အခန်း (၈၁-၉၀)
Vol. 3 Ch. 81-90
Vol 3, အခန်း ၈၁။ မင်းက ဒါတွေကို ဆန္ဒရှိသလို ရိတ်သိမ်းနိုင်မယ်လို့ထင်လား?
"အန်းခေါ့ထ်, ကြည့်ပါဦး၊ ဒါက အသစ်ထုတ်လုပ်ထားတဲ့ အလူမီနီယံအဖြိုက်နက် သတ္တုစပ်လေ။ ဒီထဲမှာ လပေါင်းပန်း နှင်းရည်ပါပြီး သံမဏိစစ်စစ်လို မမာကျောပေမယ့်လည်း ပိုအကြမ်းခံပြီးတော့ ပိုကောင်းတဲ့ ဆွေးမြေ့မှုခုခံခြင်းရှိတယ်။ အရေးကြီးဆုံးအရာကတော့... စမ်းကြည့်ကြည့်ပေါ့..."
အန်းခေါ့ထ်မှာ အညိုဖျော့ဖျော့လင်းနေသော ငွေသတ္တုစပ်ကိုယူလိုက်သည်။ လူပုပေါ်တိုက ချက်ချင်း စိတ်လှုပ်ရှားဟန်ဖြင့် မေးလာ၏၊ "ဘယ်လိုလဲ? မပေါ့ဘူးလား?"
"အန်း၊ အရမ်းပေါ့တယ်။" အန်းခေါ့ထ်က သူ၏လက်ထဲရှိသတ္တုစပ်ကို ချိန်ဆရင်း မနေနိုင်ဘဲ ခေါင်းငြိမ့်လိုက်သည်၊ "ကြည့်ရတာ ဒီထဲမှာ အလူမီနီယံအချိုးအဆမြင့်ပုံပဲ။ အဖြိုက်နက်ကို ရှင်းရှင်းလင်းလင်း သိတယ်၊ အဲဒါက သံထက် အများကြီး ပိုလေးတယ်။”
"ဘာလေးတာလဲ၊ အဲဒါကို သိပ်သည်းဆလို့ခေါ်တယ်!" ပေါ်တိုက အန်းခေါ့ထ်ကို စိတ်ပျက်စွာကြည့်လျက်၊ "ခင်ဗျား ဥက္ကဌ အသစ်ရေးထားတာကို မဖတ်ခဲ့ဘူးလား? စက်မှုပစ္စည်းအခြေခံစံနှုန်းများလေ?? ခင်ဗျား အဲဒါကို သိပ်သည်းတယ်လို့ခေါ်ရတယ်၊ လေးတာမဟုတ်ဘူး၊ ဒီလိုခေါ်တာက ပရော်ဖက်ရှင်နယ်မကျဘူး။"
အန်းခေါ့ထ်မှာ မနေနိုင်ဘဲ မျက်လုံးလှိမ့်လိုက်၏။ ပေါ်တိုမှာ သူ့အား ပေါ့လား မပေါ့လားဟုမေးခဲ့ပြီး ယခုတွင်မူ 'လေးသည်'ဟူသောစကားလုံးကြောင့် အပြစ်တင်နေ၏။
သို့သော် ဥက္ကဌ၏ လွန်ခဲ့သောလဝက်ခန့်က ချပြခဲ့သည့် စက်မှုပစ္စည်းအခြေခံစံနှုန်းများကို အန်းခေါ့ထ်က တတ်နိုင်သလောက် ဖတ်ခဲ့သည်ဖြစ်ရာ ပေါ်တိုမှန်သည်ကိုသိသဖြင့် မငြင်းနိုင်တော့ချေ။
ထို့အပြင် ပေါ်တိုနှင့် တခြားလူပုလေးများအား ဤသတ္တုပျော့အရည်ကျိုစက်ရုံအား လမ်းညွှန်မှုထောက်ပံ့ရန် ပို့ထားခြင်းဖြစ်သည်။ ၎င်းတို့မှာ ဤသတ္တပျော့ကြော ကြွယ်ဝသည့်နေရာ၌ လပေါင်းများစွာ သုတေသနများပြုလုပ်ခဲ့ပြီး ယခုလည်း အောင်မြင်နေပြီဖြစ်ရာ သူစိတ်လှုပ်ရှားနေသည်ကို နားလည်ပေး၍ရပါသည်။
"ဟုတ်ပြီ၊ ဒီအလူမီနီယံအဖြိုက်နက်သတ္တုစပ်က သာမန်သံမဏိသတ္တုစပ်တွေထက် သိပ်သည်းဆပိုနည်းပြီး ဆွေးမြေ့မှုခုခံစွမ်းပိုမြင့်ပြီးတော့ အကြမ်းလည်းခံတယ်။ ဆိုတော့ ဘာပြစ်ချက်တွေရှိနေလဲ?" အန်းခေါ့ထ်က အတန်ငယ်တွေးတာပြီးနောက် မေးလိုက်သည်။
"ပြစ်ချက်တွေကို ထုတ်ပြရမယ်ဆိုရင် သိပ်မခက်ပါဘူး။" ပေါ်တိုက သက်ပြင်းချ၍ ခေါင်းခါလိုက်၏၊ "ကြည့်လိုက်၊ ကျုပ်ရဲ့လက်ချောင်းနဲ့ တူညီတဲ့ အထူရှိတဲ့ ပြွန်တစ်ခုရှိရင် အဲဒါကို ခွန်အားနည်းနည်းလေးနဲ့ ကွေးလို့ရတယ်။ အဲဒါက သံမဏိပြွန်ထက် အတော်များများပိုဆိုးတာပေါ့။"
အန်းခေါ့ထ်က သူ့လက်နှစ်ချောင်း၏နှစ်ဆလောက်ကြီးမားသော ပေါ်တို၏လက်မကိုကြည့်ကာ ထိုသို့ဆိုလျှင် အလူမီနီယံအဖြိုက်နက်သတ္တုစပ်ထံ၌ သံမဏိသတ္တုစပ်များနှင့် ယှဉ်ပါက ပိုဆိုးရွားသည့် ထိခိုက်မှုဒဏ်ခံနိုင်ရည်ရှိလောက်မည်ဟု စဉ်းစားလိုက်၏။
သို့သော် လူပုလေးများထံရှိ အံ့အားသင့်ဖွယ်သဘာဝခွန်အားကိုတွေးကြည့်ကာ အန်းခေါ့ထ်က ပြဿနာများစွာမရှိနိုင်ဟု စဉ်းစားမိသည်။
အတန်ငယ် သေချာစဉ်းစားကြည့်ပြီးနောက် အန်းခေါ့ထ်က ပြော၏၊ "ဒါဆိုရင် ဒီအချက်အရ အဲဒီ့သတ္တုကို အိမ်သုံးမှော်စက်တွေအတွက် အပြင်ပိုင်းအဖုံးနဲ့ အတွင်းပိုင်းတပ်ဆင်အတွက် သုံးဖို့ သင့်လျော်တာပေါ့။ သူတို့က ဖိအားအတော်များများမရှိတဲ့ အစိတ်အပိုင်းတွေဖြစ်နေသရွေ့ အသုံးပြုလို့ရနိုင်တယ်။ အခု ကျုပ်တို့လုပ်ငန်းစုက ထုတ်လုပ်တဲ့ အိမ်သုံးမှော်စက်ပစ္စည်းအတော်များများမှာ ပလက်စတစ်နဲ့အစားထိုးလို့မရတဲ့ အစိတ်အပိုင်းတွေရှိတာကြောင့် လတ်တလောတော့ သံမဏိအပိုင်းတွေကိုပဲ သုံးလို့ရတယ်။ ဒီအရာက အပြည့်အဝ ကိုက်ညီလိမ့်မယ်။"
"ဟေး၊ ဟေး၊ ကျုပ်တို့ စမ်းသပ်ဖို့အတွက် ဒီပစ္စည်းကိုသုံးတဲ့အခါမှာ ဒါကိုလည်း လုပ်ခဲ့ပါတယ်။" ပေါ်တိုက အပြုံးတစ်ခုလုပ်ယူကာ ပြော၏၊ "ဟုတ်သား၊ ဒါက ပြတင်းပေါက်တွေလုပ်ဖို့လည်း အတော်လေးအဆင်ပြေတာကို တွေ့ခဲ့ရတယ်။ ကြည့်ပါဦး ဒီပစ္စည်းက သစ်သားထက်မာကျောပြီး ဆွေးမြေ့မှုခုခံနိုင်စွမ်းရှိတာကြောင့် အတော်လေး ကြာရှည်ခံနိုင်တယ်။"
"အိုး? ခင်ဗျားအပြောကနေသုံးသပ်ရရင် ပြတင်းပေါက်လုပ်ရုံတင်မကဘူး ဒါကို သုံးလို့ရမယ့်နေရာအတော်များတယ်ပေါ့။" အန်းခေါ့ထ်က အနည်းငယ်စဉ်းစားပြီးမှ ခေါင်းငြိမ့်လျက်ပြောသည်၊ "ကျုပ် ရုတ်တရတ် ဒီအလူမီနီယံအဖြိုက်နက်သတ္တုစပ်ကို သုံးနိုင်မယ့်နေရာအတော်များများရှိမယ်လို့ခံစားနေရတယ်၊ အနည်းဆုံး သာမန်အိမ်တစ်လုံးမှာ သုံးလို့ရမယ့်နေရာတွေပေါ့။ ဟုတ်ပြီ၊ ကျုပ်ပြန်ရောက်တာနဲ့ ဥက္ကဌဆီကို ချက်ချင်းအစီရင်ခံလိုက်မယ်။ ကျုပ်ထင်တာတော့ ဒါကို သူ့အနေနဲ့ အမ်ရစ် ကုန်သည်ကြီးများအသင်းနဲ့အတူ ဆွေးနွေးပြီး ဒီပစ္စည်းကို အတော်လေး လိုအပ်သွားလောက်တယ်။"
"ကျုပ် ဒီကိစ္စကိုခင်ဗျားနဲ့ပဲ ထားခဲ့လိုက်တော့မယ် ဂရုမစိုက်တော့ဘူး။" ပေါ်တိုက လက်ဝေ့ယမ်းလိုက်၏။ သူဟာ ရုတ်တရတ် ဘေးဘီကိုဝေ့ဝဲကြည့်ကာ အန်းခေါ့ထ်အနီးသို့ချဉ်းကပ်လာကာ ထူးဆန်းနေဟန်ဖြင့် အသံနှိမ့်ကာပြောလာသည်၊ "ဒီအလူမီနီယံအဖြိုက်နက် သတ္တုစပ်အပြင် ဥက္ကဌဆီကို ပြန်ယူသွားစေချင်တဲ့ နောက်ထပ် သုတေသနစီမံကိန်းလည်းရှိသေးတယ်။"
ပေါ်တို၏မျက်နှာထက်က အမူအရာကိုမြင်သော် အန်းခေါ့ထ်မှာ နားလည်လိုက်ပြီး မည်သည်ကိုမှ မဆိုလာဘဲ အကြည့်ဖြင့်သာ မေးလေ၏။
ပေါ်တိုက ဘေးဘီကိုထပ်ကြည့်ပြီးမှ အန်းခေါ့ထ်ထံ လက်ယမ်းပြသည်။ ထို့နောက် သတ္တုပျော့အရည်ကျိုစက်ရုံ၏ သုတေသနအခန်းထဲရှိ အတွင်းခန်းထဲသို့ ဝင်စေ၏။
"လာ၊ ခင်ဗျား ဒီပစ္စည်းကို ဘယ်လိုထင်လဲ?" အတွင်းခန်းထဲသို့ဝင်သွားပြီးနောက် ပေါ်တိုက တံခါးပိတ်ကာ အန်းခေါ့ထ်ထံ အနက်ရောင်သတ္တုအပိုင်းတစ်ခုကို ထုတ်ပြလာသည်။
အန်းခေါ့ထ်လည်း ၎င်းကိုယူလိုက်ရာ လက်ထဲ၌ နင့်ခနဲခံစားလိုက်ရသောကြောင့် အလျင်အမြန်ပင် သူ၏ နောက်လက်တစ်ဘက်နှင့် ယူလိုက်၏။
"ဒါကလေးတာလား... သိပ်သည်းတာလား?" အန်းခေါ့ထ်က လက်ထဲမှ အမည်မသိအနက်ရောင်သတ္တုအပိုင်းကိုကြည့်လိုက်ပြီး၊ "ဒါက ဘယ်သတ္တုစပ်အမျိုးအစားလဲ?"
"ဒါက အဓိကအားဖြင့်တော့ ခဲသတ္တုပဲ၊ သံနဲ့ သွပ်တို့ နည်းနည်းစီ ရောစပ်ထားတဲ့ အဖြိုက်နက်အပိုင်းအသေးလေးပါတယ်။" ပေါ်တိုက ဖြေဆိုလေသည်၊ "ဒီပစ္စည်းက အတော်လေးသိပ်သည်းပေမယ့် အံ့မခန်းလောက်အောင်ခုခံအားရှိပြီး အတော်လည်းအကြမ်းခံတယ်။ လုပ်ငန်းစုက မှော်ထုတ်လုပ်ရေးစက်တွေနဲ့ စိုက်ပျိုးရေးသုံးမှော်စက်ပစ္စည်းတွေကို ထုတ်လုပ်ဖို့စီစဉ်နေတာမဟုတ်လား၊ ဒါပေမယ့် ဥက္ကဌ၊ ကမ်ဘီနဲ့ ကျန်တဲ့လူတွေက လုံလုံလောက်လောက်သန်မာတဲ့ သတ္တုကို ရှာမတွေ့ကြဘူးလေ? ကျုပ်ထင်တာတော့ ဒီပစ္စည်းက အတော်လေးကောင်းကောင်းလုပ်နိုင်လောက်မယ်။"
"ဒါက ဘာမှ မထူးခြားပါဘူး။ ဥက္ကဌပြောတာတော့ သံမဏိသတ္တုစပ်ထဲက အညစ်အကြေးတချို့ကိုဖယ်ရှားနိုင်နေသရွေ့ လိုအပ်တာကိုရနိုင်တယ်တဲ့လေ။ ဒါပေမယ့်လည်း ပိုကောင်းတဲ့ ဒီပစ္စည်းကိုသုံးရင်တော့ ပိုကောင်းတာပေါ့။" အန်းခေါ့ထ်က လက်ထဲရှိ သတ္တုကိုတွေးဆဆကြည့်ပြီး မေးလိုက်၏၊ "အဓိကမေးခွန်းက၊ ဒီပစ္စည်းဆိုရင် ဘယ်လောက် ကုန်ကျမလဲ?"
"ကုန်ကျစရိတ်လား?" ပေါ်တိုက အံ့ဩသွားပြီးနေရခက်ဟန်ပြုံးလာသည်၊ "ဒါက ပြောဖို့ခက်တယ်။ ဘာပဲဖြစ်ဖြစ် ဒီကြောထဲမှာ ဒီသတ္တုအတော်လေးရှိတော့ ကျုပ်ထင်တာ တခြားနေရာတွေမှာဆိုရင် ပိုများလောက်တယ်။"
"ပြောဖို့ခက်တယ်။" အန်းခေါ့ထ်က ခေါင်းခါလျက် သက်ပြင်းချကာပြောသည်၊ "ဥက္ကဌက သတ္တုတွင်းထွက်တွေကို အမြဲတန်ဖိုးထားတာ အံ့ဩစရာမရှိပါဘူး၊ ကျုပ်တို့လုပ်ငန်းစုမှာ သတ္တုပျော့အတွဲတချို့ရှိရင်တော့ ကောင်းလိမ့်မယ်။"
"ဒါကိုခက်မယ်လို့တော့ ကျုပ်မထင်ဘူး။ ကျုပ်တို့လူပုလေးတွေဒီမှာရှိနေတာကို သတ္တုကြောတွေရှာမတွေ့မှာ စိုးရိမ်နေသေးတာလား?" ပေါ်တိုက မေးသည်။
"ခင်ဗျားတို့ ရှာနိုင်တော့ရော? ကန်ဒရာ ဒါမှမဟုတ် မားလိုအင်ပါယာမှာ တူးဖော်ချင်လို့များလား?" အန်းခေါ့ထ်က မျက်လုံးများလှိမ့်လိုက်သည်။
ပေါ်တိုမှာ တမုဟုတ်ချင်း ပြောစရာပင်မဲ့သွားရ၏။
နှစ်ဦးသားမှာ ဓာတ်ခွဲခန်း၏ လတ်တလောရလာဒ်များကို ဆွေးနွေးနေပြီး အန်းခေါ့ထ်က ဖွံ့ဖြိုးရေးဦးတည်ရာတွင် အကြံပြုချက်တချို့ပေးပြီးနောက် သုတေသနဓာတ်ခွဲခန်းထဲမှ ထွက်ခွာသွားသည်။ အလုပ်ရုံထံသို့ ပြန်လည်ဦးတည်လာပြီးနောက်တွင် ဖယ်လ်ချောင်ကုန်သည်ကြီးများအသင်းမှ မန်နေဂျာက သတ္တုပျော့များမှာယူထားသည်ကို ပေးရန် ရောက်လာသည်ကို တွေ့လိုက်ရသည်။
ထိုသည်က မတိုင်ခင်က အန်းခေါ့ထ် ဝမ်းနည်းနေရသည့် အကြောင်းအရင်းပင်။
ဤသတ္တုပျော့အရည်ကျိုစက်ရုံ၌ Frestech ကုန်သည်ကြီးများအသင်းနှင့် ဖယ်လ်ချောင်ကုန်သည်ကြီးများအသင်းတို့ထံမှ ရင်းနှီးမြှုပ်နှံမှုရှိပါလျှင်တောင် အခွင့်အရေးအပြည့်မရှိပါချေ။ ဤမိုင်းတွင်း၌ သတ္တုပျော့အမျိုးစုံရှိလျှင်သော်မှ Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့ကို အသုံးပြုရန် ပုံမှန်ဌာနများမှ ဝယ်ရပေမည်။
ထို့ကြောင့် Frestech ကုန်သည်ကြီးများအသင်းကို အင်မတန် တင်းကြပ်ထား၏။
ဥပမာ၊ မှော်သုတေသနဌာနနှင့် မှော်စက်မှုဖွံ့ဖြိုးရေးဗဟိုဌာနတို့မှာ စမ်းသပ်မှုအတွက် ကြေးနီသန့်သန့်တချို့လိုချင်ပါသော်လည်း ကြေးနီအား ကြေးဒင်္ဂါးများများထုတ်လုပ်ရန် အသုံးပြုသဖြင့် ၎င်းတို့ကို လမ်ပူရီတိုင်းပြည်၌ စည်းစနစ်တကျ ထိန်းချုပ်ထားပေ၏။ ဖယ်လ်ချောင်ကုန်သည်ကြီးများအသင်းမှာ ၎င်းကို Frestech ကုန်သည်ကြီးများအသင်းထံရောင်းဖို့ရန် လုံးဝ မတွေးထားပါချေ။
ကြေးနီအပြင် သတ္တုပျော့အရည်ကျိုစက်ရုံကလည်း Frestech ကုန်သည်ကြီးများအသင်း၏ လိုအပ်ချက်များကို မလိုက်နာနိုင်ပေ။
အန်းခေါ့ထ် တာဝန်ခံထားသည့် အိမ်သုံးမှော်စက်ပစ္စည်းဌာနကို ကြည့်နိုင်၏။ အိမ်သုံးမှော်စက်ပစ္စည်းများထံ၌ သတ္တုအသစ်များပါရှိခြင်းကြောင့် အလူမီနီယံနှင့် သွပ်အတွက် ဝယ်လိုအားမြင့်သည်။
သို့ရာတွင် ဖယ်လ်ချောင်ကုန်သည်ကြီးများသင်းက ကြေးနီအရည်ကျိုခြင်းကို ဦးစားပေးထားသောကြောင့် အလူမီနီယံနှင့် သွပ် အထွက်နှုန်းက မမြင့်ပေ။
ဗော်လာမျိုးနွယ်စုအနီးရှိ သတ္တုပျော့အရည်ကျိုစက်ရုံက Frestech ကုန်သည်ကြီးများအသင်း၏ လိုအပ်ချက်ကို အပြည့်အဝထုတ်လုပ်ပေးပါသော်လည်း ထိုနေရာမှာ အဓိကအားဖြင့် အလူမီနီယံ၊ ခဲသတ္တုတို့ဖြင့် ပြည့်နေသည်။ ၎င်းတို့အနေနှင့် သွပ်၏ အရိပ်အယောင်ကိုပင် ရှာမတွေ့ကြသဖြင့် ထိုနေရာမှသာ သွပ်ကို ရရှိနိုင်သည်။
ထို့ကြောင့် ယခင်ကထိုအကြောင်းအား ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဖူးသောအန်းခေါ့ထ်မှာ Frestech ကုန်သည်ကြီးများအသင်းအနေနှင့် သတ္တုပျော့ကြောများစွာကို ထိန်းချုပ်နိုင်ရန် မမျှော်လင့်ဘဲ မနေနိုင်တော့ချေ၊ သို့မှသာ အခြားလူများ၏ ထိန်းချုပ်ခြင်းမခံရမည်ဖြစ်၏။
သို့သော် လမ်ပူရီတိုင်းပြည်ရှိ အခြေအနေက ရှုပ်ထွေးနေရာ Frestech ကုန်သည်ကြီးများအသင်းက ဤနေရာ၌ မည်သည်ကိုမှ မလုပ်နိုင်ချေ။ ၎င်းတို့အတွက် အချိန်တိုအတွင်း ဤနေရာ၌ သတ္တုတွင်းထွက်များစွာကို ရရှိရန်မှာမဖြစ်နိုင်ချေ။
အန်းခေါ့ထ်နှင့် ဖယ်လ်ချောင်ကုန်သည်ကြီးများအသင်း၏ ကိုယ်စားလှယ်မှာ အတန်ကြာတတွတ်တွတ်ပြောပြီးမှ သတ္တုများတူးဖော်ပေးရန် ကတိပေးခဲ့ကြခြင်းပင်။
တကယ့်ရလာဒ်ကိုမူ၊ ဘုရားသာသိလိမ့်မည်...
တစ်ရက်ကြာပြီးနောက် အန်းခေါ့ထ်မှာ ဥက္ကဌပွန်ဖီးက ဘန်တာမြို့သို့ ပြန်ယူသွားမည့် သတ္တုပျော့အမျိုးစုံ ၁၇တန်ကို သယ်ဆောင်ထားသည့် ဖာဆန်ရထားလုံးလုပ်ငန်းစု၏ မှော်ကားများအား ဦးဆောင်ပြီးနောက် ဖစ်ထ် ကုန်သည်ကြီးများအသင်းထံ ဦးတည်သွားသည်ကို စောင့်ကြည့်ခဲ့၏။
"Frestech ကုန်သည်ကြီးများအသင်းရဲ့ အိမ်သုံးမှော်စက်ပစ္စည်းဌာန မန်နေဂျာ?"
ဖစ်ထ်ကုန်သည်ကြီးများအသင်း၏ ချာနိုမှာ အန်းခေါ့ထ်ပေးလာသည့်ကဒ်ကိုကြည့်ပြီးနောက်မှ သူ၏ငယ်ရွယ်သောမျက်နှာကိုကြည့်လာသည်။ သူဟာ မည်သို့ကြည့်ကြည့် အသက်သုံးဆယ်ကျော်ပုံမပေါ်သည့် အန်းခေါ့ထ်ကိုကြည့်နေသည်၊ မိတ်ဆွေဟောင်းဆာခိုဇီထံမှ သက်သေခံချက်ကြောင့်သာမဟုတ်လျှင် ထိုသို့သောလူငယ်က Frestech ကုန်သည်ကြီးများအသင်းကဲ့သို့ လုပ်ငန်းစုကြီး၏ ဌာနမန်နေဂျာဖြစ်သည်ကို ယုံလိမ့်မည်မဟုတ်ချေ။
"ဒါက... မန်နေဂျာအန်းခေါ့ထ် ခင်ဗျားအနေနဲ့ ကျုပ်တို့ ဖစ်ထ်ကုန်သည်ကြီးများအသင်းမှာ ဘာကိစ္စများရှိသလဲကို မေးလို့ရမလား?" ချာနိုက အန်းခေါ့ထ်အား သတိထားကြည့်လာသည်။
Frestech ကုန်သည်ကြီးများအသင်း ကိုယ်စားပြု ပုဂ္ဂိုလ်တစ်ဦးမှာ မှော်ပန်ကာများနှင့် မှော်ရေနွေးအိုးများပြုလုပ်သည့် သူ၏လုပ်ငန်းအသေးစားလေးထံလာသည်က မည်သည့် ကောင်းမွန်သော ရည်ရွယ်ချက်မှမရှိဟု ခံစားရစေသည်။
အန်းခေါ့ထ်က ခပ်ဖျော့ဖျော့ပြုံးကာ၊ "ဥက္ကဌချာနို၊ အရင်နှစ် မတ်လနဲ့ ဇွန်လမှာ ကျုပ်တို့လုပ်ငန်းစုဆီကနေ ခင်ဗျားရဲ့လုပ်ငန်းစုက မှော်ပန်ကာနဲ့ မှော်ရေနွေးအိုးထုတ်လုပ်ရေးနည်းလမ်းတွေဝယ်သွားတာကို မှတ်မိသေးတယ်။ ခင်ဗျား အားလုံးပေါင်း ရွှေဒင်္ဂါး ခြောက်သောင်းသုံးထောင်နဲ့ ခုနစ်သောင်းနှစ်ထောင် သုံးခဲ့တယ် မဟုတ်လား?"
ဥက္ကဌချာနိုက မျက်လုံးများမှေးကျဉ်းကာ အန်းခေါ့ထ်ကိုကြည့်သည့်အကြည့်က ပို၍ နိုးကြားလာ၏။
ထိုလူက ပြင်ဆင်ပြီးလာသည်က သေချာကာ ၎င်းက မည်သည့်ကောင်းမွန်သောအရာမှမပါဟု ဆိုလိုသည်။
"ဟုတ်ပါတယ်၊ မန်နေဂျာအန်းခေါ့ထ်။ ခင်ဗျားက ဒီကိစ္စတွေကို ဘာလို့များထုတ်ပြောချင်ရတာလဲ?" ဥက္ကဌချာနိုလည်း အေးစက်နေသောအသံဖြင့် မေးလေသည်။
အန်းခေါ့ထ်လည်း ခဏရပ်တန့်ပြီးနောက် ပြုံးမြဲပြုံးကာ ဆက်ပြောသည် "ဥက္ကဌချာနို ကျုပ်အခု ခင်ဗျားတို့အလုပ်ရုံကိုလည်ပတ်ကြည့်တော့ ခင်ဗျားလုပ်ငန်းစုရဲ့ မှော်ပန်ကာနဲ့ မှော်ရေနွေးအိုးကမပြည့်စုံတာကိုတွေ့ခဲ့ရတယ်၊ ခင်ဗျားတို့ဆီမှာ မော်ဒယ်အတော်များများလိုနေတာပေါ့။ ခင်ဗျားက ထုတ်လုပ်ရေးနည်းလမ်းတွေဝယ်ရာမှာ ပိုက်ဆံအတော်များများကိုသုံးလိုက်မှတော့ ဆက်စပ်နေတဲ့နည်းပညာအားလုံးကို ဝယ်ဖို့ နည်းနည်းလောက်ထပ်သုံးဖို့ဆန္ဒရှိသေးလား?"
ဥက္ကဌချာနိုက မှင်သေသွားသည်။
အန်းခေါ့ထ်၏ စကားများကိုသုံးသပ်ရလျှင် Frestech ကုန်သည်ကြီးများအသင်းက မှော်ပန်ကာများနှင့် မှော်ရေနွေးအိုးတို့ထုတ်လုပ်ခြင်း အချက်အလက်အားလုံးကို ထုတ်ဖော်ရန် ပြင်ဆင်နေသည်လား?
ထိုသို့ဖြစ်နိုင်ချေကို တွေးကြည့်မိရင်း ဥက္ကဌချာနို၏ နှလုံးက မထိန်းနိုင်ဘဲ မြန်ဆန်စွာခုန်နေတော့သည်။
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၈၂။ မိန်းမဝါဒီ
"ရှုယီ၊ ရှင့်ရဲ့လုပ်ငန်းစုက မှော်ပန်ကာနဲ့ မှော်ရေနွေးအိုးတွေနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းအားလုံးကို ပေးဖို့စီစဉ်ထားတာလား?" ဆယ်ဗီနီက ရှုယီအား သိသိသာသာစူးစမ်းလိုစိတ်ဖြင့်မေးလာသည်။
"ဆက်စပ်နည်းပညာအားလုံးကို ထုတ်ဖော်လိုက်တာက လက်လျှော့လိုက်တာနဲ့ကွဲပြားပါတယ်၊ မြို့စားအရှင်။" ရှုယီက အပြုံးဖျော့ဖျော့ဖြင့်ပြောလာသည်၊ "သူတို့ဆီမှာ တူညီတဲ့နည်းပညာအဆင့်ရှိနေရင်တောင် ကျုပ်အနေနဲ့ တခြားလုပ်ငန်းစုတွေရဲ့မှော်ပန်ကာနဲ့မှော်ရေနွေးအိုးအရည်အသွေး ကျုပ်တို့လုပ်ငန်းစုကိုမယှဉ်နိုင်တာကို အာမခံနိုင်တယ်။ ခင်ဗျားဒါကို ယုံကြည်လား?"
"ကျွန်မက ဘာကြောင့်မယုံရမှာလဲ?" ဆယ်ဗီနီက မျက်လုံးလှိမ့်ကာ၊ "ကျွန်မက မှော်စက်ပစ္စည်းတွေအကြောင်းဘာမှ မသိဘူးလို့ရှင်ထင်နေတာလား? ထုတ်လုပ်ခြင်းနည်းပညာအပြင် မှော်စက်ပစ္စည်းတစ်ခုရဲ့ အရည်အသွေးကိုဆုံးဖြတ်ပေးနိုင်တဲ့ အချက်များစွာရှိတယ်။ ဥပမာ၊ အသုံးပြုတဲ့ ပစ္စည်း၊ နည်းလမ်းတွေပေါ့... မမေ့ပါနဲ့၊ ရှင်ကျွန်မကို အရင်ကသင်ပေးခဲ့တာလေ။"
ရှုယီရယ်လျက်၊ "မှော်စက်ပစ္စည်းထုတ်လုပ်ရေးနဲ့ ဒီလောက်ရင်းနှီးတဲ့ မြို့စားအရှင်ရှိတာ တကယ်ကိုကံကောင်းပါတယ်။ ဒီလိုဆိုမှတော့ မြို့စားအရှင်၊ မြို့အပြင်ဘက်မှာ စက်မှုနယ်ပယ်ချဲ့ထွင်ဖို့အတွက် နောက်ထပ် အစီအစဉ်အကြမ်းဆွဲဖို့ သဘောတူသင့်ပါတယ်လေ၊ ဟုတ်တယ်မလား?"
ဆယ်ဗီနီက အပြုံးဖျော့ဖျော့ဖြင့် ခေါင်းငြိမ့်ကာ၊ "ဒါပေါ့။ ကောင်းလိုက်တဲ့အဆိုပြုချက်ပဲ၊ ကျွန်မသာ လက်မခံရင် လူတွေကလည်း ဆူပူကြမှာပဲ မဟုတ်လား? ဒါပေမယ့် ရှုယီ၊ ရှင့်ရဲ့အစီအစဉ်မှာ ပြဿနာတစ်ခုရှိတယ်။"
"အိုး? ဘာပြဿနာများလဲ?" ရှုယီလည်း စားပွဲပေါ်၌ တင်ထားသည့်အစီအစဉ်ကို တအံ့တဩကြည့်လိုက်၏။ ထိုအစီအစဉ်မှာ ခမ်နက်ဒ်နဲ့ လုပ်ငန်းစုကြီးမျိုးစုံတို့၏ ဥက္ကဌများအားလုံး အတူတကွဆုံးဖြတ်ချက်ချထားသော အစီအစဉ်ဖြစ်ပြီး အရာအားလုံးအတွက်လည်း အစီစဉ်ဆွဲပြီးဖြစ်ရာ မည်သည့်ပြဿနာမှမရှိသင့်ချေ။
"ကြည့်လိုက်..." ဆယ်ဗီနီက ဘန်တာမြို့၏ အနီးအနားမြေပုံကိုညွှန်ပြလာသည်၊ "အဲဒီ့စက်မှုနယ်ပယ်ကို ဆန်းဒ်တွန်အိမ်ရာအနီးတဝိုက်မှာ ချဲ့ထွင်ရင်က အဆင်ပြေပေမယ့် ရှင်သာ ဒီအစီစဉ်ကိုလုပ်ရင် မြစ်ကမ်းတစ်လျှောက်ကို ချဲ့ထွင်သလိုဖြစ်ပြီး ကြယ်ကြွေအိမ်တော်ကို နီးကပ်လာမယ်ဆိုတာ မမြင်ဘူးလား?"
"အဲ့တော့?" ရှုယီက ရှုပ်ထွေးဟန်ပေါ်သွားသည်။
"ရှင်တို့ ယောက်ျားတွေကလေ..." ဆယ်ဗီနီက သိပ်မမျှော်လင့်ထားသည့် ဟန်ပေါ်နေ၏။ သူမက သက်ပြင်းချကာ ခေါင်းခါရင်းပြောလိုက်သည်၊"ရှုယီ၊ ရှင်က ကိုယ်တိုင်အဆင်ပြေဖို့ကိုပဲတွေးပြီး စတေးလ်ကိုတွေးပေးဖို့ မေ့နေတာလား? စတေးလ်က အခု ကိုယ်ဝယ်လွယ်ထားရတယ်လေ၊ ကြယ်ကြွေအိမ်ရာနားမှာ စက်မှုနယ်ပယ်တည်ဆောင်တာက သူမကို အနှောင့်အယှက်ဖြစ်စေမှာ မစိုးရိမ်ဘူးလား?"
ရှုယီက ဆယ်ဗီနီထံ ငေးကြည့်လိုက်သည်။
သူဟာ ဤစက်မှုနယ်ပယ်အသစ်က ဘန်တာမြို့ထံမည်မျှ အကျိုးရှိစေမည်ကိုသာ စဉ်းစားခဲ့ပြီး ကိုယ်ပိုင်ပြဿနာများကို မတွေးခဲ့မိချေ။ သူဟာ ဆယ်ဗီနီကဲ့သို့ မြို့စားက သူ့အတွက် ၎င်းကိုစဉ်းစားပေးမည်ဟု မထင်ခဲ့မိချေ။
"စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးပါ..." ရှုယီက အတွေးထဲနစ်မျောသွားပြီးမှ ခေါင်းငြိမ့်ကာ၊ "မှန်ပါတယ်၊ ကျုပ် ဥပေက္ခာပြုမိသွားတာ။ ခင်ဗျားမှန်တယ်၊ ဆောက်လုပ်ရေးက ကြယ်ကြွေအိမ်ရာနဲ့နီးရင် စတေးလ်ကို အတော်လေးထိခိုက်စေလိမ့်မယ်။ ဒီလိုဆိုမှတော့... ကျုပ်တို့ဒီနေရာကိုနည်းနည်းလောက် ပြောင်းရင်ရော?'
ရှုယီက မြေပုံပေါ်၌ မျဉ်းနှစ်ကြောင်းတွဲကာ ကြယ်ကြွေအိမ်ရာအနီးက စက်မှုနယ်ပယ်အပိုင်းကိုဖယ်၍ တစ်နေရာ၌ ထားလိုက်သည်။
ထိုသို့ဖြင့် စက်မှုနယ်ပယ်အားတည်ဆောက်လျှင်တောင် ကြယ်ကြွေအိမ်ရာနှင့် နှစ်ကီလိုမီတာကျော်အဝေးသို့ရောက်သွားကာ အနီးဝန်းကျင်ကို ထိခိုက်မည်မဟုတ်ချေ။
သို့ရာတွင် ဆယ်ဗီနီက မြေပုံကိုကြည့်လိုက်ပြီး မြေပုံပေါ်၌ အခြားစက်ဝိုင်းတစ်ခုကိုဆွဲလိုက်သည်။ သူမက စက်မှုနယ်ပယ်ကို ပိုလို့ပင်ဝေးသည့် ကြယ်ကြွေအိမ်ရာထံမှ ငါးကီလိုမီတာအကွာသို့ပို့လိုက်သည်။
ရှုယီက ပြောစရာမဲ့သွားသည်။
သူဟာ စက်မှုနယ်ပယ်အား နှစ်ကီလိုမီတာအကွာသို့ရွှေ့ရသည်ကပင် အတော်လေးကိစ္စကြီးနေပြီဟု ခံစားရပါသော်လည်း ဆယ်ဗီနီက ပို၍ပြတ်သားက နှစ်ဆကျော်ကျော်ပိုဝေးလိုက်မည်ဟု မထင်ခဲ့မိချေ!
"ဒါက ဆယ်ဗီနီ, ဒီလိုလုပ်ရင် ကျုပ်တို့ အာဏာကိုအလွဲသုံးစားလုပ်ရာ မကျသွားဘူးလား?" ရှုယီက မထိန်းနိုင်ဘဲ ပြောလိုက်သည်။
ဆယ်ဗီနီက သူ့အားကြည့်ကာ နှာခေါင်းရှုံ့လျက်၊ "ဒါက မြို့စားအနေနဲ့ကျွန်မရဲ့ဆုံးဖြတ်ချက်ပါ၊ ရှင့်မှာ မကျေနပ်တာရှိလို့လား?"
မှန်ပါ၏၊ ရှုယီမှာ ခေါင်းသာငြိမ့်လိုက်နိုင်သည်။
ဆယ်ဗီနီက မြေပုံကိုထပ်ကြည့်ကာ အသေးစိတ်တချို့ကိုပြောင်းလဲပြီးနောက် ရှုယီထံ ပြန်တွန်းပေးလာသည်။
"အခုဘယ်လိုထင်လဲ?"
ရှုယီက ၎င်းကိုယူကာ ခါးသက်သက်ရယ်လိုက်ပြီးနောက်၊ "ဒီအစီအစဉ်ကိုသာ ဥက္ကဌရန့်ခ်တို့ကိုပြလိုက်ရင် ကျုပ်ကိုသေချာပေါက် ဆူပူကြလိမ့်မယ်ဗျ။"
ဆယ်ဗီနီက သူ့ကိုကြည့်လာကာ၊ "ဘာကိုသုံးသပ်ပြီးတော့လဲ? သူတို့ကိုသာ စတေးလ်အတွက်လို့ပြောလိုက်ရင် ဘာပြောဦးမှာလဲ? သူတို့သာ တစ်ခုခုပြောလာရင် ကျွန်မကိုလာရှာခိုင်းလိုက်။"
ဆယ်ဗီနီထံမှ ရှားပါးသည့်ပြတ်သားနေပုံကိုမြင်သော် ရှုယီက မထိန်းနိုင်ဘဲ ရယ်ဖို့ကောင်းသည်ကိုတွေ့ရှိသွား၏။
သူဟာ လူများအား ကြင်နာစွာ ဆက်ဆံသည့် သိမ့်မွေ့ကာ တည်ငြိမ်သော ဆယ်ဗီနီက မိန်းမဝါဒီဟု ဘယ်တုန်းကမှ မထင်ခဲ့ချေ၊ ၎င်းက လုံးဝ မရေရာပေ။
"ဟုတ်ပါပြီ၊ ဥက္ကဌရန့်ခ်တို့ဆီမှာ မကျေနပ်ချက်တွေရှိနေရင်တောင် ဘာမှမပြောလောက်ဘူးဆိုတာ ကျုပ်ယုံတယ်။" ရှုယီက ပခုံးတွန့်လိုက်ကာ၊ "ခင်ဗျားက ဒါကို အတည်ပြုပြီးပြီဆိုတော့ ဒီဘန်တာမြို့မှော်စက်မှုနယ်ပယ်ကို တရားဝင်ဆုံးဖြတ်ပြီးပြီ။ တိကျတဲ့လမ်းကြောင်းကိုတော့ ဥက္ကဌခရုစ်နဲ့ ဆွေးနွေးဖို့လိုတယ်။ သူ့ရဲ့ အမ်ရစ်ကုန်သည်ကြီးများအသင်းက အဲ့နေရာမှာ အတော်အတွေ့အကြုံရှိတယ်လေ၊ ခင်ဗျားစိတ်တိုင်းကျမယ်လို့ထင်ပါတယ်။"
"ကျွန်မယုံပါတယ်။" ဆယ်ဗီနီက ခေါင်းငြိမ့်လျက် "အနည်းဆုံး ဘန်တာမြို့ပြုပြင်မွမ်းမံခြင်းက ဘယ်လောက်ချောမွေ့သွားသလဲဆိုတာကြောင့် လူတိုင်းက အမ်ရစ် ကုန်သည်ကြီးများအသင်းကို ချီးမွမ်းနေကြတယ်လေ။"
ရှုယီကရယ်ကာ၊ " ခင်ဗျားကျေနပ်ရင် အဆင်ပြေပါပြီ။"
နှစ်ဦးသားမှာ အသေးစိတ်ဆွေးနွေးနေပြီးနောက် ရှုယီကထွက်ခွာရန်ပြင်လိုက်သော်လည်း ဆယ်ဗီနီက ရုတ်တရတ်ခေါ်လာသည်။
"ကျွန်မမှာ ဒီနေ့ဘာမှလုပ်စရာမရှိလို့ စတေးလ်ကို တစ်ချက်သွားကြည့်မှာ။"
ရှုယီက အံ့ဩကာ ဆယ်ဗီနီကိုကြည့်လိုက်သော်ငြား သူမက ဟာသလုပ်နေခြင်းမဟုတ်သည်ကို သေချာသွားသည့်နောက် အနည်းငယ်စဉ်းစားပြီး သဘောတူလိုက်သည်။
နှစ်ဦးသား မြို့စားအိမ်တော်မှ ထွက်လာသည့်နောက် ဆယ်ဗီနီက အပြင်ဘက်၌ စောင့်ဆိုင်းနေသော ဇိမ်ခံမြင်းလှည်းကိုကြည့်ကာ အသာ မျက်မှောင်ကုပ်သွားသည်။ ထို့နောက် ရှုယီကိုမေးလာ၏၊ "ရှုယီ၊ အရင်တစ်ခေါက် ရှင်ပြောတော့ ရှင်တို့လုပ်ငန်းစုက မိသားစုသုံးဖို့ ကိုယ်ပိုင်မှော်ကားထုတ်လုပ်မှာဖြစ်ပြီး အရမ်းသက်တောင့်သက်သာရှိတယ်ဆို၊ အလတ်ဆိုဒ်မှော်ခရီးသည်တင်ကားထက်တောင် ပိုကောင်းသေးတယ်ဆို။ မှန်ရဲ့လား?"
"သေချာတာပေါ့။" ရှုယီက ကမ္ဘာမြေရှိ လမ်းများ၌ ဖြတ်ပြေးသွားကြသော ဇိမ်ခံကားများအကြောင်းတွေးလိုက်ပြီး အသေအချာခေါင်းငြိမ့်လိုက်သည်၊ "ကျုပ်ဒီထုတ်ကုန်ကို သေချာပေါက်ထုတ်လုပ်ပြီး လူတိုင်းကောင်းကောင်းရနိုင်ရမယ်လို့ အာမခံပါတယ်။"
"ဒါဆိုဘယ်အချိန်ထုတ်လုပ်မှာလဲ? ကျွန်မအခုစီးချင်နေပြီ တကယ်ကို။" ဆယ်ဗီနီက မေးသည်။
ရှုယီလည်း ခါးသက်သက်အပြုံးဖြင့် ခေါင်းခါကာ၊ "ဒါတော့မသေချာသေးဘူး။ အခု မှော်စက်မှုဖွံ့ဖြိုးရေးဌာနက အဓိကအနေနဲ့ ခရီးသည်တင်ကားတွေနဲ့ ပို့ဆောင်ဆက်သွယ်ရေးကို တိုးတက်အောင်လုပ်နေကြပြီး လတ်တလော အခြားသုတေသနစီမံကိန်းတွေကို ခဏဖယ်ထားတယ်။"
"အန်း၊ ဒီနှစ်ခုက ပိုအရေးကြီးတယ်။" ဆယ်ဗီနီက ခေါင်းငြိမ့်လိုက်ပြီး ဖာဆန်ရထားလုံးလုပ်ငန်းစု ဦးတည်ဘက်ကိုကြည့်ကာ၊ "ကျွန်မဝန်ခံရမယ်၊ မှော်ကားပေါ်ထွက်လာမှုက အမိနယ်မြေတစ်ခုလုံးကို ပြောင်းနိုင်တယ်လို့ပြောခဲ့တဲ့ ရှင့်ရဲ့စကားတွေက လုံးဝမချဲ့ကားနေဘူး။ ဒီမှော်ကားသာမရှိရင် ကျွန်မတို့ရဲ့ဘန်တာမြို့က တိုင်းပြည်ရဲ့အစိတ်အပိုင်းတိုင်းကို ကုန်စည်တွေလွယ်လွယ်လေးပို့ဆောင်နိုင်မှာမဟုတ်ဘူးလေ။ ပြီးတော့ ကျွန်မသာ ဘန်တာမြို့ကနေ အန်ဗီမာ မြို့တော်ကိုပြန်ချင်ရင် မနက်ပိုင်းထွက်သွားတာနဲ့ ညစာစားဖို့တောင် မှီနိုင်တယ်။ ကျွန်မ ပြန်ချင်တဲ့အချိန်ပြန်လို့လည်းရတယ်။"
"တကယ်တမ်းလက်ရှိမှော်ကားက သိပ်မမြန်သေးပါဘူး။ သီအိုရီအရ အန်ဗီမာမြို့တော်က ဘန်တာမြို့ကနေ နှစ်ရာကီလိုမီတာလောက်နီးနီးပဲဝေးတာ၊ ကျုပ်စိတ်ထဲက မှော်ကားကိုထုတ်လုပ်ပြီးရင် အဲ့ကိုရောက်ဖို့က သုံးနာရီကနေ လေးနာရီလောက်ပဲကြာလိမ့်မယ်။ ဒီနည်းနဲ့ဆိုရင် မနက်ပိုင်းထွက်သွားရင် အန်ဗီမာမြို့တော်ကို နေ့လည်စာအချိန်အမှီရောက်နိုင်တယ်လေ။" ရှုယီက အပြုံးဖွဖွဖြင့်ဆို၏။
"အဲ့လောက်မြန်တယ်?" ဆယ်ဗီနီက အနည်းငယ်သံသယဖြစ်နေသည်။
"တစ်နာရီ ခြောက်ဆယ်ကီလိုမီတာနှုန်းလေးကို မြန်တယ်လို့ သတ်မှတ်လို့မရဘူး။" ရှုယီက ခေါင်းခါသည်။ မတိုင်ခင်က ကန်တိုနာ ကိုပြောခဲ့သည့် F1ပြိုင်ကားကိုသာ ထုတ်လုပ်လိုက်ပါလျှင် ထိုနှစ်ရာကီလိုမီတာလေးကို သွားရန် တစ်နာရီပင်လိုမည်မဟုတ်ဘဲ ကီလိုမီတာ သုံး၊လေးရာကိုပင် တစ်နာရီလောက်နှင့် ရောက်နိုင်၏။
မှန်သည်၊ F1ပြိုင်ကားလမ်းကြောင်းလိုအပ်ချက်ကလည်း မြင့်သည်ဖြစ်ရာ သာမန်လမ်းများက ထိုအမြန်နှုန်းကို မခံနိုင်ချေ။
သူသာ မှော်ကား၏အမြန်နှုန်းကို ဆက်တိုးစေချင်လျှင် မှော်ကားကို အဆင့်မြှင့်ခြင်းထက် လမ်း၏ အခြေအနေများကိုလည်း အဆင့်မြှင့်ဖို့လို၏။
သို့သော် သူက ရှေ့ကို တွေးလွန်းနေပြီပင်။
လမ်ပူရီတိုင်းပြည်တွင် ဘန်တာမြို့သာ လမ်းမများဖြင့်ဖုံးလွှမ်းနေပြီဟုဆိုနိုင်ပြီး ထိုသည်က အဓိကလမ်းမများသာပင်။ ကျေးရွာတစ်ရွာစီထံသို့ လမ်းများကိုပင် အပြီးမသတ်ရသေးရာ အခြားမြိုများကို ပြောဖို့ရန် မလိုချေ။
စိုင်စ်အမိနယ်မြေ၌ လမ်ပူရီတိုင်းပြည်တွင်သာ ကီလိုမီတာနှစ်ထောင်ကျော်သည့်လမ်းရှိ၏။ အခြားတိုင်းပြည်များအတွက် စတက်တိန်း နယ်မြေ၌သာ ကီလိုမီတာနှစ်ရာကျော်သည့်လမ်းရှိသည်။
ရူဒ်ဆန် တိုင်းပြည်တွင်မူ ရူဒ်ဆန်တိုင်းပြည်နှင့် အမ်ရစ်ကုန်သည်ကြီးများအသင်းတို့ သဘောမတူနိုင်သည့် အသေးစိတ်အချက်များရှိခြင်းကြောင့် လက်ရှိနှုန်းထားက နှေးနေကာ ပြီးဆုံးရန် အတော်လိုနေသေးသည်။
မှန်ပါသည်၊ လတ်တလော ရှုယီ ရှာဖွေနေသည့်အရာမှာ အီဗီတာမှ ထုတ်လုပ်ရန် အင်မတန်ကြိုးစားနေသည့် မှော်လေသင်္ဘောဖြစ်သည်။
မှော်ကားနှင့်ယှဉ်လျှင် မှော်လှေသင်္ဘောအား ထုတ်လုပ်လိုက်ပါက အလားအလာများစွာ ပိုရှိ၏။
ထို့အပြင် မှော်လေသင်္ဘော၏အမြန်နှုန်းက မှော်ကားများကို မယှဉ်နိုင်ပါသော်လည်း မှော်လေသင်္ဘောများကို ပထဝီဝင်အနေအထားနှင့် မတားဆီးနိုင်ရာ ခြားနားသည့်နေရာများကို အတူတကွချိတ်ဆက်နိုင်၏။ ထိုတစ်ခုတည်းနှင့်ပင် မှော်ကားနှင့်ယှဉ်လျှင် အတော်လေးအချိန်သက်သာနေပြီဖြစ်၏။
ပိုအရေးကြီးသည့်အရာက လေအားမှော်ပညာ၏ အံ့ဖွယ်လုပ်ဆောင်ချက်များကြောင့် ကမ္ဘာမြေပေါ်ရှိ လေယာဉ်ပျံများ၏ အခက်ခဲဆုံးအပိုင်းဖြစ်သည့် ဆင်းသက်ခြင်းက တကယ်ကိုရိုးရှင်းလှပါသည်။
ထိုအရေးကြီးပြဿနာကို ဖြေရှင်းပြီးနောက် ၎င်းတို့မှာ သင့်တော်သောစွမ်းအားရင်းမြစ်ကို ထုတ်လုပ်ရန်သာလိုအပ်ပြီး တိုးတက်မှုက များစွာ ပိုမိုမြန်ဆန်လာလိမ့်မည်။
လွန်ခဲ့သည့်လေးရက်က မှော်သုတေသနဌာနရှိ အီဗီတာကို သွားစစ်ဆေးသည့်အချိန်တွင် အီဗီတာက ရှုယီအား သူမ၏ အသစ်ထုတ် မှော်လေသင်္ဘော လေထဲသို့သယ်ဆောင်နိုင်နေပြီဖြစ်သည့်ပစ္စည်းများမှာ တစ်ဆယ်ကီလိုဂရမ်လေးကြောင်းပြောခဲ့သည်။
ထိုအမြန်နှုန်းနှင့်အတူ မကြာမီတွင် လူလုပ်လေယာဉ်ရနိုင်တော့မည်။
"အိုး... ကျုပ်က ခင်ဗျား ဘယ်လိုကိုယ်ပိုင်မှော်ကားမျိုးသဘောကျမလဲကို စဉ်းစားကြည့်နေတာ။" ရှုယီက အသိပြန်ဝင်လာကာ အပြုံးဖြင့် ထိုသို့ပြောလိုက်၏။
"သီးသန့်လုပ်လို့ရတာလား?" ဆယ်ဗီနီ၏ မျက်လုံးများတောက်ပသွားသည်။
"ဒါပေါ့"
"ကောင်းတယ်၊ ကျွန်မက နည်းနည်းပိုသေးပြီး လက်ရှိ အလတ်ဆိုဒ်မှော်ခရီးသည်တင်ကားလို ထောင့်မှန်စတုဂံပုံနဲ့မတူဘဲ အတော်လေး အကြမ်းခံတာမျိုးကို သဘောကျတယ်။ အတော်လေးပေါ့ပြီး ကျော့ရှင်းတဲ့အရောင်နဲ့ဟာကိုသဘောကျသလို၊ ပန်းပွင့်ဒီဇိုင်းတချို့ကိုလည်း..."
"လာပါ၊ ဝင်ပြီးမှ ပြောကြတာပေါ့။"
ဆယ်ဗီနီက နံဘေးရှိ မြင်းလှည်းအားကြည့်ကာ သက်ပြင်းချ၍ ပြောလာသည်၊ "ရှင်က ကျွန်မရဲ့ စိတ်ဝင်စားမှုကိုထုတ်ပေးလိုက်တာပဲ၊ အခုကျွန်မ မြင်းလှည်းတွေစီးဖို့ လုံးဝစိတ်မဝင်စားတော့ဘူး။"
"ဒါပေမယ့် ကျုပ်တို့လမ်းပဲလျှောက်လို့မရဘူးလေ၊ ဟုတ်တယ်မို့လား?" ရှုယီက ပြုံး၏။ ထို့နောက် ဖိတ်ခေါ်ဟန်ပြုကာ အချိန်အတော်ကြာစောင့်ဆိုင်းနေခဲ့ရသည့် မြင်းလှည်းထဲသို့ ဆယ်ဗီနီအတူ ဝင်သွားလေသည်။
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၈၃။ ရှင် သူမကိုဘယ်လိုဆက်ဆံနေတာလဲ?
ဆယ်ဗီနီ၏ရောက်ရှိလာမှုက ကြယ်ကြွေအိမ်ရာတွင် လှုပ်လှုပ်ရှားရှားဖြစ်သွားစေသည်။
ရှုယီက အစေခံများခန့်အပ်သည့် အလေ့အထမရှိရာ အိမ်တော်ကို ဂရုစိုက်ပေးရန် စတက်တိန်းနယ်မြေမှ ပြန်ခေါ်လာသော လဇ်နှင့် လင်ဒါတို့သာရှိ၏။ ဗီဗီယန်ကမူ ကျောင်း၌ အချိန်အကုန်များသောကြောင့် ထိုကိစ္စအားလုံးကို ဂရုမစိုက်နိုင်ချေ။
ယခု ဆယ်ဗီနီကို ဖျော်ဖြေရန် လဇ် နှင့် လင်ဒါတို့က တတ်နိုင်သမျှ အားလုံးလုပ်ကြသည်။ ၎င်းတို့က သူမအားကြိုဆိုရန် အကောင်းဆုံးအရာများကို ထုတ်ယူလာရာ တကယ်ကို အလုပ်ရှုပ်နေသည်။
အိမ်အကူမလေးနှစ်ဦးက လှည့်ပတ်သွားနေပြီး စတေးလ်ကလည်း ရှုယီအတွက် ကိစ္စအချို့ကိုလုပ်ပေးနေသည်ကို မြင်သော် ဆယ်ဗီနီက မနေနိုင်ဘဲ ခေါင်းခါလျက် စတေးလ်ကို ပြောလေ၏၊ "ရှုယီက တခြားလူတွေကို အစေခံလိုဆက်ဆံရတာ သဘောမကျမှန်း ကျွန်မသိပေမယ့်လည်း အစေခံလေးနည်းနည်းလောက် ခန့်လိုက်ရင် ဘာပြဿနာရှိမှာလဲ၊ ဟုတ်တယ်မလား? ရှင်က အခု ကိုယ်ဝန်လွယ်ထားရတာကို ရှင့်ကိုဂရုစိုက်ဖို့ ဘာလို့ လူနည်းနည်းလောက်ထပ်မရှာရတာလဲ? သူက ဒီလောက်တွန့်တိုလို့မရဘူးလေ ဟုတ်တယ်မို့လား?
စတေးလ်က ကိုယ်ဝန်လွယ်ထားသည်မှာ သုံးလရှိပြီဖြစ်ရာ ဗိုက်က အနည်းငယ်စူထွက်နေပြီဖြစ်၏။ ၎င်းကိုကြားသော် သူမက ဗိုက်ကိုထိလျက် အပြုံးဖြင့် ပြန်ဖြေလာသည်၊ "ကျွန်မက လူတွေအများကြီးရှိရင် အရမ်းဆူညံ့မှာကို မကြိုက်လို့၊ ဒါက ကျွန်မရဲ့အကြံပါ။ လဇ်နဲ့ လင်ဒါက ဒီမှာနေတာအတော်လေးကြာပြီဆိုတော့ ရှုယီနဲ့ ကျွန်မနှစ်ယောက်စလုံးက သူတို့ကို မိသားစုလိုပဲ ဆက်ဆံတာပါ။ ကျွန်မတို့နဲ့ မရင်းနှီးတဲ့လူတချို့ကိုရှာမယ်ဆိုရင်တော့ ကျွန်မလည်း အသားကျမှာမဟုတ်ဘူး။"
"ရှင်က စိတ်မချတာလား?" ဆယ်ဗီနီက မေး၏၊ "ဒါကိုစိုးရိမ်နေရင်တော့ သေချာပေါက်ယုံကြည်ရတဲ့လူတွေကို ကျွန်မရှာပေးနိုင်တယ်။ ပြီးတော့ သူတို့က ကိုယ်ဝန်သည်မိန်းမတွေနဲ့ပတ်သက်ပြီး အတွေ့အကြုံရှိတာကြောင့် ရှင်ပိုပြီးစိတ်ချရမှာပါ။"
"ဘုရင်မရဲ့ ကောင်းစေချင်တဲ့ဆန္ဒအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ထားပါတော့။ အခုတင်ကို အတော်လေး အဆင်ပြေနေပါပြီ။"
စတေးလ်ကဆုံးဖြတ်ထားသည်ကိုမြင်သော် ဆယ်ဗီနီက တွန်းအားမပေးချေ။ ထို့နောက် စတေးလ်၏ ခန္ဓာကိုယ်အခြေအနေကို မေးမြန်းလိုက်၏။
နှစ်ယောက်သား စကားပြောနေကြပြီး စကားဝိုင်းက ပိုကာ စိတ်လှုပ်ရှားဖွယ်ဖြစ်လာသည်ကိုမြင်သော် ရှုယီလည်း ထိုင်မနေတော့ဘဲ လဇ်နှင့် လင်ဒါကို ကူညီဖို့သွားလိုက်၏။
ညစာ အသင့်ဖြစ်ခါနီးတွင် ဗီဗီယန်က ကျောင်းမှ ထရီဇာနဲ့ အတူပြန်လာသည်။
ဗီဗီယန်ကို မြင်သော် ရှုယီက တစ်စုံတရာကို ရုတ်တရတ်သတိရသွား၏။ ယခင်လက ဘာရွန်ရစ်တိုမှော်ကျောင်းတော်ထံမှ အခြားဘွဲ့ရသည့်အသုတ်ရှိရာ ထိုထဲမှ တချို့က Frestech ကုန်သည်ကြီးများအသင်း ထောက်ပံ့သည့် အထူးထောက်ပံ့ငွေများကို လက်ခံရရှိခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့၏စာချုပ်များအရ ထိုဘွဲ့ရအများစုမှ ဘွဲ့ယူပြီးနောက်တွင် Frestech ကုန်သည်ကြီးများအသင်းထံ ဝင်လာမည်ဖြစ်၏။
ပါရမီမရှိသည့် ကျောင်းသားတချို့အပြင် နေရာအကန့်အသတ်နှင့် ငွေလိုသော ကျောင်းသားအချို့ရှိရာ ၎င်းတို့က မှော်အစီအရင်များကို အမှတ်အသားပြုရန် အလုပ်ရုံသို့ ဝင်ရောက်လာကြမည်ဖြစ်ပြီး အများစုအား ရှုယီက Frestechကျောင်းတော်ထံသို့ နောက်ထပ် ပညာရေးအတွက် စာရင်းသွင်းပေးထားသည်။
ဥပမာ၊ Frestechကျောင်းတော်၌ သင်ယူခြင်းအတွက် လိုအပ်ချက်များအကြောင်းမေးစဉ်က ရှုယီအား အထင်ကြီးစေခဲ့သည့် အိုရင်း ဇက်ထ်မန်ဖြစ်၏။ လတ်တလော သူ၏ ကျောင်းတော်၌ လုပ်ဆောင်ချက်က အင်မတန် ကောင်းမွန်သည်။
ရှုယီအနေနှင့် ကျောင်းသားများက ထိုစီစဉ်မှုကို မည်သို့ခံစားရကြောင်း မေးချင်သည်။
ရှုယီက ဥက္ကဌဖြစ်ခြင်းကြောင့် ကျောင်းသားများထံမှ အဖြေအစ်အမှန်ကို မရနိုင်ပေ။ ဗီဗီယန်က ဘာရွန်ရစ်တိုမှော်ကျောင်းတော်မှ ကျောင်းသူဖြစ်ပြီး ထိုကျောင်းသားများနှင့်လည်း ပို၍ အဆက်သွယ်ရှိသဖြင့် အဖြေအစစ်အမှန်ကိုရနိုင်လောက်သည်။
"သူတို့အားလုံး အရမ်းစိတ်တိုင်းကျနေပါတယ်။" ရှုယီ၏ အမေးကိုကြားသော် ဗီဗီယန်က ပုံမှန်အတိုင်းဖြေလာသည်၊ "ကျွန်မ လူအတော်များများကိုမေးပြီးပြီ။ သူတို့အားလုံး Frestech ကုန်သည်ကြီးများအသင်းဆီက ဗဟုသုတအသစ်တွေကို လေ့လာရတာ အရမ်းဝမ်းသာနေကြတယ်။"
"ကောင်းတယ်။" ရှုယီက စိတ်အေးသွားကာ ထရီဇာဘက်လှည့်လိုက်သည်၊ "ထရီဇာ, ဒါဆို မင်းရော မှော်သုတေသနဌာနမှာ အလုပ်လုပ်ရတာ ဘယ်လိုခံစားရလဲ?"
ရှုယီ သူမအား ကယ်တင်ခဲ့တုန်းကနှင့်ယှဉ်လျှင် လက်ရှိထရီဇာက အတော်လေးပိုကောင်းလာပြီဖြစ်သည်။ သူမက အချိန်အများစု၌ တိတ်ဆိတ်နေဆဲဖြစ်သော်လည်း အနည်းဆုံးတော့ ရှုယီ မေးခွန်းမေးချိန်တွင် အပြုံးတစ်ခုထုတ်ပြလာသည်။
"အရမ်းအဆင်ပြေပါတယ်။" ထရီဇာက ခေါင်းငြိမ့်ကာ၊ "သုတေသနဌာနက မိတ်ဆွေတွေအားလုံး ကျွန်မအပေါ် အရမ်းကောင်းကြတယ်။ အလုပ်ကလည်း အတော်လေး ပျော်ဖို့ကောင်းပြီး သုတေသနမှော်စက်တွေကလည်း အတော်စိတ်ဝင်စားစရာကောင်းတော့ ကျွန်မ အရမ်းကိုသဘောကျပါတယ်။"
"ဒီလိုလား? မင်းပျော်ရင် ကောင်းတာပေါ့။" ရှုယီက အနည်းငယ်တုံ့ဆိုင်းနေပြီးမှ ထရီဇာအား သူမစိတ်ထဲ၌ ဖုံးထားသည့် အရာများကို မေးခွန်းထုတ်ရန် အကြံကို ပေးလာသည်။
သူမက ထိုကိစ္စများကို ထုတ်ပြရန် ဆန္ဒမရှိတာ အဖြေတစ်ခုရရန် ဖိနှိပ်ဖို့က ကိစ္စကောင်းမဟုတ်ချေ။
ညစာ ပြင်ပြီးနောက်၌ ဆယ်ဗီနီက စားပွဲ၌ ထရီဇာကို ပထမဆုံးအကြိမ်မြင်လိုက်ရရာ မနေနိုင်ဘဲ မေးခွန်းတချို့မေးလာလေသည်။ သို့သော် ထရီဇာက မရင်းနှီးသူများနှင့်ဆိုလျှင် အင်မတန်တိတ်ဆိတ်လှရာ ဆယ်ဗီနီ၏မေးခွန်းများအား ခေါင်းငြိမ့်၊ ခေါင်းခါသာဖြေလေ၏။ သူမက အဖြေပေးလာချိန်တွင်လည်း တွန့်ဆုတ်သည့် 'အန်း'ဟူသော အသံသာပြုသဖြင့် ဆယ်ဗီနီက မေးခွန်းများမေးသည်ကို အဓိပ္ပာယ်မရှိဟု ခံစားမိကာ စတေးလ်ဘက်လှည့်၍သာစကားပြောလေသည်။
သို့သော် ညစာစားပြီးနောက် ထွက်သွားချိန်တွင် ဆယ်ဗီနီက ရှုယီအား နံဘေးသို့ ခေါ်လိုက်၏။
"ရှုယီ၊ အဲဒီ့ ထရီဇာက ဘာဖြစ်နေတာလဲ?"
"ဘာကိုပြောချင်တာလဲ?" ရှုယီက အံ့ဩသွားကာ၊ "ခင်ဗျားအခုနလေးတင်မေးခဲ့တယ်မဟုတ်လား? ကျုပ်သူ့ကို ညလယ်ခေါင်ကြီး လမ်းမပေါ်မှာ မူးလဲနေလို့ ကယ်လာခဲ့တာ။"
"ဒါကို မေးနေတာမဟုတ်ဘူးလေ။" ဆယ်ဗီနီက ခေါင်းခါလျက်၊ "ကျွန်မမေးချင်တာက ရှင်သူမကို ဘယ်လို ဆက်ဆံလဲ?"
"ဘယ်လိုဖြစ်ရမှာလဲ... သူမမှာက အခု ဘာမိသားစုမှမရှိတော့ ကျုပ်ကယ်လာပြီးကတည်းက အဆုံးထိကူညီရမှာပေါ့။ အခုတော့ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းဆီမှာ အလုပ်လုပ်ပြီး ကြယ်ကြွေအိမ်ရာမှာ ပုံမှန်အတိုင်းနေနေတာလေ၊ ဘာမှမရှိပါဘူး။"
"ရှင်တကယ်ပဲ တခြားအရာတွေကို မတွေးခဲ့တာလား?" ဆယ်ဗီနီက မျက်မှောင်ကုပ်ကာ၊ "သူမက အရမ်းလှတယ်။"
"အင်းလေ၊ ဒါပေမယ့် အဲ့တော့ ဘာဖြစ်လဲ?" ရှုယီက ရှုပ်ထွေးဟန်ဖြင့်မေးသည်။
ဆယ်ဗီနီလည်း ရှုယီ၏အမူအရာကို အတန်ငယ်ကြည့်ပြီးမှ ရုတ်တရတ် ထရယ်၏။ ထို့နောက် လက်ကိုဝေ့ယမ်းလျက် ပြောသည်၊ "ဟုတ်ပါပြီ ကျွန်မက အစိုးရိမ်လွန်နေတာပဲ။ ကျွန်မတို့ဥက္ကဌရှုရဲ့စိတ်က အေးစက်နေတဲ့ မှော်စက်ပစ္စည်းတွေနဲ့ပြည့်နေတော့ တခြားထူးဆန်းတဲ့အရာတွေအကြောင်း တွေးဖို့အချိန်မရှိဘူးလေ၊ ကျွန်မမှန်တယ်မဟုတ်လား?"
ရှုယီက ပိုလို့ပင်ရှုပ်ထွေးသွားကာ၊ "ကျုပ်ပြောမယ်၊ ဘုရင်မ၊ ခင်ဗျားဘာပြောဖို့ကြိုးစားနေတာလဲ?"
"ဘာမှမဟုတ်ပါဘူး၊ ဒီညစတေးလ်နဲ့ပဲနေလိုက်ပါ။ သူမက ကိုယ်ဝန်အစပိုင်းအဆင့်တွေမှာပဲရှိသေးတော့ စိတ်အပြောင်းအလဲဖြစ်တတ်တယ်၊ ဒါကြောင့်ပိုပြီး ဂရုစိုက်သင့်တယ်။"
"ဒါပေါ့" ရှုယီက ခေါင်းငြိမ့်ကာ၊ "ကျုပ် မိုးကျတောင်ကြားကနေ ကြယ်ကြွေအိမ်ရာကို အထူးတလည်ပြန်လာတာကလည်း သူမနဲ့အတူရှိဖို့ပါပဲ။ ကြယ်ကြွေအိမ်ရာရဲ့အခြေအနေပိုကောင်းလာတာအပြင် ဒီတလော ဘန်တာမြို့ထဲမှာ ဂရုစိုက်စရာကိစ္စလေးတွေရှိသေးတော့ သူမနဲ့အတူရှိဖို့ ပိုလွယ်သွားပြီလေ။"
"ရှင်ဒါကို အာရုံစိုက်ရင်တော့ ကောင်းတာပေါ့။" ဆယ်ဗီနီက ခေါင်းငြိမ့်ချီးကျူးကာ ရှုယီထံလက်ဝေ့ယမ်းပြလိုက်သည်၊ "ဟုတ်ပြီ၊ ပြန်သွားပြီး စတေးလ်နဲ့နေလိုက်ပါ၊ ကျွန်မသွားတော့မယ်။ မနက်ဖြန်မနက် မြို့စားအိမ်တော်ကို မလာခဲ့နဲ့ ခိုရိုရွာမှာပဲ တိုက်ရိုက်ဆုံကြမယ်။"
ရှုယီက ရယ်လျက်နှင့်၊ "ဒါဆို ကျုပ် မြို့စားအရှင်ရဲ့စဉ်းစားပေးမှုကို ကျေးဇူးတင်ရတော့မှာပေါ့။"
ဆယ်ဗီနီက ခပ်ဖျော့ဖျော့ပြုံးကာ မြင်းလှည်းထဲသို့ ဝင်ရန် လှည့်လိုက်တော့သည်။
မြင်းလှည်းက ညအမှောင်ထဲ တိုးဝင်ပျောက်ကွယ်သွားသည်ကို ကြည့်နေရင်း ရှုယီ၏ အမူအရာက အနည်းငယ်ထူးဆန်းလာသည်။
ဆယ်ဗီနီ၏ယနေ့လာလည်ခြင်းက ကိုယ်ရေးကိုယ်တာသီးသန့်ပင်။ ၎င်းက သူမနှင့် ရှုယီတို့၏ ကောင်းမွန်သောဆက်ဆံရေးကိုပြသော်လည်း အခြားလူများသိလျှင် သေချာပေါက် အမြင်တစ်ခုရှိလောက်မည်။
ဥက္ကဌဆာရန့်ခ်တို့က ၎င်းကိုမပြသပါသော်လည်း ၎င်းတို့၏ မတူညီသောသင်္ကေတများမှ စိတ်ထဲရှိ ဝေဖန်ချက်များကို ပြသနေသည်။
ဆယ်ဗီနီသာသူနှင့် အင်မတန်နီးကပ်နေပါလျှင် တချို့အရာတွေအပေါ် လွှမ်းမိုးမှုရှိလာနိုင်သည်။
သို့သော် ထိုသို့ တွေးကြည့်ပြီးနောက် ရှုယီက ကိုယ့်ကိုယ်ကို ပြက်ရယ်ပြုကာ ပြုံးလိုက်သည်။
သူဟာ အဘယ့်ကြောင့် ၎င်းကိုစိုးရိမ်နေရသနည်း? ဆယ်ဗီနီသူ့အား ဂရုစိုက်သည်မှာ အားလုံးသည့်သိအရာပင်။ ၎င်းကိုတွေးကာ အချိန်ဖြုန်းမည့်အစားစတေးလ်နှင့် မည်သို့အချိန်ကုန်ဆုံးမည်ကို စဉ်းစားသင့်သည်။
ထိုသို့စဉ်းစားရင်း ယနေ့ ဆယ်ဗီနီမေးခဲ့သော မေးခွန်းများကို သတိရသွားသည်၊ သူမ,မထွက်သွားခင်ပြောခဲ့သည့် အတည်ပေါက်ဟန်လည်း အပါအဝင်ဖြစ်၏။ ရှုယီမှာ ၎င်းကြောင့် ထူးထူးဆန်းဆန်းမခံစားမိဘဲ မနေနိုင်ချေ။
အဘယ့်ကြောင့် ဆယ်ဗီနီက ထရီဇာကို အဓိက အာရုံစိုက်နေရသနည်း? သူမအပေါ် သူ့ထံ၌ အကြံတချို့ရှိနေမည်ဟု ထင်နေခြင်းကြောင့်ပေလား...
အတန်ကြာစဉ်းစားပြီးနောက် ရှုယီလည်း ခေါင်းခါလိုက်သည်။ ထို့နောက် ကြယ်ကြွေအိမ်ရာထဲသို့ပြန်ကာ သူ၏အခန်းဆီ ဦးတည်လိုက်၏။
စတေးလ်အား တစ်နာရီလောက် ဂရုစိုက်ပြီးနောက် လဇ်နှင့် လင်ဒါတို့က စတေးလ်အား ရေချိုးရန် ဦးဆောင်ခေါ်သွားကာ အိပ်ယာဆီဦးတည်ပို့ပေးလိုက်ကြသည်။ ရှုယီက ထိုအချိန်၌ စာကြည့်ခန်းထဲသွားက အလုပ်အနည်းငယ်စလိုက်သည်။
ယနေ့ သူနှင့် ဆယ်ဗီနီတို့ ဆွေးနွေးခဲ့သည့် စက်မှုနယ်ပယ်အသစ်မှာ ဆန်းဒ်တွန်အိမ်ရာတစ်ဝိုက်၌ ဖြစ်၏။ ထိုအကြံမှာ ဆန်းဒ်တွန်စက်မှုနယ်ပယ်ကို ပြန်လည်တည်ဆောက်ကာ ချဲ့ထွင်ရန်ဖြစ်သည်။
Frestech ကုန်သည်ကြီးများအသင်းကြောင့် ဆန်းဒ်တွန် အိမ်ရာတဝိုက် လုပ်ငန်းစုငယ်များဆောက်လုပ်ထားသော မှော်စက်ပစ္စည်းအလုပ်ရုံများမှာ ဆန်းဒ်တွန်စက်မှုနယ်ပယ်အသေးစားကို ဖန်တီးနေကြသည်။
သို့သော ထိုစက်မှုနယ်ပယ်မှာ လုံးဝမစီစဥ်ထားဘဲ အနည်းငယ်ရှုပ်ထွေးနေရာ ထိုသို့သာဆက်ထားနေပါက ပြဿနာဖြစ်လာမည်ပင်။
အသိသာဆုံးမှာ လမ်းများနှင့် အခြားအဆောက်အဦများကိုတည်ဆောက်ရန် အဆင်မပြေခြင်းဖြစ်၏။
ကောင့်ထ်စတက်ဂျ်ကြောင့် ဆန်းဒ်တွန် စက်မှုနယ်ပယ်မှ ထွက်ခွာခဲ့ကြသော လုပ်ငန်းစုငယ်များမှာ ယခုတွင် ဗလာထပ်ဖြစ်ပြန်ပြီဖြစ်သည်။
ယခုတွင် ဆယ်ဗီနီက မြို့စားဖြစ်လာရာ မြို့ပြင်ရှိ ထိုစက်မှုနယ်ပယ်ကို ဖွံ့ဖြိုးစေချင်ပြီး ဆန်းဒ်တွန်အိမ်ရာတဝိုက်၌ ထိုအစီစဉ်ကိုစတင်လိုက်သည်။
ပဏာမအစီအစဥ်အရ မူလအဆောက်အအုံအားလုံးကို ဖြိုဖျက်ပြီး လမ်းများ၊ ရေပိုက်များ၊ လမ်းမီးများနှင့် အခြားအဆောက်အအုံများကို ဦးစွာချထားမည်ဖြစ်သည်။ထို့နောက် လုပ်ငန်းစုတစ်ခုစီကို စက်ရုံအသစ်တည်ဆောက်မည့်နေရာပေးရန်အတွက် ဖြန့်ဖြူးရေးအစီအစဉ်ကို အသုံးပြုမည်ဖြစ်သည်။
သို့သော် အရေးကြီးဆုံးပြဿနာရှိသည်။ ကောင့်ထ်စတက်ဂျ် ကြောင့် အလုပ်ရုံအသစ်များစွာက ဘန်တာမြို့၌ ယုံကြည်မှုပျောက်ဆုံးခဲ့ကြသည်။
အကြောင်းမှာ ထိုလုပ်ငန်းစုငယ်လေးများအတွက် Frestech ကုန်သည်ကြီးများအသင်းကဲ့သို့ လုပ်ငန်းစုကြီးများလို တူညီသည့် ခုခံနိုင်စွမ်းမရှိခြင်းကြောင့်ဖြစ်သည်။ အခြားပြောင်းလဲမှုတစ်ချို့ရှိလာခဲ့လျှင် ၎င်းက သူတို့အား များစွာထိခိုက်စေကာ စီးပွားရေးကပင် ထွက်သွားရနိုင်ချေရှိသည်။
ယခင်တစ်ခေါက် ကောင့်ထ်စတက်ဂျ် ကြောင့် ထိုလုပ်ငန်းစုငယ်အများစုမှာ ဘန်တာမြို့အပြင်သို့ပြောင်းသွားကြရာ ဆုံးရှုံးမှုကြီးများ ခံစားခဲ့ရသည်။
ဆယ်ဗီနီက မြို့စားအဖြစ် လွှဲပြောင်းတာဝန်ယူလိုက်ပြီး စီးပွားရေးဖွံ့ဖြိုးမှုကို ထောက်ပံ့မည်ကို ညွှန်ကြားလာပါလျှင်သော်မှ အထူးသဖြင့် ၎င်းမှော်စက်မှုနယ်ပယ်ရှိ လုပ်ငန်းစုငယ်အများစုမှာ စောင့်ဆိုင်းနေကြပြီး မစွန့်စားဝံ့ကြချေ။
အဆုံး၌ မည်သူကမှ ဆယ်ဗီနီမှာ သုံးနှစ်အတွင်း မြို့စားအဖြစ်ဆက်ရှိနေမည်ဖြစ်ကြောင်း အာမ,မခံနိုင်ရာ မြို့စားအသစ်၌ မည်သို့သော သဘောထားရှိမည်ကို မသိကြချေ။
ဆယ်ဗီနီနှင့် ရှုယီမှာ အဓိကအနေနှင့် ထိုလုပ်ငန်းစုငယ်များအား ယုံကြည်မှုမည်သို့ပြန်လည်ရလာနိုင်မည်ကို ဆွေးနွေးကြတော့သည်။
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၈၄။ ချဲ့ထွင်မှု
ထိုအတွက် ရှုယီ၏ ပထမဆုံးအကြံပြုချက်မှာ ကြော်ငြာရန်ဖြစ်ပြီး ဒုတိယအကြံပြုချက်မှာ မြင်သာထင်သာရှိသော ဦးစားပေးဆက်ဆံမှုကို ပေးရန်ဖြစ်သည်။
ကြော်ငြာခြင်းက ရိုးရှင်းရခြင်းအကြောင်းမှာ ဘန်တာတိုင်းမ်စ်က Frestech ကုန်သည်ကြီးများအသင်းကို ဟားနက်စ်ကြောင့် ဘက်လိုက်ခြင်းဖြစ်ပြီး ဆယ်ဗီနီနောက်လည်းအခိုင်အမာရှိခြင်းကြောင့်ဖြစ်၏။ ဆယ်ဗီနီ မြို့စားတာဝန်ယူလိုက်ကတည်းက ဆယ်ဗီနီအတွက် ကြော်ငြာရန် အားထုတ်ခြင်းမရှိတော့ပေ။
မြို့သူမြို့သားများ၏ စိတ်ထဲတွင် ဆယ်ဗီနီ၌ ဂုဏ်သတင်းကောင်းရှိသည့် အချက်ပါပေါင်းထည့်လိုက်လျှင် မြို့စားအဖြစ် နှစ်လပင်မပြည့်သေးချိန်တွင် ဘန်တာမြို့၌ ဂုဏ်ထူးဆောင်နေပြီးသားပင်။
မူဝါဒများအတွက်မူ ဘန်တာမြို့၌ အခြားမြို့များတွင်မရှိသော အားသာချက်ရှိပြီး ၎င်းမှာ ဤနေရာကို အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်ရာတွင် လွန်ခဲ့သည့် ၂ နှစ်ခန့်က ထည့်သွင်းခဲ့သော မူဝါဒများဖြစ်သည်။
ဆယ်ဗီနီ၏ ဘုရင်မဟူသော ဂုဏ်ပုဒ်ပါထပ်ထည့်လိုက်သော အခြားလူများထက် အခွင့်အရေးပိုရှိပါ၏။
ထို့ကြောင့် ရှုယီမှ အကျိုးခံစားခွင့်များပေးခြင်းကို အကြံပြုချိန်တွင် ဆယ်ဗီနီက ချက်ချင်း ဘန်တာမြို့၏ စီးပွားရေးဖွံ့ဖြိုးမှု အစီစဉ်တချို့ကို ကြေညာခဲ့သည်။
ဥပမာ၊ လုပ်ငန်းစုအားလုံး အာရုံစိုက်နေကြသည်က အခွန်ပေးချေမှုဟူ၍။ ဆယ်ဗီနီက မြို့စားအိမ်တော်မှာ မှော်စက်မှုနယ်ပယ်၏ ကြီးထွားမှုကို မြှင့်တင်နေစဉ်အတွင်း စီးပွားခွန်ကို လျှော့ချကာ မှော်စက်ပစ္စည်းထုတ်လုပ်ရေးနှင့်ဆက်စပ်နေသော လုပ်ငန်းများ၏အခွန်ကို ပိုလို့ပင်လျှော့ချပေးပြီး ၎င်းတို့ထံ ဦးစားပေးဆက်ဆံမှုတချို့လည်း ပေးမည်ဟု ကြေညာလိုက်သည်။
လူများစွာက ဆယ်ဗီနီမှာ သုမ၏ မြို့စားရာထူးကိုသုံးလျက် Frestech ကုန်သည်ကြီးများအသင်းကို ကူညီနေသည်ဟု တိတ်တဆိတ်ပြောနေကြသော်လည်း ၎င်းကိုကြေညာပြီးနောက်တွင်မူ ဘန်တာမြို့ရှိ လုပ်ငန်းစုအားလုံးက မှော်စက်ပစ္စည်းများထုတ်လုပ်လာကြကာ မှော်စက်မှာနယ်ပယ်ထဲသို့ အမြန်ဝင်ရောက်လာကြ၏။
ယခင်က မှော်စက်မှုနယ်ပယ်ထဲသို့ ဝင်ရန်တုံ့ဆိုင်းနေခဲ့သော လုပ်ငန်းစုတချို့မှာ ယခုတွင် စက်မှုနယ်ပယ်သို့ အပြည့်အဝဝင်ရောက်ချင်ကြောင်းပြောလာကာ မှော်စက်ပစ္စည်းအသစ်များ ထုတ်လုပ်ကြလေသည်။
မှန်ပါ၏၊ ၎င်းက အပြောပဲရှိသေးကာ ရလာဒ်က အခြားအရာပင်။
ယခင်လက အတွင်းနှင့်အပြင် ဖွဲ့စည်းပုံများ မတူညီသည့် ကြော်ငြာများစွာရှိပြီး ၎င်းက ထိုကြေညာချက်၏ ရလာဒ်ဖြစ်၏။
သို့သော် ထိုမှော်ပန်ကာများအကြားတွင် အများစုက ရှုယီအတွက် ကျရှုံးထုတ်ကုန်များပင်။
သို့ရာ၌ ယင်းကျရှုံးထုတ်ကုန်များနှင့်အတူ ထိုလုပ်ငန်းစြများမှာ မှော်စက်ပစ္စည်းများထုတ်လုပ်သည့် သင်္ကေတရှိသွားသည်ဖြစ်ရာ ၎င်းတို့က အခွန်လျှော့ချခြင်းကို နှစ်သက်သည်ဟု ဆိုလို၏။
ရှုယီလည်း ထိုအခြေအနေကို သဘောမကျချေ။ ထိုမူဝါဒမှာ ဘာတာမြို့တော်၌ မှော်စက်မှုနယ်ပယ်ဖွံ့ဖြိုးရန်ဖြစ်သော်လည်း ထိုလုပ်ငန်းစုများက ၎င်းကို အခွန်ရှောင်တိမ်းရန်အတွက် အသုံးချနေသည်။
၎င်းက ဆယ်ဗီနီကို ကူညီဖို့ရာဖြစ်စေ စက်မှုနယ်ပယ်ကို တိုးတက်စေဖို့ဖြစ်စေ ရှုယီအနေနှင့် ထိုပြဿနာကို ဖြေရှင်းရမည်ဖြစ်၏။
သို့သော် ၎င်းက သူဆယ်ဗီနီထံပြောခဲ့သလို ၎င်းတို့မှာ အကျိုးခံစားခွင့်များသာပြန်လာသည့် လုပ်ငန်းစုများကို လိုချင်လျှင် ၎င်းတို့အနေနှင့် ကောင်းစွာကွပ်ကပ်ခြင်းအပြင် အရေးကြီးဆုံးအရာက လုံလောက်သော အကျိုးအမြတ်များဖြစ်သည်။
ရှုယီလည်း အနည်းငယ်စဉ်းစားပြီးမှ စာကြည့်ခန်းနံရံ၌ ချိတ်ထားသော လမ်ပူရီတိုင်းပြည်၏ ဧရာမမြေပုံထံလှည့်လိုက်သည်။
ယခုတွင် မြေပုံရှိ အနီစက်များမှာ ပိုလို့ပင်သိပ်သည်းလာပြီး ဘန်တာမြို့ထံမှ ပို၍ပို၍ဝေးလာနေ၏။ ထိုသည်က မှော်စက်မှုနယ်ပယ်နှင့် ဆက်စပ်နေသော လုပ်ငန်းစုများမှာ လမ်ပူရီတိုင်းပြည်အစိတ်အပိုင်းတိုင်းသို့ စတင်ပျံ့နှံ့နေသည်ကို ဆိုလိုသည်။
ထိုကြီးမားသည့်ပြောင်းလဲမှုက ယခင်နှစ်လအတွင်း ဖြစ်ပေါ်လာသည်မှာ မှော်ကားထွက်ပေါ်လာမှုက အဓိကအကြောင်းပင်။
အမ်ရစ် ကုန်သည်ကြီးများအသင်း၏ အားစိုက်ထုတ်မှုများနှင့်အတူ လမ်ပူရီတိုင်းပြည်၌ ကီလိုမီတာနှစ်ထောင်ကျော်ရှည်သည့်လမ်းကိုခင်းထားသည်။ ထို့အပြင် ၎င်းက တစ်လလျှင် ငါးကီလိုမီတာကျော်နှုန်းဖြင့် မြင့်တက်လာနေ၏။
ယခုတွင် လမ်ပူရီတိုင်းပြည်၏ မြို့တော်အားလုံးမှာ လမ်းများနှင့်ဆက်သွယ်ထားပြီဖြစ်ရာ ယခင်ကနှင့်ယှဉ်ပါက လှည့်ပတ်ခြင်းမှာ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးကွာခြားသလိုဖြစ်နေသည်။
မှော်ကားများထွက်ပေါ်လာမှုနှင့်အတူ ၎င်းမှော်ကားများက မြင်းလှည်းများထက်မြန်ကာ လမ်ပူရီတိုင်းပြည်ရှိ မြို့တိုင်းသို့ မှော်စက်ပစ္စည်းများနှင့် ထိုမှော်စက်ပစ္စည်းများအတွက် ကိရိယာများကို ပို့ဆောင်နိုင်နေပြီပင်။ ၎င်းက မှော်ကစက်မှုနယ်ပယ်၏ တိုးတက်မှုနှုန်းကို များစွာတိုးတက်လာစေ၏။
Frestech ကုန်သည်ကြီးများအသင်း၏ ယခင်လ စာရင်းများအရ အိမ်သုံးမှော်စက်ပစ္စည်းဌာနမှာ ဘန်တာမြို့တွင် ရောင်းအား ကျဆင်းခဲ့ရသည်။ ယခင်နှစ်နှင့်ယှဉ်လျှင် Frestech အမှတ်တံဆိပ်မှော်ပန်ကာရောင်းခြင်းမှာ ၃၀%လျော့နည်းနေ၏။
သို့ရာ၌ စုစုပေါင်းရောင်းအားအရေအတွက်ဆိုလျှင် ယခင်နှစ်ပမာဏ၏ နှစ်ဆရှိသည်!
မှော်ပန်ကာအလုံးနှစ်သောင်းနီးနီးအပိုအား လမ်ပူရီတိုင်းပြည်၏ အခြားမြို့များတွင် ရောင်းချခဲ့သည်။
Frestech ကုန်သည်ကြီးများအသင်းကဲ့သို့ ဘန်တာမြို့ရှိ အခြားမှော်စက်ပစ္စည်းလုပ်ငန်းစုများမှာလည်း အခြားနေရာဒေသများ၌ ၎င်းတို့၏ ကုန်စည်များကို ရောင်းချကြရာ ရောင်းအား များစွာမြင့်တက်လာကြပေ၏။
ဘန်တာမြို့ မှော်စက်မှုစီးပွားရေးသမဂ္ဂထံမှ စာရင်းများအရ ဤနွေရာသီအတွင်း တံဆိပ်မျိုးစုံရောင်းချခဲ့သည့် မှော်ပန်ကာများမှာ အလုံးပေါင်း တစ်သိန်းသုံးသောင်းကျော်အထိရှိသည်! ၎င်းက လမ်ပူရီတိုင်းပြည်ရှိ မြို့တိုင်းမှ ရောင်းအားများလည်း ပါဝင်ပါ၏!
Frestech ကုန်သည်ကြီးများအသင်းအပြင် အခြားလုပ်ငန်းစုများ၏ မှော်ပန်ကားများမှာ Frestech အမှတ်တံဆိပ်ထက် အတန်ငယ်ဆိုးရွာသော်လည်း ဈေးနှုန်းက များစွာနိမ့်သဖြင့် လမ်ပူရီတိုင်းပြည်နှင့် အိမ်နီးချင်းတိုင်းပြည်များတွင် ၎င်းတို့ကို ရောင်းချခဲ့ကြသည်။
အချဲ့ကားဆုံးတစ်ခုမှာ ဆာရန့်ခ်ကုန်သည်ကြီးများအသင်းဖြစ်၏။ ၎င်းတို့မှာ မည်သည့်ဆက်သွယ်ချက်ဖြင့် ဝင်လာသည်ကိုမသိရသော်လည်း စခ်တိုင်းပြည်သို့ မှော်ပန်ကာ အလုံးငါးထောင်ရောင်းချခဲ့သည်က ရှုယီ မျှော်လင့်ထားသည့်အရာမဟုတ်ချေ။
ဥက္ကဌရန့်ခ်မှာ စခ်တိုင်းပြည်၌ မှော်ပန်ကာများကို အင်မတန်ကြိုဆိုကြကြောင်းကိုပင်ပြောခဲ့ပြီး Frestech ကုန်သည်ကြီးများအသင်းကိုလည်း စခ်တိုင်းပြည်၌ အိမ်သုံးမှော်စက်ပစ္စည်းများရောင်းရန် နားချခဲ့သေးသည်။
ရှုယီက တင်ပို့ခြင်း အကြံကိုထောက်ခံသော်ငြား Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်လုပ်နိုင်စွမ်းက လမ်ပူရီတိုင်းပြည်၏ အတွင်းပိုင်း လိုအပ်ချက်များကိုပင် စိတ်တိုင်းမကျစေနိုင်သေးရာ လတ်တလောတော့ အခြားတိုင်းပြည်များထံ တင်ပို့ရန် ဆိုင်းငံ့ရုံသာတတ်နိုင်၏။
ထုတ်လုပ်နိုင်စွမ်းကိုစဉ်းစားကြည့်သော် ၎င်းက ရှုယီကို ခေါင်းကိုက်စေသည့် အရာဖြစ်သည်။
မှော်ထုတ်လုပ်ရေးစက်သုတေသနကို ကန့်သတ်ထားသည်ဖြစ်ရာ Frestech ကုန်သည်ကြီးများအသင်းမှ အလုပ်ရုံရှိထုတ်လုပ်နိုင်စွမ်းကိုလည်း အကန့်အသတ်ဖြစ်စေသည်၊ သို့သော်လည်း ဤလောက၏ မှော်စက်ပစွစည်းများ ဝယ်လိုအားမှာ တိုးတက်နေသေးသည်။
မှော်ကားများယူဆောင်လာသည့် ပို့ဆောင်ဆက်သွယ်ရေးအဆင်ပြေမှုကို ထပ်ပေါင်းသော် လမ်ပူရီတိုင်းပြည်ရှိ မှော်စက်ပစ္စည်းများ၏ ကြီးမားသောဝယ်လိုအားက တိုးတက်နေသည်။ Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်လုပ်နိုင်စွမ်းမှာ လုံလောက်သည်နှင့် ဝေးကွာနေကာ မြို့များစွာရှိ ဈေးကွက်များအား အခြားမှော်စက်ပစ္စည်းလုပ်ငန်းစုများစေ ပေးဖို့ရန် တွန်းအားပေးနေ၏။
၎င်း၏ တစ်စိတ်တစ်ပိုင်းမှာ ရှုယီက မှော်စက်မှုနယ်ပယ်ဖွံ့ဖြိုးမှုကို မြှင့်တင်လိုခြင်းကြောင့်ဖြစ်ပါသော်လည်း ထုတ်လုပ်နိုင်စွမ်းကင်းမဲ့မှုက ဆက်လက်တည်ရှိနေဆဲဖြစ်သည်။
မှော်ပန်ကာများနှင့် မှော်ရေနွေးအိုးများထုတ်လုပ်နိုင်နေသည့် အခြားလုပ်ငန်းများစွာရှိနေချိန်တွင် ထိုပြဿနာက အရမ်းမသိသာနေချေ။
သို့သော် မှော်လေအေးပေးစက်၊ မှော်ရေခဲသေတ္တာနှင့် အခြားအိမ်သုံးမှော်စက်ပစ္စည်းများကိုမူ အခြားလုပ်ငန်းစုများက မထုတ်လုပ်နိုင်ပေရာ။ အကြောင်းမှာ လတ်တလော၌ Frestech ကုန်သည်ကြီးများအသင်းကသာ ထုတ်လုပ်နိုင်သဖြင့် ထွက်နှုန်းက ဝယ်လိုအားကို အမှီမလိုက်နိုင်ဖြစ်နေသည်။
ယခုတွင် Frestech ကုန်သည်ကြီးများအသင်း၏ အိမ်သုံးမှော်စက်ပစ္စည်းအလုပ်ရုံအားလုံးမှာ အချိန်ပိုဆင်းနေကြသော်ငြား ၎င်းတို့၏ အမှာစာအားလုံးကိုမူ အပြီးမသတ်နိုင်ဆဲဖြစ်နေပါ၏။
ထိုပြဿနာကို ဖြေရှင်းရန် Frestech ကုန်သည်ကြီးများအသင်းမှာ ၎င်းတို့၏ ထုတ်လုပ်ရေးကို ချဲ့ထွင်ရမည်။
သို့သော် ဘန်တာမြို့ရှိလူများကို ကန့်သတ်ထားပြီး ရှုယီကလည်း အခြားလုပ်ငန်းစုမှ အလုပ်သမားများကိုရယူရန် စီစဉ်ထားခြင်းမရှိသောကြောင့် အခြားမြို့များထံတွင် မျက်စိကျလာတော့သည်။ သူက Frestech ကုန်သည်ကြီးများအသင်း၏ ထုတ်လုပ်ရေးအခြေစိုက်ရုံးကို အခြားမြို့များထံ ပြောင်းရွှေ့ရန် စီစဉ်နေသည်။
ဤလတွင် Frestech ကုန်သည်ကြီးများအသင်းက ဆောလ်တန်မြို့၊ နော်တန်မြို့နှင့် ကန်ဘာရာမြို့တို့၌ အိမ်သုံးမှော်စက်ပစ္စည်းထုတ်လုပ်ရေးအခြေစိုက်ဌာနများတည်ဆောက်ခဲ့ပြီး မိုးကျတောင်ကြားရှိ ဖိအားကိုလျှော့ချခဲ့သည်။
ဘန်တာမြို့၏ အခြားလုပ်ငန်းစုများက Frestech ကုန်သည်ကြီးများအသင်း၏ လှုပ်ရှားမှုများကိုမြင်ချိန်တွင် ထိုခြေလှမ်းများနောက်လိုက်၍ ထိုမြို့သုံးမြို့၌ အလုပ်ရုံများဆောက်လာကြသည်။
ထိုမြို့များရှိ အသေးစားမှော်စက်ပစ္စည်းလုပ်ငန်းစုများကိုပါ ထပ်ပေါင်းသော် ထိုမြို့သုံးမြို့က ယခင်၂နှစ်အကြာက ဘန်တာမြို့လိုဖြစ်လာကာ အလျင်အမြန်ပင် တိုးတက်မှုနယ်ပယ်သို့ ဝင်ရောက်လာတော့၏။
ထိုမြို့များ၏လုပ်သားများအတွင်း ပျှမ်းမျှလစာက တစ်လလျှင် ရွှေဒင်္ဂါးငါးပြားသာဖြစ်သော်လည်း ယခုတွင် တစ်လကို ရွှေဒင်္ဂါးဆယ်ပြားကျော်နေပြီဖြစ်သည်။
၎င်းက ဘန်တာမြို့ရှိ ပျမ်းမျှလစာထက်နည်းပါးသော်လည်း ထိုမြို့သုံးမြို့ရှိ ယခင်ပျမ်းမျှ ဝင်ငွေအဆင့်နှင့်ယှဉ်လျှင် အဆများစွာ ပိုကောင်းနေသေး၏။
ထိုသုံးမြို့နောက်တွင် ရှုယီက Frestech ကုန်သည်ကြီးများအသင်းအား ခရာမာ မြို့တော်ကဲ့သို့ မြို့များထံ ဆက်လက်ချဲ့ထွင်ကာ အန်ဗီမာ မြို့တော်နှင့် လမ်ပူရီတိုင်းပြည်တဝှမ်းအထိ ချဲ့ထွင်တော့သည်။
လမ်ပူရီတိုင်းပြည်တစ်ခုလုံးသာ မှော်စက်မှုနယ်ပယ်၌ ဖွံ့ဖြိုးနိုင်လျှင် ရှုယီမြင်လိုသည့် မြင်ကွင်းက မကြာမီပေါ်ထွက်လာတော့မည်။
အပြင်ဘက်ကို ချဲ့ထွင်ခြင်းအပြင် ဖိအားကိုပြေလျော့စေရန် လူများလည်း ရှာနိုင်၏။
ရှုယီမှာ မှော်ပန်ကာနှင့် မှော်ရေနွေးအိုးနည်းပညာကို ထုတ်ပြခဲ့ရခြင်းမှာ ၎င်းကိုစဉ်းစားထားခြင်းပင်။
ထိုနှစ်ခုအပြင် အခြားအိမ်သုံးမှော်စက်ပစ္စည်းများ၏ နည်းပညာကိုလည်း အခြားလုပ်ငန်းစုများထံ တဖြည်းဖြည်း လွှဲပြောင်းပေးရန် စီစဉ်ထား၏။ အဆုံးတွင် အိမ်သုံးမှော်စက်ပစ္စည်းအမျိုးစုံကို ထုတ်လုပ်နိုင်ရန် အစွမ်းအစရှိသည့် လုပ်ငန်းစုများစွာ ရှိလာလိမ့်မည်။
ထိုသို့ဖြင့် လုပ်ငန်းစုပိုများများက မှော်စက်မှုနယ်ပယ်ထဲသို့ ဝင်ရောက်လာနိုင်မည်ဖြစ်ရုံသာမက လုပ်ငန်းစုတချို့ကိုလည်း Frestech အမှတ်တံဆိပ်နှင့် အရည်အသွေးတူအဆင့်ထိရောက်ရန် သုတေသနပြုရာ၌ ရင်းနှီးမြှုပ်နှံဖို့ရန် တိုက်တွန်းနိုင်ကာ မှော်စက်မှုနယ်ပယ်ကို ပိုလို့ပင် တိုးတက်စေမည်ဖြစ်၏။
မြေပုံထက်ရှိ သိပ်သည်းစွာစုနေသော အနီစက်များကိုမြင်သော် ရှုယီက ခပ်ဖျော့ဖျော့ပြုံး၏။ ထို့နောက် ဘောပင်တစ်ချောင်းထုတ်ယူကာ ဘန်တာမြို့မှစ၍ ခမာမြို့၊ ဆောလ်တန်မြို့၊ နော်တန်မြို့နှင့် ကန်ဘာရာမြိုတို့ထံ အနီရောင်မျဉ်းများစွာဆွဲကာ ဆက်လိုက်သည်။ ထို့နောက် ဘန်တာမြို့မှ ခရာမာမြို့နှင့် လမ်ပူရီတိုင်းပြည်မြောက်ဘက်ရှိ ဆိုဝယ်လ်မြို့သို့ အစက်မျဉ်းနှစ်ကြောင်းဆွဲကာ Frestech ကုန်သည်ကြီးများအသင်းအတွက် နောက်ထပ်ခြေလှမ်းကို မှတ်သားထားလိုက်သည်။
ထိုသို့ပြုလုပ်ပြီးနောက် ရှုယီက စိတ်ကျေနပ်စွာ ခေါင်းငြိမ့်လာ၏။
သူ ထိုအစီအစဉ်ကိုလိုက်နာသရွေ့ ဘန်တာမြို့မှာ လမ်ပူရီတိုင်းပြည်၏မြို့များစွာနှင့် ချိတ်ဆက်လာကာ တိုင်းပြည်တစ်ခုလုံးအား မှော်စက်မှုနယ်ပယ်ထဲသို့ တွန်းပို့နိုင်မည်ဖြစ်သည်။
"ဒေါက်၊ ဒေါက်"
ထိုအချိန်၌ စာကြည့်ခန်းတံခါးမှ တံခါးခေါက်သံဖွဖွ နှစ်ချက်ထွက်လာ၏။
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၈၅။ ဖရိုဖရဲညခင်း
တံခါးပွင့်သွားပြီး လင်ဒါဝင်လာ၏။
"စတေးလ်ကို ဂရုစိုက်ပေးပြီးပြီပေါ့?” ရှုယီက သူမက အဘယ့်ကြောင့် တံခါးခေါက်သည်ကို နားလည်လိုက်ပြီး စာကြည့်ခန်းကို ပြင်ဆင်ကာ ရေချိုးခန်းဆီဦးတည်လိုက်တော့သည်။
မည်သို့ကြောင့် မသိရဘဲ စတေးလ်မှာ ကိုယ်ဝန်မရှိခင်က တစ်ခါတရံ ရှုယီနှင့်အတူ ရေထဲ၌ ကစားလေ့ရှိသည်။ သို့သော် သူမကိုယ်ဝန်ရပြီးနောက်တွင် ပိုမိုရှက်ရွံ့လာပုံပေါ်ကာ ရှုယီအား သူမနှင့်ရေချိုးခွင့်မပြုတော့ဘဲ စုံတွဲများလုပ်လေ့ရှိသည်များကို အလုပ်နည်းလာသည်။
ရှုယီက စတေးလ်အားထိုအကြောင်းမေးဖူးပါ၏။ သူရရှိခဲ့သည့် တုံ့ပြန်ချက်မှာ စတေးလ်က ကိုယ်ဝန်ရှိကတည်းက ရှုယီအား သူမ၏ ခန္ဓာကိုယ်ကို ရွံရှာသွားမည်စိုးသဖြင့် ထိုမျှအကြိမ်များစွာ မမြင်စေလို၍ဟုပင်။
ရှုယီမှာ ထိုသို့သော ထူးဆန်းသည့် စိတ်ပူမှုကြောင့် နှာခေါင်းရှုံ့ခဲ့သော်လည်း စတေးလ်u အခိုင်အမာပြောနေသဖြင့် တွန်းအားမပေးနေတော့ချေ။
ထို့ကြောင့် ရှုယီက ဤအချိန်အတွင်း စတေးလ်နှင့် မရင်းမနှီးဖြစ်နေသည်က သူ့အား တကယ်ကို သနားဖွယ်ဟု ခံစားရစေသည်။
သို့သော် ရှုယီမှာ ၎င်းကိုယခင်က ဂရုမစိုက်ခဲ့ရာ သူ့အားတကယ်ကို မထိခိုက်စေခဲ့ပေ။
စတေးလ် အထူးတလည်တောင်းဆိုထားသည့် ဧရာမရေချိုးခန်းဆီရောက်လာပြီးနောက် ရှုယီက လင်ဒါအား ထွက်သွားလို့ရပြီဖြစ်ကြောင်းအချက်ပြလိုက်သော်လည်း လင်ဒါမှာ ပုံမှန်လိုပြန်ထွက်မသွားဘဲ ရှေ့ကိုပင်တစ်လှမ်းတိုးလာသည်ကိုမြင်သော် အံ့ဩသွားရ၏။ သူမက သူ၏အဝတ်များကို ချွတ်ကူရန်ပင် အစပျိုးလာသည်။
ရှုယီလည်း မျက်ခုံးများတွန့်ကွေးလျက် ပြောလိုက်၏၊ "လင်ဒါ, မင်းဘာလုပ်နေတာလဲ?"
ကြည့်ရသည်မှာ လင်ဒါက ရှုယီ၏ အသံအနေအထားကြောင့် ကြောက်လန့်သွားဟန်ပေါ်ပြီး အလျင်အမြန် နောက်တစ်လှမ်းဆုတ်လိုက်သည်။ ထို့နောက် ခေါင်းကိုငုံ့လျက် အသံတိုးတိုးဖြင့် ပြောလေ၏၊ "ဒါက သခင်မလေးရဲ့ အမိန့်ပါ..."
"စတေးလ်က မင်းကို ဒီအမိန့်ပေးခဲ့တာလား?" ရှုယီလည်း မျက်မှောင်တွန့်ချိုးလိုက်သည်။ အနည်းငယ်စဉ်းစားပြီးနောက် လင်ဒါက သူ့ကို မလိမ့်ဝံ့ဟု ခံစားမိလိုက်ကာ မေးလေသည်၊ "သူမက မင်းကို ဘာအမိန့်ပေးထားတာလဲ? ငါက ဒီလို ဘယ်တုန်းကမှမလုပ်စေချင်တာကို သူမ မသိလို့များလား?"
လင်ဒါလည်း ရှုယီကို မော့ကြည့်ကာ နှုတ်ခမ်းကို ခပ်ဖွဖွကိုက်လိုက်သည်။ ထို့နောက် ခေါင်းခါလျက် ပြော၏၊ "သခင်မလေး ပြောတာက... သူမအနေနဲ့ ရှင့်ကို ဒီရက်တွေအတွင်း စိတ်မကျေနပ်စေတာကြောင့် ကျွန်မတို့ကို သူမနေရာ အစားထိုးစေချင်တာပါတဲ့။"
"အစားထိုး?" ရှုယီက လက်ဝေ့ယမ်းလိုက်ပြီး ရယ်ရမည်လား ငိုရမည်လားကိုပင်မသိတော့ချေ၊ "သူမက ဘာတွေတွေးနေတာလဲ? တကယ်ကြီးလား...ဟုတ်ပြီ၊ မင်းသွားလို့ရပြီ။ ငါ့ကို တခြားလူတွေ ပြုစုဖို့မလိုသလို မင်းမလုပ်ချင်တာကို သူမကို မလုပ်ခိုင်းစေချင်ဘူး။ ဟုတ်ပြီ၊ လဇ်လည်း အတူတူပဲ၊ သူမကိုပါ ကူပြောပေးဦး။"
"မဟုတ်ပါဘူး၊ ကျွန်မဆန္ဒရှိပါတယ်၊ လဇ်လည်း အတူတူပါပဲ!" ရှုယီက သူမအားထွက်သွားစေချင်နေသည်ကိုမြင်သော် လင်ဒါက စိုးရိမ်သွားသည်။ ထို့ကြောင့် အလျင်အမြန်ရှင်းပြလာ၏၊ "ရှင်က ရှားပါးတဲ့ သခင်ကောင်းပါ။ လဇ်နဲ့ ကျွန်မ ဒီကိုလာပြီးနောက်မှာ ရှင်က ကျွန်မတို့အပေါ် အရမ်းကောင်းပေးခဲ့တယ်၊ ဒါကြောင့် လဇ်ရော ကျွန်မရော အရမ်းကို ဝမ်းသာသလိုကံလည်းကောင်းကြတယ်။ ရှင့်ကို ကျွန်မတို့ ခန္ဓာကိုယ်ပေးဖို့ ဆန္ဒရှိပါတယ်၊ ပြီးတော့...ဘာပဲဖြစ်ဖြစ် ခေါင်းဆောင်ဝိန်က ကျွန်မတို့ကို ရှင့်ဆီပေးလိုက်ကတည်းက ကျွန်မတို့ကို ရှင်ပိုင်ပါတယ်!"
ထိုသို့ပြောပြီးနောက် သူမက အံကိုကြိတ်လျက် အဝတ်များကို ရုတ်တရတ်ဆွဲချွတ်လိုက်သည်။
အတွင်း၌ မည်သည်မှဝတ်မထားရာ တစ်ခါချွတ်လိုက်သည်နှင့် သူမ၏ ဝတ်လစ်စလစ်ကိုယ်အား ရှုယီထံ ပြသပြီးဖြစ်သွား၏။
သူ အရင်တစ်ခေါက် လင်ဒါ၏ ဝတ်လစ်စလစ်ပုံကို မြင်ခဲ့သည်မှာ ခေါင်းဆောင်ဝိန်က သူမနှင့် လဇ်ကို သူ့အိပ်ခန်းထဲပို့လာပေးချိန်ကဖြစ်သည်။
သူမတို့မှာ ယခင်က ငယ်ရွယ်သေးဆဲဖြစ်ပြီး ကိုယ်ခန္ဓာများလည်း မဖွံ့ဖြိုးသေးချေ။ ယခုတွင် တစ်နှစ်ကျော်လာပြီးနောက် လင်ဒါ၏ကိုယ်က များစွာရင့်မှည့်လာကာ ကောင်းစွာ ဖွံ့ဖြိုးနေပြီပင်။ သူမ၏ ရင်ဘတ်က မို့မောက်နေသည်မှာ စတေးလ်ထက်ပင် အနည်းငယ် ကြီးမားနေသေး၏။
ရှုယီ ၎င်းကိုမြင်သော် သွေးများဆောင့်တက်လာသည်ကို ခံစားလိုက်ရသည်။
စတေးလ်က ကိုယ်ဝန်ရှိနေဆဲဖြစ်သောကြောင့် လုံခြုံစေရန် အတူမအိပ်ခဲ့သည်မှာ အတော်ကြာပြီဖြစ်သည်။
၎င်းက ပုံမှန်အားဖြင့် အဆင်ပြေသော်လည်း ထိုသို့သော် စွဲမက်ဖွယ်ခန္ဓာကိုယ်က သူ၏ရှေ့၌ရှိနေရာ ရှုယီ၏သမာဓိအားကောင်းပါလျှင်တောင် သူ၏နှလုံးသား ခုန်လှုပ်နေသည်ကို တားရန်ခက်ခဲလှသည်။
လင်ဒါမှာ ရှုယီ၏ သဘောထားနှင့် ခန္ဓာကိုယ်၏ပြောင်းလဲမှုကို သဘာဝကျကျပင် အာရုံခံနိုင်နေရာ မျက်နှာက အနည်းငယ်နီရဲသွား၏။ သူမလည်း အံကိုကြိတ်လျက် ရှုယီထံလျှောက်သွားကာ ရှုယီ၏ လက်ကို သူမရင်ဘတ်ပေါ်တင်လိုက်သည်။
သူ၏လက်ချောင်းများထံမှ နူးညံ့သည့်အထိအတွေ့က ရှုယီကိုတုန်ရီနေစေသည်။ သူ၏မျက်လုံးများ ရုတ်တရတ်ပြူးကျယ်သွားသော်လည်း အလျင်အမြန် မှိတ်လျက် တည်ငြိမ်ရန်အသက်ပြင်းပြင်းရှူကာ ပြန်ပွင့်လာ၏။ ၎င်းက သူ၏လက်ကို လင်ဒါ၏ ရင်ဘတ်မှ ဖယ်ခွာစေနိုင်သည့် ကြီးမားသောအားထုတ်မှုဖြစ်စေပြီး လင်ဒါကြမ်းပေါ်၌ ပစ်ချခဲ့သည့် အဝတ်များကို ကောက်ယူပေးလိုက်သည်။
လင်ဒါက ရှုယီ သူမအား အဝတ်ပြန်ဝတ်ပေးနေသည်ကို ကြောင်ငေးကြည့်ရင်း သူမ၏ ခါးပတ်ကိုပါ ဂရုတစိုက်ဝတ်ပေးလာသည်ကို ခံစားရသော် မျက်ရည်များကျဆင်းလာ၏။
"သခင်လေး...ရှင်...ရှင် ကျွန်မနဲ့ လဇ်ကို သဘောမကျဘူးလား?"
ရှုယီက အံ့ဩသွားကာ၊ "ဘာကြောင့် ငါကမင်းကိုသဘောမကျရမှာလဲ?"
"ဒါပေမယ့် ကျွန်မ...ကျွန်မက ဒီလိုဖြစ်နေတာတောင် ရှင်ကျွန်မကို မလိုချင်သေးတာ၊ ရှင့်အနေနဲ့ အစေခံတစ်ယောက်က ရှင်နဲ့မလိုက်ဖက်ဘူးလို့ တွေးနေတာဖြစ်ရမယ်။ တကယ်ကို လဇ်နဲ့ ကျွန်မက ဘာဂုဏ်ပုဒ်ကိုမှ မလိုချင်ပါဘူး၊ ကျွန်မတို့က... ကျွန်မတို့က ရှင့်ကို ကျွန်မတို့ခန္ဓာကိုယ်တွေပေးချင်ရုံလေးပါ။" လင်ဒါက ငိုယိုကာ ပြောလာသည်။
"ငါ တကယ်ကိုပဲ မင်းတို့နှစ်ယောက်နဲ့ စတေးလ်က ဘာတွေကို တွေးနေမှန်း နားမလည်တော့ဘူး။" ရှုယီက ခေါင်းခါလျက် သက်ပြင်းချကာ၊ "မင်းက မိန်းကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဆိုတာ အလွယ်လေး လွှဲပြောင်းပေးလို့ ရတဲ့ အရာလို့များထင်နေတာလား? လင်ဒါ, မမေ့နဲ၊ မင်းက အစေခံပဲဆိုပေမယ့် ငါမင်းကို ဘယ်တုန်းကမှ ဒီလိုမဆက်ဆံဘူးဆိုတာ မင်းသိသင့်တယ်၊ ဒါကြောင့် မင်းကိုယ်မင်း အထင်မသေးပါနဲ့။ မင်း ဘာလုပ်ရမယ်ဆိုတာကို မဆုံးဖြတ်ရသေးခင် အသေအချာတွေးနိုင်မယ်လို့ မျှော်လင့်မိတယ်။ စတေးလ်က စိတ်ရှုပ်ထွေးနေတာကြောင့် မင်းရဲ့ တန်ဖိုးအရှိဆုံးအရာကို ဒီတိုင်းမပေးလိုက်သင့်ဘူး၊ ငါပြောတာကို နားလည်ရဲ့လား?"
လင်ဒါက မျက်ရည်များကိုသုတ်ကာ ရှုယီကို ရှုပ်ထွေးစွာ ကြည့်လိုက်ရင်း ငိုသံဖြင့်ပြောလာ၏၊ "ဒါပေမယ့် သခင်လေး၊ ဒါကတကယ်ကို ကျွန်မရဲ့အကြံပါ။ သခင်မလေးရှိနေတာကြောင့် လဇ်နဲ့ ကျွန်မမှာ ဒီလိုအတွေးတွေ မတွေးဝံ့ခဲ့ပါဘူး၊ ဒါပေမယ့် အခု... အခု သခင်မလေးက သဘောတူမှတော့ ဘာလို့ ရှင်ကကျွန်မကို လက်ခံဖို့ ဆန္ဒမရှိရတာလဲ?"
လင်ဒါ၏အဝတ်များ ကောင်းစွာ မဝတ်ဆင်ထားသောကြောင့် ထွက်ပေါ်နေသော နွေဦးမြင်ကွင်းလေးကို ရှုယီကြည့်လိုက်၏။ ထို့နောက် အံကိုကြိတ်ကာ သူမကို ရေချိုးခန်းထဲမှ တွန်းထုတ်လိုက်သည်။
"အန်း...ဒါကို ငါကောင်းကောင်းမရှင်းပြနိုင်ဘူး၊ ဒီနေ့ငါ စိတ်မပါတာကြောင့်လို့သာ တွေးလိုက်ပါ။ အရင်ဆုံးနားလိုက်ပြီး ငါမင်းကို သဘောမကျတာကြောင့်မဟုတ်တာကို မမေ့ပါနဲ့၊ တကယ်တော့ ငါ့စိတ်ကို မပြင်ဆင်ရသေးလို့ပါ။ မင်းက ပြဿနာဖြစ်နေတာမဟုတ်ပါဘူး။"
ရှုယီ၏ ဖျန်ဖြေပေးမှုကြောင့် လင်ဒါက ဆန္ဒမရှိသော်လည်း နာခံစွာပင် သူမနှင့် လဇ်၏ အိပ်ခန်းသို့ ဦးတည်လိုက်တော့သည်။
ရှုယီလည်း ရေချိုးခန်းတဝိုက်ကိုကြည့်ရှုပြီး အနည်းငယ်စဉ်းစားကာ သူနှင့် စတေးလ်၏ အိပ်ခန်းဆီ ဦးတည်လိုက်၏။
ရှုယီဝင်လာသည်ကိုမြင်သော် ခုတင်ခေါင်းရင်းကိုမှီကာ လဇ် ခေါင်းဖြီးပေးနေသည်ကို ခံယူနေသည့် စတေးလ်က ရယ်သံတချက်ပြုလာသည်။
"ရှင့်ရေချိုးတာ သက်တောင့်သက်သာရှိရဲ့လား?"
ရှုယီက ပြုံးကာ မည်သည်မှမဆိုဘဲ ခုတင်နံဘေးသို့ရောက်လာပြီး သူမကို လက်တစ်ဖက်ဖြင့် လှန်ကာ ကျန်လက်တစ်ဖက်က ကျရောက်သွား၏။
"ဖြန်း"
စတေးလ်က အံ့အားသင့်စွာ အော်လိုက်သည်။ ထို့နောက် သူမ၏ နူးညံ့သော တင်ပါးကိုပွတ်ကာ ရှုယီကို စိတ်ဆိုးနေဟန်ဖြင့်ကြည့်လျက်၊ "ရှင် ကျွန်မကို ဘာအတွက် ရိုက်တာလဲ?"
ရှုယီက အေးစက်စက်နှာမှုတ်လျက်၊ "မင်းဘာတွေတွေးနေတာလဲ? မင်းလို တခြားဇနီးရှိသေးလို့လား? မင်းရဲ့ယောက်ျားကို တခြားမိန်းကလေးနဲ့ ဆွဲဆောင်ခိုင်းတယ်ဆိုတော့ ကိုယ်ဝန်လွယ်ထားရလို့များ ဦးနှောက်ပျက်သွားတာလား?"
နံဘေးရှိ လဇ်က ၎င်းတို့စကားများနေသည်ကိုမြင်သော် ပြုံးလိုက်သော်ငြား ရှုယီ၏ စကားများကိုကြားသည်တွင် ခေါင်းငုံ့လျက် မျက်နှာကနီရဲသွား၏။
လဇ်၏တုံ့ပြန်မှုကို မြင်သော် ယခုနက လင်ဒါအကြောင်းစဉ်းစားမိကာ ရှုယီ နားလည်သွား၏။ ထို့နောက် လက်တစ်ဖက်ထပ်မြှောက်ကာ စတေးလ်၏ တင်ပါးထက်သို့ နောက်တစ်ချက် ထပ်ရိုက်လိုက်သည်။
"ပြောလေ! လင်ဒါအပြင် လဇ်ကိုလည်း တစ်ထေရာတည်းလုပ်ခိုင်းဖို့ စီစဉ်ထားတယ်မဟုတ်လား?"
စတေးလ်က သူမ၏တင်ပါးကိုပွတ်ကာ အံ့ဩနေဟန်မပေါ်ဘဲ ပြန်မေးလာသည်၊ "ဘာပြဿနာရှိလို့လဲ? ကျွန်မက အခုတလောမှာ ရှင်နဲ့အတူမနေနိုင်သလို ရှင်ကလည်း ယောက်ျားလေးဆိုတော့ လိုအပ်တာရှိတယ်လေ။ ဘယ်ကမှန်းမသိတဲ့ မိန်းကလေးရှာမှာထက်စာရင် လဇ်နဲ့ လင်ဒါကို စိတ်ကျေနပ်စေဖို့ခိုင်းတာက ကျွန်မကို ပိုစိတ်ချရစေတယ်။"
စတေးလ်၏ ရှုပ်ထွေးနေဟန်ကိုမြင်သော် ရှုယီက အသာမျက်မှောင်ကုပ်လိုက်၏။ အတန်ငယ်စဉ်းစားပြီးနောက် သက်ပြင်းချကာ ခုတင်ပေါ်ထိုင်ချလိုက်ပြီး စတေးလ်၏ ခါးကို နူးညံ့စွာ ဆွဲယူလိုက်သည်။ ထို့နောက် သိမ်မွေ့စွာ ပြေလေ၏၊ "စတေးလ်, မင်းအမြဲ ယုံကြည်မှုမရှိဘူးလား? ကိုယ်က မင်းလို ထူးချွန်တဲ့ဇနီးမျိုးကို တခြားမိန်းကလေးနဲ့ လဲလိုက်လိမ့်မယ်လို့ ထင်နေတာလား?"
စတေးလ်ကပျော်ရွှင်စွာ ပြုံးလိုက်သော်လည်း ခေါင်းကိုဆက်ခါလျက် ၊"ယောက်ျားတွေက အမြဲပြောင်းလဲတယ်၊ ဒီလိုကိစ္စတွေမှာဆို ကျွန်မမှာ ယုံကြည်ချက်မရှိဘူး။ အနည်းဆုံး... အဲဒီ့ မင်းသမီးလေးကာရိုလင်းနဲ့ ထရီဇာတို့ နှစ်ယောက်စလုံးက ကျွန်မထက်ပိုပြီး ဆွဲဆောင်မှုရှိတယ် မဟုတ်လား? ကျွန်မက အခု ကိုယ်ဝန်ရှိနေတာကို မပြောနဲ့ဦး၊ အရင်ကနဲ့ယှဉ်ရင်လည်း ပိုရုပ်ဆိုးလာတယ်လေ..."
"အဓိပ္ပာယ်မရှိတာ!" ရှုယီက ချက်ချင်းပြန်ပြောသည်၊ "မင်းက ကိုယ့်စိတ်ထဲမှာ အလှဆုံးပဲ! ပြီးတော့၊ မင်းသမီးလေးကာရိုလင်းကိုထည့်ပြောတာက အဆင်ပြေသေးတယ်၊ ဒါပေမယ့် ဘာလို့ ထရီဇာကို ဆွဲထည့်တာလဲ? သူမက တကယ်အရမ်းလှတယ်ဆိုပေမယ့် ကလေးမလေးပဲရှိသေးတာလေ၊ မင်းဘာတွေ တွေးနေတာလဲ?"
"သူမက ဗီဗီယန်ထက် ၂နှစ်ကြီးတယ်လေ။" စတေးလ်က ရှုယီ၏ နှာခေါင်းကိုတို့ကာ မေးသည်၊ "ပြီးတော့ မင်းသမီးလေးကာရိုလင်းကိုထည့်ပြောတာက အဆင်ပြေတယ်ဆိုတာ ဘာကိုပြောချင်တာလဲ? သူမနဲ့ ဆက်ဆေးရေးတစ်ခုတည်ဆောက်ဖို့က ရှင့်အတွက် အဆင်ပြေတယ်လို့ ထင်နေတာများလား?"
ရှုယီက ဆွံ့အသွားသည်။ ဆယ်ဗီနီပြောသည့် ကိုယ်ဝန်သည်မိန်းကလေးများက အဓိပ္ပာယ်မရှိသည်များ လုပ်တတ်သည်ဟူသောအရာမှာ တကယ်ကိုမှန်သည်ဟု စဉ်းစားလိုက်မိသည်။
"ကိုယ်ပြောတာက မင်းသမီးလေးကာရိုလင်းက အနည်းဆုံးတော့ ကိုယ့်ကို ပွင့်ပွင့်လင်းလင်းဖြားယောင်းထားတယ်၊ ဒါပေမယ့် ထရီဇာက အပြစ်ကင်းတယ်လေ၊ ဒါကြောင့် အဓိပ္ပာယ်မရှိတာတွေ မပြောပါနဲ့ကွာ။ သူမမှာ အစတည်းက အတော်ဝမ်းနည်းစရာဘဝရှိနေပြီ၊ ကိုယ်တို့သူမရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေလို့မရဘူးလေ။"
"ကျွန်မက ဒီတိုင်းပဲပြောလိုက်တာပါ။" စတေးလ်က နှာခေါင်းရှုံ့၏။ သူမက ရှုယီ၏ နှာခေါင်းကိုလွှတ်လိုက်ကာ အတွေးထဲနစ်နေပြီးမှ မေးလာ၏၊ "ဟုတ်ပြီ ရှင် ထရီဇာရဲ့ ဇာတ်လမ်းကို ဘယ်လိုထင်လဲ? ကျွန်မကတော့ သူမပြောတာမကြားဖူးဘူး၊ ဒါကြောင့် အရမ်းသိချင်နေတယ်။"
ရှုယီက ခေါင်းခါကာ၊ "သူကိုယ့်ကိုမပြောရင် ကိုယ်က ဘယ်လိုသိမှာလဲ။ ဒါပေမယ့် မပူပါနဲ့၊ လူတချို့ကို စုံစမ်းပေးဖို့ ကူညီခိုင်းထားတယ်၊ မကြာခင် ကိုယ့်ဆီသတင်းယူလာမယ်လို့ ယုံတယ်။"
"အန်း... ကြည့်ရတာ သူမက မျိုးရိုးမြင့်ဖြစ်ပုံပဲ၊ ဒါကြောင့် စုံစမ်းဖို့က လွယ်မှာပါ။" စတေးလ်က ခေါင်းငြိမ့်ကာပြောသည်။
ရှုယီလည်း သူမအား အတန်ကြာ ချော့မော့နေ၏။ သူဟာ စတေးလ်နှင့်အတူ လှဲအိပ်ချင်ပါသော်လည်း သူမက သူရေမချိုးရသေးကြောင်းသတိပေးလာကာ ချွေးပျံနေသည့်သူ့အား မောင်းထုတ်လေသည်။
သို့သော် အပြင်ထုတ်လိုက်စဉ်တွင် စတေးလ်မှာ ရှုယီကို စနောက်ရန် မမေ့နေချေ။ သူမဟာ သူက လင်ဒါနှင့် စိတ်မကျေနပ်လျှင် ထိုအစား လဇ်ကို လိုချင်လားဟု မေး၏။
လဇ်၏ မျှော်လင့်နေပုံကိုမြင်သော် ရှုယီလည်း စတေးလ်၏ ဆွဲဆောင်မှုရှိရှိ ရယ်သံအောက်၌ ချက်ချင်းပျံပြေးသွားတော့သည်။
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၈၆။ စိုက်ပျိုးရေးအခြေစိုက်ရုံးအသစ်
ဆယ်ဗီနီ၏ အထူးခွင့်ပြုမှုနှင့်အတူ ရှုယီမှာ နောက်နေ့မနက်၌ ကြယ်ကြွေအိမ်ရာမှ ခပ်စောစော ထွက်ခွာရန်မလိုတော့ချေ။
သို့သော် သူ၏ပုံမှန်ဇီဝနာရီကို လိုက်နာလျက် ၆နာရီပတ်လည်တွင် နိုးထလာခဲ့သည်။ သူဟာ နံဘေး၌အိပ်နေဆဲ စတေးလ်နားမှ ဂရုတစိုက်ထကာ ကိုယ်တိုင်မနက်စာပြင်နေသည်က ဗီဗီယန်, လဇ်နှင့် လင်ဒါတို့အား အံ့ဩသွားစေသည်။ ထို့နောက် သူက ရှစ်နာရီမှ နိုးလာသည် စတေးလ်အား ကိုယ်တိုင်ပြုစုပေးနေသည်။
"ရှုယီ၊ ပုံမှန်ဆို တစ်ခုခုအမှားလုပ်ထားတဲ့လူတွေက ဒီလိုအရေးပေးလာတတ်ကြတယ်။ ရှင်တစ်ခုခုများ ကျွန်မအပေါ် အမှားလုပ်ထားမိလို့လား?" စတေးလ်က နွေးထွေးသော အပြုံးဖြင့် ရှုယီကိုကြည့်ကာ သူ့နောက်၌ ရပ်နေသည့် လဇ်နှင့် လင်ဒါတို့ကပါ မနေနိုင်ဘဲကြည့်လိုက်မိသည်၊ "မဟုတ်မှ ရှင် မနေ့ညက, ကတိကိုနောက်ဆုံးမှာ ဖျက်မိသွားပြီး ကျွန်မအိပ်နေတဲ့အချိန် လဇ်နဲ့ လင်ဒါကို သွားရှာခဲ့တာလား..."
"မနက်စာစား၊ ပေါက်ကရတွေမပြောနဲ့။" ရှုယီက စတေးလ်၏ ပါးစပ်ထဲသို့ ဇွန်းထည့်ကာ ပိတ်လိုက်သည်။
စတေးလ်က ခပ်ဖျော့ဖျော့ပြုံးနေ၏။ ရှုယီ၏ ဂရုစိုက်မှုနှင့်အတူ သူမလည်း ရှုယီကိုယ်တိုင်ပြင်ပေးထားသော ရှားရှားပါးပါးမနက်စာကို တဖြည်းဖြည်းစားနေ၏။
စတေးလ်ကို ဂရုစိုက်နေရင်း ရှုယီမှာ မနေ့ညက သူမနှင့်ဆွေးနွေးနေသော ကိစ္စကိုလည်း ဆွေးနွေးလိုက်သည်။
ယမန်နေ့ညက စတေးလ်၏လုပ်ရပ်များကြောင့် သူမဟာ ဤမျှကြာအောင် ကြယ်ကြွေအိမ်ရာထဲပိတ်မိနေခြင်းကြောင့် သူမ၏ စရိုက်နှင့်မလိုက်ဖက်သည့် ထူးထူးဆန်းဆန်းအတွေးများရှိလာခြင်းဖြစ်ရမည်ဟု ရှုယီခံစားနေရသည်။
ထို့ကြောင့် ဤပြဿနာကို ဖြေရှင်းရန် ရှုယီမှာ အလေးအနက်စဉ်းစားပြီးမှ ယခင်က သူမ၏ အလုပ်ကို ဆက်လုပ်ခွင့်တောင်းထားသည့် စတေးလ်၏တောင်းဆိုမှုကို သဘောတူရန် ဆုံးဖြတ်လိုက်သည်။
စတေးလ်၏ အခိုင်အမာပြောဆိုမှုကြောင့် သူမ၏အလုပ်ကို လုံးဝကြီးလက်မလျှော့ရသေးသော်လည်း အလုပ်ဝန်ကို တင်းကြပ်စွာထိန်းချုပ်သည်က စတေးလ်အား နေ့တိုင်းနီးနီး ပျင်းရိသွားစေသည်။
ယခုတွင် ၎င်းက စတေးလ်ထံ၌ ထိုသို့သောအတွေးများပေါ်လာစေကာ သူမ၏ ခန္ဓာကိုယ်နှင့်စိတ်အတွက် မကောင်းပါချေ၊ ရှုယီမှာ ထိုကန့်သန့်ချက်ကို ပယ်ဖျက်ရန် ဆုံးဖြတ်လိုက်၏။ ထို့နောက် အလုပ်လုပ်သလို မည်သို့ အနားကောင်းကောင်းယူရမည်ကိုပါ ဆွေးနွေးလိုက်သည်။
စတေးလ်မှာ ထိုပြဿနာကိုယခင်တည်းက အလေးအနက်စဉ်းစားပြီးဖြစ်ရာ ရှုယီက ထိုအကြံပေးလာချိန်တွင် အင်မတန်ပျော်ရွှင်သွားပြီး ရှုယီနှင့်အတူ အလေးအနက်ဆွေးနွေးလာတော့၏။
နှစ်ဦးသားမှာ ထက်မြက်ကာ မည်သည့် ဆန့်ကျင်ခြင်းမှလည်းမရှိသောကြောင့် ၎င်းကို ဆွေးနွေးရန် အင်မတန်ဝမ်းသာနေကြပြီး ဆုံးဖြတ်ချက်ချဖို့ရန်လည်း သိပ်မကြာလိုက်ပေ။
ရှုယီနှင့် စတေးလ်တို့၏ သဘောတူညီချက်အရ စတေးလ်ကိုယ်ဝန်လွယ်ပြီး သုံးလအကြာတွင် သူမအလုပ်ကို ပြန်သွားကာ လမ်ပူရီတိုင်းပြည်ရှိ မျိုးနွယ်စုမျိုးစုံ၏ ကိုယ်စားလှယ်အဖြစ် လုပ်ဆောင်နိုင်သွားသည်။
Frestech ကုန်သည်ကြီးများအသင်း၏ လွှမ်းမိုးမှု ကြီးထွားလာသည်နှင့်အမျှ ဘန်တာမြို့နှင့် များပြားလှစွာသောမြို့တော်များရှိ လုပ်ငန်းစုများမှာ တဖြည်းဖြည်းနှင့် ၎င်းတို့လုပ်ငန်းများ၌ အလုပ်လုပ်ရန် အခြားလူမျိုးစုများကိုပါ ခန့်အပ်လာကြသည်။
စတေးလ်၏လက်ရှိ စာရင်းများအရ Frestech ကုန်သည်ကြီးများအသင်းအပြင် အခြားလုပ်ငန်းများ၌ သားရဲလူမျိုးမှာ လူပုလေးများထက်ပိုများကာ ခန့်အပ်ခံရသည့် အယောက်ပေါင်းတစ်ထောင်ကျော်ပါ၏။
လူပုလေးများမှာ ၎င်းတို့နောက်မှလိုက်ကာ လူသုံးရာကျော်ပြီး အများစုက မှော်စက်မှုအင်ဂျင်နီယာများအဖြစ် ခန့်အပ်ခံရသည်။
အနည်းဆုံးမှာ နတ်သူငယ်များဖြစ်ပြီး လူနှစ်ဆယ်ထက်မများပါချေ။
အခြားမျိုးနွယ်စုအလုပ်သမားများနှင့် မျက်နှာချင်းဆိုင်ရချိန်တွင် လမ်ပူရီတိုင်းပြည်၏ တော်ဝင်လွှတ်တော်က ၎င်းတို့ကို ဦးစွာ ဆန့်ကျင်ခဲ့ကြသည်။
သို့သော် ယခုတွင် တော်ဝင်လွှတ်တော်က စတင်လက်ခံလာကြပြီပင်။ ၎င်းတို့က ထိုသူတို့အား စတေးလ်၏ နျူးမွန်းကုန်သည်ကြီးများအသင်းမှနေ၍ ထိန်းချုပ်ကာ စည်းမျဉ်းများကိုလည်း ဖြေလျှော့ပေးသလို လမ်ပူရီတိုင်းပြည်၌ အခြားလူမျိုးများကို လူသားများနှင့် တူညီသည့်ဘဝများရရှိရန် အလုပ်သမားကဒ်များ ရခွင့်ပြုလာကြသည်။
"ပြောရရင် လမ်ပူရီတိုင်းပြည်က တခြားလူမျိုးအများက လုပ်ငန်းစုအတော်များများကို အလုပ်အတွက် ဝင်လာကြပြီ မဟုတ်လား?" ရှုယီက ပြော၏၊ "သူတို့ကို လူ့အသိုင်းအဝိုင်းထဲဝင်လာပြီလို့ ပြောလို့ရပေမယ့်လည်း တခြားတိုင်းပြည်တွေကတော့ ကိုယ်တို့လမ်ပူရီတိုင်းပြည်နဲ့ ခြားနားလောက်မှာ အသေအချာပဲ။ မင်း တခြားတိုင်းပြည်တွေမှာ တခြားလူမျိုးစုတွေကို စုဆောင်းဖို့ စဉ်းစားဖူးလား?"
"တခြားတိုင်းပြည်တွေ?" စတေးလ်က အသာ မျက်မှောင်ကုပ်လျက် ၊"ကျွန်မတို့ အဲဒီ့တိုင်းပြည်တွေက လူတွေကို မရှောင်နိုင်ဘူးမဟုတ်လား?"
"ဒါက ကိစ္စမရှိပါဘူး၊ ကိုယ်တို့လုပ်ငန်းစုမှာ လုပ်ကိုင်နေတဲ့ တခြားလူမျိုးစုတွေကို အရင်ဆုံး သူတို့တွေဆီ ဆက်သွယ်ခိုင်းမယ်၊ ကိုယ်တို့က ဝင်မပါဘူးလေ။ ကြည့်ပါဦး၊ ကမ်ဘီတို့တွေလည်း အရင်တစ်ခါက ရူဒ်ဆန်တိုင်းပြည်က လူပုလေးမျိုးနွယ်စုကို ဆက်သွယ်ခဲ့တယ်လေ? သူတို့ပြောတာတော့ အဲဒီ့လူပုလေးတွေကို ဘန်တာမြို့ဆီ ပြောင်းရွှေ့ပေးဖို့စီစဉ်ပြီး သူတို့ကို လက်ခံဖို့ ကိုယ့်ကိုစဉ်းစားခွင့်ပေးခဲ့တယ်။ လူပုလေးတွေပြောင်းရွှေ့တာကတော့ လူသားတိုင်းပြည်တွေ ဂရုစိုက်မယ့်အရာမဟုတ်တာကြောင့် ကိုယ်တို့ အခုတလောတော့ ဂရုစိုက်ဖို့လိုတယ်။ မဟုတ်လို့ တခြားလုပ်ငန်းတွေက တခြားမျိုးနွယ်စုတွေရဲ့ တန်ဖိုးကို သတိထားမိသွားတဲ့အချိန်ကျရင် အနာဂတ်မှာ ဒါကိုလုပ်ဖို့ ခက်ခဲသွားလိမ့်မယ်။"
"အန်း... ဒါကိုစိုးရိမ်တာကတော့ဟုတ်တယ်။" စတေးလ်က ခေါင်းငြိမ့်သည်၊ "အနည်းဆုံးတော့ Frestech ကုန်သည်ကြီးများအသင်းမှာ လူပုလေးတွေမရှိတော့ရင် ကျွန်မတို့ရဲ့ထုတ်လုပ်ရေးတွေ ရပ်တန့်သွားမှာကို ကျွန်မသိတယ်။"
"ဒါ့ကြောင့် ဒါက ကိုယ်တို့အနေနဲ့ တတ်နိုင်သလောက် များများတူးထုတ်ဖို့လိုတယ်လို့ ဆိုလိုတာပဲ။ မင်းသိပါတယ် လူသားအရင်းအမြစ်တွေက တခြားဘယ်အရင်းအမြစ်တွေထက်မဆို အရေးကြီးတယ်လေ။"
သူက ၎င်းကို စတေးလ်နှင့်အတူ မနက်စာစားချိန်၌ ဆွေးနွေးခဲ့၏။ မနက်စာစားပြီးချိန်တွင် နေကာ ကောင်းကင်၏ တစ်ဝက်ကို ဖြတ်သန်းလာပြီးဖြစ်သည်။
ရှုယီ ခိုရိုကျေးရွာသို့ရောက်ချိန်တွင် လူတစ်စုက စောင့်နေသည်ကို တွေ့လိုက်ရသည်။
"ဟေး၊ ဥက္ကဌရှု၊ ခင်ဗျား အိမ်မှာ မိန်းမနဲ့အတူရှိနေလို့ နောက်ကျနေတယ်လို့ကြားတယ်၊ ဟုတ်လားဗျ?" ရှုယီက ထိုမျှနောက်ကျလာသည်ကို မြင်သော် ဥက္ကဌခရုစ်က ရယ်လျက် ထိုသို့ပြောလာ၏။
၎င်း ရှုပ်ထွေးဟန်ရောနှောနေသည့် ရယ်သံများက ရှုယီအား အနေရခက်စွာ ရယ်စေမိပြီးနောက် ဆယ်ဗီနီက ထိုအဖွဲ့ကြား ရပ်နေသည်ကို တွေ့လိုက်ရသည်။
ဆယ်ဗီနီက မော့ကြည့်လာကာ ရှုယီကို ဂုဏ်ယူပြုံး,ပြုံးပြလာ၏။ ထို့နောက် ကောင်းကင်ကိုမော့ကြည့်ကာ ကြေညာလေသည်၊ "ဟုတ်ပြီ၊ ဥက္ကဌရှုရောက်ပြီဆိုတော့ ကျွန်မက ဘန်တာမြို့ရဲ့ စိုက်ပျိုးရေးအခြေစိုက်ရုံးအသစ် တရားဝင်ဖွင့်လှစ်တော့မယ်လို့ ကြေညာပါမယ်!"
ဆယ်ဗီနီ၏ ဦးဆောင်မှုဖြင့် ရှုယီပါဝင်သည့် လုပ်ငန်းစုကိုယ်စားလှယ်များမှာအားလုံးမှာ မြေကြီအား အကြိမ်ရေအနည်းငယ်ခန့် တူးဆွလိုက်ကြသည်။ ထို့နောက် အမ်ရစ် ကုန်သည်ကြီးများအသင်း ပြင်လာသည့် မှော်စက်က ရှေ့ရောက်လာကာ တူးဆွပြီးသားမြေကို ထပ်တူးဆွလိုက်သည်။
ယခင်က ဆယ်ဗီနီကြေညာခဲ့သည့် စီးပွားရေးနှင့် စိုက်ပျိုးရေး ပေါင်းစပ်မှု အတူတကွရောက်လာသည်နှင့် Frestech ကုန်သည်ကြီးများအသင်း၏ ခိုရိုကျေးရွာရှိ စည်သွပ်သီးအလုပ်ရုံမှာ အာရုံစိုက်နှုင့် ကြော်ငြာအများအပြားရရှိခဲ့သည်။
မြို့ရှိ အခြားလုပ်ငန်းစုများစွာနှင့် သဘောတူညီပြီးနောက် Sevenက မြို့စားအိမ်တော်ကို ကိုယ်စားပြုကာ ခိုရိုကျေးရွာအနီး၌ စိုက်ပျိုးရေးဖွံ့ဖြိုးမှု အခြေစိုက်ရုံးအသစ်တစ်ရုံးကို ဖန်တီးခဲ့သည်။
ထို စိုက်ပျိုးရေးဖွံ့ဖြိုးမှုအခြေစိုက်ရုံးအသစ်မှာ စည်သွပ်သီးစက်ရုံကဲ့သို့ ဘန်တာမြို့တွင် စီးပွားရေးနှင့် စိုက်ပျိုးရေး ရောစပ်မှု ဖွံ့ဖြိုးခြင်းအတွက်ဖြစ်သည်။ ၎င်းက စိုက်ပျိုးကုန်စည်များ၏တန်ဖိုးကို မြှင့်တင်ကာ သာမန်လယ်သမားတို့၏ ဝင်ငွေကိုတိုးတက်လာစေသည်။
ထိုအကြံမှာ ဆယ်ဗီနီက ဘန်တာမြို့၏ အနာဂတ်ဖွံ့ဖြိုးရေးအတွက် စမ်းသပ်မှုဖြစ်၏။
၎င်းအား လမ်ပူရီတိုင်းပြည်တစ်ခုလုံး၌သာ အသုံးပြုခဲ့ပါလျှင် များစွာ တိုးတက်လာပေလိမ့်မည်။
လမ်ပူရီတိုင်းပြည်၏ ဆန်စပါးအထွက်နှုန်းမှာ တိုးတက်နေဆဲဖြစ်ကြောင့် ၎င်းတို့အား ထောက်ပံ့ရန် မလုံလောက်သေးချေ။
တိုင်းပြည်၏ အခြားမြို့များက ၎င်းတို့မြို့သားများကိုကျွေးမွေးရခြင်းပြဿနာအား ဖြေရှင်းရန် ခေါင်းကိုက်နေကြသော်လည်း ဘန်တာမြို့က ၎င်း၏ လယ်စိုက်ခြင်းဖွဲ့စည်းပုံကို ပြောင်းလဲလိုက်ပြီး လယ်သမားများ၏ ဘဝပုံစံကို တိုးတက်စေခဲ့၏။ ထိုသည်က တကယ်ကို ကြီးမားသည့် ခြားနားမှုပင်။
ဘန်တာမြို့၏ အပြုအမူများကြောင့် တော်ဝင်လွှတ်တော်၌ ကြီးမားသည့် ကိစ္စဖြစ်သွားသည်။
လွှတ်တော်၌ ဘန်တာမြို့မှာ ထိုမျှ စိတ်အေးနေပါလျှင် အဘယ့်ကြောင့် ဦးဆုံး တိုင်းပြည်၏ အခြားနေရာများကို ၎င်းတို့၏ စိုက်ပျိုးရေးတိုးတက်ရန် အရင်မကူညီသနည်းဟု ပြောသည့်အဖွဲ့ဝင်များစွာရှိနေသည်။
ဥပမာ၊ ဘန်တာမြို့က မြေဩဇာအသုံးပြုမှုကို သက်သေပြပြီးနောက် အဘယ့်ကြောင့် ပိုမိုထုတ်လုပ်ရန် အာရုံမစိုက်ရသနည်း ဟူ၍။
၎င်းက မှီခိုလို့မရသော ထူးဆန်းသည့် စိုက်ပျိုးရေးနှင့်စီးပွားရေးအရောအစပ်ထက် များစွာပိုကောင်းသည် မဟုတ်ပါလား?
အဖွဲ့ဝင် အနည်းငယ်ကမူ ဘန်တာမြို့က ယခု ကောင်းစွာဖွံ့ဖြိုးနေရာ ဘန်တာမြို့ကို အမှီအခိုကင်းကင်း ဖွံ့ဖြိုးခွင့်ပြုသင့်သည်ဟု ထင်ကြသည်။ ၎င်းတို့မှာ ကောင့်ထ်စတက်ဂျ်မြို့စားဖြစ်စဉ်ကလို ဘန်တာမြို့အား များစွာ ယုတ်လျော့သွားခြင်းမျိုး မဖြစ်စေသင့်ချေ။
ဆယ်ဗီနီ၏ လုပ်ရပ်များကို သဘောတူသူ အနည်းစုသာရှိသော်လည်း ကောင့်ထ်စတက်ဂျ် မြို့စားဖြစ်စဉ်က လုပ်ရပ်များက ဘန်တာမြို့ကို များစွာထိခိုက်စေခဲ့သဖြင့် ဆန့်ကျင်ခြင်းနောက်တွင် ယုံကြည်မှုက များများစားစားမရှိကြချေ။
ဘုရင်ကြီးက သူ၏ရပ်တည်ချက်ကို ပြသထားသည်အား မဆိုထားနှင့်။ ဘန်တာမြို့က အထူးစီးပွားရေးဇုန်ဖြစ်နေကတည်းက ၎င်းမှာ အထူးနေရာအဖြစ်ရှိနေသင့်သည်။
အကျိုးသက်ရောက်မှုကောင်းသည် မကောင်းသည်ကတော့ ရလာဒ်များကို စောင့်နေရုံသာဖြစ်သည်။
နောက်ဆုံးရလာဒ်မှာ ၎င်းတို့အနေနှင့် ဘန်တာမြို့ကို ပန်းတိုင်ပေးရုံသာဖြစ်၏။
ဘန်တာမြို့က ထူးကဲချင်နေတာလား? ကောင်းပြီ။
ဒါပေမယ့် မင်းက ထူးကဲချင်နေရင် အထူးရလာဒ်ကိုတော့ ပေးဖို့လိုတယ်။
တော်ဝင်လွှတ်တော်၏ နောက်ဆုံး,ဆုံးဖြတ်ချက်အရ နှစ်အဆုံး၌ အစီရင်ခံစာများထွက်လာချိန်တွင် ဘန်တာမြိုတော်၏ ကောက်ရိတ်အထွက်နှုန်းနှင့် အမြတ်ခွန်မှာ ယခင်နှစ်နှင့်ယှဉ်လျှင် အနည်းဆုံး ၃၀ရာခိုင်နှုန်းပိုများ၏။ မဟုတ်ပါက၊ ၎င်းတို့မှာ ဘန်တာမြို့၏ အထူးစီးပွားရေးဇုန်အဖြစ် ရည်ရွယ်ချက်မှာ ပယ်ဖျက်ခံရလိမ့်မည်ပင်။
"ဟေး၊ ဒီမျိုးရိုးမြင့်တွေက အတော်အတွေ့အကြုံမရှိဘူးလို့ ပြောရမလား၊ သူတို့ရဲ့လမ်းကြောင်းပေါ်မှာ အရမ်းအားစိုက်မိသွားတော့ ဉာဏ်ရည်ကိုစွန့်လိုက်တာလို့ ပြောရမလားပဲ?"
ရှုယီက ခေါင်းခါ၏။ ထို့နောက်သူက တော်ဝင်လွှတ်တော်၏ ဆုံးဖြတ်ချက်ကို စာနာမှုမရှိအကဲဖြတ်လေသည်၊ "၃၀%? ဟမ့်! ဒီနှစ်ရဲ့ဆောင်းဦးကောက်ရိတ်သိမ်းမှုက ထွက်လာပြီးနေပြီလေ၊ မနှစ်ကထက် ၅၀%ပိုများတာကို မသိကြဘူးလား?"
"သူတို့က ဆန်စပါးအထွက်နှုန်းကို တကယ်ဂရုမစိုက်ဘူး၊ သူတို့ ဒီအဆိုပြုချက်ကိုပေးတာက ကျွန်မစီးပွားရေး ဖွံ့ဖြိုးမှုမှာထည့်ရမယ့် ခွန်အားကို ကန့်သတ်ချင်လို့ပဲ။" ဆယ်ဗီနီက ခေါင်းခါရင်း ရှင်းပြသည်၊ "အဓိကအချက်က အမြတ်ခွန်ပဲ။ သူတို့ထင်နေတာက ကျွန်မသာ ကောင့်ထ်စတက်ဂျ် မြို့စားဖြစ်တုန်းကလောက် ပိုကောင်းအောင်မလုပ်နိုင်ရင် ဒါက ဘာကိုမှ ရှင်းမပြဘူးလေ။"
"ဒါက ကောင့်ထ်စတက်ဂျ်အတွက် ဆင်ခြေလား?" ရှုယီက နှာမှုတ်ကာ၊ "ဒါပေမယ့် သူတို့က ကျုပ်တို့ဘန်တာမြို့က အထင်သေးလွန်းသွားပြီမဟုတ်လား? ကောင့်ထ်စတက်ဂျ်ကြောင့်သာမဟုတ်ရင် အရင်နှစ် ဘန်တာမြို့ အမြတ်ခွန်က ရွှေဒင်္ဂါးတစ်သန်းကျော်မှာလေ။ လွှဲပေးရမယ့်ပမာဏက အရင်၂နှစ်ပေါင်းတာထက်တောင်ပိုများနေဦးမယ်။ ဒီနှစ်ကို အရင်နှစ်နဲ့ယှဉ်တာဆိုရင်တော့? သူက၊ သူက..."
ဆယ်ဗီနီက ရှုယီ၏ အေးစက်စက်အပြုံးကိုမြင်သော် စိတ်ထဲမထားချေ။ ထိုအစား ရယ်ရွှင်ဖွယ်ခံစားလိုက်ရကာ မေး၏၊ "ဒါဆို ယုံကြည်မှုရှိတဲ့ ဥက္ကဌရှု၊ ဘန်တာမြို့က ဒီနှစ်မှာ အခွန်ဘယ်လောက်များ လွှဲပေးနိုင်မယ်လို့ ရှင်ထင်လဲ?"
ရှုယီက လက်တစ်ထက်ထုတ်ကာ သေချာသည့်အသံဖြင့်ပြောသည်၊ "အနည်းဆုံး ငါးသိန်း၊ ပြီးတော့ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းမပါသေးဘူး။"
ဆယ်ဗီနီက အံ့ဩသွားဟန်ဖြင့် "ကျွန်မမှာ တော်ဝင်လွှတ်တော်က လိုအပ်ချက်ကိုမှီဖို့ ယုံကြည်မှုရှိပေမယ့်လည်း၊ ငါးသိန်းက... ပြီးတော့ ရှင့်ရဲ့ Frestech ကုန်သည်ကြီးများအသင်းလည်းမပါသေးတော့၊ အရမ်းကြီး ချဲ့ကားလွန်းမနေဘူးလား? ဒါက ကျွန်မတို့ဘန်တာမြို့အနေနဲ့ ရွှေဒင်္ဂါးတစ်သန်းခွဲကျော်တောင် အခွန်အနေနဲ့ရတယ်လို့ ဆိုလိုတာမဟုတ်ဘူးလား?"
ရှုယီက ယုံကြည်မှုရှိရှိပြုံးသည်။ ထို့နောက် စိုက်ပျိုးရေးအခြေစိုက်ရုံး၏ စတင် တည်ဆောက်နေမှုကိုညွှန်ပြကာ၊ "ဘုရင်မ၊ ကျုပ်တို့ လောင်းမလား? ကန်တိုနာ ကုန်သည်ကြီးများအသင်းတစ်ခုတည်းနဲ့တင် အမြတ်ခွန် ရွှေဒင်္ဂါးနှစ်သန်းကျော်ရမယ်ဆိုရင် ယုံမှာလား?"
ဆယ်ဗီနီမှာ ခပ်ဖြေးဖြေးခေါင်းခါလျက်၊ "ကျွန်မက ပမာဏအတိအကျကိုမသိပေမယ့်လည်း ကန်တိုနာကုန်သည်ကြီးများအသင်းပေးရမယ့် အမြတ်ခွန်ပမာဏက ရွှေဒင်္ဂါးတစ်သိန်းတောင်မကျော်သင့်ဘူးလေ။ အခုတောင် နှစ်မကုန်ခင် လေးလပဲကျန်တော့တာ ဘယ်လိုများ နှစ်သိန်းကျော်မှာလဲ?"
"ခင်ဗျားက ကျုပ်ကိုမယုံဘူးပေါ့?" ရှုယီက ဆယ်ဗီနီထံ လက်ဆန့်ထုတ်ကာ၊ "ဒါဆို မြို့စားအရှင် ကျုပ်တို့ အလောင်းအစားလုပ်ကြမလား?"
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၈၇။ စိတ်အလိုလိုက်တတ်သော ဥက္ကဌရှု
"ဥက္ကဌရှု၊ ခင်ဗျားက ကျွန်တော့်ကို ထောင်ချောက်ဆင်နေတာလား?" ကန်တိုနာက ရှုယီကို ခါးသက်သက်အပြုံးဖြင့်ကြည့်ကာ၊ "ကျွန်တော်တို့လုပ်ငန်းစုရဲ့ ဒီနှစ်လက်ရှိ ဝင်ငွေကတောင် ရွှေဒင်္ဂါးနှစ်သိန်းမပြည့်သေးဘူး၊ ဘယ်လိုများ အမြတ်ခွန် နှစ်သိန်းကျော်ကို လွှဲပေးနိုင်မှာလဲဗျာ? ကျွန်တော်တို့သာ မင်းသမီးလေးကို စိတ်ပျက်စေရင် ကျွန်တော်တို့လုပ်ငန်းစုက ရှေ့လျှောက် ဘန်တာမြို့မှာ နေဖို့ ဘယ်လိုပါတော့မလဲ။"
"ငါကမင်းကို ဘာလို့ ထောင်ချောက်ဆင်ရမှာလဲ?" ရှုယီက ကန်တိုနာကို ယုံကြည်မှုရှိရှိပြုံးပြကာ ပခုံးပုတ်၍၊ "အေးဆေးပေါ့၊ ငါ့မှာသာ ယုံကြည်မှုမရှိရင် မင်းသမီးလေးနဲ့ ဘယ်လိုများ ဒီလိုအလောင်းအစားလုပ်ပါ့မလဲ?"
ရှုယီက သေချာနေသည်ကို မြင်သော် ကန်တိုနာလည်း ရှုယီဖန်တီးခဲ့သမျှ အမျိုးမျိုးသောဆန်းကြယ်ဖြစ်ရပ်များကို စဉ်းစားမိကာ မျှော်လင့်ချက်အနည်းငယ်ရှိသွား၏။
"ဒါဆို... ဥက္ကဌရှု၊ ခင်ဗျားမှာ ဘာအကြံရှိလဲ?'
"လာ၊ ငါမင်းကို မေးခွန်းတစ်ခုမေးမယ်။ မင်း ငါတို့လုပ်ငန်းစုရဲ့... စည်သွပ်သီးအလုပ်ရုံကို ဘယ်လိုထင်လဲ?" ရှုယီက မေးသည်။
"အာ? အရမ်းအဆင်ပြေပါတယ်၊ ဘာဖြစ်လို့လဲ?" ကန်တိုနာက ရှုယီကို အံ့ဩစွာကြည့်လိုက်သည်။
"ပြီးတော့ ဒီနှစ် စည်သွပ်သီးအလုပ်ရုံရဲ့ အမြတ်စွန်းဘယ်လောက်ရသလဲ မင်းသိလား?" ရှုယီက မေးသည်။
ကန်တိုနာမှာ ပိုလို့ပင် ရှုပ်ထွေးသွား၏။ အနည်းငယ်စဉ်းစားပြီးနောက် တုံ့ဆိုင်းစွာပြောလိုက်သည်၊ "ကျွန်တော် အရေအတွက်အတိအကျတော့မသိပေမယ့်၊ မန်နေဂျာ ဝီလ်ဆီက ကြားတာတော့ မဆိုးဘူးဆိုပဲ၊ ဟုတ်တယ်မလား? ခန့်မှန်းကြည့်ရရင်... အနည်းဆုံး ရွှေဒင်္ဂါးတစ်သောင်းကျော်လောက်ရှိမယ်?"
"မင်းက မန်နေဂျာဝီလ်ကို အထင်သေးနေတာပဲ။" ရှုယီက ခေါင်းခါလျက် လက်ငါးချောင်းထောင်ပြသည်၊ "ငါမင်းကို ရိုးရိုးသားသားပြောပြမယ်၊ ဒီနှစ်မှာ ဒီစည်သွပ်သီးအလုပ်ရုံက စည်သွပ်သီးမျိုးစုံရှိတဲ့ ဘူးပေါင်း တစ်သန်းကျော် ရောင်းရခဲ့ပြီး ရွှေဒင်္ဂါးငါးသိန်းနီးနီး အမြတ်ငွေရခဲ့တယ်!"
"ဒီလောက်တောင်?" ကန်တိုနာမှာ အံ့အားသင့်လျက်၊ "ဒီစည်သွပ်သီးအလုပ်ရုံက ဒီလောက်သေးတာကို ဒီလောက်တောင် အမြတ်ရတယ်လား?"
"မင်းမယုံဘူးလား?" ရှုယီက ရယ်လျက်ပြောသည်၊ "ပြောပြမယ်၊ ဒါက အစပဲရှိသေးတယ်။ မှော်ကားတွေ ပို့ဆောင်ပြီးနောက်မှာ စည်သွပ်သီးတွေကို တိုင်းပြည်ရဲ့ အစိတ်အပိုင်းအမျိုးမျိုးဆီ ပို့လို့ရတယ်။ သိပ်မကြာခင်က ငါတို့လုပ်ငန်းစုက ဝဲလ်မက်ထ်ကုန်သည်ကြီးများအသင်းနဲ့ သဘောတူညီချက်တစ်ခုမှာ လက်မှတ်ထိုးခဲ့တယ်။ အနာဂတ်မှာ စည်သွပ်သီးတွေကို မြို့တိုင်းက ဝဲလ်မက်ထ် ကုန်သည်ကြီးများအသင်းရဲ့ ဆိုင်တွေမှာရှိတဲ့ စင်တွေမှာ ရောင်းလို့ရတော့မယ်။ ဒီစည်သွပ်သီးတွေရဲ့ ရောင်းအားအရေအတွက်က တိုးလာရုံပဲရှိပြီး အမြတ်တွေလည်း လိုက်လာလိမ့်မယ်။"
ကန်တိုနာမှာ လုံးဝအံ့အားသင့်လျက် မနေနိုင်ဘဲ ခေါင်းခါမိသည်၊ "ဥက္ကဌရှု၊ ကျွန်တော်တကယ်ပဲ ပြောရမယ်၊ ခင်ဗျားရဲ့ သာမန်အကြံလေးကတင် ဒီလောက် ငွေအများကြီးဝင်တာ။ ကျွန်တော် တကယ်ပဲ လေးစားပါတယ်ဗျာ။"
"ဒါဆို ငါမင်းကို ကန်တိုနာကုန်သည်ကြီးများအသင်းက ဒီနှစ် အမြတ်ခွန် နှစ်သိန်းပေးရမယ်လို့ ငါထင်တဲ့အကြောင်း ပြောတာကို ယုံသွားပြီလား?"
"ယုံတာပေါ့!" ကန်တိုနာက ခိုင်မာစွာ ခေါင်းငြိမ့်လျက် မေးလိုက်သည်၊ "ဒါပေမယ့် ဥက္ကဌရှု၊ ခင်ဗျား ကျုပ်ကို ဘာလုပ်ခိုင်းဖို့ စီစဉ်ထားလဲ?"
"အရင်ဆုံး မင်းတို့ ကန်တိုနာကုန်သည်ကြီးများအသင်းရဲ့ အဓိက စီးပွားရေးကဘာများလဲ?" ရှုယီကမေး၏။
"လယ်မြေတွေနဲ့ စာချုပ်ချုပ်တာပေါ့။" ကန်တိုနာက ခါးသီးနေဟန်ဖြင့်၊ "အဲဒါက ငွေဝင်စေပေမယ့်လည်း ပြောင်းလဲပြင်လွယ်မဖြစ်ဘဲ နှစ်စဉ်ငွေကလည်း တိကျတယ်။ ကျွန်တော်ခန့်မှန်းရတာတော့ အရာအားလုံးကိုရနေရင်တောင် ဒီနှစ် ကျွန်တော်တို့ရဲ့ အမြတ်ခွန်က တစ်သိန်းကျော်မှာမဟုတ်ဘူး၊ ဒါကြောင့် နှစ်သိန်းဆိုရင် တွေးဖို့ ဘယ်လိုပါ့မလဲ။"
"မင်းအခုပဲပြောတော့ ငါ့ကိုယုံတယ်ဆို၊ ဒီလောက်မြန်မြန် လက်လျှော့လိုက်ပြီလား?" ရှုယီက သူ့အားကြည့်ကာ ပခုံးပုတ်၍၊ "အေးဆေးပေါ့၊ ငါဘာမှလုပ်စရာမရှိတာကြောင့် ဒီကိုလာတာမဟုတ်ဘူး၊ ငါ့မှာ ရည်ရွယ်ချက်တစ်ခုရှိတယ်။ ငါနဲ့လိုက်ခဲ့။"
ကန်တိုနာက ရှုယီနောက်လိုက်သွားကာ ရှုပ်ထွေးသလိုခံစားနေရသည်။ ၎င်းတို့မှာ မိုးကျတောင်ကြားရှိ မှော်စက်မှုဖွံ့ဖြိုးရေးဌာနမှ သာမန်ပုံစံအခန်းတစ်ခုစီ ရောက်သွားသည်။
"လာပြီး တစ်ချက်ကြည့်လိုက်။" ရှုယီက တစ်မီတာကျော်ရှည်က အချင်း တစ်မီတာနီးနီးရှိသည့် ထောင့်မှ သတ္တုဆလင်ဒါကို ညွှန်ပြလာ၏။
ကန်တိုနာကြည့်လိုက်သော် ထိုဆလင်ဒါထက်၌ အဖုံးလေးတစ်ခုတွေ့လိုက်သည်။ ရှုယီ၏ ဖွင့်ရန်ခွင့်ပြုချက်ရပြီးနောက် ထိုဆလင်ဒါက ဗလာဖြစ်နေကြောင်း တွေ့လိုက်ရသော်လည်း ထက်မြသောသတ္တုဓားများစွာ တွဲထားသည့် သတ္တုတိုင်ရှိနေကာ အတော်လေးမာကျောဟန်ရှိ၏။
"ဒါက ခင်ဗျားတို့လုပ်ငန်းစု ထုတ်လုပ်ထားတဲ့ မှော်စက်အသစ်လား? ဘာအတွက်သုံးဖို့လဲ?"
"ဒီပစ္စည်းကို မှော် အသီးဖျော်စက်လို့ခေါ်တယ်။ လက်ရှိမှာ ဒါရဲ့အဓိကဒီဇိုင်းက သစ်သီးတွေရဲ့ အရည်ကို ညှစ်ထုတ်ဖို့ပဲ။" ရှုယီက ရှင်းပြလာသည်။
"သစ်သီးအရည်ညှစ်မယ်?" ကန်တိုနာက ထိုဆလင်ဒါထဲရှိ ကြောက်မက်ဖွယ်ဓားသွားများကိုကြည့်ကာ အတန်ငယ်နားလည်သွား၏၊ "သစ်သီးကိုအထဲထည့်ပြီးရင် ဓားသွားတွေက အပိုင်းပိုင်းပြီး အရည်ကိုညှစ်ထုတ်မှာ မဟုတ်လား?"
"အဟုတ်ပဲ"
ကန်တိုနာက ၎င်းကိုစဉ်းစားကာ မျက်လုံးများတောက်ပသွား၏၊ "ဥက္ကဌရှု၊ ခင်ဗျားဆိုလိုတာက ကျွန်တော်တို့ဒီပစ္စည်းကို အရည်ညှစ်ဖို့သုံးပြီး ရောင်းလို့ရတယ်ပေါ့?" ထို့နောက် မျက်လုံးများတစ်ဖန်မှေးမှိန်သွားကာ၊ "ဒါပေမယ့် လတ်ဆတ်တဲ့သစ်သီးအရည်က အရသာရှိပေမယ့်လည်း ကြာရှည်မခံဘူးလေ။ အများဆုံး ဘန်တာမြို့မှာတော့ ရောင်းလို့ရတာပေါ့။ ကျွန်တော့်အနေနဲ့က တခြားမြို့တွေမှာ ဆိုင်ဖွင့်ဖို့ အစွမ်းအစမရှိသေးတော့ ဒါပစ္စည်းက အဲ့လောက်ကြီး ကျွန်တော့်အတွက် အသုံးမဝင်ဘူး။"
"ငါအမြဲတမ်း မင်းရဲ့စိတ်က အလုပ်လုပ်မြန်တယ်လို့ထင်ခဲ့ပြီး ငါဆိုလိုတာကိုနားလည်မယ်ထင်ထားတာ။" ရှုယီက သက်ပြင်းချကာ လက်ခုပ်တီးလိုက်သည်၊ "မီရန်ဒါ, ထွက်လာခဲ့တော့။"
ခြေသံများကြားပြီးနောက် ကန်တိုနာ လှည့်ကြည့်လိုက်သည်။ ဘယ်ဘက်က တံခါးမှာ ပွင့်နေပြီး သွယ်လျသည့် နတ်သူငယ်မလေးတစ်ဦး အခန်းထဲဝင်လာသည်။
"လာ၊ မိတ်ဆက်ပေးပါရစေ။" ရှုယီက ထိုနတ်သူငယ်မလေးကို လက်ညှိုးထိုးပြကာ ကန်တိုနာကို ပြောလိုက်၏၊ "ဒီနတ်သူငယ်အလှလေးက မီရန်ဒါ, သူမက စတက်တိန်းနယ်မြေရဲ့ လရိပ်မျိုးနွယ်စုဆီကနေလာတာ။ မီရန်ဒါ, ဒါက ကျုပ်အရင်ကပြောဖူးတဲ့ ကန်တိုနာကုန်သည်ကြီးများအသင်းရဲ့ဥက္ကဌကန်တိုနာပါ။ ရှေ့လျှောက်မှာ ခင်ဗျားတို့ အချိန်ကြာ အတူတူအလုပ်လုပ်ရနိုင်တယ်၊ ဒါကြောင့် မိတ်ဆက်ပေးသင့်တာပေါ့။"
ကန်တိုနာလည်း အံ့ဩနေပြီး အလျင်အမြန် မီရန်ဒါထံ လက်ကမ်းပေးလိုက်၏၊ "ဟယ်လို၊ ဟယ်လို လှပတဲ့နတ်သူငယ်မိန်းကလေး။ ခင်ဗျားတဲ့ ဆုံတွေ့ရတာ တကယ်ကို ဂုဏ်ယူမိပါတယ်။"
မီရန်ဒါက ကန်တိုနာကို အတန်ငယ်ကြည့်လာပြီး ရှုယီကို မေးသည်၊ "ဥက္ကဌရှု၊ ကျွန်မ သူနဲ့အတူ အလုပ်လုပ်ရမယ်ဆိုတာ သေချာလား?"
ရှုယီက ခေါင်းငြိမ့်ပြကာ၊ "ကန်တိုနာက ကျုပ်ယုံရတဲ့လူပါ။"
"ဟုတ်ပြီ၊ ကျွန်မရှင့်ရဲ့ သုံးသပ်မှုကိုယုံကြည်ပါတယ်။" မီရန်ဒါက ခေါင်းငြိမ့်၏။ ထို့နောက် ကန်တိုနာ၏ ကမ်းပေးထားဆဲ လက်ကိုကြည့်ကာ အနည်းငယ်စဉ်းစားပြီးမှ သူမလက်ကိုပါ ဆန့်ထုတ်လျက် ခပ်ဖွဖွ လက်ဆွဲနှုတ်ဆက်လိုက်သည်၊ "ဥက္ကဌကန်တိုနာ, ရှင်နဲ့တွေ့ရတာ အရမ်းဝမ်းသာပါတယ်။"
ကန်တိုနာမှာ Frestech ကုန်သည်ကြီးများအသင်းနှင့် အဆက်အသွယ်ရှိကာ နတ်သူငယ်များကို ပုံမှန်တွေ့ရသော်လည်း ဤကဲ့သို့ ပူးပေါင်းမှုကို ဆွေးနွေးရသည်မှာ...
နေပါဦး! ဥက္ကဌရှု ပြောခဲ့တာက... သူ့ကို ဒီခပ်လှလှနတ်သူငယ်လေးနဲ့ ပူးပေါင်းခိုင်းဖို့လား? ဘာတွေဖြစ်နေတာလဲဟ?
"မင်းပြောခဲ့တာက လတ်ဆတ်တဲ့အသီးဖျော်ရည်က အရသာရှိပေမယ့် သိုလှောင်နိုင်ချိန်တိုတောင်းတာကြောင့် အကန့်အသတ်ရှိတယ်ဆိုပြီး မဟုတ်လား? ဒါဆို သစ်သီးဖျော်ရည်ကို အချိန်ကြာသိမ်းထားနိုင်မယ်ဆိုရင်ရော ရောင်းအားက ဘယ်လောက်ထိရှိနိုင်မယ်လို့ထင်လဲ?" ရှုယီက အပြုံးဖြင့်မေးလာ၏။
"သေချာပေါက် ရူးလောက်အောင် ရောင်းရမှာပဲ!" ကန်တိုနာက စိတ်လှုပ်တရှားပြော၏၊ "ပြီးတော့၊ ဒါက စည်သွပ်သီးတွေထက်တောင်ပိုပြီး ရေပန်းစားလာလိမ့်မယ်! ဘာလို့လဲဆိုတော့ ကိုယ့်ဘာသာ အသီးညှစ်ဖို့က ဒုက္ခများတာကြောင့် လတ်ဆတ်ပြီးဈေးပေါတဲ့အသီးဖျော်ရည်ကို ထောက်ပံ့ပေးနိုင်ရင် အားလုံးက ကြိုဆိုကြမှာပဲ!"
"မင်းမှာ ယုံကြည်ချက်ရှိနေတာတော့ကောင်းတယ်။" ရှုယီက ခေါင်းငြိမ့်ကာ အပြုံးဖြင့် မီရန်ဒါကို ညွှန်ပြလာသည်၊ "ဟုတ်ပြီ ဖျော်ရည်ကို လတ်ဆတ်အောင် ထိန်းသိမ်းမယ့်ပြဿနာကို မီရန်ဒါနဲ့အတူ ဆွေးနွေးလို့ရတယ်။ မင်းတို့ပြောပြီးရင် နောက်ထပ်အဆင့်တွေပါဆွေးနွေးလို့ရပြီပေါ့။"
ကန်တိုနာက မီရန်ဒါနှင့်အတူ စိတ်လှုပ်တရှားပြောနေရာ ရှုယီလည်း အခန်းထဲမှ ထွက်သွား၏။
သူလှမ်းထွက်လာချိန်တွင် အလျင်စလိုလာနေသည့် ကမ်ဘီနှင့် တိုက်မိသွားတော့သည်။
ကမ်ဘီက အခန်းကိုကြည့်လျက် ရှုယီကို ရှုပ်ထွေးဟန်ဖြင့် မေးလေသည်၊ "ဥက္ကဌ၊ အသီးဖျော်ရည်က သေချာပေါက် ရောင်းဖို့အဆင်ပြေတဲ့အရာပဲကို ဘာကြောင့် ကန်တိုနာကုန်သည်ကြီးများအသင်းဆီပေးရတာလဲ? ဘာလို့ ကျုပ်တို့ လုပ်ငန်းစုက ကိုယ်တိုင်မလုပ်တာလဲ? ဒါက စည်သွပ်သီးစက်ရုံထက်တောင် ငွေအတော်များများပိုရမှာ မဟုတ်လား?"
"ဒါက တကယ်ကို ငွေများများပိုဝင်စေပြီး အချိန်ကြာလည်ပတ်နိုင်မယ်၊ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းကိုယ်တိုင်လုပ်ရင် ကျုပ်တို့ငွေအတော်များများရမယ်။ ဒါပေမယ့် ကမ်ဘီ ဒီလောကမှာ ငွေဝင်စေနိုင်တဲ့အရာများစွာရှိပြီး ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက အရာအားလုံးကို လိုက်ယူနေတာမျိုးက တခြားလူတွေနဲ့ ဘယ်လိုအလုပ်လုပ်ရမယ်ဆိုတာမျိုးမဟုတ်ဘူး။ သတိရပါ၊ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းက မှော်စက်ပစ္စည်းလုပ်ငန်းဆိုတာကိုလေ။"
ကမ်ဘီက ခေါင်းခါလျက်၊ "ကျုပ်နားမလည်ဘူး။ ကျုပ်တို့ရဲ့ အဓိကစီးပွားရေးက မှော်စက်ပစ္စည်းတွေဆိုပေမယ့်လည်း တခြားလုပ်ငန်းတွေဆီက ငွေဝင်တာက ပြဿနာမဟုတ်ဘူးမို့လား?"
"ခင်ဗျား ကျုပ်ကို စိတ်အလိုလိုက်တတ်တဲ့လူလိုဆက်ဆံလို့ရပါတယ်။ လိုရင်းပြောရရင်၊ ကျုပ်တို့လုပ်ငန်းက မှော်စက်ပစ္စည်းတွေကိုပဲ အာရုံစိုက်ပြီး ကျန်တဲ့အရာတွေကို စိတ်ထဲမထည့်ဖို့ မျှော်လင့်မိတယ်။ စည်သွပ်သီးစက်ရုံတောင် မင်းသမီးလေးနဲ့အတူ ဆွေးနွေးပြီး အချိန်ကျလာရင် ခိုရိုကျေးရွာက ရွာသူရွာသားတွေဆီလွှဲဖို့ စီစဉ်ထားတယ်။"
"ဒါက တကယ်ကို နှမျောစရာပဲ။" ကမ်ဘီက မျက်မှောင်ကုပ်လျက်၊ "အရင်တစ်ခေါက် အစည်းအဝေးမှာ ဆာဘက်စ်ပြောတာတော့ စည်သွပ်သီးစက်ရုံရဲ့ဖွံ့ဖြိုးမှုက အတော်လေးကောင်းပြီး အမြတ်စွန်းကလည်း တိုးလာဖို့ပဲရှိတယ်တဲ့။ ဒီလိုလက်လျှော့လိုက်ဖို့က... တကယ်ကို... အရမ်းဖြုန်းတီးရာကျနေတယ်ဗျာ..."
ရှုယီက ရယ်လျက်၊ "အဆင်ပြေပါတယ်၊ ကျုပ်က ရက်ရောတာပဲ၊ အသားကျနေသင့်ပြီ။"
"ဥက္ကဌ၊ ခင်ဗျားက ကျုပ်မြင်ဖူးသမျှထဲ အထူးဆန်းဆုံးလူပဲ။" ကမ်ဘီက ကူရာမဲ့စွာ ခေါင်းခါသည်၊ "ခေါင်းဆောင်က အရင်ရက်ကပဲ ကျုပ်နဲ့အတူ ဒါကိုဆွေးနွေးခဲ့သေးတယ်၊ သူက ကျုပ်တို့မျိုးနွယ်စုကို Frestech ကုန်သည်ကြီးများအသင်းနဲ့အတူ အလုပ်ရုံတစ်ခု ဖန်တီးဖို့ စီစဉ်နေတာလေ၊ ဒါပေမယ့် ကြည့်ရတာတော့ ခင်ဗျားက စိတ်မဝင်စားပုံပဲ။"
"အိုး? ခေါင်းဆောင် စီလူကာက ညတေးသံမျိုးနွယ်စု အလုပ်ရုံဖွင့်တာကို မြင်ခဲ့ပြီးမှ နောက်မှာ လဲကျဖို့ ဆန္ဒမရှိဘူးလား?" ရှုယီက ပြုံးလျက်မေးလာသည်။ ကမ်ဘီလည်းရယ်ကာ ရှုယီ၏ ခန့်မှန်းချက်ကို တိတ်တဆိတ်သဘောတူလိုက်၏။
"ပြောပါဦး၊ ခေါင်းဆောင် စီလူကာက ဘယ်လို အလုပ်ရုံမျိုးဖွင့်ချင်ရတာလဲ?" ရှုယီက ဆက်မေးသည်။
"အန်း၊ ခေါင်းဆောင်ပြောတာတော့ ဘန်တာမြို့က နှစ်တိုင်း သီးနှံတွေကြွယ်ဝနေပြီး မြေဩဇာကြောင့် ဂျုံတွေလည်း ပိုကောင်းကောင်းကြီးထွားလာကြတာကြောင့် ဘန်တာမြို့က ဂျုံ ပြတ်လပ်မှာမဟုတ်ဘူးတဲ့။ သူစီစဉ်ထားတာက... Frestech ကုန်သည်ကြီးများအသင်းနဲ့အတူ အရက်ချက်စက်ရုံဖွင့်ဖို့ပါ။"
"အရက်ချက်စက်ရုံ?" ရှုယီက မပြုံးဘဲမနေနိုင်တော့ချေ၊ "ဒါက တကယ်ကို ခင်ဗျားတို့လူပုလေးတွေရဲ့ပုံစံပဲ။ ဘာလဲ? ဆာချီအိမ်တော်က ဝိုင်က ခင်ဗျားတို့ကို စိတ်တိုင်းမကျစေတော့လို့ ကိုယ်ပိုင်အရက်ချက်စက်ရုံ ဖွင့်ဖို့လိုတာလား?"
"ဒါလည်း အကြောင်းပြချက်တွေထဲက တစ်ခုပဲ။" ကမ်ဘီက သူ၏ ခေါင်းခပ်ကြီးကြီးကို ကုတ်ကာ ရယ်လျက် ပြောလေသည်၊ "ဒါပေမယ့် အဓိကအကြောင်းရင်းက ခေါင်းဆောင်က ကျုပ်တို့လူပုလေးတွေဟာ အရက်ချက်ရာမှာ အင်မတန်ကျွန်းကျင်တယ်လို့ထင်တာကြောင့် ဒါကိုမသုံးရင် ဖြုန်းတီးမှုဖြစ်သွားလိမ့်မယ်။ အရင်က စားဖို့ ဆန်တွေတောင် မလောက်တာကြောင့် အရက်ချက်ဖို့ ကျုပ်တို့ဘာမှမရခဲ့ဘူး။ အခုတော့ ဘန်တာမြို့ရဲ့ ဆန်စပါးထွက်နှုန်းက တိုးလာပြီး ကျုပ်တို့လုပ်ငန်းစာရဲ့ စတက်တိန်းနယ်မြေက မြေကွက်ကလည်း ကောင်းကောင်းထုတ်လုပ်နေတော့ ဆန်စပါးအပိုတွေရှိလောက်တာကြောင့် အရက်ချက်ရာမှာ သုံးလို့ရနိုင်တယ်လေ။"
"အန်း၊ ဒီအကြံမဆိုးဘူး၊ ကျုပ်ဒါကို တကယ်ထောက်ပံ့မယ်။" ရှုယီက အနည်းငယ်စဉ်းစားပြီး ခေါင်းငြိမ့်ကာပြောလာသည်၊ "အဟုတ်ပဲ၊ အခု ဘန်တာမြို့ရဲ့ 'ကျီ'က ဂျုံပေါင်းတန်တစ်သိန်းကျော်သိုလှောင်ရခဲ့ပြီ။ မင်းသမီးလေးက အရင်က ဒီဂျုံတွေကို တစ်ခုလုပ်သင့်တဲ့ အကြောင်းဆွေးနွေးခဲ့တယ်။ ကျုပ်ထင်တာတော့ ကျုပ်သာသူမကို ရှင်းပြပြီး အရက်ချက်ဖို့ အပိုင်းသေးသေးလေးထုတ်ပေးလို့ရရင် ကျုပ်တို့ဘန်တာမြို့အတွက် ဒါက ဝင်ငွေတချို့ရစေလိမ့်မယ်။'
"ကောင်းတယ်!" ရှုယီ၏တုံ့ပြန်မှုကိုကြားသော် ကမ်ဘီက စိတ်လှုပ်တရှား လက်သီးလက်မောင်းတန်းကာ၊ "ခေါင်းဆောင်က ကျုပ်တို့ လူပုလေးတွေအနေနဲ့ ဂျုံများများစားစားမဝယ်နိုင်မှာကို ပူနေတာ။ အခု ဥက္ကဌက ကူညီတော့ အတော်လေး လွယ်သွားမှာပဲ။"
"ဒါက နှစ်ဘက်စလုံးအကျိုးရမယ့် ကိစ္စပဲ၊ ဒါကို ဖြစ်နိုင်အောင်လုပ်ရတာကို ကျုပ်အရမ်းဝမ်းသာမိတယ်။"ရှုယီက အပြုံးဖြင့်ပြောလာသည်၊ "ဒါပေမယ့် ကျုပ်က အလယ်အလတ်ပါပဲ။ အသေးစိတ်ကိုတော့ ညတေးသံမျိုးနွယ်စုဆီကနေ လေ့လာပြီး ကိုယ်ပိုင်ပြဿနာတွေကို ဖြေရှင်းသင့်တယ်၊ ကျုပ်က ဝင်ပါမှာမဟုတ်ဘူး။"
"ကောင်းပြီ၊ လူတွေက အဲဒီ့ခေါင်းမာတဲ့နတ်သူငယ်တွေထက် ပိုကောင်းတာကျုပ်နားလည်တယ်၊ ပြဿနာ သေချာပေါက်မရှိစေရဘူး!" ကမ်ဘီက သူ့ရင်ဘတ်ကိုသူပုတ်ကာ ယုံကြည်ချက်ရှိရှိပြော၏။
"ကျုပ်မျှော်လင့်တာတော့ ကျုပ်ခင်ဗျားကို မှော်စက်ပစ္စည်းအသစ်တွေအကြောင်းမေးတဲ့အခါ ပြဿနာမရှိကြောင်းပြောနိုင်ဖို့ပါပဲ။"
၎င်းကိုကြားသော် ယုံကြည်ချက်ရှိဟန်ပေါ်ခဲ့သော ကမ်ဘီမှာ တမုဟုတ်ချင်းပြိုလဲသွားရသည်။
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၈၈။ အလိုအလျောက်မှော်ထုတ်လုပ်ရေးစက်
"ဥက္ကဌ၊ မှော်စက်ပစ္စည်းအသစ်အတွက်... မှော်သုတေသနဌာနရော ကျုပ်တို့ မှော်စက်ပစ္စည်းဖွံ့ဖြိုးရေးဌာနရောမှာ အကြံတချို့ရှိပါတယ်... ဒါပေမယ့် တိကျတဲ့ သုတေသနအတွက် အဓိကကျတဲ့ပြဿနာကို ဖြတ်ကျော်လာပြီး ဖြေရှင်းဖို့ နည်းလမ်းရှိတဲ့ပုံမပေါ်ဘူး..."
ကမ်ဘီမျက်နှာထက်ရှိ နေရခက်နေဟန်ကို မြင်သော် ရှုယီက စဉ်းစားပင်မကြည့်ဘဲ ချက်ချင်းခန့်မှန်းမိသွား၏၊ "သတ္တုတွေမှာ ပြဿနာရှိလို့လား?"
ကမ်ဘီက မှင်သေသွားအလျင်အမြန်ပြောလာသည်၊ "ဟုတ်ပါတယ်၊ သတ္တုပြဿနာပါ။ ဥက္ကဌ၊ ဒီမှော်စက်အသစ်တွေအတွက် ခင်ဗျားရဲ့အဓိက တောင်းဆိုမှုက သူတို့ရဲ့စွမ်းအားတိုးဖို့လေ။ ခင်ဗျားရဲ့အကြံကို ကျုပ်နားလည်ပါတယ်၊ ခင်ဗျားက ပိုအားကောင်းတဲ့မှော်စက်တွေ ဖန်တီးဖို့ ပိုအားကောင်းတဲ့ မှော်ထုတ်လုပ်ရေးစက်တွေကို အားကိုးချင်နေတာပဲ။"
"ဟုတ်တယ်၊ မှော်ထုတ်လုပ်ရေးစက်တွေရဲ့ အသေးစိတ်ဖော်ပြချက်တွေက အရမ်းနည်းနေရင် မှော်စက်အကြီးတွေကို ထုတ်ချင်တဲ့အခါ အကန့်အသတ်ဖြစ်သွားတယ်။ ဒါကြောင့် ကျုပ်တို့အနေနဲ့ အရင်ဆုံး မှော်ထုတ်လုပ်ရေးစက်ရဲ့ပြဿနာကို အရင်ဖြေရှင်းရမယ်။" ရှုယီက ခေါင်းငြိမ့်ကာဆိုသည်။
ကမ်ဘီက ခါးသက်သက်ပြုံးလျက် ပြောလေ၏၊ "ဒါပေမယ့် မှော်ထုတ်လုပ်ရေးစက်တွေရဲ့စွမ်းအားကို တိုးမြှင့်ပြီးတဲ့အခါကျရင် သတ္တုလိုအပ်မှုက ပိုလို့တောင်များလာဦးမယ်။ ဥပမာ၊ ကျုပ်တို့ အလတ်စားရိုက်စက်အသစ်ကို ထုတ်လုပ်ချိန်တုန်းက စက်အသစ်အနေနဲ့ အခါတစ်သောင်းထပ်ခါလုပ်တာကို မခံနိုင်ဘဲ ကျိုးသွားပြီး မအောင်မြင်တော့ဘူးလေ။'
"အခါတစ်သောင်းထပ်ခါလုပ်တာ?" ရှုယီက မျက်မှောင်ကုပ်လျက်၊ "ဒါက အရမ်းမနည်းနေဘူးလား? ဒါကိုဖြေရှင်းဖို့ တခြားနည်းရော စဉ်းစားမိလား?"
"စဉ်းစားခဲ့ပါတယ်၊ ဥပမာ ရိုက်စက်ရဲ့ တုန်ခါမှုတွေနဲ့ ဖိအားကို ခံနိုင်ဖို့ အပြင်ဘက်အလွှာကို ဖုံးထားပေမယ့် ထိရောက်မှုက မသေချာဘူး။" ကမ်ဘီက သက်ပြင်းချကာပြောသည်၊ "နောက်ဆုံးတော့ သင့်တော်တဲ့လုပ်ဆောင်ချက်ကိုရဖို့ ရိုက်စက်က ဖိအားထုတ်ဖို့လိုပြီး ရှောင်လို့မရဘူး။ ဒါကြောင့် ကျုပ်ရဲ့ နောက်ဆုံးစိစစ်မှုက ကျုပ်တို့အနေနဲ့ ဒီပြဿနာကိုဖြေရှင်းဖို့ဆို မှော်ထုတ်လုပ်ရေးစက်တွေရဲ့ သတ္တုတွေကိုပြောင်းလဲဖို့လိုတယ်။"
ရှုယီလည်း ခါးသက်စွာရယ်လျက်၊ "တခြားနည်းလမ်းမရှိဘူး၊ ကျုပ်လည်း ဒီပြဿနာကိုမဖြေရှင်းနိုင်ဘူးလေ။ သတ္တုသုတေသနက အလျင်လိုလို့ရတဲ့အရာမဟုတ်တော့ ဖြတ်လမ်းလည်းမရှိဘူး။"
ကမ်ဘီနှင့် သတ္တုများ၏ကိစ္စကို ဆွေးနွေးသည့်အချိန်တိုင်း ရှုယီမှာ ကမ္ဘာမြေပေါ်၌ရှိစဉ်က သတ္တုများအကြောင်းမလေ့လာမိခဲ့သည်ကို နောင်တရမိသည်။ သူ့ထံ၌ Frestech ကုန်သည်ကြီးများအသင်းအတွက် ထိုစိတ်ကူးကို ပုံဖော်ရန် ကမ္ဘာမြေထံမှ အတွေ့အကြုံမရှိပါချေ။
သို့သော် သတ္တုသုတေသနမှာ ကျယ်ပြန့်ရာ ရှုယီ၌ ယခင်က ထိုသို့သော အတွေးရှိခဲ့ပါလျှင်တောင် အချိန်ရမည်မဟုတ်ပေ။
သူဟာ သုံးနှစ်အတွင်း လက်ရှိ Frestech ကုန်သည်ကြီးများအသင်းကို ဖန်တီးရန် သူ၏စက်မှာအင်ဂျင်နီယာအသိပညာများကို သုံးခဲ့၏၊ ထို့ကြောင့် ၎င်းကို မှားယွင်းသည်ဟု မယူဆနိုင်ချေ။
အဆုံးတွင် စက်မှုစနစ်မှာ အင်မတန်ရှုပ်ထွေးလှကာ သူတစ်ဦးတည်း တာဝန်ယူနိုင်သည့်အရာမဟုတ်ချေ။
"အခု ကျုပ်တို့မှာ သတ္တုပျော့အမျိုးစားအစုံရှိတာက ကိစ္စကောင်းပဲ၊ ပိုပြီး သုတေသနလုပ်နိုင်ရုံပေါ့။ ကျုပ်က အမြဲတမ်း သတ္တုထုတ်လုပ်ရေးမှာ ဖွံ့ဖြိုးမှုအသစ်တွေလိုချင်နေတာ၊ မှော်ထုတ်လုပ်ရေးစက်တွေရဲ့ အားကောင်းတဲ့ဖိအားကို ခံနိုင်မယ့် အကောင်းဆုံးသတ္တုစပ်ကိုရှာဖို့ပေါ့။" ရှုယီက ကမ်ဘီကို ဖျောင်းဖြလိုက်၏၊ "ဒါပေမယ့် လတ်တလောတော့ ဒီအကန့်အသတ်နဲ့ပဲ ခင်ဗျားတို့ရဲ့သုတေသနကို လုပ်လိုက်ပါ။"
"ကျုပ်တို့ ဒါပဲ လုပ်လို့ရမှာ။" ကမ်ဘီက ခေါင်းငြိမ့်ကာ ထပ်မံ စိတ်လှုပ်ရှားလာပြီး၊ "ဥက္ကဌ၊ မှော်ထုတ်လုပ်ရေးစပ်အသစ်ထုတ်လုပ်ရေးအတွက် သတင်းဆိုးပဲရှိတာမဟုတ်ပါဘူး။"
"အိုး? ဒါဆို ဖွံ့ဖြိုးမှုတွေရှိသေးတာပေါ့။ ပြောပါဦး၊ ဘယ်လို ပုံစံမျိုးလဲ? အရင်တစ်ခေါက်က မြန်နှုန်းမြင့်ဓားသွားပြဿနာလား ဒါမှမဟုတ် အရင်တစ်ခေါက် ဘော်ဒီယူပြောခဲ့တဲ့ ရိုက်စက်ရဲ့ တိကျမှုများလား?"
"ဒါတွေအားလုံး ပြဿနာအသေးစားလေးတွေပါ၊ ကျုပ်က ဘယ်လိုလုပ် အစီရင်ခံမှာလဲ?" ကမ်ဘီက ခေါင်းခါကာ ဂုဏ်ယူဟန်ဖြင့်ပြောလာသည်၊ "တကယ်တော့၊ ဒါက ခင်ဗျား အကြိမ်ပေါင်းများစွာ ပြောခဲ့တဲ့ အလိုအလျှောက်ထိန်းချုပ်မှုပြဿနာပါ။"
ရှုယီက မှင်သေသွားပြီးမှ အံ့ဩစွာဖြင့်၊ "မဖြစ်နိုင်တာ? ခင်ဗျားတို့ အလိုအလျောက်ထုတ်လုပ်ရေးမှော်စက်ကို ထုတ်လုပ်ခဲ့ပြီလား? ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!"
"အင်း အင်း ကျုပ်နဲ့လိုက်လာပြီး ကြည့်လိုက်ပါ။"
ရှုယီက မှော်စက်ပစ္စည်းထုတ်လုပ်ရေးဌာနသို့ မယုံကြည်နိုင်ဟန်ဖြင့် ကမ်ဘီနောက်မှ လိုက်သွားသည်။ ထို့နောက် အခန်းအလယ်တွင် ထုတ်လုပ်ရေးမှော်စက်အသစ်ကိုတွေ့လိုက်ရပြီး ဘော်ဒီယူက ထိုအထဲသို့ စတုရန်းတစ်မီတာရှိသည့်သံပြားကိုထည့်ရန် ပြင်နေသည်။
"နေဦး၊ ဘော်ဒီယူ, ဥက္ကဌကို ကြည့်ခိုင်းလိုက်ဦး။" ကမ်ဘီက ဘော်ဒီယူကို အသံကျယ်ကျယ်ဖြင့်ပြောလိုက်သည်။
ဘော်ဒီယူ မော့ကြည့်သော် ရှုယီကို မြင်ပြီး ရပ်တန့်သွားသည်။ ရှုယီနှင့် ကမ်ဘီတို့ ထုတ်လုပ်ရေးမှော်စက်ဆီရောက်လာချိန်တွင် သူက ထိုသံပြားအား မှော်ထုတ်လုပ်ရေးစက်ပေါ်ရှိ အပေါက်ကျဉ်းလေးထဲ ဖြည်းညင်းစွာထည့်လေ၏။
သံပြားထည့်လိုက်ပြီးသည်နှင့် ဘော်ဒီယူက ထိုထုတ်လုပ်ရေးမှော်စက်ထက်ရှိ ခလုတ်တစ်ခုကိုနှိပ်ကာ ခြေလှမ်းနောက်ဆုတ်၍ သူဟာ မည်သည်ကိုမှလုပ်နေခြင်းမဟုတ်ကြောင်း ရှင်းရှင်းလင်းလင်းပြလိုက်သည်။
ရှုယီမှာ ထုတ်လုပ်ရေးမှော်စက်က အလိုအလျောက်စတင်လာကာ သံပြားကိုလှည့်လျက် ထောင့်များကို ဖြတ်ကာ တစ်ဝက်ကို စက်ဝိုင်းများဖြစ်သွားစေသည်ကို တွေ့လိုက်ရ၏။
ပြီးသွားသည့်နောက် ထုတ်လုပ်ရေးမှော်စက်က သံပြားကို လှည့်ကာ နောက်ထပ်ထောင့်များကို ဖြတ်လေသည်။
ထိုသို့ ထပ်ခါထပ်ခါပြုလုပ်ကာ ထောင့်လေးထောင့်လုံးကို ဖြတ်ပြီးနောက် သံပြားကာ အောက်ကျလာ၏။ သံပြား၏ နှစ်ဘက်စလုံးအား ညှပ်များဖြင့်ညှပ်ထားကာအပေါ်သို့ကွေးပြီးနောက် ဘော်ဒီယူဆီ ရောက်သွားသည်။
ရှုယီက ၎င်းသံပြားက လုံးဝပြောင်းလဲသွားသည်ကို တအံ့တဩ ကြည့်ရှုပြီးနောက် ထုတ်လုပ်ရေးမှော်စက်ကို စိတ်လှုပ်တရှားဖြင့် ကြည့်လိုက်၏။
အဟုတ်ပဲ၊ ဒီအလိုအလျောက်လုပ်သွားတာက အရမ်းကိုရိုးရှင်းပြီး အလုပ်ကလည်း အတော်ရိုးရှင်းပေမယ့် ဒါတွေအားလုံးပြီးတဲ့အထိ ဘယ်သူကမှ ဒီထုတ်လုပ်ရေးမှော်စက်ကို မထိန်းချုပ်သွားဘူး!
ထိုသည်က သုတေသနတချို့ထပ်လုပ်လျှင် စိုင်စ်နယ်မြေ၌ ကမ္ဘာမြေထံမှ အလိုအလျောက်စက်များကို ဖန်တီးနိုင်ပြီဖြစ်သည်ဟု ဆိုလို၏!
ရှုယီက အသက်ရှူကာ စိတ်လှုပ်ရှားမှုကို တည်ငြိမ်စေလိုက်ပြီး ဘော်ဒီယူကို စက်ထဲသို့ အခြားသံပြားတစ်ခုအားထည့်ခိုင်းလိုက်သည်။
ဘော်ဒီယူက သဘောတူလိုက်ပြီး ရှုယီက သံပြားမှာ မထွက်လာခင်၌ တူညီသည့်ဖြစ်စဉ်ဖြင့်သာ သွားသည်ကို တွေ့ရသည်။
ရှုယီလည်း သံပြားနှစ်ပြားကို အတူယှဉ်ကြည့်သော် ၎င်းတို့မှာ လုံးဝတူညီနေခြင်းကြောင့် အံ့အားသင့်သွားရ၏!
သူဟာ ကမ်ဘီကိုပင် Vernier Scale ယူဆောင်လာခိုင်းလိုက်ပြီး ဒီဂရီအမှားအယွင်း(error)မှာ 0.1 မီလီမီတာထက်နည်းကြောင်း တွေ့ရှိခဲ့ရ၏!
ထိုသည်က ကမ္ဘာမြေရှိ တိကျသောစက်များနှင့် ယှဉ်နိုင်ရန် အတော်လိုနေသေးသော်လည်း စိုင်စ်နယ်မြေရှိ စက်မှုနယ်ပယ်အဆင့်အတွက် အင်မတန်ထိတ်လန့်ဖွယ်ပင်။
ရှုယီမှာ ၎င်းအား ဘော်ဒီယူကိုအကြိမ်များစွာ ထပ်ခါလုပ်ခိုင်းပြီး ရလာသည့် အပြားများကို နှိုင်းယှဉ်ကြည့်ပြီးနောက်တွင် ဘေးသားအမှား(error)မှာ 0.2မီလီမီတာထက်မကျော်ကြောင်းတွေ့လိုက်ရသည်။
"ကောင်းတယ်!" ရှုယီက မနေနိုင်ဘဲ ထအော်ပြီး ကမ်ဘီနှင့် ဘော်ဒီယူတို့၏ ပခုံးများကိုရိုက်ကာ စိတ်လှုပ်ရှားစွာပြောလေ၏၊ "ခင်ဗျားတို့ ကောင်းကောင်းလုပ်ခဲ့တယ်! ဒီပစ္စည်းနဲ့ဆိုရင် ကျုပ်တို့လုပ်ငန်းစုရဲ့ ထုတ်လုပ်ရေးထိရောက်မှုက အတော်လေးတိုးလာမှာဆိုတော့ အထွက်နှုန်းကို ပူစရာမလိုတော့ဘူး! ဟား၊ ဟား ကောင်းတယ်! ကျုပ် ခင်ဗျားတို့ကို ဆုပေးရမယ်! ကျုပ် ဆုံးဖြတ်ပြီးပြီ၊ ခင်ဗျားတို့ကို ပေးမှာက..."
"နေပါဦး!" ကမ်ဘီက ရုတ်တရတ် ရှုယီ၏ စိတ်လှုပ်ရှားမှုကို ဖြတ်တောက်ကာ၊ "ဥက္ကဌ၊ ဒီအလိုအလျောက်ထုတ်လုပ်ရေးစက်ကို ထုတ်လုပ်ခဲ့တာက ကျုပ်တို့မဟုတ်ဘူး၊ စန်ချယ်လီပဲ။ ခင်ဗျား ဆုပေးချင်ရင် သူ့ကို အရင်ပေးသင့်တယ်။"
"စန်ချယ်လီ?" ရှုယီက အံ့ဩသွားကာ ထိုအမည်နှင့် လိုက်ဖက်သည့်လူကို တူးဆွလိုက်သည်၊ "ဆိုတော့ အဲဒါသူပေါ့၊ အံ့ဩစရာမလိုတော့ပါဘူး..."
မြို့လမ်းဆုံသစ်ရှိ မှော်ရေတံခွန်၌သုံးသော သုတေသနပြီးကတည်းက စန်ချယ်လီမှာ ၂နှစ်နီးနီး မည်သည့်သုတေသနအသစ်ကိုမှ မလုပ်ခဲ့ချေ၊ ထို့ကြောင့် ရှုယီမှာ ထိုလူအကြောင်းကိုပင် မေ့နေပြီဖြစ်သည်။
ထိုအလိုအလျောက်ထုတ်လုပ်ရေးစက်အား ပြုလုပ်ခဲ့သူမှာ စန်ချယ်လီဟု မတွေးဖူးခဲ့သောကြောင့် ၎င်းက ရှုယီကို စိတ်လှုပ်ရှားစေကာ အချိန်ကြာ ရှိခဲ့သည့် ထုတ်လုပ်ရေးပြဿနာကို ဖြေရှင်းပေးလိုက်သည်။
ရှုယီက အတန်ငယ်အံ့ဩနေကာ ကမ်ဘီကို မေးလေ၏၊ "ခင်ဗျားတို့ပြောတာက ဒီထုတ်လုပ်ရေးမှော်စက်ကို တီထွင်ခဲ့သူထဲမှာ စန်ချယ်လီလည်း ပါတယ်ပေါ့။"
"သူပါတယ်လို့ ပြောတာက မမှန်ဘူး။ အတိအကျဆိုရင် အလိုအလျောက်ထုတ်လုပ်ရေးစက်အကြံက သူ့ဆီက အရင်လာတာလေ။" ကမ်ဘီကဖြေသည်၊ "ကျုပ်တို့အနေနဲ့ မှော်ပညာနဲ့အတူ အလိုအလျောက်လှုပ်ရှားမှုကို ထုတ်ဖော်နိုင်တဲ့အကြောင်း သူသာမပြောခဲ့ရင် ဘယ်တုန်းကမှ ဒါကိုစဉ်းစားမိမှာမဟုတ်ဘူး။ ပြီးတော့၊ ဒီထဲက အရေးပါဆုံးမှော်အစီအရင်ကို သူဖန်တီးထားတာကြောင့် သူ့ကို အကြီးဆုံး ထောက်ပံ့သူလို့ ပြောလို့ရတယ်။"
"အန်း၊ ကျုပ်တို့က ဒါနဲ့လိုက်ဖက်မယ့် ထုတ်လုပ်ရေးမှော်စက်တည်ဆောက်ပုံကိုပဲလိုက်ပြောင်းထားပြီး သိပ်မများဘူးလေ။ မှော်အစီအရင်ပြဿနာကို ဖြေရှင်းပေးတဲ့ သူနဲ့ ယှဉ်နိုင်ဖို့က အဝေးကြီးပါ။ မှော်သုတေသနဌာနကလည်း အကြံတူပြီး စန်ချယ်လီက အကြီးဆုံးထောက်ပံ့သူလို့ထင်ကြတယ်။" ဘော်ဒီယူကလည်း ပြော၏။
ရှုယီလည်း အတန်ငယ်စဉ်းစားပြီးမှ ရုတ်တရတ် နှာမှုတ်လိုက်၏၊ "ဒီလို အရေးကြီးတဲ့သုတေသနကို၊ ဘာလို့ တစ်ယောက်မှ ကျုပ်ဆီ လာမပြောတာလဲ? ခင်ဗျားတို့ ဒီအလိုအလျောက်ထုတ်လုပ်ရေးမှော်စက်ကို ထုတ်လုပ်ပြီးမှ ကျုပ်ဒီအကြောင်းသိရတာလား? ခင်ဗျားတို့မျက်လုံးထဲမှာ ကျုပ်ကို ဥက္ကဌလို့ရော မြင်ရဲ့လား?"
ရှုယီ၏ မှုန်မှိုင်းနေဟန်ကို ကြည့်ရင်း ကမ်ဘီနှင့် ဘော်ဒီယူတို့မှာ ကြောက်လန့်သွားသည်။ ကမ်ဘီက အလျင်အမြန်ပင် လက်ကိုဝေ့ယမ်းလျက် ရှင်းပြ၏၊ "ဥက္ကဌ၊ အထင်မလွဲပါနဲ့၊ ကျုပ်တို့က ခင်ဗျားကို ဖုံးကွယ်ထားတာမဟုတ်ပါဘူး။ စန်ချယ်လီက ခင်ဗျားကို မပြောဖို့ အထူးတောင်းဆိုထားလို့ပါ။"
"ဟုတ်တယ်၊ စန်ချယ်လီပြောတာတော့ သူ ဒီလုပ်ငန်းစုမှာ နှစ်ပေါင်းများစွာ နေလာပြီး ဘာကိုမှလည်း မလုပ်ခဲ့ရဘူးတဲ့၊ ဒါကြောင့် သူက ခင်ဗျားအပေါ် အမှားလုပ်ထားသလိုခံစားနေရတာ။ ဒီအလိုအလျောက် ထုတ်လုပ်ရေးမှော်စက်ကိုသာ ထုတ်လုပ်နိုင်ခဲ့ရင် ဒါကို သူ့ရဲ့ ပေးချေမှုလို့ ယူဆနိုင်တယ်တဲ့။ ဒါသာကျရှုံးရင် ခင်ဗျားကို တွေ့ဖို့ အရှက်ရမှာမို့လို့ ခင်ဗျားကို သိခွင့်မပြုခဲ့တာပါ။" ဘော်ဒီယူကလည်း တစ်ချိန်တည်း ရှင်းပြလာ၏။
"ဟမ့်၊ ဒါဆို သူက အခုမှပဲ ကျုပ်ကိုကြည့်ရဲမှာလား?" ရှုယီ၏ အမူအရာက မကျေမနပ်ဖြစ်နေဆဲပင်၊ "သူက ကျုပ်ကို အရင်မပြောခဲ့ကတည်းက ကျုပ်လည်းသူ့ကို ရှာမှာမဟုတ်ဘူး။ သူ့ကိုပြောပေးပါဦး အလိုအလျောက် ထုတ်လုပ်ရေးမှော်စက်ကို ထုတ်ပြီးတဲ့အချိန်ကျရင် ဒီမှာပါတဲ့ လူအားလုံးကို ကျုပ်ဆုပေးမယ်လို့။ အဲ့အချိန်သူ မပေါ်လာရင် ကျုပ်အရှေ့မှာ ဘယ်တော့မှ ထပ်ပေါ်မလာနဲ့တော့လို့!”
ထိုသို့ပြောပြီးနောက် ရှုယီမှာ မှော်စက်ပစ္စည်းထုတ်လုပ်ရေးဌာနမှ လှည့်ထွက်သွားတော့သည်။
သို့သော် မီတာတစ်ရာလောက်ရောက်လာပြီးနောက်တွင် ရှုယီ၏ မျက်နှာထားမှာ ကူရာမဲ့စွာ တွန့်လိမ်သွားပြီး အားရပါးရရယ်မောလိုက်တော့၏။
လုပ်ငန်းစုက ငွေမည်မျှရှာနိုင်သည်နှင့် ယှဉ်ရလျှင် နည်းပညာများတိုးတက်လာသည်ကို မြင်တွေ့ရသည်အား ပိုမို ဝမ်းသာသည်။
နည်းပညာအားလုံး၏ အရေးကြီးဆုံးအရာမှာ ထုတ်လုပ်ရေးမှော်စက်ဖြစ်ကာ စက်မှုစနစ်အတွက် အလိုအပ်ဆုံးအရာပါပင်။
ယင်းမတိုင်ခင်က အလိုအလျောက်ထုတ်လုပ်ရေးမှော်စက်များ၏အကြံမှာ အမြဲတစေ သူ၏ စိတ်ထဲမှ အတွေးသာဖြစ်ခဲ့သည်၊ အကြောင်းမှာ မှော်အစီအရင်များချမှတ်ရသည်က မည်မျှခက်ခဲသည်ကိုသိခြင်းကြောင့် စန်ချယ်လီကို အမြဲစိတ်ရှည်ခဲ့သည်သာ။
ယခုတွင် စန်ချယ်လီက မှော်သုတေသနဌာနနှင့် မှော်စက်ထုတ်လုပ်ရေးဌာနတို့နှင့်အတူ အလိုအလျောက်ထုတ်လုပ်ရေးမှော်စက်ကို တိတ်တဆိတ်ထုတ်လုပ်နေခဲ့၏!
၎င်းက ယခုတွင် ကမ္ဘာမြေပေါ်မှ အလိုအလျောက်စက်များနှင့်ယှဉ်၍ မည်မျှ ရိုးရှင်းနေပါစေ ၎င်းမှာ Frestech ကုန်သည်ကြီးများအသင်းက ထိုသုတေသန၌ ပထမဆုံးခြေလှမ်း,လှမ်းလိုက်ပြီဟု ဆိုလိုပေသည်။
၎င်းတို့သာ ထိုသို့ ဆက်လက်ထုတ်လုပ်နေပါလျှင် တဖြည်းဖြည်းချင်း ကမ္ဘာမြေက စံချိန်ကို မီလာမည်ဖြစ်၏။
ထိုသို့သော သတင်းထူးကိုရလိုက်သည်အတွက် ရှုယီမှာ မည်သို့များ အပျော်ဖြင့်မပြည့်ဘဲနေမည်နည်း?
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၈၉။ မြို့တော်ထံမှသည်
အဘိုးကြီး အော်ဒရင်ထွက်လာပြီး ကောက်ရိတ်သိမ်းပွဲပြီးကတည်းက ချက်ချင်း ပေါများလာသော ပြုန်းတီးမြေကိုကြည့်လိုက်သည်။ အနည်းငယ်တုံ့ဆိုင်းနေပြီးနောက် သူဟာ တံခါး၌ထိုင်ကာ လက်လုပ်ဆေးတံကိုထုတ်လျက် အနည်းငယ်ရှိုက်ကာ မျက်မှောင်တင်းတင်းကုပ်ထား၏။
"အဘိုးကြီး၊ ရှင်ဘာလို့ လယ်ထဲမသွားဘဲ ဒီမှာထိုင်နေရတာလဲ?" အဒေါ်ဗီရာက လမ်းလျှောက်ရန် အပြင်ထွက်တော့မည်အပြု အဘိုးကြီး အော်ဒရင်က တံခါးနားထိုင်နေသည်ကိုမြင်လိုက်၍ ချက်ချင်းသိချင်သွားသည်။
"ငါ တစ်ခုခုကိုစဉ်းစားနေတာ။" အဘိုးကြီး အော်ဒရင်က မြေပြင်ကို သူ၏ ဆေးတံနှင့်တို့၍ ဗီရာကို ထိုင်ရန် ညွှန်ပြလိုက်သည်၊ "ဘယ်လိုထင်လဲ... ငါတို့ရဲ့မြေကို ဂရုစိုက်သင့်လား?"
"ဘာကို ဘယ်လိုဂရုစိုက်ရမှာလဲ? ဒါပေါ့ စိုက်ပျိုးရမှာပဲလေ။ ဒါကိုစိုက်မယ့်အစား မြေရိုင်းအတိုင်းထားမလို့လား?" ဗီရာက အဘိုးကြီး အော်ဒရင်ကို ထူးဆန်းစွာကြည့်လိုက်သည်။
သို့သော် မနေ့ကနှင့်ယှဉ်လျှင် ထိုအဘိုးကြီးအော်ဒရင်ထံ၌ ဆံပင်ဖြူပိုများနေသည်ကို သတိထားမိသွားကာ သူ၏မျက်နှာထက်မှ အရေးအကြောင်းများကိုမြင်သော် စိတ်က ပျော့ပျောင်းသွား၏။
"အင်း၊ ရှင် ထပ်မစိုက်ချင်တော့ရင်လည်းရပါတယ်။ ကျွန်မတို့သားနှစ်ယောက်နဲ့ သမီးတို့အားလုံး မြို့မှာ အလုပ်ရှာတွေ့ပြီးတော့ လစာတွေကလည်း မနည်းဘူးလေ၊ ဒါကြောင့် ကျွန်မတို့ကို နည်းနည်းလောက်ဂရုစိုက်ခိုင်းရုံပေါ့။ သူတို့ကို အချိန်ကြာပျိူးထောင်ခဲ့ရတော့ နည်းနည်းလောက် သားသမီးတာဝန်ကျေသင့်ပါတယ်။"
"အဓိပ္ပာယ်မရှိတာ!" အဘိုးကြီးအော်ဒရင်က ဗီရာကို ငေါက်လိုက်ကာ၊ "ဒီကလေးတွေမှာ အလုပ်ကောင်းကောင်း လစာကောင်းကောင်းရှိပေမယ့်လည်း သူတို့ရဲ့ ကိုယ်ပိုင်မိသားစုနဲ့ အသုံးစားရိတ်ရှိသေးတယ်လေ။ မင်းမှတ်မိရဲ့လား? အရင်တစ်ခေါက် ငါတို့ရဲ့ သားအကြီးဆုံးပြန်လာတော့ သူရဲ့ကလေးကို Frestechကျောင်းတော်ပို့ဖို့စီစဉ်ထားတယ်တဲ့၊ ဒါကြောင့် သူတို့ အသုံးစားရိတ်ကမနည်းဘူးလေ။ ငါတို့လို လူကြီးတွေမှာ လက်တွေရှိသေးတာကို ဘာလို့ ကလေးတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေရမှာလဲ။"
ဗီရာက အဘိုးအိုအော်ဒရင်ကို နှစ်သိမ့်ပေးခြင်းကြောင့် အငေါက်ခံလိုက်ရကာ မပျော်မရွှင်ဖြစ်သွားသဖြင့် သူ့ကိုကြည့်ကာ၊ "ဒါဆို ရှင်က ဘာလုပ်ချင်တာလဲ?"
"ငါ ဘာမှမလုပ်ချင်ပါဘူး၊ နည်းနည်းတုံ့ဆိုင်းနေရုံပါ။ မင်းဘယ်လိုထင်လဲ... ငါတို့မြေပေါ်မှာ ဂျုံစိုက်ရမလား ဒါမှမဟုတ် တခြားတစ်မျိုးမျိုး စိုက်ရမလား?"
"တစ်ခုခု? ဘာများလဲ?" ဗီရာက အံ့အားသင့်စွာမေးလာသည်။
"ကန်တိုနာကုန်သည်ကြီးများအသင်းက အရင်ရက်ကပဲ ငါတို့ရွာကိုလာခဲ့တယ်မဟုတ်လား၊ သစ်သီးအပင်တွေစိုက်ဖို့အတွက် ငါတို့ရဲ့မြေကွက်တွေကို ငှားချင်တဲ့အကြောင်းလဲ ပြောသွားသေးတယ်လေ? ငါစဉ်းစားနေတာက သူတို့ကို ငှားလိုက်ရမလား ကိုယ့်ဘာသာပဲစိုက်ရမလားလို့ပါ။ ငါတို့တွေ နှစ်ပေါင်းများစွာ သစ်သီးအပင်တွေစိုက်ခဲ့ရတော့ အတွေ့အကြုံရှိတာပဲ။ ငါတို့ဘာသာစိုက်ရင်တော့ ကန်တိုနာကုန်သည်ကြီးများအသင်းဆီ ငှားလိုက်တာထက် ငွေပိုရမှာ သေချာသလောက်ပဲ။"
ဗီရာက မျက်လုံးများလှိမ့်လျက်၊ "ရှင် ဒီမြေကွက်နဲ့ တကယ်ငွေဝင်ချင်ရင် Frestech ကုန်သည်ကြီးများအသင်းဆီ ငှားလိုက်တာက ပိုကောင်းတယ်။ ကျွန်မတို့မိသားစုဆီမှာ ဆယ်မူကျော်တဲ့ မြေကွက်ရှိပြီး အနည်းဆုံး တစ်နှစ်ကို ရွှေဒင်္ဂါးသုံးဆယ်ပဲရမှာ။ အလုပ်မရှိတဲ့အစား လုပ်ငန်းစုတစ်ခုခုစီမှာ အလုပ်ရှာလို့ရရင် အဲ့နည်းနဲ့ ငွေဝင်တာပိုနည်းမတဲ့လား?" ဗီရာက မနေနိုင်ဘဲ သက်ပြင်းချလိုက်သည်။
နှစ်သုံးဆယ်ကြာပေါင်းသင်းလာပြီးနောက် သူမ၏ အော်ဒရင်ကို နားလည်မှုအရ သူဟာ တစ်ခါတရံ တုံ့ဆိုင်းနေဟန်ရှိသော်လည်း ဆုံးဖြတ်ချက်ချပြီးသားဖြစ်သည်။
"ဟုတ်ပြီ၊ ရှင်က ဒီလိုလုပ်ချင်နေမှတော့ လုပ်သာလုပ်ပါ။ ဘာပဲဖြစ်ဖြစ် ငွေနည်းနည်းပိုဝင်တာက အဆင်ပြေပြီး အဲ့လောက်လည်း ဆုံးရှုံးသွားမှာမှမဟုတ်တာ၊ ဒီတော့ ကိစ္စမရှိပါဘူး။" ဗီရာက ပုံမှန်အတိုင်း အော်ဒရင်ကို ထောက်ခံကြောင်းပြလိုက်၏။
"အင်း အင်း၊ မင်းက ဒီလိုပြောနေမှတော့ ဆုံးဖြတ်လိုက်ပြီ။"
ဗီရာ၏ လက်ခံမှုကို ရရှိသော် အော်ဒရင်က ဆုံးဖြတ်ချက်ချကာ ချက်ချင်း စဉ်းစားကြည့်လိုက်၏။ ထို့နောက် မြေပြင်ကို ဆေးတံနှင့် ခေါက်ကာ ထရပ်လေသည်။
"ငါ အခု မြို့ကိုသွားပြီး သစ်သီးအပင်ပေါက်တွေကို ဘယ်လိုရောင်းလဲ မေးလိုက်မယ်။ ချောချောမွေ့မွေ့ဖြစ်သွားရင်တော့ မနက်ဖြန် စစိုက်လိုက်တော့မယ်!"
အော်ဒရင်က အလျင်လိုနေသည်ကို မြင်သော် ဗီရာက စိုးရိမ်စွာပြောသည်၊ "အခုဘယ်အချိန်ရှိနေပြီလဲ မတွေ့ဘူးလား? မြို့ကို သွားဦးမလို့လား?"
"မင်းဘာတွေစိုးရိမ်နေတာလဲ? ငါတို့ရွာကို အခု လမ်းမနဲ့ဆက်သွယ်ပေးထားပြီး ဖာဆန်ရထားလုံးလုပ်ငန်းစုရဲ့ လူထုပို့ဆောင်ရေးရှိတယ်လေ။ လူထုပို့ဆောင်ရေးယာဉ်ကို စီးသွားလိုက်ရင် နှစ်နာရီတောင်မကြာဘဲ ပြန်ရောက်လာမှာပါ၊ မြန်ပါတယ်။"
အော်ဒရင်က ထိုသို့သော ပြင်းပြသည့် စိတ်ဓာတ်မျိုးရှိ၏။ စကားလုံးအချို့ဆိုပြီးနောက်တွင် ရွာမှ ထွက်သွားတော့သည်။
၎င်းတို့၏ ဘန်တာမြို့မှ ကီလိုမီတာ၇၀ကျော်ဝေးကွာသည့် ပရာနာကျေးရွာအား ယခင်လကမှ လမ်းမနှင့် ဆက်သွယ်ပေးထားသော်လည်း ဖာဆန်ရထားလုံးလုပ်ငန်းစုက ဤနေရာ၌ ပို့ဆောင်ရေးလမ်းကြောင်းဖွင့်ထားဆဲပင်။ သို့သော် အနီးအနားကျေးရွာများ၏ လိုအပ်ချက်ကို စိတ်တိုင်းကျစေရန် မှတ်တိုင်က ရွာအပြင်၌ရှိရာ အနည်းငယ် လမ်းလျှောက်ဖို့ရန်တော့ လိုပါ၏။
သူ ရွာအဝင်သို့မရောက်ခင်တွင် ထိုအဝင်ဝမှ အသံများထွက်လာမည်ဟု မည်သူက ထင်ထားမည်နည်း။ အော်ဒရင်ကြည့်လိုက်သော် အလတ်ဆိုဒ်မှော်ခရီးသည်တင်ကားတစ်စီးက ရွာရှေ့ရှိ မပြီးစီးသေးသောလမ်းကိုဖြတ်မောင်းသွားသည်ကို တွေ့လိုက်ရသည်။
အော်ဒရင်လည်း မှင်သေသွားသည်။ ဖာဆန်ရထားလုံးလုပ်ငန်းစုက မှတ်တိုင်ကို ရုတ်တရတ်ကြီး ရွာထဲရွှေ့လိုက်တာလား? ဘာလို့ လူထုပို့ဆောင်ရေးယာဉ်က ရုတ်တရတ် ရွာထဲကို လာရတာလဲ!
အနီးကပ်ကြည့်လိုက်သော် ထိုမှော်ကား၌ ဖာဆန်ရထားလုံးလုပ်ငန်းစု အမှတ်အသားမရှိသည်ကို မြင်လိုက်ရ၏။ ထိုအစား ၎င်းအပေါ်၌ "ငှားရန်"ဆိုသည့် သင်္ကေတကိုသာ တွေ့ရသည်။
အော်ဒရင်လည်း အနည်းငယ်အံ့ဩပြီးမှ တုံ့ပြန်လိုက်သည်။ ထိုသည်က လွန်ခဲ့သည့် နှစ်လကမှ ဘန်တာမြို့တွင် ရေပန်းစားနေခဲ့သော အလတ်ဆိုဒ်မှော်ခရီးသည်တင်အငှားကားဖြစ်ရမည်၊ မြို့မှ လူများက ၎င်းကို အငှားကားဟု ခေါ်ကြ၏။
သို့သော် ၎င်းကိုငှားရမ်းသည်က လူထုပို့ဆောင်ရေးယာဉ်ကို သုံးရသည်ထက် ပိုဈေးများသောကြောင့် မြို့ရှိ လူချမ်းသာများသာ ၎င်းကို စီးနိုင်ကြသည်ပင်။
ထို့အပြင် ထိုမျှ ဝေးလံသည့် ပရာနာကျေးရွာသို့ ၎င်းအငှားယာဉ်လာမည်က အတော်လေး ကုန်ကျလောက်သည်။
ထိုသို့စဉ်းစားမိကာ အော်ဒရင်လည်း ဘေးသို့ အမြန်တိုးလိုက်သည်။
ထိုမျိုးရိုးမြင့်များနှင့် လူချမ်းသာ ကုန်သည်များမှာ ကောင့်ထ်စီယန် မြို့စားဖြစ်စဉ်က ကောင်းကြပြီး ဘုရင်မဆယ်ဗီနီ လွှဲပြောင်းတာဝန်ယူချိန်တွင်ပိုကောင်းလာကြပါသော်လည်း ထိုသခင်ကြီးများနှင့်ယှဉ်လျှင် သူ၏ နိမ့်ကျသော လယ်သမားဟူသည့်အထောက်အထားနှင့် ၎င်းတို့၏ လမ်းကြောင်းကို မပိတ်ဆို့ဝံ့ပါချေ။
ထူးဆန်းသည့်အရာမှာ ထိုမှော်ကားက အော်ဒရင်နံဘေး၌ တကယ်ကြီး ရပ်သွားခြင်းပင်။
အော်ဒရင်အနီးရှိ မှန်ပြတင်းက ပွင့်သွားပြီး ဤနေရာနှင့် လားလားမျှမသက်ဆိုင်ဘဲ ချိုသာကာ သိမ်မွေ့ဟန်ရသည့် ဆွဲဆောင်မှုရှိသောသခင်မလေးတစ်ဦး၏ ခေါင်းထွက်ပေါ်လာရင်း အော်ဒရင်ကို ချိုချိုသာသာပြုံးပြလေသည်။
"ဟယ်လို၊ ဒီနေရာက ပရာနာရွာလားရှင့်?"
အော်ဒရင်က ကားအတွင်းဘက်သို့ အံ့ဩစွာကြည့်လိုက်ရာ ထိုငယ်ရွယ်လှပသည့် မိန်းကလေးအပြင် လူပုလေးနှစ်ဦး၊ နတ်သူငယ်အထီးတစ်ဦးနှင့် လူယောက်ျားသုံးဦးတို့ကိုပါတွေ့လိုက်ရသည်။ တစ်ဦးမှာ အခြားလူများထက်ငယ်ရွယ်ကာ ကျန်နှစ်ဦးမှာတော့ အနည်းဆုံး အသက် လေးဆယ်ကျော်လောက်ရှိဟန်ရသည်။
"အာ၊ ဟုတ်ပါတယ်၊ ဒါက ပရာနာရွာပါ။" အော်ဒရင်က ခေါင်းငြိမ့်ကာ၊ "မင်းတို့က ဘန်တာမြို့ကလား? ဘာကြောင့် ကျုပ်တို့ ရွာကို လာခဲ့ရတာလဲ?"
"ဒီကို စစ်ဆေးဖို့အတွက်လာတာပါ။" ထိုမိန်းမငယ်လေးက ပြန်ဖြေသည်။ အနည်းငယ်စဉ်းစားပြီးနောက် သူမက ထိုနံဘေးမှ လှည့်ထွက်လိုက်ကာ ယာဉ်မောင်းကိုပြောလိုက်၏၊ "နေရာလွတ်တစ်ခုရှာ ရပ်လိုက်တော့၊ ကျွန်မတို့ ရောက်ပြီ။"
ထိုယာဉ်မောင်းက မောင်းသွားပြီး မိန်းမငယ်လေးက အော်ဒရင်နံဘေးသို့ ရောက်လာက အပြုံးချိုချိုဖြင့် မေးလာသည်၊ "ဟယ်လို၊ ကျွန်မက အီဗီတာပါ, Frestech ကုန်သည်ကြီးများအသင်းကလာတာပါ။ ရှင်က ဘယ်သူလဲ မေးလို့ရမလား?"
"ကျုပ်ကို အော်ဒရင်လို့ပဲ ခေါ်ပါ။" အော်ဒရင်က အီဗီတာကိုကြည့်ကာ မထိန်းနိုင်ဘဲ သက်ပြင်းချ၍ ပြောလိုက်၏၊ "မင်းကို Frestech ကုန်သည်ကြီးများအသင်းက ပို့လိုက်တာဆိုတော့ မင်းမှာ ရာထူးမြင့်မြင့်ရှိရမယ်? မင်းက ဒီလောက်ငယ်ပြီး ဒီလိုအရည်အချင်းရှိနေမှတော့ တကယ်ကို မရိုးရှင်းလောက်ဘူးပဲ။ ဟုတ်ပြီ မင်းတို့ဘာကို စစ်ဆေးချင်တာလဲ? ကျုပ်တို့ ပရာနာရွာမှာ စစ်ဆေးစရာ ထူးထူးခြားခြားလည်းမရှိပါဘူး?"
"ချီးမွမ်းမှုအတွက် ကျေးဇူးပါရှင့်။" အီဗီတာက ခပ်ဖျော့ဖျော့ပြုံးကာ၊ "ကျွန်မတို့က အနီးအနားမှာရှိတဲ့ မှော်သလင်းကျောက်တွင်းကိုစစ်ဆေးဖို့ရောက်နေတာပါ။ အော်ဒရင် ရှင်က ပရာနာရွာခံများလား? ဒါဆို အနီးအနားက မှော်သလင်းကျောက်တွင်းကို သိလောက်မှာပေါ့နော်?"
"အန်း၊ ကျုပ် တစ်ဘဝလုံး ဒီမှာနေခဲ့တာ၊ လူတချို့ကပဲ ဒီနေရာကို ပိုကောင်းကောင်းသိမယ်လို့ပြောရဲတယ်။ မင်းပြောတဲ့ မှော်သလက်းကျောက်တွင်းက အဲဒီ့ဘက်လောက်မှာပဲ..." အော်ဒရင်လည်း ရွာ၏ အနောက်တောင်ဘက်ကို ညွှန်ပြလိုက်ပြီး၊ "လွန်ခဲ့တဲ့လ အနည်းငယ်က ဖယ်လ်ချောင်ကုန်သည်ကြီးများအသင်း အဲဒီ့မှာ မိုင်းတူးတော့ ကျုပ်လည်း အချိန်ပိုင်းအလုပ်တချို့ သွားလုပ်ဖူးတယ်။"
"ရှင်နဲ့ ရင်းနှီးနေတော့ ကောင်းတာပေါ့။" အီဗီတာက ပျော်ရွှင်စွာပြုံးလျက် ပြော၏၊ "ရှင်အခု အားလား? အဲ့ကို ကြည့်ဖို့ ခေါ်သွားပေးနိုင်မလား? ကျွန်မတို့ဆီမှာ လတ်တလောတော့ လမ်းပြမရှိလို့။ ကျွန်မတို့ ရှင့်အချိန်ကို ယူပြီးရင် ပြန်ပေးချေဖို့ ဆန္ဒရှိပါတယ်၊ ရှင့်ကို စိတ်ကျေနပ်စေမှာပါ။"
အော်ဒရင်လည်း ရယ်လျက် လက်ဝေ့ယမ်းကာ၊ "ဘာ ပေးချေမှုလဲ၊ မလိုပါဘူး၊ လမ်းပြပေးရတာပဲကို ဘာမှမထူးခြားပါဘူး။ ဟုတ်ပြီ၊ ကျုပ်လည်း အခု အလုပ်များမနေတော့ အဲ့နေရာကို ခေါ်သွားလို့ရပါတယ်။"
"တကယ်လား? ဒါဆို တကယ်ကို ကျေးဇူးတင်ရတော့မှာပေါ့ရှင်။" အီဗီတာလည်း ကားရပ်နားရန် နေရာတွေ့ပြီးနောက် ထွက်လာကြသော လူများထံလှည့်ကာ လှမ်းခေါ်လိုက်သည်။
အားလုံးရောက်လာချိန်တွင် အီဗီတာက ဦးဆုံး မြေပြင်ကို ခြေထောက်နှင့်တို့ထိနေပြီးမှ မုတ်ဆိတ်အပြည့်နှင့် သက်လတ်ပိုင်းလူကိုပြောလိုက်သည်၊ "မန်နေဂျာဒူဆာ, ကြည့်ရတာ ရှင်တို့ အမ်ရစ်ကုန်သည်ကြီးများအသင်းက ဒီလမ်းကို ကောင်းကောင်းခင်းခဲ့ပုံမရဘူး။ လမ်းက ရွာထဲကိုတောင် မရောက်တော့ မဟုတ်သေးပါဘူး။"
ထို မန်နေဂျာဒူဆာဟူသည့် သက်လတ်ပိုင်းလူမှာ စိတ်ဆိုးနေသံဖြင့် "မိန်းကလေး အီဗီတာ, မင်း ဒါကို ဒီတိုင်းပြောလိုက်လို့မရဘူးလေ။ ဒီစီမံကိန်းကို မင်းတို့ Frestech ကုန်သည်ကြီးများအသင်းရဲ့ဥက္ကဌရှုက အဆိုပြုထားပြီး ကျုပ်တို့လုပ်ငန်းစုကလည်း မြို့စားအိမ်တော်ကနေ ကြေညာစာရခဲ့တာ၊ ကျုပ်တို့အနေနဲ့ သတ္တုတွေကို ချန်ခဲ့ဖို့ မဖြစ်နိုင်ဘူး။ ရွာထဲမှာ လမ်းတွေမရှိသေးတဲ့အကြောင်းအရင်းက ရွာတွေကို အရင်ဆုံးဆက်သွယ်ပေးချင်တာကြောင့်ပဲ။ နောက်ကျမှ သေချာပေါက် ရွာထဲတွေကိုပါ လမ်းခင်ပေးမှာပါ။"
နံဘေးရှိ အော်ဒရင်က ၎င်းကိုကြားသော် မနေနိုင်ဘဲ ဝင်ပြောလိုက်၏၊ "အဟုတ်ပဲ၊ ဒီက မိန်းကလေး၊ အမ်ရစ်ကုန်သည်ကြီးများအသင်းက လုံလုံလောက်လောက်လုပ်ပေးပြီးပါပြီ။ ကျုပ်တို့ရွာမှာ ဘာလမ်းမှမရှိချိန်က ကျုပ်တို့ ဘန်တာမြို့ကို လမ်းလျှောက်ပဲသွားနိုင်ပြီး တစ်ရက်စာခရီးကြာတယ်။ ဒီလမ်းနဲ့ဆို ကျုပ်တို့ ဖာဆန်ရထားလုံးလုပ်ငန်းစုရဲ့ မြင်းလှည်းတွေမစီးချင်ရင်တောင် စက်ဘီးနဲ့ဆိုရင် တစ်နေ့ခင်းနဲ့တင်ရောက်ပါတယ်။ အရင်ကနဲ့ယှဉ်ရင်တော့ အတော်လေး အဆင်ပြေသွားပါပြီ။"
"ဒါက မတူတဲ့ကိစ္စနှစ်ခုပဲ။" အီဗီတာက ခေါင်းခါကာ မန်နေဂျာ ဒူဆာကိုပြောလိုက်သည်၊ "ဘာပဲဖြစ်ဖြစ်၊ လက်ရှိလမ်းတွေက အဆင်မပြေဘူး။ ရှေ့လျှောက် မှော်သလင်းကျောက်တွင်းဖွင့်ရင် ဒီလိုလမ်းမျိုးမှာ မှော်သလင်းကျောက်တွေကို ပို့ဆောင်လို့ရမှာမဟုတ်ဘူးလေ။"
"ဒါက လွယ်ပါတယ်၊ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက ရင်းနှီးမြှုပ်နှံနေသရွေ့ ရွာမှာ လမ်းခင်းပေးရုံတင်မကဘူး မိုင်းတွင်းဆီကိုတောင် ခင်းပေးလိုက်ဦးမယ်။" မန်နေဂျာဒူဆာက ဂုဏ်ယူစွာပြောသည်၊ "ဟုတ်တယ်လေ၊ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းဆီမှာ ငွေတွေရှိတော့ လမ်းခင်းဖို့က များများစားစားမကုန်ပါဘူး။"
အီဗီတာက ခေါင်းခါလိုက်သော်လည်း မည်သည်ကိုမှ မဆိုပါချေ။
အော်ဒရင်က ဗီရာကို ပြောပြီးနောက်၌ ထိုလူများကို ရွာအနောက်တောင်ဘက် တောင်ဆီသို့ ဦးဆောင်ခေါ်သွားလိုက်တော့၏။
***
မှော်စက်မှုအင်ပါယာ
Vol 3, အခန်း ၉၀။ ဂုဏ်အသရေကြီးသော လုပ်ဆောင်မှု
"ရာ့!"
တောင်ပတ်လမ်းသို့ လျှောက်လာစဉ်တွင် အီဗီတာမှာ ရုတ်တရတ်ခြေချော်သွားကာ သူမကိုယ်လေးက တွ့န်လိမ်သွား၏။
သူမနဲ့ အတူလာခဲ့သည့် မှော်သုတေသနဌာနအဖွဲ့ဝင်တဖြစ်လည်း မှော်သလင်းကျောက်တွင်းသန့်စင်ခြင်းအဖွဲ့၏တစ်စိတ်တပိုင်းဖြစ်သည့် လူငယ်လေး တီဘ်ဘာမှာ တုံ့ပြန်မှုမြန်ဆန်ရာ အလျင်အမြန်ပင် သူမကို လှမ်းဆွဲလိုက်သည်။
အီဗီတာ ကောင်းကောင်းပြန်ရပ်သွားနိုင်ချိန်တွင် မထိန်းနိုင်ဘဲ တီဘ်ဘာထံမှ လက်ကိုပြန်ဆွဲယူလျက် နူးညံ့စွာ ကျေးဇူးတင်စကားဆိုလိုက်၏။
တီဘ်ဘာ၏မျက်လုံးများထဲ၌ စိတ်တိုင်းမကျဟန် ထင်ဟက်သွားသည်။
လူငယ်သုတေသီများအကြား အများစုထံ၌ ထိုငယ်ရွယ်လှပ သိမ်မွေ့ကာ ဖော်ရွေသည့် ခေါင်းဆောင်အတွက် ခံစားချက်များရှိနေကာ သူသည်လည်း ချွင်းချက်မဟုတ်ချေ။
သို့သော် အီဗီတာက အင်မတန် ဖော်ရွေလှသော်လည်း မည်သူ့အတွက်မှ ထူးကဲသည့် ခံစားချက်များထုတ်မပြခဲ့ပေ။
အီဗီတာ၏ သိမ်မွေ့သော အပြုအမူကိုကြည့်ကာ၊ တီဘ်ဘာက စိတ်ထဲ၌ သက်ပြင်းချလိုက်မိသည်။ ထို့နောက် မျက်မှောင်ကုပ်လျက်ပြော၏၊ "ခေါင်းဆောင်၊ ကျွန်တော် တစ်ယောက်တည်းလာလည်းအဆင်ပြေတယ်လို့ပြောခဲ့တာပဲ၊ ဒီခရီးကို ခင်ဗျားပါ လိုက်လာဖို့ မလိုပါဘူး။ ဒီတောင်ပတ်လမ်းက လမ်းလျှောက်ဖို့ အတော်ခက်ပြီး ခင်ဗျားကလည်း မိန်းကလေးဆိုတော့ ဘယ်လွယ်ပါ့မလဲ။"
အီဗီတာက ခေါင်းခါလျက်၊ "ဒီအလုပ်အတွက်က မလွယ်ဘူး။ ပြီးတော့လည်း ငါ ဥက္ကဌကို ဒီမှော်သလင်းကျောက်တွင်းအကြောင်းကိုမေးခဲ့တာမို့ အလေးအနက်လုပ်ပြီး ဥက္ကဌရဲ့ ငါ့အပေါ်... ငါတို့အပေါ် မျှော်လင့်ချက်ကို စိတ်ပျက်စေလို့မရဘူး၊ နောက်ပြီး ငါတို့အနေနဲ့ လုပ်ငန်းစုကပေးထားတဲ့ ရံပုံငွေတွေကို ဖြုန်းတီးလို့လည်း မဖြစ်ဘူးလေ။"
"ဒါပေမယ့် ဒါက မှော်သလင်းကျောက်တွေရဲ့ အရည်အသွေးကို အတည်ပြုတာလေးပဲလေ၊ ဘာမှလည်း မခက်ခဲတာကို။ ကျွန်တော်တစ်ယောက်တည်းနဲ့တင် အလွယ်လေးလုပ်နိုင်တယ်လို့ ခံစားရပါတယ်။" တီဘ်ဘာက လက်မလျှော့ချင်သေးပေ။
အီဗီတာက နွေးထွေးစွာပြုံးပြလိုက်ပြီး၊ "ငါ မင်းရဲ့အရည်အချင်းကိုယုံပါတယ်၊ ဒါပေမယ့် ဒီမှော်သလင်းကျောက်တွင်းက ငါတို့လုပ်ငန်းစုရဲ့ ပထမဆုံးတရားဝင်မှော်သလင်းကျောက်တွင်းမို့လို့ အရေးကြီးတယ်။ ဥက္ကဌက မှော်သလင်းကျောက်တွေကို စံသတ်မှတ်ရာမှာ အတော်လေးအရေးထားတော့ ငါလည်း ဒီကိစ္စအပေါ်မှာ အမြင်လေးတစ်ခုတောင် မလွဲစေချင်ဘူး။"
"ဒါက ကျွန်တော့်ကို မယုံဘူးလို့ ပြောနေတာပဲမဟုတ်လား..." တီဘ်ဘာက စိတ်ဆိုးနေသံဖြင့် ရေရွတ်၏။
"ငါ မင်းကို မယုံတာမဟုတ်ပါဘူး... ဒါပေမယ့် တီဘ်ဘာ, မင်းတို့ရဲ့ မှော်သလင်းကျောက်သန့်စင်ခြင်းအစီအရင်နဲ့ အကျွမ်းဝင်မှုက ငါ့ထက်တော့ မမြင့်နိုင်ဘူး မဟုတ်လား? မင်း မှော်သလင်းကျောက်တစ်ခုစီကို ၀.၁ ဘေးသားအမှားအယွင်း(error)အတွင်းမှာ အတိအကျစိစစ်နိုင်လား?" အီဗီတာက လေးနက်ဟန်ဖြင့် မေးလိုက်သည်။
"ဒါက..." တီဘ်ဘာလည်း အနည်းငယ်စဉ်းစားကာ ခါးသက်သက်ရယ်လျက် ခေါင်းခါလိုက်၏၊ "ဒီအတွက်ဆိုရင် ခင်ဗျားက ပညာရှင်မို့လို့ ကျွန်တော်က မယှဉ်နိုင်ပါဘူး။"
"အမှန်ပဲ။" အီဗီတာက လေသံကိုလျှော့ကာ၊ "ငါပြောခဲ့သလို ဒါက ငါတို့ရဲ့ပထမဆုံးတရားဝင်မှော်သလင်းကျောက်တွင်းဖြစ်တာကြောင့် အတိအကျစစ်ဆေးပြီး အမှားလုပ်ဖို့မဖြစ်ဘူး။ ပြီးတော့ ငါကိုယ်တိုင်လာပြီး ဒီမှော်သလင်းကျောက်တွင်းနဲ့ ရင်းနှီးလာအောင်စစ်ဆေးဖို့လိုလို့ပါ၊ ဒါမှ အသေးစိတ်တစ်ခုစီကို အပြောင်းအလဲလုပ်နိုင်မှာလေ။"
မှန်ပါ၏၊ အီဗီတာက တီဘ်ဘာထံ၌ အမြင်ကောင်းရှိခြင်းကြောင့်သာ ဤစစ်ဆေးမှု၌ သူ့အားခေါ်လာကာ သူမ၏အတွေးများကို စိတ်ရှည်လက်ရှည်ရှင်းပြနေခြင်းဖြစ်သည်။
အီဗီတာ၏ ရှင်းပြချက်ကိုကြားသော် တီဘ်ဘာက ၎င်းနှင့်ပတ်သက်၍ သဘောမတူပါသော်လည်း ရိုးသားစွာ ခေါင်းငြိမ့်ရန်သာ တတ်နိုင်လိုက်သည်။
တီဘ်ဘာက မငြင်းဆိုတော့သည်အား မြင်သော် အီဗီတာက ပြုံးပြလိုက်၏။ သူမက ပို၍မြန်မြန်သွားလိုက်ကာ ရှေ့က လူများကို မှီသွားသည်။
အော်ဒရင်က အီဗီတာကိုကြည့်ကာ အနည်းငယ်တုံ့ဆိုင်းနေပြီးမှ နှေးချလိုက်သည်။ အီဗီတာ သူ့နံဘေးရောက်လာချိန်တွင် မေးလေ၏၊ "ဒီက...မိန်းကလေး အီဗီတာ, မင်းက Frestech ကုန်သည်ကြီးများအသင်းမှာ ဘယ်ခေါင်းဆောင်များလဲ?"
"အန်း၊ ကျွန်မက မှော်သုတေသနဌာနရဲ့ခေါင်းဆောင်ပါ။" အီဗီတာက ခေါင်းငြိမ့်ကာ ပြန်ဖြေသည်။
အော်ဒရင်က အံ့ဩသွားကာ အီဗီတာကို မယုံကြည်နိုင်စွာဖြင့်ကြည့်လိုက်၏။
"မင်းက တကယ်ကြီး မှော်သုတေသနဌာနဲ့ခေါင်းဆောင်ပေါ့! ကျုပ်ဘယ်တုန်းကမှ မထင်ခဲ့ဖူးဘူး... ဒီလိုအရေးပါတဲ့လူက ဒီလို ငယ်ရွယ်လှပတဲ့ကလေး... ခိ၊ ငယ်ရွယ်လှပတဲ့ မိန်းကလေးဖြစ်နေမယ်လို့!"
အီဗီတာက ရယ်မောကာ၊ "ဘာလဲ? မစ္စတာအော်ဒရင်၊ ရှင်မယုံလို့လား?"
"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ကျုပ်ယုံပါတယ်။ ကျုပ်လိမ်ပြောလည်း ဘာမှရမှာမှမဟုတ်တာ။" အော်ဒရင်က အလျင်အမြန်လက်ကိုဝေ့ယမ်းလိုက်၏။ ခဏမျှ ရပ်တန့်ပြီးနောက် တုံ့ဆိုင်းစွာမေးလေသည်၊ "ဒီက...မိန်းကလေး အီဗီတာ, မင်းက Frestech ကုန်သည်ကြီးများအသင်းမှာ အရေးပါတဲ့လူဆိုတော့ တစ်ခုလောက်မေးလို့ရမလား?"
"ပြောပါ။"
"ဒါက... ကျုပ်ရဲ့ဒုတိယသားက ရီမထ်ကုန်သည်ကြီးများအသင်းမှာ အလုပ်လုပ်နေပြီး အစိတ်အပိုင်းတွေထုတ်လုပ်တဲ့ ထုတ်လုပ်ရေးမှော်စက်တွေကို လည်ပတ်မှု အဓိကတာဝန်ခံပါ။ သူ့စိတ်က ထက်မြတ်ပြီး အရည်အချင်းကလည်းကောင်းတယ်၊ ဒါကြောင့် ရီမထ်ကုန်သည်ကြီးများအသင်းမှာလည်း ကောင်းကောင်းဆက်ဆံခံရတယ်လေ၊ ဒါပေမယ့်... သူက အမြဲတမ်း Frestech ကုန်သည်ကြီးများအသင်းအတွက် အလုပ်လုပ်ချင်နေခဲ့တာ၊ ဘယ်လိုများထင်လဲ?"
အော်ဒရင်ထိုသို့ပြောချိန်တွင် အီဗီတာက သဘာဝကျစွာ ဆိုလိုရင်းကိုနားလည်လိုက်၏။
Frestech ကုန်သည်ကြီးများအသင်း ပိုမိုကျော်ကြားလာကတည်းက အီဗီတာမှာ ၎င်းကို အကြိမ်များစွာကြားခဲ့ရသည်။ ၎င်းတို့အားလုံးမှာ သူမအား Frestech ကုန်သည်ကြီးများအသင်းထံ၌ နေရာတစ်ခု စီစဉ်ရန် ကူညီပေးစေချင်နေကြခြင်းပင်။
တိုက်ရိုက်အကျဆုံးမှာ သူမ၏ဆွေမျိုးများဖြစ်သည်။
အီဗီတာက မှော်သုတေသနဌာန၏ ခေါင်းဆောင်ဖြစ်ကြောင်း သိကြကာ ထိုဆွေမျိုးများအားလုံးက လာရှာကြပြီး ၎င်းတို့၏ မိသားစုဝင်များကို Frestech ကုန်သည်ကြီးများအသင်း၌ အလုပ်ရှာကူနိုင်ရန် မျှော်လင့်နေကြသည်။
အီဗီတာက သူမဆွေမျိုးများနှင့် မိဘများထံမှ ဖိအားကို မခံနိုင်သော်လည်း ထိုကိစ္စနှင့်စပ်လျဉ်း၍ ရှုယီ၏ အကူအညီကိုမတောင်းခံလိုရာ အချိန်ကြာ ပူပန်နေခဲ့ရသည်။
အဆုံးတွင် ရှုယီက သူမ၏ထူးဆန်းနေမှုကို သတိပြုမိသွားပြီး ထိုအကြောင်းကို အစပျိုးမေးမြန်းလာခဲ့သည်။ နောက်ဆုံး၌ သူက သူ၏ဥက္ကဌအခွင့်အရေးကိုသုံးလျက် သူမ၏ ဆွေမျိုးများအားပေးနိုင်ရန် နေရာအတော်များများပေးခဲ့သည်။
နောက်ဆုံးတွင် အီဗီတာ၏အကူအညီဖြင့် ဆွေမျိုးသုံးဦးမှာ Frestech ကုန်သည်ကြီးများအသင်း၏ စစ်ဆေးမှုကို အောင်မြင်သွားကာ Frestech ကုန်သည်ကြီးများအသင်းထံ၌ တရားဝင်စတင်လုပ်ကိုင်လာတော့သည်။
သူမက ဆွေမျိုးအားလုံးကို Frestech ကုန်သည်ကြီးများအသင်းထံ ဝင်ရောက်ခွင့်မပြုခဲ့သော်လည်း ထိုရလာဒ်က လူများစွာကို ပျော်ရွှင်စေခဲ့၏။
သူမ၏ဆွေမျိုးများအကြားတွင် အီဗီတာအကြောင်းပြောလိုက်တိုင်း ၎င်းတို့အားလုံးက သူမကို ချီးမွမ်းကာ ၎င်းက မိဘများအတွက် ဂုဏ်ယူဖွယ်ကိစ္စဖြစ်သည်ဟု ဆိုကြသည်။
သို့သော် ၎င်းကြောင့် အီဗီတာမှာ ရှုယီကို အတော်လေး အကြွေးတင်နေသည်ဟု ခံစားနေရသောကြောင့် ရှုယီနှင့် မျက်နှာချင်းဆိုင်လိုက်တိုင်း သူမ၏စိတ်က မထိန်းနိုင်ဘဲ ပြောင်းလဲနေသည်။
မှန်ပါ၏၊ သူမက ဆွေမျိုးများအား ကူညီခြင်းကို မငြင်းနိုင်သော်လည်း ထိုသို့လုပ်ခြင်းက သူမ,မရင်းနှီးသော လူများအတွက်ပင်။
အော်ဒရင်၏မေးခွန်းကိုကြားသော် အီဗီတာက ခပ်ဖျော့ဖျော့ပြုံးကာဖြေလေသည်၊ "ရှင့်ရဲ့သားမှာ အရည်အချင်းရှိတယ်ဆိုရင် ကျွန်မတို့ Frestech ကုန်သည်ကြီးများအသင်းမှာ အလုပ်လုပ်ဖို့ အရည်အချင်းမီမယ်လို့ထင်တယ်။"
အော်ဒရင်က ချက်ချင်းပျော်မြူးသွားဟန်ဖြင့်၊ "တကယ်လား? ဒါဆို ကျုပ်ပြန်ရောက်ရင် အဲဒီကလေးကို ပြောပြီး Frestech ကုန်သည်ကြီးများအသင်းဆီမှာ လျှောက်ခိုင်းလိုက်တော့မယ်။"
"လုပ်ရိုးလုပ်စဉ်အရ ကျွန်မတို့ Frestech ကုန်သည်ကြီးများအသင်းအနေနဲ့ ကြိုဆိုပါတယ်။" အီဗီတာက ခေတ္တရပ်တန့်ကာ ဆက်ပြော၏၊ "ဒါပေမယ့် မစ္စတာ အော်ဒရင်, ရီမထ်ကုန်သည်ကြီးများအသင်းက ကျွန်မတို့ Frestech ကုန်သည်ကြီးများအသင်းလောက် မကောင်းပေမယ့်လည်း ပေးတဲ့လစာကတော့ မနည်းဘူးနော်။ အရေးကြီးဆုံးက သူတို့က လုပ်ငန်းစုအသေးလေးဆိုတော့ ရှင့်ရဲ့သား ကြီးထွားဖို့ အခန်းများများရှိတယ်။ အဲဒါ့ကလည်း ကျွန်မတို့ Frestech ကုန်သည်ကြီးများအသင်းထက် ဆိုးမယ်လို့တော့် မထင်ပါဘူး။"
အော်ဒရင်က ရယ်မောလျက် ခေါင်းကိုပွတ်ကာ၊ "တကယ်တော့၊ သူလည်း ဒါကိုသိပေမယ့် သူသာ မင်းတို့လုပ်ငန်းစုဆီမှာ လုပ်နိုင်ခဲ့ရင် ပြောဖို့က ကောင်းတယ်လေ။ ဒီကလေးက လက်မထပ်ရသေးတော့ သူသာ Frestech ကုန်သည်ကြီးများအသင်းထဲ ဝင်လိုက်ရင် မိန်းကလေးအတော်များများ သူ့ကိုသဘောကျလာမယ်ထင်တယ်။"
အော်ဒရင်၏တုံ့ပြန်မှုကိုကြားပြီး တီဘ်ဘာ, မန်နေဂျာဒူဆာ, အခြားသက်လတ်ပိုင်းလူနှင့် လူပုလေးနှစ်ဦးတို့မှာ မရယ်ဘဲ မနေနိုင်တော့ချေ။
မန်နေဂျာဒူဆာက ကျယ်လောင်စွာရယ်မောကာ ပြော၏၊ "ကျုပ်ပြောမယ်၊ မစ္စတာအော်ဒရင်, Frestech ကုန်သည်ကြီးများအသင်းအတွက် အလုပ်လုပ်တာက မျက်နှာရပေမယ့် ကျုပ်တို့ အမ်ရစ်ကုန်သည်ကြီးများအသင်းကလည်း ဒီလောက်မဆိုးပါဘူး။ ခင်ဗျားရဲ့ ဒုတိယသားကိုမေးကြည့်လိုက်၊ ကျုပ်တို့ Frestech ကုန်သည်ကြီးများအသင်းဆီလာဖို့ ဆန္ဒရှိလားလို့? ကျုပ်တို့လုပ်ငန်းစုက ဒီတလော လူစုဆောင်းနေတာဆိုတော့ လိုအပ်ချက်နဲ့ကြုံလောက်တယ်။"
"အမ်ရစ်ကုန်သည်ကြီးများအသင်း။" အော်ဒရင်က မန်နေဂျာ ဒူဆာကိုကြည့်ကာ ခေါင်းခါ၍၊ "မဖြစ်ဘူး၊ ခင်ဗျားတို့ Frestech ကုန်သည်ကြီးများအသင်းက တစ်နေ့လုံး အညစ်အကြေးထဲမှာ လုပ်ရတော့ အလုပ်လုပ်ချိန်မှာ ဖုန်တွေပေနေမှာပဲ။ ကျုပ်တို့ရွာမှာ အမ်ရစ်ကုန်သည်ကြီးများအသင်းအတွက် လမ်းခင်းနေတဲ့ လူနှစ်ယောက်ရှိပြီးတော့ သူတို့တွေ ရွာကိုပြန်လာရင် ပေရေနေပြီး ရုပ်ဆိုးနေကြတယ်လေ။ သူသာ ဒီလိုဖြစ်သွားရင် မိန်းကလေးဘယ်လိုရှာမလဲ?"
အီဗီတာမှာ မထိန်းနိုင်တော့ဘဲ ရယ်လိုက်မိတော့၏။
မန်နေဂျာဒူဆာက နေရခက်ဟန်ဖြင့် ဒေါသတကြီးပြောလာသည်၊ "ကျုပ်တို့လုပ်ငန်းစုမှာ လုပ်တာက ပေရေနေမယ်လို့ ဘယ်သူပြောလဲဗျ? ကျုပ်ကိုကြည့်၊ ကျုပ်က အဲ့လိုပုံပေါ်နေလို့လား?"
"ခင်ဗျားက မန်နေဂျာလေ၊ သာမန်လုပ်သားတွေနဲ့ကွာတာပေါ့။" အော်ဒရင်က ခေါင်းခါ၏။
"ကျုပ်တို့ရဲ့ သာမန်လုပ်သားတွေကလည်း လုံးဝကြီးပေရေနေတဲ့အထိမလုပ်ရပါဘူး!" မန်နေဂျာ ဒူဆာက လေသံကို မြှင့်ကာ၊ "ခင်ဗျားတို့ရွာက လူနှစ်ယောက်ကဘယ်သူတွေလဲ? ကျုပ်ပြန်ရောက်ရင် သေချာသန့်ရှင်းခိုင်းလိုက်မယ် ၊ဒါဆို ကျုပ်တို့လုပ်ငန်းရဲ့နာမည်ကို စွန်းထင်းတော့မှာ မဟုတ်တော့ဘူး!"
အော်ဒရင်လည်း ခေါင်းခါကာ ပြောရန်ဆန္ဒမရှိတော့ချေ။
မန်နေဂျာဒူဆာလည်း နှာမှုတ်လိုက်သည်။ အော်ဒရင်က မည်သည်ကိုမှ မပြောပါလျှင်တောင် သူဟာ အမ်ရစ်ကုန်သည်ကြီးများအသင်းမှ မန်နေဂျာဖြစ်ရာ အလွယ်လေး ရှာနိုင်၏။
သူ ထိုနှစ်ဦးအား မည်သို့ဂရုစိုက်ရမည်ကို စဉ်းစားနေချိန်တွင် အီဗီတာက ရုတ်တရတ်ပြောလာ၏၊ "မန်နေဂျာ ဒူဆာ, ရှင့်အနေနဲ့ မစ္စတာအော်ဒရင်ပြောတာကို အရေးထားရမယ်လို့ထင်တယ်။ ဒါက ရှင်တို့ အမ်ရစ်ကုန်သည်ကြီးများအသင်းရဲ့ ပုံရိပ်ပြဿနာလေးပဲမဟုတ်ဘူး၊ လုပ်သားတွေရဲ့ ကျန်းမာရေးနဲ့လည်း ဆိုင်နေတယ်။
ရှင့် အနေနဲ့ အလုပ်ဆိုက်တွေမှာ လုပ်သားတွေကို ရေချိုးမယ့် နေရာထောက်ပံ့ပေးပြီး အလုပ်လုပ်ပြီးတဲ့နောက်မှာ သန့်ရှင်းဖို့လွယ်အောင်လုပ်သင့်တယ်လို့ အကြံပြုချင်တယ်။ ဥပမာ၊ ကျွန်မတို့လုပ်ငန်းစုက အသစ်ထုတ်ထားတဲ့ မှော်ရေပန့်တွေနဲ့ မှော်ရေပူပေးစက်တွေအတော်များများကို နေရာတစ်ခုစီမှာ ထားပေးလို့ရတယ်။ ရေတိုင်ကီကြီးကြီးရှိနေသရွေ့ လူတစ်ရာလောက် ပူစရာမလိုဘဲ ရေချိုးလို့ရတယ်။"
မန်နေဂျာ ဒူဆာက သဘာဝကျကျပင် အီဗီတာ၏ စကားလုံးများကို အရေးထားလိုက်သည်။ စဉ်းစားပြီးနောက်၌ ခေါင်းငြိမ့်ကာ၊ "ဟုတ်ပြီ၊ ကျုပ် ပြန်ရောက်တဲ့အခါ ဥက္ကဌခရုစ်ကို အကြံပေးလိုက်မယ်။" သူဟာ ထိုသို့ပြောပြီးနောက် အီဗီတာကိုပြုံးပြကာ၊ "မိန်းကလေး အီဗီတာ, ခင်ဗျားက ခင်ဗျားတို့လုပ်ငန်းစုရဲ့ မှော်ရေပူပေးစက်နဲ့ မှော်ရေပန့်ကို အရောင်းမြှင့်တင်ချင်နေတာလား?"
အီဗီတာက ခပ်ဖျော့ဖျော့ပြုံးလိုက်ရင်း၊ "ဒီအကြံပြုချက်က အရမ်းကိုထိရောက်မှုရှိတယ်မဟုတ်ဘူးလား?"
ထိုသို့ပြောပြီးနောက် သူမက အော်ဒရင်ဘက်လှည့်ကာ ပြောလိုက်သည်၊ "မစ္စတာ အော်ဒရင်, ရှင့်သားက ကျွန်မတို့ Frestech ကုန်သည်ကြီးများအသင်းမှာ အလုပ်လုပ်မှ ဖြစ်မယ်ဆိုရင် သူ့ကိုကြိုဆိုပေမယ့် ခဏလောက်စောင့်ဖို့တော့ အကြံပေးပါရစေ။ ကျွန်မတို့ လုပ်ငန်းစုက လက်ရှိမှာ လုပ်သားကျွမ်းကျင်မှုတွေကို စစ်ဆေးနေပြီးတော့ သူတို့ရဲ့ ကျွမ်းကျင်မှုအဆင့်နဲ့ လစာတွေကိုညှိနှိုင်းဖို့ လုပ်နေလို့ပါ။ ကျွန်မထင်တာတော့ ဒီစစ်ဆေးမှုပြီးမှ လာတာ အကောင်းဆုံးပဲ။"
အော်ဒရင်က မည်သည်ကိုမှ မဆိုဘဲ မန်နေဂျာဒူဆာက အံ့ဩနေသည့်အသံဖြင့်မေးလာ၏၊ "ဒီအကြံပြုချက်က မဆိုးဘူး၊ ဘယ်သူလုပ်တာလဲ?"
အီဗီတာက ချိုသာစွာပြုံးလျက်၊ "ဥက္ကဌပဲပေါ့။ သူကလွဲရင် ဘယ်သူဖြစ်နိုင်ဦးမှာလဲ?"
***