါလျှင် ၎င်းကို ငါးနှစ်အတွင်းနှင့်ပင် ရရှိနိုင်ကြောင်း ဝေဖန်မိ၏!

ဤသည်က စိုင်စ်နယ်မြေ၏ရာဇဝင်တွင် မြင်ရတွေ့ရ ရှားပါးလှသည်။

သို့သော် ရှုယီက များများစားစားဂရုမစိုင်ချေ။ သူ၏ကိုယ်ပိုင်မှော်စွမ်းအားတိုးလက်လာသည်နှင့်ယှဉ်လျှင် သူ့အတွက်ပိုအရေးပါသည့်အရာက မှော်စက်မှုစနစ်တစ်ခုဖန်တီးရန်သာပင်။

နှစ်သစ်ကူးမတိုင်ခင် ဘန်တာမြို့ထံပြန်ရန်အလျင်လိုနေရာ ရှုယီ၏ စတက်တိန်းနယ်မြေ၌ စစ်ဆေးခြင်းက တစ်လသာကြာမြင့်ပြီး အလွန်ချောမွေ့ခဲ့သည်ပင်။

ဤအတောအတွင်း ရှုယီက ခေါင်းဆောင်ဝိန်နှင့်စီးပွားရေးသဘောတူညီမှုများပြုလုပ်ကာ စတက်တိန်းနယ်စားနှင့်ပင်တွေ့ဆုံခဲ့ပြီး မိုင်းတွင်းသုံးခု၏ ချဲ့ထွင်မှုကို အတည်ပြုခဲ့သည်။ သူဟာ စတက်တိန်း နယ်စားနှင့် စာချုပ်တစ်ခုချုပ်ဆိုခဲ့ပြီး Frestech ကုန်သည်ကြီးများအသင်းအား ဆန်နက်မြေရိုင်းမှ စတက်တိန်းနယ်မြေ၏မြို့တော်သို့ လမ်းမတစ်ခု ခင်းကျင်းရန် ခွင့်ပြုချက်ရခဲ့သည်။

လမ်းခင်းနေသည့် ရွှေဒင်္ဂါးများနှင့် ရှုယီထံ၌ရှိသည့် တောင်းဆိုမှုများအားလုံးမှာ ကျေနပ်စရာပင်။ ဥပမာ သူက မိုင်းတွင်းများအား ကာကွယ်ရန်နှင့် မတော်တဆများမဖြစ်စေရန် အစောင့်များထားလိုသည်။ စတက်တိန်း နယ်စားနှင့် သူ၏ဝန်ကြီးများက ၎င်းကို လုံးဝမဆန့်က်ျုဘဲ မိုင်းတွင်းတစ်ခုစီ၌ အစောင့် နှစ်ရာစီထားစေ၏။

မှန်ပါ၏၊ ရှုယီမှာ စတက်တိန်းနယ်စားအား "စတက်တိန်း နယ်မြေ၏ လုံခြုံရေးတိုးမြင့်ခြင်း" အဖိုးအခအနေနှင့် တစ်နှစ်လျှင် ရွှေဒင်္ဂါးငါးသိန်းပေးရသည်။

စတက်တိန်းနယ်စားနှင့် သူ၏လက်အောက်မှ ဝန်ကြီးများကို ပေးအပ်ခဲ့သည့် "လက်ဆောင်လေးများ"ကိုပါ ပေါင်းလိုက်သော် စတက်တိန်း နယ်မြေခရီးတွင် Frestech ကုန်သည်ကြီးများအသင်းမှာ မှတ်တမ်းများ၌ပင် မမှတ်ရသေးသည့် ရွှေဒင်္ဂါးတစ်သန်းနီးနီး ရင်းနှီးမြှုပ်နှံခဲ့ရ၏။

အခြေအနေကိုသိသော ဥက္ကဌခရုစ်ကရှုယီထံ ထိုအကြောင်းလမ်းတလျှောက်၌ ဆက်ပြောနေကာ အဘယ့်ကြောင့် သူက ထိုစတက်တိန်းနယ်မြေကဲ့သို့သော နေရာတွင် ထိုမျှရင်းနှီးမြှုပ်‌နှံနေကြောင်းကို နားမလည်တော့ချေ။

လောဘကြီးသည့်မျိုးရိုးမြင့်များနှင့် လူပျင်းများပြည့်နေသည့် အနာဂတ်မရှိသောတိုင်းပြည်တစ်ခုကို ငွေများ ပစ်သွင်းမည့်စား ပို၍ကတိတည်သောနေရာ၌ ရင်းနှီးမြှုပ်နှံသည်က ပိုကောင်းမွန်၏။

ဥပမာ၊ လုပ်ငန်းစုလေးခု၏ထုတ်လုပ်ရေးဌာနအား ဆန်နက်မြေရိုင်း၌ စတင်ဆောက်လုပ်ပြီး သားရဲလူမျိုးများနှသည့် အမှန်တကယ်ဆက်သွယ်လိုက်ပြီးနောက်တွင် ဥက္ကဌခရုစ်က ထိုနေရာ၌ စတက်တိန်း နယ်မြေထက် အနာဂတ်ပိုရှိကြောင်းတွေ့လိုက်ရသည်။

အကြောင်းမှာ ထိုသားရဲလူမျိုးများက သူထင်ထားသလောက်မရက်စက်ဘဲ လူသားများကဲ့သို့ပင် တူညီသည့် ဉာဏ်ရည်ရှိခြင်းကြောင့်ဖြစ်သည်။

မြေခွေးမျိုးနွယ်နှင့် ကြောင်မျိုးနွယ်သားရဲလူမျိုးများထံ၌ လူများကဲ့သို့ သုံးရလွယ်သောခြေလက်များရှိခြင်းကြောင့် အလွယ်တကူပင် ရှုပ်ထွေးသောအလုပ်များလုပ်နိုင်၏။

ဘန်တာမြို့ရှိ လူသားလုပ်သားများအတွက် တစ်လ,လစာ ရွှေဒင်္ဂါးဆယ်ပြားနှင့် ယှဉ်လျှင် ထိုသားရဲလူမျိုးများအား ခန့်အပ်ပြီးနောက် တစ်လလျှင် ရွှေဒင်္ဂါးအချို့ပေးသည်ကပင် ၎င်းတို့ကို ကျေနပ်စေသည်။

အကျိုးအမြတ်တွေလား? သားရဲလူမျိုးများက ၎င်းကို ဘယ်တော့မှ အိပ်မက်ပင်မမက်ချေ။

ထိုအကြောင်း သူတွေးမိတိုင်း ဥက္ကဌခရုစ်က လေးနက်စွာသက်ပြင်းချကာ ရှုယီအား အထွန့်တက်သည်ပင်။

"တကယ်တမ်း ဘန်တာမြို့ကလုပ်သားတွေရဲ့လစာက အရင်ကဆိုရင် သားရဲလူမျိုးတွေနဲ့ အတူတူဖြစ်ပြီး ကျုပ်တို့လည်း သူတို့ကို အချိန်ပိုပေးဖို့မလိုသလို အခြားအကျိုးအမြတ်တွေရောပဲလေ။ ဒါတွေအားလုံးက ခင်ဗျားရဲ့ Frestech ကုန်သည်ကြီးများအသင်းရဲ့ ပေါ်ထွက်လာမှုကြောင့် ဘန်တာမြို့သားတွေရဲ့ စိတ်က ရုတ်တရတ်ပြောင်းလဲသွားတယ်။ အခုဆို လုပ်သားတစ်ယောက်အတွက် ခင်ဗျားသာသူတို့ကို အနညးဆုံး တစ်လ ရွှေဒင်္ဂါးဆယ်ပြားမပေးရင် သူတို့ပြန်လာမှာမဟုတ်ဘူး။

၎င်းထံ ရှုယီ၏တုံ့ပြန်မှုက အင်မတန်ရိုးရှင်း၏။

"ဒါက ကျုပ်တို့ဘန်တာမြို့လုပ်ငန်းစုတွေက အရင်ကနဲ့ယှဉ်ရင် ငွေပိုမဝင်လို့များလား?"

ဥက္ကဌခရုစ်က ၎င်းမှာအချက်ကျသဖြင့် ငြင်းဆိုခြင်းမပြုပေ။

ဘန်တာမြို့ရှိ အလုပ်သမားကုန်ကျစရိတ်က တိုးလာပါသော်လည်း ၎င်းကြောင့် ဘန်တာမြို့ရှိ လူနေမှုအဆင့်အတန်းက မြင့်လာခြင်းပင်။ ဘန်တာမြို့ရှိ ထုတ်ကုန်အမျိုးအစားအားလုံးအတွက် ဝယ်လိုအားကြီးမားသောကြောင့် ၎င်းက ဘန်တာမြို့ရှိလုပ်ငန်းများအား များစွာပိုမိုကောင်းမွန်လာစေသည်။

အတိုချုံးဆိုရလျှင် လုပ်ငန်းစုအားလုံးမှာ ယခင်ကနှင့်ယှဉ်လျှင် ငွေပိုဝင်လာကြ၏။

သို့သော် အမ်ရစ် ကုန်သည်ကြီးများအသင်းမှာ ၎င်း၏ အကောင်းဆုံးဥပမာပင်။

လက်ရှိ အမ်ရစ် ကုန်သည်ကြီးများအသင်းမှာ ဘန်တာမြို့၌ ဆောက်လုပ်ရေးထုတ်ကုန်များကို ကန့်သတ်ခံထားရသည့် ယခင်လုပ်ငန်းစုနှင့် မတူဘဲ ယခုတွင် လူပေါင်းနှစ်သောင်းကျော်ကို အလုပ်ပေးထားကာ လမ်ပူရီတစ်တိုင်းပြည်လုံးတွင် ဆောက်လုပ်ရေးစီမံကိန်းများရှိ၏။

၎င်းတို့ထံ၌ ဆန်နက်မြေရိုင်း၊ စတက်တိန်း နယ်မြေနှင့် ရူဒ်ဆန်တိုင်းပြည်တို့၏ စီမံကိန်းများပင်ရှိနေရာ ရှုယီဖော်ပြခဲ့သည့် တိုင်းပြည်ကျော်လုပ်ငန်းစုအဖြစ်ပြောင်းလဲနေပြီပင်။

ထို့အပြင် လမ်ပူရီတိုင်းပြည်ရှိ လမ်းများ၏ကျော်ကြားမှုနှင့်အတူ အမ်ရစ် ကုန်သည်ကြီးများအသင်း၏ ကျော်ကြားမှုမှာ ဆက်လက်ပြန့်ပွားနေကာ ၎င်းတို့လုပ်ငန်းရှိ လူများစွာ၏ ခွန်အားကို နားလည်စွမ်းမှာလည်း ဆောက်လုပ်ရေး၌ ရှိကြသည်။

အမ်ရစ် ကုန်သည်ကြီးများအသင်းက ဆောက်လုပ်ရေးအဖွဲ့များအား လမ်းခင်းရန်အတွက်သာ ပို့ခြင်းမဟုတ်ဘဲ အခြားဖွဲ့စည်းပုံများကိုလည်း ဆောက်လုပ်ကြသည်။

ဥပမာ၊ ဘန်တာမြို့ ဗင်နီလာသစ်ခွ ဆင်ခြေဖုံးကို သိကြသော လမ်ပူရီတိုင်းပြည်တဖြတ်ရှိ မြို့စားများစွာရှိသည်ပင်။ ပတ်ဝန်းကျင်နှင့် ဆောက်လုပ်ရေးအရည်အသွေးကို စစ်ဆေးပြီးနောက်၌ ၎င်းတို့မှာ အမ်ရစ် ကုန်သည်ကြီးများအသင်းအား ၎င်းတို့၏မြို့များ၌လည်း တူညီသည့် ဆင်ခြေဖုံးကိုတည်ဆောက်ပေးရန် ဖိတ်ကြားကာ ၎င်းတို့၏ မြို့များအား စီစဉ်ရသည်က လွယ်ကူခဲ့ရာ တိုက်ရိုက်ပင် ရောင်းခဲ့လေသည်။

ထိုနှင့် ရှုယီ၏ အမ်ရစ် ကုန်သည်ကြီးများအသင်းအတွက် အမြတ်စွန်းအမျိုးစားအသစ်ဖန်တီးခြင်းမှာ မှန်ကန်လာပေသည်။

***

မှော်စက်မှုအင်ပါယာ

Vol 3 အခန်း ၄၉။ ငါကလည်း မှော်ပညာရှင်ပဲ

၎င်းတို့ မိုးကျတောင်ကြားသို့ရောက်ချိန်တွင် ရှုယီက ခုန်ထွက်လိုက်ကာ ဥက္ကဌခရုစ်ကို နှုတ်ဆက်လိုက်၏။

ရှုယီက ဥက္ကဌခရုစ်မှာ လမ်း၌ပြောလာခဲ့သည့် အမြတ်စွန်းသစ်များအကြောင်း စဉ်းစားနေလောက်ပြီး ဘန်တာမြို့‌ဆီသို့သာ မြန်မြန်ပြန်ချင်နေလောက်သောကြောင့် အနားယူရန်မမေးတော့ချေ။

ရှုယီမှာ ဥက္ကဌခရုစ် ဘန်တာမြို့ဆီပြန်ရောက်ပြီးနောက်တွင် သူမတိုင်ခင်က ပြောပြခဲ့သည့် မြစ်ကမ်းခြေ၌ ချက်ချင်းရှာဖွေလောက်သည်ဟု သေချာသိနေသည်။ မထင်ထားသည်များသာ ဖြစ်မလာပါလျှင် သူဟာ ကောင့်ထ်စတက်ဂျ်နှင့်တွေ့ကာ စီးပွားရေးအိမ်ရာများဆောက်ရန် မြစ်ကမ်းကို ဝယ်ယူလောက်သည်။

မှန်ပေသည်၊ ရှုယီမှ အမ်ရစ် ကုန်သည်ကြီးများအသင်းထံပေးခဲ့သည့် အမြတ်စွန်းဝင်နည်းအသစ်မှာ စီးပွားရေးအိမ်ရာဆောက်လုပ်ရန်ဖြစ်သည်။

တိတိကျကျဆိုရလျှင် ယခင်ကလည်း အမ်ရစ် ကုန်သည်ကြီးများအသင်းက စီးပွားရေးအိမ်ရာ ဆောက်လုပ်ရေးစီမံကိန်း၌ ကျွမ်းကျင်သောကြောင့် လုံးဝကြီးအသစ်ဟုမဆိုနိုင်ချေ၊ ယခုတွင်မူ ၎င်းတို့မှာ ချဲ့ထွင်လာကြသည်။

သို့သော် လူနည်းပြီး နယ်မြေပေါများသောကြောင့် စီးပွားရေးအိမ်ရာ၏ စီမံကိန်းအစစ်မှာ စိုင်စ်နယ်မြေ၌ ဖြစ်စေ လမ်ပူရီတိုင်းပြည်၌ဖြစ်စေ ပေါ်ထွက်မလာသေးပါချေ။ သာမန်လူအများစုအတွက် ၎င်းတို့မှာ ဒြပ်စင်များကို ထိန်းထားနိုင်သော အိမ်တစ်လုံးကိုသာ လိုချင်ကြပြီး၊ အိမ်အတွက် အရည်အသွေးမြင့်ရန် မလိုအပ်ပေ။

ရှုယီက ၎င်းကိုအကြံပြုပြီးနောက်တွင် ဥက္ကဌရှုက ချက်ချင်း ဆန့်ကျင်လာခဲ့သည်။

အမ်ရစ် ကုန်သည်ကြီးများအသင်းမှာ နှစ်များစွာကြာအောင် ဆောက်လုပ်ရေးလုပ်ငန်း၌ ကျင်လည်လာခဲ့ရာ သဘာဝကျကျပင် စက်မှုလုပ်ငန်း‌အကြောင်း ကောင်းစွာနားလည်၏။ ဥက္ကဌခရုစ်က ထိုစီးပွားရေးအိမ်ရာမှာ ဈေးကွက်လုံးဝမဟုတ်ကြောင်း အပြည့်အဝနားလည်ပေသည်။

သို့သော် ရှုယီ၏ ရှင်းပြချက်ကို ကြား‌ပြီးနောက်တွင် ဥက္ကဌခရုစ်က သံသယဖြစ်ရာမှ ယုံကြည်လာကာ ရှုယီပြောသမျှတိုင်းကို ယုံကြည်ပေးလေ၏။

ရှုယီက မှန်ပါသည်၊ နယ်မြေသားများထံ၌ ယခင်ကငွေမရှိသောကြောင့် အိမ်အတွက်လိုအပ်ချက်များလည်းမရှိခဲ့ကြချေ။ အခြားအကြောင်းအရင်းမှာ သာမန်လူများအတွက် သင့်လျော်သည့် စီးပွားရေးအိမ်ရာက မပေါ်လာသေးပါချေ။

ယင်းမတိုင်ခင်က လူချမ်းသာမျိုးရိုးမြင့်များနှင့် ကုန်သည်များက အိမ်ရာရှာဖွေလိုချိန်တွင် ဆင်းရဲ ချမ်းသာအကြား ကြီးမားလှသည့်ကွာဟမှုရှိခြင်းကြောင့် အမြဲလိုလို လစ်လပ်သောအိမ်ကြီးများကို ရွေးချယ်ကြရသည်။ ၎င်းက လုံခြုံငြိမ်းချမ်းကာ သာမန်လူများမယှဉ်နိုင်သည့် အရာပါပင်။

ထိုအိမ်များအတွက်မတတ်နိုင်သည့် သာမန်လူများအနေနှင့် ရနိုင်သည့်အဆောက်အဦများမှာ ယင်းအိမ်ကြီးများမှလွဲ သူဆင်းရဲများအတွက် တဲ‌ငယ်များ သို့မဟုတ် ရှုယီယခင်က ငှားခဲ့ဖူးသော နှစ်ထပ်သစ်သားအိမ်များပင်။

ရှုယီအတွက် ထိုအိမ်များမှာ လူသားများနေထိုင်ရန် မသင့်လျော်သောကြောင့် သံသယဖြစ်နေသောဥက္ကဌခရုစ်ထံ အဆိုပြုခဲ့ပြီး ယခင်က ဗီဗီယန်အား ဆွဲခိုင်းခဲ့သည့် စီမံကိန်းအသစ်ကို ထုတ်ခဲ့သည်။

ကမ္ဘာမြေမှ ရှုယီခိုးယူခဲ့သည့် စီမံကိန်းသစ်အဆောက်အဦများကို‌မြင်သောအခါ ဗိသုကာလုပ်ငန်း၌ အချိန်ကြာကုန်ဆုံးခဲ့ရသည့် ဥက္ကဌခရုစ်မှာ ဤဒီဇိုင်းများ၏ အဆင်ပြေမှုနှင့် တိုးတက်မှုများကို မြင်တွေ့ရန် အချိန်အကြာကြီး မလိုအပ်ပါချေ။

ပို၍အရေးကြီးသည့်အရာမှာ ရှုယီက ထိုဒီဇိုင်းများ၌ မှော်အခန်းပုံစံတစ်ခုကိုပေါင်းထည့်ကာ အိမ်သုံးမှော်စက်ပစ္စည်းများ၏ အသုံးပြုပုံကို ပေါင်းစပ်ကာ ထိုအခန်းများထဲ၌ မှော်ဝိုင်ယာကြိုးကွန်ရက်တစ်ခုကို ခင်းကျင်းလိုက်ခြင်းပင်။ ထိုအခန်းက အနုပညာဆန်ရုံမျှမက နေထိုင်ရသည်မှာ အင်မတန်အဆင်ပြေမည်ပင်။

ဥက္ကဌခရုစ်က ထိုဒီဇိုင်းကိုမြင်ပြီးနောက်တွင် ရင်တစ်ချက်ခုန်သွား၏။ သူဟာ ရှုယီ၏ စီးပွားရေးအိမ်ရာ အကြံကို ချက်ချင်းသဘောတူရုံသာမက လတ်တလောနေထိုင်သည့်အိမ်ကိုပင် ပြောင်းလဲရန် ရှုယီထံတောင်းဆိုလိုက်သည်၊ ထိုသို့ဆိုလျှင် သူသည်လည်း ထိုမှော်အခန်းစီမံကိန်းအသစ်၏ နှစ်သိမ့်မှုကို ခံစားရပေမည်။

ရှုယီက သဘာဝကျစွာပင်သဘောတူလိုက်၏၊ သို့သော် ဒီဇိုင်းမှာမူ... ဉာဏ်ကြီးရှင်ဒီဇိုင်နာဗီဗီယန်၏ ကိစ္စဖြစ်သည်။

သူ ဗီဗီယန်အကြောင်းစဉ်းစားနေစဉ်၌ပင် ဗီဗီယန်က ရှုယီရှေ့ပေါ်လာ၏။

ဗီဗီယန်ပြေးလာပြီး သူမ၏နောက်တွင် ရှက်သွေးဖြန်းနေသော မိန်းမလှလေးတစ်ယောက်ပါလာသည်ကို‌မြင်သော် ရှုယီက အတန်ငယ်အံ့ဩသွားသည်။ သူက ပြေးလာနေပြီဖြစ်သော ဗီဗီယန်ကိုမေးလိုက်၏၊ "မင်းဘာလို့ ဒီနေ့ဒီရောက်နေတာလဲ? ကျောင်းသွားဖို့မလိုဘူးလား? ဒါမှမဟုတ်..."

ရှုယီက အနည်းငယ်စဉ်းစားကာ ဗီဗီယန်နောက်ရှိ မိန်းမလှလေးက သူမ၏ အတန်းဖော်မဟုတ်ကြောင်း သတိရသွားသည်။ ထိုသည်မှာ အရင်တစ်ခေါက်က ဘန်တာမြို့လမ်းပေါ်၌ သူကယ်ခဲ့သည့် မိန်းကလေး ထရီဇာ အီကာပါပင်။

"အခုကျောင်းရဲ့ လေ့လာရေးခရီးလေ။" ဗီဗီယန်က အပြုံးဖြင့်ဖြေ၏၊ "သခင်လေး၊ ရှင် အရမ်းအလုပ်များပြီး မေ့သွားတာလား? အခုက နှစ်သစ်ကူးတောင်နီးနေပြီလေ၊ဘယ်လိုလုပ်အတန်းတွေရှိမှာလဲ?"

"အိုး၊ ဟုတ်သားပဲ... ငါ ဒီတစ်ခေါက် စတက်တိန်းနယ်မြေကိုသွားခဲ့တော့ အဲ့မှာက အရမ်းနွေးပြီး လုံးဝ နှစ်သစ်ကူးလို့မခံစားရဘူးလေ။" ရှုယီက သူမခေါင်းကိုပုတ်ပေးလျက် ထရီဇာ အီကာကို ကြည့်လိုက်သည်၊ "သခင်မလေးအီကာ, ကျုပ်မရှိတဲ့အချိန်မှာ မင်း အဆင်ပြေရဲ့လား?"

ထရီဇာ အီကာနှင့် ပြောပြီးနောက် ရှုယီက သူမကို ကြယ်ကြွေအိမ်ရာဆီပို့ကာ ဗီဗီယန်, လဇ်နှင့် လင်ဒါတို့အား သူမကိုဂရုစိုက်ခိုင်းထားလိုက်သည်။ သူဟာ သူမအကြောင်းလုံးဝဂရုမစိုက်ဘဲ ဤသည်မှာလည်း ရှုယီ၏ ဒုတိယမြောက်အကြိမ်သူမနှင့် ဆုံခြင်းပါပင်။

သူမကို ကယ်ခဲ့သော လွန်ခဲ့သည့်တစ်လကနှင့် ယှဉ်လျှင် ယခုတွင် အတော်လေးကြည့်ကောင်းလာပြီဖြစ်သည်။ ယခင်ကကဲ့သို့ အားမနည်းနေတော့ဘဲ ခံစားချက်လည်း ကောင်းလာပုံပင်။ အနည်းဆုံးတော့ သူမ၏ ခံစားချက်မှာ တည်ငြိမ်နေကာ မပြုံးသေးရုံသာဖြစ်၏။

ရှုယီက သူမအား မေးခွန်းတစ်ခုမေးလိုက်ချိန်တွင် ထရီဇာက ယဉ်ကျေးစွာဂါရဝပြုပြီးနောက် နူးညံ့သောအသံလေးဖြင့် ဖြေလာသည်၊ "ရှင့်ရဲ့စိုးရိမ်မှုအတွက် အရမ်းကျေးဇူးတင်ပါတယ်၊ ကျွန်မ ဒီအတောအတွင်းအဆင်ပြေခဲ့ပါတယ်။ ဥက္ကဌရှု၊ ကျွန်မအရင်က ရှင့်ကို ကျေးဇူးမတင်ခဲ့ရဘူး။ ကျွန်မ အန္တရာယ်ရှိနေချိန်မှာ ကယ်ဆယ်ဖို့ လက်ကမ်းပေးခဲ့တာအတွက် ရိုးရိုးသားသားနဲ့ ကျေးဇူးတင်ပါတယ်ရှင်။"

"ယဉ်ကျေးနေဖို့မလိုပါဘူး၊ မင်း ဒီအတောအတွင်း အဆင်ပြေတယ်ဆိုရင် ရပါပြီ။' ရှုယီက ဗီဗီယန်ဘက်လှည့်ကာ၊ "ဒါဆို ဗီဗီယန်, မင်းဘာလို့ ဒီနေ့ မိုးကျတောင်ကြားကို သခင်မလေး အီကာနဲ့အတူလာခဲ့တာလဲ?"

"ကျွန်မတို့ သခင်လေးဒီနေ့ပြန်လာမယ်ကြားထားလို့ပါ။" ဗီဗီယန်က အပြုံးဖြင့်ပြောကာ၊ "ထရီဇာက ရှင့်ကို မျက်နှာချင်းဆိုင်ကျေးဇူးတင်ချင်နေတာကြောင့် ဒီနေ့ ပြန်လာမယ်လည်းကြားရော ကျွန်မကို မနက်အစောတည်းက ဒီကို ခေါ်လာခဲ့တာပဲ။ ကျွန်မတို့ စောင့်နေရတာ အချိန်တော်တော်ကြာပြီ။"

"အိုး? ငါမင်းကို ဒီလိုယဉ်ကျေးဖို့မလိုဘူးလို့ ပြောပြီးပြီပဲ။" ရှုယီက ခေါင်းခါလျက် ထရီဇာကိုပြောသည်၊ "သခင်မလေးအီကာ, မင်းဒီကိစ္စကို ဂရုစိုက်ဖို့မလိုပါဘူး။ ဘယ်သူပဲဖြစ်ဖြစ် မင်း လမ်းပေါ်မှာ လဲကျနေတာကိုမြင်ရင် ကူညီမှာပါပဲ။ ဒါက ပုံမှန်လူတစ်ယောက်လုပ်သင့်တာပဲလေ၊ အရမ်းမများပါဘူး။"

"ဟင့်အင်း... အန္တရာယ်ရှိနေချိန် ရှင့်လိုလက်ကမ်းကူညီမယ့်လူ များများစားစားမရှိပါဘူး။ အဲ့အစားသူတို့က ရှင့်ကိုတောင် ချောက်ထဲတွန်းချလိမ့်မယ်..." ထရီဇာက မျက်နှာထက်၌ စိတ်ဓာတ်ကျနေဟန်ပေါ်နေသည်။

ရှုယီက မနေနိုင်ဘဲ မျက်မှောင်ကုပ်လိုက်၏။ သူက ထိုထရီဇာမှာ နာကျင်ဖွယ်အချို့နှင့်ကြုံခဲ့ရပြီး အင်မတန်နာကျင်နေသည်ကို မြင်နိုင်၏။ မဟုတ်ပါက သူမကဲ့သို့ မျိုးရိုးမြင့်သခင်အလေးတစ်ဦးမှာ လမ်းမဘေး၌ မေ့လဲနေလိမ့်မည်မဟုတ်ချေ။

၎င်းကိုစဉ်းစားကာ ရှုယီက သူမအတွက် ဝမ်းနည်းဘဲ မနေနိုင်တော့ချေ။

သူမလို မိန်းမလှလေးမှာ ဤအခြေအနေ၌ အခြားမြို့သို့ တစ်ဦးတည်းသွားရန် မလွယ်ပါချေ၊ လမ်းတစ်လျှောက်၌ ခက်ခဲမှုများစွာကို အတော်လေးကြုံရနိုင်၏။

ရှုယီကသူမကို ကူညီချင်ပါသော်လည်း သူမက ကြုံနေရသည့် ဒုက္ခများအကြောင်းကို မပြောလိုသောကြောင့် ရှုယီလည်း ပြောပြရန် တိုက်တွန်းဖို့ ဆန္ဒမရှိပါချေ။

"ဒါဆို... သခင်မလေးအီကာ, မင်းနဲ့ ဗီဗီယန်လည်း ဒီရောက်နေမှတော့ နှစ်ရက်လောက် ကစားလို့ရပါတယ်။ မိုးကျတောင်ကြားမှာက ကစားစရာတွေအတော်များတော့ မင်းလည်း ရက်ကောင်းလေးနှစ်ရက်ရသွားမယ်လို့ ကျုပ်ယုံတယ်။ ကျုပ်အလုပ်ကိစ္စတွေပြီးရင် စတေးလ်နဲ့အတူ နှစ်သစ်ကိုဖြတ်သန်းဖို့ ကြယ်ကြွေအိမ်ရာကို ပြန်ရမှာ။ အန်း..." ရှုယီက အတန်ငယ်တုံ့ဆိုင်းနေပြီးမီ ပြောလာ၏၊ "မင်းဆန္ဒရှိမယ်ဆိုရင်၊ ဒီမှာနေပြီး ကြယ်ကြွေအိမ်ရာမှာ ကျုပ်တို့နဲ့အတူ နှစ်သစ်ကို‌ဖြတ်သန်းဖို့ ကြိုဆိုပါတယ်။"

နံဘေးရှိ ဗီဗီယန်က စိတ်လှုပ်ရှားစွာ လက်ခုပ်တီးလျက်၊ "ကြည့်ဦး ထရီဇာ, သခင်လေးက နင့်ကို နေဖို့ ဖိတ်မယ်လို့ ငါပြောသားပဲ။ နင်ဘယ်မှသွားစရာမရှိ‌ရင် ဆက်နေပါ ဟုတ်ပြီလား? နှစ်သစ်ကို ငါတို့နဲ့အတူကျင်းပရင် ပျော်ရမှာ၊ နင်ပျော်ရမယ်လို့ ငါကတိပေးတယ်။"

ထရီဇာ အီကာက ဗီဗီယန်နှင့် ရှုယီကိုကြည့်လာသော်လည်း အနည်းငယ်တုံ့ဆိုင်းပြီးနောက်တွင် ခေါင်းခါလိုက်ဆဲပင်၊ "ဥက္ကဌရှု၊ ရှင့်ရဲ့အကြံကောင်းအတွက် ကျေးဇူးပါ၊ ဒါပေမယ့် ကျွန်မ ကြယ်ကြွေအိမ်ရာမှာ အတော်ကြာနေခဲ့ပြီးပြီဆိုတော့ ရှင်တို့ကို ဘယ်လိုများဆက် နှောင့်ယှက်နိုင်မှာလဲ? တကယ်တော့ ဥက္ကရှုကို ကျေးဇူးတင်ချင်တာကြောင့်သာမဟုတ်ရင်၊ ကျွန်မထွက်သွားပြီးနေပါပြီ။"

"မင်း ဘယ်ကိုသွားဖို့ စီစဉ်ထားတာလဲ?' ရှုယီက သူမကို မည်သည့်ယဉ်ကျေးမှုမှမပါဘဲ မေးလိုက်သည်၊ "မင်းဒီလိုပဲ လျှောက်သွားနေရင်တော့ မင်းလမ်းဘေးမှာပဲ သေဖို့ စီစဉ်နေတာလား? သခင်မလေးအီကာ, မင်းရဲ့ဘဝနဲ့ အတိတ်မှာဖြစ်ခဲ့တဲ့ အရာတွေကို သေချာစဉ်းစားနိုင်ဖို့ မျှော်လင့်ပါတယ်။"

ထရီဇာ အီကာက ရှုယီကို ရှုပ်ထွေးစွာကြည့်လိုက်၏။ အတန်ကြာတုံ့ဆိုင်းနေပြီးနောက်တွင် သူမ၏ အကြည့်က ပိုမိုခိုင်မြဲလာပြီး အံကိုကြိတ်ကာ စိတ်ပြင်ဆင်ပြီးသကဲ့သို့ ခေါင်းငြိမ့်လာသည်။

"ဥက္ကဌရှု၊ ကျွန်မကြားတာ ဗီဗီယန်က... ရှင့်ရဲ့...ရှင့်ရဲ့ Frestech ကုန်သည်ကြီးများအသင်းက မှော်ပညာရှင်တွေ စုဆောင်းနေတာမြင်တယ်တဲ့? ကျွန်မလုပ်ရမယ်လို့... ရှင်ထင်လား?"

ရှုယီက ရပ်တန့်သွား၏။ ထို့နောက် ထရီဇာ အီကာကို အလေးအနက်ကြည့်ကာ အံ့ဩနေဟန်ဖြင့် မေးလိုက်သည်၊ "မင်းက မှော်ပညာကိုသိတာလား?"

"ဟုတ်ကဲ့" ထရီဇာ အီကာ က ခေါင်းငြိမ့်ကာ၊ "ကျွန်မအနေနဲ့ မှော်ပညာရှင်အစည်းအရုံးရဲ့အရည်အချင်းစစ်ဆေးပွဲကို တစ်ခါမှမဖြေဖူးပေမယ့်လည်း ကျွန်မရဲ့မှော်ပညာဆရာပြောဖူးတာတော့ ကျွန်မက စတုတ္ထအဆင့်မှော်ပညာရှင်ဖြစ်နေလောက်ပြီတဲ့။"

"စတုတ္ထအဆင့်မှော်ပညာရှင်?" ရှုယီက ပိုလို့ပင်အံ့ဩသွားသည်။

သူမ၏ အသွင်အပြင်ကိုသုံးသပ်ရလျှင် ထရီဇာ အီကာမှာ စတေးလ်ထက် တစ်နှစ် နှစ်,နှစ်လောက်ပိုငယ်နေ၏။

စတေးလ်မှာ လွန်ခဲ့သည့် ၁နှစ်၂နှစ်ခန့်ကမှ စတုတ္ထအဆင့်မှော်ပညာရှင်ဖြစ်လာခဲ့သည်သာ။ ထရီဇာ အီကာသည်လည်း စတုတ္ထအဆင့်မှော်ပညာရှင်ဖြစ်ပါလျှင် မှော်ပညာ၌ စတေးလ်ကဲ့သို့ ပါရမီရှိသည့် မိန်းကလေး မဟုတ်ပါလော?

ရှုယီက အတန်သံသယရှိနေသည်ကိုမြင်သော် ထရီဇာ အီကာ မှာ သူမလက်ကိုမြှောက်လိုက်၏။ ရှုယီမှာ အနီးဝန်းကျင်ရှိ မှော်သဘာဝစွမ်းအင်၏အပြောင်းအလဲကို ခံစားမိလိုက်ပြီး ခဏအကြာတွင် အားကောင်းသည့် လေဆင်နှာမောင်းက ထရီဇာ အီကာ နံဘေး၌ ပေါ်ထွက်လာသည်။ ၎င်းက သူမနံဘေးရှိ သစ်ရွက်များကို ဆွဲတင်ကာ လေဆင်နှာမောင်းအတွင်း လည်ပတ်နေသည်။

"စတုတ္ထအဆင့်လေဆင်နှာမောင်းမန္တာန်၊ မဆိုးဘူး။" ရှုယီက ခေါင်းငြိမ့်ကာ ချီးမွမ်းလိုက်၏။

ထရီဇာ အီကာ၏ လေဆင်နှာမောင်းမန္တာန်ထံမှ သူမက စတုတ္ထအဆင့်မှော်ပညာရှင်ဖြစ်ကြောင်း သိလိုက်ရသည်။

သူမက ၎င်းနှင့် ရင်းနှီးဟန်မပေါ်သော်လည်း သူမ၏ မှော်ပညာထိန်းချုပ်မှုဖြစ်စေ မန္တာန်ဖြစ်စေ သူမက အင်မတန်ကျွမ်းကျင်လှသည်။ ၎င်းက သူမအား မှော်ပညာ၌ တင်းကြပ်စွာ လေ့ကျင့်ပေးထားကြောင်း သိနိုင်စေသည်။

"အရမ်းကောင်းတယ်။ မင်းက စတုတ္ထအဆင့်မှော်ပညာရှင်ဆိုမှတော့ ကျုပ်တို့လုပ်ငန်းရဲ့မှော်သုတေသနအလုပ်ရုံမှာ အလုပ်လုပ်ဖို့ အရည်အချင်းမီပါတယ်။ ဗီဗီယန်သူမကို အီဗီတာနဲ့တွေ့ဖို့ ခေါ်သွားလိုက်၊ ဘာလုပ်ရမလဲ သိလိမ့်မယ်။"

ရှုယီ သဘောတူလိုက်သည်ကိုမြင်သော် ဗီဗီယန်မှာ ချက်ချင်းပင် စိတ်လှုပ်တရှားပြန်ဖြေကာ ထရီဇာ အီကာ၏ လက်ကိုကိုင်ဆွဲလျက် မိုးကျတောင်ကြား ဗဟိုရှိ Frestech ကုန်သည်ကြီးများအသင်း၏ရုံးခန်းသို့ ဦးတည်‌သွားတော့သည်။

ထရီဇာ အီကာမှ ဗီဗီယန်၏ ဆွဲခေါ်ခံလိုက်ရပါသော်လည်း သူမက ရှုယီထံ ခေါင်းငြိမ့်ပြဖို့ မမေ့ပါချေ။

ထရီဇာ အီကာ၏မျက်နှာထက်၌ အပြုံးမရှိသည်ကိုကြည့်ရင်း ရှုယီမှာ သက်ပြင်းချလျက် ထိုကိစ္စကို စိတ်ထဲသာထားလိုက်တော့သည်။ သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်ပြီးနောက်တွင် မှော်စက်ပစ္စည်းထုတ်လုပ်ရေးဌာနသို့ ဦးတည်လိုက်၏။

***

မှော်စက်မှုအင်ပါယာ

Vol 3, အခန်း ၅၀။ စမ်းသပ်စက်

ထုတ်လုပ်ရေးဌာနသို့လာချိန်တွင် ရှုယီမှာ ဌာနထဲ၌ အတန်းလိုက်ရပ်နေကြသည့် လူပုလေးများနှင့် လူများကို တွေ့လိုက်ရသည်။ ၎င်းတို့မှာ ၎င်းတို့၏ အဝန်းအဝိုင်းထဲရှိ အရာအား အာရုံစိုက်နေချိန်တွင် အသက်ရှူအောင့်ထားကြ၏။

ထိုအဝိုင်းမှ ရှုယီနှင့် အင်မတန်ရင်းနှီးနေသော စည်းချက်ကျကျအသံတစ်သံထွက်လာသည်။

ထိုအသံကိုကြားသော် ရှုယီမှာ ရပ်တန့်ပြီးမှ ပြေးသွားလိုက်၏။ သူဟာ လူပုလေးအုပ်ကြားထဲတိုးဝင်ကာ ခေါင်းဖြင့်တိုးဝှေ့ကြည့်လိုက်သည်။

ထိုအဝိုင်းထဲတွင် တာယာလေးခုဖြင့် ထောက်ခံပေးထားသော သံကိုယ်ထည်နှင့်တူသည့်ထူးထူးဆန်းဆန်းအရာတစ်ခုရှိနေသည်။ အသံကို ထို သံတုံးကြီးမှလာ၏။

၎င်းက ထိုအသံကို ဆက်ထုတ်နေရင်း တာယာလေးခုကလည်း အားတချို့ရသွားဟန်ပေါ်ကာ ထိုသံကိုယ်ထည်ကို ရှေ့သို့ ရွှေ့လိုက်သည်။

မြေပြင်ထက်၌ လမ်းကြောင်းအရာတစ်ခုပေါ်လာကာ တာယာများကလည်း ထိုလမ်းကြောင်းထက်၌ ပြေးလွှားနေပြီး လုံးဝရပ်တန့်ခြင်းမရှိပါချေ။

ထိုလမ်းကြောင်းနှင့် တာယာများဖြင့်သယ်ဆောင်ထားသည့် သံပြားကိုမြင်သော် ရှုယီမှာ ရတနာကိုရှာတွေ့သယောင် မျက်လုံးများက စိတ်လှုပ်ရှားမှု‌နှင့်ပြည့်သွား၏။ သူဟာ ရုတ်တရတ်ပေါ်ထွက်လာသော ကမ်ဘီကို ပခုံးပုတ်လျက် ကျယ်လောင်စွာချီူးကျူးလိုက်သည်၊ "ကောင်းတယ်၊ ကောင်းတယ်၊ မင်းနောက်ဆုံးတော့ အောင်မြင်သွားပြီပေါ့လေ?"

ကမ်ဘီ၏ လူပုလေးများနှင့် လူသားသုတေသနပညာရှင်များက တစ်ဦးနှင့်တစ်ဦးကြည့်ကာ ရှုယီက ထိုမျှစိတ်လှုပ်ရှားနေခြင်းကြောင့် အံ့ဩသွားကြသည်။

၎င်းတို့မှာ ယခင်က မှော်စက်ပစ္စည်းများစွာထုတ်လုပ်ခဲ့ဖူးပါသော်လည်း ရှုယီမှာ အမြဲတည်ငြိမ်နေကာ ၎င်းတို့ထုတ်လုပ်ကာစ မှော်စက်ပစ္စည်းများအတွက် အကြံပြုချက်များစွာ ပြုလေ့ရှိသည်။

"ဒါကို... အောင်မြင်တယ်လို့ ခေါ်လို့မရသေးပါဘူး၊ အဆင့်မြှင့်ရမယ့်နေရာ အတော်များများရှိနေသေးပါတယ်။" ရှုယီက မည်သည့်မှတ်ချက်မှမပြုလာသောကြောင့် ကမ်ဘီက ကိုယ်တိုင်သာပြောလိုက်သည်။ ထို့နောက် သိလိုဟန်ဖြင့် မေးလေ၏၊ "ဥက္ကဌရှု၊ ဒီအရာကို မြင်တာ ဘာလို့ ဒီလောက် စိတ်လှုပ်ရှားနေရတာလဲ?"

ရှုယီက ရယ်လျက် သူ၏ပခုံးကိုထပ်ပုတ်လိုက်ပြီး၊ "မင်းက ဒီအရာရဲ့ ထူးခြားမှုကို နားမလည်တာကြောင့်ပါ။ မင်းကိုပြောပြမယ်၊ တခြားမှော်စက်ပစ္စည်းတွေက စိုင်စ်နယ်မြေကို ပြောင်းလဲနိုင်တယ်လို့ ငါပြောတဲ့အခါ ငါ့ကို ချဲ့ကားတယ်လို့ ပြောလို့ရတယ်၊ ဒါပေမယ့် ဒီအရာက တကယ်တမ်း တစ်လောကလုံးကိုပါ ပြောင်းလဲနိုင်တယ်ကွ!"

ကမ်ဘီနှင့် အခြားသုတေသနပညာရှင်များမှာ မျက်လုံးလှိမ့်လိုက်ကြသည်။

၎င်းတို့မှာ ဥက္ကဌက ထိုသို့ပြောခြင်းကြောင့် ပင်ပန်းနေပြီပင်။ သူပြောသည်ကမှန်ပြီး ၎င်းတို့ဖန်တီးခဲ့သည့် မှော်စက်ပစ္စည်းအားလုံးသာ လောကကိုပြောင်းလဲပါလျှင် လောက,ကလုံးဝပြောင်းလဲနေလောက်ပြီဖြစ်၏။

သို့သော် ၎င်းတို့မှာ နေ့စဉ် စားမြဲ အလုပ်လုပ်မြဲဖြစ်ကာ ယခင်နှင့် မည်သည့်ကွာခြားချက်မှမရှိချေ... မဟုတ်၊ ၎င်းတို့သာ ထိုအကြောင်း ဂရုတစိုက်စဉ်းစားကြည့်လျှင် မှော်စက်ပစ္စည်းများက တကယ်တမ်း ၎င်းတို့၏ဘဝကို ဖြည်းဖြည်းချင်းပြောင်းလဲနေသည်ပင်။

၎င်းတို့၏ အစားအစာများကို ချက်ပြုတ်ရန်ဆိုလျှင်မှော်ထမင်းပေါင်းအိုး၊ မှော်ပေါင်မုန့်မီးကင်စက်နှင့် မှော်မီးဖိုတို့ကို သုံးနိုင်ပြီဖြစ်သည်။ ယခင်ကလို ကရိကထမများတော့ဘဲ အစာချက်ရန် မီးညှိလိုက်ရုံပင်။

အိပ်စက်ရာတွင်လည်း အရင်ဆုံး အဆင်ပြေပြေရေချိုးရန် မှော်ရေပူပေးစက်ကို သုံးနိုင်ပြီး ရေကိုအပူပေးကျိုချက်ရန် အချိန်တစ်ခုလုံးပေးနေဖို့မလိုတော့ချေ။ ထိုနည်းဖြင့် ၎င်းတို့မှာ အတော်လေး သက်တောင့်သက်သာ အိပ်စက်နိုင်ပါ၏။

နောက်တွင် မှော်လေအေးပေးစက်များရှိခြင်းကြောင့် နွေရာသီများတွင် ပူ၍၊ ဆောင်းရာသီများတွင် အေးစက်ပါလျှင် အခန်းက ပုံမှန်အပူချိန်ကို ထိန်းသိမ်းပေးနိုင်ရာ ယခင်ကနှင့်ယှဉ်လျှင် ပိုမိုကောင်းမွန်ပေ၏။

အလုပ်များအတွက်ဆိုလျှင်တောင် ဦးဆုံး ၎င်းတို့ယခုမှော်‌စက်ပစ္စည်းများထုတ်လုပ်ခြင်းကို မဆိုထားနှင့် မနက်ခင်းအလုပ်လာလျှင် လမ်းပေါ်၌ မြင်းရထားလှည်းများကို စီးရသည်က ပိုမိုမြန်ဆန်ကာ သက်တောင့်သက်သာရှိလှသည်။

သို့သော် မြင်းရထားလှည်းများ၏ အရှိန်နှုန်းကိုပြောရလျှင်မူ...

အားလုံးမှာ လမ်းကြောင်းအပေါ်ရှိ သံချပ်ပြားလှိမ့်သွားနေသည်ကိုကြည့်ရင်း ထိုပစ္စည်းကိုသာ ဥက္ကဌအလိုရှိသလို ထုတ်လုပ်နိုင်လိုက်ပါလျှင် ၎င်း၏ အရှိန်နှုန်းက မြင်းရထားလှည်းများကို အလွယ်တကူကျော်လွန်နိုင်မည်။

"ဟေး၊ ကမ်ဘီ, မင်း လေအားမှော်အင်ဂျင်ရဲ့ တည်ငြိမ်မှုကို စမ်းသပ်ပြီးပြီလား?" ရှုယီက သံချပ်ပြားသယ်ဆောင်ထားသည့် လေအားမှော်အင်ဂျင်ကိုဆန်းစစ်ကာ ကမ်ဘီကို မေးလိုက်၏။

"အန်း၊ လုပ်ပြီးပါပြီ။" ကမ်ဘီက ခေါင်းငြိမ့်ကာဖြေ၏၊ "ကျွန်တော်တို့အရင်က လုပ်ဆောင်ခဲ့တဲ့ တည်ငြိမ်မှုစစ်ဆေးချက်တွေအရ ဒီစစ်ဆေးစက်က 1000RPMရှိပြီး သုံးရက်ဆက်တိုက် ဘာပြဿနာမှမရှိဘဲ လည်ပတ်နိုင်ပါတယ်။"

[RPM = Revolution per minute, လှည့်စက်များ၌ တိုင်းတာသည့်လည်နှုန်းယူနစ်]

"အိုး? မဆိုးဘူး။" ရှုယီက မနေနိုင်ဘဲ ချီးမွမ်းလိုက်ကာ၊ "ဒါဆို လုပ်နိုင်စွမ်းကရော? အမြင့်ဆုံးပါဝါအထွက်ကရော?"

၎င်းကိုကြားသော် ကမ်ဘီက သက်ပြင်းချလျက် ရှုယီကို တလေးတစားကြည့်လာ၏၊ "ဥက္ကဌ၊ ကျွန်တော်ဝန်ခံရမယ်၊ ဒီမှော်အင်ဂျင်က တကယ်ကိုကောင်းတယ်! စစ်ဆေးမှုတွေအရဆိုရင် ခင်ဗျားရဲ့လိုအပ်ချက်ကိုမရောက်သေးတဲ့ ဒီစစ်ဆေးစက်နဲ့တင် အမြင့်ဆုံးပါဝါအထွက်က မြင်းကောင်ရေအား သုံးအထိရှိတယ်!"

ရှုယီက မျက်မှောင်ကုပ်လျက်၊ "မြင်းကောင်ရေ သုံးအထိပဲလား? ဒါက လုံလောက်ဖို့ အတော်‌လိုသေးတယ်..."

"စိတ်တိုင်းမကျသေးဘူးလား?" ကမ်ဘီကအံ့ဩသွားကာ၊ "ဒါက စစ်ဆေးစက်လေးပဲရှိပါသေးတယ်၊ အထွက်က မြင်းကောင်ရေအား သုံးအထိရှိနေပြီ။ မြင်းကောင်ရေအား တစ်ဆယ်အထိရှိမှ ကျေနပ်မှာလား?"

"မြင်းကောင်ရေအား တစ်ဆယ်တောင် ငါ့စိတ်တိုင်းကျဖို့ မလုံလောက်သေးဘူး..." ရှုယီက ခေါင်းခါရင်း ရေရွတ်၏။

ကမ္ဘာမြေမှလာသည့် ရှုယီအတွက် ထိုမြင်းကောင်ရေအား သုံးမှာ မြင်းသုံးကောင်နှင့် မညီမျှသော်လည်း ၎င်းက မြင်းသုံးကောင်နှင့်ညီမျှနေလျှင်တောင် ရှုယီအတွက် များသည်ဟု မယူဆနိုင်ပေ။

ကမ္ဘာမြေရှိ အင်ဂျင်များမှာ မြင်းကောင်ရေအား သုံးထက်ပိုမိုများပြားသည်ပင်။ ကမ္ဘာမြေရှိ ပိုကြီးမားသောစက်အချို့၏ စွမ်းအားအထွက်မှာ မြင်းကောင်ရေအား သုံးရာ သို့မဟုတ် သုံးထောင်အထိပင်ရှိနေရာ သုံးကောင်နှင့် ဘာလုပ်ရမည်နည်း?

စိုင်စ်နယ်မြေ၌ အင်ဂျင်များကို စတင်ထုတ်လုပ်ကာစမှန်းသိသောကြောင့် ကမ်ဘီနှင့် အခြားလူများမှာ လေအားမှော်အင်ဂျင်ကို ပုံမှန်အတိုင်းထုတ်လုပ်နိုင်သည်ကပင် သူ့အားစိတ်လှုပ်ရှားနေစေပြီဖြစ်သည်။

ထို့ကြောင့် ရှုယီက ကမ်ဘီနှင့် သူ့စကားကြောင့် အရုပ်ဆိုးသွားကြသော အခြားသုတေသနပညာရှင်များကိုကြည့်ကာ အင်ဂျင်ကို အတတ်နိုင်ဆုံး မြှင့်တင်လိုသော ဆန္ဒကို ဘေးသို့ ခဏချိတ်ထားလိုက်၏။ သူက ရယ်မောလျက် အားလုံးထံ ကျယ်လောင်စွာပြောလေသည်၊ "ဒီ စမ်းသပ်စက်ရဲ့ အထွက်အားကို စိတ်တိုင်းကျနေတာမျိုးတော့မဟုတ်ပေမယ့် ဒါက အစဆိုတာကိုသိပါတယ်! ခင်ဗျားတို့အားလုံးရဲ့ ပူးပေါင်းမှုနဲ့ဆိုရင် သေချာပေါက် ပိုကြီးမားတဲ့မှော်အင်ဂျင်က ကျုပ်ကို စိတ်ကျေနပ်စေမယ်လို့ ယုံကြည်ပါတယ်! ခင်ဗျားတို့ရော ယုံကြည်ရဲ့လား?"

ကမ်ဘီနှင့် အခြားသုတေသနပညာရှင်များက လက်သီးများကို မြှောက်ရင်း ကျယ်လောင်စွာ ပြောလိုက်ကြ၏၊ "ယုံကြည်ပါတယ်!"

"ဟုတ်ပြီ! ကမ္ဘာ့ပထမဆုံးမှော်အင်ဂျင်ကို ထုတ်လုပ်နိုင်ခဲ့တဲ့ ခင်ဗျားတို့ကိုဆုချီးမြှင့်ဖို့အတွက် ကျုပ်က လုပ်ငန်းစုကိုယ်စား အားလုံးကို ဒုတိယအဆင့်ဆုချီးမြှင့်ပါမယ်! အားလုံး ရွှေဒင်္ဂါးသုံးရာ ရပါမယ်!"

သုတေသနပညာရှင်များက ရပ်တန့်သွားပြီး ကောင်းကင်ဘုံကိုလှုပ်ခါစေနိုင်လောက်အောင် ဩဘာပေးလာကြ၏။

ကမ်ဘီဦးဆောင်ထားသော လူပုလေးများ၏ စိတ်လှုပ်တရှားအော်သံများမှာ ၎င်းတို့အပေါ်မှ ခေါင်မိုးကိုပင် ပြုတ်ထွက်လုမတတ်ပင်။

အားလုံး စိတ်လှုပ်ရှားပြီးချိန်တွင် ရှုယီက အားလုံးကို ငြိမ်သွားအောင် လက်မြှောက်ကာ ပြောလိုက်၏၊ "ဟုတ်ပြီ၊ ဒီစမ်းသပ်စက်ကို အပြီးမသတ်ခင် နည်းနည်းလောက် ဆက်သွားရဦးမယ်။ ကျုပ်အခု အမြင်ချင်ဆုံးက အားလုံး ဒီမှော်အင်ဂျင်ကိုအပြီးသတ်ပြီး ကျုပ်နှစ်များစွာ မက်ခဲ့တဲ့ အိမ်မက်ကို ဖြည့်တင်းဖို့ပါပဲ။ ဘယ်လိုလဲ? ခင်ဗျားတို့မှာ ယုံကြည်မှုရှိရဲ့လား?"

"ရှိပါတယ်!" အပိုထပ်ဆောင်းကြေး၏ စိတ်လှုပ်ရှား‌မှုကြောင်း သုတေသနပညာရှင်များမှာ ပိုလိုပင် စိတ်လှုပ်ရှားလာကာ ဖြေသံများကလည်း စွမ်းအင်နှင့်ပြည့်နေ၏။

ရှုယီက ရယ်လိုက်သည်။ သူက ကမ်ဘီနှင့် မှော်အင်ဂျင်၏အသေးစိတ်အ‌ချို့အကြောင်း ဆွေးနွေးပြီး ထုတ်လုပ်ရေးဌာနမှထွက်ခွာသွား‌လေသည်။

ထိုနေရာမှ ထွက်လာပြီးနောက်တွင် သူ့အား လေပြေခပ်အေးအေးက တိုက်ခတ်သွားကာ သူ၏ အရိုင်းဆန်သောခံစားချက်မှ လှုပ်နှိုးလိုက်၏။

သို့သော် သူ၏နှလုံးသားက လှုပ်ရှားနေဆဲပင်။

မှော်စက်ပစ္စည်းထုတ်လုပ်ရေးဌာနက ကြီးမားသည့် အရွေ့တစ်ခု ရှိခဲ့ကြောင်း အကြောင်းကြားစာရရှိပြီးနောက်တွင် ၎င်းသည် မှော်အင်ဂျင်နှင့်ပတ်သက်သည့် အောင်မြင်မှုတစ်ခုဟုပင် မှန်းဆခဲ့သည်။

စမ်းသပ်စက်အား သူ၏ကိုယ်ပိုင်မျက်လုံးများနှင့်မြင်သော် ရှုယီက အင်မတန်စိတ်လှုပ်ရှားခဲ့ရ၏။

သူဟာ မည်သူထက်မဆို အင်ဂျင်ထုတ်လုပ်ခြင်းက စက်မှုစနစ်အတွက် မည်မျှ ထူးကဲကြောင်း ကောင်းကောင်းပိုသိသည်။

လက်ရှိ ကမ္ဘာမြေပေါ်ရှိ စက်မှုစနစ်က ထိုအင်ဂျင်၏ ထွက်ပေါ်လာမှုကြောင့်မှဟုဆိုလျှင် အကျယ်ချဲ့ပြောနေခြင်းမဟုတ်ပေ။

အင်ဂျင်က စွမ်းအားအမျိုးစုံကို ထောက်ပံ့ပေးပြီး ခေတ်ပေါ်စက်များက သာမန်လူများမလုပ်နိုင်သည့် အရာများကို လုပ်နိုင်သည်။

ထိုစမ်းသပ်စက်၏စွမ်းအားက ကင်းမဲ့နေဆဲဖြစ်ကာ ကမ္ဘာမြေပေါ်က အင်ဂျင်များထက် အတော်လေးဆိုးနေသေးပါသော်လည်း ထိုစမ်းသပ်စက်ကို ထုတ်လုပ်နိုင်ခဲ့သည်က ရှုယီ၏ မှော်အင်ဂျင်အတွက် အကြံက မှန်ကန်သည်ဟု ဆိုလိုနိုင်ပေ၏။ ထိုသည်က သူ၏အကြံအတိုင်း အင်ဂျင်ဖန်တီးနိုင်သည်ဟု ဆိုနိုင်သည်။

အရေးကြီးဆုံးပြဿနာမှာ မှော်အင်ဂျင်၏အသေးစိတ်အမျိုးမျိုးက ထပ်ထုတ်လုပ်ရန်နှင့် အဆုံး၌ ၎င်းတို့အား ကမ္ဘာမြေပေါ်မှ အင်ဂျင်များသဖွယ် အားကောင်းစေရန်ဖြစ်သည်။

အချိန်ကျလာသောအခါ စိုင်စ်နယ်မြေ၌ ကောင်းကင်ဘုံကိုလှုပ်ခါစေနိုင်သည့် ပြောင်းလဲမှုရှိလာလိမ့်မည်။ ထိုအခါ ယခုနှင့်မတူဘဲ မိုင်ရာချီအတွက်ကြောင့် ပိတ်ဆို့မှုများရှိတော့မည်မဟုတ်ချေ။

အပြန်လမ်း၌ ဥက္ကဌခရုစ်က မှော်ကားကိုမည်သည့်အချိန် ထုတ်လုပ်နိုင်မည်နည်းဟု မေးခဲ့သည်ကို စဉ်းစားရင်း ရှုယီမှာ မနေနိုင်ဘဲ ပြုံးလိုက်၏။

ယခုတွင် ဤစမ်းသပ်စက်ကို ထုတ်လုပ်ပြီးဖြစ်ရာ၊ ဥက္ကဌခရုစ်နှင့် ဖာဆန်ရထားလုံးလုပ်ငန်းစုဥက္ကဌပွန်ဖီးတို့ စိုးရိမ်နေသည့်ပြဿနာကို ဖြေရှင်းနိုင်ရန် ကြာတော့မည်မဟုတ်ချေ။

သို့သော် ထိုပြဿနာကိုဖြေရှင်းရန် မှော်အင်ဂျင်တစ်လုံးတည်းနှင့်မလုံလောက်ချေ။ ဖြေရှင်းရန်လိုအပ်သည့် အခြား အရေးကြီးကိစ္စတစ်ခုလည်းရှိသေးသည်။

ရှုယီမှာ အနည်းငယ်တွေးတောပြီးနောက်၌ မဟာမှော်ပညာရှင်ကမ်မီလာ၏ ဓာတ်ခွဲခန်းဆီ ဦးတည်လိုက်သည်။

All Chapters