အခန်း (၅၁-၆၀)
Vol. 3 Ch. 51-60
Vol 3, အခန်း ၅၁။ မှော်ဂဟေဆက်နည်းပညာ
သီးသန့်ဓာတ်ခွဲခန်းတံခါးကိုဖွင့်လိုက်ချိန်တွင် မဟာမှော်ပညာရှင်ကမ်မီလာက တစ်ဆယ်စင်တီမီတာရှည်ပြီး ငါးစင်တီမီတာကျယ်ကာ တစ်စင်တီမီတာထူသည့် သံမဏိပြားနှစ်ချပ်ကို ကိုင်ထားသည်အားတွေ့လိုက်ရသည်။ သံမဏိပြားနှစ်ခုကို အတူထား,ထားပြီး ထူးဆန်းသေား ရှာဖွေစူးစမ်းသည့်ကိရိယာခေါင်းလေးတစ်ခုက လက်ရှိတွင် ၎င်းသံမဏိပြားနှစ်ခုပေါ်၌ ဖြည်းညင်းစွာ ရွေ့လျားနေသည်။
သူဟာ တံခါးနံဘေး၌ မဟာမှော်ပညာရှင်လုပ်ဆောင်နေသည့်အရာကို မမြင်နိုင်သော်လည်း ဓာတ်ခွဲခန်းထဲဝင်လာလိုက်သော် မဟာမှော်ပညာရှင်ကမ်မီလာ၏ကိရိယာလေး ရွေ့သွားသည့်နေရာတိုင်းရှိ သံမဏိက ခပ်မြန်မြန်အရည်ပျော်သွားကြောင်း တွေ့လိုက်ရသည်။
ကိရိယာခေါင်းလေး ဖြတ်သွားပြီးနောက်တွင် ထိုအရည်ပျော်သွားသည့် သံမဏိက ဖုံးကွယ်သွားသည်။ ထိုခေါင်းလေးတစ်ခေါက်ပြန်လာပြီးနောက်တွင်မှု သံမဏိပြားနှစ်ခု ခိုင်မြဲစွာ တွဲသွားကြ၏။
ရှုယီက မဟာမှော်ပညာရှင်ကမ်မီလာ၏လက်ထဲမှ သံမဏိပြားနှစ်ခုကို ယူကာ လှည့်ကြည့်လိုက်သော် ထိုသံမဏိပြားနှစ်ခုက မြဲမြံစွာ ပေါင်းစပ်နေသည်ကို တွေ့လိုက်ရသည်။ သူ၏လှုပ်ရှားမှုကြောင့်ပင် လှုပ်ခတ်မသွားသည်မှာ တစ်ခုနှင့်တစ်ခုချိတ်ဆက်ထားသလိုပါပင်။
"အဘိုး၊ အဘိုးကတကယ်ကို စွမ်းအားကြီးတာပဲ။ ဒီလိုအချိန်တိုလေးအတွင်းမှာတောင် ကြီးကြီးမားမားတစ်ခုကို လုပ်လိုက်တယ်။ ကြည့်ပါဦး၊ ဒါက မှော်ဂဟေဆက်နည်းပညာပြီးမြောက်သွားတာမဟုတ်လား?" ရှုယီက ချီးကျူး၏။
မဟာမှော်ပညာရှင်ကမ်မီလာက သက်ပြင်းတစ်ချက်ချကာ ခေါင်းယမ်း၍ ရှုယီလက်ထဲက သံမဏိပြားနှစ်ခုကို ပြန်ယူကာ အားအပြည့်နှင့် ကွေးချလိုက်သည်။
"ဘန်း"
ကြည်ရှင်းသောအသံဖြင့် မြဲမြံစွာ ချိန်ဆက်ထားပုံရသည့်သံမဏိပြားနှစ်ချပ်မှာ ကွဲထွက်သွားသည်။
မဟာမှော်ပညာရှင်ကမ်မီလာက နံဘေးရှိ ရှုယီထံလှည့်ကာ ပြောလိုက်၏၊ "မင်းမြင်ရဲ့လား၊ လက်တလောတော့ ဒါက အနက်သုံးစင်တီမီတာကို ကျော်မသွားနိုင်သေးဘူး။ ဒီသံမဏိပြားနှစ်ခုကိုလည်း လုံးဝကြီးပေါင်းစပ်လို့မရသေးတော့ ဒီနည်းပညာက ပြီးမြောက်ဖို့အတော် လိုသေးတယ်။"
ရှုယီက သံမဏိပြားနှစ်ခုကိုယူပြီး အတူတကွပြန်ထားပြီး ကြည့်လိုက်၏။ သူဟာ ကူရာမဲ့စွာပြုံးလိုက်ပြီး၊ "အဘိုး၊ အဘိုးရဲ့တိုးတက်မှုက ဒီလောက်မြန်မယ်လို့ မထင်ထားခဲ့ဘူး၊ ဒါကြောင့် သတိပေးဖို့ မေ့သွားတာ။ သံမဏိပြားနှစ်ခုကို ဂဟေဆက်ချင်ရင် ဒီသံမဏိပြားလေးတွေနဲ့ပဲ လုပ်လို့မရဘူး။ သံမဏိပြားတွေကို အတူဆက်ဖို့က အရမ်းခက်တာကြောင့် လိုအပ်တာကိုဖြည်ဖို့ ဂဟေဆက်ဝိုင်ယာ(welding wire)ကို သုံးဖို့လိုတယ်လေ။"
"ဂဟေဆက်ဝိုင်ယာ?"
"အန်း..." ရှုယီကဘေးဘီကိုကြည့်လိုက်၏။ ထို့နောက် သံမဏိများဖြင့်ပြည့်နေသော စားပွဲမှ သံအပိုင်းအစတစ်ခုကိုယူကာ မဟာမှော်ပညာရှင်ကမ်မီလာကိုပေးလိုက်သည်၊ "ဒီဂဟေဆက်ဝိုင်ယာကိုသုံးကြည့်ပြီး သံမဏိပြားနှစ်ခုကြားကို အရည်ဖျော်လိုက်ပါ၊ ပြီးရင် ဘယ်လိုဖြစ်လာမလဲ ကြည့်လို့ရတယ်။"
မဟာမှော်ပညာရှင်ကမ်မီလာက ဝိုင်ယာအသေးလေးကိုယူကာ ဂရုတစိုက်ကြည့်လိုက်ပြီး သံမဏိပြားနှစ်ခုအား စားပွဲထက်၌ ပြန်တင်ကာ အတူထားလိုက်သည်။ ထို့နောက် ထိုနှစ်ခုအကြားတွင် သံ'ခပ်ပါးပါးလေးကိုထားကာ ညာလက်ဖြင့် ကိရိယာငယ်ကိုယူလိုက်ပြီး သံချောင်း၏ လမ်းတစ်လျှောက်ရွေ့လိုက်သည်။
သံချောင်းလေးက အရည်ပျော်သွားသည်နှင့် ကိရိယာခေါင်းထံမှ ဝါဖျော့ဖျော့အလင်းတစ်ပြထွက်လာသည်။ လမ်းကြောရှိ ထိုအရည်ပျော်ပြီးသားသံက အနီးဝန်းကျင်ရှိ သတ္တုကိုပါ စတင်ပျော်ဝင်လာစေ၏။
မဟာမှော်ပညာရှင်ကမ်မီလာက ဂရုတစိုက်ပင် ထိုခေါင်းလေးအား သံကိုဖြတ်ကျော်ကာ ရွေ့လိုက်သည်။ ၎င်းသံအရည်ပျော်သွားပြီးချိန်တွင် သံမဏိပြားများ၏သုံးပုံနှစ်ပုံကသာ ချိတ်ဆက်သွားပြီး ဂဟေထပ်ဆက်ရန် နေရာလပ်တစ်ခုပင် မကျန်တော့ချေ။
ရှုယီက အလျင်အမြန်ပင် သူ့အား သံပြားနောက်တစ်ခုပေးလိုက်၏။ မဟာမှော်ပညာရှင်ကမ်မီလာက ၎င်းကိုယူပြီးနောက် ကျန်သည့် သံမဏိပြားများကိုပါ လက်စသတ်ရန် အလျင်အမြန်လှုပ်ရှားလိုက်လေသည်။
ပြီးသွားသောအခါ မဟာမှော်ပညာရှင်ကမ်မီလာက ချိတ်ဆက်သွားသည့် သံမဏိပြားများကိုဂရုတစိုက်ကြည့်လိုက်ရာ အရှေ့တစ်ခေါက် စမ်းသပ်မှုနှင့်ယှဉ်လျှင် သံမဏိပြားများမှာ ပို၍ခိုင်မြဲစွာ ချိတ်ဆက်သွားသည်ကို တွေ့လေ၏။
ကွေးချရန် သံမဏိပြားများကို ကောက်ယူလိုက်ချိန်၌ ၎င်းတို့အား လုံးဝကွေးမရနိုင်ကြောင်းတွေ့လိုက်ရသည်။ သူ၏အားအပြည့်ကိုသုံးလျှင်တောင် ချိုးနိုင်ခြင်းမရှိချေ။
"ဒါက ပိုတူတယ်။"မဟာမှော်ပညာရှင်ကမ်မီလာက စိတ်တိုင်းကျစွာခေါင်းငြိမ့်ရင်း ရှုယီထံ သံမဏိပြားကိုပေးလာ၏၊ "မင်းချိုးလို့ရမလား? မင်းလိုလူငယ်တောင် ဒါကိုမချိုးနိုင်ရင် အဆင်ပြေတယ်။"
ရှုယီက ခေါင်းခါလျက်၊ "ကျွန်တော်က အဘိုးထက် ပိုအားမကောင်းပါဘူးဗျာ။ အဘိုးရဲ့ အားအပြည့်နဲ့ မချိုးနိုင်ရင် ကျွန်တော်လည်းမလုပ်နိုင်ပါဘူး။"
"အိုး? ဒါဆို ဒီဂဟေဆက်နည်းပညာက ပြီးမြောက်သွားပြီပေါ့?" မဟာမှော်ပညာရှင်ကမ်မီလာက မေး၏။
"မသေချာသေးဘူး။" ရှုယီက သံမဏိပြားကိုယူကာ စားပွဲကို ဆွဲလျက် ဓာတ်ခွဲခန်းခုံတန်း၌ နေရာအသေးလေးဖန်တီးလိုက်သည်။ သူက နောက်ထပ် သံမဏိပြားကို မယူမီ ထိုသံမဏိပြားကို အတွင်းဘက်သို့ ထည့်ပြီး ရိုက်ခွဲလိုက်သည်။
"ဖန်း"
ထိုအသံကျယ်ကြီးနှင့် ဂဟေဆက်ပြီးသံမဏိပြားက ကျိုးသွားကာ စားပွဲမှ တဆင့် ကြမ်းပြင်ပေါ်ကျလာ၏။
မဟာမှော်ပညာရှင်ကမ်မီလာက စိတ်ပျက်ဟန်ပေါ်လာသည်။
"ဒါက အလုပ်မဖြစ်ဘူးပဲ၊ ငါတို့ဘာလုပ်သင့်လဲ?"
ရှုယီက အပိုင်းနှစ်ခုအား အပြုံးဖြင့်ကောက်ယူကာ ကြည့်ရှုပြီးသော် မဟာမှော်ပညာရှင်ကမ်မီလာဆီပြန်ပေးလိုက်သည်၊ "ကြည့်ပါဦး၊ အထဲမှာ လေလုံးတစ်လုံးရှိနေတာပဲ၊ ဒါကြောင့် ကောင်းကောင်းမဆက်သွားတာ။ ကျွန်တော်တို့ ဒီပြဿနာလေးကို ဖြေရှင်းလိုက်နိုင်တာနဲ့ အရည်အသွေးက စိတ်ချရပြီပဲ။"
"ဒါပေမယ့် ဒီလိုဆိုရင်တောင် အခဲဖြစ်သွားဖို့က မလွယ်ဘူးလို့ ခံစားမိတယ်။ အားကြီးကြီးနဲ့ ရိုက်ချလိုက်ရင် ကျိုးသွားဦးမှာပဲလေ။" မဟာမှော်ပညာရှင်ကမ်မီလာက မျက်မှောင်ကုပ်လျက်ပြောသည်၊ "မှော်ဂဟေဆက်နည်းပညာက အဆုံးမှာ အသုံးမဝင်တာပဲဖြစ်သွားတာများလား?"
ရှုယီက ရယ်လျက် ခေါင်းခါ၏၊ "အဘိုး၊ စိတ်ဓာတ်ကျလို့မရဘူးနော်။ ဒီမှော်ဂဟေဆက်နည်းပညာက အသုံးမဝင်တာမဟုတ်ပါဘူး၊ ဒါက အရမ်းတောင်အရေးပါနေတာ။ အဘိုးက ဂဟေဆက်ခြင်းအကြောင်းကောင်းကောင်းမသိသေးလို့ပါ၊ ဒါကြောင့် ဂဟေဆက်အရည်အသွေးက မကောင်းဘဲ ဒီရလာဒ်ဖြစ်တာပဲ။ ဒါကိုသတိထားကြည့်တော့ အဘိုးက အဆင်မပြေပေမယ့် လူပုလက်သမားက ပိုကောင်းမယ်လို့ထင်တယ်။ အဘိုး သူတို့နဲ့ ဒီသုတေသနကို အတူဆက်လုပ်သင့်တယ်လို့ ကျွန်တော်ခံစားမိတယ်။"
"အန်း၊ မှန်တယ်။" မဟာမှော်ပညာရှင်ကမ်မီလာက ခေါင်းငြိမ့်ကာ၊ "ငါက မှော်ပညာမှာပဲ ကျွမ်းကျင်တော့ ဒီ အရည်ကျိုတာကို ပန်းပဲဆရာတွေနဲ့ လွှတ်ထားလိုက်သင့်တယ်။"
"ဟုတ်တယ်၊ ပြီးတော့ ဒီမှော်ဂဟေဆက်ခြင်းကို ပစ္စည်းတွေ အတူဆက်ဖို့ သုံးလို့မရဘူး။ အဓိကအားဖြင့် ပစ္စည်းတွေကိုချိတ်ဆက်ပြီး တံဆိပ်ခတ်ထားဖို့သုံးရတာကြောင့် ဒီလောက်ကြိုးစားဖို့နဲ့ တင်းကြပ်ဖို့ မလိုပါဘူး။" ရှုယီက ထပ်ထည့်ပြောသည်၊ "ပြီးတော့လည်း ဒီနည်းပညာမှာက တိုးထက်မှုအတွက် အခန်းကြီးရှိတာကြောင့် အလျင်လိုဖို့မလိုပါဘူး။"
"ဘာလို့လဲ?" မဟာမှော်ပညာရှင်ကမ်မီလာက ရှုယီကိုကြည့်ကာ၊ "ကမ်ဘီရဲ့အဖွဲ့က မှော်အင်ဂျင်ကို အပြီးသတ်ပြီးနေပြီ၊ ငါသာ ဒီမှော်ဂဟေဆက်ခြင်းပြဿနာကို မဖြေရှင်းနိုင်ရင် ရှက်စရာပဲမဟုတ်လား?"
"ဒါကြောင့် အဘိုးက တိကျတဲ့အသုံးပြုမှုကို လေ့လာဖို့ မလိုပါဘူး၊ ဒါကိုပဲ အာရုံစိုက်ဖို့ လိုတာ။” ရှုယီက မဟာမှော်ပညာရှင်ကမ်မီလာ နံဘေး၌ ချထားသော ကိရိယာလေးကိုယူလိုက်သည်၊ "မှော်ဂဟေဆက်ခြင်းနည်းပညာကိုပဲ သေချာလေ့လာဖို့လိုတာပါ။ အခုလေးတင် ဒါကို ပြီးပြီလို့သတ်မှတ်နိုင်တယ်။ အဘိုးအနေနဲ့ ဒီမှော်ဂဟေဆက်ခြင်းနည်းပညာပေါ်က အသွင်ပြောင်းအစီအရင်ကို ပုံဖော်ဖို့ပဲလိုတယ်။ ဘယ်လိုတည်ဆောက်ရမလဲဆိုတာကိုတော့ ကမ်ဘီရဲ့အဖွဲ့ကိုပဲ လေ့လာခိုင်းလိုက်ပါ။"
"မင်းပြောတာအပေါ်သုံးသပ်ကြည့်ပြီး ဘာလို့ငါကအသုံးမဝင်ဖြစ်လာတယ်လို့ ခံစားနေရတာပါလိမ့်?" မဟာမှော်ပညာရှင်ကမ်မီလာက ပြောရင်း မျက်မှောင်ကုပ်လိုက်သည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ!" ရှုယီက အလျင်အမြန်ပင်ငြင်းဆိုလိုက်သည်၊ "အဘိုး၊ အဘိုးက မှော်စက်ပစ္စည်းတွေကိုလေ့လာနေပြီး၊ မှော်ပညာက အရေးအပါဆုံးအပိုင်းပဲလေ၊ ဘယ်လိုလုပ် အသုံးမဝင်ဖြစ်ရမှာလဲ? အဘိုးသာ ဒီမှော်အစီအရင်ကို ရေးဆွဲပေးခဲ့တာကြောင့်မဟုတ်ရင် ဒီမှော်ဂဟေဆက်ခြင်းနည်းပညာလည်း ပေါ်လာမှာမဟုတ်ဘူး! ဒါကြောင့် အဘိုးက အရေးအပါဆုံးအပိုင်းမှာ ပါဝင်တယ်၊ ဘယ်သူမှတောင် မယှဉ်နိုင်ဘူး!"
"ဟုတ်ပြီ၊ ငါ့ကိုမြှောက်ပင့်နေတာတော်လိုက်တော့။ ငါလုပ်ရမှာကိုငါသိပါတယ်။" မဟာမှော်ပညာရှင်ကမ်မီလာက ရှုယီကိုစိုက်ကြည့်နေပါသော်လည်း ရှုယီကြောင့် ရွှင်ပြနေဆဲပင်။ သူက အပြုံးဖြင့်မေးလာ၏၊ "ပြီးတော့၊ မင်းဒီတစ်ခေါက် စတက်တိန်းနယ်မြေကို သွားတဲ့ခရီးရော ဘယ်လိုနေလဲ? ချောချောမွေ့မွေ့ပဲဖြစ်သွားလား?"
ရှုယီက ပခုံးတွန့်လျက်နှင့်၊ "ငွေရဲ့အရှေ့မှ မဖြေရှင်းနိုင်တဲ့ ပြဿနာများရှိလို့လားဗျာ?"
"ဘာလဲ? မင်းဆီကနေ အဲဒီ့ လောဘကောင်တွေ ငွေဘယ်လောက်လိုချင်ကြလို့လဲ?"
ရှုယီက ခါးသက်သက်ပြုံးကာ၊ "သူတို့လိုချင်တာကို ပြောရင်က အဆင်ပြေပါတယ်၊ ဒါပေမယ့် ပြဿနာက သူတို့က မျက်နှာရချင်တော့ အချိန်အများစုမှာ ကျွန်တော့်ကို အရိပ်အမြွက်ပဲပေးပြီး အရေအတွက်အတိအကျမပြောဘူးလေ။ အဆုံးကျတော့ကျွန်တော်လည်း သူတို့ရဲ့ ရည်ရွယ်ချက်အမှန်ကို ခန့်မှန်းရပြီး ကျွန်တော်သူတို့ကို ငွေပေးတာနဲ့ပဲမလုံလောက်မှာကို ကြောက်နေရသေးတယ်။ အိုင်း၊ ဒါက ကျွန်တော့်ကို မျက်ရည်ဝဲစေတယ်။ အခုဆို လူတွေကိုငွေပေးဖို့က အရမ်းခက်နေပြီ။"
"ဟမ့်၊ ဒီလူတွေက စတက်တိန်းနယ်မြေကို နောက်ဆုံးကျရင် ရောင်းမှာပဲ။" မဟာမှော်ပညာရှင်ကမ်မီလာကရှုယီကိုကြည့်ကာ ညွှန်ပြလာ၏၊ "ဖြစ်နိုင်တာက မင်းကပဲ ဒါကို ဝယ်နိုင်မယ့်လူဖြစ်မယ်။"
"ဖြစ်နိုင်ရင်၊ ကျွန်တော်တကယ်ဝယ်ချင်ပါတယ်။" ရှုယီက အပြုံးဖြင့်ဆိုသည်၊ "စတက်တိန်းနယ်မြေသားတွေက အဲ့လောက်ကြီးမကောင်းပေမယ့်လည်း သူတို့မှာ အတော်လေးကောင်းမွန်တဲ့ သဘာဝရင်းမြစ်တွေရှိတယ်လေ။ ကျွန်တော်သာ ဒီနယ်မြေကို ရနိုင်ရင် အဆင်ပြေမှာပဲ။"
"မင်းလိုကလေးတစ်ယောက်မှာ ဘာအစီအစဉ်ရှိလဲကို ငါမသိဘူးများထင်နေလား?" မဟာမှော်ပညာရှင်ကမ်မီလာက အေးစက်စက်နှာမှုတ်ကာ၊ "ငါ့အမြင်မှာ၊ မင်းသဘောကျတဲ့နေရာက နောက်ဆုံးကျရင် မင်းလက်ထဲမှာပဲ အဆုံးသတ်သွားမယ်မဟုတ်လား? ဒါပေမယ့် ဒါကကောင်းပါတယ်၊ ဒီလူတွေက ဒီလောက်လောဘကြီးတာနဲ့ မင်းယူလိုက်တာက ပိုကောင်းတယ်။ အနည်းဆုံးတော့ သာမန်နယ်သားတွေကို ဘဝကောင်းကောင်းပေးဖို့ ဂရုစိုက်နိုင်တာပေါ့။"
"လမ်ပူရီတိုင်းပြည်က ကောင့်ထ်စတက်ဂျ် သာ အဘိုးလိုမျိုး ကျွန်တော့်ရဲ့နာကျင်မှုတွေကို နားလည်တာနဲ့တင် လုံလောက်မှာပါ။" ရှုယီက ဝမ်းနည်းနေဟန်ဖြင့် ဆို၏။
"မင်းရဲ့အိပ်မက်တွေထဲမှာ၊ သူ့ရဲ့မြေးမက မင်းကို လက်မထပ်ခဲ့ဘူးလေ။ "မဟာမှော်ပညာရှင်ကမ်မီလာက ရုတ်တရတ်ပြော၏၊ "ဒါပေမယ့် ကောင့်ထ်စတက်ဂျ်ရဲ့ သမီးအငယ်ဆုံးက လက်မထပ်ရသေးဘဲ ဒီနှစ်မှာ နှစ်ဆယ့်ခုနှစ်,နှစ်ပြည့်မယ်ကြားတယ်၊ မင်းစိတ်ဝင်စားလား?"
ရှုယီက အမြန်ပဲ လက်ယမ်းကာ၊ "အဘိုး၊ ကျွန်တော့်ကို ဒီလို ဟာသမလုပ်ပါနဲ့ဗျာ။ ကျွန်တော့်မှာသာ ဒီလိုအကြံရှိရင် စတေးလ်မရိုက်နိုင်ခင်မှာ အဘိုး ကျွန်တော့ကို ရိုက်မှာမဟုတ်လား?"
"ဟမ့်၊ မင်းသိရင် ပြီးတာပဲ!" မဟာမှော်ပညာရှင်ကမ်မီလာက သူ၏ ဓာတ်ခွဲခန်းထဲသို့ လှည့်ပြန်ရင်း ပြောလာ၏၊ "စတေးလ်က ထရီဇာဆိုတဲ့မိန်းကလေးအကြောင်းသိပြီးနေပြီ၊ မင်းဘာသာ သတိထားနေတော့။"
ရှုယီက သူ့ကိုယ်သူ အထွန့်မတက်ဘဲ မနေနိုင်တော့ချေ၊ သူ့အနေနှင့် ထရီဇာကို နှစ်ကြိမ်သာမြင်ဖူးပါ၏။
၎င်းအထင်လွဲချော်မှုကို ဖန်တီးလိုက်သည့် အကြောင်းမှာ ထရီဇာက ကြယ်ကြွေအိမ်တော်၌ နေထိုင်နေခြင်းကြောင့် ဖြစ်နိုင်သည်။
၎င်းကိုတွေးတောရင်း ရှုယီက မဟာမှော်ပညာရှင်ကမ်မီလာကို နှုတ်ဆက်ကာ မိုးကျတောင်ကြားရှိ မှော်သုတေသနအဆောက်အဦသစ်ထံ ဦးတည်လိုက်တော့၏။
***
Report content on this page
မှော်စက်မှုအင်ပါယာ
Vol3, အခန်း ၅၂။ One Ev
"ရှင်က စတေးလ်အထင်လွဲနေသေးမှာကို စိုးရိမ်နေတာလား?" အီဗီတာက နှုတ်ခမ်းများကိုဖိကပ်လျက် မနေနိုင်ဘဲ ရယ်မောလိုက်သည်၊ "ဥက္ကဌ၊ ရှင်က... အရမ်းစိုးရိမ်လွန်းနေတာမဟုတ်ဘူးလား?"
"ဒါက ဘာလို့လွန်ရမှာလဲ? မဟာမှော်ပညာရှင်ကမ်မီလာက ကျုပ်ကို သတိပေးထားတာလေ၊ စိုးရိမ်လို့မရဘူးလား?" ရှုယီက ဝမ်းနည်းစွာ ပြော၏၊ "စတေးလ်သာ မဟာမှော်ပညာရှင်ကမ်မီလာနဲ့ အကြံတူနေရင် ကြောက်စရာပဲ မဟုတ်လား?"
အီဗီတာက ရှုယီကို ကြည့်ကာ ခပ်ဖွဖွသက်ပြင်းချလိုက်၏။
"ဥက္ကဌ၊ ကျွန်မတကယ်ပဲ စတေးလ်ကိုမနာလိုဖြစ်မိတယ်။ သူမမှာက ရှင့်လို စဉ်းစားပေးပြီးထူးချွန်တဲ့ ခင်ပွန်းရှိနေတာက၊ တကယ်ကို ကောင်းချီးပေးခံရတာပဲ။"
"ဒါက သာမန်ပဲမဟုတ်ဘူးလား?" ရှုယီက ရှုပ်ထွေးနေဟန်ဖြင့်ပြန်မေးလိုက်သည်၊ "ခင်ဗျားသာ ခင်ဗျားရဲ့အမျိုးသမီးကို မစဉ်းစားပေးရင် ဘယ်လိုယောက်ျားမျိုးဖြစ်သွားမလဲ?"
"မဟုတ်ဘူး၊ ဥက္ကဌ၊ ရှင့်အတွေးမျိုးကို လမ်ပူရီတိုင်းပြည်မှာ တွေ့ရဖို့ရှားတယ်လေ၊ စိုင်စ်နယ်မြေတစ်ခုလုံးမှာတောင် မြင်ရခဲတယ်။" အီဗီတာက ခေါင်းခါလျက် ပြောလေသည်။
"စိုင်စ်နယ်မြေက ယောက်ျားတွေအားလုံးက သစ္စာမရှိကြလို့များလား?" ရှုယီက ပြန်မေး၏။
အီဗီတာက သက်ပြင်းချကာပြောသည်၊ "စိုင်စ်နယ်မြေက လူတွေအတွက် ယောက်ျားတစ်ယောက်က နံဘေးမှာမိန်းမသုံးယောက်ရှိနေမှ ပြည့်စုံတဲ့အတွက်ကြောင့်မို့ ယောက်ျားတွေအတွက် သစ္စာမရှိဘူးဆိုတာ မရှိဘူး။"
"ခင်ဗျားပြောချင်တာက ကျုပ်ကမပြည့်စုံဘူးလို့လား?" ရှုယီက သူမကိုကြည့်ကာ၊ "ခင်ဗျားတို့မိန်းကလေးတွေအားလုံးက ခင်ဗျားတို့ ခင်ပွန်းတွေကို အခြားမိန်းကလေးရှာစေချင်တာကြောင့်များလား?"
"ကျွန်မတို့ မိန်းကလေးတွေရဲ့အမြင်မှာတော့၊ မဟုတ်ဘူးပေါ့။" အီဗီတာက ခေါင်းခါကာ၊ "ဒါပေမယ့် ဒါက နယ်မြေက လူတိုင်းအသိအမှတ်ပြုထားတဲ့အမှန်တရားပဲ၊ ဘယ်သူမှ ပြောင်းလဲမရနိုင်ဘူး။ ဥပမာ၊ ဥက္ကဌက စတေးလ်နဲ့ ဆက်ဆံရေးကောင်းပြီး သူမကိုစဉ်းစားပေးတယ်ဆိုပေမယ့်၊ ဘယ်သူပဲဖြစ်ဖြစ် ရှင်ကိုယ်တိုင်တောင် အနာဂတ်မှာပြောင်းလဲသွားမလားကို အာမ,မခံနိုင်ဘူးလေ။ ရှင့်မှာလည်း အခြားမိန်းကလေးနဲ့ ဆက်ဆံရေးတစ်ခုရှိနိုင်တယ်၊ ဟုတ်တယ်မလား?"
ရှုယီကလည်း ထိုအကြောင်းကို ယခင်ကပင်စဉ်းစားဖူးသောကြောင့် ရိုးသားစွာပင်ခါးသက်သက်ခေါင်းငြိမ့်လိုက်၏၊ "ခင်ဗျားမှန်ပါတယ်၊ စည်းကမ်း တင်းကြပ်တဲ့အင်ဂျင်နီယာအနေနဲ့ ကျုပ် ဒီကိစ္စရဲ့ ဖြစ်နိုင်ချေကို မငြင်းပယ်နိုင်ဘူး။"
"ဖြစ်နိုင်တာပဲ မဟုတ်ဘူး၊ အသေအချာကို ဖြစ်မှာ။" အီဗီတာက ခပ်ဖျော့ဖျော့ပြုံးကာဆို၏၊ "ဥက္ကဌ ရှင့်ရဲ့ထူးချွန်တဲ့ အစွမ်းအစ၊ ရှင့်ရဲ့ကြွယ်ဝမှု၊ ရှင်က ငယ်ရွယ်တဲ့မျိုးရိုးမြင့်ဆိုတဲ့အချက်နဲ့ဆိုရင် ရှင့်ကိုသဘောမကျတဲ့ မိန်းကလေးမရှိလောက်ဘူးလို့ ကျွန်မထင်တယ်။ တကယ်တမ်း ရှင်ဆန္ဒရှိနေသရွေ့ ဘန်တာမြို့က ဘယ်မိန်းကလေးကိုမဆို ရွေးနိုင်တယ်။ ရှင်က ရှေးရိုးစွဲနေတာကြောင့်သာ မရသေးတာပါ။"
ရှုယီက ပွဲတော်များ၌ သူ့အား ပေါ်ပေါ်ထင်ထင်ဖြားယောင်းသည့် မိန်းကလေးများအကြောင်းကိုတွေးရင်း မနေနိုင်ဘဲ ခါးသက်သက်ထပ်ပြုံးလိုက်သည်။
မှန်ပေ၏၊ သူ၏စိတ်သာ လုံလုံလောက်လောက်မခိုင်မာနေပါလျှင် သူလည်း ထို အကြံနှင့် ကျဆုံးသွားလောက်ပြီဖြစ်သည်။
"ဥက္ကဌ၊ ရှင်က စတေးလ်အကြောင်းကို စိုးရိမ်နေမှတော့ ကျွန်မ လျှို့ဝှက်ချက်လေးတစ်ခုပြောပြပါ့မယ်။" အီဗီတာက ရုတ်တရတ် တစ်စုံတရာကို ဆုံးဖြတ်လိုက်ပုံပေါ်ကာ အံ့ကြိတ်ရင်းဆိုလေသည်။
"အိုး? ဘာလျှို့ဝှက်ချက်များလဲ?" ရှုယီက စူးစမ်းလိုဟန်ဖြင့် မေး၏။
"တကယ်တော့ လွန်ခဲ့တဲ့ရက်တချို့က ဒီအကြောင်းကို ကျွန်မတို့မိတ်ဆွေအသိုင်းအဝိုင်းဆီ စတေးလ်က တိတ်တိတ်လေးပြောပြခဲ့တာ။ ရှင်က ထူးချွန်တာကြောင့်မို့ သူမလည်း မတားနိုင်ဘဲ ချစ်သူတချို့ထားရင် လက်ခံပေးနိုင်တယ်လို့ ပြောတယ်။ သူမသာ ဒီလိုမလုပ်ရင် အားလုံးက အပြစ်တင်မှာကြောင့် ဒီကိစ္စကို လုံးဝစိတ်ထဲမထားပါဘူး။ ရှင်စိုးရိမ်ဖို့ မလိုဘူးနော်။"
ရှုယီက အီဗီတာကို အံ့အားသင့်စွာကြည့်လျက်၊ "ခင်ဗျားနောက်နေတာလား? စတေးလ်က ကျုပ်ရဲ့ချစ်သူတွေကို ဘယ်လိုလက်ခံနိုင်မှာလဲ? သူမက သဘောထားကြီးတဲ့မိန်းကလေးဆိုပေမယ့် ဒါကို ဘယ်လိုဖြစ်ဖြစ် မျှတတယ်လို့ မဆိုနိုင်ဘူးလေ။"
"ဟင့်အင်း ကျွန်မရှင့်ကို မလိမ်ပါဘူး။ စတေးလ်က ဒီလိုပြောခဲ့ပြီး သူမရဲ့အတွေးအမှန်ဆိုတာ ကျွန်မအာမခံနိုင်တယ်။ သူမက ရှင့်အနေနဲ့ ဒီချစ်သူတွေကို အများရှေ့မချပြသရွေ့ ဝင်ရှုပ်မှာမဟုတ်ဘူးလို့ပြောတယ်။"
အီဗီတာ၏ လေးနက်နေဟန်ကိုမြင်သော် ရှုယီ၏နှလုံးခုန်သံ ကူရာမဲ့စွာ တစ်ချက်ချော်သွားသည်။
အီဗီတာပြောသည်သာ မှန်နေပါလျှင် သူ့ထံ၌ အပြင်ဘက်တွင် ချစ်သူတစ်ဦးရှာဖို့ရာ အထူးခွင့်ပြုချက်ရသည်ဟု ဆိုလိုသည်မဟုတ်ပါလား?
သို့သော် ၎င်းကိုစဉ်းစားကြည့်ပြီး ရှုယီက ခေါင်းခါလိုက်၏။
ဦးဆုံး မဟာမှော်ပညာရှင်ကမ်မီလာမဆိုနှင့် သူကိုယ်တိုင်တောင် မိမိကိုယ်ကို ခွင့်လွှတ်နိုင်မည်မဟုတ်။
ရှုယီမှာ အင်မတန်ရှေးရိုးစွဲသူဖြစ်ပြီး စတေးလ်နှင့်မဆုံခင်က သူ့ထံ၌ အခြားမိန်းကလေးများအတွက် ခံစားချက်မရှိခဲ့ဖူးပါချေ။
ထို့ကြောင့် သူ့အတွက် မိန်းကလေးများပေါ်၌ အချိန်ဖြုန်းနေမည့်အစား သုတေသနများ သို့မဟုတ် အဓိပ္ပာယ်ရှိသည့် တစ်ခုခုထံ၌ အချိန်သုံးနေသည်က ပိုကောင်းသည်။
သူက စတေးလ်နှင့်အတူရှိချိန် မလုံလောက်ဟု ခံစားရသည်ကြောင့် လုပ်ငန်းစု၏အလုပ်များကို အခြားလူများနှင့် ထားခဲ့ရခြင်းများလည်းရှိသည်။
သူသာ ဤခက်ခက်ခဲခဲရသည့်အချိန်ကို အခြားမိန်းကလေးနှင့် သုံးပါလျှင် ၎င်းက မြင်းကို လှည်းပေါ်ထင်ထားခြင်းပါပင်။
ထိုသို့စဉ်းစားရင်း ရှုယီမှာ ခေါင်းခါလျက် သူ၏ ကြုံရာအတွေးများကို လွှင့်ပစ်လိုက်လေသည်။ ထို့နောက် အီဗီတာကို ကြည့်ကာ ဓာတ်ခွဲခန်းရှိ အခြားနေရာသို့ လှည့်လိုက်သည်။ ဘေးဘီကိုကြည့်လိုက်ပြီးချိန်၌ မေးလာ၏၊ "ဒီအကြောင်းမပြောဘဲ အလုပ်အကြောင်းပဲ ပြောကြတာပေါ့။ ဘယ်လိုလဲ? ဒီတလော ဘာတိုးတက်မှုတွေရှိသေးလဲ?"
စိတ်ပျက်သွားဟန်က အီဗီတာ၏ မျက်လုံးများ၌ ပေါ်လာ၍ သူမဟာခပ်မြန်မြန်ပင် စိတ်ကိုငြိမ်လိုက်ရသည်။ ထို့နောက် ခေါင်းငြိမ့်ကာ ဓာတ်ခွဲခန်းစားပွဲမှ စာရွက်ပိုင်းတစ်ခုယူလျက် ရှုယီကိုပြောလာ၏၊ "ဥက္ကဌ၊ ကြည့်ပါဦး၊ ဒါက ကျွန်မလွန်ခဲ့တဲ့အပတ်ကပဲ အပြီးသတ်ခဲ့တဲ့ မှော်သလင်းကျောက်သန့်စင်ခြင်းအစီအရင်ပါ။ ရက်နည်းနည်းလောက် စမ်းသပ်ပြီးနောက်မှာ မှော်သလင်းကျောက်တွေကို ဒီအစီအရင်နဲ့ သန့်စင်ပြီးရင် ကန့်သတ်ချက်အားလုံးက ပုံမှန်ဖြစ်သွားမယ်လို့ အတည်ပြုပြီးပါပြီ။"
"အိုး? ကောင်းသားပဲ။" ရှုယီက ထိုစာရွက်အပိုင်းကိုသေချာကြည့်ပြီး သူ့စိတ်ထဲ၌ တွက်ချက်ကြည့်ရင်း ခေါင်းငြိမ့်ကာ ချီးကျူးလေသည်၊ "ဒီမူကြမ်းကိုသုံးသပ်ရရင် အတော်လေးအဆင်ပြေတာပဲ။ ဒါပေမယ့် အီဗီတာ မှော်သလင်းကျောက်တွေရဲ့ မတူညီတဲ့အရည်အသွေးကို သန့်စင်ရင် အားလုံးက တူညီလာမယ်ဆိုတာ သေချာလား?"
"သေချာပါတယ်။" အီဗီတာက စားပွဲမှ မှတ်စုတစ်အုပ်ထုတ်ယူကာ ရှုယီဆီစာရွက်လှန်ပြလိုက်သည်၊ "ဒါက လွန်ခဲ့တဲ့ရက်တွေမှာ မှော်သလင်းကျောက်တွေကို သန့်စင်တာကနေ မှတ်တမ်းတင်ထားခဲ့တဲ့ အချက်အလက်ပါ။ ကြည့်ပါဦး၊ သူတို့ကို မသန့်စင်ခင်မှာ ကျွန်မ တူညီတဲ့အရည်အသွေးနဲ့ တူညီတဲ့အရွယ်အစားရှိတဲ့ မှော်သလင်းကျောက်တွေကိုရွေးခဲ့တယ်။ မှော်သလင်းကျောက်တွေက လုံးဝတစ်ညီတည်း ထွက်လာပြီး ချို့ယွင်းချက်ကလည်း ရာခိုင်နှုန်း တစ်'အောက်မှာပဲ။"
"ဒါက အတော်တိကျတာပဲ၊ ဒါပေမယ့် ခင်ဗျားဘယ်လိုလုပ်ဒီအချက်အလက်ကိုရခဲ့တာလဲ?" ရှုယီက စာအုပ်ကိုကြည့်ပြီး အံ့ဩနေသည်၊ "1Ev? ဒါက ဘယ်လို အတိုင်းအတာ ယူနစ်မျိုးလဲ?"
အီဗီတာ၏မျက်နှာက နီရဲသွားကာ၊ "ဒါက... ကျွန်မဒီတိုင်း စဉ်းစားလိုက်တဲ့ နာမည်ပါ..."
"ဒီတိုင်း?" ရှုယီက ခေါင်းခါလျက်၊ "အချက်အလက်က ဒီတိုင်းတော့ မထွက်လာနိုင်ပါဘူး။ လာပါဦး၊ ကျုပ်ကိုပြောပြပါ၊ ဒီ တစ်Evက ဘာကို ကိုယ်စားပြုတာများလဲ?"
အီဗီတာ၏မျက်နှာက ပို၍ပို၍နီရဲလာရင်း ခေါင်းကိုငုံ့လျက် အသံတိုးတိုးဖြင့် ဖြေဆိုလေသည်၊ "တစ်Evဆိုတာက... မှော်သလင်းကျောက်ထဲက မှော်စွမ်းအားအနေနဲ့ မီးလျှံအစီအရင်ကို တစ်နာရီကြာ ထိန်းသိမ်းထားနိုင်တာကိုပြောတာပါ..."
"အိုး၊ ဒီအတိုင်းအတာယူနစ်က မဆိုးဘူးပဲ။ ဒါဆို..." ရှုယီက ခုံဆီမှ လက်သီးဆုပ်အရွယ်မှော်သလင်းကျောက်ကို ယူကာ မေးလိုက်သည်၊ "ဒီမှော်သလင်းကျောက်မှာ Evဘယ်လောက်ထိ ရှိမလဲ?"
အီဗီတာက ယင်းကိုကြည့်လျက် ခေါင်းခါကာ ပြောသည်၊ "ဒါက မသန့်စင်ရသေးတဲ့ မှော်သလင်းကျောက်ပါ၊ ဒါကြောင့် အရေအတွက်မတိကျသေးဘူး။"
"အိုး၊ ဒါဆို ကျုပ်အတွက် သန့်စင်ပြီးသား မှော်သလင်းကျောက်ရှာပေးပါဦး။"
"ဟုတ်ပါပြီ။" အီဗီတာက ဓာတ်ခွဲခန်းထဲမှ ရှုယီ၏လက်မအရွယ်အစားသာရှိသော ထောင့်မှန်စတုဂံပုံမှော်သလင်းကျောက်တစ်ခုကို ယူလိုက်၏၊ "ဒီမှော်သလင်းကျောက်ကို ရှင်မေးခဲ့တဲ့ တစ်ခုနဲ့ အရည်အသွေးတူအရွယ်အစားတူ မှော်သလင်းကျောက်ကနေ သန့်စင်ထားတာပါ။ ကျွန်မရဲ့ခန့်မှန်းချက်အရဆိုရင် တစ်ရာEvရှိမယ်။"
"ဒီအပိုင်းအသေးလေးကို ဒီမှော်သလင်းကျောက်ကြီးကနေ သန့်စင်ထားတာ?" ရှုယီက အံ့ဩကာ ပြောလိုက်သည်၊ "ကြည့်ရတာ အီဗီတာရဲ့ မှော်အစီအရင်က အတော်အေးအားကောင်းပုံပဲ။ ဒါက သန့်စင်တာမဟုတ်တော့ဘူး၊ ဒါက သန့်စင်မှုချိန်ညှိတာပဲ!"
ရှုယီက အီဗီတာ၏လက်မှ မှော်သလင်းကျောက်လေးကိုယူရင်း ဂရုတစိုက်ကြည့်လိုက်သည်။ ထိုမှော်သလင်းကျောက်က သေးငယ်ပါသော်လည်း အတော်လေးကြည်လင်ကာသိပ်သည်းလှသည်ကို တွေ့ရှိသွားသည်။ ထိုမှော်သလင်းကျောက်လေးမှာ မသန့်စင်ရသေးသည့် မှော်သလင်းကျောက်အကြီးနှင့် ယှဉ်နိုင်သည်က အံ့ဩဖွယ်မရှိတော့ပါချေ။
"ဒါပေမယ့် ဒီအပိုင်းလေးက တစ်ရာEvဆိုရင် တစ်Evက အရမ်းနည်းပုံပဲပေါ့။ ပိုအားကောင်းတဲ့မှော်သလင်းကျောက်တွေမှာဆိုရင် သောင်းချီတဲ့ Evတွေ ပါလောက်လား?" ရှုယီက ပြော၏။
"ဒါက ဘာမှမဟုတ်ပါဘူး၊ ပြောင်းလဲသွားနိုင်တယ်။ ဥပမာ၊ ဒီအပိုင်းလေးက တစ် Evဖြစ်လာနိုင်တာမျိုးပေါ့..."
၎င်းကိုပြောပြီးနောက်တွင် အီဗီတာက ခေါင်းငုံ့လိုက်ပြန်သည်။
ရှုယီကရယ်လျက် အီဗီတာ၏ ပခုံးကိုပုတ်လိုက်ရင်း၊ "ဟုတ်ပြီ၊ အီဗီတာ, ရှက်စရာမလိုပါဘူး။ ဒါကို ခင်ဗျားတီထွင်ထားတာကြောင့် ခင်ဗျား နာမည်ပေးလို့ရပါတယ်။ ဒါကို တစ်Evလို့ခေါ်တာက ဘာမှမဖြစ်ဘူးလေ၊ ကျုပ်သာဆိုရင်လည်း ဒါကို တစ်Xuလို ခေါ်ဖို့ တုံ့ဆိုင်းနေမှာမဟုတ်ဘူး။ အာ... ဟုတ်ပြီ၊ တစ်Xuက သိပ်မကောင်းဘူး၊ ဒါကို တစ်Evနဲ့ မယှဉ်နိုင်ဘူးလေ။ အန်း၊ ဒါကိုဆုံးဖြတ်လိုက်ပြီ၊ Evကို မှော်စွမ်းအားရဲ့ အတိုင်းအတာယူနစ်အဖြစ်သုံးမယ်။ တစ်Evက တစ်နာရီမှာ မီးလျှံအစီအရင်ကို ထိန်းသိမ်းဖို့လိုတဲ့ မှော်စွမ်းအားပဲ၊ ဘယ်လိုထင်လဲ?"
အီဗီတာ၏မျက်နှာက လုံးဝနီရဲနေပြီး ငြင်းဆန်ခြင်းလည်းမပြုဝံ့ရာ သဘောတူသံသာပြုလိုက်နိုင်သည်။
ရှုယီက ရယ်ကာ လက်ထဲရှိ မှော်သလင်းကျောက်နှင့် ဆော့ကစားနေလိုက်သည်။ ထို့နောက် အီဗီတာအား လေးနက်နေဟန်ဖြင့်ကြည့်၍ မေးလိုက်သည်၊ "အခု ကျုပ်ဘာကြောင့် စံပြုမှော်သလင်းကျောက်တွေကို သုတေသနလုပ်ချင်ရကြောင်း နားလည်သွားပြီလား?"
ထိုမေးခွန်းကိုကြားသော် အီဗီတာက မရှက်ရွံ့နေတော့ချေ။ သူမက ခေါင်းမော့ကာ စဉ်းစား၍ ခေါင်းငြိမ့်ပြလာသည်၊ "ကျွန်မနားလည်တယ်။ ဒါက ကျွန်မတို့လုပ်ငန်းစုကနေထုတ်လုပ်တဲ့ မှော်စက်ပစ္စည်းတွေနဲ့ အတူတူပဲ၊ ဒါကို အရင် စံပြုပြီးမှ အမြောက်အများထုတ်လုပ်မှာ။ ပြီးတော့လည်း မှော်စွမ်းအားကို စံပြုပြီးရင် မှော်စက်ပစ္စည်းထုတ်လုပ်ရေးကို သုတေသနလုပ်တဲ့အချိန်ကျ အတော်လေး လွယ်သွားပြီလေ။"
"စံပြုခြင်းရဲ့ထူးခြားမှုက ဒါပဲမဟုတ်ဘူး။ အရေးကြီးဆုံးက စံ'တစ်ခုနဲ့ဆိုရင် ကျုပ်တို့တွေ မှော်စက်ပစ္စည်းတွေအားလုံးကို ဒီအနေအထားထိ ပေါင်းစပ်နိုင်ပြီး မှော်ဓာတ်အားလိုင်းတစ်ခုဖန်တီးလို့ရတယ်။ ကျုပ်တို့အနေနဲ့ ဘန်တာမြို့က မှော်စက်ပစ္စည်းအားလုံးကိုတောင် ဒီမှော်ဓာတ်အားလိုင်းနဲ့ချိတ်ဆက်နိုင်ပြီး အတော်လေး သုံးရလွယ်သွားမှာပဲ။ ဒီအရာက အရေးပါတဲ့ ခေတ်တစ်ခုကို ဖန်တီးမယ်လို့ ကျုပ်သေချာပေါက် ပြောနိုင်တယ်။ ဒါကြောင့် အီဗီတာ, ခင်ဗျားဒါကို ဆက်လေ့လာနေဖို့လိုတယ်။" ရှုယီက လေးနက်ဟန်ဖြင့် ဆို၏။
အီဗီတာက ခေါင်းငြိမ့်ကာ၊ "ကျွန်မ လုပ်မှာပါ။"
"ကောင်းပြီ၊ ကျုပ်ခင်ဗျားရဲ့ အစွမ်းအစကိုယုံကြည်တယ်။" ရှုယီက ခပ်ဖျော့ဖျော့ပြုံးကာဆို၏၊ "ဒါပေမယ့် ဒါမတိုင်ခင်၊ ခင်ဗျားကျုပ်နဲ့အတူ စာအုပ်တစ်အုပ်ရေးနိုင်ဖို့ မျှော်လင့်မိတယ်။"
"စာအုပ်တစ်အုပ်ရေးရမယ်?" အီဗီတာက ရှုယီကို တအံ့တဩကြည့်လိုက်သည်။
"ဟုတ်တယ် ဒီစာအုပ်ကိုခေါ်ရမလား? မှော်ပညာစံပြုခြင်းလို့?"
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၅၃။ အယူအဆများအားသံသယဖြစ်ခြင်း
ဤနှစ် နှစ်သစ်ကူးမှာ ဘန်တာမြို့ရှိ ယခင်၂နှစ်ထက် ပိုအေးပေသည်။
လွန်ခဲ့သည့်၂နှစ်က ဘန်တာမြို့ရှိ စီးပွားရေးတိုးတက်မှုကြောင့် အားလုံးမှာ ဘန်တာမြို့သို့ အလုပ်ရှာရန် ရောက်လာကြသည်။
ထိုသို့ဖြင့် ဘန်တာမြို့၌စာရင်းသွင်းထားသည့် လူပေါင်း နှစ်သိန်းကျော်သွားကာ စာရင်းမသွင်းသည့်လူကသုံးသောင်းကျော်၏။ ၎င်းက ဤနေရာ၌ နေထိုင်သည့် ဒေသခံငါးသောင်းထက်ပင် အဆပေါင်းများစွာ ပိုမိုများပြားနေသေးသည်ပင်။
နှစ်သစ်ကူးအတွင်း လူများစွာက ပြန်သွားကြသော်လည်း ၎င်းတို့၏ ဇာတိက အင်မတန်ဝေးလံသောကြောင့် ပြန်မသွားကြသူများစွာလည်းရှိပြီး ဘန်တာမြို့၌ နှစ်သစ်ကူးပွဲကျင်းပရန် နေခဲ့ကြသည်။ သို့မဟုတ် ၎င်းတို့အနေနှင့် ထိုအားလပ်ရက်များအတွင်းပုံမှန်လစာထက် ပိုမြင့်မြင့်ရရန် အလုပ်,လုပ်ကြခြင်းလည်း ဖြစ်နိုင်သည်။
ထို့ကြောင့် ဘန်တာမြို့၌ လွန်ခဲ့သည့်၂နှစ်က များစွာ သက်ဝင်လှပေသည်။ လူပင်လယ်နှင့် ကြွယ်ဝသည့် ကုန်စည်များကလည်း စည်ကားခြင်းကို ဖန်တီးခဲ့သည်။ ၎င်းက ယင်းအချိန်အတွင်း ဘန်တာမြို့သို့ လာခဲ့သည့် ဟားနက်စ်အား အန်ဗီမာမြို့တော်ကပင် မယှဉ်နိုင်ဟုဆိုကာ သက်ပြင်းချစေ၏။
သို့သော် ၎င်းက ကောင့်ထ်စတက်ဂျ် ရောက်ရှိလာမှုကြောင့် ရပ်တန့်သွားရသည်ပင်။
ကောင့်ထ်စတက်ဂျ်၏ စိုက်ပျိုးရေးမူဝါဒများကြောင့် ဘန်တာမြို့၏လုပ်ငန်းစုများအားလုံးထွက်ခွာကာ ၎င်းတို့၏အလုပ်သမားများလည်းပါသွားကြသည်။
အခြားမြို့များမှလာသည့် အလုပ်သမားများအပြင် ဘန်တာမြို့နယ်ခံ အလုပ်သမားများလည်း ၎င်းတို့၏ အလုပ်ကို လက်မလျှော့လို၍ ထွက်သွားကြသည်ပင်။
မြို့စားအိမ်တော်၏ ပြတင်းများမှ အပြင်ကိုကြည့်လိုက်သော် လမ်းက အင်မတန်အေးစက်နေ၏။ ဘန်တာမြို့ရှိ နှစ်သစ်ကူးပွဲတော်ကိုပင် မတွေ့နိုင်ဘဲ၊ ကောင့်ထ်စတက်ဂျ်အား ကူကယ်ရာမဲ့စွာသက်ပြင်းချစေသည်။
ထို့နောက်စားပွဲသို့ ပြန်လာ၍ စာရွက်စာတမ်းများကိုကြည့်လိုက်ရင်း ကောင့်ထ်စတက်ဂျ်မှာ မျက်မှောင်ကုပ်လိုက်သည်။
ထိုစာတမ်းမှာ ယခုနှစ် ဘန်တာမြို့၏ ဘဏ္ဍာရေးအစီရင်ခံစာဖြစ်သည်။
ထိုအစီရင်ခံစာအရ ဘန်တာမြို့၏ ယခုနှစ်အမြတ်ခွန်မှာ ရွှေဒင်္ဂါးပြား ၁.၁၇သန်းရှိပြီး ယခင်နှစ်ကထက် လျော့နည်းလေသည်။
ထိုလျော့နည်းမှုအား များလှသည်ဟု မဆိုသာသော်လည်း လစဉ်အစီရင်ခံစာအရ ဘန်တာမြို့မှာ ဇန်နဝါရီလမှ ဇူလိုင်လအထိ လမ်းကြောင်းတစ်ခုတိုးလာသည်။ ထိုနှင့် ခုနှစ်လပေါင်း အမြတ်ခွန်နှင့်တင် ရွှေဒင်္ဂါးတစ်သန်းနီးနီးရှိ၏။
ဩဂုတ်လရောက်လသည်နှင့် ထိုအရေအတွက်မှာ လာသည့်လများတွင်ပါ လျော့ကျမြဲလျော့ကျလာလေ၏။ လွန်ခဲ့သည့် နှစ်လတွင် ငွေအလိုပင်ပြလာကာ နောက်ဆုံး ငါးလ အမြတ်ခွန်မှာ ရွှေဒင်္ဂါးနှစ်သိန်းမျှသာရှိတော့သည်။
ထိုနှင့် ဘန်တာမြို့မှာ နောက်နှစ်တွင် ဘဏ္ဍာရေးငွေအလိုပြလာပေလိမ့်မည်။
ကောင့်ထ်စတက်ဂျ်အနေနှင့် နောက်နှစ်တွင် ဆန်စပါးအထွက်နှုန်းအားကောင်းမှုကို တူညီစွာဆက်ထိန်းထားနိုင်ရန် ယုံကြည်မှုရှိပါလျှင်တောင် အမြဲတစေ ဘဏ္ဍာရေးငွေအလိုပြနေသည့်မြို့တစ်မြို့မှာ တော်ဝင်လွှတ်တော်ဆီမှ အနုတ်ရမှတ်သာ ရလိမ့်မည်ပင်။
ထိုအဆုံးသတ်နှင့် သူဟာ ဘန်တာမြို့ရှိ သူ၏စမ်းသပ်ချက်ရှုံးနိမ့်မှုကို ကြေညာရလောက်သည်။
ပိုအရေးကြီးသည်မှာ သူ၏ရှုံးနိမ့်မှုနှင့်အတူ စတက်ဂျ်မိသားစုဦးဆောင်သည့် ရှေးရိုးစွဲအဖွဲ့ကလည်း ကျရှုံးသည်ဟု ဆိုလိုသည်။ ထိုသည်က ကောင့်ထ်စတက်ဂျ် လက်မခံနိုင်သည့် အရာပါပင်။
ပြဿနာမှာ... ထိုပြဿနာကို ဖြေရှင်းရန် နည်းလမ်းရှိမည်လား?
ကောင့်ထ်စတက်ဂျ်က လက်ထဲရှိ အစီရင်ခံစာကိုဖတ်နေရင်း သံသယဝင်လာ၏။
တကယ်တမ်း လွန်ခဲ့သည့်နှစ်များတွင် ဘန်တာမြို့၌ မြင့်မားသည့် အမြတ်ခွန်မရှိပါသော်ငြား ဤသို့သော ငွေအလိုပြမှုလည်းမရှိချေ။ ဤနှစ်၌ ရှိနေရခြင်းမှာ သေချာပေါက် ကောင့်ထ်စတက်ဂျ်က ဘန်တာ်မြို့တော်၏ သီးနှံအထွက်တိုးရေး၌ ပမာဏများများရင်းနှီးမြှုပ်နှံခဲ့ခြင်းကြောင့်ဖြစ်လေသည်။
ထို့အပြင် ကောင့်ထ်စတက်ဂျ်က ငွေပမာဏအမြောက်အများကို ဒရိက်ခ်နယ်မြေနှင့်အတူ ဤနှစ် ကောက်ရိတ်နှုန်းကို သေချာစေရန် တိတ်တဆိတ်သုံးခဲ့သေး၏။
ထိုငွေများအား ဘန်တာမြို့မှရရန်နှင့် သူ၏ဆုံးရှုံးမှုကို ပြင်ဆင်ရန် မဖြစ်နိုင်သော်လည်း သူဟာ အခြားနေရာများမှ လျော်ကြေးအဖြစ် ငွေအချို့ကို သူကိုယ်တိုင်အတွက် ယူထားပြီးဖြစ်သည်။
ဤသည်က သူသာ နောက်နှစ်လည်း တူညီသည့် ကောက်ပဲသီးနှံထွက်နှုန်းကို ထိန်းထားချင်လျှင် ဘန်တာမြို့၏ ဘဏ္ဍာရေးငွေအလိုပြခြင်းက ပိုဆိုလာမည်ဟု ဆိုလိုသည်ပင်။
သို့သော် ထိုပြဿနာကို မြေရှင်းရန် ကောင့်ထ်စတက်ဂျ်သိသည့် အကောင်းဆုံးနည်းလမ်းမှာ ကောင့်ထ် စီယန် မြို့စားဖြစ်ချိန်က မူဝါဒကို ပြန်ရယူပြီး စီးပွားရေးတိုးတက်မှုကို ထောက်ပံ့ရန်ဖြစ်သည်။ ၎င်းက ဘန်တာမြို့အား လွန်ခဲ့သည့်၂နှစ်က အမြတ်ခွန်နှင့် တူညီသည့်အဆင့်ကို ပြန်ရစေနိုင်သည်။
သို့သော် ကောင့်ထ်စတက်ဂျ်မှာ ထိုသည်ကို ဆန္ဒမရှိခြင်းအားမဆိုထားနှင့် ရှိပါလျှင်တောင် သူ၏ စိုက်ပျိုးရေးမူဝါဒကြောင့် ဘန်တာမြို့လုပ်ငန်းစုများကို ထုတ်ပယ်လိုက်ပြီဖြစ်ရာ စကားလေးနည်းနည်းဖြင့် မည်သို့ပြန်ခေါ်နိုင်ပါမည်နည်း?
၎င်းကိုစဉ်းစားရင်း ကောင့်ထ်စတက်ဂျ်က ခါးသက်သက်ရယ်လိုက်မိသည်။
တကယ်တမ်းတွင် သူ ဘန်တာမြို့စားဖြစ်လာမည်ကို သိချိန်က ဘန်တာမြို့ကို စုံစမ်းခဲ့ပြီးဖြစ်၏။ သူ့အနေနှင့် ဘန်တာမြို့မှာ ထို၂နှစ်အတွင်း အလျင်အမြန်တိုးတက်လာသည့် အကြောင်းအရင်းက Frestech ကုန်သည်ကြီးများအသင်းဦးဆောင်သည့် မှော်စက်မှုလုပ်ငန်းကြောင့်ဆိုသည်ကို သိလေသည်။
ရည်မှန်းချက်များကြောင့်သာမဟုတ်ပါလျှင် ကောင့်ထ်စတက်ဂျ် လည်း ကောင့်ထ် စီယန်နဲ့ တူညီစွာ လုပ်ဆောင်မည်ပင်။ သူဟာ Frestech ကုန်သည်ကြီးများအသင်း နှင့် မှော်စက်ပစ္စည်းစက်မှုနယ်ပယ်ကို ထောက်ပံ့ဖို့ ရွေးချယ်ပြီး ဘန်တာမြို့ကို အရှိန်အဟုန်ဖြင့်တိုးတက်စေမည်ဖြစ်၏။
သို့သော် ကောင့်ထ်စတက်ဂျ်မှာထိုသို့မလုပ်ဆောင်နိုင်သောကြောင့် သူဆန္ဒမရှိပါလျှင်တောင် ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းထံ ဘန်တာမြို့သို့ ရောက်လာစဉ်က ထိုသို့သောသဘောထားမျိုးပြခဲ့ရမည်ဖြစ်သည်။ သူဟာ ရှေးရိုးစွဲအဖွဲ့က မှန်ကန်ကြောင်းပြရန် စိုက်ပျိုးရေးမူဝါဒများကိုပင် သုံးရမည်ဖြစ်၏။
သို့သော် ယခုတွင် ထိုအတွေးက ကောင့်ထ်စတက်ဂျ် မျိုချလိုက်သည့် ခါးသက်သော အသီးကိုပင် သံသယဝင်သွားစေခဲ့သည်။
ဆန်စပါးများ လုံလုံလောက်လောက်ရှိအောင် ဆောင်ရွက်ပေးခြင်းဖြင့် တိုင်းပြည်သားများ စိတ်ကျေနပ်မှုရှိကာ လုံခြုံသော ဘဝနေထိုင်မှုကို ပေးနိုင်မည်လား?
Frestech အမှတ်တံဆိပ် လေအေးပေးစက်အား သူ၏ရုံးခန်း၌ချိတ်ထားသည်ကို မြင်သော် ကောင့်ထ်စတက်ဂျ် မှာ ခါးသက်စွာပြုံးလျက် အတွေးနက်သွား၏။
ထိုအတွေးက တံခါးဆီမှလာသော ရုတ်တရတ်ခေါက်သံကြောင့် ကြာရှည်မခံလိုက်ပါချေ။
ကောင့်ထ်စတက်ဂျ်လည်း အတွေးများကိုစုစည်းကာ ထိုင်ချလိုက်ရင်း အသံဩဩဖြင့်ပြောလိုက်၏၊ "ဝင်ခဲ့ပါ။"
တံခါးပွင့်သွားသောအခါ ကောင့်ထ်စတက်ဂျ်၏ လက်ထောက်ဝင်လာပြီး အသံတိုးတိုးဖြင့် အစီရင်ခံလာသည်။ "မြို့စားအရှင် Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌက အရှင့်ကို တွေ့ဖို့ ရောက်နေပါတယ်။"
ကောင့်ထ်စတက်ဂျ်က အံ့ဩသွားသည်။ ရှုယီက အဘယ့်ကြောင့် သူ့အား ယနေ့လာတွေ့ရသနည်း?
အတန်ငယ်တွေးတောပြီးနောက် ကောင့်ထ်စတက်ဂျ်က ခေါင်းငြိမ့်ကာ၊ "သူ့ကိုဝင်လာခိုင်းလိုက်ပါ။"
လက်ထောက်က ကောင့်ထ်စတက်ဂျ်ကို တအံ့တဩကြည့်လျက် သဘောတူသံပြုရင်းထွက်ခွာသွားတော့သည်။
ခဏကြာပြီးနောက်တွင် တံခါးက ထပ်မံပွင့်ဟလာကာ ရှုယီက လက်ထောက်၏ ဦးဆောင်မှုနှင့် ဝင်လာခဲ့သည်။
ရှုယီနှင့် ကောင့်ထ်စတက်ဂျ် အပြန်အလှန်နှုတ်ဆက်ပြီး လက်ထောက်က တံခါးကိုပိတ်သွားသည့်နောက်တွင် ရှုယီက ကောင့်ထ်စတက်ဂျ်နဲ့ သီးသန့်ဆွေးနွေးလေသည်။
"ထိုင်ပါ" ဤသည်က မတိုင်ခင်က သူ့ထံ၌ရှိခဲ့သည့် အတွေးများကြောင့်ဖြစ်နိုင်သည်၊ ကောင့်ထ်စတက်ဂျ်မှာ စားပွဲရှေ့ရှိ ထိုင်ခုံ၌ ထိုင်ရန်ညွှန်ပြလိုက်၏။ ထိုသည်မှာ သူ၏ ရှုယီထံ ပထမဆုံးအကြိမ် ယဉ်ကျေးမှုပြသခြင်းဖြစ်သည်။
ရှုယီမှာ ခပ်ဖျော့ဖျော့ပြုံးလျက် ထိုင်လိုက်ပြီးမှ ကျေးဇူးတင်လိုက်လေ၏။ ထို့နောက် ကောင့်ထ်စတက်ဂျ် ကို ပြောလေသည်၊ "မြို့စားအရှင်၊ ခင်ဗျား နှစ်သစ်ကူးအတွက် အန်ဗီမာမြို့တော်ကို ပြန်မယ်လို့ထင်ထားတာ၊ ကျုပ် ဘယ်တုန်းကမှ ခင်ဗျား မြို့စားအိမ်တော်မှာ နေမယ်လို့မထင်ခဲ့ဘူး။ ခင်ဗျားက တကယ်ကို အလုပ်ကြိုးစားတဲ့ မြို့စားပဲ။"
ကောင့်ထ်စတက်ဂျ်က အေးစက်စွာနှာမှုတ်လိုက်ရင်း၊ "ဒီစကားတွေက အခြားလူတွေဆီကဆိုရင် ကျုပ်အနေနဲ့ မြှောက်ပင့်တယ်လို့ပဲ မှတ်ယူလိုက်မှာဆိုပေမယ့် ခင်ဗျားဆီကတော့ ရွဲ့စောင်းနေတယ်လို့ခံစားရတယ်။ ကျုပ်က မြို့စားကောင်းတစ်ယောက်လို့ ခင်ဗျားထင်လား? ဟာသပဲ!"
ရှုယီက ခေါင်းခါလျက်၊ "ကျုပ်က မြို့စားအရှင်ရဲ့ အုပ်ချုပ်ရေး အယူအဆတွေကို လက်မခံပေမယ့်လည်း ဒါက ခင်ဗျားရဲ့တာဝန်ကို ဖြည့်ဆည်းတာနဲ့ မဆက်စပ်ဘူးလေ၊ ဒါကြောင့် ကျုပ်ရဲ့ချီးမွမ်းမှုက ရိုးသားပါတယ်။"
"ဟုတ်ပါပြီ၊ ခင်ဗျားတောင်မယုံတဲ့ စကားတွေကို ထပ်မသုံးပါနဲ့တော့။" ကောင့်ထ်စတက်ဂျ်က လက်ယမ်းလျက် ရှုယီကိုကြည့်ရင်း မေးလိုက်သည်၊ "ဘာလို့ ဒီနေ့ ကျုပ်ကို ရုတ်တရတ်ကြီးလာတွေ့ရတာလဲ? ပြောပါ၊ ဝေ့ဝိုက်မနေပါနဲ့တော့။"
"ကောင်းပြီလေ၊ ဒါဆိုကျုပ် တိုက်ရိုက်ပြောတော့မယ်။" ရှုယီက တစ်စက္ကန့်မျှရပ်နားကာ ပြောလာ၏၊ "မြို့စားအရှင်၊ ကျုပ်ဒီတစ်ခေါက်လာတာက နောက်နှစ်ရဲ့ ဘန်တာမြို့ စိုက်ပျိုးရေးဖွံ့ဖြိုးမှုကို ခင်ဗျားနဲ့ဆွေးနွေးဖို့ပါ။"
"ခင်ဗျားက ကျုပ်နဲ့ စိုက်ပျိုးရေးဖွံ့ဖြိုးမှုအကြောင်းဆွေးနွေးချင်တယ်?" ကောင့်ထ်စတက်ဂျ်က ရှုယီကို အရယ်ရဆုံးဟာသကိုကြားလိုက်ရသလို ကြည့်လိုက်၏၊ "ဥက္ကဌရှု၊ ခင်ဗျားရဲ့ Frestech ကုန်သည်ကြီးများအသင်းက မှော်စက်ပစ္စည်းတွေလုပ်တာနဲ့တင် မလုံလောက်လို့ လယ်စိုက်တာမှာပါ ပါဝင်ချင်နေတာလား?"
ကောင့်ထ်စတက်ဂျ်၏ ကျီစယ်နေသံကိုကြားရသော်ငြား ရှုယီ၏မျက်နှာထားက မပြောင်းသွားဘဲ ခပ်ဖျော့ဖျော့ပြုံးကာ ဆိုလိုက်သည်၊ "ကျုပ်သာ ဘန်တာမြို့ရဲ့ဆန်စပါးအထွက်နှုန်းကို တိုးလာစေနိုင်ရင် မြို့စားအရှင်က ကျုပ်ကို အရည်အချင်းမီတယ်လို့ ထင်မှာလား?"
ကောင့်ထ်စတက်ဂျ်လည်း မျက်မှောင်ကုပ်၍ အေးစက်စက်အပြုံးဖြင့် ဆို၏၊ "ခင်ဗျားမှာ နည်းလမ်းရှိတာလား? ဟာသပဲ၊ ကျုပ်တို့ စတက်ဂျ်မိသားစုမှာက လယ်စိုက်ခြင်းမှာ နှစ်ရာပေါင်းများစွာရာဇဝင်ရှိတယ်၊ ကျုပ်တို့က အသက်သုံးဆယ်တောင်မပြည့်သေးတဲ့ခင်ဗျားလိုလူကို မယှဉ်နိုင်တာများလား?"
"မြို့စားအရှင် ကျုပ်ထုတ်လုပ်ထားတဲ့ စိုက်ပျိုးရေးသုံးမှော်စက်တွေက ဆန်စပါးအထွက်နှုန်းအတွက် ကြီးကြီးမားမားအသုံးဝင်ကြောင်း ခင်ဗျားဝန်ခံရမယ်လို့တောင်ထင်တယ်၊ ဟုတ်တယ်မို့လား?" ရှုယီက မေး၏။
ကောင့်ထ်စတက်ဂျ်၏ မျက်နှာက ရှုံ့တွသွားသည်။
သူ့အနေနှင့် ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းအား ပစ်မှတ်ထားပါလျှင်တောင် ဆောင်းဦးကောက်ရိတ်သိမ်းပွဲ၏အရေးကြီးဆုံးပိုင်းမှာ Frestech ကုန်သည်ကြီးများအသင်းထုတ် စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းများအား ရှုယီထံမှ ရရှိရန် အကူအညီတောင်းထားခြင်းဖြစ်ကြောင်းကို မငြင်းနိုင်ပါပေ။
ထိုစိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းများမရှိပါလျှင် ကောက်ပဲသီးနှံထွက်နှုန်းက များစွာလျှော့ကျသွားနိုင်သည်ဟုပင် ပြော၍ရ၏။
၎င်းကို တွေးတောကာ၊ ကောင့်ထ်စတက်ဂျ်၏ မျက်နှာက ပြေလျော့သွားရင်း ရှုယီကို မေးလာသည်၊ "ဘာလဲ? ခင်ဗျားရဲ့ Frestech ကုန်သည်ကြီးများအသင်းက စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းအမျိုးအစားအသစ် ဖန်တီးလိုက်လို့လား?"
"မဟုတ်ပါဘူး။" ရှုယီက ခေါင်းခါကာ ဖြေသည်။
ကောင့်ထ်စတက်ဂျ်က တမုဟုတ်ချင်းဒေါသဖြစ်သွားကာ၊ "ဒါဆို ကျုပ်အချိန်ကို ဖြုန်းဖို့နဲ့တင် ရောက်လာတာလား?"
"မဟုတ်ပါဘူး၊ ကျုပ်က ဘယ်လိုလုပ်ရဲမှာလဲ။" ရှုယီက အလျင်အမြန်ပင် လက်ကိုယမ်းကာ ပြောသည်၊ "မြို့စားအရှင်၊ စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းတွေက လယ်မြေကို ဖွင့်လှစ်နိုင်ဖို့ပဲ ကူညီနိုင်ပြီး အထွက်နှုန်းအတွက် များများစားစား မကူညီနိုင်ဘူးလေ။ ဒီတစ်ခေါက် ကျုပ် ခင်ဗျားကိုလာရှာတာက ကျုပ်မှာ အထွက်နှုန်းကို သူ့ဘာသာတိုးစေဖို့ နည်းလမ်းတစ်ခုရှိကြောင်း ပြောမလို့ပါ။"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!" ကောင့်ထ်စတက်ဂျ်က နှာခေါင်းရှုံ့လျက် မယုံကြည်နိုင်ဖြစ်နေသည်၊ "ကျုပ်တို့စတက်ဂျ်မိသားစုမှာက လယ်စိုက်တာနဲ့ပတ်သက်ပြီး နှစ်ရာချီတဲ့အတွေ့အကြုံရှိတယ်၊ ဘယ်လိုများ ခင်ဗျားသိတဲ့နည်းလမ်းကို မသိနိုင်ရတာလဲ။"
ရှုယီက ရယ်လျက်၊ "မြို့စားအရှင်၊ ခင်ဗျားရဲ့ စတက်ဂျ်မိသားစုက လယ်စိုက်တာနဲ့ပတ်သက်ပြီး နှစ်ရာချီတဲ့အတွေ့အကြုံရှိတာကို ဝန်ခံပါတယ်၊ ဒါပေမယ့် နတ်သူငယ်တွေမှာရှိတဲ့ နှစ်ထောင်ချီအတွေ့အကြုံနဲ့ ယှဉ်နိုင်ရဲ့လားဗျ?"
"နတ်သူငယ်တွေ?" ကောင့်ထ်စတက်ဂျ်က ကြောင်အသွားပြီး ရှုယီကိုကြည့်ကာ လေးနက်လာတော့၏။
***
Vol 3, အခန်း ၅၄။ တူးမြောင်းစီမံကိန်းထပ်မံစတင်ခြင်း
ရှုယီ မြို့စားအိမ်တော်မှ ထွက်လာချိန်တွင် စောင့်ဆိုင်းနေသည့် ခီမီလာ ပေါ်တာမှာ ချက်ချင်းရောက်လာ၏။
"ဘယ်လိုလဲ?" ခီမီလာ ပေါ်တာက မျှော်လင့်တကြီးဟန်ဖြင့် မေးလေသည်။
ရှုယီက သူ့အားပြုံးပြကာ၊ "ပြဿနာမရှိဘူး။ ကောင့်ထ်စတက်ဂျ်အနေနဲ့ လုံးဝကြီးသဘောမတူပေမယ့်လည်း လမ်ပူရီတိုင်းပြည်မှာ လုပ်ငန်းစုတစ်ခု စီးပွားရေးလုပ်တာကို ဆန့်ကျင့်မယ့် ဥပဒေမရှိဘူးတဲ့။ ဒါကြောင့် ဘယ်လုပ်ငန်းစုက ဘန်တာမြို့မှာ စီးပွားရေးလုပ်လုပ် မြို့စားအိမ်တော်က ကြားဝင်မှာမဟုတ်ဘူး။"
"အိုး? ဒါဆို ဒါက ကျုပ်တို့ရဲ့မြို့စားအသစ်ကနောက်ဆုံးမှာ အရှုံးကိုဝန်ခံလိုက်တာများလား?" ခီမီလာ ပေါ်တာက ပျော်ရွှင်လာကာ၊ "ဟားဟား၊ သူ့အနေနဲ့ စိုက်ပျိုးရေးမူဝါဒတွေကို ဆက်ထိန်းနိုင်မှာ မဟုတ်တာ ကျုပ်သိသားပဲ။ အခု အဆင်ပြေပြီမဟုတ်လား၊ သူခံစားနေရပြီလေ။"
ရှုယီကခေါင်းခါလျက် ခီမီလာ ပေါ်တာထံ အပြင်၌စောင့်နေသည့် ရထားလုံးထဲဝင်ရန် အချက်ပြလိုက်၏။ ရထားလုံးစတင်ရွေ့လျားတော့မှ အသံနိမ့်နိမ့်ဖြင့် ပြောလေ၏၊ "ကောင့်ထ်စတက်ဂျ် က သူ့အမှားတွေကို သိနေပြီဆိုပေမယ့်လည်း သူ့ရဲ့သဘောထားကလုံးဝမပြောင်းဘူး။ ဒါကြောင့် ကျုပ်တို့အနေနဲ့ သူ့ရဲ့တိတ်တဆိတ်ခွင့်ပြုချက်နဲ့ပဲ ရပ်သွားတဲ့အရာတွေကို ဆက်လုပ်နိုင်ပြီ၊ ဒါပေမယ့် ကျုပ်တို့ အရမ်းသိသိသာသာလုပ်တာမျိုး ဂုဏ်ယူပြီးပြောတာမျိုးတွေလုပ်လို့မရဘူး။ ကျုပ်တို့သာ ကောင့်ထ်စတက်ဂျ်ဆီကနေ တုံ့ပြန်မှုတစ်ခု ရသွားရင် မတိုင်ခင်က ကျုပ်ရဲ့အားထုတ်မှုတွေကို ဖြုန်းတီးရာကျသွားမယ်။"
ခီမီလာ ပေါ်တာက ခေါင်းငြိမ့်လျက်၊ "ကျုပ်နားလည်ပါပြီ။ ဥက္ကဌရှု၊ တူးမြောင်းပရောဂျက်ကို ဆက်လုပ်ရာမှာသဘောတူဖို့ သူ့ကို စည်းရုံးနိုင်ခဲ့တယ်၊ ဒါကြောင့် ခင်ဗျား စျေးနှုန်းကြီးကြီးပေးခဲ့ရမှာပေါ့?"
"ကျုပ်တန်ဖိုးရှိတာ တစ်ခုခုပေးခဲ့တာကြောင့်မဟုတ်ပါဘူး။ တိတိကျကျပြောရရင် ကျုပ်သူနဲ့ သဘောတူညီမှုတစ်ခုလုပ်ခဲ့တာ၊ ဒါပေမယ့် ဒီတစ်ခုကတော့ သူအရေးကြီးဆုံးလို့ ယူဆတဲ့ ဘန်တာမြို့ရဲ့ ဆန်စပါးအထွက်နှုန်းကို တိုးတက်စေဖို့ အရမ်းကို အကူအညီဖြစ်တယ်။"
ခီမီလာ ပေါ်တာက ရှုယီကိုကြည့်ကာ မေးခွန်းအချို့ပေါ်လာသော်လည်း အတန်ငယ်တွေးပြီးနောက် ရပ်တန့်လိုက်ပါ၏။
ထို့ထက် တူးမြောင်းစီမံကိန်းကိုသာ ပိုဂရုစိုက်လိုက်သည်။ လွန်ခဲ့သည့် ၆လက ကောင့်ထ်စတက်ဂျ် ပိတ်ချခဲ့ရာမှ ယခုပြန်စတင်နိုင်ပြီဖြစ်ရာ အတော်လေးပျော်ရွှင်နေပေသည်။
"ဥက္ကဌရှု၊ မြို့စားအရှင်က ကျုပ်တို့ ဘယ်အချိန်မှာ စနိုင်မလဲ ပြောခဲ့သေးလား?" ခီမီလာ ပေါ်တာက မေးလိုက်သည်၊ " တတ်နိုင်သမျှတော့မြန်မြန်ဖြစ်ဖို့ မျှော်လင့်ပါတယ်။ ဆောင်းရဲ့ခြောက်သွေ့ရာသီမှာဆိုရင် တူးမြောင်းဖော်ဖို့က ပုံမှန်ထက်ပိုလွယ်လိမ့်မယ်။"
"ခင်ဗျားသာဆန္ဒရှိရင်၊ မနက်ဖြန်လည်းစလို့ရတယ်။" ရှုယီ ခပ်ဖျော့ဖျော့ပြုံးရင်းဆိုလိုက်၏၊ "ကောင့်ထ်စတက်ဂျ်က သူ့သဘောကိုရှင်းရှင်းလင်းလင်းလုပ်လိုက်တော့ မြို့စားအိမ်တော်က ဝင်စွက်ဖက်မှာမဟုတ်ဘူး။ ခင်ဗျား သိုသိုသိပ်သိပ်နေသရွေ့ ဘာပြဿနာမှမရှိဘူးလို့ ကျုပ်ထင်တယ်။"
"ကောင်းတာပေါ့!" ခီမီလာ ပေါ်တာ မှာ စိတ်လှုပ်ရှားစွာဖြင့် ခါးသက်သက်ပြုံးကာပြောလိုက်သည်၊ "ဥက္ကဌရှု၊ ခင်ဗျားနောက်နေတာပဲဖြစ်ရမယ်၊ ဟုတ်တယ်မို့လား? မနက်ဖြန်က နှစ်သစ်ကူးပထမဆုံးရက်လေ၊ ဘယ်သူက အဲ့ဒီအချိန်အတွင်းမှာ အလုပ်လုပ်ဖို့ ဆန္ဒရှိပါ့မလဲ?"
"ခင်ဗျားသိရင်ရပါပြီ။" ရှုယီက ရယ်လျက်၊ "ခင်ဗျားအလျင်လိုလို့မရဘူး။ နှစ်သစ်ကူးပြီး ခုနှစ်ရက်မှာစကြတာပေါ့ဗျာ၊ ဒါက ကျုပ်လုပ်ငန်းစုရဲ့ဒုတိယမျိုးဆက် မြေတူးစက်တွေကိုလည်း အချိန်ပေးရာကျတာပေါ့၊ ဒီလိုဆို အလုပ်ကို အရှိန်မြှင့်လို့လည်းရတယ်လေ။"
"မှော်မြေတူးစက်အသစ်ပါရှိသေးတာလား? ကောင်းလိုက်တာ!" ခီမီလာ ပေါ်တာ က ချက်ချင်း ပျော်ရွှင်စွာရယ်နေတော့သည်။
ထိုစိတ်လှုပ်ရှား၊ ပျော်ရွှင်နေကာ စွမ်းအင်မလျော့သွားနိုင်ဟုထင်ရသည့် ခီမီလာ ပေါ်တာကိုကြည့်ရင်း မည်သူကမှ ထိုသည်မှာ ရှုယီ ယခင်ကဆုံခဲ့ရသည့် သေကြောင်းကြံစည်ခဲ့သူဟု ထင်မည်မဟုတ်ချေ။
တူးမြောင်းစီမံကိန်းအား သူ့ထံလွှဲပေးသည်က တကယ်ကို သင့်လျော်ပါပေသည်။
"ဟုတ်တယ်၊ ဥက္ကဌရှု၊ ကျုပ် အီဖယ်လ်မြို့ကို ရမ်မြစ်ရှင်းလင်းပေးဖို့ ကူညီပေးခဲ့တုန်းက အီဖယ်လ်မြို့ရဲ့ မြို့စားက ကျုပ်ကို မှော်မြေတူးစက်၊ မှော်ဖောက်စက်နဲ့ ကျုပ်တို့သုံးတဲ့ အခြားမှော်စက်ပစ္စည်းတွေအကြောင်း မေးလာတော့ ကျုပ်လည်း Frestech ကုန်သည်ကြီးများအသင်းကို ထောက်ခံပေးလိုက်တယ်။ ကျုပ်ထင်တာတော့ နှစ်သစ်ကူးပြီးရင် အီဖယ်လ်မြို့က ခင်ဗျားရဲ့လုပ်ငန်းစုကနေ ဒီမှော်စက်ပစ္စည်းတွေကို ဝယ်မယ့်အကြောင်းဆွေးနွေးဖို့ လူလွှတ်လောက်တယ်။" ခီမီလာ ပေါ်တာက ထပ်ပေါင်းပြောလာ၏။
"အိုး? ဒါဆို ခင်ဗျားက ကျုပ်တို့လုပ်ငန်းအတွက် စီးပွားတချို့ရှာဖို့ ကူညီခဲ့တာပေါ့? ဟား၊ ဟား၊ ကျုပ်ခင်ဗျားကို နောက်ကျရင် အရောင်းကော်မရှင်တစ်ချို့ပေးရမလား?" ရှုယီက စနောက်လိုက်သည်။
ခီမီလာ ပေါ်တာက အလျင်အမြန်ပင် လက်ကိုယမ်းကာ၊ "ဥက္ကဌရှု၊ ကျုပ်ကို ဟာသလုပ်မနေပါနဲ့တော့။ ကျုပ် ခင်ဗျားရဲ့ Frestech ကုန်သည်ကြီးများအသင်းကကျုပ်တို့ လမ်ပူရီတိုင်းပြည်ကို မှော်စက်ပစ္စည်းတွေဖြန့်မယ့် အချိန်ကို စောင့်နေမယ်။ အဲ့အချိန်ကျရင် ကျုပ်တို့ သင်္ဘောစုလည်း တိုင်းပြည်တစ်ခုလုံးကို လွတ်လွတ်လပ်လပ် ဝင်နိုင်တော့မှာပေါ့။" ခဏရပ်တန့်ပြီးနောက်၌ သူကမေးလိုက်သည်၊ "ဒါနဲ့... ဥက္ကဌရှု၊ ကျုပ်ရဲ့ သင်္ဘောစုကြောင်းပြောရရင် အရင်တစ်ခေါက်က ကျုပ်ကိုပြောပြခဲ့တဲ့ မှော်လှေတွေကရော ဘယ်လိုလဲ?"
"စိတ်မကောင်းပါဘူး၊ ကျုပ် ခင်ဗျားကို အချိန်အတိအကျမပြောနိုင်လို့။ " ရှုယီက ခေါင်းခါလျက်၊ "ဒါပေမယ့် ကျုပ် ခင်ဗျားကို မှော်လှေဖန်တီးမယ့် အရေးပါဆုံးအပိုင်းတွေကို ပြောပြလို့ရတယ်၊ ဒါကြောင့် ဒီအရာကို အနာဂတ်မှာ ထုတ်လုပ်နိုင်မယ်ဆိုတာ သေချာနေတာပဲ။ ကျုပ်ရဲ့ ခန့်မှန်းချက်တွေအရ ဆန်ဒီမြစ်နဲ့ ရမ်မြစ်ရဲ့ တူးမြောင်းချိတ်ဆက်မှု ပြီးဆုံးသွားရင် ရေယာဉ်တစီးကို ဖြတ်မောင်းနိုင်လောက်မယ်။"
"တကယ်လား? ကောင်းလိုက်တာ!" ခီမီလာ ပေါ်တာက စိတ်လှုပ်ရှားစွာဖြင့် လက်သီးများဆုပ်ကာ ရယ်နေရင်း ရှုယီကိုကြည့်လိုက်၏၊ "ဥက္ကဌရှု၊ ကျုပ် ခင်ဗျားကို မုန်းရမလား ကျေးဇူးတင်ရမလား မသိတဲ့အချိန်တွေရှိတယ်။ ခင်ဗျားကြောင့်သာမဟုတ်ရင် ကျုပ်ရဲ့သင်္ဘောစုက ဘာစီးပွားမှမရှိတဲ့အခြေအနေထိ လျော့ကျသွားမှာမဟုတ်ဘဲ ကျုပ်ကိုယ်ကျုပ် သတ်သေဖို့ အတွေးလည်း ရှိခဲ့မှာမဟုတ်ဘူး။ ဒါပေမယ့် ခင်ဗျားကြောင့်မဟုတ်ရင် ကျုပ် အကယ်ခံရမှာမဟုတ်သလို ကျုပ်ရဲ့ အိပ်မက်သင်္ဘောစုကိုလည်း ရနိုင်မှာမဟုတ်ဘူး။"
ရှုယီက ပခုံးတွန့်လျက်၊ "ခင်ဗျားဆန္ဒရှိသလို၊ ကျုပ်ကို မုန်းနိုင် ကျေးဇူးတင်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ခင်ဗျားလုပ်ချင်တာကို လုပ်နိုင်ဖို့မျှော်လင့်ပါတယ်။"
"အန်း၊ ခင်ဗျားပြောတာက ကျိုးကြောင်းသင့်တယ်။" ခီမီလာ ပေါ်တာမှာ ခေါင်းငြိမ့်လျက် ၊"ဒါပေမယ့်ဥက္ကဌရှုရဲ့ စိတ်ဝိဉာဉ်က သာမန်လူထက်ပိုကြီးတယ်လို့ ကျုပ်ပြောရမယ်။ ကျုပ် ခင်ဗျားနဲ့ ပူးပေါင်းနေချိန်မှာ ကိစ္စအတော်များများကို ပူနေဖို့မလိုဘဲ ပိုတောင်ချောမွေ့သွားသေးတယ်။"
"ခင်ဗျားစိတ်တိုင်းကျရင် အဆင်ပြေပြီ၊ ရှေ့လျှောက်လည်း ပူးပေါင်းမယ့်အခွင့်အရေးတွေ အများကြီးပါ။"
နှစ်ဦးသားမှာ တူးမြောင်းစီမံကိန်းကို အတန်ကြာဆွေးနွေးပြီး မြင်းရထားလှည်းကို ဘန်တာမြို့မှ မောင်းထုတ်သွားတော့၏။ ခီမီလာ ပေါ်တာက ရှုယီ၏ ကြယ်ကြွေအိမ်ရာသို့ ဖိတ်ခေါ်မှုကို ငြင်းဆန်ကာ မြင်းရထားလှည်းများပြောင်း၍ ဆန်ဒီမြစ်၏ တောင်ဘက်မြစ်ဝသို့ ဦးတည်လိုက်သည်။
ကြည့်ရသည်မှာ သူဟာ နှစ်သစ်ကူးအား စောင့်ဆိုင်းမနေတော့ဘဲ တူးမြောင်းစတင်ရှင်းလင်းရန် အလျင်လိုနေပုံပါပင်။
ရှုယီက သူ၏အလုပ်ကျင့်ဝတ်ကိုလေးစားပါသော်ငြား သူနှင့် အတွေးတော့မတူပါချေ။
သူ့အတွက် အခြားအချိန်များတွင် အချိန်အားလုံးကုန်ဆုံးနိုင်သော်လည်း နှစ်သစ်ကူးက လာနေပြီဖြစ်သည်။ ဤအချိန်အတွင်း၌ အရေးကြီးဆုံးအရာမှာ မိသားစုနှင့်အတူရှိပြီး နှစ်သစ်ကူးကို အတူတကွ ဖြတ်သန်းရန်ဖြစ်၏။
မြင်းရထားလှည်းက ကြယ်ကြွေအိမ်ရာသို့ ရောက်ချိန်တွင် စတေးလ်က ဦးဆုံးထွက်လာသည်။
ရှုယီအား တွေ့ပြီးနောက်၌ စတေးလ်ထံ၌ အင်မတန်ထူးဆန်းလှသည့် တစ္ဆေအပြုံးတစ်ခုပေါ်လာသည်။
ရှုယီက သူ၏မျက်နှာကိုထိကာ ရှုပ်ထွေးနေဟန်ဖြင့် ပြောလိုက်၏၊ "ဘာမှမဖြစ်ဘူး၊ မဟုတ်လား? မင်းဘာလို့ ကိုယ့်ကို ဒီလိုကြည့်နေရတာလဲ?"
စတေးလ်ရောက်လာသော် ရှုယီ၏ပါးကိုဆွဲညှစ်ကာ နှာခေါင်းရှုံ့လိုက်၏၊ "ရှင် ချစ်သူလိုချင်နေရင်လည်း ကျွန်မဂရုမစိုက်ဘူး၊ ဒါပေမယ့် ဘာလို့ ဒီအကြောင်းကို အီဗီတာနဲ့ ဆွေးနွေးခဲ့ရတာလဲ? ရှင့်မှာ အီဗီတာအတွက် အကြံတချို့ရှိလို့လား?"
ရှုယီက ရပ်တန့်သွားပြီးမှ အသံကျယ်ကျယ်ဖြင့် ခပ်မြန်မြန် ပြောလိုက်သည်၊ "ဘယ်တုန်းက ကိုယ် ချစ်သူလိုချင်သွားတာလဲ? ပြီးတော့လည်း၊ ဒါက အီဗီတာနဲ့ ဘယ်လိုပတ်သက်နေမှာလဲ? ကိုယ်က မင်းရဲ့အတွေးတွေအကြောင်း သူမကို ဒီတိုင်းမေးလိုက်ရုံတင်။"
ရှုယီ၏ စိတ်ရှုပ်နေဟန်ကိုမြင်သော် စတေးလ်က မျက်နှာဆက်တည်ထားချင်ပါသော်လည်း မနေနိုင်ဘဲ ရယ်လိုက်မိသည်။ သူမက ဝမ်းဗိုက်ကိုပင်ဖိကာ ရယ်နေလေ၏။
သူမ၏ ပျော်ရွှင်နေဟန်ကိုမြင်သော် ရှုယီမှာ သူမက ဒေါသထွက်မနေကြောင်းသိသွားရာ စိတ်အေးသွားရသည်။
စတေးလ်စိတ်ငြိမ်သွားသော် ရှုယီကို ပွေ့ဖက်ရန် ဆွဲခေါ်လိုက်၏။ သူဟာ သူမအားကြည့်နေရင်း နှာခေါင်းရှုံ့လျက် ဆိုသည် "ကိုယ်တကယ်ပဲ မင်းနဲ့ အီဗီတာတို့ကြားက ရင်းနှီးမှုကို လျှော့တွက်ခဲ့မိတာပဲ။ သူမက မင်းကို ဒီလိုကိစ္စတွေတောင်ပြောတော့ ကိုယ်သူမကို ပြဿနာဖြစ်အောင်လုပ်မှာ မကြောက်ဘူးလား?"
"ရှင်လုပ်မှာ မဟုတ်ဘူး။" စတေးလ်က နှာခေါင်းရှုံ့လျက်၊ "ကျွန်မရဲ့ဂုဏ်ယူစရာဥက္ကဌရှုက ပြိုင်ဘက်ကင်းပြီး ရိုးသားတဲ့လူမလို့ သူက ဘယ်လိုများ အီဗီတာလိုမိန်းကလေးတစ်ယောက်ကို ဒုက္ခဖြစ်စေတဲ့အထိ ရက်စက်မှာလဲ? ရှင်ဒီလိုမထင်ဘူးလား?"
ရှုယီက သူမကို အံ့ဩစွာကြည့်လျက်၊ "ဘာလဲ? အီဗီတာကမင်းကို ဒီကိစ္စပြောလိုက်တာလား?"
"မပြောဘူးပေါ့။ အီဗီတာမှာ ဘယ်လိုကိုယ်ကျင့်စရိုက်ရှိလဲ ရှင်မသိဘူးလား? သူမက ကျွန်မဆီမှာ တစ်နေ့လုံး ရှင့်ကို ချီးမွမ်းနေပြီးတော့ ရှင့်နောက်လိုက်ဖို့ပြောတယ်၊ ရှင့်လိုလူကောင်းက ထင်ရှားတယ်တဲ့။ ရှင့်ကိုကျွန်မ မုန်းအောင်မလုပ်နိုင်ဘူးလေ၊ ဒါကြောင့် ရှင့်ကို ကောင်းကောင်းဆက်ဆံရတာပေါ့။ အိုင်း၊ ရိုးရိုးသားသားပြောရရင်၊ ရှုယီ ရှင် အီဗီတာကို ဘယ်လိုထင်လဲ?"
"မင်း ကိုယ့်ကိုဘာလို့ဒီလိုမေးရတာလဲ?" ရှုယီက မျက်မှောင်ကုပ်ကာမေးလိုက်၏။
"အရင်ဆုံး ကျွန်မမေးတာကိုဖြေပါ။"
"ဘယ်လိုရှုထောင့်မျိုးကလဲ?"
"သူမကို မိန်းကလေးတစ်ယောက်အနေနဲ့လေ။ ရှင့်ရဲ့ ယောက်ျားတစ်ယောက်အမြင်နဲ့ဆို ဘယ်လိုထင်လဲလို့?" စတေးလ်က ဆက်မေး၏။
"ဒါက... ကောင်းပြီလေ။ အီဗီတာက သိမ်မွေ့ပြီး လူတွေကိုကောင်းကောင်းဆက်ဆံပြီးတော့ အခြားလူတွေအ-ကြောင်းလည်းစဉ်းစားပေးတယ်လို့ခံစားမိတယ်၊ ဒါကြောင့် သူမက အရမ်းကိုလိမ္မာရေးခြားရှိတဲ့ မိန်းကလေးပါ။"
"သူမကလှတယ်လို့ထင်လား?" စတေးလ်က မေးသည်။
"အန်း... သူမက မင်းလိုမလှပေမယ့်လည်း လှတယ်လို့သတ်မှတ်လို့ရပါတယ်။ အရေးကြီးဆုံးက သူမကိုကြည့်ရတာ စိတ်သက်သာရာရတာကြောင့် ဘယ်ယောက်ျားမဆို ဒီလိုမိန်းကလေးမျိုးကို သဘောကျမယ်လို့ထင်တယ်။" စတေးလ်၏ ရိုးသားဟန်ကိုမြင်သော် ရှုယီလည်း ရိုးရိုးသားသားဖြေလိုက်သည်ပင်။
"ဒါဆိုရှင်ရော သူမကိုသဘောကျလား?"
ရှုယီက တစ်ဖန်မျက်မှောင်ကုပ်ကာ၊ "စတေးလ်, မင်းဒီနေ့ ဘာဖြစ်နေတာလဲ? ဘာလို့ ဒီလိုမေးခွန်းတွေမေးနေရတာလဲ? အီဗီတာက လိမ္မာရေးခြားရှိတဲ့မိန်းကလေးလို့ ကိုယ်ခံစားမိပေမယ့် ဒါက သူမကို သဘောကျတာနဲ့ မဆိုင်နေဘူးလေ။"
စတေးလ်က ရှုယီအား အတန်ကြာကြည့်ကာ သူမစိတ်က ပြောင်းသွားပြီး ရုတ်တရတ် တောက်တောက်ပပပြုံးလာ၏။ သူမက ရှုယီ၏ နှုတ်ခမ်းများအပေါ် ခပ်ဖွဖွနမ်းလျက် သူ့အား အိမ်ထဲဆွဲခေါ်သွားရာ ထိုကိစ္စက ဆက်မဖြစ်တော့မည်ကို မပြင်ဆင်ထားမိသည့် ရှုယီက စတေးလ်၏ ထူးထူးဆန်းဆန်းအမူအရာကြောင့် ရှုပ်ထွေးနေ၏၊ သို့ရာ၌ လူများပြောကြသည့် မိန်းကလေးများက နားလည်ရခက်သည်ဆိုသောစကားများကို သတိရသော် သူက ခေါင်းခါလျက် ပြုံးကာ ဆက်မမေးတော့ပါချေ။
***
မှော်စက်မှုအင်ပါယာ
Vol3, အခန်း ၅၅။ နှစ်သစ်ကူးအား အပြင်ဘက်၌ ကုန်ဆုံးကြသည့်လူများ
နံနက်ခင်းနေက အရှေ့ဘက် မိုးကုပ်စက်ဝိုင်းမှ ထွက်ပေါ်လာပြီး တလက်လက်တောက်ပနေသောအလင်းရောင်က ဆန်နက်မြေရိုင်းထက်၌ ဖြန့်ကျက်ထားသည်။
ယမန်နေ့ညကပင် နှင်းကျခဲ့သည်ပင်။ နေမထွက်ခင်က ရပ်တန့်သွားပါသော်ငြား မြေပြင်ထက်၌ ထူထဲထဲနှင်းများရှိနေသေးသည်။ ကွက်ခ်မှာ ၎င်းထက် ချနင်းလိုက်ချိန်တွင် ၎င်းက သူ၏ ပေါင်အထိ ဖုံးလွှမ်းသွားလေ၏။
ကွက်ခ်ဟာ ခေါင်းကိုခါလျက် ညာခြေကိုဆွဲထုတ်ကာ ရှေ့သို့ တစ်လှမ်းပြီးတစ်လှမ်းလျှောက်သွားသည်မှာ သတ္တုပျော့အရည်ဖျော်အလုပ်ရုံတဝိုက်သို့ ရောက်သည်အထိပင်။
Frestech ကုန်သည်ကြီးများအသင်း ဗော်လာမျိုးနွယ်စုပိုင် သတ္တုပျော့အရည်ဖျော်စက်ရုံ၏မန်နေဂျာအနေနှင့် ကွက်ခ်ထံ၌ အခြားလူများထက်စာလျှင် ပိုများသည့် တာဝန်များရှိ၏။ ဤသည်က နှစ်သစ်ကူး ပထမနေ့ဖြစ်နေပါလျှင်တောင် သူ၏တာဝန်ကို စောင့်ကြပ်ရန်ပဲ ရွေးချယ်မည်ဖြစ်ကာ သူအိပ်ရာမှထသည်နှင့် အလုပ်ရုံကို စစ်ဆေးမည်ပင်။
သို့သော် နှစ်သစ်ကူးအတွက် အားလပ်ရက်ရှိသောကြောင့် အလုပ်ရုံအား ရက်အတော်ကြာ ပိတ်ထားသည်။ ယခုဤနေရာ၌ မည်သူမှမရှိရာ လိုက်ပတ်ကြည့်ပြီးနောက်တွင် ကွက်ခ်ဟာ မည်သည့် မူမမှန်မှုကိုမှမတွေ့သဖြင့် သူ၏နေ့အလုပ်ကို အဆုံးသတ်လိုက်တော့သည်။
သူဟာ မှော်လေအေးပေးစက်နှင့် နွေးထွေးသည့်အိပ်ခန်းထဲသို့ အိပ်ရန် ပြန်ရမည်လား မိုင်းတွင်းကိုစစ်ဆေးရမည်လား စဉ်းစားနေချိန်၌ ဗော်လာမျိုးနွယ်စုမှ ဝံပုလွေလူသားတစ်ယောက် အလျင်အမြန်ထွက်လာ၏။
ကွက်ခ်မှ သူ့အားကြည့်လိုက်သော် ထိုသူက အလုပ်ရုံ၌ သယ်ယူပို့ဆောင်သူအဖြစ်လုပ်ဆောင်ရသော ဝဲဖ်မှန်းသိသွားရာ နှုတ်ဆက်သည့်အနေဖြင့် လက်ပြလိုက်သည်။
"ဟေး၊ ဝဲဖ် ဒီနေ့က နှစ်သစ်ကူးပထမဆုံးရက်ပဲ။ မင်းဘာလို့ အိမ်မှာပဲ မင်းရဲ့ဇနီးတွေကလေးတွေနဲ့မနေဘဲ အလုပ်ရုံကို လာရတာလဲ?"
ဝဲဖ်လည်း သူ၏ဝံပုလွေပါးစပ်ဖြင့် ခပ်ကျယ်ကျယ်ရယ်ကာ ကွက်ခ်၏လက်မောင်းကို အပြေးလာဆွဲလေသည်၊ "မန်နေဂျာကွက်ခ်, ခေါင်းဆောင်က ကျုပ်ကို ဒီလာပြီး မျိုးနွယ်စုထဲ ခင်ဗျားကို ဖိတ်ခိုင်းလိုက်တာ၊ ဒါကြောင့် ကျုပ်နဲ့လိုက်ခဲ့လေ။"
"ငါ့ကို မျိုးနွယ်စုထဲဖိတ်တယ်?" ကွက်ခ်က ရပ်တန့်သွားကာ၊ "ငါကလူသားလေ၊ မင်းတို့ရဲ့မျိုးနွယ်စုဆီ နှစ်သစ်ကူးအစနေ့မှာတင် အပြေးလာဖို့က မဟုတ်နေဘူးမို့လား?"
"ဘာလဲ? မန်နေဂျာ၊ ခင်ဗျားက ဝံပုလွေလူသားတွေကို အထင်သေးတာလား?" ဝဲဖ်က မျက်လုံးကျယ်ကြီးများဖြင့် ငေးကြည့်ရင်း မေးလာသည်။
"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ငါအဲ့လိုပြောတာမဟုတ်ဘူးလေ။ ဒီနေ့ကနှစ်သစ်ကူးပထမနေ့ဆိုတော့ မင်းတို့ဝံပုလွေလူသားတွေလည်း သီးသန့်ပွဲတော်လေးတွေရှိကြမှာပဲလို့ခံစားမိလို့ပါ။ ငါ့လို လူသားက အဲ့အထဲပါဝင်နေရင် ဘယ်ကောင်းပါ့မလဲ။"
"ဘာက မသင့်တော်လို့လဲ?" ဝဲဖ်က ညည်းတွားကာ ဂရုမစိုက်သည့်လေသံဖြင့်ဆို၏၊ "ကျုပ်တို့တွေ နှစ်တစ်ဝက်လောက် အလုပ်အတူတူလုပ်လာပြီးမှ ခင်ဗျားကိုယ်ခင်ဗျား အပြင်လူလို ဆက်ဆံနေတာလား? ခေါင်းဆောင်ပြောတာတော့ နှစ်သစ်ကူးမှာ ခင်ဗျားတစ်ယောက်တည်း ပျင်းနေမှာတဲ့၊ ဒါကြောင့်ပဲ ခင်ဗျားကိုဖိတ်ခိုင်းပြီး ကျုပ်တို့ဝံပုလွေလူသားတွေ နှစ်သစ်ကူးကို ဘယ်လိုဖြတ်သန်းလဲ သိစေချင်တာပါ။"
"ဒါပေမယ့်..."
"ဟုတ်ပြီ၊ တော်လိုက်တော့ဗျာ။ မနေ့ညက ကျုပ်နဲ့အတူသောက်တော့ ဒီလိုတုံ့ဆိုင်းမနေပါဘူး၊ လာဗျာ!"
ထပ်မပြောတော့ဘဲ၊ ဝဲဖ်မှာ သူ့ကို ဆွဲခေါ်သွားတော့သည်။
ကွက်ခ်လည်း ဝဲဖ်ကဲ့သို့ အရွယ်ရောက်ပြီးသား ဝံပုလွေလူသားတစ်ဦး၏အင်အားကို မခုခံနိုင်သောကြောင့် ဗော်လာမျိုးနွယ်စုထံ တစ်လျှောက် ဝဲဖ်၏ဆွဲခေါ်သွားခြင်းကို ခံလိုက်ရတော့သည်
ဗော်လာမျိုးနွယ်စုထံသို့ဝင်ရောက်သွားချိန်တွင် ကွက်ခ်မှာ သာမန်နှင့်ယှဉ်လျှင် ကွဲပြားနေသည်ကို တွေ့လိုက်ရသည်။ အိမ်ထောင်စု တစ်စုစီက အနီရောင်ပိတ်စများဖြင့် တန်ဆာဆင်ထားကြသည့်အပြင် ပြတင်းတံခါးတစ်ခုစီမှ ပျံ့လွင့်လာသော အသားနံ့ခပ်ပြင်းပြင်းကိုပါရနေပြီး အနံ့အား ရှူရှိုက်မိသူတိုင်းကို စားချင်စိတ်ဖြင့် မူးနောက်နေစေသည်။
ကွက်ခ်ကို မြင်သော် မျိုးနွယ်စုထဲရှိ ဝံပုလွေလူသားတိုင်းမှာ လိင်နှင့် အသက်အရွယ်ကိုပင် ပဓာနမထားတော့ဘဲ သူ့ထံ ရင်းနှီးဖော်ရွေစွာ ပြုံးပြလာကြ၏။
ထိုဝံပုလွေအပြုံးများက မလှပသော်ငြား ၎င်းတို့ထံမှလာသည့် ဖော်ရွေမှုကို ခံစားမိနိုင်ပေသည်။
ကွက်ခ်မှာ ကူကယ်ရာမဲ့စွာ ရင်ထဲထိသွားတော့သည်။
သူ့အား ဥက္ကဌမှ သတ္တုပျော့အရည်ဖျော်အလုပ်ရုံသို့ ပို့လိုက်ချိန်တွင် ဗော်လာမျိုးနွယ်စု၏ဝံပုလွေလူသားတိုင်းက သူ့ကို သံသယနှင့်သတိထားကြည့်ကြပြီး အကြည့်ခပ်ဆိုးဆိုးများပင် ပါနေခဲ့သည်။
သို့သော် နှစ်တစ်ဝက်အတွင်း ဝံပုလွေလူသားများ၏သဘောထားကလည်း များစွာ ပြောင်းလဲသွားသည်ပင်။
တကယ်တမ်းတွင် အကြောင်းရင်းက ရိုးရှင်းပါ၏၊ ၎င်းမှာ ကွက်ခ်တာဝန်ယူရမည်ဖြစ်သည့် မိုင်းတွင်းနှင့် သတ္တုပျော့ အရည်ဖျော်အလုပ်ရုံကို တည်ထောင်ခဲ့သောကြောင့် ဝံပုလွေမိသားစုတစ်စုစီတွင် ဤနေရာ၌ လုပ်ကိုင်ကြသောသူ တစ်ဦးရှိရာ တစ်လလျှင် ရွှေဒင်္ဂါးအချို့ရနိုင်ပြ၏။
နှစ်၏ အဆုံးကိုရောက်လာချိန်တွင် ဝံပုလွေလူသားလုပ်သားတစ်ဦးစီမှာ လူသားလုပ်သားများနှင့် ထပ်တူညီစွာ ရွှေဒင်္ဂါးသုံးဆယ်ထက်မနည်းသော အပိုဆောင်းငွေ(bonus)ကို ရရှိကြသည်။
ထိုသို့သော တည်ငြိမ်သည့်ဝင်ငွေနှင့် လူသားတို့၏ထုတ်ကုန်များကို အလုပ်သမားကဒ်များဖြင့် ဝယ်ရာ၊ ဗော်လာမျိုးနွယ်စု၏ လူနေမှုအဆင့်အတန်းမှာ ဖွံ့ဖြိုးလာတော့သည်။
ဥပမာ၊ ခေါင်းဆောင်ဗော်လာ၏အိမ်၌ မှော်လေအေးပေးစက်ရှိပြီး အခန်းကို နွေဦးရာသီကဲ့သို့ နွေးထွေးစေရုံမျှမက မှော်မီးဖို၊ မှော်ရေနွေးအိုး၊ မှော်ပေါင်မုန့်မီးကင်စက်နှင့် အခြားသောအိမ်သုံးမှော်စက်ပစ္စည်းများလည်း ရှိလေသည်။ မှန်ပါသည်၊ ၎င်းတို့အားလုံးမှာ Frestech အမှတ်တံဆိပ်ထုတ်ကုန်များပင်။
ကွက်ခ်မှာ အိမ်သုံးမှော်စက်ပစ္စည်းများကိုကြည့်ရင်း တိတ်တဆိတ်မရယ်ဘဲ မနေနိုင်တော့ချေ။
စီအီးအိုခမ်နက်ဒ်မှာ သတ္တုပျော့အရည်ဖျော်စက်ရုံသို့ နောက်ဆုံးတစ်ခေါက်လာချိန်တွင် ကွက်ခ်အား Frestech အမှတ်တံဆိပ် အိမ်သုံးမှော်စက်ပစ္စည်းများအား ဗော်လာမျိုးနွယ်စုထံ ရောင်းသည့်အကြောင်း တိတ်တဆိတ်ပြောပြခဲ့သည်။
၎င်းတို့၏စာရင်းအရ လတစ်ဝက်အတွင်းမှာပင် ဝံပုလွေလူသားများမှာ မှော်လေအေးပေးစက် သုံးရာနှင့် မှော်မီးဖို ငါးရာတို့ကိုဝယ်ယူခဲ့ပြီး အခြားအိမ်သုံးမှော်စက်ပစ္စည်းများမှာလည်း တစ်ရာ နှစ်ရာတော့ရှိပေသည်။
၎င်းတို့ရောင်းချရသည့် အိမ်သုံးမှော်စက်ပစ္စည်းများနှင့်ဆိုလျှင် ထိုသူတို့၏ Frestech ကုန်သည်ကြီးများအသင်းထံမှရသောလစာများကို ပြန်ယူသည်ဟုပင် ပြောနိုင်သည်။ ၎င်းမှာ Frestech ကုန်သည်ကြီးများအသင်းက ထိုဝံပုလွေလူသားလုပ်သားများကို ခန့်အပ်ရန် မည်သည့်ငွေကြေးမှ သုံးရန်မလိုသည်နှင့်ပင် ညီမျှနေ၏။
ထိုဝံပုလွေလူသားလုပ်သားများမှာ Frestech ကုန်သည်ကြီးများအသင်းကို ကျေးဇူးတင်ကာ ကွက်ခ်ကိုပင် တရင်းတနှီး တရိုတသေဆက်ဆံကြသည်။
အဆုံး၌ သူ၏ဘဝမှာ ယခင်ကနှင့်ယှဉ်လျှင် များစွာပိုကောင်းလာပြီဖြစ်၏။
ယခုတွင် ဗော်လာမျိုးနွယ်စု၏ ဝံပုလွေလူသားများမှာ အနီးဝန်းကျင်သားရဲလူမျိုးနွယ်စုများ၏ အများဆုံး မနာလိုခြင်းခံနေရသည်။ အခြားသားရဲလူမျိုးများမှာ ဗော်လာမျိုးနွယ်စု၌ရှိသည့် ကောင်းမွန်သည့်အခြေအနေကိုမြင်ချိန်တွင် ၎င်းတို့၏သဘောထားအား ယခင်ကလိုသတိထားနေခြင်းမှ ကြိုဆိုခြင်းအဖြစ်ပြောင်းလဲလိုက်ကြသည်။
လုပ်ငန်းစုလေးခု၏ထုတ်လုပ်ရေးဌာနမှာ ဗော်လာမျိုးနွယ်စုနှင့် မနီးမဝေး၌ရှိပြီး နှစ်လအတွင်း ကနဦးပုံစံပေါ်လာဖြစ်သည်။
ဆောင်းရာသီဖြစ်နေပြီး ဆန်နက်မြေရိုင်း၌ အတော်အေးစိမ့်ခြင်းကြောင့် အလုပ်များရပ်ထားရခြင်းသာမဟုတ်လျှင် အလုပ်ရုံ တစ်ရုံ နှစ်ရုံလောက်တော့ ပြီးနေလောက်ပြီဖြစ်၏။
"လာဗျာ၊ မန်နေဂျာ ကွက်ခ်, ကျုပ်ခင်ဗျားအတွက် တစ်ခွက်ချီးမြှင့်ပေးမယ်။" ခေါင်းဆောင်ဗော်လာ၏အသံက ကွက်ခ်အား အတွေးများမှ နိုးထစေလိုက်သည်။
ခေါင်းဆောင်ဗော်လာ၏လက်ထဲရှိ ဧရာမခွက်ကြီးကိုမြင်သော် သူဟာ စိတ်ထဲ၌ ခါးသက်သက်ရယ်လျက် တစ်ကျိုက်တည်းမော့ချလိုက်တော့၏။
"ကောင်းတယ်! တကယ်ကိုလန်းဆန်းသွားတာပဲ! ကျုပ်ခင်ဗျားလို လူသားကိုသဘောကျတယ်ဗျာ၊ မန်နေဂျာကွက်ခ်။" ခေါင်းဆောင်ဗော်လာက ချီးကျူးလိုက်ရင်း ကွက်ခ်၏ဝိုင်ခွက်အား ထပ်ဖြည့်ပေးလိုက်သည်၊ "လာဗျာ၊ ဒီတစ်ခွက်ကို Frestech ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌရှုအတွက် သောက်ကြစို့။ သူက ဒီမှာတော့မရှိပေမယ့်လည်း ကျုပ်က မျိုးနွယ်ကလူတွေအားလုံးကိုယ်စား သူ့ကို ကျေးဇူးတင်တယ်။ သူသာ ကျုပ်တို့မျိုးနွယ်စုအနီးအနားမှာ ရင်းနှီးမြှုပ်နှံခဲ့တာကြောင့်မဟုတ်ရင် ကျုပ်တို့မျိုးနွယ်စုရဲ့ဘဝတွေက ဒီလောက်ကောင်းလာမှာမဟုတ်ဘူး။ လာပါ၊ သောက်ကြတာပေါ့!"
ကွက်ခ်မှာ ထို ဆန္ဒပြုခြင်းကို မငြင်းဆန်နေချေ။ သူ၏လက်ထဲရှိ ဧရာမခွက်ကြီးကိုကြည့်လျက် သူဟာ သားရဲလူမျိုးနွယ်စုတစ်ခု၌ နှစ်သစ်ကူးပြီးပထမဆုံးနေ့၌ အရက်သောက်ရင်း ကုန်ဆုံးရမည်ဟု စိတ်ပင်မကူးခဲ့ကြောင်းကို အတန်ငယ်စဉ်းစားပြီး ခေါင်းခါလိုက်သည်။
"လာပါ၊ သောက်ကြ!" ထိုအတွေးပြီးနောက် ကွက်ခ်လည်း ခွက်မြှောက်လျက် ခေါင်းဆောင်ဗော်လာ၏ခွက်နှင့် တိုက်ရင်း တစ်ကျိုက်တည်းသောက်ချလိုက်လေ၏။
ကွက်ခ်မှာ ဒုတိယမြောက်တစ်ခွက်သောက်နေစဉ်တွင် အဘိုးအိုဖရေလီယာက အာချီကို အပြင်ခေါ်ထုတ်လာချိန်ဖြစ်၏။ ၎င်းတို့မှာ နှစ်သစ်ကူး၌ ဘန်တာမြို့မှလာသည့် အခြားမျိုးနွယ်စုများထံ အလည်သွားကာ နှုတ်ဆက်ရန် စီစဉ်ထားကြသည်ပင်။
၎င်းတို့အပေါ်ရှိ နေ'ကိုကြည့်ရင်း ၎င်းဆီမှလာသည်။ နွေးထွေးမှုကို ခံစားရသောအခါ အဘိုးအိုဖရေလီယာမှာ တစ်စုံတရာကို ရေရွတ်လျက် ထူးဆန်းသည့်မျက်နှာထားဖြင့် ခေါင်းကိုခါလိုက်၏။
သူဟာ ဤနှစ်တွင် လေးဆယ့်လေးနှစ်ပြည့်မည်ဖြစ်သော်လည်း ဤသည်က ပထမဆုံးအကြိမ် ဘန်တာမြို့၏အဝေး၌ နှစ်သစ်ကူးကို ကျင်းပရခြင်းဖြစ်သည်။ ထိုခံစားချက်မှာ တကယ်ကို ထူးဆန်းသည်။
ထို့အပြင် စတက်တိန်းနယ်မြေရှိ ရာသီဥတုက လမ်ပူရီတိုင်းပြည်နှင့် ကွဲပြား၏။ ၎င်းတို့သာ ဘန်တာမြို့၌ ရှိနေပါလျှင် နှင်းမကျသေးပါလျှင်တောင် ရာသီဥတုက အတော်လေးအေးစိမ့်နေလောက်သည်။ နှစ်သစ်ကူးအတွက် အိမ်နီးချင်းများအား နှုတ်ဆက်ရန်သွားရချိန်တိုင်း အဘိုးအိုဖရေလီယာမှာ ခပ်ထူထူချည်သားအနွေးအင်္ကျီကို ဝတ်လေ့ရှိသည်ပင်။
သို့သော် ယခုတွင် ၎င်းတို့က စတက်တိန်း နယ်မြေ၌ရှိနေရာ ရာသီဥတုက ၎င်းတို့၏ နွေဦး သို့မဟုတ် ဆောင်းဦးရာသီနှင့် ဆင်တူနေသည်။ အဘိုးအိုဖရေလီယာမှာ အပြင်မထွက်ခင် အပေါ်ဝတ်အင်္ကျီတစ်ထပ်သာ ဝတ်ရန်လို၏။
အာချီမှာ လူငယ်ဖြစ်ရာ ရှပ်အင်္ကျီတစ်ထည်သာဝတ်ပြီး အပေါ်ထပ်ဝတ်ရန်ပင်မလိုချေ။
ဟုတ်ပါသည်၊ မတူသည်မှာ ဖရေလီယာ နှင့် အာချီ တို့ဟာ ပစ္စည်းအသစ်များဖြင့်လုပ်ထားသော အဝတ်အစားများအား ၀တ်ဆင်ထားကြခြင်းပင်။ ယခင်က ဖာထေးထားသည့် အဝတ်အစားများနှင့် ယှဉ်လျှင် ပိုကောင်းပေသည်။
ရွှေဒင်္ဂါးဆယ့်သုံးပြားကုန်ကျသည့် အဝတ်များကို ဝတ်ဆင်ရင်း အားအင်အပြည့်ဖြစ်နေသော အာချီအားကြည့်လျက် အဘိုးအိုဖရေလီယာမှာ Frestech ကုန်သည်ကြီးများအသင်းထံ ထပ်မံကျေးဇူးတင်မိပြန်သည်။ သူက အာချီ၏ပခုံးကိုပုတ်လျက် လီယာ၏အိမ်ဘက်သို့ ဦးတည်လိုက်၏။
Frestech ကုန်သည်ကြီးများအသင်း၏ လူစုဆောင်းမှုကြောင့် ဘန်တာမြို့မှာ လာကြသော လယ်သမားပေါင်းနှစ်ထောင်ကျော်ရှိသည်။ ၎င်းတို့အများစုမှာ ဖရေလီယာနှင့် လီယာတို့၏မိသားစုကဲ့သို့ ပြောင်းရွှေ့လာကြသည်ပင်။
၎င်းတို့ ဤသို့လာချိန်တွင် Frestech ကုန်သည်ကြီးများအသင်းက ပြင်ထားပေးသည့် တူညီသည့်အိမ်များသို့ပြောင်းရွှေ့ကြရသည်။ ၎င်းတို့မှာ ဘန်တာမြို့မှာ လယ်သမားများဖြင့် ဖွဲ့စည်းထားသော ရွာတစ်ရွာပင် ဖြစ်ပေါ်လာစေသည်။
ယင်းမတိုင်ခင်က လယ်သမားအများစုမှာ အချင်းချင်းမရင်းနှီးကြချေ။ သို့သော် တိုင်းတပါးသို့ လာရောက်ပြီးနောက်မူ တစ်ယောက်နှင့် တစ်ယောက် စကားများစွာပြောကြပြီး ဆက်ဆံရေးမှာလည်း ပိုမိုကောင်းမွန်နီးစပ်လာကြတော့၏။
စတက်တိန်းနယ်မြေမှာ ဘန်တာမြို့နှင့် အင်မတန်ဝေးကွာသောကြောင့် အသွားအပြန်ခရီးအတွက် တစ်ပတ်လောက်ကြာမည်ဖြစ်ရာ လယ်သမားအများစုဟာ နှစ်သစ်ကူးကို မပြန်ချင်ကြဘဲ ဤနေရာ၌သာ ကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြလေသည်။
ဖရေလီယာနှင့် အာချီတို့ ထွက်လာပြီးနောက်တွင် လမ်းတစ်လျှောက်ရှိ လူများစွာကို နှစ်သစ်ကူးအဖြစ် နှုတ်ဆက်ခဲ့ကြသည်။
လီယာ၏ အိမ်သို့ရောက်လာချိန်တွင် လီယာ၏ ဖခင်ကလည်း အပြင်ထွက်ဖို့ ပြင်ဆင်နေသည်။ သူဟာ ဖရေလီယာရောက်လာသည်ကိုမြင်သော် အလျင်အမြန်ပင် ရှေ့သို့လာကာနှုတ်ဆက်၏။
အာချီလည်း လီယာ၏မိဘများကို နှုတ်ဆက်ရင်း ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်စေရန် ဆုတောင်းပေးပြီး အထဲဝင်ကာ အဝတ်သစ်များဝတ်ဆင်ထားသည့် လီယာကို ဆွဲခေါ်လာသည်။
အဝတ်သစ်များကို ဝတ်ဆင်ပြီးနောက် အတော်လေးကြည့်ကောင်းလာသော အာချီနှင့် လီယာကိုကြည့်ရင်း ဖရေလီယာမှာ အကြံရသွားသည်။ သူဟာ လီယာ၏ဖခင်ကိုကြည့်ပြီး မျက်စပစ်ပြလိုက်၏။
လီယာ၏ဖခင်လည်း နားလည်သွားကာ အာချီနှင့် လီယာထံ လက်ဝေ့ယမ်းပြလိုက်သည်၊ "ကောင်းပြီ၊ မင်းတို့နှစ်ယောက် သွားကစားလို့ရတယ်။ အိမ်ကကိစ္စတွေကို စိုးရိမ်ဖို့မလိုဘူး၊ နေ့လည်ကျရင် နေ့လည်စာပြန်စားဖို့သာ သတိရ။"
အာချီမှာ လီယာ၏လက်ကို ပျော်ရွှင်စွာ ဆွဲကိုင်လျက်၊ "လာ လီယာ, ပင်လယ်နားမှာ သွားဆော့ရအောင်။ ကိုယ် နယ်ခံငါးဖမ်းသမားတစ်ဦးဆီကနေ သင်္ဘောတစ်စီးငှားထားတယ်၊ အပြင်ထွက်ကစားလို့ရတယ်။ စဉ်းစားကြည့်၊ နှစ်သစ်ကူးရဲ့ပထမဆုံးရက်မှာ ပင်လယ်ဆီထွက်နိုင်တာက ဘယ်လောက်တောင် ပျော်စရာကောင်းလိုက်မလဲ!"
လီယာမှာလည်း စိတ်လှုပ်ရှားနေသည်။ သူမက သူမ၏ဖခင်အား လက်ခံပေးရန်ကြည့်ရှုပြီး ခွင့်ပြုချက်ရပြီးနောက်တွင် ဖရေလီယာထံ အရိုအသေပေးကာ အာချီနှင့် အတူပျော်ရွှင်စွာ ပြေးထွက်သွားတော့သည်။
နှစ်ဦးသား လျင်မြန်စွာထွက်သွားသည်ကိုကြည့်ရင်း ဖရေလီယာ က ပြုံးလျက် လီယာဖခင်ထံလှည့်လိုက်ကာ "ကျုပ်ထင်တာတော့... ဒီကလေးနှစ်ယောက်က ကောင်းကောင်းလိုက်ဖက်တယ်၊ သူတို့ကို လက်ထပ်ပေးမယ်ဆို ဘယ်လိုလဲ?"
မျှော်လင့်မထားစွာဖြင့် လီယာ၏ဖခင်ကတုံ့ဆိုင်းမနေဘဲ ခေါင်းငြိမ့်ပြလာသည်။
"အန်း၊ ကျုပ်လည်းစဉ်းစားပြီးပြီ။ နှစ်သစ်ကူးပြီးရင်၊ သူတို့ကို လက်ထပ်ပေးဖို့ အချိန်ကောင်းရှာကြတာပေါ့။"
နံဘေးရှိ လီယာ၏မိခင်မှာလည်း ခေါင်းငြိမ့်ကာ၊ "ဟုတ်တယ်၊ ကျွန်မတို့ သူတို့ကို စောစောအိမ်ထောင်ချပေးသင့်တယ်၊ မဟုတ်ရင် သူတို့လုပ်စရာမရှိတော့ တစ်ခုခုဖြစ်လာနိုင်တယ်။"
ဖရေလီယာ က လီယာ၏မိခင်ကိုကြည့်ရင်း အနည်းငယ်တွေးတောပြီးနောက် မငြင်းဆန်တော့ချေ။
အာချီနှင့် လီယာတို့လို လူငယ်များသာ အချိန်ကြာ အတူရှိနေလျှင် တစ်ခုခုဖြစ်လာနိုင်မည်လားကို ၎င်းတို့တကယ်ပဲ မပြောနိုင်ချေ။
သို့သော် လီယာမိဘများက သဘောတူကြရာ ဖရေလီယာမှာ အင်မတန်ကျေနပ်နေပေသည်။
၎င်းတို့ အလွယ်တကူ သဘောတူကြသည်ကို စဉ်းစားကြည့်သော် ၎င်းက သူ၏မိသားစုလည်း ဤနေရာသို့ ပြောင်းရွှေ့လာကြခြင်းကြောင့် ဖြစ်ရမည်။ ၎င်းတို့မှာ တစ်နှစ်ကို ရွှေဒင်္ဂါးပြားတစ်ရာဝင်နိုင်ရာ ဖရေလီယာမှာ Frestech ကုန်သည်ကြီးများအသင်းထံ ပို၍ပင် ကျေးဇူးတင်လာ၏။
"ဟုတ်ပြီ၊ ဒါကိုဆွေးနွေးကြတာပေါ့..."
အာချီ နှင့် လီယာ ပင်လယ်သို့ပြေးသွားစဉ်တွင် ၎င်းတို့၏ မိဘများက ၎င်းတို့၏လက်ထပ်ပွဲကို ဆုံးဖြတ်ပြီးဖြစ်မည်ဟု မတွေးထားလောက်ပါချေ။
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၅၆။ ဗစ်ကောင့်ထ် လက်စ်လိုင်း၏ ဆုံးဖြတ်ချက်
၎င်းတို့ထံ၌ စေ့စပ်ပွဲရှိနေသည့်အခြေအနေကို မသိကြသည်မှာ အာချီနှင့် လီယာသာမဟုတ်ချေ။
လမ်ပူရီတိုင်းပြည်မြောက်ဘက် လယ်မြေမှ ကီလိုမီတာတစ်ထောင်ကျော်အကွာက သေမင်းတောင်တန်းများရှိ ဗစ်ကောင့်ထ်လက်စ်လိုင်းမှာ သူ၏လက်ထဲရှိ စာလွှာကိုကြည့်ရှုလိုက်သည်။ သူဟာ အေးစက်စက်ရယ်သွမ်းပြီးနောက် လက်ထဲရှိ စာကို အပိုင်းပိုင်းဆုတ်ဖြဲလျက် သူ၏နောက်ရှိ စမ်းချောင်းထဲသို့ လွှင့်ပစ်လိုက်တော့၏။
ကျလာသည့်စာရွက်ပိုင်းများမှာ မရေတွက်နိုင်အောင်ပြန့်ကျဲနေပြီး တောင်တန်းများ၌ နှင်းများကျနေသယောင်ပါပင်။
စာရွက်ပိုင်းများက ခြေရာလက်ရာပင်မကျန်ဘဲ ပျောက်ကွယ်သွားသည်ကိုမြင်သော် ဗစ်ကောင့်ထ်လက်စ်လိုင်းမှာ တိတ်ဆိတ်သွားပြီး သူ၏ မြောက်ဘက်စစ်တပ်ရဲဘော်များကိုကြည့်လိုက်သည်။ ၎င်းတို့မှာ သာမန်လူများကဲ့သို့ပင် ဖြစ်ပြီး သူ့အား စတက်ဂျ်မိသားစုလို မျိုးရိုးမြင့်မိသားစုကြီးတစ်ခုမှ မျိုးဆက်ဖြစ်နေခြင်းကို မနာလိုကြသော်လည်း ထိုသို့မျိုးနွယ်စုကြီးများ၏မျိုးဆက်များထံ၌ ရွေးစရာမရှိသော နေရာများသာရှိသည်ဖြစ်ကြောင်း ၎င်းတို့မသိဟု ထင်မိသည်။
ဥပမာ၊ သူ၏မိခင်ပို့လိုက်သည့်စာတွင် မိသားစုက သူ၏စေ့စပ်ပွဲကို ဆုံးဖြတ်ထားပြီးဖြစ်ရာ ငြင်းဆန်ခွင့်မပြုဟု ရည်ညွှန်းထားသည်ပင်။
သူ၏ဇနီးဖြစ်လာမည့် လူမှာ အေလီမန်မိသားစု ခေါင်းဆောင်၏ အငယ်ဆုံးသမီးဖြစ်သည်။ သူမက ဤနှစ်၌ နှစ်ဆယ့်သုံးပြည့်မည်ဖြစ်ပြီး အင်မတန်လှပကာ သိမ်မွေ့သည့်ကိုယ်ကျင့်စရိုက်ရှိကာ သူ၏ဇနီးဖြစ်လာရန် အင်မတန်သင့်လျော်ကြောင်း သူမ၏မိခင်က ပြောခဲ့သည်။ သူမဟာ မြောက်ဘက်စစ်တပ်၌ ဗစ်ကောင့်ထ်လက်စ်လိုင်းအား ၂နှစ်တာ ကုန်ဆုံးပြီးနောက်မှ အန်ဗီမာမြို့တော်သို့ လက်ထပ်ရန် ပြန်လာစေချင်သည်။
သူ့မိခင်၏ သခင်မလေးအေလီမန်အား အကဲဖြတ်ပုံကို သတိရမိသော် ဗစ်ကောင့်ထ်လက်စ်လိုင်းမှာ အေးစက်စက်ရယ်လျက်သာ တုံ့ပြန်မိသည်။
ထိုသခင်မလေးအေလီမန်မှာ အင်မတန်လှပပြီး ကြင်နာကောင်းကြင်နာတတ်နိုင်သော်လည်း ဗစ်ကောင့်ထ်လက်စ်လိုင်းမှု သူ၏မိခင်အား ၎င်းကြောင့် ဆွဲဆောင်ခဲ့သည်ဟု မယုံပါချေ။ ထိုသခင်မလေးအေလီမန်က သူ၏ဇနီးဖြစ်လာမည်မှာ အေလီမန်မိသားစုနှင့်သာ ဆက်စပ်နေကြောင်း သေချာပါ၏။
မျိုးရိုးမြင့်များအကြား လက်ထပ်မှုမှာ ပုံမှန်မဟုတ်ရာ ဗစ်ကောင့်ထ်လက်စ်လိုင်းလည်း သူ့ထံ ထိုနေ့မျိုးရောက်လာမည်ဖြစ်ကြောင်း ခန့်မှန်းမိပြီးသားပင်။
သူဟာ ထိုကိစ္စကို ဆယ်နှစ်နီးနီး တောင့်ခံခဲ့ပြီးဖြစ်ရာ ယခုတွင် သူဟာ အသက်သုံးဆယ်ကျော်နေပြီဖြစ်သောကြောင့် ဆက်လက် အချိန်မဆွဲနိုင်တော့ချေ။
သူ၏လက်ထဲရှိ ပို၍ရိုးရှင်းသော စာလွှာကိုကြည့်ရင်း ဗစ်ကောင့်ထ်လက်စ်လိုင်းမှာ ခါးသက်သက်ပြုံးလိုက်၏။
"ယှဉ်ကြည့်ရင် အဲ့လူရှုယီက ငါ့ထက်ပိုပြီးလွတ်လပ်သေးတယ်။ အနည်းဆုံးတော့ သူက သူတကယ်မြတ်နိုးရတဲ့ မိန်းကလေးကို လက်ထပ်နိုင်သေးတယ်လေ။"
ဗစ်ကောင့်ထ်လက်စ်လိုင်းမှာ သက်ပြင်းချလျက် လေးနက်စွာပင် ရှုယီပို့လိုက်သည့် စာကိုဖတ်ရှုနေ၏။
ရှုယီ၏စာများတွင် သဘာဝကျကျပင် မိသားစုအတင်းအဖျင်းပါရှိမနေဘဲ ဤအတောအတွင်း Frestech ကုန်သည်ကြီးများအသင်း၏ တိုးတက်မှုများကိုသာ ဖော်ပြထားကာ မြောက်ဘက်စစ်တပ်၏ အခြေအနေအကြောင်းကိုသာ မေးမြန်းထားလေသည်။
သူမေးထားသည့် အဓိကအရာမှာ မြောက်ဘက်စစ်တပ်၏ လက်နက်များအကြောင်းပင်။
၎င်းအား တစ်ယောက်ယောက်က မေးခြင်းဆိုလျှင် ၎င်းတို့မှာ စစ်တပ်၏လျှို့ဝှက်ချက်များကို ခိုးယူရန် စောင့်ကြည့်နေခြင်းဖြစ်လောက်သော်လည်း ရှုယီကမူ စစ်ဌာနချုပ်နှင့်အတူ ဂုဏ်ထူးဆောင်ဘွဲ့ကို ကိုင်ဆောင်ထားပြီး ထောက်ပံ့ပို့ဆောင်ရေးဌာနမှာလည်း Frestech ကုန်သည်ကြီးများအသင်းနှင့် ရင်းနှီးသောဆက်ဆံရေးရှိသည်။ ရှုယီအနေနှင့် ဤအကြောင်းကို သိရန်အရည်အချင်းပြည့်မီ၏။
ရှုယီမှာ မေဂျာမက်ခ်ကွန်လီအား ထိုကိစ္စရပ်များကို မေးနိုင်သော်လည်း သူ့ဆီကဆိုလျှင် အထွေထွေစာရင်းများသာရနိုင်ပြီး လက်တွေ့ အခြေအနေတော့မဟုတ်ချေ။ မှန်ပါ၏ ဗစ်ကောင့်ထ်လက်စ်လိုင်းကဲ့သို့ မြောက်ဘက်စစ်တပ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့်လူမျိုးဆိုလျှင် အခြေအနေကို အကောင်းဆုံးနားလည်ပေသည်။
သို့သော် စာထဲ၌ ရှုယီ၏မေးခွန်းကိုကြည့်ပြီးနောက်တွင် ဗစ်ကောင့်ထ်လက်စ်လိုင်းက ခါးသက်သက်သာရယ်လိုက်ပါ၏။
"ဒါကို ဘယ်လိုတုံ့ပြန်ရမှာလဲ?"
ဗစ်ကောင့်ထ်လက်စ်လိုင်းမှာ ရေနွေးတည်ရန် မှော်ရေနွေးအိုးအား မြေပြင်ပေါ်ချလိုက်သည့် သူ၏ ရဲဘော်တစ်ဦးကိုကြည့်လိုက်သည်။ ထောက်ပံ့ပို့ဆောင်ရေးဌာနသာ ၎င်းတို့ထံ ထောက်ပံ့မှုများထပ်မပေးတော့ပါလျှင် မြောက်ဘက်စစ်တပ်လည်း ဆက်လက်ရပ်တည်နိုင်တော့မည်မဟုတ်ဟု သူတွေးမိသည်။ သိပ်မကြာလိုက်ခင်မှာပင် သေမင်းတောင်တန်းများအား ဆုံးရှုံးပြီး စခ်တိုင်းပြည်မှ လူများ၏လက်ထဲသို့ တစ်ဖန်ပြန်လည်ကျရောက်သွားပေလိမ့်မည်။
ယမန်နှစ်ဆုံးချိန်က သေမင်းတောင်တန်းများရယူပွဲတွင် မြောက်ဘက်စစ်တပ်မှ သေမင်းတောင်တန်းများကို ရယူရန် လက်နက်ပမာဏကြီးကြီးမားမားအသုံးပြုခဲ့ပြီး သွေးဆာဝံပုလွေတပ်ရင်းနှင့် ကျားရဲတပ်ရင်းများအား စခ်တိုင်းပြည်၏ မြောက်ဘက်နယ်စပ်များအတွင်း ထိန်းသိမ်းခဲ့ပါသော်လည်း ထိုတပ်ရင်းနှစ်ခုမှာ ဤနှစ်ဝက်အတွင်း တိုက်ခိုက်မည်အကြံကို လက်မလျှော့ခဲ့ချေ။
မြောက်ဘက်စစ်တပ်၏ အားကောင်းသော လက်နက်များနှင့်ပင် ရင်ဆိုင်နေရပြီး တပ်ရင်းနှစ်ခုမှာ မည်သည့်တိုက်ပွဲကိုမှ အနိုင်မရဘဲ သေမင်းတောင်တန်းများမှာလည်း မြောက်ဘက်စစ်တပ်၏ လက်တွင်း၌သာ မြဲမြံစွာရှိနေကာ မကြာခဏတိုက်ပွဲများကြောင့် မြောက်ဘက်စစ်တပ်က ၎င်းတို့၏လက်နက်အများစုကို သုံးနေခဲ့သည်။
ဒုတိယနှစ်ဝက်မှစကာ ထောက်ပံ့ပို့ဆောင်ရေးဌာနမှာ ရုတ်တရတ် မြောက်ဘက်စစ်တပ်ထံ ထောက်ပံ့မှုကို လျှော့ချလိုက်သည်။ အဆုံး၌ ဆောင်းရာသီအတွက် အနွေးအင်္ကျီများပို့ပေးခြင်းမှလွဲ မည်သည့်လက်နက်ကိုမှ ထောက်ပံ့လာခြင်းမရှိတော့ချေ။
အခြားစစ်သားများအနေနှင့် တိတ်တဆိတ်သာ ညည်းတွားရုံသာတတ်နိုင်သော်ငြား မည်သည့်ကိုမှ မသိပါချေ။ ဗစ်ကောင့်ထ်လက်စ်လိုင်းမှာမူ အကြောင်းအရင်းကိုသိပေ၏။
ဤသည်က အင်မတန်ရိုးရှင်းလှသည်၊ စစ်ဌာနချုပ်၌ မည်သည့်ငွေကြေးမှမရှိတော့ပေ။
သေမင်းတောင်တန်းများတိုက်ပွဲတွင် စစ်ဌာနချုပ်မှ ရံပုံငွေပမာဏအမြောက်အများထောက်ပံ့ခဲ့ပြီး မြောက်ဘက်စစ်တပ်အား ၎င်းတို့၏စွမ်းပကားကိုပြသခွင့်ပြုခဲ့သော်ငြား ၎င်းက အတော်လေး ကုန်ကျပေသည်။
၎င်းတို့အနေနှင့် အသစ်တည်ဆောက်ထားသော လက်နက်ထုတ်ရုံထံမှ တူညီသည့်လက်နက်များပြုလုပ်ရန် ငွေစုဆောင်းနေရပါသော်လည်း စစ်ဌာနချုပ်မှာ ထိုအကုန်အကျများခြင်းကို မထိန်းသိမ်းနိုင်ဖြစ်နေဆဲပင်။
ရှုယီမှာ ဗစ်ကောင့်ထ်လက်စ်လိုင်းထံ စာထဲ၌ထိုမေးခွန်းကို မေးထားသည်။ Frestech ကုန်သည်ကြီးများအသင်းက စစ်ဌာနချုပ်ထံ အခြေခံဈေးနှုန်းဖြင့်သာ လက်နက်များရောင်းချပေးထားသော်လည်း စစ်ဌာနချုပ်မှာမူ ၎င်းတို့ကို ဝယ်ယူရန် မတတ်နိုင်သေးဟု ဆိုထားသည်။
ရှုယီက ထိုအခြေအနေကို အလေးအနက်စိုးရိမ်နေလေ၏။
စစ်ဌာနချုပ်ထံ၌ ရံပုံငွေမလုံလောက်ပါလျှင် Frestech ကုန်သည်ကြီးများအသင်းက အခမဲ့တော့ ပေးနိုင်မည်မဟုတ်ချေ။ မြောက်ဘက်စစ်တပ်အတွက် လက်နက်နှင့်ပတ်သက်သည့်ပြဿနာတစ်ရပ် ရှိလာကောင်းရှိလာနိုင်သည်။
နွေဦးပေါက်လာချိန်တွင် စခ်တိုင်းပြည်က စတင်တိုက်ခိုက်လာသည်နှင့် သေမင်းတောင်တန်းများမှာ အန္တရာယ်ရှိလာတော့မည်။
ထိုစာထဲတွင် ရှုယီမှာ ဗစ်ကောင့်ထ်လက်စ်လိုင်းအား အန္တရာယ်ရှိလာလျှင် အသက်ရှင်ရန် တတ်နိုင်သမျှ ထွက်လာသင့်ကြောင်း အကြံပေးထားသည်။
ဤစာ၌ ရှုယီမှာ ပိုလို့ပင် စိုးရိမ်မှုများကိုဖော်ပြထား၏။
စစ်ဌာနချုပ်က Frestech ကုန်သည်ကြီးများအသင်းထံ သုံးလကြာ အမှာစာမပေးပို့လာခဲ့ရာ ၎င်းက ကုန်ကျစရိတ်ကို မထိန်းနိုင်သေးကြောင်းပြနေသည်။
ထိုသည်က မြောက်ဘက်စစ်တပ်အခြေအနေက အင်မတန်အန္တရာယ်များသည်ကို သက်သေပြနေပေ၏။
ရှုယီက စာအဆုံး၌ အခြေအနေက ဆိုးလာဟန်ပေါ်လာလျှင် ထွက်ခွာရန် အခွင့်အရေးရှာသင့်ကြောင်း ဖော်ပြထားသည်ကို မြင်သော် ဗစ်ကောင့်ထ်လက်စ်လိုင်းမှာ မနေနိုင်ဘဲ ခေါင်းခါကာ သက်ပြင်းချလိုက်၏။
သူဟာ ရှုယီက ကောင်းစေချင်၍ပြောသည်ကိုသိပါသော်လည်း ယခုတွင် သူ့အနေနှင့် မြောက်ဘက်စစ်တပ်၌ ၂နှစ်ကြာရှိခဲ့ပြီးဖြစ်သည်။ နောက်၌ အလုပ်တာဝန်ရှိနေပါလျှင်တောင် သူ၏ရဲဘော်များနှင့် သွေးစွန်းတိုက်ပွဲများစွာကိုကြုံတွေ့ခဲ့ရရာ မြောက်ဘက်စစ်တပ်ကို အင်မတန် တွယ်ငြိနေပြီဖြစ်သည်။
မြောက်ဘက်စစ်တပ်အခြေအနေက မကောင်းသည်ကို သိပါသော်လည်း ဗစ်ကောင့်ထ်လက်စ်လိုင်းမှာ ထွက်ပြေးရန် မကြံရွယ်ထားပါချေ။
သို့သော် သူ၏ခွန်အားတစ်ခုတည်းက အကန့်အသတ်ရှိမှန်းသိပါ၏။ သူ၏လက်ရှိအစွမ်းအစနှင့်ဆိုလျှင် မြောက်ဘက်စစ်တပ်၏ လက်တွေ့ပြဿနာဖြစ်သည့် စစ်ဌာနချုပ်၌ ငွေမရှိခြင်းကို လုံးဝဖြေရှင်းနိုင်မည်မဟုတ်ချေ။
ငွေကြေးလစ်လပ်ခြင်းအကြောင်းစဉ်းစားကြည့်ရင်း ဗစ်ကောင့်ထ်လက်စ်လိုင်းမှာ အဝေးရှိဘန်တာမြို့မှ ဦးလေးဖြစ်သူကောင့်ထ်စတက်ဂျ်အတွက် အတော်လေးမနှစ်မြို့ဖွယ်ခံစားလိုက်ရသည်။ သူဟာ အမြဲတစေ ခေါင်းမာတတ်သည့် သူ၏မိသားစုကို မုန်းတီးသလိုပင်ခံစားနေမိသည်။
ပိုကောင်းသည့်နည်းလမ်းမှာ တိုင်းပြည်အား ပိုမိုကြွယ်ဝစေခြင်းဖြစ်ကြောင်းရှင်းလင်းနေသော်လည်း ထိုခေါင်းမာသည့် အရူးအိုကြီးများကို ၎င်းတို့၏ကိုယ်ပိုင်အကျိုးအမြတ်အတွက် ၎င်းကို လျစ်လျူရှုကာ ဖိနှိပ်ထားရန်ပင် ကြိုးစားနေကြသေးသည်။
၎င်းတို့၏ အမြင်၌ တိုင်းပြည်တစ်ခုလုံး၏ကံကြမ္မာနှင့် သာမန်ပြည်သူများ၏ နေထိုင်ရေးက ၎င်းတို့မိသားစု၏ကံကြမ္မာနှင့် မယှဉ်နိုင်ဟုများ မြင်နေကြခြင်းလား?
"ဟမ့်! ငတုံးအုပ်စုပဲ! လောကကြီးက ရှုယီရဲ့ပေါ်ထွက်လာမှုကြောင့် ပြောင်းလဲသွားပေမယ့် သူတို့ရဲ့ အသုံးမဝင်တဲ့အတွေးတွေက စွက်ဖက်နေကြသေးတယ်။ ဒီလိုသာဆက်ဖြစ်နေရင် ခင်ဗျားတို့က မိသားစုကို သုတ်သင်တဲ့ အပြစ်သားတွေဖြစ်လာလိမ့်မယ်!"
ဗစ်ကောင့်ထ်လက်စ်လိုင်းမှာ မျက်လုံးများကို မှေးကျဉ်းကာ အတွေးထဲမျောနေပြီး စာရွက်ပိုင်းနှစ်ခုအား ထုတ်ယူလိုက်လေ၏။ ပထမဆုံး သူဟာ ရှုယီထံ ပြန်စာရေးလိုက်ရင်း မြောက်ဘက်စစ်တပ်ကြုံတွေ့နေရသည့် အခက်အခဲများကို ဖော်ပြကာ ရှုယီက သူတို့အတွက် ဤပြဿနာကို ဖြေရှင်းပေးနိုင်ရန် မျှော်လင့်နေပါ၏။
ဒုတိယစာလွှာမှာ သူ၏မိခင်ထံပေးပို့ရန်ပင်။
ထိုစာ၌ ဗစ်ကောင့်ထ်လက်စ်လိုင်းက မိသားစု၏ စီမံမှုကို သဘောတူကာ အန်ဗီမာမြို့တော်သို့ ပြန်ရောက်ချိန်တွင် သခင်မလေးအေလီမန်ကို လက်ထပ်မည်ဖြစ်ကြောင်း သဘောတူသည်ဟု ဆိုထားခြင်းဖြစ်သည်။ တစ်ချိန်တည်းတွင် သူက နောက်ထပ် အတွေးတစ်ခုကို ဖွင့်ပြရန် လေးနက်ဟန်ကိုပါ သုံးလိုက်၏။
သူ၊ လက်စ်လိုင်း စတက်ဂျ်မှာ မိသားစုခေါင်းဆောင်နေရာကို ရယူရန် အကောင်းဆုံးလုပ်ဆောင်မည်ဖြစ်သည်!
ဗစ်ကောင့်ထ်လက်စ်လိုင်းက ထိုစာများကို ရေးနေစဉ်တွင် လမ်ပူရီဆယ့်သုံးမှာ တော်ဝင်နန်းတော်ထဲ၌ လမ်ပူရီတိုင်းပြည်၏ နှစ်စဉ်ဘဏ္ဍာရေးအစီရင်ခံစာကိုဖတ်ရင်း ခပ်ဖျော့ဖျော့ပြုံးနေ၏။
နှစ်စဉ်ဘဏ္ဍာရေးအစီရင်ခံစာမှာ ယမန်နှစ်ကထက်ပိုအဆင်ပြေသည်။ ယခင်နှစ် ရွှေဒင်္ဂါးနှစ်သန်းပင်မပြည့်သည့် ဝင်ငွေနှင့်ယှဉ်လျှင် တိုင်းပြည်၏ ဘဏ္ဍာငွေမှာ ရွှေဒင်္ဂါးသုံးသန်းအထိ ရောက်ရှိလာကာ အကြီးစားခုန်ကျော်မှုဟုပင် မှတ်ယူနိုင်၏။
သို့သော် ဘုရင်တစ်ယောက်အနေနှင့် လမ်ပူရီဆယ့်သုံးက ထိုပြဿနာကို ရိုးရှင်းစွာ မကြည့်ပါချေ။
လွန်ခဲ့သည့် ၂နှစ်အကြာက လမ်ပူရီတိုင်းပြည်၏ နှစ်စဉ်အခွန်မှာ ရွှေဒင်္ဂါးတစ်သန်းကျော်သာရှိခဲ့ရာ ယမန်နှစ်မှစ၍ ၂နှစ်ဆက်တိုက် တိုးလာခဲ့သည်။
ထိုသိသာလှသည့်ပြောင်းလဲမှု၏ အကြောင်းအရင်းအား ဘဏ္ဍာရေးအစီရင်ခံစာမှကြည့်ရှုနိုင်သည်။ ၉၀ရာခိုင်နှုန်းမှာ စီးပွားရေးအခွန်မှလာ၏။
စီးပွားခွန်ကိုသာ ကြည့်လိုက်ပါလျှင် စီးပွားရေးဌာန၏အစီရင်ခံစာများမှ ထို ၉၀ရာခိုင်နှုန်းတွင် ၄၀ရာခိုင်နှုန်းမှာ မှော်စက်ပစ္စည်းများထုတ်လုပ်သည့်လုပ်ငန်းစုများမှ လာသည်အား မြင်နိုင်၏။
ထိုအစီရင်ခံစာထဲတွင် Frestech ကုန်သည်ကြီးများအသင်းအား အဆက်မပြတ်ဖော်ပြထားသေးသည်။
လွန်ခဲ့သည့်နှစ်ကပင် Frestech ကုန်သည်ကြီးများအသင်းက ဘန်တာမြို့ထံ ရွှေဒင်္ဂါးသုံးသိန်းကျော်ပေးခဲ့ရာ တစ်သိန်းတစ်သောင်းသာ တိုင်းပြည်တော်ဘဏ္ဍာတိုက်ထဲ ဝင်လာခဲ့သည်။
ဒုတိယနှစ်ဝက်တွင် Frestech ကုန်သည်ကြီးများအသင်းက ဗစ်ကောင့်ထ်ရှုယီ၏ကိုယ်ပိုင်နယ်မြေထံ ပြောင်းသွားခဲ့သောကြောင့် Frestech ကုန်သည်ကြီးများအသင်းများ၏ အခွန်က ရှုယီထံသာရောက်သွားသည်။ ၎င်းက စုစုပေါင်း နှစ်သိန်းခုနှစ်သောင်းအထိရှိ၏။
Frestech ကုန်သည်ကြီးများအသင်းအနေနှင့် အခမဲ့ကုန်သွယ်ခွင့်လည်းရထားရာ အခြားတိုင်းပြည်များနှင့် သဘောတူညီချက်များပြုရာတွင် ဘန်တာမြို့ထံ အခွန်မဆောင်ရဘဲ တိုင်းပြည်တော်ဘဏ္ဍာတိုက်သို့ တိုက်ရိုက်သွားရသည်။
Frestech ကုန်သည်ကြီးများအသင်း၏ ဆန်နက်မြေရိုင်း၊ စတက်တိန်းနယ်မြေနှင့် ရူဒ်ဆန်တိုင်းပြည်တို့ထံ၌ ရင်းနှီးမြှုပ်နှံမှုများက အစသာဖြစ်ပါလျှင်တောင် ၎င်းက ရွှေဒင်္ဂါးတစ်သိန်းသုံးသောင်းအခွန်ပေးရဆဲပင်။
ထို့ကြောင့် တစ်နှစ်အတွင်းတွင် Frestech ကုန်သည်ကြီးများအသင်းက တိုင်းပြည်တော်ဘဏ္ဍာတိုက်ထံ ရွှေဒင်္ဂါးငါးသိန်းကျော်အခွန်ဆောင်ခဲ့ရသည်။
၎င်းက Frestech ကုန်သည်ကြီးများအသင်းထောက်ပံ့ထားသည့် မှော်စက်ပစ္စည်းများထုတ်လုပ်သော လုပ်ငန်းစုများ ပေးချေရသည့် အခွန်များကို ပေါင်းမထည့်ရသေးချေ။
၎င်းတို့အားလုံးကို တစ်စုတည်းပေါင်းလိုက်ပါလျှင် လမ်ပူရီတိုင်းပြည်မှရရှိသော အမြတ်ခွန် ရွှေဒင်္ဂါးပြားသုံးသန်း၌ တစ်သန်းခွဲကျော်အား Frestech ကုန်သည်ကြီးများအသင်းမှ လွှမ်းမိုးထားသည်။
ထို့အပြင် အခြားလုပ်ငန်းစုများတွင် မှော်စက်ပစ္စည်းများကို မထုတ်လုပ်ခဲ့ကြသော်ငြား Frestech ကုန်သည်ကြီးများအသင်းက ထောက်ပံ့ပေးထားသည်ပင်။
ဘန်တာမြို့၌ အဝတ်အထည်များထုတ်လုပ်သည့် အာမန်နီကုန်သည်ကြီးများအသင်းကို ကြည့်ရမည်။
Frestech ကုန်သည်ကြီးများအသင်းမှ ထုတ်လုပ်ထားသည့် 'မှော်လွန်း'အကူအညီဖြင့် ၎င်းတို့၏ ကုန်ထုတ်စွမ်းအားက များစွာမြင့်တက်လာသည်။ အဝတ်များအား မတူညီသည့်ဈေးနှုန်းများနှင့် ရောင်းချပါသော်လည်း ရောင်းအားမြင့်တက်မှုကြောင့် ၎င်းတို့၏ အမြတ်စွန်းလည်း ခုန်တက်သွားခဲ့သည်။
အချက်အလက်များအရ အာမန်နီ ကုန်သည်ကြီးများအသင်းက ယမန်နှစ်က စီးပွားခွန်အဖြစ် ရွှေဒင်္ဂါးသုံးသိန်းနှစ်သောင်း ပေးဆောင်ခဲ့ရသည်ပင်။
ထို့နောက် တိုင်းပြည်တဝှမ်းလမ်းများခင်းပေးထားသည့် အမ်ရစ် ကုန်သည်ကြီးများအသင်းကို ပေါင်းထည့်လိုက်လျှင် ၎င်းတို့မှာ လွန်ခဲ့သည့်နှစ်က စီးပွားခွန် နှစ်သိန်းခြောက်သောင်းပေးဆောင်ခဲ့ရသည်။
ထို့နောက် ရန်နက်ခ်တွန် ကုန်သည်ကြီးများအသင်း ဖြစ်သည်...
...
၎င်းကိုဖတ်ရှုပြီးနောက် လမ်ပူရီဆယ့်သုံးမှာ ရုတ်တရတ် ဘန်တာမြို့၏ လုပ်ငန်းစုကြီးများနှင့်တင် တိုင်းပြည်တော်ဘဏ္ဍာတိုက်သို့ စီးပွားခွန် တစ်သန်းခွဲကို ပေးဆောင်ကြခဲ့သည်အား တွေ့ရှိသွားတော့သည်။
ဘန်တာမြို့မှ ဤနှစ်ပေးအပ်ခဲ့သည့် အမြတ်ခွန်စုစုပေါင်းမှာ ရွှေဒင်္ဂါးတစ်သိန်းကိုးသောင်းဖြစ်သည်။
ယခင်နှစ်ကနှင့် ယှဉ်လျှင် သံသယကင်းမဲ့နေ၏။
ထိုကြီးမားလှသည့်ခြားနားမှုကို မြင်သော် လမ်ပူရီဆယ့်သုံးမှာ မနေနိုင်ဘဲ အေးစက်စက်ရယ်လိုက်မိသည်။
"အဲ့လူတွေ အခုပြောဖို့ မျက်နှာရောရှိသေးရဲ့လား မြင်ချင်မိတယ်။"
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၅၇။ မြေဩဇာ
စိုင်စ်နယ်မြေ၏ ခုနှစ်သက္ကရာဇ်မှာ ခေတ်သစ်၏ ၃၇၈၂ခုနှစ် ဒုတိယလသို့ဝင်ရောက်လာခဲ့ရာ နယ်မြေသားများ၏ နှစ်သစ်ကူးပွဲတော်များ ပြီးဆုံးသွားကာ ပုံမှန်နေထိုင်မှုများအဖြစ် ပြန်ရောက်သွားကြပြီဖြစ်၏။
ဘန်တာမြို့၏လူများအတွက်မူ ဤနှစ်အစတွင် ဘန်တာမြို့၌ ပြောင်းလဲမှုများရှိခဲ့သည်။
ယမန်နှစ်က ကောင့်ထ်စတက်ဂျ်က မြို့စားရာထူးကို ထိန်းသိမ်းခဲ့ချိန်တွင် စိုက်ပျိုးရေးမူဝါဒများထံ၌သာ အာရုံစိုက်၍ Frestech ကုန်သည်ကြီးများအသင်းကို ပစ်မှတ်ထားခဲ့ပြီး ဘန်တာမြို့ရှိ ကုန်သွယ်ရေးကို သုညနီးပါးအထိ လျှော့ချခဲ့လေသည်။
သို့သော် ဒီနှစ်တွင် Frestech ကုန်သည်ကြီးများအသင်းက ဘန်တာမြို့၌ သတင်းစာရှင်းလင်းပွဲကိုကျင်းပကာ ၎င်းတို့လုပ်ငန်းစုက ဤနှစ်၌ မှော်စက်ပစ္စည်းအသစ်များကို ဆက်လက်ထုတ်လုပ်ပြီး ဘန်တာမြို့သားများ၏ ဘဝကို မြှင့်တင်မည်ဖြစ်ကြောင်း ကြေညာလာခဲ့သည်။
လူတိုင်းက ၎င်းတို့ ထိုသို့လုပ်ခြင်းကြောင့် ကောင့်ထ်စတက်ဂျ်က ဆန့်ကျင်လာမည်ဟု တွေးထားကြသော်လည်း မမျှော်လင့်ထားစွာ ကောင့်ထ်စတက်ဂျ်မှာ Frestech ကုန်သည်ကြီးများအသင်းအား အားလုံးထင်ထားသလို ဖိနှိပ်မလာခဲ့ချေ။ ထိုအစား သူဟာ ဘန်တာတိုင်းမ်စ်၌ ဘန်တာမြို့၏ စိုက်ပျိုးရေးဖွံ့ဖြိုးမှုက Frestech ကုန်သည်ကြီးများအသင်း၏ စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းများ အကူအညီပေါ်မူတည်နေသည်ဟု ပွင့်ပွင့်လင်းလင်းကြေညာလာသည်။ သူဟာ Frestech ကုန်သည်ကြီးများအသင်းက စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းအသစ်များကို ကြိုးကြိုးစားစားထုတ်လုပ်ပြီး ဘန်တာမြို့၏စိုက်ပျိုးရေးက ပိုလို့ပင် တိုးတက်လာစေရန် မျှော်လင့်နေသည်။
ဘန်တာတိုင်းမ်စ်၏ ထိုကိစ္စပေါ်ထွက်လာသည်နှင့် ချက်ချင်းပင်ပျံ့နှံ့သွား၏။ လူတိုင်းကလည်း ထိုအခြေနေကြောင့် အံ့အားသင့်နေကြသည်။
အကြောင်းမှာ ယခင်နှစ်က ကောင့်ထ်စတက်ဂျ်အနေနှင့် ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းအား အာဃာတထားခဲ့ကာ ၎င်းတို့ထံမည်သည့်နားခိုရာမှ မပေးခဲ့ချေ။
သို့သော် ကောင့်ထ်စတက်ဂျ်၏ ထုတ်ပြန်မှုအရ ၎င်းတို့နှစ်ဦးမှာ အတိတ်ရန်ညှိုးများအား ခဝါချ၍ ယခု အတူတကွ အလုပ်လုပ်နေပြီဟု ဆိုလိုနေခြင်းမဟုတ်ပါလား?
နောက်ဖြစ်လာသည်က အားလုံး၏ခန့်မှန်းချက်ကို သက်သေထူလိုက်ပုံပင်။
ကောင့်ထ်စတက်ဂျ်မှ သူ၏အမြင်ကို ဘန်တာတိုင်းမ်စ်၌ ချပြလိုက်ပြီးနောက်နေ့တွင် ပေါ်တာကုန်သည်ကြီးများအသင်းဥက္ကဌ ခီမီလာ ပေါ်တာက ဘန်တာတိုင်းမ်စ်၌ ဆန်ဒီမြစ်နှင့် ရမ်မြစ်တို့ကို ချိတ်ဆက်မည့်တူးမြောင်းစီမံကိန်းအား တစ်ဖန်ပြန်စပြီဖြစ်ကြောင်း ကြေညာလာခဲ့သည်။ ပေါ်တာကုန်သည်ကြီးများအသင်းက တူးမြောင်းရှင်းလင်းရန် လုပ်သားပမာဏအများအပြားကို စုဆောင်းနေခဲ့၏။
ကောင့်ထ်စီယန် မြို့စားဖြစ်နေစဉ်က ရှုယီက ထိုတူးမြောင်းစီမံကိန်းကို အဆိုပြုခဲ့ပြီး ၎င်းမှာ Frestech ကုန်သည်ကြီးများအသင်းနှင့် အမ်ရစ်ကုန်သည်ကြီးများအသင်းတို့အကြားရှိ ပူးတွဲစီမံကိန်းလည်းဖြစ်သည်။
ကောင့်ထ်စတက်ဂျ် မြို့စားဖြစ်လာပြီးနောက်တွင် ထိုတူးမြောင်းစီမံကိန်းအား စစ်ဆေးပြီးနောက် ဘန်တာမြို့သားများ၏ အခွန်များကို ဖြုန်းတီးရန် ဘေးချိန်ထားလိုက်တော့သည်။
ယခုတွင် ပေါ်တာကုန်သည်ကြီးများအသင်းက ထိုသို့ပွင့်လင်းစွာဖြင့် တူးမြောင်းစီမံကိန်းကိုတစ်ဖန်စတင်မည်ဖြစ်ကြောင်းကြေညာလာသော်လည်း ကောင့်ထ်စတက်ဂျ်နှင့် မြို့စားအိမ်တော်က မည်သည်ကိုမှ ပြောမလာပါချေ။ ထိုသည်က ကောင့်ထ်စတက်ဂျ်၏ သဘောထားမှာ ယခင်ကနှင့်ယှဉ်လျှင် အေးဆေးသွားပြီဟု ဆိုလိုသည်။ သို့သော် ၎င်းမကြာခင်တွင် ဘန်တာတိုင်းမ်စ်က နောက်ထပ် အံ့အားသင့်ဖွယ်သတင်းတစ်စကို တင်ပြလာပြန်၏။ Frestech ကုန်သည်ကြီးများအသင်းမှာ ဆန်းဒ်တွန်စက်မှုနယ်ပယ်၌ စိုက်ပျိုးရေးမြေသြဇာစက်ရုံ ထူထောင်မည်ဟုပင်။
လူတိုင်းမှာ ၎င်းကြောင့် အံ့အားသင့်သွားရသည်၊ အကြောင်းမှာ အားလုံးအတွက် Frestech ကုန်သည်ကြီးများအသင်းက ယမန်နှစ် ကောင့်ထ်စတက်ဂျ်၏ ဖိနှိပ်မှုကြောင့် ဘန်တာမြို့သို့ ပြန်မလာလျှင်က ပုံမှန်ဖြစ်ဦးမည်။ သို့သော်ယခုတွင် Frestech ကုန်သည်ကြီးများအသင်းမှာ စက်ရုံသစ်တစ်ခု ဖွင့်မည်သာမက ဘန်တာတိုင်းမ်စ်၌ပင် ထိုမြေဩဇာစက်ရုံအားတကယ်ကိုပင် မြို့စားအိမ်တော်၏အထူးညွှန်ကြားချက်အောက်၌ တည်ထောင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
အားလုံးမှာ ဖြစ်နေသည်များကို နားမလည်နိုင်ကြချေ။ Frestech ကုန်သည်ကြီးများအသင်းထိုသို့ လုပ်ဆောင်နေသည်က မြို့စားအိမ်တော်ထံ တင်ပြနေသည်လား?
သို့သော် အချက်အလက်များက ဘန်တာတိုင်းမ်စ်၏ တင်ပြချက်ကြောင့် ကွဲပြားနေသည်ကို သက်သေပြလိုက်သည်၊ ၎င်းက ထိုမြေဩဇာစက်ရုံမှာ မြို့စားအိမ်တော်နှင့်မဆက်စပ်ဘဲ Frestech ကုန်သည်ကြီးများအသင်းက အပြည့်အဝပိုင်ဆိုင်သည်ဟု ပြောထားပေ၏။
ဒါက... ရှုယီနဲ့ ကောင့်ထ်စတက်ဂျ်မှာ လျှို့ဝှက် သဘောတူညီချက်တစ်ခုရှိနေတယ်လို့ ဆိုလိုတာလား?
ဤသည်က နည်းနည်းလောက်တော့ မဖြစ်နိုင်ပုံပင်...
အားလုံးက ရှုယီနှင့် ကောင့်ထ်စတက်ဂျ်တို့၏ လျှို့ဝှက် သဘောတူညီချက်အကြောင်း မှန်းဆနေကြစဉ်တွင် ထို မြေဩဇာဆိုသည့်အရာ၌လည်း အတော်လေးစိတ်ဝင်စားကြောင်း ဖော်ပြနေကြသည်။
ဘန်တာတိုင်းမ်စ်မှ ထိုမြေဩဇာ၏ မိတ်ဆက်အရ ထိုမြေဩဇာအား လယ်မြေဖွံ့ဖြိုးပြီး သီးနှံအထွက်တိုးရန် သုံးသည်ဟု ဆိုသည်။
အားလုံးမှာ ၎င်းကိုမယုံချေ၊ သီးနှံထွက်နှုန်အား ဆုံးဖြတ်ထားပြီးသားမဟုတ်ပေဘူးလား? အဘယ့်ကြောင့် ထိုမြေဩဇာဆိုသည်ကို ဖြန့်ကျဲလိုက်သည်နှင့် တိုးလာနိုင်မည်နည်း? ဤသည်မှာ အဓိပ္ပာယ်မရှိပုံပင်။
သို့သော် Frestech ကုန်သည်ကြီးများအသင်းအား လေးလေးနက်နက် ယုံကြည်ကြရာ အားလုံးမှာ ကြည့်ရန်သာ စောင့်ဆိုင်းနေကြ၏။
ရက်အနည်းငယ်အတွင်းတွင် မြို့စားအိမ်တော်မှ အမိန့်တစ်ခုက ဘန်တာမြို့အနှံ့ တစ်ဖန်မွှေနှောက်သွားပြန်သည်။
"သူတို့က တကယ်ကြီး ဒီမြေဩဇာဝယ်ဖို့ ငါတို့ကို တွန်းအားပေးနေတာလား? ငါတို့မြို့စားက ဘာတွေတွေးနေတာလဲ?" ဆာခိုဇီက သူ့ရှေ့၌ ယုံကြည်ချက်ရှိရှိပြုံးကာထိုင်နေသော ကန်တိုနာကို ကြည့်ကာ မေးလိုက်၏၊ "ဟေး၊ ကန်တိုနာ, မင်းဒါကိုဘယ်လိုထင်လဲ? အားလုံးပြောကြတာမှန်နေတာလား၊ ဥက္ကဌရှုက အခု စတက်ဂျ်မိသားစုအပေါ်မှီခိုလိုက်ပြီလား?"
ကန်တိုနာက လေ့လာသူတစ်ယောက်၏ရပ်တည်ချက်ကို ထိန်းသိမ်းချင်ရာ အားလုံး၏ တုံ့ပြန်မှုကိုကြည့်လိုက်သော်ငြား ဆာခိုဇီထံမှ ထိုမေးခွန်းကိုကြားသော် တည်ငြိမ်မနေနိုင်တော့ချေ။
"ဘာအဓိပ္ပာယ်မရှိတာတွေပြောနေတာလဲဗျ? အဘိုးဆာခိုဇီ, ကျွန်တော်က ခင်ဗျားကို ဒီလူတွေထက် ပိုထက်မြတ်မယ်ထင်ခဲ့တာ၊ ဘယ်လိုများဒီလိုစကားတွေကို ယုံရတာလဲ?" ကန်တိုနာက မကျေနပ်စွာ နှုတ်ခမ်းများကိုတွန့်ကွေးလျက်၊ "ဥက္ကဌရှုက ကောင့်ထ်စတက်ဂျ်နဲ့ သဘောတူညီမှုတစ်ခုရှိခဲ့ပေမယ့်လည်း ဒါက စတက်ဂျ်မိသားစုကို မှီခိုတာနဲ့ ဘာဆိုင်လို့လဲ? ကျွန်တော်အထင် ဥက္ကဌရှုက မြို့စားအရှင်ကို သူ့ဘက်ဆွဲခေါ်နေတာ အသေချာပဲ။"
အဘိုးအိုဆာခိုဇီက ခေါင်းခါလျက်၊ "ငါ ဒီလိုအရေးကြီးလူတွေရဲ့ကိစ္စကိုဂရုမစိုက်ဘူး၊ ပြောသာပြောပါ၊ ဘာကြောင့် မြို့စားအိမ်တော်က လယ်သမားတိုင်းကို မြေဩဇာဝယ်ဖို့ တိုက်တွန်းနေရတာလဲ? မြို့စားအရှင်က ဥက္ကဌရှုကို မြေဩဇာစက်ရုံကို တွန်းအားပေးဖွင့်ခိုင်းပြီး ငါတို့လယ်သမားတွေရဲ့ငွေတွေ ယူနေတယ်လို့ သံသယဖြစ်နေတဲ့လူ အတော်များတယ်။"
"ထားပါတော့၊ သာမန်လယ်သမားတွေမှာ ငွေဘယ်လောက်များများရှိမှာမို့လဲ? ဥက္ကဌရှုနဲ့ ကောင့်ထ်စတက်ဂျ်က ဒီအကြောင်းကို ဘယ်လိုများ ဂရုစိုက်မှာလဲ?" ကန်တိုနာက ရယ်ရမည်လား ငိုရမည်လားကိုပင် မသိတော့ပါချေ၊ "ဟုတ်ပြီ၊ ကျွန်တော်ရိုးရိုးသားသားပြောပါ့မယ်၊ ဒီမြေဩဇာက တကယ်ကို ပစ္စည်းကောင်းပါ။ ခင်ဗျားတို့ မြို့စားအိမ်တော်က နည်းလမ်းတွေအတိုင်းဖြန့်ကျဲဖို့ပဲလိုတယ်၊ ဒါဆိုရင် ခင်ဗျားတို့ရဲ့ကောက်ပဲသီးနှံတွေက ပုံမှန်ထက်ပိုကောင်းမယ်ဆိုတာ ကျွန်တော် အာမခံပါတယ်။"
"ဒီလောက်အံ့ဩဖို့ကောင်းတာလား?" ကန်တိုနာ စုဝေးထားသည့် ဆာခိုဇီနှင့် အခြားရွာကိုယ်စားလှယ်များမှာ သူ့အား သံသယအကြည့်များဖြင့်ကြည့်လိုက်ကြသည်။
"အဟုတ်ပဲ!" ကန်တိုနာက ခေါင်းငြိမ့်လိုက်ကာ၊ "ကျွန်တော် မကြာခင်ကမှ စတက်တိန်းနယ်မြေကနေ ပြန်လာမှန်းသိတယ်မို့လား? ပြောပြပါ့မယ်၊ ကျွန်တော်ပြန်မလာခင်မှာ Frestechလယ်မြေက ပထမဆုံး ဆန်စပါးရိတ်သိမ်းနေရပြီလေ..."
"အာ? အခုမှ ဆောင်းရာသီပဲရှိသေးတာမဟုတ်လား၊ ဘယ်လိုများ ဆန်စပါးရိတ်သိမ်းမှာလဲ?" လယ်သမားတစ်ဦးက အံ့ဩဟန်ဖြင့်မေးလာသည်။
"ငတုံး၊ သူက စတက်တိန်းနယ်မြေလို့ ပြောတယ်မို့လား၊ အဲ့က ရာသီဥတုက ဒီကနဲ့ မတူဘူးလေ။ ဟုတ်တယ်မလား ကန်တိုနာ?" နောက်ထပ် လယ်သမားတစ်ဦးက ပြောသည်။
"အန်း၊ စတက်တိန်း နယ်မြေက တစ်နှစ်ပတ်လုံးနွေးထွေးတာကြောင့် သူတို့ရဲ့ အအေးဆုံးရာသီက ကျွန်တော်တို့ နွေဦးရာသီနဲ့ အတူတူလောက်ပဲ။ ဒါကြောင့် အဲ့ဒီမှာက လယ်စိုက်ရာသီသုံးရာသီရှိပြီး သီးနှံတွေကလည်း အတော်မြန်မြန်ကြီးထွားကြတယ်လေ။ ကျွန်တော်ပြန်မလာခင်မှာ ဆောင်းတွင်းက စိုက်ပျိုးခဲ့တဲ့ဆန်စပါးတွေကို ရိတ်သိမ်းနေတာ။ သူတို့ဘယ်လောက်ရိတ်သိမ်းခဲ့လဲ ခန့်မှန်းနိုင်လား?"
ကန်တိုနာ၏ မျက်နှာရှိ ဆန်းကြယ်နေဟန်ကိုမြင်သော် အားလုံးမှာ အရေအတွက်က ပုံမှန်ထက်များနေမည်ဟု သိလိုက်ကြသည်။
"ခမာမြို့တော်ရဲ့ စံနှုန်းအရဆိုရင် စပါးကွင်း တစ်ဟက်တာက ကောက်ပဲသီးနှံ နှစ်တန်လောက်ပေးနိုင်တယ်။ မင်းရဲ့အပြုအမူအရ၊ ဒါ့ထက်မြင့်နိုင်မယ်ဆိုတော့ တစ်ဟက်တာကို သုံးတန်ထွက်တာများလား?"
"မဟုတ်ဘူး၊ ပိုမြင့်သေးတယ်။" ကန်တိုနာက အပြုံးဖြင့် ခေါင်းခါလျက်၊"ပြောပြမယ်၊ ဒီနှစ်မှာ လယ်၏မြေနှစ်သောင်းဟက်တာကျော်ကို ရိတ်သိမ်းခဲ့ပြီး ကောက်ပဲသီးနှံ တန်ပေါင်းခုနှစ်သောင်းရခဲ့တယ်။ တစ်ဟက်တာကို လေးတန်ပတ်လည်လောက်ပေါ့!"
"မဖြစ်နိုင်တာ!"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!"
"ဟာသပဲ!"
…...
ဆာခိုဇီအပါအဝင် လယ်သမားအားလုံးမှာ အံ့အားသင့်ကာ ထရပ်လိုက်သည်။
လယ်ကွင်းထဲ၌ နှစ်များစွာနေခဲ့ကြသည့် ၎င်းတို့လို လယ်သမားဟောင်းများအတွက် လယ်မြေမှ ထွက်သည့် သီးနှံပမာဏမှာ များစွာအကန့်အသတ်ရှိသည်။
ဆာခိုဇီမှာ ခမာမြို့တော်၌ ဆန်စပါးအထွက်နှုန်းမှာ တစ်ဟက်တာလျှင် နှစ်တန်စီသာ ထုတ်လုပ်နိုင်သဖြင့် ထိုသို့သာဖြစ်နိုင်သည်ဟု ခန့်မှန်းထားပြီးဖြစ်၏။
ထိုသို့ဖြစ်ရန် ကောက်ပဲသီးနှံကြွယ်ဝရမည်ဖြစ်ရာ ၎င်းက သာမန်အားဖြင့် ရနိုင်ရန် အင်မတန်ခက်ခဲပေသည်။
"ကျွန်တော်က ဘာကြောင့်ဟာသလုပ်ရမှာလဲ? ပြောပါရစေ၊ ဒါက မြေဩဇာရဲ့စွမ်းအားပဲလေ။ လယ်မြေနှစ်သောင်းဟက်တာကျော်ရိတ်သိမ်းခဲ့တာက ကျွန်တော်တို့အားလုံး Frestech ကုန်သည်ကြီးများအသင်းရဲ့ အသစ်ထုတ်မြေဩဇာကိုသုံးပြီး ရလာဒ်က တကယ်ကောင်းလို့ပါ။ ခင်ဗျားတို့မယုံရင် ဘန်တာမြို့က လာတဲ့လူတွေကို သွားမေးလို့ရတယ်။"
"သူတို့က အခု စတက်တိန်းနယ်မြေမှာ ရှိနေတာ၊ ငါတို့က အဲ့လောက်အဝေးကြီးသွားမေးနိုင်မလား?" ဆာခိုဇီက နှာမှုတ်ကာ မေး၏၊ "ဟုတ်ပြီ၊ ကန်တိုနာ, ငါမင်းကိုယုံပြီး Frestech ကုန်သည်ကြီးများအသင်းနဲ့ ဥက္ကဌရှုကိုလည်းယုံတယ်။ မြေဩဇာက ဒီလောက်အသုံးဝင်မှတော့ ငါတို့ ဘန်တာမြို့ရဲ့လယ်သမားတွေကို သုံးခိုင်းပါ့မယ်။ ဒါပေမယ့် ကန်တိုနာ, ဒီမြေဩဇာက ဘာလို့ ဒီလောက်အသုံးဝင်နေရကြောင်း ပြောပြနိုင်မလား?"
"ဟုတ်တယ်၊ ဒါက ဘာကြောင့်လဲဆိုတာပြောပြပါ၊ ဒါဆို တခြားလူတွေကို ပြောပြဖို့လည်း ပိုလွယ်သွားပြီ။"
"အမှန်ပဲ၊ ဒီမြေဩဇာကသာ ဒီလောက်အသုံးဝင်ရင် ဘာလို့ Frestech ကုန်သည်ကြီးများအသင်းက မြန်မြန် မထုတ်လုပ်ခဲ့ရတာလဲ?"
…...
"ဟေး၊ ခင်ဗျားတို့က ဥက္ကဌရှုကို အပြစ်တင်နေတာလား?" ကန်တိုနာက ၎င်းတို့အားကြည့်ကာ၊ "ပြောပြမယ်၊ ဒီမြေဩဇာက ဥက္ကဌရှုအနေနဲ့ နတ်သူငယ်တွေဆီကနေ ခက်ခက်ခဲခဲရဖို့ ကြိုးစားခဲ့တဲ့ လျှို့ဝှက်အမျိုးအမည်ပဲ။ နတ်သူငယ်တွေမှာက အပင်တွေကြီးထွားစေတဲ့နေရာမှာ အစွမ်းအစရှိကြတော့၊ ဒါကို သံသယဝင်လို့မရဘူး မို့လား?"
"နတ်သူငယ်တွေ?" အားလုံးက တစ်ဦးနှင့်တစ်ဦးကြည့်ကာ နားလည်ဟန်ထုတ်ပြလိုက်ကြ၏။
လူတိုင်းမှာ အခြားနည်းနှင့်ရှင်းပြလျှင် သံသယဖြစ်လောက်သော်ငြား မည်သူကမှ နတ်သူငယ်တို့၏ လျှို့ဝှက်အမျိုးအမည်ဟုဆိုလျှင် သံသယဝင်မည်မဟုတ်ချေ။
နတ်သူငယ်များထံ၌ သမိုင်းကြောင်းသောင်းနှင့်ချီရှိရာ ၎င်းတို့က လူသားများထက် အသက်များစွာပိုကြီး၍ မျိုးနွယ်စုလည်းများကြသည်။ လူတိုင်းက နတ်သူငယ်များမှာ အပင်စိုက်ရာ၌ ကျွမ်းကျင်ပြီး မြေရိုင်း၌ပင် သစ်တောတစ်ခုဖန်တီးနိုင်ရာ ၎င်းတို့အတွက် စပါးအထွက်နှုန်းတိုးစေနိုင်သည်က ထူးဆန်းသည့်အရာတော့မဟုတ်ချေ။
အားလုံး၏မျက်နှာထက်ရှိ အမူအရာကိုမြင်သော် ကန်တိုနာက ခေါင်းခါလျက် စိတ်ထဲ၌ သက်ပြင်းချလိုက်သည်။
သူ့အတွက် ရှုယီက နတ်သူငယ်များထံမှ ထိုအရေးကြီးသည့်လျှို့ဝှက်အမျိုးအမည်ကိုရရှိရန် ကြေးကြီးကြီးပေးခဲ့ရနိုင်သည်။
သူသိသလောက် ထိုမြေဩဇာစက်ရုံအား နတ်သူငယ်များမှ ထိန်းချုပ်ထားမည်ဖြစ်ရာ ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းက ထိုမှ မည်သည့်ငွေမှဝင်မည်မဟုတ်ချေ။ ရှုယီက ဘန်တာမြို့ရှိ လယ်သမားများအကြောင်းတွေးရင်း ထိုပြဿနာကိုဖြေရှင်းရန် များစွာ အကုန်ကျခံခဲ့ရသည်။
သို့သော် ထိုသို့ဆိုပါလျှင်တောင် သူဟာ ဘန်တာမြို့၏ လယ်သမားများထံမှ သံသယအဝင်ခံနေရဆဲပင်။ ၎င်းက သူ့အတွက် မထိုက်တန်ဟုပင် ခံစားရစေ၏။
***
မှော်စက်မှုအင်ပါယာ
Vol3, အခန်း ၅၈။ မြို့စားတွေ ထပ်ပြောင်းတာလား?
"ကျုပ်ကိုဒီလိုကြည့်မနေနဲ့တော့၊ ကျုပ်က အဲ့လောက်လည်းတော်မနေသလို ခင်ဗျားထင်နေသလိုလည်း ပျင်းစရာကောင်းမနေဘူး။" ရှုယီက သူ့ရှေ့၌ ထိုင်နေသော ဟားနက်စ်ကိုကြည့်လျက် ခေါင်းခါ၍ပြောလိုက်သည်၊ "ဒါက ကျုပ် ခင်ဗျားကိုဟိုးအရင်ကပြောခဲ့တဲ့ကိစ္စတစ်ခုလုပ်ရုံပါပဲ၊ လယ်သမားတွေကို လွတ်မြောက်စေဖို့လေ။"
"ဒါဆို သူတို့တို့ကို ခင်ဗျားပြောခဲ့တဲ့ မှော်စက်မှုနယ်ပယ်မှာ ရင်းနှီးမြှုပ်နှံခိုင်းမှာလား?" ဟားနက်စ်က ဆက်မေး၏။
"ဟုတ်တယ်" ရှုယီက ခေါင်းငြိမ့်ကာ၊ "ကျုပ်တို့လမ်ပူရီတိုင်းပြည်က လူဦးရေနည်းနေတယ်လို့ မထင်ဘူးလား?",
"နည်းတယ်?" ဟားနက်စ်၏မျက်လုံးများ ပြူးကျယ်သွားကာ၊ "ဘာလို့ကျုပ်က အဲ့လိုမထင်ရတာလဲ? ကျုပ်တို့ လမ်ပူရီတိုင်းပြည်က တိုင်းပြည်အသေးလေးပဲဆိုတော့ လူသန်းပေါင်းများစွာရှိနေတာပဲ၊ ဘာလို့ နည်းတယ်ထင်ရတာလဲ? ခင်ဗျားအနေနဲ့ ကျုပ်တို့လမ်ပူရီတိုင်းပြည်ကို မားလိုအင်ပါယာ ဒါမှမဟုတ် ကန်ဒရာအင်ပါယာတို့နဲ့ လူဦးရေတူစေချင်လို့လား?"
"အဲ့လောက်တော့မလိုပါဘူး၊ ကျုပ်ရဲ့လက်ရှိ တောင်းဆိုမှုတွေအရဆိုရက်တော့ နည်းနည်းလောက် လိုနေရုံပဲ။ ဘန်တာမြို့မှာ လူနှစ်သိန်းကျော်လောက်ရှိနေတာတောင် မလုံလောက်တာကို ခင်ဗျားသတိမထားမိဘူးလား?"
"ဒါပေမယ့် ဒါက ဘန်တာမြို့မှာ အလုပ်အကိုင်က အရမ်းများနေတာမို့လို့လေ။" ဟားနက်စ်က မျက်မှောင်ကျုံ့လျက်ဆို၏။ "ပြီးတော့၊ ဘန်တာမြို့မှာ ဒီအလုပ်ကိုင်အခွင့်အရေးအားလုံးရှိနေတာက ခင်ဗျားရဲ့လုပ်ငန်းစုတွေအနေနဲ့ တိုင်းပြည်ရဲ့တခြားမြို့တွေဆီကို ထုတ်ကုန်တွေရောင်းချပြီး အထောက်အပံ့ပေးနေတာကြောင့်ပဲ။ ခင်ဗျားသာ လမ်ပူရီတိုင်းပြည်တစ်ခုလုံးကို ဘန်တာမြို့အဖြစ် ပြောင်းချင်ရင် ဒီလူတွေအားလုံးကို ဘယ်သူက ထောက်ပံ့ပေးမယ်လို့ထင်လဲ?"
"တခြားတိုင်းပြည်တွေပေါ့။" ရှုယီက ခပ်ဖျော့ဖျော့ပြုံးကာ၊ "လမ်ပူရီတိုင်းပြည်မှာက လူငါးသန်းရှိတာကို မပြောနဲ့ဦး သန်းငါးဆယ်ဆိုရင်တောင် အလွယ်လေးထောက်ပံ့နိုင်တယ်။ ပြီးတော့၊ ကျုပ်က အသက်မွေးဝမ်းကြောင်းတစ်ခုလုပ်တာကိုပဲပြောနေတာမဟုတ်ဘူး၊ ဘဝကောင်းကောင်းမှာ နေထိုင်ဖို့ ပြောနေတာ။"
"ခင်ဗျားရဲ့ အတွေးက...အရမ်းနုံချာမနေဘူးလား?" ဟားနက်စ်က ခေါင်းခါလျက်၊ "ကျုပ်တို့လမ်ပူရီတိုင်းပြည်က စိုင်စ်နယ်မြေမှာ အားကောင်းနေတာမဟုတ်ဘူး။ တခြားတိုင်းပြည်တွေက ကျုပ်တို့ကို အလဟဿကြီး ထောက်ပံ့ပေးဖို့အထိ တုံးအနေမယ်တဲ့လား?"
ရှုယီမှာ ဟားနက်စ်ကိုကြည့်ပြီး စက်မှုတော်လှန်ရေးသည် တိုင်းပြည်တစ်ခုသို့ မည်မျှကြီးမားသော အပြောင်းအလဲအား ဆောင်ကြဉ်းပေးနိုင်သည်ကို ရှင်းပြရန် အလွန်ခက်ခဲမည်ဟု ထင်မိသည်။ သူဟာနားမလည်နိုင်လောက်သောကြောင့် ထိုအကြံကို လက်လျှော့လိုက်ရ၏။
မည်သို့ဖြစ်ဖြစ် ဟားနက်စ်က ဘန်တာမြို့ထံ မြေဩဇာစက်ရုံ၏ သတင်းစုဆောင်းရန် လာရောက်ပြီး ဓာတ်မြေသြဇာနှင့် ပတ်သက်၍ တိုင်းပြည်၏ မြင့်မားသော အချက်အလက်များကို လျှို့ဝှက်စုဆောင်းနေခြင်းပင်။ သူနှင့်အတူ လမ်ပူရီတိုင်းပြည်အား ထိုသို့သက်ရောက်နိုင်မည်တစ်စုံတရာကို ဆွေးနွေးမည့်အစား ဆယ်ဗီနီကို လာရောက်ဆွေးနွေးရန် စောင့်သည်က ပိုကောင်းပေမည်။
ဆယ်ဗီနီကို စဉ်းစားကြည့်ရင်း ရှုယီက အတွေးတစ်ခုပေါ်လာကာ ဟားနက်စ်အား ဘုရင်မ၏လတ်တလော အခြေအနေကို မေးလိုက်သည်။
ယခင်နှစ်က မေဂျာမက်ခ်ကွန်လီနှင့် လာပြီးချိန်ကတည်းက ဆယ်ဗီနီအနေနှင့် ဘန်တာမြို့သို့ မလာသည်မှာ အတော်ကြာပြီပင်။ လုပ်စရာမရှိချိန်တိုင်းလာရောက်တတ်သည့် ဆယ်ဗီနီနှင့်ယှဉ်လျှင် ၎င်းက တကယ်ကို ထူးဆန်းသည်။
"ဒါပေါ့၊ ကောင့်ထ်စတက်ဂျ်က ဒီမှာ မြို့စားဖြစ်နေတော့ ဘုရင်မက လုပ်စရာမရှိချိန်ကျရင် လာမှာမဟုတ်ဘူးလေ။ ဒီအချိန်အတွင်း ကျုပ် အန်ဗီမာမြို့တော်က ထွက်လာတော့ ဘုရင်မက ဆိုဝယ်လ်မြို့ မှာ စစ်ဆေးဖို့ သွားစရာရှိကြောင်းကြားခဲ့တယ်။" ဟားနက်စ်က ရုတ်တရတ် မျက်ခုံးပင့်ပြီး ရှုယီကိုမေးသည်၊ "ဟေး၊ ရှုယီ၊ ဒီကိစ္စက ခင်ဗျားနဲ့ မပတ်သက်နေဘူးလား?"
"ဘယ်လိုများကျုပ်နဲ့ ပတ်သက်နေမှာလဲ?" ရှုယီက မနေနိုင်ဘဲ ပြုံးကာ၊ "ကျုပ်က ဘုရင်မ သွားလို့ရမယ်နေရာကို ဆုံးဖြတ်နိုင်နေလို့လား?"
"ခင်ဗျားက ခင်ဗျားနဲ့မဆိုင်ဘူးလို့ ပြောရဲသေးတယ်? ကျုပ်ကြားတာတော့ ဆိုဝယ်လ်မြို့က စက်မှုနယ်ပယ်တစ်ခု တည်ထောင်ဖို့ပြင်ဆင်နေတာကြောင့်မင်းသမီးလေးက ဒါကိုစစ်ဆေးဖို့ စီစဉ်ထားတာတဲ့လေ။ ပြီးတော့လည်း လက်ရှိဆိုဝယ်လ်မြို့ မြို့စားက ကောင့်ထ်စီယန်ဖြစ်နေတာကို ဒီစက်မှုနယ်ပယ်တည်ထောင်တာက ခင်ဗျားနဲ့မဆိုင်ဘူးလို့ ပြောရဲသေးတာလား?"
"ဘာလို့ကျုပ်က မပြောရဲရမှာလဲ?" ရှုယီက နှာမှုတ်လျက် "ရိုးရိုးသားသားပြောရရင် ကောင့်ထ် စီယန်က သူ့အကြံအတိုင်း စက်မှုနယ်ပယ်တစ်ခု တည်ထောင်နေတာပဲ၊ ကျုပ်သူ့ကို ဘာအကြံမှမပေးထားဘူး။ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ တကယ်ပဲ ဆိုဝယ်လ်မြို့မှာ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်ထားတယ်ဆိုပေမယ့် ဒါကို မလုပ်ခင် အနည်းဆုံး ဒုတိယနှစ်ဝက်ကုန်တဲ့အထိ စောင့်ဖို့လိုသေးတယ်။"
"ပြောရရင်၊ ဒရိက်ခ်နယ်မြေရဲ့ မင်းသမီး ကာရိုလင်းလည်း ဘန်တာမြို့ကို လွန်ခဲ့တဲ့ လအနည်းငယ်တုန်းကလာခဲ့တာ ကျုပ်မှတ်မိတယ်။ ဆိုဝယ်လ်မြို့က ဒရိက်ခ်နယ်မြေနဲ့ နီးကပ်နေတာကြောင့် Frestech ကုန်သည်ကြီးများအသင်း ဆိုဝယ်လ်မြို့မှာ ရင်းနှီးမြှုပ်နှံတာက မင်းသမီးကာရိုလင်းနဲ့များဆိုင်နေလား? အိုင်း၊ ရှုယီ၊ ဒီမင်းသမီးကာရိုလင်းက အရမ်းလှတယ်လို့ ကျုပ်ကြားထားတယ်။ ခင်ဗျား သူ့ဆီမှာ ကျရှုံးသွားပြီလား?"
ဟားနက်စ်၏ လှောင်ပြုံးကိုမြင်သော် ရှုယီမှာ ရယ်ရမည်လား ငိုရမည်လားကိုပင် မသိတော့ချေ။
ထိုလူက တကယ်ကိုလက်ပေါက်ကပ်လှသည်။ သူဟာ ထိုလူအား ထိုကိစ္စကို မပြောခဲ့ဖူးသော်လည်း သဲလွန်စလေးများမှ အချက်အလက်များကို ညွှန်းဆိုလာနေသည်မှာ တကယ်ကို သတင်းထောက်ဖြစ်ဖို့ မွေးလာခြင်းပင်။
သို့သော် ဤကိစ္စမှာ ယာယီအားဖြင့် Frestech ကုန်သည်ကြီးများအသင်းနှင့် ဒရိက်ခ် နယ်မြေအကြားမှ သီးသန့်သဘောတူညီချက်သာဖြစ်သေးရာ ထုတ်ပြရန် မသင့်ချေ။
ထို့အပြင် နောက်ဆုံးတစ်ခေါက် မင်းသမီးလေးကာရိုလင်းနဲ့ တွေ့ဆုံခဲ့ခြင်းက အင်မတန် အနေရခက်လှရာ ရှုယီမှာ ထိုအကြောင်းကို မပြောချင်သဖြင့် မရေမရာသာရှင်းပြလိုက်သည်။
သဘာဝကျစွာပင် ဟားနက်စ်က ၎င်းကိုမယုံဘဲ ဆက်မေးနေသော်ငြား ရှုယီထံမှ ယတိပြတ်ငြင်းဆိုခံခဲ့ရသည်။
ရှုယီ၏ ခိုင်မာသောသဘောထားကိုမြင်သော် ဟားနက်စ်မှာ ရွေးစရာမရှိတော့ဘဲ မြေဩဇာစက်ရုံအကြောင်းကိုသာ အာရုံစိုက်နိုင်တော့သည်။
၎င်းတို့၏ စကားဝိုင်း၌ ရှုယီက ဟားနက်စ်အား လယ်မြေ၌ မြေဩဇာဖြန်းပြီးနောက်တွင် ၎င်းက မူလပမာဏထက် အဆထက်ဝက် သို့မဟုတ် နှစ်ဆပိုထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း ပြောခဲ့ပြီးဖြစ်သည်။ ထို့အပြင် ၎င်းအား Frestech ကုန်သည်ကြီးများအသင်း ငှားရမ်းထားသည့် စတက်တိန်း နယ်မြေရှိ ဟက်တာတစ်သိန်းနယ်မြေဖြင့်လည်း သက်သေပြနိုင်သည်ပင်။
ဟားနက်စ်မှာ ထိုရလာဒ်များကြောင့် အင်မတန်အံ့အားသင့်သွားရာ ရှုယီက အဘယ့်ကြောင့် ဘန်တာမြို့တွင် မြေဩဇာစက်ရုံတည်ဆောင်ရန် ရွေးချယ်ခဲ့သည်ကို များစွာရှုပ်ထွေးနေသည်။ ထို့အပြင် ရှုယီဟာ အဘယ့်ကြောင့် သူနှင့်မျက်မြင်မတွေ့ဖူးသည့် ကောင့်ထ်စတက်ဂျ်နှင့် ပူးပေါင်းရသနည်း။
သူ၏ အမြင်၌ ရှုယီက ထိုသုံးရလွယ်သည့် မြေဩဇာကိုအသုံးပြုနိုင်ရာ မိုးကျတောင်ကြား၌ မြေဩဇာစက်ရုံတည်ဆောက်ပါလျှင် ပမာဏအမြောက်အများ အလွယ်တကူရနိုင်မည်ဖြစ်သည်။
ရှုယီပေးသည့် ရှင်းလင်းချက်၌ သူဟာ ကောင့်ထ်စတက်ဂျ်မှ လယ်ကွင်းထဲ တွန်းအားပေးပြန်ပို့နေသော လယ်သမားများကို လွတ်မြောက်စေချင်သည်။ ထိုလယ်ယာလုပ်သားများကို လွတ်မြောက်စေပြီး မှော်စက်မှုလုပ်ငန်းကို တစ်ဖန်ပြန်လည် ဖွံ့ဖြိုးတိုးတက်စေရန် ပြန်လည်ရင်းနှီးမြှုပ်နှံလိုခြင်းပင်။
ဟားနက်စ်မှာ ၎င်းကို ကောင်းစွာနားမလည်ရာ ရှုယီက သူ့အားရှင်းပြရန် ပျင်းရိလှ၏။
သို့သော် ဟားနက်စ်က ထိုမေးခွန်းတစ်ခုကိုတော့ မမေးနိုင်ခဲ့ချေ။ သူက မေးလိုသည့် မေးခွန်းများအတွက်သာ ပိုအသေးစိတ်မေးမြန်းသည်။
"ယေဘုယျပြောရရင်၊ လယ်မြေ ၁မူမှာ မြေဩဇာဘယ်လောက်လိုလဲ?" ဟားနက်စ်က မှတ်စုစာအုပ်အသေးတစ်အုပ်ထုတ်ကာ ရေးရန်ပြင်၏။
[ မူ = တရုတ် လယ်ယာမြေ အတိုင်းအတာယူနစ်၊ ၁မူ = ၈၀၆.၆၅စတုရန်းကိုက် = ၀.၁၆၅ ဧက = ၆၆၆.၅စတုရန်းမီတာ ]
"ဒါကတော့ သီးနှံနဲ့ အသုံးပြုတဲ့ မြေဩဇာအမျိုးအစားပေါ်မူတည်တယ်၊ ယေဘုယျပြောလို့မရဘူး။" ရှုယီက ပြော၏၊ "ဥပမာ၊ စတက်တိန်းနယ်မြေမှာ ကျုပ်တို့စိုက်ပျိုးတာက 'စပါး'ဆိုတော့ လက်ရှိမှာ နံပါတ်တစ်မြေဩဇာကိုသုံးတယ်။ ကျုပ်တို့၏ စမ်းသပ်မှုတွေအရ လယ်မြေ ၁မူစာအတွက် မြေဩဇာ 'နှစ်ဆယ့်ငါး'ကီလိုဂရမ်ကနေ 'သုံးဆယ်'ကီလိုဂရမ် ပတ်လည်အထိသုံးရတယ်။ ဘယ်လောက်ဖြန့်ကျဲဖို့လိုလဲဆိုရင်တော့ စမ်းသပ်မှုတစ်ချို့ ပိုလုပ်ပြီးနောက်မှာ ဆုံးဖြတ်နိုင်မှာပါ။"
"တစ်မူမှာ နှစ်ဆယ့်ငါးကနေ သုံးဆယ်ကီလိုဂရမ်အထိလိုတယ်ဆိုတော့၊ ကျုပ်တွက်ကြည့်ဦးမယ်... ဒါဆို ဘန်တာမြို့မှာ လိုသလောက်ဆိုရငိ မြေဩဇာတန်သောင်းနဲ့ချီပြီးလိုတာပေါ့? ဒီစက်ရုံက ဒီလောက်သေးတာ၊ ဒီလောက်များများထုတ်လုပ်နိုင်ရဲ့လား?"
ရှုယီက အပြုံးဖျော့ဖျော့ဖြင့်ပြော၏၊ "ခင်ဗျားစိတ်ချလို့ရပါတယ်။ လက်ရှိမှာ မြေဩဇာစက်ရုံရဲ့ လစဉ်ထွက်ကုန်က တန်ပေါင်း ငါးသောင်းကနေ ခြောက်သောင်းအထိရှိတယ်။ ဘန်တာမြို့ရဲ့နွေဦးစိုက်ပျိုးရေးရဲ့ လိုအပ်မှုကို မဖြည့်နိုင်ပေမယ့်လည်း ဆောင်းဦးကောက်ရိတ်ပွဲတော်ရောက်လာရင်တော့ ပြဿနာရှိမှာမဟုတ်ဘူး။"
"ဒါပေမယ့် မြေဩဇာရဲ့အာနိသင်ကသာ ကောင်းရင် တိုင်းပြည်တစ်ခုလုံးက ဒီအရာကို အတော်လိုအပ်လာကြမှာလေ။ ဒီတစ်ရုံတည်းနဲ့ လောက်ပါ့မလား?" ဟားနက်စ်ကမေးသည်။
"ဒီကိစ္စလိုပါသေးတယ်၊ ကျုပ်အခု ဘာကိုမှ အာမ,မခံနိုင်သေးဘူးလေ။" ရှုယီက အပြုံးဖြင့်ဖြေ၏။
ရှုယီမျက်နှာထက်ရှိ လေးနက်သည့်အဓိပ္ပာယ်ရှိသည့်အပြုံးကိုမြင်သော် ဟားနက်စ်မှာ သက်ပြင်းချလိုက်၏။ အနည်းငယ်စဉ်းစားပြီးနောက်၊ မေးလာသည်၊ "ပြီးတော့ ဒီမြေဩဇာကို ခင်များတို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ နတ်သူငယ်တွေကြားမှာ တည်ထောင်ထားတယ်လို့ကြားတယ်။ ကျုပ်တို့ကို အသေးစိတ်ပြောပေးလို့ရမလား?"
"ကျုပ်တို့ရဲ့ ပူးပေါင်းမှုကိုပြောရရင်... တကယ်တော့ အကြံပြုတာ ကျုပ်တို့ဆိုပေမယ့် မြေဩဇာအားလုံးကို နတ်သူငယ်တွေက ထုတ်လုပ်တာဖြစ်ပြီး Frestech ကုန်သည်ကြီးများအသင်းက ဘာကိုမှ မလုပ်ရပါဘူး။" ရှုယီက လက်များကိုဆန့်တန်းကာ၊ "ဒါကြောင့် မြေဩဇာကို ဘယ်လိုလုပ်ကြောင်း ကျုပ်ကိုမေးရင်တော့ ကျုပ်လည်းမဖြေနိုင်ဘူး။"
ဟားနက်စ်ကချက်ချင်းနားလည်သွားကာ ထိုပြဿနာကို ဖယ်ထားလိုက်ရင်း မြေဩဇာစက်ရုံအကြောင်း အခြားမေးခွန်းများမေးလာ၏။
အင်တာဗျူးပြီးနောက်တွင် ရှုယီက ဟားနက်စ်အား နေ့လည်စာစားရန် ဖိတ်ဖို့ စီစဉ်ထားပါသော်လည်း ဟားနက်စ်က ထိုအချိန်အား ကောင့်ထ်စတက်ဂျ်ထံ အင်တာဗျူးရန် ယူလိုကြောင်းပြောကာ ရှုယီ၏ ဖိတ်ခေါ်မှုကို ငြင်းဆန်ခဲ့သည်။
"ဟုတ်သား၊ ရှုယီ ကျုပ်ခင်ဗျားကို သတင်းကောင်းတချို့ ပြောရဦးမယ်။" ထွက်မသွားခင်တွင် ဟားနက်စ်က ရှုယီကိုကြည့်လာကာ၊ "ကျုပ်ကြားထားတဲ့ကောလဟာလတွေအရ၊ အရှင်မင်းမြတ်ကာ ဆုံးဖြတ်ချက်ချပြီးသွားပုံပဲ။ မျှော်လင့်မထားတာတွေသာဖြစ်မလာရင် ကောင့်ထ်စတက်ဂျ်က မြို့စားအဖြစ် ကြာကြာမနေရတော့ဘူးလေ။"
"အိုး?" ရှုယီက အတန်ငယ်အံ့အားသင့်သွားသော်လည်း လုံးဝကြီးတော့ ပျော်ရွှင်မနေပါချေ။
တကယ်တမ်းတွင် ကောင့်ထ်စတက်ဂျ် မြို့စားဖြစ်လာကတည်းက ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းအား ပစ်မှတ်ထားခဲ့ပါသော်လည်း ထိုသည်က ဘန်တာမြို့၏ ဖွံ့ဖြိုးမှုနည်းလမ်းကို ပြောင်းလဲရုံသာ။
Frestech ကုန်သည်ကြီးများအသင်းက ရှုယီ၏ကိုယ်ပိုင်နယ်မြေ မိုးကျတောင်ကြားကို ရွေ့ပြောင်းသွားကတည်းက ဘန်တာမြို့က Frestech ကုန်သည်ကြီးများအသင်းကို ဆုံးရှုံးပြီး ရှုယီမှာလည်း ၎င်းတို့၏ဖွံ့ဖြိုးမှု ရည်မှန်းချက်ကိုပြောင်းလဲခဲ့သည်။
ယခုတွင် Frestech ကုန်သည်ကြီးများအသင်းမှာ ဆန်နက်မြေရိုင်းနှင့် စတက်တိန်းနယ်မြေတို့၌ အုတ်မြစ်ချနေပြီဖြစ်ရာ ၎င်းက ဤသည်နှင့် ဆက်စပ်နေသည်ဟု ဆိုနိုင်သည်။
ကောင့်ထ်စတက်ဂျ်၏ သဘောထားက လတ်တလောကမှ ပြောင်းလဲလာရုံမက ရှုယီနှင့် သဘောတူညီချက်များကိုလည်း လက်ခံလာသည်ပင်။
သူ့အား မြို့စားနေရာအစားထိုးခြင်းဖြင့် ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းအား ဘန်တာမြို့ရှိ အစီစဉ်များ၌ ရှိလာမည့် ပြဿနာများစွာမှ ကယ်တင်နိုင်သည်ဆိုပါသော်လည်း ၎င်းက Frestech ကုန်သည်ကြီးများအသင်းအတွက် များစွာ အထောက်အကူဖြစ်မည်တော့မဟုတ်ပေ။
ထို့အပြင် ထိုသို့သောအချိန်တိုလေး၌ မြို့စားပြောင်းလဲပါလျှင် ဘန်တာမြို့၏ ဖွံ့ဖြိုးမှုကို အသေအချာပင် ရိုက်ခတ်နိုင်၏။
ရှုယီ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ မြို့စားအသစ်က ကောင့်ထ်စီယန်ကဲ့သို့ ဘန်တာမြို့တစ်ခုလုံးအတွက် စဉ်းစားပေးကာ ၎င်း၏ ကိုယ်ပိုင်အကျိုးအမြတ်ကို ဂရုမစိုက်မည့်သူဖြစ်ရန်ပင်။
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၅၉။ ဘာကြောင့် လယ်စိုက်မှာလဲ?
ဧပြီလသို့ရောက်လာသည်နှင့် ဘန်တာမြို့အပြင်ဘက် လယ်မြေများ၌ အဝါရောင်ဂျုံခင်းကြီးဖြင့် အရောင်ဆိုးထားပြီဖြစ်သည်။
လယ်မြေများ ပြန်လည်ကောင်းမွန်လာပြီးနောက် ဘန်တာမြို့တွင် သဘာဝဘေးအန္တရယ် ကြီးကြီးမားမားမရှိသရွေ့ ရေထိန်းသိမ်းရန် အထောက်အကူပြုပစ္စည်းများအပြင် အခြားစိုက်ပျိုးရေးမှော်စက်များ၏အကူအညီဖြင့် နှစ်စဉ် ကြွယ်ဝသော ကောက်ပဲသီးနှံခင်းကြီး ရှိနေပေလိမ့်မည်။
သို့သော် ထိုသို့သော ကြွယ်ဝသည့် ကောက်ပဲသီးနှံများနှင့် ကြုံရသော် ဘန်တာမြို့အပြင်ဘက်ရှိ လယ်သမားများမှာ မပျော်ရွှင်ကြချေ။ ထိုအစား အများစု၌ စိတ်ဓာတ်ကျနေဟန်များပင် ရှိနေသည်။
နာရီဝက်ခန့် ကုန်ဆုံးပြီးနောက်တွင် တစ်ဆယ်ကီလိုမီတာအဝေးရှိ လုခီကျေးရွာမှ စက်ဘီးစီးနင်းလာသော ဘယ်ထရိုမှာ မက်စီလန်ကျေးရွာသို့ ဝင်ရောက်လာသည်။ သူ၏ဘေးပတ်လည်ရှိ ဂျုံခင်းကိုမြင်ပြီးသော် တုန်တုန်ယင်ယင်ဖြင့် နင်းရန်ပင် မေ့သွားကာ စက်ဘီးပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်ခဲ့သည်။
သူ့ကိုယ်သူထိန်းနိုင်လိုက်၍သာ တော်သေး၏။ ဘယ်ထရိုမှာ ဝယ်ယူရန် နှစ်လလောက် စုဆောင်းခဲ့ရသည့် သူ၏အဖိုးတန်စက်ဘီးလေးကို လုံးလုံးလျစ်လျူရှုကာ ဂျုံခင်းထဲသို့ ပြေးဝင်သွားတော့သည်။ ရောက်သော် တုန်ယင်နေသည့်လက်များဖြင့် ဂျုံပင်ကို ထိကိုင်ကြည့်လိုက်သည်။
ဂျုံ၏ လေးလံသောအထိအတွေ့ကိုခံစားရသော် ဘယ်ထရိုမှာ တုန်တုန်ရီရီဖြင့် ဆဲရေးလျက် ပြန်လှည့်လိုက်၏။ သူက စက်ဘီးကိုဆွဲယူကာ အားအပြည့်ဖြင့် နင်းလျက် မက်စီလန်ကျေးရွာ၏ မနီးမဝေးသို့ ဦးတည်သွားသည်။
ဘယ်ထရိုက စက်ဘီးအား ရူးသွပ်စွာ စီးနင်းလာသည်ကိုမြင်သော် မက်စီလန်ကျေးရွာသားများက လမ်းဖယ်ပေးလိုက်ကြ၏။ ဆဲရေးပြီးနောက် ထိုစီးနင်းလာသူမှာ ဘယ်ထရိုဖြစ်သည်ကို မြင်ကြသော် သူ့အား စတင်ရယ်မောကြရာ လှောင်ပြောင်ခြင်းအတိပြည့်နေ၏။
ရွာသူရွာသားများ၏ ရယ်မောသံကိုကြားသော် ဘယ်ထရို၏မျက်နှာက နီရဲလာသော်လည်း ၎င်းတို့ကို ဥပေက္ခာပြုထားလိုက်သည်။ သူဟာ ရွာစွန်ရှိ အသစ်ဆောက်လုပ်ထားပုံရသော နှစ်ထပ်အိမ်အရှေ့၌ စက်ဘီးကိုရပ်ကာ ခုန်ဆင်းလိုက်ပြီး တံခါးဆီသွားလိုက်သည်။
"ဟေး၊ ဆာခိုဇီ, ထွက်လာပါဦး!"
ဘယ်ထရို၏ အော်ခေါ်သံကိုကြားရာ အဘိုးအိုဆာခိုဇီက ခပ်သာသာမျက်မှောင်ကုပ်လျက် ဒုတိယထပ်မှ ဆင်းလာ၏။
ဘယ်ထရိုကို မြင်သော် ဆာခိုဇီက ရယ်မောလိုက်၏။ ထို့နောက် ဘယ်ထရိုထံ လက်ညှိုးထိုးကာ ဆူပုပ်နေဟန်ဖြင့် ပြောလေသည်၊ "ဘာလဲ? ဘယ်ထရို, မင်းအရှုံးကို ဝန်ခံဖို့ ရောက်လာတာလား?"
ဘယ်ထရို၏ မှောင်မိုက်နေသောမျက်နှာက ပို၍ပင် မှုန်မှိုင်းလာကာ ရှေ့တိုးရင်း ဆာခိုဇီ၏ အင်္ကျီကော်လံကိုဆွဲလာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏၊ "ဆာခိုဇီ, ခင်ဗျား! ကျုပ်တို့တွေ နှစ်ပေါင်းများစွာ မိတ်ဆွေဖြစ်လာပြီး ခင်ဗျားလည်း မြေဩဇာကသုံးလို့ အဆင်ပြေမယ်မှန်းသိရင် ဘာလို့ကျုပ်ကို ကောင်းကောင်းမရှင်းပြခဲ့တာလဲ! အခုတော့ ကောင်းရော ကျုပ်တို့ လုခီကျေးရွာက ခင်ဗျားတို့မက်စီလန်ကျေးရွာရဲ့ ကောက်ပဲသီးနှံတစ်ဝက်တောင်မရဘူး၊ ခင်ဗျားပျော်ရဲ့လား?"
အဘိုးအို ဆာခိုဇီမှာ မျက်မှောင်ကုပ်ကာ ဘယ်ထရို၏ လက်ကောက်ဝတ်ကို ဖိကိုင်၍ သူ့အားလွှတ်စေလိုက်သည်။ သူဟာ အေးစက်စက်နှာမှုတ်ကာဆို၏၊ "ဘယ်ထရို, ငါတို့ မိတ်ဆွေဟောင်းတွေဆိုကတည်းက မင်းရဲ့ ဒေါသကြောင့် မင်းနဲ့ငါ အခုရန်ဖြစ်မှာ မဟုတ်ဘူး။ ဒါပေမယ့် မင်းသိသင့်တယ်၊ ငါတို့ရွာက Frestech ကုန်သည်ကြီးများအသင်းဆီကနေ မြေဩဇာမှာမယ့်အကြောင်း မင်းကိုပြောပြီး မင်းတို့ လုခီကျေးရွာရော နည်းနည်းပါးပါးယူချင်လားမေးတော့ မင်းကပဲ မယုံကြည်ရတဲ့ မြေဩဇာတွေကို ယူဖို့ ဆန္ဒမရှိကြောင်းပြောခဲ့တာလေ။ အခုမှ မင်းကို ကောင်းကောင်းမရှင်းပြဘူးဆိုပြီး လာအပြစ်တင်နေတာလား? ဘာလဲ? ငါ့ကို အပြစ်တင်ချင်တာလား?"
ဘယ်ထရိုမှာ အဘိုးအို ဆာခိုဇီထံ ဒေါသတကြီးကြည့်လိုက်ရာ အဘိုးအို ဆာခိုဇီလည်း မည်သည့်အားနည်းချက်မှမပြဘဲ ပြန်ကြည့်၏။
တစ်ခဏကြာသော် ဘယ်ထရိုက လေလျော့သွားသော ပူဖောင်းနှယ် နှံဘေးရှိထိုင်ခုံ၌ စိတ်ဓာတ်ကျနေဟန်ဖြင့် ထိုင်ချလိုက်သည်။ ထို့နောက် သူ့ခေါင်းအား သူ့ဘာသာ ပြန်ထုနှက်နေ၏
"ငါအဲ့တုန်းက ဘာလို့ ဒီလောက်တုံးအရတာလဲ! ဘာလို့ ဒီမြေဩဇာက အသုံးဝင်တာကို မယုံခဲ့ရတာလဲ? ငါက ရွာသားတွေကို နာကျင်စေခဲ့တာပဲ! ငါကတကယ်ကို ငတုံးပဲကွာ!"
ဘယ်ထရိုက မိမိကိုယ်ကို ပြစ်တင်ကြိမ်းမောင်းနေသည်အား မြင်သော် ဆာခိုဇီမှာ သူ၏ ကျိုးကြောင်းမသင့်သောထွက်ပေါ်လာမှုကို မေ့လျော့သွားသည်။ အနည်းငယ် တွေးတောပြီးနောက် သူ၏နံဘေး၌ထိုင်ချကာ ပခုံးပုတ်လျက် နှစ်သိမ့်ပေးလိုက်၏၊ "ဟုတ်ပြီ၊ မင်း နွေဦးအတွက်တော့ လွဲသွားပေမယ့် ဆောင်းဦး ကောက်ရိတ်ပွဲကိုစောင့်လို့ရပါသေးတယ်။ ဘာပဲဖြစ်ဖြစ် Frestech ကုန်သည်ကြီးများအသင်းက သူတို့ရဲ့ မြေဩဇာအပင်တွေက နွေဦးမှာ တစ်မြို့လုံးအတွက် လုံလုံလောက်လောက်ထုတ်လုပ်နိုင်ပေမယ့်လည်း ဆောင်းဦးမှာလည်း ဘာပြဿနာမှရှိမှာမဟုတ်ဘူးလို့ပြောတယ်။ ငါ ကန်တိုနာကို မင်းတို့လုခီကျေးရွာအတွက်ပါ မှာပေးဖို့ ပြောထားလိုက်မယ်။"
ဘယ်ထရိုမှာ အဘိုးအို ဆာခိုဇီအား မိမိကိုယ်ကိုအပြစ်တင်မှု နာကျင်မှုတို့ဖြင့် မော့ကြည့်လာသည်။
"ဒါပေမယ့် ကျုပ်တို့ရွာရဲ့ နွေဦးစိုက်ပျိုးခြင်းက ပြီးပြီလေ။ ခင်ဗျားသိလား၊ အရင်က ကျုပ် မြေဩဇာဝယ်ဖို့ ဘယ်လိုတောင်ငြင်းထားကြောင်း ရွာကလူတွေသိတော့ အားလုံးကျုပ်ကို ကျိန်ဆဲနေကြတယ်လေ။ ကျုပ်တို့တစ်မိသားစုလုံးလည်း အခုဆို အပြင်မထွက်ရဲကြတော့ဘူး!"
"ဖီ! မယဉ်ကျေးတဲ့လူတွေပဲ၊ ဘာလို့ဂရုစိုက်နေတာလဲ?" အဘိုးအို ဆာခိုဇီက နှုတ်ခမ်းများကိုရွဲ့လျက် စိတ်ပျက်စွာဖြင့်၊ "စိတ်အေးအေးထား၊ ဆောင်းဦးကျလာရင် မင်းတို့ရွာက မြေဩဇာဝယ်ဖို့ ပထမဆုံးရမယ်လို့ ငါသူတို့ကိုသွားပြောရင် မင်းဆီလာပြီး ဖားယားနေကြမယ်ဆိုရင် ယုံမှာလား?"
ဘယ်ထရို၏မျက်နှာက ရှုံ့တွသွားသည်။ သူက ထောက်ခံချင်ပါသော်လည်း သူတို့က တစ်ရွာတည်းသားများဖြစ်နေရာ တည့်တိုးဆန်နေ၍ မရသဖြင့် နေရခက်စွာသာရယ်လိုက်တော့သည်။
"ဘာပဲပြောပြော၊ ကျုပ်က ရွာရဲ့နွေဦးကောက်ရိတ်ပွဲကို အခြားရွာတွေထက်ပိုဆိုးစေခဲ့သူလေ၊ သူတို့ကျိန်ဆဲနေကြတာက ပုံမှန်ပါပဲ။"
"အဓိပ္ပာယ်မရှိတာ!" အဘိုးအို ဆာခိုဇီက ယဉ်ကျေးမှုတစ်စမှမပြဘဲ ကျိန်ဆဲလိုက်၏၊ "ငါပြောသားပဲ၊ မင်းတို့ရွာက လူတွေအားလုံး ခေါင်းမာကြတာမဟုတ်လား? ဘယ်ခေတ်ရှိနေပြီလဲ၊ သူတို့က လယ်ကွင်းထဲမှာပဲ လယ်စိုက်နေတော့မှာလား? ပြောပြမယ်၊ မင်းဘယ်လောက်ပဲ ကောက်ရိတ်ရိတ် ဘာမှအရေးမပါဘူး! မင်းငှားဖို့အတွက်နဲ့ ရောင်းဖို့အတွက် ဆန်စေ့တွေပေးဖို့ မလိုရင်တောင် ငွေဘယ်လောက်များများဝင်မှာမို့လဲ?"
"ခင်ဗျားဒီလိုပြောလို့မရဘူးမို့လား?" ဘယ်ထရိုက ငြင်းခုံလိုက်ကာ၊ "ကြည့်ပါဦး၊ ကျုပ်တို့မိသားစုက လယ်မြေခုနှစ်မူကိုငှားရမ်းခဲ့ပြီး ကောက်ရိတ်ရနိုင်တာ ပေါင်နှစ်ထောင်ကျော်ပဲရှိတယ်။ အားလုံးရောင်းထွက်ရင်တောင် ရွှေဒင်္ဂါးဆယ်ပြားကျော်ပဲရမှာ။ မြေဩဇာသုံးခဲ့ရင် ရွှေဒင်္ဂါးသုံးဆယ်ပတ်လည်လောက်ရနိုင်မယ့် ဆန်စပါးပေါင်လေးထောင်လောက် ရလောက်တယ်။ မြေဩဇာမရှိဘဲနဲ့ ရွှေဒင်္ဂါးဆယ်ပြားကျော်ဆုံးရှုံးလိုက်ရတာ ဘယ်လိုလုပ် မနာကျင်ဘဲ နေမလဲဗျာ?"
"ဒါကြောင့် မင်းတို့ကို ခေါင်းမာတယ်လို့ပြောတာ။ ရွှေဒင်္ဂါးသုံးဆယ်က များလို့လား?" အဘိုးအို ဆာခိုဇီက အပြုံးဖြင့်ဆိုလိုက်သည်၊ "နောက်ဆုံးတစ်ခေါက်တုန်းက မင်းငါ့ကိုပြောခဲ့တာ မင်းရဲ့ကလေးက ကမ်မရွန်ကုန်သည်ကြီးများအသင်းမှာ အလုပ်ရပြီး တစ်လကို ရွှေဒင်္ဂါးဆယ်ပြားကျော်ဝင်တယ်ဆို? အခု ရွှေဒင်္ဂါးဆယ်ပြကျော်လေးပေါ်မှာ ရူးသွပ်နေရတာ ရှက်ဖို့ကောင်းတယ်လို့ မထင်ဘူးလား?"
"ဒါက..." ဘယ်ထရိုက အနည်းငယ် နေရခက်ဟန်ပေါ်သွားကာ၊ "မတူဘူးလေ၊ သူက သူ့ငွေသူဝင်တာကြောင့် ကျုပ်က ပျင်းလို့မရဘူး။ လယ်ယာတွေက အနည်းဆုံးတော့ ခင်ဗျားရဲ့ တစ်မိသားစုလုံးကို ကျွေးနိုင်ကြောင်း အာမခံနေတာပဲ မဟုတ်လား?"
"ငါမင်းကို ခေါင်းမာတယ်လို့ ပြောခဲ့တုန်းက မယုံနိုင်ဖြစ်သွားတယ်မို့လား?" အဘိုးအို ဆာခိုဇီက သူ့အားစိုက်ကြည့်ကာ၊ "မင်းလယ်စိုက်ချင်ရင် ဘာလို့ ကန်တိုနာ ကုန်သည်ကြီးများအသင်းကိုမသွားတာလဲ? ဒါမှမဟုတ် Frestech ကုန်သည်ကြီးများအသင်းအတွက် လယ်စိုက်ဖို့ စတက်တိန်းနယ်မြေဆီသွားပါလား။ မင်း စားစရာအတွက် ဘာငွေမှမကုန်တဲ့အပြင် ရွှေဒင်္ဂါးတစ်ရာလည်းရဦးမှာ။ ဒါက လယ်မြေ မူ'နည်းနည်းလေးကို စောင့်ကြည့်တာထက် ပိုကောင်းတယ်မဟုတ်ဘူးလား?"
"ဒါပေမယ့် ဒါက လုံခြုံတယ်လို့ ကျုပ်မခံစားရဘူး... အဲဒီ့နေရာတွေမှာ တစ်ခုခုဖြစ်ရင် လယ်မြေကို စွန့်ရမှာ..."
"အဓိပ္ပာယ်မရှိတာ။ မင်း လုံခြုံမှုအကြောင်းပြောချင်ရင် မျိုးရိုးမြင့်သခင်တစ်ယောက်အောက်မှာ လယ်စိုက်တာကရော လုံခြုံလို့လား? အမှာစာတချို့ ကျလာရင် သူတို့က လယ်မြေကို ပြန်ယူချင်ယူမှာပဲ။ မင်းက လယ်မြေကို သိမ်းထားရင်တောင် ငှားတဲ့အနေနဲ့ ငွေလည်းပေးရမယ့်အပြင် မင်းမိသားစုကိုကျွေးမွေးဖို့လည်း ခက်မှာဆိုတော့၊ ဘာလုပ်နိုင်မှာမို့လဲ? ဥပမာ၊ မင်းကလေးက လက်ထပ်ရမယ့်အရွယ်ရောက်နေပြီလေ၊ သူ့ကို လယ်စိုက်ရင်း လက်ထပ်ဖို့ ကူညီနိုင်မှာလား?" အဘိုးအို ဆာခိုဇီက မေး၏။
ဘယ်ထရိုက ခါးသက်စွာရယ်လိုက်ကာ၊ "ကျုပ်တကယ်ပဲ မတတ်နိုင်ပါဘူး။ အဲ့ကလေးက အခြားရွာက မိန်းကလေးတစ်ယောက်ကိုသဘောကျနေပေမယ့် သူတို့မိသားစုကလည်း ကျုပ်တို့ကို Frestechအမှတ်တံဆိပ် အိမ်သုံးမှော်ပစ္စည်းတွေပြည့်တဲ့ အိမ်ရှိစေချင်နေတာ။ ကျုပ်က အဲ့လောက်ငွေအများကြီး ဘယ်လိုထုတ်နိုင်မှာလဲ? ကျုပ်ကလေးက ကမ်မရွန်ကုန်သည်ကြီးများအသင်းမှာ သေလုအောင် အလုပ်လုပ်နေတာက ဒီလက်ထပ်ပွဲအတွက် ငွေထုတ်ချင်လို့ပဲမဟုတ်လား?"
"ဒါကြောင့် ငါပြောပါတယ်၊ မူ'အတော်ကျယ်ဝန်းတဲ့လယ်မြေကို စောင့်ရှောက်နေတာက ဘာအနာဂတ်မှမရှိဘူး၊ ဒါပေမယ့် မင်းက ဘာကြောင့် ဒီလယ်မြေကို ဒီလောက်ဂရုစိုက်နေရတာလဲ? အထွက်နှုန်းတိုးဖို့ မြေဩဇာကျဲရင်တောင်မှာ ဘာအသုံးဝင်မှာလဲ? ငွေလုံးဝရမှာမဟုတ်ဘူး၊ တစ်ခုခုလုပ်တာက ပိုမကောင်းဘူးလား။"
"ဒါပေမယ့် လယ်စိုက်တာထက်... ကျုပ်ကဘာကိုလုပ်နိုင်ဦးမှာလဲ?" ဘယ်ထရိုက ရှုပ်ထွေးနေဟန်ဖြင့်မေးလေ၏၊ "ပြီးတော့၊ ဒီက လယ်မြေကိုချန်ထားဖို့ကလည်း မကောင်းဘူး၊ ကျုပ်နှစ်စဉ်ငှားခပေးဖို့ လိုသေးတယ်..."
"ဒါက အရမ်းရိုးရှင်းပါတယ်၊ ဒါကို ကန်တိုနာကုန်သည်ကြီးများအသင်းဆီ ပေးလိုက်။ မင်းဘာကိုမှဂရုစိုက်ဖို့မလိုဘဲ နှစ်စဉ် ကန်တိုနာကုန်သည်ကြီးများအသင်းဆီကနေ ငွေနည်းနည်းဝင်နိုင်ပြီး ငှားခကို ကန်တိုနာကုန်သည်ကြီးများအသင်းက ပေးလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် မင်းဘာသာ လယ်စိုက်နေတာထက်တော့ ပိုကောင်းတယ်။" အဘိုးအို ဆာခိုဇီက လက်ယမ်းကာ ပြောသည်၊ "မင်းလယ်မစိုက်ရင် ဘာလုပ်ရမလဲဆိုတာကတော့... ပိုလို့တောင်ရိုးရှင်းသေးတယ်။ အခု မြို့တော်မှာ လုပ်ငန်းစုပေါင်းများစွာရှိနေတော့၊ တစ်ခုဆီသွားပြီး လက်မှုပညာကိုလေ့လာ၊ ပြီးရင်အလုပ်တစ်ခုရှာပေါ့။ တစ်လစီဆိုရင်တော့ အရမ်းမများပေမယ့် အနည်းဆုံး တစ်လကို ရွှေဒင်္ဂါးဆယ်ပြားလောက်ဝင်ဖို့တော့ ပြဿနာမရှိပါဘူး။"
"ဒါပေမယ့်... ကျုပ်က ဒီလောက်အိုနေပြီ၊ ကျုပ်မလေ့လာနိုင်ရင်ဘယ်လိုလုပ်မလဲ..." ဘယ်ထရိုက စိုးရိမ်နေသံဖြင့်ပြောသည်။
"မင်းဘာလို့ မလေ့လာနိုင်ရမှာလဲ?" ဆာခိုဇီက သူ့အားကြည့်ကာ၊ "ငါပြောမယ်၊ ဒါကမင်းထင်သလောက်မခက်ပါဘူး။ ငါ မိုးကျတောင်ကြားက Frestech ကုန်သည်ကြီးများအသင်းရဲ့ အလုပ်ရုံတွေဆီသွားခဲ့တော့ အဲ့လူတွေက အရမ်းကိုရိုးရှင်းတဲ့အလုပ်ပဲလုပ်နေကြတာပါ။ ကြည့်ရတာ ကိစ္စတစ်ချို့ကို ထပ်ခါထပ်ခါလုပ်ဖို့ပဲ လိုတဲ့ပုံပဲ၊ နည်းစနစ်ကို လေ့လာဖို့လိုတာက လူတချို့ပဲရှိတာ။ မင်းအနေနဲ့ ဘာနည်းစနစ်ကိုမှ လေ့လာဖို့မလိုဘဲ သာမန်အလုပ်နဲ့ဆို ပြဿနာမရှိလောက်ဘူး၊ ဟုတ်တယ်မို့လား? မင်းဒါကို မလုပ်နိုင်ရင်တောင် အင်အားတွေ ရှိနေသေးတယ် မဟုတ်လား? သွားပြီး အမ်ရစ်ကုန်သည်ကြီးများအသင်းမှာ အလုပ်လုပ်လိုက်။ အမ်ရစ်ကုန်သည်ကြီးများအသင်းက ဆန်ဒီမြစ်မှာ အလုပ်စနေပြီး လူတွေစုဆောင်းနေတာပဲ မဟုတ်လား၊ မင်းသွားပြီး ကြိုးစားကြည့်လို့ရတယ်။"
ဆာခိုဇီပြောသည်များကိုကြားသော် ဘယ်ထရို၏ မျက်နှာထားက တဖြည်းဖြည်းကြည်လင်လာကာ မျှော်လင့်ချက်နှင့် စိတ်လှုပ်ရှားမှု အရိပ်အယောင်တချို့က မျက်လုံးများထဲ ပေါ်လာ၏။
ဆာခိုဇီ မှန်ပါ၏၊ ဤခေတ်က ကွဲပြားသည်။ သူတို့ကဲ့သို့ သာမန်လယ်သမားများအတွက် အိမ်၌ နေပြီး နေထိုင်ဖို့ရန် လယ်မြေများကိုသာ စောင့်ကြည့်ဖို့ မလိုတော့ချေ။
Frestech ကုန်သည်ကြီးများအသင်းဖြစ်စေ အခြားလုပ်ငန်းစုဖြစ်စေ ဘန်တာမြို့၌ အလုပ်အကိုင်များစွာရှိသည်။ လိုအပ်သည့် စွမ်းအင်၊ အချိန် သို့မဟုတ် အရေးကြီးဆုံး ဝင်ငွေဖြစ်စေ ၎င်းတို့အားလုံးက လယ်စိုက်ခြင်းထက်တော့ ပိုကောင်းပါ၏။
ထိုသို့ဖြစ်လာကတည်းက သူဟာ အဘယ့်ကြောင့် လယ်ပဲဆက်စိုက်နေရမည်နည်း?
၎င်းကိုတွေးရင်း ဘယ်ထရို၏ ဒေါသ၊ မိမိကိုယ်ကိုယ်အပြစ်တင်စိတ်နှင့် ပူပန်မှုတို့မှာ တမုဟုတ်ချင်းပျောက်ကွယ်သွားသည်။ ထိုသည်က သူ့ထံ၌ ရုတ်တရတ်ယုံကြည်မှုတစ်ခုရှိလာပြီး ရှေ့ဆက်ရမည့်လမ်းကြောင်းက ပွင့်သွားသလိုပါပင်။
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၆၀။ မထွက်ခွာခင်ဝယ်
ဤနှစ် ဘန်တာမြို့ရှိ နွေဦးကောက်ရိတ်သိမ်းခြင်းရလာဒ်မှာ တောက်ပနေသည်။
ယခင်နှစ် နွေဦးကောက်ရိတ်သိမ်းချိန်၌ ဘန်တာမြို့တွင် ရိတ်သိမ်းရရှိခဲ့သော ဂျုံစေ့များမှာ တန်ပေါင်း ၆သိန်းသုံးသောင်းရှိခဲ့၏။ ၎င်းက များပြားလှနေပြီဖြစ်ရာ လမ်ပူရီတိုင်းပြည်၏ အရှေ့ပိုင်းအဆင့်များတွင် ဝင်ခဲ့သည်။ ဘန်တာမြို့ကဲ့သို့ လမ်ပူရီတိုင်းပြည်၏အဆင့်များအောက်ခြေ၌ရှိသော မြို့လေးတစ်မြို့အတွက် ထိုသည်က ရယူရန်ခက်ခဲ့သည့် လုပ်ဆောင်ချက်ပင်။ လူတိုင်းက ဘန်တာမြို့မှာ စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းများ၏အကူအညီဖြင့် ၎င်း၏ အလားအလာအလုံးစုံကို တူးထုတ်ပြီးဖြစ်ရာ ဤအရေအတွက်ထက် မပိုနိုင်တော့ဟု ပြောကြသည်။
သို့သော် ဤနှစ် ဆောင်းဦးကောက်ရိတ်သိမ်းပွဲပြီးနောက် မြို့စားအိမ်တော်က ဂျုံစေ့တန်ပေါင်း ရှစ်သိန်းခုနှစ်သောင်းအထိ ရိတ်သိမ်းခဲ့ကြောင်း တင်ပြလာခဲ့သည်!
ဤသည်က ယခင်နှစ်ကထက် တန်ပေါင်း နှစ်သိန်းလေးသောင်းပင် ပိုများနေ၏!
ကောင့်ထ်စီယန်၏ လယ်ယာမြေ မြှင့်တင်ရေး စီမံကိန်းကြောင့် လွန်ခဲ့သည့် နှစ်မတိုင်မီက ဖွင့်လှစ်နိုင်ခဲ့သော လယ်မြေများအားလုံးကို Frestech ကုန်သည်ကြီးများအသင်း၏ စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းများအကူအညီဖြင့် လယ်မြေအားလုံးကို ဖွင့်လှစ်နိုင်ခဲ့ကြောင်းသိရသည်။ ယခုတွင် ဘန်တာမြိုတော်၌ နှစ်တိုင်း နေရာတိုင်းတွင် တတ်နိုင်သမျှ ဂျုံများစိုက်ပျိုးနေကြပြီဖြစ်၏။
ထို့ကြောင့် သီအိုရီအရ၊ ဘန်တာမြို့၏ ဂျုံစေ့အထွက်နှုန်းမှာ မနှစ်ကပင် ထိပ်ဆုံးသို့ ရောက်နေပြီဖြစ်သည်။
ထိုအံ့ဩဖွယ်အရွေ့အတွက် အကြောင်းပြချက်တစ်ခုသာရှိပြီး ၎င်းမှာ Frestech ကုန်သည်ကြီးများအသင်းထံမှ အရေးကြီးသည့် ထုတ်ကုန် မြေဩဇာပါပင်။
နွေဦး ကောက်ရိတ်ပွဲတော်၌ အချက်အလက်များအရ၊ မြေဩဇာကိုအသုံးပြုသည့် လယ်ယာများမှာ မြေဩဇာမသုံးသည့် လယ်မြေများထက် အရေအတွက် ပိုမိုများပြားစွာ ထုတ်လုပ်ပေးခဲ့သည်။
အကြီးကျယ်ဆုံးအပိုင်းမှာ လယ်မြေတစ်မူက သီးနှံပမာဏ နှစ်ဆနီးနီး ထောက်ပံ့ခြင်းပင်။
ဆောင်းရာသီအတွင်း၌ ခိုရိုကျေးရွာ၊ ခမ်ဘီယာကျေးရွာနှင့် မက်စီလန်ကျေးရွာတို့၏ ခေါင်းဆောင်မှုအောက်၌ ကျေးရွာများစွာက မြေဩဇာကို အသုံးပြုခဲ့ကြသည်။ ၎င်းတို့ရရှိသည့် နောက်ဆုံးရလာဒ်မှာ လယ်ကွင်းများ၌ သုံးသော မြေဩဇာမှလာ၏။
မြို့စားအိမ်တော်၏ တွက်ချက်မှုများအရ ဘန်တာမြို့၏ လယ်မြေများအားလုံး မြေဩဇာကို အသုံးပြုပါလျှင် ဘန်တာမြို့၏ ရာသီစာဂျုံစေ့ထွက်နှုန်းမှာ ခန့်မှန်းခြေ တန်ပေါင်း တစ်သန်းကျော်သွားနိုင်သည်။
ထိုသည်က အင်မတန်ထိတ်လန့်ဖွယ်အရေအတွက်ပင်။
အတိတ်က ဘန်တာမြို့၏ ဂျုံစေ့အထွက်နှုန်းမှာ တန်ပေါင်းနှစ်သိန်းမျှသာရှိပြီး ယခုတွင် တန်ပေါင်းတစ်သန်းကိုပင် ကျော်လွန်နိုင်နေ၏။
ထိုပြောင်းလဲမှုသာ လမ်ပူရီတိုင်းပြည်တဝှမ်းပျံ့နှံ့သွားပါလျှင် ထိုသို့သော အံ့ဩဖွယ်အထွက်နှုန်းဖြင့် ၎င်းတို့၏ မြို့သားများကို အလွယ်တကူကျွေးထားနိုင်ရုံမျှမက များစွာပင် ပိုလျှံနိုင်သေး၏။
ဘန်တာမြို့သားများစွာ၏ အမြင်တွင် ထိုသို့ လုံလုံလောက်လောက်စားနိုင်သည်ကပင် လမ်ပူရီတိုင်းပြည်အတွက် အဆင်ပြေဖြစ်နေပြီဖြစ်ရာ ပိုလျှံမှုကရှိနေခြင်းက မယုံနိုင်ဖွယ်ပင်။
သို့သော် ရှုယီ၏ အမြင်၌ ထိုသည်က ပုံမှန်ဖြစ်သည်။
လမ်ပူရီတိုင်းပြည်က တိုင်းပြည်ငယ်သာဖြစ်သော်လည်း မြေပထဝီအနေအထားအင်မတန်ကောင်းမွန်လေသည်။ ၎င်း၏နယ်မြေအများစုမှာ လယ်စိုက်ရန်သင့်လျော်ပြီးအများစုသည် မြေပြန့်ဖြစ်သောကြောင့် အကြီးစားစိုက်ပျိုးမှုအတွက် သင့်တော်သည်။
ထိုသို့သော လမ်းကြောင်းကောင်းကောင်းဖြင့် ၎င်းတို့ကိုယ်ကိုပင် မကျွေးနိုင်လျှင်သာ ဟာသဖြစ်ပေမည်။
ပုံမှန်အားဖြင့်ပြောရလျှင် လမ်ပူရီတိုင်းပြည်မှာ ဂျုံစေ့များတင်ပို့သည့် တိုင်းပြည်ကြီးတစ်တိုင်းပြည်ဖြစ်သင့်ပေ၏။ လမ်ပူရီတိုင်းပြည်က အတန်ငယ်ဝေးလံသည်ကတော့ မှန်ပါသည်။ ကုန်ကုန်ပြောရလျှင် ဤ၂နှစ်အတွင်း လမ်ပူရီတိုင်းပြည်မှာ စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းများ၏ အကူအညီဖြင့် ၎င်းတို့တိုင်းပြည်သားများ၏အခြေခံကိစ္စရပ်များကို ဖြေရှင်းနိုင်ပြီဖြစ်သည်။
ယခုတွင် ဘန်တာမြို့ရှိ ဂျုံစေ့ထွက်နှုန်းက တိုးလာပါသော်လည်း ပိုလျှံသည်များက ဖြုန်းတီးမှုမဖြစ်ပါချေ။
ရိတ်သိမ်းခဲ့သည့် ဂျုံစေ့တန်ပေါင်း ရှစ်သိန်းခုနှစ်သောင်းထဲမှ ခြောက်သိန်းနှစ်သောင်းအား မြို့စားအိမ်တော်သို့ လွှဲပေးပြီး တန်ပေါင်းငါးရာကိုမူ တိုင်းပြည်၏ 'ကျီ'ထဲထည့်ရန် စိုက်ပျိုးရေးဌာနသို့ ပေးပို့ခဲ့၏။ နောက်ဆုံး တန်ပေါင်း တစ်သိန်းနှစ်သောင်းအား မြို့စားအိမ်တော်က ထိန်းသိမ်းထားသည်။
သို့သော် လက်တွေ့တွင် ၎င်းအား မည်သို့ အသုံးချမည်က မြို့စားအိမ်တော်၏ ပြဿနာဖြစ်သည်။
ဘန်တာမြို့မှာ ဂျုံစေ့တန်ပေါင်း နှစ်သိန်းသာ ရိတ်သိမ်းနိုင်ခဲ့ချိန်တွင် မြို့စားအိမ်တော်က တန်ပေါင်း တစ်သောင်း နှစ်သောင်းပတ်လည်သာရကာ ၎င်းက ခြင်းတောင်းထဲမှ ထွက်ကျရုံမျှသာ။ လူတိုင်းအား မျှဝေပြီးနောက်တွင်မူ မည်သည်မှ မကျန်တော့ဘဲ အသုံးစရိတ်အတွက် ထောက်ပံ့ရန်ပင် ၎င်းမှ ခွဲပေးရန်လိုအပ်နေသေး၏။
ယခုတွင် ၎င်းတို့ထံ၌ တန်ပေါင်း တစ်သိန်းနှစ်သောင်းကျော်ရှိနေရာ မြို့စားအိမ်တော်မှာ မည်သို့ဆောင်ရွက်ရမည်ကိုပင် မသိတော့ချေ။
ယခင်ကသာဆိုလျှင် အင်မတန်ရိုးရှင်းလှသည်။ ၎င်းတို့မှာ ဂျုံစေ့များကို ရောင်းလိုက်ရုံသာဖြစ်ပြီး မြို့စားအိမ်တော်၏ အသုံးစရိတ်အတွက် ပေးရန် ရွှေဒင်္ဂါးသောင်းနှင့်ချီရနိုင်မည်ဖြစ်၏။
သို့ရာ၌ ကောင့်ထ်စတက်ဂျ်မှာ ဘန်တာမြို့ရှိ စီးပွားရေးအား ပိုမိုလက်ခံလာလေရာ၊ နှစ်စကတည်းက ဘန်တာမြို့၏ စီးပွားခွန်က တိုးပွားလာလေသည်။ ဧပြီလတစ်လစာတည်းနှင့် အမြတ်ခွန်မှာ ရွှေဒင်္ဂါးတစ်သိန်းနီးနီးရှိနေပြီပင်။
ထို့ကြောင့် ဘန်တာမြို့၌ မည်သည့်ဘဏ္ဍာငွေဖိအားမျှမရှိနေရာ ထိုဂျုံစေ့များကို နေရာတကာ လိုက်ရောင်းနေ၍ မသင့်တော်ချေ။
ထို့ကြောင့် ၎င်းကိုစဉ်းစားပြီးနောက် ကောင့်ထ်စတက်ဂျ်မှာ အဓိကအားဖြင့် ထိုဂျုံစေ့အပို တန်ပေါင်းတစ်သိန်းနှစ်သောင်းကို သိုလှောင်ရန် ဘန်တာမြို့အပြင်ဘက်၌ 'ကျီ'တစ်ခု တည်ဆောက်လိုက်၏။ သူဟာ ထိုနေရာကို စောင့်ကြပ်ရန် မြို့စောင့်အချို့ကိုပင် လွှတ်ထားသေးသည်။
မြို့တစ်မြို့၏ အပြင်ဘက်၌ 'ကျီ'တစ်ကျီဆောက်လုပ်ခြင်းက လမ်ပူရီတိုင်းပြည်အတွက် ပထမဆုံးပါပင်။
ကောင့်ထ်စတက်ဂျ်၏ အကြံကို သတိပြုမိသော် ချီးမွမ်းသူများနှင့် အတိုက်အခံပြုသူများလည်းရှိကြ၏။
သူ့အား ချီးမွမ်းကြသူများမှာ ကောင့်ထ်စတက်ဂျ်၏ အပြုအမှုက အနာဂတ်ကိုပြည့်ပေးခြင်းဖြစ်ပြီး ဘန်တာမြို့၏ တည်မြဲမှုကို သေချာစေကြောင်း ပြောကြသည်။ ဘန်တာမြို့သာ ကပ်ဆိုးနှင့်ကြုံပြီး အငတ်ဘေးကျရောက်ပါလျှင် ထိုဂျုံစေ့တန်ပေါင်းတစ်သိန်းနှစ်သောင်းက ထိုကမောက်ကမများကြား အကြီးမားဆုံးမျှော်လင့်ခိက်ဖြစ်လာလိမ့်မည်။
၎င်းကိုဆန့်ကျင်သူများကမူ ကောင့်ထ်စတက်ဂျ်၏ လုပ်ရပ်က အင်မတန် တကိုယ်ကောင်းဆန်သည်ဟု ဆိုကြ၏။
ဘန်တာမြို့တွင် ထိုမျှပိုလျှံနေသည့် ဂျုံစေ့များရှိရာ အဘယ့်ကြောင့် စိုက်ပျိုးရေးဌာနထံ မပေးဘဲ အညီအမျှ ခွဲဝေခြင်းမပြုရသနည်း? ၎င်းတို့အား ဂျုံစေ့နည်းပါးသည့် နေရာများသို့ ထောက်ပံ့ပေးလျှင် ပိုကောင်းမည်မဟုတ်ပေဘူးလား?
ဤအငြင်းပွားမှုနှင့်ပတ်သက်၍ တိုင်းပြည်၏မြို့များသည် ၎င်းတို့၏ ဂျုံစေ့များကို သိမ်းဆည်းသင့်သည်ဖြစ်စေ မထိန်းသိမ်းသင့်သည်ဖြစ်စေ လူတို့သည် ကောင့်ထ်စတက်ဂျ် ကို ပုန်ကန်ရန် စိတ်ကူးရှိကြသည်ပင်။
ထို့နောက် လတစ်ဝက်အကြာတွင် တော်ဝင်လွှတ်တော်ထံမှ အမိန့်စာက လူတိုင်း၏ပါးစပ်ပေါက်များကို ပိတ်ချလိုက်သည်။
ထိုအမိန့်က အင်မတန်ရိုးရှင်းလှသည်၊ အကြောင်းမှာ ၎င်းက လွှဲပြောင်းမိန့်ဖြစ်သောကြောင့်ပင်။ ၎င်းက ပြောထားသည်မှာ ဘန်တာမြို့ရှိ ကောင့်ထ်စတက်ဂျ်၏ ထူးချွန်သော လုပ်ဆောင်မှုကြောင့် တော်ဝင်လွှတ်တော်မှာ ဂရုတစိုက်တွေးတောပြီးနောက်တွင် သူ့အား မြောက်ဘက် လော်ရန်မြို့တော်၏မြို့စားအဖြစ်လွှဲပြောင်းပေးမည်ဖြစ်သည်။ သူ၏အားကောင်းသောစိုက်ပျိုးရေးဖွံ့ဖြိုးမှု အစွမ်းအစများက လော်ရန်မြို့၏ စိုက်ပျိုးရေးပြဿနာများအား ကူညီနိုင်လိမ့်မည်ပင်။
ထိုလွှဲပြောင်းမိန့်က အင်မတန်ရိုးရှင်းလှသော်လည်း အလွန်စိတ်လှုပ်ရှားစရာ ကောင်းလှသည်။
ဦးဆုံးမှာ အချိန်ဖြစ်၏။
ကောင့်ထ်စတက်ဂျ်အနေနှင့် လွန်ခဲ့သည့် ဇူလိုင်လက ဘန်တာမြို့၏ မြို့စားအဖြစ်လာရောက်ခဲ့ပြီး ဤသည်က နောက်နှစ် မေလဖြစ်ရာ မြို့စားဖြစ်ခဲ့သည်မှာ ဆယ်လသာရှိသေးသည်။
သူ့အား အချိန်တိုလေးအတွင်း ပြောင်းရွှေ့ခြင်းက သူဟာ မြို့စားဖြစ်ရန် မသင့်တော်ဟု ဆိုလိုခြင်းမဟုတ်ပါလား?
သို့သော် ကောင့်ထ်စတက်ဂျ်၏ ရာထူးအသစ်ကိုကြည့်ပါလျှင် သူ့အား နှိမ့်ချလိုက်မည်မဟုတ်သည်ကို တွေ့နိုင်သည်။
အကြောင်းမှာ လော်ရန်မြို့တော်က မြောက်ဘက်ရှိ အကြီးဆုံးမြို့များထဲမှတစ်မြို့ဖြစ်ပြီး ယင်းမြို့၏မြို့စားတာဝန်က ဘန်တာမြို့၏မြို့စားတာဝန်ထက် များစွာပိုကောင်းလေသည်။ ထိုသည်က ကောင့်ထ်စီယန်အား ဆိုဝယ်လ်မြို့၏မြို့စားအဖြစ်ပြောင်းရွှေ့ချိန်တုန်းကနှင့် တူညီနေရာ ရာထူးမြှင့်ပေးခြင်းဟု ယူဆနိုင်သည်။
အားလုံး အင်မတန်သံသယဖြစ်နေကြသည်က တော်ဝင်လွှတ်တောထံမှ ထိုပြောင်းရွှေ့မိန့်မှာ ကောင့်ထ်စတက်ဂျ်အား ချီးကျူးရန်လား နှိမ့်ချသည်လားကိုပင်။
ပို၍ သတိထားနေစေသည်မှာ ထိုပြောင်းရွှေ့မိန့်၌ ကောင့်ထ်စတက်ဂျ်တွင် အားကောင်းသည့်စိုက်ပျိုးရေးဖွံ့ဖြိုးမှုစွမ်းရည်များရှိသည်ဟု ပြောထားရာ ၎င်းတို့အနေနှင့် သူ့အား လော်ရန်မြို့တော်၏မြို့စားအဖြစ် စိုက်ပျိုးရေးဖွံ့ဖြိုးမှုပြဿနာကို ဖြေရှင်းပေးလိုခြင်းဖြစ်ရမည်။ ၎င်း၌ မည်သည်ကိုမှ ဖော်ပြထားခြင်းမရှိချေ။
ထိုသည်က ကောင့်ထ်စီယန်ရရှိခဲ့သည့် ပြောင်းရွှေ့မိန့်နှင့် လုံးဝကွဲပြားနေ၏။
မှန်ပါ၏၊ အပြင်လူများက မည်သို့ဆွေးနွေးသည်ဖြစ်စေ၊ အတွင်းဇာတ်လမ်းလှိုင်းဂယက်များက မည်မျှ စွမ်းအားကြီးခြင်းဖြစ်စေ အရေးမပါဘဲ ကောင့်ထ်စတက်ဂျ်မပြောင်းရွှေ့ခင်နေ့ရက်များတွင် ဘန်တာမြို့က သာမန်အတိုင်းသာ ဆက်သွားနေသည်။
ကောင့်ထ်စတက်ဂျ်က ကုန်သွယ်ရေးလှုပ်ရှားမှုများ၌ ဖိနှိပ်မှုကို လျှော့ချပေးလိုက်ကြောင်း မကြေညာခဲ့သော်လည်း သူ၏ အေးဆေးနေဟန်နှင့် ထွက်ခွာမည့်ကောလဟာလများကို အခြေခံ၍ ထက်မြက်သောကုမ္ပဏီများက အလွန်လျင်မြန်စွာ တုံ့ပြန်လာခဲ့ကြသည်။
ဘန်တာမြို့မှာ ထိုင်းမှိုင်းသွားသော်လည်း လွန်ခဲ့သည့် နှစ်လအတွင်း တဖြည်းဖြည်း ပိုမိုအသက်ဝင်လာခဲ့သည်။ လမ်းမများရှိစင်များပေါ်တွင် ရောင်စုံ ကုန်ပစ္စည်းများ ခင်းကျင်းပြသထားသည့် ဈေးဆိုင်ငယ်၊ ဈေးဆိုင်ကြီးများ ပြန်လည်ဖွင့်လှစ်လာကြပြီး လမ်းများပေါ်တွင် လူများဖြင့် ပြည့်နေပြန်သည်။
ဘန်တာမြို့တစ်ခွင်မှာ ကောင့်ထ်စတက်ဂျ်မလာခင်က ၎င်း၏ တိုးတက်မှုကိုပြန်လည်ရရှိလာဟန်ပင်။
မြို့စားအိမ်တော်အပြင်ဘက်လမ်းများ၌ လူများကိုမြင်သော် ကောင့်ထ်စတက်ဂျ်မှာ သက်ပြင်းချလိုက်သည်။ သူက ပထအဆုံးအကြိမ်ဆင့်ခေါ်ခံထားရသည့် ရှုယီကို အင်မတန်ရှုပ်ထွေးနေဟန်ဖြင့် လှည့်ကြည့်လာ၏။
ခဏကြာ တိတ်ဆိတ်နေပြီးနောက် ကောင့်ထ်စတက်ဂျ်မှာ ဖြည်းညင်းစွာ ခေါင်းခါကာ ဆိုလိုက်၏၊ "ရှုယီ၊ ဂုဏ်ပြုပါတယ်၊ မင်းနိုင်သွားပြီ။"
ရှုယီ၏အမူအရာကပြောင်းလဲကာ ကူကယ်ရာမဲ့စွာပြုံးလိုက်၏။ သူက ညင်သာစွာဖြင့် ဖြေဆိုလိုက်သည်၊ "မြို့စားအရှင်၊ ခင်ဗျားက ကျုပ်တို့ရဲ့အလောင်းအစားကို ပြောနေတာဆိုရင်တော့ ခင်ဗျားမှန်တယ်လို့ ကျုပ် ယုံကြည်ချက်ရှိရှိပြောနိုင်ပါတယ်။ ဒါပေမယ့် တခြားတစ်ခုဆိုရင်တော့... ကျုပ်သဘောမတူရဲဘူးဗျာ။"
ကောင့်ထ်စတက်ဂျ်က မျက်မှောင်ကုပ်လျက်၊ "ဘာလဲ? ကျုပ်ကို ပြောင်းရွှေ့တာ မကျေနပ်ဘူးလား?"
ရှုယီက အတန်ကြာတိတ်ဆိတ်နေကာ အလေးအနက်ပြောလိုက်သည်၊ "မြို့စားအရှင်၊ ကျုပ်ဒီလိုပြောတာမဟုတ်မှန်း ခင်ဗျားသိသင့်တယ်။ ခင်ဗျားရဲ့ရည်ရွယ်ချက်က ကျုပ်နဲ့မတူပေမယ့်လည်း ခင်ဗျားရဲ့ ဘန်တာမြို့ကို တိုးတက်စေမယ့် အတွေးတွေကို ကျုပ်လက်ခံပါတယ်။ ဒီနေရာမှာ ဘာအနိုင်အရှုံးမှမရှိဘူး၊ ဘာကြောင့်လဲ ဆိုတော့ ကျုပ်တို့ရဲ့ရည်ရွယ်ချက်ပန်းတိုင်တွေက တူညီနေလို့ပဲ။ မတူတာဆိုလို့... နည်းလမ်းပဲရှိတယ်။"
"နည်းလမ်း?" ကောင့်ထ်စတက်ဂျ်က ကိုယ့်ကိုယ်ကိုယ်လှောင်ပြောင်ဟန် တစ်ချက်ပြုံးလိုက်၏။ အတန်ကြာ တွေးတောပြီးနောက်၌ သူက လက်ယမ်းကာ ပြောလာသည်၊ "ဟုတ်ပြီ၊ ဒီထဲမှာ ဘာအဓိပ္ပာယ်မှမပါ,ပါဘူး။ ကျုပ် ခင်ဗျားကို ဒီလာဖို့ ဖိတ်လိုက်ရတာက ကျုပ်လည်း ထွက်သွားတော့မှာဆိုတော့ နောက်ဆုံးအနေနဲ့ ခင်ဗျားကို မေးခွန်းတချို့ မေးချင်လို့ပါ။ ပထမမေးခွန်းက ရှုယီ၊ ခင်ဗျား ကိုယ့်ကိုယ်ကိုယ် ကုန်သည်လို့ဆက်ဆံလား မျိုးရိုးမြင့်လို့ ဆက်ဆံလား?"
ရှုယီက အသာမျက်မှောင်ကုပ်လိုက်၏။ ထိုမေးခွန်းမှာ ၎င်းတို့ ပထမဆုံးအကြိမ် တွေ့ဆုံချိန်က ကောင့်ထ်စတက်ဂျ်မှ အလေးထားပြီး မေးလာသည့် တစ်ခုပင်။ ကြည့်ရသည်မှာ သူက ထိုမေးခွန်းအား အမြဲတေးမှတ်ထားပုံရသည်။
"ပထမဆုံး၊ ကျုပ်က လူတစ်ယောက်ပါ၊ ပြီးတော့ လမ်ပူရီတိုင်းပြည်ရဲ့ ပြည်သူ၊ ဘန်တာမြို့ရဲ့မြို့သား၊ နောက်ဆုံးမှာတော့ ကျုပ်က ကုန်သည် ဒါမှမဟုတ် မျိုးရိုးမြင့်တစ်ဦးပါ။ ပြီးတော့ ဒီကိုယ်ရေးအချက်လက်နှစ်ခုက ကျုပ်အတွက် တကယ်ကို ဘာအဓိပ္ပာယ်မှမရှိဘူးလေ။ မြို့စားအရှင်၊ ခင်ဗျား ဒီအဖြေကို စိတ်တိုင်းကျရဲ့လား?"
ကောင့်ထ်စတက်ဂျ်က ခေါင်းတစ်ချက်ငြိမ့်ကာ၊ "ကျုပ် ခင်ဗျားရဲ့ဆိုလိုရင်းကို နားလည်ပါတယ်။ ကြည့်ရတာ ကျုပ်တကယ်ပဲ ခင်ဗျားကို လျှော့တွက်ခဲ့ပုံပဲ၊ ခင်ဗျားရဲ့ရည်မှန်းချက်က ကျုပ်ထင်ထားတာထက် ပိုကြီးတယ်။ ဒါပေမယ့် ရှုယီ၊ ကျုပ်မထွက်ခွာခင်မှာ တစ်ခုသတိပေးရဦးမယ်။ ကုန်သည်တွေနဲ့ မျိုးရိုးမြင့်တွေက ကွဲပြားကြတယ်၊ ခင်ဗျားမှာ ဒါကို ရွေးချယ်ရမယ့်တစ်နေ့ရှိလာလိမ့်မယ်။"
ရှုယီလည်း ပခုံးတစ်ချက်တွန့်လျက်၊ ထောက်ခံခြင်းမပြုသလို ငြင်းဆိုခြင်းလည်း မပြုချေ။
ရှုယီ၏ ထူးမခြားနားတုံ့ပြန်မှုကို မြင်သော် ကောင့်ထ်စတက်ဂျ်က မအံ့ဩသွားပေ။ သူက ခေါင်းငြှိမ့်၍ မေးလိုက်၏၊ "ဒုတိယမေးခွန်းက၊ ရှုယီ ခင်ဗျားတကယ်ပဲ မင်းသားလေး အဲရစ်ကို မျက်နှာသာမပေးဘူးလား?"
ရှုယီ၏ ပုံမှန်မျက်နှာထားက တမုဟုတ်ချင်း လေးနက်သွားကာ မျက်လုံးများကိုမှေးကျဉ်းလျက် ကောင့်ထ်စတက်ဂျ်ထံကြည့်လိုက်သည်။
ကောင့်ထ်စတက်ဂျ်က ဤအချိန်၌ ထိုသို့သော ထိလွယ်ရှလွယ်မေးခွန်းကို မေးလိုက်သည်မှာ မည်သည့်အဖြေကို လိုချင်နေပါသနည်း?