← Chapters

အခန်း (၇၁-၈၀)

Vol. 3 Ch. 71-80

အခန်း (၇၁-၈၀)

Vol. 3 Ch. 71-80

Vol 3, အခန်း ၇၁။ ကလေးရတော့မယ်!

"လွန်ခဲ့တဲ့လ စာရင်းတွေအရ၊ ကျွန်မတို့ နျူးမွန်းကုန်သည်ကြီးများအသင်းကနေတဆင့် အလုပ်သမားကဒ်လာလျှောက်တဲ့လူပေါင်း ၈၄၅၀ရှိတယ်။ အကြီးဆုံးအပိုင်းက လူပုလေးတွေဖြစ်ပြီး အားလုံးပေါင်း ၄၇၉၂ယောက်ရှိပြီးတော့ သားရဲလူမျိုး ၂၄၄၇ယောက်နဲ့ နတ်သူငယ်ပေါင်း ၁၂၂၀ရှိတယ်။"

စတေးလ်က အစီရင်ခံစာကိုဖတ်ပြပြီးနောက် ရှုယီထံ ရှုပ်‌ထွေးနေဟန်ဖြင့်ကြည့်လိုက်သည်။

"ရှုယီ၊ ကျွန်မအရမ်းသိချင်မိတယ်။ ရှင် ဘာလို့ တခြားမျိုးနွယ်စုတွေက လူ့အသိုင်းအဝိုင်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာဖို့အတွက် ခွင့်ပြုရာမှာ အခိုင်အမာလုပ်နေရတာလဲ?"

ရှုယီက ခပ်ဖျော့ဖျော့ပြုံးကာ၊ "ဘာလို့လဲဆိုတော့ တခြားမျိုးနွယ်စုတွေဆီမှာ လူသားတွေမှာမရှိတဲ့အစွမ်းအစတွေရှိတာကြောင့် သူတို့ကို လူ့အသိုင်းအဝိုင်းကနေ ခွဲထုတ်ပြီး ကိုယ်တို့ကိုဆန့်ကျင်မှာနဲ့စာရင် ကိုယ်တို့လူ့အသိုင်းအဝိုင်းရဲ့တစ်စိတ်တပိုင်းဖြစ်လာစေပြီး လူနေမှုတိုးတက်ဖို့ ကူညီခိုင်းတာက ပိုမကောင်းဘူးလား?"

"လူတွေမှာမရှိတဲ့ မှော်ပညာဗဟုသုတတွေက နတ်သူငယ်တွေဆီမှာရှိပြီး လူပုလေးတွေကလည်း လက်မှုပညာမှာ ကျွမ်းကျင်တော့ ရှင့်အနေနဲ့ သူတို့ကိုလိုအပ်တာနားလည်ပါတယ်။ ဒါပေမယ့် သားရဲလူမျိုးတွေကျတော့... သူတို့ဆီမှာ ကျွန်မတို့လူသားတွေထက်ပိုအားကောင်းတဲ့ဘယ်အပိုင်းကိုမှမတွေ့ရဘူး။" စတေးလ်ထံ၌ စိတ်ရှုပ်ထွေးဟန်ရှိနေဆဲပင်။

"ရှိတာပေါ့ကွာ။ ဥပမာ၊ သူတို့က ခွန်အားပိုကြီးတော့ လုပ်ငန်းခွင်ထဲက ကိုယ်လက်လှုပ်ရှားရမယ့် အလုပ်အတော်များများကိုဆို သားရဲလူမျိုးတွေဆီပေးတယ်လေ။ သားရဲလူမျိုးလုပ်သားတစ်ယောက်က လူသားလုပ်သားသုံးယောက်နဲ့ညီမျှပြီး လစာတွေကလည်း ပိုနည်းကျတော့ သူတို့ကိုသုံးရတာပိုအဆင်ပြေတယ်လေ။" ရှုယီက အပြုံးဖြင့်ဆို၏၊ "ပြီးတော့လည်း၊ မြေခွေးနဲ့ ယုန်သားရဲလူမျိုးတွေဆီမှာ ကိုယ်ပိုင်ထူးခြားချက်တွေရှိတယ်။ ကြည့်လိုက်၊ မင်းတို့ဖျော်ဖြေရေးအဖွဲ့ရဲ့ ပထမဆုံး ဖျော်ဖြေမှုက အတော်လေးကို တုန်လှုပ်စေခဲ့တာ မဟုတ်ဘူးလား?"

စတေးလ်ကမျက်လုံးများလှိမ့်ကာ၊ "ဒါကလည်း သားရဲအမျိုးသမီးတွေနဲ့ ရှင်ပြောခဲ့တဲ့ ဖျော်ဖြေမှုက အသစ်ကျပ်ချွတ်ဖြစ်နေတော့ အားလုံးက သိချင်နေကြတာကြောင့်ပါပဲ။ ပြီးတော့ သားရဲအမျိုးသမီးတွေက အဲ့လောက်လည်း မထင်းထွက်နေတော့ သူတို့ကို ဖျော်ဖြေမှုအတွက်သင်ပေးရတဲ့ တစ်ယောက်တောင် လုံးဝစိတ်တိုင်းကျမနေဘူးလေ။"

"ဒါဆို နည်းနည်းလောက် သည်းခံပေးပါ။" ရှုယီက ခေါင်းခါကာပြောလိုက်သည်၊ "ကိုယ်က သားရဲအမျိုးသမီးတွေကို သားရဲမျိုးနွယ်စုဘဝနေထိုင်မှုအ‌ကြောင်း ကိုယ်တို့လူသားတွေ ကြည့်လို့ရမယ့် ပြတင်းပေါက်ဖြစ်စေနိုင်ဖို့ပဲ မျှော်လင့်တာပါ၊ ဒီလိုဆို လူတိုင်း သားရဲလူမျိုးတွေကို တိုက်ခိုက်ဖို့မလိုတော့ဘဲ သူတို့ကို အလုပ်ပိုခန့်ဖို့လည်း လွယ်ကူသွားတာပေါ့။"

"အန်း၊ အဲဒီ့သားရဲအမျိုးသမီးတွေကလည်း အလုပ်ကြိုးစားပါတယ်။ ပြီးတော့ အရမ်းလည်းနာခံတတ်ကြပြီး ကျွန်မလုပ်ခိုင်းသမျှကို လုပ်ကြတယ်လေ။" စတေးလ်ကရှုယီကိုကြည့်ကာ ရုတ်တရတ် ခပ်ဖျော့ဖျော့ပြုံးလိုက်ရင်း၊ "ရှုယီ၊ အဲဒီ့ မြေခွေးနဲ့ယုန်အမျိုးသမီးတွေကအရမ်းလှတယ်၊ ရှင့်ကို တချို့နဲ့ မိတ်ဆက်ပေးရဦးမလား? သူတို့က ရှင့်ကို အရမ်းစိတ်ဝင်စားနေကြတာ။"

ရှုယီက မျက်လုံးများကိုလှိမ့်ကာ စတေးလ်၏မျက်နှာကို ဆွဲညှစ်လိုက်သည်။

"ကိုယ့်မှာ သူတို့နဲ့တွေ့ဖို့ အချိန်မရှိပါဘူး။ ဒီဖျော်ဖြေးရေးအဖွဲ့ကိုမင်းနဲ့ပဲထားလိုက်မယ်၊ ကိုယ်ဝင်မပါတော့ဘူး။ မင်းကောင်းကောင်းမလုပ်ရင်တော့၊ ဟမ့် ဟမ့် ကိုယ်မင်းကို ဘယ်လိုဂရုစိုက်ပေးမလဲကြည့်နေလိုက်။'

စတေးလ်ကရှုယီထံကြည့်လာကာ၊ "ဟမ့် အစွမ်းအစရှိရင်လာလိုက်လေ၊ ကျွန်မရှင့်ကို မကြောက်ပါဘူး..."

သူမစကား လမ်းတစ်ဝက်အရောက်၌ စတေးလ်မှာ ရုတ်တရတ်မျက်မှောင်ကုပ်လိုက်၏။ သူမ၏မျက်နှာထားက အနည်းငယ်နာကျင်ဟန်ပေါ်လာကာ ဝမ်းဗိုက်ကိုကိုင်ထားရင်း 'အန်'ချလာသည်။

ရှုယီမှာ လန့်ဖျပ်သွားပြီး သူမနောက်ကျောကို ခပ်ဖွဖွပုတ်ပေးလိုက်သည်။ ထို့နောက် စိုးရိမ်နေသံဖြင့်မေးလေ၏၊ "ဘာဖြစ်တာလဲ? မင်းဘယ်နေရာ နေလို့မကောင်းလို့လဲ?"

စတေးလ်၏ ရုတ်တရတ် အပြုအမူက အန်ချပြီးနောက် သိပ်မကြာလိုက်ဘဲ ပုံမှန်ပြန်ဖြစ်သွားသည်။

"အဆင်ပြေပါတယ် " ရှုယီ၏ပူပန်နေသည့်အကြည့်မြင်သော် စတေးလ်က ခေါင်းခါ၍ ဖြန်ဖြေလိုက်သည်၊ "အခုတလော နည်းနည်းနေလို့မကောင်းဘဲ အန်ချင်နေရုံပါ။ ဒါပေမယ့် ဘာမှမဖြစ်ပါဘူး၊ ဒါကြောင့်စိတ်ပူဖို့မလိုဘူး။"

"နျူးမွန်းကုန်သည်ကြီးများအသင်းမှာ အရမ်းအလုပ်များနေလို့ ပင်ပန်းနေတာလား?" ရှုယီက မျက်‌မှောင်ကျုံ့ကာပြောလာ၏၊ "မင်းရဲ့လက်ထောက်ကို ဒီကိစ္စလွှဲပေးထားပြီး ခဏနားရင်ရော?"

"ရပါတယ်၊ တကယ်ဘာမှမဖြစ်ဘူး။" စတေးလ်ကလက်ယမ်းကာ၊ "ကျွန်မ မနက်ဖြန် ဆရာဝန်ဆီသွားလိုက်မယ်၊ ကိစ္စအသေးအမွှားလေးပဲဖြစ်မှာပါ။"

ရှုယီက စတေးလ်၏မျက်နှာကို အသေအချာကြည့်က သူမခန္ဓာကိုယ်အကြောင်းဆက်မေးလိုက်သော်ငြား စတေးလ်မှာတော့ အဆင်ပြေသည်ဟုသာ ဆက်ပြောနေ၍ သူလည်း စိတ်ငြိမ်သွားတော့သည်။

"ဟုတ်ပြီ၊ မနက်ဖြန် မနက်၊ ကိုယ်မင်းကို ဆရာဝန်သွားပြပေးမယ်။ မဟုတ်ဘူး၊ အခုပဲ တစ်ယောက်ယောက်ကို သွားခေါ်ခိုင်းလိုက်မယ်။" ရှုယီလည်းထရပ်၍ မိုးကျတောင်ကြားရှိ အကောင်းဆုံးဆရာဝန်အား တစ်ယောက်ယောက်ကို ခေါ်ခိုင်းရန် သွားရှာချိန်တွင် တံခါး၌ ပုံရိပ်နှစ်ခုပေါ်လာသည်။ ၎င်းက အက်ဂ်နက်စ်နှင့် အကြီးအကဲအီလူရှာပါပင်။

"ဥက္ကဌ၊ ဘယ်သွားမလို့လဲ?" အက်ဂ်နက်စ်က ပူပန်နေသည့်ရှုယီကို မြင်ကာမေးလာသည်။ ရှုယီက အကြီးအကဲအီလူရှာကိုမြင်၍ အနည်းငယ်အံ့ဩသွားသော်ငြား အလျင်အမြန်ပြန်ပြောလိုက်သည်၊ "စတေးလ်နေမကောင်းဘူး၊ ကျွန်တော် ဘန်တာမြို့ကနေ ဆရာဝန်တစ်ယောက်သွားရှာခိုင်းချင်လို့။"

"အာ? စတေးလ်က နေမကောင်းဘူးလား? ကျွန်မသွားကြည့်ကြည့်မယ်။" အက်ဂ်နက်စ်က ထပ်မပြောတော့ဘဲ အခန်းတွင်းသို့ဝင်သွားသည်။

အကြီးအကဲအီလူရှာက ခပ်ဖျော့ဖျော့ပြုံးကာ ပြောလိုက်သည်၊ "ဥက္ကဌရှု၊ စိတ်မရှိရင် ကျွန်မကို သခင်မလေးစတေးလ်ဆီသွားကြည့်ခွင့်ပြုပါ။ ကျွန်မ အရင်က ရှင်တို့လူသားတွေရဲ့ဆေးပညာကို သုတေသနတချို့လုပ်ဖူးတယ်။"

"အိုး? ရှုယီက သူမကိုတအံ့တဩကြည့်ကာ၊ "ခင်ဗျားတကယ်ကြီး ကျုပ်တို့လူသားတွေရဲ့ဆေးပညာကိုလေ့လာခဲ့တာလား?"

"ကျွန်မတို့နတ်သူငယ်တွေမှာ အင်မတန်ရှည်လျားတဲ့ဘဝရှိနေတော့ လုပ်ရမယ့်ကိစ္စတွေရှာဖို့လိုတယ်လေ။" အကြီးအကဲအီလူရှာက ရှင်းပြ၏၊ "ကျွန်မရဲ့အဆင့်က လူသားဆရာဝန်တွေကို မယှဉ်နိုင်ပေမယ့် ယုံကြည်မှုနည်းနည်းတော့ရှိပါ‌တယ်။"

ရှုယီမှာ အကြီးအကဲအီလူရှာအား အချိန်ကြာသိလာခဲ့ရာ သူမက အဓိပ္ပာယ်မရှိသည်ကိုမပြောမှန်းသိပါ၏။ သူမက ယုံကြည်ချက်ရှိတယ်ဆိုပါလျှင် သူမ၏ဆေးပညာဗဟုသု‌တက အားမနည်းဟု ဆိုရမည်။

အကြီးအကဲအီလူရှာအားလည်း အထဲသို့ဖိတ်လိုက်ပြီးနောက် စတေးလ်နံဘေးရှိ အက်ဂ်နက်စ်က စိုးရိမ်နေဟန်ဖြင့် မေးမြန်းနေသည်ကို မြင်လိုက်ရသည်။

ယင်းအခြေအနေကိုကြည့်ရင်း ရှုယီမှာ မနေနိုင်ဘဲ ပြုံးမိ၏။

မသိလိုက်ဘဲနှင့် အက်ဂ်နက်စ်နှင့် စတေးလ်မှာ အတော်လေးရင်းနှီးလာကြသည်။

အကြီးအကဲအီလူရှာက စတေးလ်၏နံဘေးသို့လာရင်း စတေးလ်ဆီလက်ဆန့်လိုက်၏။ သူမက စတေးလ်၏ပါးစပ်ကိုကြည့်ကာ မေးခွန်းအချို့မေးပြီးနောက်၌ ဝမ်းသာဟန်ပေါ်လာရင်း ရှုယီဘက်လှည့်လာသည်၊ "ဥက္ကဌရှု၊ ဂုဏ်ပြုပါတယ်။"

"ဂုဏ်ပြုပါတယ်?" ရှုယီက ကြောင်အသွားကာ၊ "ကျုပ်ကို ဘာအတွက် ဂုဏ်ပြုတာလဲဗျ?"

အကြီးအကဲအီလူရှာက စတေးလ်ထံ အပြုံးခပ်ကြီးကြီးဖြင့်ကြည့်ပြီး ရှုယီကို ပြောလေသည်၊ "သခင်မလေးစတေးလ်က နေမကောင်းတာမဟုတ်ဘူး။ ကျွန်မ,မမှားရင် သူမက ကိုယ်ဝန်ရှိနေတာပဲ။ မျိုးဆက်ကို မွေးထုတ်ပေးရတာက ဂုဏ်ပြုဖို့ ထိုက်တန်တဲ့အရာပဲလေ။"

"အာ?" ရှုယီက မင်သေသွားသည်။

နံဘေးရှိ အက်ဂ်နက်စ်က စိတ်လှုပ်ရှားစွာဖြင့် စတေးလ်၏လက်ကိုဆုပ်ကိုင်ကာ၊ "စတေးလ်, ကောင်းလိုက်တာ! ရှင်တကယ်ပဲ ကိုယ်ဝန်ရှိနေပြီ! ရှင် ကလေးရတော့မှာနော်! ဒါက တကယ်ကောင်းလိုက်တာ!"

စတေးလ်က ဦးစွာ အနည်းငယ်အံ့ဩသွားသော်လည်း သူမက မိန်းကလေးဖြစ်ရာ ပထမနေ့ထိုသို့ဖြစ်ကတည်းက အနည်းငယ်ခန့်မှန်းပြီးသာဖြစ်သဖြင့် ပြင်ဆင်ထားခဲ့ပေသည်။ သူမက ပျော်ရွှင်ကာ ပွင့်လင်းသည့်ကိုယ်ကျင့်စရိုက်ရှိပါသော်လည်း မျက်နှာလေးမှာတော့ မ‌ထိန်းနိုင်ဘဲ ရှက်ရွံ့စွာ နီရဲနေပေသည်။

ထိုအချိန်၌ ရှုယီက တုံ့ပြန်ရန် ကိုယ့်ကိုယ်ကိုအားပေးလိုက်၏။ ထို့နောက် စတေးလ်ထံ ငေးမောကာ မျက်လုံးများက သူမဝမ်းဗိုက်ဆီရောက်သွားသည်။

"စတေးလ်က ကိုယ်ဝန်ရှိနေတယ်? ဒါဆို... ကျုပ်ကလေးရတော့မှာပေါ့?" ရှုယီက မျက်နှာက ကြောင်အကာ မယုံနိုင်မှုနှင့်ပြည့်နေ၏။

ကမ္ဘာမြေပေါ်၌ နှစ်၂၀ကြာနေထိုင်ခဲ့စဉ်က သူ၏ကိုယ်ကျင့်စရိုက်နှင့် အတွေ့အကြုံများကြောင့် ချစ်သူကောင်မလေးတစ်ဦးပင်မရချေ။

သို့သော် ဤလောကသို့ရောက်ပြီးချိန်တွင် စတေးလ်နှင့် ဆုံရရုံသာမက သူမကို လက်ပင်ထပ်နိုင်ခဲ့ရာ ကလေးလည်းရတော့မည်ဖြစ်၏!

ရှုယီက တံတွေးပင်ခက်ခက်ခဲခဲမျိုချလိုက်ရ၏။ သူဟာရှေ့တိုးသွားပြီး ကိုယ်ကိုကိုင်းကာ စတေးလ်၏ ဝမ်းဗိုက်ကိုထိရန် တုန်ယင်နေသော လက်ကိုဆန့်ထုတ်လိုက်သည်။

"ရူးနေလား၊ အခု ဘယ်လိုလုပ်ခံစားနိုင်ဦးမှာလဲ?" စတေးလ်က ရှုယီကိုကြည့်၍ ရှက်ရွံ့ကာ ဒေါသသံဖြင့်ဆိုလိုက်သည်။

ရှုယီက အရူးတစ်ယောက်နှယ်ရယ်လျက် ခေါင်းကုတ်လိုက်၏။ ထို့နောက် အကြီးအကဲအီလူရှာကိုကြည့်ကာ မေးလေသည်၊ "ဒါက... အကြီးအကဲအီလူရှာ အခုကျုပ်တို့ ဘာလုပ်ရမှာလဲ?"

အကြီးအကဲအီလူရှာက ခပ်ဖျော့ဖျော့ပြုံးကာ၊ "ဘာမှလုပ်ဖို့မလိုပါဘူး။ ဘဝတစ်ခုမွေးဖွားတဲ့ကိစ္စက ပျော်ရွှင်ဖို့ကောင်းပေမယ့်လည်း ပျိုးထောင်ဖို့က အချိန်ကြာကြာယူရတယ်။ ဒီအတောအတွင်းမှာ သခင်မလေးစတေးလ်ရဲ့ကျန်းမာရေးကို ဂရုစိုက်ဖို့လိုတယ်၊ ဒါမှ ဒီကလေးကို ချောချောမွေ့မွေ့မွေးပေးနိုင်မှာ။"

"ဟုတ်ပြီ၊ စတေးလ်, နျူးမွန်းကုန်သည်ကြီးများအသင်းအတွက်တော့ မင်းအိမ်မှာပဲ‌နေပြီး နားလိုက်ဦး။" ရှုယီက စတေးလ်၏လက်ကိုကိုင်ကာ အလေးအနက်ပြောလိုက်သည်၊ "ဘာမှ အရေးမကြီးတော့ဘူး၊ နားလည်လား?"

စတေးလ်က မျက်မှောင်ကုပ်၍ ခေါင်းခါလိုက်သည်၊ "ဟင့်အင်း၊ ကျွန်မသဘောမတူဘူး။ ကျွန်မကလေးရဲ့ အရေးပါမှုကို နားလည်ပေမယ့်လည်း အိမ်မှာ တစ်နေကုန် ပျင်းရိပြီးမနေချင်ဘူး။ ကျွန်မအလုပ်ဆက်လုပ်မယ်၊ ဒါပေမယ့် အလုပ်တော့မများစေရဘူး။"

ရှုယီလည်း မျက်မှောင်ကုပ်ကာ၊ "ဘယ်လိုဖြစ်နိုင်မှာလဲ? အခုက အန္တရာယ်အများဆုံးအချိန်ပဲလေ၊ တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ..."

"ဟင့်အင်း၊ ကျွန်မအသုံးမဝင်သူဖြစ်မလာချင်ဘူး။" စတေးလ်က ခိုင်မာစွာ ခေါင်းခါလျက်၊ "နျူးမွန်းကုန်သည်ကြီးများအသင်းက ရှင်'အဆိုပြုထားတာဆိုပေမယ့်လည်း ကျွန်မ အဲ့အထဲမှာ သွေး‌၊ ချွေးနဲ့ မျက်ရည်တွေအတော်ရင်းထားရတာကြောင့် လက်လျှော့မှာမဟုတ်ဘူး။"

"ဘယ်သူကမှ မင်းကို လက်မလျှော့စေချင်ပါဘူး၊ ကိုယ်ကမင်းကို လတ်တလောမှာ အနားယူစေချင်ရုံပါ။ ဒီအချိန်ကာလပြီးဆုံးသွားရင် မင်းလုပ်ချင်တာလုပ်လို့ရတယ်။" ရှုယီက စိတ်ရှည်စွာ ရှင်းပြနေ၏။

"ဒါပေမယ့် အခုက နျူးမွန်းကုန်သည်ကြီးများအသင်းအတွက် အရေးကြီးကာလလေ၊ ကျွန်မသာမရှိရင် ကျွန်မရဲ့အားစိုက်ထုတ်မှုတွေအကုန် ဖြုန်းတီးလိုက်သလိုဖြစ်သွားမယ်။"

"ဒီလောက်ကြီးလည်းမဟုတ်ပါဘူး။ နျူးမွန်းကုန်သည်ကြီးများအသင်းက ဖြောင့်မတ်မှုကိုကိုယ်စားပြုတဲ့ လုပ်ငန်းစုလေ၊ ဒါကြောင့် မင်းမရှိရင်တောင် ကိစ္စနည်းနည်းလောက်ကိုပဲ ဂရုစိုက်ဖို့လိုတာပါ။ ဒီလောက်မရှုပ်ထွေးပါဘူး။"

"ရှုယီ၊ ရှင်က ကျွန်မအလုပ်ကို မေးခွန်းထုတ်နေတာလား?" စတေးလ်က ရုတ်တရတ် အတည်ကြီးပြောလာသည်။

ရှုယီလည်း မင်သေသွား၏။ စတေးလ်၏မျက်နှာထားကိုမြင်သော် စတေးလ်က အတည်ပြောနေမှန်းနားလည်သွားသည်။

စတေးလ်၏ကိုယ်ကျင့်စရိုက်ကို နားလည်ထားမှုအရ သူသာ သဘောမတူပါလျှင် စတေးလ်က နောက်ဆုံး၌ သူ၏ဆုံးဖြတ်ချက်ကို လက်ခံမည်ဖြစ်ပါသော်လည်း ပျော်ရွှင်မည်မဟုတ်ချေ။

သို့သော် ယခုတွင် စတေးလ်၌ ကိုယ်ဝန်ရှိနေရာ သူမက အိမ်၌သာနေပြီး လုံခြုံနေရန်သာ မျှော်လင့်ပါသည်။ အဆုံးတွင် ၎င်းတို့မိသားစုအား ထောက်ပံ့ရန် စတေးလ်၏အလုပ်ကိုမလိုပါချေ။

၎င်းမှာ ရှုယီနှင့် စတေးလ်တို့၏ သဘောထားမတူညီမှုကြောင့် ဖြစ်ရသည့် ပထမဆုံးလက်တွေ့စကားများခြင်းပါပင်။ စတေးလ်၏မျက်နှာထက်မှ ရှုပ်ထွေးကာ ဆန္ဒမရှိဟန်ကိုကြည့်ရင်း ရှုယီ၏အတွေးများက သူတို့သာ ဆက်ဖြစ်နေပါလျှင် ငြင်းခုံမှုမှ ရန်ဖြစ်သည့်အဆင့်ရောက်သွားမည်ဖြစ်သဖြင့် သူက ၎င်းကို မမြင်လိုပေ။

စဉ်းစားပြီးနောက် ရှုယီက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။ ထို့နောက် ခေါင်းခါရင်းပြောလေ၏၊ "မင်းရဲ့အလုပ်ကို ကိုယ်ဘယ်လိုသံသယရှိနိုင်မှာလဲ မင်းကိုစိတ်ပူတယ်" ထို့နောက် အကြီးအကဲအီလူရှာထံလှည့်ကာ "အကြီးအကဲအီလူရှာ, စတေးလ်က အခုချိန်မှာ ဘာကို အာရုံစိုက်ဖို့လိုလဲ?"

ရှုယီနှင့် စတေးလ်တို့ ငြင်းခုံနေချိန်တွင် အကြီးအကဲအီလူရှာနှင့် အက်ဂ်နက်စ်တို့ထံ၌ နေရခက်ဟန်ရှိနေသည်။ ရှုယီ၏မေးခွန်းကိုကြားသော် အကြီးအကဲအီလူရှာက ချက်ချင်းပြုံးလာသည်။

"ဥက္ကဌရှု၊ ရှင်က အစိုးရိမ်လွန်နေပါပြီ။ သခင်မလေးစတေးလ်က အခု ကိုယ်ဝန်ရှိနေတဲ့ ခန္ဓာကိုယ်ကိုဂရုစိုက်ဖို့လိုပေမယ့်လည်း ကိုယ်ဝန်သည်မိခင်က ရှင်ထင်သလို အားမနည်းပါဘူး၊ ဒါကြောင့် ဒီလောက်စိုးရိမ်ဖို့မလိုဘူး။ သခင်မလေးစတေးလ်အတွက် အရေးကြီးဆုံးက စိတ်ထဲအဆင်ပြေနေဖို့ပါ။ ဒါပေမယ့်... သခင်မလေး စတေးလ်, ကိုယ်ဝန်လွယ်တာက အရမ်းရှုပ်ထွေးပြီး အင်မတန်ရှားပါးတဲ့ အတွေ့အကြုံပါပဲ။ ကျွန်မ ရှင့်ရဲ့ခန္ဓာကိုယ်ကိုအာရုံစိုက်ပေးဖို့ တောင်းဆိုချင်တယ်၊ မဟုတ်လို့ တစ်ခုခုဖြစ်လာရင် အကြီးမားဆုံးနောင်တကိုရလိမ့်မယ်။"

အကြီးအကဲအီလူရှာ၏ တရားချခြင်းနှင့်အတူ ရှုယီနှင့် စတေးလ်မှာ တစ်ချိန်တည်း တည်ငြိမ်သွားကြသည်။

နှစ်ဦးသားက တစ်ဦးနှင့် တစ်ဦးကြည့်ကာ တစ်ချိန်တည်း ပြုံးလိုက်ကြ၏။

စတေးလ်က သူမရှေ့၌ ငုတ်တုပ်ထိုင်နေသော ရှုယီကို ဆွဲကာ သူမနံဘေး၌ လာထိုင်ခိုင်းလိုက်ပြီးနောက် သူ၏လက်က သူမဝမ်းဗိုက်ပေါ်ကျရောက်လာကာ စွဲမက်ဖွယ်အပြုံးဖြင့် ဆိုလာ၏၊ "ရှုယီ၊ စည်းကမ်းဟောင်းတွေ?"

ရှုယီလည်း ချက်ချင်းခေါင်းငြိမ့်ကာ၊ "ဟုတ်ပြီ၊ စည်းကမ်းဟောင်းတွေ။"

***

မှော်စက်မှုအင်ပါယာ

Vol 3, အခန်း ၇၂။ ဆက်ခံသူ၏ အရေးပါမှု

"ကျေးဇူးပါ၊ အကြီးအကဲ အီလူရှာ။" ရှုယီက ရိုးသားစွာပင် သူ၏သဘောထားကိုဖော်ပြလိုက်၏၊ "ခင်ဗျားကြောင့်မဟုတ်ရင် ကျွန်တော် စတေးလ်နဲ့ စတိုက်ခိုက်ရတော့မှာ။"

အကြီးအကဲ အီလူရှာက ခေါင်းခါလျက် အပြုံးဖျော့ဖျော့ဖြင့်၊ "ဟင့်အင်း ဥက္ကဌရှု၊ ရှင်က တည်ငြိမ်နေပြီ မဟုတ်လား? ရှင်ရဲ့ သခင်မလေး စတေးလ်အပေါ်ထားတဲ့ မေတ္တာနဲ့ဆိုရင် ရှင်တကယ်ကို သူမနဲ့ငြင်းခုံမှာမဟုတ်ပါဘူး။"

ရှုယီလည်း အခန်းဘက်သို့ပြန်ကြည့်လိုက်ရာ သတင်းရသွားသည့် ဗီဗီယန်နှင့် အက်ဂ်နက်စ်တို့မှာ စတေးလ်နှင့်အတူ တီးတိုးပြောဆိုနေကြပြီး တစ်ချက် တစ်ချက် ရယ်မောနေသည်။ သူလည်း ခေါင်းခါလျက် သက်ပြင်းချကာဆိုလိုက်၏၊ "ဟုတ်ပါပြီ၊ ကျုပ်က ဘယ်လိုလုပ် သူမနဲ့ တိုက်ခိုက်ချင်တဲ့ ဆန္ဒရှိပါ့မလဲ? ဒါပေမယ့် ကျုပ်တကယ်ပဲစိုးရိမ်နေတာက သူမအနေနဲ့ ခန္ဓာကိုယ်ကိုဂရုမစိုက်မှာကိုပဲ။ တစ်ခုခုသာ တကယ်ပဲဖြစ်လာရင် နောင်တရဖို့ အရမ်းကို နောက်ကျသွားလိမ့်မယ်။"

"ကျွန်မ ခုနလေးကမှပြောသလို ကိုယ်ဝန်သည်မိခင်တစ်ဦးရဲ့ ခန္ဓာကိုယ်က ရှင်ထင်ထားတာထက် သန်မာပါတယ်၊ စိတ်ပူဖို့မလိုပါဘူး။" အကြီးအကဲအီလူရှာက အခန်းတွင်းကိုလှည့်ကြည့်ကာ ခံစားချက်များရောပြွမ်းနေသံဖြင့် ပြောလာသည်၊ ဥက္ကဌရှု၊ ကျွန်မက ဒီလောကမှာ နေလာတာ အချိန်ကြာနေပြီဆိုတော့ လူတွေအကြောင်း ကိစ္စအတော်များများကိုနားလည်နေပါပြီ။ ကျွန်မအတွက် ဇနီးကိုဂရုစိုက်တဲ့ ယောက်ျားတစ်ဦးက အတော်လေး ရှားပါးတယ်။"

"ခင်ဗျားရဲ့ဇနီးကို ခင်ဗျား ကောင်းကောင်းမဆက်ဆံရင် အဲဒီ့ယောက်ျားက အရှုံးသမားပဲ။" ရှုယီက အပြုံးဖြင့်ဆို၏၊ "စတေးလ်က ဒီလို ထူးချွန်တဲ့ ဇနီးဖြစ်နေတာကို မပြောနဲ့ဦး။”

"ကျွန်မ သဘောတူတယ် သခင်မလေးစတေးလ်က အတော်ကိုထူးချွန်ပါတယ်။ သူမကို ကျွန်မ ပထမဆုံးမြင်တော့ သူမရဲ့အပြစ်ကင်းစင်မှုက ကျွန်မတို့နတ်သူငယ်တွေထက် အားနည်းမနေတာကြောင့် လှုပ်လှုပ်ရှားရှားတောင်ဖြစ်သွားသေးတယ်။" အကြီးအကဲအီလူရှာက ရှုယီကို ပြန်ကြည့်ကာ အပြုံးဖြင့်ပြောလာသည် "ဒါပေမယ့် ဥက္ကဌရှု၊ ရှင် တခြားလူတွေကိုလည်း ဒီလောက် ညင်ညင်သာသာဆက်ဆံရင် အဆင်ပြေမယ်။"

ရှုယီလည်း အံ့ဩသွားကာ ခပ်ဖျော့ဖျော့ပြုံးလာ၏၊ "ဘာလဲ? အမ်လုဒ်က ခင်ဗျားဆီမှာ ကျုပ်အကြောင်းတွေ တိုင်ထားပြီးပြီလား?"

"တိုင်ထားတာမျိုးထိတော့ မဟုတ်ပါဘူး။" အကြီးအကဲအီလူရှာက အပြုံးဖျော့ဖျော့ဖြင့် ခေါင်းကိုခါယမ်းလိုက်၏၊ "လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ရှင်သူ့ကို ဝေဖန်ခဲ့တာကြောင့် ရှင့်ကို ကျေးဇူးတင်ကြောင်းပဲ ပြောခဲ့တာပါ။ ရှင့်ရဲ့ဝေဖန်မှုကြောင့် သူ့အနေနဲ့ လုပ်ငန်းခွင်ပြဿနာတွေကိုစ'ဖြေရှင်းပြီး အလုပ်ရုံကို ပိုကောင်းအောင် ဘယ်လိုစီမံရကြောင်း သင်ဖို့အတွက် ဒုဥက္ကဌဟိန့်ဇ်ကိုပါ ကူညီဖို့ဖိတ်လိုက်တယ်လေ။ အခုဆိုရင် အလုပ်ရုံက အရင်ကနဲ့ယှဉ်ရင် ပိုအလုပ်တွင်လာပြီး သူနဲ့မျိုးနွယ်စုတွေကလည်း ပိုပြီး အနားရလာတယ်။"

"ကောင်းသားပဲ" ရှုယီက ခေါင်းငြိမ့်ကာ၊ "ကျုပ်ရဲ့ရည်ရွယ်ချက်က ထိရောက်မှုကို သူတိုးအောင်လုပ်တာ မြင်ချင်တာလေ၊ ဒါဆို သူနဲ့မျိုးနွယ်စုဝင်တွေလည်း အလုပ်ရုံထဲမှာ တစ်နေ့လုံးနေဖို့ မလိုတော့ဘူး။ ဒီနည်းနဲ့ဆို တခြားအရာတွေလုပ်ဖို့အချိန်ပိုရပြီး ခင်ဗျားရဲ့မျှော်လင့်ချက်ကိုလည်း ရိုက်ချိုးသလိုမဖြစ်တော့ဘူးပေါ့။"

အကြီးအကဲ အီလူရှာက ရှုယီကိုအသေအချာကြည့်ကာ၊ "ဥက္ကဌရှု၊ ကျွန်မနဲ့ မျိုးနွယ်စုဝင်တွေကို စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်။ ရှင့်လို စိတ်ထားမွန်မြတ်တဲ့လူနဲ့ တွဲဖက်ဖြစ်ခွင့်ရတာကို အင်မတန် ဝမ်းသာမိတယ်။"

"ဒါက ဘာမှမဟုတ်ပါဘူး၊ ကျုပ်ခင်ဗျားကို ကတိပေးခဲ့တာပဲလေ၊ ဒါကြောင့် ကျုပ်က ဖြည့်ဆည်းပေးရမှာပဲ။" ရှုယီက အပြုံးဖြင့် လက်ကိုဝေ့ယမ်းလိုက်သည်။

"ရှင့်လိုစိတ်ဓာတ်နဲ့လူ သိပ်မများပါဘူး၊ မဟုတ်ရင် ကျွန်မတို့ နတ်သူငယ်တွေအနေနဲ့ လူသားတွေကို ဒီလောက်ထိဂရုစိုက်မှာမဟုတ်သလို လူအလိမ်ခံရမှာကိုပါ စိုးရိမ်နေရလောက်တယ်။" အကြီးအကဲအီလူရှာက သက်ပြင်းချကာ ဆိုလိုက်၏။

"တကယ်တော့လည်း တစ်ယောက်နဲ့ တစ်ယောက် လိမ်ညာပြီး နာကျင်စေတဲ့ လူသားများစွာရှိပေမယ့် မိတ်ဆွေသူငယ်ချင်းတွေလည်း အတော်များများရှိပါတယ်။" ရှုယီက အပြုံးဖြင့်ဆိုလာသည်၊ "ကွာခြားချက်က ကျုပ်တို့ လူသားတွေအနေနဲ့ လူတွေကို ဘယ်လိုခွဲခြားရမလဲဆိုတာသိပြီး လူတစ်ယောက်က နာကျင်စေတာ ညာတာဆိုရင် မျိုးနွယ်စုတစ်ခုလုံးနဲ့ မဆိုင်တာကိုလည်း သိတယ်လေ။ ဒါကြောင့် အကြီးအကဲ အီလူရှာ, ကျုပ်ခင်ဗျားရဲ့ နတ်သူငယ်တွေကို လူသားတွေနဲ့ အဆက်သွယ်ရှိစေချင်နဲ့ အကြံကို ထောက်ခံပါတယ်။ သူတို့အနေနဲ့ ဖလှယ်မှုတွေများနေသရွေ့ ခင်ဗျားလည်း ပိုကောင်းကောင်းနားလည်ပြီး တတ်နိုင်သမျှ လိမ်ညာမှုတွေကနေ ရှောင်ရှားနိုင်တာပေါ့။"

"ကျွန်မနားလည်ပါတယ်၊ ဒါပေမယ့် အခုတော့ ပြဿနာတစ်ခုရှိတယ်။" အကြီးအကဲအီလူရှာက ပြောသည်။

"ဘာပြဿနာများလဲ?"

"ကျွန်မတို့ ညတေးသံမျိုးနွယ်စုက Frestech ကုန်သည်ကြီးများအသင်းနဲ့ အတူတွဲပြီး အလုပ်,လုပ်လာတာ ၂နှစ်နီးပါးရှိနေပေမယ့်လည်း ကျွန်မတို့မှာ လူသားတွေနဲ့ ရင်းနှီးလာမယ့် အခွင့်အရေးများများစားစားမရှိဘူး။ ဒါကြောင့် ကျွန်မတို့နတ်သူငယ်တွေကို နားမလည်တဲ့ လူအတော်များများရှိပြီး ကျွန်မတို့လည်း လူ့အသိုင်းဝိုင်းထဲ တကယ်တမ်း ဝင်မဆန့်နိုင်ဘဲဖြစ်နေတယ်။"

"ခင်ဗျားဆိုလိုတာက... နတ်သူငယ်တွေကို လူသားတွေနဲ့ ပိုထိတွေ့ဖို့ တခြားနည်းလမ်း ရှာချင်တယ်ပေါ့။"

"ဟုတ်ပါတယ်" အကြီးအကဲအီလူရှာက ခေါင်းငြိမ့်လျက်၊ "ဥက္ကဌရှု၊ အက်ဂ်နက်စ်ကျွန်မကိုပြောတာတော့ စတေးလ်ရဲ့ နျူးမွန်းကုန်သည်ကြီးများအသင်းက လူသားတွေဆီ သားရဲတွေရဲ့ အခြားတစ်ဘက်ကိုပြသမယ့်ဖျော်ဖြေရေးအဖွဲ့ထဲဝင်ဖို့ သားရဲအမျိုးသမီးတချို့ကို စုဆောင်းနေတယ်ဆို။ ဒါဆို ဒါက လူသားတွေဆီ နတ်သူငယ်တွေရဲ့ အခြားတစ်ဘက်ကိုပြသနိုင်မယ့် နည်းလမ်းနဲ့ရော ဆင်တူတယ်လို့ ရှင်မထင်ဘူးလား?"

"ဒီလောကမှာ ရုပ်မြင်သံကြားစက်( TV )တွေရှိနေရင် ကောင်းမယ်..." ရှုယီက မိမိဘာသာရေရွတ်လိုက်သည်။ အနည်းငယ်စဉ်းစားပြီးနောက် ပြောလာ၏၊ "အကြီးအကဲ အီလူရှာ, ခင်ဗျားအနေနဲ့ လူသားတွေအရှေ့မှာ ဖျော်ဖြေဖို့ လက်ခံမှာ မဟုတ်ဘူးလို့ ကျုပ်တော့ထင်တယ်၊ ဟုတ်တယ်မို့လား?"

"ကျွန်မ တကယ်ကို မလုပ်ချင်ပါဘူး။" အကြီးအကဲအီလူရှာက ခေါင်းငြိမ့်ကာ၊ "ကျွန်မရဲ့ မျိုးနွယ်စုဝင်တွေကလည်း လက်ခံမှာမဟုတ်တာကြောင့် ဥက္ကဌရှု၊ ကျွန်မတို့အတွက် နောက်တစ်နည်းစဉ်းစားပေးနိုင်မလား? ရှင့်မှာ အရမ်းကိုထက်မြတ်တဲ့စိတ်ရှိမှန်းသိပါတယ်၊ ဒါကြောင့် တစ်နည်းလောက်တော့ တွေးနိုင်မှာပါ။"

"ခင်ဗျားက ကျုပ်ကို တကယ်အထင်ကြီးလွန်းနေတာပဲ။" ရှုယီက ခါးသက်သက်ရယ်လိုက်သော်လည်း စတင်ပို၍ လေးနက်စွာတွေးတောလေတော့၏။

အကြီးအကဲ အီလူရှာက သူ့ထံ ထိုသို့တောင်းဆိုလာသည်က သူမအနေနှင့် သူ့အား အင်မတန် ယုံကြည်သည်ဟု ဆိုလိုပေသည်။

မဟုတ်ပါက လူသားများက နတ်သူငယ်များအား မည်သို့မြင်ပြီး နတ်သူငယ်များ၏ အနာဂတ်ဖွံ့ဖြိုးမှုကိုတိုးတက်ရန် ဆုံးဖြတ်သည့်အရာကို သူမအနေနှင့် သူနှင့်အတူဆွေးနွေးလိမ့်မည်မဟုတ်ပါချေ။

ထို့အပြင် ၎င်းက အကြီးအကဲအီလူရှာမှာ လူ့အသိုင်းဝိုင်းထဲခြေချရန် နောက်ထပ်ခြေတစ်လှမ်း,လှမ်းဖို့စီစဉ်နေသည်ဖြစ်ရာ ရှုယီလည်း မြင်တွေ့ရသည်ကို အင်မတန်ဝမ်းမြောက်နေ၏။

ရှုယီ၏စိတ်က ကမ္ဘာမြေထံမှ ကြော်ငြာနည်းမျိုးစုံကို တွေးတောနေပါသော်လည်း နတ်သူငယ်များနှင့် သင့်လျော်သည့်အရာ အနည်းငယ်သာတွေ့သည်။ ၎င်းတို့မှာ အချိန်ကြာ၍ တည်မြဲသည့်တစ်စုံတရာကိုရယူဘိုခြင်းဖြစ်နေရာ ပိုလို့ပင် ခက်ခဲသေးသည်။

ရှုယီလည်း တွေးတောရင်း ရှေ့လျှောက်လိုက် နောက်လျှောက်လိုက်ဖြစ်နေသည်။ အကြိမ်ရေတချို့ လျှောက်ပတ်ပြီးသွားသော် အခန်းထဲရှိ စတေးလ်ကိုကြည့်ကာ ရုတ်တရတ် အကြံရသွားပြီး အကြီးအကဲ အီလူရှာထံ အပြုံးဖြင့် လှည့်လိုက်သည်။

"ကျုပ်မှာ အကြံတစ်ခုရှိတယ်။"

အစပိုင်းတွင် စတေးလ်၌ ကိုယ်ဝန်ရှိနေသည်ကို လူအချို့သာသိသော်လည်း ရက်အနည်းငယ်ကြာပြီးနောက် အလျင်အမြန် ပြန့်နှံ့သွားသည်။ ဘန်တာတိုင်းမ်စ်၌ပင် ဤအကြောင်းပါလာပြီး စတေးလ်ကိုယ်ဝန်ရှိသည့်သတင်းက ဘန်တာမြို့နှင့် အနီးဝန်းကျင်မြို့တစ်ခွင်ပျံ့သွားသည်။

၎င်းတို့၏ ဘန်တာနတ်ဘုရားမက လက်ထပ်သွားခြင်းသာ မဟုတ်ဘဲ ကိုယ်ဝန်ရနေသည်ကို သိသော် ဘန်တာမြို့နှင့် အနီးဝန်းကျင်မြို့များမှ သက်ပြင်းချသံများထွက်လာသည်။

သို့သော် စတေးလ်နှင့် ရှုယီတို့ လက်ထပ်ခဲ့သည်က တစ်နှစ်ရှိပြီ‌ဖြစ်ရာ အားလုံးမှာ ရှုယီနှင့်ပတ်သက်သည့် အထွန့်တက်ခြင်းက ရပ်တန့်နေပြီဖြစ်၏။ စတေးလ်က ကိုယ်ဝန်ရှိနေကြောင်းသိပြီးနောက် လူတိုင်းက ရိုးသားစွာ ချီးမွမ်းထောပနာပြုကြပြီး လက်ဆောင်အမျိုးစုံလည်း ၎င်းတို့နှစ်ဦးထံ ပို့ပေးလာကြသည်။

ဘန်တာတိုင်းမ်စ်၌ သတင်းပေါ်ထွက်လာပြီး ရက်အနည်းအကြာတွင် ကြယ်ကြွေအိမ်ရာ၌ဖြစ်စေ မိုးကျတောင်ကြားရှိ Frestech ကုန်သည်ကြီးများအသင်း၏ ရုံးချုပ်၌ဖြစ်စေ နေရာအနှံ့မှ လူများထံကနေ၍ လက်ဆောင်များလက်ခံရရှိခဲ့ကြသည်။

ကြယ်ကြွေအိမ်ရာ၌ ရရှိခဲ့သည့် လက်ဆောင်များနှင့်ပင် အခန်းနှစ်ခန်းပြည့်ရန် လုံလောက်၏။

ထိုသည်က အခန်းထဲထည့်၍ မရနိုင်သည့် အင်မတန်အဖိုးတန်သော လက်ဆောင်များမပါသေးချေ။

ဥပမာ စတေးလ်ကိုယ်ဝန်ရှိနေခြင်းကို သိပြီးနောက် အမ်ရစ်ကုန်သည်ကြီးများအသင်းဥက္ကဌခရုစ်က ကြယ်ကြွေအိမ်ရာအနီး၌ မြေကွက်ဝယ်ကာ အကောင်းဆုံး ဆောက်လုပ်ရေးအဖွဲ့နှင့်အတူ ဇိမ်ခံအိမ်တော်တစ်လုံးအား ရှုယီ၏ မမွေးသေးသော ကလေးအတွက် ဆောက်လုပ်ပေးမည်ဖြစ်ကြောင်း ကြေညာလာခဲ့သည်။

ဥက္ကဌခရုစ်မှာ ထိုမြေကွက်ကိုဝယ်ယူရန် ရွှေဒင်္ဂါးနှစ်သိန်းသုံးသောင်းကိုသုံးပြီး အိမ်တော်ကို ဆောက်ရန်က အနည်းဆုံး ရွှေဒင်္ဂါးနှစ်သိန်းကုန်ကျမည်ပင်။

၎င်းတို့အား ပေါင်းကြည့်ပါက ထိုလက်ဆောင်မှာ ရွှေဒင်္ဂါးလေးသိန်းငါးသောင်းကျော်လောက် တန်နေသည်!

"ဒါက တကယ်ကို ကြီးမားတာပဲ၊ ငါလုံးဝ မယှဉ်နိုင်တော့ဘူး။" ဟားနက်စ်က သက်ပြင်းချကာ ခေါင်းခါလိုက်သည်။ ထို့နောက် ရင်ဘတ်ထဲမှ ကြည့်ရအဆင်ပြေသော ကဒ်တစ်ကဒ်ကို ရှုယီထံပေးလာ၏၊ "ဒါနဲ့ယှဉ်ရင် ငါ့လက်ဆောင်က အတော်လေးဈေးပေါနေ‌တယ်။"

"လက်ဆောင်က အရေးမကြီးပါဘူး၊ ခင်ဗျားအနေနဲ့ အန်ဗီမာမြို့တော်ကတောင် တကူးတကလာတာကို ကျုပ်အရမ်းဝမ်းသာနေပြီ။" ရှုယီက ကဒ်အား သာမန်ကာလျှံကာပင် လက်ခံလိုက်သော်လည်း ၎င်းကိုမြင်သော် အံ့ဩသွားသည်၊ "ရှယ်လ်ဒွန်စားသောက်ဆိုင်အတွက် တစ်ဘဝစာအဖွဲ့ဝင်ကဒ်? ဟေး၊ ဟားနက်စ် ခင်ဗျားကျုပ်ကို ရှယ်လ်ဒွန်စားသောက်ဆိုင်ဆီ ပြောင်းခိုင်းဖို့ စီစဉ်နေတာလား? ဒါပေမယ့် ဒီအရာက ကျုပ်အတွက် အသုံးမဝင်ဘူးလေ၊ ဟုတ်တယ်မို့လား?"

"မင်းအတွက် မဟုတ်ပါဘူး၊ မင်းရဲ့ ကလေးအတွက်ပါ။ ဒီကဒ်ပေါ်မှာ နာမည်မရှိတာ မတွေ့ဘူးလား?" ဟားနက်စ်က ကဒ်ကိုညွှန်ပြကာ ဖြေရှင်းလာသည်၊ "ဒီအဖွဲ့ဝင်ကဒ်က ရှယ်လ်ဒွန်စားသောက်ဆိုင်မှာ အခန်းငါးခန်းကို အခမဲ့ရယူနိုင်တယ်။ မင်းရဲ့ကလေးသာ အန်ဗီမာမြို့တော်ကိုလာရင် ဘယ်အချိန်ဖြစ်ဖြစ် ရှယ်လ်ဒွန် စားသောက်ဆိုင်မှာ နေလို့ရတယ်။"

"သူအန်ဗီမာမြို့တော်ဆီသွားတဲ့အခါ ဘာလို့ သူ့အတွက် တစ်နေရာမရှာဘဲ ရှယ်လ်ဒွန်စားသောက်ဆိုင်ဆီသွားရမှာလဲ?"

ဟားနက်စ်က ရယ်မောကာ၊ "မင်းနားမလည်ဘူးလား? လူငယ်တွေက ငါတို့လူကြီးတွေ မသိစေချင်တဲ့အရာတွေကို လုပ်ကြတယ်လေ။ ဥပမာ သူက အန်ဗီမာမြို့တော်က မိန်းကလေးတချို့ကိုသဘောကျပြီး တစ်ခုခုလုပ်ချင်ရင် အဲဒီ့သခင်မလေးကို ဦးလေး ဒါမှမဟုတ် အဒေါ်အိမ်ကို ခေါ်သွားရုံနဲ့ မရဘူးလေ ဟုတ်တယ်မို့လား?"

ရှုယီက ဟားနက်စ်ကို အံ့ဩစွာကြည့်ကာ၊ "ခင်ဗျားက ကျုပ်သားကို အနာဂတ်မှာ လူရှုပ်ဖြစ်စေချင်တာလား? ပြီးတော့လည်း ယောက်ျားလေးမဟုတ်ဘဲ မိန်းကလေးလည်း ဖြစ်နိုင်တာပဲလေ။"

"ငါ ဒါကိုပြင်ဆင်ပြီးပါပြီ၊ ဘာဖြစ်ဖြစ် ဂရုမစိုက်ဘူး။" ဟားနက်စ်က ပခုံးတွန့်ကာ၊ "ပြောရရင် ရှုယီ၊ မင်းက ပထမဆုံးကလေးကို ယောက်ျားလေးနဲ့ မိန်းကလေး ဘာဖြစ်စေချင်လဲ?"

"ကိစ္စမရှိပါဘူး။ဒါပေမယ့် ကျုပ်က သမီးမိန်းကလေးကိုသဘောကျတော့ မိန်းကလေးဖြစ်ဖို့ ပိုပြီး မျှော်လင့်မိတယ်။" ရှုယီက ပြောသည်။

"ဒါပေမယ့် မင်းမှာ တခြားမိသားစုဝင်လည်း ရှိပုံမပေါ်ပါဘူး၊ ဟုတ်တယ်မို့လား? သားယောက်ျားလေးမရှိရင် မင်းမိသားစုက ဆက်ခံသူမရှိဘဲ ဖြစ်သွားမှာပေါ့?"

ရှုယီက မျက်လုံးလှိမ့်ကာ၊ "ခင်ဗျားတို့ မျိုးရိုးမြင့်တွေက တကယ်ကိုပဲ... ခင်ဗျားတို့ အရင်ဆုံးတွေးတဲ့ကိစ္စက မိသားစုရဲ့ ဆက်ခံသူကိစ္စပဲ။"

"မင်းက မျိုးရိုးမြင့်မဟုတ်သလိုလုပ်နေတာပဲ!" ဟားနက်စ်က ချက်ချင်းအော်လိုက်၏၊ "မမေ့နဲ့၊ မင်းက အခု ဗစ်ကောင့်ထ်ဖြစ်နေပြီး၊ ငါ ဘာရွန်ထက်တောင် ပိုမြင့်နေသေးတယ်!"

"ဟေး၊ ဒါက ခင်ဗျား အလုပ်ပြည့်ပြည့်ဝဝမကြိုးစားလို့လေ။" ရှုယီက ဟားနက်စ်ကို စနောက်ရင်း ဆက်ပြောသည်၊ "ပြီးတော့၊ ကျုပ်ရဲ့ ပထမဆုံးကလေးက မိန်းကလေးဆိုလည်း ဘာဖြစ်လဲ? ကျုပ်နဲ့ စတေးလ်က ငယ်သေးတော့ ထပ်မွေးနိုင်သေးတာပဲလေ၊ သူတို့ကို ပျိုးထောင်ဖို့က မတတ်နိုင်တာမှမဟုတ်တာ။ စတေးလ်ကလည်း သားယောက်ျားလေးထပ်မမွေးနိုင်မှာမှမဟုတ်တာပဲ။ မိန်းကလေးတစ်ယောက်ကလည်း မိသားစုရဲ့‌နာမည်ကို အမွေဆက်ခံနိုင်တာပဲ!"

"ပြောရရင် ကွာခြားချက်ကတော့ ရှိနေသေးတယ်လေ။" ဟားနက်စ်က ခေါင်းခါလျက်၊ "မင်းသားလေး အဲရစ်နဲ့ ဘုရင်မဆယ်ဗီနီတို့ရဲ့ အဖြစ်ကိုပဲကြည့်..."

ရှုယီက မျက်မှောင်ကုပ်လျက်၊ "ဒီလိုရှေးရိုးစွဲလူတွေက ဘုရင်မဆယ်ဗီနီက မိန်းကလေးဖြစ်နေတာကြောင့် ဆန့်ကျင်ကြတာလား?"

"အဲ့လိုတော့ မဟုတ်ပေမယ့် အဓိက,က အကျိုးအမြတ်ကြောင့်ပေါ့။" ဟားနက်စ်က ခေါင်းထပ်ခါကာ၊ "ဒါပေမယ့် ရှေးရိုးစွဲအဖွဲ့ကို ဘုရင်မဆယ်ဗီနီကို ဆန့်ကျင်ရတဲ့ အဓိက အချက်ထဲက တစ်ချက်ပါပဲ။"

"ဒါဆို အရှင်မင်းကြီးကရော ဘယ်လိုထင်လဲ?"

"အရှင်မင်းကြီးကတော့... ဘာတွေးနေမှန်း ဘယ်သူသိမှာလဲ။" ဟားနက်စ်က အင်မတန်ထူးဆန်းသည့် မျက်နှာထားဖြင့်၊ "အရှင်မင်းကြီးက မကြာသေးခင်က အင်မတန်အံ့ဩစရာ ဆုံးဖြတ်ချက်ချခဲ့သေးတယ်။ ရှုယီ၊ မင်း သေချာပေါက် အံ့ဩသွားစေရမယ်လို့ ငါက‌တိပေးတယ်။"

***

မှော်စက်မှုအင်ပါယာ

Vol 3, အခန်း ၇၃။ မင်း တာဝန်ယူရမယ်

"ဟားနက်စ်က ကျုပ်ကို ပြောခဲ့ပေမယ့်လည်း အခု ခင်ဗျားကိုမြင်တော့ အတော်အံ့ဩနေမိသေးတယ်။" ရှုယီက ဆယ်ဗီနီအား ငေးကြည့်လျက် မနေနိုင်ဘဲ ခေါင်းယမ်းလိုက်သည်။

"ဘာလဲ? ဥက္ကဌရှု၊ ရှင်က ကျွန်မကို မကြိုဆိုဘူးလား?" ဆယ်ဗီနီက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။ သူမ၏ အသားအရေက မြောက်ပိုင်း၌ ရှိနေခဲ့၍ ပိုမိုကြမ်းသွားသော်လည်း မျက်နှာထက်၌ တူညီသည့် ဖော်ရွေမှုရှိနေဆဲပင်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?" ရှုယီက အလျင်အမြန်ငြင်းဆိုလိုက်သည်၊ "ခင်ဗျားက ဘန်တာမြို့ရဲ့ မြို့စားဖြစ်လာမယ်ဆိုတာကို‌သိတော့ ကျုပ် ဝမ်းသာလွန်းလို့ ထခုန်မိမတတ်ဘဲ! ခင်ဗျားမယုံရင် ဟားနက်စ်ကို မေးကြည့်လို့ရတယ်။"

ဆယ်ဗီနီက ရယ်ကာ ခေါင်းခါလိုက်၏၊ "မေးဖို့ မလိုပါဘူး၊ ရှင် ကျွန်မကို အရမ်းပဲကြိုဆိုချင်တာယုံပါတယ်။ မဟုတ်ရင် ကျွန်မရဲ့ ဖခမည်းတော်ကို ဘန်တာမြို့ဆီ လွှဲပြောင်းခိုင်းတာကို မမျှတတဲ့ မေတ္တာလို့ သတ်မှတ်ရလိမ့်မယ်မလား?"

ထိုသို့ ပြောပြီးနောက် ဆယ်ဗီနီမှာ သူမ၏စကားလုံးများက ဟိုလိုလိုသည်လိုလိုဖြစ်နေရာချောင်းဟန့်လိုက်ရသည်။ ခဏမျှရပ်တန့်ပြီးနောက် ရှုယီထံ လက်ဆန့်ထုတ်ကာ၊ "အတိုချုံးပြောရရင် ဥက္ကဌရှု၊ အခု ကျွန်မက ဘန်တာမြို့ရဲ့ မြို့စား ရှင်ကလည်း ဘန်တာမြို့ စီးပွားရေးလောကရဲ့ အရေးအပါဆုံး ခေါင်းဆောင်ဆိုတော့ အတူတူ အလုပ်ကောင်းကောင်းလုပ်လို့ရဖို့ မျှော်လင့်ပါတယ်။"

ရှုယီလည်း မနေနိုင်ဘဲ ပြုံးကာ ခေါင်းယမ်းလိုက်သည်။ ထို့နောက် ဆယ်ဗီနီ၏ လက်ဆီရောက်သွားကာ၊ "ဘုရင်မ ဘာလို့ခင်ဗျားရဲ့စကားလုံးတွေက မရင်းနှီးပုံပေါ်နေရတာလဲ။ ကျုပ်တို့သိလာတာ တစ်ရက်နှစ်ရက်မှ မ‌ဟုတ်တော့တာ။ ကျုပ်အရင်က ပြောပြီးပြီလေ၊ ခင်ဗျားသာ ဘန်တာမြို့ရဲ့ မြို့စားအဖြစ်ရောက်လာခဲ့ရင် ကျုပ်တို့ ပိုတောင် ကောင်းကောင်းပူးပေါင်းနိုင်ဦးမယ်လို့။ အခု အိပ်မက်က တကယ်ဖြစ်လာတော့ ကျုပ်က အရမ်းဝမ်းသာနေတာ။"

ဆယ်ဗီနီလည်း ခပ်ဖျော့ဖျော့ပြုံးကာ၊ "ကောင့်ထ်စတက်ဂျ်က ရှင့်ရဲ့စကားတွေကို ဘာဆန့်ကျင်မှုမှ မရှိနိုင်ခဲ့ဘူး၊ ဒါပေမယ့် ဥက္ကဌရှု မမေ့ပါနဲ့ ကောင့်ထ်စီယန်သာ သူမြို့စားဖြစ်တဲ့အချိန်က ရှင့်မှာ ဒီအကြံရှိခဲ့မှန်းသိရင် အရမ်းကို မကျေမနပ်ဖြစ်လိမ့်မယ်။"

ရှုယီက ရယ်ကာ၊ "ကောင့်ထ်စီယန်က ဘယ်လိုများ တွန့်တိုတတ်ပါ့မလဲ? ပြီးတော့လည်း သူဆိုရင်တောင် ဒီအခြေအနေကို မြင်ရင် အရမ်းဝမ်းသာနေမှာပဲလေ။"

"အန်း၊ လွန်ခဲ့တဲ့လဝက်က ကျွန်မမြောက်ပိုင်းမှာနေပြီး ဆိုဝယ်လ်မြို့က ထွက်လာတော့ ကောင့်ထ်စီယန်က ကျွန်မနဲ့အတူ ဘန်တာမြို့အကြောင်းဆွေးနွေးခဲ့တယ်။ သူ နည်းနည်းနောင်တရကြောင်းလည်း ပြောခဲ့သေးတယ်။ သူသာ မြို့စားအဖြစ် နည်းနည်းလောက် ထပ်နေနိုင်ခဲ့ရင် ဘန်တာမြို့ရဲ့ဖွံ့ဖြိုးမှုက အချိန်အတော်ကြာ နောက်ကောက်ကျကျန်ပြီး နှောင့်နှေးနေမှာမဟုတ်ဘူးတဲ့လေ။ အခုဆို ကျွန်မက မြို့စားဖြစ်လာတော့ သူအတော်ဝမ်းသာနေမှာပါ။"

"ဒါပေါ့၊ ကျုပ်တို့ ဘန်တာမြို့ဖွံ့ဖြိုးမှုအကြောင်း ပြောနေတာဆိုရင် ကောင့်ထ်စီယန်က ဆယ်နှစ်ကျော်ကြာ မြို့စားဖြစ်ခဲ့တော့ ပိုပြီးနက်နက်ရှိုင်းရှိုင်း ရင်းနှီးမြှုပ်နှံခဲ့တယ်လေ။ အခုတောင် ကျုပ် ဘန်တာမြို့သားတွေနဲ့ စကားပြောလိုက်ရင် သူတို့လည်း ကောင့်ထ် စီယန်ကို မမေ့နိုင်ကြဘဲ ဘန်တာမြို့သမိုင်းမှာ သူကသာ အကောင်းဆုံး မြို့စားလို့ပြောကြတယ်။ " ရှုယီက အခိုင်အမာဆိုလာ၏။

"အိုး? ဒါက ကျွန်မကို နည်းနည်းဖိအားများသွားစေတယ်။" ဆယ်ဗီနီလည်း အပြုံးဖြင့်ပြောသည် "ကောင့်ထ်စီယန်နဲ့စာရင် ကျွန်မက အရမ်းငယ်သေးတယ်။ ဘန်တာမြို့သားတွေက ကျွန်မကို လက်ခံလိမ့်မယ်လို့ ရှင်ထင်လား?"

"အေးဆေးပေါ့၊ ဘန်တာမြို့သားတွေမှာ ပိုကောင်းမွန်တဲ့ဘဝမှာ နေထိုင်ခွင့်ပြုစေလိုတဲ့ ရိုးရိုးရှင်းရှင်း တောင်းဆိုချက်ပဲရှိတယ်။ သူတို့က ခင်ဗျားရဲ့ ဘုရင်မဆိုတဲ့ ရာထူးကိုတောင် ဂရုမစိုက်ဘဲ ဘယ်သူ့ကိုမဆို ထောက်ပံ့လိမ့်မယ်။ အနည်းဆုံးတော့... ခင်ဗျားက ကောင့်ထ်စတက်ဂျ်ထက် မကျော်ကြားမှာမျိုး မဖြစ်နိုင်ပါဘူး"

ရှုယီ၏ ကောင့်ထ်စတက်ဂျ်အား အကဲဖြတ်သံကိုကြားသော် ဆယ်ဗီနီမှာ အတန်ငယ်တိတ်ဆိတ်သွားပြီးမှ ခေါင်းခါလျက် သက်ပြင်းချလိုက်သည်၊ " ကောင့်ထ်စတက်ဂျ်ရဲ့ အရည်အချင်းက မဆိုးပါဘူး၊ ဒါပေမယ့် သူရဲ့ ရပ်တည်ချက်ကြောင့် သူလိုအပ်တဲ့‌နည်းလမ်းတွေကိုပဲသုံးနိုင်တယ်။ တစ်နှစ်အတွင်း ဘန်တာမြို့မှာ ဘာအောင်မြင်မှုမှ မရခဲ့တာကြောင့် သူပြန်သွားပြီးနောက်မှာ သူ့နေ့ရက်တွေက အဆင်ပြေမှာမဟုတ်ဘူး။"

ရှုယီက မင်သေသွားကာ, "အဆင်မပြေဘူး? သူက လော်ရန်မြို့တော်ရဲ့ မြို့စားဖြစ်သွားတာမဟုတ်ဘူးလား? လော်ရန်မြို့တော်က ဘန်တာမြို့ထက် အဆပေါင်းများစွာကြီးမားတော့ ဒါကို မြှင့်တင်မှုလို့တောင်သတ်မှတ်ရမှာကို ဘာလို့ အချိန်ကောင်းမရနိုင်ရမှာလဲ?"

"ကြည့်ရတာ ရှင် သတင်းအပြည့်အစုံကို မရလိုက်ဘူးထင်တယ်။" ဆယ်ဗီနီက ခေါင်းခါရင်း ဆိုလာသည်၊ "ကျွန်မက ဘန်တာမြို့မြို့စားအဖြစ်တာဝန်ယူမှာကို ရှင်သိတော့ ကျွန်မရဲ့ တော်ဝင်အစ်ကိုတော်နှစ်ယောက်လည်း တခြားမြို့တွေရဲ့ မြို့စားတွေဆိုတာ သိမှာပါ။ ကျွန်မ အစ်ကိုတော် အဲရစ် ရွေးလိုက်တာက လော်ရန်မြို့တော်လေ။"

ရှုယီက အံ့အားသင့်ကာ၊ "ဒါဆို ကောင့်ထ်စတက်ဂျ်ကရော?"

" ကောင့်ထ်စတက်ဂျ်က လော်ရန်မြို့တော်ရဲ့ မြို့စားအဖြစ် တာဝန်ယူရမယ်ဆိုတာကို ဟားနက်စ်ဆီက ကြားခဲ့တာ မဟုတ်လား?" ဆယ်ဗီနီက မေးသည်။

"ဟုတ်တယ်၊ ခင်ဗျား ဘန်တာမြို့ရဲ့ မြို့စားဖြစ်တော့မယ့် အကြောင်းလိုပေါ့၊ အားလုံးကို ဟားနက်စ်ဆီက ကြားခဲ့တာပဲ။" ရှုယီက‌ ခေါင်းငြိမ့်ကာ ဖြေဆိုလိုက်၏။

"ရှင့် အနေနဲ့ နောက်ဆုံးပြောင်းလဲမှုတွေကိုမသိတာ အံ့ဩစရာမရှိပါဘူး။ တကယ်တော့ ကောင့်ထ်စတက်ဂျ်က လော်ရန်မြို့စားဖြစ်ဖို့ဆိုတာ တော်ဝင်လွှတ်တော်ရဲ့ ကနဦးဆုံးဖြတ်ချက်ဖြစ်ပြီး ဆုံးဖြတ်ချက်တော့ တိတိကျကျ မချရသေးဘူး။ လွန်ခဲ့တဲ့သုံးရက်ကပဲ အစ်‌ကိုတော်အဲရစ်က လော်ရန်မြို့တော်ရဲ့ မြို့စားဖြစ်လာဖို့ ရွေးချယ်လိုက်တော့ ကောင့်ထ်စတက်ဂျ်ရဲ့ရာထူးကို ဘေးခဏချိတ်ထားလိုက်ရတယ်။"

ရှုယီက အသာ မျက်မှောင်ကုပ်ကာ၊ "ကောင့်ထ်စတက်ဂျ်မှာ ဘာအကြံမှမရှိဘူးလား?"

"ရှိတော့ရှိမှာပေါ့၊ ဒါပေမယ့် ဒါက စတက်ဂျ်မိသားစုရဲ့ဆုံးဖြတ်ချက်ဖြစ်တာကြောင့် သူ့ရဲ့အကြံက ဘာမှ အဓိပ္ပာယ်မရှိဘူးလေ။ ကျွန်မထင်တာတော့... စတက်ဂျ်မိသားစု ဒီလိုလုပ်ရတဲ့ အကြောင်းရင်းကို ရှင်နားလည်လောက်မယ်လို့ပေါ့?" ဆယ်ဗီနီက မေးသည်။

ရှုယီက ခါးသီးစွာပြုံးလျက် ခေါင်းငြိမ့်၏၊ "ဒါပေါ့ ကျုပ်သိပါတယ်။ ကြည့်ရတာ စတက်ဂျ်မိသားစုက မင်းသားလေးအဲရစ်ကို ထောက်ပံ့နေကြောင်း အားလုံးဆီ ကြေညာနေသလိုပဲ။ ပြောရရင် ခင်ဗျားကိုထောက်ပံ့နေတဲ့ လူတွေရော၊ ဘုရင်မ? စတက်ဂျ်မိသားစုလိုဆုံးဖြတ်တဲ့ တစ်ယောက်ယောက်ရှိလား?"

"ရှင်ရှိတယ်မဟုတ်လား?" ဆယ်ဗီနီက ရှုယီထံ မျက်လုံးတစ်ဖက်မှိတ်ပြလိုက်၏။ ရှုယီလည်း မှင်သေသွားပြီမှ လှောင်ပြုံးဖြင့်ပြောသည်၊ "ဘုရင်မ၊ နောက်နေတာပဲ ဖြစ်ရမယ်။ ကျုပ်က ကုန်သည်လေးပါပဲ၊ ကျုပ်က ခင်ဗျားကို ထောက်ပံ့ဖို့ ဆုံးဖြတ်လိုက်ရင်တောင် ဘာလွှမ်းမိုးမှုရှိမှာမို့လဲ? စတက်ဂျ်မိသားစုလို့ အကောင်ကြီးနဲ့ မယှဉ်နိုင်ပါဘူး။"

ဆယ်ဗီနီက နှုတ်ခမ်းများကို ဖိကပ်ကာ ပြုံးသွားပြီး၊ "ဥက္ကဌရှု၊ ရှင့်ကိုယ်ရှင် အထင်သေးနေတာပဲ။ ကောင့်ထ်စတက်ဂျ် ကျွန်မဆီ ကိစ္စတွေလွှဲပေးချိန်က ရှင့်ကိုအသေအချာချီးမွမ်းသွားတယ်။ ရှင်နဲ့သာ တူညီတဲ့ဘက်မှာရှိနေရင် သူက ရှင့်ကို အပြည့်အဝထောက်ပံ့ဖြစ်မှာတဲ့။ ရှင်က ကောင့်ထ်စတက်ဂျ်ကို အချိန်တိုတိုလေးနဲ့ ပြားပြားဝပ်သွားစေတာပဲ၊ ကျွန်မ ရှင့်ရဲ့အစွမ်းအစကို လေးစားမိပါတယ်။"

"အိုး? ကောင့်ထ်စတက်ဂျ်က ဒီလိုပြောတာလား?" ရှုယီက အတန်ငယ်အံ့ဩသွားကာ၊ "ကျုပ်ထင်တာတော့ သူ ကျုပ်ကို အရမ်းမုန်း‌တီးနေတာပဲ။"

"ရှင်သူ့ကို အထင်လွဲနေပြီ၊" ဆယ်ဗီနီက ခေါင်းခါကာ၊ "တကယ်တော့ ကျွန်မ ကောင့်ထ်စတက်ဂျ်ကို အတော်လေးစားမိတယ်။ သူက စတက်ဂျ်မိသားစုရဲ့ ဆုံးဖြတ်ချက်ကြောင့် ရှင့်ကို ပစ်မှတ်ထားနေတော့ ဘက်မတူတာရဲ့ ပြဿနာဖြစ်လာတယ်။ ကျွန်မသူနဲ့စကားပြောတော့ သူကျွန်မကို ဘန်တာမြို့ဖွံ့ဖြိုးမှုရဲ့ အသေးစိတ်တိုင်းကို ရှင်းပြပြီး ဘန်တာမြို့ဖွံ့ဖြိုးမှုက ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ လှုပ်ရှားမှုတိုင်းနဲ့ ဆက်စပ်နေတယ်လို့ပြောခဲ့တယ်။ သူက ဘန်တာမြို့ကို တိုးတက်စေချင်ရင် ကျွန်မအနေနဲ့ Frestech ကုန်သည်ကြီးများအသင်းကို ထောက်ပံ့သင့်တယ်လို့ပါ တိုက်တွန်းခဲ့သေးတယ်လေ။"

"ဒါအမှန်မဟုတ်ဘူး မို့လား?" ရှုယီက မျက်မှောင်ကုပ်ကာ၊ "သူက ဘန်တာမြို့ရဲ့ မြို့စားမဟုတ်တော့ရင်တောင် သူ့ရဲ့ရပ်တည်ချက်က မပြောင်းသေးဘူး မဟုတ်လား? ဘာလို့ ကျုပ်ကို ချီးကျူးပြီး ခင်ဗျားကိုပါ အကြံပေးနေရသေးတာလဲ? သူက ရပ်တည်ချက်ပြောင်းပြီး ခင်ဗျားကို ထောက်ပံ့ဖို့ သူ့မိသားစုကို သစ္စာ ဖောက်ချင်နေတာများလား?"

"ဒါက ကျွန်မ,မသိတဲ့အရာပဲ။" ဆယ်ဗီနီမှာ ခေါင်းခါကာ၊ "အတိုချုံးပြောရရင် ဒါတွေက သူ့စကားလေ။"

ရှုယီက ခဏတာ ရှုပ်ထွေးသွားသော်လည်း မည်သည်ကိုမှ မစဉ်းစားတော့ဘဲ စိတ်ထဲသို့သာ ထိုမေးခွန်းကို ပြန်ထည့်ထားလိုက်၏။ ထို့နောက် ဆယ်ဗီနီကို မေးလိုက်၏၊ "ကောင်းပြီ၊ ဘုရင်မ အခုခင်ဗျားက ကျုပ်တို့ ဘန်တာမြို့ရဲ့မြို့စားဆိုတော့ ဘာတွေလုပ်ဖို့ စီစဉ်ထားလဲ?"

ဆယ်ဗီနီ ခပ်ဖျော့ဖျော့ပြုံးကာ မျှော်လင့်မထားစွာဖြင့် ရှုယီထံ ဦးညွှတ်လာကာ အပြုံးဖြင့်ဆို၏၊ "သခင်ကြီး ဗစ်ကောင့်ထ်ရှုယီ၊ ဘန်တာမြို့တိုးတက်ဖို့အတွက် ကျွန်မ ရှင့်ရဲ့ထောက်ပံ့မှုနဲ့ အကြံပြုချက်တွေကို တောင်းဆိုရမှာပါ။"

ရှုယီက ကြောင်အသွား၍၊ "ဟေး၊ ခင်ဗျားက မြို့စားအရှင်လေ။"

ဆယ်ဗီနီက ရှုယီထံ ဆန်းကြယ်စွာပြုံးပြလာသည်။

"ဒါပေမယ့် ခမည်းတော်ရော အရင် မြို့စားနှစ်ယောက်ရောက ဘန်တာမြို့ တိုးတက်ဖို့ဆိုရင် ကျွန်မကို ရှင့်ရဲ့ Frestech ကုန်သည်ကြီးများအသင်းဥက္ကဌအဖြစ် အကြံပြုချက်ကို နားထောင်ခိုင်းထားတယ်လေ။ ဒါကြောင့် ဥက္ကဌရှု၊ ကျွန်မအနေနဲ့ ဒီတာဝန်ယူမှုကို အကောင်အထည်ဖော်ဖို့ ရှင့်ဆီက တောင်းဆိုရမယ်။"

ဆယ်ဗီနီ၏မျက်နှာထက်မှာ ပြုံးပျော်နေပုံကို‌မြင်သော် ရှုယီမှာ မနေနိုင်ဘဲ ခေါင်းခါလျက် ဘာပြောရမှန်းကို မသိတော့ပါချေ။

ဘုရင်မဆယ်ဗီနီမှ ဘန်တာမြို့၏ မြို့စားအဖြစ် တာဝန်ယူလိုက်ခြင်းကို ချက်ချင်း ဘန်တာတိုင်းမ်စ်‌တွင် ကြေညာလိုက်ကြသည်။

ထိုသတင်းအားကြေညာသည့်နေ့တွင် ဘန်တာမြို့သားများက ရုတ်တရတ် ဘန်တာမြို့မှာ များစွာပိုမို သက်ဝင်လှုပ်ရှားလာသည်ကို တွေ့ရှိလိုက်ရသည်။ ဘန်တာမြို့က ကောင့်ထ်စတက်ဂျ်၏ စိုက်ပျိုးရေးမူဝါဒချမှတ်မှုများ ပိုမိုများပြားလာခြင်းကြောင့် ခြောက်သွေ့သွားခဲ့ရသည်။

ပိတ်ချရန် တွန်းအားပေးခံခဲ့ရသည့် ဆိုင်များမှာ သဘောတူညီချက်ရသွားဟန်ပေါ်ကာ တစ်နေ့တည်းမှာပင် လမ်းမ၌ လူများစွာ ရှိနေ၏။

လွန်ခဲ့သည့် ၂နှစ်ကနှယ် မစည်ကားပါသော်လည်း ကောင့်ထ်စတက်ဂျ် မြို့စားဖြစ်စဉ်ကလောက်လည်း မခြောက်သွေ့နေပါချေ။

မြို့စားပြောင်းလဲလိုက်ရာ ဘန်တာမြို့ပြောင်းလဲသွားပြီး ဘဝလည်း ပြည့်ဝလာသည်။

ဤအခြေနေ၌ ဘန်တာတိုင်းမ်စ်က ဘုရင်မဆယ်ဗီနီမှာ ဘန်တာမြို့မြို့စားအဖြစ်တာဝန်ယူမည်ဖြစ်ကြောင်း ကြေညာသည်ကို သတိပြုမိသူများများစားစားမရှိဘဲ အခြားသော သတင်းအပိုင်းအစများလည်း ရှိနေသည်။

မင်းသားလေးအဲရစ်က လော်ရန်မြို့၏ မြို့စားဖြစ်လာမည်။

လူတိုင်းနီးပါးက ထိုကိစ္စနှစ်ခုအ‌ပေါ် ဘန်တာတိုင်းမ်စ်၌ ပြုလုပ်ထားသော ခွဲခြမ်းစိတ်ဖြာမှုနှင့် ရှင်းလင်းချက်ကို လျစ်လျူရှုထား၏။

ဘန်တာတိုင်းမ်စ်လက်ခံရရှိခဲ့သည့် သတင်းအချက်အလက်အရ ဘုရင်ကြီးအနေနှင့် အံ့အားသင့်ဖွယ် မင်းသားလေး အဲရစ်နှင့် ဘုရင်မဆယ်ဗီနီတို့အား ဘန်တာမြို့နှင့် လော်ရန်မြို့တို့၏ မြို့စားအဖြစ်ထားရှိခြင်းအကြောင်းအရင်းမှာ ၎င်းတို့၏ အုပ်စိုးမှုကို စစ်ဆေး၍ ဆက်ခံသူရွေးချယ်ရန်ဖြစ်သည်။

၎င်းတို့သာ မြို့စားရာထူး၌ ကောင်းမွန်စွာ ထမ်းဆောင်နိုင်ပါက ဘုရင်ကြီး၏ စိတ်ထဲ၌ အမှတ်မြင့်မြင့်ရကာ နောက်ဆုံး ထီးနန်းကို ရယူနိုင်မည့် ၎င်းတို့၏ အနေအထားကို တိုးတက်လာစေနိုင်မည်ဖြစ်သည်။

ထို့ကြောင့် ဘန်တာမြို့သားများအတွက် ၎င်းက မြို့စားများ ပြောင်းလဲသွားခြင်းသာပင်။

အမျှော်အမြင်ရှိသူများက လမ်ပူရီတိုင်းပြည်၏ နောက်တက်မည့် ဘုရင်ကိုဆုံးဖြတ်နိုင်သည်။

ဘန်တာတိုင်းမ်စ်၌ မဖော်ပြထားသည့် နောက်ထပ်မင်းသားလေး မီဖန်းကိုမူ လူတိုင်းက လုံးဝ လျစ်လျူရှုထားရာ အကြောင်းအရင်းကိုမသိရချေ။

***

မှော်စက်မှုအင်ပါယာ

Vol 3, အခန်း ၇၄။ ဉာဏ်ပြေးလွန်းတယ်

"ဟယ်လို မစ္စတာ မာကာဒို, ဒါက ခင်ဗျားရဲ့ ယာဉ်မောင်းလိုင်စင်ပါ၊ အတည်ပြု လက်ခံပေးပါဦး။"

Frestech ကုန်သည်ကြီးများအသင်း၏ လှပသော ဧည့်ကြိုမလေးထံမှ ကောင်းမွန်စွာပြုလုပ်ထားသည့် အဆင့်မြင့်ယာဉ်မောင်းလိုင်စင်ကို ရယူပြီးနောက်၌ မာကာဒိုမှာ ၎င်းပေါ်မှာ သူ၏အမည်နှင့် ဓာတ်ပုံကိုကြည့်ပြီး စိတ်လှုပ်ရှားစွာ လက်ဝေ့ယမ်းလိုက်သည်။ ထို့နောက် Frestech ကုန်သည်ကြီးများအသင်း၏ မှော်ကားစစ်ဆေးရေးဌာနမှ ပြေးထွက်သွားသည်။

သူပြေးထွက်သွားချိန်၌ ဝင်လာသည့် တစ်ယောက်ရှိနေသည်။ မာကာဒိုမှာ အချိန်မီမရှောင်လိုက်မိရာ တိုက်မိသွား၏။

မာကာဒို မြန်ဆန်စွာ တုံ့ပြန်လိုက်သည်က ကိစ္စကောင်းပင်။ သူဟာ ဘေးသို့ အမြန်ရွှေ့လိုက်သော်လည်း ထိုလူ၏ ပခုံးနှင့် တိုက်မိသွားဆဲ။

"ဖုံး"

လေသံနှင့်အတူ မာကာဒိုသည် ထိုလူက အလွန်ပေါ့ပါးသည်ဟု ခံစားလိုက်ရသည်။ သူ လှုပ်ရုံသာ လှုပ်သော်လည်း တစ်ဖက်ကို ခြေလှမ်းပေါင်းများစွာ နောက်ပြန်ဆုတ်သွားစေပြီး ဖင်ထိုင်ရက်လဲကျသွားကာ စူးရှနာကျင်သည့် အော်သံထွက်လာသည်။

ထိုဆွဲဆောင်မှုရှိသော ညည်းညူသံကိုကြားရသော် မာကာဒို၏ နှလုံးသားက ပူပန်မှုများပြည့်သွားသည်။

၎င်းက တကယ်ကို မိန်းကလေးတစ်ဦးပင်!

မာကာဒိုလည်း အလျင်အမြန် ကိုယ်ကိုကိုင်းလျက် လက်ကမ်းလိုက်၏။ ထို့နောက် တောင်းပန်သံဖြင့်ဆို၏၊ "တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်။ ကျုပ်... ကျုပ် သေချာမကြည့်လိုက်မိလို့၊ တကယ်ပဲ တောင်းပန်ပါတယ်ဗျာ..."

မိန်းမငယ်လေးက မျက်လုံးများမှေးစင်းလျက် မာကာဒိုထံ ကြည့်လာလေသည်။ ထိုနှစ်ဦးမှာ တစ်ဦးနှင့် တစ်ဦးကြည့်ရင်း မှင်သေနေကြ၏။

"မင်း?"

"ရှင်ပဲ!"

ဤ မိန်းကလေးမှာ ယခင်တစ်ခေါက် သူ မိုးကျတောင်ကြားဆီသွားကာ ယာဉ်မောင်းလိုင်စင်ယူပြီး မှော်ကားဝယ်ရန်ပြင်စဉ်က သူ၏တောင်းဆိုချက်ကို ငြင်းပယ်ခဲ့သည့် ဧည့်ကြိုပင်။

ထိုမိန်းကလေးက မည်သည်ဆိုသည်အား သိရပြီးနောက် မာကာဒိုမှာ ပို၍ပင် အနေရခက်သွားသည်။

ယခင်တစ်ခေါက်က သူ၏‌ကြီးမားသော မျှော်လင့်ချက် ငြင်းပယ်ခံလိုက်ရသောကြောင့် ထိုမိန်းကလေးကို ဒေါသအလျောက်‌အော်ဟစ်ခဲ့သည်။ Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌရှု ထွက်လာကာ ဖြေရှင်းပေးခြင်းကြောင့်မဟုတ်ပါလျှင် သူဟာ အရှုပ်အထုပ်ကို ပို၍ပင် ဖန်တီးပြီးနေလောက်လေသည်။

ယခင်က ထိုမိန်းကလေး မည်မျှ သနားဖွယ်ကောင်းခဲ့သည်ကို စဉ်းစားရင်း မာကာဒိုမှာ ပိုလို့ပင် စိတ်မလုံဖြစ်လာ၏။ ၎င်းကိုစဉ်းစားကပြီးနောက် သူ့ကိုယ်သူအားပေးရင်း ဆိုလာသည်၊ "ဒီ...ဒီက သခင်မလေး... ကျုပ်တကယ်ပဲ တောင်းပန်ပါတယ်။ ဒီတစ်ခေါက်အတွက်ပဲမဟုတ်ဘဲ အရင်တစ်ခေါက်လည်းပါ,ပါတယ်။ အရင်တစ်ခေါက်က ကျုပ်အရမ်းရိုင်းခဲ့ပြီး ဥက္ကဌရှုက မှန်နေခဲ့တာကြောင့် ဘယ်အချိန်ပဲ ပြန်စဉ်းစားမိပါစေ နောင်တရနေခဲ့တာပါ။ ဘာပဲဖြစ်ဖြစ်၊ ကျုပ်အနေနဲ့ ခင်ဗျားလို မိန်းမလှလေးအပေါ် အဲ့လိုမပြုမူသင့်ဘူးလေ။ ကျုပ်အမြဲ တောင်းပန်ချင်ခဲ့တာပါ၊ ခင်ဗျားကိုလည်း ဝင်တိုက်မိခဲ့တာဆိုတော့၊ ကျုပ်.... ကျုပ်..."

မာကာဒိုက အတန်ငယ်တုံ့ဆိုင်းနေပြီးမှ ရုတ်တရတ်ပြောလိုက်သည်၊ "ကျုပ် ခင်ဗျားကို ထမင်းလိုက်ကျွေးလို့ရမလား?"

အယ်ရီကာက မာကာဒိုကို တအံ့တဩကြည့်ရှုလိုက်သည်။ ထိုလူက အင်မတန်ထူးဆန်းလှသည်ဟု တွေးတောနေသည်၊ ထိုလူက ယခုပဲ သူမအား တောင်းပန်နေပြီး ယခုပဲ ထမင်းကျွေးချင်သည်ဟု ပြောနေသည်လား?

ဒါက အမျိုးသားလုပ်ဖော်ကိုင်ဖက်တွေ သူမကို လိုက်ချင်တဲ့အချိန် ပြောတာကြီးမဟုတ်ဘူးလား?

သို့သော် စဉ်းစားလိုက်ပြီးနောက် အယ်ရီကာက နားလည်သွားသည်။ သူက ထို‌တစ်နပ်စာကို သူ၏တောင်းပန်မှုအဖြစ်ဖော်ပြချင်လိုသည်ဖြစ်ရာ သူမက လက်ကိုဝေ့ယမ်းလိုက်သည်။

"မလိုပါဘူး၊ ကျွန်မစိတ်ထဲမထားပါဘူး၊ ဒါကြောင့် ရှင် ဒီလောက် ယဉ်ကျေးဖို့မလိုပါဘူး။" အယ်ရီကာလည်း အနည်းငယ် တုံ့ဆိုင်းနေပြီး မာကာဒိုကမ်းပေးသော လက်ကို ဆွဲကာ စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။

ယခင်တစ်ခေါက်က သူမဟာ အမှန်ပင် စိတ်ထဲမထားပါချေ။ လူများစွာရှေ့၌ မာကာဒိုထံမှ အအော်ခံခဲ့ရပါသော်လည်း ထိုကိစ္စက အယ်ရီကာ၏နှလုံးသားထဲရှိ ဥက္ကဌရှုကို သတိပေးမိကာ ဥက္ကဌက ကိုယ်တိုင်ပင် ကူညီပေးခဲ့သည်။ ထိုသည်က အယ်ရီကာကို အင်မတန်ပျော်ရွှင်စေရာ သူမ၏ လုပ်ဖော်ကိုင်ဖက်များနှင့် မိတ်ဆွေများထံပင် အချိန်ကြာ ပြောပြနေခဲ့သေး၏။

ထိုကိစ္စကြောင့် လုပ်ငန်းစုမှာ သူမ,လိုမျိုး ဧည့်ကြိုများထံ၌ ပိုမိုအရေးထားလာသည်။ စီအီးအို ခမ်နက်ဒ်၏ မှာကြားချက်များနှင့်အတူ ၎င်းတို့အား အဆူခံရခြင်းအတွက် အထူးလေ့ကျင့်ပေးကာ သူမ၏လစာသည်ပင် တိုးသွား၏။ ၎င်းက တစ်လလျှင် ရွှေဒင်္ဂါးရှစ်ပြားမှ တစ်ဆယ့်နှစ်ပြားအထိထက်သွားကာ ၅၀%တိုးသွားသည်လေ!

ထို့ကြောင့် ရိုးသားစွာဆိုရလျှင် မာကာဒိုက သူမအား ပြုမူခဲ့ပုံကြောင့် စိုးရိမ်နေသော်လည်း သူမကတော့ ၎င်းကြောင့် အကျိုးခံစားခွင့်များရခဲ့သည်။ ထို့ကြောင့် သူမက မာကာဒိုထံ အမုန်းများမထားဘဲ သူ့အကြောင်းပင် ပိုသိချင်နေ၏။ အဘယ့်ကြောင့် ထိုလူက ယာဉ်မောင်းလိုင်စင်နှင့် ကားတစ်စီးပိုင်ခြင်းအား များစွာဂရုစိုက်နေရသနည်း?

အဘယ့်ကြောင့် သူမက Frestech ကုန်သည်ကြီးများအသင်းမှာ မှော်ကားများအား ဖာဆန်ရထားလုံးလုပ်ငန်းစုထံသို့သာ ရောင်းချသည်ဟု ပြောပြီးနောက် အလွန်စိတ်ပျက်ကာ ရိုင်းပင် ရိုင်းခဲ့ရသနည်း?

မှော်ကားတွေက သူ့အတွက် အရေးကြီးတာကြောင့်လား?

အယ်ရီကာက သူ့အား သိလိုစိတ်ဖြင့်ကြည့်လိုက်ရာ မာကာဒို၏ အနေခက်နေဟန်က ပို၍ပင် ထင်ရှားလာသည်။ အယ်ရီကာက ယခင်က ဖြစ်ခဲ့သည်ကို စဉ်းစားကာ ခွင့်လွှတ်ပေးရန် အစီစဉ်မရှိဟု ထင်လိုက်၏။

အယ်ရီကာက သူ၏ဖိတ်ကြားမှုကို ပြန်မဖြေလာသည်အား မြင်သော် မာကာဒိုက သူ့ကိုယ်သူရယ်ကာ အယ်ရီကာထံ တစ်ချက်ဦးညွှတ်လျက် လှည့်ထွက်သွားတော့သည်။

"ဟေး... အဲဒီ့... မစ္စတာ မာကာဒို, စောင့်ပါဦး။" သူခြေနှစ်လှမ်းမျှလှမ်းပြီးနောက်၌ အယ်ရီကာက ရုတ်တရတ်ကြီး သူ့အား အော်ခေါ်လာမည်ဟု မည်သူက ထင်ထားမည်နည်း။

မာကာဒိုက အယ်ရီကာက ခပ်ငေးငေးပြန်ကြည့်လိုက်ပြီး ကျေနပ်နေဟန်ဖြင့် ဆိုလိုက်သည်၊ "ဒီက သခင်မလေး၊ ခင်ဗျား ကျုပ်ရဲ့ ဖိတ်ကြားမှုကို လက်ခံပြီး ခွင့်လွှတ်ဖို့ စီစဉ်ထားတာလား?"

"မဟုတ်ပါဘူး၊ ကျွန်မ အဲ့ဒါကိုဂရုမစိုက်ဘူး၊ ဒါပေမယ့်..." အယ်ရီကာက ခေါင်းခါလျက် မာကာဒိုထံ၌ရှိနေသော စာအုပ်စိမ်းအသေးလေးကိုညွှန်ပြရင်း မေးလာသည်၊ "ရှင့်လက်ထဲက ဒီပစ္စည်းက ကျွန်မတို့လုပ်ငန်းစုက ဒုတိယအဆင့် ယာဉ်မောင်းလိုင်စင် ဖြစ်ရမယ်ဟုတ်?"

မာကာဒိုက အလျင်အမြန်ခေါင်းငြိမ့်ကာ ဖြေလိုက်သည်၊ "ဟုတ်ပါတယ်၊ ဒီက သခင်‌မလေး ဒါက ဒုတိယအဆင့်ယာဉ်မောင်းလိုင်စင်မှန်းသိတာလား? အိုး၊ ဆောရီး ကျုပ်အမှားပါ။ ခင်ဗျားက Frestech ကုန်သည်ကြီးများအသင်းရဲ့ ဝန်ထမ်းပဲ၊ ဒါကို သိနေတာက မထူးဆန်းပါဘူး။ ဆောရီး၊ ကျုပ်ခင်ဗျားကို စော်ကားတာမဟုတ်ပါဘူးဗျာ။"

"ဘာမှမဖြစ်ပါဘူး။" အယ်ရီကာက စိတ်မရှိပေ၊ "ကျွန်မက အတော်လေးသိချင်နေရုံပါ။ ကျွန်မတို့လုပ်ငန်းစုက လဝက်လောက်ကြာမှ ယာဉ်မောင်းလိုင်စင်စစ်ဆေးပွဲလုပ်မှာကို ရှင့်မှာ တစ်ခုရှိနေပြီမို့လို့၊ ကြည့်ရတာ ရှင်က မှော်ကားအကြောင်း တကယ်ဂရုစိုက်ပုံပဲ။ အခုရှင့်မှာ ယာဉ်မောင်းလိုင်စင်ရှိ‌ပြီဆိုတော့ တစ်စီးလောက် ဝယ်ဖို့ စီစဉ်ထားတာလား?"

ထိုမေးခွန်းကိုကြားသော် မာကာဒိုက မနေနိုင်ဘဲ ရင်ကိုကော့ကာ ခေါင်းငြိမ့်၍ ဆိုလာ၏၊ "ဟုတ်ပါတယ်၊ ကျုပ် မှော်ကားဝယ်ဖို့ ပြင်နေတာ။"

အယ်ရီကာထံ ကြည့်ပြီးနောက် မာကာဒို၌ ရုတ်တရတ်အကြံရသွားသည်၊ " ဒီက သခင်မလေး၊ ခင်ဗျားက မှော်ကားနဲ့ ရင်းနှီးပုံပဲ၊ ကျုပ်ကို ဘယ်အမျိုးအစားဝယ်ရမလဲဆိုတာ ရွေးကူလို့ရမလား? ကျုပ်က သိပ်ကောင်းကောင်းနားမလည်တော့ ခင်ဗျားကူညီရင် ကျေးဇူးတင်မိမှာပါ။"

အယ်ရီကာက အတန်ငယ်တုံ့ဆိုင်းနေကာ အပြုံးဖြင့်ပြောလိုက်သည်၊ "ဟုတ်ပြီလေ၊ ဖောက်သည်တွေကို ပြဿနာ‌တွေဖြေရှင်းရာမှာကူညီဖို့က ကျွန်မရဲ့တာဝန်ပါပဲ။ ကျွန်မနဲ့အတူ လိုက်ခဲ့ပါ။"

အယ်ရီကာက သဘောတူကာ ဦးဆောင်သွားသည်ကိုမြင်သော် မာကာဒိုက မနေနိုင်ဘဲ လက်မထောင်လိုက်မိ၏။

မာကာဒို၊ မင်းက တကယ် ဉာဏ်ပြေးတာပဲ!

Frestech ကုန်သည်ကြီးများအသင်း၏ မှော်ကားထုတ်လုပ်ရေးဌာနကိုမှာ မောင်းနှင်ရေးဌာနနံဘေး၌ရှိရာ မာကာဒိုလည်း အယ်ရီကာကိုအမီလိုက်ရင်း ထိုနေရာသို့ မြန်မြန်ရောက်သွားသည်။

တကယ်တမ်း မာကာဒို၏ ရည်ရွယ်ချက်မှာ အလတ်ဆိုဒ်မှော်ခရီးသည်တင်ကားကို ဝယ်ယူရန်ဖြစ်ပါသော်လည်း အယ်ရီကာ၏ စိတ်ရှည်လက်ရှည်ရှင်းပြမှုကြောင့် မှော်ကားအမျိုးကွဲစုံအကြောင်းကို နားထောင်နေမိသည်။

မှန်ပါ၏၊ Frestech ကုန်သည်ကြီးများအသင်းမှာ လက်ရှိတွင် အလတ်ဆိုဒ်နှင့် ကုန်တင်ကုန်ချမှော်ကားများကိုသာ ထုတ်လုပ်နေရာ အခြားအမျိုးအစားမရှိတော့ဘဲ မော်ဒယ်ခြောက်မျိုးသာရှိသည်။ ထို့ကြောင့် ၎င်းတို့အားလုံးကို ရှင်းပြရန် အချိန်များများမပေးရပါချေ။

အယ်ရီကာ၏ ရှင်းပြချက်ကိုကြားပြီးနောက် မာကာဒိုမှာ အလေးအနက်တွေးတောနေပြီးမှ အလတ်ဆိုဒ် မှော်ခရီးသည်တင်ကားကို ဝယ်ယူချင်ကြောင်းပြောလိုက်သည်။

"မစ္စမာကာဒို ကျွန်မတို့လုပ်ငန်းစုရဲ့ အလတ်ဆိုဒ်မော်ခရီးသည်တင်ကားက လက်ရှိမှာ ရွှေဒင်္ဂါး၈၆၀ပြားတန်ဖိုးရှိပါတယ်၊ ရှင် တတ်နိုင်ရဲ့လား?"

"ရွှေဒင်္ဂါး ၈၆ဝ?" မာကာဒိုမှာ အံ့ဩသွားရ၏။

ထိုဈေးနှုန်းမှာ မာကာဒိုမျှော်လင့်ထားသည့် အရာမဟုတ်ချေ။ သူ၏ အတွေးများအရ မှော်စက်ဟု သတ်မှတ်နိုင်သော ခေတ်တွင် မှော်ကားမှာ မြင်းလှည်းများစွာနှင့် တန်ဖိုးအတူတူလောက်သာ ကျသင့်ပေသည်။ ထိုဈေးနှုန်းက မြင်းလှည်းများစွာ၏ တန်ဖိုးကို ပေါင်းထားခြင်းနှင့် တူညီရပေမည်။

အတွေ့ရအများဆုံး မြင်းတစ်ကောင်ပါမြင်းလှည်းအတွက် အနည်းဆုံး ရွှေဒင်္ဂါးလေးရာကျသင့်၏။ ထို့ကြောင့် မာကာဒိုမျှော်မှန်းထားသည့် အနိမ့်ဆုံးတန်ဖိုးမှာ အနည်းဆုံး ရွှေဒင်္ဂါးတစ်ထောင်သာ ဖြစ်ပေသည်။

သို့သော် မာကာဒိုမှ မြင်းလှည်းထက် ပိုအားကောင်းသည်ဟုထင်ထားသော ထိုအလတ်ဆိုဒ်မှော်ခရီးသည်တင်ကားမှာ ရွှေဒင်္ဂါး၈၆၀ပြားသာကျသင့်လေသည်!

မာကာဒို၏မျက်နှာအမူအရာကိုမြင်သော် အယ်ရီကာမှာ မာကာဒိုက အင်မတန်ဈေးကြီးသည်ဟု ထင်နေလောက်ကြောင်း စဉ်းစားမိသဖြင့် အလျင်အမြန်ပြောလိုက်သည်၊ "ဟုတ်ပါတယ်၊ မစ္စတာ မာကာဒို, ဒါက ကျွန်မတို့လုပ်ငန်းစုက လက်ရှိဈေးနှုန်းပါ၊ ဒါပေမယ့် ကျွန်မတို့ လုပ်ငန်းစုက ပထမအသုတ်ကို ရောင်းထုတ်နေတာကြောင့် အကျိုးခံစားခွင့်တွေ ထောက်ပံ့ပေးမှာပါ။ ဒီအလတ်ဆိုဒ်မှော်ခရီးသည်တင်ကားကို ယူပြီး အခုမှာရင် Frestech အမှတ်တံဆိပ် မှော်လေအေးပေးစက် ဒါမှမဟုတ် မှော်ရေခဲသေတ္တာကိုလည်း ရမှာပါ။"

"အိုး? ဒါက အရမ်းအဆင်ပြေတာပဲ။ တခြား အကျိုးခံစားခွင့်တွေရော ရှိသေးလား?" မာကာဒိုက တည်ငြိမ်သွားကာ မေးလိုက်သည်။

"စိတ်မကောင်းပါဘူး၊ ဒီ အကျိုးခံစားခွင့်ပါပဲ။" အယ်ရီကာက ခေါင်းခါလိုက်၏။

"ဒီလိုလား..." မာကာဒိုက အလတ်ဆိုဒ်မှော်ခရီးသည်တင်ကားကိုကြည့်ကာ စဉ်းစားပြီးနောက် ခေါင်းငြိမ့်၍ ပြောလာသည်၊ "ဟုတ်ပြီ၊ ကျုပ် တစ်စီးဝယ်ဖို့ ဆုံးဖြတ်လိုက်ပြီ။ ဘယ်လိုပေးချေရမှာလဲ?"

"အလတ်ဆိုဒ် မှော်ခရီးသည်တင်ကား တစ်စီးလား?" မာကာဒိုထံမှ အတည်ပြုချက်ရပြီးနောက် အယ်ရီကာက လုပ်ရိုးလုပ်စဉ်နှင့် ပတ်သက်၍ ကူညီရန် သူ့အား အရောင်းစားပွဲသို့ ခေါ်သွားလိုက်သည်။

အရာအားလုံးကို ဂရုစိုက်နေချိန်တွင် မာကာဒိုက ပြတင်းအပြင်ကိုကြည့်လိုက်ရာ မွန်းလွဲကို ကျော်နေပြီဖြစ်ကြောင်းတွေ့လိုက်ရ၏။ သူက အယ်ရီကာထံ ပြောလိုက်သည်၊ "မိန်းကလေး အယ်ရီကာ ကျုပ် ခင်ဗျားကို နေ့လည်စာစားဖို့ ဖိတ်လို့ရမလား? ခင်ဗျားကို တောင်းပန်ဖို့အပြင်၊ တခြားမေးစရာလေးတွေလည်းရှိသေးလို့ပါ။"

အယ်ရီကာက တုံ့ဆိုင်းနေပြီးမှ ပြန်မေးလိုက်သည်၊ "မှော်ကားနဲ့ ဆိုင်တာတွေလား?"

"ဟုတ်ပါတယ်" မာကာဒိုက ခေါင်းငြိမ့်သည်၊ "ဒါက ကျုပ် ပထမဆုံးဝယ်တဲ့ မှော်ကားဖြစ်တာကြောင့် ကျုပ်အနေနဲ့ နောက်ပိုင်းဖြစ်လာမယ့် ပြဿနာကို ရှောင်ရှားချင်တယ်လေ။ ခင်ဗျားမှာက ဒီမှော်ကားနဲ့ပတ်သက်တဲ့ အတွေ့အကြုံရှိလောက်မယ်ထင်လို့ ခင်ဗျားကို မေးတာ ပြဿနာမရှိလောက်ဘူးမို့လား?"

အယ်ရီကာမှာ အနည်းငယ်စဉ်းစားလိုက်ပြီး ခေါင်းငြိမ့်လိုက်သည်၊ "ကောင်းပါပြီ။ တကယ်တော့၊ မစ္စတာမာကာဒို, ကျွန်မ ရှင်တကယ်ပဲ ဘာကြောင့် အလတ်ဆိုဒ်မှော်ခရီးသည်တင်ကားကို ဝယ်ယူချင်မှန်း သိချင်မိပါတယ်။ ရှင်ဝယ်ရတဲ့ရည်ရွယ်ချက်ကိုသိရင် ကျွန်မတို့လုပ်ငန်းစု ဖွံ့ဖြိုးမှုလမ်းကြောင်းအတွက် အရမ်းကိုအကူအညီဖြစ်မယ်လို့ ထင်မိတယ်။"

"ခင်ဗျားက ဒီလို ဝန်ထမ်းကောင်းဖြစ်မယ်လို့ မထင်ခဲ့ဖူးဘူး။ ကျုပ်သာ ဥက္ကရှုနဲ့ ထပ်တွေ့ဖို့အထိ ကံကောင်းမယ်ဆိုရင် သေချာပေါက် သူ့ဆီ သွားပြီး ခင်ဗျားအကြောင်း ချီးကျူးပြမိမှာ။" မာကာဒို မနေနိုင်ဘဲ စနောက်လိုက်ူည်။

အယ်ရီကာ၏မျက်နှာက အတန်ငယ်နီရဲသွားရင်း ခေါင်းခါလိုက်၏၊ "ကျွန်မက ကိုယ့်အလုပ်ကိုယ်လုပ်နေရုံပါ။"

မာကာဒိုလည်း ရယ်လျက်၊ "အလုပ်ဟုတ်ဟုတ် မဟုတ်ဟုတ် အဆင်ပြေပါတယ်။ အလှလေးအယ်ရီကာ, ကျုပ်တို့သွားကြတော့မလား?"

"ကောင်းပြီလေ"

သူ၏ နံဘေး၌ လျှောက်လှမ်းနေသော အယ်ရီကာ၏ မျက်နှာလှလှလေးကိုကြည့်ရင်း မာကာဒိုမှာ သူ့ကိုယ်သူ လက်မ ထပ်ထောင်ပြလိုက်သည်။

မာကာဒို မင်းက အတော်လေးဉာဏ်ပြေးတာပဲ!

***

မှော်စက်မှုအင်ပါယာ

Vol 3, အခန်း ၇၅။ ကျိုးကြောင်းမသင့်သော တောင်းဆိုမှု

၎င်းက ကောင်းမွန်သော တစ်နပ်စာပင်။

မည်မျှ စိတ်မကောင်းကြောင်းပြရန် မာကာဒိုမှာ အယ်ရီကာအား မိုးကျတောင်ကြားအပြင်ဘက် အဆင့်မြင့်စားသောက်‌ဆိုင်အသစ်ထံခေါ်သွားသည်။ သူက လူကြီးလူကောင်းအသွင်နှင့် မှော်ကားများအား စိတ်ဝင်စားချက်တူညီခြင်းဖြင့် လေထုကောင်းကောင်းဖန်တီးရန် စဉ်းစားနေသည်။

မာကာဒိုက ဆွဲဆောင်မှုရှိသည့် အချက်ကိုပါပေါင်းထည့်လိုက်သော် အယ်ရီကာက စားသောက်ချိန်အတွင်း၌ အင်မတန်ပျော်ရွှင်ခဲ့ပြီး အဆင်ပြေပြေ ဆွေးနွေးခဲ့ကြသည်။

ထို နေ့လည်စာစားပြီးသွားချိန်တွင် မာကာဒိုက ရှေ့လျှောက်လည်း အယ်ရီကာအား လာရှာမည်ဖြစ်ကြောင်း သူမထံမှ သဘောတူညီမှုရယူရန် မှော်ကားများကို ထပ်ဆွေးနွေး‌မည့်‌ဆင်ခြေပြလိုက်သည်။

မိုးကျတောင်ကြားသို့ အယ်ရီကာ၏ အလုပ်အတွက်ပြန်လျှောက်လာပြီးနောက် မာကာဒိုလည်း သူမထွက်သွားသည်ကိုကြည့်ရင်း မနေနိုင်ဘဲ ဂုဏ်ယူပြုံး,ပြုံးလိုက်မိသည်။

သူဟာ ထိုအဖြစ်အပျက်မှတဆင့် အယ်ရီကာလို ခပ်ရှားရှားအလှလေးနှင့် ကြုံတွေ့ရမည်ဟု မထင်ခဲ့ချေ။ သူဟာ တကယ်ကိုကံကောင်းပေ၏။

သို့သော် မှော်ကားအကြောင်းစဉ်းစားမိသော် မာကာဒိုက အခြားအတွေးအားလုံးကို ဘေးချိတ်လျက် မိုးကျတောင်ကြားမှ ထွက်ခွာလာခဲ့သည်။ ထို့နောက် မိုးကျတောင်ကြားအပြင်ဘက်မှ အလတ်ဆိုဒ်မှော်ခရီးသည်တင်ကားကို ယူဆောင်ကာ ဘန်တာမြို့သို့ ပြန်ရောက်လာခဲ့၏။

သူဟာ လူထုပို့ဆောင်ရေးမြင်းလှည်းကို ယူခဲ့ချိန်က မိုးကျတောင်ကြားနှင့် ဘန်တာမြို့ကြား ကီလိုမီတာ ၆၀ကိုသွားလာရန် အနည်းဆုံး လေးနာရီကြာခဲ့သည်။

ယခုတွင် အလတ်ဆိုဒ်မှော်ခရီးသည်တင်ကားကို သုံးနေကြပြီဖြစ်ရာ ခရီးက ၂နာရီခန့်သာ ကြာတော့၏။ ၎င်းက အချိန်တစ်ဝက်ပင် သက်သာသွားသောကြောင့် လူတိုင်း၏ ကြိုဆိုခြင်းကိုခံရလေသည်။

အစပိုင်းတွင် လူတချို့က လက်မခံနိုင်မဖြစ်ရန် ဖာဆန်ရထားလုံးလုပ်ငန်းစုက လမ်းကြောင်းတစ်ခု၌ အလတ်ဆိုဒ်မှော်ခရီးသည်တင်ကား တစ်စီးသာ စမ်းသပ်သည့်အနေဖြင့်ထားရှိခဲ့သည်။

သို့သော် ၎င်းတို့ စီးဖူးသွားသည်နှင့် မြင်းလှည်းများနှင့်ယှဉ်လျှင် ထိုမှော်ကားက များစွာပိုမိုသက်တောင့်သက်သာဖြစ်ပြီး ပိုအရေးကြီးသည်က မြင်းလှည်းများထက် များစွာ မြန်ဆန်လေသည်ကို အားလုံးတွေ့ရှိသွားကြ၏။

ထို့ကြောင့် လဝက်ခန့် စမ်းသပ်ပြီးနောက်တွင် လူအမြောက်အများက ဖာဆန် ရထားလုံးလုပ်ငန်းစုထံ မြင်းလှည်းများအားလုံးနေရာ၌ မှော်ကားများဖြင့်အစားထိုးပေးရန် တောင်းဆိုလာကြသည်။

မြင်းလှည်းများကိုဆက်သုံးနေပါလျှင် ၎င်းတို့စီး‌လိမ့်မည်မဟုတ်ကြောင်း ပြောကြသူ အများအပြားလည်းရှိ၏။

ထို့ကြောင့် ဖာဆန်ရထားလုံးလုပ်ငန်းစု၏ လူထုပို့ဆောင်ရေးလမ်းကြောင်းများအတွက် မှော်ကားများစွာကို မြင်းလှည်းများနေရာ၌ ပိုမို အစားထိုးလာကြသည်။

သို့သော် Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်လုပ်ရေးအကန့်အသတ်ကြောင့် ဖာဆန် ရထားလုံးလုပ်ငန်းစုအနေနှင့် မြင်းလှည်းအားလုံးကို မှော်ကားများနှင့် အစားထိုးခြင်း မပြုနိုင်ဖြစ်နေရသည်။

မှန်ပါ၏၊ ဘန်တာမြို့နှင့် မိုးကျတောင်ကြားထံ ဆက်သွယ်ထားသော လမ်းကြောင်းအတွက် ချက်ချင်းပင် မှော်ကားများဖြင့် လုံးဝပြောင်းလဲနေပြီဖြစ်၏။

နှစ်နာရီကြာပြီးနောက် မာကာဒိုမှာ အလတ်ဆိုဒ်မှော်ခရီးသည်တင်ကားထဲမှ ဆင်းကာ ဘန်တာမြို့ပြင်ရှိ မကြာသေးမီကမှ အပြီးသတ်ထားသော ဖာဆန်ရထားလုံးလုပ်ငန်းစုရုံးချုပ်ထံ ဦးတည်လိုက်သည်။

ထိုရုံးချုပ်အား လွန်ခဲ့သည့်လကမှ အပြီးသတ်ထားခြင်းပင်။ အဓိက အကြောင်းအရင်းမှာ ဘန်တာမြို့ လူထုပို့ဆောင်ရေးစနစ်က ပိုမိုဖွံ့ဖြိုးလာရာ ဖာဆန် ရထားလုံးလုပ်ငန်းစုက စီမံရမည့် မြင်းလှည်းနှင့် မှော်ကား အမြောက်အများရှိလာခြင်းကြောင့်ပင်။ ၎င်းတို့ ဘန်တာမြို့၌ ဆက်နေလျှင် အင်မတန်သေးငယ်လှပြီး ပြန်လည်တည်ဆောက်ရန် ခက်ခဲပေလိမ့်မည်။

၎င်းက လက်ရှိဘန်တာမြို့၌ ရေပမ်းစားနေသည်။

ဘန်တာမြို့၏ တိုးတက်မှုနှင့်အတူ မြို့ငယ်လေးမှာ ပို၍ ပို၍ လူဦးရေထူထပ်လာ၏။ ၎င်းက လုပ်ငန်းစုများစွာနှင့် သာမန်မြို့ခံအချို့ကိုပင် ဘန်တာမြို့မှ ပြောင်းရွှေ့စေလေသည်။

ထို့အပြင် လွန်ခဲ့သည့် ၂နှစ် ကောင့်ထ်စီယန် မြို့စားဖြစ်စဉ်က ဆင်ခြေဖုံးမြို့များ စီမံကိန်းရှိခဲ့သည်။ ယခုတွင် အမ်ရစ်ကုန်သည်ကြီးများအသင်း၏ လုပ်ဆောင်ချက်ကြောင့် ဘန်တာမြို့အပြင်ဘက်၌ လမ်းများခင်းလိုက်ရာ ဆင်ခြေဖုံးရပ်ကွက်များက ဘန်တာမြို့အပြင်ဘက်၌ ကောင်းစွာ ဖွံ့ဖြိုးနေတော့၏။

တစ်ယောက်ယောက်သာ နှိုင်းယှဉ်ကြည့်ပါလျှင် အပြင်ဘက်ရှိ မြို့များက များစွာပိုမိုကောင်းမွန်သည်။ ၎င်းက နေရာပိုရှိရုံတင်မက လမ်းများထက်ရှိ လမ်းမီးတိုင်များကဲ့သို့ အထောက်အပံ့များလည်းရှိသည်။

ထို့အပြင် ဘန်တာမြို့၏ဖွံ့ဖြိုးမှုအား ရပ်တန့်စေခဲ့သည့် ကောင့်ထ်စတက်ဂျ်လည်း ထွက်သွားပြီး မင်းသမီးလေးဆယ်ဗီနီက အံ့အားသင့်ဖွယ် မြို့စားအဖြစ်ပြောင်းသွားခဲ့ရာ ဘန်တာမြို့၏ သက်ဝင်လှုပ်ရှားမှုက တမုဟုတ်ချင်း ပေါက်ထွက်လာသည်။ မင်းသမီးလေးဆယ်ဗီနီတာဝန်ယူလိုက်သည့်လ'တွင် ဆင်ခြေဖုံးမြို့များက တစ်‌နေ့စီပြောင်းလဲနေရာ ယမန်နှစ်ကနှင့်ယှဉ်လျှင် လုံးဝ ကွဲပြားနေ၏။

ဖာဆန်ရထားလုံး လုပ်ငန်းစုရုံးချုပ်အသစ်မှာ ဘန်တာမြို့၏အနောက်ဘက်ဂိတ်မှ နှစ်ကီလိုမီတာသာဝေးကွာသည့် အသက်ဝင်ဆုံး ဆင်ခြေဖုံးမြို့တွင်တည်ရှိသည်။ ၎င်းပိုင်ဆိုင်သည့်မြေကွက်က ကျယ်ဝန်းကာ ဘန်တာမြို့၏ ငါးပုံတစ်ပုံနှင့် ညီမျှ၏။

မာကာဒို ရုံးချုပ်ထဲဝင်ပြီးသောအခါ ဗဟိုရုံးဆီသွား‌လိုက်သည်။ သူ၏ အထောက်အထားကိုပြပြီးနောက် အလျင်အမြန်ပင် ဥက္ကဌပွန်ဖီးနှင့်တွေ့ရန် ဥက္ကဌရုံးခန်းဆီ ခေါ်သွားခံရ၏။

"လာပါ၊ မာကာဒို ထိုင်ပါ။" မာကာဒိုဝင်လာသည်ကို မြင်သော် ဥက္ကဌပွန်ဖီးက သူ၏ရှေ့က နေရာထံ အပြုံးဖြင့် ညွှန်ပြကာ ထိုင်ရန် အချက်ပြလိုက်သည်။

ဥက္ကဌပွန်ဖီး၏ ပုံမှန်အပြုအမူအရ ထိုသည်က မာကာဒိုနှင့် တွေ့ရသည့် ပထမဆုံးအကြိမ်မဟုတ်မှန်း ပြောနိုင်သည်။

မာကာဒိုက အသာဦးညွှတ်လိုက်ပြီးမှ ဥက္ကဌပွန်ဖီးရှေ့တွင် ထိုင်လိုက်သည်။ ထို့နောက် အလတ်ဆိုဒ်မှော်သည်တင်ကား ဝယ်ယူခြင်းစာချုပ်ကို ရင်ဘတ်မှထုတ်ယူကာ လွှဲပေးလိုက်၏။

"အိုး? ခင်ဗျားဝယ်လာခဲ့ပြီပေါ့?" ဥက္ကဌပွန်ဖီးက ၎င်းကို အလျင်အမြန်ယူကာ သက်ပြင်းချ၍ပြောသည်၊ "ကြည့်ရတာ ဥက္ကဌရှုက ခင်ဗျားကိုတကယ်ပဲ ဦးစားပေးတယ်ထင်ပါ့။ သူက ကျုပ်တို့လုပ်ငန်းစုနဲ့ တခြားလုပ်ငန်းစု‌တွေရဲ့ အမှာစာတွေကိုတောင် အပြီးမသတ်ရသေးပေမယ့် ခင်ဗျားကို တစ်စီးရောင်းလိုက်သေးတယ်နော်?"

မာကာဒိုက အလျင်အမြန်ပြုံး၍ပြောသည်၊ "ဥက္ကဌရှုက ဖော်ရွေတဲ့လူပါ၊ ကျုပ်က မှော်ကားကို ငှားဖို့ဝယ်မှန်းသိလို့ ကျုပ်ကိုထောက်ပံ့ပေးလိုက်တာ။ ဥက္ကဌရှုကပဲ ကျုပ်ကို ခင်ဗျားနဲ့တွေ့ဖို့ ထောက်ခံပေးလိုက်တာလေ၊ ဥက္ကဌပွန်ဖီး။"

ဥက္ကဌပွန်ဖီးက ခေါင်းငြိမ့်ကာ၊ "အန်း၊ ရှုယီရဲ့မိတ်ဆက်စာကြောင့်သာမဟုတ်ရင် ကျုပ်ခင်ဗျားကိုတွေ့မှာမဟုတ်ဘူး။" သူက ထိုသို့ပြောပြီးနောက် မာကာဒိုကိုကြည့်ကာ ရယ်လျက်ဆိုသည်၊ "တကယ်တော့ ရိုးရိုးသားသားပြောရရင် ခင်ဗျားလုပ်ချင်တဲ့ကိစ္စက ကျုပ်တို့လုပ်ငန်းစုအတွက် ပြိုင်ပွဲလို့တောင် သတ်မှတ်လို့ရတယ်၊ ဒါကြောင့် ကျုပ်ခင်ဗျားကိုလုံးဝမတွေ့သင့်ဘူး။"

မာကာဒိုက နှစ်လိုဖွယ်ပြုံးကာ၊ "ဥက္ကဌပွန်ဖီးနဲ့ ဥက္ကဌရှု နှစ်ယောက်လုံးက စိတ်ကောင်းရှိပါတယ်ဗျာ၊ ကျုပ်လိုလူလေးတစ်ယောက်ဆီကနေ မုန့်လေးတစ်ဖဲ့လုယူဖို့တော့ ဂရုစိုက်မှာမဟုတ်ပါဘူး။"

"ကျုပ်ကို မြှောက်ပင့်မနေပါနဲ့တော့၊ ကျုပ်ကိုယ်ကျုပ် ဥက္ကဌရှုနဲ့ မယှဉ်နိုင်မှန်းသိပါတယ်။" ဥက္ကဌပွန်ဖီးက ခေါင်းခါကာ သူ၏လက်ထဲက စာချုပ်ကိုကြည့်လျက် မာကာဒိုအား ပြန်ပေးလိုက်သည်။ ထို့နောက် ဆက်ပြော၏၊ "ရိုးရိုးသားသားပြောရရင်၊ ဥက္ကဌရှုက ခင်ဗျားကို အရေးထားပြီး အငှားယာဉ်နယ်ပယ်က အခွင့်ရေးကောင်းတယ်လို့ပြောမှတော့ ဒီနယ်ပယ်က သေချာပေါက် ကျေနပ်စရာကောင်းမယ်လို့ ကျုပ်ယုံကြည်ပါတယ်။ ဒီလိုဆိုမှတော့ အရင် ကျုပ်ရဲ့ချဉ်းကပ်မှုအရ ဒီနယ်ပယ်ကို ကျုပ်လက်ထဲမှာ ဆုပ်ကိုင်ထားလိုက်တော့မယ်။ ခင်ဗျားကို ကျုပ်ဆီကနေ ဘယ်လိုလုပ်ယူသွားခွင့်ပြုနိုင်မှာလဲ?"

မာကာဒိုက အနေရခက်ဟန်ပြုံးကာ မည်သည်ကိုမှ မပြောဝံ့နေချေ။

သူဟာ အယ်ရီကာရှေ့၌ လွတ်လွတ်လပ်လပ် ပြုမှုနိုင်ပါသော်လည်း ဥက္ကဌပွန်ဖီးကဲ့‌သို့ အရေးကြီးပုဂ္ဂိုလ်ရှေ့တွင်မူ တကယ်ကို စိတ်ရှုပ်ရသည်။

နောက်ထပ် အခြားနည်းလမ်းလည်းမရှိပါချေ။ သူ့ထံ၌ ငွေတချို့ရှိပါသော်လည်း ငွေဒင်္ဂါးရှစ်ရာကျော်သည့် မှော်ကားကိုဝယ်လိုက်သည်က ဖာဆန်ရထားလုံးလုပ်ငန်းစုကိုထိန်းချုပ်နေသည့် ဥက္ကဌပွန်ဖီးလို အရေးပါသူနှင့်ယှဉ်လျှင် ကွာခြားချက်က အင်မတန်ကြီးမားနေသည်။

ထို‌သို့စဉ်းစားပြီးနောက် သူဟာ ဥက္ကဌရှုနှင့် စကားပြောချိန်က ထိုမျှ စိတ်မရှုပ်ကြောင်း သတိရသွား၏။

ကြည့်ရသည်မှာ ဥက္ကဌရှုထံ သူ့ရှေ့ရှိ လူများကို စိတ်အေးစေကာ ယုံကြည်စေသော သဘာဝအရောင်အဝါရှိရမည်။

ဒါက... တကယ့်အရေးကြီးပုဂ္ဂိုလ်ရဲ့ အရောင်အဝါများလား?

ဥက္ကဌပွန်ဖီးက သူ၏စကားလုံးများ‌မှာ မာကာဒိုစိတ်ထဲ၌ ထိုသို့သော အတွေးအားလုံးကို ဖန်တီးလိုက်မိမည်ဟု သိမနေပါချေ။ သူက မာကာဒို၏ မြှောက်ပင့် လေးစားသည့်အပြုံးကိုကြည့်ကာ ကျေနပ်စွာ ခေါင်းတစ်ချက်ငြိမ့်၏။

"ဒါပေမယ့် ကျုပ် ဒီကိစ္စကို ဥက္ကဌရှုနဲ့ ဆွေးနွေးတော့ သူက အမြဲတမ်း တခြားလူတွေကို ထုတ်လုပ်ခိုင်းဖို့ အခန်းပေးသင့်လားကို စိတ်ဖိစီးနေတယ်လေ။ ကျုပ်လည်း ဒီအကြံကိုသဘောတူတာကြောင့် ခင်ဗျားကို ကျုပ်တို့လုပ်ငမ်းစုနဲ့ ပူးပေါင်းဖို့ အခွင့်အရေးပေးလိုက်တာပါ။ ဒါကြောင့် ခင်ဗျား သတိရနေရမှာက ဒီအခွင့်အရေးဟာ ခင်ဗျားခက်ခက်ခဲခဲ တိုက်ခိုက်ပြီးရရှိခဲ့ပေမယ့်လည်း ဥက္ကဌရှုရဲ့ အကူအညီကို မေ့လို့မရဘူး။"

မာကာဒိုမှာ အလျင်အမြန်ခေါင်းငြိမ့်ကာ၊ "အသေအချာပဲပေါ့။ ကျုပ် ဥက္ကဌရှုရဲ့အကူအညီကို မမေ့ပါဘူး။ ဒါပေါ့၊ ကျုပ်စိတ်ထဲမှာ ဥက္ကဌပွန်ဖီးက ကျုပ်ကို အကူညီဆုံးပဲ။ ကျုပ်သေချာပေါက် ရှေ့လျှောက် ခင်ဗျားရဲ့ ညွှန်ကြားချက်တွေကိုလိုက်နာပြီး ကျုပ်ကိုလုပ်စေချင်တာ မှန်သမျှကို လုပ်ပါမယ်။"

ဥက္ကဌပွန်ဖီးက လက်ဝေ့ယမ်းကာ၊ "ဒီလောက်ကြီးလဲမလိုပါဘူး။ ကျုပ်က ခင်ဗျားကိုလုပ်ခွင့်ပေးနေမှတော့ ကောင်းကောင်းသာလုပ်ပါ။ ဒီကိုလာပြီး စာချုပ်ကိုအရင်ကြည့်ပါဦး။ ခင်ဗျားမှာ ဘာပြဿနာမှ မရှိရင် လက်မှတ်ထိုးလိုက်ရုံပဲ။"

မာကာဒိုမှာ စာချုပ်ကိုယူကာ အသေအချာကြည့်ရှုလိုက်သည်။ ထို့နောက် အကြောင်းအရာများက ဥက္ကဌပွန်ဖီးနှင့် ဆွေးနွေးခဲ့သည်များဖြစ်ကြောင်း အတည်ပြုလိုက်၏။

အနည်းငယ်ကွဲလွဲချက်လေးတချို့ရှိပါသော်လည်း လွှမ်းမိုးမှုများများစားစားမရှိဘဲ သူ့အား အကျိုးခံစားခွင့်ရစေမည့် တချို့သာရှိသည်။

စာချုပ်ကို ဖတ်ရှုပြီးနောက် မာကာဒိုမှာ မျက်နှာထက်၌ ကျေနပ်ဟန်ပေါ်လာကာ ဥက္ကဌပွန်ဖီးထံ ခေါင်းငြိမ့်ပြလိုက်သည်၊ "ပြဿနာမရှိပါဘူး။"

"ကောင်းပြီ၊ ဒါဆို လက်မှတ်ထိုးလိုက်ပါ။" ဥက္ကဌပွန်ဖီးက ပြောသည်။

မာကာဒိုက ဥက္ကဌပွန်ဖီးထံမှ ဘောပင်တစ်ချောင်းထုတ်ယူကာ သူ၏နာမည်ကိုရေးထိုးတော့မည်အချိန်၌ ရုတ်တရတ်တစ်စုံတရာကိုတွေးတောမိသွားသည်။ ထို့နောက် စာချုပ်ကိုဖွင့်ကာ စာတစ်ကြောင်းကို အလေးအနက်ဖတ်ပြီးနောက် တုံ့ဆိုင်းနေရင်း ဥက္ကဌပွန်ဖီးအား ညွှန်ပြလိုက်သည်။

"ဒါက... ဥက္ကဌပွန်ဖီး, ဒီမှော်ကားက ကျုပ်ရဲ့ကိုယ်ပိုင်ပဲလေ၊ ခင်ဗျားရဲ့လုပ်ငန်းစုအနေနဲ့ နှစ်စဉ်စစ်ဆေးဖို့မလိုဘူးမို့လား? ကျုပ်တို့အရင်တစ်ခေါက်ဆွေးနွေးတော့ ခင်ဗျားဒါကိုမပြောခဲ့ဘူးလေ။"

ဥက္ကဌပွန်ဖီးက ထိုစာကြောင်းကိုကြည့်ကာ သာမန်ကာလျှံကာပင်ပြောလိုက်သည်၊ "အိုး၊ ဒါက ကျုပ်အကြံမဟုတ်ဘူး၊ ကျုပ်တို့အရင်တစ်ခေါက်ဆွေးနွေးတုန်းက ဥက္ကဌရှုအကြံပေးခဲ့တာ။ ဒီ့အတွက် အကြောင်းအရင်းက စံနှုန်းဖန်တီးဖို့ပဲ။ ခင်ဗျားရဲ့ ကိုယ်ပိုင်မှော်ကားကို ဂရုစိုက်ပေးတာက ကျုပ်တို့ ဘန်တာမြို့အတွက် တွေးပေးတာဆိုတော့ ခင်ဗျားကို များများစားစား မထိခိုက်စေပါဘူး။"

မာကာဒိုက မျက်မှောင်ကုပ်လျက်၊ "ဒါက... သိပ်မလိုဘူးမို့လား? ဒါက ကျုပ်ဝယ်ထားတဲ့မှော်ကားလေ၊ လူတွေက ငှားဖို့ ကျုပ်ကိုလာရှာရုံပဲ၊ တခြားလူတွေနဲ့ မဆိုင်ဘူး မဟုတ်လား? ဘာလို့ ကျုပ်က နှစ်စဉ်စစ်ဆေးပွဲလုက်ပြီး စံနှုန်းကိုမြင်အောင်လုပ်ဖို့ လိုတာလဲ?"

ဥက္ကဌပွန်ဖီးက ခေါင်းခါရင်း ခါးသီးစွာပြုံးလျက် ပြောလာသည်၊ "ကျုပ်ကို မမေးပါနဲ့၊ ဥက္ကဌရှုက ဘာလို့ ဒါကို အလေးအနက်တောင်းဆိုထားမှန်းကျုပ်လည်းမသိဘူး။ ဒါပေမယ့် ဒါကို ခင်ဗျားမဆန့်ကျင်သင့်ဘူး၊ ကျုပ်တို့ ဖာဆန်ရထားလုံးလုပ်ငန်းစုကတောင် စည်းမျဉ်းတွေလိုက်နာရတာဆိုတော့ ခင်ဗျားဒါကို ဆန့်ကျင်ဖို့ မဖြစ်နိုင်ဘူး။"

"ခင်ဗျားဒါကို ဥက္ကဌရှုဆီ ဆန္ဒမပြခဲ့ဘူးလား?" မာကာဒိုက အနည်းငယ် မယုံနိုင်စွာ မေးလိုက်သည်။

ဥက္ကဌပွန်ဖီးလည်း မျက်မှောင်ကုပ်လျက် မာကာဒိုကိုကြည့်ကာ မကျေနပ်သံဖြင့် ဆိုလာသည်၊ "ကျုပ်က ခင်ဗျားလို အများကြီးမတွေးဘူးလေ။ ဥက္ကဌရှုပြောတာတော့ ဒါက စက်မှုနယ်ပယ်ရဲ့ လုံခြုံမှုအတွက် သတ်မှတ်ထားပြီး ရေရှည်ဖွံ့ဖြိုးမှုအတွက်တဲ့။ သူ့ရဲ့ သုံးသပ်ချက်ကို ကျုပ်ယုံကြည်တာကြောင့် မငြင်းတာပဲ။ ခင်ဗျားကတော့... လက်ခံဖို့ဆန္ဒမရှိရင် စာချုပ်မှာလက်မှတ်မထိုးလည်း ကျုပ်စိတ်မရှိပါဘူး။"

မာကာဒိုက အံ့ဩသွားသည်၊ ဥက္ကဌပွန်ဖီးက ထိုမျှ တည်ငြိမ်မည်ဟု မထင်ခဲ့ချေ။ စဉ်းစားပြီးနောက်၌ သူဟာ မည်သည်ကိုမှမဆိုတော့ဘဲ စာချုပ်ပေါ်၌ လက်မှတ်ရေးထိုးလိုက်တော့သည်။

သို့သော် ဥက္ကဌပွန်ဖီးနှင့်အတူ ၎င်းစာချုပ်ကို လက်မှတ်ရေးထိုးပြီး ဖာဆန်ရထားလုံးလုပ်ငန်းစုမှထွက်သွားသည့် နောက်တွင်သော်မှ ၎င်းကို မစဉ်းစားမိဘဲ မနေနိုင်ချေ။

အဘယ့်ကြောင့် ဥက္ကဌရှုက ထိုသို့‌ကျိုးကြောင်းမသင့်သည့် တောင်းဆိုချက်ကိုပြုရသနည်း? ထူးဆန်းသည့်အရာမှာ ဥက္ကဌပွန်ဖီးလို အရေးကြီးပုဂ္ဂိုလ်က ၎င်းကို အဘယ့်ကြောင့် လက်ခံရသနည်း?

***

မှော်စက်မှုအင်ပါယာ

Vol 3, အခန်း ၇၆။ ပုန်းကွယ်နေသော မဟာအန္တရာယ်

"တကယ်တော့ ဘန်တာမြို့မှာ ပုန်းကွယ်နေတဲ့ အန္တရာယ်အကြီးကြီးရှိတယ်။" ရှုယီက ဆယ်ဗီနီထံ အလေးအနက်ပြောလိုက်သည်၊ "ဂရုစိုက်မနေရင် ဖြစ်လာမယ့်ပြ‌ဿနာက အတော်များများပဲ။

ဆယ်ဗီနီက ယခုတွင် ဘန်တာမြို့၌ ရှိနေသည်မှာ တစ်လလောက်ကြာသွားပြီဖြစ်ရာ သူမက အသစ်ဖြစ်ခြင်းကြောင့် သို့မဟုတ် မည်သည့်မှ မဖြစ်ခြင်းကြောင့် ထိုလအတွင်း မည်သည်ကိုမှ မလုပ်ရသေးပါချေ။ သူမက အခြေခံကိစ္စလေးတချို့ကို ဂရုစိုက်ရန်သာ မြို့စားအိမ်တော်၌နေပြီး လွှဲပြောင်းရယူပြီးနောက် ကြီးကြီးမားမား အရေးယူရန် သူမကို စောင့်နေသော လူများကို စိတ်ပျက်စေခဲ့သည်။

တာဝန်ယူစဉ်ကတည်းက မြို့စားအိမ်တော်မှထွက်ခွာကာ ဆန်းဒ်တွန် အိမ်ရာရှိ Frestech ကုန်သည်ကြီးများအသင်း၏ မြေဩဇာစက်ရုံဆီသို့သွားခြင်းက ဆယ်ဗီနီ၏ အကြီးမားဆုံးလုပ်ဆောင်ချက်ပင်၏။ သတင်းရသည့် ဘန်တာတိုင်းမ်စ်ကချက်ချင်းဖော်ပြလာ၏။

ဘန်တာတိုင်းမ်စ်မှ ပို့လိုက်သော သတင်းထောက်သုံးဦးမှာ ဘုရင်မဆယ်ဗီနီက ၎င်းတို့အား နွေးနွေးထွေးထွေးဆက်ဆံကာ စစ်ဆေးမှုတစ်ခုလုံး သတင်းရယူရေးအတွက် သူမနောက်ကိုပင်လိုက်ခွင့်ပြုခြင်းကြောင့် အံ့ဩဝမ်းသာနေကြသည်။ သူမက ၎င်းတို့၏မေးခွန်းတချို့ကိုပင် စိတ်ရှည်စွာ ဖြေပေးနေသည်က သတင်းထောက်သုံးဦးအား ၎င်းတို့၏ ခရီးမှာ ပျော်ရွှင်ဖွယ်ဟု ခံစားရစေသည်။

၎င်းတို့အား ပိုမိုပျော်ရွှင်စေသည်မှာ ဘုရင်မ၏စစ်ဆေးရေးကြောင့် Frestech ကုန်သည်ကြီးများအသင်း၏ ဥက္ကဌရှုမှာ သူမနှင့်တွေ့ဆုံရန် မိုးကျတောင်ကြားထံမှ အလောတကြီးပြန်လာခြင်းပင်။

ဘန်တာမြို့၏ အရေးကြီးပုဂ္ဂိုလ်များဖြစ်သည့် ၎င်းတို့နှစ်ဦးနောက်လိုက်ရင်း တင်ပြရန် ထိုက်တန်သည့် သတင်းအမြောက်အများကိုပင်ရရှိခဲ့သည်။

ဥပမာ ဥက္ကဌရှုက ဘုရင်မထံ ဘန်တာမြို့နောက် ပုန်းကွယ်နေသော အန္တရာယ်ကြီးကြီးမားမားရှိကြောင်း ပြောခြင်းကဲ့သို့ပင်။ ၎င်းက ဘန်တာတိုင်းမ်စ်မှထိုသုံးဦး၏ နားရွက်များကိုထောင်ကာ နားထောင်ခြင်း၌ အာရုံစိုက်မိစေသည်။

ဆယ်ဗီနီလည်း အင်မတန်‌အံ့ဩသွားသော်ငြား ရှုယီက လူများကို ခြောက်လှန့်သည့်အရာများပြောတတ်သူ မဟုတ်ကြောင်းသိလေသည်။ ထို့ကြောင့် သူမက အလေးအနက် ပြန်မေးလိုက်၏၊ "ဘာ အန္တရာယ်များလဲ?"

"ဘုရင်မ၊ ဘန်တာမြို့က လက်ရှိမှာ အမြန်နှုန်းနဲ့တိုးတက်နေပြီး အရင်ကမမြင်ဖူးတဲ့အရာအသစ်တွေရှိနေတာကို ခင်ဗျားသိမှာပါ။" ရှုယီက ပြောသည်။

"ရှင်က Frestech ကုန်သည်ကြီးများအသင်း အကြောင်းကို ပြောနေတာလား?" ဆယ်ဗီနီက အပြုံးဖြင့် မေးသည်။

ရှုယီက မည်သည့်ယဉ်ကျေးမှုမှ မပြဘဲ ခေါင်းငြိမ့်လိုက်၏၊ "တကယ်တော့၊ ကျုပ်တို့လုပ်ငန်းစုက မှော်စက်ပစ္စည်းအားလုံးက အရမ်းထူးဆန်းကြတယ်၊ ဒါပေမယ့် အဲဒီ့အရာတွေက ထူးဆန်းတာကြောင့် လူတွေကလည်း အရင်ကမကြုံဖူးတာတွေကိုကြုံကြရတယ်လေ။ ဒါကြောင့် ဒီအရာတွေ ကျော်ကြားလာတာနဲ့အမျှ ဥပဒေ အလုံအလောက်မရှိရင် ဒါတွေက ပြဿနာဖြစ်လာလိမ့်မယ်။ ကျုပ် အခုချိန်မှာ အစိုးရိမ်ဆုံးက မှော်ကားပဲ။"

"အိုး? ရှင် ဘာကိုဆိုလိုချင်တာလဲ?" ဆယ်ဗီနီက စိတ်ဝင်စားနေဟန်ဖြင့် မေးမြန်းလိုက်သည်။

"ဥပမာ၊ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက မှော်ကားတွေရောင်းတဲ့အခါမှာ ဝယ်သူတွေကို ယာဉ်မောင်းလိုင်စင်ရယူဖို့အတွက် တောင်းဆိုထားတယ်။ ဘာကြောင့်လဲဆိုရင် မှော်ကားက မြင်းလှည်းတွေထက်ပိုမြန်တာကြောင့် မောင်းရာမှာ မကျွမ်းကျင်ရင် ပြဿနာကို လွယ်လွယ်ဖန်တီးနိုင်တယ်။ အလေးအနက်ဆိုရရင်လူတွေတောင် သေနိုင်တယ်။"

ရှုယီ၏အမူအရာက လေးနက်နေရာ သူ့အနေနှင့် ဟာသလုပ်နေခြင်းမဟုတ်ကြောင်း လူများကသိကြပေ၏။

"ကျုပ်တို့က မှော်ကားကို လူနေမှုဘဝတွေ တိုးတက်ဖို့ ထုတ်လုပ်ခဲ့တာကြောင့် ဘာဆုံးရှုံးမှုတွေမှ မရှိဖို့ မျှော်လင့်ပါတယ်၊ ဒါကြောင့်ပဲ ဒီအတွက် အရမ်းကို လေးနက်နေရတာပါ။"

"အန်း။ ကျွန်မ မတိုင်ခင်က မှော်ကားကို တွေ့ခဲ့ပါတယ်၊ အဲဒါက တကယ်ကို မြင်းလှည်းတွေထက်မြန်တော့ တာဝန်ယူရမှာလည်း ပိုများတယ်။ ရှင့်အနေနဲ့ ဒါတွေကိုမောင်းဖို့ ယာဉ်မောင်းလိုင်စင်ယူခိုင်းတာက မဖြစ်မနေလိုအပ်ပြီး အင်မတန်တာဝန်ကြီးတဲ့ချဉ်းကပ်မှုပဲ။" ဆယ်ဗီနီမှာ ခေါင်းငြိမ့်ကာ ချီးကျူးလာ၏။

"ဒါပေမယ့် ပြဿနာက အခုမှလာမှာ။" ရှုယီက လက်များကို ဖြန့်ကာ ကူရာမဲ့စွာ ပြော၏၊ "ကျုပ်တို့ ဝယ်သူနဲ့ စာချုပ်ချုပ်ချိန်မှာ စာချုပ်က မောင်းသူဟာ ယာဉ်မောင်းလိုင်စင်ရှိရမယ်လို့ ပြောထားပေမယ့်လည်း ကျုပ်တို့က လုပ်ငန်းစုတစ်ခုသာသာပဲလေ၊ ဘာချုပ်နှောင်နိုင်တဲ့အာဏာမှမရှိဘူး။ ဒါကြောင့် တစ်ယောက်ယောက်ကသာဒီစာချုပ်ကိုချိုးဖောက်ပြီး မှော်ကားကို လိုင်စင်မပါဘဲမောင်းနှင်မယ်ဆိုရင် သူတို့ကို အပြစ်ပေးဖို့ ဘာအဓိပ္ပာယ်မှမရှိဖြစ်နေတယ်။"

"ကျွန်မနားလည်ပြီ။ ရှင်က ကျွန်မတို့မြို့စားအိမ်တော်ကို သင့်တော်တဲ့ဥပဒေဖန်တီးစေချင်တာမဟုတ်လား?" ဆယ်ဗီနီက မေး၏။

"ဟုတ်ပါတယ်။" ရှုယီက ခေါင်းငြိမ့်ကာ ပြောသည်၊ "တကယ်တော့ ရိုးရိုးသားသားပြောရရင် တော်ဝင်လွှတ်တော်က မှော်ကားတွေပုံမှန်လည်ပတ်ရေးကို အထူးပြုတဲ့ ဥပဒေသတွေဖန်တီးနိုင်ဖို့ မျှော်လင့်တာပါ။ ဥပဒေကိုချိုးဖောက်တဲ့အတွက် ပြစ်ဒဏ်ချမှတ်ချိန်မှာပဲ ဖြစ်နိုင်တဲ့ ပြဿနာတွေကို ရှောင်ရှားစေချင်ပါတယ်။"

"လတ်တလောတော့ ဘာနည်းလမ်းမှ မရှိမှာစိုးရတယ်..." ဆယ်ဗီနီက မျက်မှောင်ကုပ်ကာ ၊"တော်ဝင်လွှတ်တော်ကနေတစ်ဆင့် ဥပဒေချမှတ်တာက အရေးကြီးကိစ္စပဲ၊ လွယ်လွယ်လေးလုပ်ဖို့ မဖြစ်နိုင်ဘူး။ ကျွန်မက ရှင့်ရဲ့ အကြံနဲ့ပတ်သတ်ပြီး သဘောတူပေမယ့်လည်း မှော်ကားတွေက အခုအချိန်မှာ လွှမ်းမိုးမှုအပြည့်အဝမရှိသေးတော့ တော်ဝင်လွှတ်တော်က ဒီပြဿနာကို စိတ်ကူးမိမှာမဟုတ်ဘူး။"

ရှုယီက ပခုံးတွန့်ကာ ဆယ်ဗီနီ၏ စိုးရိမ်မှုများကို နားလည်နေပါ၏။

တိုင်းပြည်တစ်ခုအတွက် ဥပဒေမှာ အင်မတန်အရေးကြီးသည့်ကိစ္စပင်။ တော်ဝင်လွှတ်တော်က မှော်ကားများအတွက် ဥပဒေတစ်ခု လုပ်ဆောင်ပေးလိမ့်မည်မဟုတ်ဘဲ ဦးစွာပထမ လေ့လာရန် ရွေးချယ်မည်ဖြစ်၏။

သို့သော် ရှုယီက မစောင့်နဲ့ဘဲ ယခုပင် ဥပဒေချမှတ်ရန် လိုအပ်သည်။ ထိုသည်က လုံခြုံမှုကို စဉ်းစားပေးခြင်းဖြစ်ရုံမက မှော်ကားများ၏ တိုးတက်မှုကိုပါ သက်ရောက်စေမည်ပင်။

ယမန်နေ့ မတိုင်ခင် နေ့က ဖာဆန် ရထားလုံးလုပ်ငန်းစုထံမှ သတင်းဆိုးတချို့ရှိခဲ့သည်။

မြင်းလှည်းမောင်းသူတစ်ဦးမှာ သူ၏အသိမိတ်ဆွေက အလတ်ဆိုဒ်မှော်ခရီးသည်တင်ကားကိုမောင်းနှင်ခြင်းကြောင့် ရွှေဒင်္ဂါးနှစ်ပြားပိုရသည်ကို မကျေနပ်ဖြစ်နေသည်၊ ထို့ကြောင့် မှော်ကားက မောင်းရန် မခက်ခဲဘဲ သူလုပ်နိုင်ကြောင်း သက်သေပြရန် မှော်ကားနှင့် သူ၏အသိမိတ်ဆွေကို တုပကာ မောင်းဖို့ ကြိုးစားခဲ့၏။

သို့သော် သူ့ထံ၌ အတွေ့အကြုံမရှိသလို မှော်ကားအား နားမလည်ခြင်းကြောင့် ဝေးဝေးပင်မသွားလိုက်ရဘဲ အမြန်နှုန်းမြင့်မြင့်ဖြင့် နံရံကို ဝင်တိုက်မိလေသည်။

သူ၏အသက်ကို မဆုံးရှုံးရသော်လည်း အပြင်းအထန်ဒဏ်ရာရကာ မေ့မျောနေဆဲပင်။

ဥက္ကဌပွန်ဖီးက ရှုယီထံထိုကိစ္စအား ပြောပြချိန်တွင် ထိုမြင်းလှည်းမောင်းသူ၏ မိသားစုဝင်များကပါ သူ၏လုပ်ငန်းစုသို့ ပြဿနာလာရှာနေကြောင်းပြောပြ၏။ ၎င်းတို့မှာ ထိုယာဉ်က မြင်းလှည်းမောင်းသူကို ဒဏ်ရာရစေသောကြောင့် လျော်ကြေးလိုချင်ကြောင်းပြောလာကြခြင်းဖြစ်သည်။

ထိုသတင်းသာ ပြန့်သွားပါလျှင် သံသယရှိစရာမလိုဘဲ မှော်ကားကို လူများကြောက်ရွံ့သွားပေမည်။ ၎င်းက ရှုယီလိုချင်သော မှော်ကားများ၏ ဖွံ့ဖြိုးမှုအား မြှင့်တင်ခြင်းအတွက် ကြီးမားသော အတားအဆီးဖြစ်သည်။

ထို့ကြောင့် ရှုယီက အဆောတလျင်ပင် ဥပဒေများတရားဝင်သတ်မှတ်ရမည်။ သူက ထိုသို့သော ဝမ်းနည်းဖွယ်ရာကို ထပ်ဖြစ်ခြင်းမှ ရှောင်ရှားရန် မှော်ကား‌များမောင်းနှင်ခြင်း အကန့်အသတ်ကို တိုးရန်လို၏။

သူ့အနေနှင့် ဘန်တာတိုင်းမ်စ်မှ သတင်းထောက်များကို ဖိတ်ရခြင်းအကြောင်းရင်းမှာ ဘန်တာတိုင်းမ်စ်မှတစ်ဆင့် ထိုခေါင်းစီးကို ဖြန့်ဝေရန်ဖြစ်သည်။ သူဟာ လူများ၏ ဘီးတပ်ယာဉ်စီမံကိန်းများအပေါ်ထားရှိသော အမြင်ကို ပြောင်းလဲချင်နေသည်။

"တော်ဝင်လွတ်တော်မှာ ကိုယ်ပိုင်ယူဆချက်တွေ ရှိတာကြောင့် သူတို့က ဥပဒေအသစ်ကို ချက်ချင်းချမှတ်မယ်လို့တော့ ကျုပ်မထင်ပါဘူး။ ဒါပေမယ့် မင်းသမီးလေး ခင်ဗျားက ဘန်တာမြို့ရဲ့ မြို့စားဖြစ်တာကြောင့် ဘန်တာမြို့က လူတွေရဲ့ လုံခြုံမှုကို စဉ်းစားသင့်တယ်။ ခင်ဗျားက တတ်နိုင်သမျှ မြန်မြန် ဥပဒေချမှတ်ပြီး ဒီပြဿနာကို တင်းတင်းကြပ်ကြပ်ထိန်းချုပ်သင့်တယ်" ရှုယီက ပြော၏။

ဆယ်ဗီနီက ရှုယီကို အပြုံးဖျော့ဖျော့ဖြင့်ကြည့်ကာ၊ "ဥက္ကဌရှု၊ မှော်ကားတွေက ရှင်တို့ Frestech ကုန်သည်ကြီးများအသင်းဆီက လတ်တလောအရေးကြီးထုတ်ကုန်တွေပဲ။ ရှင်က မှော်ကားတွေ မောင်းနှင်ရာမှာ ကန့်သတ်ဖို့ တောင်းဆိုလာတာက ရှင့်ရဲ့ရောင်းအားကို ထိခိုက်စေမှာ မစိုးရိမ်ဘူးလား?"

ရှုယီက လေးနက်နေဟန်ဖြင့် ဖြောင့်မတ်စွာပြောလာသည်၊ "မှော်ကားပိုရောင်းရမှာနဲ့စာရင် ကျုပ်တို့လုပ်ငန်းစုက လူတွေလုံခြုံမှုကို ပိုအရေးထားပါတယ်ဗျာ။ မြို့စားအိမ်တော်က ဒီဥပဒေတွေချမှတ်တဲ့အချိန်ကျရင် ဘန်တာမြို့သူမြို့သားတွေက လုံခြုံမှုကို အဘက်ဘက်က ခံစားနိုင်မှာပါ။"

ဆယ်ဗီနီ၏ နှုတ်ခမ်းများကွေးတက်သွားကာ ရှုယီထံ အသေအချာကြည့်ရှုလိုက်ပြီးမှ ခေါင်းအသာငြိမ့်၏၊ "ဟုတ်ပြီလေ၊ ကျွန်မ ပြန်ရင် အသေအချာစဉ်းစားလိုက်ပါ့မယ်။ ဟုတ်သားပဲ၊ ဥက္ကဌရှု ရှင့်ထက် မှော်ကား‌တွေကို နားလည်သူမရှိတာကြောင့် ရှင်လည်း ပါဝင်သင့်တယ်။"

"ပါဝင်ရမှာပေါ့၊ ကျုပ်ရဲ့တာဝန်ပဲလေ။" ရှုယီက ခေါင်းငြိမ့်ကာ၊ "ဒါပေမယ့် မြို့စားအရှင်၊ ကျုပ်ပြောခဲ့တဲ့ ဥပဒေတွေက မပြည့်စုံသေးဘူး။ ဒါက မှော်ကားတွေအတွက်ပဲ မဟုတ်ဘဲ အခြားပြဿနာတွေလည်း ရှိသေးတော့လေ။"

"ကျွန်မနားလည်ပါတယ်။" ဆယ်ဗီနီက ခေါင်းငြိမ့်ကာ၊ "ဒါပေမယ့် ကျွန်မဒီနေ့လာတာ မြေဩဇာစက်ရုံကို စစ်ဆေးဖို့ဆိုတော့ ဒီမေးခွန်းကို နောက်မှဖြေတော့မယ်။ ရှေ့လျှောက်လည်း ကျွန်မကို ပြောလို့ရတာပဲ၊ ဒါပေမယ့် အခုတော့ ဒီဆန်းကြယ်တဲ့ မြေဩဇာတွေကို ကြည့်ကြတာပေါ့။'

ရှုယီလည်း အပြုံးဖျော့ဖျော့ဖြင့် ခေါင်းငြိမ့်ကာ သူမအား လက်ဖြင့် ဖိတ်ခေါ်လိုက်သည်။ ထို့နောက် ဆယ်ဗီနီနှင့် ဘန်တာတိုင်းမ်စ်မှ သတင်းထောက်သုံးဦးကို ဦးဆောင်ခေါ်သွားလိုက်၏။

ယခုက ဆယ်ဗီနီနှင့် ဘန်တာတိုင်းမ်စ်မှ သတင်းထောက်များ၏ ပထမဆုံးအကြိမ် ဤသို့ရောက်ရှိခြင်းပင်။

မတိုင်ခင်က Frestech ကုန်သည်ကြီးများအသင်းမှာ အမြဲတမ်း အလုပ်ရုံကို ဆန်းကြယ်စွာ သိမ်းထားခဲ့၏။ ၎င်းတို့မှာ မည်သည်ကိုမှ ဖွင့်မပြရာ လူတိုင်းက ထိုအလုပ်ရုံ၌ နတ်သူငယ်များ ပါဝင်နေသည်ကိုသိရုံသာဖြစ်သည်။

သို့သော် ဆယ်ဗီနီနှင့် သတင်းထောက်သုံးဦး အလုပ်ရုံထဲသို့ ဝင်ချိန်တွင် လူသားတစ်ဦးမျှမရှိဘဲ နတ်သူငယ်များသာရှိခြင်းကြောင့် အံ့ဩသွားကြ၏!

"ဥက္ကဌရှု... ဒါက... ရှင် ဒီနတ်သူငယ်တွေအားလုံးကို ဘယ်ကနေ အလုပ်ခန့်လိုက်တာလဲ?" ဆယ်ဗီနီမှာ ရှုယီက Frestech ကုန်သည်ကြီးများအသင်းအနေနှင့် မြေဩဇာစက်ရုံတွင် နတ်သူငယ်များနှင့်ပူးပေါင်းပြီး ၎င်းတို့ကပဲ တာဝန်ယူကြောင်း ပြောသည်ကို ကြားခဲ့ဖူးသော်လည်း အခြေအနေကို ယခုမြင်သော် အတော်လည်း အံ့ဩသွားဆဲပင်။

သတင်းထောက်သုံးဦးဆိုလျှင် ပိုလို့ပင် အံ့ဩနေပြီး အလုပ်ရုံအား ဝေ့ဝဲကြည့်ကာ မယုံကြည်နိုင်ဟန်ရှိနေသည်။

၎င်းတို့အနေနှင့် နတ်သူငယ်များက Frestech ကုန်သည်ကြီးများအသင်းနှင့် ရင်းနီးကာ ညတေးသံမျိုးနွယ်စု၏ ပလက်စတစ်ထုတ်ရုံပင် တည်ထောင်ထားသည်ကို သိပါသော်လည်း နတ်သူငယ် အယောက်သုံးထောင်ကျော်လောက်ပြည့်နေသော အလုပ်ရုံကို မြင်သောအခါ ၎င်းတို့၏ ကိုယ်ပိုင်မျက်လုံးကိုပင် မယုံကြည်လုနီးပါးဖြစ်နေသည်။

ရှုယီက ခပ်ဖျော့ဖျော့ပြုံးလိုက်၏။ ဆယ်ဗီနီနှင့် သတင်းထောက်သုံးဦးမှာ ဤအလုပ်ရုံရှိ နတ်သူငယ်များက ညတေးသံမျိုးနွယ်စုအလုပ်ရုံရှိ နတ်သူငယ်များနှင့် ကွာခြားသည်လားကို သေချာပေါက် မပြောနိုင်ပါချေ။

အကြောင်းမှာ ဤနေရာရှိ နတ်သူငယ်များအားလုံးက လရိပ်မျိုးနွယ်စုမှ ဖြစ်သောကြောင့်ပင်။

***

မှော်စက်မှုအင်ပါယာ

Vol 3, အခန်း ၇၇။ ဒီနှစ်ခုကိုဆန့်ကျင်ဘက်ထားလို့မရဘူး

ထိုမြေဩဇာစက်ရုံမှာ ယခင်တစ်ခေါက် ရှုယီ စတက်တိန်းနယ်မြေ၏လရိပ်မျိုးနွယ်စု အကြီးအကဲလီဆန်ယာထံအလည်သွားစဉ်က ဆွေးနွေးခဲ့သည့် စီမံကိန်းပါပင်...

ရှုယီက အကြီးအကဲလီဆန်ယာထံ နတ်သူငယ်များမှာ အပင်များကြီးထွားရာ၌ ကူညီနိုင်မည့် အရာတစ်ခုအား ဖန်တီးရန် အထူးသုတေသနလုပ်ထားသည်ကို အသုံးပြု၍ လူသားများ၏ ကြီးကြီးမားမားကြိုဆိုခြင်းကို ရလိမ့်မည်ဟု ပြောပြထားခဲ့သည်။

အကြီးအကဲလီဆန်ယာက ၎င်းကို စဉ်းစားကာ ရှုယီ၏ အကြံကိုသဘောတူပြီး ထိုအရာကို ထုတ်လုပ်ရန် လပေါင်းများစွာ အသုံးပြုခဲ့ပေ၏။

အတိအကျဆိုရလျှင် ထိုအရာမှာ အပင်မျိုးစုံမှ သန့်စင်စွာလာသော ကုန်ကြမ်းများဖြစ်ရာ သာမန်မြေဩဇာဟု ယူဆ၍မရနိုင်ပါချေ။ ၎င်းက Frestech ကုန်သည်ကြီးများအသင်းမှ ဒီဇိုင်းဆွဲထားသည့် မှော်စက်ပစ္စည်းများနှင့်အတူ နတ်သူငယ်များဖန်တီးထားသည့် အထူးမှော်ပညာကိုပါ အသုံးပြုထားသည့်အချက်ကို ပေါင်းထည့်နိုင်သည်။

ရှုယီက ကမ္ဘာမြေပေါ်မှ မြေဩဇာဟူသည့် အမည်ကိုသာ အသုံးပြုခဲ့၏။ အကြီးအကဲ လီဆန်ယာနှင့် မြေဩဇာအကြောင်းဆွေးနွေးချိန်တွင် အကြီးအကဲလီဆန်ယာက အမည်ကိုဂရုမစိုက်သဖြင့် ထိုသို့သာ ဆုံးဖြတ်လိုက်သည်။

အကြီးအကဲလီဆန်ယာနှင့် ဆွေးနွေးချိန်တွင် ၎င်းတို့၏ ပထမဆုံးသော အစီအစဉ်မှာ စတက်တိန်းနယ်မြေ၌ အစမ်းအနေနှင့် မြေဩဇာစက်ရုံတည်ထောင်ရန်ဖြစ်သော်လည်း အကြီးအကဲလီဆန်ယာက လမ်ပူရီတိုင်းပြည်သို့သာ တိုက်ရိုက်ဝင်သင့်ကြောင်း ရှုယီထံ အကြံပြုလာသည်။

ထို့ကြောင့် အနည်းငယ် ပြင်ဆင်ပြီးနောက် ရှုယီ၏ အဆက်အသွယ်မျိုးစုံမှတစ်ဆင့် ညတေးသံမျိုးနွယ်စု၏အလုပ်ရုံနှင့် တူညီစွာ ထိုမြေဩဇာအလုပ်ရုံအား ဆန်းဒ်တွန်အိမ်ရာ၌ Frestech ကုန်သည်ကြီးများအသင်းအမည်အောက်တွင် တည်ထောင်ခဲ့၏။

၎င်းအား မိုးကျတောင်ကြားတွင်မဟုတ်ဘဲ ဆန်းဒ်တွန်အိမ်ရာ၌ တည်ထောင်ရခြင်းအကြောင်းအရင်းမှာ ပထမဦးစွာ အကြီးအကဲလီဆန်ယာက လူ့အသိုင်းအဝိုင်းနဲ့ နီးစပ်ဖို့ရန် တောင်းဆိုခြင်းကြောင့်ပင်။ ဒုတိယအနေနှင့် ပြုလုပ်ထားသည့် မြေဩဇာအားလုံးက သဘာဝမြေဩဖြစ်ရာ မည်သည့်အညစ်အကြေးမှမရှိသလို ထုတ်လုပ်ချိန်တုန်းကအတိုင်းအနံ့လည်းမရှိခြင်းကြောင့် ကမ္ဘာမြေပေါ်မှာ မြေဩဇာများထက် များစွာ ပိုမိုကောင်းမွန်ပါပေသည်။

ဆယ်ဗီနီနှင့် ဘန်တာတိုင်းမ်စ်မှ သတင်းထောက်သုံးဦး စက်ရုံကို လည်ပတ်ပြီးနောက်တွင် ရှုယီမှာ ထိုနေရာအကြောင်း အသေးစိတ်မပြောပါချေ။ သူက ၎င်းတို့၏ ပူပန်များ ဥပမာ အထွက်နှုန်းတချို့ကိုသာ ရိုးရိုးရှင်းရှင်း ဖြေဆိုပါ၏။

"အရင်လက တန်ပေါင်း ရှစ်သောင်းခုနစ်ထောင်ထုတ်လုပ်ခဲ့ပြီး ဒီလမှာ တန်ပေါင်းတစ်သိန်းကျော်ထုတ်နိုင်ခဲ့တယ်။" ရှုယီက အလုပ်များနေသော မြေဩဇာထုတ်လုပ်ရေးလိုင်းကိုညွှန်ပြကာ ရှင်းပြလိုက်သည်၊ "ဒါကနေသုံးသပ်ကြည့်ရရင် ဆောင်းဦးကောက်ရိတ်ပွဲမတိုင်ခင် မြေဩဇာစက်ရုံက ဘန်တာမြို့အတွက်တင် မကဘဲ မြို့အပြင်ဘက်ကိုရောင်းဖို့ပါ ထုတ်လုပ်နိုင်လောက်တယ်။"

"အပိုတွေကို မရောင်းဘဲ အရင်ဆုံး စတော့အဖြစ်သိမ်းထားဦး။" ဆယ်ဗီနီက ပြောသည်၊ "ဥက္ကဌရှုက ဆုံးရှုံးမှာကို စိုးရိမ်နေရင် ကျွန်မက မြို့စားအိမ်တော်ကို ကိုယ်စားပြုပြီး ရှင်တို့လုပ်ငန်းစုကရောင်းတဲ့ဈေးနှုန်းနဲ့ပဲ ဝယ်ဖို့ ရံပုံငွေတစ်ပိုင်းလောက်ကို သုံးလိုက်ပါမယ်။"

"ဘုရင်မက ကျုပ်ကို အပြင်လူလိုဆက်ဆံနေတာပဲ။ ခင်ဗျားရဲ့တောင်းဆိုမှုဖြစ်နေသရွေ့ ကျုပ်လိုက်နာနိုင်ပါတယ်။ ဒါပေမယ့် ဘုရင်မ၊ နှစ်လအတွင်းမှာပဲ ဆောင်းဦးအတွက် စိုက်ပျိုးကြတော့မှာဆိုတော့ ခင်ဗျားအနေနဲ့ ဒီအတွက်ပြင်ဆင်ထားသင့်တယ်၊ အကောင်းဆုံးထိရောက်မှုတွေက မြေဩဇာအလုပ်ရုံနဲ့ ပူးပေါင်းတာကနေ လာမှာမို့လို့လေ။"

"ပြဿနာမရှိပါဘူး၊ ကျွန်မမှာ အစီစဉ်ရှိပြီးသား။" ဆယ်ဗီနီက ခေါင်းငြိမ့်ကာ၊ "ပြောရရင် စိုက်ပျိုးရေးက ကျွန်မတို့ ဘန်တာမြို့အတွက် အခြေခံဖြစ်တော့ လုံးဝ ဂရုမစိုက်လို့မရဘူး။"

နံဘေးရှိ ထိုနှစ်ဦးကြားမှ စကားဝိုင်းကိုမှတ်တမ်းတင်နေသော သတင်းထောက်သုံးဦးမှာ အံ့ဩသွားသည်။ တစ်ဦးနှင့် တစ်ဦးကြည့်လိုက်ပြပြီးနောက်တွင် အသက်ပိုကြီးသည့် သတင်းထောက်တစ်ဦးက တုံ့ဆိုင်းစွာဖြင့် ဆယ်ဗီနီကို မေးလိုက်၏၊ "ဘုရင်မး၊ ပြောချင်တာက... ခင်ဗျားလည်း ကောင့်ထ်စတက်ဂျ်လိုမျိုးပဲ စိုက်ပျိုးရေးဖွံ့ဖြိုးမှုက ဘန်တာမြို့အတွက် အရေးကြီးဆုံးလို့ ထင်တာလား?"

"ဒါပေါ့" ဆယ်ဗီနီက တုံ့ဆိုင်းမှုမရှိဘဲ ခေါင်းငြိမ့်ကာ၊ "စိုက်ပျိုးရေးက အခြေခံကျတဲ့အရာပဲ။ ရှင့်ကိုယ်ရှင် မကျွေးမွေးနိုင်တဲ့ အခြေအနေမှာဆို တခြားဟာတွေကို တွေးဖို့က အချိန်ဖြုန်းတာပဲ၊ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ကျွန်မတို့အနေနဲ့ စိုက်ပျိုးရေးနယ်ပယ်ကို ဖွံ့ဖြိုးစေဖို့လိုတယ်။ ကျွန်မ ဒီနေ့ မြေဩဇာစက်ရုံကို လာရတဲ့ အကြောင်းအရင်းက ကျွန်မရဲ့ ရပ်တည်ချက်ကို ဖော်ပြဖို့ပဲ။"

သတင်းထောက်သုံးဦးမှာ မှင်သေသွားပြီးမှ အရုပ်ဆိုးဆိုး အမူအရာများပေါ်လာကြသည်။

မေးခွန်းမေးခဲ့သည့် သတင်းထောင်က စဉ်းစားရင်း မျက်မှောင်ကုပ်ကာ ထပ်မေး၏၊ "ဘုရင်မ ဒါကို ခင်ဗျားမှာ ကောင့်ထ်စတက်ဂျ်နဲ့ တူညီတဲ့အစီစဉ်ရှိတယ်လို့ စကားပြန်လို့ရလား၊ အရာအားလုံးကို စိုက်ပျိုးရေးအပေါ်ပဲ အာရုံစိုက်ပြီး စီးပွားရေးကို ဖိနှိပ်ထားတယ်လို့လေ?

ထိုသို့မေးပြီးနောက် သတင်းထောက်သုံးဦးစလုံးမှာ ဆယ်ဗီနီထံ မျက်တောင်ပင် မခတ်ဘဲကြည့်လိုက်သည်။

အားလုံးတွေးနေသည့်အရာမှာ ဆယ်ဗီနီက ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းကို အမြဲတမ်းထောက်ပံ့ခဲ့ရာ ယခု၌ ကောင့်ထ်စတက်ဂျ်ထံမှ မြို့စားအဖြစ်လွှဲပြောင်းယူခဲ့သဖြင့် ကောင့်ထ်စတက်ဂျ်၏ အစီအစဉ်ကိုပြောင်းလဲ၍ ရှုယီနှင့် Frestech ကုန်သည်ကြီးများအသင်းကို ဆက်လက်ထောက်ပံ့ကာ စီးပွားရေးဖွံ့ဖြိုးမှုကို ဦးစားပေးမည်ဟုပင်။

ထို့ကြောင့် ဆယ်ဗီနီ မြို့စားဖြစ်သည့် လအတွင်း ဘန်တာမြို့၏ လုပ်ငန်းစုများက ထပ်မံသက်ဝင်လှုပ်ရှားလာကာ ဘန်တာမြို့က တစ်လလေးပြီးနောက် တိုးတက်လာသည်။

သို့သော် ဘုရင်မဆယ်ဗီနီက ရုတ်တရတ် သူမထံ၌ ကောင့်ထ်စတက်ဂျ်နှင့် တူညီသည့်အစီစဉ်ရှိကြောင်း ကြေညာလိုက်ရာ ထိုသက်ဝင်လှုပ်ရှားနေသော လုပ်ငန်းစုများအတွက် ထိတ်လန့်အံ့အားသင့်စေသည့် ရိုက်ချက်ပြင်းပြင်းဖြစ်ပေမည်။

ပို၍ အရေးကြီးသည်မှာ ၎င်းက ဘန်တာမြို့၏ မျှော်လင့်ချက်ကို ထပ်မံ့ဖြတ်တောက်လိုက်ပြီး ဘန်တာမြို့အတွက် မည်သည့်မျှော်လင့်ချက်မှ ရှိခွင့်မပြုလောက်ချေ။

ထိုသို့သာ ဖြစ်လာပါလျှင် ဘန်တာမြို့မှာ ယခင် Frestech ကုန်သည်ကြီးများအသင်း ပေါ်ထွက်မလာခင်ကထက် ပိုလို့ပင် ဆိုးရွားသွားနိုင်၏။

ဘန်တာမြို့ခံများနှင့် လွန်ခဲ့သည့် နှစ်အနည်းငယ်က ဘန်တာမြို့၏ ဖွံ့ဖြိုးမှုကိုသက်သေခံထားသော သတင်းထောက်များက ထိုသို့ဖြစ်လာမည်ကို ကြည့်ရှုရန် ဆန္ဒမရှိပါချေ။

ထိုသုံးဦး၏ စိတ်လှုပ်ရှားသည့် အကြည့်များကိုမြင်သော် ဆယ်ဗီနီမှာ ခပ်ဖျော့ဖျော့ပြုံး၍ ခေါင်းခါကာ ပြောလိုက်၏၊ "မဟုတ်ပါဘူး၊ ဘာလို့ရှင်တို့က စိုက်ပျိုးရေးဖွံ့ဖြိုးမှုအတွက် စီးပွားရေးဖွံ့ဖြိုးမှုကို ဖိနှိပ်ရမယ်လို့ထင်ကြတာလဲ? ကျွန်မအတွက် ဒီနှစ်ခုကို တစ်ခုနဲ့တစ်ခု ဆန့်ကျင်ဘက်ထားလို့မရဘူး၊ သူတို့ကို အတူတူလုပ်လို့ရတာပဲ၊ အတူတူဖွံ့ဖြိုးအောင်လုပ်တာက တစ်ခုချင်းဖွံ့ဖြိုးအောင်လုပ်တာထက် ပိုအကျိုးရှိတယ်လေ။"

သတင်းထောက်သုံးဦးမှာ အံ့ဩသွားသည်။ အသက်ပိုကြီးသည့် သတင်းထောက်က မနေနိုင်ဘဲ မေးလာ၏၊ "ဘုရင်မ၊ ခင်ဗျားက ဒါကိုဖြစ်နိုင်မယ်လို့ တကယ်ထင်လား?"

"ဘာလို့ မဖြစ်နိုင်ရမှာလဲ?" ဆယ်ဗီနီက လက်ချောင်းသွယ်သွယ်လေးအား အလုပ်များနေသည့် မြေဩဇာစက်ရုံထံညွှန်ပြကာ၊ "ရှင်တို့အရှေ့မှာ အခုရှိနေတာက စိုက်ပျိုးရေးနဲ့ စီးပွားရေးကို ပေါင်းစပ်ထားတဲ့ ဥပမာပဲ မဟုတ်ဘူးလား?"

ထိုသတင်းထောက်သုံးဦးမှာ စက်ရုံကိုကြည့်ကာ မထုပ်ပိုးရသေးသည့် မြေဩဇာများနံဘေး၌ တစ်စုံတရာကို နားလည်သွားသည်။

ဒါ အမှန်ပဲ၊ ဒီမြေဩဇာစက်ရုံက စီးပွားရေးဆိုပေမယ့် မြေဩဇာထုတ်လုပ်တာက စီးပွားရေးဖွံ့ဖြိုးမှုကို များစွာ အကျိုးရှိစေတယ်။

ယခင် လအနည်းငယ်အကြာက မြေဩဇာကို နွေဦးစိုက်ပျိုးရေး၌ အသုံးပြုခဲ့ပြီး မြေဩဇာအသုံးပြုမှုက စိုက်ပျိုးရေးကို သက်သေပြခဲ့ရာ မည်သူကမှ ဘန်တာမြို့၏ စိုက်ပျိုးရေးဖွံ့ဖြိုးမှု၌ မြေဩဇာ၏ အရေးပါမှုကို မငြင်းဆန်နိုင်ချေ။ Frestech ကုန်သည်ကြီးများအသင်းအား မြေဩဇာစက်ရုံကို ချဲ့ထွင်ကာ တတ်နိုင်သမျှထုတ်လုပ်၍ လမ်ပူရီတိုင်းပြည်ရှိ လယ်မြေလက်မတိုင်း၌ ထိုပစ္စည်းကောင်းကို လူများစွာက သုံးခွင့်ပြုစေချင်နေကြသည်။

"ဒီမြေဩဇာစက်ရုံအပြင် ခိုရိုကျေးရွာက Frestech ကုန်သည်ကြီးများအသင်းရဲ့ စည်သွပ်သီးစက်ရုံကလည်း စိုက်ပျိုးရေးကို မြှင့်တင်နေတယ်လို့ ခံစားရတယ်။ စိုက်ပျိုးရေးကို ပြောတဲ့အချိန်တုန်းက ချက်ချင်း ရှင်တို့က ဂျုံနဲ့စပါးကို တွေးမိပေမယ့် ကျွန်မအတွက်တော့ စိုက်ပျိုးလို့ရသမျှ အရာရာတိုင်းက စိုက်ပျိုးရေးရဲ့အရေးကြီးတဲ့အပိုင်းပဲ။" ထို့နောက် ဆယ်ဗီနီက ပြော၏၊ "မြေဩဇာရဲ့အားကောင်းတဲ့သက်ရောက်မှုကို သက်သေခံပြီးနောက်မှာ ကျွန်မတို့ဘန်တာမြို့သားတွေက သူတို့ရဲ့ ဝမ်းဗိုက်ကိုဖြည့်ဖို့ စိုးရိမ်ဖို့မလိုတော့တာကို သေချာသွားတယ်။ အခုကစပြီး ကျွန်မတို့တွေ ပိုကောင်းမွန်တဲ့ဘဝမှာ နေထိုင်ဖို့ ကြိုးစားသင့်တယ်!"

ဆယ်ဗီနီ၏မျက်နှာထက်မှ ယုံကြည်မှုရှိဟန်ကိုမြင်သော် သတင်းထောက်သုံးဦးမှာ အံ့ဩသွားရသည်။ ထို့နောက် ရှုယီဘက်လှည့်လိုက်သော် တူညီသည့် ယုံကြည်ချက်ရှိရှိအပြုံးကို တွေ့လိုက်ရ၏။

ထိုသုံးဦးက ရုတ်တရတ် တစ်စုံတစ်ရာကို သတိပြုမိသွားသည်။

ကြည့်ရသည်မှာ ဘုရင်မက စီးပွားရေးဖွံ့ဖြိုးမှုကို ဖိနှိပ်ရန် မစီစဉ်ထားရုံမျှမက ဥက္ကဌရှုနှင့်လည်း လေးလေးနက်နက်ပူးပေါင်းကာ ရေရှည်ကိုစဉ်းစားနေပေ၏။

စီးပွားရေးကိုသာ ဖိနှိပ်ချင်သည့် ကောင့်ထ်စတက်ဂျ်နှင့် ယှဉ်လျှင် ဘုရင်မ၏ ချဉ်းကပ်မှုက ပိုမိုအားကောင်းပေသည်။

၎င်းမြေဩဇာစက်ရုံက မကြီးမားသောကြောင့် ရှုယီမှာ ၎င်းတို့အား အတော်ကြာလှည့်ပတ်ခေါ်သွားရန် မလိုအပ်ချေ။

လည်ပတ်ခြင်းပြီးဆုံးသွားသည့်အချိန်၌ မနက်ခင်းပင် မကုန်သေးပေ။ ရှုယီက ဆယ်ဗီနီနှင့် သတင်းထောက်သုံးဦးကို အိမ်ရှင်အဖြစ်နေ့လည်စာစားရန်ဖိတ်လိုက်သော်လည်း သတင်းထောက်သုံးဦးက သူ၏ ဖိတ်ကြားမှုကို ငြင်းပယ်ခဲ့၏။

ဘုရင်မကတော့ ရှင်းလင်းစွာပင် ရှုယီနှင့် သီးသန့်တွေ့ဆုံ၍ ကြေညာရန်မသင့်လျော်သည့် တစ်စုံတရာကိုဆွေးနွေးလိုပုံပေါ်နေရာ ၎င်းတို့မှာ ဆက်နေရင်း အနှောင့်အယှက်မဖြစ်လိုချေ။

ဘန်တာတိုင်းမ်စ်၏သတင်းထောက်များအနေနှင့် မည်သို့များ မသွက်မလက်၊ အမြင်မစူးရှဘဲနေမည်နည်း?

ထို့ကြောင့် သတင်းထောက်သုံးဦးမှာ ရှုယီ၏ အထပ်ထပ်အခါခါဖိတ်ခေါ်မှုကို ငြင်းဆိုပြီးနောက် တင်ပြချက်ကို အနှစ်ချုပ်ရန် စက်ရုံမှထွက်သွားတော့သည်။

သတင်းထောက်သုံးဦးအား ပြန်ပို့ပြီးနောက်တွင် ရှုယီနှင့် ဆယ်ဗီနီတို့က မြေဩဇာစက်ရုံ၏ ရုံးခန်းသို့ဝင်လာကြ၏။

တံခါးပိတ်‌သွားသောအခါ ဆယ်ဗီနီ၏ ဖြောင့်မတ်နေသောကိုယ်လေးက ရုတ်တရတ် အားဖျော့သွားကာ အားအင်အလုံးစုံကုန်ခမ်းသွား၏။ ထို့နောက် ရုံးခန်းထဲရှိ ဆိုဖာပေါ်သို့ထိုင်ချရင်း နောက်ကိုမှီကာ မျက်လုံးမှိတ်လျက် ခပ်နှေးနှေး အသက်ရှူလိုက်သည်။

ဆယ်ဗီနီ၏သွင်ပြင်ကိုမြင်သော် ရှုယီမှာ မပြုံးဘဲ မနေနိုင်တော့ချေ။ သူက သူမအရှေ့၌ ရေတစ်ခွက်ချပေးပြီး ထိုင်ကာ အပြုံးဖြင့်မေးလိုက်သည်၊ "ဘာလဲ? ခင်ဗျားက စက်ရုံအသေးလေးကိုလှည့်ပတ်ကြည့်လိုက်ရုံနဲ့ ပင်ပန်းနေပြီပေါ့?"

ဆယ်ဗီနီက မဖြေပါချေ။ ခဏအကြာ၌ သူမက မျက်လုံးများကိုဖွင့်က ကျောမတ်၍ ထိုင်လိုက်၏။ ထို့နောက် ရေတစ်ငုံသောက်ပြီး သက်ပြင်းချလေသည်။ သူမက တစ်ဖန်ပြုံးရင်း ရှုယီထံခေါင်းခါပြလာ၏၊ "လှည့်ပတ်ကြည့်တာက မပင်ပန်းပေမယ့် သရုပ်ဆောင်ရတာက ပင်ပန်းတယ်။ ဘယ်လိုလဲ၊ ရှုယီ ဒီနေ့ ကျွန်မရဲ့ ဖျော်ဖြေမှုကို ဘယ်လိုထင်လဲ?"

ရှုယီက ရယ်လျက် ဆယ်ဗီနီအား လက်မထောင်ပြလိုက်သည်၊ "အရမ်းကောင်းပါတယ်။ ဆယ်ဗီနီ, ခင်ဗျားကိုကြည့်ရတာ အကောင်းဆုံးအမျိုးသမီးအော်စကာဆုကို ရနိုင်မယ်လို့ ခံစားနေရတယ်။"

"အကောင်းဆုံးအမျိုးသမီးအော်စကာဆု?" ဆယ်ဗီနီက ရှုပ်ထွေးသွား၏၊ "အဲဒါကဘာလဲ?"

"ခ်... ဘာမှမဟုတ်ပါဘူး၊ ဒါက အကောင်းဆုံးမင်းသမီးအတွက်ဆုပါ၊ အရမ်းသရုပ်ဆောင်ကောင်းတယ်လို့ပြောတာ။" ရှုယီက ဝေဝေဝါးဝါးသာရှင်းပြလိုက်ပြီး အမြန် ခေါင်းစဉ်ကိုပြောင်းလိုက်သည်၊ "ဒါပေမယ့် ဒီနေ့က ပြဇာတ်ရဲ့အစပဲရှိသေးတယ်၊ ခင်ဗျားရဲ့အုပ်ချုပ်ရေးအချက်အချာတွေကို ဘန်တာတိုင်းမ်စ်မှာ မနက်ဖြန်မှ ကြေညာမှာမဟုတ်လား။ ဒီအချက်အချာအရ ခင်ဗျားတခြားကိစ္စတွေကို ကိုင်တွယ်ရမယ်၊ မဟုတ်ရင် ခင်ဗျားရဲ့ 'ဘန်တာမြို့၌ သုံးနှစ်တာ'က ဖြုန်းတီးသလိုဖြစ်သွားမယ်။"

ဆယ်ဗီနီက ခပ်ဖျော့ဖျော့ပြုံးကာ မျက်လုံးများက ဆုံးဖြတ်ပြီးပုံပေါ်နေသည်။

"ကျွန်မလုပ်မှာပါ။"

***

မှော်စက်မှုအင်ပါယာ

Vol 3, အခန်း ၇၈။ F1ပြိုင်ကားကို မောင်းချင်လား?

ဆယ်ဗီနီက မြို့စားအိမ်တော်သင်္ကေတနှင့် မြင်းလှည်းထံ ဝင်သွားသည်ကိုကြည့်ရင်း ရှုယီမှာ ပြတင်းပေါက်၌ ခေါင်းထွက်နေဆဲ ဆယ်ဗီနီကို လက်ဝေ့ယမ်းပြလိုက်သည်။ ထို့နောက် ဆယ်ဗီနီကို သယ်ဆောင်ထားသည့် မြင်းလှည်းက ဘန်တာမြိုတော်ဆီ အလျင်အမြန်ခေါ်ဆောင်သွားသည်ကိုကြည့်ရင်း အတွေးထဲနစ်မြုပ်သွားရ၏။

တော်ဝင်လွှတ်တော်မှတဆင့် ဘုရင်ကြီး၏ အမိန့်အရ ဘုရင်မဆယ်ဗီနီနှင့် မင်းသားလေးအဲရစ်တို့မှာ မြို့စားများအဖြစ် သုံးနှစ်တာ ထမ်းဆောင်ရမည်ဖြစ်သည်။

သုံးနှစ်အကြာတွင် ၎င်းတို့၏လုပ်ဆောင်ချက်မည်မျှကောင်းကောင်း ထွက်ခွာရမည်ဖြစ်ရာ အုပ်ချုပ်မှုစွမ်းရည်ကိုပြဿရန် သုံးနှစ်သာရှိပေ၏။

ထိုသုံးနှစ်တာအတွင်း၌သာ မိမိကိုယ်ကိုယ်သက်‌သေပြရမည့် ရလာဒ်များမပေးနိုင်ပါလျှင် သံသယပင်မလိုဘဲ ထီးနန်းရရန် အားနည်းချက်ကြီးကြီးမားမားဖြစ်လာမည်ပင်။

မှန်ပါ၏၊ ၎င်းတို့သာ ရလာဒ်ကောင်းကောင်းဖန်တီးနိုင်ပါက အသုံးပြုရန် အခွင့်ရေးကောင်းပါပင်။

ရှုယီမှာ လော်ရန်မြို့တော်၏ တည်နေရာကိုမသိသလို မင်းသားလေးအဲရစ်၏ အစီအစဉ်ကိုလည်း ဂရုမစိုက်ချေ သို့သော် ဆယ်ဗီနီကိုမူ သူ၏ စိတ်တွင်းမှ ထောက်ပံ့ပေးပါ၏။ ထို့ကြောင့် ဆယ်ဗီနီ ဘန်တာမြို့သို့ရောက်ကတည်းက သူမနှင့် စကားပြောရန် နေ့တိုင်းနီးပါး သူမရှိရာသို့သွားခဲ့သည်။

ဘန်တာမြို့အား နားလည်ဖို့ကူညီခြင်းအပြင် သူမထံ အဆိုပြုချက်အမျိုးစုံကိုလည်း ပေးပါ၏။

ဆယ်ဗီနီထံ၌ အားသာ‌ချက်ကောင်းကောင်းရှိပြီး ၎င်းမှာ ကောင့်ထ်စတက်ဂျ်က အချိန်ကြာမြို့စားမဖြစ်လိုက်ရသဖြင့် ဘန်တာမြို့၏ နေရာစုံကိုမချဉ်းနင်းရသေးချေ။ ဘန်တာမြို့၌ ဆယ်နှစ်ကျော်ကြာ နေထိုင်လာသော ကောင့်ထ် စီယန်နှင့် စာလျှင် သူ၏လွှမ်းမိုးမှုက မယှဉ်သာပေ။

ကောင့်ထ် စီယန်မှာ ဘန်တာမြို့မှ ထွက်သွားပြီဖြစ်သော်လည်း သူ၏အုတ်မြစ်က နက်ရှိုင်းလှပြီး ဆယ်ဗီနီကို ထောက်ပံ့ပေးခဲ့သည်။ ထို့ကြောင့် ဆယ်ဗီနီမြိုစားအဖြစ် တာဝန်ယူရသည့်နောက် ကောင့်ထ် စီယန် ကြောင့် အလွယ်တကူဘန်တာမြို့ကို ထိန်းချုပ်နိုင်ပြီး သူမ၏အကြံဉာဏ်များကို အလွယ်တကူပြည့်စုံစေနိုင်သည်။

ရှုယီလည်း သူမကိုထောက်ပံ့ပြီး Frestech ကုန်သည်ကြီးများအသင်းက ဘန်တာမြို့၌ လွှမ်းမိုးအားကောင်းသည့် အချက်ကိုပါ ထည့်ပေါင်းလိုက်လျှင် ဆယ်ဗီနီအတွက် များစွာ လွယ်ကူသွားသည်။

စိုက်ပျိုးရေးနှင့် စီးပွားရေးကို အတူတကွ ဖွံ့ဖြိုးစေခြင်းမှာ ဆယ်ဗီနီက ရှုယီနှင့်အတူ ဆုံးဖြတ်ခဲ့သည့် အရာပါပင်။

မည်သို့ဖြစ်စေ စိုက်ပျိုးရေးမှာ လမ်ပူရီတိုင်းပြည်၏ အခြေခံဖြစ်သည်။ ဆယ်ဗီနီက စီးပွားရေးဖွံ့ဖြိုးမှုကို အရေးထားပါလျှင်တောင် စိုက်ပျိုးရေးကိုလည်း လက်မလျှော့နိုင်ရာ ၎င်းကိုလည်း အရေးထားရပါ၏။

သို့သော် ဆယ်ဗီနီလည်း စီးပွားရေးက ဘန်တာမြို့အတွက် မည်မျှ အရေးပါသည်ကို သိသည်။ သဘာဝကျစွာပင် သူမက ကောင့်ထ်စတက်ဂျ်လုပ်ခဲ့သလို စီးပွားရေးကိုဖိနှိပ်၍ စိုက်ပျိုးရေးကို မြှင့်တင်တာမျိုးမလုပ်ပါချေ။

ထို့ကြောင့် ရှုယီ၏ ဂျုံနှင့်ဆန်စပါးအပြင် သီးနှံများလည်းပါဝင်သော စိုက်ပျိုးရေးအား ကြီးမားသည့်ထုတ်‌လုပ်ရေးအဖြစ် ပြောင်းလဲသည့်အကြံကို ဆယ်ဗီနီက လက်ခံပေသည်။ ထို့နောက် ၎င်းတို့မှာ ယနေ့ကို ထိုကိစ္စအား သတင်းထောက်သုံးဦးမှတစ်ဆင့် လူထုထံ ချပြရန် အခွင့်ကောင်းအဖြစ်အသုံးပြုလိုက်ကြသည်။

သူ၏ရုံးခန်းထဲ၌ ရှိခဲ့သည့် ဆယ်ဗီနီ၏ ပျင်းရိသောအသွင်ကို တွေးတောကာ ရှုယီမှာ မနေနိုင်ဘဲ ထပ်ပြုံးမိပြန်လေသည်။

ဤသည်က ထိုသို့သော ဆယ်ဗီနီမျိုးကို ပထမဆုံး မြင်တွေ့ဖူးသည့် အကြိမ်ပါပင်။

၎င်းကိစ္စက သူမ၏နောက်သုံးနှစ်အတွင်း လမ်းကြောင်းကိုဆုံးဖြတ်ပေးမည်ကြောင့်လည်းဖြစ်နိုင်သည်၊ ထို့ကြောင့် သူမက အင်မတန်မောပန်းနေပြီး ထိုအသွင်ကိုပင် မထိန်းနိုင်ဘဲ ပြသမိသွား၏။

မှန်ပါသည်၊ ထိုသည်က ရှုယီထံ သူမ၏ယုံကြည်မှုကိုပြသနေပေ၏၊ မဟုတ်ပါက သူမ၏ တော်ဝင်ဆန်သည့်ဟန်ကိုသာ ဆက်ထိန်းထားကာ ထိုသို့မသင့်လျော်သည့် အသွင်ကိုပြသမည်မဟုတ်ချေ။

ရှုယီက ခေါင်းခါလျက် ထိုသည်က ကောင်းသည်လား ဆိုးသည်လားကို မသိတော့ပေ။

အနည်းငယ်စဉ်းစားပြီးနောက် ရှုယီလည်း မြေဩဇာစက်ရုံသို့ လှည့်ပြန်လိုက်သည်။

သူ့အနေနှင့် နတ်သူငယ်အလုပ်ရုံမန်နေဂျာအဲရစ်အား ထုတ်လုပ်ရေးပြဿနာအကြောင်းပြောရန် စဉ်းစားနေချိန်တွင် အလတ်ဆိုဒ်မှော်ခရီးသည်တင်ကားတစ်စှး အမြန်ရောက်လာကာ မြေဩဇာစက်ရုံအရှေ့၌ ရပ်လာ၏။

ရှုယီ တံခါးထဲသို့ ဝင်လိုက်သည်နှင့် ထိုအသံကိုကြားရာ လှည့်ကြည့်လိုက်သည်။

ထို့နောက် ကန်တိုနာက မောင်းသူခုံမှဆင်းလာရာ ရှုယီက မျက်မှောင်ကုပ်၍ ပြောသည်၊"ငါပြောမယ် ကန်တိုနာ မင်း မြန်မြန်မောင်းလို့မရဘူးလို့ ဘယ်နှခါပြောရဦးမှာလဲ? မင်း မတော်တဆဖြစ်မှာမကြောက်ဘူးလား? ပြီးတော့ မင်း ဒီလိုမောင်းနေရင် ကားက ခံနိုင်မှာမဟုတ်ဘူး။"

ကန်တိုနာက ဂရုမစိုက်ဟန်ဖြင့်လက်ကိုယမ်းကာ၊ "အဆင်ပြေပါတယ်၊ ကျွန်တော်က ဒါကိုကြုံဖူးတယ်၊ ဘာမှမဖြစ်ပါဘူး။ ပြီးတော့ ဥက္ကဌရှု၊ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက ဘယ်အချိန်မှ ပိုမြန်တဲ့ မှော်ကားတွေကို ဖန်တီးနိုင်မှာလဲ? ကျွန်‌တော် ဒါကိုမောင်းတော့ အမြန်နှုန်းက ကျွန်တော်လိုချင်သလောက် မကျေနပ်စေဘူး။"

ရှုယီက မျက်လုံးများကိုလှိမ့်ကာ၊ "မင်းက F1ပြိုင်ကားကို မောင်းချင်တာလား? ဒါက မင်းရဲ့တောင့်တမှုကို ကျေနပ်စေမယ်ဆိုတာ ငါအာမခံတယ်။"

"F1ပြိုင်ကား?" ကန်တိုနာ၏ မျက်လုံးများတောက်ပသွားကာ၊ "ဒါက ဘယ်လိုကားမျိုးလဲ? အရမ်းမြန်တာလား? ဘယ်လောက်မြန်လဲ?"

"ဘယ်လောက်မြန်လဲ?" ရှုယီက နှာခေါင်းရှုံ့ကာ အဝေးရှိ လမ်းအဆုံးကို ညွှန်ပြလိုက်၏၊ "မင်းမြင်လား? အမြန်ဆုံး F1ပြိုင်ကားအတွက် အဲဒီ့အဆုံးကို မျက်တောင်တစ်ခတ်အတွင်း ရောက်နိုင်တယ်။ ဒါကို မြန်တယ်လို့ထင်လား?"

"တကယ်လား?" ကန်တိုနာက စိတ်လှုပ်ရှားကာ မျက်ခုံးပင့်လျက် ခါးသီးစွာရယ်လိုက်သည်၊ "ထားပါတော့၊ ဥက္ကဌရှု ကျုပ်ကိုနောက်နေတာပဲဖြစ်ရာမယ်၊ ဘယ်လိုလုပ် ဒီလောက်မြန်တဲ့ မှော်ကားရှိမှာလဲ? ဒီလောက်သာ ချဲ့ကားနေမယ်ဆိုရင် အန်ဗီမာမြို့ကို တစ်နာရီတောင်မပြည့်ဘဲ ရောက်သွားမှာပေါ့။'

ရှုယီက နှုတ်ခမ်းများကိုတွန့်ကွေးလျက် သူ့အား ဗဟုသုတမရှိဟု ပြောရန် အင်မတန်ပျင်းရိနေ၏။ ထို့နောက် လမ်းမပေါ်ရှိ ပို့‌ဆောင်ရေးမှော်ကားများကိုကြည့်ကာ ကန်တိုနာကို မေးလိုက်သည်၊ "ဘာလဲ? ဒီကို မြေဩဇာထပ်ယူဖို့လာတာလား?"

"ဟုတ်တယ်၊ စတက်တိန်းနယ်မြေအတွက်က ကောက်ရိတ်သိမ်းရာသီကိုရောက်ခါနီးပြီ ဆိုတော့ ကျွန်တော်လည်း အချိန်မကျခင် မြေဩဇာတွေ မြန်မြန်လာယူရတာပေါ့။" ကန်တိုနာက ခေါင်းငြိမ့်ကာပြောလိုက်သည်။

"အန်း၊ ငါ ဒီတလော အဲ့ကိုမရောက်ဖြစ်တော့ အနေအထားကို မသိသေးဘူး။ ဒီတစ်ခေါက် စပါးဘယ်လောက်ရနိုင်မလဲကို မင်းခန့်မှန်းပြီးပြီလား?"

ထိုမေးခွန်းကိုကြားသော် ကန်တိုနာက ချက်ချင်း အပြုံးကြီးကြီးပြုံးကာ ပျော်ရွှင်စွာဖြင့် ရှုယီထံ လက်နှစ်ချောင်းထောင်ပြလာသည်။

"ဘန်တာမြို့လယ်သမားဟောင်းတွေရဲ့ ခန့်မှန်းခြေအရ အနည်းဆုံး တန်ပေါင်း နှစ်သိန်းကျော်!"

"အိုး? ဒီလောက်များလား?" ထိုအရေအတွက်ကိုကြားသော် ရှုယီ၏အမူအရာက အတန်ငယ်ပြောင်းလဲသွား၏။

"အန်း! ဒီလောက်များတယ်။" ကန်တိုနာက ပျော်ရွှင်စွာ ခေါင်းငြိမ့်လျက်၊ "ကျွန်တော် ရက်နည်းနည်းလောက်ပြန်သွားတော့ လယ်ကွင်းတွေကို အသေအချာကြည့်ချိန်မှာ အဲဒီ့မြင်ကွင်းက... ကျစ်၊ ကျစ်၊ တကယ်ကို အံ့ဩစရာပဲဗျာ! လယ်ကွင်းတွေအားလုံးမှာ စပါးတွေနဲ့ပြည့်နေပြီး အညှာတစ်ခုစီက ဖောင်းပွနေရောပဲ! အကြည့်တစ်ချက်နဲ့တင် ကောက်ပဲသီးနှံတွေက အံ့ဩဖို့ကောင်းမယ်လို့ ပြောနိုင်တယ်။"

"အန်း၊ စတက်တိန်းနယ်မြေက အရမ်းအဆင်ပြေနေပြီ၊ ငါတို့ မြေဩဇာသုံးတဲ့အချက်နဲ့ ဟက်တာ လေးသောင်းကျော်လယ်‌မြေကို ပြန်သိမ်းပြီးပြီ ဆိုတော့ ဒီလောက်မရရင် ထူးဆန်းလိမ့်မယ်”

ရှုယီက စတက်တိန်းနယ်မြေ၏ ဦးတည်ဘက်ကိုကြည့်ကာ ဆယ်ဗီနီရှိရာဘက်ကိုကြည့်ပြီးနောက် အနည်းငယ်ဝမ်းနည်းသွား၏။

ယခင်နှစ်က သူနှင့် ကောင့်ထ်စတက်ဂျ် အလောင်းအစားလုပ်ချိန်တွင် ဤနှစ် စတက်တိန်း နယ်မြေရှိ ဟက်တာတစ်သိန်းမြေကွက်အတွက် ကောက်ပဲသီးနှံမှာ တစ်ပေါင်းနှစ်သိန်းကျော်ရမည်ဟု ကတိပေးခဲ့သည်။

လယ်မြေအား အပြည့်အဝ မရိတ်သိမ်းနိုင်ခင် ကောက်ရိတ်သိမ်းရာသီ နှစ်ခါသာပြီးသေးချိန်၌ ထိုပမာဏကိုကျော်လွန်နေပြီဖြစ်သည်။

ကောင့်ထ်စတက်ဂျ်သာ ထိုအကြောင်းသိပါလျှင် သူမည်သို့ခံစားရမည်လဲကို မသိပါချေ။

"ဥက္ကဌရှု၊ ကျွန်တော်ခင်ဗျားနဲ့တွေ့တာနဲ့ အရင်တစ်ခေါက်က ကိစ္စအကြောင်းမေးရမယ်... အဲဒါပြီးသွားပြီလား?" ကန်တိုနာက စိတ်လှုပ်ရှားနေဟန်ဖြင့် မေးလာသည်။

ရှုယီက ပြုံးပြလိုက်ကာ၊ "ပြဿနာမရှိပါဘူး၊ မင်းထင်ထားတာထက်တောင် ပိုကောင်းသေးတယ်။ ဘုရင်မက ခိုရိုကျေးရွာ၊ ခမ်ဘီယာကျေးရွာနဲ့ မက်စီလန်ကျေး‌ရွာတို့ကို မင်းရဲ့ ကန်တိုနာကုန်သည်ကြီးများအသင်းနဲ့ မြေကွက်စာချုပ်ချုပ်ဖို့ သဘောတူခဲ့တာတင်မကဘူး၊ မင်းကို လယ်မြေပိုပေးဖို့တောင် သဘောတူခဲ့တယ်။ မင်းရဲ့လုပ်ငန်းစုက မြို့စားအိမ်တော်နဲ့အတူ အလုပ်,လုပ်နိုင်သရွေ့ အားလုံးအဆင်ပြေတယ်။"

"တကယ်ကြီး?" ကန်တိုနာက ချက်ချင်း စိတ်လှုပ်ရှားသွားကာ၊ "ကောင်းတယ်! ကျွန်တော်တို့လုပ်ငန်းစုက သေချာပေါက် မြို့စားအိမ်တော်နဲ့အတူ အလုပ်လုပ်မှာပါ! မင်းသမီးလေးက ကျွန်တော်တို့ကို ဘာပဲလုပ်စေချင်ချင် ကျွန်တော်တို့လုပ်မယ်!

"ကောင်းတယ်။ ဘုရင်မရဲ့ ပထမဆုံးတောင်းဆိုချက်က ဆောင်းဦး ကောက်ရိတ်သိမ်းပွဲကို အာမခံဖို့ပဲ။ မင်းအနေနဲ့ ဒီ ကျေးရွာသုံးရွာကနေ ဂျုံစေ့ တန်ပေါင်းငါးသောင်းကို မကျော်နိုင်ရင် သူမကို အနာဂတ်မှာ လာမတွေ့နဲ့တော့တဲ့။" ရှုယီက ပြောသည်။

"တန်ပေါင်း ငါးသောင်း?" ကန်တိုနာက စိတ်တွက်,တွက်ကာ ရယ်မောလိုက်သည်၊ "ကိစ္စအသေးလေးပါ၊ ဘုရင်မကို စောင့်သာကြည့်ခိုင်းလိုက်ဗျာ။"

ရှုယီက ပြုံးလိုက်သည်။ ဤရာသီ ဘန်တာမြို့ရှိ လယ်မြေကို မြေဩဇာဖြင့်ထောက်ပံ့ပေးထားပြီး ထိုကျေးရွာသုံးခုရှိ လယ်မြေက ဟက်တာနှစ်‌သောင်းကျော်ရှိရာ တန်ပေါင်း ငါးသောင်းကျော်ဖို့က ကိစ္စလေးပါပင်။

သို့သော် အခြေခံစားသောက်ကုန်ထုတ်လုပ်ရေးနှင့် ယှဉ်လျှင် ရှုယီက စားသောက်ကုန်ထုတ်ရေးကိစ္စကို ပို၍ ဂရုစိုက်ပါ၏။

ဆယ်ဗီနီမှာ စိုက်ပျိုးရေးအား စီးပွားရေးနှင့်အတူ ဖွံ့ဖြိုးစေနိုင်သည်ဟု ပြောခဲ့ရသည့်အကြောင်းအရင်းမှ ရှုယီက ထိုသီးနှံများ၏ တန်ဖိုးကို မြှင့်တင်နိုင်သည့် ယုံကြည်ချမှလာသည်။

၎င်း၏ အရိုးရှင်းဆုံးဥပမာမှာ ခိုရိုကျေးရွာရှိ စည်သွပ်သီးစက်ရုံပါပင်။

ယခုတွင် စည်သွပ်သီးစက်ရုံက တစ်လလျှင် စည်သွပ်ဘူး တစ်သိန်းထုတ်လုပ်နေပြီး အနီးဝန်းကျင်မြို့များ၌ ကောင်းစွာရောင်းချနေသည်။

တစ်ခုချင်းစီဈေးနှုန်းက ကွဲပြားနိုင်သော်လည်း အတူတကွ ပျမ်းမျှတွက်လိုက်လျှင် တစ်လကို အထွက်နှုန်း တစ်သိန်းရှိရာ ထိုစည်သွပ်သီးစက်ရုံလေး၏ ရောင်းအားက အမြတ်ငွေ ရွှေဒင်္ဂါးငါးထောင်ကျော်နှင့်အတူ ရွှေဒင်္ဂါးတစ်သောင်းရပါ၏။

ထို ရောင်းအားအရေအတွက်နှင့် အမြတ်က အခြားအလုပ်ရုံများနှင့်ယှဉ်လျှင် သေးငယ်နေသော်လည်း စိုက်ပျိုးရေးနယ်ပယ်ရှုထောင့်မှဆိုလျှင် အင်မတန်အံ့ဩစရာ အရေအတွက်ဖြစ်၏။

ယခင် ခိုရိုကျေးရွာသားများအတွက် စုစုပေါင်း ရွှေဒင်္ဂါးတစ်ထောင်နီးပါးလေးသာ ဝင်ခဲ့သည်ဟုလည်း သိရသည်။

ယခုတွင် ထိုစည်သွပ်သီးစက်ရုံရှိနေရာ ခိုရိုကျေးရွာသားများထံ၌ အိမ်အသစ်များနှင့် Frestech အမှတ်တံဆိပ် စက်ပစ္စည်းအသစ်များရှိလာကာ လူနေမှုအဆင့်အတန်းပါမြင့်လာ၏။

ယခင်လကပင်၊ ရွာသူကြီးက အလတ်ဆိုဒ်မှော်ခရီးသည်တင်ကားသုံးစီးဝယ်ရန် ရွာသားများထံမှ ရံပုံငွေများကောက်ခံခဲ့သည်။ ၎င်းတို့အား ခိုရိုကျေးရွာမှ ဘန်တာမြို့နှင့် အခြားနေရာများသို့ ပို့ဆောင်ရန် အသုံးပြုကြသည်။

၎င်းတို့မှာ ခိုရိုကျေးရွာနှင့်အတူ ပြောင်းလဲမှုကို သက်သေခံခဲ့သောကြောင့် ကန်တိုနာ ကုန်သည်ကြီးများအသင်း လက်အောက်မှ ခမ်ဘီယာနှင့် မက်စီလန် ကျေးရွာတို့ကလည်း ၎င်းတို့၏ သီးနှံများကို ပြောင်းလဲရန် တောင်းဆိုကာ စည်သွပ်သီးစက်ရုံအတွက် အသီး‌များထောက်ပံ့ရန် အပင်စိုက်လာကြသည်။

ကန်တိုနာယခုလုပ်ဆောင်နေသည်က ကျေးရွာသားများအတွက်ဖြစ်သည်။ သူဟာ ၎င်းတို့အနေနှင့် မြိုစားအိမ်တော်၏ အခြေခံသီးနှံလိုအပ်ချက်အတွက် လယ်မြေအနည်းငယ် သိမ်းဆည်းထားနိုင်ရန် မျှော်လင့်မိသည်။

ထိုသို့စဉ်းစားရင်း ရှုယီက ကန်တိုနာကို စနောက်ဟန်ဖြင့် ကြည့်လိုက်၏။

ဒီလူက တကယ်ပဲ မြို့‌စားအိမ်တော်ရဲ့ တောင်းဆိုမှုကို အလွယ်လေးရမယ်လို့ ထင်နေတာလား?

မြို့စားအိမ်တော်၏တောင်းဆိုချက်များက ကျေးရွာသားများ၏ တောင်းဆိုချက်နှင့် ဆန့်ကျင်နေချိန်တွင် သူမည်သို့ဂရုစိုက်မည်ကို ကြည့်ရမည်။

သို့သော် ထိုကိစ္စက ကန်တိုနာ၏ ခေါင်းကိုက်စရာသာဖြစ်သည်။ စိုက်ပျိုးရေးနယ်ပယ်နှင့်ယှဉ်လျှင် ရှုယီက စက်မှုနယ်ပယ်စနစ်ဖွံ့ဖြိုးရေးကို ပိုဂရုစိုက်ပါ၏။

ပို့ဆောင်ရေးမှော်ကားများက ၎င်းတို့အနီးမှ တဖြည်းဖြည်းဖြတ်သွားသည်ကိုကြည့်ရင်း ရှုယီက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။

ထိုအရာများမှာ စက်မှုနယ်ပယ်စနစ်ဖွံ့ဖြိုးရန် အတောင်ပံတပ်ပေးလိုက်သည်နှင့် ညီမျှ၏။

***

မှော်စက်မှုအင်ပါယာ

Vol 3, အခန်း ၇၉။ ပို့ဆောင်ရေးလုပ်ငန်း

အလတ်ဆိုဒ်မှော်ခရီးသည်တင်ကားတစ်စီးမှာ လျင်မြင်စွာဖြင့် နော်တန်မြို့မှ ခရာမာမြို့ထံ ရွေ့လျားနေ၏။

တစ်နာရီလျှင် လေးဆယ်ကီလိုမီတာအား ကမ္ဘာ‌မြေပေါ်၌နှေးသည်ဟုယူဆသော်လည်း ပို့ဆောင်ဆက်သွယ်ရေးအတွက် မြင်းလှည်းများကို မှီခိုနေရဆဲ လောကတစ်ခုတွင်မူ ၎င်းက အင်မတန်မြန်လွန်းနေပြီပင်။

နှစ်ဘက်နှစ်ချက်ရှိ သစ်ပင်များ အလျင်အမြန်ဖြတ်သွားကြသည်ကို မြင်သော် ဘယ်ထရိုမှာ သူ၏ရှေ့လမ်းမ၌ တည့်တည့်စိုက်ကြည့်ကာ ဘီး(ကားစတီယာရင်)ကိုတင်းတင်းကြပ်ကြပ်‌ဆုပ်ကိုင်ထားလိုက်ပြီး လုံးဝအေးဆေးမနေဝံ့ချေ။

နံဘေးရှိ ဆာခိုဇီက ဘယ်ထရို၏ စိတ်တင်းထားဟန်ကိုမြင်သော် ရယ်လျက် ဆိုလာ၏၊ "ငါပြောမယ်၊ ဘယ်ထရို, မင်းဘာလို့ အရမ်းစိတ်လှုပ်ရှားနေရတာလဲ? မင်းက အဲ့လောက် မြန်မြန်သွားနေတာတောင် မဟုတ်ဘဲ ဘာတွေကို ကြောက်နေတာလဲ?"

ဘယ်ထရိုက လှည့်မကြည့်လာဘဲ လမ်းမကိုသာ ကြည့်မြဲကြည့်နေသော်လည်း ဒေါသတကြီးပြောလေသည်၊ "အဓိပ္ပာယ်မရှိတာ၊ ကျုပ် ယာဉ်မောင်းလိုင်စင်ရထားတာ သိပ်မကြာသေးဘူးလေ၊ စိတ်လှုပ်ရှားတာပေါ့။"

ဆာခိုဇီက ရယ်ကာ၊ "ဒါကြောင့် ငါမင်းကို လိုင်စင်မြန်မြန်ရအောင်လုပ်ဖို့ပြောခဲ့တာလေ၊ ဒါပေမယ့် မင်းကမှ မလိုချင်တာ။ ငါ့ကိုကြည့်ဦး၊ ငါဒါကိုမောင်းနေချိန်ဆို အရမ်းစိတ်အေးရတယ်။"

ဘယ်ထရိုမှာ ပို၍ဒေါသထွက်ကာ သူ့အားဆူလိုက်ချင်ပါသော်လည်း စိတ်လှုပ်ရှားနေသောကြောင့် လက်ကတုန်ရီနေကာ ဘီးက လှည့်သွား၏။ ၎င်းက ကားကို ရုတ်တရတ် လည်သွားစေကာ လမ်းဘေးသို့ ကျလုဆဲဆဲဖြစ်သွားစေသည်။

နံဘေးရှိ ဆာခိုဇီက ကြောက်လန့်သွားကာ အလျင်အမြန်ပင် ဘီးကို ဆွဲ၍ ကားကို လမ်းမပေါ်ပြန်တင်ကာ တည်ငြိမ်စေလိုက်သည်။

ဘယ်ထရိုက စက်သတ်ကာ ခေါင်းပေါ်မှ ချွေးအေးများကိုသုတ်လိုက်၏။ ထို့နောက် ဆာခိုဇီကို စိုက်ကြည့်ကာ ဒေါသတကြီးပြောတော့သည်၊ "ကျုပ်ကို နောက်မနေနဲ့၊ မတော်တဆဖြစ်တော့မလို့ ကပ်သီးလေးပဲ!"

ဆာခိုဇီက အင်မတန်ထိတ်လန့်နေသည်။ ပုံမှတ်အားဖြင့် သူဟာ ပြန်ငြင်းခုံမည်ဖြစ်သော်လည်း ကြောင်ငေးငေးဖြင့်သာ ခေါင်းငြိမ့်လိုက်ပြီး မည်သည်ကိုမှ ဆိုမလာချေ။

ကားက တစ်နာရီလျှင် ကီလိုမီတာနှစ်ဆယ်နီးနီးကို အချိန်ခဏမျှ ထိန်းထားသော်လည်း ဘယ်ထရိုကတော့ ထပ်မံ၍ မြန်မြန်မမောင်းနိုင်တော့ချေ။

မတိုင်ခင်က ကြုံခဲ့သည့်ကိစ္စအပြီးတွင် သူက လှည့်ဖျားမှုလေးတချို့ သိလိုက်ရသည်။ သူက မှော်ကားမောင်းချိန်တွင် ယခင်လို ဘီးအား တင်းတင်းကြပ်ကြပ်မကိုင်တော့ဘဲ ပို၍ များစွာစိတ်လျှော့ထား၏။

လမ်းမပေါ်၌ အတန်ကြာ ပြေးနေပြီးနောက်တွင် ဘယ်ထရိုက နှုတ်ခမ်းများကိုတွန့်ကွေးလျက် ခံစားချက်ပြည့်နေသော အသံဖြင့် ၊"Frestech ကုန်သည်ကြီးများအသင်းက မှော်ကားမောင်းမယ့်လူတိုင်းကို ယာဉ်မောင်းလိုင်စင်ယူခိုင်းတာ အံ့ဩဖို့ မကောင်းတော့ပါဘူး။ ခင်ဗျားသာ ကောင်းကောင်းမလေ့ကျင့်ထားရင် ပြဿနာတွေဖြစ်ဖို့ အတော်လွယ်တယ်။"

ဆာခိုဇီက ဘယ်ထရိုကိုကြည့်လိုက်ရာ ယခင်ကနှင့်စာလျှင် ပို၍ စိတ်အေးသွားသည်ကို တွေ့လိုက်ရ၏။ သူဟာ တိတ်တဆိတ်ပဲ အံ့ဩသွားကာ ပြောလိုက်သည်၊ "ဟုတ်တယ်၊ မြို့စားအိမ်တော်က မှော်ကားစီမံရေးစည်းမျည်းတွေကို မင်းမတွေ့ဘူးလား? ဒုက္ခများမယ်လို့ ထင်ရတဲ့ အရာတွေ အတော်များများတွေ့ပေမယ့် ဒီကားကို အချိန်နည်းနည်းလောက်မောင်းကြည့်လိုက်တော့မှ ဒါတွေက အရမ်းကို ကျိုးကြောင်းသင့်တယ်လို့ ခံစားလိုက်ရတယ်။ ဥပမာ၊ မောင်းနှင်နေစဉ်မှာ ထိုင်ခုံခါးပတ်,ပတ်ထားရမယ်ဆိုတဲ့ စည်းကမ်းလေ၊ မဟုတ်ရင် ဒဏ်ကြေးဆောင်ရမယ်။ ကြည့်ပါဦး၊ မင်းအခု ထိုင်ခုံခါးပတ် မပတ်ထားတော့ တစ်ယောက်ယောက်ထွက်လာရင် ငါတို့တွေ မကောင်းတာတစ်ခုခုဖြစ်သွားလိမ့်မယ်။"

ဘယ်ထရိုက ခေါင်းအသာငြိမ့်ကာ၊ "အန်း၊ ကျုပ်ပြန်ရောက်တဲ့အခါ ကျုပ်ကလေးနှစ်ယောက်ကို ဒီအကြောင်းပြောရမယ်။ သူတို့လည်း ယာဉ်မောင်းလိုင်စင်လိုချင်နေကြတော့ အလေးအနက်မလုပ်ဘဲ နောက်ကျသွားရင် တစ်ခုခုဖြစ်လာမှ နောင်တရနေလိမ့်မယ်။"

ဆာခိုဇီက ဘယ်ထရိုကိုကြည့်ကာ ရယ်လိုက်၏၊ "ဘာလဲ? မင်းကကြောက်နေတာလား?"

"ငါ့ဖင်ကြီးကို ကြောက်လေ!" ဘယ်ထရိုက ဒေါသတကြီးပြောလိုက်သော်လည်း ဤတစ်ခေါက်တွင်မူ ဘီးကိုအသေအချာကိုင်ထားကာ ယခင်တစ်ခေါက်ကလို သူ၏ မောင်းနှင်ခြင်းကို သက်ရောက်ခွင့်မပြုလိုက်ပေ။

"ဟုတ်ပြီလေ၊ မင်းကြောက်နေရင် အဆင်ပြေပါတယ်၊ ရှက်စရာမှမဟုတ်တာ။ ငါ ပထမဆုံးအကြိမ် မောင်းတုန်းက ငါလည်း အတော်လေးကြောက်နေပေမယ့် အသားကျသွားတာနဲ့ အဆင်ပြေသွားလိမ့်မယ်။" ဘယ်ထရိုက အမှန်ကို စိုးရိမ်နေသည်အား မြင်သော် ဆာခိုဇီက သူ့အား စနောက်ခြင်းမပြုတော့ဘဲ ရှားရှားပါးပါးအားပေးလိုက်သည်၊ "ပြီးတော့ မင်းငွေဝင်ချင်ရင် ဘယ်လိုများ အန္တရာယ်နည်းနည်းလေးကို မရင်ဆိုင်နိုင်ရမှာလဲ။ ကြည့်ပါဦး ငါ‌တို့တွေ ဒီကုန်စည်လက်ကျန်တွေကို ခရာမာမြို့ဆီ ပို့ပေးနေသရွေ့ ရွှေဒင်္ဂါးသုံးပြားရမှာလေ။ ငါတို့ တစ်နေ့မှာ အမြန်ဆုံးလုပ်နိုင်ရင် ငွေဘယ်လောက်တောင် ရလိုက်မလဲ။"

"ဒါက တခြားလူတွေခင်ဗျားကိုပေးတဲ့ ပို့ဆောင်ခလေ၊ လမ်းပေါ်မှာ ကျုပ်တို့ငွေဘယ်လောက်သုံးလိုက်တယ်ဆိုတာကို မတွက်ကြည့်ဘူးလား?" ဘယ်ထရိုက မေးသည်။

"လမ်းပေါ်မှာ သုံးတာက မများပါဘူး၊ အများဆုံး နေ့လည်စာ စားတာလောက်ပဲ။ အိုး၊ မင်းက ကုန်ကျမှုကြီးကြီးမားမားကိုပြောချင်တာဆိုရင်တော့ မှော်သလင်းကျောက်ပဲ... ခဏ၊ ငါကြည့်လိုက်ဦးမယ်..." ဆာခိုဇီက ရုတ်တရတ် ခါးဆန့်ကာ ဒက်ရှိဘုတ်ပေါ်ရှိ တိုင်းတာသည့်ကိရိယာကိုကြည့်ကာ ပြောလိုက်သည် "အတော်လေးသုံးပြီးပြီပဲ။ ခရာမာမြို့ကိုရောက်ရင် မှော်သလင်းကျောက်တွေပြောင်းရမယ်၊ မဟုတ်ရင် အိမ်ပြန်လို့ရမှာမဟုတ်ဘူး။"

ဘယ်ထရိုကလည်း ထိုကိရိယာကိုကြည့်လိုက်ပြီး ယာဉ်မောင်းလိုင်စင်ရယူရန် ကြိုးစားစဉ်က သိခဲ့ရသည့် ဗဟုသုတ တချို့ကို သတိရသွားသည်။ ထိုကိရိယာက မှော်သလင်းကျောက် တစ်ဝက်ကျော်ကို အသုံးပြုပြီးသည်ဟု ပြသနေသည်ကို အတည်ပြုလိုက်သည်။

"ဘန်တာမြို့က ထွက်လာတော့ ကျုပ်တို့ ဖြည့်ခဲ့တယ်မဟုတ်ဘူးလား? ခရာမာ မြို့တော်က နှစ်ရာကီလိုမီတာပဲ ဝေးတာလေ၊ ဒါတွေ ဘယ်လိုအကုန်သုံးလိုက်တာလဲ?" ဘယ်ထရိုက မျက်မှောင်ကျုံ့ကာ ပြောသည်၊ "ဒီလိုဆို ကျုပ်တို့ ဒီ့ထက်ပိုသွားချင်ရင် မှော်သလင်းကျောက် အထုပ်လိုက်ကြီးကို သယ်သွားဖို့ မလိုဘူးလား? ဒီဟာ မှော်သလင်းကျောက်တွေကို အတော်မြန်မြန် စားလိုက်တာပဲ။"

"ရပါတယ်၊ ဘာပဲဖြစ်ဖြစ် မှော်သလင်းကျောက်တွေက ဈေးပေါတာပဲလေ။ တစ်ခါသွားဖို့ကို ငွေဒင်္ဂါးဆယ်ပြားလေးကုန်ပြီး အသွားအပြန်ခရီးဆို ငွေဒင်္ဂါးသုံးဆယ်တောင်မကျဘူးဆိုတော့ သိပ်မများပါဘူး။" ဆာခိုဇီက လက်ကိုယမ်းလျက် လုံးဝဂရုမစိုက်ပါချေ။

"ကျုပ်က ဒါကိုပြောနေတာမဟုတ်ဘူးလေ။ ကျုပ်ဆိုလိုတာက နှစ်ရာကီလိုမီတာလောက်ကို မှော်သလင်းကျောက်ဒီလောက်ကုန်နေရင် ဖာဆန်ရထားလုံးလုပ်ငန်းစု ဆိုဝယ်လ်မြို့ကို ကုန်တွေပို့ရင် ကီလိုမီတာနှစ်ထောင်ကျော်ကို ဘယ်လိုများပို့သလဲ?" ဘယ်ထရိုက မေးသည်။

"မင်းက ဘာတွေစိုးရိမ်နေတာလဲ? မှော်သလင်းကျောက်ကို ဘယ်မြို့မှာဖြစ်ဖြစ် ဝယ်လို့ရနေတာပဲ၊ ကြိုက်တဲ့အချိန်ဖြည့်လို့ရတယ်လေ။" ဆာခိုဇီက ပြော၏။

"ဒါပေမယ့် ကျုပ် ယာဉ်မောင်းလိုင်စင်ရဖို့ လေ့လာတုန်းက မှော်ကားမှာ မှော်သလင်းကျောက်အတွက် မြင့်မားတဲ့ တောင်းဆိုချက်ရှိတယ်။ အဆင့်မြင့် မှော်သလင်းကျောက်မဟုတ်ရင် စွမ်းအားက လုံလောက်မှာမဟုတ်ဘဲ ကားကို သက်ရောက်နိုင်တယ်။ ပြီးတော့ အဆင့်မြင့်မှော်သလင်းကျောက်နဲ့တောင် အရည်အသွေးမတူရင် မှော်ကားရဲ့လုပ်ဆောင်ချက်ကို သက်ရောက်နိုင်တယ်။ ဒါကြောင့် ဒါက အတော်လေးသက်ရောက်သွားတာမဟုတ်လား?"

"ငါမသိဘူး။" ဆာခိုဇီက ဂရုမစိုက်စွာဖြင့်ပခုံးတွန့်ကာ၊ "ဘာပဲဖြစ်ဖြစ် ငါတို့က ကားမောင်းဖို့ပဲ တာဝန်ရှိတာလေ၊ ဘာလို့ အရမ်းတွေဂရုစိုက်နေတာလဲ?"

ဘယ်ထရိုက ခေါင်းခါလိုက်သည်။ သူဟာ သံသယများဖြင့်ပြည့်နေသော်လည်း ဆာခိုဇီက ထိုမေးခွန်းကို စိတ်မဝင်စားသည်ကိုမြင်သည့်အခါ လက်လျှော့လိုက်တော့သည်။

ပို့ဆောင်ရေးမှော်ကားမှာ လမ်းမကိုဖြတ်၍ အလျင်အမြန်ရွေ့လျားနေပြီး တစ်နာရီအကြာတွင် ခရာမာမြို့သို့ရောက်ရှိသွားသည်။

ထိုပို့ဆောင်ရေးမှော်ကား၌ အိုင်ရီလန်ကုန်သည်ကြီးများအသင်းပို့ခိုင်းလိုက်သည့် ကုန်ပစ္စည်းများပါဝင်သည်။ ၎င်းတို့အား ခရာမာမြို့ရှိ မှော်ပန်ကာများနှင့် မှော်ရေနွေးအိုးများထုတ်လုပ်သည့် လုပ်ငန်းစုအသစ်ထံသို့ပို့ဆောင်‌ခြင်းပင်။

ခရာမာမြို့သို့ ဝင်ရောက်ပြီးနောက် လူများစွာရှိသောကြောင့် ဘယ်ထရိုက ကားကို မောင်းနှင်ရန် ဆာခိုဇီထံ လက်လွှဲလိုက်၏။

ဆာခိုဇီ၏ ကျွမ်းကျင်သော မောင်းနှင်မှုဖြင့် ပို့ဆောင်ရေးမှော်ကားမှာ ခရာမာမြို့အပြင်သို့ ကွေ့ဝိုက်သွားပြီး မြို့ပြင်၌ ဆောက်လုပ်ထားသော အလုပ်ရုံထံရောက်သွားသည်။

ဤသည်က ဆာခိုဇီ၏ ပထမဆုံးအကြိမ် ပို့ဆောင်ခြင်းမဟုတ်မှန်း ထင်ရှားသည်။ ပို့ဆောင်ရေးမှော်ကားလာသည်ကို မြင်ကြသော် အလုပ်ရုံအဝင်ဝရှိ အစောင့်များက မည်သည်ကိုမှ မမေးဘဲ တံခါးဖွင့်ကာ ဝင်ခွင့်ပြုလိုက်သည်။

တစ်ကိုယ်လုံး အပြာရောင်ဝတ်ဆင်ထားသော် သတ်လတ်ပိုင်းလူတစ်ဦးက အလုပ်ရုံမှ ထွက်လာကာ မှော်ကားကို အပြုံးဖြင့်ကြည့်လာ၏။

"ဟေး၊ အဘိုးကြီး ဆာခိုဇီ ခင်ဗျားက တကယ်မြန်တာပဲ။ ကျုပ် လွန်ခဲ့တဲ့သုံးရက်ကမှ အမှာစာပို့ဖို့ ဘန်တာမြို့ကို လူလွှတ်လိုက်ပေမယ့် ခင်ဗျားက ဒီတောင်ရောက်နေပြီ။" သက်လတ်ပိုင်းလူကြီးက အပြုံးဖြင့်ပြောသည်၊ "ခင်ဗျားရဲ့ အမြန်နှုန်းနဲ့ဆိုရင် တစ်လအတွင်းမှာ ငွေအတော်ဝင်လောက်တယ် မဟုတ်လား?"

ဆာခိုဇီက ရယ်ကာ၊ "မဆိုးပါဘူး၊ ဒါပေမယ့် ခင်ဗျားရဲ့ တစ်လကို ရွှေဒင်္ဂါးပေါင်းထောင်ချီဝင်နေတာနဲ့ယှဉ်ရင်တော့ မယှဉ်သာပါဘူးဗျာ။"

သက်လတ်ပိုင်းလူကြီးက လက်ဝေ့ယမ်းကာ၊ "ဒီလောက်လည်းများပါဘူး၊ ကျုပ်က ကျုပ်ကိုယ်ကျုပ် ရှာကျွေးဖို့ ကြိုးစားနေရုံပါပဲ။ ပြီးတော့ ကျုပ်ရဲ့လုပ်ငန်းကို လုယူဖို့ ဘယ်သူကမှ ဒီကိုမလာတာပဲ ကျေးဇူးတင်ရမယ်။ မဟုတ်လို့ Frestech ကုန်သည်ကြီးများအသင်း ဒါမှမဟုတ် တခြားလုပ်ငန်းစုကြီးတွေသာ ဒီမှာ အလုပ်ရုံတွေဆောက်ရင်တော့ သေချာပေါက် ဘာမှ ကျန်မှာကိုမဟုတ်ဘူး။"

ဆာခိုဇီက နှုတ်ခမ်းများကို တွန့်ကွေးလျက်၊ "ထားပါတော့၊ Frestech ကုန်သည်ကြီးများအသင်းသာ ခင်ဗျားရဲ့စီးပွားကို လုချင်ရင် ဘယ်လိုများဒီလောက်ဝင်နိုင်မှာတဲ့လဲ? စီးပွားရေးတောင်လုပ်နိုင်တော့မှာမဟုတ်ဘူး။"

"ဒါကြောင့် ကျုပ်က ဥက္ကဌရှုကို အမြဲကျေးဇူးတင်နေရတာလေ၊ ကျုပ်တို့လုပ်ငန်းစုအသေးလေးကို ရှင်သန်ဖို့ လမ်းကြောင်းတစ်ခုခွင့်ပြုထားလို့ပေါ့။" သက်လတ်ပိုင်းလူကြီးက အပြုံးဖြင့်ပြောသည် "ပြီးတော့ မှော်ပန်ကာနဲ့ မှော်ရေနွေးအိုးတွေအားလုံးက Frestech ကုန်သည်ကြီးများအသင်းရဲ့ နည်းပညာနဲ့ ပြည့်နေတာလေ။ ဥက္ကဌရှုနဲ့ Frestech ကုန်သည်ကြီးများအသင်းမရှိရင် ကျုပ်က တစ်နေ့ တစ်နေ့ လယ်ကွက်နည်းနည်းလေးကို စောင့်ကြည့်နေရမှာလို့ ပြောလို့တောင်ရတယ်၊ ဒီလို အဆင်ပြေတဲ့ဘဝမျိုး ဘယ်ရနိုင်မှာလဲ?"

ဆာခိုဇီက ဘယ်ထရိုကိုကြည့်ကာ ရယ်လိုက်သည်။

ဘယ်ထရိုမှာ ထိုလူက သူ့အား လယ်မြေကို လက်လျှော့ရန် ဆန္ဒမရှိခြင်းကြောင့် ရယ်နေသည်ကိုသိသောကြောင့် အေးစက်စက် နှာမှုတ်လိုက်သည်။ သူဟာ အဘိုးကြီးဆာခိုဇီကို လျစ်လျူရှုလျက် သက်လတ်ပိုင်းလူကြီးကို ရှုပ်ထွေးနေဟန်ဖြင့် ပြောလေ၏၊ "ဥက္ကဌချာနို ကုန်စည်စာရင်း လာယူပါဦး။ ကျုပ်တို့ မြန်မြန်လွှဲပေးပြီးတာမဲ့ မြန်မြန်ပြန်လို့ရတာပေါ့။"

ချာနိုက အပြုံးဖျော့ဖျော့ဖြင့် ခေါင်းငြိမ့်လေသည်။ သူဟာ မှော်ကားနောက်သို့ ကိုယ်တိုင်သွားကာ ပစ္စည်းစာရင်းကို ဂရုတစိုက်ယူလိုက်ပြီးနောက် ကုန်စည်များပါသည်ကို အတည်ပြုပြီး ဆာခိုဇီထံ ရွှေဒင်္ဂါးသုံးပြားလွှဲပေးလိုက်သည်။

"လာပါ၊ လာပါ အဘိုးကြီး ဆာခိုဇီ, ခင်ဗျားအနေနဲ့ ဒီကုန်စည်တွေအားလုံးကိုပို့ပေးဖို့ ခက်ခဲတာမို့ ဒီပို့ဆောင်ခကိုယူလိုက်ပါ။

ဆာခိုဇီက ရွှေဒင်္ဂါးသုံးပြားကိုယူကာ ကြည့်ပင်မကြည့်ဘဲ အိတ်ကပ်ထဲ ပစ်ထည့်လိုက်၏။ ထို့နောက် သူနှင့် ဘယ်ထရိုတို့မှာ ချာနိုခေါ်လိုက်သည့် ဝန်ထမ်းများနှင့်အတူ ကုန်စည်များကို အတူကူရွှေ့ပေးလိုက်သည်။

အရာအားလုံး ပြီးဆုံးသည့်နောက်တွင် အဘိုးအိုဆာခိုဇီက ချာနို၏ နေ့လည်စာ ဖိတ်ကျွေးခြင်းကို ငြင်းပယ်လိုက်သည်။ ထို့နောက် ဘယ်ထရိုကို ခေါ်ကာ လက်ယမ်း၍ ပြောလေ၏၊ "လာ၊ မင်းအတွက် ခရာမာမြို့ကို လာဖို့က အရမ်းရှားတယ်။ ငါမင်းကို ဒေသရဲ့ထူးခြားမှုတွေနဲ့ သောက်စရာရဖို့ခေါ်သွားမယ်၊ မင်းသဘောကျစေရမယ်လို့ ကတိပေးတယ်။"

နှစ်ဦးသားမှာ မှော်ကားထဲဝင်ပြီး အလုပ်ရုံမှ မောင်းထွက်သွားသည်နှင့် အနက်ရောင်အရိပ်တစ်ခုမှာ အဝေးကနေ၍ ၎င်းတို့ဦးတည်ဘက်ကို မောင်းနှင်လာသည်အား သတိပြုမိလိုက်သည်။

အသေအချာကြည့်ရှုလိုက်သော် ၎င်းက အနည်းဆုံး ပို့‌ဆောင်ရေးမှော်ကား အစီးနှစ်ဆယ်လောက်၏ ယာဉ်တန်းကြီးပင်။

***

မှော်စက်မှုအင်ပါယာ

Vol 3, အခန်း ၈၀။ ပြိုင်ဘက်အပေါ် သဘောထား

ခန့်မှန်းဖို့ရန်ပင် မလိုပါချေ၊ မှော်ကားအစီးနှစ်ဆယ်စာယာဉ်တန်းကို ဖန်တီးနိုင်သည်က ဖာဆန်ရထားလုံးလုပ်ငန်းစုမှလွဲ၍ မည်သူမှမရှိပေ။

ဖာဆန်ရထားလုံးလုပ်ငန်းစုက ၎င်းတို့၏ ပို့ဆောင်ရေးအဖွဲ့အား မှော်ကားများဖြင့် အပြည့်အဝပြုလုပ်ထားကြောင်း ကြေညာလိုက်ကတည်းက ဘန်တာမြို့ရှိ ပို့ဆောင်ရေးလုပ်ငန်းအားလုံးကို တစ်လအတွင်း၌ပင် ယူဆောင်သွား၏။

ဆာခိုဇီက ကုန်စည်များစွာ မရှိခြင်းကြောင့်သာ အိုင်ရီလန်ကုန်သည်ကြီးများအသင်း၏ ကုန်စည်များကို ပို့ဆောင်ရခြင်းဖြစ်ရာ ဖာဆန်ရထားလုံးလုပ်ငန်းစုအား ထိုအလုပ်ပေးဖို့ မလိုပါချေ။ အရေးကြီးဆုံး အကြောင်းရင်းမှာ အိုင်ရီလန်ကုန်သည်ကြီးများအသင်းဥက္ကဌဖရီးမန်းနှင့် ကန်တိုနာမှ တစ်ဆင့်သိကျွမ်းခဲ့သောကြောင့် အဆက်အသွယ်မှ ဤအလုပ်ကိုရခြင်းပင်။

မှန်ပါ၏၊ သူ၏ဈေးနှုန်းက ဖာဆန်ရထားလုံးလုပ်ငန်းစုထက် နိမ့်သည်ကလည်း အရေးပါသော အကြောင်းရင်းပင်။

သို့သော် မည်သို့ဖြစ်စေ ဆာခိုဇီမှာ မှော်ကားတစ်စီးလေးနှင့် စွန့်စားနေရသော ပို့ဆောင်သူလေးသာဖြစ်ရာ ဖာဆန်ရထားလုံးလုပ်ငန်းစုနှင့်ယှဉ်ရန်ပင် မတတ်နိုင်ပါချေ။

ကုန်စည်ပမာဏများစွာကိုပို့ဆောင်နိုင်သူများအတွက် ဖာဆန်ရထားလုံးလုပ်ငန်းစုကသာ လက်ရှိ၌ ထိုအစွမ်းအစရှိ၏။

ဆာခိုဇီမှာ အားကောင်းလှသောယာဉ်တန်းကြီးကို မနာလိုစွာကြည့်လိုက်သည်။ ထို့နောက် ငေးနေသည့် ဘယ်ထရို၏ ပခုံးကို ရိုက်ကာအသံတိမ်တိမ်ဖြင့်ပြောလိုက်၏၊ "သွားကြစို့၊ ထပ်မကြည့်တော့နဲ့။ ဘယ်ထရို ရှေ့လျှောက် ငါနဲ့ပဲ အလုပ်လုပ်ပါ။ ငါတို့ ရက်နည်းနည်းလောက် ကြိုးစားလိုက်ရင် မှော်ကားနည်းနည်းလောက်ပိုဝယ်လာနိုင်ပြီး ကုန်စည်တွေဒီ့ထက်များများပို့နိုင်မှာပါ။ ကားနည်းနည်းစုမိသွားတဲ့အခါ ပို့ဆောင်ရေးလုပ်ငန်းဖွင့်ရင် ဖွင့်နိုင်မှာပေါ့။"

ဘယ်ထရိုက ခေါင်းငြိမ့်ကာ အဝေးကိုထပ်ကြည့်လိုက်၏။ ထို့နောက် နောက်ဆုံးမှော်ကားနောက်ဘက်၌ ရင်းနှီးနေသည့် သင်္ကေတကိုမြင်လိုက်ရသည်။

"ကြည့်ရတာ ဒီယာဉ်တန်းက Frestech ကုန်သည်ကြီးများအသင်းအတွက် ပစ္စည်းတွေသယ်ပေးလာပုံပဲ။ Frestech ကုန်သည်ကြီးများအသင်းမှာ ခရာမာမြို့မှာ အလုပ်ရုံဖွင့်မလို့များလား?"

ဆာခိုဇီက ပြန်ကြည့်လိုက်သော်လည်း ဘယ်ထရိုကဲ့သို့ မျက်လုံးမကောင်းရှာရာ မည်သည်ကိုမှ မတွေ့ချေ။ ထိုသို့စဉ်းစားပြီးနောက် သူက ပြောလာ၏၊ "ထူးဆန်းတာဘာမှမရှိပါဘူး။ Frestech ကုန်သည်ကြီးများအသင်းက အရင်ရက်ကပဲ မှော်စက်မှုနယ်ပယ်ကို ဖွံ့ဖြိုးစေဖို့ ကြေညာခဲ့တာမဟုတ်ဘူးလား? တိုင်းပြည်က နေရာပိုများများမှာ ရင်းနှီးမြှုပ်နှံဖို့ပြင်ဆင်နေတာနေမှာပေါ့။ သူတို့က နော်တန်မြို့နဲ့ ကန်ဘာရာမြို့မှာ ထုတ်လုပ်ရေးအခြေစိုက်ရုံးတောင်ဆောက်ပြီးနေပြီဆိုတော့ ခရာမာ မြို့မှာ ပေါ်လာတာ မဆန်းပါဘူး။"

"အန်း၊ ကျုပ်က နည်းနည်းလောက်မြန်နေတယ်လို့ ခံစားမိရုံပါ။ ဒီ Frestech ကုန်သည်ကြီးများအသင်းက ခမာမြို့မှာ အရင်ရက်ကမှ လုပ်ငန်းစုအခွဲတစ်ခုဆောက်ပြီးရုံရှိသေး အခု အပြင်ဘက်ကို စပြီးချဲ့ထွင်ရင်း ဒီမြို့တွေအားလုံးမှာ တပြိုင်တည်း ရင်းနှီးမြှုပ်နှံနေတယ်။ သူတို့ရဲ့စားချင်စိတ်က အရမ်းများမနေဘူးလား?" ဘယ်ထရိုက ပြောသည်။

"ဒါက မင်းနဲ့ဘာဆိုင်‌လို့လဲ?" ဆာခိုဇီက သူ့အားကြည့်ကာ၊ "ငါတို့ကဥက္ကဌရှုလို အရေးကြီးပုဂ္ဂိုလ်တစ်ယောက် ဘာတွေစဉ်းစားနေတယ်ဆိုတာကို ဘယ်လိုနားလည်နိုင်မှာလဲ? ဘာပဲဖြစ်ဖြစ် သူက ငါတို့ထက် ပိုဉာဏ်ကောင်းတာကိုမင်းသိနေတာပဲ၊ စိုးရိမ်ဖို့လိုလို့လား? မင်းမှာ အချိန်အားနေရင် ငါတို့ဘာစားမလဲကိုစဉ်းစားနေသင့်တယ်၊ ငါ ဗိုက်ဆာနေပြီ။"

ဘယ်ထရိုက ရယ်ကာ ဆာခိုဇီမှန်သည်ဟု တွေးလိုက်သည်။ ထိုသည်က ၎င်းတို့တွေးသင့်သည့်အရာမဟုတ်ရာ သူလည်း ထိုအတွေးများကို ခေါင်းခါလျက် ပစ်ထုတ်လိုက်၏။ ထို့နောက် ဆာခိုဇီနှင့် အတူမှော်ကားထဲဝင်ကာ ခရာမာမြို့ထံ မောင်းသွားတော့သည်။

ထို နှစ်ဦးမသိလိုက်သည်မှာ ၎င်းယာဉ်တန်းရှိ မှော်ကားတစီးမှ လူနှစ်ဦးမှာ ဆာခိုဇီအကြောင်းဆွေးနွေးနေကြသည်ပင်။

"မင်း ဖစ်ထ်ကုန်သည်ကြီးများအသင်းရဲ့ တံခါးနားက ပို့ဆောင်ရေးမှော်ကားကိုမြင်လိုက်လား? ငါ ခန့်မှန်းတာသာ မမှားရင် ဒါက မက်စီလန်ကျေးရွာက ဆာခိုဇီလို့ ခေါ်တဲ့လူတစ်ယောက်ရဲ့ ကားပဲဖြစ်ရမယ်။" ဥက္ကဌပွန်ဖီးက အဝေးရှိ မှော်ကားကို ပြတင်းမှ ညွှန်ပြလာသည်။

အန်းခေါ့ထ်လည်း ထိုဘက်ကိုကြည့်ကာ သံသယအပြည့်ဖြင့် မေးလာ၏၊ "ဥက္ကဌပွန်ဖီး ကြည့်ရတာ သူ ဘန်တာမြို့ကနေ ကုန်စည်တွေလာပို့တာဖြစ်ရမယ်၊ ဟုတ်တယ်မလား? ဒါဆို သူက ခင်ဗျားလုပ်ငန်းစုရဲ့ ပြိုင်ဘက်လို့ ပြောလို့ရတယ်ပေါ့?"

"ပြိုင်ဘက်?" ဥက္ကဌပွန်ဖီးက ဂုဏ်ယူပြုံး,ပြုံးကာ လက်ယမ်းလိုက်၏၊ "သူက ယှဉ်ဖို့ အဝေးကြီးလိုပါသေးတယ်။ ကားတစ်စီးပဲရှိတဲ့ ကားမောင်းသူလေးတစ်ယောက်က ငါ့လုပ်ငန်းစုရဲ့ ပြိုင်ဘက် ဘယ်လိုဖြစ်နိုင်မှာလဲ? အများဆုံး ငါတို့စကားပြောစရာလေးရှိသွားရုံပေါ့။"

အန်းခေါ့ထ်က ခပ်ဖျော့ဖျော့ပြုံးကာ ဥက္ကဌပွန်ဖီးက တကယ်ကို ယုံကြည်မှုရှိသည်ဟု တွေးလိုက်သည်။

သို့သော် မှန်ပါသည်၊ မှော်ကားတစ်ရာကျော်ရှိကာ ဘန်တာမြို့ရှိ ပို့ဆောင်ရေးလုပ်ငန်းအားလုံးကို သိမ်းယူထားသည့် ဖာဆန်ရထားလုံးလုပ်ငန်းစုနှင့်ယှဉ်လျှင် ထိုသို့သော မောင်းသူလေးတစ်ဦးအား ပြိုင်ဘက်ဟုပင် ယူဆဖို့ မထိုက်တန်ချေ။

အဝေးမှ ထိုနှစ်ဦးကိုကြည့်ပြီးနောက် အန်းခေါ့ထ်က ထိုကိစ္စကိုထားလိုက်ပြီး ရှေ့သို့ကြည့်ကာ မေးလာ၏၊ "ကျွန်တော်တို့ မကြာခင်ရောက်တော့မယ် မဟုတ်လား?"

ဥက္ကဌပွန်ဖီးက လှည့်လာကာ ခေါင်းငြိမ့်၏၊ "အန်း၊ ရှေ့နားက ကွေ့လေးကိုဖြတ်ပြီးရင် တွေ့ရလိမ့်မယ်။ ပြီးတော့ အန်းခေါ့ထ် ဘာလို့ ဥက္ကဌရှုက ဒီတစ်ခေါက် အိမ်သုံးမှော်စက်ပစ္စည်းဌာနမန်နေဂျာကို ပို့လိုက်တာလဲ? ငါတို့က သတ္တုပျော့အရည်ကျိုကိရိယာတွေကို ပို့ပေးရုံပဲလေ၊ မင်းနဲ့မှမဆိုင်တာ။"

"ကျွန်တော် တောင်းဆိုထားလို့ပါ။" အန်းခေါ့ထ်က အပြုံးဖြင့် ပြန်ဖြေ၏၊ "ကျွန်တော်ဒီကိုလာတာက အ‌ဓိကအနေနဲ့ မှော်စက်ပစ္စည်းဈေးကွက်ကို တိုးတက်စေမယ့် အခန်းရှိလားကြည့်မလို့ပါ၊ ပြီးတော့ ဒီမှာ မှော်ပန်ကာတွေကို မူရင်းပုံစံနဲ့လုပ်ထားပြီး တိုးတက်မှုရှိတဲ့ မှော်ပန်ကာအလုပ်ရုံတချို့ရှိတယ်လို့ကြားထားတယ်လေ။ ကျွန်တော်သွားပြီး လေ့လာချင်လို့။"

ဥက္ကဌပွန်ဖီးက အပြုံးဖြင့်ဆိုသည်၊ "ဟာသပဲ၊ မင်းတို့ Frestech ကုန်သည်ကြီးများအသင်းကလည်း တခြားလုပ်ငန်းစုတွေကို လေ့လာဖို့ လိုသေးတာလား? သူတို့ရဲ့မှော်ပန်ကာတွေက မင်းတို့ Frestechအမှတ်တံဆိပ်ရဲ့ တစ်ဝက်လောက်ပဲကောင်းနေ‌ရင်တောင် အတော်အဆင်ပြေနေပြီကို ဘယ်လိုလုပ် မင်းတို့ထက် ကောင်းမှာလဲ။"

"ဒီလို ပြောလို့မရဘူး။" အန်းခေါ့ထ်က အပြုံးဖျော့ဖျော့ဖြင့် ခေါင်းခါလိုက်သည်၊ "ကျွန်တော်တို့ Frestech ကုန်သည်ကြီးများအသင်းက အရင်ဆုံး မှော်ပန်ကာကိုထုတ်လုပ်ခဲ့တာဆိုပေမယ့်လည်း အမြဲတမ်း ဦးဆောင် မနေနိုင်ဘူးလေ။ ဥပမာ၊ ခင်ဗျားပြောခဲ့တဲ့ ဖစ်ထ်ကုန်သည်ကြီးများအသင်းကို ကြည့်လိုက်၊ သူတိုရဲ့ မှော်ပန်ကာတွေ တခြားတည်ဆောက်ပုံတွေမှာဆိုရင် အကြံဉာဏ်အသစ်တွေရှိပြီးတော့ ကျွန်တော်တို့လုပ်ငန်းက သုတေသီတွေတောင် အတော်လေးကောင်းတယ်လို့ခံစားရတယ်လေ။ ဒါကြောင့်ပဲ သူတို့က ဖစ်ထ်ကုန်သည်ကြီးများအသင်းဆီမှာ ကျွန်တော့ကို သွားကြည့်စေချင်တာ။"

အန်းခေါ့ထ်က ဟာသလုပ်နေဟန် မပေါ်သည်ကိုမြင်ရသော် ဥက္ကဌပွန်ဖီးက ချီးကျူးကာ သက်ပြင်းချသည်၊ "မင်းတို့ Frestech ကုန်သည်ကြီးများအသင်းက တခြားလူတွေကို ဦးဆောင်နေတာတောင်မှ ဂရုစိုက်နေတုန်းပဲ၊ တကယ်ကို လေးစားစရာပါ။ ဒါပေမယ့် မင်းက ဘာလုပ်ဖို့ စီစဉ်ထားလဲ? အနည်းဆုံး မင်းအနေနဲ့ ဒီဖွဲ့စည်းပုံကို ရချင်တယ်လို့ ငါထင်တယ်။ မင်းမလုပ်နိုင်ရင် ဖစ်ထ်ကုန်သည်ကြီးများအသင်းဆီကနေ ဝယ်လိုက်ရုံပဲလေ။"

"မဟုတ်ဘူး၊ ကျွန်တော်တို့လေ့လာလို့ရပါတယ်၊ ဒါပေမယ့် ကျွန်တော် ဖစ်ထ်ကုန်သည်ကြီးများအသင်းကို ဘာမှလုပ်မှာမဟုတ်ဘူး။ အဲ့အစား ဒီတစ်ခေါက်လာတာက ဥက္ကဌက ဖစ်ထ်ကုန်သည်ကြီးများအသင်းကို အားပေးပြီး ချီးမွမ်းရင်း ဖွဲ့စည်းပုံအသစ်တွေ ထုတ်လုပ်တဲ့နေရာမှာ ထောက်ပံ့ဖို့ သေချာပြောထားလို့လေ။ ဥက္ကဌပြောသေးတယ်၊ ဖစ်ထ်ကုန်သည်ကြီးများအသင်းကသာ စိတ်ဝင်စားရင် သူတို့ကို အိမ်သုံးမှော်စက်ပစ္စည်းထုတ်လုပ်ရေးနည်းလမ်းတချို့ပါပေးပြီး သူတို့လုပ်ငန်းစုတိုးတက်ရာမှာ ကူညီပေးနိုင်မယ်တဲ့။"

"ဥက္ကဌရှုက တကယ်ပဲ ဒါတွေအကုန်ပြောခဲ့တာလား?" ဥက္ကဌပွန်ဖီးမှာ ကြောင်အနေကာ၊ "သူက ဖစ်ထ် ကုန်သည်ကြီးများအသင်းကို ဆန့်ကျင်တာတွေမလုပ်ရင် ရ‌နေပါပြီ၊ ဒါပေမယ့် သူတို့တိုးတက်ဖို့ပါ တကယ်ကူညီချင်တယ်ပေါ့? ဖစ်ထ်ကုန်သည်ကြီးများအသင်းက ဖွံ့ဖြိုးပြီးတဲ့အခါကျရင် Frestech ကုန်သည်ကြီးများအသင်းရဲ့ ခြိမ်းခြောက်မှုဖြစ်သွားမှာကို မစိုးရိမ်ဘူးလား?"

အန်းခေါ့ထ်က ပခုံးတွန့်လျက်၊ "ဖစ်ထ်ကုန်သည်ကြီးများအသင်းကသာ ကျွန်တော်တို့လုပ်ငန်းစုကို ခြိမ်းခြောက်နိုင်ဖို့ အင်အားလုံလောက်ရင်တောင် ဥက္ကဌက ဘာအကြံမှမရှိဘဲ ဝမ်းပဲသာနေလိမ့်မယ်။"

ဥက္ကဌပွန်ဖီးက ပြောစရာမဲ့သွားသည်။ အတန်ငယ်တိတ်ဆိတ်နေပြီးနောက်၌ ခေါင်းခါကာ သက်ပြင်းချ၍ ပြောလေသည်,"ငါတကယ်ပဲ ဥက္ကဌရှုကိုနားမလည်နိုင်ဘူး။ သူပြောတာတော့ လုပ်ငန်းစုတစ်ခုကပဲ စီးပွားရေးအားလုံးကို ယူလို့မရဘဲနဲ့ တခြားလူတွေကိုလည်း တိုးတက်ခွင့်ပေးရမယ်တဲ့၊ ဒါနဲ့ ငါလည်း ဘန်တာမြို့မှာ ပေါ်လာတဲ့ အငှားယာဉ်လုပ်ငန်းကို ဝင်မစွက်ဖက်ဘဲ ဆာခိုဇီတို့လို ပို့ဆောင်သူလေးတွေကို အလုပ်တချို့ရခွင့်ပြုထားတာ။ ဒါပေမယ့် သူ့ပြိုင်ဘက်ကို တိုးတက်စေချင်တဲ့ ဥက္ကဌရှုနဲ့ယှဉ်ရင်တော့... ငါတကယ်ကို နားမလည်နိုင်တော့ပါဘူး။"

"ကျွန်တော်လည်း ဥက္ကဌ ဘာတွေတွေးနေမှန်းကို နားမလည်ပါဘူး။" အန်းခေါ့ထ်က ရယ်ကာ၊ "ဒါပေမယ့် ဥက္ကဌရဲ့ အတွေးအတိုင်းပဲ ကျုပ်အလုပ်ကို လုပ်နိုင်နေသရွေ့ ကိစ္စမရှိဘူးလေ။ ဥက္ကဌက အမှားမလုပ်ဘူးဆိုတာ ယုံကြည်တယ်။"

ဥက္ကဌပွန်ဖီးက ခေါင်းခါလျက်၊ အန်းခေါ့ထ်ပြောသည်ကို သဘောမတူပါသော်လည်း မည်သည်ကိုမှ ဆိုမလာချေ။

နှစ်ဦးသားမှာ အတန်ကြာစကားပြောပြီး ယာဉ်တန်းကလည်း တစ်ဆယ်ကီလိုမီတာကျော် ရောက်လာပြီဖြစ်သည်။ ထို့နောက် ထောင့်တစ်ခုကို ကွေ့လိုက်သော် တောင်တစ်လုံးနှင့် တောင်ကြားတစ်ခုက ၎င်းတို့ရှေ့၌ ပေါ်လာ၏။

တောင်တန်းများစွာဝိုင်းရံထားသည့် ထိုတောင်ကြားတွင် ဘယ်ဘက်က တောင်၌ မိုင်းတွင်းများစွာရှိသည်။ တောင်အပြင်သို့ ရောင်စုံသတ္တုရိုင်းများ ပို့ဆောင်နေသည့် ကားများစွာရှိနေပြီး ၎င်းတို့အား တောင်ကြားတစ်ဝက်ကို ပိုင်ဆိုင်သော လုပ်ငန်းစုကြီးများထံ ပေးပို့နေကြ၏။

၎င်းအား အပြင်ဘက်မှကြည့်သော် အလုပ်ရုံမှာ မိုးကျတောင်ကြားရှိ သံမဏိစက်ရုံနှင့်ဆင်တူရာ ၎င်းအား သတ္တုရိုင်းများအရည်ကျိုရန် အသုံးပြုကြောင်း ပြောနိုင်သည်။

မှန်ပါ၏၊ ထိုသည်က သတ္တုပျော့မိုင်းတွင်းနှင့် Frestech ကုန်သည်ကြီးများအသင်းနှင့် ဖယ်လ်ချောင်ကုန်သည်ကြီးများအသင်းတို့ အတူတကွ ရင်းနှီးမြှုပ်နှံထားသော အရည်ကျိုစက်ရုံပါပင်။

ယခင်နှစ် ရှုယီ၏ အန်ဗီမာမြို့သို့ ခရီးတွင် စီစဉ်ထားသည်က ရှစ်လကြာပြင်ဆင်ပြီးနောက်၌ ယမန်လ‌တွင် ဖွင့်လှစ်နိုင်လိုက်ပြီး ထုတ်လုပ်ရေးစတင်နေပြီဖြစ်သည်။

ဗော်လာမျိုးနွယ်စုရှိ သတ္တုပျော့အရည်ဖျော်စက်ရုံထံမှ အတွေ့အကြုံရှိနေပြီဖြစ်ရာ အလုပ်ရုံအားဖွင့်လိုက်သည်နှင့် အရည်ကျိုနှုန်းမှာ အင်မတန်မြင့်မားလှသည်။

ယခင်လတွင် ရက်နှစ်ဆယ်ပင် မပြည့်လိုက်ဘဲ ကြေးနီသန့် တန်ပေါင်း ခုနစ်ဆယ့်သုံးတန်အထိ ထုတ်လုပ်နိုင်ခဲ့ပြီး၊ အဖြိုက်နက် သုံးဆယ့်နှစ်တန်နှင့် ခဲသတ္တု တန်ပေါင်း နှစ်သိန်းသုံးသောင်း၊ အမျိုးစုံသော စမ်းသပ်သတ္တုတစ်တန်တို့ကို ထုတ်လုပ်ခဲ့၏။

ခရာမာမြို့အပြင်ဘက်၌ သတ္တုပျော့ကြော အင်မတန်ကြွယ်ဝပြီး အမျိုးစုံပါ၏။ ကြေးနီအား လမ်ပူရီတိုင်းပြည်၏ လိုအပ်သော ဒင်္ဂါးကိုဖြည့်ရာ၌ အဓိကမသုံးခင် အရည်ကျိုရသည်။

ထူးကဲသောအသုံးပြုပုံရှိသည့် ကြေးနီအပြင် အခြား သတ္တုပျော့များကိုလည်း အမျိုးမျိုးသော မှော်စက်ပစ္စည်းများတွင် ထားရန် ပြင်ဆင်ထားပါ၏။

ယခုတွင် ထိုသတ္တုပျော့အရည်ကျိုမိုင်းတွင်းထုတ်လုပ်ရေးမှာ ဗော်လာမျိုးနွယ်စုရှိ အလုပ်ရုံထက် များစွာနည်းပါးနေပါသေး၏။ Frestech ကုန်သည်ကြီးများအသင်းအတွက် ထိုအလုပ်ရုံ၏ထူးခြားချက်မှာ ဂျိုဝဲလ်မိသားစု လုပ်ငန်းစုနှင့် အတူ အဓိကတွဲဖက်လုပ်ရပြီး Frestech ကုန်သည်ကြီးများအသင်းအား တိုင်းပြည်၏ သတ္တုတွင်းထွက် ကုန်သွယ်ရေးသို့ ဝင်ရောက်ခွင့်ပြုခြင်းပင်။

ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှုက Frestech ကုန်သည်ကြီးများအသင်းအတွက် မြင့်မားပါသော်လည်း ထုတ်လုပ်ရေးကိုစီမံခြင်းမှလွဲ ထိုကိစ္စ၌ လုံးဝ ဝင်မစွက်ဖက်ပါချေ။

အန်းခေါ့ထ်က ဤနေရာကိုလာရခြင်းမှာ Frestech ကုန်သည်ကြီးများအသင်း၏ ထိုနေရာ၌ အရေးပါခြင်းကိုပြသရန်သာဖြစ်ရာ အလည်အပတ်သက်သက်သာဖြစ်သည်။

သို့သော် အန်းခေါ့ထ် အရည်ကျိုစက်ရုံထဲ ဝင်သွားချိန်တွင် သူ၏ခရီးက အလကားဖြစ်မသွားပေ။

***

All Chapters