← Chapters

အခန်း (၆၁-၇၀)

Vol. 3 Ch. 61-70

အခန်း (၆၁-၇၀)

Vol. 3 Ch. 61-70

Vol 3, အခန်း ၆၁။ အလယ်အလတ်တန်းစား

ကောင့်ထ်စတက်ဂျ်က မည်သည့်အဖြေကိုလိုချင်သည်ဖြစ်စေ၊ ရှုယီက မည်သည်မှဖြေဆိုမည်မဟုတ်ချေ။

ထိုသည်က ရှုယီပေးသင့်သည့် တုံ့ပြန်မှုပါပင်။ သူဟာ မင်းသမီးလေးဆယ်ဗီနီအား ထောက်ပံ့လိုပါလျှင်တောင် မင်းသားလေးအဲရစ်ထံ မယုံကြည်မှု၊ ငြင်းပယ်လိုမှုများ ဖော်ပြ၍မရနိုင်‌ချေ၊ ထိုသို့ဆိုပါက အရိုအသေတန်မည် ဖြစ်ပေ၏။

ကောင့်ထ်စတက်ဂျ်က ရှုယီနှင့် ရိုးရိုးသားသားပြောနေခြင်းဖြစ်ပါလျှင်တောင် ရှုယီအနေဖြင့် သူ၏ ခံစားချက်အစစ်အမှန်များကို စတက်ဂျ်မိသားစုနှင့် ရှေးရိုးစွဲအဖွဲ့မှ တစ်ယောက်ယောက်ထံ ထုတ်ပြ‌နိုင်မည်ဟု မယုံကြည်‌နိုင်ချေ။

နောက်ဆုံးတွင် ၎င်းတို့နှစ်ဦးမှာ မတူညီသည့်ဘက်၌ ရှိကြသည်ပင်။ ၎င်းတို့၏ ဆုံးဖြတ်ချက်များက ၎င်းတို့၏ ကိုယ်ပိုင်အတွေးအမြင်များမှမလာပါချေ။

အထူးသဖြင့် စတက်ဂျ်မိသားစုအား ကိုယ်စားပြုသည့် ကောင့်ထ်စတက်ဂျ် ကဲ့သို့ တစ်စုံတစ်ဦးဖြစ်သည်။ သူပြောသမျှ စကားလုံးတိုင်းနှင့် မေးသမျှမေးခွန်းတိုင်းမှာ စတက်ဂျ်မိသားစု၏ ဆန္ဒအား ကိုယ်စားပြုသည်လည်းဖြစ်နိုင်၏။

ထို့ကြောင့် ရှုယီက ဤမေးခွန်းကိုမဖြေဘဲ မရေမရာ သဘောထားသာထုတ်ပြခဲ့သည်။ သူဟာ ယခင်က မင်းသားလေးအဲရစ်နှင့် မဆုံဖူးရာ ထိုမင်းသားလေးအား လုံးဝနားမလည်သလို မျက်နှာသာပေးမည်လား မပေးမည်လားကို အတပ်မပြောနိုင်ချေ။

ရှုယီ၏အဖြေကို သတိပြုမိသောအခါ ကောင့်ထ်စတက်ဂျ်မှာ အင်မတန်စိတ်ပျက်သွားသော်လည်း အနည်းငယ် စိတ်အေးသွားရသည်ပင်။ သူဟာ ဆက်မမေးတော့ဘဲ စကားဝိုင်းအပြီးမသတ်ခင် Frestech ကုန်သည်ကြီးများအသင်း၏ နောက်အစီစဉ်များအကြောင်းကိုသာ မေးလာသည်။

မြို့စားအိမ်တော်မှ ထွက်ခွာချိန်တွင် ရှုယီမှာ တစ်စုံတရာအား လွဲသွားသလိုခံစားနေရ၏။

သို့သော် အသေအချာစဉ်းစားကြည့်ပါက သူ့အတွက် ကောင့်ထ်စတက်ဂျ်ထံမှ တစ်စုံတရာကို လွဲသွားမည်မှာ မဖြစ်နိုင်ချေ။ ထို့ကြောင့် ရှုယီမှာ ၎င်းကိုတွေးရုံသာတွေးလျက် ယင်းမေးခွန်းအား လက်လျှော့လိုက်သည်။

မြို့စားအိမ်တော်မှ ထွက်ခွာလာပြီးနောက် ရှုယီမှာ ဖာဆန်ရထားလုံးလုပ်ငန်းစုထံဦးတည်လိုက်သည်။ ထို့နောက် ရုံးခန်းထဲတွင် အလေ့အထအရ လဘက်ရည်မြည်းစမ်းကြည့်နေသော ဥက္ကဌပွန်ဖီးကို တွေ့ရန် သွားလိုက်သည်။

ဥက္ကဌပွန်ဖီးမှာ ရှုယီကို မြင်သော် အင်မတန်ဝမ်းမြောက်သွား၏။ သူဟာ ရှုယီအား လဘက်ရည်အချို့မြည်းစမ်းစေချင်သော်ငြား ရှုယီမှ တစ်စုံတရာပြောလိုက်ပြီးနောက်တွင် သူ၏ခန္ဓာကိုယ်နှင့် မအပ်စပ်သော သွက်လက်မှုက သူ့အား ထခုန်မိ‌စေသည်။

"ဘာ? မှော်ကားကို ထုတ်လုပ်ပြီးပြီ?" ဥက္ကဌပွန်ဖီးက ရှုယီထံ မျက်လုံးပြူးကာကြည့်ရင်း မျက်နှာက အံ့အားသင့်ပျော်ရွှင်မှုဖြင့် ပြည့်နှက်သွားသည်၊ "တကယ်ကြီး? ဘယ်နေရာမှာလဲ? မြန်မြန်ကျုပ်ကို ကြည့်ဖို့ ခေါ်သွားပေးပါဦး!"

ရှုယီက ဖျော့တော့စွာပြုံးလျက် လက်ညှိုးကိုကွေးရင်း ခေါ်လိုက်ရာ ဥက္ကဌပွန်ဖီးလည်း အပြုံးဖြင့်လိုက်လာ၏။

သို့သော် ရှုယီက ဥက္ကဌပွန်ဖီးအား မိုးကျတောင်ကြားရှိ မှော်စက်ပစ္စည်းထုတ်လုပ်ရေးဌာနထံသို့ ချက်ချင်းခေါ်မသွားချေ။ ထိုအစား ဆန်ဒီမြစ်ကမ်းနံဘေး၌ အမ်ရစ်ကုန်သည်ကြီးများအသင်း ဖော်ဆောင်နေသော ရေကြည်ကောင်းကင်ပြာနယ်မြေထံ ခေါ်ဆောင်သွားလိုက်သည်။

ထိုမြစ်ကမ်းမှာ ပြောင်းလဲပြီးဖြစ်ရာ အနီးဝန်းကျင်က အတော်လေးသန့်ရှင်းနေ၏။ ထိုမြစ်ကမ်းနံဘေးရှိ ၎င်းနယ်မြေငယ်လေးတွင် Frestech ကုန်သည်ကြီးများအသင်းမှ ဒီဇိုင်းဆွဲထားသည့် နည်းပညာသစ်မှော်အခန်းများရှိသည့် ဗီလာများဖြင့် ပြည့်နှက်နေသည်ပင်။

၎င်းတို့အား နည်းပညာသစ်မှော်အခန်းများဖြင့် ဖွဲ့စည်းထားသောကြောင့် ထိုအိမ်များမှာ အိမ်သုံးမှော်စက်ပစ္စည်းများနှင့် ပြည့်နှက်နေကာ မှော်သလင်းကျောက်ပုံကြီးကိုလည်း စားသုံးနေလောက်သည်။ ဤနေရာ၌ နေထိုင်သည့် လူများမှာ မတူညီသော ဘဝမျိုးဖြင့် အလုံးစုံကို တွေ့ကြုံရလိမ့်မည်ပင်။

သာမန်လူများအတွက် ထိုနည်းပညာက အင်မတန်သစ်လွင်ရုံတင်မကဘဲ အင်မတန်လက်တွေ့လည်းကျနေ၏။

ထို့ကြောင့် အမ်ရစ် ကုန်သည်ကြီးများအသင်းက ၎င်းဗီလာများအား ရွှေဒင်္ဂါးရှစ်ထောင်တန်ဖိုးဖြင့်ရောင်းချခဲ့ခြင်း ဖြစ်ပါလျှင်တောင် နှစ်လမပြည့်ခင်၌ တစ်ရာခန့်ရောင်းထွက်သွားရာ ယင်းနယ်မြေ၏ တစ်ဝက်အထိပင်ဖြစ်သည်။

၎င်းကြောင့်ပင် ဥက္ကဌခရုစ်မှာ ရှုယီအား ပို၍ပင် လေးစားလာနေ၏။

မူလက သူဟာ ထိုမှော်အိမ်များ၏ ကုန်ကျစရိတ်က လွန်စွာမြင့်မားလှသောကြောင့် ဈေးနှုန်းမြင့်ပါလျှင် အတော်များများက ဝယ်ယူရန် မတတ်နိုင်ဟု ထင်ခဲ့မိသည်။

အမှန်တကယ်ချမ်းသာသူများက ထိုသို့သော ဗီလအသေးစားလေးများကို မလိုကြရာ ရောင်းအား ကောင်းလိမ့်မည်မဟုတ်ချေ ဟုပင်။

သို့သော် ဈေးနှုန်းအားဆုံးဖြတ်ချိန်တွင် ရှုယီမှာ ဥက္ကဌခရုစ်အား ဈေးနှုန်းကို ငါးထောင်မှ ရှစ်ထောင်အထိ တိုးစေခဲ့၏။

၎င်းတို့စတင် ရောင်းချချိန်တွင် အနေအထားက ဥက္ကဌခရုစ်၏ မျှော်မှန်းချက်ကိုပင် ကျော်လွန်သွား၏။

ထိုဗီလာတစ်ရာလောက်လေးကို ရောင်းချရုံနှင့်ပင် အမ်ရစ်ကုန်သည်ကြီးများအသင်းမှာ ကုန်ကျစရိတ်များအား နုတ်ယူပြီးနောက် နှစ်သိန်းကျော် ရနေသေးသည်။

နယ်မြေတစ်ခုလုံးသာ ရောင်းထွက်သွားပါလျှင် အမ်ရစ်ကုန်သည်ကြီးများအသင်းမှာ ရွှေဒင်္ဂါးငါးသိန်းကျော်ဟူသည့် အမြတ်စွန်းကြီးကြီးမားမားကိုရနိုင်မည်ဖြစ်သည်။

ဤအခြေအနေ၌ ဥက္ကဌခရုစ်က ရှုယီ၏ ခွဲခြမ်းစိတ်ဖြာခြင်းကို ကြားခဲ့သော်လည်း အင်မတန်ရှုပ်ထွေးနေဆဲပင်။

အကြောင်းမှာ သူ့အတွက် ဘန်တာမြို့သားများက အင်မတန်ဆင်းရဲလှသောကြောင့် ယင်းသို့သော အိမ်မျိုးအတွက် တတ်နိုင်မည်မဟုတ်ချေ။ အင်မတန်ကြွယ်ဝသူများမှာမူ ၎င်းတို့၏ကိုယ်ပိုင်အိမ်တော်ကြီးများအား ဝယ်ယူပေလိမ့်မည်။

ထိုအိမ်မျိုးက မည်သူ့မှ ဂရုမစိုက်မည့် အရာပင်။

သို့သော် ယခု၌ ဘန်တာမြို့တွင် 'အလယ်အလတ်တန်းစား'ဟူသည့် လူများရှိကြောင်း ရှုယီက ပြောလာခဲ့သည်ပင်။ ထိုလူများအား ချမ်းသာသည်ဟု မယူဆနိုင်သော်ငြား ဆင်းရဲသည်ဟုလည်း မယူဆနိုင်ချေ။

ထိုအိမ်များက သာမန်အိမ်များနှင့်ခြားနားသော်လည်း အိမ်တော်ကြီးများထက် ဈေးနည်းဂာ ထိုလူများ၏လိုအပ်ချက်နှင့် သင့်လျော်ပေ၏။

အချက်အလက်များက ရှုယီ၏ ခွဲခြမ်းစိတ်ဖြာခြင်းကို သက်သေပြနေသည်။

ဥက္ကဌခရုစ်က ဘန်တာမြို့၌ ကျယ်ပြန့်သည့်လူမှုရေး အသိုင်းအဝိုင်းရှိသော်ငြား ထိုနည်းပညာသစ်မှော်အိမ်များကို ဝယ်ယူသူများက သူနှင့် မနီးစပ်သည့် သာမန်ပြည်သူပြည်သားများသာဖြစ်သည်။

သူသိသည့် တစ်ဦးကိုပြောရပါလျှင် အိုင်ရီလန် ကုန်သည်ကြီးမားအသင်း၏ ဒုဥက္ကဌ ခိုဗက်ခ်ပင်ဖြစ်၏။

လွန်ခဲ့သည့် ၂နှစ်အကြာက အိုင်ရီလန်ကျေးရွာ၏ လယ်သမားလေးမျှသာ ဖြစ်ခဲ့သော ခိုဗက်ခ်မှာ ရုတ်တရတ် ရွှေဒင်္ဂါးပြား တစ်ထောင်တန် ငွေစက္ကူဆယ်ရွက်အားထုတ်ပေးလာကာ ဗီလာဝယ်ရန်အဆိုပြုလာခဲ့ရာ ဥက္ကဌခရုစ်မှာ အံ့ဩသွားရသည်။

သူပင်ဂရုမစိုက်မိသော လယ်သမားတစ်ဦးမှာ မည်သည့်အချိန်က ရွှေဒင်္ဂါးတစ်ထောင်တန် ငွေစက္ကူဆယ်ရွက်အား တစ်ခါတည်း ထုတ်ပေးနိုင်သွားသနည်း?

ဥက္ကဌခရုစ်မှ သူ၏အတွေးများအား ရှုယီထံ ဖော်ပြလိုက်သောအခါ ရှုယီထံမှ ပြက်ရယ်ပြုခံခဲ့ရသည်ပင်။

အိုင်ရီလန်ကုန်သည်ကြီးများအသင်းမှာ လွန်ခဲ့သည့် ၂နှစ်၌ တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဘန်တာမြို့ရှိ စက်မှုနယ်ပယ်အစုအဖွဲ့၏ခေါင်းဆောင်ဖြစ်သည်။ လွန်ခဲ့သည့် နှစ်တစ်ဝက်၌ ၎င်းတို့မှာ မှော်စက်မှုပစ္စည်းများကိုပင် စတင်ထုတ်လုပ်နေပြီဖြစ်သည်။

ဥပမာ၊ အိုင်ရီလန်ကုန်သည်ကြီးများအသင်း၏ ဤနှစ်ထုတ် မှော်ရေနွေးအိုးမှာ အရည်အသွေးကောင်းပြီး ဈေး‌ချိုသောကြောင့် ဘန်တာမြို့ရှိ Frestech ကုန်သည်ကြီးများအသင်းထံမှ ဈေးကွက်အတော်အတန်ကိုပင် ရယူခဲ့သည်။

ရှုယီ၏ခန့်မှန်းချက်အရ လက်ရှိ အိုင်ရီလန်ကုန်သည်ကြီးများအသင်း၏ လစဉ်အမြတ်စွန်းမှာ အနည်းဆုံး ရွှေဒင်္ဂါးပေါင်းနှစ်သောင်းကျော်ရှိသည်။

အိုင်ရီလန်ကုန်သည်ကြီးများအသင်း၏ဒုဥက္ကဌဖြစ်ပြီး ဖရီးမန်းမှလွဲ ရှယ်ယာအများဆုံးပိုင်ဆိုင်ထားသော ခိုဗက်ခ်မှာ တစ်ကြိမ်တည်းနှင့်ပင် ရွှေဒင်္ဂါးတစ်သောင်းကို အံ့ဩခြင်းမရှိ ထုတ်ပေးနိုင်ခဲ့သည်။

ဥက္ကဌခရုစ်မှာ သူ၏ အံ့အားသင့်မှုကိုဖော်ပြရင်း အဘယ့်ကြောင့် ကျား'အား ပျိုးထောင်ပေးနေကြောင်းမေးခဲ့သေး၏။

သူအနေနှင့် အိုင်ရီလန်ကုန်သည်ကြီးများအသင်း၌ အလားအလာအသင့်အတင့်ရှိကြောင်း သိနေပါက အဘယ့်ကြောင့် ၎င်းတို့အား သူတို့ထံမှ ဈေးကွက်ကိုလုယူနေခြင်းကို မတားဆီးရသနည်း?

ရှုယီမှာ မည်သည်ကိုမှမဆိုဘဲ ပြုံးရုံပြုံးကာ ရှင်းမပြခဲ့ချေ။

သူဟာ ဥက္ကဌခရုစ်ထံ ၎င်းအား တမင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောမည်မဟုတ်။

မဟုတ်ပါက ၎င်းဟာ အိုင်ရီလန်ကုန်သည်ကြီးများအသင်း တိုးတက်နေဆဲအချိန်တွင် သတ်လိုက်သလိုဖြစ်သွားနိုင်၏။

သို့သော် ၎င်းက တကယ်ကို ကျား'တစ်ကောင်အား မွေးမြူခြင်းဖြစ်ရာ ရှုယီမှာ ဥက္ကဌခရုစ်အား မငြင်းခဲ့ပေ။

"အိုင်း၊ ဥက္ကဌရှု၊ ကျုပ်ကိုပြောပါ... ကျုပ်ဒီမှာ လူထုပို့ဆောင်ရေးလမ်းကြောင်းတစ်ခု ဖွင့်သင့်လား?" ဥက္ကဌပွန်ဖီး၏အသံက ရှုယီအား အတွေးထဲမှ ဆွဲထုတ်လိုက်သည်၊ "ကြည့်ပါဦး၊ ဒီနေရာဝန်းကျင်က အဆင်ပြေတော့ လူတွေလည်း ကစားဖို့ လာလိမ့်မယ်။ ဘန်တာမြို့ကနေဆို ဝေးတယ်လို့ မမှတ်ယူနိုင်ပေမယ့်လည်း ဒီကိုလျှောက်လာဖို့ နာရီဝက်လောက်ကြာတာကြောင့် နီးတယ်လို့ မယူဆနိုင်ဘူး။ ဒီမှာ ဖွင့်မယ့်ပို့ဆောင်ရေးလမ်းကြောင်းတစ်ခုရှိမယ်ဆိုရင် စီးနင်းမယ့်လူအတော်များများ ရှိလာလိမ့်မယ်။"

ရှုယီက ဥက္ကဌပွန်ဖီးထံ အထင်သေးစွာကြည့်လိုက်သည်၊ မင်းမှာ အမြင်လေးနည်းနည်းလောက်မရှိဘူးလား?

“ဒီမှာ လမ်းကြောင်းဖွင့်ထားပေမယ့် ဒီမှာနေထိုင်သူတွေ အတွက် အများဆုံးအကျိုးရှိမှာဖြစ်တဲ့အတွက်ကြောင့် ငွေရဖို့ မစဉ်းစားသင့်ဘူး။”

ရှုယီက ခေါင်းခါရင်းဆိုသည်၊ "ဒီနေရာက လမ်းလျှောက်လာရင် ဝေးပေမယ့် ဥက္ကဌပွန်ဖီး အခု စက်ဘီးတွေရှိနေပြီဆိုတာ မမေ့နဲ့ဦးလေ။ စက်ဘီးနဲ့ဆို ဒီကိုရောက်ဖို့ ဆယ်မိနစ်လောက်ပဲကြာမယ်။"

ရှုယီထံမှ စက်ဘီးကိုပြောလာသည်အားကြားသော် ဥက္ကဌပွန်ဖီးက ရှုယီထံ စိတ်ဆိုးဟန်ဖြင့်ကြည့်ရင်း ပြောလာ၏၊ "ကျုပ်ပြောမယ်၊ ဥက္ကဌရှု၊ ခင်ဗျားအဲဒီ့စက်ဘီးအကြောင်း မပြောလို့ရမလား? ခင်ဗျားရဲ့ Frestech ကုန်သည်ကြီးများအသင်းက ဒီစက်ဘီးကို ထုတ်လုပ်လိုက်တာကြောင့် အခုဆိုလူတွေက ကျုပ်ရဲ့ ရထားလုံးတွေကို အရေးတယူမရှိကြတော့ဘူး။ ဘန်တာမြို့ကနေ ခမာမြို့ ဒါမှမဟုန် ဆောလ်တန်မြို့အထိ စက်ဘီးပဲ စီးသွားတဲ့လူတွေတောင်ရှိတယ်။ ကျုပ်တကယ်ကိုနားမလည်တာပါ၊ ဒါက ကီလိုမီတာ ၆၀ကနေ ၇၀အထိရှိပေမယ့် သူတို့က တကယ်ပဲ မြင်းရထားလှည်းအစား စက်ဘီးကိုစီးချင်ကြတယ်လို့!"

"ဟုတ်တယ်လေ၊ စက်ဘီးက ငွေမှမကုန်တာ။" ၎င်းတို့၏နောက်မှ ရယ်သံနှင့် အတူ ဆက်သွယ်ထားသော ဥက္ကဌခရုစ်ရောက်လာသည်၊ "ပြီးတော့ ဒီစက်ဘီးက မြင်းရထားလှည်းထက် မနှေးနေမှတော့ ဘာလို့ ငွေအကုန်ခံနေရဦးမှာလဲ?"

"ဟမ့်၊ အနည်းဆုံးတော့ ဒါက ပိုပြီးသက်သာ‌တယ်လေ။" ဥက္ကဌပွန်ဖီးမှာ ဥက္ကဌခရုစ်အားကြည့်ပြီးမှ ရှုယီထံ အပြုံးကြီးကြီးဖြင့် လှည့်လိုက်သည်၊ "ဒါပေမယ့် ဥက္ကဌခရုစ် မှော်ကားတွေကို ထုတ်လိုက်တဲ့အခါ အားလုံးက ကျုပ်တို့ မှော်ကားတွေကိုပဲ စီးဖို့ ရွေးချယ်ကြမှာပဲ။ ဟုတ်တယ်မလား၊ ဥက္ကဌရှု?"

ဥက္ကဌခရုစ်က ရှုယီကိုကြည့်ကာ ရယ်ရင်းဆိုလိုက်သည်၊ "ဥက္ကဌရှု မနှစ်ကပြောတာကိုကြားခဲ့တယ်၊ ဒါပေမယ့် အဲ့ဒါကိုအခု ထုတ်လုပ်တော့မယ်လို့ မထင်ထားဘူး။ ကျုပ်တကယ်ကိုပဲ ဒီပစ္စည်းက ဘယ်လောက်အံ့ဖွယ်ကောင်းလဲ ကြည့်ချင်မိပါရဲ့၊ ကျုပ်ကို တစ်နှစ်ကျော်လောက် စောင့်ခိုင်းထားတော့လေ။"

ရှုယီက အပြုံးဖြင့် ခေါင်းခါသည်။ သူဟာ ၎င်းတို့နှစ်ဦးအားခေါ်ကာ ဥက္ကဌပွန်ဖီး၏ ဇိမ်ခံမြင်းရထားလှည်းနှင့် မိုးကျတောင်ကြားသို့ အလျင်အမြန်ဦးတည်လိုက်သည်။

မြင်းလှည်းစ‌ထွက်သော် ရှုယီက လမ်ပူရီတိုင်းပြည်၏မြေပုံတစ်ခုအား ဆွဲထုတ်ကာ ထိုနှစ်ဦးရှေ့၌ ချလိုက်၏။ သူဟာ သံသယပြည့်‌နေသည့် ၎င်းတို့နှစ်ကိုကြည့်ကာ အလေးနက်ပြောလိုက်သည်၊ "ဒီတစ်ခေါက် ခင်ဗျားတို့ကို ဒီခေါ်လာတာက မှော်ကားကို ပထမဆုံးတရားဝင်အစမ်းမောင်းတဲ့နေရာမှာ ပါဝင်ခိုင်းဖို့ပဲ။ ခင်ဗျားတို့ကို မှော်ကားရဲ့ အရည်အသွေးနဲ့ လုပ်ဆောင်ချက်ကို ပြတာအပြင် အရေးကြီးပူးပေါင်းအဆိုပြုချက်လည်း ရှိသေးတယ်။ ကျုပ်တို့သာ သဘောတူညီချက်တစ်ခုရသွားရင် ကျုပ်တို့စိတ်ကူးကိုတောင် ကျော်လွန်နိုင်မယ့် လုပ်ငန်းစုအကျိုးအမြတ်ကြကြီးကြီးမားမားကိုပါ ယူလာနိုင်တယ်။"

ဥက္ကဌခရုစ်နှင့် ဥက္ကဌပွန်ဖီးတို့က တစ်ဦးနှင့်တစ်ဦးကြည့်နေရာ မျက်လုံးများထဲရှိ အလင်းရောင်ကိုပါ မြင်နိုင်နေကြသည်။ ထို့နောက် ၎င်းတို့က ရှုယီ ခေါင်းငြိမ့်ပြကာ "ပြောပါ။"

ထိုနှစ်ဦးထံရှိသည့် မျှော်လင့်ဟန်များကိုမြင်သော် ရှုယီက ပြုံးလျက် ဘန်တာမြို့နှင့် အန်ဗီမာမြို့တော်အကြားရှိ လမ်းမကို ညွှန်ပြလိုက်သည်။ သူဟာ လေးနက်‌နေဟန်ဖြင့် ပြော၏၊ "ဖာဆန်ရထားလုံးလုပ်ငန်းစုအနေနဲ့ ကျုပ်တို့နဲ့အရင်က ဒီလိုပူးပေါင်းခဲ့ပေမယ့် စနစ်ရှိသေးတဲ့အရာတော့မဟုတ်သေးဘူး။ အနှစ်ချုပ်ရရင်၊ ဒါက ထောက်ပံ့ပို့ဆောင်ရေးလို့ခေါ်တဲ့ ဒေသအနှံ့ ကုန်စည်ပို့ဆောင်မှုပဲ။"

***

မှော်စက်မှုအင်ပါယာ

Vol 3, အခန်း ၆၂။ ဒါအဆင်မပြေရင် ကျုပ်က ဘာကြောင့် ထုတ်လုပ်ရမှာလဲ?

ထောက်ပံ့ပို့ဆောင်ရေးအား ခေတ်သစ်ကမ္ဘာတွင် တွင်ကျယ်စွာ သုံးနေကြပြီဖြစ်သော်လည်း စိုင်အမိနယ်မြေတွင်မူ လက်တလော၌ လူသားပို့ဆောင်ရေးနှင့် ကုန်စည်အချို့ပို့ဆောင်ရေးဟူ၍ ကန့်သတ်ထားသည်။

အဓိကပို့ဆောင်ရေးကိုမူ လမ်ပူရီတိုင်းပြည်၌ အဓိကအားဖြင့် လုပ်ငန်းစုများမှ ၎င်းတို့၏ကုန်စည်များကို ပို့ဆောင်ကြပြီး အခြားသော လုပ်ငန်းစုများက ပို့ဆောင်ပေးခြင်းတော့ မဟုတ်ချေ။

အပြင်ပန်းတွင် စိုင်အမိနယ်မြေ၏ လုပ်ငန်းစုများ၌ ယင်း အလေ့အထမျိုးမရှိပါချေ၊ သို့သော် တကယ်တမ်းမှာ ၎င်းကို ကန့်သတ်ထားခြင်းကြောင့်ပင်။

ပထမဦးစွာ၊ အကြီးမားဆုံးပြဿနာက လမ်းမကြီးပင်။

မိုးကျလမ်းမကြီးမတိုင်ခင်က စိုင်စ်အမိနယ်မြေ၌ ပို့ဆောင်ဆက်သွယ်ရေးအတွက် သင့်လျော်သော ချောမွေ့သည့်လမ်းတစ်ခုမျှမရှိခဲ့ချေ။ ကုန်များ လမ်းမထက်၌ ပြုတ်ကျပျက်စီးမည်ဖြစ်ရာ ထိုသို့ဖြင့် ဆုံးရှုံးမှုက ကြီးမားသဖြင့် ယင်းထုတ်ကုန်များအား ဖန်တီးသည့် လုပ်ငန်းစုများက ၎င်းတို့၏အရေးကြီးထုတ်ကုန်များကို ပို့ဆောင်ရန် အခြားလုပ်ငန်းစုများထံ အပ်နှံဖို့ရာဆန္ဒမရှိကြချေ။

အဓိကအကြောင်းအရင်းမှာ စိုင်စ်အမိနယ်မြေတွင် ပစ္စည်းများအား ဝေးဝေး‌လံလံတင်ပို့ရန် ခက်ခဲခြင်းဖြစ်၏။ လမ်းမနှင့် ပို့ဆောင်နှုန်း၏ အကန့်အသတ်တို့ကြောင့် လမ်းမ၌တွင်ပင် အရာအားလုံးအား ဆုံးရှုံးနိုင်ဖ္ယ်ရှိသည်။

ဥပမာ၊ Frestech ကုန်သည်ကြီးများအသင်းထုတ် အိမ်သုံးမှော်စက်ပစ္စည်း အမျိုးမျိုးတို့မှာ ဘန်တာမြို့‌နှင့် အနီးဝန်းကျင်မြို့များ၌ ကျော်ကြားကြသော်လည်း ၂နှစ်ကျော်ကြာ လမ်ပူရီတိုင်းပြည်ကို ဖြတ်၍ ပျံ့နှံ့သွားခြင်းမရှိချေ။ အကြီးဆုံးပြဿနာက ၎င်းတို့၏ ပို့ဆောင်ဆက်သွယ်ရေးဖြစ်၏။

နောက်တစ်ချက်မှာ ပို့ဆောင်ဆက်သွယ်ရေးယာဉ်ပါပင်။

စိုင်စ်အမိနယ်‌မြေထက်ရှိ အဓိကခရီးသွားနည်းမှာ မြင်းဖြင့် ဖြစ်ရာ ပို့ဆောင်ဆက်သွယ်ရေးသုံးယာဉ်က မြင်းရထားလှည်းဖြစ်ချေသည်။

ဦးစွာ မြင်းလှည်း၏ အမြန်နှုန်းနှင့် ခံနိုင်ရည်ကို မဆိုထားနှင့် မြင်းတစ်ကောင်အား ဝယ်ယူခြင်းကပင် ငွေအမြောက်အမြားလိုအပ်ကာ မြင်းအား ကျွေးမွေးရခြင်းက ၎င်းထက်ပင် တန်ဖိုးမြင့်သေး၏။ ထို့ကြောင့် ၎င်းတို့ ထုတ်ကုန်များအား ပို့ဆောင်ရန် ရထားလုံးတစ်ခုတည်ဆောက်ရသည်က မလွယ်ကူပါချေ။

ထိုအခြေနေများက ထောက်ပံ့ပို့ဆောင်ရေး ဖွံ့ဖြိုးမှုကို ကန့်သတ်ထားပြီး ထုတ်ကုန်များ၏ လည်ပတ်ခြင်းကို ဟန့်တားနေသည်။

ဥက္ကဌ ခရုစ်မှာ အမ်ရစ် ကုန်သည်ကြီးများအသင်းနှင့်အတူ လမ်းပြဿနာကို ဖြေရှင်းခဲ့ပြီး ဥက္ကဌ ပွန်ဖီးက ဖာဆန်ရထားလုံးလုပ်ငန်းစုကို ကိုယ်စားပြု၍ ပို့‌ဆောင်ရေးယာဉ်ပြဿနာကိုဖြေရှင်းလိမ့်မည်အား ရှုယီက တွေ့ရှိခဲ့သည်။

"ကျုပ်တို့ရဲ့ လတ်‌တလောစမ်းသပ်မှုတွေအရ၊ မှော်ကားရဲ့ အဓိကမောင်းနှင်အားက အများဆုံး မြင်းခြောက်ကောင်နဲ့ ခွန်အားညီမျှတဲ့ မှော်လေအားအင်ဂျင်ပဲ။ တစ်ချိန်တည်းမှာပဲ ဒါက အမြင့်ဆုံးလည်နှုန်းကို ထိန်းသိမ်းပြီး တစ်နာရီမှာ ၃၅ကီလိုမီတာကျော်ရှိတဲ့ အမြန်နှုန်းနဲ့ သွားလိမ့်မယ်..."

"ခဏ? တစ်နာရီမှာ ၃၅ကီလိုမီတာ?" ဥက္ကဌပွန်ဖီးက ရှုယီ၏ ပထမမျိုးဆက်မှော်ကားအား ဖော်ပြခြင်းအလယ်၌ ဖြတ်ပြောလာသည်၊ "ဆိုလိုတာက ဒီအရာအနေနဲ့ တစ်နာရီကို ၃၅ကီလိုမီတာအထိ သွားနိုင်တာပေါ့လေ? တကယ်ကြီး ဒီလောက်မြန်တယ်ပေါ့?"

ဘေးဘက်ရှိ ဥက္ကဌခရုစ်ကလည်း မယုံကြည်နိုင်ဟန်ဖြင့် ခေါင်းခါကာ သက်ပြင်းချရင်း ပြောလာ၏၊ "ကျုပ်ကို ဥက္ကဌရှုယီက မှော်ကားတွေဟာ တစ်နာရီမှာ ၄၀ကီလိုမီတာသွားနိုင်တယ်လို့ပြောခဲ့တုန်းက ဒါကို မှန်နေလိမ့်မယ်လို့ မထင်ခဲ့မိဘူး။"

ရှုယီမှာ ၎င်းတို့ထံ ရုတ်တရတ်ကြည့်လိုက်၏။ သူစဉ်းစားနေမိသည်မှာ တစ်နာရီလျှင် ၃၅ကီလိုမီတာသွားနိုင်ခြင်းအား ဤမျှ အံ့ဩ‌နေပါလျှင် ကမ္ဘာမြေပေါ်မှ တစ်နာရီလျှင် ကီလိုမီတာပေါင်း၃၅၀ဖြင့် ပြေးနိုင်သော F1ပြိုင်ကားများအား မြင်ပါက ၎င်းတို့၏မေးရိုးများ အံ့ဩလွန်း၍ ပြုတ်ကျသွားမည်လားဟုပင်။

မှန်ပါ၏၊ စိုင်စ်အမိနယ်မြေရှိ မြင်းရထားလှည်းများမှာ တစ်နာရီလျှင် ၂၀ကီလိုမီတာအရှိန်ကိုသာ ထိန်းသိမ်းနိုင်ပြီး ကြာရှည်‌လည်း မခံရာ ၎င်းတို့အနေဖြင့် မှော်ကား၏အရှိန်နှုန်းကြောင့် အံ့အားသင့်သွားရသည်မှာ အံ့ဩစရာဟူ၍ရှိမနေချေ။

"ဟုတ်သားပဲ၊ ဥက္ကဌရှု၊ ဒါက အထဲမှာ ဘာမှမရှိချိန်လို့ ပြောခဲ့တယ်နော်။ ဒါဆိုရင် ကုန်အပြည့်ထည့်လိုက်ရင် အမြန်နှုန်းက ဘယ်လောက်ထိ လျော့သွားနိုင်လဲ? ပြီးတော့ ဘယ်လောက်ထိ ခံနိုင်မှာလဲဗျ? မြင်းလှည်းထက် မြန်မလား နှေးမလား?" ဥက္ကဌပွန်ဖီးက အနည်းငယ်စဉ်းစားကာ မေးသည်။

"ဒါ‌ပေါ့ မြင်းလှည်းထက် ပိုမြန်တယ်လေ၊ မဟုတ်ရင် ကျုပ်က ဘာကြောင့် ဒါကိုထုတ်လုပ်နေရဦးမှာလဲ?" ရှုယီက မျက်လုံးများကိုလှိမ့်ကာပြော၏၊ "ပြောပါရစေဦး၊ ကျုပ်တို့ရဲ့စမ်းသပ်မှုတွေအရဆိုရင် ပထမမျိုးဆက် မှော်ကားက ထုတ်ကုန်၁တန်နီးပါးသယ်ယူပို့ဆောင်နိုင်ပြီး တစ်နာရီမှာ ၃၀ကီလိုမီတာနှုန်းကို ထိန်းသိမ်းထားနိုင်တယ်၊ အဲဒီ့အချိန်အတွင်းမှာပဲ လျှောစောက် သုံးဆယ်ဒီဂရီလောက်ကို တက်နိုင်သေးတယ်၊ ဒါကြောင့်..."

ရှုယီက ဥက္ကဌခရုစ်ထံလှည့်ကာ ပြောလိုက်သည်၊ "ပထမမျိုးဆက်မှော်ကားနဲ့ အဆင်ပြေဖို့ အဆင်းလမ်းတွေကို ဆောက်လုပ်ရာမှာ လျှောစောက်ထောင့်တွေကိုလျှော့ပေးဖို့ အမ်ရစ်ကုန်သည်ကြီးများအသင်းဆီပဲ ဒုက္ခပေးရတော့မယ်။ လိုအပ်ရင် လျှောစောက်က သုံးဆယ်ဒီဂရီထက်တော့ ပိုလို့မရဘူး။"

"ဒါက... ဒါက နည်းနည်းခက်မှာကို စိုးရိမ်မိပါတယ်။" ဥက္ကဌခရုစ်က ပြောလေ၏၊ "ခင်ဗျားရဲ့လမ်ပူရီတိုင်းပြည်က အများအားဖြင့် မြေပြန့်ဆိုပေမယ့်လည်း တောင်တန်းတချို့တော့ရှိသေးတယ်။ တောင်တစ်တောင်ပေါ်မှာ လမ်းခင်းဖို့အတွက်က ကုန်း(ဂုန်း)မရှိဖို့ မဖြစ်နိုင်ဘူးလေ။"

"အန်း၊ တောင်လမ်းတွေနဲ့ လျှိုလမ်းကြောင်းတွေအတွက်တော့ ကျုပ်နောက်မှပြောမယ်၊ အခုက သတိပေးရုံသပ်သပ်ပါပဲ။ ပြီးတော့ ခင်ဗျားရဲ့ အမ်ရစ် ကုန်သည်ကြီးများအသင်းက မြေပြန့်မှာ လမ်း‌တွခင်း‌နေတော့ ထောင့်အတော်များများ ဖန်တီးဖို့ မသင့်ဘူး။" ရှုယီက ပြောသည်၊ "ပြီးတော့၊ ဒါက ပထမမျိုးဆက်မှော်ကားရဲ့အကန့်အသတ်ပဲ။ မှော်ကားကို ပိုပြီးအဆင့်မြှင့်လိုက်ပြီးရင်တော့ ထောင့်တွေက ကိစ္စမရှိတော့ပါဘူး။"

"တောင်လမ်းတွေနဲ့ လျှိုလမ်းကြောင်းတွေ?" ဥက္ကဌခရုစ်၏ မျက်လုံးများက တောက်ပသွားသည်။

ရှုယီ၏ စကားလုံးများကို သုံးသပ်ကြည့်ရလျှင် ထိုအရာနှစ်ခုက လမ်းများဆောက်လုပ်ရန်အတွက် အင်မတန်အရေးပါသည်။ ဥက္ကဌခရုစ်ကစိတ်မရှည်တော့ဘဲ ရှုယီနှင့်အတူ ထိုအကြောင်းအား ယခုတွင်ပင် ဆွေးနွေးနိုင်ရန် ဆန္ဒရှိနေ၏။

သို့သော် ယခုတွင် ဥက္ကဌပွန်ဖီးက ရှုယီထံ အခြားမေးခွန်းများမေးနေပေသည်။

"မှော်ကားက အများဆုံး ကုန်စည်တစ်တန်ကို ပို့ဆောင်နိုင်မှာလား?" ဥက္ကဌပွန်ဖီး၏မျက်လုံးများက ဥက္ကဌခရုစ်ထက်ပို၍ပင်လင်းလက်လာသေး၏၊ "ဘုရားရေ! ကျုပ်တို့ဖာဆန်ရထားလုံးလုပ်ငန်းစုရဲ့ နှစ်လုံးတွဲမြင်းလှည်းတွေတောင် အများဆုံး ကုန်စည်‌ပေါင်'ငါးရာလောက်ပဲ ပို့ဆောင်နိုင်တာလေ!"

ရှုယီက ခပ်ဖျော့ဖျော့ပြုံးကာ၊ "ကျုပ်အရင်ကပြောခဲ့တယ်၊ ဒီမှော်ကားသာ မြင်းလှည်းကို မယှဉ်နိုင်ရင် ကျုပ်ကဘာကြောင့် ဒါကိုထုတ်လုပ်ဖို့ အချိန်အားလုံးသုံးနေရမှာလဲ?"

"ဟုတ်တယ်၊ မှန်တယ်၊ မှန်တယ်၊ ခင်ဗျားက ဒီအဓိပ္ပာယ်မရှိတာကို လုပ်မှာမဟုတ်မှန်း ကျုပ်သိတယ်။" ဥက္ကဌပွန်ဖီးက ခေါင်းငြိမ့်နေသည်။ ခဏရပ်တန့်သွားပြီးနောက် သူက ပြုံးရယ်လျက် ရှုယီကို မေးသည်၊ "ဒါက... အဲဒီ့... ဥက္ကဌရှု၊ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ ဒီမှော်ကားရဲ့ဈေးနှုန်းကို ဘယ်လောက်ထားမလဲ မေးလို့ရနိုင်မလား?"

"ခင်ဗျားတို့ မှော်ကားကိုမြင်ပြီးမှပြောကြတာပေါ့။ အရင်ဆုံး မစမ်းကြည့်ဘဲနဲ့ ကျုပ်ပေးမယ့် ဈေးနှုန်းကို ခင်ဗျားတို့လက်ခံနိုင်မှာ မဟုတ်ဘူးလို့ထင်တယ်။" ရှုယီက ဖြေဆိုသည်။

ဥက္ကဌပွန်ဖီးနှင့် ဥက္ကဌခရုစ်တို့မှာ တစ်ဦးနှင့် တစ်ဦးကြည့်ကာ ခေါင်းငြိမ့်လိုက်၏။ ရှုယီက ထိုသို့ဆိုနေလျှင် မှော်ကား၏ တန်ဖိုးက နိမ့်နေမည်မဟုတ်ဟု တွေးမိကြသည်။

သို့သော် ၎င်းက မထူးဆန်းပေ။ ဤမှော်ကားသားရှုယီပြောသလို ကောင်းမွန်နေပါလျှင် ဈေးနှုန်းမြင့်မားနေသည်က သာမန်ပင်ဖြစ်၏။

"ဒီအတောအတွင်း ကျုပ်တို့ ထောက်ပံ့ပို့ဆောင်ရေးအကြောင်းဆွေးနွေးသင့်တယ်။" ရှုယီက ခေါင်းစဉ်ကို သူအစောပိုင်းတုန်းကပြောနေသည့်‌ဘက် ပြန်ဆွဲလိုက်ကာ၊ "ခင်ဗျားတို့အနေနဲ့ ကုန်စည်ပို့ဆောင်ခြင်းရဲ့ အရေးပါမှုကို ကောင်းကောင်းသိမယ်လို့ထင်ပါတယ်၊ ဒါကြောင့် ကျုပ်ဒါအတွက် အချိန်မဖြုန်းတော့ဘူး။ အခုကျုပ်တို့ပူးပေါင်းမှုရဲ့ တိကျတဲ့အသေးစိတ်အကြောင်းပြောသင့်တယ်။ လာပါ၊ မြေပုံကိုတစ်ချက်ကြည့်,ကြည့်လိုက်..."

ရှုယီက ဘန်တာမြို့ထံညွှန်ပြပြီးနောက် ဘန်တာမြို့ထံမှ မျဉ်းကြောင်းတစ်ခုဆွဲကာ မြေပုံရှိ အန်ဗီမာမြို့တော်လမ်းတစ်လျှောက်ထိ ရောက်ရှိသွားသည်။

"ကြည့်၊ လက်ရှိ အမ်ရစ်ကုန်သည်ကြီးများအသင်းက ဘန်တာမြို့နဲ့ အန်ဗီမာမြို့တော်အကြားက လမ်းမကို ဆောက်လုပ်ပြီးစီးသွားပြီ။ ပိုကောင်းတာကတော့ ဒီလမ်းမကို လမ်းတစ်လျှောက်က အခြားမြို့တွေနဲ့လည်း ချိတ်ဆက်ထားတာပဲ။ ဒါကြောင့်အခု ကျုပ်တို့ဘန်တာမြို့ကနေ အန်ဗီမာမြို့တော်ဆီဦးတည်လိုက်ရင် တစ်လမ်းလုံးက လမ်းမပေါ်မှာရှိလိမ့်မယ်။ အမြန်နှုန်းဖြစ်စေ သက်‌သာမှုဖြစ်စေ အရင်ကထက် အတော်လေးပိုကောင်းပါတယ်။ ဥက္ကဌပွန်ဖီး ခင်ဗျား ဒါကို ကျုပ် ဒါမှမဟုတ် ဥက္ကဌခရုစ်ထက်ပိုသိသင့်တယ် မဟုတ်လား?"

"အန်း" ဥက္ကဌပွန်ဖီးက ခေါင်းငြိမ့်ကာ၊ "အရင်ကနဲ့ယှဉ်ရင် အခုက အန်ဗီမာ မြို့တော်နဲ့ ကြားထဲက အခြားမြို့တွေဆီ လည်ပတ်ဖို့ သုံးရက်ထက် ထက်ဝက်ကျော်ကျော်လျော့သွားတဲ့ တစ်ရက်ပဲကြာတော့တာကြောင့် မြင်းလှည်းငှားချင်နေတဲ့ လူပိုများတယ်။ ပြီးတော့ ကျုပ်တို့ဖောက်သည်တွေရဲ့ မှတ်ချက်အရ အခု မြင်းလှည်းတွေထဲမှာ ထိုင်ရတာကို အတော်လေး ပိုပြီးသက်တောင့်သက်သာဖြစ်တယ်တဲ့။"

"သိလား၊ ဒါက ပို့ဆောင်ရေးပြဿာနာကို ဖြေရှင်းခြင်းရဲ့အရေးပါမှုပဲ။ ဒါဆို ပို့ဆောင်ရမယ့် ကုန်စည်တွေကရော?" ရှုယီက မေး၏။

"ကုန်စည်တွေက .." ဥက္ကဌပွန်ဖီးက ကူရာမဲ့စွာ ပခုံးတွန့်လျက်၊ "လုပ်ငန်းစုကြီးတွေမှာက သူတို့ကိုယ်ပိုင်ကုန်တင်ယာဉ်‌တွေရှိတော့ ကျုပ်တို့ဟာတွေကို လုံးဝလာမရှာကြပါဘူး။ လုပ်ငန်းစုလေးတွေက... ကုန်ပို့တဲ့အခါဆိုရင် ကုန်စည်တွေသိပ်မများတော့ သူတို့ကို ကူရတာကလည်း အရမ်းကြီးအကျိုးမရှိဘူး။"

"ဒါဆို ခင်ဗျားရဲ့ဖာဆန်ရထားလုံးလုပ်ငန်းစုသာ ပိုမြန်မြန်ပို့ဆောင်နိုင်ရင် လုပ်ငန်းစုကြီးတွေက သူတို့အတွက် ပို့ဆောင်ပေးဖို့ ဆန္ဒရှိလာလောက်မလား?"

"ဒါပေါ့!" ဥက္ကဌပွန်ဖီးက တုံ့ဆိုင်းမှုမရှိ ပြန်ဖြေလိုက်ပြီးမှ ထပ်မံ သတ္တိနည်းသွားပြန်သည်၊ "ဒါပေမယ့် ဥက္ကဌရှု၊ မှော်ကားက အားကောင်းနေရင်တောင် တခြားလုပ်ငန်းစုတွေက ကုန်တင်ယာဉ်အတွက်၏ သူတို့ကိုယ်ပိုင်မှော်ကားကိုဝယ်မှာဆိုတော့ ဘာကြောင့်ကျုပ်တို့ဆီလာမှာတဲ့လဲ?"

ရှုယီက ဖျော့တော့စွာပြုံးလျက်၊ "ကျုပ်ခင်ဗျားအတွက် အရင်လာရှာပေးမယ်၊ ခင်ဗျားတို့ဖာဆန်ရထားလုံးလုပ်ငန်းစုရဲ့အားသာချက်ကိုပေါ့။ သူများတွေထက် အားသာချက်ရှိလို့ အခွင့်အလမ်းကို ဆုပ်ကိုင်လို့ရတာ မဟုတ်ဘူးလား?"

ဥက္ကဌပွန်ဖီး၏ မျက်လုံးများလင်းလက်သွားကာ၊ "ဥက္ကဌရှု၊ ကျုပ်ကိုပြောပြပါ၊ အခွင့်အလမ်းတစ်ခုကို ဘယ်လိုရယူနိုင်မှာလဲ? ကျုပ်တို့က အခြားလူတွေအပေါ် ဘာအားသာမှုတွေရှိနေတာလဲ?"

"ခင်ဗျားကို အားသာချက်ပေးမယ့် နေရာတွေအတော်များပါတယ်။" ရှုယီက ဆိုသည် "ဥပမာ၊ ခင်ဗျားအတွက်ပို့‌ဆောင်ရေးမှာ အထူးပြုမယ့်လုပ်ငန်းတစ်ခုရှိနိုင်မယ်၊ ဒါဆို ခင်‌ဗျားမှာ မှော်ကားတွေရဲ့ ပမာဏ ဒါမှမဟုတ် အတိုင်းအတာနဲ့ပဲဖြစ်ဖြစ် တခြားလုပ်ငန်းတွေထက် သာလွန်နေနိုင်တာကြောင့် လုပ်ငန်းလုပ်ဆောင်ရာမှာ ပိုလိုက်လျောညီထွေမှုရှိနိုင်တယ်လေ။"

"အန်း၊ ကျုပ်နားလည်ပြီ။ ကုန်စည် ပမာဏ နည်းသည်ဖြစ်စေ များသည်ဖြစ်စေ၊ ကျုပ်တို့အားလုံးကို ရနိုင်တယ်။ တစ်ခုခုရှိသေးလို့လား?" ဥက္ကဌပွန်ဖီးက မျှော်လင့်နေဟန်ဖြင့် မေးလာသည်။

"ဥပမာ၊ ခင်ဗျားက ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းဆီကနေ မှော်ကားပမာဏကြီးကြီးမားမား ဝယ်ယူထား‌တာကြောင့် ကျုပ်တို့နဲ့ ဆက်ဆံရေးပိုကောင်းပြီး မှော်ကားတွေအတွက် ကျုပ်တို့လုပ်ငန်းစုရဲ့ထောက်ပံ့မှုကိုရတယ်။ ဥပမာ၊ မှော်ကားမောင်းနှင်သူကိုလေ့ကျင့်ပေးတာကလည်း အဲ့ထဲကတစ်ခုပဲ။"

"မောင်းနှင်သူတွေ?" ဥက္ကဌပွန်ဖီးနှင့်ဥက္ကဌခရုစ်တို့က ရပ်တန့်သွားကာ၊ "အဲဒါက ဘာများလဲ?"

"ရှင်းရှင်းပြောရရင် သူတို့က မှော်ကားမောင်းဖို့အတွက် တာဝန်ရှိတယ်၊ မြင်းလှည်းမောင်းသူတွေနဲ့ သိပ်မကွာပါဘူး၊ ဒါပေမယ့်..."

ရှုယီ၏ အမူအရာ ရုတ်တရတ် အတော်လေးထူးဆန်းသွားသည်။

"မှော်ကားတွေမောင်းဖို့က နည်းနည်းလောက်ပိုအန္တရာယ်ရှိတာကြောင့် မောင်းသူတွေကို မမောင်းနှင်ခင်မှာ စစ်ဆေးဖို့လိုတယ်။ မင်းသမီးလေးဆယ်ဗီနီ တော်ဝင်လွှတ်တော်ဆီမှာ တစ်ခုအဆိုပြုဖို့ အကြောင်းမေးဖို့ ကျုပ် စာတစ်စောင်ရေးထားတယ်။ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းဆီက မှော်ကားမောင်းနှင်ဖို့အတွက် မောင်းနှင်သူအားလုံးကို လက်မှတ်ရစေချင်တယ်၊ ဒါကိုတော့ ကားမောင်းလိုင်စင်လို့ခေါ်ရမှာပေါ့။"

***

မှော်စက်မှုအင်ပါယာ

Vol 3, အခန်း ၆၃။ ဝယ်ယူရန် ဆုံးဖြတ်ခဲ့၏

မိုးကျတောင်ကြားဆီသို့ အသွားလမ်းတွင် ဥက္ကဌပွန်ဖီးနှင့် ဥက္ကဌခရုစ်တို့မှာ ရှုယီပြောခဲ့သည့် ကားမောင်းလိုင်စင်၏ ဆိုလိုရင်းနှင့် တန်ဖိုးကို နားမလည်နိုင်ခဲ့ချေ။

၎င်းတို့အတွက် မြင်းလှည်းသည်ပင် မောင်းနှင်ရန် အတော်လေးခက်ခဲပြီး ၎င်းကိုနှစ်များစွာ လေ့ကျင့်ခြင်းမရှိလျှင် မရနိုင်သော်ငြား မြင်းလှည်းမောင်းသူများ၌ ၎င်းတို့၏မြင်းလှည်းကိုမောင်းနှင်ရန် လိုင်စင်တစ်ခုရှိရမည်ကို မကြားခဲ့ဖူးချေ။ အဘယ့်ကြောင့် မှော်ကားအား မောင်းနှင်ရန် လိုင်စင်လိုအပ်သနည်း?

သို့သော် ၎င်းတို့နှစ်ဦးရောက်ရှိပြီး မြောက်ဘက်ကမ်းပါးအနီး၌ တည်ဆောက်ထားသည့်အထူးလမ်းကို ဖြတ်ကျော်ကာ မှော်ကားမှာ အရှိန်ပြင်းပြင်းနဲ့ ဖြတ်သွားသည်ကို တွေ့သော် ၎င်းတို့ ထိတ်လန့်သွားကြ၏။ ၎င်းတို့မှာ ရှုယီက အဘယ့်ကြောင့် မှော်ကားအားမမောင်းနှင်ခင် ကားမောင်းလိုင်စင်ရှိရမည်ဖြစ်ကြောင်းပြောခဲ့သည်ကို ချက်ချင်းနားလည်သွားကြသည်။

"ဒါက... အရမ်းမမြန်လွန်းဘူးလား!" ဥက္ကဌခရုစ်မှာ ကားမောင်းလာနေသည်ကိုမြင်ပြီးနောက်၌ ခပ်မြန်မြန်ပင် ဝေဝါးကာ အမည်းရောင်အစက်လေးသာကျန်ခဲ့သည်အား တွေ့သော် ကြက်သေ,သေနေဟန်ဖြင့်ရေရွတ်လိုက်သည်၊" ဘုရားရေ၊ တစ်ယောက်ယောက်သာ ဒါနဲ့တိုက်မိရင် သူတို့ဘယ်လိုဆက်သွားနိုင်လဲ?"

ဥက္ကဌပွန်ဖီးမှာ ကြောင်အသွားသည့်အပြင် စိတ်လည်းလှုပ်ရှားသွား၏။

သူဟာ မျက်လုံးများကိုမှေးကျဉ်းကာ မောင်းနှင်သွားသော အမည်းစက်ကို တည့်တည့်ကြည့်နေလိုက်သည်။ သူ၏စိတ်ထဲ၌ ယှဉ်ကြည့်သော် ထိုအရာက မြင်းတစ်ကောင် မြန်နှုန်းပြည့်ဖြင့် ပြေးနေသည်ထက် အနည်းငယ်မျှသာ ပိုနှေး၏!

သို့ရာတွင် မြင်းက မြန်နှုန်းပြည့်နေနိုင်သော်ငြား ကြာရှည်မခံချေ။ သူ ထိုမှော်ကားကို မြင်တွေ့လိုက်ချိန်တည်းက ၎င်းမှာ အနည်းဆုံး ဆယ်ကီလိုမီတာ ပြေးသည့် လမ်းကြောင်း ဆယ်ကြိမ်လုံးအတွက် ထိုအရှိန်ကို ထိန်းသိမ်းထားဆဲပင်!

"ရှု... ဥက္ကဌရှု၊ ဒါက... တစ်နာရီကို ၃၅ကီလိုမီတာပဲမဟုတ်မှာတောင် ကြောက်မိတယ်ဗျာ..." ဥက္ကဌပွန်ဖီးက ရှုယီအားတုန်ရီနေသောအသံဖြင့်ဆိုရင်း ကြည့်လိုက်သည်။

ရှုယီ၏မျက်နှာက တွန့်ရှုံ့သွားရင်း မှော်ကားထဲရှိ ကမ်ဘီကိုကြည့်ရင်း ပျော်ရမည်လား ဒေါသဖြစ်ရမည်လားကိုပင် မသိတော့ချေ။

ယခင်တစ်ခေါက် မှော်ကားအားလက်စသတ်ပြီး ကမ်ဘီမှာ သူ့ထံ ပထမဆုံးသောတရားဝင်လုပ်ဆောင်ချက်အား ပေးလာချိန်က ၎င်းမှာ တစ်နာရီလျှင် ၃၅ကီလိုမီတာရှိသည်။ ရှုယီမှာ တစ်နာရီလျှင် ကီလိုမီတာ ငါးဆယ်နှုန်းဖြင့် စတင်ရန် ထူးထူးခြားခြား မစဉ်းစားဘဲ အဘယ့်ကြောင့် ဤလုပ်ဖော်ကိုင်ဖက်က မှော်လေအားအင်ဂျင်ကို ပြုလုပ်ခဲ့ရသနည်း?

ထိုလုပ်ဆောင်ချက်က ဥက္ကဌခရုစ်နှင့် ဥက္ကဌပွန်ဖီးတို့အား အံ့အားသင့်စေပြီး မှော်ကားပေါ်၌ လေးလေးနက်နက်အထင်ကြီးစေသော်လည်း ရှုယီက မပြည့်စုံသေးသည့် ပထမမျိုးဆက်မှော်ကားအနေဖြင့် ထိုအမြန်နှုန်းကို ထိန်းသိမ်းရန်မှာ တကယ်တမ်းတွင်ဝန်ထုပ်ဝန်ပိုးဖြစ်နေမည်ကို သိလေ၏။ ၎င်းက မှော်လေအားအင်ဂျင်ထံမှ စွမ်းအင်အများအပြားကို စားသုံးပြီး အချိန်ကြာ ထိန်းသိမ်းနိုင်မည်မဟုတ်ချေ။

သဘာဝကျစွာဖြင့် ထိုနည်းပညာဆိုင်ရာ ပြဿနာက ဥက္ကဌပွန်ဖီးထံ ရှင်းပြနိုင်သည့်အရာမဟုတ်သဖြင့် ရှုယီမှာ ခေါင်းငြိမ့်ကာသာ ပြောနိုင်လိုက်သည်၊ "အန်း၊ ဒီမှော်ကားရဲ့အမြင့်ဆုံးနှုန်းက တစ်နာရီမှာ ၅၀ကီလိုမီတာရှိပါတယ်၊ ဒါပေမယ့် ဒီအမြန်နှုန်းကို ထိန်းသိမ်းတာကြောင့် မှော်ကားကိုထိခိုက်နိုင်လို့ ကျုပ်ကတော့ အားမပေးပါဘူး..."

"ဥက္ကဌရှု၊ ဘာပဲဖြစ်ဖြစ်၊ ကျုပ်ကို အရင်ဆုံး တစ်စီးရောင်းဗျာ!" ရှုယီ ပြောမပြီးခင်မှာတင် ဥက္ကဌခရုစ်က ဖြတ်ပြောလာသည်။

"ဟုတ်တယ်၊ ဈေးနှုန်းက ဘယ်လောက်ဖြစ်ဖြစ်ကိစ္စမရှိဘူး၊ ကျုပ်ကိုလည်း တစ်စီးရောင်းပေးပါ!" ဥက္ကဌပွန်ဖီးကလည်း တူညီသည့်စိတ်လှုပ်ရှားဟန်ဖြင့် လက်သီးကိုပင် ဆုပ်ထားသေး၏။

ရှုယီက ထိုနှစ်ဦးအား အံ့ဩစွာကြည့်လိုက်၏၊ "ခင်ဗျားတို့... ဒါကို ကိုယ်တိုင်အတွက်ဝယ်မလို့လား? ဘာကြောင့်လဲ?"

"ခင်ဗျားက ဘာကြောင့်လဲ မေးနေတုန်းလား?" ဥက္ကဌခရုစ်က ရယ်၏။ သူဟာ မြန်နှုန်းမြင့်မြင့်ဖြင့် ရွေ့နေသော မှော်ကားကိုကြည့်ရင်း ကျယ်လောင်စွာပြောလိုက်သည်၊ "ကြည့်ပါဦး၊ ဒီလောက်မြန်မြန်သွားနိုင်တဲ့ မှော်ကား၊ လန်းဆန်းချက်ပဲ! ပြီးတော့ ကျုပ်ရဲ့ အလိုဆန္ဒကိုကျေနပ်စေဖို့ ကျုပ်ကိုယ်တိုင်အတွက် တစ်စီးဝယ်ရမယ်လေ!"

ဥက္ကဌပွန်ဖီးကလည်း ပြော၏၊ "ဟုတ်တယ်! ဒီအရာကို မောင်းရင် အတော်လေးလန်းဆန်းသွားလောက်တယ်။ ကျုပ်မှာ မင်းတစ်ကောင်နဲ့ နယ်မြေတစ်ခုကိုပျံသန်းရင်း ဖြတ်သွားချင်တဲ့ အိပ်မက်ရှိပေမယ့် ကျုပ်ခန္ဓာကိုယ်က ခွင့်မပြုဘူးလေ။ အခု ကျုပ်အနေနဲ့ မြင်းတစ်ကောင်လို မြန်မြန်ပြေးနိုင်နေတဲ့ မှော်ကားကိုမြင်မှတော့ စိတ်မလှုပ်ရှားဘဲနေမလား?"

ရှုယီက ဆွံ့အနေ၏။ ကမ္ဘာမြေ၌ ဆိုရိုးတစ်ခုရှိပြီး ၎င်းမှာ ကားတစ်စီးက ယောက်ျားတစ်ဦး၏ ဒုတိယဇနီးဟူ၍ဖြစ်ရာ ကြည့်ရသည်မှာ ထိုစကားစုက စိုင်စ်အမိနယ်မြေ၌လည်း တူညီနေခြင်းဖြစ်ရမည်။

ဥက္ကဌခရုစ်နှင့် ဥက္ကဌပွန်ဖီးတို့မှာ အတွေ့အကြုံရှိသူများဟု ဆိုနိုင်၏။ ယခုတွင် ၎င်းတို့မှာ ရှုယီက မပြည့်စုံဘဲ ကမ္ဘာမြေက ကား'များကိုမယှဉ်နိုင်သည့်ဟုထင်ရသော မှော်ကားကိုမြင်ပြီး တကယ်ကိုပင် ထိုမျှစိတ်လှုပ်ရှားသွားရသည်။

ကမ္ဘာမြေရှိ ထိပ်တန်းပြိုင်ကားများမှာ ဈေးကြီးနေပါ‌သော်ငြား လူအမြောက်အများက ၎င်းတို့ကိုဝယ်ယူရန် စိုင်းပြင်းနေကြသည်အား အံ့ဩစရာပင်မရှိတော့ချေ။

"ဒါက... ခင်ဗျားတို့လိုချင်ရင်ရှင်းရှင်းလေးပါ။ ကျုပ်တို့က တွဲဖက်တွေဆိုတော့ ခင်ဗျားတို့ရဲ့အကြိုက်အပေါ်မူတည်ပြီး နှစ်စီးမှာပေးပါ့မယ်၊ ဒါပေမယ့် ခင်ဗျားတို့ ကျုပ်ကို အရင်ပြောသင့်တယ်၊ ဒီမှော်ကားရဲ့ လုပ်ဆောင်ချက်ကို စိတ်တိုင်းကြရဲ့လား?" ရှုယီက မေးသည်။

ရှုယီ၏ မေးခွန်းအားကြားသော် ထိုနှစ်ဦးက တဖြည်းဖြည်းချင်းစိတ်ငြိမ်လာ၏။ ဥက္ကဌပွန်ဖီး ၎င်းတို့ရှေ့၌ ရှုယီ၏ အချက်ပြမှုဖြင့် ရပ်တန့်လိုက်သော မှော်ကားကိုကြည့်ကာ စဉ်းစားပြီးနောက် ခေါင်းငြိမ့်ကာဆိုလာသည်၊ "ကျုပ် အရှိန်နှုန်းအပြည့်ကို ကျေနပ်ပါတယ်၊ ဒါပေမယ့် ဥက္ကဌရှု၊ ဒီမှော်ကားက ကုန်စည်နဲ့ လူတွေကို ဘယ်လို တင်ပို့မှာလဲ? ဒါက အရမ်းသေးတယ်..."

ထိုမှော်ကားက မ'ကြီးချေ၊ အတိအကျဆိုရလျှင် သံပြားထက်၌ ဘီးလေးဘီးရှိ၏။ ထို့နောက်‌ မှော်လေအားအင်ဂျင်ကို ကာပေးထားသည့် သတ္တုဘောင်များလည်းရှိပြီး အခြားအစိတ်အပိုင်းများနှင့် မောင်းသူခုံပါဝင်သည်။ ၎င်းအား အရိုးရှင်းဆုံးတည်ဆောက်မှုဟုပင် ယူဆနိုင်၏။

ကုန်ကုန်ပြောရလျှင် ၎င်းက ပထမဆုံးမျိုးဆက်မှော်ကားဖြစ်ရာ ရှုယီ၏တောင်းဆိုချက်များက တတ်နိုင်သမျှ ရိုးရှင်းနေသည်။ ထို့ကြောင့် ဒီဇိုင်းဌာနနှင့်အတူ မှော်စက်မှုဖွံ့ဖြိုးရေးဌာနက ထိုဒီဇိုင်းကို ဖန်တီးခဲ့‌လေသည်။

၎င်းက ရိုးရှင်းသော်ငြား ကြည့်မကောင်းချေ။ ထိုသည်က ကမ္ဘာမြေရှိ ထွန်စက်နှင့်ပင်တူသယောင်ရှိပြီး ၎င်း၌ လေကာမှန်ပင် မရှိချေ။

ထိုရိုးရှင်းသည့်ကားမှာ ကုန်စည်များ လူများအား မပို့ဆောင်နိုင်ရာ ဥက္ကဌပွန်ဖီးက ဤမေးခွန်းမေးရခြင်းပင်။

ရှုယီက ပြန်မဖြေဘဲ လက်ယမ်းပြလိုက်၏။ နံဘေးရှိ လုပ်သားများက ဘီးလေးဘီးပါ လှည်းတစ်ခုအား ကုန်လှောင်ရုံထဲသို့ အပြေးဝင်ကာယူလာကြ၏။ ထို့နောက် ဥက္ကဌခရုစ်နှင့် ဥက္ကဌပွန်ဖီးတို့အရှေ့၌ မှော်ကား၏နောက်ဘက်ခြမ်းတွင် လှည်းကို ချိတ်ထားလိုက်သည်။

"ကြည့်ပါဦး၊ နောက်တွဲယာဉ်ကိုတပ်လိုက်တာနဲ့ ကုန်စည်တွေ ထည့်လို့ရပြီ။" ရှုယီက လက်ယမ်းလိုက်ရာ လုပ်သားများက အထဲ၌ ပစ္စည်းမျိုးစုံကိုထည့်လိုက်သည်။

ဥက္ကဌပွန်ဖီးက တိတ်တဆိတ်တွက်ချက်လိုက်ပြီး ပစ္စည်းများက ၁တန်ကျော်နေသည်ကိုမြင်ကာ မထိန်းနိုင်ဘဲအံ့ဩသွားသည်။

ပစ္စည်းများကို ထည့်လိုက်ချိန်တွင် ရှုယီက ထွက်မလာချင်သည့် ကမ်ဘီကိုခေါ်လိုက်ရာ သူဟာ နောက်တစ်ခေါက် မှော်ကားကို စက်နှိုးလိုက်သည်။

မှော်လေအားအင်ဂျင်မှ အသံတချို့ထွက်လာရာ ရှုယီမှာ မနေနိုင်ဘဲ မျက်မှောင်ကျုံ့မိသွားသည်။

ပြောရလျှင် မှော်လေအားအင်ဂျင်က အားမကောင်းချေ။

၎င်းက ကုန်များမရှိခင်က မထွက်လာသော်လည်း ကုန်ပမာဏများစွာ ထည့်သွင်းလိုက်ချိန်၌ ၎င်းကသရုပ်ပြလာပြီပင်။

သို့သော် ဥက္ကဌခရုစ်နှင့် ဥက္ကဌပွန်ဖီးတို့မှာ ယင်းအကြောင်းမသိရာ ရှုယီ တစ်ခုခုဖြစ်နေကြောင်းကို မပြောနိုင်ကြချေ။

၎င်းတို့က မှော်ကားမှာ ဆူညံသံတချို့ပြုပြီးနောက် တဖြည်းဖြည်းရွေ့သွားသည်ကိုသာ မြင်၏။ တစ်ခဏအတွင်း၌ ၎င်းမှာ ကုန်ပေါင်း၁တန်ကျော်နှင့်အတူ လမ်းအောက်ကို မောင်းဆင်းသွားသည်။

၎င်းက ယခင်ကနှင့်ယှဉ်လျှင် ပိုနှေးသွားသော်လည်း ၎င်းတို့မျှော်မှန်းထားသည်ကို ကျော်လွန်နေဆဲပင်။ ၎င်းက မြင်းလှည်းများအား ကုန်ပို့ဆောင်ရန်သုံးချိန်ထက်ပင် အတော်လေးပိုမြန်နေပါ၏။

၎င်းတို့နှစ်ဦးမှာ မှော်ကားကို ဆယ်ကြိမ်တိုင်တိုင် အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်နေသည်အားကြည့်ရင်း ဥက္ကဋ္ဌ ပွန်ဖီးက ရုတ်တရက် ရှုယီထံသို့ လှည့်ကြည့်လိုက်သည်။ ထို့နောက် လေးလေးနက်နက် အကြည့်ဖြင့်မေး‌လေ၏ "ဥက္ကဌရှု၊ ဈေးနှုန်းပြောပါ။"

ရှုယီက ခပ်ဖျော့ဖျော့ပြုံးလျက်၊ "ဘာလဲ? ဝယ်ဖို့ဆုံးဖြတ်လိုက်ပြီလား?"

ဥက္ကဌပွန်ဖီးက ရယ်လျက်၊ "ဒီမြင်းလှည်းတွေကို ထားလိုက်စမ်းပါ! ဟုတ်ပြီ၊ ဥက္ကဌရှု၊ ကျုပ်ကို ဈေးနှုန်းသင့်သင့်လေးပေးပါ၊ ကျုပ်ဝယ်ဖို့ ဆုံးဖြတ်ပြီးပြီ။ "

ရှုယီက ဥက္ကဌခရုစ်ကိုကြည့်လိုက်သော် သူ၏အဖြေကိုစောင့်နေပုံရသောကြောင့် မနေနိုင်ဘဲ ပြုံးလိုက်မိသည်။

မာကာဒိုက မနက်ခင်း၌ အိမ်မှစောစောထွက်လာသည်။

နေထွက်လာသော်လည်း ဇွန်လလယ်၌ဖြစ်သောကြောင့် ပူအိုက်နေ၏။ သူဟာ ဖာဆန်လုပ်ငန်းစု၏ ဂိတ်သို့ရောက်ချိန်တွင် ချွေးများရွှဲ‌နစ်နေပြီဖြစ်သည်။

သို့သော် သူ၏ကိုယ်မှ အပူက စိတ်နှလုံးထဲ၌ လှုပ်ရှားမှုနှင့် မျှော်လင့်ချက်ကို တိုက်ခိုက်နိုင်စွမ်းမရှိချေ။ သူဟာ မည်သည့်မသက်သာမှုကိုမှ မခံစားရပါချေ။

ကောင်းပေ၏! ထိုကောင့်ထ်စတက်ဂျ်က ဘန်တာမြို့မှထွက်သွားခဲ့သည်။

ဘန်တာတိုင်းမ်စ်ရှိ အစီရင်ခံစာကိုတွေးနေချိန်တွင် ကောင့်ထ်စတက်ဂျ်က ထွက်သွားတော့မည်ဖြစ်ရာ မာကာဒိုက စိတ်ထဲ၌ ဝါးလုံးကွဲရယ်နေသည်။

အနှီလူမှာ သူ၏စိုက်ပျိုးရေးမူဝါဒများချမှန်ရန်ကြိုးစားခဲ့ခြင်းကြောင့် လုပ်ငန်းစုများအားလုံး ဘန်တာမြို့မှထွက်ခွာသွား၏။ ၎င်းက သူ့ကဲ့သို့ ဘန်တာမြို့မှ မထွက်ခွာလိုသော လူများကို နောက်ဆုံးနှစ်ဝက်၌ အလုက်လက်မဲ့ဖြစ်စေခဲ့သည်။ အဆုံး၌ သူဟာ နှစ်တစ်ဝက်လောက် အိမ်၌နေခဲ့ရကာ သူ၏‌နေ့ရက်များအား စုဆောင်းထားသည်များကိုသာ မှီခို၍နေထိုင်ခဲ့ရသည်။ သူဟာ မှော်လေအေးပေးစက်ပျက်သွားချိန်တွင် ပြင်ဖို့ရန်ပင် မတတ်နိုင်ခဲ့ချေ။

သို့ရာ၌ ယခုတွင် အဆင်ပြေလှသည်၊ ထိုခွေးကောင်ကထွက်သွားတော့မည်ဖြစ်ပြီး လုပ်ငန်းစုများက ပြန်လာတော့မည်ပင်။ မာကာဒိုအတွက် ဘန်တာမြို့မှ ထွက်ခွာရန်မလိုတော့ဘဲ အလုပ်ရှာနိုင်တော့ပေမည်!

မာကာဒိုဟာ ဆန်းဒ်တွန်စက်မှုနယ်မြေသို့ အများသုံးမြင်းလှည်းစီးလျက်လာရမည်ကိုတွေးရင်း စိတ်လှုပ်ရှားနေတော့သည်။

Frestech ကုန်သည်ကြီးများအသင်းက ဆန်းဒ်တွန်စက်မှုနယ်မြေတွင် မြေဩဇာစက်ရုံအသစ်ဖွင့်လှစ်လိုက်ကတည်းက အခြားလုပ်ငန်းစုများက အချက်ပြရလိုက်ဟန်ပါပင်။ ဆန်းဒ်တွန် စက်မှုနယ်မြေတွင် စက်ရုံမျိုးစုံကို စတင်ဖွင့်လှစ်ခဲ့ပြီး အများစုမှာ စိုက်ပျိုးရေးကဏ္ဍကို ပံ့ပိုးပေးသည့် ဆိုင်းဘုတ်ကို လွှင့်ထူခဲ့ကြသည်။

ယခုဆိုလျှင် ဆန်းဒ်တွန်စက်မှုနယ်မြေသည် လွန်ခဲ့သော နှစ်နှစ်ခန့်ကကဲ့သို့ သာယာဝပြောလာသောကြောင့် စက်ရုံအလုပ်ရုံများ အားလုံးက အလုပ်သမားများ ခေါ်ယူနေပါ၏။

မာကာဒိုက ယနေ့တွင် ဆန်းဒ်တွန်စက်မှုနယ်မြေသို့ ဦးတည်ရန် ဆုံးဖြတ်ထားသည်။ သူဟာ လုပ်ငန်းစုအမြောက်အများက အလုပ်ခေါ်သည်ကိုကြားရာ သူ၏ကံကိုစမ်းသပ်ချင်နေသည်။

သူ အိုင်ရီလန်ကုန်သည်ကြီးများအသင်းအတွက် လုပ်ဆောင်ပေးခဲ့သည့် အတွေ့အကြုံနှင့်ဆိုလျှင် နောက်ထပ်အလုပ်ရှာဖို့ မခက်ဟု ယုံကြည်ပါ၏။

ခဏနေ အင်တာဗျူး၌ သူ့ကိုယ်သူမည်သို့ မိတ်ဆက်ရမည့်အကြောင်းတွေးနေချိန်တွင် မာကာဒိုမှာ သူ့နံဘေး၌ လူပိုများလာသည်ဟု ခံစားလိုက်ရသည်။

သူဟာ ဖာဆန်ရထားလုံးလုပ်ငန်း၏ အများသုံးပို့ဆောင်ရေးလှည်းကိုသိလေရာ တွေးတောနေသည်ကိုရပ်တန့်၍ ၎င်း၏ ဦးတည်ဘက်သို့ ကြည့်လိုက်သည်။

သို့သော် သူမော့ကြည့်လိုက်ချိန်၌ သူအပါအဝင်ပတ်ဝန်းကျင်ရှိလူတိုင်းလိုလို အံ့အားသင့်နေကြသည်။

***

မှော်စက်မှုအင်ပါယာ

Vol 3, အခန်း ၆၄။ အလတ်ဆိုဒ် မှော်ခရီးသည်တင်ကား

မနီးမဝေးထောင့်တစ်နေရာမှ၊ တဖြည်းဖြည်းလာပြီး ရပ်လိုက်သည်မှာ သူရင်းနှီးနေသည့် မြင်းလှည်းနှင့် မတူညီနေပါချေ။ ၎င်းကအမြင့်နှင့်အကျယ် သုံးမီတာရှိပြီး အရှည် ငါးမှခြောက်မီတာအထိရှိသော ထောင့်မှန်စတုဂံပုံ အဖြူနှင့်အစိမ်း သံသေတ္တာပုံစံဖြစ်၏!

ထိုသံသေတ္တာကြီး၌ မနက်ခင်းနေရောင်ခြည်အလင်းကို ဖြာထွက်နေစေသော စတုရန်းပုံခပ်စောင်းစောင်း အစိမ်းရောင်မှန်ပြတင်းများရှိ၏။ ၎င်းက မောင်းနေစဉ်တွင် အစိမ်းရောင်တောက်ပနေသည်။

ထိုထူးဆန်းသည့်မြင်ကွင်းကြောင့် လူအတော်များများမှာ အံ့အားသင့်နေကြ၏။

၎င်းဧရာမသံသေတ္တာကြီးမှာ အားလုံးရှေ့၌ ရပ်တန့်သွားချိန်တွင် လူတစ်ယောက်က ရုတ်တရတ် တုံ့ပြန်၍ ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်၊ "ကျုပ်အခုသတိရပြီ၊ ဒါက Frestech ကုန်သည်ကြီးများအသင်းကနေ လူတွေကို ပို့ဆောင်ဖို့ တီထွင်ထားတဲ့ အလတ်ဆိုဒ် မှော်ခရီးသည်တင်ကားပဲ!"

ထိုသတိပေးချက်ကြောင့် အားလုံးမှ စတင်တုံ့ပြန်လာကြသည်။

"ဟုတ်တယ်၊ ဟုတ်တယ်၊ ဘန်တာတိုင်းမ်စ်ကနေအရင်က ဖော်ပြဖူးတာကို ငါဘယ်လိုများ မေ့နိုင်ရတာလဲ?"

"ဟား၊ဟား၊ ဒါဆို ဒါက အလတ်ဆိုဒ်မှော်ခရီးသည်တင်ကားပေါ့။ ဒါက ဘန်တာတိုင်းမ်စ်မှာ ပြထားတဲ့ပုံနဲ့ မတူနေတော့ ကျုပ်လည်း သတိမထားမိလိုက်ဘူး။"

"အဟုတ်ပဲ၊ ကျုပ်တော့ ဘန်တာတိုင်းမ်စ်မှာ ပြထားတဲ့ပုံထဲက တစ်ခုကိုမှ မတွေ့ဘူး၊ ဒါပေမယ့် အခုမြင်တော့လည်း၊ အိုင်း။ နည်းနည်းအကြမ်းထည်ပုံပေါ်နေပေမယ့်လည်း အသုံးတော့ဝင်မယ့်ပုံပါ။"

"ဟုတ်တယ်၊ ဒီပစ္စည်းကို Frestech ကုန်သည်ကြီးများအသင်းက ထုတ်ထားတာဆိုတော့ တခြားမှော်စက်ပစ္စည်းတွေလို အသုံးဝင်မှာပဲ၊ ဟုတ်တယ်မို့လား?"

"ခင်ဗျားတက်ကြည့်တာနဲ့ သိမှာပါ။"

၎င်းကိုဆိုလိုက်ချိန်၌ အားလုံးမှာ နိုးထလာကြကာ ၎င်းတို့ရှေ့မှ တံခါးကို ဖွင့်ရန်ဦးတည်လိုက်သည်။

၎င်းတို့ ထိုအလတ်ဆိုဒ် မှော်ခရီးသည်တင်ကားထဲဝင်လိုက်ချိန်တွင် အားလုံးမှာ အတွင်းရှိနေရာက ယခင်မြင်းလှည်းများထက် များစွာ ပိုကြီးမားကြောင်း တွေ့ရှိသွားလေသည်။

ထိုရပ်နားရာ(မှတ်တိုင်)၌ လူဆယ်ဦးကျော်ရှိနေပြီး ယခင်က မြင်းလှည်းသာဆိုပါလျှင် တစ်စီးလုံး နေရာလပ်မကျန် ပြည့်နေလောက်ပြီဖြစ်၏။

သို့သော် ဤအလတ်ဆိုဒ် မှော်ခရီးသည်တင်ကားတွင် လစ်လပ်နေသော နေရာကြီးကြီးမားမားပင်ရှိနေသေး၏။

ထို့အပြင် လူတစ်ယောက် အလွယ်တကူဆန့်သည့် ထိုင်ခုံတန်းများလည်းရှိနေသေးသည်။ ၎င်းတို့ယာဉ်ထဲဝင်လိုက်ပြီးနောက် အားလုံးနီးပါးမှာ အလွယ်တကူထိုင်ရန် ထိုင်ခုံကို တွေ့သွားသည်။

"မဆိုးဘူး၊ ဒါအတော်လေးမိုက်တယ်။" မာကာဒိုမှာ ပြတင်းနံဘေးရှိ ခုံ၌ထိုင်ချလိုက်ပြီး သူ၏တင်ပါးအောက်မှ အထိအတွေ့ကို ခံစားမိသော် ကျေနပ်နေသည့် ချီးကျူးသံတစ်ချက်ပြုလာသည်။

ထိုထိုင်ခုံအား ပလက်စတစ်ဖြင့်ပြုလုပ်ထားခြင်းဖြစ်နိုင်ရာ ဘန်တာမြို့သားများ တဖြည်းဖြည်းရင်းနှီးလာနေသော ညတေးသံမျိုးနွယ်စု ပလက်စတစ်ထုတ်ရုံမှ ပြုလုပ်ပေးခြင်းဖြစ်နိုင်သည်။ ၎င်းက ထိုင်ရန် အဆင်ပြေလှရာ ဆောင်းရာသီအတွက် ပြည့်စုံလှ၏။

အားလုံး ဘေးဘီကိုကြည့်လိုက်ချိန်တွင် မှော်ခရီးသည်တင်ကား၏ ဘယ်ဘက်ဘေး ပထမဆုံးထိုင်ခုံတွင် ထိုင်နေသည့်လူက လှည့်လာကာ အားလုံးကို အော်ပြောလိုက်သည်၊ "ဟေး၊ ခင်ဗျားတို့တွေ ကားကိုပဲကြည့်မနေကြနဲ့ ယာဉ်စီးခကို အရင်ပေးကြလေ!"

အားလုံးမှာ ကြောင်အသွားကြပြီး ထိုလူကိုကြည့်လိုက်ကြ၏။ ထိုလူမှာ ၎င်းတို့ရင်းနှီးပြီးသား လူထုပို့ဆောင်ရေး မြင်းလှည်းမောင်းသူ ခရက်ရှ်ဖြစ်ကြောင်း သတိပြုမိသွားကြသည်။

အံ့ဩပြီးနောက်၌ အားလုံး ရယ်မောမိကြသည်။ ထို့နောက် တစ်ယောက်ကစိုးရိမ်နေဟန်ဖြင့် မေးလာ၏၊ "ဟေး၊ ခရက်ရှ်, ဒီအလတ်ဆိုဒ်မှော်ခရီးသည်တင်ကားက အရင်မြင်းလှည်းထက်ပိုကောင်းတဲ့ပုံပဲ။ ဒါဆိုယာဉ်စီးခက ပိုပြီးဈေးကြီးသွားပြီပေါ့?"

ထိုမေးခွန်းကိုကြားသော် အခြားလူများလည်း ခရက်ရှ်အား စိုးရိမ်ဟန်ဖြင့်ကြည့်လာကြသည်။

ဤအလတ်ဆိုဒ်မှော်ခရီးသည်တင်ကား၏ ပုံစံနှင့်ယှဉ်လျှင် ထိုသည်က ၎င်းတို့ဂရုအစိုက်မိဆုံး မေးခွန်းပင်။

ခရက်ရှ်က နှုတ်ခမ်းများကိုတွန့်ကွေးကာ ရယ်မောရင်းတိုလိုက်သည်, "အေးဆေးပေါ့၊ ယာဉ်ပုံစံပြောင်းသွားပေမယ့်၊ ယာဉ်စီးခက ကျသွားသေးတယ်။ ခင်ဗျားတို့ ဒီကနေ ဆန်းဒ်တွန်စက်မှုနယ်မြေအထိ စီးမယ်ဆိုရင် ယာဉ်စီးခက ငွေဒင်္ဂါးသုံးပြားကနေ နှစ်ပြားအထိကျသွားပြီ။"

ဈေးနှုန်းကျဆင်းသွားသည်ကိုကြားသော် အားလုံးက စိတ်အေးစွာသက်ပြင်းချလိုက်ပြီး ပိုလို့ပင် အံ့အားသင့်နေကြ၏။ ၎င်းတို့မှာ ဖာဆန်ကုန်သည်ကြီးများအသင်းအား စိတ်ထားနှင့်ပတ်သက်၍ချီးမွမ်းလိုက်ကြသည်။ ၎င်းတို့က ပိုကောင်းသည့်ယာဉ်ကိုပြောင်းပေးသော်ငြား ယာဉ်စီးခက လျော့နည်းသွားသေးသည်။

သို့သော် ခရက်ရှ်က ထပ်ပေါင်းပြောလာ၏၊ "ဒါပေမယ့် ကျုပ်သတိပေးထားရမယ်၊ ဒီလူထုပို့ဆောင်ရေးလမ်းကြောင်းက မောင်းသူမဲ့ကြေးရှိသေးတယ်။ ခင်ဗျားတို့ ကားထဲဝင်လိုက်တာနဲ့ ငွေဒင်္ဂါးနှစ်ပြားကို ဒီသေတ္တာထဲ ပစ်ထည့်ပေးရမယ်။ ဘယ်နေရာသွားသွား ငွေဒင်္ဂါးနှစ်ပြားပဲ၊ မနည်းသွားသလို များသွားမှာလည်းမဟုတ်ဘူး။"

အားလုံးက ခရက်ရှ်ညွှန်ပြသော ဘေးဘက်ရှိ သေတ္တာထံကြည့်လိုက်သော် မာကာဒိုက နေနိုင်ဘဲ မေးလိုက်သည်၊ "ဒါဆို ခင်ဗျားပြောချင်တာက ကျုပ်အနေနဲ့ ရပ်နားရာ နှစ်နေရာပဲသွားရင်လည်း ငွေဒင်္ဂါးနှစ်ပြားပဲ ပေးရမှာပေါ့?"

ခရက်ရှ်ကခေါင်းငြိမ့်ကာဖြေဆိုလိုက်သည်၊ "အမှန်ပဲ။"

"အာ? ဒါက အရမ်းမများလွန်းဘူးလား?"

"အမှန်ပဲ၊ လမ်းတိုတိုလေးအတွက် ငွေဒင်္ဂါးနှစ်ပြားကျရင်ကျ အရမ်းဈေးကြီးသွားပြီ။ ကျုပ် လမ်းပဲလျှောက်တော့မှာပေါ့။"

"ဟေး၊ ကျုပ်က ဖာဆန်ကုန်သည်ကြီးများအသင်းကို စိတ်ထားနဲ့ပတ်သက်ပြီး ပြောပြီးရုံရှိသေး အခုကတော့ စိတ်ထားမည်းညစ်တာပဲ။ ခင်ဗျားတို့ လာနောက်နေတာလား?"

...

အားလုံး၏ ငြင်းခုံသံကိုကြားသော် ခရက်ရှ်မှာ ရယ်ရင်းဆိုလာ၏၊ "ခင်ဗျားတို့ ဒီဈေးနှုန်းကို မကျေနပ်ရင်လည်း အဆင်ပြေပါတယ်။ ခင်ဗျားတို့ ဆင်းပြီး လူထုပို့ဆောင်ရေးမြင်းလှည်းကိုပဲ စီး‌လိုက်လေ၊ အဲဒါကတော့ အရင်ဈေးနှုန်းပါပဲ။ ဒါပေမယ့် ခင်ဗျားတို့ ခဏနေ နောင်တရတော့မှ သတိမပေးဘူးလို့ ကျုပ်ကို အပြစ်မတင်နဲ့နော်။"

အားလုံးက တစ်ဦးနှင့်တစ်ဦးကြည့်လိုက်သည်။ မဆင်းခင်၌ တုံ့ဆိုင်းနေသော လူငါးဦးရှိ၏။ သေချာသည်မှာ ၎င်းတို့သွားရမည့်ခရီးက တိုသောကြောင့် ငွေဒင်္ဂါးနှစ်ပြားနှင့်ဆိုရင် အဆင်မပြေ၍ဖြစ်ရမည်။

ခရက်ရှ်ကျန် ရှစ်ဦးကိုကြည့်ကာမေးလိုက်သည်၊ "ခင်ဗျားတို့ ဒီကားကိုစီးဖို့ ဆုံးဖြတ်ပြီးပြီလား?"

ရှစ်ဦးစလုံးက ခေါင်းငြိမ့်လိုက်၏။

"ဟုတ်ပြီ၊ ဒါဆို ငွေဒင်္ဂါးနှစ်ပြား လာထည့်ပေးကြပါဦး။ မမေ့နဲ့နော် ရှေ့လျှောက် ဒီကားကိုစီးရင် တက်လာတာနဲ့ ငွေကိုထည့်ပေးကြပါ။ ကျုပ်သတိပေးမှာ မဟုတ်တော့ဘူး။"

ထိုရှစ်ဦးက ရွှေဒင်္ဂါးနှစ်ပြားစီ ထည့်လာသည်ကို မြင်သော် ခရက်ရှ်က သူ၏ရှေ့ရှိ ထိန်းချုပ်နေရာမှ ခလုတ်တစ်ခုကိုနှိပ်လိုက်ရာ ဖွင့်ထားသည့်တံခါးက အလိုလိုပိတ်သွားသည်။

၎င်းကိုကြည့်ရင်း ကားထဲရှိလူရှစ်ဦးက မနေနိုင်ဘဲ ချီးမွမ်းလိုက်ကြသည်။

ဤအလတ်ဆိုဒ်မှော်ခရီးသည်တင်ကားမှာ Frestech ကုန်သည်ကြီးများအသင်းထုတ်ဖြစ်ရာ တကယ်ကိုအံ့ဩဖွယ်ရာပင်။

"ဟုတ်ပြီ၊ ထိုင်ကြပါ၊ ကျုပ်တို့စထွက်တော့မယ်!" ခရက်ရှ်က ရုတ်တရတ်အော်ပြောလာသည်။ သူကလုံးဝမလှုပ်ရှားသော်ငြား ကားကလှုပ်လာသည်ကို ခံစားလိုက်ရ၏။ ၎င်းတို့၏ အောက်ဘက်မှ အတန်ငယ်လှုပ်လီလှုပ်လဲ့ဖြစ်လာပြီး ဧရာမကားကြီးမှာ တဖြည်းဖြည်း ရှေ့သို့ရွေ့သွားသည်။

Frestech ကုန်သည်ကြီးများအသင်းက ဘန်တာတိုင်းမ်စ်၌ တင်ပြချက်များစွာပြခဲ့ပြီး ထိုမှော်ကားရွေ့လျားရန် မြင်းမလိုသည်ကိုသိသော်ငြား ၎င်းဘာသာရွေ့လျားနေသည်ကို ကြုံတွေ့ရသောအခါ မနေနိုင်ဘဲ ထိတ်လန့်စွာကြည့်လိုက်ကြသည်။

ဆွဲနေသော မြင်းများမရှိသလို မည်သည်ကမှ တွန်းမနေသည်က သေချာလှရာ ဤဧရာမသံသေတ္တာက ၎င်းတို့ရှစ်ဦးနှင့် ခရက်ရှ်အား မည်သို့များ အရှေ့ကို ရွှေ့နိုင်ပါသနည်း?

ဒါက... ဒါကတကယ်ကို အံ့ဖွယ်ပင်!

ထိုအလတ်ဆိုဒ်မှော်ခရီးသည်တင်ကားက ပထမတွင် အတော်လေးနှေး‌ပုံပေါ်သော်ငြား စတင်ရွေ့လျားသည်နှင့် တဖြည်းဖြည်းပိုမြန်လာသည်။ တစ်ခဏအကြာ၌ ၎င်းက လူထုပို့ဆောင်ရေးမြင်းလှည်း၏ အရှိန်ကိုပင် ကျော်လွန်သွား၏။

၎င်းတို့ဘန်တာမြို့မှ မောင်းထွက်လာပြီး ဆန်းဒ်တွန်စက်မှုနယ်မြေရှိ လမ်းသို့ရောက်ချိန်တွင် မှော်ခရီးသည်တင်ကားက ပိုလို့ပင် မြန်လာသည်။

အမြန်နှုန်းတည်ငြိမ်သွားချိန်တွင် ထိုလူရှစ်ဦးမှာ မြင်ကွင်းများက ပြတင်းမှနေ၍ ၎င်းတို့ကို မြန်မြန်ဖြတ်ပျံသွားကြသည်ကို မြင်ကြရာ အံ့အားသင့်စွာ မျက်လုံးများဖွင့်ထားလိုက်ရင်း မည်သည်ကိုမှပင် မဆိုနိုင်ကြတော့ချေ။

၎င်းတို့၏လက်ရှိ အမြန်နှုန်းနှင့်ဆိုလျှင် ဆန်းဒ်တွန်စက်မှုနယ်မြေထံ ဆယ်မိနစ်ကျော်နှင့် ရောက်သွားနိုင်သည်မဟုတ်ပါလား?

မာကာဒိုက အပြင်ဘက်ရှိ မြင်ကွင်းကို ငေးကြည့်နေသည်။ အတန်ငယ်စဉ်းစားပြီးနောက် သူဟာ ခရက်ရှ်၏နံဘေးသို့သွားကာ ခရက်ရှ်လက်ထဲမှ ခပ်ဝိုင်းဝိုင်းအရာကိုကြည့်လိုက်သည်။ ၎င်း၏ ပြောင်းလဲမှုကိုသတိထားကြည့်လျှင် ၎င်းအားဘယ်ဘက်လှည့်လိုက်ချိန်တွင် မှော်ကားက ဘယ်ဘက်ကွေ့သွားပြီး ညာဘက်လှည့်လိုက်ချိန်၌ ကားက ညာဘက်ကွေ့သွားသည်။

"ဟေး၊ ခရက်ရှ် ဒီအဝိုင်းကြီးကိုဘယ်လိုထိန်းရတာလဲ?" မာကာဒိုကမေးလာသည်။

"ကျုပ်ကို စကားမပြောနဲ့!" မျှော်လင့်မထားစွာ ခရက်ရှ်က သူ့အားပြန်မဖြေဘဲ ၎င်းကိုသာ ခပ်မြန်မြန်ပြောလာခဲ့သည်ပင်။

မာကာဒိုက ရပ်တန့်သွားပြီးမှ ခရက်ရှ်မျက်နှာထက်ရှိ စိတ်လှုပ်ရှားနေဟန်ကိုမြင်သော် ချက်ချင်းနားလည်သွားသည်။

ကြည့်ရသည်မှာ ခရက်ရှ်က ဤအလတ်ဆိုဒ်မှော်ခရီးသည်တင်ကား မောင်းနှင်ရာ၌ မကျွမ်းကျင်သဖြင့် မောင်းနှင်ချိန်၌ အပြည့်အဝ အာရုံစိုက်ရန်လိုနေသည်ပင်။

၎င်းကိုနားလည်ပြီး မာကာဒိုမှာ သူ့အားထပ်မံမနှောင့်ယှက်တော့ဘဲ ပြန်ထိုင်ချလိုက်၏။

ထိုမှော်ကားက မြို့ပြင်လမ်းမကြီးထက်၌ မြင်းလှည်းများ၏အမြန်နှုန်းထက် နှစ်ဆပြေးနေသည်။ ၎င်းက မှတ်တိုင်အတော်များများ၌ ရပ်နားပြီးသည်တွင် ၎င်းတို့ ဆန်းဒ်တွန်စက်မှုနယ်မြေသို့မရောက်ခင်၌ လူနှစ်ဦးတက်လာသည်။

နောက်ဆုံးတွင် ဆန်းဒ်တွန်အိမ်ရာအပြင်ဘက်ရှိ မှတ်တိုင်၌ ရပ်သွားသော် မာကာဒိုအကြမ်းဖျင်းခန့်မှန်းကြည့်လိုက်ရာ ဘန်တာမြို့မှ ဤနေရာသို့လာရန် မိနစ်နှစ်ဆယ်ဝန်းကျင်သာကြာလိုက်၏။

ဤနေရာသို့ရောက်ရန် ယခင်က နာရီဝက် မိနစ်လေးဆယ်ကျော်လောက်ကြာသည်နှင့်ယှဉ်လျှင် အချိန်အတော်လေး သက်သာပေသည်။

အခြားခရီးသည်များ ဆင်းသွားသည်ကိုကြည့်ရင်း မာကာဒိုက အတန်ကြာစဉ်းစားလိုက်သည်။ သူဟာ ကားပေါ်မှမဆင်းဘဲ ရှေ့၌ထိုင်နေသည့် ခရက်ရှ်ဆီလျှောက်သွားလိုက်၏။ ထို့နောက် ခရက်ရှ်အားအပြုံးဖြင့်မေးလိုက်သည်၊ "ဟေး ခရက်ရှ် ခင်ဗျား ကျုပ်ကို ဒီအရာအကြောင်းပြောပြနိုင်မလား? ခင်ဗျားကြည့်ရတာ စိတ်လှုပ်ရှားနေပုံပဲ၊ ဒါကို ပထမဆုံးအကြိမ်မောင်းကြည့်တာများလား?"

ခရက်ရှ်က သူ့အားကြည့်ကာ အေးစက်စက်နှာမှုတ်၍ ပြော၏၊ "ဘယ်လိုလုပ်ပထမဆုံးအကြိမ်ဖြစ်နိုင်မှာလဲ? ပြောပါဦးမယ်၊ ဒီအရာကိုမောင်းဖို့အတွက် ခင်ဗျားအနေနဲ့ Frestech ကုန်သည်ကြီးများအသင်းဆီကနေ ယာဉ်မောင်းလိုင်စင်ယူရသေးတယ်။ ယာဉ်မောင်းလိုင်စင်ရဖို့အတွက် Frestech ကုန်သည်ကြီးများအသင်းရဲ့ လေ့ကျင့်မှုမျိုးစုံနဲ့ စစ်ဆေးမှုတွေကို ဖြတ်ကျော်ဖို့လိုတယ်။ မဖြတ်ကျော်နိုင်ရင်တော့ ယာဉ်မောင်းလိုင်စင်မရသလို မောင်းလို့လဲမရဘူး။"

၎င်းကိုပြောပြီးနောက် ခရက်ရှ်က မျက်နှာထက်၌ ဂုဏ်ယူဟန်ထင်ဟပ်လာပြီး လိုင်စင်တစ်ခုရထားသည်က ဂုဏ်ယူဖွယ်‌ဖြစ်နေသလိုပါပင်။

မာကာဒိုက အတန်ငယ်အံ့အားသင့်သွားကာ၊ "ယာဉ်မောင်းလိုင်စင်? အဲဒါက ဘာများလဲ?"

"ခင်ဗျားမသိဘူးလား?" မာကာဒို၏ ရှုပ်ထွေးသွားဟန်ကိုမြင်သော် ခရက်ရှ်ကရယ်လျက် ပိုလို့ပင် ဂုဏ်ယူသွား၏။ မည်သူမှ တက်မလာသည်ကိုမြင်သော် သူက စိတ်ငြိမ်ကာ မာကာဒိုထံ ရှင်းပြလိုက်၏၊ "ခင်ဗျားကားထဲမှာရှိတော့ မြင်တယ်မို့လား? ဒီကားက အရမ်းမြန်ပြီး တစ်ယောက်ယောက်ကို တိုက်မိရင် ဒါမှမဟုတ် လမ်းဘေးက မြောင်းထဲ ကျသွားတာဖြစ်ရင် မဆိုးသွားဘူးလား?"

မာကာဒိုက စဉ်းစားပြီးမှ ခေါင်းငြိမ့်၏၊ "အန်း၊ ဟုတ်တယ်။ ဒီဟာက အရမ်းမြန်တော့ တစ်ခုခုသေချာပေါက် ဖြစ်လာနိုင်တယ်။"

"ဒါကြောင့် ယာဉ်မောင်းလိုင်စင်ဆိုတာ ခင်ဗျားအနေနဲ့ မောင်းနှင်ရာမှာ ယုံကြည်မှုရှိတာကို သက်သေပြတာပဲ။ ပြောရဦးမယ်၊ Frestech ကုန်သည်ကြီးများအသင်းရဲ့စစ်ဆေးမှုမှာ ကဏ္ဍာတွေက ဒါကိုမောင်းတာထက်တောင် ခက်သေးတယ်။ အဆိုးဆုံးစစ်ဆေးမှုကျတော့ ကျုပ်ကို သံပြားတစ်ခုစာပဲ ကျယ်တဲ့ကားနှစ်စီးကြားမှာ ဝင်ရပ်(ပါကင်ထိုး)ခိုင်းတာပဲ၊ ဒါက ခက်ခဲတယ်လို့ ယူဆနိုင်တယ်...",

***

မှော်စက်မှုအင်ပါယာ

Vol 3, အခန်း ၆၅။ အငှားကား

ခရက်ရှ်အား နားထောင်ပြီးနောက်တွင် မာကာဒိုမှာ ဆန်းဒ်တွန်စက်မှုနယ်မြေ၌ အလုပ်ရှာရန် လက်လျှော့လိုက်သည်။ ထိုအစားမိုးကျတောင်ကြားဆီဦးတည်ကာ Frestech ကုန်သည်ကြီးများအသင်း ယာဉ်မောင်းလိုင်စင်စာမေးပွဲ၌ပါဝင်ရန် စီစဉ်လိုက်၏။

မှော်ကား၏ အမြန်နှုန်းနှင့်သက်သာမှုကို ကိုယ်တိုင်တွေ့ကြုံပြီးနောက်တွင် မာကာဒိုမှာ ထိုအရာ မြင်းလှည်းများအား အစားထိုးမည်ဖြစ်ကြောင်းသေချာသွားသည်။ ၎င်းက လမ်ပူရီတိုင်းပြည်နှင့် စိုင်စစ်အမိနယ်မြေ၌ပင် အသုံးဝင်ဆုံး ပို့ဆောင်ရေးနည်းလမ်းဖြစ်လာပေလိမ့်မည်။

ထိုသို့ဆိုလျှင် ယာဉ်မောင်းလိုင်စင်မှာ အနာဂတ်၌ မရှိမဖြစ်လိုအပ်လာပေလိမ့်မည်။ သူသာ စစ်ဆေးပွဲကို အောင်မြင်သွားပါလျှင် ၎င်းကသူ့ထံ၌ အခြားလူများကို ယှဉ်နိုင်မည့်အားသာချက်ရှိခြင်းဟု ဆိုလိုပေသည်။

သို့သော် ခရက်ရှ်၏ မိုးကျရွာသွားနေသော မှော်ကားအားစီးနင်းနေချိန်၌ စိတ်လှုပ်ရှားနေသောမာကာဒိုမှာ ရောက်ရှိချိန်၌ Frestech ကုန်သည်ကြီးများအသင်း၏ နှလုံးသားမဲ့ငြင်းဆိုခြင်းကိုခံလိုက်ရသည်။

"စိတ်မကောင်းပါဘူး၊ ကျုပ်တို့ လတ်တလောတော့ ယာဉ်မောင်းလိုင်စင်စာမေးပွဲတွေ ကျင်းပဖို့ မရှိသေးလို့ပါ။ ခင်ဗျား ပါဝင်ချင်ရင် ကျုပ်တို့လုပ်ငန်းစုက ကြေညာချက်ကို စိတ်ရှည်ရှည်စောင့်မှရမယ်။" Frestech ကုန်သည်ကြီးများအသင်း၏ ဧည့်ကြိုမှာ ငယ်ရွယ်လှပပြီး အသံကောင်းကောင်းရှိပါသော်ငြား သူဟာ ၎င်းကိုကြားသောအခါ မကျေနပ်နေပါချေ။

"ဘာလို့လဲ?" မာကာဒိုမှာ ဒေါသကြီးစွာဖြင့် သူ၏ရှေ့ရှိ စားပွဲကိုရိုက်ချလိုက်သည်၊ "ဒီမှော်ကားကြိ ခင်ဗျားတို့လုပ်ငန်းကပဲ ထုတ်လုပ်ပြီး ခင်ဗျားတို့ကပဲ စာမေးပွဲကျင်းပချင်တာလေ၊ ဒါကို အခုမှ စာမေးပွဲမကျင်းပသေးဘူးလို့ ပြောနေတာလား? ကျုပ်ကို နောက်နေတာလား? အကယ်လို့ကျုပ်သာ မှော်ကားဝယ်ရင်တောင် ယာဉ်မောင်းလိုင်စင်မရှိတော့ ဘာမှမဟုတ်ဘဲ ဝယ်သလိုဖြစ်သွားမယ်မဟုတ်လား? ကျုပ်မှ လုံးဝမမောင်းနိုင်တာလေ! ပြောပါဦး၊ ခင်ဗျားတို့ စီးပွားရေးကို ဘယ်လိုများလုပ်နေကြတာလဲ!" မာကာဒိုက အသံကိုမြှင့်လိုက်ရာ Frestech ကုန်သည်ကြီးများအသင်း၏ လျှောက်လမ်းထက်၌ ပဲ့တင်ထပ်သွားကာ ချက်ချင်းပင် အားလုံး၏ အာရုံကိုဆွဲဆောင်သွားတော့သည်။

ထိုဧည့်ကြို၏မျက်နှာက အနည်းငယ်ရဲသွားကာ အလျင်အမြန်ပင် ခေါင်းခါလျက် ပြော၏၊ "စိတ်မကောင်းပါဘူး၊ ဒီကဆရာ၊ ကျွန်မက ဒီလိုပြောတာမဟုတ်ပါဘူး။ ဒါက ကျွန်မတို့လုပ်ငန်းစုရဲ့စည်းကမ်းပါ။ ပြီးတော့... ကျွန်မတို့လုပ်ငန်းစုက လက်ရှိမှာ မှော်ကားတွေကို လက်လီရောင်းဖို့ အစီစဉ်မရှိသေးပါဘူး..."

"လက်လီမရောင်းဘူး?" မာကာဒို၏မျက်လုံးများက တဖန်ပြူးသွားရ၏၊ "ဒါဆို ခင်ဗျားတို့က ဘယ်သူ့ကိုရောင်းဖို့စီစဉ်နေတာလဲ? ဖာဆန်ရထားလုံးလုပ်ငန်းစုကိုပဲလား? ကျုပ်တို့သာမန်လူတွေက ဒါကိုဝယ်ဖို့ အရည်အချင်းမမီလို့များလား?"

မာကာဒို၏ ဒေါသဖြစ်နေဟန်ကိုကြည့်ရင်း ဧည့်ကြိုမိန်းကလေး၏မျက်နှာက ရဲရဲနီနေသည်။ သူမက ခေါင်းသာခါလိုက်နိုင်ပြီး မည်သည်ကိုမှ မဆိုတော့ချေ။

သူမဟာ အချိန်အနည်းငယ်သာ ဧည့်ကြိုဖြစ်ခဲ့ပါသော်လည်း ဤနေရာကိုလာသော ဧည့်သည်များအားလုံးမှာ Frestech ကုန်သည်ကြီးများအသင်းအား လေးစားကြသဖြင့် သူမထံ အင်မတန်ယဉ်ကျေးကြသည်ပင်။

ယခု မာကာဒိုကဲ့သို့ မည်သို့များဒေါသထွက်နိုင်ပါမည်နည်း? ၎င်းက သူမအား လိုက်လျောညီထွေဖြစ်ရန် ခက်ခဲစေ၏။

ဧည့်ကြိုက ပြောစရာမဲ့နေသည်ကိုမြင်သော် မာကာဒိုက ပို၍ပင် ဒေါသဖြစ်လာ၏။ သူဟာ နှစ်တစ်ဝက်မျှ အလုပ်လက်မဲ့ဖြစ်ခဲ့ရာ ဖိအားအတော်များနေသည်ပင်။ ယခုတွင် ယာဉ်မောင်းလိုင်စင်နှင့် အခွင့်ရေးတစ်ခုကို ရှာတွေ့ခဲ့ပါသော်လည်း သူ့အား တစ်ခါပင် မစစ်ဆေးနိုင်ဟုဆိုလာရာ ၎င်းက သူ၏နှစ်ဝက်စာ‌ဒေါသကို ပေါက်ကွဲထွက်သွားစေသည်။

"မင်းကိုပြောပါရစေ၊ မင်းတို့ Frestech ကုန်သည်ကြီးများအသင်းသာ ကျုပ်ကို ယာဉ်မောင်းလိုင်စင်အတွက် စစ်ဆေးခွင့်မပေးရင် ခင်ဗျားတို့က ကျုပ်တို့လိုသာမန်လူတွေကို ခွဲခြားဆက်ဆံနေတာပဲ။ ကျုပ်ပြောမယ်..."

မာကာဒို ထိုသို့ပြောနေစဉ်တွင် တစ်ယောက်ယောက်က ပခုံးအားလာထိနေသည်ဟု ခံစားလိုက်ရရာ သူဟာ ဒေါသတကြီးလက်ကိုဝေ့ယမ်းလိုက်၏။

"ဖယ်စမ်း!"

ထိုလူက သူ၏ပခုံးကို ထပ်ထိလာပြန်သည်။

မာကာဒို၏ဒေါသက ဆောင့်တက်လာပြီး ဂရုမစိုက်ဘဲ လှည့်ကာ တစ်ချက်ထိုးလိုက်တော့၏။

သို့သော် ထိုထိုးချက်က ပျော့ပျောင်း၍ခိုင်မာသည့်‌နံရံကိုထိုးလိုက်မိပုံပေါ်ပြီး ဤလက်သီးနောက်မှ ခွန်အားအလုံးစုံကို ပြန့်ကျဲသွားစေသည်။

မာကာဒိုမှာ သူ့ညာဘက်လက်သီးကို ဝေဝါးစွာကြည့်ရင်း သူ့ရှေ့မှလူကို မော့ကြည့်လိုက်ရာ ချက်ချင်းပင် တုန်လှုပ်သွားသည်။ ၎င်းက ရေအေးဖြည့်ထားသည့်ဇလုံတစ်ခု သူ့အပေါ်ကို ပြုတ်ကျလာသလိုခံစားလိုက်ရကာ ခြေထောက်များက ပျော့ခွေ၍ မြေပြင်ပေါ် လဲကျသွားတော့သည်။

ရှုယီက ခေါင်းခါကာ အစောင့်များထံ လက်ခါပြလိုက်ရင်း တားဆီးလိုက်သည်။ ထို့နောက် ကြမ်းပေါ်ရှိ မာကာဒိုထံရောက်သွားကာ အပြုံးဖျော့ဖြင့်ဆိုလိုက်သည်၊ "ဒီကဆရာ၊ ခင်ဗျားအနေနဲ့ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းအပေါ် ဘယ်လိုပဲခံစားရနေပါစေ မိန်းမငယ်လေးတစ်ဦးကို ဒီလိုအော်ဖို့မလိုပါဘူး။ ဒေါသက ခင်ဗျားရဲ့ပြဿနာကို မဖြေရှင်းပေးဘူးလေ။ ခင်ဗျားမှာ အကြံရှိရင် အေးဆေးပြောလို့ရပါတယ်။ ဖြေရှင်းနိုင်ရင်တော့ ခင်ဗျားကို ကူညီဖို့ ကျုပ်တို့ဝမ်းသာမယ်လို့ ကျုပ်ထင်တယ်။"

မာကာဒိုက သူ၏ရှေ့ရှိရှုယီကို ကြည့်လာသည်။ သူ၏စိတ်၌ ပြည့်နေသောဒေါသက လုံးဝကွယ်ပျောက်သွားကာ ရှက်ရွံ့မှုများသာကျန်ခဲ့၏။ သူဟာ ခုန်ဝင်ဖို့ ကျင်းတစ်ကျင်းသာ တူးနိုင်ရန် ဆန္ဒပြုမိသည်။

အတော်ရှက်စရာပဲ!

၎င်းက အင်မတန်ရှက်ရွံ့ဖွယ်ပင်!

သူက ထိုလူများအားလုံးရှေ့၌ မိန်းမငယ်လေးတစ်ဦးအား အော်ခဲ့ပြီး Frestech ကုန်သည်ကြီးများအသင်းကို ၎င်းတို့၏ နေရာ၌ ကျိန်ဆဲခဲ့သည်!

အရေးကြီးဆုံးအရာမှာ Frestech ကုန်သည်ကြီးများအသင်းဥက္ကဌ ရှုယီက သူ့အားမြင်တွေ့သွားခြင်းပင်!

"ကျုပ်...ကျုပ်...ကျုပ်မှာ ဘာအကြံမှမရှိပါဘူး၊ ဒီတိုင်း...ဒီတိုင်း စိတ်လွတ်သွားရုံပါ..."

မာကာဒိုက ရှုယီနှင့် လုံးဝမျက်လုံးချင်းမဆုံဘဲ ဘေးကိုသာကြည့်နေကာ ဖြေလိုက်၏၊ "အဲဒါ...ရှု...ဥက္ကဌရှု၊ ခင်ဗျား... ခင်ဗျားစိတ်ထဲမထားပါနဲ့။ ကျုပ်...ကျုပ်က စိတ်လောသွားတာပါ...ဘာအဓိပ္ပာယ်မှမရှိပါဘူး။"

ရှုယီက ခပ်ဖျော့ဖျော့ပြုံးကာ "အားလုံး တစ်ခါတလေဒီလိုခံစားရတာကို ကျုပ်နားလည်ပါတယ်။ ဒါပေမယ့် ဒီကဆရာ၊ ခင်ဗျားက ယာဉ်မောင်းလိုင်စင်အတွက် စစ်ဆေးမှုလုပ်ချင်တာလို့ ကျုပ်ကြားခဲ့တယ်။"

ထိုမေးခွန်းကိုကြားသော် မာကာဒိုမှာ သူ၏ပန်းတိုင်ကိုသတိရသွားသည်။ ယခုတွင် Frestech ကုန်သည်ကြီးများအသင်းဥက္ကဌရှုယီက သူ၏ရှေ့၌ရှိနေရာ မည်သို့များ အခွင့်ရေးအားလက်လွှတ်ခံနိုင်ပါမည်နည်း?

သူက ရှက်ရွံ့မှုကို လျစ်လျူရှုကာ ရှုယီထံ မျှော်လင့်တကြီးကြည့်လျက် ဆိုလိုက်၏၊ "ဟုတ်ပါတယ်၊ ကျုပ် ဖာဆန် ရထားလုံးလုပ်ငန်းစုရဲ့လူထုပို့ဆောင်ရေးလမ်းကြောင်းသစ်ကိုစီးလာတော့ မှော်ကားက လိုင်စင်လိုတယ်လို့ မောင်းသူဆီက ကြားခဲ့တယ်၊ ဒါကြောင့် ကျုပ်လာမေးရတာပါ။ ဥက္ကဌရှု၊ ဘာလို့ အခု ယာဉ်မောင်းလိုင်စင်စာမေးပွဲကို မကျင်းပတာလဲ? ဒီမှော်ကားတွေနဲ့ပတ်သက်ပြီး ကတိအတော်များများရှိလောက်မယ်လို့ ကျုပ်ခံစားရတာကြောင့် ရှေ့လျှောက်လည်း ယာဉ်မောင်းလိုင်စင်စာမေးပွဲဖြေချင်သူတွေ သေချာပေါက်ရှိမှာပဲလေ။"

ရှုယီက သူ့အား အတန်ငယ်အံ့ဩစွာကြည့်ကာ၊ "ခင်ဗျားက မောင်းသူဆီကကြားရုံနဲ့ စာမေးပွဲဖြေချင်တာလား?"

"အန်း၊ ကျုပ်အနေနဲ့ မှော်ကားတွေကို မြင်းလှည်းတွေနေရာမှာ သေချာပေါက်အစားထိုးမှာမို့ ယာဉ်မောင်းလိာင်စင်ကို တတ်နိုင်သမျှ မြန်မြန်ရတာ ပိုကောင်းမယ်လို့ ခံစားရတာကြောင့်ပါ။" မာကာဒိုက ခေါင်းငြိမ့်ကာဆို၏။

ရှုယီက ပြုံးရင်း မာကာဒိုထံ တစ်ဖန်ကြည့်လိုက်သည်။ ခုနက ဒေါသူပုန်ထနေတဲ့ ဒီလူမှာ ဥာဏ်ကောင်းသည်ဟု သူထင်ခဲ့ပေ၏။

"သေချာပေါက်တော့ ဖွင့်မှာပါ၊ ဒါပေမယ့် လက်ရှိမှာတော့ ပြင်ဆင်နေပြီး လက်စမသတ်ရသေးတာလေးတွေရှိသေးတာကြောင့် မဖွင့်သေးတာ။" ရှုယီက ရှင်းပြသည်၊ "ခင်ဗျားတကယ်ပဲ စစ်ဆေးချင်ရင် ကျုပ်တို့Frestech ကုန်သည်ကြီးများအသင်းကနေ ကြေညာတာကို စောင့်လို့ရပါတယ်။"

၎င်းက တူညီသည့်အဖြေဖြစ်ပါသော်လည်း မာကာဒိုက သေချာပေါက် ရှုယီကို မအော်ဝံ့ပါချေ။ သူဟာ ရိုးသားစွာပင်သဘောတူသော်ငြား လက်မလျှော့ဘဲ မေးလာသည်၊ "ဒါဆို ဥက္ကဌရှု၊ ဘာလို့ မှော်ကားတွေကို ကျုပ်တို့လိုသာမန်လူတွေဆီ မရောင်းရတာလဲ?"

ရှုယီလည်း စိတ်ဝင်စားဟန်ဖြင့် ပြန်မေးလိုက်သည်၊ "ခင်ဗျားက ဘာအတွက် မှော်ကားဝယ်ဖို့ စီစဉ်နေတာလဲ?"

မာကာဒိုက ခေါင်းကုတ်ရင်း ရှက်ရွံ့ဟန်ဖြင့်ဆိုလာသည်၊ "ဒါက... ကျုပ် အလတ်ဆိုဒ်မှော်ခရီးသည်တင်ကားစီးလာတော့ ဘယ်လိုမြန်ပြီး ဘယ်‌လိုသက်သာနေသလဲကိုခံစားလိုက်ရတော့ ဒါက သေချာပေါက် ခရီးဝေးတွေသွားဖို့ကို ရေပန်းစားတော့မှာလေ။ ဒါကြောင့်ပဲ ကျုပ်ထင်လိုက်တာက... ခင်ဗျားသိပါတယ်၊ ဖာဆန် ရထားလုံးလုပ်ငန်းစုရဲ့လူထုပို့ဆောင်ရေးစနစ်က နေရာများများမရောက်တော့ သူတို့ကို အချိန်မရွေး ခေါ်လို့ရတဲ့ နေရာတွေဆီ အထူးခေါ်ဆောင်မယ့်‌ မှော်ကားရှိရင် ဒါဟာ ရေပန်းစားမှာ အသေအချာပဲ။"

ရှုယီက မာကာဒိုထံ အံ့ဩဟန်ဖြင့်ကြည့်လိုက်၏။ သူသာအထင်မမှားပါလျှင် ထိုမာကာဒိုမှာ မှော်ကားအား အငှားယာဉ်အဖြစ်သုံးရန် ဝယ်လိုခြင်းဖြစ်ရမည်။

ထိုလူက ထိုမျှ ထူးခြားပုံမပေါ်သော်လည်း သူ၏စီးပွားရေးအမြင်က ထိုမျှကောင်းနေမည်ဟု မထင်ခဲ့ချေ။ သူဟာ အားလုံးထက် ခြေတစ်လှမ်းသာကာ အငှားယာဉ် သဘောတရားကို အကောင်အထည်ဖော်နိုင်သည်!

ရှုယီမျက်နှာထက်ရှိ ထူးဆန်းနေဟန်ကိုမြင်သော် မာကာဒိုက တစ်ခုခုမှားပြောမိပြီဟုထင်သွားသည်။ သူက နေရခက်ဟန်ပြုံးကာ၊ "ဒါက... ဥက္ကဌရှု၊ ကျုပ်အကြံက ရယ်ရတယ်လို့ထင်လား?"

"မဟုတ်ပါဘူး၊ လုံးဝမရယ်ရပါဘူး။" ရှုယီက အလျင်အမြန်ခေါင်းခါကာ၊ "ကျုပ်က ခင်ဗျားအကြံကိုလေးစားလို့ပါ၊ ဒါပေမယ့် တစ်ခုနှစ်ခုကတော့ နည်းနေသေးတယ်။ ဒီလိုဆိုရင်ရော၊ ခင်ဗျား ဖာဆန်ရထားလုံးလုပ်ငန်းစုဆီသွား ဥက္ကဌပွန်ဖီးကိုတွေ့ပြီး ကျုပ်မိတ်ဆက်ပေးတာပါလို့ပြောလိုက်။ ကျုပ်ထင်တာတော့ ဥက္ကဌပွန်ဖီးက ခင်ဗျားအကြံကို သေချာပေါက် စိတ်ဝင်စားပြီး ခင်ဗျားနဲ့အတူ ဆွေးနွေးဖို့ အတော်ဝမ်းသာသွားလောက်တယ်။"

ရှုယီက တကယ်ကြီး ဧည့်ကြိုထံမှ စာရွက်ပိုင်းလေးတစ်ခုယူကာ မိတ်ဆက်စာရိုးရိုးတစ်စောင်ကိုရေးလိုက်သည်က မာကာဒို၏နှလုံးကိုပင် စိတ်လှုပ်ရှားလွန်း၍ ပေါက်ကွဲစေမလိုဖြစ်သွား၏။

ဥက္ကဌရှုက တကယ်ပဲ သူ့အား ဖာဆန်ရထားလုံးလုပ်ငန်းစုဥက္ကဌထံ အကြံပြုပေးသည်! ဥက္ကဌပွန်ဖီးက သူ၏အကြံကို စိတ်ဝင်စားလိမ့်မည်ဟုလည်း ဆိုလာ၏!

ကောင်းပါပေ့! ငါ၊ မာကာဒိုမှာ ဒီလိုနေ့မျိုးရှိသေးတာပဲ!

ဥက္ကဌရှုယီနှင့် ဥက္ကဌပွန်ဖီးကဲ့သို့ အရေးပါသူများနှင့် ချိတ်ဆက်နိုင်ခြင်းက သူ့အား သေချာပေါက်ချမ်းသာလာစေလိမ့်မည်!

ရှုယီက မိတ်ဆက်စာထက်၌ ကိုယ်ပိုင်တံဆိပ်ကိုထည့်ကာ စိတ်လှုပ်ရှားလွန်း၍ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေသော မာကာဒိုထံပေးလိုက်သည်။ ထို့နောက် ပခုံးပုတ်ကာ ဘေးရှိ အစောင့်အား ပို့ခိုင်းလိုက်ပြီးနောက် နံဘေး၌ စောင့်နေကြသော လူများထံလှည့်လိုက်သည်။

"ဆောရီး၊ ကျုပ်ကိစ္စလေးတစ်ခုကြောင့် စောင့်ရအောင်လုပ်မိသွားတယ်။" ရှုယီက အားလုံးကို အပြုံးဖြင့်ပြောလေသည်။

"ဘယ်လိုလဲ?" ဆာရန့်ခ်ကုန်သည်ကြီးများအသင်း ဥက္ကဌရန့်ခ်က ပြုံးပြုံးရွှင်ရွှင်နဲ့ လက်ကို ဝှေ့ယမ်းကာ၊ "ကျုပ်တို့ ဒီကိစ္စလေးကနေ ဥက္ကဌရှုက ဘယ်လောက်စိတ်ထားကောင်းကြောင်းမြင်လိုက်ရတယ်။ ခင်ဗျားအနေနဲ့ အဲ့လူကို မောင်းထုတ်လိုက်လို့ရပေမယ့်လည်း သူ့ကိုနားထောင်ပေးပြီး အစီစဉ်တစ်ခုနဲ့တောင် ကူညီရင်း ဥက္ကဌပွန်ဖီးနဲ့တောင် မိတ်ဆက်ပေးလိုက်သေးတယ်၊ တကယ်ကိုလေးစားစရာပါပဲ။"

"အဟုတ်ပဲ။ ကျုပ်အမြဲတမ်း ဥက္ကဌရှုက ကိစ္စသေးသေးမွှားမွှားတွေကို ဂရုမစိုက်တတ်တဲ့ စေတနာရှိသူမှန်းသိခဲ့ပေမယ့်လည်း ဥက္ကဌရှုရဲ့ နှလုံးသားကို ဒီလောက်ထိ ဖွင့်ထားမယ်လို့မထင်ထားခဲ့ဘူး။ ခင်ဗျားက ဒီလိုလူမျိုးကိုတောင် အေးဆေးပြောဖို့ဆန္ဒရှိတာ၊ ကျုပ်ခင်ဗျားကို မလေးစားပဲ မနေနိုင်ဘူး။" အာမန်နီကုန်သည်ကြီးများအသင်းဥက္ကဌဗင်းဆင့်ထ်ကလည်း တူညီစွာ ချီးမွမ်းသည်။

ရှုယီနှင့် အမြဲတမ်း ဆက်ဆံရေးအကောင်းဆုံးရှိမနေသည့် ဖယ်လ်ချောင်ကုန်သည်ကြီးများအသင်းဥက္ကဌမော်ဂန်သည်ပင် ခေါင်းငြိမ့်ကာ ချီးမွမ်းလာ၏၊ "တကယ်ကိုပဲ၊ ဥက္ကဌရှုက ကျုပ်ကို အရှက်ရစေတာပဲ။ ခင်ဗျား ခဏနေကျရင် ကျုပ်တို့ကို ဒီလောက်ဆိုးအောင်လုပ်လိမ့်မယ်လို့ထက်တယ်၊ ဟုတ်တယ်မို့လား၊ ဥက္ကဌရှု?"

ရှုယီက ထိုသုံးဦးကိုကြည့်ကာ စိတ်ထဲ၌ အေးစက်စက်ရယ်မောလိုက်သည်။

ထိုသုံးဦးက သူ့အား'စေတနာရှင်'နှင့် 'စိတ်နှလုံးပွင့်လင်းသူ'ဟုခေါ်သည်က ခဏနေလာမည့် လိုက်လျောမှုအချို့အတွက် သတိပေးရန်ပင်။

သို့သော် ၎င်းတို့လိုချင်သည်ကမှော်ကားနည်းပညာအား ဖြစ်သည်မှာ နှမျောစရာပင်၊ သူက လုံးဝနောင်တမရဘဲ ၎င်းတို့အား စိတ်ပျက်စေရုံသာဖြစ်၏။

***

မှော်စက်မှုအင်ပါယာ

Vol 3, အခန်း ၆၆။ ဘာကြောင့် လူသိရှင်ကြား မရောင်းနိုင်တာလဲ?

အစည်းအဝေးခန်းထဲ၌ အခြားဥက္ကဌသုံးဦးကို မျက်နှာချင်းဆိုင်နေရင်း ရှုယီက လုံးဝ စကားမပြောချေ။

"မှော်ကားနည်းပညာကိုလွှဲပြောင်းဖို့က မဖြစ်နိုင်တာတော့မဟုတ်ပေမယ့် အခုတော့မဟုတ်သေးဘူး။" ရှုယီက လေးနက်ဟန်ဖြင့်ဆိုလိုက်သည်၊ "ဆရာတို့သုံးဦးရာ မှော်ကားက မှော်စက်ပစ္စည်းဆိုပေမယ့်လည်း ကျုပ်တို့လုပ်ငန်းစုက ထုတ်လုပ်ခဲ့တဲ့ တခြားမှော်စက်တွေထက်ပိုပြီး ရှုပ်ထွေးတယ်လေ။ အဲ့အထဲမှာတင် နည်းပညာမျိုးကွဲအတော်များများပါပြီးတော့ တချို့ကိုဆို ကျုပ်တို့လုပ်ငန်းစုကတောင် အပြည့်အဝမထုတ်ရသေးဘူး၊ ဒါကြောင့် ကျုပ်အနေနဲ့ လတ်တလောတော့ လွှဲပြောင်းပေးဖို့ အဓိပ္ပာယ်မရှိသေးဘူး။"

ဥက္ကဌရန့်ခ်က ခပ်ဖျော့ဖျော့ပြုံးကာဆိုသည်၊ "ကျုပ်တို့က အဲ့လောက် လောဘမကြီးပါဘူး။ ဥက္ကဌရှု၊ တကယ်တမ်း ကျုပ်တို့လိုချင်တာက ခင်ဗျားရဲ့မှော်ကားနည်းပညာကို လွှဲပြောင်းပေးဖို့မဟုတ်ပါဘူး၊ ကျုပ်တို့အားလုံးက မိတ်ဆွေဟောင်းတွေဆိုတော့ အမ်ရစ် ကုန်သည်ကြီးများအသင်းနဲ့ ဖာဆန်ရထားလုံးလုပ်ငန်းစုတို့နဲ့ တစ်တန်းထဲ ထားနိုင်ဖို့မျှော်လင့်ရုံပါ။ ကျုပ်တို့ကို အရမ်းခွဲခွဲခြားခြားမဆက်ဆံပါနဲ့။"

ရှုယီက ဥက္ကဌရန့်ခ်ကိုကြည့်ကာ အပြုံးဖြင့်ပြောလိုက်သည်၊ "ဥက္ကဌရန့်ခ်, ကျုပ်ထင်တာတော့ ကျုပ် အမ်ရစ်ကုန်သည်ကြီးများအသင်းနဲ့ ဖာဆန်ကုန်သည်ကြီးများအသင်းတို့နဲ့ ဘာကြောင့် အထူးဆက်ဆံရေးရှိတဲ့ အကြောင်းအရင်းကို ခင်ဗျားတို့သိမယ်လို့ပါ။"

၎င်းတို့၏ အမူအရာများ ပြောင်းလဲသွားပြီး ဥက္ကဌရန့်ခ်၏အပြုံးက အတန်ငယ်တောင့်တင်းသွားသည်။

ယခင်နှစ် ကောင့်ထ်စတက်ဂျ် မြို့စားတာဝန်ယူပြီး ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းထံ ပစ်မှတ်ထားစဉ်က ရှုယီမှာ စီးပွားရေးသမဂ္ဂမှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။ အခြားလုပ်ငန်းစုများက ဆိတ်ဆိတ်နေခဲ့ကြပြီး အမ်ရစ် ကုန်သည်ကြီးများအသင်းနှင့် ဖာဆန်ရထားလုံးလုပ်ငန်းစုတို့ကသာ ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းထံ လိုက်ခဲ့ကြသည်။

ဥက္ကဌခရုစ်မှာ အစည်းအဝေး၌ စိတ်ရူးပေါက်ပင်သွားခဲ့ပြီး အခြားလုပ်ငန်းစုများမှာ လေယူရာယိမ်းသည့် လူများဖြစ်ခြင်းကြောင့် ဆူငေါက်နေသေး၏။

ဥက္ကဌရန့်ခ်ဦးဆောင်သည့် စီးပွားရေးသမဂ္ဂ၏လုပ်ငန်းစုများက ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းအား မထောက်ပံ့သောကြောင့် ၎င်းတို့မှာ ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းထံမှ တူညီသည့်ဆက်ဆံမှုကို ရနိုင်မည်မဟုတ်ချေ။ ရှုယီမှာ ၎င်းကိုတည့်တိုးပင် ထောက်ပြလိုက်ရာ ၎င်းတို့သုံးဦးက မငြင်းဆန်နိုင်ကြတော့ချေ။

ဖယ်လ်ချောင်ကုန်သည်ကြီးများအသင်းနှင့် အာမန်နီ ကုန်သည်ကြီးများအသင်းအား ကိုယ်စားပြုသော ဥက္ကဌမော်ဂန်နှင့် ဥက္ကဌဗင်းဆင့်ထ်တို့မှာ ဆာရန့်ခ်ကုန်သည်ကြီးများအသင်းထက် ပို၍နက်ရှိုင်းသောအဆင့်၌ ပူးပေါင်းခဲ့ကြရာ ပို၍ပင် နေရခက်ဟန်ပေါ်နေသည်။

ယခင်က ကိစ္စကြောင့် ၎င်းတို့၏လုပ်ငန်းစုများမှာ Frestech ကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းများစွာရှိလာရာ ပုံမှန်အားဖြင့် ရှုယီနှင့် သီးသန့်စကားပြောသည့်အခါတွင် တွဲဖက်ဟုအမြဲပြောလေ့ရှိသည်။ သို့သော် ထိုအချိန်က ထိုတွဲဖက်နှစ်ဦးမှာ အမ်ရစ် ကုန်သည်ကြီးများအသင်းဥက္ကဌခရုစ်ထက် ခံယူချက်နည်းနည်းကိုသာ ပြခဲ့သည်။

၎င်းက ဥက္ကဌမော်ဂန်အတွက်ပိုကောင်းသည်။ သူဟာ မူလက ရှုယီနှင့် ဆက်ဆံရေးမကောင်းဘဲ ဂျိုဝဲလ်မိသားစုနှင့် ရှုယီတို့ သဘောတူညီမှုရရှိခဲ့ပြီးမှသာ ရှုယီအားပိုမိုကောင်းမွန်စွာ ဆက်ဆံလာခဲ့ခြင်းပင်။

အမ်ရစ် ကုန်သည်ကြီးများအသင်းက Frestech ကုန်သည်ကြီးများအသင်းနှင့် နက်ရှိုင်းသောပူးပေါင်းမှုရှိ‌ပြီး ဆန်နက်မြေရိုင်း ထုတ်လုပ်ရေးဌာနကိုပင် အမ်ရစ်ကုန်သည်ကြီးများအသင်း၊ ရန်နက်ခ်တွန် ကုန်သည်ကြီးများအသင်းနှင့် Frestech ကုန်သည်ကြီးများအသင်းတို့အတူ ဆောက်လုပ်ခဲ့ကြသည်။

ယမန်နှစ်က ဆန်နက်မြေရိုင်း၌ ၎င်းတို့မည်သို့ပူးပေါင်းခဲ့ကြပြီး ရှုယီမှ ၎င်းတို့အား အဘက်ဘက်မှ ထောက်ပံ့ခဲ့သည်ကိုစဉ်းစားကြည့်ရင်း ဥက္ကဌဗင်းဆင့်ထ်မှာ မနေနိုင်ဘဲ ရှက်ရွံ့သွား၏။

သို့ရာတွင် ဥက္ကဌဗင်းဆင့်ထ်က စီးပွားရေးလောက၌ ဆယ်စုနှစ်ကြာနေလာခဲ့သော ယောက်ျားတစ်ဦးဖြစ်ရာ တစ်မိနစ်လောက်နှင့် စိတ်ငြိမ်သွားသည်။ ထိုအစား၎င်းအချက်ကိုပင်သုံး၍ ရှုယီအားပြောလိုက်၏၊ "ဥက္ကဌရှု၊ ကျုပ်တို့ အတိတ်မှာတကယ်ပဲမှားခဲ့တယ်ဆိုပေမယ့် ဒီကိစ္စက ပြီးနေပြီလေ။ ကျုပ်တို့အခု အဆင်ပြေပြေပူးပေါင်းလို့မရဘူးလား? ကျုပ်တို့ အခြားကိစ္စတွေမှာပူးပေါင်းနိုင်မှတော့ ဒီကိစ္စမှာလည်း ပူးပေါင်းနိုင်မယ်လို့ ကျုပ်ယုံတယ်၊ ခင်ဗျားရော?"

ဥက္ကဌရန့်ခ်နှင့် ဥက္ကဌမော်ဂန်တို့မှာ ဥက္ကဌဗင်းဆင့်ထ်အားကြည့်ရင်း ထိုလူက မြန်မြန်တုံ့ပြန်နိုင်သည်ဟု စဉ်းစားလိုက်ကြသည်။

စီးပွားရေးသဘောတူညီချက်များက ထိုသို့ဖြစ်သော်ငြား အမြဲတမ်းအကျိုးအမြတ်သာရှိသည်။ မိတ်ဆွေနှင့် ရန်သူက ဘာမှမဟုတ်ချေ၊ သဘောတူညီချက်များကို ဤအခြေနေ၌ အခြေခံကာ လုပ်ဆောင်သည်။

Frestech ကုန်သည်ကြီးများအသင်းက ဖယ်လ်ချောင်ကုန်သည်ကြီးများအသင်းထံမှ မိုင်းတွင်းကိုယူချိန်တွင် ဥက္ကဌမော်ဂန်နှင့် ရှုယီက သေမျိုးရန်သူတွေလိုပါပင်။ ဂျိုဝဲလ်မိသားစုနှင့်ရှုယီတို့ သဘောတူညီမှုလုပ်ပြီးနောက်တွင် ၎င်းတို့၏ဆက်ဆံရေးက တဖြည်းဖြည်းပိုကောင်းလာခဲ့၏။

ထို့အပြင် လွန်ခဲ့သည့် နှစ်လကပင် Frestech ကုန်သည်ကြီးများအသင်းက ခရာမာမြို့၌ ဖယ်လ်ချောင်ကုန်သည်ကြီးများအသင်းနှင့်အတူ သတ္တုပျော့မိုင်းတွင်းတစ်ခုနှင့် သတ္တုပျော့အရည်ဖျော်စက်ရုံကိုဖွင့်လှစ်ခဲ့သည်။ ယခု ဥက္ကဌမော်ဂန်က ရှုယီအားမြင်ချိန်တွင် ပိုပြုံးကာ ပိုငဲ့ညှာလာသည်။

နှိုင်းယှဥ်ရလျှင် ဥက္ကဌရန့်ခ်က ရှုယီအား ယဉ်ကျေးဟန်ဖြင့် တူညီသည့်ရင်းနှီးသည့်အသံဖြင့်ပေါင်းသင်းသည်။ ၎င်းတို့မှာ မရင်း‌နှီးကြဘဲ တစ်ဦးနှင့်တစ်ဦးလည်း မမုန်းသောကြောင့် ၎င်းက တကယ်ကိုပြောင်းမသွားချေ။

"အန်း၊ ကျုပ် ဥက္ကဌဗင်းဆင့်ထ်ကို သဘောတူပါတယ်၊ ဒါပေမယ့် စိတ်မကောင်းပါဘူး၊ ကျုပ်အခုပြောတာက အမှန်တရားပါပဲ။ ဒါက ကျုပ်အနေနဲ့ မှော်ကားနည်းပညာကို ဖြန့်ကျက်ဖို့ မစီစဉ်ထားလို့မဟုတ်ဘဲ အချိန်မကျသေးလို့ပါ။" ရှုယီက ခဏမျှ ရပ်တန့်ပြီးမှာ ပိုမိုတည့်တိုးဆန်စွာပြောလိုက်၏၊ "ကျုပ်နည်းနည်းရိုင်းရရင် မှော်ကားနည်းပညာက လက်တလော ခင်ဗျားတို့မှော်စက်ပစ္စည်းတွေရဲ့ အထက်မှာရှိတယ်။ ကျုပ်ခင်ဗျားကို နည်းပညာ ပေးလိုက်ရင်တောင် ဒါကိုလုံးဝမကျေညက်နေတော့ အသုံးမဝင်ဘူးလေ။"

ရှုယီ၏စကားလုံးများက အတော်လေးယဉ်ကျေးရာ အခြားဥက္ကဌသုံးဦးမှာ မနေနိုင်ဘဲ မျက်မှောင်ကုပ်လိုက်ကြ၏။

ဥက္ကဌမော်ဂန်က နှာခေါင်းရှုံ့ကာ အသံဩဩဖြင့် မေးလိုက်သည်၊ "ခင်ဗျားဆိုလိုတာက ကျုပ်တို့လုပ်ငန်းစုတွေက အရည်အချင်းမမီဘူးလို့လား?"

"ဒါက နည်းနည်းတော့များပေမယ့်၊ အမှန်တရားပဲလေ။" ရှုယီက မည်သည့်ယဉ်ကျေးမှုမှ မပြဘဲ ခေါင်းငြိမ့်လိုက်သည်၊ "နည်းပညာအရာမှာဆို ဘာလိမ်ညာမှုမှ မရှိနိုင်ဘူး။ ကျုပ်တို့လုပ်ငန်းစုဆီက‌နေ ခင်ဗျားတို့လုပ်ငန်းစုတွေက မှော်ပန်ကာ၊ မှော်ရေနွေးအိုးတဲ့ တခြားမှော်စက်ပစ္စည်းထုတ်နည်းလမ်းတွေရခဲ့တာကြောင့် ခင်ဗျားတို့ကောင်းကောင်းသိမယ်ဆိုတာကို ယုံတယ်။ ဒီမှော်စက်ပစ္စည်းတွေက ရိုးရှင်းပုံပေါ်ပေမယ့်လည်း ပါဝင်တဲ့နည်းပညာက အရမ်းကိုနက်ရှိုင်းတယ်။ တူညီတဲ့ ပစ္စည်းနဲ့ တူညီတဲ့ ထုတ်လုပ်မှုပုံစံတွေနဲ့ဆိုရင်တောင် နောက်ဆုံးထုတ်ကုန်ကို ထုတ်လုပ်ရာမှာ ကွာခြားမှုတွေရှိနေသေးတယ်။"

ထို ဥက္ကဌသုံးဦးက တိတ်ဆိတ်သွားသော်လည်း ခေါင်းမငြိမ့်လိုက်ဘဲ မနေနိုင်ချေ။

ရှုယီက လုံးဝမှန်ပေသည်။ Frestech ကုန်သည်ကြီးများအသင်းက မှော်ပန်ကာနှင့် မှော်ရေနွေးအိုးထုတ်လုပ်ရေးနည်းလမ်းထုတ်ပေးခဲ့သော်လည်း ယခုတွင် ဘန်တာမြို့၌ အခြားလုပ်ငန်းစုများစွာက ယင်းပစ္စည်းနှစ်မျိုးကို ထုတ်လုပ်နေပြီပင်။

Frestech ကုန်သည်ကြီးများအသင်းက မှော်ရေနွေးအိုးအား ထုတ်လုပ်လိမ့်မည်မဟုတ်ကြောင်း ပြောသောကြောင့် ကွာခြားချက်ကမရှိပါချေ။

မှော်ပန်ကာကိုမူ တူညီသည့်နည်းပညာနှင့် စံအတွင်းမှာပင်ထုတ်လုပ်ထားသော်လည်း အရည်အသွေးနှင့် လုပ်ဆောင်ချက်က Frestech ကုန်သည်ကြီးများအသင်းနှင့်ယှဉ်လျှင် လျော့နည်းနေ၏။

ထိုကွာခြားမှုက ယမန်နှစ်နွေရာသီနှင့်ယှဉ်လျှင် သေးငယ်သွားပါသော်လည်း အတော်လေးတော့သိသာသည်ပင်။

ယခုနွေရာသီတွင် လုပ်ငန်းစုကြီးအများစုက ၎င်းတို့၏ မှော်ပန်ကာများကို စတင်ရောင်းချခဲ့သော်လည်း Frestech အမှတ်တံဆိပ်က စျေးကွက်အများစုကို သိမ်းပိုက်ခဲ့သည်။ အခြားကုမ္ပဏီများသည် Frestech အမှတ်တံဆိပ်အား တိုက်ရိုက်ပြိုင်ဆိုင်ခြင်းမှ ရှောင်ကြဉ်ပြီး ၎င်းတို့၏စျေးနှုန်းများကို လျှော့ချခြင်း သို့မဟုတ် ရောင်းချရန် အခြားမြို့များသို့ ပို့ဆောင်ခြင်းများ ပြုလုပ်ရမည်ဖြစ်သည်။

ဥက္ကဋ္ဌ သုံးဦးက မှော်ပန်ကာအတွက် နည်းပညာကို လွှဲပြောင်းပေးစေလို၍ မဟုတ်ဘဲ ရှုယီကို ရှာနေခြင်းသာဖြစ်၏။ Frestech ကုန်သည်ကြီးများအသင်းမှမှော်ကားများကို ဖာဆန်ရထားလုံးလုပ်ငန်းစုထံသာ ရောင်းချခြင်းအ‌ပေါ် ကန့်ကွက်မှုတစ်ချို့လုပ်လို၍ဖြစ်၏။

သို့သော် ဥက္ကဌရန့်ခ်၏ တစ်ခုတည်းသောသတိပေးချက်ကြောင့်သာ မဟုတ်ပါက ထိုသည်ကို ရှုယီက ချဲ့ထွင်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။

နည်းပညာကိစ္စနှင့် ပတ်သက်၍ Frestech ကုန်သည်ကြီးများအသင်းက လက်ဝါးကြီးအုပ်ထားခြင်းကြောင့် ၎င်းတို့ သုံးဦးသည် ရှုယီနှင့် လုံးဝမငြင်းခုံနိုင်ပေ။

ထို့အပြင်ရှုယီ၏လေသံမှ အနာဂတ်တွင် မှော်ကားနည်းပညာကို လွှဲပြောင်းပေးနိုင်ကြောင်းပြသခဲ့သည်ကပင် ၎င်းတို့သုံးဦးအတွက် လုံလောက်သည်။

ထို့ကြောင့် သုံးယောက်သား တစ်ယောက်နှင့် တစ်ယောက် အကြည့်ချင်းဖလှယ်ကာ ငြိမ်သက်သွားကြသည်။ ဥက္ကဋ္ဌရန့်ခ်က ပြုံးလာကာ ရှုယီ ကိုရှာရသည့်အဓိက ပန်းတိုင်သို့ ပြန်လှည့်လိုက်၏။

"ဥက္ကဋ္ဌရှု ခင်ဗျား နည်းပညာကို လွှဲပြောင်းပေးဖို့ ဆန္ဒမရှိတာကြောင့် ကျုပ်တို့ ခင်ဗျားကို အတင်းအကြပ် မလုပ်နိုင်ဘူး။ ဒါပေမယ့် ခင်ဗျားထုတ်လုပ်တဲ့ မှော်ကား တွေကို ကျုပ်တို့ဝယ်ချင်တယ်၊ ဒါကလွန်တယ်လို့ မယူဆနိုင်ဘူး ဟုတ်တယ်မလား?" ဥက္ကဌရန့်ခ်က ပြောသည်။

"မှော်ကားအတွက် ခင်ဗျားရဲ့တောင်းဆိုမှုကို ကျုပ်နားလည်ပါတယ်၊ ဒါပေမယ့် ခင်ဗျားကို ကျုပ်မကူညီနိုင်တာ နှမျောစရာပဲ။" ရှုယီသည် သူ့လက်များကို ဖြန့်ကာ ကူကယ်ရာမဲ့ အသံဖြင့် ပြန်ပြောသည် ။

"ဘာလို့လဲ?" ဥက္ကဌ မော်ဂန်က မျက်ခုံးတွန့်ကာ"မှော်ကားတွေကို ဘယ်သူ့ဆီ ရောင်းချဖို့ စီစဉ်နေတယ်ဆို မဆုံးဖြတ်ရသေးဘူးလား"

“ဖြစ်နိုင်ရင်၊ ကျုပ် မှော်ကားကို တတ်နိုင်သမျှ လူများများဆီ ရောင်းချင်ပါတယ်၊ ဒါပေမယ့်….. အဲဒါကို ကန့်သတ်ဖို့ အရေးကြီးတဲ့ ပြဿနာတစ်ခု ရှိတယ်၊ ဒါက ကျုပ်တို့ ကုမ္ပဏီက ဒီလောက် အစီးရေ အများကြီး မထုတ်လုပ်နိုင်လို့ပါ။” ရှုယီက ခါးသီးသော အပြုံးဖြင့်ပြောသည် "ပြီးခဲ့တဲ့လ စာရင်းဇယားတွေအရ၊ ကျုပ်တို့အ‌နေနဲ့ လက်ရှိ မှော်ကားတွေကို တစ်လမှာ အစီးရေနှစ်ထောင်ထုတ်လုပ်နေပြီး ဖာဆန်ရထားလုံးလုပ်ငန်းစုမှာ အလတ်စား အလတ်ဆိုဒ်မှော်ကားနှစ်ရာပဲရှိတယ်။ ဖာဆန်ရထားလုံးလုပ်ငန်းစုရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ခက်ခဲတာကြောင့် လူထုကို ဘယ်လို ရောင်းချနိုင်မှာလဲ?"

"ဒါဆို ခင်ဗျား ဖာဆန်ရထားလုံးလုပ်ငန်းစုကိုပဲ ဘာလို့ရောင်းဖို့ ဆန္ဒရှိနေပြီး ဘာလို့ ကျုပ်တို့ ကုမ္ပဏီတွေကို နည်းနည်းခွဲဝေဖို့ ဆန္ဒမရှိရတာလဲ။" ဥက္ကဋ္ဌ မော်ဂန်က တိုက်ရိုက်မေး၏။

“ဒါက….. ကျုပ်တို့လုပ်ငန်းစုအနေနဲ့ အလုံအလောက် မထုတ်လုပ်နိုင်တာကြောင့် အကန့်အသတ်ရှိတဲ့ ထောက်ပံ့မှုကို အလိုအပ်ဆုံးနေရာမှာ သုံးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ တခြားတောင်းဆိုမှုတွေနဲ့ ပတ်သက်တာကိုတော့ စောင့်ရုံပါပဲ။",

"ခင်ဗျားပြောချင်တာက... ဖာဆန် ရထားလုံးလုပ်ငန်းစုက ဒီ မှော်ကားတွေကို ကျုပ်တို့ထက် ပိုလိုအပ်တယ်ပေါ့" ဥက္ကဋ္ဌ မော်ဂန်သည် မျက်မှောင်ကုပ်ကာ "ဘာကိုသုံးသပ်ကြည့်ပြီးတော့လဲ?"

"ဘာလို့လဲဆိုတော့ ဖာဆန်ရထားလုံးလုပ်ငန်းစုက အထူးပြု ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းဖြစ်ပြီး ခင်ဗျားတို့က မဟုတ်ဘူး" ရှုယီက အလားတူ တိုက်ရိုက်ပြန်ဖြေသည်။

"ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်း? အဲဒါဘာလဲ?" သုံးယောက်လုံး အံ့ဩသွားကြသည်။

ရှုယီက ပြုံးပြီး သူတို့ သုံးယောက်အား ထောက်ပံ့ပို့ဆောင်ရေး သဘောတရားကို စိတ်ရှည်စွာ ရှင်းပြသည်၊ထို့နောက် လမ်ပူရီတိုင်းပြည်တော်အတွက် ဥက္ကဋ္ဌပွန်ဖီးနှင့် ဆွေးနွေးခဲ့သည့် ထောက်ပံ့ပို့ဆောင်ရေးကွန်ရက်ကို အကြမ်းဖျင်းရှင်းပြလိုက်၏။

“တိုတိုပြောရရင်၊ ထောက်ပံ့ပို့ဆောင်ရေးလိုမျိုး တစ်ခုခုကို အထူးပြုတဲ့ ကုမ္ပဏီကို လွှဲပေးရင် ပိုထိရောက်မယ်လို့ ကျုပ်ထင်တာပါ။ ဒါက ကျုပ်တို့ရဲ့အဓိကလုပ်ငန်းအတွက် အသုံးပြုနိုင်တဲ့ လူအင်အား၊ ကြိုးပမ်းအားထုတ်မှု၊ စွမ်းအင်အများအပြားနဲ့ ကုန်ထုတ်လုပ်တဲ့လုပ်ငန်းတွေကို ကယ်တင်နိုင်တယ်၊ ဒါကြောင့် ဒါကအမှန်တကယ် ကောင်းမွန်တဲ့အရာပဲ" ရှုယီက ပြော၏။

"ဒါပေမယ့် မကြွယ်ဝဘူးမို့လား?" ဥက္ကဌ မော်ဂန်က"ဖာဆန်ရထားလုံးလုပ်ငန်းစုအနေနဲ့ ဒီကနေ ငွေရှာနိုင်မယ်လို့ မထင်ဘူး၊ ဒါဆို ကျုပ်တို့ ထပ်ပေးစရာ မလိုဘူးလား"

"ယုံပါ၊ ခင်ဗျားတို့ကုန်ပစ္စည်းတွေကို ဖာဆန်ရထားလုံးလုပ်ငန်းစုဆီ ပို့ဆောင်ခွင့်ပေးတာက ပိုစျေးသက်သာတာ သေချာပါတယ်။" ရှုယီက ပြုံးလျက်ပြောသည် ။ “ဒါ့အပြင်၊ အနာဂတ်မှာ မှော်ကားတွေကို ရောင်းချမှာမဟုတ်ဘူးလို့ ကျုပ် မပြောခဲ့ပါဘူး။ ဖာဆန်ရထားလုံးလုပ်ငန်းစုကို စိတ်ကျေနပ်မှု မရှိဘဲ ကုန်ပစ္စည်းများ ကိုယ်တိုင် ပို့ဆောင်ချင်တဲ့အခါ အချိန်တန်ရင် လာဝယ်လို့ရပါတယ်။ လောလောဆယ်တော့ စိတ်မကောင်းပါဘူး၊ ကျုပ်တို့ လုပ်ငန်းက ထုတ်ကုန်တွေကို မပေးနိုင်သေးဘူး။”

ဥက္ကဋ္ဌ မော်ဂန်က" ဒါဆို ဥက္ကဋ္ဌ ရှု၊ ခင်ဗျားရဲ့လုပ်ငန်းစုက မှော်ကားတွေကို ဘယ်အချိန်မှာ စတင်ရောင်းချနိုင်မယ်လို့ ခင်ဗျားထင်လဲ” ဟုဆိုကာ ဥက္ကဋ္ဌ သုံးယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြ၏။

"သုံးလ။" ရှုယီ က လက်သုံးချောင်းကို ဆန့်ထုတ်လိုက်ပြီး "သုံးလအတွင်းမှာ ဖာဆန် ရထားလုံးလုပ်ငန်းစု ရဲ့ ကနဦးလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ပြီး မှော်ကားတွေကို ရောင်းချနိုင်မှာပါ"

“ကောင်းပြီ။” ဥက္ကဌမော်ဂန်က စားပွဲကို ရိုက်လိုက်ပြီး "အခုမှာချင်တယ်၊ လက်ခံမှာလား။"

ရှုယီက ခပ်ဖျော့ဖျော့ပြုံးကာ “ရတာပေါ့၊ ကျုပ်တို့လုပ်ငန်းစုထုတ်ကုန်တွေက ရောင်းဖို့ပဲလေ၊ မှာလို့မရဘဲနေမလား‌ဗျာ?"

***

မှော်စက်မှုအင်ပါယာ

Vol 3, အခန်း ၆၇။ စက်မှုလုပ်ငန်းက ရက်စက်တယ်

"ဆာရန့်ခ်ကုန်သည်ကြီးများအသင်းအတွက် တစ်ထောင်၊ အာမန်နီကုန်သည်ကြီးများအသင်းနဲ့ ဖယ်လ်ချောင်ကုန်သည်ကြီးများအသင်းတို့အတွက် တစ်ထောင်စီ ဆိုတော့...သုံးထောင်?" ခမ်နက်ဒ်က သူ့ထံရှုယီပေးလာသည့် အမှာစာများကိုကြည့်ကာ အံ့ဩလျက် မျက်ခုံးပင့်မိသွားသည်၊ "ဈေးနှုန်းအရ၊ ကျွန်တော်တို့တွေ ဈေးလျှော့မပေးသင့်ဘူးလား? ပြီးတော့ အကျိုးခံစားခွင့်တချို့ရော? ဒါက အရမ်းထူးဆန်းတယ်၊ ဥက္ကဌ၊ သူတို့တွေ ဈေးနှုန်းကို ဂရုမစိုက်ကြဘူးလား?"

ရှုယီက ခပ်ဖျော့ဖျော့ပြုံးကာ၊ "ဒါက သူတို့အနေနဲ့ တန်ပြန်ကမ်းလှမ်းချက်လုပ်ဖို့ အရည်အချင်းမမီတာကြောင့်လေ။ ပြီးတော့ လျှော့ဈေးတွေ အကျိုးခံစားခွင့်တွေပေးဖို့ ဘာလို့ ငါတို့က အရင်အစပျိုးရမှာလဲ?"

"ဟုတ်တယ်" ခမ်နက်ဒ်က ရယ်ကာ၊ "ဒီမှော်ကားကို ကျုပ်လို့လုပ်ငန်းစုကပဲ ထုတ်လုပ်နိုင်တာဆိုတော့ ဝယ်သူတွေရဲ့ အတွေးကို ဂရုစိုက်ဖို့မလိုဘူးပဲ။ ဒါပေမယ့် လျှော့ဈေးနဲ့ အကျိုးခံစားခွင့်ကိုပြောရရင်... ဥက္ကဌ၊ နွေရာသီလည်းရောက်နေပြီဆိုတော့ အခြားလုပ်ငန်းစုအတော်များများက သူတို့ရဲ့ အိမ်သုံးမှော်စက်ပစ္စည်းတွေအတွက် လျှော့ဈေးပေးနေကြပြီ၊ ကျွန်တော်တို့ရော လိုက်လုပ်သင့်တယ်ထင်လား?"

"မင်းက ငါတို့လုပ်ငန်းစုရဲ့ စီအီးအိုလေ၊ မင်းရောဘယ်လိုထင်လဲ?" ရှုယီက ပြန်မေးသည်။

"အရင်ဆုံး၊ ကျွန်တော်လည်း လျှော့ဈေးပေးရမလား မပေးရမလားစဉ်းစားရင်း တခြားလုပ်ငန်းစုတွေရဲ့ ဈေးကွက်ကို ပြန်ယူဖို့လုပ်သေးတယ်။ ဒါပေမယ့် ဒီမှော်ကားကိုမြင်တော့ ဒီအကြံကိုလက်လျှော့လိုက်တယ်။" ခမ်နက်ဒ်က ပြန်ဖြေသည်။

"အိုး? ဘာလို့များလဲ? ငါ့ကိုပြောပြပါဦး။'

"မှော်ကားက ပို့ဆောင်ရေးစွမ်းရည်နဲ့ အမြန်နှုန်းမှာဆိုရင် မြင်းလှည်းထက် အတော်များများပိုသာပြီး ပိုပြီးတော့လည်း လုံခြုံတာ‌ကြောင့်ပါ။ လမ်းမတွေနဲ့ဆိုရင်လည်း ကျွန်တော်တို့ တိုင်းပြည်ရဲ့တခြားအပိုင်းတွေဆီ ကုန်စည်တွေကို လွယ်လွယ်နဲ့ပို့နိုင်တာကြောင့် ဘန်တာမြို့နဲ့ အနီးအနားမြို့တွေမှာ ဈေးကွက်မရရင်တောင် တခြားနေရာတွေမှာ ဈေးကွက်ဖွင့်နိုင်တယ်လေ။ ကျွန်တော်တို့ Frestechအမှတ်တံဆိပ်မှော်စက်တွေရဲ့ အရည်အသွေးမြင့်မြင့်နဲ့ လုပ်ဆောင်ချက်ကောင်းကောင်းတွေနဲ့ဆိုရင် ဒီ ဈေးကွက်တွေကို လွယ်လွယ်ဖွင့်လို့ရတယ်။"

"ဒီအတွေးက အတော်လေးမှန်ကန်တယ်။" ရှုယီက အပြုံးဖျော့ဖျော့ဖြင့် ခေါင်းငြိမ့်လိုက်သည်၊ "ငါ အရင်က ဥက္ကဌခရုစ်ရယ် ဥက္ကဌပွန်ဖီးရယ်နဲ့ ဆွေးနွေးတော့ လက်တလော ရည်မှန်းချက်က လမ်ပူရီတိုင်းပြည်မှာ ကုန်စည်စီးဆင်းမှုကို မြှင့်တင်ပြီး မြို့တစ်မြို့စီရဲ့ကုန်စည်တွေကို အခြားမြို့တွေဆီ အလွယ်တကူတင်ပို့ဖို့ပဲ။ ဒီခေတ်က အခုဆို ကွဲပြားနေပြီ၊ ငါတို့ရဲ့ အမြင်တွေကို ဘန်တာမြို့နဲ့ အနီးအနားမြို့တွေဆီမှာပဲ ကန့်သတ်မထားဘဲ ရှေ့ကိုထပ်ကြည့်သင့်တယ်။"

"အန်း၊ ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းက လမ်ပူရီတိုင်းပြည်တစ်ခုလုံးကို လွှမ်းမိုးနိုင်တဲ့ လုပ်ငန်းစုတစ်ခုဖြစ်လာလိမ့်မယ်၊ ဘန်တာမြို့မှာပဲနေတာက ဘာအလားအလာမှမရှိဘူး။ ဒါကြောင့် ဥက္ကဌ၊ ခင်ဗျားမှာရှိတဲ့ ရေရှည်စီမံကိန်းကို ကျွန်တော်လက်ခံတယ်။" ခမ်နက်ဒ်က မပြောခင်ခဏရပ်တန့်ပြီးမှ၊ "ဒါပေမယ့်လည်း လတ်တလောမှာ ပြဿနာတစ်ခုရှိတယ်။"

"ဘာပြဿနာများလဲ?"

ခမ်နက်ဒ်က ထရပ်ကာ သူ၏ရုံးခန်းနံရံရှိ အင်မတန်ကြီးမားသော လမ်ပူရီတိုင်းပြည်မြေပုံဆီသွားကာ မြေပုံရှိ အရောင်မျိုးစုံအစက်ငယ်လေးများအား လေးနက်နေဟန်ဖြင့် ညွှန်ပြလာသည်။

"ဥက္ကဌ၊ ကြည့်ပါဦး။ ဒီမြေပုံပေါ်ကို ကျွန်တော်နဲ့ ဝဲလ်မက်ထ်ကုန်သည်ကြီးအသင်းတို့ရဲ့ဆက်ဆံရေးအပေါ်အခြေခံဆွဲထားပြီးတော့ ဒီပေါ်က အစက်လေးတွေက ကျွန်တော်တို့လမ်ပူရီတိုင်းပြည်မှာရှိတဲ့ တခြားလုပ်ငန်းစုတွေရဲ့ မှော်စက်ပစ္စည်းဖြန့်ဖြူးမှုကို ပြသနေတယ်။

ရှုယီလည်း ထရပ်ကာ မြေပုံကိုကြည့်ရှုလိုက်သည်။ သူက ချီးမွမ်းဟန်ဖြင့်ခေါင်းငြိမ့်ကာ၊ "မဆိုးဘူး၊ မနှစ်ကနဲ့ယှဉ်ရင် အတော်များတယ်။ ကြည့်ရတာ မှော်စက်မှုနယ်ပယ်က ငါတို့ လမ်ပူရီတိုင်းပြည်မှာ အတော်လေး တိုးတက်လာပုံပဲ၊ အရမ်းဝမ်းသာမိတယ်။"

ခမ်နက်ဒ်လည်း ခါးသက်သက်ရယ်ကာ၊ "ဥက္ကဌ၊ ပြဿနာက ခင်ဗျားအရမ်းဝမ်းသာနေတာကြောင့်ပါ..."

"အိုး? ဒါက ဘာကိုပြောချင်တာများလဲ?"

ခမ်နက်ဒ်က ခေါင်းခါကာ မြေပုံကိုညွှန်ပြရင်း ဆိုလာသည်၊ "စာရင်းဇယားအရ မှော်စက်ပစ္စည်းထုတ်လုပ်ငန်း အများစုအနေနဲ့ မှော်စက်ပစ္စည်းတွေမထုတ်လုပ်ခင်မှာ ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းဆီကနေ နည်းပညာတစ်စိတ်တစ်ပိုင်းကို ရယူခဲ့ကြတယ်။ ကျွန်တော်လူတွေကို ပုံကြမ်းတွေစုဆောင်းခိုင်းတော့ သူတို့ရဲ့မှော်စက်ပစ္စည်းအများစုနဲ့ ကျွန်တော်တို့ Frestech အမှတ်တံဆိပ်မှော်စက်ပစ္စည်းတွေကြားက အရည်အသွေးမှာ ကွာခြားချက် ကြီးကြီးမားမားရှိနေတာကို သွားတွေ့တယ်။"

"ဘယ်နေရာက ပြဿနာလဲ? ငါတို့ Frestechအမှတ်တံဆိပ်မှော်စက်ပစ္စည်းတွေရဲ့ အရည်အသွေးနဲ့ လုပ်ဆောင်ချက်ကောင်းတွေနဲ့ဆိုရင် ဈေးကွက်အသစ်တွေ လွယ်လွယ်ဖွင့်နိုင်မယ်လို့ မင်းပြောခဲ့တယ်မဟုတ်လား?" ရှုယီက ရှုပ်ထွေးနေဟန်ဖြင့် မေး၏။

"ဟုတ်ပါတယ်၊ ဒါပေမယ့်..." ခမ်နက်ဒ်က ရှုယီအား အနည်းငယ်ကူရာမဲ့နေဟန်ဖြင့် ကြည့်ကာ၊ "ဥက္ကဌရှု၊ ခင်ဗျားအနေနဲ့ စိုင်စ်နယ်မြေတစ်ခုလုံးမှာ မှော်စက်မှုနယ်ပယ်ကြီးဖွံ့ဖြိုးဖို့ဆန္ဒရှိပြီး ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းတိုးတက်မှုကို ဒုတိယထားတာ အသေအချာနားလည်ပါတယ်။ ဟုတ်ပါတယ်၊ ကျွန်တော်တို့ Frestech အမှတ်တံဆိပ်မှော်စက်တွေရဲ့ အရည်အသွေးမြင့် လုပ်ဆောင်ချက်တွေနဲ့ဆိုရင် ဘယ်နေရာကိုသွားသွား အဲဒီ့ အဆင့်နိမ့်မှော်စက်ပစ္စည်းတွေကို လွယ်လွယ်အနိုင်ယူနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုဆို ကျွန်တော်တို့အနေနဲ့ ဖွံ့ဖြိုးနေဆဲမှော်စက်ပစ္စည်းလုပ်ငန်းတွေကို ဖိနှိပ်ထားသလိုဖြစ်ပြီး ခင်ဗျားလိုချင်တာကို ဆန့်ကျင်နေသလို ဖြစ်မနေဘူးလား?"

ရှုယီက ခမ်နက်ဒ်ထံ တအံ့တဩကြည့်လိုက်သည်၊ သူအင်မတန်ယုံကြည်ရသည့် စိတ်ဓာတ်ခိုင်မာပြီး အမြင်ရှိသည့် ကျွမ်းကျင်သော စီအီးအိုက ထိုသို့တွေးနေမည်ဟု ထင်မထားခဲ့ဖူးချေ။

၎င်းကိုစဉ်းစားကြည့်ပြီး ရှုယီက လက်ယမ်းကာ ဆိုလိုက်သည်၊ "မှော်စက်မှုနယ်ပယ်ကို ဖွံ့ဖြိုးစေချင်ပေမယ့်လည်း ဒါက Frestech ကုန်သည်ကြီးများအသင်းဖွံ့ဖြိုးမှုနဲ့ မဆိုင်ဘူး။ လုပ်ငန်းစုငယ်လေးတချို့က ငါတို့ Frestech အမှတ်တံဆိပ်ရဲ့ အောင်မြင်မှုကို လက်မခံနိုင်ရင် ဒါကသနားပေမယ့် သူတို့က စီးပွားရေးအတွက် မသင့်လျော်တာပဲ။"

ခမ်နက်ဒ်က အတန်ငယ် တုံ့ဆိုင်းနေပြီးမှ မေးလိုက်သည်၊ "ဒါပေမယ့်... သူတို့က ခင်ဗျားအရင်ကပြောခဲ့ဖူးတယ် မျှော်လင့်ချက်မီးစလေးကို ကိုယ်စားပြုတယ်မဟုတ်ဘူးလား?"

"ဒါကိုမမေ့နဲ့၊ စက်ပစ္စည်းတွေက အေးစက်ပြီး စက်မှုနယ်ပယ်က ရက်စက်တယ်။ စက်မှုနယ်ပယ်လိုအရာအတွက် ငါတို့တွင် ဂရုမစိုက်လို့မရနိုင်သလို အရည်အသွေးနိမ့်လို့လည်းမရဘူး။ သူတို့မှာ ရှင်သန်နိုင်ဖို့ အရည်အချင်းမရှိရင် ငါတို့လည်း သနားပေးဖို့မလိုဘူး။" ရှုယီက လေးနက်ဟန်ဖြင့်ဆို၏၊ "မင်းက ဒါကို သနားစရာလို့ခံစားရရင် ဘန်တာမြို့ရဲ့ တခြားမှော်စက်ပစ္စည်းလုပ်ငန်းတွေကို စဉ်းစားကြည့်လိုက်။ အခြားနေရာရဲ့လုပ်ငန်းစုတွေနဲ့ယှဉ်ရင် ဘန်တာမြို့က လုပ်ငန်းတွေက ငါတို့ Frestech ကုန်သည်ကြီးများအသင်းနဲ့ တိုက်ရိုက်ယှဉ်ပြိုင်နေရင်းမှာပဲ ရှင်သန်တိုးတက်နိုင်တယ်လေ။ ငါတို့ဘန်တာမြို့လုပ်ငန်းတွေက ဒါကိုလုပ်နိုင်နေရင် သူတို့ကဘာလို့မလုပ်နိုင်ရတာလဲ?"

"ဒါက..." ခမ်နက်ဒ်မှာ အနည်းငယ်စဉ်းစားပြီးနောက် ခေါင်းငြိမ့်လိုက်သည်၊ "ကျွန်တော် ခင်ဗျားပြောတာကို နားလည်ပြီ။ ဥက္ကဌ၊ ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ တခြားမြို့တွေဆီဝင်ရင် ကျွန်တော်တို့ကို ပုံမှန်ပဲဆက်ဆံကြမှာလား?"

"ဒီလိုပဲပေါ့။" ရှုယီက မြေပုံကိုကြည့်ကာ အပြုံးဖြင့်ဆိုလာသည်၊ "မင်းကိုလည်း အရမ်း‌ဘဝင်မမြင့်ဖို့ သတိပေးချင်တယ်။ ကုန်ပစ္စည်းတစ်ခုရဲ့ အရည်အသွေးက အရောင်းနဲ့ ကိုက်ညီမယ့်အကြိမ်တော်တော်များများရှိပြီး တခြားအချက်တွေလည်း ရှိသေးတယ်။"

ခမ်နက်ဒ်ကရယ်လျက်၊ "စိတ်ချပါ၊ ဥက္ကဌ၊ ကျုပ်ဒါကို ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းဆီကနေ သေချာနားလည်ခဲ့ပြီးပါပြီ။"

၎င်းအားပြောပြီးနောက် ခမ်နက်ဒ်က စားပွဲဆီပြန်သွားလိုက်သည်။ သူ၏စားပွဲကို ကြည့်ပြီးနောက် စာရွက်စာတမ်းခပ်ထူထူကိုယူပြီး ၎င်းမှာ တစ်ရွက်ကို ရှုယီထံလွှဲပေးလိုက်သည်။

ရှုယီက ထိုစာရွက်ကိုယူကာ ခေါင်းစဉ်ကိုကြည့်လိုက်‌ရာ ၎င်း၌ 'မူကြမ်းစစ်ဆေးခြင်းရလာဒ်များတင်ပြချက်'ဟူသော စကားလုံးအား စာလုံးကြီးဖြင့်ရေးသားထားသည်ကိုတွေ့လိုက်ရသည်။

"ဒါကဘာလဲ?"

"ကျွန်တော် တိုင်းပြည်ရဲ့တခြားလုပ်ငန်းတွေထုတ်လုပ်တဲ့ မှော်စက်တွေကို ပြန်ယူခိုင်းခဲ့တယ်လို့ ပြောခဲ့တယ်မဟုတ်လား? ဒါက မူကြမ်းစစ်ဆေးရေးတင်ပြချက်ပါ။ ဒီတင်ပြချက်ကတဆင့် တခြားလုပ်ငန်းတွေရဲ့နည်းပညာအဆင့်နဲ့ အရည်အသွေးကိုဖမ်းဆုပ်ပြီး တန်ပြန်အစီအမံတွေကို လွယ်လွယ်နဲ့ လုပ်လို့ရတယ်။” ခမ်နက်ဒ်က ရှင်းပြလိုက်၏။

ရှုယီက ခေါင်းငြိမ့်ကာချီးမွမ်းသည်၊ "အရမ်းကောင်းတယ်၊ ခမ်နက်ဒ်၊ မင်းက တကယ်ကို ထူးချွန်တဲ့ စီအီးအိုပဲ"

ရှုယီက ခမ်နက်ဒ်ပေးထားသည့် စာရွက်ကိုပြန်ကြည့်လိုက်ရာ ၎င်းက 'အန်ကဲကုန်သည်ကြီးများအသင်း'အတွက် ထုတ်ကုန်အကဲဖြတ်အစီရင်ခံစာမှန်းသိသွားသည်။

"အန်ကဲကုန်သည်ကြီးများအသင်း?" ရှုယီက မျက်မှောင်ကုပ်ကာတွေးရင်း၊ "ဒါက ငါတို့ မှော်ပညာရှင်အဖွဲ့အစည်းဥက္ကဌရဲ့ သားလက်အောက်မှာရှာတွေ့ခဲ့တဲ့လုပ်ငန်းမဟုတ်လား? ဘာလို့လဲ? ပြဿနာရှိနေတာလား?"

ခမ်နက်ဒ်၏အမူအရာက အတော်လေးထူးဆန်းလာကာ၊ "ဥက္ကဌ၊ ကျွန်တော်တို့ အခြားလုပ်ငန်းစုထုတ် မှော်စက်ပစ္စည်းတွေကို စစ်ဆေးတော့ သူတို့မှာ နည်းပညာကိုကောင်းကောင်းဆုပ်ကိုင်ထားနိုင်တာကို‌တွေ့တာကြောင့် သူတို့ရဲ့မှော်စက်ပစ္စည်းအရည်အသွေးနဲ့ လုပ်ဆောင်ချက်တွေက မဆိုးဘူး။"

"အန်း၊ ဒါက သာမန်ပါပဲ။ အိုင်ရီလန် ကုန်သည်ကြီးများအသင်း တစ်ပတ်အတွင်းမှာ ချပြလိုက်တဲ့ အိုင်ရီလန်အမှတ်တံဆိပ်မှောပန်ကာကိုပဲကြည့်။ အရည်အသွေးဖြစ်ဖြစ် လုပ်ဆောင်ချက်ဖြစ်ဖြစ် ငါတို့အမှတ်တံဆိပ်ရဲ့မှော်ပန်ကာနဲ့ လိုက်ဖက်တယ်။" ရှုယီက ဝမ်းမြောက်စွာ ခေါင်းငြိမ့်ရင်းပြောလာသည်၊ "ဒါက ငါမြင်ချင်တဲ့ ရလာဒ်ပဲ။"

"ဒါပေမယ့်... အန်ကဲမှော်ကုန်သည်ကြီးများအသင်းက ထုတ်လုပ်တဲ့မှော်ပန်ကာတွေကိုအကဲဖြတ်တော့ ကမ်ဘီနဲ့တခြားလူတွေက ပြဿနာတချို့တွေ့ခဲ့တယ်..." ခမ်နက်ဒ်က တုံ့ဆိုင်းနေသံဖြင့်ဆိုလာသည်။

"ပြဿနာတချို့?" ရှုယီက ၎င်းမှာ အနည်းငယ်ထူးဆန်းသည်ဟု ခံစားလိုက်ရသည်။ သူက တင်ပြချက်ကို ငုံ့ကြည့်က ရှုပ်ထွေးနေသံဖြင့်ဆိုလာ၏၊ "ငါတို့လုပ်ငန်းစုရဲ့မှော်စက်တွေနဲ့ ယှဉ်ကြည့်ရင် စာရင်းကွာနေတာတွေရှိတာက သာမန်ပါပဲ။ ပြဿနာက ဘယ်မှာလဲ?"

"ကမ်ဘီတို့က အန်ကဲမှော်ကုန်သည်ကြီးများအသင်းရဲ့မှော်စက်ပစ္စည်းတွေဂာ ကျွန်တော်တို့ Frestech အမှတ်တံဆိပ်နဲ့ မယှဉ်နိုင်တာကို တွေ့ပေမယ့်လည်း၊ သူတို့ရဲ့မှော်စက်ပစ္စည်းတွေထဲမှာ ကျွန်တော်တို့လုပ်ငန်းကစက်တွေနဲ့ အသေးစိတ်တူညီချက် အတော်များများကို တွေ့ရတယ်တဲ့။”

ရှုယီက ခေါင်းခါကာ၊ "ငါတို့ ဥက္ကဌအီရန်နဲ့ သဘောတူညီချက်လုပ်ပြီးသွားတာမို့ အန်ကဲမှော်ကုန်သည်ကြီးများအသင်းက အထူးဆက်ဆံရေးရတာပါ။ ဒါက မထူးဆန်းပါဘူး။"

"မဟုတ်ဘူး၊ ဥက္ကဌ ကျွန်တော်တို့တွေ ခင်ဗျားရဲ့ ညွှန်ကြားချက်အောက်က နည်းပညာလမ်းညွှန်ချက်တချို့ကို ထောက်ပံ့‌ခဲ့ပေမယ့်လည်း... ကမ်ဘီတို့တွေ့ခဲ့တာက သူတို့ကိုမပြောဖူးတာတွေပဲ။ ဥပမာ မှော်ပန်ကာ မျိုးဆက်အသစ်‌တွေရဲ့ မှော်အစီအရင်ချိတ်ဆက်ခြင်းနည်းပညာလိုမျိုးလေ၊ ကျွန်တော်တို့က မူပိုင်ခွင့်လျှောက်ထားတာကြောင့် အန်ကဲမှော်ကုန်သည်ကြီးများအသင်းဆီမပေးခဲ့ဘူး။ ဒါပေမယ့် သူတို့ထုတ်ထားတဲ့ မှော်စက်ပစ္စည်းတွေထဲမှာ ဒီနည်းပညာပါနေတာကို တွေ့ခဲ့ရတယ်။"

ခမ်နက်ဒ်မျက်နှာထက်ရှိ တုံ့ဆိုင်းနေဟန်ကိုမြင်သော် ရှုယီက အတန်ငယ်အံ့ဩပြီးမှ နားလည်သွားတော့သည်။

"မင်းပြောချင်တာက... ငါတို့နည်းပညာပေါက်ကြားသွားတယ်ပေါ့?"

ခမ်နက်ဒ်၏အမူအရာက လေးနက်သွားပြီး ခပ်သာသာခေါင်းငြိမ့်လာ၏၊ "ဥက္ကဌ၊ ကျွန်တော်...တို့ လုပ်ငန်းစုထဲမှာ သစ္စာဖောက်ရှိနေတယ်လို့ ယုံတယ်။"

***

မှော်စက်မှုအင်ပါယာ

Vol 3, အခန်း ၆၈။ မှော်လေသင်္ဘောပုံစံ(မော်ဒယ်)

နည်းပညာပေါက်ကြားခြင်းနှင့် သစ္စာဖောက်များအကြောင်းပြောချိန်တွင် ရှုယီမှာ ရုတ်တရတ် ရမ်အားတွေးမိသွား၏။

ခီမီရော့၏ လှုံ့ဆော်မှုအောက်တွင် သူဟာ Frestech ကုန်သည်ကြီးများအသင်း၏ မှော်သုတေသနဌာနထံ ဝယ်လာနှင့် ဆက်နွယ်မှုကြောင့်ဝင်လာခဲ့ငည်။ သူဟာ မှော်သုတေသနဌာနထံမှ နည်းပညာအပိုင်းများစွာကိုခိုးယူခဲ့ပြီး မှော်ရေနွေးအိုး၏အသေးစိတ်အချက်အလက်များအား ဖော်ထုတ်ခဲ့ခြင်းအပါအဝင် မှော်ရေနွေးအိုးအား ခီမီရော့၏လုပ်ငန်းစုမှ ထုတ်လုပ်စေခဲ့သည်။

၎င်းက ရှုယီမှာ တမင်တကာ ခီမီရော့အား သူ၏ဇာတ်ထုပ်ကို လူတိုင်းရှေ့၌ ဖွင့်ထုတ်စေခဲ့ခြင်းဖြင့် ပြီးဆုံးသွားပြီးဖြစ်ပါသော်လည်း ယင်းကြောင့် Frestech ကုန်သည်ကြီးများအသင်းမှာ ဆုံးရှုံးမှုများစွာရှိခဲ့သည်ပင်။

Frestech ကုန်သည်ကြီးများအသင်းက မှော်ရေနွေးအိုးများမထုတ်လုပ်တော့ဘဲ ၎င်းနည်းပညာကို လွှဲပြောင်းရသည့် အဓိကအကြောင်းရင်းမှာ ၎င်းပင်ဖြစ်သည်။

ဖွံ့ဖြိုးပြီးစီးပွားရေးလောကရှိသည့် ကမ္ဘာမြေမှလာသော ရှုယီအတွက် ပူးပေါင်းရေးသူလျှိုကိစ္စများစွာကို ကြားခဲ့ဖူးပါ၏။ ထို့အပြင် သူဟာ Frestech ကုန်သည်ကြီးများအသင်းက ၎င်းကို မကြာခင်ကြုံတွေ့နိုင်မည်ဖြစ်ရာ ပြင်ဆင်ထားပြီးသားပင်။

ကုန်ကုန်ပြောရလျှင် Frestech ကုန်သည်ကြီးများအသင်းအား လမ်ပူရီတိုင်းပြည်နှင့် စိုင်စ်အမိနယ်မြေရှိ အထူးကဲဆုံးသောနည်းပညာနှင့် လုပ်ငန်းစုဟုယူဆနိုင်သည်။ ထို့အပြင် ၎င်းတို့ထံ၌ ၎င်းတို့သာထုတ်လုပ်နိုင်သော မှော်စက်ပစ္စည်းများရှိရာ ထိုနည်းပညာက လူများစွာအားမဆွဲဆောင်မှသာလျှင် ထူးဆန်းနေလိမ့်မည်။

သို့သော် ခမ်နက်ဒ်ထံမှ လုပ်ငန်းစုတွင် သစ္စာဖောက်ရှိကြောင်း အတည်ပြုလာသည်ကို ကြားရသည်တွင် ရှုယီ၏ စိတ်နှလုံးကလေးလံသွားကာ အတော်လေး မပျော်မရွှင်ဖြစ်သွားသည်။

Frestech ကုန်သည်ကြီးများအသင်း၏ လစာက ဘန်တာမြို့၌ အမြင့်ဆုံးမဟုတ်ပါလျှင်တောင် အကျိုးခံစားခွင့်များက အခြားလုပ်ငန်းစုများထက်ပင် ပိုမိုများပြားသေး၏။

သင်သာ Frestech ကုန်သည်ကြီးများအသင်း၌ အလုပ်လုပ်ပါလျှင် မည်သည့်အမှားကြီးကြီးမှမလုပ်သရွေ့ ဂရုစိုက်ရန်မလိုသည့်ဘဝ၌ နေထိုင်နိုင်မည်ပင်။

ဤအခြေနေတွင် သစ္စာဖောက်ပြီး နည်းပညာအားရောင်းချပစ်ရန် ဆန္ဒရှိသူ ရှုယီကို နာကျင်စေ၏။

သို့သော် ၎င်းက တစ်စက္ကန့်မျှသာပင်။ ရှုယီက နုံချာသောကလေးတစ်ခုမဟုတ်ရာ၊ လုံလောက်သောအကျိုးခံစားခွင့်၏မျက်နှာစာတွင် မည်သူမဆို သစ္စာဖောက်‌နိုင်၏။

အတန်ငယ်စိတ်ဓာတ်ကျပြီးနောက် ရှုယီက ခမ်နက်ဒ်ထံ အသေးစိတ်မေးလာသည်။

သူ့အားစိတ်ချစေသည်က ပေါက်ကြားသွားသောနည်းပညာမှာ အရမ်းလေးနက်မနေခြင်းပင်။ အသေးစိတ်ငယ်လေးတစ်ချို့သာ ပေါက်ကြားသွားပြီး နည်းပညာ၏ အခရာအပိုင်းများကိုတော့ အန်ကဲမှော်ကုန်သည်ကြီးများအသင်း၏ မှော်စက်ပစ္စည်းများ၌ မတွေ့ရပါချေ။

၎င်းက အန်ကဲမှော်ကုန်သည်ကြီးများအသင်းမှာ ၎င်းကို ယခု၌ မသုံးသေးဟု ဆို၍ရရာ အခြေနေက အတော်လေးကောင်းနေပါသေး၏။

"လတ်တလောတော့ ဒီကိစ္စကို ဖြန့်ဖို့မလိုသေးဘူး။" ရှုယီက အတန်ငယ်စဉ်းစားပြီးနောက် ခမ်နက်ဒ်ထံ ပြောလေသည်၊ "ဒါကို တိတ်တိတ်လေးစုံစမ်းလိုက်။ ဒီနည်းပညာနဲ့ ထိတွေ့ထားတဲ့ လူသိပ်မများသေးတော့ စုံစမ်းဖို့က မခက်လောက်ဘူး။"

"ကျွန်တော်နားလည်ပါပြီ။" ခမ်နက်ဒ်က ခေါင်းငြိမ့်လိုက်ရင်း အသံ၌ ဒေါသငွေ့များဖြင့်ပြည့်နေကာ၊ "ဒီလူက ကျွန်တော့်ရဲ့မျက်လုံးတွေအောက်မှာတောင် ဒီလိုကိစ္စကို လုပ်ဝံ့သေးတယ်၊ ကျွန်တော် ဖမ်းတဲ့အချိန်ကျရင် သူ့ကို သေချာပေါက် အလွတ်မပေးဘူး!"

ခမ်နက်ဒ်၏မျက်နှာထားကိုမြင်သော်၊ ရှုယီက ပြုံးကာ ခမ်နက်ဒ်၏ပခုံးအားပုတ်လိုက်၏၊ "ဟုတ်ပြီ၊ စိတ်ထဲအရမ်းမထားပါနဲ့။ မင်းက ငါတို့လုပ်ငန်းစုရဲ့ စီအီးအိုပဲ၊ ဒီကိစ္စကနေတစ်ဆင့် လုပ်ငန်းရဲ့ လုံခြုံရေးကို ဘယ်လိုချိန်ညှိပြီး ထပ်ဖြစ်လာမှာကနေ တားဆီးဖို့ ဘယ်လိုကြိုးစားရမလဲကိုသာ စဉ်းစားသင့်တယ်။"

"ကျွန်တော် သေချာစဉ်းစားပါ့မယ်။" ခမ်နက်ဒ်က ခေါင်းငြိမ့်၏။

ရှုယီက ခပ်ဖျော့ဖျော့ပြုံးကာ ခမ်နက်ဒ်ထံ စကားတချို့ထပ်ပြော၍ ရုံးခန်းမှထွက်ခွာလျက် မှော်သုတေသနဌာနသို့ဦးတည်လိုက်သည်။

"အီဗီတာ, ကျုပ် ခင်ဗျားကို ကိစ္စတချို့ပြောစရာရှိလို့လာတာ..."

အီဗီတာ၏ဓာတ်ခွဲခန်းတံခါးကို ဖွင့်လိုက်ချိန်၌ အနက်ရောင်အရိပ်တစ်ခုက ရုတ်တရတ်ထွက်လာကာ ရှုယီကိုကြိုဆိုလေ၏။ ရှုယီမှာမူ အီဗီတာ၏ဓာတ်ခွဲခန်းထဲမှ တစ်စုံတရာပျံထွက်လာမည်ဟု ထင်မထားရာ အချိန်ကိုက်မရှောင်လိုက်နိုင်ဘဲ ခေါင်းနှင့် တိုက်မိသွားတော့သည်။

"ဖုန်း"

ထိုအသံနှင့် အတူ ရှုယီက ရုတ်တရတ် မူးဝေသွားကာ လေအေးများကိုရှူရှိုက်လျက် ခေါင်းကိုကိုင်ကာ ဖိထားလိုက်ရ၏။

"အာ? ဥက္ကဌ? ရှင်..." အီဗီတာက အံ့ဩစွာအော်လိုက်ပြီး ခပ်မြန်မြန်ခြေလှမ်းသံများထွက်လာသည်။ ထို့နောက် ရှုယီဘက်သို့စောင်းလာကာ ရှုယီ၏မျက်နှာကို ဆွဲယူရင်း မေးလေသည်၊ "ဥက္ကဌ၊ အဆင်ပြေရဲ့လား? ဒဏ်ရာရသွားသေးလား? နာနေလား? ကျွန်မ... ကျွန်မတောင်းပန်ပါတယ်၊ ကျွန်မ မတော်တဆ..."

ရှုယီက သူ၏နဖူးကိုဖိပွတ်ကာ မျက်မှောင်ကုပ်ရင်း မျက်ရည်များအပြည့်ဖြစ်နေသည့် အီဗီတာကိုကြည့်လိုက်သည်။ သူက အားတင်းပြုံးလျက်၊ "ရပါတယ်၊ ကျုပ်နည်းနည်း ခေါင်းမူးသွားရုံတင်ပါ။"

"ခေါင်းမူးနေတယ်? အိုး၊ လာပါ၊ လှဲပြီး အရင်အနားယူလိုက်ပါဦး။" အီဗီတာက အလျင်အမြန်ပင် ရှုယီအား ဓာတ်ခွဲခန်း၌ ပြင်ထားသည့် ဆိုဖာထက်၌ လှဲစေလိုက်သည်။ ထို့နောက် ရေနွေးအနည်းငယ်ထည့်ကာ ပဝါတစ်ထည်ယူ၍ ရှုယီ၏ နဖူးပေါ်တင်ပေးလိုက်သည်။ နောက်တွင် လက်ဘက်ရည်တစ်ခွက်ငှဲ့ကာ လက်နှစ်ဘက်နှင့်ကိုင်၍ ဆိုဖာဘေးမှာထိုင်ရင်း ရှုယီကို ပူပန်စွာကြည့်နေသည်။

ရှုယီက ရုတ်တရတ် တိုက်မိ၍ အနည်းငယ် မူးဝေသွားပါသော်ငြား ခဏကြာပြီးနောက် ပိုအဆင်‌ပြေနေပြီဖြစ်သည်။

အီဗီတာ၏ စိုးရိမ်ကာ တောင်းပန်မှုနှင့်ပြည့်နေသော် မျက်လုံးများကိုကြည့်၍ ရှုယီက လက်ဝေ့ယမ်းလိုက်ကာ၊ "ဟုတ်ပြီ၊ ဒီလောက်စိတ်ပူဖို့မလိုပါဘူး။ ကျုပ် ပိုအဆင်ပြေလာပါပြီ။"

ရှုယီက ထိုသို့ပြောပြီးနောက် ဆိုဖာပေါ်မှ ထလိုက်သော်လည်း အီဗီတာက သူ့အား ပြန်တွန်းချလေ၏။

သို့ရာ၌ သူမက လဘက်ရည်ခွက်ကိုင်ထားဆဲဖြစ်ရာ သူမလက်က အစိုးရိမ်လွန်ကာ လှုပ်ခါသွားပြီး တစ်ခွက်လုံးက ရှုယီပေါ်‌သို့ လောင်းကျသွားတော့မည့်ဟန်ကို တွေ့လိုက်ရသည်။

အီဗီတာက ထိတ်လန့်တကြားဖြစ်ကာ သူမ၏ လက်ဖက်ရည်ခွက်ကိုင်ထားသောဘယ်လက်ကို အမြန်ဆွဲထုတ်လိုက်သည်၊ သို့သော် ညာလက်က ရှုယီအား ဖိချရန် ပြင်ထားသောကြောင့် မျှခြေ‌ပျက်သွားကာ ရှေ့တည့်တည့်လဲကျသွားတော့၏။

"ဘန်း"

လဘက်ရည်ခွက်မှာလည်း ကြမ်းပေါ်ပစ်ကျကာ ကွဲကြေသွားပြီး လဘက်ရည်ပူပူများကလည်း ကြမ်းပေါ်သို့စင်သွားသော်ငြား အခန်းက သေလုအောင်တိတ်ကျသွားလေသည်။

နှုတ်ခမ်းထက်မှ ငြင်သာသောအထိအတွေ့ကို ခံစားလိုက်ရသော် ရှုယီ၏မျက်လုံးများက မယုံကြည်နိုင်စွာ ပြူးကျယ်သွားတော့သည်။ သူ့အနေနှင့် ထိုသို့သောကိစ္စမျိုးကို ကမ္ဘာမြေပေါ်ရှိ ကာတွန်းများတွင် မြင်တွေ့ခဲ့သော်လည်း လက်တွေ့တွင်လည်း... ဖြစ်နိုင်သည်ဟု မထင်ခဲ့ဖူးချေ!

အီဗီတာ၏မျက်လုံးများကလည်း ပြူးကျယ်နေကာ ရှုယီထံ ငေးမောကြည့်မိသွားသည်။ သူမက တစ်စုံတရာကိုပြောလိုက်ချင်ပါသော်ကြား သူမ၏နှုတ်ခမ်းလှုပ်ရှားသွားချိန်၌ ရှုယီ၏နှုတ်ခမ်းအစုံမှလာသော နွေးထွေးမှုကို ပိုလို့ပင် ရှင်းလင်းစွာ ခံစားလိုက်ရလေသည်။

ထို့နောက် ရှုယီ၏ နှာခေါင်းမှလာသော အသက်ရှူခြင်းက သူမမျက်နှာကို လာရိုက်ခတ်နေသည်အား ခံစားမိရာ အီဗီတာ၏မျက်နှာက လုံးဝနီရဲသွားတော့သည်။ နောက်ဆုံး၌ တုံ့ပြန်လိုက်နိုင်ကာ အားအပြည့်ဖြင့် တွန်းလျက် ထရပ်ပြီး ရှုယီအား ကျောပေးထားလိုက်သည်။ သူမ၏ ခန္ဓာကိုယ်က တောင့်တင်းနေဟန်ပေါ်ပြီး လှုပ်ရှားလိုက်ချိန်တွင်လည်း ကူရာမဲ့စွာ တုန်ရီနေသည်။

ရှုယီက သူ၏နှုတ်ခမ်းများကိုထိရင်း ယခုလေးတင်ခံစားမိသော အရာကို သတိရသွားသည်။ အီဗီတာ၏ တုန်ရီနေသောကျောပြင်လေးကို မြင်သော် သူဟာမနေနိုင်ဘဲ ခါးသက်သက်ပြုံးလိုက်မိ၏။

သူက ထိုသို့သော မတော်တဆမျိုးကို အီဗီတာနှင့် အတူကြုံရမည်ဟု ထင်မထားခဲ့ဖူးချေ။ အခန်းက အတန်ကြာ တိတ်ဆိတ်သွားပြီးနောက်၌ ရှုယီက ချောင်းအသာဟန့်ကာ၊ "အဲဒါက... အီဗီတာ..."

အီဗီတာက ရုတ်တရတ်တုန်ယင်သွားကာ သူမကိုယ်သူမ ဖြေသိမ့်ပြီးနောက်မှ ခေါင်းငြိမ့်ရင်း အသက်ပြင်းပြင်းတစ်ချက်ရှူက ပြန်လှည့်လာသည်။

သူမ၏မျက်နှာက လုံးဝနီရဲနေသော်လည်း မျက်နှာထားကိုမူ အတင်းအကျပ် သာမန်ဖြစ်အောင်လုပ်ယူထား၏။ "ဥက...ဥက္ကဌရှု၊ ရှင်... ရှင် အဆင်ပြေရဲ့လား?"

"အန်း... ကျုပ်အဆင်ပြေပါတယ်၊ တကယ်ကိုပြေပါတယ်။" ရှုယီက အီဗီတာ၏ တည်ငြိမ်ဟန်ဆောင်နေပုံကိုကြည့်ပြီး ထိုရှက်ရွံ့ဖွယ်ကိစ္စကို တတ်နိုင်သမျှ မြန်မြန်မေ့လိုက်သည်က ပိုကောင်းသည်ဟု ခံစားနေရသည်။ ၎င်းကိုစဉ်းစားပြီးနောက် တံခါးကိုကြည့်ကာ အီဗီတာကို မေးလိုက်သည်၊ "မင်းဘာတွေလုပ်နေခဲ့တာလဲ? ဘာပျံထွက်သွားတာလဲ?"

ရှုယီမှ ၎င်းကိုမေးလိုက်ချိန်တွင် အီဗီတာက ပို၍‌စိတ်အေးသွားဟန်ပေါ်သော်ငြား နောင်တရဟန်လည်းရှိနေ၏။ သူမက စိတ်လျှော့ကာ တံခါးဆီပြေးလျက် ရှုယီနှင့်တိုက်မိကာ ပြုတ်ကျသွားသော အရာကို ကောက်ယူလိုက်သည်။ ထို့နောက် တံခါးကိုပိတ်ရင်း ရှေ့ကိုရောက်လာကာ၊ "ဒါက ကျွန်မ ရက်နည်းနည်းလောက်ကြာအောင် သုတေသနလုပ်ခဲ့တဲ့ မှော်လေသင်္ဘောမော်ဒယ်ပါ၊ ကြည့်ကြည့်ပါဦး။"

"မှော်လေသင်္ဘော?" ရှုယီက အီဗီတာဆီမှ သင်္ဘောနှင့်ဆင်၍ သူ၏လက်အရွယ်အစားနှင့်တူကာ ပလက်စတစ်နှင့်လုပ်ထားပုံပေါ်သည့်အရာကို အံ့ဩစွာကြည့်လိုက်သည်။ ဂရုတစိုက်ကြည့်ရှုပြီးသည်တွင် ထိုအရာ၏ အလယ်ဗဟို၌ မှော်အစီအရင်အသေးစားလေးရှိနေသည်ကို တွေ့လိုက်ရသည်၊ "ဒါက... လေထိန်းချုပ်ခြင်းအစီအရင်လား?"

"အန်း၊ ဒါက လေထိန်းချုပ်ခြင်းအစီအရင်ပါ။" သုတေသနအကြောင်းကိုပြောသော် အီဗီတာ၏ ခံစားချက်များ တဖြည်းဖြည်းပုံမှန်ပြန်ဖြစ်သွားသည်၊ "ကြည့်ပါဦး၊ မှော်စွမ်းအားကိုထည့်သွားလိုက်တာနဲ့ ဒီမှော်လေသင်္ဘောမော်ဒယ်လေးက မျောနေလိမ့်မယ်။"

အီဗီတာက သူမ၏ လက်ချောင်းသွယ်သွယ်လေးကို မှော်လေသင်္ဘောမော်ဒယ်ထံဆန့်ထုတ်ကာ မှော်အစီအရင်ထဲသို့ မှော်စွမ်းအား တချို့ထည့်‌သွင်းပေးလိုက်၏။

အပြာရောင်အလင်းတစ်ပြစီးဆင်းလာကာ ရှုယီမှာ မှော်လေသင်္ဘောမော်ဒယ်က ၎င်း၏ အလေးချိန်အားလုံးပျောက်ဆုံးသွားပြီး လက်ထဲမှနေ၍ တဖြည်းဖြည်း မျောတက်သွားသည့်နှယ်ခံစားလိုက်ရသည်။

မှော်လေသင်္ဘောမော်ဒယ် မျော‌လွင့်နေသည်ကို မြင်သော် ရှုယီမှာ ဤလောကသို့ ဝိဉာဉ်ကူးပြောင်းလာပြီးနောက် မှော်စွမ်းအားနှင့် စတင်တွေ့ကြုံခဲ့ချိန်၏ ခံစားချက်ကို သတိရသွားသည်။

ဤလောက၌ ပျံသန်းခြင်းက အတော်လေးလွယ်ကူပါ၏...

"အီဗီတာ, မင်းဒီပစ္စည်းကိုလေ့လာရင်းနဲ့ မှော်လေသင်္ဘောအစစ်ကို ထုတ်လုပ်ချင်လား?" ရှုယီက မေးလေသည်။

"ဒါပေါ့။" အီဗီတာ‌ကခေါင်းငြိမ့်ကာ ပြုံး၍၊ "ကျွန်မ စာအုပ်ထဲမှာအရင်ကဖတ်ခဲ့ရတယ်၊ နတ်သူငယ်လေးတွေ အသန်မာဆုံးဖြစ်ခဲ့ချိန်ကာ နယ်မြေတစ်ဝှမ်းကို အလွယ်တကူသွားလာလို့ရနိုင်တဲ့ မှော်လေသင်္ဘောကြီးအတော်များများကို တည်ဆောက်ခဲ့ကြတယ်။ ဒါပေမယ့် မျိုးနွယ်စုစစ်ပွဲတွေမှာ နတ်သူငယ်တွေ ကျရှုံးသွားတော့ မှော်လေသင်္ဘောနည်းပညာက ပျောက်ဆုံးသွားခဲ့တာပဲ။ မှော်လေသင်္ဘောတွေကို လေ့လာချင်နဲ့ လူသားမှော်ပညာရှင်တချို့ရှိပေမယ့်လည်း တစ်ခုအတွက် တောင်းဆိုချက်အတော်များများလိုအပ်တာကြောင့် အောင်မြင်တဲ့ မှော်ပညာရှင်တစ်ယောက်မှမရှိခဲ့ဘူး။"

"ဒါဆို ဘာလို့ မင်းက ဒါကိုလေ့လာဖို့ ဆုံးဖြတ်လိုက်ရတာလဲ?" ရှုယီက မေး၏။

"ကျွန်မတို့ Frestech ကုန်သည်ကြီးများအသင်းက တခြားမှော်ပညာရှင်တွေနဲ့ယှဉ်ရင် မှော်စက်ပစ္စည်းသုတေသနလုပ်ရာမှာ ပိုအားကောင်းတယ်လို့ မထင်ဘူးလား၊ ဥက္ကဌ?"

အီဗီတာ၏ ပြီတီတီအပြုံးကိုမြင်သော် ရှုယီလည်း မနေနိုင်ဘဲ ပြုံးလိုက်မိ၏၊ "အမှန်ပဲ၊ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ မှော်စက်ပစ္စည်းတွေက မှော်စက်ပစ္စည်းအစစ်တွေပဲ။ တခြားမှော်ပညာရှင်တွေ ထုတ်လုပ်တာက အရုပ်သက်သက်ပဲ။ ဟုတ်ပြီ၊ အီဗီတာ ဒါဆို ကျုပ်ကို အခုပြော၊ ခင်ဗျား ဒီမှော်လေသင်္ဘောသုတေသနကို ဘယ်လောက်ထိလုပ်ပြီးပြီလဲ?"

အီဗီတာက မျက်နှာကျက်ထံရောက်ခါနီးမှ သူမ၏ခုံတန်းရှိ သစ်တုံးထက်မှမှော်အစီအရင်ထံပြန်လှည့်လာသော မှော်လေသင်္ဘောကိုကြည့်လိုက်၏။ ထို့နောက်ရှုယီကိုရှင်းပြလေသည်၊ "ဥက္ကဌ ကြည့်ပါဦး၊ ဒီအပေါ်မှာ တူညီတဲ့လေထိန်းချုပ်ခြင်းအစီအရင်ရှိတယ်။ ပြီးတော့ အာကာလီဖန်တီးထားတဲ့ မှော်အစီအရင်ပဲ့ထင်ထပ်မှုနည်းပညာကိုသုံးပြီး မှော်လေသင်္ဘောကို အဝေးကနေ ထိန်းချုပ်လို့ရတယ်။"

အီဗီတာက ၎င်းသစ်တုံးထက်မှမှော်အစီအရင်ထဲသို့ မှော်စွမ်းအားထည့်သွင်းလိုက်ရာ လေထဲရှိ မှော်လေသင်္ဘောမော်ဒယ်ကရပ်တန့်သွားသည်။

"အမြင့်ကနေ ဆင်းဖို့ ထိန်းချုပ်နိုင်တဲ့အပြင် ပျံသန်းမှုကိုလည်း ထိန်းချုပ်နိုင်သေးတယ်။"

အီဗီတာ ၏လက်ထဲရှိ သစ်တုံးထံမှ ထွက်လာသော အပြာရောင်အလင်းတန်းတစ်ခုနှင့် မှော်လေသင်္ဘောမော်ဒယ်က လေထဲ၌ ရှိနေသည်။ သေးငယ်သော မှော်လေသင်္ဘောမော်ဒယ်က ဓာတ်ခွဲခန်းအတွင်း လျင်မြန်စွာ ရွေ့လျား‌သွားလာနေ၏။

***

မှော်စက်မှုအင်ပါယာ

Vol 3, အခန်း ၆၉။ ခေါင်းဆောင်ခဲ့သော ပြုမူပါ

မှော်လေသင်္ဘောမော်ဒယ်က သူ့၏အပေါ်၌ဝဲပျံနေသည်ကို မြင်သော် ရှုယီမှာ မနေနိုင်ဘဲ အနည်းငယ်ခံစားမိသွားရသည်။

ဤလောက,က တကယ်ကို ကမ္ဘာမြေနှင့် ခြားနားပါ၏။

မှော်ပညာ၏ တည်ရှိမှုက ကမ္ဘာမြေပေါ်မှာ စက်မှုစနစ်နှင့်ယှဉ်လျှင် အရာများစွာကို ထုတ်လုပ်ရန် ပိုမိုလွယ်ကူပါ၏၊ ထို့အပြင်၊ ကမ္ဘာမြေပေါ်က စက်ပစ္စည်းများထံ၌ မရှိသည့် အားသာချက်များစွာလည်းရှိသည်။

မှော်ကားကို ဥပမာယူလျှင် အင်ဂျင်အား ထုတ်လုပ်ရန် အချိန်ကြာပါသော်လည်း မှော်စွမ်းအားကြောင့် မှော်ကား၏ အကြီးမားဆုံးအားသာချက်မှာ ဓာတ်ငွေ့လောင်ကျွမ်းရမည့်အစား မှော်သလင်းကျောက်များကို အသုံးပြုရမည်ပင်။ ထို့ကြောင့် လေထုညစ်ညမ်းကိုမဖြစ်စေရာ အိတ်ဇောအကြောင်းဂရုစိုက်ရန် မလိုပါချေ။

တစ်ချိန်တည်းမှာပင် မှော်ကားထံ၌ စွမ်းအင်စားသုံးရာတွင် မြင့်မားသည့်ထိရောက်မှုရှိသည်။ မသန့်စင်မှုများကို ဂရုစိုက်ရန်မလိုတော့သောကြောင့် မှော်အင်ဂျင်၏ စားသုံးမှုက နည်းပါးကာ သက်တမ်းက ရှည်ကြာပါ၏။

ပြစ်ချက်အချို့တော့ ရှိပါသေးသည်။ ကမ္ဘာမြေပေါ်မှ ကားများနှင့်ယှဉ်လျှင် မှော်ကားက လေအားမှော်အင်ဂျင်ကို မှီခိုနေရသောကြောင့် လုံ‌လုံလောက်လောက် မသန်မာပါချေ။ မှော်ကား၏အမြန်နှုန်းက ကမ္ဘာမြေမှကားများနှင့်ယှဉ်လျှင်တောင် ဓာတ်ငွေ့သုံးကားများနှင့်ထက် လျှပ်စစ်ကားများနှင့်ပိုမိုဆင်တူပါ၏။

သို့သော် မှော်အင်ဂျင်အား ထုတ်လုပ်နေဆဲဖြစ်ရာ ရှုယီမှာ မှော်အင်ဂျင်၏ အထွက်အားတိုးနေသ၍ မှော်ကားများ၏ အမြန်နှုန်းက တဖြည်းဖြည်းတိုးလာနိုင်မည်ဟု ယုံကြည်သည်။

၎င်းက လက်ရှိမှော်ကား၏ အားသာချက်သာဖြစ်၏။ သူ၏ရှေ့၌ တစ်ယောက်ယောက်ကသာ မှော်လေသင်္ဘောမော်ဒယ်အကြောင်းပြောလာပါက ကမ္ဘာမြေပေါ်မှ လေယာဉ်များနှင့်ယှဉ်လျှင် ပို၍ပင် ကြီးမားသော အားသာချက်များရှိပေသည်။

ပထမဆုံးပြဿနာက ကမ္ဘာမြေပေါ်ရှိ ပျံသန်းယာဉ်များအတွက် ပျံသန်းမှု၏ ပြဿနာကို ဦးစွာဖြေရှင်းခြင်းပင်။

မြေဆွဲအား၏ အချုပ်အနှောင်ကိုချိုးဖျက်ရန် ကမ္ဘာမြေသမိုင်းရှိလူများက ပျံသန်းပစ္စည်းများကို လေ့လာဖို့ရာ ကြိုးစားခဲ့ကြသည်။ ၎င်းတို့အနေနှင့် ပန်းတိုင်ရောက်ရန် နည်းလမ်းတိုင်းကို စဉ်းစားခဲ့ကြ၏။

ခေတ်သစ်ကမ္ဘာ၏ လေယာဉ်များနှင့် ဟယ်လီကော့ပတာများကိုမူ မြေဆွဲအားမှ လွတ်မြောက်ရန် ပြင်းထန်သော တွန်းကန်အားကို ပထမဆုံးအာမခံချက်ပေးခဲ့ရသည်။

စိုင်စ်အမိနယ်မြေ၌ မှော်ပညာ၏တည်ရှိမှုကြောင့် မြေပြင်ပေါ်သက်ဆင်းသည့် အခက်ခဲ‌ဆုံးအပိုင်းက ထူးဆန်းစွာ လွယ်ကူလာသည်။ မှော်အစီအရင်တစ်ခုနှင့်ပင် လေထဲသို့ လွယ်လွယ်ကူကူဝင်ရောက်နိုင်၏။

ထို့နောက် အာကာလီထုတ်ဖော်ထားသည့် မှော်အစီအရင်ပဲ့တင်ထပ်ခြင်းကို ပေါင်းထည့်သော် ၎င်းအား အဝေးမှ အလွယ်တကူထိန်းချုပ်နိုင်သည်ပင်။

ယခုတွင် အီဗီတာဖန်တီးထားသည့် မှော်လေသင်္ဘောမော်ဒယ်မှာ ကမ္ဘာမြေပေါ်ရှိ လေယာဉ်များနှင့် မော်ဒယ်တူသည့်အဆင့်၌ ရှိပါသော်ငြား ၎င်းက သုတေသန၏ ဖြစ်နိုင်သော ဦးတည်ချက်ကို ကိုယ်စားပြုပါ၏။

မှော်လေသင်္ဘောမော်ဒယ်၏ လေထိန်းချုပ်ခြင်းအစီအရင်၌ အီဗီတာထံမှ မှော်စွမ်းအားများများစားစားမရှိရာ လေထဲ၌ အကြိမ်းအနည်းငယ်ပျံသန်းပြီးနောက်တွင် ၎င်းက အီဗီတာထံ ပြန်လာသည်။

ရှုယီက အီဗီတာလက်ထဲရှိ မှော်လေသင်္ဘောမော်ဒယ်ကိုကြည့်လိုက်ရာ ၎င်းမော်ဒယ်က အင်မတန်ရိုးရှင်းသည်ကိုတွေ့လိုက်ရ၏။ ၎င်းမှာ ပလက်စတစ်နှင့်လုပ်ထားပြီး လေထိန်းချုပ်ခြင်းအစီအရင်သာထည့်ထားခြင်းဖြစ်သည့် ရိုးရိုးရှင်းရှင်းမော်ဒယ်တစ်ခုသာဖြစ်ကာ မည်သည်မှ ထပ်မရှိချေ။

"အီဗီတာ, ခင်ဗျား လူတွေကို လေထဲခေါ်ဆောင်သွားနိုင်မယ့် မှော်လေသင်္ဘောတစ်စင်းဖန်တီးနိုင်ဖို့ ယုံကြည်ချက်ရှိလား?" ရှုယီက ခဏမျှတွေးတောပြီးနောက် မေးလိုက်၏။

"ဒါပေါ့" အီဗီတာက ယုံကြည်ချက်ရှိရှိပြုံးကာ၊ "မဟုတ်ရင် ကျွန်မက ဘာလို့ ဒီမော်ဒယ်ကို ဖန်တီးခဲ့ရမှာလဲ?"

"ဟုတ်ပြီ၊ ဒီမှော်လေသင်္ဘောသုတေသနစီမံကိန်းကို စတင်ဖို့ မှော်သုတေသနဌာနမှာ ကျုပ်ခွင့်ပြုချက်ပေးလိုက်မယ်၊ ခင်ဗျားက စီမံကိန်းခေါင်းဆောင်ပဲ။ ကျုပ်ရဲ့ ဥက္ကဌအနေနဲ့အခွင့်အာဏာရှိနေချိန်မှာ ခင်ဗျားကို ဒုတိယအဆင့်အခွင့်အာဏာရဖို့ ခွင့်ပြုပေးတယ်၊ ခင်ဗျားအနေနဲ့ လုပ်ငန်းစုဆီကနေ လိုချင်သမျှ ဘယ်အရင်းအမြစ်ကိုမဆို သုံးနိုင်ပါတယ်။"

"ဒုတိယအဆင့်အခွင့်အာဏာ?" အီဗီတာက ရှုယီထံ ကျေနပ်အံ့ဩနေဟန်ဖြင့်ကြည့်လာ၏၊ "ဒါက ကောင်းလိုက်တာ! ဥက္ကဌ၊ ဒီအရာက ရှင့်အတွက် အရေးပါမယ်လို့ ကျွန်မထင်မထားခဲ့ဖူးဘူး။"

"အင်းပေါ့" ရှုယီက အပြုံးဖျော့ဖျော့ဖြင့်ပြောလိုက်၏၊ "ကျုပ်တို့လို မှော်ပညာရှင်တွေက ကောင်းကင်မှာ ပျံဖို့မခက်ပေမယ့် သာမန်လူသန်းပေါင်းချီအတွက်ကကျတော့ အိပ်မက်လိုပဲလော မှော်လေသင်္ဘောမှာက ဒီလို ထူးကဲမှုကြီးကြီးမားမားရှိနေတော့ ကျုပ်အတွက် ဘယ်လိုအရေးမကြီးဘဲ နေမလဲဗျာ?"

အီဗီတာက ရှုယီလက်ထဲမှ မှော်လေသင်္ဘောမော်ဒယ်အား အပြုံးဖြင့်ယူကာ ဓာတ်ခွဲခန်းခုံတန်း၌ ဂရုတစိုက်ပြန်ထားကာ သက်ပြင်းအရှည်ကြီးချလိုက်သည်။

"ကျွန်မက ဒီသုတေသနကအရေးမပါမှာကို စိုး‌ရိမ်နေခဲ့တာ၊ အခု ဥက္ကဌက ထောက်ပံ့နေပြီဆိုတော့ စိတ်ချနိုင်ပါပြီ။"

ရှုယီက မနေနိုင်ဘဲ ပြုံးကာ၊ "ခင်ဗျားကို အကြိမ်များစွာ မပြောဖြစ်ခဲ့ပေမယ့် မှော်စက်ပစ္စည်းတွေနဲ့ဆိုင်တဲ့ ဘယ်သုတေသနဖြစ်ဖြစ် ခင်ဗျားကြိုးစားကြည့်ရင် ကျုပ်ထောက်ပံ့ပေးမှာပါ။ မှော်လေသင်္ဘောသုတေသနမှာ ကတိအတော်များများရှိတာကိုမပြောနဲ့ဦး၊ ခင်ဗျားက ဘာကိုစိတ်ပူနေတာလဲ?"

"ငွေသုံးရမှာကို စိတ်ပူနေတာပါ။" အီဗီတာက အင်မတန်ပျော်နေဟန်ရ‌ပြီး ရှုယီထံ လျှာတစ်လစ်ပင်ထုတ်ပြရင်း ညစ်ကျယ်ကျယ်ပင် ပြုံးနေ၏၊ "ပထမနှစ်တစ်ဝက်မှာ ကျွန်မတို့ မှော်သုတေသနဌာနက ရံပုံငွေ ရွှေဒင်္ဂါးငါးသိန်းကိုရပြီးနေပေမယ့်၊ ကျွန်မတို့က များများစားစား မအောင်မြင်သေးဘူးလေ။ ဒါက ကျွန်မတို့ ပိုက်ဆံတွေဖြုန်းနေသလိုခံစားမိစေတယ်။ နောက်ဆုံးတစ်ခေါက် ခမ်နက်ဒ်ကျွန်မကိုပြောတာတော့ သုတေသနရံပုံငွေတွေကို အသင့်အတင့်ပဲသုံးရမယ်တဲ့၊ လုပ်ငန်းရဲ့ဖွံ့ဖြိုးမှုကို အကူအညီမဖြစ်တဲ့ သုတေသနအတွက် မသုံးသင့်ဘူးတဲ့လေ။"

"အိုး? ခမ်နက်ဒ်က ဒီလိုပြောတာလား?" ရှုယီက အတန်ငယ်အံ့ဩကာ မျက်မှောင်ကုပ်လိုက်၏၊ "ဒီကောင်လေး၊ ကျုပ်သူ့ကို သုတေသနရဲ့အရေးပါမှုအကြောင်း အကြိမ်များစွာပြောခဲ့ပြီးသားကို ခင်ဗျားကိုဒီလိုပြောသေးတယ်။ သူစီအီးအိုအနေနဲ့ ဘာတွေလုပ်နေတာလဲ?"

ရှုယီ၏မျက်နှာက လေးနက်သွားသည်ကိုမြင်သော် အီဗီတာက ကြောက်ရွံ့ကာ အလျင်အမြန်လက်ယမ်းလိုက်သည်၊ "မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး ခမ်နက်ဒ် က ကျွန်မတို့ရဲ့သုတေသနဌာနအနေနဲ့ မလိုအပ်တဲ့အရာတွေပေါ်မှာ ရံပုံငွေတွေသုံးတာကိုပြောနေတာပါ။ ကျွန်မဒါကို စစ်ဆေးပြီး မလိုအပ်တဲ့စီမံကိန်းတွေကို ထုတ်ပစ်ဖို့ စဉ်းစားနေပါတယ်။ ဘာပဲဖြစ်ဖြစ်၊ လုပ်ငန်းက ကျွန်မတို့ကိုပေးတဲ့ရံပုံငွေတွေကို ဖြုန်းတီးလို့မရဘူးလေ။"

"ခင်ဗျားရဲ့အတွေးက ကောင်းပါတယ် ဒါပေမယ့် အီဗီတာ, ခင်ဗျား ဒါကိုနားထောင်ရမယ်။" ရှုယီက လေးနက်ဟန်ဖြင့်ဆိုလာသည်၊ "ရှုယီက လေးနက်ဟန်ဖြင့်ဆိုလိုက်၏၊ "ဘယ်သုတေသနပဲဖြစ်ဖြစ် မှော်စက်မှုနယ်ပယ်နဲ့ ဆက်စပ်နေသရွေ့ ငွေဘယ်လောက်ကုန်ကုန် ကိစ္စမရှိဘူး။ ခမ်နက်ဒ်က ခင်ဗျားကို ဒါကြောင့် ထပ်ရှာရင် ကျုပ်ပြောတာကိုသာသူ့ကိုပြောလိုက်။ မှော်စက်ပစ္စည်းဖွံ့ဖြိုးမှုဌာနဲ့ မှော်သုတေသနဌာနမှာ ရင်းနှီးမြှုပ်နှံရတဲ့အခါ ငါးသိန်းမပြောနဲ့ တစ်သန်းကတောင် များမနေဘူး"

ရှုယီ၏ ဆုံးဖြတ်ထားဟန်ကိုကြည့်ရင်း အီဗီတာက ပါးစပ်ဟလိုက်သော်ငြား မည်သည်ကိုမှမဆိုနိုင်တော့ဘဲ သဘောတူရန် ခေါင်းသာငြိမ့်လိုက်သည်။

ရှုယီက သူ၏မျက်နှာထားကိုလျှော့ကာ အပြုံးဖြင့်ဆိုလာ၏၊ "ဟုတ်ပြီ၊ ခင်ဗျားကို ခမ်နက်ဒ်နဲ့ ညှိခိုင်းဖို့က အဆင်မပြေဘူး၊ ကျုပ်ပဲ သူ့ကိုပြောလိုက်ပါမယ်။ အီဗီတာ, ခင်ဗျားရဲ့အတွေးတွေက မှန်ပါတယ်၊ ခင်ဗျားက မှော်သုတေသနဌာနရဲ့ခေါင်းဆောင်ဖြစ်ပြီး ဒီကစီမံကိန်းတွေကို နားလည်မှုတချို့ရှိတယ်။ စီမံကိန်းတွေ အသုံးဝင်လား မဝင်လားကတော့ ခင်ဗျားရဲ့ သုံးသပ်ချက်ကို ကျုပ်ယုံပါတယ်။"

"ဒါ‌ပေမယ့် ကျွန်မတောင်မပြောနိုင်တဲ့ အကြိမ်များစွာရှိတယ်..." အီဗီတာက ရေရွတ်လိုက်သည်။

"ဒါဆိုရင် ရှင်းရှင်းလေးပါပဲ၊ ခင်ဗျား မသေချာရင် ကျုပ်ကို ဆုံးဖြတ်ခိုင်းပေါ့။" ရှုယီက အပြုံးဖျော့ဖျော့ ပြောလာသည်၊ "အီဗီတာ, ကျုပ် ခင်ဗျားကို အမြဲတမ်း ပြောချင်နေတာ တစ်ခုရှိတယ်။ ခင်ဗျားက မှော်သုတေသနဌာနရဲ့ခေါင်းဆောင်ဆိုမှတော့ ခေါင်းဆောင်လို့ ပြုမှုရမယ်လေ။ ခင်ဗျားရဲ့ ကိုယ်ကျင့်စရိုက်က အရမ်းသိမ်မွေ့တော့ ခင်ဗျားလက်အောက်က သုတေသနပညာရှင်တွေကို ဆက်ဆံရာမှာ လုံလုံလောက်လောက် တင်းကြပ်မထားရင် အဆင်ပြေမှာမဟုတ်ဘူး။"

အီဗီတာက ရှုယီကိုကြည့်ကာ သူမ၏ဉာဏ်ရည်နှင့်ဆိုလျှင် သူဆိုလိုသည်အား နားလည်နိုင်ပါသည်။

ရှုယီက အန်ကဲမှော်ကုန်သည်ကြီးများအသင်းကိစ္စအား သူမထံရှင်းပြလိုက်ရာ အီဗီတာ၏အမူအရာကပြောင်း‌လဲသွားသည်။

"ဥက္ကဌ၊ ရှင်က ကျွန်မတို့မှော်သုတေသနဌာနရဲ့ သုတေသနပညာရှင်တွေကို သံသယဝင်နေတာလား?"

ရှုယီက ခေါင်းခါလျက်၊ "လုပ်ငန်းကိုသစ္စာဖောက်ချင်‌နေတဲ့ သုတေသနပညာရှင်တစ်ယောက်ရှိနေရင်တောင် လတ်‌တလောတော့ သူတို့ကို သံသယမဝင်သေးဘူး၊ ပေါက်ကြားသွားတာတွေကလည်း ပင်မနည်းပညာနဲ့ ဆက်စပ်နေတာတော့မဟုတ်ဘူး။ ကျုပ်ခင်ဗျားကိုပြောချင်တာက တိတ်တိတ်လေး မျက်လုံးရှင်ရှင်ထားဖို့ပါ။ မတော်တဆပဲ တခြားလုပ်ငန်းတွေဆီ တစ်ခုခုထုတ်ပြောလိုက်တဲ့ သုတေသနပညာရှင်တစ်ယောက်ယောက်ရှိရင် ခင်ဗျားကို တွေ့စေချင်လို့ပါ။"

အီဗီတာက နှုတ်ခမ်းအား ဖွဖွကိုက်လိုက်ကာ စိတ်မလုံပုံပေါ်သွားသည်၊ "ဥက္ကဌ ဒါက ကျွန်မအမှားပါ၊ ကျွန်မက မှော်သုတေသနဌာနကို ကောင်းကောင်းမစီမံခဲ့လို့။"

"ဒါက မင်းနဲ့မဆိုင်ပါဘူး။" ရှုယီက လက်ကိုဝေ့ယမ်းကာပြော၏၊ "ပြီးတော့၊ လတ်တလောတော့ ဘာဆုံးရှုံးမှုမှမရှိသေးပါဘူး။ ခင်ဗျားအနေနဲ့ လက်အောက်က သုတေသနပညာရှင်တွေကို ထက်ထက်မြတ်မြတ်စီမံဖို့ မျှော်လင့်ပါတယ်... အာ... ဒါကိုလည်း သတိပေးပေးပါဦး၊ လျှို့ဝှက်ချက်ထိန်းသိမ်းမှုရဲ့ အရေးပါပုံကို သူတို့ဆီပြောလိုက်ပါ။ ပြောရရင် သူတို့က လုပ်ငန်းစုနဲ့ လျှို့ဝှက်ရေးအပိုင်းကို လက်မှတ် ရေးထိုးထားပြီးဖြစ်လို့ လုပ်ငန်းကိုရော သူတို့ကိုရော ပြဿနာတွေနဲ့မတွေ့စေချင်ဘူး။"

အီဗီတာက ခေါင်းငြိမ့်ကာ၊ "ဟုတ်ကဲ့၊ ကျွန်မပြောလိုက်ပါ့မယ်။"

"ဟုတ်ပြီ၊ ကျုပ်ကို ချပြမှာမဟုတ်တော့ သတိပေးချက်သပ်သပ်လိုသာ ဟန်ဆောင်လိုက်ပါ။" ရှုယီက ထပ်ပေါင်းပြောသည်။

"အန်း၊ ကျွန်မဘာလုပ်ရမလဲသိပါတယ်။"

ရှုယီက ပြုံးကာ မည်သည်ကိုမှဆိုမလာပါချေ။

အီဗီတာက ငယ်ရွယ်ပါသော်လည်း တည်ငြိမ်သည့် အကျင့်စရိုက်ရှိကာ ကိစ္စများကို ကောင်းစွာလုပ်ဆောင်ခဲ့သောကြောင့် သူမအနေနှင့် ၎င်းကိုကိုင်တွယ်နိုင်မည်ဟု ရှုယီ ယုံကြည်ပါ၏။

ပြောရလျှင် မှော်သုတေသနဌာမက သိပ်မကြီးရာ ကိုင်တွယ်ရန် အတော်လေးလွယ်ကူပါ၏။

ထိုကိစ္စက ရှုယီမှ အီဗီတာထံ စစ်ဆေးမှုလည်းပြလုပ်ခြင်းပါပင်။

"ဟုတ်ပါပြီ၊ ဥက္ကဌ၊ ကျွန်မကို ပြောစရာရှိတယ်လို့မပြောခဲ့ဘူးလား? ဒီကိစ္စအပြင် ထပ်ရှိသေးတာလား?"

"အိုး၊ ခင်ဗျားရဲ့ မှော်လေသင်္ဘောနဲ့တိုက်မိပြီး မေ့သွားတော့မလို့။" ရှုယီက အပြုံးဖြင့်ဆို၏။

အီဗီတာမှာ စားပွဲထက်ရှိ မှော်လေသင်္ဘောမော်ဒယ်ကိုကြည့်လိုက်သည်။ ရှုယီမှ အတိုက်ခံလိုက်ရသည်ကို စိုးရိမ်ခဲ့ပြီးနောက် နေရခက်သည့်ကိစ္စကို သတိရသွားကာ မျက်နှာပင်နီရဲသွားလေသည်။

"နောက်ကိစ္စက မှော်သလင်းကျောက်သန့်စင်ရေးနဲ့ ပတ်သက်တယ်။" ရှုယီက ဆက်ပြောသည်၊ "မင်းရဲ့ အဲဒီ့သုတေသနကို လက်တွေ့အဆုံးသတ်ပြီးကတည်းက နောက်ခြေလှမ်းက အဲဒါကို တရားဝင်ပေါင်းစပ်ဖို့ပဲ။ အစီအစဉ်အရ သုံးလအတွင်း မှော်သလင်းကျောက်သန့်စင်ရေးအလုပ်ရုံဆောက်ဖို့ စီစဉ်ထားတယ်။ အလုပ်ရုံကို ပြင်ဆင်နေစဉ်မှာ ခင်ဗျားနဲ့ မှော်စက်ပစ္စည်းဖွံ့ဖြိုးရေးဌာနက မှော်သလင်းကျောက်သန့်စင်ရေးအတွက် ကိရိယာတွေထုတ်လုပ်ဖို့ ပူးပေါင်းရမယ်။"

"အန်း၊ ဒါက ပြဿနာမဟုတ်ပါဘူး။ ကျွန်မဒါကို မတိုင်ခင်က ကမ်ဘီတို့နဲ့ဆွေးနွေးတော့ ပြဿနာမရှိဘူးလို့ပြောကြတယ်။" အီဗီတာက ခေါင်းငြိမ့်ကာဆိုလာသည်။

"ကောင်းပြီ ဒါဆို၊ ကျုပ် ခင်ဗျားရဲ့သတင်းကောင်းကို စောင့်နေမယ်။" ထိုကိစ္စများပြောပြီးနောက်တွင် ရှုယီက အီဗီတာမျက်နှာထက်ရှိ ရှက်သွေးဖြာနေပုံကို မြင်လိုက်ရ သူ့အနေနှင့် အီဗီတာအား ယခင်ကလိုစနောက်ရန် မသင့်ဟု တွေးလိုက်မိသည်။ ထိုသို့စဉ်းစားပြီးနောက် ထရပ်ကာ ထွက်သွားလိုက်၏။

အီဗီတာက ရှုယီထွက်သွားသည်ကို တိတ်တဆိတ်ကြည့်နေ၏။ အီဗီတာ၏ အမူအရာက သူထွက်သွားသည်ကိုကြည့်နေစဉ်တွင် အင်မတန်ရှုပ်ထွေးနေရာ မျှော်လင့်ချက်နှင့်စိတ်ပျက်မှုအကြားရှိ ရှုပ်ထွေးနေဟန်ပေါ်နေသည်။

***

မှော်စက်မှုအင်ပါယာ

Vol 3, အခန်း ၇၀။ ခေါင်းမာသည့် အမ်လုဒ်

မှော်သုတေသနဌာနမှ ထွက်ခွာလာပြီးနောက် ရှုယီမှာ မိုးကျတောင်ကြားရှိ အလုပ်ရုံများအား ပတ်ကြည့်ကာ တာယာရုံ၏ အခြေအနေကို အာရုံစိုက်ထားလိုက်သည်။

မှော်ကား၏ ပေါ်ထွက်လာမှုကြောင့် တာယာရုံတွင် တာယာများပြုလုပ်ရန်အတွက် မှော်ထုတ်လုပ်ရေးစက်များရှိပါလျှင်တောင် မှော်ကားများ၏ ကြီးမားသောဝယ်လိုအားကြောင့် တာယာများအတွက် ဝယ်လိုအားလည်း ကြီးမားနေသည်ပင်။

မြင်းလှည်းတာယာများနှင့် စက်ဘီးတာယာများအတွက် အမှာစာများစွာကိုပါ ထည့်ပေါင်းလိုက်လျှင် တာယာရုံအတွက် အလုပ်က အင်မတန်များပြားနေတော့သည်။ အလုပ်ရုံရှိ လုပ်သားများမှာ အမြဲလိုလို အချိန်ပိုဆင်းပေးနေရ၏။

သို့သော် ကမ္ဘာပေါ်မှ အချိန်ပိုများကို ညည်းညူတတ်သူများနှင့်ယှဉ်ပါလျှင် တာယာရုံ၏လုပ်သားများက အချိန်ပိုဆင်းရန် အင်မတန်ပျော်ရွှင်ကြသည်။

အကြောင်းမှာ ပုံမှန်အလုပ်ချိန်များနှင့်ယှဉ်ပါက အချိန်ပိုကြေးမှာ ပိုမိုများပြားခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် အချိန်ပိုကြေးများအပါအဝင် တာယာရုံလုပ်သားများအနေနှင့် ၎င်းတို့လစာ၏ နှစ်ဆပင်ရရှိပြီး အများစုမှာ လွန်ခဲ့သည့်လကပင် ရွှေဒင်္ဂါးလေးဆယ်ရခဲ့ကြသည်။

ယခင်က ထိုလုပ်သားအများစုက လယ်သမားများဖြစ်ခဲ့ခြင်းအတွက် တစ်နှစ်လုံး အလုပ်လုပ်ပါလျှင်တောင် ထိုမျှများပြားလှသည့်ငွေကို မရခဲ့ဖူးပါချေ။

ငွေ၏အားပေးမှုနှင့်အတူ ၎င်းတို့၏အလုပ်အတွက် စိတ်အားထက်သန်မှုပါ တိုးလာသည်။

ထို့အပြင် အလုပ်အချိန်ပိုအတွက် ညအထိနေရပါလျှင် လုပ်ငန်းမှထောက်ပံ့သည့် တစ်နပ်စာကိုလည်း စားရပါသေး၏။

ရှုယီက လုပ်သားများ၏အကျိုးခံစားခွင့်အပေါ် ငွေသုံးရန် ဆန္ဒရှိသည်ဟု သိရရာ လုပ်ငန်းစုမှ ထောက်ပံ့ပေးသည့် အစားအစာများက အင်မတန် အရသာရှိကာ ပေါများလှသောကြောင့် လုပ်သားများလည်း နှစ်ခြိုက်ကြသည်ပင်။

သိပ်မကြာခင်က လုပ်ငန်းစုအား မိုးကျတောင်ကြား၌ ၎င်းတို့၏ တစ်နေ့သုံးနပ်စာအတွက် ကော်ဖီဆိုင်ကြီးဖွင့်ရန် တောင်းဆိုလာကြသည့် လုပ်သားများပင်ရှိသေးသည်။ အဆိုးဆုံး ၎င်းတို့၏ အစားအစာများအတွက် ကုန်ကျငွေကို လစာများမှယူနိုင်သည်ဖြစ်ရာ နေ့တိုင်း အိမ်ကို အပြေးအလွှားသွားစားနေရသည်ထက်တော့ ပိုကောင်းပါ၏။

ခမ်နက်ဒ်မှာ ၎င်းအဆိုပြုချက်ကို အင်မတန်အရေးပါသည်ဟု ခံစားရကာ ရှုယီထံ ခွင့်ပြုချက်ရရန် လွှဲပေးလိုက်ရာ ရှုယီက ချက်ချင်းသဘောတူလိုက်၏။

ယခုတွင် Frestech ကုန်သည်ကြီးများအသင်းက မိုးကျတောင်ကြား အလယ်ဗဟို၌ နေရာတစ်ခုရွေးကာ ကော်ဖီဆိုင်ကြီးဖွင့်ရန် စီစဉ်နေကြပြီပင်။

ရှုယီမှာ Frestech ကုန်သည်ကြီးများအသင်း၌ ဂုဏ်သိက္ခာမြင့်မားမှုရှိ၏။ တာယာရုံသို့ လုပ်ငန်းခွင်ကိုစစ်ဆေးရန် ရောက်သွားချိန်တွင် အလုပ်ကြိုးစား‌နေကြသည့် အလုပ်သမားများမှာ စိတ်နှိုးဆော်ခံလိုက်ရဟန်ဖြင့် ပိုလို့ပင် ကြိုးကြိုးစားစားလုပ်လာကြသေးသည်။

၎င်းမြင်ကွင်းကြောင့် ရှုယီမှာ များများစားစား ဂရုမစိုက်တော့ချေ။ သူဟာ ဘေးဘီကိုကြည့်ရင်း တာယာရုံ၏မန်နေဂျာနှင့် ကျန်သည့်အလုပ်သမားများအား လုံခြုံရေးကိစ္စပြောဆိုရန် ခေါ်လိုက်သည်။ သူဟာ လုပ်ငန်းခွင်ထဲရှိ နတ်သူငယ်လုပ်သားတစ်ရာကျော်ကိုကြည့်ရှုပြီးနောက်တွင် ထိုနေရာမှ ထွက်သွား၏။

နတ်သူငယ်တစ်ရာက ကြိုးကြိုးစားစားလုပ်ဆောင်နေသည်ကို စဉ်းစားရင်း ရှုယီမှာ ညတေးသံမျိုးနွယ်စု၏ ပလက်စတစ်ထုတ်ရုံဆီ ဦးတည်လိုက်သည်။

လတ်တလောတွင် ညတေးသံမျိုးနွယ်စု၏ အလုပ်ရုံက တာယာရုံကဲ့သို့ပင် အလုပ်များနေလေသည်။

Frestech ကုန်သည်ကြီးများအသင်းမှာ ဖာဆန်ရထားလုံးလုပ်ငန်းစုထံမှ အလတ်ဆိုဒ်မှော်ခရီးသည်တင်ကားတစ်ထောင် အမှာစာရထားသော်လည်း မှော်ကား တစ်စီးစီတွင် ပလက်စတစ်ထိုင်ခုံ တစ်ဆယ့်သုံးခုံလိုအပ်ရာ ခုံအားလုံးပေါင်း တစ်သောင်းသုံးထောင်လိုအပ်နေ၏။

ရှုယီမှာ ၎င်းတို့အားလုံးကို ညတေးသံမျိုးနွယ်စု၏အလုပ်ရုံထံ ပေးအပ်ထားသည်။

ထိုအမှာစာလေးနှင့်ပင် ညတေးသံမျိုးနွယ်စု၏အလုပ်ရုံအား အချိန်ကြာ အလုပ်များနေစေဖို့ လုံလောက်သည်။

ဘန်တာမြို့နှင့် အနီးဝန်းကျင်မြို့များတွင် ညတေးသံမျိုးနွယ်စု၏အလုပ်ရုံမှာ ကျော်ကြားလာရာ သုံးရလွယ်၍ များစွာ‌ဈေးပေါသော ပလက်စတစ်ဖြင့် အစားထိုးရန်နည်းလမ်းရှာနေကြသောလူများ ပို၍များပြားလာခဲ့သည်။ ထိုသို့ဖြင့် ညတေးသံမျိုးနွယ်စု၏အလုပ်ရုံက တဖြည်းဖြည်းနှင့် အမှာစာများပိုပိုရလာကာ နတ်သူငယ်များအား အင်မတန် အလုပ်များနေစေသည်။

အလုပ်ရုံထဲသို့ လျှောက်ဝင်သွားချိန်တွင် အလုပ်ရုံမန်နေဂျာအမ်လုဒ်သည်ပင် ထုတ်လုပ်ရေးလိုင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူဟာ ထုတ်ကုန်များကို ကိုယ်တိုင်ထုပ်‌ပိုးနေရာ ရှုယီအား မနေနိုင်ဘဲ ခေါင်းခါမိသွားစေပြီး နံဘေးသို့ အခေါ်လွှတ်လိုက်သည်။

"ဥက္ကဌ၊ တစ်ခုခုလိုလို့လား?" အလုပ်များနေသောကြောင့် အမ်လုဒ်မှာ အချိန်ကြာ အနားမယူရသေးချေ။ ရှုယီ သူနှင့် ပထမဆုံး,ဆုံဖူးသည့်အကြိမ်၌ရှိနေသည့် ခန့်ညားသောအသွင်ထက်စာလျှင် များစွာ ကွဲပြားနေတော့၏။

ရှုယီလည်း သူ့ကိုကြည့်ကာ ခေါင်းခါလိုက်သည်။ ထို့နောက် အလုပ်ရုံရှိ အလုပ်များနေသော မြင်ကွင်းကိုညွှန်ပြလျက် သက်ပြင်းချကာ ပြော၏၊ "အမ်လုဒ်, မင်းဒီလိုဆက်သွားဖို့ စီစဉ်ထားတာလား?"

အမ်လုဒ်က အံ့ဩနေသည်၊ "ဘာလို့လဲ?"

"ဘာလို့လဲ?" ရှုယီက သူ့အား နိုးထရန် ခေါင်းခေါက်လိုက်ချင်ပါသော်ငြား နတ်သူငယ်များက ခေါင်းမာသည်ကို စဉ်းစားမိရာ ထိုအကြံကိုလက်လျှော့လိုက်သည်၊ "ဟေး၊ အမ်လုဒ်, အကြီးအကဲအီလူရှာက မင်းကို ပလက်စတစ်ထုတ်ရုံအတွက် တာဝန်ယူခိုင်းတုန်းက ဘာပြောခဲ့သေးလဲ?"

အမ်လုဒ်မှာ ရှုယီထ၌ ထူးဆန်းသည့်အကြည့်နှင့်ကြည့်ကာ၊ "အကြီးအကဲက အလုပ်ရုံကို ကောင်းကောင်းစီမံပြီး ထုတ်ကုန်တွေကို ချောချောမွေ့မွေ့ထုတ်လုပ်ဖို့ ပြောခဲ့ပါတယ်။ ဟုတ်သား၊ အကြီးအကဲက ကျွန်တော်နားမလည်တာရှိရင် ဥက္ကဌဆီမှာ အကူအညီတောင်းလို့ရကြောင်းလည်း ပြောခဲ့သေးတယ်။"

ထိုသည်ကို ပြောရင်း အမ်လုဒ်မှာ နောက်ဆုံးတော့ သူမေးသည့်အကြောင်းရင်းကို နားလည်သွားပြီဖြစ်၏၊ "ဥက္ကဌ၊ ကျွန်တော်တစ်ခုခုမှားတယ်လို့ခံစားနေရလို့လား? ဝေ့ဝိုက်မနေတော့ဘဲ ကျွန်တော့်ကို တိုက်ရိုက်သာပြောပါ။"

ရှုယီက နှာခေါင်းရှုံ့လိုက်ကာ၊ "မင်း ငါပြောတာကိုနားမလည်သေးပုံပဲ? အလုပ်ရုံရဲ့ လက်ရှိပုံစံကိုကြည့်လိုက်၊ မင်းသာ ဒီလိုဆက်သွားနေရင် မင်းတို့မျိုးနွယ်စုဝင်တွေ ဘယ်လိုနားရတော့မှာလဲ?"

"သူတို့ နားမှာမဟုတ်ဘူး။" အမ်လုဒ်က ရိုးသားစွာ ခေါင်းခါလျက်၊ "ဒါပေမယ့် ဥက္ကဌ၊ ဒီလောက်အလုပ်များနေတာ ကျွန်တော့မှာလည်း ရွေးစရာမရှိဘူးလေ။"

"ဒါဆို မင်းအနေတဲ့ အခြေအနေကို တိုးတက်စေမယ့် နည်းလမ်းတွေကိုရော စဉ်းစားဖူးလား?" ရှုယီက မည်သည့်ကိုမှ မမျှော်လင့်ဘဲ မေးလိုက်သည်၊ "မင်းကို အမှာစာနည်းနည်းလေးတွေ လက်မခံဖို့ ပြောနေတာမဟုတ်ဘူး၊ မင်းမလုပ်ချင်မှန်းငါသိတယ်။"

"အန်း၊ ဒယ်လီက ဒီအမှာစာတွေရဖို့ ကြိုးစားထားရတော့ သူမရဲ့ ကြိုးစားမှုကို ကျွန်တော်ကဘယ်လို လက်လျှော့နိုင်မှာလဲ။" အမ်လုဒ်က ခေါင်းငြိမ့်ကာပြောသည်။

ရှုယီက ကူရာမဲ့စွာ မျက်လုံးလှိမ့်လျက်၊ "ဒါကြောင့် ငါဒါကိုပြောဖို့ အရမ်းပျင်းလွန်းတယ်။ လက်ရှိပြဿနာက မင်းအနေဲ့ အမှာစာတွေကို မလျှော့ချနိုင်တာ အလုပ်မလုပ်နိုင်တာမျိုး မဟုတ်တာကြောင့် ထိရောက်မှုကို တိုးနိုင်မယ့် နည်းလမ်းကိုစဉ်းစားသင့်တယ်။ အခု လုပ်ငန်းခွင်က ဘယ်လိုတောင် ဖရိုဖရဲဖြစ်နေသလဲကြည့်လိုက်ဦး၊ ဒီလိုထိရောက်မှုနည်းတာကိုလုပ်နေတာကြောင့် အားလပ်ချိန်မရနိုင်တာပေါ့။"

"ဒီလိုကိုး?" အမ်လုဒ်က အလုပ်များနေသော လုပ်ငန်းခွင်ကိုကြည့်ရင်း ၎င်းက ရှုယီပြောသလို ဖရိုဖရဲဖြစ်နေသည်ဟု မထင်မိပါချေ။

"မင်းက ငါ့ကိုမယုံဘူးလား?" ရှုယီက အမ်လုဒ်ကိုကြည့်ကာ၊ "မင်းသာ မိုးကျတောင်ကြားက ငါတို့လုပ်ငန်းစုရဲ့ အလုပ်ရုံတစ်ခုခုကိုသွားပြီး သူတို့ဘယ်လိုအလုပ်လုပ်သလဲကိုကြည့်လိုက်ရင် ထိရောက်မှုက ပိုမြင့်လာမယ်လို့ မင်းယုံလား?"

အမ်လုဒ်က နေရခက်ဟန်ပြုံးလျက်ပြော၏၊ "ဥက္ကဌ၊ ကျွန်တော့်မှာ တခြားအလုပ်ရုံတွေဆီ သွားလည်ဖို့ အချိန်မရှိပါဘူး၊ ပြီးတော့... ကျွန်တော်တို့ပလက်စတစ်ထုတ်ရုံက နတ်သူငယ်အလုပ်ရုံဖြစ်ပြီး လူသားအလုပ်ရုံတွေနဲ့ ကွဲပြားတာကြောင့် မသင့်လျော်ဘူးလို့ထင်ပါတယ်။"

"-ျီးထုပ်ကို မတူတာလား!" ရှုယီမှာ မထိန်းနိုင်တော့ဘဲ ဆဲရေးမိသွားသည်၊ "အားလုံးက ကုန်စည်ထုတ်ရုံတွေချည်းပဲလေ၊ ဘယ်လိုများ တူနေလို့လဲ? မင်းက လူသားအလုပ်ရုံတွေကို အထင်သေးနေတာလား? ထိရောက်မှုအကြောင်းပြောမယ်ဆိုရင် မိုးကျတောင်ကြားက ဘယ်အလုပ်ရုံကမဆို မင်းဟာထက်ပိုများတယ်၊ ဒါကိုယုံလား?"

အမ်လုဒ်၏ မျက်နှာထားက ပိုမိုပင်တောင့်တင်းလာပြီး ခါးသီးစွာပြုံးရင်းဆိုလိုက်သည်၊ "ကျွန်တော်ယုံပါတယ်၊ ဒါပေမယ့် ဥက္ကဌ၊ ကျွန်တော်တို့ နတ်သူငယ်အလုပ်ရုံက ခင်ဗျားတို့ လူသားအလုပ်ရုံတွေနဲ့ ပုံစံမတူပါဘူး။ ပြောရရင်... ဒီမှာက နတ်သူငယ်တွေပဲရှိတာလေ။"

၎င်းကိုကြားသော် ရှုယီက မနေနိုင်ဘဲ သက်ပြင်းချကာခေါင်းခါလိုက်၏၊ "အကြီးအကဲအီလူရှာက ဒီလိုဆိုရင် သေလောက်အောင် ဒေါသထွက်မယ်လို့ ယုံလား? အကြီးအကဲက ငါနဲ့အတူ ဒီအလုပ်ရုံကိုစတင်ဖို့ သဘောတူခဲ့တာက မင်းတို့တွေ လူသားတွေနဲ့ ထိတွေ့ဆက်ဆံနိုင်တဲ့အခါ လူသားတွေမှာရှိတဲ့ အားသာချက်တွေကို လေ့လာနိုင်ဖို့ပဲ၊ ဒါပေမယ့် မင်းကအခုဘာတွေလုပ်နေတာလဲ? မင်းက မင်းရဲ့မျိုးနွယ်စုဝင်တွေကိုခြောက်ကပ်နေတဲ့အလုပ်ရုံမှာ တစ်နေ့လုံးလုပ်ခိုင်းထားပြီး ငါတို့လူသားတွေနဲ့ ထိတွေ့ဖို့ ငြင်းဆန်နေတာပဲ။ ဒါက လုံးဝကို အကြီးအကဲရဲ့ မျှော်မှန်းချက်ကို လျစ်လျူရှုပြီး လှည်းကို မြင်းအရှေ့မှာထားနေတာပဲမဟုတ်လား?"

[T/N >>>လှည်းကို မြင်းအရှေ့မှာထားခြင်း = ကိစ္စများကို အစီစဉ်မကျလုပ်ခြင်း]

အမ်လုဒ်က မျက်ခုံးတွန့်လျက် အနည်းငယ်စဉ်းစားပြီးမှ ရိုးသားစွာ မေးလာသည်၊ "ဥက္ကဌ၊ ခင်ဗျားမှန်ပါတယ်။ ကျွန်တော်က အလုပ်ရုံကိုစီမံဖို့ပဲ စဉ်းစားနေခဲ့ပြီး အကြီးအကဲညွှန်ကြားထားတာကို မေ့နေခဲ့တယ်။ ဥက္ကဌက ကျွန်တော်ကို ဘာလုပ်ရမလဲ ပြောပေးလို့ရမလား?"

"ငါ မင်းကိုမညွှန်ပြနိုင်ဘူး။" အမ်လုဒ်၏ ရိုးရိုးသားသား အမှားဝန်ခံလာပုံကိုကြည့်ရင်း၊ ရှုယီ၏ဒေါသက ပျောက်ကွယ်သွားသည်။ သူကလက်ကိုယမ်းလျက် ပြော၏၊ "ငါပေးနိုင်တဲ့အကြံကတော့ မင်းရဲ့အစီမံခန့်ခွဲမှုကို တိုးပြီး ထိရောက်မှုကို မြှင့်ရင်း မျိုးနွယ်စုဝင်တွေကို နားဖို့ အချိန်နည်းနည်းပေးရမယ်။ မင်းအနေနဲ့ တောင်ကြားက လူသား‌တွေနဲ့ လူပုလေးတွေဆီ အလည်သွားဖို့စရင်တော့ အကောင်းဆုံးပေါ့။"

"ဒါဆို ဥက္ကဌ၊ ကျွန်တော် ထိရောက်မှုကို ဘယ်လိုမြှင့်သင့်လဲ?" အမ်လုဒ်က ထပ်မေးလိုက်သည်။

"အန်း... ဒီလိုဆိုရင်ရော? ဒုဥက္ကဌဟိန့်ဇ်က ပြန်လာပြီဆိုတော့ သူ့မှာ ဒါနဲ့ပတ်သက်ပြီး အတွေ့အကြုံအတော်များတယ်။ မင်း မနက်ဖြန် ဘန်တာမြို့ကိုသွားပြီး သူ့အကူအညီတောင်းလို့ရတယ်၊ မဟုတ်ရင်လည်း နည်းလမ်းညွှန်ပြဖို့အတွက် သူ့ကို မင်းရဲ့ အလုပ်ရုံဆီ ဖိတ်လိုက်လေ။ သူမင်းကိုကူညီရင်၊ မြန်မြန်လေး အခြေအနေကို ပြောင်းလိုက်နိုင်မယ်လို့ထင်တယ်။ ရှုယီက ဆိုသည်၊ "ဒါ့အပြင်၊ ငါ ဒယ်လီကို ပြောရမယ်၊ ဒါဆို သူမလည်း အခု မင်းရဲ့အလုပ်ရုံကနည်းနည်းကျော်ကြားလာတော့ အမှာစာအားလုံးကိုလက်ခံဖို့မလိုဘူးဆိုတာ နားလည်သွားလိမ့်မယ်။ တကယ်တော့၊ အသေးစားစီးပွားရေးတချို့ကို ငါ့ဆီကနေ လေ့လာပြီး တခြားအသေးစားလုပ်ငန်းတွေကို ကိုင်တွယ်ခိုင်းလို့ရတယ်။"

"ဆိုလိုတာက အိုင်ရီလန်ကုန်သည်ကြီးများအသင်းကို ခင်ဗျားအတွက် တစိတ်တပိုင်းထုတ်လုပ်ခွင့်ပြုမယ်ပေါ့? ဒါပေမယ့် ကျွန်တော်တို့လုပ်ငန်းစုက အပြီးသတ်ပလက်စတစ်ထုတ်ကုန်တွေကို အဓိက ဖန်တီးတာမို့ ဒါကို မလုပ်နိုင်ဘူး မို့လား?"

"ဒါက မင်းတို့အပေါ်မှာ မူတည်တယ်၊ ငါတော့ များများစားစား ဂရုမစိုက်ဘူး။" ရှုယီက ပခုံးတွန့်ကာပြော၏၊"အကြီးအကဲအီလူရှာက အလုပ်ရုံကို မင်းကိုစီမံစေချင်တာကြောင့် မင်းသာပိုပြီး လိုက်လျောညီထွေဖြစ်လာနိုင်ရင် ဒါကို တွေးကြည့်သင့်တယ်။"

အမ်လုဒ်မှာ အနည်းငယ်စဉ်းစားပြီး ခေါင်းငြိမ့်လိုက်၏။

"ဟုတ်ပြီ၊ ကျုပ်ဒါကို သေချာစဉ်းစားလိုက်ပါ့မယ်။ ဥက္ကဌရဲ့လမ်းညွှန်မှုကို ကျေးဇူးအရမ်းတင်ပါတယ်။"

ရှုယီက လက်ဝေ့ယမ်းကာ အလုပ်ရုံထဲရှိ နတ်သူငယ်လုပ်သားများကိုကြည့်ပြီး တာယာအလုပ်ရုံ၌တွေ့ခဲ့သည့် နတ်သူငယ်တစ်ရာကိုတွေးမိသွားသည်။ ထိုနတ်သူငယ်များမှာ တကယ်တမ်း လိုက်လျောညီထွေရှိသော မျိုးနွယ်မဟုတ်ကြရာ သမိုင်းတုန်းက သုတ်သင်ခံရပြီး လူသားများ၏ အစားထိုးခြင်းခံရသည်မှာ အံ့ဩစရာမရှိချေ။သို့သော် ၎င်းက လူသားများထံ ခြိမ်းခြောက်မှုမရှိနိုင်သောကြောင့် အဆင်ပြေပါသည်။ ရှုယီမှာ ၎င်းတို့အား လူ့အသိုင်းအဝိုင်းထဲသို့ ဝင်ဆံ့ရန်ကြိုးစားနေပြီး ထပ်မံစိုးရိမ်ရန် မလိုပါချေ။

***

All Chapters